၄၆၅  တရားစီရင်ခြင်းအမှုတော်ကို ဘုရားသခင် ကိုယ်တော်တိုင် ပြုရမည်

၁  တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။

၂  လူတို့က ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ လူ့ဇာတိခံယူသည်ကို ယုံကြည်ဖို့ အခက်တွေ့ကြသည့်အတွက်၊ များစွာသော သူတို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်၍ မကောင်းသော ခံစားချက်များရှိကြလေသည်။ သို့သော်လည်း ဘုရားသခင်၏ အမှုသည် လူသား၏ မျှော်လင့်ချက်များထက် မကြာခဏ ကျော်လွန်တတ်ပြီး လူသားစိတ်က လက်ခံရန် ခက်ခဲတတ်သည်ကို သင့်ကို ငါ ပြောရမည်။ လူတို့သည် ကမ္ဘာမြေကြီးပေါ်က လောက်ကောင်များသာ ဖြစ်သော်လည်း၊ ဘုရားသခင်မှာမူ စကြဝဠာကို ပြည့်စေသည့် အမြင့်ဆုံးသော သူဖြစ်သည့်အတွက် ဖြစ်သည်။ လူသား၏စိတ်သည် လောက်ကောင်များကိုသာ ပေါက်ပွားစေသည့် ညစ်ညမ်းသော ရေတွင်းတစ်ခုကဲ့သို့ ဖြစ်သည်၊ ဘုရားသခင်၏ အကြံအစည်များက ညွှန်ကြားသော အမှု၏ အဆင့်အသီးသီးမှာမူ ဘုရားသခင်၏ ဉာဏ်ပညာ၏ အကျိုးရလဒ် ဖြစ်ပေသည်။

၃  လူတို့သည် ဘုရားသခင်ကို ဖက်ပြိုင်ရန် အမြဲ ကြိုးစားနေကြသည်၊ ယင်းတွင် နောက်ဆုံး၌ မည်သူ ဆုံးရှုံးမည်မှာ ပကတိအတိုင်း ရှင်းနေပြီဖြစ်သည်။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ရွှေထက် သာ၍ တန်ဖိုးရှိသည်ဟု မထင်မှတ်ဖို့ သင်တို့ကို ငါ တိုက်တွန်း၏။ အခြားသူများသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို လက်ခံနိုင်လျှင်၊ သင်သည် အဘယ်ကြောင့် လက်မခံနိုင်သနည်း။ သင်သည် အခြားသူများထက် မည်မျှ သာ၍ မြင့်မားစွာ ရပ်တည်သနည်း။ အခြားသူများသည် သမ္မာတရားရှေ့တွင် မိမိတို့၏ ဦးခေါင်းများကို ညွှတ်နိုင်ကြပါက၊ သင်သည်လည်း အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။ ဘုရားသခင်၏ အမှုသည် ရပ်တန့်မရနိုင်သော အရှိန်အဟုန်တစ်ခု ရှိ၏။ သင် ပြုလုပ်ပြီးသော “ထောက်ပံ့မှု” ကြောင့်သာ သူသည် တရားစီရင်သည့် အမှုကို ထပ်လုပ်မည် မဟုတ်သကဲ့သို့၊ သင်သည် ထိုသို့သော အခွင့်ကောင်းတစ်ခုကို လွဲချော်စေခြင်းကြောင့် နောင်တစိတ်ဖြင့် မွှန်ထူသွားပေမည်။

၄  သင်သည် ငါ၏နှုတ်ကပတ်တော်များကို မယုံကြည်ပါက၊ မိုးကောင်းကင်ရှိ ထိုဖြူသောပလ္လင်ကြီးက သင့်အပေါ် တရားစီရင်ချက်ချမည်ကိုသာ စောင့်လော့။ ဣသရေလလူ အားလုံးသည် ယေရှုကို ပစ်ပယ်ကာ ငြင်းပယ်ခဲ့ကြသော်လည်း၊ ယေရှု၏ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်း အမှန်တရားသည် စကြဝဠာတစ်လျှောက်လုံးနှင့် ကမ္ဘာမြေစွန်းများထိတိုင် တိုးချဲ့ဆဲ ဖြစ်ခဲ့သည်ကို သင်တို့ သိရမည်။ ဤသည်မှာ လွန်ခဲ့သော အချိန်များစွာက ဘုရားသခင်ပြုခဲ့သည့် လက်တွေ့အရှိတရား ဖြစ်သည် မဟုတ်လော။ အကယ်၍ သင်သည် ယေရှုက သင့်ကို ကောင်းကင်သို့ ဆောင်ယူမည်ကို စောင့်ဆိုင်းနေဆဲဖြစ်ပါက၊ သင်သည် ခေါင်းမာသော သစ်ခြောက်တစ်ခုက ဖြစ်သည်။ သမ္မာတရားကို သစ္စာစောင့်သိမှုမရှိသကဲ့သို့၊ ကောင်းချီးများကိုသာ ရှာဖွေသည့် သင်ကဲ့သို့သော အယောင်ဆောင် ယုံကြည်သူတစ်ဦးကို ယေရှုသည် အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။ ဆန့်ကျင်ဖက်အနေဖြင့်၊ သူသည် နှစ်ထောင်သောင်းချီ လောင်ကျွမ်းဖို့ မီးအိုင်ထဲသို့ သင့်ကို ချပစ်ရာတွင် သနားညှာတာမှု ပြမည်မဟုတ်ပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့-  ၄၆၄  သူ့ပလ္လင်ရှေ့သို့ လာသူတိုင်းကို ဘုရားသခင် တရားစီရင်၍ သန့်စင်စေမည်

နောက်တစ်ခုသို့-  ၄၆၆  နောက်ဆုံးသောကာလ ခရစ်တော်သည် နိုင်ငံတော်ခေတ်ကို ယူဆောင်လာပြီ

သက်ဆိုင်သည့် အကြောင်းအရာ

၅၀၁  ဘုရားသခင်၏စိတ်သဘောထားသည် မြင့်မြတ်လှ၏

၁ဘုရားရဲ့ ဝမ်း‌မြောက်ခြင်းသည်အမှောင်ထုနှင့် ဆိုးယုတ်မှုတို့ ကျရှုံးခြင်း၊တရားမျှတမှုနှင့် အလင်းတရား ထွန်းပေါ် တည်ရှိခြင်း၊လူကိုအလင်းပေးပြီး...

၄၈၂  လူသားမျိုးနွယ်၏လောကကို ဘုရားသခင်အဆုံးသတ်၏

၁ နောက်ဆုံးနေ့ ဘုရားရဲ့ တရားစီရင်ခြင်းဟာတစ်စုံတစ်‌ဦးအတွက်ပဲမဟုတ်ပါသူ့စိတ်သဘောထား လူအားဖော်ပြဖို့ပါအလုပ်ရှုပ်၊ အချိန်မရှိခြင်း...

၄၆၄  သူ့ပလ္လင်ရှေ့သို့ လာသူတိုင်းကို ဘုရားသခင် တရားစီရင်၍ သန့်စင်စေမည်

၁အချိန်နီးကပ်၍ ဘုရား၏နေ့ရက် ရောက်သောကြောင့်နောက်ဆုံးသောကာလအမှုသည်အားလုံးကို အမျိုးအစားအလိုက် ခွဲခြားပြီးဘုရား၏စီမံခန့်ခွဲမှုအစီအစဉ်ကို...

၂၄၆  ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင်၏ တစ်ခုတည်းသော ဆန္ဒ

၁ဘုရားသည် ဖိတ်ခေါ်ချက်ကို အဖြေပေးသည့်အနေနှင့် လူသား၏ အခြေအနေကို တိုက်ရိုက်ဦးတည်သည့်အနေဖြင့် ဤအကြိမ်တွင် လူ့ဇာတိဖြင့် ကြွလာပေသည်။...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger