၄။ မိမိကိုယ်ကို အမှန်တကယ် သိမြင်ခြင်းဆိုသည်မှာ

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေပြီး နုံအသည်၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရပြီး လူသားကိုယ်တိုင်ပင် မိမိ၏ပုန်ကန်သည့် အပြုအမူနှင့် ပတ်သက်သည့် ဖြစ်စဉ်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အတိုင်းအတာအထိ ဘုရားသခင်ကို ဆန့်ကျင်သော နတ်ဆိုးဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံရပြီးဖြစ်သည်မှာ သူသည် မည်သည့်အရာကို ရှေ့ဆက်လုပ်ရမည်ကို လုံးဝ မသိသောကြောင့် ဖြစ်သည်။ ယနေ့ပင်လျှင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်။ လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ၊ သူ့ကို သစ္စာဖောက်သည်၊ ဘုရားသခင်ကို မမြင်မတွေ့နိုင်သောအခါတွင်လည်း၊ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရပြီးနောက်၊ ဘုရားသခင်ကို သစ္စာဖောက်ဆဲဖြစ်သည့်သူများပင် ရှိသေးသည်။ ထို့ကြောင့် လူ့အသိစိတ်သည် ယင်း၏နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိတရားသည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။ ငါကြည့်မျှော်သော လူသားသည် လူအရေခြုံထားသော သားရဲတစ်ကောင်၊ အဆိပ်ပြင်းသော မြွေတစ်ကောင်ဖြစ်သည်၊ ပြီးလျှင် ငါ့မျက်စိရှေ့တွင် သနားဖွယ်ဖြစ်ပုံပေါက်ဖို့ သူ မည်မျှကြိုးစားသော်လည်း၊ ငါသည် သူ့ကို မည်သည့်အခါမျှ သနားကရုဏာ ထားရှိမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် လူသားသည် အဖြူနှင့်အမဲကြားရှိ ခြားနားချက်ကို နားလည်ခြင်းမရှိ၊ သမ္မာတရားနှင့် သမ္မာတရား မဟုတ်ခြင်းကြားရှိ ခြားနားချက်ကို နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ လူသား၏အသိစိတ်သည် ထုံထိုင်းလှသော်လည်း၊ ကောင်းချီးမင်္ဂလာများကို ရရှိရန် သူ တောင့်တဆဲဖြစ်သည်။ သူ၏ လူ့သဘာဝသည် အလွန်ဂုဏ်အသရေမဲ့သော်လည်း၊ သူသည် ရှင်ဘုရင်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ရန် ဆန္ဒရှိဆဲဖြစ်သည်။ ထိုကဲ့သို့သော အသိစိတ်ဖြင့် သူသည် မည်သူတို့၏ ရှင်ဘုရင် ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူ့သဘာဝဖြင့် ရာဇပလ္လင်ပေါ်တွင် သူ မည်သို့တက်ထိုင်နိုင်မည်နည်း။ လူသားသည် အကယ်စင်စစ်ပင် အရှက်မရှိပေတကား။ သူသည် စိတ်ကြီးဝင်နေသော အကောင်ယုတ် ဖြစ်ပေသည်။ သင်တို့အထဲတွင် ကောင်းချီးမင်္ဂလာများကို ရယူလိုသူများအတွက် ကြည့်မှန်တစ်ခုကို အရင်ရှာပြီး အကျည်းတန်သော မိမိ၏ ပုံရိပ်ကို ရှုစားကြရန် ငါအကြံပြုသည်။ သင့်တွင် ရှင်ဘုရင်ဖြစ်ရန်အရည်အသွေး ရှိသလော။ ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သူ၏မျက်နှာကို ပိုင်ဆိုင်ခြင်း ရှိသလော။ သင်၏ စိတ်သဘောထားထဲ၌ ပြောင်းလဲခြင်း စိုးစဉ်းမျှ မရှိဘဲ၊ သင်သည် မည်သည့် သမ္မာတရားကိုမျှလည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသော်လည်း၊ အံ့မခန်းဖွယ် မနက်ဖြန်ကို တောင့်တနေသေးသည်။ သင်သည် မိမိကိုယ်ကိုယ် လှည့်ဖြားနေ၏။ ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသည့် လူသားသည် လူ့အဖွဲ့အစည်း၏ ကူးစက်စေခြင်းကို ပြင်းထန်သော အတိုင်းအတာအထိ ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ပဒေသရာဇ်ဆန်သော လူ့ကျင့်ဝတ်များ၏ ပုံသွင်းခြင်းခံရပြီးဖြစ်ကာ “အဆင့်မြင့် ပညာသင်ကျောင်းများ” ၏ သွန်သင်လေ့ကျင့်ပေးမှုကို လက်ခံရရှိခဲ့ပြီးဖြစ်၏။ ခေတ်နောက်ပြန်ဆွဲသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော ကိုယ်ကျင့်တရား၊ အောက်တန်းကျသော ဘဝအမြင်၊ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် စက်ဆုပ်ဖွယ်အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှုနှင့် ယုတ်ညံ့သော ထုံးတမ်းအစဉ်အလာများနှင့် တစ်ရက်ပြီးတစ်ရက် ဘဝ ဟူသည့် ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်နေခဲ့ပြီးဖြစ်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးနေစေခဲ့သည့်အပြင် တိုက်ခိုက်နေခဲ့သည်။ ရလဒ်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် တိုး၍ ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ၏ စိတ်သဘောထားသည် တစ်နေ့ထက်တစ်နေ့ ပို၍ ရက်စက်ကြမ်းကြုတ်လာပြီး ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်သောသူ တစ်ဦးတစ်ယောက်မျှ မရှိ၊ ဘုရားသခင်ကို လိုလိုလားလား ကျိုးနွံနာခံသောသူ တစ်ဦးတစ်ယောက်မျှ မရှိ၊ ထို့ထက်မက ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို လိုလိုလားလား ရှာဖွေသောသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ထိုအစား လူသည် စာတန်၏ အာဏာအောက်တွင် အပျော်အပါးကို အားရပါးရ လိုက်စားကာ နွံထဲတွင် ပေါက်လွှတ်ပဲစား နေခြင်းအားဖြင့် သူ၏ ဇာတိပကတိကို ဖောက်ပြန်ပျက်စီးစေသည်။ ၎င်းတို့သည် သမ္မာတရားကို ကြားသည့်အချိန်တွင်ပင် အမှောင်ထဲတွင် ရှင်သန်နေထိုင်သည့်လူများ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုအင်ဆန္ဒတစ်စက်မျှ မရှိဘဲ ဘုရားသခင် ပေါ်ထွန်းပြီးဖြစ်သည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင် ၎င်းတို့သည် ရှာဖွေရန် ဆန္ဒမရှိကြချေ။ ဤကဲ့သို့ ယုတ်ညံ့သော လူသားမျိုးနွယ်သည် ကယ်တင်ခြင်းအတွက် မည်သို့ အခွင့်အလမ်းရှိနိုင်မည်နည်း။ ဤကဲ့သို့ အကျင့်စာရိတ္တယိုယွင်းသော လူသားမျိုးနွယ်သည် အလင်းတွင် မည်သို့များ အသက်ရှင်နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စိတ်သဘောထားတွင် မပြောင်းလဲဘဲ ရှိနေခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

သင့်ကိုယ်သင် သိရှိဖို့ဆိုသည်မှာ သင်၏ စကားနှင့် လုပ်ဆောင်ချက်တိုင်း၊ သင်၏ လုပ်ရပ်တစ်ခုစီတိုင်းကို သိရှိဖို့ ဖြစ်သည်။ ယင်းသည် သင်၏ အတွေးများနှင့် စိတ်ကူးများ၊ သင်၏ ရည်ရွယ်ချက်များ၊ သင်၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို သိရှိဖို့ဖြစ်သည်။ သင့်အနေဖြင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်၏ အတွေးအခေါ်များနှင့် စာတန်၏ အမျိုးမျိုးသော အဆိပ်များအားလုံးအပြင် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အသိပညာတို့ကိုလည်း သိရှိရမည်။ သင်သည် သမ္မာတရားကို ရှာဖွေကာ ဤအရာများကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ရမည်။ ထိုသို့ဖြင့် သမ္မာတရားကို သင်နားလည်လိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကို အမှန်တကယ် သိရှိလာလိမ့်မည်။ လူတစ်ဦးသည် ဘုရားသခင်ကို စတင်ယုံကြည်လာကတည်းက ကောင်းသော လုပ်ဆောင်ချက်များစွာကို လုပ်ဆောင်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား သိနားလည်ခြင်းကို စွမ်းဆောင်ရရှိရန် မဆိုထားနှင့်၊ အမှုအရာများစွာကို ရှင်းလင်းစွာ မမြင်နိုင်သေးပေ။ သို့သော်၊ ၎င်းတို့၏ ကောင်းသော လုပ်ဆောင်ချက်များစွာကြောင့်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေနှင့်ပြီးဖြစ်ကြောင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီးသားဖြစ်ကြောင်းနှင့်၊ သူ၏ ရည်ရွယ်ချက်များကို အတော်အတန် အထမြောက်အောင် ဆောင်ရွက်ပြီးဖြစ်သည်ဟု ၎င်းတို့ ခံစားကြသည်။ သင့်အပေါ် မည်သည့်အရာမျှ မကျရောက်သည့်အခါ၊ သင့်ကို ပြောထားသည့် မည်သည့်အရာကိုမဆို သင် လုပ်ဆောင်နိုင်ပေသည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ စိတ်ထင့်ခြင်းများ မရှိသကဲ့သို့ သင် မခုခံပေ။ ဧဝံဂေလိတရား ဖြန့်ဝေဖို့ သင့်ကို ပြောသည့်အခါ၊ သင်သည် ညည်းညူခြင်းမရှိသကဲ့သို့ ဤအခက်အခဲကို ခံနိုင်ပြီး၊ ပြေးလွှားပြီး အလုပ်လုပ်ရန် သို့မဟုတ် အလုပ်တာဝန်တစ်ခုကို လုပ်ရန် သင့်ကို ပြောသည့်အခါ၊ ထိုသို့ သင် လုပ်ဆောင်၏။ ဤအရာကြောင့်၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး၊ သမ္မာတရားကို စစ်မှန်ရိုးသားစွာ လိုက်စားသောသူတစ်ဦးဖြစ်သည်ဟု ခံစားရလေသည်။ သို့သော် “သင်သည် ရိုးသားသော လူတစ်ဦးလော။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသော လူတစ်ဦးဖြစ်သလော။ မိမိ၏ စိတ်သဘောထား ပြောင်းလဲသည့် လူတစ်ဦးလော”ဟု သင့်ကို လေးနက်စွာ မေးမည်ဆိုပါက၊ လူတိုင်းသည် နှိုင်းယှဉ်ချက်အတွက် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားနှင့်ယှဉ်၍ ပြခံရပါက၊ မည်သူမျှ စံမမီသကဲ့သို့ မည်သူမျှသည် သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်နိုင်စွမ်းမရှိဟု ဆိုကောင်းဆိုနိုင်သည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးသည် မိမိတို့ကိုယ်ကို သုံးသပ်ရမည်။ ၎င်းတို့ အသက်ရှင်နေထိုင်သည့် စိတ်သဘောထားများအပေါ်၊ ထို့ပြင် ၎င်းတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များအားလုံး အရင်းခံပေါ်ပေါက်လာသည့် ဆိုးယုတ်သော အတွေးအခေါ်များ၊ ဆင်ခြင်တွေးခေါ်မှုစနစ်၊ အယူလွဲများနှင့် အတွေးမှားများအပေါ် သုံးသပ်ဆင်ခြင်ရမည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ အဘယ်ကြောင့် ထုတ်ဖော်ပြရသည်ဟူသည့် ရင်းမြစ် အကြောင်းတရား၊ ၎င်းတို့ တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်း၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်၊ မည်သည့်အရာအပေါ်နှင့် မည်သူ့အတွက် ၎င်းတို့ အသက်ရှင်ကြသည်ဆိုသည်တို့ကို သုံးသပ်ဆင်ခြင်ရမည်။ ဤအရာကို သမ္မာတရားနှင့် ယှဉ်ကြည့်မည်ဆိုပါက လူအားလုံး ရှုတ်ချခံရလိမ့်မည် ဖြစ်သည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းရင်းမှာ လူသားမျိုးနွယ်သည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေ၍ ဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ ၎င်းတို့အားလုံးသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့်လည်း အသက်ရှင်ကြပေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိသည့်အသိ အနည်းငယ်မျှ မရှိကြ။ မိမိတို့ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများအတိုင်း ဘုရားသခင်ကို အမြဲ ယုံကြည်ကြသည်။ မိမိတို့ကိုယ်ပိုင် နှစ်ခြိုက်မှုများနှင့် နည်းစနစ်များကို အခြေခံ၍ မိမိတို့တာဝန်များကို ထမ်းဆောင်ကြသည်။ ဘုရားသခင်ကို အစေခံပုံတွင် ဘာသာရေး သဘောတရားများကို လိုက်လျှောက်ကြသည်။ ထို့အပြင် ၎င်းတို့ကိုယ်၎င်းတို့ ယုံကြည်ခြင်း အပြည့်ရှိကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များသည် အလွန် ယုတ္တိတန်ကြောင်း တွေးထင်ကြဆဲဖြစ်ကာ အဆုံးတွင် များစွာ ရရှိပြီးဖြစ်သည်ဟု ခံစားကြသည်။ ထိုအရာကို မသိလိုက်ဘဲနှင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ၎င်းတို့ ဆောင်ရွက်နေနှင့်ကာ ယင်းတို့ကို လုံးဝ အထမြောက်အောင် ဆောင်ရွက်ပြီးဖြစ်သည့်အပြင် ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည်မီနှင့်ပြီးဖြစ်သကဲ့သို့ သူ၏ အလိုကို လိုက်လျှောက်နေသည်ဟု တွေးထင်လာကြသည်။ ဤသည်မှာ သင် ခံစားသည့်ပုံဖြစ်ပါက သို့မဟုတ် ဘုရားသခင်ကို သင် ယုံကြည်သည့် နှစ်ကာလအချို့တွင် သင်သည် အကျိုးတရားအချို့ကို ရိတ်သိမ်းရပြီးဖြစ်သည်ဟု သင် တွေးထင်ပါက၊ မိမိကိုယ်ကို အသေအချာ ဆန်းစစ်ရန် သာ၍ပင် ဘုရားသခင်၏ ရှေ့မှောက်သို့ သင် ပြန်လာရမည်။ ဘုရားသခင် ရှေ့မှောက်တွင် သင်၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များအားလုံးက သူ၏ ရည်ရွယ်ချက်များနှင့် လုံးဝ ကိုက်ညီခြင်း ရှိမရှိ တွေ့မြင်ရန် သင်ယုံကြည်နေခဲ့သည့် နှစ်ကာလများအတွင်း သင်လျှောက်လာခဲ့သည့် လမ်းကြောင်းကို ကြည့်သင့်သည်။ သင်၏ အပြုအမူများထဲမှ မည်သည့်အရာသည် ဘုရားသခင်ကို ဆန့်ကျင်နေခဲ့သည်၊ မည်သည့်အရာက ဘုရားအား ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိခဲ့သည်၊ သင်၏ လုပ်ရပ်များက ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီပြီး ဖြည့်ဆည်းပြီးခြင်း ရှိသည် မရှိသည်တို့ကို ဆန်းစစ်လော့။ ဤအရာအားလုံးကို သင်ရှင်းလင်းသင့်သည်။ အကြောင်းမှာ ထို့နောက်တွင်မှ သင်သည် မိမိကိုယ်ကို သိရှိလိမ့်မည်ဖြစ်သောကြောင့်တည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်

မိမိကိုယ်ကိုသိသည့် အသိဆိုသည်မှာ ငါတို့အတွေးများနှင့် အမြင်များတွင် မည်သည့်အရာများက သမ္မာတရားနှင့် အခြေခံအားဖြင့် သဟဇာတမဖြစ်ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်ပြီး ဘုရားသခင်အား ရန်လိုကြောင်း သိရှိခြင်းကို ဆိုလိုသည်။ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း၊ လိမ်ညာခြင်း၊ လိမ်ညာလှည့်ဖြားတတ်ခြင်းတို့ကဲ့သို့ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိနားလည်မှု ရရှိရန် လွယ်ကူသည်။ သင်သည် သမ္မာတရားကို အကြိမ်အနည်းငယ် မိတ်သဟာယပြုရုံမျှပြုခြင်းအားဖြင့် သို့မဟုတ် မကြာခဏ မိတ်သဟာယပြုခြင်းမှတစ်ဆင့် သို့မဟုတ် သင်၏ ညီအစ်ကို မောင်နှမများအား သင်၏ အခြေအနေကို သင့်ထံ ထောက်ပြစေခြင်းအားဖြင့် ယင်းတို့ကို အနည်းငယ် သိရှိလာနိုင်ပေသည်။ ထို့အပြင် မာနထောင်လွှားခြင်းနှင့် လိမ်ညာလှည့်ဖြားတတ်ခြင်းသည် အတိုင်းအတာအရသာ ကွဲပြားလျက် လူတိုင်းတွင် ရှိနေသည်။ ထို့ကြောင့် ထိုအရာများကို သိရှိရန် အတော်အတန် လွယ်ကူပေသည်။ သို့ရာတွင် မိမိ၏ အတွေးများနှင့် အမြင်များက သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်ကို ပိုင်းခြားသိမြင်ရန်မှာမူ ခက်ခဲပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိခြင်းလောက် မလွယ်ပေ။ လူတစ်ဦး၏ အပြုအမူ သို့မဟုတ် အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများက အနည်းငယ် ပြောင်းလဲသည့်အခါ ထိုလူက သူပြောင်းလဲသွားသည့်အလား ခံစားသော်လည်း အမှန်တွင် ဤသည်မှာ အပြုအမူဆိုင်ရာ ပြောင်းလဲခြင်းမျှသာဖြစ်ပြီး အမှုအရာများအပေါ် ထိုသူ၏အမြင် အမှန်တကယ် ပြောင်းလဲသွားပြီဟု မဆိုလိုပေ။ လူတို့၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် အယူအဆများစွာနှင့် စိတ်ကူးထင်မြင်မှုများစွာ ရှိနေဆဲ၊ ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော အတွေးများ၊ အမြင်များ၊ အဆိပ်များ ရှိနေဆဲ၊ ဘုရားသခင်ကို ရန်လိုသည့်အရာများစွာ ရှိနေဆဲ ဖြစ်သည်။ ဤအရာများသည် လူတို့အတွင်းတွင် ကွယ်ဝှက်နေပြီး ယင်းတို့ကို ယခုတိုင် မဖော်ထုတ်ရသေးချေ။ ထိုအရာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ခြင်းများ၏ ဇာစ်မြစ်ဖြစ်ပြီး လူ၏ သဘာဝ အနှစ်သာရအတွင်းမှ လာပေသည်။ ထို့ကြောင့်၊ သင်၏ အယူအဆများနှင့် မကိုက်သည့် တစ်စုံတစ်ရာကို ဘုရားသခင်က လုပ်ဆောင်သည့်အခါ၊ သင်သည် သူ့ကို ခုခံကာ ဆန့်ကျင်လိမ့်မည်။ ဘုရားသခင်က ထိုသို့ အဘယ်ကြောင့် ဆောင်ရွက်ခဲ့သည်ကို သင် နားလည်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းတွင် သမ္မာတရားရှိသည်ကို သင် သိရှိပြီး ကျိုးနွံနာခံရန် သင် ဆန္ဒရှိသော်လည်း၊ ထိုသို့ မလုပ်ဆောင်နိုင်သည်ကို သင့်ကိုယ်သင် တွေ့ရလိမ့်မည်။ အဘယ်ကြောင့် သင်သည် ကျိုးနွံနာခံနိုင်ခြင်း မရှိသနည်း။ သင်၏ ခုံခံခြင်းနှင့် ဆန့်ကျင်ခြင်းအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အဘယ်ကြောင့်ဆိုသော် လူသား၏ အတွေးများနှင့် အမြင်များထဲတွင် ဘုရားသခင်ကို ရန်လိုပြီး ဘုရားသခင် ဆောင်ရွက်သည့် အခြေခံသဘောတရားများနှင့် သူ၏ အနှစ်သာရကို ရန်လိုသည့် အရာများစွာ ရှိသောကြောင့် ဖြစ်သည်။ ဤအရာများသည် လူသားအတွက် အသိရရှိရန် ခက်ခဲပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်

မိမိကိုယ်ကို သိကျွမ်းခြင်းတွင် မည်သည့်ကဏ္ဍများ ရှိသနည်း။ ပထမအချက်မှာ လူတစ်ဦး၏ စကားနှင့် အပြုအမူများတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ထုတ်ဖော်ပြသည်ကို သိခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ယင်းမှာ မာနထောင်လွှားခြင်းဖြစ်ကာ အခြားအချိန်များတွင် လှည့်ဖြားတတ်ခြင်း၊ သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်ခြင်း၊ မာကျောခြင်း၊ သို့မဟုတ် သစ္စာဖောက်ခြင်း စသည်တို့ ဖြစ်သည်။ ထို့အပြင် တစ်စုံတစ်ခု လူတစ်ဦးအပေါ် ကျရောက်သည့်အခါ ၎င်းတို့တွင် သမ္မာတရားနှင့် မကိုက်ညီသော မည်သည့်ရည်ရွယ်ချက်များ သို့မဟုတ် စေ့ဆော်မှုများ ရှိမရှိကို သိရန် မိမိတို့ကိုယ်ကို ဆန်းစစ်သင့်သည်။ ၎င်းတို့၏ စကား သို့မဟုတ် အပြုအမူများတွင် ဘုရားသခင်ကို အတိုက်အခံလုပ်သော သို့မဟုတ် ပုန်ကန်သော တစ်စုံတစ်ရာ ရှိမရှိကိုလည်း ဆန်းစစ်သင့်သည်။ အထူးသဖြင့် ၎င်းတို့သည် မိမိတို့၏ တာဝန်နှင့်ပတ်သက်လာလျှင် တာဝန်သိစိတ် ရှိမရှိနှင့် သစ္စာစောင့်သိခြင်း ရှိမရှိ၊ ဘုရားသခင်အတွက် ရိုးသားစွာ အသုံးခံခြင်း ရှိမရှိ၊ အရောင်းအဝယ်လုပ်ခြင်း သို့မဟုတ် ဝတ်ကျေတမ်းကျေဖြစ်ခြင်း ရှိမရှိကို ဆန်းစစ်သင့်သည်။ မိမိကိုယ်ကို သိကျွမ်းခြင်းဆိုသည်မှာ လူတစ်ဦးတွင် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများ၊ အလွန်အကျွံ တောင်းဆိုမှုများ၊ သို့မဟုတ် နားလည်မှုလွဲမှားခြင်းများနှင့် မကျေနပ်ချက်များ ရှိမရှိနှင့် ကျိုးနွံနာခံလိုစိတ် ရှိမရှိကို သိခြင်းဖြစ်သည်။ ယင်းမှာ ကိုယ်တော် စီစဉ်ညွှန်ကြားသည့် အခြေအနေများ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချဉ်းကပ်သည့်အခါ သမ္မာတရားကို ရှာဖွေနိုင်ခြင်း၊ ဘုရားသခင်ထံမှ ခံယူနိုင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ရှိခြင်းတို့ ရှိမရှိကို သိခြင်းတို့ကို ဆိုလိုသည်။ ယင်းမှာ လူတစ်ဦးတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိနှင့် သမ္မာတရားကို ချစ်မြတ်နိုးသူ ဟုတ်မဟုတ်ကို သိခြင်းကို ဆိုလိုသည်။ ယင်းမှာ အမှုအရာများ မိမိအပေါ် ကျရောက်သည့်အခါ ကျိုးနွံနာခံခြင်း သို့မဟုတ် အငြင်းအခုံလုပ်ရန် ကြိုးစားခြင်း ရှိမရှိနှင့် ဤအရေးကိစ္စများအပေါ် ၎င်း၏ ချဉ်းကပ်မှုတွင် အယူအဆများနှင့် စိတ်ကူးများအပေါ်ဖြစ်စေ၊ သမ္မာတရားကို ရှာဖွေခြင်းအပေါ်ဖြစ်စေ မှီခိုခြင်း ရှိမရှိကို သိခြင်းကို ဆိုလိုသည်။ ဤအရာအားလုံးသည် မိမိကိုယ်ကို သိကျွမ်းခြင်း၏ နယ်ပယ်ဖြစ်သည်။ လူတစ်ဦးသည် အမျိုးမျိုးသော အခြေအနေများနှင့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် မိမိတို့၏ သဘောထားအရ မိမိတို့သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း ရှိမရှိနှင့် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း ရှိမရှိကို ဆင်ခြင်သုံးသပ်သင့်သည်။ အကယ်၍ လူတစ်ဦးသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိကျွမ်းလာနိုင်ပြီး ဘုရားသခင်အပေါ် မိမိ၏ ပုန်ကန်မှု မည်မျှကြီးမားသည်ကို မြင်နိုင်ပါက ထိုသူသည် ကြီးထွားရင့်ကျက်လာပြီ ဖြစ်သည်။ ထို့အပြင် ဘုရားသခင်ကို မိမိ၏ဆက်ဆံခြင်းတွင် ပါဝင်သည့် အရေးကိစ္စများနှင့် ပတ်သက်လာလျှင် လူတစ်ဦးသည် ဘုရားသခင်၏ နာမတော်နှင့် လူ့ဇာတိခံယူခြင်းကို သဘောထားပြုမူရာတွင် အယူအဆများ၊ ကြောက်ရွံ့ခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်းတို့ ရှိမရှိ၊ အထူးသဖြင့် သမ္မာတရားနှင့်ပတ်သက်၍ မိမိ၏ သဘောထားမှာ အဘယ်အရာဖြစ်သည်ကို ဆင်ခြင်သုံးသပ်သင့်သည်။ လူတစ်ဦးသည် မိမိ၏ ချို့တဲ့မှုများ၊ မိမိ၏ ဝိညာဉ်ရင့်ကျက်မှုနှင့် မိမိတွင် သမ္မာတရား လက်တွေ့ကျမှု ရှိမရှိကိုလည်းကောင်း၊ မိမိ၏ လိုက်စားမှုနှင့် မိမိလျှောက်လှမ်းသည့် လမ်းကြောင်းသည် မှန်ကန်ခြင်း ရှိမရှိနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီခြင်း ရှိမရှိကိုလည်းကောင်း သိသင့်သည်။ ဤသည်တို့အားလုံးမှာ လူတို့ သိသင့်သည့် အရာများ ဖြစ်ကြသည်။ အချုပ်အားဖြင့်ဆိုသော် မိမိကိုယ်ကို သိကျွမ်းခြင်း၏ အမျိုးမျိုးသော ကဏ္ဍများတွင် အနှစ်သာရအားဖြင့် အောက်ပါတို့ ပါဝင်သည်။ မိမိ၏ အစွမ်းအစ မြင့်မားခြင်း သို့မဟုတ် နိမ့်ကျခြင်း ရှိမရှိကို သိခြင်း၊ မိမိ၏ စရိုက်ကို သိခြင်း၊ မိမိ၏ အပြုအမူများတွင်ရှိသော ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများကို သိခြင်း၊ မိမိထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သဘာဝ အနှစ်သာရကို သိခြင်း၊ မိမိ၏ နှစ်သက်မှုများနှင့် လိုက်စားမှုကို သိခြင်း၊ မိမိလျှောက်လှမ်းသည့် လမ်းကြောင်းကို သိခြင်း၊ အမှုအရာများအပေါ် မိမိ၏ ရှုမြင်ပုံများကို သိခြင်း၊ မိမိ၏ ဘဝအပေါ် ရှုမြင်ပုံနှင့် တန်ဖိုးထားမှုများကို သိခြင်း၊ ဘုရားသခင်နှင့် သမ္မာတရားအပေါ် မိမိ၏ သဘောထားကို သိခြင်းတို့ ဖြစ်သည်။ မိမိကိုယ်ကို သိကျွမ်းခြင်းတွင် အဓိကအားဖြင့် ဤကဏ္ဍများ ပါဝင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂)

သင့်ကိုယ်သင် သိရှိရန် သင်၏ဖောက်ပြန်ပျက်စီးခြင်း နှင့်ဆိုင်သော ထုတ်ဖော်ခြင်းများ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သင်ကိုယ်တိုင်၏ ပဓာနကျသော အားနည်းချက်များ၊ သင်၏သဘာဝ အနှစ်သာရတို့ကို သင် သိရမည်။ သင်သည် သင်၏ ရည်ရွယ်ချက်များ၊ သင်၏ ရှုထောင့်အမြင်များနှင့် သင်၏ သဘောထားကဲ့သို့သော သင်၏ နေ့စဉ်ဘဝတွင် ထုတ်ဖော်ပြသည့် အရာများကိုလည်း သင် အိမ်တွင် ရှိသည်ဖြစ်စေ အပြင်၌ရှိသည်ဖြစ်စေ စုဝေးကြသည့်အခါများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက် နေသည့်အခါ သို့မဟုတ် သင် ကြုံရသည့် ကိစ္စရပ်တစ်ခု စီတိုင်းတွင် တကယ့်နောက်ဆုံး အသေးစိတ်အချက်အလက် အထိ သင် သိရှိရမည်။ ဤအချက်များမှတစ်ဆင့် သင့်ကိုယ်သင် သိရှိလာမည်။ သင့်ကိုယ်သင် ပိုမိုနက်ရှိုင်းသော အဆင့်၌ သိရှိဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ပေါင်းစပ်ရမည်မှာ မှန်သည်။ သူ၏ နှုတ်ကပတ်တော်များအပေါ် အခြေပြု၍ သင့်ကိုယ်သင် သိရှိခြင်းအားဖြင့်သာ ရလဒ်များကို သင် ရရှိနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရား လိုက်စားခြင်း၏ အရေးပါခြင်းနှင့် လမ်းကြောင်း

ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းနှင့် သူ့အတွက် ဘုရားသခင် ပေးခဲ့သည့် အမျိုးမျိုးသော စမ်းသပ်မှုများ အတွင်းမှတစ်ဆင့် သူ့ကိုယ်သူ သိရှိလာဖို့ရန်နှင့် သူ့အထဲတွင် ထုတ်ဖော်ပြခဲ့ပြီး ဖြစ်သည့်အရာကို ဆန်းစစ်ဖို့ရန် ကြိုးစားခဲ့သည်။ မိမိကိုယ်ကို အမှန်တကယ် သူ သိနားလည်လာခဲ့သည့် အချိန်တွင်၊ လူသားများက မည်မျှနက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည်နှင့် ၎င်းတို့ ဘုရားသခင်ကို အစေခံခြင်းငှာ မည်မျှ တန်ဖိုးမဲ့ပြီး မထိုက်တန်ပုံနှင့် သူ၏ရှေ့မှောက်တွင် အသက်ရှင်ရန် လူသားက မထိုက်တန်သည်ဆိုသည်တို့ကိုသာ ပေတရု နားလည်ခဲ့ရသည်။ ထို့နောက် ပေတရုသည် ဘုရားသခင်၏ ရှေ့တွင် လဲကျပျပ်ဝပ်ခဲ့သည်။ များစွာတွေ့ကြုံပြီးနောက်တွင် နောက်ဆုံးတွင် ပေတရုသည်၊ “ဘုရားသခင်ကို သိကျွမ်းခြင်းသည် တန်ဖိုးအရှိဆုံးသော အရာဖြစ်၏။ ဘုရားသခင်ကို မသိကျွမ်းမီ ငါသေခဲ့လျှင်၊ အင်မတန် ဝမ်းနည်းစရာ ဖြစ်လိမ့်မည်၊ ဘုရားသခင်ကို သိကျွမ်းခြင်းသည် အရေးကြီးဆုံး၊ အဓိပ္ပာယ်အရှိဆုံးသော အရာဖြစ်သည်။ လူသားသည် ဘုရားသခင်ကို မသိလျှင်၊ သူသည် အသက်ရှင်ဖို့ မထိုက်သကဲ့သို့ တိရစ္ဆာန်များနှင့်အတူတူပင်ဖြစ်သည်၊ အသက်မရှိပါ” ဟု ခံစားလာရသည်။ ပေတရု၏ အတွေ့အကြုံ ဤအဆင့်သို့ ရောက်ရှိသည့် အချိန်တွင်၊ သူသည် မိမိ၏ ကိုယ်ပိုင် သဘာဝကို သိလာပြီး ယင်းနှင့်သက်ဆိုင်သည့် အတော်အတန် ကောင်းမွန်သော သိနားလည်မှုကိုလည်း သူ ရရှိခဲ့ပြီးဖြစ်သည်။ ယနေ့ခေတ် လူတို့ ရှင်းပြနိုင်သကဲ့သို့ ယင်းကို ပေတရု ရှင်းပြနိုင်ခဲ့လိမ့်မည် မဟုတ်သော်လည်း၊ ပေတရုသည် ဤအခြေအနေသို့ ဧကန်အမှန် ရောက်ရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းကို လျှောက်ခြင်းနှင့် ဘုရားသခင်အားဖြင့် စုံလင်စေခြင်းကို ကြိုးပမ်းရရှိခြင်းသည် ဘုရားသခင်၏ မိန့်မြွက်ချက်များအတွင်းမှ မိမိ၏ ကိုယ်ပိုင်သဘာဝကို သိနားလည်ခြင်းကို လိုအပ်သည့်အပြင် စကားလုံးများဖြင့် ရှင်းလင်းစွာနှင့် ရိုးရှင်းစွာ ပြောရင်း မိမိသဘာဝ၏ ရှုထောင့်အမျိုးမျိုးကို သဘောပေါက်ခြင်းနှင့် ယင်းကို တိတိကျကျ ဖော်ပြခြင်းတို့ ပါဝင်လေသည်။ ဤသည်သာလျှင် သင့်ကိုယ်သင် အမှန်တကယ် သိခြင်းဖြစ်ပြီး ဤနည်းအားဖြင့်သာ သင်သည် ဘုရားသခင် တောင်းဆိုသည့် ရလဒ်ကို ကြိုးပမ်းရရှိလိမ့်မည် ဖြစ်သည်။ သင်၏ အသိပညာသည် ဤအဆင့်သို့ မရောက်သေးသော်လည်း၊ သင်က မိမိကိုယ်ကိုယ် သိရှိပြီး၊ အသက်ရရှိပြီးဖြစ်သည်ဟု အခိုင်အမာဆိုလျှင်၊ သင် လေလုံးထွားနေခြင်း သက်သက်သာ မဟုတ်လော။ သင်သည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့၊ ဘုရားသခင်ရှေ့တွင် သင် မည်သည့်အရာ ဖြစ်သည်၊ လူသား ဖြစ်ခြင်း၏ စံနှုန်းများကို သင် အမှန်တကယ် ပြည့်မီသည် မပြည့်မီသည် သို့မဟုတ် သင့်အတွင်းတွင် ဆိုးယုတ်သော အရိပ်လက္ခဏာများ မည်မျှ သင် ရှိသေးသည်ကိုလည်း သင် မသိပေ။ သင် မည်သူနှင့် သက်ဆိုင်သည်ကို မရှင်းလင်းသေးသကဲ့သို့၊ မိမိကိုယ်ကိုယ် သိရှိခြင်း တစ်ခုတလေမျှပင် သင် မရှိပေ၊ ထို့ကြောင့် ဘုရားသခင်ရှေ့တွင် သင် မည်သို့ ဆင်ခြင်တုံတရား ပိုင်ဆိုင်နိုင်မည်နည်း။ ပေတရုက အသက်ကို ရှာဖွေလိုက်စားသည့် အချိန်တွင် မိမိကိုယ်ကိုယ် သိနားလည်ခြင်းနှင့် သူ၏ စမ်းသပ်မှုများ ဖြစ်စဉ်တစ်လျှောက် မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲခြင်းအပေါ် သူ အာရုံစိုက်ခဲ့ပြီး ဘုရားသခင်ကို သိရှိရန် သူကြိုးပမ်းခဲ့သည်။ နောက်ဆုံးတွင် သူက၊ “လူတို့သည် ဘဝတွင် ဘုရားသခင်ကို သိနားလည်မှု ရှာဖွေရမည်၊ ကိုယ်တော့်ကို သိရှိခြင်းသည် အရေးပါဆုံးသောအရာ ဖြစ်သည်။ ဘုရားသခင်ကို ကျွန်ုပ် မသိလျှင်၊ ကျွန်ုပ်သေဆုံးသည့်အခါ ငြိမ်းချမ်းစွာ အနားယူနိုင်မည် မဟုတ်ပါ။ ကျွန်ုပ် သူ့ကို သိရှိသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်က ကျွန်ုပ်ကို ထိုအချိန်တွင် သေစေလျှင် ကျွန်ုပ် အဝမ်းမြောက်ဆုံး ခံစားရပြီးဖြစ်လိမ့်မည်။ ကျွန်ုပ် စိုးစဉ်းမျှ ညည်းညူလိမ့်မည် မဟုတ်သကဲ့သို့၊ ကျွန်ုပ်၏ ဘဝတစ်ခုလုံး ကျေနပ်ရပါလိမ့်မည်” ဟု တွေးသည်။ ပေတရုသည် ဘုရားသခင်ကို စတင်ယုံကြည်ခဲ့ပြီးသည့်နောက်တွင် ချက်ချင်း ဤသိနားလည်မှု အဆင့်ကို ရရှိနိုင်ခဲ့သည်မဟုတ်ပါ သို့မဟုတ် ဤအခြေအနေကို ရောက်ရှိနိုင်ခဲ့သည် မဟုတ်ပါ၊ ထိုအစား ကြီးမားသော စမ်းသပ်မှုများစွာ သူ ကြုံခဲ့ရသည်။ သူ၏ အတွေ့အကြုံသည် သမိုင်းမှတ်တိုင် တစ်ခုခုသို့ ရောက်ခဲ့ရပြီး၊ ဘုရားသခင်ကို သိရှိခြင်း၏ တန်ဖိုးကို သူ မသိနိုင်မီ မိမိကိုယ်ကိုယ် လုံးဝ နားလည်ဖို့ရန် ဖြစ်ခဲ့သည်။ ထို့ကြောင့် ပေတရု လျှောက်ခဲ့သည့် လမ်းကြောင်းသည် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်း၊ အသက်ကို ရရှိခြင်းနှင့် စုံလင်ခံရခြင်း လမ်းကြောင်းတစ်ခု ဖြစ်ခဲ့သည်။ ဤသည်မှာ သူ၏ တိကျသော လက်တွေ့လုပ်ဆောင်မှုကို အဓိက အာရုံစိုက်ခဲ့သည့် ရှုထောင့်တစ်ခု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း

သင်၏ မိမိကိုယ်ကို သိသည့် သိမြင်မှုသည် အပေါ်ယံအရာများအပေါ် သာမန်ကာလျှံကာ သတိပြုမိခြင်းသာ ပါဝင်ပါက သင်သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူကြောင်း၊ ဘုရားသခင်ကို သင် ပုန်ကန်ကာ အတိုက်အခံလုပ်ကြောင်း ပြောရုံမျှပြောပါက ဤသည်မှာ စစ်မှန်သည့် သိမြင်မှုမဟုတ်ဘဲ အယူဝါဒ ဖြစ်၏။ ဤအရာထဲသို့ အမှန်တရားများကို သင်ပေါင်းစပ်ရမည်။ မှားယွင်းသည့် ကြံရွယ်ချက်များနှင့် အမြင်များ၊ သို့မဟုတ် လွဲချော်နေသည့် အယူအဆများ သင်စွဲကိုင်သည့် မည်သည့် ကိစ္စရပ်များကိုမဆို မိတ်သဟာယနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းအတွက် သင် ထုတ်ဖော်ရမည်။ ဤအရာသည်သာ မိမိကိုယ်ကို အမှန်တကယ် သိရှိခြင်း ဖြစ်သည်။ သင်သည် သင်၏ လုပ်ရပ်များတစ်ခုတည်းပေါ် အခြေခံ၍ သင့်ကိုယ်သင် သိနားလည်ခြင်းအား မရရှိသင့်ပေ။ အဓိကကျသည့်အရာကို သင် သဘောပေါက်ရမည်ဖြစ်ပြီး ပြဿနာ၏ ရင်းမြစ်ကို ဖြေရှင်းရမည်။ အချိန်ကာလတစ်ခု ကုန်လွန်သွားသည်နှင့် သင်သည် မိမိကိုယ်ကို သုံးသပ်ပြီး မည်သည့် ပြဿနာများကို သင် ဖြေရှင်းပြီးဖြစ်ကာ မည်သည့်အရာ ကျန်ရှိနေသေးသည်ကို အကျဉ်းချုပ်ရမည်။ ထို့ကြောင့် ဤပြဿနာများကို ဖြေရှင်းရန်လည်း သမ္မာတရားကို သင် ရှာဖွေရမည်။ သင်သည် မတက်မကြွ မဖြစ်ရ၊ အမှုအရာများကို လုပ်ဆောင်ဖို့ အခြားသူများက သင့်ကို ချော့ရန်၊ သို့မဟုတ် တွန်းရန်၊ သို့မဟုတ် နဖားကြိုးတပ်ရန်ပင် သင် အမြဲ မလိုအပ်ရ။ အသက်ဝင်ရောက်မှုအတွက် သင်၏ ကိုယ်ပိုင် လမ်းကြောင်း ရှိရမည်။ သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲသည့် မည်သည့်အရာများကို သင် ပြောဆိုကာ လုပ်ဆောင်ပြီးဖြစ်သည်၊ သင်၏ မည်သည့် ကြံရွယ်ချက်များက မှားယွင်းပြီး မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် ထုတ်ဖော်ပြပြီးသည်ဆိုသည်တို့ကို မြင်ရန် သင့်ကိုယ်သင် မကြာခဏ ဆန်းစစ်ရမည်။ သင်သည် ဤသို့ အမြဲ လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်ပါက၊ သင့်ကိုယ်သင် တင်းကျပ်သည့် တောင်းဆိုချက်များ ပြုလုပ်ပါက သမ္မာတရားကို တဖြည်းဖြည်း နားလည်နိုင်လိမ့်မည်ဖြစ်ပြီး အသက် ဝင်ရောက်မှုရှိလိမ့်မည်။ သင်သည် သမ္မာတရားကို စစ်မှန်စွာ နားလည်သည့်အခါ သင် အမှန်တကယ် ဘာမျှမဟုတ်သည်ကို မြင်လိမ့်မည်။ တစ်ချက်မှာ သင်သည် ဆိုးရွားစွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသည်။ နောက်တစ်ချက်မှာ သင်သည် အလွန် ချို့တဲ့လွန်းပြီး မည်သည့် သမ္မာတရားကိုမျှ နားမလည်ပေ။ ထိုသို့သော မိမိကိုယ်ကို သိသည့် သိမြင်မှုကို သင် အမှန်တကယ် ပိုင်ဆိုင်သည့် နေ့ရက်တစ်ရက် ရောက်လာလျှင် သင်သည် မာနထောင်လွှားနိုင်စွမ်းရှိတော့မည် မဟုတ်သကဲ့သို့ ကိစ္စရပ်များစွာတွင် အသိစိတ် ပိုင်ဆိုင်လိမ့်မည်ဖြစ်ကာ ကျိုးနွံနာခံနိုင်စွမ်း ရှိလိမ့်မည်။ ယခု အဓိက ပြဿနာမှာ အဘယ်နည်း။ အယူအဆများ၏ အနှစ်သာရအပေါ် မိတ်သဟာယနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းမှတစ်ဆင့် လူတို့သည် ၎င်းတို့ အယူအဆများ ဖြစ်ပေါ်ရသည့် အကြောင်းရင်းကို နားလည်လာကြပြီ ဖြစ်သည်။ အချို့သော အယူအဆများကို ၎င်းတို့ ဖြေရှင်းနိုင်သော်လည်း ဤသည်မှာ ၎င်းတို့အနေဖြင့် အယူအဆတိုင်း၏ အနှစ်သာရကို ရှင်းလင်းစွာ မြင်နိုင်သည်ဟု မဆိုလိုပေ။ ယင်းမှာ ၎င်းတို့အနေဖြင့် မိမိကိုယ်ကို သိသောအသိအချို့ရှိသော်လည်း ၎င်းတို့၏ သိမြင်မှုသည် လုံလောက်အောင် မနက်ရှိုင်း၊ သို့မဟုတ် မရှင်းလင်းသေးဟုသာ ဆိုလိုပေသည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် မိမိတို့ ကိုယ်ပိုင် သဘာဝအနှစ်သာရကို ရှင်းလင်းစွာ မမြင်နိုင်ကြသေးသကဲ့သို့ မိမိတို့ စိတ်နှလုံးများတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အမြစ်တွယ်ကြပြီးဖြစ်သည်ကိုလည်း မမြင်နိုင်ကြချေ။ လူတစ်ဦးအနေဖြင့် ဤနည်းဖြင့် မိမိကိုယ်ကို သိသည့် အသိ မည်မျှ ရရှိနိုင်သည်ဆိုသည်မှာ အကန့်အသတ်ရှိ၏။ လူအချို့က “ကျွန်ုပ်၏ စိတ်သဘောထားသည် အလွန့်အလွန် မာနထောင်လွှားသည်ကို ကျွန်ုပ် သိပါသည်။ ဤသည်မှာ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် သိသည်ဟု မဆိုလိုသလော”ဟု ဆိုကြသည်။ ထိုသို့သော သိမြင်မှုသည် အလွန် အပေါ်ယံဆန်၏။ ယင်းသည် ပြဿနာကို မဖြေရှင်းနိုင်ပေ။ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိရှိပါက အဘယ်ကြောင့် ကိုယ်ရေးကိုယ်တာ တက်လမ်းကို ရှာနေသေးသနည်း၊ အဆင့်အတန်းနှင့် ထင်ပေါ်ကျော်ကြားခြင်းကို အဘယ်ကြောင့် မက်မောနေသေးသနည်း။ ဤသည်မှာ သင်၏ မာနထောင်လွှားသော သဘာဝသည် အမြစ်မပြတ်သေးဟု ဆိုလိုသည်။ ထို့ကြောင့် ပြောင်းလဲခြင်းသည် သင်၏ အတွေးများ၊ အမြင်များ၊ သင့်စကားနှင့် လုပ်ရပ်များနောက်ကွယ်ရှိ ကြံရွယ်ချက်များမှ စတင်ရမည်။ လူတို့ပြောသည့် အရာများစွာသည် နာကြည်းစေပြီး အငြိုးသိုထားကြောင်းနှင့် ၎င်းတို့ အသုံးပြုသည့် လေသံတွင် မာနထောင်လွှားသည့် အရိပ်လက္ခဏာတစ်ခု ရှိကြောင်းကို သင်တို့ သိမှတ်သလော။ ၎င်းတို့၏ စကားများသည် ၎င်းတို့၏ ကြံရွယ်ချက်များနှင့် ကိုယ်ပိုင် အယူအဆများကို သယ်ဆောင်၏။ ထိုးထွင်းအမြင်ရှိသောသူတို့သည် ထိုစကားများကို ကြားသည့်အခါ ဤအရာကို ပိုင်းခြားသိမြင်နိုင်ကြလိမ့်မည်။ လူအချို့သည် ၎င်းတို့၏ မာနထောင်လွှားမှုက ထုတ်ဖော်ခြင်းမခံရသည့်အခါ ပုံစံတစ်ခုခုဖြင့် စကားပြောပြီး အချို့သော အမူအရာများရှိသော်လည်း ၎င်းတို့၏ မာနထောင်လွှားမှု ထုတ်ဖော်ပြခံရသည့်အခါ ၎င်းတို့၏ အပြုအမူသည် အလွန်ကွဲပြားသွားလေသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ကြီးကျယ်သော စိတ်ကူးများအကြောင်းကို မရပ်မနား ငြီးငွေ့ဖွယ်ပြောကြလိမ့်မည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ အစွယ်နှင့် လက်သည်းများကို ထုတ်ကာ ၎င်းတို့၏ ခေါင်းများ မော့ထားကြလိမ့်မည်။ ၎င်းတို့အနေဖြင့် တောင်တန်း၏ ရှင်ဘုရင်ဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြပြီး ဤတွင် စာတန်၏ အကျည်းတန်သော မျက်နှာပေါ်လာလေသည်။ လူတိုင်း၏ စိတ်ထဲတွင် အကြံများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးစုံရှိ၏။ လည်သော လူတို့သည် စကားပြောသည့်အခါ မည်သို့လှည့်ဖြားလျက် မျက်စိမှိတ်ပြပြီး လူတို့ကို မသိမသာငဲ့စောင်း ကြည့်နေသကဲ့သို့သာ ဖြစ်သည်။ ဤလုပ်ရပ်များအတွင်းတွင် ဖုံးကွယ်ထားသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိ၏။ လူအချို့သည် လှီးလွှဲသော စကားများဖြင့် ပြောဆိုပြီး အခြားသူများက ၎င်းတို့ မည်သည့်အရာ ဆိုလိုသည်ကို အသေအချာ မသိကြချေ။ ၎င်းတို့၏ စကားများအတွင်းတွင် ကွယ်ဝှက်ထားသည့် အဓိပ္ပာယ်များနှင့် လှည့်ကွက်များ အမြဲ ရှိသော်လည်း အပြင်ပန်းတွင်မူ ၎င်းတို့သည် အလွန်တည်ငြိမ်ပြီး ဣန္ဒြေရကြလေသည်။ ဤသို့သော လူများသည် သာ၍ လှည့်ဖြားတတ်ကြပြီး သမ္မာတရားကို လက်ခံရန် ၎င်းတို့အတွက် သာ၍ပင် ခက်ခဲ၏။ ၎င်းတို့ကို ကယ်တင်ရန် အလွန်ခက်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူသားသည် ခေတ်သစ်သို့ ကူးပြောင်းပုံ

လူအချို့သည် ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုကို မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့နှုတ်မှ ပထမဆုံးပြောသောအရာသည် “ကျွန်ုပ်က နတ်ဆိုး၊ အသက်ရှင်နေတဲ့ စာတန်ဖြစ်ပါတယ်။ ဘုရားကို အတိုက်အခံလုပ်တဲ့သူဖြစ်ပါတယ်။ ဘုရားကို ပုန်ကန်ပြီး သစ္စာဖောက်တယ်။ ကျွန်တော်ဟာ ကျိန်ဆဲခြင်းခံရသင့်တဲ့ မြွေပွေး၊ ဆိုးယုတ်သောသူဖြစ်ပါတယ်။” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အမှန်တကယ်မိမိကိုယ်ကို သိမြင်ခြင်း အစစ်အမှန် ဖြစ်သလော။ ၎င်းတို့သည် ယေဘုယျအားဖြင့်သာပြောသည်။ အဘယ်ကြောင့် ဥပမာများ မပေးကြသနည်း။ ၎င်းတို့လုပ်ဆောင်ခဲ့သည့် ရှက်စရာကောင်းသောအရာများကို စိတ်ဖြာလေ့လာဆွေးနွေးရန်အတွက် အဘယ်ကြောင့် လူသိရှင်ကြား ချမပြနိုင်သနည်း။ ပိုင်းခြားသိမြင်ခြင်း မရှိသည့် လူအချို့က ၎င်းတို့ပြောသည်ကိုကြားပြီး စဉ်းစားသည်။ “ကဲ ဒါကမှ ကိုယ့်ကိုယ်ကိုယ် တကယ်သိမြင်တာပဲ။ ကိုယ့်ကိုယ်ကိုယ် နတ်ဆိုးလို့သိပြီး ကိုယ့်ကိုယ်ကိုယ်တောင် ကျိန်ဆဲတယ်ဆိုတော့ တော်တော်မြင့်တဲ့ အဆင့်ကို ရောက်နေပြီ။” ဟူ၍ဖြစ်သည်။ လူများစွာတို့သည်၊ အထူးသဖြင့် ယုံကြည်သူအသစ်များသည် ဤစကားများအားဖြင့် အထင်အမြင်မှားစေခြင်း ခံရနိုင်ချေရှိသည်။ ပြောဆို သူသည် ရိုးသားပြီး ဝိညာဉ်ရေး သိနားလည်မှု ရှိသည်၊ ဤသည်မှာ သမ္မာတရားကို ချစ်သောသူဖြစ်သည်၊ ခေါင်းဆောင်လုပ်ဖို့အတွက် အရည်အချင်းပြည့်မီသည်ဟု ၎င်းတို့က ထင်ကြသည်။ သို့ရာတွင် ထိုသူတို့နှင့် အချိန်အနည်းငယ် ဆက်ဆံပြီးသည်နှင့် ဤသို့မဟုတ်သည်ကို တွေ့ကြရသည်။ ဤသူသည် ၎င်းတို့ ထင်မြင်သည့်အတိုင်းမဟုတ်ဘဲ ထူးခြားစွာ လိမ်လည်ပြီး လှည့်ဖြားတတ်သည်၊ အယောင်ဆောင်ပြီး အယောင်ဆောင်ခြင်းတွင် ကျွမ်းကျင်သည်ဟု တွေ့ကြရသည်။ ဤအတွက်ကြောင့် အလွန် စိတ်ပျက်ကြရသည်။ လူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်သည်ဟု မည်သည့်အရာအပေါ်တွင် အခြေခံ၍ မှတ်ယူနိုင်သနည်း။ ၎င်းတို့ပြောဆိုသည့်အရာကိုသာ ထည့်စဉ်းစား၍ မရပေ။ အဓိကအချက်မှာ ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး လက်ခံနိုင်ခြင်းရှိမရှိကို ဆုံးဖြတ်ရန်ဖြစ်သည်။ သမ္မာတရားကို အမှန်တကယ် နားလည်သောသူတို့အတွက် ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်ရုံမကဘဲ အရေးကြီးဆုံးမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့၏ အမှန်တကယ် နားလည်မှုကိုသာ ပြောဆိုကြရုံမကဘဲ ၎င်းတို့ပြောဆိုသည့်အရာကို အမှန်တကယ် လုပ်ဆောင်နိုင်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ အပြောနှင့် လုပ်ရပ်သည် လုံးဝ ကိုက်ညီသည်။ ၎င်းတို့ပြောသည့်အရာသည် ယုတ္တိရှိပြီး သဘောတူလက်ခံနိုင်သည့်အရာဖြစ်သော်လည်း ယင်းကို မလုပ်ဆောင်လျှင်၊ ယင်းအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိလျှင် ဤအခြင်းအရာတွင် ၎င်းတို့သည် ဖာရိရှဲများဖြစ်လာကြသည်။ ကြောင်သူတော်များဖြစ်သည်။ မိမိတို့ကိုယ်ကို အမှန်တကယ်သိသောသူများ လုံးဝမဟုတ်ပေ။ လူများစွာတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါတွင် ယုတ္တိရှိသည့်ပုံစံပေါ်သည်။ သို့သော် ဖောက်ပြန်ပျက်စီးသည့်စိတ်သဘောထားကို ထုတ်ဖော်ပြမှုများ ၎င်းတို့တွင်ရှိသောအခါ သတိမမူမိကြပေ။ ဤလူတို့သည် မိမိတို့ကိုယ်ကိုသိသောသူများဖြစ်သလော။ လူတို့သည် မိမိတို့ကိုယ်ကိုမသိလျှင် ၎င်းတို့သည် သမ္မာတရားကို နားလည်သောသူများဖြစ်သလော။ မိမိကိုယ်ကိုမသိသူများအားလုံးသည် သမ္မာတရားကို နားမလည်သောသူများဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် သိမြင်ခြင်းနှင့်ပတ်သက်ပြီး အနှစ်မဲ့သောစကားများ ပြောသူတို့သည် ဝိညာဉ်ပကတိအတုအယောင်ဖြင့် လူလိမ်များတည်း။ လူအချို့သည် စကားများနှင့် အယူဝါဒများကို ပြောဆိုသည့်အခါတွင် အလွန်ပင် ယုတ္တိရှိသည့်ပုံစံရှိသည်။ သို့သော် ၎င်းတို့၏ ဝိညာဉ်များတွင်ရှိသော အခြေအနေသည် ထုံထိုင်းပြီး နှေးကွေးသည်။ သိမြင်နားလည်ခြင်းမရှိပေ။ မည်သည့်ပြဿနာကိုမျှ တုံ့ပြန်မှုမရှိပေ။ ၎င်းတို့သည် ထုံထိုင်းသည်ဟု ဆိုနိုင်သည်။ သို့သော် တစ်ခါတစ်ရံတွင် ၎င်းတို့ပြောဆိုသည်ကို နားထောင်သောအခါ ၎င်းတို့၏ ဝိညာဉ်သည် ထက်မြက်ပုံရသည်။ ဥပမာ ဖြစ်ရပ်တစ်ခုပြီးပြီးချင်းတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ချက်ချင်းသိနိုင်ကြသည်။ “အခုပဲ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်။ ဒါကိုစဉ်းစားကြည့်ပြီး အဲဒါက လှည့်ဖြားတတ်တယ်ဆိုတာ၊ ဘုရားကို ကျွန်တော်က လှည့်စားနေတာဆိုတာကို သဘောပေါက်သွားတယ်။” ဟူ၍ဖြစ်သည်။ အချို့သော ပိုင်းခြားသိမြင်ခြင်းမရှိသည့်လူများသည် ဤအရာကြားသောအခါ အားကျပြီး “ဒီလူက ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြတဲ့အခါမှာ ချက်ချင်း သတိထားမိတယ်။ ဒါကို ဖွင့်ပြောပြီး မိတ်သဟာယလည်းဖွဲ့နိုင်တယ်။ သူတို့ တုံ့ပြန်တာ အရမ်းမြန်တယ်။ သူတို့ဝိညာဉ်က ထက်မြက်တယ်။ ငါတို့ထက် အများကြီးပိုသာတယ်။ ဒါက တကယ်ကို သမ္မာတရားကို လိုက်စားတဲ့သူပဲ။” ဟူ၍ ပြောသည်။ ဤသည်မှာ လူတို့ကို တိုင်းတာရာတွင် တိကျသောနည်းလမ်းဖြစ်သလော။ (မဖြစ်ပါ။) ဤသို့ဆိုလျှင် လူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်ခြင်းရှိမရှိကို အကဲဖြတ်ခြင်းအတွက် မည်သည့်အရာက အခြေခံအချက်ဖြစ်သင့်သနည်း။ ၎င်းတို့၏ နှုတ်မှ ထွက်လာသောအရာသာ မဖြစ်ရပေ။ ၎င်းတို့တွင် မည်သည့်အရာကို အမှန်တကယ် ဖော်ပြ နေသည်ကိုလည်း ကြည့်ရမည်။ အရိုးရှင်းဆုံးနည်းလမ်းမှာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိကို ကြည့်ဖို့ရန်ဖြစ်သည်။ ဤသည်မှာ အရေးပါဆုံးဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့၏ အရည်အချင်းသည် ၎င်းတို့ မိမိတို့ကိုယ်ကို အမှန်တကယ်သိသည်ကို သက်သေပြသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်သောသူတို့သည် နောင်တရခြင်းကို ဖော်ပြသည်။ လူတို့က နောင်တရခြင်းကို ဖော်ပြမှသာ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်သည်။ ဥပမာ လူတစ်ဦးက မိမိ လှည့်ဖြားတတ်ကြောင်း၊ မိမိတွင် သိမ်ဖျင်းသော အကြံအစည်နှင့် လှည့်ကွက်များနှင့် ပြည့်ကြောင်း သိကောင်း သိနိုင်ပြီး အခြားသူများက လှည့်ဖြားခြင်းကို ထုတ်ဖော်ပြချိန်တွင်လည်း သတိပြုမိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့လှည့်ဖြားတတ်ကြောင်း ဝန်ခံပြီးသည့်နောက်တွင် သင့်အနေဖြင့် ၎င်းတို့ အမှန်တကယ် နောင်တရပြီး မိမိတို့၏ လှည့်ဖြားမှုကို စွန့်ပစ်ခြင်း ရှိမရှိဆိုသည်ကို ကြည့်သင့်သည်။ လှည့်ဖြားမှုကို ၎င်းတို့ ထပ်မံ ထုတ်ဖော်ပြလျှင် ထိုသို့လုပ်ဆောင်ခြင်းအတွက် အပြစ်တင်မှုနှင့် အရှက်ရသည့် အသိစိတ် ခံစားရခြင်း ရှိမရှိ၊ ၎င်းတို့ အစစ်အမှန် နောင်တရခြင်း ရှိမရှိဆိုသည်ကို ကြည့်လော့။ နောင်တရဖို့မပြောနှင့် အရှက်ရသည့် အသိစိတ်မရှိပါက ၎င်းတို့၏ မိမိကိုယ်ကို သိခြင်းသည် သာမန်ကာလျှံကာ၊ ဖြစ်ကတတ်ဆန်း အရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြနေခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ အသိသည် စစ်မှန်သော အသိမဟုတ်ပေ။ လှည့်ဖြားခြင်းသည် အလွန် မကောင်းသော အရာတစ်ခု ဖြစ်သည် သို့မဟုတ် ဆိုးယုတ်လှသည်ဟု ၎င်းတို့က မခံစားမိကြချေ။ လှည့်ဖြားခြင်းသည် အရှက်ကင်းမဲ့သော၊ ယုတ်မာသော အပြုအမူတစ်ခု ဖြစ်သည်ဟုလည်း အမှန်ပင် မထင်မြင်ကြပေ။ “လူများသည် လှည့်ဖြားတတ်သည်ချည်းသာ ဖြစ်သည်။ မလှည့်ဖြားတတ်သော လူများမှာ လူနုံလူအများ ဖြစ်သည်။ အနည်းငယ်မျှ လှည့်ဖြားခြင်းဖြင့် မကောင်းသော လူတစ်ယောက် မဖြစ်ပါ။ ကျွန်ုပ်သည် မကောင်းမှု မပြုလုပ်ခဲ့ပါ။ အပြင်လောကတွင် ကျွန်ုပ်သည် လှည့်ဖြားတတ်ဆုံးသောလူလည်း မဟုတ်ရပါ” ဟူ၍ ၎င်းတို့က တွေးကြ၏။ ထိုသို့သော လူတစ်ယောက်သည် မိမိကိုယ်မိမိ အမှန်တကယ် သိနိုင်သလော။ သေချာပေါက် မသိနိုင်ချေ။ ဤသည်မှာ ၎င်းတို့အနေဖြင့် မိမိတို့၏ လှည့်ဖြားတတ်သော စိတ်သဘောထားနှင့်ပတ်သက်၍ မည်သည့်အသိမျှ မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လှည့်ဖြားခြင်းကို မရွံမုန်းကြပေ။ မိမိကိုယ်ကို သိခြင်းနှင့် ပတ်သက်၍ ၎င်းတို့ ပြောဆိုသမျှ အရာရာတိုင်းသည် ဟန်ဆောင်မှုနှင့် အနှစ်မဲ့သော စကားများသာ ဖြစ်၏။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မသိမြင်ခြင်းသည် မိမိကိုယ်ကို စစ်မှန်သော သိခြင်း မဟုတ်ပေ။ လှည့်ဖြားတတ်သော လူများသည် မိမိတို့ကိုယ်ကို အမှန်တကယ် မသိနိုင်ကြသည့် အကြောင်းရင်းမှာ သမ္မာတရားကို လက်ခံခြင်းသည် ၎င်းတို့အတွက် လွယ်ကူသောအရာ မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် စကားများနှင့် အယူဝါဒများကို မည်မျှ စကားကြောရှည်နိုင်ကြသည်ဖြစ်စေ ၎င်းတို့ အမှန်တကယ် ပြောင်းလဲလိမ့်ကြမည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိကိုယ်ကို သိခြင်းသည် သမ္မာတရားကို လိုက်စားခြင်း၌ မရှိမဖြစ်လိုအပ်၏

မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရကို သိရှိခြင်းသည် ရိုးရှင်းသော အလုပ်ကိစ္စမဟုတ်ပေ။ သင့်ကိုယ်သင် သိရှိခြင်းသည် “ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးဖြစ်သည်။ နတ်ဆိုးတစ်ဦး ဖြစ်သည်။ စာတန်၏ သားသမီး၊ အဆင်းနီသော နဂါးကြီး၏ သားစဉ်မြေးဆက် ဖြစ်သည်။ ဘုရားသခင်အပေါ် ကျွန်ုပ် အတိုက်အခံလုပ်ကာ ရန်လိုသည်။ ကျွန်ုပ်သည် သူ၏ ရန်သူဖြစ်သည်”ဟု ယေဘုယျအားဖြင့် ပြောဆိုခြင်း မဟုတ်ပေ။ ထိုသို့သော ပြောဆိုခြင်းက သင်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် စစ်မှန်သော သိမြင်မှု ရှိသည်ဟု သေချာပေါက် မဆိုလိုပေ။ သင်သည် ထိုစကားများကို အခြားတစ်စုံတစ်ဦးထံမှ သင်ယူပြီးဖြစ်နိုင်ကာ သင့်ကိုယ်သင်နှင့် ပတ်သက်၍ သိပ်မသိခြင်း ဖြစ်နိုင်သည်။ စစ်မှန်သည့် မိမိကိုယ်ကိုသိမြင်မှုသည် လူ၏ သင်ယူခြင်း၊ သို့မဟုတ် အကဲဖြတ်ခြင်းများ၌ အခြေမခံပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေခံ၏။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အကျိုးဆက်များ၊ ပြီးလျှင် ထိုစိတ်သဘောထားများ၏ အကျိုးဆက်အဖြစ် သင်တွေ့ကြုံပြီးဖြစ်သည့် ဆင်းရဲဒုက္ခကို တွေ့မြင်ခြင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သင့်ကိုသာမက၊ အခြားလူများကိုပါ ထိခိုက်နစ်နာစေပုံကို ခံစားရခြင်းတို့ ဖြစ်သည်။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက စာတန်၌ ပေါ်ပေါက်ကြောင်း၊ ယင်းတို့သည် စာတန်၏ အဆိပ်များနှင့် အတွေးအခေါ်များ ဖြစ်ကြောင်းနှင့် သမ္မာတရားနှင့် ဘုရားသခင်ကို လုံးဝ မလိုလားကြောင်း အမှန်တရားကို ရိပ်စားမိခြင်း ဖြစ်သည်။ ဤပြဿနာကို သင် ရိပ်စားမိပြီးသည့်အခါ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် သိရှိလာပြီး ဖြစ်လိမ့်မည်။ လူအချို့က ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန် ဖြစ်ကြောင်း အသိအမှတ်ပြုပြီးနောက်တွင် ပြုပြင်ခြင်းကို လက်မခံကြသေးချေ။ ၎င်းတို့အနေဖြင့် မှားယွင်းသည့်အရာ တစ်ခုခု လုပ်ပြီးကြောင်း၊ သို့မဟုတ် သမ္မာတရားကို ချိုးဖောက်မိပြီးဖြစ်ကြောင်းကို ဝန်မခံကြချေ။ ၎င်းတို့၏ ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြသေးချေ။ လူအချို့က ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်များဖြစ်သည်ဟု ပြောကြသည့်တိုင် ၎င်းတို့ကို သင်က “သင်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်သည်ဟု အဘယ်ကြောင့် ပြောပါသနည်း”ဟု မေးမည်ဆိုပါက ၎င်းတို့ ပြန်ဖြေနိုင်မည် မဟုတ်။ ဤအရာက ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သို့မဟုတ် ၎င်းတို့၏ သဘာဝ အနှစ်သာရကို မသိကြကြောင်း သက်သေပြပေသည်။ ၎င်းတို့၏ သဘာဝက နတ်ဆိုး၏ သဘာဝဖြစ်ကြောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စာတန်၏ စိတ်သဘောထားဖြစ်ကြောင်း ၎င်းတို့ မြင်နိုင်ပြီး ထို့ကြောင့် ၎င်းတို့သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်သည်ဟု ဝန်ခံနိုင်ပါက မိမိတို့ကိုယ်ပိုင် သဘာဝ အနှစ်သာရကို ၎င်းတို့ သိရှိလာကြပြီးဖြစ်မည်။ စစ်မှန်သည့် မိမိကိုယ်ကိုသိမြင်မှုကို ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်မှု၊ တရားစီရင်ခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် အတွေ့အကြုံမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ ယင်းကို သမ္မာတရားကို သိနားလည်ခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ လူတစ်ဦးသည် သမ္မာတရားကို နားမလည်ပါက ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုအကြောင်း မည်သည့်အရာ ပြောသည်ဖြစ်စေ၊ အမြစ်တွယ်ပြီး ပဓာနကျသော ထိုအရာများကို ၎င်းတို့ ရှာမတွေ့နိုင်၊ သို့မဟုတ် သဘောမပေါက်နိုင်သောကြောင့် ယင်းသည် အနှစ်သာရမဲ့ပြီး လက်တွေ့မကျပေ။ မိမိကိုယ်ကိုယ်မိမိ သိရှိရန်မှာ အကြင်သူသည် တိကျသော ဖြစ်ရပ်များတွင် မည်သည့် ဖောက်ပြန်ပျက်စီးခြင်းများကို ၎င်းက ထုတ်ဖော်ပြပြီးဖြစ်သည်၊ မိမိတို့၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်၊ ၎င်းတို့ မည်သို့ပြုမူကြသည်၊ မည်သည့်အရာကြောင့် ၎င်းတို့ မသန့်စင်ရသည်ဆိုသည်နှင့် သမ္မာတရားကို ၎င်းတို့ လက်မခံရသည့်အကြောင်းရင်းတို့ကို သိမှတ်ရမည်။ ဤအရာများကို ၎င်းတို့ ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ရမည်ဖြစ်သည်။ ထို့နောက်တွင်မှ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိရှိနိုင်ကြပေသည်။ လူအချို့သည် ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သမ္မာတရားကို ၎င်းတို့ အလွန်အမင်း မနှစ်မြို့မိကြောင်း၊ ဘုရားသခင်နှင့် ပတ်သက်၍ သံသယများနှင့် အထင်လွဲမှုများရှိကြောင်းနှင့် သူ့ကို ၎င်းတို့ သတိထားပြီး တွန်းလှန်ကြကြောင်းတို့ကို ဝန်ခံကြသည်။ လူသားကို တရားစီရင်ပြီး ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များအားလုံးသည် အမှန်တရား ဖြစ်ကြောင်းလည်း ၎င်းတို့ အသိအမှတ်ပြုကြသည်။ ဤအရာက ၎င်းတို့သည် မိမိကိုယ်ကိုသိမြင်မှု အနည်းငယ်ရှိကြောင်း ပြပေသည်။ သို့ရာတွင် ၎င်းတို့သည် ဘုရားသခင်၊ သို့မဟုတ် သူ၏ အမှုတော်ကို သိမြင်မှု မရှိကြသောကြောင့်၊ သူ၏ ရည်ရွယ်ချက်များကို နားမလည်ကြသောကြောင့် ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုသည် အတော်လေး ပေါ့တန်လေသည်။ တစ်စုံတစ်ဦးသည် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကိုသာ သိမှတ်သော်လည်း ပြဿနာ၏ ရင်းမြစ်ကို ရှာမတွေ့ပါက ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ သံသယများ၊ အထင်လွဲမှုများနှင့် သတိထား တွန်းလှန်မှုများကို ဖြေရှင်း၍ရနိုင်သလော။ မရနိုင်ပေ။ ဤသည်မှာ မိမိကိုယ်ကိုသိမြင်မှုသည် မိမိ၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပြဿနာများကို အသိအမှတ်ပြုခြင်းမျှထက် ပိုသည့်အကြောင်းရင်း ဖြစ်သည်။ အကြင်သူသည် သမ္မာတရားကိုလည်း နားလည်ရမည်ဖြစ်ပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို အမြစ်မှ ဖြေရှင်းရမည်။ ယင်းမှာ မိမိ၏ ဖောက်ပြန်ပျက်စီးခြင်း၏အမှန်တရားကို ထိုးထွင်းသိမြင်ပြီး စစ်မှန်သည့် နောင်တ စွမ်းဆောင်ရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သည် မိမိတို့ကိုယ်ကို သိရှိလာကြသည့်အခါ မိမိတို့၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကိုလည်း ၎င်းတို့ ရှာဖွေကာ နားလည်နိုင်ကြသည်။ ဤမိမိကိုယ်ကိုသိမြင်မှုမျိုးသည်သာ ရလဒ်များ ဖြစ်ထွန်းစေသည်။ သမ္မာတရားကို ချစ်သောလူတစ်ဦးသည် လူသားကို ဖော်ထုတ်ပြီး တရားစီရင်သည့် ဘုရားနှုတ်ကပတ်တော် စကားရပ်တစ်ခုကို ဖတ်သည့်အခါတိုင်းတွင် လူသားကို ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များက စစ်မှန်ပြီး အမှန်တရား ဖြစ်ကြောင်းနှင့် လူသားကို တရားစီရင်သည့် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း၊ ပြီးလျှင် ယင်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအား ကိုယ်စားပြုကြောင်း အဓိကအားဖြင့် ၎င်းတို့ ယုံကြည်ကြသည်။ သမ္မာတရားကို ချစ်သောသူတို့သည် အနည်းဆုံးအနေဖြင့် ဤအရာကို သတိပြုနိုင်ရမည်။ တစ်စုံတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကိုပင် မယုံကြည်သကဲ့သို့ လူသားကို ဖော်ထုတ်‌ပြီး တရားစီရင်သည့် ဘုရားနှုတ်ကပတ်တော်များက အမှန်တရားများနှင့် သမ္မာတရားဖြစ်ကြောင်း မယုံကြည်ပါက ဘုရားနှုတ်ကပတ်တော်များမှတစ်ဆင့် မိမိတို့ကိုယ်ကို သိရှိနိုင်ကြသလော။ သေချာပေါက် မသိနိုင်ကြချေ။ ၎င်းတို့ သိရှိရန် ဆန္ဒရှိလျှင်ပင် သိရှိနိုင်မည်မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များအားလုံးက သမ္မာတရားဖြစ်ကြောင်း သင်၏ ယုံကြည်မှုတွင် သင် ခိုင်မာနိုင်ပြီး မည်သည့်အရာကို ဘုရားသခင် ပြောသည်ဖြစ်စေ၊ သူ၏ စကားပြောသည့်ပုံစံက မည်သို့ဖြစ်စေ ထိုနှုတ်ကပတ်တော်များအားလုံးကို ယုံကြည်နိုင်ပါက၊ သင် နားမလည်လျှင်ပင် ဘုရားနှုတ်ကပတ်တော်များကို ယုံကြည်ပြီး လက်ခံနိုင်ပါက ထိုနှုတ်ကပတ်တော်များမှတစ်ဆင့် မိမိကိုယ်ကိုသုံးသပ်ကာ သိရှိရန် သင့်အတွက် လွယ်ကူလိမ့်မည်။ မိမိကိုယ်ကိုဆင်ခြင်သုံးသပ်ခြင်းသည် သမ္မာတရားအပေါ် အခြေခံရမည်ဖြစ်သည်။ ယင်းမှာ သံသယရှိရန် မလိုပေ။ ဘုရားနှုတ်ကပတ်တော်များသာ သမ္မာတရားဖြစ်၏။ လူ၏ စကားများနှင့် စာတန်၏ စကားများတစ်ခုမျှ သမ္မာတရား မဟုတ်။ စာတန်သည် သင်ယူခြင်း၊ သင်ကြားခြင်းနှင့် သဘောတရားမျိုးစုံဖြင့် လူသားမျိုးနွယ်ကို နှစ်ထောင်ချီ ဖောက်ပြန်ပျက်စီးစေပြီး ဖြစ်ကာ လူတို့သည် အလွန် ထုံထိုင်းပြီး နုံအလာကြသည်မှာ မိမိတို့ကိုယ်ကို သိမြင်မှု စိုးစဉ်းမျှ မရှိကြရုံသာမက မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများကိုပင် လိုက်နာစောင့်ထိန်းကာ သမ္မာတရားကို လက်ခံရန် ငြင်းပယ်ကြလေသည်။ ဤသို့သော လူသားများသည် အဖတ်ဆယ်၍ မရနိုင်ကြပေ။ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းရှိသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ သမ္မာတရားဖြစ်ကြောင်း ယုံကြည်ကြသည်။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် အခြေခံ၍ မိမိတို့ကိုယ်ကို သိရှိနိုင်ကြပြီး ထိုသို့ဖြင့် စစ်မှန်သော နောင်တတရားကို ရရှိနိုင်ကြသည်။ လူအချို့သည် သမ္မာတရားကို မလိုက်စားကြချေ။ ၎င်းတို့သည် မိမိကိုယ်ကိုသုံးသပ်ခြင်းအား လူသား၏ သင်ယူမှုများ အပေါ်တွင်သာ အခြေခံကြပြီး အပြစ်ရှိသည့် အပြုအမူထက်ပို၍ မည်သည့်အရာမျှ ဝန်မခံကြသကဲ့သို့ တစ်ချိန်လုံးတွင် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို မရိပ်စားမိနိုင်ကြချေ။ ထိုသို့သော မိမိကိုယ်ကိုသိမြင်မှုသည် အချည်းနှီးဖြစ်သော အားထုတ်မှုဖြစ်ပြီး မည်သည့်ရလဒ်မျှ မဖြစ်ထွန်းပေ။ အကြင်သူသည် ၎င်း၏ မိမိကိုယ်ကိုသုံးသပ်ခြင်းအား ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံ ရမည်ဖြစ်ပြီး သုံးသပ်ပြီးနောက်တွင် ၎င်းထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တဖြည်းဖြည်း သိရှိလာရမည်။ အကြင်သူသည် မိမိ၏ ချို့တဲ့မှုများ၊ မိမိလူ့သဘာဝ အနှစ်သာရ၊ အမှုအရာများအပေါ် မိမိ၏ အမြင်များ၊ မိမိ၏ ဘဝ အမြင်နှင့် တန်ဖိုးများကို သမ္မာတရားအပေါ် အခြေခံ၍ အကဲဖြတ်ကာ သိရှိနိုင်ရမည်။ ထို့နောက်တွင် ဤအရာအားလုံးအပေါ် မှန်ကန်တိကျသည့် အကဲဖြတ်ချက်နှင့် ထင်မြင်ချက် စိတ်ကူးရလာနိုင်ရမည်။ ဤနည်းဖြင့် မိမိတို့ကိုယ်ကို သိမြင်မှုကို ၎င်းတို့ တဖြည်းဖြည်း ကြိုးပမ်းရယူနိုင်ပေသည်။ သို့ရာတွင် အကြင်သူသည် ဘဝတွင် သာ၍ တွေ့ကြုံသည်နှင့်အမျှ မိမိကိုယ်ကိုသိမြင်မှုက ယခင်ကထက် သာ၍ နက်ရှိုင်းသွားပြီး သမ္မာတရား မရရှိမီတွင် မိမိ၏ သဘာဝ အနှစ်သာရကို လုံးလုံး ရိပ်စားမိရန် ၎င်းအတွက် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ လူတစ်ဦးသည် မိမိကိုယ်ကိုအမှန်တကယ် သိပါက ဖောက်ပြန်ပျက်စီးသော လူသားများသည် ဧကန်အမှန် စာတန်၏ သားသမီးနှင့် ပြယုဂ်များဖြစ်ကြောင်းကို မြင်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင် ရှေ့မှောက်တွင် အသက်မရှင်ထိုက်ကြောင်း၊ သူ၏ မေတ္တာ၊ ကယ်တင်ခြင်းတို့နှင့် မထိုက်တန်ကြောင်း ခံစားကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ရှေ့မှောက်တွင် မိမိတို့ကိုယ်ကို လုံးဝ ဝပ်စင်းနိုင်ကြလိမ့်မည်။ ထိုသို့သော သိမြင်မှုအတိုင်းအတာတစ်ခုကို သိမြင်နိုင်စွမ်းရှိသူတို့သာ မိမိတို့ကိုယ်ကို အမှန်တကယ် သိပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁)

ယခုတွင် သင်တို့သည် သင်တို့ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ချင့်ချိန်နိုင်စွမ်းအချို့ ရှိပြီဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော မည်သည့်အရာများကို သင်ပုံမှန် ထုတ်ဖော်ပြတတ်ဆဲဖြစ်သည်၊ သမ္မာတရားနှင့်ကွဲလွဲသည့် မည်သည့်အရာများကို သင်လုပ်ဆောင်တတ်ဆဲ ဖြစ်သည်တို့က သင့်အတွက် ရှင်းလင်းလာသည်နှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်ခြင်းက လွယ်ကူသွားလိမ့်မည်။ အမှုအရာများစွာတွင် လူတို့သည် အဘယ်ကြောင့် မိမိတို့ကိုယ်ကို မထိန်းနိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် အချိန်ပြည့်၊ ကိစ္စရပ်တိုင်းတွင် ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော ၎င်းတို့စိတ်သဘောထား၏ ထိန်းချုပ်ခြင်းကို ခံရသောကြောင့်ဖြစ်သည်။ ဤအရာသည် အရာရာတွင် ၎င်းတို့ကို ဘောင်ခတ်ပြီး နှောင့်ယှက်၏။ လူအချို့သည် အရာအားလုံးအဆင်ပြေနေသောအခါတွင်လဲကျခြင်းမရှိ၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်းတို့ မရှိသည့်အခါတွင် မိမိတို့ကိုယ်ကို ဝိညာဉ်ရင့်ကျက်မှုရှိသည်ဟု အစဉ် ခံစားကြရပြီး၊ ဆိုးယုတ်သော၊ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် အန္တိခရစ်တစ်ယောက်က ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရသောအခါ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာမျှ မတွေးကြ။ ၎င်းတို့က “အခြားမည်သူမဆို လဲကျနိုင်သည်။ သို့သော် ကျွန်ုပ်ကမူ ထိုသို့မဟုတ်။ မည်သူမဆို ဘုရားကို မချစ်ခြင်းဖြစ်နိုင်သည်။ သို့သော် ကျွန်ုပ်ကမူ ချစ်၏” ဟူ၍ပင် လူတိုင်းရှေ့တွင် ကြွားဝါလိမ့်မည်။ မည်သည့်ပတ်ဝန်းကျင် သို့မဟုတ် အခြေအနေတွင်မဆို ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သည်ဟု ၎င်းတို့ထင်မြင်ကြ၏။ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့စမ်းသပ်ခြင်းခံရသောနေ့ရက် ရောက်လာသည့်အခါ ဘုရားသခင်နှင့်ပတ်သက်၍ စောဒကတက်ပြီး ညည်းညူကြတော့သည်။ ဤသည်မှာ ကျရှုံးခြင်း မဟုတ်သလော။ ဤသည်မှာ မှောက်မှားခြင်း မဟုတ်သလော။ မည်သည့်အရာကမျှ လူတို့ကို ၎င်းတို့စမ်းသပ်ခံရချိန်ထက် ပို၍ ထုတ်ဖော်ပြခြင်း မရှိပေ။ လူ၏ အတွင်းအကျဆုံး စိတ်နှလုံးကို ဘုရားသခင်က စိစစ်သည်။ လူတို့သည် အချိန်မရွေး ကြွားဝါပြောဆိုခြင်း မပြုရပေ။ ၎င်းတို့သည် မည်သည့်အရာကို ကြွားဝါပြောဆိုသည်ဖြစ်စေ ထိုနေရာသည် အနှေးနှင့်အမြန်ဆိုသလို ၎င်းတို့မှောက်မှားမည့်နေရာ ဖြစ်သည်။ အခြားလူများက အခြေအနေတစ်ခုခုတွင် မှောက်မှားပြီး ကျရှုံးသည်ကို မြင်သည့်အခါတွင် ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာမျှ မတွေးကြပေ။ ၎င်းတို့ကိုယ်၌က အမှားအယွင်း မလုပ်မိနိုင်၊ ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မည်ဟုပင် ထင်ကြသည်။ သို့သော် ၎င်းတို့သည်လည်း အဆုံး၌ အလားတူ အခြေအနေများတွင်ပင် မှောက်မှားပြီး ကျရှုံးကြ၏။ ဤသည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ ယင်းမှာ လူများသည် မိမိတို့၏သဘာဝ အနှစ်သာရကို နှံ့နှံ့စပ်စပ် နားမလည်သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင်သဘာဝ အနှစ်သာရတို့၏ ပြဿနာအပေါ် သိမြင်မှုသည် လုံလုံလောက်လောက် မနက်ရှိုင်းသောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့အတွက် အလွန်ပင်ပန်းရသည်။ ဥပမာအနေဖြင့်၊ လူအချို့သည် အလွန်ပင် လှည့်ဖြားတတ်ကာ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်ချက်တို့တွင် မရိုးသားကြသည့်တိုင် ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၌ မည်သည့်အရာက အပြင်းထန်ဆုံးဖြစ်သည်ကို ၎င်းတို့အား သင်မေးမြန်းလျှင် ၎င်းတို့က “ကျွန်ုပ်သည် အနည်းငယ် လှည့်ဖြားတတ်သည်” ဟု ပြောကြသည်။ ၎င်းတို့သည် အနည်းငယ် လှည့်ဖြားတတ်သည်ဟုသာ ၎င်းတို့ ပြောသော်လည်း ၎င်းတို့၏သဘာဝကိုယ်၌က လှည့်ဖြားတတ်သည်ဟု ၎င်းတို့မပြောသကဲ့သို့ ၎င်းတို့သည် လှည့်ဖြားတတ်သော လူတစ်ဦးဖြစ်သည်ဟုလည်း ၎င်းတို့မပြောပေ။ ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော အခြေအနေအပေါ် ၎င်းတို့၏ သိမြင်မှုသည် ထိုမျှ မနက်နဲဘဲ ယင်းကို အလေးအနက် မကြည့်သကဲ့သို့ အခြားသူများကြည့်သကဲ့သို့ နှံ့နှံ့စပ်စပ်လည်း မကြည့်ပေ။ အခြားလူများ၏ အမြင်ရှုထောင့်မှကြည့်လျှင် ဤလူသည် အလွန်လှည့်ဖြားတတ်ပြီး အလွန်မရိုးဖြောင့်ပေ။ ၎င်းပြောသမျှတွင် လှည့်ကွက်ရှိပြီး ၎င်း၏စကားများနှင့် လုပ်ရပ်များသည် မည်သည့်အခါမျှ မရိုးသားချေ။ သို့ရာတွင် ထိုလူသည် မိမိကိုယ်ကို ထိုမျှ နက်ရှိုင်းစွာ မသိနိုင်ပေ။ ၎င်း၌ တိုက်တိုက်ဆိုင်ဆိုင် ရှိနေသည့် မည်သည့်အသိပညာမဆိုသည် အပေါ်ယံမျှသာ ဖြစ်သည်။ ၎င်းပြောဆိုပြီး ပြုမူတိုင်း ၎င်း၏သဘာဝ၌ အစိတ်အပိုင်းအချို့ကို ထုတ်ဖော်သည့်တိုင် ၎င်းက ဤအရာကို သတိမပြုမိပေ။ ၎င်း၏ ဤသို့လုပ်ဆောင်ခြင်းသည် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြခြင်း မဟုတ်ဟု ယုံကြည်သည်။ ၎င်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ထားပြီးဖြစ်သည်ဟု ထင်သည်။ သို့သော် စောင့်ကြည့်လေ့လာလျှင် ဤလူသည် အတော်အတန် ကောက်ကျစ်ပြီး လှည့်စားတတ်သည်။ ၎င်း၏ စကားများနှင့် လုပ်ရပ်များသည် အလွန်ပင် မရိုးသားပေ။ ဆိုလိုသည်မှာ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်သဘာဝနှင့် သက်ဆိုင်သော အလွန်အပေါ်ယံဆန်သည့် သိနားလည်မှု ရှိကြပြီး ဤအရာနှင့် ၎င်းတို့ကို တရားစီရင်ပြီး ထုတ်ဖော်ပြသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကြားတွင် ကြီးမားသော ခြားနားချက်တစ်ခု ရှိ၏။ ဤသည်မှာ ဘုရားသခင် ဖော်ထုတ်သောအရာထဲမှ အမှားအယွင်းတစ်ခု မဟုတ်ဘဲ ထိုအစား လူသားများသည် မိမိတို့၏ ကိုယ်ပိုင် သဘာဝနှင့်ပတ်သက်ပြီး လုံလောက်သည့် နက်နဲသော နားလည်မှု မရှိခြင်း ဖြစ်သည်။ လူတို့၌ မိမိတို့ကိုယ်ကို အခြေခံကျသော သို့မဟုတ် ပဓာနကျသော သိနားလည်မှု မရှိကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ လုပ်ဆောင်ချက်များနှင့် အပြင်ပန်းထုတ်ဖော်ချက်များကို သိရှိလာခြင်းအပေါ် အာရုံစိုက်၍ ၎င်းတို့၏စွမ်းအားကို ပေးအပ်ထားကြသည်။ အကယ်၍ လူအချို့က မိမိတို့ကိုယ်ကို သိနားလည်ခြင်းအကြောင်း အနည်းငယ်ကို ရံဖန်ရံခါ ပြောနိုင်လျှင်ပင် ယင်းမှာ သိပ်လေးနက်မည် မဟုတ်ချေ။ အမှုကိစ္စ အမျိုးအစားတစ်ခုခုကို ပြုလုပ်ထားပြီး ဖြစ်သောကြောင့် သို့မဟုတ် အမှုကိစ္စ တစ်ခုခုကို ထုတ်ဖော်ထားပြီးဖြစ်သောကြောင့် သူသည် လူအမျိုးအစားတစ်မျိုးမျိုး ဖြစ်ကြောင်း သို့မဟုတ် သဘာဝအမျိုးအစားတစ်ခုခု ရှိကြောင်းကို မည်သူကမျှ တစ်ခါမျှ တွေးဖူးကြမည် မဟုတ်ပေ။ ဘုရားသခင်သည် လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို ထုတ်ဖော်ခဲ့ပြီး ဖြစ်သည်၊ သို့သော်လည်း လူတို့နားလည်သည့်အရာမှာ အမှုကိစ္စများကို လုပ်ဆောင်သည့် ၎င်းတို့၏ နည်းလမ်းများနှင့် ၎င်းတို့၏ ပြောပုံဆိုပုံတို့တွင် အားနည်းချက်ရှိပြီး မပြည့်စုံဟူ၍ ဖြစ်၏။ အကျိုးဆက်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်မှာ လူတို့အတွက် အတော်အတန် အားသွန်ခွန်စိုက်လုပ်ရသော အလုပ်တစ်ခု ဖြစ်လေသည်။ လူတို့က ၎င်းတို့၏ အမှားများမှာ ၎င်းတို့သဘာဝ၏ ထုတ်ဖော်မှုများ မဟုတ်ဘဲ ပေါ့ပေါ့ဆဆ ထုတ်ဖော်ပြမိသည့် ခေတ္တခဏမျှဖြစ်သော သရုပ်သကန်များသာ ဖြစ်သည်ဟု ထင်ကြသည်။ လူတို့က ဤသို့စဉ်းစားသည့်အခါ မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်ရန် အလွန်ခက်ခဲသည်။ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရန် အလွန်ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို မသိကြဘဲ သမ္မာတရားကို အလွန်အမင်း မဆာငတ်ကြ၍ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါတွင်လည်း ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကို ဝတ်ကျေတမ်းကျေ နည်းလမ်းဖြင့်သာ လိုက်နာကြ၍ ဖြစ်သည်။ လူတို့က ၎င်းတို့၏ ကိုယ်ပိုင် သဘာဝများမှာ အလွန်ဆိုးရွားသည်ဟု မရှုမြင်ကြချေ၊ ပြီးလျှင် ၎င်းတို့ ဖျက်ဆီးခံရလောက်အောင် သို့မဟုတ် အပြစ်ဒဏ်ပေးခံရလောက်အောင် အတိုင်းအတာအထိ ၎င်းတို့ သိပ်မဆိုးကြဟု ယုံကြည်ကြလေသည်။ သို့တိုင်အောင် ဘုရားသခင်၏ စံနှုန်းများအရ လူတို့သည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေသည်။ ၎င်းတို့သည် ကယ်တင်ခြင်းစံနှုန်းနှင့် ဝေးကွာနေဆဲ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူတို့၌ အပြင်ပန်းတွင် သမ္မာတရားကို မချိုးဖောက်ပုံပေါ်သည့် လုပ်နည်းကိုင်နည်းအချို့မျှသာရှိပြီး အမှန်တကယ်တွင်မူ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြဘဲ ဘုရားသခင်ကို မကျိုးနွံမနာခံကြသောကြောင့် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

လူတို့၏ မိမိကိုယ်ကို သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကို နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်။ ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကို၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကို မုန်းတီးလိမ့်မည်။ မိမိကိုယ်ကို မုန်းတီးပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို ပုန်ကန်နိုင်လိမ့်မည်ဖြစ်ပြီး ယင်းကို အားသွန်ခွန်စိုက်လုပ်ရသည်ဟု ယုံကြည်ခြင်းမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝမှာ မည်သည့်အရာဖြစ်သည်ကို မြင်သည့်အခါ၊ မည်မျှအကျည်းတန်ပုံ၊ မည်မျှစက်ဆုပ်ဖွယ်ကောင်းပုံနှင့် မည်မျှသနားဖွယ်ကောင်းပုံကို မြင်သည့်အခါတွင် မိမိကိုယ်ကို အလွန်အမင်း ဂုဏ်ယူနေခြင်း၊ လွန်လွန်ကဲကဲ မာနထောင်လွှားခြင်းနှင့် ယခင်ကဲ့သို့ မိမိကိုယ်ကို အလွန်ပင် ကျေနပ်အားရခြင်းတို့ မရှိတော့ပေ။ “ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရာတွင် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် မုန်းတီးသည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ ပုန်ကန်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကို မမုန်းတီးလျှင်၊ ဇာတိပကတိကို ၎င်းတို့ ပုန်ကန်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကို အမှန်တကယ် မုန်းတီးခြင်းသည် ရိုးရှင်းသောကိစ္စတစ်ခု မဟုတ်ပေ။ ဤတွင် ပိုင်ဆိုင်ရမည့် အရာအချို့ရှိသည်။ ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုအလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုသိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုအပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကို ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကို အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ဖယ်ရှားရှင်းလင်းခြင်းခံရပြီး ဖျက်ဆီးခံရသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ထို့ကြောင့် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စောဒကတက်လိမ့်မည်မဟုတ်၊ သို့မဟုတ် အာခံလိမ့်မည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

မိမိကိုယ်ကို သိသည့်အသိဟု ခေါ်သောအရာ

အရှေ့သို့-  ၃။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံနည်း

နောက်တစ်ခုသို့-  ၅။ မိမိကိုယ်ကို သိမြင်ပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားနည်း

သက်ဆိုင်သည့် အကြောင်းအရာ

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူတို့သည် ၎င်းတို့၏ ဘဝတစ်လျှောက်တွင် မွေးဖွားခြင်းဝေဒနာ၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger