အခန်း (၉)

ငါ၏ နှုတ်ကပတ်တော်နှင့်ပတ်သက်၍ သင်သည် စိုးစဉ်းမျှ ဝတ်ကျေတမ်းကျေ မလုပ်ရ သို့မဟုတ် ပေါ့ဆခြင်း မရှိရကြောင်း သင့်ကို ငါ သတိပေးလိုသည်၊ သင်သည် ဂရုပြုပြီး ကျိုးနွံနာခံရမည်ဖြစ်ကာ ငါ၏ ရည်ရွယ်ချက်များနှင့်အညီ ပြုမူရမည်။ သင်သည် အစဉ်သဖြင့် နိုးကြားနေရမည်ဖြစ်ပြီး မာနထောင်လွှားသော သို့မဟုတ် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထား မည်သည့်အခါမျှ မရှိရပေ၊ သင်၏အတွင်း၌ ကိန်းဝပ်နေသော ဟောင်းနွမ်းသည့် သဘာဝ စိတ်သဘောထားများကို ဖယ်ရှားရန် အချိန်တိုင်းတွင် သင်သည် ငါ့ကို မှီခိုရမည်။ သင်သည် ငါ့ရှေ့မှောက်တွင် ပုံမှန် အနေအထားတစ်ခုကို အစဉ်သဖြင့် ထိန်းသိမ်းထားနိုင်သင့်ပြီး တည်ငြိမ်သော စိတ်သဘောထားတစ်ခုကို ပိုင်ဆိုင်သင့်သည်။ သင်၏ တွေးခေါ်မှုသည် ရှင်းလင်းပြတ်သားရမည်ဖြစ်ပြီး မည်သည့် လူ၊ ဖြစ်ရပ် သို့မဟုတ် အမှုအရာ၏ ဘောင်ခတ်ခြင်း သို့မဟုတ် ယိမ်းယိုင်စေခြင်းကိုမျှ မခံရသင့်ပေ။ သင်သည် ငါ၏ မျက်မှောက်တော်တွင် တိတ်ဆိတ်ငြိမ်သက်နိုင်စွမ်း အစဉ်သဖြင့် ရှိသင့်ပြီး ငါ့ထံသို့ အစဉ်မပြတ် ဆက်တိုက် တိုးဝင်ချဉ်းကပ်ကာ ငါနှင့် မိတ်သဟာယဖွဲ့သင့်သည်။ သင်သည် ခွန်အားနှင့် သတ္တိကို ပြသရမည်ဖြစ်ပြီး ငါ့အတွက် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရမည်၊ ထကြွပြီး ငါ့အတွက် မားမားမတ်မတ်ရပ်တည်ကာ စကားပြောပေးလော့၊ ပြီးလျှင် အခြားလူများ ပြောကောင်း ပြောနိုင်သည့်အရာကို မကြောက်နှင့်။ ငါ၏ ရည်ရွယ်ချက်များကိုသာ ဖြည့်ဆည်းလော့၊ ပြီးလျှင် သင့်ကို မည်သူမျှ ဘောင်ခတ်ခွင့် မပြုနှင့်။ သင့်ထံ ငါ ထုတ်ဖော်သည့်အရာကို ငါ၏ ရည်ရွယ်ချက်များနှင့်အညီ လိုက်နာရမည်ဖြစ်ပြီး နှောင့်နှေး၍ မရနိုင်ပေ။ သင်၏ အတွင်းစိတ်ထဲတွင် မည်သို့ ခံစားရသနည်း။ သင် ကသိကအောင့် ဖြစ်နေသလော။ ဤအရာနှင့်ပတ်သက်၍ သင် ရှင်းလင်းလိမ့်မည်။ သင်သည် အဘယ်ကြောင့် ငါ့အတွက် မားမားမတ်မတ်ရပ်တည်ပြီး စကားမပြောပေးနိုင်သည့်အပြင် ငါ၏ ဝန်ထုပ်ကို အလေးမထားနိုင်ရသနည်း။ သင်သည် သင်၏ ကိုယ်ပိုင် သေးငယ်သော လှုပ်ရှားမှုများကို မလျှော့တမ်း လုပ်ဆောင်သော်လည်း အရာအားလုံးကို ငါ ရှင်းလင်းစွာ မြင်ရသည်။ ငါသည် သင်၏ အထောက်အပံ့နှင့် သင်၏ အကာအကွယ် ဖြစ်ပြီး အရာအားလုံးသည် ငါ၏ လက်ထဲတွင် ရှိသည်။ သို့ဆိုလျှင် သင်သည် အဘယ်အရာကို ကြောက်ရွံ့နေသနည်း။ သင်သည် အလွန်အမင်း တွယ်တာလွန်းနေခြင်း မဟုတ်လော။ သင်သည် သင်၏ ခံစားချက်များကို အမြန်ဆုံး ဖယ်ရှားရမည်၊ ငါသည် ခံစားချက်များဖြင့် ပြုမူမည့်အစား ဖြောင့်မတ်မှုကို ကျင့်သုံးသည်။ မည်သူမဆို အသင်းတော်အတွက် အကျိုးမရှိသော အရာတစ်ခုခုကို လုပ်ဆောင်ပါက ယင်းမှာ သင်၏ မိဘများ ဖြစ်လျှင်ပင် လက်သင့်ခံနိုင်ဖွယ် မရှိပေ။ ငါ၏ ရည်ရွယ်ချက်များကို သင့်ထံ ထုတ်ဖော်ပြပြီးဖြစ်ကာ ယင်းတို့ကို သင် လျစ်လျူမရှုရပေ။ ထိုအစား သင်သည် ယင်းတို့အပေါ် အလွန်ပင် အာရုံစိုက်ရမည်။ စိတ်နှလုံးအကြွင်းမဲ့ လိုက်လျှောက်ရန် အခြားအရာအားလုံးကို ဘေးဖယ်ထားလော့၊ သင့်ကို ငါ ကာကွယ်မည်ဖြစ်ပြီး သင့်ကို ငါ၏ လက်ရုံးတော်ထဲတွင် အစဉ်သဖြင့် ထားရှိမည်။ အမြဲတစေ သတ္တိမနည်းနှင့်၊ သင်၏ ခင်ပွန်း သို့မဟုတ် ဇနီး၏ ဘောင်ခတ်မှုများကို မခံနှင့်၊ ငါ၏ အလိုတော်ကို လုပ်ဆောင်ခွင့် သင် ပြုရမည်။

ယုံကြည်လော့။ ယုံကြည်လော့။ ငါသည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ သင့်တွင် ထိုးထွင်းသိမြင်မှု အချို့ ရှိကောင်းရှိနိုင်သော်လည်း သင်သည် နိုးကြားနေရမည် ဖြစ်သည်။ အသင်းတော်၊ ငါ၏ အလိုတော်နှင့် ငါ၏ စီမံခန့်ခွဲမှုတို့အတွက် သင်သည် အပြည့်အဝ သစ္စာစောင့်သိရမည်၊ နက်နဲသောအရာများနှင့် အဆုံးသတ်များ အားလုံးကို သင့်ထံ ရှင်းလင်းစွာ ဖော်ပြလိမ့်မည်။ နောက်ထပ် နှောင့်နှေးမှု ရှိမည် မဟုတ်ပေ၊ နေ့ရက်များသည် အဆုံးသတ်သို့ ရောက်ရှိလာနေပြီ။ သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အသက်တာတွင် ကြီးထွားရန်နှင့် ရင့်ကျက်ရန် မည်သို့ လိုက်စားရမည်၊ ငါ အသုံးပြုရန် သင့်လျော်စေဖို့ သင့်ကိုယ်သင် မည်သို့ ပို၍ အလျင်အမြန် ပြုလုပ်ရမည်၊ ငါ၏ အလိုတော်ကို လုပ်ဆောင်ကြောင်း မည်သို့ သေချာစေရမည်ဟူသော ဤအကြောင်းအရာများကို သင် ဂရုတစိုက် စဉ်းစားဆင်ခြင်ရမည်ဖြစ်ပြီး ငါနှင့် ပို၍ နက်ရှိုင်းသော မိတ်သဟာယဖွဲ့ခြင်းတွင် ပါဝင်ရမည်။ ငါ့ကို မှီခိုလော့၊ ငါ့ကို ယုံကြည်လော့၊ မည်သည့်အခါမျှ ပေါ့ဆခြင်း မရှိနှင့်၊ ပြီးလျှင် ငါ၏ လမ်းပြမှုနှင့်အညီ အမှုအရာများကို လုပ်ဆောင်နိုင်လော့။ သင်သည် သမ္မာတရားဖြင့် အပြည့်အဝ တပ်ဆင်ထားရမည်ဖြစ်ပြီး ယင်းကို ပို၍ မကြာခဏ စားသောက်ရမည်။ သင်သည် သမ္မာတရားတိုင်းကို လက်တွေ့လုပ်ဆောင်ရမည်၊ ထိုအခါမှသာ သင့်တွင် ရှင်းလင်းသော နားလည်သဘောပေါက်မှု ရှိလိမ့်မည်။

သင့်တွင် အချိန်အလုံအလောက် မရှိဟု ယခု သင် ခံစားရသလော။ သင်၏ ဝန်ထုပ်သည် ယခု အလွန် လေးလံနေသည့်အလား သင်၏ အတွင်း၌ ကွဲပြားသည်ဟုလည်း သင် ခံစားရသလော။ ငါ၏ ရည်ရွယ်ချက်များသည် သင့်အပေါ်တွင် ရှိသည်၊ သင်သည် ခေါင်းကြည်လင်နေရမည်ဖြစ်ပြီး ၎င်းတို့ထံမှ မခွဲထွက်ရပေ။ ငါ၏ ရည်ရွယ်ချက်များကို သင်တို့ထံ အစဉ်သဖြင့် ထုတ်ဖော်ပြနိုင်ရန်အလို့ငှာ သင်သည် ငါနှင့် အစဉ်သဖြင့် ဆက်သွယ်နေရမည်၊ ငါ့ထံသို့ အစဉ်မပြတ် တိုးဝင်ချဉ်းကပ်ရမည်၊ ငါနှင့် မိတ်သဟာယဖွဲ့ရမည်၊ ငါ၏ စိတ်နှလုံးကို အလေးထားရမည်ဖြစ်ပြီး အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အစေခံနိုင်ရမည်။ အချိန်တိုင်းတွင် အသေအချာ အာရုံစိုက်လော့။ အသေအချာ အာရုံစိုက်လော့။ အနည်းငယ်မျှပင် မခိုကပ်နှင့်၊ ယင်းမှာ သင်၏ တာဝန်ဖြစ်ပြီး ငါ၏ အလုပ်သည် ယင်းအထဲတွင် ကိန်းဝပ်သည်။

ဤအမှတ်နေရာတွင် သင်သည် နားလည်သဘောပေါက်မှု အနည်းငယ် ရရှိကောင်း ရရှိထားနိုင်ပြီး ဤသည်မှာ အတော်အတန် အံ့ဩဖွယ်ကောင်းသည်ဟု ခံစားရနိုင်သည်။ ယင်းသည် လူသား၏ အယူအဆများ၊ အတွေးအခေါ်များနှင့် စိတ်ကူးများနှင့် လုံးဝ ကွဲပြားသည်ဟု အစဉ်သဖြင့် ခံစားရလျက် အတိတ်က သင့်တွင် သံသယအချို့ ရှိခဲ့ဖူးသော်လည်း ယခုအခါ သင်သည် ယင်းကို အခြေခံအားဖြင့် နားလည်သဘောပေါက်ပြီ ဖြစ်သည်။ ဤသည်မှာ ငါ၏ အံ့ဩဖွယ်ကောင်းသော အလုပ်ဖြစ်ပြီး ယင်းသည် ဘုရားသခင်၏ အံ့ဩဖွယ်ကောင်းသော အလုပ်လည်း ဖြစ်သည်၊ သင်သည် လုံးဝ နိုးကြားနေရမည်ဖြစ်ပြီး စောင့်ဆိုင်းကာ ယင်းအထဲတွင် လျှောက်လှမ်းရမည်။ အချိန်သည် ငါ၏ လက်ထဲတွင် ရှိသည်၊ ယင်းကို အလဟဿ မဖြုန်းတီးနှင့်၊ ပြီးလျှင် တစ်ခဏမျှပင် မည်သည့်အခါမျှ မခိုကပ်နှင့်၊ အချိန်ဖြုန်းခြင်းက ငါ၏ အလုပ်ကို နှောင့်နှေးစေပြီး ယင်းက ငါ၏ အလိုတော်ကို သင့်အထဲတွင် အဟန့်အတား ဖြစ်စေသည်။ သင်သည် မကြာခဏ စဉ်းစားဆင်ခြင်ပြီး ငါနှင့် မိတ်သဟာယဖွဲ့ရမည်။ သင်၏ လုပ်ရပ်များ၊ လှုပ်ရှားမှုများ၊ အတွေးများနှင့် စိတ်ကူးများ အားလုံးအပြင် သင်၏ မိသားစု၊ သင်၏ ခင်ပွန်း၊ သင်၏ သားများနှင့် သင်၏ သမီးများကိုလည်း ငါ့ရှေ့မှောက်သို့ သင် ယူဆောင်လာရမည်။ သင်၏ လုပ်ရပ်များတွင် မိမိကိုယ်ကို မမှီခိုနှင့်၊ သို့မဟုတ်ပါက ငါ အမျက်ထွက်လိမ့်မည်ဖြစ်ပြီး ထိုအခါ သင်၏ ဆုံးရှုံးမှုများသည် ကြီးမားလိမ့်မည်။

သင်၏ ကိုယ်ပိုင် ခြေလှမ်းများကို အချိန်တိုင်းတွင် ကန့်သတ်ထားပြီး ငါ၏ နှုတ်ကပတ်တော်များအတွင်း အစဉ်မပြတ် လျှောက်လှမ်းလော့။ သင့်တွင် ငါ၏ ဉာဏ်ပညာ ရှိရမည်။ သင်သည် အခက်အခဲ တစ်ခုခုနှင့် ကြုံတွေ့ရပါက ငါ့ရှေ့မှောက်သို့ လာလော့၊ သင့်ကို ငါ လမ်းပြမှု ပေးမည်။ ဆင်ခြင်မဲ့စွာ မပြုမူနှင့်၊ ပြီးလျှင် ဖြစ်သလို မိတ်သဟာယမဖွဲ့နှင့်။ သင်သည် အသိပညာ ကင်းမဲ့ပြီး ကောင်းသော စကားများနှင့် ဆိုးသော စကားများအကြား မခွဲခြားနိုင်သောကြောင့် ယင်းက သင်၏ အသက်တာကို အကျိုးမပြုပေ။ သင်သည် ထိခိုက်နစ်နာရပြီး ဆိုးရွားသော အနေအထားတစ်ခုတွင် ရှိကာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် မရှိသည့်အခါမှသာ ဤအရာကို သဘောပေါက်သော်လည်း ထိုအချိန်ရောက်လျှင် နောက်ကျလွန်းနေပြီ ဖြစ်သည်။ ယခု အချိန်က အလွန် နီးကပ်နေပြီဖြစ်သောကြောင့် အသက်တာ၏ ပြိုင်ပွဲတွင် သင်သည် အနည်းငယ်မျှပင် နောက်မကျရပေ၊ ငါ၏ ခြေလှမ်းများကို အလွန် အနီးကပ် လိုက်လျှောက်ရမည်။ အခက်အခဲ တစ်ခုခု ပေါ်ပေါက်လာသောအခါ ငါ့ထံသို့ တိုးဝင်ချဉ်းကပ်ခြင်းအားဖြင့် မကြာခဏ စဉ်းစားဆင်ခြင်ပြီး ငါနှင့် တိုက်ရိုက် မိတ်သဟာယဖွဲ့လော့။ သင်သည် ဤလမ်းကြောင်းကို သဘောပေါက်နိုင်ပါက ဤသည်မှာ သင့်ရှေ့ရှိ ဝင်ရောက်မှုကို လွယ်ကူစေလိမ့်မည်။

ငါ၏ နှုတ်ကပတ်တော်များသည် သင့်ထံသို့သာ ဦးတည်ထားခြင်း မဟုတ်ပေ၊ အသင်းတော်ထဲရှိ လူတိုင်းသည် မတူညီသော နည်းလမ်းများဖြင့် လိုအပ်ချက် ရှိနေကြသည်။ သင်တို့သည် ပို၍ မိတ်သဟာယဖွဲ့ရမည်၊ သင်တို့၏ ကိုယ်ပိုင် ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းများအတွင်း အမှီအခိုကင်းစွာ စားသောက်နိုင်ရမည်ဖြစ်ပြီး အဓိက သမ္မာတရားများကို သဘောပေါက်ကာ ၎င်းတို့ကို ချက်ချင်း လက်တွေ့လုပ်ဆောင်နိုင်ရမည်။ သင်သည် ငါ၏ နှုတ်ကပတ်တော်၏ လက်တွေ့ကျမှုကို စမ်းသပ်ရှာဖွေရမည်ဖြစ်ပြီး ယင်း၏ အဓိက အနှစ်သာရနှင့် ယင်း၏ စည်းမျဉ်းများကို သဘောပေါက်ကာ သင်၏ ဆုပ်ကိုင်ထားမှုကို မလျော့ရဲစေရပေ။ အစဉ်သဖြင့် စဉ်းစားဆင်ခြင်ပြီး ငါနှင့် အစဉ်သဖြင့် မိတ်သဟာယဖွဲ့လော့၊ သို့ပြုလျှင် အမှုအရာများသည် တဖြည်းဖြည်းနှင့် ထုတ်ဖော်ပြလိမ့်မည်။ သင်သည် ဘုရားသခင်ထံသို့ ခဏတာ တိုးဝင်ချဉ်းကပ်ပြီးနောက် သူ၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံး တိတ်ဆိတ်ငြိမ်သက်လာရန် မစောင့်ဆိုင်းဘဲ သင့်အပေါ် အခြားအရာတစ်ခုခု ဖြစ်ပျက်သည့်အခါ နှောင့်ယှက်ခံရ၍ မရနိုင်ပေ။ သင်သည် အစဉ်သဖြင့် နားဝေတိမ်တောင်ဖြစ်ပြီး အမှုအရာများနှင့်ပတ်သက်၍ ရှင်းလင်းမှု မရှိသည့်အပြင် ငါ၏ မျက်နှာကို မမြင်တွေ့နိုင်ပေ၊ ထိုသို့ဖြစ်သဖြင့် သင်သည် ငါ၏ စိတ်နှလုံးကို ရှင်းလင်းစွာ နားလည်သဘောပေါက်မှု မရရှိနိုင်ပေ၊ ပြီးလျှင် သင်သည် ယင်းကို အနည်းငယ် နားလည်နိုင်လျှင်ပင် မသေချာဘဲ သံသယရှိနေဆဲ ဖြစ်သည်။ ငါသည် သင်၏ စိတ်နှလုံးကို အပြည့်အဝ ပိုင်ဆိုင်ပြီး သင်၏ စိတ်သည် မည်သည့် လောကီအရာများ၏ နှောင့်ယှက်ခြင်းကိုမျှ မခံရတော့ဘဲ ရှင်းလင်းသော စိတ်ဖြင့် တိတ်ဆိတ်စွာ သင် စောင့်ဆိုင်းနိုင်သည့်အခါမှသာ ငါ၏ ရည်ရွယ်ချက်များနှင့်အညီ သင်တို့ထံ တစ်ခုပြီးတစ်ခု တဖြည်းဖြည်း ငါ ထုတ်ဖော်ပြမည်။ ငါ့ထံသို့ နီးကပ်ခြင်း၏ ဤလမ်းကြောင်းကို သင်တို့ နားလည်သဘောပေါက်ရမည်။ မည်သူက သင့်ကို ရိုက်နှက်သည်ဖြစ်စေ၊ သင့်ကို ကျိန်ဆဲသည်ဖြစ်စေ၊ လူတို့က သင့်ကို ကမ်းလှမ်းသည့်အရာများ မည်မျှပင် ကောင်းမွန်နေပါစေ ၎င်းတို့က သင့်ကို ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်ခြင်းမှ တားဆီးပါက ယင်းမှာ လက်သင့်ခံနိုင်ဖွယ် မဟုတ်ပေ၊ ဤနည်းအားဖြင့် သင်၏ စိတ်နှလုံးသည် ငါ၏ ဆုပ်ကိုင်မှုထဲတွင် ရှိနေလိမ့်မည်ဖြစ်ပြီး ငါ၏ အနားမှ မည်သည့်အခါမျှ ထွက်ခွာသွားမည် မဟုတ်ပေ။ ငါ့ထံသို့ ဤကဲ့သို့ တိုးဝင်ချဉ်းကပ်ပြီး ဤမိတ်သဟာယမျိုးတွင် ပါဝင်ခြင်းအားဖြင့် သင်၏ မိဘများ၊ ခင်ပွန်း၊ သားသမီးများ၊ အခြားသော မိသားစု ဆက်သွယ်မှုနှင့် လောကီဆိုင်ရာ ငြိတွယ်မှုများ အားလုံးသည် လွင့်မျောသွားလိမ့်မည်၊ သင်သည် သင်၏ စိတ်နှလုံးထဲတွင် ဖော်ပြ၍မရနိုင်လောက်အောင် ချိုမြိန်မှုကို အစဉ်သဖြင့် ပျော်မွေ့ခံစားရလိမ့်မည်ဖြစ်ပြီး မွှေးကြိုင်ကာ အရသာရှိသော အရသာကို သင် တွေ့ကြုံခံစားရလိမ့်မည်၊ သင်သည် ငါနှင့် အမှန်တကယ် ခွဲမရနိုင်အောင် ဖြစ်လိမ့်မည်။ သင်တို့သည် ဤနည်းလမ်းအတိုင်း ဆက်လက်လုပ်ဆောင်ပါက ငါ၏ စိတ်နှလုံးထဲတွင် ရှိသောအရာကို သင်တို့ နားလည်ကြလိမ့်မည်။ ငါသည် သင်တို့၏ လမ်းခရီးဖြစ်ပြီး အရာအားလုံးသည် ငါ့ကြောင့် တည်ရှိသောကြောင့် သင်တို့ ရှေ့သို့ ဆက်လက် ရွေ့လျားသည်နှင့်အမျှ သင်တို့သည် မိမိတို့၏ လမ်းကြောင်းကို မည်သည့်အခါမျှ ပျောက်ဆုံးမည် မဟုတ်ပေ။ သင်၏ အသက်တာသည် မည်မျှ ရင့်ကျက်လာမည်၊ သင်သည် လောကမှ မည်သည့်အချိန်တွင် ခွဲထွက်နိုင်မည်၊ သင်၏ ခံစားချက်များကို မည်သည့်အချိန်တွင် ဖယ်ရှားနိုင်မည်၊ သင်၏ ခင်ပွန်းနှင့် သားသမီးများကို မည်သည့်အချိန်တွင် ချန်ထားရစ်နိုင်မည်နှင့် သင်၏ အသက်တာသည် မည်သည့်အချိန်တွင် ရင့်ကျက်လာမည်ဟူသော... ဤအရာများအားလုံးသည် ငါ၏ အချိန်နှင့်အညီ ဖြစ်ပျက်လိမ့်မည်။ စိုးရိမ်ပူပန်နေခြင်းသည် အသုံးမဝင်ပေ။

သင်သည် အပြုသဘောဆောင်သော ရှုထောင့်မှ ဝင်ရောက်မှုကို ရရှိရမည်။ သင်သည် အပျက်သဘောဆောင်ခြင်းဖြင့် စောင့်ဆိုင်းပါက သင်သည် အပျက်သဘောဆောင်နေဆဲ ဖြစ်သည်။ ငါနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် သင်သည် တက်ကြွရမည်၊ လုံ့လဝီရိယရှိလော့၊ ပြီးလျှင် မပျင်းရိနှင့်။ ငါနှင့် အစဉ်သဖြင့် မိတ်သဟာယဖွဲ့ပြီး ငါနှင့် သာ၍ပင် နက်ရှိုင်းသော ရင်းနှီးကျွမ်းဝင်မှုကို ရရှိလော့။ သင် နားမလည်ပါက အမြန်ရလဒ်များအတွက် စိတ်မလောနှင့်။ ယင်းမှာ သင့်ကို ငါ ပြောမည်မဟုတ်ခြင်း မဟုတ်ပေ၊ ယင်းမှာ ငါ၏ ရှေ့မှောက်တွင် သင်သည် ငါ့ကို မှီခိုခြင်း ရှိမရှိနှင့် ငါ့ကို အားကိုးရန် သင့်တွင် ယုံကြည်ခြင်း ရှိမရှိဟူသည်ကို ငါ မြင်တွေ့လိုခြင်း ဖြစ်သည်။ သင်သည် ငါ့ထံသို့ အစဉ်သဖြင့် တိုးဝင်ချဉ်းကပ်ရမည်ဖြစ်ပြီး ကိစ္စရပ်အားလုံးကို ငါ၏ လက်ထဲတွင် ထားရှိရမည်။ အချည်းနှီး နောက်ဆုတ်ခြင်း မပြုနှင့်။ သင်သည် အချိန်ကာလတစ်ခုအထိ ငါ့ထံသို့ ဤကဲ့သို့ တိုးဝင်ချဉ်းကပ်ပါက သင် မသိလိုက်မီတွင် ငါ၏ ရည်ရွယ်ချက်များကို သင့်ထံ ထုတ်ဖော်ပြလိမ့်မည်။ သင်သည် ၎င်းတို့ကို သဘောပေါက်ပါက ငါနှင့် မျက်နှာချင်းဆိုင် အမှန်တကယ် ရောက်ရှိလာပြီး ဖြစ်လိမ့်မည်၊ ငါ၏ မျက်နှာကို အမှန်တကယ် တွေ့ရှိပြီး ဖြစ်လိမ့်မည်။ စိတ်ထဲတွင် သင်သည် အတော်အတန် ရှင်းလင်းမှုနှင့် တည်ငြိမ်မှုကို ပိုင်ဆိုင်လိမ့်မည်ဖြစ်ပြီး သင့်တွင် မှီခိုစရာ တစ်ခုခုအပြင် ခွန်အား၊ ယုံကြည်ခြင်းနှင့် ရှေ့ဆက်ရမည့် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ အရာအားလုံးသည် သင့်ထံ လွယ်ကူစွာ ရောက်ရှိလာလိမ့်မည်။

အရှေ့သို့-  အခန်း (၈)

နောက်တစ်ခုသို့-  အခန်း (၁၀)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger