၁၇။ “သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို သခင်က ခန့်အပ်သည်” ဟူသည့် ဘာသာရေးလောက၏ အယူအဆ
ဘာသာရေးလောကသည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို သခင်က ခန့်အပ်ထားသည်၊ ၎င်းတို့သည် ဦးဆောင်ပဲ့ကိုင်သင့်ပြီး သခင်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်းနှင့် ပတ်သက်လျှင် အဆုံးအဖြတ် ပေးပိုင်ခွင့် ရှိသည်ဟု ယုံကြည်ဖို့အတွက် အခြေပြုချက်အနေဖြင့် ကျမ်းစာထဲမှ “ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်၏အသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ် အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့၊” (တမန်တော်ဝတ္ထု ၂၀:၂၈) ဟူသော ဤစကားများကို အသုံးပြုကြသည်။
ကျမ်းစာထဲမှ စကားများ
“ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည်မင်္ဂလာရှိ၏။...ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အားငါပေးမည်။ သင်သည်မြေကြီးပေါ်မှာ ချည် နှောင်သမျှသည် ကောင်းကင်ဘုံ၌ချည်နှောင်လျက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်း ကင်ဘုံ၌ ဖြည်လွှတ်လျက်ရှိလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်။” (ရှင်မဿဲခရစ်ဝင် ၁၆:၁၇-၁၉)
“ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၁:၁၅)
“သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်၊ ထိုဘုရားသခင်ကိုသာ အစေခံရမည်။” (ရှင်မဿဲခရစ်ဝင် ၄:၁၀)
“လူ၏စကားထက်ဘုရားသခင်၏ စကားကို နားထောင်သင့်ပါ၏။” (တမန်တော်ဝတ္ထု ၅:၂၉)
“လူကို ယုံကြည်ကိုးစား၍ ဇာတိပကတိကို လက်နက် ခွန်အားအဖြစ် အသုံးပြုကာ၊ ယေဟောဝါထံမှ စိတ်နှလုံး သွေဖည်သောသူသည် ကျိန်ခြင်းအမင်္ဂလာ ခံထိုက်သူ ဖြစ်၏။” (ယေရမိ အနာဂတ္တိကျမ်း ၁၇:၅)
“လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။” (ရှင်မဿဲခရစ်ဝင် ၂၃:၁၃)
“လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်း ရေကြောင်းပတ်လည်လှည့်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။” (ရှင်မဿဲခရစ်ဝင် ၂၃:၁၅)
“ထိုသူတို့ကိုရှိပါလေစေ။ သူတို့သည်လူကန်းတို့အား လမ်းပြသောလူကန်းဖြစ်၏။ လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၅:၁၄)
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
သူကို အစေခံရန် လူတစ်ဦးကို ရွေးချယ်ရာတွင်၊ ဘုရားသခင်၌ သူ၏ ကိုယ်ပိုင် အခြေခံသဘောတရားများ အမြဲရှိပေသည်။ ဘုရားသခင်အား အစေခံခြင်းသည် လူများစိတ်ကူးသကဲ့သို့ စိတ်အားထက်သန်မှုနှင့် သက်ဆိုင်သော ကိစ္စရပ်တစ်ခုသက်သက် လုံးဝ မဟုတ်ပေ။ ယနေ့တွင်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သူ့ကို အစေခံသူအားလုံးသည် ထိုသို့ လုပ်ဆောင်ကြသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ လမ်းပြမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်တို့ ရှိပြီး ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဖြစ်ကြသောကြောင့် ဖြစ်သည်ကို သင်တို့တွေ့ပေသည်။ ဤအရာများသည် ဘုရားသခင်ကို အစေခံသောသူ အားလုံးအတွက် အနည်းဆုံးသော သတ်မှတ်ချက်များ ဖြစ်သည်။
ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေမခံနိုင်ပေ။ သင်၏ စိတ်သဘောထားသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးပါက၊ သင်၏ စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေဆဲဖြစ်သည်၊ ယင်းက သင်သည် သင်ကိုယ်တိုင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို အစေခံသည်၊ သင်၏ အစေခံခြင်းသည် သင်၏စာတန်ဆန်သော သဘာဝအပေါ် အခြေခံထားသည်ကို သက်သေပြပေသည်။ သင်သည် သင်၏ သဘာဝအလျောက်ဖြစ်သော စရိုက်လက္ခဏာဖြင့်လည်းကောင်း၊ သင်၏ ပုဂ္ဂိုလ်ရေး အကြိုက်များအရလည်းကောင်း ဘုရားသခင်ကို အစေခံသည်။ ထိုထက်ပို၍၊ သင်လုပ်ဆောင်ရန် လိုလားနေသည့် အရာများသည် ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ကောင်းသော အရာများဖြစ်ပြီး၊ သင် လုပ်ဆောင်ရန် ဆန္ဒမရှိသည့် အရာများသည် ဘုရားသခင်အဖို့ ရွံရှာဖွယ်ရာများ ဖြစ်သည်ဟု သင် အမြဲ တွေးထင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင် အကြိုက်များအတိုင်းသာ လုံးလုံး အလုပ်လုပ်ပေသည်။ ဤအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်ဆိုနိုင်သလော။ နောက်ဆုံးတွင်၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲခြင်း အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းအစား၊ သင်၏ အစေခံခြင်းသည် သင့်ကို သာ၍ပင် ခေါင်းမာစေလိမ့်မည်ဖြစ်သည်၊ ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေကာ၊ ထိုသို့ဖြင့် သင်၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် သင်၏ကိုယ်ပိုင် စိတ်သဘောထား အတိုင်း အစေခံခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အဓိက အခြေခံသည့်၊ ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းများသည် သင်၏အတွင်းတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် လူသား၏ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဖြစ်သည်။ ယင်းသည် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် လူသား၏ အတွေးအခေါ်ဖြစ်သည်။ ဤသို့သော လူတို့ကို ဖာရိရှဲနှင့် ဘာသာရေး အရာရှိများအဖြစ် အမျိုးအစား သတ်မှတ်နိုင်ပေသည်။ ၎င်းတို့သည် လုံးဝ မနိုးထသကဲ့သို့ နောင်တမရပါက၊ နောက်ဆုံးသော ကာလတွင် လူတို့ကို အထင်အမြင်မှားစေသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားကြလိမ့်မည်။ အဆိုပါ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များသည် ထိုသို့သော လူများကြားမှ ထွက်ပေါ်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော သူတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျင့်စရိုက်နောက်လိုက်ပြီး မိမိတို့ကိုယ်တိုင်၏ အလိုဆန္ဒအတိုင်း ပြုမူကြပါက၊ အချိန်မရွေး ဖယ်ရှားရှင်းလင်းခြင်းခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ စိတ်နှလုံးများကို သိမ်းသွင်းရန်၊ ၎င်းတို့ကို ဩဝါဒပေးရန်နှင့် ဘောင်ခတ်ရန်၊ ပြီးလျှင် အထက်စီး၌နေရန်၊ ဘုရားသခင်အား အစေခံရာတွင် ရရှိထားသော ၎င်းတို့၏ နှစ်များစွာ အတွေ့အကြုံကို အသုံးချသောသူများ၊ ပြီးလျှင် မည်သည့်အခါမျှ နောင်တမရသောသူများ၊ မိမိတို့၏ အပြစ်များကို မည်သည့်အခါတွင်မျှ ဝန်မချသောသူများနှင့် အဆင့်အတန်း၏ အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများဖြစ်သည့် ဤလူများသည် ဘုရားသခင်ရှေ့မှောက်တွင် လဲကျကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ဝါရင့်မှုကြောင့် ရောင့်တက်ကာ၊ ၎င်းတို့၏ အရည်အချင်းများကို ကြွားလုံးထုတ်ရင်း၊ ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။ ဘုရားသခင်သည် ဤသို့သော လူများကို စုံလငစအောင်ပြုလုပ်ပေးမည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အမှုကို နှောင့်ယှက်လေသည်။ လူတို့သည် ဟောင်းသောအရာကို အမြဲ ဖက်တွယ်ကြ၏။ ၎င်းတို့သည် အတိတ်၏ အယူအဆများ၊ ကုန်လွန်သွားသော အချိန်ကာလများမှ အရာရာတိုင်းကို ဖက်တွယ်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အစေခံခြင်းအတွက် ကြီးမားသည့် အတားအဆီး ဖြစ်ပေသည်။ သင်သည် ထိုအရာများကို မဖယ်ရှားနိုင်ပါက၊ ဤအရာများသည် သင့်ဘဝတစ်ခုလုံးကို ပိတ်ဆို့လိမ့်မည်။ ဘုရားသခင်သည် သင် ပြေးလွှားနေရင်း သင်၏ ခြေထောက်များ ကျိုးလျှင် သို့မဟုတ် အလုပ်ကြမ်းဖြင့် သင်၏ ကျောရိုး ကျိုးလျှင်ပင်၊ ဘုရားသခင်အား သင်၏အစေခံရာ၌ သင်သည် ညှဉ်းဆဲသတ်ဖြတ်ခံရလျှင်ပင်၊ သင့်ကို အနည်းငယ်မျှပင် အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။ အတော်အတန် ဆန့်ကျင်လျက် သင်သည် မတရားသဖြင့် ကျင့်သောသူတစ်ဦး ဖြစ်သည်ဟု ဘုရားသခင် ပြောလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်
အသင်းတော်တွင် တရားဟောပြီး အဆင့်အတန်း၊ ရာထူးနှင့် ဂုဏ်သိက္ခာရှိသောသူတို့သည် ဓမ္မပညာဆိုင်ရာ အသိပညာနှင့် သဘောတရားများ ပိုင်ဆိုင်ဖို့ ဓမ္မပညာ ကျမ်းစာကျောင်းများတွင် လေ့ကျင့်ထားကြသည့် လူတစ်စုဖြစ်ပြီး ၎င်းတို့သည် အခြေခံအားဖြင့် ခရစ်ယာန်ဘာသာကို ထိန်းသိမ်းသည့် အဓိကအဖွဲ့အစည်း ဖြစ်သည်။ ခရစ်ယာန်ဘာသာသည် ထိုသို့သောလူများကို စင်ပေါ်ရောက်ကာ တရားဟောရန်၊ နေရတကာတွင် ဧဝံဂေလိ ဖြန့်ပြီး အလုပ်ကို လုပ်ဆောင်ရန် လေ့ကျင့်ပေးသည်။ ဤဓမ္မပညာ ကျောင်းသားများ၊ တရားဟောသည့် သင်းအုပ်များနှင့် ဓမ္မပညာရှင်များကဲ့သို့သော ပါရမီရှင်များကြောင့် ခရစ်ယာန်ဘာသာ၏ ယနေ့ထိတိုင် ဆက်လက်တည်ရှိမှုကို သေချာစေသည်ဟု ၎င်းတို့က ယုံကြည်ကြပြီး ဤလူများသည် ခရစ်ယာန်ဘာသာ တည်ရှိခြင်း၏ တန်ဖိုးနှင့် အရင်းအနှီးဖြစ်လာကြသည်။ အသင်းတော်တစ်ပါး၏ သင်းအုပ်ဆရာသည် ဓမ္မပညာ ကျမ်းစာကျောင်းတစ်ကျောင်း၏ ဘွဲ့ရတစ်ဦး ဖြစ်လျှင်၊ သမ္မာကျမ်းစာကို ကောင်းစွာ ဆွေးနွေးတတ်လျှင်၊ ဝိညာဉ်ရေးရာ စာအုပ်အချို့ကို ဖတ်ရှုပြီးဖြစ်ကာ အသိပညာနှင့် အပြောကောင်းခြင်းအချို့ရှိလျှင် ထိုအသင်းတော်၏ တက်ရောက်သူဦးရေ စည်ကားလိမ့်မည်ဖြစ်ပြီး အခြားအသင်းတော်များထက် များစွာ သာ၍ ကျော်ကြားလာလိမ့်မည်ဖြစ်သည်။ ခရစ်ယာန်ဘာသာတွင်ရှိသည့် ဤလူတို့က မည်သည့်အရာကို လေးစားကြသနည်း။ အသိပညာ၊ ဓမ္မပညာဆိုင်ရာ အသိပညာဖြစ်သည်။ ဤအသိပညာသည် မည်သည့်နေရာမှ လာသနည်း။ ရှေးကာလမှ လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည် မဟုတ်လော။ ရှေးကာလတွင် ကျမ်းစာများ ရှိခဲ့ပြီး ထိုကျမ်းစာများကို မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းခဲ့ကြကာ ယင်းမှာ ယနေ့အထိတိုင် လူတိုင်းက ထိုကျမ်းစာများကို ဖတ်ရှုကာ သင်ယူကြပုံဖြစ်သည်။ လူတို့သည် သမ္မာကျမ်းစာကို အခန်းအမျိုးမျိုး ခွဲကြသည်၊ မတူညီသော ပုံစံများဖြင့် ပြုစုကြပြီး လေ့လာ၍ သင်ယူရန် တိုက်တွန်းကြသော်လည်း ၎င်း၏ သမ္မာကျမ်းစာလေ့လာမှုသည် ဘုရားသခင်ကို သိရှိဖို့အတွက် သမ္မာတရားကို နားလည်ရန်မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ဖို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန်လည်း မဟုတ်ပေ။ ထို့ထက် သမ္မာကျမ်းစာ၏ အသိပညာနှင့် နက်နဲမှုများကို လေ့လာရန်၊ မည်သည့်အချိန်ရှိ မည်သည့်ဖြစ်ရပ်များသည် ဗျာဒိတ်ကျမ်းပါ မည်သည့် ပရောဖက်ပြုချက်အား ပြည့်စုံစေပြီးဖြစ်သည်ကို သိရှိရန်နှင့် ကြီးမားသော ဘေးဒုက္ခများနှင့် နှစ်တစ်ထောင်ကာလသည် မည်သည့်အချိန်တွင် ရောက်ရှိလာမည်ကို သဘောပေါက်နားလည်ရန် ဖြစ်သည်။ ဤအရာများကို ၎င်းတို့က လေ့လာကြသည်။ ၎င်းတို့၏ လေ့လာမှုသည် သမ္မာတရားနှင့် ဆက်စပ်မှုရှိသလော။ (မရှိပါ။) သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှမရှိသည့် အရာများကို အဘယ်ကြောင့် ၎င်းတို့ လေ့လာကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ လေ့လာလေ၊ နားလည်သည်ဟု ၎င်းတို့ ခံစားရလေဖြစ်ပြီး စကားများနှင့် အယူဝါဒများဖြင့် ၎င်းတို့ ပြင်ဆင်လေ၊ ၎င်းတို၏ အရည်အချင်းများ သာ၍ မြင့်မားလေ ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့၏ အရည်အချင်းများ သာ၍ မြင့်မားလေ၊ ၎င်းတို့၏ စွမ်းရည်များ သာ၍ ကြီးမားလေဟု ခံစားရပြီး ၎င်းတို့အနေဖြင့် မိမိတို့၏ ယုံကြည်ခြင်းတွင် နောက်ဆုံး၌ ကောင်းချီးခံစားရလိမ့်မည်ဖြစ်ကြောင်း၊ သေပြီးနောက်တွင် ကောင်းကင်ဘုံသို့ သွားရလိမ့်မည်ဖြစ်ကြောင်း သို့မဟုတ် အသက်ရှင်သူသည် သခင်ဘုရားနှင့် ဆုံတွေ့ဖို့ ကောင်းကင်သို့ ချီဆောင်ခံရလိမ့်မည်ဖြစ်ကြောင်း သာ၍ ယုံကြည်လေ ဖြစ်ကြသည်။ ဤသည်တို့မှာ ဘုရားနှုတ်ကပတ်တော်များနှင့် လုံးဝ မကိုက်ညီသည့် ၎င်းတို့၏ ဘာသာရေး အယူအဆများ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၃)
ဘာသာရေးလောက၏ သင်းအုပ်များနှင့် အကြီးအကဲများအားလုံးသည် သမ္မာကျမ်းစာဆိုင်ရာ အသိပညာနှင့် ဓမ္မပညာကို လေ့လာသောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သော သူတော်ကောင်းယောင်ဆောင်သည့် ဖာရိရှဲများ ဖြစ်ကြသည်။...ခရစ်ယာန်ဘာသာနှင့် ကက်သလစ်ဘာသာတို့၌ သမ္မာကျမ်းစာ၊ ဓမ္မပညာ၊ ဘုရားသခင်၏ အမှုတော်သမိုင်းကိုပင် လေ့လာသောသူတို့သည် အမှန်တကယ် ယုံကြည်သူများ ဟုတ်ကြသလော။ ၎င်းတို့သည် ဘုရားသခင်ပြောသည့် သူ၏ ယုံကြည်သူများနှင့်လည်းကောင်း၊ နောက်လိုက်များနှင့်လည်းကောင်း ကွာခြားကြသလော။ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် ယုံကြည်သူများ ဖြစ်ကြသလော။ မဟုတ်ပေ၊ ၎င်းတို့သည် ဓမ္မပညာကို လေ့လာကြသည်၊ ဘုရားသခင်ကို လေ့လာကြသော်လည်း ဘုရားသခင်နောက်သို့ မလိုက်ကြ သို့မဟုတ် သူ့ကို သက်သေမခံကြပေ။ ၎င်းတို့၏ ဘုရားသခင်ကို လေ့လာခြင်းသည် သမိုင်း၊ ဒဿနိကဗေဒ၊ ဥပဒေ၊ ဇီဝဗေဒ သို့မဟုတ် နက္ခတ္တဗေဒကို လေ့လာသောသူတို့နှင့် အတူတူပင် ဖြစ်သည်။ ၎င်းတို့က သိပ္ပံ သို့မဟုတ် အခြားဘာသာရပ်များကို မကြိုက်နှစ်သက်ကြဘဲ ဓမ္မပညာကို လေ့လာရန် ၎င်းတို့ အထူးတလည် ကြိုက်နှစ်သက်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်ကို လေ့လာရန် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့်တိုလီမုတ်စများကို ရှာဖွေခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိနိုင်ကြသလော။ လုံးဝ မတွေ့ရှိနိုင်ကြပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ နားလည်နိုင်ကြသလော။ (နားမလည်နိုင်ကြပါ။) အဘယ်ကြောင့်နည်။ အကြောင်းမှာ ၎င်းတို့သည် စကားလုံးများ၊ အသိပညာ၊ ဒဿနိကဗေဒ၊ လူ့စိတ်နှင့် လူ့အတွေးအခေါ်များဖြင့် အသက်ရှင်နေကြသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ မြင်တွေ့ရမည်မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကိုလည်း ခံရမည်မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို မည်သို့ သတ်မှတ်သနည်း။ မယုံကြည်သူများအဖြစ်၊ ဘာသာတရားမရှိသူများအဖြစ် သတ်မှတ်သည်။ ဤဘာသာတရားမရှိသူများနှင့် မယုံကြည်သူများသည် ဘုရားသခင်ကို ယုံကြည်သူများအဖြစ်၊ ခရစ်ယာန်များအဖြစ် ဟန်ဆောင်လျက် ခရစ်ယာန်အသိုင်းအဝိုင်းဟု ခေါ်ဆိုကြသည့်အရာအတွင်း၌ ရောနှောနေထိုင်ကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် ဘုရားသခင်အတွက် စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်း ရှိကြသလော။ ၎င်းတို့၌ စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ အချက်တစ်ချက်မှာ သေချာသည်။ ၎င်းတို့ထဲမှ အတော်များများသည် မိမိတို့စိတ်နှလုံးများထဲ၌ ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပေ။ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာစွဲကိုင်သည်ကို ၎င်းတို့ မယုံကြည်ကြသကဲ့သို့ ဘုရားသခင်က လူ့ဇာတိခံယူနိုင်သည်ကို သာ၍ပင် ယုံကြည်မှုနည်းကြသည်။ ဤမယုံကြည်ခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ သံသယဝင်ခြင်းနှင့် ငြင်းပယ်ခြင်းကို ဆိုလိုသည်။ ဘုရားသခင် ပြောဆိုထားသည့် ပရောဖက်ပြုချက်များ၊ အထူးသဖြင့် ကပ်ဘေးများနှင့်သက်ဆိုင်သော ပရောဖက်ပြုချက်များ ပြည့်စုံလာမည် သို့မဟုတ် ဖြစ်ပေါ်လာမည်ကို မျှော်လင့်ခြင်းမရှိသည့် သဘောထားကိုပင် ၎င်းတို့ ခံယူကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ သဘောထားဖြစ်ပြီး ၎င်းတို့၏ ယုံကြည်ခြင်းဟုခေါ်ဆိုကြသည့်အရာ၏ အနှစ်သာရနှင့် စစ်မှန်သော သဘောသဘာဝ ဖြစ်သည်။ ဤလူတို့သည် ဓမ္မပညာနှင့်ဆိုင်သည့် ဘာသာရပ်နှင့် အသိပညာကိုလည်းကောင်း၊ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် သမိုင်းဆိုင်ရာ အချက်အလက်များကိုလည်းကောင်း အထူးတလည် စိတ်ဝင်စားသောကြောင့် ဘုရားသခင်ကို လေ့လာကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဓမ္မပညာကို လေ့လာသော ပညာတတ်အုပ်စုသက်သက်သာ ဖြစ်ကြသည်။ ဤပညာတတ်များသည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပေ။ သို့ဖြစ်၍ ဘုရားသခင်က အမှုပြုရန် ကြွလာသောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာသောအခါ ၎င်းတို့ မည်သို့ တုံ့ပြန်ကြသနည်း။ ဘုရားသခင်က လူ့ဇာတိခံယူပြီး အမှုတော်သစ်ကို စတင်ခဲ့ကြောင်း ၎င်းတို့ ကြားသိရသောအခါ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ အဘယ်နည်း။ “မဖြစ်နိုင်ပါ” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ နာမတော်သစ်နှင့် ဘုရားသခင်၏ အမှုတော်သစ်ကို ဟောပြောသည့် မည်သူမဆို၊ ထိုသူကို ၎င်းတို့က ရှုတ်ချကြပြီး သတ်ပစ်ရန် သို့မဟုတ် ဖယ်ရှားရှင်းလင်းရန်ပင် အလိုရှိကြသည်။ ဤသည်မှာ မည်သည့် သရုပ်သကန်မျိုး ဖြစ်သနည်း။ ဤသည်မှာ သမားရိုးကျ အန္တိခရစ်တစ်ဦး၏ သရုပ်သကန် မဟုတ်လော။ ၎င်းတို့နှင့် ရှေးခေတ် ဖာရိရှဲများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်များအကြား ကွာခြားချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်အပေါ်၊ နောက်ဆုံးသောကာလထဲက ဘုရားသခင်၏ တရားစီရင်ခြင်းအပေါ်၊ ဘုရားသခင် လူ့ဇာတိခံယူခြင်းအပေါ် ရန်လိုကြပြီး၊ ထို့ထက်ပင်သာ၍ ဘုရားသခင်၏ ပရောဖက်ပြုချက်များ ပြည့်စုံခြင်းကို ရန်လိုကြသည်။ ၎င်းတို့က “အကယ်၍ သင်သည် လူ့ဇာတိမခံယူပါက၊ ဝိညာဉ်ခန္ဓာပုံစံဖြင့် ရှိနေပါက သင်သည် ဘုရားဖြစ်သည်။ အကယ်၍ သင်သည် လူ့ဇာတိခံယူပြီး လူတစ်ဦးဖြစ်လာပါက သင်သည် ဘုရားမဟုတ်သကဲ့သို့ သင့်ကို ကျွန်ုပ်တို့ အသိအမှတ်မပြုပါ” ဟု ယုံကြည်ကြသည်။ ဤသည်မှာ အဘယ်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ၎င်းတို့အနေဖြင့် ဤနေရာ၌ ရှိနေသရွေ့ ဘုရားသခင်ကို လူ့ဇာတိခံယူခွင့်ပြုမည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤသည်မှာ သမားရိုးကျ အန္တိခရစ်တစ်ဦး မဟုတ်လော။ ဤသည်မှာ စစ်မှန်သော အန္တိခရစ်တစ်ဦး ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၃)
ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး “ဘုရားသခင်”ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အောင်လံကို သယ်သော်လည်း ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်သော၊ လူ၏ အသားကိုစားပြီး အသွေးကိုသောက်စဉ်တွင် ဘုရားသခင်ကို ယုံကြည်သည့် အမှတ်တံဆိပ်ကို သယ်ဆောင်သောလူတို့ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် နှောင့်ယှက်သော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ခိုင်မာသည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို အတိုက်အခံလုပ်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် မြှုပ်နှံထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်
ဘာသာတရားနှင့် ဂိုဏ်းဂဏတစ်ခုချင်းစီ၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြပြီး သမ္မာကျမ်းစာနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အနက်ဖွင့်ဆိုမှုများသည် ဆက်စပ်အကြောင်းအရာ ကင်းမဲ့ကာ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများ၏ လမ်းညွှန်ခံရသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် အသိပညာကို အားထားကြသည်။ အကယ်၍ သူတို့သည် လုံးဝ တရားမဟောနိုင်ပါက လူများက သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်ကိုလည်းကောင်း၊ လှည့်ကွက်အချို့ကို မည်ကဲ့သို့ အသုံးချရမည်ကိုလည်းကောင်း သိကြသည်။ သူတို့သည် လူများကို လှည့်ဖြားကာ မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ရန် ဤအရာများကို အသုံးပြုကြသည်။ ထိုလူများသည် ဘုရားသခင်ကို အမည်ခံသဘောအရ ယုံကြည်ကြသော်လည်း လက်တွေ့တွင်မူ သူတို့သည် ဤခေါင်းဆောင်များ နောက်သို့ လိုက်ကြသည်။ သူတို့သည် မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရသည့်အခါ သူတို့ထဲမှ အချို့တို့က “ယုံကြည်မှုနှင့် ပတ်သက်သည့်ကိစ္စများအကြောင်း ကျွန်ုပ်တို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၊ မှန်သောလမ်းခရီးကို လက်ခံခြင်းတို့နှင့်ပတ်သက်သည့်အခါ လူတို့သည် အခြားသူများ၏ သဘောတူညီချက်နှင့် လက်ခံမှု လိုအပ်ပုံကို ကြည့်လော့။ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များသည် အဘယ်အရာများ ဖြစ်လာကြပြီနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ အတားအဆီးများ ဖြစ်လာကြသည် မဟုတ်လော။ ထိုကဲ့သို့သောသူတို့သည် ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံကာ ကိုးကွယ်သင့်သည်။ မည်သည့်လူကိုမျှ မချီးမြှောက် သို့မဟုတ် မကြည်ညိုနှင့်။ သင်သည် ဘုရားသခင်အား ပထမနေရာ ပေးပြီး သင် ကြည်ညိုသောသူများကို ဒုတိယနေရာ ပေးကာ သင့်ကိုယ်သင် တတိယနေရာ ပေးခြင်း မပြုရ။ မည်သည့်လူမျှ သင်၏ စိတ်နှလုံးတွင် နေရာ မယူသင့်သကဲ့သို့၊ လူတို့ကို- အထူးသဖြင့် သင် ကြည်ညို လေးစားသူများကို- ဘုရားသခင်နှင့် တန်းတူဟု မယူဆသင့်ပေ။ ဤသည်မှာ ဘုရားသခင်ဖို့ သည်းမခံနိုင်ဖွယ်ရာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်
လူအချို့သည် တရားစီရင်မှုကို မဆိုထားနှင့်၊ သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား ၎င်းတို့သည် တန်ခိုးအာဏာနှင့် ကြွယ်ဝမှုများတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သော လူများကို တန်ခိုးအာဏာ ရှာဖွေသူများဟု ခေါ်သည်။ ၎င်းတို့သည် ကမ္ဘာလောကထဲက လွှမ်းမိုးမှုရှိသော ဂိုဏ်းဂဏများကိုသာ ရှာဖွေကြပြီး၊ ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ ရှာဖွေကြသည်။ ၎င်းတို့ သမ္မာတရား၏ လမ်းခရီးကို လက်ခံကြပြီး ဖြစ်သော်လည်း၊ တစ်ဝက်တစ်ပျက်သာ ယုံကြည်နေကြပေသည်။ ၎င်းတို့သည် ၎င်းတို့၏ နှလုံးသားများနှင့် စိတ်များအားလုံးကို ပေးနိုင်စွမ်း မရှိကြချေ၊ ၎င်းတို့၏ နှုတ်များက ဘုရားသခင်အတွက် အသုံးခံခြင်းနှင့်ပတ်သက်သည့် စကားများကို ပြောဆိုကြသော်လည်း၊ ၎င်းတို့မျက်လုံးများသည် ကြီးမြတ်သည့် သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ကာ၊ ခရစ်တော်ကို အာရုံမစိုက်ကြပေ။ သူတို့၏ နှလုံးသားများသည် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် ဂုဏ်အသရေတို့အပေါ်သာ အစွဲအလမ်းကြီးနေသည်။ ထိုသို့သော သေးသိမ်သည့် လူတစ်ဦးသည် အလွန်များစွာသော သူတို့ကို သိမ်းပိုက်နိုင်စွမ်းရှိမည်၊ သိပ်မထူးခြားသော သူတစ်ဦးက လူသားကို စုံလင်စေနိုင်မည်ဆိုသည်တို့မှာ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲက ဤအညတရများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ အကယ်၍ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ ဖြစ်ပါက၊ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်မည် ဖြစ်ပြီး၊ လူအားလုံး ထိန်းမနိုင်သိမ်းမရ ရယ်မောကြမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် ထိုသို့သော အညတရလူများကို စုံလင်စေဖို့ ရွေးချယ်ခဲ့ပါက၊ ထိုကြီးမြတ်သော လူများသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်လာကြလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ ရှုထောင့်များသည် မယုံကြည်မှုဖြင့် စွန်းထင်းသည်။ မယုံကြည်ခြင်းထက်၊ ၎င်းတို့သည် ယုတ္တိမရှိသော သားရဲတိရစ္ဆာန်များ သက်သက် ဖြစ်ကြပေသည်။ အကြောင်းမှာ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် တန်ခိုးအာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများကိုသာ အထင်ကြီးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို စိုးစဉ်းမျှ အလေးမထားကြပေ။ ၎င်းတို့သည် ခရစ်တော်ကို၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းသော သစ္စာဖောက်များ သက်သက် ဖြစ်ကြပေသည်။
သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည့်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ကြောက်ရွံ့ခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေ၊ သမ္မာတရားကို တန်ဖိုးမထားသူ အားလုံးသည် မယုံကြည်သူများနှင့် သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ လက်ခံမှုကို မည်သည့်အခါမျှ ရကြမည် မဟုတ်ပေ။ သင်၏ အတွင်းတွင် မယုံကြည်မှု မည်မျှရှိပြီး ခရစ်တော်ကို သစ္စာဖောက်မှု မည်မျှရှိသည်ကို ယခု သင်ပိုင်းခြားသိမြင်ပြီးပြီလော။ ထို့ကြောင့် သင့်ကို ငါတိုက်တွန်းသည်။ သင်သည် သမ္မာတရားလမ်းကို ရွေးချယ်ပြီးဖြစ်သည့်အတွက်၊ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်မြှုပ်နှံသင့်သည်။ စိတ်နှစ်ခွမဖြစ်နှင့်၊ သို့မဟုတ် စိတ်မပါ့တပါ မဖြစ်နှင့်။ ဘုရားသခင်သည် လောကကြီးနှင့် မသက်ဆိုင်သကဲ့သို့ မည်သည့် လူတစ်ဦးနှင့်မျှ မသက်ဆိုင်ဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သောသူအားလုံး၊ သူ့ကို ကိုးကွယ်သူအားလုံးနှင့် မိမိကိုယ်ကိုယ် သူ့ထံဆက်ကပ်ပြီး သစ္စာရှိသောသူများအားလုံးနှင့် သက်ဆိုင်သည်ကို သင် နားလည်သင့်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော
ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ
သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို တကယ်ပဲ သခင်က ခန့်အပ်တာလား
သင်းအုပ်ဆရာတွေ လူကြီးတွေကို နာခံတာက ဘုရားသခင်ကို နာခံတာနှင့် အတူတူပဲလား
ဆက်စပ်မှုရှိသော တရားဒေသနာများ
ဘာသာရေးခေါင်းဆောင်များနောက်သို့ လိုက်ခြင်းသည် ဘုရားသခင်နောက်သို့ လိုက်ခြင်းဖြစ်ပါသလား
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
ခရစ်တော်အပေါ် စစ်မှန်သောယုံကြည်ခြင်း လူသား၌မရှိ
ဘုရားကို ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံလျှင် မယုံကြည်သူသာဖြစ်၏ကျူး