အခန်း (၂၇)
စကြဝဠာနှင့် အရာခပ်သိမ်းတို့အပေါ် အုပ်စိုးတော်မူသည့် စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်၊ အနတ္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလ၏ခရစ်တော်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံချက်၊ ငြင်းဆန်၍မရသော သက်သေဖြစ်သည်။ မည်သူမျှ သံသယမရှိကြစေရန်အလို့ငှာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် နေရာအနှံ့တွင် သူ၏ အလုပ်ကို လုပ်ဆောင်ပြီး သက်သေခံနေ၏။ အောင်နိုင်သူ ရှင်ဘုရင်၊ အနတ္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော်သည် ကမ္ဘာလောကကို အောင်နိုင်ခဲ့ပြီးဖြစ်၏၊ ကိုယ်တော်သည် အပြစ်တရားကို အောင်နိုင်ပြီးဖြစ်၏၊ ကိုယ်တော်သည် ကိုယ်တော်၏ရွေးနုတ်ခြင်းကို ပြီးမြောက်အောင်မြင်ပြီးဖြစ်၏။ စာတန်၏ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသော ဤလူအုပ်စု ဖြစ်သည့် ကျွန်ုပ်တို့အား ကိုယ်တော်သည် ကယ်တင်ပြီးဖြစ်ပြီး၊ ကိုယ်တော်၏ အလိုတော်ကို လိုက်လျှောက်စေရန်အလို့ငှာ ကျွန်ုပ်တို့အား စုံလင်အောင်ပြုမည်ဖြစ်၏။ ကိုယ်တော်သည် ကမ္ဘာလောကတစ်ခုလုံးအပေါ် မင်းအာဏာစက်ဖြင့် အုပ်စိုးကာ ဤမြေအား ပြန်လည်သိမ်းယူ၍လျက်၊ စာတန်အား အနက်ဆုံးသောတွင်းထဲသို့ မောင်းထုတ်လေသည်။ ကိုယ်တော်သည် ကမ္ဘာလောကကို တရားစီရင်လျက်ရှိပြီး မည်သူမျှ ကိုယ်တော်၏လက်တော်များမှ မလွတ်မြောက်နိုင်ပေ။ ကိုယ်တော်သည် ရှင်ဘုရင်ကဲ့သို့ စိုးစံလေသည်။
မြေကြီးတစ်ခုလုံး ဝမ်းမြောက်ခြင်းဖြင့် ဟစ်ကြွေးကြလေသည်။ အောင်နိုင်သူ ရှင်ဘုရင်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းလေသည်။ အစဉ်ထာဝရပင်ဖြစ်ပါတကား၊ ကိုယ်တော်သည် ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းနှင့် ထိုက်တန်ပေ၏။ သြဇာအာဏာနှင့် ဘုန်းတော်သည် စကြဝဠာ၏ ကြီးမြတ်သော အရှင်ဘုရင်အတွက် ဖြစ်ပါစေသော်။
အချိန်သည် တိုတောင်း၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်၍ ရှေ့ဆက်လော့။ အလွန်အမင်း စေ့စပ်တိကျလော့၊ ကိုယ်တော်၏ဝန်ထုပ်ဝန်ပိုးကို အလေးထားလော့၊ ပြီးလျှင် ကိုယ်တော်နှင့်တစ်စိတ်တစ်ဝမ်တည်း ဖြစ်လော့၊ ပြီးလျှင် ကိုယ်တော်၏ စီမံခန့်ခွဲမှုအစီအစဉ်အတွက် သင့်ကိုယ်သင် အသုံးခံလော့။ သင်သည် သင်၏ပိုင်ဆိုင်မှုတို့ကို စွဲကိုင်မထားရ။ ကျန်ရှိသည့် အချိန်နည်းလွန်းသည်။ ထိုအရာတို့ကို ဆက်ကပ်လော့။ ထိုအရာတို့ကို ဆုပ်ကိုင်မထားလေနှင့်။ ထိုအရာတို့ကို ဆက်ကပ်လော့။ ထိုအရာတို့ကို ဆုပ်ကိုင်မထားလေနှင့်။