၈။ “သခင်ပြန်ကြွလာခဲ့ပြီဆိုသည့် ပြောဆိုချက်အားလုံးသည် မှားယွင်းပြီး ယုံကြည်၍မရ” ဟူသည့် ဘာသာရေးလောက၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော ယုံကြည်မှု
“ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန် မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိတော်မူ၏၊” (ရှင်မဿဲခရစ်ဝင် ၂၄:၃၆) ဟူသော ကျမ်းစာထဲရှိ ဤစကားများအရ သခင်က မည်သည့်နေ့ရက်တွင် ကြွလာမည်ကို မည်သူမျှ မသိသောကြောင့် သခင် ပြန်ကြွလာပြီဟု အခိုင်အမာဆိုသူ မည်သူမဆိုသည် အယောင်ဆောင်ဖြစ်ပြီး ယုံကြည်၍မရဟု ဘာသာရေးလောကက ထင်မြင်သည်။
ကျမ်းစာထဲမှ စကားများ
“ငါသည်အလျင်အမြန်လာမည်။ ငါသည် အကျိုး အဖြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေး မည်။” (ဗျာဒိတ်ကျမ်း ၂၂:၁၂)
“သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၂-၃)
“ထို့ကြောင့် စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင် မသိရ။” (ဗျာဒိတ်ကျမ်း ၃:၃)
“သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၄:၄၄)
“ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။” (ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅)
“သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲခရစ်ဝင် ၂၅:၆)
“ကြည့်ရှုလော့။ ငါသည် တံခါးတွင်ရပ်ပြီး ခေါက်သည်။ တစ်စုံတစ်ဦးက ငါ၏အသံကို ကြားပြီး တံခါးကို ဖွင့်လျှင် ငါသည် သူ့ဆီသို့ ဝင်လာပြီး သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)
“ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)
“ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည်သခင်ကို မြင်ရကြပြီဟု သောမအားပြောဆိုကြလျှင်၊ သောမက၊ လက်တော်၌သံရိုက်ရာချက်ကိုမမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မတို့မစမ်း၊ နံဖေးတော်ကိုလည်း လက်နှင့် မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံဟုဆို၏။ ထို့နောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲ၌ရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။ ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။ သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။ ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၅-၂၉)
“လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။” (ရှင်မဿဲခရစ်ဝင် ၂၃:၁၃)
“လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်း ရေကြောင်းပတ်လည်လှည့်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။” (ရှင်မဿဲခရစ်ဝင် ၂၃:၁၅)
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏ အမှုအားလုံး၌ သင်ယုံကြည်မှု ထားရှိရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ့ကို ကျိုးနွံနာခံရမည်။ အကယ်၍ သင်မနာခံနိုင်လျှင်၊ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယင်းက အရေးမပါတော့ချေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ ကျိုးနွံနာခံခြင်း မရှိခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့ကျိုးနွံနာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို အရှုံးပေးအပ်နှံရန် တမင်သက်သက် ငြင်းဆန်ပြီး ဘုရားသခင်ကို အတိုက်အခံ လုပ်သောသူများဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား အစဉ်သဖြင့် ထားသိုကြသည်။ သူတို့၌ ကျိုးနွံနာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသည့်အပြင် သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကို နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ အခြားသူများ၏ ရှေ့မှောက်တွင် ၎င်းတို့သည် မိမိဘာသာ အကြီးကျယ်ဆုံးသောသူများ ဖြစ်ကြပြီး မည်သူ့ကိုမျှ မည်သည့်အခါမျှ ကျိုးနွံနာခံခြင်းမရှိကြပေ။ ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို “ဒေသနာများ” တရားဟောရာတွင် အတော်ဆုံးဖြစ်သည်ဟုလည်းကောင်း၊ အခြားသူများအပေါ် အလုပ်လုပ်ရာတွင် အကျွမ်းကျင်ဆုံး ဖြစ်သည်ဟုလည်းကောင်း ယူဆကြသည်။ ၎င်းတို့သည် မိမိတို့ ပိုင်ဆိုင်မှုထဲမှ “ဘဏ္ဍာများ” ကို မည်သည့်အခါမျှ လက်မလွှတ်ကြပေ။ ထိုအစား ၎င်းတို့သည် ထိုအရာများကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းသည့် အမွေအနှစ်များအဖြစ် ကိုးကွယ်ရန်နှင့် အခြားသူများထံ တရားဟောရန် သဘောထားပြုမူကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုထုံထိုင်းမိုက်မဲသူများကို ဩဝါဒခြွေရန် အသုံးပြုကြသည်။ အသင်းတော်၌ ဤကဲ့သို့သော လူတစ်စု အမှန်ပင် ရှိနေသည်။ ၎င်းတို့သည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဘုရားသခင်၏ အိမ်တော်၌ ယာယီတည်းခိုနေထိုင်ကြသော “အနိုင်မခံ အရှုံးမပေးသော သူရဲကောင်းများ၏ မင်းဆက်” ဖြစ်ကြသည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် “တရားဒေသနာများ” (အယူဝါဒများ) ဟောပြောခြင်းကို မိမိတို့၏ အမြင့်မြတ်ဆုံး တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ၎င်းတို့သည် မိမိတို့၏ “မြင့်မြတ်ပြီး မချိုးဖောက်အပ်သော” တာဝန်ကို တစ်သဝေမတိမ်း ထမ်းဆောင်သွားကြသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ၎င်းတို့ကို မထိပါးဝံ့ကြပေ။ တစ်ဦးတစ်ယောက်မျှ ၎င်းတို့ကို လူသိရှင်ကြား အပြစ်တင်ဝေဖန်ခြင်း မပြုဝံ့ကြပေ။ ၎င်းတို့သည် ခေတ်အဆက်ဆက် အခြားသူများကို နိုင်လိုမင်းထက် ပြုမူကြရင်း သောင်းကျန်းလျက် ဘုရားသခင်၏ အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ဤဆိုးယုတ်သော မကောင်းဆိုးဝါး တစ်သိုက်သည် ငါ၏ အလုပ်ကို ဖြိုဖျက်ရန် လက်တွဲဖို့ ကြိုးပမ်းကြသည်၊ အသက်ရှင်နေသော ဤနတ်ဆိုးများကို ငါ၏ မျက်မှောက်တွင် တည်ရှိနေရန် ငါ မည်သို့ ခွင့်ပြုနိုင်မည်နည်း။ စိတ်နှလုံးထဲ၌ ကျိုးနွံနာခံမှု စိုးစဉ်းမျှမရှိသော ဤအာဏာရှင်များကို မဆိုထားနဲ့၊ ကျိုးနွံနာခံမှု တစ်ဝက်တစ်ပျက်သာ ရှိသူများပင် အဆုံးတိုင်အောင် ရှေ့မဆက်နိုင်ကြပါတကား။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် ကျိုးနွံနာခံသောသူတို့သည် ဘုရားသခင်၏ ရယူခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်
ယေရှု၏ သံမှိုစွဲရာများကို ထိတွေ့ရန် မရမကတောင်းဆိုခဲ့သည့် သောမဟု အမည်ရသော တပည့်တော်တစ်ပါး ရှိခဲ့သည်။ သူ့ကို ယေရှုက အဘယ်အရာ ပြောခဲ့သနည်း။ (“သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကို မမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၉)) “ငါ့ကို မမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏။” ဤအရာက မည်သည့်အရာကို အမှန်တကယ် ဆိုလိုသနည်း။ မည်သည့်အရာကိုမျှ ၎င်းတို့ အမှန်တကယ် မမြင်ခဲ့ကြလေသလော။ အမှန်တွင် ယေရှုပြောခဲ့ပြီးသည့် အရာအားလုံးနှင့် သူပြုခဲ့သည့် အမှုအားလုံးက ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း သက်သေပြနှင့်ပြီးဖြစ်သောကြောင့် လူတို့က ယုံကြည်ခဲ့သင့်ပေသည်။ ယေရှုက နောက်ထပ် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများ ပြုရန် သို့မဟုတ် နောက်ထပ် စကားများ ပြောဆိုရန် မလိုအပ်သကဲ့သို့ လူတို့က ယုံကြည်ရန် သူ၏ သံမှိုရာများကို ထိကြည့်ဖို့လည်း မလိုအပ်ခဲ့ကြပေ။ စစ်မှန်သည့် ယုံကြည်ခြင်းသည် မြင်ခြင်းအပေါ်သာ မမှီခိုဘဲ ထို့ထက် ဝိညာဉ်ရေးရာ အတည်ပြုချက်နှင့်အတူ ယုံကြည်မှုကို တကယ့်အဆုံးတိုင် စွဲကိုင်ထားခြင်းဖြစ်ကာ မည်သည့်သံသယမျှ မရှိပေ။ သောမသည် မြင်ခြင်းအပေါ် အမှီပြုသည့် မယုံကြည်သူတစ်ဦး ဖြစ်သည်။ သောမကဲ့သို့ မဖြစ်ကြနှင့်။
သောမကဲ့သို့သော လူတစ်စု အသင်းတော်တွင် ဧကန်အမှန် ရှိပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို စဉ်ဆက်မပြတ် သံသယရှိနေကြပြီး ၎င်းတို့အနေဖြင့် နောက်ဆုံးတွင် ယုံကြည်ရန်အတွက် ကမ္ဘာမြေကို ဘုရားသခင်စွန့်ခွာ၍ တတိယကောင်းကင်သို့ ပြန်သွားဖို့နှင့် ဘုရားသခင်၏ တကယ့်ပုဂ္ဂိုလ်ကို မြင်ရဖို့ စောင့်ဆိုင်းနေကြသည်။ သူ၏ လူ့ဇာတိခံယူခြင်းအတောအတွင်း သူပြောဆိုထားသည့် နှုတ်ကပတ်တော်များကြောင့် သူ့ကို ၎င်းတို့မယုံကြည်ကြပေ။ ဤလူစားမျိုးက ယုံကြည်သည့်အချိန်တွင် အရာရာ နောက်ကျလွန်းသွားလိမ့်မည်ဖြစ်ပြီး ယင်းမှာ ဘုရားသခင်၏ ရှုတ်ချခြင်းကို ၎င်းတို့ခံရမည့် အချိန်ဖြစ်သည်။ သခင်ယေရှု ပြောခဲ့သည်မှာ “သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကို မမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏” ဟူ၍ဖြစ်သည်။ ဤစကားများက သောမသည် သခင်ယေရှု၏ ရှုတ်ချခြင်းကို ခံရနှင့်ပြီးဖြစ်ကြောင်းနှင့် သူသည် မယုံကြည်သူတစ်ဦးဖြစ်ကြောင်း ဆိုလိုပေသည်။ သခင့်ကိုရော သခင်ပြောထားသမျှကိုပါ သင်အမှန်တကယ် ယုံကြည်ပါက ကောင်းချီးခံစားရလိမ့်မည်။ သင်သည် အချိန်ကြာမြင့်စွာ ဘုရားသခင်နောက် လိုက်ပြီးသော်လည်း ရှင်ပြန်ထမြာက်ဖို့ သူ၏ တတ်စွမ်းနိုင်ခြင်းကို မယုံကြည်ပါက သို့မဟုတ် သူသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ကြောင်း မယုံကြည်ပါက သင့်ထံတွင် စစ်မှန်သည့် ယုံကြည်ခြင်းမရှိသကဲ့သို့ ကောင်းချီးများကို သင်ရရှိနိုင်လိမ့်မည်လည်း မဟုတ်ပေ။ ယုံကြည်ခြင်းမှတစ်ဆင့်သာ ကောင်းချီးများကို ရရှိနိုင်၍ သင်မယုံကြည်ပါက ရရှိလိမ့်မည် မဟုတ်။ ဘုရားသခင်က သင့်ထံ ပေါ်ထွန်းလာမှသာ၊ သင့်အား သူ့ကို မြင်ခွင့်ပေးမှသာ၊ သင်လက်ခံယုံကြည်အောင် သူကိုယ်တိုင်လုပ်ပေးမှသာ သင်ယုံကြည်နိုင်စွမ်း ရှိသလော။ သင့်ထံ ကိုယ်တိုင်ကိုယ်ကျ ပေါ်ထွန်းလာရန် ဘုရားသခင်ကို စေခိုင်းဖို့ လူသားတစ်ဦးဖြစ်သည့် သင်သည် မည်သို့အရည်အချင်းပြည့်မီသနည်း။ သင်ကိုယ်တိုင်ကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် လူသားတစ်ဦးထံ သူ့ကို ကိုယ်တိုင်ကိုယ်ကျ စကားပြောခိုင်းရန် သင်မည်သို့ အရည်အချင်းပြည့်မီသနည်း။ ထို့အပြင် သင်မယုံကြည်မီ သင့်ထံ အရာရာကို ရှင်းလင်းစွာ ရှင်းပြဖို့ သူ့ကို တောင်းဆိုရန် မည်သည့်အရာက သင့်ကို အရည်အချင်း ပြည့်မီစေသနည်း။ သင်သည် အသိစိတ်ကို ပိုင်ဆိုင်ပါက ဘုရားသခင် မိန့်မြွက်ထားသည့် ဤနှုတ်ကပတ်တော်များကို ဖတ်ရုံမျှဖတ်ပြီးသည့်နောက်တွင် ယုံကြည်လိမ့်မည်။ သင်အမှန်တကယ် ယုံကြည်ပါက သူမည်သည့်အရာ လုပ်ဆောင်သည် သို့မဟုတ် မည်သည့်အရာ ပြောဆိုသည်မှာ အရေးမကြီးပေ။ ထို့ထက် ဤနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို မြင်သည့်အခါ ထိုအရာများကို ဘုရားသခင် ပြောထားခဲ့ကြောင်းနှင့် ဤအရာများကို သူလုပ်ဆောင်ခဲ့ကြောင်း သင်တစ်ရာရာခိုင်နှုန်း လက်ခံယုံကြည်လိမ့်မည်ဖြစ်ပြီး သူ့နောက်ကို အဆုံးထိလိုက်ရန် အသင့်ဖြစ်လျက်သား ရှိနေလိမ့်မည် ဖြစ်သည်။ ဤအရာကို သင်သံသယရှိရန် မလိုအပ်ပေ။ သံသယအပြည့်ရှိသော လူများသည် အလွန် လှည့်ဖြားတတ်ကြသည်။ ဘုရားသခင်ကို ၎င်းတို့ တကယ် မယုံကြည်နိုင်ကြပေ။ ထိုနက်နဲမှုများကို နားလည်ရန် ၎င်းတို့ အမြဲ ကြိုးစားနေကြပြီး ယင်းတို့ကို လုံးလုံးလျားလျား သဘောပေါက်သည့်နောက်တွင်သာ ယုံကြည်ကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ကြိုတင်သတ်မှတ်ချက်မှာ ဤမေးခွန်းများအတွက် ရှင်းလင်းသည့် အဖြေများရှိရန် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင် မည်သို့ ကြွလာခဲ့သနည်း။ သူမည်သည့်အချိန်တွင် ရောက်ရှိလာသနည်း။ သူမထွက်ခွာမီတွင် အချိန်မည်မျှကြာ နေထိုင်မည်နည်း။ သူထွက်ခွာသွားသည့်နောက် မည်သည့်နေရာသို့ သွားလိမ့်မည်နည်း။ သူ၏ ထွက်ခွာခြင်းဖြစ်စဉ်မှာ အဘယ်နည်း။ လူ့ဇာတိခံ ဘုရားသခင်က မည်သို့အမှုပြုပြီး မည်သို့ထွက်ခွာသနည်း။...အချို့သော နက်နဲမှုများကို ၎င်းတို့နားလည်လိုကြသည်။ ၎င်းတို့သည် သမ္မာတရား ရှာဖွေရန်မဟုတ်ဘဲ ထိုအရာများကို စုံစမ်းစစ်ဆေးရန် ဤနေရာတွင် ရှိနေကြခြင်းဖြစ်သည်။ ဤနက်နဲမှုများကို ၎င်းတို့နားမလည်နိုင်ပါက ဘုရားသခင်ကို ၎င်းတို့ယုံကြည်နိုင်လိမ့်မည်မဟုတ်ဟု စဉ်းစားကြသည်။ ၎င်းတို့၏ ယုံကြည်မှုက ပိတ်ဆို့ခံထားရသည့်အလား ဖြစ်သည်။ ဤလူများသည် ဤအမြင်ရှုထောင့်ကို ထားရှိသည်မှာ ဒုက္ခပေးတတ်၏။ နက်နဲမှုများကို ရှာဖွေလေ့လာရန် ၎င်းတို့ဆန္ဒရှိသည်နှင့်တစ်ပြိုင်နက် သမ္မာတရားကို အာရုံစိုက်ရန် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို အလေးဂရုပြုရန် ၎င်းတို့ဒုက္ခမခံတော့ပေ။ ထိုသို့သော လူများသည် မိမိတို့ကိုယ်ကို သိရှိနိုင်ကြသလော။ မိမိကိုယ်ကို သိသောအသိကို ရဖို့ ၎င်းတို့အတွက် မလွယ်ကူပေ။ ဤသည်မှာ လူတစ်မျိုးမျိုးကို ရှုတ်ချရန် မဟုတ်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်မခံသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို မယုံကြည်ပါက ထိုသူထံတွင် စစ်မှန်သည့် ယုံကြည်ခြင်း မရှိပေ။ သူသည် အချို့သော နှုတ်ကပတ်တော်များ သို့မဟုတ် နက်နဲမှုများ သို့မဟုတ် အရေးမပါသည့် အရာများ သို့မဟုတ် လူတို့ သတိမပြုမိသည့် အရာများနှင့်ပတ်သက်၍ ချစ်တီးခေါင်း သန်းရှာလုပ်ဖို့သာ အာရုံစိုက်ကြလိမ့်မည်။ သို့ရာတွင် ဘုရားသခင်က ၎င်းတို့ကို တစ်နေ့ ဉာဏ်အလင်းပေး၍ သို့မဟုတ် ၎င်းတို့၏ ညီအစ်ကို မောင်နှမများက သမ္မာတရားအပေါ် ပုံမှန် မိတ်သဟာယပြုပေးခြင်းအားဖြင့် ၎င်းတို့ကို ကူညီပေး၍ ၎င်းတို့ပြောင်းလဲသွားနိုင်ခြေလည်း ရှိပေသည်။ ဤအရာဖြစ်ပျက်သည့်နေ့တွင် ၎င်းတို့၏ ယခင်အမြင်များသည် အလွန်အဓိပ္ပာယ်မဲ့ကြောင်း၊ ၎င်းတို့ အလွန်မာနထောင်လွှားခဲ့ကာ မိမိတို့ကိုယ်ကို အလွန်အထင်ကြီးလွန်းခဲ့ကြကြောင်း ၎င်းတို့ ခံစားကြရလိမ့်မည်ဖြစ်ပြီး ၎င်းတို့ အရှက်ရကြလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်
ဘာသာရေးလောက၏ သင်းအုပ်များနှင့် အကြီးအကဲများအားလုံးသည် သမ္မာကျမ်းစာဆိုင်ရာ အသိပညာနှင့် ဓမ္မပညာကို လေ့လာသောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သော သူတော်ကောင်းယောင်ဆောင်သည့် ဖာရိရှဲများ ဖြစ်ကြသည်။...ခရစ်ယာန်ဘာသာနှင့် ကက်သလစ်ဘာသာတို့၌ သမ္မာကျမ်းစာ၊ ဓမ္မပညာ၊ ဘုရားသခင်၏ အမှုတော်သမိုင်းကိုပင် လေ့လာသောသူတို့သည် အမှန်တကယ် ယုံကြည်သူများ ဟုတ်ကြသလော။ ၎င်းတို့သည် ဘုရားသခင်ပြောသည့် သူ၏ ယုံကြည်သူများနှင့်လည်းကောင်း၊ နောက်လိုက်များနှင့်လည်းကောင်း ကွာခြားကြသလော။ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် ယုံကြည်သူများ ဖြစ်ကြသလော။ မဟုတ်ပေ၊ ၎င်းတို့သည် ဓမ္မပညာကို လေ့လာကြသည်၊ ဘုရားသခင်ကို လေ့လာကြသော်လည်း ဘုရားသခင်နောက်သို့ မလိုက်ကြ သို့မဟုတ် သူ့ကို သက်သေမခံကြပေ။ ၎င်းတို့၏ ဘုရားသခင်ကို လေ့လာခြင်းသည် သမိုင်း၊ ဒဿနိကဗေဒ၊ ဥပဒေ၊ ဇီဝဗေဒ သို့မဟုတ် နက္ခတ္တဗေဒကို လေ့လာသောသူတို့နှင့် အတူတူပင် ဖြစ်သည်။ ၎င်းတို့က သိပ္ပံ သို့မဟုတ် အခြားဘာသာရပ်များကို မကြိုက်နှစ်သက်ကြဘဲ ဓမ္မပညာကို လေ့လာရန် ၎င်းတို့ အထူးတလည် ကြိုက်နှစ်သက်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်ကို လေ့လာရန် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့်တိုလီမုတ်စများကို ရှာဖွေခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိနိုင်ကြသလော။ လုံးဝ မတွေ့ရှိနိုင်ကြပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ နားလည်နိုင်ကြသလော။ (နားမလည်နိုင်ကြပါ။) အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့သည် စကားလုံးများ၊ အသိပညာ၊ ဒဿနိကဗေဒ၊ လူ့စိတ်နှင့် လူ့အတွေးအခေါ်များဖြင့် အသက်ရှင်နေကြသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ မြင်တွေ့ရမည်မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကိုလည်း ခံရမည်မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို မည်သို့ သတ်မှတ်သနည်း။ မယုံကြည်သူများအဖြစ်၊ ဘာသာတရားမရှိသူများအဖြစ် သတ်မှတ်သည်။ ဤဘာသာတရားမရှိသူများနှင့် မယုံကြည်သူများသည် ဘုရားသခင်ကို ယုံကြည်သူများအဖြစ်၊ ခရစ်ယာန်များအဖြစ် ဟန်ဆောင်လျက် ခရစ်ယာန်အသိုင်းအဝိုင်းဟု ခေါ်ဆိုကြသည့်အရာအတွင်း၌ ရောနှောနေထိုင်ကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် ဘုရားသခင်အတွက် စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်း ရှိကြသလော။ ၎င်းတို့၌ စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ အချက်တစ်ချက်မှာ သေချာသည်။ ၎င်းတို့ထဲမှ အတော်များများသည် မိမိတို့စိတ်နှလုံးများထဲ၌ ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပေ။ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာစွဲကိုင်သည်ကို ၎င်းတို့ မယုံကြည်ကြသကဲ့သို့ ဘုရားသခင်က လူ့ဇာတိခံယူနိုင်သည်ကို သာ၍ပင် ယုံကြည်မှုနည်းကြသည်။ ဤမယုံကြည်ခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ သံသယဝင်ခြင်းနှင့် ငြင်းပယ်ခြင်းကို ဆိုလိုသည်။ ဘုရားသခင် ပြောဆိုထားသည့် ပရောဖက်ပြုချက်များ၊ အထူးသဖြင့် ကပ်ဘေးများနှင့်သက်ဆိုင်သော ပရောဖက်ပြုချက်များ ပြည့်စုံလာမည် သို့မဟုတ် ဖြစ်ပေါ်လာမည်ကို မျှော်လင့်ခြင်းမရှိသည့် သဘောထားကိုပင် ၎င်းတို့ ခံယူကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ သဘောထားဖြစ်ပြီး ၎င်းတို့၏ ယုံကြည်ခြင်းဟုခေါ်ဆိုကြသည့်အရာ၏ အနှစ်သာရနှင့် စစ်မှန်သော သဘောသဘာဝ ဖြစ်သည်။ ဤလူတို့သည် ဓမ္မပညာနှင့်ဆိုင်သည့် ဘာသာရပ်နှင့် အသိပညာကိုလည်းကောင်း၊ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် သမိုင်းဆိုင်ရာ အချက်အလက်များကိုလည်းကောင်း အထူးတလည် စိတ်ဝင်စားသောကြောင့် ဘုရားသခင်ကို လေ့လာကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဓမ္မပညာကို လေ့လာသော ပညာတတ်အုပ်စုသက်သက်သာ ဖြစ်ကြသည်။ ဤပညာတတ်များသည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပေ။ သို့ဖြစ်၍ ဘုရားသခင်က အမှုပြုရန် ကြွလာသောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာသောအခါ ၎င်းတို့ မည်သို့ တုံ့ပြန်ကြသနည်း။ ဘုရားသခင်က လူ့ဇာတိခံယူပြီး အမှုတော်သစ်ကို စတင်ခဲ့ကြောင်း ၎င်းတို့ ကြားသိရသောအခါ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ အဘယ်နည်း။ “မဖြစ်နိုင်ပါ” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ နာမတော်သစ်နှင့် ဘုရားသခင်၏ အမှုတော်သစ်ကို ဟောပြောသည့် မည်သူမဆို၊ ထိုသူကို ၎င်းတို့က ရှုတ်ချကြပြီး သတ်ပစ်ရန် သို့မဟုတ် ဖယ်ရှားရှင်းလင်းရန်ပင် အလိုရှိကြသည်။ ဤသည်မှာ မည်သည့် သရုပ်သကန်မျိုး ဖြစ်သနည်း။ ဤသည်မှာ သမားရိုးကျ အန္တိခရစ်တစ်ဦး၏ သရုပ်သကန် မဟုတ်လော။ ၎င်းတို့နှင့် ရှေးခေတ် ဖာရိရှဲများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်များအကြား ကွာခြားချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်အပေါ်၊ နောက်ဆုံးသောကာလထဲက ဘုရားသခင်၏ တရားစီရင်ခြင်းအပေါ်၊ ဘုရားသခင် လူ့ဇာတိခံယူခြင်းအပေါ် ရန်လိုကြပြီး၊ ထို့ထက်ပင်သာ၍ ဘုရားသခင်၏ ပရောဖက်ပြုချက်များ ပြည့်စုံခြင်းကို ရန်လိုကြသည်။ ၎င်းတို့က “အကယ်၍ သင်သည် လူ့ဇာတိမခံယူပါက၊ ဝိညာဉ်ခန္ဓာပုံစံဖြင့် ရှိနေပါက သင်သည် ဘုရားဖြစ်သည်။ အကယ်၍ သင်သည် လူ့ဇာတိခံယူပြီး လူတစ်ဦးဖြစ်လာပါက သင်သည် ဘုရားမဟုတ်သကဲ့သို့ သင့်ကို ကျွန်ုပ်တို့ အသိအမှတ်မပြုပါ” ဟု ယုံကြည်ကြသည်။ ဤသည်မှာ အဘယ်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ၎င်းတို့အနေဖြင့် ဤနေရာ၌ ရှိနေသရွေ့ ဘုရားသခင်ကို လူ့ဇာတိခံယူခွင့်ပြုမည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤသည်မှာ သမားရိုးကျ အန္တိခရစ်တစ်ဦး မဟုတ်လော။ ဤသည်မှာ စစ်မှန်သော အန္တိခရစ်တစ်ဦး ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ မသိမသာ ဒုက္ခပေးပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၃)
ငါတို့သည် ဘုရားသခင်၏ ခြေလှမ်းများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေလှမ်းများကို ရှာသောအခါ၌ “ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။” ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေလှမ်းများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် လူတို့၏ အယူအဆများနှင့် ကိုက်ညီနိုင်ခြင်း မရှိပေ။ လူက တောင်းဆိုသည့် ပုံစံဖြင့် ဘုရားသခင် ပို၍ပင် မပေါ်ထွန်းနိုင်ချေ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌၊ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင် နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည့်အပြင် လူတိုင်းက ယင်းကို သိသင့်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်၏ ကိုယ်ပိုင် အယူအဆများကို ထားခဲ့ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ ကိုယ်ပိုင် အကန့်အသတ်များထဲတွင် ထားပြီး သင်၏ကိုယ်ပိုင် အယူအဆများအတွင်း သူ့ကို ကန့်သတ် ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေလှမ်းများကို သင်တို့ မည်သို့ရှာဖွေရမည်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ လက်ခံရမည်၊ ပြီးလျှင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့ နာခံရမည်တို့ကို သင့်ကိုယ်သင် တောင်းဆိုသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး ကျိုးနွံနာခံသင့်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏
ယနေ့တွင် ဘုရားသခင်သည် အမှုသစ်လုပ်ဆောင်ပြီးပြီ ဖြစ်သည်။ ဤစကားများကို သင်လက်ခံကောင်း လက်ခံနိုင်မည် မဟုတ်သကဲ့သို့၊ သင့်အဖို့ သမားရိုးကျမဟုတ်ပုံပေါ်နိုင်သော်လည်း၊ ဘုရားသခင်၏ ရှေ့တွင် ဖြောင့်မတ်ခြင်းတရားအတွက် အမှန်တကယ် ဆာငတ်သောသူတို့သာ သမ္မာတရားကို ရရှိနိုင်ပြီး အမှန်တကယ် ဘာသာတရား အလွန်ရိုသေ ကိုင်းရှိုင်းသော သူတို့သည်သာ သူ၏ ဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းပြမှုကို ခံရနိုင်သည့်အတွက် သင်၏ ပင်ကိုသဘာဝကို လောလောလတ်လတ်တွင် မဖော်ထုတ်ရန် ငါအကြံပြုသည်။ အကျိုးရလဒ်များကို စကားများခြင်းနှင့် ယှဉ်ပြိုင်မှုဖြင့် မဟုတ်ဘဲ၊ တည်ကြည်သော ဆိတ်ငြိမ်မှုအားဖြင့် သမ္မာတရားကို ရှာဖွေခြင်းမှ ရရှိနိုင်ပေသည်။ “ယနေ့ ဘုရားသခင်သည် အမှုသစ် လုပ်ဆောင်ပြီးပြီ ဖြစ်သည်” ဟု ငါပြောသောအခါ ဘုရားသခင် လူ့ဇာတိအဖြစ်သို့ ပြန်လည် ကြွလာခြင်းကို ငါ ရည်ညွှန်းနေခြင်းဖြစ်သည်။ ဤစကားများက သင့်ကို စိတ်အနှောင့်အယှက် ပေးကောင်းပေးမည် မဟုတ်။ သင်သည် ယင်းတို့ကို စက်ဆုပ်ကောင်း စက်ဆုပ်မည်၊ သို့မဟုတ် ယင်းတို့သည် သင့်ဖို့ အလွန်စိတ်ဝင်စားဖွယ် ဖြစ်ကောင်း ဖြစ်မည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင် ပေါ်ထွန်းသည်ကို အမှန်တကယ် တမ်းတသူတို့အားလုံးသည် ယင်းနှင့် ပတ်သက်၍ ချက်ချင်းရမ်းသန်း ကောက်ချက်ချသည်ထက်၊ ဤအမှန်တရားကို ရင်ဆိုင်နိုင်ပြီး သေသေချာချာ စေ့စေ့စပ်စပ် စစ်ဆေးနိုင်မည်ဟု ငါ မျှော်လင့်သည်။ ယင်းမှာ အမြော်အမြင်ရှိသည့် လူတစ်ဦး လုပ်ဆောင် သင့်သည့်အရာတစ်ခု ဖြစ်သည်။
ထိုသို့သောအရာကို ဆန်းစစ်ရန် မခက်ခဲသော်လည်း ငါတို့ တစ်ဦးချင်းစီအနေဖြင့် ဤသမ္မာတရားတစ်ရပ်ကို ဦးစွာ သိရန် လိုအပ်ပေသည်။ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ပြီး လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြချက်ကို ပိုင်ဆိုင်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူပြီးဖြစ်သည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့် အမှုကို မိမိနှင့်အတူ ယူဆောင်လာတော်မူ၏၊ ထို့အတူ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူ၏ဖြစ်ခြင်းကို ဖော်ပြကာ လူသားထံ သမ္မာတရားကို ယူဆောင်လာပေးနိုင်၍ အသက်ကို အပ်နှင်းပြီး လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် သေချာပေါက် မဟုတ်ပေ။ ဤအရာနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို သတ်မှတ်ရန် သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ သို့ဖြစ်၍ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဟူသည့် အဓိကသော့ချက်မှာ သူ၏ အပြင်ပန်းပုံသဏ္ဌာန် မဟုတ်ဘဲ သူ၏အနှစ်သာရ (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ)၌သာ တည်ရှိပေသည်။ လူတို့သည် သူ၏ အပြင်ပန်း အသွင်အပြင်ကိုသာ ဆန်းစစ်ကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို မျက်ကွယ်ပြုလိုက်ပါက ဤအရာက လူသည် မိုက်မဲ၍ အသိတရားကင်းမဲ့ကြောင်းကို ပြပေသည်။ အပြင်ပန်း သွင်ပြင်သည် အနှစ်သာရကို အဆုံးအဖြတ်မပေးနိုင်ပေ။ ထို့ပြင် ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် မည်သည့်အခါတွင်မျှ ကိုက်ညီနိုင်မည် မဟုတ်ပေ။ ယေရှု၏ အပြင်ပန်းအသွင်အပြင်သည် လူ၏ အယူအဆများနှင့် ဆန့်ကျင်ခဲ့သည် မဟုတ်လော။ ကိုယ်တော်၏ မျက်နှာတော်နှင့် ဝတ်ရုံတော်သည် ကိုယ်တော်၏ စစ်မှန်သော ပင်ကိုလက္ခဏာကို ဖော်ပြနိုင်ခြင်း မရှိခဲ့သည် မဟုတ်လော။ ထိုစဉ်က ဖာရိရှဲများသည် ကိုယ်တော်၏ အပြင်ပန်းအသွင်အပြင်ကိုသာ ကြည့်ရှုခဲ့ကြပြီး ကိုယ်တော်၏ နှုတ်မှထွက်သော စကားများကို အလေးအနက် လက်မခံခဲ့ကြသောကြောင့်ပင် ယေရှုကို ဆန့်ကျင်ခဲ့ကြသည် မဟုတ်လော။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေကြသော ညီအစ်ကို မောင်နှမ အယောက်စီတိုင်းသည် သမိုင်း၏ အဖြစ်ဆိုးကို တစ်ကျော့ပြန်စေမည်မဟုတ်သည့်အပြင် ခေတ်သစ် ဖာရိရှဲများ မဖြစ်လာဘဲ ဘုရားသခင်ကို ကားတိုင်တွင် တစ်ဖန် သံမှိုရိုက်မည်မဟုတ် ဟူသည်မှာ ငါ၏ မျှော်လင့်ချက် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ ပြန်ကြွလာခြင်းအား မည်သို့ကြိုဆိုရမည်ကို သေသေချာချာ စဉ်းစားထားသင့်ပြီး သမ္မာတရားကို ကျိုးနွံနာခံသူတစ်ဦး မည်သို့ဖြစ်ရမည် ဆိုသည်နှင့် စပ်လျဉ်း၍ ရှင်းလင်းသော စိတ်ရှိသင့်သည်။ ဤသည်မှာ ယေရှုက မိုးတိမ်စီးရင်း ပြန်ကြွလာသည်ကို စောင့်ဆိုင်းသူတိုင်း၏ ဝတ္တရား ဖြစ်သည်။ ငါတို့သည် ငါတို့၏ဝိညာဉ်မျက်စိများကို ကြည်လင်သွားစေဖို့ ပွတ်သပ်ကြည့်သင့်ပြီး လွန်ကဲသည့် စိတ်ကူးယဉ် စကားလုံးများတွင် နွံနစ်မသွားသင့်ပေ။ ငါတို့သည် ဘုရားသခင်၏ လက်တွေ့ကျသည့် အမှုအကြောင်းကို စဉ်းစားသင့်ပြီး ဘုရားသခင်၏ လက်တွေ့ကျသည့် ရှုထောင့်ကို ကြည့်သင့်သည်။ သခင်ယေရှုက မိုးတိမ်စီးရင်း၊ သင်တို့အလယ် ရုတ်တရက် ကြွဆင်းကာ သူ့ကို မည်သည့်အခါတွင်မျှ မသိဖူး သို့မဟုတ် မမြင်ဖူးသည့်အပြင် သူ၏ အလိုတော်ကို မည်သို့ လိုက်လျှောက်ရမည်ကို မသိသည့် သင်တို့ကို ခေါ်ဆောင်မည့် နေ့ရက်ကို အမြဲ တောင့်တရင်း၊ စိတ်ကူးယဉ်အိပ်မက်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားမနေနှင့် သို့မဟုတ် မိမိတို့ကိုယ်ကို နစ်မြုပ်မနေလေနှင့်။ သာ၍လက်တွေ့ကျသော ကိစ္စများနှင့်ပတ်သက်၍ စဉ်းစားရန် သာ၍ ကောင်းပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား
သင်တို့၏ သစ္စာစောင့်သိမှုသည် စကားဖြင့်သာ ဖြစ်၏၊ သင်တို့၏အသိသည် အတွေးအခေါ်၊ အယူအဆများနှင့် ဆိုင်၏။ သင်တို့၏ အားစိုက်ထုတ်မှုများသည် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများ ရရှိခြင်းအတွက်ဖြစ်သည်၊ ထို့ကြောင့် သင်တို့၏ယုံကြည်ခြင်းသည် မည်သည့်အရာကဲ့သို့ ဖြစ်ရမည်နည်း။ ယနေ့တွင်ပင် သင်တို့သည် သမ္မာတရား၏ စကားတစ်လုံး စီတိုင်းကို နားမထောင်ကြပေ။ ဘုရားသခင်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ခရစ်တော်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ယေဟောဝါကို မည်သို့ကြောက်ရွံ့ရမည်ကို သင်တို့မသိ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ထဲသို့ မည်သို့ဝင်ရောက် ရမည်ကို သင်တို့မသိကြသကဲ့သို့၊ ဘုရားသခင်ကိုယ်တိုင်၏ အမှုနှင့် လူသား၏အထင်အမြင်မှားစေခြင်းတို့ကြား မည်သို့ခွဲခြားရမည်ကို သင်တို့ မသိကြချေ။ သင်၏ အတွေးနှင့် မကိုက်ညီသော ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ နှုတ်ကပတ်တော်တစ်ခုတစ်လေကို ရှုတ်ချရန်သာ သင်သိသည်။ သင်၏ နှိမ့်ချမှုသည် အဘယ်မှာနည်း။ သင်၏ ကျိုးနွံနာခံခြင်းသည် အဘယ်မှာနည်း။ သင်၏ သစ္စာစောင့်သိမှုသည် အဘယ်မှာနည်း။ သမ္မာတရား ရှာဖွေသည့် သင်၏ သဘောထားသည် အဘယ်မှာနည်း။ ဘုရားသခင်ကို ကြောက်ရွံ့သော သင်၏ စိတ်နှလုံး အဘယ်မှာနည်း။ နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ဖျက်ဆီးခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ကြသည်ဟု သင်တို့ကို ငါပြော၏။ လူ့ဇာတိအဖြစ်သို့ ပြန်ကြွလာပြီးဖြစ်သော ယေရှု၏နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိသူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ၊ ထာဝရပျက်စီးမည့် အမျိုးအစားများဖြစ်သည်။ ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲ နေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ ဤသည်မှာ ဖြောင့်မတ်ခြင်း၏ နေမင်း လူသိရှင်ကြား ပေါ်ထွက်လာသည့်အချိန် ဖြစ်လိမ့်မည်ဟု သန့်ရှင်းသူဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သင်တို့သိသင့်သည်မှာ သင်တို့သည် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို မြင်တွေ့ရသည့်အချိန်သည် သင်တို့ အပြစ်ဒဏ်ပေးခြင်းခံရရန် ငရဲသို့ ဆင်းသွားရမည့်အချိန်လည်း ဖြစ်မည်ဖြစ်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် ပြီးဆုံးကြောင်း ကြေညာပြီးဖြစ်သည့်အချိန်နှင့် ဘုရားသခင်က ကောင်းမြတ်ခြင်းကို ဆုချ၍ ဆိုးယုတ်ခြင်းကို အပြစ်ဒဏ်ပေးတော်မူသည့်အချိန်လည်း ဖြစ်ပေသည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင် လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး နိမိတ်လက္ခဏာများကို မရှာဖွေသည့်အပြင် ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ခေါ်ဆောင်ခြင်းခံရလိမ့်မည် ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ “ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ခရစ်တော်အယောင်ဆောင်သူ ဖြစ်သည်” ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ်လက္ခဏာများ ပြုလုပ်သော ယေရှု၌သာ ယုံကြည်ကြပြီး ပြင်းထန်သည့် တရားစီရင်မှုကို ဖော်ပြကာ အသက်နှင့် စစ်မှန်သော လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ် မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းသာ ဖြစ်ပေမည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကို ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော အယုတ်တမာတို့ကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်း ရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်း မရှိသူများအတွက် ယင်းမှာ ပြစ်တင်ရှုတ်ချခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း မပြုသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ကျိုးနွံနာခံပြီး သမ္မာတရားကို ဆာငတ်ကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။ ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်းကို သတိဖြင့်လျှောက်ရန် သင်တို့ကို ငါအကြံပြု၏။ ထင်ရာမြင်ရာ မြန်မြန်ဆန်ဆန် ကောက်ချက်များ မချလိုက်နှင့်။ ဘုရားသခင်၌ သင်တို့၏ ယုံကြည်မှုတွင် သာမန်ကာလျှံကာဖြစ်ကာ ဖြစ်ကတတ်ဆန်းနိုင်ခြင်းကို ပို၍ပင် မပြုနှင့်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် နှိမ့်ချစိတ်နှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ပိုင်ဆိုင်ရမည်ဖြစ်သည်ကို သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားပြီးဖြစ်သည့်တိုင် နှာခေါင်းရှုံ့သောသူတို့သည် မိုက်မဲပြီး အသိဉာဏ် ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားပြီးဖြစ်သည့်တိုင် သတိမမူဘဲ ပေါ့ပေါ့ဆဆ ကောက်ချက်ချသူများ သို့မဟုတ် ပြစ်တင်ရှုတ်ချသူများသည် မာနထောင်လွှားသည့်လူများ ဖြစ်သည်။ ယေရှုကို ယုံကြည်သူ မည်သူမျှသည် အခြားသူများအား ကျိန်ဆဲရန် သို့မဟုတ် ပြစ်တင်ရှုတ်ချရန် အရည်အချင်းမပြည့်မီပေ။ သင်တို့အားလုံးသည် ဆင်ခြင်တုံတရားရှိပြီး သမ္မာတရားကို လက်ခံသူ တစ်စုံတစ်ဦး ဖြစ်သင့်ပေသည်။ သမ္မာတရားလမ်း အကြောင်းကို ကြားခြင်းနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့် ဤစကားလုံး ၁၀၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏ အမြင်ရှုထောင့်များ၊ သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင် ယုံကြည်ကောင်းယုံကြည်မည်ဖြစ်ပြီး သို့ဆိုပါက ဤစကားလုံးများထဲမှ ၁၀၀၀၀ မြောက်သောစကားလုံးကို သင် ဆက်လက်ရှာဖွေသင့်ပေသည်။ သင့်ကို နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးမြှောက်ရန် ငါ အကြံပြုသေး၏။ ဘုရားသခင်ကို ကြောက်ရွံ့သော သင်ပိုင်ဆိုင်သည့် စိတ်နှလုံး အနည်းငယ်ဖြင့် သင်သည် သာ၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေးပြီး ထပ်တလဲလဲ တွေးဆပါက ၎င်းတို့ သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ၎င်းတို့ အသက်ဟုတ်မဟုတ်ဆိုသည်တို့ကို သင်နားလည်လိမ့်မည်။ ဝါကျအနည်းငယ်ကိုသာ ဖတ်လျက် လူအချို့က “ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းအချို့ထက် ဘာမျှမပိုပါ။” သို့မဟုတ် “ဤသည်မှာ လူတို့အား အထင်အမြင်မှားစေရန် လာသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူဖြစ်၏။” ဟု ဆိုရင်း ဤနှုတ်ကပတ်တော်များကို ကြောင်းကျိုးမမြင်ဘဲ ရှုတ်ချကောင်းရှုတ်ချကြပေမည်။ ထိုသို့သောအရာများကို ပြောသူတို့သည် မသိနားမလည်မှုဖြင့် မျက်စိကန်းကြပေသည်။ သင်သည် ဘုရားသခင်၏အမှုနှင့် ဉာဏ်ပညာကို အလွန်နည်းပါးစွာ နားလည်ပြီး အစမှပြန်စရန် သင့်ကို ငါ အကြံပြု၏။ နောက်ဆုံးကာလအတွင်းတွင် ခရစ်တော်၏အယောင်ကို ဆောင်သောသူများ ပေါ်ထွက်ခြင်းကြောင့် သင်တို့သည် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များကို ကျိုးကြောင်းမမြင်ဘဲ မရှုတ်ချရ၊ ပြီးလျှင် သင်တို့သည် အထင်အမြင်မှားစေခြင်းကို ကြောက်ရွံ့သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသော သူတစ်ဦး မဖြစ်ရ။ ယင်းသည် လွန်စွာ သနားဖွယ်ကောင်းမည် မဟုတ်လော။ များစွာစစ်ဆေးပြီးသည့်နောက် ဤနှုတ်ကပတ်တော်များသည် သမ္မာတရားမဟုတ်၊ လမ်းခရီးမဟုတ်သကဲ့သို့ ဘုရားသခင်၏ ဖော်ပြချက်မဟုတ်ဟု သင်ယုံကြည်ဆဲ ဖြစ်ပါက သင်သည် နောက်ဆုံးတွင် အပြစ်ပေးခံရလိမ့်မည်ဖြစ်ပြီး ကောင်းချီးမင်္ဂလာများ မရှိဘဲ ဖြစ်လိမ့်မည်။ ထိုသို့ အလွန် သိသိသာသာနှင့် ရှင်းလင်းစွာ ပြောဆိုထားသည့် သမ္မာတရားကို သင်လက်မခံနိုင်ပါက သင်သည် ဘုရားသခင်၏ကယ်တင်ခြင်းနှင့် မသင့်တော်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့ ပြန်လာရလောက်အောင် ကောင်းချီးမခံစားရသော သူတစ်ဦး ဖြစ်သည် မဟုတ်လော။ ယင်းနှင့် ပတ်သက်၍ စဉ်းစားကြည့်လော့။ အလျင်မလိုနှင့်၊ စိတ်မြန်လက်မြန် မဖြစ်နှင့်၊ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်မှုကို ကစားပွဲတစ်ခုအဖြစ် သဘောမထားနှင့်။ သင်၏ခရီးဆုံးပန်းတိုင်အတွက်၊ သင်၏ အလားအလာများ အတွက်၊ သင်၏အသက်တာအတွက် စဉ်းစားလော့၊ ပြီးလျှင် မိမိကိုယ်ကို မလှည့်စားနှင့်။ ဤနှုတ်ကပတ်တော်များကို သင်လက်ခံနိုင်ပါသလော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
အမှန်တရားကိုလက်ခံသူ ဖြစ်သင့်ပါတယ်
သမ္မာတရားအပေါ် သင်၏သဘောထားသည် အရေးပါသည်
နောက်ဆုံးသောကာလ၏ ခရစ်တော်ကို ငြင်းဆန်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်းတည်းကျူး