၁၅။ အနာရောဂါကြားမှ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်ခြင်း

ကျန်းရှင်း၊ တရုတ်ပြည်

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက ကျွန်မ ပြင်းထန်တဲ့ လေးဘက်နာရောဂါ ဖြစ်ခဲ့ပြီး တစ်ကိုယ်လုံး နာကျင်ကိုက်ခဲခဲ့ရပါတယ်။ ဆေးရုံကြီးတွေ အစုံအလင်ကို သွားပြခဲ့ပေမဲ့ ဘယ်ကုထုံးမှ မထိရောက်ခဲ့ပါဘူး။ နောက်ဆုံးတော့ ဟော်မုန်းဆေးတွေနဲ့ပဲ ရောဂါလက္ခဏာတွေကို ထိန်းချုပ်ခဲ့ရပြီး၊ ဆေးမသောက်ရင် အဆစ်တွေအားလုံးက တောင့်တင်းပြီး နာကျင်လာတတ်တယ်။ ကျွန်မလုပ်နိုင်တာဆိုလို့ တစ်နေ့လုံး အိပ်ရာထဲမှာ လှဲတာပဲရှိပြီး သစ်ပင်တစ်ပင်ဘဝရောက်နေသလို နည်းနည်းလေးတောင် လှုပ်လို့မရပါဘူး၊ စားဖို့၊ ဝတ်ဖို့၊ လှည့်ဖို့၊ သန့်စင်ခန်းအသုံးပြုဖို့ သူများအကူအညီ လိုအပ်ခဲ့တယ်။ ကျွန်မဟာ လုံးလုံး အသုံးမကျခဲ့တာပဲ။ ကျွန်မ စဉ်းစားမိတယ်၊ “ဒီလိုနာကျင်ခံစားပြီး အသက်ရှင်နေရတာထက် သေတာကမှ ပိုကောင်းဦးမယ်” လို့ပေါ့။ ဟော်မုန်းဆေးတွေ အချိန်ကြာကြီးသုံးစွဲခဲ့ရလို့ ကျွန်မရဲ့ ကိုယ်ခံအားစနစ်က အရမ်းချည့်နဲ့နေပြီး၊ ချောင်းဆိုးတာ၊ အအေးမိတာတွေ ခဏခဏဖြစ်တဲ့အပြင် အဆုတ်အမြှေးပါးရောင်ရောဂါပါ ဖြစ်လာတယ်။ နှလုံးကလည်း ပြဿနာတက်လာပြီး၊ တစ်ကိုယ်လုံးမှာ ရောဂါပေါင်း ဆယ်မျိုးကျော်လောက်ရှိနေတယ်၊ မျက်နှာကလည်း လူသေတစ်ယောက်မျက်နှာလိုပါပဲ။ ပူပြင်းတဲ့ နွေရာသီမှာဆို ယောက်ျားက အိမ်ထဲမှာ လေအေးပေးစက်ဖွင့်ထားပေမဲ့ ကျွန်မကတော့ ဂွမ်းကပ်အင်္ကျီဝတ်ပြီး အပြင်မှာ နေပူလှုံနေရတယ်။ အိပ်တဲ့အခါမှာလည်း လျှပ်စစ်စောင်သုံးမှရတယ်၊ မဟုတ်ရင် အေးလွန်းလို့ အိပ်မပျော်ဘူး။ နောက်တော့ ကျွန်မလို ရောဂါမျိုးရှိတဲ့ အသိမိတ်ဆွေတချို့ တစ်ယောက်ပြီးတစ်ယောက် ဆုံးသွားကြတယ်လို့ ကြားရတော့ ကျွန်မ တကယ်ကို ကြောက်သွားတယ်။ ဒီလို ကုသရခက်တဲ့ရောဂါနဲ့ ရင်ဆိုင်ရတော့ ကျွန်မလည်း ခိုကိုးရာမဲ့ပြီး၊ ကြောက်ရွံ့စိုးရိမ်စိတ်နဲ့ တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းဖို့ပဲ ကျွန်မလုပ်နိုင်တော့တယ်။

၂၀၁၀ ခုနှစ်မှာတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခွင့်ရလို့ ကျွန်မ တော်တော် ကံကောင်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ သိလာခဲ့တယ်၊ ဘုရားသခင်က ကောင်းကင်နဲ့မြေကြီး၊ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်၊ ကိုယ်တော်က လူသားအားလုံးရဲ့ ကံကြမ္မာကို အချုပ်အခြာအာဏာ ရှိတယ်၊ လူတွေ မွေ့လျော်ခံစားနေရတဲ့ အရာအားလုံးဟာ ဘုရားသခင်က ပေးသနားတာဖြစ်ပြီး၊ လူတွေဟာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သင့်တယ်ဆိုတာကိုပါ။ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်ကို စားသောက်၊ ဘုရားသခင်ကို ဆုတောင်းပြီး ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးခဲ့တော့ သတိတောင်မထားလိုက်မိဘဲ အအေးမိ၊ ချောင်းဆိုးတာတွေ လျော့လာတယ်။ သုံးလကြာတော့ ကျွန်မ ခြေထောက်အဆစ်တွေ နာကျင်တာ သက်သာလာပြီး၊ ဟော်မုန်းဆေးတွေအပါအဝင် ဆေးတွေအားလုံး သုံးတာကို ရပ်လိုက်တယ်။ အဆစ်တွေကလည်း ပိုပိုပြီး လှုပ်ရှားရ လွယ်ကူလာတယ်၊ ကျွန်မအသားအရေမှာလည်း သွေးရောင်လွှမ်းလာတယ်။ ကျွန်မကိုသိတဲ့လူတိုင်းက ကျွန်မက တခြားလူတစ်ယောက်နဲ့တူသလိုထင်ရတယ်လို့ ပြောကြတယ်။ ကျွန်မလည်း ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိတယ်။ ဘုရားသခင်က တကယ်ကို အနန္တတန်ခိုးရှင်ဖြစ်ပြီး အံ့ဩဖို့ကောင်းလိုက်တာ။ ဒါက ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါပါ။ ဆေးတွေနဲ့တုန်းကတောင် အရမ်းနာကျင်ခံစားခဲ့ရတာ၊ အခုတော့ ရောဂါက တဖြည်းဖြည်း သက်သာလာပြီး ဆေးတောင် မလိုတော့ဘူး။ ကျွန်မ ဘုရားသခင်ကို ကောင်းကောင်းမွန်မွန် ယုံကြည်ရမယ်၊ ပိုပြီး ဧဝံဂေလိတရားဟောရမယ်၊ ကောင်းမှုတွေကို ပိုပြီး လုပ်ရမယ်၊ ဒီလိုဆိုရင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် အသုံးခံပုံကို ဘုရားသခင်က မြင်ပြီး ကျွန်မရဲ့ ရောဂါကို လုံးလုံးပျောက်ကင်းစေမှာမျိုး ဖြစ်ရင်ဖြစ်နိုင်တယ်။ အဲဒီနောက်မှာ၊ ကျွန်မ ခြေထောက်နာတာကို မမှုဘဲ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ၊ အတန်းဖော်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဧဝံဂေလိတရားဟောခဲ့တယ်။ လေတိုက်၊ မိုးရွာတာ၊ ခြစ်ခြစ်တောက်ပူတာ၊ အေးခဲနေတာ၊ လူ နီးတာဝေးတာကို မမှုဘဲ၊ သူတို့က ဧဝံဂေလိတရား လက်ခံဖို့ စည်းမျဉ်းတွေနဲ့ ကိုက်ညီပြီး ဘုရားနှုတ်ကပတ်တော်ကို နားထောင်ချင်စိတ်ရှိသရွေ့တော့ ကျွန်မက သူတို့ဆီသွားပြီး ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံခဲ့တယ်။ တချို့လူတွေက ခုနစ်ထပ်၊ ရှစ်ထပ်မှာနေတော့ ကျွန်မမှာ လှေကားတက်ရတာတောင်မှ၊ သူတို့ကို ရေလောင်းပြီး ထောက်ပံ့ပေးဖို့ ကျွန်မ ခဏခဏ သွားခဲ့တယ်။ တချို့လူတွေက လူ့သဘာဝကောင်းပြီး မှန်တဲ့လမ်းခရီးကို လိုက်စားချင်ပေမဲ့ မိသားစုအရှုပ်အထွေးတွေ များတော့၊ သူတို့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံတဲ့အထိ အကြိမ်ကြိမ် သွားပြီး မိတ်သဟာယပြုခဲ့တယ်။ အဲဒီအချိန်က ကျွန်မ လူတော်တော်များများကို ဧဝံဂေလိတရား ဖြန့်ဝေခဲ့တယ်။ အချိန်ကြာလာတော့ ဧဝံဂေလိတရား ဟောပြောရာမှာ ကျွန်မ လူသိများလာပြီး ဆိုးယုတ်တဲ့သူတွေက သတင်းပို့လို့ ခေါင်းဆောင်က ကျွန်မကို ဧည့်ခံဝတ်ပြုတဲ့တာဝန် ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။ ကျွန်မက တခြားတာဝန်တချို့ကို တာဝန်ယူဖို့လည်း တက်တက်ကြွကြွ တောင်းဆိုခဲ့ပြီး ကောင်းမှုတွေကို ကျွန်မ ပိုပြီး လုပ်ရင် ဘုရားသခင်က ကျွန်မကို စောင့်ရှောက်ပြီး ကာကွယ်ပေးမှာ၊ ကျွန်မ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်လည်း ပိုကြီးမားမှာပဲလို့ တွေးခဲ့တယ်။

၂၀၁၉ ခုနှစ်၊ မေလမှာတော့ ကျွန်မ တစ်ကိုယ်လုံး အားနည်းသလို ခံစားလာရပြီး အဆစ်တွေကလည်း ပြန်နာလာတယ်။ အထူးသဖြင့် ခြေထောက်အဆစ်တွေ ပြင်းပြင်းထန်ထန် နာကျင်လာတော့ ကျွန်မမှာ လုပ်စရာက ချိုင်းထောက်ကိုသုံးပြီး အံကြိတ်ရင်း တစ်လှမ်းချင်း တရွေ့ရွေ့ပဲလျှောက်ဖို့ပဲ ရှိတယ်။ နာလွန်းလို့ ချွေးတွေ ရွှဲနေတာပဲ။ မတ်တပ်ရပ်ပြီးရင် ထိုင်လို့မရ၊ မနည်းကြိုးစားထိုင်ပြီးရင်လည်း ပြန်မထနိုင်ပြန်ဘူး။ လှဲနေရင်တောင် တစ်ကိုယ်လုံးက နာနေတာ။ သွေးပေါင်ချိန်က ၂၀၀ ကျော်သွားပြီး သွေးတွင်းသကြားဓာတ်လည်း တက်လာတော့၊ ဆေးနဲ့တောင် မထိန်းနိုင်တော့ဘူး။ ကျွန်မမှာ ထိတ်လန့်တုန်လှုပ်မှု အပြည့်နဲ့ပေါ့။ လေးဘက်နာရောဂါ ပြန်ဖြစ်လာမှာကို ကြောက်နေမိတာ။ ဆေးရုံသွားစစ်ကြည့်တော့ ရောဂါလက္ခဏာတွေက တကယ်ပဲ လေးဘက်နာကြောင့် ဖြစ်နေခဲ့တယ်။ ကျွန်မ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားပြီး စဉ်းစားမိတယ်၊ “လူတွေပြောသလိုပဲ ‘ရောဂါဟုတ်ဟုတ် မဟုတ်ဟုတ်၊ အဲဒါ ပြန်ထလာရင် စဖြစ်တုန်းကထက် ပိုဆိုးမယ်’ တဲ့။ ဒီတစ်ခါ ငါ လုံးဝ အကြောသေသွားတော့မှာလား။ အသက်ရှင်နေရင်တောင်မှ အကြောသေပြီး အိပ်ရာထဲမှာ လဲနေရရင်လည်း အသုံးမကျဖြစ်နေဦးမှာပဲ။ ကိုယ့်တာဝန်ကို ဘယ်လိုထမ်းဆောင်မှာလဲ။ ဘုရားသခင်ကို ယုံကြည်ခဲ့တဲ့ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ အများကြီး အသုံးခံခဲ့တာပဲ။ ဧဝံဂေလိတရားကို ကျွန်မ ဘယ်လိုဖြန့်ဝေခဲ့လဲဆိုတာပဲ ကြည့်လေ။ နာကျင်နေတာတောင် ဒီအလုပ်ကို ဆက်ထမ်းဆောင်ခဲ့ပြီး လူအများကြီးကို ဧဝံဂေလိတရား ဖြန့်ဝေနိုင်ခဲ့တယ်။ ဧဝံဂေလိတရား ဖြန့်ဝေလို့ ဆိုးယုတ်တဲ့လူတွေ တိုင်တာခံရပြီးနောက်မှာ ဧည့်ခံတဲ့တာဝန်ကို ပြောင်းပေးခံရတော့လည်း အဲဒီတာဝန်ကို ကျွန်မအစွမ်းကုန် လုပ်ပေးခဲ့တာပဲ။ ငါ့ရောဂါက ဘယ်လိုဖြစ်လို့ ပြန်ထလာရတာလဲ” လို့ပေါ့။ ကျွန်မလို ရောဂါမျိုးရှိတဲ့ အသိမိတ်ဆွေတချို့ အားလုံး ဆုံးကုန်ပြီး နောက်တစ်ခါ ကိုယ့်အလှည့်ဖြစ်ကောင်းဖြစ်နိုင်ပုံကို တွေးမိတယ်။ ဒီအကြောင်းကို စဉ်းစားလေလေ၊ စိတ်မချမ်းမသာဖြစ်လေလေပဲ။ ကိုယ့်ဝတ်ပြုခြင်းတွေမှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်တဲ့အခါ အာရုံမစုစည်းနိုင်ဘဲ ဆုတောင်းချင်စိတ်လည်း မရှိဘူး။ တစ်နေ့ကုန် ကျွန်မ ငေါင်နေခဲ့တာဟာ ကျွန်မ ရေခဲခန်းထဲ ရောက်သွားပြီး ကျွန်မရဲ့ နှလုံးသားက အေးခဲသွားသလိုမျိုးပဲ။ ကျွန်မ ကိုယ်ခန္ဓာ နာကျင်မှု သက်သာအောင် အနားယူပြီး ပြန်နလန်ထူလာဖို့ကိုပဲ အချိန်ပိုပေးချင်တော့တယ်။ နောက်တော့ အိမ်နီးချင်းတစ်ယောက်ကလည်း ဒီရောဂါနဲ့ပဲ သေသွားတယ်လို့ ကြားရတော့ ကျွန်မ ပိုပြီးတောင် ကြောက်လာတယ်။ ကျွန်မ စဉ်းစားမိတယ်၊ “တစ်နေ့မှာ ငါလည်း ငါ့အိမ်နီးချင်းလိုပဲ သေရင်သေသွားမှာ။ အခုသာ ငါသေသွားရင်၊ ဒီနှစ်တွေတစ်လျှောက်လုံး ငါ့တာဝန်တွေမှာ ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေနဲ့ ပေးဆပ်မှုတွေအားလုံး အလကားဖြစ်သွားမှာလား။ ကယ်တင်ခြင်း မခံရရုံတင်မကဘူး၊ အလုပ်လုပ်ပေးပြီး ဆက်လက်ရှင်သန်ဖို့ ကျန်ရှိနေတဲ့ အခွင့်အရေးတွေပါ ဆုံးရှုံးသွားမှာ” လို့ပေါ့။ ကိုယ့်ရောဂါအကြောင်း စဉ်းစားမိရုံနဲ့ စားမဝင် အိပ်မပျော် ဖြစ်ခဲ့ရတယ်။ ဝမ်းနည်းပြီး စိုးရိမ်ပူပန်တဲ့ အခြေအနေနဲ့ အသက်ရှင်နေရပြီး၊ အတွင်းစိတ်မှာ တကယ်ကို ညှဉ်းပန်းခံခဲ့ရပါတယ်။ ကျွန်မ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးရဲ့ကျန်းမာရေးက တစ်နေ့တခြား ဆိုးလာပြီး၊ စိတ်တထင့်ထင့်ဖြစ်ရတဲ့ စိတ်ခံစားချက် အခြေအနေနဲ့ အမြဲ အသက်ရှင်နေပါတယ်။ ဒါက မှားမှန်းသိပေမဲ့ ဘယ်လိုဖြေရှင်းရမှန်းမသိဘူး၊ ဒီဆင်းရဲဒုက္ခကို ကိုယ်တော်ခွင့်ပြုထားမှန်း သိပေမဲ့လည်း၊ သမီး ကျိုးနွံနာခံလို့ကိုမရပါဘူး။ ဘုရားသခင်၊ ဒီအခြေအနေမှာ ကျိုးနွံနာခံနိုင်ဖို့၊ ဒါကနေ သင်ခန်းစာယူနိုင်ဖို့ သမီးကို လမ်းပြပေးတော်မူပါ” လို့ပေါ့။

ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “လူတို့သည် ဘုရားသခင် စီစဉ်ညွှန်ကြားသည့် ပတ်ဝန်းကျင်များနှင့် သူ၏ အချုပ်အခြာအာဏာတို့ကို မရိပ်စားမိနိုင်သည့်အခါ၊ နားလည်၊ လက်ခံခြင်း၊ သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိနိုင်သည့်အခါ၊ မိမိတို့၏ နေ့စဉ်ဘဝများတွင် အခက်အခဲအမျိုးမျိုးကို လူတို့ ရင်ဆိုင်ရသည့်အခါ၊ သို့မဟုတ် ဤအခက်အခဲများသည် ပုံမှန်လူတို့ ခံနိုင်သည့်အရာကို ကျော်လွန်သည့်အခါ၊ ၎င်းတို့သည် စိုးရိမ်မှုနှင့် ပူပန်သောကမျိုးစုံကို မသိစိတ်၏စေ့ဆော်မှုအရ ခံစားရပြီး စိတ်ဖိစီးမှုပင် ခံစားကြရသည်။ မနက်ဖြန်၊ သို့မဟုတ် ဖိန်းနွှဲခါက မည်ကဲ့သို့ဖြစ်မည်၊ သို့မဟုတ် အနည်းငယ်သော နှစ်ကာလအတွင်း အမှုအရာများ မည်သို့ဖြစ်မည်၊ သို့မဟုတ် ၎င်းတို့၏ အနာဂတ်က မည်သို့ဖြစ်မည်ဆိုသည်တို့ကို ၎င်းတို့ မသိကြသောကြောင့် အမှုအရာမျိုးစုံနှင့်ပတ်သက်၍ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားကြလေသည်။ အမှုအရာမျိုးစုံနှင့်ပတ်သက်၍ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို လူတို့ ခံစားရသည့် အခြေအနေမှာ မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ မယုံကြည်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ မယုံကြည်နိုင်သကဲ့သို့ မရိပ်စားမိနိုင်ခြင်း ဖြစ်သည်။ မိမိတို့ ကိုယ်ပိုင် မျက်စိများဖြင့် ထိုအရာကို မြင်လျှင်ပင် နားလည်ကြမည်မဟုတ်၊ သို့မဟုတ် ယုံကြည်ကြမည် မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ကြောင်း ၎င်းတို့ မယုံကြည်ကြ။ ၎င်းတို့၏ အသက်တာများက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို ၎င်းတို့ မယုံကြည်ကြ။ ထို့ကြောင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအပေါ် မယုံကြည်မှုက ၎င်းတို့ စိတ်နှလုံးများတွင် ထွက်ပေါ်ပြီးနောက် အပြစ်တင်မှု ဖြစ်ပေါ်ကာ ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃))ထို့နောက် ကျန်းမာရေး နုံချာသည့်သူများ၊ ကြံ့ခိုင်မှုအခြေအနေနည်းပြီး အားအင် ချို့တဲ့သည့် သူများ၊ အကြီးစား၊ သို့မဟုတ် အသေးစား နာမကျန်းဖြစ်ခြင်းဖြင့် မကြာခဏ နေမကောင်း ဖြစ်သည့်သူများ၊ နေ့စဉ်ဘဝတွင် လိုအပ်သည့် အခြေခံအမှုအရာများကိုပင် မလုပ်ဆောင်နိုင်သည့်သူများ၊ ပုံမှန်လူများကဲ့သို့ အသက်မရှင်နိုင်၊ သို့မဟုတ် ထူထူထောင်ထောင် မဖြစ်နိုင်သည့်သူများ ရှိသည်။ ထိုသို့သောလူများသည် မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ်တွင် မကြာခဏ သက်သောင့်သက်သာမရှိ ခံစားရပြီး နေမကောင်း ဖြစ်ကြသည်။ အချို့မှာ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းကြသည်၊ အချို့မှာ တကယ့် နာမကျန်းမှုများ ရှိကြပြီး ရောဂါတစ်မျိုးမဟုတ် တစ်မျိုး ဖြစ်နိုင်သည့် အလားအလာ ရှိသူများလည်း ရှိသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့တွင် ထိုသို့သော လက်တွေ့ကျသည့် ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများ ရှိသောကြောင့် ထိုသို့သောလူများသည် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ မကြာခဏ ကျဆင်းပြီး စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားကြလေသည်။...နာမကျန်းမှုတစ်ခု ရှိသည့်လူများသည် ‘အို ငါ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ငါစိတ်ပိုင်းဖြတ်ထားသော်လည်း ဤနာမကျန်းမှု ငါ ရလေပြီ။ အန္တရာယ်မှ ကွယ်ကာရန် ဘုရားသခင်ကို ငါတောင်းလျှောက်ပြီး ဘုရားသခင်၏ ကွယ်ကာမှုဖြင့် ငါစိုးရွံ့ရန် မလိုပါ။ သို့သော် ငါ၏ တာဝန်များကို ထမ်းဆောင်နေချိန် ငါ ခြေကုန်လက်ပန်း ကျသွားသည့်အခါ ငါ၏ ရောဂါ ပြန်ထလိမ့်မည်လား။ ငါ၏ ရောဂါ အမှန်တကယ် ထလာခဲ့လျှင် မည်သည့်အရာကို ငါ လုပ်ရမည်နည်း။ ခွဲစိတ်မှုခံရန် ဆေးရုံတက်ဖို့ ငါ လိုအပ်ပါက ထိုအတွက် ပေးရမည့် ငွေ ငါ့မှာမရှိပါ။ ထို့ကြောင့် ငါ၏ ကုသမှုအတွက် ပေးဖို့ ငွေမချေးလျှင် ငါ၏ ရောဂါ သာ၍ပင် ဆိုးသွားလိမ့်မည်လော။ တကယ်ကို ဆိုးလာလျှင် ငါသေလိမ့်မည်လော။ ထိုသို့သော သေခြင်းကို ပုံမှန်သေခြင်းတစ်ခုအဖြစ် မှတ်ယူနိုင်မည်လော။ ငါ အမှန် သေဆုံးလျှင် ငါ ထမ်းဆောင်ပြီးဖြစ်သည့် တာဝန်များကို ဘုရားသခင် အောက်မေ့လိမ့်မည်လော။ ကောင်းမှုများ လုပ်ဆောင်ပြီးဖြစ်သည်ဟု ငါ မှတ်ယူခံရလိမ့်မည်လော။ ငါသည် ကယ်တင်ခြင်းကို ရရှိမည်လော’ဟု မကြာခဏ စဉ်းစားကြသည်။ ၎င်းတို့ နေမကောင်းကြောင်း သိကြသူအချို့လည်း ရှိ၏။ ဆိုလိုသည်မှာ ၎င်းတို့တွင် တကယ် နာမကျန်းဖြစ်ခြင်း အချို့ သို့မဟုတ် အခြားတစ်ခု၊ ဥပမာအားဖြင့် အစာအိမ်ရောဂါများ၊ ခါးနှင့် ခြေထောက် နာကျင်ကိုက်ခဲမှု၊ အဆစ်ရောင်နာရောဂါ၊ ဒူလာရောဂါအပြင် အရေပြားရောဂါများ၊ မီးယပ်ရောဂါများ၊ အသည်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ စသည်တို့ ရှိကြသည်ကို ၎င်းတို့ သိကြသည်။ ၎င်းတို့က ‘ငါ၏ တာဝန်ကို ဆက်ထမ်းဆောင်လျှင် ငါ၏ နာမကျန်းဖြစ်ခြင်းအတွက် ကုသစရိတ်ကို ဘုရားအိမ်တော်က ပေးလိမ့်မည်လော။ ငါ၏ နာမကျန်းမှုက ပိုဆိုးသွားပြီး ငါ့တာဝန် ထမ်းဆောင်ခြင်းကို ထိခိုက်လျှင် ဘုရားသခင်က ငါ့ကို ကုသပျောက်ကင်းစေလိမ့်မည်လော။ အခြားလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ကုသပျောက်ကင်းသွားကြပြီး ဖြစ်သောကြောင့် ငါလည်း ကုသပျောက်ကင်းမည်လော။ အခြားသူများကို ဘုရားသခင်က သနားကြင်နာမှု ပြသကဲ့သို့ပင် ငါ့ကိုလည်း သူကုသပျောက်ကင်းစေမည်လော။ ငါ၏ တာဝန်ကို ငါသစ္စာစောင့်သိစွာ ထမ်းဆောင်လျှင် ဘုရားသခင်က ငါ့ကို အနာငြိမ်းစေသင့်သော်လည်း ဘုရားသခင် ငါ့ကို အနာငြိမ်းစေဖို့ ငါ ဆန္ဒရှိရုံသာဖြစ်ပြီး သူက အနာမငြိမ်းစေပါက မည်သည့်အရာကို ငါ လုပ်ရမည်နည်း’ဟု တွေးကြသည်။ ဤအရာများကို ၎င်းတို့ စဉ်းစားသည့်အခါတိုင်းတွင် ၎င်းတို့၏ စိတ်နှလုံးများ၌ နက်နဲသည့် ပူပန်သောကတစ်ခု ထွက်ပေါ်နေသည်ကို ခံစားကြရသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအား မည်သည့်အခါတွင်မျှ ၎င်းတို့ ရပ်တန့်ခြင်း မရှိကြသကဲ့သို့ လုပ်သင့်သည့်အရာကို အမြဲ လုပ်ကြသော်လည်း မိမိတို့၏ နာမကျန်းမှု၊ မိမိတို့၏ ကျန်းမာရေး၊ အနာဂတ်အကြောင်းနှင့် မိမိတို့၏ အသက်တာနှင့် သေခြင်းတို့အကြောင်း စဉ်ဆက်မပြတ် စဉ်းစားနေကြသည်။ နောက်ဆုံးတွင် ‘ဘုရားသခင်က ငါ့ကို အနာငြိမ်းစေလိမ့်မည်၊ ဘုရားသခင်က ငါ့ကို ဘေးကင်းလုံခြုံစေလိမ့်မည်။ ငါ့ကို ဘုရား စွန့်ပစ်မည် မဟုတ်သကဲ့သို့ ငါ နေမကောင်းဖြစ်သည်ကို မြင်လျှင် ဘုရားသခင်က ရပ်နေပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေမည်မဟုတ်’ဟု ဆန္ဒရှိစွာ တွေးတောလျက် ကောက်ချက်ချလိုက်ကြသည်။ ထိုသို့သော အတွေးများအတွက် အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထိုအရာများကို အယူအဆတစ်မျိုးအဖြစ်ပင် ပြော၍ ရနိုင်သည်။ ထိုသို့သော အယူအဆများနှင့် ဤကဲ့သို့သော စိတ်ကူးများဖြင့် လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အခက်အခဲများကို လုံးဝ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ၎င်းတို့၏ ကျန်းမာရေး၊ နာမကျန်းမှုများနှင့်ပတ်သက်၍ ရေးတေးတေး စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်ကြလေသည်။ ဤအရာများအတွက် မည်သူက တာဝန်ယူမည်၊ သို့မဟုတ် ၎င်းတို့အတွက် တစ်ဦးတလေက တာဝန်ယူမည်၊ မယူမည်ကို ၎င်းတို့ လုံးဝ မသိကြချေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားသခင် ဖော်ထုတ်ခဲ့တာက ကျွန်မရဲ့အခြေအနေ အတိအကျပါပဲ။ ပြန်ကြည့်လိုက်တော့ ဘုရားသခင်ကို ယုံကြည်တာ သုံးလမပြည့်ခင်အတွင်းမှာပဲ ကျွန်မရဲ့ပြင်းထန်တဲ့ လေးဘက်နာရောဂါက ပျောက်လုနီးပါး ဖြစ်သွားခဲ့တော့၊ ဧဝံဂေလိတရားကို တက်တက်ကြွကြွ ဖြန့်ဝေ၊ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ပြီး ကောင်းမှုတွေကို ပိုပြီး ပြင်ဆင်ချင်ခဲ့တယ်၊ ဘုရားသခင်က ကျွန်မရဲ့ ပေးဆပ်မှုတွေကို မြင်ပြီး ကျွန်မရောဂါကို လုံးဝပျောက်ကင်းစေရင်ပျောက်ကင်းစေမှာလို့ တွေးခဲ့တာပေါ့။ ကျွန်မရဲ့ရောဂါ ပြန်ပေါ်လာပြီး ဘာကိုမှ ကိုယ့်ဘာသာကိုယ် မလုပ်နိုင်လောက်တဲ့အထိ ပိုပိုပြီး ဆိုးရွားလာတဲ့အခါမှာတော့ ဘုရားသခင်ကို ဆုတောင်းတာက ကျွန်မရောဂါကို မသက်သာစေခဲ့ဘူး၊ ဒါကြောင့် ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကျွန်မ သံသယဝင်လာပြီး၊ အကြောသေသွားမှာ၊ ဘာကိုမှ ကိုယ့်ဘာသာကိုယ် လုပ်လို့မရမှာကို စိုးရိမ်ခဲ့တယ်၊ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို မခံနိုင်မှာကိုလည်း စိုးရိမ်ခဲ့တယ်။ ကျွန်မ ဟော်မုန်းဆေးတွေ ပြန်သောက်ရပြီး၊ ကျွန်မရဲ့ တခြားရောဂါတွေအများကြီး ပြန်ပေါ်လာရင်၊ လေးဘက်နာရောဂါနဲ့ မသေရင်တောင် တခြားရောဂါတွေနဲ့ သေသွားမှာပဲ။ သေသွားရင်တော့ ကယ်တင်ခြင်းရဖို့ အခွင့်အရေး မရှိတော့ဘူး၊ အလုပ်လုပ်ပေးပြီး ရှင်သန်ဖို့ အခွင့်အရေးတစ်ခုတစ်လေတောင် မရှိတော့ဘူးလေ။ ဒါကြောင့် ကျွန်မ အားနည်းပြီး စိတ်ဆင်းရဲခဲ့ရတယ်၊ တာဝန်တွေထမ်းဆောင်ခဲ့တဲ့၊ ဆင်းရဲဒုက္ခခံခဲ့တဲ့၊ ပေးဆပ်ခဲ့တဲ့ နှစ်တွေအားလုံး အလကားဖြစ်သွားပြီလို့ ခံစားခဲ့ရတယ်။ ရောဂါနဲ့ ရင်ဆိုင်ရတဲ့အခါ ဒါကို ဘုရားသခင်ဆီက ကျွန်မ မခံယူခဲ့ဘူး၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို မရှာဖွေခဲ့ဘူး။ အဲဒီအစား ဘုရားသခင်ကို နားလည်မှုလွဲပြီး ဘုရားသခင်နဲ့ပတ်သက်ပြီး မကျေမနပ်ပြောခဲ့တယ်။ ကိုယ့်တာဝန်တွေအပေါ်မှာ ထားတဲ့ ကိုယ့်သဘောထားကလည်း ဥပေက္ခာပြုတဲ့ သဘောထားလေ၊ တာဝန်တွေ ပိုလုပ်ရင် ရုပ်ပိုင်းဆိုင်ရာ ပိုပင်ပန်းမှာ၊ အခြေအနေ ဆိုးရွားပြီး မြန်မြန်သေသွားမှာကို စိုးရိမ်လို့ တာဝန်မထမ်းဆောင်ချင်တော့ဘဲ၊ ဝမ်းနည်းပူဆွေးတဲ့အခြေအနေမှာ ရှင်သန်ပြီး သေဖို့ကိုပဲ စောင့်နေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ နောက်ဆုံးမှာ နားလည်ခဲ့တယ်၊ ကျွန်မရောဂါ ပြန်ဖြစ်လာတာက ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ ဖြစ်တယ်ဆိုတာကိုပါ။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်မပြုဘဲ ကိုယ်တော့်ကို နားလည်မှုလွဲပြီး မကျေမနပ် ပြောခဲ့တယ်။ ကျွန်မနှလုံးသားထဲမှာ ညည်းညူတာတွေနဲ့ ပြည့်နေပြီး၊ ကျွန်မ ထုတ်ဖော်ခဲ့သမျှက ပုန်ကန်မှုနဲ့ အတိုက်အခံလုပ်မှုတွေချည်းပဲ။ ကျွန်မရဲ့အခြေအနေက အရမ်းကို အန္တရာယ်များခဲ့တယ်။ ဒါကို သဘောပေါက်တော့ ကျွန်မ ကြောက်သွားလို့ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ ကျွန်မရဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို ဖြေရှင်းဖို့ သမ္မာတရားကို လိုက်စားနိုင်အောင် ဦးဆောင်လမ်းပြပေးပါလို့ တောင်းလျှောက်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ပြီး၊ ကျွန်မရဲ့အမြင်ရှုထောင့်က နည်းနည်း ပြောင်းလဲသွားခဲ့တယ်။ ဘုရားသခင်က ပြောသည် “တစ်စုံတစ်ဦးအတွက် အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ နာမကျန်းမှုတစ်ခု ဖြစ်စေရန် ဘုရားသခင် စီစဉ်သည့်အခါ ထိုသို့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နေမကောင်းခြင်း၊ နာမကျန်းမှုက သင့်ကို ဖြစ်စေသည့် အန္တရာယ်၊ နာမကျန်းမှုက သင့်ကိုဖြစ်စေသည့် အဆင်မပြေမှုများနှင့် အခက်အခဲများအပြင် နာမကျန်းမှုက သင့်ကို ခံစားစေသည့် ခံစားချက် အမြောက်အမြားအားလုံးကို ခရေစေ့တွင်းကျ သင့်အား နားလည်စေဖို့ မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နေမကောင်းခြင်းမှတစ်ဆင့် နာမကျန်းဖြစ်ခြင်းကို နားလည်ခံစားစေရန် မဟုတ်။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင်ခန်းစာများ သင်ယူဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့သဘောပေါက်ရမည်ကို မည်သို့ ခံစားရမည်ကို သင်ယူဖို့၊ သင် နာမကျန်းဖြစ်သည့်အခါ သင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင်အပေါ် သင် ခံယူသည့် သဘောထားများကို သိရှိရန်၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုအား သင်စွမ်းဆောင်ရရှိနိုင်ရန်နှင့် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မည်သို့ ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရန် ဖြစ်သည်။ ဤသည်မှာ လုံးဝ အဓိက သော့ချက်ဖြစ်သည်။ ဘုရားသခင်သည် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင့်ကို ကယ်တင်ကာ သန့်စင်ရန် ဆန္ဒရှိသည်။ သင်နှင့်ပတ်သက်၍ မည်သည့်အရာကို သန့်စင်စေရန် သူ ဆန္ဒရှိသနည်း။ ဘုရားသခင်အပေါ် သင်၏ လွန်ကဲသော ဆန္ဒများနှင့် တောင်းဆိုချက်များအားလုံးကို သန့်စင်စေရန်နှင့် ရှင်ကျန်ပြီး အသက်ရှင်ရန် ဖြစ်သည့်နည်းဖြင့် သင် ပြုလုပ်သည့် အမျိုးမျိုးသော တွက်ချက်မှုများ၊ အကဲဖြတ်ချက်များနှင့် အစီအစဉ်များကိုပင် သန့်စင်စေရန် သူ ဆန္ဒရှိသည်။ ဘုရားသခင်က သင့်ကို အစီအစဉ်များ ပြုလုပ်ရန် မစေခိုင်းပေ။ သင့်ကို အကဲဖြတ်ရန် သူ မစေခိုင်းသကဲ့သို့ သူ့အပေါ် လွန်ကဲသည့် ဆန္ဒများတစ်ခုတလေ ထားရှိခွင့် သူ မပေးပေ။ သင့်အနေဖြင့် သူ့ကို ကျိုးနွံနာခံရန်နှင့် သင်၏ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံတွင် နာမကျန်းမှုအပေါ် သင်၏ ကိုယ်ပိုင် သဘောထားကို သိရှိရန်၊ ပြီးလျှင် သင့်ကို သူ ပေးသည့် ဤရုပ်ခန္ဓာ အခြေအနေများအပြင် သင်၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ဆန္ဒများအပေါ် သင်၏ သဘောထားကို သိရှိရန်သာ သူတောင်းဆိုသည်။ ဤအရာများကို သင် သိရှိလာသည့်အခါ ဘုရားသခင်က သင့်အတွက် နာမကျန်းဖြစ်ခြင်း အခြေအနေများ စီစဉ်ဖွဲ့စည်းခဲ့သည်မှာ၊ သို့မဟုတ် သင့်ကို ဤရုပ်ခန္ဓာအခြေအနေများ သူ ပေးခဲ့သည်မှာ သင့်အတွက် မည်မျှ အကျိုးရှိသည်ဆိုသည်ကို သင် အသိအမှတ်ပြုနိုင်ပြီး သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းအတွက်၊ ကယ်တင်ခြင်းကို သင် ရယူခြင်းအတွက်၊ ပြီးလျှင် သင်၏ အသက်ဝင်ရောက်ခြင်းအတွက် ထိုအရာများ မည်မျှပင် အထောက်အကူပြုသည်ဆိုသည်ကို သင်နားလည်ခံစားနိုင်ပေသည်။ ထို့ကြောင့် နာမကျန်းမှု ဖြစ်ပေါ်လာသည့်အခါ ထိုနာမကျန်းမှုအား မည်သို့ လွတ်မြောက်နိုင်မည်၊ သို့မဟုတ် ထိုအရာမှ မည်သို့ ထွက်ပြေးနိုင်သည်၊ သို့မဟုတ် ထိုအရာကို မည်သို့ ငြင်းပယ်နိုင်သည်ဆိုသည်ကို သင် အမြဲ တွေးမနေရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မရင်ဆိုင်နေရတဲ့ ရောဂါတွေရဲ့နောက်ကွယ်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ရှိပြီး၊ အဲဒါဟာ ကျွန်မ သင်ခန်းစာတွေယူအောင်၊ ကျွန်မရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ဘုရားသခင်ကို ယုံကြည်ရာမှာရှိတဲ့ ကျွန်မရဲ့ မတန်တဆ လိုအင်ဆန္ဒတွေကို ဆင်ခြင်သုံးသပ်ပြီး အသိအမှတ်ပြုအောင်ပဲ ဆိုတာကို နားလည်ခဲ့တယ်။ ကျွန်မရဲ့ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်မှုတွေနဲ့ ပေးဆပ်မှုတွေဟာ ဘုရားသခင် ကျွန်မရောဂါကို ကုသပေးဖို့အတွက် လုပ်ခဲ့တာဖြစ်ပုံကို ဆင်ခြင်သုံးသပ်ခဲ့တယ်။ နာကျင်မှု သက်သာလာတဲ့အခါမှာတော့ ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းခဲ့တယ်၊ တာဝန်တွေ ပိုထမ်းဆောင်ပြီး ကောင်းမှုတွေကို ပိုပြင်ဆင်ဖို့လည်း ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ နာကျင်မှု ပြန်ဖြစ်လာပြီး ပိုဆိုးလာတဲ့အခါမှာတော့ ဘုရားသခင်ကို နားလည်မှုလွဲပြီး မကျေမနပ်ပြောခဲ့တယ်၊ ကျွန်မ တာဝန်တွေထမ်းဆောင်နေခဲ့လို့ ဘုရားသခင်က ကျွန်မကို ကုသပေးမှ တရားတယ်လို့ တွေးခဲ့တာပေါ့။ ဒါကြောင့် ကျွန်မရောဂါ ပြန်ဖြစ်လာပြီး ကျွန်မရဲ့လိုအင်ဆန္ဒတွေ မပြည့်ဝတော့တဲ့အခါ ကျွန်မ တာဝန်တွေကို မထမ်းဆောင်ချင်တော့ဘူး။ အင်တင်တင်နဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့အခါမှာတောင် ဘာအားထုတ်မှုမလုပ်ချင်ဘူး၊ ဘာအဖိုးအခမှ မပေးဆပ်ချင်ခဲ့ဘူး။ ကျွန်မမှာ ဘယ်လိုနည်းနဲ့ အသိစိတ်တို့ ဆင်ခြင်တုံတရားတို့ ရှိခဲ့လို့လဲ။ ဒီရောဂါ ကျွန်မအပေါ် ကျရောက်လာတဲ့အခါ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကျွန်မယုံကြည်ခြင်းထဲက အရောအနှောတွေကို သန့်စင်ပေးဖို့၊ ကျွန်မရဲ့ မှားယွင်းတဲ့ လိုက်စားမှုအမြင်တွေကို ပြောင်းလဲပေးဖို့ ဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်မ ဘုရားသခင်ကို ကျိုးနွံနာခံပြီး သမ္မာတရားကို လိုက်စားတဲ့ လမ်းကြောင်းကို လျှောက်လှမ်းနိုင်မှာပါ။ ဒါတောင်မှ ကျွန်မက သမ္မာတရားကို မလိုက်စားခဲ့ဘူး၊ ရောဂါနဲ့ ရင်ဆိုင်ရတဲ့အခါမှာလည်း ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို မရှာဖွေခဲ့ဘူး။ အဲဒီအစား အတိုက်အခံလုပ်တာကို အမြဲခံစားရပြီး အာခံပြီး ပြုမူဆောင်ရွက်ခဲ့တယ်၊ ကျွန်မရဲ့နာကျင်မှုကို ဘုရားသခင် အမြန်ဆုံး ဖယ်ရှားပေးတာကို လိုချင်ခဲ့တာပေါ့။ အဲဒီလို မဖြစ်လာတဲ့အခါမှာတော့ ကျွန်မက စိတ်ဆင်းရဲမှု၊ စိုးရိမ်ပူပန် အခြေအနေထဲ ကျရောက်သွားပြီး ဘုရားသခင်ကို ဆန့်ကျင်ခဲ့တယ်၊ သမ္မာတရားရရှိဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့တယ်။ ကျွန်မသာ မပြောင်းလဲဘဲ ဒီအတိုင်းဆက်သွားနေရင် ကျွန်မအသက်တာက တိုးတက်မှာမဟုတ်ဘူး၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကလည်း ပြောင်းလဲမှာမဟုတ်ဘူး၊ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်ကလည်း ပိုပြီးတော့တောင် ဝေးကွာသွားမှာပဲ။ ကျွန်မ ပိုပြီးနားလည်လာလေလေ၊ ဘုရားသခင်ကို ယုံကြည်တာဟာ ကိုယ်တော့်ဆီက တောင်းဆိုတာတွေလုပ်ဖို့ မဖြစ်သင့်ဘူးဆိုတာကို ပိုပြီးခံစားလာရလေလေပါပဲ။ ကျွန်မ ဘယ်လောက်တောင် ဆင်ခြင်တုံတရားမရှိခဲ့သလဲဆိုတာကို တွေ့မြင်ခဲ့ရတယ်။ ကျွန်မ ချက်ချင်းပဲ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးက သမ္မာတရားကို မလိုက်စားဘူး၊ ကိုယ်တော်ရဲ့အမှုကိုလည်း နားမလည်ဘူး၊ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကိုလည်း ကျိုးနွံနာခံတာမျိုး မရှိပါဘူး။ သမီး အရမ်းကို ပုန်ကန်တတ်တာပါပဲ။ ဘုရားသခင်၊ ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ သမီးကို လမ်းပြပေးတော်မူပါ” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “အန္တိခရစ်တို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် မဆုံးဖြတ်မီတွင် မိမိတို့၏ အလားအလာများ၊ ကောင်းချီးများ ရရှိခြင်း၊ ပန်းတိုင်ကောင်းတစ်ခုအပြင် သရဖူတစ်ခုတို့အပေါ် မျှော်လင့်ချက်များဖြင့် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ပြည့်လျှံလျက် ရှိကြသည်။ ပြီးလျှင် ဤအရာများကို ကြိုးပမ်းရရှိရာတွင် ၎င်းတို့၌ အဆုံးစွန်သော ယုံကြည်ချက်ရှိကြ၏။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ ထိုသို့သော ရည်ရွယ်ချက်များနှင့် ပြင်းပြသောဆန္ဒတို့ဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် လာကြသည်။ သို့ဖြစ်၍ တာဝန်ကို ၎င်းတို့၏ ထမ်းဆောင်မှုသည် ဘုရားသခင် တောင်းဆိုသော မှန်ကန်ခြင်း၊ စစ်မှန်သော ယုံကြည်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ ပါဝင်သလော။ လူတိုင်းသည် မိမိတို့၏ တာဝန်ကို မထမ်းဆောင်မီတွင် လုံးလုံးလျားလျား အပေးအယူလုပ်ခြင်း စိတ်ဓာတ်တစ်ခု ထားသိုသောကြောင့် ၎င်းတို့၏ စစ်မှန်သော သစ္စာစောင့်သိခြင်း၊ ယုံကြည်ခြင်း သို့မဟုတ် မှန်ကန်ခြင်းတို့ကို ယခုအခြေအနေတွင် မမြင်နိုင်သေးချေ။ လူတိုင်းက အကျိုးစီးပွားများဖြင့် တွန်းအားပေးခံရသည့်အပြင် မိမိတို့၏ ပြည့်လျှံသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ကြိုတင်သတ်မှတ်ခြင်းကို အခြေပြု၍လည်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆုံးဖြတ်ချက်ချကြသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အန္တိခရစ်တို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အပေးအယူလုပ်ရန်၊ အလဲအထပ်လုပ်ရန် ဖြစ်၏။ ဤသည်တို့မှာ တာဝန်ထမ်းဆောင်ရန်အတွက် ၎င်းတို့ သတ်မှတ်ထားသော လိုအပ်ချက်များ ဖြစ်သည်ဟု ဆိုနိုင်သည်။ ‘ငါ၏ တာဝန်ကို လုပ်ဆောင်လျှင် ငါသည် ကောင်းချီးများ ရရှိပြီး ခရီးပန်းတိုင်ကောင်းကို ပိုင်ဆိုင်ရမှဖြစ်မည်။ လူသားမျိုးနွယ်အတွက် ပြင်ဆင်ပေးထားသည်ဟု ဘုရား ပြောသည့် ကောင်းချီးများနှင့် အကျိုးအမြတ်များ အားလုံးကို ငါရမှဖြစ်မည်။ ယင်းတို့ကို ငါမရနိုင်လျှင် ဤတာဝန်ကို ငါလုပ်ဆောင်မည် မဟုတ်’ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အလိုဆန္ဒများဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဘုရားအိမ်တော်သို့ လာကြ၏။ ၎င်းတို့သည် ရိုးသားမှုအချို့ အမှန်တကယ် ရှိသည့်ပုံပေါ်သည်။ ယုံကြည်သူအသစ်များနှင့် တာဝန်ကို စတင်ထမ်းဆောင်ခါစသာ ရှိသေးသူများအတွက်မူ ယင်းကို စိတ်အားထက်သန်မှုဟုလည်း ခေါ်ဆိုနိုင်သည်မှာ အမှန်ပင်။ သို့ရာတွင် ဤအရာ၌ စစ်မှန်သော ယုံကြည်မှု၊ သို့မဟုတ် သစ္စာစောင့်သိမှု မရှိပေ။ ထိုစိတ်အားထက်သန်မှု အတိုင်းအတာသာ ရှိ၏။ ယင်းကို ရိုးသားမှုဟု ခေါ်၍မရနိုင်ပေ။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် အန္တိခရစ်တို့၌ ရှိသော ဤသဘောထားကို သုံးသပ်ကြည့်ရလျှင် ယင်းမှာ အလုံးစုံ အပေးအယူဆန်ပြီး ကောင်းချီးများ ရရှိခြင်း၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်း၊ သရဖူ ရရှိခြင်းနှင့် ဆုလာဘ်များ လက်ခံရရှိခြင်းတို့ကဲ့သို့ အကျိုးအမြတ်များကို ရလိုသည့် ၎င်းတို့၏ အလိုဆန္ဒများဖြင့် ပြည့်နေသည်။ သို့ဖြစ်၍ အပြင်ပန်းတွင် အန္တိခရစ်များစွာတို့သည် နှင်ထုတ်ခြင်းမခံရမီတွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကာ သာမန်လူတစ်ဦးထက်ပင် သာ၍ စွန့်လွှတ်ပြီး သာ၍ ဒုက္ခခံစားသည်ဟု ထင်ရသည်။ ၎င်းတို့ အသုံးခံသည့်အရာနှင့် ၎င်းတို့ အဖိုးအခပေးသည့်အရာတို့သည် ပေါလုနှင့်တူညီပြီး ၎င်းတို့ ပြေးလွှားလှုပ်ရှားကြသည်မှာလည်း ပေါလုထက် မနည်းခဲ့ပေ။ ဤသည်မှာ လူတိုင်းမြင်နိုင်သည့်အရာဖြစ်သည်။ ဒုက္ခခံစားပြီး အဖိုးအခပေးရန် ၎င်းတို့၏ အပြုအမူနှင့် ၎င်းတို့၏ စိတ်စွမ်းအားအရ ၎င်းတို့သည် မည်သည့်အရာမျှ မရရှိခြင်း မဖြစ်အပ်‌ချေ။ သို့ရာတွင် ဘုရားသခင်သည် လူတစ်ဦးအပေါ် သူ၏ အပြင်ပန်းအပြုအမူအရ ကြည့်ခြင်းမဟုတ်ဘဲ သူ၏ အနှစ်သာရ၊ သူ၏ စိတ်သဘောထား၊ သူထုတ်ဖော်သည့်အရာနှင့် သူလုပ်ဆောင်သမျှ၏ သဘာဝနှင့် အနှစ်သာရတို့အရ ကြည့်ခြင်းဖြစ်သည်။ လူတို့က အခြားသူများအား ဝေဖန်သုံးသပ်ပြီး ဆက်ဆံသည့်အခါတွင် ထိုလူတို့၏ အပြင်ပန်းအပြုအမူ၊ ထိုသူတို့ မည်မျှဒုက္ခခံစားသည်၊ ပြီးလျှင် မည်သည့်အဖိုးအခကို ပေးသည်တို့အပေါ်တွင်သာ အခြေပြုပြီး ထိုသူတို့သည် မည်သူဖြစ်သည်ကို ဆုံးဖြတ်ကြသည်။ ပြီးလျှင် ဤသည်မှာ ကြီးလေးသော အမှားတစ်ခုဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) အန္တိခရစ်တွေက ကောင်းချီးမင်္ဂလာတွေနဲ့ သရဖူတွေအတွက် တာဝန်တွေထမ်းဆောင်ကြတယ်၊ သူတို့ရဲ့ပေးဆပ်မှုတွေအားလုံးက ကောင်းကင်နိုင်ငံတော်ထဲဝင်ဖို့ ကောင်းချီးမင်္ဂလာတွေအတွက် ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ဖြစ်ပြီး၊ အဲဒီလို တာဝန်ထမ်းဆောင်မှုမျိုးမှာ သစ္စာစောင့်သိခြင်း ဒါမှမဟုတ် ရိုးသားဖြူစင်ခြင်း လုံးဝမရှိဘူးဆိုတာကို ဘုရားသခင်က ဖော်ထုတ်ထားတာကို ကျွန်မ တွေ့ခဲ့တယ်။ သူတို့ ကောင်းချီးမင်္ဂလာတွေ မရရင် အကြီးအကျယ် မကျေမနပ်ပြောကြပြီး ကိုယ်တော်နဲ့တောင် ပြန်ပြီး ငြင်းခုံတဲ့အပြင် လက်တုံ့ပြန်ဖို့ ကြိုးစားကြတယ်။ ကျွန်မရဲ့အပြုအမူကို ဒါနဲ့ နှိုင်းယှဉ်ကြည့်တော့ အန္တိခရစ်တစ်ယောက်ရဲ့ အပြုအမူနဲ့ အတူတူပဲဆိုတာကို တွေ့ခဲ့ရတယ်။ အစက ဘုရားသခင်ကို ယုံကြည်ပြီးနောက်မှာ ကျွန်မရဲ့ နာတာရှည်လေးဘက်နာရောဂါ ပျောက်သွားတာကို တွေ့တော့ ဘုရားသခင်အပေါ် ကျေးဇူးတင်စိတ်တွေနဲ့ ပြည့်နေခဲ့ပြီး၊ ဘုရားသခင်က ကျွန်မကို ကုသပေးပြီး ပန်းတိုင်ကောင်းတစ်ခုကို ရနိုင်စေမှာပဲဆိုတဲ့ စိတ်ထားနဲ့ ဧဝံဂေလိတရားကို တက်တက်ကြွကြွ ဖြန့်ဝေပြီး ကိုယ့်တာဝန်တွေ ထမ်းဆောင်ခဲ့တယ်။ လေ၊ မိုး၊ ပူ၊ အေးကို မမှုဘဲ၊ ဧဝံဂေလိတရားကို ဖြန့်ဝေပြီး ကောင်းမှုတွေကို ပြင်ဆင်ဖို့ မမောနိုင်မပန်းနိုင် လုပ်ခဲ့တယ်။ ဆွေမျိုး၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေက လှောင်ပြောင်ပြီး အသရေဖျက်ရင်တောင် ကျွန်မ နောက်မဆုတ်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မရောဂါ ပြန်ဖြစ်လာပြီး၊ ဒီရောဂါမျိုးရှိတဲ့လူတွေ သေဆုံးသွားတာကို တွေ့ရတဲ့အခါမှာတော့ ဘုရားသခင်က ကျွန်မကို မကာကွယ်ဘူးလို့ မကျေမနပ်ပြောခဲ့ပြီး၊ တာဝန်တွေကိုတောင် ထပ်ပြီး မထမ်းဆောင်ချင်တော့ဘူး၊ ပိုပြီးစိုးရိမ်ပူပန်ရင် အခြေအနေပိုဆိုးနိုင်ပြီး ပိုမြန်မြန်သေသွားနိုင်တာကို ကြောက်လို့ပေါ့။ အဖြစ်မှန်တွေရဲ့ ထုတ်ဖော်မှုကနေတစ်ဆင့်၊ ကျွန်မရဲ့ ဘုရားသခင်ကို ယုံကြည်ခြင်းနဲ့ တာဝန်တွေထမ်းဆောင်မှုတွေဟာ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့သက်သက်ပဲ၊ ကျွန်မရဲ့ပေးဆပ်မှုတွေအားလုံးက ဘုရားသခင်က ကျွန်မကို ကုသပေးပြီး ကောင်းတဲ့ အဆုံးသတ်နဲ့ ပန်းတိုင်တစ်ခု ရရှိအောင်လို့ပဲဆိုတာကို သဘောပေါက်ခဲ့တယ်။ ကောင်းချီးမင်္ဂလာအတွက် ကျွန်မရဲ့လိုအင်ဆန္ဒ ကွဲကြေသွားတဲ့အခါမှာတော့ တာဝန်နည်းနည်းလေးတောင် ပိုပြီး မထမ်းဆောင်ချင်ခဲ့ဘူး၊ ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားတွေ ဆုံးရှုံးမှာကိုကြောက်ခဲ့လို့ပေါ့။ ဘုရားသခင်အပေါ်မှာ သစ္စာစောင့်သိတာမျိုး ဒါမှမဟုတ် ရိုးသားစစ်မှန်တာမျိုး လုံးဝမရှိခဲ့ဘူး။ ကျွန်မက ကိုယ့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ပြီး ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်မယ်လို့ ပြောခဲ့ပေမဲ့ တကယ်တော့ ဘုရားသခင်ကို လိမ်လည်လှည့်စားနေခဲ့တာပဲ၊ ကိုယ့်တာဝန်တွေကို အနာဂတ်ကောင်းချီးမင်္ဂလာတွေအတွက် အပေးအယူလုပ်တဲ့ အရာတစ်ခုအနေနဲ့ အသုံးချဖို့ကြိုးစားခဲ့တာလေ။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာကောင်းပြီး လှည့်ဖြားတတ်ခဲ့တယ်။ ကျွန်မက “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ စာတန်ဆန်တဲ့ နိယာမကို စွဲကိုင်ထားပြီး ကျွန်မလုပ်သမျှအရာအားလုံးက ကိုယ့်အတွက်ပဲ၊ ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်ဘူး။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်မှာလည်း ကျွန်မလုပ်သမျှအရာအားလုံးက ကောင်းချီးမင်္ဂလာတွေနဲ့ အကျိုးအမြတ်တွေအတွက်ပဲ ဖြစ်နေတုန်းပဲ။ ကျွန်မက လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်တယ်၊ ကိုယ့်အတွက် အကျိုးမရှိရင် လက်တုံ့ပြန်ဖို့တောင် ဘုရားသခင်ကို ဆန့်ကျင်တယ်။ ကျွန်မမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးမရှိဘဲ၊ တကယ်ကို လူ့သဘာဝကင်းမဲ့နေခဲ့တယ်။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် သမ္မာတရားကိုရရှိပြီး စိတ်သဘောထား ပြောင်းလဲသွားတဲ့သူတွေသာ ဘုရားသခင်၏ နိုင်ငံတော်ထဲကို ဝင်ရောက်နိုင်တယ်ဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ ဘုရားသခင်က ရိုးသားတဲ့လူတွေကို သဘောကျတယ်။ ရိုးသားတဲ့လူတွေက သမ္မာတရားကို ချစ်မြတ်နိုးပြီး အပေးအယူလုပ်တာ၊ တောင်းဆိုတာတွေမရှိဘဲ သူတို့ရဲ့တာဝန်ကို ထမ်းဆောင်ကြတယ်။ သူတို့က ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို လေးလေးနက်နက် ထမ်းဆောင်နိုင်ပြီး၊ အဲဒီလိုလူတွေဟာ ဘုရားသခင်က ကယ်တင်ချင်တဲ့သူတွေပဲ ဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်ရက်နဲ့ သမ္မာတရားကို မလိုက်စားဘဲ ကောင်းချီးမင်္ဂလာတွေအတွက် ဘုရားသခင်နဲ့ အပေးအယူလုပ်တဲ့သူတွေကတော့ သူတို့ရဲ့လိုအင်ဆန္ဒတွေ ကဖျက်ယဖျက်လုပ်ခံရတာနဲ့ ဘုရားသခင်ကို မကျေမနပ်ပြောကြပြီး အတိုက်အခံလုပ်ကြတယ်။ အဲဒီလိုလူတွေဟာ ဘယ်လောက်ပဲ သူတို့ဟာသူတို့ အလုပ်များနေပါစေ၊ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံပါစေ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရဦးမှာပဲ။ ဒါက ဘုရားသခင်၏ ဖြောင့်မတ်ပြီး သန့်ရှင်းတဲ့ အနှစ်သာရနဲ့ သတ်မှတ်ထားတာပါပဲ။ ကျွန်မရဲ့တာဝန်တွေနဲ့ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ ဘုရားသခင်နဲ့ အအပေးအယူလုပ်ဖို့ ကြိုးစားခဲ့တယ်၊ ဘုရားသခင်ကို ရတနာသေတ္တာတစ်ခုလို၊ ကျွန်မရောဂါကို ကုသပေးမဲ့ ဆရာဝန်တစ်ယောက်လို သဘောထားခဲ့တယ်။ ကျွန်မရဲ့လိုအင်ဆန္ဒတွေ မပြည့်ဝတဲ့အခါမှာတော့ ဘုရားသခင်ကို ပွက်လောညံအောင်ကန့်ကွက်ပြီး အတိုက်အခံလုပ်ခဲ့တယ်။ ကျွန်မ တကယ်ကို အရှက်မရှိခဲ့တာပါလား။ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ပြီး၊ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ပါ။ တာဝန်ထမ်းဆောင်တာက ကျွန်မရဲ့ တာဝန်နဲ့ ဝတ္တရားပဲ။ ဘုရားသခင်ဆီကနေ ဒီလို ဆင်ခြင်တုံတရားမရှိတဲ့ တောင်းဆိုမှုတွေလုပ်ပြီး ကိုယ့်တာဝန်တွေမှာ အဲဒီလို ရည်ရွယ်ချက်တွေရှိနေတော့၊ ဘယ်လိုလုပ်ပြီး ကျွန်မကို ဘုရားသခင်က စက်ဆုပ်ရွံရှာတာမျိုး၊ မုန်းတီးတာမျိုး မရှိဘဲ နေနိုင်မှာလဲ။ ကျွန်မ ပေါလုအကြောင်းကို တွေးမိတယ်။ အစကတည်းက သူက ဓမ္မသရဖူတစ်ခုကို ရဖို့အတွက်ပဲ အလုပ်လုပ်ပြီး သူ့ကိုယ်သူ အသုံးခံခဲ့တယ်။ သူက ဧဝံဂေလိတရား ဖြန့်ဝေဖို့ ဥရောပတိုက်ရဲ့ ဒေသအများစုကို ခရီးသွားခဲ့တယ်၊ နာကျင်မှုတွေ အများကြီးကြုံတွေ့ခဲ့ရပြီး အလုပ်တွေ အများကြီး လုပ်ခဲ့တယ်။ ဒါပေမဲ့ သူလုပ်ခဲ့တဲ့အရာအားလုံးက ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ဖို့ ဒါမှမဟုတ် ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ မဟုတ်ဘဲ၊ ကိုယ့်အတွက် ကောင်းချီးမင်္ဂလာတွေနဲ့ ဆုလာဘ်တွေရဖို့အတွက်သာ ဖြစ်တယ်။ ဒါကြောင့် နောက်ဆုံးမှာ သူ ဒီစကားတွေကို ပြောနိုင်ခဲ့တာပေါ့။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေသြဝါဒစာဒုတိယစောင် ၄:၇-၈) ပေါလုရဲ့ ပေးဆပ်မှုတွေနဲ့ အသုံးခံမှုတွေဟာ ရိုးသားစစ်မှန်တာမျိုး၊ ကျိုးနွံနာခံတာမျိုး မရှိခဲ့ဘူး။ အဲဒါတွေက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့၊ ကိုယ်တော့်ကို လှည့်စားပြီး အသုံးချဖို့အတွက်ပဲ လုပ်ခဲ့တာဖြစ်တယ်။ နောက်ဆုံးမှာ သူက ဘုရားသခင်ရဲ့ စိတ်သဘောထားကိုပုန်ကန်ပြစ်မှားရာရောက်ခဲ့ပြီး ငရဲထဲချခံခဲ့ရတယ်။ ကျွန်မရဲ့ယုံကြည်ခြင်းမှာ ဘုရားသခင် ကျွန်မရောဂါ ကုသပေးတာကို အမြဲတမ်း လိုချင်ခဲ့တယ်၊ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ပေါ့။ ပေါလုလိုပဲ ဘုရားသခင်ဆီကနေ ကောင်းချီးမင်္ဂလာတွေ အမြဲရချင်ခဲ့တယ်။ ကျွန်မသာ မပြုပြင်ခဲ့ရင် ကျွန်မရဲ့နောက်ဆုံးအဆုံးသတ်ကလည်း ပေါလုလိုပဲ အပြစ်ပေးခံရမှာပဲ။ ဒီလို စက်ဆုပ်စရာကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုယ့်တာဝန်ထမ်းဆောင်ပြီး ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို လိုချင်နေသေးတာဟာ ကျွန်မ ဘယ်လောက်တောင် ထင်ယောင်ထင်မှားဖြစ်ခဲ့ပါသလဲ။ ဒါကို သဘောပေါက်တော့၊ ကျွန်မ ရှက်ရွံ့၊ ကသိကအောက်ဖြစ်ပြီးအပြစ်ရှိသလို ခံစားခဲ့ရတယ်။ ဖောက်ပြန်ပျက်စီးတဲ့ ကျွန်မတို့လူသားတွေကို ကယ်တင်ဖို့ ဘုရားသခင်က ကမ္ဘာမြေပေါ်မှာ နှစ်ကြိမ်တိုင်တိုင် လူ့ဇာတိခံယူခဲ့ပုံ၊ လူ့ဘဝရဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံစားခဲ့ရပုံ၊ တိတ်တဆိတ် နှုတ်ကပတ်တော်တွေ အများကြီးကို ပြောကြားပြီး ကျွန်မတို့ကို ကိုယ်တိုင်ဦးဆောင်ပြီး ရေလောင်းခဲ့ပုံ၊ ကျွန်မတို့ဆီကနေ ဘာမှ မတောင်းဆိုခဲ့ပုံ၊ ကျွန်မတို့ဆီကနေ ဘာမှ မတောင်းခံခဲ့ပုံတွေကို တွေးမိတယ်။ ကျွန်မက ဘုရားသခင်ထောက်ပံ့တဲ့ သမ္မာတရားတွေ အများကြီးကို မွေ့လျော်ခံစားခဲ့ရပြီး ကိုယ့်တာဝန်ထမ်းဆောင်တာက ကျွန်မလို ဖန်ဆင်းခံတစ်ယောက် လုပ်သင့်တဲ့အရာဖြစ်တာတောင်မှ ဘုရားသခင်နဲ့ အပေးအယူလုပ်ပြီး ကိုယ်တော့်ဆီက တောင်းဆိုချင်နေတုန်းပဲ။ ကျွန်မ တကယ်ကို ဆိုးယုတ်ခဲ့တာပဲ။ သေလုနီးနီးဖြစ်နေတဲ့ ကျွန်မက ဘုရားသခင်ရဲ့ အသံတော်ကို ကြားခွင့်ရပြီး ကိုယ်တော်ရဲ့အိမ်တော်ကို ပြန်လာခွင့်ရခဲ့ပုံ၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး အသက်ရဲ့ထောက်ပံ့မှုကို မွေ့လျော်ခံစားခွင့်ရခဲ့ပုံ၊ ဘုရားသခင်က ကျွန်မရောဂါကို ကုသပေးပြီး အခုထိ အသက်ရှင်ခွင့်ပေးခဲ့ပုံတွေကို တွေးမိတယ်။ ဒါတွေအားလုံးက ဘုရားသခင်၏ ကြည့်ရှုစောင့်ရှောက်ခြင်းနဲ့ ကာကွယ်ခြင်းတွေချည်းပဲ။ ဘုရားသခင်က ကျွန်မအတွက် လုပ်ပေးခဲ့သမျှအရာအားလုံးက ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းပဲ ဖြစ်တယ်။ တာဝန်နည်းနည်းပါးပါး ထမ်းဆောင်နိုင်တာက ဘုရားသခင်ရဲ့ ကျေးဇူးတော်ဖြစ်ပြီး ကျွန်မ လုပ်သင့်တဲ့အရာလည်း ဖြစ်တယ်။ ဒါပေမဲ့ ကျွန်မက ကျေးဇူးသိတတ်ရကောင်းမှန်း မသိဘဲ အဲဒီအစား ဒါတွေကို အရင်းအနှီးအဖြစ်သုံးပြီး ဘုရားသခင်နဲ့ အပေးအယူလုပ်၊ ကိုယ်တော့်ဆီက အမြဲတမ်း တောင်းဆိုနေခဲ့တယ်။ ကျွန်မ တကယ်ကို အသိစိတ်မရှိ၊ လူ့သဘာဝကင်းမဲ့ပြီး၊ ဘုရားသခင်ကို အများကြီး အကြွေးတင်ခဲ့တယ်။ ဒီအကြောင်းကို စဉ်းစားလေလေ၊ ပိုပြီး နောင်တရလေလေပဲ။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ဆုတောင်းပြီး၊ အဲဒီအချိန်ကစပြီး ကောင်းချီးမင်္ဂလာတွေရဖို့အတွက် အသက်မရှင်တော့ဘူး၊ သမ္မာတရားကို လိုက်စားမယ်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်မယ်လို့ ကတိသစ္စာပြုခဲ့တယ်။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ပိုပြီး ဖတ်ခဲ့ပြီး၊ ရောဂါနဲ့ သေခြင်းကို ဘယ်လို မှန်မှန်ကန်ကန် ကိုင်တွယ်ရမလဲဆိုတာကို နားလည်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “တစ်စုံတစ်ဦး နာမကျန်းဖြစ်မည် မဖြစ်မည်၊ မည်သည့် ဆိုးရွားသော နာမကျန်းဖြစ်ခြင်းကို သူ ရရှိမည်ဆိုသည်နှင့် ဘဝ၏ အဆင့်တစ်ခုစီတွင် ၎င်း၏ ကျန်းမာရေးက မည်ကဲ့သို့ ဖြစ်မည်ဆိုသည်တို့ကို လူ၏ အလိုဆန္ဒအားဖြင့် ပြောင်းလဲ၍မရနိုင်ဘဲ ထိုထက် အားလုံးကို ဘုရားသခင်က ကြိုတင်စီမံထားခြင်း ဖြစ်သည်။...ထို့ကြောင့် မည်သည့် အချိန်၊ သို့မဟုတ် မည်သည့် အသက်အရွယ်တွင် လူတို့၏ ခန္ဓာကိုယ်များကို ဖိစီးမည့် နာမကျန်းဖြစ်ခြင်း အမျိုးအစားနှင့် ၎င်းတို့၏ ကျန်းမာရေးက မည်ကဲ့သို့ဖြစ်မည်ဆိုသည်တို့မှာ ဘုရားသခင် စီစဉ်ထားသည့် အရာအားလုံးဖြစ်ပြီး လူတို့သည် မိမိတို့ကိုယ်တိုင်အတွက် ဤအရာများကို ဆုံးဖြတ်၍မရနိုင်ပေ။ လူတစ်ဦး မွေးဖွားလာသည့်အချိန်ကဲ့သို့ပင်ဖြစ်သည်၊ ၎င်းသည် မိမိကိုယ်တိုင်အတွက် မဆုံးဖြတ်နိုင်ပေ။ ထို့ကြောင့် သင့်ကိုယ်သင်အတွက် ဆုံးဖြတ်၍မရနိုင်သည့် အရာများနှင့်ပတ်သက်၍ စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်ခြင်းသည် မိုက်မဲသည် မဟုတ်လော။ (မိုက်မဲပါသည်။) လူတို့သည် မိမိတို့ဘာသာ ဖြေရှင်းနိုင်သည့် အရာများကို ဖြေရှင်းခြင်းအား အစပြုသင့်ပြီး မိမိတို့ဘာသာ မလုပ်ဆောင်နိုင်သည့် အရာများအတွက်မူ ဘုရားသခင်ကို စောင့်ဆိုင်းသင့်၏။ လူတို့သည် ဘုရားသခင်ကို တိတ်ဆိတ်စွာ ကျိုးနွံနာခံပြီး ၎င်းတို့ကို ကွယ်ကာရန် တောင်းလျှောက်သင့်သည်။ ဤသည်မှာ လူတို့ရှိသင့်သည့် တွေးခေါ်မှု အလေ့အထဖြစ်သည်။ နာမကျန်းဖြစ်ခြင်းက အမှန်တကယ် ထိုးနှက်ပြီး သေခြင်းက အမှန်တကယ် နီးကပ်လာသည့်အခါတွင် လူတို့သည် ကျိုးနွံနာခံသင့်ပြီး ဘုရားသခင်ကို စောဒကမတက်သင့်၊ သို့မဟုတ် မပုန်ကန်သင့်၊ သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားစော်ကားသည့်အရာများ၊ သို့မဟုတ် သူ့ကို တိုက်ခိုက်သည့်အရာများအား မပြောဆိုသင့်ပေ။ ထိုအစား လူတို့သည် အဖန်ဆင်းခံများအဖြစ် ရပ်တည်ပြီး ဘုရားသခင်ထံမှ လာသည့်အရာအားလုံးကို တွေ့ကြုံကာ အသိအမှတ်ပြုသင့်သည်။ ၎င်းတို့သည် အမှုအရာများကို ၎င်းတို့ကိုယ်တိုင်အတွက် ရွေးချယ်ရန် မကြိုးစားသင့်ပေ။ ဤသည်မှာ သင်၏ ဘဝကို တန်ဖိုးတက်စေသည့် အထူးအတွေ့အကြုံတစ်ခု ဖြစ်သင့်ပြီး ထိုအရာမှာ သေချာပေါက် မကောင်းသည့် အရာတစ်ခု မဟုတ်၊ မှန်သလော။ ထို့ကြောင့် နာမကျန်းဖြစ်ခြင်းနှင့် ပတ်သက်လာသည့်အခါ လူတို့သည် ပထမဦးစွာ နာမကျန်းဖြစ်ရခြင်း ဇာစ်မြစ်နှင့် ပတ်သက်၍ ၎င်းတို့၏ မှားယွင်းသော အတွေးများနှင့် အမြင်များကို ဖြေရှင်းသင့်ပြီး ထို့နောက်တွင် ဤအရာနှင့်ပတ်သက်၍ ၎င်းတို့ စိုးရိမ်ကြလိမ့်မည် မဟုတ်တော့ပေ။ ထို့အပြင် လူတို့သည် သိသည့်အရာ၊ သို့မဟုတ် မသိသည့်အရာများကို ထိန်းချုပ်ပိုင်ခွင့်မရှိကြသကဲ့သို့ ဤအရာများအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိကြသည်နှင့်အမျှ ထိုအရာများကို ၎င်းတို့ ထိန်းချုပ်နိုင်စွမ်းလည်း မရှိကြချေ။ လူတို့ ရှိသင့်သည့် သဘောထားနှင့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများမှာ စောင့်ဆိုင်းပြီး ကျိုးနွံနာခံရန် ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ရန် သိနားလည်ခြင်းမှ အားလုံးကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်သင့်သည်။ ဤသည်မှာ သမ္မာတရား လိုက်စားရန် ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄))တစ်စုံတစ်ဦးသည် သေဖို့အတွက် အနူးအညွတ် တောင်းပန်မည်ဆိုပါက ၎င်းတို့ သေချာပေါက် သေကောင်း မသေနိုင်ပေ။ အသက်ရှင်ဖို့ အနူးအညွတ် တောင်းပန်မည်ဆိုလျှင် သေချာပေါက် ရှင်ကောင်းမရှင်နိုင်ပေ။ ဤအရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီမံထားခြင်းအောက်တွင် ရှိပြီး ဘုရားသခင်၏ ဩဇာအာဏာအားဖြင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့်၊ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအားဖြင့် ပြောင်းလဲကာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သင်သည် ဆိုးရွားသည့် နာမကျန်းမှုတစ်ခု၊ သေစေနိုင်ခြေရှိသည့် ဆိုးရွားသော နာမကျန်းမှုတစ်ခု ကူးစက်ခံရသည်ဆိုပါစို့၊ သင် သေချာပေါက် သေလိမ့်မည်မဟုတ်။ သင် သေမည်၊ မသေမည်ကို မည်သူ ဆုံးဖြတ်သနည်း။ (ဘုရားသခင် ဆုံးဖြတ်ပါသည်။) ဘုရားသခင် ဆုံးဖြတ်၏။ ထိုသို့သော အရာတစ်ခုကို ဘုရားသခင် ဆုံးဖြတ်ပြီး လူတို့က မဆုံးဖြတ်နိုင်သည့်အတွက် လူတို့သည် မည်သည့်အရာနှင့်ပတ်သက်၍ ပူပန်သောကရောက်ကာ စိတ်ဖိစီးကြသနည်း။ သင်၏ မိဘများ မည်သူဖြစ်သည်ဆိုသည်နှင့် မည်သည့်အချိန်နှင့် နေရာတွင် သင် မွေးဖွားသည်ဆိုသည်တို့ကဲ့သို့ ဖြစ်သည်။ ဤအရာများကိုလည်း သင် ရွေးချယ်၍မရနိုင်ပေ။ ဤကိစ္စရပ်များတွင် အမြော်အမြင်အရှိဆုံးသော ရွေးချယ်မှုမှာ ဤအရာများကို ၎င်းတို့ဘာသာ ဖြစ်ခွင့်ပေးရန်၊ ကျိုးနွံနာခံရန်၊ မရွေးချယ်ရန်၊ ဤကိစ္စရပ်အပေါ် မည်သည့် အတွေး၊ သို့မဟုတ် အားအင်မျှ မသုံးစွဲရန်နှင့် ထိုအရာနှင့်ပတ်သက်၍ စိတ်ဖိစီးခြင်း၊ ပူပန်သောကရောက်ခြင်း၊ သို့မဟုတ် စိုးရိမ်ခြင်း မရှိရန် ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်ကိုအတွက် မရွေးချယ်နိုင်ကြသည့်အတွက် ဤကိစ္စရပ်အပေါ် အလွန်များသော အားအင်နှင့် အတွေး သုံးစွဲခြင်းသည် မိုက်မဲပြီး ဉာဏ်အမြော်အမြင်မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ လူတစ်ယောက် ဘယ်အချိန်မှာ ဘာရောဂါဖြစ်မယ်ဆိုတာက ဘုရားသခင်၏ အချုပ်အခြာအာဏာနဲ့ ကြိုတင်သတ်မှတ်မှုအောက်မှာ ရှိပြီး လူက ရွေးချယ်လို့မရဘူး၊ လူတွေက စိတ်ဆင်းရဲမှု၊ စိုးရိမ်ပူပန်မှုလို အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို လက်လွှတ်ပြီး ဒီအရာတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး သင်ခန်းစာယူဖို့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေသင့်တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားရင်း ကျွန်မ စိတ်နှလုံးထဲမှာ ရုတ်တရက် ဉာဏ်အလင်းရသွားတယ်။ ကျွန်မ ဖျားတဲ့အချိန်၊ ရောဂါပြင်းထန်မှုနဲ့ သေမယ့်အချိန်တွေအားလုံးက ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေထဲမှာ ရှိတယ်။ သေမှာကြောက်ရုံနဲ့ သေခြင်းကို ရှောင်လွှဲလို့မရသလို၊ သေချင်တိုင်းလည်း အလွယ်တကူ သေလို့မရဘူး။ ကျွန်မရဲ့ ပြင်းထန်တဲ့ရောဂါ၊ အကြောသေတာ ဒါမှမဟုတ် သေဆုံးခြင်းတို့ အားလုံးက ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ ဖြစ်တာမို့ ကျွန်မမှာ ဘုရားသခင်ကို မကျေမနပ်ပြောဖို့၊ တောင်းဆိုဖို့ အခွင့်အရေးမရှိဘူး။ ယောဘက ဖျားနာမှုနဲ့ ဘေးဒုက္ခတွေ ကြုံရတဲ့အခါမှာ ဘုရားသခင်ကို မကျေမနပ်မပြောခဲ့သလို ယုံကြည်ခြင်းလည်း မပျက်ခဲ့ဘူး။ အဲဒီအစား သူက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းပြီး “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) ကျွန်မကတော့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရေလောင်းခြင်းနဲ့ ထောက်ပံ့မှုတွေ အများကြီးကို မွေ့လျော်ခံစားခဲ့ရတော့ ဖျားနာမှုနဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်ဆီက ဘာမှ မတောင်းဆိုသင့်ဘူး။ ဘုရားသခင်က ကျွန်မရောဂါကို ဖယ်ရှားပေးတာဖြစ်ဖြစ်၊ ထာဝရ ကျွန်မနဲ့အတူ ရှိခွင့်ပေးတာဖြစ်ဖြစ်၊ ဒါအားလုံးက ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့ ရည်ရွယ်ချက်ဖြစ်ပြီး ကျွန်မ မကျေမနပ်မပြောသင့်ဘူး၊ မတောင်းဆိုသင့်ဘူး။ တစ်နေ့မှာ ကျွန်မ အကြောသေသွားရင်တောင်၊ သေခြင်းနဲ့ ရင်ဆိုင်ရရင်တောင် ဖန်ဆင်းရှင်ရဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံနေဦးမှာပဲ။ အခု ကျွန်မလုပ်ရမှာက ရောဂါနဲ့ သေခြင်းကို မှန်မှန်ကန်ကန် ရင်ဆိုင်ဖို့၊ စိတ်ဆင်းရဲမှု၊ စိုးရိမ်ပူပန်မှုတွေကို လက်လွှတ်ပြီး၊ အရာအားလုံးကို ဘုရားသခင်ဆီ အပ်နှံဖို့ပဲ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်းမှာ ကျွန်မလို ရောဂါမျိုးရှိတဲ့လူတွေ၊ အသက်ကြီးတာဖြစ်ဖြစ်၊ ငယ်တာဖြစ်ဖြစ်၊ ရောဂါစောစောရဖြစ်ဖြစ်၊ နောက်ကျမှရတာဖြစ်ဖြစ်၊ သူတို့ထဲက အများစု သေဆုံးသွားပုံကို ကျွန်မ ပြန်ပြီး ဆင်ခြင်သုံးသပ်မိတယ်။ ဘုရားသခင်ရဲ့ ကာကွယ်ခြင်းသာ မရှိခဲ့ရင် ကျွန်မ ဒီနေ့ အသက်ရှင်နေမှာ မဟုတ်ဘူး။ ဒီနေ့ ကျွန်မ အသက်ရှင်နေပြီး ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရေလောင်းခြင်းကို ဒီလောက်အများကြီး ခံစားနေရတာကကို ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။ ဒီအရာတွေကို နားလည်သွားတော့ ဘယ်အချိန်သေနိုင်မလဲဆိုတာကို မကြောက်တော့ဘဲ၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ဆန္ဒရှိလာခဲ့တယ်။ အဲဒီနောက်မှာ နေ့တိုင်း ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို စားသောက်၊ ချင့်ချိန်စဉ်းစား၊ အတွေ့အကြုံဆိုင်ရာ ဆောင်းပါးတွေ ရေးတာကို အာရုံစိုက်ခဲ့ပြီး၊ ရောဂါဘယ်လောက်ပဲ ပြင်းထန်ပါစေ ကျွန်မ ဆုတောင်းတယ်၊ ဘုရားနှုတ်ကပတ်တော်ကို စားသောက်တယ်၊ စုဝေးပွဲတွေတက်ပြီး ကိုယ့်တာဝန်တွေကို ပုံမှန်အတိုင်းပဲ ထမ်းဆောင်ခဲ့တယ်။ တစ်ခါတလေ ရောဂါပြင်းပြင်းထန်ထန်ပြန်ဖြစ်လာတဲ့အခါမှာတော့ ကျွန်မ ဘုရားသခင်ကို ဆုတောင်းပြီး ကိုယ်တော့်ဆီကို တိုးဝင်ချဉ်းကပ်တယ်၊ ကျွန်မနှလုံးသားကို ကျိုးနွံနာခံခြင်းမှာ ရှိစေဖို့ တောင်းလျှောက်တယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မစိတ်ထဲက မသန့်စင်တဲ့ ရည်ရွယ်ချက်တွေကို အဆက်မပြတ် ဆင်ခြင်သုံးသပ်ပြီး အသိအမှတ်ပြုတယ်၊ အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ချက်ချင်း ရှာဖွေခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်ရင်းနဲ့ ဘုရားသခင်နဲ့ ကျွန်မရဲ့ဆက်ဆံရေးက ပိုပြီး ရင်းနှီးလာတယ်၊ ဒီရောဂါက ကျွန်မအတွက် အရမ်းကြီးမားတဲ့ အကာအကွယ်တစ်ခုလို့ ခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ သိတောင်မသိလိုက်ဘဲနဲ့ ကျွန်မတစ်ကိုယ်လုံးက နာကျင်မှုတွေ သက်သာလာပြီး သွေးပေါင်ချိန်နဲ့ သွေးတွင်းသကြားဓာတ်လည်း ပုံမှန်ပြန်ဖြစ်သွားတယ်။ ဒါက ကျွန်မအတွက် ဘုရားသခင်ရဲ့ သနားကရုဏာနဲ့ ကာကွယ်ခြင်းပဲဆိုတာကို ကျွန်မ သိခဲ့ပြီး၊ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ပိုပြီး ဖတ်ခဲ့တယ်။ “ငါ့ကို ပြောလော့၊ ကမ္ဘာအနှံ့ရှိ ဘီလီယံနှင့်ချီသော လူများထဲတွင် မည်သူသည် အလွန်များသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရန်၊ အသက်၏ အလွန်များသည့် သမ္မာတရားများစွာကို သိနားလည်ပြီး အလွန်များသည့် နက်နဲမှုများစွာကို နားလည်ရန် အလွန် ကောင်းချီးခံစားရသနည်း။ ထိုသူတို့ထဲမှ မည်သူသည် ဘုရားသခင်၏ လမ်းပြမှု၊ ထောက်ပံ့မှု၊ သူ၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာမှုတို့ကို ကိုယ်တိုင်ကိုယ်ကျ ရရှိပါသနည်း။ မည်သူသည် အလွန် ကောင်းချီးခံစားရသနည်း။ အလွန် နည်းပါး၏။ ထို့ကြောင့် ယနေ့တွင် ဘုရားအိမ်တော်၌ အသက်ရှင်နေနိုင်ကြသည့်၊ သူ၏ ကယ်တင်ခြင်းကို ရရှိပြီး သူ၏ ထောက်ပံ့မှုကို ရရှိနေနိုင်ကြသည့် သင်တို့ အနည်းငယ်သည် ထိုအရာအားလုံးကို ရရှိသောကြောင့် ယခု သေမည်ဆိုလျှင်ပင် တန်ပေသည်။ သင်တို့သည် အလွန် ကောင်းချီးခံစားကြရ၏၊ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) ထိုအရာကို ဤရှုထောင့်အမြင်မှ ကြည့်သည့်အခါ သေခြင်းနှင့်ဆိုင်သည့် ကိစ္စအားဖြင့် သင်တို့ အလွန့်အလွန် မကြောက်လန့်သင့်သကဲ့သို့ ထိုအရာအားဖြင့် ဘောင်ခတ်မခံသင့်ကြပေ။ လောက၏ ဂုဏ်အသရေနှင့် ကြွယ်ဝချမ်းသာမှု တစ်ခုတလေကို သင်မမွေ့လျော်ရသေးသော်လည်း ဖန်ဆင်းရှင်၏ သနားခြင်း ကရုဏာကို ရရှိပြီးဖြစ်ကာ အလွန်များသည့် ဘုရားနှုတ်ကပတ်တော်များကို ကြားရပြီးဖြစ်သည်။ ဤသည်မှာ အလွန့်အလွန် ပျော်ရွှင်ဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤဘဝတွင် နှစ်ပေါင်းမည်မျှကြာ သင် အသက်ရှင်သည်ဖြစ်စေ၊ ဘုရားအမှုတော်ရှိ သင်၏ တာဝန်ကို သင် စဉ်ဆက်မပြတ် ထမ်းဆောင်နေပြီးဖြစ်သောကြောင့်၊ သမ္မာတရားကို သင်နားလည်ပြီးဖြစ်သောကြောင့်၊ အသက်၏ နက်နဲမှုများကို နားလည်ပြီးဖြစ်ကာ ဘဝတွင် သင် လိုက်စားသင့်သည့် လမ်းကြောင်းနှင့် ပန်းတိုင်များကို နားလည်ပြီးဖြစ်သောကြောင့် အားလုံး တန်နေကာ သင်သည် အလွန်များစွာ ရရှိပြီးဖြစ်သဖြင့် သင့်ထံတွင် နောင်တမရှိပေ။ သင်သည် အကျိုးရှိသော ဘဝတစ်ခုကို အသက်ရှင်ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ကျွန်မ စိတ်ထိခိုက်ပြီး မျက်ရည်တွေ ကျလာတယ်။ ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ နောက်ဆုံးသောခေတ်မှာ ဘုရားသခင်ရဲ့ အသံတော်ကို ကြားရတာဟာ၊ ဘုရားသခင်ရဲ့ ကြည့်ရှုစောင့်ရှောက်ခြင်းနဲ့ ကာကွယ်ခြင်းအောက်မှာ အသက်ရှင်ရတာဟာ၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်အများကြီးရဲ့ ထောက်ပံ့ခြင်းနဲ့ ရေလောင်းခြင်းတွေ ကို မွေ့လျော်ခံစားရတာဟာ၊ သမ္မာတရားရဲ့ နက်နဲမှုတွေ အများကြီးကို နားလည်ခွင့်ရတာဟာ၊ သမိုင်းတစ်လျှောက်က လူတွေ မွေ့လျော်ခံစားရတာမျိုး မရှိခဲ့ရဖူးတဲ့ ကောင်းချီးမင်္ဂလာတွေကို ခံစားခွင့်ရတာဟာ ကျွန်မ ကံကောင်းခဲ့တယ်။ အခုသေသွားမယ်ဆိုရင်တောင် သေပျော်ပါတယ်။ ကျွန်မ အသက်ရှင်နေသေးတဲ့အတွက် ကျန်ရှိနေတဲ့ နေ့ရက်တိုင်းကို တန်ဖိုးထားပြီး ကိုယ့်တာဝန်တွေကို ဝီရိယရှိရှိ ထမ်းဆောင်ရမယ်။ ကျွန်မရဲ့နာကျင်မှုက တစ်နေ့ထက်တစ်နေ့ သက်သာလာတယ်၊ ခြေထောက်အဆစ်တွေက ရောင်ရမ်းတာ အများကြီး လျော့ကျသွားတယ်၊ ညာဘက်ခြေကျင်းဝတ်အဆစ်က ပြောရရင် ပုံမှန်ပြန်ဖြစ်သွားပြီး၊ တစ်ကိုယ်လုံးက နာကျင်မှုတွေလည်း လျော့ပါးသွားတယ်။ ညီအစ်ကိုမောင်နှမတွေက ပြောကြတယ်၊ ကျွန်မ မျက်နှာက ပိုစိုပြေလာတယ်၊ ကျန်းမာတော့ လူကဝင်းနေပြီး လုံးလုံးကို လူသစ်တစ်ယောက်လို ဖြစ်သွားတယ်တဲ့။ ကျွန်မ အရမ်းကို စိတ်လှုပ်ရှားမိပြီး၊ စိတ်နှလုံးထဲမှာ ကိုယ်တော့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို အဆက်မပြတ် ကျေးဇူးတင်နေမိတယ်။

နောက်ဆုံးမှာ ရောဂါရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့် ဘုရားသခင်ကို ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်မရဲ့အမြင်တွေက မှားယွင်းခဲ့တာကို ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မက ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့တာဝန်တွေနဲ့ ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းရမဲ့အစား ကောင်းချီးမင်္ဂလာတွေကို လိုက်စားပြီး ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကိုယ့်တာဝန်တွေကို အသုံးချနေခဲ့တာ၊ ဒီလိုနဲ့ ပုံမှန်လူတစ်ယောက်ရဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားကို ဆုံးရှုံးခဲ့တာကို ကျွန်မ နောက်ဆုံးမှာ နားလည်ခဲ့တယ်။ ဒီနေ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် နားလည်မှုတချို့နဲ့ လိုက်စားမှုနဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့မှားယွင်းတဲ့အမြင်တွေမှာ အပြောင်းအလဲတချို့ ရှိလာခဲ့တယ်။ ဒါတွေဟာ ဘုရားနှုတ်ကပတ်တော်ရဲ့ ရလဒ်တွေဖြစ်ပြီး ဒါ့အပြင် ဒါတွေဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာပါပဲ။ ဘုရားသခင်ရဲ့ကယ်တင်ခြင်းအတွက် ကျေးဇူးတင်ပါတယ်။

အရှေ့သို့-  ၁၄။ မိမိတာဝန်၌ စိတ်မချရခြင်း၏ အကျိုးဆက်များ

နောက်တစ်ခုသို့-  ၁၆။ ဘဝမှာရှိတဲ့ အသေးအဖွဲကိစ္စတွေဟာလည်း သင်ယူစရာ အခွင့်အလမ်းတွေ ဖြစ်ပါတယ်

သက်ဆိုင်သည့် အကြောင်းအရာ

၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger