လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်

ဘုရားသခင်၏ ဝိညာဉ်တော်သည် ကမ္ဘာမြေပေါ်၌ အလုပ်လုပ်သည်နှင့်အမျှ ရှာဖွေနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး ခေတ်ကာလများတစ်လျှောက်နှင့် မျိုးဆက်များတစ်လျှောက် သူ၏အမှုကို ဆောင်ရွက်ဖို့ ဘုရားသခင် အသုံးပြုခဲ့သူ များစွာရှိပေသည်။ သို့တိုင်အောင် ဤတစ်ချိန်လုံးတွင် ဘုရားသခင်၏ဝိညာဉ်တော်သည် သင့်လျော်သော ကျိန်းဝပ်ရာနေရာ မရှိသေးပေ၊ ထိုအကြောင်းကြောင့် ဘုရားသခင်သည် သူ၏အမှုကို ပြုဖို့ လူအမျိုးမျိုးအလယ်တွင် ကူးပြောင်းရခြင်း ဖြစ်သည်။ ခြုံကြည့်သော် သူ၏အမှုကို လုပ်ဆောင်သည်မှာ လူတို့မှတစ်ဆင့် ဖြစ်သည်။ ဆိုလိုသည်မှာ ဤနှစ်များအားလုံးတွင် ဘုရားသခင်၏အမှုသည် လုံးဝ ရပ်တန့်ခြင်းမရှိဘဲ လူတို့အထဲ၌ ယနေ့ထိ တစ်ချိန်လုံး ဆက်လက်ရှေ့ဆက် လုပ်ဆောင်နေခဲ့ပေသည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့ပြီး အမှုများစွာ ပြုပြီးသော်လည်း လူသားသည် ဘုရားသခင်ကို မသိဆဲဖြစ်ပြီး အားလုံးသည် ဘုရားသခင်က လူသားထံ မည်သည့်အခါမျှ မပေါ်ထွန်းဖူးသောကြောင့်ဖြစ်သည့်အပြင် သူသည် လက်ဆုပ်လက်ကိုင် ပြနိုင်သော ပုံသဏ္ဌာန်မရှိခြင်းကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင်၏ လက်တွေ့ကျသော အရေးပါမှုကို လူတို့အား သိစေခြင်းအမှုဖြစ်သည့် ဤအမှုကို ပြည့်စုံခြင်းသို့ ရောက်စေရမည် ဖြစ်သည်။ ဤရည်ရွယ်ချက် ဖြစ်မြောက်အောင်မြင်ဖို့ရန် ဘုရားသခင်သည် လူ့သဘာဝ၌ သူ၏ ဝိညာဉ်တော်အား ထင်သာမြင်သာစွာ ထုတ်ဖော်ပြရမည်ဖြစ်ပြီး ၎င်းတို့အလယ်တွင် သူ၏အမှုကို ဆောင်ရွက်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရုပ်ခန္ဓာအသွင်ဆောင်သည့် အခါမှသာ၊ အသားနှင့် အရိုးတို့ကို ယူတင်ဝတ်ဆင်ပြီး လူတို့ကို ၎င်းတို့၏ အသက်တာများတွင် အဖော်ပြုရင်း မိမိကိုယ်ကို တစ်ခါတစ်ရံပြသကာ တစ်ခါတစ်ရံ ကွယ်ဝှက်ရင်းဖြင့် လူတို့အလယ် ထင်ထင်ရှားရှား လျှောက်လှမ်းသည့် အခါမှသာ လူတို့သည် သူနှင့် သက်ဆိုင်သည့် သာ၍ နက်ရှိုင်းသော သိနားလည်ခြင်းသို့ ဆိုက်ရောက်နိုင်ပေသည်။ ဘုရားသခင်သည် လူ့ဇာတိ၌သာ ဆက်ရှိခဲ့ပါက သူ၏အမှုကို အလုံးစုံ ပြည့်စုံစေနိုင်မည် မဟုတ်ပေ။ ပြီးလျှင် အချိန်ကာလတစ်ခုအထိ လူ့ဇာတိ၌ အမှုတော်ကို ဆောင်ရွက်ပြီးနောက် လူ့ဇာတိ၌ လုပ်ဆောင်ရန် လိုအပ်သော အမှုတော်ကို ပြည့်စုံစေကာ ပုံမှန်လူ့သဘာဝ၌ အချိန်ကာလတစ်ခုအထိ အမှုတော်ကို ဆောင်ရွက်ပြီး ပြီးမြောက်ရန် လိုအပ်သမျှသော အမှုအလုံးစုံတို့ကို ယေရှု လုပ်ဆောင်ပြီးစီးခဲ့သကဲ့သို့ပင် ဘုရားသခင်သည် လူ့ဇာတိမှ ထွက်ခွာ၍ လူ့ဇာတိ၏ ပုံသဏ္ဌာန်ဖြင့် ဝိညာဉ်ရေးရာနယ်ပယ်၌ အမှုပြုလိမ့်မည်။ “လမ်းကြောင်း... (၅)” မှ ဤကျမ်းပိုဒ်ကို သင်တို့မှတ်မိကောင်း မှတ်မိနိုင်သည်။ “‘ကမ္ဘာမြေပေါ်တွင် သင့်အဖ၏ အလိုတော်ကိုသာ လိုက်လျှောက်ရန်နှင့် သူ၏ တာဝန်ပေးစေခိုင်းချက်ကို ပြည့်စုံစေရန်သာ ကြိုးစားလော့။ အခြားမည်သည့်အရာမျှ သင်နှင့် မသက်ဆိုင်။’ ဟု ငါ့ခမည်းတော် ငါ့အား မိန့်တော်မူသည်ကို ငါအမှတ်ရသည်။” ဟူ၍ ဖြစ်သည်။ ဤကျမ်းပိုဒ်ထဲ၌ မည်သည့်အရာကို သင်မြင်တွေ့ရသနည်း။ ဤကမ္ဘာမြေကို ဘုရားသခင် ကြွလာသည့်အချိန်တွင် သူသည် ဘုရားသဘောသဘာဝ အတွင်း၌သာ သူ၏အမှုကို လုပ်ဆောင်လေသည်၊ ယင်းမှာ ကောင်းကင်ဘုံ၌ရှိသည့် ဝိညာဉ်တော်က လူ့ဇာတိခံ ဘုရားသခင်ကို အပ်နှံထားသည့်အရာ ဖြစ်သည်။ သူကြွလာသည့်အခါ သူသည် ကွဲပြားခြားနားသော နည်းလမ်းများနှင့် မတူညီသော ရှုထောင့်အမြင်များအားဖြင့်သာ သူ၏မိန့်မြွက်ချက်များကို ဖွင့်ဟရန် တိုင်းပြည်အနှံ့ စကားပြော၏။ သူသည် လူသားကိုထောက်ပံ့ခြင်းနှင့် သွန်သင်ခြင်းတို့ကို သူ၏ရည်မှန်းချက်ပန်းတိုင်များနှင့် အမှုပြုခြင်း စည်းမျဉ်းများအဖြစ် အဓိကမှတ်ယူပြီး လူလူချင်း ဆက်ဆံရေးများ သို့မဟုတ် လူတို့ဘဝများ၏ အသေးစိတ် အကြောင်းအရာများကဲ့သို့သော အမှုအရာများကို စိတ်မဝင်စားပေ။ သူ၏အဓိကအမှုတော်မှာ ဝိညာဉ်တော်၏ ကိုယ်စား စကားပြောပေးရန် ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ၌ ထင်သာမြင်သာ ပေါ်ထွန်းသောအခါတွင် သူသည် လူသား၏အသက်တာအတွက်သာ ထောက်ပံ့ပေးပြီး သမ္မာတရားကို ထုတ်ပြန်ပေသည်။ သူသည် လူသား၏ အလုပ်၌ ပါဝင်ပတ်သက်ခြင်း မရှိချေ၊ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်၏ အလုပ်၌ မပါဝင်ပေ။ လူသားများသည် ဘုရား၏အလုပ်ကို မလုပ်နိုင်ကြသည့်အပြင် ဘုရားသခင်သည် လူသားအလုပ်၌ မပါဝင်ပေ။ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် ဤကမ္ဘာမြေသို့ ကြွလာခဲ့ကတည်းကစ၍ နှစ်များအားလုံးတွင် သူသည် လူတို့မှတစ်ဆင့် ထိုအမှုကို အစဉ်သဖြင့် လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း ဤလူတို့ကို လူ့ဇာတိခံ ဘုရားသခင်ဟု ယူဆ၍မရနိုင်ပေ။ ဘုရားသခင်၏ အသုံးပြုခြင်းခံရသူများအဖြစ်သာ ယူဆ၍ ရနိုင်ပေသည်။ ထိုအချိန် အတောအတွင်းတွင် ယနေ့ခေတ်၏ ဘုရားသခင်သည် ဝိညာဉ်တော်၏ အသံကို ဖော်ပြပြီး ဝိညာဉ်တော် ကိုယ်စား အလုပ်လုပ်ရင်း ဘုရားသဘောသဘာဝ၏ ရှုထောင့်မှ တိုက်ရိုက်စကားပြောနိုင်၏။ ထိုနည်းတူ ခေတ်ကာလများ တစ်လျှောက်နှင့် မျိုးဆက်များတစ်လျှောက် ဘုရားသခင် အသုံးပြုခဲ့သော သူအပေါင်းတို့သည် ဇာတိခန္ခာအတွင်း၌ ဘုရားသခင်၏ ဝိညာဉ်တော် အလုပ်လုပ်ခြင်း၏ သာဓကများ ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့ကို ဘုရားသခင်ဟု အဘယ့်ကြောင့် ခေါ်ဝေါ်၍ မရသနည်း။ သို့သော် ယနေ့ခေတ်၏ ဘုရားသခင်သည်လည်း လူ့ဇာတိ၌ ဘုရားသခင်၏ ဝိညာဉ်တော် တိုက်ရိုက် အလုပ်လုပ်ခြင်းဖြစ်သည့်အပြင် ယေရှုမှာလည်း လူ့ဇာတိ၌ ဘုရားသခင်၏ ဝိညာဉ်တော် အလုပ်လုပ်ခြင်း ဖြစ်ခဲ့ပေသည်။ ၎င်းတို့နှစ်ဦးလုံးကို ဘုရားသခင်ဟု ခေါ်ဝေါ်သည်။ သို့ဆိုလျှင် ခြားနားချက်မှာ အဘယ်နည်း။ ခေတ်ကာလများတစ်လျှောက် ဘုရားသခင်အသုံးပြုခဲ့သော လူတို့သည် ပုံမှန် အတွေးအခေါ်နှင့် ဆင်ခြင်တုံတရားတို့ ရှိနိုင်သောသူများ ဖြစ်ကြခဲ့သည်။ ၎င်းတို့သည် ကျင့်ကြံပြုမူခြင်း၊ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းခြင်းတို့နှင့်ပတ်သက်သော စည်းမျဉ်းများကို နားလည်ထားကြသည်။ ၎င်းတို့သည် ပုံမှန်လူသား အယူအဆများ ရှိခဲ့ကြပြီးဖြစ်ကာ ပုံမှန်လူတို့ ပိုင်ဆိုင်ထားသင့်သည့် အရာများအားလုံးကို ပိုင်ဆိုင်ထားကြပြီး ဖြစ်သည်။ ၎င်းတို့အများစုသည် ထူးခြားသော ပါရမီနှင့် မွေးရာပါ ဉာဏ်ရည်ဉာဏ်သွေးတို့ ရှိကြ၏။ ဤလူတို့အပေါ် အလုပ်လုပ်ရာတွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဆုကျေးဇူးများဖြစ်သော ၎င်းတို့၏ ပင်ကိုစွမ်းရည်များကို ထိန်းချုပ် အသုံးပြုလေသည်။ ဘုရားသခင်၏ အမှုတော်၌ ၎င်းတို့၏ အားသာချက်များကို အသုံးပြုရင်း ဘုရားသခင်၏ ဝိညာဉ်တော်သည် ၎င်းတို့၏ပါရမီများကို လုပ်ဆောင်စေသည်။ သို့တိုင်အောင် ဘုရားသခင်၏ အနှစ်သာရသည် လူသား၏ ရည်ရွယ်ချက်များနှင့် ရောနှောခြင်းမရှိဘဲ အယူအဆများ သို့မဟုတ် အတွေးအခေါ် ကင်းမဲ့သကဲ့သို့ ပုံမှန်လူသားများ ပိုင်ဆိုင်ထားသည့် အရာပင် မရှိပေ။ ဆိုလိုသည်မှာ သူသည် ကျင့်ကြံပြုမူခြင်း၊ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းခြင်းတို့နှင့်ပတ်သက်သော စည်းမျဉ်းများနှင့်ပင် အကျွမ်းတဝင်မရှိပေ။ ဤသည်မှာ ယနေ့ခေတ်၏ ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာချိန်တွင် ဖြစ်သည့်ပုံစံ ဖြစ်သည်။ သူ၏အမှုနှင့် သူ၏ နှုတ်ကပတ်တော်များသည် လူသား စိတ်ကူးများ သို့မဟုတ် လူသား အတွေးအခေါ်များနှင့် ရောနှောခြင်းမရှိပေ၊ သို့သော် ၎င်းတို့သည် ဝိညာဉ်တော်၏ စိတ်ကူးများ၏ တိုက်ရိုက် သရုပ်သကန်တစ်ခု ဖြစ်ပြီး သူသည် ဘုရားသခင်၏ကိုယ်စား တိုက်ရိုက် အလုပ်လုပ်လေသည်။ ဤသည်မှာ ဝိညာဉ်တော်သည် တိုက်ရိုက် စကားပြောသည်ဟု အဓိပ္ပာယ်ရသည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝသည် လူသား၏ စိတ်ကူးများ တစ်စက်လေးမျှပင် ရောစပ်ခြင်းမရှိဘဲ အမှုကို တိုက်ရိုက်ပြုပေသည်။ တစ်နည်းအားဖြင့် လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသဘောသဘာဝကို တိုက်ရိုက် သရုပ်ထင်စေသည်၊ လူ့အတွေးအခေါ်များ သို့မဟုတ် အယူအဆများ မရှိသည့်အပြင် လောကကို ဆက်ဆံဖို့အတွက် လူတို့၏ စည်းမျဉ်းများကို သိနားလည်ခြင်း မရှိပေ။ ဘုရားသဘောသဘာဝသာ အမှုပြုခဲ့မည်ဆိုပါက၊ (ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင်သာ အမှုပြုခဲ့မည်ဆိုလျှင်) ကမ္ဘာမြေပေါ်၌ ဘုရားသခင်၏အမှုကို ဆောင်ရွက်ရန် မည်သို့မျှ ဖြစ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေသို့ ကြွလာသောအခါတွင် ဘုရားသဘောသဘာဝ၌ ဘုရားသခင်ပြုသောအမှုနှင့် ပူးပေါင်းဆောင်ရွက်လျက် လူ့သဘာဝအတွင်း အလုပ်လုပ်ဖို့ရန် သူအသုံးပြုသည့် လူအရေအတွက် အနည်းငယ် ရှိရမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူသည် မိမိ၏ ဘုရားနှင့်ဆိုင်သောအမှုကို ထိန်းသိမ်းရန် လူသားအလုပ်ကို အသုံးပြုခြင်းဖြစ်သည်။ သို့မဟုတ်ပါက လူသားအတွက် ဘုရားသဘောသဘာဝ၏ အမှု၌ တိုက်ရိုက်ပါဝင်ရန် မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ ယေရှုနှင့် သူ၏တပည့်တော်များ ဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။ ကမ္ဘာလောက၌ သူရှိခဲ့သည့်အချိန် အတောအတွင်းတွင် ယေရှုသည် ပညတ်တရားဟောင်းများကို ဖျက်ပယ်ခဲ့ပြီး ပညတ်တော်အသစ်များကို ချမှတ်ခဲ့သည်။ များစွာသော နှုတ်ကပတ်တော်များကိုလည်း သူပြောဆိုခဲ့၏။ ဤအမှုအားလုံးကို ဘုရားသဘောသဘာဝထဲ၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ပေတရု၊ ပေါလုနှင့် ယောဟန်ကဲ့သို့သော အခြားသောသူ အားလုံးသည် ၎င်းတို့၏ နောက်ဆက်တွဲအလုပ်ကို ယေရှု၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ထားခဲ့ကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် ထိုခေတ်တွင် သူ၏ အစပျိုးအလုပ်ကို ဆောင်ရွက်ခဲ့ကာ ကျေးဇူးတော်ခေတ်၏ အစကို လမ်းပြပေးခဲ့သည်။ ဆိုလိုသည်မှာ သူသည် ခေတ်ဟောင်းကို ပယ်ဖျက်ပြီး “ဘုရားသခင်သည် အစနှင့်အဆုံး ဖြစ်သည်။” ဟူသော နှုတ်ကပတ်တော်များကိုလည်း ပြည့်စုံစေရင်း ခေတ်ကာလသစ်ကို လမ်းပြပေးခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် လူသားသည် ဘုရားနှင့်ဆိုင်သော အမှု၏ အခြေခံအုတ်မြစ်အပေါ်တွင် လူ့အလုပ်ကို ဆောင်ရွက်ရမည်ဖြစ်သည်။ ယေရှုသည် သူပြောရန် လိုအပ်သည့်အရာအားလုံးကို ပြောဆိုခဲ့ပြီး ကမ္ဘာမြေပေါ်၌ သူ၏အမှုကို လက်စသတ်ပြီးသည်နှင့် တစ်ပြိုင်နက် လူသားကို စွန့်ခွာခဲ့သည်။ ဤအရာပြီးနောက်တွင် အလုပ်လုပ်ရာတွင် လူအားလုံးတို့သည် သူ၏ နှုတ်ကပတ်တော်များထဲတွင် ဖော်ပြထားသည့် စည်းမျဉ်းများအတိုင်း လုပ်ဆောင်ခဲ့ကြပြီး သူမြွက်ဆိုခဲ့သည့် သမ္မာတရားများနှင့်အညီ လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။ ဤလူအားလုံးသည် ယေရှုအတွက် အလုပ်လုပ်ခဲ့ကြသည်။ ယေရှုတစ်ဦးတည်းသာ ထိုအမှုကို လုပ်ဆောင်နေခဲ့ပါက နှုတ်ကပတ်တော်များ မည်မျှ သူပြောဆိုခဲ့သည် ဖြစ်စေ လူတို့သည် သူ၏ နှုတ်ကပတ်တော်များနှင့် ထိတွေ့ရန် နည်းလမ်းရှိခဲ့မည်မဟုတ်ပေ၊ အဘယ့်ကြောင့်ဆိုသော် သူသည် ဘုရားသဘောသဘာဝထဲ၌ အလုပ်လုပ်နေခဲ့ခြင်းဖြစ်ကာ ဘုရားသဘောသဘာဝနှင့်သက်ဆိုင်သည့် နှုတ်ကပတ်တော်များကိုသာ ပြောဆိုနိုင်ခဲ့ပြီး သူ၏ နှုတ်ကပတ်တော်များကို လူတို့အား ရှင်းပြနိုင်ခဲ့မည် မဟုတ်သည့်အပြင် ပုံမှန်လူတို့ နားလည်အောင် လုပ်နိုင်ခဲ့မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် သူ့နောက်တွင် ရောက်လာခဲ့ကြသည့် တမန်တော်များနှင့် ပရောဖက်တို့ကို သူ၏အမှုကို ဖြည့်စွက်စေဖို့ လိုအပ်ခဲ့ပေသည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်က သူ၏အမှုကို လုပ်ဆောင်ပုံ၏ စည်းမျဉ်း ဖြစ်သည်။ ဘုရားသဘောသဘာဝ၏ အမှုကို ပြည့်စုံစေရန်အလို့ငှာ စကားပြောဆိုဖို့နှင့် အမှုပြုဖို့ လူ့ဇာတိခံခန္ဓာကို အသုံးပြုခြင်း၊ ထို့နောက် သူ၏အမှုကို ဖြည့်စွက်ရန် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်သော လူအနည်းငယ် သို့မဟုတ် သာ၍များကောင်း များလိမ့်မည်ဖြစ်သည့် လူတို့ကို အသုံးပြုခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ကြဖို့အလို့ငှာ လူ့သဘာဝ၌ ထိန်းကျောင်းခြင်းနှင့် ရေလောင်းပေးခြင်းအလုပ်ကို လုပ်ဆောင်ရန် ဘုရားသခင်သည် သူ၏ရည်ရွယ်ချက်များနှင့် အညီဖြစ်သော လူတို့ကို အသုံးပြုပေသည်။

ဇာတိခန္ဓာထဲသို့ သူကြွလာချိန်တွင် ဘုရားသခင်သည် ဘုရားသဘောသဘာဝ၏ အမှုကိုသာ လုပ်ဆောင်ခဲ့ပြီး သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့ သူ၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်သော လူများမရှိပါက လူသားသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို နားလည်နိုင်စွမ်းရှိမည် မဟုတ်ပေ၊ သို့မဟုတ် ဘုရားသခင်နှင့် ထိတွေ့နိုင်စွမ်းရှိမည် မဟုတ်ပေ။ လူသား၏ ဦးနှောက်ဖြစ်သည့်၊ သူ၏ သိမြင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များက စိတ်ကူးနိုင်စွမ်းရှိသည့် အဆင့်ကို ရရှိနိုင်ဖို့အလို့ငှာ ဘုရားသခင်သည် သူ၏အမှုကို ပြည့်စုံစေရန် အသင်းတော်များကို ကြည့်ရှုစောင့်ရှောက်ပြီး ထိန်းကျောင်းပေးဖို့ရန် သူ၏ရည်ရွယ်ချက်များနှင့် အညီဖြစ်သော ပုံမှန်လူတို့ကို အသုံးပြုရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် မိမိ၏သဘောသဘာဝအတွင်း၌ လုပ်ဆောင်သော အမှုကို “အနက်ပြန်ဆို” ရန်အတွက် မိမိ၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်သော လူသားအနည်းငယ်ကို အသုံးပြုတော်မူသည်၊ သို့မှသာ ထိုအမှုကို ဖွင့်ပြနိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ ဘုရားသဘောသဘာဝ ဘာသာစကားကို လူသားတို့၏ ဘာသာစကားသို့ ပြောင်းလဲပေးနိုင်မည်ဖြစ်ကာ လူသားတို့ သဘောပေါက်နားလည်ပြီး သိမြင်နိုင်မည် ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့မလုပ်ဆောင်ခဲ့ပါက အမှန်တကယ်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်သောလူတို့မှာ သေးငယ်သည့် လူနည်းစုဖြစ်ပြီး လူသား၏ သဘောပေါက်နားလည်နိုင်စွမ်းမှာ အားနည်းသောကြောင့် မည်သူမျှ ဘုရားသခင်၏ ဘုရားသဘောသဘာဝဘာသာစကားကို နားလည်ကြမည် မဟုတ်ပေ။ ထိုအကြောင်းကြောင့် ဘုရားသခင်က လူ့ဇာတိခန္ဓာ၌ အလုပ်လုပ်သည့်အခါတွင် ဤနည်းလမ်းကို ရွေးချယ်ခြင်း ဖြစ်သည်။ ဘုရားသဘောသဘာဝ၏ အမှုတစ်ခုတည်းသာရှိခဲ့ပါက လူသားသည် ဘုရားသခင်၏ ဘာသာစကားကို နားမလည်သောကြောင့် လူသားအနေဖြင့် ဘုရားသခင်ကို သိဖို့ရန် သို့မဟုတ် ထိတွေ့ဖို့ရန် မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်ပေ။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှင်းလင်းပေးသူများ ဖြစ်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်သောလူတို့၏ ကြားခံဆောင်ရွက်ပေးမှုမှတစ်ဆင့်သာ ဤဘာသာစကားကို နားလည်နိုင်သည်။ သို့သော် လူ့သဘာဝအတွင်း၌ ထိုသို့သော လူများသာ အလုပ်လုပ်နေခဲ့မည်ဆိုပါက ယင်းက လူသား၏ ပုံမှန်အသက်တာကိုသာ ထိန်းသိမ်းနိုင်ခဲ့ပေမည်။ လူသား၏ စိတ်သဘောထားကို ပြောင်းလဲပေးနိုင်ခဲ့မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုသည် အသစ်သောအစပြုခြင်းတစ်ခု ရှိနိုင်ခဲ့မည် မဟုတ်။ မပြောင်းလဲသည့် သီချင်းဟောင်းများ၊ မပြောင်းလဲသည့် ရိုးအီနေပြီဖြစ်သော အသုံးအနှုန်းဟောင်းများသာ ရှိမည်ဖြစ်သည်။ မိမိ၏ လူ့ဇာတိခံယူခြင်း ကာလအတွင်းတွင် ပြောရန်လိုအပ်သော အရာအားလုံးကို ပြောဆိုပြီး လုပ်ဆောင်ရန်လိုအပ်သော အရာအားလုံးကို လုပ်ဆောင်သော လူ့ဇာတိခံ ဘုရားသခင်၏ ကြားခံဆောင်ရွက်ပေးမှုမှတစ်ဆင့်သာ လူတို့သည် လူ့ဇာတိခံယူခြင်း ကာလနောက်တွင် ကိုယ်တော်၏ နှုတ်ကပတ်တော်များအတိုင်း အလုပ်လုပ်ပြီး တွေ့ကြုံခံစားကြပေသည်၊ ထို့သို့ဖြင့်သာ ၎င်းတို့၏ အသက်စိတ်သဘောထား ပြောင်းလဲနိုင်လိမ့်မည်ဖြစ်ပြီး ထိုသို့ဖြင့်သာ အချိန်ကာလများနှင့်အတူ စီးဆင်းနိုင်ကြမည်ဖြစ်သည်။ ဘုရားသဘာဝအတွင်း အလုပ်လုပ်သောသူသည် ဘုရားသခင်ကို ကိုယ်စားပြုသော်လည်း လူ့သဘာဝအတွင်း အလုပ်လုပ်သော သူတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူများဖြစ်သည်။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့နှင့် သိသိသာသာ ကွာခြားပေသည်။ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသဘာဝ၏အမှုကို လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့မှာမူ မလုပ်ဆောင်နိုင်ကြပေ။ ခေတ်ကာလအသီးသီး၏ အစတွင် ဘုရားသခင်၏ဝိညာဉ်တော်သည် လူသားကို အသစ်သော အစပြုခြင်းထဲသို့ ခေါ်ဆောင်ဖို့ရန် ကိုယ်တိုင်ကိုယ်ကျ စကားပြောပြီး ခေတ်သစ်ကို အစပြုလေသည်။ သူသည် စကားပြောခြင်း ပြီးဆုံးသောအခါ ဤအရာက သူ၏ဘုရားသဘာဝအတွင်းရှိ ဘုရားသခင်၏အမှု ပြီးမြောက်သည်ကို ညွှန်ပြပေသည်။ ထို့နောက်တွင် လူအားလုံးသည် မိမိတို့၏ အသက်တာ အတွေ့အကြုံများထဲသို့ ဝင်ရောက်ရန် ဘုရားသခင်၏ အသုံးပြုခြင်း ခံရသောသူတို့၏ ဦးဆောင်မှုနောက်ကို လိုက်ကြလေသည်။ ထိုနည်းတူစွာ ဤသည်မှာ ဘုရားသခင်က လူသားကို ခေတ်သစ်ထဲသို့ ခေါ်ဆောင်ပြီး လူတို့အား အသစ်သော အစပြုခြင်းတစ်ခုကို ပေးသည့်အဆင့်လည်း ဖြစ်သည်။ ထိုအချိန်တွင် လူ့ဇာတိ၌ ဘုရားသခင်၏အမှု အဆုံးသတ်လေသည်။

ဘုရားသခင်သည် သူ၏ပုံမှန်လူ့သဘာဝကို စုံလင်စေဖို့ မြေကြီးပေါ်သို့ ကြွလာခြင်းမဟုတ်ချေ။ ပုံမှန်လူ့သဘာဝ၏ အလုပ်ကို လုပ်ဆောင်ရန် သူ ကြွလာခြင်းလည်း မဟုတ်ပေ။ ဘုရားသဘောသဘာဝ၏ အမှုကို ပုံမှန်လူ့သဘာဝ၌ လုပ်ဆောင်ရန်သာ ကြွလာပေသည်။ ပုံမှန် လူ့သဘာဝနှင့် သက်ဆိုင်သည့် ဘုရားသခင် ပြောဆိုသောအရာသည် လူတို့ စိတ်ကူးသကဲ့သို့ မဟုတ်ပေ။ လူသားက “ပုံမှန်လူ့သဘာဝ” ကို ဇနီးမယားတစ်ဦး သို့မဟုတ် လင်ယောက်ျားတစ်ဦး သို့မဟုတ် သားသမီးများရှိခြင်းအဖြစ် အနက်ဖွင့်၏၊ ထိုအရာများက လူတစ်ဦးသည် ပုံမှန်လူတစ်ဦးဖြစ်သည်ကို သက်သေပြပေသည်။ သို့သော် ဘုရားသခင်က ယင်းကို ဤနည်းလမ်းဖြင့် မရှုမြင်ပေ။ သူက ပုံမှန်လူ့သဘာဝကို ပုံမှန်လူသား အတွေးအခေါ်များ၊ ပုံမှန် လူသားဘဝများရှိခြင်းနှင့် ပုံမှန်လူတို့မှ မွေးဖွားခြင်းအဖြစ် ရှုမြင်သည်။ သို့သော် သူ၏ပုံမှန်အခြေအနေသည် လူသားက ပုံမှန်အခြေအနေနှင့် ပတ်သက်၍ ပြောဆိုသည့် ပုံစံဖြင့် ဇနီးမယားတစ်ဦး သို့မဟုတ် လင်ယောက်ျားတစ်ဦး သို့မဟုတ် သားသမီးများ ရှိခြင်းတို့ မပါဝင်ပေ။ ဆိုလိုသည်မှာ လူသားအဖို့ ဘုရားသခင် ပြောဆိုသည့် ပုံမှန်လူ့သဘာဝမှာ ပုံမှန်လူတစ်ဦး၏ အပြင်ပန်းသာရှိကာ ပုံမှန်လူတစ်ဦး၏ ပုံပန်းသဏ္ဌာန် ရှိခဲ့သော်လည်း အနှစ်သာရအားဖြင့် ပုံမှန်လူတစ်ဦး ပိုင်ဆိုင်သင့်သည့် အရာအားလုံးကို လုံးလုံးလျားလျား မပိုင်ဆိုင်ခဲ့သော ယေရှုကဲ့သို့ပင် ခံစားချက်များ ကင်းမဲ့လုနီးနီးဖြစ်ကာ သွေးသားလိုအပ်ချက်များ ကင်းမဲ့သည့်ပုံပေါက်လျက် လူ့သဘာဝကင်းမဲ့ခြင်းဟု လူသားက ယူဆမည့်အရာ ဖြစ်ပေသည်။ ဤအရာကို ထောက်ရှုခြင်းဖြင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရသည် ပုံမှန်လူ့သဘာဝ၏ ဖြစ်တည်မှုတစ်ခုလုံးကို အကျုံးမဝင်ဘဲ ပုံမှန်လူသားဘဝ၏ လုပ်ရိုးလုပ်စဉ်များကို ထောက်ပံ့ရန်နှင့် ပုံမှန်လူသားတို့၏ ဆင်ခြင်တုံတရားကို တည်တံ့စေရန်အတွက် လူသားတို့ ပိုင်ဆိုင်သင့်သည့် အရာများ၏ တစ်စိတ်တစ်ပိုင်းကိုသာ လွှမ်းခြုံထားကြောင်း မြင်တွေ့နိုင်သည်။ သို့သော် ဤအရာများသည် လူသားက ပုံမှန်လူ့သဘာဝဟု ယူဆကြသည့် အရာနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ထိုအရာများသည် လူ့ဇာတိခံ ဘုရားသခင် ပိုင်ဆိုင်သင့်သည့် အရာများ ဖြစ်ကြသည်။ သို့သော် လူ့ဇာတိခံ ဘုရားသခင်သည် ဇနီးတစ်ဦး၊ သားနှင့်သမီးများ၊ မိသားစုတစ်ခု ရှိမှသာ ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်သည်ဟု ဆိုနိုင်သည်ဟူ၍ ခံယူထားသောသူများ ရှိပေသည်။ ဤအရာများမရှိဘဲနှင့် သူသည် ပုံမှန်လူတစ်ဦး မဟုတ်ဟု ၎င်းတို့က ဆိုကြ၏။ သို့ဆိုလျှင် “ဘုရားသခင်တွင် ဇနီးမယားတစ်ဦး ရှိသလော။ ဘုရားသခင်အတွက် လင်ယောက်ျားတစ်ဦး ရှိဖို့ရန် ဖြစ်နိုင်သလော။ ဘုရားသခင်တွင် ကလေးများ ရှိနိုင်သလော” ဟု သင့်ကို ငါမေးသည်။ ဤအရာများသည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် စကားများ ဖြစ်သည်မဟုတ်လော။ သို့သော် လူ့ဇာတိခံ ဘုရားသခင်သည် ကျောက်ဆောင်များကြားက အက်ကြောင်းတစ်ခုမှ ထွက်ပေါ်မလာနိုင်ပေ၊ သို့မဟုတ် ကောင်းကင်မှ ဆင်းကျမလာနိုင်ပေ။ သူသည် ပုံမှန်လူသားမိသားစု တစ်ခုထဲတွင်သာ ဖွားမြင်နိုင်ပေသည်။ ထိုအကြောင်းကြောင့် သူသည် မိဘများနှင့် ညီအစ်မများရှိခြင်း ဖြစ်သည်။ ဤအရာများသည် လူ့ဇာတိခံဘုရားသခင်၏ ပုံမှန်လူ့သဘာဝက ရှိသင့်သည့် အရာများဖြစ်သည်။ ယေရှုနှင့် ပတ်သက်၍လည်း ထိုသို့ပင် ဖြစ်ခဲ့ပေသည်။ ယေရှုသည် ဖခင်၊ မိခင်နှင့် ညီအစ်ကိုမောင်နှမများ ရှိခဲ့ပြီး ဤအရာအားလုံးသည် ပုံမှန်ဖြစ်ခဲ့သည်။ သို့သော် သူသည် ဇနီးတစ်ဦးနှင့် သားသမီးများရှိခဲ့ပါက သူပိုင်ဆိုင်သည့်အရာသည် လူ့ဇာတိခံ ဘုရားသခင် ပိုင်ဆိုင်ဖို့ရန် ဘုရားသခင် ရည်ရွယ်ခဲ့သည့် ပုံမှန်လူ့သဘာဝ ဖြစ်ခဲ့လိမ့်မည်မဟုတ်ပေ။ ဤသို့ဖြစ်ခဲ့ပါက သူသည် ဘုရားသဘောသဘာဝ၏ကိုယ်စား အမှုပြုနိုင်ခဲ့မည် မဟုတ်ပေ။ သူသည် ဘုရားသဘာဝနှင့်သက်ဆိုင်သော အမှုကို လုပ်ဆောင်နိုင်ခဲ့သည်မှာ သူသည် ဇနီး သို့မဟုတ် ကလေးများ မရှိခဲ့သည့်တိုင် ပုံမှန်မိသားစုထဲသို့ ပုံမှန်လူများမှ မွေးဖွားခဲ့သောကြောင့် အတိအကျ ဖြစ်ပေသည်။ ဤအရာကို ဤထက်ရှင်းလင်းရမည် ဆိုပါက ပုံမှန်လူတစ်ဦးဟု ဘုရားသခင် ယူဆသည့်အရာမှာ ပုံမှန်မိသားစုထဲတွင် မွေးဖွားသော လူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည်သာ ဘုရားသဘောသဘာဝ အမှုကို လုပ်ဆောင်ဖို့ အရည်အချင်းပြည့်မီသည်။ အခြားတစ်ဖက်တွင် လူတစ်ဦးသည် ဇနီး၊ ကလေးများ သို့မဟုတ် လင်ယောက်ျားရှိပါက ထိုသူသည် လူသားတို့ လိုအပ်သည့် ပုံမှန်လူ့သဘာဝသာ ပိုင်ဆိုင်မည်ဖြစ်သော်လည်း ဘုရားသခင် လိုအပ်သည့် ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်မည် မဟုတ်သောကြောင့် ထိုသူသည် ဘုရားသဘောသဘာဝ အမှုကို လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ဘုရားသခင် ယူဆထားသည့်အရာနှင့် လူတို့နားလည်သော အရာတို့သည် မကြာခဏ ကြီးမားစွာ ကွဲပြားနေတတ်သည်၊ အမျိုးအစား တခြားစီ ဖြစ်တတ်ပေသည်။ ဘုရားသခင်၏အမှု၏ ဤအဆင့်တွင် လူတို့၏ အယူအဆများနှင့် ဆန့်ကျင်ပြီး ကြီးကြီးမားမား ကွဲပြားခြားနားသော အရာများစွာရှိ၏။ ဘုရားသခင်၏ ဤအမှုတော်အဆင့်သည် လူသားက ပံ့ပိုးပေးသည့် အခန်းကဏ္ဍမှ ပါဝင်ပြီး ဘုရားသဘောသဘာဝက ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခြင်းသက်သက်ဖြင့် လုံးဝဖွဲ့စည်းထားသည်ဟု ပြောနိုင်သည်။ ဘုရားသခင်သည် မိမိ၏အမှုကို လူသားအား ဝင်ရောက်လုပ်ဆောင်ခွင့်ပြုခြင်းအစား မိမိကိုယ်တိုင် လုပ်ဆောင်ရန် ကမ္ဘာမြေကြီးသို့ ကြွလာသောကြောင့် မိမိ၏အမှုကို လုပ်ဆောင်ရန် လူ့ဇာတိ (မပြည့်စုံသော ပုံမှန်လူသားတစ်ဦး) အဖြစ် လူ့ဇာတိခံယူတော်မူသည်။ သူသည် လူသားမျိုးနွယ်ရှေ့မှောက်သို့ ခေတ်သစ်တစ်ခု ယူဆောင်လာပေးရန်၊ သူ၏ နောက်ထပ် အမှုအဆင့်အကြောင်းကို လူသားမျိုးနွယ်အား ပြောပြရန်နှင့် သူ၏နှုတ်ကပတ်တော်များတွင် ဖော်ပြထားသည့် လမ်းကြောင်းနှင့်အညီ လက်တွေ့လုပ်ဆောင်ကြရန် လူတို့ကို တောင်းဆိုဖို့အတွက် ယခုလူ့ဇာတိခံယူခြင်းမှ ပေးအပ်ထားသော အခွင့်အရေးကို အသုံးပြုသည်။ ထိုသို့ဖြင့် လူ့ဇာတိ၌ ဘုရားသခင်၏အမှု အဆုံးသတ်၏၊ သူသည် ပုံမှန် လူ့သဘာဝ၏ ခန္ဓာတွင် နေထိုင်ခြင်းမရှိတော့ဘဲ ထိုအစား သူ့အမှု၏ နောက်ထပ် အစိတ်အပိုင်းနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်ရန် လူသားကို ထားခဲ့ပြီး လူသားနှင့် ခွဲခွာတော့မည် ဖြစ်သည်။ ထို့နောက်တွင် သူ၏ရည်ရွယ်ချက်များနှင့် အညီဖြစ်သော လူတို့ကို အသုံးပြုရင်း သူသည် ကမ္ဘာမြေပေါ်တွင် သူ၏ အမှုကို ဤလူစုအလယ်တွင် ဆက်လက် လုပ်ဆောင်သော်လည်း ၎င်းတို့၏ လူ့သဘာဝထဲ၌ လုပ်ဆောင်ခြင်း ဖြစ်သည်။

ဘုရားသခင်၌ လုပ်ဆောင်ရမည့် အခြားအမှုများစွာ ရှိသောကြောင့် လူ့ဇာတိခံဘုရားသခင်သည် လူသားနှင့်အတူ ထာဝရ မနေနိုင်ပေ။ သူသည် ဇာတိခန္ဓာနှင့် ချည်နှောင်ခြင်းမခံနိုင်ပေ။ ယင်းအမှုကို လူ့ဇာတိပုံသဏ္ဌာန်ဖြင့် လုပ်ဆောင်သော်လည်း သူလုပ်ရမည့် အမှုကို လုပ်ဆောင်ရန် ဇာတိပကတိကို သူ စွန့်လွှတ်ရမည် ဖြစ်သည်။ ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာသောအချိန်တွင် သူသည် ပုံမှန်လူတစ်ဦးက သေဆုံး၍ လူသားမျိုးနွယ်ကို မစွန့်ခွာမီ ရရှိသင့်သည့် ပုံသဏ္ဌာန်သို့ ရောက်ရှိသည်အထိ မစောင့်ဆိုင်းပေ။ သူ၏ဇာတိပကတိသည် မည်မျှ အိုမင်းသည်ဖြစ်စေ သူ၏အမှု ပြီးစီးသောအခါတွင် သူ ထွက်ခွာသွားပြီး လူသားကို စွန့်ခွာလေသည်။ သူ့အတွက် အသက်အရွယ်ဆိုသည်မှာ မရှိပေ၊ သူသည် သူ၏ နေ့ရက်များကို လူ့သက်တမ်းအတိုင်း မရေတွက်ပေ။ ယင်းအစား သူသည် သူ၏အမှု အဆင့်များနှင့်အညီ လူ့ဇာတိ၌ သူ၏ဘဝကို အဆုံးသတ်လေသည်။ ဘုရားသခင်အနေဖြင့် ဇာတိပကတိထဲသို့ ကြွလာရာတွင် အတိုင်းအတာတစ်ခုအထိ အသက်အရွယ်ကြီးရင့်ရမည်၊ လူကြီးအဖြစ်သို့ ကြီးထွားရမည်၊ အသက်အရွယ် အိုမင်းခြင်းသို့ ရောက်ကာ ထိုခန္ဓာ ယိုယွင်းသောအခါမှသာ စွန့်ခွာရမည်ဟု ခံစားရသူများ ရှိကောင်းရှိနိုင်သည်။ ဤသည်မှာ လူသား၏ စိတ်ကူးစိတ်သန်းဖြစ်သည်။ ဘုရားသခင်သည် ထို့သို့ အမှုမပြုပေ။ သူလုပ်ရမည့်အလုပ်ကို လုပ်ဆောင်ဖို့ရန်သာ လူ့ဇာတိအဖြစ်သို့ သူကြွလာခဲ့ခြင်းဖြစ်ပြီး မိဘများ၌ မွေးဖွားခြင်း၊ ကြီးပြင်းလာခြင်း၊ မိသားစုတစ်ခု ဖွဲ့စည်းကာ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု စတင်ခြင်း၊ ကလေးများမွေးခြင်းနှင့် ပြုစုပျိုးထောင်ခြင်း သို့မဟုတ် ဘဝ၏ လောကဒဏ်ကို တွေ့ကြုံခံစားရခြင်းဟူသည့် ပုံမှန်လူများ၏ လှုပ်ရှားသွားလာမှု အားလုံးဖြစ်သည့် ပုံမှန်လူ့ဘဝတစ်ခုကို အသက်ရှင်ရန် မဟုတ်ပေ။ ဘုရားသခင် ကမ္ဘာမြေသို့ကြွလာချိန်တွင် ဤသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်က ဇာတိပကတိကို ယူတင်ဝတ်ဆင်ခြင်း၊ လူ့ဇာတိအဖြစ်သို့ ကြွလာခြင်း ဖြစ်သော်လည်း ဘုရားသခင်သည် ပုံမှန်လူတစ်ဦး၏ ဘဝကို အသက်မရှင်ပေ။ သူသည် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ထဲမှ အစိတ်အပိုင်းတစ်ခုကို ပြီးမြောက်စေဖို့ရန်သာ ကြွလာခြင်း ဖြစ်သည်။ ယင်းနောက် လူသားမျိုးနွယ်ကို သူစွန့်ခွာလိမ့်မည်။ လူ့ဇာတိ အတွင်းသို့ သူကြွလာချိန်တွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိ၏ ပုံမှန်လူ့သဘာဝကို မစုံလင်စေပေ။ ယင်းထက် ဘုရားသခင် ကြိုတင်သတ်မှတ်ထားပြီးဖြစ်သည့် အချိန်တွင်၊ ဘုရားသဘောသဘာဝသည် တိုက်ရိုက် သွားရောက် လုပ်ဆောင်လေသည်။ ထို့နောက် သူ လုပ်ဆောင်ဖို့ လိုအပ်သည့်အရာ အားလုံးကို လုပ်ဆောင်ကာ သူ၏အမှုတော်ကို အပြည့်အဝ ပြည့်စုံစေပြီးနောက်တွင် ဤအဆင့်ထဲမှ ဘုရားသခင်၏ ဝိညာဉ်တော်၏ အလုပ် ပြီးစီးလေသည်၊ ထိုအချိန်တွင် သူ၏ ဇာတိပကတိခန္ဓာက ၎င်း၏သက်တမ်းရှည်ကို အသက်ရှင် နေထိုင်သွားနိုင်သည်ဖြစ်စေ၊ မနေထိုင်သွားနိုင်သည်ဖြစ်စေ လူ့ဇာတိခံ ဘုရားသခင်၏ ဘဝလည်း အဆုံးသတ်လေသည်။ ဆိုလိုသည်မှာ ဇာတိပကတိခန္ဓာက ဘဝ၏ မည်သည့်အဆင့်ကို ရောက်သည်ကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်၌ မည်မျှကြာကြာ အသက်ရှင်သည်ကိုလည်းကောင်း နှစ်ခုလုံးကို ဝိညာဉ်တော်၏ အလုပ်က ဆုံးဖြတ်ပြီး ယင်းသည် လူသားက ပုံမှန် လူ့သဘာဝအဖြစ် ယူဆသည့်အရာနှင့် မည်သို့မျှ မသက်ဆိုင်ဟု ဆိုလိုသည်။ ယေရှုကို ဥပမာအဖြစ် ကြည့်လော့။ သူသည် သုံးဆယ့်သုံးနှစ်ခွဲကြာ လူ့ဇာတိ၌ အသက်ရှင်ခဲ့၏။ လူသားခန္ဓာတစ်ခု၏ သက်တမ်းအရ သူသည် ထိုအသက်အရွယ်တွင် မကွယ်လွန်သင့်သေးသည့်အပြင် မစွန့်ခွာသင့်သေးပေ။ သို့သော် ယင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် မသက်ဆိုင်ခဲ့ပေ။ သူ၏ အမှုသည် ပြီးစီးပြီဖြစ်သည့်အတွက် ထိုအချိန်တွင် ခန္ဓာကိုယ်သည် ဝိညာဉ်တော်နှင့်အတူ ပျောက်ကွယ်ရင်း ယူဆောင်သွားခြင်း ခံခဲ့ရလေသည်။ ဤသည်မှာ လူ့ဇာတိ၌ ဘုရားသခင် အမှုပြုသည့် စည်းမျဉ်း ဖြစ်သည်။ ထို့ကြောင့် အတိအကျပြောရလျှင် လူ့ဇာတိခံ ဘုရားသခင်၏ လူ့သဘာဝသည် အဓိက အရေးကြီးသည့် အရာ မဟုတ်ပေ။ ယင်းသည် ပုံမှန်လူသားတစ်ဦး၏ ဘဝကို ရှင်သန်ဖို့ရန် သူ ကမ္ဘာမြေပေါ်သို့ ကြွလာခြင်းမဟုတ်ဟူသည့် ထိုအချက်သို့ပင် ပြန်လည်ရောက်ရှိသွားသည်။ သူသည် ပုံမှန်လူသားဘဝကို ပထမဦးဆုံး တည်ဆောက်ပြီးနောက် စတင်အလုပ်လုပ်ခြင်း မဟုတ်ပေ။ ထိုအစား သူ့အနေဖြင့် ပုံမှန်လူသားမိသားစုတစ်ခုထဲတွင် ဖွားမြင်သရွေ့ သူသည် ဘုရားသဘောသဘာဝ၏ အမှုကို ဆောင်ရွက်နိုင်သည်၊ လူသား၏ စိတ်ကူးများဖြင့် စွန်းထင်းခြင်းမရှိသည့်အမှု၊ ဇာတိပကတိမဆန်သည့်အမှု၊ လူ့အဖွဲ့အစည်း၏ နည်းလမ်းများကို ဧကန်အမှန် မခံယူသည့်အမှု သို့မဟုတ် လူသား၏ အတွေးအခေါ်များ သို့မဟုတ် အယူအဆများ မပါဝင်သည့်အပြင် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် လူသား၏ အတွေးအခေါ်များ မပါဝင်သည့်အမှုကို သူ လုပ်ဆောင်နိုင်လေသည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်က လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုဖြစ်ပြီး သူ၏ လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သော လက်တွေ့ကျသည့် အရေးပါမှုလည်း ဖြစ်သည်။ ဘုရားသခင်သည် အခြားအရေးမပါသည့် ဖြစ်စဉ်များကို ကြုံရခြင်းမရှိဘဲ လူ့ဇာတိ၌ ပြီးမြောက်ရန်လိုအပ်သည့် အမှု၏ အဆင့်တစ်ခုကို အဓိက လုပ်ဆောင်ဖို့ရန် ဇာတိပကတိ၌ ကြွလာခြင်းဖြစ်ပြီး ပုံမှန်လူသားတစ်ဦး၏ အတွေ့အကြုံများအတွက်မူ ထိုအရာများ သူ၌ မရှိပေ။ ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိမှ လုပ်ဆောင်ရန် လိုအပ်သည့် အမှုသည် ပုံမှန်လူသား အတွေ့အကြုံများ မပါဝင်ပေ။ ထို့ကြောင့် ဘုရားသခင်သည် လူ့ဇာတိ၌ သူပြီးမြောက်စေရန် လိုအပ်သည့် အမှုကို ပြီးမြောက်စေခြင်းအလို့ငှာ လူ့ဇာတိအထဲ၌ ကြွလာပေသည်။ ကျန်သောအရာတို့သည် သူနှင့် ပတ်သက်ခြင်း မရှိပေ။ သူသည် အရေးမပါသော ဖြစ်စဉ်များစွာကို ဖြတ်သန်းမသွားပေ။ သူ၏အမှု ပြီးမြောက်သည်နှင့်တစ်ပြိုင်နက် သူ၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုလည်း အဆုံးသတ်၏။ ဤအဆင့်ကို ပြီးစီးစေခြင်းဆိုသည်မှာ လူ့ဇာတိ၌ သူလုပ်ဆောင်ရန်လိုအပ်သည့်အမှု ပြီးဆုံးပြီဖြစ်ကာ သူ၏ လူ့ဇာတိနှင့်သက်ဆိုင်သည့် အမှုတော် ပြည့်စုံပြီဟု ဆိုလိုပေသည်။ သို့သော် သူသည် လူ့ဇာတိ၌ အကန့်အသတ်မရှိ အလုပ်ဆက်လုပ်မနေနိုင်ပေ။ သူ့အနေဖြင့် နောက်တစ်နေရာသို့ အမှုပြုဖို့ရန် ပြောင်းရွှေ့ရမည်ဖြစ်ပြီး ဇာတိပကတိကို စွန့်ခွာရမည်ဖြစ်သည်။ ထိုသို့ဖြင့်သာ သူ၏အမှုကို အပြည့်အဝ ဆောင်ရွက်နိုင်ပြီး သာ၍ ပို၍ ထိရောက်စွာ ရှေ့ဆက်နိုင်ပေသည်။ ဘုရားသခင်သည် သူ၏မူလအစီအစဉ်အတိုင်း အမှုပြု၏။ သူသည် သူလုပ်ဆောင်ရန် လိုအပ်သည့်အမှုနှင့် သူအပြီးသတ်ရမည့်အမှုကို သူ ကောင်းစွာ သိရှိလေသည်။ ဘုရားသခင်သည် သူကြိုတင် သတ်မှတ်နှင့်ပြီးဖြစ်သည့် လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းရန် တစ်ဦးစီတိုင်းကို ဦးဆောင်လမ်းပြသည်။ မည်သူမျှ ဤအရာကို မလွတ်မြောက်နိုင်။ ဘုရားသခင်၏ ဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်လျှောက်သော သူတို့သာ ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။ နောက်ပိုင်းအလုပ်တွင် လူသားကို လမ်းပြရန် လူ့ဇာတိ၌ ဘုရားသခင် စကားပြောခြင်းဖြစ်မည် မဟုတ်ဘဲ ထိတွေ့နိုင်သော သဏ္ဌာန်ဖြင့် ဝိညာဉ်တော်က လူသား အသက်တာကို လမ်းပြပေးခြင်း ဖြစ်ကောင်းဖြစ်နေနိုင်မည်။ ဤနည်းအားဖြင့်သာ လူသားသည် ဘုရားသခင်ကို ခိုင်ခိုင်မာမာ ထိတွေ့နိုင်မည်၊ ဘုရားသခင်အပေါ် ကြည်ရှုနိုင်မည်ဖြစ်ပြီး လက်တွေ့ကျသော ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံလာရဖို့အလို့ငှာ ဘုရားသခင် တောင်းဆိုသည့် လက်တွေ့အရှိတရားထဲသို့ သာ၍ ကောင်းစွာ ဝင်ရောက်နိုင်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ ပြီးမြောက်စေရန် ဘုရားသခင် ရည်ရွယ်ထားသော အမှုဖြစ်ပြီး ကြာမြင့်စွာကတည်းက သူစီစဉ်ခဲ့သည့် အရာဖြစ်သည်။ ဤအရာမှ သင်တို့ လျှောက်ရမည့် လမ်းကြောင်းကို သင်တို့အားလုံး တွေ့မြင်သင့်ကြ၏။

အရှေ့သို့-  နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းခြင်း

နောက်တစ်ခုသို့-  လူတစ်ဦးသည် ယုံကြည်ခြင်း၌ လက်တွေ့ကျမှုကို အဓိကထားရမည်၊ ဘာသာရေး ထုံးတမ်းဓလေ့၌ ပါဝင်လုပ်ဆောင်ခြင်းသည် ယုံကြည်ခြင်းမဟုတ်

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger