၃၈၇ ဖန်ဆင်းခြင်းအားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည်
၁
ဘုရားသည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ၏ အုပ်စိုးမှုအောက် လာစေပြီး၊ အုပ်စိုးမှုကို ကျိုးနွံနာခံစေသည်။ အရာခပ်သိမ်းက သူ၏ လက်ထဲတွင် ရှိဖို့ရန်အတွက်၊ သူသည် အရာ ခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်လိမ့်မည် ဖြစ်သည်။ တိရစ္ဆာန်များ၊ အပင်များ၊ လူသားမျိုးနွယ်၊ တောင်တန်းများ၊ မြစ်များနှင့် ရေကန်များ အပါအဝင် ဘုရား၏ ဖန်ဆင်းခြင်း ခပ်သိမ်း အားလုံးသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည်။ မိုးကောင်းကင်ပေါ်နှင့် မြေကြီးပေါ်တွင် ရှိသော အရာခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ ၎င်းတို့သည် မည်သည့် ရွေးချယ်မှုမျှ ရှိ၍မရသကဲ့သို့၊ သူ၏ စီစဉ်ညွှန်ကြားမှုများကို အားလုံး ကျိုးနွံနာခံရမည်။ ဤသည်မှာ ဘုရားက အမိန့်ပေးထားခြင်း ဖြစ်ပြီး၊ ဘုရား၏ သြဇာအာဏာ ဖြစ်သည်။
၂
ဘုရားသည် အရာရာတိုင်းကို ကွပ်ကဲအုပ်ချုပ်ပြီး အရာခပ်သိမ်းကို အစီအစဉ်တကျဖြစ်အောင်ပြုလုပ်ကာ အဆင့်အတန်းသတ်မှတ်သည်။ ဘုရား၏ လိုအင်ဆန္ဒများနှင့်အညီ တစ်ခုချင်းစီကို ယင်း၏ အမျိုးအစားအတိုင်း ခွဲခြားပြီး တစ်ခုချင်းစီကို ယင်းတို့နှင့်သက်ဆိုင်သည့် နေရာတွင် ထားသည်။ ယင်းသည် မည်မျှ ကြီးမြတ်သည်ဖြစ်စေ၊ မည်သည့်အရာကမျှ ဘုရားကို မသာလွန်နိုင်ပေ၊ အရာခပ်သိမ်းသည် ဘုရား ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို အစေခံကြပြီး၊ မည်သည့်အရာကမျှ ဘုရားအား ပုန်ကန်ခြင်းကို မပြုဝံ့ကြပေ သို့မဟုတ် ဘုရားသခင်အား မည်သည့် တောင်းဆိုမှုများကိုမျှ မပြုဝံ့ကြပေ။ ထို့ကြောင့် ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် လူသည်လည်း လူ၏တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ သူသည် အရာခပ်သိမ်း၏ အရှင် သို့မဟုတ် အစောင့်ဖြစ်နေစေကာမူ၊ အရာခပ်သိမ်းအလယ်တွင် လူ၏ အဆင့်အတန်းသည် မည်မျှမြင့်မားစေကာမူ၊ သူသည် ဘုရား၏ အုပ်စိုးမှုအောက်ရှိ သေးနုပ်သော လူသားတစ်ဦး ဖြစ်နေဆဲ ဖြစ်ပြီး၊ သူသည် သေးနုပ်သော လူသားတစ်ဦး၊ ဖန်ဆင်းခံ သတ္တဝါတစ်ဦးထက် မပို၊ သူသည် မည်သည့်အခါမျှ ဘုရား၏ အထက်တွင် ရှိလိမ့်မည် မဟုတ်ပေ။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် မှ