၈၂၀  စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၏ အင်္ဂါရပ်များ

၁  စိတ်သဘောထားအတွင်း ပြောင်းလဲမှုများတွင် ဝိသေသလက္ခဏာတစ်ခုရှိသည်။ ၎င်းမှာ သမ္မာတရားကို လက်ခံနိုင်ခြင်းနှင့် မှန်သောအရာများနှင့် သမ္မာတရားနှင့်ညီသော အရာများကို နာခံနိုင်ခြင်း ဖြစ်၏။ သင့်ကို မည်သူက အကြံဉာဏ်များပေးပါစေ၊ သူတို့မှာ အသက်ငယ်ရွယ်သည်ဖြစ်စေ အိုမင်းသည်ဖြစ်စေ၊ သင်နှင့် အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ သူတို့သည် မှန်ကန်ပြီး သမ္မာတရားနှင့်ညီကာ ဘုရားသခင့်မိသားစု၏ အလုပ်အတွက် အကျိုးရှိသည့် အရာတစ်စုံတစ်ခုကို ပြောသရွေ့ သင်သည် ယင်းကို ခံယူပြီး လက်ခံနိုင်ကာ အခြားသော မည်သည့်အကြောင်းရင်းများ၏ ထိခိုက်လွှမ်းမိုးမှုကို မခံရနိုင်ပေ။ ဤသည်မှာ ထိုဝိသေသလက္ခဏာ၏ ပထမရှုထောင့် ဖြစ်၏။ အခြားရှုထောင့်မှာ သင်သည် ပြဿနာတစ်ခုကို ကြုံတွေ့သည့်အခါတိုင်း သမ္မာတရားကို ရှာဖွေနိုင်စွမ်းရှိခြင်းဖြစ်၏။ သင်သည် မည်သူမျှ နားမလည်နိုင်သည့် အသစ်သော ပြဿနာတစ်ခုကို ကြုံတွေ့ရပါက သင်သည် သမ္မာတရားကို ရှာဖွေနိုင်သည်၊ ထိုအကြောင်းကိစ္စကို သမ္မာတရား၏ အခြေခံသဘောတရားများနှင့် ကိုက်ညီစေရန်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းပေးရန် ဘာလုပ်သင့်သည်ကို သိမြင်နိုင်၏။

၂  သို့သော်လည်း အခြားရှုထောင့်မှာ ဘုရားသခင်၏အလိုတော်အား အရေးထားနိုင်သော စွမ်းရည်ကို ရရှိခြင်းဖြစ်၏။ ဘုရားသခင် သတ်မှတ်သည့်အတိုင်း သင်၏တာဝန်ကို လုပ်ဆောင်လော့၊ ထို့ပြင် ဘုရားသခင်ကို ကျေနပ်စေရန် ယင်းကို လုပ်ဆောင်လော့။ သင်သည် တာဝန်ရှိမှုနှင့် သစ္စာစောင့်သိမှုဖြင့် ပြုမူဆောင်ရွက်နိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဤအရာများအားလုံးမှာ ဘုရားသခင်၏အလိုတော်ကို အရေးထားခြင်း နည်းလမ်းများပင်ဖြစ်၏။ သင်ပြုလုပ်နေသော ထိုအရာတွင် ဘုရားသခင်၏အလိုတော်အား မည်ကဲ့သို့ အရေးထားရမည်ကို သင်မသိပါက ၎င်းကို ပြီးမြောက်စေရန်နှင့် သူ့ကိုကျေနပ်စေရန်အလို့ငှာ ရှာဖွေမှုအနည်းငယ် သင်လုပ်ရမည်။ ဤအခြေခံသဘောတရား သုံးခုကို သင်တို့ လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ ၎င်းတို့အားဖြင့် သင် တကယ် အသက်ရှင်နေသည့် လမ်းများကို အကဲဖြတ်နိုင်ပြီး၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာတွေ့နိုင်လျှင်၊ အရေးကိစ္စများကို ကိုယ်ကျင့်တရားကောင်းသော ပုံစုံတစ်ခုဖြင့် သင် ကိုင်တွယ်နေလိမ့်မည်ဖြစ်သည်။ မည်သည့်အရာကို သင် ကြုံရပါစေ၊ မည်သည့် ပြဿနာများကို သင် ကိုင်တွယ်ဖြေရှင်းဖို့ ရှိပါစေ၊ သင်သည် လက်တွေ့လုပ်ဆောင်ဖို့ အခြေခံသဘောတရားများကို ရှာတွေ့နိုင်လျှင် သမ္မာတရားကို သင် အလိုအလျောက် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အချုပ်အနှောင်များကို ဖယ်ရှားပစ်နိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့-  ၈၁၉  သတိမမူဘဲ လုပ်ဆောင်ခြင်းသည် တာဝန်ထမ်းဆောင်ခြင်း မဟုတ်ပေ

နောက်တစ်ခုသို့-  ၈၃၁  ဘုရားသခင်ကို ယုံကြည်သူများ ရရှိသင့်သည့် အရေးကြီးဆုံးသော အရာ

သက်ဆိုင်သည့် အကြောင်းအရာ

၂၂၅  လူအပေါ် သန့်ရှင်းသောဝိညာဉ်တော် အမှုပြုသည့်အခါကျူး

၁  သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် လက်ဦးမှုရယူသော လမ်းပြခြင်းနှင့် အပြုသဘောဆောင်သော ဉာဏ်အလင်းပေးခြင်း ပုံစံတစ်ခု ဖြစ်သည်။ ယင်းက...

၃၉၆  လူ့ဇာတိခံဘုရားသည် ကယ်တင်ခြင်းအမှုအတွက် ပိုသင့်တော်၏ကျူး

၁  နောက်ဆုံးသောကာလအတွင်းတွင်၊ ဘုရားသခင်သည် သူ၏လူ့ဇာတိခံ ပင်ကိုလက္ခဏာဖြင့် ပေါ်ထွန်းခြင်းအားဖြင့် သူ၏တရားစီရင်ခြင်းအမှုကို...

၂၄၆  ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင်၏ တစ်ခုတည်းသော ဆန္ဒ

၁ဘုရားသည် ဖိတ်ခေါ်ချက်ကို အဖြေပေးသည့်အနေနှင့် လူသား၏ အခြေအနေကို တိုက်ရိုက်ဦးတည်သည့်အနေဖြင့် ဤအကြိမ်တွင် လူ့ဇာတိဖြင့် ကြွလာပေသည်။...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger