အခန်း (၄၄)
ငါသည် ဖြောင့်မတ်သည်၊ ငါသည် သစ္စာရှိသည်၊ ပြီးလျှင် ငါသည် လူ၏ အနက်ရှိုင်းဆုံးသော စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသော ဘုရားသခင် ဖြစ်သည်။ မည်သူက စစ်မှန်ပြီး မည်သူက အတုအယောင်ဖြစ်သည်ကို ငါ ချက်ချင်း ထုတ်ဖော်မည်။ မချောက်ချားကြနှင့်၊ အရာအားလုံးသည် ငါ၏ အချိန်နှင့်အညီ အလုပ်လုပ်ကြသည်။ မည်သူက ငါ့ကို ရိုးသားစစ်မှန်စွာ အလိုရှိပြီး မည်သူက အလိုမရှိသည်ကို သင်တို့အား တစ်ဦးချင်းစီ ငါ ပြောပြမည်။ သင်တို့သည် ဝလင်စွာ စားသောက်ရန်နှင့် ငါ၏ မျက်မှောက်တော်တွင် ငါ့ထံသို့ တိုးဝင်ချဉ်းကပ်ရန်သာ အာရုံစိုက်ကြလော့၊ ပြီးလျှင် ငါ၏ အလုပ်ကို ငါကိုယ်တိုင် လုပ်ဆောင်မည်။ အမြန်ရလဒ်များအတွက် အလွန်အမင်း မစိုးရိမ်ကြနှင့်၊ ငါ၏ အလုပ်သည် တစ်ကြိမ်တည်းနှင့် ပြီးမြောက်နိုင်သော အရာတစ်ခု မဟုတ်ပေ။ ယင်းအထဲတွင် ငါ၏ ခြေလှမ်းများနှင့် ငါ၏ ဉာဏ်ပညာတို့ ရှိပြီး ထိုအကြောင်းကြောင့် ငါ၏ ဉာဏ်ပညာကို ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။ မကောင်းမှုကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းမှုကို ဆုလာဘ်ပေးခြင်းတည်းဟူသော ငါ၏ လက်ရုံးတော်များဖြင့် လုပ်ဆောင်သည့်အရာကို သင်တို့အား ငါ မြင်တွေ့ခွင့်ပေးမည်။ ငါသည် လူအားလုံးအပေါ် လုံးဝ မျက်နှာလိုက်ခြင်း မရှိပေ။ ငါ့ကို ရိုးသားစစ်မှန်စွာ ချစ်သော သင့်ကို ငါ ရိုးသားစစ်မှန်စွာ ချစ်မည်ဖြစ်ပြီး ငါ့ကို ရိုးသားစစ်မှန်စွာ မချစ်သော သူများနှင့်ပတ်သက်၍မူ ငါသည် စစ်မှန်သော ဘုရားသခင်၊ လူ၏ အနက်ရှိုင်းဆုံးသော စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသော ဘုရားသခင် ဖြစ်ကြောင်းကို ၎င်းတို့ ထာဝရ မှတ်မိနိုင်စေရန် ငါ၏ အမျက်ဒေါသသည် ၎င်းတို့နှင့်အတူ အစဉ်အမြဲ ရှိနေလိမ့်မည်။ အခြားသူများ၏ ရှေ့တွင် တစ်မျိုး၊ ၎င်းတို့၏ ကွယ်ရာတွင် တစ်မျိုး မပြုမူနှင့်၊ သင် လုပ်ဆောင်သမျှကို ငါ ရှင်းလင်းစွာ မြင်ရပြီး သင်သည် အခြားသူများကို အရူးလုပ်နိုင်သော်လည်း ငါ့ကို အရူးလုပ်၍ မရနိုင်ပေ။ ယင်းတို့အားလုံးကို ငါ ရှင်းလင်းစွာ မြင်ရသည်။ သင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ၊ အရာအားလုံးသည် ငါ၏ လက်ထဲတွင် ရှိသည်။ သင်၏ သေးသိမ်သော တွက်ချက်မှုများတွင် အလွန် ကျွမ်းကျင်ပြီး မိမိကိုယ်ကို အလွန် လိမ္မာပါးနပ်သည်ဟု မထင်နှင့်။ သင့်ကို ငါ ပြောမည်၊ လူသည် အစီအစဉ် ထောင်သောင်းမက မည်မျှပင် ကြံစည်ပါစေ အဆုံးတွင် သူသည် ငါ၏ လက်ဝါးထဲမှ မလွတ်မြောက်နိုင်ပေ။ လူတစ်ဦးတစ်ယောက်ကို ဆိုထားနှင့်၊ အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးကို ငါ၏ လက်ရုံးတော်များဖြင့် ထိန်းချုပ်ထားသည်။ ငါ့ကို ရှောင်တိမ်းရန် သို့မဟုတ် ပုန်းကွယ်ရန် မကြိုးစားနှင့်၊ မြှူဆွယ်ရန် သို့မဟုတ် ဖုံးကွယ်ရန် မကြိုးစားနှင့်။ ငါ၏ ဘုန်းအသရေနှင့် ပြည့်စုံသော မျက်နှာသွင်ပြင်၊ ငါ၏ အမျက်ဒေါသနှင့် ငါ၏ တရားစီရင်မှုတို့ လူသိရှင်ကြား ထုတ်ဖော်ခံရပြီးဖြစ်သည်ကို သင် မမြင်သေးခြင်း ဖြစ်နိုင်သလော။ ငါ့ကို ရိုးသားစစ်မှန်စွာပင် အလိုမရှိသူ မည်သူ့ကိုမဆို ငါသည် သနားညှာတာမှုမရှိဘဲ ချက်ချင်း တရားစီရင်မည်။ ငါ၏ သနားကရုဏာသည် ယင်း၏ အဆုံးသတ်သို့ ရောက်ရှိလာခဲ့ပြီ၊ နောက်ထပ် မကျန်ရှိတော့ပေ။ နောက်ထပ် ကြောင်သူတော်များ မဖြစ်ကြနှင့်၊ ပြီးလျှင် သင်တို့၏ ရိုင်းစိုင်းပြီး အဆင်အခြင်မဲ့သော နည်းလမ်းများကို ရပ်တန်းမှ ရပ်ကြလော့။
ငါ၏ သား၊ မှတ်သားထားလော့၊ ငါ၏ ရှေ့မှောက်တွင် အချိန်ပို၍ ကုန်ဆုံးလော့၊ သို့ပြုလျှင် သင့်ကို ငါ ကျောထောက်နောက်ခံ ပေးမည်။ မကြောက်နှင့်၊ ငါ၏ ထက်မြက်သော သန်လျက်ကို ထုတ်ယူပြီး ငါ၏ ရည်ရွယ်ချက်များနှင့်အညီ စာတန်နှင့် အဆုံးတိုင်အောင် တိုက်ပွဲဝင်လော့။ သင့်ကို ငါ ကာကွယ်မည်၊ မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိစေနှင့်။ ဖုံးကွယ်ထားသော အရာအားလုံးသည် ပွင့်လာပြီး ထုတ်ဖော်ခြင်း ခံရလိမ့်မည်။ ငါသည် အလင်းကို ပေးစွမ်းသော နေမင်း ဖြစ်ပြီး အမှောင်ထု အားလုံးကို သနားညှာတာမှုကင်းမဲ့စွာ အလင်းပေးသည်။ ငါ၏ တရားစီရင်မှုသည် အပြည့်အဝ ကျဆင်းလာခဲ့ပြီ၊ အသင်းတော်သည် စစ်တလင်း ဖြစ်သည်။ သင်တို့အားလုံးသည် မိမိတို့ကိုယ်ကို အသင့်ပြင်ထားသင့်ပြီး နောက်ဆုံး အဆုံးအဖြတ်ပေးမည့် တိုက်ပွဲအတွက် သင်၏ ဖြစ်တည်မှု တစ်ခုလုံးကို ဆက်ကပ်သင့်သည်၊ သင်သည် ငါ့အတွက် ကောင်းမွန်ပြီး အောင်ပွဲခံသော တိုက်ပွဲကို ဆင်နွှဲနိုင်ရန်အလို့ငှာ သင့်ကို ငါ သေချာပေါက် ကာကွယ်မည်။
သတိထားလော့၊ ယနေ့ခေတ်တွင် လူတို့၏ စိတ်နှလုံးများသည် လှည့်ဖြားတတ်ပြီး သဘောပေါက်ရန် ခက်ခဲသည်၊ ၎င်းတို့ကို ယုံကြည်ရန် မဖြစ်နိုင်ပေ။ ငါသာလျှင် သင်တို့အတွက် အပြည့်အဝ ဖြစ်သည်။ ငါ့ထံတွင် လှည့်ဖြားတတ်ခြင်း မရှိပေ၊ ငါ့ကိုသာ မှီခိုလော့။ ငါ၏ သားများသည် နောက်ဆုံး အဆုံးအဖြတ်ပေးမည့် တိုက်ပွဲတွင် သေချာပေါက် အောင်ပွဲခံကြလိမ့်မည်ဖြစ်ပြီး စာတန်သည် သေရေးရှင်ရေး တိုက်ပွဲအတွက် သေချာပေါက် ထွက်လာလိမ့်မည်။ မကြောက်နှင့်။ ငါသည် သင်၏ တန်ခိုးဖြစ်ပြီး ငါသည် သင်၏ အရာခပ်သိမ်း ဖြစ်သည်။ အလွန်အမင်း စိုးရိမ်ပူပန်ခြင်း မရှိနှင့်၊ သင့်အတွက် ဂရုစိုက်စရာ များလွန်းလှသည်။ အချိန်က အလွန် နီးကပ်နေပြီဖြစ်သောကြောင့် လမ်းကြောင်းတစ်လျှောက် သင်တို့ကို ငါ နောက်ထပ် ဆွဲခေါ်မည် မဟုတ်ကြောင်း ယခင်က ငါ ပြောခဲ့ပြီး ဖြစ်သည်။ သင့်ကို နားရွက်မှဆွဲပြီး သင်တို့ကို သတိပေးရန် ငါ့တွင် အချိန်မရှိတော့ပေ၊ ယင်းမှာ မဖြစ်နိုင်ပေ။ သင်သည် တိုက်ပွဲအတွက် သင်၏ ပြင်ဆင်မှုများကိုသာ အဆုံးသတ်လော့။ သင့်အတွက် ငါ အပြည့်အဝ တာဝန်ယူသည်၊ အရာအားလုံးသည် ငါ၏ လက်ထဲတွင် ရှိသည်။ ဤသည်မှာ သေရေးရှင်ရေး တိုက်ပွဲဖြစ်ပြီး တစ်ဖက်မဟုတ် တစ်ဖက် သေချာပေါက် ပျက်စီးရမည် ဖြစ်သည်။ သို့သော် ဤအရာနှင့်ပတ်သက်၍ သင် ရှင်းလင်းရမည်မှာ ငါသည် ထာဝရ အောင်ပွဲခံပြီး ရှုံးနိမ့်ခြင်းမရှိဘဲ စာတန်သည် သေချာပေါက် ပျက်စီးရမည် ဟူ၍ ဖြစ်သည်။ ဤသည်မှာ ငါ၏ လုပ်ထုံးလုပ်နည်း၊ ငါ၏ အလုပ်၊ ငါ၏ အလိုတော်နှင့် ငါ၏ အစီအစဉ် ဖြစ်သည်။
ပြီးမြောက်ပြီ။ အားလုံး ပြီးမြောက်ပြီ။ စိတ်မပျက်နှင့် သို့မဟုတ် မကြောက်ရွံ့နှင့်။ သင်နှင့်အတူ ငါ၊ ငါနှင့်အတူ သင်သည် ကမ္ဘာအဆက်ဆက် ဘုရင်များ ဖြစ်ကြလိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များသည် တစ်ကြိမ် ပြောဆိုပြီးသည်နှင့် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ဘဲ ဖြစ်ရပ်များသည် သင်တို့ထံ မကြာမီ ဖြစ်ပျက်လာလိမ့်မည်။ စောင့်ကြည့်လော့။ သင်သည် စာကြောင်းတိုင်းကို ကောင်းစွာ စဉ်းစားဆင်ခြင်သင့်သည်၊ ငါ၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ နောက်ထပ် မရေမရာ မဖြစ်နှင့်။ ယင်းတို့နှင့်ပတ်သက်၍ သင် ရှင်းလင်းရမည်။ သင် မှတ်ထားရမည်မှာ ငါ၏ ရှေ့မှောက်တွင် အချိန်ပို၍ ကုန်ဆုံးလော့ ဟူ၍ ဖြစ်သည်။