၂။ တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေး လောကသည် ကောလာဟလများနှင့် အတွေးမှားများစွာကို လုပ်ကြံဖန်တီးရင်းနှင့် ဖြန့်ဝေရင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ၎င်းတို့၏ ရှုတ်ချခြင်းနှင့် ဆန့်ကျင်ခြင်းတွင် ကသုတ်ကရက်နိုင်လေသည်။ ဤကောလာဟလများနှင့် အတွေးမှားများကို ကျိုးကြောင်းမမြင်ဘဲ လက်ခံပြီး မှန်သော လမ်းခရီးကို ရှာဖွေဖို့နှင့် စုံစမ်းစစ်ဆေးဖို့ မည်သည့်အားထုတ်မှုမျှ မပြုသောသူတို့ကို ဘုရားသခင် မည်သို့ ဆက်ဆံလိမ့်မည်နည်း။ မည်သည့် အဆုံးသတ်မျိုး ၎င်းတို့ ရှိကြလိမ့်မည်နည်း။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏။” (ဟောရှေအနာဂတ္တိကျမ်း ၄:၆)
“မိုက်သောသူတို့က ဉာဏ်မရှိသောကြောင့် သေကြလိမ့် မည်။” (သုတ္တံကျမ်း ၁၀:၂၁)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
သမ္မာတရားကို ကြားသောအခါ ခေါင်းခါသောသူများ၊ သေခြင်းအကြောင်း ဆွေးနွေးမှုကို ကြားသည့်အခါ ပြုံးသောသူများသည် စာတန်၏သားသမီး အားလုံးဖြစ်ကာ ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရမည့် သူများဖြစ်သည်။ အသင်းတော်၌ရှိသော လူများစွာတို့သည် ထိုးထွင်းသိမြင်မှု မရှိကြပေ။ လူတို့သည် အထင်အမြင်မှားအောင်ပြုလုပ်ခံရသည့် ဖြစ်ရပ်များ ဖြစ်ပေါ်သောအခါ သူတို့သည် ဆန့်ကျင်ဘက်ဖြစ်လျက် စာတန်ဘက်က ရပ်တည်ကြသည်။ သူတို့သည် စာတန်၏အစေခံများဟု အခေါ်ခံ ရသောအခါ အလွန့်အလွန် မတရားခံရသည်ဟုပင် ခံစားရကြသည်။ ၎င်းတို့ ပိုင်းခြားသိမြင်မှုမရှိဟု လူတို့ ပြောကောင်း ပြောနိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား မဟုတ်သည့်ဘက်တွင် အမြဲရပ်တည်ကြသည်၊ အရေးကြီးသည့်အချိန်တွင် သမ္မာတရားဘက်၌ ၎င်းတို့ ဘယ်သောအခါမျှ မရပ်တည်ကြ၊ သမ္မာတရားအတွက် ဘယ်သောအခါမျှ ရပ်တည်ခြင်းမရှိသလို၊ ချေပပြောဆိုခြင်းလည်း မရှိကြချေ။ ၎င်းတို့သည် အမှန်တကယ်ပင် ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြပါသလော။ ၎င်းတို့သည် အဘယ်ကြောင့် ဆန့်ကျင်ဘက်ဖြစ်လျက် စာတန်၏ဘက်တွင် ရပ်တည်မိကြသနည်း။ သမ္မာတရားကို အားပေးသည့်အနေဖြင့် မျှတကာ အကျိုးသင့် အကြောင်းသင့်ရှိသော စကားတစ်လုံးပင် အဘယ်ကြောင့် မည်သည့်အခါမျှ မပြောကြသနည်း။ ၎င်းတို့၏တဒင်္ဂ စိတ်ရှုပ်ထွေးမှု၏ အကျိုးဆက်အနေဖြင့် ဤအခြေအနေ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပြီလော။ လူတို့သည် ပိုင်းခြားသိမြင်မှု နည်းလေလေ သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်နိုင်လေလေ ဖြစ်သည်။ ဤအရာက မည်သည်ကို ပြသနည်း။ ပိုင်းခြားသိမြင်မှု မရှိသောသူများသည် အပြစ်တရားကို ချစ်မြတ်နိုးကြောင်းကို ပြသည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ သစ္စာရှိသော သားသမီးများဖြစ်သည်ကို ပြသည်မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်ဘက်၌ အမြဲရပ်တည်နိုင်ပြီး စာတန်နှင့် စိတ်တူကိုယ်တူ ရှိကြသနည်း။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်း၊ ပြီးလျှင် ၎င်းတို့၏ မျက်နှာအမူအရာများ အားလုံးသည် ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမျိုးထဲက မဟုတ်ဘဲ ယင်းထက် သမ္မာတရားကို ရွံရှာမုန်းတီးသော လူများဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ စာတန်ဘက်တွင် ၎င်းတို့ ရပ်တည်နိုင်ခြင်းက၊ စာတန်အတွက် တိုက်ခိုက်ပေးရင်း မိမိတို့၏ ဘဝများကုန်ဆုံးသည့် ထိုသေးနုပ်သော နတ်ဆိုးများကို စာတန်က အမှန်တကယ် ချစ်မြတ်နိုးသည်ကို သက်သေပြရန် လုံလောက်ပေသည်။ ဤအချက်များ အားလုံးက အလွန်ပင် ရှင်းလင်းလှသည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်
လူအချို့သည် ဘုရားသခင် နှင့်ပတ်သက်သည့် ကောလာဟလများ သို့မဟုတ် မဟုတ်မမှန် ပြောသောစကားကို ကြားသည့်အခါ ၎င်းတို့ ပြုလုပ်တတ်သည့် ပထမဆုံးတုံ့ပြန်ချက်မှာ အဘယ်နည်း။ သူတို့၏ ပထမဆုံး တုံ့ပြန်ချက်မှာ ဤကောလာဟလများ မှန်မမှန်နှင့် ဤကောလာဟလများ တကယ်ရှိမရှိကို စဉ်းစားရန်နှင့် စောင့်ကြည့်တတ်သည့် စိတ်ထားကို ခံယူရန်ပင် ဖြစ်သည်။ ထို့နောက် သူတို့သည် “ဤအရာကို မှန်ကန်ကြောင်း အတည်ပြုရန် စစ်ဆေးမည့် နည်းလမ်းမရှိပေ။ ၎င်းမှာ အမှန်တကယ် ဖြစ်ပျက်သလော။ ဤ ကောလာဟလက မှန်သလော သို့မဟုတ် မမှန်သလော” ဟူ၍ စတင် စဉ်းစားကြသည်။ ဤကဲ့သို့သော လူတို့သည် အပေါ်ယံတွင် ဤသို့ မဖော်ပြသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးထဲက စတင်သံသယရှိထားပြီဖြစ်ပြီး ဘုရားသခင်ကို စတင်၍ ငြင်းပယ်ထားပြီး ဖြစ်သည်။ ဤကဲ့သို့သော သဘောထားနှင့် ဤကဲ့သို့သော ရှုထောင့်၏ အနှစ်သာရမှာ အဘယ်နည်း။ ၎င်းမှာ သစ္စာဖောက်ခြင်းပင် မဟုတ်လော။ ဤအကြောင်းအရာကို ၎င်းတို့ မရင်ဆိုင်ရမချင်း ဤလူတို့၏ ရှုထောင့်များမှာ အဘယ်အရာဖြစ်ကြောင်းကို သင်မမြင်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်နှင့် ကွဲပြားဆန့်ကျင်မှု မရှိသကဲ့သို့၊ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်ကို ရန်သူတစ်ဦးအဖြစ် မှတ်ယူခြင်း မရှိသကဲ့သို့ ထင်ရသည်။ သို့သော်လည်း ၎င်းတို့သည် ပြဿနာတစ်ခုကို ရင်ဆိုင်ရလျှင်ရချင်း စာတန်ဘက်၌ ချက်ချင်း ရပ်တည်ကာ ဘုရားသခင်ကို ပုန်ကန်ကြလေသည်။ ဤအရာက မည်သည့်အရာကို ညွှန်ပြသနည်း။ ၎င်းမှာ လူနှင့် ဘုရားသခင်သည် ဆန့်ကျင်ဘက် ဖြစ်ကြောင်းကို ညွှန်ပြပေသည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ရန်သူအဖြစ် မှတ်ယူသည် မဟုတ်သော်လည်း၊ လူ၏အနှစ်သာရ ကိုယ်၌က ဘုရားသခင်အပေါ် ရန်လိုခြင်းပင် ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်နောက်သို့ မည်မျှကြာကြာ လိုက်ခဲ့ပြီးပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှကြီးမားစွာ ပေးဆပ်ခဲ့ပြီးပါစေ၊ ထို့ပြင် သူတို့က ဘုရားသခင်ကို မည်သို့ပင် ချီးမွမ်းပါစေ၊ သူတို့က ဘုရားသခင်ကို အတိုက်အခံမပြုမိရန် မိမိကိုယ်ကိုယ် မည်သို့ရှောင်ပါစေ၊ သူတို့က ဘုရားသခင်ကို ချစ်ရန် မိမိကိုယ်ကိုယ် မည်သို့ပင် အစွမ်းကုန်နှိုးဆော်ပါစေ၊ သူတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သည့်အခါမျှ ဆက်ဆံနိုင်ခြင်း မရှိပေ။ ဤအရာကို လူတို့၏ အနှစ်သာရအားဖြင့် အဆုံးအဖြတ်ပေးသည် မဟုတ်လော။ အကယ်၍ သင်သည် သူ့ကို ဘုရားသခင်အဖြစ် သဘောထားပြီး သူ့ကို ဘုရားသခင်ဖြစ်သည်ဟု စစ်မှန်စွာ ယုံကြည်ပါက၊ သင်၌ သူ့အပေါ် သံသယတစ်စုံတစ်ရာ ရှိနိုင်သေးသလော။ သင်၏စိတ်နှလုံးက သူနှင့်ပတ်သက်၍ ယုံမှားသံသယဖြစ်ခြင်း တစ်စုံတစ်ရာ ကိန်းအောင်းစေနိုင်ဦးမည်လော။ နောက်ထပ်မရှိနိုင်သည် မဟုတ်လော။ ဤလောက၏ ဦးတည်ရာများမှာ အလွန်ဆိုးယုတ်ပြီး ဤလူသားမျိုးသည်လည်း အလွန်ဆိုးယုတ်သည်ဆိုလျှင်၊ သင်၌ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အယူအဆမျှ မရှိသည်မှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သင်ကိုယ်တိုင်ပင်လျှင် အလွန်ကောက်ကျစ်သည်ဆိုလျှင်၊ သင်၌ ၎င်းနှင့်ပတ်သက်၍ အယူအဆတစ်ခုမျှ မရှိသည်မှာ အဘယ်သို့နည်း။ သို့သော်လည်း ကောလာဟလ အနည်းငယ်နှင့် မဟုတ်မမှန် စကားအချို့က ဘုရားသခင်နှင့်ပတ်သက်၍ ထိုမျှကြီးမားသော အယူအဆများကို ဖြစ်ပေါ်စေနိုင်ပြီး သင်၏ စိတ်ကူးစိတ်သန်း၌ များစွာသောအရာတို့ကို ပေါ်လာစေနိုင်သည်၊ ၎င်းက သင်၏ ဝိညာဉ်ရင့်ကျက်မှု အဘယ်မျှ ရင့်ကျက်မှုမရှိကြောင်းကို ပြသသည်တကား။ ခြင်အနည်းငယ်နှင့် ရွံစရာကောင်းသော ယင်ကောင်အနည်းငယ် “တဝီဝီ” မြည်သံအလား သင့်ကို အထင်အမြင်မှားစေရန် ဤမျှသာ လိုအပ်သလော။ ဤသည်မှာ မည်ကဲ့သို့သော လူအမျိုးအစားနည်း။ ဤကဲ့သို့သော လူတို့ကို ဘုရားသခင်သည် မည်ကဲ့သို့ယူဆကြောင်း သင်သိသလော။ ဘုရားသခင်သည် ဤလူများကို ဆက်ဆံပုံနှင့်စပ်လျဉ်း၍ သူ၏သဘောထားမှာ အမှန်အားဖြင့် အလွန် ရှင်းလင်းပါသည်။ ဤလူတို့အား ဘုရားသခင်၏ ဆက်ဆံမှုမှာ ၎င်းတို့အား တမင်အဖက်မလုပ်ခြင်းသာ ဖြစ်ကာ၊ သူ၏ သဘောထားမှာ ၎င်းတို့အား မည်သည့်အာရုံစိုက်မှုမျှ မပြုခြင်းနှင့် ပညာမဲ့သော ဤလူတို့အား အလေးအနက် မထားခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့် ဖြစ်သနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်နှလုံးထဲတွင် သူ့အပေါ် အဆုံးအထိပင် ရန်လိုဖို့ ကတိပြုခဲ့ပြီး သူနှင့် သဟဇာတကျမည့် လမ်းခရီးကို ရှာဖွေရန်အတွက် မည်သည့်အခါမျှ မရည်ရွယ်ထားသော ထိုလူများကိုရယူရန် ဘုရားသခင်သည် လုံးဝ မကြံစည်ခဲ့သောကြောင့် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ
စာတန်နှင့်သက်ဆိုင်သော သူများသည် စာတန်ထံ ပြန်သွားကြ ရမည်ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သော လူများကမူ သမ္မာတရားကို ဧကန်အမှန်ပင် ရှာဖို့ကြိုးစား ကြလိမ့်မည်။ ဤအရာကို သူတို့၏သဘာဝဗီဇများအရ သတ်မှတ်ပိုင်းခြားထားခြင်း ဖြစ်သည်။ စာတန်နောက်ကို လိုက်သောသူမှန်သမျှ ပျက်စီးပါလေစေ။ ထိုကဲ့သို့သော လူများကို မည်သည့်သနားခြင်းမျှ ပြသမည် မဟုတ်ပေ။ သမ္မာတရားကိုရှာသော သူများအား ထောက်ပံ့မှုများ ရရှိစေလော့၊ ပြီးလျှင်သူတို့၏စိတ်နှလုံးများ တင်းတိမ်ရောင့်ရဲသည်အထိ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် နှစ်သက် ပျော်မွေ့ကြပါစေ။ ဘုရားသခင်သည် ဖြောင့်မတ်၏။ သူသည် မည်သူကိုမျှ မျက်နှာမလိုက်။ အကယ်၍ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်ပါက သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ရန် သင် မတတ်စွမ်းနိုင်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေသော သူတစ်ယောက်ဆိုပါက၊ စာတန်၏ ဖမ်းချုပ်ထားခြင်းကို ဧကန်အမှန် သင်ခံရမည် မဟုတ်ပေ။ ဤသည်ကား ယုံမှားဖွယ်ရာ လုံးဝမရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်
ပိုင်းခြားသိမြင်မှုမရှိသောသူများ၏ သေးနုပ်သည့် လှည့်စားမှုများသည် ဆိုးယုတ်သူများ၏ လက်၌ ၎င်းတို့ပျက်စီးခြင်းဆီသို့ ဆိုက်ရောက်စေလိမ့်မည်၊ သူတို့သည် မကောင်းသောလူများအားဖြင့် အဝေးသို့ သွေးဆောင် ခံရလိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ ပြန်လာနိုင်မည် မဟုတ်ချေ။ ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့်၊ သမ္မာတရားဘက်က ရပ်တည်နိုင်စွမ်း မရှိသောကြောင့်၊ မကောင်းသောလူများနောက် လိုက်လျှောက်ပြီး၊ မကောင်းသည့်လူများဘက်က ရပ်တည်သောကြောင့်၊ မကောင်းသောလူများနှင့် ပူးပေါင်းကြံစည်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သောကြောင့် ထိုသို့သော ဆက်ဆံခြင်းသည် ၎င်းတို့ ထိုက်တန်သောအရာ ဖြစ်သည်။ ထိုမကောင်းသောလူများ ရောင်ပြန်ဟပ်သည့်အရာသည် မကောင်းမှုဖြစ်သည်ကို သူတို့သည် ကောင်းစွာ သိသော်လည်း၊ သူတို့နောက် လိုက်ဖို့ မိမိတို့၏နှလုံးသားများကို မာကျောစေကြပြီး သမ္မာတရားကို ကျောခိုင်း ကြလေသည်။ သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ဘဲ ဖျက်ဆီးတတ်ပြီး စက်ဆုပ်ဖွယ်အရာများကိုလုပ်သော ဤသူများအားလုံးသည် မကောင်းမှု ကျူးလွန်နေကြသည် မဟုတ်လော။ ထိုလူများအကြား၌ မိမိတို့ကိုယ်မိမိ ဘုရင်များအဖြစ် ပုံဖမ်းကြသော သူများနှင့် ၎င်းတို့နောက်သို့ တကောက်ကောက်လိုက်သော အခြားသူများ ရှိကြသော်လည်း၊ ထိုသူတို့၏ ဘုရားသခင်ကို အတိုက်အခံလုပ်သော သဘာဝသည် အတူတူပင် မဟုတ်လော။ ဘုရားသခင်သည် သူတို့ကို မကယ်တင်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ ဘုရားသခင်က မဖြောင့်မတ်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ သူတို့ကို ဖျက်ဆီးနေသည်မှာ သူတို့ကိုယ်တိုင်၏ မကောင်းမှုပင် မဟုတ်လော။ သူတို့ကို ငရဲဆီ ဆွဲခေါ်နေသည်မှာ သူတို့ကိုယ်တိုင်၏ ပုန်ကန်မှုပင် မဟုတ်လော။ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် ကယ်တင်ခံရမည်ဖြစ်ပြီး စုံလင်အောင် ပြုခြင်း ခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် မိမိတို့ကိုယ်ကိုယ် ပျက်စီးစေကြလိမ့်မည်။ ဤသည်တို့မှာ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများနှင့် လက်တွေ့ မလုပ်ဆောင်သောသူတို့ကို စောင့်နေသော အဆုံးသတ်များပင် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်
ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေပေါ်တွင် အဓိပ္ပာယ်မရှိဆုံးသော လူများဖြစ်ပြီး၊ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသောသူတို့သည် စိတ်ကူးယဉ်အိပ်မက်ထဲတွင် ပျောက်ဆုံးကြပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်ပြီး၊ သူ့ကို ရှောင်ကွင်းသွားနိုင်သူ မည်သူမျှမရှိပေ။ ခရစ်တော်အားဖြင့် မဟုတ်လျှင် မည်သူမျှ ဘုရား၏စုံလင်စေခြင်းကို မခံရနိုင်။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်ကို ကျိုးနွံနာခံရမည်ဖြစ်သည်။ သမ္မာတရားနှင့် အသက်၏ ထောက်ပံ့မှုကို လက်မခံနိုင်ဘဲလျက် ကောင်းချီးမင်္ဂလာများ ရရှိရန်ကိုသာ မစဉ်းစားနှင့်။ ခရစ်တော်သည် ကိုယ်တော့်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်ကြသူ အပေါင်းတို့အား အသက်ကို ပေးသနားနိုင်ရန်အလို့ငှာ နောက်ဆုံးသောကာလတွင် ကြွလာခြင်း ဖြစ်သည်။ ဤအမှုသည် ခေတ်အဟောင်းကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းအတွက် တည်ရှိခြင်း ဖြစ်ပြီး၊ ဤအမှုသည် ခေတ်အသစ်ထဲသို့ ဝင်ရောက်မည့်သူအားလုံး လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သင်သည် ခရစ်တော်ကို အသိအမှတ်မပြုသည့်အပြင် သူ့ကို ပြစ်တင်ရှုတ်ချကာ ပြစ်မှားစော်ကားပါက သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ပါကသင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤခရစ်တော်ကိုယ်တော်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေး စေခိုင်းထားသူ ဖြစ်၍ဖြစ်သောကြောင့် နောက်ဆုံးသောကာလ ခရစ်တော် လုပ်ဆောင်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသည်ဟု ငါပြောရပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသူတို့အတွက် ထိုက်တန်သည့် ပြစ်ဒဏ်ခတ်ခြင်းမှာ အားလုံးအဖို့ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ ဤအရာကိုလည်း ငါပြောမည်။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပါက၊ နောက်ဆုံးသော ကာလ ခရစ်တော်ကို သင် ငြင်းပယ်ပါက ဤအရာအတွက် သင်၏ ကိုယ်စား အကျိုးဆက်များကို ခံစားပေးနိုင်မည့်သူ တစ်ဦးမျှရှိလိမ့်မည်မဟုတ်။ ထို့အပြင် ထိုအချိန်မှစ၍ သင်သည် ဘုရားသခင်၏ လက်ခံမှုကိုရရှိရန် နောက်ထပ်အခွင့်အရေး ရှိမည် မဟုတ်ပေ။ သင်သည် မိမိကိုယ်ကိုယ် ရွေးနုတ်ရန် ကြိုးစားလိုလျှင်ပင်၊ ဘုရားသခင်၏မျက်နှာကို တစ်ဖန် မြင်နိုင်လိမ့်မည် မဟုတ်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင် အတိုက်အခံလုပ်နေသည်မှာ လူသားတစ်ဦးမဟုတ်၊ သင် ပစ်ပယ်နေသည်မှာ အရေးမပါသော လူသားတစ်ဦး မဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာ၏ အကျိုးဆက်များသည် မည်သည်တို့ ဖြစ်သည်ကို သင်သိပါသလော။ သင်သည် သေးငယ်သည့် အမှားတစ်ခု ပြုနေသည်သာ မဟုတ်ဘဲ အလွန်စက်ဆုပ်ရွံရှာ ဖွယ်ကောင်းသော အပြစ်တစ်ရပ် ကျူးလွန်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားသည်သာ သင့်ကို အသက် ဆောင်ကြဉ်းပေးနိုင်ပြီး၊ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည်မွေးဖွားရန်နှင့် ဘုရားသခင်၏မျက်နှာကို တစ်ဖန် ရှုမြင်ရန် ထောက်ကူမပေးနိုင်သည့်အတွက် သမ္မာတရားရှေ့မှောက်တွင် ခြိမ်းခြောက်မှုမပြုရန် သို့မဟုတ် ထင်ရာမြင်ရာ ဝေဖန်သုံးသပ်ချက်များ မပြုရန် လူတိုင်းကို ငါအကြံပြုသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်