၅၀။ ဟန်ဆောင်ခြင်းက ကျွန်မကို ဒုက္ခတွေ့စေပြီ

ကျန့်ရှင်း၊ တရုတ်ပြည်။

ချစ်ခင်ရပါတဲ့ အစ်မရှင့်။

ဒီစာကို အစ်မလက်ခံရရှိချိန်မှာ ကျန်းမာပျော်ရွှင်နေမယ်လို့ မျှော်လင့်ပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်ကျော်အတွင်း အိမ်ကနေ အဝေးမှာ တာဝန်ထမ်းဆောင်တုန်းက ကျွန်မရခဲ့တာတွေအကြောင်း အရင်တစ်ခေါက်က အစ်မ စာရေးပြီး မေးခဲ့တယ်နော်။ ကျွန်မ တကယ်ပဲ အဖြစ်အပျက်တချို့ကို ကြုံတွေ့ခဲ့ရပြီး ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားအပေါ် နားလည်မှုတချို့လည်း ရရှိခဲ့ပါတယ်။ ဒီနေ့တော့ ပြီးခဲ့တဲ့နွေရာသီက ကျွန်မကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတစ်ခုကို ဝေမျှချင်ပါတယ်။

အဲဒီအချိန်တုန်းက ညီအစ်မမာလီနဲ့ ကျွန်မက ရေလောင်းခြင်းတာဝန်မှာ အတူပူးပေါင်းအလုပ်လုပ်ခဲ့ကြတယ်။ မာလီက ဒီတာဝန်ကို စခါစဖြစ်ပေမဲ့ သူက လုံ့လဝီရိယရှိတယ်၊ သင်ယူလိုစိတ်ပြင်းပြတယ်၊ နားမလည်တဲ့ ပြဿနာတွေ ကြုံရတဲ့အခါ အကူအညီတောင်းဖို့ ရိုးရိုးရှင်းရှင်းလေး ထုတ်မေးလိုက်တာပဲ။ အစပိုင်းမှာတော့ မာလီရဲ့မေးခွန်းတွေက အတော်လေးရိုးရှင်းပြီး ကျွန်မကလည်း တက်တက်ကြွကြွနဲ့ ချက်ချင်းဖြေပေးခဲ့တယ်။ မာလီက ကျွန်မကို လေးစားအားကျပြီး ကျွန်မက စည်းမျဉ်းတွေကို ကောင်းကောင်းနားလည်သဘောပေါက်တယ်လို့ ပြောတော့ ကျွန်မ တော်တော်လေး ကျေနပ်မိခဲ့တယ်။ နောက်ပိုင်းမှာ မာလီက စည်းမျဉ်းတွေကို ပိုပြီးရင်းနှီးလာတော့ သူက ကျွန်မ အပြည့်အဝ နားမလည်တဲ့မေးခွန်းတွေ မေးလာတတ်တယ်၊ ကျွန်မမှာ အမြင်တချို့ရှိရင်တောင် အဲဒါတွေ မှန်မမှန်ကို ကျွန်မ မသေချာဘူး။ ကျွန်မသာ မှားဖြေလိုက်ရင် မာလီက ကျွန်မကို အထင်သေးသွားမှာ၊ ဒီလိုကိစ္စတွေကိုတောင် ရှင်းရှင်းလင်းလင်းမမြင်နိုင်ဘူး၊ သမ္မာတရား ဒါမှမဟုတ် စည်းမျဉ်းတွေကိုလည်း နားမလည်ဘူးလို့ ထင်သွားမှာကို ကျွန်မ ကြောက်ခဲ့တယ်၊ အဲဒါကြောင့် သူ မေးခွန်းတွေမေးတိုင်း ကျွန်မ စိုးရိမ်သောကရောက်ခဲ့ရတယ်။ ကျွန်မ မရှင်းလင်းတဲ့မေးခွန်းတချို့ရှိတော့ နားကြပ်တပ်ထားလို့ မကြားဟန်ဆောင်လိုက်တယ်၊ ကွန်ပျူတာကို အာရုံစိုက်ကြည့်ပြီး မောက်စ်ကို ဟိုရွှေ့ဒီရွှေ့လုပ်ရင်း အလုပ်ထဲမှာ အာရုံဝင်စားနေတဲ့ပုံစံမျိုး လုပ်နေလိုက်တယ်။ တခြားညီအစ်မတွေက ကျွန်မ မကြားလိုက်ဘူး ဒါမှမဟုတ် တခြားကိစ္စနဲ့ အလုပ်ရှုပ်နေတယ်လို့ ထင်ပြီး မာလီရဲ့မေးခွန်းတွေကို ဖြေပေးကြတယ်။ အဲဒီအချိန်တုန်းက ကျွန်မ ကိုယ့်ကိုယ်ကိုယ် တော်တော်ပါးနပ်တယ်လို့ ထင်ခဲ့တယ်၊ ဒီလိုနည်းနဲ့ဆိုရင် ကျွန်မရဲ့ချို့ယွင်းချက်တွေကို တခြားသူတွေ သတိထားမိမှာမဟုတ်တဲ့အပြင် မှားဖြေမိလို့ သိက္ခာကျရမှာကိုလည်း စိုးရိမ်စရာမလိုတော့ဘူးပေါ့။ ဒါပေမဲ့ ကျွန်မ နည်းနည်းတော့ အပြစ်ရှိသလို ခံစားခဲ့ရတယ်။ မာလီက မေးခွန်းတွေမေးတဲ့အခါ သူက တကယ်ကို အကူအညီရှာနေခဲ့တာ၊ ဒါပေမဲ့ ကျွန်မက တမင်တကာ သူ့ကို လျစ်လျူရှုခဲ့တယ်။ ဒါက လှည့်ဖြားတာမဟုတ်ဘူးလား။ ပြီးတော့ တစ်ခုခုကို နားမလည်ရင်တောင် ရိုးသားသင့်ပြီး တခြားသူတွေနဲ့အတူ ဖြေရှင်းချက်တွေကို ရှာဖွေမိတ်သဟာယဖွဲ့သင့်တယ်၊ အဲဒါက အလုပ်အတွက်ရော ကျွန်မရဲ့ကိုယ်ပိုင်အသက်ဝင်ရောက်မှုအတွက်ပါ အကျိုးရှိမှာ။ ဒါပေမဲ့ မှားပြောမိမှာနဲ့ သိက္ခာကျရမှာကြောက်လို့ ကျွန်မ တိတ်တိတ်နေဖို့ပဲ ရွေးချယ်ခဲ့တယ်။

အစ်မ သိလား။ အဲဒီအချိန်တုန်းက ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကြောင်သူတော်ဆန်လိုက်တာလို့ ခံစားခဲ့ရတယ်၊ နေ့တိုင်း မျက်နှာဖုံးစွပ်ထားသလိုပဲ၊ ကိုယ့်ရဲ့စရိုက်မှန်ကို မပြရဲဘူး၊ ကိုယ့်ပြဿနာတွေ ပေါ်သွားမှာနဲ့ သူများအထင်သေးခံရမှာကို ကြောက်နေခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မတာဝန်မှာလည်း အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်၊ ကိုယ်ဘယ်လိုဖြေရှင်းရမှန်းမသိတဲ့ မေးခွန်းတွေကို လူသစ်တွေက မေးလာတော့ ကျွန်မ စိုးရိမ်သောကရောက်ခဲ့တယ်။ မိတ်သဟာယမှာ ဖွင့်ပြောပြီး ညီအစ်ကိုမောင်နှမတွေဆီက အကူအညီတောင်းချင်ခဲ့ပေမဲ့ ဒီလိုလုပ်လိုက်ရင် ဒီလောက်ရိုးရှင်းတဲ့ပြဿနာတွေကိုတောင် မဖြေရှင်းနိုင်ဘူး၊ သမ္မာတရားကိုလည်း နားမလည်ဘူးလို့ သူတို့ထင်သွားမှာကို ကျွန်မ ကြောက်ခဲ့တယ်။ မာလီက အရင်က ကျွန်မ စည်းမျဉ်းတွေနားလည်ပုံကို ချီးကျူးခဲ့ဖူးတော့ သူ ကျွန်မကို လူအကဲခတ်မှားသွားပြီလို့ ထင်သွားနိုင်တယ်။ ကျွန်မသာ ထုတ်မပြောရင် လူသစ်တွေရဲ့ပြဿနာတွေက ပြေလည်သွားမှာမဟုတ်သလို သူတို့အသက်တာတွေလည်း ဆုံးရှုံးနစ်နာမှာပဲဆိုတာ ကျွန်မသိခဲ့တယ်။ ဒါပေမဲ့ ကိုယ့်အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းပြောဖို့က တကယ်ကို ခက်ခဲတယ်လို့ ခံစားခဲ့ရတယ်။ ကိုယ့်ချို့ယွင်းချက်တွေကို ကိုယ်က အလျင်ဦးအောင် စဖော်ထုတ်တာဟာ ပျော့ညံ့တဲ့ပုံပေါက်မှာပဲလို့ ကျွန်မ ခံစားခဲ့ရတယ်။ နောက်ဆုံးမှာတော့ ကျွန်မ ထုတ်မပြောနိုင်ခဲ့ဘူး။ ကျွန်မအခက်အခဲတွေကို မထုတ်ဖော်ရဲခဲ့လို့၊ လူသစ်တွေရဲ့ပြဿနာတွေက မပြေလည်ဘဲဖြစ်ခဲ့ရတယ်၊ တချို့ဆို စုဝေးပွဲတွေတောင် ပုံမှန်မတက်တော့ဘူး၊ ကျွန်မလည်း ကိုယ့်တာဝန်မှာ အရည်အချင်းမပြည့်မီဘူးလို့ ခံစားခဲ့ရတယ်။ ကျွန်မ အပျက်သဘောဆောင်တဲ့အခြေအနေထဲ ကျရောက်သွားပြီး အရမ်းကို စိတ်ဆင်းရဲခဲ့ရတယ်။ အဲဒီအချိန်အတောအတွင်းမှာ ဘာစိုးရိမ်ကြောင့်ကြမှုမှမရှိဘဲ ကိုယ့်အခက်အခဲတွေအကြောင်း၊ ကိုယ့်အခြေအနေတွေအကြောင်း လွတ်လွတ်လပ်လပ် ပြောပြဖို့ အရမ်းတောင့်တခဲ့မိတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ်လည်း မေးခဲ့တယ်၊ “ဘာလို့ အမှန်တရားကိုပြောဖို့၊ အဖြစ်မှန်တွေကိုပြောဖို့၊ ပွင့်ပွင့်လင်းလင်းနည်းလမ်းနဲ့ ပြုမူဖို့က ဒီလောက်ခက်ခဲနေရတာလဲ” လို့ပေါ့။

တစ်ခါက မာလီနဲ့ကျွန်မ ညီအစ်မတစ်ယောက်ကို လူသစ်တွေရေလောင်းဖို့ ပျိုးထောင်ပေးလို့ရမလားဆိုတာ ဆွေးနွေးနေခဲ့ကြတုန်း ကျွန်မရဲ့အမြင်ကို ဝေမျှခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မ စည်းမျဉ်းတွေနဲ့ဆက်စပ်ပြီး ပြန်သုံးသပ်ကြည့်တော့၊ ကျွန်မရဲ့အမြင်က နည်းနည်းတိကျမှုမရှိဘဲ မာလီကို လမ်းမှားညွှန်ပြသလို ဖြစ်သွားနိုင်မှန်း သဘောပေါက်ခဲ့တယ်။ ကျွန်မ နည်းနည်းထိတ်လန့်သွားပြီး တွေးမိတယ်၊ “အခု ဘယ်လိုလုပ်ရမလဲ။ ဒါကို ပြင်သင့်သလား။ ငါသာ ဘာမှမပြောရင်၊ ငါ စည်းမျဉ်းတွေကို နားလည်မှုလွဲမှားခဲ့တာကို မာလီ သိမှာမဟုတ်ဘူး၊ သူ့ရှေ့မှာလည်း ငါ သိက္ခာကျရမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုလုပ်လိုက်လို့ မသင့်တော်တဲ့လူတစ်ယောက်ကို ပျိုးထောင်မိသွားရင်၊ အလုပ်အပေါ်မှာလည်း တာဝန်မဲ့ရာရောက်ပြီး ညီအစ်ကိုမောင်နှမတွေကိုလည်း ဒုက္ခပေးရာရောက်မှာမဟုတ်ဘူးလား” လို့ပေါ့။ အဲဒီအချိန်မှာ ကျွန်မ ပြန်ပြင်လို့မရနိုင်တော့တဲ့ အကျပ်အတည်းမှာ ပိတ်မိနေတယ်လို့ ခံစားခဲ့ရတယ်။ အဲဒီနောက်မှာတော့ ကျွန်မ ဒီဘုရားနှုတ်ကပတ်တော်တွေကို သတိရလိုက်တယ် “သင့်ကိုယ်သင် ဂုဏ်သရေညှိုးအောင်လုပ်ခြင်းသည် ကောင်းသောအရာဖြစ်သည်။ ယင်းသည် သင်၏ ကိုယ်ပိုင်အားနည်းချက်များနှင့် သင်၏ ဘဝင်မာနကို ချစ်ခြင်းအား မြင်ရန် ကူညီပေးသည်။ သင်၏ ပြဿနာများက မည်သည့်နေရာတွင် တည်ရှိသည်ကို ပြပြီး သင်သည် ပြည့်စုံသောသူမဟုတ်သည်ကို ရှင်းလင်းစွာ နားလည်ရန် ကူညီပေးသည်။ ပြည့်စုံသောသူဟူသည်မှာ မရှိသလို သင့်ကိုယ်သင် ဂုဏ်သရေညှိုးအောင်လုပ်ခြင်းသည် အလွန်ပင် သာမန်ဖြစ်သည်။ လူအားလုံးသည် မိမိတို့ကိုယ်ကို ဂုဏ်သရေညှိုးအောင်လုပ်သော၊ သို့မဟုတ် အရှက်ရသော အချိန်များကို တွေ့ကြုံကြရသည်။ လူအားလုံး ကျရှုံးကြသည်။ အနှောင့်အယှက်များ ကြုံတွေ့ရသည်။ အားနည်းချက်များ ရှိကြသည်။ သင့်ကိုယ်သင် ဂုဏ်သရေညှိုးအောင်လုပ်ခြင်းသည် မဆိုးရွားပေ။...သင်သည် မိမိကိုယ်ကို ဂုဏ်အသရေညှိုးအောင် လုပ်မိနိုင်သည်၊ အခြားသူများသည် မိမိတို့ကိုယ်ကို ဂုဏ်အသရေညှိုးအောင် လုပ်မိနိုင်သည်၊ လူတိုင်းက မိမိတို့ကိုယ်ကို ဂုဏ်သရေညှိုးအောင် လုပ်မိနိုင်သည်။ နောက်ဆုံးတွင် လူတိုင်း အတူတူဖြစ်ကြောင်း၊ အားလုံးသည် သာမန်လူများ၊ အားလုံး သေမျိုးများဖြစ်ကြောင်း၊ မည်သူမျှ အခြားမည်သူထက်မျှ မကြီးမြတ်ကြောင်းနှင့် မည်သူမျှ အခြားမည်သူမဆိုထက် မည်သို့မျှ မတော်ကြောင်း သင်တွေ့ရှိရလိမ့်မည်။ လူတိုင်းသည် တစ်ခါတစ်ရံ မိမိတို့ကိုယ်ကို ဂုဏ်အသရေညှိုးအောင် လုပ်မိကြသောကြောင့် မည်သူမျှသည် အခြားမည်သူတစ်ဦးတလေကိုမျှ မလှောင်သင့်ပေ။ သင့်အနေဖြင့် အတော်များသည့် ကျရှုံးမှုများကို တွေ့ကြုံပြီးသည်နှင့် သင်၏ လူ့သဘာဝတွင် သင် တဖြည်းဖြည်း ရင့်ကျက်လာသည်။ ထို့ကြောင့် ဤအရာများကို တစ်ဖန် သင် ကြုံရသည့်အခါတိုင်းတွင် ဘောင်ခတ်ခံရတော့မည် မဟုတ်သကဲ့သို့ သင့်တာဝန်အပေါ် ပုံမှန် ထမ်းဆောင်မှုကို ထိုအရာများက သက်ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။ သင်၏ လူ့သဘာဝသည် ပုံမှန်ဖြစ်လိမ့်မည်ဖြစ်ပြီး သင်၏ လူ့သဘာဝ ပုံမှန်ဖြစ်သည့်အခါ သင်၏ ဆင်ခြင်တုံတရားသည်လည်း ပုံမှန် ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တာက ကျွန်မတို့အားလုံးဟာ စုံလင်တဲ့သူတွေမဟုတ်ကြဘူး၊ လူတိုင်းမှာ ချို့ယွင်းချက်တွေရှိကြတယ်။ ကျွန်မတို့လုပ်ဆောင်တဲ့အရာတွေ၊ ပြဿနာတွေကို ရှုမြင်ပုံတွေမှာ သွေဖည်သွားတဲ့အချိန်တွေ၊ မိုက်မဲပုံပေါ်တဲ့အချိန်တွေ အမြဲရှိမှာပဲ။ ဒီအရာတွေက လုံးဝပုံမှန်ပဲလေ။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် သာမန်လူတစ်ယောက်လို မမြင်ခဲ့ဘဲ ကိုယ့်ရဲ့ချို့တဲ့မှုတွေ၊ အားနည်းချက်တွေကို မှန်မှန်ကန်ကန် မရင်ဆိုင်နိုင်ခဲ့ဘူး။ သမ္မာတရားစည်းမျဉ်းတွေကို ကျွန်မ အပြည့်အဝနားမလည်ခဲ့ဘဲ မာလီကိုပေးခဲ့တဲ့ ကျွန်မရဲ့အကြံဉာဏ်မှာလည်း သွေဖည်မှုတချို့ပါဝင်ပြီး သူ့ကို လမ်းမှားညွှန်ပြခဲ့ပေမဲ့၊ ကျွန်မရဲ့ချို့ယွင်းချက်တွေကို ရိုးရိုးသားသားဝန်ခံဖို့ တွန့်ဆုတ်နေခဲ့တယ်၊ သူက ကျွန်မ သမ္မာတရားကို နားမလည်ဘူးလို့ထင်ပြီး ကျွန်မကို အထင်သေးမှာကို ကြောက်ခဲ့လို့ပဲ။ ကိုယ့်သိက္ခာမကျဖို့အတွက် ကျွန်မရဲ့ပြဿနာတွေကို ဖုံးကွယ်ဖို့ကြိုးစားခဲ့တယ်၊ အဲဒါက အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအပေါ်မှာ တာဝန်မဲ့ရာရောက်ခဲ့တယ်။ ကျွန်မ တကယ်ကို လှည့်ဖြားတတ်ခဲ့တာပဲ။ ဒါကို သဘောပေါက်တော့၊ ဒီကိစ္စမှာ ကျွန်မထုတ်ဖော်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားအကြောင်းကို မာလီကို ကျွန်မ ပွင့်ပွင့်လင်းလင်းပြောပြခဲ့တယ်၊ အရင်က ကျွန်မဝေမျှခဲ့တဲ့ မှားယွင်းတဲ့အမြင်တွေကိုလည်း အမှားပြင်ခဲ့ပြီး၊ စည်းမျဉ်းတွေအတိုင်း လူတွေကို ပြန်ရွေးချယ်ဖို့ အဆိုပြုခဲ့တယ်။ အစ်မ၊ ဒီတစ်ခါ ကျွန်မ သိက္ခာကျခဲ့ရပေမဲ့၊ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လုပ်ဆောင်တာဟာ ကိစ္စတွေကို ပိုမဆိုးစေခဲ့ဘဲ ကျွန်မရဲ့စိတ်ထဲမှာလည်း လိပ်ပြာလုံခဲ့တယ်။

နောက်ပိုင်းမှာ အလုပ်ကို အကျဉ်းချုပ်သုံးသပ်တဲ့အခါ၊ ကျွန်မ သတ္တိမွေးပြီး ကိုယ့်ရဲ့အခြေအနေနဲ့ အလုပ်မှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေအကြောင်းကို မိတ်သဟာယဖွဲ့ခဲ့တယ်။ ညီအစ်မတွေက ကျွန်မရဲ့အခြေအနေကို ကူညီဖြေရှင်းပေးဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မကို ဖတ်ပြခဲ့ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူများသည် အခြားသူများက ၎င်းတို့အား အထင်ကြီးစေရန်နှင့် ၎င်းတို့၏ အမှားများ သို့မဟုတ် ချို့ယွင်းချက်များကို မမြင်နိုင်စေဖို့အလို့ငှာ၊ အစဉ် အယောင်ဆောင်သည့်အခါ၊ မိမိတို့ကိုယ်ကို အစဉ် ဖုံးဖိဖာထေးသည့်အခါ၊ အမြဲ ဆိုက်ထုတ်ကြသည့်အခါ၊ မိမိတို့၏ အကောင်းဆုံးဘက်ကို လူများအား တင်ဆက်ဖို့ အစဉ် ကြိုးစားနေသည့်အခါ ယင်းက အဘယ်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း၊ ဟန်ဆောင်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်သည်၊ ယင်းသည် စာတန်ဆန်သော စိတ်သဘောထား ဖြစ်သည်၊ ကောက်ကျစ်ဆိုးယုတ်သည့်အရာတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ)အန္တိခရစ်များက ၎င်းတို့သည် ၎င်းတို့၏အမြင်များကို စဉ်ဆက်မပြတ်ဖော်ပြပြီး အခြားလူများနှင့် မိတ်သဟာယဖွဲ့လျက် များစွာပြောဆိုလျှင် လူတိုင်းက ၎င်းတို့ကို ရိပ်စားမိမည်၊ အန္တိခရစ်သည် လေးနက်မှုမရှိ၊ သာမန်လူတစ်ယောက်သာ ဖြစ်သည်ဟု ထင်မည်ဖြစ်ပြီး ၎င်းတို့ကို လေးစားမည်မဟုတ်ဟု ယုံကြည်ကြသည်။ အန္တိခရစ်အတွက် လေးစားမှုပျောက်ဆုံးခြင်းသည် အဘယ်သို့ အဓိပ္ပာယ်ရသနည်း။ ဤသည်မှာ အခြားလူများ၏ စိတ်နှလုံးရှိ ၎င်းတို့၏ အထင်ကြီးခြင်းခံရသော အဆင့်အတန်းဆုံးရှုံးပြီး သာမန်ဖြစ်သည့်၊ မသိနားမလည်သည့်၊ ပုံမှန်သာဖြစ်သည့် ပုံစံပေါ်သည်ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ အန္တိခရစ်များက မြင်တွေ့ရန် မမျှော်လင့်သည့်အရာဖြစ်သည်။ ထို့ကြောင့် အသင်းတော်ရှိ အခြားလူများက မိမိတို့၏ အပျက်သဘောဆောင်ခြင်း၊ ဘုရားသခင်အပေါ် ပုန်ကန်ခြင်း၊ ယမန်နေ့က ၎င်းတို့ပြုလုပ်ခဲ့သောအမှားများ၊ သို့မဟုတ် ယနေ့ မရိုးသားခြင်းကြောင့် ၎င်းတို့ခံစားရသော မခံနိုင်သော စိတ်ဆင်းရဲမှုတို့ကို အစဉ်ဖွင့်ပြောပြီး ဝန်ခံသည်ကို အန္တိခရစ်က မြင်သောအခါ ဤလူများကို မိုက်မဲပြီး နုံအသည်ဟု ၎င်းက သဘောထားသည်။ ၎င်းက ဤသို့သောအရာများကို မိမိဘာသာ မည်သည့်အခါမျှ ဝန်မခံဘဲ မိမိ၏အတွေးများကို ဖုံးထားသောကြောင့် ဖြစ်သည်။ လူအချို့မှာ ညံ့ဖျင်းသောအစွမ်းအစကြောင့်၊ သို့မဟုတ် နုံသောကြောင့်၊ ရှုပ်ထွေးသောအတွေးများ မရှိသောကြောင့် စကားသိပ်မပြောခြင်း ဖြစ်သော်လည်း အန္တိခရစ်များက စကားသိပ်မပြောသောအခါတွင် အကြောင်းပြချက် တစ်မျိုးတည်းကြောင့် မဟုတ်ပေ။ ယင်းသည် စိတ်သဘောထားနှင့်သက်ဆိုင်သော ပြဿနာ ဖြစ်သည်။ ၎င်းတို့သည် အခြားလူများနှင့် တွေ့ဆုံသောအခါတွင် စကားပြောခဲပြီး အမှုကိစ္စများအပေါ် ၎င်းတို့၏ အမြင်များကို အလွယ်တကူ မဖော်ပြပေ။ ၎င်းတို့အမြင်များကို အဘယ်ကြောင့် မဖော်ပြသနည်း။ ရှေးဦးစွာ ၎င်းတို့သည် သမ္မာတရားကင်းမဲ့ပြီး အမှုအရာများကို ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ပေ။ ၎င်းတို့စကားပြောလျှင် အမှားများပြုလုပ်နိုင်ပြီး ၎င်းတို့ကို ရိပ်စားမိခြင်း ခံရနိုင်သည်။ အထင်သေးခံရခြင်းကို ၎င်းတို့ကြောက်ရွံ့သည်။ ထို့ကြောင့် ၎င်းတို့သည် တိတ်ဆိတ်ဟန်ဆောင်ပြီး နက်နဲဟန်ဆောင်ကာ အခြားလူတို့အနေဖြင့် ၎င်းတို့ကို ခန့်မှန်းရန် ခက်ခဲအောင်လုပ်ဆောင်သည်။ အမြော်အမြင်ရှိပြီး သာမန်ထက်ထူးကဲသည့်ပုံစံပေါ်စေသည်။ ဤအယောင်ဆောင်မှုဖြင့် လူတို့သည် အန္တိခရစ်အား လျှော့မတွက်ရဲပေ။ ပြီးလျှင် ၎င်းတို့၏ တည်ငြိမ်သည့်ပုံစံနှင့် ဣ‌န္ဒြေရသော အပြင်ပန်းကို မြင်တွေ့ပြီး လူတို့သည် ၎င်းတို့အား ပို၍ပင် အထင်ကြီးပြီး မစော်ကားရဲပေ။ ဤသည်မှာ အန္တိခရစ်များ၏ စဉ်းလဲသော၊ ကောက်ကျစ်ဆိုးယုတ်သော သွင်ပြင်လက္ခဏာဖြစ်သည်။ ၎င်းတို့၏ အမြင်အများစုသည် သမ္မာတရားနှင့် မကိုက်ညီဘဲ လူသားအယူအဆများနှင့် စိတ်ကူးများသာဖြစ်ကာ လူအများရှေ့ထုတ်ပြရန် မထိုက်တန်သောကြောင့် ၎င်းတို့၏ အမြင်များကို အလွယ်တကူ မဖော်ပြပေ။ ထို့ကြောင့် ၎င်းတို့သည် တိတ်ဆိတ်စွာနေသည်။ စိတ်အတွင်းတွင် ၎င်းတို့သည် လေးစားမှုရရန်အတွက် ၎င်းတို့ ထုတ်လွှတ်နိုင်သည့် အလင်းတစ်ခုခုကို ရရှိဖို့ မျှော်လင့်သည်။ သို့သော် ၎င်းတို့၌ ဤအရာကင်းမဲ့သောကြောင့် သမ္မာတရားအား မိတ်သဟာယဖွဲ့စဉ်တွင် တိတ်ဆိတ်စွာနေကာ ပုန်းကွယ်နေပြီး အခွင့်အရေးကို စောင့်ဆိုင်းနေသော တစ္ဆေတစ်ကောင်ကဲ့သို့ အမှောင်ထဲတွင် ချောင်းနေသည်။ အခြားလူများက အလင်းကို ထုတ်ပြောသည်ကို ၎င်းတို့မြင်သောအခါ ၎င်းတို့၏ ကိုယ်ပိုင်အဖြစ် ပြုလုပ်ရန်အတွက် နည်းလမ်းများကို ရှာပြီး ကြွားဝါရန်အတွက် ယင်းကို အခြားပုံစံဖြင့် ဖော်ပြသည်။ ဤသည်မှာ အန္တိခရစ်များ ကောက်ကျစ်ပုံဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် ထင်ပေါ်ပြီး သာလွန်ရန် ကြိုးပမ်းသည်။ ထိုအခါမှသာ ၎င်းတို့က ပီတိဖြစ်ကြသည်။ ၎င်းတို့သည် အခွင့်အရေးမရှိလျှင် ရှေးဦးစွာ သိုသိုသိပ်သိပ်နေပြီး မိမိတို့၏ အမြင်များကို မိမိတို့ဘာသာ သိမ်းထားသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်မှုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၆) ဘုရားသခင်က အန္တိခရစ်တွေအကြောင်း ဖော်ထုတ်ထားတာကို ကျွန်မ တွေ့ခဲ့ရတယ်၊ သူတို့က သမ္မာတရားကို နားမလည်ကြဘူး၊ တခြားသူတွေနဲ့ဆက်ဆံတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ပွင့်ပွင့်လင်းလင်းမပြဘူး၊ သူတို့ရဲ့ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေ ပေါ်သွားမှာကို ကြောက်ကြတယ်၊ တခြားသူတွေရဲ့စိတ်နှလုံးထဲမှာ သူတို့ရဲ့အဆင့်အတန်း ဒါမှမဟုတ် ပုံရိပ်ကို ဆုံးရှုံးသွားမှာကို ကြောက်ကြတယ်၊ ဒါကြောင့် သူတို့က နက်နဲပြီး မြင့်မြတ်ဟန်ဆောင်ကြတယ်၊ လူတွေက သူတို့ရဲ့ အတွင်းသဘောမှန်ကို ထိုးထွင်းသိမြင်တာမျိုး မရှိအောင်လို့ ကိုယ့်ကိုယ်ကိုယ် ဖုံးဖိဖို့၊ ဟန်ဆောင်ဖို့ အစွမ်းကုန်ကြိုးစားကြတယ်။ သူတို့က မရိုးမဖြောင့် ပြုမူကြပြီး ကောက်ကျစ်ဆိုးယုတ်တဲ့ စိတ်သဘောထားရှိကြတယ်၊ ဒါက အန္တိခရစ်တစ်ယောက်ရဲ့ သဘာဝအနှစ်သာရပဲ။ ကျွန်မရဲ့အခြေအနေနဲ့ အပြုအမူက အန္တိခရစ်တစ်ယောက်ရဲ့အခြေအနေနဲ့ အပြုအမူနဲ့ အတူတူပဲဖြစ်ခဲ့ပြီး၊ သိက္ခာမကျဖို့နဲ့ ကိုယ့်အဆင့်အတန်းကို ကာကွယ်ဖို့ ကျွန်မ ခဏခဏ ဟန်ဆောင်ခဲ့တယ်။ မာလီ အစရောက်လာတုန်းက သူက အတော်လေးရိုးရှင်းတဲ့မေးခွန်းတွေ မေးခဲ့တာကို ပြန်စဉ်းစားမိတယ်၊ ဒါတွေကို ဖြေတာက ကိုယ့်ချို့ယွင်းချက်တွေကို မဖော်ထုတ်ခဲ့တော့ ကျွန်မ ချက်ချင်းဖြေနိုင်ခဲ့ပြီး သူ့ဆီကနေ ချီးကျူးမှုတွေ ရခဲ့တယ်။ မာလီက စည်းမျဉ်းတချို့ကို ကျွမ်းကျင်လာတော့၊ သူက ကျွန်မ အပြည့်အဝ နားမလည်နိုင်တဲ့မေးခွန်းတွေ စမေးလာခဲ့တယ်။ ကျွန်မရဲ့အဖြေတွေသာ မတိကျခဲ့ရင်၊ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ပိုင်းခြားသိမြင်ပြီး သူတို့စိတ်ထဲက ကိုယ့်ပုံရိပ်ကို ဆုံးရှုံးရမှာကို ကျွန်မ ကြောက်မိတယ်။ သိက္ခာမကျရအောင်၊ ကျွန်မ ရှောင်တိမ်းတဲ့နည်းဗျူဟာကို သုံးခဲ့တယ်၊ ကိုယ့်ချို့ယွင်းချက်တွေကို ဖုံးကွယ်ဖို့ အလုပ်များဟန်ဆောင်တာ ဒါမှမဟုတ် မေးခွန်းကို မကြားဟန်ဆောင်တာတွေ လုပ်ခဲ့တယ်၊ ကျွန်မအဖြေတွေမှာ သွေဖည်မှုတွေရှိတဲ့အခါမှာတောင် ဖုံးကွယ်ဖို့ ကြိုးစားခဲ့သေးတယ်။ ကျွန်မတာဝန်မှာ အခက်အခဲတွေကြုံရပြီး မဖြေရှင်းနိုင်လို့ အလုပ်တွေနှောင့်နှေးသွားတဲ့အခါ၊ ကျွန်မ အပျက်သဘောဆောင်ပြီး တက်ကြွမှုမရှိဖြစ်နေတဲ့အခါမှာတောင်၊ ပွင့်ပွင့်လင်းလင်းပြောပြီး အကူအညီတောင်းဖို့ ရှောင်နေခဲ့တုန်းပဲ။ ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ချို့ယွင်းချက်တွေကိုသာ သိသွားရင်၊ သူတို့က ကျွန်မ သမ္မာတရားကို နားမလည်ဘူးလို့ထင်ပြီး ကျွန်မကို အထင်သေးသွားမှာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ ကျွန်မအလုပ်မှာ ပွင့်လင်းမြင်သာမှုမရှိတာ၊ ကိုယ့်သိက္ခာနဲ့ ပုံရိပ်ကို အမြဲကာကွယ်နေတာ၊ လူတွေကို အထင်အမြင်မှားစေဖို့ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်တာ၊ နက်နဲပြီး ကြီးကျယ်ဟန်ဆောင်တာတွေက အန္တိခရစ်စိတ်သဘောထားရဲ့ ထုတ်ဖော်ပြမှုတွေပဲ။ အစ်မ၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မရဲ့သဘာဝက ဘယ်လောက်တောင် ကြောင်သူတော်ဆန်ပြီး လှည့်ဖြားတတ်တယ်၊ ကျွန်မရဲ့အန္တိခရစ်စိတ်သဘောထားက ဘယ်လောက်တောင် ဆိုးရွားတယ်ဆိုတာကို ကျွန်မ နားလည်ခဲ့ရတယ်။ ကျွန်မရဲ့ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားအပေါ်မှာ ကြောက်ရွံ့မှုနဲ့ ရွံရှာမှုကို ခံစားခဲ့ရပြီး၊ ဘုရားသခင်ကို ကျွန်မ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ တခြားသူတွေရဲ့စိတ်နှလုံးထဲမှာ ကျွန်မရဲ့ပုံရိပ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် ဟန်ဆောင်နေခဲ့ပြီး၊ ကျွန်မမှာ လူသားပုံသဏ္ဌာန်မရှိခဲ့လို့ ကိုယ်တော် ကျွန်မကို ရွံရှာမုန်းတီးခဲ့ပါတယ်။ ဘုရားသခင်၊ ကျွန်မရဲ့ဖောက်ပြန်ပျက်စီးမှုက အရမ်းနက်ရှိုင်းပါတယ်။ ကိုယ်တော် ကျွန်မကို ကယ်တင်ဖို့၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သိမြင်လို့ ကိုယ့်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားအောင် ကူညီပေးဖို့ ဆုတောင်းပါတယ်” လို့ပေါ့။

တစ်နေ့မှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်၊ အဲဒါက ကျွန်မရဲ့ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားရဲ့ အရင်းအမြစ်အပေါ် နားလည်မှုတချို့ကို ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိသားစုရှိ အကြီးအကဲများက သင့်အား ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟု မကြာခဏ ပြောဆိုသည့်အခါ ယင်းမှာ သင်သည် မိမိကိုယ်ကို အမြင်ကောင်းအောင် ပြုလုပ်ခြင်း၊ လေးစားဖွယ်ကောင်းသော ဘဝဖြင့် နေထိုင်ခြင်းတို့ကို အရေးထားစေရန်နှင့် သင့်အပေါ် ဂုဏ်သိက္ခာကျဆင်းစေမည့် အမှုအရာများကို မလုပ်ဆောင်စေရန် ဖြစ်သည်။ သို့ဆိုလျှင် ဤစကားသည် လူတို့ကို အပြုသဘောဆောင်သော နည်းလမ်းဖြင့် လမ်းညွှန်သလော သို့မဟုတ် အပျက်သဘောဆောင်သော နည်းလမ်းဖြင့် လမ်းညွှန်သလော။ ယင်းက သင့်ကို သမ္မာတရားဆီသို့ ပို့ဆောင်နိုင်သလော။ ယင်းက သင့်ကို သမ္မာတရားကို နားလည်စေရန် ပို့ဆောင်နိုင်သလော။ (မဖြစ်နိုင်ပါ၊ မပို့ဆောင်နိုင်ပါ။) အသေအချာဆုံးမှာမူ မပို့ဆောင်နိုင်ခြင်းပင်ဖြစ်သည်။ ဘုရားသခင်က လူတို့အပေါ် လိုအပ်သည့်အရာမှာ ၎င်းတို့ ရိုးသားရန် ဖြစ်သည်။ သင်သည် ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်ခဲ့သည့်အခါ၊ သို့မဟုတ် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်ခဲ့သည့်အခါ၊ သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ပြီး သမ္မာတရားနှင့် ဆန့်ကျင်သောအရာတစ်ခုကို လုပ်ဆောင်ခဲ့သည့်အခါ သင်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန်၊ သင်၏အမှားကို သိရှိရန်နှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စိတ်ဖြာလေ့လာဆွေးနွေးရန် လိုအပ်သည်၊ ဤနည်းလမ်းဖြင့်သာ သင်သည် စစ်မှန်သော နောင်တကို ရရှိနိုင်ပြီး ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ပြုမူနိုင်မည်ဖြစ်သည်။ ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ရန် လူတို့သည် မည်သို့သော စိတ်နေသဘောထားမျိုးကို ပိုင်ဆိုင်ရန် လိုအပ်သနည်း။ လိုအပ်သော စိတ်နေသဘောထားနှင့် ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသော စကားဖြင့် စံနမူနာပြထားသည့် ရှုမြင်ပုံအကြားတွင် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိသလော။ (ရှိပါသည်။) အဘယ်သို့ ကွဲလွဲမှုရှိသနည်း။ ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသော ဆိုရိုးသည် လူတို့အား ၎င်းတို့၏ တောက်ပပြီး အရောင်အသွေးစုံလင်သောဘက်ကို အသက်ရှင်နေထိုင်ရန်နှင့် မကောင်းသော သို့မဟုတ် ဂုဏ်သိက္ခာမဲ့သော အမှုအရာများကို လုပ်ဆောင်ခြင်း သို့မဟုတ် ၎င်းတို့၏ အကျည်းတန်သောဘက်ကို ဖော်ထုတ်ခြင်းအစား ၎င်းတို့ကို အကောင်းမြင်စေသည့် အမှုအရာများကို ပိုမိုလုပ်ဆောင်ရန် အရေးထားစေဖို့နှင့် ၎င်းတို့ကို လေးစားဖွယ်မကောင်းသော သို့မဟုတ် ဂုဏ်သိက္ခာမရှိသော ဘဝဖြင့် နေထိုင်ခြင်းမှ တားဆီးဖို့ ရည်ရွယ်သည်။ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက်၊ လူတစ်ဦး၏ ပုံရိပ်ကို ပြောင်မြောက်စေရန်အတွက်၊ လူတစ်ဦးသည် မိမိ၏ အမှောင်ဘက်နှင့် ရှက်ဖွယ်ကောင်းသော ကဏ္ဍများအကြောင်းကို အခြားသူများအား ပြောပြရန် မဆိုထားနှင့်၊ မိမိကိုယ်ကို လုံးဝတန်ဖိုးမရှိသူအဖြစ်ပင် မပြောဆိုနိုင်ပေ၊ အကြောင်းမှာ လူတစ်ဦးသည် လေးစားဖွယ်ကောင်းပြီး သိက္ခာရှိသော ဘဝဖြင့် နေထိုင်ရမည်ဖြစ်ပြီး ဂုဏ်ရှိရန်အတွက် ဂုဏ်သိက္ခာကို လိုအပ်ကာ ဂုဏ်သိက္ခာရှိရန်အတွက် ဟန်ဆောင်ပြီး မိမိကိုယ်ကို ပြင်ဆင်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းနှင့် မကွဲလွဲပေလော။ (ကွဲလွဲပါသည်။) သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်နေသည့်အခါ ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသော စကားကို သင် စွန့်လွှတ်ပြီးဖြစ်သည်။...သို့သော် သင်သည် ဤသမ္မာတရားကို နားမလည်သည့်အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သည့်အခါတွင်လည်းကောင်း သင်၏ မိသားစုမှ သင့်အပေါ် ပုံစံသွင်းပေးခဲ့သော အရာများသည် သင်၏ စိတ်နှလုံးထဲတွင် အဓိကနေရာယူလေ့ရှိသည်။ သို့ဖြစ်၍ သင်သည် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်သည့်အခါ ‘ကျွန်ုပ်သည် ဤအကြောင်းကို မည်သူ့ကိုမျှ မပြောနိုင်၊ ပြီးလျှင် ဤအကြောင်းကို သိသော အခြားမည်သူ့ကိုမျှလည်း လူများကို ပြောခွင့်မပြုပါ။ သင်တို့ထဲမှ တစ်စုံတစ်ဦးက တစ်စုံတစ်ယောက်ကို ပြောလျှင် သင့်ကို ကျွန်ုပ် အလွယ်တကူ ခွင့်လွှတ်မည်မဟုတ်။ ကျွန်ုပ်၏ ဂုဏ်သိက္ခာသည် ဦးစားပေးဖြစ်သည်။ အသက်ရှင်ခြင်းသည် အခြားမည်သည့်အရာအတွက်မျှ မဟုတ်ဘဲ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက်သာဖြစ်ပြီး ယင်းမှာ အခြားမည်သည့်အရာထက်မဆို ပို၍ အရေးကြီးသည်။ လူတစ်ဦးတွင် ဂုဏ်သိက္ခာမရှိလျှင် ၎င်းတို့၏ ဂုဏ်အားလုံးကို ဆုံးရှုံးသည်။ ထို့ကြောင့် သင်သည် အမှန်အတိုင်း မပြောဆိုနိုင်၊ သင်သည် ဟန်ဆောင်ရမည်၊ အမှုအရာများကို ဖုံးကွယ်ထားရမည်၊ သို့မဟုတ်ပါက သင်သည် ဂုဏ်သိက္ခာ သို့မဟုတ် ဂုဏ် မရှိတော့ဘဲ သင်၏ အသက်တာသည် တန်ဖိုးမဲ့သွားလိမ့်မည်။ မည်သူမျှ သင့်ကို မလေးစားလျှင် သင်သည် တန်ဖိုးမရှိသူသာဖြစ်သည်၊ သင်သည် အပေါစား အမှိုက်သရိုက်သာ ဖြစ်သည်’ ဟု တွေးတောလျက် ယင်းကို သင် ဖုံးကွယ်ပြီး ဟန်ဆောင်လေသည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ရိုးသားသောသူတစ်ဦး ဖြစ်လာရန် ဖြစ်နိုင်ချေရှိသလော။ အပြည့်အဝ ဖွင့်ဟပြီး သင့်ကိုယ်သင် ပိုင်းခြားစိစစ်ဖို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) သိသာစွာပင် ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသည့် ဆိုရိုးစကားကို လိုက်နာနေခြင်းဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဤဆိုရိုးစကားကို လက်လွှတ်လျှင် ယင်းသည် သင့်အား ထိခိုက်မှုရှိမည်မဟုတ်တော့ပေ။ ယင်းသည် သင်၏ ဆောင်ပုဒ်၊ သို့မဟုတ် အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် သင်၏ စည်းမျဉ်းဖြစ်တော့မည်မဟုတ်ပေ။ ထိုအစား သင်လုပ်ဆောင်သည့်အရာသည် ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသည့် ဆိုရိုးစကား၏ ဆန့်ကျင်ဘက် အတိအကျပင် ဖြစ်လိမ့်မည်။ သင်သည် သင်၏ ဂုဏ်သိက္ခာအတွက် အသက်ရှင်မည်မဟုတ်သကဲ့သို့ သင်၏ သိက္ခာအတွက်လည်း အသက်ရှင်မည်မဟုတ်ပေ။ ထိုအစား သင်သည် သမ္မာတရားအား လိုက်စားခြင်း၊ ရိုးသားသူတစ်ဦးဖြစ်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေပြီး စစ်မှန်သော ဖန်ဆင်းခံတစ်ဦးအဖြစ် အသက်ရှင်ရန် အားထုတ်ခြင်းတို့အတွက် အသက်ရှင်လိမ့်မည်။ သင်သည် ဤစည်းမျဉ်းကို လိုက်နာလျှင် သင့်မိသားစုကသင့်အပေါ် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုများကို လက်လွှတ်ပြီးဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့်၊ ကျွန်မ နားလည်ခဲ့ရတယ်၊ ကျွန်မက “သစ်မှာ အခေါက်၊ လူမှာ ဂုဏ်သိက္ခာ” ဆိုတဲ့စကားအတိုင်း အသက်ရှင်နေခဲ့ပြီး၊ အဲဒါကို ကျွန်မရဲ့ဘဝဆောင်ပုဒ်အဖြစ် မှတ်ယူခဲ့တယ်ဆိုတာကို။ ငယ်ငယ်ကတည်းက ကျွန်မမိဘတွေက “သစ်မှာ အခေါက်၊ လူမှာ ဂုဏ်သိက္ခာ” လို့ သင်ပေးခဲ့တယ်၊ “သိက္ခာက အဖိုးမဖြတ်နိုင်ဘူး”၊ “ဘာပဲဆုံးရှုံးဆုံးရှုံး သိက္ခာတော့ အကျမခံနဲ့” လို့။ ကျွန်မမိဘတွေရဲ့ နှစ်ရှည်လများသင်ကြားမှုတွေနဲ့ မှားယွင်းတဲ့အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုကြောင့်၊ ကျွန်မ ဂုဏ်သိက္ခာကို အရေးကြီးဆုံးအရာအဖြစ် ရှုမြင်လာခဲ့ပြီး၊ ဂုဏ်သိက္ခာ၊ လေးစားမှုတို့နဲ့ အသက်ရှင်တယ်ဆိုတာ သိက္ခာရှိပြီး လူတွေရဲ့လေးစားချီးကျူးမှုကို ရရှိတာပဲလို့ ယုံကြည်ခဲ့တယ်။ ကျွန်မကျောင်းတက်တုန်းက ဂီတသင်တန်းတစ်ခုမှာ စင်ပေါ်တက်ပြီး သီချင်းဆိုခိုင်းခံရတာကို သတိရမိတယ်။ အတန်းဖော်တစ်ယောက်က ကျွန်မသီချင်းဆိုတာ စာဖတ်နေသလိုပဲလို့ ပြောခဲ့တယ်။ လူပုံအလယ်မှာ အရှက်ခွဲခံလိုက်ရသလို၊ ပါးရိုက်ခံလိုက်ရသလို ခံစားခဲ့ရပြီး၊ မြေကြီးအက်ကြောင်းထဲကို ငုံ့လျှိုးပျောက်ကွယ်သွားချင်စိတ် ပေါက်ခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျွန်မ ဘယ်တော့မှ သီချင်းမဆိုတော့ဘူး၊ ဒါမှ တခြားသူတွေက ကျွန်မ သီချင်းဆိုရင် ကီးကြောင်နေတာကို မသိကြတော့မှာလေ။ ဘုရားသခင်ကို စတင်ယုံကြည်ပြီးတဲ့နောက်မှာ ဘုရားသခင်က ရိုးသားမှုကို တန်ဖိုးထားမှန်း ကျွန်မသိခဲ့ပေမဲ့၊ ကျွန်မက “သစ်မှာ အခေါက်၊ လူမှာ ဂုဏ်သိက္ခာ” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်အတိုင်း ဆက်ပြီးအသက်ရှင်နေခဲ့တယ်။ ကျွန်မရဲ့လုပ်ရပ်တွေနဲ့ စကားလုံးတွေကို ကျွန်မရဲ့ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာနဲ့ ချိန်ထိုးခဲ့တယ်။ အဲဒါက ကျွန်မရဲ့ချို့ယွင်းချက်တွေကို ဖော်ထုတ်ပြီး အရှက်ရစေမယ်ဆိုရင်၊ ကျွန်မ အစွမ်းကုန်ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် ဖုံးဖိလို့ ဟန်ဆောင်ခဲ့တယ်၊ သိက္ခာကျတာထက် အသင်းတော်အလုပ်ကို နှောင့်နှေးစေဖို့၊ ညီအစ်ကိုမောင်နှမတွေကို ဒုက္ခပေးဖို့ကို ပိုလို့တောင် လိုလားခဲ့မိတယ်။ ကျွန်မက ကလိမ်ကျတတ်တယ်၊ လှည့်ဖြားတတ်တယ်၊ တစ်ကိုယ်ကောင်းဆန်တယ်ဖြစ်လာခဲ့ပြီး၊ စစ်မှန်တဲ့လူသားပုံသဏ္ဌာန်မရှိဘဲ အသက်ရှင်ခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ကိုယ့်တာဝန်တွေထမ်းဆောင်ဖို့ ပေးခဲ့တဲ့အခွင့်အရေးက ကျွန်မကို သမ္မာတရားရှာဖွေပြီး တကယ့်ပြဿနာတွေကို ဖြေရှင်းရာမှာ ကူညီပေးဖို့ ရည်ရွယ်ခဲ့တာပါ။ ကျွန်မမှာ ချို့ယွင်းချက်တွေအများကြီးရှိပေမဲ့၊ ကျွန်မသာ ကိုယ့်မာနကို စွန့်လွှတ်ပြီး ပွင့်ပွင့်လင်းလင်းပြောတဲ့အပြင် မိတ်သဟာယ ရှာဖွေနိုင်ခဲ့ရင် သမ္မာတရားအပေါ် နားလည်မှုတချို့နဲ့ ဝင်ရောက်မှုတချို့ကို ရရှိမှာဖြစ်ပြီး၊ ကိုယ့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ဖို့ စည်းမျဉ်းတွေကို ပိုပိုပြီး ကျွမ်းကျင်လာမှာပဲ။ ဒါပေမဲ့ ကျွန်မက ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို အရမ်းအလေးထားခဲ့တယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မ ပွင့်ပွင့်လင်းလင်း မပြောခဲ့ဘူး၊ မရှာဖွေခဲ့ဘူး၊ ကိုယ့်ရဲ့မှားယွင်းတဲ့အမြင်တွေကိုလည်း ပွင့်ပွင့်လင်းလင်း မိတ်သဟာယမဖွဲ့ခဲ့ဘူး။ ရလဒ်အနေနဲ့ ပြဿနာတွေက မပြေလည်ဘဲရှိနေခဲ့တယ်၊ သမ္မာတရားဖြစ်ဖြစ်၊ စည်းမျဉ်းတွေဖြစ်ဖြစ် ဘာတိုးတက်မှုမှ မရှိခဲ့ဘဲ သမ္မာတရားရရှိဖို့ အခွင့်အရေးတွေအများကြီးနဲ့လည်း လွဲချော်ခဲ့ရတယ်။ ကျွန်မက ကိုယ့်ရဲ့ဂုဏ်သိက္ခာကို တခြားအရာအားလုံးထက် ပိုတန်ဖိုးထားခဲ့ပြီး၊ ကိုယ့်ပုံရိပ်အတွက်နဲ့ ရိုးသားတဲ့စကားတစ်ခွန်းတောင် မပြောနိုင်ခဲ့ဘူး။ ကျွန်မ ဂုဏ်သိက္ခာမရှိဘဲ အသက်ရှင်နေခဲ့တယ်၊ အဲဒါက ကျွန်မရဲ့အသက်ဝင်ရောက်မှုကို နှောင့်နှေးစေခဲ့ရုံတင်မကဘူး၊ အသင်းတော်အလုပ်ကိုလည်း ထိခိုက်စေခဲ့တယ်။ ကျွန်မရဲ့ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားတွေရဲ့ ချည်နှောင်မှုအောက်မှာ ကျွန်မ ဆက်ပြီးအသက်မရှင်ချင်တော့ဘူး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားတဲ့သူတစ်ယောက် ဖြစ်ချင်ခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မရဲ့ဝတ်ပြုချိန်တွေမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ယင်းမှာ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဖြစ်ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းဖို့ သင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မျှ သင်ဟန်မဆောင်ရ၊ သို့မဟုတ် အခြားသူများအတွက် အယောင်ဆောင်မလှည့်စားရ။ သင်၏အားနည်းချက်များ၊ သင်၏ချို့ယွင်းချက်များ၊ သင်၏အမှားများ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ယင်းတို့အားလုံးနှင့်ပတ်သက်၍ လုံးဝ ပွင့်ပွင့်လင်းလင်းရှိပြီး မိတ်သဟာယပြုလော့။ ယင်းတို့ကို အတွင်း၌ မသိမ်းထားနှင့်။ သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် အသက်ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခု ဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့် သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။ ဤခြေလှမ်းကို လှမ်းခြင်းက အဘယ်သဘောကို ဆောင်သနည်း။ ယင်းက သင်၏စိတ်နှလုံးကို ဖွင့်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၌ရှိသမျှ အားလုံးကို ပြခြင်းကို ဆိုလိုလေသည်။ ဘုရားသခင်ထံမှ မည်သည့်အရာမျှ မကွယ်ဝှက်ဘဲ၊ မည်သည့်အရာမျှ မဖုံးကွယ်ဘဲ၊ မမျိုသိပ်ဘဲ လှည့်စားမှုနှင့် လှည့်ကွက်ကင်းကာ အခြားသူများကို အလားတူ ပွင့်လင်းပြီး ရိုးသားရင်း၊ အခြားသူများနှင့် ဘုရားသခင် မြင်ဖို့ရာ သင့်ကိုယ်သင် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်ပြီး ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက၊ အခြားလူများက သင်သည် စည်းမျဉ်းနှင့်အညီ ပွင့်လင်းမြင်သာသည့် အတိုင်းအတာတစ်ခုဖြင့် ပြုမူကြောင်း မြင်နိုင်လိမ့်မည်။ သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ရန် မည်သည့်နည်းလမ်းများကိုမျှ အသုံးပြုရန် မလိုသကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ရန်၊ သို့မဟုတ် ဟန်ဆောင်ရန်လည်း မလိုအပ်ပေ။ ဤအသုံးမဝင်သော အားစိုက်ထုတ်မှုများကို သင် ဆောင်ရွက်ရန် မလိုပေ။ ဤအရာများကို သင် လက်လွှတ်နိုင်ပါက သင်သည် အလွန်ပင် သက်သောင့်သက်သာ ဖြစ်လိမ့်မည်။ သင်သည် ဘောင်ခတ်မှုများ၊ သို့မဟုတ် နာကျင်မှု မရှိဘဲ အသက်ရှင်လိမ့်မည် ဖြစ်ပြီး သင်သည် အလင်းတွင်သာ လုံးဝ အသက်ရှင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး)သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်လိုပါက သင်၏ ပုံရိပ်ကို အရေးမထားနှင့်၊ လူတစ်ဦး၏ ပုံရိပ်သည် တစ်ပြားတစ်ချပ်မျှ မတန်ပေ။ သမ္မာတရားနှင့် ရင်ဆိုင်ရသည့်အခါ လူတစ်ဦးသည် ဟန်ဆောင်ခြင်း သို့မဟုတ် အယောင်ဆောင် မျက်နှာဖုံးတစ်ခု ဖန်တီးခြင်းမပြုဘဲ မိမိကိုယ်ကို ဖော်ထုတ်သင့်သည်။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော အတွေးအခေါ်များ၊ မိမိလုပ်ဆောင်ခဲ့သော အမှားများ၊ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့် ကဏ္ဍများနှင့် အခြားအရာများကို ဘုရားသခင်ထံ ထုတ်ဖော်ပြသရမည်ဖြစ်ပြီး ဤအရာများကို မိမိ၏ ညီအစ်ကိုမောင်နှမများထံတွင်လည်း အရှိအတိုင်း ပြောပြရမည်။ ယင်းမှာ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက် အသက်ရှင်နေထိုင်ခြင်း ကိစ္စမဟုတ်ဘဲ ထိုအစား ရိုးသားသောသူတစ်ဦးဖြစ်ရန်အတွက် အသက်ရှင်နေထိုင်ခြင်း၊ သမ္မာတရားကို လိုက်စားရန်အတွက် အသက်ရှင်နေထိုင်ခြင်း၊ စစ်မှန်သော ဖန်ဆင်းခံတစ်ဦးဖြစ်ရန်အတွက် အသက်ရှင်နေထိုင်ခြင်းနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး ကယ်တင်ခြင်းခံရရန်အတွက် အသက်ရှင်နေထိုင်ခြင်း ကိစ္စဖြစ်သည်။...သင်သည် သင်၏ ဂုဏ်သိက္ခာအတွက် အသက်ရှင်မည်မဟုတ်သကဲ့သို့ သင်၏ သိက္ခာအတွက်လည်း အသက်ရှင်မည်မဟုတ်ပေ။ ထိုအစား သင်သည် သမ္မာတရားအား လိုက်စားခြင်း၊ ရိုးသားသူတစ်ဦးဖြစ်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေပြီး စစ်မှန်သော ဖန်ဆင်းခံတစ်ဦးအဖြစ် အသက်ရှင်ရန် အားထုတ်ခြင်းတို့အတွက် အသက်ရှင်လိမ့်မည်။ သင်သည် ဤစည်းမျဉ်းကို လိုက်နာလျှင် သင့်မိသားစုကသင့်အပေါ် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုများကို လက်လွှတ်ပြီးဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)) ဘုရားနှုတ်ကပတ်တော်တွေက လူတစ်ယောက်အနေနဲ့ ဘယ်လိုကျင့်ကြံပြုမူရမယ်ဆိုတဲ့ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတွေကို ကျွန်မကို နားလည်စေခဲ့တယ်။ ဘုရားသခင်က ရိုးသားတဲ့လူတွေကို နှစ်သက်တယ်။ တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံတာပဲဖြစ်ဖြစ်၊ ကိုယ့်တာဝန်တွေကို ထမ်းဆောင်တာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအတွက်နဲ့ ကိုယ့်ရဲ့ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေကို မဖုံးကွယ်၊ မထိမ်ချန်သင့်ဘူး။ ကျွန်မတို့ အမှားလုပ်မိရင်တောင်၊ ဒါမှမဟုတ် သမ္မာတရားကို နားမလည်လို့ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ရင်တောင်၊ အဲဒါကို မဖုံးကွယ်၊ မထိမ်ချန်သင့်ဘူး။ အဲဒီအစား ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားရှိသင့်တယ်၊ ရှင်းရှင်းလင်းလင်း မမြင်နိုင်တာကို ဝန်ခံသင့်တယ်၊ ကိုယ့်နားလည်မှုအတိုင်း ပြောဆိုသင့်တယ်။ ကျွန်မတို့တင်ပြတဲ့ အကြံပြုချက်တွေ၊ အမြင်တွေမှာ သွေဖည်မှုတွေရှိနေရင်၊ ကိုယ့်သိက္ခာအတွက် အသက်ရှင်တာထက် အဲဒါတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပြီး ညီအစ်ကိုမောင်နှမတွေဆီက လမ်းညွှန်မှုကို လက်ခံသင့်တယ်။ ကိုယ့်အခက်အခဲတွေ၊ ချို့ယွင်းချက်တွေကို ပွင့်ပွင့်လင်းလင်းပြောတာက ရှက်စရာကိစ္စမဟုတ်ဘူး၊ အားနည်းခြင်းရဲ့လက္ခဏာလည်း မဟုတ်ဘူး။ အဲဒါက သမ္မာတရားကို ရှာဖွေခြင်းရဲ့ သရုပ်သကန်တစ်ခုပဲ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ကိုယ့်ချို့ယွင်းချက်တွေကို မှန်မှန်ကန်ကန် ရင်ဆိုင်ပြီး ကိုယ့်မာနကို ဘေးဖယ်ထားတာက ကျွန်မတို့ကို ပွင့်လင်းဖြောင့်မတ်စေပြီး သမ္မာတရားလက်တွေ့ကျမှုထဲကို ပိုမြန်မြန် ဝင်ရောက်စေနိုင်တယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရခဲ့တယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်မက ရိုးသားတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ ကိုယ့်သိက္ခာမကျဖို့အတွက် ကြောင်သူတော်ဆန်ပြီး လှည့်ဖြားတဲ့အရာတွေ အများကြီး လုပ်ခဲ့မိပါတယ်၊ အဲဒါက ကိုယ်တော်ကို စိတ်ပျက်ရွံရှာစေခဲ့ပါတယ်။ ကျွန်မ နောင်တရချင်တယ်၊ သမ္မာတရားကို လိုက်စားပြီး ရိုးသားတဲ့သူတစ်ယောက် ဖြစ်ချင်ပါတယ်” လို့ပေါ့။

တစ်နေ့မှာ ကျွန်မ ညီအစ်ကိုမောင်နှမတချို့နဲ့အတူ တာဝန်ထမ်းဆောင်နေတုန်း၊ မာလီက မိတ်သဟာယဖွဲ့ဖို့ မေးခွန်းတစ်ခု မေးလာခဲ့တယ်။ နားထောင်ပြီးတဲ့နောက်မှာ ကျွန်မ နည်းနည်းခက်ခဲတယ်လို့ ခံစားခဲ့ရပြီး ကိုယ့်အမြင်က သင့်တော်ရဲ့လားဆိုတာ မသေချာခဲ့ဘူး။ ကျွန်မ ထပ်စိုးရိမ်စပြုလာပြီး တွေးမိတယ်၊ “ငါ ဖြေသင့်သလား၊ မဖြေသင့်ဘူးလား။ ကောင်းကောင်းမဖြေခဲ့ရင် သိက္ခာကျမှာ မဟုတ်ဘူးလား။ တခြားညီအစ်မတွေ ဖြေတာကိုပဲ စောင့်လိုက်သင့်ပါတယ်လေ” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်၊ “ငါသာ အရင်ကလိုပဲ ကိုယ့်သိက္ခာကို ကာကွယ်ဖို့အတွက် တိတ်တိတ်နေမယ်၊ ရှောင်တိမ်းမယ်၊ ဟန်ဆောင်နေဦးမယ်ဆိုရင် ဒါ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားအတိုင်း အသက်ရှင်နေဦးမှာပဲ” လို့ပေါ့။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရလိုက်တယ် “သင်တို့၏ ရိုးသားသူများဖြစ်ခြင်း အတွေ့အကြုံက ယခု အဘယ်သို့ရှိသနည်း။ ရလဒ်အနည်းငယ်ကို သင်တို့ ရရှိပြီးပြီလော။ (တစ်ခါတစ်ရံ ကျွန်ုပ်သည် ရိုးသားခြင်းကို လက်တွေ့ကျင့်သုံးသော်လည်း တစ်ခါတစ်ရံ မေ့တတ်သည်။) သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ သင်မေ့နိုင်သလော။ ယင်းကို မေ့နိုင်လျှင် ထိုအရာက မည်သည့်ပြဿနာမျိုးကို ပုံဆောင်သနည်း။ သမ္မာတရားကို သင်တို့ချစ်သလော၊ မချစ်ဘူးလော။ သမ္မာတရားကို မချစ်လျှင် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ သင့်အတွက်ခက်လိမ့်မည်။ သင်တို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းနှင့် ရိုးသားသူဖြစ်ရန် လက်တွေ့လုပ်ဆောင်ခြင်းကို အလေးအနက်ထားရမည်။ ရိုးသားသူတစ်ယောက်မည်သို့ ဖြစ်လာရမည်ဆိုသည်နှင့် မည်သည့်ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သင့်ကြောင်းကို မကြာခဏ ဆင်ခြင်သင့်ပေသည်။ ဘုရားသခင်က လူများကို ရိုးသားဖို့ တောင်းဆိုပြီး သူတို့သည် ရိုးသားမှုကို အရေးအကြီးဆုံးကိစ္စအဖြစ် လိုက်စားသင့်သည်။ ရိုးသားသောလူများဖြစ်ရန်နှင့် ပေတရု၏ပုံသဏ္ဍာန်အတိုင်း အသက်ရှင်နေထိုင်ရန်အတွက် ၎င်းတို့ပိုင်ဆိုင်ဖို့လိုအပ်သည့် သမ္မာတရားများနှင့် ၎င်းတို့ဝင်ရောက်ဖို့လိုအပ်သည့် လက်တွေ့အရှိတရားများကို ရှင်းလင်းစွာသိပြီး နားလည်ထားသင့်ကာ လက်တွေ့ကျင့်သုံးမှုလမ်းကြောင်းကို ရှာဖွေရမည်ဖြစ်သည်။ သို့မှသာ ထိုသူတို့သည် ရိုးသားသောလူတစ်ဦးနှင့် ဘုရားသခင် ချစ်မြတ်နိုးသောသူတစ်ဦးဖြစ်လာရန် မျှော်လင့်ချက် တစ်စုံတစ်ရာ ရှိလာမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုဖြေရှင်းခြင်း လမ်းကြောင်း) ကျွန်မ စိတ်ထဲမှာ ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းခဲ့တယ်၊ ဒီတစ်ခါတော့ ကျွန်မ ကိုယ့်မာနရဲ့ ချုပ်ထိန်းမှုကို မခံနိုင်တော့ဘူး၊ ပွင့်လင်းပြီး ရိုးသားတဲ့သူတစ်ယောက် ဖြစ်ရမယ်လို့ ကိုယ်တော်ကို ပြောခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်မ စကားစပြောပြီး ကိုယ့်အမြင်တွေ၊ ထင်မြင်ချက်တွေကို ဝေမျှခဲ့တယ်။ ကျွန်မ ပြောပြီးတဲ့နောက်မှာ တခြားညီအစ်မတွေက ကျွန်မမိတ်သဟာယဖွဲ့ခဲ့တာတွေအပေါ်မှာ အခြေခံပြီး သူတို့အတွေးအခေါ်တွေကို ထပ်ဖြည့်ပြောကြားခဲ့ကြတယ်။ လူတိုင်းရဲ့မိတ်သဟာယဖွဲ့မှုကနေတစ်ဆင့် မာလီရဲ့အခက်အခဲက ပြေလည်သွားခဲ့ပြီး သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။ အဲဒီအခိုက်အတန့်မှာ ကျွန်မ မိတ်သဟာယမှာ ထုတ်ပြောလိုက်တော့ ကိုယ့်စိတ်ထဲမှာ အကြီးအကျယ် လွတ်မြောက်မှုကို ခံစားခဲ့ရတယ်။ ဝင့်ဝါမှုနဲ့ သိက္ခာရဲ့ ဘောင်ခတ်မှုတွေကနေ နောက်ဆုံးတော့ လွတ်မြောက်သွားခဲ့ပြီး ရိုးသားတဲ့သူတစ်ယောက်ဖြစ်ဖို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီလို့ ခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ မာလီက နောက်ထပ်မေးခွန်းတွေ မေးတဲ့အခါ၊ ကျွန်မ အမှားလုပ်မိမှာ၊ သိက္ခာကျမှာကို တစ်ခါတလေ ကြောက်နေတုန်းပဲ။ ဒါကို ကျွန်မ သတိပြုမိတဲ့အခါတိုင်း၊ ကိုယ့်ကိုယ်ကိုယ် ဆန့်ကျင်ပုန်ကန်ဖို့၊ ကိုယ့်သိက္ခာကို ဘေးဖယ်ထားဖို့၊ ညီအစ်မရဲ့မေးခွန်းတွေကို တက်တက်ကြွကြွ ဖြေဆိုနိုင်ဖို့ ကူညီပေးပါလို့ ဘုရားသခင်ဆီမှာ ဆုတောင်းခဲ့တယ်။ တစ်ခါတလေ ကျွန်မရဲ့အမြင်တွေ မှားနေတတ်တယ်၊ ဒါမှမဟုတ် ပြဿနာတချို့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်လို့ အဖြေတွေက မတိကျတာမျိုးတွေ ရှိတတ်တယ်၊ အဲဒီအခါ ညီအစ်မတွေက ထပ်မိတ်သဟာယဖွဲ့ပေးကြတယ်။ ဒီလိုအချိန်တွေမှာ ကျွန်မ နည်းနည်းတော့ ရှက်သလိုခံစားရပေမဲ့၊ သူတို့ရဲ့မိတ်သဟာယဖွဲ့မှုတွေကို ဂရုတစိုက် နားထောင်တဲ့အခါ၊ ကျွန်မ နားမလည်တဲ့နေရာတွေကလည်း ရှင်းလင်းပြီး ပိုနားလည်လာခဲ့တယ်။ ကိုယ့်တာဝန်မှာ အခက်အခဲတွေ၊ ပြဿနာတွေကို ကြုံရတော့ ညီအစ်ကိုမောင်နှမတွေဆီမှာ မိတ်သဟာယဖွဲ့ပြီး ရှာဖွေခဲ့တယ်။ သူတို့က ကျွန်မကို အထင်သေးတာ၊ သေးသိမ်စေတာမျိုး မရှိဘဲ စိတ်ရှည်ရှည်နဲ့ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ကျွန်မကို ကူညီပေးခဲ့ကြတယ်။ ရိုးသားမှုကို လက်တွေ့လုပ်ဆောင်ခြင်းကနေရတဲ့ လွတ်မြောက်မှုနဲ့ သက်သောင့်သက်သာရှိမှုကို ကျွန်မ ခံစားခဲ့ရပြီး၊ ဒီလိုနည်းနဲ့ ကျင့်ကြံပြုမူရတာက သိပ်ကို ပိုကောင်းတယ်လို့ မြင်ခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အစ်မ၊ ကျွန်မရဲ့အတွေ့အကြုံတွေကတော့ ဒီလောက်ပါပဲ။ ကျွန်မဆီကိုလည်း ပြီးခဲ့တဲ့တစ်နှစ်အတွင်းက အစ်မရဲ့ အတွေ့အကြုံတွေနဲ့ ရရှိမှုတွေအကြောင်း စာရေးမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။

ရိုးသားစွာဖြင့်၊

ရှင်းကျင်း။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀ ရက်။

အရှေ့သို့-  ၄၈။ လိမ်လည်လှည့်ဖြားခြင်း၏ အဖိုးအခ

နောက်တစ်ခုသို့-  ၅၁။ သခင် ပြန်လာခြင်းနဲ့ပတ်သက်ရင် ဘယ်သူ ပြောတာ နားထောင်သင့်သလဲ

သက်ဆိုင်သည့် အကြောင်းအရာ

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger