သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)

ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် သမ္မာတရားကို လိုက်စားခြင်းနှင့်ပတ်သက်သည့် အဓိကခေါင်းစဉ်တစ်ခု ဖြစ်သော “ဘုရားသခင်နှင့် မိမိတို့ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ရန်လိုမုန်းတီးမှုကို လက်လွှတ်ခြင်း” ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤအဓိကခေါင်းစဉ်အတွင်း၌ လူတို့၏ ပင်ကိုအခြေအနေများ၊ လူ့သဘာဝ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ပတ်သက်သည့် ခေါင်းစဉ်များပါဝင်သော ဘုရားသခင်၏ အမှုတော်နှင့်စပ်လျဉ်းသည့် လူ့အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ခြင်းအကြောင်း ငါတို့ ပြောဆိုခဲ့ကြပြီး ဤခေါင်းစဉ်များအတွင်း၌ အစွမ်းအစနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်အကြိမ်က အစွမ်းအစနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအကြောင်းကို ငါတို့ အနည်းငယ် မိတ်သဟာယဖွဲ့ခဲ့ကြကာ လူတို့၏ အယူအဆတစ်စိတ်တစ်ပိုင်းကို ဖြေရှင်းပေးခဲ့သည်။ ဤသည်ကို ကြားပြီးသည့်နောက် သင်တို့တွင် အစွမ်းအစဆိုသည်မှာ အဘယ်အရာ ဖြစ်သည်နှင့်ပတ်သက်၍ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ရှိပါလော။ အစွမ်းအစဆိုသည်မှာ အတိအကျအားဖြင့် အဘယ်အရာ ဖြစ်သနည်း။ အစွမ်းအစကို မည်သို့ နားလည်သင့်သနည်း။ လူတစ်ဦး၏ အစွမ်းအစသည် ကောင်းသည်၊ သာမန်ဖြစ်သည် သို့မဟုတ် ညံ့သည်ကို မည်သို့ ပိုင်းခြားနိုင်သနည်း။ မည်သည့်ရှုထောင့်များကို အခြေခံ၍ ပိုင်းခြားသင့်သနည်း။ သင်တို့သည် ဤမေးခွန်းများကို ရှာဖွေပြီး စဉ်းစားဆင်ခြင်ခဲ့ကြပါသလော။ (ကျွန်ုပ် အနည်းငယ် စဉ်းစားဆင်ခြင်ခဲ့ပါသည်။ ပြီးခဲ့သည့် စုဝေးပွဲတွင် လူတစ်ဦး၏ အစွမ်းအစကို အကဲဖြတ်ရန် အမှုအရာများကို လုပ်ဆောင်ရာ၌ ၎င်း၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုကို ကြည့်ရမည်ဟု ဘုရားသခင်က မိတ်သဟာယဖွဲ့ခဲ့ပါသည်။ ယခင်က ကျွန်ုပ်သည် ဤကိစ္စနှင့်ပတ်သက်၍ များစွာနားလည်မှုမရှိခဲ့ဘဲ အားသာချက်များနှင့် အစွမ်းအစကိုပင် ရောထွေးခဲ့ပါသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် အထူးသဖြင့် ကောင်းမွန်သော ပညာရေးရလဒ်များ ရရှိသည်ကိုဖြစ်စေ၊ ဘာသာစကားအချို့တွင် ကျွမ်းကျင်သည်ကိုဖြစ်စေ ကျွန်ုပ်မြင်သောအခါ ဤသည်က ၎င်းတို့တွင် ကောင်းမွန်သော အစွမ်းအစရှိကြောင်း ညွှန်ပြသည်ဟု ကျွန်ုပ်ထင်ခဲ့ပါသည်။ ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်ခြင်းအားဖြင့်သာ အမှန်တကယ် ကောင်းမွန်သော အစွမ်းအစဆိုသည်မှာ အဘယ်အရာဖြစ်သည်နှင့် အဘယ်အရာသည် အားသာချက်အချို့မျှသာ ဖြစ်ကြောင်းကို ကျွန်ုပ် ရှင်းလင်းစွာ ပိုင်းခြားနိုင်ခဲ့ပါသည်။ လူတစ်ဦးသည် အပြင်ပန်းအားဖြင့် အတော်လေး လည်လည်ဝယ်ဝယ် ရှိပုံရသော်လည်း တာဝန်ထမ်းဆောင်ရာ၌ အလွန်နိမ့်သော စွမ်းဆောင်ရည်ရှိပြီး သမ္မာတရား စည်းမျဉ်းများကို အစဉ်သဖြင့် သဘောပေါက်နားလည်နိုင်ခြင်း မရှိပါက ၎င်း၏ အစွမ်းအစမှာ အတော်အသင့် ညံ့ဖျင်းပါသည်။) လူတစ်ဦး၏ အစွမ်းအစကို အမှုအရာများ လုပ်ဆောင်ရာ၌ ၎င်း၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုတို့ဖြင့် အကဲဖြတ်ခြင်းသည် ယေဘုယျအားဖြင့် ပြောဆိုသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ အမှုအရာများ လုပ်ဆောင်ရာ၌ ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုကို ကြည့်ရှုခြင်းအပြင် လူတစ်ဦး၏ အစွမ်းအစကို အကဲဖြတ်ရန်အတွက် တိကျသော စံနှုန်းများ ရှိသည်။ ပထမ ၎င်း၏ သင်ယူနိုင်စွမ်း။ ဒုတိယ ၎င်း၏ အမှုအရာများကို နားလည်နိုင်စွမ်း။ တတိယ ၎င်း၏ သဘောပေါက်နားလည်နိုင်စွမ်း။ စတုတ္ထ ၎င်း၏ အမှုအရာများကို လက်ခံနိုင်စွမ်း။ ပဉ္စမ ၎င်း၏ သိမြင်နားလည်နိုင်စွမ်း။ ဆဋ္ဌမ ၎င်း၏ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း။ သတ္တမ ၎င်း၏ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း။ အဋ္ဌမ ၎င်း၏ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း။ နဝမ ၎င်း၏ ဆုံးဖြတ်ချက်ချနိုင်စွမ်း တို့ဖြစ်ကာ ယင်းကို ၎င်း၏ အကောင်အထည် ဖော်နိုင်စွမ်းဟုလည်း ရည်ညွှန်းနိုင်သည်။ ဒသမ ၎င်း၏ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း။ ဧကာဒသမ ၎င်း၏ ဆန်းသစ်တီထွင်နိုင်စွမ်းတို့ ဖြစ်ကြသည်။ သင်တို့ မှတ်သားထားကြသလော။ (မှတ်သားထားပါသည်။) စုစုပေါင်း မည်မျှရှိသနည်း။ (တစ်ဆယ့်တစ်ချက် ဖြစ်ပါသည်။) ယင်းတို့ကို အသံထွက် ဖတ်ပြကြလော့။ (တစ် သင်ယူနိုင်စွမ်း။ နှစ် အမှုအရာများကို နားလည်နိုင်စွမ်း။ သုံး သဘောပေါက်နားလည်နိုင်စွမ်း။ လေး အမှုအရာများကို လက်ခံနိုင်စွမ်း။ ငါး သိမြင်နားလည်နိုင်စွမ်း။ ခြောက် သုံးသပ်ဆုံးဖြတ်နိုင်စွမ်း။ ခုနစ် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း။ ရှစ် အမှုအရာများကို တုံ့ပြန်နိုင်စွမ်း။ ကိုး ဆုံးဖြတ်ချက်ချနိုင်စွမ်း။ ဆယ် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း။ တစ်ဆယ့်တစ် ဆန်းသစ်တီထွင်နိုင်စွမ်း။) လူတစ်ဦး၏ အစွမ်းအစကို ပိုင်းခြားရန် ယေဘုယျအားဖြင့် ပြောရလျှင် သင်သည် ဤရှုထောင့်နှစ်ခုဖြစ်သည့် အမှုအရာများကို လုပ်ဆောင်ရာ၌ ၎င်း၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုတို့ကို ကြည့်ရမည်ဖြစ်သည်။ အတိအကျအားဖြင့် အမှုအရာများ လုပ်ဆောင်ရာ၌ ၎င်း၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုကို အကဲဖြတ်ရန် သင်သည် ဤတစ်ဆယ့်တစ်ချက်သော စံနှုန်းများကို အခြေခံ၍ ဘက်စုံခြုံငုံသုံးသပ်ကာ ဆုံးဖြတ်ရမည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် လူတစ်ဦး၏ အစွမ်းအစ အမှန်တကယ် မည်သို့ရှိသည်ကို တိကျစွာ ပိုင်းခြားနိုင်လိမ့်မည်။ ဟုတ်ပေသည်၊ လူတစ်ဦး၏ အစွမ်းအစကို အကဲဖြတ်ရန် ပထမအဆင့်မှာ ရှုထောင့်အမျိုးမျိုးရှိ ၎င်း၏ စွမ်းရည်အားလုံးကို ခြုံငုံကြည့်ရှုရန်ဖြစ်ပြီး ထို့နောက် အမှုအရာများ လုပ်ဆောင်ရာ၌ ၎င်း၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုကို ကြည့်ရှုရန် ဖြစ်သည်။ ၎င်းသည် ရှုထောင့်အမျိုးမျိုးတွင် အစွမ်းအစနှင့် စွမ်းရည်ကို ပိုင်ဆိုင်ပါက အမှုအရာများကို စွမ်းဆောင်ရည်နှင့် ထိရောက်မှု နှစ်မျိုးလုံးဖြင့် ဧကန်မုချ လုပ်ဆောင်လိမ့်မည်။ လူတစ်ဦး၏ အမှုအရာများ လုပ်ဆောင်ရာ၌ စွမ်းဆောင်ရည်သည် မြင့်မားပြီး ၎င်း၏ ထိရောက်မှုသည် ကောင်းမွန်ပါက သင်သည် ဤတစ်ဆယ့်တစ်ချက်သော စံနှုန်းများအတိုင်း ကဏ္ဍတစ်ခုစီရှိ ၎င်း၏ စွမ်းရည်များကို အကဲဖြတ်သောအခါ ယင်းတို့သည်လည်း ဧကန်မုချ ကောင်းမွန်လိမ့်မည်။ ဤတစ်ဆယ့်တစ်ချက်သော စွမ်းရည်များထဲမှ တစ်ခုခုကို တစ်ခုချင်းစီ သီးခြားယူကြည့်ပါက လူတစ်ဦး၏ အစွမ်းအစသည် ကောင်းသည် သို့မဟုတ် မကောင်းသည်ကို အပြည့်အဝ မဆုံးဖြတ်နိုင်ပေ၊ ယင်းကို ဘက်စုံခြုံငုံ၍ ပိုင်းခြားရမည်ဖြစ်သည်။ ဟုတ်ပေသည်၊ ဤတစ်ဆယ့်တစ်ချက်သော စွမ်းရည်များထဲတွင် အရေးကြီးဆုံးမှာ အဘယ်အရာများ ဖြစ်သနည်း။ အရေးကြီးဆုံးမှာ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း၊ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း၊ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းတို့ ဖြစ်ကြသည်၊ ဤအရာများတွင် လူတစ်ဦးက သဘောတရားတစ်ခုကို နားလည်ပြီးနောက် ပြုမူလုပ်ဆောင်နိုင်သည့် ၎င်း၏ စွမ်းရည် ပါဝင်သည်။ ကျန်ရှိသော စွမ်းရည်များသည် လူ့စိတ်နှင့် သက်ဆိုင်သည့် သဘောပေါက်နားလည်ခြင်း၊ သင်ယူခြင်းတို့နှင့် သက်ဆိုင်သည်။ ဆက်လက်၍ ငါတို့သည် ဤတစ်ဆယ့်တစ်ချက်သော စွမ်းရည်များကို တစ်ခုပြီးတစ်ခု မိတ်သဟာယဖွဲ့ကြမည်။

ပထမတစ်ချက်မှာ သင်ယူနိုင်စွမ်း ဖြစ်သည်။ သင်ယူနိုင်စွမ်းသည် အသိပညာနယ်ပယ်တစ်ခုကို သင်ယူခြင်းကိုသာ ရည်ညွှန်းခြင်းမဟုတ်ပေ။ ယင်းတွင် ဘာသာစကားတစ်ခုကို သင်ယူခြင်း၊ တိကျသော အတတ်ပညာတစ်ခုကို သင်ယူခြင်း၊ အသစ်သောအရာတစ်ခုကို ခံယူခြင်း စသည်တို့လည်း ပါဝင်သည်၊ ဤအရာအားလုံးသည် သင်ယူနိုင်စွမ်း၏ နယ်ပယ်အတွင်း၌ အကျုံးဝင်သည်။ ဥပမာအားဖြင့် နည်းပညာကျွမ်းကျင်မှုတစ်ခုကို သင်ယူသောအခါ ပုံမှန်အခြေအနေများအောက်တွင် လူတစ်ဦးသည် ခြောက်လအတွင်း အခြေခံအားဖြင့် တတ်မြောက်နိုင်ပြီး ထို့နောက် ယင်းကို လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်သည်။ သင်သည်လည်း ခြောက်လကြာ သင်ယူပြီးနောက် ယင်းကို တတ်မြောက်နိုင်ပြီး လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ပါက ဤသည်မှာ သင်ယူနိုင်စွမ်းရှိသည်ဟု သတ်မှတ်သည်။ သင်သည် သာမန်လူတစ်ဦးထက် သင်ယူရန် အချိန်နှစ်ဆကြာမြင့်ပါက၊ ခြောက်လကြာပြီးနောက် သင်သည် ယင်းကို မကျွမ်းကျင်သေးဘဲ သင်ယူရန် နောက်ထပ်ခြောက်လ လိုအပ်နေသေးပါက ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစကို ညွှန်ပြသည်။ ဆိုလိုသည်မှာ သင်ယူနိုင်စွမ်းနှင့်ပတ်သက်၍ သင်သည် အတတ်ပညာ သို့မဟုတ် အသိပညာကို ပုံမှန်အချိန်ကာလအတွင်း ကျွမ်းကျင်တတ်မြောက်နိုင်ပါက ဤသည်မှာ သင်၏အစွမ်းအစသည် သာမန် သို့မဟုတ် သာမန်အထက်ဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။ သို့ရာတွင် သင်သည် ဤအချိန်ကာလကို ကျော်လွန်ပြီး အတတ်ပညာ သို့မဟုတ် အသိပညာကို သင်ယူရန် အခြားသူများထက် အချိန်နှစ်ဆ၊ သုံးဆအထိပင် လိုအပ်ပါက သင်၏အစွမ်းအစမှာ ညံ့ဖျင်းလေသည်။ သင်သည် သာမန်လူတစ်ဦးထက် အချိန်နှစ်ဆ သို့မဟုတ် သုံးဆ ပိုကြာအောင် အသုံးပြုပြီးသည့်တိုင် ယင်းကို မသင်ယူနိုင်ဘဲ သင်ယူနိုင်စွမ်း ကင်းမဲ့နေပါက ဤသည်က သင်၏အစွမ်းအစအကြောင်း အဘယ်အရာကို ဖော်ပြသနည်း။ သင်ယူနိုင်စွမ်းမရှိဘဲ သင်သည် ပုံမှန်လူ့အစွမ်းအစအတွက် ယေဘုယျစံနှုန်းကိုပင် မပြည့်မီပေ။ သင်သည် ညံ့ဖျင်းသော အစွမ်းအစရှိခြင်းထက်ပင် ပိုဆိုးသည်၊ ဆိုလိုသည်မှာ သင့်တွင် လုံးဝအစွမ်းအစမရှိခြင်းပင် ဖြစ်သည်။ လုံးဝအစွမ်းအစမရှိခြင်းသည် မည်သည့်အမျိုးအစားအောက်တွင် အကျုံးဝင်သနည်း။ လုံးဝအစွမ်းအစမရှိခြင်းဆိုသည်မှာ လူတစ်ဦးသည် မည်သည့်သင်ယူနိုင်စွမ်းမျှမရှိဘဲ ဉာဏ်ရည်မမီသူများနှင့် ငတုံးငအများဖြစ်သည့် အမျိုးအစားအောက်တွင် အကျုံးဝင်သည်ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ သင်ယူနိုင်စွမ်းနှင့် ပတ်သက်သည့်အချက် ဖြစ်သည်။

ဒုတိယတစ်ချက်မှာ အမှုအရာများကို နားလည်နိုင်စွမ်း ဖြစ်သည်။ အမှုအရာများကို နားလည်နိုင်စွမ်းသည် လူတစ်ဦးက မိမိမြင်တွေ့ရသော သို့မဟုတ် မကြာခဏကြုံတွေ့ရသော အရာတစ်ခုအတွင်းရှိ စည်းမျဉ်းများနှင့် အဓိကကျချက်ကို ဖော်ထုတ်နိုင်သည့် စွမ်းရည်ကို ရည်ညွှန်းသည်။ ဥပမာအားဖြင့် အတတ်ပညာတစ်ခုကို သင်ယူသောအခါ သင်သည် သဘောတရားဆိုင်ရာ ညွှန်ကြားချက်ကို နားထောင်ပြီး လက်တွေ့သရုပ်ပြမှုများကို လေ့လာကာ ပုံမှန်အချိန်ကာလတစ်ခုအတွင်း ဤကျွမ်းကျင်မှုနှင့် သက်ဆိုင်သည့် အဓိကအချက်နှင့် စည်းမျဉ်းများကို ဖော်ထုတ်နိုင်ပါက ဤသည်မှာ ကောင်းမွန်သော အစွမ်းအစနှင့် အမှုအရာများကို နားလည်နိုင်စွမ်း အတိုင်းအတာတစ်ခုအထိ ရှိသည်ဟု သတ်မှတ်သည်။ သင်သည် ယင်းကို ချက်ချင်းနားမလည်နိုင်ဘဲ တစ်စုံတစ်ဦးက သင်နှင့် ထပ်မံမိတ်သဟာယဖွဲ့လျှင်ပင် သင်နားမလည်နိုင်သေးပါက၊ ၎င်းတို့က သင့်အား ထပ်ခါတလဲလဲ အရိပ်အမြွက်ပြလျှင်ပင် ဤအရာကို လုပ်ဆောင်ခြင်း၏ အဓိကအချက်မှာ အဘယ်အရာဖြစ်သည်နှင့် ပါဝင်သော စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို သင်နားမလည်နိုင်သေးပါက သင်၏ အမှုအရာများကို နားလည်နိုင်စွမ်းမှာ ညံ့ဖျင်းလေသည်။ အချိန်အတန်ကြာပြီးနောက် သင်သည် လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့် ဖြည်းဖြည်းချင်း စမ်းတဝါးဝါးလုပ်ခြင်းဖြင့် အနည်းငယ် သင်ယူနိုင်ကောင်း သင်ယူနိုင်သော်လည်း ယင်းမှာ ထိုမျှနှင့်သာ ကန့်သတ်ထားသည်။ သင်အချိန်မည်မျှပင် အသုံးပြုသည်ဖြစ်စေ၊ သုံးနှစ်ဖြစ်စေ ငါးနှစ်ဖြစ်စေ၊ သင်နားလည်နိုင်သည့်အရာသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုအတွင်း၌သာ ရှိနေဆဲဖြစ်ပြီး အမှုအရာများကို လုပ်ဆောင်သောအခါ ပါဝင်သော အခြေခံသဘောတရားများကို နားမလည်နိုင်ဘဲ ယင်းတို့ကို လက်တွေ့တွင် အသုံးမချနိုင်ဘဲ စည်းမျဉ်းစည်းကမ်းအချို့နှင့် စည်းမျဉ်းအချို့ကိုသာ ပုံသေစောင့်ထိန်းပါက ဤသည်မှာ သင်၏ အမှုအရာများကို နားလည်နိုင်စွမ်း ညံ့ဖျင်းသည်ဟု အဓိပ္ပာယ်ရသည်၊ ဤကဲ့သို့သော လူများသည် ညံ့ဖျင်းသော အစွမ်းအစရှိကြသည်။ ဥပမာအားဖြင့် အချို့လူများသည် အသင်းတော်အလုပ်ကို လုပ်ဆောင်ကြပြီး သင်က ၎င်းတို့နှင့် သမ္မာတရား စည်းမျဉ်းများအကြောင်း မိတ်သဟာယဖွဲ့ပြီးနောက် သင်ပြောခဲ့သမျှ မှန်ကန်သည်ဟု ၎င်းတို့ ခံစားရပြီး သင်မိတ်သဟာယဖွဲ့ခဲ့သည့်အရာနှင့်ပတ်သက်၍ သံသယမရှိကြပေ။ သို့ရာတွင် အမှုအရာများကို ဤနည်းအတိုင်း အဘယ်ကြောင့် လုပ်ဆောင်ရမည်ကို ၎င်းတို့ နားမလည်နိုင်ဘဲ ပါဝင်သော စည်းမျဉ်းများကို သဘောမပေါက်နိုင်ကြပေ။ အထူးသဖြင့် လက်တွေ့ဘဝတွင် သို့မဟုတ် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ် ပြဿနာအမျိုးမျိုး သို့မဟုတ် အထူးအခြေအနေများနှင့် ရင်ဆိုင်ရသောအခါ စည်းမျဉ်းများကို မည်သို့အသုံးချရမည်ကို သို့မဟုတ် ၎င်းတို့ကြုံတွေ့ရသော ပြဿနာများကို စည်းမျဉ်းများအတိုင်း မည်သို့ချဉ်းကပ်ကိုင်တွယ်ရမည်ကို ၎င်းတို့မသိကြပေ။ ဤသည်မှာ အမှုအရာများကို နားလည်နိုင်စွမ်း ကင်းမဲ့ကြောင်း ညွှန်ပြသည်။ အမှုအရာများကို နားလည်နိုင်စွမ်း ကင်းမဲ့သောသူများသည် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းကို ကြားပြီးနောက် နားမလည်ကြဘဲ “သင် နောက်ထပ် ဥပမာတစ်ခု ပေးနိုင်မလား” သို့မဟုတ် “သင် ပိုပြီး အသေးစိတ် ရှင်းပြနိုင်မလား” ကဲ့သို့သော တောင်းဆိုမှုများကို အစဉ်သဖြင့် ပြုလုပ်ကြသည်။ သင်က ဥပမာတစ်ခုပေးပြီး အသေးစိတ်ရှင်းပြပြီးမှသာ ၎င်းတို့ အနည်းငယ် နားလည်နိုင်သည်။ သို့သော် သင်က ပိုမိုနက်နဲသောအရာတစ်ခုကို မိတ်သဟာယဖွဲ့ပါက ၎င်းတို့သည် တစ်ဖန် နားမလည်နိုင်တော့ဘဲ သင့်အား နောက်ထပ်ဥပမာတစ်ခုပေးရန် တောင်းဆိုလိမ့်မည်။ အဘယ်ကြောင့် ၎င်းတို့သည် သင့်အား ဥပမာများပေးရန် ထပ်ခါတလဲလဲ တောင်းဆိုကြသနည်း။ ယင်းမှာ သင်က လက်တွေ့ဘဝရှိ အလားတူအခြေအနေများကို ဥပမာများမှတစ်ဆင့် ရှင်းပြရန်ဖြစ်ပြီး သို့မှသာ ၎င်းတို့သည် လုပ်နည်းကိုင်နည်း သို့မဟုတ် စည်းမျဉ်းတစ်ခုကို မှတ်မိရုံမျှသာ ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့ ဤသို့ပြုလုပ်ကြသနည်း။ ယင်းမှာ ၎င်းတို့၏ အမှုအရာများကို နားလည်နိုင်စွမ်းသည် အလွန်ညံ့ဖျင်းသောကြောင့် ဖြစ်သည်၊ သင့်အနေဖြင့် ၎င်းတို့တွင် အမှုအရာများကို နားလည်နိုင်စွမ်းမရှိဟုလည်း ပြောနိုင်သည်၊ ၎င်းတို့သည် လက်တွေ့ဘဝတွင် သို့မဟုတ် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ် စည်းမျဉ်းများကို မည်သို့အသုံးချရမည်ကို မသိကြပေ။ သင်က ၎င်းတို့နှင့် မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ သင်က တိကျသော ဥပမာမည်မျှပေးပြီး စည်းမျဉ်းမည်မျှကို ရှင်းလင်းစွာ ရှင်းပြသည်ဖြစ်စေ၊ အထူးအခြေအနေများကို ကိုင်တွယ်ရန် စည်းမျဉ်းများကိုပင် ပြောဆိုသည်ဖြစ်စေ ၎င်းတို့သည် တစ်နေကုန် နားထောင်နိုင်သော်လည်း နားလည်ဦးမည်မဟုတ်ပေ။ သင်ပြောနေသည့်အရာသည် သဘောတရားမျှသာဖြစ်ပြီး လက်တွေ့ဘဝတွင် ၎င်းတို့ရင်ဆိုင်ရသော ပြဿနာအမျိုးမျိုးကို မည်သို့ကိုင်တွယ်ရမည်ကို မသိသေးဟု ၎င်းတို့ ခံစားရသည်။ ဤသည်မှာ အမှုအရာများကို နားလည်နိုင်စွမ်း ကင်းမဲ့ကြောင်း ညွှန်ပြသည်။ အခြားသူများက ၎င်းတို့အား အမှုအရာများကို မည်သို့ပင် ရှင်းပြစေကာမူ အမှုအရာများကို နားလည်နိုင်စွမ်း ကင်းမဲ့သောသူများသည် နားလည်နိုင်မည်မဟုတ်ပေ၊ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစရှိခြင်း ဖြစ်သည်။ ညံ့ဖျင်းသော အစွမ်းအစရှိသူများသည် အမှုအရာများကို လုပ်ဆောင်ရာ၌ ညံ့ဖျင်းသော စွမ်းဆောင်ရည်နှင့် ညံ့ဖျင်းသော ထိရောက်မှုပါ ရှိကြသလော။ (ရှိပါသည်။) လူတစ်ဦး၏ အမှုအရာများကို နားလည်နိုင်စွမ်းသည် ညံ့ဖျင်းပါက အမှုအရာများကို လုပ်ဆောင်ရာ၌ ၎င်း၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုသည်လည်း ဧကန်မုချ ညံ့ဖျင်းလိမ့်မည်၊ ၎င်းတို့ တစ်စုံတစ်ခုနှင့် ရင်ဆိုင်ရသောအခါ မည်သည့်စည်းမျဉ်းများ ပါဝင်သည်ကို ၎င်းတို့သိမည်မဟုတ်သကဲ့သို့ လက်တွေ့ဘဝတွင် စည်းမျဉ်းများကို မည်သို့အသုံးချရမည်ကိုလည်း ၎င်းတို့သိမည်မဟုတ်ပေ။ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစကို ညွှန်ပြသည်။ အခြားသူများ၏ မိတ်သဟာယဖွဲ့ခြင်းသည် ပို၍အသေးစိတ်ပြီး တိကျလေလေ ပို၍စိတ်ရှုပ်ထွေးလာကာ နားမလည်နိုင်ဖြစ်လေသော အခြားလူအမျိုးအစားတစ်မျိုးလည်း ရှိသည်။ ဥပမာအားဖြင့် ဘုရားသခင်၏အိမ်တော်က အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်းအကြောင်း မိတ်သဟာယဖွဲ့သောအခါ နားထောင်ပြီးနောက် ၎င်းတို့က “အဘယ်ကြောင့် ကျွန်ုပ် နားမလည်ရသနည်း။ စည်းမျဉ်းများအပေါ် မိတ်သဟာယဖွဲ့ခြင်း၊ ဥပမာများပေးခြင်းနှင့် အထူးအခြေအနေများကို စာရင်းပြုစုခြင်းများ ရှိသော်လည်း ကျွန်ုပ်အတွက် အားလုံး ရှုပ်ထွေးနေပုံရသည်။ ဤနေရာတွင် အတိအကျအားဖြင့် အဘယ်အရာကို ပြောနေခြင်းဖြစ်သနည်း။ ကျွန်ုပ်တို့ မည်သည့်လူစားမျိုးကို ကိုင်တွယ်ရန် ရည်ရွယ်သနည်း။ ကျွန်ုပ်တို့သည် အယောင်ဆောင်ခေါင်းဆောင်များကို ကိုင်တွယ်ရမည်လော သို့မဟုတ် အန္တိခရစ်များကို ကိုင်တွယ်ရမည်လော။ ကျွန်ုပ်တို့၏ အသင်းတော်ခေါင်းဆောင်သည် အန္တိခရစ်တစ်ဦးလော။ ထိုသူသည် အနည်းငယ် ဆိုးယုတ်ပုံရသည်၊ ၎င်း၏ သရုပ်သကန်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့်လော သို့မဟုတ် မကောင်းသော လူ့သဘာဝကြောင့်လော။ ၎င်းသည် အတိအကျအားဖြင့် မည်သည့်အရာဖြစ်သနည်း၊ အယောင်ဆောင်ခေါင်းဆောင်လော သို့မဟုတ် အန္တိခရစ်လော။ ကျွန်ုပ် နားမလည်သေးပါ” ဟု ပြောကြသည်။ သင်မိတ်သဟာယဖွဲ့သော သမ္မာတရား စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုပင် ၎င်းတို့ နားမလည်ကြပေ၊ ၎င်းတို့ နားထောင်လေလေ ပို၍ နားဝေတိမ်တောင်ဖြစ်လေလေ ဖြစ်လာသည်။ ၎င်းတို့သည် ဤသမ္မာတရား စည်းမျဉ်းများကို လက်တွေ့အခြေအနေများနှင့် မချိတ်ဆက်နိုင်ရုံသာမက သင်ပြောနေသည့်အရာ၏ အဓိကအကြောင်းအရာမှာ အဘယ်အရာဖြစ်သည်ကိုပင် မသိတော့သည်အထိ နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ဤသည်မှာ အမှုအရာများကို နားလည်နိုင်စွမ်း ကင်းမဲ့ကြောင်း မဖော်ပြသလော။ (ဟုတ်ကဲ့ပါ။) ဥပမာအားဖြင့် လူတိုင်းသည် အဓိကအကြောင်းအရာတစ်ခုတည်းအပေါ် မိတ်သဟာယဖွဲ့ရန် စုဝေးကြပြီး လူတစ်ဦးစီက မိမိတို့၏ အတွေးအမြင်များကို ဝေမျှကြသည့် အခြေအနေတစ်ခုကို စိတ်ကူးကြည့်လော့။ သင်က သင်၏နားလည်မှုကို မိတ်သဟာယဖွဲ့သည်၊ ငါက ငါ၏သဘောပေါက်မှုကို ဖော်ပြသည်၊ လူတစ်ဦးက မေးခွန်းတစ်ခုမေးသည်၊ အခြားတစ်ဦးက မေးခွန်းတစ်ခုမေးသည်၊ အားလုံးသည် ဤအဓိကအကြောင်းအရာကို ဗဟိုပြုကြသည်။ အစွမ်းအစမရှိသူများသည် ဤသို့သော ဆွေးနွေးမှုကို နားထောင်ပြီး နားမလည်နိုင်ဖြစ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့က “သင်တို့အားလုံး မည်သည့်အရာများကို ပြောနေကြသနည်း။ ကျွန်ုပ် အဘယ်ကြောင့် နားမလည်ရသနည်း” ဟု တွေးကြသည်။ ၎င်းတို့ နားဝေတိမ်တောင် ဖြစ်သွားကြသည်။ အခြားသူများမေးသော ကျိုးကြောင်းဆီလျော်သည့် မေးခွန်းများနောက်ကွယ်ရှိ အတွင်းကျသော ကျိုးကြောင်းဆက်စပ်မှုကို သို့မဟုတ် အဘယ်ကြောင့် ထိုမေးခွန်းများကို မေးရသည်ကို ၎င်းတို့ နားမလည်နိုင်ကြပေ၊ ၎င်းတို့သည် ယင်းနောက်ကွယ်ရှိ အကြောင်းရင်းများကို နားမလည်နိုင်ကြပေ၊ ၎င်းတို့သည် ဘေးမှရပ်ကြည့်သူတစ်ဦးထက်ပင် ပိုဆိုးသည်။ အစွမ်းအစ ရှိသူများသည် ဘေးမှရပ်၍ လေ့လာကြည့်ရှုရုံမျှဖြင့် မည်သူမှန်သည်၊ မည်သူမှားသည်၊ တစ်စုံတစ်ဦးက မေးခွန်းတစ်ခုကို မေးရသည့်အကြောင်းရင်း၊ မေးခွန်းများသည် နက်နဲသည် သို့မဟုတ် အပေါ်ယံဆန်သည်၊ မေးခွန်းများကို မည်သို့ဖြေဆိုနေသည်ကို ပြောပြနိုင်သည်၊ သို့သော် အစွမ်းအစမရှိသူများသည် ဤအရာတစ်ခုကိုမျှ နားမလည်နိုင်ဘဲ ယင်းနောက်ကွယ်ရှိ အတွင်းခံကျသော ကျိုးကြောင်းဆက်စပ်မှုကို နားမလည်နိုင်ကြပေ။ ဤသည်မှာ ၎င်းတို့တွင် အမှုအရာများကို နားလည်နိုင်စွမ်းမရှိကြောင်း ဖော်ပြသည်။ အခြားသူများက တစ်စုံတစ်ခုအကြောင်း မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့သည် နားထောင်ပြီးနောက် ပိုင်းခြားမသိမြင်နိုင်ကြပေ။ ပြောဆိုခဲ့သည့်အရာသည် မှန်ကန်ပြီး ဓမ္မဓိဋ္ဌာန်ကျခြင်း ရှိမရှိကို ၎င်းတို့မသိသကဲ့သို့ ထိုကိစ္စ၏ နောက်ခံနှင့် အနှစ်သာရကိုလည်း ထိုးထွင်းမမြင်နိုင်ကြပေ၊ ၎င်းတို့သည် လုံးဝ မည်သည့်အရာကို လုပ်ရမှန်းမသိ ဖြစ်နေကြသည်။ ဤအဓိကအကြောင်းအရာကို အဘယ်ကြောင့် ဆွေးနွေးနေရသည်နှင့်ပတ်သက်၍လည်းကောင်း၊ ဤအဓိကအကြောင်းအရာတွင် ပါဝင်သော စည်းမျဉ်းများကို အဘယ်ကြောင့် ထပ်ခါတလဲလဲ အလေးပေးရန် လိုအပ်သည်နှင့်ပတ်သက်၍လည်းကောင်း၊ မည်သူ၏မေးခွန်းများသည် ဤစည်းမျဉ်းများနှင့် သက်ဆိုင်ပြီး မည်သူ၏မေးခွန်းများက မသက်ဆိုင်သည်ကိုလည်းကောင်း ၎င်းတို့သည် ဤအရာတစ်ခုကိုမျှ နားမလည်နိုင် သို့မဟုတ် သဘောမပေါက်နိုင်ကြပေ။ ၎င်းတို့ နားထောင်နေရင်း ငိုက်မျဉ်းလာကြသည်၊ ၎င်းတို့သည် ဤမိတ်သဟာယဖွဲ့ခြင်းတွင် မိမိတို့ကိုယ်ကို ဘေးမှရပ်ကြည့်သူများအဖြစ် စတင်မှတ်ယူကြပြီး ၎င်းတို့၏ စိတ်နှလုံးများသည် စိတ်ရှုပ်ထွေးလာသည်။ အခြားလူများနှင့်ဆိုလျှင် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့လေလေ ၎င်းတို့၏ စိတ်များသည် ပို၍ရှင်းလင်းပြီး ကြည်လင်လာလေလေ ဖြစ်သည်။ သို့သော် အစွမ်းအစမရှိသူများအတွက်မူ ၎င်းတို့ နားထောင်လေလေ ပို၍ နားဝေတိမ်တောင် ဖြစ်လာလေလေ ဖြစ်ပြီး ၎င်းတို့၏ အတွေးများသည် ပို၍ရှုပ်ထွေးလာလေလေ ဖြစ်သည်။ ဤသည်မှာ အမှုအရာများကို နားလည်နိုင်စွမ်း ကင်းမဲ့ကြောင်း ညွှန်ပြသည်။ ဤသည်မှာ အလွန်ညံ့ဖျင်းသော အစွမ်းအစကို မညွှန်ပြသလော။ ထိုသို့သော လူများကို အစွမ်းအစမရှိသူများဟုလည်း ခေါ်ဆိုနိုင်သည်။ အစွမ်းအစမရှိသူများမှာ မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ (ဉာဏ်ရည်မမီသော လူများဖြစ်ပါသည်။) ဉာဏ်ရည်မမီသူများ၊ ငတုံးငအများ၊ စဉ်းစားဉာဏ်မရှိသူများ၊ ဤသည်မှာ အညံ့ဖျင်းဆုံးသော အစွမ်းအစရှိသည့် လူအမျိုးအစား ဖြစ်သည်။ ဤသည်မှာ ဒုတိယရှုထောင့်ဖြစ်သည့် အမှုအရာများကို နားလည်နိုင်စွမ်း ဖြစ်သည်။

တတိယအချက်မှာ သဘောပေါက်နားလည်နိုင်စွမ်း ဖြစ်သည်။ သဘောပေါက်နားလည်နိုင်စွမ်းသည် အမှုအရာများကို နားလည်နိုင်စွမ်းနှင့် ဆင်တူသော်လည်း တစ်ဆင့်ပို၍ မြင့်သည်။ ယင်းတို့နှစ်ခုကြားတွင် မည်သည့် ခြားနားချက် ရှိသနည်း။ သဘောပေါက်နားလည်နိုင်စွမ်းသည် လူတစ်ဦးက ဤစည်းမျဉ်းများနှင့် လမ်းကြောင်းများကို နားလည်ကာ ကျွမ်းကျင်ပြီးနောက်တွင် သမ္မာတရား၏ စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများကို လက်တွေ့ဘဝရှိ အမျိုးမျိုးသော ပြဿနာများနှင့် မည်သို့ကိုက်ညီစေပြီး လက်တွေ့အလုပ်တွင် မည်သို့အကောင်အထည် ဖော်ရမည်ကို ပို၍အာရုံစိုက်သည်။ ခြားနားချက်မှာ ဤနေရာတွင် တည်ရှိသည်။ သဘောပေါက်နားလည်နိုင်စွမ်းရှိသော လူများသည် တစ်စုံတစ်ခု၏ အခြေခံသဘောတရားများနှင့် စည်းမျဉ်းများကို နားလည်ပြီးနောက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု၊ တိကျသော အတိုင်းအတာတစ်ခု၊ ဦးတည်ချက်တစ်ခုနှင့် ပန်းတိုင်တစ်ခု ရှိကြသည်။ ၎င်းတို့သည် ဤအခြေခံသဘောတရားများနှင့် စည်းမျဉ်းများကို မည်သို့အသုံးချရမည်ကို သိကြသည့်အပြင် အချို့သော အထူးအခြေအနေများတွင် ပါဝင်သည့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကိုလည်း သိကြသည်။ လူတစ်ဦးသည် သမ္မာတရား စည်းမျဉ်းအချို့နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းကို ကြားနာပြီးနောက် အချို့သော ပြဿနာများ၏ အနှစ်သာရကို သိရှိနိုင်ပြီး ထို့နောက် လက်တွေ့ဘဝတွင် အမှန်တကယ်ဖြစ်သော ပြဿနာအချို့ကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်သည်ဟု ဆိုကြပါစို့။ ဆိုလိုသည်မှာ ဤစည်းမျဉ်းများကို ၎င်းတို့ ကြားပြီးနောက်တွင်၊ ယခင်အခြေအနေတစ်ခုကို တုံ့ပြန်ရာ၌ မည်သို့လက်တွေ့လုပ်ဆောင်ခဲ့သင့်သည်ကို ၎င်းတို့ ချက်ချင်း နားလည်သွားကြပြီး အခြေအနေများ တစ်ဖန်ပြန်ပေါ်ပေါက်လာသည့်အခါတွင်လည်း ယင်းတို့ကို ချဉ်းကပ်ရန် စည်းမျဉ်းများကို မည်သို့အသုံးချရမည်ကို ၎င်းတို့သိကြကာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု ချက်ချင်း ရှိလာသည်၊ စည်းမျဉ်းများနှင့် အခြေခံသဘောတရားများကို ၎င်းတို့၏ သဘောပေါက်နားလည်မှုက လမ်းပြမီးအလင်း တစ်ခုကဲ့သို့ လုပ်ဆောင်ပြီး ဘဝ သို့မဟုတ် အလုပ်ထဲရှိ အမျိုးမျိုးသော ပြဿနာများကို မည်သို့ကိုင်တွယ်ရမည်ကို လျင်မြန်စွာ သိရှိစေသည့်အပြင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း၊ ဦးတည်ချက်နှင့် စည်းမျဉ်းများ ရှိလာစေသည်။ ထိုသို့ဆိုလျှင် ထိုသို့သော လူတစ်ဦးသည် သဘောပေါက်နားလည်နိုင်စွမ်း ရှိသူဖြစ်ပြီး ယင်းမှာ ကောင်းမွန်သော အစွမ်းအစ၏ သရုပ်သကန်တစ်ခု ဖြစ်သည်မှာ ပြောစရာမလိုပေ။ လူတစ်ဦးသည် သမ္မာတရား စည်းမျဉ်းများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းအချို့ကို ကြားနာပြီးနောက် ၎င်းတို့၏ လက်တွေ့ဘဝများမှ သာမန်ဖြစ်ပြီး လူအများ ကြုံတွေ့ရသည့် သို့မဟုတ် ၎င်းတို့တွေ့ကြုံခဲ့ပြီးဖြစ်သည့် ထိုအရာများကို မည်သို့လက်တွေ့လုပ်ဆောင်သင့်ပြီး ကိုင်တွယ်သင့်သည်ကို သိသည်ဟု ဆိုကြပါစို့။ သို့သော် ၎င်းတို့သည် အထူးဖြစ်သော၊ ရှုပ်ထွေးသော အခြေအနေများ၊ မမျှော်လင့်ထားသော အခြေအနေများ၊ သို့မဟုတ် ၎င်းတို့မကြုံတွေ့ဖူးသည့် သာမန်မဟုတ်သော ပြဿနာများနှင့် ဖြစ်စဉ်များအတွက် ဤသမ္မာတရား စည်းမျဉ်းများကို မည်သို့အသုံးချရမည်ကို မသိကြဘဲ ယင်းတို့ကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို မသိမီ တိကျသောအဖြေတစ်ခု သို့မဟုတ် တိကျသော လက်တွေ့လုပ်ဆောင်မှု အစီအစဉ်တစ်ခုကို ရရှိရန် ရှာဖွေပြီး စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရန် လိုအပ်နေဆဲဖြစ်သည်။ သို့မဟုတ်ပါက သမ္မာတရား စည်းမျဉ်းများကို ကြားနာပြီးသည့်တိုင် ထိုသို့သော ကိစ္စရပ်များ သို့မဟုတ် ပြဿနာများကို မည်သို့ကိုင်တွယ်ရမည်ကို ၎င်းတို့ သိကြမည်မဟုတ်သေးပေ။ ဤသည်မှာ ၎င်းတို့တွင် သာမန် သဘောပေါက်နားလည်နိုင်စွမ်းရှိကြောင်း ဖော်ပြသည်။ သို့မဟုတ် ထိုသို့သော လူတစ်ဦးသည် သာမန် အစွမ်းအစရှိသူဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ အချို့လူများသည် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ် အလုပ်လုပ်ခဲ့ပြီးဖြစ်ကာ အချို့သော အလုပ်အတွေ့အကြုံနှင့် ဘုရားအိမ်တော်မှ သမ္မာတရား စည်းမျဉ်းများကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ခြင်းတို့ ပေါင်းစပ်လိုက်သောအခါ သာမန်အခြေအနေများကို မည်သို့ကိုင်တွယ်ရမည်ကို ၎င်းတို့သိကြပြီး ဤနည်းလမ်းဖြင့် ကိုင်တွယ်ခြင်းသည် မှန်ကန်ကြောင်း အတည်ပြုချက်ကိုလည်း ရရှိပြီးဖြစ်သည်။ သို့သော် ၎င်းတို့၏ အလုပ်တွင် တစ်ခါမျှမကြုံတွေ့ဖူးသည့် အချို့သော ရှုပ်ထွေးသည့်၊ အထူးဖြစ်သည့်၊ သာမန်မဟုတ်သည့် ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့ကို မည်သို့ကိုင်တွယ်ရမည်ကို ၎င်းတို့မသိကြဘဲ ယင်းတို့ကို စတင်မကိုင်တွယ်မီ စုံစမ်းမေးမြန်းခြင်းဖြင့် ရှင်းလင်းသောအဖြေတစ်ခုကို ရယူရမည်ဖြစ်သည်။ အခြေအနေက ပြောင်းလဲသွားပြီး ၎င်းတို့ စိတ်ကူးထားသည်ထက် သို့မဟုတ် ၎င်းတို့သိထားသည့် အခြေအနေများထက် ပို၍ရှုပ်ထွေးလာလျှင် ၎င်းတို့သည် မည်သို့ရင်ဆိုင်ရမည်ကို မသိဘဲ တွေဝေသွားကြပြီး စည်းမျဉ်းများနှင့် ကိုက်ညီသော နည်းလမ်းဖြင့် မည်သို့လက်တွေ့လုပ်ဆောင်ရမည်၊ မည်သို့ကိုင်တွယ်ရမည်ကို သာ၍ပင် မသိတော့ပေ။ ၎င်းတို့ မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသိသည့်အခါ ၎င်းတို့၏ စိတ်ကူးများ၊ ၎င်းတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အခြေခံ၍ ပြုမူသည်ဖြစ်စေ ဘေးဖယ်ထားပြီး လျစ်လျူရှုလိုက်သည်ဖြစ်စေ၊ ၎င်းတို့ မည်သို့ပင် ပြုမူပါစေ ထိုသို့သော အခြေအနေနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့ တွေဝေသွားပြီး ယင်းကိုကိုင်တွယ်ရန် စည်းမျဉ်းများကို မည်သို့အသုံးချရမည်ကို မသိဟူသောအချက်က ၎င်းတို့၏ အစွမ်းအစသည် အလွန်သာမန်ဖြစ်ကြောင်း သက်သေပြသည်။ လူတစ်ဦးသည် ယေဘုယျအခြေအနေများကို ကိုင်တွယ်နိုင်သော်လည်း အထူးအခြေအနေများကို မည်သို့ကိုင်တွယ်ရမည်ကို မသိလျှင် ဤသည်မှာ သာမန် အစွမ်းအစကို ဖော်ပြသည်။ အချို့သော အထူးအခြေအနေများကို ကြုံတွေ့ရခြင်းက ၎င်းတို့ကို ပုံမှန်အားဖြင့် ၎င်းတို့ ကိုင်တွယ်နိုင်မည့် ပြဿနာများကိုပင် မကိုင်တွယ်နိုင်တော့သည်အထိ တွေဝေသွားစေလျှင်၊ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစကို ဖော်ပြသည်။ အစွမ်းအစ ညံ့ဖျင်းသူတစ်ဦးသည် သဘောပေါက်နားလည်နိုင်စွမ်းလည်း ညံ့ဖျင်းသည်။ သဘောပေါက်နားလည်နိုင်စွမ်း ညံ့ဖျင်းသူတစ်ဦးနှင့် ပြည့်မီသော သဘောပေါက်နားလည်နိုင်စွမ်း ရှိသူတစ်ဦးကြားတွင် ခြားနားချက် ရှိပါသလော။ (ရှိပါသည်။)

အချို့လူများသည် အခြားသူများ မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ စည်းမျဉ်းများကို သဘောပေါက်နားလည်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများကိုသာ နားလည်ပြီး ဆောင်ပုဒ်အနည်းငယ် ဟစ်ကြွေးနိုင်သော်လည်း လက်တွေ့အလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ ပြဿနာများကို မည်သို့ဖြေရှင်းရမည်ကိုလည်းကောင်း မသိကြပေ။ သင်မြင်သလော၊ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်ပြီးနောက်တွင် ၎င်းတို့သည် အမှန်တကယ် နားလည်သည့်အလား အလွန်ရှင်းလင်းပြီး စနစ်တကျ ပြောဆိုကြသည်။ သို့သော် လက်တွေ့တွင်မူ ပြောဆိုသွားသည့်အရာကို ၎င်းတို့ လုံးဝ နားမလည်ခဲ့ကြပေ။ လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်ရမည့်အခါတွင် ၎င်းတို့သည် မည်သည့်နေရာမှ စတင်ရမည်ကို မသိဘဲ တွေဝေသွားကြသည်။ ပြဿနာများနှင့် ကြုံတွေ့ရသောအခါတွင်လည်း မည်သို့ဖြေရှင်းရမည်ကို ၎င်းတို့မသိကြပေ။ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။ အမျိုးမျိုးသော လူများနှင့် ကိစ္စရပ်များကို ဆက်ဆံကိုင်တွယ်ရာတွင်လည်း ၎င်းတို့၌ စည်းမျဉ်းများ မရှိသေးပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့က “တရားဒေသနာများ နားထောင်သည့်အချိန်က ငါသည် သမ္မာတရား စည်းမျဉ်းများကို နားလည်ခဲ့သည်။ ယင်းတို့ကို လက်တွေ့ဘဝ ပတ်ဝန်းကျင်များတွင် ငါ အဘယ်ကြောင့် အသုံးမချနိုင်ရသနည်း။ ငါ နားလည်သောအရာနှင့် မကြာခဏ ပြောလေ့ရှိသည့်အရာများသည် အဘယ်ကြောင့် အသုံးမဝင်ရသနည်း” ဟု တွေးကြသည်။ ၎င်းတို့သည် တစ်ဖန်ပြန်၍ ခေါင်းခြောက်သွားကြသည်။ အစွမ်းအစ ညံ့ဖျင်းသော လူများသည် အယူဝါဒများအကြောင်း ပြောဆိုရန်နှင့် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းရန်ကိုသာ သိကြသော်လည်း အခြေအနေများနှင့် ရင်ဆိုင်ရသောအခါတွင်မူ ယင်းတို့ကို ရှင်းလင်းစွာ မမြင်နိုင်ကြဘဲ ၎င်းတို့ပြောနိုင်သည့် အယူဝါဒများသည် လုံးဝအသုံးမဝင်တော့ဘဲ စည်းမျဉ်းစည်းကမ်းများကိုပင် ံပုံသေစောင့်ထိန်းနိုင်ခြင်း မရှိတော့သည့်အပြင် မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်ကြပေ။ အခက်အခဲများ ပေါ်ပေါက်လာသည့်အခါတွင် မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို ၎င်းတို့မသိကြပေ။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက ယုတ္တိမရှိသော အရာအချို့ကို ပြောဆိုလျက် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့်အခါ ဤကိစ္စ၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ မည်သည့်အရာများက အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းများအဖြစ် သတ်မှတ်ခံရသည် သို့မဟုတ် ယင်းတို့၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့မသိကြပေ။ သို့ဖြစ်လျှင် ထိုပြဿနာကို မည်သို့ဖြေရှင်းသင့်သည်ကို သာ၍ပင် ၎င်းတို့ သိကြမည်မဟုတ်ပေ။ တစ်စုံတစ်ဦးက ၎င်းတို့ကို “ဆိုးယုတ်သောလူများကို မည်သို့ပိုင်းခြားသိမြင်ရမည်ကို သင်မသိသလော။ ဆိုးယုတ်သောလူများကို ကိုင်တွယ်သည့်အခါတွင် သင်သည် အဘယ်ကြောင့် စည်းမျဉ်းများမဲ့ရသနည်း” ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ် ဤအယူဝါဒများကို နားလည်ပါသည်၊ သို့သော် ဘယ်ပြဿနာများကို ဖြေရှင်းဖို့ သင့်တော်သည်၊ မည်သည့်လူများအပေါ် အသုံးချရန် သင့်တော်သည်ဟူသည်ကို ကျွန်ုပ်မသိပါ” ဟု ပြန်ဖြေသည်။ ဤသည်မှာ သဘောပေါက်နားလည်နိုင်စွမ်း မရှိခြင်းကို ဖော်ပြသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင် မြင်သလော၊ စည်းမျဉ်းများကို ကြားပြီးနောက်တွင် ၎င်းတို့သည် စည်းမျဉ်းများကို စာသားအတိုင်း တစ်ချက်ချင်း အလွန်ကောင်းမွန်စွာ အကျဉ်းချုပ်နိုင်ခဲ့သည်။ ၎င်းတို့သည် အတော်လေး တိတိကျကျ မှတ်မိသည့်အပြင် စကားလုံးတစ်လုံးမကျန် ကျွမ်းကျင်စွာ ရွတ်ဆိုနိုင်သည်အထိပင် ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် လက်တွေ့ဘဝတွင် လူများနှင့် အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံပြုမူခြင်း၊ ဆောင်ရွက်ခြင်းတို့နှင့် ပတ်သက်လာသည့်အခါတွင်မူ ၎င်းတို့၌ မည်သည့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းမျှ လုံးဝမရှိဘဲ ဆောင်ပုဒ်များ ဟစ်ကြွေးရန်၊ အယူဝါဒများအကြောင်း ပြောဆိုရန်နှင့် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းရန်သာ သိကြသည်။ လက်တွေ့ဘဝတွင်ဖြစ်စေ၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင်ဖြစ်စေ၊ မည်သည့်အရာနှင့် ကြုံတွေ့ရပါစေ သမ္မာတရားကို မည်သို့ရှာဖွေရမည် သို့မဟုတ် စည်းမျဉ်းများအတိုင်း မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို ၎င်းတို့မသိကြပေ။ ဤသည်မှာ သဘောပေါက်နားလည်နိုင်စွမ်း မရှိခြင်းကို ဖော်ပြသည်။ သဘောပေါက်နားလည်နိုင်စွမ်း မရှိသော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်လေ့ရှိသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားမှာ အဘယ်အရာဖြစ်သည် သို့မဟုတ် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့ နားမလည်နိုင်ကြပေ။ ထို့ကြောင့် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ယင်းကို ပိုင်းခြားသိမြင်ပြီး ဖြေရှင်းရန် သက်ဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ရှာမတွေ့နိုင်ဘဲ အခြားသူများကို ၎င်းတို့အတွက် သက်ဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာဖွေခိုင်းရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ၎င်းတို့သည် အဘယ်အရာကို အစဉ်သဖြင့် အာရုံစိုက်သနည်း။ ၎င်းတို့သည် ထိုကိစ္စကို ရှင်းပြရန် တိကျသော ဥပမာများ ရှိမရှိကို ရှာဖွေကြသည်။ ဥပမာများ မရှိလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို ၎င်းတို့ နားမလည်နိုင်ကြပေ။ ဥပမာအားဖြင့် လူတို့၏ သဘာဝ အနှစ်သာရကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ ဥပမာများ မပေးထားပါက ၎င်းတို့ နားမလည်နိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အခြေအနေများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ချိန်ဆခြင်းဖြင့် ပိုင်းခြားသိမြင်မှုကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ တစ်စုံတစ်ဦးက ၎င်းတို့၏ အမှန်တကယ်ဖြစ်သော အခြေအနေများအတိုင်း သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ယင်းတို့ကို ပိုင်းခြားသိမြင်ကာ စိတ်ဖြာလေ့လာဆွေးနွေးမှသာလျှင် ၎င်းတို့ နားလည်နိုင်သည်။ ထိုသို့သော မိတ်သဟာယဖွဲ့ခြင်းမရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ နားမလည်နိုင်ကြပေ။ ထိုသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ အမြဲတစေ ညည်းညူကြပြီး “တိကျသည့် ၌ပမာများ အဘယ်ကြောင့် မရှိရသနည်း။ ဤအရာကို မိမိကိုယ်ကိုနှင့် မည်သို့ဆက်စပ်ရမည်နည်း။ ဤစကားလုံးများသည် နားလည်ရန် အလွန်ခက်ခဲလှသည်။ ကျွန်ုပ် မည်သို့ဖတ်ပါစေ ယင်းတို့ကို ကျွန်ုပ်ကိုယ်တိုင်နှင့် နှိုင်းယှဉ်ချိန်ဆ၍ မရနိုင်ပါ” ဟု ဆိုကြသည်။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ခြင်းမရှိကြောင်း ပြသပြီး သမ္မာတရားကို နားလည်ရန် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ဘဝထဲသို့ ဆောင်ကြဉ်းရန်မှာ ပြောစရာမလိုပေ။ ၎င်းတို့ နားလည်သည့်အရာမှာ ရိုးရှင်းသော အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများမျှသာ ဖြစ်သော်လည်း ဤအယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများသည် လက်တွေ့ဘဝတွင် အသုံးမဝင်ပေ။ အမှုအရာများ ဖြစ်ပျက်လာသည့်အခါတွင်လည်း ၎င်းတို့၌ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း မရှိသေးပေ။ ဤသည်မှာ ၎င်းတို့တွင် သဘောပေါက်နားလည်နိုင်စွမ်း မရှိကြောင်း ဖော်ပြသည်။ သဘောပေါက်နားလည်နိုင်စွမ်း မရှိသော လူများသည် အစွမ်းအစ ညံ့ဖျင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) အစွမ်းအစ အညံ့ဖျင်းဆုံးသော လူများမှာ လုံးဝ အစွမ်းအစမရှိသော သူများဖြစ်ကြသည်၊ ထိုသို့သော လူများသည် ၎င်းတို့ကြားရသည့် အမျိုးမျိုးသော စည်းမျဉ်းများ၏ အဓိပ္ပာယ်ကို နားမလည်နိုင်ကြပေ၊ မည်သည့်အတွက်ကြောင့် ထိုသို့သော ဥပမာများကို ပေးရသည်၊ မည်သည့်အတွက်ကြောင့် တိကျသော အရာများကို ပြောဆိုရသည်၊ သို့မဟုတ် မည်သည့်အတွက်ကြောင့် လူတို့တွင် အချို့သော သရုပ်သကန်များ ရှိရသည်ကို ၎င်းတို့မသိကြပေ၊ ၎င်းတို့သည် ထိုသို့သောအရာများကို နားမလည်နိုင်ကြဘဲ ဤအရာများသည် ၎င်းတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ သင်က ၎င်းတို့အား ဥပမာအနည်းငယ် ပေးလျှင်ပင် ၎င်းတို့သည် သင်က ပုံပြင်များ သို့မဟုတ် ဟာသများ ပြောနေသည်ဟုသာ ခံစားရကာ ပုံပြင်နားထောင်နေသော ကလေးတစ်ဦးအလားပင် စိတ်ဝင်စားစရာကောင်းပြီး ဖျော်ဖြေမှုဖြစ်သည်ဟု ထင်ကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကြားခဲ့သည့်အရာကို နားလည်ခြင်း ရှိမရှိ မေးလျှင် နားလည်သည်ဟု ၎င်းတို့ပြောကြပြီး အခြားသူများ၏ စကားများမှ ဟာသကိုပင် အတုခိုးနိုင်သည် သို့မဟုတ် လူတို့ကို မည်သို့ ဆုံးမသည်ကို အတုခိုး ပြောဆိုနိုင်ကြသည်။ သင်က ၎င်းတို့ကို “လူတွေလိုက်နာသင့်သည့် သက်ဆိုင်ရာ စည်းမျဉ်းများကို သင်သိသလား” ဟု မေးလျှင် ၎င်းတို့က “ဟမ်။ စည်းမျဉ်းများ ရှိသလေား။ ယင်းကို ကျွန်ုပ် သဘောမပေါက်လိုက်ပါ” ဟု ပြန်ဖြေကြသည်။ ထိုသို့သော လူများတွင် သဘောပေါက်နားလည်နိုင်စွမ်း ရှိပါသလော။ (မရှိပါ။) ၎င်းတို့သည် သဘောပေါက်နားလည်နိုင်စွမ်း မရှိကြဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်နိုင်ကြပေ။ သဘောပေါက်နားလည်နိုင်စွမ်း မရှိသောလူများသည် နေ့စဉ်နေ့တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အပိုဒ်အနည်းငယ် သို့မဟုတ် အခန်းအနည်းငယ်ကို ပုံမှန်လုပ်ရိုးလုပ်စဉ်ပုံစံဖြင့် အချိန်ဇယားနှင့်အညီ စားသောက်ကြပြီး ဓမ္မတေးများကို သင်ယူကာ အစည်းအဝေးများကိုလည်း အချိန်ဇယားအတိုင်း တက်ရောက်ကြသည်။ သို့သော် ၎င်းတို့၏ စာအုပ်များကို ပိတ်လိုက်သည်နှင့် သို့မဟုတ် ၎င်းတို့၏ ဓမ္မတေး အသံသွင်းချက်များကို ပိတ်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ စားသောက်ခဲ့သည့်အရာများမှ ၎င်းတို့ မှတ်မိသည့်အရာအားလုံးမှာ ဝိညာဉ်ရေးရာ စကားစုအနည်းငယ်နှင့် လူတို့ မကြာခဏ ပြောလေ့ရှိသည့် “ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာပိုင်သည်” နှင့် “အရာခပ်သိမ်း၌ ဘုရားသခင်ကို ကျိုးနွံနာခံလော့”၊ သို့မဟုတ် “လူ၏ကံကြမ္မာကို ဘုရားသခင်က စီရင်သည်” နှင့် “ဘုရားသခင်ကို ချစ်ခြင်းကိုသာ လက်တွေ့လုပ်ဆောင်လော့” ကဲ့သို့သော အသက်မဲ့သော စကားလုံးအချို့သာ ဖြစ်သည်။ အမှန်တကယ် ဆင်းရဲဒုက္ခခံရသည့် အခြေအနေများတွင် ၎င်းတို့သည် “ကျွန်ုပ်က ခံစားချက်များကြောင့် ဆင်းရဲဒုက္ခခံနေခြင်း ဖြစ်သည်” သို့မဟုတ် “ကျွန်ုပ်က ဇာတိပကတိကြောင့် ဆင်းရဲဒုက္ခခံနေရခြင်းဖြစ်သည်” ကဲ့သို့သော ဝိညာဉ်ရေးရာ အယောင်ဆောင်သော စကားများကိုသာ ပြောဆိုနိုင်သည်။ ကျင့်ကြံပြုမူခြင်း၊ နေ့စဉ်ဘဝ၊ အလုပ်နှင့် သမ္မာတရား၏ အခြားအမျိုးမျိုးသော စည်းမျဉ်းများနှင့် သက်ဆိုင်သည့် မည်သည့်စည်းမျဉ်းကိုမဆို ၎င်းတို့သည် သိလည်းမသိ၊ နားလည်လည်းမလည်ကြပေ။ ဤအရာများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မရှိသည့်အပြင် ၎င်းတို့အတွင်း၌လည်း နေရာချထား၍မရနိုင်ပေ။ အဘယ်ကြောင့် ဤအရာများကို နေရာချထား၍မရနိုင်သနည်း။ အကြောင်းမှာ ၎င်းတို့၏ အစွမ်းအစအရ ထိုသို့သော လူများသည် ဤသမ္မာတရား စည်းမျဉ်းများကို နားလည်နိုင်စွမ်းမရှိရုံသာမက ဤသမ္မာတရား စည်းမျဉ်းများသည် ၎င်းတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ဤအရာများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမြစ်မတွယ်နိုင်ခြင်း ဖြစ်သည်။ လူတစ်ဦး၏ အတွင်း၌ ပိုင်ဆိုင်သောအရာနှင့် ၎င်းတို့လက်ခံနိုင်သောအရာက ၎င်းတို့နားလည်နိုင်သောအရာနှင့် ၎င်းတို့၏ နားလည်နိုင်စွမ်းထက် မကျော်လွန်သောအရာကို သက်သေခံသည်။ လူတစ်ဦးသည် လုံးဝ အစွမ်းအစမရှိဘဲ သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိကျသော အဓိပ္ပာယ်ကို နားမလည်နိုင်လျှင် ၎င်းတို့ကို ကောင်းကင်ဘုံ သို့မဟုတ် တတိယကောင်းကင်တွင် ထားရှိလျှင်ပင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်မည်လော။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မည်လော။ (ကျိုးနွံနာခံနိုင်မည် မဟုတ်ပါ။) ၎င်းတို့သည် ၎င်းတို့၏ အရှိအတိုငးပင် ဆက်ရှိနေမည်ဖြစ်သည်။ ၎င်းတို့၏ အစွမ်းအစသည် အစဉ်အမြဲ ရှိခဲ့သည့်အတိုင်းပင် ရှိနေမည်ဖြစ်သည်။ အစွမ်းအစ ညံ့ဖျင်းသော လူများသည် အလွန်အကန့်အသတ်ရှိသော အရာများကိုသာ သဘောပေါက်နားလည်နိုင်သည်။ အစွမ်းအစ ကောင်းမွန်သူများသည် ပိုမိုနက်ရှိုင်းပြီး ပိုမိုမြင့်မားသောအဆင့်တွင် ပို၍ သဘောပေါက်နားလည်နိုင်သည်။ သာမန် အစွမ်းအစရှိသော လူများသည် အစွမ်းအစ ကောင်းမွန်သူများထက် သဘောပေါက်နားလည်မှု များစွာနိမ့်ကျသည်၊ ၎င်းတို့ သဘောပေါက်နားလည်နိုင်သည့်အရာသည် သာမန်အတိုင်းအတာတစ်ခုအတွင်း၌သာ ကန့်သတ်ထားပြီး ၎င်းတို့၏ အစွမ်းအစက ကန့်သတ်ထားသောကြောင့် ဤအတိုင်းအတာကို ကျော်လွန်၍မရနိုင်ပေ။ အဆိုးဆုံးမှာ လုံးဝ အစွမ်းအစမရှိသော သူများဖြစ်သည်။ ထိုသို့သော လူများသည် ၎င်းတို့၏ အစွမ်းအစအရ၊ မည်သည့် သဘောပေါက်နားလည်နိုင်စွမ်းမျှ လုံးဝမရှိကြပေ။ ထို့ကြောင့် လက်တွေ့ဘဝနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ သရုပ်သကန်မှာ တစ်ခုမျှ နားမလည်ခြင်းဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ဆယ်နှစ်၊ အနှစ်နှစ်ဆယ် သို့မဟုတ် အသက်ကြီးသည်အထိ ယုံကြည်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်သည့် အယူဝါဒများနှင့် ဝိညာဉ်ရေးရာ စကားစုများသည် ၎င်းတို့ ပထမဆုံး စတင်ယုံကြည်စဉ်က နားလည်ခဲ့သည့် ဟောင်းနွမ်းသောအရာများပင် ဖြစ်နေဆဲဖြစ်သည်။ မည်မျှကြာအောင် ယုံကြည်ပါစေ ၎င်းတို့သည် တိုးတက်မှု တစ်စုံတစ်ရာ မရှိကြပေ။ အဘယ်ကြောင့် ၎င်းတို့ တိုးတက်မှုမရှိကြသနည်း။ အကြောင်းမှာ ၎င်းတို့တွင် သဘောပေါက်နားလည်နိုင်စွမ်း မရှိသောကြောင့်ဖြစ်ပြီး ဘုရားသခင်ကို မည်မျှကြာအောင် ယုံကြည်ပါစေ ၎င်းတို့ လက်ခံနိုင်သည့်အရာများမှာ ထိုအသက်မဲ့သော စကားလုံးများသာ ဖြစ်သည်။ နှစ်ပေါင်းများစွာ ယုံကြည်ပြီးသည့်တိုင် ၎င်းတို့၏ သင်ယူနိုင်စွမ်း၊ အမှုအရာများကို နားလည်နိုင်စွမ်း၊ သဘောပေါက်နားလည်နိုင်စွမ်းနှင့် အခြားစွမ်းရည်များမှာ တိုးတက်လာခြင်းမရှိပေ။ ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် အစွမ်းအစ အလွန်ညံ့ဖျင်းသော လူများဖြစ်ကြသည်။ ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းပြီး ၎င်းတို့၏ အမျိုးမျိုးသော စွမ်းရည်များ တိုးတက်မလာသောကြောင့် ထိုသို့သော လူများသည် အသက်လေးဆယ်၊ ငါးဆယ်၊ ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်အထိ အသက်ရှင်နေထိုင်လျှင်ပင် မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်းသည် အလွန်အားနည်းနေဦးမည် ဖြစ်သည်။ ၎င်းတို့၏ ရှင်သန်နိုင်စွမ်းနှင့် မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်းကို ကြည့်ရှုခြင်းဖြင့် ထိုသို့သော လူများ၏ အစွမ်းအစသည် မည်သို့ရှိသည်ကို သင်ပြောနိုင်သည်။ ဤသို့သော လူစားမျိုးသည် ဉာဏ်ရည်နိမ့်ကျသူ၊ အသိဉာဏ်မဲ့သူနှင့် မိုက်မဲသူများ ဖြစ်သည်၊ ၎င်းတို့၏ မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်းသည် အလွန်ညံ့ဖျင်းသည်။ အဘယ်ကြောင့် ၎င်းတို့၏ မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်းသည် ညံ့ဖျင်းသည်ဟု ငါပြောရသနည်း။ အကြောင်းမှာ ၎င်းတို့၏ သင်ယူနိုင်စွမ်း၊ အမှုအရာများကို နားလည်နိုင်စွမ်းနှင့် သဘောပေါက်နားလည်နိုင်စွမ်းတို့အားလုံး ညံ့ဖျင်းသောကြောင့်၊ ဘဝတွင် ၎င်းတို့ရရှိသည့် အတွေ့အကြုံ၊ သာမန်အသိ၊ ပုံစံများနှင့် အမှုအရာများကို လုပ်ဆောင်ခြင်း၏ ကျွမ်းကျင်မှုတို့သည် အလွန် အကန့်အသတ်ရှိသည်။ အသက်ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်တွင်ပင် ၎င်းတို့သည် ထိုအတိုင်းပင် ရှိနေဆဲဖြစ်သည်။ အစွမ်းအစ ကောင်းမွန်သော လူများသည် အသက်သုံးဆယ်ကျော်အရွယ်သို့ ရောက်သည့်အချိန်တွင် ဤအရာများမှ အချို့သော နားလည်မှု၊ ထိုးထွင်းသိမြင်မှုနှင့် အတွေ့အကြုံတို့ကို ရရှိပြီးဖြစ်သဖြင့် ဘဝနှင့် ၎င်းတို့၏ ဘဝလမ်းကြောင်းတစ်လျှောက် ရင်ဆိုင်ရသည့် အမျိုးမျိုးသော ပြဿနာများနှင့်ပတ်သက်၍ အသိပညာအချို့ တိုးပွားလာပြီးဖြစ်သည်။ ဤအတွေ့အကြုံမှတစ်ဆင့် ၎င်းတို့သည် ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်ရန်နှင့် မိမိတို့ကိုယ်ကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရန် အမျိုးမျိုးသော ပြဿနာများနှင့် ကြုံတွေ့ရသည့်အခါ မည်သည့်အရာ လုပ်ရမည်ကို သိကြသည်။ သို့သော် အစွမ်းအစ ညံ့ဖျင်းသော လူများအတွက်မူ ကဏ္ဍအားလုံးတွင် ၎င်းတို့၏ စွမ်းရည်များ အားနည်းသောကြောင့် မည်မျှအသက်ကြီးလာပါစေ၊ ၎င်းတို့၏ ရှင်သန်နိုင်စွမ်းသည် အလွန်ညံ့ဖျင်းနေဆဲဖြစ်သည်။ မည်မျှ ညံ့ဖျင်းသနည်း။ ၎င်းတို့သည် အမှီအခိုကင်းစွာ နေထိုင်နိုင်စွမ်း မရှိသည်အထိ ညံ့ဖျင်းသည်။ အချို့က “ကြည့်ပါ၊ ၎င်းတို့သည် အားရပါးရစား၊ နှစ်ခြိုက်စွာအိပ်ပြီး ကျန်းမာရေးလည်း ကောင်းကြသည်၊ ၎င်းတို့တွင် အမှီအခိုကင်းစွာ နေထိုင်နိုင်စွမ်းမရှိဟု သင်မည်သို့ ပြောနိုင်မည်နည်း” ဟု ပြောကောင်းပြောနိုင်ပါသည်။ ကျွန်ုပ်တို့ ပြောဆိုနေသည့် ရှင်သန်နိုင်စွမ်းဆိုသည်မှာ တစ်စုံတစ်ဦးက စားနိုင်၊ အိပ်နိုင်ခြင်း ရှိမရှိကို ရည်ညွှန်းခြင်းမဟုတ်ပေ။ လူတစ်ဦးသည် စားချိန်တန်သည့်အခါ စားရန်ပင်မသိလျှင်၊ ထိုသူသည် သာမန်လူတစ်ဦးမဟုတ်ဘဲ ဦးနှောက်ချို့ယွင်းသူတစ်ဦးသာ ဖြစ်သည်၊ ထိုသို့သော လူများ၏ အစွမ်းအစကို ထည့်သွင်းစဉ်းစားရန် သာ၍ပင် မလိုအပ်တော့ပေ။ ကျွန်ုပ်တို့၏ လူတို့၏ အစွမ်းအစကို အကဲဖြတ်သည့် နယ်ပယ်တွင် အဓိကအားဖြင့် အပြင်ပန်းတွင် သာမန်ဟု ယူဆခံရသူများသာ ပါဝင်သည်။ ယင်းတွင် ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများ၊ စိတ်ရောဂါရှိသူများ သို့မဟုတ် မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်းမရှိသူများ မပါဝင်ပေ။ ကျွန်ုပ်တို့သည် ၎င်းတို့၏ စားဝတ်နေရေးနှင့် သွားလာရေးကို စီမံခန့်ခွဲရာတွင် မည်သည့်ပုံစံမျှဖြစ်စေ၊ မည်သည့်စည်းမျဉ်းများမျှဖြစ်စေ၊ မည်သည့်ကျွမ်းကျင်မှုကိုမျှဖြစ်စေ ရှာမတွေ့နိုင်သော အချို့လူများကို မကြာခဏ တွေ့ရသည်။ မည်မျှအသက်ကြီးလာပါစေ ဤအသက်ရှင်နေထိုင်မှု ကဏ္ဍများကို စည်းမျဉ်းများနှင့် လူ့သဘာဝနှင့် ကိုက်ညီသော နည်းလမ်းဖြင့် မည်သို့ကိုင်တွယ်ရမည်ကို ၎င်းတို့မသိကြပေ။ ဥပမာအားဖြင့် မည်သည့်အဝတ်အစားများက မတူညီသော ရာသီဥတုများအတွက် အသင့်တော်ဆုံးဖြစ်သည်ကို ၎င်းတို့မသိဘဲ အခြားသူများလုပ်သလိုသာ လိုက်လုပ်ကြသည်။ အပြင်မှာ အေးသောအခါ ၎င်းတို့သည် အလွန်ပါးလွှာသော အဝတ်အစားကို ဝတ်ဆင်ပြီး အအေးမိကြသည့်တိုင် အဘယ်ကြောင့်ဖြစ်သည်ကို နားမလည်ကြပေ၊ သို့မဟုတ် သန့်ရှင်းမှုမရှိသော အစာကို စားခြင်းကြောင့် ဖျားနာကြသော်လည်း မည်သည့်အရာက ဖြစ်စေသည်ကို မသိကြပေ။ ဤအတွေ့အကြုံများမှ မည်သည့်ကောက်ချက်ကိုမျှ ၎င်းတို့ မချနိုင်ကြပေ။ ၎င်းတို့သည် ဉာဏ်ရည်နိမ့်ကျသူများ မဟုတ်လော။ ၎င်းတို့တွင် အမှီအခိုကင်းစွာ နေထိုင်နိုင်စွမ်း မရှိကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်မျှအသက်ကြီးပါစေ မည်သို့အသက်ရှင်ရမည်ကို ၎င်းတို့မသိဘဲ ဘဝကို အိုးနင်းခွက်နင်းဖြင့်သာ ဖြတ်သန်းကြသည်။ သာမန်လူတစ်ဦးအတွက် ပထမကလေး မွေးဖွားသည့်အခါ အတွေ့အကြုံ မရှိနိုင်သော်လည်း၊ ဒုတိယကလေး ရသည့်အချိန်တွင်မူ ၎င်းတို့၏ ကလေးကို မည်သို့စောင့်ရှောက်ပြီး ကျွေးမွေးရမည်နှင့်ပတ်သက်၍ အတွေ့အကြုံအချို့ ရရှိပြီးဖြစ်လိမ့်မည်။ သို့သော် အချို့လူများသည် ကလေးနှစ်ယောက် သို့မဟုတ် သုံးယောက် ရပြီးသည့်တိုင် အတွေ့အကြုံမရှိသေးပေ။ ၎င်းတို့၏ ကလေးများကို မည်သို့စောင့်ရှောက်သည်ကို မေးသည့်အခါ ၎င်းတို့က “ကျွန်ုပ်မသိပါ၊ အိုးနင်းခွက်နင်းဖြင့်သာ ဖြတ်သန်းခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကလေးများ ဗိုက်ဆာသည့်အခါ ကျွန်ုပ်ကျွေးသည်၊ သူတို့ဗိုက်ပြည့်သွားလျှင် တော်ပြီဖြစ်သည်” ဟု ဆိုကြသည်။ ၎င်းတို့၏ လက်ထဲသို့ ရောက်သွားသည့် မည်သည့်ကလေးမဆို အသက်ရှင်ရန် အတော်အတန် ကံကောင်းမှရမည်။ ၎င်းတို့၏ ရှင်သန်နိုင်စွမ်း အဆင့်အတန်းနှင့်ဆိုလျှင် ၎င်းတို့၏ စောင့်ရှောက်မှုအောက်တွင် ကလေးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်မည် မဟုတ်ပေ။ အချို့လူများသည် ဘဝ သို့မဟုတ် ရှင်သန်မှုတွင် ပေါ်ပေါက်လာသည့် အမျိုးမျိုးသော ပြဿနာများကို မည်သို့ကိုင်တွယ်ရမည်ကို နားမလည်ကြပေ။ ထိုသို့သော လူများသည် ရှင်သန်နိုင်စွမ်း မရှိကြပေ။ ဥပမာအားဖြင့် ပြဿနာနှစ်ခု တစ်ချိန်တည်း ပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် တွေဝေသွားပြီး မည်သည့်အရာကို လုပ်ရမှန်း၊ မည်သည့်ပြဿနာကို ဦးစွာကိုင်တွယ်ရမှန်း မသိတော့ပေ။ ၎င်းတို့သည် စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ဖြစ်လာကြပြီး “ဤပြဿနာနှစ်ခုသည် အဘယ်ကြောင့် တစ်ချိန်တည်းတွင် ပြုံဖြစ်ရသနည်း။ ယခု ကျွန်ုပ် မည်သည့်အရာကို လုပ်သင့်သနည်း” ဟု ညည်းညူကြသည်။ ၎င်းတို့သည် အလွန် စိုးရိမ်သောကရောက်သဖြင့် စားမဝင် အိပ်မပျော် ဖြစ်ကြသည်။ ၎င်းတို့သည် အသက်သုံးဆယ်ကျော်အရွယ်တွင် ဤသို့ဖြစ်ပြီး အသက်ခြောက်ဆယ်ကျော်အရွယ်တွင်ပင် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် ထိုအတိုင်းပင် ရှိနေဆဲဖြစ်သည်။ အခြေအနေများ ပေါ်ပေါက်လာပြီး ဖြေရှင်းနည်း ရှာမတွေ့သည့်အခါ ၎င်းတို့သည် ငိုကြွေးကြသည်။ အခြားသူများက “သင် အဘယ်ကြောင့် ငိုကြွေးနေသနည်း။ ဤသည်မှာ ထွေထွေထူးထူး ကိစ္စမဟုတ်ပါ။ ဤအရာများသည် အဖြစ်အများဆုံး ပြဿနာအချို့သာ ဖြစ်သည်။ သင်သည် ယင်းတို့ကို အရေးကြီးပုံအလိုက် ဦးစားပေးပြီး ကိုင်တွယ်လိုက်ရန်သာ လိုအပ်သည်” ဟု ဆိုကြသည်။ တစ်စုံတစ်ဦးက ဤကိစ္စများကို မကိုင်တွယ်နိုင်ဘဲ ယင်းတို့ကြောင့် စားမဝင် အိပ်မပျော်ဖြစ်ကာ မိမိကိုယ်ကို အဆုံးစီရင်ရန်ပင် စဉ်းစားလျှင် ၎င်းတို့သည် အလွန်အသုံးမကျသူများ မဟုတ်လော။ ၎င်းတို့က “ဤသည်မှာ အဘယ်ကြောင့် အခြားတစ်ယောက်အပေါ် မဖြစ်ရသနည်း။ အဘယ်ကြောင့် ငါ့အပေါ် လာဖြစ်ရသနည်း” ဟုပင် ညည်းညူကြသည်။ ယင်းသည် သင့်အပေါ် ဖြစ်ပျက်ခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် ယင်းကို ကိုင်တွယ်လော့။ သင် မကိုင်တွယ်နိုင်လျှင် သင့်ပတ်ဝန်းကျင်ရှိ နားလည်သူတစ်ဦးကို မေးမြန်းလော့။ သင်က ပြဿနာကို ရှင်းလင်းအောင်လုပ်ပြီးသည်နှင့် ယင်းကို မည်သို့ကိုင်တွယ်ရမည်ကို သင်သိလိမ့်မည် မဟုတ်လော။ မည်သည့်အရာမျှ မဖြစ်ပျက်နေသည့်အခါတွင် ထိုသို့သော လူများသည် အယူဝါဒတစ်ခုပြီးတစ်ခု တင်ပြလျက် စကားပြော အလွန်ကောင်းကြသည်။ သို့သော် တစ်စုံတစ်ခု ဖြစ်ပျက်လာသည့်အခါ ၎င်းတို့သည် ထိတ်လန့်ခြင်း၊ တွေဝေခြင်းတို့ဖြစ်ကာ ရှိုက်ကြီးတငင် ငိုကြွေးကြပြီး ၎င်းတို့၏ စိတ်သည် ဗလာဖြစ်သွား၍ ၎င်းတို့၏ အတွေးများသည် လုံးထွေးရှုပ်ယှက်ခတ်သွားသည့်အပြင် မည်သည့်အရာကို လုပ်ရမှန်း မသိတော့ပေ။ တစ်စုံတစ်ဦးသည် ငယ်ရွယ်ပြီး ဘဝတွင် များစွာမကြုံဖူးသေးဘဲ အတွေ့အကြုံမရှိလျှင် အမှုအရာများ ဖြစ်ပျက်လာသည့်အခါ စိုးရိမ်ကြောက်ရွံ့ခြင်းသည် သာမန်ပင်ဖြစ်သည်။ သို့သော် အသက်သုံးဆယ် သို့မဟုတ် လေးဆယ်အရွယ်သို့ ရောက်သည့်အချိန်တွင် လောကတွင် အမှုအရာများစွာ ကြုံဖူးပြီး အတွေ့အကြုံရရှိပြီးနောက် ၎င်းတို့သည် အတော်အတန် ရင့်ကျက်ပြီး အတွေ့အကြုံရှိလာကြကာ ကိစ္စရပ်များကို ပိုမိုတည်ငြိမ်စွာနှင့် ယုံကြည်မှုရှိရှိ ကိုင်တွယ်လာကြသည်။ ဤသည်ကို မြင်သော လူငယ်များသည် စိတ်ထဲတွင် လေးစားအထင်ကြီးကြပြီး ထိုသို့သော လူများကို အားကိုးနိုင်သည်ဟု ထင်ကြသည်။ လူတစ်ဦးသည် အစွမ်းအစနှင့် ရှင်သန်နိုင်စွမ်းမရှိလျှင် ၎င်းတို့တွင် မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်းလည်း မရှိပေ။ ၎င်းတို့အတွက် ကူညီရန်နှင့် အမှုအရာများကို ကြီးကြပ်ပေးရန် ၎င်းတို့ပတ်ဝန်းကျင်တွင် လူကြီးများ သို့မဟုတ် အတွေ့အကြုံရှိသူများ မရှိဘဲ ၎င်းတို့ကိုင်တွယ်သည့် အရာအားလုံးသည် အလုံးစုံ ရှုပ်ထွေးပွေလီသွားသည်။ ထိုသို့သော လူများသည် အစွမ်းအစ အလွန်ညံ့ဖျင်းကြသည်။ အချို့လူများ၏ အစွမ်းအစသည် မည်မျှ ညံ့ဖျင်းသနည်း။ ဥပမာအားဖြင့် အချို့အိမ်ရှင်မများကို ကြည့်လော့၊ ၎င်းတို့သည် လူအချို့ရှိသော မိသားစုတစ်စုအတွက် အစာတစ်နပ်စာ ထမင်းဘယ်လောက်၊ ဟင်းဘယ်လောက် လိုအပ်သည်ကို မသိကြပေ၊ အချို့မှာ အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ကြာ ချက်ပြုတ်လာသော်လည်း တစ်နပ်စာစီအတွက် မည်မျှပြင်ဆင်ရမည် သို့မဟုတ် ဟင်းများ၏ အငန်အပေါ့ကို မသိသေးဘဲ တစ်ခါတစ်ရံ အစားအစာ ကောင်းစွာကျက်မကျက်ကိုပင် တိတိကျကျ မသိနိုင်ကြပေ။ ၎င်းတို့၏ အစွမ်းအစသည် ဤမျှ ညံ့ဖျင်းသည်။ ထိုသို့သော လူများတွင် အလုပ်လုပ်သော ဦးနှောက်မဲ့ကြသည် မဟုတ်လော။ ၎င်းတို့၏ ဦးနှောက်သည် ဝက်ဦးနှောက်နှင့်တူသည်။ ထိုသို့သော လူများသည် အမှီအခိုကင်းစွာ နေထိုင်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် လမ်းကြောင်းမရှိဘဲ အမှားများကို အလွယ်တကူ ပြုလုပ်ကြသည်။ တစ်စုံတစ်ခု ဖြစ်ပျက်လာသည့်အခါ ၎င်းတို့အတွက် အမှုအရာများကို ကြီးကြပ်ပေးမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိလျှင် ၎င်းတို့လုပ်ဆောင်သမျှ အရာအားလုံးသည် လုံးဝ ကမောက်ကမဖြစ်ကာ လုံးဝ ရှုပ်ထွေးပွေလီသွားသည်။ ၎င်းတို့သည် အသိဉာဏ်မဲ့သူနှင့် ဉာဏ်ရည်နိမ့်ကျသူများ ဖြစ်ကြသည်။ ဤသို့သော လူစားမျိုးအတွက် အဆိုးဆုံးသော သဘောပေါက်နားလည်နိုင်စွမ်း ရှိသူအတွက်မူ၊ သမ္မာတရား စည်းမျဉ်းများအကြောင်း မည်မျှပင် မိတ်သဟာယဖွဲ့ခြင်းကို ကြားရပါစေ ၎င်းတို့သည် အယူဝါဒများကိုသာ နားလည်ကြသည်။ လက်တွေ့ဘဝတွင် ဤစည်းမျဉ်းများကို မည်သို့အသုံးချရမည်ကို ၎င်းတို့ မသိသေးပေ။ တစ်နည်းအားဖြင့် ၎င်းတို့နားလည်သည့် အယူဝါဒများသည် လက်တွေ့ဘဝတွင် မည်သည့်ပန်းတိုင်၊ ဦးတည်ချက် သို့မဟုတ် လမ်းကြောင်းကိုမျှ ၎င်းတို့အား မပေးနိုင်ပေ။ ဤသူများသည် သဘောပေါက်နားလည်နိုင်စွမ်း အညံ့ဖျင်းဆုံးသော လူများဖြစ်ကြသည်။ တတိယစွမ်းရည်ဖြစ်သည့် သဘောပေါက်နားလည်နိုင်စွမ်းနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤတွင် အဆုံးသတ်လိုက်သည်။

စတုတ္ထအရည်အချင်းကား အဘယ်နည်း။ အမှုအရာများကို လက်ခံနိုင်စွမ်း ဖြစ်သည်။ အမှုအရာများကို လက်ခံနိုင်စွမ်းသည် အမှုအရာများကို နားလည်နိုင်စွမ်း၊ သဘောပေါက်နားလည်နိုင်စွမ်းတို့နှင့် အနည်းငယ် ကွာခြားမှုရှိသည်။ အမှုအရာများကို လက်ခံနိုင်စွမ်းတွင် အသစ်အဆန်းများ ပေါ်ပေါက်လာသည့်အခါ သင်သည် ယင်းတို့က အပြုသဘောဆောင်သည်ကိုဖြစ်စေ၊ အပျက်သဘောဆောင်သည်ကိုဖြစ်စေ ပိုင်းခြားသိမြင်နိုင်ခြင်း ရှိမရှိ၊ သင်၏ အသက်တာ၊ အလုပ်နှင့် ရှင်သန်မှုအတွက် ယင်းတို့တွင် အကျိုးကျေးဇူး သို့မဟုတ် အန္တရာယ် မည်သို့ရှိသည်ကို ပိုင်းခြားသိမြင်ခြင်း၊ ယင်းတို့ကို သင်မည်သို့ ရှုမြင်သည်၊ မည်သို့ သဘောထားပြုမူသည်၊ မည်သို့ အသုံးချသည်ဟူသည့်အချက်များ ပါဝင်သည်။ သင်သည် အစွမ်းအစကောင်းသူတစ်ဦး ဖြစ်ပါက အသစ်အဆန်းများ ပေါ်ပေါက်လာသည့်အခါ သင်သည် အထူးပင် အာရုံခံစားလွယ်ပြီး အထူးပင် အကင်းပါးလိမ့်မည်။ အသစ်အဆန်းတစ်ခုအကြောင်း သတင်းအချက်အလက်ကို လျင်မြန်စွာ လက်ခံရရှိပြီးနောက် လူတို့အတွက် မည်သည့်အကျိုးကျေးဇူး သို့မဟုတ် အန္တရာယ် ရှိသည်ကိုဖြစ်စေ၊ မည်သည့်အားနည်းချက်များ ရှိသည်ကိုဖြစ်စေ သင် ခွဲခြားသိမြင်နိုင်လိမ့်မည်။ သင်၏ လက်တွေ့အသက်တာရှိ ကိစ္စရပ်တစ်ခုအတွက် အကျိုးရှိပါက သင်သည် ယင်း၏ အားသာချက်များကို ချက်ချင်း အသုံးချနိုင်သည်၊ အန္တရာယ်ရှိပါက လူတို့အတွက် ယင်း၏ အန္တရာယ် သို့မဟုတ် အားနည်းချက်များကိုလည်း သင် ရှောင်ရှားနိုင်သည်။ ဆိုလိုသည်မှာ သင်သည် အမှုအရာများ အသစ်အဆန်းများအပေါ် အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်စွမ်းရှိပြီး အပျက်သဘောဆောင်သော၊ လူတို့ကို အန္တရာယ်ဖြစ်စေသော၊ အားနည်းချက်များရှိသော အသစ်အဆန်းများကို လျင်မြန်စွာ ထွင်းဖောက်မြင်နိုင်သည်၊ ဤသည်မှာ အမှုအရာများကို လက်ခံနိုင်စွမ်းရှိခြင်း ဖြစ်သည်။ အမှုအရာများကို လက်ခံနိုင်စွမ်း၊ နားလည်နိုင်စွမ်းနှင့် သဘောပေါက်နားလည်နိုင်စွမ်းတို့ကြား ကွာခြားချက်မှာ ဤနေရာတွင် တည်ရှိသည်။ အမှုအရာများကို လက်ခံနိုင်စွမ်းသည် အဓိကအားဖြင့် လူတစ်ဦး၏ အသစ်အဆန်းများအပေါ် အာရုံခံစားလွယ်မှုနှင့် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်းကို ရည်ညွှန်းသည်။ သင်သည် အသစ်အဆန်းများကို လျင်မြန်စွာ ပိုင်းခြားသိမြင်နိုင်ပြီး ယင်းတို့၏ အားသာချက်များနှင့် အကျိုးကျေးဇူးများကို လျင်မြန်စွာ လက်ခံနိုင်ကာ သင်၏ အသက်တာ သို့မဟုတ် အလုပ်ကို အထောက်အကူပြုရန် လက်တွေ့အသက်တာတွင် အသုံးချနိုင်ပြီး ထို့နောက် ဤအသစ်အဆန်းများက အစားထိုးလိုက်သည့် အရာဟောင်းများကို စွန့်လွှတ်နိုင်ပါက သို့မဟုတ် ဖယ်ရှားနိုင်ပါက၊ ဤသည်မှာ သင်သည် အမှုအရာများကို လက်ခံနိုင်စွမ်းကို ပိုင်ဆိုင်ပြီး အစွမ်းအစကောင်းသူတစ်ဦး ဖြစ်သည်ဟု ဆိုလိုသည်။ ဤနောက်တွင် သာမန်အစွမ်းအစရှိသူများ ဖြစ်သည်။ ထိုသို့သောလူများသည် အရာဟောင်းများကို အစားထိုးပြီးဖြစ်သော အသစ်အဆန်းအချို့အပြင် အမြင်သစ်များနှင့် နည်းပညာသစ်များကို လက်ခံရာတွင် အထူးပင် နှေးကွေးကြသည်။ ဤ “နှေးကွေးသည်” ဟူသောအချက်က အဘယ်အရာကို ရည်ညွှန်းသနည်း။ အသစ်အဆန်းတစ်ခုသည် ကျယ်ပြန့်လာပြီးဖြစ်သည့်အခါ အလွန်တွင်ကျယ်စွာ အသုံးပြုနေသည့်အခါနှင့် ယင်းအတွက် ဝေါဟာရသည် အလွန်ပင် ပုံမှန်ဖြစ်လာသည့်အခါမှသာ ၎င်းတို့ လက်ခံနိုင်သည်ဟူသောအချက်ကို ရည်ညွှန်းသည်။ ၎င်းတို့သည် အသစ်အဆန်းများကို အကင်းပါးခြင်း မရှိသကဲ့သို့ ယင်းတို့သည် အပြုသဘောဆောင်သောအရာများ ဟုတ်မဟုတ် သို့မဟုတ် အပျက်သဘောဆောင်သော အရာများ ဟုတ်မဟုတ်ဟူသည်ကို မပိုင်းခြားနိုင်ကြပေ။ အပြုသဘောဆောင်သော အသစ်အဆန်းများ ပေါ်ပေါက်လာသည့်အခါတွင်ပင် ၎င်းတို့သည် စိတ်နှလုံးထဲ၌ ယင်းတို့ကို အတိုက်အခံလုပ်ပြီး မထီမဲ့မြင်ပြုကြသည်၊ ၎င်းတို့တွင် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် ကိုယ်ပိုင်သဘောထားများ အစဉ်သဖြင့် ရှိကြပြီး လောကီရေစီးကြောင်းများနှင့် မိမိတို့ကိုယ်ကို အမြဲတစေ ညီညွတ်စေကာ အသစ်အဆန်းများအပေါ် မျက်ကွယ်ပြုထားပြီး လက်မခံဘဲ ငြင်းပယ်ကြသည်။ အသစ်အဆန်းတစ်ခုသည် ကျယ်ပြန့်စွာ ပျံ့နှံ့သွားပြီး လူများစွာတို့က ယင်း၏ အားသာချက်များကို တွေ့ကြုံခံစားပြီး သိရှိနားလည်လာကာ လူတို့က ယင်းမှ အကျိုးကျေးဇူးများ ရရှိလာသည့်အခါမှသာ ၎င်းတို့သည် လက်ခံပြီး အသုံးချလာကြသည်။ ဤသည်မှာ သာမန်အစွမ်းအစရှိခြင်း ဖြစ်သည်။ ထိုသို့သောလူများ၏ အသစ်အဆန်းများကို လက်ခံခြင်းသည် အလွန်ပင် တက်ကြွမှုမရှိပေ၊ ယင်းမှာ တက်ကြွသော လက်ခံခြင်းတစ်ခု မဟုတ်ပေ။ အကြောင်းမှာ တစ်ချက်အနေဖြင့် ၎င်းတို့သည် အသစ်အဆန်းများအပေါ် အာရုံခံစားလွယ်မှု မရှိခြင်းကြောင့် ဖြစ်သည်၊ ၎င်းတို့သည် ထုံထိုင်းသည်၊ ခေတ်နောက်ကျသည်၊ မျက်ကွယ်ပြုနေသည်။ နောက်တစ်ချက်မှာ ၎င်းတို့သည် အသစ်အဆန်းများအပေါ် အချို့သော အယူအဆများနှင့် အမြင်များရှိပြီး ယင်းတို့အပေါ် မထီမဲ့မြင်ပြုခြင်းနှင့် အထင်သေးခြင်း သဘောထားကို ဆောင်ထားခြင်းကြောင့်လည်း ဖြစ်သည်။ ဤအတွက် ပုဂ္ဂလဓိဋ္ဌာန်ကျသော အကြောင်းရင်းမှာ ၎င်းတို့၏ အစွမ်းအစသည် သာမန်ဖြစ်ပြီး ၎င်းတို့၏ အမှုအရာများကို လက်ခံနိုင်စွမ်းသည် သာမန်ဖြစ်သောကြောင့်ဖြစ်ရာ ယင်းက ၎င်းတို့ကို အလွန်ထုံထိုင်းစေသည်၊ အသစ်အဆန်းများ ၎င်းတို့ရှေ့မှောက်တွင် ပေါ်လာသည့်အခါ ၎င်းတို့တွင် သတိပြုမိခြင်းမရှိ၊ ခံစားချက်မရှိဘဲ တက်ကြွစွာ လက်ခံသည့် သဘောထား ကင်းမဲ့နေသည်။ ထို့အပြင် ၎င်းတို့သည် ပင်ကိုအားဖြင့် အထူးပင် ခေတ်နောက်ကျပြီး အထူးပင် ထုံထိုင်းကာ ဉာဏ်ထိုင်းကြသည်။ ဤအကြောင်းရင်းနှစ်ခုက ၎င်းတို့ကို အသစ်အဆန်းများ လက်ခံရန် နှေးကွေးစေသည်။ လူများစွာတို့က အရာတစ်ခုကို အသုံးပြုနေကြပြီး ယင်း၏ အားသာချက်များမှာ အဘယ်အရာဖြစ်သည်၊ ယင်း၏ အဆင်ပြေမှုမှာ အဘယ်အရာဖြစ်သည်၊ လူတို့အပေါ် ၎င်း၏ သက်ရောက်မှုမှာ အဘယ်အရာဖြစ်သည်၊ လူတို့ကို ရရှိစေသည့် အကျိုးကျေးဇူးများမှာ အဘယ်အရာ ဖြစ်သည်တို့ကို ပြောဆိုနေကြပြီး ၎င်းတို့က ဤအရာအားလုံးကို မိမိတို့မျက်စိဖြင့် မြင်တွေ့ပြီးဖြစ်သည့်အခါနှင့် ၎င်းတို့ ပတ်ဝန်းကျင်ရှိလူများက ယင်းကို အတိုင်းအတာတစ်ခုအထိ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားသည်ကိုလည်း မြင်တွေ့ပြီးသည့်အခါမှသာ ၎င်းတို့သည် စိတ်နှလုံးထဲ၌ ဖြည်းညင်းစွာ လက်ခံပြီးနောက် ယင်းကို စတင်အသုံးပြုကြသည်။ ဤသည်မှာ မည်သို့သော အစွမ်းအစမျိုးကို ညွှန်ပြသနည်း။ ထိုသို့သောလူများ၏ အမှုအရာများကို လက်ခံနိုင်စွမ်းသည် သာမန်ဖြစ်သည်။ အမှုအရာများကို လက်ခံနိုင်စွမ်းမှာ သာမန်ဖြစ်ခြင်းသည် သာမန်အစွမ်းအစရှိခြင်းပင် ဖြစ်သည်။ ဥပမာအားဖြင့် ဧဝံဂေလိတရားကို ဟောပြောရာတွင် သို့မဟုတ် အတတ်ပညာဆိုင်ရာ အလုပ်အချို့ကို လုပ်ဆောင်ရာတွင် အချို့ညီအစ်ကိုမောင်နှမများသည် နည်းလမ်းသစ် သို့မဟုတ် လုပ်ငန်းပိုင်းဆိုင်ရာ နည်းစနစ်သစ်တစ်ခုကို စမ်းသပ်အသုံးပြုရာ၌ ဦးဆောင်ကြသည်။ ဤလုပ်ငန်းပိုင်းဆိုင်ရာ နည်းစနစ်ကို အသုံးပြုခြင်းသည် အလွန်ကောင်းသည်ဟု ၎င်းတို့ လျင်မြန်စွာ ခံစားရသည်၊ အကြောင်းမှာ ယင်းနှင့်အတူ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ ထိရောက်မှုသည် အတော်လေးကောင်းမွန်ပြီး ၎င်းတို့၏ စွမ်းဆောင်ရည်သည်လည်း တိုးမြင့်လာသောကြောင့် ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် ဤနည်းစနစ်သစ် သို့မဟုတ် နည်းလမ်းသစ်ကို ချက်ချင်းပင် မြှင့်တင်ပြီး အခြားညီအစ်ကိုမောင်နှမများကို ယင်းကို သင်ယူပြီး အသုံးချရန် အားပေးကြသည်။ အစွမ်းအစကောင်းသူများသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် နည်းစနစ်သစ်များနှင့် နည်းလမ်းသစ်များကို ရှာဖွေရာ၌ ကျွမ်းကျင်ကြသည်။ အလွန်လျင်မြန်စွာပင် ၎င်းတို့သည် အသစ်အဆန်းတစ်ခုကို ရှင်းလင်းစွာ သိမြင်ပြီး တိကျမှန်ကန်စွာ အကဲဖြတ်နိုင်ကာ ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ပြီး နည်းစနစ်သစ် သို့မဟုတ် နည်းလမ်းသစ်တစ်ခုကို အပြည့်အဝ လက်ခံနိုင်သည့်အပြင် ယင်းကို လက်တွေ့အလုပ်တွင် အသုံးချနိုင်သည်။ ဤအသစ်အဆန်း၏ အားသာချက်များနှင့် အားနည်းချက်များမှာ အဘယ်အရာဖြစ်သည်၊ မည်သည့်ရလဒ်များကို ယင်းက ရရှိနိုင်သည်တို့နှင့် ပတ်သက်၍ ၎င်းတို့သည် အဆက်မပြတ် ကောက်ချက်များချပြီးနောက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်သည်။ စူးစမ်းရှာဖွေမှု ကာလတစ်ခုမှတစ်ဆင့် ဤလုပ်ငန်းပိုင်းဆိုင်ရာ နယ်ပယ် သို့မဟုတ် သတင်းအချက်အလက်၏ မည်သည့်ကဏ္ဍများကို အသင်းတော်အလုပ်တွင် အသုံးချနိုင်ပြီး မည်သည့်အရာများကို အသုံးမချနိုင်သည်ကို ၎င်းတို့ တဖြည်းဖြည်း သဘောပေါက်လာကြသည်။ ထို့နောက်တွင် ၎င်းတို့သည် မိမိတို့၏ အလုပ်၌ ဤအသစ်အဆန်းကို စည်းမျဉ်းများနှင့်အညီ၊ ဘုရားအိမ်တော်၏ တောင်းဆိုချက်များနှင့်အညီ တိုးတက်ကောင်းမွန်အောင် တစိုက်မတ်မတ် လုပ်ဆောင်ကြသည်။ ဤအသစ်အဆန်းကို ၎င်းတို့ ပို၍ တိုးတက်ကောင်းမွန်အောင် လုပ်လေ၊ ပို၍ ကောင်းမွန်လာလေဖြစ်ပြီး နောက်ဆုံးတွင် အသီးအပွင့်များ သီးပွင့်လာသည်။ ဤသည်မှာ အစွမ်းအစကောင်းခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ သို့သော် အချို့လူများသည် ဧဝံဂေလိတရားကို ဟောပြောရာတွင် တစ်ဦးချင်းဖြစ်စေ၊ နှစ်ဦးတစ်ဦး ပုံစံဖြင့်ဖြစ်စေ ဟောပြောခြင်း သို့မဟုတ် လူအင်အားကိုသာ အားကိုးခြင်းဖြင့် မူလနည်းလမ်းကို တင်းကျပ်စွာ ဖက်တွယ်ထားဆဲ ဖြစ်သည်။ ၎င်းတို့သည် ထုံထိုင်းပြီး ဦးနှောက်တုံးကာ အဆင့်မြင့်သော နည်းလမ်းကို လက်ခံရန် နှေးကွေးကြသည်။ အဆင့်မြင့်သော နည်းလမ်းသည် အတော်အတန် ကောင်းမွန်ပြီး လက်တွေ့ကျသည်ဟု နှုတ်ဖြင့် ဝန်ခံသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲ၌ အဆက်မပြတ် သံသယများ ရှိနေကြသည်။ ဤနည်းလမ်းကို အသုံးပြုပြီးနောက် ရလဒ်မကောင်းမည်ကို ၎င်းတို့ စိုးရိမ်သောကြောင့် မစမ်းသပ်ရဲကြပေ။ အခြားသူများက “သင် ထိုအရာအားလုံးအတွက် စိတ်ပူစရာမလိုပါ။ ကျွန်ုပ်တို့ စမ်းသပ်ပြီးပါပြီ၊ ထိုနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းက အထူးပင် ရလဒ်ကောင်းများ ရရှိစေသည်” ဟု ပြောဆိုလျက် ၎င်းတို့ကို ဖျောင်းဖျကြသည်။ သို့သော် ၎င်းတို့သည် မစမ်းသပ်ရဲဘဲ မူလနည်းလမ်းကို ဆက်လက်ဆုပ်ကိုင်ထားကြသည်။ လူများစွာတို့က ဧဝံဂေလိတရာဟောရန် နည်းလမ်းသစ်ကို အသုံးပြုပြီး လစဉ် လူများ ပိုမိုရရှိကာ စွမ်းဆောင်ရည် တိုးမြင့်လာသည့်အခါမှသာ ၎င်းတို့သည် စမ်းကြည့်ရန် အင်တင်တင်ဖြင့် ဆုံးဖြတ်ကြသော်လည်း ဖြည်းဖြည်းချင်းသာ လုပ်ဆောင်ကြဆဲဖြစ်ပြီး မိမိတို့၏ အစီအစဉ်များနှင့် နည်းဗျူဟာများကို လုံးဝ ပြောင်းလဲရန် မရဲကြပေ။ ဤသည်မှာ အသစ်အဆန်းများကို လက်ခံရာတွင် အလွန်နှေးကွေးခြင်းဖြစ်သည်၊ ဤသည်မှာ သာမန်အစွမ်းအစရှိခြင်း ဖြစ်သည်။ ညံ့ဖျင်းသော အစွမ်းအစရှိသူများသည် အမှုအရာများကို လက်ခံနိုင်စွမ်း ပို၍ပင် ဆိုးရွားကြသည်။ ၎င်းတို့သည် အသစ်အဆန်းတစ်ခုကို ရှင်းလင်းစွာ မသိမြင်နိုင်၊ မဆုံးဖြတ်နိုင်ဘဲ မည်သို့ သဘောထားပြုမူရမည်ကို မသိကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ယုံကြည်သူများသည် အသစ်အဆန်းများကို မလက်ခံသင့်၊ သတင်းအချက်အလက်သစ်များနှင့် နည်းပညာသစ်များကို မလက်ခံသင့်ဟု တွေးထင်လျက် အတိုက်အခံလုပ်ကြသည်။ သင် မြင်သလော၊ ၎င်းတို့သည် အတော်ပင် အမြင်ကျဉ်းမြောင်းကြသည်။ အချို့သော ဂိုဏ်းဂဏများမှ လူများသည် ယနေ့ထက်တိုင် လျှပ်စစ်မသုံးကြ၊ ရုပ်မြင်သံကြား မကြည့်ကြ၊ ကွန်ပျူတာ သို့မဟုတ် အခြား မည်သည့် အီလက်ထရွန်နစ် ပစ္စည်းများကိုမျှ မသုံးကြပေ။ ၎င်းတို့ အပြင်ထွက်သည့်အခါ ခေတ်မီသယ်ယူပို့ဆောင်ရေးကို မသုံးကြ၊ စက်ဘီးပင် မစီးကြပေ။ ၎င်းတို့ မည်သည့်အရာကို စီးနင်းကြသနည်း။ နွားလှည်းများနှင့် မြင်းဆွဲရထားများဖြစ်ပြီး သွားလာသည့်အခါ ဖုန်လုံးများ ထစေသည်။ အချို့လူများက “အဘယ်ကြောင့် သင်တို့ စက်ဘီးမစီး သို့မဟုတ် ကားမစီးကြသနည်း” ဟု မေးကြသည်။ ၎င်းတို့က “ထိုအရာများသည် လူလုပ်အရာများ ဖြစ်သည်။ ကျွန်ုပ်တို့ အသုံးပြုလျှင် ဘုရားသခင် မနှစ်သက်မည်ကို စိုးရိမ်သည်” ဟု ပြောကြသည်။ ဤသည်မှာ အမှုအရာများကို လက်ခံနိုင်စွမ်း ညံ့ဖျင်းခြင်း ဖြစ်သည်။ အမှုအရာများကို လက်ခံနိုင်စွမ်း ညံ့ဖျင်းသူများသည် အမှုအရာများစွာကို မှားယွင်းသောနည်းလမ်းဖြင့် ရှုမြင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ နည်းလမ်းဟောင်းများတွင် သောင်တင်နေပြီး မိမိတို့၏ ကိုယ်ပိုင်အမြင်များကို ဆုပ်ကိုင်ထားကာ အသစ်အဆန်းအားလုံးကို အတိုက်အခံလုပ်ကြသည်။ ၎င်းတို့ အတိုက်အခံလုပ်ခြင်းသည်ပင် ၎င်းတို့၏ တွေးခေါ်ပုံနှင့် စိတ်များတွင် ပြဿနာတစ်ခု ဖြစ်သည်။ ထိုသို့သော ပြဿနာရှိခြင်းက အဘယ်အရာကို ညွှန်ပြသနည်း။ ညင်ညင်သာသာပြောရလျှင် ထိုသို့သောလူများ၏ အစွမ်းအစသည် အလွန်သာမန်ဖြစ်သည်ကို ပြသသည်။ ၎င်းတို့သည် အသစ်အဆန်းများကို အစဉ်တစိုက် မလက်ခံနိုင်ပါက ၎င်းတို့၏ အစွမ်းအစသည် ညံ့ဖျင်းပြီး ၎င်းတို့သည် တစ်ယူသန်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်သည် မပြောင်းလဲဟု ယုံကြည်ကြပြီး ဘုရားသခင် မည်သည့်နှုတ်ကပတ်တော်များကို မိန့်မြွက်ခဲ့သည်ဖြစ်စေ ဘုရားသခင်သည် ထိုနှုတ်ကပတ်တော်များ တစ်ခုတည်းကိုသာ ထာဝစဉ် မိန့်မြွက်လိမ့်မည်ဟုလည်းကောင်း၊ ဘုရားသခင် မည်သည့်အလုပ်ကို လုပ်ဆောင်ခဲ့သည်ဖြစ်စေ ဘုရားသခင်သည် ထိုအလုပ်တစ်ခုတည်းကိုသာ ထာဝစဉ် လုပ်ဆောင်လိမ့်မည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ဤလူသားမျိုးနွယ်နှင့် ဤခေတ်ကာလအတွက်မူ ၎င်းတို့သည် မိမိတို့ ကနဦး မြင်တွေ့ခဲ့ပြီး တွေ့ကြုံခံစားခဲ့ရသည့်အရာသည် ထာဝစဉ် မပြောင်းမလဲ တည်ရှိနေမည်ဖြစ်ပြီး အမြဲတစေ ထိုအတိုင်းသာ ဖြစ်နေမည်ဟု ယုံကြည်ကြသည်။ ဥပမာအားဖြင့် လွန်ခဲ့သော အနှစ် ၂၀ သို့မဟုတ် ၃၀ က လူများသည် အဝတ်အထည်နှင့်ပတ်သက်၍ အမြင်တစ်ခုရှိခဲ့ကြသည်။ ၎င်းတို့သည် ချည်ထည်များသည် လုံးဝ သဘာဝအတိုင်းဖြစ်ပြီး ချည်ဖြင့်ပြုလုပ်သော အထည်အလိပ်အမျိုးမျိုးသည် ကောင်းသည်ဟု ယုံကြည်ခဲ့ကြသည်၊ ဂွမ်းကပ်အင်္ကျီများဖြစ်စေ၊ တီရှပ်များဖြစ်စေ၊ အတွင်းခံများဖြစ်စေ ချည်ဖြင့်ပြုလုပ်သရွေ့ ဓာတုချည်မျှင်များထက် ပိုကောင်းသည်ဟု ယုံကြည်ခဲ့ကြသည်။ ၎င်းတို့သည် ဤယုံကြည်ချက်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားခဲ့ကြသည်။ သို့သော် အနှစ် ၂၀ သို့မဟုတ် ၃၀ ကြာပြီးနောက် အထည်အလိပ်လုပ်ငန်းသည် တိုးတက်လာခဲ့ပြီး ချည်ထည်နှင့်ဆင်တူသော အထည်များစွာအပြင် အမျိုးမျိုးသော ဓာတုချည်မျှင် အဝတ်အထည်များ ပေါ်ပေါက်လာခဲ့သည်။ ချည်ထည်များထက် ပိုကောင်းသော အထည်အလိပ်များစွာ ရှိသည်၊ ယင်းတို့သည် လေဝင်လေထွက် ပိုကောင်းသည်၊ အပူကို ပိုမြန်မြန် စွန့်ထုတ်နိုင်သည်၊ အစိုဓာတ်ကို ပိုမြန်မြန် စုပ်ယူနိုင်ပြီး မည်သို့ပင် လျှော်ဖွပ်သည်ဖြစ်စေ ပုံပျက်ခြင်း၊ ကျုံ့ခြင်း သို့မဟုတ် အရောင်မှိန်ခြင်း မရှိပေ။ ထို့အပြင် ၎င်းတို့သည် အသားအရေကို မည်သည့်အန္တရာယ်မျှ မဖြစ်စေဘဲ ဝတ်ဆင်ရာတွင် အထူးပင် သက်သောင့်သက်သာရှိပြီး ပေါ့ပါးသည်။ သို့သော် အချို့လူများသည် ဓာတုချည်မျှင်များကို လက်မခံနိုင်ကြသေးပေ။ ၎င်းတို့သည် ချည်ထည်များသာ ကောင်းသည်ဟု ယုံကြည်နေဆဲဖြစ်သည်၊ အကြောင်းမှာ ချည်ကို မြေကြီးထဲတွင် စိုက်ပျိုးရပြီး ဘုရားသခင်က ဖန်ဆင်းထားကာ သဘာဝအတိုင်းဖြစ်သော်လည်း ဓာတုချည်မျှင်များမှာ လူလုပ်ဖြစ်သောကြောင့် ဖြစ်သည်။ ချည်ကို ဘုရားသခင်က ပြင်ဆင်ပေးထားပြီး အကောင်းဆုံး ဖြစ်သော်လည်း မြေကြီးသည် ညစ်ညမ်းနေပြီး ဝါပင်ကိုဖျက်ဆီးသော ဝါပိုးလုံးများသည် မျိုးဆက်တစ်ခုပြီးတစ်ခု ပိုမိုဆိုးရွားလာသည်ကို ၎င်းတို့ မသိရှိကြပေ။ သာမန် ပိုးသတ်ဆေးများက ပြဿနာကို မဖြေရှင်းနိုင်ပေ။ နောက်ဆုံးတွင် ချည်သည် ဝတ်ဆင်သည့်အခါ ယားယံခြင်း မဖြစ်စေရန် အထူးပိုးသတ်သန့်စင်မှုများ ခံယူရမည်ဖြစ်သည်။ ကောင်းမွန်စွာ သန့်စင်ပါက အဝတ်အထည်၏ ကုန်ကျစရိတ်သည် မြင့်မားလာပြီး အလွန်ဈေးကြီးသော ရောင်းဈေးကို လိုအပ်စေသည်။ ကောင်းမွန်စွာ မသန့်စင်ပါက ဓာတုချည်မျှင်အဝတ်အထည်ကို ဝတ်ဆင်ခြင်းလောက် မကောင်းပေ။ သင်မြင်သလော၊ ယနေ့ခေတ်တွင် ဓာတုချည်မျှင်အဝတ်အထည်၏ အရည်အသွေးသည် အထူးပင် ကောင်းမွန်သည်၊ ပညာရှင် အားကစားသမားများစွာ ယင်းကို ဝတ်ဆင်ကြပြီး တုံ့ပြန်ချက်များအားလုံးမှာ အတော်လေး အပြုသဘောဆောင်သည်။ သို့သော် အချို့လူများသည် ဤအရာကို ကြားပြီးနောက်တွင်ပင် လက်မခံဘဲ ချည်ထည်များသာ ပိုကောင်းသည်ဟု ယုံကြည်နေကြဆဲ ဖြစ်သည်။ ထိုသို့သောလူများသည် မသိနားမလည်ဘဲ ခေါင်းမာကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤမသိနားမလည်မှုနှင့် ခေါင်းမာမှုသည် ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့၏ အစွမ်းအစသည် မည်သို့ရှိသနည်း။ (၎င်းတို့၏ အစွမ်းအစသည် မကောင်းပါ။) အသစ်အဆန်းတစ်ခုသည် လူတစ်ဦးရှေ့တွင် ပေါ်လာသည့်အခါ ၎င်းကို လက်ခံမည် သို့မဟုတ် ငြင်းပယ်မည်ကို ဆုံးဖြတ်ရန်အတွက် ၎င်းသည် မှန်ကန်သည် သို့မဟုတ် မှားယွင်းသည်ကို ဆုံးဖြတ်ရာတွင် ၎င်းတို့၏ သဘောထားသည် ၎င်းတို့၏ အစွမ်းအစအပေါ် မူတည်သည်။ လူအများစုက အသစ်အဆန်းသည် မှန်ကန်သည်ဟု ထင်မြင်ပြီး ၎င်းတို့က တက်ကြွမှုမရှိဘဲ လူအုပ်အတိုင်း လိုက်၍လက်ခံပါက ထိုသို့သောလူသည် အလွန်ဆုံးအနေဖြင့် သာမန်အစွမ်းအစရှိသူသာ ဖြစ်သည်။ အသစ်အဆန်းတစ်ခုသည် မှန်ကန်သည် သို့မဟုတ် မှားယွင်းသည်ကိုဖြစ်စေ၊ လူတို့အတွက် အကျိုးရှိမရှိကိုဖြစ်စေ၊ ၎င်းတို့ ယခင်က ခိုင်မာစွာ ယုံကြည်ခဲ့သော အရာဟောင်းများနှင့် နှိုင်းယှဉ်လျှင် ၎င်း၏ အားသာချက်များနှင့် အားနည်းချက်များမှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ ၎င်းတို့ မပိုင်းခြားနိုင်ပါက၊ အသစ်နှင့် အဟောင်းတို့ကြား ကွာခြားချက်များကို မပိုင်းခြားနိုင် သို့မဟုတ် မခွဲခြားနိုင်ပါက၊ ဤအရာများထဲမှ တစ်ခုကိုမျှ ၎င်းတို့ မဆုံးဖြတ်နိုင်ပါက ဤသည်မှာ ၎င်းတို့တွင် အသစ်အဆန်းဖြစ်သော အမှုအရာများကို လက်ခံနိုင်စွမ်းမရှိကြောင်း သက်သေပြသည်၊ ဆိုလိုသည်မှာ ၎င်းတို့တွင် သဘောပေါက်နားလည်နိုင်စွမ်းမရှိခြင်း ဖြစ်သည်။ ဤကဲ့သို့သောလူများသည် ညံ့ဖျင်းသော အစွမ်းအစရှိသူများ ဖြစ်ကြသည်။ ကနဦးတွင် အသစ်အဆန်းတစ်ခု ပေါ်ပေါက်လာသည့်အခါ ၎င်းတို့တွင် အတိုင်းအတာတစ်ခုအထိ ထိုးထွင်းသိမြင်နိုင်စွမ်း ကင်းမဲ့နေသည်။ ဤအရာအကြောင်းကို ၎င်းတို့ ကြားသည့်အခါ ၎င်းကို အမှုအရာများကို လက်ခံနိုင်စွမ်း လုံးဝမရှိကြပေ။ အဆုံးတွင် ၎င်းတို့သည် အသစ်အဆန်းကို အင်တင်တင်နှင့် လက်ခံလျှင်ပင် အခြားသူများ၏ အကူအညီနှင့် ဖျောင်းဖျမှုဖြင့်သာ ဖြစ်ပြီး ထိုသူများက အသစ်အဆန်း၏ အားသာချက်များနှင့် အားကောင်းချက်များကို အရာဟောင်းများနှင့် နှိုင်းယှဉ်ပြရကာ အသစ်အဆန်းနှင့် အရာဟောင်းများကြား ရှင်းလင်းသော ကွာခြားချက်များရှိကြောင်းနှင့် အသစ်အဆန်းသည် အရာဟောင်းများထက် ထင်ရှားစွာ သာလွန်ကြောင်းကို ဤလူများ မိမိတို့မျက်စိဖြင့် မြင်တွေ့စေပြီးမှသာ ၎င်းတို့ လက်ခံနိုင်သည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဤလူများသည် အခြားသော အသစ်အဆန်းများစွာနှင့်ပတ်သက်၍ မည်သည့်အရာက ကောင်းသည်ကို ရှင်းလင်းစွာ မမြင်နိုင်ကြသေးဘဲ အရာဟောင်းများသာ ကောင်းပြီး ဖက်တွယ်ထားသင့်သည်ဟု ခံစားနေကြဆဲ ဖြစ်သည်။ ၎င်းတို့တွင် ရွေးချယ်စရာမရှိသည့် အခြေအနေများတွင်မှသာ ၎င်းတို့သည် အသစ်အဆန်းများကို အင်တင်တင်နှင့် တက်ကြွမှုမရှိဘဲ လက်ခံကြသည်။ ဤလူများသည် ညံ့ဖျင်းသော အစွမ်းအစရှိသူများ ဖြစ်ကြသည်။ သာမန်အစွမ်းအစ ရှိသူတစ်ဦးသည် နည်းပေးလမ်းပြမှု အနည်းငယ်ဖြင့် ချက်ချင်း နားလည်သွားပြီး မိမိတို့သည် အရာများကို လွဲချော်စွာဖြင့် ခေတ်နောက်ကျသော နည်းလမ်းဖြင့် ရှုမြင်နေခဲ့သည်ကို သိရှိနားလည်သူ ဖြစ်သည်။ ဤသည်မှာ သာမန်အစွမ်းအစရှိခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင် ညံ့ဖျင်းသော အစွမ်းအစရှိသူတစ်ဦးမှာမူ ယင်းကို အင်တင်တင်နှင့် လက်ခံအသုံးမပြုမီ ထပ်ခါတလဲလဲ နည်းပေးလမ်းပြများနှင့် တိုက်တွန်းချက်များ၊ လူတိုင်းထံမှ စုပေါင်းဖျောင်းဖျမှုများအပြင် ဤအသစ်အဆန်းသည် ကျယ်ပြန့်စွာ အသုံးပြုလာပြီးနောက် လူတို့ကို မည်သို့ အကျိုးပြုသည်ကို ပြသသည့် အချို့သော အဖြစ်မှန်များနှင့် ခိုင်လုံသော ဥပမာများကို လိုအပ်သည်။ သို့သော် တစ်ကိုယ်တည်းရှိချိန်တွင် ၎င်းတို့သည် အရာဟောင်းကိုသာ ရွေးချယ်နေဆဲ ဖြစ်သည်။ ဤသည်မှာ အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသူတစ်ဦး ဖြစ်သည်။ ညံ့ဖျင်းသော အစွမ်းအစရှိခြင်းဆိုသည်မှာ ၎င်းတို့သည် အသစ်အဆန်းများ ပေါ်ပေါက်လာခြင်းက လူတို့အပေါ် သက်ရောက်သည့် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများကို အစဉ်တစိုက် မသိမြင်နိုင်ခြင်း၊ အသစ်နှင့် အဟောင်းတို့ကြား ကွာခြားချက်များကို မရှာဖွေနိုင်ခြင်း၊ အသစ်အဆန်းများ၏ အားသာချက်များနှင့် တိုးတက်မှုများနှင့် အရာဟောင်းများ၏ အားနည်းချက်များနှင့် ခေတ်နောက်ကျမှုများကို အစဉ်တစိုက် မတွေ့ရှိနိုင်ခြင်း သို့မဟုတ် မဖော်ထုတ်နိုင်ခြင်း၊ ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်ဟောင်းများကို အစဉ်သဖြင့် ဖက်တွယ်ထားခြင်းတို့ကို ဆိုလိုသည်၊ ထို့ကြောင့် ၎င်းတို့၏ အမှုအရာများကို လက်ခံနိုင်စွမ်းသည် အလွန်ညံ့ဖျင်းသည်။ အမှုအရာများကို လက်ခံနိုင်စွမ်း ညံ့ဖျင်းသူများသည် ညံ့ဖျင်းသော အစွမ်းအစရှိသူများ ဖြစ်ကြသည်။ ညံ့ဖျင်းသော အစွမ်းအစရှိသူများကို သင် မည်သို့ပင် ရှင်းပြသည်ဖြစ်စေ ပြဿနာများ၏ အနှစ်သာရ သို့မဟုတ် ဇာစ်မြစ်ကို ၎င်းတို့ ထွင်းဖောက်မမြင်နိုင်ကြပေ။ အညံ့ဖျင်းဆုံးသော အစွမ်းအစရှိသည့် လူတစ်စုမှာမူ အမှုအရာများကို လက်ခံနိုင်စွမ်း တစ်ခုတစ်လေမျှ ရှိသည်ဟုပင် မဆိုနိုင်ပေ။ အသစ်အဆန်းများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ယင်းတို့ကို သင်ယူလက်ခံရန် ပုဂ္ဂလဓိဋ္ဌာန်ကျကျ ဆန္ဒရှိမရှိဟူသော ကိစ္စမဟုတ်ဘဲ ပြဿနာမှာ ယင်းတို့အပေါ်၌ မည်သည့်သိမြင်နားလည်နိုင်စွမ်းမဆို လုံးဝ ကင်းမဲ့နေခြင်း ဖြစ်သည်။ လက်တွေ့အသက်တာတွင်ဖြစ်စေ၊ တာဝန်ထမ်းဆောင်ရာတွင်ဖြစ်စေ၊ မည်သည့်အသစ်အဆန်းများ ပေါ်ပေါက်သည်ဖြစ်စေ၊ မည်သည့်အရာများ တိုးတက်သည်ဖြစ်စေ၊ မည်သည့်အရာများ ကောင်းမွန်လာသည်ဖြစ်စေ ၎င်းတို့တွင် သိမြင်နားလည်နိုင်စွမ်းနှင့် သတိပြုမိခြင်း မရှိပေ။ ဤအရာများကို ၎င်းတို့ မသိရှိခြင်းသည် သတင်း သို့မဟုတ် သတင်းစာများ မဖတ်ခြင်းကြောင့် ဖြစ်လော။ မဟုတ်ပေ၊ အကြောင်းမှာ ၎င်းတို့၏ အစွမ်းအစသည် အမှုအရာများကို လက်ခံနိုင်စွမ်း ကင်းမဲ့နေသောကြောင့် ဖြစ်သည်။ ၎င်းတို့တွင် လက်ခံနိုင်သည့် စွမ်းရည်များ မရှိသကဲ့သို့ ဖြစ်သည်။ မည်သည့်အသစ်အဆန်းများ ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍မဆို ၎င်းတို့သည် ထုံထိုင်း၍ ဦးနှောက်တုံးကာ သိမြင်နားလည်နိုင်စွမ်း ကင်းမဲ့သည်။ ၎င်းတို့သည် စည်ကားသောမြို့တစ်မြို့တွင် နေထိုင်လျှင်ပင် ဝေးလံခေါင်ဖျားသော တောင်ပေါ်ရွာတစ်ရွာတွင် နေထိုင်နေသကဲ့သို့ ဖြစ်သည်။ လူ့အသက်တာတွင် ဖြစ်ပေါ်နေသော မည်သည့် ကြီးငယ်သော ဖြစ်ရပ်များကိုမဆို ၎င်းတို့ လုံးဝ မသိရှိကြပေ။ ထို့ကြောင့် ၎င်းတို့၏ အသက်တာဘောင်အတွင်း၌ ၎င်းတို့၏ စားသောက်ခြင်း၊ ဝတ်စားဆင်ယင်ခြင်း၊ နေထိုင်ခြင်းနှင့် သွားလာခြင်းတို့ကို လွှမ်းမိုးနိုင်သည့် မည်သည့်အသစ်အဆန်းမျှ မရှိပေ။ ၎င်းတို့သည် တိရစ္ဆာန်များကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့၏ အတွေးအခေါ်နယ်ပယ်ထဲရှိ အရာများသည် ၎င်းတို့၏ ဘဝနယ်ပယ်အတွင်းရှိ အရာဝတ္ထုငယ်များ၊ လောကရှိ အရာအမျိုးမျိုးကို ရှုမြင်ရန် သင်ယူခဲ့သည့် အရွယ်က ၎င်းတို့ သိရှိခဲ့သည့်အရာများသာ ဖြစ်သည်။ ထိုအရာများမှလွဲ၍ အပြင်လောကမှ မည်သည့်အရာကမျှ ၎င်းတို့အပေါ် လုံးဝ လွှမ်းမိုးမှုမရှိသကဲ့သို့ ၎င်းတို့ စိတ်ဝင်စားမှုလည်း မရှိပေ။ ဤလူစားမျိုးသည် မည်သို့သောလူများ ဖြစ်ကြသနည်း။ ၎င်းတို့သည် ဉာဏ်ရည်နိမ့်ကျသူများလော။ (ဟုတ်ပါသည်။) ဟုတ်ပေသည်၊ ငါတို့ ဤနေရာတွင် ပြောဆိုနေသည့် ကိစ္စရပ်များသည် အလွန်သေးငယ်သော၊ နေ့စဉ်အသက်တာ၏ သာမညကိစ္စများသာ ဖြစ်သည်၊ ငါတို့သည် နိုင်ငံတော်အရေး သို့မဟုတ် ကမ္ဘာ့အဓိကသတင်းများကို ရည်ညွှန်းနေခြင်း မဟုတ်ပေ။ အလွန်သေးငယ်သော အသစ်အဆန်းတစ်ခု ပေါ်ပေါက်လာခြင်းကိုပင် ၎င်းတို့ မသိရှိကြဘဲ လက်ခံနိုင်မှု အတိုင်းအတာ လုံးဝမပြပေ။ ဤ “လက်ခံခြင်း” သည် အသစ်အဆန်းတစ်ခု ပေါ်ပေါက်လာခြင်းက ၎င်းတို့၏ အတွေးအခေါ်အမြင်များကို မည်သို့ ပြောင်းလဲစေသည်ကိုလည်းကောင်း၊ ၎င်းတို့၏ အသက်တာသို့ တိုးတက်မှုအချို့ကို မည်သို့ ဆောင်ကြဉ်းပေးသည်ကိုလည်းကောင်း၊ လူနေမှုပုံစံ၊ အခြေခံဘဝအသိပညာ စသည်တို့အပါအဝင် အသက်တာရှိ ပြဿနာများကို ကိုင်တွယ်နိုင်စွမ်းတွင် တိုးတက်မှုနှင့် တိုးတက်မှုကို မည်သို့ ဖြစ်ပေါ်စေသည်ကိုလည်းကောင်း ရည်ညွှန်းသည်။ အမှုအရာများကို လက်ခံနိုင်စွမ်း မရှိသူများသည် ၎င်းတို့၏ ပုံမှန်၊ မူလနေထိုင်မှုပုံစံကို အစဉ်သဖြင့် ထိန်းသိမ်းထားကြသည်။ ဥပမာအားဖြင့် ယခင်က လူများသည် ပဲပြားနှင့် ဟင်းနုနွယ်ကို ရောချက်ခြင်းသည် သံဓာတ်နှင့် ကယ်လ်ဆီယမ် နှစ်မျိုးစလုံးကို ဖြည့်တင်းပေးသည့် ကောင်းသောအရာဟု မကြာခဏ ပြောဆိုကြပြီး လူတစ်ဦးသည် ထိုသို့စားသုံးလျက် ကြီးပြင်းလာခဲ့သည်။ နောက်ပိုင်းတွင် အချို့လူများက အစားအစာ သုတေသီများက ဟင်းနုနွယ်တွင် အောက်ဆဲလစ်အက်ဆစ် ပါဝင်ကြောင်း၊ ပဲပြားနှင့် အချိန်ကြာမြင့်စွာ အတူစားသုံးပါက ခန္ဓာကိုယ်တွင် ကျောက်တည်ခြင်းကို လွယ်ကူစွာ ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရှိခဲ့သည်ဟု ပြောဆိုကြသည်။ ဤအရာကို ကြားပြီးနောက် ဤလူက “အောက်ဆဲလစ်အက်ဆစ်ဆိုသည်မှာ မည်သည့်အရာနည်း။ ဟင်းနုနွယ်တွင် အောက်ဆဲလစ်အက်ဆစ်ရှိသည်ကို မည်သူက မြင်ဖူးသနည်း။ ငါ နှစ်ပေါင်းများစွာ စားလာသည်မှာ မည်သည့်အရာမျှ မဖြစ်၊ ငါ ဆက်စားမည် ဖြစ်သည်” ဟု တွေးသည်။ ၎င်းတို့သည် လက်မခံပေ။ ဤသည်မှာ အသစ်အဆန်းများ သို့မဟုတ် အမြင်သစ်များအပေါ် လက်ခံနိုင်မှု အတိုင်းအတာ လုံးဝမရှိသူတစ်ဦး ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် အမှုအရာများကို လက်ခံနိုင်စွမ်းရှိသူများသည် ဟင်းနုနွယ်တွင် အောက်ဆဲလစ်အက်ဆစ် ပါဝင်ကြောင်းကို အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် အောက်ဆဲလစ်အက်ဆစ်ကို မည်သို့ ဖယ်ရှားရမည်ကို စဉ်းစားလိမ့်မည်ဖြစ်ပြီး ယင်းအကြောင်းကို ပိုမိုလေ့လာခြင်းဖြင့် ဟင်းနုနွယ်ကို ရေနွေးပူထဲတွင် ထည့်ပြုတ်ခြင်းက အောက်ဆဲလစ်အက်ဆစ်ကို ဖယ်ရှားပေးကြောင်း တွေ့ရှိကြသည်။ အမှုအရာများကို လက်ခံနိုင်စွမ်းရှိသူများသည် သတင်းအချက်အလက်သစ်ကို ကြားရသည့်အခါ စုံစမ်းမေးမြန်းခြင်းဖြင့် သတင်းအချက်အလက်၏ မှန်ကန်မှုနှင့် လူတို့အတွက် အကျိုးရှိမရှိကို ပိုင်းခြားသိမြင်ပြီးနောက် ၎င်းကို လက်ခံမည် သို့မဟုတ် ငြင်းပယ်မည်ကို ဆုံးဖြတ်ကြလိမ့်မည်။ ၎င်းတို့သည် မေးခွန်းများမေးမည်၊ ပါဝင်သည့် အသေးစိတ်အ ချက်အလက်များကို လေ့လာမည်၊ ထို့နောက် အဆိုပါအသစ်အဆန်းကြောင့် ဖြစ်ပေါ်လာသော အားနည်းချက်များ သို့မဟုတ် လူတို့အပေါ် အန္တရာယ်များကို ရှောင်ရှားလျက် ဤသတင်းအချက်အလက်ကို လက်တွေ့အသက်တာတွင် အသုံးချကြလိမ့်မည်။ အခြားတစ်ဖက်တွင်မူ အမှုအရာများကို လက်ခံနိုင်စွမ်း လုံးဝကင်းမဲ့သော ထိုနားဝေတိမ်တောင်ဖြစ်သောလူများသည် မည်သည့်သတင်းအချက်အလက်သစ်ကို ကြားသည်ဖြစ်စေ ဂရုမစိုက်သကဲ့သို့ စုံစမ်းမေးမြန်းခြင်းလည်းမရှိဘဲ တိုက်ရိုက်ငြင်းပယ်ကာ ခေတ်မမီတော့သော အရာဟောင်းများကိုသာ ဆုပ်ကိုင်ထားကြသည်။ ဤသည်မှာ အဓိကအားဖြင့် ၎င်းတို့၏ အစွမ်းအစပိုင်းဆိုင်ရာ ပြဿနာပင် ဖြစ်သည်။ အသစ်အဆန်းများနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် ၎င်းတို့ကို မည်သို့ ချဉ်းကပ်ရမည်ကို သို့မဟုတ် မည်သည့်စည်းမျဉ်းများကို ဆုပ်ကိုင်ထားသင့်သည်ကို မသိကြသကဲ့သို့ အသစ်အဆန်းများကို ငြင်းပယ်ခြင်းက ၎င်းတို့၏ အသက်တာသို့ဖြစ်စေ၊ အလုပ်သို့ဖြစ်စေ မည်သို့သော အကျိုးဆက်များကို ဆောင်ကြဉ်းပေးနိုင်သည်ကိုလည်း မစဉ်းစားကြပေ။ အတိုချုပ်အားဖြင့် ၎င်းတို့သည် အသစ်အဆန်းများနှင့် သတင်းအချက်အလက်သစ်များအပေါ် သံသယဝင်သော သဘောထားကို အစဉ်သဖြင့်ထားရှိပြီး ၎င်းတို့ကို လက်မခံရဲကြပေ။ ထိုသို့သောလူများသည် ညံ့ဖျင်းသော အစွမ်းအစရှိသူများ ဖြစ်ကြသည်။

ညံ့ဖျင်းသော အစွမ်းအစရှိသူများသည် ဘဝတွင် မည်မျှပင် ပြဿနာများ ပေါ်ပေါက်လာပါစေ ယင်းတို့ကို မိမိဘာသာ ဖြေရှင်းနိုင်ခြင်း မရှိပေ။ ထိုသို့သော လူပုဂ္ဂိုလ်များသည် မိမိဘာသာ ရပ်တည်နိုင်သည့် စွမ်းရည် ကင်းမဲ့ကြသည်။ မည်သည့်ကိစ္စတွင်မဆို ၎င်းတို့သည် ၎င်းတို့၏ ဘိုးဘေးများထံမှ ထိုအချိန်က အမွေဆက်ခံခဲ့သည့် လုပ်ဆောင်နည်းအတိုင်း ဆက်လက်လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မပြောင်းလဲဘဲ အဆုံးတိုင် တစ်သဝေမတိမ်း စောင့်ထိန်းလိုက်နာထားကြသည်။ သင်က ၎င်းတို့ကို ထိုသို့လုပ်ဆောင်ခြင်းမှာ မှားသည်ဟု ပြောဆိုလျက် ဝေဖန်လျှင် ၎င်းတို့က နားထောင်မည် မဟုတ်ဘဲ သင့်ကို ပြန်လည်ငြင်းခုံလျက် အလွန်ပင် ခေါင်းမာလာကြလိမ့်မည်။ “ဤသည်မှာ ကျွန်ုပ်တို့၏ ဘိုးဘေးများထံမှ ဤသို့ လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်၏ အဘိုးလက်ထက်နှင့် ကျွန်ုပ်၏ မိဘလက်ထက်က လူအားလုံး ဤနည်းအတိုင်း လုပ်ဆောင်ခဲ့ကြပြီး ဤသို့ပင် လက်ဆင့်ကမ်းခဲ့ကြခြင်း ဖြစ်သည်” ဟူ၍ ဖြစ်လေသည်။ လက်ဆင့်ကမ်းလာသည့် အရာများသည် မုချမှန်ကန်သလော။ ၎င်းတို့သည် ဤမေးခွန်းကို မစဉ်းစားကြပေ၊ ယင်းက ၎င်းတို့၏ ညံ့ဖျင်းသော အစွမ်းအစကို သက်သေပြသည်။ ၎င်းတို့သာ ပုံမှန်လူတစ်ဦး၏ အစွမ်းအစကို ပိုင်ဆိုင်ခဲလျှင် ဤမေးခွန်းကို ၎င်းတို့ စဉ်းစားကြပေလိမ့်မည်။ အသစ်အဆန်းများအကြောင်း သတင်းအချက်အလက်ကို ကြားရသည့်အခါ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်စွမ်းကို ပြသကြပေလိမ့်မည်။ ၎င်းတို့သည် ဤသရုပ်သကန်များကို မပြသပါက ၎င်းတို့တွင် လက်ခံနိုင်စွမ်း အတိုင်းအတာ လုံးဝမရှိဟု အဓိပ္ပာယ်ရသည်။ ထိုသို့သောလူများသည် မိမိဘာသာ ရပ်တည်နိုင်သည့် စွမ်းရည် ကင်းမဲ့ကြသည်။ ၎င်းတို့ အသက်မည်မျှအထိ အသက်ရှင်သည်ဖြစ်စေ ၎င်းတို့က “ကျွန်ုပ်အဖေလက်ထက်တုန်းက ဤသို့ဖြစ်ခဲ့သည်။ ကျွန်ုပ်၏ အဘိုးနှင့် ဘေးတို့ လက်ထက်တွင် ဤသို့ဖြစ်ခဲ့သည်။ သို့ဖြစ်၍ ကျွန်ုပ်၏ မျိုးဆက်တွင်လည်း ဤသို့ပင် ဆက်ဖြစ်ရမည်” ဟု အစဉ်သဖြင့် ပြောဆိုကြသည်။ ဤလူများသည် ကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်ကြသည်မှာ သိသာထင်ရှားပေ၏။ ၎င်းတို့သည် သစ်တုံးဆွေးများကဲ့သို့ ဖြစ်ကြသည်၊ အလွန် အမြင်ကျဉ်းမြောင်းကြ၏။ ၎င်းတို့သည် မည်သည့်အသစ်အဆန်းဖြစ်သော အမှုအရာများကိုမျှ လက်ခံနိုင်စွမ်း မရှိကြပေ၊ ယင်းက ၎င်းတို့သည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိကြောင်း ပြသသည်။ သင်က အသစ်အဆန်းများ၏ တိုးတက်မှုများကို မည်သို့ပင် ရှင်းပြစေကာမူ ၎င်းတို့က လက်ခံကြမည် မဟုတ်ပေ။ ထိုသို့သောလူများသည် မိမိဘာသာ ရပ်တည်နိုင်သည့် စွမ်းရည် ကင်းမဲ့ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် မိမိတို့၏ စားဝတ်နေရေးနှင့် သွားလာခြင်းတို့ကို မိမိဘာသာ ကိုင်တွယ်ဖြေရှင်းပုံ ရနိုင်သော်လည်း ၎င်းတို့အသုံးပြုသည့် နည်းလမ်းများနှင့် နည်းစနစ်များမှာ စံမမီပေ။ ၎င်းတို့သည် မိမိတို့၏ နေထိုင်မှုပုံစံကို ခေတ်ကာလနှင့်အညီဖြစ်စေ၊ လူသားမျိုးနွယ်က ရရှိထားသည့် သာမန်အသိတရားနှင့် အသိပညာနယ်ပယ်အသီးသီးတွင် တိုးတက်မှုနှင့်အညီဖြစ်စေ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲခြင်း မရှိကြပေ။ ထိုသို့သောလူများသည် ညံ့ဖျင်းသော အစွမ်းအစရှိသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အငတ်ဘေးမဆိုက်၊ အအေးဒဏ်မခံရသကဲ့သို့ ကြီးကြီးမားမား နာမကျန်းမှု တစ်စုံတစ်ရာ မခံစားခဲ့ရသော်လည်း ရှင်သန်မှုအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်နှင့် ၎င်းတို့၏ နေထိုင်မှုပုံစံတို့မှ အကဲဖြတ်ကြည့်သော် ထိုသို့သောလူများသည် နားဝေတိမ်တောင်ဖြင့်သာ အသက်ရှင်ကြပြီး ၎င်းတို့ကို ဉာဏ်ရည်နိမ့်ကျသူများ၊ အရူးအနှမ်းများ သို့မဟုတ် လူအများအဖြစ်လည်း အမျိုးအစားခွဲခြားနိုင်သည်။ လူအချို့သည် ဉာဏ်ရည်နိမ့်ပါးသူများ သို့မဟုတ် ငတုံးများဟု ခေါ်ဆိုခံရသောအခါ မသက်မသာ ခံစားရသော်လည်း ၎င်းတို့ မသက်မသာ ခံစားရလျှင်ပင် ယင်းမှာ အမှန်တရားဖြစ်သည်။ ၎င်းတို့၏ အစွမ်းအစသည် အမှန်ပင် ထိုမျှ ညံ့ဖျင်းသည်။ သင့်ကို သက်သာရာရစေမည့် အရာတစ်ခုခုကို ငါ အမှန်ပင် ပြောလိုသော်လည်း သင်၌ ထိုအရာအတွက် အစွမ်းအစ လုံးဝ မရှိပေ။ သင်သည် ကဏ္ဍတိုင်းတွင် အစွမ်းအစ ကင်းမဲ့ပြီး မည်သည့်ကိစ္စရပ်အပေါ်တွင်မဆို ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှုနှင့် ကိုက်ညီသော မှန်ကန်ပြီး တိကျသည့် အတွေးများ သို့မဟုတ် အမြင်များ မရှိပေ။ ဤသည်မှာ အစွမ်းအစ ကင်းမဲ့ခြင်း မဟုတ်လော။ သင့်ကို အသုံးမကျသူတစ်ဦးဟု မခေါ်ဆိုခြင်းကပင် လုံလောက်သော ကျေးဇူးတော် ဖြစ်နေပြီဖြစ်သည်။ အစွမ်းအစမရှိသော ဤလူစားမျိုးသည် ဉာဏ်ရည်မသန်စွမ်းသူ ဖြစ်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည်။ ဉာဏ်ရည်မသန်စွမ်းသူများသည် မိမိကိုယ်ကို ဂရုစိုက်ရန် စွမ်းရည်ပင် ကင်းမဲ့ကြပြီး အခြားသူများ၏ အကူအညီကို လုံးဝ မှီခိုကြရသည်။ အစာစားချိန်တွင် ၎င်းတို့၏ မိဘများက ၎င်းတို့ကို တစ်လုပ်ချင်း ခွံ့ကျွေးရဆဲဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် ဗိုက်ဝမဝကိုပင် ၎င်းတို့ မသိကြပေ။ အစွမ်းအစ ညံ့ဖျင်းသောသူများသည် ဉာဏ်ရည်နိမ့်ပါးသူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ငတုံးများဖြစ်ကြပြီး ဉာဏ်ရည်မသန်စွမ်းသူ ဖြစ်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည်။ ၎င်းတို့၏ အစွမ်းအစသည် ဤမျှ ညံ့ဖျင်းပေသည်။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများသည် သနားစရာကောင်းသည် မဟုတ်လော။ ၎င်းတို့သည် အတော်အတန် စိတ်ကုန်စရာကောင်းသည် မဟုတ်လော။ အစွမ်းအစ ညံ့ဖျင်းသောသူများ၌ သင်ယူနိုင်စွမ်း မရှိ၊ အမှုအရာများကို နားလည်နိုင်စွမ်း မရှိသကဲ့သို့ သဘောပေါက်နားလည်နိုင်စွမ်းလည်း မရှိပေ။ အမှုအရာများကို လက်ခံနိုင်စွမ်း သာ၍ပင် မရှိကြချေ၊ ၎င်းတို့သည် မည်သည့်ကဏ္ဍတွင်မျှ စွမ်းရည်များ မရှိကြပေ။ သင်သည် ၎င်းတို့အား အမှုအရာများကို မည်သို့ပင် ရှင်းပြသည်ဖြစ်စေ၊ သို့မဟုတ် ဥပမာပေးသည်ဖြစ်စေ ပြောဆိုလိုက်သည့်အရာကို ၎င်းတို့ သဘောမပေါက်နိုင် သို့မဟုတ် နားမလည်နိုင်ကြသေးပေ။ ဤသည်မှာ ဉာဏ်ရည်နိမ့်ပါးခြင်း မဟုတ်လော။ သင် မည်သို့ပင် ရှင်းပြပါစေ ၎င်းတို့ နားမလည်နိုင်ကြပေ။ သင်သည် အလွန် ရှင်းလင်းစွာ ပြောဆိုပြီး စုံလင်စွာ ရှင်းပြလျှင်ပင် ၎င်းတို့ သဘောမပေါက်ကြသေးပေ၊ သင်ပြောသည့်အရာကို အလွန် ကိုးရိုးကားယားသည်ဟုပင် ထင်ကြသည်။ ၎င်းတို့၌ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှု ကင်းမဲ့ပြီး သင့်ကို ချေပရန် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော စကားတစ်သီတစ်တန်းကိုပင် ထုတ်ဖော်ကြသည်။ ထိုသို့သောလူများနှင့် ကျိုးကြောင်းပြပြောဆိုရန် နည်းလမ်းမရှိပေ။ ၎င်းတို့ကို “သင်သည် ဆင်ခြင်တုံတရား ကင်းမဲ့လွန်းသည်” ဟူသော စကားတစ်ခွန်းကိုသာ ပြောလိုက်လော့။ ၎င်းတို့၏ အစွမ်းအစသည် ဤမျှ ညံ့ဖျင်းပေသည်။ ၎င်းတို့နှင့်ပတ်သက်၍ သင် စိုးရိမ်ပြီး စိတ်ကုန်ရသည် မဟုတ်လော။ ထိုသို့သောလူများကို သင် မည်သည့်အရာ ပြောသည်ဖြစ်စေ အချည်းနှီးသာ ဖြစ်သည်။ ၎င်းတို့အား ဉာဏ်အလင်းပွင့်စေရန် သင် မည်သို့ပင် ကြိုးစားပါစေ ၎င်းတို့ နားမလည်ကြပေ။ သေးငယ်သော ကိစ္စရပ်တစ်ခုအတွက်ပင် ၎င်းတို့အား ဉာဏ်အလင်းပွင့်စေရန် တစ်နေ့ကုန် ကြာမြင့်တတ်ပြီး သင်သည် အနည်းငယ် ပို၍ နက်နဲသောနည်းလမ်းဖြင့် ပြောဆိုပါက ၎င်းတို့ နားလည်မည် မဟုတ်ပေ။ ၎င်းတို့ နားလည်လာစေရန် အရိုးရှင်းဆုံး စကားလုံးများကို အသုံးပြုရမည်ဖြစ်ပြီး များစွာ ပြောဆိုရမည်ဖြစ်သည်။ ၎င်းတို့သည် ကိစ္စရပ်တစ်ခုကို နားလည်ပြီးနောက်တွင်ပင် ဆင်တူသော ပြဿနာတစ်ခု ပေါ်ပေါက်လာသည့်အခါ သဘောမပေါက်ကြသေးပေ။ ဤသည်မှာ ဉာဏ်ရည်နိမ့်ပါးခြင်း ဖြစ်သည်မဟုတ်လော။ သို့ရာတွင် ဤသို့သော ဉာဏ်ရည်နိမ့်ကျသည့် လူစားမျိုးသည် မိမိတို့ကိုယ်ကို စဉ်းစားဉာဏ်မဲ့သည်ဟု မထင်ကြပေ။ ၎င်းတို့က “ကျွန်ုပ် စဉ်းစားဉာဏ်မဲ့သည်ဟု မယူဆနှင့်။ သင်က ကျွန်ုပ်ကို ယွမ်တစ်ဆယ် သို့မဟုတ် အမေရိကန်ဒေါ်လာတစ်ဆယ် ပေးမည်ဆိုလျှင် ကျွန်ုပ် မည်သည့်အရာကို ရွေးမည်ကို စောင့်ကြည့်လော့၊ ကျွန်ုပ်သည် အမေရိကန်ဒေါ်လာက ပိုတန်ဖိုးရှိမှန်း သိသောကြောင့် ယင်းကို သေချာပေါက် ရွေးမည်ဖြစ်သည်” ဟု ပြောကြသည်။ အခြားသူများကမူ “သင်သည် စဉ်းစားဉာဏ်မဲ့နေဆဲပင်” ဟု ပြောကြသည်။ အဘယ်ကြောင့် အခြားသူများက ထိုသို့သောလူများကို စဉ်းစားဉာဏ်မဲ့သည်ဟု ပြောကြသနည်း။ အဘယ်ကြောင့်ဆိုသော် သာမန်လူတစ်ဦးသည် မိမိတို့ စဉ်းစားဉာဏ်မမဲ့ကြောင်းကို သက်သေပြရန် ဤသို့သော ဥပမာမျိုးကို အသုံးပြုမည်မဟုတ်သကဲ့သို့ ယင်းကို ပြသရန် ထိုသို့သော နိမ့်ကျသည့်နည်းလမ်းကိုလည်း အသုံးပြုမည် မဟုတ်သောကြောင့် ဖြစ်သည်။ ထိုသို့သောလူများသည် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိခြင်း၊ မည်သည့်လူကိုဖြစ်စေ၊ မည်သည့်ဖြစ်ရပ်ကိုဖြစ်စေ၊ မည်သည့်အမှုအရာများကိုဖြစ်စေ အကဲဖြတ်ရန် စံနှုန်းများမရှိခြင်းနှင့် ယင်းတို့ကို မည်သို့အကဲဖြတ်ရမည်ကို မသိခြင်းတို့ကြောင့်ပင်လျှင် မိမိတို့ကိုယ်ကို စဉ်းစားဉာဏ်မဲ့သည်ဟု မည်သည့်အခါမျှ မယူဆကြပေ။ အမှန်တကယ် ဉာဏ်ထက်မြက်သောလူများသည် လူတစ်စုကြားတွင် သုံးနှစ်မှ ငါးနှစ်အထိ အစဉ်တစိုက် ကြိုးစားရုန်းကန်ပြီးနောက် မည်သည့်အုပ်စုတွင်မဆို မိမိတို့ထက် ပိုတော်သူများ၊ မိမိတို့ထက် သာလွန်သူများ ရှိသည်ကို သိမြင်လာကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ အစွမ်းအစမှာ မလုံလောက်ဟုလည်းကောင်း၊ မိမိတို့၏ စွမ်းရည်များနှင့် ဉာဏ်ရည်ဉာဏ်သွေးမှာ မလုံလောက်ဟုလည်းကောင်း အစဉ်သဖြင့်ခံစားရသည်။ ၎င်းတို့သည် မိမိတို့၏ ချို့ယွင်းချက်များကို အမြဲတစေ ရှာဖွေတွေ့ရှိနိုင်သည်၊ အခြားသူများနှင့် နှိုင်းယှဉ်လျှင် မိမိတို့ အားနည်းသည့်နေရာကို အသိအမှတ်ပြုနိုင်သည်၊ မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို ဖော်ထုတ်နိုင်သည်၊ ၎င်းတို့သည် အခြားသူများ၏ အားသာချက်များကို အစဉ်သဖြင့်မြင်တွေ့နိုင်သည်။ ဤလူစားမျိုးသည် ဉာဏ်ထက်မြက်ပြီး အစွမ်းအစကို ပိုင်ဆိုင်သည်။ အစွမ်းအစမရှိသူများမှာမူ လူတစ်စုကြားတွင် နေထိုင်သောအခါ အခြားသူများသည် မိမိတို့ထက် နိမ့်ကျသည်ဟု အစဉ်သဖြင့်ခံစားရသည်။ အချို့လူများ စကားလုံးအချို့ကို စာလုံးပင်မပေါင်းတတ်သည်ကို သို့မဟုတ် စာမရိုက်တတ်သည်ကို ၎င်းတို့မြင်သောအခါ ထိုလူတို့ကို ညံ့ဖျင်းသော အစွမ်းအစရှိသူအဖြစ် မထီမဲ့မြင်ပြုကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် လုပ်ဆောင်နိုင်သည့် ဤအရေးမပါသော၊ သေးငယ်သည့်အရာများကို အသုံးပြု၍ မိမိတို့၏ အစွမ်းအစမှာ ကောင်းမွန်ကြောင်း အတည်ပြုကြသည်။ အခြားသူများ တစ်ကိုယ်ရေသန့်ရှင်းရေးကို သိပ်ဂရုမစိုက်သည်ကိုဖြစ်စေ၊ မည်သို့ကောင်းမွန်စွာ ဝတ်စားဆင်ယင်ရမှန်း မသိသည်ကိုဖြစ်စေ မြင်သောအခါ ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိသည်ဟု ပြောဆိုကြသည့် လူများလည်း ရှိသေးသည်။ ၎င်းတို့ကိုယ်တိုင်က အနည်းငယ် ပိုသန့်ရှင်းသည်၊ ယဉ်ကျေးသယောင် ဟန်ဆောင်နိုင်သည် သို့မဟုတ် အသိပညာနှင့် အားသာချက်အချို့ ရှိသောကြောင့် မိမိတို့၏ အစွမ်းအစမှာ ကောင်းမွန်သည်ဟု ယူဆကြသည်။ ထိုသို့သောလူများသည် ဉာဏ်ထက်မြက်သလော သို့မဟုတ် စဉ်းစားဉာဏ်မဲ့သလော။ ၎င်းတို့သည် စဉ်းစားဉာဏ်မဲ့ကြသည်။ ဉာဏ်ထက်မြက်သောလူများ မည်သို့စကားပြောသည်ကို သတိပြုကြည့်ပါလော့။ “ကျွန်ုပ်သည် အဘယ်ကြောင့် နောက်တစ်ကြိမ် အမှားလုပ်မိပြန်ပြီနည်း။ ကျွန်ုပ် စဉ်းစားဉာဏ်မဲ့ကြောင်း ကျွန်ုပ် သိသည်” ဟု ပြောကြသည်။ မိမိတို့ စဉ်းစားဉာဏ်မဲ့ကြောင်းနှင့် ချို့ယွင်းချက်များရှိကြောင်း မကြာခဏ ပြောဆိုသူများသည် အမှန်တကယ် ဉာဏ်ထက်မြက်သူများ ဖြစ်ကြသည်။ မိမိတို့ စဉ်းစားဉာဏ်မဲ့ကြောင်း မည်သည့်အခါမျှ ဝန်မခံဘဲ “သင်က ကျွန်ုပ်ကို စဉ်းစားဉာဏ်မဲ့သည်ဟု ထင်နေသလား။ ကျွန်ုပ်ထံမှ ငွေတောင်းကြည့်ပါ၊ ပြီးလျှင် သင့်အား ကျွန်ုပ် ပေးမပေးကို ကြည့်ပါ” ဟု အစဉ်သဖြင့်ပြောဆိုသူများသည် အမှန်တကယ် စဉ်းစားဉာဏ်မဲ့သူများ ဖြစ်ကြသည်။ စဉ်းစားဉာဏ်မဲ့ခြင်းကို ဒေသသုံးစကားဖြင့် “ကျပ်မပြည့်ခြင်း” ဟု ခေါ်သည်။ ၎င်းတို့သည် ထိုသို့သော စဉ်းစားဉာဏ်မဲ့သည့်စကားများကို ပြောဆိုနိုင်သည်မှာ စဉ်းစားဉာဏ်မဲ့ခြင်းပင် မဟုတ်လော။ ယင်းမှာ “ကျပ်မပြည့်ခြင်း” မဟုတ်လော။ (ဟုတ်ပါသည်။) တစ်စုံတစ်ဦးတွင် အပြစ်အနာအဆာအချို့ရှိသည်ကိုဖြစ်စေ၊ ၎င်းလုပ်ဆောင်သည့်အရာတွင် လစ်ဟာမှုများ ရှိသည်ကိုဖြစ်စေ ၎င်းတို့မြင်သောအခါ “၎င်းသည် မည်သို့ဖြစ်၍များ ထိုမျှ စဉ်းစားဉာဏ်မဲ့နိုင်ရသနည်း” ဟု ပြောဆိုလျက် ကွယ်ရာတွင် ရယ်မောကြသည်။ အခွင့်အရေးယူရန် တွက်ချက်မှုများနှင့် စဉ်းလဲကောက်ကျစ်သော အကြံအစည်များဖြင့် ပြည့်နေသော တစ်စုံတစ်ဦးကို ၎င်းတို့ မြင်သောအခါ ၎င်းတို့က ထိုသူကို ဉာဏ်ထက်မြက်ပြီး အစွမ်းအစကောင်းရှိသည်ဟု မှတ်ယူကြသည်။ အမှန်တကယ် ဉာဏ်ထက်မြက်သောလူများသည် လူတစ်ဦး၏ အစွမ်းအစ အရည်အသွေးနှင့် ၎င်းတို့ ဉာဏ်ထက်မြက်ခြင်း ရှိမရှိကိုဖြစ်စေ၊ စဉ်းစားဉာဏ်မဲ့ခြင်း ရှိမရှိကိုဖြစ်စေ ၎င်းတို့၏ အရည်အချင်းအမျိုးမျိုးကို အခြေခံ၍ အကဲဖြတ်ကြသည်။ သို့ရာတွင် စဉ်းစားဉာဏ်မဲ့သောလူများမှာမူ မည်သူက တွက်ချက်တတ်သည်၊ မည်သူက အခွင့်အရေးယူပြီး အရှုံးကို အစဉ်သဖြင့် ရှောင်ရှားသည်၊ မည်သူက လှည့်ဖြားခြင်းမှတစ်ဆင့် မိမိတို့ကိုယ်ကို အကျိုးဆောင်ရာ၌ ကျွမ်းကျင်သည်ကိုသာ ကြည့်ရှုကြပြီး ထိုသို့သော လူများအားလုံးသည် ဉာဏ်ထက်မြက်ပြီး အစွမ်းအစ ကောင်းရှိသည်ဟု ယုံကြည်ကြသည်။ လက်တွေ့တွင် ဤလူစားမျိုးများအားလုံးသည် စဉ်းစားဉာဏ်မဲ့ကြသည်။ လူတစ်ဦး၏ အစွမ်းအစ အရည်အသွေးကို ၎င်းတို့ မည်မျှ တွက်ချက်တတ်သည်ကို အခြေခံ၍ အကဲဖြတ်ခြင်းသည် ထိုသို့သောလူများ ကိုယ်တိုင်ကပင် စဉ်းစားဉာဏ်မဲ့သောသူများ ဖြစ်ကြသည်။ ယခုလေးတင် ငါတို့ပြောခဲ့သည့် စဉ်းစားဉာဏ်အမဲ့ဆုံးသော သရုပ်သကန်တစ်ခုမှာ ၎င်းတို့က “သင်က ကျွန်ုပ်ကို အမေရိကန်ဒေါ်လာတစ်ဆယ် သို့မဟုတ် ယွမ်တစ်ဆယ် ပေးမည်ဆိုလျှင် ကျွန်ုပ် မည်သည့်အရာကို ရွေးမည်ကို စောင့်ကြည့်လော့။ ကျွန်ုပ်သည် ယွမ်ငွေကို သေချာပေါက် ရွေးမည်မဟုတ်၊ အမေရိကန်ဒေါ်လာက ပိုတန်ဖိုးရှိမှန်း ကျွန်ုပ်မသိဟု မထင်နှင့်။ သင်က ကျွန်ုပ်ကို အသား သို့မဟုတ် တို့ဟူး ပေးမည်ဆိုလျှင် ကျွန်ုပ် မည်သည့်အရာကို စားမည်ကို စောင့်ကြည့်လော့။ ကျွန်ုပ်သည် အသားကိုမစားဘဲ တို့ဟူးကို စားရလောက်အောင် စဉ်းစားဉာဏ်မဲ့သည်ဟု သင်ထင်သလော။ အသားက ပိုအရသာရှိမှန်း ကျွန်ုပ်သိသည်” ဟု ပြောကြခြင်း ဖြစ်သည်။ ထိုသို့သောလူများသည် အမှန်စင်စစ် စဉ်းစားဉာဏ်မဲ့သူများ ဖြစ်ကြသည်။ သင်၏ စဉ်းစားဉာဏ်မဲ့မှုကို အခြားသူများ မမြင်စေချင်လျှင် သင်သည် ထိုသို့သော ဥပမာများကို လုံးဝ မသုံးသင့်ပေ။ နားလည်သလော။ (နားလည်ပါသည်။) စဉ်းစားဉာဏ်မဲ့သောလူများသည် ဤအမှားကို မကြာခဏ ကျူးလွန်ကြသလော။ (ကျူးလွန်ကြပါသည်။) ၎င်းတို့က “ငါ ဥပမာများပေးသည်မှာ မည်မျှကောင်းသည်ကို ကြည့်ပါ။ ငါ မည်မျှဉာဏ်ထက်မြက်သည်ကို မြင်သလား။ သင့်အဖို့ ငါသည် စဉ်းစားဉာဏ်မဲ့ပုံပေါက်သလား။ သင်သည်မှာ စဉ်းစားဉာဏ်မဲ့သူတစ်ဦ ဖြစ်၏” ဟုပင် ထင်ကြသည်။ စဉ်းစားဉာဏ်အမဲ့ဆုံးသော လူစားမျိုး၌ စဉ်းစားဉာဏ်မဲ့မှုသည် အစဉ်မပြတ် ပေါ်လွင်နေသည်။ အမှုအရာများကို လက်ခံနိုင်စွမ်းဟူသည့် ဤစွမ်းရည်အပေါ် မိတ်သဟာယပြုခြင်းအား ဤမျှဖြင့် အဆုံးသတ်လိုက်သည်။

ပဉ္စမစွမ်းရည်မှာ သိမြင်နားလည်နိုင်စွမ်းဖြစ်သည်။ သိမြင်နားလည်နိုင်စွမ်းက အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်း၏ အဓိကအလေးပေးချက်မှာ အမှုအရာများ ကိုယ်၌အပေါ် လူတစ်ဦး၏ နားလည်မှု အတိုင်းအတာ ဖြစ်သည်။ လူတစ်ဦး၏ သိမြင်နားလည်နိုင်စွမ်းကို အကဲဖြတ်ရန်၊ လူတစ်ဦးသည် အရာတစ်ခုအပေါ် ၎င်းတို့၏ နားလည်မှု အတိုင်းအတာနှင့် ထိုအရာ၏ အနှစ်သာရကို နားလည်မှုရရှိရန် ၎င်းတို့လိုအပ်သည့် အချိန်ကာလကို ကြည့်ရှုရမည်။ ၎င်းတို့လိုအပ်သည့် အချိန်ကာလသည် အလွန်တိုတောင်းပြီး ၎င်းတို့၏ နားလည်မှု အတိုင်းအတာမှာ လုံလောက်စွာ နက်ရှိုင်းကာ အရာ၏ အနှစ်သာရကို နားလည်သည့်အဆင့်သို့ ရောက်ရှိပါက ၎င်းတို့သည် သိမြင်နားလည်နိုင်စွမ်းရှိသည်။ လူတစ်ဦးသည် အရာတစ်ခုကို နားလည်ရန် လိုအပ်သည့် အချိန်ကာလသည် ပုံမှန်အတိုင်းအတာအတွင်း ရှိပြီး ၎င်းတို့သည် ဤအရာ၏ အနှစ်သာရကိုယ်၌ကို နားလည်နိုင်သည်၊ အကြောင်းတရားနှင့် အကျိုးဆက်များအပြင် အတွင်းရှိ ပြဿနာများ၏ ရင်းမြစ်နှင့် အနှစ်သာရကို ရှင်းလင်းစွာ မြင်နိုင်သည်၊ ထို့နောက် ဤအရာနှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်နှလုံးထဲတွင် နားလည်မှုတစ်ခု ရှိသည်ဆိုလျှင်၊ ပို၍ကောင်းသည်မှာ ၎င်းတို့သည် ဤအရာနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်ပေးပြီး ကောက်ချက်တစ်ခု ချနိုင်သည်ဆိုလျှင် ဤသည်ကို ကောင်းသော အစွမ်းအစရှိခြင်းဟု ခေါ်သည်။ ဆိုလိုသည်မှာ သင်သည် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်ပုံကို ပိုင်ဆိုင်သော ပုံမှန်လူတစ်ဦးအနေဖြင့် သင်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အရွယ်ရောက်ခါစဖြစ်စေ၊ သက်လတ်ပိုင်းဖြစ်စေ၊ သက်ကြီးပိုင်းသို့ ဝင်ရောက်ပြီးဖြစ်စေ ဤအရာ၏ အနှစ်သာရကိုယ်၌ကို သင်၏ နားလည်မှုသည် ပုံမှန်အချိန်ကာလအတွင်း ရရှိခဲ့ပါက သင်၏ အစွမ်းအစသည် ကောင်းသည်ဟု မှတ်ယူရသည်။ ဤအရာကို နားလည်ရန် သင်လိုအပ်သည့် အချိန်ကာလသည် ပုံမှန်လူတစ်ဦးထက် သုံးလေးဆ ကျော်လွန်နေပါက၊ ဆိုလိုသည်မှာ အစွမ်းအစ ကောင်းရှိသူတစ်ဦးက သုံးရက်လိုအပ်သော်လည်း သင်က ဆယ်ရက် သို့မဟုတ် တစ်လပင် လိုအပ်ပါက ဤကိစ္စ၏ အဖြစ်အပျက် အစအဆုံးကို သင် ရှင်းရှင်းလင်းလင်း သိရှိချိန်၌ ဤကိစ္စကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်နှင့် အပျက်သဘောဆောင်သည့် အကျိုးဆက်များမှာ ပေါ်ပေါက်ပြီးနေပြီဖြစ်ပြီး ထိုအခါမှသာ သင်သည် ဤကိစ္စ၏ လေးနက်မှုနှင့် ယင်း၏ ရင်းမြစ်နှင့် အနှစ်သာရမှာ အဘယ်အရာဖြစ်သည်ကို သိမြင်လာသည်ဆိုလျှင် သင်၏ အစွမ်းအစသည် အလွန်ဆုံး သာမန်အဆင့်သာ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဤကိစ္စသည် ပြင်းထန်သော အကျိုးဆက်များကို မဖြစ်ပေါ်စေသေးသော်လည်း အပျက်သဘောဆောင်သော အကျိုးဆက်အချို့မှာ အဆက်မပြတ် ပေါ်ထွက်နေပြီးဖြစ်ကာ ဤဖြစ်စဉ်အတွင်း၌သာ သင်သည် ဤကိစ္စ၏ ရင်းမြစ်နှင့် အနှစ်သာရကို တဖြည်းဖြည်း သိရှိလာပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကောက်ချက်တစ်ခုသို့ ရောက်ရှိလာသည်ဆိုလျှင် သင်၏ အစွမ်းအစသည် သာမန်ဟု မှတ်ယူရသည်။ သို့သော် ဤကိစ္စသည် အပျက်သဘောဆောင်သော သို့မဟုတ် ပြင်းထန်သော အကျိုးဆက်များ ဖြစ်ပေါ်ပြီးမှသာ သင်သည် ရုတ်တရက် အသိဉာဏ်ပွင့်သွားပြီး ဤကိစ္စ၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်သည်ကို နားလည်လာသည်ဆိုလျှင် သင်၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းလှသည်။ ဤကိစ္စသည် အပျက်သဘောဆောင်သော အကျိုးဆက်များ ဖြစ်ပေါ်စေပြီးဖြစ်သော်လည်း ဤကိစ္စနှင့်ပတ်သက်သည့် ပြဿနာမှာ အဘယ်အရာဖြစ်သည်ကို သို့မဟုတ် ပြဿနာ၏ ရင်းမြစ်မှာ အဘယ်အရာဖြစ်သည်ကို သင် မသိသေးဘဲ ယင်းနှင့်ပတ်သက်၍ ကောက်ချက်တစ်ခု မချနိုင်သေးပါက သင်သည် အစွမ်းအစမရှိသူ ဖြစ်သည်။ သိမြင်နားလည်နိုင်စွမ်းကို ဤအဆင့်လေးဆင့် ခွဲခြားထားသည်။ ပထမဦးစွာမှာ အစွမ်းအစ ကောင်းရှိသူများ ဖြစ်သည်။ ဆိုလိုသည်မှာ တစ်စုံတစ်ခုသည် ယခုပင် ပေါ်ပေါက်လာပြီး နာရီအနည်းငယ်အတွင်း သင် ကောက်ချက်တစ်ခုကို ချက်ချင်းချရန် လိုအပ်နေသည့်အခါ ဤသည်မှာ အရေးပေါ်အခြေအနေဖြစ်ပြီး သင်သည် ချက်ချင်းတုံ့ပြန်မှုဖြင့် သုံးသပ်ဆုံးဖြတ်ချက်တစ်ခု မချမှတ်ပါက၊ ကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် အစီအစဉ်တစ်ခု မချမှတ်ပါက သို့မဟုတ် ယင်း၏ နောက်ဆက်တွဲတိုးတက်မှုကို ရပ်တန့်ရန် နောက်ဆက်တွဲ ဆုံးရှုံးမှုများကို ထိန်းချုပ်မည့် အစီအစဉ်တစ်ခုကိုပင် မရေးဆွဲပါက အပျက်သဘောဆောင်သော အကျိုးဆက်များ ရှိလာမည်ဖြစ်သည်။ ဤအချိန်ကာလအတွင်း သင်သည် ဤကိစ္စ၏ ရင်းမြစ်ကို သိမြင်နိုင်ပြီး ချက်ချင်းနှင့် ပြတ်ပြတ်သားသားဖြင့် တိကျသော သုံးသပ်ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်သည်၊ တိကျစွာ ဆုံးဖြတ်ချက်တစ်ခုချပြီး ကောက်ချက်တစ်ခု ထုတ်နိုင်သည်၊ ထို့နောက် ယင်းကို ကိုင်တွယ်ရန် ကျိုးကြောင်းဆီလျော်သော အစီအစဉ်တစ်ခုကို ရေးဆွဲနိုင်သည်ဆိုလျှင် ဤသည်မှာ သင့်တွင် ကောင်းသော အစွမ်းအစရှိသည်ဟု အဓိပ္ပာယ်ရသည်။ သို့သော် သင်သည် ဤကိစ္စတွင် ပြဿနာအချို့ ရှိသည်ဟုသာ ခံစားရသော်လည်း ပြဿနာသည် မည်သည့်နေရာတွင် ရှိသည် သို့မဟုတ် ယင်း၏ ရင်းမြစ်မှာ အဘယ်အရာ ဖြစ်သည်ကို သင်မသိဟု ဆိုပါစို့ ဤကိစ္စကို ကိုင်တွယ်ရန် ပုံမှန်အချိန်ကာလအတွင်း သင့်တွင် ကောက်ချက်များ၊ အဆုံးအဖြတ်များ သို့မဟုတ် ကိုင်တွယ်ရန် အစီအစဉ်များ မရှိပေ။ ထိုအစား သင်သည် မလှုပ်မရှားဘဲ စောင့်ဆိုင်းပြီး ယင်း၏ နောက်ဆက်တွဲတိုးတက်မှုကို စောင့်ကြည့်လေ့လာရုံသာ ဖြစ်သည့်အပြင် ယင်း၏ နောက်ဆက်တွဲတိုးတက်မှုမှတစ်ဆင့်သာ ဤကိစ္စ၏ အနှစ်သာရမှာ အမှန်တကယ် အဘယ်အရာဖြစ်သည်ကို ဖော်ထုတ်ရန် ကြိုးစားပြီး သိပ်မတိကျသော သုံးသပ်ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်သည်၊ ထို့နောက်တွင် သင်သည် ဆက်လက်စောင့်ဆိုင်းပြီး စောင့်ကြည့်လေ့လာကာ ကိစ္စမှာ အပြည့်အဝ မဖြစ်ပေါ်မီတွင် သင်သည် ပြဿနာ၏ အနှစ်သာရကို ခပ်ရေးရေးသာ ထိုးထွင်းသိမြင်နိုင်သည် သို့မဟုတ် ဖြေရှင်းချက်တစ်ခုကို ခပ်ရေးရေးသာ ထုတ်နိုင်သော်လည်း သင်၏ ကိုင်တွယ်မှုမှာ အချိန်မီ မဟုတ်သေးပေ။ ဤသို့ဖြစ်ပါက သင်၏ အစွမ်းအစသည် အလွန်သာမန်ကျသည်။ ဤကိစ္စသည် အပြည့်အဝ ဖြစ်ပေါ်ပြီး အကျိုးဆက်များ ပေါ်ပေါက်ပြီးဖြစ်ကာ ပြဿနာ၏ အနှစ်သာရမှာ လုံးဝ ပေါ်ထွက်လာပြီးဖြစ်သည့်နောက် ထိုအခါမှသာ သင်သည် ဤကိစ္စမှာ မကောင်းကြောင်း သိမြင်လာပြီး ယင်း၏ နောက်ကွယ်ရှိ ရင်းမြစ်မှာ အဘယ်အရာဖြစ်သည်ကို မြင်သည်ဆိုလျှင်၊ သို့မဟုတ် သင်သည် ရင်းမြစ်ကို လုံးဝ မမြင်နိုင်ဘဲ ဤကိစ္စ၏ နောက်ဆုံးအကျိုးဆက်ကို မလှုပ်မရှားဘဲ ကြံ့ကြံ့ခံနေရုံ သို့မဟုတ် ရင်ဆိုင်ရုံသာ ဖြစ်သည်ဆိုလျှင် ဤသည်မှာ သင်၏ အစွမ်းအစသည် ညံ့ဖျင်းသည်ဟု အဓိပ္ပာယ်ရသည်။ ညံ့ဖျင်းသော အစွမ်းအစရှိသူများ၏ နောက်ထပ်သရုပ်သကန်တစ်ခုမှာ ထိုသို့သောကိစ္စများ ထပ်မံဖြစ်ပွားပါက ၎င်းတို့သည် တူညီသောသဘောထား၊ တူညီသော ကိုင်တွယ်နည်းလမ်း ရှိနေဆဲဖြစ်ပြီး တူညီသောအရှိန်ဖြင့် ကိုင်တွယ်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ထိုသို့သောကိစ္စများ ဖြစ်ပေါ်သည့်အခါတိုင်း ၎င်းတို့သည် အစဉ်သဖြင့် ဤနည်းလမ်းအတိုင်း၊ ဤအရှိန်နှင့် ထိရောက်မှုအတိုင်း ကိုင်တွယ်ကြသည်။ အမှုအရာမည်မျှပင် ဖြစ်ပေါ်စေကာမူ ၎င်းတို့သည် ယင်းတို့၏ အနှစ်သာရကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသကဲ့သို့ လောကီရေးရာများအပေါ် ၎င်းတို့၏ မည်သည့်ထင်မြင်ချက် သို့မဟုတ် ရှုမြင်ချက်ကိုမျှ ထိုနည်းတူ ပြောင်းလဲခြင်း မရှိကြပေ။ ဤသူများသည် ညံ့ဖျင်းသော အစွမ်းအစရှိသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ညံ့ဖျင်းသော အစွမ်းအစရှိသူများ ဖြစ်သောကြောင့်ပင်လျှင် မိမိဘာသာ ရပ်တည်နိုင်သည့် စွမ်းရည် ကင်းမဲ့ကြသည်၊ ဆိုလိုသည်မှာ ၎င်းတို့တွင် ရှင်သန်မှုအပေါ် ရှုမြင်ချက် သို့မဟုတ် ဘဝအပေါ် ရှုမြင်ချက် မရှိခြင်း ဖြစ်သည်။ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစရှိခြင်းကို ညွှန်းဆိုခြင်းဖြစ်သည်။ အစွမ်းအစမရှိသူများ၏ သရုပ်သကန်မှာ ဤသို့ဖြစ်သည်။ ကိစ္စတစ်ခု ဖြစ်ပျက်ပြီး အကျိုးဆက်များပင် ပေါ်ပေါက်လာနိုင်သည့်အခါ ၎င်းတို့သည် အိပ်မက်မက်နေသကဲ့သို့ မည်သည့်အရာ ဖြစ်သွားသည်ကို မသိကြသေးပေ။ ဤသည်မှာ အစွမ်းအစမရှိခြင်းနှင့် သိမြင်နားလည်နိုင်စွမ်းမရှိခြင်း ဖြစ်သည်။ သင် နားလည်သလော။ (နားလည်ပါသည်။) သိမြင်နားလည်နိုင်စွမ်းသည် အဓိကအားဖြင့် လူအမျိုးမျိုးနှင့် ဖြစ်ရပ်အမျိုးမျိုး၏ အနှစ်သာရများနှင့် ၎င်းတို့၏ ပြဿနာများ၏ ရင်းမြစ်များကို နားလည်ခြင်းကို ရည်ညွှန်းသည်၊ ဤသည်မှာ သိမြင်နားလည်နိုင်စွမ်းဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် လူအမျိုးအစားတစ်မျိုး၏ သရုပ်သကန်များ၊ ထုတ်ဖော်ချက်များနှင့် လူ့သဘာဝကို မြင်သောအခါ ၎င်းတို့ရင်ဆိုင်နေရသော ပြဿနာများ၊ ၎င်းတို့နေထိုင်သည့် ပတ်ဝန်းကျင်ရှိ ၎င်းတို့ပြဿနာများ၏ ရင်းမြစ်မှာ အဘယ်အရာဖြစ်သည်ကို သိနိုင်သည့်အပြင် သင် လက်ရှိလေ့လာနေသော ဖြစ်ရပ်များ၏ အနှစ်သာရမှာ အဘယ်အရာဖြစ်ပြီး ၎င်းတို့အတွင်းရှိ ပြဿနာများ၏ ရင်းမြစ်မှာ မည်သည့်နေရာတွင် တည်ရှိသည်ကိုလည်း သိနိုင်သည်ဟု ဆိုလိုသည်။ သိမြင်နားလည်နိုင်စွမ်းသည် အဓိကအားဖြင့် ရှုထောင့်နှစ်ခုကို ရည်ညွှန်းသည်။ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ အနှစ်သာရကို ထိုးထွင်းသိမြင်ခြင်းနှင့် ၎င်းတို့၏ ပြဿနာများ၏ ရင်းမြစ်ကို ထိုးထွင်းသိမြင်ခြင်း ဖြစ်သည်။ သိမြင်နားလည်နိုင်စွမ်းနှင့်ပတ်သက်၍ သင်တို့ အခြားအဘယ်အရာကို နားလည်နိုင်သေးသနည်း။ တစ်စုံတစ်ဦးက ၎င်းကို အသိပညာကို နားလည်နိုင်စွမ်းနှင့် သင်ယူနိုင်စွမ်းအဖြစ် နားလည်သလော။ (မဟုတ်ပါ။) ငါတို့ပြောနေသည့် သိမြင်နားလည်နိုင်စွမ်းသည် အဓိကအားဖြင့် လူများနှင့် ဖြစ်ရပ်များကို ရှုမြင်နိုင်သည့်စွမ်းရည်နှင့် သက်ဆိုင်သည်။ သင်သည် လူများနှင့် ဖြစ်ရပ်များကို ရှုမြင်သည့် စံနှုန်းမှာ အလွန်နိမ့်ကျလျှင်၊ သင်၏ နားလည်မှုမှာ အလွန်အပေါ်ယံဆန်လျှင် သို့မဟုတ် သင်သည် မည်သည့်လူများ၊ ဖြစ်ရပ်များ သို့မဟုတ် အမှုအရာများ၏ အနှစ်သာရကိုမျှ နားမလည်နိုင်လျှင် သင်၏ သိမြင်နားလည်နိုင်စွမ်းသည် အလွန်ညံ့ဖျင်းသည် သို့မဟုတ် လုံးဝမရှိသလောက်ပင် ဖြစ်သည်။ သင်၏ ပတ်ဝန်းကျင်ရှိလူများက မည်မျှပင် သိသိသာသာ မှားယွင်းသော စကားများ သို့မဟုတ် မှားယွင်းသော ရှုမြင်ချက်များကို ဖော်ပြသည်ဖြစ်စေ၊ မည်မျှပင် မှားယွင်းသော လုပ်ဆောင်ချက်များကို လုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် မည်မျှပင် သိသာထင်ရှားသော ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်သည်ဖြစ်စေ သင်သည် ပြဿနာ၏ အနှစ်သာရကို မရှာဖွေနိုင်လျှင် ၎င်းတို့သည် မည်သည့်လူစားမျိုးဖြစ်သည်၊ မှန်ကန်သောလူများ ဟုတ်မဟုတ်၊ သမ္မာတရားကို လိုက်စားသူများ ဟုတ်မဟုတ်၊ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်မှာ မည်သို့ရှိသည် သို့မဟုတ် ထိုသို့သောလူများ၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သည်ကို မသိလျှင်၊ ဤအရာများထဲမှ တစ်ခုကိုမျှ သင်မသိလျှင် သင့်တွင် သိမြင်နားလည်နိုင်စွမ်းမရှိပေ။ မည်သည့်လူ သို့မဟုတ် ကိစ္စကိုမဆို ရင်ဆိုင်ရသည့်အခါ သင့်တွင် အကဲဖြတ်ရန် စံနှုန်းမရှိပေ။ ကိစ္စပြီးသွားသည့်နောက် ထိုသို့သော ပြဿနာများ၏ အနှစ်သာရနှင့်ပတ်သက်၍ သင့်တွင် ကောက်ချက်မရှိသကဲ့သို့ ယင်းနှင့်ပတ်သက်၍ နားလည်မှုလည်း လုံးဝ သာ၍ပင် မရှိပေ၊ ထို့ပြင် ထိုသို့သောကိစ္စများကို ကိုင်တွယ်ရန် မည်သည့်စည်းမျဉ်းများ သို့မဟုတ် ၎င်းတို့အတွက် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းများလည်း သင့်တွင် မရှိသည်မှာ သေချာသည်။ ဤသည်မှာ သိမြင်နားလည်နိုင်စွမ်းမရှိခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ သိမြင်နားလည်နိုင်စွမ်းသည် အဓိကအားဖြင့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို နားလည်နိုင်သည့် လူတစ်ဦး၏ စွမ်းရည်ကို ရည်ညွှန်းသည်။ ဤစွမ်းရည်နှင့်ပတ်သက်သော ငါတို့၏ ဆွေးနွေးမှုကို ဤတွင် အဆုံးသတ်သည်။

ဆဋ္ဌမစွမ်းရည်မှာ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း ဖြစ်သည်။ သုံးသပ်ဆုံးဖြတ်နိုင်စွမ်းဆိုသည်မှာ ကိစ္စတစ်ခုနှင့် ကြုံတွေ့သည့်အခါ ယင်းသည် မှန်ကန်ခြင်း သို့မဟုတ် မမှန်ကန်ခြင်း၊ မှားခြင်း သို့မဟုတ် မှန်ခြင်း၊ အပြုသဘောဆောင်ခြင်း သို့မဟုတ် အပျက်သဘောဆောင်ခြင်း ရှိမရှိကို သင် သုံးသပ်ဆုံးဖြတ်နိုင်ပြီး ထို့နောက် ယင်းကို ချဉ်းကပ်ရန်နှင့် ကိုင်တွယ်ရန် သင့်လျော်သောနည်းလမ်းကို ဆုံးဖြတ်ဖို့ သင်၏ သုံးသပ်ဆုံးဖြတ်ချက်ကို အသုံးပြုခြင်း ဖြစ်သည်။ လူတစ်ဦးသည် ပုံမှန်အားဖြင့် အမှုအရာတစ်ခုခုနှင့် ကြုံတွေ့ရသည့်အခါ ယင်းသည် ယခင်က မြင်ဖူးသည့်အရာတစ်ခု ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ယခင်က တွေ့ကြုံဖူးသည်ဖြစ်စေ၊ မကြုံဖူးသည်ဖြစ်စေ၊ အမှုအရာသည် အတော်အတန် အပြုသဘောဆောင်သည်ဖြစ်စေ၊ အတော်အတန် အပျက်သဘောဆောင်သည်ဖြစ်စေ ယင်းအပေါ် မည်သို့သော သဘောထားမျိုး ခံယူသင့်သနည်း။ ယင်းကို ငြင်းပယ်သင့်သလော သို့မဟုတ် လက်ခံကြိုဆိုသင့်သလော။ သင်သည် ယင်းကို ရှင်းလင်းစွာ မြင်ပြီးနောက် ကိုယ့်ရပ်တည်ချက်နှင့်ကိုယ် ရှိပြီး သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသော တိကျသည့်အမြင်များကို ပိုင်ဆိုင်ပါက ဤသည်မှာ သင့်တွင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိကြောင်း သက်သေပြသည်။ ဥပမာအားဖြင့် သင်သည် လူတစ်ဦးပြောသည့်စကားကို ကြားရသည့်အခါ စဉ်းစားပြီးနောက် ဤစကားက မည်သည့်အရာကို ဆိုလိုသည်၊ စကားပြောသူက မည်သည့်ရည်ရွယ်ချက်ကို အောင်မြင်လိုသည်၊ အဘယ်ကြောင့် ဤစကားများကို ပြောဆိုသည်၊ အဘယ်ကြောင့် ထိုသို့သော စကားလုံးအသုံးအနှုန်းနှင့် လေသံကို အသုံးပြုသည်၊ အဘယ်ကြောင့် ယင်းကို ပြောဆိုရာတွင် ၎င်းတို့၏ မျက်လုံးထဲ၌ ထိုသို့သော အကြည့်မျိုးရှိသည်ကို သင် ဆုံးဖြတ်နိုင်သည်။ ၎င်းတို့ပြောသည့်စကား နောက်ကွယ်ရှိ စိတ်ရင်းများ၊ ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများကို သင် မြင်နိုင်သည်။ ဖုံးကွယ်နေသော ဤရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများကို သင် မည်သို့ပင် ကိုင်တွယ်စေကာမူ ထိုကိစ္စ၏ နောက်ကွယ်ရှိ ပြဿနာအချို့ကို သင် ချက်ချင်း သိမြင်နိုင်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ချင်သည်၊ အဘယ်ကြောင့် ဤသို့လုပ်ချင်သည်၊ ၎င်းတို့ ဖြစ်မြောက်အောင်မြင်လိုသော ရည်ရွယ်ချက်၊ ၎င်းတို့၏ စကားများက ရရှိရန် ရည်ရွယ်သော အကျိုးသက်ရောက်မှုနှင့် ကွယ်ဝှက်ထားသော နည်းလမ်းများ၊ အကြံအစည်များနှင့် ပရိယာယ်များကို သင် သိသည်။ သင်သည် အရိပ်အယောင်အချို့ကို မြင်နိုင်သည်၊ ဤနေရာရှိ ပြဿနာသည် သာမန်ပြဿနာတစ်ခု မဟုတ်ကြောင်း သတိပြုမိလာသည်၊ သင်၏ စိတ်နှလုံးထဲတွင် နိုးကြားမှုတစ်ခုပင် ရှိကောင်းရှိနိုင်သည်။ ဤသည်မှာ သင့်တွင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိကြောင်း သက်သေပြသည်။ သင့်တွင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိပါက ဤသည်မှာ သင်သည် အစွမ်းအစကောင်းရှိသူတစ်ဦးဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။ တစ်စုံတစ်ဦး၏ စကားများသည် မည်မျှပင် သာယာနာပျော်ဖွယ်ကောင်းသည်ဖြစ်စေ၊ အယူဝါဒအရ သမ္မာတရားနှင့် မည်မျှပင် ကိုက်ညီသည်ဖြစ်စေ၊ ၎င်းတို့၏ သဘောထားသည် အခြားသူများအမြင်တွင် မည်မျှပင် ဖြောင့်မှန်ပုံရသည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ ရည်ရွယ်ချက်သည် မည်မျှပင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားသည်ဖြစ်စေ သင်သည် ၎င်းတို့၏ အပြင်ပန်း ထုတ်ဖော်ချက်များ၊ ဖြစ်စဉ သို့မဟုတ် ၎င်းတို့ပြောဆိုသည့်အရာမှတစ်ဆင့် ပြဿနာကို သုံးသပ်ဆုံးဖြတ်နိုင်သေးသည်။ ဤသည်မှာ သင့်တွင် ကောင်းသော အစွမ်းအစရှိပြီး သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိကြောင်း သက်သေပြသည်။ ဥပမာအားဖြင့် ကိစ္စတစ်ခုခုနှင့် ကြုံတွေ့သည့်အခါ ဤကိစ္စသည် မည်သည့်အတိုင်းအတာအထိ ဖြစ်ပေါနေသည်ဖြစ်စေ သင်သည် ဤကိစ္စ၏ ဖြစ်စဉ်ကို နားလည်ခြင်းဖြင့် ဤကိစ္စ၏ အနှစ်သာရနှင့် ပြဿနာ၏ ရင်းမြစ်ကို ထိုးထွင်းသိမြင်နိုင်သည်။ ဤသည်မှာ သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိခြင်း ဖြစ်သည်။ ဥပမာအနေနှင့် အသင်းတော်၌ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများက အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့်အခါ ဤလူများထဲမှ မည်သူက ခေါင်းဆောင်ဖြစ်သည်၊ မည်သူတို့က နောက်လိုက်များ ဖြစ်ကြသည်၊ ဤကိစ္စတွင် မည်သူက အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး မည်သူက တက်ကြွစွာ မပါဝင်ဘဲ နေသည်ကိုလည်းကောင်း၊ ဤကိစ္စကိုယ်၌က လူတို့အပေါ် မည်သို့သော ဩဇာလွှမ်းမိုးမှုမျိုး ရှိမည်ကိုလည်းကောင်း၊ ဤကိစ္စ ဆက်လက်ဖြစ်ပေါ်ပါက မည်သည့်ဆိုးကျိုးများ ပေါ်ပေါက်လာမည်ကိုလည်းကောင်း သင်သည် ဤကိစ္စ၏ အခြေခံအခြေအနေများကို နားလည်ခြင်းဖြင့် အခြေအနေတစ်ခုလုံးနှင့်ပတ်သက်၍ သုံးသပ်ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်သည်။ ထိုအချိန်၌ သင်၏ သုံးသပ်ဆုံးဖြတ်ချက်သည် အမှုအရာ နောက်ဆုံးဖြစ်ပေါ်လာပုံနှင့် အတိုင်းအတာတစ်ခုအထိ ကွာဟချက်ရှိနေလျှင်ပင် အနည်းဆုံးအနေဖြင့် သင့်တွင် ဤကိစ္စကို ကိုင်တွယ်ရန် ရှုမြင်ချက်တစ်ခု၊ သဘောထားတစ်ခုနှင့် တိကျသော စည်းမျဉ်းများ ရှိသည်။ ဤသည်မှာ ဤအမှုအရာနှင့်ပတ်သက်၍ သင့်တွင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိကြောင်း သက်သေပြရန် လုံလောက်သည်။ ဆိုလိုသည်မှာ သင်သည် ကိစ္စတစ်ခု၏ ခေါင်းဆောင် သို့မဟုတ် လှုံ့ဆော်သူမှာ မည်သူဖြစ်သည်ကိုဖြစ်စေ၊ ဤကိစ္စသည် အနာဂတ်တွင် မည်သည့်အတိုင်းအတာအထိ ဖြစ်ပေါ်မည်ကိုဖြစ်စေ၊ ယင်းကို ချဉ်းကပ်ရန်နှင့် ဆိုးကျိုးများဆီသို့ မဦးတည်စေရန် တားဆီးဖို့ မည်သို့သော သဘောထားနှင့် စည်းမျဉ်းများကို အသုံးပြုသင့်သည်ကိုဖြစ်စေ သုံးသပ်ဆုံးဖြတ်နိုင်သည့် စွမ်းရည်ရှိသည်ဟု ဆိုလိုသည်။ သင်သည် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိကာ သင်၏ သုံးသပ်ဆုံးဖြတ်ချက်၏ ယုတ္တိဗေဒနှင့် နည်းလမ်းသည် မှန်ကန်ပြီး သင်၏ သုံးသပ်ဆုံးဖြတ်ချက်၏ အခြေခံသည် အနည်းဆုံး လူ့သဘာဝနှင့် ကိုက်ညီသရွေ့ သို့မဟုတ် သာ၍ပင်ကောင်းသေးသည်မှာ သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသရွေ့ ဤအရာက သင့်တွင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိကြောင်း သက်သေပြသည်။ သင်၏ သုံးသပ်ဆုံးဖြတ်ချက်သည် ကိစ္စကိုယ်၌နှင့် အတိုင်းအတာတစ်ခုအထိ ကွာဟချက်ရှိနေလျှင်ပင် သင်၏ သုံးသပ်ဆုံးဖြတ်ချက်အတွက် အခြေခံတစ်ခုရှိသရွေ့၊ သင်၏ သုံးသပ်ဆုံးဖြတ်ချက်သည် ကိစ္စကိုယ်၌ ဖြစ်ပေါ်တိုးတက်မှု ပုံစံများနှင့် ကိုက်ညီသရွေ့၊ တူညီသော သို့မဟုတ် အလားတူသော ပြဿနာများ၏ ရင်းမြစ်နှင့် အနှစ်သာရနှင့် ကိုက်ညီသရွေ့၊ ထို့ပြင် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသရွေ့ သင့်တွင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိသည်ဟုလည်း ဆိုနိုင်သည်။ သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိခြင်းက သင်သည် ပြဿနာများကို စဉ်းစားနိုင်ကြောင်း သက်သေပြသည်။ သင်၏ သုံးသပ်ဆုံးဖြတ်ချက်များသည် ကိစ္စကိုယ်၌၏ ရင်းမြစ်၊ အနှစ်သာရနှင့် အခြားသော ရှုထောင့်အားလုံးနှင့် ကိုက်ညီပါက ဤသည်မှာ သင်သည် အစွမ်းအစကောင်းရှိသူတစ်ဦး ဖြစ်ကြောင်း သက်သေပြလေသည်။

လူတစ်ဦးသည် မည်သည့်လူများ သို့မဟုတ် ကိစ္စများနှင့် ကြုံတွေ့ရသည်ဖြစ်စေ မှန်ကန်သော တွေးခေါ်မှုရှိသည့်အခါမှသာ၊ ကိစ္စတစ်ခုသည် မှန်ကန်ခြင်း သို့မဟုတ် မမှန်ကန်ခြင်း၊ မှားခြင်း သို့မဟုတ် မှန်ခြင်း၊ အပြုသဘောဆောင်ခြင်း သို့မဟုတ် အပျက်သဘောဆောင်ခြင်း ရှိမရှိကို သုံးသပ်ဆုံးဖြတ်ခြင်းအပေါ် ကောက်ချက်ချပြီးမှသာ ၎င်းတို့သည် ယင်းကို ကိုင်တွယ်ဖြေရှင်းရန် နောက်ဆက်တွဲအစီအစဉ်တစ်ခု ရှိနိုင်သည်။ လူတစ်ဦးသည် ပြဿနာများကို မည်သို့ စဉ်းစားရမည်ကို မသိလျှင်၊ အတိအကျပြောရလျှင် ၎င်းသည် ပြဿနာများကို မသုံးသပ်ဆုံးဖြတ်နိုင်လျှင် ၎င်းသည် ပြဿနာများကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ပေ၊ ဆိုလိုသည်မှာ ၎င်းသည် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ကင်းမဲ့သည်။ မည်သူမဆို ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကိစ္စတစ်ခုသည် မှန်ကန်ခြင်း သို့မဟုတ် မမှန်ကန်ခြင်း ရှိမရှိကို သုံးသပ်ဆုံးဖြတ်ခြင်းအပေါ် ကောက်ချက်ချပြီးမှသာ လုပ်ဆောင်ခြင်းဖြစ်သည်၊ သို့မဟုတ်ပါက ၎င်းတို့၏ ပြဿနာဖြေရှင်းရေး အစီအစဉ်နှင့် လက်တွေ့လုပ်ဆောင်ရန် လမ်းစဉ်သည် အခြေခံအုတ်မြစ် ကင်းမဲ့နေလိမ့်မည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက သင့်ထံ အသင်းတော်တစ်ခုတွင် အသင်းတော်အသက်တာ မကောင်းကြောင်း၊ လူအများစုသည် အပျက်သဘောဆောင်ပြီး အေးတိအေးစက်ဖြစ်ကာ စုဝေးပွဲတက်ရန် သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် စိတ်မပါဝင်စားကြောင်း သတင်းပို့သည် ဆိုပါစို့။ ထိုသို့သော ဖြစ်စဉ်ကို သင် မည်သို့ သုံးသပ်ဆုံးဖြတ်မည်နည်း။ ဤသည်မှာ လက်တွေ့ဘဝမှ ပြဿနာတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ လက်တွေ့ဘဝမှ ပြဿနာတစ်ခု ဖြစ်သောကြောင့် သင်သည် ယင်းကို ကိုင်တွယ်ဖြေရှင်းရန် တိကျသော လက်တွေ့လုပ်ဆောင်မှု အစီအစဉ်တစ်ခုကို အကြံထုတ်ဖို့ လိုအပ်သည်။ ပြဿနာကို မဖြေရှင်းမီတွင် ဤပြဿနာ၏ ရင်းမြစ်နှင့် အနှစ်သာရမှာ အဘယ်အရာဖြစ်သည်၊ မည်သည့်လူများက ယင်းကို ဖြစ်ပေါ်စေသည်ကို သင် သုံးသပ်ဆုံးဖြတ်ရန် မလိုအပ်သလော။ ဤအရာများကို သင် သုံးသပ်ဆုံးဖြတ်ရန် မလိုအပ်သလော။ (လိုအပ်ပါသည်။) စဉ်းစားခြင်းမှတစ်ဆင့်သာ သင်သည် သုံးသပ်ဆုံးဖြတ်ချက် ရှိနိုင်ပြီး သုံးသပ်ဆုံးဖြတ်ပြီးမှသာ သင်သည် ပြဿနာ၏ ရင်းမြစ်ကို ဖော်ထုတ်နိုင်သည်၊ ပြဿနာ၏ ရင်းမြစ်နှင့် အနှစ်သာရကို အခြေခံ၍ သင်သည် သင့်လျော်ပြီး ကိုက်ညီသော ကိုင်တွယ်နည်းလမ်းများနှင့် ပြဿနာဖြေရှင်းရေး အစီအစဉ်များကို ဆုံးဖြတ်နိုင်သည်။ သင်သည် အသင်းတော်တစ်ခုတွင် အသင်းတော်အသက်တာ မကောင်းကြောင်း သိရှိရသော်လည်း အဘယ်အကြောင်းကြောင့်ဖြစ်သည်ကို မသိပါက ပြဿနာ၏ ရင်းမြစ်သည် မည်သည့်နေရာတွင် ရှိသည်ကို သင် မည်သို့ သုံးသပ်ဆုံးဖြတ်မည်နည်း။ (ကျွန်ုပ်သည် ဤပြဿနာမှာ အသင်းတော်ခေါင်းဆောင်နှင့် တိုက်ရိုက်သက်ဆိုင်သည်ဟု ဦးစွာ စဉ်းစားမိမည်။ အသင်းတော်ခေါင်းဆောင်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိဘဲ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း သမ္မာတရားကို နားမလည်ပါက ၎င်းတို့ကြုံတွေ့ရသည့် မည်သည့်ပြဿနာကိုမျှ မကိုင်တွယ်နိုင်ဘဲ ဘုရားသခင် ရွေးချယ်ထားသောလူများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ စားသောက်ရန် သို့မဟုတ် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ရန် မည်သို့ဦးဆောင်ရမည်ကို မသိပါက ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်ရှိသည့် အသင်းတော်သည် ကောင်းမွန်သော အသင်းတော်အသက်တာ ကင်းမဲ့မည်မှာ သေချာပါသည်။) ဤသည်မှာ သုံးသပ်ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။ ယေဘုယျအားဖြင့် ရိုးရှင်းသော ပြဿနာများအတွက် သုံးသပ်ဆုံးဖြတ်ချက်တစ်ခု တိကျပါက ယင်းက သင့်ကို ပြဿနာ၏ ရင်းမြစ်ကို သဘောပေါက်စေနိုင်သည်။ သို့ရာတွင် အချို့ပြဿနာများသည် ရှုပ်ထွေးပြီး သင် နားလည်ထားသော သတင်းအချက်အလက်များ မပြည့်စုံပါက သင်၏ တစ်ခုတည်းသော သုံးသပ်ဆုံးဖြတ်ချက်သည် သင့်ကို ပြဿနာ၏ ရင်းမြစ်ကို သဘောပေါက်စေနိုင်မည် မဟုတ်ပေ။ သို့ဆိုလျှင် ဒုတိယနှင့် တတိယ သုံးသပ်ဆုံးဖြတ်ချက်များလည်း ရှိသေးသလော။ (ရှိပါသေးသည်။) သုံးသပ်ဆုံးဖြတ်ချက် သုံးခုရှိပြီးနောက် ယင်းတို့ထဲမှ တစ်ခုသည် အတိကျဆုံး ဖြစ်နိုင်သည်။ သို့ဆိုလျှင် သင်တို့ အခြားမည်သည့် သုံးသပ်ဆုံးဖြတ်ချက်များကို စဉ်းစားနိုင်သေးသနည်း။ (ကျွန်ုပ် စဉ်းစားနိုင်သည်မှာ ဤအသင်းတော်ရှိ လူများသည် ယေဘုယျအားဖြင့် ညံ့ဖျင်းသော အစွမ်းအစရှိကာ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ညံ့ဖျင်းကြပြီး သမ္မာတရားကို မချစ်မြတ်နိုးကြပေ။ ထို့ကြောင့် ထိုနေရာရှိ အသင်းတော်အသက်တာ၏ ရလဒ်များမှာ ညံ့ဖျင်းခြင်း ဖြစ်ပါသည်။) ဤသည်မှာ အခြေအနေ၏ လက်တွေ့အရှိတရားနှင့် ကိုက်ညီသလော။ ဤသည်မှာ ဒုတိယ သုံးသပ်ဆုံးဖြတ်ချက် ဖြစ်သည်။ အခြား သုံးသပ်ဆုံးဖြတ်ချက်များ ရှိသေးသလော။ (ဤအသင်းတော်တွင် ဆိုးယုတ်သောလူများ နှောင့်ယှက်ခြင်း ရှိမရှိကိုလည်း ကျွန်ုပ် စဉ်းစားမိမည်။) ဤသည်မှာ တတိယ သုံးသပ်ဆုံးဖြတ်ချက် ဖြစ်သည်။ ဤသုံးသပ်ဆုံးဖြတ်ချက် သုံးခုအနက် မည်သည့်တစ်ခုက လက်တွေ့အခြေအနေနှင့် ပိုမိုကိုက်ညီပြီး ပိုမိုလက်တွေ့ကျသနည်း၊ မည်သည့်တစ်ခုက အနှစ်မဲ့သနည်း။ (ဒုတိယ သုံးသပ်ဆုံးဖြတ်ချက်သည် အနည်းငယ် အနှစ်မဲ့သည်ဟု ကျွန်ုပ်ခံစားရသည်။ အမှန်မှာ အသင်းတော်တွင် အလုပ်အတွက် တာဝန်ယူရန် သင့်လျော်သော ခေါင်းဆောင်တစ်ဦးရှိပါက အသင်းတော်အသက်တာ၏ ရလဒ်များမှာ ကောင်းမွန်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး သမ္မာတရားကို နားလည်ခြင်းမှတစ်ဆင့် ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် တွန်းအားရှိမည်မှာ သေချာသည်။ ပထမနှင့် တတိယ သုံးသပ်ဆုံးဖြတ်ချက်များသည် ပိုမိုလက်တွေ့ကျသည်ဟု ကျွန်ုပ်ခံစားရပါသည်။) ဒုတိယ သုံးသပ်ဆုံးဖြတ်ချက်သည် အနှစ်မဲ့သော အယူဝါဒ ဖြစ်သည်။ ပထမနှင့် တတိယ သုံးသပ်ဆုံးဖြတ်ချက်များသည် လက်တွေ့အခြေအနေနှင့် ကိုက်ညီပြီး တိကျမှန်ကန်သည်။ တစ်ချက်အနေနှင့် ဤသုံးသပ်ဆုံးဖြတ်ချက်နှစ်ခုသည် ယုတ္တိရှိသော တွေးခေါ်မှုကို အသုံးပြုသည်၊ နောက်တစ်ချက်အနေနှင့် ၎င်းတို့သည် လက်တွေ့ဘဝတွင် အများအားဖြင့် တွေ့ရလေ့ရှိသော ဖြစ်စဉ်အချို့ကို အခြေခံသည်။ သင်သည် အများအားဖြင့် တွေ့ရလေ့ရှိသော ဖြစ်စဉ်များကို သဘောပေါက်နိုင်ပါက သင်၏ တွေးခေါ်မှုသည် မှန်ကန်ပြီး ယုတ္တိဗေဒနှင့် ကိုက်ညီကြောင်း သက်သေပြသည်။ သင်သည် လက်တွေ့အခြေအနေကို သဘောမပေါက်နိုင်ဘဲ သင်၏ သုံးသပ်ဆုံးဖြတ်ချက်သည် လက်တွေ့ဘဝနှင့် ကင်းကွာနေပါက သင်၏ တွေးခေါ်မှုသည် ယုတ္တိဗေဒ ကင်းမဲ့ပြီး ပြဿနာများရှိကြောင်း၊ သင်သည် ပြဿနာများကို လက်တွေ့မကျဘဲ ဓမ္မဓိဋ္ဌာန်မကျသော နည်းလမ်းဖြင့် ရှုမြင်ကြောင်း သက်သေပြသည်။ ပထမနှင့် တတိယ သုံးသပ်ဆုံးဖြတ်ချက်များသည် ဓမ္မဓိဋ္ဌာန်ကျသည်။ အခြေအနေတစ်ခုမှာ အသင်းတော်ခေါင်းဆောင်သည် အလုပ်ကို မည်သို့လုပ်ရမည်ကို မသိခြင်း ဖြစ်နိုင်သည်။ ၎င်းတို့ကိုယ်တိုင် အသက်ဝင်ရောက်မှုတွင် လမ်းစဉ်မရှိသောကြောင့် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို ဦးဆောင်သည့်အခါ ပို၍ပင် လမ်းကြောင်းမရှိပေ။ ရလဒ်အနေဖြင့် ထိုနေရာရှိ အသင်းတော်အသက်တာသည် တိုးတက်မှုမရှိပေ။ အမှန်မှာ အသင်းတော်ရှိ လူအများစုသည် ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်ကြပြီး တွန်းအားလည်း ရှိကြသော်လည်း အသင်းတော်အသက်တာသည် အသီးအပွင့် တစ်စုံတစ်ရာ မသီးပွင့်ပေ။ စုဝေးပွဲတိုင်းသည် တူညီသော ထုံးစံအတိုင်းသာ လိုက်လုပ်သည်။ သီချင်းဆိုခြင်း၊ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ ထို့နောက် ခေါင်းဆောင် သို့မဟုတ် သင်းထောက်က ပေါ့တန်သော နားလည်မှုများ သို့မဟုတ် အယူဝါဒအချို့ကို ဝေမျှခြင်းတို့ ဖြစ်သည်။ ထိုနေရာတွင် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ နားလည်မှုကို ပြောဆိုနိုင်သူ အနည်းငယ်သာ ရှိသည်။ ထို့အပြင် အသင်းတော်ခေါင်းဆောင်သည် ညံ့ဖျင်းသော အစွမ်းအစနှင့် တိမ်သော အတွေ့အကြုံရှိပြီး ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယမဖွဲ့နိုင်ပေ။ ထို့ကြောင့် အသင်းတော်အသက်တာသည် ခြောက်ကပ်ပြီး မွေ့လျော်မှုမရှိဟု ထင်ရသည်။ အကြိမ်များစွာ စုဝေးပွဲများ ပြုလုပ်ခဲ့သော်လည်း မည်သူမျှ ယင်းတို့ထံမှ တစ်စုံတစ်ရာ မရရှိခဲ့သောကြောင့် လူအများစုသည် ထိုသို့သော စုဝေးပွဲများ တက်ခြင်းသည် အိမ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းထက် အကျိုးနည်းသည်ဟု ခံစားရပြီး ၎င်းတို့သည် တက်ရောက်ရန် စိတ်မပါဝင်စားတော့ပေ။ အချို့လူများသည် ဘုရားသခင်ကို တစ်နှစ် သို့မဟုတ် နှစ်နှစ် ယုံကြည်ပြီးနောက် သမ္မာတရားအချို့ကို နားလည်ကာ တာဝန်များကို ထမ်းဆောင်လိုကြသည်။ သို့ရာတွင် အချို့သော အသင်းတော်ခေါင်းဆောင်များသည် မည်သည့်လူများက မည်သည့်တာဝန်အတွက် သင့်လျော်သည် သို့မဟုတ် မည်သို့သောအလုပ်အမျိုးအစားအတွက် ၎င်းတို့ သင့်လျော်သည်ကို မသိကြပေ။ ၎င်းတို့သည် လူများကို ကျိုးကြောင်းဆီလျော်စွာ စီစဉ်ပေးရန် သို့မဟုတ် အသုံးပြုရန် မတတ်နိုင်သကဲ့သို့ လူများကို ထောက်ပံ့ရန်နှင့် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရာတွင် ကူညီရန် မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံများကိုလည်း မသုံးနိုင်ကြပေ။ ဤသည်က အချို့လူများကို အပျက်သဘောဆောင်လာပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် မလိုလားတော့သည်အထိ ဖြစ်စေနိုင်သည်။ အမှန်မှာ မိမိ၏ တာဝန်ကို ထမ်းဆောင်လိုစိတ်ရှိသော လူအများစုသည် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်သည်၊ ၎င်းတို့သည် ထောက်ပံ့မှုနှင့် အကူအညီသာ လိုအပ်ခြင်း ဖြစ်သည်။ အသင်းတော်ခေါင်းဆောင်များနှင့် သင်းထောက်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လူများကို ထောက်ပံ့ပြီး ကူညီနိုင်ပါက အသင်းတော်တွင် မိမိ၏ တာဝန်ကို ထမ်းဆောင်လိုစိတ်ရှိသူ အရေအတွက် တိုးပွားလာမည်ဖြစ်ပြီး ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ကြလိမ့်မည်။ အသင်းတော်ခေါင်းဆောင်များနှင့် သင်းထောက်များသည် အလုပ်ကို မည်သို့လုပ်ရမည်ကို မသိသောကြောင့်သာ အသင်းတော်အသက်တာသည် ညံ့ဖျင်းသော ရလဒ်များ ထွက်ပေါ်ပြီး အချို့ပြဿနာများသည် အချိန်ကြာမြင့်စွာ မဖြေရှင်းနိုင်ဘဲ ကျန်ရှိနေကာ ခဏအကြာတွင် လူများစွာသည် အပျက်သဘောဆောင်လာပြီး မည်သည့်တွန်းအားမျှ မရှိတော့ခြင်း ဖြစ်ပေသည်၊ ဤသည်က ဘုရားသခင် ရွေးချယ်ထားသောလူများကို ၎င်းတို့၏ တာဝန်ထမ်းဆောင်ရာတွင် သက်ရောက်မှုရှိသည်။ အသင်းတော်အသက်တာ၏ ရလဒ်များ ညံ့ဖျင်းပါက ဤသည်မှာ အဓိကအားဖြင့် အသင်းတော်ခေါင်းဆောင်များနှင့် သင်းထောက်များသည် အသင်းတော်အလုပ်ကို မည်သို့လုပ်ရမည်ကို မသိသောကြောင့် ဖြစ်သည်။ ဤသည်မှာ အခြေအနေတစ်ခု ဖြစ်သည်။ နောက်အခြေအနေတစ်ခုမှာ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများက အသင်းတော်တွင် အာဏာစွဲကိုင်ပြီး အနှောင့်အယှက်များ ဖြစ်စေသည့်အခါဖြစ်ပြီး ဤသည်မှာ အခါအားလျော်စွာ ဖြစ်ပွားတတ်သည်။ အသင်းတော်ခေါင်းဆောင်များသည် အလုပ်ကို မည်သို့လုပ်ရမည်ကို မသိသည့်အခါ အာဏာစွဲကိုင်ထားသော အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများလည်း ရှိနေပြီး အစဉ်မပြတ် ဂိုဏ်းဂဏများ ဖွဲ့စည်းခြင်း၊ အမှီအခိုကင်းသော နယ်မြေများ တည်ထောင်ခြင်းနှင့် အခြားသူများကို ညှဉ်းပန်းနှိပ်စက်ပြီး ဖိနှိပ်ခြင်းတို့ကြောင့် ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုစိတ်ရှိသော ညီအစ်ကိုမောင်နှမအချို့သည် ဖိနှိပ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းတို့ကို ခံကြရသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုသော်လည်း အခွင့်အရေးမရှိဘဲ အပျက်သဘောဆောင်ပြီး အားနည်းသွားကြသည်။ ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်သော ဤလူများသည် အန္တိခရစ်များနှင့် ၎င်းတို့၏ အပေါင်းအပါများနှင့်အတူ စုဝေးသည့်အခါ မွေ့လျော်မှုမရှိကြပေ။ အန္တိခရစ်များသည် အစဉ်သဖြင့် အာဏာစွဲကိုင်ပြီး မိမိတို့ကိုယ်ကို ဂုဏ်တင်လိုကြသည်။ ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်သူများ စုဝေးပွဲများသို့ တက်ရောက်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို ပိုမိုနားလည်ပြီး မိမိတို့၏ အတွေ့အကြုံများကို ဝေမျှလိုကြသော်လည်း အန္တိခရစ်များက ၎င်းတို့ကို ဖိနှိပ်ပြီး အခွင့်အရေးမပေးကြပေ။ ရလဒ်အနေဖြင့် အသင်းတော်အသက်တာသည် ဖရိုဖရဲဖြစ်လာသည်၊ လူများ၏ စည်းလုံးမှုသည် ပြိုကွဲသွားပြီး စုဝေးပွဲများသည် မွေ့လျော်ဖွယ် မကောင်းတော့ပေ။ လူများထံတွင် ရှိခဲ့သော စိတ်အားထက်သန်မှုနှင့် ချစ်ခြင်းမေတ္တာအနည်းငယ်မှာ ပျောက်ဆုံးသွားပြီး ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိကြတော့ပေ။ အသင်းတော်အသက်တာ၏ ညံ့ဖျင်းသော ရလဒ်များသည် ဤအကြောင်းရင်းနှစ်ခုထဲမှ တစ်ခုခုကြောင့် ဖြစ်နိုင်သည်။ ဤသည်မှာ သင်တို့ စဉ်းစားပြီး သုံးသပ်ဆုံးဖြတ်နိုင်သည့်အရာ ဖြစ်သည်။ သင်သည် သုံးသပ်ဆုံးဖြတ်ခြင်းမှတစ်ဆင့် ရောက်ရှိသည့် ကောက်ချက်သည် လက်တွေ့အခြေအနေနှင့် သက်ဆိုင်ပါက ၎င်းသည် တစ်စိတ်တစ်ပိုင်းသာ သက်ဆိုင်သည်ဖြစ်စေ သို့မဟုတ် ဖြစ်နိုင်ေချေရှိသော ပြဿနာတစ်ခုကိုသာ ဖော်ထုတ်သည်ဖြစ်စေ ဤသည်မှာ သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်နေဆဲပင်။ အနည်းဆုံးအနေဖြင့် သင် သုံးသပ်ဆုံးဖြတ်ခြင်းမှတစ်ဆင့် ရောက်ရှိသည့် ကောက်ချက်နှင့် ထင်မြင်ချက်သည် လက်တွေ့အခြေအနေနှင့် သက်ဆိုင်ပြီး အယူဝါဒ၊ အနှစ်မဲ့ခြင်း သို့မဟုတ် မည်သည့်အခါမျှ မတည်ရှိသည့်အရာတစ်ခု မဟုတ်ပေ။ ဤသည်မှာ သင့်တွင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိကြောင်း သက်သေပြသည်။ ကိစ္စတိုင်းနှင့်ပတ်သက်၍ သင် ချမှတ်သော ကောက်ချက်များသည် အမှုအရာများ ဖြစ်ပေါ်သည့် ပုံမှန်ပုံစံများနှင့် မကိုက်ညီပါက သို့မဟုတ် လက်တွေ့ဘဝတွင် မည်သည့်ကိစ္စတစ်ခု ဖြစ်ပေါ်လာပုံနှင့်မျှ မကိုက်ညီပါက၊ စိတ်ကူးသက်သက်၊ အနှစ်မဲ့ပြီး လက်တွေ့မကျကာ မမှန်ကန်ဘဲ လက်တွေ့အခြေအနေများနှင့် မည်သို့မျှ မသက်ဆိုင်ပါက ဤသည်မှာ သင့်တွင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းမရှိခြင်း သို့မဟုတ် သုံးသပ်ဆုံးဖြတ်ရာတွင် မကြာခဏ အမှားများ ပြုလုပ်ခြင်းကို ဆိုလိုသည်။ သို့ဆိုလျှင် သင်တို့ အစောပိုင်းက ဖော်ပြခဲ့သည့် ဒုတိယ သုံးသပ်ဆုံးဖြတ်ချက်ဖြစ်သော အသင်းတော်အသက်တာ၏ ညံ့ဖျင်းသော ရလဒ်များသည် ဤအသင်းတော်ရှိ လူများက ညံ့ဖျင်းသော အစွမ်းအစရှိပြီး သမ္မာတရားကို မချစ်မြတ်နိုးသောကြောင့် ဖြစ်သည်ဟူသည့်အချက်နှင့် ပတ်သက်၍ကော အဘယ်နည်း။ ဤသည်မှာ မည်သို့သော သုံးသပ်ဆုံးဖြတ်ချက်မျိုး ဖြစ်သနည်း။ (၎င်းမှာ သုံးသပ်ဆုံးဖြတ်မှု မှားယွင်းခြင်း ဖြစ်ပါသည်။) ဤသည်ကို သုံးသပ်ဆုံးဖြတ်မှု မှားယွင်းခြင်းဟု ခေါ်သည်။ သင်သည် ထိုသို့သောကိစ္စများနှင့်အတူ မကြာခဏ ဖြစ်ပေါ်လေ့ရှိသော အခြေအနေများကို အပြည့်အဝ သဘောမပေါက်နိုင်ပါက ဆိုလိုသည်မှာ ဖြစ်ပွားရန် အလားအလာအရှိဆုံး အခြေအနေအနည်းငယ်ကို သင့်အပြည့်အဝ သဘောမပေါက်နိုင်ပါက သင်သည် သုံးသပ်ဆုံးဖြတ်ခြင်းမှတစ်ဆင့် အခြေအနေတစ်ခုတည်းကိုသာ ထုတ်ဖော်နိုင်လျှင် သို့မဟုတ် သင်သည် ဖြစ်နိုင်ချေရှိသော အခြေအနေများကို စဉ်းစားနိုင်သော်လည်း မဖြစ်နိုင်သော အခြေအနေများကိုလည်း စဉ်းစားမိသည်ဆိုလျှင် ဤသည်က အဘယ်အရာကို သက်သေပြသနည်း။ ၎င်းက သင်၏ သုံးသပ်ဆုံးဖြတ်နိုင်စွမ်းသည် သာမန်အဆင့်သာဖြစ်ကြောင်း သက်သေပြသည်။ သာမန် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိသူတစ်ဦးသည် ကိစ္စတစ်ခုနှင့်ပတ်သက်၍ အတွေးအချို့ရှိသော်လည်း မသေချာနိုင်ပေ။ ထိုသို့သောအခြေအနေများတွင် ၎င်းတို့ချမှတ်သော သုံးသပ်ဆုံးဖြတ်ချက်သည် မတိကျပေ။ လူတစ်ဦး၏ သုံးသပ်ဆုံးဖြတ်ချက်များသည် တစ်ခါတစ်ရံ မှန်ကန်ပြီး တစ်ခါတစ်ရံ မမှန်ကန်ပါက အချို့သည် လက်တွေ့အခြေအနေနှင့် ကိုက်ညီပြီး အချို့မှာ မကိုက်ညီသော်လည်း မတိကျသည့်အရာများက အတော်အတန် ပိုမကြာခဏ ဖြစ်ပွားပါက ဤသည်မှာ ၎င်း၏ သုံးသပ်ဆုံးဖြတ်နိုင်စွမ်းသည် ညံ့ဖျင်းကြောင်း ညွှန်ပြသည်။ ၎င်း သုံးသပ်ဆုံးဖြတ်ခြင်းမှတစ်ဆင့် ရောက်ရှိသည့် ကောက်ချက်များသည် လုံးဝအနှစ်မဲ့ပြီး အမှုအရာများ ဖြစ်ပေါ်သည့် ပုံစံများနှင့် လုံးဝမကိုက်ညီသည့်အပြင် အများအားဖြင့် သို့မဟုတ် မကြာခဏ ဖြစ်ပေါ်လေ့ရှိသော ဖြစ်စဉ်များနှင့်ပင် မကိုက်ညီဘဲ အချက်အလက်များနှင့် လုံးဝမသက်ဆိုင်ဟု ဆိုပါစို့။ ၎င်း၏ သုံးသပ်ဆုံးဖြတ်ချက်များသည် စိတ်ကူးယဉ်မှုများ သက်သက်ဖြစ်ပြီး အမှုအရာများ ဖြစ်ပေါ်သည့် ပုံစံများ သို့မဟုတ် လူ့သဘာဝ အနှစ်သာရကိုယ်၌နှင့် မည်သို့မျှ ဆက်စပ်မှုမရှိဘဲ လက်တွေ့ဘဝ နောက်ခံနှင့် ပတ်ဝန်းကျင်တို့နှင့် လုံးဝ သဟဇာတမဖြစ်ပေ။ ဆိုလိုသည်မှာ ၎င်း၏ သုံးသပ်ဆုံးဖြတ်ချက်များသည် လက်တွေ့နှင့် ကင်းကွာနေသည်ဟု ဆိုပါစို့။ ၎င်းတို့ သုံးသပ်ဆုံးဖြတ်ခြင်းမှတစ်ဆင့် အကြံထုတ်လိုက်သည့်အရာသည် လက်တွေ့ဘဝတွင် မည်သည့်အခါမျှ ဖြစ်ပွားနိုင်မည်မဟုတ်ဘဲ ၎င်းတို့ပြောဆိုသည့်အရာသည် ပြဿနာ၏ အနှစ်သာရ လုံးဝမဟုတ်ပေ။ ဤသို့ဖြစ်ပါက ဤလူတွင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်း မရှိပေ။

လူတစ်ဦးတွင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်း ရှိမရှိကို အကဲဖြတ်ရန် အဓိကအချက်မှာ လူအမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးအပေါ် ၎င်းတို့၏ သုံးသပ်ဆုံးဖြတ်ချက်များ တိကျမှု ရှိမရှိကို ကြည့်ရှုရန် ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် လူတစ်ဦး ငိုနေသည်ကို မြင်ရပြီး အဘယ်ကြောင့်မှန်း သင်မသိဟု ဆိုပါစို့။ သူသည် အလွန်ထိခိုက်ခံစားရပြီး အလွန်ဝမ်းနည်းစွာ ငိုကြွေးနေသည်ကို သင်မြင်နိုင်သည်၊ သူသည် အခါအားလျော်စွာ ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ဖတ်ရှုနေကာ သူ့ကို စကားပြောသည့် မည်သူ့ကိုမျှ တုံ့ပြန်ခြင်းမရှိပေ။ သင်သည် ဤလူ မည်သည့်အရာ ဖြစ်နေသည်ကို သုံးသပ်ဆုံးဖြတ်ရန် တောင်းဆိုခြင်းခံရပြီး သင်က “သူ အိမ်ကို လွမ်းနေခြင်း ဖြစ်နိုင်သည်။ တလောက သူ့အမေ နေမကောင်းဖြစ်သဖြင့် သူအိမ်ပြန်ချင်နေသည်” ဟု ပြောသည် ဆိုပါစို့။ ဤသုံးသပ်ဆုံးဖြတ်ချက်သည် တိကျပါသလော။ အချို့လူများက “သူသည် အပျက်သဘောဆောင်နေခြင်း ဖြစ်နိုင်သည်။ လူများ ငိုကြွေးသည့်အချိန် အများစုမှာ ၎င်းတို့ စိတ်ထိခိုက်သောကြောင့် ဖြစ်သည်။ ဥပမာအနေဖြင့် လူများသည် အနိုင်ကျင့်ခံရသည့်အခါတွင်ဖြစ်စေ၊ လှည့်စားခံရသည့်အခါတွင်ဖြစ်စေ ငိုကြွေးကြသည်။ ပြဿနာအချို့နှင့် ရင်ဆိုင်ရပြီး မတရားသဖြင့် ဆက်ဆံခြင်းခံရသည့်အချိန်တွင် သူ အစဉ်သဖြင့် ငိုကြွေးကာ လူများကို စကားပြောလိုခြင်းဖြစ်စေ၊ ပေါင်းသင်းဆက်ဆံခြင်းဖြစ်စေ မပြုလိုပါ။ ဤသည်မှာ အပျက်သဘောဆောင်ခြင်း၏ သရုပ်သကန်ဖြစ်၏” ဟု ပြောကြသည်။ အခြားသူအချို့ကမူ ဤသို့ သုံးသပ်ဆုံးဖြတ်ကြသည်။ “သူသည် အပြင်တွင် မကြာခဏဆိုသကဲ့သို့ ဧဝံဂေလိတရားဟောပြီး သူ၏တာဝန်ကို ထမ်းဆောင်နေကျဖြစ်သည်၊ သို့သော် ယခုအခါတွင်မူ သူသည် အိမ်ထဲတွင် သူ၏ တာဝန်ကို ထမ်းဆောင်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး ယင်းကို ကျင့်သားမရဘဲ စိတ်မွန်းကျပ်နေခြင်း ဖြစ်နိုင်သည်” ဟူ၍ ဖြစ်သည်။ အခြားဖြစ်နိုင်ချေများ ရှိသေးသလော။ အချို့လူများက “သူ မနေ့က အသားမစားလိုက်ရသဖြင့် စိတ်မကောင်းဖြစ်ပြီး ငိုနေခြင်း ဖြစ်နိုင်သည်” ဟု ပြောကြသည်။ အခြားသူများက “မနေ့က သူ ကျွန်ုပ်ကို စကားလာပြောသည်။ သူက ဖြတ်လျှောက်သွားသည်ဟု ထင်သဖြင့် ကျွန်ုပ်က သူ့ကို တစ်ချက်မျှသာကြည့်ပြီး စကားတစ်လုံးမျှ မပြောလိုက်ပါ။ ယင်းက သူ့ကို စိတ်ဆိုးသွားစေနိုင်သလော။ သူသည် ဤအကြောင်းကြောင့်များ ငိုကြွေးနေခြင်း ဖြစ်နိုင်သလား” ဟု ပြောကြသည်။ ဤကိစ္စကို လက်တွေ့အခြေအနေနှင့် ကိုက်ညီသော နည်းလမ်းဖြင့် မည်သို့ သုံးသပ်ဆုံးဖြတ်သင့်သနည်း။ ဤသည်မှာ သုံးသပ်ဆုံးဖြတ်ရန် လွယ်ကူသလော။ (ကျွန်ုပ် သုံးသပ်ဆုံးဖြတ်ချက်အချို့ ချမှတ်နိုင်သည်။ ယခုလေးတင် ထည့်ပြောသွားသည့် အကြောင်းရင်းအနည်းငယ်ဖြစ်သည့် အိမ်လွမ်းခြင်း၊ စိတ်ထိခိုက်ခြင်း သို့မဟုတ် မှိုင်တွေပြီး စိတ်မွန်းကျပ်သော စိတ်အခြေအနေဟူသည့် ဤအခြေအနေအားလုံးက လူတစ်ဦးကို ငိုစေနိုင်သည်။ သို့သော် အသားမစားရခြင်း သို့မဟုတ် တစ်ယောက်ယောက်ကို စကားပြောသည့်အခါတွင် မသိချင်ယောင်ဆောင်သည်ကို ခံရခြင်းကဲ့သို့ အသေးအဖွဲကိစ္စများက လူတစ်ယောက် ငိုကြွေးရလောက်အောင် မဖြစ်သင့်ပါ။) လူတစ်ဦးကို ပြင်းထန်စွာ ငိုကြွေးစေနိုင်သည့် အကြောင်းရင်းများမှာ အဘယ်နည်း။ ထိခိုက်ခံစားရခြင်းများ၊ ဝမ်းနည်းခြင်း၊ တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ခုကို လွမ်းဆွတ်ခြင်း၊ အကြွေးတင်ရှိစိတ် ခံစားရခြင်းတို့ ဖြစ်သည်။ သို့ဖြစ်၍ သင်သည် သူ့ကို “သင် အဘယ်ကြောင့် ငိုနေရသနည်း။ သင်သည် တရားမမျှတစွာ ဆက်ဆံခံရပြီး ဝမ်းနည်းနေသောကြောင့် ငိုကြွေးနေခြင်း ဖြစ်သလား၊ သို့မဟုတ် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး ဘုရားသခင်အပေါ် များစွာ အကြွေးတင်သည်ဟု ခံစားရသောကြောင့် ငိုကြွေးနေခြင်း ဖြစ်သလား” ဟု မေးသင့်သည်။ သူနှင့် ဤသို့ ရင်ဖွင့်စကား ပြောဆိုခြင်းအားဖြင့် သူ အဘယ်ကြောင့် ငိုနေသည်ကို သင် သိလာလိမ့်မည်။ အတိုချုပ်ပြောရလျှင် သူသည် အစားကောင်းကောင်းမစားရ၍ သို့မဟုတ် အသားမစားနိုင်၍ ငိုနေခြင်း မဖြစ်နိုင်သကဲ့သို့ အခြားသူများက သူ့ကို လျစ်လျူရှု၍ သို့မဟုတ် မျက်စောင်းထိုး၍ ငိုနေခြင်းလည်း မဖြစ်နိုင်ပေ။ မှန်ပေသည်၊ ပုံမှန်အခြေအနေများအောက်တွင် အနည်းငယ်သော ဒုက္ခဆင်းရဲကို ခံစားရခြင်းက လူတစ်ဦးကို ငိုစေမည်မဟုတ်သကဲ့သို့ ရံဖန်ရံခါ စိတ်မကြည်မသာ ဖြစ်ခြင်းကလည်း ၎င်းကို ငိုစေမည်မဟုတ်ပေ။ လူတစ်ဦးကို ငိုစေနိုင်သည့်အရာများသည် အများအားဖြင့် အထက်တွင်ဖော်ပြခဲ့သော အခြေအနေအနည်းငယ်သာ ဖြစ်သည်။ သူငိုနေသည့်အကြောင်းရင်းကို ထိုပုံမှန်အခြေအနေများကို အခြေခံ၍ သင် သုံးသပ်ဆုံးဖြတ်နိုင်သည်၊ ထို့နောက် သင်သည် သူ၏ ပုံမှန်၊ တစ်သမတ်တည်းဖြစ်သော သရုပ်သကန်များကို အခြေခံ၍ သုံးသပ်ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်သည်၊ ဥပမာအားဖြင့် သူသည် ဝမ်းနည်းစရာတစ်ခုခု သို့မဟုတ် အရှိုက်ထိသော တစ်စုံတစ်ခုနှင့် မကြုံတွေ့ပါက ယေဘုယျအားဖြင့် မငိုတတ်ခြင်း၊ သူသည် အလွယ်တကူ မျက်ရည်မကျတတ်ခြင်း၊ အထူးသဖြင့် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ ကိစ္စများနှင့် သူ၏ စိတ်ဝိညာဉ်ကို အထူးထိခိုက်စေသည့်အရာများကို ပြောဆိုသည့်အခါမှသာ သို့မဟုတ် သူသည် မှားယွင်းသောအရာတစ်ခုခုကို လုပ်ဆောင်မိသည့်အခါ သို့မဟုတ် ကြီးလေးသောအမှားတစ်ခုကို ကျူးလွန်ပြီး ဘုရားသခင်ထံ အကြွေးတင်သည်ဟု ခံစားရသည့်အခါမှသာ ငိုတတ်ခြင်းကဲ့သို့သော အချက်များ ဖြစ်သည်။ ဤနောက်ခံအခြေအနေကို အခြေခံ၍ သုံးသပ်ဆုံးဖြတ်ခြင်းဖြင့် သူ အဘယ်ကြောင့် ငိုနေသည်ကို သင် အတော်အတန် သိရှိနိုင်သည်။ အခြေအနေတစ်ခုမှာ မိသားစုဝင်တစ်ဦး အပြင်းအထန် နာမကျန်းဖြစ်လျှင် သို့မဟုတ် ကွယ်လွန်သွားလျှင် သူ ငိုလိမ့်မည်၊ နောက်တစ်ခုမှာ သူကိုယ်တိုင် အပြင်းအထန် နာမကျန်းဖြစ်ပြီး ပြင်းထန်စွာ နာကျင်ခံစားရလျှင် ဖြစ်သည်။ တစ်နည်းအားဖြင့် သူသည် မှားယွင်းသောအရာတစ်ခုခုကို လုပ်ဆောင်မိပြီး ထို့ကြောင့် ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်ကာ ဘုရားသခင်ထံ အကြွေးတင်သည်ဟု ခံစားရပြီး အခြေအနေကို ပြောင်းပြန်လှန်ရန် အစွမ်းကုန် ကြိုးစားလိုသော်လည်း အားနည်းချက်များ ရှိနေသေးပြီး ယင်းတို့ကို မကျော်လွှားနိုင်သောကြောင့် ငိုကောင်းငိုနိုင်သည်၊ ဤရှုပ်ထွေးသော စိတ်ခံစားမှုများ ရောနှောပေါင်းစပ်ကာ သူ့ကို ငိုစေလိမ့်မည်။ ဤသုံးသပ်ဆုံးဖြတ်ချက်များသည် လက်တွေ့အခြေအနေနှင့် အတော်အတန် ကိုက်ညီသည်။ သူ၏ တစ်သမတ်တည်းဖြစ်သော သရုပ်သကန်များနှင့် သူ၏ ပင်ကိုစရိုက်လက္ခဏာများကို အခြေခံ၍ သုံးသပ်ဆုံးဖြတ်ခြင်းဖြင့် သူ ယခု ငိုနေရခြင်း၏ ရင်းမြစ်အကြောင်းရင်းကို သင် သိရှိနိုင်သည်။ ဤနည်းဖြင့် သုံးသပ်ဆုံးဖြတ်ချက်သည် အတော်အတန် ပိုမိုတိကျလိမ့်မည်။ တစ်ဖက်တွင် ထိုသို့သောလူများ၏ ဝိညာဉ်ရင့်ကျက်မှုနှင့် ၎င်းတို့ လက်ရှိကြုံတွေ့နေရသော ပြဿနာအချို့ကို နားလည်ခြင်းဖြင့်လည်းကောင်း၊ နောက်တစ်ဖက်တွင် ၎င်းတို့၏ လူ့သဘာဝကိုယ်၌၏ ချို့ယွင်းချက်များအပြင် ၎င်းတို့ မကြာခဏ ထုတ်ဖော်ပြသသည့် ဖောက်ပြန်ပျက်စီးခြင်းနှင့် အားနည်းချက်အချို့ကို နားလည်ခြင်းဖြင့် သင်သည် အခြေခံအားဖြင့် အတိုင်းအတာကို ကျဉ်းမြောင်းစေနိုင်ပြီး ဤအတိုင်းအတာအတွင်း ဤလူ၏ ပြဿနာ၏ ရင်းမြစ်အကြောင်းရင်းမှာ အဘယ်အရာဖြစ်သည်ကို သုံးသပ်ဆုံးဖြတ်နိုင်သည်။ ဤနည်းဖြင့် သုံးသပ်ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် အတော်အတန် တိကျလိမ့်မည်။

သုံးသပ်ဆုံးဖြတ်နိုင်စွမ်းနှင့်ပတ်သက်၍ ကောင်းသော အစွမ်းအစ၊ သာမန်အစွမ်းအစနှင့် ညံ့ဖျင်းသော အစွမ်းအစရှိသူများ၏ သရုပ်သကန်များအကြောင်း ငါတို့ မိတ်သဟာယဖွဲ့ပြီးပြီ မဟုတ်လော။ (ဟုတ်ပါသည်။) အညံ့ဖျင်းဆုံးသော အစွမ်းအစရှိသူများဟူသော အမျိုးအစားလည်း ရှိသေးသည်။ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ သို့မဟုတ် တစ်စုံတစ်ဦး လုပ်ဆောင်သည်ကို ၎င်းတို့ မည်သို့ပင် မြင်သည်ဖြစ်စေ ထိုသို့သောလူများသည် သုံးသပ်ဆုံးဖြတ်ချက်တစ်ခုကို မည်သို့ချမှတ်ရမည်ကို မသိကြပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းသောကြောင့် ၎င်းတို့တွင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းမရှိဘဲ အမှုအရာများကို မည်သို့သုံးသပ်ဆုံးဖြတ်ရမည်ကို မသိသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ၎င်းတို့သည် တစ်စုံတစ်ဦးက အပျက်သဘောဆောင်သောစကားတစ်ခု ပြောသည်ကို ကြားရသည်ဟု ဆိုပါစို့။ ဤအပျက်သဘောဆောင်သောစကား၏ အနှစ်သာရနှင့် သဘောသဘာဝမှာ အဘယ်အရာဖြစ်သည်နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် မိမိတို့၏ သုံးသပ်ဆုံးဖြတ်ချက်ကို မည်သည့်အရာပေါ်တွင် အခြေခံရမည်ကို မသိကြပေ၊ ၎င်းတို့တွင် လုံးဝကို မသိကြပေ။ ဤသည်မှာ ပြဿနာများကို မည်သို့စဉ်းစားရမည်ကို မသိခြင်းနှင့် အမှုအရာများကို မည်သို့သုံးသပ်ဆုံးဖြတ်ရမည်ကို မသိခြင်း ဖြစ်သည်။ ၎င်းတို့သည် တစ်စုံတစ်ဦး တစ်စုံတစ်ခုလုပ်သည်ကို မြင်သောအခါ ဤကိစ္စ၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ၊ ကိစ္စ၏ အနှစ်သာရကိုအခြေခံ၍ ဤလူ၏ ကိုယ်ကျင့်စရိုက်မှာ မည်သို့ရှိသည်ကိုဖြစ်စေ မသုံးသပ်ဆုံးဖြတ်နိုင်ပေ၊ ၎င်းတို့သည် ကျင့်ကြံပြုမူခြင်းတွင် အတွေ့အကြုံကိုအခြေခံ၍ ဤအရာများကို မည်သို့သုံးသပ်ဆုံးဖြတ်ရမည်ကို မသိသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ သုံးသပ်ဆုံးဖြတ်ရန် ပို၍ပင် မသိကြပေ။ ထို့ကြောင့် ၎င်းတို့တွင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်း မရှိပေ။ အမှုအရာများကို မသုံးသပ်ဆုံးဖြတ်နိုင်ခြင်း၏ ရင်းမြစ်အကြောင်းရင်းမှာ အဘယ်နည်း။ ဤလူစားမျိုးသည် ပြဿနာများကို မည်သို့စဉ်းစားရမည်ကို မသိခြင်းဖြစ်ပြီး လူများနှင့် အမှုအရာများကို ရှုမြင်သည့်အခါ ၎င်းတို့၏ မည်သည့်ရှုထောင့်ကို ကြည့်ရမည်၊ ၎င်းတို့ကို မည်သို့ရှုမြင်ရမည် သို့မဟုတ် မည်သည့်အခြေခံပေါ်တွင် ရှုမြင်ရမည်ကို မသိခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် နောက်ပိုင်းတွင် မည်သို့သော ကောက်ချက်များ ချမှတ်ရမည်၊ ကောက်ချက်များကို မည်သို့ချမှတ်ရမည် သို့မဟုတ် ကောက်ချက်တစ်ခု ချမှတ်ပြီးသည်နှင့် ဤလူစားမျိုး သို့မဟုတ် ကိစ္စမျိုးကို မည်သို့ချဉ်းကပ်ပြီး ကိုင်တွယ်ရမည်ကို မသိကြပေ။ ၎င်းတို့၏ စိတ်များသည် ဗလာဖြစ်နေသည် သို့မဟုတ် ဝိုးတိုးဝါးတား ဖြစ်နေသည်။ ဤသည်မှာ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း ကင်းမဲ့သောလူများ၏ အဓိကပြဿနာမှာ ၎င်းတို့သည် မည်သည့်စည်းမျဉ်းကိုမျှ နားမလည်ခြင်း သို့မဟုတ် သဘောမပေါက်ခြင်းဖြစ်ပြီး ၎င်းတို့သည် ကျင့်ကြံပြုမူခြင်း အတွေ့အကြုံပင် ကင်းမဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် လူအမျိုးမျိုးနှင့် ဆက်ဆံသည့်အခါ မည်သို့သောလူစားမျိုးသည် ပေါင်းသင်းဆက်ဆံရန် ထိုက်တန်ပြီး မည်သို့သောလူစားမျိုးသည် မထိုက်တန်သည်ကို မသိကြပေ၊ မည်သည့်လူများသည် အတော်အတန် ကြင်နာတတ်ပြီး ၎င်းတို့၏ ချို့ယွင်းချက်များကို ပြုပြင်ရန် ထိုလူတို့ထံမှ သင်ယူနိုင်သည့် အားသာချက်အချို့လည်းရှိကာ ၎င်းတို့ကို ကူညီပြီး အကျိုးပြုနိုင်သည်ကို မသိကြပေ၊ မည်သို့သောလူစားမျိုးကို အင်တင်တင်ဖြင့် သည်းခံပေါင်းသင်းနိုင်သည်၊ မည်သို့သောလူစားမျိုးတွင် အပေါင်းအသင်းပြုပါက ဒုက္ခ သို့မဟုတ် အငြင်းပွားမှုများကို အလွယ်တကူ ဖိတ်ခေါ်နိုင်သည့် အလွန်ဆိုးယုတ်သော လူ့သဘာဝရှိသောကြောင့် အလှမ်းဝေးဝေးတွင် ထားသင့်သည်ဟူသည့် ဤအရာအားလုံးနှင့်ပတ်သက်၍ ၎င်းတို့သည် အသိဉာဏ်ကင်းမဲ့ကြသည်။ အတိုချုပ်ပြောရလျှင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်း ကင်းမဲ့သော ဤလူများသည် မည်သည့်အရာကိုမျှ မသိဘဲ မည်သည့်လူ သို့မဟုတ် ကိစ္စကိုမျှ မသုံးသပ်ဆုံးဖြတ်နိုင်ကြပေ။ သို့သော် ၎င်းတို့တွင် ၎င်းတို့လိုက်နာသည့် ပုံသေစည်းမျဉ်းဖြစ်သော ၎င်းတို့၏ ကိုယ်ပိုင်ချဉ်းကပ်နည်းလည်း ရှိသည်။ ၎င်းတို့က “ကျွန်ုပ် မည်သူနှင့် ကိစ္စများကိုင်တွယ်နေသည်ဖြစ်စေ၊ စကားပြောနေသည်ဖြစ်စေ ရွှတ်နောက်နောက်ဖြင့် ၎င်းတို့ကို နှပ်ချလိုက်ခြင်းသာ ဖြစ်သည်။ ကျွန်ုပ်သည် မည်သူ့ကိုမျှ ရန်ငြိုးမထားပါ။ ၎င်းတို့သည် လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ၊ ဘုရားသခင်ကို ၎င်းတို့ စစ်မှန်စွာ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ၎င်းတို့သည် သမ္မာတရားကို ချစ်သည်ဖြစ်စေ၊ အလွန်အမင်း မနှစ်မြို့သည်ဖြစ်စေ ၎င်းတို့နှင့် ကျွန်ုပ် သင့်မြတ်ပြီး ကျွန်ုပ်သည် မည်သူ့ကိုမျှ မစော်ကားပါ။ ဆိုးယုတ်သောလူများကို ကျွန်ုပ် တွေ့သောအခါတွင် ၎င်းတို့ကို ကျွန်ုပ် ရှောင်ကြဉ်သည်။ နူးညံ့သိမ်မွေ့သောလူများကို ကျွန်ုပ်တွေ့လျှင် အနိုင်ကျင့်သည်” ဟု ပြောကြသည်။ ဤသည်မှာ အတိအကျပင် ၎င်းတို့၏ နတ်ဆိုးဆန်သော ယုတ္တိဗေဒ ဖြစ်သည်။ ၎င်းတို့သည် မည်သို့သောလူစားမျိုးနှင့် ပေါင်းသင်းသင့်သည်၊ မည်သို့သောလူစားမျိုးကို ခပ်ခွာခွာနေသင့်သည်၊ မည်သို့သောလူစားမျိုးနှင့် မည်သည့်အခါမျှ မပေါင်းသင်း သို့မဟုတ် အဆက်အဆံမလုပ်သင့်သည်ကို မသိကြပေ။ ၎င်းတို့သည် အနည်းငယ်မျှပင် ပိုင်းခြားသိမြင်မှု မသုံးဘဲ လူတိုင်းကို အတူတူပင်ဟု မှတ်ယူကာ လူအားလုံးကို တစ်ပြေးညီ ဆက်ဆံကြသည်။ မည်သူပင်ဖြစ်စေ ၎င်းတို့က ထိုလူအပေါ် ကောင်းသောထင်မြင်ချက် မရှိသရွေ့ ၎င်းတို့သည် ထိုသူကို သူစိမ်း သို့မဟုတ် ရန်သူအဖြစ် မှတ်ယူလိမ့်မည်။ လူတစ်ဦးသည် မည်မျှပင် ကောင်းမွန်စေကာမူ ၎င်းတို့အား မည်သည့်အကျိုးမျှ မပြုသရွေ့ ထိုလူသည် ၎င်းတို့၏ သတိဖြင့် ဆက်ဆံခြင်းကို ခံရလိမ့်မည်။ ၎င်းတို့သည် မည်သူ့ကိုမျှ ရင်မဖွင့်ဘဲ လူတိုင်းနှင့် သတိဖြင့် ချဉ်းကပ်ဆက်ဆံကြသည်။ ထိုသို့သောလူများသည် ကောင်းသော အစွမ်းအစရှိသူများလော သို့မဟုတ် ညံ့ဖျင်းသော အစွမ်းအစရှိသူများလော။ (ညံ့ဖျင်းသော အစွမ်းအစ ဖြစ်ပါသည်။) ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိသောကြောင့် ထိုသို့သော အတွေးများ မည်သို့ ရှိနိုင်သေးသနည်း။ ထိုသို့သောလူများသည် စိတ်ထားသေးသိမ်သောသူများသာ ဖြစ်ကြသည်။ အစွမ်းအစမရှိသူများနှင့် ဦးနှောက်မသန်စွမ်းသူများကြားတွင် အဘယ်ကွာခြားချက် ရှိသနည်း။ အစွမ်းအစမရှိသူများသည် ဉာဏ်ရည်နိမ့်ကျပြီး ငတုံးများဖြစ်ကြသည်။ မိမိတို့ကိုယ်ကို အစားအစာ၊ အဝတ်အထည် ပြည့်စုံအောင် ထားခြင်း၊ မျက်နှာသာရအောင် ထိန်းသိမ်းခြင်း၊ အခွင့်အရေးယူရန်နှင့် မည်သည့်ဆုံးရှုံးမှုမျှ မခံစားရရန် ကိုယ်ကျိုးရှာ တွက်ချက်မှုအချို့ကို သိုဝှက်ထားခြင်းတို့မှလွဲ၍ ၎င်းတို့တွင် မည်သည့်အစွမ်းအစမျှ မရှိပေ။ အခြားတစ်ဖက်တွင် ဦးနှောက်မသန်စွမ်းသူများမှာမူ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်ရန် သို့မဟုတ် အခွင့်အရေးယူရန် မည်သည့်ကိုယ်ကျိုးရှာ တွက်ချက်မှုမျှပင် မရှိကြပေ။ ၎င်းတို့တွင် လုံးဝ အတွေးအခေါ် မရှိကြပေ။ ဉာဏ်ရည်နိမ့်ကျပြီး အရူးအနှမ်းဖြစ်သောလူများသည် ကိုယ်ကျိုးရှာ တွက်ချက်မှုအချို့ရှိခြင်းမှလွဲ၍ လုံးဝ ရှင်သန်နိုင်စွမ်းမရှိ၊ အစွမ်းအစမရှိ၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်းလည်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့သည် မည်သည့်လူကိုမဆို ဆက်ဆံရာတွင် စည်းမျဉ်းများမရှိဘဲ ၎င်းတို့၏ ခံစားချက်များအတိုင်းသာ ဆက်ဆံကြသည်။ ၎င်းတို့သည် သင်က ၎င်းတို့အပေါ် မကောင်းဟု ခံစားရသရွေ့ သင့်ကို ရှောင်ကြဉ်မည်၊ သင့်အပေါ် အတိုက်အခံပြုစိတ် ခံစားရပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် သင့်ကို မုန်းတီးကာ သင့်ကို ငြင်းပယ်ကြလိမ့်မည်။ သင်သည် ၎င်းတို့အတွက် မည်မျှပင် စေတနာ ရှိသည်ဖြစ်စေ သို့မဟုတ် ၎င်းတို့ကို မည်သို့ပင် ကူညီသည်ဖြစ်စေ ၎င်းတို့က ရှင်းလင်းစွာ မသိမြင်နိုင်သရွေ့ သင်သည် ၎င်းတို့အပေါ် ဖော်ရွေသည်ဟု သို့မဟုတ် သင်သည် ၎င်းတို့အတွက် လုံးဝ အန္တရာယ်မရှိဟု ခံစားရမည်မဟုတ်ပေ။ ၎င်းတို့သည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများသည် မှန်ကန်ခြင်း သို့မဟုတ် မမှန်ကန်ခြင်း၊ မှားခြင်း သို့မဟုတ် မှန်ခြင်း၊ အပြုသဘောဆောင်ခြင်း သို့မဟုတ် အပျက်သဘောဆောင်ခြင်း ရှိမရှိကို မခွဲခြားနိုင်ပေ။ ဤအရာများကို ၎င်းတို့ မသုံးသပ်ဆုံးဖြတ်နိုင်ကြပေ။ ၎င်းတို့သည် ကိုယ်ကျိုးရှာ တွက်ချက်မှုအချို့ကိုသာ ပိုင်ဆိုင်ကြသည်။ ၎င်းတို့ အခွင့်အရေးယူပြီးသည့်အခါ ပျော်ရွှင်သည်ဟု ခံစားရသည်၊ အခွင့်အရေး မယူရသည့်အခါ ဆုံးရှုံးမှုတစ်ခု ခံစားခဲ့ရသည်၊ တရားမမျှတစွာ ဆက်ဆံခံခဲ့ရသည်၊ အခြားသူများ၏ ရယ်မောခြင်းကို ခံခဲ့ရသည်ဟု ခံစားရပြီး နောက်တစ်ကြိမ်တွင် အခြားသူများကို အခွင့်အရေးယူခွင့် မပေးရန် သို့မဟုတ် အခြားသူများကို ၎င်းတို့ရှေ့တွင် ကြွားဝါခွင့် သို့မဟုတ် အသာစီးရခွင့် မပြုရန် စိတ်ပိုင်းဖြတ်ကြသည်။ ၎င်းတို့သည် အခြားသူများကို မည်သည့်အခွင့်အရေးမျှ ပေးမည်မဟုတ်ပေ။ ငါ့ကို ပြောလော့၊ ဤကိုယ်ကျိုးရှာ တွက်ချက်မှုများကို ၎င်းတို့၏ စိတ်ထဲတွင် ရှိနေရုံမျှဖြင့် အစွမ်းအစရှိသည်ဟု မှတ်ယူနိုင်သလော။ ယင်းသည် ဦးနှောက်မသန်စွမ်းခြင်းထက် အနည်းငယ်သာ သာလွန်သော်လည်း စွမ်းရည်များနှင့် ပတ်သက်လာလျှင် ၎င်းတို့တွင် တစ်ခုမျှမရှိပေ။ ၎င်းတို့တွင် အမှုအခင်းအမျိုးမျိုးကို ကိုင်တွယ်ရန် မတူညီသော စွမ်းရည်များ တစ်ခုမျှမရှိပေ။ ၎င်းတို့သည် ငတုံးများနှင့် ဉာဏ်ရည်နိမ့်ကျသူများသာ ဖြစ်ကြသည်။ ထိုသို့သောလူများတွင် အစွမ်းအစမရှိပေ။ သင် နားလည်သလော။ (နားလည်ပါသည်။) ဦးနှောက်မသန်စွမ်းသူများနှင့်ယှဉ်လျှင် ထိုလူများတွင် ပိုနေသည်မှာ ဤကိုယ်ကျိုးရှာ တွက်ချက်မှုများသာ ဖြစ်သည်၊ ဦးနှောက်မသန်စွမ်းသူများတွင် ထိုအရာများပင် မရှိပေ။ ထိုသို့သောလူများသည် ဤစကားကို ကြားသောအခါ လက်မခံကြဘဲ “သင်က ကျွန်ုပ်တွင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်း မရှိဟု အခိုင်အမာဆိုသည်။ အမေရိကန်ဒေါ်လာနှင့် ရွှေတို့ကို အတူထားလိုက်ပြီး ကျွန်ုပ်သည် ယင်းတို့ကို သတိသင်က ကျွန်ုပ်မှာ ခွဲခြားနိုင်ခြင်း ရှိမရှိကြည့်လော။ ကျွန်ုပ်သည် ယင်းတို့ကို ခွဲခြားနိုင်သည်။ ရွှေသည် အဝါရောင်ဖြစ်ပြီး အမေရိကန်ဒေါ်လာသည် ငွေစက္ကူဖြစ်သည်။ ရွှေဖြူနှင့် ငွေထည်တို့ကို အတူထားပြီး ကျွန်ုပ် အကဲဖြတ်နိုင်ခြင်း ရှိမရှိ ကြည့်လော့။ ရွှေဖြူနှင့် ငွေထည် တို့သည် မတူညီသော အဖြူရောင်အသား ရှိကြသည်။ ယင်းကို ကျွန်ုပ် ခွဲခြားနိုင်သည်” ဟု ပြောကြသည်။ ဤသည်မှာ စဉ်းစားဉာဏ်မဲ့ခြင်း မဟုတ်လော။ ဤသည်မှာ အတော်ပင် စဉ်းစားဉာဏ်မဲ့လှသည်။ ၎င်းတို့သည် ဤအရာများကိုသာ ခွဲခြားနိုင်စွမ်းရှသည့်တိုင် ယင်းနှင့်ပတ်သက်၍ ကြွားဝါလိုပြီး မိမိတို့ စဉ်းစားဉာဏ်မဲ့ခြင်း မရှိကြောင်း သက်သေပြလိုကြသေးသည်။ ၎င်းတို့သည် စဉ်းစားဉာဏ်မဲ့သောအရာများစွာ၊ အစွမ်းအစ ကင်းမဲ့ကြောင်း ပြသသည့်အရာများစွာကို လုပ်ဆောင်ခဲ့ပြီးပြီဖြစ်သည်။ ၎င်းတို့သည် ယင်းတို့အကြောင်းကို ပြောဆိုပြီး နားလည်ရန် အဘယ်ကြောင့် မကြိုးစားကြသနည်း။ ၎င်းတို့သည် အစွမ်းအစကင်းမဲ့သောကြောင့်၊ ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းသောကြောင့်၊ ဤအရာများကို မဖော်ထုတ်နိုင် သို့မဟုတ် မခွဲခြားနိုင်သောကြောင့်ပင်လျှင် ၎င်းတို့သည် မိမိတို့ ဦးနှောက်မသန်စွမ်းကြောင်း သက်သေပြရန်၊ မိမိတို့တွင် အကြံဉာဏ်အချို့နှင့် အစွမ်းအစအချို့ရှိကြောင်း သက်သေပြရန် ဦးနှောက်မသန်စွမ်းသူများ မလုပ်နိုင်သည့်အရာ တစ်ခု သို့မဟုတ် နှစ်ခုကို ထုတ်ဖော်ပြောဆိုကြခြင်း ဖြစ်သည်။ ဤသည်မှာ စဉ်းစားဉာဏ်မဲ့ခြင်း မဟုတ်လော။ ဤသည်က ၎င်းတို့၏ စဉ်းစားဉာဏ်မဲ့မှုကို ပို၍ သက်သေပြသည်။ အစွမ်းအစမရှိသူများ၏ သရုပ်သကန်များအကြောင်း ငါတို့၏ မိတ်သဟာယသည်လည်း ယခု ပြီးဆုံးပြီဖြစ်သည်။ တစ်စုံတစ်ဦးတွင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်း ရှိမရှိ၏ အဓိကအတိုင်းအတာမှာ အဘယ်နည်း။ ၎င်းမှာ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်ပုံ ရှိမရှိ ဖြစ်သည်။ သင်သည် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်ပုံ မရှိပါက သင်သည် မည်သည့်အရာကိုမျှ သုံးသပ်ဆုံးဖြတ်နိုင်မည်မဟုတ်ပေ။ သင်သည် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်ပုံ ရှိပါက သင်၏ သုံးသပ်ဆုံးဖြတ်ချက်များသည် လွဲချော်နေနိုင်သေးသော်လည်း အနည်းဆုံးအနေဖြင့် ၎င်းက သင့်တွင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိပြီး ပုံမှန်လူ့သဘာဝ၏ တွေးခေါ်နိုင်စွမ်းကို ပိုင်ဆိုင်ကြောင်း ပြသသည်။ သင်ချမှတ်သော သုံးသပ်ဆုံးဖြတ်ချက်များသည် မှန်းဆချက်မဟုတ်၊ ယူဆချက်မဟုတ်၊ စိတ်ကူးသက်သက်မျှ ဖြစ်သောအရာ မဟုတ်သကဲ့သို့ ကောက်ချက်ချခြင်းလည်း မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် ကိစ္စတစ်ခု၏ ရှုထောင့်အားလုံးကို စဉ်းစားခြင်းမှတစ်ဆင့် ရောက်ရှိလာသော မတူညီသည့် ကောက်ချက်များနှင့် ထင်မြင်ချက်များ ဖြစ်ကြသည်။ ဤသည်ကို သုံးသပ်ဆုံးဖြတ်နိုင်စွမ်းဟု ခေါ်သည်။

သုံးသပ်ဆုံးဖြတ်နိုင်စွမ်းကို ဆွေးနွေးပြီးသည့်နောက်တွင် နောက်တစ်ဆင့်အနေဖြင့် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းအကြောင်းကို ပြောကြမည်။ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းဟူသည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ အဓိကအားဖြင့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများသည် အပြုသဘောဆောင်သည် သို့မဟုတ် အပျက်သဘောဆောင်သည်၊ မှန်ကန်သည် သို့မဟုတ် မမှန်ကန်သည်၊ အမှန် သို့မဟုတ် အမှားဖြစ်သည်ကို ပိုင်းခြားသိမြင်ခြင်းကို ရည်ညွှန်းသည်။ ယင်းမှာ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ စရိုက်လက္ခဏာကို သရုပ်ဖော်ခြင်း သို့မဟုတ် အမျိုးအစားခွဲခြားခြင်းကို ရည်ညွှန်းသည်၊ သင်ရင်ဆိုင်ရသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အမျိုးအစားအမျိုးမျိုးထဲသို့ ထည့်သွင်းခြင်း ဖြစ်သည်။ ပိုင်းခြားသိမြင်ခြင်း၏ ရည်ရွယ်ချက်နှင့် အဓိကရည်မှန်းချက်မှာ လူတို့ကို ၎င်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်ရန်နှင့် အပြုသဘောဆောင်သော၊ အပျက်သဘောဆောင်သော အရာများကို ၎င်းတို့၏ အမျိုးအစားအညီ ခွဲခြားသတ်မှတ်ရန် ဖြစ်သည်။ အမျိုးအစားခွဲခြားခြင်းသည် ငှက်များကို ငှက်အမျိုးအစားထဲသို့လည်းကောင်း၊ တိရစ္ဆာန်များကို တိရစ္ဆာန်အမျိုးအစားထဲသို့လည်းကောင်း၊ အပင်များကို အပင်အမျိုးအစားထဲသို့လည်းကောင်း အုပ်စုခွဲခြင်းကို ဆိုလိုခြင်းမဟုတ်သည်မှာ မှန်ပေသည်။ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းသည် ဤအရာများကို အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းကို ရည်ညွှန်းခြင်းမဟုတ်ဘဲ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ ဂုဏ်သတ္တိများကို ပိုင်းခြားသိမြင်နိုင်စွမ်းကို ရည်ညွှန်းသည်။ ဥပမာအားဖြင့် သင်သည် လူအမျိုးမျိုး၏ သရုပ်သကန်များ၊ ထုတ်ဖော်ခြင်းများနှင့် အနှစ်သာရကို အမျိုးအစား ခွဲခြားနိုင်သလော။ သင်ကြုံတွေ့ရသော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ ဂုဏ်သတ္တိများကို သင် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သလော။ ဥပမာအားဖြင့် မယုံကြည်သူများကို ပိုင်းခြားသိမြင်ရာတွင် ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြောင်း သင့်ကို ရှင်းလင်းစွာ အသိအမှတ်ပြုနိုင်စေသည့် မယုံကြည်သူများ၏ ထုတ်ဖော်ခြင်းများကို သင် ပိုင်းခြားသိမြင်နိုင်သလော။ သင်သည် မယုံကြည်သူများတွင် မည်သည့်စရိုက်လက္ခဏာများနှင့် ဉာဉ်များ ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့သည် မည်သည့် လူ့သဘာဝဆိုင်ရာ ထုတ်ဖော်ခြင်းများကို ပြသသည်ကိုလည်းကောင်း၊ မည်သည့်စကားများကို ပြောဆိုသည်ကိုလည်းကောင်း၊ မည်သည့်လုပ်ဆောင်ချက်များကို လုပ်ဆောင်သည်ကိုလည်းကောင်း၊ မည်သည့်အတွေးအခေါ်များနှင့် ရှုမြင်ချက်များကို ပိုင်ဆိုင်သည်ကိုလည်းကောင်း သိရှိပါက သင်သည် မယုံကြည်သူများကို ပိုင်းခြားသိမြင်နိုင်သင့်ပေသည်။ ကောင်းသော အစွမ်းအစရှိသူတစ်ဦးသည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ ပေါ်ပေါက်လာသောအခါ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ အပျက်သဘောဆောင်သော အရာများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ အပြုသဘောဆောင်သော လူများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ အပျက်သဘောဆောင်သော လူများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ၎င်းတို့သည် တရားမျှတခြင်း ရှိမရှိကိုဖြစ်စေ၊ ဆိုးယုတ်ခြင်း ရှိမရှိကိုဖြစ်စေ၊ မှန်ကန်ခြင်း ရှိမရှိကိုဖြစ်စေ၊ မမှန်ကန်ခြင်း ရှိမရှိကိုဖြစ်စေ ပိုင်းခြားသိမြင်နိုင်သည်။ ၎င်းတို့သည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ ဂုဏ်သတ္တိများကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး ယင်းတို့သည် လူ့သဘာဝ၊ သမ္မာတရားတို့နှင့် ကိုက်ညီမှုရှိမရှိကို ပိုင်းခြားသိမြင်နိုင်သည်။ ဤသည်မှာ ကောင်းသော အစွမ်းအစရှိသူ ဖြစ်သည်။ သို့ဆိုလျှင် သာမန်အစွမ်းအစရှိသော လူများမှာ မည်သို့နည်း။ ၎င်းတို့သည် သိသာထင်ရှားသော ဂုဏ်သတ္တိများရှိသည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်သည်။ ဥပမာအားဖြင့် အချို့လူများက “ဘုရားက မည်သို့တည်ရှိနိုင်မည်နည်း။ သူ ဘယ်မှာနည်း။ သူတည်ရှိကြောင်းကို ကျွန်ုပ် အဘယ်ကြောင့် မှန်မမှန် မစစ်ဆေးနိုင်ရသနည်း” ဟု ပြောကြသည်။ ဘုရားသခင်ကို သိသိသာသာ ငြင်းပယ်သည့် ဤကဲ့သို့သော စကားများအတွက်မူ ၎င်းတို့တွင် ပိုင်းခြားသိမြင်မှုအချို့ရှိပြီး ထိုသို့သောလူများသည် မယုံကြည်သူများနှင့် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များဖြစ်ကြောင်း ပိုင်းခြားသိမြင်နိုင်သည်။ ၎င်းတို့သည် သိသာထင်ရှားသော ဆိုးယုတ်မှုနှင့် သိသိသာသာ အပျက်သဘောဆောင်သော၊ မတရားသော၊ ကောက်ကျစ်ဆိုးယုတ်သော အရာများကို ပိုင်းခြားသိမြင်နိုင်သော်လည်း အထင်မှားစေတတ်ပြီး မည်သူကမျှ မကြားဖူးသလောက်ဖြစ်ကာ ကြားနေအခြေအနေ သို့မဟုတ် ဒွိဟနယ်မြေထဲသို့ ကျရောက်နေသည့် အချို့အရာများအတွက်မူ ယင်းတို့ကို မခွဲခြားနိုင်သကဲ့သို့ မတူညီစွာ သဘောထားပြုမူနိုင်စွမ်းလည်း မရှိပေ။ ၎င်းတို့တွင် သိသာထင်ရှားသော မကောင်းမှုများကို ကျူးလွန်သည့် ဆိုးယုတ်သောလူများကို ပိုင်းခြားသိမြင်နိုင်စွမ်း အမှန်ပင်ရှိသည်။ ထိုသို့သောလူသည် ဆိုးယုတ်ကြောင်း ၎င်းတို့သိပြီး ထိုကဲ့သို့ ဆိုးယုတ်သောလူတစ်ဦးသည် ခေါင်းဆောင်ဖြစ်လာပြီး အဆင့်အတန်းရရှိပါက သူသည် အန္တိခရစ်ဖြစ်လိမ့်မည်ဟု သိကြသည်။ သို့သော် ဤလူသည် စရိုက်ညံ့ဖျင်းပြီး ဒုစရိုက်အမှုများကို မကျူးလွန်သေးပါက သူသည် ဆိုးယုတ်သောလူအဖြစ် အမျိုးအစားခွဲခြားနိုင်ခြင်း ရှိမရှိနှင့် သူသည် မည်သည့်ဆိုးယုတ်သော အမှုများကို ကျူးလွန်နိုင်သည်ကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်မည် မဟုတ်သကဲ့သို့ ဤလူ၏ ဂုဏ်သတ္တိများကိုလည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည် မဟုတ်ပေ။ ဤသည်မှာ သာမန်အစွမ်းအစရှိခြင်း ဖြစ်သည်။ အချို့လူများ၏ အပြုအမူသည် အလွန်သိသာထင်ရှားသည်၊ ဥပမာအားဖြင့် လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်မှုတွင် ပါဝင်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ လောကီအရာများကို လိုက်စားခြင်း၊ အတင်းအဖျင်းပြောခြင်းကို နှစ်သက်ခြင်း၊ အခြားသူများကို မကြာခဏ ဖိနှိပ်ခြင်းနှင့် အနိုင်ကျင့်ခြင်း သို့မဟုတ် လူသတ်ခြင်းနှင့် မီးရှို့ခြင်းတို့ကို ပြုလုပ်ကြရာ ဤလူများသည် လူကောင်းများမဟုတ်ဘဲ ဘုရားသခင် စက်ဆုပ်ရွံရှာသော လူများဖြစ်သည်ဟု ၎င်းတို့က ပြောကြလိမ့်မည်။ ၎င်းတို့သည် ဤသို့ ခွဲခြားနိုင်သည်။ သို့သော် မကြာခဏ အလှူဒါနပေးပြီး အခြားသူများကို ကူညီခြင်း၊ လူများအပေါ် စိတ်ရှည်ခြင်း၊ အခြားသူများနှင့် အတော်အသင့် သင့်မြတ်ခြင်းတို့ဖြင့် အပြင်ပန်းအပြုအမူ အလွန်ကောင်းမွန်ပုံရသော အချို့လူများအတွက်မူ အပေါ်ယံတွင် ထိုသူတို့၏ လူ့သဘာဝသည် အလွန်ကောင်းမွန်ပုံရကာ ထိုသူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များသည် အချိန်အများစုတွင် သမ္မာတရားနှင့် မကိုက်ညီဘဲ ထိုသူတို့၏ လုပ်ဆောင်ချက်များသည် သမ္မာတရားစည်းမျဉ်းများကို မကြာခဏ ချိုးဖောက်နေသည့်တိုင် ထိုသို့သောလူများသည် သမ္မာတရားကို လိုက်စားသူများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ထိုသူတို့သည် မည်သည့်အမျိုးအစားတွင် အတိအကျ ပါဝင်သည်ကိုဖြစ်စေ ၎င်းတို့ ပိုင်းခြားသိမြင်နိုင်မည် မဟုတ်ပေ။ သိသာထင်ရှားပြီး အလွယ်တကူ သမုတ်နိုင်သော ထိုလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအတွက်၊ ၎င်းတို့သည် မှန်ကန်ခြင်း ရှိမရှိကိုဖြစ်စေ၊ မမှန်ကန်ခြင်း ရှိမရှိကိုဖြစ်စေ၊ အမှန် ဟုတ်မဟုတ်ကိုဖြစ်စေ၊ အမှား ဟုတ်မဟုတ်ကိုဖြစ်စေ၊ တရားမျှတခြင်း ရှိမရှိကိုဖြစ်စေ၊ ကောက်ကျစ်ဆိုးယုတ်ခြင်း ရှိမရှိကိုဖြစ်စေ၊ ယင်းတို့သည် အပြုသဘောဆောင်ခြင်း ရှိမရှိကိုဖြစ်စေ၊ အပျက်သဘောဆောင်ခြင်း ရှိမရှိကိုဖြစ်စေ ၎င်းတို့ ပိုင်းခြားသိမြင်နိုင်သည်။ ၎င်းတို့သည် ထိုသို့သော အပြင်ပန်းကိစ္စများကို ခွဲခြားနိုင်သော်လည်း စည်းမျဉ်းများနှင့် အမှန်တကယ် သက်ဆိုင်ပြီး သမ္မာတရားနှင့် ဆက်စပ်နေသော ထိုလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့် ပတ်သက်လာသောအခါတွင်မူ ၎င်းတို့ မခွဲခြားနိုင်တော့ပေ။ မည်သည့်အရာများသည် သမ္မာတရားနှင့် သိသိသာသာ ကိုက်ညီပြီး မည်သည့်အရာများသည် သမ္မာတရားကို ချိုးဖောက်သည်ကို ၎င်းတို့ မပိုင်းခြားနိုင်ပေ။ ဤသည်မှာ သာမန်အစွမ်းအစရှိခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အချို့လူများသည် အတော်အသင့်ကောင်းမွန်သော အထည်ဖြင့်ပြုလုပ်ထားသည့် အဝတ်အစားများကို ဝတ်ဆင်ကြရာ ယင်းတို့သည် ကျက်သရေရှိပြီး အရည်အသွေးမြင့်ပုံပေါ်ကာ ၎င်းတို့ကို လောကရှိ အဆင့်မြင့်ပုဂ္ဂိုလ်များ သို့မဟုတ် ပညာတတ်အထက်တန်းလွှာများနှင့် တူစေသည်။ ဤအရာကိုမြင်လျက် သာမန်အစွမ်းအစရှိသော လူများက “ဤအဝတ်အထည်များသည် ဘာသာတရားမရှိသူများ နှစ်သက်သည့် အရာများဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သည့် လူများအနေဖြင့် ကျွန်ုပ်တို့သည် ယင်းတို့ကို မနှစ်သက်သင့်ပါ။ ဤအရာများသည် အပြုသဘောဆောင်သည့် အရာများ မဟုတ်ပါ” ဟု ပြောကြသည်။ ဤသို့ပြောခြင်းသည် မမှန်ကန်ပေ။ ဤအဝတ်အစားများသည် ညှို့ယူဖမ်းစားပုံ သို့မဟုတ် စွဲဆောင်မှုရှိပုံ မပေါ်ဘဲ ယင်းအစား ကျက်သရေရှိပြီး တည်ကြည်ကာ သင့်တင့်လျောက်ပတ်ပုံပေါ်သဖြင့် ဝတ်ဆင်သူကို ခံ့ညားစေသည်။ သို့သော် ဤလူများသည် ဝတ်ဆင်သူကို ခံ့ညားစေပြီး ကျက်သရေရှိစေသည့်အပြင် လက်ရှိခေတ်စားနေသော ထိုသို့သောအဝတ်အထညိများကို အပျက်သဘောဆောင်သော အရာများအဖြစ် သတ်မှတ်ပြီး ယင်းတို့သည် ကောက်ကျစ်ဆိုးယုတ်သည်ဟု ပြောကြသည်။ ဤသည်မှာ ဤအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိခြင်းပင် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ထိုသို့သောလူများ၏ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းသည် မည်သို့များ ရှိသနည်း။ အလွန်ဆုံးအနေဖြင့် သာမန်အဆင့်သာ ဖြစ်သည်။ ဤသည်မှာ သာမန်အစွမ်းအစရှိခြင်း ဖြစ်သည်။ ထိုသို့သောလူများသည် ဘာသာတရားမရှိသူများပင် ခွဲခြားနိုင်သည့် အချို့အရာများကိုပင် မခွဲခြားနိုင်ကြပေ။ ကောင်းသော အစွမ်းအစရှိသည့် ဘာသာတရားမရှိသူများသည် ကောင်းသော လူ့သဘာဝနှင့် ဆိုးသော လူ့သဘာဝကို ပိုင်းခြားသိမြင်နိုင်သော်လည်း ဤလူများကမူ မပိုင်းခြားနိုင်ကြပေ။ ဘုရားသခင်ကို ယုံကြည်ပြီးနောက် အယူဝါဒအချို့ကို နားလည်သော်လည်း ထိုသို့သောလူများသည် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကြားတွင် မခွဲခြားနိုင်ကြပေ။ ၎င်းတို့သည် သိသာထင်ရှားသော အရာများကို ပိုင်းခြားသိမြင်နိုင်သော်လည်း မသိသာထင်ရှားသော အရာများကိုမူ မပိုင်းခြားနိုင်ကြပေ။ ၎င်းတို့သည် သိသိသာသာ ဆိုးယုတ်သောလူများ၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်ပွားသည့် သိသာထင်ရှားသော ဖြစ်စဉ်များနှင့် စည်းမျဉ်းများကို ချိုးဖောက်သည့် သိသာထင်ရှားသော ဖြစ်စဉ်များကို ပိုင်းခြားသိမြင်နိုင်သော်လည်း အတော်အသင့် ထူးခြားသော၊ အန္တရာယ်ပြုမည့် လက္ခဏာရှိပြီး ထူးဆန်းသော၊ မထင်မရှား လျှို့ဝှက်ဖုံးကွယ်ထားသော အချို့သောလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် ပတ်သက်လာသောအခါတွင်မူ ယင်းတို့ကို မပိုင်းခြားနိုင်ကြပေ။ အခြားသူများ၏ မိတ်သဟာယဖွဲ့ခြင်းနှင့် သတိပေးမှုများမှတစ်ဆင့် သို့မဟုတ် ထိုလူများကိုယ်တိုင်က သိသာထင်ရှားသော တစ်စုံတစ်ခုကို လုပ်ဆောင်မှသာ ၎င်းတို့ ပိုင်းခြားသိမြင်နိုင်သည်။ သို့မဟုတ်ပါက ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ ဤသည်မှာ ၎င်းတို့၏ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းသည် သာမန်အဆင့်ဖြစ်ကြောင်း ညွှန်ပြသည်။ မည်သို့သောအခြေအနေတွင်မဆို မည်သည့်လူ၊ ဖြစ်ရပ်၊ အမှုအရာကိုမျှ ပိုင်းခြားသိမြင်ခြင်း သို့မဟုတ် ယင်းတို့၏ ဂုဏ်သတ္တိများကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း မပြုနိုင်သည့် အချို့လူများလည်း ရှိသေးသည်။ ဥပမာအားဖြင့် လူအမျိုးအစားတစ်မျိုး၏ ဂုဏ်သတ္တိများ အတိအကျ မည်သို့ရှိသည်ကို အကဲဖြတ်ရာတွင် ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ မယုံကြည်သူများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ သမ္မာတရားကို လိုက်စားသူများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ပျိုးထောင်ရန် သင့်တော်သူများ ဟုတ်မဟုတ်ကိုဖြစ်စေ ဤအရာများကို ၎င်းတို့ မသိရှိကြသကဲ့သို့ မမြင်နိုင်ကြပေ။ ထိုသို့သောလူများသည် သရုပ်သကန်များစွာ ပြသပြီး အလွန်သိသာထင်ရှားသော ပြဿနာများ ရှိသည့်အခါတွင်ပင် ဤလူများကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း သို့မဟုတ် ၎င်းတို့၏ ဂုဏ်သတ္တိများကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခြင်း မရှိသေးပေ။ ဤသည်မှာ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ သာမန်ဖြစ်ပြီး အလွယ်တကူ ပိုင်းခြားသိမြင်နိုင်သော အချို့သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ ပေါ်ပေါက်လာလျှင်ပင် ဤလူများသည် လူကောင်းများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ဆိုးယုတ်သောလူများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ဤအရာများသည် တရားမျှတသော ကိစ္စများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ကောက်ကျစ်ဆိုးယုတ်သော ကိစ္စများ ဟုတ်မဟုတ်ကိုဖြစ်စေ ၎င်းတို့ ရှင်းလင်းစွာ မပြောနိုင်ကြပေ။ ယင်းတို့ကို မည်သို့ခွဲခြားရမည် သို့မဟုတ် အမျိုးအစား သတ်မှတ်ရမည်ကို ၎င်းတို့မသိသကဲ့သို့ မည်သို့ အမျိုးအစားခွဲခြားရမည်ကိုလည်း မသိကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး အခြားသူများနှင့် မိတ်သဟာယဖွဲ့ပြီးသည့်နောက်တွင်ပင် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသေးပေ။ အဆုံးတွင် ၎င်းတို့က “သင် ယင်းတို့ကို မည်သို့ပင် စရိုက်လက္ခဏာ သရုပ်ဖော်ပါစေ ယင်းမှာ ၎င်းတို့၏ ပကတိအခြေအနေပင် ဖြစ်သည်။ သင် ယင်းတို့ကို တရားမျှတသည်ဟု စရိုက်လက္ခဏာ သရုပ်ဖော်လျှင် ယင်းတို့သည် တရားမျှတသည်၊ သင် ယင်းတို့ကို ကောက်ကျစ်ဆိုးယုတ်သည်ဟု စရိုက်လက္ခဏာ သရုပ်ဖော်လျှင် ယင်းတို့သည် ကောက်ကျစ်ဆိုးယုတ်သည်” ဟု ပြောဆိုကာ အခြားသူများကို ၎င်းတို့အတွက် ဆုံးဖြတ်ခိုင်းကြသည်။ အတိုချုပ်အားဖြင့် ၎င်းတို့ကိုယ်တိုင် အဓိပ္ပာယ်ဖွင့်ဆိုချက်များ မပြုလုပ်နိုင် သို့မဟုတ် ကောက်ချက်မချနိုင်ကြပေ။ မည်သို့သော အခြေအနေတွင်မဆို ကောက်ချက်ချရမည့်အချိန်တိုင်းတွင် ၎င်းတို့သည် မည်သည့်အရာလုပ်ရမှန်းမသိ ဖြစ်သွားပြီး ပြောစရာစကားမရှိတော့ပေ။ ဤသည်မှာ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ခြင်းပင် မဟုတ်လော။ (ဟုတ်ပါသည်။) အရှင်းလင်းဆုံးသော အပြင်ပန်းဖြစ်စဉ်တစ်ခုနှင့်ပင် ယင်း၏သဘောသဘာဝနှင့် ဂုဏ်သတ္တိများ မည်သို့ရှိသည်ကို ပိုင်းခြားသိမြင်ရန် သင်က ၎င်းတို့ကို တောင်းဆိုပါက ၎င်းတို့ မသိကြပေ။ သို့ရာတွင် ၎င်းတို့တွင် လှည့်ကွက်တစ်ခုရှိသည်၊ ၎င်းတို့သည် လူတစ်ဦး ပြောဆိုလုပ်ဆောင်ခဲ့သည်များကို ပြန်လည်ပြောပြရင်း ရေပက်မဝင် မပြီးနိုင်အောင် ပြောဆိုနိုင်သည်။ သို့သော် သင်က ၎င်းတို့ကို “ဤလူသည် အမှန်တကယ် စစ်မှန်သော ယုံကြည်သူ ဟုတ်သလား သို့မဟုတ် မဟုတ်ဘူးလား။ သူသည် ဘုရားသခင်အတွက် ဧရာမ ရည်သန်မျှော်မှန်းချက် ရှိသူတစ်ဦးလား” ဟု မေးပါက ၎င်းတို့က “အင်း၊ သူသည် ဘုရားသခင်ကို ဆယ်နှစ်ကျော်ကြာ ယုံကြည်လာပြီး သူ၏ မိသားစုနှင့် အလုပ်အကိုင်တို့ကို စွန့်လွှတ်ခဲ့သည်။ သူ့ကလေး သုံးနှစ် သို့မဟုတ် လေးနှစ်အရွယ်တွင် သူမအား ညီအစ်ကိုမောင်နှမများထံ အပ်နှံပြီး သူ၏ တာဝန်ကို ထမ်းဆောင်ရန် အိမ်မှ ထွက်ခွာခဲ့သည်” ဟု ပြန်ဖြေကြသည်။ ၎င်းတို့တွင် ကိုယ်ကျိုးရှာ တွက်ချက်မှုများ အမှန်ပင်ရှိသည်၊ ၎င်းတို့ကိုယ်တိုင် ကောက်ချက်ချခြင်းကို ရှောင်ကြဉ်ပြီး သင့်ကို ဆုံးဖြတ်စေသည်။ သင်က ၎င်းတို့ကို “သို့ဆိုလျှင် ဤလူသည် သမ္မာတရားကို လက်ခံသူတစ်ဦးလား” ဟု မေးပါက ၎င်းတို့က “အင်း၊ သူ အသင်းတော်ခေါင်းဆောင် ဖြစ်လာကတည်းက မနက်စောစောထပြီး ညဉ့်နက်မှ အိပ်သည်။ သူ သမ္မာတရားကို လက်ခံသည့်သူ ဟုတ်မဟုတ်နှင့် ပတ်သက်ပါက တစ်ခါက ညီအစ်ကိုမောင်နှမများက သူ၏ ပြဿနာအချို့ကို သူ့အား ထောက်ပြသည့်အခါတွင် သူက သူ ဘုရားသခင်ကို အကြွေးတင်ပြီး ကောင်းကောင်းမလုပ်ခဲ့ပါပြောလျက် ချက်ချင်းပင် ငိုကြွေးခဲ့သည်” ဟု ပြန်ဖြေကြသည်။ “ပြီးလျှင် နောက်ပိုင်း၌ သူနောင်တရခဲ့သေးသလား” “အင်း၊ ထိုအချိန်က သူ့သဘောထားသည် အတော်လေး ကောင်းမွန်ပါသည်” ဟူ၍ ဖြစ်လေသည်။ ၎င်းတို့သည် သင့်အပေါ် သတင်းအချက်အလက်များ ပုံပေးရသည်ကို နှစ်သက်ကြသည်၊ ၎င်းတို့သည် တစ်မူထူးခြားကြောင်း၊ အရာအားလုံးကို သိကြောင်း၊ လူများကို မည်သို့ရှုမြင်ရမည်ကို သိကြောင်း သင့်ကိုပြသပြီး သင့်ကို ၎င်းတို့အား လျှော့မတွက်စေရန် တားဆီးကြသည်။ လက်တွေ့တွင်မူ ၎င်းတို့သည် လူများကို မပိုင်းခြားနိုင်သကဲ့သို့ ကောက်ချက်လည်း မချနိုင်ကြပေ။ ၎င်းတို့သည် သင့်အား ဖြစ်စဉ်များနှင့် သတင်းအချက်အလက်များ အစုအပုံလိုက်ကို ပြောပြပြီး ဤလူသည် မည်သို့သောလူစားမျိုးဖြစ်သည်ကို ပိုင်းခြားသိမြင်ရန်နှင့် ဤလူနှင့်ပတ်သက်၍ ကောက်ချက်ချကာ သူ၏ ဂုဏ်သတ္တိများကို အဓိပ္ပာယ်ဖွင့်ဆိုရန် သင့်အပေါ် ပုံအပ်ထားကြသည်။ သင်က “ဤလူကို အခြေခံအားဖြင့် သမ္မာတရားကို လက်ခံသူတစ်ဦးအဖြစ် မှတ်ယူနိုင်သည်။ သူသည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ စိတ်အားထက်သန်မှုရှိပြီး စစ်မှန်သော ယုံကြည်သူဖြစ်သည်။ သူသည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သောကြောင့်သာ သမ္မာတရားကို လက်ခံလိုစိတ် ရှိသော်လည်း လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို မည်သည့်အခါမျှ ရှာမတွေ့နိုင်ဘဲ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်” ဟု ပြောသည်။ ၎င်းတို့က “သူသည် ကျွန်ုပ်၏ အမြင်တွင် သဘောပေါက်နားလည်နိုင်စွမ်း ရှိသူတစ်ဦးနှင့် မတူပါ။ မနှစ်မြို့စရာတစ်ခုခုကို သူပြောလိုက်သည့်အခါတိုင်းတွင် သူ ငိုကြွေးသည်။ ယင်းမှာ အစဉ်သဖြင့် ထိုသဘောထားသာ ဖြစ်သည်” ဟု ပြန်ဖြေကြသည်။ မြင်သလော။ ၎င်းတို့ကိုယ်တိုင် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသော်လည်း သူတစ်ပါးစကားကို အမှီပြုပြီး ပြောဆိုရာတွင်မူ အတော်လေး တော်ကြသည်။ ယင်းမှာ ပြဿနာပင် မဟုတ်လော။ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောလူများ၏ အဖြစ်အများဆုံး သရုပ်သကန်မှာ ၎င်းတို့သည် ဖြစ်စဉ်များ၊ သတင်းအချက်အလက်များ၊ ခက်ခဲသောပြဿနာများ၊ ဖြစ်ရပ်အဆင့်ဆင့် သို့မဟုတ် အခြေအနေတစ်ခုအကြောင်း ၎င်းတို့လေ့လာတွေ့ရှိခဲ့သမျှ အရာအားလုံးကို သင့်အား ပြောပြရသည်ကို နှစ်သက်ပြီးနောက် သင်က ယင်းကို အဓိပ္ပာယ်ဖွင့်ဆိုသည်ကို စောင့်ဆိုင်းကြခြင်း ဖြစ်သည်။ ပြီးလျှင် သင် အဓိပ္ပာယ်ဖွင့်ဆိုပြီးနောက်တွင်မူ သင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ကောင်းသည်ဟု ၎င်းတို့ထင်ပြီး လက်ခံနိုင်သည်။ လက်ခံပြီးနောက်တွင်လည်း သင်သည် အဘယ်ကြောင့် ဤသို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်ကို ၎င်းတို့ မသိကြသေးပေ။ သင်၏ကောက်ချက်နောက်ကွယ်ရှိ အခြေခံအကြောင်းရင်း သို့မဟုတ် စည်းမျဉ်းများကို ၎င်းတို့မသိသကဲ့သို့ အဆိုပါလူအမျိုးအစားကို မည်သို့ဆက်ဆံရမည်ကိုဖြစ်စေ၊ မည်သို့ကိုင်တွယ်ရမည်ကိုဖြစ်စေ မသိကြပေ။ ဤအရာများအနက် တစ်ခုကိုမျှ ၎င်းတို့မသိကြပေ။ မိတ်သဟာယဖွဲ့ခြင်းနှင့် လေ့လာခြင်းများ ပြုလုပ်ပြီးသည့်နောက်တွင်ပင် ၎င်းတို့ နားလည်ကြသေးပေ။ ဤသည်မှာ ၎င်းတို့တွင် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိကြောင်း ပြသသည်၊ ဤသည်မှာ အစွမ်းအစမရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ၎င်းတို့သည် အဖြစ်မှန်များကို လွဲချော်စေခြင်းနှင့် အရာတစ်ခုကို အခြားတစ်ခုနှင့် ရောထွေးခြင်းဟူသော အမှားကိုလည်း မကြာခဏ ကျူးလွန်ကြသည်။ မည်သည့်ပြဿနာကိုပင် ၎င်းတို့ မှတ်ချက်ပေးပါစေ ကိစ္စရပ်၏ အရင်းအမြစ် သို့မဟုတ် အနှစ်သာရကို ဆုပ်ကိုင်ရန် ပျက်ကွက်ပြီး အပြင်ပန်းဖြစ်စဉ်များကိုသာ အခြေခံ၍ ကောက်ချက်ချကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် အန္တိခရစ်၏ မကောင်းမှုပြုခြင်းကို ပြစ်မှားခြင်းတစ်ခုအဖြစ် ဖော်ပြပြီး အန္တိခရစ်က ယင်းကို အသိအမှတ်ပြုနေသမျှ ၎င်းတို့ ပြုပြင်ပြောင်းလဲနိုင်သည်ဟု ယုံကြည်ကြသည်။ ရိုးသားသောသူတစ်ဦး လိမ်ညာပြောဆိုသည်ကို တွေ့မြင်ပါက ၎င်းကို လှည့်ဖြားတတ်သောသူတစ်ဦးအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ကြသည်။ တစ်စုံတစ်ဦးသည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်နေသည်ကို တွေ့မြင်ပါက ၎င်းကို ဆိုးယုတ်သောလူတစ်ဦးအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ကြသည်။ ဤသည်တို့မှာ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောလူများ မကြာခဏ ကျူးလွန်လေ့ရှိသော အမှားအမျိုးအစားများ ဖြစ်သည်။ လူတိုင်းအတွက် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းသည် ဘဝတွင် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့် ရင်ဆိုင်ရသည့်အခါ ပိုင်ဆိုင်သင့်သော အစွမ်းအစတစ်မျိုး ဖြစ်သည်။ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းတွင် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ အနှစ်သာရကို ပိုင်းခြားသိမြင်ခြင်းသာမက ယင်းတို့၏ ဂုဏ်သတ္တိများကို သတ်မှတ်ခြင်းလည်း ပါဝင်သည်။ ဤဂုဏ်သတ္တိများကို သင် ပို၍တိကျစွာ သတ်မှတ်နိုင်လေ၊ သင်သည် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ပို၍မြင့်မားကြောင်း သက်သေပြလေ ဖြစ်သည်။ သင်၏သတ်မှတ်ချက်များသည် သိပ်မတိကျဘဲ သင်၏သတ်မှတ်ချက်များနှင့် ကိစ္စရပ်၏ အနှစ်သာရနှင့် အရင်းအမြစ်ကြားတွင် ကွာဟချက်တစ်ခုရှိပါက သင်၏ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းသည် သာမန်အဆင့်ဖြစ်ကြောင်း သက်သေပြသည်။ သင်သည် လူ၊ ဖြစ်ရပ်နှင့် အမှုအရာများ၏ ဂုဏ်သတ္တိများကို မသတ်မှတ်နိုင်သကဲ့သို့ ဤဂုဏ်သတ္တိများကို ထွင်းဖောက်မမြင်နိုင်ပါက သင်၌ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိကြောင်း သက်သေပြသည်။ ဥပမာအားဖြင့် လူတစ်ဦးနှင့်ပတ်သက်လာလျှင် သင်သည် သူ၏ သရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းများစွာကိုသာ ဖော်ပြနိုင်ပြီး သူ၏အနှစ်သာရကို ထွင်းဖောက်မမြင်နိုင်ဟု ဆိုကြပါစို့။ ဆိုလိုသည်မှာ သင်က ဤလူသည် မည်သို့ အပျက်သဘောဆောင်တတ်သည် သို့မဟုတ် သူ့တွင် မည်သည့်အားသာချက်များရှိသည်ကိုသာ ပြောနိုင်သည်၊ ဤလူအပေါ် ဖြစ်ပျက်ခဲ့သော အရာများစွာကိုသာ သင် ပြောနိုင်သည်၊ သို့တိုင်အောင် သူ၏ စရိုက်၊ အစွမ်းအစ သို့မဟုတ် သမ္မာတရားအပေါ် ထားရှိသော သဘောထားကို သင်မသိ၊ ဤအနှစ်သာရပိုင်းဆိုင်ရာ ပြဿနာများကို သင် ထွင်းဖောက်မမြင်နိုင်၊ သူ၏ပတ်ဝန်းကျင်တွင် ပေါ်ပေါက်သော သို့မဟုတ် ဖြစ်ပွားသော လူ၊ ဖြစ်ရပ်နှင့် အမှုအရာများအတွက် သင့်တွင် အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပေ။ ထိုသို့သောအရာများသည် မှန်ကန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ တရားမျှတသည်ဖြစ်စေ၊ ကောက်ကျစ်ဆိုးယုတ်သည်ဖြစ်စေ၊ အပြုသဘောဆောင်သော အရာများဖြစ်စေ၊ အပျက်သဘောဆောင်သော အရာများဖြစ်စေ၊ ကောင်းသော လူ့သဘာဝ၏ သရုပ်သကန်များဖြစ်စေ၊ ဆိုးယုတ်သော လူ့သဘာဝ၏ သရုပ်သကန်များဖြစ်စေ ဤအရာများအနက် တစ်ခုကိုမျှ သင် ထွင်းဖောက်မြင်နိုင်ခြင်း သို့မဟုတ် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ သင်သည် သမ္မာတရားမည်မျှ ကြားဖူးသည်ဖြစ်စေ သို့မဟုတ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မည်မျှ နားထောင်ဖူးသည်ဖြစ်စေ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သင် ပိုင်းခြားသိမြင်ခြင်း သို့မဟုတ် ခွဲခြားခြင်း မပြုနိုင်သေးပေ။ သင်၏ စိတ်နှလုံးထဲတွင် လူ၊ ဖြစ်ရပ်နှင့် အမှုအရာ အမျိုးအစားတစ်ခုအတွက်မျှ အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိပေ။ ဤသည်မှာ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ခြင်းဖြစ်ပြီး အစွမ်းအစမရှိခြင်း၏ သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။

အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောလူများသည် မိမိကိုယ်ကို သတိပြုမိခြင်းမရှိဘဲ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ပါက ၎င်းတို့ အကျူးလွန်ဆုံးသော အမှားမှာ အဘယ်နည်း။ ယင်းမှာ အခြားလူများပြသသော သရုပ်သကန်အနည်းငယ်ကို ဆုပ်ကိုင်ပြီးနောက် ၎င်းတို့ကို မဆင်မခြင် သမုတ်ကာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အချို့လူများသည် အနည်းငယ် ဇွတ်တရွတ်နိုင်သည်ကို ၎င်းတို့မြင်သောအခါ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့်တူသည်၊ နတ်ဆိုးများဖြစ်သည်ဟု ပြောကြသည်၊ ဤသည်မှာ ကြီးမားသော အမှားတစ်ခုပင် မဟုတ်လော။ ထိုလူများသည် အနည်းငယ် ဇွတ်တရွတ်နိုင်ရုံသာဖြစ်ပြီး မိသားစုအခြေအနေ သို့မဟုတ် ကြီးပြင်းလာသော ပတ်ဝန်းကျင်ကြောင့် မကောင်းသော နေထိုင်မှုအလေ့အထအချို့ ဖွဲ့စည်းခဲ့ခြင်း သို့မဟုတ် မကောင်းသော အလေ့အကျင့်များနှင့် အပြစ်အနာအဆာအချို့ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် ဤလူများ၏ စရိုက်သည် ကြင်နာခြင်း မရှိသော်လည်း ဆိုးယုတ်ခြင်းလည်း မရှိသောကြောင့် ၎င်းတို့ကို ဆိုးယုတ်သောလူများဟု မခေါ်နိုင်ပေ။ သို့သော် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောသူများသည် ဤလူများထဲမှ တစ်ဦးပြောသော စကားအနည်းငယ် သို့မဟုတ် ၎င်းတို့လုပ်သော အမှုအရာ တစ်ခုနှစ်ခုကို ဆုပ်ကိုင်ပြီးနောက် “ဤလူသည် ထူးဆန်းပြီး မပေါင်းသင်းတတ်ကာ ဇွတ်တရွတ်နိုင်သော စရိုက်ရှိသည်။ သူတို့သည် ဆိုးယုတ်သောလူတစ်ဦး ဖြစ်သည်” ဟု ပြောဆိုကာ မျက်စိစုံမှိတ် အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်သည် မှားယွင်းသည်။ အမှန်တကယ် ဆိုးယုတ်သောလူများသည် နှစ်လိုဖွယ်စကားများ ပြောဆိုပြီး လူများကို ချော့မော့ပြောဆိုကြလိမ့်မည်။ ၎င်းတို့တွင် နည်းဗျူဟာများ ရှိသည်၊ ၎င်းတို့သည် ဖုံးကွယ်လှည့်ဖြားမည်ဖြစ်ပြီး လူများကို ကစားကြလိမ့်မည်။ အချို့ ဆိုးယုတ်သောလူများသည် ပေးကမ်းစွန့်ကြဲခြင်း၊ အခြားသူများကို ကူညီခြင်းနှင့် စိတ်ရှည်ခြင်းတို့ကိုပင် ပြုလုပ်နိုင်သည်။ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောသူများသည် ဤကဲ့သို့သော လူတစ်ဦးအကြောင်း “ဤလူသည် အလွန်ကောင်းသည်၊ သူတို့သည် စစ်မှန်သော ယုံကြည်သူဖြစ်သည်” ဟု ပြောကြလိမ့်မည်၊ သို့သော် လက်တွေ့တွင် ထိုလူသည် ဟန်ဆောင်သော ဖာရိရှဲတစ်ဦး ဖြစ်သည်။ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောသူများသည် လူများ၏ အနှစ်သာရကို ထွင်းဖောက်မမြင်နိုင်ကြပေ။ ရွေးကောက်ပွဲများအတွင်းတွင် ၎င်းတို့သည် ဆိုးယုတ်သောလူများကို ခေါင်းဆောင်ဖြစ်လာရန် မဲပင်ပေးကြသည်။ ဤသည်မှာ အဘယ်အရာနှင့် ညီမျှသနည်း။ ဤသည်မှာ မကောင်းမှုကို အားပေးကူညီခြင်းနှင့် ညီမျှသည်။ အချို့ ဆိုးယုတ်သောလူများသည် ၎င်းတို့၏ ဆိုးယုတ်မှုကို အပြုအမူတွင် မပြသကြသကဲ့သို့ ထုတ်လည်း မထုတ်ဖော်ကြပေ။ ၎င်းတို့၏ ဆိုးယုတ်မှုသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ရှိသည်။ ၎င်းတို့လုပ်ဆောင်သော အမှုအရာများသည် ရည်ရွယ်ချက်ရှိရှိဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များအားလုံးတွင် လျှို့ဝှက်သော သဘောသဘာဝတစ်ခု ရှိသည်။ သင်မြင်နိုင်သော ၎င်းတို့လုပ်ဆောင်သည့် အမှုအရာများသည် ၎င်းတို့၏ စစ်မှန်သော ရည်ရွယ်ချက်များကို အမှန်တကယ် ထင်ဟပ်ပြသခြင်းမရှိပေ။ ၎င်းတို့၏ စစ်မှန်သော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်ထားလျက်ရှိသည်။ လူတစ်ဦးသည် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး ထိုသို့သောလူများကို မပိုင်းခြားနိုင်ပါက ၎င်းတို့သည် ထိုသူတို့ကို လူကောင်းများအဖြစ်၊ သမ္မာတရားကို လိုက်စားသူများအဖြစ် မှတ်ယူဖွယ်ရှိသည်။ အချို့လူများသည် ပွင့်လင်းသော စရိုက်ရှိပြီး အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ မည်သည့်နည်းဗျူဟာကိုမျှ အသုံးမပြုကြပေ။ ၎င်းတို့သည် တိုက်ရိုက်ပြောဆိုတတ်ကြပြီး စရိုက်နှင့် စိတ်နေစိတ်ထားအရ အနည်းငယ် ကသိကအောက် ဖြစ်တတ်ကြသည်။ ၎င်းတို့၏ လူ့သဘာဝတွင် အမှန်တကယ် ကြီးမားသော ပြဿနာများမရှိပေ၊ တစ်ခါတစ်ရံ ၎င်းတို့၏ စကားပြောသံသည် မညှာမတာဖြစ်နေရုံသာ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့ထုတ်ဖော်ပြသသောအရာသည် ၎င်းတို့အတွင်းစိတ်ထဲတွင် တွေးထင်နေသည့်အရာ အတိအကျပင်ဖြစ်သည်။ ၎င်းတို့အတွင်းစိတ်ထဲတွင် မည်သည့်အရာကိုတွေးထင်နေပါစေ ၎င်းကို အပြင်သို့ ထုတ်ဖော်ပြသကြသည်။ အခြားသူများက ဤလူများသည် လူတိုင်းနှင့် မည်သို့ရောနှောဆက်ဆံရမည်ကို မသိ၊ မည်သို့ပေါင်းသင်းဆက်ဆံရမည်ကို မသိဟု မကြာခဏ ထင်မြင်ကြပြီး ဤလူများသုံးသော စကားပြောပုံစံကို အသားမကျကြပေ။ ထိုသို့သောလူများသည် အထူးသဖြင့် မညှာမတာ တိုက်ရိုက်ပြောဆိုတတ်ကြပြီး အခြားသူများကို အစဉ်သဖြင့် မရည်ရွယ်ဘဲ ထိခိုက်စေတတ်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် လူတိုင်းကို ထိခိုက်စေခဲ့ပြီး လူများသည် ၎င်းတို့အပေါ် ကောင်းသောခံစားချက်များ မထားရှိတော့ပေ။ ပိုင်းခြားသိမြင်မှုမရှိသော အချို့က ဤကဲ့သို့သော လူတစ်ဦးသည် ဆိုးယုတ်သည်ဟု ပြောကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် မဆိုးယုတ်ကြပေ။ သင်က ၎င်းတို့သည် ဆိုးယုတ်သည်ဟု ဆိုပါက ၎င်းတို့ အခြားသူများကို ညှဉ်းပန်းခဲ့သည့် အချက်အလက်များကို ထုတ်ပြလော့။ ၎င်းတို့သည် မည်သူ့ကို ညှဉ်းပန်းခဲ့သနည်း သို့မဟုတ် ဖိနှိပ်ခဲ့သနည်း။ မည်သူ့ကို ထိခိုက်စေခဲ့သနည်း သို့မဟုတ် လှည့်ဖြားခဲ့သနည်း။ ဤလူသည် ဆိုးယုတ်သောလူတစ်ဦးဖြစ်ကြောင်း သက်သေပြသည့် အဖြစ်မှန် အကြောင်းရင်း အမှန်တကယ်ရှိပါက ၎င်းသည် စကားဖြင့်သာ အခြားသူများကို ထိခိုက်စေခြင်းမဟုတ်ဘဲ ၎င်း၏ စိတ်နှလုံးနက်ရှိုင်းရာတွင်လည်း ဆိုးယုတ်မှုရှိပြီး အခြားသူများကို အမှန်တကယ် ထိခိုက်စေပါက ၎င်းကို ဆိုးယုတ်သောလူတစ်ဦးအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်နိုင်သည်။ ၎င်းသည် အခြားသူများကို ထိခိုက်စေရန် ရည်ရွယ်ချက်မရှိပါက ၎င်းသည် ဆိုးယုတ်သောလူတစ်ဦး မဟုတ်ပေ။ ၎င်းသည် ပွင့်လင်းသော စရိုက်ရှိပြီး မညှာမတာ ပြောဆိုတတ်ရုံသာဖြစ်သည်။ ဤသည်မှာ မွေးရာပါဖြစ်သည်။ မညှာမတာ ပြောဆိုခြင်းသည် အလွန်ဆုံးအနေဖြင့် ၎င်းတို့၏ လူ့သဘာဝ၏ အပြစ်အနာအဆာနှင့် ချို့ယွင်းချက်တစ်ခုသာ ဖြစ်သည်။ ၎င်းတို့သည် စကားပြောသည့်အခါ နည်းလမ်းကျကျပြောဆိုရန်နှင့် မိမိတို့ကိုယ်ကို အခြားသူများနှင့် တန်းတူထားရန် မသိကြ၊ အခြားလူများအပေါ် သည်းခံမှုပြသရန်၊ အခြားသူများကို လိုက်လျောညီထွေရှိရန်နှင့် သည်းခံရန်၊ အခြားသူများ၏ ခံစားချက်များကို အလေးထားရန် မသိကြပေ။ ဤအရာများအနက် တစ်ခုကိုမျှ ၎င်းတို့မသိကြပေ။ ၎င်းတို့၏ လူ့သဘာဝတွင် ချို့တဲ့နေသော အရာများရှိသည်။ သို့သော် ပိုင်းခြားသိမြင်မှုမရှိသော အချို့လူများသည် ထိုသို့သော ပုဂ္ဂိုလ်များကို ဆိုးယုတ်သောလူများအဖြစ် မှတ်ယူကြသည်။ အမှန်တကယ်တွင် ဤပုဂ္ဂိုလ်များသည် အမှုအရာများကို လုပ်ဆောင်သည့်အခါ အချိန်အများစုတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ကြသည်။ ၎င်းတို့သည် အခြားသူများနှင့် စကားပြောသည့်အခါ လေသံအနည်းငယ် မာကျောသော်လည်း မည်သူ့ကိုမျှ မထိခိုက်စေခဲ့သကဲ့သို့ လူများကို ထိခိုက်စေလိုသော ရည်ရွယ်ချက်လည်း မရှိကြပေ။ ၎င်းတို့သည် စကားပြောရာတွင် နည်းလမ်းမကျခြင်းနှင့် အခြေအနေကို မထောက်ထားခြင်းသာ ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်များ၏ လူ့သဘာဝတွင် အချို့သော ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများကြောင့် အခြားလူများစွာက ၎င်းတို့ကို ဆိုးယုတ်သောလူများဟု မှားယွင်းစွာ ထင်မြင်ကြသည့်တိုင် ၎င်းတို့ မကောင်းမှုပြုခဲ့သည့် သက်သေအထောက်အထား တစ်ခုမျှ မပြနိုင်ကြပေ။ ဤသည်မှာ မှားယွင်းသော သုံးသပ်ဆုံးဖြတ်ချက်ဖြစ်ပြီး ထိုသို့သော ပုဂ္ဂိုလ်များကို မှားယွင်းစွာ စရိုက်လက္ခဏာ သတ်မှတ်ခြင်း ဖြစ်သည်။ အမှန်တကယ် ဆိုးယုတ်သော ပုဂ္ဂိုလ်များသည် အပြင်ပန်းအားဖြင့် အခြားသူများကို မထိခိုက်စေစေကာမူ ၎င်းတို့သည် အလှူဒါနပေးပြီး အခြားသူများကို ကူညီတတ်ကာ ၎င်းတို့၏ စကားများသည် နားလည်မှု၊ စာနာမှု၊ ဂရုစိုက်မှုနှင့် လိုက်လျောညီထွေရှိမှုကို ပြသနိုင်ပြီး ဤပုဂ္ဂိုလ်များသည် အခြားသူများအပေါ် သည်းခံမှုနှင့် ချစ်ခြင်းမေတ္တာကိုပင် ပြသနိုင်သည်၊ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်ချက်များသည် အလွန်ကောင်းမွန်ပုံရနိုင်သည်၊ သို့သော် အချို့သော အထူးအခြေအနေများ သို့မဟုတ် အထူးကိစ္စရပ်များတွင် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင်မူ ၎င်းတို့သည် အခြားသူများကို ဖိနှိပ်ခြင်း၊ ထိခိုက်စေခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်းတို့ကို ပြုလုပ်နိုင်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားကို လုံးဝပင် ကာကွယ်စောင့်ရှောက်မည် မဟုတ်ပေ။ တစ်စုံတစ်ခုသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် မသက်ဆိုင်လျှင်ပင်၊ အသေးအဖွဲမျှသာ လုပ်ဆောင်ရမည်ဆိုလျှင်ပင် ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မည် မဟုတ်သေးပေ။ ထိုသို့သော ပုဂ္ဂိုလ်များ အပြင်ပန်းအားဖြင့် အသက်ရှင်နေထိုင်သည့်အရာသည် အလွန်ကောင်းမွန်ပုံရပြီး အပြင်ပန်းမှကြည့်လျှင် ၎င်းတို့၏ လူ့သဘာဝတွင် အပြစ်အနာအဆာများ သို့မဟုတ် ချို့ယွင်းချက်များကို မမြင်နိုင်သော်လည်း ၎င်းတို့သည် အမှန်တကယ်တွင် ဆိုးယုတ်သောလူများ စစ်စစ်ဖြစ်ကြသည်။ လူများစွာသည် ထိုသို့သော ပုဂ္ဂိုလ်များကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြဘဲ ၎င်းတို့၏ နည်းဗျူဟာများ၊ လောကီဆက်ဆံရေးအတွက် ၎င်းတို့၏ အတွေးအခေါ်များနှင့် ၎င်းတို့၏ အကြံအစည်များနှင့် ပရိယာယ်များကြောင့် မျက်စိကွယ်နေကြသည်။ ဤအမျိုးအစားဝင် ပုဂ္ဂိုလ်တစ်ဦး၏ သဘာဝ အနှစ်သာရနှင့် ၎င်းတို့၏ မကောင်းမှုပြုခြင်းဆိုင်ရာ အချက်အလက်များ ဖော်ထုတ်ခံရပါက ဤလူများသည် ၎င်းကို လက်မခံရုံသာမက ထိုပုဂ္ဂိုလ်ကို လူကောင်းတစ်ဦးအဖြစ်၊ ဘုရားသခင်၏ အိမ်တော်က ပျိုးထောင်ပြီး အရေးကြီးသော အခန်းကဏ္ဍပေးသင့်သည့် သူတစ်ဦးအဖြစ် မှတ်ယူကြသေးသည်။ ၎င်းတို့သည် ထိုသို့သော ပုဂ္ဂိုလ်များကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ကြသည်။ ဤလူများသည် လူတစ်ဦးကို ဘုရားသခင်၏ နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားစည်းမျဉ်းများနှင့်အညီ အကဲဖြတ်နိုင်ခြင်း ရှိမရှိကို မပြောဘဲ ၎င်းတို့၏ အစွမ်းအစကိုသာ ကြည့်ကြစို့၊ ၎င်းတို့သည် ဤသိသာထင်ရှားသော ဆိုးယုတ်သည့် ပုဂ္ဂိုလ်များကိုပင် လူကောင်းများအဖြစ် မှတ်ယူကြပြီး ဤပုဂ္ဂိုလ်များ၏ မကောင်းမှုပြုခြင်းဆိုင်ရာ အချက်အလက်များ ရှိသည့်အခါတွင်ပင် ၎င်းတို့ကို လူကောင်းများအဖြစ် ဆက်လက်မှတ်ယူကြသည်။ ဤသည်မှာ ၎င်းတို့သည် လုံးဝ နားဝေတိမ်တောင်ဖြစ်ကြောင်း ဆိုလိုသည်။ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောလူများသည် ဉာဏ်ရည်နိမ့်ကျသူများနှင့် အရူးအနှမ်းဖြစ်ရုံသာမက နားဝေတိမ်တောင်လည်း ဖြစ်ကြသည်။ ဤဆိုးယုတ်သော ပုဂ္ဂိုလ်များသည် အခြားသူများကို ဖိနှိပ်ပြီး ညှဉ်းပန်းခဲ့ကာ လူများကို ကစားရန် နည်းဗျူဟာအမျိုးမျိုးကို အသုံးပြုခဲ့ကြသည့်တိုင် ဤလူများသည် ဤအရာကို ဆိုးယုတ်သည်ဟု မမှတ်ယူဘဲ ယင်းသည် ဆိုးယုတ်ကြောင်း မမြင်နိုင်ကြပေ။ ထို့အပြင် ဆိုးယုတ်သောလူများ၏ သိသာထင်ရှားသော သရုပ်သကန်တစ်ခု ရှိသေးသည်၊ ယင်းမှာ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မည်သည့်အခါမျှ မကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည်။ တစ်ကြိမ်တစ်ခါမျှပင် မကာကွယ်ပေ။ ၎င်းတို့သည် စကားတစ်ခွန်းသာ ပြောရမည် သို့မဟုတ် အသေးအဖွဲမျှသာ လုပ်ဆောင်ရမည်ဆိုလျှင်ပင် ယင်းတို့ကို ကာကွယ်စောင့်ရှောက်ဦးမည် မဟုတ်သေးပေ၊ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးလုံခြုံမှု သို့မဟုတ် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းနှင့် သက်ဆိုင်သော ကိစ္စရပ်များအတွက်မူ ပြောစရာပင်မရှိပေ။ ထိုသို့သောအခြေအနေများတွင် ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ပို၍ပင် ကာကွယ်စောင့်ရှောက်မည် မဟုတ်ပေ။ အချို့လူများသည် ဤသိသာထင်ရှားသော ဆိုးယုတ်သည့် ပုဂ္ဂိုလ်များကို ထွင်းဖောက်မမြင်နိုင်ကြပေ။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများတွင် အစွမ်းအစ ရှိသလော။ ဆိုးယုတ်သောလူများတွင် ဆိုးယုတ်သော အနှစ်သာရရှိသည်၊ ၎င်းတို့သည် မည်သူ့ကိုမဆို ဖိနှိပ်လိမ့်မည်။ မည်သူပင်ဖြစ်စေ၊ လူတစ်ဦးသည် ၎င်းတို့၏ အဆင့်အတန်း သို့မဟုတ် အကျိုးစီးပွားကို ထိခိုက်နေသမျှကာလပတ်လုံး ထိုလူသည် ၎င်းတို့၏ ဖိနှိပ်မှုပစ်မှတ် ဖြစ်လာသည်။ ပိုင်းခြားသိမြင်မှုမရှိသောသူများသည် ဤကိစ္စရပ်များကို ထွင်းဖောက်မမြင်နိုင်ကြပေ။ ပိုင်းခြားသိမြင်မှု မရှိသောလူများသည် နားဝေတိမ်တောင်ဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဆိုးယုတ်သောလူများက ၎င်းတို့ကို ဖိနှိပ်မည်လား မနှိပ်မည်လားကိုပင် ၎င်းတို့မသိကြပေ။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများသည် မည်သည့်အတိုင်းအတာအထိ နားဝေတိမ်တောင်ဖြစ်နေကြသနည်း။ ၎င်းတို့သည် လုံးဝ နားဝေတိမ်တောင်ဖြစ်နေကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) အချို့ ဆိုးယုတ်သော ပုဂ္ဂိုလ်များ ဖြုတ်ချခံရပြီးနောက်တွင် လုံးဝ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသော အချို့လူများသည် ထိုဆိုးယုတ်သော ပုဂ္ဂိုလ်များသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ခြင်း၊ ဆုကျေးဇူးအချို့ ပိုင်ဆိုင်ခြင်း၊ စကားပြောကောင်းခြင်း၊ နည်းဗျူဟာများရှိခြင်း၊ အပြင်ပန်းအားဖြင့် အမှုအရာများကို စွန့်လွှတ်ခြင်း၊ မိမိကိုယ်ကို အသုံးခံခြင်းနှင့် ဒုက္ခခံနိုင်ခြင်းတို့ ရှိရုံဖြင့် ၎င်းတို့အတွက် ခုခံပြောဆိုခြင်း၊ ၎င်းတို့ကို ကာကွယ်ခြင်းနှင့် ၎င်းတို့ခံစားခဲ့ရသော မတရားမှုများအကြောင်း အော်ဟစ်ပြောဆိုခြင်းတို့ကိုပင် ပြုလုပ်ကြသည်။ ဤလူများသည် ဤဆိုးယုတ်သော ပုဂ္ဂိုလ်များ မည်မျှဆိုးယုတ်မှု ပြုခဲ့သည်ကို မပြောကြပေ။ ယင်းအစား၊ ၎င်းတို့က “ထိုသူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည်၊ သစ္စာစောင့်သိသော စိတ်ဖြင့် ဘုရားသခင်နောက်သို့ စွဲစွဲမြဲမြဲ လိုက်ခဲ့သည်၊ ပြီးလျှင် ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံခဲ့သည်။ ထိုသူတို့သည် အဆင်းနီသောနဂါးကြီး၏ ဖမ်းဆီးခြင်းကိုပင် ခံရကာ ထောင်ထဲတွင် ညှဉ်းပန်းနှိပ်စက်မှုကို ခါးစည်းခံပြီး အပြစ်ဒဏ်ကျခံခဲ့သည်၊ ပြီးလျှင် ညီအစ်ကိုမောင်နှမ မည်သူမည်ဝါကိုပင် ကူလည်းကူညီခဲ့သည်” ဟု ပြောကြသည်။ ၎င်းတို့သည် ဤအရာများကိုသာ ကြည့်ပြီး ထိုပုဂ္ဂိုလ်များ၏ ဒုစရိုက်အမှုများကို လျစ်လျူရှုကာ ၎င်းတို့ မည်မျှဆိုးယုတ်မှု ပြုခဲ့သည်ကို မပြောဘဲနေကြသည်။ ၎င်းတို့သည် အလွန် နားဝေတိမ်တောင်ဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) လုံးဝ နားဝေတိမ်တောင် ဖြစ်သောသူများသည် ကယ်တင်ခြင်းငှာ မထိုက်တန်တော့ပေ၊ ၎င်းတို့သည် ကုရာနတ္ထိ ဆေးမရှိပေ။ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း မပိုင်ဆိုင်သောလူများသည် အစွမ်းအစ မရှိသောလူများဖြစ်သည်၊ ၎င်းတို့တွင် မည်သည့်စွမ်းရည်မျှ လုံးဝမရှိပေ။ ထိုသို့သောလူများသည် တစ်စုံတစ်ခုသည် မှန်ကန်ခြင်း ရှိမရှိကိုဖြစ်စေ၊ မမှန်ကန်ခြင်း ရှိမရှိကိုဖြစ်စေ၊ လူတစ်ဦးသည် အပြုသဘောဆောင်သော ပုဂ္ဂိုလ် ဟုတ်မဟုတ်ကိုဖြစ်စေ၊ အပျက်သဘောဆောင်သော ပုဂ္ဂိုလ် ဟုတ်မဟုတ်ကိုဖြစ်စေ မသိကြသကဲ့သို့ ပိုင်းခြားသိမြင်နိုင်ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် လူတစ်ဦး၏ အပြုအမူ၊ သရုပ်သကန်များ၊ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများနှင့် ၎င်းတို့၏ မကောင်းမှုပြုခြင်းဆိုင်ရာ အချက်အလက်များစွာမှတစ်ဆင့် လူတစ်ဦး၏ အနှစ်သာရနှင့် သဘာဝကို ရှင်းလင်းစွာ မမြင်နိုင်၊ သို့မဟုတ် ထိုလူ၏ ဂုဏ်သတ္တိများကို အနှစ်ချုပ်မဖော်ပြနိုင်ပေ။ ထိုလူသည် အသင်းတော်ထဲတွင် ရှိနေသမျှကာလပတ်လုံး ဤလူများသည် ၎င်းတို့ကို ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးအဖြစ် ဆက်ဆံမည်ဖြစ်ပြီး စိတ်နှလုံးထဲမှ ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံကြမည်ဖြစ်သည်။ ၎င်းတို့သည် မည်သူ့ကိုမျှ ပိုင်းခြားသိမြင်မှုမရှိဘဲ မည်သူ့ကိုမျှ စည်းမျဉ်းများနှင့်အညီ မဆက်ဆံနိုင်ကြပေ။ ထိုသို့သောလူများတွင် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိပေ။ ၎င်းတို့သည် ကိစ္စရပ်အမျိုးမျိုးသည် တရားမျှတခြင်း ရှိမရှိကိုဖြစ်စေ၊ ကောက်ကျစ်ဆိုးယုတ်ခြင်း ရှိမရှိကိုဖြစ်စေ၊ လူများအပေါ် အပြုသဘောဆောင်သော သို့မဟုတ် အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှု ရှိမရှိကိုဖြစ်စေ၊ ၎င်းတို့ကို မှန်ကန်သည်ဟု မှတ်ယူပြီး လက်ခံသင့်ခြင်း ရှိမရှိကိုဖြစ်စေ၊ မမှန်ကန်ဟု မှတ်ယူပြီး ပိုင်းခြားသိမြင်ကာ ငြင်းပယ်ပြီး အတိုက်အခံပြုသင့်ခြင်း ရှိမရှိကိုဖြစ်စေ မသိကြသကဲ့သို့ ပိုင်းခြားသိမြင်နိုင်ခြင်းလည်း မရှိကြပေ။ သင်က ၎င်းတို့အား ကိစ္စတစ်ခုကို ရှင်းပြရန် ဥပမာတစ်ခုပေးသည့်အခါ ထိုသို့သောကိစ္စများသည် မကောင်းကြောင်း၊ သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီကြောင်း၊ ဘုရားသခင်၏ အိမ်တော်တွင် အသုံးမဝင်ကြောင်း ၎င်းတို့သိကြသည်။ သို့သော် နောက်တစ်ကြိမ် အလားတူကိစ္စ ပေါ်ပေါက်လာသည့်အခါ ၎င်းကို မည်သို့ချဉ်းကပ်ရမည်ကို ၎င်းတို့ မသိသေးဘဲ စည်းမျဉ်းများကို အသုံးမချနိုင်ကြပေ၊ သင်က ၎င်းတို့အား နောက်ထပ်ဥပမာတစ်ခုပေးမှသာ ၎င်းတို့နားလည်ကြသည်။ ကလေးတစ်ဦးကို သင်ယူရန် သင်ကြားပေးသည့် နည်းလမ်းကို အသုံးပြု၍ ကိစ္စရပ်များကို တစ်ခုပြီးတစ်ခု ၎င်းတို့အား ရှင်းပြမှသာ ၎င်းတို့နားလည်ကြသည်။ ဤသည်မှာ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ လူဖြစ်စေ၊ အမှုအရာဖြစ်စေ၊ ၎င်းသည် တရားမျှတခြင်း ရှိမရှိကိုဖြစ်စေ၊ ကောက်ကျစ်ဆိုးယုတ်ခြင်း ရှိမရှိကိုဖြစ်စေ၊ မှန်ကန်ခြင်း ရှိမရှိကိုဖြစ်စေ၊ မမှန်ကန်ခြင်း ရှိမရှိကိုဖြစ်စေ၊ အပြုသဘောဆောင်သော အရာ ဟုတ်မဟုတ်ကိုဖြစ်စေ၊ အပျက်သဘောဆောင်သော အရာ ဟုတ်မဟုတ်ကိုဖြစ်စေ၊ သမ္မာတရားနှင့် လူ့လိုအပ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိကိုဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်သူများက ၎င်းကို မည်သို့ရှုမြင်သင့်သည်ကိုဖြစ်စေ ၎င်းတို့မသိကြချေ၊ ဤအရာများအနက် တစ်ခုကိုမျှ ၎င်းတို့မသိကြပေ။ ဤသည်မှာ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ သို့ဆိုလျှင် လူတစ်ဦး၏ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း အဆင့်ကို အကဲဖြတ်ရန် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ အရာအမျိုးမျိုး၏ ဂုဏ်သတ္တိများဆိုင်ရာ သင်၏အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် တိကျမှုရှိမရှိအပေါ် အခြေခံသည်။ သင်၏အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် တိကျမှန်ကန်ပါက သင်၌ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းရှိသည်။ အရာအမျိုးမျိုး၏ ဂုဏ်သတ္တိများဆိုင်ရာ သင်၏အဓိပ္ပာယ်ဖွင့်ဆိုချက်များ၏ တိကျမှုသည် ရာခိုင်နှုန်းငါးဆယ်အထက်တွင်ရှိပါက သင်၏ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းသည် သာမန် သို့မဟုတ် သာမန်အထက်တွင် ရှိသည်။ ၎င်းသည် ရာခိုင်နှုန်းငါးဆယ် မပြည့်မီပါက သင်၏ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းသည် ညံ့ဖျင်းသည်။ တိကျမှုသည် ရာခိုင်နှုန်းတစ်ရာခိုင်နှုန်းပင် မရှိပါက သင်၌ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိဘဲ အစွမ်းအစမရှိသောလူတစ်ဦး ဖြစ်သည်။ တစ်စုံတစ်ဦးတွင် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းရှိမရှိကို ဤနည်းလမ်းဖြင့် ပိုင်းခြားသိမြင်သည်။ ဤစွမ်းရည်နှင့်ပတ်သက်၍ ငါ နောက်ထပ်ဥပမာများ မပေးတော့ပေ။ သင်တို့ကိုယ်တိုင် ၎င်းအကြောင်းကို မိတ်သဟာယဖွဲ့နိုင်သည်၊ ဤအကြောင်းအရာကို သင်တို့အတွက် ဤမျှဖြင့် ငါထားခဲ့မည်။

ဆက်လက်၍ ငါတို့သည် ရှစ်ခုမြောက် စွမ်းရည်ဖြစ်သည့် အမှုအရာများကို တုံ့ပြန်နိုင်စွမ်းအကြောင်း ဆွေးနွေးကြမည်။ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းဟူသည်မှာ ဤကိစ္စရပ်သည် ဖြစ်ပျက်ပြီးသားဖြစ်စေ၊ ရုတ်တရက် ဖြစ်ပေါ်လာသည်ဖြစ်စေ သို့မဟုတ် ဤကိစ္စရပ်၏ အမျိုးမျိုးသော အကြောင်းအချက်များက ပြောင်းလဲသွားသည်ဖြစ်စေ လူတစ်ဦးက ဤကိစ္စရပ်ကို မည်သို့ကိုင်တွယ်ဖြေရှင်းသည်မှာ သူ၏ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း ဖြစ်သည်။ သို့ဆိုလျှင် အမှုအရာများကို တုံ့ပြန်နိုင်စွမ်းသည် အဓိကအားဖြင့် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းသည် ကိစ္စရပ်တစ်ခုကို ပိုင်းခြားသိမြင်ရန်၊ သုံးသပ်ဆုံးဖြတ်ရန်၊ ချဉ်းကပ်ရန်နှင့် ကိုင်တွယ်ရန် သင်၏ စွမ်းရည်ကို ရည်ညွှန်းသည်။ သင်သည် လူတစ်ဦး၊ ဖြစ်ရပ်တစ်ခု သို့မဟုတ် အမှုအရာတစ်ခုနှင့် ကြုံတွေ့ရသည့်အခါ ယင်း၏ သဘောသဘာဝသည် အဘယ်အရာဖြစ်သနည်း။ ယင်းမှာ အပြုသဘောဆောင်သော အရာလော သို့မဟုတ် အပျက်သဘောဆောင်သော အရာလော။ ဤအရာမျိုးကို မည်သို့ ရင်ဆိုင်ပြီး ကိုင်တွယ်သင့်သနည်း။ ယင်းက ရုတ်တရက် ဖြစ်ပေါ်လာသည့်အခါ မည်သည့်သင်ခန်းစာများကို သင်ယူသင့်သနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းများမှာ အဘယ်အရာများ ဖြစ်သနည်း။ ဤအမှုအရာများသည် အသင်းတော်၏ အလုပ်ကို ထိခိုက်စေနိုင်ပါက အသင်းတော်၏ အလုပ်ကို ထိခိုက်မှုများ မရှိစေရန်အပြင် ထိခိုက်မှုများ ဆက်လက် ဖြစ်ပေါ်ခြင်းမှ အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုများကိုပါ ဟန့်တားနိုင်ရန်အလို့ငှာ စည်းမျဉ်းများနှင့် ကိုက်ညီကာ ထိခိုက်မှုက ဖြစ်စေသည့် အကျိုးဆက်များကို ကုစားသည့်နည်းလမ်းဖြင့် မည်သို့ကိုင်တွယ်သင့်သနည်း။ သင်သည် လူတစ်ဦး၊ ဖြစ်ရပ်တစ်ခု သို့မဟုတ် အမှုအရာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ သင်သဘောပေါက်ထားသည့် ပိုင်းခြားသိမြင်ခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် သင်သိရှိသည့် သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ ထိုသို့သော ကိစ္စရပ်များ၏ အနှစ်သာရနှင့် အကြောင်းရင်းခံကိုလည်းကောင်း၊ ယင်းတို့ကို ကိုင်တွယ်ရန် စည်းမျဉ်းများနှင့် အစီအစဉ်ကိုလည်းကောင်း တိကျမှန်ကန်စွာ သုံးသပ်ဆုံးဖြတ်နိုင်ပါက သင်သည် အမှုအရာများကို တုံ့ပြန်နိုင်စွမ်းရှိသူတစ်ဦး ဖြစ်သည်၊ ယင်းက သင်သည် အစွမ်းအစကောင်းသူတစ်ဦး ဖြစ်သည်ဟုလည်း ဆိုလိုသည်။ ဥပမာအားဖြင့် ကိစ္စရပ်တစ်ခုသည် သင်၏ရှေ့မှောက်တွင် ရုတ်တရက် ဖြစ်ပေါ်လာသည့်အခါ သင်မည်သို့ ရင်ဆိုင်သင့်သနည်း။ ပထမဦးစွာ သင်သည် ယင်းက မည်သည့်ဘက်သို့ ဦးတည်သွားနိုင်သည်ကိုလည်းကောင်း၊ ဆက်လက်ဖြစ်ပေါ်နေပါက မည်သည့်အကျိုးဆက်များကို ဆောင်ကြဉ်းလာမည်ကိုလည်းကောင်း၊ ယင်းဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းခံသည် မည်သည့်နေရာတွင် ရှိသည်ကိုလည်းကောင်း၊ ယင်း၏ အနှစ်သာရသည် မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း ရှင်းလင်းစွာ မြင်တွေ့သင့်သည်၊ သင်သည် ဤအရာအားလုံးကို ပိုင်းခြားသိမြင်နိုင်ပြီး ရှင်းလင်းစွာ မြင်တွေ့နိုင်ရမည်။ ပိုင်းခြားသိမြင်ခြင်းမှတစ်ဆင့် ကိစ္စရပ်ကို သတ်မှတ်လော့၊ ထို့နောက် ယင်းကို ကိုင်တွယ်ရန် အစီအစဉ်တစ်ခုကို ချက်ချင်း ရှာဖွေလော့။ ကိစ္စရပ်ကို မည်သို့ ကိုင်တွယ်သင့်သည်၊ မည်သူက ခေါင်ဖြစ်သည်၊ မည်သူတို့က နောက်လိုက်များဖြစ်သည်၊ မည်သူက အဓိက တာဝန်ရှိသူဖြစ်သည်၊ မည်သူက အဓိက တာဝန်ကို ယူသင့်သည်၊ တာဝန်ရှိသူများကို မည်သို့ ကိုင်တွယ်ရမည်ဟူသည့် ဤပြဿနာအားလုံးကို သင်ဖြေရှင်းရမည်။ ထို့အပြင် ပြဿနာများကို ကိုင်တွယ်သည့်အခါ သင်သည် ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင် လုပ်ရမည်ဖြစ်ပြီး လူများကိုလည်း ပြန်လည်နေရာချထားပြီး ညှိနှိုင်းရမည်။ ဤနည်းလမ်းဖြင့်သာ အမှားများကို အချိန်မီ ပြင်ဆင်နိုင်မည်ဖြစ်ပြီး ပြဿနာများကို လုံးဝဥဿုံ ဖြေရှင်းနိုင်ကာ အခြေအနေကို ကုစားနိုင်မည်ဖြစ်၍ အမှုအရာများကို မှန်ကန်ပြီး အကျိုးရှိသောဘက်သို့ ဦးတည်သွားစေမည် ဖြစ်သည်။ အတိုချုပ်ဆိုရလျှင် သင်သည် ဤကိစ္စရပ်တွင် ပါဝင်သော အမျိုးမျိုးသော အကြောင်းအချက်အားလုံးကို ထည့်သွင်းစဉ်းစားနိုင်ပြီး ယင်းကို ကိုင်တွယ်ရန် မှန်ကန်သော နည်းလမ်းတစ်ခုအပြင် မှန်ကန်ပြီး တိကျသော စည်းမျဉ်းများ ရှိပါက ဤသည်မှာ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းရှိခြင်းဟု ခေါ်ဆိုပြီး ယင်းက သင်သည် အစွမ်းအစကောင်းသူတစ်ဦး ဖြစ်သည်ဟု ဆိုလိုသည်။ ဟုတ်ပေ၏၊ ဤကိစ္စရပ်ကို ကိုင်တွယ်ရန် နည်းလမ်းနှင့် ယင်းကို ကိုင်တွယ်ရန် စည်းမျဉ်းများသည် အခြေအနေကို သိရှိသူများနှင့် ထိတွေ့မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် သို့မဟုတ် လူတိုင်းနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဆွေးနွေးခြင်းမှတစ်ဆင့် သင်ရရှိလာသော ကောက်ချက်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်သည် ဖြစ်ရပ်မှန်၏ အခြေအနေကို လေ့လာစုံစမ်းခြင်း၊ ထို့နောက် ဤကိစ္စရပ်မျိုးကို နားလည်သော ညီအစ်ကိုမောင်နှမများ၏ အကြံပြုချက်များကို တောင်းခံခြင်းတို့အားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို နောက်ဆုံးတွင် ရရှိနိုင်ပြီး ကောက်ချက်တစ်ခုကို ချကာ ဖြေရှင်းနည်းတစ်ခုကို ဆုံးဖြတ်၍ ပြဿနာကို ကောင်းစွာ ကိုင်တွယ်နိုင်ပါက အလုပ်လုပ်သော လူများအား ညှိနှိုင်းမှုကို အပြီးသတ်နိုင်ပြီး ဤကိစ္စရပ်ကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို ဖြည့်ဆည်းပေးနိုင်ကာ အသင်းတော်၏ အလုပ်ကို အန္တရာယ်ရှိသောဘက်သို့ ဦးတည်မသွားစေရန် ပြင်ဆင်ညှိနှိုင်းနိုင်ပါက ဤသည်မှာ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းရှိခြင်းဟု ခေါ်ဆိုသည်။ သင်သည် ကိစ္စရပ်များကို ဤအဆင့်အထိ ကိုင်တွယ်နိုင်ပါက သင့်ကို အစွမ်းအစကောင်းသူအဖြစ် မှတ်ယူနိုင်သည်။ မှန်ပေ၏၊ အစွမ်းအစကောင်း ရှိခြင်းဆိုသည်မှာ လူတစ်ဦးသည် ကိစ္စရပ်တစ်ခုနှင့် ကြုံတွေ့ရသည့်အခါ ယင်းကို ချက်ချင်း ထိုးထွင်းသိမြင်နိုင်ပြီး ချက်ချင်း ဆုံးဖြတ်ချက်များချကာ ယင်းကို ပြည့်စုံပြီး သင့်လျော်သော နည်းလမ်းဖြင့် ကိုင်တွယ်နိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ၊ ဤသည်မှာ ဟုတ်ချင်မှ ဟုတ်ပေမည်။ လူတို့ ပြဿနာများကို ကိုင်တွယ်ရန် လုပ်ငန်းစဉ်တစ်ခု လိုအပ်သည်၊ အမှုအရာများ၏ အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်ရန်အလို့ငှာ ကိစ္စရပ်၏ အမျိုးမျိုးသော ကဏ္ဍများကို ၎င်းတို့ နားလည်ရန် လိုအပ်သည်။ လူတို့သည် အသွေးနှင့်ကိုယ်၊ အသားနှင့်ကိုယ်ဖြစ်ကာ ၎င်းတို့သည် လူ့သဘာဝ၏ ဘောင်အတွင်း၌ အမှုအရာများကို လုပ်ဆောင်ကြရာ လုပ်ငန်းစဉ်တစ်ခု လိုအပ်သည်။ ဤသည်မှာ အလုပ်လုပ်နေသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် မတူပေ၊ ဘုရားသခင်၏ ဝိညာဉ်တော်၏ တစ်ကမ္ဘာလုံးကို ဘက်စုံလွှမ်းခြုံမှုဖြင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်၊ ဘုရားသခင်သည် အမှုအရာအားလုံး၊ ပြဿနာအားလုံး၏ အနှစ်သာရနှင့် အကြောင်းရင်းခံကို အစဉ်သဖြင့် မြင်တွေ့နိုင်သည်။ လူတို့သည် ကိစ္စရပ်များ၏ နောက်ကွယ်ရှိ ဖုံးကွယ်ထားသော အရာများကို ထိုးထွင်းမမြင်နိုင်သည့်အခါ အလွယ်တကူ လှည့်စားခြင်းနှင့် လိမ်ညာခြင်းတို့ကို ခံကြရသည်။ ဤအချက်ကြောင့်ပင် လူတို့သည် ကိစ္စရပ်များ၏ နောက်ကွယ်ရှိ အဖြစ်မှန်၏ အခြေအနေကို နက်နက်ရှိုင်းရှိုင်း လေ့လာစုံစမ်းရန် လိုအပ်သည်။ ကိစ္စရပ်တစ်ခု၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသော အမှန်တကယ်ဖြစ်သည့် အခြေအနေများကို နားလည်ပြီးနောက် သင်သည် ပြဿနာများကို ချက်ချင်း ကိုင်တွယ်နိုင်ပြီး လမ်းလွဲမှုများကို ဖြေရှင်းနိုင်ကာ တိုက်ရိုက်တာဝန်ရှိသူများနှင့် အလုပ်လုပ်ဆောင်သူများကို သင့်လျော်စွာ ပြုပြင်နိုင်၍ အလုပ်၏ ပုံမှန်လည်ပတ်မှုကို အာမခံနိုင်ပါက ယင်းက သင်သည် အမှုအရာများကို တုံ့ပြန်နိုင်စွမ်းရှိကြောင်း သက်သေပြသည်။ အထူးသဖြင့် ရုတ်တရက် ဖြစ်ရပ်များနှင့် ကြုံတွေ့ရသည့်အခါ သင်သည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်ပါက ဤသည်မှာ သင်သည် အစွမ်းအစကောင်းသူတစ်ဦး ဖြစ်ကြောင်း သက်သေပြသည်။ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း သာမန်ရှိသူများသည် ပုံမှန်နှင့် သာမန်အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ လုပ်ထုံးလုပ်နည်းများအတိုင်းနှင့် ပုံမှန်နည်းလမ်းဖြင့် အချို့အရာများကို လုပ်ဆောင်နိုင်သော်လည်း ၎င်းတို့ ရရှိသော ရလဒ်များမှာ သာမန်သာဖြစ်သည်၊ ၎င်းတို့သည် မည်သည့် ထိုးဖောက်အောင်မြင်မှုမျှ မရရှိသကဲ့သို့ သိသာထင်ရှားသော တိုးတက်မှုလည်း မရှိပေ။ ၎င်းတို့သည် အထူးအခြေအနေများ သို့မဟုတ် ရုတ်တရက် ဖြစ်ရပ်များနှင့် ကြုံတွေ့ရသည်နှင့်တစ်ပြိုင်နက် မည်သို့မျှ မတတ်နိုင်တော့ဘဲ ယင်းတို့ကို မကိုင်တွယ်နိုင်တော့ပေ။ ဥပမာအားဖြင့် အချို့လူတို့ ဧဝံဂေလိတရားကို ဟောပြောသည့်အခါ ၎င်းတို့သည် ပုံမှန်အခြေအနေများအောက်တွင် လစဉ် လူအနည်းငယ်ကို ရရှိနိုင်သည်။ ဤသည်မှာ သာမန်အစွမ်းအစကို ထင်ဟပ်စေပြီး ၎င်းတို့၏ ဧဝံဂေလိဟောပြောခြင်း၏ ရလဒ်များမှာလည်း သာမန်သာဖြစ်၍ အထူးကောင်းမွန်သည်ဟု မဆိုနိုင်ပေ။ အန္တိခရစ်တို့ လူတို့ကို အထင်အမြင်မှားစေသည့် ဖြစ်ရပ်တစ်ခု အသင်းတော်၌ ရုတ်တရက် ပေါ်ပေါက်လာပါက ဤဧဝံဂေလိအမှုဆောင်များသည် မရှင်းမရှင်း ဖြစ်သွားပြီး မည်သို့လုပ်ဆောင်ရမည်ကို မသိတော့ပေ။ ဧဝံဂေလိအလုပ်သည် ရပ်တန့်သွားပြီး ၎င်းတို့သည် ဆက်လက်တရားဟောသင့်ခြင်း ရှိမရှိကိုဖြစ်စေ၊ အလုပ်အစီအစဉ်များကို စောင့်ဆိုင်းသင့်ခြင်း ရှိမရှိကိုဖြစ်စေ မသိကြပေ။ ၎င်းတို့သည် ဧဝံဂေလိ တရားဟောခြင်းအလုပ်၏ စည်းမျဉ်းများကို မည်သို့ရှာဖွေရမည်ကို မသိကြပေ။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များတွင် “ဧဝံဂေလိအလုပ်သည် မည်သည့်အချိန် သို့မဟုတ် မည်သည့်အခြေအနေအောက်တွင်မျှ မရပ်တန့်ရ” ဟု မကြာခဏ ပြောဆိုထားသည်။ သို့တိုင်အောင် အန္တိခရစ်တို့ လူတို့ကို အထင်အမြင်မှားစေသည့် ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ရရုံမျှဖြင့် ၎င်းတို့က ဧဝံဂေလိအလုပ်ကို ရပ်လိုက်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို သစ္စာစောင့်သိမှုဖြင့် ထမ်းဆောင်နေကြခြင်း ဖြစ်သလော။ ၎င်းတို့သည် ဤအဆင့်ကို မမီပေ။ ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံနေကြခြင်း ဖြစ်သလော။ ၎င်းတို့သည် ဤအဆင့်ကိုလည်း မမီပေ။ ၎င်းတို့သည် မကောင်းမှုများကို မဆင်မခြင် ကျူးလွန်ပြီး အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသော အန္တိခရစ်များ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်များကို ကြုံတွေ့ရသည့်အခါ မရှင်းမရှင်း ဖြစ်သွားကြသည်။ ၎င်းတို့ ကြုံတွေ့ခဲ့ရသော ဤကိစ္စရပ်ကို မည်သို့ကိုင်တွယ်သင့်သည်ကို သမ္မာတရားကို နားလည်သူများအား မည်သို့မေးမြန်းရမည်ကို ၎င်းတို့မသိဘဲ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှာဖွေရန်ကိုမူ ၎င်းတို့ ပို၍ပင် မသိကြချေ။ ၎င်းတို့တွင် ဤအမှုအရာများကို တုံ့ပြန်နိုင်စွမ်း ကင်းမဲ့သည်။ အချို့သော အသင်းတော်ခေါင်းဆောင်များသည် အန္တိခရစ်တစ်ဦးက လူတို့ကို အထင်အမြင်မှားစေရန် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို ဖြန့်ဝေနေသည်ကို မြင်သည့်အခါ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို ချေပရန် သမ္မာတရားကို မည်သို့ မိတ်သဟာယဖွဲ့ရမည်ကို မသိကြပေ။ ၎င်းတို့သည် မည်သို့လုပ်ဆောင်ရမည်ကို မသိဘဲ “အို ဘုရားသခင်၊ ကျေးဇူးပြု၍ စာတန်ကို ချည်နှောင်တော်မူပါ၊ ကျေးဇူးပြု၍ စာတန်၏ ပါးစပ်ကို ပိတ်တော်မူပါ၊ လူတို့ကို အထင်အမြင်မှားစေရန် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို ဖြန့်ဝေခြင်းမှ သူ့ကို တားဆီးတော်မူပါ။ ကျေးဇူးပြု၍ ထိုအသိဉာဏ်မဲ့ပြီး စဉ်းစားဉာဏ်မဲ့သောလူတို့ကို ကယ်တင်တော်မူပါ၊ အန္တိခရစ်၏ အထင်အမြင်မှားစေခြင်းကို မခံရစေရန် ၎င်းတို့ကို တားဆီးတော်မူပါ။ အို ဘုရားသခင်၊ ကျေးဇူးပြု၍ ၎င်းတို့ကို ပြန်လည်ခေါ်ဆောင်တော်မူပါ” ဟု ဆက်လက်ဆုတောင်းနေကြသည်။ ဆုတောင်းရုံသက်သက်နှင့် သမ္မာတရားကို မရှာဖွေခြင်းသည် ပြဿနာကို ဖြေရှင်းနိုင်သလော။ လူတို့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ မိမိတို့၏ တာဝန်ကို မထမ်းဆောင်ပါက အသုံးမဝင်ပေ။ လူတို့ လုပ်ဆောင်သင့်သည့် အမှုအရာများစွာ ရှိသည်။ ပထမဦးစွာ ၎င်းတို့သည် ဤအန္တိခရစ် မည်သို့သော နောက်ခံအခြေအနေမျိုးရှိသည်၊ ၎င်းတို့ မည်သည့်လက္ခဏာများကို ပြသသည်၊ လူတို့ကို အထင်အမြင်မှားစေရန် မည်သည့်အရာကို အားကိုးသည်တို့ကို ကြည့်ရှုသင့်သည်၊ အထင်အမြင်မှားစေခြင်းခံရသူများထဲတွင် သမ္မာတရားကို လက်ခံနိုင်သည့် အစွမ်းအစကောင်းသူများ ရှိမရှိကိုလည်း ၎င်းတို့ ကြည့်ရှုသင့်ပြီး ၎င်းတို့ကို ပြန်ရရန် အလျင်အမြန် လုပ်ဆောင်သင့်သည်။ ဤသည်မှာ ဦးစွာလုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်။ သို့သော် ဤအသင်းတော်ခေါင်းဆောင်များသည် ဤအရာကို မသိသကဲ့သို့ ဤနည်းလမ်းဖြင့် မည်သို့အလုပ်လုပ်ရမည်ကိုလည်း မသိကြပေ။ ၎င်းတို့သည် မရှင်းမရှင်း ဖြစ်သွားပြီး စိုးရိမ်ပူပန်မှုဖြင့် ခြေဆောင့်ကြသည်။ အချို့သော အသုံးမကျသူများသည် စိုးရိမ်ပူပန်မှုကြောင့် ငိုပင်ငိုကြွေးကြသည်။ ငိုကြွေးခြင်းက မည်သို့ အသုံးဝင်သနည်း။ ငိုကြွေးခြင်းက အထင်အမြင်မှားစေခြင်းခံရသူများကို ပြန်ရနိုင်သလော။ ငိုကြွေးခြင်းသည် အလုပ်လုပ်ခြင်းမဟုတ်သကဲ့သို့ သင်၌ ဝန်တာတစ်ခုရှိသည်ကိုလည်း ကိုယ်စားမပြုပေ။ ယင်းမှာ အရည်အချင်းမရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အစွမ်းအစရှိသူများသည် ထိုသို့သော ကိစ္စရပ်များနှင့် ကြုံတွေ့ရသည့်အခါ ဦးစွာ စိတ်တည်ငြိမ်အောင် ထားကြသည်။ ဆုတောင်းခြင်း၊ ရှာဖွေခြင်း၊ ဆန်းစစ်ခြင်းနှင့် သုံးသပ်ဆုံးဖြတ်ခြင်း၊ ထို့နောက် မိတ်သဟာယဖွဲ့ခြင်းတို့ပြီးနောက်တွင် ၎င်းတို့သည် နောက်ဆုံး၌ ဆုံးဖြတ်ချက်တစ်ခုကို ချကြသည်။ အစွမ်းအစညံ့ဖျင်းသူများသည် ကိစ္စရပ်များနှင့် ကြုံတွေ့ရသည့်အခါ မည်သို့မျှ မတတ်နိုင်တော့ပေ၊ ၎င်းတို့သည် ဆုတောင်းရန်နှင့် ရှာဖွေရန် မသိသကဲ့သို့ သမ္မာတရားကို နားလည်သော လူအနည်းငယ်ကို ရှာဖွေပြီး မိတ်သဟာယဖွဲ့ရန်လည်း မသိကြပေ၊ ၎င်းတို့သည် ဘာသိဘာသာဖြင့် စောင့်ဆိုင်းနေကြသည်။ ဤသည်မှာ ကိစ္စရပ်များကို အများဆုံး နှောင့်နှေးစေလေသည်။ သင်၌ ဖြေရှင်းနည်းမရှိသော်လည်း အခြားသူများ၌ ရှိကောင်းရှိနိုင်သည်၊ အဘယ်ကြောင့် အခြားသူများကို ရှာဖွေပြီး အကူအညီမတောင်းသနည်း။ ဉာဏ်ကောင်းသူများသည် စောင့်ဆိုင်းနေစဉ်မှာပင် မိမိတို့၏ တာဝန်နှင့် တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် မမေ့ကြပေ။ ဤတာဝန်နှင့် တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းသည် အလျင်ဦးအောင် လှုပ်ရှားခြင်း ဖြစ်သည်၊ ဘာသိဘာသာဖြစ်ခြင်း မဟုတ်ချေ။ ယင်းမှာ ဘုရားသခင် အမိန့်များချမှတ်ရန် သို့မဟုတ် အခြေအနေကို ပြောင်းလဲဖို့ ဘုရားသခင် ကိုယ်တိုင် အလုပ်လုပ်ရန် စောင့်ဆိုင်းနေခြင်း မဟုတ်ပေ။ ထိုအစား စောင့်ဆိုင်းနေသည့် ကာလအတွင်း ပြန်လည်ရရှိနိုင်သူများကို ပြန်လည်ရရှိရန် ကြိုးပမ်းမှုတိုင်းကို ပြုလုပ်ခြင်းဖြစ်သည်။ ပြန်လည်မရရှိနိုင်သူများဖြစ်သည့် နားဝေတိမ်တောင်ဖြစ်သော စဉ်းစားဉာဏ်မဲ့သူများ၊ ဝိညာဉ်ဆိုးများ ပူးကပ်ခြင်းခံရသူများနှင့် ဘုရားသခင်ကို ရေလိုက်ငါးလိုက် ယုံကြည်ပြီး ဝမ်းရေးအတွက်သာ ယုံကြည်ကြသော မယုံကြည်သူများကဲ့သို့သော သူများကိုမူ အရေးစိုက်ရန် မလိုအပ်ပေ။ လိမ်ညာခြင်းမခံရသေးသူများအတွက်မူ တစ်စုံတစ်ဦးကို သမ္မာတရား မိတ်သဟာယဖွဲ့ရန်နှင့် အန္တိခရစ်ကို ပိုင်းခြားသိမြင်ခြင်းအကြောင်း ပြောဆိုရန် အလျင်အမြန် စီစဉ်ရမည်။ ဤသည်မှာ အခြေအနေကို ကိုင်တွယ်ရန် အစီအစဉ်တစ်ခု မဟုတ်လော။ ဤသည်မှာ တုံ့ပြန်မှု အတိုင်းအတာတစ်ခု ဖြစ်သည်။ အစွမ်းအစ ညံ့ဖျင်းသူများတွင် ထိုသို့သော တုံ့ပြန်မှု အတိုင်းအတာများ မရှိပေ၊ ၎င်းတို့သည် ငိုရန်နှင့် ညည်းညူရန်သာ သိကြသည်။ ဤသည်မှာ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ သာမန်အခြေအနေများတွင် လူတစ်ဦးသည် ပုံမှန်အလုပ်လုပ်နိုင်သော်လည်း အထူးအခြေအနေများနှင့် ကြုံတွေ့ရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မှင်တက်သွားပြီး မည်သို့မျှ မတတ်နိုင်တော့ပါက ဤလူစားမျိုး၏ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းသည် အများဆုံးမှာ သာမန်သာ ဖြစ်သည်။ တစ်စုံတစ်ဦးသည် သာမန်အခြေအနေများကိုပင် မကိုင်တွယ်နိုင်ပါက ဤလူစားမျိုးတွင် အမှုအရာများကို တုံ့ပြန်နိုင်စွမ်း မရှိပေ။ ဥပမာအားဖြင့် ၎င်းတို့ကို အသင်းတော်ခေါင်းဆောင်တစ်ဦး ရွေးကောက်ပွဲကို စီစဉ်ရန် အသင်းတော်တစ်ခုသို့ စေလွှတ်ပါက ၎င်းတို့သည် မည်သို့သော လူစားမျိုးကို ရွေးချယ်ရမည်ကို သို့မဟုတ် လူတို့ကို မည်သို့စုစည်းပြီး ရွေးကောက်ပွဲကို စီစဉ်ရမည်ကို မသိကြပေ။ ၎င်းတို့သည် ရွေးကောက်ပွဲများအတွက် အခြေခံလုပ်ထုံးလုပ်နည်းများကိုပင် နားမလည်ကြပေ။ ထို့အပြင် အသင်းတော်၌ ပြင်းထန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိသော လူအချို့ ရှိသည်၊ ၎င်းတို့သည် အနိုင်ကျင့်သူများ၊ လူရမ်းကားများနှင့် ကလိမ်ကကျစ်များ အမျိုးအစားတွင် ပါဝင်ကြပြီး ဤလူတို့သည် ရွေးကောက်ပွဲကို နှောင့်ယှက်ရန် အခွင့်အရေးကို အသုံးချကြသည်။ ဤသို့သော အခြေအနေမျိုးတွင် အမှုအရာများကို တုံ့ပြန်နိုင်စွမ်းမရှိသူများသည် ယင်းကို ကိုင်တွယ်ရန် ပို၍ပင် အရည်အချင်းမမီဘဲ ၎င်းတို့သည် အဖမ်းခံရပြီး လက်နက်ချလိုက်ရုံသာ ဖြစ်သည်။ အဆုံးတွင် ၎င်းတို့က ညီအစ်ကိုမောင်နှမများကို “သင်တို့ကိုယ်တိုင် ရွေးချယ်ကြလော့။ သင်တို့ ရွေးချယ်သူ မည်သူ့ကိုမဆို ငါတို့ လက်ခံမည်” ဟုသာ ပြောနိုင်သည်။ ၎င်းတို့သည် မည်သို့သော သတ္တဝါများ ဖြစ်ကြသနည်း။ ၎င်းတို့သည် အသုံးမကျသူများ မဟုတ်လော။ ဤသည်မှာ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း မရှိခြင်း ဖြစ်သည်။ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းမရှိသူများတွင် အလုပ်လုပ်နိုင်စွမ်းလည်း ကင်းမဲ့သည်။ ပုံမှန်အခြေအနေများတွင်ဖြစ်စေ၊ အထူးအခြေအနေများတွင်ဖြစ်စေ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် ခွေကျသွားပြီး နောက်ဆုတ်သွားကြသည်၊ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် မည်သို့မျှ မတတ်နိုင်တော့ဘဲ ငိုကြွေးကြသည်။ မည်သည့်အရာမျှ မဖြစ်ပျက်သည့်အခါ ၎င်းတို့သည် စကားလုံးအနည်းငယ်နှင့် အယူဝါဒများကို ပြောနိုင်သော်လည်း တစ်စုံတစ်ခု ဖြစ်ပျက်ပြီး ပြဿနာတစ်ခုကို ကိုင်တွယ်ရန် တောင်းဆိုခံရသည့်အခါ ၎င်းတို့ မလုပ်ဆောင်နိုင်တော့ပေ။ ဥပမာအားဖြင့် အချို့သူများ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ လုပ်ဆောင်သည့်အခါ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းမရှိသူများသည် ၎င်းတို့နှင့် “ကျေးဇူးပြုပြီး ဝတ်ကျေတမ်းကျေ မလုပ်ဆောင်ပါနှင့်၊ ကျေးဇူးပြုပြီး သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပါ” ဟု ဆွေးနွေးရန်သာ သိကြသည်။ ဤသည်မှာ ထိုသူတို့၏ ပြဿနာကို ဖြေရှင်းနိုင်သလော။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်း ပြဿနာနှင့်ပတ်သက်၍ ထိုသူများနှင့် မိတ်သဟာယဖွဲ့သင့်သည်။ ထိုသူများသည် သမ္မာတရားကို နားမလည်ဘဲ မိမိတို့၏ ပြဿနာကို မအသိအမှတ်မပြုနိုင်ပါက ၎င်းတို့သည် သမ္မာတရားကို ထိုသူတို့နှင့် မိတ်သဟာယဖွဲ့သင့်သည်။ ထိုသူများသည် မှားမှန်းသိလျက်နှင့် ဤနည်းလမ်းအတိုင်း ပြုမူပါက ၎င်းတို့ကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ပြုပြင်သင့်သည်။ အခြားပြဿနာတစ်ခုခုကြောင့် ဖြစ်ပါက ၎င်းတို့သည် ထိုပြဿနာကို အခြေခံ၍ မိတ်သဟာယဖွဲ့သင့်သည်။ ပေါ်ပေါက်လာသော ပြဿနာအမျိုးအစားကို အခြေခံ၍ သင့်လျော်သော လုပ်ဆောင်မှုလမ်းစဉ်တစ်ခုကို ၎င်းတို့ ဆုံးဖြတ်သင့်ပြီး ထို့နောက် ထိုအတိုင်း လုပ်ဆောင်သင့်သည်။ သင်သည် ဤသို့ မလုပ်ဆောင်နိုင်ပါက အမှုအရာများကို တုံ့ပြန်နိုင်စွမ်း ကင်းမဲ့သည်။ သင်နားလည်သလော။ (နားလည်ပါသည်။) သင်သည် မည်သည့်ကိစ္စရပ်နှင့် ကြုံတွေ့ရသည်ဖြစ်စေ ဖြေရှင်းနည်းမရှိ၊ ယင်းကို ကိုင်တွယ်ရန် နည်းလမ်းမရှိ၊ ယင်းကို ကိုင်တွယ်ရန် စည်းမျဉ်းများမရှိပါက သင်သည် အမှုအရာများကို တုံ့ပြန်နိုင်စွမ်း ကင်းမဲ့သည်။ ထိုသို့သော လူများသည် အမှုအရာများကို တုံ့ပြန်နိုင်စွမ်း အညံ့ဖျင်းဆုံး မရှိကြသလော။ (ဟုတ်ပါသည်။)

အမှုအရာများကို တုံ့ပြန်နိုင်စွမ်း အကောင်းဆုံးရှိသူများမှာ အချို့သော အထူးကိစ္စရပ်များ သို့မဟုတ် ရုတ်တရက် အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ယင်းတို့ကို ချက်ချင်း သုံးသပ်ဆုံးဖြတ်ပြီး ပိုင်းခြားသိမြင်နိုင်ကာ ယင်းတို့ကို ကိုင်တွယ်ရန် အတော်အတန် သင့်လျော်သော အစီအစဉ်များကို ထုတ်ပေးနိုင်သူများ ဖြစ်သည်။ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း သာမန်ရှိသူများသည် သာမန်၊ ပုံမှန်ကိစ္စရပ်များနှင့် ကြုံတွေ့ရသည့်အခါ ယင်းတို့ကို ကိုင်တွယ်နိုင်သည်။ ၎င်းတို့သည် အခြေအနေကို ထိန်းသိမ်းရန်နှင့် စီမံခန့်ခွဲရန် သို့မဟုတ် လူများကို ညှိနှိုင်းရန်နှင့် အစားထိုးရန် လုပ်ထုံးလုပ်နည်းများအတိုင်း အလုပ်လုပ်နိုင်သည်၊ ဤအလုပ်မျိုးကို လုပ်ဆောင်ရာတွင် ၎င်းတို့ အတော်အသင့် လုပ်ဆောင်နိုင်သည်။ သို့သော် ရုတ်တရက် အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် ယင်းတို့ကို မကိုင်တွယ်နိုင်တော့ပေ။ စည်းမျဉ်းများကို ၎င်းတို့အား ပြောပြလျှင်ပင် ၎င်းတို့သည် ယင်းတို့ကို မကျင့်သုံးနိုင်ပေ၊ ၎င်းတို့အား အခွင့်အာဏာပေးပြီး ကိစ္စရပ်ကို ကိုင်တွယ်ရန် တောင်းဆိုလျှင်ပင် ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်နိုင်သေးပေ။ ဤသည်မှာ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း သာမန်ရှိခြင်း ဖြစ်သည်။ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း ညံ့ဖျင်းသူများသည် လုပ်ရိုးလုပ်စဉ် ကိစ္စရပ်များကိုပင် ကောင်းစွာ မကိုင်တွယ်နိုင်ပေ။ ၎င်းတို့သည် အယူဝါဒများကို ပြောဆိုရန်နှင့် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းရန်တို့ကိုသာ သိကြပြီး အဆုံးတွင် ပြဿနာ၏ အကြောင်းရင်းခံမှာ လုံးဝ ဖြေရှင်းပြီးခြင်းမရှိပေ။ အန္တိခရစ်တစ်ဦးက နှောင့်ယှက်မှုများဖြစ်စေပြီး လူတို့ကို အထင်အမြင်မှားစေခြင်းသည် ၎င်းတို့အား ဧဝံဂေလိ တရားဟောခြင်းကို စွန့်လွှတ်စေရန် လုံလောက်သည်၊ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးက အဓိပ္ပာယ်မရှိသော စကားများပြောဆိုခြင်းသည်လည်း ၎င်းတို့အား ဧဝံဂေလိအလုပ်ကို ရပ်တန့်စေရန် လုံလောက်သည်။ ဤလူတို့သည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်သူများ ဖြစ်ကြသလော။ ၎င်းတို့သည် ဤအဆင့်မမီပေ။ ထိုသို့သော လူများ၏ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းသည် အလွန်ညံ့ဖျင်းသည်။ မည်သို့သော အခြေအနေ ပေါ်ပေါက်သည်ဖြစ်စေ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း ညံ့ဖျင်းသူများသည် ယင်းကို မကိုင်တွယ်နိုင်ပေ။ ဥပမာအားဖြင့် အခန်းတစ်ခန်းတွင် မီးလောင်ပါက ၎င်းတို့သည် ထိတ်လန့်သွားပြီး မီးသတ်ဆေးဘူးကို အလျင်အမြန် ရှာဖွေကြသည်။ မီးသတ်ဆေးဘူးကို တွေ့ပြီးနောက် ၎င်းတို့သည် ယင်းကို မည်သို့အသုံးပြုရမည်ကို မသိဘဲ ညွှန်ကြားချက်များကို ရှာဖွေရသည်။ ရလဒ်အနေဖြင့် မီးသည် ပိုကြီးလာသည်။ ဤသည်မှာ ၎င်းတို့သည် မီးသတ်ဆေးဘူးကို မည်သို့အသုံးပြုရမည်ကို မသဘဲ ထိုသို့ဖြင့် အမှုအရာများကို နှောင့်နှေးစေသောကြောင့် ဖြစ်ပြီး ယင်းမှာ ၎င်းတို့၏ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း ကင်းမဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ ၎င်းတို့သည် မီးလောင်ခြင်းကဲ့သို့သော အရေးပေါ်အခြေအနေကိုပင် မဖြေရှင်းနိုင်ပေ၊ ဤသည်မှာ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ နောက်ဥပမာတစ်ခုပေးရလျှင် ကလေးတစ်ဦး အစာစားရင်း နင်သွားပြီး အသက်မရှူနိုင်ဘဲ မျက်ဖြူဆိုက်သွားပါက ဤလူတို့သည် ထိတ်လန့်သွားကြသည်။ ၎င်းတို့သည် ကလေးကို ဆေးရုံသို့ ခေါ်သွားသင့်ခြင်း ရှိမရှိကို မသိသကဲ့သို့ ကလေးကို ရေသောက်ခိုင်းသင့်ခြင်း ရှိမရှိကိုလည်း မသိကြပေ။ ၎င်းတို့သည် အလွန်စိုးရိမ်ပူပန်သောကြောင့် ချွေးပြန်ပြီး မျက်နှာနီမြန်းလာသော်လည်း မည်သို့လုပ်ဆောင်ရမည်ကို မသိကြပေ။ ခဏအကြာတွင် ကလေးသည် အကြိမ်အနည်းငယ် ချောင်းဆိုးပြီး နောက်ဆုံးတွင် အသက်ပြန်ရှူနိုင်သည်။ ၎င်းတို့သည် အချိန်ကြာမြင့်စွာ ထိတ်လန့်နေခဲ့သော်လည်း ပြဿနာကို ဖြေရှင်းရန် ဖြေရှင်းနည်းမရှိခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် ကလေးသည် ကံကောင်းသွားသည်။ သို့တည်းမဟုတ်ပါက ထိုကလေးသည် သူတို့လက်ချက်ဖြင့် သေဆုံးသွားနိုင်သည်။ အစွမ်းအစညံ့ဖျင်းသူများတွင် မည်သည့်စွမ်းရည်မျှ လုံးဝမရှိဘဲ မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့ နားလည်သော အယူဝါဒအနည်းငယ်မှာ စည်းမျဉ်းစည်းကမ်းများနှင့် ကြွေးကြော်သံများထက် မပိုပေ။ ပုံမှန်အခြေအနေများနှင့် အထူးအခြေအနေများ နှစ်မျိုးစလုံးနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် ယင်းတို့ကို ကိုင်တွယ်ရန် သို့မဟုတ် ဖြေရှင်းရန် အရည်အချင်းမမီကြသည်မှာ တစ်ပုံစံတည်းဖြစ်သည်။ ထို့ကြောင့် ထိုသို့သော လူများသည် အမှုအရာများကို တုံ့ပြန်နိုင်စွမ်း လုံးဝကင်းမဲ့နေသည်၊ ၎င်းတို့တွင် တစ်ခုမျှမရှိပေ။ မည်သည့်အခြေအနေနှင့် ကြုံတွေ့ရသည်ဖြစ်စေ ၎င်းတို့သည် ယင်းကို မတုံ့ပြန်နိုင် သို့မဟုတ် မကိုင်တွယ်နိုင်ပေ၊ ၎င်းတို့သည် ဤကိစ္စရပ်များကို နားမလည်နိုင်ပေ။ ၎င်းတို့သည် စကားလုံးအနည်းငယ်နှင့် အယူဝါဒများကို ပြောဆိုနိုင်ခြင်း၊ ကြွေးကြော်သံအချို့ကို ဟစ်ကြွေးနိုင်ခြင်းသည် လုံလောက်သည်ဟု ထင်ကြသည်၊ ယင်းက ၎င်းတို့တွင် အသက်ရှင်ရန် အရင်းအနှီးရှိပြီး ပြည့်စုံနေသည်ဟု ဆိုလိုသည်ဟု ထင်ကြသည်။ လက်တွေ့တွင် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ၎င်းတို့သိသော အယူဝါဒများသည် လုံးဝ အသုံးမဝင်ပေ။ သို့ဖြစ်လျက်ပင် ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစကို ထင်ဟပ်ကြောင်း ၎င်းတို့ သိရှိရန် အရေးနိမ့်ကျသည်။ ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းသော်လည်း ၎င်းတို့ကိုယ်တိုင် မသိရှိကြပေ။ ဤသည်မှာ အလွန်ညံ့ဖျင်းသော အစွမ်းအစ မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော လူများသည် စဉ်းစားဉာဏ်မဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) စဉ်းစားဉာဏ်မဲ့သောလူများသည် အသိဉာဏ်မပြည့်ဝပေ။ “အသိဉာဏ်မပြည့်ဝ” ဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ၎င်းတို့ မည်မျှသော အယူဝါဒများကို နားလည်သည်ဖြစ်စေ၊ မည်မျှသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သည်ဖြစ်စေ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ဤစည်းမျဉ်းစည်းကမ်းများ သို့မဟုတ် အယူဝါဒများထဲမှ တစ်ခုမျှသည် အမှန်တကယ်ဖြစ်သော ပြဿနာကို မဖြေရှင်းနိုင်ဟု ဆိုလိုသည်။ သို့တိုင်အောင် ၎င်းတို့သည် ဤအရာကို နားမလည်နိုင်သေးဘဲ “အဘယ်ကြောင့် ဤအယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများက အချည်းနှီးဖြစ်ရသနည်း” ဟု တွေးတောနေကြသည်။ ၎င်းတို့ ဦးနှောက်ခြောက်အောင် စဉ်းစားလျှင်ပင် အသုံးမဝင်ပေ၊ မည်သို့ပင် စဉ်းစားသည်ဖြစ်စေ ပြဿနာကို မည်သို့ကိုင်တွယ်ရမည် သို့မဟုတ် ဖြေရှင်းရမည်ကို ၎င်းတို့ မသိရှိသေးပေ။ အချို့လူများသည် အန္တိခရစ်ဖြစ်ရပ်များကို ကိုင်တွယ်သည့်အခါ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရသူများကို ဦးစွာ မကယ်တင်သကဲ့သို့ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကြောင့် အပျက်သဘောဆောင်ပြီး စုဝေးရန် မလိုလားတော့သူများကိုလည်း မထောက်ပံ့ကြပေ။ ၎င်းတို့ ဦးစွာ မည်သည့်အရာကို လုပ်ဆောင်သနည်း။ ၎င်းတို့သည် အန္တိခရစ်များ မည်သည့်သရုပ်သကန်များ ရှိသည်၊ မည်သို့သော လူစားမျိုးများသည် အန္တိခရစ်များဖြစ်သည်၊ အန္တိခရစ်များနှင့် အန္တိခရစ်များ၏ စိတ်သဘောထားရှိသူများကြား ခြားနားချက်များ၊ အန္တိခရစ်များကို အတိအကျ မည်သို့ ပိုင်းခြားသိမြင်ရမည်၊ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသူများကို အတိအကျ မည်သို့ ပိုင်းခြားသိမြင်ရမည်တို့ကို ပြောဆိုရန် ကြီးမားသော စုဝေးပွဲများကို ကျင်းပကြသည်၊ ဤအရာအားလုံးကို ၎င်းတို့ မိတ်သဟာယဖွဲ့ပြီးချိန်တွင် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရသော လူအချို့သည် အသင်းတော်မှ ထွက်ခွာသွားကြပြီးဖြစ်ကာ အပျက်သဘောဆောင်ပြီး အားနည်းသော အချို့သည် စုဝေးပွဲများကို မတက်ရောက်တော့ပေ။ ၎င်းတို့သည် ဤလူတို့ကို ကယ်တင်ရန် အကောင်းဆုံးအချိန်ကို လွဲချော်ခဲ့ကြပြီး ၎င်းတို့အား အမှန်တကယ် ကြီးစွာသော ထိခိုက်မှုကို ဖြစ်စေခဲ့သည်တကား။ အချုပ်အားဖြင့် အစွမ်းအစညံ့ဖျင်းသူများသည် ၎င်းတို့၏ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းနှင့်ပတ်သက်လာလျှင်လည်း ကြီးမားသော ချို့ယွင်းချက်တစ်ခု ရှိသည်၊ ၎င်းတို့သည် အမှုအရာများကို တုံ့ပြန်နိုင်စွမ်း လုံးဝ ကင်းမဲ့နေသည်။ လူတစ်ဦး ပုံမှန်အခြေအနေများအောက်တွင် မည်မျှ စကားပြောကောင်းသည်၊ စကားလုံးများနှင့် အယူဝါဒများကို မည်မျှ ကောင်းစွာ ပြောဆိုနိုင်ပြီး ဘာသာရေးဆိုင်ရာ အယူဝါဒများအကြောင်း ပြောဆိုနိုင်သည်ကို ကြည့်မည့်အစား အမှန်တကယ်ဖြစ်သော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့တွင် ပြဿနာများကို ကိုင်တွယ်နိုင်စွမ်း ရှိမရှိကိုသာ ကြည့်လော့၊ အထူးသဖြင့် ရုတ်တရက် ဖြစ်ရပ်များ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့တွင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိမရှိ၊ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အစီအစဉ်များ ရှိမရှိကို ကြည့်လော့။ ၎င်းတို့တွင် ရှိပါက ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အမြင်များရှိပြီး အမှုအရာများကို မည်သို့စဉ်းစားရမည်ကို သိသူတစ်ဦးဖြစ်ကြောင်း သက်သေပြသည်။ သို့သော် ၎င်းတို့တွင် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းနှင့် သုံးသပ်ဆုံးဖြတ်နိုင်စွမ်း ကင်းမဲ့ပြီး တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် ထိတ်လန့်ပြီး စိုးရိမ်ပူပန်လာကာ ကြီးကျယ်သော အယူဝါဒများကို ပြောဆိုပြီး ကြွေးကြော်သံများကို ဟစ်ကြွေးနိုင်ရုံသာ တတ်နိုင်ပါက ဤလူသည် ပြဿနာများကို မဖြေရှင်းနိုင်ဘဲ အသုံးမကျသူတစ်ဦး ဖြစ်သည်။ အခြားသူတစ်ဦးတွင် မည်မျှသော အခက်အခဲများ၊ ပြဿနာများ သို့မဟုတ် ချို့ယွင်းချက်များ ရှိသည်ဖြစ်စေ ဤလူသည် ၎င်းတို့ကို ရှင်းပြရန်နှင့် ဖြေရှင်းရန် တူညီသော သဘောတရားအစုတစ်ခုကို အသုံးပြုပြီး ဤနည်းလမ်းဖြင့် ၎င်းတို့နှင့် ဆက်လက် မိတ်သဟာယဖွဲ့နေသော်လည်း ပြဿနာများကို မည်သည့်အခါမျှ မဖြေရှင်းနိုင်ပေ၊ ဤသည်မှာ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း လုံးဝကင်းမဲ့ခြင်း ဖြစ်သည်။ ပြဿနာများကို ကိုင်တွယ်နိုင်စွမ်း ကင်းမဲ့ခြင်းသည် အတိအကျအားဖြင့် အမှုအရာများကို တုံ့ပြန်နိုင်စွမ်းမရှိခြင်း ဖြစ်သည်။ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းမရှိသူများသည် အစွမ်းအစ ကင်းမဲ့သည်။ သာမန်အားဖြင့်ဆိုလျှင် ၎င်းတို့သည် စဉ်းစားဉာဏ်မဲ့သောသူများ၊ ဉာဏ်ရည်မမီသူများနှင့် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူများ ဖြစ်ကြသည်။ ၎င်းတို့ မည်မျှသော အယူဝါဒများကို ပြောဆိုနိုင်သည်ဖြစ်စေ အသုံးမဝင်ပေ၊ ယင်းတို့ကို အသုံးချ၍မရနိုင်ပေ။ ဤသည်မှာ ရှစ်ခုမြောက် စွမ်းရည်ဖြစ်သည့် အမှုအရာများကို တုံ့ပြန်နိုင်စွမ်းအပေါ် ငါတို့၏ မိတ်သဟာယကို အဆုံးသတ်ခြင်း ဖြစ်သည်။

ယခု နဝမမြောက်စွမ်းရည်ဖြစ်သည့် ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ကြည့်ကြစို့။ ဆုံးဖြတ်ချက်ချနိုင်စွမ်းသည် လူတစ်ဦး၏ အစွမ်းအစကို အလွန်အမင်း စမ်းသပ်သည်။ သာမန်လူတွင် ယင်းမရှိပေ။ ဆုံးဖြတ်ချက်ချနိုင်ခြင်းနှင့်ဆိုင်သော အစွမ်းအစနှင့် စွမ်းရည်ကို အမှန်တကယ် ပိုင်ဆိုင်သူများသည် ဆုံးဖြတ်ချက်ချသည့် အဆင့်တွင်ရှိသော သူများဖြစ်ကြသည်။ သို့ဆိုလျှင် ဆုံးဖြတ်ချက်ချနိုင်စွမ်းက အဓိကအားဖြင့် အဘယ်အရာကို ရည်ညွှန်းသနည်း။ ၎င်းမှာ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ ပေါ်ပေါက်လာပြီး လူအများစုက ယင်းတို့ကို ထိုးထွင်းမမြင်နိုင်သည့်အခါ အချို့သောသူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အခြေခံ၍ အမျိုးမျိုးသော ပြဿနာများကို ပိုင်းခြားသိမြင်ပြီး ကိုင်တွယ်နိုင်ခြင်း၊ အမျိုးမျိုးသော လူတို့ကို ကိုင်တွယ်နိုင်ခြင်းကို ရည်ညွှန်းသည်။ ပြဿနာများကို ကိုင်တွယ်နိုင်သည့် ဤစွမ်းရည်ကို ဆုံးဖြတ်ချက်ချနိုင်စွမ်းဟု ခေါ်သည်။ အမှုအရာများကို ကိုင်တွယ်နိုင်စွမ်းရှိသူတို့၌ ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိသည်။ အမှုအရာများကို ကိုင်တွယ်နိုင်စွမ်းမရှိသူတို့၌မူ ဆုံးဖြတ်ချက်ချနိုင်စွမ်း မရှိပေ။ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွင် အဘယ်အရာ ပါဝင်သနည်း။ ယင်းတွင် လူတို့၏ သဘောပေါက်နားလည်နိုင်စွမ်း၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း၊ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းနှင့် အမှုအရာများကို တုံ့ပြန်နိုင်စွမ်းတို့ ပါဝင်သည်။ ဤအရာများကို စုပေါင်း၍ ဆုံးဖြတ်ချက်ချနိုင်စွမ်းဟု ခေါ်သည်။ ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူတို့သည် ပြဿနာများ၏ အနှစ်သာရကို ပိုင်းခြားသုံးသပ်နိုင်သကဲ့သို့ ပြဿနာများ၏ လက္ခဏာများကိုလည်း ပိုင်းခြားသိမြင်နိုင်သည်။ ဟုတ်ပေသည်၊ ပို၍အရေးကြီးသည်မှာ ၎င်းတို့သည် အမျိုးမျိုးသော ပြဿနာများကို ကိုင်တွယ်ရန်အတွက် စည်းမျဉ်းများနှင့် လားရာကို ဆုပ်ကိုင်ထားနိုင်သည်။ ဤအရာများကို လုပ်ဆောင်နိုင်သူများသာလျှင် ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူများ ဖြစ်ကြသည်။ ဥပမာအားဖြင့် လူတိုင်းက ဖြစ်စဉ်များ၊ အချက်အလက်များအပြင် တည်ရှိနေသော အကြောင်းအချက်များ၊ အခြေအနေများ၊ အခြေအနေအရပ်ရပ် စသည်တို့ များစွာကို လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ပြောဆိုနေကြသည် ဆိုကြပါစို့။ အထက်တွင်ဖော်ပြခဲ့သော အမျိုးမျိုးသော အကြောင်းအချက်များနှင့် အခြေအနေများကို အခြေခံ၍ ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူတို့သည် မည်သို့အတိအကျ ပြုမူရမည်၊ လုပ်ဆောင်မှု၏ နည်းလမ်းနှင့် လားရာသည် မည်သို့ဖြစ်သင့်သည်၊ အကောင်းဆုံး ရောက်ရှိနိုင်သည့်အဆင့်မှာ အဘယ်နည်း၊ အနိမ့်ဆုံး လက်ခံနိုင်သည့်အဆင့်မှာ အဘယ်နည်းတို့ကို နောက်ဆုံးတွင် ဆုံးဖြတ်ကြသည်၊ ယင်းတို့တွင် အခြေခံစည်းတစ်ခု ရှိသည်။ ထို့နောက် ၎င်းတို့နားလည်သော သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ ပြဿနာများကို ကိုင်တွယ်ကြသည်။ ဤစွမ်းရည်ရှိသူများသည် ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိသူများဖြစ်ပြီး ထိုသို့သောလူများသည် အကောင်းဆုံးသော အစွမ်းအစရှိသူများ ဖြစ်ကြသည်။ ၎င်းတို့ မည်သည့်အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို ရင်ဆိုင်ရသည်ဖြစ်စေ၊ မည်သည့်ပြဿနာမျိုးကို ကိုင်တွယ်နေရသည်ဖြစ်စေ၊ ရှာဖွေတွေ့ရှိသည့် ပြဿနာသည် တစ်ဖက်မြင်ဖြစ်စေ၊ ဘက်ပေါင်းစုံဖြစ်စေ၊ ရိုးရှင်းသည်ဖြစ်စေ၊ ရှုပ်ထွေးသည်ဖြစ်စေ ၎င်းတို့သည် ရှုထောင့်ပေါင်းစုံမှ ပေါ်ထွက်လာသော အမျိုးမျိုးသော သတင်းအချက်အလက်များကို အသုံးပြု၍ ပြဿနာ၏ အနှစ်သာရကို ဝေဖန်သုံးသပ်နိုင်ပြီး ထို့နောက် ပြဿနာ၏ အကြောင်းရင်းခံကို ဆန်းစစ်ကာ အဆုံးတွင် ပြဿနာနှင့် တည်ရှိနေသော အခြေအနေများကို အခြေခံ၍ မည်သို့ပြုမူရမည်ကို ဆုံးဖြတ်နိုင်သည်။ ဤဆုံးဖြတ်ချက်ကို တည်ရှိနေသော အခြေအနေများအောက်တွင် ဖြစ်မြောက်အောင်မြင်နိုင်သည့်အရာကို အဓိကအားဖြင့် အခြေခံ၍ ချမှတ်ခြင်းဖြစ်ပြီး ၎င်းတို့ဆုံးဖြတ်သည့် လုပ်ဆောင်မှုလမ်းကြောင်းသည် အကောင်းဆုံးသော ဖြေရှင်းနည်းဖြစ်သည်။ ဤနည်းလမ်းဖြင့် ပြဿနာများကို ကိုင်တွယ်နိုင်သူများသည် ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူများ ဖြစ်ကြသည်။ ဤသို့သော ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိသူများသည် အလွန်ကောင်းမွန်သော အစွမ်းအစရှိသူများ ဖြစ်ကြသည်။ ထိုသို့သောလူများသာလျှင် ခေါင်းဆောင်များဖြစ်ရန် သင့်တော်ပြီး ဆုံးဖြတ်ချက်ချသည့်အဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် သင့်တော်သည်။ ညံ့ဖျင်းသော အစွမ်းအစ သို့မဟုတ် သာမန် အစွမ်းအစရှိသူများသည် မည်သည့်ပြဿနာမျိုးကိုမဆို ရင်ဆိုင်ရသည့်အခါ ကိစ္စရပ်ကိုယ်၌တွင်သာ မိမိတို့ကိုယ်ကို ဘောင်ခတ်ထားနိုင်ပြီး အပေါ်ယံစကားအချို့ကိုသာ ပြောဆိုနိုင်ကာ ပြဿနာကို လုံးဝ မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့သည် အခြားသူများနှင့် တိုင်ပင်ပြီး ကိစ္စရပ်ကို စုံစမ်းစစ်ဆေးလျှင်ပင် နောက်ဆုံးတွင် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို မရရှိနိုင်သေးဘဲ မည်သို့ပြုမူရမည်ကို မသိကြပေ။ ဤသည်မှာ ဆုံးဖြတ်ချက်ချနိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ လက်ရှိအခြေအနေ မည်မျှပင် ရှုပ်ထွေးသည်ဖြစ်စေ သို့မဟုတ် လက်ရှိ ကိုင်တွယ်ရန်လိုအပ်သော ပြဿနာသည် မည်မျှပင် ခက်ခဲနိုင်ပြီး ထိုသို့လုပ်ဆောင်ရာတွင် မည်မျှကြီးမားသော အဟန့်အတားကို ကြုံတွေ့နိုင်သည်ဖြစ်စေ၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူများသည် စည်းမျဉ်းများနှင့်အညီ ယင်းကို သင့်တော်စွာ ကိုင်တွယ်နိုင်ပြီး ၎င်းတို့၏ ကိုင်တွယ်မှုသည် အတော်အတန် သင့်လျော်ပြီး စိတ်ချရသည်။ ထိုသို့သောလူများသည် ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူများ ဖြစ်ကြသည်။ သာမန် ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူများသည် သာမန်အခြေအနေများနှင့် အသင်းတော်တွင် အဖြစ်များသော အဖြစ်အပျက်အချို့ကို ကြုံတွေ့ရသည့်အခါ ယင်းတို့ကို ကိုင်တွယ်နိုင်သည်။ သို့သော် ၎င်းတို့သည် အချို့သော အထူးလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကြုံတွေ့ရလျှင် မည်သို့ရင်ဆိုင်ရမည်ကိုဖြစ်စေ၊ မည်သို့ကိုင်တွယ်ရမည်ကိုဖြစ်စေ မသိဘဲ စိတ်ရှုပ်ထွေးသွားကြသည်။ များစွာစဉ်းစားပြီးနောက်တွင်ပင် ၎င်းတို့သည် ရှင်းလင်းသော ဝေဖန်သုံးသပ်မှုတစ်ခုကို မပြုလုပ်နိုင် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုကို မချနိုင်သေးပေ။ ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူများသည် ပြဿနာ၏ အဓိကသော့ချက်ကို ပစ်မှတ်ထား၍ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရန် သိကြသည်။ ဆုံးဖြတ်ချက်ချနိုင်စွမ်းမရှိသူများမှာမူ ပြဿနာ၏ အဓိကသော့ချက်သည် မည်သည့်နေရာတွင် ရှိသည်၊ မည်သို့ရှာဖွေရမည် သို့မဟုတ် မည်သည့်အရာကို ရှာဖွေရမည်ကို မသိကြပေ။ ဤသည်မှာ ၎င်းတို့ကြားရှိ ကွာခြားချက်ဖြစ်သည်။ ရှာဖွေခြင်းမှတစ်ဆင့် အဘယ်အရာလုပ်ဆောင်ရမည်ကို သိလာပါက ဤသည်မှာ ၎င်းတို့တွင် သာမန် အစွမ်းအစရှိကြောင်းကို ညွှန်ပြသည်။ ညံ့ဖျင်းသော အစွမ်းအစရှိသူများအတွက်မူ ၎င်းတို့သည် ရှာဖွေခြင်းမှတစ်ဆင့် သမ္မာတရား စည်းမျဉ်းအချို့ကို နားလည်လာပြီး ထိုကိစ္စကို မည်သို့ကိုင်တွယ်ရမည်ကို သိသည်ဟု ထိုအချိန်တွင် ခံစားရလျှင်ပင် ယင်းကို ကိုင်တွယ်ရမည့်အချိန် ရောက်သည့်အခါ ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်နိုင်သေးပေ။ ၎င်းတို့သည် “ငါ ယခုလေးတင် နားလည်ခဲ့သည့် သမ္မာတရား စည်းမျဉ်းများကို အဘယ်ကြောင့် အသုံးမချနိုင်ရသနည်း။ ငါ အဘယ်အရာများ လိုနေသနည်း” ဟု ဦးနှောက်ခြောက်သွားကြသည်။ တစ်ဖန် ၎င်းတို့သည် စိတ်ရှုပ်ထွေးသွားကြပြီး အဆုံးတွင် ပြဿနာကို မဖြေရှင်းနိုင်သေးပေ။ ဤသည်မှာ ဆုံးဖြတ်ချက်ချနိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်၊ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစရှိခြင်း ဖြစ်သည်။ အညံ့ဖျင်းဆုံးသော အစွမ်းအစရှိသူများသည် သင်ခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသည်။ သင်က ၎င်းတို့အား အဘယ်အရာလုပ်ဆောင်ရမည်ကို မပြောလျှင် ၎င်းတို့သည် မည်သို့ပြုမူရမည်ကို မသိကြပေ။ ဆုံးဖြတ်ချက်ချသည့်အဆင့်ရှိ လူများက ၎င်းတို့အား တာဝန်တစ်ခုကို ဆောင်ရွက်ရန် အခွင့်အာဏာပေးပြီး တာဝန်ပေးစေခိုင်းသည့်အခါ သို့မဟုတ် ညွှန်ကြားသည့်အခါ ၎င်းတို့သည် ခိုင်းစေခံရသည့်အတိုင်းသာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သို့ရာတွင် ထိုတာဝန်ကို အဘယ်ကြောင့် ထိုနည်းလမ်းအတိုင်း အတိအကျ လုပ်ဆောင်ရသည်၊ ထိုတာဝန်က မည်သည့်ရလဒ်များကို ရရှိရန် ရည်ရွယ်သည် သို့မဟုတ် မူလအခြေအနေနှင့် ကွဲပြားသော မမျှော်လင့်ထားသည့် အခြေအနေများ ပေါ်ပေါက်လာပါက အဘယ်အရာလုပ်ဆောင်ရမည်နှင့် မည်သို့ကိုင်တွယ်ရမည်ဟူသည့် ဤအရာများထဲမှ တစ်ခုကိုမျှ ၎င်းတို့မသိဘဲ မေးမြန်းရပြီး အခြားသူများက ပြဿနာကို ဖြေရှင်းပေးရန် စောင့်ဆိုင်းရသည်။ ဤသည်မှာ ဆုံးဖြတ်ချက်ချနိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ ထိုသို့သောလူများသည် စက်ရုပ်များကဲ့သို့ ဖြစ်သည်၊ ၎င်းတို့ကို အခြားသူများကသာ ကြိုးကိုင်ညွှန်ကြားပြီး ထိန်းချုပ်နိုင်ကာ ၎င်းတို့တွင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း မရှိပေ။ အစွမ်းအစမရှိသော ဤသို့သောလူတစ်ဦးအတွက် ဆုံးဖြတ်ချက်ချနိုင်စွမ်းသည် ပြောစရာပင်မရှိပေ၊ ၎င်းတို့သည် ဆုံးဖြတ်ချက်ချနိုင်စွမ်းနှင့် အလွန်ကွာဝေးပြီး ဤစွမ်းရည်ကို လုံးဝ စံမမီကြပေ။ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို အမြင့်၊ အလတ်၊ အနိမ့် ဟူ၍ အဆင့်သုံးဆင့်သာ ခွဲခြားရန် လိုအပ်သည်။ အမြင့်၊ အလတ်၊ အနိမ့်သည် ကောင်း၊ သာမန်နှင့် ညံ့ဖျင်းဟူ၍ အသီးသီး သက်ဆိုင်သည်။ အစွမ်းအစမရှိသူများနှင့် ပတ်သက်လာလျှင် ဆုံးဖြတ်ချက်ချနိုင်စွမ်းအကြောင်း ပြောဆိုရန်ပင်မတန်ပေ။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ဆုံးဖြတ်ချက်များ မချနိုင်ကြပေ။ ဥပမာအားဖြင့် ဆောင်းဦးရာသီရောက်၍ ရာသီဥတု အေးမြလာသည့်အခါ မည်သည့်အရာကို ဝတ်ဆင်ရန် သင့်တော်သည်၊ ဆောင်းရာသီရောက်၍ ရာသီဥတု ချမ်းအေးလာသည့်အခါ မည်သည့်အရာကို ဝတ်ဆင်ရန် သင့်တော်သည်ကို ၎င်းတို့ အတိအကျ မသိကြပေ၊ ဤအခြေခံအကျဆုံးသော သာမန်အသိတရားကိုပင် ၎င်းတို့မပိုင်ဆိုင်ကြရာ အသင်းတော်၏ အလုပ်နှင့်သက်ဆိုင်သော အဓိကကိစ္စရပ်များတွင် ဆုံးဖြတ်ချက်များချရန် ၎င်းတို့အား တောင်းဆိုခြင်းသည် ပြက်လုံးတစ်ခု မဟုတ်လော။ အစွမ်းအစမရှိသူများအတွက် ဆုံးဖြတ်ချက်ချနိုင်စွမ်းသည် ပြောစရာပင်မရှိပေ။ ဆုံးဖြတ်ချက်ချနိုင်စွမ်းသည် အဓိကအားဖြင့် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ကြီးကြပ်ရေးမှူးများ၏ အဆင့်ရှိသူများနှင့် သက်ဆိုင်သည်။ မြင့်မားသော ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူ အလွန်နည်းပါးသည်။ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွင် အခြားအဘယ်အရာ ပါဝင်သေးသနည်း။ ယင်းတွင် သင်ဆုံးဖြတ်ချက်ချခဲ့သော ကိစ္စရပ်၏ အကျိုးဆက်များ ပါဝင်သည်၊ ထိုအကျိုးဆက်များသည် လူတို့အတွက် အကျိုးရှိမရှိကိုဖြစ်စေ၊ အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှု ရှိမရှိကိုဖြစ်စေ၊ ပြီးလျှင် ယင်းတို့သည် လူတို့ သမ္မာတရားကို နားလည်ခြင်း သို့မဟုတ် စည်းမျဉ်းများအတိုင်း ပြုမူခြင်းအပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိမရှိကိုဖြစ်စေ သင်သိနားလည်ရမည်။ ဆုံးဖြတ်ချက်များချနိုင်ခြင်း၊ ပြတ်သားခြင်းနှင့် လျင်မြန်စွာ ဆုံးဖြတ်နိုင်ခြင်းသည် ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိခြင်းနှင့် အတူတူပင် ဖြစ်သည်ဟူသည်မှာ မဟုတ်ပေ။ ယင်းမှာ သင်ဆုံးဖြတ်ခဲ့သော ဖြေရှင်းနည်း၊ ပန်းတိုင်နှင့် လားရာတို့ မှန်ကန်ခြင်း ရှိမရှိအပေါ်တွင်လည်း မူတည်သည်။ ရရှိသောရလဒ်များက အပြုသဘောဆောင်ပါက သင်သည် ဆုံးဖြတ်ချက်ချနိုင်စွမ်း အမှန်တကယ် ရှိသည်။ ရရှိသောရလဒ်များက အပျက်သဘောဆောင်ပါက၊ လူတို့ကို လမ်းလွဲစေခြင်း၊ ၎င်းတို့အား ကြီးစွာသော ဘေးဖြစ်စေခြင်း သို့မဟုတ် ၎င်းတို့ကို ပျက်စီးစေခြင်းတို့ ဖြစ်ပါက ထိုအရာသည် မည်သို့သော ဆုံးဖြတ်ချက်ချနိုင်စွမ်းမျှ မဟုတ်ပေ။ သို့ဖြစ်၍ ခေါင်းဆောင်အားလုံးနှင့် ထင်ရှားသော ပုဂ္ဂိုလ်အားလုံးတွင် ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသည်၊ ခေါင်းဆောင်အားလုံးသည် အတော်အတန်မြင့်မားသော အစွမ်းအစနှင့် အတော်အတန်မြင့်မားသော ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ပိုင်ဆိုင်သည်ဟူသော လူတို့၏ ယုံကြည်ချက်သည် တိကျမှန်ကန်သော ရှုမြင်ချက်တစ်ခု မဟုတ်ပေ၊ ယင်းမှာ လုံးဝမှားယွင်းသော အယူအဆတစ်ခု ဖြစ်သည်။ သင်ချမှတ်သော ဆုံးဖြတ်ချက်များ မှန်ကန်ခြင်းရှိမရှိသည် ယင်းတို့၏ နောက်ကွယ်ရှိ စည်းမျဉ်းများ၊ ပန်းတိုင်များနှင့် လားရာတို့သည် အဘယ်အရာဖြစ်သည်ဟူသည့်အပေါ်တွင်လည်း မူတည်သည်။ ပန်းတိုင်များနှင့် လားရာတို့သည် လူသားမျိုးနွယ်အတွက် အကျိုးရှိပြီး လူတို့၏ ကျင့်ကြံပြုမူခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ကယ်တင်ခြင်းကို ရရှိခြင်း၊ စိတ်သဘောထား ပြောင်းလဲခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့အတွက် အပြုသဘောဆောင်သော အကူအညီနှင့် အကျိုးကျေးဇူးများ ဖြစ်စေပါက သင်၏ ဆုံးဖြတ်ချက်ချနိုင်စွမ်းသည် အမှန်တကယ် မြင့်မားသည်။ သို့သော် သင်သည် အဆုံးတွင် လူတို့ကို အလွန်အမင်း နာကျင်စေပြီး ကြီးစွာသော ဘေးဖြစ်စေကာ လမ်းလွဲစေလျက် ဘုရားသခင်ထံမှ ဝေးကွာသွားစေပြီး လားရာပျောက်စေသည့် ကြောင်းကျိုးမမြင်သော ဆုံးဖြတ်ချက်များကို ချမှတ်ပါက ဤသည်မှာ လူတို့ကို ဘေးဖြစ်စေခြင်းဖြစ်ပြီး သင့်တွင် ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိသည်ဟု မဆိုနိုင်ပေ။ ဆုံးဖြတ်ချက်ချနိုင်စွမ်းနှင့်ပတ်သက်၍ ငါတို့၏ ဆွေးနွေးမှုကို ဤနေရာတွင် အဆုံးသတ်ပါသည်။

နောက်စွမ်းရည်တစ်ခုမှာ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ဖြစ်သည်။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသည်ကို သင်တို့သိသလော။ ဤသည်မှာ အပြောနည်းသော အကြောင်းအရာတစ်ခု ဖြစ်သည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ဟူသည်မှာ အချို့သောလူ၊ ဖြစ်ရပ် သို့မဟုတ် အမှုအရာတစ်ခုကို ချဉ်းကပ်သည့်အခါ သင်မြင်နိုင်ပြီး သဘောပေါက်နိုင်သော သတင်းအချက်အလက်များမှ ယင်း၏ အားသာချက်များ၊ ကောင်းမြတ်ချက်များနှင့် တန်ဖိုးရှိသော ရှုထောင့်များကို သင်အကဲဖြတ်ကာ တန်ဖိုးထားနိုင်ပြီး ထို့နောက် ယင်းတို့ကို သင်၏ ကိုယ်ပိုင်ဘဝ၊ သင်၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်တို့တွင် အသုံးချခြင်း ရှိမရှိကို ဆိုလိုသည်။ သင်သည် တစ်စုံတစ်ခုကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်ခြင်း မရှိပါက ယင်း၏ ကောင်းမြတ်ချက်များနှင့် အားနည်းချက်များမှာ အဘယ်အရာဖြစ်သည်ကို သင်ပြောနိုင်မည်မဟုတ်၊ သင်သည် ယင်း၏သော့ချက်ကို နားလည်မည် မဟုတ်သည့်အပြင် ယင်းထံမှ မည်သည့်အကျိုးကျေးဇူးကိုမျှ ရရှိနိုင်မည်မဟုတ်ပေ။ ဤသည်မှာ သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း မရှိဟု ဆိုလိုသည်။ သို့သော် သင်သည် အရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်ပြီး အချို့သောကိစ္စရပ်များမှ အသုံးဝင်သည့်အရာတစ်ခုကို သင်ယူကာ သင်၏ လက်တွေ့ဘဝတွင် အသုံးချနိုင်လျှင်၊ သင်သင်ယူခဲ့သည့်အရာက သင်၏ လူ့ဘဝနှင့် ဘဝလမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းအတွက် အကူအညီတစ်စုံတစ်ရာ ပေးနိုင်ပါက ဤသည်မှာ သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း တစ်ခုခုရှိကြောင်းကို သက်သေပြသည်။ ဤကိစ္စရပ်တွင် သင်၏စွမ်းရည် ပိုမြင့်မားလေ၊ သင့်တွင် ကောင်းမွန်သော အစွမ်းအစရှိကြောင်းကို ပို၍ သက်သေပြလေ ဖြစ်သည်။ ရိုးရှင်းသော ဥပမာတစ်ခုကို ကြည့်ကြစို့။ ပန်းချီကားတစ်ချပ်ကို ကြည့်ခြင်း ဖြစ်သည်။ သင်သည် အနုပညာကို မလေ့လာခဲ့ဖူးလျှင်ပင် ပန်းချီကားတစ်ချပ်၏ ပုံစံဖွဲ့စည်းပုံကို သင်လေ့လာနိုင်ပြီး လူ့သဘာဝ၏ ရှုထောင့်မှ ၎င်းတွင်ပါဝင်သော အဓိပ္ပာယ်ကို သိမြင်နိုင်လျှင်၊ ထို့အပြင် သင်၏ရှုမြင်ပုံသည် အလွန်တိကျမှန်ကန်ပြီး လူသားဖြစ်ခြင်းနှင့် သက်ဆိုင်လျှင်၊ ယင်းအတွင်း၌ လူသားဖြစ်ခြင်းနှင့် သက်ဆိုင်သော ခိုင်မာသည့်အရာအချို့ကို သင်မြင်နိုင်ပြီး ထို့နောက် ဤအရာများကို သင်၏ ကိုယ်ပိုင်ဘဝ သို့မဟုတ် အလုပ်တွင် အသုံးချနိုင်လျှင် ဤသရုပ်သကန်က သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိကြောင်း သက်သေပြသည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း၏ နယ်ပယ်သည် အချို့သော အတော်အတန် လက်တွေ့ကျသည့်အရာများကို ရည်ညွှန်းပြီး စိတ်ကူးသက်သက်ဖြစ်သောအရာများကို မရည်ညွှန်းပေ။ စိတ်ကူးသက်သက်ဖြစ်သောအရာများတွင် အရောင်များ၊ အနုပညာလက်ရာများနှင့် စသည်တို့ ပါဝင်သည်။ အကြောင်းမှာ ဤအရာများသည် လူသားဖြစ်ခြင်းနှင့် မသက်ဆိုင်၊ လုံလောက်စွာ မခိုင်မာဘဲ ယင်းတို့သည် သာမန်လူ့အတွေးအခေါ်နှင့် လူ့ဘဝတွင်ရှိသော အချို့အရာများနှင့် အလွန်ကွာဝေးကာ ဘဝနှင့် နီးကပ်စွာ မဆက်စပ်သောကြောင့် ကျွန်ုပ်တို့သည် ယင်းတို့ကို အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း၏ နယ်ပယ်အတွင်းသို့ အမျိုးအစားမခွဲပေ။ ဘဝနှင့် အတော်အတန် နီးစပ်သော၊ ဝှက်ထားသော အဓိပ္ပာယ်အချို့ ပါဝင်သည့် သို့မဟုတ် လူသားဖြစ်ခြင်းနှင့် သက်ဆိုင်သည့် အချို့အရာများအတွက် သင်သည် ယင်းတို့ကို အကဲဖြတ်နိုင်၊ ပိုင်းခြားသိမြင်နိုင်ပြီး အသုံးချနိုင်လျှင်၊ ယင်းတို့၏ ကောင်းမြတ်ချက်များနှင့် အားနည်းချက်များကို သင်မြင်နိုင်ပြီး ယင်းတို့အပေါ် သင်၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် ရှုမြင်ချက်များရှိကာ လူတို့၏ လူ့သဘာဝအတွက် အကျိုးရှိသော ရှုထောင့်များကို သင်နားလည်နိုင်လျှင်၊ သမ္မာတရားနှင့် ဆန့်ကျင်သော မည်သည့်လွဲချော်ပြီး တရားသေဆန်သည့်အချက်များမဆို ရှိနေသည့်အခါ သင်ပိုင်းခြားသိမြင်နိုင်လျှင် ဤသည်ကို အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိခြင်းဟု ခေါ်သည်။ သင်သည် ဤအရာများကို အကဲမဖြတ်နိုင်ဘဲ ခိုင်မာသည့်အရာတစ်ခုကို သင်ကြည့်သည့်အခါ ၎င်း၏ အားသာချက်များနှင့် အားနည်းချက်များကို အယူဝါဒသဘောတရားအရသာ ပိုင်းခြားသိမြင်နိုင်ပြီး နေ့စဉ်ဘဝတွင် ယင်းသည် လူ့သဘာဝ၏ မည်သည့်ရှုထောင့်များနှင့် အတိအကျ သက်ဆိုင်သည်ကို မမြင်နိုင်ပါက သင်၏ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းသည် သာမန်ဖြစ်သည်။ သင်သည် အနုပညာလက်ရာတစ်ခုကို ကြည့်ပြီး ထပ်ခါတလဲလဲ စစ်ဆေးပြီးနောက်တွင်ပင် ယင်းသည် အဘယ်အရာကို ဖော်ပြရန် ကြိုးစားနေသည် သို့မဟုတ် ဖန်တီးသူက အဘယ်ကြောင့် ဤနည်းလမ်းအတိုင်း ပြုလုပ်ခဲ့သည်ကို သင်မသိသေးဘဲ ထိုအနုပညာလက်ရာသည် လူ့သဘာဝနှင့် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ ယင်းတွင်ပါဝင်သော အနှစ်သာရ ရှိသည့်အရာများကို သင်မမြင်နိုင်ဘဲ ယင်း၏သော့ချက်ကို သင်မမြင်နိုင်ပါက ဤသည်မှာ သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့သည်ဟု ဆိုလိုသည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ခြင်းဟူသည်မှာ သင်သည် မည်သည့်အရာပေါ်တွင်မျှ ရှုမြင်ချက်မရှိဘဲ လူမှုရေးရေစီးကြောင်းများ သို့မဟုတ် လူတို့ထောက်ခံသော အချို့သော အပျက်သဘောဆောင်သည့်အရာများ၏ အလွယ်တကူ အထင်အမြင်မှားစေခြင်းကို ခံရသည်ဟု ဆိုလိုသည်၊ ဆိုလိုသည်မှာ သင်သည် မူလအားဖြင့် အပျက်သဘောဆောင်သည့်အရာတစ်ခုကို အပြုသဘောဆောင်သကဲ့သို့ မှတ်ယူပြီး လက်ခံကောင်း လက်ခံနိုင်သည်။ ဤအရာ၏ အကျိုးဆက်မှာ သင်သည် ၎င်း၏ အဆိပ်သင့်ခြင်းကို ခံရမည်ဖြစ်ပြီး ဤအရာသည် သင့်အတွင်း၌ အချိန်ကြာမြင့်စွာရှိနေပြီး သင့်တွင် အမြစ်တွယ်သွားပါက ယင်းသည် သင်၏ သမ္မာတရားကို လက်ခံခြင်းအတွက် အဟန့်အတားနှင့် အနှောင့်အယှက်တစ်ခု ဖြစ်လာလိမ့်မည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းနှင့်ပတ်သက်၍ နောက်ထပ်ဥပမာတစ်ခုကို ပေးကြစို့။ ဥပမာအားဖြင့် ရုပ်ရှင်တစ်ကား၏ ရိုက်ကူးထားသည့် မူရင်းဖိုင်များသည် သုံးနာရီ ကြာမြင့်ပြီး တည်းဖြတ်ပြီးနောက်တွင် ရုပ်ရှင်၏ ကြာမြင့်ချိန်သည် နှစ်နာရီနှင့် မိနစ်လေးဆယ် ဖြစ်သည်ဆိုကြပါစို့။ ဤသည်မှာ ရုပ်ရှင်တစ်ကားအတွက် သမားရိုးကျ အရှည်ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ အဘယ်အရာကို ညွှန်ပြသနည်း။ (ရုပ်ရှင်ထုတ်လုပ်သူများတွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ကြောင်းကို ညွှန်ပြပါသည်။) ရုပ်ရှင်တစ်ကားအတွက် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ခြင်းဟူသည်မှာ အတိအကျအားဖြင့် အဘယ်အရာကို ဆိုလိုသနည်း။ (၎င်းတို့သည် မည်သည့်ရိုက်ကူးထားသည့်ဖိုင်က ပိုကောင်းသည်ကို မရွေးချယ်နိုင်ဘဲ မည်သည့်ဖိုင်ကို ထားသင့်သည်၊ မည်သည့်ဖိုင်ကို ပယ်သင့်သည်နှင့်ပတ်သက်၍ တိကျသော သုံးသပ်ဆုံးဖြတ်ချက်များကို မပြုလုပ်နိုင်ဟု ဆိုလိုပါသည်။) ၎င်းတို့သည် ရုပ်ရှင်က မည်သည့်အဓိကအကြောင်းအရာကို ဖော်ပြရန် ရည်ရွယ်သည် သို့မဟုတ် မည်သည့်ဇာတ်ဝင်ခန်းများက အဓိကအကြောင်းအရာနှင့် နီးကပ်စွာ ဆက်စပ်သည်ကို မသိကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် အဘယ်အရာကို ထားရမည်၊ အဘယ်အရာကို ပယ်ရမည်ကို မဆုံးဖြတ်နိုင်ကြပေ။ ဆိုလိုသည်မှာ မည်သည့်ဇာတ်ဝင်ခန်းများ သို့မဟုတ် ဇာတ်လမ်းဇာတ်ကွက်များက မရှိမဖြစ် မလိုအပ်ဘဲ အဓိကအကြောင်းအရာနှင့် အနည်းငယ်သာ သက်ဆိုင်ပြီး ဖယ်ရှားနိုင်သည်၊ မည်သည့်ဇာတ်ဝင်ခန်းများ သို့မဟုတ် ဇာတ်လမ်းဇာတ်ကွက်များက အဓိကအကြောင်းအရာနှင့် အများဆုံး ဆက်စပ်ပြီး သိမ်းထားရန် လိုအပ်သည်ကို ၎င်းတို့မသိကြပေ။ ၎င်းတို့တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့သောကြောင့် တည်းဖြတ်နေစဉ်အတွင်း ၎င်းတို့သည် ဤအရာကို မဖြတ်နိုင်၊ ထိုအရာကို မဖြတ်နိုင်ဟု ခံစားရလျက် “လျော့ပေါ့တွေး” ကြသည်။ အဆုံးတွင် များစွာသော ကြိုးစားအားထုတ်မှုပြီးနောက် ၎င်းတို့သည် သိသာသော ပြဿနာများရှိသည့် သို့မဟုတ် အရည်အသွေးမကောင်းစွာ ရိုက်ကူးထားသည့် ဇာတ်ဝင်ခန်းများကိုသာ ဖယ်ရှားကြသည်။ အဓိကအကြောင်းအရာနှင့် နီးကပ်စွာ မသက်ဆိုင်သော အကြောင်းအရာများအတွက်မူ ၎င်းတို့သည် အားလုံးကို ချန်ထားခဲ့ကြသည်။ ဤသည်မှာ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ ၎င်းတို့တွင် ရုပ်ရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရှင်းလင်းစွာ နားလည်မှုမရှိပေ။ ရုပ်ရှင်၏ တိကျသော ပုံစံများနှင့် ဖော်ပြမှုနည်းစနစ်များ၊ ဇာတ်ဝင်ခန်းတစ်ခုချင်းစီကြားရှိ ဆက်စပ်မှုအပြင် မည်သည့်ဇာတ်ဝင်ခန်းများက ရုပ်ရှင်တစ်ကား၏ ဇာတ်ဝင်ခန်းများ အမှန်တကယ်ဖြစ်သည်နှင့်ပတ်သက်၍ ၎င်းတို့သည် ဤအရာတစ်ခုကိုမျှ နားလည်ကြပေ။ ဤသည်မှာ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ရိုက်ကူးနေစဉ်အတွင်း ၎င်းတို့သည် ယုံကြည်မှုအပြည့် ရှိကြသည်၊ တည်းဖြတ်နေစဉ်အတွင်း ၎င်းတို့၏ မျက်နှာများတွင် စိတ်ဆင်းရဲမှုများ ထင်ဟပ်နေသည်၊ ပြီးလျှင် ပြန်လည်သုံးသပ်သည့်အချိန်သို့ ရောက်သည့်အခါ ၎င်းတို့သည် အလွန်အမင်း စိုးရိမ်ပူပန်ကြသည်။ ပြန်လည်သုံးသပ်ပြီးနောက်တွင် အထက်၏ လမ်းညွှန်မှုမှတစ်ဆင့် မည်သည့်ဇာတ်ဝင်ခန်းများကို ပယ်ရမည်ကို ၎င်းတို့သိရှိခဲ့ပြီးဖြစ်သောကြောင့် မည်သို့ဆက်လုပ်ရမည်ကို ၎င်းတို့ အလွန်သေချာသွားကြပြီး ထို့နောက် ယင်းတို့ကို ရဲရင့်စွာ ဖြတ်တောက်ကြသည်။ အဆုံးတွင် ၎င်းတို့သည် ရုပ်ရှင်ကို မည်မျှအထိ ဖြတ်တောက်လိုက်သနည်း။ ၎င်းတို့သည် ယင်းကို တစ်နာရီနှင့် မိနစ်လေးဆယ် ကြာမြင့်ချိန်အထိ ဖြတ်တောက်လိုက်ကြသည်။ ကင်မရာသမားများက “ဤသည်မှာ ကျွန်ုပ်တို့၏ လုပ်အားအသီးအပွင့်များကို ဖြုန်းတီးခြင်း မဟုတ်လော။ ကျွန်ုပ်တို့သည် ခြောက်လကြာအောင် များစွာသော ရိုက်ကူးမှုများကို အပင်ပန်းခံကာ ရိုက်ကူးခဲ့သော်လည်း သင်တို့က အလွန်ရက်စက်သည်၊ ဤအရာနှင့် ထိုအရာကို ဖြတ်တောက်စေသည်၊ ဤသည်မှာ ရုပ်ရှင်တစ်ကားပင် ဟုတ်သေးသလော” ဟု အလွန်စိတ်မကောင်း ဖြစ်ကြသည်။ ငါ၏အဖြေမှာ ဤမျှများစွာ ဖြတ်တောက်ခြင်းသည် အတိအကျ မှန်ကန်သည်၊ ဤသည်မှာ ရုပ်ရှင်တစ်ကား ဖြစ်သင့်သည့်ပုံစံ ဖြစ်သည်။ သင်တို့ထံတွင်ရှိခဲ့သောအရာမှာ ရုပ်ရှင်တစ်ကားမဟုတ်၊ အလွန်ဆုံးအနေဖြင့် ယင်းမှာ တီဗီဇာတ်လမ်းတွဲတစ်ခုသာ ဖြစ်သည် ဟူ၍ဖြစ်သည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ညံ့ဖျင်းသူများအနေဖြင့် သမ္မာတရားကို လက်လှမ်းမမီပေ၊ ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် မည်သည့်ရလဒ်ကိုမျှ ရရှိမည်မဟုတ်ပေ။ မည်သည့်အမှုအရာများ သို့မဟုတ် မည်သည့်စိတ်ကူးများနှင့် ရှုမြင်ချက်များနှင့် ပတ်သက်လာလျှင်မဆို မည်သည့်အရာက ပုံမှန်လူ့သဘာဝ၏ လိုအပ်ချက်များနှင့် စံနှုန်းများနှင့် ကိုက်ညီသည်၊ မည်သည့်အရာက ပုံမှန်လူ့သဘာဝနှင့် ဆန့်ကျင်သည်၊ မည်သည့်အရာက စစ်မှန်ပြီး လက်တွေ့ကျသည်၊ မည်သည့်အရာက အနှစ်မဲ့ပြီး စိတ်ကူးယဉ်ဖြစ်သည်၊ မည်သည့်အရာက ဘုရားသခင်၏ လိုအပ်ချက်များနှင့် ကိုက်ညီသည်၊ မည်သည့်အရာက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဆန့်ကျင်သည်တို့ကို ၎င်းတို့ မသုံးသပ်နိုင်ကြပေ။ ရုပ်ရှင်တစ်ကားနှင့် ပတ်သက်လာလျှင် မည်သည့်ဇာတ်ဝင်ခန်းများက အဓိကအကြောင်းအရာအတွက် အထောက်အကူပြုသည့် အခန်းကဏ္ဍမှ ပါဝင်သည်၊ တည့်တည့်မတ်မတ် ဆိုလိုရင်းကိုရောက်ရှိပြီး အဓိကအကြောင်းအရာကို တိုက်ရိုက်ဖော်ပြသည်၊ မည်သည့်အရာများက အဓိကအကြောင်းအရာ၏ အနှစ်သာရကို ဖော်ပြရန် မရှိမဖြစ်လိုအပ်သည်၊ မည်သည့်အရာများက မလိုအပ် သို့မဟုတ် အပိုဖြစ်သည်တို့ကို ၎င်းတို့သည် ပိုင်းခြားသိမြင်နိုင်ခြင်းမရှိဘဲ တစ်ခုကိုမျှ နားမလည်ကြပေ။ တည်းဖြတ်သည့်အပိုင်းသို့ ရောက်သည့်အခါ ၎င်းတို့သည် အစဉ်သဖြင့် “လျှော့ပေါ့တွေး” ပြီး ရိုက်ကူးထားသည့်ဖိုင်ကို ဖြတ်တောက်ရန် ဝန်လေးကြသည်။ ဤသည်မှာ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ ရိုက်ကူးပြီးနောက်တွင် ရုပ်ရှင်က ဖော်ပြရန် ရည်ရွယ်သည့် စိတ်ကူးများနှင့် ဆက်သွယ်ရန် ရည်ရွယ်သည့် လားရာတို့ကို စဉ်းစားခြင်းမှတစ်ဆင့် မည်သည့်ဇာတ်ဝင်ခန်းများကို မထည့်သွင်းသင့်သည်၊ မည်သည့်ဇာတ်ဝင်ခန်းများက လုံလောက်သော အကျိုးသက်ရောက်မှုမရှိသည်၊ မည်သည့်ဇာတ်ဝင်ခန်းများက အထူးအခြေအနေများ ဖြစ်ပေါ်လာပါက အရန်အဖြစ် ပြင်ဆင်ထားသည့် အရန်ရိုက်ချက်များသာဖြစ်ပြီး မည်သည့်အခါမျှ အသုံးပြုရန် ရည်ရွယ်ထားခြင်းမရှိသည်တို့ကို သင်သိလျှင်၊ သင်၏စိတ်နှလုံးထဲတွင် ဤကိစ္စရပ်များကို သင်စဉ်းစားခဲ့ပြီးဖြစ်လျှင်၊ ယင်းတို့ကို ကိုင်တွယ်ရန် အစီအစဉ်များနှင့် ဖြေရှင်းနည်းများရှိလျှင် ဤသည်ကို အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိခြင်းဟု ခေါ်သည်။ သင်သည် ဤအရာများထဲမှ တစ်ခုကိုမျှ မလုပ်ဆောင်နိုင်ဘဲ သင်ပြဿနာများကို စဉ်းစားသုံးသပ်ပြီး ရှုမြင်ရန် အသုံးပြုသည့် ရှုထောင့်များနှင့် နည်းလမ်းများတွင် အခြေခံမရှိဘဲ၊ အဆုံးတွင် မှန်ကန်သော ကောက်ချက်တစ်ခုကို မချနိုင်ပါက ဤသည်မှာ သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့သည်ဟု ဆိုလိုသည်။ မှန်ပေသည်၊ အသင်းတော်ရှိ လူအများစုသည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ကြသည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ဟူသည်မှာ ဖန်တီးမှုလက်ရာတစ်ခုကိုဖြစ်စေ၊ အနုပညာဖန်တီးမှုတစ်ခုကိုဖြစ်စေ၊ ဝိညာဉ်ရေးရာ အာဟာရ သို့မဟုတ် လူတို့၏ လူ့သဘာဝနှင့်ပတ်သက်သော အတွေးအခေါ်ဆိုင်ရာ သီအိုရီတစ်ခုအဖြစ် အသုံးတော်ခံသည့် တစ်စုံတစ်ခုကိုဖြစ်စေ သင်မည်မျှ ထိုးထွင်းသိမြင်နိုင်သည် ဟူသည့်အကြောင်းသာ မဟုတ်ပေ၊ အဓိကသော့ချက်မှာ သင်သည် ဤအရာများအပေါ် တိကျသော ရှုမြင်ချက်တစ်ခုလည်း ရှိရမည်ဖြစ်သည်။ တစ်ဖက်တွင် သင်၏ရှုမြင်ချက်သည် အချက်အလက်များနှင့် လူ့သဘာဝ၏ လိုအပ်ချက်များနှင့် ကိုက်ညီရမည်။ အခြားတစ်ဖက်တွင် သင်နားလည် သို့မဟုတ် သဘောပေါက်သည့်အရာသည် အပြုသဘောဆောင်သောအရာများနှင့် အရာခပ်သိမ်း၏ နိယာမများနှင့် ကိုက်ညီရမည်၊ ယင်းသည် အနှစ်မဲ့ခြင်း သို့မဟုတ် လွဲချော်ခြင်း မဖြစ်ရဘဲ နောက်ဆုံးတွင် ယင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်းသို့ ရောက်ရှိလာသည်။ သင်သည် မည်သည့်စိတ်ကူးများနှင့် ရှုမြင်ချက်များကို ဖော်ပြနေသည်ကို မြင်နိုင်ရုံသာမက သင်သည် ထိုအဆင့်တွင်သာ ရပ်တန့်မနေဘဲ ဤစိတ်ကူးများနှင့် ရှုမြင်ချက်များ အမှန်တကယ် မှန်ကန်ခြင်းရှိမရှိ၊ ယင်းတို့သည် လူ့သဘာဝ၏ လိုအပ်ချက်များနှင့် အမှန်တကယ် ကိုက်ညီခြင်းရှိမရှိ၊ ယင်းတို့သည် အမှန်တကယ် စင်ကြယ်ခြင်းရှိမရှိနှင့် သမ္မာတရားနှင့် အမှန်တကယ် ကိုက်ညီခြင်းရှိမရှိကိုလည်း မြင်နိုင်လျှင်၊ ဤအရာအားလုံးကို လုပ်ဆောင်နိုင်လျှင် သင်သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကောင်းမွန်သူတစ်ဦး ဖြစ်သည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကောင်းမွန်သူများသည် ကောင်းမွန်သော အစွမ်းအစရှိသူများ ဖြစ်ကြသည်။ သင်သည် ဤအရာအားလုံးကို မပြီးမြောက်နိုင် သို့မဟုတ် ယင်းတို့ကို သာမန်အဆင့်အထိသာ ပြီးမြောက်နိုင်ပါက သင်၏ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းသည် သာမန်မျှသာ ဖြစ်သည်။ သင်သည် ဤကိစ္စရပ်များကို အခြေခံအားဖြင့် မသိရှိနိုင်ပါက၊ ဥပမာအားဖြင့် သင်သည် မည်သည့်ရုပ်မြင်သံကြားလက်ရာများ၊ စာပေနှင့် အနုပညာလက်ရာများ၊ အနုပညာလက်ရာများနှင့် စသည်တို့ကိုမဆို ယင်းတို့သည် စိတ်ကူးသက်သက်သာ ဖြစ်သည်ဖြစ်စေ၊ လက်တွေ့ကျသည်ဖြစ်စေ နားမလည်နိုင်ဘဲ၊ ယင်းတို့ကို လုံးဝ နားမလည်နိုင်ဘဲ နိုင်ငံခြားဘာသာစကားတစ်ခုကဲ့သို့ မြင်ပြီး သင်၏လူ့သဘာဝအတွင်း၌ ထိုသို့သောအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ပါက သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း မရှိပေ၊ သင်သည် အစွမ်းအစမရှိသူတစ်ဦး ဖြစ်သည်။ အချို့သောအရောင်များ၊ အချို့သော မီးရောင်များနှင့် အချို့သော ပတ်ဝန်းကျင်တစ်ခုရှိသော ဇာတ်ဝင်ခန်းတစ်ခုအတွင်းမှ ဇာတ်ကောင်တစ်ဦး၏ အမူအရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အခြေအနေနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေ၏ အလုံးစုံ ဖော်ပြမှုကို လေ့လာခြင်းမှတစ်ဆင့် ဤဇာတ်ဝင်ခန်းက ကြည့်ရှုသူ၏စိတ်အပေါ် မည်သို့သော အကျိုးသက်ရောက်မှု ရှိမည်ကို သင်ပြောနိုင်လျှင် သင်သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းကို ပိုင်ဆိုင်သည်။ သို့သော် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း မရှိသူများသည် ဤအရာကို မမြင်နိုင်ကြပေ။ ၎င်းတို့က “မီးရောင်က မှိန်သည်ဖြစ်စေ၊ မမှိန်သည်ဖြစ်စေ၊ အရောင်များက လှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ အဘယ်အရာက အရေးကြီးသနည်း။ ဇာတ်ကောင်က အတူတူပင် မဟုတ်လော။ သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက အဘယ်အရာဖြစ်သည်ကို သင် အဘယ်သို့ ပြောနိုင်သနည်း။ ကျွန်ုပ်က အဘယ်ကြောင့် မမြင်နိုင်ရသနည်း” ဟု ပြောကြသည်။ ဤသည်မှာ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ သင်သည် ၎င်းတို့အား မည်သို့ပင် ရှင်းပြပါစေ ၎င်းတို့သည် နားလည်သည်ဟု ဆိုနိုင်သော်လည်း အမှန်တကယ်တွင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ နားမလည်သေးပေ။ ဤနယ်ပယ်သည် ၎င်းတို့အတွက် အစဉ်သဖြင့် စိမ်းနေမည် ဖြစ်သည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့သူများသည် မည်သို့သောအလုပ်ကို လုပ်သည်ဖြစ်စေ၊ မည်သို့သော စာပေ သို့မဟုတ် အနုပညာလက်ရာများကို ကြည့်ရှုသည်ဖြစ်စေ မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် ရှုမြင်ချက်များကို ဖော်ပြနိုင်ခြင်း မရှိကြပေ။ အထူးသဖြင့် နက်ရှိုင်းသော အဓိပ္ပာယ်ကို ဖော်ပြရန်၊ အဓိကအကြောင်းအရာတစ်ခုကို ဖော်ပြရန် သို့မဟုတ် ဝိညာဉ်ရေးရာ လမ်းညွှန်မှုပေးရန် လိုအပ်သော အလုပ် သို့မဟုတ် ဖန်တီးမှုများအတွက်၊ ၎င်းတို့သည် ယင်းကို ကောင်းစွာမလုပ်ဆောင်နိုင်ဘဲ ထိုသို့သောတာဝန်များအတွက် အရည်အချင်း ပြည့်မီနိုင်မည်မဟုတ်ပေ။ သင်သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းကို ပိုင်ဆိုင်ပြီး ထို့အပြင် သင်သည် သမ္မာတရားကိုလည်း နားလည်ပါက အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ပါဝင်သော ရုပ်ရှင်၊ စာပေနှင့် အနုပညာနှင့်သက်ဆိုင်သော ဘုရားသခင်၏ အိမ်တော်အလုပ်အတွက် သင်သည် ယင်းကို ကောင်းစွာလုပ်ဆောင်နိုင်ပြီး ယင်းအတွက် အရည်အချင်း ပြည့်မီကာ ဤသို့သော တာဝန်မျိုးကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည်။ သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ပါက သင်သည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး ဤအလုပ်အမျိုးအစားအတွက် အရည်အချင်း ပြည့်မီနိုင်မည် မဟုတ်ပေ။ အချို့လူများက “ကျွန်ုပ်သည် သမ္မာတရားကို နှစ်ပေါင်းများစွာ နားထောင်ခဲ့ပြီး သမ္မာတရား စည်းမျဉ်းများကို နားလည်ပါသည်။ ထိုအရာက ကျွန်ုပ်သည် ဤအမျိုးအစားအလုပ်အတွက် အရည်အချင်း ပြည့်မီနိုင်သည်ဟု ဆိုလိုပါသလော” ဟု ပြောကြသည်။ ထိုအရာသည်လည်း အလုပ်မဖြစ်သေးပေ။ သင်သည် အချို့သော သမ္မာတရားကို နားလည်လျှင်ပင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းကို အားဖြည့်မှုအဖြစ် မရှိဘဲ သင်သည် ဧဝံဂေလိတရားကို ဟောပြောခြင်း သို့မဟုတ် အသင်းတော်ကို ရေလောင်းခြင်းကဲ့သို့သော အလုပ်များကိုသာ လုပ်ဆောင်နိုင်သည်။ သို့သော် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ပါဝင်သော အလုပ်အတွက်မူ သင်သည် အရည်အချင်း ပြည့်မီမည်မဟုတ်ပေ။ ထို့ကြောင့် အချို့လူများသည် ဤအမျိုးအစားအလုပ်အတွက် မှားယွင်းစွာ ရွေးချယ်ခံခဲ့ရပြီး ယခုအခါ ဤနယ်ပယ်တွင် မိမိတို့တွင် အလားအလာမရှိကြောင်းနှင့် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း မွေးတည်းက မပါရှိကြောင်း သိရှိလာပါက ၎င်းတို့က “ကျွန်ုပ်သည် ဤအလုပ်ကို မလုပ်ဆောင်နိုင်ပါ။ ကျွန်ုပ်၏ လူ့သဘာဝသည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းကို မပိုင်ဆိုင်ပါ” ဟု ဆိုလျက် ချက်ချင်း ရာထူးမှ နုတ်ထွက်သင့်သည်။ မှန်ပေသည်၊ သင်သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းကို ပိုင်ဆိုင်သည်ဖြစ်စေ၊ မပိုင်ဆိုင်သည်ဖြစ်စေ ယင်းသည် လူတစ်ဦး၏ အစွမ်းအစကို အကဲဖြတ်ရန် စံနှုန်းတစ်ခုဖြစ်သည်။ ယင်းသည် အဓိကစံနှုန်းတစ်ခု မဟုတ်သော်လည်း အချို့သော အထူးအလုပ်အတွက်၊ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းသည်လည်း လိုအပ်သည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် အဆုံးသတ်လိုက်သည်။ နောက်ထပ် စွမ်းရည်တစ်ခုဖြစ်သည့် ဆန်းသစ်တီထွင်နိုင်စွမ်းကို နောက်တစ်ကြိမ်တွင် ငါတို့ မိတ်သဟာယဖွဲ့ကြမည်။

ဤသို့ မိတ်သဟာယဖွဲ့ခြင်းက သင်တို့အတွက် အရာများကို ပို၍ ရှင်းလင်းစေသလော။ (ရှင်းလင်းစေပါသည်။) ငါက “အမှုအရာများ လုပ်ဆောင်ရာတွင် လူတစ်ဦး၏ အစွမ်းအစကို ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုတို့ဖြင့် အကဲဖြတ်သည်” ဟု ယေဘုယျအားဖြင့်သာ ပြောခဲ့လျှင် သင်တို့သည် ဤအယူဝါဒကို ရွတ်ဆိုနိုင်ရုံသာ ရှိမည်ဖြစ်သော်လည်း အစွမ်းအစက မည်သည့် တိကျသော ရှုထောင့်များကို ရည်ညွှန်းသည်ကိုမူ သင်တို့ ရှင်းလင်းစွာ သိရှိကြမည်မဟုတ်ပေ။ နောက်ပိုင်းတွင် ပို၍ တိတိကျကျ မိတ်သဟာယဖွဲ့ခြင်းက ပိုကောင်းမည်ဟု ငါတွေးခဲ့သည်၊ သင်တို့သည် ဤအကြောင်းအရာအပေါ် ရှင်းလင်းမှုကို ရရှိသည့်အခါ သင်တို့၏ ကိုယ်ပိုင်အစွမ်းအစကို တိကျစွာ အကဲဖြတ်နိုင်ပြီး ရှင်းလင်းစွာ နားလည်နိုင်ကြလိမ့်မည်။ ဤသည်က သင်တို့ကို မိမိတို့၏ နေရာမှန်တွင် ရပ်တည်နိုင်ရန်နှင့် သင်တို့၏ စွမ်းရည်များကို အလွန်အကျွံ မခန့်မှန်းမိစေရန် အထောက်အကူပြုလိမ့်မည်။ မိမိတို့၏ စွမ်းရည်များကို ရှင်းလင်းစွာ ရှုမြင်ပြီး နားလည်ခြင်း၊ သင်တို့၏ အစွမ်းအစသည် ကောင်းသည်၊ သာမန်ဖြစ်သည်၊ ညံ့ဖျင်းသည် သို့မဟုတ် မရှိသည်ကို ဆုံးဖြတ်ခြင်းနှင့် သင်တို့သည် မည်သည့်အုပ်စုတွင် ပါဝင်သည်ကို ခွဲခြားသတ်မှတ်ခြင်းဟူသည့် ဤသို့ မိမိတို့၏ နေရာမှန်ကို ရှာဖွေခြင်းက သင်တို့ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီး ကောင်းမွန်စွာ နေထိုင်ပြုမူနိုင်ရန် အကျိုးပြုသည်။ တစ်ဖက်တွင် ယင်းက သင်တို့ကို မိမိတို့ကိုယ်ကို တိကျစွာ နားလည်မှုရှိစေသည်။ အခြားတစ်ဖက်တွင် သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်းနှင့်ပတ်သက်၍ ၎င်းသည် သင်တို့၏ မာနထောင်လွှားသော စိတ်သဘောထားကို ပြောင်းလဲရန်အတွက် အကူအညီတစ်စုံတစ်ရာကိုလည်း ပေးသည်။ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) ယနေ့အတွက် မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်

အရှေ့သို့-  သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)

နောက်တစ်ခုသို့-  သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger