အခန်း (၂၈)

လူတို့၏ အခြေအနေမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ နားလည်မှုနည်းလေလေ ၎င်းတို့သည် ဘုရားသခင်၏ လက်တလော အမှုပြုခြင်း နည်းလမ်းများကို ပို၍အယုံအကြည် ကင်းမဲ့လေလေ ဖြစ်သည်။ သို့သော်လည်း ဤအရာသည် ဘုရားသခင်၏ အမှုအပေါ် အကျိုးသက်ရောက်မှု မရှိပေ၊ သူ၏နှုတ်ကပတ်တော်များ အဆင့်တစ်ခုထိ ရောက်သောအခါ လူတို့၏ စိတ်နှလုံးများသည် အလိုအလျောက် ပြောင်းလဲကြလိမ့်မည်။ ၎င်းတို့၏ အသက်တာများတွင် အယောက်စီတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အစွဲအလမ်းကြီးကြပြီး ၎င်းတို့သည် သူ၏နှုတ်ကပတ်တော်များကို စတင် တမ်းလည်း တမ်းတလာကြလေသည်၊ ပြီးလျှင် ဘုရားသခင်၏ မရပ်မနား ဖော်ထုတ်ခြင်းကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို စတင် မုန်းတီးလာကြသည်။ သို့သော် ဘုရားသခင်သည် အောက်ပါ နှုတ်ကပတ်တော် အမျိုးအစားများကိုလည်း မိန့်မြွက်ပြီးဖြစ်သည်။ “ငါ၏နှုတ်ကပတ်တော်များ အားလုံးကို အကုန်အစင် သူ သဘောပေါက် ပြီးသည့်အခါ လူသား၏ ဝိညာဉ်ရင့်ကျက်မှုသည် ငါ၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းပြီး သူ၏တောင်းပန်ချက်များသည် အကျိုးဖြစ်ထွန်းကာ အချည်းအနှီး သို့မဟုတ် အလဟဿ မဖြစ်ပေ။ ငါသည် လူသားမျိုးနွယ်၏ ဟန်ဆောင်ခြင်းမဟုတ်သည့်၊ စစ်မှန်သော တောင်းပန်ချက်များကို ကောင်းချီးပေး၏။” အမှန်တွင် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးလုံးလျားလျား နားလည်သဘောပေါက်နိုင်စွမ်း မရှိကြပေ၊ ၎င်းတို့သည် အပေါ်ယံမျှ နားလည်သဘောပေါက်နိုင်ကြသည်။ ၎င်းတို့ လိုက်စားရန် ရည်မှန်းချက်တစ်ခုကို ၎င်းတို့အား ပေးဖို့၊ ဘုရားသခင်သည် အမှုအရာများကို ပေါ့ပေါ့တန်တန် မပြုဘဲ အလေးအနက်ထားကြောင်း ခံစားစေဖို့ ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကို အသုံးပြုရုံမျှ ပြုလေသည်။ ထိုအခါမှသာ ၎င်းတို့သည် လိုက်စားဖို့ ယုံကြည်ခြင်း ရှိကြလိမ့်မည်။ လူအပေါင်းတို့သည် ၎င်းတို့အဖို့သာ အသနားခံကြပြီး ဘုရားသခင်၏ အလိုအတွက် အသနားခံခြင်း မဟုတ်သော်လည်း ဘုရားသခင်သည် ယခုတစ်မျိုး တော်ကြာတစ်မျိုး သဘောထားပြောင်းခြင်း မရှိချေ။ ထိုအစား သူ၏ နှုတ်ကပတ်တော်များသည် လူသား၏သဘာဝကို အစဉ်သဖြင့် ရည်ရွယ်ပြီး ဖြစ်ပေသည်။ ယနေ့ လူအများစုတို့သည် အသနားခံကြသော်လည်း ၎င်းတို့သည် စစ်မှန်ရိုးသားခြင်း မရှိကြချေ။ ဟန်ဆောင်မှုတစ်ခုမျှသာ ဖြစ်သည်။ လူအပေါင်း၏ အခြေအနေမှာ “၎င်းတို့သည် ငါ၏ နှုတ်ကို ပေါကြွယ်ဝခြင်း တစ်ခုအဖြစ် ယူဆကြသည်။ နိုင်ငံတော်၏ လျှို့ဝှက်ချက်များဖြစ်စေ၊ ကောင်းကင်ဘုံ၏ နက်နဲမှုများဖြစ်စေ၊ ဝိညာဉ်ရေးရာနယ်ပယ်၏ အင်အားများဖြစ်စေ၊ လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ဖြစ်စေ လူအားလုံးသည် ငါ့နှုတ်မှ တစ်စုံတစ်ခု ရရှိရန် ဆန္ဒရှိကြသည်။” ၎င်းတို့၏ သိလိုစိတ် ပြင်းပြခြင်းကြောင့် လူအားလုံးသည် ဤအရာများကို ရှာဖွေရန် လိုလိုလားလားရှိကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အသက်နှင့်ဆိုင်သည့် အထောက်အပံ့များ မည်သည့်အရာမျှ ရရှိရန် ဆန္ဒမရှိကြချေ။ ထို့ကြောင့် ဘုရားသခင်က “လူသားအတွင်းတွင် ချို့တဲ့မှုများလွန်းလှ၏၊ သူသည် ‘အာဟာရ ဖြည့်ဆည်းမှုများ’သာ လိုအပ်သည်မဟုတ်ဘဲ ထိုထက်ပို၍ ‘စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု’ နှင့် ‘ဝိညာဉ်ရေးရာထောက်ပံ့မှု’တို့ လိုအပ်လေသည်” ဟု ဆိုခြင်းဖြစ်သည်။ ယနေ့ အပျက်သဘောရှိခြင်းသို့ ဆိုက်ရောက်စေပြီးသည်မှာ လူတို့အထဲမှ အယူအဆများ ဖြစ်ပြီး ၎င်းတို့ပြောဆိုလုပ်ဆောင်သည့် အရာတွင် အားမာန်မရှိကြသည့်အပြင် အရာခပ်သိမ်း၌ ၎င်းတို့ ဝတ်ကျေတမ်းကျေ လုပ်ကြသည်မှာ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အမြင်များမှာ အလွန် “ရှေးရိုးစွဲ” သောကြောင့် ဖြစ်သည်။ ဤအရာများသည် လူတို့၏ အခြေအနေများ ဖြစ်သည်မဟုတ်လော။ လူတို့သည် ၎င်းတို့ ဖြစ်သည့်အတိုင်း ဆက်သွားသည်ထက် မြန်မြန်ဆန်ဆန်နှင့် ဤအရာကို ပြုပြင်သင့်သည် မဟုတ်လော။ အနာဂတ်ကို သိခြင်းတွင် လူသားအတွက် မည်သည့် အကျိုးကျေးဇူး ရှိသနည်း။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အချို့ကို ဖတ်ရှုပြီးနောက် တုံ့ပြန်မှုတစ်ခု ရှိကြသော်လည်း သူ၏ကျန်သည့် နှုတ်ကပတ်တော်များက အဘယ်ကြောင့် အကျိုးသက်ရောက်မှု မရှိသနည်း။ ဥပမာအားဖြင့် ဘုရားသခင်က “သာ၍ ကောင်းမွန်သော သက်ရောက်မှုများ စွမ်းဆောင်ရရှိရန် ၎င်းတို့အားလုံး ပြန်လည်ကျန်းမာလာနိုင်ပြီး ငါ၏ကုသမှုကြောင့် ပုံမှန်အခြေအနေသို့ ပြန်ရောက်နိုင်ကြဖို့ ငါသည် လူသား၏ အနာရောဂါအတွက် ကုထုံးတစ်ခုကို ပေးသည်” ဟု ပြောသောအခါ ဤနှုတ်ကပတ်တော်များသည် လူတို့၌ အကျိုးသက်ရောက်မှု မရှိသည်မှာ အဘယ်သို့ဖြစ်သနည်း။ ဘုရားသခင် ပြုပြီးသော အရာတိုင်းသည် လူတို့ ကြိုးပမ်းရရှိသင့်သော အရာဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် လုပ်ဆောင်ရန် အမှုတော်ရှိသည်။ လူတို့သည် အဘယ်ကြောင့် လျှောက်လှမ်းစရာ လမ်းကြောင်းတစ်ခု မရှိသနည်း။ ဤသည်မှာ ဘုရားသခင်နှင့်ဆန့်ကျင်နေသည် မဟုတ်လော။ လူတို့ လုပ်ဆောင်သင့်သော အလုပ်များစွာ အမှန်တကယ် ရှိသည်။ ဥပမာအားဖြင့် “သင်တို့သည် အဆင်းနီသောနဂါးကြီးကို အမှန်တကယ် မုန်းတီးသလော” ဟူသော နှုတ်ကပတ်တော်ထဲမှ “အဆင်းနီသောနဂါးကြီး” အကြောင်းကို ၎င်းတို့ မည်မျှသိကြသနည်း။ “ငါသည် ကြိမ်ဖန်များစွာ သင်တို့ကို အဘယ်ကြောင့် မေးလေပြီနည်း” ဟု ပြောရင်း ဘုရားသခင်က လူတို့သည် အဆင်းနီသောနဂါးကြီး၏ သဘာဝကို မသိနားမလည်ကြသေးသည့်အပြင် ၎င်းတို့သည် ပို၍ နက်နဲစွာ သိနိုင်စွမ်းမရှိကြကြောင်း ပြသသည်။ ဤသည်မှာ လူသား လုပ်ဆောင်သင့်သောအလုပ် ဖြစ်သည် မဟုတ်သလော။ လူသားသည် လုပ်စရာ အလုပ်မရှိဟု အဘယ်ကြောင့် ဆို၍ရနိုင်သနည်း။ ထိုသို့ ဖြစ်ခဲ့ပါက ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုသည် အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ဘုရားသခင်သည် ဟန်ဆောင် လုပ်ပြရန်အတွက် ဝတ်ကျေတမ်းကျေဖြစ်သည့် ပုံစံဖြင့် ဆောင်ရွက်နေသလော။ အဆင်းနီသောနဂါးကြီးကို ဤနည်းဖြင့် အနိုင်ယူ၍ရနိုင်သလော။

ဘုရားသခင်က “ငါသည် စတင်နှင့်ပြီဖြစ်ကာ အဆင်းနီသောနဂါးကြီး၏ နေထိုင်ရာနေရာတွင် ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ငါ့အမှု၏ ပထမအဆင့်ကို အစပျိုးခြင်းကို စတင်မည်။” ဟု ဆိုသည်။ ဤနှုတ်ကပတ်တော်များသည် ဘုရားသဘောသဘာဝထဲက အမှုတော်ကို ရည်ရွယ်ပေသည်။ ယနေ့ခေတ် လူများသည် ပြစ်တင်ဆုံးမခြင်းထဲသို့ ကြိုတင် ဝင်ရောက်နှင့်ပြီ ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်က ဤအရာမှာ သူ့အမှု၏ အစပျိုးခြင်း ဖြစ်သည်ဟု ဆိုပေသည်။ သူသည် လူတို့အား ဘေးဒုက္ခများ၏ ပြစ်တင်ဆုံးမခြင်းကို ကြံ့ကြခံစေခြင်း မဟုတ်ဘဲ နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းကို ကြံ့ကြံ့ခံစေခြင်း ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သဘောသွား ပြောင်းလဲသောအခါ လူတို့သည် လုံးဝ မသိနားမလည် ဖြစ်လာကြပြီး ထို့နောက်တွင် ၎င်းတို့အားလုံး ပြစ်တင်ဆုံးမခြင်းထဲသို့ ဝင်ရောက် ကြသောကြောင့် ဖြစ်သည်။ ပြစ်တင်ဆုံးမခြင်းကို ကြုံပြီးသည့်နောက်တွင် “သင်တို့သည် သင်တို့၏တာဝန်ကို တရားဝင် ထမ်းဆောင်ကြလိမ့်မည် ဖြစ်ပြီး၊ နယ်မြေတစ်လျှောက်လုံးတွင် ငါ့ကို ကာလအစဉ်အဆက် တရားဝင် ချီးမွမ်းကြလိမ့်မည်” ဤသည်တို့မှာ ဘုရားသခင်၏ အမှုတော်ထဲမှ အဆင့်များ ဖြစ်သည်။ ယင်းတို့သည် သူ၏အစီအစဉ် ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ ဤလူများသည် အဆင်းနီသောနဂါးကြီး ပြစ်တင်ဆုံးမခြင်းခံရသော နည်းလမ်းများကို ကိုယ်တိုင်ကိုယ်ကျ ရှုမြင်ရမည်၊ ထို့ကြောင့် ဘေးအန္တရာယ်သည် ၎င်းတို့၏အနီးတဝိုက် ကမ္ဘာလောကထဲတွင် ၎င်းတို့၏ ပြင်ပ၌ တရားဝင် စတင်ပေသည်။ ဤသည်မှာ လူတို့ကို ဘုရားသခင် ကယ်တင်သော နည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်။ ၎င်းတို့သည် အတွင်း၌ ပြစ်တင်ဆုံးမခြင်းကို ခံကြရပြီး အပြင်တွင် ဘေးအန္တရာယ်က ကျရောက်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်းဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဘေးအန္တရာယ်ကို ရင်ဆိုင်ရမည့်အစား ပြစ်တင်ဆုံးမခြင်းကို ကြုံရန် ပို၍ နှစ်သက်ကြမည်ဖြစ်ပြီး ဤအရာကြောင့် ၎င်းတို့ ကျန်ရှိနေခြင်း ဖြစ်သည်။ တစ်ဖက်တွင် ဤသည်မှာ ဘုရားသခင်၏အမှုတော် ရောက်လာပြီဖြစ်သော အခြေအနေ ဖြစ်သည်။ အခြားတစ်ဖက်တွင် ယင်းသည် လူအပေါင်းတို့က ဘုရားသခင်၏ စိတ်သဘောထားကို သိနိုင်ကြစေဖို့ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က “ငါ၏ လူများက ငါ့ကို မွေ့လျော်ကြချိန်သည် အဆင်းနီသောနဂါးကြီး ပြစ်တင်ဆုံးမခံရသည့်အချိန် ဖြစ်သည်။ အဆင်းနီသောနဂါးကြီး၏ လူများကို ထကြွစေပြီး ၎င်းကို တော်လှန်စေခြင်းသည် ငါ၏အစီအစဉ်ဖြစ်ပြီး ဤသည်မှာ ငါ၏လူများကို ငါစုံလင်စေသည့်နည်းစနစ်ဖြစ်ကာ ငါ၏ လူအားလုံးအတွက် ယင်းသည် အသက်တာ၌ ကြီးထွားဖို့ ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်သည်” ဟု ဆိုပေသည်။ ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကို ပြောသော်လည်း ယင်းတို့က လူတို့၏ အာရုံကို မဆွဲဆောင်သည်မှာ အဘယ်ကြောင့်နည်း။

ဘုရားသခင်၏ လှံတံသည် ကမ္ဘာမြေကြီးပေါ်၌ ယင်း၏ လုပ်ငန်းဆောင်တာကို စတင် လုပ်ဆောင်ပြီ ဖြစ်သောကြောင့် နိုင်ငံများအားလုံးသည် ကြီးမားသည့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတွင် ရှိလေသည်။ ဘုရားသခင်၏အမှုတော်ကို ကမ္ဘာမြေကြီး၏ အခြေအနေ၌ မြင်နိုင်သည်။ ဘုရားသခင်က “ရေများသည် ဟုန်းဟုန်းမြည်ကြလိမ့်မည်၊ တောင်များ ပြိုလဲကြလိမ့်မည်၊ မြစ်ကြီးများ ပြိုကွဲကြလိမ့်မည်၊” ဟု ပြောသောအခါ ဤသည်မှာ “ကမ္ဘာမြေပေါ်ရှိ အိမ်ထောင်စုအပေါင်းသည် တစ်ကွဲတစ်ပြားစီ ဖြစ်လိမ့်မည်ဖြစ်ပြီး မြေကြီးပေါ်ရှိ နိုင်ငံအားလုံး အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲလိမ့်မည်။ ခင်ပွန်းသည်နှင့် ဇနီးသည်တို့အကြား ပြန်လည်ပေါင်းစည်းသည့် နေ့ရက်များ ကုန်ဆုံးလိမ့်မည်၊ အမိနှင့်သားတို့ တစ်ဖန်ပြန်တွေ့တော့မည်မဟုတ်၊ အဖနှင့်သမီးတို့ မည်သည့်အခါမျှ တစ်ဖန်ပြန်ဆုံတော့မည် မဟုတ်ပေ။ မြေကြီးပေါ် အမှုအရာများ ဖြစ်ခဲ့ဖူးသော အနေအထားများသည် ငါ့အားဖြင့် အစိတ်စိတ်အမြွှာမြွှာ ဖြစ်လိမ့်မည်” ဟူသော ရလဒ်ဖြင့် ကမ္ဘာမြေကြီးပေါ်တွင် လှံတံ၏ ကနဦး အလုပ်ဖြစ်သည်။ ယင်းမှာ ကမ္ဘာမြေကြီးပေါ်ရှိ မိသားစုများ၏ ယေဘုယျ အခြေအနေ ဖြစ်လိမ့်မည်။ သိသာထင်ရှားစွာပင် ယင်းသည် ၎င်းတို့အားလုံး၏ အခြေအနေ ဖြစ်နိုင်ချေ မရှိနိုင်သော်လည်း အခြေအနေအများစုတွင် ယင်းကဲ့သို့သာ ဖြစ်လိမ့်မည်။ တစ်ဖက်တွင်လည်း ယင်းသည် ဤရေစီးကြောင်း၏ လူများအားလုံးက အနာဂတ်တွင် တွေ့ကြုံရသည့် အခြေအနေများကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ယင်းက ၎င်းတို့သည် နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းကို ကြုံရပြီး ဘာသာတရားမရှိသူများသည် ဘေးအန္တရာယ်များကို ခံရပြီးသည်နှင့် တစ်ပြိုင်နက် ကမ္ဘာမြေကြီးပေါ်တွင် လူတို့အကြား မိသားစု ဆက်ဆံရေးများ ရှိတော့မည် မဟုတ်သည်ကို ၎င်းက ကြိုတင်ဟောကိန်း ထုတ်ပေသည်။ ၎င်းတို့အားလုံးသည် သိနိမ်ပြည်၏ လူများ ဖြစ်ကြလိမ့်မည် ဖြစ်ပြီး အားလုံးသည် ဘုရားသခင်၏ နိုင်ငံတော်၌ သစ္စာစောင့်သိကြလိမ့်မည်။ ထို့ကြောင့် ခင်ပွန်းနှင့် ဇနီးသည်တို့အကြား ပြန်လည်ပေါင်းစည်းသည့် နေ့ရက်များ ကုန်ဆုံးလိမ့်မည်၊ အမိနှင့်သားတို့ တစ်ဖန်ပြန်တွေ့တော့မည်မဟုတ်၊ အဖနှင့်သမီးတို့ မည်သည့်အခါမျှ တစ်ဖန်ပြန်ဆုံတော့မည် မဟုတ်ပေ။ ထို့ကြောင့် ကမ္ဘာမြေကြီးပေါ်ရှိ လူတို့၏ မိသားစုများသည် ဖြိုခွဲခံရလိမ့်မည်၊ အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဤသည်မှာ လူသားအပေါ်တွင် ဘုရားသခင် ပြုသော နောက်ဆုံးအမှုတော် ဖြစ်လိမ့်မည်။ ပြီးလျှင် ဘုရားသခင်သည် ဤအမှုတော်ကို စကြဝဠာတစ်ခုလုံးအနှံ့ ပျံ့နှံ့စေမည် ဖြစ်သောကြောင့် သူသည် “ခံစားချက်” ဟူသော စကားလုံးကို လူတို့အား ရှင်းလင်းပြရန် အခွင့်အရေးကို အသုံးချကာ ထိုသို့ဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ လူအပေါင်း၏ မိသားစုများကို ဖြိုခွဲရန် ဖြစ်ကြောင်းကို ၎င်းတို့အား မြင်ခွင့်ပေးပြီး ဘုရားသခင်သည် လူသားမျိုးနွယ်ထဲက “မိသားစု အငြင်းပွားမှုများ” အားလုံးကို ဖြေရှင်းရန် ပြစ်တင်ဆုံးမခြင်းကို အသုံးပြုကြောင်း ပြသလေသည်။ အကယ်၍ ထိုသို့မဟုတ်ပါက ဘုရားသခင်၏အမှုတော်၏ နောက်ဆုံး အပိုင်းကို ကမ္ဘာမြေကြီးပေါ်၌ အဆုံးသတ်ဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များ၏ နောက်ဆုံးအပိုင်းသည် လူသားမျိုးနွယ်၏ အကြီးမားဆုံးသော အားနည်းချက်ကို ဖွင့်ချသည်။ ၎င်းတို့အားလုံးသည် ခံစားချက် အခြေအနေဖြင့် အသက်ရှင်ကြ၏။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကိုမျှ မရှောင်ဘဲ လူသားမျိုးနွယ် အားလုံး၏ စိတ်နှလုံးများထဲ၌ ကွယ်ဝှက်ထားသော လျှို့ဝှက်ချက်များကို ဖော်ထုတ်လေသည်။ လူတို့အနေဖြင့် မိမိတို့၏ ခံစားချက်များကို ဖယ်ရှားရန် အဘယ်ကြောင့် အလွန်ခက်ခဲရသနည်း။ ထိုသို့ လုပ်ဆောင်ခြင်းသည် အသိစိတ်၏ စံနှုန်းများကို ကျော်လွန်သလော။ အသိစိတ်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်သလော။ ခံစားချက်သည် ဒုက္ခတစ်လျှောက် လူတို့ကို ကူညီနိုင်သလော။ ဘုရားသခင်၏ အမြင်တွင် ခံစားချက်သည် သူ၏ ရန်သူ ဖြစ်သည်။ ဤအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ရှင်းလင်းစွာ ဖော်ပြပြီးပြီ မဟုတ်လော။

အရှေ့သို့-  အခန်း (၂၇)

နောက်တစ်ခုသို့-  အခန်း (၂၉)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger