၅၂။ ဖြုတ်ချခံရခြင်းကနေ ကျွန်မ ရရှိခဲ့တဲ့အရာ

ကျန်းလျန်၊ တရုတ်နိုင်ငံ

၂၀၁၆ ခုနှစ်မှာ ကျွန်မက အသင်းတော်မှာ ခေါင်းဆောင်အဖြစ် ရွေးကောက်ခံခဲ့ရတယ်။ အသင်းတော်ရဲ့ အလုပ်ကို တာဝန်ယူဖို့ ညီမ ကျန်းကျင်းနဲ့ ကျွန်မ တွဲဖက်လုပ်ဆောင်ခဲ့ရတယ်။ အဲဒီအချိန်တုန်းက ကျွန်မ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်နှစ်ကျော်လေးပဲ ရှိသေးတယ်။ ကျန်းကျင်းက ခေါင်းဆောင်လုပ်လာတာ ကြာပြီဖြစ်ပြီး သူ့မှာ လုပ်ငန်းအတွေ့အကြုံတွေ အများကြီးရှိတယ်။ ဒါ့အပြင် စုဝေးပွဲတွေမှာ သူ မိတ်သဟာယပြုတာကလည်း တော်တော်ကို ရှင်းလင်းတယ်။ ညီအစ်ကိုမောင်နှမတွေမှာ ဘာအခက်အခဲတွေပဲရှိရှိ၊ သူတို့ကို မိတ်သဟာယပြုပြီး ကူညီပေးဖို့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို သူ မြန်မြန်ဆန်ဆန် ရှာပေးနိုင်ခဲ့တယ်။ လူတိုင်းက သူ့ကို တကယ် လေးစားအားကျကြတယ်။ ကျွန်မက ကျန်းကျင်းကို အရမ်းကို အားကျခဲ့တယ်၊ ပြီးတော့ တစ်နေ့ကျရင် သူ့လိုပဲ လူတိုင်းရဲ့ လေးစားအားကျမှုနဲ့ အသိအမှတ်ပြုမှုကို ရနိုင်ဖို့ မျှော်လင့်ခဲ့တယ်။ အချိန်အတိုင်းအတာတစ်ခုအထိ ကြိုးကြိုးစားစား လုပ်ပြီးတဲ့နောက်မှာတော့၊ စုဝေးပွဲတွေမှာ တစ်ယောက်ယောက်က အခြေအနေတစ်ခုခု ဖြစ်နေတာကို ကျွန်မ တွေ့တဲ့အခါ၊ ကျွန်မလည်း ဘုရားနှုတ်ကပတ်တော်တချို့ကို မြန်မြန်ဆန်ဆန် ရှာနိုင်လာပြီး ကိုယ်ပိုင် အတွေ့အကြုံတွေ၊ ဒါမှမဟုတ် ဥပမာတချို့နဲ့ ပေါင်းစပ်ပြီး မိတ်သဟာယပြုပေးနိုင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကလည်း ဂရုတစိုက် နားထောင်ပြီး မှတ်စုတွေ ထုတ်ကြတယ်။ ဒီမြင်ကွင်းကို မြင်ရတော့ ကျွန်မ အရမ်းပျော်ခဲ့တယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို တကယ် အသိအမှတ်ပြုကြတယ်လို့ ခံစားရတယ်။ ရလဒ်အနေနဲ့ ကျွန်မက ပိုတောင် တက်တက်ကြွကြွနဲ့ မိတ်သဟာယပြုခဲ့တယ်။

တစ်ခါတော့ အသင်းတော်တစ်ခုက ညီအစ်ကိုမောင်နှမ တချို့ပေါင်းပြီး အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ကို တိုင်ကြားခဲ့ကြတယ်။ အဲဒီတုန်းက အဲဒါကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကျွန်မ မသိခဲ့ဘူး၊ ဒါကြောင့် ဘုရားသခင်ဆီကို အလေးအနက် ဆုတောင်းခဲ့ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယဖွဲ့ဖို့ ရှာဖွေခဲ့တယ်။ နောက်ဆုံးမှာတော့ အဲဒီအယောင်ဆောင်ခေါင်းဆောင်ကို ဖြုတ်ချလိုက်ပြီး အသင်းတော်အလုပ်လည်း ပုံမှန်ပြန်ဖြစ်သွားတယ်။ ဒီဖြစ်ရပ်အပြီးမှာ ကိုယ့်ကိုယ်ကိုယ် စပြီး အထင်ကြီးလာခဲ့တယ်၊ “ဒီလိုရှုပ်ထွေးတဲ့ ပြဿနာကို သုံးလေးရက်အတွင်းမှာ ငါ ဖြေရှင်းနိုင်ခဲ့တယ်။ ဒါကို ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကို ညီအစ်ကိုမောင်နှမတွေကို ငါ ပြရမယ်။ ငါက အသက်ငယ်ပြီး ဘုရားသခင်ကို ယုံကြည်လာတဲ့ အချိန်တိုတောင်းပေမဲ့၊ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ငါ ကိုင်တွယ်နိုင်ဆဲပဲ” ပေါ့။ စုဝေးပွဲတွေမှာ တိုင်ကြားစာကို ဘယ်လိုကိုင်တွယ်ခဲ့တယ်ဆိုတဲ့အကြောင်း တက်တက်ကြွကြွနဲ့ ကျွန်မ ပြောပြလေ့ရှိတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက အခက်အခဲတွေကြားထဲမှာ ကျွန်မ ဘယ်လို အသက်ရှင်နေထိုင်နေရတယ်၊ ကိစ္စတွေကို ဘယ်လို ပိုင်းခြားမသိမြင်နိုင်ခဲ့ဘူး၊ ပြီးတော့ ဘယ်လို အပျက်သဘောဆောင်နေခဲ့တယ်ဆိုတဲ့ အသေးစိတ်တွေကိုတော့ ကျွန်မ ချန်ထားခဲ့တယ်။ အဲဒီဖြစ်ရပ်က ဘယ်လောက် ရှုပ်ထွေးတယ်၊ အယောင်ဆောင်ခေါင်းဆောင်ရဲ့ လူ့သဘာဝက ဘယ်လောက်ဆိုးရွားတယ်၊ ပြီးတော့ ပြဿနာကို ဖြေရှင်းဖို့ ဘယ်လို တည်တည်ငြိမ်ငြိမ်နဲ့ မကြောက်မရွံ့ဘဲ သမ္မာတရားကို ရှာဖွေခဲ့တယ်ဆိုတာတွေကိုပဲ အဓိကထားပြီး အလေးပေးပြောခဲ့တယ်။ အဲဒီအချိန်တုန်းက လူတိုင်းက အရမ်းကို အလေးအနက်ထားပြီး နားထောင်ခဲ့ကြတယ်။ သူတို့ရဲ့ မျက်လုံးထဲက အားကျတဲ့အကြည့်တွေကို မြင်ရတဲ့အခါ ကျွန်မ စိတ်ထဲမှာ ကျေနပ်သွားတယ်။ ကျွန်မမှာ အလုပ်လုပ်နိုင်စွမ်းရှိတယ်လို့ ပိုပြီးတောင် ခိုင်ခိုင်မာမာ ခံစားလိုက်ရတယ်။ နောက်တစ်ကြိမ်မှာတော့ ညီမတစ်ယောက်က သူ့ရဲ့ ဘာသာတရားမရှိတဲ့ မိသားစုဝင်တွေက ဟန့်တားနေလို့ သူ့တာဝန် ထမ်းဆောင်ရာမှာ ဘောင်ခတ်ခံနေရတယ်။ ဘုရားသခင်ကို ယုံကြည်တဲ့အတွက် ကျွန်မယောက်ျားရဲ့ နှိပ်စက်ညှဉ်းပန်းတာကို ကျွန်မ ဘယ်လိုခံခဲ့ရတယ်၊ ပြီးတော့ နောက်ဆုံးမှာ မိသားစုကို စွန့်ခွာပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မရဲ့ အချိန်အကုန်လုံးကို ဘယ်လို ပေးဆပ်ခဲ့တယ်ဆိုတာကို ကျွန်မ ဆွေးနွေးပြောပြခဲ့တယ်။ ကျွန်မ ဘယ်လောက် ဒုက္ခခံခဲ့ရတယ်၊ ကိုယ့်ရဲ့ စိတ်ပိုင်းဖြတ်မှုကို ဘယ်လို ချမှတ်ခဲ့တယ်၊ ပြီးတော့ မိသားစုကို ဘယ်လို စွန့်ခွာခဲ့တယ်ဆိုတာတွေကို အသေးစိတ် ပြောပြခဲ့တယ်။ ကျွန်မပြောတာကို နားထောင်ပြီးတဲ့နောက်မှာ အဲဒီညီမက ကျွန်မကို တကယ် လေးစားအားကျသွားတယ်။ သူက ပြောတယ်၊ “အစ်မယောက်ျားက အစ်မကို အဲဒီလောက် ဆိုးဆိုးရွားရွား နှိပ်စက်ညှဉ်းပန်းတာတောင် အစ်မက ခိုင်မာစွာ ရပ်တည်နိုင်ခဲ့တယ်။ အစ်မ တကယ်ကို ဒုက္ခများစွာ ခံခဲ့ရတာပဲ။ အစ်မမှာ တကယ့်ကို စိတ်ပိုင်းဖြတ်မှု ရှိတာပဲ” တဲ့။ တခြား ညီအစ်ကိုမောင်နှမတွေကလည်း ပြောကြတယ်၊ “အစ်မက ကိစ္စတွေကို ဘယ်လို တွေ့ကြုံရမယ်ဆိုတာကို တကယ် သိတာပဲ။ အစ်မက ကျွန်တော်တို့ထက် သမ္မာတရားကို ပိုလိုက်စားတယ်။ ကျွန်တော်တို့ကရော ဘာလို့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြတာလဲ” တဲ့။ အဲဒီတုန်းက ကျွန်မက ပြောလိုက်တယ်၊ “ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုက အတူတူပါပဲ။ ကျွန်မတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဆန္ဒရှိသရွေ့၊ ဘုရားသခင်က လမ်းပြပေးမှာပါ” ပေါ့။ ဒါပေမဲ့ စိတ်နှလုံးထဲမှာတော့ ကိုယ့်ကိုယ်ကိုယ် အရမ်းကို အထင်ကြီးနေတုန်းပဲ။ ကျွန်မက သမ္မာတရားကို လိုက်စားနေပြီး ညီအစ်ကိုမောင်နှမတွေထက် ဝိညာဉ်ရင့်ကျက်မှု ပိုရှိတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ မဟုတ်ရင် ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မမိသားစုကို ဘယ်လိုလုပ် စွန့်ခွာနိုင်မှာလဲ။ ပြီးတော့ ဘာလို့ လူတိုင်းက ကျွန်မကို ခေါင်းဆောင်ဖြစ်ဖို့ ရွေးကောက်ခဲ့ကြမှာလဲပေါ့။ တကယ်တော့ ကျွန်မယောက်ျားရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံနေရချိန်မှာ၊ ကျွန်မမှာ အပျက်သဘောဆောင်တာတွေ၊ အားနည်းတာတွေ အများကြီးရှိခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်ကိုတောင် အချိန်တစ်ခုအထိ စွန့်လွှတ်ခဲ့သေးတယ်။ ဒါပေမဲ့ ဒါတွေအားလုံးကို ကျွန်မက အပေါ်ယံပဲ ပြောသွားတယ်၊ ဒါမှမဟုတ် လုံးဝကို ထည့်မပြောခဲ့ဘူး။ “ငါ အကုန်လုံးကို ပြောပြလိုက်ရင်၊ ငါ့မှာ ဝိညာဉ်ရင့်ကျက်မှု လိုအပ်နေတယ်၊ ငါက သူတို့ထက် ဘာမှမသာဘူးလို့ လူတိုင်းက သေချာပေါက် ထင်သွားကြမှာပဲ။ အဲဒီလိုဆိုရင် နောင်ကျရင် ဘယ်သူက ငါ့ကို ဆက်ပြီး လေးစားအားကျတော့မှာလဲ။ ပြီးတော့ အပြုသဘောဆောင်တဲ့ လက်တွေ့လုပ်ဆောင်မှုတွေအကြောင်းကို ငါ ပိုပြောရင်၊ အဲဒါက ညီအစ်ကိုမောင်နှမတွေကိုလည်း ခွန်အားပေးရာရောက်တယ်။ ဒါက ဘာမှမမှားဘူး” လို့ ကျွန်မ ခံစားခဲ့ရတယ်။ ဒါကြောင့် အဲဒီအကြောင်းကို ကျွန်မ ထပ်မတွေးခဲ့တော့ဘူး။ ယေဘုယျအားဖြင့် စုဝေးပွဲတွေမှာ မိတ်သဟာယပြုတဲ့အခါ၊ ကျွန်မက အပြုသဘောဆောင်တဲ့ နားလည်သဘောပေါက်မှုအကြောင်းကိုပဲ သတိရှိရှိ ပိုပြောခဲ့တယ်၊ ဒါပေမဲ့ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ အရုပ်ဆိုးတဲ့ အတွေးအခေါ်တွေအကြောင်းကိုတော့ ထည့်မပြောခဲ့ဘူး။ ဒါမှမဟုတ်ရင်လည်း လူတိုင်းမှာ ထုတ်ဖော်ပြလေ့ရှိတဲ့ ယေဘုယျကျပြီး အပေါ်ယံဆန်တဲ့ ဖောက်ပြန်ပျက်စီးမှုတွေအကြောင်းကိုပဲ ရိုးရိုးရှင်းရှင်းလေး ပြောခဲ့တယ်။ လူတွေသာ သိသွားရင် ကျွန်မကို မလေးစားတော့မှာကို ကြောက်ခဲ့တယ်။ ကျွန်မက ကိုယ့်အလုပ်တွေ ဘယ်လောက်များတယ်၊ လုပ်စရာတွေ ဘယ်လောက်များတယ်ဆိုတာရယ်၊ ပြီးတော့ ညဘက် တော်တော်နောက်ကျတဲ့အထိ အမြဲတမ်း ဘယ်လို အလုပ်လုပ်ရတယ်ဆိုတာတွေကိုလည်း သိလျက်နဲ့ရော၊ မသိဘဲနဲ့ပါ ပြောပြတတ်တယ်။ အဲဒီအခါ ညီအစ်ကိုမောင်နှမတွေက ကျွန်မဟာ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးဆပ်နိုင်တယ်၊ ပြီးတော့ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ ဝန်တာထားတယ်လို့ ယုံကြည်သွားကြတယ်။ ကျွန်မက ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားနဲ့ပတ်သက်ပြီး မိတ်သဟာယပြုပေးနိုင်တယ်၊ ပြီးတော့ သမ္မာတရားကို လိုက်စားတဲ့သူဖြစ်တယ်လို့လည်း သူတို့က ပြောကြတယ်။ သူတို့အားလုံးက ကျွန်မကို လေးစားအားကျပြီး ကျွန်မကိုပဲ အားကိုးကြတယ်။ နောက်ပိုင်းမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စုဝေးတဲ့အခါတိုင်း၊ လူတိုင်းက သူတို့အလုပ်ထဲက ပြဿနာတွေအားလုံးကို တစ်ဟုန်ထိုး ရင်ဖွင့်ပြောချလိုက်ပြီးရင် သိပ်ပြီး ထပ်မပြောကြတော့တာကို ကျွန်မ တွေ့လာရတယ်။ စုဝေးပွဲတစ်လျှောက်လုံး ကျွန်မတစ်ယောက်တည်းကပဲ ကိစ္စတွေကို ဆွေးနွေးပြောဆိုနေခဲ့တယ်။ ဒီနေရာမှာ တစ်ခုခုတော့ မှားနေပြီလို့ ကျွန်မ ခံစားခဲ့ရတယ်။ စုဝေးပွဲတွေက ကျွန်မတစ်ယောက်တည်း စကားပြောခွင့်ရှိတဲ့ နေရာတစ်ခုအဖြစ် ပြောင်းလဲသွားပြီ မဟုတ်လား။ သူတို့မှာ အခက်အခဲတွေရှိတဲ့အခါ သမ္မာတရားကို မရှာဖွေကြဘဲ ကျွန်မဖြေရှင်းပေးမယ့်အချိန်ကိုပဲ စောင့်နေကြတယ်။ ဒါက သူတို့ကို ကျွန်မရှေ့ ခေါ်ဆောင်လာတာ မဟုတ်ဘူးလား။ သူတို့အနေနဲ့ ဘုရားသခင်ဆီကို ပိုပြီး ဆုတောင်းရမယ်၊ ပိုပြီး ရှာဖွေ မိတ်သဟာယပြုရမယ်၊ လူတွေကိုချည်းပဲ အားမကိုးရဘူးလို့ ကျွန်မ သူတို့ကို ပြောခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာလည်း သူတို့က ဒီအတိုင်းပါပဲ။

နောက်ပိုင်းမှာ၊ စုဝေးပွဲတွေနဲ့ မိတ်သဟာယပြုတဲ့အခါမှာ ကြွားဝါချင်လို့ စကားလုံးတွေနဲ့ အယူဝါဒတွေကို အမြဲတမ်း တတွတ်တွတ် ပြောနေပြီး၊ ပြဿနာတွေကို မဖြေရှင်းနိုင်တာရယ်၊ ပြီးတော့ ကျွန်မရဲ့အလုပ်က ရလဒ်တွေ မရတာရယ်ကြောင့် ကျွန်မ ဖြုတ်ချခံလိုက်ရတယ်။ အဲဒီတုန်းက အဲဒီအကြောင်းကို သိပ်ပြီး မတွေးခဲ့မိဘူး။ လက်တွေ့ကျတဲ့ အလုပ်ကို မလုပ်နိုင်လို့ ဖြုတ်ချခံရတာဆိုရင်လည်း ဖြုတ်ချခံရတယ်ပေါ့၊ ငါ ဖြုတ်ချခံရသင့်ပါတယ်လို့ ထင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ်၊ ကျွန်မက အစွမ်းကုန် ကြိုးစားခဲ့တာပဲ၊ ကျွန်မက ပျင်းရိခဲ့တာ၊ ဒါမှမဟုတ် ယုံကြည်လို့မရခဲ့တာမှ မဟုတ်တာ။ ဒါပေမဲ့ ကျွန်မ ဖြုတ်ချခံရပြီးတဲ့နောက်မှာတော့၊ ညီအစ်ကိုမောင်နှမတချို့က အဲဒါကို လက်မခံဘဲ ခေါင်းဆောင်တွေက ကျွန်မကို ဘာလို့ ဖြုတ်ချရတာလဲဆိုပြီး မေးခွန်းထုတ်ကြလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားခဲ့ဘူး။ ခေါင်းဆောင်တွေက ကျွန်မရဲ့ ကိုယ်ပိုင်ပြဿနာတွေကို သေသေချာချာ ဆင်ခြင်သုံးသပ်ဖို့ ပြောခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်မ ကြောက်စိတ်ဝင်သွားတယ်။ “ငါက ငါ့အလုပ်ကို လုပ်တဲ့ပုံစံကြောင့် ဖြုတ်ချခံခဲ့ရတာ၊ အခုကျတော့ ညီအစ်ကိုမောင်နှမတွေက မတရားဘူးလို့ သူတို့ထင်တဲ့အရာကို ဆန့်ကျင်ပြီး ငါ့ဘက်ကနေ ကာကွယ်ပြောဆိုပေးနေကြတယ်။ ငါက သူတို့ကို ငါ့ရှေ့ ခေါ်ဆောင်လာခဲ့တာ မဟုတ်ဘူးလား။ ဒါက အန္တိခရစ်တွေရဲ့ လမ်းကြောင်းကို လျှောက်နေတာပဲ” လို့ ကိုယ့်ဘာသာ တွေးမိတယ်။ တွေးလေတွေးလေ၊ ပိုပြီး ကြောက်လာလေပဲ။ ကျွန်မ မျက်ရည်တွေ ကျလာတာကို မတားဆီးနိုင်ခဲ့ဘူး၊ ပြီးတော့ ဘုရားသခင်ဆီကို အလေးအနက် ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးက မိသားစုနဲ့ အလုပ်ကို စွန့်လွှတ်ခဲ့ပြီး သမီးရဲ့ တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ချင်ခဲ့တာပါ။ သမီးက တာဝန်ကို ကောင်းကောင်းမထမ်းဆောင်နိုင်တဲ့အပြင်၊ လူတွေကို သမီးရှေ့ ခေါ်ဆောင်လာလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့ပါဘူး။ သမီး တကယ်ကို ပုန်ကန်တတ်လွန်းပါတယ်။ အို ဘုရားသခင်၊ သမီး နောင်တရပြီး ပြောင်းလဲနိုင်ဖို့အလို့ငှာ သမီးရဲ့ ပြဿနာတွေကို နားလည်အောင် လမ်းပြပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါတယ်” ဆိုပြီးတော့။

အဲဒီနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စပြီး ဆင်ခြင်သုံးသပ်ခဲ့တယ်။ ရှာဖွေနေရင်းနဲ့ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း၊ မိမိတို့ကိုယ်ကို ဝါကြွားခြင်း၊ လူအများ အထင်ကြီးပြီး ကိုးကွယ်အောင် ကြိုးစားခြင်းဟူသည့် ဤအရာတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ လူများသည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏အုပ်စိုးခြင်းကို ခံရသောအခါ အလိုအလျောက် တုံ့ပြန်ကြသည့် ပုံစံဖြစ်ပြီး ယင်းက ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် တစ်ရပ်လုံးအဖို့ ဖြစ်လေ့ရှိသည်။ လူများသည် ပုံမှန်အားဖြင့် မည်သို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသနည်း။ ၎င်းတို့သည် လူအများအား ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်စေရန် လုပ်ဆောင်ဖို့ဖြစ်သည့် ထိုရည်မှန်းချက်ကို မည်သို့စွမ်းဆောင်ရရှိသနည်း။ ၎င်းတို့သည် အလုပ်မည်မျှ လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ ၎င်းတို့ မည်မျှဒုက္ခခံစားပြီး ဖြစ်ကြောင်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်မျှ အသုံးခံပြီး ဖြစ်ကြောင်းနှင့်၊ အဖိုးအခမည်မျှကို ပေးဆပ်ပြီး ဖြစ်ကြောင်းတို့ကို သက်သေခံကြသည်။ သူတို့သည် လူတို့၏ စိတ်နှလုံးများတွင် ပို၍ မြင့်မားပြီး ခိုင်မာကာ လုံခြုံသော နေရာတစ်ခုကို ရရှိရန်အလို့ငှာ မိမိတို့၏ အရင်းအနှီးကို ထုတ်ဖော်ပြောဆိုခြင်းဖြင့် မိမိကိုယ်ကို ချီးမြှောက်ကြပြီး ထိုသို့ဖြင့် လူအများက သူတို့ကို တန်ဖိုးထား၊ အထင်ကြီး၊ မနာလိုဖြစ်စေရန်၊ ထို့ပြင် ကိုးကွယ်သည်အထိ ကိုးစားကာ သူတို့နောက်သို့ လိုက်လာစေရန် ဖြစ်ပေသည်။ လူတို့သည် ဤဦးတည်ချက်ကို ရရှိရန် လူတို့သည် အပေါ်ယံတွင် ဘုရားသခင်ကို သက်သေခံသည့်အရာများစွာကို လုပ်ဆောင်ကြသော်လည်း အခြေခံအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်။ ထိုနည်းအားဖြင့် ပြုမူဆောင်ရွက်ခြင်းဖြင့် ၎င်းတို့သည် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သလော။ ၎င်းတို့သည် ဆင်ခြင်တုံတရားနယ်ပယ်ကို ကျော်လွန်သွားကြပြီး အရှက်မရှိကြ။ ၎င်းတို့သည် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် သူ့အတွက် ၎င်းတို့မည်မျှ ဒုက္ခခံစားပြီး ဖြစ်သည်တို့ကို မရှက်မကြောက် သက်သေခံကြသည်။ ၎င်းတို့သည် ၎င်းတို့၏ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်၊ အတွေ့အကြုံ အထူးကျွမ်းကျင်မှုများ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ၎င်းတို့၏ပါးနပ်သော နည်းစနစ်များ၊ လူများကို လှည့်စားဖို့ ၎င်းတို့အသုံးပြုသည့် နည်းလမ်းများ စသည်တို့ကိုပင် ကြွားလုံးထုတ်သည်။ ၎င်းတို့၏ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံရန် သူတို့၏ နည်းလမ်းများအနက် တစ်ခုမှာ မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါကာ အခြားသူများကို နှိမ့်ချခြင်း ဖြစ်သည်။ ထို့ပြင် သူတို့သည် မိမိတို့၏ အားနည်းချက်များ၊ ချို့ယွင်းချက်များနှင့် လိုအပ်နေမှုများကို လူတို့ထံမှ ဖုံးကွယ်ထားပြီး မိမိတို့၏ ထူးချွန်ပြောင်မြောက်မှုများကိုသာ အစဉ်ပြသခြင်းဖြင့် မိမိကိုယ်ကို အယောင်ဆောင်၍ အလှဆင်ကြသည်။ သူတို့သည် အပျက်သဘောဆောင်သော ခံစားချက်များ ဖြစ်ပေါ်လာသည့်အခါတွင်ပင် အခြားသူများကို ပြောပြရန် မဝံ့ကြသည့်အပြင် သူတို့နှင့် ပွင့်ပွင့်လင်းလင်း ဖွင့်ဟ၍ မိတ်သဟာယဖွဲ့ရန်လည်း သတ္တိမရှိကြချေ။ ၎င်းတို့ တစ်စုံတစ်ခု အမှားပြုလုပ်သည့်အခါ၊ ယင်းကို ဖုံးထားဖို့နှင့် ထိမ်ချန်ကွယ်ဝှက်ထားဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့် ကာလတွင် ၎င်းတို့ကြောင့် အသင်းတော်၏ အလုပ်အပေါ် ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်နစ်နာမှုကို ၎င်းတို့ မည်သည့်အခါမျှ မပြောပြပေ။ ၎င်းတို့က အသေးစား ဖြည့်ဆည်းမှုအချို့ကို ပြုလုပ်ပြီးသည့်အခါ သို့မဟုတ် အောင်မြင်မှုလေးအချို့ စွမ်းဆောင်ရရှိပြီးသည့်အခါ ယင်းကို အလျင်အမြန် ကြွားဝါကြသည်။ ၎င်းတို့သည် မည်မျှစွမ်းဆောင်နိုင်သည်၊ ၎င်းတို့၏အစွမ်းအစ မည်မျှမြင့်မားသည်၊ ၎င်းတို့သည် မည်မျှထူးခြားသည်၊ ပြီးလျှင် ၎င်းတို့သည် သာမန်လူများထက် မည်မျှတော်သည်တို့ကို တစ်ကမ္ဘာလုံးကို အသိပေးဖို့ အသည်းအသန်ဖြစ်ကြသည်။ ဤသည်တို့မှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း နည်းလမ်းများ မဟုတ်သလော။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောလူတစ်ယောက်က လုပ်ဆောင်သော အရာတစ်ခုဟုတ်သလော။ မဟုတ်ပေ။ ထို့ကြောင့် လူများက ဤသည်ကို လုပ်ဆောင်သည့်အခါ မည်သည့်စိတ်သဘောထားကို ပုံမှန်အားဖြင့် ထုတ်ဖော်ပြသနည်း။ မာနထောင်လွှားခြင်း ဖြစ်သည်။ ဤသည်မှာ ဖွင့်ပြသော အဓိက စိတ်သဘောထားများထဲမှ တစ်ခုဖြစ်သည်၊ ထို့နောက်တွင် လှည့်စားတတ်ခြင်းပါရှိကာ၊ ယင်းနောက်တွင် အခြားလူများက ၎င်းတို့ကို အလွန်တန်ဖိုးထားစေဖို့ ဖြစ်နိုင်သည့်အရာမှန်သမျှကို အစွမ်းကုန် လုပ်ဆောင်ခြင်း ပါဝင်ပေသည်။ ၎င်းတို့၏ စကားများသည် စဉ်းလဲသော ကြံရွယ်ချက်များနှင့် အကြံအစည်များ ပါဝင်နေပြီး မိမိတို့ကိုယ်ကို ကြွားဝါနေသည့်တိုင် ၎င်းတို့သည် ဤအချက်ကို ဖုံးကွယ်ချင်ကြသည်။ ၎င်းတို့ ပြောသည့်အရာ၏ ရလဒ်မှာ ၎င်းတို့သည် အခြားသူများထက် သာလွန်ပြီး မည်သူမျှ ၎င်းတို့နှင့် တန်းတူမဟုတ်ကြောင်း၊ အခြားလူတိုင်းသည် ၎င်းတို့ထက် နိမ့်ပါးကြောင်းကို လူများအား ခံစားစေမြဲ ဖြစ်သည်။ ပြီးလျှင် ဤရလဒ်ကို မသမာသော နည်းလမ်းများမှတစ်ဆင့် စွမ်းဆောင်ရရှိထားခြင်းဖြစ်သည် မဟုတ်သလော။ ထိုသို့သော နည်းလမ်းများ၏ နောက်ကွယ်တွင်မည်သည့် စိတ်သဘောထား ရှိသနည်း။ ကောက်ကျစ်စဉ်းလဲခြင်း၏ အရိပ်အယောင် တစ်ခုတလေ ရှိသလော။ (ရှိပါသည်။) ဤသည်မှာ ကောက်ကျစ်သော စိတ်သဘောထား အမျိုးအစားတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မ ဖြုတ်ချခံရပြီးတဲ့အခါ ညီအစ်ကိုမောင်နှမတွေက အဲဒါကို လက်မခံခဲ့တဲ့ အဓိကအကြောင်းရင်းဟာ ကျွန်မက ကိုယ့်ကိုယ်ကိုယ် မကြာခဏ ချီးမြှောက်ပြီး ထုတ်ပြခဲ့လို့ဖြစ်တယ်၊ ပြီးတော့ ကျွန်မရဲ့ ကိုယ်ပိုင် အားနည်းချက်တွေနဲ့ ဖောက်ပြန်ပျက်စီးမှုတွေအကြောင်းကို ပွင့်ပွင့်လင်းလင်း မပြောခဲ့ဘူး၊ အဲဒါကြောင့် လူတိုင်းက ကျွန်မရဲ့ ကောင်းတဲ့ဘက်ကိုပဲ မြင်သွားကြတယ်ဆိုတာတွေကို ဆင်ခြင်သုံးသပ်မိတယ်။ ကျွန်မက သူတို့ကို အထင်အမြင်မှားစေခဲ့လို့သာ သူတို့က ကျွန်မကိုယ်စား မတရားဘူးလို့ သူတို့ထင်တဲ့အရာကို တွန်းလှန်တိုက်ခိုက်ခဲ့ကြတာပဲ။ တိုင်ကြားစာကို ကိုင်တွယ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ တွေးမိတယ်။ ပထမတော့ ကျွန်မလည်း ခေါင်းရှုပ်သွားပြီး ဘယ်လိုကိုင်တွယ်ရမလဲ မသိခဲ့ဘူး။ နောက်ပိုင်းမှ ဘုရားသခင်ဆီကို အလေးအနက် ဆုတောင်းတာ၊ ရှာဖွေတာ၊ ဆွေးနွေးတာနဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ အတူတကွ လုပ်ဆောင်တာတွေကတစ်ဆင့်သာ ပြဿနာကို ဖြေရှင်းနိုင်ခဲ့တာ။ ဒါပေမဲ့ သူတို့ရှေ့မှာကျတော့၊ ကျွန်မ ဘယ်လိုရှာဖွေခဲ့တယ်၊ သမ္မာတရား စည်းမျဉ်းတွေအပေါ် အခြေခံပြီး အယောင်ဆောင်ခေါင်းဆောင်ကို ဘယ်လို ပိုင်းခြားသိမြင်ခဲ့တယ်၊ ပြီးတော့ နောက်ဆုံးမှာ အဲဒါကို ဘယ်လို ကိုင်တွယ်ဖြေရှင်းခဲ့တယ်ဆိုတာကိုပဲ အကြာကြီး ပြောပြခဲ့တယ်။ လူတိုင်းက ကျွန်မကို အမြင်သစ်နဲ့ ကြည့်လာအောင်လို့၊ ကျွန်မအဓိကပြောခဲ့သမျှက ကျွန်မလုပ်ခဲ့တဲ့အရာတွေချည်းပဲ။ ကိုယ့်ကိုယ်ကိုယ် ထုတ်ပြဖို့အတွက် မိသားစုဆီက နှိပ်စက်ညှဉ်းပန်းမှုကို ဘယ်လို တွေ့ကြုံခဲ့ရတယ်ဆိုတာ ပြောပြဖို့ အခွင့်အရေးတွေကိုလည်း ကျွန်မ အမြဲ ယူတတ်တယ်။ ဘယ်လို နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်၊ ဘယ်လောက် ဒုက္ခခံခဲ့ရတယ်ဆိုတာကို အသေးစိတ် ပြောပြခဲ့ပေမဲ့၊ ကိုယ့်ရဲ့ အားနည်းချက်တွေကိုတော့ အပေါ်ယံလောက်ပဲ ပြောသွားခဲ့တယ်။ ကိုယ့်တာဝန်ကို စွန့်လွှတ်ပြီး ဘုရားသခင်ကို ဘယ်လို သစ္စာဖောက်ခဲ့တယ်ဆိုတဲ့ အကြောင်းကိုတော့ တစ်လုံးမှတောင် ထုတ်မပြောခဲ့ဘူး။ ဒီလိုနဲ့ ကျွန်မမှာ ဝိညာဉ်ရင့်ကျက်မှုရှိပြီး ကိစ္စတွေကို ဘယ်လို တွေ့ကြုံရမလဲဆိုတာ သိတယ်လို့ လူတိုင်းက ထင်ကြမှာပေါ့။ ကျွန်မက ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ ဘယ်လို ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးဆပ်ခဲ့တယ်ဆိုတာကိုလည်း ခဏခဏ ထုတ်ပြခဲ့တယ်၊ ပြီးတော့ အပြုသဘောဆောင်တဲ့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနဲ့ ဝင်ရောက်မှုအကြောင်းကိုပဲ သတိရှိရှိ ပိုပြောခဲ့တယ်။ လူတွေက ကျွန်မကို သူတို့ထက် သမ္မာတရားကို ပိုလိုက်စားတယ်၊ ကျွန်မမှာ လက်တွေ့ကျမှုရှိတယ်လို့ အထင်အမြင်မှားသွားအောင်လို့ ကိုယ့်ရဲ့ အပျက်သဘောဆောင်တာတွေနဲ့ အခက်အခဲတွေကို ဖုံးကွယ်ထားခဲ့တယ်။ ဒီလို အယောင်ဆောင်မှုတွေကို သုံးပြီး ညီအစ်ကိုမောင်နှမတွေကို ကျွန်မ လိမ်လည်လှည့်ဖြားခဲ့တယ်။ ကျွန်မ တကယ်ကို လုံးဝ ဆိုးညစ်ပြီး ယုတ်မာခဲ့တာပဲ။ ကျွန်မက ညီအစ်ကိုမောင်နှမတွေကို အထင်အမြင်မှားအောင် လုပ်ခဲ့လို့ သူတို့က ကျွန်မကို အထင်ကြီးပြီး လေးစားအားကျခဲ့ကြတာ။ ကျွန်မ လက်တွေ့ကျတဲ့ အလုပ်ကို မလုပ်နိုင်လို့ အသင်းတော်က စည်းမျဉ်းတွေနဲ့အညီ ကျွန်မကို ဖြုတ်ချလိုက်တဲ့အခါမှာတောင် ကျွန်မကို ကာကွယ်ဖို့ သူတို့က ဝင်ပြောပေးခဲ့ကြတယ်။ ဒါတွေအားလုံးက ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ထုတ်ပြခဲ့တာရဲ့ အကျိုးဆက်တွေပဲ။ ဒါက ဘယ်လိုလုပ် ကိုယ့်တာဝန်ကို ထမ်းဆောင်တာ ဖြစ်မှာလဲ။ ကျွန်မက ဘုရားသခင်ကို ဗြောင်ကျကျ အတိုက်အခံလုပ်ပြီး ညီအစ်ကိုမောင်နှမတွေကို ထိခိုက်နစ်နာစေနေခဲ့တာပဲ။ ကျွန်မ ခေါင်းဆောင်ဖြစ်ခဲ့တုန်းက ညီအစ်ကိုမောင်နှမတွေအတွက် ဘာအကျိုးမှ မလုပ်ပေးခဲ့ဘဲ၊ အဲဒီအစား သူတို့ကို အထင်အမြင်မှားစေပြီး ထိခိုက်နစ်နာစေခဲ့တယ်ဆိုတာကို တွေးမိတော့၊ စိတ်နှလုံးထဲမှာ အထူးသဖြင့် စိတ်ဆင်းရဲစရာဖြစ်ခဲ့ရတယ်။

အဲဒီအချိန်တုန်းက နေ့တိုင်း ဘုရားသခင်ဆီကို အလေးအနက် ဆုတောင်းခဲ့တယ်၊ ကျွန်မရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားသခင်ရဲ့ အကူအညီကို တောင်းခံခဲ့တယ်။ တစ်နေ့မှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “အချို့သောလူတို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ မိန့်ခွန်းများပြောခြင်းနှင့် အလုပ်လုပ်ခြင်းကို နှစ်သက်ကြသည်၊ စုဝေးပွဲများ ကျင်းပခြင်းနှင့် တရားဟောခြင်းကို နှစ်သက်ကြပြီး လူတို့အား ၎င်းတို့စကားကို နားထောင်အောင်လုပ်ခြင်း၊ ၎င်းတို့ကို ပုဂ္ဂိုလ်ရေးကိုးကွယ်အောင် လုပ်ခြင်းနှင့် ၎င်းတို့ကို ဝန်းရံအောင်လုပ်ခြင်းတို့ကို နှစ်သက်ကြသည်။ ၎င်းတို့သည် အခြားသူများ၏ စိတ်နှလုံးထဲတွင် နေရာတစ်ခု ရယူခြင်းကို နှစ်သက်ကြပြီး ၎င်းတို့ တင်ပြသည့် ပုံရိပ်ကို အခြားသူများက အာရုံစိုက်ခြင်းကို နှစ်သက်ကြသည်။ ဤသရုပ်သကန်များမှ ၎င်းတို့၏ သဘာဝကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးကြစို့။ ၎င်းတို့၏ သဘာဝသည် အဘယ်အရာဖြစ်သနည်း။ ၎င်းတို့သည် ဤသရုပ်သကန်များကို အမှန်တကယ် ပြသပါက ၎င်းတို့သည် မာနထောင်လွှားပြီး စိတ်ကြီးဝင်သောသူများ ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ ဝတ်ပြုကိုးကွယ်ခြင်းမရှိကြောင်းနှင့် ၎င်းတို့သည် မြင့်မားသော အဆင့်အတန်းကို လိုက်စားပြီး အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူတို့ကို ပိုင်ဆိုင်လိုပြီး ထိုသူတို့၏ စိတ်နှလုံးထဲတွင် နေရာတစ်ခု ရယူလိုကြောင်းတို့ကို သက်သေပြရန် လုံလောက်သည်။ ဤသည်မှာ စာတန်နှင့်သက်ဆိုင်သော စံပြပုံရိပ် ဖြစ်သည်။ ၎င်းတို့၏ သဘာဝနှင့်ပတ်သက်၍ အထူးသဖြင့် ထင်ရှားသော အသွင်အပြင်များမှာ ၎င်းတို့သည် မာနထောင်လွှား၍ စိတ်ကြီးဝင်ကြသည်၊ ဘုရားသခင်ကို မကိုးကွယ်ကြဘဲ အခြားသူများကို ၎င်းတို့အား ကိုးကွယ်လာစေရန် ကြိုးပမ်းကြခြင်းဖြစ်သည်။ ထိုသို့သော သရုပ်သကန်များက သင့်ကို ၎င်းတို့၏ သဘာဝထဲသို့ အလွန်ရှင်းလင်းစွာ ထိုးထွင်းသိမြင်စေနိုင်ပါသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း)သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ။ ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်အောင် လုပ်လိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် အစဉ်တစိုက် ပြစားဝင့်ဝါအောင် လုပ်လိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆကြည့်တော့၊ ကျွန်မရဲ့ သဘာဝက မာနထောင်လွှားလွန်းလို့ လူတွေကို ကိုယ့်အနားမှာပဲ ဝန်းရံစေချင်ခဲ့တယ်ဆိုတာကို သဘောပေါက်သွားတယ်။ ကျွန်မရဲ့ ပင်ကိုလက္ခဏာ ဒါမှမဟုတ် အဆင့်အတန်းကို ကျွန်မ နားမလည်ခဲ့ဘူး၊ ပြီးတော့ ကိုယ့်တာဝန်ကို တည်တည်ကြည်ကြည် ထမ်းဆောင်တဲ့ သာမန်လူတစ်ယောက်အဖြစ် နေဖို့ ဆန္ဒမရှိခဲ့ဘူး။ အဲဒီအစား ကျွန်မ ဘယ်သွားသွား၊ လူတွေကို ကျွန်မကို လေးစားအားကျပြီး ကိုးကွယ်စေချင်ခဲ့တယ်။ ဒီရည်ရွယ်ချက်ကို ရရှိဖို့အတွက် စုဝေးပွဲတွေမှာ ကိုယ့်ကိုယ်ကိုယ် ထုတ်ပြဖို့ စကားလုံးတွေနဲ့ အယူဝါဒတွေကို အမြဲတမ်း တတွတ်တွတ် ပြောတတ်တယ်၊ အဲဒါမှ လူတွေက ကျွန်မမှာ သမ္မာတရား လက်တွေ့ကျမှုရှိတယ်လို့ ထင်ကြမှာလေ။ ပြဿနာတွေကို ဘယ်လိုဖြေရှင်းနိုင်တယ်၊ ဆင်းရဲဒုက္ခတွေကို ဘယ်လိုခံနိုင်တယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို အသုံးခံနိုင်တယ်ဆိုတာတွေကိုလည်း အမြဲ ထုတ်ပြခဲ့တယ်။ ကျွန်မ ထုတ်ဖော်ပြမိတဲ့ ဖောက်ပြန်ပျက်စီးမှုတွေ၊ အပျက်သဘောဆောင်တာတွေနဲ့ အားနည်းချက်တွေကို သတိရှိရှိ ဖုံးကွယ်ထားခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေဆီက လေးစားအားကျမှုကို လိမ်လည်ရယူဖို့အတွက်၊ စိတ်ဓာတ်ပြင်းပြပြီး သမ္မာတရားကို လုံ့လရှိရှိ လိုက်စားနေတယ်ဆိုတဲ့ အယောင်ဆောင်မှုကို လူတွေရှေ့မှာ ပြသခဲ့တယ်။ အဲဒါကြောင့် ညီအစ်ကိုမောင်နှမတွေက ကျွန်မမှာ သမ္မာတရား လက်တွေ့ကျမှုရှိပြီး ပြဿနာတွေကို ဖြေရှင်းနိုင်တယ်လို့ ထင်သွားကြတာ။ သူတို့ဆီမှာ ကိစ္စတွေ ဖြစ်လာတဲ့အခါ၊ သူတို့က ဘုရားသခင်ဆီ ဆုမတောင်းတော့ဘဲ၊ သမ္မာတရားကို မရှာဖွေတော့ဘဲ အဲဒါကို ဖြေရှင်းပေးဖို့ ကျွန်မကိုပဲ အားကိုးကြတော့တယ်။ ကျွန်မ ဖြုတ်ချခံရတဲ့အခါမှာတောင် မတရားဘူးလို့ သူတို့ထင်တဲ့အရာကို ဆန့်ကျင်တွန်းလှန်ပေးခဲ့ကြတယ်။ တွေးကြည့်ရင်၊ ကျွန်မက အသင်းတော်မှာ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့တယ်။ တိုင်ကြားစာတွေကို ကိုင်တွယ်တာ၊ ပြဿနာတွေကို ဖြေရှင်းတာတွေက ကျွန်မရဲ့ အဓိကအလုပ်တွေထဲမှာ ပါဝင်တယ်။ ဒါ့အပြင် ကိစ္စတွေကို သေသေချာချာ ကိုင်တွယ်နိုင်ခဲ့တာဟာ ဘုရားသခင်ရဲ့ ဦးဆောင်မှုရယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ မိတ်သဟာယဖွဲ့တာနဲ့ ကူညီတာတွေကြောင့်ပါ။ အဲဒါကြောင့်သာ ဒီရလဒ်တွေကို ရရှိနိုင်ခဲ့တာ။ ကိုယ့်ကိုယ်ကိုယ်အားကိုးပြီးတော့ ဘာမှ စွမ်းဆောင်နိုင်ခဲ့မှာ မဟုတ်ဘူး။ ကျွန်မမှာ ထုတ်ပြလောက်တဲ့ အရင်းအနှီး လုံးဝ မရှိခဲ့ဘူး။ ဒါ့အပြင် မိသားစုဆီက နှိပ်စက်ညှဉ်းပန်းမှုကို ခံရတုန်းက ကျွန်မ နည်းနည်းတော့ ဒုက္ခခံခဲ့ရတယ်၊ ဒါပေမဲ့ စီစီပီအာဏာယူထားတဲ့ နိုင်ငံမှာ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်ရဲ့ နောက်ကို လိုက်တဲ့သူဆိုရင် ဒီအခက်အခဲတွေကို ခံစားရမှာပဲ။ ဒါက ကိုယ့်ရဲ့ ကယ်တင်ခြင်းအတွက်လည်း ဖြစ်တယ်။ ပြီးတော့ ကျွန်မက ခဏခဏ အားနည်းပြီး အပျက်သဘောဆောင်တတ်တယ်၊ ကိုယ့်တာဝန်တွေကို စွန့်လွှတ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ခဲ့တာတောင် တစ်ခါရှိသေးတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဦးဆောင်မှုသာ မရှိခဲ့ရင်၊ ကိုယ့်ဘာသာ ခိုင်မာစွာ ရပ်တည်နိုင်ခဲ့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ကို ချီးမြှောက်ပြီး ဘုရားသခင်အတွက် သက်သေမခံခဲ့ဘူး။ အဲဒီအစား ကိုယ့်ကိုယ်ကိုယ်ပဲ ချီးမြှောက်ခဲ့တယ်။ လူတိုင်းက ကျွန်မကို လေးစားအားကျတဲ့အခါ ကျွန်မပျော်ရွှင်ပြီး သာယာနေခဲ့သေးတယ်။ ကျွန်မ တကယ်ကို အရှက်မရှိခဲ့တာပဲ။ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာမရှိသလို၊ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး အရိပ်အယောင်လေးတောင် မရှိဘူးဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ ကျွန်မက သမ္မာတရား လက်တွေ့ကျမှု လုံးဝမရှိဘဲ ဗြောင်ကျကျ ဖောက်ပြန်ပျက်စီးနေတဲ့လူ ဖြစ်ပါလျက်နဲ့၊ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ဖို့နဲ့ ထုတ်ပြဖို့ လူမသိအောင်လုပ်တဲ့ နည်းလမ်းတွေကို ရှာဖို့ ကြိုးစားခဲ့သေးတယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်နှလုံးထဲမှာ ကိုယ်ပိုင်နေရာတစ်ခု ယူချင်လို့လေ။ ကျွန်မ တကယ်ကို မာနထောင်လွှားလွန်းပြီး ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့တာပဲ။ ပြီးတော့ ပေါလုအကြောင်းကို ကျွန်မ တွေးမိပြီး သူက ဘယ်လောက်တောင် မာနထောင်လွှားပြီး စိတ်ကြီးဝင်နေခဲ့လဲဆိုတာကို တွေးမိတယ်။ လူတွေ သူ့ကို လေးစားအားကျပြီး ကိုးကွယ်ဖို့ သူ အမြဲတမ်း လိုချင်ခဲ့တယ်။ သူ အလုပ်နည်းနည်းလေး လုပ်လိုက်တာနဲ့၊ သူ ဘယ်လောက် ဆင်းရဲဒုက္ခခံခဲ့တယ်၊ ဘယ်လောက် သစ္စာရှိခဲ့တယ်ဆိုတာကို ထုတ်ပြတော့တာပဲ၊ ဒါပေမဲ့ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေအတွက် သူ တစ်ခါမှ သက်သေမခံခဲ့ဘူး။ နောက်ဆုံးမှာ သူက ပြောသေးတယ်၊ “ငါ့အတွက် အသက်ရှင်ခြင်းဟာ ခရစ်တော်ပဲ” တဲ့။ ဒါက အစွန်းရောက်လွန်းတဲ့ မာနထောင်လွှားမှုနဲ့ စော်ကားမှုပဲ။ သူက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီး ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ချက်ကတစ်ဆင့်၊ ကိစ္စတွေကို ကျွန်မ လုပ်ကိုင်တဲ့ပုံစံနဲ့ ကျွန်မ ထုတ်ဖော်ပြတဲ့ စိတ်သဘောထားက ပေါလုနဲ့ တစ်ထပ်တည်းကျနေတယ်ဆိုတာကို နောက်ဆုံးမှာ ကျွန်မ မြင်တွေ့ခဲ့ရတယ်။ ကျွန်မက ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး အန္တိခရစ်တွေရဲ့ လမ်းကြောင်းကို လျှောက်နေခဲ့တာ။ ဒါက ဘုရားသခင်ရဲ့ ပြစ်တင်ရှုတ်ချတာကို ခံရပြီးပြီ။ ကျွန်မ စိတ်နှလုံးထဲမှာ အရမ်းကို ထိတ်လန့်သွားတယ်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ပြီးတဲ့နောက်မှာ၊ နောက်ဆုံးကျတော့ ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့သူတစ်ယောက် ဖြစ်သွားလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားခဲ့ဘူး။ ဘုရားသခင်က ကျွန်မကို ကယ်တင်ဦးမှာလား။ ဒီလိုဖြုတ်ချတာကို သုံးပြီး ငါ့ကို ထုတ်ဖော်ပြီးတော့ ဖယ်ရှားရှင်းလင်းပစ်မှာလားပေါ့။ တွေးလေတွေးလေ၊ ပိုပြီး ဝေဒနာခံစားရလေပဲ။ ဒါကြောင့် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မနားလည်နိုင်အောင် ဉာဏ်အလင်းပေးဖို့ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ “လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် အဆုံးသတ်နှင့် ပန်းတိုင်အတွက်သာမက ၎င်းတို့၏တာဝန်ခန့်အပ်မှုအား ပြုပြင်ခြင်းနှင့် ၎င်းတို့၏တာဝန်မှ ဖြုတ်ချခံရခြင်းအတွက် အထူးသဖြင့် ဆတ်ဆတ်ထိ မခံကြပေ။ လူအချို့သည် ထိုကဲ့သို့သော အရာများနှင့် ပတ်သက်၍ မှားယွင်းသော ကောက်ချက်ကို မကြာခဏ ချကြကာ ၎င်းတို့၏ တာဝန်၌ ဖြုတ်ချခံရပြီး ၎င်းတို့၌ နောက်ထပ် အဆင့်အတန်း မရှိသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့ကို မနှစ်သက်တော့ကြောင်း သို့မဟုတ် အလိုမရှိတော့ကြောင်း ပြောလျှင် ၎င်းတို့အတွက် ဇာတ်သိမ်းသွားပြီဟု ထင်ကြ၏။ ဤသည်မှာ ၎င်းတို့၏ ဆုံးဖြတ်သတ်မှတ်ချက် ဖြစ်၏။ ၎င်းတို့က ‘ဘုရားသခင်ကို ယုံကြည်ခြင်း၌ အကျိုးမရှိ၊ ကျွန်ုပ်ကို ဘုရားသခင် အလိုမရှိသည့်အပြင် ကျွန်ုပ်၏အဆုံးသတ်ကို သတ်မှတ်ထားပြီး ဖြစ်သောကြောင့် နောက်ထပ် အသက်ရှင်ရခြင်း၏ အကျိုးက မည်သည့်အရာနည်း’ ဟု ထင်မှတ်ကြသည်။ ထိုကဲ့သို့သော ထင်မြင်ချက်များကို ကြားရသည်တွင် အခြားသူများက ၎င်းတို့ကို ယုတ္တိတန်ပြီး သိက္ခာရှိသည်ဟု ထင်ကြသည်။ သို့သော် ဤသည်မှာ အမှန်တွင် မည်သည့်စိတ်ကူးမျိုး ဖြစ်သနည်း။ ယင်းမှာ ဘုရားသခင်အား ပုန်ကန်ခြင်း၊ မျှော်လင့်ချက်ကင်းမဲ့သော စိတ်၏လွှမ်းမိုးခံရခြင်း ဖြစ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် မျှော်လင့်ချက်ကင်းမဲ့သော စိတ်၏ လွှမ်းမိုးခြင်း ခံရသနည်း။ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သောကြောင့်၊ လူတို့ကို ဘုရားသခင် မည်ကဲ့သို့ ကယ်တင်သည်ကို ရှင်းလင်းစွာ မမြင်နိုင်သောကြောင့်အပြင် ၎င်းတို့၌ ဘုရားသခင်အား စစ်မှန်သော ယုံကြည်မှု မရှိသောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၁))ဘုရားသခင်ထံမှ စီရင်ရှုတ်ချသည့် ဖော်ပြချက်တစ်ခုမျှ ကြားရာတွင် ဘုရားသခင်၏ စီရင်ရှုတ်ချခြင်းခံရသောကြောင့် လူများသည် ဘုရားသခင်၏ စွန့်ပစ်ခြင်းကို ခံရပြီးဖြစ်ကာ ကယ်တင်ခြင်း ခံရတော့မည် မဟုတ်ဟု သင်တွေးပြီး ထိုအကြောင်းကြောင့် သင်သည် အပျက်သဘောဆောင်လာကာ မျှော်လင့်ချက် ပျက်သုဉ်းလေတော့သည်။ ဤသည်မှာ ဘုရားသခင်ကို အဓိပ္ပာယ်ကောက်လွဲခြင်း ဖြစ်သည်။ အမှန်မှာမူ ဘုရားသခင်သည် လူများကို မစွန့်ပစ်ရသေးပေ။ ၎င်းတို့သည် ဘုရားသခင်ကို နားလည်မှုလွဲကာ ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ကြပြီးဖြစ်သည်။ ‘မိုက်သောသူတို့မူကား၊ ဉာဏ်မရှိသောကြောင့် သေကြလိမ့်မည်။’ (သုတ္တံကျမ်း ၁၀:၂၁) ဟူ၍ ဓမ္မဟောင်းကျမ်း၏ စကားများ၌ ပြည့်စုံသကဲ့သို့ လူများကိုယ့်ကိုယ်ကိုယ် လက်လျှော့သည့်အချိန်ထက် ပို၍ သေရေးရှင်ရေးဖြစ်ခြင်း မရှိပေ။ လူများ မျှော်လင့်ချက်ပျက်သုဉ်းသည့်အချိန်ထက် ပို၍ မိုက်မဲသည့် အပြုအမူ မရှိပေ။ တစ်ခါတစ်ရံတွင် လူများကို ဆုံးဖြတ်သတ်မှတ်ထားပုံရသည့် ဘုရားနှုတ်ကပတ်တော်များကို သင်ဖတ်သည်။ အမှန်မှာမူ ယင်းတို့သည် မည်သူ့ကိုမျှ ဆုံးဖြတ်သတ်မှတ်ထားခြင်း မဟုတ်ဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ထင်မြင်ယူဆချက်တို့နှင့်ဆိုင်သည့် ဖော်ပြချက် ဖြစ်သည်။ ဤသည်တို့မှာ သမ္မာတရားနှင့် စည်းမျဉ်းဆိုင်ရာ နှုတ်ကပတ်တော်များဖြစ်ပြီး မည်သူ့ကိုမျှ ဆုံးဖြတ်သတ်မှတ်ထားခြင်း မဟုတ်ချေ။ ဒေါသ၊ သို့မဟုတ် အမျက်ထွက်သောအချိန်အတွင်းတွင် ဘုရားသခင် မိန့်မြွက်သော နှုတ်ကပတ်တော်များသည်လည်း ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုသည်။ ဤနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည့်အပြင် စည်းမျဉ်းများလည်း ဖြစ်သည်။ လူများသည် ဤအရာကို နားလည်ရမည်ဖြစ်သည်။ ဤအရာကိုမိန့်မြွက်ရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူတို့အား သမ္မာတရားကို နားလည်ခွင့်ပေးရန်နှင့် စည်းမျဉ်းများကို နားလည်ခွင့်ပေးရန် ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ဦးကို ဆုံးဖြတ်သတ်မှတ်ရန် လုံးဝမဟုတ်ပေ။ ယင်းတို့သည် လူတို့၏ နောက်ဆုံး အပြစ်ဒဏ်ပေးခြင်း ဖြစ်ဖို့မဆိုထားဘိ၊ ဤသည်မှာ လူတို့၏ နောက်ဆုံးပန်းတိုင်၊ ဆုလာဘ်တို့နှင့် ဘာမျှမသက်ဆိုင်ပေ။ ဤသည်တို့မှာ လူတို့ကို တရားစီရင်ရန်နှင့် ပြုပြင်ရန် မိန့်မြွက်ထားသော နှုတ်ကပတ်တော်များမျှသာ ဖြစ်သည်။ ယင်းတို့သည် သူ၏ မျှော်မှန်းချက်နှင့်အညီ အသက်မရှင်သော လူတို့အပေါ် အမျက်ထွက်ခြင်းရလဒ် ဖြစ်ကာ လူတို့ကို နိုးထစေရန်၊ လှုံ့ဆော်ရန် မိန့်မြွက်ထားခြင်းဖြစ်ပြီး ဘုရားသခင်၏ စိတ်နှလုံးမှလာသော နှုတ်ကပတ်တော်များ ဖြစ်သည်။ သို့တစေ လူအချို့က ဘုရားသခင်ထံမှ တရားစီရင်မှုနှင့်ယှဉ်သော ပြောဆိုချက် တစ်ခုမျှအတွက်ကြောင့် မှောက်မှားပြီး ဘုရားသခင်ကို ကျောခိုင်းသည်။ ဤကဲ့သို့သော လူတို့သည် မိမိတို့အတွက် မည်သည့်အရာ ကောင်းမွန်သည်ကို မသိကြ၊ ၎င်းတို့သည် အသိခေါက်ခက် အဝင်နက်ကာ သမ္မာတရားကို လုံးဝ လက်မခံကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၁)) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ နားလည်ခဲ့တယ်။ ကျရှုံးမှုနဲ့ ဖော်ထုတ်ခံရမှုတွေက ကျွန်မတို့ဆီ ကျရောက်လာတဲ့အခါ၊ ဒါဟာ ကျွန်မတို့ ဖယ်ရှားရှင်းလင်းခံရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ကျရှုံးမှုတွေကြားထဲမှာ ကျွန်မတို့က သမ္မာတရားကို ရှာဖွေနိုင်မယ်၊ သင်ခန်းစာတွေ ယူပြီး တကယ် နောင်တရနိုင်မယ်ဆိုရင်၊ ဒါဟာ ကျွန်မတို့အတွက် ကယ်တင်ခြင်းပဲ။ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါတိုင်း ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ထုတ်ပြခဲ့တာတွေကို ကျွန်မ တွေးမိတယ်။ တစ်ချိန်လုံး၊ ကျွန်မက မသိလိုက်ဘဲနဲ့ အန္တိခရစ်တွေရဲ့ လမ်းကြောင်းကို လျှောက်နေခဲ့တာ။ ဒီတစ်ခါ ကျွန်မ ဖြုတ်ချခံရတော့၊ ကျွန်မက တကယ့်အလုပ်ကို မလုပ်နိုင်တဲ့အတွက် တာဝန်ပြောင်းခံရမှာပဲ။ ဒါဆိုရင် အဆင်ပြေပါတယ်လို့ပဲ တွေးခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် လုံးဝ ဆင်ခြင်သုံးသပ်မှု မလုပ်ခဲ့ဘူး။ ခေါင်းဆောင်တွေက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ သတိပေးလာပြီး၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ချက်နဲ့မှ၊ ကျွန်မက လမ်းမှားပေါ် ရောက်နေတာ ကြာပြီဖြစ်ပြီး၊ မကောင်းမှုတွေလုပ်ရင်း ဘုရားသခင်ကို အတိုက်အခံလုပ်နေခဲ့တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မ တကယ်ကို ထုံထိုင်းလွန်းခဲ့တာပဲ။ ကျွန်မအတွက်တော့ ဒီလိုဖြုတ်ချခံရတာဟာ ကြီးမားတဲ့ စောင့်ရှောက်မှုတစ်ခုပဲ။ ကျွန်မ မကောင်းမှုလုပ်နေတာကို အဲဒါက ရပ်တန့်သွားစေခဲ့တယ်။ မဟုတ်ရင်၊ နောက်ဆုံးမှာ ကျွန်မ အပြစ်ဒဏ်ပေးခံရမှာဖြစ်ပြီး ဘာတွေဖြစ်နေမှန်းတောင် သိမှာမဟုတ်ဘူး။ ကျရှုံးမှုနဲ့ ထုတ်ဖော်ခံရတာဟာ ဖယ်ရှားရှင်းလင်းခံရတာ မဟုတ်ဘူးဆိုတာကို ကျွန်မ မြင်တွေ့ခဲ့ရတယ်။ အဲဒီအစား ဒါက ကိုယ့်ကိုယ်ကိုယ် နားလည်စေဖို့နဲ့ နောင်တရပြီး ပြောင်းလဲမှုတွေ ရရှိစေဖို့အတွက်ပဲ ဖြစ်တယ်။ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ တွေ့ကြုံခဲ့ရပြီး အရမ်းကို တို့ထိခံခဲ့ရတယ်။ ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ ကိစ္စတွေ အများကြီးကို ကျွန်မ လုပ်ခဲ့ပေမဲ့၊ ဘုရားသခင်က ကျွန်မရဲ့ ကယ်တင်ခြင်းကို မစွန့်လွှတ်သေးဘူး။ ဒါက တကယ့်ကို ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာပဲ။ ကျွန်မ ဘုရားသခင်ကို နားလည်မှု မလွဲတော့ဘဲ ဘုရားသခင်ဆီမှာ နောင်တရဖို့ ဆန္ဒရှိလာတယ်။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ဒုက္ခခံခဲ့ပြီးဖြစ်ကြောင်း၊ ဘုရားသခင်ကို ခုခံဖို့ သင်တို့ အမှုကိစ္စမည်မျှ ပြုလုပ်ပြီးကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ အမှုကိစ္စများကို သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများအကြောင်းကို ပို၍ပြောသင့်ပြီး စိတ်နှလုံးထဲမှ ပို၍ စကားပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်)သို့ဆိုလျှင် မည်သည့် ပြုမူလုပ်ဆောင်နည်းသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း မဟုတ်သနည်း။ အကယ်၍ သင်သည် အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်၍ ကြွားလုံးထုတ်ပြီး မိမိကိုယ်ကို သက်သေခံပါက လူအချို့အား သင့်ကို အထင်ကြီးပြီး ကိုးကွယ်အောင် လုပ်ခြင်းဟူသည့် ရလဒ်ကို စွမ်းဆောင်ရရှိမည် ဖြစ်သည်။ သို့သော် သင်သည် ထိုတူညီသော အကြောင်းအရာနှင့် ပတ်သက်၍ မိမိကိုယ်ကို ဖော်ထုတ်ပြပြီး သင်၏ ကိုယ့်ကိုယ်ကိုယ် သိကျွမ်းခြင်းကို ဝေမျှလျှင် ဤအရာ၏ သဘာဝမှာ ကွဲပြား၏။ ဤသည်မှာ မမှန်ကန်သလော။ မိမိ၏ ကိုယ့်ကိုယ်ကိုယ် သိကျွမ်းခြင်းအကြောင်း ပြောပြဖို့အတွက် မိမိကိုယ်ကို ဖော်ထုတ်ပြခြင်းသည် သာမန်လူ့သဘာဝက ပိုင်ဆိုင်ထားရမည့် အရာတစ်ခုဖြစ်၏။ ယင်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိနားလည်ပြီး မိမိ၏အခြေအနေအကြောင်း မှန်ကန်စွာ၊ စစ်မှန်စွာနှင့် တိကျစွာ ပြောပြလျှင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးလုံးလျားလျား အခြေခံသည့် အသိပညာအကြောင်း ပြောပြလျှင်၊ သင့်အား နားထောင်သောသူတို့သည် တည်ဆောက်ပေးခြင်း ခံရပြီး ယင်းမှနေ၍ အကျိုးဖြစ်လျှင်၊ ထို့ပြင် ဘုရားသခင်၏ အလုပ်ကို သက်သေခံပြီး သူ့ကို ဘုန်းတော်ထင်ရှားစေလျှင် ယင်းသည် ဘုရားသခင်အား သက်သေခံနေခြင်း ဖြစ်၏။...လူတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံနေကြခြင်း ဟုတ်မဟုတ် ပိုင်းခြားသိမြင်ဖို့ အဓိကသော့ချက်မှာ စကားပြောသူ၏ ရည်ရွယ်ချက်ကို ကြည့်ခြင်းဖြစ်သည်။ အကယ်၍ သင်၏ ရည်ရွယ်ချက်မှာ သင်၏ ဖောက်ပြန်ပျက်စီးခြင်းက မည်ကဲ့သို့ ထုတ်ဖော်ကြောင်းနှင့် သင် မည်ကဲ့သို့ ပြောင်းလဲသွားကြောင်း လူတိုင်းကို ပြသရန်နှင့် အခြားသူများကို ဤအရာမှ အကျိုးရှိအောင် ထောက်ကူပေးရန်ဖြစ်လျှင် သင်၏ စကားများသည် အလွန် အလေးအနက်ထားပြီး မှန်ကန်သည့်အပြင် အဖြစ်မှန်နှင့် ကိုက်ညီသည်။ ထိုကဲ့သို့သော ရည်ရွယ်ချက်များက မှန်ကန်ပြီး သင်သည် ကြွားလုံးထုတ်နေခြင်း သို့မဟုတ် မိမိကိုယ်ကို သက်သေခံနေခြင်း မဟုတ်ပေ။ သင်၏ ရည်ရွယ်ချက်မှာ လူတိုင်း သင့်ကို အထင်ကြီးပြီး ကိုးကွယ်ရန်အတွက် သင်၌ တကယ့် အတွေ့အကြုံများ ရှိကြောင်း၊ သင်သည် ပြောင်းလဲသွားပြီး သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ထားကြောင်း သူတို့ကို ပြဖို့ဆိုပါက ဤရည်ရွယ်ချက်များမှာ မမှန်ကန်ပေ။ ယင်းက ကြွားလုံးထုတ်ခြင်းနှင့် မိမိကိုယ်ကို သက်သေခံခြင်း ဖြစ်၏။ အကယ်၍ သင်ပြောပြနေသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်က မှားယွင်းပြီး မစင်ကြယ်သည့်အပြင် လူတို့ကို လိမ်လည်ရန်၊ သူတို့ကို သင်၏ စစ်မှန်သော အခြေအနေအား မြင်တွေ့ခြင်းမှ တားဆီးရန်နှင့် သင်၏ ရည်ရွယ်ချက်များ၊ ဖောက်ပြန်ပျက်စီးမှု၊ အားနည်းချက် သို့မဟုတ် အပျက်သဘောဆောင်ခြင်းကို အခြားသူများထံ ထုတ်ဖော်ခံရခြင်းမှ ကာကွယ်ရန်အတွက် ရည်ရွယ်ပါက ထိုသို့သော စကားများသည် လှည့်စားပြီး အထင်အမြင်မှားစေသည်။ ဤသည်မှာ အတုအယောင် သက်သေခံချက်ဖြစ်ကာ ဘုရားသခင်ကို လှည့်စားပြီး ဘုရားသခင်ကို အရှက်ရစေသည့်အပြင် ယင်းသည် ဘုရားသခင် အမုန်းဆုံးအရာပင် ဖြစ်၏။ ဤအခြေအနေများကြားတွင် ရှင်းလင်းသော ခြားနားချက်များ ရှိကာ ယင်းတို့အားလုံးကို ရည်ရွယ်ချက်အပေါ် အခြေခံ၍ ပိုင်းခြားသိမြင်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့်၊ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းတစ်ခုကို ကျွန်မ တွေ့ခဲ့တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ၊ မှန်ကန်တဲ့ ရည်ရွယ်ချက်ကို ထားရမယ်၊ ပြီးတော့ သတိရှိရှိနဲ့ ဘုရားသခင်ကို ချီးမြှောက်ရမယ်၊ ဘုရားသခင်အတွက် သက်သေခံရမယ်၊ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုရမယ်။ ကိုယ့်အတွေ့အကြုံအကြောင်း ပြောပြတဲ့အခါ၊ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး ရှိရမယ်။ ကိုယ့်ရဲ့ အပျက်သဘောဆောင်တာတွေနဲ့ အားနည်းချက်တွေပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဖောက်ပြန်ပျက်စီးတာတွေကို ထုတ်ဖော်ပြမိတာပဲဖြစ်ဖြစ်၊ ညီအစ်ကိုမောင်နှမတွေကို ဒီလို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားမျိုးနဲ့ပတ်သက်ပြီး ပိုင်းခြားသိမြင်မှု ရရှိစေဖို့၊ ပြီးတော့ ဒါကို ဘယ်လိုနားလည်ပြီး ဖြေရှင်းရမယ်ဆိုတာကို သိစေဖို့၊ ပြီးတော့ ကျွန်မရဲ့ အတွေ့အကြုံကနေ တည်ဆောက်စရာဖြစ်ပြီး အကျိုးကျေးဇူးတွေ ရစေဖို့အတွက် ဒါကို အမြဲတမ်း ဖွင့်ပြောပြီး ချပြရမယ်။ နောက်ပြီးတော့ ဖွင့်ပြောပြီး ကိုယ့်အကြောင်းကို ချပြတာကနေတစ်ဆင့် ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြမယ်၊ တခြားသူတွေ ထုတ်ဖော်ပြတဲ့ ဖောက်ပြန်ပျက်စီးမှုတွေ ကျွန်မမှာ အများကြီးရှိတယ်ဆိုတာရယ်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတချို့က တခြားသူတွေထက်တောင် ပိုပြီး ဆိုးရွားနိုင်တယ်ဆိုတာရယ်၊ ပြီးတော့ ကျွန်မက တခြားသူတွေရဲ့ လေးစားအားကျမှုနဲ့ ကိုးကွယ်မှုကို ခံရဖို့ လုံးဝ မထိုက်တန်ဘူးဆိုတာကို သူတို့ ရှင်းရှင်းလင်းလင်းမြင်နိုင်ကြမယ်။ ဒီလို လက်တွေ့လုပ်ဆောင်တာဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာလည်း ဖြစ်တယ်။

ဒါကို နားလည်သွားတဲ့အခါ၊ လူတိုင်းက ကျွန်မ့အပေါ် ပိုင်းခြားသိမြင်မှု ကင်းမဲ့နေတယ်လို့ ခေါင်းဆောင်တွေက ပြောခဲ့တာနဲ့၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ ပြောခဲ့တာကို ကျွန်မ တွေးမိတယ်။ ဒါကြောင့် စုဝေးပွဲတွေမှာ ဒီကာလအတွင်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာနဲ့ ကိုယ့်ကိုယ်ကိုယ် သိမြင်တာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြချင်ခဲ့ပြီး ကျွန်မ ထုတ်ဖော်ပြမိခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ချပြချင်ခဲ့တယ်။ ဒီလိုဆိုရင် လူတိုင်းက ကျွန်မကို ပိုင်းခြားသိမြင်နိုင်ကြလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်း စကားပြောရမယ့်အချိန် ရောက်လာတော့၊ စိတ်နှလုံးထဲမှာ နည်းနည်း လွန်ဆွဲနေခဲ့တယ်၊ “ငါထုတ်ဖော်ပြမိခဲ့တာတွေ၊ ငါ့ရဲ့ အပြုအမူတွေအကြောင်းကို ညီအစ်ကိုမောင်နှမတွေ အကုန်လုံး သိသွားရင်၊ သူတို့ ငါ့ကို ဘယ်လိုထင်ကြမလဲ။ ငါက တစ်ချိန်လုံး ကြောင်သူတော်ဖြစ်နေခဲ့တာလို့များ သူတို့ ပြောကြမလား။ ငါ့ကို ဖယ်ကြဉ်လိုက်ကြမလား” ပေါ့။ အဲဒီတော့ ကျွန်မက ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုဖို့ နည်းနည်း ဆန္ဒမရှိသလို ဖြစ်သွားတယ်။ အဲဒီအချိန်မှာ နိနေဝေမြို့သားတွေရဲ့ နောင်တရခြင်းအကြောင်း ဘုရားသခင်ရဲ့ မိတ်သဟာယကို ကျွန်မ သတိရလိုက်တယ်။ ဘုရားသခင်က ပြောသည် “‘မိမိ၏ ဆိုးယုတ်သည့်လမ်းကို ရှောင်ခြင်း’ ဆိုသည်မှာ ထိုလူတို့သည် ဤလုပ်ရပ်တို့ကို ဘယ်တော့မျှ နောက်ထပ်ကျူးလွန်တော့မည်မဟုတ်ဟု ဆိုလိုသည်။ တစ်နည်းပြောရလျှင် သူတို့သည် ဤဆိုးယုတ်သည့်လမ်းကို ဘယ်တော့မျှ နောက်ထပ်ပြုမူတော့မည် မဟုတ်ပေ။ သူတို့လုပ်ရပ်များ၏ နည်းလမ်း၊ အရင်းအမြစ်၊ ကြံရွယ်ချက်၊ ရည်မှန်းချက်နှင့် အခြေခံမူတို့သည် အားလုံးပြောင်းလဲသွား၏။ သူတို့၏နှလုံးသားတွင် သာယာကြည်နူးမှုနှင့် ပျော်ရွှင်မှုကိုရရှိရန် ဤနည်းလမ်းများနှင့် အခြေခံမူများကို ဘယ်တော့မျှ ထပ်မံအသုံးပြုမည် မဟုတ်တော့ပေ။ ‘မိမိလက်များထဲက အဓမ္မအမှုများကို စွန့်လွှတ်သည်’ ဆိုသည့်အထဲ၌ ‘စွန့်လွှတ်’ ဟူသည်မှာ လွှတ်ချဖို့၊ သို့မဟုတ် ဘေးဖယ်လိုက်ဖို့၊ အတိတ်ကို လုံးဝဖြတ်တောက်လိုက်ပြီး ဘယ်တော့မျှ နောက်ပြန်မလှည့်ဖို့ကို ဆိုလိုခြင်းဖြစ်သည်။ နိနေဝေမြို့သားတို့သည် သူတို့လက်ထဲမှ အဓမ္မအမှုများကို စွန့်လွှတ်ခဲ့သည့်အခါ ဤအချက်က သူတို့၏ စစ်မှန်သည့် နောင်တကို သက်သေပြသကဲ့သို့ ကိုယ်စားလည်းပြုသည်။ ဘုရားသခင်သည် လူတို့၏အပြင်ပန်းနှင့် သူတို့၏နှလုံးသားကိုလည်း လေ့လာကြည့်ရှုသည်။ ဘုရားသခင်သည် နိနေဝေမြို့သားတို့၏ နှလုံးသားထဲရှိ စစ်မှန်သည့် နောင်တကို မေးခွန်းမထုတ်ဘဲနှင့် လေ့လာကြည့်ရှုပြီး သူတို့သည် သူတို့၏ဆိုးယုတ်သည့်လမ်းများကို ထားခဲ့ပြီး သူတို့၏လက်ထဲမှ အဓမ္မအမှုများကို စွန့်ပစ်ခဲ့ကြောင်းကိုလည်း ကြည့်ရှုသိမြင်ပြီးသည့်အခါ သူ၏နှလုံးသားကို သူပြောင်းလဲခဲ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) နိနေဝေမြို့သားတွေက လျှော်တေအဝတ်ကို ဝတ်ပြီး ပြာပေါ်မှာ ထိုင်လျက် ဘုရားသခင်ဆီမှာ နောင်တရခဲ့ကြတယ်။ သူတို့က အတိတ်က ဆိုးယုတ်တဲ့ လမ်းစဉ်တွေကို စွန့်လွှတ်ခဲ့ပြီး ဒုစရိုက်အမှုတွေကို ဆက်မလုပ်ကြတော့ဘူး။ နောက်ဆုံးမှာ သူတို့ဟာ ဘုရားသခင်ရဲ့ သနားကရုဏာကို ရရှိခဲ့ကြတယ်။ ဒါနဲ့ ယှဉ်ကြည့်လိုက်ရင် ကျွန်မကတော့ နောင်တရဖို့ ဆန္ဒရှိတဲ့အကြောင်းလောက်ပဲ ပြောခဲ့တာ။ ဒါပေမဲ့ ပတ်ဝန်းကျင်တစ်ခု တကယ်ကျရောက်လာတဲ့အခါမှာတော့ ကျွန်မက ကိုယ့်သိက္ခာကိုပဲ ပြန်ပြီး ကာကွယ်ချင်နေခဲ့တယ်။ ဒါက စစ်မှန်တဲ့ နောင်တရခြင်း မဟုတ်ဘူး။ ကိုယ့်သိက္ခာကို ကျွန်မ စွန့်လွှတ်ရမယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေရှေ့မှာ ကျွန်မ့ရဲ့ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ပွင့်ပွင့်လင်းလင်း ပြောပြရမယ်။ သူတို့ ကျွန်မကို ထပ်ပြီး လေးစားအားကျတာ ဒါမှမဟုတ် ကိုးကွယ်တာမျိုး မလုပ်ကြတော့ဖို့၊ ပြီးတော့ ကျွန်မ ကျရှုံးမှုကနေ ဘုရားသခင်ရဲ့ ဖြောင့်မတ်မှုကို နားလည်ပြီး၊ အဲဒီကနေ သတိပေးချက်တစ်ခု ရယူနိုင်ကြဖို့အတွက် ကျွန်မရဲ့ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှုကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်အောင် ပြရမယ်၊ ဒါကို သဘောပေါက်သွားတဲ့အခါ၊ ခေါင်းဆောင်ဖြစ်ကတည်းက ကျွန်မ ဘာတွေ ထုတ်ဖော်ပြခဲ့တယ်၊ ဘယ်လို ပြုမူခဲ့တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ချီးမြှောက်ခဲ့တယ်၊ ထုတ်ပြခဲ့တယ် ဆိုတာတွေကိုပေါ့။ မိတ်သဟာယပြုပြီးသွားတဲ့အခါ၊ ကျွန်မရဲ့ စိတ်နှလုံးဟာ အထူးသဖြင့် လွတ်မြောက်သွားသလို ခံစားရတယ်။

ရက်နည်းနည်းကြာတော့ အထက်အဆင့် ခေါင်းဆောင်တွေက ကျွန်မအတွက် တာဝန်တစ်ခု စီစဉ်ပေးခဲ့တယ်။ အဲဒီအချိန်တုန်းက အရမ်းစိတ်လှုပ်ရှားသွားပြီး ငိုတောင်ငိုမိတယ်။ ဘုရားသခင်ဆီမှာ ကျွန်မ တကယ် နောင်တရတဲ့အခါ သူရဲ့ ပြုံးနေတဲ့ မျက်နှာတော်ကို မြင်ရလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး။ ဘုရားသခင်က ကျွန်မကို စွန့်ပစ်မသွားခဲ့သလို၊ ကျွန်မရဲ့ ပြစ်မှားခြင်းတွေအတိုင်းလည်း သဘောမထားခဲ့ဘူး။ ကျွန်မ အရမ်းကို တို့ထိခံခဲ့ရတယ်။ ကျွန်မ တိတ်တဆိတ် စိတ်ပိုင်းဖြတ်လိုက်တယ်၊ “နောင်ကျရင် ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ၊ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး ရှိရမယ်၊ သတိရှိရှိနဲ့ ဘုရားသခင်ကို ချီးမြှောက်ရမယ်၊ ဘုရားသခင်အတွက် သက်သေခံရမယ်၊ သမ္မာတရားကို လိုက်စားဖို့ အစွမ်းကုန် ကြိုးစားရမယ်၊ ကိုယ့်တာဝန်တွေကို လက်တွေ့ကျကျ ထမ်းဆောင်ရမယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ထုတ်ပြတာတွေကို ရပ်တန့်ရမယ်” ပေါ့။ နောက်ပိုင်းမှာ ကိုယ့်တာဝန်တွေကို ထမ်းဆောင်တဲ့အခါ၊ ကျွန်မ ပိုပြီးတော့ ချုပ်တည်းလာနိုင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ထုတ်ပြချင်လာတိုင်း၊ ဘုရားသခင်ဆီကို သတိရှိရှိ ဆုတောင်းတယ်၊ သူရဲ့ စိစစ်ခြင်းကို လက်ခံတယ်၊ မှားယွင်းတဲ့ ရည်ရွယ်ချက်တွေကို ပုန်ကန်တယ်၊ ပြီးတော့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအတိုင်း ဆက်ပြီး မလုပ်ဆောင်တော့ဘူး။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်တဲ့အခါ စိတ်နှလုံးထဲမှာ အရမ်းကို အေးချမ်းသွားတယ်။

အရှေ့သို့-  ၅၁။ ကျွန်မတို့ထံ ကျရောက်လာသည့် ဆင်းရဲဒုက္ခသည် ဘုရားသခင်၏ မေတ္တာလည်း ဖြစ်ပါသည်

နောက်တစ်ခုသို့-  ၅၃။ အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေခံသော ယုံကြည်ခြင်း၏ အကျိုးဆက်များ

သက်ဆိုင်သည့် အကြောင်းအရာ

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger