လူသားကို ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စပ်လျဉ်း၍

သန့်ရှင်းသော ဝိညာဉ်တော်၏ အထူး ညွှန်ကြားချက်နှင့် လမ်းပြမှုကို ရရှိသောသူများမှလွဲ၍ လူတို့သည် အမှီအခိုကင်းကင်းဖြင့် အသက်မရှင်နိုင်ကြပေ။ ၎င်းတို့အားလုံးသည် ဘုရားသခင် အသုံးပြုသောသူများ၏ အမှုပြုပေးခြင်းနှင့် ထိန်းကျောင်းခြင်းကို လိုအပ်ကြသည်။ သို့ဖြစ်၍ အသင်းတော်များကို ထိန်းကျောင်းရန်အလို့ငှာ ဘုရားသခင်သည် သူ၏ အလုပ်အတွက် အလုပ်ရှုပ်စွာ ပြေးလွှားလှုပ်ရှားကြသော လူအမျိုးမျိုးကို ခေတ်တိုင်းတွင် ပေါ်ထွန်းစေသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အလုပ်ကို ကိုယ်တော်က ထောက်ခံမှုဖြင့် ကြည့်ရှုပြီး ထိုက်တန်သည်ဟု ယူဆသောသူများမှတစ်ဆင့် လုပ်ဆောင်ရမည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အတွင်း၌ အသုံးပြုရန် ထိုက်တန်သော အစိတ်အပိုင်းမှတစ်ဆင့် အလုပ်လုပ်ရမည်ဖြစ်ပြီး ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်အောင် ပြုခြင်းခံရမှုမှတစ်ဆင့် ဘုရားသခင်အသုံးပြုရန် သင့်တော်သောသူများ ဖြစ်လာကြသည်။ လူ၏ သဘောပေါက်နားလည်နိုင်စွမ်းသည် ကင်းမဲ့လွန်းသောကြောင့် သူသည် ဘုရားသခင် အသုံးပြုသောသူများ၏ ထိန်းကျောင်းခြင်းကို ခံရမည်ဖြစ်သည်။ ဤသည်မှာ မောရှေကို ဘုရားသခင် အသုံးပြုခြင်းနှင့် တူပေသည်။ ထိုအချိန်က အသုံးပြုရန် သင့်လျော်သောအရာများစွာကို သူ၏အထဲ၌ ဘုရားသခင် တွေ့ရှိခဲ့ပြီး ထိုအဆင့်အတောအတွင်း ဘုရားသခင်၏ အလုပ်ကို လုပ်ဆောင်ရန် ယင်းတို့ကို ကိုယ်တော် အသုံးပြုခဲ့သည်။ ဤအဆင့်တွင် ဘုရားသခင်သည် လူတစ်ဦးကို အသုံးပြုရာ၌ အလုပ်လုပ်ရန်အလို့ငှာ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုနိုင်သည့် ထိုသူ၏ အစိတ်အပိုင်းကို အကျိုးရှိရှိ အသုံးချရင်း အသုံးပြုခြင်းဖြစ်သည်။ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို ညွှန်ကြားသည့်အပြင် ကျန်ရှိနေသော၊ အသုံးပြု၍မရသည့် အစိတ်အပိုင်းကို တစ်ပြိုင်နက်တည်း စုံလင်အောင် ပြုလုပ်ပေးသည်။

ဘုရားသခင် အသုံးပြုသောသူ လုပ်ဆောင်သည့် အလုပ်သည် ခရစ်တော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ပူးပေါင်းဆောင်ရွက်ရန်အလို့ငှာ ဖြစ်သည်။ ဤသူသည် ဘုရားသခင် ရွေးချယ်ထားသောလူများ အားလုံးကို ဦးဆောင်ရန် ဘုရားသခင်က လူတို့အလယ်တွင် ပေါ်ထွန်းစေသောသူ ဖြစ်ပြီး လူ၏ ပူးပေါင်းဆောင်ရွက်ခြင်း အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ သူ့ကို ဘုရားသခင်က ပေါ်ထွန်းစေခြင်းလည်း ဖြစ်သည်။ လူ၏ ပူးပေါင်းဆောင်ရွက်ခြင်း အလုပ်ကို လုပ်ဆောင်နိုင်သော ဤသို့သော သူတစ်ဦး ရှိခြင်းအားဖြင့် လူသားအပေါ်ထားရှိသည့် ဘုရားသခင်၏ ပို၍ များပြားသော တောင်းဆိုချက်များနှင့် လူတို့အလယ်တွင် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ရမည့် အလုပ်တို့ကို သူမှတစ်ဆင့် ပြီးမြောက်အောင်မြင်နိုင်သည်။ ယင်းကို အခြားတစ်နည်းဖြင့် ဆိုရလျှင် ဤသို့ဖြစ်သည်။ ဤလူကို အသုံးပြုရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်နောက်သို့ လိုက်သောသူ အားလုံးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရန်နှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ပိုမိုကြီးမားသော အတိုင်းအတာအထိ ဖြည့်ဆည်းနိုင်ရန် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို တိုက်ရိုက် နားလည်နိုင်စွမ်း မရှိသောကြောင့် ထိုသို့သော အလုပ်ကို လုပ်ဆောင်ရန် အသုံးပြုခံရမည့် တစ်စုံတစ်ဦးကို ဘုရားသခင် ပေါ်ထွန်းစေခဲ့သည်။ ဘုရားသခင် အသုံးပြုသော ဤသူကို ဘုရားသခင်က လူတို့ကို လမ်းပြရာတွင် ကြားခံတစ်ခုအဖြစ်လည်းကောင်း၊ ဘုရားသခင်နှင့် လူသားအကြား ဆက်သွယ်ပေးသော “ဘာသာပြန်သူ” အဖြစ်လည်းကောင်း ဖော်ပြနိုင်သည်။ သို့ဖြစ်၍ ထိုသို့သော လူသည် ဘုရားအိမ်တော်ရှိ မည်သည့် အမှုဆောင် သို့မဟုတ် တမန်တော်နှင့်မျှ မတူပေ။ ၎င်းတို့အားလုံးကို ဘုရားသခင်ကို အစေခံသည့် လူများဖြစ်သည်ဟု ဆိုနိုင်သည့်တိုင် သူ၏ အလုပ် အနှစ်သာရနှင့် သူ့ကို ဘုရားသခင် အသုံးပြုခြင်း၏ နောက်ခံတို့တွင် ဤလူသည် အခြားသော အမှုဆောင်များ၊ တမန်တော်များနှင့် များစွာ ကွဲပြားသည်။ သူ၏ အလုပ် အနှစ်သာရနှင့် သူ့ကို အသုံးပြုခြင်း၏ နောက်ခံတို့အရ ဘုရားသခင် အသုံးပြုသောသူကို ကိုယ်တော်က ပေါ်ထွန်းစေပြီး ဘုရားသခင်၏ အလုပ်အတွက် သူ့ကို ဘုရားသခင်က ပြင်ဆင်ပေးထားကာ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်နှင့် သူ ပူးပေါင်းဆောင်ရွက်သည်။ မည်သူကမျှ သူ၏ကိုယ်စား သူ၏အလုပ်ကို မလုပ်ဆောင်နိုင်ပေ။ ယင်းမှာ ဘုရားသဘောသဘာဝနှင့်ဆိုင်သော အလုပ်နှင့်အတူ မရှိမဖြစ်လိုအပ်သော လူ၏ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင် အခြားသော အမှုဆောင်များ သို့မဟုတ် တမန်တော်များ လုပ်ဆောင်သည့် အလုပ်မှာမူ ကာလတစ်ခုစီအတွင်း အသင်းတော်များအတွက် အစီအစဉ်များ၏ ကဏ္ဍများစွာကို လက်ဆင့်ကမ်းပေးခြင်းနှင့် အကောင်အထည်ဖော်ခြင်းမျှသာ ဖြစ်သည်၊ သို့မဟုတ်ပါက အသင်းတော်အသက်တာကို ထိန်းသိမ်းရန်အလို့ငှာ ရိုးရှင်းသော အသက် ထောက်ပံ့မှု အလုပ်အချို့ကို လုပ်ဆောင်ခြင်းမျှသာ ဖြစ်သည်။ ဤအမှုဆောင်များနှင့် တမန်တော်များကို ဘုရားသခင်က ခန့်အပ်ထားခြင်း မဟုတ်ပေ၊ ၎င်းတို့ကို သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသောသူများဟု ခေါ်ဆိုနိုင်ရန်မှာ သာ၍ပင် ဝေးသေးသည်။ ၎င်းတို့ကို အသင်းတော်များထဲမှ ရွေးချယ်ထားခြင်းဖြစ်ပြီး အချိန်ကာလတစ်ခုကြာ ၎င်းတို့ကို လေ့ကျင့်ပေးပြီး ပျိုးထောင်ပေးပြီးနောက်တွင် အသုံးပြုရန် သင့်တော်သောသူများကို ဆက်လက်ထားရှိကာ မသင့်တော်သောသူများကိုမူ ၎င်းတို့ လာခဲ့သည့်နေရာသို့ ပြန်ပို့လိုက်သည်။ ဤလူများကို အသင်းတော်များထဲမှ ရွေးချယ်ထားသောကြောင့် အချို့သည် ခေါင်းဆောင်များ ဖြစ်လာပြီးနောက် ၎င်းတို့၏ ဇာတိရုပ်ကို ပြသကြပြီး အချို့က မကောင်းသောအရာများစွာကိုပင် လုပ်ဆောင်ကြကာ နောက်ဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်း ခံရသည်။ အခြားတစ်ဖက်တွင် ဘုရားသခင် အသုံးပြုသောသူသည် ဘုရားသခင် ပြင်ဆင်ပေးထားသောသူ ဖြစ်ပြီး အစွမ်းအစ အတိုင်းအတာတစ်ခုအထိ ရှိကာ လူ့သဘာဝရှိသူ ဖြစ်သည်။ သူ့ကို သန့်ရှင်းသော ဝိညာဉ်တော်က ကြိုတင်၍ ပြင်ဆင်ပေးပြီး စုံလင်အောင် ပြုလုပ်ပေးထားသည့်အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုံးလုံးလျားလျား ဦးဆောင်ခြင်းကို ခံရသည်။ အထူးသဖြင့် သူ၏ အလုပ်နှင့်ပတ်သက်လာလျှင် သူ့ကို သန့်ရှင်းသော ဝိညာဉ်တော်က ညွှန်ကြားပြီး အုပ်ချုပ်သည်။ ဤအရာ၏ ရလဒ်အနေဖြင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို သူ ဦးဆောင်သည့် လမ်းကြောင်းတွင် မည်သည့် လမ်းလွဲခြင်းမျှ မပါဝင်ပေ၊ အကြောင်းမှာ ဘုရားသခင်သည် သူ့အလုပ်အတွက်သူ သေချာပေါက် တာဝန်ယူပြီး ဘုရားသခင်သည် သူ့အလုပ်ကိုသူ အချိန်တိုင်း လုပ်ဆောင်သောကြောင့် ဖြစ်သည်။

အရှေ့သို့-  အယောက်တိုင်း မိမိတို့၏ အလုပ်တာဝန်ကို ထမ်းဆောင်ကြခြင်းနှင့်ပတ်သက်၍

နောက်တစ်ခုသို့-  သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger