အခန်း (၄၁)
အသင်းတော်ထဲတွင် ဖြစ်ပေါ်သော ပြဿနာများနှင့် စပ်လျဉ်း၍ များစွာသောဒွိဟများဖြင့် အစဉ်သဖြင့် ပြည့်မနေနှင့်။ အသင်းတော်ကို တည်ဆောက်ဆဲအချိန်၌ အမှားများကို ရှောင်လွှဲ၍ မရနိုင်၊ သို့သော် သင်တို့သည် ပြဿနာများနှင့် တွေ့ကြုံရသည့်အခါ အထိတ်တလန့် မဖြစ်နှင့်။ ထိုအစား စိတ်လှုပ်ရှားခြင်းမရှိဘဲ စိတ်တည်ငြိမ်လော့။ ငါသည် သင်တို့ကို ပြောပြီးသားဖြစ်သည် မဟုတ်လော။ ငါ၏ရှေ့သို့ မကြာခဏ လာပြီး ဆုတောင်းလော့၊ ပြီးလျှင် ငါသည် သင့်အား ငါ၏ရည်ရွယ်ချက်များကို ထုတ်ဖော်ပြမည်။ အသင်းတော်သည် ငါ၏ နှလုံးသား ဖြစ်ပြီး ယင်းသည် ငါ၏ နောက်ဆုံး ရည်ရွယ်ချက်ဖြစ်သည်၊ ထို့ကြောင့် ငါသည် ယင်းကို အဘယ်သို့ မချစ်ဘဲ နေနိုင်မည်နည်း။ မကြောက်ကြနှင့်။ ဤသို့သော အမှုအရာများ အသင်းတော်၌ ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် ငါ၏ခွင့်ပြုချက်ဖြင့် ဖြစ်ပျက်ကြပေသည်။ မတ်တပ်ရပ်ကာ ငါ၏ကိုယ်စား စကားပြောလော့။ အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးသည် ငါ၏ ပလ္လင်က ခွင့်ပြုထားခြင်း ဖြစ်ပြီး ယင်းတို့အတွင်းတွင် ငါ၏ ရည်ရွယ်ချက်များ ပါရှိသည်ကို ယုံကြည်ခြင်းရှိလော့။ သင်သည် ထင်ရာမြင်ရာ ပုံစံဖြင့် ဆက်လက် မိတ်သဟာယပြုပါက ပြဿနာများ ဖြစ်နိုင်ချေရှိသည်။ အကျိုးဆက်များကို သင် စဉ်းစားပြီးပြီလော။ သင်သည် ဤနည်းလမ်းဖြင့် ပြုမူဆောင်ရွက်ပါက စာတန်သည် ဤအရာကို ကောင်းကောင်းအသုံးချလိမ့်မည်။ ငါ၏ရှေ့သို့ မကြာခဏလာလော့။ ငါသည် ရှင်းလင်းစွာ ပြောမည်။ သင်သည် ငါ၏ ရှေ့သို့ လာခြင်းမရှိဘဲ တစ်စုံတစ်ရာ လုပ်ဆောင်မည်ဆိုပါက ယင်းကို သင် ပြီးမြောက်နိုင်လိမ့်မည်ဟု မထင်နှင့်။ ဤအခြေအနေထဲသို့ ငါ့ကို တွန်းပို့သည်မှာ သင်တို့ ဖြစ်သည်။
စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ငါသည် သင့်ထံ အမှုအရာများကို ထုတ်ဖော်ပြမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ ဈေးမပေါလေခြင်း။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ရဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သည့်အပြင် သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အသေးအဖွဲအခြေအနေများသာ ပါရှိလျှင်ပင် အယောက်တိုင်း ဤစမ်းသပ်မှုများကို ကျော်ဖြတ်ရလိမ့်မည်။ စမ်းသပ်မှုများ၏ ပြင်းထန်မှုက အမျိုးမျိုးရှိမည်သာ ဖြစ်၏။ စမ်းသပ်မှုများသည် ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာများဖြစ်ပြီး သင်တို့ထဲမှ မည်မျှသည် ငါ၏ ရှေ့မှောက်တွင် မကြာခဏ ဒူးထောက်လျက် ငါ၏ ကောင်းချီး မင်္ဂလာများကို တောင်းခံကြသနည်း။ မိုက်မဲသော ကလေးတို့။ အနည်းငယ်သော မင်္ဂလာရှိသည့် စကားများကို ငါ၏ ကောင်းချီးမင်္ဂလာများအဖြစ် သင်တို့ အစဉ်သဖြင့် ယူဆ ကြသည့်တိုင် ခါးသီးမှုသည် ငါ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်ကို သင်တို့ မည်သည့်အခါမျှ သတိမပြုမိကြပေ။ ငါ၏ ခါးသီးခြင်းကို မျှဝေခံစားသော သူတို့သည် ငါ၏ ချိုမြိန်ခြင်းကို သေချာပေါက် မျှဝေခံစားရလိမ့်မည်။ ယင်းမှာ သင်တို့အဖို့ ငါ၏ ကတိနှင့် ငါ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် မွေ့လျော်ရန် မတွန့်ဆုတ်နှင့်။ အမှောင် ကျော်လွန်သည့်အခါ အလင်း စုရုံး၏။ အရုဏ်မတက်မီ အမှောင်ဆုံးဖြစ်၏။ ဤအချိန်ပြီးနောက် ကောင်းကင်သည် တဖြည်းဖြည်း လင်းလက်လာသည်၊ ထို့နောက် နေ ပေါ်ထွက်ပေသည်။ ကြောက်ရွံ့ခြင်းမရှိနှင့် သို့မဟုတ် တွန့်ဆုတ်ခြင်း မဖြစ်နှင့်။ ယနေ့တွင် ငါ၏ သားများကို ငါ အားပေးပြီး ၎င်းတို့အတွက် ငါ၏ တန်ခိုးကို ငါစွဲကိုင်၏။
အသင်းတော်၏ လုပ်ငန်းဆောင်တာနှင့် ပတ်သက် လာသည့်အခါ သင်၏ တာဝန်ဝတ္တရားကို အမြဲ ခေါင်းမရှောင်နှင့်။ သင်သည် ငါ၏ရှေ့သို့ အကြောင်းကိစ္စကို တာဝန်သိစွာ ယူဆောင်လာပါက နည်းလမ်းတစ်ခုကို သင်ရှာတွေ့လိမ့်မည်။ ဤသို့သော မဖြစ်စလောက် ပြဿနာတစ်ခု ဖြစ်ပွားသည့်အခါ သင်သည် မည်သည့်အရာ လုပ်ရမည်မသိ ကြောက်ရွံကာ ထိတ်လန့်လာပါသလော။ “ငါ့အနီးသို့ မကြာခဏ လာလော့” ဟု ငါသည် တစ်ကြိမ်ထက်မနည်း ပြောဆိုပြီးဖြစ်သည်။ သင်တို့ကို ငါစေခိုင်းသည့်အရာများကို တာဝန်သိစွာ သင်တို့ လက်တွေ့လုပ်ဆောင် ပြီးပြီလော။ ငါ၏ နှုတ်ကပတ်တော်များကို အကြိမ်ရေမည်မျှ သင် တွေးဆဖူးသနည်း။ ထိုသို့ မလုပ်ဆောင်ဖူးပါက သင်၌ ရှင်းလင်းသော ထိုးထွင်းသိမြင်မှု တစစက်မျှ မရှိပေ။ ဤသည်မှာ သင်ပဲ လုပ်ဆောင်နေခြင်း မဟုတ်လော။ သင်သည် အခြားသူတို့ကို အပြစ်တင်ရမည့်အစား မိမိကိုယ်ကို ရွံရှာမှု အဘယ့်ကြောင့် မခံစားရသနည်း။ အမှုအရာများကို သင်သည် ဖျက်ဆီးပြီး ထို့နောက်တွင် သင် ဆက်လက်၍ ဂရုမစိုက်မြဲဖြစ်ကာ ဝတ်ကျေတမ်းကျေ ဖြစ်မြဲဖြစ်လေသည်။ ငါ၏ နှုတ်ကပတ်တော်များကို သင် အရေးစိုက်ရမည်။
လိုက်နာသောသူနှင့် ကျိုးနွံနာခံသော သူတို့သည် ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိကြလိမ့်မည်။ အသင်းတော်တွင် ငါ့အတွက် သင်၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်လော့၊ ပြီးလျှင် သမ္မာတရားကို ထိန်းသိမ်းလော့။ အမှန်သည် အမှန်၊ အမှားသည် အမှား ဖြစ်၏။ အဖြူနှင့် အမည်းကို ရောထွေးခြင်း မရှိနှင့်။ သင်သည် စာတန်နှင့် တိုက်ခိုက်ရမည် ဖြစ်ပြီး ၎င်းကို မည်သည့်အခါမျှ တစ်ဖန် မထကြွစေဖို့အလို့ငှာ သင် အလျှင်း နှိမ်နင်းရမည်။ ငါ၏ သက်သေခံချက်ကို ကာကွယ်ရန်အတွက် သင်၌ ရှိသမျှအရာရာကို ပေးရမည်။ ဤအရာသည် သင်တို့ လုပ်ရပ်များ၏ ရည်မှန်းချက် ဖြစ်ရလိမ့်မည်။ ဤအရာကို မမေ့လျော့နှင့်။ သို့သော် ယခုတွင် သင်တို့သည် ယုံကြည်ခြင်းနှင့် ပိုင်းခြားသိမြင်ခြင်း ကင်းမဲ့နေကြပြီး ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ ရည်ရွယ်ချက်များကို သင်တို့ မည်သည့်အခါမျှ နားလည်သဘောပေါက်နိုင်ခြင်း မရှိကြပေ။ မည်သို့ပင်ဆိုစေကာမူ စိတ်မရှည်မဖြစ်လေနှင့်။ အရာခပ်သိမ်းတို့သည် ငါ၏ခြေလှမ်းများနှင့်အညီ ရှေ့ဆက်ပြီး စိတ်မရှည်ခြင်းသည် ပြဿနာကိုသာ ဖြစ်စေသည်။ ငါ့ရှေ့တွင် အချိန်ပို၍ ကုန်ဆုံးလော့။ သင်၏ ရုပ်ခန္ဓာကို အစာကျွေးခြင်းနှင့် အဝတ်ဆင်ခြင်းတို့အား အလေးမထားနှင့်။ ပြီးလျှင် ငါ၏ ရည်ရွယ်ချက်များကို မကြာခဏ လိုက်စားလော့။ ငါ၏ ရည်ရွယ်ချက်များကို သင့်အား ငါ ထုတ်ဖော်ပြမည် ဖြစ်ပြီး သင်သည် အရာခပ်သိမ်းတွင် ယင်းတို့ကို ဖြည်းဖြည်းချင်း ရှာတွေ့လိမ့်မည်။ ဤသို့ဖြင့် ငါသည် လူသားတိုင်း၌ အနှောင့်အယှက်မရှိဘဲ ပြုမူဆောင်ရွက်ရန် နည်းလမ်းတစ်ခုကို ရရှိလိမ့်မည်ဖြစ်ကာ ငါ၏စိတ်နှလုံးသည် ကျေနပ်အားရလိမ့်မည်။ ထိုအခါတွင် သင်သည် ငါနှင့်အတူ ကောင်းချီမင်္ဂလာများကို ထာဝရ လက်ခံရရှိလိမ့်မည်။