၅၁။ ကျွန်မတို့ထံ ကျရောက်လာသည့် ဆင်းရဲဒုက္ခသည် ဘုရားသခင်၏ မေတ္တာလည်း ဖြစ်ပါသည်

ကျိုးဟွေ၊ တရုတ်ပြည်

ကျွန်မ အသက်ဆယ့်ခုနစ်နှစ်မှာ အဖေက နေမကောင်းဖြစ်ပြီး ဆုံးသွားတယ်၊ သိပ်မကြာခင်မှာပဲ အမေ မျက်စိကွယ်သွားတယ်။ အမေ့ကို ပြုစုစောင့်ရှောက်ဖို့အတွက် ကျွန်မ အိမ်ထောင်ပြုပြီး မိသားစုတစ်ခု တည်ထောင်ခဲ့ရတယ်။ အိမ်ထောင်ကျပြီးတော့ ယောက်ျားဘက်က မိသားစုက မပြေလည်ဘူးဆိုတာ ကျွန်မ သိလိုက်ရတယ်။ ယောက်ျားက သူ့မှာ အကြွေးတွေ အများကြီးရှိနေတာကို ကျွန်မကို ဖုံးထားခဲ့တာ၊ ပြီးတော့ လူတွေက အိမ်ကို ခဏခဏလာပြီး အကြွေးတောင်းကြတယ်။ အဲဒါကြောင့် ကျွန်မ ခဏခဏ သက်ပြင်းချပြီး ငိုခဲ့ရတယ်။ နာကျင်မှုတွေ၊ အကူအညီမဲ့မှုတွေ အများကြီးနဲ့ ပြည့်နှက်နေခဲ့တာပေါ့။ သိပ်မကြာခင်မှာပဲ ဆွေမျိုးတစ်ယောက်က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်မကို ဟောပြောခဲ့တယ်။ ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး လူတွေကို ကယ်တင်တဲ့အမှုကို ဆောင်ရွက်နေတယ်ဆိုတာ ကျွန်မ မြင်တွေ့ခဲ့ရတယ်။ ဒါဟာ အသက်ကယ်ကြိုးတစ်ချောင်းကို ကျွန်မ ဆွဲကိုင်ထားနိုင်ခဲ့သလိုပဲ၊ ဘုရားသခင်ကို ကျွန်မ မျှော်ကြည့်ပြီး မိသားစုရဲ့ အခက်အခဲတွေ အားလုံးကို သူ့ဆီ အပ်နှံခဲ့တယ်။ တဖြည်းဖြည်းနဲ့ အိမ်က အခြေအနေလေး နည်းနည်း ပိုကောင်းလာတော့၊ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို တိတ်တိတ်လေး ကျေးဇူးတင်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မယောက်ျား နေမကောင်းဖြစ်ပြီး ဆုံးသွားတယ်။ ရှိသမျှ စုဆောင်းထားတာတွေ အကုန်ကုန်သွားပြီး သူငယ်ချင်းတွေ၊ ဆွေမျိုးတွေကလည်း ဘယ်သူမှ မကူညီခဲ့ကြဘူး။ လူတွေက အားကိုးလို့မရဘူးဆိုတာ ကျွန်မ သိလာတယ်။ ဘဝမှာ အခက်အခဲတွေ ကြုံရတဲ့အခါ ဘုရားသခင်ကို ဆုတောင်းပြီး ကိုးစားခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ကောင်းချီးတချို့ကို မြင်တွေ့ခဲ့ရတယ်။ ကျွန်မကလေးက ငယ်ငယ်က အားနည်းပြီး ခဏခဏ နေမကောင်းဖြစ်တတ်ပေမဲ့ ယောက်ျားဆုံးပြီးတဲ့နောက်မှာတော့ ခဏခဏ နေမကောင်းဖြစ်တာမျိုး မရှိတော့ဘူး။ ကျွန်မရဲ့ အာရုံကြောအားနည်းတဲ့ ရောဂါကလည်း တဖြည်းဖြည်း သက်သာလာတယ်။ အရင်က အရာရှိတွေကို လက်ဆောင်ဝယ်ပေးဖို့ ပိုက်ဆံမရှိလို့ မရခဲ့တဲ့ အနိမ့်ဆုံး နေထိုင်မှုစရိတ် ထောက်ပံ့ကြေးကိုလည်း ရလာတယ်။ ဘုရားသခင်ရဲ့ သနားကရုဏာနဲ့ ကာကွယ်စောင့်ရှောက်မှုကို မြင်ရတော့ သူ့ကို အရမ်းကျေးဇူးတင်မိတယ်၊ ပြီးတော့ ဘုရားသခင်ကသာ ကျွန်မတို့ အားကိုးနိုင်တဲ့ တစ်ပါးတည်းသော အရှင်ဖြစ်တယ်ဆိုတာ ပိုပြီးတော့တောင် သေချာသွားတယ်။ ဒါကြောင့် ကျွန်မရဲ့ လိုက်စားမှုမှာ ပိုပြီး စိတ်အားထက်သန်လာတယ်။ ကိုယ့်တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်နေသရွေ့ ဘုရားသခင်က ကျွန်မတို့ကို အမြဲတမ်း ကာကွယ်ပေးမှာဖြစ်ပြီး မိသားစုအတွက် ဘေးအန္တရာယ် ဒါမှမဟုတ် ကံဆိုးမှုတွေမရှိဘဲ အရာအားလုံး အဆင်ပြေချောမွေ့လိမ့်မယ်လို့ ကျွန်မ ထင်ခဲ့တာပေါ့။ အဲဒီအချိန်တုန်းက အသင်းတော်က စီစဉ်ပေးတဲ့ တာဝန်တိုင်းမှာ ကျွန်မ အစွမ်းကုန် ကြိုးစားခဲ့တယ်၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ သယ်ယူပို့ဆောင်ရတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရမယ်ဆိုရင်တောင် ကျွန်မ မငြင်းခဲ့ဘူး။ ကျွန်မသမီးကို ဘုရားသခင်ရဲ့ အံ့သြဖွယ်ကောင်းတဲ့ လုပ်ရပ်တွေနဲ့ ကျေးဇူးတော်အကြောင်း ခဏခဏ ပြောပြတတ်တယ်၊ အားတဲ့အခါတိုင်းလည်း သူ့ကို ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြခဲ့တယ်။ နောက်ပိုင်းမှာ သမီးက ကျောင်းထွက်ပြီး သူ့တာဝန်မှာ သူ့ကိုယ်သူ ဆက်ကပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ တစ်နေ့မှာ သမီးက တာဝန်ထမ်းဆောင်နေတဲ့ တခြားနေရာကနေ ရုတ်တရက် ပြန်ရောက်လာတယ်၊ ရင်ဘတ်ထဲက သိပ်မကောင်းလို့ အိမ်မှာ ရက်နည်းနည်းလောက် နားဖို့ လိုတယ်လို့ ပြောတယ်။ အစတုန်းကတော့ ဒီအပေါ်မှာ ကျွန်မ ဘာမှသိပ်မတွေးမိဘူး။ တွေးမိတာက၊ “သူက အမြဲတမ်း အားနည်းတတ်တယ်၊ တစ်ခါတလေ နည်းနည်း ပင်ပန်းတဲ့အခါ ရင်တုန်တတ်တယ်။ နားဖို့ပဲလိုတာ၊ ပြီးရင် ကောင်းသွားမှာပါ” ပေါ့။ ရက်နည်းနည်း ကြာတော့ သမီးရဲ့ ကျန်းမာရေး နည်းနည်း ကောင်းလာပြီး တာဝန်ထမ်းဆောင်ဖို့ ထွက်သွားတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာ ပြန်ရောက်လာပြန်တယ်။ သူပြောတာက တစ်ခါတလေ တာဝန်ထမ်းဆောင်ဖို့ အပြင်သွားရင်း ဧည့်ခံတဲ့နေအိမ်ကို ရောက်ရောက်ချင်း အသက်ရှူလို့မဝဘဲ တစ်ကိုယ်လုံး တုန်ယင်လာတယ်တဲ့။ သူ့ကို ဆေးစစ်ဖို့ ဆေးရုံကို ခေါ်သွားတော့၊ ဆရာဝန်က သူ့မှာ မွေးရာပါ နှလုံးရောဂါရှိတယ်၊ ဒီအခြေအနေအတွက် အထူးဆေးဝါး မရှိဘူး၊ ဂရုတစိုက်နေပြီးတော့ပဲ ထိန်းသိမ်းလို့ရမယ်လို့ ပြောတယ်။ ခဏခဏ ရောဂါမဖောက်ဘူးဆိုရင် အခြေအနေက နည်းနည်းတည်ငြိမ်နေမယ်၊ ဒါပေမဲ့ ဆက်တိုက် ရောဂါဖောက်နေရင် သူ့ခန္ဓာကိုယ်က အလွယ်တကူ ယိုယွင်းသွားနိုင်ပြီး အရမ်းဆိုးလာရင် ခွဲစိတ်ရလိမ့်မယ်လို့လည်း ဆရာဝန်က ပြောတယ်။ သမီးရဲ့ အခြေအနေက ဘယ်လောက် ဆိုးရွားနေလဲဆိုတာကို ကြားလိုက်ရတော့ ကျွန်မ ရင်ပူသွားပြီး တကယ်ကို စိတ်မကောင်းဖြစ်သွားတယ်၊ “ငါ့ကလေးရဲ့ အခြေအနေက ဘယ်လိုလုပ် ဒီလောက်ထိ ဆိုးရွားနေရတာလဲ။ ဘာလို့ ဘုရားသခင်က သူ့ကို မကာကွယ်ပေးတာလဲ။ သူက အသက်နှစ်ဆယ်ကျော်ပဲ ရှိသေးတာလေ။ ဆက်ပြီး နေမကောင်းဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ သူ့ခန္ဓာကိုယ်က ပျက်စီးသွားတော့မှာ မဟုတ်ဘူးလား” ပေါ့။ ကျွန်မ အမြဲတမ်း စိတ်ပူပန်နေခဲ့တယ်၊ သမီးရဲ့ အခြေအနေက ပိုပိုဆိုးလာမှာကို ကြောက်နေခဲ့တာ။ ဘုရားသခင်ဆီ ခဏခဏ ဆုတောင်းပြီး သမီးရဲ့ ရောဂါကို သူ့ဆီ အပ်နှံခဲ့တယ်။ ဘုရားသခင်က အနန္တတန်ခိုးရှိတယ်ဆိုတော့၊ ကျွန်မတို့က သူ့ကို ယုံကြည်ခြင်းရှိပြီး ဒီအခြေအနေမှာ သင်ခန်းစာတွေ ယူနေသရွေ့ သူ့ရောဂါက သက်သာလာမှာပဲလို့ ထင်ခဲ့တာလေ။ တစ်ခါက သမီးနဲ့ ကျွန်မ စုဝေးပွဲတစ်ခုကို သွားတော့၊ ဧည့်ခံတဲ့နေအိမ်ကို ရောက်ရောက်ချင်းပဲ သူ့ရောဂါ ဖောက်လာတယ်။ သူ့တစ်ကိုယ်လုံး တုန်ယင်နေပြီး အသက်ရှူပြင်းလာတယ်၊ မျက်နှာကလည်း ရဲတက်လာတာပဲ။ အသက်ရှူလို့ မရတော့ဘဲ သေတော့မယ့်ပုံစံမျိုးပဲ။ သမီးကို ဒီလိုမြင်ရတော့ ကျွန်မ ရင်ကွဲမတတ် ခံစားရတယ်၊ ပြီးတော့ စိတ်နှလုံးထဲကနေ ညည်းညူမှုတွေ ပွင့်အန်ကျလာတာပေါ့၊ “ငါ့သမီးက အချိန်ပြည့် တာဝန်ထမ်းဆောင်ဖို့ ကျောင်းတောင် ထွက်ခဲ့တာ၊ ဘယ်လိုလုပ် ဒီလောက် ဆိုးရွားတဲ့ ရောဂါမျိုး ရသွားရတာလဲ။ ငါ့သမီးက သူ့တစ်သက်လုံး ဒီရောဂါရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံရတော့မှာလား။ ဒီလိုမျိုး ဆက်တိုက် ဖောက်နေပြီး အသက်မရှင်နိုင်တော့ရင် ဘယ်လိုလုပ်မလဲ။ ငါ့သမီးသာ ငါ့ကို ထားသွားခဲ့ရင်၊ ငါ တစ်ယောက်တည်း ဘယ်လို အသက်ရှင်နိုင်မှာလဲ။ ဘုရားသခင်က လူတွေကို ချစ်ပြီး သနားကရုဏာထားတယ်ဆိုပြီးတော့ ဘာလို့ ငါတို့ကို မကာကွယ်ပေးတာလဲ” ပေါ့။ ဒီအတွေးတွေကြောင့် ကျွန်မ ရင်ထဲမှာ မွန်းကျပ်ပြီး နာကျင်ရတယ်၊ တစ်ခါတလေ ညဘက်ဆို တိတ်တိတ်လေး ငိုခဲ့ရတယ်။ အပျက်သဘောဆောင်ခြင်းတွေ၊ ညည်းညူခြင်းတွေထဲမှာ နစ်မွန်းနေပြီး ကိုယ့်တာဝန်မှာ စိတ်မနှစ်မိတော့ဘူး၊ အလုပ်တော်တော်များများကို ကျွန်မရဲ့ တွဲဖက်ဆီကိုပဲ ပုံပေးထားလိုက်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်တဲ့အခါ စာကို အပေါ်ယံလောက်ပဲ ဖတ်တော့တယ်၊ ဆုတောင်းတဲ့အခါမှာလည်း ဝတ်ကျေတမ်းကျေပဲ လုပ်နေခဲ့တယ်၊ ဘုရားသခင်နဲ့ ကျွန်မရဲ့ ဆက်ဆံရေးကလည်း ဝေးကွာလာတယ်။ သမီးက ကျွန်မ ဒီလိုဖြစ်နေတာကို မြင်တော့ ပြောတယ်၊ “အမေ၊ ဒီရောဂါက သမီး ကြုံတွေ့ရမယ့် အရာတစ်ခုပါ။ အမေ အပျက်သဘောဆောင်ပြီး ညည်းညူနေတာတွေ၊ အမေ့ရဲ့ စိတ်နှလုံးနဲ့ ဘုရားသခင်ကြားမှာ အတားအဆီးတစ်ခု တည်ဆောက်ထားတာတွေကို သမီး မြင်နေရတယ်။ ဒါကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို အမေ ရှာဖွေရမယ်နော်” တဲ့။ ကျွန်မလည်း ကိုယ့်အခြေအနေ မှားနေမှန်း သဘောပေါက်လို့၊ ဘုရားသခင်ဆီ ဆုတောင်းပြီး ကျွန်မရဲ့ ခံစားချက်တွေကို ဖွင့်ပြောပြခဲ့တယ်၊ “ဘုရားသခင်၊ အခု သမီး အရမ်းကို ဆင်းရဲဒုက္ခ ရောက်နေပါတယ်။ သမီးရဲ့ ကလေးအခြေအနေက မသက်သာဘဲ ပိုပိုဆိုးလာမှာကို သမီး စိုးရိမ်နေပါတယ်။ သမီးရဲ့ ကလေးသာ အသက်မရှင်နိုင်ရင် သမီး ဘာလုပ်သင့်လဲ။ ကလေးရဲ့ ရောဂါက ကိုယ်တော် ခွင့်ပြုထားတာမှန်း သမီး သိပေမဲ့၊ ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်ကို သမီး နားမလည်ပါဘူး။ သင်ခန်းစာတွေ ယူဖို့ သမီးကို လမ်းပြပေးပါ၊ ဒီနာကျင်မှုထဲကနေ ထွက်လာဖို့ ကူညီပေးပါ” ပေါ့။

တစ်မနက်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “လူများစွာတို့သည် မကြာခဏ နာမကျန်းဖြစ်ကြပြီး ဘုရားသခင်ထံ ၎င်းတို့မည်မျှပင် ဆုတောင်းစေကာမူ သက်သာလာခြင်းမရှိကြ။ ၎င်းတို့၏ နာမကျန်းမှုကို မည်မျှပင် ဖယ်ရှားပစ်ချင်သည်ဖြစ်စေ မဖယ်ရှားနိုင်ကြ။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အသက်အန္တရာယ်ရှိသည့် အခြေအနေများနှင့်ပင် ရင်ဆိုင်ရနိုင်ပြီး ယင်းတို့ကို မဖြစ်မနေ ထိပ်တိုက်ရင်ဆိုင်ကြရသည်။ အမှန်အားဖြင့် တစ်ဦးတစ်ယောက်သည် ၎င်း၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်မှုရှိပါက လူတစ်ဦး၏ သက်တမ်းမှာ ဘုရားသခင်၏ လက်ထဲတွင်ရှိကြောင်း ဦးစွာ သိရှိရမည်။ တစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်း အချိန်ကာလကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသည်။ ဘုရားသခင်သည် လူတို့အား နာမကျန်းမှုကို ပေးသည့်အခါ ထိုနောက်ကွယ်တွင် အကြောင်းရင်းတစ်ရပ်ရှိသည်။ ထိုအရာတွင် အဓိပ္ပာယ်ရှိသည်။ ၎င်းတို့ ခံစားရသည့်အရာမှာ နာမကျန်းဖြစ်ခြင်း ဖြစ်သော်လည်း တကယ့်အမှန်တရားတွင် ၎င်းတို့အား ပေးထားသည့်အရာမှာ ကျေးဇူးတော်ဖြစ်သည်။ မကျန်းမာမှု မဟုတ်ပေ။ လူတို့သည် ပထမဦးစွာ ဤအချက်ကို သတိပြုကာ သေချာရမည်ဖြစ်ပြီး ယင်းကို အလေးအနက် ထားရမည်ဖြစ်သည်။ လူတို့သည် မကျန်းမာမှု ခံစားနေရချိန်တွင် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာနိုင်ပြီး ၎င်းတို့လုပ်သင့်သည့် အရာကို ဆင်ခြင်မြော်တွေးမှုနှင့် သတိဖြင့် လုပ်ဆောင်ရန် သေချာစေနိုင်ပြီး ၎င်းတို့၏ တာဝန်ကိုလည်း အခြားသူများထက် သာ၍ ကြီးမားသော သတိနှင့် လုံ့လတို့ဖြင့် ကိုင်တွယ်နိုင်ကြလေသည်။ လူတို့နှင့် ပတ်သက်သရွေ့ ဤသည်မှာ ကွယ်ကာခြင်း ဖြစ်သည်၊ အချည်အနှောင်များ မဟုတ်ပေ။ ဤသည်မှာ အပျက်သဘောဆောင်သည့်ဘက်မှ နည်းလမ်း ဖြစ်သည်။ ထို့အပြင် အယောက်တိုင်း၏ ဘဝသက်တမ်းကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ မကျန်းမာမှုတစ်ခုသည် ဆေးပညာရှုထောင့်မှ ကြည့်လျှင် ရောဂါကျွမ်းကောင်း ကျွမ်းနေနိုင်သော်လည်း ဘုရားသခင်၏ ရှုထောင့်အမြင်မှ ကြည့်လျှင် သင်၏ သက်တမ်းသည် မပြီးသေးဘဲ သင်၏အချိန် မကျသေးပါက သင်သေချင်လျှင်ပင် သေ၍မရနိုင်ပေ။ သင့်ထံတွင် ဘုရားသခင်ထံမှ တာဝန်ပေးစေခိုင်းချက်တစ်ခု ရှိပြီး သင်၏ အထူးတာဝန်က မပြီးဆုံးသေးလျှင် သင်သည် သေစေနိုင်လောက်သည်ဟု ယူဆရသော နာမကျန်းမှုတစ်ခု ဖြစ်လျှင်ပင် သေမည် မဟုတ်ပေ။ ဘုရားသခင်က သင့်ကို ခေါ်ဆောင်ဦးမည်မဟုတ်ပေ။ သင်သည် ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်း မပြုလျှင်ပင်၊ ပြီးလျှင် သင်၏ မကျန်းမာခြင်းကို ကုသရန် အာရုံမစိုက်လျှင်ပင် သို့မဟုတ် သင်၏ ကုသမှုကို နှောင့်နှေးနေလျှင်ပင် သေဆုံးမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်ထံမှ အရေးကြီးသော တာဝန်ပေးစေခိုင်းချက်တစ်ခု ရှိထားသော သူတို့အတွက် အထူးသဖြင့် မှန်ကန်သည်။ ၎င်းတို့၏ သာသနာက ပြီးဆုံးခြင်း မရှိသေးသည့်အခါ ၎င်းတို့အပေါ် မည်သည့်ရောဂါပင် ကျရောက်ပါစေ ၎င်းတို့သည် ချက်ချင်း သေဆုံးမည်မဟုတ်။ အထူးတာဝန်ပြီးဆုံးသည့် နောက်ဆုံး အခိုက်အတန့်အထိ အသက်ရှင်လိမ့်မည်။ သင့်တွင် ဤယုံကြည်ခြင်း ရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ ကျွန်မ အများကြီး စိတ်သက်သာရာရသွားပြီး စိတ်နှလုံးကလည်း အများကြီး ပိုပြီး ငြိမ်းချမ်းသွားတယ်။ လူတစ်ယောက်ရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း အားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတာပဲ။ ကျွန်မ စိုးရိမ်နေတာက အလကားပါပဲ။ ကျွန်မသမီးက သူ့ရဲ့ အထူးတာဝန်ကို မပြီးမြောက်သေးဘူးဆိုရင်၊ သေလောက်တဲ့ ရောဂါရနေရင်တောင် သေမှာ မဟုတ်ဘူး။ တကယ်လို့ သူ့ရဲ့ အထူးတာဝန်ကို ပြီးမြောက်ခဲ့ပြီဆိုရင်တော့ အချိန်တန်ရင် ကျွန်မ သူ့ကို ဆွဲထားလို့ ရမှာ မဟုတ်ဘူး။ ကျွန်မယောက်ျားနဲ့ အဖေတို့ဆိုရင် ကျန်းမာရေး ကောင်းနေခဲ့ပေမဲ့၊ ရုတ်တရက် နေမကောင်းဖြစ်ပြီး သိပ်မကြာခင်မှာပဲ ဆုံးသွားခဲ့တာကို ကျွန်မ တွေးမိတယ်၊ ယောက္ခမကျတော့ အမြဲတမ်း နေမကောင်းဖြစ်နေပေမဲ့ အသက်ရှစ်ဆယ်ကျော်အထိ အသက်ရှင်ခဲ့သေးတာပဲ။ လူတစ်ယောက် သေဆုံးမယ့် အချိန်က နေမကောင်းဖြစ်တာနဲ့ မသက်ဆိုင်ဘူး။ ဒါက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာ၊ အမိန့်နဲ့ ပြဋ္ဌာန်းချက်တို့အပေါ်မှာပဲ မူတည်တယ်။ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ကိစ္စတွေကို ရှုမြင်ရမယ်၊ သမ္မာတရားကို ရှာဖွေရမယ်၊ ပြီးတော့ ဒီအခြေအနေကနေ သင်ခန်းစာတွေ ယူရမယ်လေ။

နောက်ပိုင်းမှာ၊ ဒီလို အခြေအနေမျိုးကို ကျွန်မ ဘာလို့ ရင်ဆိုင်ခဲ့ရတာလဲဆိုတာ နားလည်ဖို့ ရှာဖွေခဲ့တယ်။ “စမ်းသပ်မှုနှင့် စစ်ဆေးမှုတို့ကို ကြုံခြင်းနှင့်သက်ဆိုင်သော အခြေခံသဘောတရားများ” ဆိုတာကို ကျွန်မ တွေ့ခဲ့ပြီး၊ ဘုရားနှုတ်ကပတ်တော် ဒီအပိုဒ်ကို မြင်တွေ့ခဲ့ရတယ်။ “ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏ ယုံကြည်ခြင်းထဲက သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ လူအပေါင်း၌ ဤရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ရှိကြသည်။ သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့အားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော၊ ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သင်၏ ရည်ရွယ်ချက်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်ရန်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံရန် သေသာသေလိုသည့် အနေအထားသို့ ရောက်သည်။ ထို့ကြောင့် အကယ်၍ လူတို့သည် နှစ်အနည်းငယ် စစ်ဆေးခံရခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခဆင်းရဲခြင်းကို မခံရပါက ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် စိတ်နှလုံးများထဲမှ ဇာတိပကတိဖောက်ပြန်ပျက်စီးခြင်း၏ ဘောင်ခတ်မှုများကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ လူတို့သည် မိမိတို့၏ စာတန်ဆန်သော သဘာဝ၏ ဘောင်ခတ်မှုများကို ခံနေရသေးသော မည်သည့်ကဏ္ဍများတွင်မဆို၊ ၎င်းတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒများ၊ ၎င်းတို့၏ တောင်းဆိုမှုများ ရှိနေသေးသော မည်သည့်ကဏ္ဍများတွင်မဆို ၎င်းတို့ ဒုက္ခဆင်းရဲခံသင့်သည့် ကဏ္ဍများမှာ ဤသည်တို့ဖြစ်သည်။ ဒုက္ခဆင်းရဲမှတစ်ဆင့်သာ လူတို့သည် သင်ခန်းစာများကို သင်ယူနိုင်ပြီး ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို ရနိုင်ကာ ဘုရားသခင်၏ ရည်ရွယ်ချက်များအား နားလည်နိုင်သည်ဟု ဆိုလိုသည်။ အမှန်အားဖြင့် သမ္မာတရားများစွာကို ဆင်းရဲဒုက္ခနှင့် စမ်းသပ်မှုများအား တွေ့ကြုံခြင်းဖြင့် နားလည်ကြခြင်း ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး လွယ်ကူသော ပတ်ဝန်းကျင်တစ်ခု၌ ရှိသောအခါ၊ သို့မဟုတ် အခြေအနေများ ကောင်းမွန်နေသောအခါ၌ မည်သူမျှ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုနိုင်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ခြင်း ရှိနိုင်မည် မဟုတ်ပေ။ ထိုအရာမှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နည်းနည်း ပိုနားလည်သွားတယ်။ လူတွေရဲ့ ယုံကြည်ခြင်းမှာ မစင်ကြယ်မှုတွေ အရမ်းများနေတော့၊ အဲဒါကို စမ်းသပ်မှုတွေနဲ့ စစ်ဆေးခြင်းတွေကတစ်ဆင့် ထုတ်ဖော်ရမယ်။ စစ်ဆေးခြင်းကတစ်ဆင့်သာ လူတစ်ယောက်က သူ့ရဲ့ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှုကို ပြသနိုင်တယ်၊ အဲဒီတော့မှသာ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို သူတို့ သိလာနိုင်မှာပေါ့။ အရင်တုန်းကဆိုရင် ကျွန်မက အရာရာကို စွန့်လွှတ်နိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ သယ်ယူရတဲ့ အန္တရာယ်များတဲ့ တာဝန်ကိုတောင် ကျွန်မ ခေါင်းမရှောင်ခဲ့ဘူး၊ ကိုယ့်ကလေးကိုလည်း ဘုရားသခင် ရှေ့မှောက် ခေါ်ဆောင်ခဲ့တယ်၊ ဒါကြောင့် ကျွန်မရဲ့ လိုက်စားမှုမှာ တကယ်ကို ကောင်းကောင်း လုပ်နေတယ်လို့ ထင်ခဲ့တာ။ ကျွန်မရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ၊ အသုံးခံမှုတွေကို ဘုရားသခင် မြင်တွေ့ပြီး ကျွန်မတို့ကို သနားကရုဏာ ဆက်ပြပြီး သေချာပေါက် စောင့်ရှောက်ပြီး ကာကွယ်ပေးမယ်လို့ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ သမီးက နှလုံးရောဂါရပြီး ခဏခဏ ဖောက်လာပြီး အားနည်းလာတဲ့အခါ၊ ဘုရားသခင်ရဲ့ ဂရုစိုက်မှုနဲ့ ကာကွယ်စောင့်ရှောက်မှုကို ကျွန်မ မမြင်တွေ့နိုင်တော့ဘဲ ကျွန်မရဲ့ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှုက ထုတ်ဖော်ခံလိုက်ရတယ်။ ကျွန်မ အပျက်သဘောဆောင်လာပြီး မကျေမချမ်း ဖြစ်လာတယ်။ အရင်က ကျွန်မရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အသုံးခံမှုတွေကို ထုတ်ပြောပြီး ဘုရားသခင်နဲ့ ငြင်းခုံဖို့တောင် ကြိုးစားခဲ့တယ်၊ ပြီးတော့ ကိုယ့်တာဝန်မှာ စိတ်မနှစ်နိုင်တော့ဘူး။ ဘုရားသခင်ကို ကျွန်မ ယုံကြည်တာက တကယ်တော့ သူ့ဆီကနေ ကျေးဇူးတော်နဲ့ အကျိုးအမြတ်တွေ ရချင်လို့ဆိုတာနဲ့၊ ကျွန်မက ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ ယုံကြည်ပြီး သမ္မာတရားကို လိုက်စားတဲ့သူတစ်ယောက် တကယ် မဟုတ်ခဲ့ဘူးဆိုတာတွေကို မြင်လိုက်ရတယ်။ အဲဒီတော့မှ ကျွန်မသမီးရဲ့ ရောဂါထဲမှာ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေ ပါရှိနေတယ်ဆိုတာနဲ့ ကျွန်မမှာရှိတဲ့ ဖောက်ပြန်ပျက်စီးမှုတွေနဲ့ မစင်ကြယ်မှုတွေကို သန့်စင်ပြီး ပြောင်းလဲဖို့အတွက် ဘုရားသခင်က ဒီအခြေအနေတွေကို စီစဉ်ပေးခဲ့တာဆိုတာကို သဘောပေါက်လိုက်တယ်။ ကျွန်မ ဆက်ပြီး အပျက်သဘောမဆောင်နိုင်တော့သလို အတိုက်အခံ မလုပ်နိုင်တော့ဘူး။ ကျွန်မယုံကြည်ခြင်းရဲ့ မှားယွင်းတဲ့ ရည်ရွယ်ချက်တွေ၊ အမြင်တွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုရပါမယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတဲ့နောက်၊ ကျွန်မ နည်းနည်း ကျိုးနွံနာခံနိုင်လာတယ်၊ ရင်ထဲက နာကျင်မှုလည်း သက်သာသွားတယ်။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော် နောက်ထပ် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် လိုက်စားသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြေဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦးဖြစ်သည့် သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်တာကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်တာကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်တာက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝမျိုး၊ ဝက်တစ်ကောင်၏ဘဝမျိုးတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ရင်ဆိုင်ဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ့်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ)လူအချို့တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းက သူတို့အား ကောင်းချီးမင်္ဂလာများ ယူဆောင်လာမည်ကို မြင်လျှင်မြင်ချင်း အားမာန်ဖြင့် ပြည့်ဝလာကြသော်လည်း၊ စစ်ဆေးခြင်းများကို သူတို့ခံဖို့လိုအပ်ကြောင်း ၎င်းတို့ မြင်လျှင်မြင်ချင်း အားအင်အလုံးစုံ ပျောက်ဆုံးသွားကြသည်။ ထိုအရာမှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ နောက်ဆုံးတွင် သင်သည် သင်၏ယုံကြည်ခြင်း၌ ဘုရားသခင်၏ ရှေ့မှောက်တွင် လုံးလုံးလျားလျားနှင့် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို ရရှိရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သူ့အပေါ် တောင်းဆိုချက်များ ရှိနေသေးသည်၊ သင်မစွန့်ပယ်နိုင်သော ဘာသာရေးအယူအဆများစွာ၊ သင်လက်မလွှတ်နိုင်သော ပုဂ္ဂိုလ်ရေးရာ အကျိုးအမြတ်များ ရှိနေသေးပြီး၊ ဇာတိပကတိ ကောင်းချီးမင်္ဂလာများကို ရှာဖွေနေသေးကာ ဘုရားသခင်ကို သင်၏ဇာတိခန္ဓာအား ကယ်မစေရန်၊ သင်၏စိတ်ဝိညာဉ်အား ကယ်တင်စေရန် အလိုရှိနေသေးသည်၊ ဤအရာများအားလုံးမှာ မှားယွင်းသောအမြင်ရှိသည့် လူတို့၏ အပြုအမူများပင် ဖြစ်သည်။ ဘာသာရေးယုံကြည်ချက်များနှင့် လူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်း ရှိကြသော်လည်း၊ ၎င်းတို့သည် မိမိစိတ်သဘောထားများ ပြောင်းလဲရန်အတွက် မကြိုးပမ်းကြသည့်အပြင်၊ ဘုရားသခင်အား သိကျွမ်းခြင်းကို ရရှိအောင် အားမထုတ် ကြဘဲ ၎င်းတို့၏ဇာတိပကတိ အကျိုးအမြတ်များကိုသာ ရှာဖွေကြသည်။ သင်တို့အထဲမှ လူများစွာတို့၌ ဘာသာရေးခံယူချက် အမျိုးအစားနှင့် သက်ဆိုင်သည့် ယုံကြည်မှုများ ရှိကြသည်။ ဤသည်မှာ ဘုရားသခင်အား စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားသခင် ဖော်ပြထားတာက ကျွန်မရဲ့ အခြေအနေ အတိအကျပါပဲ။ အကူအညီမဲ့ပြီး နာကျင်နေချိန်မှာ ဘုရားသခင်ကို ကျွန်မ ယုံကြည်လာခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို မြင်တွေ့ခဲ့ရတယ်၊ ဒါကြောင့် ကျွန်မကို ကူညီဖို့နဲ့ အခက်အခဲတွေကို သက်သာစေဖို့ အားကိုးလို့ရတဲ့သူအနေနဲ့ ဘုရားသခင်ကို ဆက်ဆံခဲ့တယ်။ အထူးသဖြင့် ယောက်ျားဆုံးပြီး သမီးနဲ့ နှစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန်မှာဆိုရင်၊ ဘုရားသခင်ကို ကျွန်မရဲ့ နောက်ဆုံး မျှော်လင့်ချက်အနေနဲ့ ပိုပြီးတော့တောင် သတ်မှတ်ခဲ့တာပေါ့။ ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ ယုံကြည်ပြီး ကိုယ့်တာဝန်တွေကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်နေသရွေ့၊ ဘုရားသခင်က ကျွန်မတို့ကို ကာကွယ်ပြီး ဘေးကင်းအောင် စောင့်ရှောက်ပေးလိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။ ဒီလို အယူအဆတွေနဲ့ ဘုရားသခင်ကို ကျွန်မ ယုံကြည်ခဲ့တယ်၊ ဒါကြောင့် ဘုရားသခင်က ကျွန်မတို့ကို စောင့်ရှောက်ကာကွယ်ပြီး ကံဆိုးမှုတွေ မကြုံရတဲ့အခါ ကျွန်မက စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့ ဆန္ဒရှိခဲ့တယ်၊ တာဝန်တွေ ထမ်းဆောင်ဖို့လည်း စိတ်အားထက်သန်ခဲ့တာပေါ့။ ကျွန်မကလေးရဲ့ နှလုံးရောဂါက ပိုဆိုးလာပြီး ဘုရားသခင်က သူ့ကို မကုသပေးတာကို မြင်တော့၊ ကျွန်မ စိတ်ဓာတ်ကျပြီး စိတ်ပျက်သွားတယ်၊ ကျွန်မရဲ့ သဘောထားက ချက်ချင်းကို ပြောင်းလဲသွားတယ်။ အပျက်သဘောဆောင်ခြင်းတွေနဲ့ ညည်းညူခြင်းတွေ ပေါ်ထွက်လာတယ်၊ ဘုရားသခင်နဲ့ ငြင်းခုံဖို့ ကျွန်မရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အသုံးခံမှုတွေကိုတောင် ထုတ်ပြောခဲ့တယ်၊ ဘုရားသခင်က ကျွန်မတို့ကို ဒီလို မဆက်ဆံသင့်ဘူးလို့ ထင်ခဲ့တာလေ။ ကိုယ့်တာဝန်တွေမှာ စိတ်မနှစ်ချင်တော့ဘူး။ ဘုရားသခင်အပေါ် အပျက်သဘောဆောင်ပြီး အတိုက်အခံ ဖြစ်လာတယ်။ ကျွန်မရဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ ဘုရားသခင်ကို အသုံးချရုံသက်သက်အတွက်၊ ပြီးတော့ ဘုရားသခင်က ကျွန်မတို့ကို စောင့်ရှောက်ကာကွယ်ပြီး အေးချမ်းတဲ့ ဘဝတွေ ပေးသနားဖို့အတွက် ယုံကြည်နေခဲ့တာဆိုတာ အဲဒီတော့မှ မြင်လိုက်ရတယ်။ ကျွန်မရဲ့ နှစ်နဲ့ချီတဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အသုံးခံမှုတွေက လုံးဝ စိတ်ရင်းအမှန် မဟုတ်ခဲ့ဘူး။ ဘုရားသခင်အပေါ်မှာ ကျိုးကြောင်းမဆီလျော်တဲ့ တောင်းဆိုမှုတွေ၊ လွန်ကဲတဲ့ လိုအင်ဆန္ဒတွေ အပြည့်ရှိနေခဲ့တာ။ ဘုရားသခင်ကို လှည့်စားဖို့၊ ဘုရားနဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တာပဲ။ တကယ်ကို ဆင်ခြင်တုံတရား ကင်းမဲ့နေခဲ့တာပဲ။ ဘုရားသခင်ကို စပြီး ယုံကြည်ခါစတုန်းက ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်တယ်၊ ပြီးတော့ ဘုရားသခင်က သနားကရုဏာနဲ့ ကျွန်မတို့ကို ကျေးဇူးတော်တချို့ ပေးသနားခဲ့တယ်။ ဒါက ဘုရားသခင်ရဲ့ အထူးကျေးဇူးတော် ဖြစ်နေပြီပဲ၊ ဒါပေမဲ့ ကျွန်မရဲ့ လောဘက ဘယ်တော့မှ မပြည့်ဝခဲ့ဘူး။ ဘုရားသခင်က ကျေးဇူးတော်ချပေးနေတာကိုပဲ အမြဲတမ်း လိုချင်ခဲ့တယ်၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို မမြင်ရတဲ့အခါ သူ့အပေါ် ရန်လိုလာခဲ့တယ်။ ကျွန်မက တကယ်ကို လူ့သဘာဝ မရှိခဲ့တာပဲ။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီး၊ ဘုရားနှုတ်ကပတ်တော်တွေကို နေ့တိုင်း ဖတ်နေခဲ့ပေမဲ့၊ အယူဝါဒအရတော့ ဘုရားသခင်ဟာ လူတွေကို တရားစီရင်ပြီး သန့်စင်ပေးတဲ့ အမှုတော်ကို လုပ်ဆောင်နေတယ်ဆိုတာ နားလည်ခဲ့ပေမဲ့ ယုံကြည်ခြင်းအပေါ် ကျွန်မရဲ့ အမြင်တွေက ကျေးဇူးတော်ခေတ်မှာပဲ ရပ်တန့်နေခဲ့တယ်။ ဘုရားသခင်ဆီကနေ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကိုပဲ ဆက်တောင်းဆိုချင်နေခဲ့တာ။ ဘာသာရေးအသိုင်းအဝိုင်းက မုန့်ကိုပဲ အဝစားတဲ့သူတွေနဲ့ ကျွန်မက ဘာမှမကွာဘူးလေ၊ ဘာသာတရားကိုပဲ ယုံကြည်တဲ့ မယုံကြည်သူတစ်ယောက်ပေါ့။ ဒီလိုယုံကြည်မှုမျိုးနဲ့သာ ဆက်သွားနေရင် သမ္မာတရားကို ဘယ်တော့မှ ရမှာမဟုတ်ဘူး၊ ကျွန်မရဲ့ စိတ်သဘောထားလည်း ပြောင်းလဲမှာ မဟုတ်ဘူး၊ ပြီးတော့ နောင်တမရရင် ဘယ်တော့မှ ကယ်တင်ခံရမှာ မဟုတ်ဘူးလေ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ပြီး၊ ဘုရားသခင်ရဲ့ မေတ္တာနဲ့ပတ်သက်ပြီး စင်စင်ကြယ်ကြယ် နားလည်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ၎င်းတို့ စိတ်နှလုံးထဲရှိ ဘုရားသခင်နှင့် သဟဇာတမဖြစ်သည့်၊ သို့မဟုတ် သူ့အပေါ် အထင်လွဲမှုဖြစ်သည့် မည်သည့်အရာကိုမဆို မကြာခဏ ဆန်းစစ်ရမည်။ အထင်လွဲမှုများသည် မည်သို့ ထွက်ပေါ်လာသနည်း။ အဘယ်ကြောင့် ဘုရားသခင်ကို လူတို့ အထင်လွဲကြသနည်း။ (၎င်းတို့၏ ကိုယ်ကျိုးစီးပွား ထိခိုက်သောကြောင့်ဖြစ်ပါသည်။) ဂျူးလူမျိုးများက ယုဒပြည်မှ ပြည်နှင်ဒဏ်ခံရသည့် အဖြစ်များကို လူတို့ မြင်ပြီးနောက်တွင် နာကျင်ခံစားရပြီး ‘အစပထမတွင် ဘုရားသခင်က ဣသရေလလူမျိုးများကို အလွန်ချစ်ခဲ့သည်။ သူတို့ကို အဲဂုတ္တုပြည်မှ ပင်လယ်နီကို ဖြတ်လျက် ခေါ်ဆောင်ခဲ့သည်၊ ကောင်းကင်မှ မန္နနှင့် သောက်ဖို့ စမ်းရေကို ပေးခဲ့ပြီးနောက် သူတို့ကို ဦးဆောင်ဖို့ ပညတ်တရားများ ကိုယ်တိုင်ကိုယ်ကျ ပေးခဲ့ပြီး မည်သို့ အသက်ရှင်ရမည်ကို သွန်သင်ပေးခဲ့သည်။ လူအတွက် ဘုရားသခင်၏ မေတ္တာမှာ ပေါများကြွယ်ဝနေခဲ့သည်။ ထိုစဉ်အချိန်က အသက်ရှင်ခဲ့သည့် လူများသည် အလွန်ကောင်းချီးခံစားခဲ့ရသည်။ ဘုရားသခင်၏ သဘောထားက မျက်တောင်တစ်ချက်အခတ်တွင် မည်သို့များ ပြောင်းပြန်ဖြစ်သွားရသနည်း။ သူ၏ ချစ်ခြင်းမေတ္တာအားလုံး မည်သည့်နေရာသို့ ရောက်သွားသနည်း’ဟု ဆိုကြသည်။ လူတို့၏ စိတ်ခံစားချက်များက ဤအရာကို မကျော်လွန်နိုင်သကဲ့သို့ ‘ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဟုတ်ပါသလား၊ မဟုတ်ပါသလား။ ဣသရေလလူမျိုးများအပေါ် သူ၏ နဂိုမူလ သဘောထားသည် အဘယ်ကြောင့် ထင်သာမြင်သာ မရှိတော့ပါသနည်း။ သူ၏ မေတ္တာသည် သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားပေပြီ။ သူသည် လုံးဝ ချစ်ခြင်းမေတ္တာတစ်ခုတလေ ရှိပါသေးသလား’ဟု ဆိုလျက် စတင်သံသယရှိကြသည်။ ဤသည်မှာ လူတို့၏ အထင်လွဲမှုများ စတင်သည့်နေရာ ဖြစ်သည်။ လူတို့ အထင်လွဲမှုများဖြစ်ပေါ်သည့် ဆက်စပ်အခြေအနေမှာ အဘယ်နည်း။ ဘုရားသခင်၏ လုပ်ရပ်များက လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် သဟဇာတမဖြစ်သောကြောင့် ဖြစ်နိုင်မည်လော။ ဤအချက်သည် လူတို့အား ဘုရားသခင်ကို အထင်လွဲစေသည့်အရာ ဖြစ်သလော။ လူတို့ ဘုရားသခင်ကို အထင်လွဲသည့် အကြောင်းရင်းမှာ သူ၏ ချစ်ခြင်းမေတ္တာအပေါ် ၎င်းတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အား ၎င်းတို့ ကန့်သတ်ထားသောကြောင့် ဖြစ်သည် မဟုတ်လော။ ၎င်းတို့က ‘ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ထို့ကြောင့် သူသည် လူတို့ကို စောင့်ရှောက်ကာ ကွယ်ကာသင့်ပြီး ကျေးဇူးတော်နှင့် ကောင်းချီးများ ပုံပေးသင့်သည်။ ဤသည်မှာ ဘုရားသခင်၏ မေတ္တာ ဖြစ်သည့်အရာဖြစ်၏။ ဘုရားသခင်က လူတို့ကို ဤသို့ချစ်သောအခါ ငါ နှစ်သက်သည်။ ဘုရားသခင်က လူတို့ကို ပင်လယ်နီဖြတ်လျက် ဦးဆောင်ခဲ့ချိန်တွင် သူတို့ကို သူမည်မျှချစ်သည်ကို ငါ အထူးသဖြင့် မြင်ရသည်။ ထိုအချိန်က လူများသည် အလွန် ကောင်းချီးခံစားခဲ့ရသည်။ ငါသည် သူတို့ထဲမှ တစ်ယောက် ဖြစ်ချင်သည်’ဟု တွေးကြ၏။ သင်သည် ဤဇာတ်ကြောင်းကို စွဲလမ်းသည့်အခါ ထိုအဖြစ်ပျက်တွင် ဘုရားသခင် ထုတ်ဖော်ခဲ့သည့် မေတ္တာကို အမြင့်မားဆုံးသော သမ္မာတရားအဖြစ်လည်းကောင်း၊ သူ၏ အနှစ်သာရနှင့်ဆိုင်သည့် တစ်ခုတည်းသော ပြယုဂ်အဖြစ်လည်းကောင်း သဘောထားမိလေသည်။ သင်၏ စိတ်နှလုံးထဲတွင် သူ့အပေါ် သင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အား သင်ကန့်သတ်မိကာ ထိုအခိုက်အတန့်တွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာတိုင်းကို အမြင့်ဆုံးသော သမ္မာတရားအဖြစ် သဘောထားလေသည်။ ဤသည်မှာ ဘုရားသခင်၏ နှစ်သက်ဖွယ်အကောင်းဆုံးသော ဘက်ဖြစ်ပြီး လူတို့အား သူ့ကို လေးစားရိုသေ၍ ကြောက်ရွံ့ရန် အလှုံ့ဆော်ဆုံးသောအရာဖြစ်ကာ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်ဟု သင် တွေးထင်၏။ အမှန်တွင် ဘုရားသခင်၏ လုပ်ရပ်များကိုယ်၌က အပြုသဘောဆောင်သော်လည်း သင်၏ ကန့်သတ်ထားသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကြောင့် ယင်းတို့သည် သင့်စိတ်ထဲ၌ အယူအဆများဖြစ်လာပြီး ဘုရားသခင်ကို သင် သတ်မှတ်သည့် အခြေခံအကြောင်းရင်းတစ်ခု ဖြစ်လာသည်။ ယင်းတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ သနားကရုဏာ၊ ဂရုစိုက်ခြင်း၊ ကွယ်ကာခြင်း၊ လမ်းပြခြင်း၊ ကျေးဇူးတော်နှင့် ကောင်းချီးများထက် အခြားမည်သည့်အရာမျှ မဟုတ်သည့်အလား သင့်အား ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ ထိုမျှသာဖြစ်သည့်အလား အထင်လွဲစေ၏။ သင်သည် ချစ်ခြင်းမေတ္တာ၏ ဤသွင်ပြင်လက္ခဏာများကို အဘယ်ကြောင့် အလွန်ချစ်ခင်မြတ်နိုးသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းသည် သင်၏ ကိုယ်ကျိုးစီးပွားနှင့် ဆက်နွှယ်သောကြောင့် ဖြစ်သည်။ (ဟုတ်ပါသည်။) မည်သည့် ကိုယ်ကျိုးစီးပွားနှင့် ယင်းသည် ဆက်နွှယ်ပါသနည်း။ (ဇာတိပကတိ၏ အပျော်အပါးများနှင့် သက်သောင့်သက်သာဖြစ်သော ဘဝတစ်ခု ဖြစ်သည်။) လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသည့်အခါ သူ့ထံမှ ဤအရာများကို ရလိုကြသော်လည်း အခြားအရာများကို မရလိုကြချေ။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများ၊ စစ်ဆေးခြင်း၊ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံခြင်း၊ အမှုအရာများကို စွန့်ခြင်းနှင့် မိမိတို့ကိုယ်ကို အသုံးခံခြင်း သို့မဟုတ် မိမိတို့ကိုယ်ပိုင် အသက်များကိုပင် စတေးခြင်းတို့ကို လူတို့က မစဉ်းစားချင်ကြချေ။ ဘုရားသခင်၏ မေတ္တာ၊ ဂရုစိုက်ခြင်း၊ ကွယ်ကာခြင်းနှင့် လမ်းပြခြင်းတို့ကိုသာ လူတို့ မွေ့လျော်ခံစားလိုကြ၏။ ထို့ကြောင့် ဘုရားသခင်၏ မေတ္တာကို သူ၏ အနှစ်သာရနှင့်ဆိုင်သည့် တစ်ခုတည်းသော ထူးခြားသော လက္ခဏာတစ်ခုနှင့် သူ၏ တစ်ခုတည်းသော အနှစ်သာရအဖြစ်သာ အဓိပ္ပာယ်ဖွင့်ဆိုကြလေသည်။ ဣသရေလလူမျိုးများကို ပင်လယ်နီဖြတ်သန်း၍ ဦးဆောင်လမ်းပြခဲ့ချိန်တွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများသည် လူတို့အယူအဆများ၏ အရင်းအမြစ် ဖြစ်လာခဲ့သည် မဟုတ်လော။ (ဖြစ်လာခဲ့ပါသည်။) ဤအရာက ဘုရားသခင်နှင့် ပတ်သက်၍ လူတို့ အယူအဆများကို ဖြစ်ပေါ်သည့် ဆက်စပ်အခြေအနေတစ်ခုကို ဖြစ်ပေါ်စေသည်။ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ လူတို့ ဖြစ်ပေါ်သည့်အခါ ဘုရားသခင်၏ အမှုတော်နှင့် စိတ်သဘောထားတို့အပေါ် စစ်မှန်သည့် သိနားလည်မှုကို ၎င်းတို့ ရရှိနိုင်သလော။ ၎င်းတို့ နားလည်လိမ့်မည် မဟုတ်သည်သာမက အဓိပ္ပာယ်ကောက်လွဲလိမ့်မည်ဖြစ်ကာ ထိုအရာနှင့်ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်ကြလိမ့်မည်မှာ သိသာပေသည်။ ဤအရာက လူ၏ သိနားလည်မှုသည် အလွန် ကျဉ်းမြောင်းပြီး စစ်မှန်သည့် သိနားလည်မှုမဟုတ်သည်ကို သက်သေပြ၏။ အကြောင်းမှာ ယင်းသည် သမ္မာတရား မဟုတ်ဘဲ ဘုရားသခင်ကို လူတို့က မိမိတို့၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများနှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို အခြေခံ၍ ပိုင်းခြားစိတ်ဖြာပြီး အဓိပ္ပာယ်ကောက်သည့် ချစ်ခြင်းမေတ္တာနှင့် သိနားလည်မှုမျိုး ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရနှင့် သဟဇာတမဖြစ်ပေ။ ဘုရားသခင်က လူတို့ကို သနားကရုဏာ၊ ကယ်တင်ခြင်း၊ ဂရုစိုက်ခြင်း၊ ကွယ်ကာခြင်းတို့အပြင် ၎င်းတို့ ဆုတောင်းချက်များကို နားညောင်းခြင်းအားဖြင့် ချစ်ခြင်းထက် အခြား မည်သည့်နည်းလမ်းများဖြင့် ချစ်သေးသနည်း။ (ရိုက်နှက်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ ပြုပြင်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ဖြင့် ဖြစ်သည်။) မှန်ပေ၏။ ဘုရားသခင်သည် သူ၏ မေတ္တာကို အလျှံပယ် နည်းလမ်းများဖြင့် ပြသသည်။ ရိုက်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ အပြစ်တင်ခြင်းအားဖြင့်၊ ပြီးလျှင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများ၊ စစ်ဆေးခြင်း စသည်တို့ဖြင့် ဖြစ်သည်။ ဤအရာအားလုံးမှာ ဘုရားမေတ္တာ၏ သွင်ပြင်လက္ခဏာများ ဖြစ်သည်။ ဤရှုထောင့်အမြင်သည်သာ ပြည့်စုံပြီး သမ္မာတရားနှင့် ကိုက်ညီ၏။ ဤအရာကို သင် နားလည်ပါက သင့်ကိုယ်သင် ဆန်းစစ်ပြီး ဘုရားသခင်အပေါ် အထင်လွဲမှုများ သင် ရှိသည်ဟု သဘောပေါက်ပါက သင်၏ လွဲချော်နေခြင်းကို သင် သတိပြုမိနိုင်ကာ မည်သည့်နေရာတွင် သင် မှားသွားခဲ့သည်ကို ကောင်းစွာ သုံးသပ်ဆင်ခြင်နိုင်သည် မဟုတ်လော။ ဤအရာက ဘုရားသခင်နှင့်ပတ်သက်၍ သင်၏ သိနားလည်မှုများကို ကူဖြေရှင်းပေးနိုင်သည် မဟုတ်လော။ (ကူဖြေရှင်းပေးနိုင်ပါသည်။) ဤအရာကို သင်ပြီးမြောက်ရန်အလို့ငှာ သမ္မာတရားကို သင် ရှာဖွေရမည်။ သမ္မာတရားကို လူတို့ ရှာဖွေသရွေ့ ဘုရားသခင်နှင့် ပတ်သက်၍ မိမိတို့၏ အထင်လွဲမှုများကို ၎င်းတို့ ဖယ်ရှားနိုင်ပြီး ဘုရားသခင်နှင့် ပတ်သက်၍ မိမိတို့၏ အထင်လွဲမှုများကို ၎င်းတို့ ဖယ်ရှားပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ အစီအစဉ်အားလုံးကို ၎င်းတို့ ကျိုးနွံနာခံနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ ကျွန်မကလေးရဲ့ ရောဂါအပေါ် ကျွန်မ ဘာလို့ ဒီလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ရတာလဲဆိုတာကို နောက်ဆုံးတော့ ကျွန်မ သဘောပေါက်သွားတယ်၊ ပြီးတော့ အပျက်သဘောဆောင်တာတွေ၊ နာကျင်ရတာတွေ အရမ်းများခဲ့တာဟာ ဘုရားသခင်ရဲ့ မေတ္တာကို ကျွန်မ ဘောင်ခတ်ထားခဲ့လို့ပဲ။ ကျွန်မ အကူအညီမဲ့နေချိန်မှာ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ ပြီးတော့ သူ့ရဲ့ ဂရုစိုက်မှုနဲ့ ကာကွယ်စောင့်ရှောက်မှုကို မြင်တွေ့ခဲ့ရတယ်၊ ဒါကြောင့် ကိုယ့်အယူအဆတွေနဲ့ စိတ်ကူးယဉ်မှုတွေကို စပြီး အားကိုးလာတယ်၊ ပြီးတော့ ဘုရားသခင်ဆိုတာ လူတွေကို ငြိမ်းချမ်းမှုနဲ့ ဝမ်းမြောက်မှုပေးတဲ့ သနားကရုဏာရှင် ဘုရားသခင်အနေနဲ့ ကျွန်မ ဘောင်ခတ်ထားခဲ့တယ်။ လူတွေက အခက်အခဲကြုံရချိန်မှာ ဘုရားသခင်ကို ဆုတောင်းနေသရွေ့ ဘုရားသခင်က သူတို့အတွက် လမ်းဖွင့်ပေးပြီး အချိန်မရွေး၊ နေရာမရွေး ကူညီပေးလိမ့်မယ်လို့ ထင်ခဲ့တာ။ ဒါမှသာ ဘုရားသခင်ရဲ့ မေတ္တာဖြစ်တယ်လို့ ထင်ခဲ့တာလေ။ ကျွန်မကလေး နေမကောင်းဖြစ်တော့၊ ဘုရားသခင်က လူတွေကို ချစ်တဲ့အတွက် ကျွန်မသမီးကို သေချာပေါက် ကုသပေးလိမ့်မယ်လို့ ယုံကြည်ခဲ့တယ်၊ ဒါပေမဲ့ ကလေးရဲ့ ရောဂါက မသက်သာလာတော့၊ ဘုရားသခင်ရဲ့ မေတ္တာကို စပြီး သံသယဝင်လာတယ်၊ ပြီးတော့ သူ့အပေါ် ညည်းညူမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ကျွန်မအတွက် အကျိုးရှိသလား၊ မရှိဘူးလားဆိုတာကို အခြေခံပြီး ဘုရားသခင်ရဲ့ မေတ္တာကို တိုင်းတာခဲ့တာ။ ကျွန်မတို့အပေါ် ဘုရားသခင်ရဲ့ ဂရုစိုက်မှုနဲ့ ကာကွယ်စောင့်ရှောက်မှုကို မြင်ရတဲ့အခါ၊ ဒါကို သူ့ရဲ့ မေတ္တာအနေနဲ့ အသိအမှတ်ပြုခဲ့တယ်၊ ဒါပေမဲ့ ဘုရားသခင် စီစဉ်ပေးတဲ့ အခြေအနေက ကျွန်မရဲ့ လိုအင်ဆန္ဒတွေနဲ့ မကိုက်ညီဘဲ ကျွန်မအတွက် အကျိုးမရှိတဲ့အခါ၊ အဲဒါကို လက်ခံဖို့ ငြင်းဆန်ခဲ့ပြီး ဘုရားသခင်ရဲ့ မေတ္တာအနေနဲ့ အသိအမှတ်မပြုခဲ့ဘူးလေ။ ဘုရားသခင်ရဲ့ မေတ္တာကို ကျွန်မ နားလည်ထားတာက လုံးဝ တစ်ဖက်သတ်ဆန်ပြီး လွဲချော်နေတာဆိုတာနဲ့၊ အဲဒါက သမ္မာတရားနဲ့ လုံးဝကိုက်ညီမှု မရှိခဲ့ဘူးဆိုတာကို မြင်လိုက်ရတယ်။ အခုလက်ရှိမှာ၊ ဘုရားသခင်က နှုတ်ကပတ်တော်တွေကို ဖော်ပြပြီး တရားစီရင်တာနဲ့ သန့်စင်ပေးတဲ့ အမှုတော်ကို လုပ်ဆောင်နေတယ်၊ လူတွေကို ကျေးဇူးတော်ပေးတဲ့ အမှုတော်ကို လုပ်ဆောင်နေတာ မဟုတ်ဘူးလေ။ လူတွေ ဘုရားသခင်ကို စယုံကြည်ခါစနဲ့ သူတို့ရဲ့ ဝိညာဉ်ရင့်ကျက်မှု နည်းသေးချိန်မှာ၊ ဘုရားသခင်က သူတို့ကို သနားကရုဏာပြပြီး ကျေးဇူးတော်နဲ့ ကောင်းချီးတချို့ ပေးသနားတယ်။ ဒါက ဘုရားသခင် သူ့မေတ္တာကို ဖော်ပြတဲ့ နည်းလမ်းတစ်ခုပါပဲ။ လူတွေ သမ္မာတရားတချို့ကို နားလည်လာပြီး သူတို့ရဲ့ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာတဲ့အခါ၊ သူတို့ကို စမ်းသပ်ပြီး စစ်ဆေးဖို့ သူတို့ရဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့အညီ မတူညီတဲ့ အခြေအနေတွေကို ဘုရားသခင်က စီစဉ်ပေးတယ်။ ဒါက လူတွေကို အခြေအနေအမျိုးမျိုးမှာ ကိုယ့်ကိုယ်ကိုယ်နဲ့ ဘုရားသခင်ကို သိရှိလာစေတယ်၊ သူတို့ရဲ့ စိတ်သဘောထား ပြောင်းလဲမှုကို ဖြစ်ပေါ်စေတယ်၊ သမ္မာတရားကို နားလည်ပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိဖို့ လူတွေကို လုပ်ဆောင်နိုင်စေတယ်။ ဒါဟာ ဘုရားသခင်ရဲ့ မေတ္တာ ပိုတောင် ဖြစ်သေးတယ်။ သမီးရဲ့ ရောဂါကြောင့် ကျွန်မတို့ နှစ်ယောက်စလုံး နည်းနည်း ဒုက္ခရောက်ခဲ့ရပေမဲ့၊ အဲဒါက ကျွန်မရဲ့ ယုံကြည်ခြင်းထဲက မစင်ကြယ်မှုတွေကို ထုတ်ဖော်ပေးခဲ့တယ်၊ ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ နားလည်ထားတာက အယူအဆတွေနဲ့ စိတ်ကူးယဉ်မှုတွေ ပြည့်နှက်နေတယ်ဆိုတာကို မြင်တွေ့ခဲ့ရပြီး အဲဒါတွေကို အချိန်မီ ပြုပြင်နိုင်ခဲ့တယ်။ သမီးကလည်း သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ အသုံးခံမှုတွေဟာ ကောင်းချီးရဖို့ ဖြစ်နေခဲ့တယ်ဆိုတာနဲ့ သူ့ကိုယ်ပိုင် အယူအဆတွေထဲက ဘုရားကိုသာ ယုံကြည်နေခဲ့တာဆိုတာကို သဘောပေါက်သွားတယ်။ ပြီးတော့ ယုံကြည်ခြင်းအပေါ် သူ့ရဲ့ မှားယွင်းတဲ့ အမြင်တွေကို ပြောင်းလဲခဲ့ပြီး ဘုရားသခင်နဲ့ ပိုနီးကပ်လာခဲ့တယ်။ ဒါဟာ ကျွန်မတို့အတွက် ဘုရားသခင်ရဲ့ မေတ္တာနဲ့ ကယ်တင်ခြင်းပါပဲ။ ဒါတွေကို သဘောပေါက်သွားတော့၊ ဘုရားသခင်အပေါ် ကျွန်မရဲ့ ညည်းညူမှုတွေနဲ့ အထင်လွဲမှုတွေ ပျောက်ကွယ်သွားတယ်၊ ပြီးတော့ ကိုယ့်တာဝန်တွေကို ပုံမှန်အတိုင်း ပြန်ထမ်းဆောင်နိုင်လာတယ်။

နောက်ပိုင်းမှာ၊ ဒီဘုရားနှုတ်ကပတ်တော်တွေထဲကနေ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို ကျွန်မ တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်ကိုချစ်သော စိတ်နှလုံး ရှိရပေမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဖယ်ရှားရမည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်ဖို့အတွက် သင်လိုက်စားရမည်ဖြစ်ပြီး ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို သင် ထမ်းဆောင်ရပေမည်။ သင်သည် ဘုရားသခင်အား ယုံကြည်ကာ ဘုရားသခင် နောက်ကို လိုက်သည့်အတွက်၊ သင်သည် အရာရာကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှုများ မပြုလုပ်သင့်သကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ခြင်းကို သင် စွမ်းဆောင် ရရှိသင့်ပေသည်။ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သဖြင့် သင့်အား ဖန်ဆင်းခဲ့သည့် သခင့်ကို သင် ကျိုးနွံနာခံသင့်သည်။ အကြောင်းမှာ သင်သည် မိမိကိုယ်ကို ပင်ကိုအားဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိသည့်အပြင် သင်၏ ကိုယ်ပိုင် ကံကြမ္မာကို ပင်ကိုအားဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိသောကြောင့်တည်း။ သင်သည် ဘုရားသခင်အား ယုံကြည်သော လူတစ်ဦး ဖြစ်သည့်အတွက်၊ သန့်ရှင်းစင်ကြယ်ခြင်းနှင့် ပြောင်းလဲခြင်းကို လိုက်စားသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မိမိလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ ကျွန်မတို့ရဲ့ ယုံကြည်ခြင်းမှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ခံစားဖို့ မရှာဖွေသင့်ဘူး၊ ဒါမှမဟုတ် ဘုရားသခင်က ကျွန်မတို့ကို ချစ်ရမယ်လို့ အမြဲတမ်း မတောင်းဆိုသင့်ဘူးဆိုတာကို ကျွန်မ နားလည်သွားတယ်။ အဲဒီအစား ဘုရားသခင်ရဲ့ အမှုတော်ကို တွေ့ကြုံဖို့၊ ပြီးတော့ ဘုရားသခင် စီစဉ်ထားတဲ့ လူတွေ၊ ဖြစ်ရပ်တွေနဲ့ အမှုအရာတွေ အားလုံးကို တွေ့ကြုံဖို့ဖန်ဆင်းခံတွေရဲ့ နေရာမှာ ကျွန်မတို့ ရပ်တည်သင့်တယ်။ ဆင်းရဲဒုက္ခတွေနဲ့ စမ်းသပ်မှုတွေ ကျရောက်လာရင်တောင်မှ၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားမလည်တဲ့အခါ၊ ကျွန်မတို့ ကျိုးနွံနာခံသင့်တယ်၊ ခဏခဏ ဆုတောင်းပြီး ရှာဖွေသင့်တယ်၊ ကျွန်မတို့ ထုတ်ဖော်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဆင်ခြင်သုံးသပ်သင့်တယ်၊ နောင်တရပြီး ပြောင်းလဲသင့်တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ စိတ်နှလုံး နှစ်သိမ့်ရာရစေဖို့ ကိုယ့်တာဝန်တွေကို ဆုပ်ကိုင်ထားသင့်တယ်။ ဒါဟာ ဖန်ဆင်းခံတစ်ယောက် လုပ်သင့်တဲ့အရာပါပဲ။ အရင်တုန်းက သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်တွေမှာပဲ ကျွန်မ နေထိုင်ခဲ့ဖူးတယ်။ လေဒဏ်၊ မိုးဒဏ်ကို မခံနိုင်တဲ့ မှန်လုံအိမ်ထဲက ပန်းလေးတစ်ပွင့်လို ဖြစ်နေခဲ့တာလေ။ ကျွန်မက အရမ်းကို ထိခိုက်လွယ်ပြီး ဝိညာဉ်ရင့်ကျက်မှု သိပ်မရှိခဲ့ဘူး။ အခက်အခဲလေး နည်းနည်း ကြုံတာနဲ့၊ အပျက်သဘောဆောင်ပြီး အားနည်းလာတယ်၊ ပြီးတော့ စမ်းသပ်မှုတွေနဲ့ စစ်ဆေးခြင်းတွေကို ရင်ဆိုင်ရတဲ့အခါမှာလည်း၊ လုံးဝကို ခိုင်ခိုင်မာမာ မရပ်တည်နိုင်ခဲ့ဘူး။ ဒီအခြေအနေကို ဖြတ်သန်းပြီးတဲ့နောက်၊ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှု နည်းနည်း ကြီးထွားလာတယ်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို နားလည်မှုတချို့ ရရှိခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အမှုတော်ကိုလည်း ပိုကောင်းကောင်း နားလည်လာတယ်။ ဒါက ကျွန်မအတွက် တကယ်ကို အကျိုးရှိခဲ့တာပါပဲ။

အခုဆိုရင် သမီးရဲ့ ရောဂါက အပြည့်အဝ မပျောက်သေးဘဲ တစ်ခါတလေ ပြန်ဖောက်လာတတ်ပေမဲ့၊ ပြီးတော့ သူနေမကောင်းဖြစ်တာကို မြင်ရတဲ့အခါ စိတ်သောကရောက်ပြီး ရင်ကွဲရပေမဲ့၊ ဒီဖြစ်စဉ်ရဲ့ ဘောင်ခတ်မှုကို ကျွန်မ သိပ်မခံရတော့ဘူး၊ ပြီးတော့ ကိုယ့်တာဝန်တွေကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်လာတယ်။ ဒီအပြောင်းအလဲနဲ့ ဒီနားလည်မှုတွေဟာ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရလဒ်အနေနဲ့ ဖြစ်ပေါ်လာတာပါ။

အရှေ့သို့-  ၅၀။ ကောင်းကင်နိုင်ငံတော်ဆီသို့ သွားသည့်လမ်းကြောင်းတွင် ကျွန်ုပ်ကို မည်သူတားဆီးသနည်း

နောက်တစ်ခုသို့-  ၅၂။ ဖြုတ်ချခံရခြင်းကနေ ကျွန်မ ရရှိခဲ့တဲ့အရာ

သက်ဆိုင်သည့် အကြောင်းအရာ

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

၄၀။ အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger