၆၉၇  အရာအားလုံးအပေါ်ရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာမှတစ်ဆင့် ဘုရားကို သိကျွမ်းလော့ကျူး

၁  လူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှု မည်ရွေ့မည်မျှရှိပါစေ၊ ယင်းမှာ ၎င်းတို့ စိတ်နှလုံးများတွင် ဘုရားသခင် ကိုင်စွဲထားသည့် နေရာ အတိုင်းအတာလည်း ဖြစ်ပေသည်။ ၎င်းတို့ စိတ်နှလုံးများတွင် ဘုရားသခင်နှင့်ဆိုင်သည့် အသိ မည်ရွေ့မည်မျှ ကြီးမားပါစေ၊ ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မည်မျှကြီးမြတ်သည်ဆိုသည့်အရာ ဖြစ်၏။ သင် သိသည့် ဘုရားက အနှစ်မဲ့ပြီး မရေမရာ ဖြစ်ပါက၊ သင် ယုံကြည်သည့် ဘုရားသည်လည်း အနှစ်မဲ့ပြီး မရေမရာဖြစ်ပေသည်။ သင် သိသည့် ဘုရားသည် သင်၏ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အသက်တာ၏ နယ်ပယ်ထိ ကန့်သတ်ထားခြင်း ခံရပြီး စစ်မှန်သည့် ဘုရားသခင် ကိုယ်တိုင်နှင့် ဘာမျှသက်ဆိုင်မှု မရှိပေ။ ထို့ကြောင့် ဘုရားသခင်၏ လက်တွေ့ကျသည့် လုပ်ဆောင်ချက်များကို သိခြင်း၊ ဘုရားသခင်၏ စစ်မှန်မှုနှင့် သူ၏ အရာအားလုံး တတ်စွမ်းနိုင်ခြင်းကို သိခြင်း၊ ဘုရားသခင် ကိုယ်တိုင်၏ စစ်မှန်သည့် ပင်ကိုလက္ခဏာကို သိခြင်း၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သိခြင်း၊ သူ၏ ဖန်ဆင်းခြင်း အရာအားလုံးကြားတွင် သူ ထင်ရှားစေပြီးဖြစ်သည့် လုပ်ရပ်များကို သိခြင်း- ဤအရာများသည် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို လိုက်စားသည့် လူတစ်ဦးစီတိုင်းအဖို့ အလွန် အရေးကြီးပေသည်။ ယင်းတို့သည် လူများအနေဖြင့် သမ္မာတရား၏ စစ်မှန်မှုထဲကို ဝင်ရောက်နိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် တိုက်ရိုက် ဆက်စပ်မှုရှိသည်။

၂  သင်သည် ဘုရားသခင်နှင့်ဆိုင်သည့် သင်၏သိနားလည်မှုကို စကားလုံးများ သက်သက်အဖြစ်သာ ကန့်သတ်ထားပါက၊ သင်၏ နည်းပါးသော ကိုယ်ပိုင်အတွေ့အကြုံအထိသာ၊ သင် ခန့်မှန်းသည့်အရာကို ဘုရားသခင်၏ကျေးဇူးတော်ဖြစ်ဖို့အထိ သို့မဟုတ် ဘုရားသခင်အဖို့ သင်၏ နည်းပါးသော သက်သေခံချက်များ အထိသာ ယင်းကို ကန့်သတ်ထားပါက၊ သင်ယုံကြည်သည့် ဘုရားသခင်သည် စစ်မှန်သည့်ဘုရားသခင်ကိုယ်တိုင် လုံးဝ မဟုတ်ပေ။ ထိုမျှမက သင်ယုံကြည်သည့် ဘုရားသခင်သည် စိတ်ကူးသက်သက် ဘုရားသခင် တစ်ပါးဖြစ်ပြီး၊ စစ်မှန်သည့်ဘုရားသခင် မဟုတ်ဟုလည်း ဆိုနိုင်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် စစ်မှန်သည့် ဘုရားသခင်သည် အရာရာတိုင်းအပေါ် အုပ်စိုးသည့်၊ အရာရာတိုင်းအလယ်တွင် လျှောက်လှမ်းသည့်၊ အရာရာတိုင်းကို စီမံသည့်သူ ဖြစ်သည်။ သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာနှင့် အရာရာတိုင်း၏ ကံကြမ္မာကို မိမိလက်တွင် ကိုင်စွဲထားသူ ဖြစ်သည်။ ဤဘုရားသခင်၏ အမှုနှင့် လုပ်ဆောင်ချက်များသည် လူအစိတ်အပိုင်း အနည်းငယ်မျှအထိသာ ကန့်သတ်မထားပေ။ ဆိုလိုသည်မှာ ယင်းတို့သည် လတ်တလော၌ သူ့နောက်ကို လိုက်နေသည့်လူများ အထိသာ ကန့်သတ်မထားပေ။ သူ၏ လုပ်ဆောင်ချက်များသည် အရာခပ်သိမ်းထဲတွင်၊ အရာခပ်သိမ်း၏ ရှင်သန်မှုနှင့် အရာခပ်သိမ်း၏ ပြောင်းလဲခြင်း နိယာမများထဲတွင် သိသာထင်ရှားလေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့-  ၆၉၅  ဘုရားသည် အရာအားလုံးကို အုပ်စိုးသူပင်တည်းကျူး

နောက်တစ်ခုသို့-  ၆၉၈  ဘုရားသခင်၏ လုပ်ဆောင်မှုများကို သိခြင်းဖြင့်သာ သူ့အား စစ်မှန်သော သက်သေခံခြင်းကို ပေးနိုင်သည်

သက်ဆိုင်သည့် အကြောင်းအရာ

၁၈၃  စစ်ဆေးခြင်းမှ ယုံကြည်ခြင်းလာ၏ကျူး

၁သင့်ယုံကြည်ခြင်းအတွင်း၌သာ ဘုရားကို မြင်တွေ့နိုင်မည်ယုံကြည်ခြင်းရှိလျှင် သင့်ကို ဘုရား စုံလင်စေမည်သင်သည် ယုံကြည်ခြင်းမရှိလျှင် သင့်ကို...

၂၁၇  ဘုရားကို ချစ်ရန် သူ၏ ချစ်ဖွယ်ကောင်းမှုကို သင်တွေ့ကြုံရမည်

၁လူတို့ ဘုရားကို ယုံကြည်ပြီးကြောက်ရွံ့သော နှလုံးသားနှင့်နှုတ်ကပတ်တော်၌ လက်တွေ့ရှင်သန်သည့်အခါဘုရား၏ကယ်တင်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို...

၄၇၄  အနန္တတန်ခိုးရှင်ကို တိုင်းနိုင်ငံတိုင်းကိုးကွယ်ကျူး

၁  နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုသည် မြေကြီးပေါ်ရှိ လူသားများကြားတွင် နေထိုင်လျက်ရှိသော ကောင်းကင်ဘုံရှိ ဘုရားသခင်ကို လူသားအား...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger