၃၁။ ဟန်ဆောင်ခြင်းအပေါ် ဆင်ခြင်သုံးသပ်မှုများ

စုခိုင်၊ တရုတ်ပြည်

၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှာ ခေါင်းဆောင်က ကျွန်မတို့ လုပ်ဖော်ဆောင်ဖက်တချို့နဲ့ စုဝေးပွဲတစ်ခုလုပ်ဖို့ အချိန်သတ်မှတ်လိုက်တယ်။ ပုံမှန်ဆိုရင်တော့ ကျွန်မက စုဝေးပွဲတွေကို စိတ်ထက်ထက်သန်သန်နဲ့ မျှော်လင့်စောင့်စားတတ်တယ်၊ အားလုံးက ဘုရားနှုတ်ကပတ်တော်အပေါ် ကိုယ့်ရဲ့သဘောပေါက်နားလည်မှုတွေကို အတူတူ မိတ်သဟာယပြုနိုင်တယ်၊ ကိုယ့်ရဲ့အတွေ့အကြုံတွေကို အပြန်အလှန်ဖလှယ်နိုင်တယ်၊ ပြီးတော့ အလုပ်မှာကြုံရတဲ့ ပြဿနာအခက်အခဲအမျိုးမျိုးကိုလည်း ဆွေးနွေးတိုင်ပင်ပြီး၊ ကိုယ့်ရဲ့အားနည်းချက်တွေကို ထေမိအောင် အချင်းချင်းရဲ့အားသာချက်တွေကနေ သင်ယူကြတော့ တော်တော်ကောင်းတယ်လို့ တွေးမိလို့ပေါ့။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်မ နည်းနည်းစိုးရိမ်မိတယ်။ လွန်ခဲ့တဲ့နှစ်လတုန်းက ခေါင်းဆောင်က ကျွန်မအလုပ်မှာရှိတဲ့ ပြဿနာတော်တော်များများကို ထောက်ပြခဲ့တာကို စဉ်းစားမိတယ်၊ တိတိကျကျ ပြောရရင် ဧဝံဂေလိအလုပ်က တိုးတက်မှုနှေးတာ၊ ပင်ကိုစွမ်းရည်ရှိတယ်ဆိုတဲ့သူတွေကို ချက်ချင်း ပျိုးထောင်ပေးဖို့ ပျက်ကွက်တာ၊ နောက်ပြီး စုဝေးပွဲတွေမှာ ကျွန်မမိတ်သဟာယပြုတာက ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားလုံးထုတ်တဲ့အပြင် အန္တိခရစ်ရဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေတယ်လို့တောင် ပြောခဲ့တာတွေပေါ့။ ကျွန်မတွေးမိတယ်၊ “ဒီစုဝေးပွဲမှာ ခေါင်းဆောင်က ငါ့ကို လတ်တလောမှာ အမှုကိစ္စတွေကို ဘယ်လိုတွေ့ကြုံခံစားနေရသလဲ၊ ဒီလမ်းလွဲမှုတွေကို ဘယ်လိုပြုပြင်ပြီး သမ္မာတရားကို ဘယ်လိုလက်တွေ့လုပ်ဆောင်ဝင်ရောက်နေသလဲလို့ မေးလာပြီး တကယ်လို့ ငါ ဘာမှ မပြောနိုင်ရင် ငါ အလုပ်ကောင်းကောင်းမလုပ်ဘူး၊ အသက်ဝင်ရောက်မှုမှာလည်း ညံ့ဖျင်းတယ်လို့ သူ ထင်သွားမလား။ အဲဒီအခါကျရင် သူနဲ့ ငါ့ရဲ့လုပ်ဖော်ဆောင်ဖက်တွေက ငါ့ကို ဘယ်လိုမြင်ကြမှာလဲ” လို့ပေါ့။ ဒီလိုတွေးမိလိုက်တော့ ကျွန်မ အရမ်းစိတ်လှုပ်ရှားသွားလို့ ကိုယ်ဘယ်အလုပ်တွေကို နောက်ဆက်တွဲမလုပ်ဖြစ်သေးဘူးလဲ၊ ဘယ်ဟာတွေကို မကိုင်တွယ်ခဲ့လဲဆိုတာတွေကို စစဉ်းစားခဲ့တယ်။ စုဝေးပွမတိုင်ခင်မှာ ရှင်းလင်းတဲ့ သိနားလည်မှုတစ်ခု မြန်မြန် ရဖို့လိုတယ်လို့ ကျွန်မ တွေးမိတယ်။ ပြီးတော့ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်မ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားလုံးထုတ်တဲ့ပြဿနာကို ခေါင်းဆောင်က ထောက်ပြခဲ့တယ်။ အဲဒီနောက်ပိုင်း ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မဖတ်ခဲ့ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး ဝင်ရောက်ဖို့ကိုတော့ အာရုံမစိုက်ခဲ့ဘူး။ ကျွန်မ စဉ်းစားမိတယ်၊ “တကယ်စစ်မှန်တဲ့ သိနားလည်မှုကို ငါ မဝေမျှနိုင်ခဲ့ရင်၊ ခေါင်းဆောင်က ပြုပြင်ခြင်းနဲ့ ကြုံရတာတောင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ အာရုံမစိုက်ဘူး၊ သမ္မာတရားကို လိုက်စားတဲ့သူ မဟုတ်ဘူးလို့ ပြောလာမလား။ ငါ အရင်ဖတ်ဖူးတဲ့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တွေကို နောက်တစ်ခေါက်ပြန်ကြည့်ပြီး စဉ်းစားသုံးသပ်ပြီးတော့ နက်နဲတဲ့ထိုးထွင်းအမြင်တချို့ကို ရှင်းရှင်းလင်းလင်း ပြောနိုင်အောင် ကြိုးစားမှဖြစ်မယ်။ အဲဒီလိုနဲ့ ငါ့ရဲ့တာဝန်ထမ်းဆောင်မှုမှာ ပြဿနာတွေအများကြီးရှိပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ထုတ်ဖော်ပေမဲ့၊ အဲဒီနောက်မှာ သမ္မာတရားကို ရှာဖွေတဲ့အပြင် အတိုင်းအတာတစ်ခုအထိ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်နိုင်သေးတယ်ဆိုတာကို ခေါင်းဆောင်က မြင်မှာ။ အဲဒီလိုနဲ့ ခေါင်းဆောင်ရဲ့ အမြင်မှာ ငါ့ပုံရိပ်ကို ငါ ပြန်အဖတ်ဆယ်နိုင်မှာပဲ” လို့ပေါ့။

စုဝေးပွဲလုပ်တဲ့နေ့မှာ ခေါင်းဆောင်က ထုံးစံအတိုင်းပဲ ကျွန်မတို့ရဲ့အခြေအနေတွေအကြောင်း စကားစမြည်ပြောလာတယ်။ ကျွန်မ ကိုယ့်ဘာသာတွေးမိတယ်၊ “ဘာအတွေ့အကြုံဆိုင်ရာ သိနားလည်မှုတွေကို လုပ်ဖော်ဆောင်ဖက်တွေ ရခဲ့တယ်ဆိုတာ ငါ ကြားရအောင် သူတို့ အရင်ပေးပြောလိုက်မယ်။ သူတို့ရဲ့ မိတ်သဟာယကနေ ငါ သိနားလည်မှုတချို့ ရနိုင်တယ်။ ပြီးတော့ ကိုယ့်ရဲ့အတွေ့အကြုံဆိုင်ရာ သိနားလည်မှုကိုလည်း ပြန်စဉ်းစားဖို့ ဒီအခွင့်အရေးကို ငါ သုံးလို့ရတယ်” လို့ပေါ့။ ကိုယ့်လုပ်ဖော်ဆောင်ဖက်တွေရဲ့ မိတ်သဟာယ လက်တွေ့ကျပုံကို ကြားလိုက်ရတဲ့အခါ ကျွန်မ စိတ်နည်းနည်းလှုပ်ရှားလာပြီး တွေးမိတယ်။ “ငါသာ ကောင်းကောင်းမိတ်သဟာယမဖွဲ့ရင် ခေါင်းဆောင်ရဲ့စိတ်ထဲမှာ ငါ့အပေါ်ထားတဲ့အမြင်က ပိုဆိုးသွားလိမ့်မယ်” လို့။ ဒီအတွေးကြောင့် ကျွန်မ စိတ်ငြိမ်ငြိမ်ထားဖို့ ခက်သွားတယ်။ ကိုယ့်ရဲ့ မိတ်သဟာယအတောအတွင်းမှာ ကိုယ့်စိတ်ထဲရှိတာတွေကို ဘယ်လိုများ ပို ရှင်းရှင်းလင်းလင်း နက်နက်နဲနဲ ပြောပြရမလဲဆိုတာကို စတွေးမိတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ စဉ်းစားစဉ်းစား အရင်ကသိထားတဲ့ အပေါ်ယံအသိလောက်ပဲ ရှိနေတော့၊ စိတ်ထဲမှာ နည်းနည်းအားလျော့သွားတယ်။ “ထားလိုက်ပါ။ ငါနားလည်တဲ့ ဘယ်ဟာကိုမဆိုကိုပဲ ဝေမျှလိုက်တော့မယ်” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်။ “ခေါင်းဆောင် မကောင်းမြင်အောင် ငါ လုပ်မိပြီးသားဖြစ်နေပြီ။ ငါ့ရဲ့ သိနားလည်မှု ပေါ့တန်ပုံကို သူ ကြားရင်၊ ငါ့ကို အလုပ်လဲကောင်းကောင်းမလုပ်ဘူး၊ အသက်ဝင်ရောက်မှုလဲမရှိဘူးလို့ ထင်ပြီး၊ စောင့်ကြည့်လေ့လာရမဲ့သူ၊ ဒါမှမဟုတ် ဖြုတ်ချရမဲ့သူအနေနဲ့ သူ ယူဆမလား။ ငါသာ အဖြုတ်ချခံရရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုသဘောထားကြမလဲ။ မဖြစ်ဘူး၊ ငါ နည်းနည်း ပိုကောင်းအောင် လုပ်ပြရမယ်” ဆိုပြီးတော့ပေါ့။ ကျွန်မရဲ့အခြေအနေနဲ့ သိနားလည်မှုအကြောင်း ပြောရမဲ့အလှည့်ရောက်တော့ နက်နဲတဲ့သိနားလည်မှုကိုပဲ ပြောချင်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်မက ပြောလေလေ၊ ပိုပြီး ရှုပ်ရှုပ်ထွေးထွေး ဖြစ်လေပဲ။ ကျွန်မပြောပြီးသွားတော့ ခေါင်းဆောင်က၊ “မင်းပြောတာတွေ အကုန်ကြားပြီးသွားတာတောင် မင်းရဲ့အဓိကအခြေအနေက ဘာလဲဆိုတာ ငါ မခွဲခြားနိုင်သေးဘူး” လို့ ပြောတယ်။ လုပ်ဖော်ဆောင်ဖက်တစ်ယောက်ကလည်း၊ “နင်က နည်းနည်း အပျက်သဘောဆောင်နေသလိုပဲ။ တကယ်သိနားလည်မှုနဲ့ ဝင်ရောက်မှုရှိရင် အပျက်သဘောဆောင်မနေသင့်ဘူးလေ” လို့ပြောတယ်။ အဲဒီအချိန်မှာ ကျွန်မမျက်နှာကြီး ပူထူသွားပြီး တွင်းထဲသာ တိုးဝင်သွားချင်တော့တယ်။ ကျွန်မ ကိုယ့်ဘာသာတွေးမိတယ်။ “ကောင်းလိုက်လေ၊ ငါက အကောင်းမြင်အောင် မလုပ်နိုင်ဘဲ ပိုပြီးတော့တောင် ကိုယ့်အရှက်ကိုယ် ခွဲလိုက်မိပြီ” လို့ တွေးလိုက်တယ်။ အဲဒီအကြောင်းကို စဉ်းစားလေ၊ ပိုပြီးအနေရခက်လေပဲ။ စုဝေးပွဲ မကြာခင် ပြီးသွားဖို့ပဲ မျှော်လင့်နေမိတယ်။ အဲဒီနောက်မှာ ခေါင်းဆောင်က ကျွန်မရဲ့အခြေအနေအကြောင်းကို ဆက်မမေးတော့ဘဲ တိုင်ကြားစာတစ်စောင်ကို ကျွန်မ ဘယ်လိုကိုင်တွယ်ခဲ့သလဲဆိုတာကို စပြီးမေးတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ဒီတိုင်ကြားစာနဲ့ပတ်သက်တဲ့ အခြေအနေကို ငါတော်တော်လေး သိထားတယ်၊ ဒီတော့ နည်းနည်း ကိုယ်ရည်သွေးဖို့ ဒီကိစ္စကို ငါ ပြောလို့ရတယ်။ ဒါပေမဲ့ ငါနဲ့တွဲဖက်လုပ်တဲ့ ညီမလည်း ပတ်သက်နေခဲ့တာဆိုတော့ သူသာ အရင်ပြောလိုက်ရင် ခေါင်းဆောင်က ဒီအခြေအနေကို သူပဲ မိတ်သဟာယဖွဲ့ပြီး ကိုင်တွယ်ခဲ့တယ်လို့ ထင်သွားမလား။ မဖြစ်ဘူး၊ ငါအရင်ပြောမှဖြစ်မယ်။ ငါ့ကိုငါ အရှက်ခွဲမိပြီးသားဆိုတော့ ဒီတစ်ခါတော့ သိက္ခာနည်းနည်း ပြန်ဆည်ရမယ်” လို့ တွေးလိုက်တယ်။ ဒါကို တွေးပြီးတော့၊ ကျွန်မ ကြားဖြတ် ဝင်ဖြေလိုက်တယ်။ ဒါပေမဲ့ ကိုယ်ရည်သွေးချင်တဲ့ စိတ်ဇောကြောင့် ကျွန်မက ကိုယ့်စိတ်ထဲရှိတာကို ရှင်းရှင်းလင်းလင်း မပြောပြနိုင်အောင် ဖြစ်သွားခဲ့တယ်။ တကယ်တမ်းမှာ မိတ်သဟာယတချို့ ထပ်ပြောပြီး ကိစ္စတွေကို ရှင်းအောင်လုပ်ခဲ့တာက ကျွန်မနဲ့ တွဲဖက်အလုပ်လုပ်တဲ့ ညီအစ်မပါ။ အဲဒီအချိန်မှာ ကျွန်မစိတ်ထဲ တကယ်ကို စိတ်မကောင်းဖြစ်သွားတယ်။ ကျွန်မ အရင်ပြောပြီး ကိုယ်ရည်သွေးချင်ခဲ့ပေမဲ့ ပိုလို့တောင် ကိုယ့်အရှက်ကိုယ် ခွဲမိသလို ဖြစ်သွားတယ်လေ။ အဲဒီညမှာ၊ နေ့ခင်းကဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်စဉ်းစားရင်း၊ ကျွန်မ စိတ်ကို ဘယ်လိုပဲကြိုးစားပါစေ တည်ငြိမ်အောင်ကို မလုပ်နိုင်ခဲ့ဘူး။ ကိုယ့်ရဲ့ဆုံးရှုံးသွားတဲ့ သိက္ခာကို ဘယ်လိုပြန်ဆည်ရမလဲဆိုတာကို စမတွေးဘဲမနေနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒါကို ပိုအာရုံစိုက်လေ၊ ဝမ်းနည်းလေဖြစ်ပြီး ခေါင်းပါ မူးနောက်နာက်ဖြစ်လာတယ်။

နောက်နေ့မနက် ဝတ်ပြုချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်ရတယ်။ “ကိစ္စများကို သင်တို့လုပ်ဆောင်နေစဉ်နှင့် သင်တို့၏တာဝန်များကို ထမ်းဆောင်နေစဉ်တို့တွင် သင်တို့သည် သင်တို့၏အပြုအမူနှင့် ရည်ရွယ်ချက်များကို မကြာခဏ ဆန်းစစ်သလော။ (ဆန်းစစ်သည်မှာ ရှားပါသည်။) သင့်ကိုယ်သင် ဆန်းစစ်သည်မှာ ရှားပါက သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် သတိပြုမိနိုင်သလော။ သင်၏ စစ်မှန်သော အခြေအနေကို သင်နားလည်နိုင်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးမှ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စပြီးဆန်းစစ်မိတယ်၊ ဒီစုဝေးပွဲအတွက် ကျွန်မရဲ့ရည်ရွယ်ချက်တွေက မမှန်ကန်ခဲ့ဘူးဆိုတာကို သဘောပေါက်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် ပေါ်လွင်အောင်လုပ်ဖို့နဲ့ တခြားလူတွေ အထင်ကြီးအောင်လုပ်ဖို့ ကိုယ့်ရဲ့အတွေ့အကြုံဆိုင်ရာ သိနားလည်မှုအကြောင်း မိတ်သဟာယကို အသုံးပြုချင်ခဲ့တယ်။ ကိုယ့်ရဲ့ ရည်ရွယ်ချက်တွေနဲ့ အပြုအမူကို ဆင်ခြင်သုံးသပ်လေ၊ စုဝေးပွဲတုန်းက ကိုယ့်ရဲ့အပြုအမူမှာ လှည့်ဖြားတတ်တဲ့လက္ခဏာတွေ ပါဝင်နေပြီး လှည့်စားနေခဲ့တာပဲလို့ ပိုပြီးခံစားရလေပဲ။ ဒါကို ဆန်းစစ်မိတော့ ကျွန်မ စပြီး ဒွိဟဖြစ်လာတယ်။ “ဒီနေ့စုဝေးပွဲမှာ မနေ့က ငါ့အခြေအနေအကြောင်း ခေါင်းဆောင်ကို ပြောပြသင့်လား” လို့ တွေးမိတယ်။ “ပြောလိုက်ရင်၊ စုဝေးပွဲမှာ ဒီလောက် စက်ဆုပ်စရာကောင်းတဲ့ ရည်ရွယ်ချက်တွေရှိခဲ့တာကို သိပြီးတော့ ခေါင်းဆောင်နဲ့ လုပ်ဖော်ဆောင်ဖက်တွေက ငါ့ကို ဘယ်လိုမြင်ကြမလဲ။ ဒါပေမဲ့ မပြောရင်ရော၊ ဘုရားသခင်က ငါ့ကို ဘယ်လိုမြင်မှာလဲ” ပေါ့။ အများကြီး စဉ်းစားပြီးတဲ့နောက်မှာတော့ မနေ့က ကိုယ့်ရဲ့အခြေအနေမှန်ကို ခေါင်းဆောင်ဆီ ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ လုပ်ဖော်ဆောင်ဖက်တွေရှေ့မှာ ဆွေးနွေးဖို့ရှက်လို့ ခေါင်းဆောင်နဲ့ပဲ သီးသန်းစကားပြောခဲ့တယ်။

နောက်ပိုင်းမှာ စုဝေးပွဲတုန်းက ကျွန်မ ထုတ်ဖော်ခဲ့တာတွေကို ထပ်ပြီးဆင်ခြင်သုံးသပ်ရင်း၊ ဘုရားသခင်က ဖာရိရှဲတွေရဲ့ သူတော်ကောင်းအယောင်ဆောင်မှုကို ဘယ်လိုဖော်ထုတ်တယ်ဆိုတာ စဉ်းစားမိခဲ့ပြီး ပြီးတော့ ဒီဘုရားနှုတ်ကပတ်တော်တွေကို တွေ့ခဲ့တယ်။ “ဖာရိရှဲများကို မည်သို့ သရုပ်ဖော်သနည်း။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးဖြစ်ကာ လုံးလုံး အတုအယောင် ဖြစ်ပြီး ၎င်းတို့ ပြုလေသမျှ၌ ဟိတ်ဟန်လုပ်သည်။ ၎င်းတို့သည် အဘယ်သို့ ဟိတ်ဟန်လုပ်သနည်း။ ကောင်းဟန်၊ ကြင်နာဟန်၊ အပြုသဘောဆောင်ဟန် ပြုသောသူများ ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ် ယင်းကဲ့သို့ ဖြစ်ကြသလော။ လုံးဝ မဖြစ်ပေ။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးများ ဖြစ်သဖြင့် ၎င်းတို့ထဲ၌ ပေါ်လွင်သမျှနှင့် ထုတ်ဖော်သမျှမှာ ဟန်ဆောင်ထားခြင်း ဖြစ်သည်၊ ၎င်းတို့အားလုံးမှာ အယောင်ဆောင် ဖြစ်ကြ၏၊ ၎င်းမှာ ၎င်းတို့၏ သရုပ်မှန်မဟုတ်ပေ။ ၎င်းတို့၏ သရုပ်မှန်ကို အဘယ်နေရာတွင် ကွယ်ဝှက်ထားသနည်း။ ယင်းကို သူတစ်ပါးတို့ လုံးဝ မမြင်စေရန် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဖုံးကွယ်ထားသည်။ အပြင်ပန်းတွင် ရှိသမျှသည် ဟန်ဆောင်မှုတစ်ခု ဖြစ်သည်၊ အားလုံးမှာ အတုအယောင်များဖြစ်သည်။ သို့သော် ၎င်းတို့သည် လူတို့ကိုသာ အရူးလုပ်နိုင်သည်။ ဘုရားသခင်ကို အရူးမလုပ်နိုင်ပေ။ လူတို့သည် သမ္မာတရားကို မလိုက်စားလျှင်၊ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခြင်းမရှိလျှင် သမ္မာတရားကို အမှန်တကယ် နားမလည်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ စကားလုံးများသည် မည်မျှနားဝင်ချိုပါစေ ဤစကားလုံးများသည် သမ္မာတရား စစ်မှန်မှုမဟုတ်ဘဲ စကားများနှင့် အယူဝါဒများသာ ဖြစ်သည်။ လူအချို့သည် စကားများနှင့် အယူဝါဒများကို သံယောင်လိုက်ခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ ၎င်းတို့သည် အဆင့်မြင့်ဆုံးသော ဒေသနာများကို ဟောကြားသူ မည်သူကိုမဆို တုပကြသည်၊ အကျိုးဆက်အနေဖြင့် နှစ်အနည်းငယ်အတွင်းတွင်ပင် ၎င်းတို့၏ စကားများနှင့် အယူဝါဒများကို ရွတ်ဆိုခြင်းသည် အစဉ်ပို၍ တိုးတက်လာပြီး ၎င်းတို့အား လူများစွာတို့က ကြည်ညိုလေးစားကြသည်၊ ထို့နောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို စတင်ဖုံးကွယ်ပြီး မိမိတို့ကိုယ်ကို အထူးသဖြင့် ဘာသာတရားကိုင်းရှိုင်းပြီး ဝိညာဉ်ရေးရာဆန်သော လူများအဖြစ် ပြသလျက် ၎င်းတို့ ပြောသည့်အရာနှင့် လုပ်သည့်အရာတို့ကို ကြီးမားသော အာရုံစိုက်မှုပြုကြလေသည်။ လူတို့သည် မိမိတို့ကိုယ်ကို ဖုံးကွယ်ဖို့ ဤဝိညာဉ်ရေးရာ အယူအဆများဟု ခေါ်သည့်အရာများကို အသုံးပြုကြ၏။ ဤသည်မှာ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ပြောဆိုသောအရာများသာဖြစ်သည်။ လူတို့၏ အယူအဆများနှင့် ကိုက်ညီသော မှန်သယောင်ထင်ရသော်လည်း မှားယွင်းနေသော အရာများဖြစ်ပြီး သမ္မာတရားစစ်မှန်မှုတစ်ခုမျှ မရှိပေ။ ပြီးလျှင် လူတို့၏ အယူအဆများ၊ နှစ်သက်မှုများနှင့်ညီသော ဤအရာများကို ဟောပြောခြင်းမှတစ်ဆင့် ၎င်းတို့သည် လူများစွာကို အထင်အမြင်မှားစေကြသည်။ အခြားလူများအဖို့ ဤသို့သောလူတို့သည် အလွန်ပင် ဘုရားတရားကိုင်းရှိုင်းပြီး နှိမ့်ချပုံရသော်လည်း ယင်းမှာ စင်စစ်အားဖြင့် အတုအယောင်သာ ဖြစ်သည်။ ၎င်းတို့သည် သည်းခံ၊ စိတ်ရှည်ပြီး ချစ်ခင်ဖွယ်ကောင်းပုံရသော်လည်း ယင်းမှာ စင်စစ်အားဖြင့် ဟန်ဆောင်ထားခြင်းသာ ဖြစ်သည်။ ဘုရားသခင်ကို ချစ်သည်ဟု ၎င်းတို့က ပြောကြသည်။ အမှန်တကယ်တွင် ဟန်ဆောင်မှုတစ်ခုသာ ဖြစ်သည်။ ဤသို့သောလူတို့သည် သန့်ရှင်းသည်ဟု အခြားလူတို့က ထင်ကြသည်။ သို့သော် အမှန်တကယ်တွင် အတုအယောင်ဖြစ်သည်။ အမှန်တကယ် သန့်ရှင်းသူကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။ လူသားသန့်ရှင်းမှုသည် အားလုံး အတုအယောင်ဖြစ်သည်။ အားလုံးက အယောင်ဆောင်မှု၊ ဟန်ဆောင်မှုသာဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိပုံပေါက်သော်လည်း အမှန်တွင် အခြားသူများ မြင်ဖို့ ၎င်းတို့ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ မည်သူမျှ ကြည့်မနေသည့်အခါတွင် ၎င်းတို့သည် စိုးစဉ်းမျှ သစ္စာမရှိကြသကဲ့သို့ ၎င်းတို့ပြုသမျှမှာ ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံကြပြီး ၎င်းတို့၏မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ကြပြီးဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် အဘယ်အရာကို တိတ်တဆိတ် လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် အသင်းတော်တွင် မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းကို ဦးစီးဦးရွက်ပြုပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စီမံနေကြခြင်းဖြစ်ကာ အသင်းတော်ထံမှ အကျိုးအမြတ်ရယူနေပြီး ဘုရားသခင်အတွက် အလုပ်လုပ်သည့် ဟန်ကိုဆောင်လျက် လှူဖွယ်ပစ္စည်းများကို တိတ်တဆိတ် ခိုးယူနေခြင်း ဖြစ်သည်။...ဤလူတို့သည် ခေတ်ပေါ် ကြောင်သူတော် ဖာရိရှဲများ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်တာ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဖာရိရှဲတွေက သူတော်ကောင်းယောင်ဆောင်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်တဲ့နေရာမှာ ကျွမ်းကျင်တယ်လို့ ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်တယ်။ သူတို့ရဲ့ စကားနဲ့ လုပ်ရပ်တွေကို မသမာတဲ့ အကြောင်းရင်းနဲ့ ရည်ရွယ်ချက်တွေက စေ့ဆော်ထားတာပဲ။ သူတို့က ဘုရားသခင်ရဲ့ လမ်းခရီးကို လိုက်လျှောက်ရမယ့်အစား ကိုယ့်ကိုယ်ကိုယ် ပေါ်လွင်အောင်လုပ်ဖို့ စကားလုံးတွေနဲ့ အယူဝါဒတွေကို တရားဟောကြတယ်။ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်၊ ဂုဏ်တင်ပြီး အဲဒီလိုနဲ့ နှိမ့်ချတဲ့ပုံ၊ ချစ်ခင်တတ်ပြီး စိတ်ရှည်တတ်တဲ့ပုံပေါ်အောင်လို့ အပြင်ပန်းအနေနဲ့ အပြုအမူကောင်းကို သုံးကြတယ်။ တခြားလူတွေက သူတို့ရဲ့ ဘာသာတရားကိုင်းရှိုင်းမှုကို မြင်ပြီး ဘုရားကို ချစ်တဲ့သူတွေအနေနဲ့ သူတို့ကို မြင်အောင် လမ်းထောင့်တွေမှာတောင် ရပ်ပြီးဆုတောင်းကြတယ်။ ဖာရိရှဲတွေက တခြားလူတွေကို အထင်အမြင်မှားစေပြီး လူတွေရဲ့ အထင်ကြီးလေးစားမှုနဲ့ အားပေးမှုကိုရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်အတွက် ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ပြီး အမွှမ်းတင်ကြတယ်။ ဒါတွေအားလုံးက သူတို့ရဲ့အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက်ပဲ။ ကိုယ်ထုတ်ဖော်ခဲ့တာကို ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါ၊ ကျွန်မက ဖာရိရှဲတွေနဲ့ တူတယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ ပြီးခဲ့တဲ့စုဝေးပွဲမှာ ခေါင်းဆောင်က ကျွန်မအလုပ်ထဲက ပြဿနာတွေကို ထောက်ပြခဲ့တယ်။ ကျွန်မအပေါ် ခေါင်းဆောင်ရဲ့ အပျက်သဘောဆောင်တဲ့ အမြင်နဲ့ပတ်သက်လို့ စိုးရိမ်စိတ်နဲ့ သူ့အမြင်မှာ ကျွန်မရဲ့ပုံရိပ်ကို ပြန်ဆည်ဖို့အတွက် ဒီစုဝေးပွဲမှာ ပိုကောင်းအောင် ကျွန်မလုပ်ချင်ခဲ့တယ်။ ကျွန်မက အလုပ်တချို့ကို ကောင်းကောင်းမကိုင်တွယ်ခဲ့သလို အသေးစိတ်ကိုလည်း သဘောမပေါက်ခဲ့ဘူး။ ခေါင်းဆောင်က ဒါကို ရိပ်မိသွားမှာစိုးလို့ အသေးစိတ်တွေကို အမြန်သွားစစ်ဆေးခဲ့ပြီး၊ ကျွန်မရဲ့အလုပ်နဲ့ စုဝေးပွဲတွေမှာ ပိုပြီး ကြိုးစားခဲ့တယ်။ ကျွန်မရဲ့ရည်ရွယ်ချက်က ခေါင်းဆောင်ကို ကျွန်မ လက်တွေ့ကျတဲ့အလုပ်တချို့ လုပ်နိုင်သေးတယ်လို့ ထင်စေချင်လို့ပဲ။ အလုပ်ကို နောက်ဆက်တွဲလုပ်ဖို့နဲ့ ပြဿနာတွေကို ကိုင်တွယ်ရအောင် မိတ်သဟာယပြုဖို့ ကျွန်မရဲ့ လုံ့လရှိတဲ့ အားထုတ်မှုတွေဟာ ကျွန်မတာဝန်ကို ကောင်းကောင်း လုပ်ဖို့နဲ့ ဘုရားရဲ့ ရည်ရွယ်ချက်တွေကို အလေးထားဖို့အတွက် မဟုတ်ဘဲ ခေါင်းဆောင်ရဲ့အမြင်မှာရှိတဲ့ ကိုယ့်ပုံရိပ်ကို ပြန်အဖယ်ဆယ်ဖို့နဲ့ လုပ်ဖော်ဆောင်ဖက်တွေရဲ့ အထင်ကြီးလေးစားမှုကို ရဖို့အတွက်ပဲဆိုတာကို ကျွန်မမြင်ခဲ့တယ်။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်လိုက်တာ။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာရှိတဲ့ ကျွန်မရဲ့ သရုပ်သကန်တွေကို ဆင်ခြင်သုံးသပ်တဲ့အခါ ကျွန်မဟာ ကိုယ့်သိက္ခာကို ကာကွယ်ဖို့နဲ့ တခြားသူတွေရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ဖို့ပဲ အကြိမ်အတော်များများ ပြုမူခဲ့တာကို သဘောပေါက်သွားတယ်။ ခေါင်းဆောင်က အလုပ်အကြောင်းကို သိအောင် နောက်ဆက်တွဲလုပ်တဲ့ အခါမျိုးတွေတောင် ရှိခဲ့ပြီး ကျွန်မက အလုပ်တချို့ကို လုပ်တာမပြီးသေးပေမဲ့ သူက ကျွန်မကို အလုပ်လုပ်တာ မကျွမ်းကျင်ဘူးလို့ ပြောမှာစိုးလို့ လိမ်ပြီးတော့ အခုပဲ နောက်ဆက်တွဲလုပ်နေပါတယ်လို့ ပြောခဲ့ပြီး၊ အဲဒီနောက်မှ အမြန်အဆန် သွားလုပ်ခဲ့တာမျိုးတွေ ရှိခဲ့တယ်။ အချိန်အများစုမှာ ကျွန်မ ထုတ်ဖော်ခဲ့တာတွေနဲ့ စုဝေးပွဲတုန်းက ကျွန်မရဲ့အပြုအမူကို ဆင်ခြင်သုံးသပ်တဲ့အခါ ကျွန်မ တော်တော်မကောင်းဖြစ်သွားတယ်။ ကိုယ့်သိက္ခာကို ကာကွယ်ဖို့အတွက် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဖုံးဖိ၊ ဟန်ဆောင်ပြီး သူတော်ကောင်းယောင်ဆောင်ခဲ့တယ်။ ကျွန်မနဲ့ ဖာရိရှဲတွေကြားမှာ ဘာကွာခြားမှု ရှိလို့လဲ။

နောက်ပိုင်းမှာ၊ ကိုယ့်အခြေအနေနဲ့ ဆက်စပ်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်ပိုဒ်တချို့ကို ကြည့်ပြီး နှုတ်ကပတ်တော်တစ်ပိုဒ်က ကျွန်မကို အရမ်းကို တို့ထိခံစားသွားရစေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အန္တိခရစ်များသည် အခြားလူတို့ကြားတွင် မိမိတို့၏ ရာထူးနှင့် ပတ်သက်လာသည့်အခါ အတော်ပင် ဆတ်ဆတ်ထိမခံဖြစ်ကြသည်။ အဖွဲ့တစ်ခုတွင် ရှိသည့်အခါ ၎င်းတို့၏ အသက်အရွယ်နှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရေးကြီးမှု တစ်ခုတလေရှိသည်ဟု ၎င်းတို့ မယုံကြည်ကြပေ။ အရေးကြီးမည်ဟု ၎င်းတို့ ယုံကြည်သည့်အရာမှာ အများစုက ၎င်းတို့ကို မည်သို့ မြင်သည်၊ အများစုက ၎င်းတို့ကို အချိန်ပေးပြီး မိမိတို့၏ စကားနှင့် လုပ်ရပ်များတွင် နေရာပေးခြင်း ရှိမရှိ၊ အများစု၏ စိတ်နှလုံးများတွင် ၎င်းတို့၏ အဆင့်အတန်းနှင့် ရာထူးတို့က မြင့်မားခြင်းရှိမရှိ သာမန်ဖြစ်ခြင်း ရှိမရှိ၊ အများစုက ၎င်းတို့ကို အထင်ကြီးခြင်း ရှိမရှိ၊ သာမန်အဖြစ် မြင်ခြင်း ရှိမရှိ၊ ဘာမျှ မထူးခြားသောသူအဖြစ် မြင်ခြင်း ရှိမရှိ စသည်တို့ ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းနှင့်ဆိုင်သည့် ဝါရင့်မှုများကို အများစုက မည်သည့်အရာကဲ့သို့ ယူဆကြသည်၊ လူတို့ကြားတွင် ၎င်းတို့၏ စကားများက မည်မျှ အရေးပါသည်၊ ဆိုလိုသည်မှာ ၎င်းတို့က တစ်စုံတစ်ရာကို ပြောဆိုပြီးနောက် လူမည်မျှက ၎င်းတို့ကို အသိအမှတ်ပြုသည်၊ လူမည်မျှက ၎င်းတို့ကို ချီးမွမ်းသည်၊ ၎င်းတို့ကို သဘောတူထောက်ခံသည်၊ အာရုံစူးစိုက်စွာ နားထောင်ပြီး နှလုံးသွင်းသည်ဟူသည်တို့ဖြစ်သည်။ ထို့အပြင် လူအများစုက ၎င်းတို့ကို ကြီးမားသော ယုံကြည်ခြင်းရှိသူအဖြစ် မြင်သည်ဖြစ်စေ၊ သေးငယ်သော ယုံကြည်ခြင်းရှိသူအဖြစ် မြင်သည်ဖြစ်စေ၊ ဆင်းရဲဒုက္ခကို ခါးစည်းခံမည့် ၎င်းတို့ စိတ်ပိုင်းဖြတ်ချက်က မည်သည့်အရာကဲ့သို့ဖြစ်သည်၊ ၎င်းတို့ မည်မျှ စွန့်လွှတ်ပြီး အသုံးခံကြသည်၊ ဘုရားအိမ်တော်အတွက် ၎င်းတို့၏ ပံ့ပိုးမှုများက မည်သည့်အရာကဲ့သို့ဖြစ်သည်၊ ဘုရားအိမ်တော်တွင် ၎င်းတို့ ထမ်းဆောင်သည့် ရာထူးက မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ အတိတ်ကာလတွင် မည်သည့်အရာကို ၎င်းတို့ ဆင်းရဲဒုက္ခခံစားပြီး ဖြစ်သည်ဆိုသည်နှင့် အရေးကြီးသည့် မည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည်ဟူသည့် ဤအရာတို့မှာ ၎င်းတို့ အလေးအထားဆုံးအရာများ ဖြစ်သည်။...အန္တိခရစ်များသည် မိမိတို့ကိုယ်ကို ကြွားဝါပြီး အခြားသူတို့အား မိမိတို့အပေါ် အထင်ကြီးစေသည့် နည်းလမ်းတစ်ခုဖြင့် တရားဒေသနာ ဟောကြားခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ ရှင်းပြရမည်ဟူသည်တို့ကို အားထုတ်ခြင်းအား အဓိက အာရုံစိုက်ကြသည်။ ဤသို့အားထုတ်မှုပြုနေစဉ်တွင် သမ္မာတရားအား မည်သို့ နားလည်ရမည် သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မည်သို့ ဝင်ရောက်ရမည်ဟူသည်ကို ၎င်းတို့ မရှာဖွေကြဘဲ ထို့ထက် ပိုများသည့် လူတို့ကပင်လျှင် ၎င်းတို့က အမှန်တကယ်ပင် ထူးခြားကြောင်း၊ သာမန်လူများမျှသာ မဟုတ်ကြောင်း၊ ၎င်းတို့ တတ်စွမ်းနိုင်ကြောင်းနှင့် သာမန်လူများထက် ပိုအဆင့်မြင့်ကြောင်း သိလာကြရန်အလို့ငှာ ဤစကားများအား မည်သို့သတိရရမည်၊ ပိုများသည့် လူတို့ထံပင် မိမိတို့၏ အားသာချက်များအား မည်သို့ကြွားနိုင်မည်ဟူသည်တို့ကို တွေးဆနေကြသည်။ ဤစိတ်ကူး၊ ကြံရွယ်ချက်များနှင့် အမြင်အမျိုးအစားများကို ထားရှိရင်း အန္တိခရစ်များသည် မတူကွဲပြားသော အမှုအရာမျိုးစုံကို လုပ်ဆောင်လျက် လူတို့ကြားတွင် အသက်ရှင်နေကြသည်။ ၎င်းတို့တွင် ဤအမြင်များ ရှိကြသောကြောင့်၊ ဤလိုက်စားမှုများနှင့် ရည်မှန်းချက်များ ရှိကြသောကြောင့် ၎င်းတို့သည် အပြုအမူကောင်းများ၊ မှန်ကန်သည့် ပြောဆိုချက်များနှင့် ကောင်းမွန်သည့် လုပ်ရပ် အကြီး၊ အသေးမျိုးစုံကို ဖန်တီးဖြစ်ပေါ်စေကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁၀)) အန္တိခရစ်တွေဟာ သူတို့ရဲ့တာဝန်တွေကို လူတွေကြားထဲမှာ အဆင့်အတန်းမြင့်မြင့်ရဖို့အတွက်ပဲ လိုက်စားပြီး ထမ်းဆောင်ကြတယ်၊ သူတို့ရဲ့ စကားတွေ၊ အပြုအမူတွေကနေတစ်ဆင့် လူတွေရဲ့အသိအမှတ်ပြုမှုနဲ့ အထင်ကြီးလေးစားမှုကို ရဖို့ပဲ ရည်ရွယ်ကြတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်ထားတယ်။ သူတို့ရဲ့အဆင့်အတန်းကို ခိုင်မာအောင်လုပ်ဖို့အတွက် အမှုအရာတွေကို စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံကြတယ်၊ ဆင်းရဲဒုက္ခကို ခါးစည်းခံပြီး အဖိုးအခပေးတယ်၊ ကောင်းမှုတွေ အများကြီး လုပ်ကြတယ်။ သူတို့က တခြားသူတွေရှေ့မှာ တရားဟောနိုင်အောင် စကားလုံးတွေ၊ အယူဝါဒတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီး ဘုရားနှုတ်ကပတ်တော်တွေကိုလည်း အားထုတ်ကြတယ်။ သူတို့နဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်တော့ ကျွန်မလည်း အတူတူပဲဆိုတာကို သဘောပေါက်သွားတယ်။ ကျွန်မက ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို တခြားအရာအားလုံးထက် ဦးစားပေးခဲ့တယ်။ ကျွန်မရဲ့ တာဝန်တွေကို ထမ်းဆောင်ရာမှာ ကျွန်မရဲ့ အပြစ်အနာအဆာတွေနဲ့ ပြဿနာတွေ ပေါ်သွားတာနဲ့ ကိုယ့်ရဲ့နေရာကို ပြန်ရအောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားလုံးထုတ်တဲ့ ပြဿနာအပေါ် ဆင်ခြင်သုံးသပ်တာကို ကျွန်မ သိသိသာသာ အာရုံမစိုက်ခဲ့တဲ့အပြင် စစ်မှန်တဲ့သိနားလည်မှုလည်း မရှိခဲ့ဘဲနဲ့၊ ညီအစ်ကိုမောင်နှမတွေကို လှည့်စားရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်၊ အမွှမ်းတင်ဖို့ ကြိုးစားခဲ့တုန်းပဲ။ ကျွန်မ ဘယ်လောက်တောင် လှည့်ဖြားတတ်လဲဆိုတာကို တွေ့လိုက်ရတယ်။ ဒီလိုလုပ်တာဟာ အနှစ်သာရအရ ဘုရားသခင်ကို လှည့်ဖြားနေတာ၊ သူ စက်ဆုပ်ပြီး ပြစ်တင်ရှုတ်ချတဲ့အရာတစ်ခုပဲ။ ဒါကို စဉ်းစားမိတော့ ကျွန်မစိတ်ထဲမှာ နည်းနည်းကြောက်သွားတယ်၊ ကိုယ့်အခြေအနေကိုသာ မပြောင်းလဲရင် ဘုရားသခင်ရဲ့ ပစ်ပစ်ခါခါငြင်းတာကို ခံရတော့မယ်ဆိုတာကို သဘောပေါက်သွားတယ်။

နောက်ပိုင်းမှာ၊ ကျွန်မက လူတွေရဲ့အမြင်မှာ ကောင်းမွန်တဲ့ပုံရိပ်တစ်ခုကို အမြဲထိန်းသိမ်းချင်နေခဲ့ပုံကို ဆင်ခြင်သုံးသပ်ပြီး ကျွန်မက “သစ်တစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဆိုတာနဲ့ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေရဲ့ အုပ်စိုးတာခံခဲ့ရတယ်ဆိုတာကို သဘောပေါက်သွားတယ်။ လတ်တလောမှာ ဘုရားသခင်က သမ္မာတရားနဲ့ဆိုင်တဲ့ ဒီသွင်ပြင်လက္ခဏာအကြောင်း မိတ်သဟာယဖွဲ့ခဲ့တာကို ကျွန်မ ပြန်သတိရသွားလို့ သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသော ဆိုရိုးသည် လူတို့အား ၎င်းတို့၏ တောက်ပပြီး အရောင်အသွေးစုံလင်သောဘက်ကို အသက်ရှင်နေထိုင်ရန်နှင့် မကောင်းသော သို့မဟုတ် ဂုဏ်သိက္ခာမဲ့သော အမှုအရာများကို လုပ်ဆောင်ခြင်း သို့မဟုတ် ၎င်းတို့၏ အကျည်းတန်သောဘက်ကို ဖော်ထုတ်ခြင်းအစား ၎င်းတို့ကို အကောင်းမြင်စေသည့် အမှုအရာများကို ပိုမိုလုပ်ဆောင်ရန် အရေးထားစေဖို့နှင့် ၎င်းတို့ကို လေးစားဖွယ်မကောင်းသော သို့မဟုတ် ဂုဏ်သိက္ခာမရှိသော ဘဝဖြင့် နေထိုင်ခြင်းမှ တားဆီးဖို့ ရည်ရွယ်သည်။ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက်၊ လူတစ်ဦး၏ ပုံရိပ်ကို ပြောင်မြောက်စေရန်အတွက်၊ လူတစ်ဦးသည် မိမိ၏ အမှောင်ဘက်နှင့် ရှက်ဖွယ်ကောင်းသော ကဏ္ဍများအကြောင်းကို အခြားသူများအား ပြောပြရန် မဆိုထားနှင့်၊ မိမိကိုယ်ကို လုံးဝတန်ဖိုးမရှိသူအဖြစ်ပင် မပြောဆိုနိုင်ပေ၊ အကြောင်းမှာ လူတစ်ဦးသည် လေးစားဖွယ်ကောင်းပြီး သိက္ခာရှိသော ဘဝဖြင့် နေထိုင်ရမည်ဖြစ်ပြီး ဂုဏ်ရှိရန်အတွက် ဂုဏ်သိက္ခာကို လိုအပ်ကာ ဂုဏ်သိက္ခာရှိရန်အတွက် ဟန်ဆောင်ပြီး မိမိကိုယ်ကို ပြင်ဆင်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းနှင့် မကွဲလွဲပေလော။ (ကွဲလွဲပါသည်။) သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်နေသည့်အခါ ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသော စကားကို သင် စွန့်လွှတ်ပြီးဖြစ်သည်။ သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်လိုပါက သင်၏ ပုံရိပ်ကို အရေးမထားနှင့်၊ လူတစ်ဦး၏ ပုံရိပ်သည် တစ်ပြားတစ်ချပ်မျှ မတန်ပေ။ သမ္မာတရားနှင့် ရင်ဆိုင်ရသည့်အခါ လူတစ်ဦးသည် ဟန်ဆောင်ခြင်း သို့မဟုတ် အယောင်ဆောင် မျက်နှာဖုံးတစ်ခု ဖန်တီးခြင်းမပြုဘဲ မိမိကိုယ်ကို ဖော်ထုတ်သင့်သည်။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော အတွေးအခေါ်များ၊ မိမိလုပ်ဆောင်ခဲ့သော အမှားများ၊ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့် ကဏ္ဍများနှင့် အခြားအရာများကို ဘုရားသခင်ထံ ထုတ်ဖော်ပြသရမည်ဖြစ်ပြီး ဤအရာများကို မိမိ၏ ညီအစ်ကိုမောင်နှမများထံတွင်လည်း အရှိအတိုင်း ပြောပြရမည်။ ယင်းမှာ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက် အသက်ရှင်နေထိုင်ခြင်း ကိစ္စမဟုတ်ဘဲ ထိုအစား ရိုးသားသောသူတစ်ဦးဖြစ်ရန်အတွက် အသက်ရှင်နေထိုင်ခြင်း၊ သမ္မာတရားကို လိုက်စားရန်အတွက် အသက်ရှင်နေထိုင်ခြင်း၊ စစ်မှန်သော ဖန်ဆင်းခံတစ်ဦးဖြစ်ရန်အတွက် အသက်ရှင်နေထိုင်ခြင်းနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး ကယ်တင်ခြင်းခံရရန်အတွက် အသက်ရှင်နေထိုင်ခြင်း ကိစ္စဖြစ်သည်။ သို့သော် သင်သည် ဤသမ္မာတရားကို နားမလည်သည့်အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သည့်အခါတွင်လည်းကောင်း သင်၏ မိသားစုမှ သင့်အပေါ် ပုံစံသွင်းပေးခဲ့သော အရာများသည် သင်၏ စိတ်နှလုံးထဲတွင် အဓိကနေရာယူလေ့ရှိသည်။ သို့ဖြစ်၍ သင်သည် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်သည့်အခါ ‘ကျွန်ုပ်သည် ဤအကြောင်းကို မည်သူ့ကိုမျှ မပြောနိုင်၊ ပြီးလျှင် ဤအကြောင်းကို သိသော အခြားမည်သူ့ကိုမျှလည်း လူများကို ပြောခွင့်မပြုပါ။ သင်တို့ထဲမှ တစ်စုံတစ်ဦးက တစ်စုံတစ်ယောက်ကို ပြောလျှင် သင့်ကို ကျွန်ုပ် အလွယ်တကူ ခွင့်လွှတ်မည်မဟုတ်။ ကျွန်ုပ်၏ ဂုဏ်သိက္ခာသည် ဦးစားပေးဖြစ်သည်။ အသက်ရှင်ခြင်းသည် အခြားမည်သည့်အရာအတွက်မျှ မဟုတ်ဘဲ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက်သာဖြစ်ပြီး ယင်းမှာ အခြားမည်သည့်အရာထက်မဆို ပို၍ အရေးကြီးသည်။ လူတစ်ဦးတွင် ဂုဏ်သိက္ခာမရှိလျှင် ၎င်းတို့၏ ဂုဏ်အားလုံးကို ဆုံးရှုံးသည်။ ထို့ကြောင့် သင်သည် အမှန်အတိုင်း မပြောဆိုနိုင်၊ သင်သည် ဟန်ဆောင်ရမည်၊ အမှုအရာများကို ဖုံးကွယ်ထားရမည်၊ သို့မဟုတ်ပါက သင်သည် ဂုဏ်သိက္ခာ သို့မဟုတ် ဂုဏ် မရှိတော့ဘဲ သင်၏ အသက်တာသည် တန်ဖိုးမဲ့သွားလိမ့်မည်။ မည်သူမျှ သင့်ကို မလေးစားလျှင် သင်သည် တန်ဖိုးမရှိသူသာဖြစ်သည်၊ သင်သည် အပေါစား အမှိုက်သရိုက်သာ ဖြစ်သည်’ ဟု တွေးတောလျက် ယင်းကို သင် ဖုံးကွယ်ပြီး ဟန်ဆောင်လေသည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ရိုးသားသောသူတစ်ဦး ဖြစ်လာရန် ဖြစ်နိုင်ချေရှိသလော။ အပြည့်အဝ ဖွင့်ဟပြီး သင့်ကိုယ်သင် ပိုင်းခြားစိစစ်ဖို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) သိသာစွာပင် ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသည့် ဆိုရိုးစကားကို လိုက်နာနေခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂))မိသားစုသည် လူတို့အား ဆိုရိုးစကားတစ်ခု၊ သို့မဟုတ် နှစ်ခုဖြင့်သာ ပုံစံသွင်းခြင်းမဟုတ်ဘဲ လူသိများသော ကိုးကားချက်များနှင့် ဆောင်ပုဒ်များ အများအပြားတို့ဖြင့် ပုံစံသွင်းခြင်းဖြစ်သည်။ ဥပမာ သင်၏ မိသားစုရှိ လူကြီးသူမများနှင့် မိဘများသည် ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ ဟူသည့် ဆိုရိုးစကားကို မကြာခဏ ပြောဆိုသလော။ (ပြောဆိုပါသည်။) ၎င်းတို့က သင့်အား ‘လူတို့သည် ၎င်းတို့၏ ဂုဏ်သတင်းအတွက် အသက်ရှင်ရမည်၊ လူတို့သည် အခြားလူများကြားတွင် ကောင်းသော ဂုဏ်သတင်းကို ရအောင်ဖန်တီးပြီး အထင်အမြင်ကောင်းစေရန်အတွက်မှလွဲ၍ ၎င်းတို့၏ ဘဝသက်တမ်းတွင် အခြားမည်သည့်အရာကိုမျှ မရှာဖွေပေ။ သင်မည်သည့်နေရာသို့ သွားသည်ဖြစ်စေ နှုတ်ဆက်ခြင်း၊ စကားစမြည်ပြောဆိုခြင်း၊ ချီးမွမ်းခြင်းတို့၌ ပို၍ ရွှန်းရွှန်းဝေအောင် ပြောပြီး ပို၍ ကြင်နာသော စကားများကို ပြောလော့။ လူတို့အား စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ဘဲ ထိုအစား ကောင်းမှုများနှင့် ကြင်နာသော လုပ်ဆောင်မှုများကို ပို၍ လုပ်ဆောင်လော့’ ဟု ပြောနေခြင်းဖြစ်သည်။ မိသားစုက အသုံးပြုသော ဤသီးသန့် ပုံစံသွင်းသည့် သက်ရောက်မှုသည် လူတို့အား ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အလွန်အလေးထားစေသည့် မလွဲဧကန်ဖြစ်သော အကျိုးဆက်ရှိပြီး လူတို့၏ အပြုအမူ၊ သို့မဟုတ် ပြုမူနေထိုင်မှုစည်းမျဉ်းများအပေါ် သက်ရောက်မှုတစ်ခုခုရှိသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်း၊ သိက္ခာ၊ လူတို့၏ စိတ်တွင် ၎င်းတို့ ဖန်တီးသော အမြင်၊ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းနှင့် ၎င်းတို့ ဖော်ပြသည့် ထင်မြင်ချက်တိုင်းအပေါ် အခြားလူများ၏ ထင်မြင်ယူဆချက်တို့ကို အလွန်အလေးထားသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အလွန်အလေးထားခြင်းအားဖြင့် သင်သည် သင်ထမ်းဆောင်သည့် တာဝန်က သမ္မာတရားနှင့်လည်းကောင်း၊ စည်းမျဉ်းများနှင့်လည်းကောင်း ကိုက်ညီခြင်းရှိမရှိ၊ သင်သည် ဘုရားသခင်ကို ကျေနပ်အောင် လုပ်နေခြင်း ရှိမရှိ၊ သင့်တာဝန်ကို လုံလောက်စွာ ထမ်းဆောင်နေခြင်း ရှိမရှိတို့အပေါ် အလေးထားမှုသည် အမှတ်တမဲ့ နည်းသွားသည်။ သင်သည် ဤအရာများကို သိပ်အရေးမကြီးသော၊ ဦးစားမပေးသောအရာများအဖြစ် မြင်ပြီး သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ ဟူသည့် ဆိုရိုးစကားကမူ သင့်အတွက် အလွန့်အလွန်အရေးကြီးလာသည်။...သင်လုပ်ဆောင်သမျှတိုင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကျေနပ်စေရန်လည်းမဟုတ်ဘဲ ထိုအစား သင်၏ ကိုယ်ပိုင်ဂုဏ်သတင်းအတွက် ဖြစ်သည်။ ဤသို့ဖြင့် သင်လုပ်ဆောင်သည့် အရာရာတိုင်းသည် စင်စစ်အားဖြင့် မည်သည့်အရာ ဖြစ်လာသနည်း။ စင်စစ်အားဖြင့် ဘာသာရေးလုပ်ဆောင်မှုတစ်ခု ဖြစ်လာသည်။ သင်၏ အနှစ်သာရသည် မည်သည့်အရာ ဖြစ်လာသနည်း။ သင်သည် ဖာရိရှဲစင်စစ် ဖြစ်လာသည်။ သင်၏ လမ်းကြောင်းက မည်သည့်အရာ ဖြစ်လာသနည်း။ အန္တိခရစ်များ၏ လမ်းကြောင်း ဖြစ်လာသည်။ ဤသည်မှာ ဘုရားသခင်က သတ်မှတ်သည့် ပုံစံဖြစ်သည်။ ထို့ကြောင့် သင်လုပ်ဆောင်သမျှတိုင်း၏ အနှစ်သာရသည် အရောင်စွန်းထင်းလာသည်။ ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နေပေ၊ သို့မဟုတ် မလိုက်စားပေ။ ထိုအစား ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားနေသည်။ အခြေခံအားဖြင့် ဘုရားသခင်၏ ထင်မြင်ချက်တွင် သင်၏ တာဝန်ထမ်းဆောင်မှုသည် တစ်နည်းဆိုရလျှင် မလုံလောက်ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်က သင့်အား အပ်နှံခဲ့သောအရာအပေါ်၊ သို့မဟုတ် ဖန်ဆင်းခံအနေဖြင့် သင်၏ တာဝန်အပေါ်ကို ဆက်ကပ်အပ်နှံခြင်းထက် သင်၏ ကိုယ်ပိုင်ဂုဏ်သတင်းအပေါ်သာ ပေးအပ်မြုပ်နှံထားခြင်းကြောင့်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့အခြေအနေ အတိအကျကို ဖော်ထုတ်ခဲ့တယ်။ တစ်လျှောက်လုံးမှာ ကျွန်မက “သစ်တစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်ာ” ဆိုတာနဲ့ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ နိယာမတွေအတိုင်း အသက်ရှင်နေခဲ့တာပဲ။ ငယ်ငယ်တုန်းက ကျွန်မမိဘတွေက “လူတွေက သူတို့ရဲ့ သိက္ခာအတွက် အသက်ရှင်နေကြတာ” လို့ ခဏခဏပြောကြပြီး “ဟိုလူ့ကလေးကို ကြည့်ပါဦး၊ သူတို့မိဘတွေကို အရှက်ရစေတယ်” ဆိုတာမျိုးတွေကို ခဏခဏ ပြောခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျွန်မက ကိုယ့်သိက္ခာကို ကာကွယ်တာ၊ ဂုဏ်သတင်းကောင်းရှိတာက အရေးကြီးတယ်ဆိုတာကို နားလည်စပြုလာခဲ့တယ်။ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ သူတို့ရဲ့ အမူအရာနဲ့ စိတ်နေစိတ်ထားကို ကြည့်တတ်ရမယ်၊ ပြီးတော့ သူတို့အကြိုက်နဲ့ကိုက်အောင် ကိုယ့်စကားနဲ့ အပြုအမူကို ညှိရမယ်ဆိုတာကို သင်ယူခဲ့ရတယ်။ ဒီလိုလုပ်လိုက်တော့ ပတ်ဝန်းကျင်ကလူတွေဆီက ချီးကျူးမှုကိုရစေပြီး ဂုဏ်သတင်းကောင်းတစ်ခု တည်ဆောက်စေခဲ့တဲ့အခါ ဒီလိုအသက်ရှင်တာက သိက္ခာရှိစေတယ်လို့ ယုံကြည်ပြီး ဒီစာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ နိယာမတွေကို ပိုပြီးတော့တောင် ကျွန်မ လက်ခံယုံကြည်ခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက်မှာလည်း ကိုယ့်ဂုဏ်ကို ကာကွယ်ဖို့အတွက်ပဲ ခဏခဏ ပြောဆိုပြုမူခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့စိတ်ထဲမှာ ကောင်းမွန်တဲ့ပုံရိပ်တစ်ခုကို အမြဲတည်ဆောက်ချင်ပြီး သူတို့ရဲ့အထင်ကြီးလေးစားမှုကို ရချင်ခဲ့တယ်။ ပြီးခဲ့တဲ့စုဝေးပွဲမှာ ခေါင်းဆောင်က ကျွန်မရဲ့ပြဿနာတွေအများကြီးကို ထောက်ပြခဲ့တယ်။ ကိုယ့်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့နဲ့ ကျွန်မပြောင်းလဲသွားခဲ့ပြီဆိုတာကို ခေါင်းဆောင်ကိုပြဖို့အတွက် စုဝေးပွဲတစ်လျှောက်လုံး ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ပြီး ဖုံးဖိနေခဲ့တယ်၊ ကိုယ့်ရဲ့အခြေအနေမှန်နဲ့ အလုပ်ထဲက အားနည်းချက်တွေကို မဖွင့်ချချင်ခဲ့ဘူး။ ကိုယ့်ပြဿနာတွေ ပေါ်သွားပြီး ထွင်းဖောက်မြင်တာခံလိုက်ရပေမဲ့ ကိုယ့်ရဲ့ဆုံးရှုံးသွားတဲ့ သိက္ခာကို ပြန်ရအောင် နည်းလမ်းတွေ ကြိုးစားရှာခဲ့တုန်းပဲ။ သိက္ခာနဲ့ အဆင့်အတန်းကို လိုက်စားတာက ကျွန်မကို ပိုပိုပြီး သူတော်ကောင်းယောင်ဆောင်တတ်စေပြီး လှည့်ဖြားတတ်စေခဲ့တယ်။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို အလေးမထားဘဲနဲ့ အရာရာကို လုပ်ဆောင်ရာမှာ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်း ဘယ်လိုထိန်းသိမ်းဖို့ပဲ အာရုံစိုက်ခဲ့တယ်။ ကိုယ့်တာဝန်အပေါ်မှာ ဝန်တာထားတဲ့စိတ်နဲ့ တာဝန်ယူစိတ် ကင်းမဲ့ရင်းနဲ့ သမ္မာတရား စည်းမျဉ်းတွေမှာလည်း အားမထုတ်ခဲ့ဘူး။ ဒီစုဝေးပွဲမှာလိုပဲ၊ အလုပ်မှာ ကိုယ့်ရဲ့အခြေအနေမှန်နဲ့ အားနည်းချက်တွေကို ကျွန်မ ဖုံးဖိခဲ့တယ်။ ခေါင်းဆောင်က ကျွန်မရဲ့ပြဿနာတွေကို မသိမြင်နိုင်ခဲ့လို့ ကျွန်မကို မကူညီနိုင်ခဲ့ဘူး။ ပြီးတော့ ကျွန်မအလုပ်ထဲက သွေဖည်မှုတွေနဲ့ လစ်ဟာမှုတွေကိုလည်း အချိန်မီ မဖြေရှင်းနိုင်ခဲ့ဘူး။ အဲဒီအချိန်မှာမှ ဒီစာတန်ဆန်တဲ့ အဆိပ်အတောက်တွေအတိုင်း အသက်ရှင်ပြီး သိက္ခာနဲ့ အဆင့်အတန်းကို လိုက်စားတာဟာ လမ်းကြောင်းမှန်မဟုတ်ဘူး၊ ဒါက လူတွေကို ဘုရားသခင်အပေါ် ပုန်ကန်စေတယ်၊ ကိုယ်တော့်ကို အတိုက်အခံလုပ်စေတယ်၊ နောက်ဆုံးမှာ ကိုယ်တော့်ရဲ့ ဖယ်ရှားရှင်းလင်းတာကိုပဲ ခံရစေတယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ဒါကို သဘောပေါက်သွားတော့၊ သမ္မာတရားကို ရရှိပြီး ကယ်တင်ခြင်းခံရမယ့်ကျွန်မရဲ့ အခွင့်အရေးကို ဖျက်ဆီးပစ်မယ့် စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာ၊ အသုံးချတာကို ခံရဖို့ မလိုမလားဖြစ်လာခဲ့တယ်။ ကျွန်မ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ဘေးဖယ်ထားပြီး ဘုရားသခင်ရဲ့တောင်းဆိုချက်တွေအတိုင်း ရိုးသားသောသူဖြစ်ဖို့ လိုက်စားချင်ခဲ့တယ်။

အဲဒီနောက်မှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့တယ်။ “သင်သည် မည်သည့်ပြဿနာများကို ကြုံတွေ့ရသည်ဖြစ်စေ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည်ဖြစ်သည်၊ သင်သည် မိမိကိုယ်ကို လုံးဝ ဟန်မဆောင်ရ သို့မဟုတ် အခြားသူများကို ပုံရိပ်အတုအယောင် မပြရပေ။ သင်၏ ချို့ယွင်းချက်များ၊ မလုံလောက်မှုများ၊ အပြစ်အနာအဆာများ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်စေ သင်သည် ဤအရာအားလုံးအကြောင်းကို ဖွင့်ဟပြီး မိတ်သဟာယဖွဲ့ရမည်။ ယင်းတို့ကို ဖုံးကွယ်မထားနှင့်။ မိမိကိုယ်ကို ဖွင့်ဟတတ်ရန် သင်ယူခြင်းသည် အသက်ဝင်ရောက်မှုဆီသို့ ပထမဆုံးခြေလှမ်းဖြစ်ပြီး ယင်းမှာ ကျော်လွှားရန် အခက်ခဲဆုံးဖြစ်သော ပထမဆုံး အတားအဆီး ဖြစ်သည်။ သင်သည် ဤအတားအဆီးကို ကျော်လွှားပြီးသည်နှင့်တစ်ပြိုင်နက် သမ္မာတရားထဲသို့ ဝင်ရောက်ရန် လွယ်ကူသွားလိမ့်မည်။ သင်သည် ဤခြေလှမ်းကို လှမ်းသောအခါ ယင်းက အဘယ်အရာကို ဆိုလိုမည်နည်း။ ယင်းက သင်သည် သင်၏ စိတ်နှလုံးကို ဖွင့်ပြပြီး ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၏ အစိတ်အပိုင်းတိုင်းကို ဖော်ထုတ်ကာ ဖွင့်ဟလျက် အခြားလူများ မြင်ရန်နှင့် ဘုရားသခင် မြင်ရန်အတွက် ယင်းကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ပြခြင်းကို ဆိုလိုသည်။ ဘုရားသခင်ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်း သို့မဟုတ် ဖုံးဖိထားခြင်း မရှိခြင်း၊ ဘုရားသခင်အပေါ် မည်သည့် ရုပ်ဖျက်မှု၊ လှည့်ဖြားမှု သို့မဟုတ် လိမ်လည်မှုကိုမျှ အသုံးမပြုခြင်း၊ ထိုနည်းတူ အခြားလူများနှင့်လည်း ပွင့်လင်းရိုးသားခြင်းကို ဆိုလိုသည်။ ဤနည်းအားဖြင့် သင်သည် အလင်းထဲတွင် အသက်ရှင်လိမ့်မည်။ ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက အခြားလူများကလည်း သင်၏ လုပ်ဆောင်ချက်များတွင် စည်းမျဉ်းများနှင့် ပွင့်လင်းမြင်သာမှု ရှိသည်ကို မြင်တွေ့ကြလိမ့်မည်။ သင်သည် သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းကို ကာကွယ်ရန် မည်သည့်နည်းလမ်းကိုမျှ အသုံးပြုရန် မလိုအပ်သကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ခြင်း သို့မဟုတ် ဖုံးဖိခြင်း တစ်ခုတလေကိုမျှ လုပ်ဆောင်ရန် မလိုအပ်ပေ။ သင်သည် ဤအသုံးမဝင်သော ကြိုးပမ်းမှုများတွင် ပါဝင်ရန် မလိုအပ်ပေ။ သင်သည် ဤအရာများကို စွန့်လွှတ်နိုင်ပါက သင်၏အသက်တာသည် အလွန် သက်သောင့်သက်သာ ရှိလာမည်ဖြစ်ပြီး ဘောင်ခတ်ချုပ်ချယ်မှုများနှင့် နာကျင်မှုတို့မှ ကင်းလွတ်ကာ သင်သည် အလင်းထဲတွင် လုံးလုံးလျားလျား အသက်ရှင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာတော့ သိက္ခာနဲ့ အဆင့်အတန်းကို လက်လွှတ်ရမယ့်လမ်းကြောင်းက ရိုးသားသောသူဖြစ်ခြင်းကနေ အစပြုတယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ ဒါက ကိုယ့်ရဲ့အားနည်းချက်တွေနဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ဖုံးဖိတာ၊ ဟန်ဆောင်တာကို မဆိုလိုဘဲ ဖွင့်ဟပြောပြီး အဲဒါတွေကိုဖြေရှင်းဖို့ သမ္မာတရား ရှာဖွေတာတွေကို ဆိုလိုတာပါ။ ဒီလိုနည်းနဲ့မှပဲ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားနိုင်မယ်၊ လိုက်စားမှုအပေါ်ထားတဲ့ ကိုယ့်ရဲ့ မှားယွင်းတဲ့အမြင်တွေကို ပြုပြင်နိုင်မှာဖြစ်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ထိန်းသိမ်းဖို့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နိုင်မှာပါ။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ကိုယ့်တာဝန်တွေ အပြောင်းအလဲရှိလို့ ကျွန်မက ညီမကျန်းချင်းနဲ့အတူ အသင်းတော်တစ်ခုကို တာဝန်ယူဖို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ အလုပ်ကို စပြီးတာဝန်ယူခါစဆိုတော့ အလုပ်တချို့နဲ့ ကျွန်မ အကျွမ်းတဝင်မရှိသေးတဲ့အတွက် ကျန်းချင်းကို တကယ်ပဲ အကူအညီတောင်းချင်ခဲ့တယ်။ ဒါပေမဲ့ သူ့ကို အကူအညီတောင်းလိုက်တာက ကျွန်မရဲ့အားနည်းချက်တွေ ပေါ်ကုန်မှာကို စိုးရိမ်ပြီး သူက “နင် အရင်က အသင်းတော် ခေါင်းဆောင် လုပ်ပြီးပြီလေ။ ဘယ်လိုလုပ်ပြီး ဘာမှမသိတဲ့ပုံပေါ်ရတာလဲ၊ အဲဒါ တကယ် ညံ့တာပဲ” လို့ ပြောနိုင်တယ်ဆိုပြီး ကျွန်မ တွေးမိတယ်။ ဒီလိုအတွေးတွေ ပေါ်လာတဲ့အခါ အဲဒီပြဿနာကို ကျွန်မ ထိမ်ချန်ထားလိုက်ပြီး တွေးလိုက်တယ်၊ “ထားလိုက်ပါ။ ကိုယ့်ဘာသာကိုယ်ပဲ သဘောပေါက်အောင် လုပ်လိုက်မယ်” လို့ပေါ့။ နှစ်ရက်သုံးရက်လောက်လွန်သွားပြီး ကျွန်မ နားမလည်တဲ့ အလုပ်ကဏ္ဍတချို့ကို ရှိနေတုန်းပဲ။ ကျွန်မ စိတ်ပူစပြုလာတယ်၊ အဲဒီအချိန်ကျမှပဲ ကျွန်မ ကျန်းချင်းကို မေးဖို့ ဝန်လေးခဲ့တာက ကိုယ့်သိက္ခာကို ကာကွယ်ပြီး ဟန်ဆောင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုပဲဆိုတာကို သဘောပေါက်သွားတော့တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေးမိတယ်။ “သင်သည် ဦးစွာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး အသင်းတော်၏ အလုပ်ကို ထည့်သွင်းစဉ်းစားသင့်သည်။ ဤအရာများကို ဦးစားပေး ထားရှိပါ၊ ထို့နောက်မှသာ သင်သည် သင်၏ အဆင့်အတန်း တည်ငြိမ်မှု သို့မဟုတ် အခြားသူများ သင့်ကို မည်သို့ သဘောထားသည်ကို စဉ်းစားနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ကိုယ့်သိက္ခာအတွက် အသက်မရှင်ချင်တော့ဘဲ ကျွန်မ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ ကျွန်မနားမလည်တဲ့ အပိုင်းတွေ၊ သဘောပေါက်ဖို့ခက်တဲ့ ပြဿနာတွေအတွက် ကျွန်မ ကျန်းချင်းဆီသွားပြီး မေးခဲ့တယ်။ သူ့ရဲ့မိတ်သဟာယဖွဲ့ပေးမှုကနေတစ်ဆင့် ကျွန်မ ရှေ့ဆက်ရမယ့်လမ်းကို တွေ့ခဲ့တယ်။ နောက်ပိုင်း ပူးပေါင်းဆောင်ရွက်တဲ့အခါမှာလည်း ကဏ္ဍတချို့ကို နားမလည်တဲ့၊ ကိုယ့်အလုပ်မှာ သွေဖည်တာတွေရှိတဲ့ အချိန်တွေ ရှိခဲ့ပြီး ကျွန်မက ကိုယ့်သိက္ခာအတွက် စကားတွေ ပြောချင်တာ၊ ကိုယ့်အားနည်းချက်တွေကို ဖုံးဖိချင်တာမျိုးတွေ တစ်ခါတလေ ရှိနေတုန်းပဲ။ ဒါပေမဲ့ ဘုရားသခင်က ရိုးသားတဲ့သူတွေကို သဘောကျပြီး လှည့်ဖြားတတ်တဲ့သူတွေကို စက်ဆုပ်ရွံရှာတယ်ဆိုတာကို သတိရလိုက်တဲ့အခါ၊ ကျွန်မ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေအတိုင်း ရိုးသားသောသူဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ ဒီလိုလုပ်မှပဲ ဟန်ဆောင်တာ၊ သူတော်ကောင်းယောင်ဆောင်တာနဲ့ဆိုင်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ကျွန်မ ဖယ်ရှားနိုင်မှာပါ။ ဒါကို တွေးမိတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပုန်ကန်ချင်ခဲ့တယ်၊ ကိုယ့်ရဲ့အားနည်းချက်တွေနဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ဖွင့်ဟချင်ခဲ့ပြီး ပြီးတော့ ကိုယ့်သိက္ခာကို ကာကွယ်တာနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေရဲ့ ဘောင်ခတ်တာ ဒါမှမဟုတ် ချည်နှောင်တာကို သိပ်မခံစားရတော့ဘူး။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့-  ၃၀။ ကျွန်ုပ်၏ ပြဿနာများကို ယခု ကျွန်ုပ် ရင်ဆိုင်ဝံ့ပြီ

နောက်တစ်ခုသို့-  ၃၂။ ခက်ခဲသော အချိန်ကာလများတွင် မိမိတာဝန်ကို စွဲစွဲမြဲမြဲ ထမ်းဆောင်ခြင်း

သက်ဆိုင်သည့် အကြောင်းအရာ

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၃၉။ သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စုအမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger