၂။ ကောင်းချီးများနှင့် လွန်ကျူးသော လိုအင်ဆန္ဒများကို ရရှိရန် ရည်ရွယ်ခြင်းကို ဖြေရှင်းနည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
လူအများစုသည် ငြိမ်သက်ခြင်းနှင့် အခြားသော အကျိုးကျေးဇူးများအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ သင်၏ အကျိုးအဖို့မဟုတ်ပါက၊ ဘုရားသခင်ကို သင်မယုံကြည်သကဲ့သို့၊ ဘုရားသခင်၏ ကျေးဇူးတရားများကို သင်မရရှိနိုင်ပါက၊ သင် သုန်မှုန်လေသည်။ သင်ပြောပြီးသောအရာသည် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မည်သို့ဖြစ်နိုင်မည်နည်း။ ကလေးများ နေမကောင်းဖြစ်ခြင်း၊ ချစ်ရသူများ ဆေးရုံတက်ရခြင်း၊ သီးနှံဖြစ်ထွန်းမှုများ ညံ့ဖျင်းခြင်းနှင့် မိသားစုဝင်များ၏ ဖိနှိပ်ညှဉ်းဆဲမှုခံရခြင်းကဲ့သို့သော ရှောင်လွှဲ၍မရသည့် မိသားစု အဖြစ်အပျက်များနှင့် ပတ်သက်လာသည့်အခါ၊ ဤမကြာခဏ နေ့စဉ်ဖြစ်ပွားမှုများသည်ပင် သင့်အတွက် လွန်လွန်းလှပေသည်။ ထိုသို့သော အရာများ ဖြစ်ပျက်သည့်အခါ၊ ရုတ်တရက် ထိန်းမနိုင် သိမ်းမရအောင် ကြောက်စိတ်ဝင်ကာ၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကို သင် မသိပေ- ပြီးလျှင် အချိန်အများစုတွင်၊ သင်သည် ဘုရားသခင်နှင့် ပတ်သက်၍ ညည်းတွားလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင့်အား လှည့်စားသည်၊ ဘုရားသခင်၏ အမှုက သင့်ကို မထီလေးစားပြုသည်ဟု သင် မကျေမနပ်ပြောသည်။ ထိုသို့သော အတွေးများ သင်တို့၌ မရှိသလော။ သင်တို့အလယ်တွင် ထိုသို့သော အရာများ ရံဖန်ရံခါမျှသာ ဖြစ်သည်ဟု သင် ထင်သလော။ ထိုသို့သော အဖြစ်အပျက်များကြားတွင် သင်သည် နေ့စဉ် အသက်ရှင်ရင်း အချိန်ကုန်ဆုံးလေသည်။ သင်သည် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းနှင့်ဆိုင်သည့် အောင်မြင်မှုနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ အထမြောက်အောင် လုပ်ဆောင်ရမည်ကို အနည်းငယ်မျှ သင် မတွေးတောပေ။ သင်တို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုသည် ငယ်လွန်းသည်၊ ကြက်ပေါက်စကလေး၏ အရွယ်ထက်ပင် ပို၍ ငယ်သည်။ သင်၏ မိသားစု၏လုပ်ငန်းတွင် ငွေအရှုံးပေါ်သည့်အခါ ဘုရားသခင်ကို သင် ညည်းတွားသည်၊ ဘုရားသခင်၏ ကွယ်ကာမှုမရှိသည့် ပတ်ဝန်းကျင်တွင် သင်ရှိနေသည်ကို သင်တွေ့ရသည့်အခါ၊ ဘုရားသခင်ကို သင် ညည်းတွားဆဲ ဖြစ်ပြီး၊ သင်၏ ကြက်ကလေးများထဲမှ တစ်ကောင် သေသည့်အခါ သို့မဟုတ် နွားခြံထဲက နွားအိုကြီးတစ်ကောင် ဖျားနာသည့်အခါတွင်ပင် သင် ညည်းတွားလေသည်။ သင်၏သား အိမ်ထောင်ပြုရန် အချိန်တန်သော်လည်း၊ သင်၏မိသားစု၌ ငွေကြေးအလုံအလောက် မရှိသည့်အခါတွင် သင် ညည်းတွားသည်။ သင်သည် ဧည့်ဝတ်ပြုခြင်းတာဝန်ကို ဆောင်ရွက်ချင်သော်လည်း၊ ယင်းကို အကုန်အကျ မတတ်နိုင်ပေ၊ ထိုအခါ၌လည်း သင်ညည်းတွားလေသည်။ သင်သည် ညည်းတွားမှုများနှင့် ပြည့်လျှံလျက်ရှိပြီး ဤအရာကြောင့် သင်သည် တစ်ခါတစ်ရံ တွေ့ဆုံပွဲများကို မတက်ရောက်ပေ၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း မစားသောက်ပေ၊ တစ်ခါတစ်ရံ အချိန်ကြာမြင့်စွာ သင်သည် အပျက်သဘောဆောင်လေသည်။ ယနေ့ သင်၌ ဖြစ်ပျက်သည့် မည်သည့်အရာမျှ သင်၏ တက်လမ်းများ သို့မဟုတ် ကံကြမ္မာနှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ သင်သည် ဘုရားသခင်ကို မယုံကြည်ခဲ့လျှင်ပင်လည်း၊ ဤအရာများ ဖြစ်ပျက်လိမ့်မည်ဖြစ်သည်၊ သို့သော် ယနေ့တွင် သင်သည် ထိုအရာများအတွက်တာဝန်ကို ဘုရားသခင်ကို ကမ်းပေးပြီး၊ ဘုရားသခင်က သင့်ကို ဖယ်ရှားရှင်းလင်းလေပြီဟု ခိုင်ခိုင်မာမာ ပြောဆိုလေသည်။ သင်၏ ဘုရားသခင်၌ယုံကြည်မှုရော၊ အဘယ်သို့နည်း။ သင်၏ အသက်တာကို အမှန်တကယ် ဆက်ကပ်ပြီးပြီလော။ သင်တို့သည် ယောဘကဲ့သို့ အလားတူ စမ်းသပ်ခြင်းကို ခံစားခဲ့ရပါက၊ ယနေ့ ဘုရားသခင် နောက်လိုက်သော သင်တို့ထဲတွင် မည်သူမျှ ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မည် မဟုတ်၊ သင်တို့အားလုံး ပြိုလဲကြမည်ဖြစ်သည်။ ထို့အပြင် သင်တို့နှင့် ယောဘ အကြားတွင် အင်မတန် တကယ့်ကို ကွာခြားနေပေသည်။ ယနေ့တွင် သင်တို့၏ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများ ထက်ဝက် အသိမ်းယူခံရပါက၊ ဘုရားသခင်၏ တည်ရှိခြင်းကို သင် ငြင်းဝံ့လိမ့်မည်။ သင်တို့၏ သား သို့မဟုတ် သမီးကို သင်တို့ထံမှ ယူသွားခံရပါက၊ သင်တို့သည် မတရားဟု အော်ဟစ်ရင်း လမ်းများပေါ် ပြေးကြလိမ့်မည်။ အကယ်၍ သင်၏ အသက်မွေးဝမ်းကျောင်းပြုရန် တစ်ခုတည်းသောနည်းလမ်းသည် လမ်းဆုံးရောက်ပါက၊ သင်သည် ကြိုးစားကာ ဘုရားသခင်နှင့် ဆွေးနွေးလိမ့်မည်ဖြစ်သည်။ သင့်ကို ကြောက်လန့်စေရန် အစတွင် အဘယ်ကြောင့် နှုတ်ကပတ်တော်များစွာ ငါပြောဆိုခဲ့သည်ကို သင် မေးလိမ့်မည်။ ထိုသို့သော အချိန်များတွင် သင်တို့ မလုပ်ဝံ့မည့်အရာ မည်သည့်အရာမျှ မရှိပေ။ ဤအရာက သင်တို့သည် စစ်မှန်သော ထိုးထွင်းအမြင်များ တစ်ခုတလေမျှ မရရှိသေးသကဲ့သို့ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မရှိကြသေးသည်ကို ပြသပေသည်။ ထို့ကြောင့်၊ သင်တို့သည် အလွန်များစွာ သိကြသည့်အတွက် သင်တို့အထဲက စမ်းသပ်မှုများသည် အလွန်ကြီးမား၏၊ သို့သော် သင် အမှန်တကယ် နားလည်သည့်အရာမှာ သင်တို့ သတိပြုမိသော အရာ၏ တစ်ထောင်ပုံ တစ်ပုံပင် မရှိချေ။ နားလည်ခြင်းနှင့် သဘောပေါက်နားလည်ခြင်း၌သာ မရပ်တန့်ကြနှင့်။ သင်တို့ မည်မျှ အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်သည်၊ သင်တို့၏ ကိုယ်တိုင် ကြိုးပမ်းလုပ်ဆောင်မှု၏ ချွေးမှတစ်ဆင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်း မည်မျှ ရရှိခဲ့သည်ဆိုသည်နှင့် သင်တို့၏ လက်တွေ့လုပ်ဆောင်မှုများထဲမှ မည်မျှတွင် သင်တို့၏ ကိုယ်ပိုင် စိတ်ဆုံးဖြတ်ချက်ကို ပြီးမြောက်စေပြီးဖြစ်သည် ဆိုသည်တို့ကို သင် မြင်လျှင် အကောင်းဆုံး ဖြစ်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုနှင့် လက်တွေ့လုပ်ဆောင်မှုကို သင်အလေးအနက် ထားသင့်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုတွင်၊ မည်သည့်အတွက်မျှ ဟန်ဆောင်လုပ်ပြရုံမျှ လုပ်ပြရန် သင် မကြိုးစားသင့်ပေ- နောက်ဆုံးတွင် သမ္မာတရားနှင့် အသက်ကို သင်ရယူနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ သင်ကိုယ်တိုင်၏ အားထုတ်မှုအပေါ် မူတည်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၃)
ယနေ့ခေတ်တွင်၊ လူအများစုသည် ဤအခြေအနေမျိုးတွင် ရှိကြ၏။ ကောင်းချီးမင်္ဂလာများကို ရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် အသုံးတော်ခံရမည်ဖြစ်ပြီး သူ့အတွက် အဖိုးအခပေးရမည်။ ကောင်းချီးမင်္ဂလာများရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် အရာရာ စွန့်လွှတ်ရမည်။ ကျွန်ုပ်ကို ပေးအပ်ထားသည့်အရာကို ကျွန်ုပ် ပြည့်စုံစေရမည်ဖြစ်ပြီး ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ကောင်းစွာ ဆောင်ရွက်ရမည်ဟူ၍ ဖြစ်သည်။ ဤအခြေအနေကို ကောင်းချီးမင်္ဂလာများ ရရှိဖို့ ရည်ရွယ်ချက်က စိုးမိုးထားလေသည်။ ယင်းမှာ ဘုရားသခင်ထံမှ ဆုလာဘ်များ ရရှိခြင်းနှင့် သရဖူရရှိခြင်းနှင့်ဆိုင်သော ရည်ရွယ်ချက်အတွက်အလို့ငှာ သူ့အတွက် မိမိကိုယ်ကိုယ် လုံးလုံးလျားလျား အသုံးခံခြင်းနှင့်ဆိုင်သော သာဓကတစ်ခု ဖြစ်သည်။ ထိုသို့သော လူတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် သမ္မာတရားမရှိကြသကဲ့သို့၊ ၎င်းတို့၏ သိနားလည်မှုမှာ ၎င်းတို့ သွားသည့် နေရာတကာတွင် ၎င်းတို့ ကြွားဝါကြသည့် အနည်းငယ်သော စကားများနှင့် အယူဝါဒများသာ ပါရှိသည်မှာ သေချာပေ၏။ ၎င်းတို့၏ လမ်းကြောင်းသည် ပေါလု၏ လမ်းကြောင်းဖြစ်သည်။ ထိုသို့သောလူတို့၏ ယုံကြည်ခြင်းသည် အတောမသတ်သော အားသွန်ခွန်စိုက် အလုပ် ဆောင်ရွက်ချက် တစ်ခုဖြစ်ပြီး စိတ်ထဲတွင် ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်အပေါ် ၎င်းတို့သစ္စာရှိခြင်းကို ထိုအရာက ပိုမိုသက်သေပြလေဟု ခံစားကြသည်။ ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်က သေချာပေါက် ပိုမိုစိတ်ကျေနပ်မှုရှိလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သရဖူပေးခံရဖို့ ၎င်းတို့ ပိုမိုထိုက်တန်လေ ဖြစ်လိမ့်မည်ဖြစ်ကာ၊ သာ၍ ကြီးမားသော ကောင်းချီးမင်္ဂလာများကို ၎င်းတို့ ရရှိကြလိမ့်မည်ဟု ခံစားကြလေသည်။ ခရစ်တော်အတွက် ၎င်းတို့ ဆင်းရဲဒုက္ခခံနိုင်လျှင်၊ တရားဟောနိုင်ပြီး အသေခံနိုင်လျှင်၊ ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို ၎င်းတို့ စတေးခံနိုင်လျှင်၊ ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့် တာဝန်များအားလုံးကို ပြည့်စုံစေနိုင်လျှင်၊ ၎င်းတို့သည် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများ ရရှိသူများဖြစ်ပြီး ၎င်းတို့သည် သရဖူများ အပေးခံရဖို့ သေချာလိမ့်မည်ဟု ၎င်းတို့ တွေးကြလေသည်။ ဤသည်မှာ ပေါလု စိတ်ကူးခဲ့သည့် အရာနှင့် သူ ကြိုးစားခဲ့သည့်အရာ အတိအကျ ဖြစ်သည်။ ဤသည်မှာ သူ လျှောက်လှမ်းခဲ့သည့် တိကျသော လမ်းကြောင်း ဖြစ်ပြီး၊ ပေါလုက ဘုရားသခင်ကို အစေခံရန် အလုပ်လုပ်ခဲ့သည်မှာ ထိုသို့သော အတွေးများ၏ လမ်းညွှန်မှုအောက်တွင် ဖြစ်သည်။ ထို အတွေးများနှင့် ရည်ရွယ်ချက်များက ဆိုးယုတ်သော သဘာဝမှ ပေါ်ပေါက်ပေသည် မဟုတ်လော။ ယင်းမှာ ကမ္ဘာမြေပေါ်တွင်ရှိစဉ် အသိပညာကို လိုက်စားရမည်ဖြစ်ပြီး၊ ယင်းကို ရရှိပြီးသည့်နောက်တွင် လူအုပ်မှ ၎င်းတို့ ထင်ပေါ်နိုင်သည်၊ အရာရှိများ ဖြစ်လာနိုင်ပြီး အဆင့်အတန်း ရှိနိုင်သည်ဟု ယုံကြည်ကြသည့် လောကီလူသားများကဲ့သို့သာ ဖြစ်ပေသည်။ ၎င်းတို့သည် အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ရည်မှန်းချက်များကို ၎င်းတို့ ပြည့်မြောက်စေနိုင်ပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများနှင့် မိသားစု နေထိုင်မှုစနစ်တို့ကို ကြီးပွားသော အဆင့်တစ်ခုသို့ မီအောင် လုပ်ဆောင်နိုင်သည်ဟု ၎င်းတို့က ထင်ကြသည်။ ဘာသာတရားမရှိသူများအားလုံးသည် ဤလမ်းကြောင်းကို လျှောက်လှမ်းကြသည် မဟုတ်လော။ ဤစာတန်ဆန်သော သဘာဝ၏ ကြီးစိုးခြင်းခံရသူများသည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ပေါလုကဲ့သို့သာ ဖြစ်နိုင်သည်။ ၎င်းတို့က တွေးကြသည်။ “ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးတော်ခံဖို့ အရာရာကို ငါ စွန့်ပစ်ရမည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် ငါ သစ္စာစောင့်သိရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ကြီးမြတ်သော ဆုလာဘ်များနှင့် ကြီးမြတ်သော သရဖူများကို ရရှိလိမ့်မည်။” ဤသည်မှာ လောကီအရာများကို လိုက်စားကြသည့် လောကီလူတို့၏ သဘောထားအတိုင်း ဖြစ်ပေသည်။ ၎င်းတို့သည် လုံးဝ ကွဲပြားခြင်းမရှိသကဲ့သို့ တူညီသည့် သဘာဝကို ၎င်းတို့ ခံစားရသည်။ လူတို့သည် ဤဆိုးယုတ်သော သဘာဝမျိုး ရှိကြသည့်အခါ၊ အပြင်လောကထဲတွင်၊ ၎င်းတို့သည် အသိပညာ၊ ပညာ၊ ဂုဏ်အဆင့်အတန်းတို့ကို ရရှိရန်နှင့် လူအုပ်မှ ထင်ပေါ်ဖို့ ကြိုးစားကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လျှင် ကြီးမားသော သရဖူများ နှင့် ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိဖို့ ၎င်းတို့ ကြိုးစားကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အခါတွင် သမ္မာတရားကို မလိုက်စားကြလျှင်၊ ဤလမ်းကြောင်းကို ၎င်းတို့ လျှောက်ဖို့ သေချာသည်။ ဤသည်မှာ မပြောင်းလဲသော အမှန်တရား၊ ယင်းသည် သဘာဝ ဥပဒေသတစ်ခုဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း
ဘုရားသခင်နောက်လိုက်သူများစွာက ကောင်းချီးမင်္ဂလာများ မည်သို့ရရှိမည် သို့မဟုတ် ကပ်ဘေးကို မည်သို့ တွန်းလှန်ပယ်ရှားရမည်ဆိုသည်ကိုသာ စိတ်ဝင်စားကြသည်။ ဘုရားသခင်၏ အမှုနှင့် စီမံခန့်ခွဲမှုတို့ကို ဖော်ပြလိုက်သည်နှင့်၊ ၎င်းတို့သည် နှုတ်ဆိတ် သွားကြပြီး စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးသွားကြသည်။ ထိုသို့သော ငြီးငွေ့ဖွယ်မေးခွန်းများကို နားလည်ခြင်းသည် ၎င်းတို့၏အသက်တာများကို ကြီးထွားဖို့ သို့မဟုတ် အကျိုးကျေးဇူး တစ်ခုတစ်လေ ပေးဖို့ ကူညီလိမ့်မည် မဟုတ်ဟု ထင်ကြလေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏စီမံခန့်ခွဲမှုအကြောင်း သတင်းအချက်အလက်ကို ကြားပြီးကြသော်လည်း၊ အလေးအနက်မထားသော ဟန်ပန်ဖြင့် ယင်းကို ချဉ်းကပ်ကြလေသည်။ ၎င်းတို့က ယင်းကို ၎င်းတို့ အသက်တာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ခံယူခြင်းအားဖြင့် သဘောပေါက်နားလည်ဖို့ မဆိုထားနှင့်၊ လက်ခံရမည့် တန်ဖိုးရှိသော အရာတစ်ခုအဖြစ်ပင် မမြင်ကြချေ။ ထိုသို့သော လူတို့သည် ဘုရားသခင် နောက်လိုက်ရာတွင် ရိုးရှင်းသည့် ရည်မှန်းချက်တစ်ခုသာရှိပြီး၊ ယင်းရည်မှန်းချက်မှာ ကောင်းချီးမင်္ဂလာများ ရရှိရန်ဖြစ်သည်။ ထိုသို့သော လူတို့သည် ဤရည်မှန်းချက် တိုက်ရိုက် မပါဝင်သည့် အခြား မည်သည့်အရာကိုမျှ အလေးဂရုပြုဖို့ အပင်ပန်းမခံနိုင်ကြပေ။ ၎င်းတို့အဖို့ ကောင်းချီးမင်္ဂလာများရရှိရန် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ သဘာဝကျသည့် ရည်မှန်းချက် မရှိချေ။ ယင်းမှာ ၎င်းတို့ယုံကြည်ခြင်း၏ တကယ့်တန်ဖိုး ဖြစ်သည်။ တစ်စုံတစ်ရာသည် ဤရည်မှန်းချက်ကို မပံ့ပိုးပေးပါက၊ ၎င်းတို့သည် ထိုအရာအားဖြင့် လုံးဝ တို့ထိမခံရဘဲရှိမြဲ ရှိကြလေသည်။ ဤသည်မှာ ယနေ့ ဘုရားသခင်၌ ယုံကြည်သူအများစုနှင့် ပတ်သက်သည့် ကိစ္စရပ် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၌ ယုံကြည်သည်နှင့်အမျှ၊ ဘုရားသခင်အတွက်လည်း ၎င်းတို့ အသုံးခံကြသောကြောင့်၊ ဘုရားသခင်ထံ မိမိတို့ကိုယ်ကိုယ် ဆက်ကပ် အပ်နှံကြပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်ကြသောကြောင့်၊ ၎င်းတို့၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တို့သည် သဘာဝကျပုံပေါ်လေသည်။ ၎င်းတို့သည် ၎င်းတို့၏ငယ်ရွယ်မှုကို စွန့်လွှတ်ကြသည်၊ မိသားစုနှင့် အသက်မွေးအလုပ်တို့ကို စွန့်ပစ်ပြီး၊ မိမိတို့ကိုယ်ကိုယ် အလုပ်များစေလျက် အိမ်နှင့်ဝေးရာတွင် နှစ်ပေါင်းများစွာပင် ကုန်ဆုံးကြလေသည်။ ၎င်းတို့၏ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်အတွက်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများကို ပြောင်းလဲကြသည်၊ ဘဝအပေါ် ၎င်းတို့၏ အမြင်နှင့် ၎င်းတို့ ရှာဖွေသည့် ဦးတည်ချက်ကိုပင် ပြောင်းလဲကြသည်။ သို့ရာတွင် ဘုရားသခင်၌ ၎င်းတို့ယုံကြည်မှု၏ ရည်မှန်းချက်ကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့၏ ကိုယ်ပိုင် စံများနှင့်ဆိုင်သည့် စီမံခန့်ခွဲမှုအတွက် ၎င်းတို့ အလုပ်ရှုပ်နေကြသည်။ လမ်းမည်မျှ ဝေးသည်ဖြစ်စေ၊ လမ်းတစ်လျှောက် အခက်အခဲများနှင့် အတားအဆီးများ မည်မျှရှိသည်ဖြစ်စေ၊ ၎င်းတို့သည် မဆုတ်မနစ်ကြိုးပမ်းကြပြီး သေခြင်းကိုမကြောက်ကြချေ။ မည်သည့်တန်ခိုးက ၎င်းတို့ကို ဤနည်းဖြင့် မဖြစ်မနေ ဆက်လက်ဆက်ကပ်စေသနည်း။ ယင်းမှာ ၎င်းတို့၏ အသိစိတ်လော။ ၎င်းတို့၏ ကြီးမြတ်ပြီး မွန်မြတ်သည့် အကျင့်စရိုက်လော။ မကောင်းမှု အင်အားများကို တကယ့်အဆုံးထိ တိုက်ခိုက်ရန်ဖြစ်သည့် ၎င်းတို့၏ စိတ်ပိုင်းဖြတ်ချက်လော။ ယင်းမှာ ဆုလာဘ်ကို မရှာဖွေဘဲ၊ ဘုရားသခင်ကို သက်သေခံရန်ဖြစ်သည့် ၎င်းတို့၏ ယုံကြည်ခြင်းလော။ ယင်းမှာ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းရန် အရာရာတိုင်းကို စွန့်လွတ်ဖို့ လိုလားရာတွင် ၎င်းတို့၏ သစ္စာစောင့်သိမှုလော။ သို့မဟုတ် ယင်းသည် လွန်ကဲသည့် ကိုယ်ရေးကိုယ်တာ တောင်းဆိုချက်များကို အမြဲ လက်လွှတ်ဖို့ဖြစ်သည့် ၎င်းတို့၏ ဆက်ကပ်မှု စိတ်ဓာတ်လော။ အတော်အတန် ရိုးရှင်စွာပြောရပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုကို မည်သည့်အခါတွင်မျှ နားမလည်ဖူးသူအတွက် ဤမျှပေးဆပ်ဆဲဖြစ်ဖို့မှာ အံ့ဩဖွယ်ရာတစ်ခု ဖြစ်ပေသည်။ အချိန်တစ်ခဏကြာ၊ ဤလူတို့ မည်မျှပေးဆပ်ပြီးဖြစ်သည်ကို မဆွေးနွေးကြပါစို့နှင့်။ သို့ရာတွင် ၎င်းတို့၏အပြုအမူကို ငါတို့ အလွန် စိစစ်ထိုက်ပေသည်။ ၎င်းတို့နှင့် အလွန်အနီးကပ် ဆက်စပ်သည့် အကျိုးကျေးဇူးများမှလွဲ၍၊ ဘုရားသခင်ကို မည်သည့်အခါကမျှ နားမလည်ဖူးသော သူတို့က ဘုရားအတွက် အလွန်များလှစွာ ပေးဆပ်ရမည့် အခြားအကြောင်းရင်းတစ်ခုတစ်လေ ရှိနိုင်မည်လော။ ဤတွင် ယခင်က အမည်မဖော်နိုင်ခဲ့သည့် ပြဿနာတစ်ရပ်ကို ငါတို့ ရှာဖွေ တွေ့ရှိပေသည်။ လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားတစ်ဦးနှင့် အလုပ်ရှင်တစ်ဦးတို့အကြား ဆက်ဆံရေးဖြစ်၏။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်ကြိုးစားလုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အကျိုးစီးပွားကို အရင်းခံသော ဆက်ဆံရေးတစ်ခု၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ ခိုးကိုးရာမဲ့သော၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။ အမှုအရာများက ဤအဆင့်သို့ ရောက်ပြီးဖြစ်သဖြင့်၊ မည်သူသည် ထိုသို့သော လမ်းကြောင်းတစ်ခုကို ပြောင်းပြန် လှည့်နိုင်မည်နည်း။ ဤဆက်ဆံရေးက မည်မျှ ကြောက်မက်ဖွယ်ဖြစ်လာပြီး ဖြစ်သည်ကို လူမည်မျှက အမှန်တကယ် နားလည်နိုင်စွမ်းရှိသနည်း။ လူများသည် ကောင်းချီးမင်္ဂလာခံစားရခြင်း၏ ဝမ်းမြောက်မှုတွင် မိမိတို့ကိုယ်ကိုယ် နှစ်မြုပ်ထားသည့်အခါ၊ ဘုရားသခင်နှင့် ထိုသို့သော ဆက်ဆံရေးက မည်မျှရှက်ဖွယ်ကောင်းပြီး မြင်မကောင်း ရှုမကောင်း ဖြစ်သည်ကို မည်သူမျှ စိတ်မကူးနိုင်ဟု ငါယုံကြည်သည်။
ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်မှုနှင့်ပတ်သက်၍ ဝမ်းနည်းဖွယ် အကောင်းဆုံးသော အရာမှာ၊ လူသည် ဘုရားသခင်၏ အမှုအလယ်တွင် မိမိကိုယ်တိုင်၏ စီမံခန့်ခွဲမှုကို ဦးစီးဦးရွက်ပြုသော်လည်း၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို အလေးဂရုမပြုခြင်း ဖြစ်သည်။ လူသား၏အကြီးမားဆုံးသော ကျရှုံးမှုသည် ဘုရားသခင်ကို ကျိုးနွံနာခံဖို့နှင့် ကိုးကွယ်ရန် ကြိုးစားနေသည့် တစ်ချိန်တည်းတွင်၊ လူသားသည် မိမိ၏ ကိုယ်ပိုင်အကြိုက်နှစ်သက်ဆုံး ခရီးပန်းတိုင်ကို တည်ဆောက်နေကာ အကြီးမားဆုံး ကောင်းချီးမင်္ဂလာနှင့် အကောင်းဆုံး ခရီးပန်းတိုင်ကို မည်သို့ ရရှိမည်ကို ကြံစည်နေပုံတွင် တည်ရှိလေသည်။ ၎င်းတို့မည်မျှ သနားဖွယ်ကောင်းသည်၊ မုန်းတီးဖွယ်ကောင်းပြီး၊ ရင်နင့်ဖွယ်ကောင်းသည်ကို နားလည်လျှင်ပင်၊ မည်မျှက ၎င်းတို့၏ စံများနှင့် မျှော်လင့်ချက်များကို အဆင်သင့် စွန့်လွှတ်နိုင်သနည်း။ ပြီးလျှင် မည်သူသည် ၎င်း၏ ကိုယ်ပိုင်ခြေလှမ်းများကို ရပ်တန့်နိုင်ပြီး မိမိတို့အတွက်သာ စဉ်းစားခြင်းမှ ရပ်တန့်နိုင်သနည်း။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှုကို ပြီးပြည့်စုံစေအောင် သူနှင့်အတူ နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်မည့်သူများ လိုအပ်ပေသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုအဖို့ စိတ်နှင့် ခန္ဓာတစ်ခုလုံးကို ဆက်ကပ်ခြင်းအားဖြင့် သူ့ကို ကျိုးနွံနာခံမည့်သူများကို သူ လိုအပ်လေသည်။ သူသည် အနည်းငယ်ပေးပြီး ဆုလာဘ်ချီးမြှင့်ခံရဖို့ စောင့်ဆိုင်းသူများကို လိုအပ်ဖို့ မဆိုထားနှင့်၊ နေ့စဉ် သူ့ထံမှ တောင်းခံရန် လက်ဖြန့်သည့်လူများကို မလိုအပ်ပေ။ မဖြစ်စလောက် ပံ့ပိုးမှုပြုလုပ်ပြီးနောက် မိမိတို့၏ အောင်ဆုများ အပေါ် အခြေပြုသောသူတို့ကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုကို သဘောမကျဖြစ်ကာ ကောင်းကင်ဘုံသို့ သွားခြင်းနှင့် ကောင်းချီးမင်္ဂလာများ ရရှိခြင်းအကြောင်းကိုသာ ဆွေးနွေးလိုကြသည့် သွေးအေးသူများကို သူ မုန်းသည်။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရာတွင် သူ လုပ်ဆောင်သည့် အမှုက ပေးသည့် အခွင့်အရေးကို ကောင်းကောင်း အသုံးချသူများအတွက် သာ၍ ကြီးမားသည့် စက်ဆုပ်ရွံရှာမှု ရှိလေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဤလူတို့သည် ဘုရားသခင်က သူ၏စီမံခန့်ခွဲခြင်း အမှုမှတစ်ဆင့် မည်သည့်အရာ စွမ်းဆောင်လိုပြီး မည်သည့်အရာ ရရှိလိုသည်ကို လုံးဝ ဂရုမစိုက်ဖူးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန် ဘုရားသခင်၏အမှုက ပေးသည့် အခွင့်အရေးအား ၎င်းတို့ မည်သို့အသုံးချနိုင်သည်ဆိုသည်ကိုသာ စိတ်ဝင်စားကြလေသည်။ ၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာတို့ဖြင့် လုံးလုံးလျားလျား နစ်မြုပ်လျက်၊ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ပတ်သက်၍ အလေးမထားကြပေ။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုကို သဘောမကျသကဲ့သို့၊ လူသားမျိုးနွယ်ကို ဘုရားသခင် မည်သို့ ကယ်တင်သည်ဆိုသည်နှင့် သူ၏ ရည်ရွယ်ချက်များကို အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိသောသူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုမှ ခွဲထွက်သည့် နည်းလမ်းဖြင့် မိမိတို့ကိုယ်ကိုယ်အား ကျေနပ်စေသည့် အရာကိုသာ လုပ်ဆောင်နေကြလေသည်။ ၎င်းတို့၏အပြုအမူကို ဘုရားသခင်က နှစ်သက်လက်ခံဖို့မဆိုထားနှင့်၊ ဘုရားသခင်က အောက်မေ့ခြင်း မရှိသကဲ့သို့ လက်ခံခြင်းလည်း မရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်
သင်တို့၏ လိုက်စားခြင်းတွင် တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ပြုပြင်ရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးများထဲတွင် ဤအရာများ တည်ရှိနေရသည့် အကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်သည် လူတို့၏ အတွေးအခေါ်များအား အမြဲတစေ ပျက်စီးယိုယွင်းစေနေခြင်းကြောင့်ဖြစ်ပြီး လူတို့သည် စာတန်၏ ဤစုံစမ်းနှောင့်ယှက်မှုများကို အမြဲတစေ မဖယ်ရှား နိုင်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် အပြစ်တရားကြားတွင် အသက်ရှင်နေကြသော်လည်း၊ ၎င်းအား အပြစ်ဟု မယုံကြည်ကြ သကဲ့သို့၊ ၎င်းတို့သည်၊ “ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူသည် ငါတို့အပေါ် ကောင်းချီး မင်္ဂလာများကိုပေးပြီး ငါတို့အတွက် အရာခပ်သိမ်းကို သင့်တော်သလို စီစဉ်ပေးရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ငါတို့သည် အခြားသူများထက် သာလွန်ကာ ငါတို့၌ အခြားသူများထက် သာလွန်သော အဆင့်အတန်းနှင့် အနာဂတ်တစ်ခု ရှိရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူသည် ငါတို့အား အကန့်အသတ်မရှိသော ကောင်းချီးမင်္ဂလာများကို ပေးကို ပေးရမည်။ သို့မဟုတ်ပါက ၎င်းကို ဘုရားသခင်အား ယုံကြည်ခြင်းဟု ခေါ်လိမ့်မည် မဟုတ်” ဟူ၍ ယုံကြည် ကြသေးသည်။ လူတို့သည် ၎င်းတို့ အသက်ရှင်ရန်အတွက် အမှီပြုခဲ့သော အတွေးအခေါ်များသည် ၎င်းတို့ သစ္စာဖောက်သော သူများ၊ သူရဲဘောကြောင်သောသူများ နှင့် စက်ဆုပ်ဖွယ် ကောင်းသောသူများ ဖြစ်လာသည်အထိ ၎င်းတို့၏ စိတ်နှလုံးများကို နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းစေခဲ့သည်။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး၊ မောက်မာလာကြကာ၊ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ အတ္တကို ကျော်လွန်သော စိတ်ဆုံးဖြတ်ချက် တစ်ခုတလေ လုံးဝကင်းမဲ့နေပြီး ထိုမျှမက ၎င်းတို့၌ ဤမှောင်မိုက် လွှမ်းမိုးမှုများ၏ ချုပ်ချယ်မှုများကို ဖယ်ရှားရန် သတ္တိ အနည်းငယ်ပင် မရှိကြချေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။ သင်တို့၏ လက်ရှိအတွေးအခေါ်များနှင့် ရှုထောင့်အမြင်များမှာ “ငါသည် ဘုရားသခင်ကို ယုံကြည်သည့် အတွက် ငါ့အား ကောင်းချီးမင်္ဂလာများကိုသာ သွန်းလောင်း ပေးသင့်ပြီး ငါ၏ အဆင့်အတန်းသည် မည်သည့်အခါမျှ ကျဆင်းခြင်း မရှိမည့်အကြောင်းနှင့် ၎င်းသည် မယုံကြည်သူများ၏ အဆင့်အတန်းထက် ပို၍ မြင့်မားသည်မှာ သေချာစေသင့်သည်။” ဟူ၍ ဤကဲ့သို့ပင် ဖြစ်သည် မဟုတ်လော။ သင်တို့သည် ထိုကဲ့သို့ ရှုထောင့်အမြင်မျိုးကို တစ်နှစ် သို့မဟုတ် နှစ်နှစ်သာမဟုတ်ဘဲ နှစ်ပေါင်းများစွာ သင်တို့အထဲ၌ သိုထားကြလေပြီ။ သင်တို့၏ အလဲအလှယ် သဘောတွေးခေါ်ပုံသည် အလွန်အကျွံ တိုးတက်လျက်ရှိသည်။ သင်တို့သည် ယနေ့ ဤအဆင့်သို့ ရောက်ခဲ့ကြသော်လည်း၊ တစ်နေ့ သင်၏ အဆင့်အတန်း ဆုံးရှုံးသွားကာ သင်၏နာမည် ပျက်စီးသွားမည်ကို ကြီးမားစွာပူပင်၍၊ သင်တို့သည် အဆင့်အတန်းကို လက်မလွှတ်သေးဘဲ၊ ၎င်းကို နေ့စဉ် စုံစမ်းမေးမြန်းရန်နှင့် လေ့လာရန် အမြဲတစေ ရုန်းကန်သည်။ လူတို့သည် ၎င်းတို့၏ သက်သောင့်သက်သာ ရှိလိုသောဆန္ဒကို မည်သည့်အခါမျှ ဘေးဖယ်ထားခဲ့ခြင်း မရှိကြပေ။...ဤနည်းလမ်းဖြင့် သင်ရှာဖွေလေလေ ရိတ်သိမ်းမှု နည်းလေလေ ဖြစ်လိမ့်မည်။ အဆင့်အတန်းအတွက် လူတစ်ဦး၏ အလိုဆန္ဒ ကြီးမားလေလေ၊ ၎င်းတို့အား ပို၍ပြင်းထန်စွာ ပြုပြင်ရန် လိုလေလေ ဖြစ်ပြီး ၎င်းတို့သည် ကြီးမားသော စစ်ဆေးခြင်းကို ကြုံရလေလေဖြစ်သည်။ ထိုသို့သော လူတို့သည် အသုံးမကျသောသူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအရာများကို လုံးလုံးလျားလျား လက်လွှတ်ရန်အလို့ငှာ ၎င်းတို့အား လုံလောက်စွာ ပြုပြင်ပြီး တရားစီရင်ရမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤနည်းဖြင့် အဆုံးတိုင်အောင် လိုက်စားပါက၊ မည်သည့် အရာကိုမျှ ရိတ်သိမ်းရမည် မဟုတ်ပေ။ အသက်ကို မလိုက်စားသောသူများသည် ပြောင်းလဲခြင်း မခံရနိုင်သကဲ့သို့၊ သမ္မာတရားကို ဆာငတ်ခြင်းမရှိသော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ သင်သည် ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲခြင်းနှင့် ဝင်ရောက်ခြင်းကို လိုက်စားခြင်းအား အာရုံမစိုက်ဘဲ၊ ယင်းအစား လွန်ကဲသော တပ်မက်မှုများနှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်ပြီး သူ့ထံ တိုးဝင်ချဉ်းကပ်ခြင်းကို တားဆီးသော အရာများအပေါ် သင် အမြဲတစေ အာရုံစိုက်၏။ ထိုအရာများသည် သင့်အား ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။ သင်၏ လိုက်စားခြင်း ရည်ရွယ်ချက်မှာ သမ္မာတရားကို ရှာဖွေရန် မဟုတ်ပါက သင်သည် ဤအခွင့်အရေးကို အသုံးချပြီး လောကထဲသို့ ပြန်သွားပြီး အောင်မြင်အောင် လုပ်သင့်သည်။ ဤပုံစံဖြင့် သင်၏အချိန်ကို ဖြုန်းတီးခြင်းမှာ အမှန်တကယ် မတန်ပေ၊ အဘယ်ကြောင့် သင့်ကိုယ်သင် နှိပ်စက်ရသနည်း။ လှပသော အပြင်လောကကြီးထဲတွင် အမျိုးမျိုးသော အရာတို့ကို သင်မွေ့လျော်ခံစားနိုင်သည်မှာ မမှန်သလော။ ငွေ၊ လှပသော အမျိုးသမီးများ၊ အဆင့်အတန်း၊ ပကာသန၊ မိသားစု၊ သားသမီးစသည်ဖြင့် လောက၏ ဤထုတ်ကုန်များမှာ သင်မွေ့လျော် ခံစားနိုင်သည့် အကောင်းဆုံးသောအရာများ ဖြစ်သည် မဟုတ်လော။ သင်ပျော်ရွင်နိုင်မည့် နေရာတစ်ခုကို ရှာဖွေလျက် ဤနေရာတွင် တဝဲလည်လည်လုပ်နေခြင်းမှာ အဘယ် အသုံးဝင်သနည်း။ လူသား၌ ခေါင်းချရာမျှ မရှိ၊ ထို့ကြောင့် သင်၌ သောကကင်းဝေးသော နေရာတစ်ခု အဘယ်သို့ ရှိနိုင်မည်နည်း။ သူသည် သင့်အတွက် သောကကင်းဝေးပြီး လှပသောနေရာ တစ်ခုကို အဘယ်သို့ ဖန်တီးပေးနိုင်မည်နည်း။ ၎င်းမှာ ဖြစ်နိုင်ပါသလော။ ငါ၏တရားစီရင်ခြင်းအပြင် သမ္မာတရားနှင့် ပတ်သက်သည့် သွန်သင်ချက်များကိုသာ ယနေ့ သင်ရရှိနိုင်သည်။ ငါ့ထံမှ နှစ်သိမ့်မှုကို သင်မရနိုင်သကဲ့သို့ နေ့ရောညပါ သင် တောင့်တသည့် ပန်းခင်းလမ်းကို သင်ရနိုင်မည် မဟုတ်ပေ။ သင့်အပေါ်သို့ လောက၏ ကြွယ်ဝချမ်းသာမှုများကို ငါအပ်နှင်းမည်မဟုတ်။ အကယ်၍ သင်စစ်မှန်စွာ လိုက်စားပါက ငါသည် သင့်အား အသက်လမ်းကို အလုံးစုံပေးလိုပြီး သင့်အား ရေထဲသို့ ပြန်လွှတ်ပေးသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်စေရန် ငါသည် လိုလားလျက်ရှိသည်။ အကယ်၍ သင်စစ်မှန်စွာ မလိုက်စားပါက အရာခပ်သိမ်းကို ငါပြန်ယူမည်။ သက်သောင့်သက်သာဖြစ်ခြင်းကို လောဘကြီးသောသူများနှင့် ဝက်များနှင့် ခွေးများကဲ့သို့သောသူများကို ငါ နှုတ်မှလာသော နှုတ်ကပတ်တော်များကို ပေးရန် ငါအလိုမရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း
ခရီးပန်းတိုင်ကို ဖော်ပြသည့်အခါတိုင်းတွင်၊ သင်တို့သည် ယင်းကို အထူးလေးနက်စွာ သဘောထားကြသည်။ ထို့အပြင်၊ ယင်းသည် အထူးသဖြင့် သင်တို့အားလုံး ဆတ်ဆတ်ထိမခံသော အရာတစ်ခု ဖြစ်သည်။ အချို့သော လူများသည် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု ရရှိဖို့အလို့ငှာ ဘုရားသခင်ရှေ့တွင် ဒူးထောက်ဦးချရင်း၊ မရမက လုပ်ဆောင်ဖို့ မစောင့်နိုင်အောင် ဖြစ်ကြလေသည်။ စကားလုံးများဖြင့် ဖော်ပြဖို့ မလိုအပ်သည့် သင်တို့၏ စိတ်အားထက်သန်မှုကို ငါ တန်းတူ ခံစားနိုင်သည်။ ယင်းသည် သင်တို့အနေဖြင့် အနာဂတ်တွင် ထာဝရ အပြစ်ဒဏ်ပေးခြင်းထဲသို့ သက်ဆင်းရန် ဆန္ဒရှိဖို့မဆိုထားနှင့်၊ သင်တို့၏ ခန္ဓာကို ကပ်ဘေးထဲသို့ မကျရောက်စေလိုသည်ထက် မပိုပေ။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် အနည်းငယ် သာ၍ လွတ်လပ်စွာ၊ အနည်းငယ် သာ၍ လွယ်ကူစွာ အသက်ရှင်ခွင့်ပေးရန်သာ မျှော်လင့်ကြသည်။ ထို့ကြောင့် သင်တို့သည် လုံလုံလောက်လောက် အာရုံမစိုက်မိပါက၊ ဘုရားသခင်ကို သင်တို့ ပုန်ကန်ပြစ်မှားမိနိုင်ပြီး၊ ထိုသို့ဖြင့် သင်တို့နှင့်ထိုက်တန်သည့် ဒဏ်ခတ်ခြင်း ခံရမည်ကို အလွန်စိုးရွံ့လျက်၊ ခရီးပန်းတိုင်ကို ဖော်ပြသည့်အခါတိုင်း သင်တို့သည် အထူးသဖြင့် စိတ်လှုပ်ရှားကြလေသည်။ သင်တို့သည် သင်တို့၏ ခရီးပန်းတိုင်အတွက် အပေးအယူများ ပြုလုပ်ရန် မတွန့်ဆုတ်ကြ သကဲ့သို့၊ သင်တို့ထဲမှ တစ်ချိန်က မရိုးသားသကဲ့သို့ ပေါ့ပေါ့တန်တန် ရှိခဲ့ကြသူများစွာသည်ပင် ရုတ်တရက် ထူးထူးခြားခြား နူးညံ့သိမ်မွေ့ပြီး ရိုးသားစစ်မှန် လာကြလေသည်။ သင်တို့၏ စစ်မှန်ရိုးသားမှု သွင်ပြင်က လူတို့ကို ရိုးတွင်းခြင်ဆီထိ အေးစိမ့်သွားစေသည်။ သို့သော်၊ သင်တို့အားလုံးသည် “ရိုးသားသော” စိတ်နှလုံးများ ပိုင်ဆိုင်ကြပြီး၊ နာကြည်းချက်ဖြစ်စေ၊ လှည့်ဖြားမှု သို့မဟုတ် ဆက်ကပ်မှုဖြစ်စေ၊ မည်သည့်အရာကိုမျှ ထိန်ချန်မထားဘဲ၊ သင်တို့ စိတ်နှလုံးများထဲက လျှို့ဝှက်ချက်များကို ငါ့ထံ တစ်သမတ်တည်း ဖွင့်ဟခဲ့ကြပြီး ဖြစ်သည်။ ခြုံကြည့်သော်၊ သင်တို့သည် သင်တို့၏ ဖြစ်တည်မှု အနက်ရှိုင်းဆုံးသော နေရာများအတွင်း တည်ရှိသည့် ခြေခြေမြစ်မြစ်ရှိသော အရာများကို ငါ့ထံ အလွန် ပွင့်ပွင့်လင်းလင်း “ဝန်ခံ” ခဲ့ကြပြီး ဖြစ်သည်။ ဟုတ်ပေ၏၊ ငါ့အတွက် ထိုအရာများအားလုံးသည် လွန်စွာ အကျွမ်းဝင်လာပြီးဖြစ်သည့်အတွက်၊ ငါသည် ထိုသို့သော အရာများကို မည်သည့်အခါတွင်မျှ မရှောင်လွှဲ ခဲ့ဖူးပေ။ သင်တို့သည် ဘုရားသခင်၏ လက်ခံမှုကို ရရှိဖို့ ဆံချည်တစ်မျှင် ဆုံးရှုံးရသည်ထက် သင်တို့၏ ခရီးပန်းတိုင်အတွက် မီးပင်လယ်ထဲသို့ ဝင်ရောက်လိုကြသည်။ ယင်းမှာ ငါသည် သင်တို့နှင့်ပတ်သက်၍ တစ်ယူသန်ဖြစ်လွန်းခြင်း မဟုတ်။ သင်တို့သည် ငါပြုသည့် အရာအားလုံးနှင့် မျက်နှာချင်းဆိုင်လာဖို့ရန် ဆက်ကပ်မှုရှိသော စိတ်နှလုံးတစ်ခု ကင်းမဲ့လွန်းခြင်း ဖြစ်ပေသည်။ ငါ ခုတင် ပြောသည့်အရာကို သင်တို့ နားလည်ကောင်း နားလည်နိုင်မည်မဟုတ်၊ ထို့ကြောင့် ရိုးရိုးဖြောင့်ဖြောင့် ရှင်းပြချက်တစ်ခု ငါပေးမည်- သင်တို့ လိုအပ်သည့်အရာသည် ငါ၏ အပတ်တကုတ် ကြိုးစား အားထုတ်သည့် အလုပ် ဖြစ်ဖို့မဆိုထားနှင့်၊ သမ္မာတရားနှင့် အသက် မဟုတ်သကဲ့သို့၊ မည်သို့ပြုမူနေထိုင်ရမည်ဟူသော ကိုယ်ကျင့်တရားများလည်း မဟုတ်ပေ။ ယင်းထက်၊ သင်တို့ လိုအပ်သောအရာမှာ ဇာတိပကတိ၌ သင်တို့ ပိုင်ဆိုင်သမျှ အရာရာ ဖြစ်သည့်။ ချမ်းသာကြွယ်ဝမှု၊ အဆင့်အတန်း၊ မိသားစု၊ အိမ်ထောင်ရေး၊ စသည်တို့ ဖြစ်သည်။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏အမှုကို လုံးဝ အထင်အမြင် သေးကြသည်။ ထို့ကြောင့် သင်တို့၏ ယုံကြည်ခြင်းကို ဝတ်ကျတမ်းကျေ ဟူသော စကားတစ်လုံးဖြင့် အကျဉ်းချုံးနိုင်သည်။ သင်တို့သည် သင်တို့ လုံးလုံးလျားလျား ဆက်ကပ်ထားသော အရာများကို ရရှိဖို့ရန် မည်သည့်အတိုင်းအတာထိမဆို လုပ်ဆောင်ကြလိမ့်မည် ဖြစ်သော်လည်း၊ သင်တို့၏ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဆက်နွှယ်သည့် ကိစ္စများအတွက် အလားတူ လုပ်ဆောင်ကြမည် မဟုတ်သည်ကို ငါ သိရှိပြီး ဖြစ်သည်။ အတိအကျဆိုရပါက၊ သင်တို့သည် အတော်အသင့်သာ သစ္စာရှိပြီး အတော်အသင့်သာ လေးလေးနက်နက်ရှိကြသည်။ ယင်းမှာ အဆုံးစွန် ရိုးသားစစ်မှန်မှုရှိသည့် စိတ်နှလုံးတစ်ခု ကင်းမဲ့သောသူတို့သည် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းတွင် ရှုံးနိမ့်သောသူများ ဖြစ်ကြသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်ပေသည်။ သေချာစွာစဉ်းစားလော့။ သင်တို့အထဲတွင် ရှုံးနိမ့်သူများစွာ ရှိသလော။
ဘုရားသခင်၌ ယုံကြည်မှုတွင် အောင်မြင်မှုကို လူတို့ကိုယ်တိုင်၏ လုပ်ရပ်များ၏ ရလဒ်တစ်ခုအဖြစ် ရရှိသည်ကို သင်တို့ သိသင့်သည်။ လူတို့သည် မအောင်မြင်ဘဲ၊ ယင်းအစား ကျရှုံးသည့်အခါ၊ ယင်းသည်လည်း ၎င်းတို့ကိုယ်တိုင်၏ လုပ်ရပ်များကြောင့် ဖြစ်ပြီး၊ အခြားမည်သည့်အကြောင်းရင်း၏ စိုးမိုးမှုတစ်ခုကြောင့်မျှ မဟုတ်ပေ။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ ခက်ခဲပြီး သာ၍ ဆင်းရဲဒုက္ခ ဖြစ်ပေါ်စေသည့် အရာတစ်ခုကို ရရှိဖို့ လိုအပ်သည့်အရာဟူသမျှ လုပ်ဆောင်ကြမည်ဖြစ်ပြီး ယင်းကို အလွန်လေးနက်စွာ သင်တို့ သဘောထားမည်မှာ သင်တို့အနေဖြင့် မည်သည့်အမှားကိုမျှ သည်းမခံလိုသည်အထိ ဖြစ်မည်ဆိုသည်ကို ငါ ယုံကြည်သည်။ ဤသည်တို့မှာ သင်တို့၏ အသက်တာများတွင် သင်တို့အားလုံး ထားရှိသည့် မနားမနေ အားထုတ်မှုမျိုးများ ဖြစ်သည်။ သင်တို့သည် သင်တို့ကိုယ်တိုင်၏ မိသားစုဝင်တစ်ဦးတစ်ယောက်ကိုမျှ လှည့်ဖြားမည် မဟုတ်သည့် အခြေအနေမျိုးတွင်ပင် ငါ၏ လူ့ဇာတိကို လှည့်ဖြားခြင်းငှာ တတ်စွမ်းနိုင်ကြလေသည်။ ဤသည်မှာ သင်တို့၏ တစ်သမတ်တည်းဖြစ်သော အပြုအမူနှင့် သင်တို့ အသက်ရှင်သည့် အခြေခံသဘောတရား ဖြစ်သည်။ သင်တို့၏ ခရီးပန်းတိုင်သည် လုံးဝ လှပပြီး သင်တို့ ဆန္ဒရှိသမျှအားလုံး ဖြစ်နိုင်ဖို့အလို့ငှာ၊ သင်တို့သည် သင်တို့၏ ခရီးပန်းတိုင်အတွက် ငါ့ကို လှည့်ဖြားဖို့ အယောင်ဆောင်သော အပြင်ပန်းသွင်ပြင်တစ်ခုကို ပြသနေကြဆဲ ဖြစ်သည် မဟုတ်လော။ သင်တို့၏ ဆက်ကပ်မှုသည် သင်တို့၏ စစ်မှန်ရိုးသားမှုကဲ့သို့၊ ခဏတာမျှသာ ဖြစ်သည်ကို ငါ သိ၏။ သင်တို့၏ စိတ်ဆုံးဖြတ်ချက်နှင့် သင်တို့ ပေးသော အဖိုးအခသည် အနာဂတ်အတွက် မဟုတ်၊ လက်ရှိအခိုက်အတန့်အတွက်သာ ဖြစ်သည် မဟုတ်လော။ သင်တို့သည် အလဲအလှယ်တစ်ခု ပြုလုပ်ခြင်းဟူသော တစ်ခုတည်းသော ရည်မှန်းချက်ဖြင့်၊ လှပသည့် ပန်းတိုင်တစ်ခုကို ရယူဖို့ ကြိုးပမ်းရန် နောက်ဆုံးတစ်ကြိမ်သာ အားထုတ်လိုကြလေသည်။ သင်တို့သည် ငါပေးပြီးသည့် အဖိုးအခအတွက် ငါ့ကို ပြန်ပေးဆပ်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို ကျေးဇူးကြွေးတင်ရှိလာခြင်းအား ရှောင်ရှားရန် ဤအားထုတ်မှုကို လုပ်ဆောင်ခြင်း မဟုတ်ပေ။ တိုတိုပြောရလျှင်၊ သင်တို့သည် သင်တို့ လိုချင်သည့်အရာကို ရရှိဖို့ ပါးနပ်သော ပရိယာယ်ကို အသုံးပြုရန်သာ လိုလားနေကြသော်လည်း၊ ယင်းအတွက် ပွင့်လင်းသော တိုက်ပွဲကို မတိုက်လိုကြပေ။ ဤသည်မှာ သင်တို့၏ အတွင်းကျကျအဖြစ်ဆုံးသော အတွေးအခေါ်များ မဟုတ်လော။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ရုပ်ဖျက်ရမည် မဟုတ်သကဲ့သို့၊ သင်တို့ မစားနိုင်၊ မအိပ်နိုင်ဖြစ်ကြသည့်အခြေအနေထိ သင်တို့၏ ခရီးပန်းတိုင်အပေါ် ဦးနှောက်ခြောက်အောင် မစဉ်းစားရ။ နောက်ဆုံးတွင် သင်တို့၏ နိဂုံးက ဆုံးဖြတ်ထားနှင့်ပြီး ဖြစ်လိမ့်မည်မှာ မှန်သည် မဟုတ်လော။ သင်တို့သည် ပွင့်လင်းပြီး ရိုးသားသော စိတ်နှလုံးများဖြင့် သင်တို့၏တာဝန်ကို အစွမ်းကုန် အသီးသီး ကောင်းမွန်စွာ ထမ်းဆောင်သင့်ပြီး၊ လိုအပ်သည့် မည်သည့်အဖိုးအခကိုမဆို ပေးရန် လိုလားလျက် ရှိနေသင့်ပေသည်။ သင်တို့ ပြောကြပြီးသည့်အတိုင်း၊ နေ့ရက်အချိန် ကျရောက်လာသည့်အခါ၊ ဘုရားသခင်သည် သူ့အတွက် ဆင်းရဲဒုက္ခခံခဲ့သူ သို့မဟုတ် အဖိုးအခတစ်ခု ပေးဆပ်ခဲ့သူ မည်သူမဆိုအပေါ် တာဝန်ပေါ့လျော့မည် မဟုတ်ပေ။ ဤသို့သော ခံယူချက်မျိုးသည် ထိန်းသိမ်းထားထိုက်သကဲ့သို့၊ ယင်းကို သင်တို့ မည်သည့်အခါမျှ မမေ့သင့်သည်မှာ မှန်ပေသည်။ ဤနည်းဖြင့်သာ ငါသည် သင်တို့နှင့်ပတ်သက်၍ ငါ၏ စိတ်ကို သက်သာစေနိုင်ပေသည်။ သို့မဟုတ်ပါက၊ သင်တို့သည် ငါ၏ စိတ်ကို သက်သာစေနိုင်မည် မဟုတ်သည့် လူများ ထာဝရ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် ငါ၏ စက်ဆုပ်ခြင်းကို ခံကြရသူများ ထာဝရ ဖြစ်ကြလိမ့်မည်။ သင်တို့ အားလုံးသည် ငါ၏အမှုအတွက် မည်သည့်အားထုတ်မှုမျှ မချန်ဘဲလျက်၊ ပြီးလျှင် ငါ၏ ဧဝံဂေလိအမှုအဖို့ တစ်သက်တာ အားအင်ကို ဆက်ကပ်ရင်း၊ သင်တို့၏ အသိစိတ်ကို လိုက်နာနိုင်ပြီး ငါ့အတွက် သင်တို့၏ အရာအားလုံးကို ပေးနိုင်ပါက၊ ငါ၏စိတ်နှလုံးသည် သင်တို့အတွက်ကြောင့် ဝမ်းမြောက်မှုဖြင့် မကြာခဏ ခုန်ပေါက် လိမ့်မည် မဟုတ်လော။ ဤနည်းဖြင့်၊ ငါသည် သင်တို့နှင့်စပ်လျဉ်း၍ ငါ၏ စိတ်ကို လုံးလုံးလျားလျား သက်သာစေနိုင်မည်၊ မဟုတ်လော။ သင်တို့ လုပ်ဆောင်နိုင်သည့်အရာသည် ငါမျှော်လင့်ထားသည့်အရာ၏ အလွန်တရာ သေးနုပ်သည့် အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်သည်မှာ စိတ်ပျက်ဖွယ် ဖြစ်သည်။ ဤသို့ဖြစ်သည့်အတွက်၊ သင်တို့သည် သင်တို့ မျှော်လင့်သည့်အရာကို ငါ့ထံမှ အဘယ်သို့ တောင်းခံရဲရသနည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍
လူအချို့သည် ခေါင်းဆောင်ရာထူးမှ ဖြုတ်ချခြင်းခံရပြီး ၎င်းတို့အနေဖြင့် နောက်ထပ် ပျိုးထောင်ခြင်း သို့မဟုတ် အသုံးပြုခြင်း ခံရတော့မည်မဟုတ်ဟု အထက်က ပြောသည်ကို ၎င်းတို့ ကြားသောအခါ၊ ဖယ်ရှားရှင်းလင်းခြင်းခံရသည့်အလား အလွန့်အလွန် ဝမ်းနည်းကြပြီး ခါးသီးစွာ ငိုကြွေးကြသည်။ ဤသည်မှာ အဘယ်ပြဿနာ ဖြစ်သနည်း။ ၎င်းတို့ နောက်ထပ် ပျိုးထောင်မခံရခြင်း သို့မဟုတ် အသုံးပြုမခံရခြင်းသည် ၎င်းတို့အနေဖြင့် ဖယ်ရှားရှင်းလင်းခြင်းခံရသည်ဟု ဆိုလိုသလော။ ယင်းက ၎င်းတို့အနေဖြင့် ကယ်တင်ခြင်း မရရှိနိုင်ဟု ဆိုလိုသလော။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့သည် ၎င်းတို့အတွက် အမှန်တကယ် အလွန် အရေးကြီးသလော။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်ပါက၊ မိမိတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို ဆုံးရှုံးသောအခါ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်သင့်ပြီး စစ်မှန်သော နောင်တကို ခံစားသင့်သည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်သင့်သည်၊ ဘဝကို အသစ်ပြန်စသင့်ပြီး အလွန်ဝမ်းမနည်းသင့် သို့မဟုတ် အလွန်မငိုကြွေးသင့်ပေ။ ၎င်းတို့အနေဖြင့် တကယ့်အလုပ်ကို မလုပ်သကဲ့သို့ သမ္မာတရားကို မလိုက်စားခြင်းတို့ကြောင့် ဘုရားအိမ်တော်၏ ဖြုတ်ချခြင်းကို ခံခဲ့ရကြောင်း မိမိတို့၏ စိတ်နှလုံးထဲ၌ သိရှိပြီး ဘုရားအိမ်တော်က ၎င်းတို့ကို နောက်ထပ် ရာထူးတိုးပေးတော့မည်မဟုတ်ဟု ပြောသည်ကို ၎င်းတို့ ကြားရပါက၊ ၎င်းတို့ ရှက်ရွံ့သင့်သည်၊ ဘုရားသခင်ကို အကြွေးတင်ပြီး ဘုရားသခင်ကို စိတ်ပျက်စေခဲ့သည်ဟု ခံစားသင့်ပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ အသုံးပြုခြင်းကို မခံထိုက်ကြောင်း သိရှိသင့်ပြီး ဤနည်းဖြင့် ၎င်းတို့ကို ဆင်ခြင်တုံတရား အနည်းငယ်ရှိသည်ဟု မှတ်ယူ၍ရနိုင်ပေသည်။ သို့ရာတွင် ဘုရားအိမ်တော်က ၎င်းတို့ကို နောက်ထပ် ပျိုးထောင်တော့မည်မဟုတ်၊ သို့မဟုတ် အသုံးပြုတော့မည်မဟုတ်သည်ကို ၎င်းတို့ ကြားသောအခါ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး ဝမ်းနည်းကြကာ ဤအရာ ၎င်းတို့အနေဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားနေပြီး သမ္မာတရားကို လိုက်စားသောသူတစ်ဦး မဟုတ်ကြောင်းကို ပြသသည်။ ကောင်းချီးများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒသည် ဤမျှ အားကောင်းပြီး ၎င်းတို့သည် အဆင့်အတန်းကို ဤမျှ တန်ဖိုးထားကာ တကယ့်အလုပ်ကို မလုပ်ဆောင်ကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် ဖြုတ်ချခံရသင့်ပြီး မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဆင်ခြင်သုံးသပ်ကာ နားလည်လာသင့်သည်။ ၎င်းတို့ လိုက်လျှောက်နေသော လမ်းကြောင်းက မှားယွင်းကြောင်း၊ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားခြင်းအားဖြင့် ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်လှမ်းနေကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို အသိအမှတ်ပြုမည် မဟုတ်သည်သာမက သူ၏ စိတ်သဘောထားကိုလည်း ၎င်းတို့ ပုန်ကန်ပြစ်မှားမိမည်ဖြစ်ကြောင်းနှင့် အကယ်၍ ၎င်းတို့သည် မကောင်းမှုမျိုးစုံကို ကျူးလွန်ပါက ဘုရားသခင်၏ အပြစ်ပေးခြင်းကိုလည်း ခံကြရမည်ဖြစ်ကြောင်းတို့ကို ၎င်းတို့ သိရှိသင့်သည်။ သင်တို့၌လည်း ဤပြဿနာ ရှိသည် မဟုတ်လော။ အကယ်၍ သင်တို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိဟု ယခု ငါ ပြောပါက သင်တို့ ဝမ်းနည်းဖြစ်ကြမည် မဟုတ်လော။ (ဝမ်းနည်းကြပါမည်။) ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိဟု အထက်အဆင့် ခေါင်းဆောင်တစ်ဦးက ပြောသည်ကို လူအချို့က ကြားသောအခါ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်နိုင်စွမ်းမရှိကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို သေချာပေါက် အလိုမရှိတော့ကြောင်း၊ ကောင်းချီးခံစားရရန် မျှော်လင့်ချက်မရှိတော့ကြောင်း ၎င်းတို့ ခံစားကြရသည်။ သို့သော် ၎င်းတို့ ဝမ်းနည်းသည်ဟူသော အချက်ရှိလင့်ကစား ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ကြဆဲဖြစ်သည်။ ထိုသို့သောလူတို့၌ ဆင်ခြင်တုံတရား အနည်းငယ် ရှိသည်။ လူအချို့သည် တစ်စုံတစ်ဦးက ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြောင်း ပြောသည်ကို ကြားသောအခါ အပျက်သဘောဆောင်လာကြပြီး မိမိတို့၏ တာဝန်ကို မထမ်းဆောင်လိုကြတော့ပေ။ ၎င်းတို့က၊ “ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိဟု သင် ငါ့ကို ပြောသည်။ ယင်းမှာ ငါ ကောင်းချီးခံစားရမည့် မျှော်လင့်ချက်မရှိဟု ဆိုလိုသည် မဟုတ်လော။ အနာဂတ်တွင် မည်သည့် ကောင်းချီးမျှ ငါ ရမည်မဟုတ်သည့်အတွက်၊ အဘယ်အရာအတွက် ငါ ယုံကြည်နေသေးသနည်း။ အစေခံမှုပေးစေခြင်းကို ငါ လက်ခံမည်မဟုတ်ပါ။ အပြန်အလှန်အနေဖြင့် မည်သည့်အရာမျှ မရပါက မည်သူက သင့်အတွက် အလုပ်လုပ်ပေးမည်နည်း။ ငါသည် ထိုမျှ စဉ်းစားဉာဏ်မကင်းမဲ့ပါ”ဟု တွေးကြသည်။ ထိုသို့သောလူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ကြသလော။ ၎င်းတို့သည် ဘုရားသခင်ထံမှ အလွန်များပြားသော ကျေးဇူးတော်ကို မွေ့လျော်ခံစားသော်လည်း ယင်းကို ပြန်လည်ပေးဆပ်ရန် မသိကြသည့်အပြင် အစေခံမှုပေးရန်ပင် အလိုမရှိကြပေ။ ဤသို့သော လူတို့သည် အဆုံးသတ်ပြီဖြစ်သည်။ ၎င်းတို့သည် အဆုံးတိုင် အစေခံမှုကိုပင် မပေးနိုင်ကြသကဲ့သို့ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိကြပေ။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်အတွက် ရိုးသားသော စိတ်နှလုံးနှင့် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိပါက ၎င်းတို့အနေဖြင့် မည်သို့ပင် အကဲဖြတ်ခံရသည်ဖြစ်စေ၊ ဤအရာက ၎င်းတို့အား မိမိတို့ကိုယ်ကို ပို၍ စစ်မှန်စွာနှင့် တိကျစွာ သိရှိနိုင်စေလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဤကိစ္စရပ်ကို မှန်ကန်စွာ ချဉ်းကပ်သင့်ပြီး ဘုရားသခင်နောက် ၎င်းတို့လိုက်ခြင်း သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် ထိုအရာက သက်ရောက်မှု မဖြစ်စေသင့်ပေ။ ၎င်းတို့အနေဖြင့် ကောင်းချီးများကို မရရှိနိုင်လျှင်ပင် ဘုရားသခင်အတွက် အဆုံးထိတိုင် အစေခံမှုပေးရန် လိုလားနေဆဲဖြစ်သင့်ပြီး စောဒကတက်ခြင်းများမရှိဘဲ ထိုသို့လုပ်ဆောင်ရန် ဆန္ဒရှိသင့်ကာ အရာခပ်သိမ်းတွင် ဘုရားသခင်ကို စီစဉ်ညွှန်ကြားခွင့် ပြုသင့်သည်။ ထိုအခါမှသာ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူတစ်ဦး ဖြစ်ကြလိမ့်မည်။ လူတစ်ဦးသည် ကောင်းချီးများကို လက်ခံရရှိခြင်း ရှိမရှိ သို့မဟုတ် ကံအကြောင်းမလှသည့်ဖြစ်ရပ်များကို ခံစားရခြင်း ရှိမရှိဟူသည်မှာ ဘုရားသခင်၏ လက်ထဲ၌ ရှိသည်။ ဘုရားသခင်သည် ဤအရာအပေါ် အချုပ်အခြာအာဏာရှိပြီး ဤအရာကို စီစဉ်ပေးသည်။ ယင်းမှာ လူတို့ တောင်းဆိုနိုင်သော သို့မဟုတ် ကြိုးစားလုပ်ဆောင်နိုင်သော အရာတစ်ခု မဟုတ်ပေ။ ယင်းအစား ယင်းမှာ ထိုလူက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံနိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို လက်ခံနိုင်ခြင်းရှိမရှိဟူသည်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ခြင်း ရှိမရှိဟူသည်တို့အပေါ် မူတည်သည်။ ဘုရားသခင်သည် လူတစ်ဦးစီကို ၎င်းတို့၏ လုပ်ဆောင်ချက်များအတိုင်း ပြန်လည်ပေးဆပ်လိမ့်မည်။ တစ်စုံတစ်ဦး၌ ဤရိုးသားမှုအနည်းငယ် ရှိပြီး ၎င်းတို့ ထမ်းဆောင်သင့်သော တာဝန်အတွက် မိမိတို့ စုစည်းနိုင်သမျှ အစွမ်းခွန်အားအားလုံးကို ဆက်ကပ်ပါက ယင်းမှာလုံလောက်ပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ကောင်းချီးကို ၎င်းတို့ ရရှိကြလိမ့်မည်။ ပြောင်းပြန်အားဖြင့် တစ်စုံတစ်ဦးသည် မိမိ၏တာဝန်ကို စံချိန်မီသော နည်းလမ်းဖြင့် မထမ်းဆောင်ဘဲ မကောင်းမှုမျိုးစုံကိုပင် ကျူးလွန်သည့်တိုင် ဘုရားသခင်ထံမှ ကောင်းချီးများကို ရရှိရန် လိုလားနေသေးပါက ၎င်းတို့ ဤသို့ ပြုမူခြင်းသည် အလွန် ဆင်ခြင်တုံတရား ကင်းမဲ့နေသည် မဟုတ်လော။ အကယ်၍ သင်သည် လုံလောက်အောင် ကောင်းစွာ မလုပ်ဆောင်ခဲ့ဟု ခံစားရပါက၊ အားထုတ်မှုများစွာ ပြုပြီးဖြစ်သော်လည်း အမှုအရာများကို စည်းမျဉ်းများဖြင့် ကိုင်တွယ်နိုင်စွမ်း မရှိသေးဟု ခံစားရပြီး ဘုရားသခင်ကို အကြွေးတင်သည်ဟု သင် ခံစားရသော်လည်း သူက သင်တို့ကို ကောင်းချီးပေးပြီး ကျေးဇူးပြုပါက ယင်းမှာ ဘုရားသခင်က သင်တို့အား မျက်နှာသာပေးနေခြင်းဖြစ်သည်ဟု ဆိုလိုသည် မဟုတ်လော။ အကယ်၍ ဘုရားသခင်က သင်တို့ကို ကောင်းချီးပေးလိုပါက ယင်းမှာ မည်သူကမျှ ဖယ်ရှား၍မရသည့် အရာတစ်ခု ဖြစ်သည်။ သင်တို့သည် အလွန်ကောင်းစွာ မလုပ်ဆောင်လေပြီဟု တွေးထင်ကောင်း တွေးထင်နိုင်သော်လည်း ဘုရားသခင်၏ အကဲဖြတ်မှုတွင်မူ သင်သည် စစ်မှန်ရိုးသားပြီး မိမိ၏ အစွမ်းရှိသမျှ ပေးဆပ်ခဲ့သည်ဟု သူဆိုကာ သင့်ကို ကျေးဇူးပြုပြီး ကောင်းချီးပေးလိုပေသည်။ ဘုရားသခင် ပြုလုပ်သမျှ မည်သည့်အရာမျှ မမှားယွင်းသည့်အပြင် သူ၏ ဖြောင့်မတ်ခြင်းကို သင်ချီးမွမ်းရမည်။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းမှာ အစဉ်သဖြင့် မှန်ကန်ပြီး သူ လုပ်ဆောင်သည့်အရာက လူသား ခံစားချက်များကို ထည့်တွက်ခြင်းမရှိကြောင်း၊ သင်၏ အကြိုက်မဟုတ်ကြောင်း ယုံကြည်လျက် ဘုရားသခင် ပြုလုပ်သည့်အရာနှင့်ပတ်သက်၍ သင်၌ အယူအဆများ ရှိနေလျှင်ပင်၊ သင်သည် ဘုရားသခင်ကို ချီးမွမ်းသင့်နေဆဲ ဖြစ်သည်။ သင်သည် ဤသို့ အဘယ်ကြောင့် ပြုလုပ်သင့်သနည်း။ အကြောင်းရင်းကို သင်တို့ မသိကြ၊ မှန်သလော။ ဤသည်မှာ အမှန်တကယ်တွင် ရှင်းပြရန် အလွန် လွယ်ကူသည်။ အကြောင်းမှာ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး သင်သည် လူသားဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ သင်သည် ဘုရားသခင်အား နည်းလမ်းတစ်ခုခုဖြင့် ပြုမူရန် သို့မဟုတ် သင့်အား နည်းလမ်းတစ်ခုခုဖြင့် ဆက်ဆံရန် တောင်းဆိုပိုင်ခွင့်မရှိသော်လည်း ဘုရားသခင်သည် သင့်အပေါ် တောင်းဆိုချက်များ ပြုလုပ်ရန် အရည်အချင်းပြည့်မီပေသည်။ ကောင်းချီးများ၊ ကျေးဇူးတော်၊ ဆုလာဘ်များ၊ သရဖူများ၊ ဤအရာအားလုံးကို မည်သို့ ပေးအပ်သည်ဟူသည်နှင့် မည်သူ့ကို ပေးအပ်သည်ဟူသည်တို့မှာ ဘုရားသခင်၏ သဘောဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်၏ သဘောဖြစ်သနည်း။ ဤအရာများသည် ဘုရားသခင်နှင့် သက်ဆိုင်သည်။ ယင်းတို့သည် လူနှင့် ဘုရားသခင်အကြား ညီတူညီမျှ ခွဲဝေနိုင်သည့် ပူးတွဲပိုင်ဆိုင်သော အဖိုးတန်ပိုင်ဆိုင်မှုများ မဟုတ်ပေ။ ထိုအရာများသည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး ဘုရားသခင်သည် ထိုအရာများကို သူပေးသနားမည်ဟု ကတိပြုထားသော သူတို့အပေါ် ပေးအပ်သည်။ အကယ်၍ ဘုရားသခင်က ထိုအရာများကိုသင့်အား ပေးသနားမည်ဟု ကတိမပြုပါက သင်သည် သူ့ကို ကျိုးနွံနာခံသင့်နေဆဲ ဖြစ်သည်။ အကယ်၍ သင်သည် ဤအကြောင်းရင်းကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်း ရပ်တန့်လိုက်ပါက ယင်းသည် အဘယ်ပြဿနာများကို ဖြေရှင်းပေးလိမ့်မည်နည်း။ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ခြင်းမှ ရပ်တန့်သွားလိမ့်မည်လော။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင် လွတ်မြောက်နိုင်သလော။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကို ကိုင်စွဲထားဆဲဖြစ်ပြီး ဤသည်မှာ မပြောင်းလဲနိုင်သော အချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရသည် လူ၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့နှင့် မည်သည့်အခါမျှ တန်းတူညီမျှ မဖြစ်နိုင်သကဲ့သို့ ဤအရာများသည် မည်သည့်ပြောင်းလဲမှုကိုမျှ ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ထာဝစဉ် ဘုရားသခင်ဖြစ်လိမ့်မည်ဖြစ်ပြီး လူသည် ထာဝစဉ် လူဖြစ်လိမ့်မည်။ အကယ်၍ လူတစ်ဦးသည် ဤအရာကို နားလည်နိုင်ပါက ၎င်းတို့ အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံသင့်သည်၊ ဤသည်မှာ အမှုအရာများနှင့်ပတ်သက်၍ လုပ်ဆောင်ရန် အဆင်ခြင်တုံတရားအရှိဆုံးသော နည်းလမ်းဖြစ်ပြီး ဤအရာမှလွဲ၍ ရွေးချယ်နိုင်သော အခြားလမ်းကြောင်း မရှိပေ။ အကယ်၍ သင်သည် ကျိုးနွံနာခံခြင်းမရှိပါက ပုန်ကန်သူဖြစ်ပြီး သင်သည် အာခံကာ ငြင်းခုံပါက မတန်တဆ ပုန်ကန်နေခြင်းဖြစ်ကာ ဖျက်ဆီးခြင်းကို ခံရသင့်ပေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ခြင်းက သင့်အနေဖြင့် ဆင်ခြင်တုံတရားရှိကြောင်းကို ပြသသည်။ ဤသည်မှာ လူတို့ ရှိရမည့် သဘောထားဖြစ်ပြီး ဤအရာသည်သာ ဖန်ဆင်းခံများ ရှိသင့်သော သဘောထား ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- ရာထူးဂုဏ်သိမ် မရှိသောအခါ၊ သို့မဟုတ် ကောင်းချီးရရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်
အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အစီအစဉ်များကို မည်သည့်အခါမျှ မနာခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို ၎င်းတို့၏ ကောင်းချီးရရှိရန် မျှော်လင့်ချက်နှင့် အနာဂတ် ခရီးပန်းတိုင်တို့ဖြင့် နီးကပ်စွာ ချိတ်ဆက်ထားကြသည်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဆုံးရှုံးသွားသည်နှင့် ကောင်းချီးများ၊ ဆုလာဘ်များရရှိရန် မျှော်လင့်ချက်မရှိတော့သကဲ့သို့ပင်ဖြစ်သည်။ ဤအရာများက ၎င်းတို့၏ အသက်ကို ဆုံးရှုံးရသကဲ့သို့ ခံစားရသည်။ ၎င်းတို့က “ငါသည် ဂရုစိုက်ရမည်။ ပေါ့ဆ၍ မရပေ။ ဘုရားအိမ်တော်၊ ညီအစ်ကိုမောင်နှမများ၊ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင်ကိုပင် အားကိုး၍မရပေ။ ၎င်းတို့ထဲမှ မည်သူ့ကိုမျှ ငါ ယုံကြည်၍မရပေ။ သင် အားအကိုးနိုင်ဆုံးသောသူနှင့် ယုံကြည်ရန် အထိုက်တန်ဆုံးသောသူမှာ သင်ကိုယ်တိုင်ဖြစ်သည်။ သင်သည် သင့်ကိုယ်သင်အတွက် အစီအစဉ်များ မပြုလုပ်နေလျှင် သင့်အား မည်သူက ဂရုစိုက်မည်နည်း။ သင်၏ အနာဂတ်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ကောင်းချီးများအား သင်လက်ခံရရှိခြင်းရှိမည်၊ မရှိမည်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ထို့ကြောင့် ငါသည် ငါ၏အကျိုးအတွက် အစီအစဉ်များနှင့် တွက်ချက်မှုများကို သေချာလုပ်ဆောင်ရမည်။ အမှားများပြုလုပ်၍မရ၊ သို့မဟုတ် အနည်းငယ်မျှပင် ပေါ့ဆ၍ မရပေ။ မဟုတ်လျှင် တစ်စုံတစ်ယောက်က ငါ့အပေါ် အခွင့်အရေးယူဖို့ ကြိုးစားလျှင် မည်သည့်အရာကို ငါလုပ်ဆောင်ရမည်နည်း” ဟု တွေးကြသည်။ ထို့ကြောင့် ၎င်းတို့သည် တစ်စုံတစ်ယောက်က ၎င်းတို့အား ပိုင်းခြားသိမြင်မည်၊ သို့မဟုတ် ရိပ်စားမိမည်ကိုလည်းကောင်း၊ ဤသို့ဖြင့် ၎င်းတို့သည် ထုတ်ပယ်ခံရပြီး ၎င်းတို့၏ ကောင်းချီးရရှိဖို့အိပ်မက်က ပျက်စီးသွားမည်ကိုလည်းကောင်း ကြောက်ရွံ့လျက် ဘုရားအိမ်တော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များကို သတိထားကာကွယ်ကြသည်။ ၎င်းတို့သည် ကောင်းချီးများ ရရှိရန် မျှော်လင့်ချက်ကို ထားရှိဖို့အလို့ငှာ မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုထိန်းသိမ်းရမည်ဟု ထင်ကြသည်။ ကောင်းကြီးခံစားရခြင်းသည် ကောင်းကင်ဘုံထက်ကြီးမြတ်သည်၊ အသက်ထက် ပိုကြီးမြတ်သည်၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ ကယ်တင်ခြင်းထက်ပို၍ အရေးကြီးသည်၊ မိမိတာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်း၊ စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းထက် ပို၍အရေးကြီးသည်ဟု အန္တိခရစ်တစ်ယောက်က မြင်သည်။ ၎င်းတို့သည် စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ကယ်တင်ခံရခြင်းသည် ပြောဆိုဖို့ပင် သို့မဟုတ် မှတ်ချက်ပေးဖို့ပင် ထိုက်တန်မှုသိပ်မရှိသည့် သေးနုပ်သောအရာများဖြစ်သည်ဟု ထင်မြင်သော်လည်း၊ ကောင်းကြီးရရှိခြင်းကမူ ၎င်းတို့၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ မေ့၍မရနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ကောင်းချီးခံစားရခြင်းနှင့် ဆက်စပ်ပြီး အလွန်အမင်း သတိထားပြီး အာရုံစိုက်ကြသည်။ ပြီးလျှင် အစဉ်သဖြင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ထားထားကြသည်။ ထို့ကြောင့် ၎င်းတို့တာဝန် ချိန်ညှိခြင်းခံရသောအခါ ယင်းသည် ရာထူးတိုးခြင်းဖြစ်လျှင် ကောင်းချီးရဖို့ မျှော်လင့်ချက်ရှိသည်ဟု အန္တိခရစ်က ထင်မြင်လိမ့်မည်။ အဖွဲ့ခေါင်းဆောင်မှ လက်ထောက်အဖွဲ့ခေါင်းဆောင်အဖြစ်သို့၊ သို့မဟုတ် လက်ထောက်အဖွဲ့ခေါင်းဆောင်မှ သာမန်အဖွဲ့ဝင်အဖြစ်သို့ ရာထူးချခြင်းဖြစ်လျှင် ဤသည်မှာ ပြဿနာအကြီးစား ဖြစ်သည်ဟု ကြိုတင်ခန့်မှန်းပြီး ကောင်းချီးများရရန် မျှော်လင့်ချက်က နည်းပါးသည်ဟု ထင်မြင်သည်။ ဤသည်မှာ မည်သည့် ရှုမြင်ပုံမျိုးနည်း။ မှန်ကန်သော ရှုမြင်ချက်ဖြစ်သလော။ လုံးဝ မဟုတ်ပေ။ ဤအမြင်သည် အဓိပ္ပာယ်မရှိပေ။ လူတစ်ယောက်က ဘုရားသခင်၏ လက်ခံမှုကို ရမရဆိုသည်မှာ မည်သည့်တာဝန်ကို သူထမ်းဆောင်သည်ဆိုသည့်အပေါ်တွင် အခြေမခံဘဲ သမ္မာတရားကို ပိုင်ဆိုင်သလော၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသလော၊ သစ္စာရှိသလောဆိုသည်တို့အပေါ်တွင် အခြေခံသည်။ ဤအရာများက အရေးကြီးဆုံးအရာများဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- ရာထူးဂုဏ်သိမ် မရှိသောအခါ၊ သို့မဟုတ် ကောင်းချီးရရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်
ကောင်းချီးများအား လိုက်စားခြင်းကို ရည်မှန်းချက်တစ်ခုအဖြစ် မှတ်ယူခြင်းသည် မည်သည့်ပုံစံဖြင့် မှားယွင်းသနည်း။ ယင်းသည် သမ္မာတရားနှင့် လုံးလုံးဆန့်ကျင်ပြီး လူတို့ကို ကယ်တင်ရန် ဘုရားသခင်၏ ရည်ရွယ်ချက်ဖြင့် ထပ်တူညီခြင်းမရှိ။ ကောင်းချီးခံစားရခြင်းသည် လူတို့လိုက်စားရန်အတွက် သင့်တင့်လျောက်ပတ်သည့် ရည်မှန်းချက်တစ်ခု မဟုတ်သောကြောင့် အဘယ်အရာက သင့်တင့်လျောက်ပတ်သည့် ရည်မှန်းချက်တစ်ခု ဖြစ်သနည်း။ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားပြောင်းလဲမှုများကို လိုက်စားခြင်း၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများဖြင့် အစီအစဉ်များအားလုံးကို ကျိုးနွံနာခံနိုင်ခြင်း၊ ဤအရာတို့သည် လူတို့ လိုက်စားသင့်သည့် ရည်မှန်းချက်များဖြစ်သည်။ ဥပမာအားဖြင့် ပြုပြင်ခံရခြင်းက သင့်ကို အယူအဆများ၊ နားလည်မှုလွဲခြင်းများဖြစ်စေပြီး သင်သည် ကျိုးနွံနာခံခြင်းကို မလုပ်ဆောင်နိုင် ဖြစ်လာသည်ဆိုပါစို့။ အဘယ့်ကြောင့် မကျိုးနွံမနာခံနိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် ကောင်းချီးခံစားရဖို့ဖြစ်သည့် သင်၏ ခရီးပန်းတိုင်၊ သို့မဟုတ် အိပ်မက်ကို ခက်ခဲသွားစေသည်ဟု သင် ခံစားရခြင်းကြောင့်ဖြစ်သည်။ သင်သည် အပျက်သဘောဆောင်လာပြီး စိတ်မကောင်းဖြစ်လာသည်။ ပြီးလျှင် သင်၏တာဝန်ကို စွန့်လွှတ်လိုသည်။ ဤအရာအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ သင်၏ အားထုတ်လိုက်စားမှုတွင် ပြဿနာတစ်ခုရှိသည်။ ဤသို့ဆိုလျှင် ဤအရာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ဤမှားယွင်းသော စိတ်ကူးများကို သင် ချက်ချင်းစွန့်ပစ်ရန်၊ သင်၏ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ချက်ချင်းရှာဖွေရန် အလွန်အရေးကြီးသည်။ သင်သည် မိမိကိုယ်ကို “ငါ နုတ်ထွက်၍မဖြစ်။ ဖန်ဆင်းခံတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်ကို ငါ ကောင်းစွာထမ်းဆောင်ရဦးမည်ဖြစ်ပြီး ကောင်းချီးခံစားရဖို့ ငါ၏ ဆန္ဒကို ဘေးချထားရမည်” ဟူ၍ ပြောသင့်သည်။ သင်သည် ကောင်းချီးခံစားရဖို့ ဆန္ဒကို စွန့်လွှတ်ပြီး သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်သောအခါတွင် သင်၏ ပခုံး၌ ဝန်တစ်ခုပေါ့သွားသည်။ သင်သည် အပျက်သဘောဆောင်နိုင်စွမ်း ရှိဦးမည်လော။ သင် အပျက်သဘောဆောင်သည့် အချိန်များရှိဆဲဖြစ်သော်လည်း သင်က ဤအရာကို သင့်အား ဘောင်ခတ်ခွင့်မပြုဘဲ သင်၏ စိတ်နှလုံးတွင် ဆက်လက်၍ ဆုတောင်းကာ ကြိုးစားသည်။ သင်၏ လိုက်စားမှု ရည်မှန်းချက်ကို ကောင်းချီးခံရခြင်းနှင့် ခရီးပန်းတိုင်တစ်ခုထားရှိခြင်းမှ သမ္မာတရား လိုက်စားခြင်းအဖြစ်သို့ ပြောင်းလဲပြီး “သမ္မာတရားကို လိုက်စားခြင်းသည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ဖြစ်သည်။ ယနေ့တွင် သမ္မာတရားအချို့ကို နားလည်ရန်အတွက် ပိုကောင်းသော အကျိုးတရားမရှိ။ ဤသည်မှာ အားလုံးထဲတွင် အကြီးမြတ်ဆုံးကောင်းချီးဖြစ်သည်။ ဘုရားသခင်က ငါ့အား အလိုမရှိလျှင်ပင်၊ ငါသည် ကောင်းမွန်သော ခရီးပန်းတိုင်မရှိဘဲ ငါ၏ ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်များ ကြေမွသွားခဲ့လျှင်ပင် ငါ၏တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ဦးမည်။ ငါ ထိုသို့လုပ်ဆောင်ရန် ဝတ္တရားရှိသည်။ ငါ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်ရာတွင် မည်သည့်အကြောင်းပြချက်ကိုမျှ ထိခိုက်ခွင့်ပေးမည် မဟုတ်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ငါ ဖြစ်မြောက်အောင်မြင်အောင် လုပ်ဆောင်ရာတွင် ထိခိုက်ခွင့်ပေးမည် မဟုတ်။ ဤသည်မှာ ငါပြုမူနေထိုင်သည့် စည်းမျဉ်းဖြစ်သည်” ဟူ၍ သင် စဉ်းစားသည်။ ဤတွင် သင်သည် ဇာတိပကတိ၏ ဘောင်ခတ်မှုများကို ကျော်လွန်ပြီးဖြစ်သည်မဟုတ်လော။ အချို့က “ကောင်းပြီ၊ ငါ အပျက်သဘောဆောင်နေသေးလျှင် အဘယ်သို့ လုပ်ရမည်နည်း”ဟု ဆိုကောင်းဆိုနိုင်သည်။ သို့ဆိုလျှင် ယင်းကို ဖြေရှင်းရန် သမ္မာတရားကို တစ်ဖန်ရှာဖွေလော့။ အပျက်သဘောဆောင်ခြင်းထဲသို့ အကြိမ်မည်မျှ သင် ကျရောက်ပါစေ ယင်းကို ဖြေရှင်းရန် သမ္မာတရားကိုသာ သင် ရှာဖွေမြဲ ရှာဖွေပြီး သမ္မာတရားအတွက် ကြိုးပမ်းမြဲ ကြိုးပမ်းပါက သင်၏ အပျက်သဘောဆောင်ခြင်းမှ တဖြည်းဖြည်း သင် လွတ်လာလိမ့်မည် ဖြစ်သည်။ တစ်နေ့တွင် သင်သည် ကောင်းချီးများရရှိရန် စိတ်ဆန္ဒမရှိဟု ခံစားရလိမ့်မည်ဖြစ်ပြီး သင်၏ ခရီးပန်းတိုင်နှင့် ရလဒ်များ၏ ဘောင်ခတ်ခြင်းကို မခံရတော့သကဲ့သို့ ဤအရာများဖြင့် အသက်မရှင်ဘဲ သင်သည် ပိုမို အေးဆေးကာ ပိုမိုလွတ်လပ်သည်ကို သင် ခံစားရလိမ့်မည်။ ကောင်းချီးများနှင့် သင်၏ ခရီးပန်းတိုင်ကို ရရှိခြင်းနှင့်ဆိုင်သည့် ရည်ရွယ်ချက်အတွက် နေ့တိုင်း သင် အသက်ရှင်ခဲ့သည့် ယခင်က သင်ရှိခဲ့သည့် ဘဝသည် ပင်ပန်းစရာဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ နေ့စဉ် ကောင်းချီးမင်္ဂလာများ ရရှိခြင်းအတွက် စကားပြောရင်း၊ အလုပ်လုပ်ရင်းနှင့် ဦးနှောက်ခြောက်အောင် စဉ်းစားရင်း ယင်းက နောက်ဆုံးတွင် သင့်ကို မည်သည့်အရာ ရရှိစေလိမ့်မည်နည်း။ ထိုသို့သော ဘဝတစ်ခု၏ တန်ဖိုးမှာ အဘယ်နည်း။ သင်သည် သမ္မာတရားကို မလိုက်စားခဲ့ဘဲ အရေးမပါသည့် အရာများအပေါ် သင်၏ အကောင်းဆုံးသော နေ့ရက်များကို ဖြုန်းတီးခဲ့သည်။ အဆုံးတွင် သင်သည် မည်သည့် သမ္မာတရားကိုမျှ မရရှိခဲ့သကဲ့သို့ အတွေ့အကြုံဆိုင်ရာ မည်သည့်သက်သေခံချက်ကိုမျှ သင် မပြောဆိုနိုင်ခဲ့ပေ။ သင်သည် မိမိကိုယ်ကို အရူးလုပ်ခဲ့သည်၊ အလွန်အမင်း အရှက်ရပြီး ကျရှုံးခဲ့သည်။ ပြီးလျှင် ဤအရာ၏ အကြောင်းတရားမှာ အမှန်တကယ် မည်သည့်အရာနည်း။ ယင်းမှာ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သော သင်၏ ရည်ရွယ်ချက် အလွန်အားကောင်းခဲ့သောကြောင့်ဖြစ်သည်၊ သင်၏ ရလဒ်နှင့် ခရီးပန်းတိုင်တို့က သင်၏ စိတ်နှလုံးကို နေရာယူခဲ့ပြီး သင့်ကို တင်းကျပ်စွာ ချည်နှောင်ခဲ့သောကြောင့် ဖြစ်သည်။ သို့တိုင် သင်၏ အလားအလာနှင့် ကံကြမ္မာမှ သင် လွတ်လာသည့် နေ့ရက် ရောက်လာသည့်အခါ အရာရာကို သင် နောက်ချန်ပြီး ဘုရားသခင်နောက် လိုက်နိုင်လိမ့်မည်။ သင်သည် ထိုအရာများကို မည်သည့်အချိန်တွင် လုံးဝ လက်လွှတ်နိုင်လိမ့်မည်နည်း။ သင်၏ အသက်ဝင်ရောက်မှုသည် မရပ်မနား ပို၍ပို၍ နက်လာသည်နှင့်အမျှ သင်သည် သင်၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို စွမ်းဆောင်ရရှိလိမ့်မည်ဖြစ်ပြီး ယင်းမှာ ထိုအရာများကို သင် လုံးဝ လက်လွှတ်နိုင်မည့် အချိန်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်
ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏ ယုံကြည်ခြင်းထဲက သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ လူအပေါင်း၌ ဤရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ရှိကြသည်။ သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့အားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော၊ ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သင်၏အကြံအစည်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်ရန်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံရန် သေသာသေလိုသည့် အနေအထားသို့ ရောက်သည်။ ထို့ကြောင့် အကယ်၍ လူတို့သည် နှစ်အနည်းငယ် စစ်ဆေးခံရခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခဆင်းရဲခြင်းကို မခံရပါက ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် စိတ်နှလုံးများထဲမှ ဇာတိပကတိဖောက်ပြန်ပျက်စီးခြင်း၏ ဘောင်ခတ်မှုများကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ လူတို့သည် မိမိတို့၏ ဆိုးယုတ်သော သဘာဝ၏ ဘောင်ခတ်မှုများကို ခံနေရသေးသော မည်သည့်ကဏ္ဍများတွင်မဆို၊ ၎င်းတို့၏ ကိုယ်ပိုင် အလိုဆန္ဒများ၊ ၎င်းတို့၏လိုအင်များ ရှိနေသေးသော မည်သည့်ကဏ္ဍများတွင်မဆို ၎င်းတို့သည် ယင်းကဏ္ဍများတွင် ဒုက္ခဆင်းရဲခံသင့်သည်။ ဒုက္ခဆင်းရဲထဲ၌သာ သင်ခန်းစာများကို သင်ယူနိုင်ပြီး၊ ယင်းမှာ သမ္မာတရားကို ရနိုင်စွမ်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။ အမှန်အားဖြင့် သမ္မာတရားများစွာကို နာကျင်သော စမ်းသပ်မှုများအား တွေ့ကြုံခြင်းဖြင့် နားလည်ကြခြင်း ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး လွယ်ကူသော ပတ်ဝန်းကျင်တစ်ခု၌ ရှိသောအခါ၊ သို့မဟုတ် အခြေအနေများ ကောင်းမွန်နေသောအခါ၌ မည်သူမျှ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုနိုင်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ခြင်း ရှိနိုင်မည် မဟုတ်ပေ။ ထိုအရာမှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ဘုရားသခင်၏အမှုကို တွေ့ကြုံခြင်းဆိုသည်မှာ ကျေးဇူးတော်ကို ခံစားရခြင်းအကြောင်း မဟုတ်ဘဲ၊ သူ့အပေါ် သင်၏ချစ်ခြင်းအတွက်ကြောင့် ဒုက္ခခံရခြင်းအကြောင်းပင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရသဖြင့်၊ သူ၏ပြစ်တင်ဆုံးမခြင်းကိုလည်း ခံစားရမည်၊ ဤအရာအလုံးစုံကို သင်တွေ့ကြုံရမည်။ သင်သည် သင့်အထဲတွင် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို တွေ့ကြုံနိုင်ပြီး၊ သူ သင့်အား ပြုပြင်ပုံနှင့် သင့်အား တရားစီရင်ပုံကိုလည်း တွေ့ကြုံနိုင်သည်။ ဤနည်းအားဖြင့် သင်၏အတွေ့အကြုံမှာ ပြည့်စုံကျယ်ပြန့်လိမ့်မည်။ ဘုရားသခင်သည် သင့်အပေါ်၌ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုတို့ကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်ကို ပြုပြင်ခဲ့ပြီ၊ ထိုမျှသာမဟုတ်၊ ယင်းကလည်း သင့်ကို ဉာဏ်ပွင့်စေပြီး ဖွင့်ပြခဲ့ပြီဖြစ်သည်။ သင် အပျက်သဘောဆောင်၍ အားနည်းသည့်အခါ ဘုရားသခင်သည် သင့်အတွက် စိုးရိမ်၏။ ဤအမှုတစ်ခုလုံးမှာ လူသားနှင့်ပတ်သက်သော အရာတိုင်းသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု ထဲ၌ရှိကြောင်း သင့်အားသိစေရန်ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း ဟူသည် ဒုက္ခခံရခြင်း၊ သို့မဟုတ် သူ့အတွက် အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ပေးခြင်းအကြောင်း ဖြစ်သည်ဟု သင်ထင်ကောင်းထင်နိုင်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ သင်၏ဇာတိပကတိ ငြိမ်သက်ခြင်းရှိရန်၊ သို့မဟုတ် သင့်ဘဝထဲရှိ အရာရာတိုင်း အဆင်ပြေချောမွေ့စွာ သွားနေရန်၊ သို့မဟုတ် အရာခပ်သိမ်း၌ သင်သက်သောင့်သက်သာရှိပြီး ငြိမ်သက်ခြင်းရှိရန် ဖြစ်သည်ဟု သင် ထင်ကောင်း ထင်လောက်ပေသည်။ သို့သော်လည်း ဤအရာများတစ်ခုကမျှ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်မှု၌ လူတို့ အလေးထားသင့်သော ရည်ရွယ်ချက်များ မဟုတ်ချေ။ အကယ်၍ သင်သည် ဤရည်ရွယ်ချက်များအတွက် ယုံကြည်မိပါက၊ သင်၏အမြင်မှာ မမှန်ကန်သည့်အပြင်၊ သင့်အနေဖြင့် စုံလင်အောင်ပြုခြင်းခံရရန် တကယ်ပင် မဖြစ်နိုင်ချေ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထား၊ သူ၏ဉာဏ်ပညာ၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်မမီနိုင်ခြင်း အားလုံးတို့မှာ လူတို့နားလည်သင့်သော အရာများပင်ဖြစ်သည်။ သင်သည် ဤနားလည်မှုရှိလျက် ယင်းကို သင်၏စိတ်နှလုံးထဲမှ ပုဂ္ဂိုလ်ရေးရာ တောင်းဆိုချက်များ၊ မျှော်လင့်ချက်များနှင့် အယူအဆများ ဟူသမျှကို ဖယ်ရှားရန် အသုံးပြုသင့်သည်။ ဤအရာများကို ဖယ်ရှားခြင်းဖြင့်သာလျှင် သင်သည် ဘုရားသခင်တောင်းဆိုထားသော သတ်မှတ်ချက်များနှင့် ပြည့်မီနိုင်ပေမည်။ ထို့ပြင် ဤအရာ လုပ်ဆောင်ခြင်းဖြင့်သာလျှင် သင်သည် အသက်ကိုရရှိကာ ဘုရားသခင်ကို ကျေနပ်စေနိုင်မည်ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် သူ့ကိုကျေနပ်စေရန်နှင့် သူတောင်းဆိုသော စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်ရန် ဖြစ်ပြီး၊ ထိုမှသာ သူ၏လုပ်ရပ်များနှင့် ဘုန်းတော်သည် မထိုက်တန်သော ဤလူအုပ်စုအားဖြင့် ထင်ရှားစေနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းအတွက် မှန်ကန်သောအမြင်ဖြစ်ပြီး၊ သင်ရှာဖွေသင့်သော ပန်းတိုင်လည်းဖြစ်သည်။ သင်၌ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ မှန်ကန်သောသဘောထား ရှိသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရရှိရန် သင်ကြိုးစားသင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့လိုအပ်ပြီး၊ သင်သည် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်ရမည်၊ အထူးသဖြင့် သင်သည် သူ၏ လက်တွေ့လုပ်ဆောင်ချက်များ၊ စကြဝဠာတစ်ဝှမ်းလုံးရှိ သူ၏ အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များသာမက လူ့ဇာတိအားဖြင့် သူပြုသည့် လက်တွေ့ကျသောအမှုတို့ကို မြင်နိုင်ရမည်။ လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အတွေ့အကြုံများအားဖြင့် ဘုရားသခင် ၎င်းတို့အပေါ် သူ၏အမှုကို မည်သို့ပြုကြောင်းနှင့် ၎င်းတို့အတွက် သူ၏ရည်ရွယ်ချက်များမှာ မည်သည့်အရာဖြစ်ကြောင်းကိုပင် သတိပြုမိနိုင်သည်။ ဤအရာအားလုံးတို့၏ ရည်ရွယ်ချက်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားရန် ဖြစ်သည်။ သင့်အထဲ၌ရှိသော မသန့်ရှင်းခြင်းနှင့် မဖြောင့်မတ်ခြင်း အလုံးစုံကို ဖယ်ရှားပြီး၊ သင်၏ မှားယွင်းသော ရည်ရွယ်ချက်များကို စွန့်ပစ်ကာ၊ ထို့ပြင် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ဖြစ်ပေါ်လာပြီးနောက် စစ်မှန်သော ယုံကြည်ခြင်းအားဖြင့်သာ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်မည်ဖြစ်သည်။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်း အုတ်မြစ်အပေါ်မှာသာ သင်သည် သူ့ကို စစ်မှန်စွာ ချစ်နိုင်လေသည်။ သင်သည် ဘုရားသခင်ကို မယုံကြည်ဘဲ သူ့အားချစ်ခြင်းကို ရရှိနိုင်မည်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် ယင်းနှင့်ပတ်သက်၍ သင်ယောင်ချာချာ မဖြစ်နိုင်ပေ။ လူအချို့တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းက သူတို့အား ကောင်းချီးမင်္ဂလာများ ယူဆောင်လာမည်ကို မြင်လျှင်မြင်ချင်း အားမာန်ဖြင့် ပြည့်ဝလာကြသော်လည်း၊ စစ်ဆေးခြင်းများကို သူတို့ခံဖို့လိုအပ်ကြောင်း ၎င်းတို့ မြင်လျှင်မြင်ချင်း အားအင်အလုံးစုံ ပျောက်ဆုံးသွားကြသည်။ ထိုအရာမှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ နောက်ဆုံးတွင် သင်သည် သင်၏ယုံကြည်ခြင်း၌ ဘုရားသခင်၏ ရှေ့မှောက်တွင် လုံးလုံးလျားလျားနှင့် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို ရရှိရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သူ့အပေါ် တောင်းဆိုချက်များ ရှိနေသေးသည်၊ သင်မစွန့်ပယ်နိုင်သော ဘာသာရေးအယူအဆများစွာ၊ သင်လက်မလွှတ်နိုင်သော ပုဂ္ဂိုလ်ရေးရာ အကျိုးအမြတ်များ ရှိနေသေးပြီး၊ ဇာတိပကတိ ကောင်းချီးမင်္ဂလာများကို ရှာဖွေနေသေးကာ ဘုရားသခင်ကို သင်၏ဇာတိခန္ဓာအား ကယ်မစေရန်၊ သင်၏စိတ်ဝိညာဉ်အား ကယ်တင်စေရန် အလိုရှိနေသေးသည်၊ ဤအရာများအားလုံးမှာ မှားယွင်းသောအမြင်ရှိသည့် လူတို့၏ အပြုအမူများပင် ဖြစ်သည်။ ဘာသာရေးယုံကြည်ချက်များနှင့် လူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်း ရှိကြသော်လည်း၊ ၎င်းတို့သည် မိမိစိတ်သဘောထားများ ပြောင်းလဲရန်အတွက် မကြိုးပမ်းကြသည့်အပြင်၊ ဘုရားသခင်အား သိကျွမ်းခြင်းကို ရရှိအောင် အားမထုတ် ကြဘဲ ၎င်းတို့၏ဇာတိပကတိ အကျိုးအမြတ်များကိုသာ ရှာဖွေကြသည်။ သင်တို့အထဲမှ လူများစွာတို့၌ ဘာသာရေးခံယူချက် အမျိုးအစားနှင့် သက်ဆိုင်သည့် ယုံကြည်မှုများ ရှိကြသည်။ ဤသည်မှာ ဘုရားသခင်အား စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ရန်အတွက် လူတို့သည် သူ့အတွက် ဒုက္ခခံရန် အသင့်ရှိသော စိတ်နှလုံးနှင့် မိမိတို့ကိုယ်ကိုယ် ဆက်ကပ်အပ်နှံလိုစိတ်ကို ပိုင်ဆိုင်ရမည်။ လူတို့သည် ဤသတ်မှတ်ချက် နှစ်ချက်နှင့် မပြည့်မီပါက ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းမှာ မခိုင်လုံပေ၊ ထို့ပြင် ၎င်းတို့သည် မိမိတို့၏စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ သမ္မာတရားကို အမှန်တကယ် အားထုတ်သော၊ ဘုရားသခင်အား သိကျွမ်းဖို့ ကြိုးစားပြီး အသက်ကို ရရှိအောင် အားထုတ်သော လူတို့သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ ဖြစ်ကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်
လူ၏တာဝန်နှင့် လူသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိခြင်း သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်း ဟူသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ လက်ခံရရှိခြင်းဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်းဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည်။ ၎င်းတို့ ကောင်းချီးမင်္ဂလာများ လက်ခံရရှိသည်ဖြစ်စေ၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရသည်ဖြစ်စေ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦးအနေဖြင့်၊ ဘုရားသခင် နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ လက်ခံရရှိရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ။ သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု
ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သည့်အတွက်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ တစ်ဦးအနေနှင့်၊ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားသင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုဘဲ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသင့်ပေသည်။ ဘုရားသခင်အား ချစ်ရန် ကြိုးစားသောသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ ကိုမျှ မရှာဖွေသင့်ပေ သို့မဟုတ် ၎င်းတို့ ကိုယ်ရေးကိုယ်တာ တောင့်တသည့်အရာများကို မရှာဖွေသင့်ပေ။ ဤသည်မှာ လိုက်စားခြင်း၏ အမှန်ကန်ဆုံးသော နည်းလမ်း ဖြစ်သည်။ သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်လက်တွေ့လုပ်ဆောင်သောအရာသည် သမ္မာတရား ဖြစ်ပါက၊ ပြီးလျှင် သင် ကြိုးပမ်းရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်ဖွေရှာသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးမင်္ဂလာများ ဖြစ်ပြီး၊ သင်လက်တွေ့ လုပ်ဆောင်သော အရာသည် သင်၏ ကိုယ်ပိုင် အယူအဆများနှင့်ဆိုင်သော သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်း မရှိသကဲ့သို့၊ သင်သည် လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်ကို လုံးဝ နာခံခြင်း မရှိဘဲ၊ မရေရာမှု၌ သင် အသက်ရှင်ဆဲ ဖြစ်ပါက၊ သင် လျှောက်လှမ်းသော လမ်းကြောင်းသည် ရှုံးနိမ့်မှု လမ်းကြောင်း ဖြစ်သည့်အတွက်၊ သင် ဖွေရှာသော အရာသည် သင့်ကို ငရဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည် ဖြစ်သည်။ သင်သည် စုံလင်စေခြင်း ခံရမည် သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်မှာ သင်ကိုယ်တိုင်၏ လိုက်စားခြင်းအပေါ် မူတည်သည်၊ ယင်းမှာ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူ လျှောက်လှမ်းသော လမ်းကြောင်းအပေါ်တွင် မူတည်သည်ဟုလည်း ဆိုရမည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်
သင်တို့၏ခရီးပန်းတိုင်နှင့် ကံကြမ္မာသည် သင်တို့အဖို့ အလွန် အရေးကြီး၏။ ၎င်းတို့သည် အရေးကြီးသည့် အမှုထားစရာကိစ္စ ဖြစ်သည်။ သင်တို့သည် အမှုအရာများကို အလွန်ဂရုတစိုက် မလုပ်ဆောင်ပါက၊ ယင်းသည် သင်တို့အနေဖြင့် ခရီးပန်းတိုင် မရှိတော့ခြင်း၊ သင်တို့ကိုယ်တိုင်၏ကံကြမ္မာကို သင်တို့ ဖျက်ဆီးလိုက်ခြင်းဟု ဆိုလိုလိမ့်မည်ဟု သင်တို့ ယုံကြည်ကြလေသည်။ သို့သော်၊ ၎င်းတို့၏ ခရီးပန်းတိုင်တစ်ခုတည်းအတွက် အားသွန်ခွန်စိုက်လုပ်သူတို့သည် အချည်းနှီး ကြိုးပမ်းနေကြသည်ဟု သင်တို့ အတွေးပေါ်လာဖူးသလော။ ထိုသို့သော ကြိုးပမ်းအားထုတ်မှုသည် မစစ်မှန်ပေ။ ၎င်းတို့သည် အတုအယောင်နှင့် လှည့်ဖြားမှု ဖြစ်သည်။ ဤသို့ဖြစ်ပါက၊ ဘုရားသခင်၌ မိမိ၏ယုံကြည်မှုတွင် ကျရှုံးခြင်းသည် လှည့်ဖြားမှုကြောင့် ဖြစ်သည့်အတွက်၊ မိမိတို့၏ ခရီးပန်းတိုင် အတွက်သာ အလုပ်လုပ်သောသူတို့သည် ၎င်းတို့၏ နောက်ဆုံး ရှုံးနိမ့်မှု၏ လက်တစ်ကမ်းတွင် ရှိကြပေသည်။ ငါသည် မြှောက်ပင့်ခံရဖို့၊ သို့မဟုတ် မျက်နှာလိုမျက်နှာရလုပ်ခံရဖို့ သို့မဟုတ် စိတ်အားထက်သန်မှုဖြင့် ဆက်ဆံခံရဖို့ မနှစ်သက်သည်ကို ယခင်က ငါ ပြောပြီး ဖြစ်သည်။ ငါသည် ရိုးသားသောလူတို့ကို ငါ၏ သမ္မာတရားနှင့် ငါ၏ မျှော်လင့်ချက်တို့ကို ရင်ဆိုင်ကြစေလိုသည်။ ထို့ထက်ပင်ပို၍၊ လူတို့သည် ငါ၏ စိတ်နှလုံးအတွက် အဆုံးစွန် ဂရုစိုက်မှုနှင့် အရေးထားမှုတို့ကို ပြသနိုင်သည့်အခါ၊ ပြီးလျှင် ငါ့အတွက် အရာရာကိုပင် စွန့်လွှတ်နိုင်စွမ်းရှိကြသည့်အခါတွင် ငါနှစ်သက်သည်။ ဤနည်းဖြင့်သာ ငါ၏ စိတ်နှလုံး နှစ်သိမ့်ခံရနိုင်ပေသည်။ ယခု၊ သင်တို့နှင့် ပတ်သက်၍ ငါမနှစ်သက်သည့်အရာ မည်မျှရှိပါသနည်း။ သင်တို့နှင့် ပတ်သက်၍ ငါနှစ်သက်သည့်အရာ မည်မျှရှိသနည်း။ သင်တို့၏ ခရီးပန်းတိုင်အတွက် သင်တို့ ပြုလုပ်ပြီးဖြစ်သည့် အကျည်းတန်မှု၏ သရုပ်သကန်မျိုးစုံကို သင်တို့ထဲမှ မည်သူမျှ နားမလည်သေးသည်မှာ ဖြစ်နိုင်သလော။
ငါ၏ စိတ်နှလုံးထဲတွင်၊ မိမိ၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နေသူ မည်သူမဆို၏ အားအင်ကို လျော့စေလိုသည့်ဆန္ဒ ရှိဖို့မဆိုထားနှင့်၊ အပြုသဘောဆောင်ပြီး ရည်ရွယ်ချက်မြင့်မားသော မည်သည့်စိတ်နှလုံးကိုမဆို ထိခိုက်နာကျင်စေလိုသောဆန္ဒ မရှိပေ။ မည်သို့ပင်ဆိုစေကာမူ၊ သင်တို့၏ မစုံလင်မှုများနှင့် သင်တို့ စိတ်နှလုံးများ၏ အနက်ရှိုင်းဆုံးသော နေရာများတွင် တည်ရှိသည့် ညစ်ညူးသော ဝိညာဉ်နှင့်သက်ဆိုင်၍ သင်တို့အသီးသီးကို ငါ သတိပေးရပေမည်။ ငါ အမုန်းတီးဆုံးသော အရာမှာ ငါ့အပေါ် လူတို့၏ လှည့်ဖြားမှုဖြစ်သောကြောင့်၊ ငါ၏ နှုတ်ကပတ်တော်များနှင့် မျက်နှာချင်းဆိုင်လာရာတွင် သင်တို့၏ စစ်မှန်သော စိတ်နှလုံးကို သင်တို့ ပူဇော်ပေးအပ်နိုင်ကြလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ငါသည် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ၏ အမှု နောက်ဆုံးအဆင့်တွင်၊ သင်တို့သည် သင်တို့၏ အပြောင်မြောက်ဆုံးသော စွမ်းဆောင်မှုကို ပေးနိုင်လိမ့်မည်ဖြစ်ပြီး၊ စိတ်မပါ့တပါ မဖြစ်တော့ဘဲ၊ မိမိတို့ကိုယ်ကိုယ် စိတ်ပါလက်ပါ ဆက်ကပ်ကြလိမ့်မည်ဟုသာ ငါ မျှော်လင့်၏။ ဟုတ်ပေ၏၊ သင်တို့ အားလုံး ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု ရှိကြဖို့လည်း ငါ မျှော်လင့်ပေသည်။ သို့သော်လည်း၊ ငါ၌ ငါ၏ သတ်မှတ်ချက် ရှိဆဲဖြစ်၏၊ ယင်းမှာ သင်တို့၏ တစ်ခုတည်းနှင့် နောက်ဆုံးဖြစ်သော ဆက်ကပ်မှုကို ငါ့အား ပေးအပ်ရာတွင် အကောင်းဆုံး ဆုံးဖြတ်ချက်ကို သင်တို့ ပြုလုပ်ဖို့ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ထိုတစ်ခုတည်းသော ဆက်ကပ်မှုမရှိပါက၊ သူသည် ဧကန်မုချ စာတန်၏ တန်ဖိုးထားရသော ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး၊ ငါသည် သူ့ကို ဆက်လက်အသုံးပြုတော့မည် မဟုတ်ဘဲ၊ သူ၏မိဘများ၏ ကြည့်ရှုစောင့်ရှောက်မှုကို ခံရဖို့ သူ့ကို အိမ်သို့ ပို့မည်ဖြစ်သည်။ ငါ၏ အမှုသည် သင်တို့အဖို့ ကြီးမားသော အထောက်အကူတစ်ခု ဖြစ်၏။ သင်တို့ထံမှ ငါရဖို့ မျှော်လင့်သည့်အရာမှာ ရိုးသားပြီး ရည်ရွယ်ချက်မြင့်မားသော နှလုံးသားတစ်ခု ဖြစ်သော်လည်း၊ ယခုထိ ငါသည် လက်ချည်းဗလာ ဖြစ်နေဆဲဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ စဉ်းစားကြလော့- တစ်နေ့တွင် ငါသည် ပြောဖို့ စကားလုံးများ၏ အတိုင်းအတာ ကျော်လွန်သည်အထိ၊ အလွန်စိတ်ထိခိုက်ရဆဲဖြစ်ပါက၊ သင်တို့အပေါ် ငါ၏ သဘောထားသည် အဘယ်အရာဖြစ်လိမ့်မည်နည်း။ ထိုအခါ ငါသည် ယခုကဲ့သို့ သင်တို့ကို ဖော်ရွေမည်လော။ ထိုအခါတွင် ငါ၏စိတ်နှလုံးသည် ယခုကဲ့သို့ တည်ငြိမ်အေးချမ်းမည်လော။ ဒုက္ခသုခခံ၍ စိုက်ကွင်းကို ထွန်ယက်လျက်၊ ဂျုံစပါးတစ်စေ့ကိုမျှ မရိတ်သိမ်းရသေးသည့် လူတစ်ဦး၏ ခံစားချက်များကို သင်တို့ နားလည်သလော။ အလွန် ထိုးကြိတ်ခံရပြီးသည့်အခါတွင်၊ လူတစ်ဦး၏ နှလုံးသားသည် မည်မျှကြီးမားစွာ အနာတရဖြစ်သည်ကို သင်တို့ နားလည်သလော။ တစ်ချိန်က မျှော်လင့်ချက် အလွန်ပြည့်ခဲ့လျက်၊ မသင့်မြတ်၍ ခွဲခွာခဲ့ရပြီးသည့် လူတစ်ဦး၏ ခါးသီးမှုကို သင်တို့ မြည်းစမ်းနိုင်သလော။ ရန်စခံခဲ့ရသော လူတစ်ဦးထံမှ ထွက်သည့် အမျက်ဒေါသကို သင်တို့ မြင်ဖူးသလော။ မလိုမုန်းထားစိတ်နှင့် လှည့်ဖြားမှုတို့ဖြင့် ဆက်ဆံခံရပြီးသော လူတစ်ဦး၏ လက်စားချေဖို့အတွက် စိတ်ထက်သန်မှုကို သင်တို့ သိနိုင်သလော။ ဤလူတို့၏ စိတ်နေသဘောထားကို သင်တို့ နားလည်ပါက၊ သူ၏ ဒဏ်ခတ်ခြင်း အချိန်ကာလတွင် ဘုရားသခင် ထားရှိမည့် သဘောထားကို တွေးကြည့်ဖို့ သင်တို့အတွက် မခက်ခဲသင့်ဟု ငါ ထင်သည်။ နောက်ဆုံးအနေဖြင့်၊ သင်တို့၏ အားထုတ်မှုများတွင် လှည့်ဖြားသော နည်းလမ်းကို အသုံးမပြုသည်က သာ၍ ကောင်းမည်ဖြစ်သော်လည်း၊ သင်တို့၏ ခရီးပန်းတိုင်အတွက် လေးနက်သော အားထုတ်မှုကို သင်တို့အားလုံး ထားရှိမည်ဟု ငါ မျှော်လင့်၏၊ သို့မဟုတ်ပါက၊ ငါ၏စိတ်နှလုံးထဲ၌ သင်တို့ကို ဆက်လက် စိတ်ပျက်နေမိလိမ့်မည်ဖြစ်သည်။ ထိုသို့သော စိတ်ပျက်ခြင်းသည် မည်သည့်အရာသို့ ဦးတည်သနည်း။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် လှည့်စားနေခြင်း မဟုတ်လော။ မိမိတို့၏ ခရီးပန်းတိုင်ကို ဆင်ခြင်တွေးတောမှုပြုသော်လည်း၊ ယင်းကို ဖျက်ဆီးသောသူများသည် ကယ်တင်ခံရဖို့ အနည်းဆုံးသော လူများဖြစ်သည်။ သူသည် စိတ်တိုလာပြီး ဒေါသထွက်လာလျှင်ပင်၊ အဘယ်သူသည် ထိုသို့သော လူတစ်ဦးအပေါ် သနားမည်နည်း။ အားလုံး ခြုံကြည့်သော်၊ သင့်လျော်ကာ ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခုရှိဖို့ သင်တို့အတွက် ငါ ဆန္ဒရှိဆဲ ဖြစ်သကဲ့သို့၊ ထို့ထက်ပင်ပို၍၊ သင်တို့ထဲမှ မည်သူမျှ ကပ်ဘေးထဲသို့ ကျရောက်လိမ့်မည်မဟုတ်ဟု ငါမျှော်လင့်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍
ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ
ဘုရားသခင်ကို အမှန်တကယ် နာခံသောသူဖြစ်လာပြီး သူ၏ ကယ်တင်ခြင်း ခံရရန် နည်းလမ်း
ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ
ကပ်ရောဂါအတွင်း နာမကျန်းဖြစ်သွားပြီးနောက် သုံးသပ်ဆင်ခြင်မှုများ
ဘုရားသခင်အတွက် ကျွန်မ၏ အနစ်နာခံခြင်းများထဲက ရောထွေးခြင်းများ
ကျွန်တော့်လက်တွဲဖော် ဆုံးပါးသွားသည့်နောက်
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
ဘုရားကို လူယုံကြည်မှု၏ နောက်ကွယ်မှ စက်ဆုပ်ဖွယ် ရည်ရွယ်ချက်များကျူး
ဘုရားသခင်၌ လူ၏ယုံကြည်ခြင်းမှာ သည်းမခံနိုင်လောက်အောင်ပင် ဆိုးရွား၏ကျူး
လူတို့ကို ဘုရား၏စမ်းသပ်မှုများသည် ၎င်းတို့ကို သန့်စင်စေရန်ဖြစ်၏ကျူး
သင်ဘုရားအပေါ် ချစ်မေတ္တာစစ်ထားရှိရန် ကြိုးပမ်းသင့်တယ်