အခန်း (၂၈)
ငါသည် ဇိအုန်မှ လာခဲ့ချိန်တွင် အရာခပ်သိမ်းသည် ငါ့ကိုစောင့်ကြိုခဲ့ကြပြီး ငါသည် ဇိအုန်သို့ပြန်သွားခဲ့ချိန်တွင် မြောက်မြားလှစွာသောလူများသည် ငါ့ကိုနှုတ်ဆက်ကြ၏။ ငါလာခဲ့ပြီး ပြန်သွားချိန်တွင် ငါ၏ခြေလှမ်းများသည် ငါ့ကိုရန်လိုခဲ့သည့် အရာများ၏ တားဆီးခြင်းကို မည်သည့်အခါမျှ မခံခဲ့ရပေ၊ ထို့ကြောင့် ငါ၏အမှုသည် အစဉ်သဖြင့် ချောမွေ့စွာ တိုးတက်ခဲ့၏။ ယနေ့တွင် သတ္တဝါများအားလုံးအလယ် ငါလာသောအခါ ငါနောက်တစ်ကြိမ် ထွက်ခွာပြီး ထိုသို့ဖြင့် ထောက်ပံ့မှုအတွက် ၎င်းတို့ မှီခိုကြသည့်အရာကို ဆုံးရှုံးလိမ့်မည်ကို အလွန်အမင်း စိုးရိမ်လျက် အရာခပ်သိမ်းသည် ငါ့အား ဆိတ်ငြိမ်မှုဖြင့် နှုတ်ခွန်းဆက်ကြ၏။ အရာခပ်သိမ်းသည် ငါ၏လမ်းပြမှုနောက် လိုက်ကြပြီး ငါ၏လက်ဖြင့် ညွှန်ပြသည့် ဦးတည်ရာသို့ အားလုံးကြည့်ရှုကြ၏။ ငါ့နှုတ်မှ စကားများသည် ဖန်ဆင်းခံအများအပြားကို စုံလင်စေပြီးဖြစ်ကာ ပုန်ကန်သောသား အများအပြားကို ပြစ်တင်ဆုံးမပြီးဖြစ်သည်။ ထို့ကြောင့် မြောက်မြားလှစွာသော လူများသည် ငါ၏စကားများ အပေါ် မမှိတ်မသုန် စူးစိုက်ကြည့်ပြီး ငါ့နှုတ်မှ မိန့်မြွက်ချက်များကို သေချာစွာ နားထောင်ကြကာ ဤအခွင့်ကောင်း လွတ်သွားမည်ကို အကြီးအကျယ် စိုးရိမ်နေကြသည်။ ငါ၏အမှုကို ပို၍လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ကမ္ဘာမြေပေါ် ကျေနပ်ဖွယ်ရာ အခြေအနေများ ပို၍ဆောလျင်စွာ ပေါ်ပေါက်လာပြီး ကမ္ဘာမြေပေါ်ရှိ ပျက်စီးခြောက်ကပ်ခြင်း မြင်ကွင်းများကို ကုစားနိုင်ရန်လည်းကောင်း ငါသည် ဆက်လက် စကားပြောခဲ့သည်မှာ ဤအကြောင်းရင်းကြောင့် ဖြစ်သည်။ ငါကောင်းကင်ထက်သို့ ကြည့်ချိန် ယင်းသည် လူသားကို မျက်နှာမူရန် ငါ နောက် တစ်ဖန်ပြန်လှည့်သည့် အချိန် ဖြစ်သည်။ မြေတစ်ပြင်လုံးသည် ရုတ်ချည်း အသက်ပါခြင်းဖြင့် ပြည့်သွားသည်၊ ဖုန်မှုန့်များက လေထဲတွင် မရှိတော့သည့်အပြင် နုန်းများက မြေပြင်ကို မဖုံးလွှမ်းတော့ပေ။ ငါ၏မျက်လုံးများသည် မြေတစ်ပြင်လုံး၏ လူတို့ကို ငါ့အား မျှော်ကြည့်စေကာ ငါ့အထဲတွင် ခိုလှုံစေရင်း ချက်ချင်း တောက်ပသွားသည်။ ယနေ့ လောက၏ လူတို့အလယ် ငါ၏အိမ်တော်တွင် ရှိသောသူအားလုံး အပါအဝင် မည်သူသည် ငါ၌ အမှန်တကယ် ခိုလှုံသနည်း။ ငါပေးဆပ်ပြီးဖြစ်သည့် အဖိုးအခအတွက် မည်သူသည် သူ၏နှလုံးသားကို အပြန်အလှန်အားဖြင့် ပေးသနည်း။ ငါ့အိမ်ထောင်စုအတွင်းတွင် မည်သူသည် ငြိမ်းချမ်းစွာ နေထိုင်ဖူးသနည်း။ မည်သူသည် ငါ၏ရှေ့တွင် အမှန်တကယ် မိမိတို့ကိုယ်ကို ဆက်ကပ်ဖူးသနည်း။ ငါသည် လူသားအပေါ် သတ်မှတ်ချက်များ ပြုလုပ်သောအခါ သူသည် သူ၏ “သိုလှောင်ရုံလေး” ကို ချက်ချင်းပိတ်လိုက်၏။ ငါသည် လူသားကို ပေးသောအခါ သူသည် ငါ၏ ကြွယ်ဝမှုများကို ခိုးကြောင်ခိုးဝှက်ယူရန် သူ၏ပါးစပ်ကို အလျင်အမြန်ဖွင့်ပြီး ငါသည် သူ့ကို ပြန်၍ဒဏ်ခတ်မည်ကို အလွန်အမင်း စိုးရိမ်လျက် သူ၏စိတ်နှလုံးထဲတွင် မကြာခဏ တုန်လှုပ်၏။ ထို့ကြောင့် လူသား၏ နှုတ်သည် မဟတဟဖြစ်နေပြီး သူသည် ငါပေးသည့် ကြွယ်ဝမှုများကို အမှန်တကယ် ပျော်မွေ့ခံစားနိုင်စွမ်း မရှိချေ။ ငါသည် လူသားကို အလွယ်တကူ မရှုတ်ချသော်လည်း သူသည် ငါ့လက်ကို အစဉ်သဖြင့် ဆွဲကာ သူ့အပေါ် သနားကရုဏာ ပေးအပ်ရန် ငါ့ကို အစဉ်သဖြင့် တောင်းဆို၏။ လူသားသည် ငါ့ကို အနူးအညွတ်တောင်းပန်သည့်အခါမှသာ ငါသည် သူ့အပေါ် နောက်ထပ်တစ်ကြိမ် “သနားကရုဏာ” ပေးပြီး ငါ့နှုတ်၏ အကြမ်းတမ်းဆုံး စကားများကို သူထံ ပေးသည်မှာ သူသည် ချက်ချင်း အရှက်ရကာ ငါ၏ “သနားကရုဏာ” ကို တိုက်ရိုက် ရရှိနိုင်စွမ်း မရှိဘဲ ယင်းအစား အခြားသူများအား သူ့ထံ လက်ဆင့်ကမ်း ပေးစေလေသည်။ ငါ၏ စကားများ အားလုံးကို အကုန်အစင် သူ သဘောပေါက် ပြီးသည့်အခါ လူသား၏ ဝိညာဉ်ရင့်ကျက်မှုသည် ငါ၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းပြီး သူ၏တောင်းပန်ချက်များသည် အကျိုးဖြစ်ထွန်းကာ အချည်းအနှီး သို့မဟုတ် အလဟဿ မဖြစ်ပေ။ ငါသည် လူသားမျိုးနွယ်၏ ဟန်ဆောင်ခြင်း မဟုတ်သည့် စစ်မှန်သော တောင်းပန်ချက်များကို ကောင်းချီးပေး၏။
ငါသည် ခေတ်များတစ်လျှောက်လုံးတွင် အမှုများကို လုပ်ဆောင်နေကာ ပြောဆိုနေပြီး ဖြစ်သည်၊ သို့သော် ယနေ့ ငါ ပြောဆိုသည့်အခါတွင် လူသားသည် ထိုသို့သော မိန့်မြွက်ချက်များကို လုံးဝ မကြားဖူးသည့်အပြင် သူသည် ငါ၏ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းတို့ကို မမြည်းစမ်းဖူးပေ။ အတိတ်ကမ္ဘာလောက၏ လူအချို့သည် ငါနှင့်ဆိုင်သည့် ဒဏ္ဍာရီများ ကြားကြပြီးဖြစ်သော်လည်း မည်သူမျှ ငါ၏ချမ်းသာကြွယ်ဝမှု အတိုင်းအတာကို အမှန်တကယ် မသိရှိဖူးပေ။ ယနေ့လူများသည် ငါ့နှုတ်မှစကားများကို ကြားသော်လည်း ငါ့နှုတ်တွင် နက်နဲသောအရာများ မည်မျှရှိသည်ကို မသိနားမလည်ကြဆဲဖြစ်ကာ ထိုသို့ဖြင့် ငါ၏ နှုတ်ကို ပေါကြွယ်ဝခြင်း တစ်ခုအဖြစ် ယူဆကြသည်။ နိုင်ငံတော်၏ လျှို့ဝှက်ချက်များဖြစ်စေ၊ ကောင်းကင်ဘုံ၏ နက်နဲမှုများဖြစ်စေ၊ ဝိညာဉ်ရေးရာနယ်ပယ်၏ အင်အားများဖြစ်စေ၊ လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ဖြစ်စေ လူအားလုံးသည် ငါ့နှုတ်မှ တစ်စုံတစ်ခု ရရှိရန် ဆန္ဒရှိကြသည်။ လူအားလုံးသည် ထိုသို့သော အရာများကို ရရှိရန် ဆန္ဒရှိကြသည်။ ထို့ကြောင့် ငါသည် လူတို့ကို အတူတကွ စုရုံးပြီး ၎င်းတို့ကို “ပုံပြင်များ” ပြောပြခဲ့ပါက ငါ၏ နှုတ်ကပတ်တော်ကို ကြားနာရန် ၎င်းတို့၏ “လူမမာအိပ်ရာများ” မှ ချက်ချင်း ထကြပေမည်။ လူသားအတွင်းတွင် ချို့တဲ့မှုများလွန်းလှ၏၊ သူသည် “အာဟာရ ဖြည့်ဆည်းမှုများ”သာ လိုအပ်သည်မဟုတ်ဘဲ ထိုထက်ပို၍ “စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု” နှင့် “ဝိညာဉ်ရေးရာထောက်ပံ့မှု”တို့ လိုအပ်လေသည်။ ဤသည်မှာ လူအပေါင်းတို့တွင် ကင်းမဲ့နေသည့်အရာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ “အနာရောဂါ” ဖြစ်သည်။ သာ၍ ကောင်းမွန်သော သက်ရောက်မှုများ စွမ်းဆောင်ရရှိရန် ၎င်းတို့အားလုံး ပြန်လည်ကျန်းမာလာနိုင်ပြီး ငါ၏ကုသမှုကြောင့် ပုံမှန်အခြေအနေသို့ ပြန်ရောက်နိုင်ကြဖို့ ငါသည် လူသား၏ အနာရောဂါအတွက် ကုထုံးတစ်ခုကို ပေးသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီးကို အမှန်တကယ် မုန်းတီးသလော။ သင်တို့သည် စင်စစ်အားဖြင့် ရိုးသားစစ်မှန်စွာ ယင်းကို မုန်းတီးသလော။ ငါသည် ကြိမ်ဖန်များစွာ သင်တို့ကို အဘယ်ကြောင့် မေးလေပြီနည်း။ ငါသည် အဘယ်ကြောင့် ဤမေးခွန်းကို သင်တို့အား အဖန်ဖန် မေးမြဲမေးနေရသနည်း။ သင်တို့၏ နှလုံးသားထဲတွင် အဆင်းနီသောနဂါးကြီး၏ မည်သည့်ပုံရိပ် ရှိသနည်း။ ယင်းကို အမှန်တကယ် ဖယ်ရှားပြီးပြီလော။ ၎င်းကို သင်တို့၏ ဖခင်အဖြစ် သင်တို့ အမှန်ပင် မမှတ်ယူပေသလော။ ငါ၏မေးခွန်းများထဲမှ ငါ၏ရည်ရွယ်ချက်ကို လူအပေါင်းတို့ သိမြင်သင့်သည်။ ယင်းမှာ လူတို့၏ ဒေါသကို ဆွပေးရန်မဟုတ်သည့်အပြင် လူသားတို့အလယ် ပုန်ကန်မှုကို လှုံ့ဆော်ရန် မဟုတ်၊ လူသားသည် မိမိ၏ ကိုယ်ပိုင် ထွက်ပေါက်ကို ရှာတွေ့နိုင်ရန် မဟုတ်ဘဲ လူအားလုံးကို အဆင်းနီသောနဂါးကြီး၏ ကျေးကျွန်ဘဝမှ မိမိတို့ကိုယ်ကို လွတ်မြောက်စေခွင့်ပေးရန် ဖြစ်သည်။ သို့သော် မည်သူမျှ မပူပန်သင့်ပေ။ အားလုံးသည် ငါ၏စကားများဖြင့် ပြီးမြောက်ရလိမ့်မည်။ မည်သည့်လူသားမျှ မပါဝင်နိုင်သည့်အပြင် ငါ ဆောင်ရွက်မည့် အမှုကို မည်သည့်လူသားမျှ မလုပ်ဆောင်နိုင်။ ငါသည် နယ်မြေအားလုံး၏ လေထုကို သန့်စင်စေမည်ဖြစ်ပြီး ကမ္ဘာမြေပေါ်တွင် နတ်ဆိုးတို့ကို အရိပ်အယောင် အားလုံးကို အမြစ်ဖြတ်မည်။ ငါသည် စတင်နှင့်ပြီဖြစ်ကာ အဆင်းနီသောနဂါးကြီး၏ နေထိုင်ရာနေရာတွင် ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ငါ့အမှု၏ အစပျိုးခြင်းကို စတင်မည်။ ထို့ကြောင့် စကြဝဠာတစ်ခုလုံးအပေါ်သို့ ငါ၏ ပြစ်တင်ဆုံးမခြင်း ကျရောက်သည်ကို မြင်နိုင်၏။ ငါသည် နယ်မြေအားလုံးကို စိစစ်သည့်အတွက် အဆင်းနီသောနဂါးကြီးနှင့် ညစ်ညူးသော ဝိညာဉ်မျိုးစုံတို့သည် ငါ၏ ပြစ်တင်ဆုံးမမှုမှ ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိပေ။ မြေကြီးပေါ်တွင် ငါ၏အမှု ပြီးစီးသည့်အခါ၊ ဆိုလိုသည်မှာ တရားစီရင်ရာကာလ အဆုံးသတ်သည့်အခါတွင် ငါသည် အဆင်းနီသောနဂါးကြီးကို တရားဝင် ပြစ်တင်ဆုံးမမည်။ ငါ၏လူတို့သည် အဆင်းနီသောနဂါးကြီးအပေါ် ငါ၏ဖြောင့်မတ်သည့် ပြစ်တင်ဆုံးမမှုကို သေချာပေါက် တွေ့ကြရလိမ့်မည်၊ ငါ၏ဖြောင့်မတ်မှုကြောင့် ချီးမွမ်းခြင်းကို သေချာပေါက် မရပ်မနား ဖော်ပြကြလိမ့်မည်ဖြစ်ပြီး ငါ၏ဖြောင့်မတ်ခြင်းကြောင့် ငါ၏ သန့်ရှင်းသော နာမကို ဧကန်မုချ အစဉ်ချီးကျူးထောမနာ ပြုကြလိမ့်မည်။ ထို့ကြောင့် သင်တို့သည် သင်တို့၏တာဝန်ကို တရားဝင် ထမ်းဆောင်ကြလိမ့်မည် ဖြစ်ပြီး နယ်မြေတစ်လျှောက်လုံးတွင် ငါ့ကို ကာလအစဉ်အဆက် တရားဝင် ချီးမွမ်းကြလိမ့်မည်။
တရားစီရင်ခြင်း ကာလသည် ယင်း၏ အထွတ်အထိပ်သို့ ရောက်သောအခါ ငါ၏အမှုကို အဆုံးသတ်ဖို့ ငါအလျင်အမြန် ဆောင်ရွက်မည် မဟုတ်ဘဲ ယင်းကို ငါ့လူတို့အားလုံး မြင်တွေ့စေရန်အတွက် ပြစ်တင်ဆုံးမခြင်း ကာလ၏ သက်သေအထောက်အထားဖြင့် ပေါင်းစပ်လိမ့်မည်ဖြစ်သည်။ ဤအရာတွင် သာ၍ကြီးမားသော အကျိုးအမြတ် ဖြစ်ထွန်းလိမ့်မည်။ ဤသက်သေအထောက်အထားသည် အဆင်းနီသောနဂါးကြီးအား ငါ၏ ပြစ်တင်ဆုံးမသည့် နည်းလမ်းဖြစ်ပြီး ငါ၏လူများသည် ငါ၏စိတ်သဘောထားကို ပို၍ သိကြစေဖို့ ၎င်းတို့၏ မျက်စိဖြင့်တပ်အပ် ယင်းကို ငါရှုမြင်စေမည်။ ငါ၏ လူများက ငါ့ကို မွေ့လျော်ကြချိန်သည် အဆင်းနီသောနဂါးကြီး ပြစ်တင်ဆုံးမခံရသည့်အချိန် ဖြစ်သည်။ အဆင်းနီသောနဂါးကြီး၏ လူများကို ထကြွစေပြီး ၎င်းကို တော်လှန်စေခြင်းသည် ငါ၏အစီအစဉ်ဖြစ်ပြီး ဤသည်မှာ ငါ၏လူများကို ငါစုံလင်စေသည့်နည်းစနစ်ဖြစ်ကာ ငါ၏ လူအားလုံးအတွက် ယင်းသည် အသက်တာ၌ ကြီးထွားဖို့ ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်သည်။ တောက်ပသည့်လရောင် ထွက်ပေါ်သောအခါ ဆိတ်ငြိမ်သောညသည် ချက်ချင်း ပြိုကွဲသွား၏။ လသည် တစ်ပိုင်းတစ်စစီဖြစ်နေသော်လည်း လူသားသည် ကောင်းမွန်သည့် စိတ်ဝိညာဉ်၌ ရှိနေပြီး လရောင်အားဖြင့် လှပသော မြင်ကွင်းကို ချီးမွမ်းလျက် လရောင်အောက်တွင် ငြိမ်းချမ်းစွာ ထိုင်နေ၏။ လူသားသည် သူ၏ စိတ်အခြေအနေကို မဖော်ပြနိုင်ပေ။ ယင်းမှာ သူသည် အတိတ်သို့ ပြန်ပြောင်းစဉ်းစားရန် ဆန္ဒရှိသည့်အလား၊ အနာဂတ်သို့ ရှေးရှုကြည့်လိုသည့်အလား၊ ပစ္စုပ္ပန်ကာလကို သူ မွေ့လျော်နေသည့်အလား ဖြစ်၏။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး ဝမ်းမြောက်သည့် အငွေ့အသက်အလယ်တွင် လတ်ဆတ်သည့် ရနံ့တစ်ခု စိမ့်ဝင်ပျံ့နှံ့သွား၏၊ နူးညံ့သော လေပြေလေညင်းတစ်ခု စတင်တိုက်ခတ်လာသည်နှင့်အညီ လူသားသည် မွှေးထုံကြိုင်လှိုင်သော မွှေးရနံ့ကို သတိပြုမိပြီး ထိုရနံ့အားဖြင့် ယစ်မူးကာ မိမိကိုယ်ကို မနိုးကြွစေနိုင်သည့်ပုံ ရလေသည်။ ဤသည်မှာ လူသားများအလယ် ကိုယ်တိုင်ကိုယ်ကျ ငါ ကြွလာသည့် အချိန်ကာလစင်စစ်ဖြစ်ပြီး လူသားသည် ဤမွှေးထုံကြိုင်လှိုင်သော ရနံ့နှင့်ဆိုင်သည့် အရှိန်မြှင့်သော ခံစားမှုအာရုံတစ်ခု ရှိကာ ထိုသို့ဖြင့် လူသည် ဤအမွှေးနံ့အလယ်တွင် နေထိုင်လေသည်။ ငါသည် လူသားနှင့် ပြေလည်ပြီး လူသားသည် ငါနှင့် သဟဇာတဖြစ်ခြင်းဖြင့် အသက်ရှင်သည်၊ သူသည် ငါ့ကို တစ်မျိုးတစ်မည် မကြည့်တော့ပေ၊ ငါသည် လူသား၏ ချွတ်ယွင်းချက်များကို မပြုပြင်တော့ပေ၊ လူသား၏မျက်နှာပေါ်တွင် သောကရောက်နေသည့်အသွင် မရှိတော့သည့်အပြင် သေခြင်းသည် လူသားတစ်ရပ်လုံး အပေါ် ခြိမ်းခြောက်ခြင်း မရှိတော့ပေ။ ယနေ့တွင် ငါသည် လူသားနှင့် ဘေးချင်းယှဉ်လျက် ရှေ့သို့သွားရင်း ပြစ်တင်ဆုံးမခြင်းကာလထဲသို့ လူသားနှင့်အတူ တက်လှမ်းသည်။ ငါသည် ငါ၏အမှုကို လုပ်ဆောင်လျက်ရှိ၏၊ ဆိုလိုသည်မှာ ငါသည် ငါ၏လှံတံကို လူသားများအလယ် ရိုက်ချပြီး ယင်းသည် လူသားအထဲက ပုန်ကန်တတ်သောအရာပေါ်သို့ ကျရောက်၏။ လူသား၏ အမြင်တွင် ငါ၏လှံတံသည် အထူးတန်ခိုးများ ရှိပုံရလေသည်။ ယင်းသည် ငါ့ရန်သူဖြစ်သော သူအားလုံးအပေါ်သို့ ကျရောက်လာပြီး ၎င်းတို့ကို အလွယ်တကူ ချမ်းသာမပေးပေ။ ငါ့ကို ဆန့်ကျင်သူအားလုံးအလယ်တွင် လှံတံသည် ၎င်း၏ ရှိရင်းစွဲ လုပ်ငန်းဆောင်တာကို ထမ်းဆောင်သည်။ ငါ့လက်ထဲတွင် ရှိသူအားလုံးသည် ငါ၏ရည်ရွယ်ချက်များနှင့်အညီ ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍများကို ကောင်းမွန်စွာ ဖြည့်ဆည်းကြပြီး ငါ၏ရည်ရွယ်ချက်များကို ၎င်းတို့ လုံးဝ ဆန့်ကျင်ဖူးခြင်းမရှိ၊ သို့မဟုတ် ၎င်းတို့၏အနှစ်သာရကို မည်သည့်အခါမျှ ပြောင်းလဲဖူးခြင်း မရှိကြချေ။ အကျိုးဆက်အနေဖြင့် ရေများသည် ဟုန်းဟုန်းမြည်ကြလိမ့်မည်၊ တောင်များ ပြိုလဲကြလိမ့်မည်၊ မြစ်ကြီးများ ပြိုကွဲကြလိမ့်မည်၊ လူသားသည် အစဉ် ပြောင်းလဲသွားလိမ့်မည်၊ နေသည် တိုး၍ မှိန်သွားလိမ့်မည်၊ လသည် မှောင်သွားမည်၊ လူသားသည် ငြိမ်းချမ်းမှုဖြင့် အသက်ရှင်ခြင်း နေ့ရက်များ နောက်ထပ် ရှိတော့မည်မဟုတ်၊ မြေပေါ်တွင် ငြိမ်သက်အေးချမ်းသည့်အချိန်များ ရှိတော့မည် မဟုတ်၊ ကောင်းကင်သည် မည်သည့်အခါမျှ တစ်ဖန် တည်ကြည်ကာ ဆိတ်ငြိမ်လိမ့်မည် မဟုတ်သည့်အပြင် ယင်းဘာသာ ချုပ်တည်းတော့မည် မဟုတ်ပေ။ အရာခပ်သိမ်းသည် အသစ်ပြုပြင်ခံရလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ မူလအသွင်ကို ပြန်ရကြလိမ့်မည်။ ကမ္ဘာမြေပေါ်ရှိ အိမ်ထောင်စုအပေါင်းသည် တစ်ကွဲတစ်ပြားစီဖြစ်လိမ့်မည်ဖြစ်ပြီး မြေကြီးပေါ်ရှိ နိုင်ငံအားလုံး အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲလိမ့်မည်။ ခင်ပွန်းသည်နှင့် ဇနီးသည်တို့အကြား ပြန်လည်ပေါင်းစည်းသည့် နေ့ရက်များ ကုန်ဆုံးလိမ့်မည်၊ အမိနှင့်သားတို့ တစ်ဖန်ပြန်တွေ့တော့မည်မဟုတ်၊ အဖနှင့်သမီးတို့ မည်သည့်အခါမျှ တစ်ဖန်ပြန်ဆုံတော့မည် မဟုတ်ပေ။ မြေကြီးပေါ် ရှိဖူးသော အရာများ အခြေအနေအားလုံးသည် ငါ့အားဖြင့် အစိတ်စိတ် အမွှာမွှာ ပြိုကွဲလိမ့်မည်။ ငါသည် လူ့ဇာတိဆိုင်ရာ ခံစားချက် မရှိသည့်အတွက် လူများကို ၎င်းတို့၏ ခံစားချက်များအား ဖော်ပြခွင့် ငါမပေးသည့်အပြင် လွန်ကဲသောအတိုင်းအတာ တစ်ခုအထိ လူတို့၏ ခံစားချက်များကို ငါ တိုး၍ မုန်းတီးမိပြီဖြစ်သည်။ ငါသည် ဘေးဖယ်ခံခဲ့ရကာ ထိုသို့ဖြင့် ၎င်းတို့၏အမြင်ထဲတွင် ငါသည် “အပြင်လူ” ဖြစ်သွားခဲ့သည်မှာ လူသားတို့အကြားက ခံစားချက်များကြောင့် ဖြစ်သည်။ ငါသည် မေ့လျော့ခြင်း ခံရပြီးဖြစ်သည်မှာ လူသားတို့အကြားရှိ ခံစားချက်များကြောင့် ဖြစ်သည်။ သူ၏ “အသိစိတ်”ကို အခွင့်ကောင်းယူ၍ အသုံးချသည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်။ သူသည် ငါ၏ပြစ်တင်ဆုံးမမှုကို အစဉ်ပင် အလွန်အမင်း မနှစ်မြို့သည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်။ ငါ့ကို မျှတမှုမရှိသည့်အပြင် မတရားဟု အစဉ်သဖြင့် ဆိုကာ ငါ၏အမှုအရာများကို ကိုင်တွယ်ရာတွင် လူသား၏ ခံစားချက်များကို ငါ အလေးဂရုမပြုဟု သူဆိုသည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်ပေသည်။ ငါသည် မြေကြီးပေါ်တွင် ဆွေမျိုးသားချင်းများလည်း ရှိပါသလော။ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးအတွက် အစားအစာ သို့မဟုတ် အိပ်စက်ခြင်းကို မစဉ်းစားဘဲ နေ့ရောညပါ ငါကဲ့သို့ မည်သူ အလုပ်လုပ်ဖူးသနည်း။ လူသားသည် ဘုရားသခင်နှင့် အဘယ်သို့ နှိုင်းယှဉ်၍ရနိုင်မည်နည်း။ လူသားသည် ဘုရားသခင်နှင့် အဘယ်သို့ သဟဇာတ ဖြစ်နိုင်မည်နည်း။ ဖန်ဆင်းသော ဘုရားသခင်သည် ဖန်ဆင်းခံရသော လူသားနှင့် အဘယ်သို့ အမျိုးအစား တူနိုင်မည်နည်း။ ငါသည် မြေကြီးပေါ်တွင် လူသားနှင့်အတူတကွ မည်သို့ အစဉ်နေပြီး ပြုမူနိုင်မည်နည်း။ ငါ၏ စိတ်နှလုံးအတွက် အဘယ်သူ ပူပန်နိုင်သနည်း။ လူသား၏ ဆုတောင်းချက်များလော။ တစ်ချိန်က ငါသည် လူသားနှင့် အတူတကွ ဆုံစည်းကာ သူနှင့်အတူ လျှောက်လှမ်းရန် သဘောတူခဲ့သည်။ ဟုတ်ပေသည်၊ ယနေ့တိုင် လူသားသည် ငါ၏စောင့်ရှောက်မှုနှင့် ကွယ်ကာမှုအောက်တွင် အသက်ရှင်ပြီးဖြစ်သည်၊ သို့သော် လူသားသည် ငါ၏စောင့်ရှောက်မှုမှ မိမိကိုယ်ကို ခွဲထွက်နိုင်မည့်နေ့ ရောက်လာလိမ့်ဦးမည်လော။ လူသားသည် ငါ၏ စိတ်နှလုံးအတွက် ပူပန်မှုဖြင့် မိမိကိုယ်ကို မည်သည့်အခါတွင်မျှ ဝန်မလေးစေဖူးသော်လည်း မည်သူသည် အလင်းမရှိဘဲ နယ်မြေတစ်ခုတွင် အသက်ရှင်မြဲ ရှင်နိုင်မည်နည်း။ လူသားသည် ယနေ့ထိတိုင် အသက်ရှင်ပြီး ဖြစ်သည်မှာ ငါ၏ ကောင်းကြီးမင်္ဂလာများကြောင့်သာ ဖြစ်သည်။
၁၉၉၂ ခုနှစ်၊ ဧပြီလ ၄ ရက်