၃။ သမ္မာတရားအား လက်မခံခြင်းနှင့် မိမိအကျိုးအတွက် ငြင်းခုံခြင်းပြဿနာကို ဖြေရှင်းနည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်လျှင် နေ့စဉ်ဖြစ်ပျက်မှုများသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အလျဉ်းသင့်သလို မဖြစ်သည်ကို သင်ယုံရပါမည်။ ယင်းမှာ တစ်စုံတစ်ဦးက တမင်တကာ သင့်အပေါ် မညှာမတာပြုနေခြင်း၊ သို့မဟုတ် သင့်ကို ပစ်မှတ်ထားနေခြင်း မဟုတ်ပေ၊ ဤအရာအားလုံးကို ဘုရားသခင်က စီစဉ်ပြီး စီစဉ်ညွှန်ကြားထားခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာများအားလုံးကို စီစဉ်ညွှန်ကြားသနည်း။ ယင်းမှာ သင် မည်သူဖြစ်သည်ကို ဖော်ထုတ်ပြရန်၊ သို့မဟုတ် သင့်ကို ထုတ်ဖော်ဖို့ရန်နှင့် ဖယ်ရှားရှင်းလင်းဖို့ရန် မဟုတ်ပေ။ သင့်ကို ထုတ်ဖော်ခြင်းမှာ အဆုံးသတ် ရည်မှန်းချက် မဟုတ်ပေ။ ရည်မှန်းချက်မှာ သင့်ကို စုံလင်စေရန်နှင့် ကယ်တင်ရန်ဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်သို့စုံလင်စေသနည်း။ ပြီးလျှင် ဘုရားသခင်က သင့်ကို မည်သို့ ကယ်တင်သနည်း။ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုသတိပြုမိစေခြင်း၊ သင်၏သဘာဝအနှစ်သာရ၊ သင်၏ အားနည်းချက်များနှင့် သင်ချို့တဲ့သောအရာတို့ကို သင့်အား သိစေခြင်းအားဖြင့် သူ စတင်သည်။ ဤအရာများကို သိခြင်းနှင့် ယင်းတို့နှင့်သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုတစ်ခုရှိခြင်းအားဖြင့်သာ သမ္မာတရားကို သင်လေ့လာလိုက်စားနိုင်ပြီး သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တဖြည်းဖြည်း စွန့်ပစ်နိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို အခွင့်အရေးတစ်ခု ပေးနေခြင်းပင်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာဖြစ်သည်။ ဤအခွင့်အရေးကို မည်သို့အမိအရယူရမည်ကို သင်သိရန် လိုအပ်သည်။ သင်သည် ဘုရားသခင်ကို မဆန့်ကျင်သင့်ပေ။ ဘုရားသခင်နှင့် မလျှော့တမ်းငြင်းခုံခြင်း မပြုသင့်ပေ။ သို့မဟုတ် ဘုရားသခင်ကို နားလည်မှုမလွဲသင့်ပေ။ အထူးသဖြင့် သင်သည် သင့်ပတ်ဝန်းကျင်ရှိ ဘုရားသခင်စီစဉ်ပေးသည့် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများတို့နှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ၊ အမှုအရာများသည် မိမိဖြစ်စေလိုသည့်အတိုင်း မဟုတ်ပါဟု စဉ်ဆက်မပြတ် မခံစားနှင့်။ ယင်းတို့ကို ရှောင်လွှဲဖို့ သို့မဟုတ် ဘုရားသခင်ကို အမြဲ စောဒကတက်ကာ နားလည်မှုလွဲဖို့ စဉ်ဆက်မပြတ် ဆန္ဒမရှိနှင့်။ ထိုအရာများကို သင် စဉ်ဆက်မပြတ် လုပ်ဆောင်နေပါက၊ သင်သည် ဘုရားသခင်၏အမှုကို ကြုံနေရခြင်းမဟုတ်သကဲ့သို့၊ ယင်းက သမ္မာတရား စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ဖို့ရန်အတွက် အလွန်ခက်ခဲစေလိမ့်မည်။ သင်အပြည့်အဝ နားမလည်နိုင်သည့် သင် ကြုံရသော မည်သည့်အရာကိုမဆို၊ အခက်အခဲ ဖြစ်ပေါ်သည့်အခါ၊ ကျိုးနွံနာခံတတ်ရန် သင်ယူရမည်။ သင်သည် ဘုရားသခင်ရှေ့သို့ လာခြင်းနှင့် သာ၍ ဆုတောင်းခြင်းဖြင့် စတင်သင့်သည်။ ထိုနည်းဖြင့် သင်မသိလိုက်မီ သင်၏အတွင်းစိတ် အခြေအနေတွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး၊ သင်သည် သင်၏ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခံစားနိုင်လိမ့်မည်။ ဤအရာ ဖြစ်ပျက်သည်နှင့်အမျှ၊ သင့်အထဲ၌ သမ္မာတရားစစ်မှန်မှု ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ သင်တိုးတက် လာမည့်ပုံနှင့် သင့်ဘဝအခြေအနေ၏ အသွင်ပြောင်းလဲမှုကို ကြုံရမည့်ပုံ ဖြစ်သည်။ ဤအပြောင်းအလဲကို သင်ကြုံရပြီး ဤသမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက် ဝိညာဉ်ရင့်ကျက်မှုကိုလည်း သင်ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်ရာတွင် အသက်ကိုလည်း ပင်ကိုအားဖြင့် ပိုင်ဆိုင်ပြီးဖြစ်ပေမည်။ အကယ်၍ လူတစ်ဦးသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားအပေါ် အခြေခံလျက် အမြဲအသက်ရှင်လျှင် သူတို့၌ စိတ်အားထက်သန်မှု၊ သို့မဟုတ် အားထုတ်မှု မည်မျှပင်ရှိပါစေ သူတို့ကို ဝိညာဉ်ရင့်ကျက်မှု၊ သို့မဟုတ် အသက်ကို ပိုင်ဆိုင်သည်ဟု သတ်မှတ်၍ မရနိုင်သေးပေ။ ဘုရားသခင်သည် လူတစ်ဦးချင်းစီတိုင်းတွင် အမှုပြုပြီး၊ သူ၏နည်းလမ်းမှာ မည်သို့ပင်ဖြစ်စေ၊ မည်ကဲ့သို့သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သူ၏ အစေခံခြင်းတွင် သူအသုံးချသည်ဖြစ်စေ၊ သို့တည်းမဟုတ် သူ၏နှုတ်ကပတ်တော်များက မည်သို့သော အသံနေအသံထားမျိုး ရှိပါစေ သူ၌ အဆုံးသတ်ရည်မှန်းချက် တစ်ခုသာလျှင် ရှိသည်။ သင့်ကို ကယ်တင်ရန်ပင်တည်း။ သူသည် သင့်ကို မည်သို့ကယ်တင်သနည်း။ သူသည် သင့်ကို ပြောင်းလဲသည်။ ထို့ကြောင့် သင့်အနေဖြင့် အနည်းငယ်မျှ ဒုက္ခမခံရဘဲ ရှိနိုင်မည်လော။ သင်ဒုက္ခခံရဖို့ လိုလိမ့်မည်သာ ဖြစ်သည်။ ဤဒုက္ခခံခြင်းတွင် အခြေအနေများစွာ ပါဝင်နိုင်သည်။ ရှေးဦးစွာ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံသည့်အခါတွင် ဆင်းရဲဒုက္ခခံရမည်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်သည် အလွန်ပြင်းထန်ပြီး တိကျပြတ်သားကာ လူတို့သည် ဘုရားသခင်ကို အနက်အဓိပ္ပာယ်ကောက်လွဲသောအခါတွင်၊ အယူအဆများပင်ရှိကြသောအခါတွင် ဤသည်မှာလည်း နာကျင်ဖွယ်ရာဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ရန်၊ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိစေရန်အတွက် လူတို့အနီးတွင် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေသည်။ ထို့နောက်တွင် ၎င်းတို့သည်လည်း အနည်းငယ် ဒုက္ခခံရလိမ့်မည်။ တစ်ခါတစ်ရံတွင် လူတို့သည့် ပြုပြင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို တိုက်ရိုက်ခံရသောအခါ ဒုက္ခခံရမည်ဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် ခွဲစိတ်ခြင်းခံရသကဲ့သို့ဖြစ်သည်။ ဒုက္ခမရှိလျှင် အကျိုးသက်ရောက်မှုမရှိပေ။ သင်သည် ပြုပြင်ခြင်းကို ခံရသည့်အချိန်တိုင်းနှင့် သင်သည် ပတ်ဝန်းကျင်တစ်ခုကြောင့် ထုတ်ဖော်ခြင်းခံရသည့်အချိန်တိုင်းတွင် ယင်းက သင့်ခံစားမှုများကို နှိုးဆော်ပြီး သင့်ကို မြှင့်တင်မှုတစ်ခုပေးပါက ဤဖြစ်စဉ်မှတစ်ဆင့် သင်သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး သင်၌ ဝိညာဉ်ရင့်ကျက်မှု ရှိလာလိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ယူရမည်

တစ်စုံတစ်ဦးသည် ပြစ်တင်ဝေဖန်ခြင်းနှင့် ပြုပြင်ခြင်းကို ရင်ဆိုင်ရချိန်တွင် ဆင်ခြေပေးလေ့ရှိသောအခါ မည်သည့်အရာဖြစ်နေသနည်း။ ဤသည်မှာ အလွန်မာနထောင်လွှားသော၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သော၊ တစ်ဇွတ်ထိုးနိုင်သော စိတ်သဘောထားတစ်မျိုးဖြစ်သည်။ မာနထောင်လွှားပြီး ခေါင်းမာသောလူများသည် သမ္မာတရားကို လက်ခံဖို့ ခက်ခဲသည်ကို တွေ့ရသည်။ ၎င်းတို့၏ ကိုယ်ပိုင်အမြင်ရှုထောင့်များ၊ ထင်မြင်ချက်များနှင့် အတွေးများအတိုင်း မကိုက်ညီသည့်အရာ တစ်စုံတစ်ခုကို ၎င်းတို့ကြားသောအခါ ယင်းကို ၎င်းတို့ လက်မခံနိုင်ကြပေ။ အခြားသူများ ပြောသောစကားက မှန်သည်ဖြစ်စေ သို့မဟုတ် မှားသည်ဖြစ်စေ၊ သို့မဟုတ် မည်သူက ပြောခဲ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အ‌ခြေအနေမျိုး၌ ပြောခဲ့သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင် တာဝန်ဝတ္တရားများနှင့် ဆက်စပ်သည်ဖြစ်စေ မဆက်စပ်သည်ဖြစ်စေ ၎င်းတို့ ဂရုမစိုက်။ ဤအရာများအကြောင်းကို ၎င်းတို့ ဂရုမစိုက်ကြပေ၊ ၎င်းတို့အတွက် အလျင်လိုနေသည်မှာ အရင်ဆုံး ၎င်းတို့၏ ကိုယ်ပိုင်ခံစားချက်များ ပြည့်ဝစေရန် ဖြစ်သည်။ ဤသည်မှာ ခေါင်းမာခြင်း မဟုတ်လော။ ခေါင်းမာခြင်းက အဆုံးတွင် လူများအပေါ် ယူဆောင်လာပေးသည့် ဆုံးရှုံးမှုများမှာ မည်သည်တို့ ဖြစ်သနည်း။ ၎င်းတို့အတွက် သမ္မာတရားကို ရရန်မှာ ခက်ခဲသည်။ သမ္မာတရားကို လက်မခံခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ဖြစ်ရပြီး နောက်ဆုံးရလဒ်မှာ သမ္မာတရားကို ၎င်းတို့ အလွယ်တကူ မရနိုင်ခြင်း ဖြစ်သည်။ လူသား၏ သဘာဝအနှစ်သာရမှ သဘာဝအတိုင်း ထုတ်ဖော်လာသည့် မည်သည့်အရာမဆိုသည် သမ္မာတရားနှင့် ဆန့်ကျင်ဘက် ဖြစ်ပြီး ၎င်းနှင့် လုံးဝ မသက်ဆိုင်ပေ။ ထိုသို့သောအရာများထဲမှ တစ်ခုမျှသည် သမ္မာတရားနှင့် မကိုက်ညီပေ၊ သို့မဟုတ် သမ္မာတရားကို မချဉ်းကပ်ပေ။ ထို့ကြောင့် ကယ်တင်ခြင်းကို ရရန် လူတစ်ယောက်သည် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ရမည်။ လူတစ်ယောက်သည် သမ္မာတရားကို လက်မခံနိုင်ဘဲ ၎င်းတို့၏ကိုယ်ပိုင် နှစ်သက်မှုများအတိုင်း အမြဲ ပြုမူလိုသည်ဆိုပါက ထိုသူသည် ကယ်တင်ခြင်းကို မရနိုင်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

လူအချို့သည် ပြုပြင်ခံရသည့်အခါ မကြာခဏ အငြင်းပွားပြီး မိမိတို့ကိုယ်ကို ခုခံပြောဆိုရန် ကြိုးစားကြသည်။ ပြဿနာ၏ အကြောင်းတရားကို ၎င်းတို့ အမြဲ အလေးထားပြီး မိမိတို့၏ ကျရှုံးမှုများအတွက် ဆင်ခြေများ ဖန်တီးကြသည်။ ယင်းမှာ အလွန် ဒုက္ခပေးလေသည်။ ၎င်းတို့သည် ကျိုးနွံနာခံတတ်သော သဘောထား၊ သို့မဟုတ် သမ္မာတရားကို ရှာဖွေသည့် သဘောထား မရှိကြချေ။ ဤလူစားမျိုးများသည် နိမ့်ပါးသည့် အစွမ်းအစရှိပြီး အလွန်လည်း ခေါင်းမာကြသည်။ အခြားသူများ၏ စကားများကို ၎င်းတို့ နားမလည်ကြ၊ သမ္မာတရားကို ၎င်းတို့ မရရှိနိုင်ကြသကဲ့သို့ ၎င်းတို့၏ တိုးတက်မှုသည် အလွန် နှေးကွေး၏။ အဘယ်ကြောင့် ၎င်းတို့၏ တိုးတက်မှု နှေးကွေးသနည်း။ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားကို ၎င်းတို့ မရှာဖွေကြသကဲ့သို့ အမှားများ ဖြစ်ပေါ်သည့်အခါတိုင်းတွင် တာဝန်ကို အခြားသူများအပေါ် လုံးလုံးလျားလျား ပုံချလျက် အခြားသူများအား အကြောင်းပြချက်အဖြစ် ၎င်းတို့ အစဉ် ရှုမြင်ကြသောကြောင့် ဖြစ်သည်။ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်များဖြင့် ၎င်းတို့ အသက်ရှင်ကြပြီး ၎င်းတို့ လုံခြုံဘေးကင်းသရွေ့ မိမိတို့ကိုယ်ကို အထူးကျေနပ်အားရကြသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ မလိုက်စားကြသကဲ့သို့ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ရာတွင် အတော်လေး ကောင်းမွန်သည့် နည်းလမ်းတစ်ခုဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ “သမ္မာတရား လိုက်စားခြင်းနှင့် သင်ခန်းစာများ သင်ယူခြင်းအကြောင်း အမြဲ ပြောဆိုမှုများစွာ ရှိသော်လည်း သင်ယူရမည့် သင်ခန်းစာများစွာ အမှန်တကယ် ရှိပါသလား။ ဘုရားသခင်ကို ဤသို့ ယုံကြည်ခြင်းသည် အင်မတန် ကသီလင်တဖြစ်ရသည်”ဟု တွေးထင်သောသူအချို့ပင် ရှိ၏။ အခြားသူများက ကိစ္စရပ်များ ကြုံရသည့်အခါ သမ္မာတရား ရှာဖွေပြီး သင်ခန်းစာများ သင်ယူနေသည်ကို ၎င်းတို့ မြင်သည့်အခါ “သင်တို့အားလုံးက အဘယ်သို့ အရာတိုင်းမှ သင်ခန်းစာများ သင်ယူကြသနည်း။ ကျွန်ုပ် သင်ယူဖို့အတွက် သင်ခန်းစာများစွာ အဘယ်ကြောင့် မရှိရသနည်း။ သင်တို့အားလုံးက ထိုမျှမသိနားမလည်ဖြစ်ကြပါသလား။ စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်ဘဲ လိုက်လျှောက်နေကြခြင်းသာ မဟုတ်ပါလား”ဟု ၎င်းတို့ ပြောကြသည်။ ဤခံယူချက်အပေါ် သင် မည်သို့ တွေးထင်သနည်း။ ဤသည်မှာ မယုံကြည်သူများ၏ ရှုထောင့်အမြင်ဖြစ်သည်။ မယုံကြည်သူတစ်ဦးသည် သမ္မာတရားကို ရရှိနိုင်သလော။ ဤလူစားမျိုးအတွက် သမ္မာတရား ရရှိရန် အလွန်ခက်၏။ “ကြီးမားသည့် အရေးကိစ္စများနှင့် ပတ်သက်၍ ဘုရားသခင်ကို ကျွန်ုပ် တောင်းလျှောက်သော်လည်း သေးငယ်သည့် ကိစ္စများနှင့် ပတ်သက်၍ သူ့ကို ကျွန်ုပ် အနှောင့်အယှက်မပေးပါ။ ဘုရားသခင်သည် စကြဝဠာနှင့် အရာခပ်သိမ်းအပေါ် နေ့စဉ်စီမံအုပ်ချုပ်မှု၊ လူတစ်ဦးစီအပေါ် အုပ်ချုပ်မှုနှင့် အလွန်အလုပ်များသည်။ ပင်ပန်းလိုက်လေခြင်း။ ဘုရားသခင်ကို ကျွန်ုပ် အနှောင့်အယှက် ပေးမည်မဟုတ်။ ဤကိစ္စကို ကိုယ်တိုင် ဖြေရှင်းလိုက်မည်။ ဘုရားသခင် နှစ်သက်အားရသရွေ့ တော်လောက်ပြီ။ သူ့ကို ကျွန်ုပ် မစိုးရိမ်စေချင်ပါ”ဟု ပြောသောလူအချို့ ရှိသည်။ ဤခံယူချက်အပေါ် သင် မည်သို့ တွေးထင်သနည်း။ ဤသည်မှာလည်း မယုံကြည်သူများ၏ ရှုထောင့်အမြင်၊ လူများ၏ စိတ်ကူး ဖြစ်သည်။ လူသားများသည် ပုရွတ်ဆိတ်များထက်ပင် နိမ့်ကျသည့် အဖန်ဆင်းခံများ ဖြစ်သည်။ ၎င်းတို့သည် ဖန်ဆင်းရှင်ကို ရှင်းလင်းစွာ အဘယ်သို့ မြင်နိုင်မည်နည်း။ ဘုရားသခင်သည် စကြာဝဠာနှင့် အရာခပ်သိမ်းကို စီမံအုပ်ချုပ်လေသည်မှာ နှစ်ကုဋေပေါင်း၊ သို့မဟုတ် ကုဋေကုဋာပေါင်း မည်မျှရှိသည်ကို မည်သူသိနိုင်မည်နည်း။ သူသည် မောပန်းသည်ဟု သူပြောပြီလော။ အလွန်အလုပ်များသည်ဟု ပြောပြီလော။ မပြောပေ။ လူတို့သည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို မည်သည့်အခါတွင်မျှ ရှင်းလင်းစွာ မြင်နိုင်ကြလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့အတွက် မိမိတို့ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများမှ ပြောဆိုရန်မှာ အလွန် မသိနားမလည်ရာကျပေသည်။ ဖန်ဆင်းရှင် အဆိုအရ ဘုရားသခင် ရွေးချယ်ထားသူတိုင်းနှင့် ၎င်းတို့အနီးဝန်းကျင်တွင် ဖြစ်ပျက်သည့်အရာတိုင်းကို ဘုရားသခင်၏ အချုပ်အခြာအာဏာဖြင့် စီစဉ်ထားခြင်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သင် ကျိုးနွံနာခံသင့်၏၊ သမ္မာတရားကို ရှာဖွေပြီး အရာခပ်သိမ်း၌ သင်ခန်းစာများ သင်ယူသင့်သည်။ သမ္မာတရားကို ရရှိခြင်းသည် အရေးအပါဆုံးသော အရာဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အလေးထားခြင်း ပြနိုင်ပါက သူ့အပေါ် သင် မှီခိုသင့်ပြီး သမ္မာတရားအတွက် ကြိုးပမ်းသင့်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ဘုရားသခင်အဖို့ ကျေနပ်အားရစရာ ဖြစ်သောကြောင့် ဖြစ်သည်။ သမ္မာတရားကို သင် ရရှိပြီး စည်းမျဉ်းများအတိုင်း သင် ပြုမူနိုင်သည့်အခါ ဘုရားသခင်သည် သာ၍ ကျေနပ်နှစ်သက်လိမ့်မည်။ သို့သော် ဘုရားသခင်နှင့် သင် ကင်းအောင်နေလေ သူ သာ၍ ဝမ်းနည်းလေ ဖြစ်လိမ့်မည်။ မည်သည့်အရာက ဘုရားသခင်ကို ဝမ်းနည်းစေသနည်း။ (ဘုရားသခင်သည် လူတို့အား သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံပြီး သမ္မာတရား ရရှိခွင့်ပေးရန်အလို့ငှာ အခြေအနေများ စီစဉ်ထားသော်လည်း လူတို့သည် ဘုရားသခင်၏ စိတ်ကို နားမလည်ကြပါ။ သူတို့က သူ့ကို အထင်လွဲကြသဖြင့် ဘုရားသခင်ကို ဝမ်းနည်းစေသည်။) မှန်၏။ ဘုရားသခင်သည် လူတစ်ဦးစီအတွက် အပင်ပန်းခံသည့် အဖိုးအခတစ်ခု ပေးပြီးဖြစ်ကာ လူတစ်ဦးစီအတွက် ရည်ရွယ်ချက်များ ရှိသည်။ သူသည် ၎င်းတို့အတွက် မျှော်လင့်ချက်များရှိပြီး ၎င်းတို့အပေါ် သူ၏ မျှော်လင့်ချက်များကို ထားရှိပြီး ဖြစ်သည်။ သူ၏ အပင်ပန်းခံသော အားထုတ်မှုများသည် လူအားလုံးထံ ရက်ရက်ရောရောနှင့် လိုလိုလားလား ပေးထားပေသည်။ အသက်နှင့် သမ္မာတရားတို့ကိုလည်း လူတိုင်းအား သူ လိုလိုလားလား ထောက်ပံ့ပေးထားသည်။ ဤအရာကို ဘုရားသခင် လုပ်ဆောင်ရသည့် အကြောင်းရင်းကို လူတို့ နားလည်နိုင်ပါက သူ ဝမ်းမြောက်လိမ့်မည်။ သင့်အတွက် မည်သည့် အခြေအနေများကို ဘုရားသခင် စီစဉ်သည်ဖြစ်စေ ယင်းကို ဘုရားသခင်ထံမှ သင် လက်ခံနိုင်ပါက၊ သူ့ကို ကျိုးနွံနာခံနိုင်ပါက၊ ပြီးလျှင် သမ္မာတရားကို ရှာဖွေပြီး အရာခပ်သိမ်းအလယ် သင်ခန်းစာများ သင်ယူနိုင်ပါက အပင်ပန်းခံသည့် အဖိုးအခကို အချည်းအနှီး ပေးထားသည်ဟု ဘုရားသခင်က တွေးထင်လိမ့်မည်မဟုတ်ပေ။ သင့်အတွက် ဘုရားသခင် ရင်းနှီးမြှုပ်နှံထားသည့် အတွေးနှင့် အားထုတ်မှုအားလုံး၊ သို့မဟုတ် သူ၏ မျှော်လင့်ချက်များနှင့် ကိုက်ညီအောင် အသက်ရှင်ရန် သင် ပျက်ကွက်ခဲ့မည် မဟုတ်ပေ။ သင့်အပေါ်ကျရောက်သည့် အခြေအနေစုတိုင်းတွင် သင်သည် သင်ခန်းစာများ သင်ယူပြီး ဆုလာဘ်များ ရိတ်သိမ်းနိုင်လိမ့်မည်။ ဤသို့ဖြင့် သင့်အထဲ၌ ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် မျှော်လင့်ထားသည့် အကျိုးကို ရရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ စိတ်နှလုံးက ကျေနပ်သွားလိမ့်မည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို သင် ကျိုးနွံနာခံနိုင်ခြင်း မရှိပါက သင်သည် ဘုရားသခင်ကို အမြဲ အတိုက်အခံလုပ်၊ ငြင်းပယ်ကာ ဆန့်ကျင်တိုက်ခိုက်ပါက ဘုရားသခင် သောကရောက်လိမ့်မည်ဟု သင် မထင်သလော။ ဘုရားသခင်၏ စိတ်နှလုံးက “သင်ခန်းစာများသင်ယူရန် သင့်အတွက် အခြေအနေများစွာကို ငါ စီစဉ်ပေးခဲ့သည်။ ထိုအရာတစ်ခုမျှ သင့်အပေါ် ထိရောက်မှုမရှိသည်မှာ အဘယ်သို့နည်း”ဟု ဆိုလျက် စိုးရိမ်ပူပန်ကာ သောကရောက်လိမ့်မည်။ ဘုရားသခင်သည် ဝမ်းနည်းမှုဖြင့် ဖိစီးလိမ့်မည်။ သင်သည် ထုံထိုင်း၊ မသိနားမလည်၊ နှေးကွေးပြီး၊ ခေါင်းမာသောကြောင့်၊ သူ၏ ရည်ရွယ်ချက်များကို သင်နားမလည်သောကြောင့်၊ သမ္မာတရားကို လက်မခံသောကြောင့်၊ သင့်ဘဝအတွက် တာဝန်ယူရန် သူ လုပ်ဆောင်နေခဲ့သည့် အရာအားလုံးကို သင် မမြင်နိုင်သောကြောင့်၊ သင့်ဘဝနှင့်ပတ်သက်၍ သူ စိုးရိမ်ပူပန်ပြီး သောကရောက်နေသည်ကို သင် နားမလည်သောကြောင့်၊ ပြီးလျှင် သင်သည် ပုန်ကန်သကဲ့သို့ သူနှင့် ပတ်သက်၍ စောဒကတက်သောကြောင့် ဘုရားသခင်သည် ဝမ်းနည်းနေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ယူရမည်

လူများသည် အမှန်နှင့် အမှားအကြောင်း စကားကြောရှည်သည့်အခါ၊ ကိစ္စတစ်ခုချင်းစီသည် မှန်သည၊ မှားသည်ကို ရှင်းလင်းစေဖို့ ၎င်းတို့ ကြိုးစားကြသည်။ ထိုကိစ္စသည် ရှင်းလင်းသွားပြီးဖြစ်ကာ၊ မည်သူက မှန်ပြီး မည်သူက မှားသည်ကို နားလည်သည်အထိ ၎င်းတို့ မရပ်နားကြချေ။ ၎င်းတို့သည် ထိုသို့သောအရာများကို အစွဲအလမ်းကြီးနေကြသည်၊ အဖြေမရှိသည့် အရာများအတွက် အစွဲအလမ်းကြီးနေကြသည်။ ယင်းသို့ပြုမူခြင်း၏ အဓိပ္ပာယ်ကားအဘယ်နည်း။ အမှန်အမှားပဲ ငြင်းနေတာ သင့်တော်သလော။ (မဟုတ်ပါ။) အမှားက အဘယ်မှာနည်း။ ဤအရာနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့ကြားတွင် ဆက်သွယ်မှု တစ်ခုတလေ ရှိသလော။ (ဆက်သွယ်မှု မရှိပါ။) ဆက်သွယ်မှု မရှိပါဟု သင် အဘယ်ကြေင့် ပြောသနည်း။ အမှန်နှင့် အမှားအကြောင်း ပြောခြင်းသည် သမ္မာတရား၏ စည်းမျဉ်းများကို လိုက်နာခြင်း မဟုတ်ပေ။ ယင်းက သမ္မာတရား၏ စည်းမျဉ်းများအကြောင်း ဆွေးနွေးခြင်း၊ သို့မဟုတ် မိတ်သဟာယပြုခြင်း မဟုတ်ချေ။ ထိုအစား လူများသည် မည်သူကမှန်ပြီး မည်သူက မှားသည်ကိုလည်းကောင်း၊ မည်သူက မှန်ကန်ပြီး မည်သူက မှားယွင်းခဲ့သည်ကိုလည်းကောင်း၊ မည်သူက အကျိုးအကြောင်းဆီလျော်ပြီး မည်သူက အကျိုးအကြောင်း မဆီလျော်ခဲ့သည်ကိုလည်းကောင်း၊ မည်သူ၌ အကြောင်းပြချက်ကောင်းရှိပြီး မည်သူ၌ မရှိသည်ကိုလည်းကောင်း၊ မည်သူက ပို၍အဓိပ္ပာယ်ရှိသည်ကိုလည်းကောင်း အစဉ်သဖြင့် ပြောဆိုကြသည်။ ဤသည်မှာ ၎င်းတို့ ဆန်းစစ်သည့်အရာဖြစ်သည်။ ဘုရားသခင်က လူများကို စမ်းသပ်သည့်အခါ၊ ၎င်းတို့က ဘုရားသခင်ကို ကျိုးကြောင်းပြပြောဆိုဖို့ အစဉ်သဖြင့် ကြိုးစားကြသည်။ အချို့သော အကြောင်းပြချက်မျိုးစုံကို အစဉ်သဖြင့် ပြောဆိုကြသည်။ ဘုရားသခင်သည် ထိုသို့သော အရာများကို သင်နှင့် ဆွေးနွေးသလော။ ဘုရားသခင်သည် ဖြစ်ခဲ့သည့်အခြေအနေကို မေးမြန်းသလော။ ဘုရားသခင်သည် သင်ထောက်ပြခဲ့သည့် အကြောင်းပြချက်များနှင့် အကြောင်းတရားများအကြောင်း မေးမြန်းသလော။ မမေးမြန်းပေ။ သင့်ကို ဘုရားသခင် စမ်းသပ်သည့်အခါ၊ သင်၌ နာခံသည့်သ‌ဘောထား၊ သို့မဟုတ် ခုခံသည့်သဘောထား ရှိသလားဆိုသည်ကို မေးမြန်းသည်။ သမ္မာတရားကို သင်နားလည်ခဲ့ခြင်း ရှိမရှိ၊ သင်သည် နာခံခဲ့ခြင်း ရှိမရှိကိုသာ ဘုရားသခင်က မေးမြန်းသည်။ ဤသည်မှာ ဘုရားသခင် မေးမြန်းသည့်အရာသာ ဖြစ်သည်၊ အခြားတစ်ခုမျှ မရှိပါ။ သင် နာခံမှုမရှိခြင်းအတွက် အကြောင်းပြချက်က အဘယ်အရာဖြစ်သည်ကို ဘုရားသခင်က သင့်အား မမေးမြန်းပါ။ သင်၌ ကောင်းမွန်သော အကြောင်းပြချက် ရှိခဲ့ခြင်း ရှိမရှိကို ဘုရားသခင်က မကြည့်ပါ။ ထိုသို့သော အရာများကို သူ လုံးဝ အလေးမထားပါ။ ဘုရားသခင်သည် သင် နာခံခဲ့ခြင်း ရှိမရှိကိုသာ ကြည့်သည်။ သင် အသက်ရှင်သည် ပတ်ဝန်းကျင်နှင့် ဆက်စပ်အခြေအနေတို့က မည်သည့်အရာဖြစ်ခဲ့ပါစေ၊ သင်၏စိတ်နှလုံးထဲ၌ နာခံခဲ့ခြင်း ရှိမရှိ၊ သင်၌ နာခံသည့် သဘောထား ရှိမရှိတို့ကိုသာ ဘုရားသခင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ဘုရားသခင်က သင်နှင့် အမှားအမှန်အကြောင်း စကားရည်မလုပေ။ သင်၏ အကြောင်းပြချက်များက မည်သည့်အရာဖြစ်ခဲ့သည်ကို ဘုရားသခင် ဂရုမစိုက်ပေ။ သင်သည် အမှန်တကယ် နာခံခဲ့ခြင်း ရှိမရှိကိုသာ ဘုရားသခင်က ဂရုစိုက်သည်။ ဤသည်မှာ ဘုရားသခင် သင့်အား တောင်းဆိုသမျှအရာ ဖြစ်သည်။ အမှန်နှင့် အမှားအကြောင်း လေကြောရှည်နေသည့် လူစားမျိုး၊ စကားစစ်ထိုးရသည်ကို နှစ်သက်သည့် လူစားမျိုးတို့သည် ၎င်းတို့၏စိတ်နှလုံးထဲ၌ သမ္မာတရား စည်းမျဉ်းများ ရှိကြသလော။ (မရှိပါ) အဘယ်ကြောင့် မရှိရသနည်း။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများအပေါ် အာရုံစိုက်မှု တစ်ခုတလေ ရှိဖူးသလော။ ယင်းတို့အတွက် ၎င်းတို့ ကြိုးပမ်းဖူးသလော။ ယင်းတို့ကို ၎င်းတို့ ရှာဖူးသလော။ ၎င်းတို့သည် ယင်းတို့ကို မည်သည့်အခါမျှ အာရုံမစိုက်ဖူးချေ၊ သို့မဟုတ် ယင်းတို့အတွက် မကြိုးစားဖူးပေ၊ သို့မဟုတ် ယင်းတို့ကို မရှာဖွေဖူးပေ။ ယင်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် လုံးလုံး မရှိပေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် မှန်သည့်အရာနှင့် မှားသည့်အရာတို့ကြားတွင်သာ အသက်ရှင်နိုင်သည်၊ ၎င်းတို့၏ စိတ်နှလုံးများတွင် ရှိသည့်အရာများမှာ အမှန်နှင့် အမှား၊ မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်း၊ ယိုးမယ်ဖွဲ့ခြင်းများ၊ အကြောင်းပြချက်များ၊ ကျိုးကြောင်းပြချက်များ၊ ငြင်းခုံချက်များသာဖြစ်သည်။ ထို့နောက် မကြာမီတွင် ၎င်းတို့ အချင်းချင်း တိုက်ခိုက်ကာ၊ စွပ်စွဲပြီး ရှုတ်ချကြလေသည်။ ဤကဲ့သို့ လူများ၏ စိတ်သဘောထားမှာ ၎င်းတို့သည် အမှန်နှင့် အမှားအား စကားရည်လုရသည်ကို နှစ်သက်သည်၊ လူများကို စွပ်စွဲရခြင်းနှင့် ရှုတ်ချရခြင်းတို့ကို ၎င်းတို့က နှစ်သက်ကြသည်။ ဤကဲ့သို့သော လူများသည် သမ္မာတရားကို ချစ်ခြင်း၊ သို့မဟုတ် လက်ခံခြင်း မရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို စမ်းသပ်ကာ ကျိုးကြောင်းပြ ငြင်းခုံနိုင်ဖွယ်ရှိသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ ခိုင်ခိုင်မာမာ ပြုမူပြောဆိုခြင်းနှင့် ဘုရားသခင်ကို ခုခံခြင်းတို့ပင် ပြုကြသည်။ အဆုံး၌ ၎င်းတို့သည် အပြစ်ဒဏ်ပေးခံရခြင်းဖြင့် အဆုံးသတ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၅)

လူအားလုံးသည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားများရှိသည်။ ပြီးလျှင် ၎င်းတို့သည် အစဉ်သဖြင့် စိတ်ကြီးဝင်ကြသည်။ မည်သည့်အရာကို စဉ်းစားပါစေ၊ မည်သည့်အရာကို ပြောဆိုပါစေ၊ အမှုအရာများကို မည်သို့မြင်ပါစေ ၎င်းတို့၏ ကိုယ်ပိုင်အမြင်နှင့် ကိုယ်ပိုင်သဘောထားများက မှန်ကန်သည်၊ အခြားလူများပြောဆိုသည့်အရာက ၎င်းတို့ပြောဆိုသည့်အရာကဲ့သို့ ကောင်းမွန်ခြင်းမရှိ သို့မဟုတ် မှန်ကန်ခြင်းမရှိဟု အစဉ် ထင်မြင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ထင်မြင်ချက်များကို အစဉ် ဖက်တွယ်ထားကြပြီး မည်သူက စကားပြောသည်ဖြစ်စေ နားထောင်မည်မဟုတ်ပေ။ အခြားတစ်စုံတစ်ဦး ပြောသည့်အရာမှာ မှန်ကန်လျှင်ပင်၊ သို့မဟုတ် သမ္မာတရားနှင့် ညီလျှင်ပင် ၎င်းတို့က လက်ခံလိမ့်မည်မဟုတ်ပေ။ ၎င်းတို့က နားထောင်နေသည့်ပုံစံရှိမည်ဖြစ်သော်လည်း ထိုအယူအဆကို အမှန်တကယ် ခံယူမည်မဟုတ်ပေ။ လုပ်ဆောင်ရမည့်အချိန်ရောက်လျှင် ၎င်းတို့ပြောသည့်အရာက မှန်ကန်ပြီး ကျိုးကြောင်းသင့်သည်ဟု အစဉ်ထင်မြင်လျက်ဖြင့် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများအတိုင်း လုပ်ဆောင်ကြလိမ့်ဦးမည် ဖြစ်သည်။...ဘုရားသခင်က သင်၏ ဤအပြုအမူကို မြင်သောအခါ မည်သည့်အရာကို ပြောမည်နည်း။ ဘုရားသခင်က “သင်သည် စိတ်နှလုံးခိုင်မာသည်။ သင်က မှားယွင်းသည်ကို မသိသောအခါတွင် သင်၏ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်ထားနိုင်သည်မှာ နားလည်နိုင်ဖွယ်ရှိသော်လည်း သင်သည် မှားယွင်းသည်ကို ရှင်းလင်းစွာသိပြီး သင်၏ အယူအဆများကို ဖက်တွယ်နေဆဲဖြစ်လျှင်၊ နောင်တမရမီ သေလိုက်မည်ဆိုလျှင် သင်သည် ခေါင်းမာသောသူရူးတစ်ယောက်သာဖြစ်ပြီး သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ မည်သူက အကြံပေးသည်ဖြစ်စေ သင်က ထိုအကြံအပေါ် အပျက်သဘောဆောင်သော၊ အတိုက်အခံပြုသော သဘောထားကို အစဉ်ခံယူလျှင်၊ သမ္မာတရားအနည်းငယ်မျှကိုပင် လက်မခံလျှင်၊ သင်၏ စိတ်နှလုံးက လုံးဝပင် အတိုက်အခံဖြစ်ပြီး ပိတ်ထားကာ အရေးမထားဘဲနေလျှင် သင်သည် အလွန်ပင် အဓိပ္ပာယ်မရှိဖြစ်ပြီး ရယ်ဖွယ်ကောင်းသောသူတစ်ယောက်ဖြစ်သည်။ သင့်ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလွန်းသည်” ဟု ဆိုလိမ့်မည်။ သင်သည် အဘယ်သို့ဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသနည်း။ သင့်ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည်မှာ အဘယ်ကြောင့်ဆိုသော် သင် ပြသသည့်အရာသည် မှားယွင်းသောနည်းလမ်း၊ သို့မဟုတ် မှားယွင်းသော အပြုအမူမဟုတ်ဘဲ သင်၏ စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းဖြစ်သောကြောင့်ဖြစ်သည်။ မည်သည့် စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းဖြစ်သနည်း။ သမ္မာတရားကို သင် အလွန်အမင်းမနှစ်မြို့သည့် စိတ်သဘောထား၊ သမ္မာတရားကို မုန်းတီးသည့် စိတ်သဘောထားဖြစ်သည်။ သင်သည် သမ္မာတရားကို မုန်းတီးသူအဖြစ် ခွဲခြားသတ်မှတ်ခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ အမြင်တွင် သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ သူသည် သင့်ကို ပစ်ပယ်ကာ လျစ်လျူရှုလိမ့်မည်။ လူတို့၏ အမြင်တွင် ၎င်းတို့ အလွန်ဆုံး ပြောမည့်အရာမှာ “ဤလူ၏ စိတ်သဘောထားသည် ဆိုးသည်။ အလွန်အမင်း ခေါင်းမာသည်။ စိတ်နှလုံးခိုင်မာသည်။ မာနထောင်လွှားသည်။ ဤလူသည် ပေါင်းသင်းရန် ခက်ခဲပြီး သမ္မာတရားကို မချစ်ပါ။ သမ္မာတရားကို လုံးဝ လက်မခံသကဲ့သို့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါ” ဟူ၍ ဖြစ်သည်။ အလွန်ဆုံးအနေဖြင့် လူတိုင်းက သင့်အား ဤအကဲဖြတ်ချက်ကို ပေးလိမ့်မည်။ သို့သော် ဤအကဲဖြတ်ချက်သည် သင်၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သလော။ လူတို့က သင့်အားပေးသည့် အကဲဖြတ်ချက်သည် သင်၏ ကံကြမ္မာကို မဆုံးဖြတ်နိုင်ပေ။ သို့သော် သင်မမေ့ရမည့် အရာတစ်ခုရှိသည်။ ဘုရားသခင်က လူတို့၏ စိတ်နှလုံးကို စိစစ်ပြီး၊ တစ်ချိန်တည်းတွင် ဘုရားသခင်က လူတို့၏ စကားတိုင်း၊ လုပ်ရပ်တိုင်းကို လေ့လာကြည့်ရှုသည်။ ဘုရားသခင်က သင့်အား ဤသို့ သတ်မှတ်ပြီး သမ္မာတရားကို သင် မုန်းသည်ဟု ပြောလျှင်၊ သင်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အနည်းငယ်ရှိသည်၊ သို့မဟုတ် အနည်းငယ် နာခံခြင်းမရှိဟုသာ မပြောလျှင် ဤသည်မှာ အလွန်ဆိုးသော ပြဿနာမဟုတ်လော။ (ဆိုးသည်။) ဤသည်မှာ ပြဿနာရှိသည်ဆိုသည့် သဘောဖြစ်သည်။ ဤပြဿနာသည် လူတို့က သင့်အပေါ် မြင်သည့်ပုံစံ၊ သို့မဟုတ် သင့်အား မည်သို့ အကဲဖြတ်သည်ဆိုသည့်အပေါ်တွင် မူတည်ခြင်းမရှိဘဲ ဘုရားသခင်က သမ္မာတရားကို မုန်းတီးသည့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ရှုမြင်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က အဘယ်သို့ မြင်သနည်း။ သင်သည် သမ္မာတရားအား မုန်းတီးပြီး မချစ်ဟု ဘုရားသခင်က သတ်မှတ်ရုံမျှသတ်မှတ်ပြီး ဤမျှသာ ဖြစ်သလော။ ထိုမျှ ရိုးရှင်းသလော။ သမ္မာတရားက မည်သည့်နေရာမှ လာသနည်း။ သမ္မာတရားက မည်သူကို ကိုယ်စားပြုသနည်း။ (ဘုရားသခင်ကို ကိုယ်စားပြုသည်။) ဤအရာကို ချင့်ချိန်စဉ်းစားလော့။ လူတစ်ယောက်သည် သမ္မာတရားကို မုန်းတီးလျှင် ဘုရားသခင်၏ ရှုထောင့်အမြင်မှ၊ သူသည် ထိုသူအား မည်သို့ရှုမြင်မည်နည်း။ (သူ၏ ရန်သူအဖြစ် ရှုမြင်မည်။) ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခုမဟုတ်လော။ လူတစ်ယောက်သည် သမ္မာတရားကို မုန်းတီးလျှင် ဘုရားသခင်ကို မုန်းတီးခြင်း ဖြစ်သည်။ ဘုရားသခင်ကို မုန်းသည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ထိုသူသည် ဘုရားသခင်ကို ကျိန်ဆဲသလော။ ဘုရားသခင်ကို တိုက်ရိုက်ဆန့်ကျင်သလော။ ဘုရားသခင်၏ နောက်ကွယ်တွင် ဘုရားသခင်အား ဝေဖန်အပြစ်တင်သလော၊ ရှုတ်ချသလော။ ထိုသို့ သေချာပေါက် မဟုတ်ပေ။ ဤသို့ဆိုလျှင် သမ္မာတရားအား မုန်းတီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းသည် ဘုရားသခင်ကို မုန်းတီးခြင်းဖြစ်သည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ ဤသည်မှာ တစ်စိတ်ကို တစ်အိတ် လုပ်နေခြင်း မဟုတ်ပေ။ ယင်းသည် အခြေအနေ၏ လက်တွေ့အရှိတရားဖြစ်သည်။ သမ္မာတရားကို မုန်းတီးသောကြောင့် သခင်ယေရှုကို ကားတိုင်တွင် သံနှင့်ရိုက်ခဲ့သော သူတော်ကောင်း အယောင်ဆောင်သည့် ဖာရိရှဲများကဲ့သို့ဖြစ်သည်။ နောက်တွင် ဆက်၍ဖြစ်သော အကျိုးဆက်များက ဆိုးရွားသည်။ ဤသည်မှာ လူတစ်ယောက်သည် သမ္မာတရားကို စိတ်ကုန်ပြီး သမ္မာတရားကို မုန်းတီးသည့် စိတ်သဘောထားရှိလျှင် ထိုစိတ်သဘောထားသည် အချိန်မရွေး၊ နေရာမရွေး ထုတ်ဖော်ပြသနိုင်သည်ဟု ဆိုလိုသည်။ ထိုသူသည် ထိုစိတ်သဘောထားဖြင့် အသက်ရှင်လျှင် ဘုရားသခင်ကို ဆန့်ကျင်မည်မဟုတ်လော။ သူသည် သမ္မာတရား၊ သို့မဟုတ် ရွေးချယ်မှုပြုရခြင်းပါဝင်သော အရာတစ်ခုဖြင့် ရင်ဆိုင်ရသောအခါ သမ္မာတရားကို လက်မခံနိုင်လျှင်၊ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်လျှင် သူသည် အလိုအလျောက်ပင် ဘုရားသခင်အား ဆန့်ကျင်လိမ့်မည်။ သစ္စာဖောက်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဘုရားသခင်ကို မုန်းပြီး သမ္မာတရားကို မုန်းသည့် စိတ်သဘောထားဖြစ်သောကြောင့်ဖြစ်သည်။ သင့်ထံတွင် ဤသို့သော စိတ်သဘောထားရှိလျှင် ဘုရားသခင်ပြောဆိုသော စကားများနှင့်ပတ်သက်လာသည့်အခါတွင်ပင် သင် မေးခွန်းထုတ်မိလိမ့်မည်ဖြစ်ပြီး ထိုစကားများကို ပိုင်းခြားစိစစ်ချင်လိမ့်မည်။ ထို့နောက်တွင် သင်သည် ဘုရားနှုတ်ကပတ်တော်များကို သံသယဖြစ်လိမ့်မည်ဖြစ်ပြီး “ဤအရာတို့သည် အမှန်ပင် ဘုရားနှုတ်ကပတ်တော်များဖြစ်သလော။ ငါ့အတွက် သမ္မာတရားနှင့် မတူပါ။ ထိုစကားများအားလုံးသည် ငါ့အတွက် မလွဲမသွေ မှန်ကန်သည့် ပုံစံမရှိပါ” ဟု ဆိုလိမ့်မည်။ ဤသို့ဖြင့် သမ္မာတရားအား မုန်းတီးသည့် သင်၏ စိတ်သဘောထားသည် ထုတ်ဖော်ပြသခြင်းမရှိသလော။ သင်သည် ဤသို့ စဉ်းစားသောအခါ ဘုရားသခင်အား နာခံနိုင်သလော။ သေချာပေါက် မနာခံနိုင်ပေ။ သင်သည် ဘုရားသခင်ကို မနာခံနိုင်လျှင် သူသည် သင်၏ ဘုရားဖြစ်သေးသလော။ မဖြစ်တော့ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်က သင့်အတွက် အဘယ်အရာဖြစ်လိမ့်မည်နည်း။ သင်သည် သူ့ကို သုတေသနပြုရမည့် အကြောင်းအရာတစ်ခုအဖြစ်၊ သံသယဖြစ်ရမည့် သူတစ်ယောက်အဖြစ်၊ ရှုတ်ချရမည့်သူတစ်ယောက်အဖြစ် မှတ်ယူလိမ့်မည်။ သင်သည် သူ့အား သာမန်၊ ပုံမှန်လူတစ်ယောက်အဖြစ် မှတ်ယူပြီး ထိုသို့သောသူတစ်ယောက်အဖြစ် ရှုတ်ချလိမ့်မည်။ ဤသို့ လုပ်ဆောင်ရာတွင် သင်သည် ဘုရားသခင်ကို အာခံပြီး စော်ကားသောသူတစ်ယောက်ဖြစ်လာလိမ့်မည်။ မည်သို့သော စိတ်သဘောထားမျိုးက ဤအရာကို ဖြစ်စေသနည်း။ အတိုင်းအတာတစ်ခုအထိ ကြီးထွားလာသော မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ဖြစ်သည်။ သင်၏ စာတန်ဆန်သော စိတ်သဘောထားက သင့်ထံမှ ထုတ်ဖော်ပြလာမည်ဖြစ်ရုံမကဘဲ သင်၏ စာတန်ဆန်သော စရိုက်လက္ခဏာသည်လည်း အပြည့်အဝ ဖွင့်ချပြလိမ့်မည်။ ဘုရားသခင်အား အာခံသည့်အဆင့်သို့ ရောက်ရှိသော၊ ဘုရားသခင်ကို ပုန်ကန်မှုက အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေသောသူနှင့် ဘုရားသခင်ကြားတွင်ရှိသော ဆက်ဆံရေးသည် မည်သို့ဖြစ်မည်နည်း။ လူတစ်ယောက်က ဘုရားသခင်ကို မိမိကိုယ်တိုင် ဆန့်ကျင်သည့်နေရာတွင်ထားသည့် မလိုမုန်းထားသော ဆက်ဆံရေး ဖြစ်လာပေသည်။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းတွင် သမ္မာတရားကို လက်မခံနိုင်၊ မနာခံနိုင်လျှင် ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်ပေ။ သင်သည် သမ္မာတရားကို ငြင်းဆန်ပြီး ငြင်းပယ်လျှင် သင်သည် ဘုရားသခင်ကို အာခံသောသူတစ်ယောက် ဖြစ်လာနှင့်ပြီး ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ဘုရားသခင်က သင့်ကို ကယ်တင်နိုင်သေးသလော။ သေချာပေါက် မကယ်တင်နိုင်ပေ။ ဘုရားသခင်က သင့်အား သူ၏ ကယ်တင်ခြင်းကို လက်ခံရရှိရန် အခွင့်အရေးပေးပြီး သင့်အား ရန်သူအဖြစ် မမြင်သော်လည်း သင်သည် သမ္မာတရားကို လက်မခံနိုင်ဘဲ ဘုရားသခင်အား သင်၏ ဆန့်ကျင်ဘက်တွင်ထားသည်။ ဘုရားသခင်အား သင်၏ သမ္မာတရားအဖြစ်၊ သင်၏ လမ်းကြောင်းအဖြစ် လက်ခံနိုင်စွမ်းမရှိခြင်းက သင့်ကို ဘုရားသခင်အား အာခံသောသူဖြစ်သွားစေသည်။ ဤပြဿနာကို အဘယ်သို့ ဖြေရှင်းသင့်သနည်း။ သင်သည် အမြန် နောင်တရပြီး လမ်းကြောင်းပြောင်းရမည်။ ဥပမာ သင်သည် တာဝန်ထမ်းဆောင်စဉ်တွင် ပြဿနာတစ်ခု၊ သို့မဟုတ် အခက်အခဲတစ်ခုကို ကြုံရပြီး မည်သို့ဖြေရှင်းရမည်ကို မသိသောအခါ ထိုအရာနှင့်ပတ်သက်၍ ကြောင်းကျိုးမမြင်ဘဲ တွေးဆခြင်း မပြုရ။ ရှေးဦးစွာ ဘုရားသခင်ရှေ့တွင် သင့်ကိုယ်သင် ငြိမ်သက်စေရမည်။ ဘုရားသခင်ထံမှ ဆုတောင်းပြီး ရှာဖွေရမည်။ ထိုအရာနှင့်ပတ်သက်၍ ဘုရားနှုတ်ကပတ်တော်က ပြောသည့်အရာကို ကြည့်ရမည်။ သင်သည် ဘုရားနှုတ်ကပတ်တော်အား ဖတ်ပြီးနောက်တွင် နားမလည်သေးလျှင်၊ ဤပြဿနာက မည်သည့်သမ္မာတရားနှင့် သက်ဆိုင်သည်ကို မသိလျှင် သင်သည် စည်းမျဉ်းတစ်ခုကို မြဲမြံစွာ ဆုပ်ကိုင်ထားရမည်။ ဆိုလိုသည်မှာ ရှေးဦးစွာ ကျိုးနွံနာခံလော့။ ကိုယ်ပိုင်အယူအဆများ၊ အတွေးများမရှိနှင့်။ ငြိမ်သက်သော စိတ်နှလုံးဖြင့် စောင့်ဆိုင်းပြီး ဘုရားသခင်က မည်သို့ ရည်ရွယ်ပြီး လုပ်ဆောင်လိုသည်ကို ကြည့်လော့။ သမ္မာတရားကို သင်နားမလည်သောအခါ ထိုသမ္မာတရားကို ရှာဖွေသင့်သည်။ ကြောင်းကျိုးမမြင်ဘဲ ပေါ့ဆစွာ လုပ်ဆောင်မည့်အစား ဘုရားသခင်ကို စောင့်ဆိုင်းသင့်သည်။ သမ္မာတရားကို သင်နားမလည်သောအခါ တစ်စုံတစ်ဦးက သင့်အား အကြံပြုချက်ပေးပြီး သမ္မာတရားနှင့်အညီ မည်သို့ ပြုမူဆောင်ရွက်ရမည်ကို သင့်အား ပြောလျှင် သင်သည် ရှေးဦးစွာ လက်ခံသင့်ပြီး လူတိုင်းအား ထိုအရာအပေါ်တွင် မိတ်သဟာယပြုစေသင့်သည်။ ပြီးလျှင် ဤလမ်းကြောင်းက မှန်ကန်ခြင်းရှိမရှိ၊ သမ္မာတရားစည်းမျဉ်းများနှင့် ညီခြင်းရှိမရှိကို ကြည့်သင့်သည်။ သမ္မာတရားနှင့် ကိုက်ညီသည်ဟု အတည်ပြုလျှင် ထိုနည်းအတိုင်း လက်တွေ့လုပ်ဆောင်လော့။ သမ္မာတရားနှင့် မကိုက်ညီဟု သင် ဆုံးဖြတ်လျှင် ထိုနည်းအတိုင်း လက်တွေ့မလုပ်ဆောင်နှင့်။ ထိုမျှ ရိုးရှင်းပေသည်။ သမ္မာတရားကို သင်ရှာဖွေသောအခါ လူများစွာထံမှ ရှာဖွေသင့်သည်။ တစ်ဦးတလေက ပြောစရာတစ်စုံတစ်ခုရှိလျှင် သင် နားထောင်သင့်ပြီး ထိုသူ၏ စကားများအားလုံးကို အလေးအနက်ထားသင့်သည်။ ထိုသူအား လျစ်လျူရှုခြင်း၊ မသိကျိုးကျွန်ပြုခြင်းမပြုနှင့်။ အဘယ်ကြောင့်ဆိုသော် သင်၏တာဝန် နယ်ပယ်အတွင်းတွင်ရှိသော အရာများနှင့် သက်ဆိုင်ပြီး ဤအရာကို အလေးအနက် သဘောထားရမည်ဖြစ်သောကြောင့်ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထား၊ မှန်ကန်သော စိတ်အခြေအနေဖြစ်သည်။ သင်သည် မှန်ကန်သော အခြေအနေတွင် ရှိသောအခါ သမ္မာတရားအား အလွန်အမင်းမနှစ်မြို့သကဲ့သို့ မုန်းတီးသည့် စိတ်သဘောထားကို ထုတ်ဖော်ပြသခြင်းမရှိပေ။ ထို့နောက် ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အစားထိုးပေးလိမ့်မည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် ဤနည်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ မည်သည့် အသီးအပွင့်ကို ရရှိမည်နည်း။ (သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြခြင်းကို ခံရမည်။) သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ရရှိခြင်းသည် ကဏ္ဍတစ်ခုဖြစ်သည်။ တစ်ခါတစ်ရံတွင် အကြောင်းအရာသည် အလွန်ရိုးရှင်းပြီး သင်ကိုယ်တိုင်၏ စိတ်ကို အသုံးပြုခြင်းအားဖြင့် ရရှိနိုင်သည်။ အခြားလူများက ၎င်းတို့၏ အကြံများကို သင့်အား ပေးပြီး သင်က နားလည်ပြီးနောက်တွင် သင်သည် အမှုအရာများကို ပြုပြင်ပြီး စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်လိမ့်မည်။ ဤသည်မှာ ရိုးရှင်းသော ကိစ္စတစ်ခုဖြစ်သည်ဟု လူတို့က ထင်ကောင်းထင်နိုင်သော်လည်း၊ ဘုရားသခင်အတွက် ကြီးမားသော ကိစ္စဖြစ်သည်။ အဘယ်ကြောင့် ငါ ဤသို့ ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ဤသို့ လက်တွေ့လုပ်ဆောင်သောအခါ ဘုရားသခင်အတွက် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူ၊ သမ္မာတရားကို ချစ်သောသူ၊ သမ္မာတရားကို မနှစ်မြို့ခြင်း မရှိသောသူဖြစ်သည်။ သင်၏ စိတ်နှလုံးအတွင်းသို့ ဘုရားသခင် ကြည့်သောအခါ သူသည် သင်၏ စိတ်သဘောထားကိုလည်း မြင်သည်။ ဤသည်မှာ ကြီးမြတ်သော ကိစ္စဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် သင်၏တာဝန်ကို ထမ်းဆောင်ပြီး ပြုမူဆောင်ရွက်သောအခါ သင်အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်ပြသသည့်အရာသည် လူတို့ပိုင်ဆိုင်သင့်သည့် သမ္မာတရား၏ စစ်မှန်မှုအားလုံးဖြစ်သည်။ သင်လုပ်ဆောင်သမျှတွင် သင်ပိုင်ဆိုင်သော သဘောထားများ၊ အတွေးများ၊ အခြေအနေများသည် ဘုရားသခင်အတွက် အရေးကြီးဆုံးဖြစ်ပြီး ဘုရားသခင် စိစစ်သောအရာများဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်

စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ အတည်ပြုနိုင်သနည်း။ အဓိကအားဖြင့်၊ လူတစ်ယောက်သည် သူ့အပေါ်တွင် အမှုအရာများ ဖြစ်ပျက်သောအခါ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်သလောဆိုသည်ကို ကြည့်ခြင်းအားဖြင့် ဖြစ်သည်။ သူသည် မည်သည့်အခါမျှ သမ္မာတရားကို လက်မခံသကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင် အမှန်တကယ်တွင် သူသည် ထုတ်ဖော်ခံရပြီးဖြစ်သည်။ ထိုသူအား ထုတ်ဖော်ရန်အတွက် စမ်းသပ်မှုတစ်ခုကို စောင့်ရန် မလိုတော့ပေ။ နေ့စဉ်အသက်တာတွင် လူတစ်ယောက်၌ အမှုအရာများ ဖြစ်ပျက်သောအခါ သူ၌ သမ္မာတရား စစ်မှန်မှုရှိမရှိကို ရှင်းလင်းစွာ မြင်နိုင်သည်။ သမ္မာတရားအား လိုက်စားလေ့မရှိသကဲ့သို့ ၎င်းတို့တွင် အမှုအရာများ ဖြစ်ပျက်သောအခါ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများစွာရှိသည်။ ဤသို့သောသူများသည် ၎င်းတို့ကို ထုတ်ဖော်ရန် စမ်းသပ်မှုတစ်ခုကို စောင့်ဆိုင်းဖို့လိုသလော။ လုံးဝ မလိုအပ်ပေ။ အချိန်တစ်ခုကြာပြီးနောက်တွင် ၎င်းတို့ မပြောင်းမလဲရှိနေပါက၊ ထုတ်ဖော်ခံရပြီးဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ ၎င်းတို့သည် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသော်လည်း သမ္မာတရားကို လက်မခံသကဲ့သို့ စွဲစွဲမြဲမြဲ နောင်တမရဘဲ ရှိနေလျှင် ၎င်းတို့သည် ပို၍ပင် ထုတ်ဖော်ခြင်းခံရသင့်ပြီး ရှင်းလင်းပစ်ကာ ဖယ်ရှားရှင်းလင်းခံရသင့်သည်။ သမ္မာတရားအား လက်ခံခြင်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံမစိုက်လေ့ရှိသောသူများအားလုံးသည် မယုံကြည်သူများဖြစ်ပြီး မည်သည့်အလုပ်ကိုမဆို မအပ်နှံရပေ၊ သို့မဟုတ် မည်သည့်တာဝန်ကိုမဆို မယူရပေ။ သမ္မာတရားမရှိသောသူတစ်ယောက်သည် ခိုင်မာစွာ ရပ်တည်နိုင်သလော။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် အရေးကြီးသလော။ သမ္မာတရားအား မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်သည့်သူများကိုသာ ကြည့်လော့။ ၎င်းတို့အားလုံး ထုတ်ဖော်ခြင်းခံရဖို့အတွက် နှစ်များစွာ မလိုအပ်ပေ။ ၎င်းတို့တွင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် လုံးဝမရှိပေ။ ၎င်းတို့သည် မည်မျှပင် ဆုတ်ယုတ်ပြီး သနားဖွယ်ဖြစ်သနည်း။ မည်မျှပင် အရှက်ရကြမည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဆိုသည်မှာ

ဘုရားသခင်အား ယုံကြည်ခြင်းသည် သမ္မာတရားအား လက်ခံခြင်းလိုအပ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။ သမ္မာတရားကို လက်မခံသူတို့သည် ပြဿနာများ ဖြစ်ပေါ်သောအခါတွင် ဆင်ခြေများ၊ အကြောင်းပြချက်များရှာကြပြီး တာဝန်ကို အခြားတစ်ယောက်အပေါ်သို့ တွန်းပို့သည်။ အခြားလူများက ၎င်းတို့ကို ကောင်းစွာ မဆက်ဆံသည့်အကြောင်းကိုဖြစ်စေ၊ ၎င်းတို့အတွက် မစဉ်းစားသည့်အကြောင်းကိုဖြစ်စေ၊ ဂရုမစိုက်သည့်အကြောင်းကိုဖြစ်စေ အစဉ်ညည်းညူကြသည်။ အကြောင်းပြချက်မျိုးစုံကို ရှာကြသည်။ ဤအကြောင်းပြချက်များအားလုံးကို ရှာခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းသည် သမ္မာတရားအား သင် လက်တွေ့လုပ်ဆောင်ခြင်းကို အစားထိုးနိုင်သလော။ ဘုရားသခင်အပေါ် သင်၏ ကျိုးနွံနာခံခြင်းကို အစားထိုးနိုင်သလော။ အစားမထိုးနိုင်ပေ။ ဆိုလိုသည်မှာ သင့်တွင် မည်သည့်အကြောင်းပြချက်မျိုးရှိပါစေ၊ သင့်တွင် ကောင်းကင်ထက်ကြီးသော နာကြည်းချက်များပင်ရှိပါစေ သမ္မာတရားကို လက်မခံလျှင် သင်သည် ဇာတ်သိမ်းသွားပြီဖြစ်သည်။ သင်၏ သဘောထားသည် အဘယ်သို့ရှိသည်ကို ဘုရားသခင်က ကြည့်လိုသည်။ အထူးသဖြင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သောကိစ္စများတွင်ဖြစ်သည်။ သင်ညည်းညူခြင်းက တစ်ခုခုအသုံးဝင်သလော။ သင်၏ ညည်းညူခြင်းများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းနိုင်သလော။ သင်သည် ညည်းညူပြီး သင့်ကိုယ်သင် မှန်ကန်ကြောင်းပြပြီးဖြစ်သည်ဟု ခံစားရလျှင် ဤအရာက သင်နှင့်ပတ်သက်သည့် မည်သည့်အရာကို ဖော်ပြမည်နည်း။ သမ္မာတရားကို သင် ရရှိပြီးဖြစ်သလော။ ဘုရားသခင်က သင့်အား အသိအမှတ်ပြုမည်လော။ ဘုရားသခင်က “သင်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်သူမဟုတ်။ ထို့ကြောင့် ဘေးသို့ဖယ်လော့။ ငါသည် သင့်အား ရွံရှာစက်ဆုပ်သည်” ဟု ဆိုလျှင် သင်သည် ဇာတ်သိမ်းသွားပြီမဟုတ်လော။ ဘုရားသခင်က “ငါသည် သင့်အား ရွံရှာစက်ဆုပ်သည်” ဟု ပြောခြင်းသည် သင့်အား ထုတ်ဖော်ပြီး သင်မည်သူဖြစ်သည်ကို သတ်မှတ်လိမ့်မည်။ ဘုရားသခင်က သင်နှင့်ပတ်သက်၍ အဘယ်ကြောင့် သတ်မှတ်ချက်ချမည်နည်း။ သမ္မာတရားကို သင် လက်မခံသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် သူ၏ အချုပ်အခြာအာဏာကို သင် လက်မခံပေ။ သင်သည် အစဉ်သဖြင့် ပြင်ပအကြောင်းပြချက်များကို ရှာဖွေနေပြီး အမှုကိစ္စများကို အစဉ်သဖြင့် အခြားလူများအပေါ် ပုံချသည်။ ဘုရားသခင်က သင့်အား အသိတရားနှင့် သမ္မာတရားအပေါ် ချစ်ခြင်းကင်းမဲ့သည်ဟု မြင်သည်။ ကျိုးကြောင်းမသင့်၊ တစ်ဇွတ်ထိုးလုပ်ပြီး ထိန်း၍မရဟူ၍ မြင်သည်။ သင် မိမိကိုယ်ကို ပြန်သုံးသပ်ခြင်း ရှိနိုင်ရန်အတွက် သင့်အား ဘေးဖယ်ပြီး လျစ်လျူရှုထားရမည်။ သင့်အား တရားဒေသနာများနှင့် သမ္မာတရားအပေါ် မိတ်သဟာယကို နားထောင်စေရခြင်း ရည်ရွယ်ချက်မှာ သမ္မာတရားကို သင်နားလည်နိုင်ရန်၊ သင်၏ ပြဿနာများကို ဖြေရှင်းနိုင်ရန်၊ သင်၏ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားရန်ဖြစ်သည်။ သင့်အတွက် သမ္မာတရားသည် လက်လွတ်စပယ် ရေရွတ်ပြောဆိုသည့် အရာတစ်ခုလော။ သင့်အတွက် နှုတ်ဖြင့်သာ ပြောဆိုပြီး ပြီးဆုံးသွားသည့် အရာတစ်ခု ဖြစ်သလော။ သမ္မာတရားအား နားလည်ခြင်းသည် သင်၏ ဝိညာဉ်တွင်ရှိသော ဗလာဖြစ်မှုကို ဖြည့်ဆည်းရန်အတွက် ဝိညာဉ်ရေးမှီတွယ်ရာတစ်ခုအဖြစ် လုပ်ဆောင်သင့်သည့် အရာဖြစ်သလော။ မဟုတ်ပေ။ သင့်အတွက် ဤရည်ရွယ်ချက်ဖြင့် အသုံးပြုရန်မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းနိုင်ရန်အတွက် သမ္မာတရား ရှိနေခြင်းဖြစ်သည်။ သင့်အား လမ်းကြောင်းတစ်ခုပေးရန်ဖြစ်သည်။ ပြီးလျှင် ပြဿနာများကို ကြုံရသည့်အခါ ဤသမ္မာတရားများဖြင့် အသက်ရှင်နိုင်သည်။ ပြီးလျှင် ဘဝတွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်နိုင်သည်။ သမ္မာတရားကို သင်နားလည်သည်နှင့် သင်သည် သင်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးမှု၊ သို့မဟုတ် သင်၏ စာတန်ဆန်သော ပညာရေးတွင်ရှိသော ထိုအရာများကို အခြေခံပြီး ပြုမူဆောင်ရွက်မည် မဟုတ်တော့ပေ။ သင်သည် စာတန်ဆန်သော တွေးခေါ်ပုံ၊ သို့မဟုတ် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များဖြင့် ရှင်သန်မည် မဟုတ်တော့ပေ။ ထိုအစား သင်သည် သမ္မာတရားဖြင့် အသက်ရှင်လိမ့်မည်။ သမ္မာတရားဖြင့် ပြုမူဆောင်ရွက်လိမ့်မည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်နိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် သမ္မာတရားကို ရရှိခြင်း၌ အခြေခံ သင်ခန်းစာတစ်ခုဖြစ်သည်

ဘုရားသခင်ကို ယုံကြည်ခြင်းတွင် သင်၏ အကြောင်းပြချက်က မည်သို့ဖြစ်စေ ဘုရားသခင်သည် နောက်ဆုံးတွင် သင်၏ အဆုံးသတ်ကို သမ္မာတရားကို သင်ရရှိပြီးခြင်း ရှိမရှိအပေါ်တွင် အခြေခံပြီး ဆုံးဖြတ်လိမ့်မည်ဖြစ်သည်။ သမ္မာတရားကို သင်မရရှိသေးလျှင် သင်ပြောသော ကျိုးကြောင်းပြချက်များ၊ သို့မဟုတ် ဆင်ခြေများက တစ်ခုမျှ ခိုင်လုံမည်မဟုတ်ပေ။ သင်ကြိုက်သလို အကြောင်းပြဖို့ ကြိုးစားလော့။ သင်ကျေနပ်သလို သင့်ဘာသာ ပြဿနာရှာလော့။ ဘုရားသခင်က ဂရုစိုက်မည်လော။ ဘုရားသခင်က သင့်ကို စကားပြောမည်လော။ သူသည် သင်နှင့် ငြင်းခုံပြီး ဆွေးနွေးမည်လော။ သင်နှင့် တိုင်ပင်မည်လော။ အဖြေက အဘယ်နည်း။ မဟုတ်ပေ။ ဘုရားသခင်က ထိုသို့ လုံးဝ လုပ်မည် မဟုတ်ပေ။ သင်၏ အကြောင်းပြချက်က မည်မျှခိုင်မာသည်ဖြစ်စေ ခြေခြေမြစ်မြစ် ရှိမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထင်လွဲကာ မျိုးစုံသော အကြောင်းပြချက်များနှင့် ဆင်ခြင်များကို ပေးလျှင် သမ္မာတရားကို သင်လိုက်စားဖို့ မလိုအပ်ဟု မထင်ရပေ။ သင့်ထံတွင် ဖြစ်ပျက်သော အခြေအနေများအားလုံးနှင့် ကိစ္စရပ်တိုင်းတွင် သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး နောက်ဆုံးတွင် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်မှုကိုရရှိနိုင်ကာ သမ္မာတရားကို ရရှိနိုင်ဖို့ ဘုရားသခင် အလိုတော်ရှိသည်။ သင့်အတွက် ဘုရားသခင်က မည်သည့်အခြေအနေကို စီစဉ်ပေးပြီးဖြစ်စေ၊ မည်သည့်လူများနှင့် ဖြစ်ရပ်များကို သင်တွေ့ကြုံရသည်ဖြစ်စေ၊ ပြီးလျှင် မည်သည့်အခြေအနေတွင် သင်ရောက်ရှိနေပါစေ၊ ယင်းတို့ကို ရင်ဆိုင်ရန် ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်သည်။ ယင်းတို့သည် သမ္မာတရားကို လိုက်စားရာတွင် သင်ယူသင့်သည့် သင်ခန်းစာများ အတိအကျဖြစ်သည်။ သင်သည် ဤအခြေအနေများကို ရုန်းထွက်ရန်၊ ရှောင်ရန်၊ ငြင်းဆန်ရန်၊ ခုခံရန် ဆင်ခြေများ အစဉ်သဖြင့် ရှာဖွေလျှင် ဘုရားသခင်က သင့်ကို လက်လျှော့လိမ့်မည်။ ဘုရားသခင်က သင့်ကို အရေးမစိုက်လျှင် သင်သည် ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးရလိမ့်မည်ဖြစ်သဖြင့် ကျိုးကြောင်းပြပြောခြင်း၊ သို့မဟုတ် ပေကတ်ခြင်း၊ သို့မဟုတ် ပြောရဆိုရခက်ခြင်းတို့သည် လုံးဝ အကျိုးမရှိချေ။ ဘုရားသခင်အတွက် ဖြေရှင်း၍မရနိုင်သည့် ပြဿနာမရှိပေ။ ဘုရားသခင်သည် လူတစ်ယောက်ချင်းစီတိုင်းအတွက် အစီအစဉ်များ ပြုလုပ်ပြီးဖြစ်ကာ ယင်းတို့ကို ကိုင်တွယ်ရန် နည်းလမ်းရှိသည်။ သင်၏ အကြောင်းပြချက်များနှင့် ဆင်ခြေများက အကြောင်းခိုင်လုံခြင်း ရှိမရှိကို ဘုရားသခင်က ဆွေးနွေးမည်မဟုတ်။ သင့်ကိုယ်သင် ခုခံကာကွယ်ရာတွင် သင်ပြောဆိုသည့် သင်၏ ချေပချက်က ယုတ္တိရှိမရှိကို နားထောင်မည်မဟုတ်ပေ။ “ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သလော။ သင့်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသလော။ သမ္မာတရားကို သင်လိုက်စားသင့်သလော”ဟူ၍သာ သူက သင့်ကို မေးလိမ့်မည်ဖြစ်သည်။ သင်သည် အချက်အလက်တစ်ခုကို ရှင်းရှင်းလင်းလင်း သိဖို့သာလိုသည်။ ဘုရားသခင်သည် သမ္မာတရားဖြစ်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သမ္မာတရားကို ရှာဖွေရန် သင့်ဘာသာ လုပ်ဆောင်သင့်သည်။ မည်သည့်ပြဿနာ၊ သို့မဟုတ် အခက်အခဲ၊ မည်သည့်အကြောင်းပြချက်၊ သို့မဟုတ် မည်သည့်ဆင်ခြေမျှ အကြောင်းခိုင်လုံခြင်းမရှိပေ။ သမ္မာတရားကို သင်လက်မခံလျှင် သင် ပျက်စီးလိမ့်မည်ဖြစ်သည်။ သမ္မာတရား လိုက်စားကာ ထိုသမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ လူတစ်ဦး ပေးဆပ်သည့် မည်သည့် အဖိုးအခမဆိုသည် ထိုက်တန်၏။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် ၎င်းတို့ ရယူသင့်သည့် အသက်ဖြစ်ပြီး မည်သည့်အရာနှင့်မျှ လဲလှယ်၍ မရနိုင်သည့် အသက်ဖြစ်သောကြောင့် လူတို့သည် သမ္မာတရားကို လက်ခံပြီး အသက်ကို ရရှိဖို့အတွက် မိမိတို့၏ ဆင်ခြေများ၊ ကျိုးကြောင်းပြချက်များနှင့် ပြဿနာများအားလုံးကို လက်လွှတ်သင့်သည်။ ဤအခွင့်အရေးနှင့် သင် လွဲချော်ပါက သင်၏ တစ်သက်လုံး ထိုအရာကို သင် နောင်တရရုံသာ ရှိလိမ့်မည်မဟုတ်ချေ။ ယင်းသည် နောင်တရရုံမျှ ကိစ္စ မဟုတ်၊ သင်သည် မိမိကိုယ်ကိုယ် တကယ်ကို လုံးဝ ပျက်စီးသွားစေပြီး ဖြစ်လိမ့်မည်။ သင့်အတွက် အဆုံးသတ်၊ သို့မဟုတ် ခရီးပန်းတိုင် ရှိတော့မည်မဟုတ်သကဲ့သို့ သင်သည် အဖန်ဆင်းခံတစ်ဦးအနေဖြင့် လမ်းဆုံးသွားပြီးဖြစ်လိမ့်မည်။ သင်သည် ကယ်တင်ခံရမည့် အခွင့်အရေးကို နောက်တစ်ကြိမ် လုံးဝ ရလိမ့်မည် မဟုတ်ပေ။ သင် နားလည်သလော။ (နားလည်ပါသည်။) သမ္မာတရား မလိုက်စားခြင်းအတွက် ဆင်ခြေများ၊ သို့မဟုတ် အကြောင်းပြချက်များကို သင် မရှာလေနှင့်။ ယင်းတို့သည် အသုံးမဝင်ပေ။ သင်သည် မိမိကိုယ်ကိုယ် လှည့်စားနေခြင်းသာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁)

သင်သည် ဘုရားသခင်နောက်သို့ လိုက်ပြီး သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်လိုလျှင် အမှုအရာများက သင့်သဘောအတိုင်းမဖြစ်သောအခါ ရှေးဦးစွာ စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်းကို သင် ရှောင်ကြဉ်ရမည်။ ရှေးဦးစွာ စိတ်တည်ငြိမ်အောင်ပြုပြီး ဘုရားသခင်ရှေ့တွင် ငြိမ်သက်ခြင်းရှိလော့။ သင်၏ စိတ်နှလုံးတွင် ဘုရားထံ ဆုတောင်းပြီး ဘုရားထံမှ ရှာဖွေလော့။ ခေါင်းမာခြင်းမရှိနှင့်။ ရှေးဦးစွာ ကျိုးနွံနာခံလော့။ ဤသို့သော စိတ်နေစိတ်ထားဖြင့်သာ သင်သည် ပြဿနာများအတွက် ပိုမိုကောင်းမွန်သော ဖြေရှင်းချက်ကို ရရှိစေနိုင်သည်။ သင်သည် ဘုရားသခင်ရှေ့မှောက်၌ အသက်ရှင်ရာတွင် ဇွဲလုံ့လရှိလျှင်၊ သင့်အပေါ် မည်သည့်အမှုအရာ ကျရောက်ပါစေ ဘုရားသခင်ထံဆုတောင်းပြီး ဘုရားသခင်ထံမှ ရှာဖွေနိုင်လျှင်၊ ယင်းကို နာခံသည့်စိတ်ထားနှင့် ရင်ဆိုင်နိုင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်ချက်များ မည်မျှရှိသည်မှာ အရေးမပါပေ၊ သို့မဟုတ် ယခင်က သင်သည် မည်သည့် ပြစ်မှားမှုများ ကျူးလွန်ခဲ့သည်မှာလည်း အရေးမပါပေ။ သမ္မာတရားကို သင်ရှာဖွေသမျှကာလပတ်လုံး ယင်းတို့ကို ဖြေရှင်းနိုင်လိမ့်မည်။ ဘယ်လိုစမ်းသပ်မှုတွေ ကြုံလာပါစေ ခိုင်မာစွာ ရပ်တည်နိုင်သည်။ သင့်တွင် မှန်ကန်သော စိတ်ထားရှိသရွေ့၊ သမ္မာတရားကို လက်ခံနိုင်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန် လုံးဝ တတ်နိုင်စွမ်းရှိသည်။ သင်သည် ရံဖန်ရံခါ အနည်းငယ် ပုန်ကန်ပြီး အာခံနိုင်သော်လည်း၊ တစ်ခါတစ်ရံတွင် ခုခံသော အကြောင်းပြချက်များ ပြသပြီး မနာခံနိုင်သော်လည်း ဘုရားသခင်ထံ ဆုတောင်းပြီး သင်၏ ပုန်ကန်သော အခြေအနေကို ပြောင်းလဲပစ်နိုင်လျှင် သင်သည် သမ္မာတရားကို လက်ခံနိုင်သည်။ ဤသို့ပြုလုပ်ပြီးနောက်တွင် သင့်၌ ထိုသို့သော ပုန်ကန်မှုနှင့် အာခံမှုက အဘယ်ကြောင့် ဖြစ်ပေါ်လာသည်ကို ဆင်ခြင်စဉ်းစားလော့။ အကြောင်းရင်းကို ရှာပြီး ယင်းကိုဖြေရှင်းရန် သမ္မာတရားကို ရှာဖွေလော့။ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိုလက္ခဏာသွင်ပြင်သည် သန့်စင်ခြင်းခံရနိုင်သည်။ ဤသို့ အတန်အသင့် မှောက်မှားခြင်းများနှင့် အတန်အသင့် လဲကျခြင်းများမှ သက်သာပြီးနောက်တွင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်သည်အထိ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက တဖြည်းဖြည်းချင်း ပယ်ရှင်းသွားလိမ့်မည်။ ထို့နောက် သမ္မာတရားသည် သင့်အတွင်း၌ အုပ်စိုးပြီး သင်၏ အသက်ဖြစ်လာလိမ့်မည်။ သင်၏ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတွင် နောက်ထပ်အတားအဆီး ရှိမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို အမှန်တကယ် နာခံလာနိုင်မည်ဖြစ်ပြီး သမ္မာတရားစစ်မှန်မှုကို အသက်ရှင်နေထိုင်လိမ့်မည်။ ဤကာလအတောအတွင်း သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းတို့တွင် လက်တွေ့ကျသော တွေ့ကြုံခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို ရရှိမည်။ နောင်တစ်ချိန် သင့်ထံ တစ်စုံတစ်ခု ဖြစ်ပျက်လာသောအခါ ဘုရားသခင်ကို ကျိုးနွံနာခံသည့်နည်းလမ်းတစ်ခုဖြင့် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ မည်သည့်အပြုအမူမျိုးက ဘုရားသခင်ကို ပုန်ကန်သည်ကိုလည်းကောင်း သင်သိလိမ့်မည်။ သင့်စိတ်နှလုံးထဲတွင် ဤအရာများကို ရှင်းလင်းစွာ သိထားလျက်နှင့်ပင် သမ္မာတရားစစ်မှန်မှုအပေါ် မိတ်သဟာယဖွဲ့နိုင်စွမ်း မရှိဆဲ ဖြစ်မည်လော။ သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မျှဝေရန် သင် တောင်းဆိုခံရလျှင် သင်သည် အမှုကိစ္စများစွာကို တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို သိပြီးလိမ့်မည် ဖြစ်သောကြောင့် ယင်းသည် ပြဿနာတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည် မဟုတ်ပေ။ သင် မည်သို့ပြောသည်ဖြစ်စေ ယင်းသည် အမှန်ဖြစ်လိမ့်မည်။ ပြီးလျှင် သင်မည်သည့်အရာကို ပြောသည်ဖြစ်စေ ယင်းသည် လက်တွေ့ကျနေလိမ့်မည်။ စကားများနှင့် အယူဝါဒများကို ဆွေးနွေးရန် သင်တောင်းဆိုခံရလျှင် သင်ဆန္ဒရှိမည်မဟုတ်ပေ။ စိတ်နှလုံးထဲတွင် ယင်းတို့ကို အလွန်အမင်း မနှစ်မြို့လိမ့်မည်။ သို့ဆိုလျှင် သမ္မာတရားစစ်မှန်မှုထဲသို့ သင်ဝင်ရောက်ပြီး ဖြစ်လိမ့်မည် မဟုတ်လော။ သမ္မာတရားကို လိုက်စားသောလူတို့သည် နှစ်အနည်းငယ်ထက် မပိုသောအားထုတ်မှုဖြင့်ပင် ယင်း၏ အတွေ့အကြုံကို ရနိုင်သည်။ ထို့နောက် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်။ သမ္မာတရားကို မလိုက်စားသောသူတို့အတွက်မူ ၎င်းတို့အလိုရှိလျှင်ပင် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ဖို့ မလွယ်ကူချေ။ ဤသည်မှာ သမ္မာတရားကို မချစ်သောသူတို့တွင် ပုန်ကန်လိုစိတ်များပြားလှစွာ ရှိနေခြင်းကြောင့်ဖြစ်သည်။ ကိစ္စရပ်အချို့တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့ လိုအပ်သည့်အချိန်တိုင်း ၎င်းတို့အတွက် အမြဲ ဆင်ခြေပေးကြပြီး ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာနှင့်၎င်းတို့ ရှိကြလေသည်။ ထို့ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ရန်မှာ ၎င်းတို့အတွက် အလွန်ခက်လိမ့်မည်။ ၎င်းတို့သည် ဆုတောင်း၍ ရှာဖွေကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကောင်း ရှိနိုင်သော်လည်း ၎င်းတို့ထံ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ၊ အခက်အခဲများ ၎င်းတို့ ကြုံရသောအခါ ၎င်းတို့၏စိတ်အတော်အတန် ရှုပ်ထွေးနောက်ကျိနေလျက် ၎င်းတို့၏စိတ်ဖရိုဖရဲ ရှုပ်ထွေးနေမှု ပေါ်လာပြီး ၎င်းတို့၏ ပုန်ကန်တတ်သော စိတ်သဘောထားတို့ ထွက်လာကြသည်။ ၎င်းတို့၏ ပုန်ကန်တတ်သော စိတ်သဘောထားသည် ပြင်းထန်လိုက်လေခြင်း။ ၎င်းတို့စိတ်နှလုံး၏ ပိုနည်းသောအပိုင်းကသာ စိတ်ဖရိုဖရဲရှုပ်ထွေးနေ၍ ပိုကြီးသောအပိုင်းသည် ဘုရားသခင်ကို လိုက်နာလိုလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့အတွက် အခက်အခဲပိုနည်းလိမ့်မည်။ ၎င်းတို့ ခဏတာ ဆုတောင်းနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် တစ်စုံတစ်ယောက်က ၎င်းတို့နှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့လိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအခိုက်အတန့်အတွင်းတွင် သမ္မာတရားကို ၎င်းတို့ နားလည်လိုက်သရွေ့ ယင်းကို လက်တွေ့လုပ်ဆောင်ဖို့ ပို၍လွယ်ကူသွားလိမ့်မည်။ ၎င်းတို့၏ စိတ်ဖရိုဖရဲရှုပ်ထွေးမှုသည် အလွန်ကြီးမားသည်မှာ ၎င်းတို့စိတ်နှလုံး၏ ပိုကြီးသောအပိုင်းကို နေရာယူထားလျှင် ပုန်ကန်လိုခြင်းသည် အဓိကဖြစ်ပြီး နာခံလိုခြင်းသည် သာမညဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့အတွက် လွယ်ကူမည်မဟုတ်ချေ။ အကြောင်းမှာ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု သေးငယ်လွန်းသောကြောင့် ဖြစ်သည်။ ပြီးလျှင် သမ္မာတရားကို လုံးဝ မချစ်သူများသည် အလျှင်း စိတ်ဖရိုဖရဲရှုပ်ထွေးနေပြီး အလွန့်အလွန် သို့မဟုတ် အလုံးစုံ ပုန်ကန်တတ်ကြသည်။ ဤလူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မည်သည့်အခါမျှ တတ်နိုင်လိမ့်မည်မဟုတ်သည့် နားဝေတိမ်တောင် ဖြစ်နေသူများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အပေါ် စွမ်းအင်ပမာဏ မည်မျှသုံးစွဲပါစေ အသုံးဝင်မည် မဟုတ်ပေ။ သမ္မာတရားကို ချစ်သောလူများတွင် သမ္မာတရားကို လိုက်စားရန် ပြင်းထန်သော တွန်းအားတစ်ခုရှိသည်။ ထိုအရာသည် ၎င်းတို့ကို တွန်းအားပေးသည့်အရာ၏ ပိုကြီးမားသော အပိုင်းဖြစ်ခဲ့လျှင် သို့မဟုတ် ထူးထူးကဲကဲ အများစုဖြစ်ခဲ့လျှင် သမ္မာတရားကို သိသာထင်ရှားစွာဖြင့် မိတ်သဟာယပြုနေပြီဖြစ်လျှင်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန်မှာ သေချာနေပြီဖြစ်သည်။ သမ္မာတရားကို ချစ်ခြင်းသည် ရိုးရှင်းသောကိစ္စတစ်ခု မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် ဆန္ဒအနည်းငယ်မျှ ရှိရုံဖြင့် သမ္မာတရားကို ချစ်သည့်သူ ဖြစ်မသွားပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ၎င်းတို့နားလည်သည်နှင့်တစ်ပြိုင်နက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ကြိုးစားအားထုတ်ကာ ဒုက္ခကို ခါးစည်းခံပြီး အဖိုးအခပေးဆပ်နိုင်သည့်အဆင့်အထိ ရောက်ရမည်ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို ချစ်သည့်သူတစ်ဦး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

သင့်ထံ တစ်စုံတစ်ရာဖြစ်ပျက်ပြီး မည်သည့်အရာ လုပ်ဆောင်ရမည်ကို သင် မသိသကဲ့သို့ အခြားတစ်ဦးတလေက မည်သည့်အရာလုပ်ဆောင်ရန် ပြောသည်ကို သင် မကြားရဟု ဆိုပါစို့။ ဤကိစ္စရပ်သည် သင်၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီကောင်း ကိုက်ညီမည်မဟုတ်သကဲ့သို့ အမှန်တကယ် သင်၏ အကြိုက် ဖြစ်ကောင်းဖြစ်မည်မဟုတ်။ ထို့ကြောင့် သင်၏ စိတ်နှလုံးတွင် အတိုက်အခံတစ်ခုခု ရှိပြီး အနည်းငယ် သင် စိတ်မချမ်းမသာဖြစ်မိ၏။ ထို့ကြောင့် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ လက်တွေ့လုပ်ဆောင်ရန် အရိုးရှင်းဆုံးသောနည်းလမ်းတစ်ခု ရှိ၏၊ ယင်းမှာ ပထမဦးစွာ ကျိုးနွံနာခံတတ်ရ ဖြစ်သည်။ ကျိုးနွံနာခံခြင်းသည် အပြင်ပန်း လုပ်ရပ်တစ်ခု သို့မဟုတ် ပြောဆိုချက်တစ်ခု မဟုတ်သကဲ့သို့ နှုတ်အားဖြင့် ပြောဆိုချက်မဟုတ်၊ ထိုအတွင်းတွင် တည်ရှိသည့် အခြေအနေတစ်ခု ရှိသည်။ ဤသည်မှာ သင့်အဖို့ အကျွမ်းမဝင်မဖြစ်သင့်ပေ။ သင်၏ ကိုယ်ပိုင် စစ်မှန်သာ အတွေ့အကြုံအရ၊ လူတို့သည် အမှန်တကယ် ကျိုးနွံနာခံကြသည့်အခါ မည်သို့ ပြောဆို၊ ပြုမူပြီး စဉ်းစားကာ မည်သည့် အခြေအနေနှင့် သဘောထား ၎င်းတို့ ရှိကြသည်ဟု သင်တို့ တွေးထင်ပါသနည်း။ (သူတို့ နားမလည်ကြသေးသည့် အရာများနှင့် ပတ်သက်၍ သူတို့သည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဦးစွာ ဘေးဖယ်ထားကြသည်။ သူတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေကြသည်။ ရှာဖွေပြီးနောက် သူတို့ နားမလည်ကြသေးပါက ဘုရားသခင်၏ အချိန်ကို စောင့်ဆိုင်းရန် သူတို့ သင်ယူကြပါသည်။) ယင်းမှာ ထိုအရာ၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သူတို့သည် ပြုပြင်ခံရသည့်အခါ ကျိုးကြောင်းပြ ငြင်းခုံခြင်း မရှိကြ၊ သို့မဟုတ် မိမိတို့ကိုယ်ကို ခုခံပြောဆိုရန် ကြိုးစားခြင်း မရှိပါ။) ဤသည်မှာ ဤအခြေအနေ၏ နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ လူအချို့သည် ကျိုးကြောင်းပြ ငြင်းခုံခြင်း မရှိကြ၊ သို့မဟုတ် သင်၏ မျက်နှာစေ့စေ့ကြည့်ပြီး မိမိတို့ကိုယ်ကို ခုခံပြောဆိုခြင်း မရှိကြသော်လည်း စောဒကတက်မှုများနှင့် မကျေနပ်ချက်များ အပြည့်ဖြစ်ကြ၏။ ၎င်းတို့သည် ထိုအရာကို သင်တို့ မျက်စိရှေ့တွင် မပြောကြသော်လည်း နေရာအနှံ့တွင် ဖြန့်လျက် သင်၏ ကွယ်ရာတွင် အမှုမဲ့အမှတ်မဲ့ ပြောဆိုကြသည်။ ဤသည်မှာ ကျိုးနွံနာခံတတ်သော စိတ်သဘောထားတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ထို့ကြောင့် မည်သည့်အရာသည် ကျိုးနွံနာခံတတ်သော စိတ်သဘောထားတစ်ခု ဖြစ်သနည်း။ ပထမဦးစွာ သင်သည် အပြုသဘောဆောင်သော သဘောထားတစ်ခု ရှိရမည်။ သင် ပြုပြင်ခံရသည့်အခါ ဦးစွာပထမတွင် အမှန်နှင့် အမှားကို မစိစစ်နှင့်။ ထိုအရာကို ကျိုးနွံနာခံတတ်သော စိတ်နှလုံးဖြင့်သာ လက်ခံလော့။ ဥပမာအနေဖြင့် သင် တစ်စုံတစ်ရာကို တလွဲလုပ်မိခဲ့သည်ဟု တစ်စုံတစ်ဦးက ပြောကောင်းပြောမည်။ သင်၏ စိတ်နှလုံးတွင် နားမလည်သကဲ့သို့ မည်သည့်အရာ သင် တလွဲလုပ်မိခဲ့သည်ကို မသိသော်လည်း ထိုအရာကို သင် လက်ခံ၏။ လက်ခံခြင်းသည် အဓိကအားဖြင့် အပြုသဘောဆောင်သော သဘောထားတစ်ခု ဖြစ်သည်။ ထို့အပြင် အနည်းငယ် သာ၍ အပျက်သဘောဆောင်သည့်၊ နှုတ်ဆိတ်မှုကို ထိန်းသိမ်းရန်နှင့် မည်သည့် အတိုက်အခံမျှ မလုပ်သည့် သဘောထားတစ်ခု ရှိ၏။ ဤအရာက မည်သည့် အပြုအမူများကို ဖြစ်ပေါ်စေသနည်း။ သင်သည် ကျိုးကြောင်းပြ ငြင်းခုံခြင်း မရှိ၊ မိမိကိုယ်ကို ခုခံပြောဆိုခြင်း သို့မဟုတ် မိမိအတွက် ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေများ မပေးပေ။ သင်သည် မိမိအတွက် ဆင်ခြေများ အမြဲ ပေးပြီး အကြောင်းပြချက်များ ပေးကာ တာဝန်ကို အခြားလူများအပေါ် ထိုးပေးပါက၊ ယင်းမှာ အတိုက်အခံ ဟုတ်သလော။ ယင်းသည် ပုန်ကန်တတ်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်သည် မငြင်းပယ်သင့်၊ အတိုက်အခံ မလုပ်သင့်၊ သို့မဟုတ် ကျိုးကြောင်းပြ ငြင်းခုံခြင်း မရှိသင့်ပေ။ သင်၏ ကျိုးကြောင်းပြပြောဆိုခြင်းက ခိုင်လုံလျှင်ပင် ယင်းမှာ သမ္မာတရား ဖြစ်သလော။ ထိုအရာမှာ လူ၏ ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေများ ဖြစ်သည်၊ သမ္မာတရား မဟုတ်ပေ။ ယခုတွင် ငါသည် အမှုအရာများ အဘယ်ကြောင့် ဖြစ်ပျက်သည်၊ သို့မဟုတ် ယင်းက မည်သို့ ဖြစ်ပေါ်လာသည်ဟူသည့် ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေများနှင့်ပတ်သက်၍ ငါ မေးနေခြင်း မဟုတ်။ ထိုအစား သင့်လုပ်ရပ်များ၏ သဘာဝသည် သမ္မာတရားနှင့် မကိုက်ညီဟု ငါ ပြောနေခြင်း ဖြစ်သည်။ ဤအဆင့်နှင့်ပတ်သက်၍ သင်သည် အသိပညာရှိပါက အမှန်တကယ် လက်ခံနိုင်လိမ့်မည်ဖြစ်ပြီး အတိုက်အခံလုပ်လိမ့်မည် မဟုတ်ပေ။ ပထမဦးစွာ အမှုအရာများ သင့်အပေါ် ကျရောက်သည့်အရာ ကျိုးနွံနာခံတတ်သော သဘောထား တစ်ခုရှိခြင်းသည် အဓိကသော့ချက်ဖြစ်၏။ ပြုပြင်ခြင်းကို ရင်ဆိုင်ရပြီးနောက် အမြဲ ကျိုးကြောင်းပြ ငြင်းခုံပြီး မိမိတို့ကိုယ်ကို ခုခံပြောဆိုသော လူအချို့ရှိ၏။ “ဤအရာအတွက် အပြစ်တင်ခံရမည့်သူမှာ ကျွန်ုပ်တစ်ဦးတည်း မဟုတ်ပါ။ ထို့ကြောင့် တာဝန်ကို အဘယ်သို့ ကျွန်ုပ်၏ ခေါင်းပေါ် တွန်းတင်ရပါသနည်း။ မည်သူကမျှ ကျွန်ုပ်ကိုယ်စား အဘယ်ကြောင့် စကားမပြောပေးသနည်း။ ဤအရာအတွက် အဘယ်ကြောင့် ကျွန်ုပ်သည် တစ်ဦးတည်း တာဝန်ယူနေရသနည်း။ ဤသည်မှာ ‘လူတိုင်း အကျိုးကျေးဇူးများ ခံစားရသော်လည်း လူတစ်ဦးတည်းသာ အပြစ်တင်ခံရသည်။’ ဟူသည့် အခြေအနေမျိုးတစ်ခု အမှန်တကယ် ဖြစ်ပါသည်။ ကျွန်ုပ်သည် အလွန် ကံမကောင်းပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်ခံစားချက်မျိုး ဖြစ်သနည်း။ ဤသည်မှာ အတိုက်အခံပြုခြင်း ဖြစ်၏။ အပြင်ပန်းတွင် ၎င်းတို့သည် မိမိတို့၏ခေါင်းကို ညိတ်ပြီး မိမိတို့အမှားကို ဝန်ခံကြကာ မိမိတို့၏စကားများဖြင့် လက်ခံကြသော်လည်း မိမိတို့ စိတ်နှလုံးတွင် “သင်သည် ငါ့ကို ပြုပြင်မည်ဆိုပါက ပြုပြင်ပါ၊ သို့ရာတွင် အဘယ်ကြောင့် အလွန် ကြမ်းတမ်းစွာ စကားပြောရသနည်း။ သင်သည် လူများစွာရှေ့တွင် ငါ့ကို ဝေဖန်နေသော်လည်း ငါ၏ မျက်နှာကို မည်သည့်နေရာတွင် ငါ ထားရမည်နည်း။ သင်သည် ငါ့ကို ချစ်ခြင်းမေတ္တာဖြင့် ကိုင်တွယ်ဖြေရှင်းနေခြင်း မဟုတ်ပါ။ သေးငယ်သည့် အမှားတစ်ခုသာ ငါ လုပ်မိခဲ့သည်ဖြစ်၍ သင်သည် အဘယ်ကြောင့် မပြီးနိုင်မဆုံးနိုင် ဆက်ပြောဆိုနေပါသနည်း”ဟု စောဒကတက်ကြလေသည်။ ထိုသို့ဖြင့် ၎င်းတို့သည် ဤဆက်ဆံမှုကို ခေါင်းမာစွာ ဆန့်ကျင်လျက် မိမိတို့ စိတ်နှလုံးတွင် အတိုက်အခံလုပ်ကာ ငြင်းပယ်ကြပြီး မတော်တရော် ပြုမူဆောင်ရွက်ကြသည့်အပြင် ကျိုးကြောင်းပြ ငြင်းခုံရန် ကြိုးစားလေသည်။ ဤအတွေးများနှင့် ခံစားချက်များရှိသော လူတစ်ဦးသည် သိသာစွာ အတိုက်အခံလုပ်တတ်ပြီး ရန်မူလိုပေသည်။ ထို့ကြောင့် ၎င်းတို့သည် အဘယ်သို့ အမှန်တကယ် ကျိုးနွံနာခံတတ်သော သဘောထားတစ်ခု ရှိနိုင်မည်နည်း။ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ မည်သည့်လုပ်ရပ်များက လက်ခံတတ်သည့်၊ ကျိုးနွံနာခံတတ်သည့် သဘောထားတစ်ခုကို ညီမျှသနည်း။ အနည်းဆုံးအနေဖြင့် သင်သည် အသိတရားရှိပြီး အသိစိတ် ပိုင်ဆိုင်ရမည်။ ပထမဦးစွာ သင်သည် ကျိုးနွံနာခံရမည်ဖြစ်ပြီး အတိုက်အခံမလုပ်ရ၊ မငြင်းပယ်ရပေ။ ပြီးလျှင် ထိုအရာကို ဆင်ခြင်တုံတရားဖြင့် သင် သဘောထားရမည်။ ဤသို့ဖြင့် သင်သည် အနိမ့်ဆုံး အသိစိတ် ရှိလိမ့်မည်။ သင်သည် လက်ခံမှုနှင့် ကျိုးနွံနာခံခြင်းတို့ကို ရရှိလိုပါက သမ္မာတရားကို သင် နားလည်ရမည်။ သမ္မာတရားကို နားလည်ရန်မှာ ရိုးရှင်းသော အရာမဟုတ်။ ပထမဦးစွာ အမှုအရာများကို ဘုရားသခင်၏ ရှုထောင့်အမြင်မှ သင် နားလည်ရမည်။ အနည်းဆုံးအနေဖြင့် ပြုပြင်ခံရခြင်းသည် သင့်ထံ ဘုရားသခင်ထံ ဖြစ်ပျက်ခွင့်ပေးသည့် အရာတစ်ခုဖြစ်သည်ကို၊ သို့မဟုတ် ဘုရားသခင်ထံမှ လာသည်ကို သင် သိရမည်။ ပြုပြင်ခံရခြင်းသည် လုံးဝ ယုတ္တိတန်သည်ဖြစ်စေ၊ မတန်သည်ဖြစ်စေ သင်သည် လက်ခံတတ်သည့်၊ ကျိုးနွံနာခံတတ်သော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်သင့်၏။ ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း သရုပ်သကန်တစ်ခုဖြစ်ပြီး တစ်ချိန်တည်းတွင် ဘုရားသခင်၏ စိစစ်မှုကို လက်ခံခြင်းလည်း ဖြစ်သည်။ ပြုပြင်ခြင်းတို့သည် လူထံမှလာပြီး ဘုရားသခင်ထံမှ မဟုတ်ဟု တွေးထင်လျက် သင်သည် ကျိုးကြောင်းပြ ငြင်းခုံကာ မိမိကိုယ်ကို ခုခံပြောဆိုပါက သင်၏ သဘောပေါက်နားလည်မှုသည် လွဲလျော်နေ၏။ တစ်ချက်မှာ သင်သည် ဘုရားသခင်၏ စိစစ်မှုကို လက်မခံလေပြီ။ ပြီးလျှင် နောက်တစ်ချက်မှာ သင့်အတွက် ဘုရားသခင် ပြင်ဆင်ပေးသည့် ပတ်ဝန်းကျင်တွင် သင်သည် ကျိုးနွံနာခံတတ်သော သဘောထား မရှိသကဲ့သို့ ကျိုးနွံနာခံတတ်သော အပြုအမူမရှိပေ။ ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိသည့် တစ်စုံတစ်ဦး ဖြစ်သည်။...ဘုရားသခင်က လူတို့အား ကျိုးနွံနာခံခြင်း သင်ခန်းစာကို သင်ယူခွင့်ပေးခြင်း၏ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ထိုအချိန်က အမှားများနှင့် စိတ်ဆင်းရဲမှုများကို သင် မည်မျှခံစားရသည်ဖြစ်စေ၊ သင် မည်မျှ အရှက်ရသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ သိက္ခာ၊ ဝင့်ဝါမှု သို့မဟုတ် နာမည်ဂုဏ်သတင်းအဖို့ ထိခိုက်မှုမည်မျှ သင် ခံစားရသည်ဖြစ်စေ ဤအရာအားလုံးသည် အဓိက မဟုတ်ပေ။ အရေးအကြီးဆုံးသော အရာမှာ သင်၏ အခြေအနေကို ပြောင်းလဲရန် ဖြစ်သည်။ မည်သည့် အခြေအနေနည်း။ ပုံမှန် အခြေအနေများအောက်တွင် စိတ်နှလုံးခိုင်မာပြီး ပုန်ကန်သော အခြေအနေမျိုးက လူတို့ စိတ်နှလုံးများ၏ အတွင်းနက်နက်နေရာများတွင် တည်ရှိ၏။ ယင်းမှာ အဓိကအားဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် လူသား ဆင်ခြင်တွေးခေါ်မှုစနစ် တစ်မျိုးမျိုးနှင့် လူသား အယူအဆတစ်စုံရှိသောကြောင့် ဖြစ်သည်။ ယင်းတို့မှာ “ကျွန်ုပ်၏ ရည်ရွယ်ချက်များ မှန်ကန်နေသရွေ့ ရလဒ်က မည်သည့်အရာဖြစ်သည် ဆိုသည်မှာ အရေးမကြီးပါ။ သင်သည် ကျွန်ုပ်ကို မပြုပြင်သင့်သကဲ့သို့ သင် ပြုပြင်ပါက ကျွန်ုပ် နာခံရန် မလိုပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်များက သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိ သို့မဟုတ် အကျိုးဆက်များက မည်သည့်အရာများ ဖြစ်လိမ့်မည်ဆိုသည်တို့ကို ၎င်းတို့ မသုံးသပ်ကြချေ။ ၎င်းတို့ လိုက်နာနေသည်မှာ “ကျွန်ုပ်၏ ရည်ရွယ်ချက်များ ကောင်းမွန်ပြီး မှန်ကန်သရွေ့ ဘုရားသခင်က ကျွန်ုပ်ကို လက်ခံသင့်သည်။ ရလဒ်က မကောင်းလျှင်ပင် သင်သည် ကျွန်ုပ်ကို ရှုတ်ချသင့်ဖို့ မပြောနှင့်၊ ကျွန်ုပ်ကို ပြုပြင်၍မဖြစ်ပါ” ဟူ၍ အမြဲ ဖြစ်လေသည်။ ဤသည်မှာ လူသား တွေးခေါ်မြော်မြင်မှု မဟုတ်လော။ ဤသည်တို့မှာ လူ၏ အယူအဆများ ဖြစ်သည် မဟုတ်လော။ လူတို့သည် မိမိတို့ကိုယ်ပိုင် တွေးခေါ် မြော်မြင်မှုကို အမြဲ အစွဲအလမ်းကြီး၏။ ထိုအရာ၌ ကျိုးနွံနာခံမှု တစ်ခုတလေ ရှိသလော။ သင်သည် သင်၏ ကိုယ်ပိုင် တွေးခေါ်မြော်မြင်မှုကို သမ္မာတရား ဖြစ်စေပြီးဖြစ်ကာ သမ္မာတရားကို ဘေးဖယ်ထားပြီး ဖြစ်သည်။ သင်၏ တွေးခေါ်မြော်မြင်မှုနှင့် ကိုက်ညီသည့် အရာသည် သမ္မာတရားဖြစ်ပြီး မကိုက်ညီသည့်အရာသည် သမ္မာတရားမဟုတ်ဟု သင် ယုံကြည်လေသည်။ သာ၍ အဓိပ္ပာယ်မရှိသောသူ တစ်ဦးတလေ ရှိပါသလော။ သာ၍ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သောသူ တစ်ဦးတလေ ရှိသလော။ ကျိုးနွံနာခံခြင်း သင်ခန်းစာကို သင်ယူရန်အလို့ငှာ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရမည်နည်း။ ယင်းမှာ အမှန်တွင် သမ္မာတရားကို လူတို့ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းတို့အဖို့ အကြီးမားဆုံးသော ခလုတ်တံသင်းဖြစ်သည့် မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း စိတ်သဘောထား ဖြစ်သည်။ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သည့် စိတ်သဘောထားရှိသော လူတို့သည် ကျိုးကြောင်းပြ ငြင်းခုံကာ မနာခံဘဲနေလေ့ရှိကြသည်။ တွေးခေါ်မြော်မြင်ပြီး မနာခံရန် လိုလားလေ့အရှိဆုံး ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့ မှန်သည်ဟု အမြဲတွေးထင်ကြ၏။ ထို့ကြောင့် မိမိ၏ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထားကို ဖြေရှင်းကာ ပြုပြင်ခြင်းထက် မည်သည့်အရာမျှ သာ၍ အရေးတကြီး မဖြစ်ပေ။ လူတို့သည် ကောင်းမွန်စွာ ပြုမူပြီး မိမိတို့ကိုယ်တိုင်ကိုယ်စား အကျိုးသင့်အကြောင်းသင့် စဉ်းစားခြင်းအား ရပ်တန့်သည်နှင့်တစ်ပြိုင်နက် ပုန်ကန်မှု ပြဿနာ ပြေလည်သွားလိမ့်မည်ဖြစ်ပြီး ကျိုးနွံနာခံနိုင်စွမ်း ရှိကြလိမ့်မည်။ ကျိုးနွံနာခံမှုကို လူတို့ ရယူနိုင်ရန်ဆိုပါက ဆင်ခြင်တုံတရား အတိုင်းအတာတစ်ခုခုကို ပိုင်ဆိုင်ရန် လိုအပ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ပုံမှန်လူတစ်ဦး၏ အသိစိတ် ပိုင်ဆိုင်ရမည်။ အချို့သော ကိစ္စရပ်တွင် ဥပမာအားဖြင့် မှန်ကန်သည့်အရာကို ငါတို့ လုပ်ဆောင်ပြီးခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားသခင် စိတ်ကျေနပ်ခြင်းမရှိပါက သူပြောသည့်အတိုင်း ငါတို့ လုပ်သင့်ပြီး သူ၏ စကားများကို အရာရာအတွက် စံနှုန်းအဖြစ် သဘောထားသင့်သည်။ ဤသည်မှာ ယုတ္တိတန်သည် မဟုတ်လော။ ယင်းမှာ အခြားမည်သည့်အရာမဆိုထက် လူတို့တွင် တွေ့ရှိရသင့်သည့် အသိစိတ် ဖြစ်သည်။ ငါတို့ မည်မျှ ဆင်းရဲဒုက္ခခံစားရသည်ဖြစ်စေ၊ ပြီးလျှင် ငါတို့၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အကြောင်းပြချက်များက မည်သည့်အရာဖြစ်စေ ဘုရားသခင် စိတ်ကျေနပ်ခြင်းမရှိပါက၊ သူ၏ သတ်မှတ်ချက်များ မပြည့်မီပါက ငါတို့၏ လုပ်ရပ်များသည် မလွဲမသွေ သမ္မာတရားနှင့် မကိုက်ညီပေ။ ထို့ကြောင့် ဘုရားသခင်ကို ငါတို့ နားထောင်ကာ ကျိုးနွံနာခံရမည်ဖြစ်ပြီး သူနှင့် ပတ်သက်၍ ကျိုးကြောင်းပြငြင်းခံရန် သို့မဟုတ် ရှာကြံအကြောင်းပြရန် မကြိုးစားသင့်ပေ။ ထိုသို့သော ဆင်ခြင်တုံတရားကို သင် ပိုင်ဆိုင်သည့်အခါ၊ ပုံမှန်လူတစ်ဦး၏ အသိစိတ်ကို သင် ပိုင်ဆိုင်သည့်အခါ သင်၏ ပြဿနာများကို ဖြေရှင်းရန် လွယ်ကူပြီး သင်သည် အမှန်တကယ် ကျိုးနွံနာခံလိမ့်မည်။ မည်သည့်အခြေအနေတွင် သင် ရှိသည်ဖြစ်စေ၊ ပုန်ကန်တတ်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် အာခံလိမ့်မည် မဟုတ်။ ဘုရားသခင် စေခိုင်းသည့်အရာ မှန်ခြင်း၊ သို့မဟုတ် မှားခြင်း ရှိမရှိဆိုသည်ကိုလည်းကောင်း၊ ကောင်းသည်၊ ဆိုးသည်ဆိုသည်ကိုလည်းကောင်း သင် စိစစ်လိမ့်မည် မဟုတ်သည့်အပြင် သင် နာခံနိုင်လိမ့်မည်။ ထိုသို့ဖြင့် သင်၏ မှန်ကန်ကြောင်း ရှင်းချက်ထုတ်ခြင်း၊ စိတ်နှလုံးခိုင်မာခြင်းနှင့် ပုန်ကန်တတ်ခြင်း အခြေအနေတို့သည် ပြေလည်သွားပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်

ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းသည် ဘုရားသခင်အား ကျိုးနွံနာခံရာတွင် အခြေခံအကျဆုံးသော သင်ခန်းစာဖြစ်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များတွင် ဘုရားသခင်က သင့်အနီးတွင် ဖြစ်ပေါ်စေသော လူများ၊ ဖြစ်ရပ်များ၊ အကြောင်းအရာများနှင့် အမျိုးမျိုးသော အခြေအနေများ ပါဝင်သည်။ ဤသို့ဆိုလျှင် ဤအခြေအနေများဖြင့် ရင်ဆိုင်ရသောအခါ သင်သည် မည်သို့ တုံ့ပြန်သင့်သနည်း။ အခြေခံအကျဆုံးသောအရာမှာ ဘုရားသခင်ထံမှ ခံယူရန် ဖြစ်သည်။ “ဘုရားသခင်ထံမှ ခံယူခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ညည်းညူခြင်းနှင့် အာခံခြင်းသည် ဘုရားသခင်ထံမှ ခံယူခြင်း ဖြစ်သလော။ အကြောင်းပြချက်များရှာပြီး ဆင်ခြေများပေးခြင်းသည် ဘုရားသခင်ထံမှ ခံယူခြင်း ဖြစ်သလော။ မဟုတ်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်ထံမှ ခံယူခြင်းကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ သင့်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ရှေးဦးစွာ စိတ်ထိန်းလော့။ သမ္မာတရားကို ရှာဖွေပြီး ကျိုးနွံနာခံခြင်းအား လက်တွေ့လုပ်ဆောင်လော့။ ဆင်ခြေများ၊ သို့မဟုတ် ရှင်းပြချက်များ မပြုနှင့်။ မည်သူက မှန်သည်၊ မည်သူက မှားသည်ဆိုသည်ကို စိစစ်ရန်၊ သို့မဟုတ် မှန်းဆရန် မကြိုးစားနှင့်။ မည်သူ၏ အမှားက ပို၍ လေးနက်သည်၊ မည်သူ့အမှားက ထိုမျှ မလေးနက်သည်ကို မစစ်ဆေးနှင့်။ ဤအရာများကို အစဉ် စစ်ဆေးခြင်းသည် ဘုရားသခင်ထံမှ ခံယူခြင်း သဘောထားဖြစ်သလော။ ယင်းမှာ ဘုရားသခင်အား ကျိုးနွံနာခံခြင်း သဘောထားဖြစ်သလော။ ဘုရားသခင်အား ကျိုးနွံနာခံခြင်းသဘောထား၊ သို့မဟုတ် ဘုရားသခင်ထံမှ ခံယူခြင်းသဘောထား၊ သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံခြင်းသဘောထား မဟုတ်ပေ။ ဘုရားသခင်ထံမှ ခံယူခြင်းသည် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သင့်အပေါ်သို့ ကျရောက်သောအရာမှန်သမျှသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအတွင်း၌ ရှိသည်ကိုလည်းကောင်း၊ ထိုအရာများသည် ဘုရားသခင်၏ အစီအစဉ်များနှင့် စေတနာကောင်းကြောင့် ဖြစ်ပျက်သည်ကိုလည်းကောင်း သင်သေချာလျှင် သင်သည် ထိုအရာများကို ဘုရားသခင်ထံမှ ခံယူနိုင်သည်။ အမှန်နှင့် အမှားကို မစစ်ဆေးခြင်း၊ မိမိကိုယ်ကိုအတွက် ဆင်ခြေများမပေးခြင်း၊ အခြားလူများအပေါ် အမှားမရှာခြင်း၊ ဇီဇာမကြောင်ခြင်း၊ ဖြစ်ပျက်ခဲ့သည့်အရာ၏ အရှိအတိုင်းဖြစ်သော အကြောင်းရင်းများကို အသေးစိတ် မစစ်ဆေးခြင်း၊ အမှုအရာများကို ပိုင်းခြားပြီး ဆန်းစစ်ရန် လူသား၏ စိတ်ကို အသုံးမပြုခြင်းတို့အားဖြင့် အစပြုလော့။ ဤအရာတို့သည် ဘုရားသခင်ထံမှ ခံယူရန်အတွက် သင်လုပ်ဆောင်ရမည့် အသေးစိတ်အချက်များ ဖြစ်သည်။ ပြီးလျှင် ဤအရာကို လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းမှာ ကျိုးနွံနာခံခြင်းဖြင့် စတင်ရန်ဖြစ်သည်။ သင့်တွင် အယူအဆများရှိလျှင်ပင်၊ သို့မဟုတ် အကြောင်းအရာများကို သင်ရှင်းလင်းစွာ မသိလျှင်ပင် ကျိုးနွံနာခံလော့။ ဆင်ခြေများ၊ သို့မဟုတ် ပုန်ကန်ခြင်းများဖြင့် အစမပြုနှင့်။ ပြီးလျှင် ကျိုးနွံနာခံပြီးနောက်တွင် သမ္မာတရားကို ရှာဖွေလော့။ ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်ထံမှ ရှာဖွေလော့။ သင်သည် မည်သို့ ဆုတောင်းသင့်သနည်း။ “အို ဘုရားသခင် ကိုယ်တော်သည် ကိုယ်တော်၏ စေတနာကောင်းဖြင့် ကျွန်ုပ်အတွက် ဤအခြေအနေကို စီစဉ်ညွှန်ကြားခဲ့ပါသည်” ဟု ပြောလော့။ သင်သည် ဤသို့ပြောသောအခါ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ သင်၏ စိတ်နှလုံးတွင် ခံယူခြင်းသဘောထား ရှိပြီးဖြစ်သည်၊ သင့်အတွက် ဤအခြေအနေကို ဘုရားသခင်က စီစဉ်ညွှန်ကြားခဲ့သည်ကို အသိအမှတ်ပြုပြီးဖြစ်သည်ဟု ဆိုလိုသည်။ “အို ဘုရားသခင်၊ ကျွန်ုပ် ယနေ့ကြုံတွေ့ခဲ့ရသည့် အခြေအနေတွင် မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို ကျွန်ုပ်မသိပါ။ ကျွန်ုပ်အား ဉာဏ်အလင်းပြပြီး လမ်းပြရန်၊ ကိုယ်တော်၏ ရည်ရွယ်ချက်ကို နားလည်အောင် လုပ်ပေးပါရန် ကိုယ်တော်အား တောင်းဆိုပါသည်။ ဤသို့အားဖြင့် ကျွန်ုပ်သည် ယင်းနှင့်အညီ ဆောင်ရွက်နိုင်ပြီး ပုန်ကန်ခြင်း၊ အာခံခြင်းလည်းမရှိဘဲ ကျွန်ုပ်၏ ကိုယ်ပိုင်စိတ်ဆန္ဒကို အမှီမပြုဘဲ နေနိုင်လိမ့်မည်။ ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်လိုစိတ် ရှိပါသည်” ဟူ၍ ပြောလော့။ ဆုတောင်းပြီးနောက်တွင် သင်သည် စိတ်နှလုံးတွင် ငြိမ်သက်ခြင်းရှိလိမ့်မည်။ ပြီးလျှင် သင်၏ ဆင်ခြေများကို အလိုအလျောက် လက်လွှတ်လိမ့်မည်။ ဤသည်မှာ သင်၏ စိတ်ဓာတ်ပြောင်းလဲခြင်း မဟုတ်လော။ ယင်းသည် သင့်အနေဖြင့် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ရန်အတွက် လမ်းဖွင့်ပေးသည်။ ပြီးလျှင် ကျန်ရှိသော တစ်ခုတည်းသောပြဿနာမှာ သမ္မာတရားကို သင်နားလည်သောအခါ မည်သို့လက်တွေ့လုပ်ဆောင်သင့်သည်ပင် ဖြစ်သည်။ သင့်အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အချိန်ကျသောအခါ သင်သည် ပုန်ကန်ခြင်းကို တစ်ဖန် ထုတ်ဖော်လျှင် ဘုရားသခင်ထံ တစ်ဖန်ဆုတောင်းရမည်။ သင်၏ ပုန်ကန်ခြင်းက ပြေလည်သွားသည်နှင့် အလိုအလျောက်ပင် သမ္မာတရားအား သင်လက်တွေ့လုပ်ဆောင်ရန် လွယ်ကူလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် သမ္မာတရားကို ရရှိခြင်း၌ အခြေခံ သင်ခန်းစာတစ်ခုဖြစ်သည်

အာဗြဟံသည် ဣဇာက်ကို ဘုရားသခင်က ပေးခဲ့ကြောင်း၊ ဘုရားသခင်သည် သူအလိုရှိသလို သူ့ကို ဆက်ဆံပိုင်ခွင့် အာဏာရှိကြောင်း၊ လူတို့သည် ဤအရာအပေါ် မည်သည့်ဝေဖန်မှုမျှ မပြုသင့်ကြောင်း၊ ဖန်ဆင်းရှင် ပြောဆိုသမျှသည် ဖန်ဆင်းရှင်ကို ကိုယ်စားပြုကြောင်း၊ လူအတွက် ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ မလျော်သည်ဖြစ်စေ၊ လူ၏ အသိပညာ၊ ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရားတို့နှင့် ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် သူ၏ နှုတ်ကပတ်တော်များ၏ သဘောသဘာဝသည် ပြောင်းလဲခြင်းမရှိကြောင်းကို ကောင်းစွာ သိရှိခဲ့သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်နိုင်လျှင်၊ သဘောမပေါက်နိုင်လျှင် ဤသည်မှာ သူတို့ကိစ္စဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို အဘယ်ကြောင့်ရှင်းပြရမည်၊ သို့မဟုတ် ရှင်းအောင်လုပ်ရမည်ဟူသည့် အကြောင်းပြချက်မရှိသည်ကိုလည်းကောင်း၊ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ ရည်ရွယ်ချကများကို နားလည်မှသာ ကျိုးနွံနာခံသင့်သည်မဟုတ်ဘဲ အခြေအနေများက မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သဘောထားတစ်ခုတည်းသာ ထားရှိသင့်ပြီး ယင်းမှာ နားထောင်ခြင်း၊ ထို့နောက် လက်ခံခြင်း၊ ထို့နောက် ကျိုးနွံနာခံခြင်း ဖြစ်ကြောင်းကိုလည်းကောင်း သူသည် ရှင်းလင်းစွာ သိရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်က သူ့ကို လုပ်ဆောင်ရန် တောင်းဆိုခဲ့သမျှအပေါ် အာဗြဟံ၏ ရှင်းလင်းစွာ သိမြင်နိုင်သော သဘောထားဖြစ်ခဲ့ပြီး ယင်းထဲတွင် ပုံမှန် လူ့သဘာဝ၏ ဆင်ခြင်တုံတရားအပြင် စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံခြင်းတို့ ပါဝင်သည်။ အာဗြဟံသည် အဘယ်အရာကို အဓိကအားဖြင့် လုပ်ဆောင်ရန် လိုအပ်ခဲ့သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အမှားအမှန်ကို မဆန်းစစ်ရန်၊ ၎င်းတို့သည် ပြောင်လှောင်ပြောဆိုခြင်းလော၊ သို့မဟုတ် သူ့ကို စစ်ကြောခြင်းလော၊ သို့မဟုတ် အခြားတစ်စုံတစ်ခုလောဟု မစစ်ဆေးရန် ဖြစ်သည်။ အာဗြဟံသည် ထိုသို့သောအရာများကို မစစ်ဆေးခဲ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူ၏ ချက်ချင်းတုံ့ပြန်သော သဘောထားမှာ အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးကြောင်းဆင်ခြင်တုံတရားဖြင့် အဖြေထုတ်၍မရနိုင်၊ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ မဆီလျော်သည်ဖြစ်စေ ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်သည်၊ ဘုရားနှုတ်ကပတ်တော်များအပေါ် လူတို့၏ သဘောထားတွင် ရွေးချယ်စရာနေရာနှင့် စစ်ဆေးစရာနေရာ မရှိသင့်ပေ၊ လူတို့၌ ရှိသင့်သည့် ဆင်ခြင်တုံတရားနှင့် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာမှာ နားထောင်ရန်၊ လက်ခံရန်နှင့် ကျိုးနွံနာခံရန် ဖြစ်သည်ဟူ၍ ဖြစ်သည်။ သူ၏ စိတ်နှလုံးထဲတွင် အာဗြဟံသည် ဖန်ဆင်းရှင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ဖန်ဆင်းခံလူသားတစ်ဦးက မည်သည့်နေရာတွင် ရပ်တည်သင့်သည်ကိုလည်းကောင်း အလွန်ရှင်းလင်းစွာ သိရှိခဲ့သည်။ အာဗြဟံသည် ထိုသို့သော ဆင်ခြင်တုံတရားနှင့် ဤသို့သော သဘောထားမျိုးကို ပိုင်ဆိုင်ခဲ့သောကြောင့်ပင် သူသည် ကြီးမားသော နာကျင်မှုကို ခံစားခဲ့ရသော်ငြားလည်း ဣဇာက်ကို ဘုရားသခင်ထံသို့ စနိုးစနောင့်ဖြစ်ခြင်း၊ တွန့်ဆုတ်ခြင်းမရှိဘဲ ပူဇော်ခဲ့ပြီး၊ ကိုယ်တော်အလိုရှိသည့်အတိုင်း ပြန်အပ်ခဲ့သည်။ ဘုရားသခင်က တောင်းဆိုခဲ့သောကြောင့် သူသည် ဣဇာက်ကို ကိုယ်တော့်ထံသို့ ပြန်အပ်ရမည်ဖြစ်ပြီး ကိုယ်တော်နှင့် အငြင်းအခုံမပြုသင့်ကြောင်း၊ သို့မဟုတ် သူ၏ ကိုယ်ပိုင်ဆန္ဒများ သို့မဟုတ် တောင်းဆိုချက်များ မရှိသင့်ကြောင်း သူခံစားခဲ့ရသည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦးက ဖန်ဆင်းရှင်အပေါ် ထားရှိသင့်သည့် သဘောထား အတိအကျပင် ဖြစ်သည်။ ဤသို့လုပ်ဆောင်ရာတွင် အခက်ခဲဆုံးအရာမှာ အာဗြဟံ၏ အဖိုးတန်ဆုံးအရာ ဖြစ်ခဲ့သည်။ ဘုရားသခင် ပြောဆိုခဲ့သည့် ဤစကားများသည် ကျိုးကြောင်းဆီလျော်မှုမရှိဘဲ လူ့ခံစားချက်များကို ထည့်မစဉ်းစားပေ၊ လူတို့သည် ၎င်းတို့ကို အဖြေမထုတ်နိုင် သို့မဟုတ် လက်မခံနိုင်ပေ၊ မည်သည့်ခေတ်ပင်ဖြစ်စေ၊ သို့မဟုတ် ဤအရာသည် မည်သူ့အပေါ် ဖြစ်ပျက်သည်ဖြစ်စေ ဤစကားများသည် အဓိပ္ပာယ်မရှိ၊ ၎င်းတို့သည် မအောင်မြင်နိုင်သောအရာများ ဖြစ်သည်၊ သို့သော် ဘုရားသခင်သည် ဤအရာကို လုပ်ဆောင်ရန် တောင်းဆိုနေဆဲ ဖြစ်သည်။ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူအများစုသည် ဤစကားများကို စစ်ဆေးကြမည်ဖြစ်ပြီး ထိုသို့ ရက်ပေါင်းများစွာ လုပ်ဆောင်ပြီးနောက် ၎င်းတို့ဘာသာ တွေးထင်ကြမည်မှာ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျိုးကြောင်းဆီလျော်မှုမရှိပါ၊ ဘုရားသခင်သည် ဤသို့ မည်သို့ ပြုမူနိုင်မည်နည်း။ ဤသည်မှာ လူကို နှိပ်စက်ခြင်းတစ်မျိုး မဟုတ်လော။ ဘုရားသခင်သည် လူကို မချစ်သလော။ ကိုယ်တော်သည် လူတို့ကို ဤသို့ မည်သို့ ညှဉ်းပန်းနိုင်သနည်း။ လူတို့ကို ဤသို့ ညှဉ်းပန်းသော ဘုရားတစ်ပါးကို ကျွန်ုပ်မယုံကြည်ပါ၊ ဤစကားများကို မကျိုးနွံမနာခံရန် ကျွန်ုပ် ရွေးချယ်နိုင်သည်” ဟူ၍ ဖြစ်သည်။ သို့သော် အာဗြဟံသည် ဤသို့ မလုပ်ဆောင်ခဲ့ပေ၊ သူသည် ကျိုးနွံနာခံရန် ရွေးချယ်ခဲ့သည်။ လူတိုင်းက ဘုရားသခင် ပြောဆိုခဲ့သည့်အရာနှင့် တောင်းဆိုခဲ့သည့်အရာမှာ မှားယွင်းသည်ဟု၊ ဘုရားသခင်သည် လူတို့အပေါ် ထိုသို့သော တောင်းဆိုချက်များကို မပြုလုပ်သင့်ဟု ယုံကြည်ကြသော်လည်း အာဗြဟံသည် ကျိုးနွံနာခံနိုင်ခဲ့သည်၊ ဤသည်မှာ သူနှင့်ပတ်သက်၍ အဖိုးတန်ဆုံးသောအရာဖြစ်ပြီး အခြားလူများ၌ မရှိသည့်အရာ အတိအကျပင် ဖြစ်သည်။ ဤသည်မှာ အာဗြဟံ၏ စစ်မှန်သော ကျိုးနွံနာခံခြင်း ဖြစ်သည်။ ထို့အပြင် ဘုရားသခင်က သူ့ကို တောင်းဆိုခဲ့သည့်အရာကို ကြားပြီးနောက် သူသေချာခဲ့သည့် ပထမဆုံးအရာမှာ ဘုရားသခင်သည် ဤအရာကို ပြောင်လှောင်၍ ပြောဆိုခဲ့ခြင်း မဟုတ်ကြောင်း၊ ယင်းမှာ ကစားပွဲတစ်ခု မဟုတ်ကြောင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဤအရာများ မဟုတ်ခဲ့သည်ဖြစ်သောကြောင့် ၎င်းတို့သည် မည်သည့်အရာများ ဖြစ်ခဲ့သနည်း။ ဘုရားသခင်က လုပ်ဆောင်ရမည်ဟု ဆုံးဖြတ်သည့်အရာကို မည်သည့်လူကမျှ မပြောင်းလဲနိုင်သည်မှာ မှန်ကန်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ပြောင်လှောင်ခြင်း၊ စမ်းသပ်ခြင်း၊ သို့မဟုတ် ညှဉ်းပန်းခြင်းတို့ မရှိကြောင်း၊ ဘုရားသခင်သည် ယုံကြည်စိတ်ချထိုက်ကြောင်း၊ ကိုယ်တော် ပြောဆိုသမျှသည် ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ မလျော်သည်ဖြစ်စေ မှန်ကန်ကြောင်းမှာ အာဗြဟံ၏ နက်ရှိုင်းသော ယုံကြည်ချက် ဖြစ်ခဲ့သည်။ ဤသည်မှာ အာဗြဟံ၏ စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ခဲ့သလော။ သူက “ဘုရားသခင်က ဣဇာက်ကို ပူဇော်ရန် ကျွန်ုပ်အား ပြောခဲ့သည်။ ဣဇာက်ကို ရရှိပြီးနောက် ကျွန်ုပ်သည် ဘုရားသခင်ကို ကောင်းစွာ ကျေးဇူးမတင်ခဲ့ပါ၊ ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်၏ ကျေးဇူးတင်မှုကို တောင်းဆိုနေခြင်းလော။ သို့ဆိုလျှင် ကျွန်ုပ်သည် ကျွန်ုပ်၏ ကျေးဇူးတင်မှုကို ကောင်းစွာ ပြသရမည်။ ကျွန်ုပ်သည် ဣဇာက်ကို ပူဇော်လိုကြောင်း၊ ဘုရားသခင်ကို ကျေးဇူးတင်လိုကြောင်း၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ကျွန်ုပ်သိပြီး အမှတ်ရကြောင်း၊ ဘုရားသခင်ကို စိတ်မပူပန်စေလိုကြောင်း ကျွန်ုပ် ပြသရမည်။ ဘုရားသခင်သည် ဤစကားများကို ကျွန်ုပ်အား စစ်ဆေးရန်နှင့် စမ်းသပ်ရန် ပြောဆိုခဲ့သည်မှာ သံသယရှိစရာမလိုပေ၊ ထို့ကြောင့် ကျွန်ုပ်သည် ဟန်ဆောင်လုပ်ဆောင်သင့်သည်။ ကျွန်ုပ်သည် ပြင်ဆင်မှုအားလုံးကို ပြုလုပ်မည်၊ ထို့နောက် သိုးတစ်ကောင်ကို ဣဇာက်နှင့်အတူ ယူဆောင်သွားမည်၊ ပူဇော်ချိန်၌ ဘုရားသခင်က ဘာမျှမပြောလျှင် ကျွန်ုပ်သည် သိုးကို ပူဇော်မည်။ ဟန်ဆောင်လုပ်ဆောင်ရုံမျှဖြင့် လုံလောက်သည်။ အကယ်၍ ဘုရားသခင်က ဣဇာက်ကို ပူဇော်ရန် အမှန်တကယ် တောင်းဆိုလျှင် သူ့ကို ယဇ်ပလ္လင်ပေါ်တွင် ဟန်ပြလုပ်ဆောင်စေသင့်သည်၊ အချိန်တန်လျှင် ဘုရားသခင်သည် ကျွန်ုပ်၏ ကလေးကိုမဟုတ်ဘဲ သိုးကို ပူဇော်စေကောင်း ပူဇော်စေလိမ့်မည်” ဟု ပြောခဲ့သလော။ ဤသည်မှာ အာဗြဟံ တွေးထင်ခဲ့သည့်အရာ ဟုတ်ပါသလော။ (မဟုတ်ပါ။) အကယ်၍ သူသည် ထိုသို့ တွေးထင်ခဲ့လျှင် သူ၏ စိတ်နှလုံးထဲတွင် စိတ်သောက ရှိမည်မဟုတ်ပေ။ အကယ်၍ သူသည် ထိုသို့သော အရာများကို တွေးထင်ခဲ့လျှင် သူ၌ မည်သို့သော တည်ကြည်မှုမျိုး ရှိမည်နည်း။ သူသည် စစ်မှန်သော ယုံကြည်ခြင်း ရှိမည်လော။ သူသည် စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိမည်လော။ ရှိမည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့ပြီး သူ့ကို လိုက်နာခဲ့ပုံ (အပိုင်း ၂)

ဖန်ဆင်းရှင် လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် မှန်ကန်ပြီး သမ္မာတရား ဖြစ်သည်။ မည်သည့်အရာကို သူ လုပ်ဆောင်သည်ဖြစ်စေ သူ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်း မပြောင်းလဲပေ။ လူအားလုံးက သူ့ကို ကိုးကွယ်သင့်သည်။ သူသည် လူသားမျိုးနွယ်၏ ထာဝရ သခင်နှင့် ထာဝရ ဘုရားသခင် ဖြစ်သည်။ ဤအချက်သည် မည်သည့်အခါတွင်မျှ မပြောင်းလဲနိုင်ပေ။ လူတို့သည် ၎င်းတို့အပေါ် လက်ဆောင်များ သူ ပေးသနားသည့်အခါတွင်သာ သူ့ကို ဘုရားသခင်အဖြစ် အသိအမှတ်ပြု၍ မရပေ၊ သို့မဟုတ် ၎င်းတို့ထံမှ အမှုအရာများ ယူဆောင်သွားသည့်အခါ သူ့ကို ဘုရားသခင်အဖြစ် အသိအမှတ်ပြုမဘဲနေ၍ မရပေ။ ဤသည်မှာ လူ၏ မှားယွင်းသော အမြင်ဖြစ်သည်၊ ဘုရားသခင်၏ လုပ်ရပ်များရှိ အမှားတစ်ခု မဟုတ်ပေ။ လူတို့သည် သမ္မာတရားကို နားလည်လျှင် ဤအရာကို ရှင်းလင်းစွာ မြင်နိုင်ကြလိမ့်မည်ဖြစ်ပြီး ဤအရာက သမ္မာတရားဖြစ်သည်ဟု စိတ်ထဲတွင် ၎င်းတို့ လက်ခံနိုင်လျှင် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် ပိုပိုပြီး ပုံမှန်ဖြစ်လာလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု သင်အသိအမှတ်ပြုကြောင်း ပြောသော်လည်း သင့်ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သူ့ကို သင် နားလည်ခြင်းမရှိသကဲ့သို့ သူ့ကို အပြစ်ပင်တင်ကာ သူ့ကို အမှန်တကယ် ကျိုးနွံနာခံတတ်ခြင်း မရှိလျှင် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို သင် အသိအမှတ်ပြုကြောင်း ပြောသည့်အခါ အဓိပ္ပာယ်မဲ့ပေသည်။ အရေးအကြီးဆုံးသောအရာမှာ သင်၏ စိတ်နှလုံးက သမ္မာတရားကို လက်ခံနိုင်သင့်ပြီး မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ဘုရားသခင်၏ လုပ်ရပ်များက မှန်ကန်ကြောင်းနှင့် သူ ဖြောင့်မတ်ကြောင်း သင် မြင်နိုင်သင့်ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို နားလည်သော လူစားမျိုး ဖြစ်သည်။ အယူဝါဒကို သိနားလည်ခြင်းအပေါ်သာ အာရုံစိုက်သော ယုံကြည်သူများစွာ ရှိသည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ သဘောတရားကို အသိအမှတ်ပြုသော်လည်း ၎င်းတို့ထံ တစ်စုံတစ်ခု ကျရောက်သည့်အခါ သမ္မာတရားကို လက်မခံကြသကဲ့သို့ ကျိုးနွံနာခံခြင်း မရှိကြချေ။ ဤသည်တို့မှာ သူတော်ကောင်းယောင်ဆောင်သော လူများ ဖြစ်သည်။ သင် ပုံမှန်အားဖြင့် ပြောဆိုသည့် အရာအားလုံး မှန်ကန်သော်လည်း သင်၏ ကိုယ်ပိုင် အယူအဆများနှင့် မကိုက်ညီသည့် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ထိုအရာကို သင် လက်မခံနိုင်ပေ။ ဘုရားသခင်က ဤအရာ၊ ထိုအရာကို လုပ်ဆောင်ခဲ့သင့်သည်ဟု တွေးထင်လျက် ဘုရားသခင်နှင့် သင် ငြင်းခုံသည်။ ဘုရားသခင်၏ အမှုတော်ကို သင် ကျိုးနွံနာခံနိုင်ခြင်းမရှိသကဲ့သို့ သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် သင်၏ ပုန်ကန်မှုအပေါ် ပြန်လည်သုံးသပ်ခြင်း မရှိပေ။ ဤအရာက သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိဟု ဆိုလိုသည်။ သင်သည် ဘုရားသခင်နှင့် အမြဲ ငြင်းခုံလိုသည်။ သင်၏ အကြောင်းပြချက်များက သမ္မာတရားထက် သာလွန်သည်၊ ယင်းတို့ကို မျှဝေရန် စင်ပေါ်တက်နိုင်လျှင် လူများစွာက သင့်ကို ထောက်ခံအားပေးကြမည်ဟု သင် အမြဲ တွေးထင်သည်။ သို့သော် လူများစွာ သင့်ကို ထောက်ခံအားပေးကြလျှင်ပင် ၎င်းတို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော လူသားများဖြစ်သည်။ အားပေးထောက်ခံသူများနှင့် အားပေးထောက်ခံခြင်းခံရသူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားများချည်းသာ ဖြစ်သည် မဟုတ်လော။ ၎င်းတို့အားလုံး သမ္မာတရား ကင်းမဲ့ကြသည် မဟုတ်လော။ လူသားမျိုးနွယ်အားလုံးက သင့်ကို ထောက်ခံအားပေးကာ ဘုရားသခင်ကို ဆန့်ကျင်ကြလျှင်ပင် ဘုရားသခင်က မှန်ကန်နေဦးမည် ဖြစ်သည်။ မှားယွင်းသောသူ၊ ဘုရားသခင်ကို ပုန်ကန်ဆန့်ကျင်ကာ အတိုက်အခံလုပ်သောသူမှာ လူသားမျိုးနွယ်ဖြစ်ဦးမည်ဖြစ်သည်။ ဤသည်မှာ စကားအသုံးအနှုန်းတစ်ခုသာ ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ သမ္မာတရား ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား

ဖန်ဆင်းခံတစ်ဦးက ဖန်ဆင်းရှင်အပေါ် ရှိသင့်သည့် တစ်ခုတည်းသော သဘောထားမှာ အကြွင်းမဲ့ ကျိုးနွံနာခံခြင်းတစ်ခု ဖြစ်သည့် ကျိုးနွံနာခံခြင်းတစ်ခု ဖြစ်သည်။ ဤသည်မှာ ယနေ့ခေတ်လူအချို့ လက်ခံကောင်း လက်ခံနိုင်ခြင်း မရှိသည့် အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူသား၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်လွန်းပြီး ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုမရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သင်၏ အယူအဆများနှင့် ကွဲလွဲသောအရာများကို လုပ်ဆောင်သောအခါ သင်သည် ဘုရားသခင်ကို အနက်အဓိပ္ပာယ်ကောက်လွဲနိုင်ခြေရှိလျှင်၊ ဘုရားသခင်ကို ပုန်ကန်ပြီး ဘုရားသခင်ကို သစ္စာဖောက်နိုင်ချေပင် ရှိလျှင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်းနှင့် အလှမ်းဝေးလေသည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ထောက်ပံ့ခံရပြီး ရေလောင်းခံရစဉ်တွင် ၎င်းတို့သည် အမှန်အားဖြင့် တစ်ခုတည်းသောပန်းတိုင်အတွက် ကြိုးပမ်းနေပေသည်။ ယင်းမှာ နောက်ဆုံးတွင် ဘုရားသခင်ကို အကြွင်းမဲ့၊ လုံးဝ ကျိုးနွံနာခံမှုတစ်ခုကို စွမ်းဆောင်ရရှိနိုင်ရန် ဖြစ်သည်၊ ယင်းအခြေအနေတွင် ဤဖန်ဆင်းခံဖြစ်သည့် သင်သည် သတ်မှတ်ထားသည့် စံနှုန်းကို ရောက်ရှိပြီးဖြစ်လိမ့်မည်။ ဘုရားသခင်က သင်၏ အယူအဆများနှင့် ကွဲလွဲသည့်အရာများကို တမင်လုပ်ဆောင်သောအချိန်များ၊ သင်၏ ဆန္ဒများနှင့် ဆန့်ကျင်သောအရာများကို တမင်လုပ်ဆောင်သောအချိန်များရှိသည်။ ပြီးလျှင် ထိုအရာများသည် သမ္မာတရားနှင့် ဆန့်ကျင်ကာ သင့်အပေါ် မစာနာဘဲ သင်၏ကိုယ်ပိုင် နှစ်သက်မှုများနှင့် မကိုက်ညီသည့် ပုံစံပင် ရှိနေနိုင်သည်။ ဤအရာများသည် သင့်အတွက် လက်ခံရန် ခက်ခဲနိုင်သည်။ ထိုအရာများကို သင် နားလည်သဘောပေါက်ခြင်း မရှိကောင်း မရှိနိုင်ပေ။ ထိုအရာများကို သင်မည်မျှ ပိုင်းခြားစိစစ်ပါစေ ထိုအရာများသည် သင့်အတွက် မှားယွင်းသည်ဟု ခံစားမိနိုင်ပြီး ထိုအရာများကို သင် လက်မခံနိုင်ခြင်း ဖြစ်နိုင်သည်။ ဘုရားသခင်သည် ဤအရာကို လုပ်ဆောင်သည်မှာ ကျိုးကြောင်းမသင့်ဟု သင် ခံစားရနိုင်သည်။ သို့သော် အမှန်တကယ်တွင် ဘုရားသခင်သည် ဤအရာကို တမင်တကာ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ဤအရာများကို လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ ယင်းသည် သင့်အား စမ်းသပ်ပြီး ထုတ်ဖော်ရန် သင်သည် သမ္မာတရားကို ရှာဖွေနိုင်ခြင်းရှိမရှိ ကြည့်ရန်၊ သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် ကျိုးနွံနာခံခြင်း ရှိမရှိကြည့်ရန် ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်ပြီး မေးမြန်းသည့်အရာ အားလုံးအတွက် အခြေပြုချက်ကို မရှာဖွေနှင့်။ အဘယ်ကြောင့်နည်းဟု မမေးနှင့်။ ဘုရားသခင်နှင့် ကျိုးကြောင်းပြ ငြင်းခုံခြင်းသည် အသုံးမဝင်ပေ။ ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဟု သင် သိမြင်ပြီး အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို လုပ်ဆောင်နိုင်စွမ်း ရှိဖို့သာလိုသည်။ ဘုရားသခင်သည် သင်၏ ဖန်ဆင်းရှင်ဖြစ်ပြီး သင်၏ ဘုရားသခင်ဖြစ်သည်ဟု သိမြင်ဖို့သာလိုသည်။ ဤသည်မှာ မည်သည့်ကျိုးကြောင်းစဉ်းစားမှုမဆိုထက် မြင့်သည်။ မည်သည့် လောကီအသိပညာများထက်မဆို မြင့်သည်။ လူသား၏ အကျင့်စာရိတ္တ၊ ကျင့်ဝတ်၊ အသိပညာ၊ အတွေးအခေါ်၊ သို့မဟုတ် ရိုးရာယဉ်ကျေးမှုတိုင်းထက် မြင့်မားသည်။ လူသား၏ ခံစားချက်များ၊ လူသား၏ ဖြောင့်မတ်မှုနှင့် လူသား၏ ချစ်ခြင်းဆိုသော အရာများထက်ပင် မြင့်မားသည်။ ယင်းသည် အရာအားလုံးထက် မြင့်မားသည်။ ဤအရာကို သင် ရှင်းလင်းစွာ မသိလျှင် သင့်တွင် တစ်စုံတစ်ခုဖြစ်ပျက်ပြီး သင်လဲကျသည့်နေ့ရက်သည် အနှေးနှင့်အမြန် ရောက်လာလိမ့်မည်။ အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး လွဲမှားသောလမ်းကို လျှောက်လိမ့်မည်။ သင်သည် အဆုံးတွင် နောင်တရနိုင်လျှင်၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို သိမြင်လျှင်၊ သင့်တွင်ရှိသော ဘုရားသခင်၏ လုပ်ဆောင်မှု၏ အရေးပါမှုကို သိမြင်လျှင် သင်သည် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရှိနေဦးမည်ဖြစ်သည်။ သို့သော် ဤအရာကြောင့် သင်သည် လဲကျပြီး ပြန်၍ မတက်နိုင်လျှင် သင့်၌ မျှော်လင့်ချက်မရှိပေ။ ဘုရားသခင်က လူတို့ကို တရားစီရင်သည်ဖြစ်စေ၊ ပြစ်တင်ဆုံးမသည်ဖြစ်စေ၊ သို့မဟုတ် ကျိန်ဆဲသည်ဖြစ်စေ ဤအရာအားလုံးသည် လူတို့ကို ကယ်တင်ဖို့အတွက်ဖြစ်သည်။ လူတို့က ကြောက်စရာမလိုပေ။ မည်သည့်အရာကို သင်ကြောက်သင့်သနည်း။ ဘုရားသခင်က “ငါ သင့်ကို ပစ်ပစ်ခါခါငြင်းသည်” ဟု ပြောသည်ကို ကြောက်သင့်သည်။ ဘုရားသခင်က ဤသို့ပြောလျှင် သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ ယင်းသည် ဘုရားသခင်က သင့်ကို ကယ်တင်မည်မဟုတ်၊ သင်သည် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်မရှိဟု အဓိပ္ပာယ်သက်ရောက်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုတော်ကို လက်ခံရာတွင် လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရမည်။ သင်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်နှင့်ပတ်သက်လျှင် “တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းက အဆင်ပြေသည်။ သို့သော် ရှုတ်ချခြင်း၊ ကျိန်ဆဲခြင်း၊ ဖျက်ဆီးခြင်းတို့က ကျွန်ုပ်အတွက် အဆုံးသတ်ပြီဆိုသည့် သဘောဖြစ်သည်မဟုတ်လော။ ဖန်ဆင်းခံဖြစ်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ထို့ကြောင့် ကျွန်ုပ်သည် ဖန်ဆင်းခံဖြစ်မည် မဟုတ်တော့ဘဲ သင်သည် ကျွန်ုပ်၏ ဘုရားသခင်ဖြစ်မည် မဟုတ်တော့ပေ။” ဟု ပြောဆိုလျက် ကြေးများခြင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကို ငြင်းပယ်ပြီး သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်လျှင် ဘုရားသခင်က သင့်အား အမှန်တကယ် ငြင်းပယ်နိုင်သည်။ ဤအရာကို သင်တို့သိသလော။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ မည်မျှကြာသည်ဖြစ်စေ၊ လမ်းမည်မျှကို ၎င်းတို့ ခရီးသွားခဲ့သည်ဖြစ်စေ၊ အလုပ်မည်မျှကို လုပ်ဆောင်ပြီးဖြစ်စေ၊ သို့မဟုတ် တာဝန်မည်မျှကို ၎င်းတို့ ထမ်းဆောင်ပြီးဖြစ်စေ ဤအချိန်ကာလအတွင်း ၎င်းတို့ လုပ်ဆောင်ခဲ့သမျှသည် တစ်ခုသောအရာအတွက် ပြင်ဆင်ခြင်း ဖြစ်သည်။ အဘယ်အရာနည်း။ ၎င်းတို့သည် အဆုံးတွင် ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းရှိဖို့ရန်၊ ခြွင်းချက်မရှိ ကျိုးနွံနာခံခြင်းရှိဖို့ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ “ခြွင်းချက်မရှိ နာခံခြင်း” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက သင်သည် အကျိုးအကြောင်းသင့် ရှင်းပြခြင်း မပြုလုပ်ဘဲ သင်၏ ကိုယ်ပိုင်အရှိအတိုင်းဖြစ်သော အကြောင်းပြချက်များနှင့်ပတ်သက်ပြီး လုံးဝ မပြောခြင်းကို ဆိုလိုသည်။ သင်သည် စကားကတ်ပြောဆိုခြင်း လုံးဝ မပြုလုပ်ဟု ဆိုလိုသည်။ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သဖြင့် ဤအရာသည် သင်နှင့် မထိုက်တန်ပေ။ သင်သည် ဘုရားသခင်နှင့် စကားကတ်ပြောဆိုလျှင် သင်၏ နေရာကို မှားယွင်းမှတ်ယူပြီး ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် ကျိုးကြောင်းပြငြင်းခုံရန် ကြိုးစားသောအခါ သင်၏ နေရာကို တစ်ဖန် မှားယွင်းမှတ်ယူပြီး ဖြစ်သည်။ ဘုရားသခင်နှင့် မငြင်းခုံနှင့်။ အကြောင်းပြချက်ကို အဖြေရှာရန် အစဉ် မကြိုးစားနှင့်။ သင်ကျိုးနွံနာခံခြင်း မရှိမီတွင် နားလည်ရန်၊ သင် နားမလည်သောအခါတွင် ကျိုးနွံနာခံခြင်း မရှိရန် မရမက လုပ်ဆောင်ခြင်းမပြုနှင့်။ သင်သည် ဤသို့ လုပ်ဆောင်သောအခါ သင်၏နေရာကို မှားယွင်းမှတ်ယူမိပြီဖြစ်သည်။ ဤဖြစ်ရပ်တွင် ဘုရားသခင်အပေါ် သင်၏ ကျိုးနွံနာခံခြင်းသည် အကြွင်းမဲ့မဟုတ်ပေ။ ယင်းမှာ နှိုင်းယှဉ်ချက်ရှိပြီး အခြေအနေပေါ်တွင် မူတည်သော ကျိုးနွံနာခံခြင်းဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့ ကျိုးနွံနာခံခြင်းအတွက် သတ်မှတ်ချက်များ ပြုလုပ်သောသူများသည် ဘုရားသခင်ကို အမှန်ကျိုးနွံနာခံသောသူများဖြစ်သလော။ သင်သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် ဆက်ဆံနေသလော။ သင်သည် ဘုရားသခင်ကို ဖန်ဆင်းရှင်အဖြစ် ကိုးကွယ်သလော။ သင်သည် ဤသို့မလုပ်ဆောင်လျှင် ဘုရားသခင်က သင့်ကို အသိအမှတ်မပြုပေ။ ဘုရားသခင်အပေါ် အကြွင်းမဲ့၊ ခြွင်းချက်မရှိ ကျိုးနွံနာခံခြင်းကို ရရှိရန် မည်သည့်အရာကို သင်တွေ့ကြုံရမည်နည်း။ ပြီးလျှင် မည်သို့ တွေ့ကြုံသင့်သနည်း။ တစ်ခုမှာ လူတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရမည်။ ပြီးလျှင် ပြုပြင်ခံရခြင်းကို လက်ခံရမည်။ ထို့အပြင် ဘုရားသခင်၏ စေခိုင်းချက်ကို လက်ခံရမည်။ မိမိတို့တာဝန်ကို ထမ်းဆောင်သောအခါတွင် သမ္မာတရားကို လိုက်စားရမည်။ အသက်ဝင်ရောက်မှုနှင့် ဆက်စပ်သော သမ္မာတရား၏ ရှုထောင့်အမျိုးမျိုးကို နားလည်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်းကို ရယူရမည်။ တစ်ခါတစ်ရံတွင် ဤသည်မှာ လူတို့၏ အစွမ်းအစထက် ကျော်လွန်သည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်းအားရရှိရန် ထိုးထွင်းသိမြင်နိုင်သော အစွမ်းမရှိပေ။ အခြားလူများက ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သည့်အခါ၊ သို့မဟုတ် ဘုရားသခင်က ဖန်တီးသော အခြေအနေအမျိုးမျိုးမှ သင်ခန်းစာများကို သင်ယူခြင်းမှတစ်ဆင့်သာ အနည်းငယ် နားလည်နိုင်သည်။ သို့သော် သင်သည် ဘုရားသခင်အပေါ် ကျိုးနွံနာခံသည့် စိတ်နှလုံးရှိရမည် ဖြစ်သည်ကို သတိပြုမိရမည်။ ဘုရားသခင်နှင့် ကျိုးကြောင်းပြငြင်းခုံရန်၊ သို့မဟုတ် သတ်မှတ်ချက်များပြုလုပ်ရန် မကြိုးစားရပေ။ ဘုရားသခင် လုပ်ဆောင်သမျှသည် လုပ်ဆောင်သင့်သည့်အရာများ ဖြစ်သည်။ သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သောကြောင့် ဖြစ်သည်။ သင့်တွင် ကျိုးနွံနာခံခြင်း သဘောထားတစ်ခုရှိရမည်။ အကြောင်းပြချက်ကို အစဉ်မေးမြန်းခြင်း၊ သို့မဟုတ် သတ်မှတ်ချက်များကို ပြောဆိုခြင်း မပြုလုပ်ရပေ။ သင်သည် ကျိုးနွံနာခံခြင်း၏ အခြေခံအကျဆုံး သဘောထားပင် မရှိပါက၊ ဘုရားသခင်အပေါ် သံသယဖြစ်ပြီး သတိထားခြင်းပင် ဖြစ်တတ်လျှင်၊ သို့မဟုတ် “ဘုရားသခင်သည် ငါ့ကို အမှန်တကယ် ကယ်တင်မည်လော၊ ဘုရားသခင်သည် အမှန်တကယ် ဖြောင့်မတ်ခြင်းရှိမရှိတို့ကို ငါကြည့်ဖို့လိုအပ်သည်။ ဘုရားသခင်က ချစ်ခြင်းဖြစ်သည်ဟု လူတိုင်းက ပြောကြသည်။ ဤသို့ဆိုလျှင် ငါ့တွင် ဘုရားသခင် လုပ်ဆောင်သောအရာ၌ ချစ်ခြင်း အမှန်တကယ် ပါဝင်ခြင်း ရှိမရှိ၊ ယင်းသည် အမှန်တကယ်ပင် ချစ်ခြင်း ဟုတ်မဟုတ်ကို ကြည့်ဖို့လိုအပ်သည်” ဟု သင်၏ စိတ်နှလုံးတွင် ထင်မြင်တတ်လျှင်၊ သင်သည် ဘုရားသခင် လုပ်ဆောင်သောအရာက သင်၏ အယူအဆများ၊ နှစ်သက်မှုများနှင့်ဖြစ်စေ၊ သမ္မာတရားဖြစ်သည်ဟု သင်ယုံကြည်သည့်အရာနှင့်ပင်ဖြစ်စေ ကိုက်ညီခြင်းရှိမရှိကို အစဉ်သဖြင့် စစ်ဆေးနေလျှင် သင်သည် သင်၏ နေရာကို မှားယွင်းမှတ်ယူပြီးဖြစ်သည်။ သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်ချေရှိသည်။ ကျိုးနွံနာခံခြင်းနှင့် ဆက်စပ်သော သမ္မာတရားများသည် အလွန်အရေးပါသည်။ မည်သည့်သမ္မာတရားကိုမျှ စာကြောင်းနှစ်ကြောင်း၊ သုံးကြောင်းဖြင့် ပြည့်စုံစွာ၊ အသေအချာ ရှင်းပြနိုင်ခြင်းမရှိပေ။ ယင်းတို့အားလုံးသည် လူတို့၏ အမျိုးမျိုးသော အခြေအနေနှင့် ဖောက်ပြန်ပျက်စီးမှုနှင့် ဆက်နွှယ်နေကြသည်။ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ခြင်းကို တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်၊ သုံးနှစ်၊ သို့မဟုတ် ငါးနှစ်ဖြင့် မရယူနိုင်ပေ။ အမှုအရာများစွာကို ကြုံတွေ့ရန်၊ ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို များစွာ ကြုံတွေ့ရန်၊ ပြုပြင်ခြင်းကို များစွာ ကြုံတွေ့ရန် လိုအပ်သည်။ အဆုံးတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းကို သင်ရရှိသည့်အချိန်မှသာ သမ္မာတရားကို သင်၏ လိုက်စားခြင်းက ထိရောက်လိမ့်မည်။ ထိုအခါမှသာ သင်သည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်လိမ့်မည်။ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သောသူများသာ စစ်မှန်သော အတွေ့အကြုံရှိသူများဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းခံရခြင်းမှ ကျွန်ုပ် ရရှိခဲ့သည့်အရာ

အရှေ့သို့-  ၂။ ကောင်းချီးများနှင့် လွန်ကျူးသော လိုအင်ဆန္ဒများကို ရရှိရန် ရည်ရွယ်ခြင်းကို ဖြေရှင်းနည်း

နောက်တစ်ခုသို့-  ၄။ ဘုရားသခင်အား အစဉ်တောင်းဆိုမှုများ ပြုနေခြင်းပြဿနာကို ဖြေရှင်းနည်း

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger