၄။ ဘာသာရေးလောကသည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကသုတ်ကရက် ဆန့်ကျင်ကာ ရှုတ်ချကြသည်။ ယင်းသည် အန္တိခရစ်များ၏ စွဲမြဲခိုင်မာသော ခံတပ်ဖြစ်လာလျက် မကောင်းသော လုပ်ရပ်ကို တစ်ခုပြီးတစ်ခု ကျူးလွန်ပြီးဖြစ်သည်။ သို့သော် ဘုရားသခင်ကို ယုံကြည်နေသော်လည်း ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ဆန့်ကျင်ခြင်းအတွက် ဘာသာရေး လောက၏ ရလဒ်နှင့် အဆုံးသတ်သည့် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” (ရှင်မဿဲခရစ်ဝင် ၁၂:၃၁-၃၂)
“သူသည်ကျယ်သောအသံနှင့် ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ ပြိုလဲပြီ။ နတ်ဆိုးနေရာ ဖြစ်လေ ပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဘွယ်သော ငှက်မျိုး၏ မှီခိုရာ ဖြစ်လေပြီ။ အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူ သော စပျစ်ရည်ကိုသောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။” (ဗျာဒိတ်ကျမ်း ၁၈:၂-၃)
“ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ဗာဗုလုန်မြို့ကြီး၊ မြို့စွမ်း၊ သင်သည်တနာရီခြင်းတွင် အပြစ်စီရင်ခြင်းသို့ ရောက်ပါပြီတကားဟူ၍ သူ့ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၁၈:၁၀)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေပေါ်တွင် အဓိပ္ပာယ်မရှိဆုံးသော လူများဖြစ်ပြီး၊ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသောသူတို့သည် စိတ်ကူးယဉ်အိပ်မက်ထဲတွင် ပျောက်ဆုံးကြပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်ပြီး၊ သူ့ကို ရှောင်ကွင်းသွားနိုင်သူ မည်သူမျှမရှိပေ။ ခရစ်တော်အားဖြင့် မဟုတ်လျှင် မည်သူမျှ ဘုရား၏စုံလင်စေခြင်းကို မခံရနိုင်။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်ကို ကျိုးနွံနာခံရမည်ဖြစ်သည်။ သမ္မာတရားနှင့် အသက်၏ ထောက်ပံ့မှုကို လက်မခံနိုင်ဘဲလျက် ကောင်းချီးမင်္ဂလာများ ရရှိရန်ကိုသာ မစဉ်းစားနှင့်။ ခရစ်တော်သည် ကိုယ်တော့်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်ကြသူ အပေါင်းတို့အား အသက်ကို ပေးသနားနိုင်ရန်အလို့ငှာ နောက်ဆုံးသောကာလတွင် ကြွလာခြင်း ဖြစ်သည်။ ဤအမှုသည် ခေတ်အဟောင်းကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းအတွက် တည်ရှိခြင်း ဖြစ်ပြီး၊ ဤအမှုသည် ခေတ်အသစ်ထဲသို့ ဝင်ရောက်မည့်သူအားလုံး လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သင်သည် ခရစ်တော်ကို အသိအမှတ်မပြုသည့်အပြင် သူ့ကို ပြစ်တင်ရှုတ်ချကာ ပြစ်မှားစော်ကားပါက သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ပါကသင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤခရစ်တော်ကိုယ်တော်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေး စေခိုင်းထားသူ ဖြစ်၍ဖြစ်သောကြောင့် နောက်ဆုံးသောကာလ ခရစ်တော် လုပ်ဆောင်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသည်ဟု ငါပြောရပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသူတို့အတွက် ထိုက်တန်သည့် ပြစ်ဒဏ်ခတ်ခြင်းမှာ အားလုံးအဖို့ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ ဤအရာကိုလည်း ငါပြောမည်။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပါက၊ နောက်ဆုံးသော ကာလ ခရစ်တော်ကို သင် ငြင်းပယ်ပါက ဤအရာအတွက် သင်၏ ကိုယ်စား အကျိုးဆက်များကို ခံစားပေးနိုင်မည့်သူ တစ်ဦးမျှရှိလိမ့်မည်မဟုတ်။ ထို့အပြင် ထိုအချိန်မှစ၍ သင်သည် ဘုရားသခင်၏ လက်ခံမှုကိုရရှိရန် နောက်ထပ်အခွင့်အရေး ရှိမည် မဟုတ်ပေ။ သင်သည် မိမိကိုယ်ကိုယ် ရွေးနုတ်ရန် ကြိုးစားလိုလျှင်ပင်၊ ဘုရားသခင်၏မျက်နှာကို တစ်ဖန် မြင်နိုင်လိမ့်မည် မဟုတ်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင် အတိုက်အခံလုပ်နေသည်မှာ လူသားတစ်ဦးမဟုတ်၊ သင် ပစ်ပယ်နေသည်မှာ အရေးမပါသော လူသားတစ်ဦး မဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာ၏ အကျိုးဆက်များသည် မည်သည်တို့ ဖြစ်သည်ကို သင်သိပါသလော။ သင်သည် သေးငယ်သည့် အမှားတစ်ခု ပြုနေသည်သာ မဟုတ်ဘဲ အလွန်စက်ဆုပ်ရွံရှာ ဖွယ်ကောင်းသော အပြစ်တစ်ရပ် ကျူးလွန်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားသည်သာ သင့်ကို အသက် ဆောင်ကြဉ်းပေးနိုင်ပြီး၊ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည်မွေးဖွားရန်နှင့် ဘုရားသခင်၏မျက်နှာကို တစ်ဖန် ရှုမြင်ရန် ထောက်ကူမပေးနိုင်သည့်အတွက် သမ္မာတရားရှေ့မှောက်တွင် ခြိမ်းခြောက်မှုမပြုရန် သို့မဟုတ် ထင်ရာမြင်ရာ ဝေဖန်သုံးသပ်ချက်များ မပြုရန် လူတိုင်းကို ငါအကြံပြုသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်
လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် မကောင်းဆိုးဝါးဆန်ပြီး၊ ထို့အပြင် ဖျက်ဆီးခံရလိမ့်မည်။ ယုံကြည်ခြင်း ရှိသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူများ၊ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သူများနှင့် ဘုရားသခင်၏ တည်ရှိမှုကို လုံးဝ မယုံကြည်သူ အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ကျန်ရှိခွင့် ရှိလိမ့်မည့်သူအားလုံးမှာ စစ်ဆေးခြင်းနှင့်ဆိုင်သည့် ဆင်းရဲဒုက္ခကို ကြုံရပြီးဖြစ်ကာ ခိုင်ခိုင်မာမာ ရပ်တည်ပြီးဖြစ်သည့် လူများ ဖြစ်သည်။ ဤသည်တို့မှာ စမ်းသပ်မှုများကို အမှန်တကယ် ကြံ့ကြံ့ခံပြီးသည့် လူများ ဖြစ်သည်။ ဘုရားသခင်ကို အသိအမှတ် မပြုသူ မည်သူမဆိုသည် ရန်သူ ဖြစ်၏။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်မပြုသောသူ မည်သူမဆိုသည် ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပတွင် ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်သောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်
လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ က ယေရှုကို ယုဒလူမျိုးများ ကားတိုင်ပေါ်တွင် သံမှိုရိုက်ထားပြီးနောက် မည်သည့်အဆုံးသတ်ကို ရောက်ရှိခဲ့သည်ကို ပြန်သတိရလော့။ ၎င်းတို့သည် ဣသရေလနိုင်ငံမှ နှင်ထုတ်ခံခဲ့ရပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများဆီသို့ ထွက်ပြေး သွားခဲ့ကြသည်။ များစွာတို့သည် အသတ်ခံခဲ့ရပြီး ယုဒလူမျိုး တစ်မျိုးလုံးသည် ၎င်းတို့နိုင်ငံ၏ ပျက်သုဉ်းခြင်းဖြစ်သည့် မကြုံစဖူးသော နာကျင်မှုကို ခံခဲ့ရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကားတိုင်ပေါ်တွင် သံမှိုရိုက်ခဲ့ကြပြီး- စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အပြစ်တစ်ခုကို ကျူးလွန်ခဲ့ကြပြီး- ဘုရားသခင်၏ စိတ်သဘောထားကို နှိုးဆွခဲ့ကြသည်။ ၎င်းတို့လုပ်ခဲ့သည့် အရာအတွက် ၎င်းတို့ပေးဆပ်ခဲ့ရပြီး ၎င်းတို့လုပ်ရပ်များ၏ အကျိုးဆက်များ အားလုံးကို ခံခဲ့ကြရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရှုတ်ချခဲ့ကြသည်၊ ငြင်းပယ်ခဲ့ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် ကံကြမ္မာတစ်ခုသာ ရှိခဲ့သည်။ ယင်းမှာ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းခံရဖို့ ဖြစ်ပေသည်။ ဤသည်မှာ ၎င်းတို့၏ အုပ်စိုးသူများက မိမိတို့၏ နိုင်ငံနှင့် လူမျိုးအပေါ် ယူဆောင်ခဲ့ကြသည့် ခါးသီးသော အကျိုးဆက်နှင့် ဘေးဒုက္ခ ဖြစ်ခဲ့ပေသည်။
ယနေ့တွင် ဘုရားသခင်သည် သူ၏ အမှုကို လုပ်ဆောင်ရန် လူများကြားသို့ ပြန်ကြွလာပြီးဖြစ်သည်။ ပြီးလျှင် သူ၏ အလုပ်၌ သူ၏ ပထမဆုံးအဆင့်မှာ အာဏာရှင်ဆန်သော အုပ်ချုပ်မှု၏ စံပြဖြစ်သည့် ဘာသာမဲ့ အယူဝါဒ၏ မြဲစွဲစွာ အားကိုးထိုက်သော ခံတပ်ဖြစ်သည့် တရုတ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့အားဖြင့် လူတစ်စုကို ရယူပြီးဖြစ်သည်။ ဤကာလအတွင်းတွင် ဘုရားသခင်သည် တရုတ်နိုင်ငံ အာဏာရပါတီ၏ နည်းအမျိုးမျိုးဖြင့် လိုက်လံဖမ်းဆီးခြင်းကို ခံရပြီးဖြစ်ကာ သူ၏ခေါင်းချစရာနေရာ မရှိသကဲ့သို့ ခိုနားရာ ရှာမတွေ့နိုင်ဘဲ ဆင်းရဲဒုက္ခမျိုးစုံကို ခံရပြီးဖြစ်သည်။ ဤသို့ဖြစ်စေကာမူ ဘုရားသခင်သည် သူ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုကို ဆက်လက်လုပ်ဆောင်ဆဲ ဖြစ်သည်။ သူသည် နှုတ်ကပတ်တော်များကို ပြောဆိုပြီး မိန့်မြွက်ကာ ဧဝံဂေလိတရားကို ဖြန့်သည်။ ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သူမျှ နားလည် သဘောပေါက်နိုင်ခြင်း မရှိပေ။ ဘုရားသခင်ကို ရန်သူကဲ့သို့ မှတ်ယူသော နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင် ဘုရားသခင်သည် သူ၏ အမှုကို လုံးဝ မရပ်တန့်ဖူးပေ။ ယင်းအစား ဘုရားသခင်သည် လူသားမျိုးနွယ်ဝင် အယောက်စီတိုင်းကို တတ်နိုင်သမျှ အစွမ်းကုန်ကယ်တင်သည့်အတွက် သာ၍ များသောလူတို့သည် သူ၏ အမှုနှင့် နှုတ်ကပတ်တော်ကို လက်ခံကြပြီး ဖြစ်သည်။ ဘုရားသခင် ဖြစ်မြောက်ရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် အင်အားစုကမျှ မတားဆီးနိုင်သည်ကို ငါတို့အားလုံး ယုံကြည်သည်။ ပြီးလျှင် ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် ကြိုးစားသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အတိုက်အခံလုပ်ကာ ဘုရားသခင်၏ အကြံအစည်ကို အဖျက်အမှောင့်လုပ်ပြီး ထိခိုက်စေရန် ကြိုးစားသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။ ဘုရားသခင်၏ အမှုကို အတိုက်အခံလုပ်သူ မည်သူမဆိုသည် ဘုရားသခင်က ငရဲသို့ ပို့ခြင်းကိုခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ထကြွသည့် မည်သည့် လူမျိုးမဆိုသည် ဘုရားသခင်က ဤကမ္ဘာမြေမှ ဖယ်ရှားခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည်
လောကသည် ပြိုလဲလေပြီ။ ဗာဗုလုန်သည် ရပ်တန့်နေပါတကား။ အို ဘာသာရေး လောက။ အဘယ်သို့ ယင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ ငါ၏သြဇာအာဏာအားဖြင့် ဖျက်ဆီးခြင်း မခံရဘဲနေနိုင်မည်နည်း။ မည်သူသည် ငါ့ကို ပုန်ကန်ကာ ဆန့်ကျင်ဝံ့သေးသနည်း။ ကျမ်းပြုဆရာများလော။ ဘာသာရေး အရာရှိအားလုံးလော။ ကမ္ဘာမြေကြီးပေါ်က အုပ်ချုပ်သူများနှင့် အာဏာပိုင်များလော။ ကောင်းကင်တမန်များလော။ မည်သူသည် ငါ့ခန္ဓာကိုယ်၏ စုံလင်ခြင်းနှင့် ပြည့်ဝခြင်းကို ဂုဏ်မပြုသနည်း။ လူအပေါင်းတို့အလယ်တွင် ငါ့ကြောင့် မည်သူသည် မရပ်မနား ချီးမွမ်းခြင်းများကို မသီဆိုသနည်း၊ မည်သူသည် အစဉ်မပျော်ရွှင်သနည်း။ ငါသည် အဆင်းနီသော နဂါးကြီး၏ သားရဲတွင်းနှင့်ဆိုင်သည့် နယ်မြေတွင် နေထိုင်သော်လည်း၊ ၎င်း၏ လူအားလုံးသည် ၎င်းတို့ စတင် စက်ဆုပ်နှင့်ကြပြီးဖြစ်သည့်အတွက်၊ ဤအရာက ငါ့ကို ကြောက်ရွံ့ခြင်းဖြင့် မတုန်လှုပ်စေပေ သို့မဟုတ် ထွက်ပြေးမသွားစေပေ။ မည်သည့်အခါမျှ မည်သည့်အရာမျှက နဂါးအတွက် မိမိ၏ “တာဝန်” ကို နဂါး၏ရှေ့တွင် မလုပ်ဆောင်ဖူးပေ။ ထိုအစား အရာခပ်သိမ်းသည် ၎င်းတို့ သင့်တော်သည်ဟု မြင်သည့်အတိုင်း ပြုမူကြပြီး၊ အသီးသီးက လုပ်ချင်ရာ လုပ်ကြလေသည်။ ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံများသည် အဘယ်သို့ မပျက်စီးနိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံများသည် အဘယ်သို့ မပြိုလဲဘဲနေနိုင်မည်နည်း။ အဘယ်သို့ ငါ၏လူများသည် ဩဘာမပေးဘဲ နေနိုင်မည်နည်း။ အဘယ်သို့ ၎င်းတို့သည် ဝမ်းမြောက်ခြင်းဖြင့် မသီဆိုနိုင်ကြမည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၂)
ကမ္ဘာလောကဟောင်း တည်ရှိစဉ်တွင် နိုင်ငံတစ်နိုင်ငံချင်းစီအပေါ် ငါ၏အမျက်ဒေါသကို လွှတ်ထုတ်ကာ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာတစ်ခုလုံးထံ လူသိရှင်ကြား ထုတ်ပြန်ကြေညာမည်ဖြစ်သည့်အပြင် ယင်းတို့ကို ဖောက်ဖျက်သည့်သူ မည်သူမဆိုသည် ပြစ်တင်ဆုံးမခြင်းခံရလိမ့်မည်။
စကြဝဠာတစ်ခုလုံးကို ငါစကားပြောသည့်အခါတွင် လူအားလုံးသည် ငါ၏ အသံတော်ကို ကြားကြသည်၊ ဆိုလိုသည်မှာ လူအားလုံးသည် စကြဝဠာတစ်ခုလုံးတွင် ငါဆောင်ရွက်ပြီးဖြစ်သည့် လုပ်ဆောင်ချက်များအားလုံးကို မြင်ကြလေသည်။ ငါ၏ ရည်ရွယ်ချက်များကို ဆန့်ကျင်သည့်သူများ၊ တစ်နည်းအားဖြင့် ဆိုသော် ငါ့အား လူ၏ လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည် ငါ၏ ပြစ်တင်ဆုံးမခြင်းအလယ်တွင် ပြိုလဲလိမ့်မည်။ ကောင်းကင်ဘုံတွင် မြောက်မြားလှစွာသော ကြယ်များကို ငါ အသစ်လဲမည်။ ငါ့ကြောင့် နေနှင့် လတို့သည် အသစ်လဲခြင်း ခံရလိမ့်မည်၊ ကောင်းကင်သည် ယခင်ကဲ့သို့ ဖြစ်တော့မည် မဟုတ်။ ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းသည် အသစ်လဲခြင်း ခံရလိမ့်မည်။ ဤအရာအားလုံးသည် ငါ၏နှုတ်ကပတ်တော်များကြောင့် ဖြစ်မြောက်လိမ့်မည်။ စကြဝဠာအတွင်းရှိ နိုင်ငံအားလုံးသည် အသစ်တစ်ဖန် ပိုင်းခြားကန့်သတ်ခြင်းခံရမည် ဖြစ်ပြီး ငါ့နိုင်ငံတော်၏ အစားထိုးခြင်းကို ခံရလိမ့်မည်၊ ဤသို့ဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံများသည် ထာဝရ ကွယ်ပျောက်သွားမည်ဖြစ်ပြီး ငါ့ကို ကိုးကွယ်သည့် နိုင်ငံတော်တစ်ခုတည်းသာ ရှိလိမ့်မည်။ ကမ္ဘာ၏ နိုင်ငံများအားလုံးသည် ဖျက်ဆီးခြင်း ခံရမည်ဖြစ်ကာ တည်ရှိတော့မည်မဟုတ်ပေ။ စကြဝဠာအတွင်းရှိ လူသားများတွင် နတ်ဆိုးများနှင့်ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ စာတန်ကို ကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးအလယ်တွင် ပြိုလဲကြလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် ရေစီးကြောင်း အတွင်း၌ရှိသော သူများမှလွဲ၍ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူတစ်ဦးချင်းစီကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးအသိုင်းအဝိုင်း၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ၏ လုပ်ဆောင်ဆောင်ချက်များအားဖြင့် သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် “သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက်ရှိခြင်း” သည် ရောက်ရှိလာပြီးဖြစ်ကြောင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ အမျိုးအစားအလိုက် မျိုးတူစုထားခြင်းခံရမည် ဖြစ်ပြီး သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းအမျိုးမျိုးကို ခံကြရမည်။ ငါ့ကို အတိုက်အခံလုပ်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ ပြုမူခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် တိုင်းနိုင်ငံအသင်္ချေနှင့် လူအသင်္ချေတို့ထံသို့ ငါ ပေါ်ထွန်းမည် ဖြစ်ပြီး ကမ္ဘာပေါ်တွင် ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူတို့အားလုံး ဤအရာကို သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြဖို့ ခွင့်ပြုရန်အလို့ငှာ ငါကိုယ်တော်တိုင်၏ အသံတော်ကို ဖော်ပြမည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆)