င။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့် ဝိညာဉ်ဆိုးများ၏ အလုပ်တို့ကို ပိုင်းခြားသိမြင်သည့်နည်းလမ်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

သန့်ရှင်းသော ဝိညာဉ်တော်သည် လူသား၏အထဲတွင် မည်သို့ အမှုပြုသနည်း။ စာတန်သည် လူသားထဲတွင် မည်သို့ အလုပ်လုပ်သနည်း။ နတ်ဆိုးများသည် လူသားထဲတွင် မည်သို့ အလုပ်လုပ်ကြသနည်း။ သရုပ်သကန်များမှာ အဘယ်နည်း။ သင့်အား တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသလော၊ ပြီးလျှင် ယင်းကို သင် ကျိုးနွံနာခံသင့်သလော၊ သို့မဟုတ် ငြင်းပယ်သင့်သလော။ လူတို့၏ တကယ့်လက်တွေ့လုပ်ဆောင်မှုတွင် သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာသည်ဟု လူတို့ အစဉ်သဖြင့် ယုံကြည်သည့်အရာများစွာသည် လူသား၏ အလိုဆန္ဒမှ ထွက်ပေါ်လာပေသည်။ အချို့သော အရာများသည် နတ်ဆိုးများထံမှ လာသော်လည်း၊ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဟု လူတို့ ယုံကြည်ကြဆဲ ဖြစ်ကာ၊ တစ်ခါတစ်ရံတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့ကို အတွင်းမှ လမ်းပြပေးသည်၊ သို့သော်လည်း ထိုသို့သော လမ်းပြမှုသည် စာတန်ထံမှလာသည်ဟု လူတို့ စိုးရွံ့ကြသောကြောင့် ကျိုးနွံနာခံခြင်း မရှိဝံ့ကြချေ၊ အမှန်တွင်မူ ယင်းလမ်းပြမှုက သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ဖြစ်ပေသည်။ ထို့ကြောင့်၊ လူတစ်ဦးသည် ကွဲပြားခြားနားလာခြင်းကို မကျင့်သုံးပါက၊ မိမိ၏ လက်တွေ့ကျသော အတွေ့အကြုံတွင် တွေ့ကြုံခံစားဖို့ နည်းလမ်းမရှိပေ။ ကွဲပြားခြားနားလာခြင်းမရှိဘဲ၊ အသက်ကို ရခြင်းငှာ နည်းလမ်းမရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်ကဲ့သို့ အမှုပြုသနည်း။ နတ်ဆိုးများသည် မည်ကဲ့သို့ အလုပ်လုပ် ကြသနည်း။ လူသား၏ အလိုဆန္ဒမှ မည်သည့်အရာ လာသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းညွှန်မှုနှင့် ဉာဏ်အလင်းပေးခြင်းမှ မည်သည့်အရာ ပေါက်ဖွားသနည်း။ သင်သည် လူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှု၏ ပုံစံများကို သဘောပေါက်ပါက၊ သင်၏ နေ့စဉ် အသက်တာထဲနှင့် သင်၏ လက်တွေ့ကျသော အတွေ့အကြုံများအတွင်းတွင် သင်၏ အသိပညာကို ကြီးထွားစေနိုင်လိမ့်မည် ဖြစ်ပြီး ခွဲခြားမှုများ ပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သိရှိလာလိမ့်မည်၊ စာတန်ကို သင် နားလည်ပြီး ရိပ်စားမိနိုင်လိမ့်မည်၊ သင်၏ ကျိုးနွံနာခံခြင်း သို့မဟုတ် အားထုတ်ခြင်းတွင် စိတ်ရှုပ်ထွေးလိမ့်မည် မဟုတ်သကဲ့သို့၊ သင်သည် အတွေးများ ရှင်းလင်းသောသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ကျိုးနွံနာခံသောသူ ဖြစ်လိမ့်မည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် လက်ဦးမှုရယူသော လမ်းပြခြင်းနှင့် အပြုသဘောဆောင်သော ဉာဏ်အလင်းပေးခြင်း ပုံစံတစ်ခု ဖြစ်သည်။ ယင်းက လူတို့ကို အပျက်သဘောဆောင်ခွင့် မပေးပေ။ ယင်းက ၎င်းတို့ကို စိတ်သက်သာမှုကို ဆောင်ကြဉ်းပေးသည်၊ ယုံကြည်ခြင်းနှင့် သန္နိဋ္ဌာန်ကို ပေးပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့၎င်းတို့ကို အားထုတ်နိုင်စေသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သောအခါ၊ လူတို့သည် တက်ကြွစွာ ဝင်ရောက်နိုင်ကြ၏။ ၎င်းတို့သည် မတုန်မလှုပ်မနေ၊ သို့မဟုတ် ဖိအားပေးခြင်း မခံရဘဲ၊ ၎င်းတို့ကိုယ်တိုင်၏ ကိုယ်စွမ်းကိုယ်စဖြင့် ပြုမူကြလေသည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ လူတို့သည် ကျိုးနွံနာခံဖို့ လိုလားပြီး မိမိတို့ကိုယ်ကိုယ် နှိမ့်ချဖို့ ပျော်ရွှင်လျက်၊ ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီး လိုလိုလားလား ရှိကြလေသည်။ ၎င်းတို့သည် အတွင်း၌ နာကျင်ကာ နုနယ်သော်လည်း၊ ပူးပေါင်းလုပ်ဆောင်ရန် သန္နိဋ္ဌာန်ရှိကြလေသည်။ ၎င်းတို့သည် ဝမ်းမြောက်စွာ ဆင်းရဲဒုက္ခခံစားကြသည်၊ ကျိုးနွံနာခံနိုင်ကြပြီး၊ လူ့အလိုဆန္ဒဖြင့် စွန်းထင်းခံရခြင်း မရှိ၊ လူသား၏ အယူအဆဖြင့် စွန်းထင်းခံရခြင်း မရှိသကဲ့သို့၊ လူသား၏ အလိုဆန္ဒများနှင့် ကြံရွယ်ချက်များ၏ စွန်းထင်းခံရခြင်း ဧကန်မုချ မရှိကြပေ။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို တွေ့ကြုံခံစားရသောအခါ၊ ၎င်းတို့သည် အတွင်း၌ အထူးသဖြင့် သန့်ရှင်းကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပိုင်ဆိုင်ရသော သူတို့သည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ၎င်းတို့၏ ညီအစ်ကို မောင်နှမများအား ချစ်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်အား ပျော်ရွှင်စေသည့် အရာများ၌ ပျော်ရွှင်ကြပြီး၊ ဘုရားသခင် ရွံရှာသည့်အရာများကို ရွံရှာကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်၏ တို့ထိခြင်း ခံရသောလူတို့သည် ပုံမှန်လူ့သဘာဝရှိကြပြီး သမ္မာတရားကို စဉ်ဆက်မပြတ် လေ့လာလိုက်စားကြကာ လူ့သဘာဝကို ပိုင်ဆိုင်ထားကြသည့်သူများ ဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အတွင်း၌ အလုပ်လုပ်သောအခါ ၎င်းတို့၏ အခြေအနေသည် ကောင်းသထက် ကောင်းလာကြပြီး၊ ၎င်းတို့၏ လူ့သဘာဝသည် ပုံမှန်ဖြစ်သထက် ဖြစ်လာလေကာ၊ ၎င်းတို့၏ ပူးပေါင်းလုပ်ဆောင်မှုအချို့သည် မိုက်မဲကောင်း မိုက်မဲနိုင်သော်လည်း၊ ၎င်းတို့၏ ကြံရွယ်ချက်များမှာ မှန်ကန်သည်၊ ၎င်းတို့၏ဝင်ရောက်မှုသည် အပြုသဘောဆောင်သည်၊ ၎င်းတို့အနေဖြင့် အနှောင့်အယှက် ဖြစ်စေဖို့ မကြိုးစားသကဲ့သို့၊ ၎င်းတို့အတွင်းတွင် ယုတ်မာမှု မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်သည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ပုံမှန်လူသားဘဝ၏ စည်းမျဉ်းများနှင့်အညီ လူသား၏အထဲတွင် အလုပ်လုပ်ပြီး၊ သူသည် ပုံမှန်လူတို့၏ အမှန်တကယ် ရှာဖွေလိုက်စားခြင်းအတိုင်း လူတို့အတွင်းတွင် ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို ဆောင်ရွက်လေသည်။ လူတို့အထဲတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါ သူသည် ပုံမှန်လူတို့၏ လိုအပ်ချက်နှင့်အညီ ၎င်းတို့ကို လမ်းပြပြီး ဉာဏ်အလင်းပေး၏။ သူသည် ၎င်းတို့၏ လိုအပ်ချက်များနှင့်အညီ ထောက်ပံ့ပေးပြီး၊ ၎င်းတို့ ချို့တဲ့သည့်အရာနှင့် ၎င်းတို့၏ မပြည့်စုံမှုများနှင့်အညီ အပြုသဘောဆောင်သော နည်းဖြင့် ၎င်းတို့ကို လမ်းပြပြီး ဉာဏ်အလင်းပေးလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုသည် လူတို့ကို တကယ့်အသက်တာတွင် ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ တကယ့်အသက်တာများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံမှသာလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ၎င်းတို့ မြင်နိုင်ပေသည်။ ၎င်းတို့၏ နေ့စဉ်အသက်တာများတွင်၊ လူတို့သည် အပြုသဘောဆောင်သော အခြေအနေ တစ်ခုတွင်ရှိပြီး၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခု ရှိပါက၊ ၎င်းတို့အနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်ကို ပိုင်ဆိုင်ကြပေသည်။ ထိုသို့သော အခြေအနေ တစ်ခုတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့ စားသောက်ကြသောအခါ ၎င်းတို့၌ ယုံကြည်ခြင်းရှိကြ၏။ ၎င်းတို့ ဆုတောင်းကြသောအခါ လှုံ့ဆော်ခံရကြ၏။ တစ်စုံတစ်ရာကို ၎င်းတို့ ရင်ဆိုင်ရသောအခါ၊ အပျက်သဘောမဆောင်ကြပေ။ ပြီးလျှင် အမှုအရာများ ဖြစ်ပျက်နေသည်နှင့်အမျှ၊ ထိုအရာများအတွင်းတွင် ဘုရားသခင်က ၎င်းတို့အား သင်ယူစေလိုသော သင်ခန်းစာများကို ၎င်းတို့ မြင်နိုင်ကြလေသည်။ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်း မရှိကြသကဲ့သို့၊ ၎င်းတို့၌ တကယ့် ပြဿနာများ ရှိကြသော်လည်း၊ ဘုရားသခင်၏ စီမံမှုများအားလုံးကို ကျိုးနွံနာခံရန် လိုလိုလားလား ရှိကြပေသည်။

............

စာတန်ထံမှ လာသည့် အလုပ်မှာ မည်သည့်အရာနည်း။ စာတန်ထံမှလာသော အလုပ်၌ လူတို့အတွင်းရှိ ရူပါရုံများသည် ဝေဝါးနေလေသည်။ လူတို့၌ ပုံမှန်လူ့သဘာဝ မရှိကြပေ၊ ၎င်းတို့ လုပ်ရပ်များ၏နောက်ကွယ်ရှိ ကြံရွယ်ချက်များမှာ မှားယွင်းနေပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို ချစ်ရန်ဆန္ဒရှိသော်လည်း၊ ၎င်းတို့အတွင်းတွင် စွပ်စွဲချက်များ အမြဲရှိနေကာ၊ ဤစွပ်စွဲချက်များနှင့် အတွေးများသည် ၎င်းတို့ အသက်တာ၏ ကြီးထွားမှုကို ဘောင်ခတ်ထားရင်းနှင့် ပုံမှန်အခြေအနေတွင် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ ၎င်းတို့ကို တားဆီးရင်း ၎င်းတို့အတွင်းတွင် စဉ်ဆက်မပြတ်သော အနှောင့်အယှက်များ ဖြစ်စေလေသည်။ ဆိုလိုသည်မှာ၊ လူတို့အတွင်းတွင် စာတန်၏အလုပ် ရှိသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ရှေ့တွင် ငြိမ်သက်ခြင်း မရှိနိုင်ကြပေ။ ထိုသို့သော လူတို့သည် မိမိတို့ကိုယ်ကိုယ် မည်သည့်အရာ လုပ်ရမည်ကို မသိကြ- လူများ အတူတကွ စုဝေးကြသည်ကို ၎င်းတို့ မြင်ကြသည့်အခါ၊ အဝေးသို့ ထွက်ပြေးချင်ကြပြီး၊ အခြားသူများ ဆုတောင်းသည့်အခါ ၎င်းတို့၏မျက်စိများကို မမှိတ်နိုင်ကြပေ။ နတ်ဆိုးများ၏ လုပ်ဆောင်ချက်သည် လူသားနှင့် ဘုရားသခင်ကြားက ပုံမှန်ဆက်ဆံရေးကို ဖျက်ဆီးပြီး၊ လူတို့၏ ယခင်ရူပါရုံများ သို့မဟုတ် ၎င်းတို့၏ ယခင် အသက်တာဝင်ရောက်မှု လမ်းကြောင်းကို ကမောက်ကမဖြစ်စေ၏။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ထံ လုံးဝ တိုးဝင်ချဉ်းကပ်ခြင်း မရှိနိုင်ကြသကဲ့သို့၊ ၎င်းတို့ကို အနှောင့်အယှက်ဖြစ်စေပြီး ဘောင်ခတ်သည့်အရာများ အမြဲ ဖြစ်ပျက်လေသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ငြိမ်သက်ခြင်းကို ရှာမတွေ့နိုင်ကြသကဲ့သို့၊ ဘုရားသခင်ကို ချစ်ရန် ခွန်အားမဲ့လျက်နှင့် ၎င်းတို့၏ စိတ်ဝိညာဉ်များ ဆုတ်ယုတ်လျက် ကျန်ရစ်ကြလေသည်။ ယင်းတို့သည် စာတန်၏အလုပ်၏ သရုပ်သကန်များ ဖြစ်ကြ၏။ စာတန်၏လုပ်ဆောင်ချက်၏ သရုပ်သကန်များမှာ- ကြံ့ကြံ့မခံနိုင်ခြင်းနှင့် သက်သေ မခံနိုင်ခြင်း၊ သင့်ကို ဘုရားသခင် ရှေ့တွင် အပြစ်ရှိသောသူတစ်ဦးနှင့် ဘုရားသခင်အပေါ် သစ္စာမရှိသောသူတစ်ဦး ဖြစ်လာစေခြင်းတို့ ဖြစ်သည်။ စာတန် နှောင့်ယှက်သောအခါ၊ သင့်အတွင်းရှိ ဘုရားသခင်အပေါ် ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကို သင် ဆုံးရှုံး၏၊ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမှ ဖယ်ရှားပစ်ခံရ၏။ သင်သည် သမ္မာတရား သို့မဟုတ် သင်ကိုယ်တိုင်၏တိုးတက်မှုကို ရရှိအောင် အားထုတ်ခြင်းမရှိပေ။ သင်သည် ဆုတ်ယုတ်ကာ အပျက်သဘောဆောင်လာ၏၊ သင်သည် ကိုယ့်ကိုယ်ကိုယ် အလိုလိုက်၏၊ အပြစ်တရား၏ ပျံ့နှံ့မှုကို သင် ဇက်ပုံပေးပြီး အပြစ်တရားကို မမုန်းတီးပေ။ ထို့ပြင် စာတန်၏ ကြားဝင်နှောင့်ယှက်မှုသည် သင့်ကို အကျင့်ပျက်ပြားစေသည်။ ယင်းသည် သင့်အတွင်း၌ ဘုရားသခင်၏ တို့ထိမှုကို ပျောက်ကွယ်စေပြီး သင့်အား ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ပြောစေကာ ဘုရားသခင်ကို မေးခွန်းထုတ်ရန် ဦးတည်စေလျက် သူ့ကို ဆန့်ကျင်စေသည်။ ဘုရားသခင်ကို သင် စွန့်ပစ်မည့် အန္တရာယ်ပင် ရှိလေသည်။ ဤအရာအားလုံးသည် စာတန်ထံမှ လာပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်

လူသား၏ အထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် အထူးသဖြင့် ပုံမှန်ဖြစ်၏။ အမှန်တွင် ထိုအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သော်လည်း၊ လူသားသည် ထိုအရာကို ခံစားနိုင်စွမ်းမရှိသကဲ့သို့၊ ယင်းသည် လူသားကိုယ်တိုင်မှတစ်ဆင့် လာသည်ဟု ထင်ရ၏။ နေ့စဉ်အသက်တာတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အယောက်တိုင်း၌ ကြီးမားသော အမှုနှင့် သေးငယ်သော အမှု နှစ်ခုလုံးကို လုပ်ဆောင်ပြီး၊ ကွဲပြားသည်မှာ ဤအမှု၏ အတိုင်းအတာသာ ဖြစ်သည်။ လူအချို့သည် အရည်အချင်းကောင်း ရှိကြပြီး အမှုအရာများကို ၎င်းတို့ လျင်မြန်စွာ နားလည်တတ်ကြကာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းသည် ၎င်းတို့အတွင်းတွင် အထူးသဖြင့် ကြီးမား၏။ ထိုအချိန်အတောအတွင်းတွင်၊ လူအချို့သည် ညံ့ဖျင်းသော အရည်အချင်း ရှိကြပြီး၊ အကြောင်းကိစ္စများကို နားလည်ရန် ၎င်းတို့ သာ၍ အချိန်ကြာတတ်ကြ၏၊ သို့သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို အတွင်း၌ တို့ထိပြီး၊ ၎င်းတို့သည်လည်း ဘုရားသခင်ကို သစ္စာရှိခြင်း ရရှိနိုင်ကြပေသည်- သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်ကို ရှာဖွေလိုက်စားသူတို့အားလုံးတွင် အမှုပြု၏။ နေ့စဉ်အသက်တာတွင် လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း သို့မဟုတ် ပုန်ကန်ခြင်း မရှိသည့်အခါ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို နှောင့်ယှက်သော အရာများကို မလုပ်ဆောင်ဘဲ ဘုရားသခင်၏ အမှုကို မနှောင့်ယှက်ကြသည့်အခါ၊ ၎င်းတို့ အသီးသီးတွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် သာ၍ကြီးမားသော အတိုင်းအတာအထိဖြစ်စေ သာ၍နည်းပါးသော အတိုင်းအတာအထိဖြစ်စေ အမှုပြုလေသည်။ သူသည် ၎င်းတို့ကို တို့ထိသည်၊ ဉာဏ်အလင်း ပေးသည်၊ ယုံကြည်ခြင်း ပေးသည်၊ ခွန်အားကို ပေးပြီး ပျင်းရိခြင်းမရှိ သို့မဟုတ် ဇာတိပကတိ၏ ပျော်ရွှင်မှုများကို တပ်မက်ခြင်းမရှိဘဲ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တောင့်တလျက်၊ အခြေအနေကို ဖန်တီးယူလျက်ဝင်ရောက်ရန် ၎င်းတို့ကို တို့ထိလေသည်။ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော် ထံမှ လာသည့် အမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်

သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်အားလုံးသည် သာမန်ဖြစ်ပြီး အလွန် ယထာဘူတကျပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ဖတ်ရှုပြီး ဆုတောင်းသည့်အခါ၊ အတွင်း၌ သင်သည် တောက်ပပြီး ခိုင်မာမှုရှိသည်၊ ပြင်ပကမ္ဘာက သင့်ကိုမနှောင့်ယှက်နိုင်ပေ။ အတွင်း၌ သင်သည် ဘုရားသခင်ကိုချစ်ရန် လိုလားလျက်ရှိနေသည်၊ အပြုသဘောဆောင်သော အရာများနှင့် ပါဝင်ပတ်သက်ရန် သင် လိုလားလျက်ရှိနေပြီး၊ ဆိုးယုတ်သည့်လောကကို သင်စက်ဆုပ်သည်။ ဤသည်ကား ဘုရားသခင် အတွင်း အသက်ရှင်ခြင်းဖြစ်သည်။ ယင်းသည် လူတို့ပြောသကဲ့သို့ ကြီးမားသည့် ပျော်ရွှင်မှုကို တွေ့ကြုံခြင်း မဟုတ်၊ ထိုသို့သော အပြောသည် ယထာဘူတမကျပေ။ ယနေ့တွင်၊ အရာရာတိုင်းသည် လက်တွေ့အရှိတရားမှ အစပြုသင့်သည်။ ဘုရားသခင်ပြုသော အရာတိုင်းသည် ယထာဘူတကျပြီး သင်၏အတွေ့အကြုံများတွင် သင်သည် ဘုရားသခင်ကို လက်တွေ့ကျသော နည်းလမ်းဖြင့် သိကျွမ်းခြင်း၊ ပြီးလျှင် ဘုရားသခင်၏ အမှု၏ ခြေလှမ်းများနှင့် လူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်က တို့ထိကာ အသိဉာဏ်ပွင့်လင်းစေသည့် နည်းလမ်းတို့ကို ရှာဖွေခြင်းအား အာရုံစိုက်ရမည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ကာ ဆုတောင်းပြီး၊ ကုန်လွန်ပြီးသည့် အချိန်ကာလများမှ ကောင်းမြတ်သည့်အရာများကို စိတ်တွင်စွဲမှတ်ရင်း၊ မကောင်းသည့်အရာများကို ပေတရုကဲ့သို့ ငြင်းပယ်ရင်း၊ သာ၍ လက်တွေ့ကျသည့်နည်းလမ်းဖြင့် ပူးပေါင်းဆောင်ရွက်ပါက၊ သင်သည် သင်၏နားများဖြင့် နားထောင်ပြီး မျက်လုံးများဖြင့် လေ့လာကာ၊ သင်၏စိတ်နှလုံးထဲတွင် မကြာခဏ ဆုတောင်းပြီး တွေးဆသကဲ့သို့ ဘုရားသခင်၏ အမှုနှင့် ပူးပေါင်းဆောင်ရွက်ဖို့ သင် တတ်နိုင်သမျှ လုပ်ဆောင်ပါက၊ ဘုရားသခင်သည် သင့်ကို ဧကန်အမှန် လမ်းပြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့အရှိတရားကို သိရှိပုံ

သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို အသိဉာဏ်ပွင့်လင်းစေရန် အမှုပြုသောအခါ သူသည် ၎င်းတို့ကို ဘုရားသခင်၏ အမှုအကြောင်း၊ ၎င်းတို့၏ စစ်မှန်သောဝင်ရောက်မှုနှင့် စစ်မှန်သောအခြေအနေအကြောင်း သိနားလည်ခြင်းကို အများအားဖြင့် ပေးသည်။ သူသည် ၎င်းတို့အား ယနေ့ လူတို့အတွက် ဘုရားသခင်၏ စိတ်ထက်သန်သော ရည်ရွယ်ချက်များနှင့် သူ၏တောင်းဆိုချက်များကို နားလည်စေရန်လည်း အခွင့်ပေးသည်၊ ဤသို့ဖြင့် သူတို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဘေးဒုက္ခကို တွေ့ကြုံရလျှင်ပင် ဘုရားသခင်ကို ကျေနပ်စေဖို့နှင့် ဘုရားသခင်ကိုချစ်ဖို့အတွက် အရာအားလုံးကို စွန့်လွှတ်ရန်လည်းကောင်း၊ သူတို့၏ သွေးထွက်သံယိုမှုနှင့် သူတို့၏ အသက်ပေးမှုကို တောင်းဆိုလာလျှင်ပင် ဘုရားသခင်အတွက် သက်သေရပ်တည်ရန်လည်းကောင်း၊ နောင်တရခြင်းမရှိဘဲ ဤသို့ပြုရန်လည်းကောင်း သူတို့၌ စိတ်ပိုင်းဖြတ်ချက်ရှိဖို့ရန်အတွက်ပင် ဖြစ်သည်။ သင်၌ ဤစိတ်ပိုင်းဖြတ်ချက်မျိုးရှိလျှင် ယင်းက သင်၌ သန့်ရှင်းသောဝိညာဉ်တော်၏ လှုံ့ဆော်မှုများနှင့်အလုပ်ကို ပိုင်ဆိုင်သည်ဟု ဆိုလိုသည်၊ သို့သော်လည်း တဒင်္ဂအခိုက်အတန့်တိုင်းတွင် သင်၌ ထိုကဲ့သို့သော လှုံ့ဆော်မှုများ မရှိသည်ကို သိမှတ်လော့။ တစ်ခါတစ်ရံ ဝတ်ပြုအစည်းအဝေးများ၌ သင်ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည့်အခါ သင်သည် အလွန်အမင်း စေ့ဆော်ခြင်းနှင့် လှုံ့ဆော်ခြင်းကို ခံစားရနိုင်သည်။ အခြားသူများက ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် နားလည်ခြင်းတို့ကို အနည်းငယ် မိတ်သဟာယပြုသည့်အခါ အလွန်ပင် သစ်လွင်လန်းဆန်းစွာ ခံစားရကာ၊ သင်၏စိတ်နှလုံးသည် ပကတိရှင်းလင်းပြီး ကြည်လင်နေတတ်သည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုချည်းသာဖြစ်သည်။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အမှုပြုရန် အသင်းတော်သို့ သင်ဝင်သွားသောအခါ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို ထူးခြားသော အသိဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းကို ပေးပြီး၊ အသင်းတော်အတွင်း၌ရှိနေသော ပြဿနာများအတွက် သင့်ကို ထိုးထွင်းဉာဏ်များပေးကာ၊ ၎င်းတို့ကို ဖြေရှင်းရန်အတွက် သမ္မာတရားအကြောင်း မည်သို့ မိဿဟာယပြုရမည်ကို သိခွင့်ပေးလျက်၊ သင်၏အမှု၌ အလွန့်အလွန် စိတ်အားထက်သန်ခြင်း၊ တာဝန်သိတတ်ခြင်းနှင့် အလေးအနက်ထားခြင်းကို ဖြစ်စေပါက ဤအရာအားလုံးမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၁)

သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုက လူတို့ကို အကူအညီအပေးဆုံးသော နည်းလမ်းမှာ ၎င်းတို့ကို ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်း၊ သမ္မာတရားနှင့် ဘုရားရည်ရွယ်ချက်များကို နားလည်စေခြင်း၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ လုပ်ဆောင်နိုင်စေခြင်း၊ လမ်းမှန်မှနေ၍ သွေဖည်မသွားစေခြင်းတို့ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ပြုသည့် လူတို့ကို ဉာဏ်အလင်းဖွင့်ပြသော အလုပ်၏ ပန်းတိုင်မှာ အဘယ်နည်း။ တစ်ခါတစ်ရံတွင် ထိုအလုပ်၏ ရည်ရွယ်ချက်မှာ လမ်းကို ညွှန်ပြပေးရန် ဖြစ်သည်။ တစ်ခါတစ်ရံတွင် ထိုအလုပ်က သင်၌ အသိစိတ်အချို့ရှိဖို့ သတိပေးချက်အဖြစ် လုပ်ဆောင်သည်။ တစ်ခါတစ်ရံတွင် သင့်ကို အလင်းပေးပြီး သမ္မာတရားကို နားလည်စေရန် ကူညီပေး၍ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု ပေးသည်။ သင်၏ ကိုယ်ပိုင်လမ်းကြောင်းပေါ်သို့ သင်သွေဖည်သွားသောအခါတွင် သူသည် ချိုင်းထောက်တစ်ခုကဲ့သို့ သင့်ကို ပံ့ပိုး၍ ကူညီပေးကာ သင့်အား လမ်းမှန်ပေါ်သို့ ခေါ်ဆောင်ပြီး လမ်းပြပေးသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အား မည်သည့်အလင်းနှင့် အသိအမြင်ကို ဉာဏ်အလင်းဖွင့်ပြသည်ဖြစ်စေ ယင်းသည် လူတို့၏ တစ်ကိုယ်ရေနောက်ခံများကြောင့် ကွဲပြားကောင်း ကွဲပြားနေနိုင်သော်လည်း သမ္မာတရားနှင့် ဆန့်ကျင်ခြင်း သို့မဟုတ် ကွဲလွဲခြင်းကား လုံးဝ မရှိပေ။ လူတိုင်းက စစ်မှန်သော ရှာဖွေခြင်းနှင့် ဆုတောင်းခြင်းရှိပြီး စစ်မှန်သော ကျိုးနွံနာခံခြင်းရှိသည့် ပုံစံဖြင့် ကြုံတွေ့ကာ သန့်ရှင်းသော ဝိညာဉ်တော်ကလည်း ၎င်းတို့အား ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြရန်အတွက် အဆက်မပြတ် အလုပ်လုပ်နေလျှင်၊ ထို့ပြင် ၎င်းတို့သည် စူးရှထက်မြက်ပြီး အတွေးအခေါ် ပါးနပ်သိမ်မွေ့ကာ သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်အလင်းဖွင့်ပြသော ထိုအရာများကို လက်တွေ့လုပ်ဆောင်၍ ဝင်ရောက်နိုင်လျှင် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်လျင်မြန်စွာ ကြီးထွားလာလိမ့်မည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ထားပြီး ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်ပြုသည့် လုပ်ဆောင်မှု၏ စရိုက်လက္ခဏာတစ်ခုမှာ အလွန်မြန်ဆန်ခြင်း ဖြစ်သည်။ ထိုအလုပ်က လျှပ်တစ်ပြက်အတွင်း ပြီးဆုံးသွားသည်။ အခြားမည်သည့်နည်းလမ်းနှင့်မျှ လူတို့မလုပ်ဆောင်နိုင်တော့သည်အထိ ၎င်းတို့ကို အမှုအရာများ လုပ်ရန် အစဉ်တွန်းအားပေးပြီး ဖိအားပေးနေသည့် ဝိညာဉ်ဆိုးများ၏ အလုပ်ကဲ့သို့ မဟုတ်ပေ။ တစ်ခါတစ်ရံတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့ အန္တရာယ်ကျရောက်လုနီးနီးတွင် ၎င်းတို့ကို ခံစားချက်တစ်ခုပေးပြီး စိတ်မသက်မသာ ဖြစ်စေကာ အလွန်အမင်း စိတ်သောကရောက်စေခြင်းအားဖြင့် အလုပ်လုပ်သည်။ ယင်းသည် အထူးအခြေအနေများအောက်၌ ဖြစ်ပျက်သည်။ သာမန်အားဖြင့် ဘုရားသခင်ထံ လူတို့တိုးဝင်ချဉ်းကပ်ပြီး သမ္မာတရားကို ရှာဖွေသည့် အချိန်တိုင်းတွင် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ကို လူတို့ဖတ်ရှုသောအချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို ခံစားချက်တစ်ခုဖြစ်စေ၊ သိမ်မွေ့သော အတွေး သို့မဟုတ် အယူအဆတစ်ခုဖြစ်စေ ပေးသည်။ သို့တည်းမဟုတ် သူသည် သင့်အား ထုတ်ပြန်ချက်တစ်ခုဖြစ်စေ၊ သတင်းစကားတစ်ခုဖြစ်စေ အသိပေးနိုင်သည်။ ဤသည်မှာ အသံတစ်သံ ရှိနေသကဲ့သို့ဖြစ်သော်လည်း အသံမရှိသကဲ့သို့လည်း ဖြစ်နေပြန်သည်။ ယင်းသည် သတိပေးချက်တစ်ခုကဲ့သို့ဖြစ်ပြီး မည်သည့်အရာ ဆိုလိုသည်ကို သင်နားလည်နိုင်သည်။ သင်သည် ဆက်လက်၍ သင်နားလည်သည့် အဓိပ္ပာယ်ကို ယူပြီး သင့်လျော်သော စကားများဖြင့် ဖော်ပြလျှင် တစ်စုံတစ်ခုကို ရရှိပေမည်။ ပြီးလျှင် သူတစ်ပါးတို့ကိုလည်း တည်ဆောက်စရာ ဖြစ်စေလိမ့်မည်။ လူတို့သည် အစဉ်သဖြင့် ဤသို့တွေ့ကြုံလျှင် သမ္မာတရားများစွာကို တဖြည်းဖြည်းချင်း နားလည်လာလိမ့်မည်။ လူတို့အနီးတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု အစဉ်အမြဲ ရှိနေလျှင်၊ ၎င်းတို့ကို ဦးဆောင်နေသည့် အလင်းသစ်တစ်ခု အစဉ်အမြဲ ရှိနေလျှင် ၎င်းတို့သည် စစ်မှန်သော လမ်းမှ မည်သည့်အခါမျှ သွေဖည်မသွားဖို့ သေချာသည်။ မည်သူကမျှ သင်နှင့် လုံးဝ မိတ်သဟာယမဖွဲ့လျှင်ပင်၊ မည်သူကမျှ သင့်ကို လမ်းမပြလျှင်ပင်၊ သင်၌ အလုပ်အစီအစဉ်များ မရှိလျှင်ပင် သင့်အား သန့်ရှင်းသော ဝိညာဉ်တော် ညွှန်ပြသည့် ဦးတည်ရာအတိုင်း လျှောက်ပါက သင်သည် လမ်းမလွဲဖို့ သေချာ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အား ယုံကြည်ခြင်းတွင် သမ္မာတရားကို ရရှိခြင်းသည် အရေးပါဆုံးဖြစ်၏

သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုစဉ်တွင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု လူတို့အတွင်းတွင် ရှိဆဲဖြစ်သည်။ သို့သော်၊ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့် အတောအတွင်းတွင်၊ လူတို့အတွက် မိမိတို့၏ ပုန်ကန်မှု၊ ကြံရွယ်ချက်များနှင့် မသမာမှုများကို ရှာဖွေတွေ့ရှိပြီး သတိပြုမိဖို့ လွယ်ကူပေသည်။ ထိုအခါမှသာ လူတို့သည် နောင်တစိတ်ခံစားရပြီး နောင်တရဖို့ တိုး၍ လိုလားလျက်ရှိကြသည်။ ထိုသို့ဖြစ်သဖြင့်၊ ၎င်းတို့၏ ပုန်ကန်တတ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဘုရားသခင်၏ အမှုအတွင်းတွင် တဖြည်းဖြည်း စွန့်ပစ်ခံရကြလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် အထူးသဖြင့် ပုံမှန်ဖြစ်၏။ သူသည် လူတို့အတွင်း၌ အမှုပြုနေစဉ် ၎င်းတို့သည် ဒုက္ခများ ရှိနေကြဆဲ ဖြစ်သည်၊ ငိုကြွေးနေကြဆဲ ဖြစ်သည်၊ ဆင်းရဲဒုက္ခ ခံစားကြရဆဲ ဖြစ်သည်၊ အားနည်းနေကြဆဲ ဖြစ်ကာ၊ ၎င်းတို့အဖို့ မရှင်းလင်းသောအရာ များစွာ ရှိဆဲဖြစ်၏၊ သို့သော်လည်း ဤအခြေအနေတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဆုတ်ယုတ်ခြင်းမှ တားဆီးနိုင်ကြပြီး ဘုရားသခင်ကို ချစ်နိုင်ကြကာ၊ ၎င်းတို့ ငိုကြွေးပြီး စိတ်သောကရောက်ကြသော်လည်း၊ ဘုရားသခင်ကို ၎င်းတို့ ချီးမွမ်းနိုင်ကြဆဲ ဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် စိုးစဉ်းမျှပင် သဘာဝလွန် မဟုတ်ဘဲ၊ အထူးသဖြင့် ပုံမှန်ဖြစ်၏။ လူအများစုက သန့်ရှင်းသော ဝိညာဉ်တော် စတင် အလုပ်လုပ်သည်နှင့် တစ်ပြိုင်နက်၊ လူတို့၏အခြေအနေတွင် ပြောင်းလဲမှုများ ဖြစ်ပွားကာ သူတို့အဖို့ ပဓာန ကျသည့်အရာများ ဖယ်ရှားခံရသည်ဟု ယုံကြည်ကြ၏။ ထိုသို့သော ယုံကြည်မှုများသည် လိုရာဆွဲတွေးကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသားအထဲတွင် အလုပ်လုပ်သောအခါ၊ လူသား၏ အပျက်သဘောဆောင်သော အရာများသည် ရှိနေသေးပြီး သူ၏ ဝိညာဉ် အသက်တာသည် ယခင်အတိုင်း ရှိမြဲရှိ၏၊ သို့သော် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပြခြင်းနှင့် ဉာဏ်အလင်းပေးခြင်းတို့ကို ရရှိပြီး၊ ထို့ကြောင့် သူ၏အခြေအနေသည် သာ၍ အပြုသဘောဆောင်လာသည်။ သူ့အတွင်းရှိ အခြေအနေများသည် ပုံမှန်ဖြစ်လာပြီး၊ သူသည် အလျင်အမြန် ပြောင်းလဲ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်

သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်သည် လူများကို အပြုသဘောဆောင်သည့် တိုးတက်မှုဖြစ်စေဖို့ ခွင့်ပြုသည်၊ စာတန်၏အလုပ်ကမူ ၎င်းတို့ကို အပျက်သဘောဆောင်ပြီး နောက်ကြောင်းပြန်လှည့်စေသည်၊ ဘုရားသခင်ကို ပုန်ကန်စေပြး ခုခံစေသည်၊ ဘုရားသခင်ကို ယုံကြည်မှု ဆုံးရှုံးစေပြီး မိမိတို့၏တာဝန် ထမ်းဆောင်ခြင်း၌ အားနည်းလာစေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုမှ အရင်းခံသည့် အရာရာတိုင်းသည် အတော်ပင် သဘာဝကျ၏။ ယင်းသည် သင့်အပေါ် ဖိအားပေးခြင်း မဟုတ်ပေ။ ယင်းကို သင် ကျိုးနွံနာခံပါက ငြိမ်သက်ခြင်း ရှိလိမ့်မည်။ မလိုက်လျှောက်ပါက၊ နောက်ပိုင်းတွင် ပြစ်တင်မောင်းမဲခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုကြောင့်၊ သင် လုပ်ဆောင်သည့် မည်သည့်အရာမျှ နှောင့်ယှက်ခံရခြင်း သို့မဟုတ် ဘောင်ခတ်ခံရခြင်း ရှိလိမ့်မည်မဟုတ်။ သင်သည် လွတ်မြောက်လိမ့်မည်၊ သင်၏ လုပ်ဆောင်ချက်များတွင် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး၊ မည်သည့်ကန့်သတ်ချက်မျှ သင် ခံရမည်မဟုတ်ဘဲ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဆောင်ရွက်နိုင်ပေလိမ့်မည်။ စာတန်၏အလုပ်သည် အမှုအရာများစွာတွင် သင့်ကို အနှောင့်အယှက် ဖြစ်စေ၏။ ယင်းက သင့်ကို ဆုတောင်းဖို့ လိုလားခြင်းမရှိ ဖြစ်စေသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ အလွန်ပျင်းရိစေပြီး၊ အသင်းတော်အသက်တာကို အသက်ရှင်ဖို့ လိုအင်ဆန္ဒမရှိအောင် ဖြစ်စေကာ၊ သင့်ကို ဝိညာဉ်ရေးရာ အသက်တာမှ ခပ်ခွာခွာနေစေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင်၏နေ့စဉ်ဘဝကို ဝင်ရောက်မနှောင့်ယှက်သကဲ့သို့၊ သင်၏ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာကိုလည်း ဝင်ရောက်နှောင့်ယှက်ခြင်းမရှိပေ။ အကြောင်းကိစ္စများစွာ ဖြစ်ပွားသည့်အခိုက်တွင် ထိုအရာများကို သင် မသိမြင် နိုင်သော်လည်း၊ ရက်အနည်းငယ် ကြာပြီးနောက်တွင် သင်၏စိတ်နှလုံး သာ၍ ကြည်လင် ရွှင်ပျလာပြီး သင်၏ စိတ်သည် သာ၍ ရှင်းလင်းလာလေသည်။ စိတ်ဝိညာဉ်နှင့်ဆိုင်သော အမှုအရာများနှင့်ပတ်သက်၍ အသိစိတ်တစ်ချို့ သင်၌ ရှိလာပြီး၊ အတွေးတစ်ခုက ဘုရားသခင်ဆီမှ လာခြင်း သို့မဟုတ် စာတန်ဆီမှ လာခြင်း ဆိုသည်ကို သင် တဖြည်းဖြည်း သိမြင်နိုင်လေသည်။ အချို့သော အရာများက သင့်အား ဘုရားသခင်ကို သိသိသာသာ ဆန့်ကျင်စေပြီး ပုန်ကန်စေသည်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းမှ သင့်ကို တားဆီးလေသည်။ ဤအရာအားလုံးသည် စာတန်ထံမှ လာ၏။ အချို့သော အရာတို့သည် သိသာထင်ရှားခြင်း မရှိသကဲ့သို့၊ ထိုအခိုက်အတန့်တွင် ၎င်းတို့က မည်သည့်အရာ ဖြစ်သည်ကို သင် မပြောနိုင်ပေ။ နောက်ပိုင်းတွင်၊ သင်သည် ၎င်းတို့၏ သရုပ်သကန်များကို မြင်နိုင်ပြီးနောက် ထိုးထွင်းသိမြင်မှုကို ကျင့်သုံးနိုင်လေသည်။ မည်သည့်အရာများက စာတန်ထံမှလာပြီး၊ မည်သည့်အရာများကို သန့်ရှင်းသော ဝိညာဉ်တော်က ညွှန်ကြားသည်ဆိုသည်ကို သင် ရှင်းလင်းစွာ သိမြင်နိုင်ပါက၊ သင်သည် သင်၏အတွေ့အကြုံများတွင် အလွယ်တကူ လမ်းလွဲစေခြင်း ခံရလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်

ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားရာတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိခြင်းသည် တစ်ခါတစ်ရံ ဖြစ်ပေါ်သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်ရှိခြင်းမှာမူ တစ်ချိန်လုံးနီးပါးဖြစ်၏။ လူတို့၏ ဆင်ခြင်တုံတရားနှင့် တွေးခေါ်မှုတို့ ပုံမှန်ဖြစ်နေပြီး ၎င်းတို့၏ အခြေအနေများသည် ပုံမှန်ဖြစ်နေသမျှ ကာလပတ်လုံး သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ဧကန်မုချပင် ရှိလိမ့်မည်။ လူတို့၏ဆင်ခြင်တုံတရားနှင့် တွေးခေါ်မှုတို့ ပုံမှန် မဟုတ်ကြသောအခါတွင်မူ၊ ၎င်းတို့၏ လူ့သဘာဝသည်လည်း ပုံမှန် မဟုတ်ချေ။ အကယ်၍ ဤအခိုက်အတန့်တွင် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်သည် သင့်အထဲတွင် ရှိပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ဧကန်မုချပင် သင်နှင့်အတူရှိနေလိမ့်မည်။ သို့သော် အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် သင်နှင့်အတူ ရှိနေလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် သေချာပေါက် အလုပ်လုပ်နေသည်နှင့် အလားမတူပေ၊ အကြောင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် အထူး အချိန်အခါများ၌ အလုပ်လုပ်သောကြောင့် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော် ရှိခြင်းသည် လူတို့၏ ပုံမှန် တည်ရှိမှုကိုသာ ထိန်းသိမ်းပေးနိုင်၏၊ သို့သော် သန့်ရှင်းသောဝိညာဉ်တော်သည် အချို့သော အချိန်အခါများတွင်သာ အလုပ်လုပ်သည်။ သာဓက အနေဖြင့် အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် လုပ်သားတစ်ဦးဖြစ်လျှင်၊ သင်သည် အသင်းတော်ကို ရေလောင်းပြီး အာဟာရကျွေးမွေးသောအခါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် အခြားသူများအတွက် စိတ်ဓာတ်မြှင့်တင်ပေးပြီး အချို့သော သင့်ညီအစ်ကိုမောင်နှမများ၏ လက်တွေ့ပြဿနာများကို ဖြေရှင်းပေးနိုင်သည့် နှုတ်ကပတ်တော်အချို့ထံ သင့်အား ဉာဏ်အလင်း ရစေလိမ့်မည်၊ ထိုသို့သော အချိန်များတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်နေသည်။ တစ်ခါတစ်ရံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်နေချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် အထူးသဖြင့် ဆီလျော်သော နှုတ်ကပတ်တော်အချို့နှင့် သင့်ကို ဉာဏ်အလင်းရစေသောအခါ သင်ကိုယ်တိုင်၏ အခြေအနေများနှင့် ပတ်သက်သော သာ၍ကြီးမားသည့် အသိပညာကို သင့်အား ရစေလေသည်၊ ဤသည်မှာလည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်လေသည်။ တစ်ခါတစ်ရံ ငါပြောဆိုသောအခါ သင်တို့နားထောင်ကြပြီး သင်တို့ကိုယ်တိုင်၏ အခြေအနေများကို ငါ၏နှုတ်ကပတ်တော်များနှင့်ယှဉ်၍ သင်တို့ တိုင်းထွာချင့်ချိန်နိုင်ကြပြီး၊ တစ်ခါတစ်ရံ သင်တို့သည် တို့ထိခံရသည်၊ သို့မဟုတ် စေ့ဆော်ခံရသည်၊ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အထဲ၌ တစ်ချိန်လုံး အလုပ်လုပ်နေသည်ဟု အချို့သော လူများက ပြောကြသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းတို့က သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ အစဉ်အမြဲ ရှိနေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည် လက်တွေ့ကျပေလိမ့်မည်။ အကယ်၍ ၎င်းတို့က ၎င်းတို့၏ တွေးခေါ်ခြင်းနှင့် အသိစိတ်တို့သည် အချိန်တိုင်း ပုံမှန်ဖြစ်နေသည်ဟု ပြောမည်ဆိုပါက ယင်းသည်လည်း လက်တွေ့ကျနေမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိနေကြောင်းကို ယင်းက ပြသပေလိမ့်မည်။ အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အတွင်း၌ အစဉ်အမြဲ အလုပ်လုပ်နေကာ၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကို တစ်ချိန်လုံး ခံစားနေရပြီး၊ အချိန်တိုင်းတွင် အသစ်သော အသိပညာရရှိသည်ဟု ပြောပါက၊ ဤသည်မှာ မည်သည့်နည်းနှင့်မျှ ပုံမှန်မဟုတ်ချေ။ ဤသည်မှာ လုံးလုံးလျားလျား သဘာဝလွန်အရာ ဖြစ်သည်။ ယင်းသို့သော လူများသည် နတ်ဆိုးများ ဖြစ်ကြသည်မှာ သံသယ စိုးစဉ်းမျှ ဖြစ်စရာမလိုချေ။ ဘုရားသခင်၏ဝိညာဉ်တော် လူ့ဇာတိထဲသို့ ကြွလာသောအခါတွင်ပင်၊ သူစားရမည့် အချိန်များနှင့် အနားယူရမည့် အချိန်များ ရှိပေသည်၊ လူသားများဆိုလျှင် ဆိုဖွယ်ရာ မရှိပြီ။ နတ်ဆိုးများ၏ စွဲကပ်ခြင်းခံရပြီးသူများသည် ဇာတိပကတိ၏အားနည်းချက် မရှိသည့်ပုံ ပေါက်လေသည်။ ၎င်းတို့သည် အရာခပ်သိမ်းကို စွန့်လွှတ်ရန်နှင့် စွန့်ပစ်ရန် တတ်စွမ်းနိုင်ပြီး၊ ၎င်းတို့သည် ခံစားချက်များ ကင်းမဲ့ကြကာ ညှဉ်းဆဲခြင်းကို ကြံ့ကြံ့ခံခြင်းငှာ တတ်နိုင်စွမ်းရှိပြီးလျှင် စိုးစဉ်းမျှ မောပန်းနွမ်းနယ်ခြင်းကို မခံစားရဘဲရှိသည်မှာ ၎င်းတို့သည် ဇာတိပကတိကို လွန်မြောက် သွားသည့်အလားပင် ဖြစ်သည်။ ဤသည်မှာ အလွန်အမင်း သဘာဝလွန်သည် မဟုတ်သလော။ နတ်ဆိုးများ၏ အလုပ်သည် သဘာဝလွန် ဖြစ်၏၊ ထိုသို့သောအရာများကို မည်သည့်လူသားမျှ ရရှိအောင် မစွမ်းဆောင်နိုင်ချေ။ ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူများက ယင်းသို့သောလူများကို မြင်သည့်အခါ အားကျကြ၏- ထိုသူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အလွန့်အလွန် အားမာန်ရှိပြီး ကြီးမားသော ယုံကြည်ခြင်းရှိကာ အားနည်းချက်၏လက္ခဏာ စိုးစဉ်းမျှကို မည်သည့်အခါမှ မပြကြဟု ၎င်းတို့က ပြောဆိုကြသည်။ စင်စစ်တွင်မူ ယင်းတို့သည် နတ်ဆိုးအလုပ်၏ သရုပ်သကန်များချည်းသာ ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် သာမန်လူတို့တွင် မလွဲဧကန်ပင် လူသား၏ အားနည်းချက်များ ရှိကြသောကြောင့် ဖြစ်သည်၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိသောသူများ၏ ပုံမှန်အခြေအနေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၄)

ဘုရားသခင်သည် သိမ်မွေ့သည့်၊ နူးညံ့သည့်၊ ချစ်ခင်နှစ်လိုဖွယ်ဖြစ်ပြီး စောင့်ရှောက်သည့် နည်းလမ်း၊ သာမန်ထက်လွန်ကဲစွာ ချင့်ချင့်ချိန်ချိန်ရှိပြီး သင့်လျော်သည့် နည်းလမ်းတစ်ခုဖြင့် အမှုပြုပေသည်။ ပြီးလျှင် သူ၏ နည်းလမ်းက သင့်အထဲတွင် “ဘုရားသခင်သည် ငါ့ကို ဤအရာကို လုပ်ဆောင်စေရန် ပြုလုပ်နေသည်”၊ သို့မဟုတ် “ဘုရားသခင်သည် ငါ့ကို ထိုအရာကို လုပ်ဆောင်စေရန် ပြုလုပ်နေသည်” တို့ကဲ့သို့သော ပြင်းထန်သော ခံစားချက်များကို ဆွပေးမည် မဟုတ်။ ဘုရားသခင်သည် ပြင်းထန်သော နားလည်သဘောပေါက်မှုမျိုးဖြစ်စေ၊ သင့်စိတ်နှလုံးက မခံနိုင်သော ခံစားချက်မျိုးကိုဖြစ်စေ သင့်အား မည်သည့်အခါမျှပေးမည် မဟုတ်ချေ။ ထိုသို့ မဟုတ်လော။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များကို သင်လက်ခံသည့်အခါတွင်ပင် သင်မည်သို့ခံစားရသနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို သင်ခံစားမိသည့်အခါ သင်မည်ကဲ့သို့ ခံစားရသနည်း။ ဘုရားသခင်သည် ဘုရားသဘောသဘာဝရှိပြီး အစဉ်လေးစားလိုက်နာအပ်သည်ဟု ခံစားရသလော။ ဤအချိန်များတွင် သင်ကိုယ်တိုင်နှင့် ဘုရားသခင် ကြားတွင် ဝေးကွာမှု သင်ခံစားရသလော။ ဘုရားသခင်ကို ကြောက်ရွံ့မှု သင်ခံစားရပါသလော။ မခံစားရပေ။ ယင်းထက် သင်သည် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းနှင့်ပြည့်သည့် ကြည်ညိုမှုကို ခံစားရ၏။ ဤအရာများအားလုံးကို လူတို့ ခံစားရသည်မှာ ဘုရားသခင်၏ အမှုကြောင့် ဖြစ်သည် မဟုတ်လော။ အမှုပြုနေသူမှာ စာတန်ဖြစ်ပါက၊ ဤခံစားချက်များ ၎င်းတို့ရှိကြမည်လော။ လုံးဝ မရှိပေ။...

လူသားအပေါ် စာတန်၏ အလုပ်ကို မည်သည့်အရာက သွင်ပြင်လက္ခဏာဆောင်ပါသနည်း။ ဤအရာကို သင်တို့ကိုယ်တိုင်၏ အတွေအကြုံများမှတစ်ဆင့် သင်တို့ သိနိုင်သင့်၏- ယင်းသည် စာတန်စစ်စစ်၏ အင်္ဂါရပ်၊ ၎င်းက ထပ်တလဲလဲ လုပ်ဆောင်သည့်အရာ၊ လူတစ်ဦးစီတိုင်းဖြင့် လုပ်ဆောင်ရန် ၎င်းက ကြိုးစားသည့် အရာဖြစ်သည်။ သင်တို့အနေဖြင့် ဤအင်္ဂါရပ်ကို မြင်ကောင်းမြင်နိုင်မည်မဟုတ်၊ ထို့ကြောင့် စာတန်သည် အလွန် ကြောက်မက်ဖွယ်ဖြစ်ပြီး အလွန် မုန်းတီးဖွယ်ဖြစ်သည်ကို သင် မခံစားရပေ။ ဤအင်္ဂါရပ်မှာ မည်သည့်အရာဖြစ်သည်ကို တစ်ဦးတစ်ယောက်က သိရှိပါသလော။ (သူက လူသားကို ဖြားယောင်းသည်၊ ဆွယ်ကာ သွေးဆောင်ပါသည်။) ယင်းမှာ မှန်ပေသည်။ ဤအရာများမှာ ဤအင်္ဂါရပ် ထင်ရှားသည့် နည်းလမ်းအချို့ ဖြစ်သည်။ စာတန်က လူကို အထင်အမြင်မှားစေသည်၊ တိုက်ခိုက်ပြီး စွပ်စွဲလည်းစွပ်စွဲပါသည်- ဤအရာများအားလုံမှာ သရုပ်သကန်များ ဖြစ်ကြလေသည်။ နောက်ထပ်တစ်ခုတစ်လေ ရှိပါသလော။ (သူက အလိမ်အညာတွေ ပြောပါသည်။) လှည့်စားခြင်းနှင့် လိမ်ညာခြင်းသည် စာတန်ထံ အလိုအလျောက် အများဆုံးလာပေသည်။ ၎င်းက ဤအရာများကို မကြာခဏ လုပ်ဆောင်လေ့ရှိသည်။ လူများကို ဆရာလုပ်ခြင်း၊ လှုံ့ဆော်ခြင်း၊ အမှုကိစ္စများကို အတင်းအကျပ် လုပ်ဆောင်စေခြင်း၊ ၎င်းတို့ကို အမိန့်ပေးခြင်းနှင့် ၎င်းတို့ကို အတင်းရယူခြင်းတို့လည်း ရှိသည်။ ယခု သင်တို့ကို ကြက်သီးမွေးညင်း ထလောက်အောင် ထိတ်လန့်ဖွယ်ဖြစ်စေမည့် အရာတစ်ခုကို ငါပြောပြမည်၊ သို့သော် သင်တို့ကို အလန့်တကြားဖြစ်သွားစေရန် ငါပြောသည် မဟုတ်။ ဘုရားသခင်သည် လူသားအပေါ် အမှုပြုပြီး လူသားကို သူ၏ သဘောထားနှင့် စိတ်နှလုံးဖြင့်ပါ မြတ်နိုးသည်။ တစ်ဖက်တွင်မူ စာတန်သည် လူကို လုံးဝ ချစ်မြတ်နိုးခြင်း မရှိသကဲ့သို့၊ လူကို မည်သို့ထိခိုက်စေဖို့အကြောင်း တွေးရင်း ၎င်း၏အချိန်အားလုံးကို ကုန်ဆုံးလေသည်။ ယင်းမှာ အမှန်မဟုတ်သလော။ လူသားကို အန္တရာယ်ပြုခြင်းအကြောင်း သူ စဉ်းစားနေချိန်တွင်၊ သူက စိတ်အခြေအနေသည် အရေးတကြီးဖြစ်သည့် စိတ်အခြေအနေတစ်ခု ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် လူသားများအပေါ် စာတန်၏ လုပ်ဆောင်မှုနှင့် ပတ်သက်၍ စာတန်၏ ကောက်ကျစ်ဆိုးယုတ်ပြီး မလိုမုန်းထားသည့် သဘာဝကို ပြည့်စုံလုံလောက်စွာ ဖော်ပြနိုင်သည့်၊ စာတန်၏ မုန်းတီးခြင်းကို သင်တို့အား အမှန်တကယ် သိခွင့်ပေးနိုင်သည့် စကားရပ်နှစ်ခု ငါ့မှာရှိ၏။ စာတန်၏ လူသားကို ချဉ်းကပ်မှုတွင်၊ စာတန်သည် မိမိ၏ ရည်မှန်းချက်များကို ရရှိနိုင်ဖို့နှင့် မိမိ၏ အထိန်းအကွပ်မဲ့သော ပြင်းပြသည့်ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့အလို့ငှာ၊ လူကို အလုံးစုံ ထိန်းချုပ်မှု ရရှိနိုင်ပြီး လူကို ဆိုးရွားစွာ အန္တရာယ်ပြုနိုင်သည့် အတိုင်းအတာထိ လူတစ်ဦးစီတိုင်းကို အမြဲ အတင်းအကျပ် နေရာယူကာ ပိုင်ဆိုင်ချင်လေသည်။ “အတင်းအကျပ် နေရာယူ” သည် ဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသနည်း။ ယင်းသည် သင်၏သဘောတူညီချက်နှင့် ဖြစ်သည့်အရာတစ်ခုလော သို့မဟုတ် သဘောတူညီချက် မပါဘဲနှင့် ဖြစ်သည့်အရာတစ်ခုလော။ ယင်းသည် သင်သိလျက်ဖြင့် ဖြစ်သလော၊ သို့မဟုတ် သင်မသိဘဲလျက် ဖြစ်သလော။ အဖြေမှာ ယင်းသည် သင် လုံးဝ မသိဘဲလျက် ဖြစ်ပျက်ပေသည်။ ယင်းသည် သင်သတိမမူမိသည့် အခြေအနေများတွင် ဖြစ်ပျက်၏၊ သင့်ကို မည်သည့်အရာမျှ ပြောပင်မပြော သို့မဟုတ် လုပ်ပင်မလုပ်ဆောင်ဘဲ၊ အကြောင်းပြချက်မရှိ၊ ဆက်စပ်အကြောင်းအရာ မရှိဘဲ စာတန်သည် သင့်ကို ပတ်လျက်၊ သင့်ကို ဝန်းရံလျက် ရှိပေသည်။ ခေါင်းပုံဖြတ်ရန် အခွင့်အရေးကို သူရှာနေသည်၊ ထို့နောက် သင့်ကို အလုံးစုံ ထိန်းချုပ်မှုကို ရရှိခြင်းနှင့် သင့်အပေါ် အန္တရာယ်ဖြစ်စေခြင်းတည်းဟူသော သူ၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရင်း၊ သင့်ကို အတင်းအကျပ် သိမ်းပိုက်သည်၊ သင့်ကို ပိုင်ဆိုင်လေသည်။ ဤသည်မှာ လူသားမျိုးနွယ်ကို ဘုရားသခင်ထံမှ ဆွဲလုရန် အပြင်းအထန်ကြိုးပမ်းသည်နှင့်အမျှ စာတန်၏ ထုံးစံအကျဆုံး ရည်ရွယ်ချက်နှင့် အပြုအမူဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)

လူတို့သည် ဘုရားသခင်ကို သိမြင်မှုရှိသောအခါတွင် ဘုရားသခင်အတွက် ဒုက္ခခံပြီး အသက်ရှင်ရန် ဝမ်းမြောက်ကြသည်။ သို့သော် စာတန်က ၎င်းတို့အတွင်းတွင်ရှိသော အားနည်းချက်ကို ထိန်းချုပ်ဆဲ ဖြစ်သည်။ စာတန်က ၎င်းတို့ကို ဒုက္ခခံရရန် လုပ်ဆောင်နိုင်ဆဲ ဖြစ်သည်။ ဝိညာဉ်ဆိုးများသည် ၎င်းတို့အထဲတွင် အလုပ်လုပ်နိုင်ပြီး အနှောင့်အယှက် ဖြစ်စေနိုင်ဆဲ၊ ၎င်းတို့ဆီသို့ ဝင်ရောက်နိုင်ဆဲ၊ ၎င်းတို့အား စိတ်ဖောက်ပြန်ပြီး စိတ်ကသိကအောက်ဖြစ်စေရန်၊ လုံးလုံး စိတ်အနှောင့်အယှက် ဖြစ်စေရန် လုပ်ဆောင်နိုင်ဆဲဖြစ်သည်။ လူတို့၏ အတွေးများနှင့် အသိစိတ်ထဲတွင် စာတန်က ထိန်းချုပ်ပြီး ကြိုးကိုင်ညွှန်ကြားတတ်သော အရာများရှိသည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် သင်သည် ဖျားနာခြင်း၊ သို့မဟုတ် ဒုက္ခရောက်ခြင်းဖြစ်သည်။ ကမ္ဘာလောကသည် ခြောက်ကပ်သည်၊ သို့မဟုတ် အသက်ရှင်ရခြင်းသည် အဓိပ္ပာယ်မရှိဟု သင် ခံစားရသောအချိန်များရှိသည်။ ပြီးလျှင် သင်သည် သေခြင်းကို ရှာဖွေပြီး သင့်ကိုယ်သင် သတ်သေလိုသော အချိန်များပင် ရှိသည်။ ဆိုလိုသည်မှာ ဤဝေဒနာများကို စာတန်က ကိုင်စွဲပြီး ဤဝေဒနာများသည် လူသား၏ သေစေနိုင်လောက်သော အားနည်းချက်ဖြစ်သည်။ စာတန်က ဖျက်ဆီးခြင်းနှင့် နင်းချေခြင်းခံရပြီး ဖြစ်သောအရာတစ်ခုကို စာတန်က အသုံးပြုနိုင်ဆဲ ဖြစ်သည်။ ဤသည်မှာ စာတန်က ချုပ်ကိုင်သောအရာ ဖြစ်သည်။...ဝိညာဉ်ဆိုးများက အလုပ်လုပ်သောအခါ ၎င်းတို့ အသုံးမချမည့် နေရာမရှိပေ။ ၎င်းတို့သည် သင့်အထဲတွင်၊ သို့မဟုတ် သင်၏နားသို့ စကားပြောဆိုနိုင်သည်၊ သို့မဟုတ် ၎င်းတို့သည် သင်၏ စိတ်ကို အနှောင့်အယှက်ပေးနိုင်ပြီး သင်၏ အတွေးများကို နှောင့်ယှက်ကာ သန့်ရှင်းသောဝိညာဉ်တော် တို့ထိခြင်းနှင့်ပတ်သက်၍ သင် ခံစားချက်မရှိအောင် ပြုလုပ်နိုင်သည်။ ထိုတို့ထိခြင်းကို သင်ခံစား၍ မရအောင် တားဆီးသည်။ ထို့နောက် ဝိညာဉ်ဆိုးများသည် သင့်အား စတင် အနှောင့်အယှက်ပေးလိမ့်မည်။ သင်၏ အတွေးများကို ပရမ်းပတာဖြစ်စေပြီး သင်၏ အသိစိတ်ကို ပျောက်ဆုံးစေမည်။ သင်၏ ဝိညာဉ်ကိုပင် သင့်ခန္ဓာမှ ထွက်ခွာအောင် ပြုလုပ်မည်။ ဤသည်မှာ လူတို့တွင် ဝိညာဉ်ဆိုးများက ပြုသောအလုပ် ဖြစ်သည်။ ပြီးလျှင် လူတို့သည် ယင်းကို အရှိအတိုင်း မသိနိုင်လျှင် အလွန်အန္တရာယ်ရှိသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လောကီဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အဓိပ္ပာယ်

ယနေ့တွင် လူသားကို သဘာဝလွန်သည့် အမှုအရာများဖြင့် အထင်အမြင်မှားစေသည့် ဆိုးညစ်သော ဝိညာဉ်အချို့ ရှိပေသည်။ ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်က လက်ရှိ လုပ်ဆောင်ခြင်းမရှိသည့် အလုပ်မှတစ်ဆင့် လူကို အထင်အမြင်မှားစေဖို့ သူတို့အပိုင်းမှ တုပခြင်းသာ ဖြစ်သည်။ လူများစွာတို့သည် နိမိတ်လက္ခဏာများကို ဆောင်ရွက်ကြပြီး နာမကျန်းဖြစ်သူများကို အနာရောဂါပျောက်ကင်းစေကာ နတ်ဆိုးများကို နှင်ထုတ်ကြသည်။ မျက်မှောက်ခေတ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့သောအလုပ်ကို မလုပ်ဆောင်တော့သည့်အတွက်၊ ဤအရာများသည် နတ်ဆိုးများ၏ လုပ်ဆောင်ချက်သာ ဖြစ်သည်၊ ပြီးလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထိုအချိန်မှစ၍ လိုက်လံတုပကြသူများ အားလုံးသည် ဧကန်စင်စစ် ဆိုးညစ်သော ဝိညာဉ်များဖြစ်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်က ထိုသို့သော ပုံစံဖြင့် မလုပ်ဆောင်သော်လည်း ထိုအချိန်က ဣသရေလတွင် လုပ်ဆောင်သည့် အလုပ်အားလုံးမှာ သဘာဝလွန်သည့် သဘာဝတစ်ခု၏ လုပ်ဆောင်ချက်ဖြစ်ပြီး၊ ယခုတွင် ထိုသို့သော လုပ်ဆောင်ချက် တစ်ခုသည် စာတန်၏ တုပခြင်းနှင့် အယောင်ဆောင်ခြင်းဖြစ်ကာ သူ၏ နှောင့်ယှက်မှုဖြစ်သည်။ သို့ရာတွင်၊ သင့်အနေဖြင့် သဘာဝလွန်ဖြစ်ရပ် ဟူသမျှက ဆိုးညစ်သော ဝိညာဉ်များထံမှ လာသည်ဟု ပြော၍မရနိုင်ပေ- ဤကား ဘုရားသခင်၏အမှု၏ ခေတ်အပေါ်တွင် မူတည်ပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)

ဘုရားသခင်သည် သူ၏အမှုတော်ကို အဖန်ဖန်မပြုလုပ်ပေ၊ လက်တွေ့မကျသော အလုပ်ကို ဘုရားသခင်မလုပ်ဆောင်ပေ၊ သူသည် လူသားကို အလွန်အကျွံ တောင်းဆိုမှုများ မပြုလုပ်သလို၊ လူသား၏ ဆင်ခြင်တုံတရားကို ကျော်လွန်သော အလုပ်ကိုလည်း သူမလုပ်ဆောင်ပေ။ သူလုပ်သော အမှုဟူသမျှသည် လူသား၏ ပုံမှန်ဆင်ခြင်တုံတရား အတိုင်းအတာအတွင်း၌ရှိပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားကို မကျော်လွန်သည့်အပြင် သူ၏အမှုသည် လူသားမျိုးနွယ်၏ သာမန်လိုအပ်ချက်များနှင့်အညီ ဖြစ်သည်။ ထိုအရာက သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်လျှင်၊ လူသားသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး သူ၏လူ့သဘာဝမှာ ပို၍ပို၍ ပုံမှန်ဖြစ်လာသည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားနှင့် လူသား၏အနှစ်သာရတို့ အပေါ် တိုးပွားသော အသိပညာတစ်ခုကို ရရှိပြီး သမ္မာတရားကို ပို၍ပို၍ ကြီးမားစွာ တောင့်တမှုတစ်ခု သူ၌ရှိလေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသား၏အသက်တာ ပိုမို ကြီးထွားလေလေ၊ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပိုမိုပြောင်းလဲနိုင်စွမ်း ရှိလာလေလေ ဖြစ်သည်။ ယင်းအရာအားလုံးသည် ဘုရားသခင်က လူ့အသက် ဖြစ်လာခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ အကယ်၍ လမ်းခရီးတစ်ခုက လူသား၏အနှစ်သာရဖြစ်သော ထိုအရာများကို ဖော်ထုတ်နိုင်စွမ်း မရှိလျှင်၊ လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်းမရှိလျှင်၊ ထို့အပြင် ဘုရားသခင်ရှေ့မှောက်သို့ သူ့ကို ခေါ်ဆောင်လာနိုင်စွမ်း မရှိလျှင်၊ သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ စစ်မှန်သော သဘောပေါက် နားလည်မှုကို သူ့အား မပေးနိုင်လျှင်၊ ထို့အပြင် သူ၏လူ့သဘာဝကို ပို၍ပင် နိမ့်ကျစေပြီး သူ၏ ဆင်ခြင်တုံတရားကို ပို၍ မူမမှန်စေလျှင်၊ ဤလမ်းခရီးမှာ စစ်မှန်သောလမ်းခရီး မဟုတ်ပေ၊ ယင်းမှာ နတ်ဆိုးတစ်ကောင်၏ အလုပ်၊ သို့မဟုတ် လမ်းခရီးဟောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ တိုတိုပြောရလျှင် ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်အလုပ်မဖြစ်နိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

လူအပေါ် သန့်ရှင်းသောဝိညာဉ်တော် အမှုပြုသည့်အခါကျူး

ဘုရားသခင်၏ အမှုတော် ပြန်မထပ်ပေ

အရှေ့သို့-  ဃ။ ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် လူ၏ လုပ်ဆောင်မှုကို ခွဲခြားရန် နည်းလမ်း

နောက်တစ်ခုသို့-  စ။ ဆိုးယုတ်သော ဝိညာဉ်များ၏ လုပ်ဆောင်မှုရှိခြင်းနှင့် နတ်ဆိုးစွဲခြင်းအား ခွဲခြားသိမြင်နည်း

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger