၄၆။ ဆင်းရဲဒုက္ခကြားတွင် ဧဝံဂေလိဖြန့်ဝေခြင်း၌ ဇွဲရှိခြင်း

ရီထင်၊ တရုတ်နိုင်ငံ

၂၀၂၂ ခုနှစ်၊ ဇွန်လမှာ ခေါင်းဆောင်က အသင်းတော်တစ်ခုဟာ မကြာသေးခင်က တရုတ်ကွန်မြူနစ်ပါတီရဲ့ ရုတ်တရက်ဝင်စီးနင်းတာကို ခံခဲ့ရပြီး အခု သူတို့ရဲ့ ဧဝံဂေလိအလုပ်က အကျိုးသက်ရောက်မှုမရှိတော့ဘူးလို့ ခေါင်းဆောင်က ပြောခဲ့ပါတယ်၊ အဲဒါကြောင့် ခေါင်းဆောင်က ကျွန်မကို ကြီးကြပ်ရေးမှူးအနေနဲ့ သွားလုပ်စေချင်ခဲ့တယ်။ ဧဝံဂေလိအမှုဆောင် ငါးယောက်၊ ခြောက်ယောက်လောက် အဖမ်းခံခဲ့ရပြီး လူသစ်တွေကို အမြန်ပျိုးထောင်ပေးဖို့ လိုအပ်တယ်လို့လည်း ခေါင်းဆောင်က ပြောခဲ့တယ်။ ကျွန်မ နည်းနည်းတော့ စိုးရိမ်သွားပြီး “ငါ့ကို တရုတ်ကွန်မြူနစ်ပါတီက ဖမ်းဖို့လိုက်နေတာ၊ နှစ်ခါ အဖမ်းခံရမလိုဖြစ်ခဲ့တာ။ အဲ့ဒီကိုသွားပြီး လူမြင်ကွင်းထဲထွက်လိုက်ရင် ငါ့ကို ရဲကစောင့်ကြည့်ပြီး ဖမ်းလိုက်မှာလား။ ငါသာအဖမ်းခံရပြီး ညှဉ်းဆဲနှိပ်စက်ခံရ၊ ရိုက်သတ်ခံရတာ၊ ဒါမှမဟုတ် ရဲတွေရဲ့ အတင်းအကျပ်ဖိအားပေးတာနဲ့ သွေးဆောင်တာကို မခံနိုင်ဘဲ ဘုရားသခင်ကို သစ္စာဖောက်ခဲ့ရင် ဘုရားကိုယုံကြည်တဲ့ ငါ့ရဲ့ခရီးက လုံးဝပြီးဆုံးသွားမှာပဲ” လို့ တွေးမိတယ်။ ဒီလိုတွေးပြီး ကျွန်မ သဘောမတူချင်ခဲ့ပေမဲ့ အပြစ်ရှိသလို ခံစားရပြီး “ငါ ဘုရားကိုယုံကြည်လာတာ နှစ်တွေအများကြီးရှိပြီ။ ဒါပေမဲ့ တကယ်တမ်းကြုံလာတဲ့အခါကျတော့ ကိုယ့်အကျိုးစီးပွားကိုပဲ အမြဲစဉ်းစားတုန်းပဲ။ ငါဟာ တကယ်ကို ပုန်ကန်တဲ့သူပဲ။ ငါ့အကျိုးစီးပွားကိုပဲ ကာကွယ်နေလို့မဖြစ်တော့ဘူး” လို့ တွေးမိတယ်။ ဒီလိုစိတ်နဲ့ပဲ ကျွန်မ ကျိုးနွံနာခံပြီး ဒီတာဝန်ကို လက်ခံလိုက်တယ်။

အသင်းတော်ကိုရောက်ပြီးနောက်မှာ ဧဝံဂေလိအလုပ်က အကျိုးသက်ရောက်မှု မရှိတာကို ကျွန်မ သိခဲ့ရတယ်၊ ဘာလို့လဲဆိုတော့ ဧဝံဂေလိအမှုဆောင်တွေအားလုံးက ကြောက်ရွံ့နေတဲ့ အခြေအနေမှာ ရှင်သန်နေကြလို့ပါ။ ကျွန်မလည်း ညီအစ်ကိုမောင်နှမတွေကိုမိတ်သဟာယဖွဲ့ပေးဖို့ ဘုရားနှုတ်ကပတ်တော်တချို့ကိုအမြန်ရှာခဲ့တယ်။ ဘုရားသခင်ရဲ့ အာဏာ၊ လူ့အသက်နဲ့သေခြင်းက ဘုရားသခင်လက်ထဲမှာရှိပြီး၊ ဧဝံဂေလိတရားကို ဟောပြောခြင်းက ကျွန်မတို့ရဲ့ သာသနာဖြစ်တယ် စတဲ့သမ္မာတရားတွေကို သူတို့ နားလည်စေဖို့ပေါ့။ ဒါကိုကြားပြီးတော့ လူတိုင်းရဲ့ယုံကြည်ခြင်းက အားကောင်းလာတယ်၊ သူတို့ရဲ့တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့မှုကို သိမြင်လာကြပြီး နောင်တရလာကြတယ်။ အခြေအနေကိုပြောင်းလဲဖို့နဲ့ ဧဝံဂေလိအလုပ်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ဖို့ စိတ်ဆန္ဒရှိလာကြတယ်။ ကျွန်မ ဘုရားသခင်ကို တကယ်ကျေးဇူးတင်မိတယ်။ ခဏကြာတော့ ဧဝံဂေလိအလုပ်က တိုးတက်လာတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ ငါးလအကြာမှာ ညီအစ်ကိုမောင်နှမတချို့ ထပ်ပြီးတော့ နောက်ယောင်ခံလိုက်ခံရပြီး အဖမ်းခံခဲ့ရတယ်။ ကျွန်မတို့ရဲ့ စုဝေးပွဲတွေကို ဧည့်ခံတဲ့ ညီအစ်မကိုလည်း ရဲက စစ်ဆေးမေးမြန်းခဲ့တယ်။ ပြီးတော့ ခေါင်းဆောင်က စာတစ်စောင်ပို့ခဲ့တယ်။ ပြောတာကတော့ မကြာသေးခင်က ကျွန်မအဆက်အသွယ်လုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံး အဖမ်းခံလိုက်ရပြီ၊ အခု ကျွန်မလည်း အန္တရာယ်ရှိနေပြီ၊ အမြန်ထွက်သွားသင့်တယ်လို့ ဆိုပါတယ်။ စာကိုဖတ်ပြီးနောက် ကျွန်မ နည်းနည်းတော့ ထိတ်လန့်သွားပြီး “မကြာသေးခင်က ဒီလုပ်ဖော်ကိုင်ဖက်တွေနဲ့ငါနဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေရင်း အမြဲလိုလို အတူတူ အပြင်ထွက်နေခဲ့တာ။ အခုသူတို့အားလုံး အဖမ်းခံလိုက်ရပြီဆိုတော့ ရဲကသာ သူတို့ရဲ့ စောင့်ကြည့်ကင်မရာမှတ်တမ်းတွေကို စစ်ဆေးရင် ငါ့ကိုသေချာပေါက်တွေ့သွားမှာပဲ။ ငါပုန်းနေမှ ဖြစ်တော့မယ်။ ရဲဖမ်းတာ မခံနိုင်ဘူး” လို့ စဉ်းစားမိတယ်။ ရဲတွေက ကျွန်မနေရပ်ကို စုံစမ်းဖို့ ကျွန်မအိမ်ကို နှစ်တိုင်းသွားပုံကို ကျွန်မတွေးမိတယ်၊ ဒီတစ်ခါသာ တကယ်အဖမ်းခံရရင် သူတို့က ကျွန်မကို သေချာပေါက် လွှတ်မှာမဟုတ်ဘူး၊ ညှဉ်းဆဲနှိပ်စက်တာနဲ့ အတင်းအကျပ်ဖိအားပေးတာကို ကျွန်မ မခံနိုင်ဘဲ ဘုရားကိုသစ္စာဖောက်ခဲ့ရင်၊ အဆုံးမှာ ကျွန်မရဲ့ခန္ဓာကိုယ်က အပြစ်ပေးခံရရုံတင်မကဘူး၊ ကျွန်မရဲ့စိတ်ဝိညာဉ်ကလည်း ငရဲကျဦးမှာပဲ။ ဒါနဲ့ ပုန်းနေပြီး ကိုယ့်ကိုယ်ကိုယ် အရင်ကာကွယ်ဖို့က အရေးအကြီးဆုံးပဲလို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ နောက်ဆက်တွဲအလုပ်တွေအားလုံးကို ခေါင်းဆောင်ဆီ အမြန်လွှဲပေးလိုက်တယ်၊ ကျွန်မရဲ့ဟောပြောချက်လိုအပ်တဲ့ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူတွေရှိမှန်း၊ ကျွန်မရေလောင်းပေးဖို့လိုတဲ့ လူသစ်တွေရှိမှန်း ကျွန်မသိပေမဲ့ ဒီကိစ္စတွေကို ကျွန်မ မေ့ထားလိုက်တယ်။

နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမအများကြီးက ဧဝံဂေလိတရားကို ဖြန့်ဝေပြီး သူတို့တာဝန်တွေကို ထမ်းဆောင်နေကြတယ်လို့ ကျွန်မကြားပြီး၊ အဖမ်းခံရမှာကြောက်လို့ ဧဝံဂေလိတရားကို မဖြန့်ဝေရဲ၊ ဘုရားအတွက် သက်သေမခံရဲတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိတယ်။ ငါဟာ ကြီးစွာသော ဆင်းရဲဒုက္ခထဲမှာ ထုတ်ဖော်ခံရတဲ့ တောပင်တွေထဲက တစ်ပင်မဟုတ်ဘူးလားလို့ ကျွန်မကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ ကျွန်မ ဒါကိုတွေးလေလေ ပိုပြီးစိတ်မကောင်းဖြစ်လေလေပဲ။ ကျွန်မ စားမဝင်၊ အိပ်မပျော်ဖြစ်ခဲ့ပြီး၊ ချင့်ချိန်ကြည့်မိတယ်။ “ငါ ဘာလို့ ဘုရားကိုယုံကြည်တာလဲ။ အခု ရဲအဖမ်းမခံရအောင် သနားစရာကောင်းတဲ့ ဘဝနဲ့ ရှင်သန်နေပြီး ဧဝံဂေလိတရားကို တိုးချဲ့ဖို့လိုတဲ့အချိန်မှာ ငါက ရှေ့မထွက်တဲ့အပြင် ဘာသက်သေခံချက်မှလည်းမရှိဘူး။ ငါ့တာဝန်ကို တကယ်ပဲ ငါပစ်ထားတာပဲ”ပေါ့။ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “ငါ ဆန္ဒရှိသည်မှာ ယခု သင်၏သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှု၊ ယခု သင်၏ ချစ်ခြင်းမေတ္တာနှင့် သက်သေခံချက်တို့ ဖြစ်သည်။ လက်ရှိတွင် သက်သေခံချက်က အဘယ်အရာဖြစ်သည်၊ ချစ်ခြင်းမေတ္တာက အဘယ်အရာဖြစ်သည်ကို သင်မသိလျှင်ပင်၊ ငါ့ထံ သင်၏ အရာအားလုံးကို ယူဆောင်လာသင့်ပြီး၊ သင်၌ တစ်ခုတည်းသော ရတနာများဖြစ်သည့် သင်၏ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံခြင်းကို ငါ့ထံ လွှဲအပ်သင့်ပေသည်။ လူသားကို ငါ၏ လုံးဝ သိမ်းပိုက်ခြင်း သက်သေခံချက်ကဲ့သို့၊ စာတန်ကို ငါ၏ အောင်နိုင်ခြင်းနှင့်ဆိုင်သော သက်သေခံချက်သည် လူသား၏ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှုအတွင်းတွင် တည်ရှိသည်ကို သင် သိသင့်သည်။ ငါ၌ သင့်ယုံကြည်ခြင်းနှင့်ဆိုင်သော တာဝန်မှာ ငါ့အဖို့ သက်သေခံရန်၊ ငါ့ကို သစ္စာစောင့်သိရန်နှင့် အခြားမည်သူ့ကိုမျှ သစ္စာမစောင့်သိရန်၊ ပြီးလျှင် အဆုံးတိုင်အောင် ကျိုးနွံနာခံရန် ဖြစ်သည်။ ငါ့အမှု၏ နောက်တစ်ဆင့်ကို ငါ မစတင်မီ၊ သင်သည် ငါ့အဖို့ မည်သို့ သက်သေခံလိမ့်မည်နည်း။ ငါ့ကို သင် မည်သို့သစ္စာရှိကာ ကျိုးနွံနာခံမည်နည်း။ သင်၏သစ္စာစောင့်သိမှုအားလုံးကို သင်၏ အလုပ်တာဝန်အဖို့ သင် ဆက်ကပ်ပါသလော သို့မဟုတ် တကယ်ကို လက်လျှော့လိမ့်မည်လော။ ယင်းထက် သင်သည် (သေသည်ဖြစ်စေ၊ ပျက်စီးခြင်း ဖြစ်စေ) ငါ၏စီမံခန့်ခွဲမှုတိုင်းကို ကျိုးနွံနာခံလိုမည်လော သို့မဟုတ် ငါ၏ ပြစ်တင်ဆုံးမမှုကို ရှောင်ရှားရန် လမ်းတစ်ဝက်တွင် ထွက်ပြေးလိုလိမ့်မည်လော။ သင်သည် ငါ့အဖို့ သက်သေခံရန်နှင့် ငါ့ကို သစ္စာစောင့်သိကာ ကျိုးနွံနာခံရန်အလို့ငှာ သင့်ကိုငါ ပြစ်တင်ဆုံးမပေသည်။ ထို့အပြင် လက်ရှိ ပြစ်တင်ဆုံးမခြင်းသည် ငါ၏အမှု၏ နောက်အဆင့်ကို ဖွင့်ပြရန်နှင့် အမှုကို ပိတ်ဆီးထားခြင်း မရှိဘဲ တိုးတက်စေရန် ဖြစ်သည်။ ထို့ကြောင့် သင်သည် အမြော်အမြင် ရှိရန်နှင့် သင်၏ ဘဝဖြစ်စေ၊ သင်၏ တည်ရှိခြင်းနှင့်ဆိုင်သည့် အရေးပါမှုကို ဖြစ်စေ တန်ဖိုးမဲ့သည့် သဲကဲ့သို့ သဘောမထားရန် ငါတိုက်တွန်း၏။ ငါ၏လာမည့်အမှုသည် မည်သည့်အရာ ဖြစ်လိမ့်မည်ကို သင် အတိအကျသိနိုင်ပါသလော။ လာမည့် နေ့ရက်များတွင် ငါ အလုပ်ကို မည်သို့လုပ်ဆောင်မည်ဆိုသည်နှင့် ငါ၏အမှု မည်သို့ ဖွင့်ဟမည်ကို သင်သိပါသလော။ သင်သည် ငါ၏အမှုနှင့်ဆိုင်သည့် သင့်အတွေ့အကြုံ၏ အရေးပါမှုနှင့် ထိုထက်မက ငါ၌ သင်၏ ယုံကြည်ခြင်း အရေးပါမှုကို သိသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ရုတ်တရက် နိုးထစေခဲ့တယ်။ ဟုတ်တယ်၊ ဘုရားသခင်က လူတွေရဲ့ သစ္စာစောင့်သိခြင်းနဲ့ ကျိုးနွံနာခံခြင်းကို အလိုရှိတယ်၊ စာတန်ကိုအနိုင်ယူဖို့ကလည်း လူတွေရဲ့ သစ္စာစောင့်သိခြင်း လိုအပ်တာပဲ။ ဒါပေမဲ့ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေ အဖမ်းခံရတယ်လို့ သိပြီးတဲ့နောက်မှာတော့ ရဲတွေက စောင့်ကြည့်ကင်မရာမှတ်တမ်းတွေကို စစ်ဆေးပြီး ကျွန်မကိုရှာတွေ့မှာ စိုးရိမ်ခဲ့တယ်၊ ဒါနဲ့ ကိုယ့်လုံခြုံရေးကိုပဲတွေးပြီး ပုန်းနေခဲ့တယ်၊ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူတွေကိုလည်း ဘာတာဝန်ယူစိတ်မှမရှိဘဲ ဂရုမစိုက်ဘဲ ပစ်ပယ်ထားခဲ့တယ်။ ဘေးအန္တရာယ်က အရမ်းကြီးမားနေပြီ၊ ဒါပေမဲ့ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူတချို့က ဘုရားသခင်ရဲ့ ဧဝံဂေလိတရားကို မကြားရသေးဘူး၊ လူသစ်တွေကလည်း အခြေမခိုင်သေးဘဲ လဲပြိုသွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်၊ ကျွန်မကတော့ သူတို့ကို ဘာဂရုစိုက်မှုမှမရှိဘဲ ပစ်ထားခဲ့တယ်။ ကျွန်မဟာ ယုံကြည်မှုနဲ့ တကယ်ပဲမထိုက်တန်ခဲ့ဘူး။ ကျွန်မက ဘုရားသခင်ကို သစ္စာရှိရမယ်လို့ အမြဲပြောခဲ့ပေမဲ့ အဖြစ်မှန်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မ ထုတ်ဖော်ခံခဲ့ရတယ်။ အရင်က ကျွန်မပြောခဲ့တာတွေက ဘုရားသခင်ကို လှည့်ဖြားတဲ့ မုသားတွေပဲ။ ဘုရားသခင်က သူ့နှုတ်ကပတ်တော်ကို နားထောင်နိုင်တဲ့သူ၊ အချိန်တိုင်း ဘုရားသခင်ကို သစ္စာရှိနိုင်တဲ့သူကို အလိုရှိပေမဲ့ ကျွန်မကတော့ အန္တရာယ်နည်းနည်းလေးနဲ့ ကြုံတာနဲ့ ကိုယ့်တာဝန်ကို စွန့်ပယ်ပြီး ပုန်းနေခဲ့တယ်၊ လူသစ်တွေရဲ့အသက်တာ ထိခိုက်မလားဆိုတာကိုတောင် ဂရုမစိုက်ခဲ့ဘူး။ ဆင်းရဲဒုက္ခနဲ့ စမ်းသပ်မှုတွေကြားမှာ ကျွန်မမှာ သစ္စာစောင့်သိခြင်းရော၊ သက်သေခံချက်ပါ မရှိတာကို ကျွန်မတွေ့ခဲ့ရတယ်။ ဘုရားသခင်ကို တကယ်စိတ်ပျက်စေခဲ့တာပဲ။ ကျွန်မ ယောဘအကြောင်း တွေးမိတယ်။ များပြားလှတဲ့စည်းစိမ်ဥစ္စာတွေ တစ်ညတည်းနဲ့ ဓားပြတိုက်ခံလိုက်ရပြီး တစ်ကိုယ်လုံး အနာစိမ်းတွေနဲ့ ဖုံးလွှမ်းသွားတဲ့သူ၊ ဘုရားသခင်ကို စွန့်ပယ်ဖို့ ဇနီးက တိုက်တွန်းတာတောင်ခံခဲ့ရသူ၊ ဒါတောင် သူက ဒီလိုမျိုး ကိုယ်ရောစိတ်ပါ နာကျင်ခံစားရတဲ့ စမ်းသပ်မှုတွေကြားမှာ ဘုရားသခင်ကို အပြစ်တင်မဲ့အစား ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲဖို့ကိုပဲ ရွေးချယ်ခဲ့တယ်၊ သူ့ရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ခဲ့ပြီး၊ နောက်ဆုံးမှာ စာတန်ကို အရှက်ခွဲပြီး အနိုင်ယူခဲ့တယ်။ ကျွန်မ အာဗြဟံအကြောင်းကိုလည်း တွေးမိတယ်။ ဘုရားသခင်ကို ပူဇော်ဖို့ သူ့သားကိုသတ်ဖို့ ကိုယ့်လက်နဲ့ ဓားမြှောက်ခဲ့ပြီး ဘုရားသခင်ကို လုံးဝကျိုးနွံနာခံခြင်းကို ပြသခဲ့တဲ့သူ။ နှိုင်းယှဉ်ကြည့်ရင် ကျွန်မမှာ သစ္စာစောင့်သိခြင်းရော၊ ကျိုးနွံနာခံခြင်းပါ မရှိခဲ့ဘူး။ ကျွန်မ ဘုရားသခင်ဆီ နောင်တရရမယ်၊ ယောဘနဲ့ အာဗြဟံတို့ရဲ့ စံနမူနာကို လိုက်လျှောက်ရမယ်၊ ကျွန်မ အဖမ်းခံရ၊ ညှဉ်းဆဲနှိပ်စက်ခံရပြီး အသက်ဆုံးရှုံးခဲ့ရင်တောင်မှ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီး စာတန်ကို အရှက်ရစေရမယ်။ စိတ်ထဲမှာ ဒီအရာတွေနဲ့အတူ ကျွန်မမှာ ယုံကြည်ခြင်းနဲ့ ခွန်အားတွေရလာပြီး၊ ခေါင်းဆောင်ဆီ အမြန်စာရေးလိုက်တယ်။ ဧဝံဂေလိတရားဟောပြောဖို့ တခြားအသင်းတော်တစ်ခုကို ကျွန်မပြောင်းလို့ရတယ်ဆိုပြီးတော့ပါ။

နောက်ပိုင်းမှာ ကျွန်မ ရှုဂွမ်း အသင်းတော်ကို သွားခဲ့တယ်။ ဒါပေမဲ့ တစ်လအကြာမှာ အဆင်းနီသော နဂါးကြီးက သူ့ရဲ့လက်သည်းကို ရှုက အသင်းတော်ဆီကိုလည်း တိုးဆန့်လာပြီး၊ ညီအစ်ကိုမောင်နှမ တစ်ဒါဇင်လောက်ကို တစ်ခါတည်းနဲ့ ဖမ်းသွားခဲ့တယ်။ ပြီးတော့ ယုဒလိုပဲ တစ်ယောက်ယောက်က ကျွန်မတို့ကို ရောင်းစားခဲ့တယ်ဆိုတာရယ်၊ ရဲက ညီအစ်မတစ်ယောက်ရဲ့ဓာတ်ပုံကိုသုံးပြီး အဲ့ဒီယုဒကို ခွဲခြားရွေးထုတ်ခိုင်းတယ်ဆိုတာရယ် ကြားလိုက်ရတယ်။ ဒီညီအစ်မက ကျွန်မနဲ့ ခဏခဏ အတူရှိနေခဲ့တာရယ်၊ သူ့ဓာတ်ပုံက ရဲလက်ထဲမှာဆိုရင် ကျွန်မဓာတ်ပုံရော သူတို့မှာ မရှိနိုင်ဘူးလားဆိုတာရယ်ကို တွေးမိတယ်။ ရဲကသာ သူ့ကို နောက်ယောင်ခံလိုက်ရင် ကျွန်မလည်း ငြိစွန်းမှာပဲလေ။ ကျွန်မက ဒေသခံမဟုတ်တဲ့အတွက် အဖမ်းခံရရင် ပြစ်ဒဏ်ပိုကြီးနိုင်တယ်ဆိုတာကိုလည်း သဘောပေါက်သွားတယ်၊ အဲဒီတော့ အပြင်ထွက်တာကို ရှောင်သင့်တယ်။ မဟုတ်ရင် နောက်ထပ်အဖမ်းခံရမယ့်သူက ကျွန်မ ဖြစ်မှာပဲ။ ဒါနဲ့ ကျွန်မလည်း ဧဝံဂေလိအလုပ်ကိုထမ်းဆောင်ဖို့ အသင်းတော်ဆီ သွားတာကို ရပ်လိုက်တယ်။ နောက်ပိုင်းမှာ ကျွန်မ ရုတ်တရက် သတိရလိုက်တယ်၊ အရင်တစ်ခါတုန်းက အသင်းတော်လုပ်ဖော်ကိုင်ဖက်တွေ အဖမ်းခံရလို့ ကျွန်မက ကြောက်ပြီး ရက်ပေါင်းနှစ်ဆယ်ကျော် ပုန်းနေခဲ့တာကြောင့် အလုပ်တွေ နှောင့်နှေးခဲ့ရတယ်။ ဒုက္ခအရိပ်အယောင်နည်းနည်းလေး မြင်တိုင်း အမြဲပုန်းနေရင် ဧဝံဂေလိတရားကို ဘယ်လိုဖြန့်ဝေနိုင်မှာလဲ။ ဒီလိုတွေးမိတော့ ကျွန်မရဲ့အသိစိတ်က အပြစ်ရှိတဲ့စိတ်နဲ့ပြည့်နှက်သွားတယ်။ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရတဲ့အခါ အသင်းတော်အလုပ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ မတွေးဘဲ ကိုယ့်လုံခြုံရေးကိုပဲ တွေးခဲ့မိတယ်။ ကျွန်မဟာ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖို့ကောင်းတာပဲ။ နောက်ပိုင်းမှာ ကျွန်မ ညီအစ်ကိုမောင်နှမတွေနဲ့ စပြီးတွေ့ဆုံတယ်၊ ဘယ်လို သစ္စာရှိရမလဲ၊ ကိုယ့်တာဝန်တွေကို ဘယ်လိုကောင်းကောင်းဖြည့်ဆည်းရမလဲဆိုတာကို သူတို့နဲ့ မိတ်သဟာယဖွဲ့ဖို့ပေါ့။

အချိန်တစ်ခုထိ ကြာပြီးတဲ့နောက်မှာ နောက်ထပ် အသင်းတော်သုံးလေးခုလည်း စီစီပီက ဝင်စီးနင်းတာကို ခံရတယ်။ ကျွန်မတို့ စုဝေးခဲ့တဲ့အိမ်ကိုလည်း ရဲက စောင့်ကြည့်လာခဲ့တယ်။ စုဝေးဖို့ သင့်တော်တဲ့နေရာမရှိလို့၊ ဖြစ်သလိုစီစဉ်တဲ့နေရာတွေမှာ ဆုံခဲ့ကြရတယ်။ စွန့်ပစ်ထားတာကြာပြီဖြစ်တဲ့ အိမ်အိုတွေထဲမှာ ဒါမှမဟုတ် သုသာန်နားတွေမှာပေါ့။ တစ်နေ့မှာ ကျွန်မတို့ အိမ်အိုတစ်လုံးမှာ ထပ်တွေ့နေတုန်း၊ ညီအစ်မတစ်ယောက်က အလောတကြီးပြေးလာပြီး ပြောတယ်။ “ဒီနေရာ မလုံခြုံတော့ဘူး။ မနေ့က ရဲငါးဆယ်ကျော်လောက် အိမ်တွေကို လာရှာတယ်၊ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေ သိုလှောင်ထားတဲ့ အိမ်တော်တော်များများ အရှာခံရတယ်။ ရဲတွေက လမ်းပေါ်မှာ ကားတွေကိုတောင် တားပြီး စစ်ဆေးနေတုန်းပဲ”တဲ့။ ဒါကိုကြားတော့ ကျွန်မရဲ့ရင်တွေက တဒိန်းဒိန်းခုန်လာပြီး၊ တွေးမိတယ်၊ “ကွန်မြူနစ်ပါတီက ယုံကြည်သူတွေကို ဖမ်းမိရင် သူတို့ကို သေတဲ့အထိရိုက်သတ်ပြီး သူတို့ဟာ အလကားသက်သက်သေရမှာလို့ ခြိမ်းခြောက်ထားတာ၊ ဒါကြောင့် သူတို့လက်ထဲကျသွားရင် လုံးဝသေဖို့သေချာသလောက်ပဲ။ တရုတ်ကွန်မြူနစ်ပါတီက ငါ့ကို အမြဲလိုက်နေတာ၊ သူတို့သာ ငါ့ကိုဖမ်းမိရင် သေချာပေါက် ရိုက်သတ်မှာပဲ”ပေါ့။ ဒီလိုတွေးမိတော့ ကျွန်မ နောက်တွန့်သွားပြန်ပြီး ဧဝံဂေလိတရားကို မဖြန့်ဝေရဲတော့ဘူး။ နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များကြားတွင် မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများ ရှိကြသည်။ သေခြင်းတရားမျိုးစုံသည် ၎င်းတို့ပေါ် ကျရောက်ခဲ့သည်။ ၎င်းတို့၏ သေခြင်းတရားများအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပြစ်မှုများအတွက် ဥပဒေနှင့်လျော်ညီစွာ ကွပ်မျက်ခံရခြင်းလော။ မဟုတ်ပေ၊ ၎င်းတို့သည် သခင်၏ ဧဝံဂေလိတရားကို ဖြန့်ချိခဲ့သော်လည်း ကမ္ဘာသူကမ္ဘာသားများက ယင်းကို လက်ခံရမည့်အစား ၎င်းတို့ကို ပြစ်တင်ရှုတ်ချကာ ရိုက်နှက်ပြီး ဆူပူသည့်အပြင် ၎င်းတို့ကို သတ်ပင်သတ်ခဲ့ကြသည်။ ယင်းမှာ ၎င်းတို့ မာတုရဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။...အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်နှင့် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏ သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ နည်းလမ်းများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်များ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် မဖြစ်မနေ ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျအားဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်များကို အသုံးပြုခဲ့သည်။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်နှင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အား ကြေညာဖို့ ၎င်းတို့အသက်၏နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်များ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်သည်၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူပြုလုပ်ခဲ့သည့် ရွေးနုတ်ခြင်းအမှုတော်သည် ဤလူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်းကို လူသားတို့အား အတည်ပြုဖို့ ၎င်းတို့၏အသက်များကို အသုံးပြုခဲ့သည်။ ဤအဖြစ်မှန်သည် ထာဝရမပြောင်းလဲပေ။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ချိခြင်းအတွက် မာတုရဖြစ်ခဲ့သောသူတို့သည် ၎င်းတို့၏တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့သနည်း။ ယင်းက အဆုံးစွန်အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အဆုံးစွန်အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏ အသက်များကို ပူဇော်ဆက်ကပ်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်များဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ်နှင့်ဆက်စပ်သည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့် လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးတန်ဆုံးသော အရာဖြစ်ပြီး၊ အမှန်တွင် ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက် အနေဖြင့်လည်းကောင်း၊ သက်သေခံချက် အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုဖြစ်သည့် အသက်ကို ပူဇော်ဆက်ကပ်နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့် နေ့ရက်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့၊ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ၊ ဤအဖြစ်မှန် တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့အသက်၏ နောက်ဆုံးအခိုက်အတန့်များကို အသုံးပြုခဲ့ကြသည်။ ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး ခြောက်လှန့်ကာ အဆုံး၌ စာတန်သည် သူတို့၏ အသက်ကို အဖိုးအခ ပေးစေသည့်အခါတွင်ပင်၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မစွန့်ပစ်ခဲ့ပေ။ ဤသည်မှာ တစ်စုံတစ်ဦး၏ တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ဖြည့်ဆည်းခြင်းဖြစ်ပေသည်။ ဤသည်နှင့်ပတ်သက်၍ ငါမည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်ကို သက်သေခံဖို့နှင့် သူ၏ဧဝံဂေလိတရားအား ဖြန့်ချိဖို့ တစ်ထေရာတည်းသော နည်းစနစ်ကို သင်တို့အား အသုံးပြုစေဖို့ ငါရည်ရွယ်သလော။ ထိုသို့ ပြုလုပ်ရန် မလိုအပ်သော်လည်း၊ ဤသည်မှာ သင်၏တာဝန် ဖြစ်ကြောင်း၊ ဘုရားသခင်က သင့်အား လိုအပ်ပါက၊ ယင်းကို ကျင့်ဝတ်သိက္ခာအရ မလွဲမသွေ တာဝန်ရှိသည့်အရာတစ်ခုအဖြစ် သင်တို့ လက်ခံသင့်ကြောင်းတို့ကို သင်နားလည်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရားဟောခြင်းသည် ယုံကြည်သူများအားလုံး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်လိုက်တော့ ကျွန်မမှာ ယုံကြည်ခြင်းတွေ ရှိလာတယ်။ လူတိုင်းရဲ့ကံကြမ္မာကို ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာက ဆုံးဖြတ်ပေးတာပဲ၊ ဧဝံဂေလိတရားကို ဖြန့်ဝေတဲ့အခါ ဘယ်လိုအခြေအနေမျိုးနဲ့ပဲကြုံရပါစေ၊ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်တာဝန်ကို စောင့်ထိန်းရမယ်။ သခင်ယေရှုရဲ့တပည့်တော်တွေကို ကျွန်မ သတိရမိတယ်။ သူတို့က ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေဖို့အတွက် ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဆင်းရဲဒုက္ခတွေအများကြီး ခံခဲ့ရပြီး နောက်ဆုံးမှာ သခင့်အတွက် အသက်စွန့်ခဲ့ကြတယ်။ တချို့က ကားစင်တင်ပြီးအဆုံးစီရင်ခံရတယ်၊ တချို့က မြင်းတွေနောက်မှာ သေတဲ့အထိတရွတ်တိုက်ဆွဲခံရတယ်၊ တချို့က ခဲနဲ့ပေါက်သတ်ခံရတယ်၊ ဒါပေမဲ့ သူတို့ရဲ့ တာဝန်နဲ့ ဝတ္တရားတွေကို ဘယ်တော့မှ သူတို့မစွန့်ပစ်ခဲ့ကြဘူး။ သူတို့ရဲ့ခန္ဓာကိုယ်တွေက သေဆုံးရင်သေဆုံးသွားခဲ့မယ်၊ သူတို့ရဲ့ ဝိညာဉ်တွေကတော့ ဘုရားသခင်ရဲ့လက်ထဲမှာ ရှိနေတယ်၊ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ သူတို့ပေးဆပ်ခဲ့တဲ့ အသက်ရဲ့အဖိုးအခက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့တယ်။ ပြီးတော့ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်ကို ကျွန်မ ပြန်အမှတ်ရမိတယ်။ “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။(ရှင်မဿဲခရစ်ဝင် ၁၀:၂၈) ကျွန်မရဲ့အသက်၊ သေခြင်း၊ အနာဂတ်နဲ့ ကံကြမ္မာအားလုံးက ဘုရားသခင်ရဲ့လက်ထဲမှာပဲ ရှိတယ်။ ရဲက ကျွန်မကို ဖမ်းပြီး ရိုက်သတ်ရင်တောင် သူတို့က ကျွန်မရဲ့ ဝိညာဉ်ကို အဆုံးမသတ်နိုင်ဘူး။ ခန္ဓာကိုယ်သေဆုံးခြင်းက ကြောက်စရာမကောင်းဘူး၊ ကြောက်စရာကောင်းတာက အန္တရာယ်ရှိတယ်လို့ကြားတာနဲ့ ကိုယ့်အသက်အတွက်ကြောက်ပြီး ပုန်းနေတာ၊ ကိုယ့်တာဝန်ကို မထမ်းဆောင်ရဲတော့တာ၊ အဲဒါကြောင့် ဒီလို သနားစရာကောင်းတဲ့နည်းနဲ့ ရှင်သန်ပြီး ကိုယ့်သက်သေခံချက်ကို ဆုံးရှုံးသွားတာပဲ။ ဒီလိုသာ ဆက်ရှင်သန်နေရင် အဖမ်းမခံရရင်တောင် ဘုရားသခင်ရဲ့အလုပ် ပြီးဆုံးတဲ့အခါ ဖယ်ရှားရှင်းလင်းခံရဦးမှာပဲ။ ဒါကိုနားလည်သွားတော့ သေခြင်းတရားရဲ့ ကြောက်စိတ်က ကျွန်မကို ဘောင်မခတ်နိုင်တော့ဘူး။

တစ်နေ့မှာ ကျွန်မ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို စဉ်းစားခြင်းအပြင် အချို့သော အန္တိခရစ်များက မည်သည့်အရာကိုပါ စဉ်းစားကြသနည်း။ ၎င်းတို့က ‘ယခုအခါတွင် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်သည် သဘောကျစရာ မကောင်းပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏ မျက်နှာများပြခြင်းကိုလည်းကောင်း၊ ဧဝံဂေလိတရားဟောခြင်းကိုလည်းကောင်း လျှော့ကြစို့။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် အဖမ်းခံရမည့် အလားအလာနည်းပြီး အသင်းတော်၏ အလုပ် ဖျက်ဆီးခံရမည် မဟုတ်ပါ။ အဖမ်းခံရမည်ကို ကျွန်ုပ်တို့ ရှောင်ရှားလျှင် ယုဒအဖြစ် ပြောင်းသွားမည်မဟုတ်ဘဲ ထို့နောက်တွင် အနာဂတ်၌ ကျွန်ုပ်တို့ ဆက်လက်၍ တည်ရှိနေနိုင်မည် မဟုတ်လော’ဟု ပြောကြသည်။ ညီအစ်ကို မောင်နှမများကို အထင်အမြင်မှားစေရန် ထိုသို့သော ဆင်ခြေများကို အသုံးပြုသည့် အန္တိခရစ်များ ရှိသည် မဟုတ်လော။...မည်သည့် စည်းမျဉ်းများကို ၎င်းတို့ လိုက်လျှောက်ကြသနည်း။ ဤလူများက ‘ဉာဏ်များသော ယုန်တစ်ကောင်တွင် မြေတွင်းသုံးခုရှိသည်။ ယုန်တစ်ကောင်အတွက် သားရဲတစ်ကောင်၏ တိုက်ခိုက်မှုကို ကာကွယ်ရန်၊ သူ့ဘာသာ ပုန်းကွယ်ရန် မြေတွင်းသုံးတွင်းကို ပြင်ဆင်ထား၏။ လူတစ်ဦးသည် အန္တရာယ်ကြုံပြီး ထွက်ပြေးလွတ်မြောက်ရမည်ဖြစ်သော်လည်း ပုန်းကွယ်ရမည့်နေရာ တစ်နေရာမျှ မရှိလျှင် ယင်းမှာ လက်ခံနိုင်ဖွယ်ရှိသလော။ ယုန်များမှ ကျွန်ုပ်တို့ သင်ယူရမည်။ ဘုရား ဖန်ဆင်းထားသည့် တိရစ္ဆာန်များတွင် ဤရှင်သန်ရေး စွမ်းရည်ရှိပြီး လူတို့က ၎င်းတို့ထံမှ သင်ယူသင့်သည်’ဟု ပြောကြသည်။ ခေါင်းဆောင်မှု အခန်းကဏ္ဍကို ယူရသည့်အတွက် ဤအယူဝါဒကို ၎င်းတို့ သဘောပေါက်လာကြပြီး သမ္မာတရားကို ၎င်းတို့ နားလည်ပြီးဖြစ်သည်ဟုပင် ယုံကြည်ကြလေသည်။ အမှန်တွင် ၎င်းတို့က အလွန့်အလွန် ကြောက်လန့်ကြသည်။ ၎င်းနေထိုင်သည့် နေရာက ဘေးကင်းလုံခြုံခြင်း မရှိသောကြောင့် ရဲများထံ တိုင်ကြားခြင်းခံရသည့် ခေါင်းဆောင်တစ်ဦးအကြောင်းကိုဖြစ်စေ၊ မိမိတို့၏တာဝန်များကို လုပ်ဆောင်ရန် မကြာခဏ အပြင်ထွက်လွန်းပြီး အလွန်များသော လူတို့နှင့် ဆက်ဆံခဲ့ရသောကြောင့် အဆင်းနီသော နဂါးကြီး၏ သူလျှိုများက ပစ်မှတ်ထားခြင်း ခံရသည့် ခေါင်းဆောင်တစ်ဦးအကြောင်းကိုဖြစ်စေ၊ ဤလူများက ဖမ်းဆီးခြင်းခံရကာ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပုံကိုဖြစ်စေ ၎င်းတို့ ကြားရသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ကြောက်လန့်လာကြသည်။ ၎င်းတို့က ‘အို မဖြစ်ပါ၊ အဖမ်းခံရမည့် နောက်တစ်ယောက်မှာ ငါများ ဖြစ်လိမ့်မည်လော။ ဤအရာမှ ငါ သင်ယူရမည်။ ငါ အလွန် မတက်ကြွသင့်ပါ။ အသင်းတော် အလုပ်အချို့ကို လုပ်ဆောင်ခြင်းအား ငါ ရှောင်ရှား၍ရနိုင်လျှင် ငါ ရှောင်ရှားလိုက်မည်။ ငါ့မျက်နှာပြခြင်းကို ရှောင်ရှား၍ရနိုင်လျှင် ငါ ရှောင်ရှားလိုက်မည်။ ငါ့အလုပ်ကို ငါ ဖြစ်နိုင်သမျှ နည်းအောင်လုပ်မည်၊ အပြင်ထွက်ခြင်းကို ရှောင်မည်၊ မည်သူမဆိုနှင့် ဆက်ဆံခြင်းကို ရှောင်မည်ဖြစ်ပြီး ငါ ခေါင်းဆောင်ဖြစ်ကြောင်း မည်သူမျှမသိသည်ကို သေချာအောင်လုပ်မည်။ ယနေ့ခေတ်တွင် အခြားတစ်ဦးတစ်ယောက်ကို မည်သူက ဂရုစိုက်ဖို့ တတ်နိုင်မည်နည်း။ အသက်ရှင်နေဖို့သည်ပင် စိန်ခေါ်မှုတစ်ခု ဖြစ်နှင့်ပေပြီ’ဟု တွေးကြသည်။ ခေါင်းဆောင်တစ်ဦး၏ အခန်းကဏ္ဍကို ယူကတည်းက အိတ်တစ်ခုကို သယ်ဆောင်ပြီး ပုန်းကွယ်ခြင်းမှလွဲ၍ မည်သည့်အလုပ်ကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အဖမ်းခံရကာ ပြစ်ဒဏ်ချမှတ်ခံရမည်ကို အမြဲကြောက်သောစိတ်ဖြင့် ရင်တမမ အသက်ရှင်နေကြသည်။ တစ်စုံတစ်ဦးက ‘သင် အဖမ်းခံရလျှင် အသတ်ခံရလိမ့်မည်။ သင် ခေါင်းဆောင်တစ်ဦး မဟုတ်လျှင်၊ သာမန် ယုံကြည်သူတစ်ဦးသာဖြစ်လျှင် ဒဏ်ငွေအနည်းငယ်မျှ ပေးပြီးနောက်တွင် လွတ်ကောင်းလွတ်မည် ဖြစ်သော်လည်း သင့်အနေဖြင့် ခေါင်းဆောင်တစ်ဦးဖြစ်သည့်အတွက် ပြောရခက်ပေသည်။ အလွန် အန္တရာယ်များသည်။ အဖမ်းခံရသည့် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်အချို့သည် မည်သည့် သတင်းအချက်အလက်ကိုမဆို ပေးဖို့ ငြင်းဆန်ကြပြီး ရဲများက သေသည်အထိ ရိုက်နှက်ခြင်းကို ခံရကြသည်’ဟု ပြောသည်ကို ကြားကြသည်ဆိုပါစို့။ တစ်စုံတစ်ဦးက သေသည်ထိ ရိုက်နှက်ခံရသည်ကို ၎င်းတို့ ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အကြောက်တရားက ပြင်းထန်လာပြီး အလုပ်လုပ်ရန် သာ၍ပင် ကြောက်ရွံ့လာကြသည်။ နေ့စဉ် ၎င်းတို့တွေးသမျှအကြောင်းမှာ အဖမ်းခံရခြင်းအား မည်သို့ ရှောင်ရှားရမည်၊ မိမိတို့မျက်နှာများ ပြခြင်းအား မည်သို့ ရှောင်ရှားရမည်၊ စောင့်ကြည့်ခံရခြင်းအား မည်သို့ ရှောင်ရှားရမည်ဆိုသည်နှင့် ၎င်းတို့၏ ညီအစ်ကို မောင်နှမများနှင့် ထိတွေ့ဆက်ဆံရခြင်းအား မည်သို့ ရှောင်ရှားရမည်ဟူသည်တို့ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို ဦးနှောက်ခြောက်ခံ စဉ်းစားကြပြီး မိမိတို့၏ တာဝန်များကို လုံးဝ မေ့လျော့ကြသည်။ ဤသည်တို့မှာ သစ္စာစောင့်သိသော လူများ ဖြစ်ကြသလော။ ဤကဲ့သို့သော လူများသည် အလုပ်တစ်ခုတလေကို ကိုင်တွယ်နိုင်ကြသလော။ (မကိုင်တွယ်နိုင်ကြပါ။) ဤကဲ့သို့သော လူများသည် ကြောက်သာကြောက်တတ်ကြပြီး ဤသရုပ်သကန်တစ်ခုတည်းအပေါ် အခြေခံ၍ အန္တိခရစ်များအဖြစ် ၎င်းတို့ကို ငါတို့ သေချာပေါက် သရုပ်ဖော်၍မရနိုင်သော်လည်း ဤသရုပ်သကန်၏ သဘာဝမှာ အဘယ်နည်း။ ဤသရုပ်သကန်၏ အနှစ်သာရမှာ မယုံကြည်သူတစ်ဦး၏ အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်က လူတို့၏ ဘေးကင်းရေးကို ကာကွယ်ပေးနိုင်ကြောင်း ၎င်းတို့ မယုံကြည်ကြသကဲ့သို့ ဘုရားသခင်အတွက် အသုံးခံရန် မိမိကိုယ်ကို ရည်စူးအပ်နှံခြင်းသည် သမ္မာတရားအတွက် မိမိကိုယ်ကို ဆက်ကပ်ခြင်း ဖြစ်ကြောင်းနှင့် ထိုအရာသည် ဘုရားသခင် အသိအမှတ်ပြုသည့် အရာတစ်ခုဖြစ်ကြောင်းတို့ကို ၎င်းတို့ သေချာပေါက် မယုံကြည်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ကို ၎င်းတို့ မကြောက်ရွံ့ ကြပေ။ စာတန်နှင့် ဆိုးယုတ်သော နိုင်ငံရေး ပါတီများကိုသာ ကြောက်ကြသည်။ ဘုရားသခင်၏ တည်ရှိခြင်းကို ၎င်းတို့ မယုံကြည်ကြ။ အရာရာက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို မယုံကြည်ကြသကဲ့သို့ သူ့အတွက်လည်းကောင်း၊ သူ၏ လမ်းခရီးကို လိုက်လျှောက်ခြင်းနှင့် သူ၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးစေခြင်းအတွက်လည်းကောင်း အရာရာကို အသုံးခံသည့် လူတစ်ဦးအား ဘုရားသခင် အသိအမှတ်ပြုလိမ့်မည် ဖြစ်သည်ကို သေချာပေါက် မယုံကြည်ကြပေ။ ဤအရာတစ်ခုကိုမျှ ၎င်းတို့ မယုံကြည်ကြပေ။ မည်သည့်အရာကို ၎င်းတို့ ယုံကြည်ကြသနည်း။ ၎င်းတို့အနေဖြင့် အဆင်းနီသော နဂါးကြီး၏ လက်ထဲသို့ ကျရောက်သွားလျှင် မကောင်းသည့် အဆုံးသတ်တစ်ခု တွေ့ကြုံရမည် ဖြစ်ကြောင်း၊ ၎င်းတို့ ပြစ်ဒဏ်ချမှတ်ခံရနိုင်မည့် သို့မဟုတ် ၎င်းတို့၏ အသက်များပင် ဆုံးရှုံးမည့် အန္တရာယ်ရှိနိုင်ကြောင်းကို ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကိုသာ စဉ်းစားကြပြီး အသင်းတော်၏ အလုပ်ကို မစဉ်းစားကြချေ။ ဤလူများသည် မယုံကြည်သူများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ကျမ်းစာက မည်သည့်အရာ ပြောသနည်း။ ‘ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။’ (ရှင်မဿဲခရစ်ဝင် ၁၀:၃၉) ဤစကားများကို ၎င်းတို့ ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) မိမိတို့တာဝန်ကို လုပ်ဆောင်စဉ် စွန့်စားရန် စေခိုင်းခြင်းခံရလျှင် မိမိတို့ကိုယ်ကို ပုန်းကွယ်ကာ ၎င်းတို့အား မည်သူမျှ မြင်ခွင့်မပေးရန် ဆန္ဒရှိကြလိမ့်မည် ဖြစ်သည်။ ကိုယ်ပျောက်သောသူ ဖြစ်ချင်ကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့ ကြောက်ရွံ့သည့်အတိုင်းအတာ ဖြစ်သည်။ ဘုရားသခင်သည် လူ၏ အထောက်အပံ့ဖြစ်သည်ကြောင်း၊ အရာရာက ဘုရားသခင်၏ လက်ထဲတွင် ရှိကြောင်း၊ တစ်စုံတစ်ရာ မှားယွင်းလျှင် သို့မဟုတ် ၎င်းတို့ အမှန်တကယ် အဖမ်းခံရလျှင် ထိုအရာကို ဘုရားသခင်က ခွင့်ပြုထားခြင်းဖြစ်ကြောင်းနှင့် လူတို့အနေဖြင့် ကျိုးနွံနာခံသည့် စိတ်နှလုံးများရှိသင့်ကြောင်းတို့ကို ၎င်းတို့က မယုံကြည်ကြပေ။ ဤလူများသည် ဤစိတ်နှလုံးများ၊ ဤသိနားလည်မှု သို့မဟုတ် ဤပြင်ဆင်မှုတို့ မရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) ဤသရုပ်သကန်၏ အနှစ်သာရမှာ မယုံကြည်သူတစ်ဦး၏ အနှစ်သာရ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ပကတိအတိုင်းပင် ဖြစ်၏။ ဤကဲ့သို့သော လူများသည် ထူးထူးခြားခြား ကြောက်တတ်ကြသည်၊ အလွန်အမင်း ကြောက်လန့်ပြီး ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခခံစားရခြင်းနှင့် ၎င်းတို့ထံ မကောင်းသောအရာ တစ်စုံတစ်ခု ဖြစ်ပျက်ခြင်းကို ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် ဂနာမငြိမ်သော ငှက်ကလေးများလောက် ကြောက်လန့်လာပြီး မိမိတို့၏ အလုပ်ကို မထမ်းဆောင်နိုင်ကြတော့ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) ဘုရားသခင်က အန္တိခရစ်တွေဟာ အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို လုံးဝမယုံကြည်ဘူးလို့ ဖော်ထုတ်ထားတယ်။ သူတို့မှာ ကိစ္စတွေကြုံလာတဲ့အခါ ကိုယ့်လုံခြုံရေး၊ အလားအလာနဲ့ ရည်မှန်းချက်တွေကိုပဲ သူတို့အမြဲစဉ်းစားတယ်။ ဖန်ဆင်းခံတစ်ယောက်ရဲ့ ဝတ္တရားတွေနဲ့ တာဝန်က သူတို့စိတ်နှလုံးထဲမှာ မရှိဘူး။ ယုံကြည်ခြင်းမှာ အန္တရာယ်နဲ့ကြုံလာတဲ့အခါ သူတို့က ပုန်းနေကြတယ်။ သူတို့က အသင်းတော်အလုပ် ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ဂရုမစိုက်ဘူး၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကိုလည်း လုံးဝမစဉ်းစားဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တော့ ကျွန်မက အန္တိခရစ်တစ်ယောက်လိုပဲ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတာကို တွေ့ခဲ့ရတယ်။ အန္တရာယ်မရှိတဲ့အခါ ကျွန်မက ကိုယ့်တာဝန်မှာ ဒုက္ခခံပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံနိုင်ခဲ့ပေမဲ့ တကယ့်အန္တရာယ်နဲ့ ဆင်းရဲဒုက္ခတွေ လာတဲ့အခါမှာတော့ ဒုက္ခ အရိပ်အယောင်နည်းနည်းလေး မြင်တာနဲ့ ကိုယ့်ခေါင်းကို အခွံထဲပြန်သွင်းတဲ့ လိပ်တစ်ကောင်လို ပုန်းနေခဲ့တယ်၊ ဘယ်သူမှရှာမတွေ့နိုင်တဲ့ လုံခြုံတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် ပုန်းချင်ပြီး လူသစ်တွေနဲ့ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူတွေကို လုံးဝဂရုမစိုက်တော့ဘူး။ နောက်ပိုင်းမှာ ကျွန်မတို့ ယုဒတစ်ယောက်ရဲ့ သစ္စာဖောက်တာကို ခံခဲ့ရတယ်လို့ သိတော့ ကျွန်မ ကိုယ့်လုံခြုံရေးကိုပဲ နောက်တစ်ခါ ထပ်စဉ်းစားမိတယ်။ ကျွန်မက ဒေသခံမဟုတ်တဲ့အတွက် အဖမ်းခံရရင် ရိုက်သတ်ခံရမှာ ဒါမှမဟုတ် ကိုယ်လက်အင်္ဂါချို့ယွင်းသွားမှာကို စိုးရိမ်ခဲ့တယ်၊ ဒါမှမဟုတ် ညှဉ်းဆဲနှိပ်စက်မှုကိုမခံနိုင်ဘဲ အသင်းတော်ကို သစ္စာဖောက်မိပြီး ကယ်တင်ခြင်းအခွင့်အရေး ဆုံးရှုံးမှာကို စိတ်ပူခဲ့တယ်။ ဒါကြောင့် ဧဝံဂေလိတရားကို ဟောပြောဖို့ အပြင်မထွက်ချင်တော့ဘူး။ ကျွန်မက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်မပြုခဲ့ဘူး၊ အန္တရာယ်နဲ့ကြုံလာတဲ့အခါ ကိုယ့်တာဝန်ကို မေ့ထားခဲ့တယ်။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို လုံးဝမကာကွယ်ခဲ့ဘဲ တွန့်ဆုတ်ခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းဆိုတဲ့ အခြေအနေမှာပဲ လုံးလုံးလျားလျား ရှင်သန်နေခဲ့တယ်။ ကျွန်မဟာ ဒီလောက် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ မယုံကြည်သူတစ်ယောက် ဖြစ်ခဲ့တာပဲ။ ဒီအရာတွေကို သိမြင်ပြီးနောက်မှာ ကျွန်မ ပိုပြီးတော့တောင် နောင်တရမိတယ်။ “နောက်တစ်ခါ ဘယ်လိုပတ်ဝန်းကျင်မျိုးနဲ့ပဲ ကြုံရပါစေ၊ ကိုယ့်တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ရမယ်”လို့ ကျွန်မ စဉ်းစားလိုက်တယ်။

အဲဒီနောက်မှာ ရဲဖမ်းဆီးမှုတွေက ပိုပြီးပြင်းထန်လာပြီး အထက်ခေါင်းဆောင်က ကျွန်မကို တခြားအသင်းတော်တစ်ခုကို ပြောင်းပေးခဲ့တယ်။ အဲဒီအသင်းတော်ကိုရောက်ပြီး နှစ်လအကြာမှာပဲ ကျွန်မရဲ့လျှပ်စစ်စက်ဘီးမှာ နောက်ယောင်ခံကိရိယာတစ်ခု တပ်ဆင်ခံထားရတာကို သတိထားမိတယ်။ ကျွန်မတွေးမိတယ်၊ “ရဲက လမ်းတစ်လျှောက်က စောင့်ကြည့်ကင်မရာမှတ်တမ်းတွေကို စစ်ဆေးပြီး ဒီနေရာအထိ ငါ့ကို နောက်ယောင်ခံလိုက်လာတာလား၊ ဒီလိုသာဆိုရင် ငါ့မှာ ထွက်ပြေးစရာလမ်းမရှိတော့ဘူး”ဆိုပြီးတော့ပါ။ ကျွန်မ နောက်တစ်ခါ ကြောက်ရွံ့မိတယ်၊ အပြင်ထွက်ရင် ရဲကဖမ်းမှာကို ကြောက်ခဲ့တယ်။ ဒါပေမဲ့ စောစောက ဘုရားနှုတ်ကပတ်တော်ကို ပြန်သတိရလိုက်တယ်၊ ကျွန်မ သိလိုက်တာက၊ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ကိုယ့်တာဝန်ကို နောက်တစ်ခါ စွန့်ပယ်ရင် သက်သေခံချက်ဆုံးရှုံးရမှာလို့ ထပ်စွန့်ပယ်လို့မဖြစ်တော့ဘူးဆိုတာပါပဲ။ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ထပ်ဖတ်ခဲ့တယ်။ “စာတန်က မည်မျှပင် ‘အလွန့်အလွန် အစွမ်းထက်’ ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်ရွယ်ချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော သူ၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို သူ၏ ဖောက်ပြန်ပျက်စီးစေနိုင်စွမ်းနှင့် မျှားခေါ်နိုင်စွမ်းတို့က မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို သူခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ သူဖြစ်တည်နေသည့် ပုံစံက မည်မျှပင် မဆုံးနိုင်အောင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ သူမချပေးနိုင်ခဲ့ပေ။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ သူ ထိန်းချုပ်ပြီး အုပ်စိုးနိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် သူ့ကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ သူအုပ်စိုးသည့်၊ သို့မဟုတ် သူထိန်းချုပ်သည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို ကျိုးနွံနာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ စာတန်သည် ရေတစ်စက်၊ သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကိုပင် အလွယ်တကူ မထိနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က ပိုးကောင်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် သူ၏တာဝန်သည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အစေခံရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိပါတယ်။ ဘယ်လူ၊ ဘယ်ဖြစ်ရပ်၊ ဘယ်အမှုအရာကမှ ဘုရားသခင်ရဲ့ အာဏာကို မကျော်လွှားနိုင်ဘူး။ စာတန်က ဘယ်လောက်ပဲ ဆိုးသွမ်းပြီး ရက်စက်ကြမ်းကြုတ်နေပါစေ၊ ဘုရားသခင်က သူ့အတွက် သတ်မှတ်ပေးထားတဲ့ ဘောင်ကို မကျော်နိုင်ဘူး။ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ သူက ဘောင်ကို ကျော်ရဲမှာမဟုတ်ဘူး၊ ကျွန်မတို့ကို ဒုက္ခပေးဖို့ဆိုတာ ပိုဝေးရောပေါ့။ စာတန်ဟာ ဘုရားသခင် ရွေးချယ်ထားတဲ့လူတွေကို စုံလင်စေဖို့အတွက် အစေခံတဲ့ ဘုရားသခင်ရဲ့ လက်ထဲက နယ်ရုပ်လေးတစ်ရုပ်သာသာပါပဲ။ ကျွန်မ နေ့တိုင်းနီးပါး အပြင်ထွက်ပြီး ဧဝံဂေလိတရားကို ဖြန့်ဝေခဲ့တဲ့ နှစ်တွေကို ဆင်ခြင်သုံးသပ်မိတယ်၊ စောင့်ကြည့်ကင်မရာတွေအောက်မှာ ပြေးလွှားသွားလာနေပေမဲ့ အဖမ်းမခံခဲ့ရဘူး။ တစ်ခါက ဧည့်ခံတဲ့အိမ်တစ်လုံးမှာ ရဲကတံခါးလာခေါက်တယ်၊ ဒါပေမဲ့ ကျွန်မတို့ မဖွင့်ခဲ့ဘူး၊ နာရီဝက်အကြာမှာ ကျွန်မတို့ အပြင်မထွက်ခင်မှာ ရုပ်ဖျက်ထားတော့ အောက်ထပ်ကရဲတွေက ကျွန်မတို့ကို မမှတ်မိဘဲ ကျွန်မတို့ လွတ်မြောက်ခဲ့တယ်။ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ရဲက ကျွန်မကို မဖမ်းနိုင်ဘူးဆိုတာကို ကျွန်မတွေ့ခဲ့ရတယ်။ ဒါကိုသိမြင်ပြီးတော့ ဘုရားသခင်က ကျွန်မကို အဖမ်းခံဖို့ ခွင့်ပြုခဲ့ရင်၊ ကျွန်မက သူ့ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ စီမံမှုတွေကို ကျိုးနွံနာခံပြီး သူ့အတွက်သက်သေခံဖို့ အသက်စွန့်မယ်လို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော သင်၏ ဇာတိပကတိအထဲ၌ အသက်ရှင်ပါက၊ သင်သည် လူ့အသွင်အပြင်ဖြင့် သားရဲတိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ ဤကမ္ဘာလောကတွင်၊ လူသားသည် နတ်ဆိုး၏ အဝတ်အထည်ကို ဆင်မြန်းသည်၊ နတ်ဆိုးထံမှ အစားအစာကို စားပြီး၊ နတ်ဆိုး၏ ကြိုးဆွဲရာကလျက် အလုပ်လုပ်ကာ အစေခံလေသည်။ ပြီးလျှင် ယင်း၏ အညစ်အကြေးဖြင့် ဖုံးအုပ်သည်အထိ ယင်း၏ နင်းချေခြင်းကို ခံရသည်။ သင်သည် အသက်၏အဓိပ္ပါယ်ကို သဘောမပေါက်ပါက သို့မဟုတ် စစ်မှန်သော လမ်းခရီးကို မရရှိပါက၊ ဤသို့အသက်ရှင်ခြင်း၌ မည်သည့် အဓိပ္ပာယ် ရှိသနည်း။ သင်တို့သည် လမ်းကြောင်းမှန်ကို ရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၂)) ဘုရားနှုတ်ကပတ်တော်ကို တွေးဆရင်း ကျွန်မစိတ်နှလုံးထဲမှာ တည်ငြိမ်သွားတယ်။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းနိုင်တာက အဓိပ္ပာယ်အရှိဆုံးနဲ့ တန်ဖိုးအရှိဆုံးအရာဖြစ်ပြီး ဘုရားသခင်က အောက်မေ့ဂုဏ်ပြုခြင်းကိုလည်း ခံရပါတယ်။ အကြိမ်ကြိမ် ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဆင်းရဲဒုက္ခတွေကို ဖြတ်သန်းခဲ့ရတာက ကျွန်မကို ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို တကယ်ကို မြင်နိုင်စေခဲ့ပြီး သူ့အပေါ် ယုံကြည်ခြင်းရှိလာစေတယ်၊ အဆင်းနီသော နဂါးကြီး၏ ဆိုးယုတ်တဲ့ အနှစ်သာရကို ပိုင်းခြားသိမြင်နိုင်စေတယ်၊ ကိုယ့်ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ သဘာဝကိုလည်း နားလည်စေခဲ့တယ်။ အရေးအကြီးဆုံးကတော့ သေခြင်းတရားကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ကျွန်မ သင်ယူခဲ့ရတယ်။ ဒါတွေက သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာ ကျွန်မ မရရှိနိုင်တဲ့အရာတွေပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့-  ၄၅။ နှစ်သက်မှုအပေါ် အခြေခံပြီး ကျွန်မတာဝန်တွေကို မရွေးချယ်တော့ပါ

နောက်တစ်ခုသို့-  ၄၈။ လိမ်လည်လှည့်ဖြားခြင်း၏ အဖိုးအခ

သက်ဆိုင်သည့် အကြောင်းအရာ

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၄၀။ အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger