ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်
ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်၊ လူသား၌ သူ၏အမှု စွမ်းဆောင်ရရှိသော အကျိုးသက်ရောက်မှုနှင့် လူသားအတွက် သူ၏ ရည်ရွယ်ချက်များ အတိအကျမှာ မည်သည့်အရာဖြစ်သည်တို့ကို သဘောပေါက်ရန်တို့သည် ဘုရားသခင်၏ နောက်သို့ လိုက်သောလူတိုင်း ရရှိသင့်သောအရာ ဖြစ်သည်။ ယနေ့ခေတ်တွင် ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အသိပညာမှာ လူအားလုံး ကင်းမဲ့လျက်ရှိသည့်အရာ ဖြစ်သည်။ ကမ္ဘာလောက၏ ဖန်ဆင်းခြင်းမှသည် မျက်မှောက်ကာလအထိ၊ လူတို့အပေါ် ဘုရားသခင် ပြုပြီးသော လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ အမှုအလုံးစုံနှင့် လူသားအတွက် သူ၏ ရည်ရွယ်ချက်များအတိအကျမှာ မည်သည့်အရာဖြစ်သည်။ ဤအရာများသည် လူသားက မသိသကဲ့သို့ သဘောမပေါက်သော အရာများ ဖြစ်သည်။ ဤသည်မှာ ဘာသာရေးလောက တစ်လျှောက်လုံးတွင် မြင်ရသည့် အားနည်းချက်ဖြစ်သည်သာမက ဘုရားသခင်ကို ယုံကြည်သူများ အားလုံး၌လည်း တွေ့ရပေသည်။ သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ရှုမြင်ရသည့်အချိန် ရောက်လာသည့်အခါ၊ ဘုရားသခင်၏ ဉာဏ်ပညာကို အမှန်တကယ် နားလည်သဘောပေါက်သည့်အခါ ဘုရားသခင် ပြုပြီးသည့် လုပ်ဆောင်ချက်များအားလုံးကို သင် ရှုမြင်ရသည့်အချိန်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို သင် သတိပြုမိသည့်အချိန်တွင် သူ၏ ရက်ရောမှု၊ ဉာဏ်ပညာ၊ အံ့သြဖွယ်နှင့် လူတို့အပေါ် သူပြုပြီးသော အရာအားလုံးကို သင် မြင်ပြီးသည့်အခါ ထိုအခါတွင် သင်သည် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းတွင် အောင်မြင်မှု ရှိပြီးလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် အလုံးစုံ လွှမ်းခြုံကာ အလုံးစုံ အလျှံပယ်ဖြစ်သည်ဟု ဆိုရာတွင် မည်သည့်ပုံစံဖြင့် သူသည် အလုံးစုံ လွှမ်းခြုံပြီး မည်သည့်ပုံစံဖြင့် အလုံးစုံ အလျှံပယ် ဖြစ်သနည်း။ ဤအရာကို သင်နားမလည်ပါက သင်သည် ဘုရားသခင်၌ ယုံကြည်သည်ဟု ယူဆ၍မရနိုင်ပေ။ ဘာသာရေး လောက၌ ရှိသူများသည် ဘုရားသခင်၌ ယုံကြည်သူများ မဟုတ်ဘဲ မတရားသဖြင့်ပြုသောသူများ၊ နတ်ဆိုးများနှင့် တူသောသူများ ဖြစ်သည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ၎င်းတို့သည် မတရားသဖြင့်ပြုသောသူများ ဖြစ်သည်ဟု ငါပြောသည့်အခါ၊ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ကြသကဲ့သို့၊ သူ၏ ဉာဏ်ပညာကို မမြင်နိုင်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို ၎င်းတို့အား မည်သည့်အခါမျှ ထုတ်ဖော်မပြပေ။ ၎င်းတို့သည် မျက်မမြင်များ ဖြစ်ကြလေသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ၎င်းတို့ မမြင်နိုင်ကြချေ၊ ၎င်းတို့သည် ဘုရားသခင်၏ စွန့်ပစ်ခြင်း ခံရကြပြီးဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မဆိုထားနှင့်၊ ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကွယ်ကာမှုတို့ လုံးဝ ကင်းမဲ့ကြလေသည်။ ဘုရားသခင်၏ အမှု မရှိကြသူများသည် အားလုံး မတရားသဖြင့်ပြုသောသူများ ဖြစ်ကြပြီး ဘုရားသခင်၏ အတိုက်အခံလုပ်သူများ ဖြစ်သည်။ ငါပြောသော ဘုရားသခင်၏ အတိုက်အခံလုပ်သူများသည် ဘုရားသခင်ကို မသိသောသူများ၊ ဘုရားသခင်ကို ၎င်းတို့၏ နှုတ်များဖြင့် အသိအမှတ်ပြုသည့်တိုင် သူ့ကို မသိသောသူများ၊ ဘုရားသခင် နောက်လိုက်သည့်တိုင် သူ့ကို ကျိုးနွံနာခံခြင်း မရှိကြသူများနှင့် ဘုရားသခင်၏ ကျေးဇူးတော်၌ ပျော်မွေ့ခံစားသည့်တိုင် ဘုရားသခင်အဖို့ မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်နိုင်ကြသူများကို ရည်ညွှန်းပေသည်။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို သိနားလည်ခြင်း သို့မဟုတ် လူသား၌ ဘုရားသခင် ပြုသော အမှုကို သိနားလည်ခြင်းမရှိဘဲ သူသည် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် အညီမဖြစ်နိုင်သကဲ့သို့ ဘုရားသခင်အဖို့လည်း သက်သေမရပ်တည်နိုင်ပေ။ တစ်ဘက်၌ လူသားသည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့်အကြောင်းရင်းမှာ သူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ အစပြုပြီး အခြားတစ်ဘက်တွင် ဘုရားသခင်ကို မသိနားမလည်ခြင်းနှင့် ဘုရားသခင် အမှုပြုသည့် အခြေခံသဘောတရားများနှင့် လူသားအတွက် သူ၏ရည်ရွယ်ချက်များကို သိနားလည်မှုကင်းမဲ့ခြင်းတို့မှ အစပြုပေသည်။ အတူတကွကြည့်သည့်အခါ ဤရှုထောင့်နှစ်ခုသည် ဘုရားသခင်ကို လူသား၏ ခုခံခြင်းသမိုင်းတစ်ခု ဖြစ်၏။ ယုံကြည်ခြင်း၌ လူသစ်များသည် ၎င်းတို့၏ သဘာဝ၌ ထိုသို့သော အတိုက်အခံလုပ်ခြင်း တည်ရှိသောကြောင့် ဘုရားသခင်ကို အတိုက်အခံလုပ်ကြသော်လည်း၊ ယုံကြည်ခြင်း နှစ်ပေါင်းများစွာ ရှိသောသူတို့၏ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားအပြင် ဘုရားသခင်ကို ၎င်းတို့ မသိနားမလည်မှု၏ အကျိုးဆက်ဖြစ်ပေသည်။ ဘုရားသခင် လူ့ဇာတိမခံယူမီ အချိန်တွင် လူတစ်ဦးက ဘုရားသခင်ကို အတိုက်အခံလုပ်သည်၊ မလုပ်သည်ကို တိုင်းတာမှုမှာ သူသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင် ချမှတ်ထားသည့် အမိန့်များကို လိုက်နာခြင်းရှိ၊ မရှိဆိုသည့်အပေါ် အခြေခံပေသည်။ သာဓကအားဖြင့် ပညတ်တော်ခေတ်တွင်၊ ယေဟောဝါ၏ ပညတ်တရားများကို မလိုက်နာခဲ့သည့် မည်သူမဆိုကို ဘုရားသခင်အား အတိုက်အခံလုပ်သူအဖြစ် မှတ်ယူခဲ့သည်။ ယေဟောဝါထံ ယဇ်ပူဇော်မှုများကို ခိုးယူသောသူမည်သူမဆို၊ သို့မဟုတ် ယေဟောဝါ မျက်နှာသာ ပေးသောသူတို့ကို အတိုက်အခံလုပ်သောသူ မည်သူမဆိုသည် ဘုရားသခင်အား အတိုက်အခံလုပ်သူတစ်ဦးအဖြစ် မှတ်ယူခံခဲ့ရပြီး သေသည်အထိ ကျောက်ခဲဖြင့်ပစ်ခံခဲ့ရမည်ဖြစ်သည်။ မိမိ၏ဖခင်နှင့်မိခင်တို့ကို မရိုသေသောသူ မည်သူမဆိုနှင့် သူတစ်ပါးကို ရိုက်နှက်သောသူ သို့မဟုတ် ကျိန်ဆဲသောသူ မည်သူမဆိုသည် ပညတ်တရားများကို မစောင့်ထိန်းသောသူအဖြစ် မှတ်ယူခြင်းခံခဲ့ရသည်။ ပြီးလျှင် ယေဟောဝါ၏ ပညတ်တရားများကို မစောင့်ထိန်းသောသူ အားလုံးသည် သူ့ကို အတိုက်အခံလုပ်သူအဖြစ် မှတ်ယူခံခဲ့ရသည်။ ယေရှုကို အတိုက်အခံလုပ်သူ မည်သူမဆိုကို ဘုရားသခင်အား အတိုက်အခံလုပ်သူအဖြစ် မှတ်ယူပြီး ယေရှု မိန့်မြွက်သော နှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်း မရှိသောသူ မည်သူမဆိုကို ဘုရားသခင်အား အတိုက်အခံလုပ်သူအဖြစ် မှတ်ယူသည့်အချိန်ဖြစ်သော ကျေးဇူးတော်ခေတ်ထဲတွင် ထိုသို့ မဟုတ်တော့ပေ။ ဤအချိန်ကာလတွင် ဘုရားသခင်အား အတိုက်အခံလုပ်ခြင်းအား အနက်ဖွင့်သည့် နည်းလမ်းသည် သာ၍ တိကျလာပြီး သာ၍လည်း လက်တွေ့ကျလာခဲ့သည်။ ဘုရားသခင် လူ့ဇာတိမခံယူခဲ့သေးသည့် အချိန်ကာလတွင် ဘုရားသခင်ကို လူသားက အတိုက်အခံလုပ်ခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ခြင်းမှာ ကောင်းကင်ဘုံ၌ရှိသော မမြင်နိုင်သည့် ဘုရားသခင်ကို လူသားက ကိုးကွယ်ကာ ကြည်ညိုခြင်း ရှိမရှိဆိုသည့်အပေါ် အခြေခံခဲ့ပေသည်။ ထိုအချိန်က လူသားသည် ဘုရားသခင်ကို မမြင်နိုင်သကဲ့သို့ ဘုရားသခင်၏ ပုံသဏ္ဌာန် မည်သည့်အရာနှင့်တူသည်ကိုပင်ဖြစ်စေ၊ သူမည်သို့ စကားပြောဆိုခဲ့ပြီး အမှုပြုခဲ့သည်ကိုပင်ဖြစ်စေ မသိခဲ့ကြသောကြောင့် ဘုရားသခင်အား အတိုက်အခံလုပ်ခြင်းကို အနက်ဖွင့်သည့် နည်းလမ်းမှာ ထိုမျှ လက်တွေ့မကျခဲ့ပေ။ လူသားသည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆတစ်ခုမျှ လုံးဝ မရှိခဲ့သကဲ့သို့ ဘုရားသခင်သည် လူသားထံ မပေါ်ထွန်းသေးသောကြောင့် ဘုရားသခင်၌ မရေမရာ ယုံကြည်ခဲ့သည်။ ထို့ကြောင့် လူသားသည် ဘုရားသခင်ကို မိမိ၏ စိတ်ကူးစိတ်သန်းဖြင့် မည်သို့ ယုံကြည်သည်ဖြစ်စေ လူသားသည် ဘုရားသခင်ကို လုံးဝ မမြင်နိုင်ခဲ့သောကြောင့် ဘုရားသခင်သည် လူသားကို ပြစ်တင်ရှုတ်ချခြင်း မပြုသကဲ့သို့ လူသားအပေါ် အလွန်အကျွံ မြင့်မားသော တောင်းဆိုချက်များ မပြုခဲ့ပေ။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး လူသားတို့ကြား အမှုပြုရန် ကြွလာသောအခါ အားလုံးသည် သူ့ကို ရှုမြင်ကြရပြီး သူ၏ နှုတ်ကပတ်တော်များကို ကြားကြရကာ လူ့ဇာတိရှိသည့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အားလုံးက မြင်ကြရ၏။ ထိုအခိုက်အတန့်တွင် လူသား၏ အယူအဆအားလုံးသည် အမြှုပ်ဖြစ်သွားသည်။ လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းသည်ကို မြင်ပြီးသောသူများအတွက်မူ သူ့ကို ရည်စူး၍ ကျိုးနွံနာခံကြပါက ၎င်းတို့ ပြစ်တင်ရှုတ်ချခံရလိမ့်မည်မဟုတ်၊ သူ့ကို တမင်တကာ အတိုက်အခံလုပ်သောသူတို့မှာမူ ဘုရားသခင်အပေါ် အတိုက်အခံလုပ်သူများအဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထိုသို့သောလူများသည် အန္တိခရစ်များ၊ ဘုရားသခင်ကို တမင် အတိုက်အခံလုပ်သော ရန်သူများ ဖြစ်ကြလေသည်။ ဘုရားသခင်နှင့် စပ်လျဉ်း၍ အယူအဆများ သိုထားသော်လည်း သူ့ကို ကျိုးနွံနာခံရန် အဆင်သင့်ရှိပြီး လိုလားနေသူများသည် ပြစ်တင်ရှုတ်ချခြင်းကို ခံကြရလိမ့်မည်မဟုတ်။ ဘုရားသခင်သည် လူသားကို သူ၏အတွေးများနှင့် စိတ်ကူးများအတွက် ဘယ်သောခါမျှ ပြစ်တင်ရှုတ်ချခြင်း မပြုဘဲ လူသား၏ ရည်ရွယ်ချက်များနှင့် လုပ်ရပ်များပေါ် အခြေခံ၍ ပြစ်တင်ရှုတ်ချလေသည်။ သူသည် လူသား၏ အတွေးများနှင့် စိတ်ကူးများပေါ် အခြေခံ၍ လူသားကို ပြစ်တင်ရှုတ်ချမည်ဆိုပါက လူတစ်ဦးမျှ ဘုရားသခင်၏ အမျက်ဒေါသနှင့်ပြည့်သော လက်များမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ လူ့ဇာတိခံ ဘုရားသခင်ကို တမင် အတိုက်အခံလုပ်သော သူတို့သည် ၎င်းတို့၏ လက်မခံနိုင်ခြင်းအတွက် အပြစ်ဒဏ်ပေးခံကြရမည် ဖြစ်သည်။ ဘုရားသခင်ကို တမင် အတိုက်အခံလုပ်သောသူတို့နှင့် စပ်လျဉ်း၍ ၎င်းတို့၏ အတိုက်အခံလုပ်ခြင်းသည် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများ ၎င်းတို့ သိုထားသည့်အချက်မှ အစပြု၏၊ ယင်းကတစ်ဆင့် ဘုရားသခင်၏ အမှုကို နှောင့်ယှက်သည့် လုပ်ရပ်များသို့ ၎င်းတို့ကို ဦးဆောင်လေသည်။ ဤလူများသည် ဘုရားသခင်၏အမှုကို တမင်သက်သက် အတိုက်အခံလုပ်ကာ ဖြိုဖျက်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည်သာ မဟုတ်ဘဲ သူ၏အမှုကို နှောင့်ယှက်သည့် လုပ်ဆောင်ချက်များတွင်လည်း ပါဝင်ပတ်သက်ကြကာ ဤအကြောင်းကြောင့် ဤလူစားမျိုးများသည် ပြစ်တင်ရှုတ်ချခံရပေလိမ့်မည်။ ဘုရားသခင်၏အမှုကို တမင် နှောင့်ယှက်ခြင်း မရှိသူတို့သည် လိုလိုလားလားဖြင့် ကျိုးနွံနာခံနိုင်ကြပြီး အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း ဖြစ်စေသည့် လုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက်ခြင်း မရှိကြသောကြောင့် အပြစ်သားများကဲ့သို့ ပြစ်တင်ရှုတ်ချခံရလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် ပြစ်တင်ရှုတ်ချခံရလိမ့်မည် မဟုတ်။ သို့သော်၊ လူတို့သည် ဘုရားသခင်၏အမှုကို နှစ်ပေါင်းများစွာ တွေ့ကြုံပြီးသည့်အချိန်တွင် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ၎င်းတို့ သိုထားဆဲဖြစ်ပြီး လူ့ဇာတိခံ ဘုရားသခင်၏ အမှုကို မသိနိုင်မြဲရှိပါက ပြီးလျှင် သူ၏အမှုကို နှစ်ပေါင်းမည်မျှ ၎င်းတို့ ကြုံတွေ့ပြီးသည်ဖြစ်စေ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများဖြင့် ၎င်းတို့ ဆက်လက် ပြည့်နှက်ကြကာ သူ့ကို မသိလာနိုင်ကြသေးပါက အနှောင့်အယှက် ပေးသော လုပ်ဆောင်ချက်များတွင် ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိလျှင်ပင် ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများစွာဖြင့် ပြည့်နှက်ကြပြီး ဤအယူအဆများသည် သိသာလာခြင်း မရှိသော်လည်း ဤကဲ့သို့သော လူများသည် ဘုရားသခင်၏အမှုအဖို့ မည်သို့မျှ အကူအညီမဖြစ်ပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် ဧဝံဂေလိတရားကို မဖြန့်ဝေနိုင်ကြပေ၊ သို့မဟုတ် သူ့အဖို့ သက်သေမရပ်တည်နိုင်ကြပေ။ ဤသို့သော လူများသည် အသုံးမကျသကဲ့သို့ ဉာဏ်မရှိသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မသိကြသည့်အပြင် ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အယူအဆများကို လုံးလုံးလျားလျား မစွန့်ပစ်နိုင်ကြသောကြောင့် ၎င်းတို့ ပြစ်တင်ရှုတ်ချခံကြရ၏။ ယင်းကို ဤသို့ဆိုနိုင်၏။ ယုံကြည်ခြင်း၌ လူသစ်များအတွက် ဘုရားသခင်နှင့် ပတ်သက်သည့် အယူအဆများ ကိုင်စွဲခြင်း သို့မဟုတ် သူနှင့်ပတ်သက်၍ ဘာမျှမသိခြင်းသည် ပုံမှန်ဖြစ်သော်လည်း နှစ်ပေါင်းများစွာ ဘုရားသခင်၌ ယုံကြည်ပြီးဖြစ်ကာ သူ၏အမှုကို များစွာတွေ့ကြုံရပြီးသူတစ်ဦးအတွက် အယူအဆများကို ဆက်လက်ကိုင်စွဲဖို့မှာ ထိုသို့သောလူတစ်ဦးအတွက် ပုံမှန်မဟုတ်သကဲ့သို့ ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ မရှိဖို့ဆိုသည်မှာ ဤကဲ့သို့သော လူတစ်ဦးအတွက် သာ၍ပင် ပုံမှန်မဟုတ်ပေ။ ဤသည်မှာ ပုံမှန်အခြေအနေတစ်ခု မဟုတ်သောကြောင့် ၎င်းတို့ ပြစ်တင်ရှုတ်ချခြင်း ခံရကြပေသည်။ ဤပုံမှန်မဟုတ်သော လူများသည် အမှိုက်သာဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံအလုပ်ဆုံးသော သူများနှင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အချည်းနှီး မွေ့လျော်ကြသူများ ဖြစ်၏။ ထိုသို့သော လူအားလုံးသည် အဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်းခံကြရပေမည်။
ဘုရားသခင်၏ အလုပ် ရည်ရွယ်ချက်ကို နားမလည်သောသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ ဘုရားသခင်၏ အလုပ် ရည်ရွယ်ချက်ကို နားလည်သည့်တိုင် ကိုယ်တော့်ကို ကျေနပ်စေရန် မလိုက်စားသောသူများအတွက်မူ ဤသို့ သာ၍ပင် ဖြစ်လေသည်။ ကြီးကျယ်ခမ်းနားသော ဘုရားကျောင်းများတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး ကျမ်းပိုဒ်များကို ရွတ်ဆိုနေကြသည့်တိုင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်သူ တစ်ဦးတစ်ယောက်မျှ ရှိဖို့ မဆိုထားနှင့်၊ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလုပ် ရည်ရွယ်ချက်ကို နားမလည်ကြသည့်အပြင် ၎င်းတို့ထဲမှ မည်သူမျှ ဘုရားသခင်ကို မသိကျွမ်းနိုင်ကြပေ။ ၎င်းတို့အားလုံးသည် တန်ဖိုးမရှိသော၊ ယုတ်မာသော လူများဖြစ်ကြပြီး “ဘုရားသခင်” ကို ဩဝါဒခြွေရန် အထက်စီးမှ နေကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမည်နာမအောက်တွင် ပြုမူဆောင်ရွက်ကြသည့်တိုင် ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်ကြသူများ၊ ဘုရားသခင်ကို ယုံကြည်သည်ဟူသော အမည်ခံထားသော်လည်း လူ၏ အသားကို စားပြီး သွေးကို သောက်ကြသူများ ဖြစ်ကြသည်။ ထိုသို့သော လူအားလုံးသည် လူတို့၏ စိတ်ဝိညာဉ်များကို ဝါးမျိုသော ဆိုးယုတ်သည့် နတ်ဆိုးများ၊ လူတို့ကို လမ်းကြောင်းမှန်ပေါ်သို့ မလျှောက်လှမ်းနိုင်ရန် တမင်တကာ နှောင့်ယှက်သော မကောင်းဆိုးဝါးခေါင်းဆောင်များနှင့် လူတို့ကို ဘုရားသခင်အား မရှာဖွေနိုင်ရန် ဟန့်တားသော ခလုတ်ကန်သင်းများ ဖြစ်ကြသည်။ ၎င်းတို့သည် “ခန္ဓာကိုယ် တောင့်တင်းခိုင်မာသည်” ဟု ထင်ရသော်လည်း လူတို့ကို ဘုရားသခင်အား အတိုက်အခံလုပ်ရန် ဦးဆောင်သည့် အန္တိခရစ်များ ဖြစ်ကြောင်းကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိနိုင်မည်နည်း။ ၎င်းတို့သည် လူတို့၏ စိတ်ဝိညာဉ်များကို ဝါးမျိုရန် ရည်စူးထားသော အသက်ရှင်သည့် နတ်ဆိုးများ ဖြစ်ကြောင်းကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိနိုင်မည်နည်း။ ဘုရားသခင်၏ မျက်မှောက်တော်တွင် မိမိတို့ကိုယ်ကို မြင့်မြတ်သည်ဟု ယုံကြည်သူများသည် အားလုံးထဲတွင် အနိမ့်ကျဆုံး ဖြစ်ကြပြီး မိမိတို့ကိုယ်ကို နိမ့်ကျသည်ဟု ထင်မှတ်သူများသည် အမြင့်မြတ်ဆုံး ဖြစ်ကြလေသည်။ ပြီးလျှင် ဘုရားသခင်၏ အလုပ်ကို သိသည်ဟု မှတ်ယူကာ ကိုယ်တော်ကို မျက်စိဒေါက်ထောက် ကြည့်နေစဉ်တွင် ကိုယ်တော်၏ အလုပ်ကို အခြားသူများအား အတားအဆီးမရှိ ကြေညာနိုင်သူများသည် အားလုံးထဲတွင် အသိဉာဏ်အမဲ့ဆုံး ဖြစ်ကြလေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ သက်သေခံချက် မရှိကြဘဲ အားလုံးသည် မာနထောင်လွှားကာ စိတ်ကြီးဝင်ကြလေသည်။ မိမိတို့သည် ဘုရားသခင်အကြောင်းကို သိသည်မှာ အလွန် နည်းပါးသည်ဟု ယုံကြည်သော်လည်း စင်စစ်အားဖြင့် ဘုရားသခင်နှင့်ပတ်သက်၍ လက်တွေ့ကျသော အတွေ့အကြုံနှင့် လက်တွေ့ကျသော သိကျွမ်းမှု ရှိသူများသည် ကိုယ်တော် အချစ်ရဆုံးသော သူများ ဖြစ်ကြလေသည်။ ထိုသို့သော လူများသာလျှင် သက်သေခံချက် အမှန်တကယ် ရှိကြပြီး အမှန်တကယ်ပင် ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းခံရနိုင်စွမ်း ရှိကြလေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သောသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သည့်တိုင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ ဘုရားနှုတ်ကပတ်တော်များကို စားသောက်သည့်တိုင် ဘုရားနှုတ်ကပတ်တော်များ၏ အနှစ်သာရကို ဆန့်ကျင်သောသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ လူ့ဇာတိခံယူသော ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ရှိပြီး ထို့အပြင် တမင်တကာ ပုန်ကန်သောသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ဝေဖန်ကဲ့ရဲ့သောသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ ပြီးလျှင် ဘုရားသခင်ကို မသိကျွမ်းနိုင်ဘဲ ကိုယ်တော်အတွက် သက်သေမခံနိုင်သူ မည်သူမဆိုသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူတစ်ဦး ဖြစ်လေသည်။ သို့ဖြစ်၍ သင်တို့ကို ငါ တိုက်တွန်းနှိုးဆော်သည်။ သင်တို့သည် ဤလမ်းကြောင်းကို လျှောက်လှမ်းရန် ယုံကြည်ခြင်း အမှန်တကယ် ရှိပါက ဆက်လက်၍ လိုက်လျှောက်ကြလော့။ သို့သော် သင်တို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းမှ မရှောင်ကြဉ်နိုင်ပါက အချိန်မနှောင်းမီ သင်တို့ ဖယ်ခွာသွားသည်က အကောင်းဆုံး ဖြစ်လိမ့်မည်၊ သို့မဟုတ်ပါက သင်တို့၏ သဘာဝသည် လုံးလုံးပင် အလွန် ဖောက်ပြန်ပျက်စီးနေသောကြောင့် အမှုအရာများသည် သင်တို့အတွက် အမှန်တကယ် ကောင်းမွန်သော နိမိတ်လက္ခဏာ ဖြစ်လိမ့်မည် မဟုတ်ပေ။ သင်တို့သည် သစ္စာစောင့်သိခြင်း ကင်းမဲ့သည်၊ ကျိုးနွံနာခံခြင်း ကင်းမဲ့သည်၊ ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားကို ဆာငတ်သော စိတ်နှလုံး ကင်းမဲ့ပြီး ဘုရားသခင်ကို ချစ်ခြင်း ကင်းမဲ့ကြလေသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်တို့၏ အခြေအနေသည် အခြေခံအားဖြင့် လုံးဝ ဖရိုဖရဲ ဖြစ်နေသည်ဟု ဆိုနိုင်ပေသည်။ သင်တို့သည် မိမိတို့ စောင့်ထိန်းသင့်သည့်အရာကို မစောင့်ထိန်းနိုင်ကြ၊ ပြောသင့်သည့်အရာကို မပြောနိုင်ကြ၊ သင်တို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာကို လက်တွေ့မလုပ်ဆောင်နိုင်ကြသကဲ့သို့ သင်တို့ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားကို မဖြည့်ဆည်းနိုင်ကြပေ။ သင်တို့တွင် ရှိသင့်သည့် သစ္စာစောင့်သိခြင်း၊ သင်တို့တွင် ရှိသင့်သည့် အသိစိတ်၊ သင်တို့တွင် ရှိသင့်သည့် ကျိုးနွံနာခံခြင်း သို့မဟုတ် သင်တို့တွင် ရှိသင့်သည့် စိတ်ပိုင်းဖြတ်မှု မရှိကြပေ။ သင်တို့သည် ခံစားသင့်သည့် ဆင်းရဲဒုက္ခကို မခံစားခဲ့ကြရသည့်အပြင် သင်တို့တွင် ရှိသင့်သည့် ယုံကြည်ခြင်းလည်း မရှိကြပေ။ သင်တို့သည် ကောင်းကွက် တစ်စက်မျှ လုံးလုံး ကင်းမဲ့နေကြလေသည်။ သင်တို့သည် ဆက်လက် အသက်ရှင်နေရသည်ကို မရှက်ကြဘူးလော။ သင်တို့သည် စောစောစီးစီး ထာဝရ ငြိမ်းချမ်းစွာ အနားယူရန် မျက်စိမှိတ်လိုက်သည်က ပိုကောင်းမည်ဖြစ်ပြီး ထိုသို့ဖြင့် ဘုရားသခင်ကို သင်တို့အတွက် စိုးရိမ်ပူပန်ခြင်းနှင့် သင်တို့အတွက် ဆင်းရဲဒုက္ခခံစားရခြင်းမှ ကင်းလွတ်စေမည်ဟု သင်တို့ကို ငါ အကြံပြုလေသည်။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် ကိုယ်တော်၏ ရည်ရွယ်ချက်များကို နားမလည်ကြပေ။ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို စားသောက်သည့်တိုင် လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကို မလိုက်နာနိုင်ကြပေ။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ကိုယ်တော်ကို မသိကျွမ်းကြသည့်အပြင် ကြိုးပမ်းအားထုတ်ရန် ပန်းတိုင်တစ်ခုမရှိဘဲ၊ မည်သည့် တန်ဖိုးများ သို့မဟုတ် မည်သည့် အဓိပ္ပာယ်မျှမရှိဘဲ အသက်ရှင်ကြလေသည်။ သင်တို့သည် လူသားတစ်ဦး ဖြစ်သည့်တိုင် အသိစိတ်၊ တည်ကြည်မှု သို့မဟုတ် ယုံကြည်စိတ်ချရမှု စိုးစဉ်းမျှ မရှိကြပေ။ သင်တို့သည် မိမိတို့ကိုယ်ကို လူသားဟု ခေါ်ဆိုနိုင်ကြသေးသလော။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် ကိုယ်တော်ကို လှည့်ဖြားကြသည်၊ သင်တို့သည် ဘုရားသခင်၏ ငွေကြေးကိုပင် တပ်မက်ပြီး ကိုယ်တော်အား ပူဇော်ဆက်ကပ်ထားသည့်အရာများကို စားကြလေသည်။ သို့တိုင်အောင် အဆုံးတွင် သင်တို့သည် ဘုရားသခင်၏ ခံစားချက်များကို စိုးစဉ်းမျှ အလေးထားမှု ပြသရန် သို့မဟုတ် ကိုယ်တော်အပေါ် အနည်းငယ်မျှသော အသိစိတ် ပြသရန် ပျက်ကွက်ကြဆဲ ဖြစ်သည်။ သင်တို့သည် ဘုရားသခင် ပြုလုပ်ထားသော သေးငယ်သည့် တောင်းဆိုချက်တစ်ခုကိုပင် မဖြည့်ဆည်းနိုင်ကြပေ။ သင်တို့သည် မိမိတို့ကိုယ်ကို လူသားဟု ခေါ်ဆိုနိုင်ကြသေးသလော။ သင်တို့သည် ဘုရားသခင် ပေးသနားသော အစားအစာကို စားကြသည်၊ ကိုယ်တော် ပေးသော အောက်ဆီဂျင်ကို ရှူရှိုက်ကြပြီး ကိုယ်တော်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားကြသော်လည်း အဆုံးတွင် သင်တို့သည် ဘုရားသခင်နှင့်ပတ်သက်၍ စိုးစဉ်းမျှသော သိကျွမ်းမှု မရှိကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် သင်တို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်သော အသုံးမကျသူများ ဖြစ်လာကြလေသည်။ ထိုအရာက သင်တို့ကို ခွေးတစ်ကောင်နှင့်ပင် မယှဉ်နိုင်သော တိရစ္ဆာန်တစ်ကောင် ဖြစ်မသွားစေဘူးလော။ တိရစ္ဆာန်များထဲတွင် သင်တို့ထက် ပို၍ မလိုမုန်းထားသော သတ္တဝါတစ်ကောင်တလေ ရှိသလော။
တရားဟော စင်မြင့်တွင်ရပ်၍ အခြားသူများကို သွန်သင်နေသည့် သင်းအုပ်များနှင့် အကြီးအကဲများသည် ဘုရားသခင်၏ အတိုက်အခံလုပ်သူများနှင့် စာတန်နှင့် မဟာမိတ်များ ဖြစ်သည်။ သင်တို့အထဲမှ တရားဟော စင်မြင့်တွင် ရပ်၍ အခြားသူတို့ကို သွန်သင်ခြင်းမပြုသူတို့သည် ဘုရားသခင်၏ သာ၍ပင် ကြီးမားသော အတိုက်အခံလုပ်သူများ ဖြစ်မည်မဟုတ်လော။ သင်တို့သည် ၎င်းတို့ထက်ပင် စာတန်နှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြသည် မဟုတ်လော။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်သောသူတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် မည်သို့အညီဖြစ်ရမည်ကို မသိကြချေ။ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်ကို နားလည်သော သူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မည်သို့အညီဖြစ်ရမည်ကို မသိမည်မှာ ဧကန်မုချ မဖြစ်နိုင်ပေ။ ဘုရားသခင်၏ အမှုသည် မည်သည့်အခါတွင်မျှ မမှားယွင်းပေ။ ယင်းထက်၊ အပြစ်အနာပါသည်မှာ လူသား၏လိုက်စားရှာဖွေမှု ဖြစ်သည်။ ဘုရားသခင်ကို တမင်အတိုက်အခံလုပ်သော ကိုယ်ကျင့်တရားပျက်သူများသည် ထိုသင်းအုပ်ဆရာနှင့် အကြီးအကဲများထက် သာ၍ ဆိုးယုတ်ပြီး မလိုမုန်းထားသည် မဟုတ်လော။ များစွာသောသူတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်သူများဖြစ်ကြသော်လည်း၊ ၎င်းတို့ကြားတွင် ဘုရားသခင်ကို ၎င်းတို့ အတိုက်အခံလုပ်သည့် မတူကွဲပြားသော နည်းလမ်းများစွာ ရှိလေသည်။ ယုံကြည်သူမျိုးစုံ ရှိသည်နှင့်အမျှ၊ တစ်ဦးနှင့်တစ်ဦးမတူသည့် ဘုရားသခင်ကို အတိုက်အခံလုပ်သူ မျိုးစုံရှိလေသည်။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုရန် ပျက်ကွက်သူများထဲမှ တစ်ဦးတစ်ယောက်မျှ ကယ်တင်မခံရနိုင်ပေ။ အတိတ်ကာလတွင် လူသည် ဘုရားသခင်ကို မည်သို့ အတိုက်အခံလုပ်ကောင်းလုပ်နိုင်သည်ကို ပဓာနမထားဘဲ၊ လူသားသည် ဘုရားသခင်၏ အမှု၏ ရည်ရွယ်ချက်ကို နားလည်လာပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းငှာ သူ၏ အားထုတ်မှုများကို ဆက်ကပ်သည့်အခါ၊ သူ၏ ယခင်အပြစ်များအားလုံးကို ဘုရားသခင် သန့်စင်ဖယ်ရှားမည် ဖြစ်သည်။ လူသားသည် သမ္မာတရားကို ရှာဖွေကာ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သရွေ့၊ သူလုပ်ဆောင်ခဲ့သည့်အရာကို ဘုရားသခင် အမှတ်ထားမည်မဟုတ်ပေ။ ထို့အပြင်၊ လူသားကို ဘုရားသခင် ဖြောင့်မတ်စေသည်မှာ သမ္မာတရားကို လူသား၏ လက်တွေ့လုပ်ဆောင်ခြင်းအရ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်၏။ လူသားသည် ဘုရားသခင်ကို မမြင်ဖူးမီ သို့မဟုတ် သူ၏အမှုကို မတွေ့ကြုံဖူးမီတွင်၊ ဘုရားသခင်အပေါ် လူသားက မည်သို့ပြုမူစေကာမူ၊ ယင်းကို ဘုရားသခင် အမှတ်မထားပေ။ သို့သော်၊ လူသားသည် ဘုရားသခင်ကို တွေ့မြင်ပြီး သူ၏အမှုကို တွေ့ကြုံဖူးသည်နှင့် တစ်ပြိုင်နက်၊ လူသားသည် ဘုရားသခင်ကို မြင်ရပြီးဖြစ်ကာ သူ၏ အမှုအလယ်တွင် အသက်ရှင်ရပြီးဖြစ်သည့်အတွက်၊ လူသား၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများအားလုံးကို ဘုရားသခင်သည် “နှစ်အလိုက်မှတ်တမ်း” ထဲတွင် ရေးသွင်းလိမ့်မည်ဖြစ်သည်။
လူသားသည် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို အမှန်တကယ် တွေ့မြင်ပြီးသည့်အခါ၊ ဘုရားသခင်၏ ကြီးစိုးမှုကို သူ တွေ့မြင်ပြီးသည့်အခါနှင့် ဘုရားသခင်၏အမှုကို အမှန်တကယ် သိရှိလာကြပြီးသည့်အခါ၊ ထို့အပြင် လူသား၏ ဟောင်းနွမ်းသော စိတ်သဘောထား ပြောင်းလဲသည့်အခါတွင်၊ လူသားသည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် သူ၏ ပုန်ကန်တတ်သော စိတ်သဘောထားကို လုံးဝ စွန့်ပစ်လိမ့်မည် ဖြစ်သည်။ အယောက်တိုင်းသည် တစ်ချိန်တစ်ခါက ဘုရားသခင်ကို အတိုက်အခံလုပ်ဖူးကြပြီး၊ အယောက်တိုင်းသည် တစ်ချိန်တစ်ခါက ဘုရားသခင်ကို ပုန်ကန်ဖူးကြသည်ဟု ဆိုနိုင်ပေသည်။ သို့သော်၊ သင်သည် လူ့ဇာတိခံ ဘုရားသခင်ကို လိုလိုလားလား ကျိုးနွံနာခံပြီး၊ ဤအခြေအနေမှ သင်၏ သစ္စာစောင့်သိမှုဖြင့် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေပါက၊ သင်လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါက၊ သင်ထမ်းဆောင်သင့်သည့် ဝတ္တရားကို ထမ်းဆောင်ပြီး၊ သင်လိုက်နာသင့်သည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက၊ သင်သည် ဘုရားသခင် စိတ်ကျေနပ်စေရန် သင်၏ ပုန်ကန်မှုကို စွန့်ပစ်ရန် လိုလားနေသူ တစ်ဦးဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရနိုင်သူတစ်ဦး ဖြစ်ပေသည်။ သင်သည် သင်၏ အမှားများကို ကြည့်ဖို့ ခေါင်းမာစွာ ငြင်းဆန်ပြီး မိမိကိုယ်ကိုယ် နောင်တရခြင်းငှာ ရည်ရွယ်ချက်မရှိခဲ့ပါက၊ ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် သူ့ကို စိတ်ကျေနပ်စေခြင်းငှာ ရည်ရွယ်ချက် နည်းနည်းမျှမရှိဘဲ သင်၏ ပုန်ကန်တတ်သော အမူအကျင့်ဖြင့် သင် မရမက လုပ်ဆောင်ပါက၊ သင်ကဲ့သို့သော အင်မတန် ခေါင်းမာပြီး ပြုပြင်မရသော လူတစ်ဦးသည် သေချာပေါက် အပြစ်ပေးခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရသူတစ်ဦး ဘယ်သောအခါမျှ သေချာပေါက် ဖြစ်မည်မဟုတ်ပေ။ သို့ဖြစ်၍၊ သင်သည် ယနေ့တွင် ဘုရားသခင်၏ ရန်သူဖြစ်ပြီး မနက်ဖြန်တွင်လည်း ဘုရားသခင်၏ ရန်သူဖြစ်လိမ့်မည်ဖြစ်ကာ နောက်နေ့တွင်လည်း ဘုရားသခင်၏ရန်သူ ဖြစ်မြဲဖြစ်ပေလိမ့်မည်။ သင်သည် အစဉ်ထာဝရ ဘုရားသခင်၏ ရန်ဘက်နှင့် ဘုရားသခင်၏ အတိုက်အခံလုပ်တစ်ဦး ဖြစ်လိမ့်မည်။ ထိုအခြေအနေတွင်၊ ဘုရားသခင်သည် သင့်ကို မည်သို့ သက်ညှာနိုင်မည်နည်း။ ဘုရားသခင်ကို အတိုက်အခံလုပ်ဖို့ဆိုသည်မှာ လူသား၏သဘာဝတွင် ရှိသော်လည်း၊ သူ၏ သဘာဝကို ပြောင်းလဲခြင်းသည် ကျော်လွှားမရနိုင်သော အလုပ်တစ်ခု ဖြစ်သောကြောင့်မျှဖြင့် လူသားသည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့်ဆိုင်သည့် “လျှို့ဝှက်ချက်” ကို တမင်တကာ ရှာဖွေရမည်မဟုတ်ပေ။ ထိုသို့ဖြစ်မည်ဆိုပါက၊ အနာဂတ်တွင် သင်၏ ပြစ်တင်ဆုံးမမှု သာ၍ ပြင်းထန်လာမည်စိုးသဖြင့်၊ ပြီးလျှင် နောက်ဆုံးတွင် သင်၏ သွေးသားခန္ဓာကို ဘုရားသခင် အဆုံးသတ်ရသည်အထိ၊ သင်၏ကြမ်းကြုတ်သော သဘာဝ ပွင့်ထွက်ပြီး ထိန်းမရနိုင်ဖြစ်လာမည် စိုးသဖြင့်၊ အလွန်နောက်မကျမီ သင်ထွက်သွားသည်က ပိုကောင်းပေမည်။ သင်သည် ကောင်းချီးမင်္ဂလာများ ရရှိဖို့ ဘုရားသခင်ကို ယုံကြည်၏။ သို့သော် နောက်ဆုံးတွင် ကံအကြောင်းမလှသည့် ဖြစ်ရပ်သာ သင့်အပေါ် ကျရောက်ပါက၊ ယင်းသည် အရှက်ရစရာ ဖြစ်မည်မဟုတ်လော။ သင်တို့အနေဖြင့် အခြားအစီအစဉ် ပြုလုပ်သည်က ပိုကောင်းပေလိမ့်မည်ဟု သင်တို့ကို ငါ တိုက်တွန်း၏။ သင်တို့ လုပ်ဆောင်နိုင်သည့် မည်သည့်အရာမဆိုသည် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ ကောင်းပေမည်။ ဤလမ်းကြောင်းတစ်ခုသာ ရှိသည်မှာ ဧကန်မုချ မဖြစ်နိုင်။ သမ္မာတရားကို သင်တို့ မရှာဖွေခဲ့ပါက၊ သင်တို့ ဆက်လက်ရှင်သန်ခဲ့ကြမည် မဟုတ်လော။ အဘယ်ကြောင့် သင်သည် ဤနည်းဖြင့် ဘုရားသခင်နှင့် သဘောကွဲလွဲရမည်နည်း။