အခန်း (၂၄)
အချိန်သည် အစဉ် ပို၍နီးကပ်လာသည်။ နိုးထကြလော့။ သန့်ရှင်းသူအားလုံးတို့။ ငါသည် သင်တို့ထံ ငါ၏ မိန့်မြွက်ချက်ကို ထုတ်ပြောပြီး ယင်းတို့ကို ကြားသောသူအားလုံးတို့သည် နိုးထကြရမည်။ ငါသည် ဤနှစ်ပေါင်းများစွာအတွင်း သင်တို့ယုံကြည်ခဲ့ပြီးသော ဘုရားသခင် ဖြစ်၏။ ယနေ့တွင် ငါသည် လူ့ဇာတိကို ခံယူပြီး သင်တို့မျက်စိရှေ့တွင် ရောက်လာသည်၊ ထိုသို့အားဖြင့် ငါ့ကိုအမှန်တကယ်အလိုရှိသူ၊ ငါ့အတွက် မည်သည့်အဖိုးအခကိုမဆို ပေးချင်နေသူ၊ ငါ၏နှုတ်ကပတ်တော်ကို ဧကန်အမှန် နားထောင်သူနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုနေသူကို ထုတ်ဖော်သည်။ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သောကြောင့် မှောင်မိုက်တွင် ဖုံးကွယ်ထားသော လူသား၏ လျှို့ဝှက်ချက်များအားလုံးတို့ကို တွေ့မြင်နိုင်သည်၊ ငါ့ကို အမှန်အလိုရှိသောသူကို ငါသိပြီး ငါ့ကို ခုခံသောသူကို ငါသိသည်။ ငါသည် အရာခပ်သိမ်းတို့ကို စိစစ်သည်။
ယခုတွင် ငါသည် ငါ၏ရည်ရွယ်ချက်များနှင့် အညီဖြစ်သူလူတစ်စု၊ ငါ၏ဝန်ထုပ်တို့ကို အလေးထားနိုင်သူလူတစ်စုကို အမြန်ဆုံး ပြုလုပ်လိုသည်။ သို့သော် ငါသည် အသင်းတော်ကို သန့်ရှင်းစေခြင်းနှင့် စင်ကြယ်စေခြင်းကို မချုပ်တည်းနိုင်ပေ၊ အသင်းတော်သည် ငါ၏နှလုံးသားဖြစ်သည်။ ငါ၏နှုတ်ကပတ်တော်ကို သင်တို့ စားသောက်ခြင်းမရှိရန် တားဆီးသော ဆိုးယုတ်သူတို့ကို ငါ မုန်းတီး၏။ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ ငါ့ကို အမှန်တကယ် အလိုမရှိသည့် လူအနည်းငယ် ရှိခြင်းကြောင့် ဖြစ်သည်။ ဤလူတို့သည် လိမ်ညာမှုနှင့်ပြည့်ဝလျက် ၎င်းတို့သည် စစ်မှန်သောစိတ်နှလုံးဖြင့် ငါ့ထံသို့ တိုးဝင်ချဉ်းကပ်ခြင်း မရှိကြချေ၊ ၎င်းတို့သည် ဆိုးယုတ်ကြပြီး ငါ၏အလိုတော်ကို ဆောင်ရွက်ရာတွင် တားဆီးနှောင့်ယှက်သူများ ဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိကြချေ။ ဤသူတို့သည် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်းနှင့် မောက်မာခြင်းတို့ဖြင့် ပြည့်ဝလျက်၊ ၎င်းတို့သည် လွန်လွန်ကဲကဲ ရည်မှန်းချက် ကြီးလွန်းကြသည်၊ ၎င်းတို့သည် အထက်စီးမှ ဆက်ဆံခြင်းကို နှစ်သက်ကြသည်၊ ၎င်းတို့၏စကားမှာ နားဝင်ချိုလှသော်လည်း နောက်ကွယ်တွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြပေ။ ဤဆိုးယုတ်သူတို့သည် အဆက်ဖြတ်ခြင်းနှင့် ဖယ်ရှားခြင်းကို ခံရမည်၊ ၎င်းတို့သည် ဘေးအန္တရာယ်အလယ်တွင် ဒုက္ခရောက်လိမ့်မည်။ ဤနှုတ်ကပတ်တော်တို့မှာ သင်တို့သည် ငါ၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်သောလမ်းပေါ်တွင် ဆက်လက် ခြေချရန် သင်တို့ကို သတိရစေရန်နှင့် သတိပေးရန် ဖြစ်သည်။ သင်တို့၏ ဝိညာဉ်ထံသို့ အစဉ်သဖြင့် ပြန်၍လာလော့၊ အကြောင်းမူကား ငါ့ကို မိမိတို့၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ချစ်သောသူတို့ကို ငါချစ်သောကြောင့်ဖြစ်သည်။ သင်တို့သည် ငါ့ထံသို့ တိုးဝင်ချဉ်းကပ်သောကြောင့် ငါသည် သင်တို့ကိုကွယ်ကာ၍ ဆိုးယုတ်သူတို့ထံမှ ကာကွယ်စောင့်ရှောက်မည်၊ ငါသည် သင်တို့ကို ငါ၏အိမ်တော်၌ ခိုင်မာစွာ ရပ်စေပြီး သင်တို့ လမ်းအဆုံးသို့ ရောက်နိုင်စေဖို့အတွက် သင့်တို့ကို ကွယ်ကာမည်။