၂၄၆ ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင်၏ တစ်ခုတည်းသော ဆန္ဒ
၁
ဘုရားသည် ဖိတ်ခေါ်ချက်ကို အဖြေပေးသည့်အနေနှင့် လူသား၏ အခြေအနေကို တိုက်ရိုက်ဦးတည်သည့်အနေဖြင့် ဤအကြိမ်တွင် လူ့ဇာတိဖြင့် ကြွလာပေသည်။ ဆိုလိုသည်မှာ၊ သူသည် လူသား လိုအပ်သော အရာဖြင့် လူသားကို ဖြည့်ဆည်းပေးရန် ကြွလာပေသည်။ လူသား၏ အစွမ်းအစ သို့မဟုတ် သွန်သင်ပျိုးထောင်ပေးမှု မည်သို့ပင်ဖြစ်ပါစေ၊ တိုတိုပြောရလျှင် သူ၏ နှုတ်ကပတ်တော်အား မြင်နိုင်ရန်၊ သူ၏ နှုတ်ကပတ်တော်မှ ဘုရားသခင်၏ တည်ရှိခြင်းနှင့် ပေါ်ထွန်းခြင်းတို့ကို မြင်နိုင်ရန်၊ လူသားအပေါ် ဘုရား၏ စုံလင်အောင်ပြုခြင်းအား လက်ခံရန် ထောက်ကူပေးလျက် ဘုရားသခင်သည် လူသား၏အတွေးနှင့် အယူအဆများကို ပြောင်းလဲအောင် ထောက်ကူပေးမည် ဖြစ်သည်၊ ထိုသို့ဖြင့် ဘုရား၏ မူလမျက်နှာသည် လူသား၏ စိတ်နှလုံး အတွင်းနက်ရှိုင်းသော နေရာများတွင် ခိုင်မြဲစွာ အမြစ်တွယ်မည်ဖြစ်သည်။ ဤသည်မှာ ကမ္ဘာမြေပေါ်တွင် ဘုရား၏ တစ်ခုတည်းသော အလိုဆန္ဒ ဖြစ်သည်။
၂
လူသား၏ မွေးရာပါသဘာဝသည် မည်မျှ ကြီးပါစေ၊ သို့မဟုတ် လူသား၏ အခြေအမြစ် မည်မျှမကောင်းပါစေ သို့မဟုတ် လူသား၏ အပြုအမူသည် အတိတ်တွင် မည်သည့်ပုံစံ အမှန်တကယ်ဖြစ်ခဲ့သည်ဖြစ်စေ ဘုရားသည် ဤအရာများကို အရေးမထားပေ။ လူသားအနေဖြင့် ၎င်း၏ အတွင်းစိတ်နှလုံးထဲတွင် ရှိသည့် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို လုံးလုံးလျားလျား အသစ်ဖြစ်စေဖို့ရန်နှင့် လူသားမျိုးနွယ်၏ အခြေအမြစ်ကို သိရှိလာဖို့ရန်နှင့်၊ ထိုသို့ဖြင့် လူသား၏ အတွေးအမြင်ဆိုင်ရာ သဘောထားအမြင် ပြောင်းလဲခြင်းသို့ ရောက်ရှိဖို့ရန်နှင့် လူသည် စိတ်အတွင်းထဲမှ ဘုရားသခင်ကို တောင့်တပြီး သူနှင့် ထာဝရ တွယ်တာမှုတစ်ခု နိုးကြားနိုင်ဖို့ လုပ်ဆောင်ရန်သာ သူ မျှော်လင့်ပေသည်။ ဤသည်မှာ လူသားကို ဘုရားသခင် ပြုသည့် တစ်ခုတည်းသော တောင်းဆိုချက်ဖြစ်သည်။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇) မှ