၂။ ၂၁ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ ခက်ခဲသော ဆုံးဖြတ်ချက်

လိလီ၊ တရုတ်ပြည်

ကျွန်မ ငယ်ငယ်တုန်းက အဖေနဲ့အမေက ပြောပြခဲ့ဖူးတယ်။ လူကို ဘုရားသခင်က ဖန်ဆင်းတာ၊ ဒါကြောင့်လူဆိုတာ ဖန်ဆင်းရှင်ကို ကိုးကွယ်ရင်း အသက်ရှင်သင့်တယ်တဲ့။ ကျွန်မ အသက်ကြီးလာတော့ စုဝေးပွဲတွေကို စတက်ခဲ့တယ်။ ၂၀၁၇ ခုနှစ်လောက်မှာ ကျွန်မအမေက အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တဲ့အပြင် နောင်တရဖို့ကို ခေါင်းမာမာနဲ့ ငြင်းဆန်တာကြောင့် အသင်းတော်ကနေ ဆိုးယုတ်တဲ့သူတစ်ယောက်အနေနဲ့ နှင်ထုတ်ခံခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ကျွန်မရဲ့ယုံကြည်ခြင်းအပေါ်မှာ သူက သိပ်ပြီးတော့ ထောက်ခံအားပေးတာမျိုး မရှိတော့ဘူး။ ၂၀၁၈ မှာ ကျွန်မ ကောလိပ်စတက်ခဲ့တယ်။ ကျွန်မ အိမ်ပြန်တဲ့အခါတိုင်း၊ အမေက ဖုန်းဆက်တဲ့အခါတိုင်းမှာ၊ သူက ကျွန်မကို စာကြိုးစားဖို့ အမြဲပြောပြီး ပညာရေးနဲ့ ဘဝအတွက် ဘာအစီအစဉ်တွေရှိလဲလို့ မေးလေ့ရှိတယ်။ ကျွန်မရဲ့ ဘုရားသခင်အပေါ် ယုံကြည်ခြင်းအကြောင်းကိုတော့ သူက ပြောလေ့ပြောထ မရှိသလောက်ပဲ။ အဲဒီအပြင် ကျွန်မကလည်း ပညာရေးနဲ့ အလုပ်ရှုပ်နေပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ချိန် နည်းပါးလာတော့ တဖြည်းဖြည်းနဲ့ ဘုရားသခင်နဲ့ ဝေးကွာသွားခဲ့တယ်။ ကျွန်မ မကြာခဏ ဟာတာတာနဲ့ ပင်ပန်းနွမ်းနယ်တယ်လို့ ခံစားခဲ့ရတယ်။

၂၀၂၀ ခုနှစ်၊ ဆောင်းရာသီကျောင်းပိတ်ရက်မှာ အိမ်ပြန်ရောက်နေတုန်း တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ “ဘုရားသခင်သည် လူတစ်ယောက်ချင်းစီ မွေးဖွားချိန်မှ ပစ္စုပ္ပန်အချိန်ထိ ဆယ်စုနှစ်များအတွင်း ၎င်းတို့အတွက် အဖိုးအခပေးဆပ်မှုတစ်ခုသာ လုပ်ဆောင်ခြင်းမဟုတ်ပေ။ ဘုရားသခင်မြင်သည့်ပုံစံမှာ သင်သည် ဤလောကသို့ အကြိမ်ရေ မရေမတွက်နိုင်အောင် ရောက်ရှိပြီးဖြစ်သည်။ အကြိမ်မရေမတွက်နိုင်အောင် လူပြန်ဝင်စားပြီးဖြစ်သည်။ ဤအရာကို မည်သူက ကြီးကြပ်ကွပ်ကဲသနည်း။ ဘုရားသခင်က ကြီးကြပ်ကွပ်ကဲပေသည်။ ဤအရာများကို သင်သိဖို့ မဖြစ်နိုင်ပေ။ ဤလောကသို့ သင်လာရောက်သော အချိန်တိုင်းတွင် ဘုရားသခင်ကိုယ်တိုင် သင့်အတွက် အစီအစဉ်များပြုလုပ်သည်။ သင်အသက်ရှင်မည့် နှစ်အရေအတွက်၊ သင်မွေးဖွားလာရမည့် မိသားစုအမျိုးအစား၊ သင်အိုးအိမ်ထူထောင်ပြီး အသက်မွေးအလုပ် တည်ဆောက်မည့်အချိန်အပြင် ဤလောကတွင် သင်လုပ်ဆောင်မည့်အရာနှင့် သင်အသက်မွေးမည့် နည်းလမ်းတို့ကိုပါ ဘုရားသခင်က စီစဉ်သည်။ ဤဘဝတွင် သင်၏ အထူးတာဝန်ကို နှောင့်နှေးခြင်းမရှိဘဲ ပြီးမြောက်နိုင်ရန်အလို့ငှာ ဘုရားသခင်သည် သင့်အတွက် ဝမ်းစာရှာဖို့ နည်းလမ်းကို စီစဉ်ပေးသည်။ သင်၏ နောက်တစ်ဖန် လူဝင်စားခြင်းတွင် သင်လုပ်ဆောင်သင့်သည့် အရာနှင့်ပတ်သက်လျှင်မူ သင့်တွင် ရှိသင့်သည့် အရာနှင့် သင့်အား ပေးသင့်သည့် အရာတို့နှင့်အညီ ဘုရားသခင်က ထိုဘဝကို စီစဉ်ပြီး သင့်အား ပေးအပ်သည်။...ဤအစီအစဉ်များကို သင့်အတွက် ကြိမ်ဖန်များစွာ ဘုရားသခင်ပြုလုပ်ပေးခဲ့၏။ ထို့နောက် အဆုံးတွင် သင်သည် နောက်ဆုံးသော ကာလဟူသည့် ခေတ်၌၊ သင်၏ လက်ရှိမိသားစုတွင် မွေးဖွားလာသည်။ ဘုရားသခင်သည် သူ့အား သင်ယုံကြည်နိုင်မည့် ပတ်ဝန်းကျင်ကို သင့်အတွက် စီစဉ်ပေးခဲ့သည်။ သူသည် သင့်အား သူ၏အသံကို ကြားခွင့်ပေးပြီး သူ့ရှေ့မှောက်သို့ ပြန်လာခွင့် ပေးခဲ့သည်။ ထိုသို့အားဖြင့် သင်သည် သူ့နောက်သို့ လိုက်နိုင်ရန်နှင့် သူ၏ အိမ်တော်တွင် တာဝန်ထမ်းဆောင်နိုင်ရန် ဖြစ်သည်။ ယနေ့အချိန်ထိ သင်ရှင်သန်ခဲ့သည်မှာ ဘုရားသခင်ထံမှ ဤသို့သော လမ်းပြမှုကြောင့်သာဖြစ်သည်။...လူဝင်စားသော ဝိညာဉ်တိုင်းအတွက် ဘုရားသခင်က အပြည့်အဝ တာဝန်ယူသည်။ သူသည် သူ၏အသက်နှင့် ရင်းကာ အဖိုးအခပေးပြီး လူတိုင်းကို လမ်းပြ၍ ၎င်းတို့၏ ဘဝအသီးသီးကို စီစဉ်ပေးလျက် အာရုံစူးစိုက်စွာ အလုပ်လုပ်သည်။ ဘုရားသခင်သည် လူသား၏ အကျိုးအတွက် ဤနည်းဖြင့် အပင်ပန်းခံပြီး အဖိုးအခပေးဆပ်သည်။ သူသည် ဤသမ္မာတရားများအားလုံးနှင့် ဤအသက်ကို လူအား ပေးအပ်သည်။ အကယ်၍ ဤနောက်ဆုံးနေ့ရက်များတွင် လူတို့သည် ဖန်ဆင်းခံတို့၏ တာဝန်ကို မထမ်းဆောင်လျှင်၊ ဖန်ဆင်းရှင်၏ ရှေ့မှောက်သို့ ပြန်မလာလျှင်၊ ဘဝပေါင်းမည်မျှနှင့် မျိုးဆက်ပေါင်းမည်မျှကို ၎င်းတို့ရှင်သန်လာခဲ့ပါစေ အကယ်၍ အဆုံးတွင် ၎င်းတို့၏ တာဝန်များကို ကောင်းစွာ မလုပ်ဘဲ ဘုရားသခင်၏ တောင်းဆိုချက်များကို မပြည့်မီနိုင်လျှင် ဘုရားသခင်အပေါ် တင်နေမည့် ၎င်းတို့၏ အကြွေးသည် ကြီးမားလွန်းမည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ပေးခဲ့သည့် အဖိုးအခအားလုံးနှင့် မထိုက်တန်ဘဲ ဖြစ်နေမည်မဟုတ်လော။ ၎င်းတို့သည် အသိတရား အလွန်တရာ ကင်းမဲ့နေမည်မှာ လူဟူ၍ပင် ခေါ်ဆိုခံထိုက်ကြမည် မဟုတ်။ ဘုရားသခင်အပေါ် ၎င်းတို့၏ အကြွေးသည် ကြီးမားလွန်းနေမည် ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် ဤဘဝတွင်၊ သင်၏ ယခင်က ဘဝများကို ငါပြောဆိုခြင်းမဟုတ်ဘဲ ဤဘဝတွင် သင်သည် သင်၏ အထူးတာဝန်အတွက် ရုပ်ဝတ္ထုဆိုင်ရာ သာယာမှုများအပြင် မိသားစု၏ ချစ်ခြင်းနှင့် ပျော်ရွှင်မှုကဲ့သို့သော သင်ချစ်သောအရာများ၊ သို့မဟုတ် ပြင်ပအရာများကို မစွန့်လွှတ်နိုင်လျှင်၊ သင့်အတွက် ဘုရားသခင်ပေးဆပ်သော အဖိုးအခများအလို့ငှာ၊ သို့မဟုတ် ဘုရားသခင်၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ရန်အလို့ငှာ ဇာတိပကတိ၏ သာယာမှုများကို မစွန့်လွှတ်လျှင် သင်သည် အမှန်တကယ်ပင် ကောက်ကျစ်ဆိုးယုတ်သည်။ စင်စစ်အားဖြင့် ဘုရားသခင်အတွက် သင်ပေးဆပ်သော မည်သည့်အဖိုးအခမဆို ထိုက်တန်သည်။ ဘုရားသခင်က သင့်ကိုယ်စား ပေးဆပ်သော အဖိုးအခနှင့် နှိုင်းယှဉ်လျှင် သင်ပေးဆပ်သည့်၊ သို့မဟုတ် အသုံးခံသည့် သေးငယ်လှသော ပမာဏက အဘယ်ပြောပလောက်သနည်း။ သင်အနည်းငယ် ဒုက္ခခံခြင်းက အဘယ်ပြောပလောက်သနည်း။ ဘုရားသခင်က မည်မျှ ဒုက္ခခံခဲ့သည်ကို သင်သိသလော။ ဘုရားသခင် ဒုက္ခခံခဲ့သည့်အရာနှင့် နှိုင်းယှဉ်လျှင် သင်ခံရသော ဒုက္ခအနည်းငယ်သည် ထုတ်ပြောဖို့ရန်ပင် မထိုက်တန်ပေ။ ထို့အပြင် ယခုတွင် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် သင်သည် သမ္မာတရားနှင့် အသက်ကို ရရှိနေသည်။ အဆုံးတွင် သင်သည် အသက်ရှင်ကျန်ရစ်မည်ဖြစ်ပြီး ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရလိမ့်မည်။ မည်မျှကြီးသော ကောင်းချီးဖြစ်သနည်း။ ဘုရားသခင်နောက်သို့ လိုက်စဉ်တွင် သင်ဒုက္ခခံသည်ဖြစ်စေ၊ အဖိုးအခပေးဆပ်သည်ဖြစ်စေ သင်သည် အမှန်တကယ်တွင် ဘုရားသခင်နှင့်အတူ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ ဘုရားသခင်က ငါတို့ကို မည်သည့်အရာ လုပ်ဆောင်ခိုင်းသည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များကို ငါတို့ နားထောင်သည်။ ထိုနှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်သည်။ ဘုရားသခင်ကို မပုန်ကန်နှင့် သို့မဟုတ် ဘုရားကို ဝမ်းနည်းစေမည့် မည်သည့်အရာကိုမျှ မလုပ်နှင့်။ ဘုရားနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် သင်သည် အနည်းငယ် ဒုက္ခခံရမည်။ အချို့သောအရာများကို စွန့်လွှတ်ပြီး ဘေးဖယ်ထားရမည်။ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ငွေကြေးနှင့် လောကီသာယာမှုများကို စွန့်လွှတ်ရမည်။ အိမ်ထောင်ရေး၊ အလုပ်အကိုင်နှင့် ကမ္ဘာလောကရှိ သင်၏ တက်လမ်းများကဲ့သို့သော အရာများကိုပင် စွန့်လွှတ်ဖို့ လိုသည်။ ဤအရာများကို သင် စွန့်လွှတ်ခဲ့ခြင်းရှိမရှိ ဘုရားသခင်သိသလော။ ဘုရားသခင်က ဤအရာအားလုံးကို မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) ဤအရာများကို သင် စွန့်လွှတ်ပြီးဖြစ်ကြောင်း ဘုရားသခင် မြင်သောအခါ မည်သည့်အရာကို သူလုပ်ဆောင်မည်နည်း။ (ဘုရားသခင်သည် စိတ်သက်သာရာရပြီး ပီတိဖြစ်ပါလိမ့်မည်။) ဘုရားသခင်က အားရပြီး ‘ငါ ပေးဆပ်ခဲ့သော အဖိုးအခများသည် အသီးအပွင့် ဖြစ်ထွန်းခဲ့ပြီ။ လူတို့သည် ငါနှင့်အတူ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိကြသည်။ ၎င်းတို့တွင် ဤစိတ်ခိုင်မာမှုရှိသည်။ ၎င်းတို့ကို ငါရရှိခဲ့လေပြီ’ ဟူ၍သာ ပြောဆိုမည်မဟုတ်။ ဘုရားသခင်က အားရသည်၊ ပျော်ရွှင်သည်ဖြစ်စေ၊ ကျေနပ်သည်၊ စိတ်အေးသည်ဖြစ်စေ ဘုရား၌ ထိုသဘောထားသာ ရှိခြင်းမဟုတ်ပေ။ သူသည် ပြုမူဆောင်ရွက်ခြင်းလည်း ရှိပြီး သူ၏ အမှုတော်က ရရှိသည့် ရလဒ်များကို မြင်လိုသည်။ ဤသို့မဟုတ်လျှင် လူတို့အပေါ် သူ တောင်းဆိုသောအရာသည် အဓိပ္ပာယ်မရှိ ဖြစ်လိမ့်မည်။ လူအပေါ် ဘုရားသခင် ပြသသော ကျေးဇူးတော်၊ ချစ်ခြင်း၊ သနားကရုဏာတို့သည် သဘောထားအမျိုးအစားတစ်ခုမျှသာ မဟုတ်ပေ။ အမှန်တရားလည်း ဖြစ်သည်။ မည်သည့်အမှန်တရားနည်း။ သင့်အတွင်းတွင် ဘုရားနှုတ်ကပတ်တော်များကို ဘုရားသခင်ထည့်သွင်းပေးပြီး သင့်အား ဉာဏ်ပွင့်စေသည်ဟူသည့် အချက်ပင်။ ထိုသို့အားဖြင့် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့်အရာက ချစ်ဖွယ်ဖြစ်ကြောင်း၊ ဤလောကသည် မည်သည့်အရာပင် ဖြစ်ကြောင်းတို့ကို သင်မြင်နိုင်ဖို့၊ သင်၏ စိတ်နှလုံးသည် အလင်းနှင့် ပြည့်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သင်နားလည်စေဖို့ဖြစ်သည်။ ဤနည်းအားဖြင့် မသိလိုက်ပါဘဲနှင့် သမ္မာတရားကို သင်ရရှိသည်။ ဘုရားသခင်သည် အလွန်စစ်မှန်သော နည်းဖြင့် သင့်အပေါ်တွင် များစွာအလုပ်လုပ်ကာ သင့်အား သမ္မာတရားကို ရရှိစေသည်။ သမ္မာတရားကို သင်ရရှိသောအခါ၊ ထာဝရအသက်ဟူသည့် တန်ဖိုးအရှိဆုံးအရာကို သင်ရရှိသောအခါ ဘုရားသခင်၏ ရည်ရွယ်ချက်များ ပြည့်စုံလေသည်။ လူတို့သည် သမ္မာတရားကို လိုက်စားနေပြီး ဘုရားနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိသည်ကို ဘုရားသခင်က မြင်သောအခါ ပျော်ရွှင်ကျေနပ်သည်။ ထိုအခါတွင် ဘုရား၌ သဘောထားတစ်ခု ရှိ၏။ ထိုသဘောထားရှိနေစဉ်တွင် ဘုရားသည် အလုပ်လုပ်ပြီး လူကို အသိအမှတ်ပြုကာ ကောင်းချီးပေးသည်။ ဘုရားက ‘သင်ထိုက်တန်သည့် ကောင်းချီးများနှင့် ငါသင့်ကို ဆုချီးမြှင့်မည်’ ဟု ပြောသည်။ ထို့နောက် သင်သည် သမ္မာတရားနှင့် အသက်ကို ရရှိပြီး ဖြစ်လိမ့်မည်။ သင်သည် ဖန်ဆင်းရှင်ကို သိကျွမ်းမှုရှိပြီး သူ၏ အသိအမှတ်ပြုခြင်းကို ရသည့်အခါ သင်၏ စိတ်နှလုံးတွင် ဗလာဖြစ်နေခြင်းကို ခံစားရဦးမည်လော။ ခံစားရမည်မဟုတ်ပေ။ သင်သည် ကျေနပ်လိမ့်မည်ဖြစ်ပြီး ဝမ်းမြောက်သည့်စိတ်ကို ခံစားရမည်။ လူတစ်ယောက်၏ ဘဝက တန်ဖိုးရှိသည်ဟု ဆိုရာ၌ ဤအရာကို ဆိုလိုခြင်းဖြစ်သည် မဟုတ်လော။ ဤသည်မှာ တန်ဖိုးအရှိဆုံးနှင့် အဓိပ္ပာယ်အရှိဆုံး ဘဝဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိဖို့ အဖိုးအခပေးဆပ်ခြင်းသည် အလွန်ပင် အရေးပါသည်) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မနားလည်ခဲ့တာကတော့ လူမှာရှိတဲ့အရာအားလုံးက ဘုရားသခင်ဆီက လာတာဖြစ်ပြီး၊ ဘုရားသခင်က စောင်မ၊ ကာကွယ်ပေးလို့သာ ကျွန်မတို့ ဒီနေ့အထိ အသက်ရှင်နေကြတာဖြစ်တယ်၊ လူတွေဟာ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်တွေကို ဖြည့်ဆည်းမှသာ အသိတရားရှိပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ဘဝကို အသက်ရှင်တယ်ဆိုတာပါပဲ။ နောက်ဆုံးသောကာလမှာ ကျွန်မ မွေးဖွားလာပြီး ဘုရားသခင်ရဲ့အသံတော်ကို ကြားခွင့်ရတာက ဘုရားသခင်က ခေတ်ကာလတွေမတိုင်ခင်ကတည်းက ကြိုတင်သတ်မှတ်ထားပြီးသားဖြစ်သလို၊ ကျွန်မ ဖြည့်ဆည်းသင့်တဲ့ တာဝန်တွေနဲ့ သာသနာလည်း ပါဝင်တယ်ပေါ့။ ကျွန်မက ငယ်ငယ်ကတည်းက အဖေအမေနောက်လိုက်ပြီး ယုံကြည်ခဲ့ပေမဲ့ တာဝန်တစ်ခါမှ မထမ်းဆောင်ခဲ့ဘူး။ ကောလိပ်ရောက်တော့ တာဝန်ထမ်းဆောင်ချင်ပေမဲ့လည်း ကိုယ့်ရဲ့ပညာရေးနဲ့ အနာဂတ်အလားအလာတွေကို လက်မလွှတ်နိုင်ခဲ့ဘူး။ စည်းမျဉ်းအရ စုဝေးပွဲတွေကို တက်နေခဲ့ရုံပဲရှိပြီး၊ ကျွန်မရဲ့စိတ်နှလုံးက ဘုရားသခင်နဲ့ ဝေးကွာနေခဲ့တယ်။ ပြန်တွေးကြည့်တော့ ကောလိပ်မှာ ကျွန်မ ပေါင်းသင်းခဲ့တဲ့လူတွေက အားလုံးနီးပါး ဘာသာတရားမရှိသူတွေဖြစ်ပြီး၊ အချိန်ကြာလာတာနဲ့အမျှ ကျွန်မလည်း ဆိုးယုတ်တဲ့ ရေပန်းစားမှုတွေ နောက်ကိုလိုက်ပြီး စားလိုက်၊ သောက်လိုက်၊ ပျော်ပါးလိုက်နဲ့ ဖြစ်လာခဲ့တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို စားသုံးချိန်က တဖြည်းဖြည်းနဲ့ ပိုနည်းလာတဲ့အပြင်၊ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားတတ်တဲ့သူတစ်ယောက်လည်း ဖြစ်လာခဲ့တယ်။ ဘုရားသခင်ကို မယုံကြည်တဲ့သူတွေနဲ့ ဘာမှမခြားတော့ဘူးပေါ့။ ညီအစ်ကိုမောင်နှမတွေရဲ့ မိတ်သဟာယကို ကျွန်မ သတိရမိတယ်။ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရင်း ဘုရားနှုတ်ကပတ်တော်ကို တွေ့ကြုံခံစားမှသာ သမ္မာတရားကို ရရှိနိုင်မယ်၊ အသက်တာမှာ ဆက်ပြီး ကြီးထွားနိုင်မယ်၊ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ရယူခြင်းကို ခံရမယ်ပေါ့။ ကျွန်မတို့သာ တာဝန်မထမ်းဆောင်ဘဲ လောကီရေစီးကြောင်းနောက်ကို လိုက်နေမယ်ဆိုရင် ကယ်တင်ခြင်းကို ဘယ်လိုများ ရနိုင်မှာလဲ။

အဲဒီနောက်မှာ မမျှော်လင့်ဘဲနဲ့ ဘုရားနှုတ်ကပတ်တော်ဓမ္မသီချင်းတစ်ပုဒ်ဖြစ်တဲ့ “ဆုံးရှုံးတဲ့အချိန်ကို ဘယ်တော့မှပြန်မရ” ကို ကြားခဲ့ရတယ်။ “နိုးထလော့၊ ညီအစ်ကိုတို့။ နိုးထလော့၊ ညီအစ်မတို့။ ငါ၏နေ့ရက်သည် ကြန့်ကြာလိမ့်မည်မဟုတ်။ အချိန်သည် အသက်ဖြစ်ပြီး၊ အချိန်ကို ပြန်လည်ရယူဖို့ ဆိုသည်မှာ အသက်ကို ကယ်တင်ဖို့ဖြစ်၏။ အချိန်သည် အလှမ်းမဝေးလှပေ။ အကယ်၍ သင်တို့သည် ကောလိပ် ဝင်ခွင့်စာမေးပွဲ ကျရှုံးပါက ယင်းကို တစ်ကြိမ်ပြီး တစ်ကြိမ် ပြန်လေ့လာနိုင်သည်။ သို့သော် ငါ၏နေ့ရက်သည် နောက်ထပ် ကြန့်ကြာလိမ့်မည်မဟုတ်။ အမှတ်ရကြလော့။ အမှတ်ရကြလော့။ ဤသည်တို့မှာ ငါ၏ ကြင်နာသော တိုက်တွန်းသည့် နှုတ်ကပတ်တော်များဖြစ်၏။ ကမ္ဘာကြီး၏ နိဂုံးသည် သင်တို့၏မျက်စိရှေ့တွင် ဖွင့်ဟပြီးဖြစ်ကာ ကြီးမားသော ကပ်ဘေးသည် မကြာမီ ရောက်လာတော့မည်။ မည်သည့်အရာ သာ၍ အရေးကြီးသနည်း။ သင်တို့၏ အသက်တာလော သို့မဟုတ် သင်တို့၏အိပ်စက်ခြင်း၊ သင်တို့၏အစားအသောက်နှင့် အဝတ်အစားတို့လော။ ဤအရာများကို ချိန်ဆရန် သင့်အတွက် အချိန်ကျရောက်လာလေပြီ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၀)) ဒီဓမ္မသီချင်းကိုကြားပြီးနောက်မှာ တာဝန်ထမ်းဆောင်ဖို့ ကျွန်မမှာ အချိန်အများကြီး မကျန်တော့ဘူးဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေတုန်းကဆိုရင်၊ ကျရှုံးခဲ့ရင် ကျောင်းမှာ နောက်တစ်နှစ်ဆက်နေပြီး စာမေးပွဲတွေ ပြန်ဖြေလို့ရသေးတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရဖို့ အခွင့်အရေးက တစ်ကြိမ်ပဲရှိပြီး၊ ကျွန်မတို့သာ လက်လွှတ်သွားခဲ့ရင် ထာဝရ သွားပြီပဲ။ ကပ်ရောဂါက ဘယ်လောက်တောင် ပြင်းထန်သလဲ၊ ဘုရားသခင်ရဲ့ စောင့်ရှောက်ကာကွယ်မှုသာမရှိရင် ကျွန်မတို့ အချိန်မရွေး သေသွားနိုင်တယ်ဆိုတာကိုလည်း ကျွန်မ စဉ်းစားမိတယ်။ ဒီကပ်ရောဂါက ကျွန်မတို့ကို ဘုရားသခင်က သတိပေးတဲ့နည်းလမ်းတစ်ခုလို့ ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မက နှစ်ပေါင်းများစွာ လောကီရေစီးကြောင်းနောက်ကိုလိုက်ပြီး အချိန်တွေအများကြီးကို ဖြုန်းတီးခဲ့တယ်၊ တာဝန်ထမ်းဆောင်ပြီး သမ္မာတရားကို ရရှိဖို့ အခွင့်အရေးတွေအများကြီးကို လွဲချော်ခဲ့တယ်။ အခုတော့ နောက်ထပ်အခွင့်အရေးတွေကို လက်လွှတ်မခံချင်တော့ဘူး။ ဒီတန်ဖိုးရှိတဲ့အချိန်ကိုအသုံးချပြီးတော့ တာဝန်တွေပိုထမ်းဆောင်ပြီး ကောင်းမှုတွေ ပြင်ဆင်မထားဘူးဆိုရင်၊ ကပ်ဘေးထဲမှာ ပါသွားပြီး နောင်တရလို့လည်း အချိန်မီတော့မှာ မဟုတ်ဘူး။ အခုဆိုရင် တာဝန်ထမ်းဆောင်ဖို့ ကျွန်မရဲ့စိတ်က ပိုပြီးတော့တောင် စိတ်အားထက်သန်လာခဲ့တယ်၊ ကပ်ရောဂါကြောင့် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ ပြီးသွားတဲ့အခါမှာတော့ လူသစ်တွေကို ရေလောင်းတဲ့တာဝန်ကို စပြီးထမ်းဆောင်ခဲ့တယ်။

ကပ်ရောဂါက ရှိနေတုန်းပဲမို့၊ ကျွန်မက အွန်လိုင်းကနေ စာသင်နေရပြီး၊ သင်တန်းတွေကလည်း သိပ်မများတော့၊ စာသင်ရင်းနဲ့ တာဝန်ကိုပါ တစ်ပြိုင်တည်း ထမ်းဆောင်နိုင်ခဲ့တယ်။ ဒါက ကျွန်မအမေကို စိတ်မချမ်းမြေ့ဖြစ်စေလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး၊ ဘာလို့လဲဆိုတော့ သူက ကျွန်မကို အားလပ်ချိန်မှာ အချိန်ပိုင်းအလုပ်တစ်ခု ရှာစေချင်ခဲ့လို့ပဲ။ တစ်ညမှာတော့ သူက ကျွန်မကို ဒေါသတကြီးနဲ့ မေးတယ်၊ “နင့်ကို အလုပ်ရှာဖို့ ငါပြောထားတယ်၊ ဒီတော့ အဲဒီအကြောင်းကို နင် ဘယ်လိုစဉ်းစားထားလဲ” တဲ့။ ကျွန်မက ပြောတယ်၊ “သမီးအစီအစဉ်က တာဝန်ကိုပဲ ဆက်ပြီး ထမ်းဆောင်သွားဖို့ပဲ။” ပေါ့။ သူက အရမ်းကို ဒေါသထွက်ပြီး ပြောတယ်၊ “နင့်ကို တာဝန်မထမ်းဆောင်နဲ့လို့ ငါပြောနေတာ မဟုတ်ဘူး။ အလုပ်လုပ်ရင်းနဲ့ တာဝန်ထမ်းဆောင်လို့ရတာပဲ။ နင့်ရဲ့ယုံကြည်ခြင်းကို သိပ်အလေးအနက်မထားပါနဲ့။ နင့် ငါ့လိုမဖြစ်စေနဲ့။ ငါက အရာအားလုံးကို စွန့်လွှတ်ခဲ့ပြီး နောက်ဆုံးတော့ ရှင်းလင်းဖယ်ရှားခံခဲ့ရတာ” တဲ့။ ကျွန်မ စိတ်ထဲမှာ တွေးလိုက်တယ်၊ “လောကကိုလည်း ကိုင်ထားရင်း ဘုရားသခင်ကိုလည်း ယုံကြည်တယ်ဆိုတာက လှေနံနှစ်ဖက်နင်းဖို့ ကြိုးစားနေတာ မဟုတ်လား။ ဒါက ဘုရားသခင်အပေါ် ရိုးသားတဲ့ယုံကြည်ခြင်းမှ မဟုတ်တာ။ ပြီးတော့၊ အမေက အလုပ်နဲ့ မိသားစုကို စွန့်လွှတ်ခဲ့တာနဲ့ အမေ ရှင်းလင်းဖယ်ရှားခံရတာက သပ်သပ်စီပဲ။ အမေက မကောင်းမှုတွေ အမျိုးမျိုးလုပ်ပြီး နောင်တမရလို့ ရှင်းလင်းဖယ်ရှားခံခဲ့ရတာ” ပေါ့။ ဒါကြောင့် ကျွန်မအမေကို ကျွန်မ ပြန်ပြောလိုက်တယ်၊ “သမီး အခု စာသင်နေတာ၊ အလုပ်ပါထပ်လုပ်ရမယ်ဆိုရင် တာဝန်ထမ်းဆောင်ဖို့ အချိန်ဘယ်လိုလုပ်ရှိတော့မှာလဲ။ သမီး အလုပ်မလုပ်ဘူး” ဆိုပြီးတော့။ ကျွန်မအမေက ကျွန်မကို ဆူပူကြိမ်းမောင်းပြီး ပြောတယ်၊ “ငါပြောတာကို နင် ဘာမှနားမထောင်တော့ဘူးဆိုတာ ငါသိတယ်။ ငါက နင့်အတွက် အကောင်းဆုံးကိုပဲ လိုလားတာဆိုတာ နင်မမြင်ဘူးလား” တဲ့။ ကျွန်မကလည်း ပြောတယ်၊ “တခြားကိစ္စတွေအားလုံးမှာ သမီး အမေ့စကားနားထောင်ပါ့မယ်။ ဒါတော့ မရဘူး”ပေါ့။ သူက အရမ်းဒေါသထွက်သွားပြီး ကျွန်မရဲ့ လက်ပ်တော့ပ်ကို ကောက်ပြီး ရိုက်ခွဲပစ်လိုက်တယ်။ ကျွန်မ အရမ်းကို မတရားခံရတယ်လို့ ခံစားခဲ့ရပြီး သူ ဘာလို့ဒီလောက်တောင် ဒေါသပေါက်ကွဲသွားရလဲဆိုတာကို နားမလည်နိုင်ခဲ့ဘူး။ အဲဒီနောက်ပိုင်းမှာ ကျွန်မ စုဝေးပွဲသွားဖို့ဖြစ်ဖြစ်၊ တာဝန်ထမ်းဆောင်ဖို့ဖြစ်ဖြစ် အပြင်ထွက်တော့မယ့်အချိန်တိုင်း၊ သူက ကျွန်မကို အိမ်အလုပ်တွေခိုင်းတယ်။ တစ်ခါတလေ ကျွန်မ အရေးတကြီး အပြင်ထွက်ရတော့မယ်ဆိုရင် သူက ကျွန်မအပေါ် ဒေါသထွက်ပြီး ဆဲဆိုကြိမ်းမောင်းတယ်။

တစ်နေ့မှာ၊ သူက ကျွန်မကို “နင့်အနာဂတ်အတွက် ဘာအစီအစဉ်တွေရှိလဲ” လို့မေးတယ်။ ကျွန်မက “သမီး ဘုရားရဲ့အိမ်တော်မှာ တာဝန်ထမ်းဆောင်ဖို့ ဆုံးဖြတ်ပြီးသွားပြီ” လို့ ပြန်ဖြေလိုက်တယ်။ ကျွန်မက တာဝန်ကို ဦးစားပေးနေမှန်း သူသိသွားတော့ မျက်နှာထားတင်းတင်းနဲ့ ကျွန်မကို ပြောတယ်၊ “နင့်ကို ဒီလောက်အကြာကြီး ငါမွေးမြူခဲ့ရတာ ဘာအကျိုးအမြတ်မှမရှိဘူး။ နင့်ကိုမွေးမယ့်အစား ခွေးတစ်ကောင်မွေးလိုက်တာကမှ တော်ဦးမယ်။ အဲဒီခွေးကို ငါ အစာကျွေးရင်တောင် ငါ့ကို အမြီးလေးတော့ နန့်ပြသေးတယ်။ နင့်အတွက် ငါ ဒီလောက်အားထုတ်ခဲ့ရတာ အပြန်အလှန်အနေနဲ့ ငါဘာရခဲ့လဲ။ သွားစမ်း။ နင် ကြိုက်တဲ့နေရာကို သွား။ ငါတို့အိမ်မှာ ကပ်စားမဲ့သူတွေကို မလိုချင်ဘူး” တဲ့။ ဒီစကားကိုကြားတော့ ကျွန်မ မှင်သက်သွားပြီး စိတ်ထဲမှာတွေးမိတယ်၊ “သမီးက ဘုရားသခင်ကို ယုံကြည်ရုံသက်သက်ပဲ။ မကောင်းတာ ဘာမှမလုပ်ခဲ့ဘဲနဲ့ အမေက သမီးကို ကန်ထုတ်ချင်နေတာလား” ပေါ့။ ကျွန်မအမေက ဆက်ပြောတယ်၊ “နင်သာ နင့်ယုံကြည်ခြင်းနဲ့ တာဝန်ထမ်းဆောင်မှုကို ဆက်ပြီးစွဲကိုင်ထားမယ်ဆိုရင် ဒီမိသားစု ပြိုကွဲသွားမယ်။ ဒီနေ့ကစပြီး ငါ့မှာ သမီးဆိုတာ ရှိမှာမဟုတ်တော့ဘူး၊ နင့်မှာလည်း အမေဆိုတာ ရှိမှာမဟုတ်တော့ဘူး။ နင့်ကိုမွေးရတာ အလကားဖြစ်သွားမှာပဲ” တဲ့။ သူဒီလိုပြောတော့ ကျွန်မ အရမ်းကို နာကျင်ပြီး မတရားခံရတယ်လို့ ခံစားခဲ့ရတယ်၊ ပြီးတော့ ကျွန်မ စိတ်ထဲမှာ တွေးမိတယ်၊ “ငါ့အမေက အရင်က ဘုရားသခင်ကို ယုံကြည်ခဲ့ဖူးတာ၊ သူ ငါ့ကို ထောက်ခံအားပေးသင့်တာမဟုတ်ဘူးလား။ ဘာလို့ ငါ့ကို ဟန့်တားနေရတာလဲ” ပေါ့။ ကျွန်မရှေ့မှာ ရွေးချယ်စရာ လမ်းနှစ်သွယ်ရှိနေသလို ခံစားခဲ့ရတယ်။ တစ်လမ်းက ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်တဲ့လမ်း၊ အဲဒါကတော့ အမေနဲ့ ဆက်ဆံရေးကို အဆုံးသတ်ရမဲ့ သဘောပဲ။ နောက်တစ်လမ်းကတော့ ကိုယ့်ရဲ့ချစ်ခင်တွယ်တာမှုကို ဖြည့်ဆည်းပေးတဲ့လမ်း၊ အဲဒါကတော့ ဘုရားကို သစ္စာဖောက်ပြီး တာဝန်ကို ဆက်မထမ်းဆောင်နိုင်တော့မဲ့ သဘောပဲ။ ရွေးချယ်မှုတစ်ခုလုပ်ရတော့မဲ့အချိန်မှာ ကျွန်မရဲ့နှလုံးသားက နှစ်ခြမ်းကွဲသွားသလို ခံစားခဲ့ရတယ်။ ကျွန်မအမေအပေါ်မှာ ကျွန်မ အရမ်းကို ချစ်ခင်တွယ်တာမှုရှိခဲ့တယ်။ တစ်သက်လုံး သူက ကျွန်မကို အရမ်းချစ်ခဲ့တာ။ သူက အစားကောင်းတွေ မစားဘဲ၊ အဝတ်အစားသစ်တွေ မဝတ်ဘဲနေခဲ့ပြီး ကျွန်မအတွက် အကောင်းဆုံးတွေကိုပဲ ချန်ထားပေးခဲ့တယ်။ သူက ကျွန်မအတွက် အရေးကြီးဆုံးလူပဲ။ ဒါပေမဲ့ ဘုရားသခင်ကိုလည်း ကျွန်မ စွန့်ခွာလို့မဖြစ်ဘူးလေ။ ဘုရားသခင်က ကျွန်မကို အသက်ပေးခဲ့တာ။ ကျွန်မရဲ့အသက်ရှုခြင်းကို ဘုရားသခင်က ပေးသနားခဲ့တာ၊ ကြီးပြင်းလာတဲ့တစ်လျှောက်လုံး ကျွန်မကို စောင့်ရှောက်ကာကွယ်ပေးခဲ့တာလည်း ဘုရားသခင်ပဲ။ ကျွန်မရဲ့ကျန်းမာရေးက ဘယ်တုန်းကမှ မကောင်းခဲ့ဘူး၊ မကြာခဏဆိုသလို နေမကောင်းဖြစ်တတ်တယ်။ ဘုရားသခင်ရဲ့ စောင့်ရှောက်ကာကွယ်မှုသာမရှိရင်၊ ကျွန်မက ဟိုးအရင်ကတည်းက သေသွားလောက်ပြီ၊ ဒီနေ့ ကျွန်မရှိနေမှာတောင် မဟုတ်ဘူး။ ငါ့အမေကို ထားခဲ့ရင် အနည်းဆုံးတော့ ငါ အသက်ရှင်နိုင်သေးတယ်။ ဒါပေမဲ့ ဘုရားသခင်ကိုသာ ငါ စွန့်ခွာခဲ့ရင် လမ်းလျှောက်နေတဲ့ အလောင်းကောင်ဖြစ်သွားမှာ မဟုတ်ဘူးလား။ ဒါဆိုရင် ဘဝက ဘာအဓိပ္ပာယ်ရှိမှာလဲ။ ဘုရားသခင်ကို ယုံကြည်ဖို့ ရွေးချယ်ရမယ်ဆိုတာကို ကျွန်မသိတယ်။ ဒါပေမဲ့ အဲဒီလိုသာ ရွေးချယ်လိုက်ရင် အနာဂတ်မှာ ကျွန်မမှာ အမေမရှိတော့ဘူး မဟုတ်လား။ ကျွန်မရဲ့ နွေးထွေးချိုမြိန်တဲ့မိသားစုလေးလည်း ပျောက်ကွယ်သွားမှာပဲ။ ကျွန်မအမေဆီက ဖိအားတွေ အရမ်းခံနေရသလို ခံစားရတယ်။ ဘာလို့ တစ်ခု မဟုတ်ရင် တခြားတစ်ခု ဖြစ်ရမှာလဲ။ ဘာလို့ ဒီလိုရွေးချယ်မှုမျိုးကို လုပ်ရမှာလဲ။ အဲဒီအချိန်မှာ အရင်က ကျွန်မဖတ်ခဲ့ဖူးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းတွင် အပြင်ပန်းအားဖြင့် ယင်းသည် လူ့စီစဉ်မှုများမှ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းမှ ဖြစ်ပေါ်လာသည့်အလား လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ သို့သော်လည်း လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတို့အနေဖြင့် ဘုရားသခင်အတွက် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စစ်ကြောခံရသည့်အချိန်ကို ဥပမာ ကြည့်လော့။ နောက်ကွယ်တွင် စာတန်က ဘုရားသခင်နှင့် လောင်းကြေးတင်နေခဲ့ခြင်း ဖြစ်၏။ ပြီးလျှင် ယောဘအပေါ်တွင် ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုများဖြစ်ပြီး လူသားတို့၏ နှောင့်ယှက်မှု ဖြစ်သည်။ သင်တို့အပေါ် ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်ရှိ အားလုံးက တိုက်ပွဲပင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်အောင် ကူညီပေးခဲ့တယ်။ အပေါ်ယံမှာတော့ အမေက ကျွန်မကို ဖိအားပေးပြီး ရွေးချယ်ခိုင်းနေပုံရပေမဲ့၊ ဒီအရာအားလုံးရဲ့ နောက်ကွယ်မှာ ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုရှိနေခဲ့တယ်။ ဒါဟာ စာတန်ရဲ့ စုံစမ်းသွေးဆောင်မှုလည်း ဖြစ်တယ်။ စာတန်က ကျွန်မရဲ့ အားအနည်းဆုံးနေရာကို သိတော့ ချစ်ခင်တွယ်တာမှုကို အသုံးချပြီး ကျွန်မကို ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့ ဖိအားပေးခဲ့တာ။ ကျွန်မသာ အမေနောက်လိုက်ပြီး၊ ယုံကြည်ခြင်းနဲ့ တာဝန်ကို စွန့်လွှတ်ခဲ့မယ်ဆိုရင်၊ စာတန်ရဲ့ကျော့ကွင်းမိပြီး ကယ်တင်ခြင်းရဖို့ အခွင့်အရေးကိုလည်း ဆုံးရှုံးသွားမှာပဲ။ ကျွန်မ အိမ်ကနေ နှင်ထုတ်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ ချစ်ခင်တွယ်တာမှုအတွက်နဲ့တော့ ဘုရားသခင်ကို သစ္စာဖောက်ပြီး တာဝန်ကို စွန့်လွှတ်လို့မဖြစ်ဘူး။ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်သည် ဘုရားသခင်ကို ကျေနပ်စေရန် သင်ချစ်သည့်အရာကို စွန့်လွှတ်ရခြင်း၏ ဝေဒနာကို သည်းခံလိုစိတ်ရှိရမည်ဖြစ်ပြီး ခါးသီးစွာ ငိုကြွေးလိုစိတ်ရှိရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်းနှင့် စစ်မှန်သော ယုံကြည်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ကျွန်မရဲ့စိတ်နှလုံးက ခွန်အားတွေ ပြန်ရလာခဲ့တယ်။ အနာဂတ်မှာ ဘာပဲကြုံရပါစေ၊ ဆက်လျှောက်လှမ်းနိုင်ဖို့ ဘုရားသခင်ကို အားကိုးမယ်။ ဒါကြောင့် ကျွန်မအမေကို ပြောလိုက်တယ်၊ “သမီးက ဒီမိသားစုကို အမြဲတမ်းလိုချင်ခဲ့တာပါ၊ အမေနဲ့အဖေကိုလည်း အမြဲတမ်းလိုချင်ခဲ့တာပါ။ သမီး အစားနည်းနည်းပဲစားပြီး၊ အသုံးစရိတ်လျှော့သုံးပြီးတော့ အမေတို့အတွက် သမီးကောင်းတစ်ယောက်ပဲ ဖြစ်ချင်ပါတယ်။ အမေတို့ရဲ့ တောင်းဆိုချက်တွေကို မဖြည့်ဆည်းပေးနိုင်ခဲ့ရင်၊ အဲဒါက သမီးရဲ့စွမ်းဆောင်နိုင်ရည် မရှိလို့ပါပဲ။ သမီး ဒီလောက်ပဲတတ်နိုင်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်တာက မှန်ကန်တဲ့လမ်းကြောင်းမို့လို့ သမီး စွန့်လွှတ်လို့မဖြစ်ဘူး” ဆိုပြီးတော့။ ကျွန်မအမေက အရမ်းကို ဒေါသထွက်သွားပြီး နောက်ပိုင်းမှာ အိမ်ကနေထွက်ပြီး တခြားနေရာမှာ အိမ်ငှားနေခဲ့တယ်။

ကျွန်မအမေက တစ်ခါတလေမှာ စကားစမြည်ပြောဖို့အတွက် သူငှားထားတဲ့အိမ်ဆီကို ကျွန်မကို ခေါ်လေ့ရှိတယ်။ တစ်ခါမှာတော့ သူက ကျွန်မကို ပြောတယ်၊ “နင့်အဖေ ကျန်းမာရေးမကောင်းဘူး။ နင် သူ့အတွက် စဉ်းစားပေးရမယ်။ တစ်နေ့နေ့မှာ သူ နေမကောင်းဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ ဘုရားသခင်ကို မယုံကြည်နဲ့လို့ နင့်ကို ငါ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ လီယန်နဲ့ ဝမ်မေတို့လည်း ဘုရားသခင်ကို ယုံကြည်ရင်းနဲ့ အလုပ်လုပ်နေကြတာပဲ မဟုတ်ဘူးလား။ ယုံကြည်ခြင်းကို အလေးအနက် မထားလွန်းရဘူး။ နင့်ကို အလုပ်ရှာခိုင်းတာက နင့်အနာဂတ်အတွက် စဉ်းစားပေးနေတာ မဟုတ်ဘူးလား” တဲ့။ အဲဒီအချိန်မှာ ကျွန်မ အရမ်းစိတ်မကောင်းဖြစ်သွားတယ်။ ကျွန်မအဖေရဲ့ ကျန်းမာရေးက တကယ်ပဲ သုံးလေးနှစ်လောက် မကောင်းခဲ့ဘူး။ သူသာ တကယ်နေမကောင်းဖြစ်လာခဲ့ရင်၊ သမီးတစ်ယောက်အနေနဲ့ ကူညီဖို့ ပိုက်ဆံမရှိဘဲ ဘယ်လိုလုပ်ရမလဲ။ ကျွန်မ စဉ်းစားလေလေ၊ စိတ်မချမ်းမြေ့ဖြစ်လေလေပဲ။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို အဆက်မပြတ်ဆုတောင်းမိတယ်၊ “အို ဘုရားသခင်၊ စာတန်ရဲ့ ကျော့ကွင်းတွေကနေ သမီးကို ကာကွယ်ပေးပါ။ ကိုယ်တော့်ကို သမီး စိတ်ကျေနပ်စေချင်ပါတယ်၊ ဒါပေမဲ့ သမီး အားနည်းပါတယ်။ ဒီလို ဝိုင်းဝန်းဖိအားပေးမှုအောက်မှာ သမီး ကြာကြာဆက်ပြီး မခံနိုင်တော့ဘူး။ စာတန်ရဲ့ အကြံအစည်တွေကို ထိုးထွင်းသိမြင်ပြီး ကိုယ်တော့်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ယုံကြည်ခြင်းကို ပေးသနားတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တွေ စိတ်ထဲမှာ ပေါ်လာခဲ့တယ်။ “၎င်းတို့ကို ငါ၏ လက်ထဲသို့ သင်အဘယ်ကြောင့် မအပ်နှံသနည်း။ ငါ့ကို သင် ယုံကြည်ကိုးစားခြင်း မရှိသလော။ ထိုသို့မဟုတ်လျှင် ငါသည် သင့်အတွက် မဆီလျော်သော စီစဉ်ပြင်ဆင်မှုများကို ပြုလိမ့်မည်ဟူ၍ သင်စိုးရိမ်သောကြောင့် ဖြစ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၉)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့စိတ်နှလုံးထဲကို ရုတ်တရက် အလင်းဆောင်ကြဉ်းပေးခဲ့တယ်။ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲထားပြီး၊ ကျွန်မတို့ရဲ့ အသက်နဲ့ သေခြင်းတွေကိုလည်း ထိန်းချုပ်ထားတယ်။ ဒီထက်တောင်ပိုတာက၊ လူတစ်ယောက် နေမကောင်းဖြစ်ခြင်း၊ မဖြစ်ခြင်းအပေါ်မှာ ကိုယ်တော်က အချုပ်အခြာအာဏာရှိတာ မဟုတ်ဘူးလား။ ကျွန်မအဖေ အနာဂတ်မှာ နေမကောင်းဖြစ်မလား၊ မဖြစ်ဘူးလား၊ သူ့ကျန်းမာရေး ဘယ်လိုရှိမလဲဆိုတာတွေက ကျွန်မ ထိန်းချုပ်နိုင်တဲ့အရာတွေ မဟုတ်ဘူး။ သူ့ကို ဘုရားသခင်ရဲ့လက်ထဲ အပ်နှံပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံသင့်တယ်။ ကျွန်မအမေက စာတန်ရဲ့ အစေခံဖြစ်နေပြီဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ မာတဲ့နည်းနဲ့မရတော့ သူက နူးညံ့တဲ့နည်းပြောင်းသုံးပြီး၊ နည်းလမ်းမျိုးစုံနဲ့ ကျွန်မကို သွေးဆောင်ဖြားယောင်းပြီး ဘုရားသခင်ကို သစ္စာဖောက်အောင် လုပ်နေခဲ့တာပဲ။ ဒါကြောင့် ကျွန်မအမေကို ပြောလိုက်တယ်၊ “သမီးက အရွယ်ရောက်နေပြီ။ ကိုယ့်ဘာသာတွေးခေါ်နိုင်တယ်၊ ကိုယ့်ဘာသာ ရွေးချယ်နိုင်တယ်။ ဘုရားသခင်ကို ယုံကြည်ဖို့ သမီး စိတ်ပိုင်းဖြတ်ပြီးသား။ သမီးရဲ့ ယုံကြည်ခြင်းက ဘုရားကို အသိအမှတ်ပြုတယ်လို့ ပြောပြီး စိတ်နှလုံးထဲမှာ သူ့ကို ယုံကြည်တာသက်သက်ထက် ပိုပါတယ်။ တာဝန်မထမ်းဆောင်ဘဲနဲ့ ဘုရားသခင်ကို ယုံကြည်တယ်လို့ တကယ်ပြောလို့ရမလား။ အမေပြောတဲ့လူတွေ ဘယ်လိုယုံကြည်လဲဆိုတာကို သမီး ဂရုမစိုက်ဘူး။ သူတို့က ပျက်ဆီးခြင်းလမ်းကို သွားနေရင် သမီးကပါ သူတို့နောက်လိုက်ရမှာလား။ သမီးက အသိတရားမရှိတာ မဟုတ်ဘူး။ အသိတရားရှိလို့ပဲ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူးဆိုတာကို သမီးသိတာ...” ဆိုပြီးတော့။ အဲဒါကိုကြားတော့ ကျွန်မအမေ နှုတ်ဆိတ်သွားတယ်။ အဲဒီစကားတွေကို ကျွန်မ ပြောနိုင်ခဲ့တာမဟုတ်မှန်း ကျွန်မသိတယ်။ စာတန်ရဲ့ အကြံအစည်တွေကို တန်ပြန်ဖို့ ဘုရားသခင်က ကျွန်မကို လမ်းပြပေးခဲ့တာပဲ။

ဒါပေမဲ့ အိမ်အပြန်လမ်းမှာတော့ ကျွန်မစိတ်ထဲမှာ တကယ်ကို မကောင်းဖြစ်နေတုန်းပဲ။ ကျွန်မအမေက ကျွန်မကို အကြိမ်ကြိမ်အခါခါ စကားပြောခဲ့တယ်။ သူ ဘာလို့ ကျွန်မအပေါ် အမြဲဒီလိုဖြစ်နေရလဲဆိုတာ၊ ဘာလို့ ယုံကြည်ခြင်းနဲ့ မိဘတွေကြားမှာ အမြဲတမ်း ရွေးချယ်ခိုင်းနေရသလဲဆိုတာကို ကျွန်မ နားမလည်ခဲ့ဘူး။ ဒီလိုနေ့တွေက ဘယ်တော့မှ အဆုံးသတ်မှာလဲ။ ဒီလိုမျိုးတွေကို ကျွန်မ တကယ် မကြုံတွေ့ချင်တော့ဘူး။ လမ်းလျှောက်နေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေးမိတယ်။ “လူသားကိုစစ်ဆေးရန် ဘုရားသခင်အမှုပြုသည့်အခါ၊ လူသားက ဒုက္ခခံရသည်။ လူတစ်ဦး၏ စစ်ဆေးခံရခြင်း ကြီးမားလေလေ၊ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးကို ပို၍ ပိုင်ဆိုင်လေဖြစ်မည်ဖြစ်ပြီး သူ့အထဲတွင် ဘုရားသခင်၏တန်ခိုး ထုတ်ဖော် ခံရလေလေ ဖြစ်မည်။ ဆန့်ကျင်ဘက်အနေဖြင့် လူတစ်ဦးက စစ်ဆေးခံရမှု ရရှိခြင်း နည်းလေလေ ဘုရားသခင်ကို ချစ်သော စိတ်နှလုံး ပိုင်ဆိုင်ခြင်း ပို၍နည်းလေလေဖြစ်ပြီး သူ့အထဲတွင် ဘုရားသခင်၏တန်ခိုး ထုတ်ဖော်ခံရမှု နည်းလေလေ ဖြစ်မည်။ ထိုကဲ့သို့သောသူတစ်ဦး၏ စစ်ဆေးခံရခြင်းနှင့် ဝေဒနာ ကြီးမားပြီး ညှဉ်းဆဲခြင်းကို သူတွေ့ကြုံရလေလေ၊ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း နက်ရှိုင်းလေလေဖြစ်ကာ၊ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းက စစ်မှန်လေလေ ဖြစ်လာပြီး ဘုရားသခင်အပေါ် သူ၏ သိကျွမ်းခြင်းက နက်ရှိုင်းလေလေ ဖြစ်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဒီဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို လမ်းလျှောက်ရင်းနဲ့ ကျွန်မ ဆင်ခြင်သုံးသပ်နေမိပြီး၊ သတိမထားမိခင်မှာပဲ ကျွန်မရဲ့စိတ်နှလုံးက ခွန်အားတွေနဲ့ ပြည့်လာခဲ့တယ်။ အခု ကျွန်မက ယုံကြည်ခြင်းလမ်းကြောင်းကို ရွေးချယ်ခဲ့လို့ပဲ စာတန်က ကျွန်မကို ဟန့်တားဖို့ ကြိုးစားနေတာ။ ကျွန်မသာ ဘုရားသခင်ကို မယုံကြည်ဘဲ တာဝန်ထမ်းဆောင်ဖို့ မရွေးချယ်ခဲ့ဘူးဆိုရင်၊ ဒီလိုနည်းနဲ့ စစ်ဆေးခံနေရမှာ မဟုတ်ဘူး။ ဘုရားသခင်ကို ယုံကြည်လို့ မိသားစုရဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဟန့်တားမှုတွေကို ခံနေရတဲ့ ညီအစ်ကိုမောင်နှမတွေအများကြီးအကြောင်းကို ကျွန်မ တွေးမိတယ်၊ ဒါပေမဲ့ သူတို့က သူတို့ရဲ့ယုံကြည်ခြင်း ဒါမှမဟုတ် တာဝန်ကို ဘယ်တော့မှ မစွန့်လွှတ်ခဲ့ကြဘူး။ အဲဒီအစား သူတို့က ဘုရားသခင်ကို ဆုတောင်းပြီး၊ သူတို့ရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ကိုယ်တော့်ကို အားကိုးခဲ့ကြတယ်။ အခုဆိုရင် ကျွန်မက ဘုရားသခင်နောက်ကိုလိုက်ပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့ပြီးပြီ။ စာတန်က ကျွန်မကို အလွယ်တကူ လက်လွှတ်မှာမဟုတ်တာ သေချာတယ်၊ ဒါကြောင့် ကျွန်မအမေကနေတစ်ဆင့် အဆက်မပြတ် ညှဉ်းပန်းနှိပ်စက်ပြီး ဘုရားသခင်ကို ကျွန်မ ရှောင်ဖယ်သွားအောင် ကြိုးစားနေခဲ့တာ။ ဘုရားသခင်ကလည်း ဒီညှဉ်းပန်းနှိပ်စက်မှုကို အသုံးပြုပြီး ကိုယ်တော့်အပေါ် ကျွန်မရဲ့ယုံကြည်ခြင်းကို စုံလင်စေဖို့နဲ့၊ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ကိုယ်တော့်ကို အားကိုးတတ်အောင် သင်ယူစေခဲ့တာပဲ။ ဒါကို နားလည်သွားတာနဲ့ ကျွန်မ အရမ်းကို တို့ထိခံစားခဲ့ရတယ်။ ကျွန်မ အပျက်သဘောဆောင်နေချိန်မှာ ဘုရားသခင်က ကျွန်မကို ထားမသွားခဲ့ဘဲ၊ သူ့ရဲ့နှုတ်ကပတ်တော်တွေကိုသုံးပြီး ကျွန်မကို လမ်းပြပေးခဲ့တယ်၊ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင်နဲ့ စာတန်ရဲ့ အထင်အမြင်မှားအောင်လုပ်ပြီး သွေးဆောင်တာကို မခံရအောင် လုပ်ဆောင်ပေးခဲ့တယ်။ ဘုရားသခင်က ကျွန်မဘေးမှာရှိပြီး၊ ကျွန်မလက်ကိုဆွဲပြီး ရှေ့ဆက်သွားဖို့ ဦးဆောင်နေသလို ခံစားခဲ့ရတယ်။ ကျွန်မ အရမ်းကို တည်ငြိမ်ပြီး အားကိုးရှိတယ်လို့ ခံစားခဲ့ရတယ်၊ ပြီးတော့ ဒီအခြေအနေကို ကျော်ဖြတ်ဖို့ ယုံကြည်ခြင်းလည်း ရှိလာခဲ့တယ်။

တစ်လခွဲကြာပြီးနောက်မှာ ကျွန်မအမေက အိမ်ကိုပြန်ပြောင်းလာခဲ့တယ်။ တစ်နေ့မနက်မှာ၊ အမေက ကျွန်မအခန်းထဲကိုဝင်လာပြီး အလုပ်ရှာတဲ့ကိစ္စကို ဘယ်လိုထင်လဲလို့ မေးတယ်။ ကျွန်မက ပြောတယ်၊ “သမီးစိတ်မပြောင်းလဲပါဘူး။ ဘုရားရဲ့အိမ်တော်မှာပဲ တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ပါတယ်” ပေါ့။ သူက ကျွန်မကို ကျေးဇူးကန်းတဲ့ကောင်မလို့ ဆဲဆိုပြီး ဒေါသတကြီးနဲ့ ရိုက်နှက်ပါတော့တယ်။ သူ ကျွန်မကို ပါးဘယ်နှချက်ရိုက်ခဲ့လဲဆိုတာတောင် အတိအကျ မမှတ်မိတော့ဘူး။ သူက ကျွန်မလည်ပင်းကိုညှစ်ပြီး ကျွန်မခေါင်းကို နံရံနဲ့တောင် ဆောင့်ခဲ့တယ်။ ကျွန်မ အသက်ရှူရပ်တော့မလိုဖြစ်သွားမှ သူ ရပ်လိုက်တယ်။ အဲဒီအချိန်မှာ သူ ဘာလို့ ကျွန်မကို ဒီလိုလုပ်ရသလဲဆိုတာ ကျွန်မ တကယ်ကို နားမလည်နိုင်ခဲ့ဘူး။ ကျွန်မက ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်နေတာပဲ မဟုတ်ဘူးလား။ ဘာမကောင်းတာမှ ကျွန်မ မလုပ်ခဲ့ဘူးလေ။ သူ ကျွန်မကို ရိုက်နေတုန်းမှာ၊ အဆင်းနီတဲ့ နဂါးကြီးရဲ့ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တာကို ခံနေရတဲ့ ညီအစ်ကိုမောင်နှမတွေအကြောင်းကို ကျွန်မ တွေးမိတယ်။ အဆင်းနီတဲ့ နဂါးကြီးက နတ်ဆိုးဘုရင်ဖြစ်လို့ ညီအစ်ကိုမောင်နှမတွေကို ဒီလောက်တောင် ညှဉ်းပန်းနှိပ်စက်တာပေါ့။ ဒါပေမဲ့ ဒါက ကျွန်မအမေလေ။ သူက ကျွန်မနဲ့ အရင်းနှီးဆုံးလူသားပါ၊ ဒီလောက်ပြင်းပြင်းထန်ထန် ရိုက်နှက်တာကြောင့်၊ ကျွန်မ ခန္ဓာကိုယ်ရဲ့နာကျင်မှုကို မခံစားရတော့ဘဲ၊ ကျွန်မနှလုံးသားကို ခွဲသွားခဲ့တယ်။

မကြာခင်မှာပဲ ၂၀၂၁ ခုနှစ်၊ နွေဦးရာသီကို ရောက်လာခဲ့တယ်။ တစ်နေ့မှာ၊ ကျွန်မ တာဝန်ထမ်းဆောင်ရာကနေ အိမ်ကိုပြန်ရောက်ခါစမှာပဲ၊ အမေက အသေးအဖွဲကိစ္စနည်းနည်းကြောင့်နဲ့ ကျွန်မနဲ့တမင် ရန်ဖြစ်ဖို့လုပ်တယ်။ သူက ကျွန်မကို ထပ်ရိုက်ပြီး အော်ဟစ်ပြောတယ်၊ “နင့်ကို ဒီလောက်အကြာကြီး ငါမွေးခဲ့ရတာ ဘာအကျိုးအမြတ်မှမရှိဘူး။ ဒီလိုဖြစ်မှတော့၊ သွားစမ်း။ ထွက်သွားစမ်း။ နင်က ငါ့သမီးမဟုတ်ဘူးလို့ပဲ ငါသဘောထားလိုက်မယ်။ နင်က ငါ့ဆီက ထွက်လာတာမဟုတ်ဘူး” တဲ့။ ကျွန်မ စိတ်ထဲမှာ တွေးလိုက်တယ်၊ “ငါ တာဝန်ထမ်းဆောင်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ထွက်သွားဖို့ပဲ။ ဒါပေမဲ့ ရိုးရိုးသားသားပြောရရင်၊ ငါ့မိဘတွေကိုလည်း ငါ မထားခဲ့ချင်ပါဘူး။ အပြင်ထွက်နေရမယ်ဆိုရင် တစ်ယောက်တည်း ရပ်တည်နေထိုင်ရမဲ့ သဘောပဲ။ ငါက လုံးဝ သတ္တိမရှိဘူး။ ငါက မိသားစုမရှိတော့တဲ့ ကလေးတစ်ယောက်ဖြစ်သွားတော့မယ်ဆိုတာကို တွေးမိတဲ့အခါ၊ ကျွန်မ အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ငါသာ ယုံကြည်ခြင်းကို စွန့်လွှတ်ခဲ့ရင်၊ အိမ်ကိုတော့ ထိန်းသိမ်းထားနိုင်မှာပဲ၊ ဒါပေမဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်တွေ ဒီလောက်အများကြီးကို ခံစားခဲ့ရပြီး၊ ဘုရားနှုတ်ကပတ်တော်တွေ ဒီလောက်အများကြီး စားသောက်ခဲ့ပြီးမှ၊ ငါ့တာဝန်ကို မထမ်းဆောင်နိုင်ခဲ့ရင်၊ ငါ့မှာ ဘယ်မှာလဲ အသိတရား” လို့ပေါ့။ အဲဒီအခိုက်အတန့်မှာ၊ တစ်ယောက်ယောက်က ကျွန်မနှလုံးသားကို ဓားနဲ့ထွင်းထုတ်နေသလိုပဲ အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အရမ်းကို နာကျင်နေချိန်မှာ၊ သေဖို့အကြောင်းကို ကျွန်မ တွေးမိတယ်။ သေသွားရင် ဒီဒုက္ခတွေကို ခံစားရတော့မှာမဟုတ်ဘူးလို့ တွေးမိတယ်။ ကျွန်မ အနာကျင်ဆုံးအချိန်မှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေ့ခဲ့တယ်။ “ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် လောကကြီး၏ စွန့်ပစ်ခြင်းကိုခံကြရသည်၊ ၎င်းတို့၏ နေအိမ်အသက်တာ၌ သောကရောက်ကြရသည်၊ ဘုရားသခင်က ၎င်းတို့အား ကျေနပ်ဖွယ်ရာအဖြစ် မမြင်သကဲ့သို့ ၎င်းတို့၏ ရှေ့ရေးများမှာ စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ လူအချို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခခံစားရပြီး သေလိုခြင်းပင် ဖြစ်ကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အရည်အချင်းမရှိသူများပင် ဖြစ်ကြတော့သည်။ ဘုရားသခင်သည် သူ့ကို လူသားတို့ ချစ်ကြရန် စိတ်ထက်သန်သော်လည်း၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ ဒုက္ခဝေဒနာက ပိုကြီးလေဖြစ်ပြီး၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ စမ်းသပ်မှုများက ပိုကြီးလေဖြစ်သည်။ သူ့ကို သင်ချစ်လျှင် သင့်အပေါ်သို့ ဒုက္ခဝေဒနာမျိုးစုံ ကျရောက်လိမ့်မည်ဖြစ်ပြီး သူ့ကို သင်မချစ်လျှင် သင့်အတွက် အရာရာ အဆင်ပြေချောမွေ့နေ၍ သင့်ပတ်ပတ်လည်၌ အရာခပ်သိမ်း ငြိမ်းချမ်းကောင်း ငြိမ်းချမ်း နေလိမ့်မည်။ ဘုရားသခင်ကို သင်ချစ်သည့်အခါ၊ သင့်ပတ်ပတ်လည်၌ ရှိနေသည့်အရာများစွာကို ကျော်လွှားနိုင်မည် မဟုတ်ဟု သင် အစဉ်ခံစားရလိမ့်မည်၊ သင်၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်သည့်အတွက် သင်သည် စစ်ဆေးခြင်းကို ခံရလိမ့်မည်။ ထိုမျှမက သင်သည် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ခြင်း မရှိဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ အလွန်မြင့်မားပြီး ယင်းတို့ကို လူသားအနေဖြင့် လက်လှမ်းမမီနိုင်ဟု သင်အမြဲ ထင်မြင်ယူဆလိမ့်မည်။ ဤအရာအားလုံးကြောင့် သင်သည် စစ်ဆေးခြင်းခံရမည်၊ သင့်အတွင်း၌ အားနည်းချက် များစွာရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသောအရာများစွာ ရှိသည့်အတွက်၊ သင်သည် အတွင်း၌ စစ်ဆေးခြင်းကို ခံရလိမ့်မည်။ သို့သော် စစ်ဆေးခြင်းဖြင့်သာ သန့်စင်ခြင်းသို့ ရောက်နိုင်ကြောင်းကို သင်တို့ ရှင်းလင်းစွာ တွေ့မြင်ကြရမည်။ ထို့ကြောင့် ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာစောင့်သိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုအောက်တွင် အပြည့်အဝရှိနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။...ဘုရားသခင်သည် လူသားကို အမှန်တကယ်ချစ်ကြောင်း ဘုရားသခင်၏အမှုများစွာထဲ၌ မြင်တွေ့နိုင်လင့်ကစား လူသား၏ ဝိညာဉ်မျက်လုံးများသည် လုံးလုံးလျားလျား မပွင့်သေး၍ သူသည် ဘုရားသခင်၏အမှုများစွာနှင့် ရည်ရွယ်ချက်များစွာတို့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သကဲ့သို့၊ ဘုရားသခင်နှင့်ပတ်သက်၍ နှစ်လိုဖွယ်ကောင်းသောအရာ များစွာကိုလည်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ လူသား၌ ဘုရားသခင်ကို အမှန်တကယ် ချစ်သည့်မေတ္တာ အလွန်နည်းပါးသည်။ သင်သည် ဘုရားသခင်ကို ဤကာလတစ်လျှောက်လုံး ယုံကြည်လာခဲ့၏၊ ထို့ပြင် ယနေ့ ဘုရားသခင်သည် လွတ်မြောက်မှု နည်းလမ်းများအားလုံးကို ဖြတ်တောက်ခဲ့ပြီဖြစ်သည်။ မှန်မှန်ကန်ကန်ပြောရလျှင် သင်သည် လမ်းမှန်ကို လျှောက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ ပြီးလျှင် ယင်းသည် သင့်အား ဤလမ်းမှန်ပေါ်သို့ ခေါ်ဆောင်သည့် ဘုရားသခင်၏ ပြင်းထန်သည့် တရားစီရင်ခြင်းနှင့် အမြင့်မြတ်ဆုံးသော ကယ်တင်ခြင်းဖြစ်သည်။ လူသားသည် အခက်အခဲနှင့် စစ်ဆေးခြင်းတို့ကို ကြုံတွေ့ပြီးမှသာလျှင် ဘုရားသခင်သည် ချစ်ခင်နှစ်လိုဖွယ် ကောင်းကြောင်းကို သိရှိလာသည်။ ယနေ့ထိတိုင် ကြုံတွေ့ခဲ့ပြီးမှ လူသားသည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်း တစ်စိတ်တစ်ပိုင်းကို သိရှိလာသည်ဟု ပြောနိုင်သည်၊ သို့သော် လူသားသည် ချို့တဲ့လွန်းသောကြောင့် ဤအရာမှာ မလုံလောက်သေးပေ။ လူသားသည် ဘုရားသခင်၏ နောက်ထပ်အံ့သြဖွယ်အမှုကို တွေ့ကြုံရဦးမည်ဖြစ်ပြီး ဘုရားသခင်ပြင်ဆင်ပေးသည့် ဆင်းရဲဒုက္ခခံစားခြင်းနှင့်ဆိုင်သော နောက်ထပ်စစ်ဆေးခြင်း အားလုံးကို တွေ့ကြုံရပေဦးမည်။ သို့မှသာလျှင် လူသား၏ အသက်စိတ်သဘောထားက ပြောင်းလဲနိုင်မည် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ဒါကိုဖတ်ပြီးနောက်မှာ ကျွန်မ အရမ်းကို နာကျင်ခံစားခဲ့ရတယ်။ ဒုက္ခဆင်းရဲနဲ့ ရင်ဆိုင်ရတာဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဖြစ်ပေမဲ့၊ ကျွန်မကတော့ ဒီအခြေအနေကို အရမ်းနာကျင်လွန်းတယ်လို့ အမြဲခံစားခဲ့ရပြီး၊ ဒါကို ဆက်ပြီးမဖြတ်သန်းချင်တော့ဘူး။ ကျွန်မ တကယ်ကို အရမ်းနုနယ်ခဲ့ပါတယ်။ တာဝန်ထမ်းဆောင်ချင်တယ်လို့ ကျွန်မ ပြောခဲ့ပေမဲ့၊ အခက်အခဲတွေနဲ့ကြုံလာတဲ့အခါမှာတော့ နောက်ဆုတ်ချင်ခဲ့ပြီး၊ သေဖို့တောင် စဉ်းစားခဲ့တယ်။ ဒါဟာ စာတန်ရဲ့အကြံအစည်ထဲကို ကျွန်မ ကျရောက်သွားတာ အတိအကျပဲ မဟုတ်ဘူးလား။ ကျွန်မသာ အပြင်ထွက်နေလိုက်ရင် ဘုရားသခင်က ရှိနေသေးတာပဲ။ ဒါဟာ ကျွန်မကို တစ်ယောက်တည်း ရပ်တည်နေထိုင်တတ်အောင် လေ့ကျင့်ပေးဖို့၊ ပြဿနာတွေပေါ်လာတဲ့အခါ ဘုရားသခင်ကို အားကိုးဖို့အတွက် သင်ပေးဖို့ အကောင်းဆုံးပါပဲ။ ဒါက ကျွန်မအသက်တာအတွက် အကျိုးရှိတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားတာနဲ့၊ ကျွန်မနှလုံးသားထဲမှာ မနာကျင်တော့ဘူး။ ကျွန်မရဲ့ လက်ရှိအခြေအနေကို ဖြတ်သန်းဖို့ ဆန္ဒရှိသွားခဲ့တယ်။ ကျွန်မ ဒူးထောက်ပြီး ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ရှေ့ဆက်ရမဲ့လမ်းက ဘယ်လောက်ပဲခက်ခဲပါစေ၊ သမီး စိတ်ပိုင်းဖြတ်ပြီး ဆက်လျှောက်သွားပါ့မယ်။ သမီးကို လမ်းပြပေးတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာတော့ ကျွန်မ ပိုပြီးတော့တောင် ငြိမ်သက်အေးချမ်းသွားသလို ခံစားခဲ့ရတယ်။ နောက်တစ်နေ့မှာ၊ ကျွန်မအမေကို အပြင်မှာ အိမ်ငှားတော့မယ်လို့ ပြောလိုက်တယ်။ မမျှော်လင့်ဘဲနဲ့၊ သူ့ရဲ့သဘောထားက ရုတ်တရက်ပြောင်းလဲသွားပြီး သူ့ဘာသာ စကားစပြောခဲ့တယ်။ နောက်သုံးလေးရက်အတွင်းမှာ သူ့ရဲ့သဘောထားက အတော်လေး ပျော့ပျောင်းလာခဲ့တယ်။ ကျွန်မ အာဗြဟံအကြောင်းကို တွေးမိတယ်။ ဘုရားသခင်က အာဗြဟံကို သူ့ရဲ့ အဖိုးတန်ဆုံးသားကို ပူဇော်သက္ကာအဖြစ် ဆက်ကပ်ဖို့ ပြောခဲ့တဲ့အခါမှာ၊ သူက စိတ်မပါပေမဲ့လည်း၊ သူ့သားကို ဘုရားသခင်ဆီ ဆက်ကပ်ဖို့ စိတ်ပိုင်းဖြတ်လိုက်တဲ့အခါမှာ ဘုရားသခင်က သူ့သားကို မယူဆောင်ခဲ့ဘူး။ ဘုရားသခင် လိုချင်ခဲ့တာက အာဗြဟံရဲ့ ရိုးသားမှုနဲ့ နာခံမှုပါပဲ။ ဒီအတွေ့အကြုံကို ပြန်တွေးကြည့်တဲ့အခါ၊ ဘုရားသခင်က ကျွန်မကို စမ်းသပ်နေခဲ့တာလို့ ခံစားရတယ်။ ကျွန်မ တာဝန်ထမ်းဆောင်ဖို့ စိတ်ပိုင်းဖြတ်လိုက်တာနဲ့၊ စာတန်လည်း အားကိုးအားထားမရှိတော့ဘူး။ နောက်ဆုံးမှာတော့ ကျွန်မ ဘောင်ခတ်ချုပ်ချယ်မှုမရှိဘဲ တာဝန်ထမ်းဆောင်နိုင်ခဲ့ပြီ။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ပြီးဖတ်ခဲ့ပြီး၊ ကျွန်မအမေအပေါ်မှာ ပိုင်းခြားသိမြင်မှုတချို့ ရလာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ပွင့်အံချသောသူများသည် စာတန်၏ အစေခံများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏။ ထိုသို့သောလူများကို တစ်နေ့တွင် နှင်ထုတ်ပြီး ဖယ်ရှားရှင်းလင်းရမည်။ အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိပါက၊ ဘုရားသခင်ကို နာခံသော စိတ်နှလုံး မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ကျိုးနွံနာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း ရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ ဘာသာတရားမရှိသူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် ဘာသာတရားမရှိသူများထက်ပင် ပို၍ ကောက်ကျစ်ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။ မိမိတို့၏ အဆိပ်ရှိ၍ မလိုမုန်းထားရှိသော အပြောအဆိုများကို အသင်းတော်အတွင်း ပွင့်အံချတတ်သူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်ကာ၊ ရန်တိုက်ပေးသောသူများနှင့် အုပ်စုများဖွဲ့သော သူတို့သည် အသင်းတော်မှ နှင်ထုတ်ခြင်း ခံရသင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အမှု၏ ခြားနားသော ခေတ်ကာလဖြစ်သောကြောင့်၊ ၎င်းတို့သည် သေချာပေါက် ဖယ်ရှားရှင်းလင်းခြင်းခံရမည့်သူများ ဖြစ်သည့်အတွက် ဤလူများသည် ထိန်းချုပ်ခြင်း ခံရပေသည်။ စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ စာတန်၏ စိတ်သဘောထားများကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးများနှင့် စာတန်များ စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ဖယ်ရှားခံရမည်ဖြစ်သည်။ စာတန်၏ ဤအစေခံများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သော သူများ၏ စိတ်နှလုံးထဲတွင် ကိုယ်တော်အမြဲရှိနေပြီး ထိုသူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးနှင့် ဘုရားသခင်ကိုချစ်သော စိတ်နှလုံးကို ၎င်းတို့အတွင်း၌ အစဉ်အမြဲ သယ်ဆောင်ထားကြသည်။ ဘုရားသခင်ကို ယုံကြည်သော သူများသည် အမှုအရာများကို သတိနှင့် နှိုင်းနှိုင်းချိန်ချိန် လုပ်သင့်ပြီး၊ သူတို့လုပ်သမျှ အရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်သင့်ကာ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေနိုင်ရမည်။ ထိုသူတို့သည် မိမိတို့ သဘောရှိ လုပ်ဆောင်လျက် ခေါင်းမမာသင့်ပေ။ ထိုသို့ပြုခြင်းမှာ သန့်ရှင်းသူများ၏ ကျင့်ဝတ်နှင့် မအပ်စပ်ပေ။ လူများသည် အရပ်တကာတွင် ဘုရား၏ အောင်လံလွှင့်ထူလျက် ကြွားလုံးထုတ်ပြီး၊ လှည့်စားရင်းနေရာတကာ အထိန်းအကွပ်မဲ့၍မရပေ၊ ထိုသို့ပြုခြင်းသည် ပုန်ကန်မှုအပြုဆုံးသော အမူအကျင့်ဖြစ်သည်။ မိသားစုများ၌ ၎င်းတို့၏ စည်းကမ်းများရှိသလို နိုင်ငံများ၌လည်း ဥပဒေများရှိသည်- ဘုရားသခင်၏ အိမ်တော်တွင် သာ၍ပင် ရှိသည် မဟုတ်လော။ ပို၍ပင် တင်းကျပ်သော စံနှုန်းများရှိသည်မဟုတ်လော။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များပို၍ပင်ရှိသည်မဟုတ်လော။ လူများသည် မိမိတို့အလိုရှိသော အရာကို လွတ်လပ်စွာ လုပ်နိုင်သည်၊ သို့သော် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို သဘောရှိ ပြောင်းလဲ၍ မရနိုင်ပေ။ ဘုရားသခင်သည် လူများ၏ စော်ကားမှုကို သည်းမခံသော ဘုရားဖြစ်သည်။ သူသည် လူများကို ဒဏ်ခတ်သော ဘုရားဖြစ်သည်။ ဤအရာကို လူများက အကယ်ပင် မသိသေးဘူးလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားသခင်က ဖော်ထုတ်နေတာဟာ ကျွန်မအမေရဲ့အပြုအမူ အတိအကျပဲဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ အရင်က ကျွန်မအမေအပေါ်မှာ ဘာပိုင်းခြားသိမြင်မှုမှမရှိခဲ့ဘဲ၊ ကျွန်မရဲ့ယုံကြည်ခြင်းနဲ့ တာဝန်ထမ်းဆောင်ခြင်းမှာ သူက ကျွန်မကို နားလည်ပြီး ထောက်ခံပေးနိုင်လိမ့်မယ်လို့ ခံစားခဲ့ရတယ်။ သူ့ရဲ့ဟန့်တားမှုတွေနဲ့ ဖိနှိပ်စက်မှုတွေကနေတစ်ဆင့်သာ ဆိုးယုတ်တဲ့သူတစ်ယောက်နဲ့ဆိုင်တဲ့ သူ့ရဲ့ အနှစ်သာရကို ကျွန်မ စပြီးမြင်လာခဲ့ရတာ။ သူက အရာအားလုံးကို နားလည်ရဲ့သားနဲ့၊ ကျွန်မရဲ့ယုံကြည်ခြင်းကို ဖိနှိပ်ပြီး ဟန့်တားနေတုန်းပဲ။ ဒါကို သူ့ရဲ့ဘုရားသခင်ကို မုန်းတီးတဲ့ အနှစ်သာရက ဆုံးဖြတ်ခဲ့တာပဲ။ အရင်ကဆိုရင် ကျွန်မက သူ့ရဲ့ ပုံစံကြောင့် လှည့်စားခံခဲ့ရတယ်၊ သူက ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့တယ်၊ မိသားစုနဲ့ အသက်မွေးဝမ်းကြောင်းကို စွန့်လွှတ်ပြီး ဒုက္ခတွေအများကြီးခံခဲ့တယ်၊ သူက စစ်မှန်တဲ့ယုံကြည်သူတစ်ယောက်ပဲ၊ အသင်းတော်ကနေ ရှင်းလင်းဖယ်ရှားခံခဲ့ရပေမဲ့၊ တစ်နေ့နေ့မှာ သူ ပြောင်းလဲလာနိုင်သေးတယ်လို့ တွေးခဲ့မိတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့၊ သူက နောင်တမရတဲ့အပြင်၊ ဘုရားရဲ့အိမ်တော်အပေါ်မှာ အယူအဆတွေရှိလာပြီး သူ့ရဲ့အပျက်သဘောဆောင်တာတွေကို ထုတ်ဖော်ခဲ့တယ်၊ ကျွန်မကိုတောင် ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်ခြင်းကနေ ဟန့်တားခဲ့တဲ့အပြင်၊ လောကကိုလည်းဆုပ်ကိုင်ရင်း ဘုရားသခင်ကိုလည်း ယုံကြည်စေချင်ခဲ့တယ်။ အပေါ်ယံမှာတော့ သူက ကျွန်မအတွက် စဉ်းစားပေးနေပုံရပေမဲ့၊ အနှစ်သာရမှာတော့ သူက ကျွန်မကို ဘုရားသခင်ကို ရှောင်ဖယ်စေပြီး ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးကို ဆုံးရှုံးစေချင်ခဲ့တာ။ သူက ကျွန်မရဲ့အားနည်းချက်ကို သိတယ်၊ အိမ်ကိုဆုံးရှုံးရမှာ ကြောက်တယ်ဆိုတာကို သိတော့၊ သူက ကျွန်မရဲ့ ယုံကြည်ခြင်းမှာ ကျွန်မကို ဖိနှိပ်ဖို့ နည်းလမ်းမျိုးစုံသုံးခဲ့တယ်။ ကျွန်မက သူ့စကားကို နားမထောင်ရင်၊ သူက ကျွန်မကို ညစ်ညမ်းတဲ့စကားလုံးတွေနဲ့ တိုက်ခိုက်ပြီး၊ ရိုက်နှက်တာတွေတောင် လုပ်ခဲ့တယ်။ ကျွန်မအမေရဲ့သဘာဝက သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို ရန်လိုတယ်ဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ လူလူချင်းဆက်ဆံရေးတွေက အကျိုးစီးပွားပေါ်မှာပဲ အခြေခံတယ်ဆိုတာကိုလည်း ကျွန်မ တွေ့မြင်ခဲ့ရတယ်။ ကျွန်မက တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ပြီး အလုပ်မလုပ်နိုင်၊ သူလိုချင်တာကို မလုပ်ပေးနိုင်တဲ့အခါမှာ၊ သူက ကျွန်မကို ဆန့်ကျင်ပြီး ရိုက်တယ်၊ ဆူတယ်။ သမီးအဖြစ်ကနေ စွန့်လွှတ်ချင်တယ်၊ အိမ်ကနေတောင် နှင်ထုတ်ခဲ့တယ်။ သူ ကျွန်မကို တကယ်မချစ်ဘူးဆိုတာကို ကျွန်မ တွေ့မြင်ခဲ့ရတယ်။ ကျွန်မအမေရဲ့အနှစ်သာရကို ပိုင်းခြားသိမြင်မှုတချို့ ရသွားတာနဲ့၊ သူ့အပေါ်ထားတဲ့ ကျွန်မရဲ့ချစ်ခင်တွယ်တာမှုကိုလည်း ကျွန်မရဲ့စိတ်နှလုံးက လက်လွှတ်နိုင်ခဲ့တယ်။

ဒီအခြေအနေကို တစ်နှစ်ကြာ ကျွန်မ ဖြတ်သန်းခဲ့ရပြီး ကျွန်မအမေရဲ့ နှောင့်ယှက်မှုတွေနဲ့ ဖိနှိပ်မှုတွေကို ကျော်လွှားနိုင်ဖို့ ဘုရားသခင်က ကျွန်မကို ဦးဆောင်ခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ တန်ခိုးနဲ့ အာဏာရှိတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ နှုတ်ကပတ်တော်တွေက ကျွန်မကို အပျက်သဘောဆောင်ခြင်းနဲ့ အားနည်းခြင်းတွေကနေ အကြိမ်ကြိမ်အခါခါ ဦးဆောင်ခေါ်ထုတ်ခဲ့ပြီး၊ ကျွန်မအမေရဲ့ဆိုးယုတ်တဲ့သူတစ်ယောက်ရဲ့ အနှစ်သာရကိုလည်း ပိုင်းခြားသိမြင်မှုတချို့ ရရှိလာခဲ့တယ်။ ကျွန်မကို ကယ်တင်ခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့-  ၁။ ကျွန်ုပ်၏တာဝန်များ မည်မျှများပါစေ အသက်ဝင်ရောက်မှုကို ကျွန်ုပ်အာရုံစိုက်ရမည်

နောက်တစ်ခုသို့-  ၃။ ဧဝံဂေလိ ဖြန့်ဝေခြင်းက ကျွန်မရဲ့ ယိမ်းယိုင်ခြင်းမရှိတဲ့ တာဝန်ပါ

သက်ဆိုင်သည့် အကြောင်းအရာ

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger