အခန်း (၁၀)
သင်သည် ဤအရာ၊ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ ငါ၏ အလိုကို အတားအဆီးမရှိ ဆောင်ရွက်နိုင်ဖို့အလို့ငှာ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့မှောက်၌ ဆက်လက်၍ တည်ငြိမ်နေသင့်သည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ သို့မဟုတ်ပါက ငါ၏ အမျက်ဒေါသကို သင့်အပေါ်သို့ ငါ ယူဆောင်လာမည် ဖြစ်ပြီး ငါ၏လက်ဖြင့် ပြုမည်...ထိုအခါ သင်သည် မဆုံးနိုင်သော စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို ခါးစည်းခံရလိမ့်မည်။ သင်သည် အားလုံးကို ခါးစည်းခံရမည်။ ငါ့အတွက် အရာအားလုံးကို စွန့်လွှတ်ရန်နှင့် သင့်ခွန်အား ရှိသမျှဖြင့် ငါ့နောက် လိုက်ရန် သင်သည် အဆင်သင့်ဖြစ်နေရမည် ဖြစ်ပြီး မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် အဆင်သင့်ဖြစ်နေရမည်။ ယခုအချိန်သည် သင့်ကို ငါစစ်ဆေးမည့် အချိန်ဖြစ်သည်။ သင်၏ သစ္စာစောင့်သိမှုကို ငါ့အား သင်ဆက်ကပ်မည်လော။ သင်သည် လမ်းဆုံးအထိ သစ္စာရှိစွာ ငါ့နောက် လိုက်နိုင်သလော။ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏ ထောက်ပံ့ခြင်းဖြင့် အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။ ဤအရာကို အမှတ်ရလော့။ အမှတ်ရလော့။ အရာခပ်သိမ်းတွင် ငါ၏ ရည်ရွယ်ချက်ကောင်းများ ပါဝင်ပြီး အရာခပ်သိမ်းသည် ငါ၏ စိစစ်မှုအောက်တွင် ရှိသည်။ သင် ပြောသမျှနှင့် လုပ်သမျှအားလုံးတွင် ငါ၏နှုတ်ကပတ်တော်ကို သင် လိုက်လျှောက်နိုင်သလော။ မီးဖြင့် စမ်းသပ်မှုများ သင့်အပေါ် ရောက်လာသောအခါ သင်သည် ဒူးထောက်ကာ ဟစ်ခေါ်မည်လော။ သို့မဟုတ် ရှေ့ဆက်နိုင်စွမ်းမရှိဘဲ တွန့်ဆုတ်မည်လော။
သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ ဘာသာတရားမရှိသော ဆွေမျိုးများနှင့်ကြုံလျှင် စည်းမျဉ်းရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို သင် အမှီပြုရမည်ဖြစ်ပြီး စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ အောင်မြင်ခွင့် မပေးနှင့်။ သင်၏ စိတ်နှလုံးကို ငါ့ရှေ့မှောက်၌ ထားရှိရန် သင်၏ စွမ်းအားရှိသမျှကို အသုံးပြုလော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်၍ သင်၏ စိတ်နှလုံးအား ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ပေးမည်။ သင်သည် အခြားသူတို့ထံ မည်သို့ရှိသည်ကို ဂရုမစိုက်လင့်။ ငါ့ကို နှစ်သက်စေခြင်းသည် ပို၍ တန်ဖိုးရှိပြီး အရေးပါသည် မဟုတ်လော။ ယင်းသည် သင့်အား ထာဝရနှင့် တစ်သက်တာ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုတို့ကို ထို့ထက်မက ဆောင်ကြဉ်းပေးမည် မဟုတ်လော။ သင်၏ လတ်တလော ဆင်းရဲဒုက္ခသည် သင်၏ အနာဂတ် ကောင်းချီးမင်္ဂလာများ မည်မျှ ကြီးမားမည်ကိုသာ ဖော်ပြ၏။ ၎င်းတို့သည် ဖော်ပြမရနိုင်အောင် ဖြစ်သည်။ သင် ရရှိမည့် ကောင်းချီးမင်္ဂလာများ၏ ကြီးမားမှုကို သင် မသိပေ။ ယင်းကို သင့်အနေဖြင့် စိတ်ကူးယဉ်၍ပင် ရနိုင်မည်မဟုတ်။ ယနေ့တွင် ထိုအရာသည် အမှန်တကယ်ဖြစ်လာလေပြီ။ အလွန့်အလွန်ကို အမှန်တကယ် ဖြစ်ပေသည်။ ဤသည်မှာ အလှမ်းဝေးလွန်းလှသည် မဟုတ်။ သင်မြင်နိုင်သလော။ ဤအရာ၏ ရှိသမျှတိုင်းသည် ငါ၏အတွင်းတွင်ရှိ၏။ ရှေ့ကလမ်းသည် တောက်ပလှပေစွတကား။ သင်၏ မျက်ရည်များကို သုတ်လော့၊ ပြီးလျှင် နာကျင်ခြင်း သို့မဟုတ် ဝမ်းနည်းခြင်းတို့ကို နောက်ထပ် မခံစားနှင့်။ အရာအားလုံးကို ငါ၏လက်များဖြင့် စီစဉ်ထားပြီး ငါ၏ ရည်မှန်းချက်မှာ သင်တို့ကို မကြာမီ အောင်မြင်သောသူများ ဖြစ်စေကာ ငါနှင့်အတူ ဘုန်းအသရေထဲသို့ သင်တို့ကို ခေါ်ဆောင်ရန်ဖြစ်သည်။ သင်၌ ဖြစ်ပျက်သမျှ အားလုံး အတွက် သင့်အနေဖြင့် ဤကျေးဇူးတင်ခြင်းမျိုးနှင့် ချီးမွမ်းခြင်းမျိုး ရှိသင့်ပေသည်။ ယင်းက ငါ့ကို နက်ရှိုင်းသည့် စိတ်ကျေနပ်မှု ယူဆောင် လာပေးလိမ့်မည်။
ခရစ်တော်၏ ထူးကဲသာလွန်သော အသက်သည် ပေါ်ထွန်းနှင့်လေပြီ။ သင့်အတွက် ကြောက်ရွံ့စရာ တစ်စက်မျှမရှိပေ။ စာတန်တို့သည် ငါတို့၏ခြေအောက်၌ရှိကာ ၎င်းတို့၏အချိန်သည် များစွာ ကြာရှည်ခံတော့မည် မဟုတ်။ အမြန် နိုးထလော့။ ကိလေသာညစ်ညူးသည့် ဤနေရာမှ ရုန်းထွက်လွတ်မြောက်လော့။ သေခြင်း၏ ချောက်နက်မှ မိမိကိုယ်ကို လွတ်မြောက်စေလော့။ မည်သည့်အရာဖြစ်ပါစေ ငါ့ကို သစ္စာစောင့်သိပြီး ရဲရင့်စွာ ရှေ့သို့တက်လှမ်းလော့။ ငါသည် သင်၏ခွန်အား ကျောက်ဆောင်ဖြစ်၏၊ ထို့ကြောင့် ငါ့အပေါ် အမှီပြုလော့။