(ဂ) မိမိကိုယ်ကိုယ် သိကျွမ်းသည့်နည်းလမ်းနှင့် စစ်မှန်သော နောင်တရရှိသည့်နည်းလမ်းတို့နှင့် ပတ်သက်၍

(၃၅၈) နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေပြီး နုံအသည်၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရပြီး လူသားကိုယ်တိုင်ပင် မိမိ၏ပုန်ကန်သည့် အပြုအမူနှင့် ပတ်သက်သည့် ဖြစ်စဉ်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အတိုင်းအတာအထိ ဘုရားသခင်ကို ဆန့်ကျင်သော နတ်ဆိုးဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံရပြီးဖြစ်သည်မှာ သူသည် မည်သည့်အရာကို ရှေ့ဆက်လုပ်ရမည်ကို လုံးဝ မသိသောကြောင့် ဖြစ်သည်။ ယနေ့ပင်လျှင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်။ လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ၊ သူ့ကို သစ္စာဖောက်သည်၊ ဘုရားသခင်ကို မမြင်မတွေ့နိုင်သောအခါတွင်လည်း၊ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရပြီးနောက်၊ ဘုရားသခင်ကို သစ္စာဖောက်ဆဲဖြစ်သည့်သူများပင် ရှိသေးသည်။ ထို့ကြောင့် လူ့အသိစိတ်သည် ယင်း၏နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိတရားသည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။ ငါကြည့်မျှော်သော လူသားသည် လူအရေခြုံထားသော သားရဲတစ်ကောင်၊ အဆိပ်ပြင်းသော မြွေတစ်ကောင်ဖြစ်သည်၊ ပြီးလျှင် ငါ့မျက်စိရှေ့တွင် သနားဖွယ်ဖြစ်ပုံပေါက်ဖို့ သူ မည်မျှကြိုးစားသော်လည်း၊ ငါသည် သူ့ကို မည်သည့်အခါမျှ သနားကရုဏာ ထားရှိမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် လူသားသည် အဖြူနှင့်အမဲကြားရှိ ခြားနားချက်ကို နားလည်ခြင်းမရှိ၊ သမ္မာတရားနှင့် သမ္မာတရား မဟုတ်ခြင်းကြားရှိ ခြားနားချက်ကို နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ လူသား၏အသိစိတ်သည် ထုံထိုင်းလှသော်လည်း၊ ကောင်းချီးမင်္ဂလာများကို ရရှိရန် သူ တောင့်တဆဲဖြစ်သည်။ သူ၏ လူ့သဘာဝသည် အလွန်ဂုဏ်အသရေမဲ့သော်လည်း၊ သူသည် ရှင်ဘုရင်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ရန် ဆန္ဒရှိဆဲဖြစ်သည်။ ထိုကဲ့သို့သော အသိစိတ်ဖြင့် သူသည် မည်သူတို့၏ ရှင်ဘုရင် ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူ့သဘာဝဖြင့် ရာဇပလ္လင်ပေါ်တွင် သူ မည်သို့တက်ထိုင်နိုင်မည်နည်း။ လူသားသည် အကယ်စင်စစ်ပင် အရှက်မရှိပေတကား။ သူသည် စိတ်ကြီးဝင်နေသော အကောင်ယုတ် ဖြစ်ပေသည်။ သင်တို့အထဲတွင် ကောင်းချီးမင်္ဂလာများကို ရယူလိုသူများအတွက် ကြည့်မှန်တစ်ခုကို အရင်ရှာပြီး အကျည်းတန်သော မိမိ၏ ပုံရိပ်ကို ရှုစားကြရန် ငါအကြံပြုသည်။ သင့်တွင် ရှင်ဘုရင်ဖြစ်ရန်အရည်အသွေး ရှိသလော။ ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သူ၏မျက်နှာကို ပိုင်ဆိုင်ခြင်း ရှိသလော။ သင်၏ စိတ်သဘောထားထဲ၌ ပြောင်းလဲခြင်း စိုးစဉ်းမျှ မရှိဘဲ၊ သင်သည် မည်သည့် သမ္မာတရားကိုမျှလည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသော်လည်း၊ အံ့မခန်းဖွယ် မနက်ဖြန်ကို တောင့်တနေသေးသည်။ သင်သည် မိမိကိုယ်ကိုယ် လှည့်ဖြားနေ၏။ ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသည့် လူသားသည် လူ့အဖွဲ့အစည်း၏ ကူးစက်စေခြင်းကို ပြင်းထန်သော အတိုင်းအတာအထိ ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ပဒေသရာဇ်ဆန်သော လူ့ကျင့်ဝတ်များ၏ ပုံသွင်းခြင်းခံရပြီးဖြစ်ကာ “အဆင့်မြင့် ပညာသင်ကျောင်းများ” ၏ သွန်သင်လေ့ကျင့်ပေးမှုကို လက်ခံရရှိခဲ့ပြီးဖြစ်၏။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော ကိုယ်ကျင့်တရား၊ ယုတ်ညံ့သော ဘဝ အမြင်ရှုထောင့်၊ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် စက်ဆုပ်ဖွယ်အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှုနှင့် ယုတ်ညံ့သော ထုံးတမ်းအစဉ်အလာများနှင့် တစ်ရက်ပြီးတစ်ရက် ဘဝ ဟူသည့် ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်နေခဲ့ပြီးဖြစ်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးနေစေခဲ့သည့်အပြင် တိုက်ခိုက်နေခဲ့သည်။ ရလဒ်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် တိုး၍ ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမို ရက်စက်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား ကျိုးနွံနာခံလိုစိတ်ရှိသူ တစ်ဦးတလေမျှ မရှိဘဲ ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတလေမျှ ပို၍ပင် မရှိပေ။ ထိုအစား လူသည် စာတန်၏ အာဏာအောက်တွင် အပျော်အပါးကို အားရပါးရ လိုက်စားကာ နွံထဲတွင် ပေါက်လွှတ်ပဲစား နေခြင်းအားဖြင့် သူ၏ ဇာတိပကတိကို ဖောက်ပြန်ပျက်စီးစေသည်။ ၎င်းတို့သည် သမ္မာတရားကို ကြားသည့်အချိန်တွင်ပင် အမှောင်ထဲတွင် ရှင်သန်နေထိုင်သည့်လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုအင်ဆန္ဒတစ်စက်မျှ မရှိဘဲ ဘုရားသခင် ပေါ်ထွန်းပြီးဖြစ်သည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင် ၎င်းတို့သည် ရှာဖွေရန် ဆန္ဒမရှိကြချေ။ ဤကဲ့သို့ အကျင့်ပျက်သော လူသားမျိုးနွယ်သည် ကယ်တင်ခြင်းအတွက် ဖြစ်နိုင်ချေတစ်စက်တလေမျှ မည်သို့ရှိနိုင်မည်နည်း။ ဤကဲ့သို့ အကျင့်စာရိတ္တယိုယွင်းသော လူသားမျိုးနွယ်သည် အလင်းတွင် မည်သို့များ အသက်ရှင်နိုင်မည်နည်း။

လူ့စိတ်သဘောထားကို ပြောင်းလဲခြင်းသည် သူ၏ အနှစ်သာရကို သိခြင်းနှင့်သူ၏အတွေးအခေါ်၊ သဘာဝ၊ စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်တို့ ပြောင်းလဲခြင်းများ အားဖြင့် အခြေခံကျသော ပြောင်းလဲမှုများအားဖြင့် စတင်သည်။ ဤနည်းဖြင့်သာ လူ့စိတ်သဘောထားအတွင်း အစစ်အမှန် ပြောင်းလဲခြင်းများ ဖြစ်မြောက်ပေမည်။ လူသား၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပေါ်ပေါက်ခြင်းကို ဖြစ်စေသည့် အရင်းအမြစ်မှာ စာတန်၏ အထင်အမြင်မှားစေခြင်း၊ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် အဆိပ်တို့ဖြစ်ကြသည်။ လူသားသည် စာတန်၏ ကန့်သတ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံနေခဲ့ရပြီးဖြစ်ကာ၊ သူ၏ စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့အပေါ် စာတန် ဒုက္ခပေးသည့် လွန်ကဲစွာ ဘေးသင့်စေမှုတို့ကို ခံရသည်။ ယင်းမှာ လူသား၏ ဤအခြေခံကျသော အရာများသည် စာတန်၏ ဖျက်ဆီးခြင်းကိုခံရပြီးဖြစ်ကာ၊ ၎င်းတို့သည် ဘုရားသခင်က နဂိုမူလတွင် ဖန်ဆင်းထားခဲ့ပုံနှင့် လုံးဝမတူကြသဖြင့်သာ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ကာ သမ္မာတရားကို လက်မခံနိုင်ခြင်း အတိအကျပင် ဖြစ်သည်။ ထို့ကြောင့် လူ့စိတ်သဘောထားအတွင်း၌ ပြောင်းလဲမှုသည် ဘုရားသခင်နှင့် သမ္မာတရားတို့နှင့် ပတ်သက်သည့် သူ၏ အသိပညာကို ပြောင်းလဲစေမည့် သူ၏အတွေးအခေါ်၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့ ပြောင်းလဲခြင်းများဖြင့် အစပြုရမည်။ နယ်မြေအားလုံးအနက် အလွန်အမင်း ဖောက်ပြန်ပျက်စီးဆုံး မြေပေါ်၌ မွေးဖွားလာခဲ့သူများသည် ဘုရားသခင်၏ ဖြစ်ခြင်း သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ အဘယ်အရာအား ဆိုလိုသည်တို့နှင့်ပတ်သက်၍ သာ၍ပင် မသိနားမလည်ဘဲ ရှိကြသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးလေလေ၊ ဘုရားသခင် တည်ရှိခြင်းကို ၎င်းတို့ မသိလေလေဖြစ်ပြီး၊ ၎င်းတို့၏ အသိစိတ်နှင့် ထိုးထွင်းအမြင် ညံ့ဖျင်းလေလေဖြစ်သည်။ လူသား စာတန်၏ဖျက်ဆီးခြင်းကို ခံရခြင်းသည် လူသား ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်၊ လူ့အသိစိတ် တိုး၍ ထုံသွားကာ၊ သူသည် အကျင့်ပျက်ပြီး သူ၏အတွေးအခေါ်များ ဆုတ်ယုတ်၍ သူ့၌ နောက်ပြန်ဆွဲသော စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်လည်း ရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ လူသားသည် သဘာဝအလျောက် ဘုရားသခင်ကို ကျိုးနွံနာခံကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို ကျိုးနွံနာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် လူသား၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ဆက်တိုက် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို သူ၏အသိစိတ်၊ ထိုးထွင်းအမြင်နှင့် အသိတရားတို့ကို ဖော်ပြခြင်း၌ ထုတ်ဖော်ပြလေသည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် စိတ်မချရသည့်အပြင်၊ သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းသွားခြင်းကြောင့်၊ သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။ အကယ်၍ လူသား၏ အသိစိတ်နှင့် ထိုးထွင်းသိမြင်စွမ်း မပြောင်းလဲနိုင်ပါက၊ သူ့စိတ်သဘောထား ပြောင်းလဲမှုများမှာ မဖြစ်နိုင်သကဲ့သို့ပင် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် လျော်ညီဖို့လည်း မဖြစ်နိုင်ချေ။ လူ့အသိစိတ်သည် စိတ်မချရပါက၊ သူသည် ဘုရားသခင်ကို အစေခံနိုင်မည် မဟုတ်ဘဲ၊ ဘုရားသခင်က အသုံးပြုရန်လည်း မသင့်တော်ပေ။ “ပုံမှန်အသိစိတ်” ဟူသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သူ့ကို သစ္စာရှိခြင်း၊ ဘုရားသခင်ကို တမ်းတခြင်း၊ ဘုရားသခင်အပေါ် အကြွင်းမဲ့ ဖြစ်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း တို့ကို ရည်ညွှန်းသည်။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ဘုရားသခင်ကို တမင်တကာ မဆန့်ကျင်ခြင်းကို ရည်ညွှန်းသည်။ မူမမှန်သော အသိစိတ် ရှိခြင်းသည် ဤသို့မဟုတ်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော သူဖြစ်သည့်အတွက်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများ ဖြစ်ပေါ်ကာ၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း မဆိုထားနဲ့၊ ဘုရားသခင်ကို သစ္စာမရှိသကဲ့သို့ တမ်းတခြင်းလည်း မရှိပေ။ လူသားသည် ဘုရားသခင်ကို တမင်တကာဆန့်ကျင်ပြီး သူ့ကို ဝေဖန်အကဲဖြတ်သည်၊ ထို့အပြင် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဆဲရေးခြင်းများ ပြုလုပ်သည်။ သူသည် ဘုရားသခင် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိလျက်၊ လူသားသည် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဝေဖန်အကဲဖြတ်ကာ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ ရည်ရွယ်ချက် မရှိပေ၊ ပြီးလျှင် သူ့ကို တောင်းဆိုခြင်းနှင့် တောင်းခံခြင်းတို့ကိုသာ ပြုလုပ်နေသည်။ မူမမှန်သော အသိစိတ် ရှိသည့် ဤကဲ့သို့လူများသည် မိမိကိုယ်တိုင်၏ စက်ဆုပ်ရွံရှာဖွယ် အပြုအမူကို သိနိုင်စွမ်း သို့မဟုတ် မိမိ၏ ပုန်ကန်မှုအတွက် နောင်တရနိုင်စွမ်း မရှိပေ။ အကယ်၍ လူတို့သည် မိမိတို့ကိုယ်ကိုယ် သိနိုင်စွမ်းရှိသော်၊ ၎င်းတို့၏ အသိစိတ် အနည်းငယ်မျှ ပြန်လည် ရရှိလာပြီးဖြစ်သည်။ မိမိတို့ကိုယ်ကို မသိနိုင်သေးသည့်လူများသည် ဘုရားသခင်ကို ပုန်ကန်လေလေ၊ မိမိတို့ကိုယ်ကိုယ် မသိလေလေ၊ ၎င်းတို့တွင် ခြေခြေမြစ်မြစ်ရှိသော အသိစိတ် နည်းပါးလေလေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

(၃၅၉) လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို နားလည်ပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ လူသားအတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က “လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း” ဟု မေးပါက၊ သူတို့က “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက် ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။ စာတန်လုပ်သမျှအရာတိုင်းသည် သူကိုယ်တိုင်၏ လိုအင်ဆန္ဒ၊ ရည်မှန်းချက်နှင့် ဦးတည်ချက်များအတွက်ဖြစ်သည်။ သူသည် ဘုရားသခင်ကို ကျော်လွန်ချင်သည်။ ဘုရားသခင်ထံမှ လွတ်မြောက်ချင်သည်။ ဘုရားသခင်ဖန်ဆင်းသောအရာအားလုံးကို ချုပ်ကိုင်ချင်သည်။ ယခုအခါတွင် လူတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်အထိဖြစ်လာခဲ့သည်။ ၎င်းတို့အားလုံးတွင် ဆိုးယုတ်သော သဘာဝများရှိသည်။ ၎င်းတို့အားလုံးသည် ဘုရားကို ငြင်းပယ်ပြီး ဆန့်ကျင်ဖို့ ကြိုးစားသည်။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်လိုပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ဆန့်ကျင်ဖို့ ကြိုးစားသည်။ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒတို့သည် စာတန်နှင့် အတိအကျပင် တူညီသည်။ ထို့ကြောင့် လူသား၏ သဘာဝသည် စာတန်၏ သဘာဝဖြစ်သည်။ အမှန်တကယ်တွင် လူများစွာ၏ ဆောင်ပုဒ်များနှင့် ပြောရိုးစကားများသည် လူ့သဘာဝကို ကိုယ်စားပြုပြီး လူ့ဖောက်ပြန်ပျက်စီးမှု၏ အနှစ်သာရကို ထင်ဟပ်သည်။ လူတို့ရွေးချယ်သော အရာများသည် ၎င်းတို့ကိုယ်တိုင်၏ ကြိုက်နှစ်သက်မှုများဖြစ်သည်။ ယင်းတို့အားလုံးသည် လူတို့၏ စိတ်သဘောထားများနှင့် လိုက်စားမှုများကို ကိုယ်စားပြု၏။ လူတစ်ယောက်ပြောသည့် စကားတိုင်းတွင်၊ သူလုပ်သမျှတွင် မည်မျှပင် ဟန်ဆောင်ထားပါစေ သူ၏ သဘာဝကို မဖုံးကွယ်နိုင်ပေ။ ဥပမာအားဖြင့် ဖာရိရှဲများသည် ပုံမှန်အားဖြင့် အလွန်ကောင်းစွာ တရားဟောလေ့ရှိသည်။ သို့သော် ယေရှုဖော်ပြသော တရားဒေသနာများနှင့် သမ္မာတရားများကို ၎င်းတို့ ကြားသောအခါ လက်ခံမည့်အစား ယင်းတို့ကို ရှုတ်ချကြသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ဘဲ မုန်းတီးသည့် ဖာရိရှဲတို့၏ သဘာဝနှင့် အနှစ်သာရကို ဖော်ထုတ်ပြ၏။ လူအချို့သည် အလွန်ပင် လှပစွာ စကားပြောဆိုပြီး မိမိတို့ကိုယ်ကို အယောင်ဆောင်ရာတွင် ကျွမ်းကျင်ကြသည်။ သို့သော် အခြားလူတို့သည် ၎င်းတို့နှင့် အချိန်ခဏကြာ ပတ်သက်ပြီးနောက် ၎င်းတို့၏သဘာဝက အလွန်ပင် လှည့်စားပြီး မရိုးသားကြောင်းကို တွေ့ရှိရလေသည်။ ၎င်းတို့နှင့် ကြာမြင့်စွာ ပတ်သက်ပြီးနောက်တွင် အခြားလူတိုင်းက ၎င်းတို့၏ သဘာဝ အနှစ်သာရကို ရှာဖွေတွေ့ရှိရသည်။ အဆုံးတွင် အခြားလူများက အောက်ပါအတိုင်း ကောက်ချက်ချကြတော့၏။ ထိုသူတို့သည် သမ္မာတရားနှင့်ဆိုင်သည့် စကားတစ်ခွန်းမျှ မပြောဘဲ လှည့်စားတတ်ကြသည်ဟူ၍ ဖြစ်သည်။ ဤပြောဆိုချက်က ဤသို့သောလူ၏ သဘာဝကို ကိုယ်စားပြုသည်။ ပြီးလျှင် ယင်းသည် ၎င်းတို့၏ သဘာဝအနှစ်သာရတို့နှင့်ဆိုင်သော အကောင်းဆုံး သာဓကနှင့် သက်သေ ဖြစ်၏။ ၎င်းတို့၏ လောကီဆိုင်ရာ ဆက်ဆံမှုများမှာ မည်သူ့ကိုမျှ အမှန်တရား မပြောရန်ဖြစ်သည့်အပြင် မည်သူ့ကိုမျှလည်း မယုံကြည်ရန် ဖြစ်သည်။ လူသား၏ ဆိုးယုတ်သော သဘာဝတွင် ဆိုးယုတ်သောအတွေးအခေါ် နှင့်အဆိပ်များ အမြောက်အမြား ပါဝင်သည်။ သင်သည် တစ်ခါတစ်ရံ သင်ကိုယ်တိုင် ယင်းတို့ကို သတိပင်မထားမိသကဲ့သို့ နားမလည်ပေ၊ သို့သော် သင့်ဘဝ၏ တဒင်္ဂတိုင်းသည် ယင်းတို့အပေါ် အခြေခံလေသည်။ ထို့အပြင် ဤအရာများမှာ အတော်အတန် မှန်ကန်ပြီး ကျိုးကြောင်းဆီလျော်ကာ လုံးဝ မမှားယွင်းဟု သင်ထင်သည်။ ဤသည်မှာ စာတန်၏ အတွေးအခေါ်များသည် လူတို့၏ သဘာဝ ဖြစ်လာကြောင်း၊ လူတို့သည် ထိုအရာများအတိုင်း လုံးဝ အသက်ရှင်နေထိုင်ပြီး ဤအသက်ရှင်နေထိုင်နည်းက ကောင်းသည်ဟု ထင်မြင်ကြကြောင်း၊ နောင်တရသည့်စိတ် လုံးဝ မရှိကြကြောင်းတို့ကို ပြရန် လုံလောက်သည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝကို စဉ်ဆက်မပြတ် ထုတ်ဖော်နေကြပြီး ၎င်းတို့သည် စာတန်၏ အတွေးအခေါ်များအားဖြင့် မပြတ် အသက်ရှင်နေကြလေသည်။ စာတန်၏ သဘာဝသည် လူသားမျိုးနွယ်၏ အသက်ဖြစ်ပြီး ယင်းသည် လူသားမျိုးနွယ်၏ သဘာဝ အနှစ်သာရဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း

(၃၆၀) လူ၏သဘာဝကို သင်မည်သို့ နားလည်သနည်း။ အရေးကြီးဆုံးသော အရာမှာ ယင်းကို လူသား၏ လောကအမြင်၊ ဘဝအမြင်နှင့် စံနှုန်းများ၏ ရှုထောင့်မှ ခွဲခြားသိမြင်ရန် ဖြစ်သည်။ နတ်ဆိုးနှင့်သက်ဆိုင်သော သူအားလုံးသည် မိမိတို့ကိုယ်ကိုယ်အတွက် အသက်ရှင်ကြ၏။ ၎င်းတို့၏ ဘဝအမြင်များနှင့် ဆိုရိုးများက၊ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” “လူဆိုတာကြံရင်းသေကြသလို ငှက်ဆိုတာပျံရင်းသေကြတယ်” နှင့် အခြားသော ထိုအတွေးများကဲ့သို့ စာတန်၏ ဆိုရိုးစကားများမှ အဓိက လာလေသည်။ ထိုနတ်ဆိုးဘုရင်များ၊ ကြီးမြတ်သူများနှင့် အတွေးအခေါ်ပညာရှင်များက ပြောဆိုသည့် ဤစကားများအားလုံးသည် လူသား၏ တကယ့်ဘဝ ဖြစ်လာကြသည်။ အထူးသဖြင့် တရုတ်လူမျိုးများ၏ “ပညာရှိ” ဟု အမွှမ်းတင်ခြင်းကို ခံရသူ ကွန်ဖြူးရှပ်၏ စကားအများစုမှာ လူသား၏ ဘဝ ဖြစ်လာပြီးဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် ဒေါင်အယူဝါဒတို့၏ နာမည်ကျော် စကားပုံများနှင့် နာမည်ကျော် ပုဂ္ဂိုလ်အမျိုးမျိုးတို့၏ မကြာခဏ လိုက်ပြောကြသည့် ဂန္တဝင် ဆိုရိုးစကားများလည်း ရှိပေသည်။ ဤအရာအားလုံးသည် စာတန်၏ အတွေးအခေါ်များနှင့် စာတန်၏ သဘာဝတို့၏ အနှစ်ချုပ်များ ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်၏ သဘာဝနှင့်ဆိုင်သော အကောင်းဆုံး သာဓကများနှင့် ရှင်းပြချက်များလည်း ဖြစ်ကြသည်။ လူသား၏ စိတ်နှလုံးထဲသို့ သွင်းပေးခံခဲ့ရသည့် ဤအဆိပ်များအားလုံး စာတန်ထံမှ လာပြီး ၎င်းတို့ထဲမှ နည်းနည်းမျှ ဘုရားသခင်ထံမှ မလာပေ။ ထိုသို့သော ဆိုးယုတ်သည့် စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်လည်း တိုက်ရိုက် ဆန့်ကျင်လျက် ရှိ၏။ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားများသည် ဘုရားသခင်ထံမှ လာပြီး၊ လူသားကို အဆိပ်ခတ်သည့် အပျက်သဘောဆောင်သော အရာများအားလုံးက စာတန်ထံမှ လာသည်မှာ လုံးဝ ရှင်းသည်။ ထို့ကြောင့်၊ သင်သည် လူပုဂ္ဂိုလ်တစ်ဦး၏ သဘာဝဗီဇနှင့် သူသည် မည်သူနှင့် သက်ဆိုင်ကြောင်းကို သူ၏ဘဝအမြင်များနှင့် တန်ဖိုးများကို ကြည့်ရှုခြင်းဖြင့် ထိုးထွင်းသိမြင်နိုင်သည်။ စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသည့် လူသိများသော စာတန်၏ ဆိုရိုးတစ်ခုဖြစ်သည်။ ဤဆိုရိုးက လူ့အသက် ဖြစ်လာသည်။ ဤကဲ့သို့သော လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့၊ အထင်အမြင်မှားစေဖို့နှင့် ဖောက်ပြန်ပျက်စီးစေဖို့ နိုင်ငံတစ်နိုင်ငံစီ၏ ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။ လူအချို့သည် လူမှုအဖွဲ့အစည်းတွင် အစိုးရဝန်ထမ်းများအဖြစ် ဆယ်စုနှစ်ချီ အမှုထမ်းပြီးဖြစ်သည်။ အောက်ပါမေးခွန်းကို ၎င်းတို့အား မေးသည်ဟု စိတ်ကူးကြည့်လော့။ “ဤစွမ်းဆောင်ရည်ဖြင့် အလွန်ကောင်းစွာ သင် လုပ်ဆောင်ပြီးဖြစ်သည်၊ သင်လက်ခံထားသည့် အဓိကထင်ရှားသော ဆိုရိုးများမှာ အဘယ်နည်း။” “ကျွန်ုပ် နားလည်သည့် တစ်ခုတည်းသော အရာမှာ ‘အရာရှိများသည် တံစိုးလက်ဆောင် ပေးသူများအတွက် အမှုအရာများကို ခက်ခဲအောင် မလုပ်၊ ထို့ပြင် ခယဝယ မလုပ်သောသူတို့သည် မည်သည့်အရာမျှ မပြီးမြောက်နိုင်။’ ဟူ၍ ဖြစ်သည်” ဟု ၎င်းတို့ ပြောကောင်း ပြောလိမ့်မည်။ ဤသည်မှာ ၎င်းတို့ အလုပ်အကိုင်က အခြေပြုထားသည့် ဆိုးယုတ်သော အတွေးအခေါ်ဖြစ်သည်။ ဤစကားများသည် ထိုသို့သောလူ၏ သဘာဝဗီဇကို ကိုယ်စားပြုသည် မဟုတ်လော။ ရာထူးရရန် မည်သည့်နည်းလမ်းကိုမဆို မရိုးမဖြောင့် အသုံးပြုခြင်းသည် သူ၏သဘာဝ ဖြစ်လာပြီး၊ အရာရှိတစ်ဦးဖြစ်ရေးနှင့် အလုပ်အကိုင် အောင်မြင်ရေးတို့သည် ၎င်းတို့၏ ပန်းတိုင်များ ဖြစ်နေသည်။ လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ဥပမာအားဖြင့် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် သူတို့၏ ဒဿနများ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ဤအရာအားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်နှင့် သက်ဆိုင်ပေသည်။ ထိုအရာရှိများ၊ သြဇာအာဏာရှိသူများနှင့် ပြောင်မြောက်သော သူများ အားလုံးတို့တွင် မိမိ၏ကိုယ်ပိုင် လမ်းကြောင်းများနှင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ရှိပေသည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် သူတို့သဘာဝဗီဇကို ပြည့်စုံစွာ ကိုယ်စားပြုသည် မဟုတ်လော။ သူတို့သည် လောကထဲ၌ ထိုသို့သော ကြီးမားသည့်အရာများကို လုပ်ဆောင်ထားကြပြီး၊ ၎င်းတို့၏ နောက်ကွယ်တွင်ရှိသည့် အကြံအစည်များနှင့် ခြေပုန်းခုတ်ခြင်းများကို မည်သူကမျှ မရိပ်စားမိနိုင်ကြပေ။ ဤအရာက ထိုသူတို့၏သဘာဝဗီဇမှာ အဘယ်မျှပင် စဉ်းလဲဉာဏ်များပြီး အငြိုးထားတတ်ကြောင်းကို ပြသသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူ၏ သဘာဝက ဖောက်ပြန်ပျက်စီးသည်၊ ကောက်ကျစ်ဆိုးယုတ်သည်၊ ရန်လိုတတ်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ရာတွင်ရှိကာ စာတန်၏ အတွေးအခေါ်များနှင့် အဆိပ်များဖြင့် ပြည့်ကာ နှစ်မြှုပ်သည်ဟု ဆိုနိုင်ပေသည်။ ယင်းသည် လုံးလုံးလျားလျား စာတန်၏ သဘာဝ အနှစ်သာရ ဖြစ်လာပြီး ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။ ဤနည်းဖြင့် ၎င်း၏သဘာဝကို ခွဲခြမ်းစိတ်ဖြာကြည့်၍ရပါက၊ လူသားသည် သူ့ကိုယ်သူ အလွယ်တကူ သိလာနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း

(၃၆၁) လူသားသဘာဝကို သင် မည်သို့ နားလည်သနည်း။ သင်၏ သဘာဝကို သိနားလည်ခြင်းသည် စင်စစ်အားဖြင့် သင့်ဝိညာဉ် နက်ရှိုင်းရာအတွင်းရှိ အမှုအရာများ၊ သင့်အသက်တာအတွင်းရှိ အမှုများနှင့် သင် အသက်ရှင်နေသည့် စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် အတွေးအခေါ်များ၊ သင်အသက်ရှင်နေခဲ့သည့် စာတန်၏ အသက်တို့ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းကို ဆိုလိုပေသည်။ သင့် ဝိညာဉ်အတွင်းရှိ စိတ်ထဲမှ အမှုအရာများကို ထုတ်ဖော်ခြင်းအားဖြင့်သာ သင်၏ သဘာဝကို သင်နားလည်နိုင်သည်။ ဤအရာများကို မည်သို့ တူးဖော်နိုင်သနည်း။ ၎င်းတို့ကို ကိစ္စရပ် တစ်ခု၊ နှစ်ခုမျှဖြင့် တူးဖော်၍ မရနိုင်ပေ သို့မဟုတ် စိတ်ဖြာလေ့လာ၍ မရနိုင်ပေ။ ကြိမ်ဖန်များစွာပင် တစ်စုံတစ်ခုကို သင်လုပ်ဆောင်၍ ပြီးစီးသွားသည့်နောက်တွင် သိနားလည်မှု မရှိသေးဘဲ ဖြစ်နေတတ်သည်။ သဘောပေါက်မိခြင်း သို့မဟုတ် သိနားလည်ခြင်း အနည်းငယ်မျှကို သင်ရရှိဖို့ သုံးနှစ် သို့မဟုတ် ငါးနှစ် ကြာနိုင်ပေသည်။ ထို့ကြောင့် အခြေအနေများစွာတွင် သင်သည် မိမိကိုယ်ကို ဆန်းစစ်ပြီး မိမိကိုယ်ကို သိလာရမည်ဖြစ်သည်။ သင်သည် ရလဒ်တစ်ခုတလေ တွေ့ရဖို့အလို့ငှာ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ သင့်ကိုယ်သင် နက်နက်နဲနဲ တူးဆွကြည့်ပြီး ဆန်းစစ်ရမည်ဖြစ်သည်။ သမ္မာတရားနှင့်ဆိုင်သော သင်၏ သိနားလည်မှု တိုး၍ နက်နဲသည်ထက် နက်နဲလာသည်နှင့်အမျှ သင်သည် မိမိကိုယ်ကို ဆန်းစစ်ခြင်းနှင့် မိမိကိုယ်ကို သိရှိခြင်းတို့မှတစ်ဆင့် သင်၏ ကိုယ်ပိုင်သဘာဝ အနှစ်သာရကို တဖြည်းဖြည်း သိရှိလာလိမ့်မည်။

သင်၏ သဘာဝကို သိရှိဖို့ အချို့သော အရာများမှတစ်ဆင့် ထိုသဘာဝကို နားလည်နိုင်အောင် လုပ်ရမည်။ ပထမဦးစွာ သင်နှစ်သက်သောအရာကို သင် ရှင်းရှင်းလင်းလင်း သိရမည်။ ဤအရာက သင် စားလို၊ ဝတ်လိုသည့်အရာကို ရည်ညွှန်းခြင်း မဟုတ်။ ယင်းထက် သင် မွေ့လျော်သည့် အရာများ၊ သင် အားကျသည့် အရာများ၊ သင် ကိုးကွယ်သည့်အရာများ၊ သင် ရှာဖွေသည့်အရာများနှင့် သင်၏ စိတ်နှလုံးတွင် သင် အာရုံစိုက်သည့် အရာမျိုးများကို ဆိုလိုသည်။ ထိတွေ့ဆက်သွယ်ရာ၌ သင်ပျော်မွေ့သည့် လူအမျိုးအစားများနှင့် သင့်စိတ်နှလုံးတွင် သင် အားကျပြီး သင်ပုဂ္ဂိုလ်ရေး ကိုးကွယ်မိသည့် လူအမျိုးအစားများပင်ဖြစ်သည်။ ဥပမာအားဖြင့် လူအများစုက ကြီးမြတ်သည့် အဆင့်အတန်းရှိသည့် လူများ၊ ၎င်းတို့၏ ပြောပုံဆိုပုံနှင့် ကိုယ်ဟန်အမူအရာတို့တွင် ရည်မွန်သော လူတို့ကို နှစ်သက်ကြသည်၊ သို့မဟုတ် မြှောက်လုံးပင့်လုံး စကားပြောကောင်းသော သူများ သို့မဟုတ် ဟန်ဆောင်တတ်သော သူတို့ကို နှစ်သက်ကြသည်။ အထက်ရည်ညွှန်းပါ ပုဂ္ဂိုလ်မှာ မည်သည့်လူတို့ကို ၎င်းတို့ အပြန်အလှန်ဆက်ဆံချင်သည့် အကြောင်းဖြစ်သည်။ လူတို့ နှစ်သက်သည့် အရာများအတွက်မူ လုပ်ရန် လွယ်ကူသည့် အချို့သော အရာများကို လုပ်ဆောင်လိုခြင်း၊ အခြားသူများက ကောင်းမြတ်သည်ဟု ထင်ပြီး လူတို့ကို ချီးမွမ်းသီဆိုစေပြီး ချီးကျူးစကားများ ပြောစေသည့် အရာများကို လုပ်ဆောင်ခြင်းအား ပျော်မွေ့ခြင်းတို့ ပါဝင်သည်။ လူတို့၏ သဘာဝများတွင် ၎င်းတို့ နှစ်သက်သည့် အမှုအရာများ၏ ဖြစ်နေကျ လက္ခဏာရပ်တစ်ခု ရှိ၏။ ယင်းမှာ အခြားသူများက အပြင်ပန်း ပုံသဏ္ဌာန်များကြောင့် မနာလိုဖြစ်ကြရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ၎င်းတို့ နှစ်သက်ကြသည်။ အလွန် လှပပြီး ဇိမ်ခံပစ္စည်းများနှင့် ပြည့်စုံပုံရသည့် အရာများကို ၎င်းတို့ နှစ်သက်ကြကာ အခြားသူများအား ၎င်းတို့ကို ကိုးကွယ်စေသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ၎င်းတို့ နှစ်သက်ကြလေသည်။ လူတို့ မြတ်နိုးသော ဤအရာများမှာ ကြီးမြတ်သည်၊ ထူးချွန်ပြောင်မြောက်သည်၊ အလွန်လှပပြီး ခမ်းနားပေသည်။ လူအားလုံးက ဤအရာများကို ကိုးကွယ်ကြ၏။ လူတို့သည် မည်သည့် သမ္မာတရားမျှ မပိုင်ဆိုင်သကဲ့သို့ စစ်မှန်သော လူသားများ၏ ပုံသဏ္ဌာန်ကို ၎င်းတို့ မပိုင်ဆိုင်သည်ကို မြင်နိုင်ပေသည်။ ဤအရာများကို ကိုးကွယ်ရာတွင် အရေးပါမှု အတိုင်းအတာအနည်းငယ်မျှ မရှိသော်လည်း လူတို့သည် ၎င်းတို့ကို နှစ်သက်ကြဆဲဖြစ်၏။ လူများနှစ်သက်ကြသည့် ဤအရာများသည် ဘုရားသခင်ကို မယုံကြည်သည့်သူများအတွက် အထူးသဖြင့် ကောင်းမွန်ပုံရပြီး ထိုအရာအားလုံးမှာ လူများက လိုက်စားရန် အထူးလိုလားနေကြသည့် အရာများဖြစ်သည်။...လူတို့လိုက်စားပြီး တမ်းတသည့်အရာများမှာ လောကီရေပန်းစားမှုများ ဖြစ်သည်၊ ဤအရာများသည် စာတန်နှင့် နတ်ဆိုးများ၏ အရာများဖြစ်သည်၊ ယင်းတို့ကို ဘုရားက စက်ဆုပ်ပြီး သမ္မာတရား တစ်စက်မျှ မရှိချေ။ လူတို့ တမ်းတလေ့ရှိသည့် အရာများက ၎င်းတို့၏ သဘာဝအနှစ်သာရတို့ကို ပေါ်လွင်လာစေသည်။ လူများ၏ နှစ်သက်မှုများကို ၎င်းတို့ဝတ်စားဆင်ယင်ပုံတွင် တွေ့မြင်နိုင်သည်။ လူအချို့က အာရုံဖမ်းစားနိုင်သည့် အရောင်စုံသော အဝတ်အစား၊ သို့မဟုတ် သဘာဝ ယုတ္တိနှင့်မညီသော ဝတ်စုံများကို ဝတ်ဖို့ လိုလားကြသည်။ ယခင်က မည်သူမျှ မဝတ်ဆင်ဖူးသည့် အသုံးအဆောင်ပစ္စည်းများကို ၎င်းတို့ဝတ်ဆင်လိုစိတ် ရှိကြပြီး ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်သည့် အရာများကို ၎င်းတို့က နှစ်သက်ကြသည်။ ဤအဝတ်အစားများနှင့် အသုံးအဆောင်များကို ၎င်းတို့ဝတ်ဆင်သည်မှာ ၎င်းတို့၏ အသက်တာများနှင့် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ဤအရာများအတွက် ၎င်းတို့၌ ရှိသည့် နှစ်သက်မှုများကို ပြလေသည်။ ၎င်းတို့နှစ်သက်သည့် အရာများသည် သိက္ခာမရှိသကဲ့သို့ သင့်တင့်လျောက်ပတ်ခြင်းလည်း မရှိချေ။ ယင်းတို့သည် သာမန်လူတစ်ဦး လိုက်စားသင့်သည့် အရာများ မဟုတ်ပေ။ ယင်းတို့ကို ၎င်းတို့တွယ်တာရာတွင် မဖြောင့်မတ်ခြင်း ရှိနေသည်။ ၎င်းတို့၏ သဘောထားအမြင်သည် လောကီလူများ၏ သဘောထားအမြင်နှင့် အတိအကျ တစ်ထေရာတည်း ဖြစ်လေသည်။ ဤအရာ၏ သမ္မာတရားနှင့် ကိုက်ညီသည့် တစ်စိတ်တစ်ဒေသကိုမျှ မမြင်နိုင်ပေ။ ထို့ကြောင့် သင်နှစ်သက်သောအရာ၊ သင် အာရုံစိုက်သည့်အရာ၊ သင် ကိုးကွယ်သည့်အရာ၊ သင် အားကျသည့်အရာနှင့် သင့်စိတ်နှလုံးတွင် နေ့တိုင်း သင် တွေးသည့်အရာအားလုံးတို့သည် သင့်သဘာဝ၏ ကိုယ်စားပြုချက်များ ဖြစ်ကြသည်။ ဤလောကီအရာများကို သင်၏ မက်မောခြင်းသည် သင့် သဘာဝက မဖြောင့်မတ်ခြင်းကို နှစ်သက်ပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည်၊ သင့် သဘာဝသည် ကောက်ကျစ်ဆိုးယုတ်ပြီး ကုသ၍မရနိုင်သည်ကို သက်သေပြရန် လုံလောက်၏။ ဤနည်းဖြင့် သင်၏ သဘာဝကို စိတ်ဖြာလေ့လာသင့်၏။ သင့် ဘဝတွင် သင် မြတ်နိုးသောအရာနှင့် သင် စွန့်လွှတ်သောအရာကို ဆန်းစစ်လော့။ သင်သည် တစ်စုံတစ်ဦးအပေါ် အချိန်တစ်ခုကြာ ကောင်းနေနိုင်သည်။ သို့သော် ဤအရာက ၎င်းတို့ကို သင် နှစ်သက်သည်ဟု သက်သေမပြပေ။ သင်အမှန်တကယ် နှစ်သက်သောအရာများသည် သင်၏သဘာဝတွင် ရှိသည့်အရာ အတိအကျပင်ဖြစ်၏။ သင်၏ အရိုးများ ကွဲကြေခဲ့လျှင်ပင် ယင်းကို သင် နှစ်သက်ပျော်မွေ့ဆဲ ဖြစ်လိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ စွန့်ပစ်နိုင်မည်မဟုတ်။ ဤသည်မှာ ပြောင်းလဲရန် မလွယ်ကူပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ

(၃၆၂) စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု ရရှိခြင်းတွင် အဓိကသော့ချက်မှာ မိမိ၏ ကိုယ်ပိုင်သဘာဝကို သိရှိရန်ဖြစ်ပြီး၊ ဤအရာသည် ဘုရားသခင်ထံမှ ဖော်ထုတ်ချက်နှင့်အညီ ဖြစ်ပျက်ရမည်ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌သာ တစ်ဦးတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင်အကျည်းတန်သော သဘာဝကို သိရှိနိုင်သည်၊ မိမိ၏ ကိုယ်ပိုင်သဘာဝထဲက စာတန်၏ အမျိုးမျိုးသော အဆိပ်များကို သတိပြုနိုင်သည်၊ မိမိ မိုက်မဲပြီး မသိနားမလည်သည်ကို နားလည်နိုင်ပြီး မိမိ၏ သဘာဝထဲက အားနည်းပြီး အပျက်သဘောဆောင်သော အရိပ်လက္ခဏာများကို သတိပြုမိနိုင်သည်။ ဤအရာများကို အပြည့်အဝ သိရှိပြီးသည့်နောက်တွင် သင်သည် မိမိကိုယ်ကို စစ်မှန်စွာ မုန်းတီးနိုင်ပြီး ဇာတိပကတိကို အမှန်တကယ် ပုန်ကန်နိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တစ်သမတ်တည်း ဆောင်ရွက်နိုင်သည်၊ သင်၏တာဝန်များကို ထမ်းဆောင်နေစဉ်တွင် သမ္မာတရားကို မလျှော့တမ်းလိုက်စားနိုင်သည်၊ သင်၏စိတ်သဘောထား ပြောင်းလဲမှုရှိအောင် စွမ်းဆောင်နိုင်သည်၊ ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူတစ်ယောက် ဖြစ်လာနိုင်သည်။ ထို့နောက်တွင် ပေတရု၏ လမ်းကြောင်းကို သင်စတင်လျှောက်မိနှင့်ပြီး ဖြစ်နေပေလိမ့်မည်။ ဘုရားသခင်၏ ကျေးဇူးတော်မပါဘဲနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ မပါဘဲ၊ လူတို့သည် သမ္မာတရားကို မပိုင်ဆိုင်ကြသကဲ့သို့၊ မိမိတို့ကိုယ်ကို မပုန်ကန်နိုင်ကြသောကြောင့် ဤလမ်းကြောင်းကို လျှောက်လှမ်းဖို့ ခက်ခဲပေလိမ့်မည်။ ပေတရု၏ စုံလင်ခြင်းလမ်းကြောင်းကို လိုက်လျှောက်ခြင်းသည် အဓိကအားဖြင့် စိတ်ခိုင်မာမှုရှိခြင်း၊ ယုံကြည်ချက် ရှိခြင်းနှင့် ဘုရားသခင်ကို ကိုးစားခြင်းတို့အပေါ် တည်မှီပေသည်။ ထို့အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ကျိုးနွံနာခံရမည်။ အရာခပ်သိမ်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမပါဘဲ လုပ်ဆောင်၍ မရပေ။ ဤအရာများသည် အဓိက ရှုထောင့်များဖြစ်သည်၊ ယင်းထဲမှ မည်သည့်အရာကိုမျှ ချိုးဖောက်၍ မရပေ။ အတွေ့အကြုံထဲတွင် မိမိကိုယ်ကို သိရှိရန် အလွန် ခက်ခဲ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်မရှိလျှင် အချည်းနှီးသာဖြစ်သည်။ ပေတရု၏ လမ်းကြောင်းကို လျှောက်ရန်၊ မိမိကိုယ်ကို သိရှိခြင်းနှင့် မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲခြင်း အပေါ် အာရုံစူးစိုက်ရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

(၃၆၃) တစ်ဖက်တွင် လူသားသည် ဘုရားသခင်၏ စမ်းသပ်မှုကာလများအတွင်း သူ၏အားနည်းချက်များကို သိလာပြီး သူသည် အရေးမပါကြောင်း၊ စက်ဆုပ်ဖွယ်ဖြစ်ကြောင်း၊ နိမ့်ကျကြောင်း၊ သူ၌ မည်သည့်အရာမျှ မရှိကြောင်းနှင့် သူသည် အနတ္တဖြစ်ကြောင်း မြင်လေ၏။ အခြားတစ်ဖက်တွင် ဘုရားသခင်သည် သူ၏စမ်းသပ်မှု ကာလများအတွင်း သူ၏နှစ်လိုဖွယ်ကောင်းခြင်းကို လူသားအား ပိုမိုတွေ့ကြုံခံစားနိုင်စေသည့် မတူညီသော ပတ်ဝန်းကျင်များကို လူသား အတွက် ဖန်တီးပေး၏။ နာကျင်မှုသည် ကြီးမားပြီး တစ်ခါတစ်ရံ ပြင်းထန်သော ပူဆွေးမှုအဆင့်ကို ရောက်သည်အထိပင် မကျော်လွှားနိုင် ဖြစ်ရသော်လည်း၊ ၎င်းကို တွေ့ကြုံခံစားပြီးနောက် လူသားသည် သူ့အထဲ၌ ဘုရားသခင်၏အမှုမှာ မည်မျှနှစ်လိုဖွယ်ကောင်းကြောင်း မြင်လေ၏၊ ထို့ပြင် ဤအုတ်မြစ် အပေါ်၌သာ လူသားအတွင်းတွင် ဘုရားသခင်အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ မွေးဖွားလာခြင်းဖြစ်သည်။ ယနေ့ကာလတွင် လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာ သက်သက်ဖြင့်သာဆိုလျှင် လူ့အနှစ်သာရကို သိရန် မဆိုထားနှင့်၊ သူ့ကိုယ်သူပင် အမှန်တကယ် မသိနိုင်ကြောင်း မြင်လေ၏။ ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းနှစ်ခုလုံးဖြင့်သာ၊ ထိုကဲ့သို့သော စစ်ဆေးခြင်းကာလအတွင်း၌သာ လူသားသည် သူ၏ အားနည်းချက်များကို သိနိုင်ပြီး သူ၌ဘာမျှမရှိကြောင်းကို သိနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်

(၃၆၄) မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် ကိုယ့်ကိုကိုယ်သိခြင်း သော့ချက်မှာ ဤသို့ဖြစ်သည်။ အချို့သော ကဏ္ဍများတွင် သင်ကောင်းစွာပြုခဲ့ပြီးသည် သို့မဟုတ် မှန်ကန်သောအရာကို ပြုလုပ်ခဲ့ပြီးသည်ဟု သင်ပို၍ခံစားရလေ၊ ထို့ပြင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျေနပ်စေနိုင်သည် သို့မဟုတ် အချို့သောကဏ္ဍများတွင် ကြွားဝါ၍ရသည်ဟု ပိုထင်လေဆိုလျှင် ထိုကဏ္ဍများ၌ သင့်ကိုယ်သင်သိရှိခြင်းသည် ပို၍ထိုက်တန်ပြီး သင်၌ မည်သည့်မစင်ကြယ်မှုများ တည်ရှိကြောင်းအပြင်၊ သင့်အထဲရှိ မည်သည့်အရာများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျေနပ်စေနိုင်ခြင်း မရှိကြောင်းကို သိရှိရန် ထိုအရာများကို သာ၍ နက်နဲစွာ ရှာဖွေလေ့လာရန် ပို၍ထိုက်တန်လေ ဖြစ်သည်။ ပေါလုကို ပုံဥပမာတစ်ခုအဖြစ် ယူကြစို့။ ပေါလုသည် အထူးနှံ့စပ်သိရှိသည်၊ သူတရားဟောပြီး အလုပ်လုပ်ရာတွင် ဆင်းရဲဒုက္ခများစွာ သူခံစားခဲ့ပြီး များစွာသောလူတို့က သူ့ကို အထူးကြည်ညိုခဲ့ကြသည်။ အကျိုးဆက်အနေဖြင့်၊ အလုပ်များစွာ ပြီးစီးသည့်နောက်တွင်၊ သူ့အတွက် သရဖူတစ်ခု ဖယ်ထားပြီးဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့သည်။ ဤအရာက သူ့ကို နောက်ဆုံး ဘုရားသခင်အားဖြင့် အပြစ်ပေးခံရသည်အထိ မှားယွင်းသော လမ်းကြောင်းတစ်လျှောက် သာ၍ ဝေးဝေး ဆက်သွားစေခဲ့သည်။ ထိုအချိန်တွင်၊ သူသည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး စိတ်ဖြာလေ့လာခဲ့လျှင်၊ သူ တွေးခဲ့သည့် ပုံစံအတိုင်း တွေးခဲ့လိမ့်မည် မဟုတ်ပေ။ တစ်နည်းအားဖြင့်၊ ပေါလုသည် သခင်ယေရှု၏ နှုတ်ကပတ်တော်များထဲက သမ္မာတရားကို ရှာဖွေခြင်းအပေါ် အာရုံမစိုက်ခဲ့ပေ၊ သူသည် သူ၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကိုသာ ယုံကြည်ခဲ့သည်။ ကောင်းမွန်သော အရာအချို့ကို သူ လုပ်ဆောင်ခြင်းနှင့် အပြုအမူကောင်းအချို့ကို ပြသရုံမျှပြသခြင်းအားဖြင့်၊ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ဆုချီးမြှင့်ခြင်းခံရမည်ဟု သူ ထင်ခဲ့သည်။ နောက်ဆုံးတွင်၊ သူ၏ အယူအဆများနှင့် စိတ်ကူးများက သူ၏ စိတ်နှလုံးကို ကန်းသွားစေခဲ့ပြီး သူ၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ဖုံးကာခဲ့သည်။ သို့ရာတွင် ဤအရာကို လူတို့က မသိမြင်နိုင်ခဲ့ကြသကဲ့သို့၊ ဤကိစ္စများနှင့်ဆိုင်သည့် အသိမရှိကြသောကြောင့်၊ ဘုရားသခင်က ဤအရာကို မဖော်ထုတ်မီတွင် လူတို့သည် ပေါလုကို ရည်မှန်းရမည့် စံနှုန်းတစ်ခု၊ အသက်ရှင်ရမည့် ပုံသက်သေတစ်ခုအဖြစ် အမြဲထားရှိခဲ့ကြပြီး၊ သူ့ကို ၎င်းတို့ ကြိုးစားပြီး တောင့်တသည့် စံထားကိုးကွယ်ရမည့်ပုဂ္ဂိုလ်အဖြစ် ယူမှတ်ခဲ့ကြသည်။ ပေါလု၏ကိစ္စမှာ ဘုရားရွေးချယ်ထားသူတိုင်းအဖို့ သတိပေးချက်တစ်ခု ဖြစ်သည်။ အထူးသဖြင့် ဘုရားနောက်လိုက်သည့် ကျွန်ုပ်တို့သည် မိမိတို့တာဝန်များတွင် ဆင်းရဲဒုက္ခခံနိုင်ပြီး အဖိုးအခပေးနိုင်သည့်အခါ၊ ဘုရားသခင်ကို အစေခံသည်နှင့်အမျှ ဘုရားသခင်ကို ကျွန်ုပ်တို့ သစ္စာစောင့်သိကာ ချစ်သည်ဟု ခံစားရပြီး၊ ဤသို့သော အချိန်များတွင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ လျှောက်နေသည့် လမ်းကြောင်းနှင့် စပ်လျဉ်း၍ သာ၍ပင် မိမိတို့ကိုယ်ကိုယ် သုံးသပ်ကာ နားလည်သင့်သည်၊ ယင်းမှာ အလွန်လိုအပ်ပေသည်။ ဤသည်မှာ ကောင်းသည်ဟု သင်ထင်သည့်အရာသည် မှန်ကန်သည်ဟု သင် စိတ်ပိုင်းဖြတ်မည့်အရာ ဖြစ်ကာ ထိုအကြောင်းကို သင်သံသယရှိမည်မဟုတ်၊ ပြန်လည်သုံးသပ်မည်မဟုတ်၊ သို့မဟုတ် ထိုအရာတွင် ဘုရားသခင်ကို ခုခံသည့်အရာတစ်ခုခု ရှိမရှိဆိုသည်ကို စိစစ်မည်မဟုတ်သောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့်၊ မိမိတို့ကိုယ်ကိုယ် အလွန့်အလွန် ကြင်နာစိတ်ရှိသည်ဟု ယုံကြည်ကြသည့်လူများ ရှိ၏။ ၎င်းတို့သည် အခြားသူများကို မည်သည့်အခါတွင်မျှ မမုန်းတီး သို့မဟုတ် မထိခိုက်သကဲ့သို့၊ ၎င်းတို့၏ ပြဿနာများ ပြေလည်မသွားမည်စိုး၍၊ မိသားစု ဆင်းရဲနွမ်းပါးသည့် ညီအစ်ကို မောင်နှမများကို အမြဲကူညီကြလေသည်။ ၎င်းတို့သည် ကြီးမြတ်သည့် စိတ်ထားကောင်းရှိကြပြီး တတ်နိုင်သမျှ အယောက်တိုင်းကို ကူညီဖို့ တတ်စွမ်းနိုင်သမျှ ကြိုးစားကြလေသည်။ သို့တိုင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို ၎င်းတို့ လုံးဝ အာရုံမစိုက်ကြသကဲ့သို့ အသက်ဝင်ရောက်မှု မရှိကြချေ။ ထိုသို့သော ကူညီမှု၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့၏ အသက်များကို ကြိုးစားအားထုတ်ဖို့ ခေတ္တရပ်ဆိုင်းထားကြသော်လည်း၊ မိမိတို့ကိုယ်ကိုယ် အတော်အတန် ကျေနပ်အားရကြပြီး ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည့်အရာနှင့်ပတ်သက်၍ အလွန့်အလွန် ကျေနပ်မှု ရှိကြလေသည်။ ထို့အပြင် ၎င်းတို့ လုပ်ဆောင်သမျှတွင် သမ္မာတရားကို ဆန့်ကျင်သည့်အရာတစ်ခုမျှ မရှိကြောင်း၊ ထိုအရာက ဘုရားသခင်၏ ရည်ရွယ်ချက်များကို မုချ အထမြောက်အောင် ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်သူများဖြစ်ကြောင်း ယုံကြည်ရင်း ထိုအရာ၌ ၎င်းတို့ အလွန်ဂုဏ်ယူကြလေသည်။ ၎င်းတို့က ၎င်းတို့၏ ပင်ကို ကြင်နာစိတ်ကို အမြတ်ထုတ်ရမည့် အရာတစ်ခုကဲ့သို့ မြင်ကြပြီး၊ ထိုသို့လုပ်ဆောင်သည်နှင့် တစ်ပြိုင်နက်၊ ယင်းကို အမှန်တရားအဖြစ် မှတ်ယူလိုက်ကြလေသည်။ လက်တွေ့အရှိတရားတွင်၊ ၎င်းတို့ လုပ်ဆောင်သမျှအားလုံးသည် လူသားကောင်းမှု ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ ရှေ့တွင်မဟုတ်ဘဲ၊ လူ့ရှေ့တွင် ဖြစ်သည့်အတွက်၊ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို လုံးဝ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့၏ လုပ်ဆောင်ချက်များအားလုံး အချည်းနှီးဖြစ်လေသည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှသည် ဘုရားသခင်၏ အလိုကို လိုက်လျှောက်ခြင်း ဖြစ်ရန် မဆိုထားနှင့်၊ သမ္မာတရား သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် လူသား ကြင်နာစိတ်နှင့် ကောင်းမြတ်သော အပြုအမူကို အခြားသူများအား ကူညီဖို့ အသုံးပြုကြပေသည်။ တိုတိုပြောရလျှင်၊ ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ မရှာဖွေကြသကဲ့သို့၊ သူ၏ သတ်မှတ်ချက်များနှင့်အညီလည်း မပြုမူကြပေ။ ဘုရားသခင်သည် လူ၏ ဤကောင်းမြတ်သော အပြုအမူမျိုးကို အသိအမှတ်မပြုပေ။ ဘုရားသခင်အတွက်မှာမူ ယင်းမှာ ရှုတ်ချဖို့ဖြစ်ပြီး သူ၏ အောက်မေ့ခြင်းနှင့် မထိုက်တန်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်

(၃၆၅) မျက်မှောက်ခေတ်တွင် လူအများစုက မိမိကိုယ်ကိုမိမိအပေါ် အလွန်ပင် အပေါ်ယံဆန်သော သိနားလည်ခြင်း ရှိကြသည်။ ၎င်းတို့သည် မိမိတို့သဘာဝ၏ အစိတ်အပိုင်းဖြစ်သော အမှုအရာများကို ရှင်းလင်းစွာ သိမြင်လာခြင်း လုံးဝမရှိခဲ့ကြပေ။ ၎င်းတို့သည် ၎င်းတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော အခြေအနေ အနည်းငယ်၊ သူတို့ပြုလုပ်တတ်သည့် အမှုအရာများ၊ သို့မဟုတ် သူတို့၏ အားနည်းချက်များ အနည်းငယ်ကိုသာ သိကြပြီး၊ ဤအရာက ၎င်းတို့အား မိမိကိုယ်ကိုသိသည်ဟု ယုံကြည်စေသည်။ ထို့ပြင် အကယ်၍ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းအနည်းငယ်ကို လိုက်နာကာ အချို့သော ကဏ္ဍများတွင် အမှားမလုပ်မိရန် သေချာစေပြီး၊ ထိုထိုသော ကျူးလွန်ပြစ်မှားခြင်းများ မလုပ်မိအောင် ရှောင်ကြဉ်နိုင်လျှင် ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်း၌ စစ်မှန်မှုပိုင်ဆိုင်သည်ဟု မိမိကိုယ်ကို သဘောထားပြီး ကယ်တင်ခံရလိမ့်မည်ဟု ယူဆတတ်ကြသည်။ ဤသည်မှာ လုံးလုံးလျားလျားပင် လူသား၏ စိတ်အထင်ဖြစ်သည်။ ထိုအရာများကို သင်လိုက်နာလျှင် မည်သည့် ကျူးလွန်ပြစ်မှားခြင်းကိုမျှ မလုပ်မိစေဖို့ သင် အမှန်တကယ် ရှောင်ကြဉ်လာနိုင်လိမ့်မည်လော။ စိတ်သဘောထား၌ စစ်မှန်သောပြောင်းလဲမှုကို သင်ရရှိပြီးဖြစ်လိမ့်မည်လော။ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ကို သင် အမှန်တကယ် အသက်ရှင်နေလိမ့်မည်လော။ သင်သည် ဘုရားသခင်ကို ထိုနည်းအတိုင်း အမှန်ပင် ကျေနပ်စေနိုင်သလော။ လုံးဝကျေနပ်စေနိုင်မည် မဟုတ်၊ ဤသည်မှာ သေချာ၏။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် လူတစ်ဦးက မြင့်မားသော စံနှုန်းများရှိပြီး သမ္မာတရားနှင့် သူ၏ အသက်တာစိတ်သဘောထား၌ အသွင်ပြောင်းလဲမှု အတော်အတန် ရရှိထားသောအခါမှသာ အလုပ်ဖြစ်လေသည်။ ဤသည်မှာ ရှေးဦးစွာ မိမိကိုယ်ကို သိရန် စိတ်နှစ်မြုပ်လုပ်ဆောင်ခြင်းလိုအပ်သည်။ လူတို့၏ မိမိကိုယ်ကို သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကို နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်။ ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကို၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကို မုန်းတီးလိမ့်မည်။ မိမိကိုယ်ကို မုန်းတီးပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို ပုန်ကန်နိုင်လိမ့်မည်ဖြစ်ပြီး ယင်းကို အားသွန်ခွန်စိုက်လုပ်ရသည်ဟု ယုံကြည်ခြင်းမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝမှာ မည်သည့်အရာဖြစ်သည်ကို မြင်သည့်အခါ၊ မည်မျှအကျည်းတန်ပုံ၊ မည်မျှစက်ဆုပ်ဖွယ်ကောင်းပုံနှင့် မည်မျှသနားဖွယ်ကောင်းပုံကို မြင်သည့်အခါတွင် မိမိကိုယ်ကို အလွန်အမင်း ဂုဏ်ယူနေခြင်း၊ လွန်လွန်ကဲကဲ မာနထောင်လွှားခြင်းနှင့် ယခင်ကဲ့သို့ မိမိကိုယ်ကို အလွန်ပင် ကျေနပ်အားရခြင်းတို့ မရှိတော့ပေ။ “ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရာတွင် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် မုန်းတီးသည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ ပုန်ကန်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကို မမုန်းတီးလျှင်၊ ဇာတိပကတိကို ၎င်းတို့ ပုန်ကန်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကို အမှန်တကယ် မုန်းတီးခြင်းသည် ရိုးရှင်းသောကိစ္စတစ်ခု မဟုတ်ပေ။ ဤတွင် ပိုင်ဆိုင်ရမည့် အရာအချို့ရှိသည်။ ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုအလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုသိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုအပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကို ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကို အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ဖယ်ရှားရှင်းလင်းခြင်းခံရပြီး ဖျက်ဆီးခံရသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ထို့ကြောင့် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စောဒကတက်လိမ့်မည်မဟုတ်၊ သို့မဟုတ် အာခံလိမ့်မည်မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် မိမိကိုယ်ကို မသိရှိသကဲ့သို့ မိမိကိုယ်ကို အတော်ကောင်းမွန်သည်ဟု ထင်မှတ်သေးလျှင်၊ သေခြင်းက တံခါးခေါက်သည့်အခါ၊ ဤလူက၊ “ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်သည် အလွန်ကောင်းစွာ ပြုခဲ့ပေပြီ။ ကျွန်ုပ် အလွန်များစွာ ရှာဖွေပြီးဖြစ်သည်။ အလွန်များစွာ ကျွန်ုပ် ပေးဆပ်ခဲ့ပြီးဖြစ်သည်၊ အလွန်များစွာ ကျွန်ုပ် ဒုက္ခခံစားပြီးဖြစ်သည်၊ သို့တိုင် နောက်ဆုံးတွင်၊ ဘုရားသခင်က ယခု ကျွန်ုပ်ကို သေခိုင်းလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား အဘယ်မှာရှိသည်ကို ကျွန်ုပ်မသိ။ အဘယ်ကြောင့် ကျွန်ုပ်ကို သေဖို့ သူ စေခိုင်းနေရပါသနည်း။ ကျွန်ုပ်သေရမည်ဆိုလျှင်၊ မည်သူ ကယ်တင်ခံရလိမ့်မည်နည်း။ လူသားမျိုးနွယ်သည် အဆုံးသတ်သို့ ရောက်ရှိလိမ့်မည် မဟုတ်လော”ဟု တွေးလိမ့်မည်။ ပထမဦးစွာ၊ ဤလူသည် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိ၏။ ဒုတိယ၊ ဤလူသည် မည်သည့် ကျိုးနွံနာခံခြင်း တစ်ခုတလေကိုမျှ မပြသဘဲလျက် ညည်းညူနေပေသည်။ ဤသည်မှာ ပေါလုကဲ့သို့ ဖြစ်၏။ သူသေခါနီးအချိန်တွင်၊ သူသည် မိမိကိုယ်ကို မသိရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း နီးကပ်လာသည့်အချိန်တွင်၊ အားလုံးကအလွန် နောက်ကျခဲ့ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

အရှေ့သို့-  (ခ) သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ သိနားလည်ခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ပုံနှင့် ပတ်သက်၍

နောက်တစ်ခုသို့-  (ဃ) တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို ကြုံတွေ့ခံစားပုံနှင့်ပတ်သက်၍

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger