၁၅၀ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်နှလုံးသားကို ပိုင်ဆိုင်၏

ဘယ်သူ့စကားများက အချိုမြိန်ဆုံးဖြစ်ပြီး

ကျွန်ုပ်ဝိညာဉ်အတွက် အဟာရဖြစ်စေခဲ့သလဲ။

ဘယ်သူ့အချစ်က အလှပဆုံးဖြစ်ပြီး

ကျွန်ုပ်နှလုံးသားကို ဖမ်းဆုပ်ခဲ့သလဲ။

ဘယ်သူ့အမှုက အဆန်းကြယ်ဆုံးဖြစ်ပြီး

လူတို့ဒုစရိုက်များကို သန့်စင်စေခဲ့သလဲ။

ဘယ်သူက ကယ်တင်ခြင်းပေးပြီး၊

ဘုရား၏ ပလ္လင်တော်သို့ ကျွန်ုပ်ကို ခေါ်ဆောင်လဲ။

လူတို့ကိုကယ်တင်ဖို့ ဘယ်သူက သမ္မာတရားကိုဖော်ပြသလဲ။

အလင်းကိုပြန်မြင်အောင် တို့ကိုလုပ်ပေးခဲ့တာ ဘယ်သူလဲ။

ဘယ်သူဟာ ချစ်ဖွယ် အကောင်းဆုံးလဲ။

ကျွန်ုပ်အမြဲတွေးနေတာ ဘယ်သူ့အကြောင်းလဲ။

ချစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၊

ဘုရားဟာကျွန်ုပ်နှလုံးသားထဲမှာပါ။

ချစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၊

ကျွန်ုပ်နှလုံးသားကို ဘုရားပိုင်ပါတယ်။


ဘုရား၊ လူတို့ကို စီမံခန့်ခွဲနေတာ နှစ်ခြောက်ထောင်ရှိပါပြီ

လူတို့ကိုရရှိဖို့ လူဇာတိခံတယ်။

ကောင်းကင်ဘုံကနေ လူအားလုံးကို ကြည့်လျက်

လူတို့ရဲ့ကြီးမားသောဒုစရိုက်များကို မြင်ကာ သက်ပြင်းချသည်။

လူတို့ကြားမှာ သွားလာဆက်ဆံပြီး

ဘုရားဟာ လောကဒဏ်ကို တွေ့ကြုံခံစားနေတယ်။

ကိုယ်တော်သည်စကားပြောပြီး၊

အလုပ်လုပ်ကာ ကိုယ်တော်နှလုံးသားရှိသွေးတော်ဖြင့်

ကိုယ်တော်ကို အမှန်ချစ်သော သူတို့အားလုံး စုံလင်စေသည်

ချစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၊

ဘုရားဟာကျွန်ုပ်နှလုံးသားထဲမှာပါ။

ချစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၊

ကျွန်ုပ်နှလုံးသားကို ဘုရားပိုင်ပါတယ်။


ဘုရားကိုယုံကြည်ခြင်းကနေ လူ တို့ဘာရသင့်သလဲ။

ဘုရားအကြောင်းသိပြီး သမ္မာတရားကို သူတို့ရသင့်တယ်။

ခံစားရကျိုးအနပ်ဆုံး ဆင်းရဲဒုက္ခဟာ ဘာလဲ။

လူတို့စိတ်သဘောထားကို ပြောင်းစေတဲ့ ဒုက္ခမျိုးပါ။

ဘယ်လမ်းကြောင်းဟာ အောင်မြင်မှုကိုရစေသလဲ။

ဘုရားကိုချစ်တဲ့ ပေတရုရဲ့ ချစ်ခြင်းလမ်းကြောင်းပါ။

ဘုရားကိုအချစ်စစ်နဲ့ချစ်တယ်ဆိုတာ ဟာ ဘာလဲ။

နှလုံးသားထဲကနေ အရေးပေးတာပါ။

ဘုရားဟာ လူတို့ကိုပြောင်းလဲပြီး ရယူနိုင်ဖို့ မျှော်လင့်တယ်။

ကျွန်ုပ် သူ့ကိုကျေနပ်စေဖို့၊

သူ့နှလုံးသားကိုဖြေသိမ့်ဖို့ ကြိုးစားမယ်။

ချစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၊

ဘုရားဟာကျွန်ုပ်နှလုံးသားထဲမှာပါ။

ချစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၊

ကျွန်ုပ်နှလုံးသားကို ဘုရားပိုင်ပါတယ်။

ကျွန်ုပ်နှလုံးသားကို ဘုရားပိုင်ပါတယ်။

အရှေ့သို့-  ၁၄၉ ကျွန်ုပ်ရှေ့တွင် ကိုယ်တော် ပေါ်ထွန်းစဉ် ကိုယ်တော်၏ ပြုံးရွှင်သော မျက်နှာကို ကျွန်ုပ်ကြိုဆိုမည်

နောက်တစ်ခုသို့-  ၁၅၁ ဇိအုန်တောင်တွင် စုဝေးခြင်း

သက်ဆိုင်သည့် အကြောင်းအရာ

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger