၅၉။ မုန်တိုင်းများကြားတွင် ကြီးပြင်းလာခြင်း
၂၀၁၃ ခုနှစ်၊ မတ်လ တစ်ရက်မှာ ညီအစ်မနှစ်ယောက်နဲ့ ကျွန်မတို့ဟာ စုဝေးပွဲပြီးလို့ အိမ်ပြန်ရောက်တော့ အိမ်ထဲ ဝင်လိုက်တာနဲ့ ရှုပ်ပွနေတာကို ကျွန်မတို့ တွေ့လိုက်ရတယ်။ ကျွန်မတို့ ထင်လိုက်တာကတော့ ရဲတွေ အိမ်ကိုဝင်ရှာသွားတာ ဖြစ်လောက်တယ်ပေါ့။ ဒါနဲ့ ချက်ချင်းပဲ နေရာပြောင်းလိုက်ကြတယ်။ နေရာပြောင်းပြီးသိပ်မကြာဘူး၊ ရပ်ကွက်ထဲက လူတချို့က ရဲတွေနဲ့အတူ ဒလကြမ်း ဝင်လာကြတယ်။ ရဲတွေက ကျွန်မတို့ကို ဧည့်ခန်းထဲမှာပဲ စုနေခိုင်းပြီး အိမ်ထဲကို ဝင်မွှေနှောက်တော့တာပဲ။ သူတို့မကြည့်နေတဲ့အချိန်မှာ ကျွန်မ အိတ်ကပ်ထဲက ဖုန်းဆင်းမ်ကတ်ကို ထုတ်ပြီး ချိုးပစ်လိုက်နိုင်တယ်။ ရဲတစ်ယောက်က မြင်သွားပြီး ကျွန်မလက်ကို အတင်းဆွဲဖွင့်တယ်။ ဆင်းမ်ကတ် ကျိုးနေတာကို မြင်တော့ သူက ဒေါသတကြီးနဲ့ အော်တယ်၊ “လူက ငယ်ပုံပေါက်သလောက် အကင်းကတော့ ပါးသားပဲ။ သူ့ကို စခန်းခေါ်သွားပြီး စစ်ဆေးမယ်” တဲ့။ ပြီးတော့ ရဲမေတစ်ယောက်ကို ကျွန်မကိုယ်ပေါ် ရှာခိုင်းပြီးနောက်မှာတော့ ကျွန်မတို့ကို ရဲကားထဲ ထည့်လိုက်ကြတယ်။ ကျွန်မ တော်တော်လေး ကြောက်သွားလို့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သူတို့ သမီးကို ဘယ်ခေါ်သွားမလဲ၊ ဘယ်လို ညှဉ်းပန်းနှိပ်စက်မလဲဆိုတာ သမီးမသိဘူး။ ကျေးဇူးပြုပြီး သမီးကို လမ်းပြပါ၊ ယုံကြည်ခြင်း ပေးသနားပါ။ ဘယ်လောက်ပဲ ဒုက္ခခံရပါစေ၊ သမီးဟာ ယုဒတစ်ယောက် ဖြစ်မှာမဟုတ်ဘူး။ ကိုယ်တော့်ကို သစ္စာဖောက်မှာ မဟုတ်ဘူး” လို့ပေါ့။ ဆုတောင်းပြီးတော့ ကျွန်မရဲ့စိတ်တွေ တဖြည်းဖြည်း တည်ငြိမ်လာတယ်။
ရဲတွေက ကျွန်မကို စခန်းက စစ်ကြောရေးအခန်းထဲကို ခေါ်သွားပြီး လက်မြှောက်ပြီး ဒူးကွေးခိုင်းတယ်။ သုံးလေးမိနစ်ကြာတော့ ကျွန်မရဲ့ လက်တွေ မမြှောက်နိုင်တော့ဘူး၊ ခြေထောက်တွေ တုန်လာပြီး ရင်ဘတ်က အောင့်လာလို့ မြေကြီးပေါ် ပုံကျသွားတယ်။ အဲဒီနောက် ရဲတွေက ကျွန်မကို ကျားထိုင်ခုံပေါ်တင်ပြီး ခြေထောက်တွေကို ထိုင်ခုံခြေထောက်တွေမှာ တင်းတင်းကျပ်ကျပ် ချည်ထားလိုက်တယ်။ ခဏကြာတော့ ဝဝဖိုင့်ဖိုင့်နဲ့ ပြစ်မှုရေးရာ ရဲမေတစ်ယောက်က အခန်းထဲကို စာရွက်စာတမ်းတချို့ ယူလာပြီး ကျွန်မကို ပြောတယ်၊ “ငါတို့က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အကြီးစားဖမ်းဆီးစစ်ဆင်ရေး လုပ်နေတာ၊ မင်းတို့ အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်သူတွေကို ရှင်းလင်းရေး လုပ်နေတာ။ မင်းတို့ရဲ့ ခေါင်းဆောင်တွေအားလုံးကို ငါတို့ရထားပြီးပြီ၊ မင်းတို့အသင်းတော်ကိုလည်း ဖြိုခွဲပြီးပြီ။ ငါတို့ကို ငြင်းနေလို့ ဘာထူးမှာလဲ။ ပြောလိုက်၊ ပြီးရင် မင်းသွားလို့ရပြီ” တဲ့။ ဒီစကားကိုကြားတော့ ဒါဟာ စာတန်ရဲ့ လှည့်ကွက်တွေပဲ၊ သူက ကျွန်မကို ယုဒဖြစ်အောင် ကြိုးစားနေတာပဲလို့ ကျွန်မ သဘောပေါက်သွားတယ်။ အဲဒါကို ယုံစားလို့မရဘူး။ ညီအစ်ကိုမောင်နှမတွေ အများကြီး အဖမ်းခံခဲ့ရရင်တောင်မှ ဘုရားသခင်ရဲ့ အမှုတော်ကို သူတို့ ဒီလောက် အလွယ်တကူနဲ့တော့ ဖြိုခွဲလို့မရပါဘူး။ ကျွန်မက ပြန်ပြောလိုက်တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ ‘ဘုရားသခင် ဖြစ်မြောက်ရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် အင်အားစုကမျှ မတားဆီးနိုင်သည်ကို ငါတို့အားလုံး ယုံကြည်သည်။ ပြီးလျှင် ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် ကြိုးစားသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အတိုက်အခံလုပ်ကာ ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ဖျက်ဆီးရန် ကြိုးစားသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။’” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည်) ဒီတော့ သူက ချောင်းတဟန့်ဟန့်နဲ့ ခေါင်းခါရင်း ထွက်သွားတယ်။ အဲဒီနောက် ရဲတစ်ယောက်က ကျွန်မကို စပြီး စစ်မေးတယ်၊ “မင်း ဘယ်အချိန်ကစပြီး ဘာသာရေးသမား ဖြစ်လာတာလဲ။ ဒီနေရာကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်သူတွေနဲ့ အဆက်အသွယ်လုပ်ဖူးလဲ။ ဘယ်နေရာတွေမှာ နေခဲ့ဖူးလဲ” တဲ့။ ကျွန်မ ဘာမှပြန်မပြောတော့ သူက ကျွန်မကိုခြိမ်းခြောက်တယ်၊ “မင်း မပြောရင် မင်းကို ရိုက်သတ်ပြီး တောင်တွေပေါ်မှာ မင်းအလောင်းကို မြှုပ်ပစ်မယ်” တဲ့။ ဒီလူတွေက လူသတ်တာကို ကြက်သတ်သလိုပဲ၊ လူ့အသက်ကို တစ်စက်မှ ဂရုမစိုက်ဘူးဆိုတာ ကျွန်မ တွေးမိသွားတယ်။ သူတို့ တကယ်ပဲ ငါ့ကို ရိုက်သတ်လိုက်မလားလို့တောင် တွေးမိတယ်။ တကယ်ကို ကြောက်လာတာနဲ့ ဘုရားသခင်ဆီ တိတ်တိတ်လေး ဆုတောင်းလိုက်ပြီး ကိုယ်တော်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို စဉ်းစားမိတယ်၊ “ဤအရာ၊ ထိုအရာကို မကြောက်နှင့်၊ ကောင်းကင်ဗိုလ်ခြေတို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင်တို့အတွက် အထောက်အပံ့ အင်အားစု ဖြစ်ပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၆)) ဘုရားသခင်က ကျွန်မရဲ့ အကာအကွယ်ဖြစ်ပြီး အရာအားလုံးကို ကိုယ်တော်ပဲ အုပ်စိုးတယ်ဆိုတာ အမှန်ပဲလို့ ကျွန်မသိထားတယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်က ကိုယ်တော့်လက်ထဲမှာပဲ ရှိတာလေ၊ ဒါကြောင့် ကျွန်မကို ရိုက်သတ်တာ မသတ်တာက ရဲတွေပေါ်မှာ မူမတည်ဘူး။ ဒီအတွေးက ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားတွေ ပေးခဲ့တယ်။ အဲဒီနောက်မှာ ရဲတွေက ကျွန်မကို မနားတမ်း ဆက်ပြီးစစ်မေးပေမဲ့ ကျွန်မ သူတို့ကို ဘာမှမပြောခဲ့ဘူး။
တတိယနေ့ မနက်အစောကြီးမှာ သူတို့ထဲကတစ်ယောက်က “ပြောတော့မလား” လို့ မေးတယ်။ ကျွန်မ ဘာမှပြန်မပြောဘူး။ သူ ဒေါသထွက်ပြီး ကျွန်မကို ကော်လံကနေဆွဲပြီး နားရင်းအုပ်တယ်၊ ကျွန်မရဲ့နားတွေ အူသွားပြီး မျက်နှာတစ်ခုလုံး ပူထူသွားတာပဲ။ ပြီးတော့ ကျွန်မ သတိမထားမိတဲ့အချိန်မှာ စာရွက်တချို့ကို လိပ်ပြီး ကျွန်မမျက်လုံးကို ရိုက်ထည့်လိုက်တယ်၊ နာလွန်းလို့ မျက်လုံးတွေ ပြုတ်ထွက်တော့မလိုပဲ။ ကျွန်မလည်း ကိုယ့်မျက်လုံးတွေကို အလိုလို မှိတ်လိုက်မိတယ်။ ရဲတစ်ယောက်က ဒေါသနဲ့အော်တယ်၊ “မျက်လုံးဖွင့်စမ်း” တဲ့။ ကျွန်မ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ပေမဲ့ ဘာမှမမြင်ရဘူး။ ဆယ်မိနစ်လောက်ကြာမှပဲ ပစ္စည်းတွေကို စပြီး နည်းနည်းမြင်ရတယ်။ မျက်လုံးက အရမ်းနာတော့ ကျွန်မ မျက်လုံးမှိတ်ထားချင်တာပေါ့။ သူတို့က ကျွန်မ အိပ်ချင်နေတယ်ထင်ပြီး ရဲက ရေသန့်ဘူးနဲ့ ခေါင်းကိုရိုက်တယ်၊ ပြီးတော့ တစ်ခါတလေ သူ့ခြေထောက်နဲ့ ကျွန်မရဲ့ခေါင်းနဲ့ လက်မောင်းတွေကို ကန်တယ်။ ပြီးတော့ကျွန်မကို အိပ်မရအောင်လို့ သူတို့က ကျွန်မရဲ့ ဆံပင်တွေနဲ့ လက်တွေကို ကျားထိုင်ခုံရဲ့ နောက်ကျောမှာ ကပ်ခွာကြိုးနဲ့ ချည်ထားလိုက်တယ်။ ကျွန်မလည်း ခေါင်းကို အမြဲတမ်း မော့ထားရတာပေါ့။ နာကျင်တာ သက်သာအောင်လို့ ကျားထိုင်ခုံကိုပဲ အားပြုပြီး မှီဖို့ကြိုးစားခဲ့ရတယ်။ ကျွန်မမှာ ခေါင်းတွေမူး၊ တစ်ကိုယ်လုံးနာကျင်ပြီး ရင်တွေတုန်ပြီး အရမ်းကို စိတ်ဆင်းရဲခဲ့ရတယ်။ ကျွန်မ မခံနိုင်တော့မှာစိုးလို့ ဘုရားသခင်ဆီ အဆက်မပြတ် အော်ဟစ်ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျေးဇူးပြုပြီး သမီးကို ဒုက္ခခံနိုင်တဲ့ စိတ်သန္နိဋ္ဌာန်ကို ပေးသနားပါ၊ ယုံကြည်ခြင်းကို ပေးသနားပါ။ သမီး စာတန်ကို ဘယ်တော့မှ ဦးညွှတ်မှာမဟုတ်ဘူး” လို့ပေါ့။ နာကျင်မှုတွေကြားမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ စဉ်းစားမိတယ်၊ “အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်ရှိ လူများသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုကြောင့် အရှက်ကွဲခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ခံကြရပြီး အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပြည်တွင် စတင်သောကြောင့် ဘုရားသခင်၏အမှုအားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များစွာသည် ချက်ချင်း ဖြစ်မြောက်အောင်မြင်နိုင်ခြင်း မရှိချေ။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အကျိုးဆက်အဖြစ်၊ လူတို့သည် စစ်ဆေးခံကြရကာ ယင်းသည် ဒုက္ခဆင်းရဲ၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကွန်မြူနစ်ပါတီဟာ ဘုရားသခင်ရဲ့ ရန်သူဖြစ်တယ်၊ သူတို့က ဘုရားသခင်နဲ့ သမ္မာတရားကို မုန်းတီးတယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ သူတို့က ကျွန်မတို့ ဘုရားသခင်ကို မယုံကြည်အောင် နည်းမျိုးစုံနဲ့ တားဆီးချင်တယ်၊ ကိုယ်တော့်ကို သစ္စာဖောက်အောင် ကျွန်မတို့ကို ရက်စက်တဲ့ ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကို သုံးတယ်။ ကျွန်မက အဆင်းနီတဲ့ နဂါးကြီးရဲ့ နိုင်ငံမှာ မွေးဖွားလာတာဆိုတော့ ဒါဟာ ကျွန်မ ခံစားရမယ့် ဒုက္ခတစ်ခုပဲ။ ဒါပေမဲ့ ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်မှုကနေတစ်ဆင့် သူတို့ ဘယ်လောက်ဆိုးယုတ်တယ်၊ သူတို့ရဲ့ အနှစ်သာရက ဘုရားသခင်ကို ဆန့်ကျင်ဘက်လုပ်နေတယ်ဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ ဒါကြောင့် စာတန်ကို ပိုပြီးငြင်းပယ်ပြီး ဘုရားသခင်ဘက်ကိုလှည့်ဖို့၊ ကိုယ့်သက်သေခံချက်မှာ ယုံကြည်ခြင်းနဲ့ ခိုင်ခိုင်မာမာရပ်တည်ဖို့၊ စာတန်ကို အရှက်ခွဲပြီး အနိုင်ယူဖို့ ပိုပြီးတောင် လိုချင်လာခဲ့တယ်။ ဘုရားသခင်အတွက် သက်သေခံဖို့ ဒီလိုအခွင့်အရေးရတာဟာ ကိုယ်တော့်ရဲ့ ကောင်းချီးမင်္ဂလာပဲ၊ ဒါဟာ အထူးမျက်နှာသာပေးခြင်းတစ်ခုပဲ။ ဒါတွေကို နားလည်သွားတော့ ကျွန်မမှာ ယုံကြည်ခြင်းတွေရှိလာပြီး ကျွန်မအတွက် သိပ်မခက်ခဲတော့ဘူးလို့ ခံစားရတယ်။
အဲဒီနောက် သူတို့က ကျွန်မကို စပြီးစစ်မေးကြပြန်ရော။ ကျွန်မ ဆက်ပြီး တိတ်ဆိတ်နေတော့ သူတို့ ခြိမ်းခြောက်တယ်၊ “စောစောပြောလေ၊ ပိုပြီး လွယ်လေပဲ။ မင်းကို ငါးမိနစ်အချိန်ပေးမယ်” တဲ့။ ပြီးတော့ အချိန်ကိုက်နာရီတစ်ခုကို ကျွန်မရှေ့မှာ ထားလိုက်တယ်။ အချိန်တွေ တစ်မိနစ်၊ တစ်စက္ကန့်ကုန်ဆုံးသွားတာကို ကြည့်ရင်း ကျွန်မ ဘုရားသခင်ဆီ မနားတမ်း ဆုတောင်းနေခဲ့တယ်၊ “ဘုရားသခင်၊ ဒီမကောင်းဆိုးဝါးတွေ သမီးကို ဘာလုပ်မလဲဆိုတာ သမီးမသိဘူး။ ကျေးဇူးပြုပြီး သမီးကို ကာကွယ်ပေးတော်မူပါ။ ဘာပဲဖြစ်ဖြစ် ညီအစ်ကိုမောင်နှမတွေကိုတော့ သစ္စာဖောက်မှာ မဟုတ်ပါဘူး” လို့ပေါ့။ ငါးမိနစ်ကြာသွားပေမဲ့ ကျွန်မ စကားပြောမှာ မဟုတ်တာကိုမြင်တော့ သူတို့ထဲက တစ်ယောက်က ကျွန်မလက်တွေကို နောက်ပြန် လက်ထိတ်ခတ်လိုက်တယ်၊ ပြီးတော့ ကျွန်မကော်လံကိုဆွဲပြီး မျက်နှာနားကို တော်တော်ကို ကပ်လာတယ်၊ ပြီးတော့ အသင်းတော်ခေါင်းဆောင်က ဘယ်သူလဲ၊ ကျွန်မ ဘယ်သူတွေနဲ့ အဆက်အသွယ်လုပ်ဖူးလဲလို့ ကြမ်းကြမ်းတမ်းတမ်း မေးတယ်။ ကျွန်မ ဘာမှမပြောဘဲနေတုန်းပဲ၊ ဒါနဲ့ သူက စီးကရက်တစ်လိပ်ကို မီးညှိပြီး စီးကရက်ငွေ့တွေကို ကျွန်မမျက်နှာပေါ် အဆက်မပြတ် မှုတ်ထုတ်တယ်။ ဆေးလိပ်ငွေ့တွေကြောင့် ပျို့အန်ချင်လာပြီး မျက်ရည်တွေ တလိမ့်လိမ့်ကျလာတယ်။ ပြီးတော့ သူက ကျွန်မမျက်နှာကို ခပ်ကြမ်းကြမ်း ရိုက်တယ်၊ ကျွန်မရဲ့ ညာဘက်နားကို ထိသွားလို့ ဘာမှမကြားရတော့ဘူး။ ကျွန်မ စကားမပြောသေးတာကိုမြင်တော့ သူ့မျက်လုံးတွေ ဒေါသကြောင့် ပြူးကျယ်လာပြီး လက်နှစ်ဖက်နဲ့ ကျွန်မလည်ပင်းကို ညှစ်ရင်း ပြောတယ်၊ “မင်း ပြောမှာလား၊ မပြောဘူးလား။ မပြောရင် ငါ မင်းကို လည်ပင်းညှစ်သတ်မယ်။ မင်း ငါ့ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး၊ ညတိုင်း ငါမင်းကို ရိုက်နေတယ်လို့ အိပ်မက်ဆိုးတွေ မက်လိမ့်မယ်” တဲ့။ သူ ကျွန်မကို အသက်ကောင်းကောင်းမရှူနိုင်တဲ့အထိ လည်ပင်းညှစ်ထားတယ်၊ ကျွန်မလည်း နောက်ဆုံးထွက်သက် ထွက်တော့မလိုပဲ ခံစားလိုက်ရတယ်။ သူ့ကို ကျွန်မပြောလိုက်တယ်၊ လည်ပင်းညှစ်သတ်ရင်တောင် ဘာမှမသိဘူးလို့ပေါ့။ အဲဒီအချိန်မှာ အရပ်ရှည်ရှည် ရဲတစ်ယောက်ဝင်လာပြီး အခန်းထဲမှာ စီစီတီဗီကင်မရာတွေရှိလို့ ကျွန်မကို ချောင်တစ်ချောင်မှာ ရိုက်သင့်တဲ့အကြောင်း ကျွန်မကို လည်ပင်းညှစ်နေတဲ့သူကို လက်ဟန်ခြေဟန်ပြလိုက်တယ်။ အဲဒီတော့မှပဲ ကျွန်မ အသက်ပြန်ရှူနိုင်တော့တယ်။ သူ ကျွန်မကို ကျားထိုင်ခုံပေါ်ကနေ ဆွဲချပြီး လက်ထိတ်ကိုဆွဲပြီး ချောင်တစ်ချောင်ကို တွန်းပို့လိုက်တယ်၊ ပြီးတော့ ကျွန်မခေါင်းကိုကိုင်ပြီး နံရံနဲ့ အားကုန်ဆောင့်တယ်။ သူက အဲဒီလိုဆက်လုပ်နေတာ ကျွန်မ ရေတောင်မရေနိုင်တော့ဘဲ နောက်ဆုံးတစ်ခါကတော့ သူက ကျွန်မခေါင်းကို နံရံမှာချိတ်ထားတဲ့ အပြားတစ်ခုနဲ့ ဆောင့်ထည့်လိုက်တယ်။ ခေါင်းမှာ ချိုင့်ရာကြီးတစ်ခု ဖြစ်သွားသလိုပဲ ခံစားရပြီး ကျွန်မလည်း ကြမ်းပြင်ပေါ်ကို ဒုန်းဆိုပြီး လဲကျသွားတယ်။ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေသလိုပဲ၊ ခေါင်းကလည်း ကွဲထွက်တော့မလိုပဲ၊ နှလုံးသားက စုတ်ပြဲသွားသလိုပဲ ခံစားရတယ်။ မျက်လုံးလည်း ဖွင့်မရတော့ဘူး၊ အသက်ရှူကျပ်လာသလိုပဲ။ အရမ်းကို နာကျင်လွန်းလို့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ဒီညှဉ်းပန်းနှိပ်စက်မှုကို ဆက်မခံစားရတော့အောင် သမီးရဲ့ အသက်ကို ရုပ်သိမ်းသွားပါတော့” လို့ပေါ့။ ခဏကြာတော့ ကျွန်မ မျက်လုံးတွေကို နည်းနည်းလေး ဖွင့်လိုက်နိုင်ပြီး “ငါ ဘာလို့မသေသေးတာလဲ” လို့ တွေးမိတယ်။ အဲဒီအခါကျမှ ဘုရားသခင်ကို အသက်နုတ်ယူပေးဖို့ တောင်းဆိုနေခဲ့တာက မဖြစ်သင့်ဘူး၊ ဒါဟာ ဆင်ခြင်တုံတရားမရှိတဲ့ တောင်းဆိုမှုတစ်ခုပဲဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ကိုယ်တော်က ကျွန်မကို ဆက်အသက်ရှင်ပြီး ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်တဲ့အပြင် စာတန်ကို အရှက်ခွဲစေချင်တာလေ။ ကျွန်မကတော့ ဒုက္ခကလွတ်မြောက်ဖို့ သေချင်ခဲ့တာ။ ဒါက သက်သေခံခြင်းမှ မဟုတ်တာ။ ဒီအတွေးပေါ်လာတော့ ကျွန်မ အပြစ်ရှိသလို ခံစားရတယ်။ အဲဒီအချိန်မှာပဲ ရဲတစ်ယောက်က အော်တာကို ကြားလိုက်ရတယ်၊ “ထစမ်း၊ ထစမ်း” တဲ့။ ကျွန်မ ဘာမှ မတုံ့ပြန်တော့ သူကန်ပြီးမေးတယ်၊ “သေချင်ယောင်ဆောင်နေတာလား” တဲ့။ ကျွန်မ စိတ်ထဲကနေ တိတ်တိတ်လေး ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ဒီမကောင်းဆိုးဝါးတွေက သမီး ကိုယ်တော့်ကို သစ္စာဖောက်အောင် ညှဉ်းပန်းနှိပ်စက်နေတာပါ။ ကျေးဇူးပြုပြီး သမီးကို ယုံကြည်ခြင်း ပေးသနားပါ။ အသက်ဆုံးရှုံးရရင်တောင် ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားမယ်” လို့ပေါ့။ သူတို့ထဲကတစ်ယောက်က ကျွန်မရဲ့ အင်္ကျီပခုံးစတွေကိုဆွဲပြီး ကျွန်မကို နည်းနည်း ဆွဲမလိုက်တယ်၊ ပြီးတော့ ကြမ်းပြင်ပေါ်ကို အရှိန်နဲ့ လွှတ်ချပစ်လိုက်တယ်။ အဲဒီအချိန်တစ်လျှောက်လုံး လက်ထိတ်ခတ်ထားလို့ လက်တွေနဲ့ ကျောတွေက အရမ်းနာကျင်နေတာကြောင့် နာကျင်တာ နည်းနည်းသက်သာအောင် ကြမ်းပြင်ပေါ်မှာ ကျွန်မ ကွေးနေလိုက်တယ်။ ရဲတစ်ယောက်က ကျွန်မကို ဆွဲထူပြီး နံရံနားမှာ ကပ်လို့ မတ်မတ်ရပ်ခိုင်းတဲ့အပြင် ကျွန်မ ဘာမှမလုပ်ရသေးခင်မှာပဲ ဘယ်ဘက်ပေါင်ကို ကန်လိုက်တယ်။ နာလွန်းလို့ ခါးကုန်းသွားတော့ သူက ဟိန်းဟောက်တယ်၊ “မတ်မတ်ရပ်စမ်း” တဲ့။ ဒါပေမဲ့ တစ်ကိုယ်လုံးက နာနေတော့ ကျွန်မ ဘယ်လိုမှ မရပ်နိုင်ခဲ့ဘူး။ ပြီးတော့ သူက ကျွန်မရဲ့ ခါးကို ကန်လိုက်တယ်၊ ခဏလောက် အသက်ရှူလို့မရတော့ဘူး၊ ဓားနဲ့ထိုးတာ ခံလိုက်ရသလိုပဲ။ နောက်တစ်ယောက်က ကျွန်မကို ချောင်ထဲကိုပြန်ဆွဲသွားပြီး နားရင်းအုပ်လိုက်တာ နှုတ်ခမ်းထောင့်တွေကနေ သွေးတွေထွက်သွားတယ်။ ပြီးတော့ သူက စီးကရက်တစ်လိပ်ကို မီးညှိပြီး ပြောတယ်၊ “မင်းသာ ဆက်ပြီး တိတ်နေရင် မင်းမျက်နှာကို ဒီစီးကရက်မီးနဲ့ တို့မယ်၊ မင်းရုပ်ပျက်ဆင်းပျက်ဖြစ်သွားလိမ့်မယ်” တဲ့။ ပြီးတော့ စီးကရက်ကို ကျွန်မမျက်နှာနားကို တေ့ထားလိုက်တယ်။ စီးကရက်ရဲ့ အပူငွေ့ကို ခံစားမိတော့ ကျွန်မ အရမ်းကြောက်သွားပြီး တွေးမိတယ်၊ “သူသာ တကယ် မီးနဲ့တို့လိုက်ရင် ကြောက်စရာကောင်းတဲ့ အမာရွတ်တွေ ကျန်ခဲ့မှာပဲ၊ ငါ ဘယ်သွားသွား လူတွေက ငါ့အကြောင်းပြောတာ၊ လှောင်တာ ခံရမှာပဲ” လို့ပေါ့။ လူတွေက လက်ညှိုးထိုးပြီး ကျွန်မအကြောင်း ပြောဆိုနေကြတဲ့မြင်ကွင်းကို တွေးမိတာနဲ့တင် အရမ်းကို ဆိုးရွားနေပြီ။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်၊ “နိုင်ငံတော်၏ စစ်သည်ကောင်းများကို စစ်မှန်မှုအကြောင်း ပြောရုံသာပြောနိုင်သော သို့မဟုတ် ဝါကြွားရုံသာ တတ်နိုင်သော လူအုပ်စုတစ်ခု ဖြစ်လာရန် လေ့ကျင့်ပေးခြင်း မဟုတ်ပေ၊ ယင်းထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အချိန်ပြည့် အသက်ရှင်နေထိုင်နိုင်ရန်၊ မည်သည့် ဆုတ်ဆိုင်းမှုများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ အလျှော့မပေးဘဲ ဆက်လက်ရှိနေစေရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အဆက်မပြတ် အသက်ရှင်နေထိုင်ပြီး လောကသို့ ပြန်မသွားရန် ၎င်းတို့အား လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ပြောသည့် စစ်မှန်မှု ဖြစ်၏၊ ဤသည်မှာ လူသားများထံမှ ဘုရားသခင်၏တောင်းဆိုချက် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် လက်တွေ့ကျမှု ပိုင်ဆိုင်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မနားလည်သွားတယ်၊ တကယ့်ယုံကြည်သူတစ်ယောက်အနေနဲ့ ဘာပဲဖြစ်ဖြစ်၊ သူတို့ဟာ အမှောင်အင်အားစုတွေဆီမှာ ဘယ်တော့မှ အလျှော့မပေးဘဲ၊ ဘုရားသခင်ကို သစ္စာမဖောက်ဘဲ ဘုရားသခင်အပေါ်ထားတဲ့ ယုံကြည်ခြင်းမှာ ဒူပေနာပေခံနိုင်ကြတယ်ဆိုတာကိုပေါ့။ ရဲတွေက ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်စေမယ်လို့ ခြိမ်းခြောက်ချင်တာမို့လို့ ကျွန်မ သူတို့ကို ယုံစားလို့မရဘူး။ ဒါ့အပြင် ကျွန်မ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားရင်တောင်မှ ယုဒတစ်ယောက်မဖြစ်ဘဲ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ရင် ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကိုရပြီး စိတ်နှလုံးထဲမှာ ငြိမ်သက်ခြင်းရှိနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဘုရားသခင်ကို သစ္စာဖောက်လိုက်ရင် ယုတ်ညံ့တဲ့ဘဝနဲ့ ဆက်အသက်ရှင်နေရမှာ၊ ကိုယ့်ရဲ့ အသိစိတ်က ဘယ်တော့မှ လိပ်ပြာသန့်မှာ မဟုတ်ဘူး။ ဒါဆိုရင် ခံနိုင်မှာမဟုတ်ဘူး။ အသင်းတော်ရဲ့ ဓမ္မတေးတစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်၊ “ကျွန်ုပ်၏ ဦးခေါင်းကွဲကြေပြီး သွေးများ စီးဆင်းနိုင်၏၊ သို့သော် ဘုရားသခင်၏ လူတို့၏ သတ္တိသွေးများ မဆုံးရှုံးနိုင်ပေ။ ဘုရားသခင်၏ တိုက်တွန်းမှုက စိတ်နှလုံးတွင် တည်ထားသည်၊ နတ်ဆိုးစာတန်ကို အရှက်ရစေရန် ကျွန်ုပ် ဆုံးဖြတ်သည်။”(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ၊ ဘုရားသခင်၏ ဘုန်းကြီးသော နေ့ကို ကျွန်ုပ် မြင်တွေ့လိုသည်) ကျွန်မ ယုံကြည်ခြင်းတွေ တဖွားဖွားဖြစ်လာပြီး ရဲတွေရဲ့ နှိပ်စက်တာကို ရင်ဆိုင်ဖို့ သတ္တိတွေရှိလာတယ်။ ကျွန်မ မျက်လုံးတွေကိုမှိတ်ပြီး တိတ်တိတ်လေး ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သူတို့ သမီးကို ဘယ်လိုပဲ ညှဉ်းပန်းနှိပ်စက်ပါစေ၊ သမီးမျက်နှာကို မီးနဲ့တို့ရင်တောင်မှ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားပါမယ်။ ကျေးဇူးပြုပြီး သမီးကို ယုံကြည်ခြင်းနဲ့ ဒုက္ခခံနိုင်တဲ့ သန္နိဋ္ဌာန်ကို ပေးသနားပါ” လို့ပေါ့။ ပြီးတော့ ကျွန်မ အံကိုကြိတ်ပြီး လက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်။ ဒါကို ကြောက်နေတယ်လို့ထင်ပြီး ရဲတွေက ရူးကြောင်ကြောင်နဲ့ အော်ရယ်ကြတယ်။ ကျွန်မ မျက်လုံးဖွင့်ပြီး သူ့ကို စူးစူးဝါးဝါး ကြည့်လိုက်တော့ သူက အေးစက်စက်ပြုံးပြီး ပြောတယ်၊ “ငါ စိတ်ပြောင်းသွားပြီ။ ငါ မင်းရဲ့လျှာကို မီးနဲ့တို့မယ်၊ မင်း စကားတောင် မပြောနိုင်တော့အောင်ကို မီးနဲ့တို့ပစ်မယ်” တဲ့။ ဒီလိုပြောရင်းနဲ့ သူက ကျွန်မပါးစပ်ကို အတင်းဖွင့်ဖို့ ကြိုးစားတယ်၊ ဒါပေမဲ့ ဘယ်လောက်ပဲကြိုးစားပါစေ ဖွင့်လို့မရခဲ့ဘူး။ ဒေါသထွက်ပြီး သူက ကျွန်မရဲ့ပခုံးတွေကို ကိုင်ပြီး ခြေထောက်ပေါ်ကို ဆောင့်နင်းတယ်၊ သူ့ခြေထောက်နဲ့ ထပ်တလဲလဲ ဆောင့်နင်းတဲ့အပြင် ကျွန်မခြေထောက်ကို ရှေ့တိုးလိုက် နောက်ဆုတ်လိုက်နဲ့ ကြိတ်ပစ်တယ်။ အဲဒီနောက် လက်ထိတ်ကိုဆွဲပြီး ရှေ့နောက် ဆွဲဆောင့်တယ်၊ ကျွန်မလည်း ခြေဖျားထောက်ပြီး နေရတော့တာပေါ့။ ကျွန်မရဲ့ လက်ကောက်ဝတ်တွေက မချိမဆန့်ခံစားရပြီး လက်မောင်းတွေ ကျိုးထွက်တော့မလိုပဲ။ သူက လှောင်ပြောင်ပြီး ပြောတယ်၊ “မင်းရဲ့ဘုရားက အနန္တတန်ခိုးရှင် မဟုတ်ဘူးလား။ သူ့ကို လာကယ်ခိုင်းလိုက်လေ” တဲ့။ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းတယ်၊ ကိုယ်တော့်ကို မနားတမ်း ဟစ်ခေါ်တယ်၊ စိတ်ထဲမှာ ဒီမကောင်းဆိုးဝါးတွေအတွက် အမုန်းတရားတွေနဲ့ ပြည့်သွားတယ်။
သူ မောသွားတော့ စားပွဲကိုမှီပြီး ဆေးလိပ်သောက်နေတယ်။ သူ နောက်ထပ် ဘယ်လိုနည်းလမ်းတွေနဲ့ ငါ့ကို ညှဉ်းပန်းနှိပ်စက်ဦးမလဲ၊ ငါ သူ့လက်ထဲမှာ သေသွားမလားလို့ ကျွန်မ တွေးနေမိတယ်။ အဲဒါဆိုရင်လည်း အသက်ထွက်တာ မြန်ပါစေလို့ မျှော်လင့်မိတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက သူတို့ကြောင့် ကျွန်မ ရောက်နေတဲ့ အသက်ရှင်လျက်ငရဲဟာ မခံမရပ်နိုင်လို့ပေါ့။ ဘယ်တော့မှ အဆုံးသတ်မလဲ မသိခဲ့ဘူး။ ကျွန်မ တွေးလေလေ၊ ကြောက်လေလေပဲ၊ ပြီးတော့ တွေးမိတယ်၊ “အသင်းတော်ခေါင်းဆောင်တွေနဲ့ ညီအစ်ကိုမောင်နှမတွေကိုတော့ လုံးဝသစ္စာမဖောက်နိုင်ဘူး၊ ဒါဆိုရင် ငါ ဘယ်လို ယုံကြည်သူဖြစ်လာတယ်ဆိုတဲ့အကြောင်းပဲ ပြောပြလိုက်ပြီး ဒီကိစ္စကို အဆုံးသတ်လို့ ရချင်ရမယ်၊ ဒါမှ သူတို့ ငါ့ကို ဆက်မရိုက်တော့မှာ” လို့ပေါ့။ ပြီးတော့ ပြန်တွေးမိတယ်၊ “ငါ့မိဘတွေကလည်း ယုံကြည်သူတွေပဲ။ ငါသာ တကယ်ပြောလိုက်ရင် သူတို့ပါ အမှုပတ်သွားလိမ့်မယ်၊ ညီအစ်ကိုမောင်နှမတချို့လည်း အမှုပတ်သွားမှာပဲ။ ဒါဆို ငါက ယုဒဖြစ်သွားမှာပေါ့၊ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးတာကို ခံရလိမ့်မယ်” ပေါ့။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် ဒီဓမ္မတေးကို ကျွန်မ သတိရလိုက်တယ်။ “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်။ အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း မိမိတို့၏ အသက်ကို ပေးရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ၎င်း၏ အတွေးအခေါ်များကို ငါတို့ထံ ပို့ရန် ဖြစ်နိုင်သမျှသောနည်းလမ်းတိုင်းကို ကြိုးစားနေ၏။ ငါတို့ကို အလင်းပေးပြီး ဉာဏ်အလင်းဖွင့်ပြဖို့ အချိန်တိုင်း ဘုရားသခင်ထံ ငါတို့ ဆုတောင်းသင့်သည်၊ ငါတို့အတွင်းမှ စာတန်၏ အဆိပ်အတောက်ကို သန့်စင်စေရန် ဘုရားသခင်အပေါ် အချိန်တိုင်း ငါတို့ မှီခိုသင့်သည်၊ ဘုရားသခင်နှင့် မည်သို့နီးကပ်လာရမည်ဆိုသည်ကို ငါတို့၏ စိတ်ဝိညာဉ်အတွင်း၌ အချိန်တိုင်း လက်တွေ့လုပ်ဆောင်သင့်ပြီး၊ ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးအပေါ် ဘုရားသခင်ကို အုပ်စိုးခွင့်ပေးသင့်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ သဘောပေါက်သွားတယ်၊ သူရဲဘောကြောင်စိတ်ကြောင့် ဘုရားဘယ်လိုယုံကြည်လာလဲဆိုတာကို သူတို့ကို ပြောပြဖို့စဉ်းစားမိတာက စာတန်ရဲ့ လှည့်ကွက်တွေကို အလျှော့ပေးတာပဲ။ ဘုရားသခင်အပေါ်ထားတဲ့ ကျွန်မရဲ့ယုံကြည်ခြင်းက တကယ်ကို နည်းပါးလွန်းတယ်၊ ကျွန်မမှာ ဒုက္ခခံနိုင်တဲ့ သန္နိဋ္ဌာန်မရှိဘူးဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ အဲဒီအချိန်အထိ ကျွန်မ ခံနိုင်ရည်ရှိခဲ့တာက ကျွန်မမှာ ဝိညာဉ်ရင့်ကျက်မှုရှိလို့မဟုတ်ဘဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက တစ်ဆင့်ချင်း လမ်းပြပေးခဲ့လို့ပဲ။ အဲဒီအချိန်မှာ ကျွန်မ ဘုရားသခင်ကို တကယ်ပဲ အားကိုးပြီး ယုံကြည်ခြင်းရှိဖို့လိုတယ်၊ သူတို့ ဘယ်လိုပဲ ညှဉ်းပန်းနှိပ်စက်ပါစေ၊ ဘုရားသခင်ကို ဘယ်တော့မှ သစ္စာဖောက်လို့မဖြစ်ဘူး။ ကျွန်မ စိတ်ထဲကနေ ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ သမီးရဲ့အသက်ကို ကိုယ်တော့်လက်ထဲမှာ အပ်နှံပြီး ကိုယ်တော့်ရဲ့ စီစဉ်မှုတွေကို လက်ခံဖို့ ဆန္ဒရှိပါတယ်။ သူတို့ သမီးကို သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ရင်တောင် ယုဒတစ်ယောက်လိုဖြစ်မှာမဟုတ်ပါဘူး” လို့ပေါ့။ ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက ရဲတွေရဲ့ အထက်လူကြီးက သူတို့ကို ခေါ်သွားတယ်။ ကျွန်မ ဘုရားသခင်ကို တိတ်တိတ်လေး ကျေးဇူးတင်လိုက်တယ်။
ခဏကြာတော့ ရဲတစ်ယောက်က တံခါးဝကိုလာပြီး ကျွန်မကို ဓာတ်ပုံရိုက်တယ်၊ ပြီးတော့ ပြောတယ်၊ “ငါ မင်းရဲ့ဓာတ်ပုံကို အွန်လိုင်းပေါ်တင်ပြီး မင်းကို ‘နာမည်ကြီး’ အောင် လုပ်ပေးမယ်၊ ဒါမှ မင်းရဲ့သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ၊ လူတိုင်းက မင်းအခု ဘယ်လိုပုံစံဖြစ်နေလဲဆိုတာကို တွေ့သွားအောင်၊ မင်းတို့ယုံကြည်သူတွေက အရူးတွေပဲဆိုတာကို တွေ့စေရမယ်” တဲ့။ ကျွန်မ ဒါကို တစ်စက်မှမကြောက်ဘဲ ပြန်ပြောလိုက်တယ်၊ “ကျွန်မကို ဒီပုံစံဖြစ်အောင် လုပ်ခဲ့တာ ရှင်တို့မဟုတ်ဘူးလား။ ဓာတ်ပုံကို အွန်လိုင်းပေါ်တင်လိုက်တာက ရှင်တို့ ခရစ်ယာန်တွေကို ဘယ်လိုညှဉ်းပန်းနှိပ်စက်နေလဲဆိုတဲ့ အမှန်တရားကို လူတိုင်းကို မြင်ခွင့်ပေးလိုက်တာပဲဖြစ်မှာ” ဆိုပြီးတော့။ ရဲမေတစ်ယောက်က ပြောတယ်၊ “ကဲ၊ ငါတော့ နင့်ကို အံ့ဩသွားပြီ။ နင်ရဲ့ဘုရားက ဘယ်လိုဘုရားမျိုးလဲ၊ နင်ရဲ့ခွန်အားတွေက ဘယ်ကလာမှန်း ငါတကယ်မသိဘူး။ ဒီလောက်ထိဖြစ်နေတာတောင် နင်က ဆက်ပြီးယုံကြည်နေတုန်းပဲ။ ဒီလောက် အသက်ငယ်တဲ့ သူတစ်ယောက်ဟာ ဒီလောက်တောင် စိတ်ဓာတ်ကြံ့ခိုင်လိမ့်မယ်လို့ ငါတစ်ခါမှ စိတ်မကူးဖူးဘူး” တဲ့။ သူဒီလိုပြောတာကိုကြားတော့ ကျွန်မ စိတ်နှလုံးထဲကနေ ဘုရားသခင်ကို ကျေးဇူးတင်လိုက်တယ်။ အဲဒီနောက်မှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ စဉ်းစားမိတယ်၊ “ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ မည်သည့်တန်ခိုးထက်မဆို ပို၍ပင် သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏၊ သူ၏တန်ခိုးသည် ထူးကဲသာလွန်ကာ သူ၏ အသက်အင်အားကို မည်သည့် အဖန်ဆင်းခံ သတ္တဝါ၊ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ မလွှမ်းမိုးနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) အဲဒီရက်တွေအားလုံးမှာ သူတို့ ကျွန်မကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်ပြီး နှိပ်စက်ခဲ့တယ်၊ ကျွန်မ ကြောက်စိတ်တွေဝင်တယ်၊ အားနည်းတယ်၊ သေလိုက်ပြီးတော့တောင် ကိုယ်လွတ်ရုန်းချင်ခဲ့တယ်၊ ဒါပေမဲ့ ဘုရားသခင်က ကျွန်မနဲ့အတူရှိပြီး ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကပဲ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားတွေပေးပြီး ရက်စက်တဲ့ နှိပ်စက်မှုအားလုံးကို ကျော်လွှားနိုင်အောင် ဦးဆောင်လမ်းပြပေးခဲ့တာပါ။ ကျွန်မ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ကျေးဇူးတင်ခဲ့တယ်။
ခဏကြာတော့ ရဲမေတစ်ယောက်က ကျွန်မကို အိမ်သာခေါ်သွားရင်း ပြောတယ်၊ “သူတို့ နင့်ကို မကြာခင် ထပ်စစ်တော့မှာ၊ နင့် စကားပြောသင့်ပြီ။ မဟုတ်ရင် နင် ထောင်ထဲမှာ နှစ်နဲ့ချီပြီး နေရမှာ၊ အဲဒီထဲမှာ အချိန်ကာလတစ်ခုလောက်နေပြီးနောက်မှာ ထွက်ရလည်း နင်က မသန်စွမ်းဖြစ်သွားမှာ။ အကျဉ်းသားတွေကို ဘယ်လိုဆက်ဆံလဲ နင်သိလား။ မိန်းမတွေက တခြားမိန်းမတွေကို ရိုက်နှက်ကြတယ်၊ သူတို့က မင်းရဲ့အောက်ပိုင်းကို သစ်သားတုတ်တွေနဲ့ ရိုက်ကြမှာ။ သူတို့လက်ထဲရောက်သွားရင် မင်းရဲ့တစ်ဘဝလုံး ပျက်စီးသွားမှာ” တဲ့။ သူ ဒီလိုပြောတာကိုကြားတော့ ကျွန်မစိတ်ထဲမှာ အမုန်းတရားရော ကြောက်ရွံ့မှုပါ ပြည့်သွားတယ်၊ အသက် ၂၀ အရွယ်နဲ့ မသန်စွမ်းဖြစ်သွားရမယ့်အရေးကို တွေးပြီး အဲဒီနောက်မှာ ဘယ်လိုဆက်နေနိုင်မယ်ဆိုတာ ကျွန်မ တကယ်ကို မသိခဲ့ဘူး။ ကျွန်မက တစ်ဦးတည်းသော သားသမီးဆိုတော့ ကျွန်မသာ မသန်စွမ်းဖြစ်သွားရင် ကျွန်မရဲ့မိဘတွေမှာ အားကိုးစရာ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “အာဗြဟံသည် ဣဇာက်ကို ပူဇော်ခဲ့သည်။ သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ ယောဘသည် အရာရာကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ လူများစွာတို့သည် မှန်သောလမ်းခရီးကို ရှာဖွေရန်အလို့ငှာ မိမိတို့၏ အသက်များကို လည်စင်းခံကြလျက်၊ မိမိတို့အသွေးကို သွန်းကြလျက် မိမိတို့ကိုယ်ကို အနစ်နာခံခဲ့ကြပြီးဖြစ်သည်။ ထိုအဖိုးအခကို သင်တို့ ပေးကြပြီးပြီလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်) အာဗြဟံက သူ့ရဲ့ တစ်ဦးတည်းသောသားကို ပူဇော်ဆက်ကပ်နိုင်ခဲ့တယ်၊ ယောဘ စမ်းသပ်ခံရတဲ့အခါမှာလည်း သူ့မှာရှိသမျှအရာအားလုံးကို ဆုံးရှုံးပြီး တစ်ကိုယ်လုံးမှာ အနာစိမ်းတွေ ပေါက်နေခဲ့တယ်၊ သူ့သူငယ်ချင်းတွေက သူ့ကို လှောင်ပြောင်တယ်၊ သူ့ဇနီးကလည်း သူ့ကို သရော်တယ်၊ ဒါပေမဲ့ သူ ဘုရားသခင်ကို ဘယ်တော့မှ မညည်းညူခဲ့ဘူး။ သူ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်။ ယောဘနဲ့ အာဗြဟံမှာ ဘုရားသခင်အပေါ် စစ်မှန်တဲ့ယုံကြည်ခြင်းရှိခဲ့ပြီး စမ်းသပ်မှုတွေကနေတစ်ဆင့် အားကောင်းတဲ့ သက်သေခံချက်ကို ပေးခဲ့ကြတယ်။ ကျွန်မလည်း သူတို့ရဲ့စံနမူနာကိုလိုက်ပြီး ဘယ်လောက်ပဲ ဒုက္ခခံရပါစေ သက်သေခံရပ်တည်ပြီး စာတန်ကို အရှက်ရစေရမယ်။ ကျွန်မ ဘုရားသခင်ဆီကို ဒီလို တိတ်တိတ်လေး ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ အရာအားလုံးက ကိုယ်တော့်ရဲ့ အချုပ်အခြာအာဏာအောက်မှာ သေချာပေါက် ရှိတယ်ဆိုတာ သမီးယုံကြည်ပါတယ်။ ဒါကြောင့် သမီး မသန်စွမ်းဖြစ်မဖြစ်ဆိုတာကလည်း ကိုယ်တော့်လက်ထဲမှာပဲ ရှိပါတယ်။ သမီးအပေါ် ဘာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ဒုက္ခခံရပါစေ၊ သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီး ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ဆန္ဒရှိပါတယ်” ဆိုပြီးတော့။ ဒါနဲ့ ကျွန်မ ရဲမေကို ပြောလိုက်တယ်၊ “အဲဒါဟာ အသိစိတ် မရှိတာပဲ။ ကျွန်မသာ ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်လိုက်ရင် ဘယ်တော့မှ လိပ်ပြာလုံမှာ မဟုတ်ဘူး။ ထောင်ဒဏ်ချခံရရင်တောင်မှ ကျွန်မ ဘယ်တော့မှ လိပ်ပြာမသန့်တဲ့အရာတစ်ခုကို လုပ်မှာမဟုတ်ဘူး” လို့ပေါ့။ ဒီစကားကိုကြားတော့ သူ ကျွန်မကို ဘာမှမပြောဘဲ စစ်ကြောရေးအခန်းထဲကို ပြန်ခေါ်သွားတယ်။
ဧပြီလ ၁ ရက်နေ့ မနက်အစောကြီးမှာ ရဲတွေက ကျွန်မကို ထပ်စစ်မေးဖို့လာတယ်၊ ဒါပေမဲ့ ကျွန်မ ဘာမှမပြောဘဲနေခဲ့တုန်းပဲ။ အဲဒီနေ့ နေ့လယ် ၂ နာရီလောက်မှာ သူတို့ ကျွန်မကို အချုပ်ကားပေါ်တင်ပြီး ဦးနှောက်ဆေးတဲ့ စခန်းတစ်ခုကို ခေါ်သွားတယ်။ လမ်းတစ်လျှောက်လုံး ကျွန်မ စိတ်နှလုံးထဲကနေ ဘုရားနှုတ်ကပတ်တော်တွေကို တိတ်တိတ်လေး တွေးတောသုံးသပ်နေခဲ့တယ်၊ “လူတို့သည် မိမိကိုယ်ကိုယ် မည်သည့်ယုံကြည်စိတ်ချမှုမျှ မရှိပါက၊ ဤလမ်းကြောင်းအတိုင်း ဆက်သွားရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ဘုရားသခင်၏အမှုသည် လူတို့၏အယူအဆများ၊ စိတ်ကူးများနှင့် စိုးစဉ်းမျှ မကိုက်ညီသည်ကို ယခု အယောက်တိုင်း တွေ့နိုင်၏။ ဘုရားသခင်သည် များလှစွာသော အမှုများကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့ ယင်းတို့သည် သမ္မာတရားများဖြစ်ကြောင်း လူများသိမှတ်ကြသော်ငြားလည်း၊ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများသည် ၎င်းတို့၌ ပေါ်ပေါက်နိုင်သေးသည်။ လူများသည် သမ္မာတရားကို နားလည်ပြီး ရရှိဖို့ ဆန္ဒရှိလျှင် ၎င်းတို့မြင်ပြီးသားဖြစ်သည့်အရာနှင့် ၎င်းတို့၏ အတွေ့အကြုံများမှ ရပြီးဖြစ်သည့်အရာအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်နိုင်သည့် ယုံကြည်စိတ်ချမှုနှင့် စိတ်စွမ်းအားတို့ ရှိရမည်။ ဘုရားသခင်သည် လူတို့တွင် မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ၎င်းတို့ကိုယ်တိုင် ပိုင်ဆိုင်သည့်အရာကို ၎င်းတို့ ထိန်းသိမ်းရမည်၊ ဘုရားသခင်ရှေ့မှောက်တွင် ရိုးသားစစ်မှန်ရမည်ဖြစ်ပြီး၊ တကယ့်အဆုံးတိုင်အောင် သူ့ကို အစဉ်ချစ်ခင်၍ သစ္စာရှိမြဲ ရှိရမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်၏တာဝန် ဖြစ်သည်။ လူတို့သည် မိမိတို့ လုပ်ဆောင်သင့်သည့်အရာကို ထိန်းသိမ်းရမည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အပေါ် သင်၏ သစ္စာစောင့်သိခြင်းကို သင် ထိန်းသိမ်းသင့်သည်) ယုံကြည်ခြင်းရှိတယ်ဆိုတာက ဖိနှိပ်ခံရမယ်၊ ဒုက္ခခံရမယ်ဆိုတာကို ကျွန်မ သိထားပြီးသားပါ၊ ဘယ်လိုဖိနှိပ်မှု၊ ဘယ်လိုဒုက္ခမျိုးနဲ့ပဲ ရင်ဆိုင်ရပါစေ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေမယ်လို့လည်း သန္နိဋ္ဌာန်ချခဲ့ပြီးသားပဲ။ ဒါပေမဲ့ တကယ်တမ်းကြုံလာရတော့မှ သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ရတာက ကျွန်မထင်သလောက် မလွယ်ဘူးဆိုတာကို သဘောပေါက်ခဲ့တယ်။ ဒါက စိတ်အားထက်သန်မှုရှိရုံနဲ့ ရပ်တည်နိုင်တာမဟုတ်ဘူး၊ ယုံကြည်ခြင်းနဲ့ ဒုက္ခခံနိုင်တဲ့ စိတ်သန္နိဋ္ဌာန်ရှိဖို့ လိုအပ်တယ်။ ဘုရားသခင်က ကျွန်မကို ဒီရက်စက်တဲ့ ပတ်ဝန်းကျင်ထဲမှာ ထည့်ထားတာက ကျွန်မရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့ စမ်းသပ်မှုတစ်ခုအနေနဲ့ လုပ်တာပါ။ ကျွန်မကို သန့်စင်ပြီး ကယ်တင်ဖို့ပါပဲ။ ဘာပဲဖြစ်ဖြစ် ဘုရားသခင်က ကျွန်မကို လမ်းပြပေးမယ်ဆိုတာကို ကျွန်မယုံကြည်တယ်။ ဓမ္မတေးကို ဆိုရင်းနဲ့ ကျွန်မရဲ့ယုံကြည်ခြင်းက ပိုတိုးလာတယ်၊ သူတို့ ဘယ်လိုပဲ ညှဉ်းပန်းနှိပ်စက်ပါစေ၊ ဒီအရာကို ဖြတ်သန်းဖို့ ဘုရားသခင်ကို အားကိုးရမယ်၊ ကိုယ်တော့်နောက်ကို အဆုံးထိ လိုက်ရမယ်ဆိုတာကို ကျွန်မသိခဲ့တယ်။
ဦးနှောက်ဆေးတဲ့စခန်းကို ရောက်တော့ ရဲတွေက ကျွန်မကို တစ်ရက်မှာ ၂၄ နာရီလုံးလုံး အနီးကပ်စောင့်ကြည့်ဖို့၊ အသင်းတော်အကြောင်း သတင်းအချက်အလက်တွေမေးဖို့၊ ကျွန်မကို ဦးနှောက်ဆေးဖို့နဲ့ ကျွန်မရဲ့ ယုံကြည်ခြင်းကို စွန့်လွှတ်တာမျိုး တစ်ခုခုကို ရေးခိုင်းဖို့ ရဲနှစ်ယောက်ကို တာဝန်ပေးခဲ့တယ်။ တတိယနေ့မနက်မှာ သူတို့က ကျွန်မရဲ့ဇာတိမြို့ကနေ ရိုက်ကူးလာတဲ့ ဗီဒီယိုတစ်ခုကို ပြမယ်လို့ ပြောတယ်။ ဒီစကားကိုကြားတော့ ကျွန်မရဲ့ နှလုံးက လည်ချောင်းထဲကို ရောက်လာသလိုပဲ၊ သူတို့ ငါ့အိမ်ကို ဝင်ရှာသွားပြီလား။ ငါ့မိဘတွေ ဒုက္ခရောက်ကုန်ပြီလား ကျွန်မ တွေးမိတယ်။ အသင်းတော်က ညီအစ်ကိုမောင်နှမတချို့ရော ထိခိုက်ကုန်ပြီလားလို့ စိုးရိမ်မိတယ်။ ကျွန်မ ပိုပိုပြီး ကြောက်လာတယ်။ ကုလားထိုင်ပေါ်မှာတောင် မငြိမ်မသက်ဖြစ်လာပြီး ခြေတွေလက်တွေတောင် ထုံကျင်လာသလိုပဲ။ ကျွန်မ စိတ်နှလုံးထဲကနေ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ ဗီဒီယိုထဲမှာ ကျွန်မအဖေ့ရဲ့မျက်နှာက နည်းနည်းဝါပြီး ဖောရောင်နေသလိုပဲ၊ သူ ကျွန်မကို စကားနည်းနည်းပြောတယ်၊ ဘုရားသခင်ကို အားကိုးပြီး ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ဖို့ မသိမသာလေး အားပေးခဲ့တယ်။ သူ့စကားကိုကြားတော့ ကျွန်မမျက်နှာပေါ်မှာ မျက်ရည်တွေ အတိုင်းသား ကျလာပြီး စိတ်ထဲမှာ အရမ်းကို ဆိုးရွားတယ်လို့ ခံစားရတယ်။ ရဲတွေက ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်အောင် ကျွန်မရဲ့ စိတ်ခံစားချက်ဆိုင်ရာ သံယောဇဉ်ကို အသုံးချဖို့ ကြိုးစားနေတာပဲဆိုတာကိုလည်း ကျွန်မ သဘောပေါက်သွားပြီး ကွန်မြူနစ်ပါတီကို ရိုးတွင်းခြင်ဆီထဲကနေ မုန်းတီးစက်ဆုပ်သွားတယ်။ ဘုရားသခင်ပြောခဲ့တာတစ်ခုကို ကျွန်မ တွေးမိတယ်။ “ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် မကောင်းမှုကို ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ကွန်မြူနစ်ပါတီက ဘာသာရေးလွတ်လပ်ခွင့်ရှိတယ်လို့ ပါးစပ်ကသာ လျှောက်ပြောနေပေမဲ့ တကယ်တမ်းမှာတော့ ခရစ်ယာန်တွေကို အရူးအမူး ဖမ်းဆီးပြီး နှိပ်ကွပ်တယ်၊ ရက်ရက်စက်စက် နှိပ်စက်တယ်၊ အခြေအမြစ်မရှိတဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ်ချတယ်။ မရေမတွက်နိုင်တဲ့ ခရစ်ယာန်တွေဟာ မိဘတွေကို မတွေ့နိုင်၊ သားသမီးတွေကို မပြုစုမပျိုးထောင်နိုင်ဘဲ မဖြစ်မနေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ ဒါတွေအားလုံးကို ကွန်မြူနစ်ပါတီကပဲ ကျူးလွန်ခဲ့တာ။ ပါတီဟာ ခရစ်ယာန်မိသားစုတွေကို ဖျက်ဆီးတဲ့ တရားခံခေါင်းဆောင်ကြီးပဲ။ ကျွန်မငိုနေတာကိုမြင်တော့ ရဲတွေက ဘေးမှာရပ်ပြီး ယုတ်မာတဲ့အပြုံးနဲ့ ပြုံးတယ်၊ အဲဒီနောက်မှာတော့ ကျွန်မ ကျိန်းသေ ပြောတော့မယ်လို့ သူတို့ထင်နေကြတာ။ ဒါပေမဲ့ ကျွန်မ ဘာမှမပြောဘဲနေတော့ သူတို့ စားပွဲကိုထုပြီး ကျွန်မကို ဆဲဆိုကြိမ်းမောင်းတယ်၊ ပြီးတော့ ဒေါသတကြီးနဲ့ လှည့်ထွက်သွားကြတယ်။
တစ်လကြာတော့ ရဲအရာရှိနှစ်ယောက်က ကျွန်မကို ထပ်စစ်မေးဖို့ပြန်လာပြီး ဓာတ်ပုံတွေပြတယ်၊ ညီအစ်ကိုမောင်နှမတွေ ဘယ်သူဘယ်ဝါလဲပြောခိုင်းတယ်။ တစ်ယောက်က ကျွန်မကို ပြောတယ်၊ “မင်းသာ ဘာမှဝန်မခံရင် တခြားသူတွေရဲ့အပြစ်အတွက် မင်းပဲ အပြစ်ပေးခံရမှာ၊ ငါတို့ မင်းကို ဘယ်လောက်ထိ လုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့။ မင်း ထောင် ၈ နှစ်၊ ၁၀ နှစ်လောက် ကျသွားလိမ့်မယ်၊ အဲဒီအခါကျမှ မင်းဘယ်လောက်တောင် စိတ်ဓာတ်ကြံ့ခိုင်နိုင်မလဲ ကြည့်ကြသေးတာပေါ့” တဲ့။ နောက်တစ်ယောက်က ကျွန်မကို သွေးဆောင်ပြီးပြောတယ်၊ “ငါတို့နဲ့သာ ပူးပေါင်းလိုက်၊ မင်းဘာသာကို စွန့်လွှတ်လိုက်ပြီဆိုတဲ့ ဝန်ခံချက်ကို ရေးပေးလိုက်၊ မင်းလိုချင်တာမှန်သမျှ ငါတို့ဖြည့်ဆည်းပေးမယ်” တဲ့။ ကျွန်မကတော့ တုတ်တုတ်မလှုပ်ခဲ့ဘူး၊ ဒါနဲ့ သူက ကျွန်မကို ထပ်ပြီးသွေးဆောင်ဖို့ ကြိုးစားပြန်ရော၊ “မင်းမိဘတွေမှာ တခြားသားသမီးမရှိဘူးဆိုတာ ငါသိတယ်၊ မင်းကို ပျိုးထောင်ဖို့ သူတို့ အရမ်းကြိုးစားခဲ့ရတာ။ အခု မင်းက ထောင်ဒဏ်အကြာကြီးကျမှာကို ဘာမှမဟုတ်သလို ထင်နေနိုင်တယ်၊ ဒါပေမဲ့ တကယ်တမ်း အဲဒီနေ့ရောက်လာရင် မင်း စိတ်ဆင်းရဲရပြီး နောင်တရဖို့ အရမ်းနောက်ကျသွားလိမ့်မယ်။ မင်းအတွက် ရွေးချယ်စရာနှစ်ခုရှိတယ်၊ တစ်၊ မင်းဘာသာကို စွန့်လွှတ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငြင်းပယ်လိုက်၊ ငါတို့ မင်းကို အိမ်ကိုချက်ချင်းပြန်ပို့ပေးမယ်။ နှစ်၊ မင်းရဲ့ယုံကြည်ခြင်းကို ဆက်ပြီးစွဲကိုင်ထားပြီး ထောင်ထဲသွား။ အားလုံးက မင်းရွေးချယ်မှုအပေါ်မှာပဲ မူတည်တယ်။ သေချာစဉ်းစားတာက ပိုကောင်းလိမ့်မယ်” တဲ့။ အဲဒီအချိန်မှာ ကျွန်မစိတ်ထဲမှာ ဒွိဟဖြစ်သလိုဖြစ်နေခဲ့တယ်။ ကိုယ့်ယုံကြည်ခြင်းကို စွန့်လွှတ်တယ်ဆိုတဲ့ အဲဒီခံဝန်ချက်ကို ရေးလိုက်ရင် ဒါက ဘုရားသခင်ကို သစ္စာဖောက်တာ ဖြစ်မှာပဲ၊ ယုံကြည်ခြင်းကို ရွေးချယ်လိုက်ရင်တော့ ထောင်ကျရမယ်။ ကျွန်မမိဘတွေကို ထပ်တွေ့ခွင့်ရပါဦးမလား။ ကျွန်မသာ ထောင်ကျသွားရင် လူတွေက ကျွန်မမိဘတွေကို သေချာပေါက် ဝေဖန်ကဲ့ရဲ့ကြမှာပဲ၊ သူတို့ရဲ့ ဘာသာတရားမရှိတဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေကလည်း သူတို့ကို တိုက်ခိုက်ကြမှာပဲ။ သူတို့အတွက် တကယ်ကို ခက်ခဲသွားမှာ။ ဗီဒီယိုထဲမှာ ကျွန်မအဖေ့မျက်နှာက ဝါပြီး ဖောရောင်နေခဲ့တာ။ သူ နေမကောင်းဘူးလား။ ဒီအတွေးက ကျွန်မကို ပိုပြီးတော့ ဆိုးရွားစေတယ်၊ ကျွန်မစိတ်ထဲမှာ တကယ်ကို ရုန်းကန်နေခဲ့ရတယ်၊ ဒါနဲ့ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ကိုယ်တော့်ကို သစ္စာမဖောက်နိုင်ပေမဲ့ သမီးမိဘတွေကိုလည်း မစွန့်လွှတ်နိုင်ဘူး။ ဘုရားသခင်၊ သမီး ဘာလုပ်ရမလဲ” ပေါ့။ အဲဒီအချိန်မှာပဲ ဒီဘုရားနှုတ်ကပတ်တော်တွေက ကျွန်မစိတ်ထဲ ပေါ်လာတယ်၊ “မည်သူ ထွက်ပြေးသည် ဖြစ်စေ၊ သင်ထွက်ပြေး၍ မဖြစ်။ အခြားလူများ မယုံကြည်ကြ သော်လည်း၊ သင်ယုံကြည်ရမည်။ အခြားလူများ ဘုရားသခင်ကို စွန့်ပစ်ကြသော်လည်း၊ သင်သည် ဘုရားသခင်ကို ထောက်ခံကာ သူ့ကို သက်သေခံရမည်။ အခြားသူများက ဘုရားသခင်ကို အသရေဖျက်ကြသော်လည်း၊ သင် အသရေဖျက်၍ မဖြစ်။...ဘုရားသခင်သည် အပြစ်ကင်းသောကြောင့် သူ၏ ချစ်ခြင်းမေတ္တာကို သင် ပြန်ပေးဆပ်ရမည်ဖြစ်ပြီး၊ သင်သည် အသိတရားရှိရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်) “ဘုရားသခင်သည် အပြစ်ကင်းသောကြောင့် သူ၏ ချစ်ခြင်းမေတ္တာကို သင် ပြန်ပေးဆပ်ရမည်ဖြစ်ပြီး၊ သင်သည် အသိတရားရှိရမည်။” ဒီစကားလုံးတွေက ကျွန်မနားထဲမှာ ပဲ့တင်ထပ်နေခဲ့တယ်။ ယုံကြည်ခြင်းရှိခဲ့တဲ့နှစ်တွေတစ်လျှောက်မှာ ဘုရားသခင်ပေးတဲ့ ကျေးဇူးတော်တွေကို အများကြီး ခံစားခဲ့ရတယ်။ သမ္မာတရားတချို့ကိုလည်း သိနားလည်ခဲ့တယ်၊ ဘယ်လိုလူမျိုးဖြစ်အောင် နေထိုင်သင့်လဲဆိုတာကိုလည်း သိခဲ့တယ်။ ဘုရားသခင်ဆီကနေ ကျွန်မ အများကြီးရရှိခဲ့တယ်။ ကိုယ်တော့်ကို သစ္စာဖောက်လိုက်တာဟာ တကယ်ကို အသိစိတ်မရှိရာကျမှာပဲ။ ဒါပေမဲ့ တစ်ဖက်မှာ ဘုရားသခင်၊ တစ်ဖက်မှာ မိဘတွေဆိုတော့ ရွေးချယ်ရတာ စိတ်ဒုက္ခရောက်ရပါတယ်။ အဲဒါဟာ ကျွန်မစိတ်ထဲမှာ တကယ်ကို ပြင်းထန်တဲ့တိုက်ပွဲတစ်ခုပါပဲ။ ကျွန်မ တိတ်တိတ်လေး ဆုတောင်းလိုက်တယ်၊ ကျွန်မကို လမ်းပြပေးဖို့၊ ယုံကြည်ခြင်းပေးသနားဖို့ ဘုရားသခင်ကို တောင်းလျှောက်ခဲ့တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေ ကျွန်မစိတ်ထဲ ပေါ်လာတယ်၊ “သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဝေခွဲမရဖြစ်နေသူ များစွာရှိသည် မဟုတ်လော။ အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း၊ အဖြူနှင့်အမည်း၊ မိသားစုနှင့် ဘုရားသခင်၊ သားသမီးနှင့် ဘုရားသခင်၊ သဟဇာတကျခြင်းနှင့် ပြိုကွဲခြင်း၊ ကြွယ်ဝခြင်းနှင့် ဆင်းရဲခြင်း၊ အဆင့်အတန်းနှင့် သာမန်ဖြစ်ခြင်း၊ ပံ့ပိုးအားပေးမှုခံရခြင်းနှင့် ငြင်းပယ်ခံရခြင်း စသည်တို့ကြားမှ ရုန်းကန်မှုများအားလုံးတွင် သင်တို့ပြုလုပ်ခဲ့သည့် ရွေးချယ်မှုများနှင့်ပတ်သက်၍ သင်တို့သည် သေချာပေါက် မသိနားမလည်ခြင်း မဟုတ်။ သဟဇာတကျသောမိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက် လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ ဇိမ်ခံခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သားသမီးများ၊ ဇနီး၊ ခင်ပွန်းနှင့် ငါနှင့်အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆများနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြဆဲဖြစ်သည်။ သင်တို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများကို ရင်ဆိုင်ရသည့်အတွက်၊ ငါသည် သင်တို့အပေါ်၌ ယုံကြည်ခြင်း ကင်းမဲ့သွားခဲ့ကာ အလွန်အမင်းပင် အံ့အားသင့်မိလေသည်။ သင်တို့၏ စိတ်နှလုံးများသည် မထင်မှတ်လောက်အောင်ပင် ပျော့ပျောင်းလာနိုင်စွမ်း မရှိချေ။...အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် နာကျင်ဖွယ် ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။ သင်တို့၏ နှလုံးသားများသည် ငွေ့ငွေ့လေးသာ နွေးနေဦးမည်လော။ ငါ၏ နှလုံးသားကို နှစ်သိမ့်စေဖို့ရန်အတွက် အဘယ်အရာလုပ်ရမည်ကို သင်တို့ မသိဘဲနေဦးမည်လော။ ယခုအခိုက်အတန့်၌ သင်တို့သည် အဘယ်အရာကို ရွေးချယ်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို အတိအကျ သစ္စာစောင့်သိနေသနည်း) ဘုရားသခင်က ကျွန်မဘေးမှာရပ်ပြီး ကျွန်မရဲ့အဖြေကို စောင့်နေသလိုပဲ ခံစားလိုက်ရတယ်။ လူ့ချစ်ခင်တွယ်တာမှုတွေကို ဖြည့်ဆည်းဖို့နဲ့ မိသားစုသဟဇာတဖြစ်အောင် ထိန်းသိမ်းဖို့အတွက်သက်သက်နဲ့ ဘုရားသခင်ကို သစ္စာဖောက်လို့မရဘူးဆိုတာ ကျွန်မသိခဲ့တယ်။ ဘုရားသခင်က အနန္တတန်ခိုးရှင်ဖြစ်တယ်၊ ကျွန်မမိဘတွေရဲ့ ကျန်းမာရေးနဲ့ သူတို့ရဲ့အသက်က ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်။ သူတို့အတွက် အမြဲတမ်းစိုးရိမ်နေတာက ဘုရားသခင်အပေါ်ထားတဲ့ ကျွန်မရဲ့ယုံကြည်ခြင်းက အရမ်းကို နည်းပါးနေတယ်ဆိုတာကိုပဲ ပြနေတာပဲ။ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့နိုင်ပေမဲ့ ဘုရားသခင်ကို အားကိုးနေသရွေ့ ကိုယ်တော်က ကျွန်မတို့ကို လမ်းပြပေးမှာပဲဆိုတာ ကျွန်မသိခဲ့တယ်။ ဒီအတွေးက ကျွန်မရဲ့ယုံကြည်ခြင်းကို ပြန်လည်တည်ဆောက်ပေးခဲ့ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေရအောင် ဇာတိပကတိကို ပုန်ကန်ဖို့ ကျွန်မ အဆင်သင့်ဖြစ်သွားတယ်လို့ ခံစားလိုက်ရတယ်။ ကျွန်မ ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ သမီးရဲ့မိဘတွေကို ကိုယ်တော့်လက်ထဲမှာ ထည့်ပြီး ကိုယ်တော့်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံလိုစိတ်ရှိပါတယ်” ဆိုပြီးတော့။ အဲဒီနောက် ကျွန်မ လက်သီးကိုဆုပ်၊ မတ်တပ်ရပ်ပြီး ပြောလိုက်တယ်၊ “ကျွန်မ ဆုံးဖြတ်ချက်ချပြီးပြီ၊ ကျွန်မ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကိုပဲ လိုက်မယ်။ ကိုယ်တော်ဟာ ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တဲ့ တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင်ဖြစ်တယ်၊ ကိုယ်တော်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ ကျွန်မ ဘုရားသခင်ကို ဘယ်တော့မှ ငြင်းပယ်မှာမဟုတ်ဘူး” လို့ပေါ့။ ဒီလိုပြောပြီးတာနဲ့ ကျွန်မစိတ်ထဲမှာ လုံးဝကို ငြိမ်သက်သွားတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုသာမရှိခဲ့ရင် စာတန်ရဲ့ စုံစမ်းသွေးဆောင်မှုကို ကျော်လွှားဖို့ ကျွန်မ တကယ်ကို ရုန်းကန်ခဲ့ရမှာ။ ကျွန်မ ဘယ်လောက်စိတ်ပိုင်းဖြတ်ထားလဲဆိုတာ မြင်တာနဲ့ ရဲအရာရှိက သူ့ရဲ့ ကြမ်းကြုတ်မှုကို ပြတော့တာပဲ။ သူက စာရွက်အထပ်ထူကြီးတစ်ထပ်ကို စားပွဲပေါ် ‘ဒုန်း’ ခနဲ ပစ်ချလိုက်ပြီး ကျွန်မမျက်နှာကို အားကုန်ရိုက်တယ်၊ ပြီးတော့ ကျွန်မကို အော်ဟစ်ပြောတယ်၊ “မင်းကတော့ တကယ်ကို ကယ်လို့မရတော့တဲ့ ကောင်မပဲ။ မင်းမပြောရုံနဲ့ ငါတို့ ဘာမှသိမှာမဟုတ်ဘူးလို့ ထင်နေလား။ မင်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်။ ငါတို့ မင်းတို့ကို သုံးလလောက် နောက်ယောင်ခံလိုက်နေတာ၊ မင်းတို့အကြောင်း ငါတို့အကုန်မသိဘူးလို့ ထင်နေလား။ အခု မင်းရဲ့သဘောထားကောင်းရှိလားဆိုတာကိုပဲ ကြည့်ချင်တာ၊ ဒီတော့ စဉ်းစားလိုက်” တဲ့။ ကျွန်မက “ဘုရားသခင်ကို ငြင်းပယ်မှာမဟုတ်ဘူး၊ ထောင်ကျရရင်တောင်မှ ဘုရားကို သစ္စာဖောက်မှာမဟုတ်ဘူး” လို့ ပြောလိုက်တယ်။ အဲဒီနောက်မှာ သူတို့ ကျွန်မကို စည်ပင်အချုပ်ထောင်တစ်ခုကို ခေါ်သွားတယ်။
အဲဒီထဲမှာ ကျွန်မ ခဏခဏ အဖျားကြီးပြီး ခြေတွေလက်တွေပါ ရောင်ကိုင်းလာတယ်၊ နေ့တိုင်း နှစ်နာရီကြာအောင် တင်ပလ္လင်ခွေထိုင်ခိုင်းတယ်။ စစ်ကြောရေးမှာ ခါးကို အကန်ခံထားရလို့ ကျောက်ကပ်ကို ထိခိုက်သွားတယ်၊ ဒါကြောင့် ခါးက အရမ်းနာတော့ မတ်မတ်တောင် မထိုင်နိုင်ဘူး။ နေ့တိုင်းလိုလို အဲဒါမျိုးကို အိပ်ချိန်အထိ တောင့်ခံဖို့က တော်တော်ကို ခက်ခဲခဲ့တယ်။ ဒါတောင်မှ ညဆိုင်းတာဝန်ယူဖို့ ခဏခဏ အနှိုးခံရသေးတယ်။ သုံးလေးပတ်ကြာတော့ ကျွန်မ ဆီးသွားရတာ ခက်ခဲလာတယ်၊ ဗိုက်ကလည်း ပူပြီးနာတယ်၊ ခါးကလည်း နာတယ်။ ပြီးတော့ နေ့တိုင်း ညနေ ခြောက်နာရီ၊ ခုနစ်နာရီလောက်ဆိုရင် ကိုယ်တွေပူပြီး မျက်နှာတစ်ခုလုံး ရဲတွတ်နေတော့တာပဲ။ ဆရာဝန်က ကျွန်မကို စစ်ဆေးတယ်၊ ဘယ်ဘက်ကျောက်ကပ်မှာ တစ်လက်မနီးပါးလောက်ရှိတဲ့ ရေကျိတ်တစ်ခုရှိနေပြီး ရောင်နေပြီလို့ပြောတယ်။ တကယ်ကို နာကျင်လာတဲ့အခါ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းတယ်၊ ကိုယ်တော့်ဆီကို တိုးဝင်ချဉ်းကပ်တယ်၊ ကိုယ်တော့်ကို ချီးမွမ်းတဲ့ ဓမ္မတေးတွေကို ဆိုတယ်၊ ပြီးတော့ အမှုမဲ့အမှတ်မဲ့ဆိုသလို နာကျင်မှုတွေကို မေ့သွားတယ်။ အချုပ်ထောင်ထဲမှာ ၂၇ ရက်ကြာနေပြီးတဲ့နောက်မှာ သူတို့ ကျွန်မကို အချုပ်လွတ် အာမခံနဲ့ လွှတ်ပေးလိုက်တယ်၊ ကျွန်မလည်း အိမ်ပြန်ရပြီပေါ့လို့ အပြစ်ကင်းစင်စွာနဲ့ ထင်ခဲ့တာ။ ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက ကျွန်မဇာတိမြို့က ရဲတွေနဲ့ အစိုးရဌာနကလူတွေက ကျွန်မကို တိုက်ရိုက် ဦးနှောက်ဆေးတဲ့ စခန်းတစ်ခုကို ခေါ်သွားပြီး ၄၈ ရက်ကြာအောင် ယုံကြည်မှုပြောင်းလဲရေးနဲ့ ဦးနှောက်ဆေးတာတွေ လုပ်တယ်၊ ပြီးတော့ မြို့နယ်ရဲစခန်းကို ခေါ်သွားပြီး မှတ်တမ်းတင်တယ်။ ရဲစခန်းမှူးက ကျွန်မကို သူ့ရုံးခန်းထဲခေါ်ပြီး ပြောတယ်၊ “မင်း အခုက အချုပ်လွတ် အာမခံနဲ့ပဲရှိသေးတာ၊ မင်းအမှုက မပြီးသေးဘူး။ တစ်နှစ်အတွင်း ဒီမြို့အပြင်ကို ထွက်ခွင့်မရှိဘူး၊ အနီးအနားက မြို့နယ်တစ်ခုကို ကိစ္စနဲ့သွားရင်တောင်မှ အရင်ဆုံး ဒီကိုလာပြီး ငါ့ကို သတင်းပို့ရမယ်၊ ခွင့်ပြုချက်တောင်းရမယ်၊ ပြီးတော့ ခေါ်လိုက်တာနဲ့ ငါတို့ဆီကို သတင်းပို့ရအောင် အဆင်သင့်ရှိနေဖို့ လိုတယ်” တဲ့။ ကျွန်မ အိမ်ပြန်ရောက်ပေမဲ့ ဘာလွတ်လပ်ခွင့်မှမရှိသေးဘူး၊ မြို့ထဲကို ကိစ္စနဲ့သွားတိုင်း တစ်ယောက်ယောက်က နောက်ကနေ လိုက်စောင့်ကြည့်နေတယ်။ သုံးလေးလကြာတော့ ကျွန်မလည်း ကိုယ့်တာဝန်ထမ်းဆောင်ဖို့ အိမ်ကနေ ထွက်သွားရုံကလွဲပြီး တခြားနည်းလမ်းမရှိတော့ဘူး။ ရဲတွေက ကျွန်မတို့ရွာရဲ့ ပါတီအတွင်းရေးမှူးကို လွှတ်ပြီး ကျွန်မကို အိမ်မှာ ရှာခိုင်းတယ်၊ ကျွန်မရဲ့ ဘာသာရေး အခြေအနေအကြောင်း မေးခိုင်းတယ်။ ဆက်ယုံကြည်နေရင် ထပ်ဖမ်းဦးမယ့်အကြောင်း၊ ကျွန်မအနေနဲ့ ရဲစခန်းကိုလည်း သတင်းပို့ရမယ့်အကြောင်း ကျွန်မရဲ့ မိသားစုကို ပြောခိုင်းတယ်။ ဒါကိုကြားတော့ ကျွန်မ အရမ်းကို ဒေါသထွက်သွားတယ်။ ပြီးတော့ တွေးမိတယ်၊ “ဘာပဲဖြစ်ဖြစ် ဘုရားသခင်ကို ယုံကြည်မှာပဲ၊ အဲဒါတင်မကဘူး၊ ဧဝံဂေလိတရားဟောဖို့နဲ့ ဘုရားသခင်အတွက် သက်သေခံဖို့ အရာအားလုံးကို စွန့်လွှတ်မယ်။ ဘုရားသခင်ကို အားကိုးပြီး ရှေ့ဆက်လျှောက်လှမ်းသွားမယ်ဆိုတာ သေချာတယ်” လို့ပေါ့။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။