၂၂၂ ဘုရားသခင်၏ နှိမ့်ချမှုသည် အလွန် ချစ်စဖွယ် ကောင်းသည်
၁
ဘုရားသည် မိမိကိုယ်ကို နှိမ့်ချခဲ့သည်မှာ ဤညစ်ညူး၍ ဖောက်ပြန်ပျက်စီးနေသော လူတို့အပေါ်တွင် သူ၏ အလုပ်ကို လုပ်ဆောင်ပြီး ဤလူစုကို စုံလင်အောင်ပြုသည့် အတိုင်းအတာအထိပင် ဖြစ်လေသည်။ ဘုရားသည် လူသားများကြားတွင် နေထိုင်စားသောက်ရန်၊ လူသားများကို ထိန်းကျောင်းရန်နှင့် လူသားများ၏ လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးရန်အတွက်သာ လူ့ဇာတိခံယူခဲ့သည် မဟုတ်ချေ။ သာ၍ အရေးကြီးသည်မှာ သည်းမခံနိုင်လောက်အောင် ဖောက်ပြန်ပျက်စီးနေသည့် လူသားများအပေါ် သူ၏ကြီးမားသော ကယ်တင်ခြင်းနှင့် သိမ်းပိုက်ခြင်းအလုပ်ကို လုပ်လေသည်။ လူသားများ အားလုံးကို ပြောင်းလဲကာ အသစ်ပြုပြင်ကြဖို့အတွက် သူသည် ဖောက်ပြန်ပျက်စီးဆုံးဖြစ်သော ဤလူတို့ကို ကယ်တင်ရေးအတွက် အဆင်းနီသောနဂါးကြီး၏ နှလုံးသားထဲသို့ လာခဲ့ခြင်း ဖြစ်သည်။
၂
ဘုရား ခံစားရသည့် ကြီးမားသော ဒုက္ခသည် လူ့ဇာတိခံယူသည့် ဘုရားသခင် ခံစားရသည့် ဒုက္ခမျှသာ မဟုတ်ဘဲ၊ အဓိကအားဖြင့် ဘုရား၏ ဝိညာဉ်တော်သည် အဆုံးစွန်သော အရှက်ခွဲခံရခြင်း ဖြစ်သည်၊ ဘုရားသည် မိမိကိုယ်ကို နှိမ့်ချလွန်းပြီး သိုဝှက်လွန်းသည့်အတွက် သူသည် သာမန်လူတစ်ယောက် ဖြစ်လာခဲ့သည်။ လူသားများသည် သူ့အား ပုံမှန်လူ့သဘာဝ၏ အသက်တာနှင့် ပုံမှန်လူ့သဘာဝ၏ လိုအပ်ချက်များရှိကြောင်း မြင်ကြဖို့အတွက် ဘုရားသခင်သည် လူ့ဇာတိကို ခံယူခဲ့ပြီး ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်ခဲ့သည်။ ဘုရားသည် ကြီးမားသော အတိုင်းအတာအထိ နှိမ့်ချခဲ့ကြောင်းကို သက်သေပြရန် ဤအရာက လုံလောက်သည်။ ဘုရား၏ ဝိညာဉ်တော်ကို ဇာတိပကတိ၌ အကောင်အထည် ဖော်ထားသည်။ ဘုရား၏ ဝိညာဉ်တော်သည် အလွန် အထွတ်အထိပ်ဖြစ်ကာ ကြီးမြတ်၏၊ သို့သော် သူသည် သူ၏ဝိညာဉ်တော်၏ အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ သာမန်လူသားတစ်ယောက်၏၊ အရေးမပါသော လူသားတစ်ယောက်၏ သဏ္ဌာန်ကို ခံယူခဲ့သည်။
၃
သင်တို့အသီးသီး၏ အစွမ်းအစ၊ ထိုးထွင်းဉာဏ်၊ ဆင်ခြင်တုံတရား၊ လူ့သဘာဝနှင့် အသက်တာများကို ကြည့်လျှင် ဘုရား၏ ဤအလုပ်မျိုးကို လက်ခံရန် တကယ်ပင် မထိုက်တန်ကြောင်းကို ပြသည်။ သင်တို့သည် ဘုရားသခင်ကို သင်တို့အတွက် ထိုကဲ့သို့ ဆင်းရဲဒုက္ခခံစားရစေရန် တကယ်ပင် မထိုက်တန်ပေ။ ဘုရားသည် အလွန် မြင့်မြတ်သည်။ သူသည် ထိုအတိုင်းအတာထိ အထွတ်အထိပ် ဖြစ်ပြီး လူတို့သည် ထိုအတိုင်းအတာအထိ နိမ့်ကျသည်၊ သို့သော် သူသည် လူသားများအပေါ် လုပ်ဆောင်မြဲ ဖြစ်သည်။ သူသည် လူသားများအတွက် ထောက်ပံ့ပေးရန်၊ လူတို့နှင့် စကားပြောရန် လူ့ဇာတိခံယူသည်သာမက၊ သူသည် လူသားများနှင့်လည်း အတူတကွ နေထိုင်ခဲ့သည်။ ဘုရားသည် အလွန်ပင် နှိမ့်ချကာ ချစ်ခင်နှစ်လိုဖွယ်ကောင်းသော ဘုရားဖြစ်သည်။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည် မှ