၂၇။ အလွန်အကျွံ မနာလိုခြင်းရဲ့ အကျိုးဆက်များ

ချင်းမော့၊ တရုတ်ပြည်

၂၀၁၆ ခုနှစ်မှာ ကျွန်မက အသင်းတော်မှာ ဗီဒီယိုတွေ ဖန်တီးနေခဲ့တယ်။ ညီအစ်မ ရှင်းချန်က အတော်ကလေး ဗီဒီယိုတွေ ပိုထုတ်လုပ်တာကို ကျွန်မ သတိပြုမိတယ်၊ ကျွန်မတို့ ဆွေးနွေးတဲ့အခါ သူ့ရဲ့အမြင်တွေကို အများအားဖြင့် လက်ခံကျင့်သုံးကြပြီး ကြီးကြပ်ရေးမှူးကလည်း သူ့အမြင်တွေကို မျှဝေဖို့ ခဏခဏ တောင်းဆိုတယ်။ သူက အချိန်အကြာကြီး လေ့ကျင့်ထားပြီး နည်းစနစ်ပိုင်း ကျွမ်းကျင်တယ်လို့ ကျွန်မ ယူဆခဲ့တယ်၊ ဒါကြောင့် ကျွန်မ တွေးမိတယ်၊ ‘ငါက ဒီနေရာမှာ လူသစ်ဖြစ်တဲ့အတွက် သူ့ဆီကနေ ပိုပြီး သင်ယူသင့်တယ်’ လို့ပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ ရှင်းချန်က ဒီကိုရောက်တာ နှစ်လပဲ ရှိသေးတယ်ဆိုတာ ကျွန်မ သိလိုက်ရတော့၊ ကျွန်မ စပြီး တွေးလာတယ်၊ “ငါတို့နှစ်ယောက်လုံး ဒီမှာ တာဝန်စပြီးထမ်းဆောင်တာ အချိန်အတူတူလောက်ပဲ။ တခြားသူတွေက ငါ့ကို သူနဲ့ နှိုင်းယှဉ်ကြမလားပဲ။ သူက လူတိုင်းရဲ့ အသိအမှတ်ပြုမှုကို ရနိုင်ရင် ငါက သူ့ထက် မညံ့နိုင်ဘူး၊ မဟုတ်ရင် လူတွေက ငါ့ကို အထင်သေးကြလိမ့်မယ်” လို့ပေါ့။ အဲဒီနောက်မှာတော့ ကျွန်မက ရှင်းချန်လုပ်ထားတဲ့ ဗီဒီယိုတွေကို တမင်တကာ ကြည့်ခဲ့ပေမဲ့ သီးသန့် ထူးထူးခြားခြား ဘာမှ မတွေ့ခဲ့ရတော့ သူ့ရဲ့အရည်အချင်းတွေက သိပ်ထူးခြားတာမဟုတ်ဘူး၊ ငါလည်း အဲဒီအဆင့်ကို ရောက်နိုင်သင့်တယ်လို့ တွေးခဲ့တယ်။ ကျွန်မက ရှင်းချန်ထက် လုပ်နိုင်စွမ်းနည်းနည်းမှ မလျော့ဘူးဆိုတာကို သက်သေပြဖို့၊ ဗီဒီယိုတွေရဲ့ တင်ဆက်မှုပုံစံကို ဆွေးနွေးတဲ့အခါတိုင်း ကျွန်မက သေသေချာချာ တွေးဆခဲ့တယ်၊ သူ့ထက်ပိုပြီး အတွေးအခေါ်ကြွယ်ဝတဲ့ ထိုးထွင်းအမြင်တွေကို ပေးနိုင်ဖို့ ကြိုးစားရင်းပေါ့။ သူ့အမြင်တွေက သင့်တော်တဲ့အချိန်မှာတောင်၊ သူ့အမြင်တွေအပေါ်မှာ ကျွန်မရဲ့ ကိုယ်ပိုင်ထိုးထွင်းအမြင်တွေကို ထပ်ပေါင်းထည့်တုန်းပဲ။ ကျွန်မက သူ့ထက် ကိစ္စတွေကို ပိုပြီး ပြည့်ပြည့်စုံစုံစဉ်းစားတယ်လို့ လူတိုင်း ထင်အောင်လို့ပေါ့။

တစ်ခါက ရှင်းချန်လုပ်ထားတဲ့ ဗီဒီယိုတစ်ခုက တော်တော်ကောင်းတာကို ကျွန်မ တွေ့ခဲ့တယ်။ ကြည့်ရတာ ထူးခြားပြီးအားရဖို့ကောင်းတယ်။ ကျွန်မစိတ်နှလုံးထဲမှာ အလျှော့ပေးလိုက်ရတာတောင်မှ၊ သူ့ဗီဒီယိုကောင်းတယ်လို့ ဝန်ခံရတဲ့အတွေးက လူလယ်ကောင်မှာ ကိုယ့်ပါးကိုယ်ရိုက်သလို ခံစားရပြီး၊ ကျွန်မ အဲဒါကို လုံးဝ မလုပ်နိုင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ခဲ့တယ်၊ “ငါသာ စိတ်နှလုံးနှစ်ပြီးနည်းနည်းလုပ်လိုက်ရင် သူ့ထက် ဘာမှညံ့မှာမဟုတ်ဘူး” လို့ တွေးပြီးပေါ့။ အဲဒီနောက်မှာတော့ ဗီဒီယိုတွေလုပ်တဲ့နေရာမှာ အထူးတလည် ကျေကျေပွန်ပွန် လုပ်ခဲ့တယ်၊ အသားပေးအချက်တွေကို ထပ်ခါတလဲလဲ စဉ်းစားပြီး၊ အကျိုးသက်ရောက်မှုကောင်းအောင် ဘယ်လိုတည်းဖြတ်မလဲဆိုတာကို ထည့်သွင်းစဉ်းစားခဲ့တယ်။ အတန်အသင့် အပင်ပန်းခံလုပ်ပြီးတဲ့နောက်မှာတော့ ကျွန်မ ဗီဒီယိုတချို့ ထုတ်လုပ်ခဲ့တယ်၊ ရှင်းချန်ကို ဒါတွေစစ်ဆေးခိုင်းတဲ့အခါ သူက ဘာပြဿနာမှ မတွေ့ခဲ့ဘူး၊ ဒါကြောင့် သူ့ရဲ့ကျွမ်းကျင်မှုအဆင့်က ကျွန်မနဲ့ အတူတူလောက်ပဲလို့ ကျွန်မ ယုံကြည်မှုရှိခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးက ကျွန်မကို လမ်းပြကူညီပေးဖို့ ရှင်းချန်ကို တောင်းဆိုခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါတို့နှစ်ယောက်လုံး အတူတူလောက်ပဲ စခဲ့တာ၊ ဘာလို့ သူက ငါ့ကို လမ်းပြပေးရမှာလဲ။ ကြီးကြပ်ရေးမှူးက ငါ့ကို သူ့လောက်မတော်ဘူးလို့ ထင်နေတာဖြစ်မှာ” လို့ပေါ့။ ကျွန်မစိတ်နှလုံးထဲမှာ လုံးဝ လက်မခံနိုင်ခဲ့ဘူး။ “ငါသာ သူ့ဆီကနေ ကျိုးကျိုနွံနွံ သင်ယူလိုက်ရင် ငါက သူ့ထက်ညံ့တယ်လို့ ဝန်ခံလိုက်သလို ဖြစ်သွားမှာပဲ၊ အနာဂတ်မှာ ငါ ကောင်းကောင်းလုပ်နိုင်ရင်တောင် လူတိုင်းက သူ့ကိုပဲ ဂုဏ်ပြုကြမှာ။ ငါ အဲဒီလို အဖြစ်မခံနိုင်ဘူး” လို့ တွေးမိတယ်။ ဒါကြောင့် ရှင်းချန်နဲ့ ဗီဒီယိုတင်ဆက်မှုပုံစံကို ဆွေးနွေးတဲ့အခါ၊ သူ့ရဲ့အမြင်တွေကို လုံးဝ ဂရုမစိုက်ခဲ့ဘဲ ပေါ့ပေါ့တန်တန်ပဲ ပယ်ချခဲ့တယ်။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မအမြင်တွေကို မျှဝေတဲ့အခါကျတော့ ရှင်းချန်က အရမ်းဂရုတစိုက် နားထောင်ခဲ့ပြီး၊ သူ ရှင်းရှင်းလင်းလင်းမမြင်နိုင်တဲ့နေရာတွေကို ခဏခဏ တင်ပြတတ်ပြီး ဒါတွေအပေါ် ကျွန်မရဲ့အကြံဉာဏ်ကို တောင်းခံခဲ့တယ်။ ကျွန်မက ဒါကို ငါက သူ့ထက်ပိုသိတယ်ဆိုတဲ့ လက္ခဏာတစ်ခုအဖြစ် မှတ်ယူပြီး သူ့ကို ကျွန်မရဲ့အာရုံစိုက်မှုနဲ့ မထိုက်တန်ဘူးလို့ သဘောထားခဲ့တယ်။ မကြာခင်မှာပဲ ရှင်းချန်က တခြားနေရာတစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ ရာထူးတိုးသွားတော့၊ ကျွန်မ ဝမ်းလည်းသာတယ်၊ မနာလိုလည်းဖြစ်တယ်။ သူ့ရာထူးတိုးတာကို မနာလိုဖြစ်ပေမဲ့၊ တစ်ချိန်တည်းမှာပဲ သူထွက်သွားတာက ကျွန်မအတွက် ပြိုင်ဘက်တစ်ယောက်နည်းသွားတာမို့လို့ တိတ်တဆိတ် ဝမ်းသာနေခဲ့တယ်။

ရှင်းချန်ထွက်သွားပြီးတဲ့နောက်မှာ၊ တစ်ခါက ကျွန်မတို့ ဗီဒီယိုတစ်ခုရဲ့တင်ဆက်မှုပုံစံကို ဆွေးနွေးနေကြတယ်။ တချို့ကိစ္စတွေက ရှင်းရှင်းလင်းလင်းမြင်ဖို့ခက်တော့ ခဏခဏ အဟန့်အတားတွေဖြစ်ပြီး တိုးတက်မှု နှေးကွေးစေခဲ့တယ်။ ကျွန်မ မတွေးဘဲ မနေနိုင်ခဲ့ဘူး၊ “အရင်တုန်းက ကြီးကြပ်ရေးမှူးက ရှင်းချန်ကို ငါ့ကိုကူညီဖို့၊ သူ့အတွေ့အကြုံကို ငါတို့နဲ့ မိတ်သဟာယဖွဲ့ဖို့ တောင်းဆိုခဲ့တုန်းက၊ ငါ ပယ်ချခဲ့တယ်၊ သူသိသမျှအကုန် ငါလည်းနားလည်တယ်၊ သူ အဖွဲ့ထဲမှာ ရှိရှိမရှိရှိ အရေးမကြီးဘူးလို့ထင်ပြီးပေါ့။ အခု ရှင်းချန်ထွက်သွားရုံပဲရှိသေးတယ်၊ ငါတို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီ။ တကယ်တော့ စည်းမျဉ်းတွေအပေါ် ငါ့ရဲ့နားလည်မှုက အကန့်အသတ်ရှိနေတာပဲ။ ကြီးကြပ်ပြီး ပဲ့ကိုင်ပေးမဲ့သူမရှိရင် ငါ စံနှုန်းပြည့်တဲ့ဗီဒီယိုတစ်ခုကို လုံးဝ မထုတ်လုပ်နိုင်ဘူး” လို့ပေါ့။ အဲဒီအချိန်မှာ ကျွန်မ ဘယ်လောက်တောင် မာနကြီးနေခဲ့သလဲဆိုတာကို ခံစားမိပြီး၊ ရှင်းချန်ရှိနေတာကို ကျွန်မ စပြီး လွမ်းလာတယ်၊ နောက်ထပ်လူတစ်ယောက်၊ နောက်ထပ်အကြံဉာဏ်အစုံတစ်ခုကို ကိုးကားဖို့ရှိရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးမိတယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တချို့ကို သတိရလိုက်တယ်။ “သင်တို့သည် ဘုရားသခင်၏အမှုအလို့ငှာ၊ အသင်းတော်၏ အကျိုးအတွက်နှင့် သင်တို့၏ ညီအစ်ကို မောင်နှမများကို ရှေ့သို့ လှုံ့ဆော်ပေးရန်အလို့ငှာ သဟဇာတကျသော ပူးပေါင်းဆောင်ရွက်မှုကို ရယူဖန်တီးရမည်။ သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အရေးထားမှု ပြသရန်အလို့ငှာ တစ်ဦးက နောက်တစ်ဦးကို ပြုပြင်၍ ပိုမိုကောင်းမွန်သော အလုပ်၏အကျိုးရလဒ်သို့ ရောက်ရှိကာ အချင်းချင်း ညှိုနှိုင်းလုပ်ဆောင်သင့်သည်။ ဤသည်မှာ မှန်ကန်သော ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ယင်း၌ ပါဝင်သောသူများသာ စစ်မှန်သောဝင်ရောက်မှုကို ရရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့) ကျွန်မ ရုတ်တရက် သဘောပေါက်သွားတယ်၊ ဘုရားသခင်က ကျွန်မကို ရှင်းချန်နဲ့အတူ အလုပ်လုပ်ဖို့ စီစဉ်ပေးခဲ့တာ ဗီဒီယိုတွေကို ပိုကောင်းအောင်လုပ်ဖို့အတွက် တစ်ယောက်ရဲ့အားသာချက်နဲ့ တစ်ယောက်ရဲ့အားနည်းချက်ကို အပြန်အလှန် ဖြည့်ဆည်းနိုင်အောင်လို့ပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့သုံးလေးလအတွင်းမှာ ကျွန်မ လုပ်သင့်လုပ်ထိုက်တာကို အာရုံစိုက်မနေခဲ့ဘဲ၊ သူ့နဲ့ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ပြီး ကိုယ့်အရည်အချင်းတွေကို ကြွားဝါဖို့ပဲ အာရုံစိုက်ခဲ့တယ်၊ သူ့ကို ဖယ်ကျဉ်ပြီး သူနဲ့ ပူးပေါင်းမဆောင်ရွက်ခဲ့ဘူး။ အခု ရှင်းချန်ထွက်သွားတော့ သူ့ဆီကနေ သင်ယူဖို့ ကျွန်မမှာ အခွင့်အရေးမရှိတော့ဘူး။ ဒီအချိန်မှာ အဲဒီတုန်းက ဒီလောက်တောင် ကျိုးကြောင်းမဆီလျော်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။

ကျွန်မရဲ့ ရှာဖွေမှုမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို တွေ့ခဲ့တယ်။ “လူအချို့သည် အခြားသူများက မိမိတို့ထက် ပို၍ သာလွန်သည်ကိုလည်းကောင်း၊ မိမိတို့ထက် ပို၍ မြင့်မားသည်ကိုလည်းကောင်း၊ မိမိတို့က ပစ်ပယ်ခြင်း ခံရသော်လည်း အခြားသူများက အသိအမှတ်ပြုခြင်း ခံရမည်ကိုလည်းကောင်း အစဉ် စိုးရွံ့ကြသဖြင့် ၎င်းတို့သည် အခြားလူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်ကြလေသည်။ ဤသည်မှာ ပါရမီရှိသူများအား မနာလိုဖြစ်ခြင်း မဟုတ်လော။ ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုမုန်းထားစိတ် ဖြစ်၏။ အခြားသူများအတွက် မတွေးဘဲ၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထည့်မတွက်ဘဲ ကိုယ်ကျိုးအတွက်ကိုသာ စဉ်းစားသည့်သူများ၊ မိမိ၏ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းသည့်သူများတွင် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် နှစ်သက်ခြင်း မရှိပါ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်)အန္တိခရစ်များ၏ အသိသာအထင်ရှားဆုံး စိတ်သဘောထားမှာ အဘယ်နည်း။ ဆိုလိုသည်မှာ ၎င်းတို့နှင့် သင်ထိတွေ့ဆက်ဆံသောအခါ ၎င်းတို့၏ စကားတစ်ခွန်း၊ နှစ်ခွန်းကို ကြားရုံမျှဖြင့် သင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည့် စိတ်သဘောထားမှာ အဘယ်နည်း။ မာနထောင်လွှားခြင်း ဖြစ်သည်။...၎င်းတို့သည် မောက်မာပြီး ၎င်းတို့ကိုမီသည့်သူ မည်သူမျှမရှိဟု ယုံကြည်သောကြောင့်၊ ဤအကြောင်းပြချက်ကြောင့် ၎င်းတို့သည် မိမိတို့ လုပ်ဆောင်သမျှတိုင်းတွင် မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်ရန်၊ သို့မဟုတ် ဆွေးနွေးရန် ဆန္ဒမရှိဟု ဆိုလျှင် တရားနည်းလမ်းကျပေသည်။ ၎င်းတို့သည် တရားဒေသနာများကို နားထောင်ကောင်း နားထောင်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်မှုကို မြင်တွေ့နိုင်သည်၊ သို့မဟုတ် တစ်ခါတစ်ရံတွင် ပြုပြင်ခြင်းခံရနိုင်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်းကို ဝန်ခံဖို့ မဆိုထားနှင့်၊ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြီး ပြစ်မှားပြီးဖြစ်သည်ကိုပင် ဝန်ခံမည်မဟုတ်ပေ။ ၎င်းတို့သည် သာမန်လူသာဖြစ်သည်၊ သာမန်အစွမ်းအစသာ ရှိသည်ကို နားမလည်နိုင်ပေ။ ထိုသို့သောအရာများကို ၎င်းတို့ နားမလည်နိုင်။ ၎င်းတို့ကို သင်မည်သို့ ပြုပြင်ပါစေ ၎င်းတို့က အစွမ်းအစကောင်းသည်၊ သာမန်လူတို့ထက် ပိုမြင့်သည်ဟု ထင်ဆဲဖြစ်လိမ့်မည်။ ဤသည်မှာ မျှော်လင့်ချက် မရှိတော့သည် မဟုတ်လော။ (ဟုတ်ပါသည်။) မျှော်လင့်ချက်မရှိတော့ပေ။ ယင်းမှာ အန္တိခရစ်တစ်ဦးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့်၊ ကျွန်မရဲ့အပြုအမူဟာ ဘုရားသခင်ဖော်ထုတ်ခဲ့တဲ့ အရည်အချင်းရှိသူကို မနာလိုခြင်းနဲ့ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ မာနထောင်လွှားမှုအတိအကျဖြစ်နေခဲ့တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့ရတယ်။ ကျွန်မ စရောက်လာခါစတုန်းကနဲ့ ဗီဒီယိုတွေစလုပ်ခါစကို ဆင်ခြင်သုံးသပ်ကြည့်တော့၊ ရှင်းချန်ကလည်း စဝင်ကာစဖြစ်ပေမဲ့ လူတိုင်းရဲ့အသိအမှတ်ပြုမှုကို ရနိုင်တာကို ကျွန်မ တွေ့ခဲ့ရတဲ့အခါ၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သူနဲ့ နှိုင်းယှဉ်ခဲ့ပြီး၊ သူလုပ်နိုင်ရင် ကျွန်မလည်းလုပ်နိုင်တယ်လို့ တွေးခဲ့တယ်။ ဗီဒီယိုတွေလုပ်တာပဲဖြစ်ဖြစ်၊ အမြင်တွေမျှဝေတာပဲဖြစ်ဖြစ်၊ ကျွန်မရဲ့ပါးနပ်မှုကို ကြွားဝါဖို့ ကျွန်မ ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့တယ်။ ရှင်းချန်ရဲ့အားသာချက်တွေကိုလည်း ကျွန်မ ဝန်ခံဖို့ ဆန္ဒမရှိခဲ့ဘူး။ သူ့ရဲ့ဗီဒီယိုလုပ်တဲ့ကျွမ်းကျင်မှုအဆင့်က ကျွန်မထက် ရှင်းရှင်းလင်းလင်း သာလွန်နေပြီး၊ ကျွန်မစိတ်ထဲမှာ ဒါကို ဝန်ခံပြီးသားဖြစ်ပေမဲ့၊ နှုတ်နဲ့တော့ ဝန်ခံဖို့ ငြင်းဆန်ခဲ့တယ်။ ကြီးကြပ်ရေးမှူးက ကျွန်မကို ပိုပြီးကူညီလမ်းပြဖို့ ရှင်းချန်ကို တောင်းဆိုခဲ့တာဟာ ကျွန်မက စည်းမျဉ်းတွေကို အမြန်နားလည်ပြီး ကိုယ့်ရဲ့ကျွမ်းကျင်မှုအဆင့်ကို တိုးတက်စေဖို့ဖြစ်ပေမဲ့၊ ကျွန်မက အဲဒါကို ကျွန်မအပေါ် အထင်သေးတဲ့လက္ခဏာတစ်ခုအဖြစ် မှတ်ယူခဲ့ပြီး၊ ရှင်းချန်ကို ထပ်ခါတလဲလဲ ပေါ့ပေါ့တန်တန် သဘောထားနဲ့ ဆက်ဆံခဲ့တယ်။ ကျွန်မရဲ့မနာလိုစိတ်ကြောင့်၊ ကျွန်မက တိုးတက်လိုတဲ့ ဆန္ဒမရှိဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ စွဲမြဲနေခဲ့ပြီး၊ သူနဲ့ပူးပေါင်းဆောင်ရွက်ရာကနေ ဘာတစ်ခုမှ မသင်ယူခဲ့ဘူး။ ဒါ့အပြင်၊ ကျွန်မက ဗီဒီယိုလုပ်တာကို လေ့ကျင့်ခါစပဲရှိသေးလို့ ကျွမ်းကျင်မှုပိုင်းမှာ ချို့ယွင်းချက်တွေအများကြီးရှိခဲ့ပေမဲ့၊ ကျွန်မက အရာရာကို သိနေသလိုမျိုး ခံစားနေခဲ့ပြီး၊ မျက်စိစုံမှိတ်ပြီး ခေါင်းမာမာနဲ့ မာနကြီးနေခဲ့တုန်းပဲ။ ရှင်းချန်က ဗီဒီယိုလုပ်တာမှာ ကျွန်မထက်ပိုတော်ပြီး၊ သူကပင် ကျွန်မဆီကနေ နှိမ့်ချစွာ လမ်းပြမှုတောင်းခံပြီး ကိစ္စတွေကို ဆွေးနွေးနိုင်ခဲ့ပေမဲ့၊ ကျွန်မက သူ့ရဲ့အားသာချက်တွေကို လျစ်လျူရှုခဲ့ပြီး ရှက်စရာကောင်းလောက်အောင် ကျွန်မက သူ့ထက်ပိုတော်တယ်လို့တောင် ယုံကြည်ခဲ့တယ်။ ကျွန်မမှာသာ ကိုယ့်ရဲ့မလုံလောက်မှုတွေကို ဝန်ခံနိုင်ဖို့၊ ကိုယ့်မာနကို ဘေးဖယ်ထားပြီး ရှင်းချန်ဆီကနေ သင်ယူဖို့ ဆင်ခြင်တုံတရား နည်းနည်းလေးရှိခဲ့ရင်တောင်၊ ကျွန်မဟာ အခုလိုမျိုး ခိုကိုးရာမဲ့ပြီး သနားစရာကောင်းနေမှာမဟုတ်ဘူး။ ဒါကို သဘောပေါက်တော့ ကျွန်မ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်မ လုပ်သင့်လုပ်ထိုက်တာကို အာရုံစိုက်မနေခဲ့ဘဲ ကိုယ်တော်ရဲ့ အပင်ပန်းခံထားတဲ့ရည်ရွယ်ချက်ကို စိတ်ပျက်စေမိခဲ့ပါတယ်။ အခုအချိန်အထိတောင် ကျွန်မ ကျွမ်းကျင်မှုတွေကို မပိုင်နိုင်သေးဘဲ၊ အဲဒါက ကျွန်မတာဝန်ကို နှောင့်နှေးစေခဲ့ပါတယ်။ ကျွန်မ နောင်တရဖို့ ဆန္ဒရှိပါတယ်” လို့ပေါ့။

နှစ်နှစ်ကြာပြီးတဲ့နောက်မှာ၊ ဝမ်လုလို့ခေါ်တဲ့ ကြီးကြပ်ရေးမှူးအသစ်တစ်ယောက် ခန့်အပ်ခံခဲ့ရတယ်။ အရင်က ကျွန်မက ဝမ်လုရဲ့အလုပ်ကို တာဝန်ယူခဲ့ဖူးပေမဲ့၊ အခု သူက ကျွန်မအလုပ်ကို နောက်ဆက်တွဲလိုက်ပြီး ကြီးကြပ်ပေးရတဲ့ ကြီးကြပ်ရေးမှူးဖြစ်လာတော့၊ ကျွန်မ တော်တော်လေး မသက်မသာ ခံစားခဲ့ရတယ်။ “ငါက သူ့ထက် တာဝန်ထမ်းဆောင်နေတာ ပိုကြာပေမဲ့၊ သူက ရောက်ရောက်ချင်း ကြီးကြပ်ရေးမှူးဖြစ်လာတယ်။ ညီအစ်ကိုမောင်နှမတွေက ငါ့ကို လေ့ကျင့်ချိန်ပိုကြာပေမဲ့ လူသစ်တစ်ယောက်လောက်တောင် မတော်ဘူးလို့ ထင်ကြမှာလား”လို့ ကျွန်မတွေးမိတယ်။ ကျွန်မ ကြီးကြပ်ရေးမှူးဖြစ်ဖို့ ဘယ်တော့မှမရည်ရွယ်ခဲ့ပေမဲ့၊ အထင်သေးခံလည်း မခံချင်ခဲ့ဘူး။ ဒါကြောင့် ကျွန်မက ညီအစ်မတစ်ယောက်ကို ဝမ်လုအပေါ် သူ့အမြင်ကို စမ်းသပ်ပြီး မေးကြည့်တော့၊ ဝမ်လုက စည်းမျဉ်းတွေကို တော်တော်လေး ကောင်းကောင်းနားလည်ပြီး သူလုပ်တဲ့ဗီဒီယိုတွေရဲ့ရလဒ်တွေကလည်း တော်တော်လေးကောင်းတယ်လို့ ညီအစ်မက ပြောခဲ့တယ်။ ဒါကိုကြားတော့ ကျွန်မ လက်မခံနိုင်ဖြစ်ပြီး သူ တကယ်ပဲ အဲဒီလောက်ကောင်းတယ်ဆိုတာကို မယုံနိုင်ခဲ့ဘူး။ အဲဒီနောက်မှာတော့ ကျွန်မရဲ့စိတ်ထဲက မညီမျှမှုကို ပြန်လည်ပြင်ဆင်ဖို့ ဝမ်လုဆီမှာ အသေးအဖွဲပြဿနာတွေကိုတောင် အဆက်မပြတ် ရှာဖွေနေခဲ့တယ်။ တစ်ညနေမှာ၊ ဝမ်လုက ကျွန်မတို့အလုပ်ထဲက ကိစ္စတွေကို အကျဉ်းချုပ်ဖို့ ရောက်လာတော့၊ သူ့ရဲ့အဆင့်က အတိအကျ ဘယ်လောက်ရှိလဲဆိုတာကို ကျွန်မ သိချင်လို့၊ သူ မိတ်သဟာယဖွဲ့တာကို စောင့်နေခဲ့တယ်။ ဒါပေမဲ့ သူက အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့တယ်။ ကျွန်မ တွေးမိတယ်၊ “ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ ဘာလို့ အစပျိုးမပေးတာလဲ။ နင်က နာမည်ခံ ကြီးကြပ်ရေးမှူးသက်သက်ပဲ ဖြစ်ပုံရတယ်။ ဒီအလုပ်နည်းနည်းလေးတောင်မှ နင် မစီစဉ်နိုင်ဘူး” လို့ပေါ့။ အဲဒီနောက်မှာတော့ ကျွန်မက ညီအစ်မတွေကို ဝမ်လုက သူ့တာဝန်တွေမှာ တက်ကြွမှုမရှိဘူး၊ ထိရောက်မှုမရှိဘူးလို့ တမင်တကာ ပြောခဲ့တော့၊ သူတို့က ကျွန်မအမြင်ကို သဘောတူခဲ့ကြတယ်။ သူ့ကံဆိုးမှုမှာ ကျွန်မ နည်းနည်း ပျော်ရွှင်မိတယ်၊ တွေးမိတယ်၊ “သူ အခု အလေးစားခံနေရပေမဲ့၊ သူ့ရဲ့အလုပ်လုပ်နိုင်စွမ်းက ဘယ်လိုနည်းနဲ့မှ အထင်ကြီးစရာမကောင်းဘူး။ သူ ကြီးကြပ်ရေးမှူးအခန်းကဏ္ဍကို အကြာကြီး ကိုင်တွယ်နိုင်မှာမဟုတ်လောက်ဘူး။ အဲဒီအချိန်ကျရင် ညီအစ်ကိုမောင်နှမတွေက ငါ့မှာ ကြီးကြပ်ရေးမှူးဖြစ်ဖို့ အရည်အသွေးမရှိပေမဲ့၊ အနည်းဆုံးတော့ ငါ့တာဝန်မှာ ငါက အားကိုးထိုက်ပြီး ယုံကြည်ရတယ်၊ သူ့ထက်မညံ့ဘူးလို့ ထင်ကြမှာပဲ” လို့ပေါ့။ နောက်ထပ်စုဝေးပွဲတစ်ခုမှာ၊ ဝမ်လုက ကျွန်မရဲ့အခြေအနေအကြောင်း မေးတော့၊ ကျွန်မက အရမ်းကို ပေါ့ပေါ့တန်တန်အဖြေတစ်ခု ပေးခဲ့တယ်၊ အဲဒါက သူ ကျွန်မရဲ့တကယ့်အခြေအနေကို နားလည်ဖို့ ခက်ခဲစေပြီး၊ တမင်တကာပဲ သူ့ကို အကျပ်အတည်းဖြစ်အောင် လုပ်ခဲ့တယ်။ ပုံမှန်စုဝေးပွဲတွေမှာ၊ ကျွန်မမှာ ထိုးထွင်းအမြင်တွေရှိရင်တောင် ချက်ချင်း မိတ်သဟာယမဖွဲ့ဘဲ၊ တခြားသူတွေလည်း အသံမထွက်ဖို့ကိုတောင် စိတ်ထက်ထက်သန်သန်နဲ့ မျှော်လင့်ခဲ့တယ်၊ ဝမ်လုက အခြေအနေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ကြည့်ဖို့ပေါ့။ ဒါပေမဲ့ လူတိုင်းက ပွင့်ပွင့်လင်းလင်းစကားပြောပြီး မိတ်သဟာယဖွဲ့ဖို့ လက်ဦးမှုယူခဲ့ကြပြီး၊ ဝမ်လုမေးတဲ့ဘယ်မေးခွန်းကိုမဆို တက်တက်ကြွကြွ တုံ့ပြန်ခဲ့ကြတယ်။ လူတိုင်းက လွတ်လပ်ပြီး စိတ်အေးလက်အေးရှိနေချိန်မှာ ကျွန်မကတော့ နေရာမကျသလို ခံစားနေရတာကို တွေ့တော့၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးခဲ့တယ်၊ “ဘာလို့ တခြားလူတိုင်းက ဝမ်လုကို မှန်မှန်ကန်ကန် ဆက်ဆံနိုင်ကြပြီး၊ ငါကတော့ ဘာလို့ သူ့ကို ဆန့်ကျင်ဖို့ အမြဲကြိုးစားနေရတာလဲ” လို့ပေါ့။ ဆင်ခြင်သုံးသပ်ကြည့်တော့၊ ကျွန်မရဲ့မနာလိုစိတ်က နောက်တစ်ခါ ဖြစ်နေပြန်ပြီဆိုတာကို ကျွန်မ နားလည်ခဲ့ရတယ်။

တစ်နေ့မှာတော့ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “လူတစ်ယောက်သည် လူတို့၏ စိတ်ထဲရှိ သူ၏ ကိုယ်ပိုင်နေရာကို ကာကွယ်ရန်အတွက် သူ့ထက်ပိုသာလွန်သောသူကို မြင်ပြီး ထိုသူအကြောင်း ကောလာဟလများဖြန့်လျက်၊ သို့မဟုတ် ထိုသူကို အပုပ်ချပြီး ထိုသူ၏ ဂုဏ်သတင်းကို လျော့ပါးစေရန် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများကို အသုံးချလျက် ထိုသူကို မိမိတို့၏ ခြေဖဝါးအောက်တွင်ပင် နင်းချေလျက် ထိုသူကို ပြိုလဲစေရန် ကြိုးစားသောအခါတွင် ဤသည်မှာ မည်သို့သော စိတ်သဘောထားအမျိုးအစားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်း သက်သက်မဟုတ်ပေ။ စာတန်၏ စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ မလိုမုန်းထားသော စိတ်သဘောထားဖြစ်သည်။ ဤလူက သူ့ထက်ပိုသာလွန်ပြီး ထက်မြက်သောသူတို့ကို တိုက်ခိုက်ပြီး ဖယ်ကြဉ်နိုင်ခြင်းသည် ဒုက္ခပေးတတ်ပြီး ကောက်ကျစ်ဆိုးယုတ်သည်။ လူတို့ကို ပြိုလဲအောင်ပြုလုပ်ရန် ၎င်းတို့သည် မည်သည့်အရာကိုမဆို လုပ်ဆောင်မည်ဖြစ်သည်မှာ ၎င်းတို့ထဲတွင် နတ်ဆိုးဆန်သောသဘာဝ မသေးလှကြောင်းကို ပြသည်။ စာတန်၏ စိတ်သဘောထားဖြင့် အသက်ရှင်လျက် ၎င်းတို့သည် လူတို့ကို သေးသိမ်စေရန်၊ ချောက်ချရန်၊ လူတို့အတွက် အခက်အခဲဖြစ်စေရန် လုပ်ဆောင်တတ်ကြသည်။ ဤသည်မှာ မကောင်းမှုလုပ်ဆောင်ခြင်း မဟုတ်လော။ ဤသို့အသက်ရှင်လျက်ဖြင့် ၎င်းတို့ အဆင်ပြေသည်၊ လူကောင်းဖြစ်သည်ဟု ထင်ကြဆဲဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့ထက် ပိုတော်သောသူကို မြင်သောအခါ ၎င်းတို့သည် ထိုသူတို့ကို အခက်အခဲဖြစ်စေရန်၊ ထိုသူတို့ကို အားလုံး နင်းချေပစ်ရန် လုပ်ဆောင်တတ်ကြသည်။ ဤတွင် ပြဿနာက အဘယ်နည်း။ ထိုသို့ ဒုစရိုက်အမှုများကို ကျူးလွန်နိုင်စွမ်း ရှိသည့်လူများသည် မသမာသကဲ့သို့ ဇွတ်တရွတ်နိုင်သည် မဟုတ်လော။ ထိုသို့သော လူများသည် မိမိတို့၏ ကိုယ်ကျိုးစီးပွားများကိုသာ တွေးတောသည်၊ မိမိတို့၏ ကိုယ်ပိုင်ခံစားချက်များကို ဆင်ခြင်စဉ်းစားပြီး ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လိုအင်များ၊ ရည်မှန်းချက်များနှင့် ပန်းတိုင်များကို စွမ်း‌ဆောင်ရရှိဖို့ကိုသာ အလိုရှိကြသည်။ အသင်းတော်၏အလုပ်အပေါ် ၎င်းတို့က မည်မျှ ထိခိုက်နစ်နာစေသည်ကို ဂရုမစိုက်ပေ။ ၎င်းတို့သည် လူတို့စိတ်ထဲရှိ ၎င်းတို့၏ အဆင့်အတန်းနှင့် ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းကို ကာကွယ်ရန် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စွန့်လွှတ်ဖို့ ပို၍ နှစ်သက်ကြသည်။ ဤသို့သောလူတို့သည် မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ဟုထင်မြင်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းမရှိသလော။ ဤသို့သောသူတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ဟု ထင်မြင်ရုံသာမက အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို လုံးဝ အလေးမထားပေ။ ဤသို့သောသူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိပေ။ ဤအတွက်ကြောင့် ၎င်းတို့က အပြစ်ကို သိမြင်စိတ် လုံးဝမရှိဘဲ၊ စိုးရိမ်ပူပန်ခြင်း လုံးဝမရှိဘဲ၊ ထိတ်လန့်ခြင်း၊ သို့မဟုတ် စိတ်ပူခြင်းလုံးဝ မရှိဘဲ လက်လွတ်စပယ် လုပ်ဆောင်ကာ အလိုရှိသလို ဆောင်ရွက်ကြခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ မကြာခဏ လုပ်ဆောင်သည့်အရာနှင့် အမြဲ ပြုမူကြပုံ ဖြစ်သည်။ ထိုသို့သော အပြုအမူ၏ သဘာဝမှာ အဘယ်နည်း။ သက်သက်သာသာ ပြောရမည်ဆိုလျှင် ထိုသို့သော လူများသည် အလွန့်အလွန် မနာလိုတတ်ကြပြီး ပုဂ္ဂိုလ်ရေး ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အလွန် အားကောင်းသည့် လိုအင်ဆန္ဒတစ်ခု ရှိကြလေသည်။ ၎င်းတို့သည် အလွန် လှည့်ဖြားကြပြီး မသိမသာ ဒုက္ခပေးတတ်ကြသည်။ သာ၍ ပြင်းထန်စွာ ပြောရလျှင် ပြဿနာ၏ အနှစ်သာရမှာ ထိုသို့သော လူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိကြခြင်းဖြစ်သည်။ ဘုရားသခင်ကို သူတို့ မကြောက်ပေ၊ မိမိတို့ကိုယ်ကို အရေးပါဆုံးအဖြစ် ယုံကြည်ကြပြီး မိမိတို့၏ ရှိသမျှအရာအားလုံးကို ဘုရားသခင်ထက် ပိုမြင့်ပြီး သမ္မာတရားထက် ပိုမြင့်သည်ဟု သူတို့မှတ်ယူကြသည်။ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် ဖော်ပြဖို့ မထိုက်တန်ဘဲ အရေးမပါဖြစ်ကာ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် လုံးဝ အဆင့်အတန်း တစ်စက်မျှ မရှိချေ။ မိမိတို့၏ နှလုံးသားများထဲတွင် ဘုရားသခင်အတွက် နေရာမရှိသောသူများနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိသူများက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ လုံးဝ မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် သူတို့သည် ထုံးစံအတိုင်း အလုပ်ရှုပ်ပြီး အားအင်အတော်များများ အသုံးပြုကြကာ ပျော်ရွှင်မြူးထူးစွာ သွားလာကြသောအခါ သူတို့ မည်သည့်အရာ ပြုလုပ်နေကြသနည်း။ ထိုကဲ့သို့သောလူတို့က ဘုရားသခင်အတွက် အသုံးတော်ခံရန် အရာရာတိုင်းကို စွန့်လွှတ်ပြီး များစွာဒုက္ခခံခဲ့ကြပြီဟုပင် ကြွေးကြော်ကြ၏၊ သို့သော်လည်း အမှန်မှာမူ သူတို့လုပ်ဆောင်ချက်များအားလုံး၏ စေ့ဆော်မှု၊ စည်းမျဉ်းနှင့် ရည်ရွယ်ချက်တို့မှာ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအတွက်၊ ၎င်းတို့၏ အကျိုးစီးပွားအားလုံးကို ကာကွယ်ရန်အတွက် ဖြစ်သည်။ ဤသို့သောလူမျိုးကို ဆိုးဝါးသည်ဟု သင်တို့ ဆိုမည်လော၊ မဆိုမည်လော။ မည်သည့် လူစားမျိုးသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သည့်တိုင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိရသနည်း။ ၎င်းတို့သည် မာနထောင်လွှားခြင်း မရှိသလော။ ၎င်းတို့သည် စာတန်များ မဟုတ်သလော။ မည်ကဲ့သို့သော အရာများသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိဆုံး ဖြစ်သနည်း။ သားရဲတိရစ္ဆာန်များမှလွဲ၍ ဆိုးယုတ်သူများနှင့် အန္တိခရစ်များ၊ နတ်ဆိုးများနှင့် စာတန်၏ အမျိုးများ ဖြစ်ပေသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးလုံးလျားလျား ကင်းမဲ့ကြပေသည်။ ၎င်းတို့သည် မည်သည့်မကောင်းမှုကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ဘုရားသခင်ရွေးချယ်ထားသောလူများ၏ ရန်သူများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရင်း၊ အဲဒီစကားတွေက ကျွန်မရဲ့စိတ်နှလုံးကို နက်နက်ရှိုင်းရှိုင်း စူးနစ်စေခဲ့တယ်။ “ဆိုးယုတ်သူ”၊ “အန္တိခရစ်များ”၊ “နတ်ဆိုးများ” နဲ့ “စာတန်” ဆိုတဲ့ အသုံးအနှုန်းတွေက ကျွန်မကို အလွန်အမင်း ရှက်ရွံ့မိစေခဲ့တယ်။ ကျွန်မက ကြီးကြပ်ရေးမှူးတစ်ယောက် မဖြစ်နိုင်တာ ရှင်းနေပေမဲ့၊ ကျွန်မကို တခြားသူတွေ အကောင်းပြောတာ လိုချင်ခဲ့တယ်။ ဝမ်လုလို လူသစ်တစ်ယောက်က တခြားသူတွေကို ကျော်တက်သွားတာကိုမြင်တော့၊ လူတွေက ကျွန်မ လေ့ကျင့်ချိန်ပိုကြာပေမဲ့ လူသစ်တစ်ယောက်ထက်တောင် ညံ့သေးတယ်လို့ ပြောကြမှာကို ကျွန်မ ကြောက်ခဲ့တယ်၊ အဲဒါက ကျွန်မကို မလုံလောက်သူတစ်ယောက်လို ထင်ရစေခဲ့တယ်။ မနာလိုစိတ်နဲ့ မကျေနပ်မှုကြောင့်၊ ကျွန်မက သူ့ဆီမှာ အမှားရှာဖို့ပဲ အာရုံစိုက်ခဲ့တယ်။ ဝမ်လု အလုပ်စဝင်ခါစနဲ့ အလုပ်နဲ့ အကျွမ်းတဝင်မရှိသေးချိန်မှာ၊ ကျွန်မက သူ တက်ကြွမှုမရှိဘူး၊ ထိရောက်မှုမရှိဘူးလို့ ဝေဖန်ဖို့ သူ့အမှားကို ရှာဖွေဖို့ ကြိုးစားခဲ့တယ်၊ သူ့ကို နှိမ့်ချပြီး သူ့ရဲ့ကြိုးစားမှုတွေကို လျော့ပါးစေဖို့ပေါ့။ စုဝေးပွဲတွေမှာ ကျွန်မက တက်တက်ကြွကြွ မိတ်သဟာယမဖွဲ့ခဲ့သလို၊ တခြားညီအစ်ကိုမောင်နှမတွေကိုလည်း မျှဝေခွင့်မပေးချင်ခဲ့ဘူး၊ တမင်တကာပဲ သူ့ကို အရှက်ရစေဖို့ ရည်ရွယ်ခဲ့တယ်။ ကျွန်မ တကယ်ကို စက်ဆုပ်စရာကောင်းပြီး မလိုမုန်းထားစိတ်ရှိတယ်၊ ဘုရားသခင်ကို လုံးဝ မကြောက်ရွံ့ခဲ့ဘူး။ အပြင်ပန်းမှာတော့ ကျွန်မက သူ့ကို မနာလိုဖြစ်ပြီး သူ့ကို လျော့ပါးအောင်လုပ်ခဲ့ပေမဲ့၊ တကယ်တမ်းမှာတော့ ကျွန်မက အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နေခဲ့တာ၊ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနေခဲ့တာပဲ။ ဒါက မကောင်းမှုပြုခြင်းပဲ။ ကျွန်မကိုယ်တိုင် ကြီးကြပ်ရေးမှူးတစ်ယောက်ရဲ့ အခန်းကဏ္ဍကို မဖြည့်ဆည်းနိုင်ခဲ့ဘဲ၊ တခြားသူတွေလည်း ကျရှုံးစေဖို့ မျှော်လင့်ပြီး သူတို့တွေ အခက်အခဲဖြစ်အောင် သူတို့အမှားတွေကို လက်မလွှတ်တမ်းအသုံးချခဲ့တယ်။ ကျွန်မက စာတန်ရဲ့ အစေခံတစ်ယောက်လို ပြုမူနေခဲ့တာ။ ကျွန်မသာ မနာလိုမှုနဲ့ ပြိုင်ဆိုင်မှုထဲမှာ ဆက်ပြီး အသက်ရှင်နေဦးမယ်ဆိုရင်၊ မကောင်းတဲ့လုပ်ရပ်တွေအများကြီးလုပ်လို့ ဘုရားသခင်ရဲ့အပြစ်ဒဏ်ပေးခြင်းကို အနှေးနဲ့အမြန် ကျွန်မ ရင်ဆိုင်ရမှာပဲ။

ကျွန်မရဲ့ ဆင်ခြင်သုံးသပ်မှုမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “လူ့အဖွဲ့အစည်းတွင်ဖြစ်စေ၊ အရာရှိအသိုင်းအဝိုင်းတွင်ဖြစ်စေ စာတန်၏ စခန်းတွင် လွှမ်းမိုးနေသော အငွေ့အသက်မှာ အဘယ်နည်း။ မည်သည့်အလေ့အထများက လူကြိုက်များသနည်း။ သင်တို့သည် ဤအရာများအား နားလည်ခြင်း အနည်းငယ်ရှိသင့်သည်။ ၎င်းတို့၏ လုပ်ရပ်များအတွက် စည်းမျဉ်းများနှင့် လမ်းညွှန်ချက်များမှာ အဘယ်နည်း။ အယောက်တိုင်းက ထင်ရာစိုင်းကြပြီး အယောက်တိုင်းက မိမိလုပ်ချင်ရာ လုပ်ကြသည်။ သူတို့သည် မိမိကိုယ်ကျိုးအတွက် ပြုမူကြပြီး မိမိနှစ်သက်သလို လုပ်ကြသည်။ သြဇာအာဏာရှိသူ မည်သူမဆို အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့် ရှိကြသည်။ သူတို့သည် အခြားသူများအား ခဏမျှပင် စဉ်းစားမပေးကြ။ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းအတွက် ကြိုးပမ်းရင်းနှင့် မိမိတို့၏ကိုယ်ပိုင် ဦးစားပေးမှုအတိုင်း လုံးလုံးပြုမူရင်း မိမိတို့စိတ်ကြိုက်ပင် လုပ်ဆောင်ကြသည်။ သူတို့သည် အာဏာရရှိသည်နှင့်တစ်ပြိုင်နက် ဤအာဏာကို အခြားသူများအပေါ် အလျင်အမြန် အသုံးချကြသည်။ အကယ်၍ သင်သည် ၎င်းတို့ကို စော်ကားလျှင် ၎င်းတို့သည် သင့်အား စိတ်ဆင်းရဲအောင်လုပ်လိုပြီး ၎င်းတို့အား လက်ဆောင်ပေးရုံမှတစ်ပါး သင် ဘာမျှမတတ်နိုင်ပေ။ သူတို့သည် ကင်းမြီးကောက်ကဲ့သို့ ကြောက်စရာကောင်းလျက် ဥပဒေများ၊ အစိုးရစည်းမျဉ်းများကို ဖောက်ဖျက်ပြီး ရာဇဝတ်မှုများကိုပင် ကျူးလွန်လိုစိတ်ရှိကြသည်။ ဤအရာအားလုံးမှာ သူတို့ တတ်စွမ်းနိုင်သော အရာများဖြစ်၏။ ဤသည်မှာ စာတန်၏စခန်းတွင် မှောင်မိုက်ပြီး ဆိုးယုတ်သည့်ပုံဖြစ်သည်။ ယခုအခါ ဘုရားသခင်သည် လူသားတို့ကို ကယ်တင်ရန်၊ လူတို့အား သမ္မာတရားကို လက်ခံဖို့၊ သမ္မာတရားကို နားလည်ပြီးလျှင် စာတန်၏ အနှောင်အဖွဲ့နှင့် အာဏာမှ လွတ်မြောက်ဖို့ အခွင့်ပေးရန် ကြွလာခဲ့ပြီးဖြစ်သည်။ အကယ်၍ သင်တို့သည် သမ္မာတရားကို လက်မခံ၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင် စာတန်၏ အာဏာအောက်တွင် အသက်ရှင်နေသေးသည် မဟုတ်လော။ ထိုကိစ္စတွင် သင်တို့၏ လက်ရှိအခြေအနေနှင့် နတ်ဆိုးများနှင့် စာတန်တို့၏ အခြေအနေက ဘာကွာခြားသနည်း။ သင်တို့သည် ဘာသာတရားမရှိသူများ ယှဉ်ပြိုင်ကြသည့်အတိုင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ သင်တို့သည် ဘာသာတရားမရှိသူများ တိုက်ခိုက်သကဲ့သို့ပင် တိုက်ခိုက်ကြမည် ဖြစ်သည်။ နံနက်မှ ညတိုင်အောင် သင်တို့သည် လျှို့ဝှက်ကြံစည်၊ လုပ်ကြံပြီး မနာလိုကာ ငြင်းခုံပွဲများ၌ ပါဝင်ကြမည် ဖြစ်သည်။ ဤပြဿနာ၏ အရင်းအမြစ်ကား အဘယ်နည်း။ ယင်းမှာ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း အသက်ရှင်ကြသောကြောင့် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ကြီးစိုးမှုမှာ စာတန်၏ ကြီးစိုးမှုပင် ဖြစ်သည်။ ဖောက်ပြန်ဖျက်ဆီးခံရသော လူသားမျိုးနွယ်က ဆိုးယုတ်သော စိတ်သဘောထားအတွင်း၌ နေထိုင်ပြီး မည်သူမျှ မလွတ်ကင်းပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ဘုရားသခင်ကို မယုံကြည်ခင်က “တောင်တစ်လုံးမှာ ကျားနှစ်ကောင်မရှိနိုင်”၊ “အောင်နိုင်သူသာ အမှန်၊ ရှုံးနိမ့်သူက အမြဲတမ်း အမှား” ဆိုတဲ့ ရှင်သန်မှုစည်းမျဉ်းတွေကို ကျွန်မ လိုက်နာခဲ့တာကို သတိရလိုက်တယ်။ ကျွန်မအနားက လူတွေကို ကျော်တက်ပြီး တခြားသူတွေရဲ့အထင်ကြီးလေးစားမှုနဲ့ ထောက်ခံမှုကို ရရှိတဲ့သူတစ်ယောက်ဖြစ်လာခြင်းဟာ ရှင်သန်ခြင်းရဲ့တန်ဖိုးပဲလို့ ကျွန်မ ထင်ခဲ့တယ်။ ဒီစိတ်နေသဘောထားရဲ့ လွှမ်းမိုးမှုအောက်မှာ၊ ကျောင်းမှာတုန်းက အမှတ်ပိုမြင့်တဲ့သူတွေ၊ ဒါမှမဟုတ် ဆရာတွေရဲ့အာရုံစိုက်မှုကို ပိုရတဲ့သူတွေဟာ ကျွန်မ တိတ်တဆိတ် နှိုင်းယှဉ်ရတဲ့သူတွေ ဖြစ်လာခဲ့တယ်။ အလုပ်ခွင်ထဲဝင်ပြီးတဲ့နောက်မှာ၊ တည်ငြိမ်တဲ့နေရာတစ်ခုရဖို့နဲ့ လေးစားခံရဖို့အတွက် လူတစ်ယောက်ဟာ ထင်ပေါ်ပြီး ထူးချွန်ရမယ်လို့ ကျွန်မ ခဏခဏ ကြားခဲ့ရတယ်။ အနားမှာ ကျွန်မထက်ပိုပြီး အရည်အချင်းရှိတဲ့သူတစ်ယောက်ရှိလာတဲ့အခါ အဲဒါက အကျပ်အတည်းတစ်ခုလို ခံစားခဲ့ရတယ်၊ အဲဒါက အပိုပြိုင်ဘက်တစ်ယောက်လို့ ဆိုလိုတဲ့အတွက်ကြောင့်ပေါ့။ နယ်ပယ်တစ်ခုမှာ အတွေ့အကြုံရှိတဲ့လူတစ်ယောက်ကို လူသစ်တစ်ယောက်က ကျော်တက်သွားရင် ပိုပြီးတော့တောင် အရှက်ရစရာကောင်းတယ်။ ဘုရားသခင်ကို ကျွန်မ စယုံကြည်ပြီးတဲ့နောက်မှာတောင် အမှုအရာတွေကို ဒီနည်းနဲ့ ဆက်ပြီး ရှုမြင်ခဲ့တယ်။ ဘယ်လူအုပ်စုထဲမှာပဲဖြစ်ဖြစ်၊ အရင်ဆုံး ဘယ်သူက ကိုယ့်ထက်ပိုတော်လဲ၊ ဘယ်သူက ကိုယ့်နေရာကို ခြိမ်းခြောက်နိုင်မလဲဆိုတာကို ကြည့်တယ်။ ဘယ်နယ်ပယ်မှာမဆို တစ်ယောက်ယောက်က ကျွန်မကို ကျော်တက်သွားရင် ကျွန်မ အရှက်ရသလို ခံစားရပြီး မနာလိုဖြစ်၊ လက်မခံနိုင်ဖြစ်ခဲ့တယ်၊ ကျွန်မထက်ပိုတော်တဲ့ ညီအစ်ကိုမောင်နှမတွေကို တွေ့တဲ့အခါ၊ ကျွန်မ မနာလိုဖြစ်ပြီး သူတို့ကို ဖယ်ကျဉ်ခဲ့တယ်၊ အမြဲတမ်း သူတို့ကို နှိမ့်ချပြီး ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ဖို့ ကြိုးစားခဲ့တယ်။ သူတို့ထက် သာစေဖို့၊ ကြိတ်ကြံတာ၊ အမှားတွေကို မလွှတ်တမ်းအသုံးချတာ၊ သူတို့နောက်ကွယ်မှာ သွားပုပ်လေလွင့်ပြောတာတွေအထိပါ လုပ်နိုင်ခဲ့တယ်၊ စိတ်ကျေနပ်မှုရဖို့ သူတို့အောက်ကျအောင် လုပ်ဖို့မျှော်လင့်ပြီးတော့ပေါ့။ စာတန်ရဲ့ရှင်သန်မှုစည်းမျဉ်းတွေအတိုင်း အသက်ရှင်နေထိုင်လို့၊ ကျွန်မဟာ မာနကြီးလာတယ်၊ မလိုမုန်းထားတတ်ပြီး လူ့သဘာဝကင်းမဲ့လာခဲ့တယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့သလို၊ အသင်းတော်အလုပ်ကိုလည်း နှောင့်ယှက်ခဲ့တယ်ဆိုတာလည်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ကျွန်မရဲ့ဒုစရိုက်အမှုတွေအတိုင်း မဆက်ဆံဘဲ နောင်တရဖို့ အခွင့်အရေးကို ပေးနေသေးတယ်။ ကျွန်မစိတ်နှလုံးထဲကနေ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့ပြီး၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအတိုင်း ဆက်ပြီး အသက်မရှင်လိုတော့ပါဘူး။

နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်သိက္ခာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားအိမ်တော်၏ အကျိုးများကို ထည့်တွက်စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အရေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် စဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး နားလည်အောင် ကြံဆလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်၏အစွမ်းအစ ညံ့ဖျင်းပါက၊ သင်၏အတွေ့အကြုံ ပေါ့တန်ပါက၊ သို့မဟုတ် သင်၏ အလုပ်တွင် မကျွမ်းကျင်ပါက၊ သင်၏အလုပ်၌ အမှားအယွင်းများ သို့မဟုတ် အပြစ်အနာအဆာများ အချို့ ရှိကောင်းရှိနိုင်ပြီး ရလဒ်ကောင်းများ သင်ရချင်မှ ရပေလိမ့်မည်။ သို့ရာတွင် သင်သည် အကောင်းဆုံးကို လုပ်ဆောင်ပြီး ဖြစ်လိမ့်မည်။ သင်သည် သင်ကိုယ်တိုင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ သို့မဟုတ် နှစ်သက်မှုများကို မဖြည့်ဆည်းပေ။ ထိုအစား သင်သည် အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်ဆက်မပြတ် ထည့်သွင်းစဉ်းစားသည်။ သင်၏တာဝန်တွင် သင်သည် ရလဒ်ကောင်းများ စွမ်းဆောင်ရရှိခြင်း မရှိကောင်း မရှိနိုင်သော်လည်း သင်၏ စိတ်နှလုံးသည် အသိတရားရပြီး ဖြစ်လိမ့်မည်။ ထို့ထက်ပိုပြီးလျှင် သင်၏တာဝန်ရှိ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်ပါက သင်၏တာဝန် ထမ်းဆောင်ရာတွင် စံနှုန်းပြည့်မီပြီး တစ်ချိန်တည်းမှာပင် သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။ ဤသည်မှာ သက်သေခံချက်ကို ပိုင်ဆိုင်သည်ဟု ဆိုလိုသည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့ စည်းမျဉ်းတွေကို ထောက်ပြခဲ့တယ်။ အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကျွန်မက ကိုယ့်ရဲ့အကျိုးစီးပွား၊ သိက္ခာ၊ ဒါမှမဟုတ် အဆင့်အတန်းကို ကာကွယ်ဖို့ ဦးစားမပေးသင့်ဘဲ၊ အဲဒီအစား ဘုရားသခင်ရဲ့အိမ်တော်ရဲ့ အကျိုးစီးပွားကိုပဲ ထည့်သွင်းစဉ်းစားသင့်ပြီး၊ ဘုရားသခင်ရဲ့အိမ်တော်ရဲ့အလုပ်ကို ကာကွယ်ဖို့အတွက် လိုအပ်တာမှန်သမျှကို လုပ်ဆောင်ရမယ်။ တခြားသူတွေက ကျွန်မထက်သာပြီး တကယ့်အလုပ်ကို လုပ်နိုင်တာကို တွေ့ရတဲ့အခါ၊ ကျွန်မက သူတို့ကို ထောက်ခံပြီး ထိန်းသိမ်းသင့်တယ်။ သူတို့မှာ ချို့ယွင်းချက်တွေရှိရင်တောင်၊ ကျွန်မက သူတို့ကို မှန်မှန်ကန်ကန် ဆက်ဆံသင့်တယ်၊ သူတို့အပေါ်မှာ အလွန်အကျွံ မြင့်မားတဲ့မျှော်လင့်ချက်တွေ မထားဘဲ၊ သူတို့ရဲ့အားသာချက်တွေနဲ့ ကောင်းမြတ်မှုတွေကနေ သင်ယူရမယ်။ ဝမ်လုက ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ လက်တွေ့လုပ်ဆောင်စပဲရှိသေးပြီး၊ သူ့မှာ အားနည်းချက်တချို့ရှိတာက ပုံမှန်ပဲ၊ သူသာ လူမှန်တစ်ယောက်ဖြစ်ပြီး တကယ့်အလုပ်တချို့ကို လုပ်နိုင်သရွေ့တော့၊ ကျွန်မက သူ့ကို မေတ္တာနဲ့ ကူညီပြီး အလုပ်ကို အတူတကွ ကောင်းကောင်းလုပ်ဖို့ သူနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်။ ဒါက အသင်းတော်ရဲ့အလုပ်ကို ထိန်းသိမ်းခြင်းပဲ။ ကျွန်မရဲ့စိတ်နေသဘောထားကို ပြုပြင်လိုက်တဲ့အခါ၊ ကျွန်မ ဝမ်လုကို မနာလိုမဖြစ်တော့ဘဲ၊ အဲဒီအစား သူ့ကို ပိုပြီး လေးစားလာတယ်။ သူ့အသက် ငယ်ပေမဲ့၊ သူက ကိစ္စတွေကို လေးလေးနက်နက် စဉ်းစားပြီး၊ တည်တည်ငြိမ်ငြိမ်၊ အေးအေးဆေးဆေး အလုပ်လုပ်တယ်၊ စည်းမျဉ်းတွေရှာဖွေဖို့ကိုလည်း အာရုံစိုက်ခဲ့တယ်။ ဒါတွေအားလုံးက ကျွန်မမှာ မရှိတဲ့အရာတွေပဲ။ ကျွန်မ သူ့အပေါ်မှာ အတိုက်အခံစိတ်မရှိတော့ဘူး၊ အလုပ်မှာ ဘာပြဿနာပဲရှိရှိ ဝမ်လုဆီကို သတင်းပို့ပြီး ဆွေးနွေးဖို့ လက်ဦးမှုယူနိုင်ခဲ့တယ်၊ သူက အလုပ်ထဲက ကျွန်မတို့ရဲ့အားနည်းချက်တွေကို ထောက်ပြတဲ့အခါ ကျွန်မကလည်း သူ့ရဲ့တုံ့ပြန်ချက်ကို လက်ခံဖို့ ဆန္ဒရှိခဲ့တယ်။ ဒီနည်းနဲ့ လက်တွေ့လုပ်ဆောင်ပြီး၊ ကျွန်မ ရှက်ရွံ့တယ်လို့ မခံစားရဘဲ၊ လွတ်လပ်မှုကို ပိုခံစားခဲ့ရတယ်။

နောက်ပိုင်းမှာ၊ ကျန့်ရန်နဲ့အတူ အလုပ်လုပ်ဖို့ ကျွန်မကို အဖွဲ့တစ်ဖွဲ့ကို ပြောင်းရွှေ့ပေးခဲ့တယ်။ ကျွန်မတို့နှစ်ယောက်လုံးက ဒီတာဝန်ကို ထမ်းဆောင်နေခဲ့တာ အချိန်အတူတူလောက်ပဲရှိပေမဲ့၊ သူ့ရဲ့ထိရောက်မှုနဲ့ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွေက ကျွန်မထက် ရှင်းရှင်းလင်းလင်း သာလွန်တာကို ကျွန်မ တွေ့ခဲ့ရတယ်။ အစပိုင်းမှာတော့ ကျွန်မ တော်တော်လေး ရှက်ရွံ့ပြီး တခြားသူတွေက ကျွန်မကို အထင်သေးမှာကို စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ သူ့ရဲ့ခိုင်မာတဲ့ကျွမ်းကျင်မှုတွေနဲ့ဆိုရင် ကျွန်မရဲ့ချို့ယွင်းချက်တွေကို ဖြည့်ဆည်းဖို့ သူ့ဆီကနေ ပိုပြီးသင်ယူနိုင်တယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တော့၊ သူနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်မ အရမ်းကို ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးက သူ့ကို အလုပ်တာဝန်ခံအဖြစ် ခန့်အပ်ပြီး၊ တခြားညီအစ်မတွေကလည်း ကိစ္စတချို့ကို ဆွေးနွေးဖို့ သူ့ဆီကို ခဏခဏ သွားကြတဲ့အခါ၊ ကျွန်မ မညီမမျှ ခံစားလာရပြန်တယ်။ ကျွန်မ တွေးမိတယ်၊ “သူက ငါ့ထက် လုပ်နိုင်စွမ်းနည်းနည်းပိုရှိပြီး သူ့တာဝန်မှာ ပိုထိရောက်ရုံလေးပဲ မဟုတ်ဘူးလား။ ဒါက တကယ်ပဲ သူ့ကိုအုံစရာအကြောင်းတဲ့လား။ ငါကတော့ လူမမြင်နိုင်ဖြစ်နေတဲ့ပုံပါလား” လို့ပေါ့။ ကျွန်မစိတ်နှလုံးထဲမှာ လက်မခံနိုင်ဖြစ်ခဲ့ပေမဲ့၊ အဲဒီအချိန်မှာ ဒါဟာ ကျွန်မရဲ့မနာလိုစိတ်က ထပ်ပြီး ဖောက်တာပဲဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါကြောင့် ဒီအခြေအနေကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ဖို့ လမ်းပြပေးပါလို့ ဘုရားသခင်ကို တောင်းလျှောက်ပြီး ကျွန်မ ဆုတောင်းခဲ့တယ်။ အဲဒီနောက်မှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “သင်၏ ဘဝတွင် သင်ပါဝင်လုပ်ဆောင်ရသောနေရာနှင့် သင်ထမ်းဆောင်သောတာဝန်တို့ကို ရှေးယခင်ကတည်းက ဘုရားသခင်က သတ်မှတ်ထားပြီးဖြစ်သည်။ အချို့သောလူတို့သည် ၎င်းတို့မပိုင်ဆိုင်သော အားသာချက်များကို အခြားလူများက ပိုင်ဆိုင်သည်ကိုမြင်ပြီး မကျေမနပ်ဖြစ်ကြသည်။ ၎င်းတို့က သာ၍ သင်ယူလေ့လာခြင်း၊ သာ၍ကြည့်ခြင်းနှင့် သာ၍ လုံ့လဝီရိယရှိခြင်းတို့အားဖြင့် အမှုကိစ္စများကို ပြောင်းလဲလိုကြသည်။ သို့သော် ၎င်းတို့၏ လုံ့လဝီရိယက စွမ်းဆောင်ရရှိနိုင်သည့်အရာတွင် အကန့်အသတ်ရှိသည်။ ၎င်းတို့သည် ဆုကျေးဇူးများနှင့် ကျွမ်းကျင်မှုများ ရှိသည့်လူတို့ကို မကျော်နိုင်ပေ။ သင်မည်မျှ တွန်းလှန်တိုက်ခိုက်ပါစေ အသုံးမဝင်ပေ။ သင်ဖြစ်မည့်အရာကို ဘုရားသခင်က ချမှတ်ပြီးဖြစ်သည်။ ယင်းကိုပြောင်းလဲရန် မည်သူကမျှ လုပ်နိုင်သည့်အရာ တစ်ခုမျှမရှိပေ။ သင်သည် မည်သည့်အရာ၌ တော်ပါစေ ယင်းသည် သင်အားထုတ်ကြိုးပမ်းသင့်သည့် နေရာဖြစ်သည်။ သင်နှင့် သင့်တော်သည့် မည်သည့်တာဝန်မဆိုသည် သင်ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ သင်၏ကျွမ်းကျင်မှုအပိုင်းအခြား၏ ပြင်ပနယ်ပယ်များကို အတင်းလုပ်ဆောင်ရန် မကြိုးစားနှင့်၊ အခြားသူများကို အားမကျနှင့်။ လူတိုင်း၌ ၎င်းတို့၏အသုံးဝင်မှုရှိသည်။ အခြားလူများကို လူစားထိုးပြီး သင့်ကိုယ်သင် အများမြင်အောင် ပြသဖို့အတွက် အစဉ်ဆန္ဒရှိလျက် သင်သည် အရာရာတိုင်းကို ကောင်းစွာလုပ်ဆောင်နိုင်သည်၊ သို့မဟုတ် သင်သည် အခြားလူများထက်ပို၍ ပြည့်စုံသည်၊ သို့မဟုတ် တော်သည်ဟု မထင်နှင့်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုဖြစ်သည်။ မည်သည့်အရာကိုမျှ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်းမရှိ၊ ကျွမ်းကျင်မှုလုံးဝမရှိဟု တွေးသည့်သူများ ရှိပေသည်။ ယင်းမှာ မှန်ကန်ပါက သင်သည် လက်တွေ့ကျကျ နားထောင်ကာ ကျိုးနွံနာခံသည့်သူသာ ဖြစ်လော့။ သင်တတ်နိုင်သည့်အရာကို လုပ်ဆောင်ပြီး ယင်းကို အစွမ်းကုန် ကောင်းစွာ လုပ်ဆောင်လော့။ ယင်းမှာ လုံလောက်ပေသည်။ ဘုရားသခင် စိတ်ကျေနပ်ပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တာက လူတိုင်းရဲ့ အရည်အချင်းနဲ့ အားသာချက်တွေက မတူကြဘူး၊ အဲဒါတွေအားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတာဖြစ်ပြီး၊ ဒါတွေအတွက် ကျွန်မတို့ အချင်းချင်း ပြိုင်ဆိုင်လို့မရဘူး။ ကျွန်မတို့အပေါ် ဘုရားသခင်ရဲ့ရည်ရွယ်ချက်က ကျွန်မတို့ဟာ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေနဲ့ တခြားသူတွေရဲ့အားသာချက်၊ အားနည်းချက်တွေကို မှန်မှန်ကန်ကန် မှတ်ယူပြီး၊ ကိုယ့်နေရာမှာ ကိုယ်ရပ်တည်ပြီး ကိုယ့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ဖို့ပဲ။ ကျွန်မရဲ့အလုပ်လုပ်နိုင်စွမ်းနဲ့ သမ္မာတရား စည်းမျဉ်းတွေကို နားလည်သဘောပေါက်မှုက ကျန့်ရန်လောက် မကောင်းတာက အမှန်တရားတစ်ခုပဲ၊ ညီအစ်ကိုမောင်နှမတွေက သူ့ကို ပိုပြီးတိုင်ပင်တာက သူတို့တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်နိုင်ဖို့အတွက်ပဲ၊ သူ့ကို အထင်ကြီးပြီး ကျွန်မကို နှိမ့်ချဖို့ မဟုတ်ဘူး။ လူတိုင်းက ကိုယ့်သက်ဆိုင်ရာအခန်းကဏ္ဍတွေမှာ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေကြတာ၊ ဘယ်သူက ဘယ်သူ့ထက် ပိုမြင့်တယ်၊ ပိုနိမ့်တယ်ဆိုတာ မရှိဘူး။ ကျန့်ရန်ရဲ့ အားသာချက်တွေက ကျွန်မရဲ့ အားနည်းချက်တွေကို အတိအကျ ဖြည့်စွက်ပေးတာမို့၊ ကျွန်မ အကျိုးပိုရရှိဖို့အတွက် သူ့ရဲ့အကြံဉာဏ်ကို တက်တက်ကြွကြွ ရှာဖွေပြီး သူ့ဆီကနေ သင်ယူသင့်တယ်။ ဒီအချိန်မှာ ကျွန်မအားတက်သွားတယ်။ ကျွန်မ ကိုယ့်ရဲ့ အရည်အချင်းနဲ့ ချို့ယွင်းချက်တွေကို ရင်ဆိုင်ရမယ်၊ ကိုယ့်ရဲ့ ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေကို ဘေးဖယ်ထားပြီး၊ ကျွန်မ ကောင်းကောင်းလုပ်တတ်တဲ့ လုပ်နိုင်စွမ်းရှိတဲ့အရာကို လုပ်ဖို့လိုတယ်။ ဒါက ကျွန်မမှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရားပဲ။ နောက်ပိုင်းမှာတော့ ကျွန်မ လုပ်သင့်တဲ့အလုပ်ကို ကျွန်မရဲ့ အကောင်းဆုံးစွမ်းရည်အတိုင်း လုပ်ဖို့ အာရုံစိုက်ခဲ့တယ်၊ ရှင်းရှင်းလင်းလင်းမမြင်နိုင်တဲ့အရာတွေနဲ့ ကြုံရတဲ့အခါ ကျန့်ရန်နဲ့အတူ ရှာဖွေပြီး ဆွေးနွေးခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မထက်ပိုတော်တဲ့လူတွေနဲ့ တွေ့တဲ့အခါ မနာလိုမှုပေါ်လာသေးတဲ့အချိန်တွေ ရှိခဲ့ပေမဲ့ ကျွန်မက သတိရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး အဲဒါကို ပုန်ကန်ဖို့ ဆုတောင်းနိုင်ခဲ့တယ်၊ ကျွန်မစိတ်နှလုံးကလည်း အရမ်းဘောင်ခတ်ခံရပြီး ချည်နှောင်ခံရတယ်လို့ မခံစားရတော့ဘူး။ ဒီလိုအသက်ရှင်ခြင်းက အများကြီး ပိုတဲ့ သောကကင်းဝေးမှုနဲ့လွတ်ငြိမ်းမှုကို ဆောင်ကြဉ်းပေးခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့-  ၂၅။ ဘုရားနှုတ်ကပတ်တော်များက ဘဝ၌ ဦးတည်ချက်ကို ကျွန်ုပ်အား ပြပေးခဲ့

နောက်တစ်ခုသို့-  ၂၈။ ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ လူတို့ကို ပိုင်းခြားသိမြင်ခြင်း

သက်ဆိုင်သည့် အကြောင်းအရာ

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger