သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂၁)
မကြာသေးမီက လူ့သဘာဝ ကင်းမဲ့ခြင်းကို ညွှန်ပြသည့် အသိစိတ်၊ ဆင်ခြင်တုံတရားတို့နှင့် ဆက်စပ်သော သရုပ်သကန်အချို့အကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်၊ မှန်သလော။ (မှန်ပါသည်။) အပျက်သဘောဆောင်သော ဥပမာအချို့ကို စာရင်းပြုစုခြင်းအားဖြင့် လူတို့၏ လူ့သဘာဝတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိခြင်းနှင့်ဆိုင်သည့် သရုပ်သကန်အချို့ကို ငါတို့ ဖော်ထုတ်ခဲ့ကြသည်။ သို့ဆိုလျှင် ဤအပျက်သဘောဆောင်သော ဥပမာများအကြောင်းကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် မိမိတို့၏ ဘဝတွင် မည်သည့် သရုပ်သကန်များကို ပိုင်ဆိုင်သင့်သည်ဟူသည်ကို သင်တို့ သိရှိပြီးပြီလော။ (လူတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိခြင်းနှင့်ဆိုင်သည့် သရုပ်သကန် အချို့အကြောင်း ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ပုံမှန် လူ့သဘာဝရှိသော လူများသည် ရှက်စိတ် ရှိသင့်ကြောင်းနှင့် ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သည့်အခါတွင် ၎င်းတို့သည် ယင်းတို့ကို ဆင်ခြင်တုံတရားရှိစွာ တွေးတောနိုင်ပြီး ချဉ်းကပ်နိုင်သင့်ကြောင်းကို ကျွန်ုပ် နားလည်သဘောပေါက်လာခဲ့ပါသည်။) အခြားမည်သူက ဖြည့်စွက်ပြောစရာ ရှိသေးသနည်း။ (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် လူမဟုတ်သောသူများတွင် စိတ်နှလုံးမာကျောခြင်း၊ ခေါင်းမာခြင်းတို့နှင့် ဆိုင်သည့် သရုပ်သကန်များ ရှိကြသော်လည်း ပုံမှန် လူ့သဘာဝရှိသော လူများသည် အမှားနှင့် အမှန်ကို ပိုင်းခြားသိမြင်နိုင်ပြီး မည်သည့်အရာက မှန်ကန်ကာ မည်သည့်အရာက မမှန်ကန်သည်ကို သိရှိကြကြောင်း၊ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို လက်ခံနိုင်ကြပြီး လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အတော်အတန် ဓမ္မဓိဋ္ဌာန်ကျကာ ဆင်ခြင်တုံတရားရှိသော နည်းလမ်းဖြင့် ရှုမြင်ကြကြောင်းကို ကျွန်ုပ် နားလည်သဘောပေါက်လာခဲ့ပါသည်။ ထို့အပြင် ၎င်းတို့တွင် ရှက်စိတ် ရှိကြသည်၊ ၎င်းတို့ အမှားတစ်စုံတစ်ရာ လုပ်ဆောင်မိသည့်အခါ မိမိတို့၏ အမှားများကို ဝန်ခံနိုင်ကြသည်၊ ယင်းတို့ကို ချက်ချင်း ပြင်ဆင်နိုင်ကြပြီး နောင်တရနိုင်ကြပါသည်။) ရိုးရှင်းစွာ ပြောရလျှင် ယင်းမှာ အခြေခံအားဖြင့် ဤအရာများပင် ဖြစ်သည်။ တစ်ဖက်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသော သူများသည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို မှန်ကန်စွာ ဆက်ဆံနိုင်ကြပြီး လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ်ကာ ရှုမြင်နိုင်ကြသည်။ အခြားတစ်ဖက်တွင် ၎င်းတို့၌ ရှက်စိတ်လည်း ရှိကြပြီး မိမိတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအပေါ် အခြေခံ၍ အမှုအရာများကို လုပ်ဆောင်ကြသည်။ ငါတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားအကြောင်းကို ပြောနေကြသည်ဖြစ်ရာ လူတို့က မိမိတို့၏ အသိစိတ်တွင် ပိုင်ဆိုင်သင့်သည့်၊ လူတို့ ထုတ်ဖော်ပြသသင့်သည့် တိကျသော ကိုယ်ကျင့်စရိုက်အကြောင်းကို ပြောကြစို့။ အသိစိတ်ရှိသော လူများသည် အရည်အသွေး နှစ်ရပ်ကို ပိုင်ဆိုင်ကြောင်း ငါတို့ ယခင်က ပြောခဲ့ဖူးသည်။ တစ်ခုမှာ ဖြောင့်မှန်ခြင်း ဖြစ်ပြီး အခြားတစ်ခုမှာ ကြင်နာတတ်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ အမှားနှင့် အမှန်ကို ပိုင်းခြားသိမြင်နိုင်ခြင်းနှင့် မည်သည့်အရာက မှန်ကန်ကာ မည်သည့်အရာက မမှန်ကန်သည်ကို သိရှိခြင်းအပြင် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ အရည်အသွေးနှင့် ထူးခြားသော လက္ခဏာကို ပိုင်ဆိုင်သူတစ်ဦးသည် အနည်းဆုံးအနေဖြင့် ဖြောင့်မှန်ပြီး ကြင်နာတတ်သော လူတစ်ဦး ဖြစ်သည်။ ဤဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းတို့တွင် အသေးစိတ်အချက်များ ရှိသည်။ ယင်းက အပြင်ပန်းအားဖြင့် အတော်အတန် ပွင့်လင်းရိုးသားပုံပေါ်ခြင်း သို့မဟုတ် ဆိုးယုတ်ပုံမပေါ်ခြင်း၊ မကောင်းမှုကျူးလွန်ခြင်း သို့မဟုတ် ဆိုးရွားသောအရာများ လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် သိသာထင်ရှားသော အပြုအမူ တစ်ခုတလေတွင် ပါဝင်ပတ်သက်မှု မရှိခြင်းတို့ကို ရည်ညွှန်းခြင်း မဟုတ်ပေ။ ယင်းက လူတို့ မိမိတို့၏ အယူအဆများထဲတွင် တွေးထင်ကြသည့် ဤအပေါ်ယံ သရုပ်သကန်များကို ရည်ညွှန်းခြင်း မဟုတ်ပေ။ ထိုအစား ယင်းမှာ တိကျသော အခြေအနေများတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းတို့၏ အနှစ်သာရနှင့် ကိုက်ညီသော သရုပ်သကန်အချို့ ရှိခြင်းကို ဆိုလိုသည်။
ပထမဦးစွာ ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းတို့အကြောင်းကို ပြောကြစို့။ အသိစိတ်အတွင်း၌ ပါဝင်သော ပဓာနကျသည့် သရုပ်သကန်များမှာ ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းတို့ ဖြစ်သည်။ ကျင့်ကြံပြုမူခြင်းနှင့်စပ်လျဉ်း၍ ဤအရာကို ပထမဦးစွာ ကြည့်ကြစို့။ လူတစ်ဦးသည် ဖြောင့်မှန်ပြီး ကြင်နာတတ်ခြင်း ရှိမရှိဟူသည်ကို ထိုသူကျင့်ကြံပြုမူပုံမှတစ်ဆင့် မည်သို့ သိမြင်နိုင်မည်နည်း။ ပုံမှန်အားဖြင့် အသိစိတ်ရှိသော လူများသည် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် စည်းတစ်ခု ရှိကြသည်၊ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ ကျင့်ကြံပြုမူပုံအတွက် စံနှုန်းတစ်ခု ရှိသည်ကို ဆိုလိုသည်။ ဥပမာအားဖြင့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ၎င်းတို့သည် ထိုသူများအပေါ် အခွင့်ကောင်းယူခြင်း မရှိကြပေ။ ဤသည်မှာ ကျင့်ကြံပြုမူခြင်းအတွက် စံနှုန်းတစ်ခု ဖြစ်သလော။ (ဖြစ်ပါသည်။) အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ၎င်းတို့အပေါ် အခွင့်ကောင်းမယူခြင်းသည် ကျင့်ကြံပြုမူခြင်းအတွက် အခြေခံ စံနှုန်းတစ်ခု ဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် ၎င်းတို့ ကျင့်ကြံပြုမူပုံ၊ ကိစ္စရပ်များကို ကိုင်တွယ်ပုံနှင့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံပုံတို့အတွက် စည်းတစ်ခု ရှိကြပြီး ယင်းမှာ လူများအပေါ် အခွင့်ကောင်းမယူခြင်း ဖြစ်သည်။ ၎င်းတို့သည် သူဆင်းရဲတစ်ဦးနှင့် ပေါင်းသင်းဆက်ဆံနေသည်ဖြစ်စေ၊ သူချမ်းသာတစ်ဦးနှင့် ပေါင်းသင်းဆက်ဆံနေသည်ဖြစ်စေ ထိုသူတို့အပေါ် အခွင့်ကောင်းယူခြင်း မရှိကြပေ။ ၎င်းတို့က “အခြားလူများ၏ ငွေသည် ၎င်းတို့၏အရာ ဖြစ်သည်၊ ကျွန်ုပ် မည်မျှပင် ဆင်းရဲပါစေ ၎င်းတို့အပေါ် အခွင့်ကောင်းယူ၍ မရပါ”ဟု တွေးကြသည်။ ၎င်းတို့ ငွေကြေးပြတ်လပ်နေလျှင် သို့မဟုတ် အကူအညီ လိုအပ်နေလျှင် အခြားတစ်စုံတစ်ဦး ချမ်းသာကြွယ်ဝသည်ကို ၎င်းတို့ မြင်လျှင်ပင် ထိုသူအပေါ် လုံးဝ အခွင့်ကောင်းယူမည် မဟုတ်ပေ။ တစ်စုံတစ်ဦးက ၎င်းတို့ကို ကူညီပါက ၎င်းတို့သည် ထိုသူကို ကျေးဇူးဆပ်ရန် နည်းလမ်းရှာမည်ဖြစ်ပြီး ယင်းကို ထိုအတိုင်း လုံးဝ ပစ်ထားမည် မဟုတ်ပေ။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက ၎င်းတို့ကို အစားအသောက် ဒကာခံပါက ၎င်းတို့သည် ပြန်လည်ဒကာခံရန် အခွင့်အရေးကို ရှာဖွေမည် သို့မဟုတ် တစ်ဖက်လူ အကူအညီလိုအပ်ချိန်တွင် ကူညီရန် အကောင်းဆုံး ကြိုးစားကြလိမ့်မည်။ ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူခြင်းအားဖြင့်သာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် စိတ်သက်သာရာရနိုင်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ သင် မြင်သလော၊ ဤသည်မှာ မိမိ၏ ကျင့်ကြံပြုမူခြင်းအတွက် စည်းတစ်ခု ရှိခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ကျင့်ကြံပြုမူခြင်းအတွက် စံနှုန်းတစ်ခုလည်း ဖြစ်သည်။ အသိစိတ်ရှိသော လူများသည် ဤအရာကို လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့သည် တစ်စုံတစ်ဦးကို ငွေကြေး သို့မဟုတ် ကျေးဇူး အကြွေးတင်နေပါက ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမြဲတစေ စိတ်အနှောင့်အယှက် ဖြစ်နေပြီး ထိုသူကို ကျေးဇူးဆပ်ရန် အခွင့်အရေးများကို အစဉ်သဖြင့် ရှာဖွေနေကြလိမ့်မည်။ ၎င်းတို့သည် ထိုသူကို ငွေ သို့မဟုတ် ရုပ်ဝတ္ထုပစ္စည်းများဖြင့် ကျေးဇူးဆပ်ကောင်း ဆပ်နိုင်သည်၊ သို့မဟုတ် ထိုသူ အခက်အခဲတစ်ခုခု ကြုံတွေ့ရသည့်အခါ ၎င်းတို့ အတတ်နိုင်ဆုံး ကူညီကောင်း ကူညီကြလိမ့်မည်။ ဤနည်းအားဖြင့်သာ ၎င်းတို့သည် ငြိမ်းချမ်းမှုကို ခံစားရနိုင်ပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် အကြွေးတင်နေသည်ဟု မခံစားရဘဲ နေနိုင်ကြသည်။ ၎င်းတို့သည် ထိုသူကို ပြန်လည်ပေးဆပ်ရန် အခွင့်အရေး မရရှိပါက သို့မဟုတ် ၎င်းတို့ကို ကျေးဇူးဆပ်နိုင်စွမ်း မရှိပါက ၎င်းတို့သည် ထိုသူအပေါ် အကြွေးတင်နေသည့် ခံစားချက်ကို ထာဝစဉ် ခံစားနေရလိမ့်မည်။ ၎င်းတို့သည် ထိုသူကို မြင်သည့်အခါ ၎င်းတို့၏ မျက်နှာကို စေ့စေ့မကြည့်ဝံ့ဟု အစဉ်သဖြင့် ခံစားရလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် စိတ်အေးချမ်းသာစွာဖြင့် စားနိုင် သို့မဟုတ် အိပ်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ထိုသူကို ပြန်လည်ပေးဆပ်ပြီးသည့် အခါမှသာ ၎င်းတို့၏ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုး ဖယ်ရှားပြီးဖြစ်ကာ ၎င်းတို့၏ စိတ်နှလုံးများလည်း စိတ်သက်သာရာရလိမ့်မည် ဖြစ်သည်။ ဤကဲ့သို့သော လူများသာလျှင် အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ရှက်စိတ်တို့ကို ပိုင်ဆိုင်သူများ ဖြစ်ကြသည်။ သင်သည် ဤလူစားမျိုးနှင့် ပေါင်းသင်းဆက်ဆံပါက ၎င်းတို့သည် သင့်ကို မည်သည့်အရာမျှ လုံးဝ အကြွေးတင်မည် မဟုတ်သည့်အပြင် သင်သည်လည်း ၎င်းတို့၏ ကြွေးရှင် အစဉ်သဖြင့် ဖြစ်နေမည် မဟုတ်ပေ။ ဤသည်မှာ အသိစိတ်ရှိခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အခြားသူများအပေါ် အခွင့်ကောင်းမယူခြင်းသည် ဤလူစားမျိုးက မိမိတို့၏ ကျင့်ကြံပြုမူခြင်းအတွက် ထားရှိသော စည်းတစ်ခုဖြစ်ပြီး ယင်းကို ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းတစ်ခု ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ၎င်းတို့သည် ဤနည်းလမ်းအတိုင်း ပြုမူရမည်သာ ဖြစ်သည်။ ၎င်းတို့ ထိုသို့ မပြုမူပါက ၎င်းတို့၏ စိတ်နှလုံးထဲတွင် စိတ်မသက်မသာ ခံစားရလိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကို အပြစ်တင်သည့် ခံစားချက် အစဉ်သဖြင့် ရှိနေလိမ့်မည်။ ဤသည်မှာ အသိစိတ်၏ ဖြောင့်မှန်ခြင်း သို့မဟုတ် ကြင်နာတတ်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု ဖြစ်သလော။ (ယင်းမှာ ဖြောင့်မှန်ခြင်း ဖြစ်ပါသည်။) ဤနေရာတွင် ဖြောင့်မှန်ခြင်းက အနည်းငယ် ပို၍ သိသာထင်ရှားသည်။ ယင်းတွင် ကြင်နာတတ်ခြင်းလည်း ပါဝင်သလော။ (ယင်းတွင် ကြင်နာတတ်ခြင်းလည်း ပါဝင်ပါသည်၊ အခြားသူများအပေါ် အခွင့်ကောင်းယူလိုခြင်း မရှိသည့်အပြင် အခြားသူများကို ဘေးအန္တရာယ် သို့မဟုတ် ဆုံးရှုံးမှု မခံစားရစေလိုခြင်း ဖြစ်ပါသည်။) အခြားသူများကို ဆုံးရှုံးမှု မခံစားရစေလိုခြင်းတွင် ကြင်နာတတ်ခြင်း၏ အရိပ်အယောင်တစ်ခု ပါဝင်သည်။ သို့ဆိုလျှင် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သည့် ဤစည်းမျဉ်းသည် ၎င်းတို့၏ ပင်ကိုစရိုက်နှင့် တစ်စုံတစ်ရာ သက်ဆိုင်မှု ရှိသလော။ (မရှိပါ။) ယင်းသည် ၎င်းတို့၏ မိသားစု သို့မဟုတ် လူ့အဖွဲ့အစည်းက ၎င်းတို့ကို သင်ကြားပေးခဲ့သည့်အရာနှင့် တစ်စုံတစ်ရာ သက်ဆိုင်မှု ရှိသလော။ (မရှိပါ။) ယင်းသည် ၎င်းတို့ ဆင်းရဲခြင်း သို့မဟုတ် ချမ်းသာခြင်းနှင့် တစ်စုံတစ်ရာ သက်ဆိုင်မှု ရှိသလော။ (မရှိပါ။) ယင်းသည် ၎င်းတို့၏ ထိုးထွင်းသိမြင်မှုနှင့် တစ်စုံတစ်ရာ သက်ဆိုင်မှု ရှိသလော။ (မရှိပါ။) အရေးကြီးသောအရာ တစ်ခုတည်းသာ ရှိပြီး ယင်းမှာ ၎င်းတို့၏ အသိစိတ်၊ ဆင်ခြင်တုံတရားတို့နှင့် သက်ဆိုင်ကာ ၎င်းတို့၏ အမျိုးအစား သတ်မှတ်ခြင်းနှင့် သက်ဆိုင်ခြင်း ဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝအတွင်း၌ ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းတို့၏ အရည်အသွေးများအပြင် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ပိုင်ဆိုင်သောကြောင့်သာ ၎င်းတို့သည် ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူကြခြင်း ဖြစ်သည်။ ယင်းမှာ လူသား၏ သွန်သင်လေ့ကျင့်ပေးမှုကြောင့် ဖြစ်ပေါ်လာသော ရလဒ်မဟုတ်ပေ။ မိဘများက မိမိတို့၏ သားသမီးများကို သင်ကြားပေးလျှင်ပင် ၎င်းတို့သည် ကျင့်ကြံပြုမူခြင်းအတွက် အယူဝါဒအချို့ကိုသာ သွန်သင်ပေးနိုင်ကြသည်၊ မိဘများသည် မိမိတို့ သားသမီးများ၏ သဘာဝ အနှစ်သာရကို မပြောင်းလဲနိုင်ကြသည့်အပြင် မိမိတို့၏ သားသမီးများကို အသိစိတ်နှင့် ဆင်ခြင်တုံတရားအပေါ် အခြေခံ၍ အမှုအရာများ လုပ်ဆောင်စေရန် လုံးဝ မတတ်နိုင်ကြပေ။ သို့ဖြစ်၍ ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သည့် ဤစည်းမျဉ်းသည် ၎င်းတို့၏ လူ့သဘာဝမှ အခြေခံအားဖြင့် လာခြင်းဖြစ်သည်။ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် ဤသို့သော စည်းမျဉ်းနှင့် စည်းတစ်ခု ရှိခြင်းသည် အခြားလူတစ်ဦး၏ လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာသော ရလဒ်မဟုတ်ပေ။ ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် သဘာဝ အနှစ်သာရအပြင် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့မှ လုံးလုံးလျားလျား လာခြင်းဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးသည် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းတို့၏ အရည်အသွေးများကို ပိုင်ဆိုင်ပါက သူ၏ နေ့စဉ်ဘဝနှင့် ကျင့်ကြံပြုမူကာ ကိစ္စရပ်များကို ကိုင်တွယ်သည့် လုပ်ငန်းစဉ်တွင် သူသည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ သူ့တွင် ထိုးထွင်းသိမြင်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သူ၏ ပင်ကိုစရိုက်သည် လျင်မြန်ပြီး ထိရောက်မှု ရှိသည်ဖြစ်စေ၊ နှေးကွေးပြီး အေးအေးဆေးဆေးရှိသည်ဖြစ်စေ၊ စိတ်တိုလွယ်သည်ဖြစ်စေ၊ နူးညံ့သိမ်မွေ့သည်ဖြစ်စေ ဤအရာများထဲမှ တစ်ခုမျှ အရေးမကြီးပေ။ အဘယ်အရာက အရေးကြီးသနည်း။ ယင်းမှာ သူ၏ ကျင့်ကြံပြုမူခြင်းအတွက် စည်းတစ်ခု ရှိခြင်း ဖြစ်သည်။ သူ၏ ကျင့်ကြံပြုမူခြင်းအတွက် စည်းတစ်ခု သို့မဟုတ် အခြေခံ စည်းမျဉ်းတစ်ခု ရှိပြီး ယင်းမှာ အခြားသူများအပေါ် အခွင့်ကောင်းမယူခြင်း ဖြစ်သည်။ ဤ “အခြားသူများအပေါ် အခွင့်ကောင်းမယူခြင်း” ဟူသည်မှာ အခြားသူများအပေါ် အခွင့်ကောင်းယူလိုမှု မရှိခြင်းနှင့် အခြားသူများအပေါ် ဘယ်သောအခါမျှ အခွင့်ကောင်းမယူခြင်းကို ဆိုလိုသည်။ ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သည့် ဤစည်းနှင့် စည်းမျဉ်းသည် သူ၏ လူ့သဘာဝမှ လာသည်။ ယင်းမှာ သူ၏ လူ့သဘာဝနှင့်ဆိုင်သည့် အရည်အသွေးများကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့တွင် ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သည့် ထိုသို့သော စည်းမျဉ်းတစ်ခု ရှိသည်ဟူသော အချက်သည် သူ၏ အသိစိတ်အပြင် သူ၏ လူ့သဘာဝနှင့်ဆိုင်သည့် ဖြောင့်မှန်ခြင်း၊ ကြင်နာတတ်ခြင်းတို့နှင့် ခွဲခြား၍မရနိုင်အောင် ဆက်စပ်နေသည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် သူ၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းတို့၏ အရည်အသွေးများကို ပိုင်ဆိုင်မှသာ အခြားသူများအပေါ် အခွင့်ကောင်းမယူခြင်းဟူသည့် ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သော စည်းမျဉ်း ရှိလိမ့်မည် ဖြစ်သည်။ ဤစည်းမျဉ်းသည် သူ၏ လူ့သဘာဝရှိ ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းတို့၏ အရည်အသွေးများမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ငါ့ကို ပြောလော့၊ လူ့သဘာဝ၏ အရည်အသွေးများရှိသော လူများသည် ဖြောင့်မှန်ပြီး ကြင်နာတတ်သည့်အပြင် ရှက်ရွံ့သည့် ခံစားချက်များနှင့် ရှက်စိတ် ရှိကြသလော။ (ရှိကြပါသည်။) ၎င်းတို့သည် အခြားသူများအပေါ် အခွင့်ကောင်းယူမည့်အစား မိမိတို့ကိုယ်တိုင် ဆုံးရှုံးမှုခံစားရခြင်းကို ပို၍ လိုလားကြလိမ့်မည်။ ၎င်းတို့သည် တစ်စုံတစ်ဦးအပေါ် အခွင့်ကောင်းယူပါက ထိုသူကို တစ်စုံတစ်ရာ အကြွေးတင်နေသည်ဟု အစဉ်သဖြင့် ခံစားရလိမ့်မည်။ ၎င်းတို့သည် ထိုသူကို မြင်သည့်အခါတိုင်း မိမိတို့သည် ပို၍နိမ့်ကျသော လူသားတစ်ဦးဖြစ်သည်ဟု ခံစားရလိမ့်မည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် စိတ်မသက်မသာဖြစ်ပြီး မတည်မငြိမ်ဖြစ်ကာ ပြန်လည်ပေးဆပ်ရန် အခွင့်အရေးများကို အစဉ်သဖြင့် ရှာဖွေလိုကြလိမ့်မည်။ ၎င်းတို့သည် အခြားတစ်စုံတစ်ဦးထံမှ ငွေချေးပြီး အပြည့်အဝ ပြန်မဆပ်ရသေးပါက ၎င်းတို့၏ စိတ်နှလုံးထဲတွင် စိတ်မသက်မသာ ခံစားရလိမ့်မည်။ တစ်စုံတစ်ဦးက ဤကိစ္စကို မရည်ရွယ်ဘဲ ထုတ်ပြောလျှင်ပင် ၎င်းတို့၏ မျက်နှာများ ပူထူလာသည်ဟု ခံစားရလိမ့်မည်ဖြစ်ပြီး ရှက်ရွံ့ကာ ဂနာမငြိမ်ပင် ဖြစ်ကြလိမ့်မည်။ တစ်စုံတစ်ဦးက ဤကိစ္စနှင့်ပတ်သက်၍ အနည်းငယ် ပို၍ ကြမ်းတမ်းစွာ ပြောဆိုပါက ၎င်းတို့သည် မြေကြီးက ၎င်းတို့ကို မျိုချသွားစေရန် ဆန္ဒရှိကြလိမ့်မည်ဖြစ်ပြီး မည်သူ့ကိုမျှ ရင်မဆိုင်ဝံ့လောက်အောင် အမှန်ပင် အလွန်အမင်း ရှက်ရွံ့နေရလိမ့်မည်။ ဤအရာများသည် ရှက်ရွံ့သည့် ခံစားချက်များ ရှိခြင်း၏ သရုပ်သကန်များ ဖြစ်သလော။ (ဟုတ်ပါသည်။) ဤအရာများအားလုံးသည် လူ့သဘာဝ၏ အရည်အသွေးများရှိသော လူများက မိမိတို့၏ အသိစိတ်ကြောင့် လှုံ့ဆော်ခံရပြီး ပြသသည့် သရုပ်သကန်များ ဖြစ်ကြသည်။ ဤလူစားမျိုးသည် အကြွေး သို့မဟုတ် ကျေးဇူး တင်နေပါက ၎င်းတို့သည် ရှက်ဖွယ်ကောင်းသောအရာ တစ်ခုခုကို လုပ်ဆောင်ထားသကဲ့သို့ ၎င်းတို့၏ စိတ်နှလုံးထဲတွင် စိတ်မသက်မသာ ခံစားရသည်။ ၎င်းတို့သည် လိပ်ပြာမလုံစိတ်ကို မကြာခဏ ခံစားရပြီး တစ်ဖက်လူကို ကျေးဇူးဆပ်ရန် တတ်နိုင်သမျှ နည်းလမ်းတိုင်းကို ကြိုးစားကြသည်။ အချို့က အလုပ်သုံးလေးခု လုပ်ကြသည်၊ အချို့က ၎င်းတို့ အမြတ်နိုးဆုံး ပိုင်ဆိုင်မှုကို ရောင်းချကြသည်၊ အချို့က ၎င်းတို့၏ မိသားစု ပိုင်ဆိုင်မှုများကို ရောင်းချကြပြီး အချို့က ဖျားနာလျှင်ပင် ဆရာဝန်ပြရန် ငွေမသုံးလိုကြပေ၊ ၎င်းတို့သည် ငွေစုပြီး ၎င်းတို့၏ အကြွေးများကို အမြန်ပြန်ဆပ်ရန် မိမိတို့ကိုယ်တိုင် ဆင်းရဲမွဲတေမှုနှင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားရခြင်းကို ပို၍ လိုလားကြသည်။ အချို့လူများက ဤအရာကို နားမလည်ကြဘဲ “အခြားမည်သူမဆို သင်ငွေရှာသကဲ့သို့ ရှာပါက ကားတစ်စီးနှင့် အိမ်တစ်လုံးကို လွန်ခဲ့သော အချိန်ကြာမြင့်စွာကတည်းက ဝယ်ပြီးလောက်ပြီ။ သင်က သင်၏ ငွေအားလုံးကို အကြွေးဆပ်ရန် အသုံးပြုပြီး သင်ကိုယ်တိုင် ခက်ခဲသောဘဝဖြင့် နေထိုင်နေသည်၊ ယင်းမှာ အလွန် မိုက်မဲလွန်းသည် မဟုတ်လော။ သင် ငွေပြန်ဆပ်ရန် လုပ်နိုင်စွမ်းမရှိပါက ပြန်မဆပ်လေနှင့်” ဟု ပြောဆိုကြသည်။ သို့သော် ၎င်းတို့က “ကျွန်ုပ် မည်သို့ ထိုသို့ ကျင့်ကြံပြုမူနိုင်မည်နည်း။ ထိုနည်းလမ်းအတိုင်း ကျင့်ကြံပြုမူခြင်းသည် အသိစိတ် အလွန်ကင်းမဲ့ရာ ကျလိမ့်မည်၊ သို့ဆိုလျှင် ကျွန်ုပ်သည် လူသားတစ်ဦး ဖြစ်နေဦးမည်လော။ ကောင်းမွန်သော ဘဝဖြင့် နေထိုင်ရန် အခြားလူများ၏ ငွေကို သုံးစွဲခြင်းသည် မသန့်ရှင်းသော ငွေကို သုံးစွဲခြင်းနှင့် တစ်စုံတစ်ရာ ကွဲပြားသလော။ ကျွန်ုပ်၏ အသိစိတ်က ငြိမ်းချမ်းနိုင်မည်လော။ အခြားသူများ ပိုင်ဆိုင်သည့်အရာကို တောင်းဆိုခြင်းသည် အလွန် စက်ဆုပ်ဖွယ်ကောင်းပြီး ညစ်ညမ်းလှသည်။ ၎င်းတို့ ငွေရှာရသည်မှာ မလွယ်ကူခဲ့ပါ။ ၎င်းတို့က ထိုစဉ်က ကျွန်ုပ်ကို ငွေချေးခြင်းအားဖြင့် ကြီးမားသော ကျေးဇူးပြုခဲ့ပြီးဖြစ်ကာ ယင်းအတွက် ကျွန်ုပ် အဆုံးမရှိ ကျေးဇူးတင်ပါသည်။ ၎င်းတို့ကို ကျွန်ုပ် အမြန်ပြန်ဆပ်ရမည်။ ကျင့်ကြံပြုမူရာတွင် လူတစ်ဦးသည် အသိစိတ်ဖြင့် ပြုမူရမည်ဖြစ်ပြီး ယုံကြည်စိတ်ချရသူ ဖြစ်ရမည်။ လူတစ်ဦးသည် မိမိကိုယ်တိုင် ရှာဖွေထားသော ငွေကို သုံးစွဲမှသာ စိတ်သက်သာရာရနိုင်မည်။ အခြားသူများအပေါ် အခွင့်ကောင်းမယူခြင်းနှင့် လူများကို အကြွေးမတင်ခြင်း၊ ဤသည်မှာ မိမိ၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံအကျဆုံး စည်းဖြစ်သည်” ဟု တွေးကြသည်။ သင် မြင်သလော၊ အသိစိတ်ရှိသော လူများသည် အမှုအရာများကို လုပ်ဆောင်ရန်အတွက် အခြေခံအကျဆုံး၊ မှန်ကန်သော စည်းမျဉ်းကို ပိုင်ဆိုင်ကြသည်။ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် ၎င်းတို့ ချမှတ်ထားသော ပန်းတိုင်များနှင့် သမ္မာတရား စည်းမျဉ်းများအကြားတွင် ကြီးမားသော ကွာဟချက် ရှိနေသေးသော်လည်း ကျင့်ကြံပြုမူခြင်းနှင့် ပတ်သက်လာလျှင် အခြားသူများအပေါ် အခွင့်ကောင်းမယူခြင်းဟူသည့် ဤလူစားမျိုး၏ ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သော စည်းမျဉ်းသည် ၎င်းတို့၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းတို့၏ အရည်အသွေးများကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း ပြသရန် လုံလောက်သည်။ အခြားသူများအပေါ် အခွင့်ကောင်းယူခြင်း သို့မဟုတ် အကြွေးတင်ခြင်း ကိစ္စနှင့်ပတ်သက်လာလျှင် ဤလူများ ပြောဆိုသည့် ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သော စည်းမျဉ်းမှတစ်ဆင့် ၎င်းတို့သည် အတော်အတန် ဖြောင့်မှန်ပြီး ကြင်နာတတ်ကြောင်းကို မြင်တွေ့နိုင်သည်။ ၎င်းတို့သည် ကောက်ကျစ်သော ကျိုးကြောင်းဆင်ခြင်မှုကို အသုံးမပြုကြ သို့မဟုတ် အကျိုးအကြောင်း မဆီလျော်စွာ မပြုမူကြပေ။ ၎င်းတို့က “ကျွန်ုပ် အခက်ခဲဆုံးအချိန်ကို ဖြတ်သန်းနေရစဉ် ထိုသူက ကျွန်ုပ်ကို ငွေချေးရန် ကူညီကမ်းလှမ်းခဲ့သည်၊ ဤသည်မှာ ကျေးဇူးကြီးပြီးသားဖြစ်သည်။ ကျွန်ုပ် ထိုငွေကို ပြန်ဆပ်နိုင်ပါက ချက်ချင်း ပြန်ဆပ်သင့်သည်” ဟု ပြောဆိုကြသည်။ ဤသည်မှာ ဖြောင့်မှန်ခြင်းဖြင့် ကျင့်ကြံပြုမူသည့် သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အနည်းဆုံးအနေဖြင့် ၎င်းတို့တွင် ဖြောင့်မတ်သည့် စိတ်ဓာတ်တစ်ခု ရှိကြပြီး ၎င်းတို့၏ လူ့သဘာဝသည် ဆိုးယုတ်ခြင်း မရှိပေ။ တစ်ချိန်တည်းတွင် ဆိုးယုတ်သော လူများသည် မည်သို့ တွေးကြသနည်း။ “ထိုစဉ်က ကျွန်ုပ်အား ငွေချေးဖို့ သင့်ကို မည်သူက ပြောခဲ့သနည်း။ သင်က ကျွန်ုပ်ကို မချေးဘဲ နေ၍ မရခဲ့ဘူးလော။ သင်က လိုလိုလားလား ချေးခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ် ပြန်မဆပ်ချင်လျှင် ပြန်ဆပ်မည် မဟုတ်ပါ။ စီးပွားရေးလုပ်ပြီး အမြတ်ကြီးကြီးရရန် သင်၏ငွေကို ကျွန်ုပ် အသုံးပြုမည်၊ မည်သို့ပင်ဖြစ်စေ သင့်တွင် ငွေပိုငွေလျှံ ရှိသည်ပဲ။ ထို့အပြင် ငွေက ကျွန်ုပ်၏ လက်ထဲရောက်သည်နှင့်တစ်ပြိုင်နက် ယင်းမှာ ကျွန်ုပ်၏အပိုင်ဖြစ်ပြီး ကျွန်ုပ် အလိုရှိသလို သုံးစွဲနိုင်သည်။ ကျွန်ုပ် ပြန်ဆပ်မည်၊ မဆပ်မည်မှာ ကျွန်ုပ်၏ စိတ်ခံစားချက်အပေါ် မူတည်သည်။ ကျွန်ုပ်တွင် ငွေရှိသည့်အခါ ကျွန်ုပ် စိတ်ကြည်နေပါက သင့်ကို ပြန်ဆပ်မည်၊ ယင်းကို မမျှော်လင့်ဘဲ ရရှိသော အကျိုးအမြတ်တစ်ခုအဖြစ် သင် မှတ်ယူနိုင်သည်။ ကျွန်ုပ် သင့်ကို ပြန်မဆပ်ပါက သင် ဘာမျှ တတ်နိုင်မည် မဟုတ်ပါ၊ ကျွန်ုပ် သင့်ကို အကြွေးခံဝန်ကတိစာချုပ် ရေးမပေးခဲ့ပါ၊ ထို့ကြောင့် သင် တရားစွဲလျှင်ပင် သင် နိုင်မည်မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဆိုးယုတ်သော လူများ၏ စိတ်နေသဘောထား ဖြစ်သည်။ ဤသည်မှာ ယုတ္တိမဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဆိုးယုတ်သော လူများ တွေးခေါ်သည့်ပုံစံသည် ဖြောင့်မှန်သော လူများ တွေးခေါ်သည့်ပုံစံနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ ဖြောင့်မှန်သော လူများ၏ တွေးခေါ်မှုသည် အလွန် ဖြောင့်မှန်သည်။ ဘာသာတရား မရှိသူများ၏ စကားအရဆိုလျှင် ၎င်းတို့သည် နားလည်ပေးတတ်ပြီး အကြောင်းသင့်အကျိုးသင့်ရှိကြသည်၊ ကဏ္ဍတိုင်းတွင် အခြားသူများကို စာနာထောက်ထားတတ်ကြပြီး ၎င်းတို့သည် ချစ်ခင်တွယ်တာမှုနှင့် ဖြောင့်မတ်ခြင်း၊ ဆင်ခြင်တုံတရား ရှိခြင်းနှင့် လူ့သဘာဝတို့ကို တန်ဖိုးထားကြသည်။ ၎င်းတို့သည် ယုတ္တိမဲ့စွာ မပြုမူကြသည့်အပြင် ကောက်ကျစ်သော ကျိုးကြောင်းဆင်ခြင်မှုကို အသုံးမပြုကြပေ။ ဤသည်မှာ ဖြောင့်မှန်ခြင်း ဖြစ်သည်။ ပြီးလျှင် ဖြောင့်မှန်သော လူများသည် မည်သို့ တွေးကြသနည်း။ “၎င်းတို့ ငွေရှာရသည်မှာ မလွယ်ကူခဲ့ပါ။ ၎င်းတို့တွင် ငွေများစွာ ရှိလျှင်ပင် ယင်းမှာ ၎င်းတို့၏အပိုင် ဖြစ်သည်၊ ယင်းမှာ သင်သုံးစွဲရန် မဟုတ်ပါ။ ၎င်းတို့က သင့်ကို ချေးခြင်းသည် ကျေးဇူးပြုခြင်း ဖြစ်သည်။ သင်သည် တစ်စုံတစ်ဦးကို တစ်စုံတစ်ရာ အကြွေးတင်သည်နှင့်တစ်ပြိုင်နက် သင်သည် အကြွေးတစ်ခုကို ယူထားပြီးဖြစ်ကာ ထို့နောက်တွင် သင့်၌ ယင်းကို ပြန်ဆပ်ရန် တာဝန်နှင့် ဝတ္တရား ရှိသည်” ဟူ၍ ဖြစ်သည်။ သင် မြင်သလော၊ ၎င်းတို့ တွေးခေါ်သည့်ပုံစံသည် ဖြောင့်မှန်သည် မဟုတ်လော။ ၎င်းတို့သည် အကျိုးအကြောင်းသင့်မြတ်သည် မဟုတ်လော။ ၎င်းတို့သည် နားလည်ပေးတတ်ပြီး အကြောင်းအကျိုး ဆီလျော်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဖြောင့်မှန်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ လူတစ်ဦးသည် သူ၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်း အရည်အသွေး ရှိပါက ဤသည်မှာ သူတွေးမည့်ပုံစံ ဖြစ်သည်။ သူသည် နားလည်ပေးတတ်ပြီး အကြောင်းသင့်အကျိုးသင့်ရှိလိမ့်မည်ဖြစ်ကာ အကျိုးအကြောင်းသင့်မြတ်ကြလိမ့်မည်၊ ဤသည်မှာ လူ့သဘာဝရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ လူ့သဘာဝမရှိခြင်း၏ သရုပ်သကန်တစ်ခုမှာ ဆိုးယုတ်သော လူတစ်ဦးကဲ့သို့ ပြုမူခြင်း ဖြစ်သည်။ အကျိုးအကြောင်း မဆီလျော်စွာ ပြုမူခြင်း၊ အကျိုးအကြောင်းကို လက်ခံရန် ငြင်းပယ်ခြင်း၊ သောင်းကျန်းခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း၊ ကောက်ကျစ်သော ကျိုးကြောင်းဆင်ခြင်မှုကို အစဉ်သဖြင့် အသုံးပြုခြင်း၊ လူ့သဘာဝ၏ ဆင်ခြင်တုံတရားကိုပင် နားမလည်ခြင်းနှင့် နားလည်ပေးတတ်ပြီး အကြောင်းသင့်အကျိုးသင့်ရှိရန် လုံးဝ ပျက်ကွက်ခြင်းတို့ဖြစ်ကာ သို့ဖြစ်၍ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် အဆင့်သို့ တက်လှမ်းရန် သာ၍ပင် ပျက်ကွက်ခြင်း ဖြစ်သည်။ မိမိတို့၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းတို့၏ အရည်အသွေးများကို ပိုင်ဆိုင်သော လူများသည် နားလည်ပေးတတ်ပြီး အကြောင်းသင့် အကျိုးသင့်ရှိကြသည်။ ၎င်းတို့ ပြောဆိုသည့်အရာများသည် အလွန် တရားမျှတပြီး အကြောင်းသင့်အကျိုးသင့်ရှိသည်၊ လူသားဆန်မှု ရှိပြီး ခိုင်လုံမှုရှိသည်။ ထိုသို့သော လူများသာလျှင် သမ္မာတရားကို လက်ခံရန်အတွက် အခြေအနေများကို ပိုင်ဆိုင်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရသည့်အခါ ထိုသို့သော လူ့သဘာဝ အရည်အသွေးများရှိသည့် လူများကသာ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန် မှန်ကန်သည်၊ ဤသည်မှာ အမှန်တကယ်ပင် သမ္မာတရား ဖြစ်ပါတကား။ ဤသည်မှာ လူတို့ ကျင့်ကြံပြုမူသင့်သည့် ပုံစံဖြစ်သည်။ လူတို့သည် မိမိတို့၏ ကျင့်ကြံပြုမူခြင်းအတွက် စည်းတစ်ခု ရှိသင့်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် အခြားသူများကို ဤနည်းလမ်းအတိုင်း ဆက်ဆံသင့်ပြီး ၎င်းတို့သည် ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူကာ ကိစ္စရပ်များကို ကိုင်တွယ်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန် မှန်ကန်ပါတကား” ဟု ခံစားရသည်။ သင် မြင်သလော၊ ၎င်းတို့၏ လူ့သဘာဝအတွင်းရှိ ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းတို့၏ အရည်အသွေးများက ၎င်းတို့ကို သမ္မာတရား လက်ခံရန်အတွက် အခြေခံ အခြေအနေများကို ပေးကာ သမ္မာတရားကို ကြားပြီးနောက်တွင် အတိုက်အခံလုပ်သည်ဟု မခံစားရဘဲ၊ ယင်းကို အော်ဂလီဆန်ခြင်း မရှိဘဲ သို့မဟုတ် ယင်းကို မငြင်းပယ်ဘဲ အာမင်ဟု ဆိုစေပြီး သမ္မာတရားကို လက်ခံခွင့်ပေးသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မှန်ကန်ကြောင်း၊ ပုံမှန် လူ့သဘာဝ၏ လိုအပ်ချက်များနှင့် လုံးဝ ကိုက်ညီကြောင်း၊ လူတို့၏ စိတ်နှလုံးထဲရှိ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြောင်းနှင့် ပုံမှန် လူ့သဘာဝရှိသော လူများ ပိုင်ဆိုင်သင့်သည့်အရာ ဖြစ်ကြောင်း၊ ပြီးလျှင် သမ္မာတရားကသာ ၎င်းတို့ကို ဖြည့်ဆည်းပေးနိုင်ပြီး ၎င်းတို့၏ လူ့သဘာဝကို တိုးတက်စေနိုင်ကြောင်း ၎င်းတို့ ခံစားရသည်။ ထို့ကြောင့် မိမိတို့၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းတို့၏ အရည်အသွေးများကို ပိုင်ဆိုင်သော လူများသာလျှင် သမ္မာတရားကို ဆာငတ်နိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရသည့်အခါ ယင်းတို့သည် သမ္မာတရားဖြစ်ကြောင်း သိရှိနိုင်သည်၊ ထို့နောက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားကို လက်ခံနိုင်ပြီး သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်သည်။
အခြားသူများအပေါ် အခွင့်ကောင်းမယူခြင်းဟူသည့် ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သော စည်းမျဉ်းတွင် လူတစ်ဦး ရှင်းလင်းစွာ ပြသသည့် လူ့သဘာဝ အရည်အသွေးများမှာ ဖြောင့်မှန်ခြင်း၊ ကြင်နာတတ်ခြင်းနှင့် ရှက်စိတ်တို့ ဖြစ်သည်။ အမှန်ပင်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား သေချာပေါက် ရှိသော လူများသည် ကျေးဇူး သို့မဟုတ် ငွေ အကြွေးမတင်ခြင်းအပြင် အခြားသူများအပေါ် အခွင့်ကောင်း မယူခြင်းနှင့်ဆိုင်သည့် အခြားသရုပ်သကန်တစ်ခုကို ပြသကြသည်၊ ယင်းမှာ အခြားသူများက ၎င်းတို့အပေါ် အခွင့်ကောင်းယူပြီး ၎င်းတို့ ဆုံးရှုံးမှု ခံစားရသည့်အခါ ၎င်းတို့သည် ထိုသူများအပေါ် အငြိုးမထားကြသည့်အပြင် တစ်ခါတစ်ရံတွင် မတောင်းဆိုဘဲနှင့်ပင် အခြားသူများကို ပစ္စည်းများ ပေးကမ်းနိုင်ကြခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးက ၎င်းတို့၏ အကြွေးပြန်ဆပ်မည့် ကိစ္စကို ဆက်တိုက် ထုတ်ပြောနေပါက ဤလူများသည် အားနာကြသည်၊ “သင်က ဤအရာကို ဆက်တိုက် ထုတ်ပြောနေသည်၊ ကျွန်ုပ်က သင့်ကို အကြွေးပြန်ဆပ်ရန် ဖိအားပေးနေသကဲ့သို့ ဖြစ်နေသည်။ အမှန်တွင် ကျွန်ုပ် ထိုသို့လုပ်ရန် မည်သည့်အခါကမျှ မရည်ရွယ်ခဲ့ပါ။ သင့်တွင် ငွေရှိသည့်အခါမှ ပြန်ဆပ်နိုင်ပါသည်၊ သင့်တွင် ငွေမရှိဘဲ ကျွန်ုပ်ကို ထာဝစဉ် အကြွေးတင်နေလျှင်လည်း အဆင်ပြေပါသည်။ သင်က ပြန်မဆပ်ချင်ဘူးဆိုလျှင်လည်း အကြွေးပြန်ဆပ်ရန် ကျွန်ုပ် သင့်အား တောင်းဆိုမည် မဟုတ်ပါ။ သင် ပြန်ဆပ်နိုင်ပါက ပြန်ဆပ်ပါ၊ သင် ပြန်မဆပ်နိုင်ပါက ယင်းကို ပရဟိတ အလှူငွေတစ်ခုအဖြစ် ကျွန်ုပ် သဘောထားပါမည်” ဟူ၍ ဖြစ်သည်။ သင် မြင်သလော၊ ၎င်းတို့တွင် ဤသို့သော သရုပ်သကန်မျိုးလည်း ရှိပြီး ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် ဤစည်းလည်း ရှိသည်။ တစ်စုံတစ်ဦးက ၎င်းတို့အတွက် အလွန် အရေးကြီးပြီး ၎င်းတို့ အလွန် တန်ဖိုးထားသည့် အရာတစ်ခုကို ငှားရန် တောင်းဆိုသည်ဟု ဆိုကြပါစို့။ ၎င်းတို့သည် အလွန် ချမ်းသာကြွယ်ဝခြင်း မရှိလျှင်ပင် အခြားလူက ယင်းကို ငှားလိုကြောင်း ပြောသည့်အခါ ၎င်းတို့က “ကျွန်ုပ်ထံမှ တစ်စုံတစ်ရာကို ငှားရန် တောင်းဆိုနေသည်ဆိုလျှင် ၎င်းတို့သည် ခက်ခဲသော အခြေအနေတစ်ခုတွင် ရှိနေရမည်၊ ထို့ကြောင့် ၎င်းတို့ကို ကျွန်ုပ် ငှားရမ်းသင့်သည်” ဟု တွေးကြသည်။ ဥပမာအားဖြင့် အလုပ်များသော စိုက်ပျိုးရေးရာသီအတွင်း တစ်စုံတစ်ဦးက ၎င်းတို့၏ ယာဉ်ကို ငှားရန် တောင်းဆိုသည်ဟု ဆိုကြပါစို့။ ၎င်းတို့ကိုယ်တိုင်လည်း ယာဉ်ကို လိုအပ်ပြီး ထိုသူကို ငှားလိုက်ပါက ၎င်းတို့၏ ကိုယ်ပိုင်အလုပ်သည် နှောင့်နှေးသွားလိမ့်မည်။ သို့သော် ၎င်းတို့သည် ၎င်းတို့၏ လူ့သဘာဝအရ ကြင်နာတတ်သောကြောင့် ယင်းကို ငှားလိုက်ဆဲဖြစ်ပြီး ထိုသူကို အသုံးပြုပြီးသည်နှင့်တစ်ပြိုင်နက် အမြန်ပြန်ပေးရန်သာ ပြောလိုက်သည်။ ရက်အနည်းငယ်ကြာပြီးနောက် ထိုသူက ယာဉ်ကို ပြန်ပေးသော်လည်း ယင်းမှာ ပျက်စီးနေပြီး ပြင်ဆင်မထားသောကြောင့် ၎င်းတို့ကိုယ်တိုင် ပြင်ဆင်ရသည်။ ၎င်းတို့သည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သော်လည်း အလွန်အမင်း ဒေါသမထွက်ဘဲ “ထားလိုက်ပါ။ ငါတို့သည် အိမ်နီးချင်းများဖြစ်ပြီး အစဉ်သဖြင့် တွေ့နေရသည်။ သူတို့အပေါ် ငါ အငြိုးမထားတော့ပါ” ဟု မိမိတို့ဘာသာ တွေးကြသည်။ ဤသည်မှာ ၎င်းတို့သည် လူများကို ဆက်ဆံပုံတွင် မည်မျှသဘောထားကြီးပုံ ဖြစ်သည်၊ ၎င်းတို့ ဆုံးရှုံးမှု ခံစားရသည့်တိုင်အောင် ယင်းနှင့်ပတ်သက်၍ ပြဿနာမရှာကြပေ။ လူတိုင်းသည် တူညီသော လူသားများ ဖြစ်ကြသော်လည်း လူတို့၏ ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများနှင့် စည်းများသည် ကွဲပြားကြသည်။ အချို့လူများသည် ပရဟိတအဖြစ် ပေးကမ်းနိုင်ကြသော်လည်း အချို့ကမူ ဤသို့ မလုပ်ဆောင်နိုင်ရုံသာမက အခြားသူများအပေါ် အခွင့်ကောင်းယူလိုကြသည်။ ဤအတော်အတန် ဖြောင့်မှန်ပြီး ကြင်နာတတ်သော လူစားမျိုးသည် ဆုံးရှုံးမှု ခံစားရပြီးနောက် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သော်လည်း ၎င်းတို့သည် တစ်ဖက်လူနှင့် သွားရောက် အငြင်းပွားခြင်း မရှိသည့်အပြင် ၎င်းတို့နှင့် ရန်ဖြစ်ခြင်း သို့မဟုတ် လျော်ကြေးတောင်းခြင်းလည်း မရှိပေ၊ ၎င်းတို့သည် ဤကဲ့သို့ သည်းခံခြင်းကိုသာ ကျင့်သုံးကြသည်။ ၎င်းတို့သည် ကိစ္စတစ်ခုခုကို ဆောင်ရွက်ရန် အပြင်ထွက်ဖို့ လိုအပ်ပြီး တစ်စုံတစ်ဦး၏ ယာဉ်ကို ငှားရမ်းပါက ယင်းကို အသုံးပြုပြီးနောက် ၎င်းတို့သည် ယာဉ်ကို ဆေးကြောပြီး ဆီအပြည့်ဖြည့်ပေးသည်။ ပိုင်ရှင်ထံ ၎င်းတို့ ပြန်ပေးသည့်အခါ ယာဉ်သည် လုံးဝ ပျက်စီးနေခြင်း မရှိသည့်အပြင် ၎င်းတို့သည် ဤယာဉ်အမျိုးအစားအတွက် အမြင့်ဆုံး နေ့စဉ် ငှားရမ်းခနှုန်းထားဖြင့် ပိုင်ရှင်ကို လျော်ကြေးပေးကြသည်။ ၎င်းတို့သည် ထိုသူကို အခွင့်ကောင်းယူခံရသည်ဟု ခံစားရစေမည် မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာဖြစ်သည်ဟု ၎င်းတို့ တွေးကြသည်။ အချို့လူများက “ဤလူစားမျိုးသည် ၎င်းတို့၏ ဂုဏ်ကိုသာ ဂရုစိုက်သလော” ဟု ပြောဆိုကြသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်များအနေဖြင့် လူဦးရေမည်မျှသည် မိမိတို့၏ ဂုဏ်အတွက်သက်သက်နှင့် ဤအဆင့်သို့ ရောက်ရှိနိုင်သနည်း။ ဘာသာတရား မရှိသူများက “လူတစ်ဦး၏ ဂုဏ်သည် မည်မျှ တန်ဖိုးရှိသနည်း” နှင့် “အသိစိတ်သည် မည်မျှ တန်ဖိုးရှိသနည်း” ဟု မကြာခဏ ပြောဆိုကြသည်။ အပေါ်ယံဟန်ပန်ကို ထိန်းသိမ်းရန် သို့မဟုတ် ၎င်းတို့တွင် အသိစိတ်နှင့် လူ့သဘာဝရှိသည်ဟု အခြားသူများကို ထင်စေရန်အတွက်သက်သက် မည်သူကမျှ မိမိတို့၏ ပိုက်ဆံအိတ်ကို ထုတ်မည်မဟုတ်ပေ။ လူတိုင်းအတွက် ရုပ်ဝတ္ထုပစ္စည်းများနှင့် ငွေသည် အသက်ထက် ပို၍ အရေးကြီးသည်။ အပေါ်ယံဟန်ပန်ကို ထိန်းသိမ်းရန်အတွက် ကောင်းမွန်သော၊ လေးစားဖွယ်ကောင်းသော သို့မဟုတ် ရိုးသားမှုမရှိဘဲ မြှောက်ပင့်သော စကားတစ်ခုခုကို ပြောဆိုခြင်းသည် လူတို့ လုပ်ဆောင်နိုင်စွမ်း ရှိသည့် အရာတစ်ခု ဖြစ်သော်လည်း အခြားသူများကို ကူညီရန် မိမိ၏ငွေကို အမှန်တကယ် စွန့်လွှတ်ဖို့မှာ မလွယ်ကူပေ၊ ထိုသို့ လုပ်ဆောင်နိုင်သူ အလွန်နည်းပါးသည်။ မိမိတို့၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းတို့၏ အရည်အသွေးများကို ပိုင်ဆိုင်သူများသာလျှင် ဤအရာကို လုပ်ဆောင်နိုင်ကြသည်။ ထိုသို့သော လူများသည် “သင့်အပေါ် အခွင့်ကောင်းယူမည့်အစား ကျွန်ုပ် အနည်းငယ် ဆုံးရှုံးမှုခံစားရခြင်းကို ပို၍ လိုလားသည်” ဟူသည့် စည်းမျဉ်းအပေါ် အခြေခံ၍ အမှုအရာများကို လုပ်ဆောင်ကြသည်။ ၎င်းတို့ ထိုသို့ မပြုမူပါက ၎င်းတို့၏ စိတ်နှလုံးထဲတွင် ယင်းနှင့်ပတ်သက်၍ စိတ်မကောင်း ဖြစ်ကြသည်။ မကြာခဏဆိုသလို ဤလူစားမျိုးသည် တစ်စုံတစ်ရာကို ငှားရမ်းသည့်အခါ ၎င်းတို့သည် ငှားပေးသူအပေါ် အခွင့်ကောင်း မယူရုံသာမက တစ်ခါတစ်ရံတွင် ၎င်းတို့၏ ကိုယ်ပိုင်အိတ်ကပ်ထဲမှ အပိုငွေကိုပင် ပေးလိုက်ရတတ်သည်။ ဥပမာအားဖြင့် ၎င်းတို့သည် တစ်စုံတစ်ဦး၏ ယာဉ်ကို ငှားရမ်းသည့်အခါ ၎င်းတို့သည် ဆီပြန်ဖြည့်ပေးပြီး ဆေးကြောပေးကာ နောက်ဆုံးတွင် ထိုယာဉ်အမျိုးအစားအတွက် အမြင့်ဆုံး နေ့စဉ် ငှားရမ်းခနှုန်းထားဖြင့် ပိုင်ရှင်ကို လျော်ကြေးပေးကြသည်။ ဤနည်းအတိုင်း တွက်ချက်ကြည့်လျှင် ၎င်းတို့ကိုယ်တိုင် ယာဉ်တစ်စီးကို ငှားရမ်းခဲ့သည်ထက် ပို၍ ကုန်ကျစရိတ်များသွားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ ယာဉ်ကို ပြန်ပေးသည့်အခါ ပိုင်ရှင်က သေချာစွာ ကြည့်ရှုပြီး အကြိမ်အနည်းငယ် စစ်ဆေးပါက ငှားရမ်းသူသည် ပိုင်ရှင်က ယာဉ်ပျက်စီးနေသည့် နေရာအချို့ကို တွေ့ရှိပြီး လျော်ကြေးတောင်းမည်ကို စိုးရိမ်လျက် အတွင်းစိတ်ထဲတွင် စိတ်မသက်မသာ ခံစားရသည်။ နောက်ဆုံးတွင် ယင်းကို စစ်ဆေးပြီးနောက် ပိုင်ရှင်က မည်သည့်ပြဿနာမျှ မရှိကြောင်း ပြောဆိုကာ အတော်အတန် ကျေနပ်ပြီး နောင်တွင် ၎င်းတို့ အလိုရှိသည့်အချိန်တိုင်း ယာဉ်ကို ငှားရမ်းနိုင်ကြောင်းကိုလည်း ပြောဆိုသည်။ ထိုအခါမှသာ ဤလူများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် စိတ်သက်သာရာရပြီး “ဪ၊ သူက ငါ့ကို ယုံကြည်သည်၊ ယင်းမှာ ငါကြားလိုသည့်အရာပင်” ဟု တွေးကြသည်။ သင် မြင်သလော၊ ၎င်းတို့သည် မိမိတို့ ကျင့်ကြံပြုမူပုံတွင် မည်သည့်အရာကို လိုက်စားကြသနည်း။ ၎င်းတို့သည် အခြားသူများအပေါ် အခွင့်ကောင်းယူရန် မလိုက်စားကြပေ၊ ၎င်းတို့သည် ယုံကြည်စိတ်ချရမှုဖြင့် ကျင့်ကြံပြုမူရန်နှင့် အခြားသူများ၏ အထင်သေးခြင်းကို မခံရရန်သာ လိုက်စားကြသည်။ ငါ့ကို ပြောလော့၊ လူတစ်ဦးသည် မိမိ၏ ဂုဏ်ကို ဂရုစိုက်သောကြောင့်၊ သတ္တိကြောင်သောကြောင့်၊ ဆင်းရဲပြီး ရည်မှန်းချက် ကင်းမဲ့သောကြောင့် သို့မဟုတ် အထင်သေးခံရမည်ကို ကြောက်ရွံ့သောကြောင့် ဤနည်းလမ်းအတိုင်း ပြုမူနိုင်သလော။ ယင်းမှာ ဤအရာများထဲမှ တစ်ခုခုကြောင့် မဟုတ်ပေ။ အသိစိတ်ရှိသော လူတစ်ဦး ပိုင်ဆိုင်သည့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းအတွက် အခြေခံအကျဆုံး စည်းမျဉ်းမှာ အခြားလူများအပေါ် အခွင့်ကောင်းမယူခြင်း ဖြစ်သည်။ ၎င်းတို့ ရှာဖွေသည့်အရာမှာ စိတ်အေးချမ်းသာမှု ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင် ဆုံးရှုံးမှု ခံစားရလျှင်ပင် သို့မဟုတ် ယင်းကြောင့် ခက်ခဲသောဘဝဖြင့် နေထိုင်ရလျှင်ပင် ၎င်းတို့သည် အခြားသူများကို အပြစ်မတင်ကြ သို့မဟုတ် ၎င်းတို့နှင့် စာရင်းရှင်းရန် မရှာဖွေကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အသိစိတ်နှင့်အညီ မှန်ကန်စွာ လုပ်ဆောင်ရန်နှင့် မည်သူ့ကိုမျှ မည်သည့်အရာကိုမျှ အကြွေးမတင်ရန်သာ ရှာဖွေကြသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် အပြစ်ရှိသည်ဟု မခံစားရစေရန်၊ ၎င်းတို့၏ အသိစိတ်က ၎င်းတို့ကို အပြစ်မတင်စေရန်နှင့် ၎င်းတို့ မည်သူ့အပေါ်မျှ အခွင့်ကောင်းမယူစေရန် ပြုမူရမည်ဟု ခံစားရသည်၊ ၎င်းတို့သည် လူများကို အကြွေးတင်စေပြီး လူများက ၎င်းတို့၏ ကွယ်ရာတွင် ၎င်းတို့ကို ဝေဖန်စေသည့် အရာတစ်ခုမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ဆင်းရဲသောကြောင့် သို့မဟုတ် အားနည်းသော ပင်ကိုစရိုက် ရှိသောကြောင့် ဤနည်းလမ်းအတိုင်း ပြုမူနိုင်ခြင်း မဟုတ်ပေ၊ ၎င်းတို့သည် အချည်းနှီးသော ဂုဏ်ကို မက်မောသောကြောင့်ဆိုလျှင် သာ၍ပင် မဟုတ်သေးပေ၊ ထိုအစား ၎င်းတို့ကို ဤအရာများ လုပ်ဆောင်ရန် တွန်းအားပေးသည်မှာ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သည့် အရည်အသွေးများဖြစ်သော ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းတို့ ဖြစ်သည်။ အထူးသဖြင့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ၎င်းတို့အပေါ် အခွင့်ကောင်းမယူခြင်း ကိစ္စနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် အထူးသဖြင့် ကြင်နာတတ်ပြီး ဖြောင့်မှန်သော နည်းလမ်းဖြင့် ပြုမူကြသည်။
တစ်စုံတစ်ဦးသည် ငွေကြေးကျပ်တည်းမှု ရှိနေပြီး ၎င်းက ငွေကြေးပြည့်စုံသူ တစ်ဦးဦးနှင့် ထိတွေ့ဆက်ဆံရသည့်အခါ ထိုသူက အိမ်တွင် မိမိ အသုံးမပြုတော့သည့် အရာအချို့ကို ပေးကမ်းစွန့်ကြဲသည့်အနေဖြင့် ၎င်းအား ပေးသည်ဟု ဆိုကြပါစို့။ လက်ခံရရှိသူက “သူတို့က ကျွန်ုပ်ကို ဤအရာများ ပေးသည်ဟူသော အချက်မှာ သူတို့က ကျွန်ုပ်ကို အထင်မသေးကြောင်း ဆိုလိုသည်၊ သူတို့က ကျွန်ုပ်အပေါ် ကျေးဇူးပြုခဲ့သည်၊ သို့ဆိုလျှင် သူတို့ကို ကျွန်ုပ် မည်သို့ ကျေးဇူးဆပ်သင့်သနည်း။ ကျွန်ုပ်သည် တန်ဖိုးကြီး လက်ဆောင်များကို မတတ်နိုင်ပါ၊ ကျွန်ုပ်တွင် ရှိသမျှမှာ စိုက်ခင်းမှ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် အိမ်တွင် လွှတ်ကျောင်းထားသော ကြက်များမှ ဥသည့် ကြက်ဥများသာ ဖြစ်သည်။ သူတို့က ဤအရာများကို သိပ်စိတ်ဝင်စားချင်မှ စိတ်ဝင်စားမည်ဖြစ်သော်လည်း ယင်းတို့မှာ ကျွန်ုပ်တို့ ဆင်းရဲသားများတွင်ရှိသည့် အကောင်းဆုံးအရာများဖြစ်ပြီး ကျွန်ုပ်တို့ ပေးနိုင်သည့် အသင့်တော်ဆုံးသော အရာများ ဖြစ်သည်။ သူတို့အနေဖြင့် လတ်ဆတ်သောအရာ တစ်ခုခုကို မြည်းစမ်းကြည့်နိုင်ရန်အလို့ငှာ ဤအရာအချို့ကို သူတို့ကို ကျွန်ုပ် ပေးမည်၊ ဤသည်မှာ ကျွန်ုပ်၏ ကျေးဇူးတင်ခြင်း အထိမ်းအမှတ်လည်း ဖြစ်သည်” ဟု မိမိတို့ဘာသာ တွေးကြသည်။ ငွေကြေးပြည့်စုံသူသည် အမှန်တကယ်တွင် မိမိကိုယ်တိုင် အသုံးမပြုတော့သည့် အရာများကို ၎င်းအား ပေးနေခြင်းဖြစ်သော်လည်း လက်ခံရရှိသူက ထိုကိစ္စရပ်ကို မှန်ကန်စွာ သဘောပေါက်နားလည်နိုင်ခဲ့သည်။ ၎င်းက “သင် အသုံးမပြုသည့်အပြင် ဂရုမစိုက်သည့် အရာများကို သင်က ကျွန်ုပ်အား ပေးခဲ့သည်၊ ဤသည်မှာ သူတောင်းစားတစ်ဦးကဲ့သို့ သဘောထားပြီး ပေးကမ်းလိုက်ခြင်းမျှသာ မဟုတ်လော။ သင်သည် ထိုအရာများကို အသုံးပြုနေသေးလျှင် ကျွန်ုပ်ကို ပေးခဲ့မည်လော။ သင်ပိုင်ဆိုင်သည့် ကောင်းမွန်သောအရာများကို ကျွန်ုပ်အား အဘယ်ကြောင့် မပေးခဲ့သနည်း” ဟု ပြောဆိုမည် မဟုတ်ပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရား အမှန်တကယ်ရှိသော လူတစ်ဦးသည် ဤနည်းလမ်းအတိုင်း တွေးမည်မဟုတ်ပေ။ ၎င်းက “သူက ကျွန်ုပ်ကို ဤအရာများ ပေးသည်ဟူသော အချက်မှာ သူက ကျွန်ုပ်ကို အထင်မသေးကြောင်း ဆိုလိုသည်” ဟုသာ တွေးကြလိမ့်မည်။ အခြားလူများက နားဝင်မချိုသော စကားအချို့ကို ပြောဆိုပြီး ၎င်း၏ အတွင်းစိတ်ထဲတွင် အနည်းငယ် စိတ်မကောင်းဖြစ်ရလျှင်ပင် ၎င်းသည် ကိစ္စရပ်ကို မှန်ကန်စွာ သဘောထားနိုင်ဆဲဖြစ်ပြီး မိမိမှန်ကန်ကြောင်း ထုချေရန် မကြိုးစားကြပေ၊ ထို့အပြင် ၎င်းသည် မိမိ၏ ကိုယ်ပိုင် မိသားစုအခြေအနေနှင့် ငွေကြေးအခြေအနေများအပေါ် အခြေခံ၍ ၎င်းတွင်ရှိသည့် အကောင်းဆုံးအရာများဟု ၎င်းယူဆသောအရာများဖြင့် ၎င်းအပေါ် ကျေးဇူးပြုသူကို ပြန်လည်ပေးဆပ်နိုင်ကြသည်။ သင် မြင်သလော၊ အခြားသူများနှင့် ပတ်သက်ဆက်နွှယ်ပြီး ဆက်ဆံခြင်းအတွက် ၎င်း၏ စည်းမျဉ်းမှာ ထိုသူတို့အပေါ် အမြတ်မထုတ်ရန် ဖြစ်သည်။ ဤစည်းမျဉ်းသည် ထူးခြားပုံမပေါ်ဘဲ ယင်းမှာ လူအများစု ရင်းနှီးကျွမ်းဝင်နေသည့် သာမန် အမှန်တရားတစ်ခု ဖြစ်သော်လည်း လူတိုင်းက ယင်းကို မစောင့်ထိန်းနိုင်ကြသည့်အပြင် လူတိုင်းက ယင်းကို ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သော အခြေခံအကျဆုံး စည်းမျဉ်းအဖြစ် မရှုမြင်ကြပေ၊ လူတိုင်း တန်ဖိုးထားသည့်အရာတစ်ခု ဖြစ်ဖို့ဆိုလျှင် သာ၍ပင် ဝေးသေးသည်။ အမှန်တကယ် ဖြောင့်မှန်ပြီး ကြင်နာတတ်သော လူများသည် အခြားသူများနှင့် ပေါင်းသင်းပြီး ပတ်သက်ဆက်နွှယ်သည့်အခါ လူတို့ကို အကြွေးမတင်ခြင်း သို့မဟုတ် ၎င်းတို့အပေါ် အခွင့်ကောင်းမယူခြင်းကို အလွန် တန်ဖိုးထားကြသည်။ ၎င်းတို့သည် သက်တောင့်သက်သာရှိသော ဘဝကို ခံစားနေရသည်ဖြစ်စေ၊ ဆင်းရဲနွမ်းပါးမှုကို ခံစားနေရသည်ဖြစ်စေ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းခြင်းတို့တွင် ၎င်းတို့ ရှာဖွေသည့်အရာမှာ စိတ်အေးချမ်းသာမှုနှင့် ၎င်းတို့၏ လိပ်ပြာမလုံခြင်းများမှ ကင်းလွတ်ခြင်းတို့ ဖြစ်သည်။ ဤလူစားမျိုးသာလျှင် ထိုနည်းလမ်းအတိုင်း ကျင့်ကြံပြုမူရန် ရှာဖွေကြသည်။ ၎င်းတို့သည် မည်သည့် ခေတ်ကာလ သို့မဟုတ် မည်သို့သော လူမှုပတ်ဝန်းကျင်မျိုးတွင် ရှိနေသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် လူအုပ်စုကြားတွင် ရှိနေသည်ဖြစ်စေ ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူနိုင်သူများသည် ၎င်းတို့၏ လူ့သဘာဝအတွင်း၌ ဖြောင့်မှန်ခြင်း၊ ကြင်နာတတ်ခြင်းနှင့် ရှက်တတ်ခြင်း အရည်အသွေးများကို ပိုင်ဆိုင်ထားသောကြောင့် ထိုသို့ ပြုမူကြခြင်း ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် တစ်စုံတစ်ဦးသည် ၎င်းတို့၏ လူ့သဘာဝအတွင်း၌ ဤအရည်အသွေးများကို မပိုင်ဆိုင်ပါက ၎င်းတို့တွင် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် စည်းတစ်ခု ရှိလိမ့်မည်မဟုတ်ပေ၊ ၎င်းတို့တွင် ရှိလျှင်ပင် ၎င်းတို့သည် ယင်းကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် စည်းတစ်ခုကို ၎င်းတို့ မထိန်းသိမ်းထားနိုင်သည့် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ အဓိကအားဖြင့် ၎င်းတို့၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်း၊ ကြင်နာတတ်ခြင်းနှင့် ရှက်ရွံ့သည့် ခံစားချက်များဟူသော အရည်အသွေးများကို ၎င်းတို့ မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ အချို့လူများက “ဤကဲ့သို့သော လူများသည် တစ်ခါတစ်ရံတွင် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် စည်းတစ်ခုကို မထိန်းသိမ်းထားနိုင်ဘူးလော” ဟု ပြောကြသည်။ အထူး အခြေအနေများတွင် ၎င်းတို့ ထိန်းသိမ်းထားနိုင်ကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် စည်းတစ်ခုကို ထိန်းသိမ်းထားနိုင်ပုံရသည်၊ ယင်းတို့မှာ အထူး အခြေအနေများ ဖြစ်သည်။ တစ်ခါတစ်ရံတွင် အခြေအနေမပေးသောကြောင့် သို့မဟုတ် အခါအခွင့်မသင့်သောကြောင့် ၎င်းတို့သည် အခြားသူများအပေါ် အခွင့်ကောင်းမယူဘဲ သို့မဟုတ် ၎င်းတို့ကို အကြွေးမတင်ဘဲ နေနိုင်ကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ပစ္စည်းများ သို့မဟုတ် ငွေကြေးကို ငှားရမ်းပြီး ပြန်မပေးပါက အကျိုးဆက်များ ရှိလိမ့်မည်ဖြစ်သည်၊ ၎င်းတို့သည် အများတကာ ထင်မြင်ချက်၏ ပြစ်တင်ရှုတ်ချမှုကို ခံရမည်၊ သို့မဟုတ် ဥပဒေအရ တာဝန်ယူရမည်ဖြစ်ပြီး လူများက ၎င်းတို့၏ ကွယ်ရာတွင် ၎င်းတို့ကို ဝေဖန်ကြလိမ့်မည်၊ သို့မဟုတ် ၎င်းတို့သည် ၎င်းတို့၏ ကျေးရွာ၊ ရွာငယ် သို့မဟုတ် အသိုင်းအဝိုင်းတွင်ပင် ဆက်နေ၍မရနိုင် ဖြစ်ကောင်းဖြစ်နိုင်သည်။ ၎င်းတို့သည် ဖိအားပေးခံရပြီး အခြားရွေးချယ်စရာ မရှိသောကြောင့်သာ ဤသို့လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ကြခြင်း ဖြစ်သည်၊ ၎င်းတို့သည် မိမိတို့အပေါ် ကျေးဇူးပြုသူကို အင်တင်တင်ဖြင့် ပြန်လည်ပေးဆပ်ခြင်း သို့မဟုတ် ထိုသူအပေါ် အခွင့်ကောင်းယူခြင်းမှ ယာယီ ရှောင်ကြဉ်ခြင်းမှာ မတတ်သာသည့်အဆုံးကြောင့် ဖြစ်သည်။ သို့သော် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် စည်းတစ်ခုကို မထိန်းသိမ်းထားနိုင်သော ဤလူစားမျိုးသည် ဤကဲ့သို့ မိမိသဘောဆန္ဒအလျောက် မည်သည့်အခါမျှ မပြုမူပေ၊ အကြောင်းမှာ ၎င်းတို့သည် ၎င်းတို့၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်း၊ ကြင်နာတတ်ခြင်းနှင့် ရှက်စိတ်ကဲ့သို့သော အရည်အသွေးများကို လုံးဝ မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ နှိုင်းယှဉ်ကြည့်လျှင် အခြားသူများအပေါ် အခွင့်ကောင်းယူခြင်းမှ အမှန်တကယ် ရှောင်ကြဉ်နိုင်သော လူစားမျိုးသည် မိမိသဘောဆန္ဒအလျောက် ထိုသို့လုပ်ဆောင်ကြပြီး ယင်းမှာ ၎င်းတို့ သဘာဝအလျောက် ထုတ်ဖော်သည့်အရာတစ်ခု ဖြစ်သည်၊ သို့မဟုတ် ၎င်းတို့ကိုယ်တိုင်က ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် ဤစည်းမျဉ်းနှင့် စည်းမျိုးကို သတ်မှတ်ထားကြခြင်း ဖြစ်သည်။ သိသာထင်ရှားစွာပင် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် ဤစည်းမျဉ်းမျိုး ၎င်းတို့တွင် ရှိသည်ဟူသော အချက်မှာ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားမှ လာသော သဘာဝအလျောက် ထုတ်ဖော်ခြင်းတစ်ခု ဖြစ်ပြီး ဤသဘာဝအလျောက် ထုတ်ဖော်ခြင်းသည် ၎င်းတို့က ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို ပိုင်ဆိုင်ခြင်းအပေါ် လုံးလုံးလျားလျား အခြေခံသည်၊ ၎င်းတို့သည် အခြားသူများ၏ လွှမ်းမိုးမှုကို မခံရသည့်အပြင် ၎င်းတို့၏ ပတ်ဝန်းကျင်က ဖိအားပေးခြင်းကိုလည်း မခံရပေ။ ယင်းမှာ ၎င်းတို့ သဘာဝအလျောက် ထုတ်ဖော်သည့်အရာ၊ ၎င်းတို့၏ လူ့သဘာဝက လိုအပ်သောအရာနှင့် ၎င်းတို့၏ အတွင်းစိတ်က လိုအပ်သောအရာတစ်ခုမျှသာ ဖြစ်သည်။ ဤသည်မှာ ဤလူစားမျိုးသည် ၎င်းတို့၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို မွေးရာပါ ပိုင်ဆိုင်သည်ဟု ပြောရန် လုံလောက်သော အခြေခံတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဤနည်းလမ်းအတိုင်း မပြုမူပါက ၎င်းတို့၏ အသိစိတ်က လက်ခံမည်မဟုတ်ဘဲ ၎င်းတို့သည် အတွင်းစိတ်ထဲတွင် စိတ်မသက်မသာ ဖြစ်ကြလိမ့်မည်၊ ၎င်းတို့သည် အသက်ရှင်ရမည်ကိုပင် အလွန်ရှက်ရွံ့ကြလိမ့်မည်ဖြစ်ပြီး အခြားသူများ မြင်တွေ့မည်ကို အလွန်ရှက်ရွံ့ကြလိမ့်မည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဤနည်းလမ်းအတိုင်း အလွန် သဘာဝကျစွာ ကျင့်ကြံပြုမူကြသည်။ ငါ့ကို ပြောလော့၊ အခြားသူများအပေါ် အခွင့်ကောင်းမယူခြင်းဟူသော ဤကျင့်ကြံပြုမူခြင်း စည်းမျဉ်းသည် အရေးကြီးသည်ဟု သင် ထင်သလော။ (ထင်ပါသည်။) အခြားသူများအပေါ် အခွင့်ကောင်းမယူခြင်းသည် အလွန် ထူးခြားမှုမရှိသော အခြေခံ ကျင့်ကြံပြုမူခြင်း စည်းမျဉ်းတစ်ခု ဖြစ်ပုံရသော်လည်း ယင်းမှာ တစ်စုံတစ်ဦးသည် ၎င်းတို့၏ လူ့သဘာဝတွင် မည်သို့သော အရည်အသွေးမျိုး ရှိသည်ကို ထင်ဟပ်ပြသည့် အရေးကြီးသော အမှတ်အသားတစ်ခု ဖြစ်သည်။ ဤသို့ မဟုတ်လော။ (ဟုတ်ပါသည်။)
အခြားသူများအပေါ် အခွင့်ကောင်းမယူသော လူများသည် အခြားသော သရုပ်သကန်တစ်မျိုးကို ပြသကြသည်။ ဥပမာအားဖြင့် အတော်အတန် ငွေကြေးပြည့်စုံသူတစ်ဦးက ၎င်းတို့တွင် ပိုနေသော သို့မဟုတ် အလကားထားထားသော အရာတစ်ခုခုကို ၎င်းတို့အား ပေးသည်ဟု ဆိုကြပါစို့။ တစ်စုံတစ်ရာ ပြန်မပေးဘဲနှင့် အခြားသူများအပေါ် အခွင့်ကောင်းယူ၍မရနိုင်ဟု ခံစားရပြီး မည်သူ့ကိုမျှ ကျေးဇူးအကြွေးမတင်လိုသဖြင့် ၎င်းတို့က “ယခုလောလောဆယ် ကျွန်ုပ် တကယ် မလိုအပ်သေးပါ၊ သို့သော် သင်၏ ကျေးဇူးပြုခြင်းအတွက် ကျေးဇူးတင်ပါသည်” ဟု ပြောဆိုကြသည်။ လူတို့သည် လောဘကြီးသည်ဟု သင် ထင်သလော။ လူတို့သည် ကောင်းမွန်သောအရာများကို မြင်သောအခါ ယင်းတို့ကို နှစ်သက်ပြီး ခံစားလိုကြသလော။ လူတိုင်းက ယင်းတို့ကို နှစ်သက်ပြီး ခံစားလိုကြသော်လည်း လူတို့ကြားတွင် ကွဲပြားမှုများ ရှိသည်။ ဥပမာအားဖြင့် လူအများစုသည် အရည်အသွေးကောင်းမွန်ပြီး မြန်ဆန်ကာ ရုပ်ထွက်ကြည်လင်သော နာမည်ကြီး ကွန်ပျူတာများကို အသုံးပြုလိုကြသည်။ အချို့လူများတွင် ငွေမရှိသဖြင့် မဝယ်နိုင်ကြသောကြောင့် ၎င်းတို့သည် အခြားသူများအပေါ် အခွင့်ကောင်းယူရန် အစဉ်သဖြင့် အလိုရှိကြသည်။ တစ်စုံတစ်ဦးက နာမည်ကြီး ကွန်ပျူတာတစ်လုံး အသုံးပြုနေသည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့သည် ယင်းကို ငှားရန် မကြာခဏ တောင်းဆိုကြပြီး ပိုင်ရှင်၏ ခွင့်ပြုချက်မပါဘဲ သို့မဟုတ် ပိုင်ရှင်မရှိချိန်တွင်ပင် ယင်းကို အသုံးပြုကြသည်။ ပိုင်ရှင်က အသုံးပြုရန် လိုအပ်သောအခါ ၎င်းတို့သည် ဆင်ခြေများပင်ပေးပြီး ပိုင်ရှင်ကို ၎င်းတို့၏ ကွန်ပျူတာအား အစားထိုး အသုံးပြုစေကြသည်။ ပိုင်ရှင်သည် ၎င်းတို့က ယင်းကို ဆက်လက်အသုံးပြုနေပြီး ပြန်ပေးမည် မဟုတ်သည်ကို မြင်သောအခါ အခြားတစ်လုံး ဝယ်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ ဤသို့ဖြင့် ၎င်းတို့သည် ၎င်းတို့၏ အသိစိတ်မှ အနည်းငယ်မျှသော လိပ်ပြာမလုံခြင်းကိုပင် မခံစားရဘဲ မူလပိုင်ရှင်၏ ကွန်ပျူတာကို သိမ်းပိုက်လိုက်သည်။ ထိုသို့သော လူတစ်ဦးတွင် လူ့သဘာဝ ရှိသလော။ ၎င်းတို့တွင် အသိစိတ် ရှိသလော။ (မရှိပါ။) ၎င်းတို့သည် ဖြောင့်မှန်ပြီး ကြင်နာတတ်သော လူတစ်ဦး ဖြစ်သလော။ (မဟုတ်ပါ။) ဖြောင့်မှန်ပြီး ကြင်နာတတ်သော လူတစ်ဦးသည် ထိုသို့သောအရာကို လုံးဝ လုပ်ဆောင်မည် မဟုတ်ပေ။ အခြားတစ်စုံတစ်ဦးက ကွန်ပျူတာအသစ်တစ်လုံး ဝယ်ပြီး ဤဖြောင့်မှန်ကာ ကြင်နာတတ်သော လူသည် နှေးကွေးသော ကွန်ပျူတာတစ်လုံးကို အသုံးပြုနေသည်ကို မြင်သဖြင့် မိမိ၏ ကွန်ပျူတာအဟောင်းကို ၎င်းအား ပေးသည်ဟု ဆိုကြပါစို့။ ထိုဖြောင့်မှန်ပြီး ကြင်နာတတ်သော လူက ယင်းကို လက်ခံခြင်းသည် အခွင့်ကောင်းယူခြင်းဖြစ်မည်ဟု ခံစားရပြီး ငြင်းပယ်လိုက်သည်။ တစ်ဖက်လူက ယင်းအတွက် ယွမ်ငွေ ဒါဇင်အနည်းငယ်မျှသာ ပေးလျှင် ရသည်ဟု ပြောသော်လည်း ဤသည်မှာ သိသာထင်ရှားစွာပင် ပေးကမ်းစွန့်ကြဲခြင်း လုပ်ရပ်တစ်ခုဖြစ်ကြောင်း ထိုဖြောင့်မှန်သော လူက သိရှိပြီး ၎င်းအနေဖြင့် ဤအရာအပေါ် အခွင့်ကောင်းယူ၍မဖြစ်ဟု ခံစားရသည်။ သို့ဖြစ်၍ ၎င်းသည် ငွေစုရန် နည်းလမ်းများကို စဉ်းစားပြီး ယင်းကို ဝယ်ရန် ယွမ်ငွေ ရာဂဏန်းအနည်းငယ် စုဆောင်းမိလျှင်ပင် ယင်းမှာ တန်ဖိုးလျှော့ထားသော စျေးနှုန်းဖြင့် ဝယ်ယူခြင်းဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း တွေးတောသည်။ တစ်ဖက်လူက ငွေကို ငြင်းပယ်ပါက ၎င်းသည် ထိုကမ်းလှမ်းမှုကို သဘောမတူပေ၊ ၎င်းသည် အလကားပေးကမ်းခြင်းများကို လုံးဝ လက်ခံမည် မဟုတ်ပေ။ ငါ့ကို ပြောလော့၊ ၎င်းသည် ခေါင်းမာနေခြင်း ဖြစ်သလော။ ဘာသာတရား မရှိသူများက ဤလူစားမျိုးသည် ခေါင်းမာပြီး အလျှော့မပေးတတ်ဟု ပြောဆိုကြသော်လည်း လူ့သဘာဝ အရည်အသွေးများနှင့်ဆိုင်သော ကောင်းကွက်တစ်ခုသည် ဤအလျှော့ပေးရန် မလိုလားမှုအတွင်း၌ ထင်ဟပ်နေသည်။ မည်သည့် ကောင်းကွက်နည်း။ မည်သည့် အခြေအနေများတွင်မဆို ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်းများနှင့် စည်းများကို ထိန်းသိမ်းထားရမည်ဖြစ်ပြီး သို့မှသာ ၎င်းတို့သည် စိတ်အေးချမ်းသာမှု ရရှိနိုင်ကာ စိတ်ချလက်ချ ရှိနိုင်မည်ဟု ယုံကြည်လေသည်။ ၎င်းတို့သည် အခြားသူများအပေါ် အခွင့်ကောင်းယူခဲ့ပါက ယင်းမှာ တရားမျှတမှုမရှိဘဲ ထိုသူတို့ကို ရင်ဆိုင်ရန် မျက်နှာပူရလိမ့်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့သည် အခြားလူများ၏ ပစ္စည်းများကို အသုံးပြုမည်ဆိုပါက ယင်းက ၎င်းတို့ကို စိတ်မသက်မသာ ဖြစ်စေမည်၊ ၎င်းတို့၏ မျက်နှာ ပူထူလာမည်ဖြစ်ပြီး ၎င်းတို့၏ အတွင်းစိတ်ထဲတွင် နေရခက်စေမည်ဖြစ်ကြောင်း ၎င်းတို့ တွေးကြသည်။ အချို့လူများက “သို့သော် အခြားလူက ၎င်းတို့ကို အသုံးပြုခွင့်ပေးရန် လိုလားပါသည်” ဟု ပြောကြသည်။ အခြားလူက လိုလားခြင်းသည် ၎င်းတို့အပေါ် အခွင့်ကောင်းယူခြင်း မဟုတ်ဟု ဆိုလိုသလော။ အခြားလူက လိုလားလျှင်ပင် ယင်းမှာ ၎င်းတို့အပေါ် အခွင့်ကောင်းယူခြင်း ဖြစ်နေဦးမည်သာ ဖြစ်သည်။ အခွင့်ကောင်းယူခြင်းသည် အခွင့်ကောင်းယူခြင်းသာ အစဉ်သဖြင့် ဖြစ်သည်၊ အခြားလူ၏ လိုလားရုံဖြင့် ယင်း၏ သဘောသဘာဝက ပြောင်းလဲမသွားပေ၊ အနှစ်သာရမှာ အတူတူပင် ဖြစ်သည်။ ၎င်းတို့က “ဤမျှ ကောင်းမွန်သော ကွန်ပျူတာတစ်လုံးကို ယွမ်ငွေ ဒါဇင်အနည်းငယ်ဖြင့် ဝယ်ယူခြင်းသည် သိသာထင်ရှားစွာပင် ၎င်းတို့အပေါ် အခွင့်ကောင်းယူခြင်း ဖြစ်လိမ့်မည်။ ကျွန်ုပ်သည် ယင်းကို လုံးဝ လက်မခံနိုင်ပါ။ ကျွန်ုပ် ငွေအလုံအလောက် စုမိပါက ယင်းကို ကျွန်ုပ် ဝယ်မည်။ မစုမိပါက စိတ်အေးချမ်းသာမှု ရှိစေရန်အတွက်သာ ကျွန်ုပ်၏ ကိုယ်ပိုင် ကွန်ပျူတာအဟောင်းကိုသာ ကျွန်ုပ် အသုံးပြုမည်” ဟု တွေးကြသည်။ သင် မြင်သလော၊ ဤသည်မှာ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် စည်းတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မည်သည့် အခြေအနေများအောက်တွင်မဆို ဤစည်းကို ထိန်းသိမ်းထားနိုင်ကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ဤမျှ ကောင်းမွန်သောအရာတစ်ခု ပေးလိုသည်၊ ၎င်းတို့တွင် ဤမျှ ကောင်းမွန်သောအရာတစ်ခုကို ရရှိရန် အခွင့်အရေးရှိသည်၊ ဤအရာကို ဘာသာတရား မရှိသူများ မြင်သည့်ပုံစံမှာ “သင် မယူလျှင် သင်သည် လူမိုက်ဖြစ်သည်။ အခွင့်ကောင်းမယူခြင်းသည် အလဟဿ ဖြစ်လိမ့်မည်” ဟူ၍ ဖြစ်သည်။ သို့သော် ၎င်းတို့က ထိုသို့ မတွေးကြပေ။ ဤသည်မှာ လူမိုက်ဖြစ်ခြင်း မဟုတ်ကြောင်းနှင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို မလှည့်စားနိုင်ကြောင်း၊ အခွင့်ကောင်းယူခြင်းသည် အခွင့်ကောင်းယူခြင်းသာဖြစ်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် အခွင့်ကောင်းယူခဲ့ပါက ၎င်းတို့သည် စိတ်နှလုံးထဲတွင် စိတ်မသက်မသာ ဖြစ်ရလိမ့်မည်၊ သက်တောင့်သက်သာ နေနိုင်မည်မဟုတ်ဘဲ ကွန်ပျူတာကို အသုံးပြုရာတွင် နေရခက်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့သည် ထိုနည်းလမ်းအတိုင်း ကျင့်ကြံပြုမူ၍ မရနိုင်ကြောင်း ၎င်းတို့ တွေးကြသည်။ သင် မြင်သလော၊ ၎င်းတို့သည် မိမိတို့၏ ကျင့်ကြံပြုမူခြင်းအတွက် ဤစည်းကို ကျော်မည်မဟုတ်ပေ၊ ဤသည်မှာ ၎င်းတို့အတွင်း၌ အသိစိတ်က အလုပ်လုပ်နေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ၎င်းတို့၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို ပိုင်ဆိုင်ကြပြီး ၎င်းတို့၏ အသိစိတ်က ယင်း၏ လုပ်ဆောင်ချက်ကို ထမ်းဆောင်သောကြောင့် ၎င်းတို့သည် ဤစည်းကို ထိန်းသိမ်းထားနိုင်ကြခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့ ဤစည်းကို ထိန်းသိမ်းထားနိုင်သည့် အကြောင်းရင်းမှာ ၎င်းတို့၏ အသိစိတ်က ယင်း၏ လုပ်ဆောင်ချက်ကို အဆက်မပြတ် ထမ်းဆောင်ကာ ၎င်းတို့ကို သတိပြုမိစေပြီး “ထိုသို့လုပ်ဆောင်ခြင်းသည် မှားယွင်းသည်၊ ထိုသို့လုပ်ဆောင်ခြင်းသည် မသင့်လျော်ပါ၊ ကျွန်ုပ် ထိုသို့ မလုပ်ဆောင်နိုင်ပါ” ဟု ၎င်းတို့ကို ခံစားရစေသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ အသိစိတ်က ၎င်းတို့ကို အဆက်မပြတ် နှိုးဆော်သည်၊ ချုပ်တည်းပြီး ထိန်းညှိပေးကာ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် စည်းတစ်ခုကို ထိန်းသိမ်းထားနိုင်စေသည်။ အဆုံးတွင် ၎င်းတို့သည် ကမ်းလှမ်းခံရသောအရာကို ဝယ်ယူနိုင်စွမ်းရှိသွားပြီးနောက် ယင်းကို အသုံးပြုကောင်း အသုံးပြုနိုင်သည်၊ သို့မဟုတ် ၎င်းတို့ မည်သည့်အခါမျှ မဝယ်နိုင်ဘဲ ယင်းကို အခြားတစ်စုံတစ်ဦးက အသုံးပြုသွားကောင်း အသုံးပြုသွားနိုင်သည်၊ ထိုအခြေအနေမျိုးတွင် ၎င်းတို့သည် စိတ်မကောင်း မဖြစ်ကြပေ။ အနည်းဆုံးအနေဖြင့် ဤကိစ္စရပ်တွင် ၎င်းတို့သည် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် ဤစည်းနှင့် စည်းမျဉ်းကို ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။ လူ့သဘာဝ အရည်အသွေးများရှိသော လူတစ်ဦးသည် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများနှင့် စည်းများကို သတ်မှတ်ပြီး ၎င်းတို့ကို အဆက်မပြတ် ထိန်းသိမ်းထားကြသည်။ ၎င်းတို့၏ အကျိုးစီးပွားများ ပါဝင်ပတ်သက်နေသည့် အခြေအနေတစ်ခုနှင့် ၎င်းတို့ ကြုံတွေ့ရပြီး ထိုအချိန်တွင် စုံစမ်းသွေးဆောင်ခြင်း ခံရသည်ဟု ခံစားရလျှင်ပင် ၎င်းတို့၏ အသိစိတ်က ၎င်းတို့ကို အဆက်မပြတ် နှိုးဆော်ပြီး ချုပ်တည်းပေးလိမ့်မည်။ အဆုံးတွင် ဤလူ၏ အကျိုးစီးပွားများ ထိခိုက်နစ်နာခဲ့သည် သို့မဟုတ် အခြားတစ်စုံတစ်ဦးက အခွင့်ကောင်းယူသွားခဲ့သည်ဟု အခြားသူများက ထင်မြင်ကြပြီး ဤလူသည် ခဏတာမျှ အနည်းငယ် စိတ်မကောင်းဖြစ်ခြင်း သို့မဟုတ် မကျေမနပ်ဖြစ်ခြင်း ခံစားရနိုင်သော်လည်း ၎င်းတို့၏ အသိစိတ် လုပ်ဆောင်ချက်ကြောင့် ၎င်းတို့၏ စိတ်နှလုံးသည် အလျင်အမြန် ငြိမ်သက်သွားလိမ့်မည်။ ၎င်းတို့က “အခြားသူများအပေါ် အခွင့်ကောင်းမယူခြင်းက အစဉ်သဖြင့် ပိုကောင်းပါသည်။ အနည်းဆုံးတော့ ကျွန်ုပ်တွင် စိတ်အေးချမ်းသာမှု ရှိပြီး ကျွန်ုပ်သည် လိပ်ပြာလုံပါသည်” ဟု စဉ်းစားဆင်ခြင်ကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့ ရှာဖွေသောအရာ ဖြစ်သည်။ ဤသည်မှာ လူတို့တွင် အသိစိတ်က ထမ်းဆောင်သော လုပ်ဆောင်ချက် ဖြစ်သည်၊ ယင်းက ၎င်းတို့ကို အဆက်မပြတ် ထိန်းညှိပေးပြီး ချုပ်တည်းပေးကာ မှန်ကန်သော ရွေးချယ်မှုများ ပြုလုပ်နိုင်စေသည်။ လူတစ်ဦး၏ ကိုယ်ပိုင် အကျိုးစီးပွားများ၊ ကိုယ်ကျင့်တရား သို့မဟုတ် အချို့သော စုံစမ်းသွေးဆောင်မှုများကိုပင် ရင်ဆိုင်ရချိန်တွင် လူတစ်ဦး၏ အသိစိတ်က ၎င်း၏ အပြုအမူကို အဆက်မပြတ် ချုပ်တည်းပေးသည်၊ ထိန်းညှိပေးပြီး ပြုပြင်ပေးလိမ့်မည်။ အဆုံးစွန်အားဖြင့် ဖြစ်ရပ်အများစုတွင် လူ့သဘာဝ အရည်အသွေးများရှိသော လူများသည် ၎င်းတို့၏ အသိစိတ်အတွက် ငြိမ်သက်ခြင်းနှင့် အေးချမ်းခြင်းကို ရရှိရန် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို စွန့်လွှတ်ဖို့ ရွေးချယ်ကြလိမ့်မည်။ အထူး အခြေအနေများအောက်တွင် ဤလူအချို့သည် ၎င်းတို့၏ အသိစိတ်နှင့်ဆိုင်သော စည်းကို ကျော်လွန်သည့် အချိန်များလည်း ရှိကြသော်လည်း ဤအရာ၏ နောက်ဆက်တွဲမှာ ၎င်းတို့၏ အသိစိတ်အတွင်းရှိ လိပ်ပြာမလုံမှုနှင့် စိတ်မသက်မသာဖြစ်မှုတို့ ဖြစ်သည်၊ အချို့က ဤစိတ်မသက်မသာဖြစ်မှုနှင့် အပြစ်ရှိသကဲ့သို့ ခံစားရမှုတို့ကို ၎င်းတို့၏ ဘဝတစ်လျှောက်လုံး သယ်ဆောင်သွားကြသည်။ ဤသည်မှာ အသိစိတ်၏ လုပ်ဆောင်ချက် ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများ ရှိသော လူများသည် တစ်ခါတစ်ရံ အမှားများ ပြုလုပ်ကြလိမ့်မည်ဖြစ်ပြီး အထူး အခြေအနေများအောက်တွင် ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော စည်းကို ကျော်လွန်ကာ ၎င်းတို့ကိုယ်တိုင်အတွက် သတ်မှတ်ထားသော ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများကို ချိုးဖောက်ကြလိမ့်မည်လည်း ဖြစ်သည်။ သို့သော် ဤအရာ၏ အကျိုးဆက်မှာ ၎င်းတို့သည် ၎င်းတို့၏ အသိစိတ်၏ ပြစ်တင်ရှုတ်ချမှုကို ခံစားရမည် ဖြစ်သည်။ ၎င်းတို့သည် ဤအရာအတွက် ကုစားရန် အခွင့်အရေးတစ်ခုကို ရှာမတွေ့နိုင်ပါက သို့မဟုတ် ၎င်းတို့၏ အခြေအနေများက ခွင့်မပြုပါက ၎င်းတို့သည် လိပ်ပြာမသန့်မှု၊ စိတ်မသက်မသာဖြစ်မှု၊ မိမိကိုယ်ကို အပြစ်တင်မှုနှင့် အပြစ်ရှိသကဲ့သို့ ခံစားရမှုတို့ဖြင့် အသက်ရှင်ကြလိမ့်မည်။ ဤအရာများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ပြီး ၎င်း၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို ပိုင်ဆိုင်သော လူတစ်ဦးက အခြေအနေအားလုံးအောက်တွင် ပိုင်ဆိုင်သည့် ပုံမှန် သရုပ်သကန်များ ဖြစ်သည်။
ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို ပိုင်ဆိုင်သော လူများ၏ ဤသရုပ်သကန်များသည် လူ့သဘာဝ ရှုထောင့်မှကြည့်လျှင် အတော်အတန် သာမန်ဖြစ်ပြီး ထူးခြားမှုမရှိပေ၊ မြင့်မြတ်ခြင်း သို့မဟုတ် သဘာဝလွန်ဖြစ်ခြင်း မရှိသည့်အပြင် အတိအကျ မွန်မြတ်ခြင်းလည်း မရှိပေ၊ ပြီးလျှင် လူ၏အမြင်တွင် တစ်စုံတစ်ဦး၌ တည်ကြည်မှု အနည်းငယ်ရှိပြီး ဂုဏ်သိက္ခာ အနည်းငယ်ဖြင့် အသက်ရှင်သည်ဟုသာ ဆိုလိုသည်။ သို့သော် ဘုရားသခင်၏ အမြင်တွင်မူ ထိုသို့သော လူများ အသက်ရှင် နေထိုင်သည့် လူ့သဘာဝအတွင်းရှိ ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများသည် အဖိုးတန်လှသည်။ ဤလူသားမျိုးနွယ်သည် ဆိုးညစ်မှုကို ရိုသေလေးစားပြီး မည်သူကမျှ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားကို ဂရုမစိုက်သောကြောင့် ဖြောင့်မှန်ပြီး ကြင်နာတတ်သော လူများသည် လူ့အဖွဲ့အစည်းတွင် ဖယ်ကြဉ်ခံရကြသည်။ ၎င်းတို့ စောင့်ထိန်းပြီး အသက်ရှင် နေထိုင်သည့် ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သော အခြေခံ စည်းမျဉ်းများသည် လူ့အဖွဲ့အစည်းရှိ လူအများ၏ လှောင်ပြောင်ခြင်း၊ အထင်သေးခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကို ခံရသည်။ လူတို့သည် ၎င်းတို့ကို မည်သို့ လှောင်ပြောင်ကြသနည်း။ (လူများက ၎င်းတို့ကို လူမိုက်များ၊ အလျှော့မပေးတတ်သူများနှင့် ဉာဏ်ထိုင်းသူများဖြစ်သည်ဟု ပြောကြပါသည်။) ယင်းမှာ အတိအကျပင် ထိုသို့ဖြစ်သည်။ ဤလူ့အဖွဲ့အစည်းတွင် ပုံမှန် လူ့သဘာဝရှိသော လူများသည် အခြားသူများ၏ လှောင်ပြောင်ခြင်း၊ သရော်ခြင်း၊ အထင်သေးခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကို ခံရသည်၊ ၎င်းတို့သည် အခြားလူများ၏ လက်ခံမှုကိုဖြစ်စေ၊ ၎င်းတို့၏ အသိအမှတ်ပြုမှုကိုဖြစ်စေ မရရှိနိုင်ကြပေ။ သင်သည် လူတစ်စုအတွင်း သင်၏ ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သော စည်းမျဉ်းများကို အစဉ်သဖြင့် စွဲကိုင်ထားပါက သင်သည် အလွန် ပင်ပန်းနွမ်းနယ်ရသော ဘဝကို အသက်ရှင်ရသည်။ နေ့စဉ်နေ့တိုင်း သင်သည် မည်သည့်အရာနှင့် ကြုံတွေ့ရသည်ဖြစ်စေ မွန်းကျပ်ပြီး ဒေါသထွက်ရကာ သင်က “ဤနည်းလမ်းအတိုင်း ကျွန်ုပ် ကျင့်ကြံပြုမူခြင်းက မည်သည့်အရာ မှားယွင်းနေသနည်း။ အခြားသူများက ကျွန်ုပ်ကို အဘယ်ကြောင့် လှောင်ပြောင်ကြသနည်း။ လူများက ‘အသိစိတ်က တန်ဖိုး မည်မျှရှိသနည်း’ ဟု အစဉ်သဖြင့် ပြောကြသည်။ အသိစိတ်သည် အဖိုးတန်ဆုံးအရာ ဖြစ်သည်။ တစ်စုံတစ်ဦးတွင် အသိစိတ်မရှိပါက သူသည် လူပင် ဟုတ်သေးသလော” ဟု စဉ်းစား်သုံးသပ်လေသည်။ သင့်ကဲ့သို့သော လူများသည် မည်သည့် ဘာသာတရား မရှိသူများ အုပ်စုကြားတွင်မဆို လှောင်ပြောင်ခြင်းနှင့် ဖယ်ကြဉ်ခြင်း ခံရသည့် ပစ်မှတ်များ ဖြစ်ကြသည်၊ မည်သူကမျှ သင့်ကို အသိအမှတ်မပြုသည့်အပြင် မည်သူကမျှ သင်၏ဘက်မှ မရပ်တည်ပေးပေ။ သင်သည် ဖြောင့်မှန်ပြီး သင်၏ ကျင့်ကြံပြုမူခြင်းတွင် စည်းမျဉ်းများကို စွဲကိုင်ထားကာ လူများက “စည်းမျဉ်းများကို စွဲကိုင်ထားခြင်းက ထမင်းစားရစေသလော။ စည်းမျဉ်းများကို စွဲကိုင်ထားခြင်းက သင့်ကို အထက်လူကြီးများ၏ အသိအမှတ်ပြုမှု ရရှိစေမည်လော။ သင်သည် စည်းမျဉ်းများကို စွဲကိုင်ထားပါက လူတိုင်းက သင့်ကို အသိအမှတ်ပြုမည်လော။ သင်သည် ဤလူ့အဖွဲ့အစည်းတွင် စည်းမျဉ်းများကို စွဲကိုင်ထားပါက သင်သည် ပတ်ဝန်းကျင်တွင် အကြီးမားဆုံးသော လူမိုက်ဖြစ်သည်၊ သင်သည် ဖိနှိပ်ခံရမည်ဖြစ်ပြီး အဆုံးတွင် စားဝတ်နေရေး ဖြေရှင်းရန် နည်းလမ်းမရှိ ဖြစ်သွားလိမ့်မည်” ဟု ပြောကြသည်။ သို့ဖြစ်၍ သင်က “ကျွန်ုပ် စည်းမျဉ်းများကို စွဲကိုင်ထားခြင်းက မည်သည့်အရာ မှားယွင်းနေသနည်း။ ဖြောင့်မှန်ပြီး ကြင်နာတတ်သော လူတစ်ဦးဖြစ်ခြင်းက ကျွန်ုပ်ကို လှောင်ပြောင်ခံရခြင်း၊ ဖယ်ကြဉ်ခံရခြင်းနှင့် ဖိနှိပ်ခံရခြင်းတို့ အဘယ်ကြောင့် ဖြစ်စေရသနည်း” ဟု စဉ်းစားသုံးသပ်လေသည်။ အဆုံးစွန်အားဖြင့် လူသားများသည် အူတိုင်အထိ ပုပ်ပွနေကြောင်း၊ ၎င်းတို့အထဲတွင် ကောင်းသောသူ တစ်ဦးတစ်ယောက်မျှ မရှိကြောင်း၊ ၎င်းတို့အားလုံးသည် နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြကြောင်း သင် ကောက်ချက်ချလေသည်။ သင်သည် ရှင်းလင်းသော အသိစိတ်ဖြင့် ကျင့်ကြံပြုမူကြောင်း၊ သင်သည် ဂုဏ်သိက္ခာရှိပြီး ဖြောင့်မှန်သော နည်းလမ်းဖြင့် ကျင့်ကြံပြုမူလိုကြောင်း၊ အရာရာတိုင်းကို စည်းမျဉ်းအတိုင်း ကိုင်တွယ်လိုကြောင်းနှင့် ကလိမ်ကကျစ်ကျသောအရာ တစ်ခုတလေကို လုပ်ဆောင်ခြင်းအား အားကိုးစရာမလိုဘဲ အသက်မွေးဝမ်းကျောင်းပြုရန် သင်၏ ကိုယ်ပိုင် ကျွမ်းကျင်မှုများကို အားကိုးလိုကြောင်း သင် ပြောသော်လည်း ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူခြင်းအားဖြင့် သင်သည် လူ့အဖွဲ့အစည်းတွင် အနိုင်ကျင့်ခံရနိုင်သည်၊ လူတို့သည် အကွက်ဆင်မှု အနည်းငယ်ဖြင့် သင့်ကို အလွယ်တကူ အနိုင်ယူနိုင်ကြသည်။ သင်၌ မည်သည့် ကျွမ်းကျင်မှုများ ရှိသည်ဖြစ်စေ သင်သည် ဖယ်ကြဉ်ခံရပြီး ဖိနှိပ်ခံရသည်။ ဤလူ့လောကတွင် မိမိမှန်ကန်ကြောင်း ထုချေရန် နေရာမရှိဟုလည်းကောင်း၊ ဤကဲ့သို့ အသက်ရှင်ရခြင်းက အလွန် မွန်းကျပ်ဖွယ်ကောင်းသည်ဟုလည်းကောင်း သင် ခံစားရသည်။ ဤလူများကြားတွင် အသက်ရှင်ရခြင်းသည် ကြီးမားသော ဆေးဆိုးပန်းရိုက်သည့် စည်ပိုင်းထဲတွင် ရှိနေရသည်နှင့် မတူဘဲ အသားကြိတ်စက်ထဲတွင် ရှိနေရသည်နှင့် တူသည်၊ သင်သည် အရှင်လတ်လတ် ကြိတ်သတ်ခံရလိမ့်မည်။ သင်သည် ကြိတ်သတ်မခံရလျှင်ပင် ပင်ပန်းနွမ်းနယ်မှုကြောင့် သေဆုံးလိမ့်မည်၊ သင်၏ ဘဝတွင် နေ့စဉ်နေ့တိုင်း ကိုယ်စိတ်နှစ်ပါး ပင်ပန်းနွမ်းနယ်နေသည့် အခြေအနေဖြင့် သင်၏ ဆန္ဒကို ဆန့်ကျင်နေရပြီး သင်ပြောသည့် စကားတိုင်းနှင့် သင်လုပ်ဆောင်သည့် အရာတိုင်းသည် သင်၏ ကိုယ်ပိုင် ဆန္ဒကို သစ္စာဖောက်ခြင်း ဖြစ်သည်။ ကြိုးတန်းပေါ်လျှောက်နေရသကဲ့သို့ အစဉ်သဖြင့် သတိကြီးစွာထားပြီး လျှောက်လှမ်းနေရသော်လည်း သင်သည် မိုက်မဲသူတစ်ဦးအဖြစ်လည်းကောင်း၊ မိမိတို့၏ အထက်လူကြီးများကို လက်ဆောင်များ ပေးရကောင်းမှန်းကိုဖြစ်စေ၊ မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် အဆက်အသွယ်များ တည်ဆောက်ရကောင်းမှန်းကိုဖြစ်စေ မသိသော အလိုက်အထိုက်မနေတတ်သူ တစ်ဦးအဖြစ်လည်းကောင်း လှောင်ပြောင်ခံရဆဲ ဖြစ်သည်။ သင်သည် အခြားသူများအပေါ် အခွင့်ကောင်းမယူခြင်း စည်းမျဉ်းအပေါ် အခြေခံ၍ ကျင့်ကြံပြုမူသည့်တိုင် အခြားလူများက သင့်အပေါ် အခွင့်ကောင်းယူရန် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကြပြီး သင်သည် ယင်းကို ရှောင်လွှဲ၍ပင် မရနိုင်ပေ။ အဆုံးတွင် သင်သည် အလုပ်များစွာ လုပ်ဆောင်ရသော်လည်း အထက်လူကြီးများက သင့်ကို သတိမပြုမိကြဘဲ အသိအမှတ်ပြုခံရမှု အားလုံးကို အခြားသူများက လုယူသွားကြသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်လာပြီးနောက် ဘုရားအိမ်တော်တွင် တရားမျှတမှု ရှိကြောင်း၊ ဘုရားသခင်သည် ဖြောင့်မတ်ကြောင်းနှင့် အချို့လူများက မတရားသဖြင့် ပြုမူလျှင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် သမ္မာတရား ရှိကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဖြောင့်မတ်ခြင်း ရှိကြောင်း၊ ဘုရားသခင်တွင် ဖြောင့်မတ်သော စိတ်သဘောထား ရှိကြောင်းနှင့် ဘုရားအိမ်တော်တွင် အာဏာစွဲကိုင်ထားသည်မှာ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်း ဖြစ်ကြောင်း သင် မြင်တွေ့ရသည်။ သင်က “သို့ဆိုလျှင် လူကောင်းများသည် ဘုရားအိမ်တော်တွင် ကြီးပွားတိုးတက်နိုင်ကြသည်။ ကျွန်ုပ်သည် မိမိ၏ စိတ်နှလုံးကို ဖွင့်ဟနိုင်ပြီး ကျွန်ုပ် မြိုသိပ်ထားခဲ့သော စကားများအားလုံးကို ပြောဆိုနိုင်သည်။ ကျွန်ုပ်တွင်ရှိသည့် မည်သည့် အားသာချက်များနှင့် ပင်ကိုစွမ်းရည်များကိုမဆို ကျွန်ုပ် အသုံးပြုနိုင်သည်။ ဘုရားအိမ်တော်တွင် အသက်ရှင်ရခြင်းသည် အမှန်တကယ် ငြိမ်သက်ပြီး ဝမ်းမြောက်ဖွယ်ကောင်းသည်၊ ကျွန်ုပ်သည် အခြားလူများ၏ ဖိနှိပ်ခြင်းနှင့် ဖယ်ကြဉ်ခြင်းကို မည်သည့်အခါမျှ ထပ်မံခံရတော့မည် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားအိမ်တော်သို့ လာရခြင်းသည် အလွန် အံ့သြဖွယ်ကောင်းလှသည်။ ကျွန်ုပ်သည် ဘုရားသခင်ကို မယုံကြည်ခဲ့ပါက ကျွန်ုပ်သည် အသက်မဲ့နေသော ရုပ်အလောင်းတစ်ခုကဲ့သို့ အသက်ရှင်နေရလိမ့်မည်ဖြစ်ပြီး ကျွန်ုပ် အသက်ရှင်ရလေလေ ပို၍ ပင်ပန်းနွမ်းနယ်ကာ စိတ်သောကရောက်ရလေလေ ဖြစ်လိမ့်မည်၊ ကျွန်ုပ်သည် ဘဝတွင် ဦးတည်ချက်တစ်ခုကို ရှာတွေ့နိုင်မည်မဟုတ်ဘဲ ကျွန်ုပ်၏ စိတ်နှလုံးသည် မှေးမှိန်လာလိမ့်မည်ဖြစ်ကာ အလင်း သို့မဟုတ် အနာဂတ်ကို ကျွန်ုပ် မြင်တွေ့နိုင်မည် မဟုတ်ပေ။ ယင်းမှာ အမှန်တကယ် စိတ်ဆင်းရဲရလိမ့်မည်” ဟု ပြောလေသည်။ ဤကဲ့သို့သော လူများသည် ဘုရားသခင်ကို မယုံကြည်လာမီနှင့် သမ္မာတရားကို မရရှိမီတွင် ၎င်းတို့၌ ဘဝတွင် လျှောက်လှမ်းရန် လမ်းကြောင်းမရှိဟုလည်းကောင်း၊ ၎င်းတို့၏ အနာဂတ်သည် မှုန်ဝါးပြီး အလင်းရောင် ကင်းမဲ့နေသည်ဟုလည်းကောင်း ခံစားကြရသည်။ အဆင်မပြေမှုများနှင့် ကျရှုံးမှုအချို့ကို ခံစားရပြီးနောက်၊ ပြီးလျှင် ဆင်းရဲဒုက္ခများစွာကို တွေ့ကြုံရပြီးနောက် ၎င်းတို့သည် ၎င်းတို့၏ ဘဝကို သံသယဝင်ရုံသာမက အသက်ရှင်ရခြင်းမှာ အဓိပ္ပာယ်မရှိဟု သာ၍ပင် ခံစားကြရသည်။ ထိုသို့သော လူများကြားတွင် အသက်ရှင်ရခြင်းနှင့် ထိုသို့သော လောကတွင် အသက်ရှင်ရခြင်းထက် သေခြင်းကပင် ပိုကောင်းလိမ့်မည်ဟု ၎င်းတို့ ခံစားကြရသည်။ လူတို့သည် ကောင်းကင်ယံရှိ ငှက်များကဲ့သို့ ပျော်ရွှင်စွာ အသက်မရှင်ကြသည့်အပြင် ပင်လယ်ထဲရှိ ငါးများကဲ့သို့လည်း လွတ်လပ်စွာ အသက်မရှင်ကြပေ၊ အနည်းဆုံးအနေဖြင့် ငှက်များသည် ၎င်းတို့ အလိုရှိသည့်အခါ တေးဆိုနိုင်ကြသည်၊ မည်သည့် အဟန့်အတားမျှမရှိဘဲ ကောင်းကင်ယံတွင် ပျံသန်းနိုင်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင် သန့်ရှင်းစင်ကြယ်သော မြေနေရာတစ်ခု ရှိကြသည်။ ဤလောကတွင် အသက်ရှင်သော လူများသည် မှန်ကန်စွာ ပြောဆိုရန် အခွင့်အရေး သို့မဟုတ် လွတ်လပ်ခွင့်ပင် မရှိကြပေ၊ ၎င်းတို့သည် နေ့စဉ်နေ့တိုင်း မျက်နှာဖုံးတစ်ခုကို တပ်ဆင်လျက် အသက်ရှင်ကြပြီး ၎င်းတို့၏ အတွင်းစိတ်ထဲတွင် အမှန်တကယ် ခံစားရသည့်အရာကို ဆန့်ကျင်လျက် ၎င်းတို့ မပြောလိုသောအရာများကိုသာ ပြောဆိုနိုင်ကြသည်၊ ၎င်းတို့သည် ရွေးချယ်စရာမရှိဘဲ ထိုသို့သောအရာများကို ပြောဆိုရသော်လည်း ၎င်းတို့ ထိုသို့ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် စက်ဆုပ်ရွံရှာမှုကို ခံစားကြရသည်။ အသက်ရှင်ရခြင်းက အဘယ်ကြောင့် ဤမျှ ခက်ခဲရသနည်း။ ဤလူစားမျိုးသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပစ်ပစ်ခါခါငြင်းပယ်မှုနှင့် အလွန်အမင်း မနှစ်မြို့မှု ခံစားချက်တစ်ခုဖြင့် ၎င်းတို့ ပတ်ဝန်းကျင်ရှိသူများ၏ မျက်နှာများကို ကြည့်ရသည်ကို စက်ဆုပ်ရွံရှာကြသော်လည်း ၎င်းတို့ကို မရှောင်လွှဲနိုင် သို့မဟုတ် မရှောင်ဖယ်နိုင်ကြဘဲ ၎င်းတို့နှင့် ရောနှောနေရဆဲ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရန်နှင့် မိမိတို့၏ မိသားစုများကို ထောက်ပံ့ရန်အလို့ငှာ ဤကဲ့သို့ပင် ဖြစ်သလို ဖြတ်သန်းသွားရန် စိတ်ကူးကြသော်လည်း ထိုသို့လုပ်ဆောင်ရန် ကျိတ်မှိတ်လက်ခံနိုင်ခြင်း မရှိကြသေးပေ။ လူတို့သည် ဘဝတွင် အဓိပ္ပာယ်ရှိသောအရာ တစ်ခုခုကို လိုက်စားရမည်ဖြစ်ကြောင်း၊ ၎င်းတို့သည် လူသားပုံသဏ္ဌာန်ကို အသက်ရှင် နေထိုင်ပြရမည်၊ အမှန်တရားကို ပြောဆိုရမည်ဖြစ်ပြီး ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် စည်းတစ်ခုကို စောင့်ထိန်းရမည်ဖြစ်ကြောင်းနှင့် ဤသည်မှာ လူတို့ ရရှိသင့်သည့် အနည်းဆုံးအရာဖြစ်ကြောင်း ၎င်းတို့ ခံစားကြရသည်။ လူတစ်ဦးသည် ဤအရာကိုပင် မရရှိနိုင်ပါက ၎င်းတို့သည် လူမဟုတ်ဟု ၎င်းတို့ ခံစားကြရသည်။ သို့သော် လျှောက်လှမ်းရန် လမ်းကြောင်းမရှိသဖြင့် ၎င်းတို့သည် ကူကယ်ရာမဲ့ဖြစ်ကြပြီး ရှုပ်ထွေးကာ မှင်တက်နေသော ပုံစံဖြင့် ဘဝကို ဖြစ်သလို ဖြတ်သန်းနိုင်ရုံသာရှိကာ ဖြစ်သလို ရပ်တည်နေကြရသည်။ အထူးသဖြင့် ၎င်းတို့သည် အခက်အခဲအချို့နှင့် ကြုံတွေ့ရပြီး လမ်းဆုံးရောက်နေချိန်တွင် ၎င်းတို့သည် အတွင်းစိတ်ထဲ၌ ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု ခံစားကြရသည်၊ “ငါတို့ အဘယ်ကြောင့် အသက်ရှင်ကြသနည်း။ နေ့စဉ်နေ့တိုင်း လိမ်ညာပြောဆိုရန်မျှသာ၊ လူနှင့်ပင် မတူဘဲ သေမည့်ရက်ကို စောင့်ရင်း ဖြစ်သလို ဖြတ်သန်းနေကြသည့် ဤလူများနှင့် ရောနှောနေရန်မျှသာလော။ မည်သို့ပင်ဖြစ်စေ ငါသည် အနှေးနှင့်အမြန် သေရမည်ဖြစ်သောကြောင့် သေမည့်ရက်ကို စောင့်ရင်း ဖြစ်သလို ဖြတ်သန်းနေမည့်အစား ယခုပင် သေလိုက်ပြီး ယင်းတို့အားလုံးမှ စောစောစီးစီး လွတ်မြောက်လိုက်ခြင်းက ပိုကောင်းလိမ့်မည်” ဟု တွေးကြသည်။ လူတို့သည် ယင်းတို့အားလုံးမှ လွတ်မြောက်လိုကြသော်လည်း မည်သူကမျှ ဤအရာကို လက်တွေ့လုပ်ဆောင်ဝံ့သည်မှာ ရှားလှသည်၊ ၎င်းတို့က ဤကဲ့သို့ သေဆုံးသွားပါက ၎င်းတို့၏ မိဘများနှင့် ချစ်ရသူများကို မည်သို့ ရင်ဆိုင်ရမည်ကို စိုးရိမ်ကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင်လည်း “ဤကဲ့သို့ သေဆုံးခြင်းက ကျွန်ုပ်ကို အမှန်တကယ် လွတ်မြောက်စေမည်လော။ ယင်းက ကျွန်ုပ်ကို အမှန်တကယ် လွတ်မြောက်စေပါက ကောင်းလိမ့်မည်၊ သို့သော် မလွတ်မြောက်စေပါက သာ၍ပင် ဆိုးရွားလိမ့်မည်” ဟူသော သံသယများ ရှိကြသည်။ ထို့ကြောင့် လူတို့သည် ဤကဲ့သို့ နာကျင်မှုထဲတွင် ရုန်းကန်ကြရသည်။ ဤသည်မှာ သမ္မာတရားကို မရရှိသေးသောသူများ၏ သနားစရာကောင်းသော သရုပ်သကန်ပင် ဖြစ်သည်။ လူတို့သည် အသက်ရှင်ရခြင်းတွင် မျှော်လင့်ချက်နှင့် စောင့်စားစရာ တစ်ခုခု အစဉ်သဖြင့်ရှိသည်ဟု ခံစားကြရသော်လည်း ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ဤအရာများသည် တိုး၍ မရေမရာဖြစ်လာပြီး ဝေးကွာလာသည်ဟု ခံစားကြရသည်။ လူတို့က ဤအရာများကို မရေမရာဖြစ်ပြီး ဝေးကွာသည်ဟု ခံစားရလေလေ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပို၍ ရုန်းကန်ရပြီး ဆင်းရဲဒုက္ခ ခံစားရလေလေ ဖြစ်သည်။ ထိုသို့သော လူများအားလုံးသည် ၎င်းတို့၏ အသိစိတ်နှင့်ဆိုင်သော စည်းနှင့် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများကို ထိန်းသိမ်းထားရန်နှင့် ၎င်းတို့၏ ဆန္ဒကို ဆန့်ကျင်သော နည်းလမ်းဖြင့် အသက်မရှင်ရန် မျှော်လင့်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို တင်းကျပ်သော တောင်းဆိုမှုများ မပြုလုပ်ကြသည့်အပြင် ၎င်းတို့၏ ဘဝအတွက် အလွန်မြင့်မားသော ပန်းတိုင်များကိုလည်း မသတ်မှတ်ကြပေ၊ ၎င်းတို့သည် ကြီးမားသော စည်းစိမ်နှင့် မြင့်မားသော ရာထူးကို မရှာဖွေကြဘဲ စိတ်အေးချမ်းသာမှုဖြင့် အသက်ရှင်ရန်သာ ရှာဖွေကြသည်။ သို့သော် ၎င်းတို့သည် မိမိတို့၏ ကျင့်ကြံပြုမူခြင်းအတွက် ထိုသို့သော ရိုးရှင်းသည့် စည်းမျဉ်းများနှင့် ထိုသို့သော ရိုးရှင်းသည့် စည်းတစ်ခုကိုပင် မစွဲကိုင်နိုင်ကြသဖြင့် ၎င်းတို့သည် နေ့စဉ်နေ့တိုင်း အသက်မဲ့နေသော ရုပ်အလောင်းများကဲ့သို့ အသက်ရှင်ကြပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်သည်ဟု ခံစားကြရသည်။ ဤပင်ပန်းနွမ်းနယ်မှုသည် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု မဟုတ်သကဲ့သို့ ဖျားနာမှုကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုလည်း မဟုတ်ဘဲ ကိုယ်စိတ်နှစ်ပါးစလုံး ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်သည်။ ဤပင်ပန်းနွမ်းနယ်မှုသည် ၎င်းတို့၏ စိတ်နှလုံး နစ်မြုပ်သွားခြင်းကြောင့် ဖြစ်ပေါ်လာသော လေးလံမှု ခံစားချက်တစ်ခု ဖြစ်သည်၊ ယင်းက ၎င်းတို့၏ စိတ်နှလုံးအပေါ် ကျောက်တုံးကြီးတစ်ခုကဲ့သို့ ဖိစီးနေပြီး ၎င်းတို့ကို အတွင်းစိတ်ထဲတွင် မွန်းကျပ်ကာ နာကျင်စေသည်။ သို့သော် ထို့နောက်တွင် ၎င်းတို့သည် ဘဝနှင့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ရင်ဆိုင်ရဦးမည်ဖြစ်သောကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို အားတင်းထားပြီး တစ်နေ့ပြီးတစ်နေ့ ဆက်လက်လျှောက်လှမ်းကြကာ ဆင်းရဲဒုက္ခများကြားတွင် ၎င်းတို့၏ နေ့ရက်များကို ဖြတ်သန်းလျက် အလွန် နာကျင်ရသော ဘဝတစ်ခုကို အသက်ရှင်ကြသည်။ အချို့လူများသည် ပီကင်းအော်ပရာကို သွားကြည့်လိုကြသည်။ ပီကင်းအော်ပရာရှိ ဇာတ်ကွက်များအားလုံးသည် ဇာတ်လိုက်၏ ဘဝက ခက်ခဲပြီး အဖုအထစ်များနှင့် အဆင်မပြေမှုများဖြင့် ပြည့်နှက်နေခြင်းအကြောင်း ဖြစ်ကာ အဆုံးတွင် သရုပ်ဆောင်က “ဆင်းရဲဒုက္ခပါတကား...” ဟု အော်ဟစ်လိုက်သည်ကို ၎င်းတို့ မြင်တွေ့ရပြီး မိမိတို့၏ စိတ်နှလုံးထဲတွင် နာကျင်မှုရှိသူများသည် ဤအရာကို နားလည်ခံစားပေးနိုင်ကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ယင်းကို နားလည်ခံစားပေးနိုင်ကြသနည်း။ အကြောင်းမှာ သရုပ်ဆောင်သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ရှိသောအရာကို ထုတ်ဖော်ပြောဆိုနေသောကြောင့် ဖြစ်သည်။ သင်သည် မိမိ၏ အသိစိတ်ဖြင့် အသက်ရှင်ပါက ဤလောကတွင် အသက်ရှင်ရခြင်းသည် မလွယ်ကူသည့်အပြင် သင့်ကို မည်သည့်နေရာသို့မျှ ရောက်စေမည်မဟုတ်ပေ၊ သင်သည် အခက်အခဲများနှင့် ကြုံတွေ့ရမည်၊ ဆုတ်ယုတ်မှုများကို ခံစားရမည်ဖြစ်ပြီး အချိန်တိုင်းတွင် ညှဉ်းပန်းနှိပ်စက်ခံရမည် ဖြစ်သည်။ သင်သည် မကောင်းသော လူတစ်ဦး၊ ဆိုးယုတ်သော လူတစ်ဦး သို့မဟုတ် ဆိုးညစ်သော လူတစ်ဦးဖြစ်ရန် ကြိုးစားပါက သင်သွားလေရာရာတိုင်းတွင် အဆင်ပြေမည်ဖြစ်ပြီး မည်သည့် အခက်အခဲနှင့်မျှ ကြုံတွေ့ရမည် မဟုတ်ပေ။ သင်သည် ဖြောင့်မှန်ပြီး ကြင်နာတတ်သော လူတစ်ဦးဖြစ်ပြီး သင်၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို ပိုင်ဆိုင်ပါက လူ့အဖွဲ့အစည်းတွင် အမျိုးမျိုးသောအရာများကို တွေ့ကြုံရပြီးနောက် သင်၏ ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းတို့သည် ညစ်ညမ်းသွားလျှင်ပင်ဖြစ်စေ၊ အစွန်းအထင်းများပင် ဖြစ်သွားပြီး အညစ်အကြေးအချို့ ပါဝင်လာလျှင်ပင်ဖြစ်စေ သင်၏ လူ့သဘာဝရှိ ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်သည့်အပြင် မည်သူကမျှ ယင်းတို့ကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ သင်သည် အမှန်တရားကို ပြောဆိုရန် သို့မဟုတ် သင်၏ ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများနှင့် စည်းများကို စောင့်ထိန်းရန် မရဲဝံ့တော့လျှင်ပင် သင်၏ စိတ်နှလုံး နက်ရှိုင်းရာတွင် အမှန်တရားကို ပြောဆိုရန်၊ သင်၏ ကျင့်ကြံပြုမူခြင်းအတွက် သင်၏ စည်းမျဉ်းများကို စောင့်ထိန်းရန်၊ သင်၏ အသိစိတ်နှင့်ဆိုင်သော စည်းကို ထိန်းသိမ်းထားရန်နှင့် အတွင်းစိတ် ငြိမ်သက်ခြင်းနှင့် အေးချမ်းခြင်း ခံစားချက်တစ်ခုကို ရရှိရန် တောင့်တနေလိမ့်မည် ဖြစ်သည်။
ဤဖြောင့်မှန်ပြီး ကြင်နာတတ်သော လူစားမျိုးသည် ဘုရားသခင်ကို ယုံကြည်လာပြီးနောက် ဘုရားအိမ်တော်ဖြစ်သည့် အသင်းတော်သည် ၎င်းတို့အတွက် သန့်ရှင်းစင်ကြယ်ခြင်းနှင့် တိတ်ဆိတ်ငြိမ်သက်ခြင်းရှိသော နေရာတစ်ခုဖြစ်သည့်အပြင် ၎င်းတို့၏ စိတ်နှလုံးက ငြိမ်သက်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရှာတွေ့နိုင်သော နေရာတစ်ခုလည်း ဖြစ်လေသည်။ အမှန်ပင်၊ ယင်းမှာ ၎င်းတို့၏ ဘဝ ရည်သန်မျှော်မှန်းချက်များ အကောင်အထည်ပေါ်လာစေရန် ၎င်းတို့ လိုက်စားနိုင်သည့် နေရာတစ်ခုဖြစ်ပြီး ၎င်းတို့၏ ဘဝတွင် အလင်းကို မြင်တွေ့နိုင်စေကာ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းကို မည်သို့ ဦးတည်ရမည်ဟူသည်နှင့်ပတ်သက်၍ လမ်းပျောက်နေသည်ဟု မခံစားရတော့စေသည့် နေရာတစ်ခုဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ သို့ဖြစ်၍ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော သူတစ်ဦးအတွက် ဘုရားအိမ်တော်သည် ၎င်းတို့၏ စစ်မှန်သော အိမ်ဖြစ်သည်။ ဤအိမ်သည် ဇာတိပကတိ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အဓိပ္ပာယ်အရ အိမ်တစ်ခု မဟုတ်ပေ၊ ထို့ထက် ယင်းမှာ ရိုးရှင်းပြီး ပွင့်လင်းကာ ပုန်းကွယ်မှုမရှိသော စိတ်နှလုံးဖြင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်နိုင်ပြီး သူ့ကို ကျိုးနွံနာခံနိုင်သည့် ဘေးကင်းလုံခြုံသော နေရာတစ်ခု ဖြစ်သည်။ ယင်းကို ဘေးကင်းလုံခြုံသော ခိုလှုံရာတစ်ခုဟုလည်း ခေါ်ဆိုနိုင်သည်။ ဆိုရိုးစကားက မည်သို့ဆိုသနည်း။ ဘုရားအိမ်တော်သည် လူ့သဘာဝ အရည်အသွေးများ ပိုင်ဆိုင်သော ဖြောင့်မှန်ပြီး ကြင်နာတတ်သည့် လူများ ခိုလှုံနိုင်သော ဆိပ်ကမ်းတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ ဤနေရာသည် ၎င်းတို့ ကျောက်ချနိုင်သော နေရာဖြစ်သည်၊ ၎င်းတို့သည် ဟိုဟိုဒီဒီ ပြေးလွှားနေရန် မလိုအပ်တော့ဘဲ သမ္မာတရားကို လက်ခံနိုင်ကာ ၎င်းတို့၏ ဘဝတွင် ၎င်းတို့၏ ဦးတည်ချက်နှင့် လမ်းကြောင်းကို ရှာတွေ့နိုင်သဖြင့် ၎င်းတို့၏ စိတ်နှလုံးများ ကျေနပ်ရောင့်ရဲကြသည်။ သို့ဖြစ်၍ စစ်မှန်သော လူသားတစ်ဦးသည် ဘုရားအိမ်တော်သို့ လာသည့်အခါမှသာ စိတ်နှလုံးထဲတွင် အမှန်တကယ် ကျေနပ်ရောင့်ရဲသည်ဟု ခံစားရသည်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦးသည် ဘုရားအိမ်တော်သို့ ပြန်လာပြီး ဖန်ဆင်းရှင်၏ ရှေ့မှောက်သို့ ပြန်လာသည့်အခါမှသာ ၎င်းတို့၏ စစ်မှန်သော အိမ်၊ ၎င်းတို့၏ စိတ်နှလုံးကို ငြိမ်သက်ခြင်းနှင့် အေးချမ်းခြင်း ရရှိစေသည့် နေရာတစ်ခုကို ရှာတွေ့ပြီဟု ခံစားရသည်။ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် ၎င်းတို့၏ ရည်သန်မျှော်မှန်းချက်များနှင့် ၎င်းတို့ ကျင့်ကြံပြုမူသည့် စည်းမျဉ်းများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် များစွာ ကွာခြားနေသော်လည်း အနည်းဆုံးအနေဖြင့် ဘုရားအိမ်တော်နှင့် အသင်းတော်တွင် ၎င်းတို့၏ စိတ်နှလုံးသည် ငြိမ်သက်ခြင်းနှင့် နှစ်သိမ့်မှု ရရှိပြီဟု ၎င်းတို့ ခံစားကြရသည်။ ဤသည်မှာ ဤလူစားမျိုးက ဘုရားအိမ်တော်တွင် ရှိနေခြင်းနှင့် လောကတွင် ရှိနေခြင်းကြား ခံစားရသည့် ကွာခြားချက် ဖြစ်သည်၊ ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးထဲရှိ ကွာခြားချက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ဤလူစားမျိုးသည် ဘုရားအိမ်တော်သို့ လာသောအခါ ၎င်းတို့၏ စိတ်နှလုံးသည် နှစ်သိမ့်မှုနှင့် ငြိမ်သက်ခြင်းကို ရရှိသည်၊ ဘုရားအိမ်တော်သာလျှင် ၎င်းတို့၏ ဘဝ ဦးတည်ချက်ကို ၎င်းတို့ လိုက်စားနိုင်သည့် နေရာဖြစ်သည်ဟု ၎င်းတို့ ခံစားရပြီး ယင်းမှာ ၎င်းတို့ အလိုအပ်ဆုံးသော ပတ်ဝန်းကျင်လည်း ဖြစ်ကာ ၎င်းတို့ တောင့်တသော နေရာလည်း သေချာပေါက် ဖြစ်သည်။ ၎င်းတို့သည် ဤနေရာကို ချစ်မြတ်နိုးကြပြီး ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် အသက်ရှင်ရန်နှင့် ကျင့်ကြံပြုမူရန် လိုလားကြသည်၊ မှန်ပေသည်၊ ထိုသို့လုပ်ဆောင်ရန်မှာ ၎င်းတို့၏ ကိုယ်ပိုင် ဆန္ဒဖြစ်သည်။ ၎င်းတို့၏ ဤကိုယ်ပိုင် ဆန္ဒအရ၊ ဘုရားအိမ်တော်၏ ပတ်ဝန်းကျင်၊ ဘုရားသခင် အမှုပြုသည့် နည်းလမ်း၊ လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် အခြားသော ကဏ္ဍအားလုံးသည် ၎င်းတို့၏ လူ့သဘာဝ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လုံလောက်နေပြီဖြစ်သောကြောင့် ၎င်းတို့သည် စိတ်အေးချမ်းသာမှုဖြင့် သမ္မာတရားကို လိုက်စားကြပြီး ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း လက်တွေ့လုပ်ဆောင်ကြသည်။ ထို့ကြောင့် လူတစ်ဦးသည် သမ္မာတရားကို လိုက်စားနိုင်ခြင်း ရှိမရှိဟူသည်မှာ ၎င်းတို့၏ လူ့သဘာဝအပေါ် လုံးလုံးလျားလျား မူတည်သည်။ ၎င်းတို့၏ လူ့သဘာဝက ကြင်နာတတ်ခြင်းနှင့် ဖြောင့်မှန်ခြင်း အရည်အသွေးများကို ပိုင်ဆိုင်မှသာ၊ ၎င်းတို့သည် တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးမှသာ၊ ၎င်းတို့သည် ဘုရားအိမ်တော်သို့ လာရခြင်းနှင့် အတွင်းစိတ် ငြိမ်သက်ခြင်းနှင့် အေးချမ်းခြင်းကို ရရှိရခြင်းကို ချစ်မြတ်နိုးမှသာ၊ သို့မဟုတ် ဘုရားအိမ်တော်သို့ လာပြီး ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီးနောက် ၎င်းတို့၏ စိတ်နှလုံးက အပြည့်အဝ နှစ်သိမ့်မှု ရရှိမှသာ ၎င်းတို့သည် စိတ်ကို တည်ငြိမ်အောင်ထားကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ကို ပြုလုပ်နိုင်သည်၊ ထိုအခါမှသာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားရန်နှင့် သင့်လျော်သော ဖန်ဆင်းခံတစ်ဦးဖြစ်ရန် စိတ်ကို တည်ငြိမ်အောင် ထားနိုင်သည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် ဘုရားအိမ်တော်၏ ပတ်ဝန်းကျင်သို့ လာပြီး ၎င်းတို့၏ စိတ်နှလုံးက နှစ်သိမ့်မှု ရရှိသောအခါ၊ သမ္မာတရားကို နားလည်ခြင်းက ၎င်းတို့၏ စိတ်နှလုံးကို ပြည့်ဝသည်ဟု ခံစားရစေသောအခါနှင့် ၎င်းတို့ လိုက်စားသော ဘဝ ရည်သန်မျှော်မှန်းချက်များနှင့် ပန်းတိုင်များ အကောင်အထည် ပေါ်လာသောအခါမှသာ၊ ဤအခြေခံ အခြေအနေများအောက်တွင်သာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားရန် အခွင့်အရေး ရှိကြသည်။ ဤသည်မှာ လူ့သဘာဝ အရည်အသွေးများ ပိုင်ဆိုင်သောသူများ၏ တိကျသော သရုပ်သကန်တစ်ခု ဖြစ်သည်။ သေချာပေါက်၊ သမ္မာတရားကို လိုက်စားခြင်းနှင့်ပတ်သက်လာလျှင် တစ်စုံတစ်ဦးသည် လူ့သဘာဝ အရည်အသွေးများကို ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည်မှာ အလွန် အရေးကြီးသည်။ တစ်စုံတစ်ဦးသည် လူ့သဘာဝ အရည်အသွေးများကို မပိုင်ဆိုင်ပါက ၎င်းသည် သမ္မာတရားကို လိုက်စားရန်အတွက် အခြေအနေများကို အခြေခံအားဖြင့် မပြည့်မီပေ။
ယခု လူတို့၏ လူ့သဘာဝတွင်ရှိသော ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းတို့၏ အခြားသော သရုပ်သကန်များအကြောင်းကို ငါတို့ ပြောဆိုကြစို့။ သူတို့၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို ပိုင်ဆိုင်သော လူများသည် အခြားသူများနှင့် ပေါင်းသင်းပြီး အပြန်အလှန်ဆက်ဆံရာတွင်လည်းကောင်း၊ သူတို့ ကျင့်ကြံပြုမူပြီး ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့် ပုံစံတွင်လည်းကောင်း အခြေခံ စည်းမျဉ်းတစ်ခုကို ချမှတ်ထားပုံအကြောင်း၊ ယင်းမှာ အခြားသူများအပေါ် အခွင့်ကောင်းမယူခြင်းဖြစ်ပုံအကြောင်း ငါ ယခုလေးတင် ပြောခဲ့သည်။ အမှန်ပင်၊ ဤသည်မှာ သူတို့ ကျင့်ကြံပြုမူခြင်းအတွက် စည်းလည်း ဖြစ်သည်။ အခြားသူများအပေါ် အခွင့်ကောင်းမယူခြင်းအပြင် ဤလူစားမျိုးတွင် အခြားသော သရုပ်သကန်တစ်ခု ရှိသည်။ သူတို့သည် အခြားသူများကို ကိုယ်ချင်းစာပြီး ကူညီရန် လိုလားကြသည့်အပြင် သူတို့ကို ပေးကမ်းရန်လည်း လိုလားကြသည်။ အခြားသူများ၏ အမြင်တွင် ဤကဲ့သို့သော လူများသည် အနည်းငယ် စဉ်းစားဉာဏ်မဲ့ကြသည်။ သူတို့သည် သဘောကောင်းလွန်းကြသည်၊ အခြားသူများကို အလွယ်တကူ ယုံကြည်ပြီး သနားတတ်ကြကာ သူတို့ကိုယ်တိုင်က ချမ်းသာကြွယ်ဝခြင်း မရှိသော်လည်း အခြားသူများအား ပေးကမ်းခြင်းကို နှစ်သက်ကြသည်။ သူတို့သည် မတရားမှုကို ဆန့်ကျင်ရပ်တည်ရန် နှစ်သက်ကြသည်။ တစ်စုံတစ်ဦး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ကို သူတို့ မြင်သောအခါ လက်ပိုက်ကြည့်မနေ သို့မဟုတ် မမြင်ဟန်မဆောင်ဘဲ ကူညီရန် တက်တက်ကြွကြွ ကြိုးစားကြသည်။ သူတို့တွင် ကူညီရန် စွမ်းရည်မရှိလျှင်ပင် သူတို့၌ ကောင်းမွန်သော ရည်ရွယ်ချက်များ ရှိကြသေးသည်။ တစ်စုံတစ်ဦး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ကို သူတို့ မြင်သောအခါ သူတို့အနေဖြင့် ကူညီလက်ကမ်းခြင်း မရှိပါက သူတို့၏ အသိစိတ်က လိပ်ပြာသန့်နိုင်မည် မဟုတ်ဟု ခံစားကြရသည်။ အခြားသူက အကူအညီ မတောင်းလျှင်ပင် သူတို့က ထိုသူကို ကူညီသင့်သည်ဟု ခံစားရသေးသည်။ အခြားသူသည် သူတို့၏ အကူအညီကို ရရှိပြီးနောက် ကျေးဇူးတင်ကြောင်းသာ ပြောပြီး ထိုအတိုင်း ထားလိုက်သော်လည်း ဖြောင့်မှန်ပြီး ကြင်နာတတ်သောသူက ဂရုမစိုက်ပေ။ နောက်ပိုင်းတွင် အခြားတစ်စုံတစ်ဦးက အခက်အခဲများနှင့် အမှန်တကယ် ရင်ဆိုင်နေရသောအခါ သူတို့သည် ထိုသူကို ထိုနည်းတူ ကူညီကြလိမ့်ဦးမည်ဖြစ်သည်။ ဤသည်မှာ လူတို့အတွက် အနည်းငယ် အသိဉာဏ်ကင်းမဲ့သည် သို့မဟုတ် စဉ်းစားဉာဏ်မဲ့သည်ဟု ထင်ရသည်။ အခြားသူများက သူတို့ကို ကြင်နာမှုလုပ်ရပ်များ လုပ်ဆောင်ခြင်းကို ရပ်တန့်ရန် အကြံပေးကြပြီး လူများကို ကူညီသောအခါ အနည်းဆုံးအနေဖြင့် ကျေးဇူးအကြွေးတင်စေရန် လုပ်သင့်ကြောင်း သူတို့ကို ပြောဆိုကြသည်။ ဤအရာကို ကြားရသောအခါ သူတို့က “လူများကို ကူညီခြင်းမှ ကျေးဇူးအကြွေးတင်စေရန် ငါတို့ လုပ်သင့်သလော။ အကူအညီပေးရန် အားထုတ်မှု မည်မျှ လိုအပ်သနည်း။ အဘယ်ကြောင့် အမှုအရာများကို ဤမျှ ရှုပ်ထွေးစေရသနည်း” ဟု စဉ်းစားဆင်ခြင်ကြသည်။ ဤသည်မှာ သူတို့ မည်မျှ ရိုးရှင်းကြောင်းပင် ဖြစ်သည်။ သူတို့သည် အခြားသူများကို ကူညီရန် ရိုးရှင်းစွာ လိုလားကြခြင်း ဖြစ်သည်။ ငါ့ကို ပြောလော့၊ အခြားသူများကို ကူညီရန် လိုလားခြင်းသည် လူတစ်ဦး၏ လူ့သဘာဝနှင့် တစ်စုံတစ်ရာ သက်ဆိုင်မှုရှိသည်ဟု သင် ထင်သလော။ (ဟုတ်ပါသည်။) သူတို့သည် မည်သည့် တုံ့ပြန်ကျေးဇူးဆပ်မှုမျိုးကိုမျှ အမှန်တကယ် မရှာဖွေကြပေ။ ဤလောကတွင် လိုအင်ဆန္ဒများနှင့် လိုချင်မက်မောမှုများ ကင်းစင်သူ တစ်ဦးတစ်ယောက် ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် ဤလူစားမျိုးသည် အဘယ်ကြောင့် တစ်စုံတစ်ရာ ပြန်လည်ရရှိရန် မကြိုးစားဘဲ အခြားသူများကို ကူညီနိုင်သနည်း။ လူအများစုအနေဖြင့် ထိုသူကို သူတို့ ကူညီနိုင်ရန်အလို့ငှာ မည်သည့် အထူးအခြေအနေများ ရှိနေရန် လိုအပ်သနည်း၊ သို့မဟုတ် တစ်စုံတစ်ဦးနှင့် သူတို့၏ ပတ်သက်ဆက်နွှယ်မှုသည် မည်သို့ ရှိရမည်နည်း။ တစ်ခုမှာ အရင်းနှီးဆုံးသော ပတ်သက်ဆက်နွှယ်မှုမျိုးဖြစ်သည့် သွေးသားတော်စပ်ခြင်း ဖြစ်သည်။ ထို့အပြင် သူတို့ ကူညီသောသူသည် စွမ်းဆောင်နိုင်ရည်ရှိသူတစ်ဦး ဖြစ်ရမည်၊ သို့မဟုတ် သူတို့ကို ကူညီခြင်းမှ ရရှိမည့် အကျိုးအမြတ် တစ်စုံတစ်ရာ ရှိရမည်ဖြစ်ပြီး သူတို့ကိုယ်တိုင်အတွက် ဆုံးရှုံးမှုမရှိဘဲ အကျိုးကျေးဇူးများသာ ရှိရမည်ဖြစ်သည်။ ဤသည်တို့မှာ တစ်ခုတည်းသော အခြေအနေများ ဖြစ်သည်။ ဤအခြေအနေများမှလွဲ၍ မည်သူက အကြောင်းပြချက်မရှိဘဲ အခြားသူများကို ကူညီမည်နည်း။ တိတိကျကျ ပြောရလျှင် သူတို့သည် အခြားသူများကို အလကားသက်သက် မကူညီကြပေ။ ရရှိမည့် အကျိုးအမြတ် တစ်စုံတစ်ရာ ရှိရမည်ဖြစ်သည်။ ချက်ချင်းရမည့် အကျိုးအမြတ် မရှိလျှင်ပင် ရေရှည်အကျိုးအမြတ် တစ်စုံတစ်ရာ ရှိရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ယင်းမှ တစ်စုံတစ်ရာ ရရှိနိုင်မှသာ ကူညီကြသည်။ ယခု အခြားသူများကို ကူညီရန် လိုလားသော လူများနှင့်ပတ်သက်၍ သူတို့ မည်မျှ ကူညီသည်ဖြစ်စေ၊ သို့မဟုတ် သူတို့ ကူညီသည့်အရာက တန်ဖိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ယင်းမှာ ကြီးမားသောအရာဖြစ်စေ၊ အသေးအဖွဲဖြစ်စေ ထိုအရာကို ဘေးဖယ်ထားလျက် အခြားသူများကို ကူညီရန် သူတို့၏ လိုလားမှုသည် အဘယ်မှ လာသနည်း။ ယင်းက သူတို့၏ လူ့သဘာဝနှင့် သက်ဆိုင်သလော။ (ဟုတ်ပါသည်။) ယင်းက လူ့သဘာဝ၏ မည်သည့်ကဏ္ဍနှင့် ဆက်စပ်သနည်း။ (ကြင်နာတတ်ခြင်း ဖြစ်ပါသည်။) ယင်းက ကြင်နာတတ်ခြင်းနှင့် သက်ဆိုင်သည်။ လူတို့သည် သူတို့၏ လူ့သဘာဝတွင် ကြင်နာတတ်ခြင်း အရည်အသွေးကို ပိုင်ဆိုင်သောအခါ သူတို့သည် အခြားသူများကို ကူညီရန် လိုလားကြသည်။ ဥပမာအားဖြင့် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး အပျက်သဘောဆောင်ပြီး အားနည်းလာသည်ကို သူတို့ မြင်သည်ဟု ဆိုကြစို့။ အမှန်တွင် သူတို့ကိုယ်တိုင်က အသင်းတော် ခေါင်းဆောင်တစ်ဦး မဟုတ်သည့်အပြင် ဤညီအစ်ကို သို့မဟုတ် ညီအစ်မနှင့် သာမန် ပတ်သက်ဆက်နွှယ်မှုသာ ရှိသော်လည်း ထိုသူ အပျက်သဘောဆောင်ပြီး အားနည်းနေသည်ကို မြင်သောအခါ သူတို့ စိတ်မကောင်းဖြစ်ကြပြီး သူတို့၏ စိတ်နှလုံးထဲတွင် ဝန်ထုပ်တစ်ခု ရှိကြသည်။ သူတို့ မကူညီပါက သူတို့အနေဖြင့် စိတ်မချမ်းသာဘဲ သူတို့က “ငါ့ကိုယ်ပိုင် ဝိညာဉ်ရင့်ကျက်မှုက မကြီးမားသည့်အပြင် သမ္မာတရားများစွာကို ငါ နားမလည်သော်လည်း ငါ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ကြိုးစားခြင်းက ငါ့အတွက် ကောင်းမွန်သည့်အရာ ဖြစ်ဆဲပင်။ ငါပြောသည့်အရာကို ကြားပြီးနောက် သူတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ပြီး အပျက်သဘောဆောင်ခြင်းကို ရပ်တန့်နိုင်ကောင်း ရပ်တန့်နိုင်လိမ့်မည်။ ယင်းက မကောင်းလော” ဟု တွေးကြသည်။ သို့ဖြစ်၍ တစ်စုံတစ်ဦး အပျက်သဘောဆောင်ပြီး အားနည်းလာပါက သူတို့ သတိမထားမိမချင် ကိစ္စမရှိ၊ သူတို့ သတိထားမိသည်နှင့်တစ်ပြိုင်နက် ထိုသူနှင့် မိတ်သဟာယဖွဲ့ရန် အခွင့်အရေးတစ်ခုကို သူတို့ ရှာဖွေကြသည်။ သူတို့ကိုယ်တိုင် ရှင်းလင်းစွာ မိတ်သဟာယမဖွဲ့နိုင်ပါက သူတို့နှင့် မိတ်သဟာယဖွဲ့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ စာပိုဒ်တစ်ခုကို သူတို့ ရှာဖွေကြသည်။ အချုပ်အားဖြင့်ဆိုရသော် တိုက်တွန်းအားပေးခြင်း၊ လမ်းပြခြင်းနှင့် ထိုသူအား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြခြင်းတို့ ပေါင်းစပ်မှုမှတစ်ဆင့် ထိုသူသည် နောက်ဆုံးတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်လာသည်၊ အပျက်သဘော မဆောင်တော့ဘဲ သူ၏ တာဝန်ကို ပုံမှန် ထမ်းဆောင်နိုင်လာကာ ယင်းက ကြင်နာတတ်သောသူကို ကျေနပ်မှုခံစားချက်တစ်ခု ပေးစွမ်းသည်။ လူများ အပျက်သဘောဆောင်ပြီး ခိုကပ်နေသည်ကိုဖြစ်စေ၊ စိတ်ဆင်းရဲပြီး ဒုက္ခရောက်နေသည်ကိုဖြစ်စေ သူတို့ လုံးဝ ကြည့်မနေရက်နိုင်ပေ။ သူတို့ကို နှစ်သိမ့်ပြီး ထောက်ပံ့ပေးလိုရုံသာ ဖြစ်သည်။ အခြားသူက အပျက်သဘောဆောင်နေဆဲဖြစ်ပါက သူတို့သည် မိမိတို့၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်ဟု ခံစားကြရသည်။ သူတို့၏ အကြံပေးမှုနှင့် လမ်းပြမှုတို့ကြောင့် ထိုသူသည် အပျက်သဘော မဆောင်တော့သောအခါ သူတို့သည် အတွင်း၌ ကြီးမားသော ပျော်ရွှင်မှုကို ခံစားရပြီး ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူခြင်းသည် အတော်အတန် ကောင်းမွန်သည်ဟု ခံစားကြရသည်။ သူတို့သည် မည်သည့် အကျိုးအမြတ်ကိုမျှ မရှာဖွေကြပေ။ တစ်စုံတစ်ဦးကို သူတို့ ကူညီနိုင်သောအခါ မကူညီခြင်းက သူတို့ကို စိတ်မသက်မသာ ဖြစ်ကျန်ရစ်စေမည်ဖြစ်ပြီး သူတို့၏ အသိစိတ်ကို အနှောင့်အယှက်ဖြစ်စေမည် ဖြစ်သောကြောင့်သာ ဖြစ်သည်။ ငါ့ကို ပြောကြလော့၊ သူတို့၏ အသိစိတ်ကို ဤသို့ အနှောင့်အယှက်ဖြစ်စေခြင်းနှင့် စိတ်မသက်မသာဖြစ်သော ဤခံစားချက်တို့သည် လူ့သဘာဝ အရည်အသွေးများ၏ သရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းများ ဖြစ်သည်ဟု သင်တို့ ထင်ကြသလော။ (ဟုတပါသည်။)
လူအချို့သည် အခြားသူများကို သနားစာနာတတ်ကြသည်။ အမှန်ပင်၊ လူ့သဘာဝ၏ ရှုထောင့်တစ်ခုမှ ကြည့်လျှင် သူတို့သည် တစ်ခါတစ်ရံ ဆိုးယုတ်သော လူများကို သနားစာနာပြီး ကူညီကောင်း ကူညီနိုင်သောကြောင့် ဤသည်မှာ လူသား၏ အားနည်းချက်တစ်ခုလည်း ဖြစ်နိုင်သော်လည်း သူတို့သည် ဤအားနည်းချက်ကို မပြောင်းလဲနိုင်ကြပေ။ သူတို့က ဆိုးယုတ်သော လူတစ်ဦးကို ကူညီပြီးနောက် ထိုဆိုးယုတ်သောလူသည် အခက်အခဲကို ကျော်လွှားနိုင်ပြီး ကြီးပွားတိုးတက်လာသော်လည်း သူတို့အား အထင်သေးကာ လျစ်လျူရှုထားဆဲဖြစ်သည်။ သူတို့က “သူသည် အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ သူ ဒုက္ခရောက်ပြီး ငါ့အကူအညီကို တောင်းခံခဲ့စဉ်က ငါ သူ့ကို သနားစာနာပြီး ကူညီခဲ့သည်။ သို့သော် ယခု သူက ကြီးပွားတိုးတက်ပြီး ဘဝကို ကောင်းမွန်စွာ နေထိုင်နေရချိန်တွင် ငါ့ကို လျစ်လျူရှုထားကြသည်” ဟု ပြောဆိုလျက် အတွင်း၌ စိတ်မကောင်းဖြစ်ကြသည်။ သူတို့၏ စိတ်နှလုံးထဲတွင် ဤအရာကို နားမလည်နိုင်ကြပေ။ သူတို့သည် ဆိုးယုတ်သော လူများ၏ အနှစ်သာရကို ထိုးထွင်းမသိမြင်နိုင်ကြပေ။ အချိန်အတန်ကြာပြီးနောက် အခြားသော ဆိုးယုတ်သည့် လူတစ်ဦးက သူတို့၏ အကူအညီကို တောင်းခံပါက သူတို့သည် ထိုသူကို သနားစာနာကောင်း သနားစာနာနိုင်သေးသော်လည်း ဤသူသည် ဆိုးယုတ်ခြင်း ရှိမရှိဟူသည်ကို သူတို့ ပထမဦးစွာ ကြည့်ရှုကြလိမ့်မည်။ ထိုသူသည် ထိုမျှ ရွံရှာဖွယ်မကောင်းဘဲ အတော်အတန် သနားစရာကောင်းနေပါက သူတို့သည် ထိုသူ့အတွက် သနားစာနာမှုကို ခံစားရလိမ့်ဦးမည်ဖြစ်သည်။ မိမိတို့၏ တာဝန်ကို အချိန်ပြည့် ထမ်းဆောင်သော်လည်း မိသားစုများ ဆင်းရဲကာ ဘဝတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသော ညီအစ်ကိုမောင်နှမအချို့ကို သူတို့ မြင်သောအခါ “သူတို့ ဤမျှ ဆင်းရဲသည့်တိုင် သူတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ကြသေးသည်။ ဤသည်မှာ လူကောင်းတစ်ဦးပင် ဖြစ်သည်။ ငါကိုယ်တိုင်က ချမ်းသာကြွယ်ဝသော ဘဝကို နေထိုင်ရသည်။ ငါ သူတို့ကို မကူညီပါက သူတို့အပေါ် ငါ မတရားလုပ်သကဲ့သို့ ခံစားရလိမ့်မည်။ သူတို့ အဝတ်အစားအချို့ သို့မဟုတ် နေ့စဉ်သုံးပစ္စည်းများ ဝယ်နိုင်ရန်အလို့ငှာ ငါ သူတို့ကို ပေးကမ်းပြီး ကူညီသင့်သည်” ဟု သူတို့ တွေးကြသည်။ သင် မြင်သလော၊ သူတို့သည် သဘောကောင်းကြသည်။ လူများ အခက်အခဲများ ကြုံတွေ့နေရသည်ကို သူတို့ မြင်သောအခါ ထိုသူတို့အတွက် သနားစာနာမှု မခံစားရဘဲ၊ မကူညီဘဲ မနေနိုင်ကြပေ။ လူအများအကြားတွင် လူကောင်းများ၊ ဆိုးယုတ်သော လူများနှင့် အသိဉာဏ်ကင်းမဲ့သော လူများလည်း ရှိကြသည်။ လူကောင်းများသည် အခြားသူများကို ပေးကမ်းနိုင်ပြီး ကူညီနိုင်ကြသည်၊ ဆိုးယုတ်သော လူများသည် ခပ်သိမ်းသော ဆိုးယုတ်သည့်အရာများကို လုပ်ဆောင်နိုင်စွမ်းရှိကြပြီး အမျိုးမျိုးသော အသိဉာဏ်ကင်းမဲ့သည့် လူများသည် အခြားသူများ၏ အသုံးချခြင်းနှင့် ခိုင်းစေခြင်းကို အစဉ်သဖြင့် ခံရကာ ခပ်သိမ်းသော မိုက်မဲသည့်အရာများကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့သည် အတိုင်းအတာအမျိုးမျိုးအထိ အသိဉာဏ်ကင်းမဲ့ကြသည်။ အချုပ်အားဖြင့်ဆိုရသော် လူအမျိုးအစား ပေါင်းစုံ ရှိကြသည်။ လူ့သဘာဝ အရည်အသွေးများကို ပိုင်ဆိုင်သော လူများသည် အခြားသူများကို သနားစာနာတတ်ကြသည်။ သူတို့သည် အခြားသူများကို သနားစရာကောင်းသူများအဖြစ် အစဉ်သဖြင့် မြင်ကြသည်၊ လူတို့နှင့်ပတ်သက်၍ သနားစရာကောင်းသည့်အရာကို သူတို့ အစဉ်သဖြင့် မြင်နိုင်ကြပြီး လူတို့သည် မည်သည့်နေရာတွင် သနားစာနာမှုခံရရန် ထိုက်တန်ကြောင်းကို သူတို့ အစဉ်သဖြင့် မြင်နိုင်ကြသည်။ သူတို့၏ အသိစိတ်တွင် နူးညံ့သိမ်မွေ့ခြင်း သဘောသဘာဝတစ်ခု ရှိသည်။ ဆိုလိုသည်မှာ တစ်စုံတစ်ဦး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ကိုဖြစ်စေ၊ နာကျင်ရသော အခြေအနေများနှင့် ကြုံတွေ့နေရသည်ကိုဖြစ်စေ၊ ဆိုးယုတ်သော လူများ၏ အနိုင်ကျင့်ခြင်း သို့မဟုတ် မတရားဆက်ဆံခြင်း ခံရသည်ကိုဖြစ်စေ သူတို့ မြင်သောအခါ သူတို့သည် အတွင်း၌ ဒေါသထွက်လာကြပြီး ထိုသို့သော လူများအတွက် သနားစာနာမှုကို ခံစားရသည်။ သူတို့တွင် သနားစာနာတတ်သော စိတ်နှလုံးတစ်ခု အစဉ်သဖြင့်ရှိကြသည်။ အမှန်တွင် သူတို့၏ ကိုယ်ပိုင် အခြေအနေများသည် အခြားသူများထက် များစွာ ပိုကောင်းချင်မှ ပိုကောင်းမည်ဖြစ်ပြီး သူတို့သည် အနိုင်ကျင့်ခံရမှု ပိုနည်းချင်မှလည်း နည်းမည်ဖြစ်သော်လည်း သူတို့၏ လူ့သဘာဝတွင် ကြင်နာတတ်ခြင်း ရှိသောကြောင့် သူတို့သည် အခြားသူများကို သနားစာနာခြင်း မရှိဘဲ မည်သည့်အခါမျှ မနေနိုင်ကြပေ။ လူများ အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ သို့မဟုတ် နာကျင်မှု ခံစားရသောအခါ သူတို့သည် လက်ပိုက်ကြည့်မနေ သို့မဟုတ် ထိုသူတို့ကို လျစ်လျူမရှုကြပေ။ တစ်ခါတစ်ရံတွင် လူမှုပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကြောင့် လူတို့သည် မိမိတို့၏ အပေါင်းအဖော်များကို လျစ်လျူရှုလျက် မိမိတို့ကိုယ်ကိုသာ ဂရုစိုက်ကြသည်ကို မြင်ရသဖြင့် သူတို့သည် လူများကို ကူညီခြင်းမှ ရှောင်ကြဉ်လိုကြလိမ့်မည်ဖြစ်သော်လည်း သူတို့ အစဉ်သဖြင့် အရေးနိမ့်ကြသည်။ ထမင်းတစ်နပ် မစားနိုင်သော ဆင်းရဲသားတစ်ဦးကို သူတို့ မြင်သောအခါ သူတို့၏ စိတ်ထဲတွင် ချီတုံချတုံ တွေးတောပြီးနောက် သူတို့သည် ထိုသူကို ကူညီဖြစ်သွားကြသေးသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် ချောင်းဆိုးခြင်း၊ နှာချေခြင်းနှင့် အဖျားကြီးခြင်းတို့ဖြင့် ပြင်းထန်သော အအေးမိခြင်းကို ခံစားရသည်ဟု ဆိုကြစို့။ အချို့လူများသည် ကူးစက်ခံရမည်ကို ကြောက်ရွံ့ကြသဖြင့် ဝေးဝေးတွင် နေကြသည်။ အခြားတစ်ဖက်တွင်မူ သဘောကောင်းသော လူများသည် ထိုသူအတွက် စိုးရိမ်ပူပန်မှု မပြဘဲ မနေနိုင်ကြပေ။ “သင် အအေးမိနေသည်။ ဆေးသောက်ပြီးပြီလော” ဟူ၍ ဖြစ်သည်။ ထိုသူတွင် ဆေးအတွက် ငွေမရှိပါက သူတို့သည် ထိုသူ့အတွက် ဆေးဝယ်ပေးရန် မိမိတို့၏ ကိုယ်ပိုင်ငွေကို သုံးစွဲကြလိမ့်မည်။ သင် မြင်သလော၊ သဘောကောင်းသော သူတစ်ဦးသည် တစ်စုံတစ်ဦး ဖျားနာပြီး ဆင်းရဲဒုက္ခခံစားနေရသည်ကို မြင်သောအခါ သူသည် လက်ပိုက်ကြည့်မနေပေ။ ဆိုလိုသည်မှာ လူများ အခက်အခဲများနှင့် ရင်ဆိုင်နေရသောအခါ၊ ဒုက္ခရောက်သောအခါ သို့မဟုတ် ခက်ခဲသော အကျပ်အတည်းများနှင့် ကြုံတွေ့ရသောအခါ လူ့သဘာဝ အရည်အသွေးများရှိသော လူများသည် ယင်းကို အစဉ်သဖြင့် ခံစားသိရှိနိုင်ပြီး ထိုသူတို့ အကူအညီ လိုအပ်ကြောင်းကို အစဉ်သဖြင့် သဘောပေါက်နိုင်ကြသည်။ သူတို့သည် အခြားလူတိုင်းနှင့် တူညီသော ပတ်ဝန်းကျင်တွင် ရှိကြသော်လည်း အခြားသူများ မခံစားနိုင်သော အရာများကို သူတို့က အထူးသဖြင့် အာရုံခံစားလွယ်ကြသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ လူတို့၏ စိတ်နှလုံးများ မတူညီကြသောကြောင့်သာ ဖြစ်သည်။ လူသားဆန်မှု ကင်းမဲ့သော လူများသည် အခြားသူများ မည်မျှ နာကျင်နေပါစေ ၎င်းတို့ မသိမြင်နိုင်သည့်အလား မေးမြန်းခြင်း မရှိကြပေ။ လူသားဆန်မှု ရှိသော လူများမှာမူ သူတို့၏ လူ့သဘာဝ အရည်အသွေးများတွင် ကြင်နာတတ်ခြင်း သဘောသဘာဝတစ်ခု ရှိသောကြောင့် သူတို့အနီးအနားတွင် စိတ်ဆင်းရဲမှုနှင့် အခက်အခဲများ ကြုံတွေ့နေရသော သူများအတွက် အစဉ်သဖြင့် သနားစာနာမှု မခံစားရဘဲ မနေနိုင်ကြပေ။ ထို့နောက် သူတို့၏ အသိစိတ်က စိုးမိုးထားသဖြင့် ကူညီလက်ကမ်းကြသည်။ သင် ကြိုးစားလျှင်ပင် သူတို့ကို တားဆီးနိုင်မည် မဟုတ်ပေ။ အခြားသူများက သူတို့၏ ကြင်နာမှုကို မှတ်မိရန် မျှော်လင့်လျက် ဤသို့ လုပ်ဆောင်ကြခြင်း မဟုတ်သည့်အပြင် သူတို့၏ လူ့သဘာဝနှင့် သူတို့၏ စရိုက်ကို အလွန်အမင်း ချီးမွမ်းကြလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် လုပ်ဆောင်ကြခြင်းလည်း မဟုတ်ပေ။ သူတို့တွင် ထိုသို့လုပ်ဆောင်ရန် လိုလားမှုသာ ရှိကြပြီး ထိုသို့လုပ်ဆောင်ခြင်းက သူတို့ကို စိတ်နှလုံးထဲတွင် စိတ်တည်ငြိမ်မှု ခံစားချက်တစ်ခု ပေးစွမ်းသည်။ ဤသည်တို့မှာ လူ့သဘာဝ အရည်အသွေးများမှ ပေါ်ပေါက်လာသော အတွေးများနှင့် အပြုအမူများ ဖြစ်သည်။ မည်သူမျှ ယင်းတို့ကို မပြောင်းလဲနိုင်သည့်အပြင် မည်သူမျှ ယင်းတို့ကို မကန့်သတ်နိုင်ပေ။ သူတို့ လုပ်ဆောင်သည့် အရာများ သို့မဟုတ် သူတို့ ကျင့်ကြံပြုမူသည့် နည်းလမ်းများနှင့် ထိုသို့လုပ်ဆောင်သည့် စည်းမျဉ်းများသည် ပုံမှန် လူ့သဘာဝ၏ သန့်စင်သော သဘာဝအလျောက် ထုတ်ဖော်ခြင်းများသာ ဖြစ်သည်။ လူ့သဘာဝ၏ ဤသဘာဝအလျောက် ထုတ်ဖော်ခြင်းများသည် သူတို့၏ စိတ်နှလုံးများမှ လုံးလုံးလျားလျား လာခြင်းဖြစ်သည်။ သူတို့သည် ဤနည်းလမ်းအတိုင်း လိုလိုလားလား ပြုမူကြသည်။ မည်သူကမျှ သူတို့ကို ထိုသို့လုပ်ရန် ညွှန်ကြားထားခြင်း မဟုတ်သည့်အပြင် သူတို့သည် အကျိုးအမြတ် တစ်စုံတစ်ရာကို လိုက်စားနေခြင်းလည်း မဟုတ်ပေ။ သူတို့သည် ရိုးရှင်းစွာ ထိုသို့လုပ်ဆောင်ရန် လိုလားကြပြီး ထိုသို့သောအရာများကို လုပ်ဆောင်ခြင်းကသာ သူတို့ကို စိတ်အေးချမ်းသာမှု ပေးစွမ်းသည်။ သူတို့ ထိုအရာများကို မလုပ်ဆောင်ပါက စိတ်ထဲ၌ စိတ်မသက်မသာ ခံစားကြရသည်။ အခက်အခဲများနှင့် ရင်ဆိုင်နေရသော ဆိုးယုတ်သည့် လူတစ်ဦးနှင့် ကြုံတွေ့ရသောအခါတွင်ပင် သူတို့သည် ဆိုးယုတ်သော လူများကို မကူညီသင့်ကြောင်း သိကြသော်လည်း “ငါ ရက်စက်လာနေသလော” ဟုလည်း တွေးကြသည်။ ဤဆိုးယုတ်သော လူကို သူတို့ မကူညီလျှင်ပင် သူတို့၏ သနားစာနာမှုသည် ပြောင်းလဲခြင်းမရှိဘဲ နေရာမှန်နှင့် လူမှန် တွေ့သောအခါ သဘာဝအလျောက် တစ်ဖန် ထုတ်ဖော်ပြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ လူ့သဘာဝ အရည်အသွေးတစ်ခု ဖြစ်သည်။ လူ့သဘာဝ အရည်အသွေးများသည် မွေးရာပါဖြစ်ပြီး သေချာပေါက် ယင်းတို့ကို အချိန်မရွေး၊ နေရာမရွေး ထုတ်ဖော်ပြကောင်း ထုတ်ဖော်ပြနိုင်သည်၊ ယင်းတို့သည် အလွန် သဘာဝကျသည်၊ အလွန် သန့်စင်ပြီး အလွန် ရိုးရှင်းသည်။ ထို့ကြောင့် တစ်စုံတစ်ဦးသည် သူ၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို ပိုင်ဆိုင်သောအခါ ယင်းက သူ၏ မိဘများ သို့မဟုတ် လူ့အဖွဲ့အစည်းက သူ့ကို သွန်သင်လေ့ကျင့်ပေးခဲ့သည့်အရာမှ လာခြင်းမဟုတ်သည့်အပြင် မည်သည့် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကိုမျှ ခံရခြင်းလည်း မဟုတ်ပေ။ ဤသည်တို့မှာ လူတစ်ဦး၏ လူ့သဘာဝတွင်ရှိသော ပင်ကို အရည်အသွေးများ ဖြစ်သည်။
လူအချို့သည် ပေးကမ်းခြင်းကို နှစ်သက်ကြသည်။ ပေးကမ်းခြင်းကို နှစ်သက်သော လူများသည် ချမ်းသာကြွယ်ဝသူများလည်း ဖြစ်ရမည်ဟု သင် ထင်သလော။ သူတို့သည် ဘဝ၏ မုန်တိုင်းများစွာကို ဖြတ်သန်းခဲ့ပြီး လောကီနှင့်ပတ်သက်၍ စိတ်ပျက်အားလျော့လာသူများ ဖြစ်ရမည်လော။ သူတို့သည် လောက၏ စည်းစိမ်နှင့် ခမ်းနားထည်ဝါမှုအားလုံးကို ခံစားခဲ့ဖူးပြီး ယင်းတို့အားလုံးကို ထိုးထွင်းသိမြင်ကာ ရုပ်ဝတ္ထုပစ္စည်းများ ခံစားစံစားခြင်းကို လျစ်လျူရှုလာသူများ ဖြစ်ရမည်လော။ သူတို့သည် ပင်ကိုစရိုက်အရ အတော်အတန် ပူပင်သောကကင်းပြီး သဘောထားကြီးသူများ ဖြစ်ရမည်လော။ မဟုတ်ပေ၊ သူတို့သည် ဤသို့ဖြစ်ရန် မလိုအပ်ပေ။ သူတို့၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို ပိုင်ဆိုင်သော လူများထဲတွင် အထူးသဖြင့် ချွေတာသော ဘဝကို နေထိုင်သည့် လူစားမျိုး ရှိသည်။ သူသည် စားသောက်နေစဉ် ဆန်တစ်စေ့ ကျသွားပါက ယင်းကို ဖြုန်းတီးပစ်ရန် မတွေးရက်နိုင်သဖြင့် ကောက်စားရမည်ဖြစ်သည်။ သူသည် သွားတိုက်ပြီး မျက်နှာသစ်သောအခါ ရေအနည်းငယ်ကိုသာ သုံးသည်။ သူ၏ အဝတ်အစားများ ဟောင်းနွမ်းသွားသောအခါ ယင်းတို့ကို မလွှင့်ပစ်ရက်ပေ။ ယင်းတို့ကို လျှော်ဖွပ်ပြီး ဆက်လက် ဝတ်ဆင်သည်။ ပစ္စည်းများ ဝယ်ယူသောအခါ သူတို့သည် သေချာစွာ စီစဉ်ပြီး ဘတ်ဂျက်ဆွဲကြကာ အရည်အသွေး လက်ခံနိုင်သရွေ့ ဈေးပေါသောအရာများကို ဝယ်ယူသည်။ ဤလူစားမျိုးသည် ဤမျှ ချွေတာသောကြောင့် သူတို့သည် ကပ်စေးနှဲသည်ဟု ဆိုလိုသလော။ (မဟုတ်ပါ။) ဤလူစားမျိုးသည် မိမိကိုယ်တိုင်နှင့်ပတ်သက်လာလျှင် အထူးသဖြင့် ချွေတာကြသော်လည်း အခြားသူများနှင့် ပတ်သက်လာလျှင် ကပ်စေးနှဲခြင်း မရှိပေ။ ဥပမာအားဖြင့် တစ်စုံတစ်ဦး ခက်ခဲသော ဘဝကို နေထိုင်နေရသည်ကို သူ မြင်သောအခါ အဝတ်အစား သို့မဟုတ် အသုံးအဆောင် ပစ္စည်းများကဲ့သို့သော သူ၏ ကိုယ်ပိုင်ပစ္စည်းအချို့ကို ထိုသူအား ပေးကမ်းကြသည်။ အချို့လူများက “သူက ပရဟိတလုပ်သော ဆင်းရဲသား တစ်မျိုးမျိုးလော” ဟု ပြောဆိုကြသည်။ ထိုသို့မဟုတ်ပေ။ သူသည် အခြားသူများကို အတော်အတန် သနားစရာကောင်းသည်ဟု ခံစားရသောကြောင့် ထိုသူတို့ကို အစဉ်သဖြင့် ကူညီလိုခြင်းသာ ဖြစ်သည်။ အမှန်တွင် သူကိုယ်တိုင်က ချမ်းသာကြွယ်ဝခြင်း မရှိသည့်အပြင် အခြားသူများကို ကူညီထောက်ပံ့ပေးသောအခါ တစ်စုံတစ်ရာကို လိုချင်နေခြင်းလည်း မဟုတ်ပေ။ သူ့တွင် ဤလူ့သဘာဝမျိုး ရှိခြင်းသာ ဖြစ်သည်။ သူသည် အခြားသူများကို ကူညီရခြင်းအား နှစ်သက်ပြီး ဤသည်မှာ ကျင့်ကြံပြုမူသည့် ပုံစံအတွက် သူ၏ စည်းမျဉ်းလည်း ဖြစ်သည်။ ဤသည်မှာလည်း လူ့သဘာဝ အရည်အသွေးတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) အခြားသူများကို ဆက်ဆံခြင်းအတွက် ဤလူစားမျိုး၏ အခြေခံ စည်းမျဉ်းမှာ သူ ကူညီသင့်သည့်အခါ ကူညီရန်နှင့် သူ သနားစာနာသင့်သည့်အခါ သနားစာနာရန် ဖြစ်သည်။ အခြားသူများ အခက်အခဲများနှင့် ရင်ဆိုင်နေရသောအခါ သူသည် မိမိ၏ မေတ္တာကို ကမ်းလှမ်းလိမ့်မည်ဖြစ်ပြီး ထိုသူတို့ကို ကူညီရန် လက်တွေ့ကျသောလုပ်ရပ်များကို အသုံးပြုလိမ့်မည်ဖြစ်သည်။ အခြားသူများတွင် ပစ္စည်းများ လိုအပ်နေသောအခါ မိမိ၏ ကိုယ်ပိုင်ပစ္စည်းများကို ထိုသူတို့အား ပေးကမ်းသည်။ သူ၏ လူ့သဘာဝ အရည်အသွေးများအတွင်းတွင် ထိုသို့သော လိုလားမှုတစ်ခု အစဉ်သဖြင့် ရှိသည်။ ဤအတွေးများသည် သူ့ထံတွင် အစဉ်သဖြင့် ပေါ်ပေါက်လာနိုင်သည်၊ သို့မဟုတ် အကူအညီနှင့် သနားစာနာမှု လိုအပ်နေသော သူ့အနီးအနားရှိ လူများ၏ စိတ်ဆင်းရဲမှုကို သူ အစဉ်သဖြင့် ခံစား၍ရသည်။ ဤသည်မှာ သူ့စိတ်ထဲ၌ အလုပ်လုပ်နေသော အသိစိတ် ဖြစ်သလော။ (ဟုတ်ပါသည်။) ထိုသို့သော လူ့သဘာဝ အရည်အသွေးသည် ပင်ကိုစရိုက်က အဆုံးအဖြတ်ပေးခြင်း မဟုတ်ဘဲ အသိစိတ်၏ လုပ်ဆောင်ချက်ကြောင့် ဖြစ်သည်။ သို့ဖြစ်၍ သူ့ထံတွင် အခြားသူများကို ကူညီရန် လိုလားသည့် ဤစိတ်နေသဘောထား သို့မဟုတ် ဤလူ့သဘာဝ အရည်အသွေး ရှိသည်။ လူများက အကူအညီ လိုအပ်ပြီး သူ့ကို အကူအညီ တောင်းခံသောအခါ သူသည် သနားစာနာမှုကို ခံစားရရုံသာမက ရိုးသားစွာလည်း ကူညီသည်။ ယင်းက သူ၏ အချိန်အချို့ကို သုံးရပြီး သူက ပစ္စည်းအချို့ကို ထိုသူတို့အား ပေးကမ်းရလျှင်ပင် လိုလားသည်။ ဤလိုလားမှုသည် အနည်းဆုံးအနေဖြင့် လူတစ်ဦး၏ လူ့သဘာဝတွင်ရှိသော ကြင်နာတတ်ခြင်းအပေါ် အခြေခံသည်။ လူတစ်ဦး၏ လူ့သဘာဝတွင် ကြင်နာတတ်ခြင်း မရှိပါက ပထမအချက်အနေဖြင့် သူသည် အခြားသူများကို ကူညီရန် ခံစားချက်မှလာသော လိုလားမှု ရှိလိမ့်မည် မဟုတ်ပေ၊ ဒုတိယအချက်အနေဖြင့် အကူအညီ အတောင်းခံရသောအခါ သူသည် သနားစာနာမှုကို ခံစားရလိမ့်မည် မဟုတ်သည့်အပြင် လူများကို ရိုးသားစွာ ကူညီလိမ့်မည်လည်း မဟုတ်ပေ။ တစ်စုံတစ်ဦးတွင် ဤရိုးသားမှု မရှိပါက သူသည် ဟန်ပြလုပ်ဆောင်ပြီး သင့်အား ဝတ်ကျေတမ်းကျေလုပ်လိမ့်မည်။ မျက်နှာနာခြင်းကြောင့်ဖြစ်စေ၊ ယဉ်ကျေးမှုကြောင့်ဖြစ်စေ၊ သူ၏ အကျိုးစီးပွား တစ်ခုခုကြောင့် တွန်းအားပေးခံရ၍ဖြစ်စေ သူသည် အင်တင်တင်ဖြင့် အနည်းငယ် လုပ်ဆောင်ပေးလိမ့်မည်ဖြစ်သည်။ သို့တည်းမဟုတ်ပါက တစ်နေ့တွင် သူသည် သင်၏ အမိန့်ပေးမှုအောက်တွင် ရှိနေမည်ကိုဖြစ်စေ၊ သို့မဟုတ် တစ်နေ့တွင် သင်သည် သူ့အတွက် အသုံးဝင်လာမည်ကိုဖြစ်စေ သူ ကြောက်ရွံ့သည်။ သူသည် အကြောင်းပြချက်များစွာအတွက် သင့်ကို ကူညီရန် မိမိကိုယ်ကို ဖျောင်းဖျနိုင်သည်။ သို့သော် လူ့သဘာဝတွင် ကြင်နာတတ်ခြင်း အရည်အသွေး အမှန်တကယ် ရှိသောသူတစ်ဦးအတွက်မူ သူသည် အမှန်ပင် မလိုလားခြင်း သို့မဟုတ် ဝန်လေးခြင်း ရှိဖို့မဆိုထားနှင့်၊ လူများကို ကူညီသည့်ပုံစံတွင် တက်ကြွမှုမရှိခြင်း မဟုတ်ပေ။ ထိုအစား ဤလိုလားမှုသည် သူ၏ လူ့သဘာဝ အရည်အသွေးများအတွင်းတွင် မွေးရာပါ တည်ရှိနေသည်။ သူသည် အခြားသူများကို လိုလိုလားလား၊ ရိုးသားစွာနှင့် တက်တက်ကြွကြွ ကူညီသည်။ ဥပမာအားဖြင့် သင်သည် တစ်စုံတစ်ရာအတွက် သူ၏ အကူအညီကို လိုအပ်သည်ဟု ဆိုကြစို့။ သင်က သူ့ကို အကူအညီ တောင်းခံသောအခါ သူသည် သင့်အတွက် ကြီးမားသော သနားစာနာမှုကို ခံစားရလိမ့်မည်ဖြစ်ပြီး သင့်ကို ကြီးမားသော စိတ်အားထက်သန်မှု၊ ရိုးသားမှုနှင့် လိုလားမှုတို့ဖြင့် ကူညီပေးလိမ့်မည်ဖြစ်သည်။ သင်က သင့်အတွက် တစ်စုံတစ်ရာကို ကိုင်တွယ်ဖြေရှင်းပေးရန်ဖြစ်စေ၊ သင့်အတွက် သတင်းစကားတစ်ခုကို လက်ဆင့်ကမ်းပေးရန်ဖြစ်စေ သူ့ကို အပ်နှံခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် သင် လိုအပ်သော ပစ္စည်းတစ်ခုခု ရှိနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ့ထံမှ မည်သည့် အကူအညီမျိုးကို သင် လိုအပ်သည်ဖြစ်စေ အချုပ်အားဖြင့်ဆိုရသော် သူသည် ဤကိစ္စကို ရိုးသားမှု၊ စိတ်အားထက်သန်မှု၊ လေးနက်မှုနှင့် တာဝန်ယူမှုတို့ဖြင့် ဆက်ဆံလိမ့်မည်ဖြစ်သည်။
သူတို့၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို ပိုင်ဆိုင်သော လူများသည် အခြားသူများက သူတို့ကို ကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းရန် အပ်နှံသောအခါ အလွန် လေးနက်ပြီး တာဝန်ယူတတ်ကြသည်။ ဥပမာအားဖြင့် ထိုသို့သော လူတစ်ဦးသည် တစ်စုံတစ်ရာကို ကိုင်တွယ်ဖြေရှင်းရန် မြို့ထဲသို့ အသွားတွင် အခြားတစ်စုံတစ်ဦးက သူ့ကို ဆေးအချို့ ဝယ်ပေးရန် အကူအညီတောင်းသောအခါ သူ ဝယ်ယူနေစဉ်တွင် “ငါ အနောက်တိုင်းဆေး ဝယ်သင့်သလော၊ သို့မဟုတ် တရုတ်တိုင်းရင်းဆေး ဝယ်သင့်သလော။ အနောက်တိုင်းဆေးက အမြန်အစွမ်းပြသော်လည်း အစာအိမ်ကို ထိခိုက်စေသည်။ သူ ယင်းကို သောက်လျှင် ဘေးထွက်ဆိုးကျိုးများ ရှိမည်လော။ သို့ဆိုလျှင် အတော်အတန် ထိရောက်ပြီး အစာအိမ်ကို မထိခိုက်စေသော တရုတ်တိုင်းရင်းဆေး တစ်ခုခု ရှိမရှိ ငါ မေးကြည့်မည်” ဟု သူ စဉ်းစားဆင်ခြင်သည်။ သင် မြင်သလော၊ သူသည် အမှုအရာများကို အလွန် သေချာစွာ စဉ်းစားသည်။ တာဝန်ယူတတ်ပြီး ကြင်နာတတ်ခြင်း အရည်အသွေးရှိသော တစ်စုံတစ်ဦးသည် အခြားသူတစ်ဦးအား တစ်စုံတစ်ရာ ကိုင်တွယ်ဖြေရှင်းရန် ကူညီပေးဖို့ သဘောတူသောအခါ သူသည် ထိုသူ လိုအပ်သောအရာများကို ရိုးသားသော၊ လေးနက်သော၊ တာဝန်ယူတတ်သော နည်းလမ်းဖြင့် ရွေးချယ်ခြင်းအားဖြင့် ကူညီပေးလိမ့်မည်ဖြစ်သည်။ သူသည် မိမိ၏ ကိုယ်ပိုင်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းသောအခါ ထိုမျှ လေးနက်ခြင်း မရှိဘဲ မိမိအတွက် ပစ္စည်းများ ဝယ်ယူသောအခါ အဆင်ပြေမည့် မည်သည့်အရာကိုမဆို ဝယ်ယူခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အခြားသူများအတွက် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးသောအခါ သူသည် အထူးသဖြင့် ဂရုစိုက်ပြီး အထူးသဖြင့် တာဝန်ယူတတ်သည်။ သူက “သူက ဤကိစ္စကို ငါ့ထံ အပ်နှံထားသောကြောင့် သူက ငါ့ကို အထင်ကြီးသည်ဟု ဆိုလိုသည်။ ငါ သူ့အတွက် ကိစ္စရပ်များကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းပေးရမည်။ ထို့အပြင် ဤသည်မှာ ခက်ခဲသောအရာ မဟုတ်ပေ။ ယင်းမှာ ထမင်းစားရေသောက်သကဲ့သို့ လွယ်ကူသည်။ ငါလုပ်ဆောင်သည့်အရာကို သူ ကျေနပ်မှုရှိစေရန် ငါ သေချာလုပ်ဆောင်ရမည်။ သို့သော် သူ့အတွက် မည်သည့်ဆေးမျိုးက သင့်တော်သည်ကို ငါ မသိသည့်အပြင် သူက သူ၏ ရောဂါကို ကုသရန် ဆေးဝယ်ဖို့ အလျင်လိုနေသဖြင့် ငါ သူ့အတွက် တရုတ်တိုင်းရင်းဆေးနှင့် အနောက်တိုင်းဆေး နှစ်မျိုးလုံးကို အနည်းငယ်စီ ဝယ်သွားမည်” ဟု မိမိဘာသာ တွေးသည်။ သူ ဆေးဝယ်ပြီး ပြန်လာပြီးနောက် တစ်ဖက်လူက သူ လိုအပ်သော အမျိုးအစားနှင့် တိုက်တိုက်ဆိုင်ဆိုင် ကိုက်ညီနေသည့် ဆေးကိုသာ ရွေးချယ်လေသည်။ သင် မြင်သလော၊ သူသည် သူ လုပ်ဆောင်သည့်အရာတွင် စေတနာထားပြီး လေးနက်စွာ လုပ်ဆောင်သဖြင့် ကိစ္စရပ်မှာ အတော်အတန် ပြည့်စုံစွာ ကိုင်တွယ်ဖြေရှင်းပြီး ဖြစ်သွားသည်။ သို့သော် တာဝန်မဲ့ပြီး ကြင်နာတတ်ခြင်း အရည်အသွေး မရှိသော လူတစ်ဦးနှင့်ဆိုလျှင် သင်က သူ့ကို ဆေးဝယ်ပေးရန် အကူအညီတောင်းပါက သူသည်လည်း သဘောတူလိမ့်မည်ဖြစ်သော်လည်း ဆေးဆိုင်သို့ သွားပြီးနောက် သူသည် ရောဂါနှင့် ကိုက်ညီသော ဆေးအချို့ကို ဖြစ်သလို ဝယ်ယူပြီး ပြန်လာသည်။ သင်က သူ့ကို နေ့စဉ် ဆေးမည်မျှ သောက်ရမည်နှင့် အသုံးမပြုသင့်သည့် အခြေအနေများ ရှိမရှိ မေးသောအခါ သူက “ငါ မသိပါ။ ဆေးညွှန်းများကို သင်ကိုယ်တိုင် ဖတ်ကြည့်ပါ။ မည်သို့ပင်ဖြစ်စေ ငါ သင့်အတွက် ဆေးသွားဝယ်ပေးခဲ့သည်” ဟု ပြောဆိုသည်။ နောက်ဆုံးတွင် သူ ဝယ်လာသော အနောက်တိုင်းဆေးကို ဓာတ်မတည့်မှု ဖြစ်လွယ်သော လူများ မသောက်သုံးနိုင်ဘဲ သင်က တိုက်တိုက်ဆိုင်ဆိုင်ပင် ဓာတ်မတည့်သောသူ ဖြစ်နေသည်။ သို့ဖြစ်၍ ဆေးကို အလကား ဝယ်လိုက်ရပြီး အခြားဆေးတစ်မျိုး ဝယ်ရန် သင်ကိုယ်တိုင် သွားရဦးမည်ဖြစ်သည်။ ၎င်းသည် ကိစ္စကို ပြီးမြောက်အောင် မလုပ်ဆောင်ပေးခဲ့သည့်အပြင် ယခု သင်သည် ၎င်းကို ကျေးဇူးအကြွေးတင်သွားသေးသည်။ သင် စိတ်ထဲ၌ ပျော်ရွှင်သလော။ (မပျော်ရွှင်ပါ။) ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းမှုက မည်သို့ရှိသနည်း။ ယင်းကို ကောင်းစွာ မကိုင်တွယ်ဖြေရှင်းခဲ့ပေ။ သင်သည် လူမှားပြီး ယုံကြည်ကိုးစားစွာ အပ်နှံခဲ့သည်၊ မှန်ကန်သောသူကို သင် မရှာတွေ့ခဲ့ပေ။ သင်သည် လူ့သဘာဝ အရည်အသွေးများကို ပိုင်ဆိုင်သော လူတစ်ဦးကို ရှာဖွေရမည်ဖြစ်သည်။ ထိုသို့သော လူတစ်ဦးကို ရှာဖွေရန် ခက်ခဲပါက သင်သည် တစ်စုံတစ်ဦးအား ဆေးကူဝယ်ပေးရန် ယုံကြည်ကိုးစားစွာ အပ်နှံသောအခါ သူ့ကို ညွှန်ကြားချက် အနည်းငယ် ထပ်ပေးပြီး အမှုအရာများကို ရှင်းလင်းစွာ ရှင်းပြရမည်ဖြစ်သည်။ သင်က သူ့ကို ညွှန်ကြားချက်များ မပေးခဲ့ဘဲ သင် ယုံကြည်ကိုးစားစွာ အပ်နှံခဲ့သောသူသည် လူ့သဘာဝ မရှိသူတစ်ဦး ဖြစ်နေပါက ဤကိစ္စကို သေချာပေါက် ကောင်းစွာ ပြေလည်သွားမည် မဟုတ်ပေ။ ငွေကုန်သွားသည်ကို မဆိုထားနှင့်၊ သင်သည် ၎င်းကို ကျေးဇူးအကြွေးတင်သွားလိမ့်ဦးမည်ဖြစ်သည်။ သင်သည် လူ့သဘာဝကို ပိုင်ဆိုင်သော တစ်စုံတစ်ဦးကို ရှာတွေ့ပါက သူသည် သင့်အတွက် ဤကိစ္စကို ပြီးမြောက်အောင် လုပ်ဆောင်ပေးရန် သူ စွမ်းဆောင်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ပေးလိမ့်မည်ဖြစ်သည်။ သူ့တွင် ရိုးသားသော စိတ်နှလုံးတစ်ခု ရှိပြီး တာဝန်ယူနိုင်သောကြောင့်၊ ပြီးလျှင် သူ၏ လူ့သဘာဝတွင် ကြင်နာတတ်ခြင်း အရည်အသွေးကို ပိုင်ဆိုင်သောကြောင့် သူသည် သင့်အတွက် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးသောအခါ သင့်ကို စောင့်ရှောက်ပေးနိုင်ပြီး သင့်အတွက် အမှုအရာများကို စဉ်းစားပေးနိုင်ကာ သင် လိုအပ်သောအရာများကို သင့်တင့်သော ဈေးနှုန်းဖြင့် ဝယ်ယူပေးနိုင်သည်။ ယင်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် လူ့သဘာဝ အရည်အသွေးများ မရှိသူတစ်ဦးသည် သင့်အတွက် တစ်စုံတစ်ရာကို ကိုင်တွယ်ဖြေရှင်းပေးသောအခါ ဖြစ်သလိုလုပ်ဆောင်ပြီး သင့်အား ဝတ်ကျေတမ်းကျေလုပ်လိမ့်မည်။ ၎င်းသည် စကားကို ကောင်းစွာ ပြောလိမ့်မည်ဖြစ်သော်လည်း ကိစ္စကို ကိုင်တွယ်ဖြေရှင်းသောအခါ ဈေးနှုန်းကို လုံးဝ မေးမြန်းမည်မဟုတ်သည့်အပြင် ဈေးစုံစမ်းမည်လည်း မဟုတ်ပေ။ ၎င်းသည် သင့်အတွက် တစ်စုံတစ်ရာကို ကြုံရာကျပန်း ဝယ်ယူလာလိမ့်မည်ဖြစ်သည်။ ဤလူနှစ်မျိုးကို သင် မနှိုင်းယှဉ်ပါက သူတို့ နှစ်ဦးလုံးသည် ကိစ္စရပ်များကို ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်ပုံရသည်။ သို့သော် လူ့သဘာဝ အရည်အသွေးများရှိသော လူများသည် သင့်အတွက် တစ်စုံတစ်ရာကို ကိုင်တွယ်ဖြေရှင်းပေးသောအခါ သင့်ကို ကျေနပ်မှု ရှိစေနိုင်သည်။ သူတို့တွင် လူ့သဘာဝ၏ သရုပ်သကန်များ ရှိသည်၊ သူတို့သည် သင်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး သင့်အတွက် အမှုအရာများကို စဉ်းစားပေးနိုင်သည်။ သူတို့တွင် ဤရိုးသားမှုမျိုး ရှိသည်။ ဤသည်က သူတို့သည် ကြင်နာတတ်ကြောင်း၊ စစ်မှန်သော လူသားများဖြစ်ကြောင်းနှင့် သင်၏ အပ်နှံမှုကို ခံယူရန် ထိုက်တန်ကြောင်း သက်သေပြနေသည်။ အခြားတစ်ဖက်တွင်မူ သင်သည် လူ့သဘာဝ အရည်အသွေးများ မရှိသူတစ်ဦးအား တစ်စုံတစ်ရာကို ကိုင်တွယ်ဖြေရှင်းရန် အပ်နှံသောအခါ ၎င်းသည် ယင်းကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းမည် မဟုတ်ပေ။ ၎င်းသည် တစ်ခါတစ်ရံ ကိစ္စရပ်များကို အဆင်ပြေအောင် ကိုင်တွယ်ဖြေရှင်းပေးလျှင်ပင် ၎င်းသည် ယင်းကို ရိုးသားမှုဖြင့် လုပ်ဆောင်ခြင်း မဟုတ်ဘဲ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်။ သင်က “ထိုဆေးက ကောင်းပါသည်။ ယင်းကို သောက်ပြီး မကြာမီတွင် ငါ သက်သာလာသည်” ဟု ပြောသည်။ သင် ဤသို့ မပြောခဲ့လျှင် အဆင်ပြေမည်ဖြစ်သော်လည်း ယခု သင်က ၎င်းကို ဤသို့ ပြောလိုက်သောကြောင့် ၎င်းအပေါ် သင်၏ ကျေးဇူးအကြွေးက ပိုကြီးမားသွားသည်။ ၎င်းသည် မိမိကိုယ်တိုင်အတွက် တစ်စုံတစ်ရာကို ကိုင်တွယ်ဖြေရှင်းရန် သွားခဲ့ခြင်းဖြစ်သည်မှာ သိသာထင်ရှားသည့်တိုင် ၎င်းက သင့်ကို “မြင်သလော။ ငါ သင့်အတွက် သီးသန့် ခရီးစဉ်တစ်ခု သွားခဲ့သည်” ဟု ပြောဆိုရဦးမည်ဖြစ်သည်။ ၎င်းသည် သင့်ကို အကူအညီတစ်ခု တောင်းခံလိမ့်မည်ဖြစ်ပြီး သင်သည် ဤသေးငယ်သော ကျေးဇူးအကြွေးကို တစ်သက်လုံး ဆပ်၍ကုန်နိုင်မည်မဟုတ်ပေ။ သင်သည် အခြေခံအားဖြင့် ဆိုးယုတ်သော မကောင်းဆိုးဝါးတစ်ကောင်၏ ထောင်ချောက်ဆင်ခြင်းကို ခံလိုက်ရသည်။ သို့သော် လူ့သဘာဝရှိသူ တစ်ဦးသည် သင့်အတွက် ကိစ္စတစ်ခုခုကို မည်မျှပင် ကောင်းစွာ ကိုင်တွယ်ဖြေရှင်းပေးခဲ့သည်ဖြစ်စေ သင့်ကို အကူအညီများ တောင်းခံမည်မဟုတ်ပေ။ သင်က သူ့ကို ကျေးဇူးတင်ကြောင်း ဖော်ပြသောအခါ သူက “ကိစ္စမရှိပါ။ ကျွန်ုပ်လည်း လမ်းကြုံနေ၍ ဖြစ်သည်” ဟု ပြောဆိုသည်။ သင် မြင်သလော၊ သူသည် အမှန်တရားကိုသာ ပြောဆိုသည်။ လက်တွေ့တွင် သူသည် အလုပ်ကို ကောင်းစွာ လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ သင့်ကို များစွာ ကူညီပေးခဲ့ပြီးဖြစ်သည်။ သင်နှင့် အရင်းနှီးဆုံး လူများပင်လျှင် သင့်ကို ဤနည်းအတိုင်း ဆက်ဆံချင်မှ ဆက်ဆံမည်ဖြစ်သော်လည်း လူ့သဘာဝ အရည်အသွေးများရှိသော လူတစ်ဦးသည် သင်၏ ချစ်ရသူများပင် မလုပ်ဆောင်နိုင်သောအရာကို လုပ်ဆောင်ပေးနိုင်သည်။ သူသည် ကိစ္စကို အတော်အတန် ကောင်းစွာ ကိုင်တွယ်ဖြေရှင်းပေးပြီး မည်သည့်အရာကိုမျှ ပြန်လည်ရရှိရန် မရှာဖွေပေ။ သင်သည် သူ့ကို ကျေးဇူးအကြွေးတင်နေသည်ဟု အစဉ်သဖြင့် ခံစားရသောကြောင့် သူ့ကို သစ်သီးအချို့ သို့မဟုတ် အခြားတစ်စုံတစ်ရာကို အခါအားလျော်စွာ ပေးကမ်းပြီး ကောင်းသောအရာ တစ်ခုခု ပေါ်လာသောအခါ သူ့ကို အစဉ်သဖြင့် သတိရနေတတ်သည်။ သို့သော် သူက ယင်းကို ခေါင်းထဲတွင် ကြီးကြီးမားမား မတွေးဘဲ သင့်ကို တစ်စုံတစ်ရာ ပြီးမြောက်အောင် ကူညီပေးခြင်းသည် သူ့ဘက်မှ ထွေထွေထူးထူး အားထုတ်လိုက်ရခြင်းမျိုး မဟုတ်သည့်အပြင် အလွန်ပင် လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်သည်ဟု ခံစားရလေသည်။ နောင်တွင် သင် အကူအညီ လိုအပ်သည့်အရာ တစ်ခုခုရှိပါက သူ ကူညီပေးဦးမည် ဖြစ်ကြောင်းကိုလည်း သင့်ကို ပြောဆိုသည်။ သင် မြင်သလော၊ လူတို့အကြားတွင် ကွဲပြားမှုများ မရှိသလော။ (ရှိပါသည်။) ငါ သင့်ကို ပြောပြမည်၊ လူ့သဘာဝရှိသော လူများသည် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို ပိုင်ဆိုင်ကြပြီး မည်သည့်အချိန်တွင်မဆို ဤလူစားမျိုးသည် အားအထားရဆုံး ဖြစ်သည်။ ဤကဲ့သို့သော လူများသာလျှင် ယုံကြည်စိတ်ချရသည်၊ အကြောင်းမှာ သူတို့တွင် သူတို့၏ လုပ်ရပ်များအတွက် စည်းတစ်ခု ရှိသောကြောင့် ဖြစ်သည်။ သူတို့၏ လုပ်ရပ်များအတွက် စည်းတစ်ခု ရှိရခြင်းအကြောင်းရင်းမှာ သူတို့သည် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းကဲ့သို့သော လူ့သဘာဝ အရည်အသွေးများကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။
လူ့သဘာဝ အရည်အသွေးများ မရှိသော လူများနှင့်ပတ်သက်လာလျှင် သင် မည်သည့်အခါမျှ မပြစ်မှားဖူးသူ တစ်ဦးဖြစ်လျှင်ပင် သင်သည် ၎င်းတို့၏ အကျိုးစီးပွားများနှင့် သက်ဆိုင်သည့် တစ်စုံတစ်ရာကို လုပ်ဆောင်သရွေ့ ၎င်းတို့သည် သင့်ကို လက်စားချေရန် အခွင့်အရေးတစ်ခုကို ရှာဖွေကြလိမ့်မည် ဖြစ်သည်။ ယင်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် လူ့သဘာဝ အရည်အသွေးများ ရှိသူတစ်ဦးဖြစ်သောအခါ သင်သည် သူ့ကို ယခင်က နာကျင်စေခဲ့လျှင်ပင် သို့မဟုတ် သူ၏ အကျိုးစီးပွားများကို ထိခိုက်စေခဲ့လျှင်ပင် သူသည် သင့်ကို လုံးဝ မုန်းတီးမည် မဟုတ်သည့်အပြင် သင့်ကို လက်စားချေမည်လည်း မဟုတ်ပေ။ သူသည် သင့်ကို စကားပြောသောအခါ အတော်အတန် ဆိုးရွားသော သဘောထားတစ်ခု ရှိလျှင်ပင် သို့မဟုတ် သူ၏ စကားများက အနည်းငယ် ကြမ်းတမ်းပုံရလျှင်ပင် သို့မဟုတ် သူက သင့်ကို အနည်းငယ် ဆုံးမစကားပြောလျှင်ပင် ဤသည်တို့မှာ လူ့သဘာဝမှ ပေါ်ပေါက်လာသော ပုံမှန် သရုပ်သကန်များ ဖြစ်သည်။ သူသည် ဆိုးယုတ်သော လူတစ်ဦးကဲ့သို့ အဆုံးအစမရှိ လက်စားချေရန် ကြိုးစားမည် လုံးဝ မဟုတ်သည့်အပြင် သင့်ကို ထာဝရ မုန်းတီးမည်လည်း မဟုတ်ပေ။ ဤသည်မှာ မည်သည့်အရာအပေါ် အခြေခံသနည်း။ ယင်းမှာ သူ ကျင့်ကြံပြုမူခြင်းအတွက် သူ့တွင်ရှိသော စည်းအပေါ် အခြေခံသည်။ သူ့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိပြီး သူ၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို ပိုင်ဆိုင်သောကြောင့်သာလျှင် သူသည် သူ ကျင့်ကြံပြုမူခြင်းအတွက် စည်းကို မည်သည့်အခါမျှ ကျော်လွန်မည် မဟုတ်ပေ။ မည်သူမဆို သူ့ကို ပြစ်မှားပါက သူသည် လက်စားချေလိုလျှင်ပင် သူ၏ အသိစိတ်က လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။ သူ ဒေါသထွက်သည်ဟု ခံစားရပါက အနည်းငယ် ပွင့်အံထွက်ရန် ဒေါသစကားအချို့ကို ပြောဆိုရုံသာ ပြောဆိုမည်ဖြစ်ပြီး ထိုမျှသာ ဖြစ်လိမ့်မည်။ သူသည် လက်စားချေရန် မည်သည့်အရာကိုမျှ လုံးဝ လုပ်ဆောင်မည် မဟုတ်ပေ။ ဤသည်မှာ လူ့သဘာဝရှိသူ တစ်ဦး၏ အရည်အသွေး ဖြစ်သည်။ သင် မြင်သလော၊ အချို့လူများသည် အစော်ကား မခံရသောအခါတွင်ပင် အခြားသူများကို ညှဉ်းပန်းလိုကြသေးသည်။ ၎င်းတို့သည် ထိုသူတို့နှင့် ယှဉ်ပြိုင်ပြီး တိုက်ခိုက်လိုကြကာ ၎င်းတို့၏ နောက်ကွယ်တွင် ၎င်းတို့ကို မည်သို့ အကြံအစည်ဆင်ရမည်ကို အစဉ်သဖြင့် တွေးတောနေတတ်ကြသည်။ ဤသည်မှာလည်း လူ့သဘာဝ အရည်အသွေးတစ်ခု ဖြစ်သည်။ ယင်းမှာ ဆိုးယုတ်သော မကောင်းဆိုးဝါးများနှင့် ဆိုးယုတ်သော နတ်ဆိုးများက ၎င်းတို့၏ လူ့သဘာဝတွင် ပိုင်ဆိုင်သော အရည်အသွေး ဖြစ်သည်။ ပြောင်းပြန်အားဖြင့် သူ၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို ပိုင်ဆိုင်သော သူတစ်ဦးသည် အခြားသူများကို ညှဉ်းပန်းရန် မိမိကိုယ်ကို စေ့ဆော်၍မရနိုင်ပေ။ သူသည် ထိုသို့သောအရာများကို လုပ်ဆောင်မည်ဆိုပါက သူ၏ အသိစိတ်က သူ့ကို ပြစ်တင်မောင်းမဲပြီး ဆုံးမပဲ့ပြင်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်က သူ့ကို ဆုံးမပဲ့ပြင်ခြင်း မရှိလျှင်ပင်၊ သန့်ရှင်းသောဝိညာဉ်တော်က သူ့ကို ပြစ်တင်မောင်းမဲခြင်း မရှိလျှင်ပင်၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများက သူ့ကို ပြစ်တင်မောင်းမဲခြင်း မရှိလျှင်ပင် သူ၏ အသိစိတ်က သူ့ကို ထိန်းချုပ်ထားသည်။ လူတစ်ဦးသည် သူ၏ အသိစိတ်ဖြင့် ချုပ်တည်းခံရသောအခါ သူသည် သူ၏ လုပ်ရပ်များတွင် အလွန်အကျွံ မလုပ်ဆောင်သည့်အပြင် သူ လုပ်ဆောင်သည့်အရာအတွက် စည်းတစ်ခု ရှိသည်။ သင်သည် သူ့ကို စော်ကားလျှင်၊ သူ့ကို နာကျင်စေလျှင်၊ သို့မဟုတ် လွန်ကျူးသောအရာ တစ်ခုခုကို လုပ်ဆောင်လျှင်ပင် သူသည် သင့်ကို ပြဿနာရှာလိုမည် မဟုတ်ပေ။ အဆိုးဆုံးအနေဖြင့် သူသည် သင့်ကို ရှောင်ရှားပြီး လျစ်လျူရှုရုံသာ ပြုမည်ဖြစ်ကာ သင်နှင့် ပေါင်းသင်းဆက်ဆံခြင်း၊ ဆက်သွယ်ခြင်း သို့မဟုတ် အလုပ်လုပ်ခြင်း ပြုမည်မဟုတ်ပေ။ သို့သော် သူသည် သင့်ကို လုံးဝ အန္တရာယ်ပြုမည် မဟုတ်သည့်အပြင် သင့်ကို ဒုက္ခရောက်စေရန် ကြိုးစားမည်လည်း မဟုတ်ပေ။ သူသည် သင်၏ နောက်ကွယ်တွင် သင့်ကို အကောက်ကြံမည် မဟုတ်သည့်အပြင် သင့်ကို ထောင်ချောက်ဆင်ရန် နည်းဗျူဟာများကို အသုံးပြုမည်လည်း မဟုတ်ပေ။ သူသည် ထိုသို့သောအရာများကို လုံးဝ လုပ်ဆောင်မည် မဟုတ်ပေ။ သင်တို့ ပတ်ဝန်းကျင်ရှိ လူများထဲမှ မည်သူတို့သည် ဤလူစားမျိုး ဖြစ်သည်ကို ကြည့်ရှုလော့။ ဤသူတို့သည် အမြင့်မားဆုံး အရည်အသွေးရှိသော လူကောင်းများ ဖြစ်ကြသည်။ သင်သည် သူတို့နှင့် ဆက်ဆံရာတွင် လုံးဝ စိတ်အေးချမ်းသာစွာ နေနိုင်သည်။ သင်သည် သူတို့ကို လုံးဝ ကြေကွဲသွားသည်အထိ နာကျင်စေလျှင်ပင် အများဆုံးအနေဖြင့် သူတို့သည် သင့်ကို အတွင်း၌ မုန်းတီးမည်၊ သင့်ကို မည်သည့် ဂရုစိုက်မှုမျှ မပေးလိုတော့ဘဲ သင်နှင့် မည်သည့်အခါမျှ မိတ်ဆွေဖြစ်မည် မဟုတ်သော်လည်း သူတို့သည် သင့်ကို အကောက်ကြံမည် မဟုတ်သည့်အပြင် “လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ” ဟု ပြောဆိုဖို့ မဆိုထားနှင့်၊ သင့်ကို လက်စားချေရန် အခွင့်အရေးတစ်ခုကို ရှာဖွေမည်လည်း မဟုတ်ပေ။ ဤသည်မှာ စစ်မှန်သော ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း ဖြစ်သည်။ ဤအရာကို စွမ်းဆောင်ရရှိနိုင်ခြင်းသည် လုံးဝ ဟန်ဆောင်၍ရနိုင်သော အရာမဟုတ်ပေ။ ဤသည်မှာ လူ့သဘာဝ၏ စစ်မှန်သော အရည်အသွေးတစ်ခု ဖြစ်သည်။ လူ့သဘာဝ အရည်အသွေးများကို ပိုင်ဆိုင်သော သူတစ်ဦးသာလျှင် သူ ကျင့်ကြံပြုမူခြင်းအတွက် မှန်ကန်သော စည်းမျဉ်းများနှင့် စည်းများ ရှိလိမ့်မည်ဖြစ်သည်။ သင်သည် သူနှင့် ဆက်သွယ်ပြီး ပေါင်းသင်းဆက်ဆံသည်နှင့်အမျှ သူ့ထံတွင် ဤအပြုအမူများနှင့် သရုပ်သကန်များအပြင် သူ၏ လူ့သဘာဝ၏ ဤသဘာဝအလျောက် ထုတ်ဖော်ခြင်းများကို သင် မြင်တွေ့နိုင်လိမ့်မည်ဖြစ်သည်။
လူတို့၏ အမျိုးအစားများ ကွဲပြားသောကြောင့် အမျိုးမျိုးသော အရာများအပေါ် သူတို့၏ တုံ့ပြန်မှုများသည်လည်း ကွဲပြားကြသည်။ သင် မြင်သလော၊ ထိုဆိုးယုတ်သော လူများ၊ နတ်ဆိုးများမှ လူဝင်စားသောသူများသည် အခြားသူများအပေါ် အခွင့်ကောင်းယူသည့်အခါ တစ်စုံတစ်ဦးက ၎င်းတို့ကို ဖော်ထုတ်လျှင် ၎င်းတို့၏ တုံ့ပြန်မှုမှာ အဘယ်အရာ ဖြစ်သနည်း။ ၎င်းတို့က “အခြားသူများအပေါ် အခွင့်ကောင်းမယူသည့်သူ မည်သူရှိသနည်း။ အခွင့်ကောင်းယူစရာရှိလျှင် အခွင့်ကောင်းယူရမည် မဟုတ်လော။ အနည်းငယ် အခွင့်ကောင်းယူခြင်းက မည်သို့ မှားယွင်းသနည်း။ အခွင့်ကောင်းယူစရာ ရှိလျက်နှင့် သင် အခွင့်ကောင်းမယူလျှင် သင်သည် လူမိုက်နှင့် ငတုံးတစ်ဦး ဖြစ်သည် မဟုတ်လော” ဟု ပြောဆိုကြလိမ့်မည်။ ဤသည်မှာ ဓားပြ၏ တွေးပုံခေါ်ပုံဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အသိစိတ် လုံးဝမရှိသည့်အပြင် ရှက်စိတ် မရှိ၊ ရှက်ရွံ့သည့် ခံစားချက်များလည်း မရှိကြပေ။ ၎င်းတို့တွင် အသိစိတ် မရှိသောကြောင့် အခြားသူများအပေါ် အခွင့်ကောင်းယူသည့် ကိစ္စကို အကဲဖြတ်ရန် ၎င်းတို့တွင် စံနှုန်းတစ်စက်မျှ မရှိပေ။ ၎င်းတို့၏ စည်းမျဉ်းမှာ အခွင့်ကောင်းဟူသည်မှာ မလွတ်တမ်းဆုပ်ကိုင်စရာ ဖြစ်ပြီး ယင်းတို့ကို သင် ရယူပြီးသည်နှင့်တစ်ပြိုင်နက် ယင်းတို့သည် သင်၏အပိုင် ဖြစ်သွားသည်ဟူ၍ ဖြစ်သည်။ ယင်းတို့ကို မရယူခြင်းသည် အလဟဿဖြစ်စေမည်ဖြစ်ပြီး သင့်ကို စဉ်းစားဉာဏ်မဲ့သူတစ်ဦး ဖြစ်စေသည်ဟု ၎င်းတို့ ယူဆကြသည်။ ဤသည်မှာ ဓားပြ၏ တွေးပုံခေါ်ပုံဖြစ်သည် မဟုတ်လော။ ပြီးလျှင် တိရစ္ဆာန်များမှ လူဝင်စားသောသူများသည် အခြားသူများအပေါ် အခွင့်ကောင်းယူသည့် ကိစ္စကို မည်သို့ ရှုမြင်ကြသနည်း။ သင်က ၎င်းတို့ကို “သင် လုပ်ဆောင်နေသည့်အရာသည် အခွင့်ကောင်းယူနေခြင်း ဖြစ်သည်။ အခြားလူများအပေါ် အခွင့်ကောင်းယူခြင်းသည် မကောင်းသည့်အပြင် ၎င်းတို့အပေါ် တစ်စုံတစ်ရာ အကြွေးတင်ရှိနေခြင်းသည်လည်း မကောင်းပါ” ဟု ပြောလျှင် ၎င်းတို့ မည်သို့ တွေးထင်ကြသနည်း။ “ဤအခွင့်ကောင်းယူစရာသည် ငါပိုင်ဆိုင်သည့်အရာ ဖြစ်သည်။ ၎င်းတို့အပေါ် ငါ အခွင့်ကောင်းယူလျှင် ၎င်းတို့အပေါ် ငါ မည်သည့်အရာမျှ အကြွေးတင်ခြင်း မရှိ။ အခွင့်ကောင်းယူခြင်းက အဘယ်မှားယွင်းသနည်း။ အခွင့်ကောင်းယူနိုင်ခြင်းသည် ကျွမ်းကျင်မှုတစ်ခု ဖြစ်သည်။ သင်၌ ထိုကျွမ်းကျင်မှု မရှိလျှင် သင် နစ်နာလိမ့်မည်” ဟု ၎င်းတို့ တွေးကြသည်။ ဤသည်မှာ လူယုတ်မာ၏ တွေးပုံခေါ်ပုံဖြစ်သည်။ ၎င်းတို့တွင် မည်သည့် စည်းမျှမရှိ၊ ရှက်စိတ် မရှိ၊ ရှက်ရွံ့သည့် ခံစားချက်များ မရှိသည့်အပြင် အသိစိတ်၏ ခံစားချက် တစ်ခုတလေ ရှိဖို့ဆိုသည်မှာ သာ၍ပင် ဝေးသေးသည်။ ၎င်းတို့တွင် တစ်စုံတစ်ခုကို ဆုံးဖြတ်ရန် စံနှုန်းတစ်ခုမျှ မရှိပေ။ မှန်ကန်သော စံနှုန်းမှာ အဘယ်အရာဖြစ်ကြောင်း သင်က ၎င်းတို့ကို ပြောပြလျှင်ပင် ၎င်းတို့က ယင်းကို စံနှုန်းတစ်ခုအဖြစ် မယူဆကြသည့်အပြင် ဤစံနှုန်းသည် မှန်ကန်ကြောင်းကိုလည်း ၎င်းတို့ မသိကြပေ။ ၎င်းတို့တွင် ပုံမှန်လူတစ်ဦး၏ ဆင်ခြင်တုံတရား မရှိကြသည့်အပြင် မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မှားယွင်းသည်ကို ၎င်းတို့ မခွဲခြားနိုင်ကြပေ။ ၎င်းတို့သည် တစ်နေ့လုံး ဇဝေဇဝါဖြင့် အချိန်ကုန်လွန်ကြသည်။ သင် မည်သည့်အရာကို ပြောသည်ဖြစ်စေ ၎င်းတို့ကို ရှင်းလင်းသွားစေရန် သို့မဟုတ် နားလည်သွားစေရန် မလုပ်နိုင်ပေ။ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်သော လူများသာ ဖြစ်ကြသည်။ သို့သော် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် လူ့သဘာဝ အရည်အသွေးများကို ပိုင်ဆိုင်ကြသည်။ သူတို့သည် တစ်စုံတစ်ဦးအပေါ် မရည်ရွယ်ဘဲ အခွင့်ကောင်းယူမိပြီး သင်က သူတို့ကို ယင်းကို ထောက်ပြလျှင် သူတို့သည် စိတ်ထဲ၌ ပျာယာခတ်သွားပြီး မျက်နှာနီရဲလာကြလိမ့်မည်။ “သူ့အပေါ် ငါ အခွင့်ကောင်းယူခဲ့မိသလော။ မည်သို့ဖြစ်၍ ငါ သတိမထားမိခဲ့သနည်း။ ထို့အပြင် အခြားတစ်စုံတစ်ဦး၏ ထောက်ပြခြင်းကို ခံရသည်မှာ အလွန် ရှက်စရာကောင်းလှပါတကား” ဟု တွေးကြလိမ့်မည်။ သူတို့က “သူ့အပေါ် ငါ မည်မျှပင် အခွင့်ကောင်းယူခဲ့မိသည်ဖြစ်စေ ငါ သူ့ကို အပြည့်အဝ ပြန်ပေးဆပ်ရမည်။ အတိုးအနည်းငယ်ပင် ထပ်ဆောင်းပေးနိုင်ပါသည်” ဟု ပြောဆိုကြလိမ့်မည်။ သူတို့သည် အခြေအနေကို ကုစားရန် နည်းလမ်းတစ်ခု ရှာဖွေရမည်ဖြစ်သည်။ သူတို့သည် အခြားသူများအပေါ် အခွင့်ကောင်းယူရန် နှစ်သက်သည်ဟူသော နာမည်ဆိုးရခြင်းကို မလိုလားကြပေ။ ထိုသို့ဖြစ်ခဲ့လျှင် သူတို့သည် လုံးဝ အရှက်ရသည်ဟု ခံစားရလိမ့်မည်။ ထို့ကြောင့် တစ်စုံတစ်ဦးက သူတို့၏ ပြဿနာကို အမှန်တကယ် ထောက်ပြသည်နှင့်တစ်ပြိုင်နက် သူတို့သည် မိမိတို့ မှန်ကြောင်း ရှင်းချက်ထုတ်မည် မဟုတ်ပေ။ “သူ့အပေါ် ကျွန်ုပ် အခွင့်ကောင်းမယူခဲ့ပါ၊ အခွင့်ကောင်းယူလိုခြင်းလည်း မရှိခဲ့ပါ” ဟု သူတို့ ပြောဆိုမည်မဟုတ်ပေ။ သူတို့သည် ငြင်းခုံရန်နှင့် မိမိတို့ မှန်ကြောင်း ရှင်းချက်ထုတ်ရန် ဤသို့သော လူယုတ်မာ၏ တွေးပုံခေါ်ပုံမျိုးကို အသုံးပြုမည်မဟုတ်ပေ။ သူတို့တွင် ဖြောင့်မှန်ခြင်း၏ အစိတ်အပိုင်းတစ်ခု ရှိသောကြောင့် တစ်စုံတစ်ဦးက ယင်းကို ထုတ်ပြောသည်နှင့်တစ်ပြိုင်နက် သူတို့သည် ယင်းကို မှန်ကန်စွာ ရင်ဆိုင်မည်ဖြစ်ပြီး ယင်းအတွက် ကုစားရန်နှင့် တစ်ဖက်လူကို လျော်ကြေးပေးရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်မည်ဖြစ်ကာ ဤသို့သောအရာမျိုးကို နောက်တစ်ဖန် မည်သည့်အခါမျှ လုပ်ဆောင်မည်မဟုတ်ပေ။ လုပ်ဆောင်မိပါက သူတို့သည် ကိုယ့်ပါးကိုယ် ပြန်ရိုက်ကြလိမ့်မည်။ သူတို့ လုပ်ဆောင်ခဲ့သည့်အရာကို တစ်စုံတစ်ဦးက ဖော်ထုတ်ခြင်း ခံရသည်ကိုလည်းကောင်း၊ ယခုအခါ လူများက သူတို့ကို ကွယ်ရာတွင် ဝေဖန်ပြီး မျက်နှာချင်းဆိုင်တွင် ပြစ်တင်မောင်းမဲခြင်း ခံရသည်ကိုလည်းကောင်း အလွန်ရှက်ဖွယ်ကောင်းသည်ဟု သူတို့ ခံစားကြရသည်။ သူတို့သည် မိမိတို့၏ အရှက်ကို ဖုံးကွယ်စရာ နေရာမရှိဖြစ်ကာ ဝင်ပုန်းရန် မြေကြီးထဲတွင် အပေါက်တစ်ပေါက် ရှာတွေ့နိုင်ဖို့ ဆန္ဒရှိကြသည်။ သူတို့၏ တစ်သက်တာလုံး ဤသို့သောအရာမျိုး မဖြစ်ပျက်ဘဲ ကုန်လွန်သွားခဲ့ရန်သာ သူတို့ ပို၍ လိုလားကြသည်။ သူတို့တွင် အသိစိတ်ရှိသောကြောင့် အခြားသူများအပေါ် အခွင့်ကောင်းယူပြီးနောက် သူတို့၏ စိတ်နှလုံးထဲတွင် ရှက်ရွံ့မှုကို ခံစားကြရသည်။ သူတို့ လုပ်ဆောင်ခဲ့သည့်အရာသည် အလွန် ရှက်စရာကောင်းသည်ဟု ခံစားရသဖြင့် မိမိတို့ မှန်ကြောင်းရှင်းချက်ထုတ်ရန် အလွန် ရှက်ရွံ့နေကြသည်။ ထို့ကြောင့် သူတို့သည် စကားမပြောနိုင်ဖြစ်ကာ မိမိတို့ကိုယ်ကို ကာကွယ်ရန် ပြောစရာစကား မရှိဖြစ်ကြပြီး တစ်ဖက်လူကို လျော်ကြေးပေးရန်သာ အလိုရှိကြသည်။ ဤကဲ့သို့သော လူများသည် ဆိုးယုတ်သော လူများ၊ နတ်ဆိုးများနှင့် ကွဲပြားကြသည်။ နတ်ဆိုးများ လုပ်ဆောင်သည့်အရာများသည် မည်မျှပင် ရှက်စရာကောင်းနေပါစေ ၎င်းတို့သည် မည်သည့် ရှက်ရွံ့မှုကိုမျှ မခံစားရပေ။ လူ့သဘာဝ အရည်အသွေးများရှိသော လူများသည် ထိုသို့သောအရာများကို ကြားရသောအခါ သူတို့သည် ချက်ချင်း မျက်နှာနီရဲလာကြသည်။ “လူများစွာက ဤအကြောင်းကို သိကြသည်။ အလွန် အရှက်ရစရာကောင်းလှပါတကား” ဟု တွေးကြသည်။ သူတို့သည် ရှက်ရွံ့ပြီး လုံးဝ အရှက်ရသည်ဟု ခံစားကြရကာ သူတို့၏ စိတ်နှလုံးထဲတွင် အထူးသဖြင့် စိတ်မကောင်းဖြစ်ပြီး စိတ်မသက်မသာ ဖြစ်ကြရသည်။ သင် မြင်သလော၊ မတူညီသော အမျိုးအစားများမှ လူများသည် သူတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် တူညီသော ကိစ္စရပ်တစ်ခုအပေါ် အမျိုးမျိုးသော အမြင်များနှင့် သဘောထားများ ရှိကြသည်။ သူတို့၏ လူ့သဘာဝ အရည်အသွေးများ ကွဲပြားမှုကြောင့် လူအမျိုးမျိုးတို့သည် တူညီသော ကိစ္စရပ်တစ်ခုအပေါ် မတူညီသော သဘောထားများ ရှိကြသည်။ လူတစ်ဦးတွင် ရှက်ရွံ့သည့် ခံစားချက်များ ရှိပါက ယင်းက သူ၌ ရှက်စိတ်လည်း ရှိကြောင်း သက်သေပြပြီး ယင်းက သူသည် လူ့သဘာဝ အရည်အသွေးများကို ပိုင်ဆိုင်ကြောင်း တစ်ဖန် သက်သေပြလေသည်။ ယင်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် လူတစ်ဦးတွင် ရှက်စိတ် မရှိဘဲ ဆိုးယုတ်သော လုပ်ရပ်များကို ကျူးလွန်ပြီး ရှက်ဖွယ်ကောင်းသော အရာများကို လုပ်ဆောင်ပြီးသည့်နောက် သူသည် မိမိကိုယ်ကို ကာကွယ်ရန် ငြင်းခုံဖို့ ကြိုးစားလျှင် သို့မဟုတ် သူ လုပ်ဆောင်ခဲ့သည့်အရာကို ဝန်ခံရန် ငြင်းပယ်ပြီး မသိချင်ယောင်ဆောင်လျှင်ပင် သူသည် လူ့သဘာဝ အရည်အသွေးများ မရှိသော လူတစ်ဦး ဖြစ်သည်။ လူ့သဘာဝ အရည်အသွေးများ မရှိသော လူများသည် အနည်းဆုံးအနေဖြင့် ဖြောင့်မှန်ပြီး ကြင်နာတတ်သော လူများ မဟုတ်ကြပေ။ ၎င်းတို့တွင် လူ့သဘာဝ သို့မဟုတ် ဆင်ခြင်တုံတရား မရှိကြသည့်အပြင် လူဟု ခေါ်ဆိုခံရရန် မထိုက်တန်ကြပေ။ ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများသည် မကောင်းသောအရာများကို လုပ်ဆောင်ပြီး ဆိုးယုတ်သော လုပ်ရပ်များကို ကျူးလွန်သည့်အခါ ၎င်းတို့၏ ရန်သူများက ၎င်းတို့ကို လက်ညှိုးထိုးပြီး ဆဲရေးတိုင်းထွာလျှင် ၎င်းတို့က ထိုသို့လုပ်ဆောင်ခြင်းကို လုံးဝ မှန်ကန်သည်ဟု ခံစားရလျက် ၎င်းတို့ကို ချက်ချင်း ပြန်လည်ဆဲရေးတိုင်းထွာကြသည်။ ၎င်းတို့သည် မိမိတို့ မှန်ကြောင်းရှင်းချက်ထုတ်ရန်နှင့် မိမိတို့ကိုယ်ကို ကာကွယ်ရန် တတ်နိုင်သမျှ အရာအားလုံးကိုပင် လုပ်ဆောင်ကြပြီး လွဲမှားနေသော တွေးပုံခေါ်ပုံကို အမှန်တကယ် ခိုင်လုံသော တွေးပုံခေါ်ပုံ ဖြစ်သည့်အလား ဖော်ပြကာ ရဲတင်းစွာ ပါးစပ်သရမ်းပြီး အဆက်မပြတ် ပြောဆိုကြသည်။ ၎င်းတို့သည် ရိုးရှင်းစွာပင် အသိခေါက်ခက် အဝင်နက်သူများ ဖြစ်ကြပြီး လုံးဝ အရှက်မရှိကြပေ။ တိရစ္ဆာန်များမှ လူဝင်စားသောသူများနှင့်ပတ်သက်၍မူ ၎င်းတို့သည် အခြားလူများအပေါ် အခွင့်ကောင်းယူပြီး ယင်းအတွက် ဝေဖန်ကဲ့ရဲ့ခံရသောအခါ ၎င်းတို့သည် စိတ်ထဲ၌ မတရားခံရသည်ဟု ခံစားကြရပြီး ဆင်ခြေများနှင့် အကြောင်းပြချက်များ ပေးရန် တတ်နိုင်သမျှ အရာအားလုံးကိုလည်း လုပ်ဆောင်ကြသည်။ မိမိတို့ မှန်ကြောင်းရှင်းချက်ထုတ်သောအခါ ၎င်းတို့သည် အပြောအဆို ချောမွေ့စွာဖြင့်လည်း ပြောဆိုကြပြီး အဆက်မပြတ် ပြောဆိုကြကာ ဆိုးယုတ်သော လူများကဲ့သို့ပင် ၎င်းတို့တွင်လည်း ရှက်ရွံ့သည့် ခံစားချက်များ မရှိကြပေ။ ၎င်းတို့သည် အသိစိတ် လုံးဝမရှိသော တိရစ္ဆာန်များဖြစ်ကြပြီး တစ်နေ့လုံး ဇဝေဇဝါဖြင့် အချိန်ကုန်လွန်ကာ မည်သည့်ကိစ္စတွင်မဆို အမှားနှင့်အမှန်ကို မခွဲခြားနိုင်သောကြောင့် ဤသို့သောအရာမျိုးနှင့်ပတ်သက်လာလျှင် ၎င်းတို့တွင် မည်သည့် သတိပြုမိခြင်းမျှ မရှိကြပေ။ ၎င်းတို့သည် မိမိတို့ လုပ်ဆောင်ခဲ့သည့်အရာကို ဖော့ပြောရန် ကြိုးစားဖို့ အပေါ်ယံသာ ဟုတ်သယောင်ရှိသော ဆင်ခြေအချို့ကို ပေးကြပြီးနောက် ယင်းကိစ္စ ပြီးပြတ်သွားပြီဟု ၎င်းတို့ ခံစားကြရသည်။ ဤသည်မှာ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သော ပြဿနာတစ်ခုဖြစ်သည်ဟု ၎င်းတို့ မထင်ကြပေ။ ၎င်းတို့က လုံလောက်သော ဆင်ခြေများနှင့် အကြောင်းပြချက်များကို ပေးသရွေ့ တာဝန်ယူမှုမှ ရှောင်လွှဲနိုင်ပြီး ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာကို မည်သူမျှ သိမည်မဟုတ်ဟု ၎င်းတို့ ထင်ကြသည်။ ၎င်းတို့က “ယင်းက ပြီးဆုံးသွားပြီ ဖြစ်သည်။ ငါသည် ထိုသို့သောအရာမျိုးကို မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ပါ၊ ထိုအမှားမျိုးကို မည်သည့်အခါမျှ မပြုလုပ်ခဲ့ပါ။ ငါ့ကို လူဆိုးတစ်ဦးဟု မထင်ပါနှင့်။ ငါသည် အခြားသူများအပေါ် အခွင့်ကောင်းယူသည့် သူတစ်ဦး မဟုတ်ပါ။ ငါ မည်မျှ သဘောကောင်းပြီး ကြင်နာတတ်ကြောင်းနှင့် အခြားသူများကို မည်မျှ နားလည်ပေးတတ်ကြောင်းကို ကြည့်ပါ” ဟု တွေးလျက် မိမိတို့ကိုယ်ကို လှည့်စားကြလိမ့်မည်။ သင် မြင်သလော၊ ဤသူသည် နားဝေတိမ်တောင်ဖြစ်သော လူတစ်ဦး ဖြစ်သည်။ ဂုဏ်သိက္ခာနှင့် ပတ်သက်သည့် ဤကဲ့သို့သော ကိစ္စရပ်များအပေါ် အထူးသဖြင့် အကဲဆတ်သူများမှာ လူ့သဘာဝ အရည်အသွေးများကို ပိုင်ဆိုင်သော လူများသာ ဖြစ်ကြသည်။ သူတို့ လုပ်ဆောင်ခဲ့သည့်အရာကို မည်သူမျှ မသိလျှင်ပင် သူတို့ကိုယ်တိုင် ယင်းကို သဘောပေါက်ပါက သူတို့သည် အတွင်း၌ စိတ်မသက်မသာဖြစ်ပြီး အပြစ်ရှိသည်ဟု ခံစားရမည်ဖြစ်ကာ လူများက သူတို့ကို စောင့်ကြည့်နေသကဲ့သို့ပင် ခံစားရလိမ့်မည်။ သူတို့နှင့် အတော်လေး ရင်းနှီးသော လူအနည်းငယ်က သူတို့ လုပ်ဆောင်ခဲ့သည့်အရာကို အမှန်တကယ် သိရှိသွားပါက သူတို့သည် ပို၍ပင် စိတ်မသက်မသာ ခံစားရလိမ့်မည်ဖြစ်ပြီး မိမိတို့ မှန်ကြောင်းရှင်းချက်ထုတ်ရန် ကြိုးစားဖို့ အလွန် ရှက်ရွံ့နေကြလိမ့်မည်။ သူတို့သည် ယင်းအတွက် အလျင်အမြန် ကုစားရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး ယင်းကို အလွန် ရှက်စရာကောင်းသည်ဟု မြင်လျက် ဤသို့သောအရာမျိုးကို နောက်တစ်ဖန် မည်သည့်အခါမျှ လုပ်ဆောင်ကြမည်မဟုတ်ပေ။ ဤသည်တို့မှာ တူညီသော ကိစ္စရပ်တစ်ခုတွင် လူအမျိုးအစား သုံးမျိုး၏ မတူညီသော သရုပ်သကန်များ ဖြစ်ကြသည်။
လူ့သဘာဝ အရည်အသွေးများရှိသော လူများသည် အခြားသူများကို ဆက်ဆံပုံတွင် ယေဘုယျအားဖြင့် စည်းမျဉ်းများ ရှိကြကြောင်းကို ငါတို့ ယခုလေးတင် ဖော်ပြခဲ့ပြီးဖြစ်သည်။ သူတို့သည် တစ်စုံတစ်ဦး၏ အခြေအနေကို သတင်းပို့သည့်အခါ သို့မဟုတ် သတင်းအချက်အလက် ပေးသည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ဦးကို အကဲဖြတ်သည့်အခါ သူတို့၏ ဖြောင့်မှန်ပြီး ကြင်နာတတ်သော လူ့သဘာဝကို အခြေခံ၍ သူ့ကို ရှုမြင်ပြီး ဆက်ဆံနိုင်ကြသည်။ သူတို့သည် သမ္မာတရားကို နားမလည်လျှင်ပင် သူတို့တွင် အခြေခံ စည်းအချို့ ရှိကြသေးသည်။ ဥပမာအားဖြင့် သူတို့သည် သာမန်လူတစ်ဦးကို ဤသို့ အကဲဖြတ်ကြလိမ့်မည်။ “သူသည် မကောင်းသောအရာ တစ်ခုမျှ မလုပ်ဆောင်ခဲ့ပါ။ သူသည် ရည်မွန်သော ဘဝတစ်ခုဖြင့် အသက်ရှင်နေထိုင်သည်။ သူသည် လောကရှိ သာမန်လူတစ်ဦးဖြစ်ပြီး ဟန်ဆောင်မှုကင်းသော လူတစ်ဦးအဖြစ် သတ်မှတ်၍ရသည်” ဟူ၍ ဖြစ်သည်။ သင် မြင်သလော၊ သူတို့သည် မိမိတို့၏ ကိုယ်ပိုင် အသိစိတ်ကို အခြေခံ၍ သာမန်လူကို မှန်ကန်စွာ အကဲဖြတ်ကြလိမ့်မည်။ သူတို့သည် အတိတ်က သူတို့ကို စော်ကားခဲ့သူများ၊ နာကျင်စေခဲ့သူများ သို့မဟုတ် သူတို့၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေခဲ့သူများကိုပင် မှန်ကန်စွာ ဆက်ဆံနိုင်ပြီး အကဲဖြတ်နိုင်ကြသည်။ ဤသည်က ဤလူများ၏ လူ့သဘာဝတွင်ရှိသော ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို သာ၍ပင် ထုတ်ဖော်ပြသလေသည်။ ဆိုလိုသည်မှာ သူတို့သည် သာမန်လူကို မှန်ကန်စွာ အကဲဖြတ်နိုင်ကြသည်။ သူသည် ကောင်းလျှင် ကောင်းသည်ဟု ဆိုမည်ဖြစ်ပြီး သူသည် မကောင်းလျှင်လည်း မကောင်းဟုသာ သူတို့ ပြောဆိုကြမည်ဖြစ်သည်။ လိမ်ညာပြောဆိုရန် တောင်းဆိုခံရလျှင် သူတို့ မလုပ်နိုင်ကြပေ။ ထိုသို့လုပ်ဆောင်ခြင်းသည် သူတို့၏ ဆန္ဒကို ဆန့်ကျင်နေမည်ဟု သူတို့ ခံစားကြရသည်။ သူတို့သည် အဖြစ်မှန်အတိုင်းသာ ပြောဆိုကြပြီး အရှိကိုအရှိအတိုင်း ပြောဆိုကြသည်။ သူတို့ကို စော်ကားခဲ့ဖူးသော လူများအပေါ်တွင်လည်း ဤစည်းမျဉ်းအတိုင်း သူတို့ ပြုမူနိုင်ကြသည်။ သူတို့ မနှစ်သက်သော သို့မဟုတ် အော်ဂလီဆန်သော လူတစ်ဦး ရှိလျှင်ပင် ထိုသူ၏အကြောင်းကို အစီရင်ခံရန် သို့မဟုတ် အကဲဖြတ်ရန် သူတို့ကို တောင်းဆိုလာပါက သူတို့က “သူ့အပေါ် ကျွန်ုပ်တွင် ကိုယ်ရေးကိုယ်တာ နာကြည်းချက်များနှင့် ရန်ငြိုးများ ရှိသောကြောင့် ဤလူနှင့်ပတ်သက်သော ကျွန်ုပ်၏ အကဲဖြတ်မှုသည် ဓမ္မဓိဋ္ဌာန်ကျမည် မဟုတ်ဟု ကျွန်ုပ် စိုးရိမ်ပါသည်။ ထို့ကြောင့် ကျွန်ုပ် ဝင်မပါဘဲ နေပါမည်။ အခြားလူတိုင်း၏ အကဲဖြတ်မှုကို အခြေခံ၍ သူ့ကို သင်တို့ အကဲဖြတ်နိုင်ပါသည်” ဟု ပြောဆိုလျက် ရပ်တည်ချက်တစ်ခု မယူရန်သာ သူတို့ ရွေးချယ်ကြလိမ့်မည်။ ဤသည်မှာ လူ့သဘာဝ အရည်အသွေးများရှိသော လူများ အခြေခံအားဖြင့် လုပ်ဆောင်နိုင်သည့်အရာ ဖြစ်သည်။ အထူးသဖြင့် အဆင့်အတန်းရှိသော တစ်စုံတစ်ဦးသည် အခြားသူများကို တရားမျှတစွာ ဆက်ဆံနိုင်သေးသည့်အခါ ယင်းက သူ၏ လူ့သဘာဝ အရည်အသွေးများကို သာ၍ပင် ထုတ်ဖော်ပြသလေသည်။ သူ၌ အဆင့်အတန်းရှိချိန်တွင် လူများကို သူ ဆက်ဆံပုံသည် သူ၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည်ကို အခြားသူများအား အမှန်တကယ် ရှင်းလင်းစွာ မြင်တွေ့ခွင့်ပေးနိုင်သည့်အရာ ဖြစ်သည်။ တစ်စုံတစ်ဦး၌ အဆင့်အတန်း မရှိသည့်အခါ သူသည် လူများကို တရားမျှတစွာ ဆက်ဆံနိုင်ပုံရပြီး လူများအပေါ် သူ၏ အကဲဖြတ်မှုများသည် အတော်အတန် ဓမ္မဓိဋ္ဌာန်ကျသည်။ ဤအရာကိုယ်၌က မည်သည့်အရာကိုမျှ ညွှန်ပြချင်မှ ညွှန်ပြမည်ဖြစ်သည်။ သူ၌ အဆင့်အတန်း ရှိလာသည့်အခါ သူ့ကို စော်ကားခဲ့သူများ သို့မဟုတ် နာကျင်စေခဲ့သူများကို သူ မည်သို့ ဆက်ဆံသည်ကိုလည်းကောင်း၊ ယခင်က သူ့ကို ဖယ်ကြဉ်ခဲ့သူများ သို့မဟုတ် သူ့ကို တမင်တကာ ဖိနှိပ်ခဲ့သူများကိုပင် သူ မည်သို့ ဆက်ဆံသည်ကိုလည်းကောင်း ကြည့်ရှုလော့။ လူ့သဘာဝ အရည်အသွေးများ အမှန်တကယ်ရှိသော လူများသည် သူတို့၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းတို့ကို ပိုင်ဆိုင်သောကြောင့် သူတို့၌ အဆင့်အတန်း ရှိလာသည့်အခါ အတိတ်က သူတို့ကို စော်ကားခဲ့သူများ၊ နာကျင်စေခဲ့သူများ သို့မဟုတ် သူတို့ကို တမင်တကာ ဖိနှိပ်ခဲ့သူများကိုပင် သူတို့ မှန်ကန်စွာ ဆက်ဆံနိုင်ကြသည်။ သူတို့သည် သမ္မာတရားကို နားမလည်သည့်အခါ သမ္မာတရား စည်းမျဉ်းများနှင့်အညီ လူများကို လုံးဝ တိကျမှန်ကန်စွာ မဆက်ဆံနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လူများကို သူတို့ ဆက်ဆံပုံတွင် သူတို့၏ ကိုယ်ပိုင် စည်းများနှင့် စည်းမျဉ်းများလည်း ရှိကြသည်။ ဥပမာအားဖြင့် အသင်းတော်တွင် အခြားသော ညီအစ်ကိုမောင်နှမများက သီးခြား ပုဂ္ဂိုလ်တစ်ဦးကို ကိုယ်စားလှယ်လောင်းအဖြစ် သို့မဟုတ် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်ပြီး ဤသူသည် ယခင်က သူတို့ကို စော်ကားခဲ့ဖူးသူတစ်ဦး ဖြစ်နေလျှင်ပင်၊ ဤသူသည် မဆိုးကြောင်းနှင့် ပြောင်းလဲသွားပြီဖြစ်ကြောင်း ညီအစ်ကိုမောင်နှမများအားလုံး ပြောဆိုကြသည်ကို မြင်သောအခါ သူတို့သည် ရွေးကောက်ပွဲကို တမင်တကာ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ဟန့်တားခြင်း လုံးဝ ပြုလုပ်မည်မဟုတ်ပေ။ သူတို့သည် ဤသူကို ပုဂ္ဂိုလ်ရေးအရ သိပ်သဘောကျချင်မှ ကျမည်ဖြစ်သော်လည်း ဘုရားအိမ်တော်က ဤသူကို အသုံးပြုပြီး ညီအစ်ကိုမောင်နှမများက သူ့ကို ရွေးကောက်ပါက သူတို့သည် ဤသူကို လုံးလုံးလျားလျား ထိုးထွင်းသိမြင်ခြင်း မရှိသေးသည့် အခြေအနေများအောက်တွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကိစ္စရပ်များကို ကိုင်တွယ်မည်ဖြစ်ပြီး စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ကြလိမ့်မည်။ သူတို့သည် ဤသူနှင့် ကိုယ်ရေးကိုယ်တာ နာကြည်းချက်များ ရှိသောကြောင့် ဤသူကို မတရားသဖြင့် လုံးဝ ဆက်ဆံမည်မဟုတ်သည့်အပြင် သူ့ကို တမင်တကာ ဗိုလ်ကျခြင်း သို့မဟုတ် ညှဉ်းပန်းခြင်းလည်း ပြုလုပ်မည်မဟုတ်ပေ။ တစ်ခါတစ်ရံတွင် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သို့မဟုတ် သူတို့၏ လူ့သဘာဝ အားနည်းချက်ကြောင့် အထူး အခြေအနေများအောက်တွင် မပြောသင့်သောအရာများဖြင့် သူ့ကို နှုတ်ဖြင့် မဲကောင်းမဲနိုင်သည်။ အကြောင်းမှာ လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြပြီး မည်သူမျှ အပြစ်အနာအဆာ ကင်းမဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ သို့သော် သူတို့သည် အခြေခံ စည်းမျဉ်းများကို စောင့်ထိန်းနိုင်ကြသည်။ ဆိုလိုသည်မှာ သူတို့ကိုယ်တိုင်၌ အဆင့်အတန်း ရှိနေရုံမျှဖြင့် သူတို့နှင့် ရန်ငြိုးရှိသူများကို သူတို့သည် လိုက်လံဒုက္ခပေးခြင်း၊ ဖိနှိပ်ခြင်း သို့မဟုတ် လက်စားချေခြင်း ပြုလုပ်မည်မဟုတ်ပေ။ ဤအရာက တစ်ခါတစ်ရံ အမှန်တကယ် ဖြစ်ပျက်ခဲ့လျှင် နောက်ပိုင်းတွင် သူတို့၏ အသိစိတ်က သူတို့ကို အပြစ်တင်လိမ့်မည်ဖြစ်ပြီး “သင် ဤသို့လုပ်ဆောင်ခြင်းသည် မှားယွင်းပါသည်။ ယခု သင့်၌ အဆင့်အတန်း ရှိနေပြီဖြစ်ရာ ထိုလူများကို လက်စားချေရန် သင် ကိုင်စွဲထားသော အာဏာကို သင် အသုံးပြုခဲ့သည်။ ဤသည်မှာ မသင့်လျော်ပါ” ဟု သူတို့ကို ပြောဆိုလိမ့်မည်။ သူတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ကြလိမ့်မည်၊ သူတို့၏ အသိစိတ်က လိပ်ပြာမလုံဘဲ ယင်းအပြင် သူတို့၏ ဆင်ခြင်တုံတရားက အခြားလူများကို ဖိနှိပ်ခြင်းနှင့် လက်စားချေခြင်းမှ သူတို့ကို ချုပ်ထိန်းထားမည်ဖြစ်ကာ သူတို့၏ အပြုအမူကို ထိန်းညှိပေးလျက် “ယင်းမှာ မသင့်လျော်ပါ” ဟု သူတို့ကို အစဉ်မပြတ် သတိပေးနေလိမ့်မည်။ သို့ဖြစ်၍ သူတို့သည် သူတို့၏ စကားပြောဆိုမှုတွင် ချင့်ချိန်ကြလိမ့်မည်ဖြစ်ပြီး သူတို့ လုပ်ဆောင်သည့်အရာများတွင် အလွန်အကျွံ ဖြစ်မည်မဟုတ်ပေ။ ဤသည်တို့မှာ ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် အခြားသူများကို ဆက်ဆံပုံနှင့်ပတ်သက်သည့် အခြေခံ သရုပ်သကန်အချို့ ဖြစ်ကြသည်။ သူတို့သည် အတိတ်က သူတို့နှင့် ရန်ငြိုးရှိသူများ သို့မဟုတ် သူတို့ကို ထိခိုက်နစ်နာစေခဲ့သူများကို ပစ်မှတ်ထားရန် သူတို့၏ စိတ်ခံစားချက်အတိုင်း ယာယီ ပြုမူလိုလျှင်ပင်၊ ထို့အပြင် ယခု သူတို့ လက်စားချေခြင်းသည် လုံးဝ ကျိုးကြောင်းဆီလျော်သည်ဟု အခြားလူများက မြင်ကြလျှင်ပင် သူတို့သည် သူတို့ လုပ်ဆောင်သည့်အရာတွင် ချင့်ချိန်ကြဆဲဖြစ်ပြီး သူတို့တွင် စည်းတစ်ခု ရှိကာ ယင်းကို သူတို့ လုံးဝ ကျော်လွန်မည်မဟုတ်ပေ။ သူတို့သည် မိမိတို့၏ စည်းကို ကျော်လွန်ပြီး ရူးသွပ်စွာ လက်စားချေနိုင်ပါက သူတို့သည် လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို ပိုင်ဆိုင်သော သူတစ်ဦး ဖြစ်မည်မဟုတ်ပေ။ သူတို့တွင် လူ့သဘာဝ၏ အားနည်းချက်များ ရှိပြီး ပုံမှန် လူ့သဘာဝအတွင်း၌ အသက်ရှင်နေထိုင်ကြသောကြောင့်သာလျှင် သူတို့ကို နာကျင်စေခဲ့သူများအပေါ် အမုန်းတရားနှင့် ဒေါသကို သူတို့ ခံစားကြရပြီး လက်စားချေလိုစိတ်လည်း ရှိကြသည်။ သို့သော် သူတို့၏ လူ့သဘာဝသည် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို ပိုင်ဆိုင်ပြီး သူတို့သည် မိမိတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ချုပ်ထိန်းခြင်းနှင့် ထိန်းညှိခြင်းကို ခံရသောကြောင့် တစ်စုံတစ်ဦးကို သူတို့ လက်စားချေလိုသည့်အခါ သူတို့၏ အသိစိတ်က လိပ်မပြာမလုံဘဲ “ထားလိုက်ပါ။ ယင်းမှာ မသင့်လျော်ပါ။ ယခင်က သူ လုပ်ဆောင်ခဲ့သည့်အရာသည် ငါ့ကို အမှန်တကယ် မနာကျင်စေခဲ့ပါ။ ယခု သူ့ကို ငါ လက်စားချေလျှင်ပင် ယင်းက မည်သည့်ပြဿနာကိုမျှ ဖြေရှင်းပေးမည်မဟုတ်ပါ” ဟု သူတို့ဘာသာ တွေးလျက် သူတို့၏ ဆင်ခြင်တုံတရားက သူတို့ကို ထိန်းချုပ်ထားမည်ဖြစ်သည်။ သူတို့သည် မိမိတို့ကိုယ်ကို ထိန်းချုပ်ရန်နှင့် စောင့်စည်းရန် ဆင်ခြင်တုံတရားရှိသော နည်းလမ်းများကို အသုံးပြုကြလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် မိမိတို့ကိုယ်ကို ဖျောင်းဖျကာ စိတ်ပြောင်းသွားအောင် လုပ်ဆောင်ကြလိမ့်မည်။ ယင်းအပြင် သူတို့သည် သမ္မာတရားအချို့ကိုလည်း နားလည်ပါက ဤကိစ္စနှင့်ပတ်သက်သော သူတို့၏ အပြုအမူသည် သာ၍ပင် ကောင်းမွန်လာမည်ဖြစ်ပြီး သမ္မာတရား စည်းမျဉ်းများနှင့် ပို၍ ကိုက်ညီလာလိမ့်မည်။ အချုပ်အားဖြင့်ဆိုရလျှင် အခြားသူများကို သူတို့ ဆက်ဆံပုံနှင့်ပတ်သက်လာပါက သူတို့သည် သူတို့၏ လူ့သဘာဝတွင်ရှိသော ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို အခါအားလျော်စွာ ထုတ်ဖော်ပြလိမ့်မည်ဖြစ်ပြီး လူ့သဘာဝ အရည်အသွေးများက လမ်းပြပေးသော အတွေးများနှင့် အပြုအမူအချို့ကို မကြာခဏ ထုတ်ဖော်ပြသကြလိမ့်မည်။ သင် မကြာခဏ ကြားရသည့် သူတို့၏ စကားမှာ “ထားလိုက်ပါ။ သူတို့နှင့် ဖက်ပြီးဖြစ်နေလျှင် ငါသည်လည်း သူတို့နှင့် တူသွားမည် မဟုတ်လော။ ထို့အပြင် ဖြစ်ပျက်ခဲ့သည့်အရာက အတိတ်မှာ ကျန်ခဲ့ပြီဖြစ်သည်။ ငါတို့အားလုံးက အရွယ်ရောက်ပြီးသူများ ဖြစ်ကြသည်။ ဤကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တုံ့ပြန်နေခြင်းက အဓိပ္ပာယ်ရှိသလော” ဟူ၍ ဖြစ်သည်။ လူ့သဘာဝ အရည်အသွေးများမှ မြစ်ဖျားခံလာသော သူတို့ကို ချုပ်ထိန်းသည့် အချို့သော အတွေးများနှင့် အမြင်များ သူတို့တွင် ရှိလိမ့်မည်။ သေချာသည်မှာ သူတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ လမ်းပြမှုအောက်တွင် ပေါ်ပေါက်လာသော သူတို့၏ အတွေးများနှင့် အမြင်များသည် သူတို့၏ စကားများနှင့် လုပ်ရပ်များကို အစဉ်မပြတ် ထိန်းညှိပေးခြင်း၊ ချုပ်ထိန်းခြင်း၊ ထိန်းချုပ်ခြင်းနှင့် တားဆီးခြင်းတို့ ပြုလုပ်နေခြင်းလည်း ဖြစ်သည်။ နောက်ပိုင်းတွင် ဆင်ခြင်တုံတရား၏ နယ်ပယ်ကို ကျော်လွန်သော အခြားသူများကို လက်စားချေလိုသည့် ထိုအတွေးများသည် သူတို့၏ စိတ်နှလုံးထဲတွင် တဖြည်းဖြည်း မှေးမှိန်သွားလိမ့်မည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ အစဉ်မပြတ် ပြုပြင်ပေးမှုအောက်တွင် သမ္မာတရားကို လိုက်စားခြင်းနှင့် အသက်အရွယ်ရလာသည်နှင့်အမျှ တိုး၍ ရင့်ကျက်လာခြင်းတို့နှင့် ပေါင်းစပ်လိုက်သောအခါ သူတို့၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းကဲ့သို့သော အရည်အသွေးများကို ပိုင်ဆိုင်သည့် လူများ၏ အတွေးများနှင့် လုပ်ရပ်များသည် ဤလူများက သမ္မာတရားကို လိုက်စားသည်နှင့်အမျှ အပြုသဘောဆောင်သည့်ဘက်သို့ တိုး၍ ဦးတည်လာမည်ဖြစ်ပြီး သမ္မာတရား စည်းမျဉ်းများနှင့် တိုး၍ ကိုက်ညီလာကာ တိုး၍ ထိန်းညှိခံရလာလိမ့်မည်။ ဆိုလိုသည်မှာ ဤလုပ်ငန်းစဉ်မှတစ်ဆင့် လူတို့သည် အမုန်းတရားကို တဖြည်းဖြည်း စွန့်လွှတ်လာကြမည်၊ နာကြည်းချက်များကို စွန့်လွှတ်လာကြမည်ဖြစ်ပြီး သူတို့၏ ကိုယ်ပိုင် ကျဉ်းမြောင်းသော တွေးခေါ်မှုကြောင့် ဖြစ်ပေါ်လာသည့် အမျိုးမျိုးသော ကိုယ်ရေးကိုယ်တာ ပြဿနာများကို စွန့်လွှတ်လာကြမည်ဖြစ်သည်။ လူတစ်ဦးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စိုးမိုးခြင်းနှင့် ချုပ်ထိန်းခြင်းကိုသာ ခံရပါက သူသည် အမုန်းတရားနှင့် နာကြည်းချက်များကို ရိုးရိုးရှင်းရှင်းသာ စွန့်လွှတ်နိုင်ပြီး “ထားလိုက်ပါ၊ ယင်းက အတိတ်မှာ ကျန်ခဲ့ပြီဖြစ်သည်” ဟု ရိုးရိုးရှင်းရှင်းသာ ပြောဆိုနိုင်သည်။ သို့သော် လူတစ်ဦးသည် သမ္မာတရားကို လိုက်စားနိုင်ပြီး သမ္မာတရားကို နားလည်နိုင်ပါက သူသည် ရိုးရိုးရှင်းရှင်း စွန့်လွှတ်လိုက်ခြင်းနှင့် အမှုအရာများကို ပြီးပြတ်သွားအောင် လွှတ်ထားလိုက်ခြင်းတို့၌သာ ကန့်သတ်ခံရမည်မဟုတ်ပေ။ ထိုအစား သူသည် သမ္မာတရား စည်းမျဉ်းများကို အသုံးချနိုင်မည်ဖြစ်ပြီး အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ တွန်းအားပေးမှုဖြင့် ပို၍ မှန်ကန်စွာ အသက်ရှင်နေထိုင်ကာ ဤပြဿနာများကို ကိုင်တွယ်ဖြေရှင်းပြီး အမျိုးမျိုးသော နာကြည်းချက်များ ရှိခဲ့သူများကို ဘုရားသခင် သွန်သင်သည့် နည်းလမ်းအတိုင်း ဆက်ဆံနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးတွင် အခြားသူများကို ဆက်ဆံရန် အခြေခံ စည်းမျဉ်းများ ရှိပြီး ဤအခြေခံအုတ်မြစ်ပေါ်တွင် သမ္မာတရားကိုလည်း နားလည်မှသာလျှင် သူသည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ တဖြည်းဖြည်း ဝင်ရောက်နိုင်ပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်လာနိုင်မည်ဖြစ်သည်။
အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများက အခြားသူများကို ဆက်ဆံသည့် စည်းမျဉ်းများသည် သူတို့၏ လူ့သဘာဝအတွင်းရှိ ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများ၏ ချုပ်ထိန်းခြင်းကို ခံရသည်။ သို့ဖြစ်၍ ၎င်းတို့၏ လူ့သဘာဝတွင် ဤဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို မပိုင်ဆိုင်သော လူများသည် အခြားသူများကို ဆက်ဆံပုံတွင် မည်သည့်စည်းမျဉ်းမျှ မရှိကြပေ။ သင် မြင်သလော၊ အချို့လူများ၌ အဆင့်အတန်း မရှိသည့်အခါ တစ်စုံတစ်ဦးက ၎င်းတို့ကို နာကျင်စေလျှင် သို့မဟုတ် ၎င်းတို့ကို အထင်သေးလျှင်၊ ပြီးလျှင် လက်စားချေခြင်းသည် ၎င်းတို့၏ စွမ်းရည်ထက် ကျော်လွန်နေပါက ၎င်းတို့သည် အလွန် နူးညံ့သိမ်မွေ့ပုံပေါ်ပြီး ၎င်းတို့ ကျင့်ကြံပြုမူပုံမှာ အတော်အတန် သဘောထားကြီးသည့်အလား ဖြစ်ကာ ၎င်းတို့သည် အတော်လေး ကောင်းမွန်သည်ဟု သင် ခံစားရကောင်း ခံစားရနိုင်ပြီး ၎င်းတို့ကို စော်ကားခဲ့သူ မည်သူ့ကိုမဆို ၎င်းတို့ လက်စားချေသည်ကို မည်သည့်အခါမျှ မြင်တွေ့ရမည်မဟုတ်ပေ။ သို့သော် ဤအရာက ၎င်းတို့၏ လူ့သဘာဝတွင် အမှန်တကယ် မည်သည့်အရည်အသွေးများ ရှိသည်ကို မဆုံးဖြတ်နိုင်ပေ။ ၎င်းတို့၌ အဆင့်အတန်း ရှိလာသည့်အခါ၊ စကားပြောဆိုခွင့်ကို ထိန်းချုပ်နိုင်သည့်အခါနှင့် ဆုံးဖြတ်ချက်ချပိုင်ခွင့် ရှိလာသည့်အခါ ၎င်းတို့သည် လူများကို မည်သို့ ဆက်ဆံသည်ကိုလည်းကောင်း၊ လူများကို တရားမျှတစွာ ဆက်ဆံနိုင်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ အတိတ်က ၎င်းတို့ကို စော်ကားခဲ့သူများကို အသိစိတ်နှင့် ဆင်ခြင်တုံတရားအပေါ် အခြေခံ၍ ဆက်ဆံနိုင်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ လူများကို ဆက်ဆံရာတွင် စည်းမျဉ်းများ ရှိနိုင်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း သင် ကြည့်ရှုသင့်သည်။ ဤအရာက တစ်စုံတစ်ဦး၏ အမျိုးအစား အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို သင့်အား ပြောပြလေသည်။ လူ့သဘာဝ အရည်အသွေးများ မရှိသော လူများသည် ၎င်းတို့၌ အဆင့်အတန်း မရှိသည့်အခါ အလွန် လိမ္မာရေးခြားရှိသယောင် ဟန်ဆောင်ကြသည်။ အခြားသူများကို လက်စားချေခြင်းက ၎င်းတို့၏ စွမ်းရည်ထက် ကျော်လွန်နေသည့်အခါ ၎င်းတို့သည် လက်စားမချေရဲကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် စော်ကားမှုတိုင်းကို မှတ်ထားကြသည်။ ၎င်းတို့၏ စိတ်များသည် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်၊ လက်စားချေမှုများဖြင့် ပြည့်နှက်နေပြီး လူများကို ညှဉ်းပန်းရန်နှင့် အကောက်ကြံရန် နည်းလမ်းများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့သည် အခါအခွင့်သင့်ချိန်ကို စိတ်ရှည်ရှည်စောင့်ဆိုင်းပြီး လက်စားချေရန် အခွင့်အရေးများကို ရှာဖွေကြမည်ဖြစ်ကာ အတိတ်က ၎င်းတို့ကို စော်ကားခဲ့သူများ ကျဆုံးသွားသည်ကို မြင်တွေ့ရန် စောင့်ဆိုင်းကြလိမ့်မည်။ ၎င်းတို့၌ အဆင့်အတန်း ရှိလာသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် ဤအဆင့်အတန်းကို ၎င်းတို့ ခိုင်မာအောင် လုပ်ဆောင်ပြီးသည့်အခါ အတိတ်က ၎င်းတို့ကို စော်ကားခဲ့သူများ သို့မဟုတ် ၎င်းတို့နှင့် သဘောထား ကွဲလွဲသူများအပေါ် ၎င်းတို့၏ သဘောထားသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများ ထားရှိမည့် သဘောထားနှင့် လုံးဝ ကွဲပြားခြားနားသည်။ ၎င်းတို့သည် လက်စားချေရမည်သာဖြစ်ပြီး ထိုသို့လုပ်ဆောင်ရန် နည်းလမ်းများအတွက် ၎င်းတို့၏ ဦးနှောက်ခြောက်ခံ စဉ်းစားကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ အမုန်းတရားကို လုံးဝ စွန့်လွှတ်မည်မဟုတ်သည့်အပြင် မည်သည့် နာကြည်းချက်ကိုမျှလည်း စွန့်လွှတ်မည်မဟုတ်ပေ။ ၎င်းတို့သည် “ထားလိုက်ပါ။ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီဖြစ်သည်။ ကျွန်ုပ်သည် အဆင်ပြေပြေ နေထိုင်နေပြီး သူတို့ လုပ်ဆောင်ခဲ့သည့်အရာက ကျွန်ုပ်ကို အမှန်တကယ် မနာကျင်စေခဲ့ပါ။ ထို့အပြင် လက်စားချေခြင်းက မည်သည့်အရာကို ဖြစ်မြောက်အောင်မြင်စေမည်နည်း” ဟု ပြောဆိုမည့် လူ့သဘာဝ အရည်အသွေးများရှိသော လူများကဲ့သို့ လုံးဝ ဖြစ်မည်မဟုတ်ပေ။ ၎င်းတို့သည် “ထားလိုက်ပါ” ဟု လုံးဝ ပြောဆိုမည်မဟုတ်ပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် အငြိုးထားနေကြလိမ့်မည်။ ၎င်းတို့၌ အဆင့်အတန်း ရှိလာသည့်အခါ ၎င်းတို့က “ကျွန်ုပ်၏ အမုန်းတရားကို ကျွန်ုပ် မေ့သွားပြီဟု သင် ထင်ခဲ့သလော။ ယခင်က သင်သည် ကျွန်ုပ်ကို စော်ကားခဲ့သည်၊ နာကျင်စေခဲ့ပြီး ဖိနှိပ်ခဲ့သည်။ ယင်းက ပြီးပြီးပျောက်ပျောက် ဖြစ်သွားပြီဟု သင် ထင်ခဲ့သလော။ ယင်းမှာ မဖြစ်နိုင်ပါ။ ယခု ကျွန်ုပ်တွင် အဆင့်အတန်း ရှိနေပြီဖြစ်သည်။ အခြေအနေများက ယခင်နှင့် မတူတော့ပါ။ သင့်ကို ကျွန်ုပ် မည်သို့ လက်စားမချေဘဲ နေနိုင်မည်နည်း။ ကျွန်ုပ်မည်သည့်အရာကို လုပ်ဆောင်နိုင်စွမ်းရှိသည်ကို သင့်အား ပြသရန်၊ ကျွန်ုပ်သည် သာမန်လူတစ်ဦး မဟုတ်ကြောင်းကို သင့်အား သိစေရန် ကျွန်ုပ် ကိုင်စွဲထားသော အာဏာကို ကျွန်ုပ် အသုံးပြုမည်” ဟု ပြောဆိုကြသည်။ ၎င်းတို့၏ အတွင်းကမ္ဘာသည် အမုန်းတရားများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို မည်သူမျှ မမေ့စေရန်နှင့် လူများက ၎င်းတို့ကို ယခင်ကကဲ့သို့ ဗိုလ်ကျမည့်အစား ၎င်းတို့ကို ကြောက်ရွံ့လာစေရန် ကြိုးစားလျက် ၎င်းတို့၏ စိတ်များသည် လက်စားချေမည့် နည်းလမ်းများနှင့် ရှုံးနိမ့်မှုကို အောင်ပွဲအဖြစ် ပြောင်းလဲမည့် နည်းလမ်းများဖြင့် ပြည့်နှက်နေသည်။ သင် မြင်သလော၊ ဤလူစားမျိုးသည် လူ့သဘာဝ အရည်အသွေးများရှိသော လူတစ်ဦးနှင့် ကွဲပြားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ခေါင်းထဲတွင် ၎င်းတို့ အစဉ်မပြတ် မည်သည့်အရာကို စဉ်းစားနေကြသနည်း။ “ငါ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သင့်အား ငါ ပြသမည်။ ငါသည် အလွယ်တကူ အနိုင်ကျင့်၍ရသူ မဟုတ်ကြောင်းကို သင့်အား ငါ ပြသမည်။ သင် ငါ့ကို မြင်သည့်အခါတိုင်း ကြောက်လန့်သွားအောင် ငါ လုပ်မည်ဖြစ်ပြီး ငါ့ကို နောက်တစ်ဖန် မည်သည့်အခါမျှ ဗိုလ်မကျရဲအောင် ငါ လုပ်မည်” ဟူ၍ ဖြစ်သည်။ ငါ့ကို ပြောပါ၊ ၎င်းတို့သည် ဤအတွေးများအတိုင်း ပြုမူနိုင်သည်ဟု သင် ထင်သလော။ (ဟုတ်ပါသည်။) ၎င်းတို့ သေချာပေါက် ပြုမူနိုင်သည်။ ၎င်းတို့၏ စိတ်နှလုံးသည် အမုန်းတရားများဖြင့် ပြည့်နှက်နေပြီး ထို့ထက်မက ၎င်းတို့၏ အမျိုးအစားမှာ နတ်ဆိုးတစ်ကောင်၏ အမျိုးအစားဖြစ်ကာ ဤသို့ တွေးခေါ်ခြင်းသည် မှန်သလော သို့မဟုတ် မှားသလောဟူသည်ကို တိုင်းတာဖို့ ၎င်းတို့တွင် စံနှုန်းတစ်ခုမျှ မရှိပေ။ ၎င်းတို့ ဤသို့ တွေးခေါ်သည့်အခါ ၎င်းတို့ကို ချုပ်ထိန်းရန် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိကြပေ။ ၎င်းတို့ကို မည်သည့်အရာကမျှ ချုပ်ထိန်းခြင်း သို့မဟုတ် ထိန်းညှိခြင်း မပြုနိုင်ပေ။ ဤဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်သော အရာများသည် ၎င်းတို့အတွင်း၌ အစဉ်မပြတ် ကြီးထွားလာပြီး လျှံကျလာစဉ်တွင် ၎င်းတို့သည် မိမိတို့ လုပ်ဆောင်လိုသည့် အရာများကို လုပ်ဆောင်ရန် အစဉ်မပြတ် အကြံအစည်ထုတ်နေပြီး အခွင့်အရေးများကို ရှာဖွေနေကြသည်။ ယခု ၎င်းတို့၌ အဆင့်အတန်း ရှိနေပြီဖြစ်သည်။ ၎င်းတို့၏ အခွင့်အရေးသည် နောက်ဆုံးတွင် ရောက်ရှိလာပြီဖြစ်သည်။ ငါ့ကို ပြောလော့၊ ၎င်းတို့ လျှော့ပေးမည်ဟု သင် ထင်သလော။ ၎င်းတို့ လုံးဝ လျှော့ပေးမည် မဟုတ်ပေ။ ၎င်းတို့သည် ဤအခွင့်အရေးကို ဆုပ်ကိုင်မည်ဖြစ်ပြီး ၎င်းတို့၏ အတွေးများအားလုံးကို လက်တွေ့အရှိတရားအဖြစ်သို့ ပြောင်းလဲရန် ယခု ၎င်းတို့ ကိုင်စွဲထားသော အာဏာကို အသုံးပြုကြလိမ့်မည်။ အတိတ်တွင် ၎င်းတို့ကို နာကျင်စေခဲ့သူများနှင့် ၎င်းတို့၏ ရန်သူများကို ၎င်းတို့အား ကြောက်ရွံ့စေမည်ဖြစ်ပြီး ၎င်းတို့ မည်မျှ အရည်အချင်းရှိပြီး လုပ်နိုင်စွမ်းရှိကြောင်းကို ထိုသူတို့အားလုံးအား ပြသကာ ဤလူများအားလုံးကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ကို လေးစားအားကျစေမည်ဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၌ အဆင့်အတန်း ရှိလာအောင် လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့ လုပ်ဆောင်မည့် နောက်တစ်ချက်မှာ ဤလူများကို အရှက်ခွဲရန်ဖြစ်ပြီး ၎င်းတို့ကို ဖိနှိပ်ရန်နှင့် လိုက်လံဒုက္ခပေးရန် စကားများနှင့် လုပ်ရပ်များကို အသုံးပြုကြလိမ့်မည်။ ၎င်းတို့သည် အတိတ်က ၎င်းတို့ကို မည်သူ စော်ကားခဲ့သည်ကို ကြည့်ရှုမည်ဖြစ်ပြီး “အကြမ်းတမ်းဆုံး၊ အန္တရာယ်အများဆုံး နေရာတွင် ဧဝံဂေလိတရားဟောရန် သူတို့ကို ငါ စေလွှတ်ရမည်။ သူတို့ မသွားလိုလျှင် သူတို့ကို ငါ ပြုပြင်မည်။ ထိုသို့ပြုပြင်ပြီးနောက် သူတို့ မသွားသေးလျှင် သူတို့ကို ငါ အသရေဖျက်ပြီး နှင်ထုတ်မည်။ ပြီးလျှင် သူတို့ဘက်မှ ရပ်တည်ပြောဆိုပေးသူ မည်သူမဆို တူညီသော အဆုံးသတ်နှင့် ရင်ဆိုင်ရလိမ့်မည်” ဟု တွေးတောကြလိမ့်မည်။ အချို့လူများသည် အတိတ်တွင် ၎င်းတို့ကို စော်ကားခဲ့ဖူးပြီး ယခုအခါ ခေါင်းဆောင်များအဖြစ် ရွေးချယ်ခံရသော်လည်း ၎င်းတို့၏ လက်အောက်ငယ်သားများ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့က “သူတို့၏ ဂုဏ်သတင်းကို လုံးဝ ချေဖျက်ရန် မည်သည့် တရားဒေသနာကို ငါ ဟောပြောနိုင်မည်နည်း။ သူတို့က ကောင်းစွာ ပြုမူပြီး ကိစ္စရပ်အားလုံးတွင် ငါ့စကားကို နားထောင်လျှင် သူတို့ကို အသစ်မှ ပြန်စခွင့်ပေးမည်။ သို့သော် ၎င်းတို့က နာခံမှုမရှိလျှင်၊ ငါ့ကို ရွံရှာဖွယ်ကောင်းသည်ဟု မြင်ပြီး ငါ့ကို မကျေနပ်လျှင်၊ ထို့အပြင် ငါ၏ ပြဿနာများကိုပင် သတင်းပို့လိုလျှင် ၎င်းတို့ကို ငါ ပညာပေးရမည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ဖယ်ရှားပြီး ဖြုတ်ချရန်နှင့် ၎င်းတို့ မည်သည့်အခါမျှ အခြေအနေကို ပြောင်းလဲ၍မရနိုင်အောင် လုပ်ဆောင်ရန် ဖြစ်နိုင်သမျှ အရာအားလုံးကို ငါ လုပ်ဆောင်မည်။ လယ်လုပ်ရန် သို့မဟုတ် ဝက်မွေးရန် ၎င်းတို့ကို လယ်ယာတစ်ခုသို့ ငါ စေလွှတ်မည်။ ၎င်းတို့ နားမထောင်သေးလျှင် ၎င်းတို့ တာဝန်ထမ်းဆောင်ရန် အန္တရာယ်အများဆုံး နေရာကို ငါ ရှာဖွေမည်ဖြစ်ပြီး ထိုနေရာတွင် ၎င်းတို့သည် ရဲများ၏ ဖမ်းဆီးခြင်းကို အချိန်မရွေး ခံရနိုင်သည်” ဟူ၍ စဉ်းစားဆင်ခြင်ကြသည်။ ဤသို့သော အတွေးများကို တွေးတောနေခြင်းကပင်လျှင် အလွန် ဆိုးရွားနေပြီဖြစ်သည်။ ယင်းက စည်းများကို ကျော်လွန်နေပြီဖြစ်သည်။ ၎င်းတို့ ဤသို့ တွေးခေါ်နိုင်ခြင်းက ၎င်းတို့တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား တစ်စက်မျှ အမှန်တကယ် မရှိကြောင်းကို သက်သေပြနေပြီဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ဤအရာများကို အမှန်တကယ် လုပ်ဆောင်နိုင်ပါက အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့်အပြင် ၎င်းတို့အတွင်း၌ နတ်ဆိုးဆန်သော သဘာဝ၏ အစိတ်အပိုင်းတစ်ခုလည်း ရှိနေသည်။ ၎င်းတို့၏ စိတ်နှလုံးသည် လူ့သဘာဝ ကင်းမဲ့နေရုံသာမက မကောင်းဆိုးဝါးဆန်သော သဘာဝတစ်ခုလည်း ပါဝင်နေသည်။ ၎င်းတို့သည် နတ်ဆိုးတစ်ကောင် ဖြစ်သည် မဟုတ်လော။ ဤလူစားမျိုး၌ အဆင့်အတန်း မရှိသည့်အခါ ၎င်းတို့သည် အယောင်ဆောင်ရန် အမှုအရာများကို သည်းခံရန် အတော်လေး တော်ကြသည်။ ၎င်းတို့သည် “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” လုပ်ရသည်ကို ကျွမ်းကျင်ကြသည်။ ၎င်းတို့သည် “လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ” နှင့် “အသက်ရှင်နေသရွေ့ အခွင့်အရေးရှိသေးသည်” အပြင် “ဝန်ကြီးချုပ်တစ်ဦး၏ နှလုံးသားသည် လှေတစ်စင်း ရွက်လွှင့်ရလောက်အောင် ကြီးမားသည်” ဟူသော စကားစုများမှ သင်ယူခဲ့ကြသည်။ ၎င်းတို့သည် ယခုအချိန်အထိ အယောင်ဆောင်ထားခဲ့ကြပြီး နောက်ဆုံးတွင် ၎င်းတို့၏ စစ်မှန်သော စရိုက်များ ပေါ်လွင်လာသည်။ ၎င်းတို့သည် မည်သို့သော လူယုတ်မာမျိုး ဖြစ်သနည်း။ ၎င်းတို့သည် လူသားတစ်ဦး မဟုတ်၊ နတ်ဆိုးတစ်ကောင် ဖြစ်သည်။ မည်သည့်လူများသည် အဆင့်အတန်း မရှိသည့်အခါ လိမ္မာရေးခြားရှိပြီး အဆင့်အတန်း ရရှိသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ပြောင်းလဲသွားသကဲ့သို့ ထင်ရသည်ကို သွား၍ ကြည့်ရှုလော့။ ၎င်းတို့သည် မိမိတို့ကို စော်ကားခဲ့ဖူးသူ မည်သူမဆို၏ တည်နေရာများနှင့် အခြေအနေများအပြင် ၎င်းတို့ လက်ရှိ ထမ်းဆောင်နေသော တာဝန်များကို အလျင်အမြန် စုံစမ်းမေးမြန်းကြသည်။ ထို့နောက် ၎င်းတို့သည် ဤလူများနှင့် ပြဿနာစတင်ရန် အခွင့်အရေးများကို ရှာဖွေကြပြီး ၎င်းတို့၏ ပြဿနာများကို ပုံကြီးချဲ့ကာ ဤလူများက နူးညံ့သိမ်မွေ့လာပြီး ၎င်းတို့ထံ ကျိုးကျိုးနွံနံ နာခံသည်အထိ လိုက်လံဒုက္ခပေးကြပြီး ထိုအချိန်တွင် အသင်းတော်၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီးပြီဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤကဲ့သို့သော လူများသည် ဆိုးယုတ်သော မကောင်းဆိုးဝါးများဖြစ်ကြပြီး ၎င်းတို့ကို အလျင်အမြန် ဖြုတ်ချရမည်။ ၎င်းတို့ကို မဖြုတ်ချပါက သင်သည် အခြားသူများနှင့်အတူ ဆင်းရဲဒုက္ခခံစားရလိမ့်မည်ဖြစ်ပြီး အနှေးနှင့် အမြန်ဆိုသလို ၎င်းတို့က သင့်ကိုလည်း လိုက်လံဒုက္ခပေးကြလိမ့်မည်။
မည်သို့သော လူစားမျိုးကို အသင်းတော် ခေါင်းဆောင်အဖြစ် ရွေးကောက်သင့်သနည်း။ တစ်ချက်အနေဖြင့် သူသည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် ဝန်တာတစ်ခု ရှိသင့်ပြီး လုံလောက်သော အစွမ်းအစ ရှိသင့်သည်။ အခြားတစ်ချက်အနေဖြင့် သူ၏ လူ့သဘာဝသည် ဖြောင့်မှန်ပြီး ကြင်နာတတ်သင့်ကာ လူများကို တရားမျှတစွာ ဆက်ဆံနိုင်သင့်သည်။ သူ၌ အဆင့်အတန်း မရှိခဲ့သည့်အခါ သူ့ကို စော်ကားခဲ့ဖူးသော သို့မဟုတ် သူနှင့် သဘောထားကွဲလွဲခဲ့ဖူးသော ညီအစ်ကိုမောင်နှမအချို့ အမှန်တကယ် ရှိခဲ့သော်လည်း ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက်တွင် သူသည် ဤလူများကို မှန်ကန်စွာ ဆက်ဆံနိုင်ပြီး ရာထူးတိုးပေးသင့်သည့်အခါ ရာထူးတိုးပေးကာ အသုံးပြုသင့်သည့်အခါ အသုံးပြုသည်။ အချို့လူများက သူ့ကို “ထိုသူသည် ယခင်က သင့်အကြောင်း မကောင်းပြောခဲ့သည်” ဟု ပြောဆိုကြသော်လည်း သူသည် ယင်းကို လွှတ်ထားနိုင်သည်။ သူက “ဘုရားအိမ်တော်သည် ယခုအချိန်တွင် လူများကို လိုအပ်နေသည်။ သူတို့သည် ဤတာဝန်ကို ထမ်းဆောင်ရန် သင့်တော်ပါက သူတို့ကို ငါတို့ အသုံးပြုသင့်သည်” ဟု ပြောဆိုလျက် ဘုရားအိမ်တော်၏ အလုပ်ကို ဦးစားပေးသည်။ မည်သူက သွေးခွဲရန် ကြိုးစားသည်ဖြစ်စေ သူသည် ယင်း၏ လွှမ်းမိုးမှုကို မခံရပေ။ သူ့ကို အဆိုးရွားဆုံး ဆက်ဆံခဲ့သူ ဖြစ်လျှင်ပင် ဤသူသည် လူများကို အသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ကိုက်ညီပါက ခေါင်းဆောင်သည် သူ့ကို လိုအပ်သလို အသုံးပြုလိမ့်မည်။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်း ရှိမရှိဟူသည်ကိုဖြစ်စေ၊ သူ၏ အစွမ်းအစက မည်သို့ရှိသည်ကိုဖြစ်စေ၊ သို့မဟုတ် အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိဟူသည်ကိုဖြစ်စေ ဘေးဖယ်ထားလျက် လူတို့၏ အမျိုးအစားများအရသာ ကြည့်လျှင် သူသည် လုံးဝ စစ်မှန်သော လူသားတစ်ဦး ဖြစ်သည်။ သူသည် လူများကို တရားမျှတစွာ ဆက်ဆံနိုင်သည်၊ အထူးသဖြင့် သူနှင့် သဘောထားကွဲလွဲခဲ့ဖူးသူများ သို့မဟုတ် အတိတ်တွင် သူ့ကို ဖိနှိပ်ခဲ့သူများ၊ နာကျင်စေခဲ့သူများ သို့မဟုတ် သူ့ကို စော်ကားခဲ့သူများ သို့မဟုတ် ဗိုလ်ကျခဲ့သူများကိုပင် သူတို့အားလုံးကို မှန်ကန်ပြီး တရားမျှတစွာ ဆက်ဆံနိုင်သည်။ ဤသူသည် အသင့်အတင့် ဖြောင့်မှန်ပြီး ကြင်နာတတ်သည်ဟု ငါတို့ ပြောဆိုရန်အတွက် ယင်းက လုံလောက်ပါသည်။ သူသည် စည်းမျဉ်းများနှင့် ကိုက်ညီပြီး ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းခံရရန် အခြေအနေများကို ဖြည့်ဆည်းသည်။ အချို့လူများက “သို့ဆိုလျှင် ဤသူသည် သမ္မာတရားကို လိုက်စားသူတစ်ဦးလော။ သူသည် သမ္မာတရားကို မလိုက်စားပါက လူများကို ဤနည်းအတိုင်း မဆက်ဆံနိုင်ဘဲ နေမည်မဟုတ်လော” ဟု ပြောဆိုကြသည်။ ဤသည်မှာ မှန်ကန်သလော။ ငါ့ကို ပြောပါ၊ တစ်စုံတစ်ဦးသည် သမ္မာတရားကို မလိုက်စားလျှင်ပင် သူ၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို သဘာဝအလျောက် ပိုင်ဆိုင်သရွေ့ လူများကို သူ ဆက်ဆံပုံတွင် အခြေခံ စည်းမျဉ်းတစ်ခု ရှိနိုင်မည်လော။ (ဟုတ်ပါသည်။) သူ၌ အဆင့်အတန်း ရှိလာသည့်အခါ ကိုယ်ရေးကိုယ်တာ နာကြည်းချက်များကို စွန့်လွှတ်နိုင်ခြင်း၊ လူများအပေါ် အတိတ်က အမှားများကို အငြိုးမထားခြင်းနှင့် သူ၏ ကိုယ်ရေးကိုယ်တာ နာကြည်းချက်များကို အခြေခံ၍ လူများကို မဆက်ဆံခြင်းတို့ ပြုလုပ်နိုင်မည်လော။ သူသည် ဤအရာကို ပြီးမြောက်နိုင်လိမ့်မည်။ သင်သည် ဤအရာကိုပင် မပြီးမြောက်နိုင်ပါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံရန် သင် မည်သို့ မျှော်လင့်နိုင်မည်နည်း။ ဤအရာကပင် သင့်စွမ်းရည်ထက် ကျော်လွန်နေပါက သင်သည် ဖြောင့်မှန်ပြီး ကြင်နာတတ်သော လူတစ်ဦး မဟုတ်ပေ။ သင်သည် လူ့သဘာဝ အရည်အသွေးများကို ပိုင်ဆိုင်သော လူတစ်ဦး မဟုတ်ဟုလည်း ဆိုနိုင်သည်၊ သင်သည် လူမဟုတ်ပေ။ သင်သည် လူမဟုတ်ဘဲ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိပါက သမ္မာတရားကို လိုက်စားရန် သင် မည်သည့်နေရာမှ စတင်မည်နည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံရန်နှင့် သမ္မာတရားကို လိုက်စားရန် အခြေခံ အခြေအနေများကို မဖြည့်ဆည်းပါက သမ္မာတရားကို မရရှိနိုင်သည့်အပြင် လူဟု ခေါ်ဆိုခံရရန် မထိုက်တန်ပေ။ သင်သည် လူများကို တရားမျှတစွာ မဆက်ဆံနိုင်ပါက သမ္မာတရားကို သင် ချစ်နိုင်မည်လော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်နိုင်မည်လော။ သင်သည် ကိုယ်ရေးကိုယ်တာ နာကြည်းချက် အသေးအဖွဲလေးများကိုပင် မစွန့်လွှတ်နိုင်ဘဲ သင့်အတွက် ဆိုးကျိုးဖြစ်စေသူ သို့မဟုတ် ယခင်က သင့်ကို စော်ကားခဲ့ဖူးသူ မည်သူ့ကိုမဆို သင် လက်စားချေနိုင်ပါက၊ ပြီးလျှင် သင့်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ မည်သည့်စံနှုန်းမျှပင် မရှိပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်နိုင်မည်လော။ လုံးဝ မဖြစ်နိုင်ပါ။ ထို့ကြောင့် ခေါင်းဆောင်တစ်ဦးကို ရွေးကောက်သည့်အခါ လူတစ်ဦးသည် အခြားသူများကို မည်သို့ ဆက်ဆံသည်ကို သင် ပထမဆုံး ကြည့်ရှုသင့်သည်။ ဤသည်မှာ တစ်စုံတစ်ဦးတွင် လူ့သဘာဝ အရည်အသွေးများ ရှိမရှိဟူသည်ကို တိုင်းတာရန် စံနှုန်းများထဲမှ တစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ အတိတ်က သူ့ကို မည်သူ စော်ကားခဲ့သည်ဖြစ်စေ သူသည် အငြိုးမထားသည့်အပြင် မည်သူ့ကိုမျှလည်း မည်သည့်အခါမျှ လက်စားမချေခဲ့ဘဲ အဆင့်အတန်း ရရှိပြီးနောက်တွင်ပင် သူသည် ယခင်အတိုင်း ရှိနေသည်။ သူသည် အထက်စီးမှ ပြုမူကောင်း ပြုမူမည်၊ အဆင့်အတန်းအတွက် လိုအင်ဆန္ဒ အနည်းငယ် ရှိကောင်းရှိမည် သို့မဟုတ် အဆင့်အတန်း၏ အကျိုးခံစားမှုများကို ပျော်မွေ့ခံစားကောင်း ခံစားမည်ဖြစ်သော်လည်း အတိတ်တွင် သူ့ကို စော်ကားခဲ့ဖူးသူများကို လိုအပ်သလို အသုံးပြုပြီး သူတို့နှင့် သင့်လျော်သလို ဆက်ဆံသည်။ သူ၏ စိတ်နှလုံးထဲတွင် ထိုအငြိုးများကို မှတ်ထားကောင်း မှတ်ထားမည်ဖြစ်သော်လည်း လက်စားချေသည့်အရာ တစ်ခုကိုမျှ သူ မလုပ်ဆောင်ပေ။ ဤသည်မှာ လူ့သဘာဝ အရည်အသွေးများ မရှိသူ မည်သူမဆို မပြီးမြောက်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ လူ့တိရစ္ဆာန်များက ယင်းကို မပြီးမြောက်နိုင်သည့်အပြင် နတ်ဆိုးများဆိုလျှင် သာ၍ပင် မပြီးမြောက်နိုင်ပေ။ အသိစိတ်ကို ပိုင်ဆိုင်သော လူများသာလျှင် ယင်းကို ပြီးမြောက်နိုင်ကြသည်။ အသိစိတ်ရှိသော လူများသည် မည်သည့်အရာကိုမဆို လုပ်ဆောင်သည့်အခါ သူတို့၏ အသိစိတ်က သူတို့ကို နှိုးဆော်ပြီး သူတို့၏ အပြုအမူကို အတွင်းမှနေ၍ ထိန်းညှိပေးကာ သူတို့၏ ဆင်ခြင်တုံတရားက သူတို့၏ စိတလိုလက်ရလုပ်ခြင်းနှင့် စိတ်လိုက်မာန်ပါဖြစ်ခြင်းတို့ကို ချုပ်ထိန်းပေးသည်။ ထို့ထက်မက ယင်းက သူတို့၏ ဆင်ခြင်တုံတရားမဲ့သော အတွေးများနှင့် အပြုအမူများကို ချုပ်ထိန်းပြီး ထိန်းညှိပေးသည်။ သူတို့၌ အဆင့်အတန်း ရှိလျှင်ပင် အခြားသူများကို လက်စားချေရန် အမှုအရာများကို သူတို့ လုပ်ဆောင်မည်မဟုတ်ပေ။ ဤသည်မှာ တစ်စုံတစ်ဦးတွင် လူ့သဘာဝ အရည်အသွေးများ ရှိကြောင်း ရှင်းလင်းသော လက္ခဏာတစ်ခု ဖြစ်သည်။ သင်တို့၏ ပတ်ဝန်းကျင်ရှိ လူများကို ကြည့်ရှုလော့၊ ဤကဲ့သို့သောသူ မည်သူမဆိုသည် စစ်မှန်သော လူသားတစ်ဦး ဖြစ်သည်။ သူ၏ အစွမ်းအစက ပျမ်းမျှဖြစ်ကောင်းဖြစ်မည်၊ သူသည် ပညာအရည်အချင်း မြင့်မားခြင်း မရှိကောင်းမရှိမည်ဖြစ်ပြီး အတော်လေး ငယ်ရွယ်နေသေးကောင်း ငယ်ရွယ်နေသေးမည်ဖြစ်သည်။ အပြင်ပန်းအားဖြင့် သူသည် ထိုမျှ စိတ်အားထက်သန်ပုံ မပေါ်သည့်အပြင် ထိုမျှလောက် လိုက်စားပုံလည်း မပေါ်ကောင်း မပေါ်မည်ဖြစ်ပြီး အနာဂတ်တွင် သူသည် သမ္မာတရားကို လိုက်စားမည် မဟုတ်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ထိုသို့သော လူတစ်ဦးသည် အနည်းဆုံးအနေဖြင့် သင့်အတွက် ယုံကြည်စိတ်ချရသူတစ်ဦး ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)
အခြားသူများကို သူတို့ မည်သို့ ဆက်ဆံသည်ဟူသည်နှင့်ပတ်သက်၍ ဖြောင့်မှန်ပြီး ကြင်နာတတ်သော လူများ၏ သရုပ်သကန်များအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ပြီးဖြစ်ရာ ဤလူစားမျိုးသည် အမှားတစ်စုံတစ်ရာကို လုပ်ဆောင်ပြီး ပြစ်မှားခြင်းများကို ကျူးလွန်သည့်အခါ သူ့တွင် မည်သည့် တိကျသော သရုပ်သကန်များနှင့် လက္ခဏာများ ရှိသည်ကို ငါတို့ ပြောဆိုကြစို့။ ဖောက်ပြန်ပျက်စီးသော လူသားများအနေဖြင့် သူတို့၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို သူတို့ ပိုင်ဆိုင်ပါက အမှားတစ်စုံတစ်ရာကို လုပ်ဆောင်သည့်အခါ သူတို့သည် ယင်းကို သတိပြုမိနိုင်သည်ဖြစ်စေ၊ မပြုမိနိုင်သည်ဖြစ်စေ သူတို့၏ ကိုယ်ပိုင် စကားများနှင့် လုပ်ရပ်များကို ဆင်ခြင်သုံးသပ်ပြီး ဆန်းစစ်ကြလိမ့်မည်။ သူတို့သည် တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေခဲ့ပါက သို့မဟုတ် တစ်စုံတစ်ဦးက သူတို့နှင့်ပတ်သက်၍ အပျက်သဘောဆောင်သော တုံ့ပြန်ချက် သို့မဟုတ် အပျက်သဘောဆောင်သော အကဲဖြတ်ချက်တစ်ခုကို ပေးပါက သူတို့သည် မိမိတို့ကိုယ်ကို ဆန်းစစ်ကြလိမ့်မည်။ “ငါ၏ မည်သည့်စကားများက မှားယွင်းခဲ့သနည်း။ ငါ မည်သည့်အရာကို အမှားလုပ်ခဲ့သနည်း။ ထိုစဉ်က ငါ စကားပြောနေချိန်တွင် ငါ့၌ ရည်ရွယ်ချက် တစ်ခုတလေ ရှိခဲ့သလော။ ငါသည် ထိုသူကို ပစ်မှတ်ထားနေခဲ့ခြင်း ဖြစ်သလော။ သူ့အတွက် ဆိုးရွားသော အကျိုးဆက်များကို ငါ ဖြစ်ပေါ်စေခဲ့ခြင်းမှာ အမှန်တကယ်ပင် ငါ၏ အမှားဖြစ်သလော။ သူက အလွန်အမင်း အကဲဆတ်နေခြင်း ဖြစ်သလော၊ သို့မဟုတ် ငါ၏ စဉ်းစားဆင်ခြင်မှုတွင် ငါ လုံလုံလောက်လောက် ဂရုမစိုက်ခဲ့ဘဲ ထိုအချိန်က ငါ၏ စကားလုံးရွေးချယ်မှု မသင့်လျော်ခဲ့ခြင်း ဖြစ်သလော” ဟူ၍ ဖြစ်သည်။ သူတို့သည် မိမိတို့ကိုယ်ကို မကြာခဏ ဆန်းစစ်ကြလိမ့်မည်ဖြစ်ပြီး နှိမ့်ချစွာ ကျင့်ကြံပြုမူသည့် သဘောထားတစ်ခု ရှိကြလိမ့်မည်။ ဤသဘောထားသည် သူတို့၏ ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်းတို့မှ လာပြီး၊ သေချာပေါက် ယင်းသည် သူတို့၏ ဆင်ခြင်တုံတရားမှလည်း လာသည်။ ဤသည်မှာ ကဏ္ဍတစ်ခု ဖြစ်သည်။ ထို့အပြင် သူတို့တွင် ပြဿနာအချို့ရှိကြောင်းကို မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းမှတစ်ဆင့် သူတို့ ရှာဖွေတွေ့ရှိပါက၊ သို့မဟုတ် အခြားသူများက သူတို့၏ ပြဿနာများကို ထောက်ပြပါက သူတို့သည် စိတ်ပူပန်မှုကို ခံစားရလိမ့်မည်ဖြစ်ပြီး ရင်ထိတ်သွားလိမ့်မည်။ “ဤကိစ္စကို ငါ ကိုင်တွယ်ဖြေရှင်းပုံ မှားယွင်းခဲ့သလော။ ငါ ထိုသို့ မလုပ်ဆောင်သင့်ခဲ့ခြင်း ဖြစ်သလော။ ထိုအချိန်က ငါ တမင်တကာ လုပ်ဆောင်ခဲ့ခြင်း မဟုတ်သည့်အပြင် ငါ့၌ မည်သည့် ရည်ရွယ်ချက်မျှ မရှိခဲ့ပါ” ဟူ၍ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားများအနေဖြင့် အချို့သော အထူး အခြေအနေများအောက်တွင် သို့မဟုတ် အချို့သော အထူး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သူတို့၏ သိက္ခာဆယ်ရန်အလို့ငှာ “ကျွန်ုပ်သည် တမင်တကာဖြစ်စေ၊ မည်သည့်ရည်ရွယ်ချက်ဖြင့်မျှဖြစ်စေ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပါ” ဟု သူတို့ ပြောကောင်းပြောနိုင်သော်လည်း စိတ်ထဲတွင် အပြစ်ရှိသည်ဟု ခံစားရလိမ့်မည်။ မိမိတို့ကိုယ်ကို အဆက်မပြတ် ဆန်းစစ်ပြီး ဆင်ခြင်သုံးသပ်သည့် လုပ်ငန်းစဉ်အတွင်းတွင် သူတို့ လုပ်ဆောင်ခဲ့သည့်အရာသည် အမှန်တကယ်ပင် မှားယွင်းကြောင်းကို သူတို့ ရှာဖွေတွေ့ရှိပါက သူတို့သည် တစ်ဖန် စိတ်မသက်မသာ ခံစားရလိမ့်မည်ဖြစ်ပြီး ထိုသို့ မလုပ်ဆောင်သင့်ခဲ့ဟု ခံစားရလိမ့်မည်။ သူတို့သည် နောင်တရပြီး စိတ်သောကရောက်မည်ဖြစ်ကာ သူတို့ လုပ်ဆောင်ခဲ့သည့်အရာကို ကုစားရန် နည်းလမ်းများ သို့မဟုတ် ယင်းကို ပြင်ဆင်ရန် အခွင့်အရေးများကို ရှာဖွေဖို့ ကြိုးစားကြလိမ့်မည်ဖြစ်ပြီး တက်ကြွစွာ တောင်းပန်ကာ သူတို့၏ အမှားကိုပင် ဝန်ခံကြလိမ့်မည်။ သူတို့သည် အမှားတစ်စုံတစ်ရာကို လုပ်ဆောင်မိကြောင်း သိရှိသွားသည့်အခါ လူ့သဘာဝ အရည်အသွေးများရှိသော လူများသည် သူတို့၏ စိတ်နှလုံးထဲတွင် ဦးစွာ စိတ်သောကရောက်လိမ့်မည်၊ သူတို့ မျက်နှာပူထူလာလိမ့်မည်ဖြစ်ပြီး သူတို့၏ ခေါင်းများ တဆစ်ဆစ် ကိုက်လာလိမ့်မည်။ ဤသည်တို့မှာ အသိစိတ်မှ လာသော ပုံမှန် တုံ့ပြန်မှုများ ဖြစ်ကြသည်။ ဤပုံမှန် တုံ့ပြန်မှုများသည် မည်သည့်အရာအပေါ် အခြေခံသနည်း။ ယင်းတို့သည် လူတစ်ဦးက သူ၏ လူ့သဘာဝအတွင်း၌ ဖြောင့်မှန်ခြင်း၊ ကြင်နာတတ်ခြင်းနှင့် ဆင်ခြင်တုံတရား အရည်အသွေးများကို ပိုင်ဆိုင်ခြင်းအပေါ် အခြေခံသည်။ သူတို့၏ သိက္ခာဆယ်လိုသောကြောင့်ဖြစ်စေ၊ မိမိတို့ကိုယ်ကို အရှက်ရစေခဲ့သောကြောင့် သို့မဟုတ် အခြားသူများ၏ အထင်သေးခြင်းကို ခံရသောကြောင့်ဖြစ်စေ သူတို့တွင် ဤသရုပ်သကန်များ ရှိကြခြင်း မဟုတ်ဘဲ အမှားတစ်စုံတစ်ရာကို လုပ်ဆောင်မိသည့်အတွက် အပြစ်ရှိသည်ဟု ခံစားရပြီး မိမိတို့ကိုယ်ကို အပြစ်တင်ကာ ထိုနည်းအတိုင်း မလုပ်ဆောင်သင့်ခဲ့ဟု ခံစားရသောကြောင့် ဖြစ်သည်။ ဤသည်မှာ သူတို့၏ အမှားများကို ဝန်ခံသည့် သဘောထားတစ်ခု ဖြစ်ပြီး ယင်းသည် သူတို့ အသိစိတ်၏ လိပ်ပြာမလုံခြင်းနှင့် သူတို့၏ ဆင်ခြင်တုံတရား၏ လုပ်ဆောင်ချက်တို့မှ ပေါ်ပေါက်လာသော တုံ့ပြန်မှုတစ်ခုလည်း ဖြစ်သည်။ သူတို့တွင် တုံ့ပြန်မှုတစ်ခု ရှိလိမ့်မည်။ သူတို့သည် လုံးဝ ထုံထိုင်းနေမည် မဟုတ်သည့်အပြင် အရှက်မရှိ ငြင်းခုံရန်နှင့် မှန်ကြောင်း ရှင်းချက်ထုတ်ရန် ကြိုးစားမည် မဟုတ်ပေ၊ တာဝန်ယူမှုမှ ရှောင်လွှဲရန် နည်းလမ်းများကို ရှာဖွေဖို့ ကြိုးစားမည့်အစား သူတို့တွင် တက်ကြွစွာ ဝန်ခံခြင်းနှင့် လက်ခံခြင်းအပြင် တာဝန်ယူရန် လိုလားသည့် သဘောထားတစ်ခု ရှိကြလိမ့်မည်။ ဤလူစားမျိုးသည် သူ၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်းနှင့် ကြင်နာတတ်ခြင်း အရည်အသွေးများကို ပိုင်ဆိုင်သောကြောင့် သူ၏ ရှက်ရွံ့သည့် ခံစားချက်များသည် အလွန် သိသာထင်ရှားသည်။ သူသည် အမှားအသေးစားလေး တစ်ခုခုကို လုပ်ဆောင်မိပါက တစ်စုံတစ်ဦးက ယင်းကို ထောက်ပြသည့်အခိုက်အတန့်တွင် သူသည် မိမိ၏ ရှက်ရွံ့မှုကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။ သူက အနည်းငယ် ငြင်းခုံမည်ဆိုပါက “ယင်းမှာ ငါကိုယ်တိုင်၏ အမှားဖြစ်သည်မှာ အသိသာကြီးဖြစ်ပြီး သူက ယင်းကို အသေအချာ ရှင်းပြပြီးဖြစ်ရာ ငါသည် မည်သည့်အရာအတွက် ငြင်းခုံနေသေးသနည်း” ဟု သူ ခံစားရလိမ့်မည်။ သူသည် လုံးဝ အရှက်ကွဲသည်ဟု ခံစားရပြီး မြေမျိုခြင်းကိုသာ ခံလိုက်ချင်လျက် သူ၏ အမှားကို တိုက်ရိုက် ဝန်ခံလိမ့်မည်။ ဤသည်တို့မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ အကျိုးသက်ရောက်မှုများ ဖြစ်သလော။ (ဟုတ်ပါသည်။) သူ လုပ်ဆောင်ခဲ့သည့်အရာအကြောင်းကို လူများစွာက သိရှိပါက သူသည် မျက်နှာပြရန်ပင် သာ၍ ရှက်ရွံ့သည်ဟု ခံစားရလိမ့်မည်ဖြစ်ပြီး ယင်းကို ကုစားရန်နှင့် သူ လုပ်ဆောင်ခဲ့သည့်အရာကို ပြင်ဆင်ရန် နည်းလမ်းများကို ရှာဖွေဖို့ ကြိုးစားလိမ့်မည်။ ဆိုလိုသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦးသည် အမှားတစ်စုံတစ်ရာ လုပ်ဆောင်ပြီးနောက်တွင် သူ၏ အမှားကို ဝန်ခံသည့် အခြေခံ သဘောထားတစ်ခု သူ့တွင် ရှိသည်။ သူသည် ဤအဖြစ်မှန်ကို လက်ခံနိုင်စွမ်းရှိပြီး ရှက်ရွံ့သည့် ခံစားချက်များကို ပိုင်ဆိုင်သည်။ ထို့အပြင် သူသည် သူ၏ အမှားကို ဝန်ခံရုံဝန်ခံပြီး ထိုအတိုင်း ပစ်ထားမည် မဟုတ်ပေ။ ယင်းကို ကုစားရန် နည်းလမ်းများကိုလည်း ရှာဖွေဖို့ ကြိုးစားလိမ့်မည်။ သူ့တွင် အသိစိတ်တစ်ခု ရှိသောကြောင့် သူ လုပ်ဆောင်သည့်အရာတွင် သူ စိတ်နှစ်ထားသည်။ အခြေအနေအချို့နှင့် ရင်ဆိုင်ရသည့်အခါ သူသည် ယင်းကို နှလုံးသွင်းပြီး ထိုအခြေအနေကို လေးလေးနက်နက်နှင့် တာဝန်ယူမှုရှိရှိ ကိုင်တွယ်ကာ လက်ရှိ ပြဿနာကို စဉ်းစားဆင်ခြင်ရာတွင် စိတ်နှစ်ထားကာ တာဝန်ကို ခေါင်းရှောင်ဖို့ မဆိုထားနှင့်၊ ယင်းကို ဝတ်ကျေတမ်းကျေလုပ်မည့်အစား၊ ဖြစ်ကတတ်ဆန်းလုပ်မည့်အစား လေးလေးနက်နက် ကိုင်တွယ်သည်။ သူသည် တာဝန်ယူနိုင်သည်၊ သူ၏ အမှားကို လေးလေးနက်နက်နှင့် စိတ်နှလုံးအကြွင်းမဲ့ လက်ခံနိုင်ပြီး ထို့နောက်တွင် ဆုံးရှုံးမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချရန် ကြိုးပမ်းလျက် တာဝန်ယူမှုရှိရှိ စကားပြောကာ ပြုမူလုပ်ဆောင်နိုင်သည်။ သူသည် အမှားတစ်စုံတစ်ရာ လုပ်ဆောင်မိသည့်အတွက် တစ်စုံတစ်ဦးက ၎င်းတို့ကို ဝေဖန်ကဲ့ရဲ့သည့်အခိုက်အတန့်တွင် ဒေါသတကြီး ဖြစ်တတ်သော၊ တာဝန်ယူရန် ခေါင်းရှောင်ပြီး တာဝန်မဲ့ရန် တတ်နိုင်သမျှ နည်းလမ်းတိုင်းကို စဉ်းစားတတ်သော၊ သူတစ်ပါးကို ခေါင်းပုံချရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားတတ်သော၊ ပြီးလျှင် မည်သည့်အရာကိုမျှ တစ်ခါမျှ အမှားမလုပ်တတ်သည့် သူတော်စင်တစ်ဦးကဲ့သို့ ဟန်ဆောင်တတ်သော နတ်ဆိုးများနှင့် အမျိုးအစားတူသောသူများကဲ့သို့ လုံးဝ မဟုတ်ပေ။ တိရစ္ဆာန်များမှ လူဝင်စားသောသူများနှင့်ပတ်သက်၍မူ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာနှင့်မဆို အဘယ်အရာက မှန်ကန်ပြီး အဘယ်အရာက မှားယွင်းသည်ကို ၎င်းတို့ မသိရှိကြသည်မှာ သာ၍ပင် မှန်ကန်သေးသည်။ ၎င်းတို့ အမှားတစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ကြောင်း သင်က ထောက်ပြပါက ၎င်းတို့က ဝန်ခံကြသော်လည်း ၎င်းတို့ မည်သည့်နေရာတွင် မှားယွင်းသွားခဲ့သည်ကို သင်က ၎င်းတို့ကို မေးပါက “ကျွန်ုပ် မသိပါ၊ သို့သော် ကျွန်ုပ် မှားသည်ဟု သင်က ပြောသောကြောင့် ကျွန်ုပ် မှားပါသည်” ဟု ၎င်းတို့ ပြောဆိုကြသည်။ သို့တိုင်အောင် ဤကိစ္စမျိုးကို ၎င်းတို့ တစ်ဖန် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် ယင်းကို ထိုနည်းအတိုင်းပင် လုပ်ဆောင်ကြလိမ့်ဦးမည် ဖြစ်သည်။ ၎င်းတို့သည် မှားယွင်းသော သို့မဟုတ် ဆိုးယုတ်သောအရာ မည်မျှကို လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မည်မျှကို ထုတ်ဖော်သည်ဖြစ်စေ ၎င်းတို့သည် နောက်ဆုံးတွင် ထိုစကား အနည်းငယ်ကိုသာ အစဉ်သဖြင့် ပြန်ပြောတတ်သည်။ “ကျွန်ုပ် မည်သည့်အရာကို အမှားလုပ်ခဲ့သနည်း။ ကျွန်ုပ်အနေဖြင့် နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံစားပြီး အဖိုးအခပေးခဲ့ခြင်းမှာ မှားယွင်းခဲ့သလော။ ကျွန်ုပ်သည် ဘုရားသခင်ကို မယုံကြည်ခဲ့ဘဲ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိခဲ့ပါက ဤမျှလောက် ဆင်းရဲဒုက္ခခံစားနိုင်မည်လော” ဟူ၍ ဖြစ်သည်။ တိရစ္ဆာန်များမှ လူဝင်စားသောသူများသည် ဉာဏ်တိမ်ကြပြီး ထိုစကား အနည်းငယ်ဖြင့်သာ အစဉ်သဖြင့် အဆုံးသတ်တတ်ကြသည်။ သို့သော် နတ်ဆိုးများနှင့် အမျိုးအစား တူသောသူများသည် တိရစ္ဆာန်များမှ လူဝင်စားသောသူများထက် များစွာ ပို၍ စဉ်းလဲကြသည်။ ၎င်းတို့သည် မကောင်းမှုပြုရန်နှင့် လူတို့ကို အထင်အမြင်မှားစေရန် မတူညီသော နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုကြလိမ့်မည်ဖြစ်ပြီး ဝိညာဉ်ရင့်ကျက်မှု သေးငယ်ကာ ပိုင်းခြားသိမြင်မှု မရှိသော လူအချို့သည် အမှန်တကယ်ပင် လှည့်စားခံရနိုင်သည်။ အချုပ်အားဖြင့် ဆိုရလျှင် နတ်ဆိုးများသည် အမှားတစ်စုံတစ်ရာ လုပ်ဆောင်သည့်အခါ ယင်းကို လုံးဝ ဝန်ခံကြမည် မဟုတ်ပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် လူများဖြစ်ကြောင်းကို ၎င်းတို့ ဝန်မခံသည်သာမက ၎င်းတို့သည် အလေးအမြတ်ထားအပ်သော၊ အရိုအသေမတန်အပ်သောသူများ ဖြစ်သည်ဟုလည်းကောင်း၊ မည်သည့်အခါမျှ အမှားမလုပ်တတ်သည့် အပြစ်အနာအဆာကင်းသော လူများဖြစ်သည်ဟုလည်းကောင်း လူများကိုပင် ထင်စေချင်ကြသည်။ ၎င်းတို့သည် မည်သည့်အမှားကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့ ထိုသို့လုပ်ဆောင်ခဲ့ရသည့် အကြောင်းရင်းများကို အစဉ်သဖြင့် ထုတ်ဖော်ပြောဆိုကြပြီး မိမိတို့ မှန်ကြောင်းရှင်းချက်ထုတ်ရန် အစဉ်သဖြင့် ကြိုးစားကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် အမှားလုပ်နိုင်စွမ်း မရှိကြောင်း၊ ၎င်းတို့ အမှားတစ်စုံတစ်ရာ လုပ်မိလျှင်ပင် ၎င်းတို့၌ ယင်းအတွက် အကြောင်းပြချက်တစ်ခု ရှိကြောင်း၊ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် လူများ မဟုတ်ကြောင်း၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ မည်သည့်အခါမျှ အမှားလုပ်မည် မဟုတ်ကြောင်းနှင့် ၎င်းတို့သည် သူတော်စင်များနှင့် အပြစ်အနာအဆာကင်းသော လူများသာ ဖြစ်ကြောင်းကို ၎င်းတို့ ထုတ်ဖော်ပြောဆိုကြသည်။ သို့သော် သူတို့၏ လူ့သဘာဝအတွင်း၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား အရည်အသွေးများကို ပိုင်ဆိုင်သော လူများသည် ကွဲပြားကြသည်။ သူတို့သည် ကလိမ်ကကျစ်မကျသော သို့မဟုတ် မလှည့်ဖြားတတ်သော ဖြောင့်မှန်သည့် လူများဖြစ်ကြသောကြောင့်၊ သူတို့ အမှားတစ်စုံတစ်ရာ လုပ်ဆောင်ခဲ့သည်ဟု သင်က ပြောပါက သူတို့ ထိုသို့ မလုပ်ဆောင်ခဲ့လျှင်ပင် သို့မဟုတ် ယင်းက သူတို့နှင့် မည်သို့မျှ မသက်ဆိုင်လျှင်ပင် သူတို့သည် ယင်းကို ဦးစွာ လက်ခံရန် လိုလားကြသည်။ “သင် မိုက်မဲသလော။ သင်က ယင်းကို လက်ခံပါက သင် တာဝန်ယူရလိမ့်မည်” ဟု အခြားသူများက သူတို့ကို ပြောသည့်အခါ သူတို့က “ဖြစ်ပျက်ခဲ့သည့်အရာတွင် ကျွန်ုပ်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သည်၊ ကျွန်ုပ်လည်း ပါဝင်ပတ်သက်ခဲ့သည်” ဟု ပြောဆိုကြသည်။ သူတို့သည် ယင်းကို လက်ခံနိုင်ကြသည်၊ သူတို့၏ သဘောထားသည် ရိုးသားပြီး ဖြောင့်မှန်သည်။ တစ်ခါတစ်ရံတွင် သူတို့သည် တာဝန်ယူမှုမှ ရှောင်လွှဲလိုကြလိမ့်မည်ဖြစ်သော်လည်း ထို့နောက်တွင် သူတို့က “မျက်လုံးပါသော မည်သူမဆို မြင်နိုင်သည့် ဖြစ်ပျက်သွားသောအရာအတွက် အဘယ်ကြောင့် တာဝန်မယူဘဲ ခေါင်းရှောင်ရမည်နည်း။ ထို့အပြင် ဘုရားသခင်သည် လူတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးများကို စိစစ်သည်။ သင်သည် ဖြစ်ပျက်ခဲ့သည့်အရာတွင် ပါဝင်ပတ်သက်နေပါက ဘုရားသခင်သည် သင့်ကို အလွတ်ပေးမည် မဟုတ်ပေ။ ဘုရားသခင်၏ ရှေ့မှောက်တွင် လူအပေါင်းတို့သည် ဗလာနတ္ထိ ဖော်ပြခြင်းခံရပြီး သူတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များအားလုံးသည် ပွင့်လင်းမြင်သာစွာ ရှိသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင် ထွက်ပြေးလွတ်မြောက်နိုင်မည်လော။ ထို့ကြောင့် ဤကိစ္စကို စည်းမျဉ်းအတိုင်း ကိုင်တွယ်သင့်သည်၊ တာဝန်ရှိသည့်နေရာတွင် တာဝန်ယူရမည်။ ဤကိစ္စတွင် ကျွန်ုပ်၌ အပြစ်ရှိပါက ကျွန်ုပ် တာဝန်ယူမည်။ ကျွန်ုပ်သည် အပြစ်ဒဏ်ပေးခြင်းကို လက်ခံရန် လိုလားပြီး ပြုပြင်ခြင်းကို လက်ခံရန်လည်း လိုလားပါသည်။ ဘုရားအိမ်တော်က ကျွန်ုပ်ကို မည်သို့ပင် ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ ကျွန်ုပ် လက်ခံမည်၊ မည်သို့ပင်ဆိုစေကာမူ ကျွန်ုပ်သည် အမှားလုပ်ရန် ရွေးချယ်ခဲ့သူ ဖြစ်သည်” ဟု စဉ်းစားဆင်ခြင်ကြသည်။ သင် မြင်သလော၊ သူတို့ အမှားတစ်စုံတစ်ရာ လုပ်ဆောင်ပြီး ပြုပြင်ခံရခြင်းကို ရင်ဆိုင်ရသည့်အခါ တစ်ဖက်တွင် သူတို့၌ လက်ခံသည့် သဘောထားတစ်ခု ရှိသည်၊ အခြားတစ်ဖက်တွင် သူတို့သည် ယင်းကို မှန်ကန်စွာ သဘောပေါက်နားလည်နိုင်ကြသည်။ နောက်ထပ် တစ်ဖက်တွင်မူ ဤလူစားမျိုးသည် အမှားတစ်စုံတစ်ရာ လုပ်ဆောင်ပြီးနောက် အခြေအနေကို စဉ်းစားဆင်ခြင်ခြင်းနှင့် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းတို့တွင် သူ၏ စိတ်ကို နှစ်သောကြောင့် ဤကိစ္စမျိုးကို သူ တစ်ဖန် ကြုံတွေ့ရသည့်အခါ အမှားများ ပြုလုပ်ခြင်းမှ မည်သို့ ရှောင်ရှားရမည်ကို သူ စဉ်းစားလိမ့်မည်။ သူသည် ရှက်ရွံ့သည့် ခံစားချက်များကို ပိုင်ဆိုင်ပြီး သူ၏ ဂုဏ်သိက္ခာကို ဂရုစိုက်သောကြောင့် အမှားတစ်စုံတစ်ရာ လုပ်ဆောင်သည့်အခါ သူသည် နောင်တရနိုင်သည်။
ဘာသာတရား မရှိသူများက “အမှိုက်ပုံထဲတွင် နေရသော်လည်း နံသည်ဟု မထင်ကြပေ” ဟု မကြာခဏ ပြောဆိုတတ်ကြသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသော လူများနှင့်ပတ်သက်၍မူ ၎င်းတို့သည် တစ်မျိုးတည်းသောအမှားကို အကြိမ်တစ်ရာ လုပ်လျှင်ပင် ၎င်းတို့တွင် ရှက်ရွံ့သည့် ခံစားချက်များ မရှိသည့်အပြင် အပြစ်ရှိသည်ဟူသော ခံစားချက်လည်း မရှိပေ။ ၎င်းတို့သည် လူများ မဟုတ်ကြပေ။ လူတစ်ဦးသည် လူသားဖြစ်ပါက တစ်ခုတည်းသော မှားယွင်းသည့်အရာကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လုပ်ဆောင်ပြီးနောက်တွင် သူက “ယခု ကျွန်ုပ် အမှန်တကယ်ပင် လွန်ကျူးသွားပြီ၊ ကျွန်ုပ် မည်သည့်အခါများမှ ပြောင်းလဲမည်နည်း” ဟု ခံစားရလိမ့်မည်။ သူသည် စိုးရိမ်ပူပန်လာလိမ့်မည်ဖြစ်ပြီး ဆုတောင်းရန်နှင့် သူ၏ အပြစ်များကို ဝန်ခံရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာလိမ့်မည်။ သူသည် ကယ်တင်၍မရနိုင်တော့သူ ဖြစ်နေပြီလောဟုပင် တွေးတောလိမ့်မည်ဖြစ်ပြီး သူ၌ ဤအထင်အမြင်လွဲမှားမှု ရှိလိမ့်မည်။ သူသည် သူ၏ ဂုဏ်သိက္ခာကို ဂရုစိုက်ပြီး ရှက်ရွံ့သည့် ခံစားချက်များ ရှိသောကြောင့် သူက “ကျွန်ုပ်သည် ဤအမှားမျိုးကို ယခု အကြိမ်အချို့ ပြုလုပ်မိပြီ၊ ဘုရားအိမ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်းကို ကျွန်ုပ် ခံရမည်လော။ ဘုရားသခင်က ကျွန်ုပ်ကို လက်လျှော့လိုက်ပြီလော။ ဘုရားသခင်၏ ကယ်တင်ခြင်းခံရရန် ကျွန်ုပ် အလွန် ရှက်ဖွယ်ကောင်းလှသည်” ဟု ခံစားရသည်။ ဘုရားသခင်နှင့်ပတ်သက်၍ သူ့တွင် မည်သည့် အထင်အမြင်လွဲမှားမှုများ ရှိသည်ဖြစ်စေ၊ အချုပ်အားဖြင့် ဆိုရလျှင် အမှားတစ်စုံတစ်ရာ လုပ်ဆောင်ပြီးနောက် ဤလူစားမျိုးသည် အတွေ့အကြုံအချို့ကို သေချာပေါက် ရရှိပြီး သင်ခန်းစာများ ယူလိမ့်မည်ဖြစ်ကာ သူ၏ အမှားများကို ကုစားရန်နှင့် ပြင်ဆင်ရန် တတ်နိုင်သမျှ နည်းလမ်းတိုင်းကို ရှာဖွေဖို့ ကြိုးစားလျက် ယင်းတို့ကို ထပ်မလုပ်မိစေရန် ကြိုးပမ်းလိမ့်မည်။ သူက “ကျွန်ုပ်သည် အခြားသူများကို ကျေနပ်စေရန် မကြိုးစားပါ၊ သို့သော် အနည်းဆုံးအနေဖြင့် ကျွန်ုပ်သည် မိမိကိုယ်တိုင် စိတ်အေးချမ်းမှု ရှိရမည်။ ကျွန်ုပ်သည် မိမိကိုယ်တိုင် စိတ်အေးချမ်းမှု ရှိမှသာလျှင် ဘုရားသခင်၏ ရှေ့မှောက်တွင် ကိုယ်တော်အား ဖြေရှင်းချက်ပေးနိုင်မည်။ ကျွန်ုပ်သည် မိမိကိုယ်တိုင်ပင် စိတ်အေးချမ်းမှု မရှိပါက ဘုရားသခင်ကို ရင်ဆိုင်ရန် မည်သို့ ရဲတင်းနိုင်မည်နည်း” ဟု မိမိဘာသာ တွေးလိမ့်မည်။ လူတစ်ဦးတွင် ထိုသို့သော အတွေးများ ရှိပါက သူသည် သူ၏ လူ့သဘာဝရှိ အသိစိတ်နှင့် ဆင်ခြင်တုံတရား အရည်အသွေးများ၏ တွန်းအားပေးခြင်းကို သေချာပေါက် ခံရခြင်း ဖြစ်သည်။ သင့်တွင် ထိုသို့သော အတွေးများ မရှိပါက သင်သည် တူညီသော အမှားများကို ထပ်ခါတလဲလဲ ပြုလုပ်လိမ့်မည်ဖြစ်ပြီး ထို့ထက်မက သင်သည် မည်သူပြောသည့်အရာကိုမဆို နားထောင်လိုမည် သို့မဟုတ် လက်ခံလိုမည် မဟုတ်ပေ၊ သင်သည် နောင်တရသည့် သဘောထားတစ်ခု မည်သည့်အခါမျှ ရှိမည်မဟုတ်သည့်အပြင် အဖြစ်မှန်များကို ဝန်ခံရန် သို့မဟုတ် သင်၏ အမှားများကို ဝန်ခံရန် မည်သည့်အခါမျှ လိုလားမည် မဟုတ်ဘဲ တာဝန်ယူရန်ဆိုသည်မှာ ဆိုဖွယ်ရာပင် မရှိပေ။ ၎င်းတို့၏ အမှားများကို ထောက်ပြသူ မည်သူ့ကိုမဆို မုန်းတီးသော သူများလည်း ရှိသည်၊ ၎င်းတို့သည် ထိုသူများနှင့် ငြင်းခုံကြသည်၊ သူတို့ကို ဒုက္ခပေးကြပြီး သူတို့ကို တိုက်ခိုက်ကာ လက်တုံ့ပြန်ခြင်းပင် ပြုကြသည်။ ထိုသို့သော လူများသည် ကယ်တင်၍မရနိုင်တော့ပေ၊ ၎င်းတို့မှာ လူ့သဘာဝ အရည်အသွေးများ မရှိသော လူများ ဖြစ်ကြသည်။ သို့သော် လူ့သဘာဝ အရည်အသွေးများ ရှိသော လူများသည် ဤနည်းအတိုင်း လုံးဝ ပြုမူကြမည် မဟုတ်ပေ။ တူညီသော အမှားကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပြုလုပ်ပြီးနောက် သူတို့က “ကျွန်ုပ်သည် ဤအမှားကို အဘယ်ကြောင့် ပြုလုပ်နိုင်သေးသနည်း” ဟု စဉ်းစားဆင်ခြင်ကြလိမ့်မည်။ သူတို့သည် ဤအရာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ကြသည်။ ဤသည်မှာ အလှည့်အပြောင်းတစ်ခု လုပ်ဆောင်သည့် သဘောထားတစ်ခု ဖြစ်သည်ဟု သင် ပြောမည်လော။ (ဟုတ်ပါသည်။) အမှားတစ်စုံတစ်ရာ လုပ်ဆောင်သည့်အခါ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ခြင်းနှင့် မိမိ၏ အမှားများကို ပြင်ဆင်ရန် လိုလားခြင်းတို့သည် အလှည့်အပြောင်းတစ်ခု လုပ်ဆောင်သည့် သဘောထားတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် မည်သည့် လူစားမျိုးက အလှည့်အပြောင်းတစ်ခု လုပ်ဆောင်သည့် သဘောထားတစ်ခုကို ပိုင်ဆိုင်သနည်း။ ဤသည်မှာ လူ့သဘာဝတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား အရည်အသွေးများကို ပိုင်ဆိုင်သော လူများ၌သာ ပေါ်ပေါက်နိုင်သည့် သဘောထားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို မပိုင်ဆိုင်ပါက ၎င်းတို့သည် အလှည့်အပြောင်းတစ်ခု လုပ်ဆောင်မည်လော။ (မဟုတ်ပါ။) ၎င်းတို့သည် နောင်တရပြီး မိမိတို့ကိုယ်ကို မုန်းတီးမည်လော။ (မဟုတ်ပါ။) ၎င်းတို့ လုပ်ဆောင်ခဲ့သည့် မှားယွင်းသောအရာများနှင့် ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှားခြင်းများကို ၎င်းတို့ နှလုံးသွင်းမည်လော။ ၎င်းတို့ သေချာပေါက် ထိုသို့ပြုမည် မဟုတ်ပေ၊ မှန်သလော။ တိတိကျကျ ဆိုရလျှင် အသိစိတ်မရှိသော လူများတွင် ကိုယ်ကျင့်တရားနှင့်ဆိုင်သော အသိတရား မရှိကြပေ၊ ထို့ကြောင့် ၎င်းတို့ လုပ်ဆောင်သည့်အရာတွင် ၎င်းတို့၏ စိတ်နှစ်ထားမည် မဟုတ်သည့်အပြင် အမှားတစ်စုံတစ်ရာ လုပ်ဆောင်သည့်အခါတွင်လည်း ယင်းကို နှလုံးသွင်းမည် မဟုတ်ပေ။ ၎င်းတို့တွင် ကိုယ်ကျင့်တရားနှင့်ဆိုင်သော အသိတရား မရှိသောကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်မည် မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း လက်ခံမည် မဟုတ်ပေ၊ ၎င်းတို့တွင် ဤစွမ်းရည် မရှိကြပေ။ အသိစိတ်ရှိသော လူများသာလျှင် သူတို့ အမှားတစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ကြောင်း အခြားသူများ ပြောသည်ကို ကြားသည့်အခါ ထိုကိစ္စကို လေးလေးနက်နက် စိတ်နှလုံးအကြွင်းမဲ့ဖြင့် ကိုင်တွယ်နိုင်သည်၊ ထိုကိစ္စကို နှလုံးသွင်းနိုင်ပြီး ထို့နောက်တွင် အပြစ်ရှိသည်ဟု ခံစားရကာ နောင်တရနိုင်ကြသည်။ အပြစ်ရှိသည်ဟု ခံစားရခြင်းနှင့် နောင်တရခြင်း အခြေခံပေါ်တွင်သာ သူတို့သည် အလှည့်အပြောင်းတစ်ခု လုပ်ဆောင်နိုင်ပြီး သူတို့ အလှည့်အပြောင်းတစ်ခု လုပ်ဆောင်သည့်အခါမှသာ ဘုရားနှုတ်ကပတ်တော်များကို ကျိုးနွံနာခံရန်နှင့် ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ကာ ကျင့်ကြံပြုမူရန် အခွင့်အရေး ရရှိနိုင်ကြသည်။ သို့သော် အသိစိတ်မရှိသော လူများသည် အပြစ်ရှိသည်ဟုဖြစ်စေ၊ နောင်တရသည်ဟုဖြစ်စေ မည်သည့်အခါမျှ မခံစားရပေ၊ ၎င်းတို့သည် မည်သည့်အမှားကို လုပ်ဆောင်သည်ဖြစ်စေ ယင်းကို မည်သည့်အခါမျှ နှလုံးမသွင်းကြပေ။ အခြားသူများက ၎င်းတို့၏ ပြဿနာများကို မည်သို့ပင် ဖော်ထုတ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို လေးလေးနက်နက် မယူဆကြဘဲ ယင်းကို လျစ်လျူရှုထားကြသည်။ ၎င်းတို့တွင် အသိစိတ် မရှိသောကြောင့် ၎င်းတို့သည် ထိုကိစ္စကို လေးလေးနက်နက် စိတ်နှလုံးအကြွင်းမဲ့ဖြင့် ကိုင်တွယ်မည် မဟုတ်သည့်အပြင် ယင်းကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားဆင်ခြင်ပြီး ဆင်ခြင်သုံးသပ်မည်လည်း မဟုတ်ပေ။ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ရာတွင် စိတ်မနှစ်ဘဲ ၎င်းတို့သည် နောင်တရခြင်းဖြစ်စေ၊ အပြစ်ရှိသည်ဟု ခံစားရခြင်းဖြစ်စေ ရှိမည် မဟုတ်ပေ၊ ပြီးလျှင် နောင်တရခြင်းနှင့် အပြစ်ရှိသည်ဟု ခံစားရခြင်းမရှိဘဲ ၎င်းတို့သည် အလှည့်အပြောင်းတစ်ခု လုပ်ဆောင်မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် ဤလူစားမျိုးသည် သမ္မာတရားကို လက်ခံရန်နှင့် ဘုရားနှုတ်ကပတ်တော်များကို ကျိုးနွံနာခံရန် လုံးဝ မဖြစ်နိုင်ပေ၊ သူသည် ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက် လုံးဝမရှိသော သူသာ ဖြစ်သည်။ ထို့ကြောင့် လူ့ရှုထောင့်မှကြည့်လျှင် ဘုရားသခင်က လူ့သဘာဝ အရည်အသွေးများ မရှိသော ဤလူများကို မကယ်တင်ခြင်း မဟုတ်ပေ၊ ထိုအစား တစ်စုံတစ်ဦးသည် ကယ်တင်ခြင်းရရှိရန်အတွက် အခြေခံ အခြေအနေဖြစ်သော လူ့သဘာဝ အရည်အသွေးများကို မပိုင်ဆိုင်သောကြောင့် သူသည် သမ္မာတရားကို လက်ခံခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်း မပြုနိုင်ဘဲ ကယ်တင်ခြင်းရရှိရန် သူ၏ မျှော်လင့်ချက်ကို လက်တွေ့တွင် သုညဖြစ်သွားစေခြင်း ဖြစ်သည်။ အဆိုပါအချက်ကိုထောက်သော် လူ့သဘာဝ အရည်အသွေးများကို ပိုင်ဆိုင်ခြင်းနှင့် ကယ်တင်ခြင်းရရှိခြင်းတို့အကြားတွင် တိုက်ရိုက် ဆက်စပ်မှုတစ်ခု ရှိသည်၊ ဤသည်မှာ အတိအကျပင် ပကတိအခြေအနေ ဖြစ်သည်။ သင်သည် လူ့သဘာဝ အရည်အသွေးများကို မပိုင်ဆိုင်ပါက သင် အမှားတစ်စုံတစ်ရာ လုပ်ဆောင်သည့်အခါ ယင်းကို ဝန်ခံမည်ပင် မဟုတ်သည့်အပြင် ယင်းကို နှလုံးသွင်းမည်မဟုတ်၊ လေးလေးနက်နက် ကိုင်တွယ်မည်မဟုတ်၊ စိတ်ပါလက်ပါ စဉ်းစားဆင်ခြင်မည်မဟုတ်၊ အပြစ်ရှိသည်ဟု ခံစားရပြီး နောင်တရကာ ထို့နောက်တွင် ယင်းကို ပြင်ဆင်ပြီး ပြောင်းလဲခြင်းမျိုး ရှိမည် မဟုတ်ပေ။ သင်သည် အမှားတစ်ခု ပြုလုပ်ခြင်းကဲ့သို့ ရိုးရှင်းသောအရာနှင့်ပတ်သက်လာလျှင် အလှည့်အပြောင်းတစ်ခု မလုပ်နိုင်ပါက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းနှင့်ပတ်သက်လာလျှင် အလှည့်အပြောင်းတစ်ခု လုပ်ဆောင်ရန် သာ၍ပင် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။ အကြောင်းမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဘုရားသခင်ကို တိုက်ရိုက် ဆန့်ကျင်နေသောကြောင့် ဖြစ်ပြီး ယင်းတို့၏ သဘာဝနှင့် အနှစ်သာရအရ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အမှားတစ်စုံတစ်ရာ လုပ်ဆောင်ခြင်းထက် များစွာ ပို၍ ပြင်းထန်ဆိုးရွားပေသည်။ သင်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိရန် ပျက်ကွက်ပြီး ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် အလွန် ခက်ခဲလိမ့်မည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ပင်ကိုအားဖြင့် အမြစ်တွယ်နေသောကြောင့် သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦး မဟုတ်ပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် မည်သည့်နည်းလမ်းမျှ ရှိလိမ့်မည်မဟုတ်ဘဲ အကျိုးဆက်အနေဖြင့် သင်၏ အသက်စိတ်သဘောထား ပြောင်းလဲမှုကို အကောင်အထည်ဖော်ရန် မည်သည့်နည်းလမ်းမျှ ရှိလိမ့်မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် ကယ်တင်ခြင်းရရှိခြင်းသည် သင်၏အတွက် အခက်အခဲ ပြဿနာတစ်ခု ဖြစ်မည်မဟုတ်ဘဲ ယင်းမှာ မဖြစ်နိုင်သောအရာတစ်ခု ဖြစ်လိမ့်မည်။ ထို့ကြောင့် လူတစ်ဦးသည် အမှားတစ်စုံတစ်ရာ လုပ်ဆောင်ပြီးနောက် သို့မဟုတ် ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်ပြီးနောက် သူ၏ သဘောထားနှင့် တုံ့ပြန်မှုသည် သူ၌ လူ့သဘာဝ အရည်အသွေးများ ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည့်အချက်အပေါ် တိုက်ရိုက် မူတည်နေသည်။ ဤအရာကို ရှင်းလင်းစွာ မြင်တွေ့ရန်မှာ အလွန် အရေးကြီးလေသည်။
သင်တို့၏ ပတ်ဝန်းကျင်ရှိ လူများကို ကြည့်လော့၊ ပြီးလျှင် အမှားတစ်စုံတစ်ရာ လုပ်ဆောင်ပြီးနောက် သူတို့သည် ယင်းကို တက်ကြွစွာ ဝန်ခံပြီး လက်ခံခြင်း ရှိမရှိ၊ သူတို့သည် နောင်တရပြီး စိတ်မကောင်းဖြစ်ခြင်း ရှိမရှိနှင့် အချိန်ကာလတစ်ခုကြာပြီးနောက် သူတို့သည် မိမိတို့ကိုယ်ကို ပြောင်းလဲခြင်း ရှိမရှိ၊ ဆိုလိုသည်မှာ သူတို့၏ အတွေးများ၊ သဘောထားများနှင့် အပြုအမူများအရ အလှည့်အပြောင်းတစ်ခု လုပ်ဆောင်ခြင်း ရှိမရှိဟူသည်ကို သင် ပိုင်းခြားသိမြင်နိုင်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မပြောင်းလဲပါက ၎င်းတို့သည် လူ ရာနှုန်းပြည့် မဟုတ်ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်း၊ သူ၏ ပတ်ဝန်းကျင် လွှမ်းမိုးမှု သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကူအညီမှတစ်ဆင့် လူတစ်ဦးသည် မည်သည့်နည်းလမ်းဖြင့် မိမိကိုယ်ကို ပြောင်းလဲသည်ဖြစ်စေ သူ၏ စိတ်နှလုံးထဲတွင် သမ္မာတရားကို လက်ခံသည့် ရိုးသားသော သဘောထားတစ်ခု ရှိပါက၊ မိမိ မှန်ကန်ကြောင်း ရှင်းချက်ထုတ်ခြင်း တဖြည်းဖြည်း နည်းပါးလာပြီး လုံးဝ ရပ်တန့်သွားသည့် အတိုင်းအတာအထိပင် ဖြစ်လာပါက၊ ပြီးလျှင် သူ၏ စကားများနှင့် လုပ်ရပ်များအရ အကဲဖြတ်ရလျှင် သူ ယခင်က ပြုလုပ်ခဲ့သော အမှားနှင့်ပတ်သက်၍ နောင်တရကာ စိတ်မကောင်းဖြစ်ပြီး ယင်းကို ကုစားရန် အခွင့်အရေးတစ်ခု ရှာဖွေလိုပါက ဤသူသည် ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက် ရှိသည်။ ဤသူသည် လူ့သဘာဝ အရည်အသွေးများကို ပိုင်ဆိုင်သော သူတစ်ဦး ဖြစ်သည်။ သို့သော် လူအချို့သည် အမှားတစ်ခု ပြုလုပ်ပြီးနောက် ယင်းကို နှလုံးမသွင်းကြပေ။ ၎င်းတို့သည် မိမိတို့ ပြုလုပ်ခဲ့သော အမှားအကြောင်းကို မည်သည့်အခါမျှ မပြောဆိုကြသည့်အပြင် ၎င်းတို့၏ အမှားကို ဝန်ခံခြင်း၊ မိမိတို့ကိုယ်ကို စိစစ်ခြင်း သို့မဟုတ် စိတ်မကောင်းဖြစ်ခြင်းတို့ မရှိကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြောင်းလဲရန် ရည်ရွယ်ချက် တစ်စက်မျှ ရှိပုံမရပေ။ ၎င်းတို့သည် ထုံထိုင်းပြီး ဉာဏ်တုံးကြကာ တစ်နေ့လုံး ပေါ့ပေါ့တန်တန်နှင့် သတိလက်လွတ် အချိန်ဖြုန်းကြပြီး ၎င်းတို့ အမှားတစ်ခု ပြုလုပ်မိကြောင်းကို လုံးဝ မခံစားရပေ။ ၎င်းတို့က ယင်းကို ဝန်ခံလျှင်ပင် ၎င်းတို့သည် ယင်းကို ပေါ့ပေါ့တန်တန် သဘောထားရုံသာ သဘောထားပြီး ထိုအတိုင်း ပစ်ထားကြသည်။ အရှက်မရှိသော လူယုတ်မာများကဲ့သို့ပင် ၎င်းတို့သည် တစ်ခဏတွင် ၎င်းတို့၏ အမှားများကို ဝန်ခံပြီး နောက်တစ်ခဏတွင် အမှားများ ပြုလုပ်ကြကာ ၎င်းတို့ အမှားပြုလုပ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အမှားများကို ဆက်၍ ဝန်ခံကြသည်။ ယင်းမှာ ၎င်းတို့က နောက်ပြောင်နေသည့်အလား သို့မဟုတ် ကစားနေသည့်အလား ဖြစ်သည်။ ၎င်းတို့သည် ထိုကိစ္စကို လေးလေးနက်နက် မယူဆကြပေ။ ၎င်းတို့သည် ဖြစ်ပျက်ခဲ့သည့်အရာကို လက်ခံပြီး ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာမှ ပြောင်းလဲမည့်အစား ယင်းကို ကလေးကစားစရာ တစ်ခုအဖြစ်၊ လုပ်ထုံးလုပ်နည်းတစ်ခုနှင့် လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ် သဘောထားကြသည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ ဤသူသည် လူသားတစ်ဦး မဟုတ်ပေ။ ၎င်းတို့သည် မည်သို့ ကျင့်ကြံပြုမူရမည်ကို မသိရှိကြသည့်အပြင် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် မည်သည့် လမ်းကြောင်းမျိုးကို ရွေးချယ်ရမည်ကိုလည်း မသိရှိကြပေ။ ၎င်းတို့သည် ဤအရာများကို နားမလည်ကြပေ။ ၎င်းတို့သည် ယင်းတို့ကို အလွန် ရိုးရှင်းပြီး အပေါ်ယံဆန်သည်ဟု ရှုမြင်ကြသည်။ အမှားတစ်စုံတစ်ရာ လုပ်ဆောင်ပြီးနောက် ထိုအချိန်က ၎င်းတို့ မည်သည့်အရာကိုမျှ မပြောလျှင်ပင် ၎င်းတို့သည် နောက်ပိုင်းတွင် မိမိတို့ မှန်ကန်ကြောင်း ရှင်းချက်ထုတ်ရန်နှင့် ၎င်းတို့ အပြစ်ကင်းကြောင်း ရှင်းလင်းပြောဆိုရန် နည်းလမ်းများကို အစဉ်သဖြင့် စဉ်းစားကြသည်။ စုဝေးပွဲများ သို့မဟုတ် လူတိုင်းက ထိုကိစ္စကို ထုတ်ပြောသည့် အချိန်များက ပေးသော အခွင့်အရေးကို အသုံးပြုလျက် ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ရန် ၎င်းတို့ ပြောဆိုလိုသည့်အရာများဖြစ်သော ထိုအချိန်က ၎င်းတို့ မည်သို့ တွေးတောနေခဲ့ပြီး မည်သို့ ပြုမူခဲ့ကြောင်း၊ ၎င်းတို့၏ ရည်ရွယ်ချက်များ ကောင်းမွန်ခဲ့ကြောင်း၊ ၎င်းတို့၏ ပန်းတိုင်များ မှန်ကန်ခဲ့ကြောင်း၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ အမှားမလုပ်ခဲ့ကြောင်းတို့ကို လူတိုင်းအား အစဉ်သဖြင့် သိရှိပြီး နားလည်စေချင်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ အမှားများနှင့် ပြစ်မှားခြင်းများအတွက် နောင်တမရသည်သာမက ယင်းတို့ကို ဝန်ခံလိုခြင်းလည်း မရှိကြဘဲ လူတိုင်း၏ အမြင်တွင် ၎င်းတို့၏ သိက္ခာဆယ်ရန် မျှော်လင့်လျက် တာဝန်ယူမှုမှ ရှောင်လွှဲရန်နှင့် ကင်းလွတ်ခွင့်ရရန်ပင် လိုလားကြသည်။ ဤကဲ့သို့သော လူများသည် စကားပြောသည့်အခါ နားထောင်ကောင်းသော်လည်း ကဏ္ဍအားလုံးရှိ ၎င်းတို့၏ သရုပ်သကန်များအရ အကဲဖြတ်ရလျှင် ၎င်းတို့သည် အမှားတစ်ခု ပြုလုပ်မိသည်ဟူသော အဖြစ်မှန်ကို ဝန်ခံခြင်း သို့မဟုတ် လက်ခံခြင်း မရှိကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြောင်းလဲလိမ့်မည်ဟု သင် ပြောမည်လော။ ၎င်းတို့ ပြောင်းလဲမည် မဟုတ်ပေ။ ၎င်းတို့သည် ဤကိစ္စကို အခါအားလျော်စွာ ထုတ်ပြောကြပြီး ယင်းအကြောင်းကို မသိရှိသူတိုင်းအား ပြန်လည်ပြောပြရသေးသည်။ ပြန်လည်ပြောပြပြီးနောက် ၎င်းတို့သည် လူများကို သိမ်းသွင်းစည်းရုံးရန်အလို့ငှာ ထိုယခင်ကိစ္စတွင် ပျက်စီးသွားခဲ့သော ၎င်းတို့၏ ပုံရိပ်ကို ကုစားရန် အခြားအရာများကို လုပ်ဆောင်သည့်အခါ စွမ်းဆောင်ရည်ကောင်းတစ်ခု ပြသဖို့ တတ်နိုင်သမျှ နည်းလမ်းတိုင်းကို စဉ်းစားကြသည်။ ၎င်းတို့သည် အချိန်ကာလတစ်ခုကြာ ကောင်းမွန်စွာ ပြုမူပြီး လူတိုင်းက ၎င်းတို့ ယခင်က လုပ်ဆောင်ခဲ့သည့်အရာကို မေ့သွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့ကိုယ်ကို ချီးမြှောက်ရန်နှင့် သက်သေခံရန် တစ်ဖန် စတင်စဉ်းစားကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်အတွက် ပံ့ပိုးကူညီမှု မည်မျှ ပြုလုပ်ခဲ့ကြောင်း၊ ဘုရားအိမ်တော်အတွက် ကောင်းသောအရာ မည်မျှ လုပ်ဆောင်ခဲ့ကြောင်းနှင့် ဘုရားအိမ်တော်ကို ဆုံးရှုံးမှု မည်မျှမှ ကင်းလွတ်စေခဲ့ကြောင်းတို့ကို အဆက်မပြတ် ရေတွက်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြောင်းလဲရန် ရည်ရွယ်ချက် လုံးဝ မရှိကြပေ။ ၎င်းတို့တွင် ရှက်စိတ် မရှိကြပေ။ ရှက်စိတ် ကင်းမဲ့သည့် လူများသည် အမှားများ ပြုလုပ်ပြီး ပြစ်မှားခြင်းများကို ကျူးလွန်သည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို မပြောင်းလဲသည်သာမက သာ၍ပင် ဆိုးရွားလာကြသည်။ ၎င်းတို့က “မည်သူက အမှားများ မပြုလုပ်ဖူးသနည်း။ ယခင်က ငါ ပြုလုပ်ခဲ့သော ထိုအမှားသည် အခြေခံအားဖြင့် မည်သည့်အရာမျှ မဟုတ်ပေ။ ထို့အပြင် ငါတစ်ယောက်တည်း ပါဝင်ပတ်သက်ခဲ့ခြင်း မဟုတ်ပေ။ သို့သော် ငါ ထိုသို့ မပြောနိုင်ပေ။ ငါ၏ စွမ်းဆောင်ရည်က လက်ခံနိုင်ဖွယ်ရှိကြောင်းနှင့် ငါ့၌ နောင်တရသည့် သဘောထားတစ်ခု ရှိကြောင်းကို လူတိုင်းအား ငါ မြင်တွေ့စေရမည်၊ ပြီးလျှင် လူတိုင်း၏ အာရုံစိုက်မှုကို လွှဲပြောင်းရန်နှင့် သူတို့ကို အနည်းငယ် သိမ်းသွင်းစည်းရုံးရန်အလို့ငှာ ယင်းကို ကုစားဖို့ ကောင်းသောအရာ အချို့ကို ငါ လုပ်ဆောင်မည်၊ ယင်းက အလုပ်ဖြစ်မည် မဟုတ်လော” ဟု မိမိတို့ဘာသာ တွေးကြသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ဟူသောအချက်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ မယုံကြည်ကြပေ။ ၎င်းတို့သည် ဤအရာများကို အခြားသူများရှေ့တွင် လုပ်ဆောင်လိုကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ တွေးတောနေသည့်အရာကို ဘုရားသခင် မမြင်နိုင်ဟု ၎င်းတို့ ထင်ကြသည်၊ ၎င်းတို့အတွက်မူ ဘုရားသခင်က လူတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းသည် အယူဝါဒတစ်ခုမျှသာ ဖြစ်သည်။ ဘုရားသခင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေကြောင်းကို ၎င်းတို့ မသိရှိကြသည့်အပြင် ဘုရားသခင်သည် လူတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်ကြောင်းကို ၎င်းတို့ အသိအမှတ်မပြုကြ သို့မဟုတ် မယုံကြည်ကြပေ၊ ထို့ကြောင့် ၎င်းတို့ လုပ်ဆောင်သမျှသည် အခြားသူများ မြင်တွေ့ရန်အတွက် ဖြစ်သည်။ အတွင်းစိတ် နက်ရှိုင်းရာတွင် ၎င်းတို့သည် စိတ်နှလုံးမာကျောပြီး အတိုက်အခံလုပ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို အတိုက်အခံ လုပ်သည်၊ အဖြစ်မှန်များကို လက်ခံရန် အတိုက်အခံလုပ်သည်၊ ၎င်းတို့၏ အမှားများကို ဝန်ခံရန် အတိုက်အခံလုပ်ပြီး မိမိတို့ကိုယ်ကို ပြောင်းလဲရန် သာ၍ပင် အတိုက်အခံလုပ်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မပြောင်းလဲကြပေ၊ ဤသည်မှာ ပြဿနာတစ်ခုကို ညွှန်ပြနေခြင်း မဟုတ်လော။ ၎င်းတို့သည် မည်မျှပင် ကြီးမားသော အမှားများကို ပြုလုပ်သည်ဖြစ်စေ သို့မဟုတ် မည်မျှပင် ကြီးမားသော ပြစ်မှားခြင်းများကို ကျူးလွန်သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ကိုယ်ကို မပြောင်းလဲကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး ဘုရားသခင်၏ တိုက်ရိုက် ဒဏ်ခတ်ခြင်းကို ခံရသော်လည်း မိမိကိုယ်ကို အတော်လေး ကောင်းမွန်နေသေးသည်ဟု ထင်ခဲ့သော ပေါလုကဲ့သို့ပင် ဖြစ်ကြသည်။ ဤလူစားမျိုးက “ငါသည် ဟိုဟိုဒီဒီ သွားလာပြီး မိမိကိုယ်ကို အသုံးခံပါက၊ ပြီးလျှင် ဧဝံဂေလိတရား ဟောကြားခြင်းမှ လူများစွာကို ရရှိပြီး အသီးအပွင့်များစွာ သီးပွင့်ကာ ငါ၏ အပြစ်များကို ဖြေရန် ပံ့ပိုးကူညီမှုများ ပြုလုပ်ပါက ဘုရားသခင်သည် ငါ့ကို သရဖူတစ်ခု ပေးသင့်သည်။ သရဖူများသည် ငါကဲ့သို့သော လူများနှင့် သက်ဆိုင်သည်။ ငါ သရဖူတစ်ခု မရရှိပါက မည်သူ ရရှိမည်နည်း။ အမှားတစ်ခု ပြုလုပ်ခြင်းက အဘယ်မျှ အရေးကြီးသနည်း။ ငါသည် ဘုရားသခင်ကို ဆန့်ကျင်ပြီးနောက် ဤအရာကို ပြင်ဆင်ရန် လိုလားနေသရွေ့ ယင်းက အဆင်ပြေပါသည်။ ငါသည် အနာဂတ်တွင် ဧဝံဂေလိတရားကို ပို၍ ဟောကြားရုံမျှဖြင့် ဘုရားသခင်သည် ငါ၏ ပြစ်မှားခြင်းများကို အမှတ်ရမည် မဟုတ်ပေ” ဟု တွေးသည်။ သင် မြင်သလော၊ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဤသည်မှာ လူ့သဘာဝ ကင်းမဲ့သော သဘောထားတစ်ခု ဖြစ်သည်၊ ဤသည်မှာ နတ်ဆိုးတစ်ကောင်၏ သဘောထား ဖြစ်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရား သို့မဟုတ် ဘဝရှိ မှန်ကန်သော လမ်းကြောင်းကို ၎င်းတို့ ရွေးချယ်ပြီး လိုက်စားသင့်သည့် အရာများအဖြစ် မည်သည့်အခါမျှ မရှုမြင်ကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြောင်းလဲရန် ရည်ရွယ်ချက်တစ်ခုမျှ မည်သည့်အခါမျှ မရှိခဲ့ကြသည့်အပြင် ၎င်းတို့သည် သေချာပေါက်ကို ခေါင်းငုံ့ပြီး ၎င်းတို့၏ အပြစ်များကို ဝန်ခံခြင်းမျိုး မည်သည့်အခါမျှ ပြုမည်မဟုတ်ပေ၊ ၎င်းတို့၏ အမှားများကို ဝန်ခံပြီး အရှုံးပေးခြင်းမျိုး မည်သည့်အခါမျှ ပြုမည် မဟုတ်ပေ။ “ကျရှုံးခြင်း” နှင့် “အမှား” ဟူသော စကားလုံးများသည် ၎င်းတို့၏ အဘိဓာန်တွင် မရှိပေ၊ “ပြစ်မှားခြင်း” ဟူသော စကားလုံးမှာ ဆိုဖွယ်ရာပင် မရှိပေ၊ ထို့ကြောင့် ဤလူစားမျိုးသည် နောင်တရမည် မဟုတ်ပေ။ သို့ဆိုလျှင် ဤလူစားမျိုးတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသည်ဟု သင် ပြောမည်လော။ သူသည် သူ၏ လူ့သဘာဝတွင် ဖြောင့်မှန်ခြင်း၊ ကြင်နာတတ်ခြင်းနှင့် ရှက်ရွံ့သည့် ခံစားချက်များ၏ အရည်အသွေးများကို ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) သူ လုံးဝ မပိုင်ဆိုင်ပေ။ သူသည် မည်မျှပင် ကြီးမားသော ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်ခဲ့သည်ဖြစ်စေ အဖြစ်မှန်များက သူ၏ မျက်စိရှေ့မှောက်တွင် တည့်တည့် ရှိနေလျှင်ပင် သူ၏ စိတ်နှလုံးထဲတွင် အပြစ်ရှိသည်ဟု မခံစားရပေ။ ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သင်သည် အသိစိတ်ရှိသော သူတစ်ဦးဖြစ်ပါက အမှားတစ်စုံတစ်ရာ လုပ်ဆောင်ပြီး ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်သည့်အခါ သေချာပေါက် အပြစ်ရှိသည်ဟု ခံစားရလိမ့်မည်။ သင်သည် ကြီးမားသော အမှားတစ်ခုကို အမှန်တကယ် ပြုလုပ်မိပြီး ဘုရားအိမ်တော်အတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါက သေချင်စိတ်ပေါက်လောက်အောင် ဝမ်းနည်းပူဆွေးမှုကို ခံစားရလိမ့်မည်၊ မိမိကိုယ်ကို ကျိန်ဆဲလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်နေထိုင်ရန် မထိုက်တန်ဟု ခံစားရလိမ့်မည်၊ သို့သော် ပေါလုကဲ့သို့သော လူများတွင် ဤသို့သော နောင်တရခြင်းမျိုး မရှိကြပေ။ ဘုရားအိမ်တော်တွင် လူအချို့သည် လိမ်ညာမှုတစ်ခုတည်း ပြောဆိုပြီးနောက် သို့မဟုတ် စည်းမျဉ်းများကို ချိုးဖောက်သည့် အရာတစ်ခုတည်းကို လုပ်ဆောင်ပြီးနောက် သူတို့၏ စိတ်နှလုံးထဲတွင် အဆက်မပြတ် ပြစ်တင်ရှုတ်ချခံရသည်ဟု ခံစားရကြောင်းကို ငါတို့ မကြာခဏ မြင်တွေ့ရပြီး သူတို့သည် အခြားသူများအား သူတို့၏ အမှားကို ဝန်ခံပြီးနောက်မှသာ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု သူတို့ထံမှ ဖယ်ရှားခံလိုက်ရသကဲ့သို့ ခံစားရကြသည်။ ဤကဲ့သို့သော လူများ အတော်လေး များစွာ ရှိသည်။ သူတို့သည် မည်သည့် အမှားများကို ပြုလုပ်သည်ဖြစ်စေ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ကြပြီး တစ်ချိန်တည်းမှာပင် သူတို့သည် ယင်းကို သတိပေးချက်တစ်ခုအဖြစ် ယူဆနိုင်ကာ တူညီသော အမှားကို ထပ်မလုပ်မိစေရန် မိမိတို့ကိုယ်ကို တိုက်တွန်းနှိုးဆော်နိုင်ကြသည်။ လူတစ်ဦးသည် သူ၏ ဂုဏ်သိက္ခာကို ဂရုစိုက်ပါက၊ ရှက်စိတ် ရှိပါက၊ ပြီးလျှင် ယင်းအပြင် ဆင်ခြင်တုံတရား ရှိပါက သူ အမှားတစ်စုံတစ်ရာ လုပ်ဆောင်သည့်အခါ မိမိ မှန်ကန်ကြောင်း ရှင်းချက်ထုတ်ရန် သို့မဟုတ် တာဝန်ယူမှုမှ ရှောင်လွှဲပြီး အခြားသူများအပေါ် အပြစ်ပုံချရန် ကြိုးစားဖို့ အလွန် ရှက်ရွံ့သည်ဟု ခံစားရသည်။ ထိုအစား သူသည် တာဝန်ယူရန် လိုလားသည်၊ သူသည် အခါအားလျော်စွာ အပြစ်ရှိသည်ဟု ခံစားရပြီး စိတ်မကောင်းဖြစ်ကာ ထို့နောက်တွင် သူသည် မိမိကိုယ်ကို ပြောင်းလဲသည်။ လူအချို့သည် အမှားတစ်စုံတစ်ရာ လုပ်ဆောင်ပြီး ပြစ်မှားခြင်းများကို ကျူးလွန်သည့်အခါ အရှက်ကွဲသည်ဟု ခံစားရကြပြီး ဘုရားသခင်နှင့် ညီအစ်ကိုမောင်နှမများကို ရင်ဆိုင်ရန် အလွန် ရှက်ရွံ့သည်ဟု ခံစားရကြသော်လည်း လူ့သဘာဝ အရည်အသွေးများ မရှိသောသူများမှာမူ ဤခံစားချက်များ မရှိကြပေ။ သင် မြင်သလော၊ လူနှစ်မျိုးနှစ်စားလုံးသည် လူသားများ ဖြစ်ကြသော်လည်း အချို့သူများအတွက်မူ သူတို့သည် တစ်စုံတစ်ဦးနှင့် ဖောက်ပြန်နေသည်ဟူသော ကောလာဟလတစ်ခုက သူတို့၏ နောက်ကွယ်တွင် ပျံ့နှံ့သွားပါက၊ ပြီးလျှင် ဤသည်မှာ သူတို့၏ ခေါင်းထဲတွင် ခဏတာမျှသာ တွေးတောခဲ့သည့် အရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ လူအနည်းငယ်က ယင်းအကြောင်းကို ပြောဆိုနေသည်ကို သူတို့ ကြားသည်နှင့်တစ်ပြိုင်နက် သူတို့သည် လုံးဝ အရှက်ကွဲသည်ဟု ခံစားရပြီး လူတစ်ဦးတလေအား ရင်ဆိုင်ရန်ကိုပင် အလွန် ရှက်ရွံ့သည်ဟု ခံစားရကြသည်။ ရှက်စိတ်ရှိသည့် လူများသည် ထိုသို့သော သရုပ်သကန်များ ရှိကြလိမ့်မည်။ သို့သော် လူအချို့သည် အခြားလူတစ်ဦးနှင့် အိပ်ရာထဲတွင် ရှိနေသည်ကို လူမိသွားသည့်တိုင်အောင် ဂရုမစိုက်ကြပေ။ “ငါ မည်သည့်အရာကို အမှားလုပ်ခဲ့သနည်း။ ငါသည် ကာမဂုဏ်ခံစားနေခဲ့ခြင်း မဟုတ်လော။ ယင်းက အဘယ်မျှ အရေးကြီးသနည်း။ ဤသည်မှာ ယနေ့ခေတ်တွင် အဖြစ်များသော အဖြစ်အပျက်တစ်ခု မဟုတ်လော” ဟူ၍ ဖြစ်သည်။ သင် မြင်သလော၊ ဤသည်မှာ သိသာထင်ရှားစွာပင် ကွဲပြားသည် မဟုတ်လော။ လူ့သဘာဝ အရည်အသွေးများရှိသော လူများသည် အခြားသူများက သူတို့အကြောင်းကို ဆွေးနွေးနေရုံမျှကို ကြားပါက သူတို့သည် အလွန် ရှက်ရွံ့ပြီး ဝမ်းနည်းကြသဖြင့် အစာမစားနိုင်ဖြစ်ကြကာ မျက်နှာပြရန် အလွန် ရှက်ရွံ့သည်ဟု ခံစားရပြီး ဆက်လက် အသက်မရှင်နိုင်တော့ဟု ခံစားရကြသော်လည်း လူအချို့မှာမူ အခြားလူတစ်ဦးနှင့် အိပ်ရာထဲတွင် ရှိနေသည်ကို လူမိသွားသည့်တိုင်အောင် ဂရုမစိုက်ကြပေ။ လူတို့သည် တစ်ဦးနှင့်တစ်ဦး ကွဲကိုကွဲပြားကြသည်၊ လူတစ်ဦးတွင် ရှက်စိတ် မရှိပါက သူသည် လူသားတစ်ဦး မဟုတ်ပေ။ ရှက်စိတ် မရှိသော လူများသည် သမ္မာတရားကို ရရှိနိုင်သလော။ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသော လူများသည် သမ္မာတရားကို မချစ်ကြပေ။ ဤသည်မှာ ၎င်းတို့သည် အပြစ်တရား၊ ဆိုးညစ်သောအရာများ သို့မဟုတ် အပျက်သဘောဆောင်သော အရာများကို မမုန်းတီးသောကြောင့် ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အမှားတစ်စုံတစ်ရာ လုပ်ဆောင်သည့်အခါ ရှက်စိတ် မရှိကြသည့်အပြင် တာဝန်ယူမှုမှ ရှောင်လွှဲရန် အရှက်မရှိ ကြိုးစားကြသည်။ ရလဒ်အနေဖြင့် ဤလူစားမျိုးသည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မည်သည့်အခါမျှ တက်ကြွစွာ လာမည်မဟုတ်ပေ၊ သူ၏ ဖောက်ပြန်ပျက်စီးမှုကို တက်ကြွစွာ ဝန်ခံမည်မဟုတ်သည့်အပြင် သမ္မာတရားကို လိုလိုလားလား ကျိုးနွံနာခံမည်လည်း မဟုတ်ပေ၊ သူ့တွင် ထိုသို့သော လိုအပ်ချက် မရှိပေ၊ ယင်းမှာ မလိုအပ်ဟု သူ ထင်ပြီး သူ ယင်းကို မလိုအပ်ဟု ထင်သည်။ သို့သော် အသိစိတ်နှင့် ဆင်ခြင်တုံတရား အမှန်တကယ် ရှိသော လူများနှင့်ပတ်သက်၍မူ ကဏ္ဍအားလုံးရှိ သူတို့၏ ကျင့်ကြံပြုမူခြင်းအတွက် သူတို့၏ စည်းမျဉ်းများနှင့် စည်းများက ဘုရားနှုတ်ကပတ်တော်များနှင့် လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များသည် သူတို့ လိုအပ်သောအရာများဖြစ်သည်ဟု သူတို့ကို ခံစားရစေသောကြောင့် သူတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်ရန် လိုလားကြသည်။ သူတို့ ထိုသို့ မလုပ်ဆောင်ပါက သူတို့သည် အတွင်းစိတ်ထဲတွင် စိတ်မသက်မသာ ခံစားရကြသည်။ သူတို့သည် ဘုရားသခင်၏ တောင်းဆိုချက်များကို ကြားပြီး နားလည်သော်လည်း ယင်းတို့နှင့်အညီ မပြုမူပါက ကဏ္ဍတစ်ခုတွင် ညီအစ်ကိုမောင်နှမများက သူတို့ကို စောင့်ကြည့်နေသည်ဟု သူတို့ ခံစားရပြီး အခြား ပို၍ အရေးကြီးသော ကဏ္ဍတစ်ခုတွင် ဘုရားသခင်က သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေသည်ဟုလည်းကောင်း၊ သူတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ကိုယ်တော်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းမှ သူတို့ မလွတ်မြောက်နိုင်ဟုလည်းကောင်း သူတို့ ခံစားရကြသည်။ သူတို့က “သင် ပြောသမျှကို ဘုရားသခင် သိသည်။ သင်သည် အမှားတစ်စုံတစ်ရာ လုပ်ဆောင်သော်လည်း ယင်းကို ဝန်မခံပါက၊ နောင်တမရပါက၊ ယင်းကို နှလုံးမသွင်းပါက၊ ယင်းကို မပြင်ဆင်ပါက၊ ပြီးလျှင် မိမိကိုယ်ကို လုံးဝ မပြောင်းလဲပါက ဘုရားသခင်သည် ဤအရာကို မည်သို့ ရှုမြင်မည်နည်း” ဟု တွေးကြသည်။ “ဘုရားသခင်သည် ဤအရာကို မည်သို့ ရှုမြင်မည်နည်း” ဟူသော ဤမေးခွန်းသည် တစ်ဖက်တွင် ဘုရားသခင်ကို သူတို့၏ ယုံကြည်ခြင်းနှင့် အသိအမှတ်ပြုခြင်းတို့မှ လာပြီး အခြားတစ်ဖက်တွင် ယင်းသည် အဓိကအားဖြင့် သူတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ လုပ်ဆောင်ချက်မှ လာသည်။ ထို့ကြောင့် အရာအားလုံးကို ထည့်သွင်းစဉ်းစားပြီးနောက်တွင် လူတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် သူ၏ လူ့သဘာဝ၏ လိုအပ်ချက်များ၊ သူ လျှောက်လှမ်းသော လမ်းကြောင်းနှင့် ထို့ထက်မက အမျိုးမျိုးသော အရာများအပေါ် သူ၏ စည်းမျဉ်းများနှင့် သဘောထားများကို အဆုံးအဖြတ်ပေးသည်။ သေချာပေါက် ယင်းတို့သည် လူတစ်ဦးက သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းနိုင်ခြင်း ရှိမရှိဟူသည်ကိုလည်း အဆုံးအဖြတ်ပေးပြီး သာ၍ ကြီးမားသော အတိုင်းအတာတစ်ခုအထိ ယင်းတို့သည် လူတစ်ဦးက နောက်ဆုံးတွင် ကယ်တင်ခြင်းရရှိနိုင်ခြင်း ရှိမရှိဟူသည်ကို အဆုံးအဖြတ်ပေးသည်။
ယနေ့ မိတ်သဟာယ၏ အကြောင်းအရာအားလုံးသည် လူ့သဘာဝနှင့် သက်ဆိုင်သော ဘဝရှိ အမျိုးမျိုးသော အသေးအဖွဲ ကိစ္စရပ်များအကြောင်း ဖြစ်ခဲ့ပြီး လူတစ်ဦးသည် သူ မည်သို့ ကျင့်ကြံပြုမူကာ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းပုံတွင် အခြားသူများကို အခွင့်ကောင်းယူရန် နှစ်သက်ခြင်း ရှိမရှိ၊ လူတစ်ဦးသည် စေတနာကောင်းရှိပြီး အခြားသူများကို ကူညီရန်နှင့် ကိုယ်ချင်းစာရန် လိုလားခြင်း ရှိမရှိ၊ သူသည် ပေးကမ်းရန် လိုလားခြင်း ရှိမရှိနှင့် အခြားသူများကို ဆက်ဆံခြင်းအတွက် သူ၏ စည်းမျဉ်းများမှာ အဘယ်အရာများ ဖြစ်သည်၊ ပြီးလျှင် လူတစ်ဦးသည် အမှားတစ်စုံတစ်ရာ လုပ်ဆောင်သည့်အခါ သူ၏ သဘောထားများနှင့် အမြင်ရှုထောင့်များမှာ အဘယ်အရာများ ဖြစ်သည်ဟူသည်တို့ကို ထည့်သွင်းဆွေးနွေးခဲ့သည်။ ဤအရာများသည် ဘဝရှိ အသေးအဖွဲ ကိစ္စရပ်များ၊ လူတို့၏ နေ့စဉ်ဘဝများရှိ လူ့သဘာဝ၏ အလွန် သာမန်ဖြစ်သော သရုပ်သကန်အချို့ ဖြစ်သော်လည်း နောက်ကွယ်တွင် ယင်းတို့ ထင်ဟပ်ပြသသည့်အရာမှာ လူတစ်ဦး၏ လူ့သဘာဝ အရည်အသွေးများ ဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ တွန်းအားပေးခြင်းကို ခံရလျက် လူ့သဘာဝ အရည်အသွေးများရှိသော လူများသည် အခြေခံ ကိုယ်ကျင့်တရား စည်းများကို စောင့်ထိန်းကြလိမ့်မည်ဖြစ်ပြီး လူ့သဘာဝ အရည်အသွေးများ မရှိသော လူများမှာမူ လူ့သဘာဝ၏ စည်းနှင့် ကျင့်ကြံပြုမူခြင်း၏ စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို လုံးဝ နားမလည်ကြပေ။ ထို့ကြောင့် လူတစ်ဦးတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိဟူသည်က သူ လျှောက်လှမ်းသော လမ်းကြောင်းကို အဆုံးအဖြတ်ပေးသည်။ ယင်းက လူတစ်ဦး၏ အနာဂတ်နှင့် ခရီးဆုံးပန်းတိုင်ကို အဆုံးအဖြတ်ပေးသည်ဟုလည်း ဆိုနိုင်သည်၊ ယင်းမှာ အတိအကျပင် ပကတိအခြေအနေ ဖြစ်လေသည်။ ကောင်းပြီ၊ ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။
၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်