၁။ သမ္မာကျမ်းစာထဲတွင်၊ ပေါလုက၊ “အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ။” (ရောမဩဝါဒစာ ၁၃:၁) “သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။...လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ် အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။” (တမန်တော်ဝတ္ထု ၂၀:၂၈) ဟု ဆိုထားသည်။ ဘာသာရေးလောကထဲရှိ လူအများစုသည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို သခင်က ခန့်ထားခြင်းဖြစ်ပြီး ၎င်းတို့သည် အသင်းတော်များထဲတွင် သခင့်ကို အစေခံကြသည်ဟူသည့် ၎င်းတို့၏ ယုံကြည်မှုတွင် ပေါလု၏ စကားများကို လိုက်နာကြလေသည်။ ၎င်းတို့က သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို နားထောင်ကာ နာခံသောသူတို့သည် သခင့်ကို နာခံကာ လိုက်လျှောက်သူများဖြစ်ပြီး၊ သင်းအုပ်ဆရာများ၏ စကားများကို နားထောင်ဖို့ဆိုသည်မှာ သခင်၏ စကားများကို နားထောင်ဖို့ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ ဤသည်မှာ သခင်၏ အလိုတော်နှင့် ကိုက်ညီပါသလား။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“လူ၏စကားထက်ဘုရားသခင်၏ စကားကို နားထောင်သင့်ပါ၏။” (တမန်တော်ဝတ္ထု ၅:၂၉)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသည့်တိုင် ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သာ၍ပင်ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး “ဘုရားသခင်”ကို ဩဝါဒခြွေရန် အမြင့်တွင် ရပ်တည်ကြရင်း အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အောင်လံကို သယ်သည့်တိုင် ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်သော၊ လူ၏ အသားကိုစားပြီး အသွေးကိုသောက်စဉ်တွင် ဘုရားသခင်ကို ယုံကြည်သည့် အမှတ်တံဆိပ်ကို သယ်ဆောင်သောလူတို့ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် ဆိုးယုတ်သော နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ လူတို့ တက်ရောက်ခြင်းကို တမင်သက်သက် နှောင့်ယှက်သော မကောင်းဆိုးဝါးများ၏ ဦးသျှောင်ဖြစ်ပြီး ဘုရားသခင်ကို လူတို့၏ ရှာဖွေခြင်းအား ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ခိုင်မာသည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို အတိုက်အခံလုပ်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် ရည်စူးမြှုပ်နှံထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်

ဘာသာတရားနှင့် ဂိုဏ်းဂဏတစ်ခုချင်းစီ၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြပြီး သမ္မာကျမ်းစာနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အနက်ဖွင့်ဆိုမှုများသည် ဆက်စပ်အကြောင်းအရာ ကင်းမဲ့ကာ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများ၏ လမ်းညွှန်ခံရသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် အသိပညာကို အားထားကြသည်။ အကယ်၍ သူတို့သည် လုံးဝ တရားမဟောနိုင်ပါက လူများက သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်ကိုလည်းကောင်း၊ လှည့်ကွက်အချို့ကို မည်ကဲ့သို့ အသုံးချရမည်ကိုလည်းကောင်း သိကြသည်။ သူတို့သည် လူများကို လှည့်ဖြားကာ မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ရန် ဤအရာများကို အသုံးပြုကြသည်။ ထိုလူများသည် ဘုရားသခင်ကို အမည်ခံသဘောအရ ယုံကြည်ကြသော်လည်း လက်တွေ့တွင်မူ သူတို့သည် ဤခေါင်းဆောင်များ နောက်သို့ လိုက်ကြသည်။ သူတို့သည် မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရသည့်အခါ သူတို့ထဲမှ အချို့တို့က “ယုံကြည်မှုနှင့် ပတ်သက်သည့်ကိစ္စများအကြောင်း ကျွန်ုပ်တို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၊ မှန်သောလမ်းခရီးကို လက်ခံခြင်းတို့နှင့်ပတ်သက်သည့်အခါ လူတို့သည် အခြားသူများ၏ သဘောတူညီချက်နှင့် လက်ခံမှု လိုအပ်ပုံကို ကြည့်လော့။ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များသည် အဘယ်အရာများ ဖြစ်လာကြပြီနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ အတားအဆီးများ ဖြစ်လာကြသည် မဟုတ်လော။ ထိုကဲ့သို့သောသူတို့သည် ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။...ဘုရားသခင်အပေါ် လူတို့၏ယုံကြည်ခြင်းသည် စစ်မှန်သည်ဖြစ်စေ၊ အတုအယောင်ဖြစ်စေ၊ သူတို့သည် အခြားလူများနောက် လိုက်သည်ဖြစ်စေ၊ သမ္မာတရားကို မလိုက်စားသည်ဖြစ်စေ ယခင်က ဘုရားသခင်သည် လူများနှင့်ပတ်သက်၍ စည်းကမ်းမတင်းကျပ်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးအဆင့်တွင် သူ ကြိုတင်သတ်မှတ်ထားကာ ရွေးချယ်ခဲ့ပြီး ဖြစ်သည့်သူများအားလုံးသည် သူ့ရှေ့တော်မှောက်သို့လာ၍ သူ၏တရားစီရင်ခြင်းကို လက်ခံရလိမ့်မည်ဟု သူကြိုတင်ပြဋ္ဌာန်းထားနှင့်ပြီး ဖြစ်သောကြောင့်ဖြစ်သည်။ အကယ်၍ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးသည့်နောက် လူများသည် အခြားလူများနောက်သို့ ဆက်၍ လိုက်ပြီး ကိုးကွယ်နေသေးပါက၊ သမ္မာတရားကို လိုက်စားရမည့်အစား ကောင်းချီးများနှင့် သရဖူများနောက်သို့သာ သူတို့ လိုက်နေပါက ဤသည်မှာ ခွင့်မလွှတ်နိုင်ဖွယ် ဖြစ်၏။ ထိုကဲ့သို့သောလူများသည် ပေါလုကဲ့သို့သော အဆုံးသတ်ကို တွေ့ရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ဘုရားသခင်နောက်လိုက်ရာတွင် အဓိက အရေးကြီးသောအရာမှာ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်သင့်ခြင်း ဖြစ်သည်။ သင်သည် အသက်ဝင်ရောက်မှုကို အားထုတ်နေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များအထမြောက်အောင် လုပ်ဆောင်ခြင်းကို အားထုတ်နေသည်ဖြစ်စေ၊ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြုသင့်ပေသည်။ အကယ်၍ သင်မိတ်သဟာယ ဖွဲ့သောအရာနှင့် ဝင်ရောက်ရန် အားထုတ်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုမပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူတစ်ဦး ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက် လုံးဝ ကင်းမဲ့ပေသည်။ ဘုရားသခင် အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများ နောက်လိုက်လျှောက်ကြသော လူများဖြစ်သည်။ ယခင်က သင်နားလည်ခဲ့သော အရာများသည် မည်သို့ နှစ်သက်ဖွယ်ဖြစ်ပြီး ဖြူစင်သည်ဖြစ်စေ၊ ဘုရားသခင်က ယင်းကို အလိုမရှိသကဲ့သို့၊ သင်သည် ထိုသို့သောအရာများကို ဘေးဖယ်မထားနိုင်ပါက၊ ယင်းတို့သည် သင်၏ အနာဂတ် ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်သူ အားလုံးသည် မင်္ဂလာရှိကြ၏။ အတိတ်ကာလများ၏ လူတို့သည်လည်း ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသည်၊ သို့သော် ယနေ့ထိတိုင် ၎င်းတို့ မလိုက်လျှောက်နိုင်ခဲ့ကြချေ။ ဤသည်မှာ နောက်ဆုံးသောကာလ လူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က ၎င်းတို့ကို ဦးဆောင်သည့် မည်သည့်နေရာသို့မဆို ဘုရားသခင် နောက်လိုက်ကြသည့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်သော ထိုသို့သောသူများသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံစားရသည့် လူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့၊ ၎င်းတို့ မည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဟိုဟိုသည်သည် အလုပ်များသည်ဖြစ်စေ၊ ထိုအရာထဲမှတစ်ခုမျှ ဘုရားသခင်အဖို့ အဓိပ္ပာယ် တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူသည် ၎င်းတို့ကို အသိအမှတ်ပြုလိမ့်မည် မဟုတ်။...“သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် နောက်သို့ လိုက်လျှောက်ခြင်း” ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်း၊ ဘုရားသခင်၏ လက်ရှိ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်း၊ ယနေ့၏ ဘုရားသခင်ကို ကျိုးနွံနာခံကာ လိုက်လျှောက်နိုင်ခြင်းနှင့် ဘုရားသခင်၏ အသစ်လွင်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကို ဆိုလိုသည်။ ဤသည်သာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက်သို့ လိုက်လျှောက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသောသူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိသည်သာမက၊ ဘုရားသခင်၏ နောက်ဆုံးအမှုမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကိုလည်း သိရှိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် ပုန်ကန်ခြင်း၊ ပြီးလျှင် လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို သူ၏ နောက်ဆုံးအမှုမှ သိရှိနိုင်ပေသည်။ ထို့အပြင် ၎င်းတို့၏ အစေခံမှုအတွင်းတွင်၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို တဖြည်းဖြည်း ရရှိနိုင်ကြလေသည်။ ဤကဲ့သို့သော လူများသာ ဘုရားသခင်ကို ရရှိနိုင်သူများနှင့် မှန်သောလမ်းခရီးကို စစ်မှန်ရိုးသားစွာ တွေ့ရှိပြီးသောသူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံကာ ကိုးကွယ်သင့်သည်။ မည်သည့်လူကိုမျှ မချီးမြှောက် သို့မဟုတ် မကြည်ညိုနှင့်။ သင်သည် ဘုရားသခင်အား ပထမနေရာ ပေးပြီး သင် ကြည်ညိုသောသူများကို ဒုတိယနေရာ ပေးကာ သင့်ကိုယ်သင် တတိယနေရာ ပေးခြင်း မပြုရ။ မည်သည့်လူမျှ သင်၏ စိတ်နှလုံးတွင် နေရာ မယူသင့်သကဲ့သို့၊ လူတို့ကို- အထူးသဖြင့် သင် ကြည်ညို လေးစားသူများကို- ဘုရားသခင်နှင့် တန်းတူဟု မယူဆသင့်ပေ။ ဤသည်မှာ ဘုရားသခင်ဖို့ သည်းမခံနိုင်ဖွယ်ရာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်

လူအချို့သည် တရားစီရင်မှုကို မဆိုထားနှင့်၊ သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား ၎င်းတို့သည် တန်ခိုးအာဏာနှင့် ကြွယ်ဝမှုများတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သော လူများကို တန်ခိုးအာဏာ ရှာဖွေသူများဟု ခေါ်သည်။ ၎င်းတို့သည် ကမ္ဘာလောကထဲက လွှမ်းမိုးမှုရှိသော ဂိုဏ်းဂဏများကိုသာ ရှာဖွေကြပြီး၊ ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ ရှာဖွေကြသည်။ ၎င်းတို့ သမ္မာတရား၏ လမ်းခရီးကို လက်ခံကြပြီး ဖြစ်သော်လည်း၊ တစ်ဝက်တစ်ပျက်သာ ယုံကြည်နေကြပေသည်။ ၎င်းတို့သည် ၎င်းတို့၏ နှလုံးသားများနှင့် စိတ်များအားလုံးကို ပေးနိုင်စွမ်း မရှိကြချေ၊ ၎င်းတို့၏ နှုတ်များက ဘုရားသခင်အတွက် အသုံးခံခြင်းနှင့်ပတ်သက်သည့် စကားများကို ပြောဆိုကြသော်လည်း၊ ၎င်းတို့မျက်လုံးများသည် ကြီးမြတ်သည့် သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ကာ၊ ခရစ်တော်ကို အာရုံမစိုက်ကြပေ။ သူတို့၏ နှလုံးသားများသည် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် ဂုဏ်အသရေတို့အပေါ်သာ အစွဲအလမ်းကြီးနေသည်။ ထိုသို့သော သေးသိမ်သည့် လူတစ်ဦးသည် အလွန်များစွာသော သူတို့ကို သိမ်းပိုက်နိုင်စွမ်းရှိမည်၊ သိပ်မထူးခြားသော သူတစ်ဦးက လူသားကို စုံလင်စေနိုင်မည်ဆိုသည်တို့မှာ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲက ဤအညတရများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ အကယ်၍ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ ဖြစ်ပါက၊ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်မည် ဖြစ်ပြီး၊ လူအားလုံး ထိန်းမနိုင်သိမ်းမရ ရယ်မောကြမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် ထိုသို့သော အညတရလူများကို စုံလင်စေဖို့ ရွေးချယ်ခဲ့ပါက၊ ထိုကြီးမြတ်သော လူများသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်လာကြလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ ရှုထောင့်များသည် မယုံကြည်မှုဖြင့် စွန်းထင်းသည်။ မယုံကြည်ခြင်းထက်၊ ၎င်းတို့သည် ယုတ္တိမရှိသော သားရဲတိရစ္ဆာန်များ သက်သက် ဖြစ်ကြပေသည်။ အကြောင်းမှာ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် တန်ခိုးအာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများကိုသာ အထင်ကြီးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို စိုးစဉ်းမျှ အလေးမထားကြပေ။ ၎င်းတို့သည် ခရစ်တော်ကို၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းသော သစ္စာဖောက်များ သက်သက် ဖြစ်ကြပေသည်။

သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည့်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ကြောက်ရွံ့ခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ၊ သမ္မာတရားကို တန်ဖိုးမထားသူ အားလုံးသည် မယုံကြည်သူများနှင့် သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ လက်ခံမှုကို မည်သည့်အခါမျှ ရကြမည် မဟုတ်ပေ။ သင်၏ အတွင်းတွင် မယုံကြည်မှု မည်မျှရှိပြီး ခရစ်တော်ကို သစ္စာဖောက်မှု မည်မျှရှိသည်ကို ယခု သင်ပိုင်းခြားသိမြင်ပြီးပြီလော။ ထို့ကြောင့် သင့်ကို ငါတိုက်တွန်းသည်။ သင်သည် သမ္မာတရားလမ်းကို ရွေးချယ်ပြီးဖြစ်သည့်အတွက်၊ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်မြှုပ်နှံသင့်သည်။ စိတ်နှစ်ခွမဖြစ်နှင့်၊ သို့မဟုတ် စိတ်မပါ့တပါ မဖြစ်နှင့်။ ဘုရားသခင်သည် လောကကြီးနှင့် မသက်ဆိုင်သကဲ့သို့ မည်သည့် လူတစ်ဦးနှင့်မျှ မသက်ဆိုင်ဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သောသူအားလုံး၊ သူ့ကို ကိုးကွယ်သူအားလုံးနှင့် မိမိကိုယ်ကိုယ် သူ့ထံဆက်ကပ်ပြီး သစ္စာရှိသောသူများအားလုံးနှင့် သက်ဆိုင်သည်ကို သင် နားလည်သင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော

ဘုရားသခင်အား ယုံကြည်သူတို့သည် မည်မျှပင် များပြားနိုင်စေကာမူ သူတို့၏ ယုံကြည်ခြင်းကို ဘုရားသခင်က ဘာသာရေးအုပ်စုတစ်ခု၏ ယုံကြည်ခြင်းအဖြစ် သတ်မှတ်တော်မူပါက ဤလူတို့သည် ဘုရားသခင်၏ အမှုတော်နှင့် ကယ်တင်ခြင်းကို ခံရမည့်သူများ မဟုတ်ကြဘဲ ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်သည် စိတ်တော်ပိုင်းဖြတ်ပြီးဖြစ်၏။ ဤလူတို့သည် ကယ်တင်ခြင်းခံရနိုင်မည် မဟုတ်ကြပေ။ ဤသည်ကို အဘယ့်ကြောင့် ငါ ပြောသနည်း။ ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်း သို့မဟုတ် ကိုးကွယ်ခြင်းမရှိသည့် ဘုရားသခင်၏ အမှုတော် သို့မဟုတ် လမ်းပြမှု မရှိသည့် အုပ်စုတစ်စုသည် ဘုရားသခင်ကို အမည်ခံ ယုံကြည်သော်လည်း ၎င်းတို့ လိုက်လျှောက်ပြီး နာခံသည်မှာ ဘာသာတရား၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများဖြစ်ပြီး ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် စာတန်၏ အနှစ်သာရရှိပြီး သူတော်ကောင်းယောင်ဆောင်တတ်ကြပေသည်။ ထို့ကြောင့် ထိုလူများ လိုက်လျှောက်ပြီး နာခံသည့်အရာမှာ စာတန်များနှင့် နတ်ဆိုးများ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လက်ခံမှုအား လက်တွေ့လုပ်ဆောင်နေကြသော်လည်း အမှန်တွင် လူ၏ ကြိုးကိုင်ခြယ်လှယ်ခြင်း ခံနေရသည်၊ လူသား စီစဉ်ညွှန်ကြားမှုများနှင့် ချိုးနှိမ်ထိန်းချုပ်ခြင်းကို ခံနေရပေသည်။ ထို့ကြောင့် ပဓာနကျသော သတ်မှတ်ချက်အရ ၎င်းတို့ လိုက်လျှောက်ပြီး နာခံသည်မှာ စာတန်များနှင့် နတ်ဆိုးများ၊ ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ဘုရားသခင်၏ ရန်သူများ ဖြစ်ကြသည့် ဆိုးယုတ်သော အင်အားစုများ ဖြစ်သည်။ ဤသို့သော လူများနှင့်ဆိုင်သည့် ဂိုဏ်းတစ်ဂိုဏ်းကို ဘုရားသခင် ကယ်တင်မည်လော။ (မကယ်တင်ပါ။) အဘယ်ကြောင့် မကယ်တင်သနည်း။ ကောင်းပြီ၊ ထိုသို့သော လူများသည် နောင်တရနိုင်စွမ်း ရှိကြသလော။ မရှိကြပေ၊ ၎င်းတို့ နောင်တရကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် ဘုရားသခင်၏ ပစ်ပစ်ခါခါ ငြင်းခြင်းကို တွေ့ရမည့် နောက်ဆုံး အဆုံးသတ်ဖြင့် လူ၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ဆန့်ကျင်လျက် ဘုရားသခင်ကို ယုံကြည်ခြင်း အောင်လံအောက်တွင် လူသား လုပ်ငန်းများနှင့် လူသား စီမံကိန်းများ၌ ပါဝင်ကြ၏။ ဤလူများကို ဘုရားသခင် ကယ်တင်ရန်မှာ မဖြစ်နိုင်ပေ။ ၎င်းတို့သည် နောင်တရနိုင်စွမ်း မရှိကြသကဲ့သို့ စာတန်၏ အတင်းခေါ်ဆောင်ခြင်း ခံရသည်နှင့်အမျှ ဘုရားသခင်သည် ၎င်းတို့ကို စာတန်ထံ လက်လွှဲလိုက်လေသည်။ အကြင်သူ၏ ဘုရားသခင်ကို ယုံကြည်ခြင်းက သူ၏ အသိအမှတ်ပြုခြင်းအတွက် စံမီခြင်းရှိမရှိသည် ထိုယုံကြည်ခြင်း၏ နှစ်ကာလများ ရှည်ကြာမှုအပေါ် မူတည်သလော။ အကြင်သူ လိုက်နာသည့် ထုံးတမ်းဓလေ့မျိုး သို့မဟုတ် ထိန်းသိမ်းသည့် စည်းမျဉ်းစည်းကမ်းများအပေါ် မူတည်သလော။ လူသား လက်တွေ့လုပ်ဆောင်မှုများကို ဘုရားသခင် ကြည့်သလော။ ၎င်းတို့၏ ကိန်းကဏန်းများကို သူ ကြည့်သလော။ (မကြည့်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို သူ ကြည့်သနည်း။ လူတစ်စုကို ဘုရားသခင် ရွေးချယ်ပြီးသည့်အခါ ၎င်းတို့ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိ၊ ၎င်းတို့ကို သူ ကယ်တင်မည် ဟုတ်မဟုတ် ဆိုသည်ကို မည်သည့်အခြေခံအကြောင်းရင်းပေါ် သူ တိုင်းတာသနည်း။ ယင်းသည် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေခံ၏။ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းအပေါ် အခြေခံ၏။ ဘုရားသခင်သည် ယခုတွင် ပြောသလောက် သမ္မာတရားများစွာကို ကျေးဇူးတော်ခေတ်တွင် လူကို ပြောကောင်းမပြောနိုင်သော်လည်း၊ ယင်းတို့သည် ထိုမျှတိကျမည် မဟုတ်သော်လည်း သူသည် လူကို စုံလင်အောင်ပြုနိုင်ဆဲဖြစ်ကာ ကယ်တင်ခံရနိုင်သည့် လူများ ရှိနေကြဆဲ ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားများစွာ ကြားပြီးဖြစ်ကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သည့် လက်ရှိခေတ်၏ လူတို့သည် သူ၏ လမ်းခရီးကို မလိုက်လျှောက်နိုင် သို့မဟုတ် ကယ်တင်ခြင်း လမ်းကြောင်းပေါ် မစတင်နိုင်ပါက အဆုံးတွင် ၎င်းတို့၏ အဆုံးသတ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့၏ နောက်ဆုံး အဆုံးသတ်သည် ခရစ်ယာန်ဘာသာနှင့် ယုဒဘာသာထဲရှိ ယုံကြည်သူများ၏ အဆုံးသတ်နှင့် အတူတူပင် ဖြစ်လိမ့်မည်။ ၎င်းတို့ကဲ့သို့ပင် ကယ်တင်ခံရလိမ့်မည် မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်သည်။ တရားဒေသနာ မည်မျှ သင် ကြားပြီးဖြစ်သည်၊ သို့မဟုတ် သမ္မာတရား မည်မျှ သင် နားလည်ပြီးဖြစ်သည်မှာ အရေးမကြီးပေ။ လူနောက် သင် လိုက်နေဆဲဖြစ်ပါက စာတန်နောက် သင် လိုက်နေဆဲဖြစ်ပြီး အဆုံးတွင် ဘုရားသခင်၏ လမ်းခရီးကို သင် မလိုက်လျှောက်နိုင်သကဲ့သို့ သူ့ကို ကြောက်ရွံ့ကာ မကောင်းမှုကို မရှောင်ကြဉ်နိုင်ပါက ထိုသို့သောလူများသည် ဘုရားသခင်က ပစ်ပစ်ခါခါ ငြင်းသူများ ဖြစ်သည်။ ဘာသာတရားရှိ သူတို့သည် သမ္မာကျမ်းဆိုင်ရာ အသိပညာကို များစွာ ဟောကောင်းဟောနိုင်ပြီး ဝိညာဉ်ရေးရာ အယူဝါဒအချို့ကို နားလည်ကောင်းနားလည်နိုင်သော်လည်း ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းနှင့် တွေ့ကြုံနိုင်ခြင်း မရှိ သို့မဟုတ် သူ့ကို အမှန်တကယ် ကိုးကွယ်နိုင်ခြင်း မရှိကြသကဲ့သို့ သူ့ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်ခြင်း မရှိကြချေ။ ၎င်းတို့အားလုံးသည် သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်ကြသည်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသည့် လူများ မဟုတ်ပေ။ ဘုရားသခင်၏ အမြင်တွင် ထိုသို့သောလူများသည် ဂိုဏ်းဂဏတစ်ခု၊ လူသားအုပ်စုတစ်စု၊ လူသားဂိုဏ်းတစ်ဂိုဏ်းနှင့် စာတန်၏ နေထိုင်ရာအဖြစ် သတ်မှတ်ခံရပေသည်။ စုပေါင်း၍ ၎င်းတို့သည် စာတန်၏ ဂိုဏ်း၊ အန္တိခရစ်များ၏ နိုင်ငံဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်က လုံးဝ ပစ်ပစ်ခါခါ ငြင်းသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်

ဘုရားသခင် နောက်ကို လိုက်သည်ဟု ပြောသောသူများသည် မိမိတို့ အဘယ်သူကို ယုံကြည်သည်ကို အတိအကျသိရန် မိမိတို့၏ မျက်လုံးများကို ဖွင့်ကာ သေသေချာချာကြည့်ပါက အကောင်းဆုံးဖြစ်ပေမည်။ သင်ယုံကြည်နေသည်မှာ ဘုရားသခင်ရော အမှန်တကယ် ဟုတ်သလော၊ သို့တည်းမဟုတ် စာတန်လော။ အကယ်၍ သင်ယုံကြည်သည်မှာ ဘုရားသခင်မဟုတ်ဘဲ၊ သင်၏ ကိုယ်ပိုင်ရုပ်တုများသာဖြစ်သည်ကို သင်သိပါက၊ သင်သည် ယုံကြည်သူ တစ်ယောက်ဖြစ်သည်ဟု မကြွေးကြော်လျှင် အကောင်းဆုံးဖြစ်မည်။ အကယ်၍ သင်သည် အဘယ်သူကို ယုံကြည်သည်ကို အကယ်စင်စစ် မသိပါက၊ တစ်ဖန် သင်သည် ယုံကြည်သူတစ်ယောက် ဖြစ်သည်ဟု မကြွေးကြော်သည်မှာ အကောင်းဆုံးဖြစ်ပေမည်။ ထိုသို့ပြောခြင်းသည် ဘုရားသခင်အား ပြစ်မှားစော်ကားခြင်း ဖြစ်ပေလိမ့်မည်။ သင့်ကို မည်သူကမျှ ဘုရားသခင်ကို အတင်းအကျပ် ယုံကြည်နေစေခြင်း မဟုတ်ပေ။ သင်တို့ ငါ့ကို ယုံကြည်သည်ဟု မပြောနှင့်။ ထိုစကားများကို ငါ လုံလုံလောက်လောက် ကြားခဲ့ရပြီးဖြစ်ကာ နောက်တစ်ဖန် ငါမကြားလိုတော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ ယုံကြည်သည်မှာ သင်တို့၏ စိတ်နှလုံး၌ရှိသော ရုပ်တုများနှင့် သင်တို့ အကြား၌ရှိသော ဒေသခံဗိုလ်ကျသူများ ဖြစ်သောကြောင့်ဖြစ်သည်။ သမ္မာတရားကို ကြားသောအခါ ခေါင်းခါသောသူများ၊ သေခြင်းအကြောင်း ဆွေးနွေးမှုကို ကြားသည့်အခါ ပြုံးသောသူများသည် စာတန်၏သားသမီး အားလုံးဖြစ်ကာ ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရမည့် သူများဖြစ်သည်။ အသင်းတော်၌ရှိသော လူများစွာတို့သည် ထိုးထွင်းသိမြင်မှု မရှိကြပေ။ လူတို့သည် အထင်အမြင်မှားအောင်ပြုလုပ်ခံရသည့် ဖြစ်ရပ်များ ဖြစ်ပေါ်သောအခါ သူတို့သည် ဆန့်ကျင်ဘက်ဖြစ်လျက် စာတန်ဘက်က ရပ်တည်ကြသည်။ သူတို့သည် စာတန်၏အစေခံများဟု အခေါ်ခံ ရသောအခါ အလွန့်အလွန် မတရားခံရသည်ဟုပင် ခံစားရကြသည်။ ၎င်းတို့ ပိုင်းခြားသိမြင်မှုမရှိဟု လူတို့ ပြောကောင်း ပြောနိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား မဟုတ်သည့်ဘက်တွင် အမြဲရပ်တည်ကြသည်၊ အရေးကြီးသည့်အချိန်တွင် သမ္မာတရားဘက်၌ ၎င်းတို့ ဘယ်သောအခါမျှ မရပ်တည်ကြ၊ သမ္မာတရားအတွက် ဘယ်သောအခါမျှ ရပ်တည်ခြင်းမရှိသလို၊ ချေပပြောဆိုခြင်းလည်း မရှိကြချေ။ ၎င်းတို့သည် အမှန်တကယ်ပင် ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြပါသလော။ ၎င်းတို့သည် အဘယ်ကြောင့် ဆန့်ကျင်ဘက်ဖြစ်လျက် စာတန်၏ဘက်တွင် ရပ်တည်မိကြသနည်း။ သမ္မာတရားကို အားပေးသည့်အနေဖြင့် မျှတကာ အကျိုးသင့် အကြောင်းသင့်ရှိသော စကားတစ်လုံးပင် အဘယ်ကြောင့် မည်သည့်အခါမျှ မပြောကြသနည်း။ ၎င်းတို့၏တဒင်္ဂ စိတ်ရှုပ်ထွေးမှု၏ အကျိုးဆက်အနေဖြင့် ဤအခြေအနေ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပြီလော။ လူတို့သည် ပိုင်းခြားသိမြင်မှု နည်းလေလေ သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်နိုင်လေလေ ဖြစ်သည်။ ဤအရာက မည်သည်ကို ပြသနည်း။ ပိုင်းခြားသိမြင်မှု မရှိသောသူများသည် အပြစ်တရားကို ချစ်မြတ်နိုးကြောင်းကို ပြသည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ သစ္စာရှိသော သားသမီးများဖြစ်သည်ကို ပြသည်မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်ဘက်၌ အမြဲရပ်တည်နိုင်ပြီး စာတန်နှင့် စိတ်တူကိုယ်တူ ရှိကြသနည်း။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်း၊ ပြီးလျှင် ၎င်းတို့၏ မျက်နှာအမူအရာများ အားလုံးသည် ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမျိုးထဲက မဟုတ်ဘဲ ယင်းထက် သမ္မာတရားကို ရွံရှာမုန်းတီးသော လူများဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ စာတန်ဘက်တွင် ၎င်းတို့ ရပ်တည်နိုင်ခြင်းက၊ စာတန်အတွက် တိုက်ခိုက်ပေးရင်း မိမိတို့၏ ဘဝများကုန်ဆုံးသည့် ထိုသေးနုပ်သော နတ်ဆိုးများကို စာတန်က အမှန်တကယ် ချစ်မြတ်နိုးသည်ကို သက်သေပြရန် လုံလောက်ပေသည်။ ဤအချက်များ အားလုံးက အလွန်ပင် ရှင်းလင်းလှသည် မဟုတ်လော။ အကယ်၍ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသော လူတစ်ယောက် ဧကန်အမှန် ဖြစ်သည်ဆိုပါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများကို အဘယ်ကြောင့် အလေးထားမှု သင်မရှိရသနည်း။ ထို့အပြင် သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများ၏ အကြည့်တစ်ချက်နှင့်ပင် သင်သည် အဘယ်ကြောင့် ထိုသူတို့နောက်သို့ ချက်ချင်း လိုက်ရသနည်း။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးနည်း။ သင်၌ ပိုင်းခြားသိမြင်မှု ရှိသည် မရှိသည်ကို ငါဂရုမစိုက်။ သင်သည် မည်မျှ ကြီးမားသော အဖိုးအခ ပေးခဲ့သည်ကို ငါဂရုမစိုက်။ သင်၏ အင်အားက မည်မျှကြီးမားသည်ဆိုခြင်းကို ငါဂရုမစိုက်သကဲ့သို့ သင်သည် နယ်ခံဗိုလ်ကျသူလော သို့တည်းမဟုတ် အလံကိုင်သော ခေါင်းဆောင်လော ဆိုသည်ကို ငါဂရုမစိုက်။ အကယ်၍ သင်၏ အင်အားများက ကြီးမားသည်ဆိုလျှင် ထိုအရာသည် စာတန့်ခွန်အား၏ အကူအညီကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်၏ ဂုဏ်ဒြပ်က မြင့်မားပါက ထိုအရာသည် သင်၏ဘေးပတ်လည်၌ သမ္မာတရား လက်တွေ့မလုပ်ဆောင်သောသူများ အင်မတန် များသောကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်သည် နှင်ထုတ်မခံရသေးပါက ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ယခုအချိန်သည် နှင်ထုတ်သော အလုပ်လုပ်ရမည့် အချိန်မဟုတ်၍ ဖြစ်သည်။ ထိုအစား ယခုအချိန်သည် ဖယ်ရှားရှင်းလင်းခြင်း အလုပ်လုပ်ရမည့် အချိန်ဖြစ်သည်။ သင့်ကို ယခုနှင်ထုတ်ဖို့ အလျင်မလိုသေးပေ။ သင် ဖယ်ရှားရှင်းလင်းခြင်းခံရပြီးသည့်နောက် သင့်ကို ငါအပြစ်ပေးမည့်နေ့ သက်သက်ကိုသာ ငါ စောင့်နေခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော မည်သူမဆို ဖယ်ရှားရှင်းလင်းခြင်းခြင်းခံရပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

အရှေ့သို့-  ၄။ ဘာသာရေးလောကသည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကသုတ်ကရက် ဆန့်ကျင်ကာ ရှုတ်ချကြသည်။ ယင်းသည် အန္တိခရစ်များ၏ စွဲမြဲခိုင်မာသော ခံတပ်ဖြစ်လာလျက် မကောင်းသော လုပ်ရပ်ကို တစ်ခုပြီးတစ်ခု ကျူးလွန်ပြီးဖြစ်သည်။ သို့သော် ဘုရားသခင်ကို ယုံကြည်နေသော်လည်း ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ဆန့်ကျင်ခြင်းအတွက် ဘာသာရေး လောက၏ ရလဒ်နှင့် အဆုံးသတ်သည့် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။

နောက်တစ်ခုသို့-  ၂။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ကြပြီးဖြစ်သည်၊ ၎င်းတို့သည် သမ္မာကျမ်းစာနှင့် ပတ်သက်၍ အလွန်နှံ့စပ်ပြီး ၎င်းတို့၏ ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ထက် သာလွန်ကြသည်၊ ထို့ကြောင့် သခင်၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတွင် ၎င်းတို့ကို ကျွန်ုပ်တို့ နားထောင်သင့်သည်။ သင်က သခင်ယေရှုသည် ပြန်ကြွလာပြီးဖြစ်ကာ ဘုရားသခင်၏ အိမ်တော်မှ အစပြုသည့် တရားစီရင်ခြင်း အမှုကို လုပ်ဆောင်နေသည်ဟု သက်သေခံသည်၊ သို့သော် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ အများစုက ဤအရာကို လက်မခံကြသကဲ့သို့ ယင်းကို ဆန့်ကျင်ကာ ရှုတ်ချသည်အထိပင် လုပ်ဆောင်ကြသည်။ ထိုသို့ဖြင့်၊ ကျွန်ုပ်တို့သည်လည်း ယင်းကို လက်မခံနိုင်ကြပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူတို့သည် ၎င်းတို့၏ ဘဝတစ်လျှောက်တွင် မွေးဖွားခြင်းဝေဒနာ၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့်...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger