ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁)

အယောင်ဆောင်ခေါင်းဆောင်များကို ပိုင်းခြားသိမြင်ရန် အဘယ်ကြောင့် လိုအပ်သနည်း

အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များအကြောင်း ငါတို့ မိတ်သဟာယ ဖွဲ့ပြီးဖြစ်သောကြောင့် ယနေ့ ငါတို့သည် အယောင်ဆောင် ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များဟူသည့် ခေါင်းစဉ်အသစ်တစ်ခုကို မိတ်သဟာယဖွဲ့ကြမည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ ဤနှစ်များအတွင်း၌ သင်တို့သည် အယောင်ဆောင် ခေါင်းဆောင်များ၏ သရုပ်သကန်များနှင့် လုပ်ရပ်အမျိုးမျိုးတို့ကို ကြုံတွေ့ခဲ့ပြီးဖြစ်သည်။ အဆင့်ဆင့်ရှိ အယောင်ဆောင် ခေါင်းဆောင်များကို ဘုရားအိမ်တော်က ဖြုတ်ချသည့် ဖြစ်စဉ်တွင် လူအများစုသည် အယောင်ဆောင် ခေါင်းဆောင်များနှင့်ပတ်သက်၍ အနည်းနှင့်အများ ပိုင်းခြားသိမြင်နိုင်စွမ်း အချို့ကို ရရှိကြသည်။ ဆိုလိုသည်မှာ လူအများစုသည် အယောင်ဆောင် ခေါင်းဆောင်များ၏ တိကျသော သရုပ်သကန်အချို့ကို အနည်းငယ် နားလည်ကြခြင်း ဖြစ်သည်။ သို့သော် သင်၏ နားလည်သဘောပေါက်နိုင်စွမ်း မည်သို့ပင်ဖြစ်စေ၊ သင်မည်မျှပင် နားလည်သည်ဖြစ်စေ နောက်ဆုံးတွင် ယင်းသည် စနစ်မကျ သို့မဟုတ် လုံလောက်အောင် တိတိကျကျ မရှိပေ။ အသင်းတော် ရွေးကောက်ပွဲများအတွင်းတွင် လူများစွာတို့သည် ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက်ခြင်း၏ စည်းမျဉ်းများကိုလည်းကောင်း၊ မည်သို့သောလူစားမျိုးကို ခေါင်းဆောင်အဖြစ် ရွေးချယ်ရမည်ကိုလည်းကောင်း၊ မည်သို့သောလူစားမျိုးက ခေါင်းဆောင်တစ်ဦးအနေဖြင့် ညီအစ်ကိုမောင်နှမများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဆောင်ကြဉ်းနိုင်ပြီး စံနှုန်းပြည့်မီသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်ကိုလည်းကောင်း နားလည်ရန် ပျက်ကွက်ကြသည်။ ၎င်းတို့သည် ဤအရာများနှင့်ပတ်သက်၍ များစွာ သတိပြုမိခြင်း သို့မဟုတ် ရှင်းလင်းခြင်း မရှိကြပေ။ ရွေးကောက်ပွဲများအတွင်းတွင် အယောင်ဆောင် ခေါင်းဆောင်များကို တမင်တကာ ရွေးကောက်တင်မြှောက်သည့် နားဝေတိမ်တောင်ဖြစ်ပြီး ပိုင်းခြားသိမြင်မှုမရှိသော လူအချို့ပင် ရှိသေးသည်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏ အစွမ်းအစနှင့် လူ့သဘာဝရှိလျက် အမှန်တကယ် အရည်အချင်း ပြည့်မီပြီး ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်စွမ်းရှိသည့် မည်သူ့ကိုမဆို မျက်ကွယ်ပြုထားစဉ်တွင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးနှင့် တူသည့် မည်သူ့ကိုမဆို ရွေးချယ်ကြသည်။ အခြေခံအားဖြင့် ခေါင်းဆောင်များဖြစ်ရန် အစွမ်းအစနှင့် လူ့သဘာဝ မရှိသောသူများသည် ၎င်းတို့၏ အပြင်ပန်း စိတ်အားထက်သန်မှု သို့မဟုတ် ကောင်းသော အပြုအမူအချို့ကြောင့်လည်းကောင်း၊ “ကောင်းသည်” ဟူသည့် လူတို့၏ အယူအဆများနှင့် ကိုက်ညီသောကြောင့်လည်းကောင်း ရွေးကောက်တင်မြှောက်ခြင်း ခံကြရလင့်ကစား ဦးဆောင်ရန် အရည်အချင်းအားလုံးကို အမှန်တကယ် ပိုင်ဆိုင်သောသူများမှာမူ မည်သည့်အခါမျှ ရွေးကောက်တင်မြှောက်ခြင်း ခံကြရမည် မဟုတ်ပေ။ ထင်ပေါ်ကျော်ကြားမှုကို ရှာပြီး မိမိတို့ကိုယ်ကို စိတ်အားထက်သန်စွာ အသုံးခံကြသည့်တိုင် မည်သည့်အလုပ်လုပ်နိုင်စွမ်းမျှ မရှိသောသူများသည် အလွန်တရာ တက်ကြွပုံပေါက်လျက် အမျိုးမျိုးသော အခြေအနေများတွင် အစဉ်သဖြင့် ပေါ်လာကြမည်ဖြစ်ပြီး လူအများစုက ဤလူစားမျိုးသည် အရည်အချင်းပြည့်မီပြီး ရွေးကောက်တင်မြှောက်ခြင်း ခံသင့်သည်ဟု ထင်ကြလိမ့်မည်။ ရလဒ်မှာ ထိုသို့သောလူများ ရွေးကောက်တင်မြှောက်ခြင်း ခံရပြီးနောက်တွင် ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ မထမ်းဆောင်နိုင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အထက်၏ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ရန်ပင် မတတ်နိုင်သကဲ့သို့ မည်သို့လုပ်ဆောင်ရမည်ကိုလည်း မသိကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အစဉ်သဖြင့် အလွန် စိတ်အားထက်သန်စွာ အလုပ်များစေသော်လည်း အချိန်ကာလတစ်ခုကြာ ဦးဆောင်ပြီးနောက်တွင် အသင်းတော်အလုပ်၏ မည်သည့်အပိုင်းတွင်မျှ တိုးတက်မှုမရှိသလောက် ဖြစ်နေသည့်အပြင် ဆိုးယုတ်သောလူများ၏ အနှောင့်အယှက်ပေးခြင်း သို့မဟုတ် အာဏာလုယူခြင်းတို့ကြောင့် အသင်းတော်၏ အလုပ်သည် ကစဉ့်ကလျားဖြစ်ခြင်း သို့မဟုတ် လူတို့ စိတ်ဝမ်းကွဲပြားခြင်းတို့ ဖြစ်သည့် အခြေအနေများ မကြာခဏ ဖြစ်ပေါ်တတ်သည်။ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်က ဖြစ်စေသည့် အကျိုးဆက်များ ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ရွေးကောက်တင်မြှောက်ခြင်း ခံရပြီးနောက်တွင် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုသည် ထိခိုက်နစ်နာပြီး ဆုံးရှုံးမှုများ ခံစားရမည်သာမက တစ်ချိန်တည်းတွင် အမျိုးမျိုးသော အသင်းတော် အလုပ်များသည် အပျက်သဘောဆောင်သည့် သက်ရောက်မှုများ ခံစားရမည်ဖြစ်ရာ ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်ကို ချောမွေ့စွာ သို့မဟုတ် ထိရောက်စွာ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်ကိုယ်တိုင်က ဖြစ်စေသည့် ပြဿနာ တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း ၎င်းကို ရွေးကောက်တင်မြှောက်သည့်သူများနှင့်လည်း တစ်စိတ်တစ်ပိုင်းအားဖြင့် သက်ဆိုင်သည်။ အကယ်၍ သင်သည် သမ္မာတရား စည်းမျဉ်းများကို နားမလည်လျှင်၊ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိလျှင်၊ မျက်စိကန်းပြီး လူတို့ကို ထိုးထွင်းမြင်နိုင်ခြင်းမရှိသဖြင့် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို အဆုံး၌ ရွေးကောက်တင်မြှောက်မိလျှင် သင်သည် သင်ကိုယ်တိုင်နှင့် အခြားသူများကို ထိခိုက်နစ်နာစေသည်သာမက အသင်းတော်၏ အလုပ်သည်လည်း ဆုံးရှုံးမှုများ ခံစားရလေသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုအပေါ်တွင်လည်းကောင်း၊ အသင်းတော်၏ အလုပ်အပေါ်တွင်လည်းကောင်း အယောင်ဆောင် ခေါင်းဆောင်များက ဖြစ်စေသည့် သက်ရောက်မှုနှင့် ပျက်စီးဆုံးရှုံးမှု ဖြစ်သည်။ ထို့ကြောင့် ငါတို့သည် အယောင်ဆောင် ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ပိုင်းခြားသိမြင်ပြီး စာရင်းပြုစုရမည်ဖြစ်ကာ ထိုအခြေခံအုတ်မြစ်ပေါ်တွင် စံနှုန်းပြည့်မီသော ခေါင်းဆောင်တစ်ဦးသည် မည်သည့်အပြုအမူများကို ပြသသင့်ကြောင်း၊ ၎င်းတို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်သင့်ကြောင်းနှင့် ၎င်းတို့၏ တာဝန်ဝတ္တရားများ၏ နယ်ပယ်သည် အတိအကျ မည်သည့်အရာဖြစ်သည်ကို သင်တို့ကို ငါနားလည်စေမည်။ အယောင်ဆောင်ခေါင်းဆောင်များကို ပိုင်းခြားသိမြင်ခြင်းဟူသည့် အကြောင်းအရာသည် အသင်းတော်၏အလုပ်နှင့်လည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသော လူတစ်ဦးစီတိုင်း၏ အသက်ဝင်ရောက်မှုနှင့်လည်းကောင်း၊ အထူးသဖြင့် တာဝန်တစ်ခုစီသည် မည်သို့ တိုးတက်နေကြောင်းနှင့်လည်းကောင်း သက်ဆိုင်နေသဖြင့် အလွန် အရေးကြီးလေသည်။ အချို့က “ကျွန်ုပ်သည် ရွေးကောက်ပွဲတွင် ပါဝင်ရန် ရည်ရွယ်ချက်မရှိပါ၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန် မည်သည့်ရည်မှန်းချက်မျှဖြစ်စေ၊ မည်သည့်လိုအင်ဆန္ဒမျှဖြစ်စေ မရှိပါ။ ကျွန်ုပ်သည် မိမိကိုယ်ကို သတိပြုမိပြီး သာမန်ယုံကြည်သူတစ်ဦး ဖြစ်ရုံနှင့် လုံလောက်ပါသည်၊ ထို့ကြောင့် သမ္မာတရား စည်းမျဉ်းများ၏ ဤကဏ္ဍသည် ကျွန်ုပ်နှင့် မည်သို့မျှ မသက်ဆိုင်ပါ။ ကျွန်ုပ် နားထောင်လိုလျှင် ကျွန်ုပ်၏ကိုယ်ပိုင် အသက်ဝင်ရောက်မှုနှင့် ကယ်တင်ခြင်းအကြောင်း တစ်စုံတစ်ရာကို နားထောင်ပါမည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ယင်းတို့တွင် ပါဝင်သည့် သမ္မာတရားများသည် ကျွန်ုပ်၏ကိုယ်ပိုင် အသက်ဝင်ရောက်မှုနှင့် မသက်ဆိုင်ပါ၊ ထို့ကြောင့် ကျွန်ုပ် နားထောင်ရန် မလိုအပ်ပါ၊ သို့မဟုတ် ကျွန်ုပ်သည် အာရုံမစိုက်ဘဲ သို့မဟုတ် စိတ်မပါ့တပါဖြင့် နားထောင်နိုင်ပြီး ယင်းကို နှလုံးမသွင်းဘဲ ဖြစ်စဉ်ကို ဝတ်ကျေတမ်းကျေ ဖြတ်သန်းသွားရုံသာ ဖြစ်သည်” ဟု ပြောကောင်းပြောနိုင်သည်။ ဤသည်မှာ ကောင်းသော သဘောထားတစ်ခုလော။ (မဟုတ်ပါ။) အခြားသူများက “ကျွန်ုပ်တွင် ရည်မှန်းချက်မရှိပါ၊ ခေါင်းဆောင်နေရာအတွက်လည်း ယှဉ်ပြိုင်လိုခြင်း မရှိပါ။ ကျွန်ုပ် ငယ်စဉ်ကတည်းက အရာရှိတစ်ဦးဖြစ်ရန် သို့မဟုတ် အခြားသူများထက် ထင်ပေါ်ကျော်ကြားရန် မည်သည့်အခါကမျှ ရည်ရွယ်ချက်မရှိခဲ့ပါ၊ ကျွန်ုပ်သည် သာမန်ဖြစ်သော၊ ရိုးရိုးရှင်းရှင်းလူတစ်ဦး ဖြစ်ရသည်ကိုသာ ကြိုက်နှစ်သက်ပါသည်။ ဘုရားသခင်ကို ကျွန်ုပ် စတင်ယုံကြည်သည့်အချိန်မှစ၍ နောက်လိုက်တစ်ဦး ဖြစ်လိုခဲ့ပါသည်။ ကျွန်ုပ်သည် အခြားသူများ၏ အမိန့်များကို လိုက်နာရသည်ကို ကြိုက်နှစ်သက်ပြီး ၎င်းတို့ ကျွန်ုပ်ကို လုပ်ဆောင်ခိုင်းသည့် မည်သည့်အရာကိုမဆို ကျွန်ုပ် လုပ်ဆောင်ပါသည်။ ဤသို့သောလူစားမျိုး ဖြစ်ရသည်မှာ ရိုးရှင်းလှပါတကား။ ကျွန်ုပ်သည် စိုးရိမ်ပူပန်လိုခြင်း သို့မဟုတ် ဝန်ထုပ်ဝန်ပိုး ဖြစ်လိုခြင်း မရှိသည့် ရိုးရှင်းသောလူတစ်ဦးသာ ဖြစ်သည်၊ ထို့ကြောင့် ကျွန်ုပ်သည် ဤအရာများကို ကြားရန် မလိုအပ်သကဲ့သို့ ကြားလိုခြင်းလည်း မရှိပါ” ဟု ပြောကြသည်။ ဤအမြင်သည် မှန်သလော၊ မှားသလော။ (မမှန်ပါ။) မည်သည့်အရာက မမှန်သနည်း။ (၎င်းတို့သည် ခေါင်းဆောင်တစ်ဦး မဖြစ်လိုသော်လည်း အကယ်၍ ၎င်းတို့သည် သမ္မာတရား၏ ဤကဏ္ဍကို နားမလည်ဘဲ အယောင်ဆောင်ခေါင်းဆောင်များကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပါက ရွေးကောက်ပွဲများအတွင်းတွင် ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးကို ရွေးချယ်မိရန် အလွန်အလားအလာများပြီး ယင်းက အသင်းတော်၏အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုကို သက်ရောက်မှုရှိစေမည် ဖြစ်ပါသည်။) ဤသည်မှာ ကဏ္ဍတစ်ခုဖြစ်သည်။ အခြား ရှိသေးသလော။ (အယောင်ဆောင်ခေါင်းဆောင်များ၏ ပြဿနာသည် ကျွန်ုပ်တို့တစ်ဦးစီတိုင်း၌လည်း တည်ရှိပြီး ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို စစ်ဆေးကာ ဆင်ခြင်သုံးသပ်ပြီး နားလည်သင့်ပါသည်။) (အကယ်၍ ကျွန်ုပ်တို့သည် အယောင်ဆောင်ခေါင်းဆောင်များကို မပိုင်းခြားနိုင်ပါက တစ်ဦးတစ်ယောက်၏ အထင်အမြင်မှားစေခြင်းကို ခံရသည့်အခါတွင်ပင် ကျွန်ုပ်တို့ သိရှိကြမည် မဟုတ်ဘဲ ကျွန်ုပ်တို့၏ ကိုယ်ပိုင်အသက်တာများလည်း ဆုံးရှုံးမှုများ ခံစားရမည် ဖြစ်ပါသည်။) (ဤအမြင်မျိုးသည် သမ္မာတရားကို မလိုက်စားခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်ပါသည်။ ဘုရားအိမ်တော်၌ ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းသည် လောကတွင် ရည်မှန်းချက်ကြီးပြီး အရာရှိတစ်ဦးဖြစ်လိုခြင်းနှင့် တူညီသောအရာတစ်ခု မဟုတ်ပါ။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းသည် သမ္မာတရားကို ပို၍ကောင်းမွန်စွာ လိုက်စားရန်၊ အသင်းတော်အလုပ်အတွက် ဝန်တစ်ခုကို ထမ်းရန်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားရန် ဖြစ်ပါသည်။ ဤသည်မှာ သမ္မာတရားဆီသို့ ကြိုးစားအားထုတ်ခြင်း ဖြစ်ပါသည်။) (ဘုရားသခင် ရွေးချယ်ထားသော လူတစ်ဦးအနေဖြင့် ကျွန်ုပ်တို့သည် အယောင်ဆောင် ခေါင်းဆောင်များကို တိုင်ကြားရန် တာဝန်နှင့် ဝတ္တရားရှိပါသည်။ အကယ်၍ ကျွန်ုပ်တို့သည် အယောင်ဆောင်ခေါင်းဆောင်များကို မပိုင်းခြားနိုင်ပါက တစ်ဦးတစ်ယောက်ကို အာဏာရယူခွင့်ပေးပြီး အသင်းတော်အလုပ်ကို ထိခိုက်စေနိုင်ပါသည်။) ယင်းမှာ ကဏ္ဍမည်မျှ ရှိသနည်း။ (ကဏ္ဍငါးခုဖြစ်ပါသည်။) ဤကဏ္ဍငါးခုမှ တစ်ခုစီတိုင်းသည် မှန်ကန်ပြီး အတော်အတန် တိကျသည်။ ငါ ယခုတင် ဖော်ပြခဲ့သည့် လူစားမျိုး၏ အမြင်ကို အခြေခံ၍ ဤပြဿနာ၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးရလျှင် အခြေခံအားဖြင့် ဤကဏ္ဍငါးခု ရှိသည်။ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လိုသည်ဖြစ်စေ၊ မဖြစ်လိုသည်ဖြစ်စေ ဘုရားသခင် ရွေးချယ်ထားသော လူများထဲမှ တစ်ဦးအနေဖြင့် သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် ကြီးကြပ်ကွပ်ကဲသည့် အခန်းကဏ္ဍတစ်ခုကို တာဝန်ယူသင့်သည်။ ဘုရားအိမ်တော်သည် သင်၏အိမ်လည်း ဖြစ်ပြီး ခေါင်းဆောင်တစ်ဦးသည် အိမ်စောင့်လေးတစ်ဦးနှင့် တူသည်။ အကယ်၍ ၎င်းတို့သည် အမှုအရာများကို ကောင်းစွာ မစီမံခန့်ခွဲပါက သင်သည်လည်း ထိခိုက်ပြီး အမှုပတ်မည်ဖြစ်သောကြောင့် ၎င်းတို့၏ အလုပ်အားလုံးကို ကြီးကြပ်ကွပ်ကဲရန် သင်၌ တာဝန်နှင့် ဝတ္တရားရှိသည်။

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ ဆယ့်ငါးချက်ကို ခြုံငုံသုံးသပ်ခြင်း

အယောင်ဆောင်ခေါင်းဆောင်များကို ပိုင်းခြားသိမြင်ရန် မခက်ခဲပါ၊ အကြောင်းမှာ ဤလူစားမျိုးသည် အသင်းတော်အတွင်း၌ အတော်အတန် အတွေ့ရများသောကြောင့် ဖြစ်သည်၊ အသင်းတော်ခေါင်းဆောင်များနှင့် အသင်းတော်အလုပ်တို့ တည်ရှိခဲ့သည့်အချိန်ကတည်းက ၎င်းတို့ တည်ရှိခဲ့ပြီးဖြစ်သည်။ ၎င်းတို့၏ အစွမ်းအစနှင့် နားလည်သဘောပေါက်နိုင်စွမ်း၊ ကိုယ်ကျင့်စရိုက်နှင့် ရွေးချယ်ခဲ့သော လမ်းကြောင်းတို့အားလုံးတွင် တိကျသော သရုပ်သကန်များစွာ ရှိကြသည်။ ဤတိကျသော သရုပ်သကန်များကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း မပြုမီ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ အဓိကအားဖြင့် မည်သည့် တိကျသော အလုပ် ပါဝင်သည်ကိုလည်းကောင်း ငါတို့ ဦးစွာ နားလည်သင့်သည်။ ဤတိကျသော အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်းရှိသောသူများသာလျှင် စံနှုန်းပြည့်မီသော ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ကြသည်၊ ဤအလုပ်ကို မလုပ်ဆောင်နိုင်သော သူများမှာမူ အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြသည်။ ဖြစ်နိုင်သည်မှာ လူအများစုသည် အယောင်ဆောင်ခေါင်းဆောင်များကို ပိုင်းခြားသိမြင်ရန် နည်းလမ်းတစ်ခု မရှိကြသေးဘဲ အခြေခံကျသော စည်းမျဉ်းများကို သဘောပေါက်နားလည်နိုင်ခြင်း မရှိသည့်အပြင် ပိုင်းခြားသိမြင်ရန် အရေးအကြီးဆုံးသော ကဏ္ဍများမှာ မည်သည့်အရာဖြစ်သည်ကို မသိကြခြင်း ဖြစ်သည်။ ယနေ့ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှာ အတိအကျ အဘယ်အရာဖြစ်သည်ကို လူတိုင်း ရှင်းလင်းစွာ သိရှိစေရန်အတွက် တစ်ခုပြီးတစ်ခု စာရင်းပြုစုလျက် ဦးစွာ စနစ်တကျ မိတ်သဟာယဖွဲ့ကြစို့။ ထို့နောက် ဤစည်းမျဉ်းများကို နားလည်ပြီးသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များကို နောက်တစ်ကြိမ် ရွေးကောက်တင်မြှောက်သည့်အခါတွင် အတိအကျ မည်သို့ ရွေးကောက်တင်မြှောက်ရမည်နှင့် အတိအကျ မည်သူက ရွေးကောက်တင်မြှောက်ရန် သင့်တော်သောသူဖြစ်သည်ကို အကဲဖြတ်ရန် တိကျသော စံတစ်ခု သင်တို့၌ ရှိလာလိမ့်မည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ငါတို့ ဦးစွာ စာရင်းပြုစုကြစို့။

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ

၁။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့၊ ယင်းတို့ကို နားလည်သဘောပေါက်ဖို့နှင့် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ဖို့အတွက် လူတို့ကို ဦးဆောင်လော့။

၂။ လူအမျိုးအစား တစ်မျိုးစီ၏ အခြေအနေများနှင့် အကျွမ်းတဝင်ရှိပြီး သူတို့၏ တကယ့်အသက်တာထဲ၌ ကြုံတွေ့ရသော အသက်ဝင်ရောက်မှုနှင့် စပ်ဆိုင်သည့် အခက်အခဲအမျိုးမျိုးကို ဖြေရှင်းပေးလော့။

၃။ တာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် နားလည်ထားသင့်သည့် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့လော့။

၄။ မသင့်တော်သောလူများကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို ကာကွယ်ရန် သို့မဟုတ် လျော့ပါးစေရန်နှင့် အလုပ်၏ ထိရောက်မှုရှိခြင်းနှင့် ချောမွေ့စွာ တိုးတက်မှုကို အာမခံရန်အလို့ငှာ အလုပ်အမျိုးမျိုးမှ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် ဝန်ထမ်းများ၏ အခြေအနေအရပ်ရပ်ကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး လိုအပ်သလို ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကို ချက်ချင်း ပြုပြင်ခြင်း သို့မဟုတ် ဖြုတ်ချခြင်း ပြုလုပ်လော့။

၅။ အလုပ်ကိစ္စတစ်ခုချင်းစီ၏ အခြေအနေနှင့် ထိရောက်မှုအပေါ် အပြည့်အစုံ သဘောပေါက်ပြီး နားလည်အောင် လုပ်ထားပြီး ထိုအလုပ်က ချောမွေ့စွာ တိုးတက်ရန်အတွက် ပြဿနာများအား ဖြေရှင်းခြင်း၊ လွဲချော်မှုများအား ပြင်ဆင်ခြင်းနှင့် လစ်ဟာမှုများအား ကုစားခြင်းကို ချက်ချင်း ပြုလုပ်နိုင်စွမ်းရှိလော့။

၆။ သမ္မာတရားကို လိုက်စားသောသူအားလုံးက လေ့ကျင့်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲ အမြန်ဆုံးဝင်ရောက်ဖို့ အခွင့်အလမ်း ရရှိနိုင်ရန်အတွက် အရည်အချင်းပြည့်မီသော ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို အားပေး၍ ပျိုးထောင်လော့။

၇။ လူအမျိုးမျိုးကို ၎င်းတို့၏ လူ့သဘာဝနှင့် အားသာချက်များအပေါ် အခြေခံ၍ တစ်ဦးစီတိုင်းကို အသင့်တော်ဆုံးနေရာ၌ အသုံးချနိုင်ရန် သင့်လျော်စွာ ခွဲခန့်နေရာချထားပြီး အသုံးပြုလော့။

၈။ အလုပ်၌ ကြုံတွေ့ရသော အရှုပ်အထွေးများနှင့် အခက်အခဲများကို ချက်ချင်းသတင်းပို့ပြီး ဖြေရှင်းရန်နည်းလမ်းကို ရှာဖွေလော့။

၉။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အမျိုးမျိုးကို ယင်း၏ လိုအပ်ချက်များနှင့်အညီ တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးကာ ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီး ဆက်လက်စောင့်ကြည့်လော့။

၁၀။ ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုအမျိုးမျိုးတို့ကို (စာအုပ်များ၊ စက်ပစ္စည်းအမျိုးမျိုး၊ ကောက်နှံ အစရှိသည်ဖြင့်) ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းပြီး ချင့်ချင့်ချိန်ချိန် ခွဲဝေဖြန့်ဖြူးလော့၊ ထို့ပြင် ပျက်စီးဆုံးရှုံးမှုနှင့် အလဟဿဖြစ်မှုကို အနည်းဆုံးဖြစ်စေရန် ပုံမှန် စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်သည့်အပြင် ဆိုးယုတ်သောလူများက သိမ်းယူခြင်းမှလည်း ကာကွယ်တားဆီးလော့။

၁၁။ ပူဇော်သက္ကာများကို စနစ်တကျ မှတ်ပုံတင်ခြင်း၊ စာရင်းပြုစုခြင်းနှင့် စောင့်ရှောက်ထိန်းသိမ်းခြင်း တာဝန်အတွက် အထူးသဖြင့် လူ့သဘာဝ စံနှုန်းပြည့်မီမှုရှိပြီး အားကိုးလောက်သော လူများကို ရွေးချယ်လော့။ ဖြုန်းတီးမှု သို့မဟုတ် အလဟဿဖြစ်မှုများအပြင် ကျိုးကြောင်းမညီညွတ်သော အသုံးစရိတ်များကို ချက်ချင်း ဖော်ထုတ်နိုင်ရန် ဝင်ငွေထွက်ငွေများကို ပုံမှန် ပြန်လည်သုံးသပ်၍ စစ်ဆေးလော့။ ထိုသို့သောအရာများကို ရပ်တန့်စေပြီး ကျိုးကြောင်းညီညွတ်သော လျော်ကြေးကို တောင်းဆိုလော့။ ထို့အပြင် ပူဇော်သက္ကာများ ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်၍ ၎င်းတို့၏ သိမ်းပိုက်ခြင်းကို ခံရခြင်းမှ မည်သည့်နည်းဖြင့်မဆို ကာကွယ်တားဆီးလော့။

၁၂။ ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်းဆိုသလို တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို ရပ်တန့်၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့။

၁၃။ ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ချုပ်ကိုင်ခြင်းနှင့် ကြီးစွာ ထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်ပေးပြီး ၎င်းတို့အား အန္တိခရစ်များကို ပိုင်းခြားသိမြင်၍ စိတ်နှလုံးထဲမှ စွန့်လွှတ်နိုင်စေရန် ထောက်ကူပေးလော့။

၁၄။ အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ချက်ချင်းပင် ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့။

၁၅။ အရေးကြီးသော လုပ်ငန်းအမှုထမ်းအမျိုးမျိုးကို ကာကွယ်လျက် ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးပြီး အရေးကြီးသော အလုပ်များက စနစ်ကျသောပုံစံဖြင့် ရှေ့ဆက်စေနိုင်ဖို့အတွက် ၎င်းတို့ကို လုံခြုံအောင်ထားလော့။

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို စုစုပေါင်း တစ်ဆယ့်ငါးချက်ဖြင့် အကျဉ်းချုပ်ဖော်ပြထားပြီး ငါတို့သည် ဤအချက်များကို အခြေခံ၍ မိတ်သဟာယဖွဲ့ကြမည်။ ဤတစ်ဆယ့်ငါးချက်ထဲမှ အလုပ်တစ်ခုစီကို ဦးစွာ ကြည့်ကြစို့။ ပထမသုံးချက်သည် လူတို့ သမ္မာတရားကို နားလည်ခြင်းနှင့် အသက်ဝင်ရောက်မှုဟူသည့် ကိစ္စရပ်နှင့် သက်ဆိုင်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အခြေခံအကျဆုံးသော အလုပ်ဖြစ်ပြီး အဓိက ကဏ္ဍတစ်ခု ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးဖြစ်စေ၊ အမှုဆောင်တစ်ဦးဖြစ်စေ အခြေခံအကျဆုံးအနေဖြင့် သင်သည် ဤအလုပ်များကို လုပ်ဆောင်နိုင်စွမ်းရှိရမည်၊ ဤသို့သော အစွမ်းအစကို ပိုင်ဆိုင်ရမည်၊ ဤသို့သော ဝန်ကို ထမ်းရမည်ဖြစ်ပြီး ဤတာဝန်ကို ထမ်းဆောင်နိုင်စွမ်း ရှိရမည်။ ဤသည်တို့မှာ သင်၌ ရှိသင့်သည့် အခြေခံအကျဆုံးသော အရာများ ဖြစ်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယ ဖွဲ့နိုင်ရမည်၊ ယင်းတို့ထဲမှ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်ရမည်၊ လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအား နားလည်စေရန် ဦးဆောင်နိုင်ရမည်ဖြစ်ပြီး လူတို့ကို လက်တွေ့ဘဝ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ တွေ့ကြုံပြီး ဝင်ရောက်စေရန်နှင့် ယင်းတို့ကို လက်တွေ့ဘဝထဲသို့ ဆောင်ကြဉ်းနိုင်စေရန် ဦးဆောင်နိုင်ရမည်ဖြစ်ကာ လက်တွေ့ဘဝတွင်လည်းကောင်း၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်စဉ်တွင်လည်းကောင်း ကြုံတွေ့ရသည့် အမျိုးမျိုးသော ပြဿနာများ သို့မဟုတ် အခက်အခဲများကို ဖြေရှင်းရန် ယင်းတို့ကို အသုံးပြုနိုင်ရမည်။ အကယ်၍ ဘုရားသခင် ရွေးချယ်ထားသော လူများတွင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက ဖြေရှင်းပေးရန် လိုအပ်သည့် ပြဿနာများ ရှိသော်လည်း ထိုခေါင်းဆောင် သို့မဟုတ် အမှုဆောင်က ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးမပြုနိုင်ပါက ထိုခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် အသုံးမကျသောသူဖြစ်ပြီး အခြေခံအကျဆုံးသော အလုပ်ကိုပင် မလုပ်ဆောင်နိုင်ပေ။ ဤသို့သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် အရည်အချင်းမပြည့်မီပေ။ လေးခုမြောက်အချက်နှင့် ငါးခုမြောက်အချက်သည် အသင်းတော်၏ အမျိုးမျိုးသော အလုပ်များနှင့် ထိုအလုပ်များ၏ ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကြီးကြပ်ရေးမှူးများကို ကောင်းစွာ မကြီးကြပ်ပါက အသင်းတော်၏အလုပ်သည် ကမောက်ကမ ဖြစ်သွားနိုင်သည် သို့မဟုတ် ဆိုးယုတ်သောလူများ၏ အနှောင့်အယှက်ပေးခြင်းကို ခံရနိုင်ပြီး ဤသည်က အလုပ်၏ ထိရောက်မှုနှင့် တိုးတက်မှုကို ထိခိုက်စေမည်ဖြစ်ကာ အလုပ်ကိုယ်၌သည် ရပ်ဆိုင်းသွားသည်အထိပင် ဖြစ်နိုင်သည်။ ထို့ကြောင့် လေးခုမြောက်နှင့် ငါးခုမြောက် အလုပ်များသည်လည်း အရည်အချင်းပြည့်မီသော ခေါင်းဆောင်တစ်ဦး ကောင်းစွာ လုပ်ဆောင်ရမည့်အရာများ ဖြစ်ကြသည်။ ခြောက်ခုမြောက်နှင့် ခုနစ်ခုမြောက်အချက်သည် လူအမျိုးမျိုးတို့ကို ရာထူးတိုးပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းတို့နှင့် သက်ဆိုင်သည်။ လူကိုအသုံးပြုခြင်း၏ စည်းမျဉ်းမှာ လူတိုင်းကို အကောင်းဆုံး အသုံးချခြင်းဖြစ်ပြီး လူအမျိုးမျိုးတို့သည် ၎င်းတို့၏ လူ့သဘာဝက စံနှုန်းပြည့်မီသရွေ့၊ ပြီးလျှင် ဘုရားအိမ်တော်၏ သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီနိုင်သရွေ့ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်သည်။ ဆိုလိုသည်မှာ လူအမျိုးမျိုးတို့ကို သင့်တော်သော တာဝန်များ ထမ်းဆောင်နိုင်ခွင့်ပြုလော့၊ ငါးကို ကုန်းပေါ်တွင် အသက်ရှင်နေထိုင်ခိုင်းရန်ဖြစ်စေ၊ ဝက်ကို ပျံခိုင်းရန်ဖြစ်စေ ကြိုးစားဖို့ မလိုအပ်ပေ၊ တစ်စုံတစ်ဦးသည် အလုပ်တစ်ခုအတွက် သင့်တော်ပြီး ယင်းကို ကောင်းစွာလုပ်ဆောင်နိုင်ကာ အရည်အချင်း ရှိလျှင် လုံလောက်ပြီဖြစ်သည်။ ထို့အပြင် အချို့သော အလုပ်များသည် နည်းပညာပိုင်းဆိုင်ရာ၊ အတတ်ပညာပိုင်းဆိုင်ရာ ကဏ္ဍများ ပါဝင်ပြီး အချို့လူများသည် ယင်းတို့၌ တော်ကောင်း တော်နိုင်သော်လည်း ဤနယ်ပယ်တွင် မည်သည့်အလုပ်ကိုမျှ အမှန်တကယ် မလုပ်ဆောင်ဖူးသေးသကဲ့သို့ သက်ဆိုင်ရာ စည်းမျဉ်းများကိုလည်း နားမလည်ကြသေးပေ။ ဤလူများအတွက် အကယ်၍ ၎င်းတို့သည် ဘုရားအိမ်တော်၌ ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် စံနှုန်းနှင့် ကိုက်ညီပါက ၎င်းတို့ကို အခွင့်အရေးတစ်ခု ပေးသင့်ပြီး ၎င်းတို့ သင်ယူနိုင်ရန် ရာထူးတိုးပေးကာ ပျိုးထောင်ပေးသင့်သည်။ ဤနည်းအားဖြင့် ဘုရားအိမ်တော်ရှိ အမျိုးမျိုးသော အလုပ်များကို တာဝန်ယူဆောင်ရွက်ရန် ပို၍ပင် သင့်တော်သောလူများ ရှိလာနိုင်ပြီး အသင်းတော်က အမျိုးမျိုးသော အလုပ်များအတွက် လူလိုအပ်သည့်အခါတိုင်းတွင် လစ်လပ်နေရာများ ရှိမည်မဟုတ်ပေ။ ဤသည်တို့မှာ လူတို့ကို ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ခြင်း၊ လူတို့ကို အသုံးပြုခြင်းဟူသည့် ကဏ္ဍနှစ်ခု၏ ကိစ္စရပ်များ ဖြစ်ကြသည်။ ရှစ်ခုမြောက်နှင့် ကိုးခုမြောက်အချက်တို့ကို ကြည့်ကြစို့။ ဤအချက်နှစ်ချက်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ အလုပ်ကို သဘောထားပြုမူသည့် သဘောထားနှင့် သက်ဆိုင်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ဘုရားအိမ်တော်၏ အစီအစဉ်များကို ၎င်းတို့၏ သဘောထားပြုမူခြင်း၌လည်းကောင်း၊ အလုပ်တွင် အခက်အခဲများ ကြုံတွေ့ရစဉ်၌လည်းကောင်း ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိ၊ သစ္စာစောင့်သိမှု ရှိမရှိနှင့် ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်း ရှိမရှိ ဖြစ်သည်။ ဆယ်ခုမြောက်အချက်နှင့် ဆယ့်တစ်ခုမြောက်အချက်သည် ဘုရားအိမ်တော်ရှိ ပူဇော်သက္ကာများနှင့် ပစ္စည်းဥစ္စာအမျိုးမျိုးတို့ကို သဘောထားပြုမူခြင်း၏ နောက်ကွယ်မှ စည်းမျဉ်းများနှင့် သက်ဆိုင်သည်။ တစ်ဖက်တွင် ဤအချက်နှစ်ချက်သည် လူတို့၏ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းတို့နှင့် သက်ဆိုင်ပြီး အခြားတစ်ဖက်တွင်မူ ယင်းတို့သည် လူ့သဘာဝ၏ ကိစ္စရပ်များ၊ တစ်စုံတစ်ဦးတွင် သစ္စာစောင့်သိမှု ရှိမရှိနှင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိတို့နှင့် သက်ဆိုင်သည်။ ထို့နောက် ဆယ့်နှစ်ခုမြောက်အချက်၊ ဆယ့်သုံးခုမြောက်အချက်နှင့် ဆယ့်လေးခုမြောက်အချက်တို့ကို ကြည့်ကြစို့၊ အသင်းတော်၌ ဖြစ်ပေါ်သည့် ထူးခြားသော အခြေအနေအချို့နှင့်ပတ်သက်၍ ဥပမာအားဖြင့် အကယ်၍ တစ်စုံတစ်ဦးသည် အဖျက်အမှောင့်လုပ်ပြီး အနှောင့်အယှက်ပေးကာ ပုံမှန်အသင်းတော်အသက်တာကို ပျက်ပြားစေခြင်းမျိုး ဖြစ်သည်။ အမှန်ပင် အဆိုးရွားဆုံးမှာ အန္တိခရစ်များ သို့မဟုတ် ရှင်းလင်းပစ်သင့်သော သို့မဟုတ် နှင်ထုတ်သင့်သော အခြားလူစားမျိုးများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဤလူစားမျိုးများကို မည်သို့ကိုင်တွယ်ရမည်နှင့် မည်သည့်စည်းမျဉ်းများအောက်တွင် ကိုင်တွယ်ရမည်သည်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရား နယ်ပယ်အတွင်းမှ အလုပ်ဖြစ်သည်။ ပြဿနာများကို ချက်ချင်း ရှာဖွေတွေ့ရှိနိုင်ခြင်း၊ ပြီးလျှင် သင်က တစ်စုံတစ်ဦးသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များ ဖြစ်စေနေသည်ကို တွေ့ရှိသည့်အခါ ဤအရာကို ချက်ချင်း ရပ်တန့်နိုင်ခြင်း၊ ကိုင်တွယ်နိုင်ခြင်း ဖြေရှင်းနိုင်ခြင်းနှင့် အသင်းတော်အလုပ်နှင့် အသင်းတော်အသက်တာတို့ အနှောင့်အယှက် မခံရကြောင်း သေချာစေခြင်းဟူသည့် ဤသည်တို့မှာ ဤအချက်သုံးချက်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ဖြစ်ကြသည်။ နောက်ဆုံးအချက်သည် အရေးကြီးသော အလုပ်ဆိုင်ရာ ဝန်ထမ်းအမျိုးမျိုးတို့၏ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံရေး ကိစ္စရပ်နှင့် သက်ဆိုင်သည့်အပြင် အရေးကြီးသော အလုပ်အမျိုးမျိုးကို အာမခံနိုင်ခြင်း ရှိမရှိဟူသည့် ကိစ္စရပ်နှင့်လည်း သက်ဆိုင်သည်။ ဝန်ထမ်းများ ဘေးကင်းမှသာ အလုပ် တိုးတက်နိုင်သော်လည်း ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးတွင် ပြဿနာများ သို့မဟုတ် ကွယ်ဝှက်ထားသော အန္တရာယ်များ ပေါ်ပေါက်လာပါက အလုပ် ဆက်လက် လုပ်ဆောင်နိုင်ခြင်း ရှိမရှိသည် ပြဿနာတစ်ရပ် ဖြစ်လာပေ။ ငါတို့ ပြန်ကြည့်ပြီး အဓိကကဏ္ဍ စုစုပေါင်း မည်မျှရှိသည်ကို ကြည့်ကြစို့။ အချက် တစ်၊ နှစ်နှင့် သုံးတို့သည် ပထမကဏ္ဍဖြစ်သည့် လူ၏ အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သည်။ အချက် လေးနှင့် ငါးတို့သည် အချက်နှစ်ဖြစ်သည့် အသင်းတော်၏ အမျိုးမျိုးသော အလုပ်များနှင့် ထိုအလုပ်များ၏ ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်သည်။ အချက် ခြောက်နှင့် ခုနစ်တို့သည် အချက်သုံးဖြစ်သည့် လူအမျိုးမျိုးတို့ကို အသုံးပြုခြင်း၊ ပျိုးထောင်ခြင်းနှင့် ရာထူးတိုးပေးခြင်းတို့နှင့် သက်ဆိုင်သည်။ အချက်ရှစ်နှင့် ကိုးတို့သည် အချက်လေးဖြစ်သည့် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် အလုပ်တွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် သက်ဆိုင်သည်။ အချက် တစ်ဆယ်နှင့် ဆယ့်တစ်တို့သည် အချက်ငါးဖြစ်သည့် ဘုရားအိမ်တော်၏ ပူဇော်သက္ကာများနှင့် ပစ္စည်းဥစ္စာအမျိုးမျိုးတို့နှင့် သက်ဆိုင်သည်။ အချက် ဆယ့်နှစ်၊ ဆယ့်သုံးနှင့် ဆယ့်လေးတို့သည် အချက်ခြောက်ဖြစ်သည့် အသင်းတော်၌ ဖြစ်ပေါ်သည့် ထူးခြားသော အခြေအနေများနှင့် သက်ဆိုင်သည်။ တစ်ဆယ့်ငါးခုမြောက်အချက်သည် အချက်ခုနစ်ဖြစ်သည့် အရေးကြီးသော အသင်းတော်အလုပ်နှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့် သက်ဆိုင်သည်။ စုစုပေါင်း ကဏ္ဍခုနစ်ခုရှိပြီး တစ်ဆယ့်ငါးချက် ပါဝင်သည်။ ဤကဏ္ဍခုနစ်ခုသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် တာဝန်ဝတ္တရား နယ်ပယ်အတွင်း၌ ရှိပြီး ၎င်းတို့အလုပ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်၏အလုပ်၏ အခြေခံအကျဆုံးသော တာဝန်များမှာ ဤကဏ္ဍခုနစ်ခုဖြစ်ပြီး ဤကဏ္ဍခုနစ်ခုသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအတွက် ဘုရားအိမ်တော်၏ တောင်းဆိုချက်များဆိုင်ရာ အတိုင်းအတာဖြစ်သည်။ အကယ်၍ ငါတို့သည် ခေါင်းဆောင်တစ်ဦး ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း ရှိမရှိ၊ ၎င်းတို့တွင် အလုပ်လုပ်နိုင်စွမ်း ရှိမရှိ၊ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစွမ်းအစကို ပိုင်ဆိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးအဖြစ် အရည်အချင်းပြည့်မီခြင်း ရှိမရှိတို့ကို အကဲဖြတ်လိုပါက ဤကဏ္ဍခုနစ်ခုကို အသုံးပြုသင့်သည်။ ဤအရာကို နားလည်ပြီးသည့်နောက် ဤအဓိကကဏ္ဍခုနစ်ခုကို အခြေခံ၍ အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်များနှင့် တိကျသော အလေ့အကျင့်များအပြင် ၎င်းတို့သည် ခေါင်းဆောင်များအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း ၎င်းတို့သည် စံနှုန်းပြည့်မီသူများ မဟုတ်ဘဲ အယောင်ဆောင်ခေါင်းဆောင်များဖြစ်ကြောင်း သက်သေပြသည့် မည်သည့်အရာများကို လုပ်ဆောင်ခဲ့သည်ကိုပါ ငါတို့သည် တစ်ခုပြီးတစ်ခု မိတ်သဟာယဖွဲ့ကာ စိတ်ဖြာလေ့လာဆွေးနွေးကြမည်။ ဤကဏ္ဍခုနစ်ခုအတိုင်း အကဲဖြတ်သည့်အခါတွင် ခိုင်လုံသော သက်သေအထောက်အထား ရှိပြီး ဤသည်မှာ အတော်အတန် မျှတပြီး ကျိုးကြောင်းဆီလျော်သည်။ ငါ့ကို ပြောလော့၊ ငါတို့သည် ဤကဏ္ဍခုနစ်ခုကို တစ်ခုပြီးတစ်ခု မိတ်သဟာယဖွဲ့သင့်သလော၊ သို့မဟုတ် တစ်ဆယ့်ငါးချက်ကို မိတ်သဟာယဖွဲ့သင့်သလော။ မည်သည့်နည်းလမ်းက ပိုကောင်းသနည်း။ (တစ်ဆယ့်ငါးချက်ကို တစ်ခုပြီးတစ်ခု မိတ်သဟာယဖွဲ့ပါ။) ယင်းက သင်တို့၏ နှစ်သက်မှုများနှင့် ကိုက်ညီသည်။ ပို၍ အသေးစိတ်ကျလေ၊ ပိုကောင်းလေ၊ ဖြစ်သည် မဟုတ်လော။ ဆက်လက်၍ ငါတို့သည် အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များအကြောင်းကို တရားဝင် စတင်၍ မိတ်သဟာယဖွဲ့ကြမည်။

အချက် ၁- ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့၊ ယင်းတို့ကို နားလည်သဘောပေါက်ဖို့နှင့် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ဖို့အတွက် လူတို့ကို ဦးဆောင်လော့

အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ရန် အစွမ်းအစနှင့် လုပ်နိုင်စွမ်း မရှိကြပေ

အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဆိုသည်မှာ အဘယ်နည်း။ ၎င်းသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သူ၊ ခေါင်းဆောင်တစ်ဦးအနေဖြင့် မိမိတို့၏ တာဝန်များကို ကျေပွန်အောင် မထမ်းဆောင်သူတစ်ဦး အမှန်ပင် ဖြစ်သည်။ ၎င်းတို့သည် စစ်မှန်သော သို့မဟုတ် အရေးပါသော အလုပ်တစ်ခုတလေကိုမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အသက်ဝင်ရောက်မှု သို့မဟုတ် သမ္မာတရားနှင့် မည်သို့မျှမဆိုင်သော အရာများဖြစ်သည့် အထွေထွေကိစ္စအချို့နှင့် အပေါ်ယံအဆင့် တာဝန်အချို့ကိုသာ လုပ်ဆောင်ကြသည်။ ဤအလုပ်ကို ၎င်းတို့ မည်မျှပင် လုပ်ဆောင်ပါစေ၊ ယင်းကို ထမ်းဆောင်ခြင်း၌ အရေးပါမှု မရှိပေ။ ထိုအကြောင်းကြောင့် ထိုသို့သော ခေါင်းဆောင်များကို အယောင်ဆောင်ခေါင်းဆောင်များအဖြစ် သတ်မှတ်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို အတိအကျ မည်သို့ ပိုင်းခြားသိမြင်နိုင်မည်နည်း။ ယခု ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးမှုကို စတင်ကြပါစို့။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ ပထမဆုံးသော တာဝန်ဝတ္တရားမှာ အခြားသူများအနေဖြင့် သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်သည့် နည်းလမ်းဖြင့် အခြားသူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ဦးဆောင်ခြင်းနှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းတို့ ဖြစ်ကြောင်းကို ဦးစွာ ရှင်းရှင်းလင်းလင်း သိမြင်ရမည်ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်တစ်ဦးသည် စစ်မှန်သည်ဖြစ်စေ၊ အယောင်ဆောင်ဖြစ်သည်ဖြစ်စေ စစ်ဆေးရန် အရေးကြီးဆုံးသော စံသတ်မှတ်ချက် ဖြစ်သည်။ ၎င်းတို့သည် အခြားသူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် သမ္မာတရားကို နားလည်ရန် ဦးဆောင်နိုင်ခြင်း ရှိမရှိကိုလည်းကောင်း၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ခြင်း ရှိမရှိကိုလည်းကောင်း ကြည့်လော့။ ယင်းမှာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးတွင် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ရန် မည်သို့သော အစွမ်းအစနှင့် လုပ်နိုင်စွမ်း ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်နိုင်ခြင်း ရှိမရှိကိုလည်းကောင်း စစ်ဆေးရန် တစ်ခုတည်းသော စံသတ်မှတ်ချက် ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို မှန်ကန်စွာ သဘောပေါက်နားလည်နိုင်ပြီး သမ္မာတရားကို နားလည်နိုင်စွမ်းရှိပါက ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူများ၌ရှိသော အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းသင့်ပြီး လူတို့ကို ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော လက်တွေ့ကျမှုကို နားလည်စေရန် ကူညီသင့်သည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ ကြုံတွေ့ရသည့် အမှန်တကယ်ဖြစ်သော အခက်အခဲများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီလည်း ဖြေရှင်းသင့်သည်၊ အထူးသဖြင့် ၎င်းတို့၏ ယုံကြည်ခြင်း၌ရှိသော မှားယွင်းသည့် အမြင်များနှင့်ပတ်သက်လာလျှင်ဖြစ်စေ၊ တာဝန်ထမ်းဆောင်ခြင်းအပေါ် နားလည်မှု လွဲမှားခြင်းများနှင့် ပတ်သက်လာလျှင်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ဖြေရှင်းသင့်သည်။ ၎င်းတို့သည် လူတို့က မတူညီသော စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ရင်ဆိုင်ရသည့်အခါ ပေါ်လွင်ထင်ရှားလာသော ပြဿနာများကို ဖြေရှင်းရန် ဘုရားနှုတ်ကပတ်တော်များကိုလည်း အသုံးပြုရမည်ဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရန်နှင့် သူ၏နှုတ်ကပတ်တော်၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်နိုင်ရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များထဲတွင် ထုတ်ဖော်ထားသည့် ဖောက်ပြန်ပျက်စီးသော အခြေအနေများကို အခြေခံ၍ လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို စိတ်ဖြာလေ့လာဆွေးနွေးရမည်ဖြစ်သည်၊ သို့ဖြစ်၍ ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် ဤအရာများထဲမှ မည်သည့်အရာက ၎င်းတို့နှင့် သက်ဆိုင်သည်ကို မြင်နိုင်မည်ဖြစ်ပြီး မိမိတို့ကိုယ်ကို သိကျွမ်းခြင်းကို ရရှိကာ စာတန်ကို မုန်းတီးပြီး ပုန်ကန်ကြမည်ဖြစ်သည်။ ထိုသို့ဖြင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို အမျိုးမျိုးသော စမ်းသပ်မှုများအလယ်တွင် မိမိတို့၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်ရန်၊ စာတန်ကို အနိုင်ယူရန်နှင့် ဘုရားသခင်ကို ဘုန်းထင်ရှားစေရန် ထောက်ကူပေးလေသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်။ ယင်းသည် အသင်းတော်၏ အခြေခံအကျဆုံး၊ အရေးအပါဆုံးနှင့် အနှစ်သာရအရှိဆုံး အလုပ်ဖြစ်သည်။ ခေါင်းဆောင်များအဖြစ် အစေခံနေသည့် လူများသည် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်းနှင့် သမ္မာတရားကို နားလည်နိုင်သည့် အစွမ်းအစ ရှိပါက ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို နားလည်ပြီး ၎င်းတို့၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်ရုံသာမက ၎င်းတို့ ဦးဆောင်သည့်သူတို့ကိုလည်း ဘုရားနှုတ်ကပတ်တော်များကို နားလည်ပြီး ၎င်းတို့၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်စေရန် လမ်းညွှန်နိုင်၊ ဦးဆောင်နိုင်ပြီး ကူညီနိုင်မည်လည်း ဖြစ်သည်။ သို့သော် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်သည့် အစွမ်းအစနှင့် သမ္မာတရားကို နားလည်နိုင်စွမ်းသည် အယောင်ဆောင် ခေါင်းဆောင်များ၌ ကင်းမဲ့သည့်အရာ အတိအကျ ဖြစ်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို နားမလည်ကြပေ၊ သူ၏နှုတ်ကပတ်တော်များထဲတွင် ဖော်ထုတ်ထားသည့် မတူညီသော အခြေအနေများ၌ လူတို့ ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုဖြစ်စေ၊ မည်သည့်အခြေအနေများက ဘုရားသခင်အပေါ် အတိုက်အခံလုပ်ခြင်း၊ စောဒကတက်ခြင်းနှင့် သစ္စာဖောက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်ကိုဖြစ်စေ ၎င်းတို့ မသိကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ခြင်း မရှိသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကိုလည်း မိမိတို့နှင့် နှိုင်းယှဉ်ချိတ်ဆက်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ စာသားအတိုင်း အဓိပ္ပာယ်မှ အယူဝါဒအနည်းငယ်နှင့် စည်းမျဉ်းစည်းကမ်း အနည်းငယ်ကိုသာ နားလည်ကြသည်။ ၎င်းတို့သည် အခြားသူများနှင့် မိတ်သဟာယဖွဲ့သည့်အခါ သူ၏နှုတ်ကပတ်တော်အချို့ကို ရွတ်ဆိုပြီး ၎င်းတို့၏ စာသားအတိုင်း အဓိပ္ပာယ်ကို ရှင်းပြခြင်းမျှသာ ပြုကြသည်။ ထိုသို့ဖြင့် ၎င်းတို့သည် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့နေပြီး လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နေသည်ဟု ၎င်းတို့ ထင်မှတ်ကြသည်။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့ကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ရွတ်ဆိုနိုင်ပါက ၎င်းတို့သည် ထိုသူကို သမ္မာတရားကို ချစ်ပြီး နားလည်သူတစ်ဦးဖြစ်သည်ဟု ထင်မှတ်ကြလိမ့်မည်။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များ၏ စာသားအတိုင်း အဓိပ္ပာယ်ကိုသာ နားလည်သည်၊ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကို အခြေခံကျကျ နားမလည်ကြပေ၊ သို့ဖြစ်၍ ဘုရားနှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ အသိပညာအကြောင်းကို ပြောဆိုနိုင်စွမ်းမရှိကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် နှုတ်ကပတ်တော်များ၏ အပေါ်ယံ အဓိပ္ပာယ်ကိုသာ နားလည်နိုင်ကြသည်၊ သို့သော် ယင်းမှာ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ နေ့စဉ်အသက်တာတွင် ၎င်းတို့သည် အခြားသူများကို အကြံပေးရန်နှင့် ကူညီရန် ဘုရားနှုတ်ကပတ်တော်များ၏ စာသားအတိုင်း အဓိပ္ပာယ်ကို အမြဲတမ်း အနက်ဖွင့်ကြပြီး ထိုသို့ပြုလုပ်ခြင်းသည် အလုပ်လုပ်ခြင်း ဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် ထိုနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်နေခြင်း ဖြစ်သည်ဟုလည်းကောင်း ယုံကြည်ကြသည်။ အမှန်တကယ်တွင်မူ အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားနှုတ်ကပတ်တော်များ အကြောင်းကို အခြားသူများနှင့် ဤနည်းလမ်းဖြင့် မကြာခဏ မိတ်သဟာယဖွဲ့လေ့ရှိသော်လည်း ၎င်းတို့သည် အနည်းငယ်မျှသော စစ်မှန်သည့် ပြဿနာကိုမျှ မဖြေရှင်းနိုင်ကြဘဲ ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် သို့မဟုတ် တွေ့ကြုံခံစားရန် မတတ်နိုင်ဘဲ ဖြစ်သွားကြသည်။ ၎င်းတို့သည် မည်မျှပင် စုဝေးပွဲများ တက်ရောက်ပါစေ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပါစေ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြသေးသကဲ့သို့ အသက်ဝင်ရောက်မှုလည်း မရှိကြဘဲ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ မိမိတို့၏ အတွေ့အကြုံဆိုင်ရာ အသိပညာအကြောင်းကို ပြောဆိုနိုင်ခြင်း မရှိကြပေ။ အသင်းတော်၌ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများ၏ အနှောင့်အယှက်များ ရှိလျှင်ပင် မည်သူမျှ ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် မယုံကြည်သူတစ်ဦး သို့မဟုတ် ဆိုးယုတ်သော လူတစ်ဦးက အနှောင့်အယှက်ပေးနေသည်ကို မြင်သည့်အခါ ၎င်းတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်းကို မကျင့်သုံးဘဲ ထိုလူတို့အပေါ် မိမိတို့၏ မေတ္တာနှင့် အားပေးတိုက်တွန်းမှုများကို ပေးကြပြီး အခြားသူများကို ထိုလူတို့အား သည်းခံရန်နှင့် စိတ်ရှည်ရန် တောင်းဆိုကာ အသင်းတော်၌ ဆက်လက်၍ အနှောင့်အယှက်များ ပေးနေသည့် ဤလူတို့ကို လိုက်လျောကြသည်။ ဤသည်က အသင်းတော်အလုပ်၏ အချက်တစ်ခုချင်းစီကို လုံးဝ အကျိုးမရှိ ဖြစ်သွားစေသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ရန် ပျက်ကွက်ခြင်း၏ အကျိုးဆက်ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးမပြုနိုင်ကြပေ၊ ယင်းက ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု မရှိကြောင်းကို လုံလောက်စွာ သက်သေပြသည်။ ၎င်းတို့ စကားပြောသည့်အခါ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုကြပြီး အခြားသူများကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့ ပြောသမျှမှာ အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများသာ ဖြစ်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက ဘုရားသခင်အပေါ် အထင်လွဲခြင်း ဖြစ်ပေါ်လာသည့်အခါ အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့ကို “ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤအရာအားလုံးကို ဖော်ပြပြီးသား ဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ ယင်းမှာ လူ၏ ကယ်တင်ခြင်းဖြစ်သည်၊ မေတ္တာဖြစ်သည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များ မည်မျှ ရှင်းလင်းပြတ်သားသည်ကို ကြည့်လော့။ သင်သည် ကိုယ်တော့်ကို မည်သို့ နားလည်မှု လွဲမှားနိုင်သေးသနည်း” ဟု ပြောဆိုကြလိမ့်မည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက လူတို့ကို သွန်သင်သည့်ပုံစံ ဖြစ်သည်။ ၎င်းတို့သည် လူတို့ကို တိုက်တွန်းနှိုးဆော်ရန်၊ ဘောင်ခတ်ရန်နှင့် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းစေရန် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုကြသည်။ ဤသည်မှာ အနည်းငယ်မျှပင် အကျိုးသက်ရောက်မှု မရှိဘဲ မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်ပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့ကို လမ်းညွှန်ရန် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်ကြရာ ယင်းက ထိုလူတို့ကို အယူဝါဒများ ပြောဆိုနိုင်ခြင်းသည် သမ္မာတရား လက်တွေ့ကျမှုများထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု ထင်မှတ်သွားစေသည်။ သို့သော် အခက်အခဲတစ်ခု ၎င်းတို့အပေါ် ကျရောက်သည့်အခါ ၎င်းတို့သည် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိကြတော့ပေ၊ ၎င်းတို့တွင် လမ်းကြောင်းမရှိတော့ဘဲ ၎င်းတို့ နားလည်ထားသည့် စကားလုံးများနှင့် အယူဝါဒများအားလုံးသည် ဘေးသို့ ရောက်သွားကြသည်။ ဤသည်က အဘယ်အရာကို ပြသသနည်း။ ယင်းက အယူဝါဒများကို နားလည်ခြင်းသည် လုံးဝ အသုံးမဝင်ကြောင်း သို့မဟုတ် တန်ဖိုးမရှိကြောင်းကို ပြသသည်။ အယောင်ဆောင်ခေါင်းဆောင်များ နားလည်သည့် တစ်ခုတည်းသောအရာမှာ အယူဝါဒဖြစ်သည်။ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအကြောင်း မိတ်သဟာယမဖွဲ့နိုင်ကြပေ။ ၎င်းတို့၏ လုပ်ဆောင်ချက်များအတွက် စည်းမျဉ်းများ မရှိဘဲ ၎င်းတို့၏ အသက်တာများတွင် ၎င်းတို့က ကောင်းသည်ဟု မှတ်ယူသည့် အချို့သော စည်းမျဉ်းစည်းကမ်းများကိုသာ ပုံသေစောင့်ထိန်းကြသည်။ ထိုသို့သောလူများသည် သမ္မာတရား လက်တွေ့ကျမှုများကို မပိုင်ဆိုင်ကြပေ။ ထိုအကြောင်းကြောင့် အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ဦးဆောင်သည့်အခါ စစ်မှန်သော အကျိုးသက်ရောက်မှု မရှိပေ။ ၎င်းတို့သည် လူတို့ကို ဘုရားနှုတ်ကပတ်တော်များ၏ စာသားအတိုင်း အဓိပ္ပာယ်ကို နားလည်စေရန်သာ တတ်နိုင်ကြပြီး ၎င်းတို့ကို ဘုရားနှုတ်ကပတ်တော်များမှ ဉာဏ်အလင်းရခြင်းကို ရရှိစေရန် သို့မဟုတ် ၎င်းတို့တွင် မည်သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိသည်ကို နားလည်စေရန် မကူညီနိုင်ကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်ရသည့်အခါ လူတို့၏ အခြေအနေများသည် မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ၊ လူတို့ ထုတ်ဖော်သည့် စိတ်သဘောထား အနှစ်သာရသည် မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ၊ ဤမှားယွင်းသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် မည်သည့် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုသင့်သည်ကိုဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များတွင် ၎င်းတို့အကြောင်း မည်သည့်အရာပြောဆိုထားသည်ကိုဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များ၏ သတ်မှတ်ချက်များနှင့် စည်းမျဉ်းများသည် မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ၊ အတွင်း၌ရှိသော သမ္မာတရားများသည် မည်သည့်အရာ ဖြစ်သည်ကိုဖြစ်စေ နားမလည်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤသမ္မာတရား လက်တွေ့ကျမှုများအနက်မှ တစ်ခုကိုမျှ နားမလည်ကြပေ။ ၎င်းတို့သည် လူတို့ကို “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ စားသောက်ပါ။ ယင်းတို့ထဲတွင် သမ္မာတရား ရှိသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သင် ပို၍ ဖတ်ရှုပြီးသည့်အခါ နားလည်လာလိမ့်မည်။ အကယ်၍ သင်သည် ယင်းတို့ထဲမှ အချို့ကို နားမလည်ပါက သင်သည် ဆုတောင်းခြင်း၊ ရှာဖွေခြင်းနှင့် ၎င်းတို့အပေါ် တွေးတောဆင်ခြင်ခြင်းတို့ကို ပို၍ ပြုသင့်သည်” ဟု ပြောဆိုလျက် အကြံပေးရုံသာ ပေးကြသည်။ ဤသည်မှာ ၎င်းတို့ လူတို့ကို အကြံပေးပုံဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် ပြဿနာများကို ဖြေရှင်းနိုင်စွမ်း မရှိကြပေ။ မည်သူမဆို ပြဿနာတစ်ခု ကြုံတွေ့ပြီး ၎င်းတို့ထံမှ လာရောက်ရှာဖွေပါစေ ၎င်းတို့သည် ထိုစကားမျိုးကိုသာ ပြောဆိုကြသည်။ ထို့နောက်တွင် ထိုလူသည် မိမိကိုယ်ကို မသိသေးသကဲ့သို့ သမ္မာတရားကိုလည်း နားမလည်သေးပေ။ ၎င်းတို့သည် မိမိတို့၏ စစ်မှန်သော ပြဿနာကို မဖြေရှင်းနိုင်ကြဘဲ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို မည်သို့လက်တွေ့လုပ်ဆောင်သင့်သည်ကို နားလည်နိုင်ကြမည် မဟုတ်ဘဲ ဘုရားနှုတ်ကပတ်တော်များ၏ စာသားအတိုင်း အဓိပ္ပာယ်နှင့် စည်းမျဉ်းစည်းကမ်းများကိုသာ ပုံသေစောင့်ထိန်းကြလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၏ သမ္မာတရား စည်းမျဉ်းများနှင့်ပတ်သက်လာလျှင် သို့မဟုတ် ၎င်းတို့ ဝင်ရောက်သင့်သည့် မည်သည့်လက်တွေ့ကျမှုများနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် နားမလည်ကြသေးပေ။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်၏ အကျိုးဆက်ဖြစ်၍ စစ်မှန်သော ရလဒ် တစ်ခုမျှ မရှိခြင်းပင်တည်း။

ဘုရားသခင်သည် လူတို့ကို ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်စွာ သူတော်စင်တစ်ဦး၏ ပုံသဏ္ဌာန်နှင့်အညီ ဝတ်စားဆင်ယင်ရန် လိုအပ်သည်။ “ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်စွာ၊ သူတော်စင်တစ်ဦး၏ ပုံသဏ္ဌာန်နှင့်အညီ” ဟူသည်မှာ စုစုပေါင်း စကားလုံး အနည်းငယ်ဖြစ်သော်လည်း ၎င်းတို့ မည်သည့်အရာကို ဆိုလိုသည်ကို သင်တို့ နားလည်သလော။ (ကျွန်ုပ်တို့အားလုံးသည် အယူဝါဒအရ၊ ဘုရားသခင်က လူတို့ကို ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်စွာ၊ သူတော်စင်တစ်ဦး၏ ပုံသဏ္ဌာန်နှင့်အညီ ဝတ်စားဆင်ယင်ရန် တောင်းဆိုကြောင်း သိကြသော်လည်း ကျွန်ုပ်တို့ကိုယ်တိုင် ဝတ်စားဆင်ယင်သည့်အခါ မည်သည့်အရာက ဣန္ဒြေရခြင်း သို့မဟုတ် တင့်တယ်လျောက်ပတ်ခြင်း ဖြစ်သည်ကို မည်သို့အကဲဖြတ်ရကောင်းမှန်း မသိကြပါ။) ဤသည်မှာ သမ္မာတရားကို နားလည်ခြင်း ရှိမရှိဟူသော ပြဿနာနှင့် သက်ဆိုင်လေသည်။ အကယ်၍ သင်သည် ဤအရာကို အကဲမဖြတ်နိုင်ပါက ယင်းက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ကြောင်း သက်သေပြသည်။ သို့ဆိုလျှင် ဘုရားနှုတ်ကပတ်တော်များကို နားလည်ခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင် ပြောဆိုသည့် ဣန္ဒြေရခြင်းနှင့် တင့်တယ်လျောက်ပတ်ခြင်းအတွက် စံသတ်မှတ်ချက်များကို နားလည်ခြင်း၊ သို့မဟုတ် ပို၍ တိတိကျကျဆိုသော် အဝတ်အစား၏ အရောင်နှင့် ပုံစံကို နားလည်ခြင်းကို ဆိုလိုသည်။ မည်သည့်အရောင်များနှင့် ပုံစံများက ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်သနည်း။ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိသူတို့သည် မည်သည့်အရာက ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်သည်ကိုလည်းကောင်း၊ မည်သည့်အရာက ထူးခြားဆန်းကြယ်သည်ကိုလည်းကောင်း သိကြသည်။ အချို့သောအဝတ်အစားများသည် ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်သော်လည်း ၎င်းတို့သည် ခေတ်နောက်ကျသော ပုံစံရှိကြသည်။ ဘုရားသခင်သည် ခေတ်နောက်ကျသော အရာများကို မနှစ်သက်ဘဲ လူတို့ကို အတိတ်က ပုံစံများကို အတုယူရန် သို့မဟုတ် ကြောင်သူတော်ဆန်သော ဖာရိရှဲများ ဖြစ်လာရန် တောင်းဆိုနေခြင်း မဟုတ်ပေ။ ဘုရားသခင်က “ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်စွာ” ဟု ဆိုလိုသည့်အရာမှာ ပုံမှန် လူသားပုံသဏ္ဌာန်ရှိခြင်း၊ မွန်မြတ်ပြီး ကျက်သရေရှိကာ အဆင့်အတန်းရှိသော ပုံပန်းသဏ္ဌာန်ရှိခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို ထူးခြားဆန်းကြယ်သော အဝတ်အစားများ ဝတ်ဆင်ရန် မတောင်းဆိုသကဲ့သို့ လူမွဲတစ်ဦးကဲ့သို့ စုတ်ပြတ်နေသော အဝတ်အစားများ ဝတ်ဆင်ရန်လည်း မတောင်းဆိုဘဲ လူတို့ကို ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်စွာ သူတော်စင်တစ်ဦး၏ ပုံသဏ္ဌာန်နှင့်အညီ ဝတ်စားဆင်ယင်ရန် တောင်းဆိုသည်။ ဤသည်မှာ ပုံမှန်လူများ၏ နားလည်သဘောပေါက်မှု ဖြစ်သည်။ သို့သော် ဤအရာကို ကြားပြီးနောက် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် အလွန်စိတ်အားထက်သန်လာပြီး ဤသို့ပြောဆိုလေသည်။ “ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို မည်သို့ ဝတ်စားဆင်ယင်ရမည်ဟူသော ဘောင်ကို ပေးထားသည်။ ‘ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်စွာ သူတော်စင်တစ်ဦး၏ ပုံသဏ္ဌာန်နှင့်အညီ’ ဟူသည့် ဤစကားလုံး အနည်းငယ်ကို ကျွန်ုပ်တို့ စောင့်ထိန်းပါက ကျွန်ုပ်တို့သည် ဘုရားသခင်ကို ဘုန်းထင်ရှားစေပြီး ကိုယ်တော်အပေါ် အရှက်ရစေခြင်း မရှိဘဲ ဘာသာတရားမရှိသူများကြားတွင် အလွန်လေးစားခံရသော လူများ ဖြစ်လာလိမ့်မည်။ သို့ဆိုလျှင် ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်ခြင်း ဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သင်သည် လူသားပုံသဏ္ဌာန်နှင့်အညီ ပြောဆိုပြုမူရမည်ဖြစ်ပြီး သူတော်စင်၏ ပုံသဏ္ဌာန် ရှိရမည်ဖြစ်သည်။ သူတော်စင်များအကြောင်း ပြောရလျှင် ယေဘုယျအားဖြင့် ကျွန်ုပ်တို့သည် ရှေးခေတ်သူတော်စင်များကို ရည်ညွှန်းသည်။ အကယ်၍ ကျွန်ုပ်တို့သည် သူတော်စင်၏ ပုံသဏ္ဌာန် ရှိလိုပါက ရှေးခေတ်သူတော်စင်များ၏ ပုံစံကို အတုယူရမည်ဖြစ်သော်လည်း အကယ်၍ သင်သည် ရှေးခေတ်အဝတ်အစားများ ဝတ်ဆင်ပြီး လမ်းပေါ် လျှောက်သွားပါက လူတို့က သင့်ကို ရူးနေသည်ဟု ထင်မှတ်ကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်ကို ဂုဏ်ပြုခြင်း၏ စည်းမျဉ်းနှင့် မကိုက်ညီပေ၊ သို့သော် ကျွန်ုပ်တို့ ခြေရာခံနိုင်သည့် အရာများ ဖြစ်သည့် မကြာသေးမီကာလများက သူတော်စင်များ ဝတ်ဆင်ခဲ့သည့် အဝတ်အစားများ၏ သက်သေအထောက်အထားအချို့ ရှိသင့်သည်။ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က လူမှုပတ်ဝန်းကျင်သည် ပို၍ ကောင်းမွန်ခဲ့သည်။ လူတို့သည် ပို၍ ရိုးသားကြပြီး ပို၍ ရှေးရိုးဆန်ကာ သင့်တင့်စွာ ဝတ်စားဆင်ယင်ခဲ့ကြသည်။ အကယ်၍ သင်သည် ဤစံနှုန်းအတိုင်း ဝတ်စားဆင်ယင်ပါက သင်သည် ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်ကာ သူတော်စင်တစ်ဦး၏ ပုံသဏ္ဌာန် ရှိလိမ့်မည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းဖြစ်သည်” ဟူ၍ ဖြစ်သည်။ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်များက လူတို့သည် အဖြူရောင်ရှပ်အင်္ကျီနှင့် အပြာရောင်ဘောင်းဘီများ ဝတ်ဆင်ခဲ့ကြသည်ကို သိရှိပြီးနောက် သူသည် ညီအစ်ကိုမောင်နှမများကို “ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်များထဲတွင် အလင်းကို တွေ့မြင်ခဲ့ပြီ။ ၇၀ နှင့် ၈၀ ပြည့်နှစ်များက လူတို့သည် အတော်အတန် သင့်တင့်ပြီး ရိုးရှင်းသည့် ဝတ်စုံများကို ဝတ်ဆင်ခဲ့ကြသည်။ ၎င်းတို့ကို ဂုဏ်သိက္ခာရှိသည်ဟု မဆိုနိုင်သော်လည်း ဘုရားနှုတ်ကပတ်တော်၏ တောင်းဆိုချက်များနှင့် ပို၍ ကိုက်ညီပုံရသည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤစံနှုန်းအတိုင်း ဝတ်စားဆင်ယင်ကြမည်” ဟု ပြောဆိုခဲ့သည်။ ခေါင်းဆောင်က ဤအရာကို ဝတ်ဆင်ရာတွင် ဦးဆောင်ခဲ့ပြီး လူတိုင်းက ယင်းကို ကြည့်ကောင်းသည်၊ အတော်အတန် တင့်တယ်လျောက်ပတ်ပြီး ရိုးရှင်းသည်ဟု ထင်မှတ်ခဲ့ကြသည်။ ခေါင်းဆောင်က ဤသို့ပြောဆိုသည်။ “ဘုရားသခင်က ထူးခြားဆန်းကြယ်သော အဝတ်အစားများ မဝတ်ဆင်ရန် ပြောဆိုခဲ့သည်။ ပထမဦးစွာ ရှပ်အင်္ကျီပေါ်ရှိ ကြယ်သီးများကို လည်ပင်းရင်းအထိ တပ်ရမည်ဖြစ်ပြီး လက်ကောက်ဝတ်ပေါ်ရှိ ကြယ်သီးများအားလုံးကိုလည်း တပ်ထားရမည်။ လက်ကောက်ဝတ်များကို မမြင်စေရ၊ ရှပ်အင်္ကျီကို ဘောင်းဘီထဲသို့ ထည့်ထားရမည်ဖြစ်ပြီး အရာအားလုံးကို တင်းကျပ်စွာ ဖုံးအုပ်ထားရမည်၊ ရင်ဘတ်ဗလာ သို့မဟုတ် ကျောဗလာ မဖြစ်စေရ။ မည်မျှ ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်သည်ကို ကြည့်ပါလေ။ ဤသည်မှာ ဘုရားသခင် တောင်းဆိုသည့်အတိုင်း ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်သည် မဟုတ်လော၊ ယင်းသည် သူတော်စင်၏ ပုံသဏ္ဌာန်နှင့် ကိုက်ညီသည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ ခေါင်းဆောင်သည် ထိုအခိုက်အတန့်တွင် သူဝတ်ဆင်နေသည့် ဝတ်စုံကို အထူးပင် နှစ်သက်သဘောကျခဲ့ပြီး တစ်ချိန်တည်းမှာပင် သူသည် အခြားသူများကို “သင်တို့၏ အဝတ်အစားများသည် အလွန် ခေတ်မီလွန်းသည်၊ အလွန် ဖက်ရှင်ကျလွန်းသည်။ ယင်းတို့သည် ဘုရားသခင်အပေါ် အရှက်ရစေပြီး ကိုယ်တော်သည် ယင်းတို့ကို မနှစ်သက်ပေ။ အားလုံး၊ ကျွန်ုပ်ဝတ်ဆင်နေသည့်အရာကို အမြန် လိုက်ဝတ်ဆင်ကြလော့၊ ကျွန်ုပ်နှင့် တစ်ပုံစံတည်း ဖြစ်စေကြလော့” ဟု တောင်းဆိုချက်များ ချမှတ်ခဲ့သည်။ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသော လူတို့သည် နောက်မှလိုက်၍ အတုယူကြပြီး သူတော်စင်၏ ပုံသဏ္ဌာန်နှင့် ကိုက်ညီသည့် ဣန္ဒြေရပြီး တင့်တယ်လျောက်ပတ်သည်ဟု ခေါ်သော ဝတ်စုံတစ်စုံကို ရှာဖွေဝတ်ဆင်ခဲ့ကြကာ လူအများစုကပင် ယင်းကို ကောင်းသည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် အချို့သောလူတို့သည် ဤခေတ်နောက်ကျသော အရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် စက်ဆုပ်ရွံရှာကြပြီး ဤသို့ပြုလုပ်ခြင်းသည် မသင့်လျော်ကြောင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို ဤသို့နားလည်ခြင်းသည် လွဲချော်နေကြောင်း ခံစားခဲ့ကြသည်။ ဤလူတို့သည် ခေါင်းဆောင်၏စကားကို နားထောင်ခြင်းက မှန်သည် သို့မဟုတ် မှားသည်ဟု ရှင်းလင်းစွာ မပြောနိုင်သကဲ့သို့ ကောက်ချက်များ မချဝံ့ကြသော်လည်း လူအုပ်နောက်သို့ မျက်စိမှိတ် မလိုက်ရန်အတွက် ရပ်တည်ခဲ့ကြသည်။ ခေါင်းဆောင်ပြောဆိုသည့်အရာသည် အပြည့်အဝ မှန်ကန်ခြင်းမရှိဟု ၎င်းတို့ ယုံကြည်ခဲ့ကြပြီး ၎င်းတို့ လိုက်နာလုပ်ဆောင်ခြင်း မရှိခဲ့ကြပေ။ ထိုဉာဏ်ထိုင်းသူများ၊ ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်းမရှိသော ထိုလူတို့သာလျှင် မိမိတို့ကိုယ်တိုင် ဘုရားနှုတ်ကပတ်တော်များကို မဖတ်ရှုဘဲ အယောင်ဆောင်ခေါင်းဆောင် ပြောသမျှကို လက်ခံကာ သူတို့ကို ခိုင်းသည့် မည်သည့်အရာကိုမဆို ခိုင်းသည့်နည်းလမ်းအတိုင်း လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်နောက်သို့ လိုက်၍ သူ့ကို အတုယူကြပြီး အပြင်ထွက်သည့်အခါ တစ်ပုံစံတည်း ဝတ်စားဆင်ယင်ခဲ့ကြသည်။ လူအုပ်ကြားသို့ သွားသည့်အခါတိုင်း ၎င်းတို့သည် အလွန်ပင် ပီတိဖြစ်ကြပြီး ဤသို့တွေးထင်ကြသည်။ “ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ကြပြီး ကျွန်ုပ်၏ ဝတ်စုံတွင် သူတော်စင်၏ ပုံသဏ္ဌာန်များစွာ ရှိသည်။ သင်တို့ မည်သည့်အရာများကို ဝတ်ထားကြသနည်း။ တောက်ပြောင်လိုက်လေခြင်း၊ ခေတ်မီလိုက်လေခြင်း၊ ကောက်ကျစ်ဆိုးယုတ်လိုက်လေခြင်း။ ကျွန်ုပ်တို့ကို ကြည့်ပါ၊ ကျွန်ုပ်တို့ ဘာကိုမျှ မဖော်ပြထားပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အံ့ဩဖွယ်ကောင်းသည်ဟု ထင်မှတ်ခဲ့ကြသည်။ အယောင်ဆောင်ခေါင်းဆောင်သည် ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များကို အနက်မှားပြန်ဆိုခြင်းဖြစ်ကြောင်း သိရှိရန် ပျက်ကွက်ရုံသာမက သူသည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်လျက် ယင်းတို့၏ အရှိတရားထဲသို့ ဝင်ရောက်နေသည်ဟု အမှန်တကယ် ထင်မှတ်ခဲ့သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ လူတို့အတွက် ဘုရားသခင်၏ အရိုးရှင်းဆုံးနှင့် အလွယ်ကူဆုံးသော တောင်းဆိုချက်များအတွက်ပင် အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားနှုတ်ကပတ်တော်များ မည်သည့်အရာကို ရည်ညွှန်းသည်ကိုလည်းကောင်း၊ ၎င်းတို့၏ လိုအပ်သော စံနှုန်းများ သို့မဟုတ် စည်းမျဉ်းများကိုလည်းကောင်း အမှန်တကယ် နားမလည်နိုင်ကြပေ။ သို့ဆိုလျှင် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ပတ်သက်၍ သို့မဟုတ် လူသားတို့၏ အခြေအနေအမျိုးမျိုးနှင့်ပတ်သက်၍ ဘုရားသခင် ပြောဆိုသည့်အရာကို ၎င်းတို့ နားလည်နိုင်မည်လော။ ဤနေရာတွင် သမ္မာတရားသည် အတိအကျ မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ သိနိုင်မည်လော။ မသိနိုင်သည်မှာ ပြောစရာမလိုချေ။

အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စာသားအတိုင်း အဓိပ္ပာယ်မှ ဘုရားသခင် မိန့်ကြားခဲ့သည်ကို သိရုံသာသိသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်သမ္မာတရားကို ဖော်ပြသည်ကိုဖြစ်စေ၊ လူတို့ထံမှ ဘုရားသခင် တောင်းဆိုသည့်အရာကိုဖြစ်စေ၊ လူတို့ နားလည်သင့်သည့် သမ္မာတရား စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ နားမလည်ကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယဖွဲ့သည့်အခါတွင် ယင်းတို့ကို စာသားအတိုင်း အနက်ပြန်ဆိုမှုအချို့ ပြုလုပ်ကာ လူတို့အား လိုက်နာရန် စည်းမျဉ်းစည်းကမ်းအချို့၊ စည်းမျဉ်းအချို့ကို ပေးလျက်၊ ၎င်းတို့လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ကြောင်းနှင့် အလုပ်လုပ်ပြီးဖြစ်ကြောင်း သက်သေပြရန် ဤအရာများကို အသုံးပြုကြသည်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ရှင်းလင်းပြီးသားဖြစ်သည်၊ လူတို့ကသာ ယင်းတို့ကို စားသောက်ရန်ဖြစ်စေ၊ ကြိုးစားအားထုတ်ရန် ဖြစ်စေ အစဉ်သဖြင့် ပျက်ကွက်ခြင်းဖြစ်သည်ဟုပင် တွေးထင်ကြသည်။ လူတိုင်း၏လက်ထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များ ရှိနေသည်ကို မြင်သောအခါ လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ဦးဆောင်ခြင်းသည် အပိုအလုပ်တစ်ခု ဖြစ်သည်ဟု ၎င်းတို့က မှတ်ယူကြသည်။ ထို့ကြောင့် ၎င်းတို့သည် စုဝေးပွဲများအတွင်း သို့မဟုတ် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် ပြဿနာများတွေ့ရှိသည့်အခါ လူတို့ထံသို့ ရွေးချယ်ထားသော ဘုရားသခင်၏ နှုတ်ကပတ်တော် အပိုဒ်အချို့ကိုသာ ပေးပို့ကြကာ “ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲက ဤအပိုဒ်ကို ဖတ်ပါ”၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲက ထိုအပိုဒ်ကို ဖတ်ပါ”၊ သို့မဟုတ် “ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤကဏ္ဍနှင့်ပတ်သက်၍ ဤသို့ဆိုပြီး ထိုကဏ္ဍနှင့်ပတ်သက်၍ ထိုသို့ဆိုသည်” ဟူသည့်အရာများ ပြောဆိုကြသည်။ ၎င်းတို့သည် လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရန် အားပေးဖို့ ဖျောင်းဖျသည့်ပုံစံကို အသုံးပြုလျက် ရွေးချယ်ထားသော ဘုရားသခင်၏ နှုတ်ကပတ်တော် အပိုဒ်များကိုသာ လူတို့ထံ ပေးပို့ကြပြီး ဤသည်မှာ လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ဦးဆောင်သည့်နည်းလမ်းဖြစ်ကြောင်းနှင့် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းနေခြင်းဖြစ်ကြောင်း ယုံကြည်ကြသည်။ ဤနှုတ်ကပတ်တော်များကို မြင်ပြီးနောက် လူတို့က “ဤဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်လည်း ဖတ်ဖူးပါသည်၊ သင်က ကျွန်ုပ်အတွက် ဤနှုတ်ကပတ်တော်များကို စုစည်းပေးခြင်းသည် မလိုအပ်သောအရာတစ်ခု မဟုတ်လော” ဟု ပြောကြသည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များကမူ “ငါက သင့်ထံ မပို့ပေးလျှင် ဤနှုတ်ကပတ်တော်များမှာ မည်သည့်အခန်း၊ မည်သည့်စာမျက်နှာတွင် ရှိသည်ကို သင်ရှာတွေ့နိုင်မည် မဟုတ်။ ဤနှုတ်ကပတ်တော်များကို ဘုရားသခင်က မည်သည့်နောက်ခံအခြေအနေအောက်တွင် မိန့်ကြားခဲ့သည်ကိုပင် သင်မသိ။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သင့်ထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အချိန်မရွေး နေရာမရွေး ပေးပို့ရန် ဤတာဝန်ကို ငါထမ်းဆောင်သင့်သည်” ဟု တွေးထင်ကြသည်။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များသည် မေတ္တာစေတနာ ဗရပွကို ပြရန် ကြိုးစားရာတွင် မိမိတို့၏အလုပ်အပေါ် သစ္စာစောင့်သိမှုကိုလည်းကောင်း၊ လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဦးဆောင်ရန် မိမိတို့၏ စိတ်ပိုင်းဖြတ်မှုကိုလည်းကောင်း ပြသရန်အလို့ငှာ တစ်စုံတစ်ဦးထံ တစ်ရက်အတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော် ဆယ်ပိုဒ်မှ အပိုဒ်နှစ်ဆယ်အထိပင် ပေးပို့ကြသည်။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို လူတို့ထံ ပေးပို့သော်လည်း ၎င်းတို့၏ ပြဿနာများ ဖြေရှင်းပြီးသွားပြီလော။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး ပါဝင်ထမ်းဆောင်သင့်သည့် အခန်းကဏ္ဍကို ဖြည့်ဆည်းကြသလော။ ၎င်းတို့သည် ဤအခန်းကဏ္ဍကို မကြာခဏဆိုသလို မဖြည့်ဆည်းနိုင်ကြပေ၊ အကြောင်းမှာ အကယ်၍ လူတို့သည် ဤနှုတ်ကပတ်တော်များကို မိမိတို့ဘာသာ နားလည်နိုင်ခဲ့ပါက ၎င်းတို့အနေဖြင့် ခေါင်းဆောင်တစ်ဦးကို လိုအပ်မည် မဟုတ်သောကြောင့် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များ ပေးပို့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော် အပိုဒ်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုသူများက အမှန်တကယ်ပင် ကောင်းစွာသိကြသော်လည်း လူတို့တွင် မည်သည့်အရာ လိုအပ်နေသနည်း။ ၎င်းတို့၏ အခက်အခဲများနှင့် ပြဿနာများမှာ အဘယ်နည်း။ ယင်းမှာ ဤသမ္မာတရားများ ပါဝင်သည့် ကိစ္စရပ်များနှင့် ကြုံလာသည့်အခါ၊ အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် ဤပြဿနာများ၏ အနှစ်သာရကို ထွင်းဖောက်၍ မမြင်နိုင်ကြခြင်း၊ ယင်းတို့ကို ဖြေရှင်းရန် မည်သည့်နေရာမှ စတင်ရမည်ကို မသိခြင်း၊ ဤသမ္မာတရားများထဲသို့ မည်သို့ဝင်ရောက်ရမည်ကို မသိခြင်းတို့ဖြစ်ပြီး အယောင်ဆောင်ခေါင်းဆောင်များကလည်း မသိကြခြင်းပင်ဖြစ်သည်။ သို့ဆိုလျှင် ဤကိစ္စတွင် ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းပြီးပြီလော။ ၎င်းတို့သည် ခေါင်းဆောင်ပိုင်းအလုပ်အတွက် အရည်အချင်း ပြည့်မီသလော။ ၎င်းတို့သည် ဤတာဝန်ဝတ္တရားကို ကောင်းမွန်စွာ မဖြည့်ဆည်းခဲ့ကြသည်မှာ ရှင်းလင်းပေသည်။ ဥပမာအနေဖြင့် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရိုးသားသောသူတစ်ဦး ဖြစ်ခြင်းအကြောင်း ဖတ်ရှုသည့်အခါ၊ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့စားသောက်ရမည်ကို မသိသောကြောင့်လည်းကောင်း၊ သမ္မာတရားကို သဘောပေါက်နားလည်ရန်နှင့် သိနားလည်ရန် အစွမ်းအစ ကင်းမဲ့သောကြောင့်လည်းကောင်း ဤသို့ပြောဆိုပေမည်၊ “ဘုရားသခင်၏ တောင်းဆိုချက်များမှာ မမြင့်မားပါ။ ဘုရားသခင်က ကျွန်ုပ်တို့ကို ရိုးသားသောသူများဖြစ်ရန် တောင်းဆိုပြီး ရိုးသားခြင်းဆိုသည်မှာ အမှန်အတိုင်းပြောဆိုခြင်းကို ဆိုလိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပြီးသားမဟုတ်လော။ ‘သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။’ (ရှင်မဿဲခရစ်ဝင် ၅:၃၇) ဟူ၍ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ မည်မျှ ရှင်းလင်းလိုက်သနည်း။ သင်၏စိတ်နှလုံးထဲတွင် မည်သို့ပင်တွေးထင်သည်ဖြစ်စေ ပြောဆိုလိုက်ပါ၊ ယင်းမှာ ရိုးရှင်းလိုက်ပါတကား။ သင် အဘယ်ကြောင့် မလုပ်ဆောင်နိုင်ရမည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်၊ ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ရမည်။ လက်တွေ့မလုပ်ဆောင်ခြင်းသည် ပုန်ကန်ခြင်းဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်ကို ပုန်ကန်သူများကို ဘုရားသခင်က ကယ်တင်တော်မူသလော။ ကိုယ်တော်သည် မကယ်တင်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်ကို ကြားသည့်အခါ လူတို့က “သင်ပြောသည့် စကားတိုင်းမှာ မှန်ကန်ပါသည်၊ သို့သော် ကျွန်ုပ်တို့သည် ရိုးသားသောသူများ မည်သို့ဖြစ်ရမည်ကိုမူ မသိသေးပါ။ အကြောင်းမှာ အကြိမ်များစွာတွင် လိမ်လည်ခြင်းသည် မိမိသဘောအတိုင်းမဟုတ်ဘဲ ဖြစ်ပေါ်လာခြင်း၊ သို့မဟုတ် အခြားရွေးချယ်စရာမရှိသည့်အခါ လူတစ်ဦးလုပ်ဆောင်သည့်အရာဖြစ်ပြီး ယင်း၏နောက်ကွယ်တွင် အကြောင်းပြချက်တစ်ခု ရှိသောကြောင့်ဖြစ်သည်။ ဤသည်ကို မည်သို့ ဖြေရှင်းသင့်သနည်း” ဟု တုံ့ပြန်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်က မည်သည့်အရာကို ပြောမည်နည်း။ “ဤသည်ကို ကိုင်တွယ်ရန် မလွယ်ကူဘူးလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ရှင်းလင်းအောင် မပြုလုပ်ခဲ့ဘူးလော။ ရိုးသားသောသူတစ်ဦး ဖြစ်ခြင်းသည် ကလေးတစ်ဦးကဲ့သို့ ဖြစ်ခြင်းမျှသာဖြစ်သည်၊ ယင်းမှာ ရိုးရှင်းလိုက်လေခြင်း။ သင် မည်မျှပင် အသက်ကြီးနေပါစေ သင်သည် ကလေးတစ်ဦးကဲ့သို့ မဖြစ်နိုင်ဘူးလော။ ကလေးများ မည်သို့ပြုမူသည်ကို ကြည့်လိုက်စမ်းပါ” ဟူ၍ ဖြစ်သည်။ နားထောင်သူက ဤသို့ စဉ်းစားဆင်ခြင်လေသည်၊ “ကလေးတစ်ဦး၏ အဓိကအပြုအမူများမှာ အပြစ်ကင်းစင်ပြီး သက်ဝင်လှုပ်ရှားခြင်း၊ ခုန်ပေါက်နေခြင်း၊ မရင့်ကျက်ခြင်းနှင့် အမှုအရာများစွာကို နားမလည်ခြင်းတို့ ဖြစ်သည်။ ခေါင်းဆောင်က ဤသို့ပြောပြီးဖြစ်သည့်အတွက် ငါသည် ဤနည်းအတိုင်း လုပ်ဆောင်မည်” ဟူ၍ဖြစ်သည်။ နောက်တစ်နေ့တွင် အသက်သုံးဆယ် သို့မဟုတ် လေးဆယ်အရွယ်ရှိ ဤသူသည် သူ၏ဆံပင်ကို နှစ်ဖက်ခွဲ၍ ကျစ်ဆံမြီးလေးများ ကျစ်ထားပြီး ပန်းရောင်ခေါင်းစည်းနှင့် ဆံညှပ်များ တပ်ဆင်ကာ ပန်းရောင်ရှပ်အင်္ကျီ၊ ဖိနပ်နှင့် ခြေအိတ်တို့ကို ဝတ်လျက် တစ်ကိုယ်လုံး ပန်းရောင်ဖြင့် ဆင်ယင်ထားလေသည်။ ဤသည်ကို မြင်သည့်အခါ ခေါင်းဆောင်က “မှန်ပေသည်။ ကလေးတစ်ဦးကဲ့သို့ ပို၍ လမ်းလျှောက်လော့၊ ခုန်ပေါက်နေလော့။ ကလေးတစ်ဦးကဲ့သို့ ပို၍ အပြစ်ကင်းစင်စွာ ပြောဆိုလော့၊ မျက်လုံးများတွင် ကောက်ကျစ်ဆိုးယုတ်ခြင်း ကင်းလျက် မျက်နှာတွင် ပြုံးနေလော့၊ ဤသည်မှာ ကလေးတစ်ဦး၏ အမူအရာသို့ ပြန်ရောက်သွားခြင်း မဟုတ်လော။ ဤသည်မှာ ရိုးသားသောသူတစ်ဦး၏ ပုံသဏ္ဌာန်ဖြစ်သည်” ဟု ပြောဆိုသည်။ ခေါင်းဆောင်သည် အတော်ပင် နှစ်ထောင်းအားရဖြစ်နေသော်လည်း အခြားသူများကမူ ဤသည်ကို မိုက်မဲသော၊ ပုံမှန်မဟုတ်သော အပြုအမူအဖြစ် မြင်ကြသည်။ ဤအယောင်ဆောင်ခေါင်းဆောင်သည် ပြဿနာကို ဖြေရှင်းရန် ပျက်ကွက်သည်သာမက သမ္မာတရားစည်းမျဉ်းများကို မည်သို့ရှာဖွေရမည်ကိုလည်း လုံးဝမသိဘဲ လူတို့အား အဓိပ္ပာယ်မရှိသော လွဲမှားသည့်လမ်းသို့ ပို့ဆောင်လေသည်။ ရိုးသားသောသူတစ်ဦး ဖြစ်ခြင်းဟူသည့် အရိုးရှင်းဆုံးသော သမ္မာတရားအတွက်ပင်လျှင် အယောင်ဆောင်ခေါင်းဆောင်သည် ယင်းကို မှန်ကန်စွာနှင့် သန့်စင်စွာ မည်သို့သဘောပေါက်နားလည်ရမည်ကို မသိဘဲ၊ စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်ဘဲ ပုံသေစောင့်ထိန်းခြင်းကိုသာ အားကိုးအားထားပြု၍ ယင်းကို သဘောပေါက်နားလည်ခြင်းက အလွန်လွဲချော်နေသည်မှာ ကြားရသူများပင် စက်ဆုပ်ရွံရှာကြလေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တို့သည် လုပ်ဆောင်သည့်အရာ ဖြစ်သည်။

အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားနှုတ်ကပတ်တော်များကို နည်းလမ်းအမျိုးမျိုးဖြင့် သဘောပေါက်နားလည်ကြပြီး ထူးဆန်း၍ ဆန်းပြားသော ရှုထောင့်အမြင်အမျိုးမျိုးကို အကြံထုတ်ကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လိုက်နာခြင်းဟူသည့် အလံကိုလည်း ဝှေ့ယမ်းကြကာ အခြားသူများကို ၎င်းတို့၏ သဘောပေါက်နားလည်မှုကို လက်ခံပြီး လိုက်နာစောင့်ထိန်းရန် တောင်းဆိုကြသည်။ အတိုချုပ်အားဖြင့် ဤအယောင်ဆောင်ခေါင်းဆောင်များကဲ့သို့သော လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အပေါ်ယံဖြစ်သော၊ လွဲချော်သော သဘောပေါက်နားလည်မှုတစ်ခု မကြာခဏ ရှိတတ်ကြသည်။ ယင်းကို သတ်မှတ်ရန် ဝိညာဉ်ရေးရာ ဝေါဟာရတစ်ခုကို အသုံးပြုရလျှင် ၎င်းတို့သည် “ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်” ဟု ငါတို့ပြောဆိုပေမည်။ ၎င်းတို့၏ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သဘောပေါက်နားလည်မှုသည် လွဲချော်သည်သာမက ၎င်းတို့ကဲ့သို့ပင် ဤလွဲချော်သော အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် အခြားသူများကိုလည်း မကြာခဏ တောင်းဆိုကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် သမ္မာတရားအပေါ် သန့်စင်သော သဘောပေါက်နားလည်မှုတစ်ခု ရှိသူတို့ကို ပြစ်တင်ရှုတ်ချရန် မိမိတို့၏ လွဲချော်သော ်သဘောပေါက်နားလညမှုကို အသုံးပြုကြသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည့် ဤအယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်များကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းတို့ မရှိကြချေ။ အပြင်ပန်းမှကြည့်လျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် လက်ခံခြင်းဟူသည့် ကျိုးကျိုးနွံနွံရှိသည့် သဘောထားတစ်ခုဖြင့် ချဉ်းကပ်ကြသည့်အလား ထင်ရသည်။ သို့သော် ၎င်းတို့၏ ညံ့ဖျင်းသော အစွမ်းအစနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း မရှိခြင်းတို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျောင်းသုံးစာအုပ်တစ်အုပ်ကဲ့သို့ သဘောထားပြုမူကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် “တစ်အပေါင်းတစ်သည် နှစ်၊ နှစ်အပေါင်းနှစ်သည် လေး” ဟူသည့် ဆင်ခြင်တွေးခေါ်မှုစနစ်ကို လိုက်နာသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ သမ္မာတရား ဖြစ်ကြောင်းကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ပြောဆိုထားသည့် သမ္မာတရားများက မည်သည့်အရာကို ရည်ညွှန်းသည်ကို၊ ဤသမ္မာတရားများတွင် ပါဝင်သည့် အမျိုးမျိုးသော အခြေအနေများနှင့် အကြောင်းအရာများမှာ အဘယ်အရာ ဖြစ်သည်ကို နားလည်ရမည် ဖြစ်ကြောင်းကိုလည်းကောင်း မသိကြပေ။ အခြားသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလွန်ခိုင်မာပြီး လက်တွေ့ကျသော နည်းလမ်းဖြင့် နားလည်သဘောပေါက်သည့်အခါ ၎င်းတို့က ထိုအရာကို အပေါ်ယံဆန်ပြီး နားထောင်ရန်မထိုက်တန်ဟု မှတ်ယူကာ “ကျွန်ုပ်အားလုံး နားလည်ပါသည်၊ ကျွန်ုပ်အရာရာကို သိပါသည်။ သင်ပြောနေသည့်အရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှင်းလင်းစွာ ရှင်းပြထားပြီးဖြစ်သည်၊ သင်ပြောရန် လိုသေးသလော” ဟု ပြောဆိုကြသည်။ အမှန်တကယ်တွင် အခြားသူများ ဆွေးနွေးနေသည့်အရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားများနှင့် သက်ဆိုင်သည့် တိကျသော အကြောင်းအရာများ ပါဝင်နေသည်ကို ၎င်းတို့ သတိမမူမိကြပေ။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း မရှိသောကြောင့် သမ္မာတရားအားလုံးမှာ အနည်းနှင့်အများ တူညီကြသည်ဟုလည်းကောင်း၊ သမ္မာတရားများက ဆွေးနွေးထားသည့် ကိစ္စရပ်များအကြားတွင် တိကျသော ကွဲပြားမှုများမရှိဟုလည်းကောင်း တွေးထင်ကြသည်၊ ဤအရာများအကြောင်း မဆုံးနိုင်အောင် ပြောဆိုနေသော်လည်း ယင်းတို့အားလုံးမှာ အနှစ်သာရအားဖြင့် တူညီသောကိစ္စတစ်ခုတည်း ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤယုံကြည်ချက်သည် ပြင်းထန်သော ပြဿနာတစ်ခုကို ညွှန်ပြပြီး ယင်းက ထိုသို့သော လူတစ်ဦးချင်းစီကို သမ္မာတရားကို မည်သည့်အခါမျှ နားလည်မည်မဟုတ်ရန် ကံကြမ္မာပါစေသည်။

အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့အား သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးမဆောင်နိုင်ကြ

ယခုအခါတွင် အစွမ်းအစကောင်းပြီး သဘောပေါက်နားလည်နိုင်စွမ်းရှိသော လူတစ်ဦးချင်းစီ ရှိကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ အခြေခံကျသော နှုတ်ကပတ်တော်များအပေါ် အတွေ့အကြုံနှင့် ဝင်ရောက်မှုအချို့ ရရှိပြီးဖြစ်ကာ သမ္မာတရား လက်တွေ့ကျမှုအချို့ကို ပိုင်ဆိုင်ကြသော်လည်း ၎င်းတို့၏ ဝင်ရောက်မှုသည် ပို၍ သိမ်မွေ့ပြီး ပို၍ အသေးစိတ်ကျနိုင်ရန်အလို့ငှာ ၎င်းတို့သည် ပို၍ တိကျသော လမ်းညွှန်မှုနှင့် ခေါင်းဆောင်မှုကို လိုအပ်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသာလျှင် သမ္မာတရား၏ တိကျသော အသေးစိတ်အချက်များက မည်သည့်အရာကို ရည်ညွှန်းသည်ကိုဖြစ်စေ၊ ၎င်းတို့ကို အဘယ်ကြောင့် ထိုသို့သောနည်းလမ်းဖြင့် ပြောဆိုရသည်ကိုဖြစ်စေ နားမလည်နိုင်ကြဘဲ ယင်းမှာ အမှုအရာများကို မလိုအပ်ဘဲ ရှုပ်ထွေးအောင်လုပ်ခြင်း သို့မဟုတ် စကားလုံးများ ဇီဇာကြောင်ခြင်းဖြစ်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် သမ္မာတရားတွင် ပါဝင်သည့် အမျိုးမျိုးသော ကဏ္ဍများကို မည်သို့သဘောပေါက်နားလည်ရမည်ကိုဖြစ်စေ၊ မည်သို့တွေ့ကြုံခံစားရမည်ကိုဖြစ်စေ နားမလည်ကြ သို့မဟုတ် မသိကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် ခေါင်းဆောင်များ ဖြစ်လာပြီးနောက် လုပ်ဆောင်နိုင်သည့်အရာမှာ လူတို့အား အများအားဖြင့် မိတ်သဟာယဖွဲ့လေ့ရှိသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ဦးဆောင်ခြင်း၊ ထို့နောက် အယူဝါဒအချို့ကို ပြောဆိုခြင်းနှင့် စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းခြင်း၏ လက်တွေ့လုပ်ဆောင်နည်းအချို့ကို အကျဉ်းချုပ်ခြင်းမျှသာဖြစ်ပြီး လူတို့က ၎င်းတို့ထံမှ ရရှိသည့်အရာမှာလည်း အပေါ်ယံနိုင်သော ဝိညာဉ်ရေးရာ ဝေါဟာရအချို့နှင့် လူအများပြောလေ့ရှိသော စကားလုံးများနှင့် အယူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ဆောင်ပုဒ်များမျှသာ ဖြစ်သည်။ ယုံကြည်သူအသစ် ဖြစ်သူတို့အတွက် အယောင်ဆောင်ခေါင်းဆောင်များ၏ တရားဟောချက်များသည် တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွက် လုံလောက်ရုံမျှသာ ရှိကောင်း ရှိနိုင်သော်လည်း တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာပြီးနောက် သမ္မာတရားအချို့ကို နားလည်လာကြသူတို့သည် အယောင်ဆောင် ခေါင်းဆောင်များ၏ စကားများနှင့် လုပ်နည်းကိုင်နည်း တစ်စုံကို စတင်၍ ပိုင်းခြားသိမြင်လာကြလိမ့်မည်။ အခြေခံအားဖြင့် သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သူတို့အတွက်မူ အယောင်ဆောင် ခေါင်းဆောင်များ မည်သို့ပင် တရားဟောစေကာမူ ၎င်းတို့သည် မည်သည့်အရာကိုမျှ မခံစားရ၊ မည်သည့်သတိပြုမိမှုမျှ မရှိဘဲ ဤခေါင်းဆောင်များ တရားဟောနေသည့်အရာမှာ စကားလုံးများနှင့် အယူဝါဒများမျှသာ ဖြစ်ကြောင်းနှင့် ၎င်းတို့နားလည်သည့်အရာမှာ အနှစ်မဲ့သော သီအိုရီများ၊ ဆောင်ပုဒ်များနှင့် စည်းမျဉ်းစည်းကမ်းအချို့သာဖြစ်ပြီး၊ သမ္မာတရား လုံးဝ မဟုတ်ကြောင်းကို သဘောမပေါက်ကြပေ။ ဤသရုပ်သကန်များကို အခြေခံ၍ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်၊ ယင်းတို့ကို နားလည်သဘောပေါက်ရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် လူတို့ကို ဦးဆောင်ခြင်း” တာဝန်ဝတ္တရားကို အယောင်ဆောင်ခေါင်းဆောင်များ ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သလော။ ၎င်းတို့သည် ဤအခန်းကဏ္ဍကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သလော။ (မဖြည့်ဆည်းနိုင်ပါ။) အဘယ်ကြောင့် မဖြည့်ဆည်းနိုင်သနည်း။ အဓိကကျသော ပြဿနာမှာ အဘယ်နည်း။ (ထိုသို့သောလူများသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး သမ္မာတရားကို နားမလည်နိုင်ကြပါ။) ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး သမ္မာတရားကို သဘောပေါက်နားလည်နိုင်ခြင်း မရှိသည့်တိုင် အခြားသူများကို ဦးဆောင်လိုကြသေးသည်။ ဤသည်မှာ လုံးဝမဖြစ်နိုင်ပေ။ လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များ နားလည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်စေဖို့ အယောင်ဆောင်ခေါင်းဆောင်များကို မျှော်လင့်ခြင်းသည် လေထဲတွင် တိုက်အိမ်ဆောက်ခြင်း ဖြစ်သည်။ ယင်းမှာ ဖြစ်မည်မဟုတ်ပေ။ ဥပမာအနေဖြင့် ရိုးသားသောသူတစ်ဦးဖြစ်ခြင်းကို ကြည့်လော့။ ဤအချက်နှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အတော်ပင် ရိုးရှင်းသည်၊ ယင်းတို့သည် စာကြောင်းအနည်းငယ်မျှသာဖြစ်ပြီး မရှုပ်ထွေးပေ။ ပညာအရည်အချင်း အနည်းငယ်ရှိသည့် မည်သူမဆို ဤစကားလုံးများက မည်သည့်အဓိပ္ပာယ် ဖြစ်သည်ကို သိသည်။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့သည် အလုပ်လုပ်နိုင်စွမ်းရှိကြောင်းနှင့် လူတို့ကို ဦးဆောင်နိုင်ကြောင်း သက်သေပြရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ အကျယ်တဝင့် ရှင်းပြကြသည်။ “လူတို့ကို ရိုးသားရန် ဘုရားသခင်၏ တောင်းဆိုချက်၏ အရေးပါမှုမှာ အဘယ်နည်း။ ယင်းမှာ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းသည် ဘုရားသခင် နှစ်သက်မြတ်နိုးသည့်အရာ ဖြစ်သည်။ ဘာသာတရားမရှိသူများသည် မရိုးသားကြ၊ ၎င်းတို့သည် အမှန်တရားကို မပြောကြ၊ ပြီးလျှင် ၎င်းတို့ပြောဆိုသည့်အရာမှာ လိမ်ညာမှုများနှင့် လှည့်ဖြားသောစကားများသာဖြစ်သည်၊ လောကတစ်ခုလုံးသည် မုသားဖြင့် နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်သည်။ သို့ဖြစ်၍ ယနေ့ ဘုရားသခင် ကြွလာသည့်အခါ ကိုယ်တော်တောင်းဆိုသည့် ပထမဆုံးအရာမှာ လူတို့ ရိုးသားရန်ဖြစ်သည်။ သင်သည် ရိုးသားသောသူတစ်ဦး မဟုတ်လျှင် ဘုရားသခင်သည် သင့်ကို ချစ်မည်မဟုတ်၊ သင်သည် ရိုးသားသောသူတစ်ဦး မဟုတ်လျှင် သင်သည် ကယ်တင်ခြင်းမခံရနိုင်သကဲ့သို့ နိုင်ငံတော်ထဲသို့လည်း မဝင်ရောက်နိုင်၊ သင်သည် ရိုးသားသောသူတစ်ဦး မဟုတ်လျှင် သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ဘဲ သေချာပေါက် လှည့်ဖြားတတ်သောသူတစ်ဦးဖြစ်သည်၊ သင်သည် ရိုးသားသောသူတစ်ဦး မဟုတ်လျှင် သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် အရည်အချင်းမပြည့်မီပေ” ဟူ၍ ဖြစ်လေသည်။ ယခု ရိုးသားသောသူတစ်ဦး မည်သို့ဖြစ်ရမည်ကို သင်တို့ နားလည်ပြီလော။ (နားမလည်ပါ။) ဤအရာများ အားလုံးနောက်တွင်ပင် ရှင်းလင်းခြင်းမရှိသေးပေ။ ယုံကြည်သူအသစ်များသည် ဤသည်ကို ကြားသည့်အခါ ဤစကားများသည် အလွန်ကောင်းမွန်သည်ဟုလည်းကောင်း၊ ၎င်းတို့၏ ဘာသာတရားထဲတွင် နှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်အတွင်း မကြားဖူးသည့်အရာတစ်ခု ဖြစ်သည်ဟုလည်းကောင်း ခံစားကြရသည်။ အချို့ကပင် “ဤစကားများသည် တန်ခိုးအာဏာပြည့်ဝသည်၊ စာကြောင်းတိုင်းသည် ‘အာမင်’ ဟု ဆိုထိုက်သည်။ ဤတရားဒေသနာသည် အလွန်ကောင်းမွန်သည်၊ ယင်းမှာ နိုင်ငံတော်ခေတ်၏ တရားဒေသနာ အစစ်အမှန်ပင်တည်း” ဟု ပြောဆိုကြသည်။ ထို့နောက် အယောင်ဆောင်ခေါင်းဆောင်များက ဆက်ပြောသည်။ “ဘုရားသခင်က ကျွန်ုပ်တို့ကို ရိုးသားသောသူများဖြစ်ရန် တောင်းဆိုသည်၊ သို့ဆိုလျှင် ကျွန်ုပ်တို့သည် ရိုးသားသောသူများလော” ဟူ၍ ဖြစ်သည်။ အချို့က ဤအရာအပေါ် “ဘုရားသခင်က ကျွန်ုပ်တို့ကို ရိုးသားသောသူများဖြစ်ရန် တောင်းဆိုနေသောကြောင့် ယင်းမှာ ကျွန်ုပ်တို့သည် ရိုးသားသောသူများ မဟုတ်သေးဟု ဆိုလိုသည်” ဟု ဆင်ခြင်တွေးဆကြသည်။ အချို့က တိတ်ဆိတ်စွာနေပြီး ဤသို့တွေးထင်ကြသည်။ “ငါသည် ကိုယ့်ကိုယ်ကိုယ် အတော်ပင် ဟန်ဆောင်မှုကင်းသည် မှတ်ယူသည်။ ငါသည် အခြားသူများနှင့် မည်သည့်အခါမျှ မတိုက်ခိုက်၊ စီးပွားရေးလုပ်သည့်အခါတွင်လည်း မည်သူ့ကိုမျှ လှည့်ဖြားရန် မဝံ့ရဲ။ တစ်ခါတစ်ရံ ငါသည် အနည်းငယ် အခွင့်အရေးယူမိလျှင် ညဘက်တွင် အိပ်ပင်မပျော်နိုင်။ ငါသည် ရိုးသားသောသူတစ်ဦးလော။ ငါသည် ဟန်ဆောင်မှုကင်းသည့် လူတစ်ဦးဖြစ်သည်ဟု ငါထင်သည်၊ ယင်းမှာ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းနှင့် အဓိပ္ပာယ်အတူတူပင် မဟုတ်လော” ဟူ၍ ဖြစ်သည်။ အခြားသူများက “ကျွန်ုပ်သည် ပင်ကိုအားဖြင့် လိမ်ညာ၍မရပါ။ အမှန်မဟုတ်သည့်အရာတစ်ခုခုကို ပြောသည့်အခါတိုင်း ကျွန်ုပ်၏မျက်နှာ နီရဲလာသည်၊ သို့ဖြစ်၍ ကျွန်ုပ်သည် ရိုးသားသောသူတစ်ဦး ဖြစ်ရမည်၊ ဟုတ်သည် မဟုတ်လော” ဟု ပြောဆိုကြသည်။ ထို့နောက် အယောင်ဆောင်ခေါင်းဆောင်များက ထပ်ပြောသည်။ “သင်သည် ရိုးသားသောသူတစ်ဦး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်ုပ်တို့ကို ရိုးသားရန် တောင်းဆိုသောကြောင့် သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်ရန်မှာ မဖြစ်မနေလိုအပ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ပြုမူလျှင် သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်သည်။ ထိုအခါ သင်သည် လှည့်ဖြားတတ်ခြင်းမှ၊ စာတန်၏ အမှောင် စွမ်းအား၏ ချည်နှောင်ခြင်းများမှ ရုန်းထွက်လွတ်မြောက်သည်။ သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သင်သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီး သင်၏တာဝန်များကို ဖြည့်ဆည်းနိုင်ကာ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မည်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ယခု ရိုးသားသောသူတစ်ဦး မည်သို့ဖြစ်ရမည်ကို သင်တို့ နားလည်ပြီလော။ (နားမလည်ပါ။) သို့တိုင် အချို့က နှစ်ထောင်းအားရဖြစ်ကြသည်။ “ဤစကားများသည် တန်ခိုးအာဏာ ပြည့်ဝသည်။ အာမင်။ စာကြောင်းတိုင်း မှန်ကန်သည်။ ယင်းတို့ထဲမှ တစ်ခုမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ တိုက်ရိုက်လာခြင်းမဟုတ်၊ သို့သော် အားလုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သဘောပေါက်နားလည်ထားခြင်း ဖြစ်သည်။ ဤသဘောပေါက်နားလည်မှုမှာ အလွန်ကောင်းမွန်လှသည်။ ကျွန်ုပ် အဘယ်ကြောင့် ဤကဲ့သို့ သဘောပေါက်နားလည်နိုင်ခြင်း မရှိရသနည်း။ ဤခေါင်းဆောင်သည် ဤဘွဲ့ထူးနှင့် အမှန်ပင် ထိုက်တန်ပုံရသည်၊ ၎င်းတို့သည် ခေါင်းဆောင်လုပ်ရန် တကယ့်ကို အရည်အချင်းရှိသူပါတကား” ဟူ၍ ဖြစ်လေသည်။ အစွမ်းအစနှင့် ဉာဏ်အမြော်အမြင်ရှိသော လူများသည် ဤသည်ကိုကြားပြီးနောက် စဉ်းစားဆင်ခြင်ကြသည်။ “သင်သည် ရိုးသားသောသူတစ်ဦး ဆိုသည်မှာ အဘယ်အရာ ဖြစ်သည်ကို သင် မရှင်းပြရသေးပါ။ လူတစ်ဦးသည် ရိုးသားသောသူတစ်ဦး မည်သို့ အတိအကျ ဖြစ်နိုင်မည်နည်း” ဟူ၍ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များက “ရိုးသားသောသူတစ်ဦး ဖြစ်ခြင်းဆိုသည်မှာ မလိမ်ညာခြင်းကို ဆိုလိုသည်။ ဥပမာအနေဖြင့် သင်သည် ယခင်က မတရားသောမေထုန်ကို ကျူးလွန်ခဲ့ဖူးလျှင် သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး ယင်းကို အကြိမ်မည်မျှ သင် ကျူးလွန်ခဲ့ကြောင်းနှင့် မည်သူနှင့် ကျူးလွန်ခဲ့ကြောင်း ဝန်ခံလော့။ သင်သည် ဘုရားသခင်ကို မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်ဟု ခံစားရလျှင် သင်သည် ခေါင်းဆောင်ထံ ဝန်ခံရမည်ဖြစ်ပြီး အရာရာတိုင်းကို ရှင်းလင်းအောင် လုပ်ရမည်။ ပွင့်လင်းစွာ ဝန်ခံခြင်းသည် ရိုးသားသောသူတစ်ဦး ဖြစ်ခြင်း၏ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည်။ ထို့အပြင် ယင်းမှာ သင်၏စိတ်နှလုံးထဲမှ စကားကို ပြောဆိုခြင်း၊ မည်သည့်အရာတွင်မျှ မုသားများကို မရောနှောခြင်းအကြောင်း ဖြစ်သည်။ သင်သည် မည်သည့်အရာကိုမဆို မည်သို့တွေးထင်သည်၊ သင့်တွင် မည်သည့်ရည်ရွယ်ချက်များ ရှိသည်၊ သင်သည် မည်သည့်ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်သည်၊ သင်၏စိတ်နှလုံးထဲတွင် မည်သူ့ကို မုန်းတီးသည် သို့မဟုတ် ကျိန်ဆဲခဲ့သည်၊ သင်သည် မည်သူ့ကို ထိခိုက်စေလိုသည် သို့မဟုတ် ကျိတ်ကြံစည်လိုသည် ဟူသည်တို့ အားလုံးကို ထိုလူတစ်ဦးချင်းစီထံ ဝန်ခံသင့်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင်သည် ပွင့်လင်းပြီး ရှင်းရှင်းဘွင်းဘွင်း ပြောတတ်ကာ အလင်းထဲတွင် အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ ဤသည်မှာ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ ရိုးသားသောသူတစ်ဦးသည် မိမိ၏ အတ္တကို လက်လွှတ်ရမည်၊ ၎င်းသည် မိမိစိတ်နှလုံး၏ အဆိုးယုတ်ဆုံးနှင့် အမှောင်မိုက်ဆုံးသော အစိတ်အပိုင်းများကို ထုတ်ဖော်ပြသပြီး စိတ်ဖြာလေ့လာဆွေးနွေးနိုင်ရမည်” ဟူ၍ ဆက်ပြောလေသည်။ ဤသည်ကို ကြားပြီးလျှင် ယခု ရိုးသားသောသူတစ်ဦး မည်သို့ဖြစ်ရမည်ကို သင်တို့ နားလည်ပြီလော။ (နားမလည်သေးပါ။) နားထောင်ပြီးသည့်တိုင် လူတစ်ဦး နားလည်သည့်အရာမှာ အယူဝါဒများသာဖြစ်ပြီး တိကျသော လက်တွေ့လုပ်ဆောင်မှုများ မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ထိုသို့သော သဘောပေါက်နားလည်မှုဖြင့် အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤနည်းလမ်းဖြင့် စားသောက်ရန် ဦးဆောင်ကြပြီး ၎င်းတို့သည် ဤနည်းလမ်းဖြင့်လည်း မိတ်သဟာယဖွဲ့ကြကာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အများဆုံးနားလည်သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း ရှိသည်ဟုလည်းကောင်း၊ လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဦးဆောင်နိုင်သည်ဟုလည်းကောင်း တွေးထင်ကြသည်။ အမှန်တကယ်တွင် ၎င်းတို့ နားလည်သဘောပေါက်ပြီး မိတ်သဟာယဖွဲ့သည့် အရာအားလုံးမှာ အယူဝါဒများနှင့် ဆောင်ပုဒ်များမျှသာဖြစ်ပြီး သမ္မာတရား လက်တွေ့ကျမှုကို ရှာဖွေလိုပြီး သမ္မာတရား စည်းမျဉ်းများကို နားလည်လိုသူတို့အတွက် အကူအညီ တစ်စက်မျှ လုံးဝမပေးပေ။ သို့တိုင် အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့သည် ကြီးမားသော သဘောပေါက်နားလည်နိုင်စွမ်းကို ပိုင်ဆိုင်သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် တစ်မူထူးခြားသော ထိုးထွင်းသိမြင်မှုများ ရှိသည်ဟုလည်းကောင်း၊ သာမန်လူများထက် သာလွန်သည်ဟုလည်းကောင်း ယုံကြည်နေကြဆဲဖြစ်သည်။ ၎င်းတို့သည် ဤအယူဝါဒများနှင့် ဆောင်ပုဒ်များကို လျှောက်တရားဟောလျက် နေရာအနှံ့သွားကြပြီး အခြားသူများနှင့် အပြန်အလှန် နှိုင်းယှဉ်မှုများကိုပင် လုပ်ဆောင်ကြကာ ဤအယူဝါဒများနှင့် ဆောင်ပုဒ်များကို စကားစစ်ထိုးရန် မကြာခဏ အသုံးပြုကြပြီး လူတို့ကို ဩဝါဒခြွေရန်၊ ပြုပြင်ရန်၊ တရားစီရင်ရန်နှင့် ပြစ်တင်ရှုတ်ချရန်ပင် မကြာခဏ အသုံးပြုကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့သည် အလုပ်လုပ်နေခြင်း ဖြစ်သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ဘဝထဲသို့ ယူဆောင်လာခြင်း ဖြစ်သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးချနေခြင်း ဖြစ်သည်ဟုလည်းကောင်း ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ အလွန်ဒုက္ခပေးသော ကိစ္စတစ်ခု မဟုတ်လော။ အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်နိုင်၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ မဦးဆောင်နိုင်ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒအချို့ကိုသာ မိတ်သဟာယဖွဲ့နိုင်သည့်တိုင် ယင်းတို့ကို လျှောက်၍ တရားဟောပြီး ကြွားလုံးထုတ်ကြသည်။ သို့သော် အမှန်တကယ်တွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ မည်သည့်သမ္မာတရားကိုမျှ နားမလည်ကြပေ။ ဥပမာအနေဖြင့် ၎င်းတို့သည် အချို့သော အလားတူ ဝိညာဉ်ရေးရာ ဝေါဟာရများ သို့မဟုတ် အလားတူ ဖော်ပြချက်များကို နားမလည်ကြသကဲ့သို့ ယင်းတို့အကြားရှိ ကွဲပြားမှုများမှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ၊ ၎င်းတို့ကို လက်တွေ့အခြေအနေများတွင် မည်သို့ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရမည်ကိုဖြစ်စေ မသိကြပေ။ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်း၊ စကားလုံးများနှင့် အယူဝါဒများကို တတွတ်တွတ် ပြောဆိုခြင်းမှလွဲ၍ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စစ်မှန်သော နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး ယင်းတို့ကို အမှန်တကယ် လက်တွေ့မလုပ်ဆောင်ကြပေ။ သို့ဖြစ်၍ အယောင်ဆောင် ခေါင်းဆောင်များ ကိုယ်တိုင်ပင်လျှင် သမ္မာတရားကို နားမလည်ကြသကဲ့သို့ လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်နိုင်စွမ်းလည်း မရှိကြသည်မှာ သိသာထင်ရှားပေသည်။ ကျွန်ုပ်တို့သည် ဤသည်ကို ရိုးသားသောသူတစ်ဦးဖြစ်ခြင်းနှင့်ပတ်သက်သည့် ဥပမာဖြင့် သရုပ်ဖော်ခဲ့ပြီးဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ရိုးသားသောသူတစ်ဦးဖြစ်ခြင်း၏ သမ္မာတရားကို မည်သို့သိမြင်ရမည်ကို မသိဘဲ စကားလုံးများနှင့် အယူဝါဒများကို တတွတ်တွတ်ပြောဆိုခြင်းနှင့် ဆောင်ပုဒ်များကို တရားဟောခြင်းသို့သာ အားကိုးအားထားပြုကာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည့် ထိုမိုက်မဲသူများနှင့် နားဝေတိမ်တောင်ဖြစ်သူများကို မည်သည့်အရာလုပ်ရမှန်းမသိ ဖြစ်သွားစေလျက် အထင်အမြင်မှားစေသည်။ ဤစကားလုံးများနှင့် အယူဝါဒများကို နားထောင်ပြီးနောက် ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များကို အထူးပင် ကိုးကွယ်ကြပြီး ၎င်းတို့နောက် နှစ်အတန်ကြာ လိုက်ပြီးသည့်နောက်တွင် အခြေခံအကျဆုံးသော သမ္မာတရားများကိုပင် နားမလည်ဘဲ၊ ၎င်းတို့ထဲသို့ မည်သို့မျှ ဝင်ရောက်မှုမရှိဘဲ အဆုံးသတ်သွားကြသည်။ ဤအချက်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်မည်။

အချက်နှစ်- လူအမျိုးမျိုး၏ အခြေအနေများနှင့် ရင်းနှီးကျွမ်းဝင်ပြီး ၎င်းတို့၏ လက်တွေ့ဘဝများတွင် ကြုံတွေ့ရသည့် အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော အခက်အခဲအမျိုးမျိုးကို ဖြေရှင်းပေးခြင်း (အပိုင်း ၁)

အယောင်ဆောင်ခေါင်းဆောင်များသည် လူအမျိုးမျိုး၏ အခြေအနေများကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြ

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဒုတိယတာဝန်ဝတ္တရားမှာ လူအမျိုးမျိုး၏ အခြေအနေများနှင့် ရင်းနှီးကျွမ်းဝင်ရန်နှင့် ၎င်းတို့၏ လက်တွေ့ဘဝများတွင် ကြုံတွေ့ရသည့် အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော အခက်အခဲအမျိုးမျိုးကို ဖြေရှင်းပေးရန် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအလုပ်ကို မည်သို့ လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ဤအလုပ်အတွက် အရည်အချင်းပြည့်မီကြသလော။ ဤအချက်ကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးကြပါစို့။ လူအမျိုးမျိုး၏ အခြေအနေများနှင့် ရင်းနှီးကျွမ်းဝင်ခြင်းဟူသည့် ဤသည်ကို မည်သည့်အခြေခံအုတ်မြစ်အပေါ်တွင် ဖြစ်မြောက်အောင်မြင်စေသနည်း။ ယင်းကို လူအမျိုးမျိုး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အနှစ်သာရများကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းဟူသည့် အခြေခံအုတ်မြစ်အပေါ်တွင် ဖြစ်မြောက်အောင်မြင်စေသည်။ လူအမျိုးမျိုး၏ အခြေအနေများကို သဘောပေါက်ရန်၊ လူတစ်ဦးသည် ရှေးဦးစွာ လူတို့၏ အမျိုးမျိုးသော အခြေအနေများ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရများကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ရမည်ဖြစ်ပြီး ယင်းတို့ကို မိမိတို့ကိုယ်နှင့် နှိုင်းယှဉ်ချိန်ဆနိုင်ရမည်ဖြစ်သည်။ ဘုရားသခင်က ဖော်ထုတ်သည့် စိတ်သဘောထားအမျိုးအစားမှာ မည်သည့်လူစားမျိုးကို ရည်ညွှန်းသည်၊ ၎င်းတို့၏ လူ့သဘာဝမှာ မည်သို့ရှိသည်၊ ၎င်းတို့တွင် မည်သို့သော သရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းများ ရှိသည်၊ ဘုရားသခင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ၎င်းတို့၏ တာဝန်အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်အရာဖြစ်သည်ကို ဆိုလိုသည်၊ ဤအခြေအနေများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ချိန်ဆကြည့်ရမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် လူတစ်ဦးသည် လူတစ်ဦးချင်းစီ၏ အခြေအနေများကို ပိုင်နိုင်စွာ သိရှိနားလည်နိုင်သည်။ သို့ဖြစ်၍ လူအမျိုးမျိုး၏ အခြေအနေများနှင့် ရင်းနှီးကျွမ်းဝင်ခြင်းသည် ရှေးဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်းရှိခြင်းဟူသည့် အခြေခံအုတ်မြစ်အပေါ်တွင် ဖြစ်မြောက်အောင်မြင်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြပေ၊ သို့ဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖော်ထုတ်သည့် လူအမျိုးမျိုးနှင့်ပတ်သက်သော ရှုပ်ထွေးသည့် သမ္မာတရားများအပြင် ဖော်ထုတ်ထားသည့် အမျိုးမျိုးသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရများကို ၎င်းတို့ နားလည်နိုင်သလော။ (နားမလည်နိုင်ပါ။) ၎င်းတို့သည် နားမလည်ကြ၊ ဤနေရာတွင် ပါဝင်သည့် ဆက်နွှယ်မှုများကို မသိကြ၊ ပါဝင်သည့် သမ္မာတရားများကိုလည်း မသိကြပေ။ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း မရှိသောကြောင့် ဤအလွန်အရေးပါပြီး အရေးကြီးသော ကိစ္စရပ်ဖြစ်သည့် လူအမျိုးမျိုး၏ အခြေအနေများကို သဘောပေါက်ခြင်းသည် အယောင်ဆောင် ခေါင်းဆောင်များအတွက် အလွန် ဒုက္ခပေးပြီး ခက်ခဲသော အလုပ်တစ်ခု ဖြစ်သည်။

အယောင်ဆောင် ခေါင်းဆောင်များသည် လူအမျိုးမျိုး၏ အခြေအနေများကို မည်သို့ သဘောပေါက်ကြသနည်း။ ၎င်းတို့က “ဤလူသည် စိတ်အားထက်သန်သည်၊ ထိုသူသည် စိတ်သဘောထားသေးသိမ်သည်၊ ဤသူသည် အဝတ်အစားလှလှများ ဝတ်ဆင်ခြင်းကို နှစ်သက်သည်၊ ထိုသူသည် ယုံကြည်ခြင်းအနည်းငယ်သာရှိသည်...” ဟု တွေးထင်ကြသည်။ ၎င်းတို့သည် ဤအပေါ်ယံဖြစ်စဉ်များကိုသာ ကြည့်ကြသော်လည်း တစ်စုံတစ်ဦး၏ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် သဘောထားမှာ အမှန်တကယ် မည်သို့ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့၏ သဘာဝအနှစ်သာရမှာ အမှန်တကယ် မည်သို့ရှိသည်ကိုလည်းကောင်း မသိကြပေ။ ဥပမာအနေဖြင့် တစ်စုံတစ်ဦးသည် စစ်မှန်သော ယုံကြည်ခြင်းရှိပြီး မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် တက်ကြွသော်လည်း ၎င်းတို့၏ မိသားစု အခက်အခဲများနှင့် ရောထွေးရှုပ်ထွေးမှုများက ၎င်းတို့၏ တာဝန်များ၏ရလဒ်ကို သက်ရောက်မှုရှိသည်၊ အယောင်ဆောင် ခေါင်းဆောင်များသည် ဤသည်ကိုမြင်သည့်အခါ “ဤလူသည် မယုံကြည်သူတစ်ဦးဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏မိသားစုမှ ခွဲထွက်၍မရနိုင်။ ၎င်းတို့သည် မိမိတို့၏ကလေးများအကြောင်း အမြဲတမ်း တွေးတောနေသည်။ ၎င်းတို့တွင် အိမ်၌ စုဆောင်းငွေများရှိသော်လည်း ပူဇော်ဆက်ကပ်ခြင်း မရှိကြပေ။ ထို့ကြောင့် ဤလူသည် အလွန်ဒုက္ခပေးသူဖြစ်ပြီး အနာဂတ်တွင် အရေးကြီးသော အလုပ်များအတွက် အသုံးပြု၍မရနိုင်” ဟုဆိုလျက် ၎င်းတို့ကို မှားယွင်းစွာ သမုတ်လိမ့်မည်။ အမှန်တကယ်တွင် ဤလူ၏ကိစ္စမှာ မဆိုးရွားပါ၊ ယင်းမှာ ၎င်းသည် ဘုရားသခင်ကို ယုံကြည်ခဲ့သည့်အချိန်မှာ အချိန်တိုခဏသာ ရှိသေးပြီး သမ္မာတရားကို အပေါ်ယံဆန်သော နားလည်မှုရှိသောကြောင့် အမှုအရာများစွာကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသောကြောင့်သာ ဖြစ်သည်။ ၎င်းသည် မိမိ၏မိသားစုနှင့် ကလေးများကို မည်သို့ချဉ်းကပ်ရမည်ကို သို့မဟုတ် မိမိ၏ပိုင်ဆိုင်မှုများကို မည်သို့ကိုင်တွယ်ရမည်ကို မသိပေ။ ၎င်းသည် ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းကာလတွင် ရှိနေဆဲဖြစ်ပြီး တိကျသော စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်နည်းများကို မတွေ့ရှိသေးပေ။ ၎င်းတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်မှုရှိသော်လည်း မိသားစု ရှုပ်ထွေးမှုများ၊ အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းသည် ယာယီအားဖြင့် အနည်းငယ်အားနည်းပြီး မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် စိတ်အားထက်သန်မှု သိပ်မရှိပေ။ သို့သော် ၎င်းသည် အသင်းတော်က ၎င်းအား ပေးအပ်သည့်အလုပ်ကို စိတ်ရင်းမှန်ဖြင့် ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်၊ ယင်းမှာ လူအများစု မလုပ်ဆောင်နိုင်သည့်အရာတစ်ခု ဖြစ်သည်။ ၎င်း၏ အစွမ်းအစ၊ လူ့သဘာဝနှင့် သမ္မာတရားအပေါ် ၎င်း၏ သဘောထားတို့မှ အကဲဖြတ်ရလျှင် ၎င်းသည် လူကောင်းတစ်ဦးဖြစ်သည်။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များသည် ဤသို့မမြင်ကြပေ၊ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်သောကြောင့်လည်းကောင်း၊ တစ်စုံတစ်ဦး၏ သဘာဝအနှစ်သာရမှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ၊ တစ်စုံတစ်ဦးရှိနေသည့် အခြေအနေမှာ ၎င်းတို့၏ သဘာဝအနှစ်သာရကြောင့်လော သို့မဟုတ် ယာယီအားနည်းခြင်းကြောင့်လော၊ သို့မဟုတ် ဝိညာဉ်ရင့်ကျက်မှု၏ ကိစ္စရပ်တစ်ခုလော ဆိုသည်ကိုဖြစ်စေ တိုင်းတာရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စံတစ်ခုအဖြစ် မည်သို့အသုံးပြုရမည်ကို မသိသောကြောင့်လည်းကောင်း ဖြစ်သည်၊ ၎င်းတို့သည် ဤအရာများကို မတိုင်းတာနိုင်ကြပေ။ ဤလူစားမျိုး ကြုံတွေ့ရသည့် အခက်အခဲများမှာ လက်တွေ့ဘဝတွင် ဖြစ်ပေါ်ပြီး အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သည့် အရာများဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤကိစ္စမျိုးများကို ကိုင်တွယ်နိုင်သလော။ ၎င်းတို့သည် ဤလူတို့၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) အကြောင်းမှာ အယောင်ဆောင် ခေါင်းဆောင်များသည် လူအမျိုးမျိုး၏ အခြေအနေများကို တိကျစွာ မသဘောပေါက်နိုင်သောကြောင့်လည်းကောင်း၊ လူအမျိုးမျိုး၏ သဘာဝအနှစ်သာရ၏ ကောင်းခြင်းနှင့် ဆိုးခြင်းကို တိကျစွာ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသောကြောင့်လည်းကောင်း ၎င်းတို့သည် လူအမျိုးမျိုး၏ အခက်အခဲများနှင့် ပြဿနာများကိုလည်း တိကျစွာ မဖြေရှင်းပေးနိုင်ကြပေ။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် စိတ်အားထက်သန်မှုကိုသာ အားကိုးလျက် လှည့်လည်သွားလာပြီး မိမိတို့ကိုယ်ကို အသုံးခံနိုင်ကာ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခကို ပေးဆပ်နိုင်သော်လည်း ညံ့ဖျင်းသော အစွမ်းအစရှိပြီး သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သူတို့ကို ပျိုးထောင်ရန် အဓိကပစ်မှတ်များအဖြစ် မှတ်ယူကြပြီး ဤလူများ အခက်အခဲများနှင့် ကြုံတွေ့သည့်အခါ ၎င်းတို့၏ အခက်အခဲများကို ဖြေရှင်းပေးရန် မိတ်သဟာယဖွဲ့ကြသည်။ သို့သော် အစွမ်းအစနှင့် လူ့သဘာဝကောင်း အမှန်တကယ် ရှိသူတို့အတွက်မူ ၎င်းတို့ အခက်အခဲများနှင့် ကြုံတွေ့ပြီး အနည်းငယ် အားနည်းသည့်အခါ အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့ကို မည်သို့ ဖြေရှင်းပြီး ကိုင်တွယ်ကြသနည်း။ ဤလူများ အခက်အခဲများနှင့် ရင်ဆိုင်ရပြီး ၎င်းတို့သည် အမှန်တကယ်တွင် အနည်းငယ်မျှသာ အားနည်းသည့်အခါ အခြေအနေအရ ၎င်းတို့ကို ထောက်ပံ့ပြီး ကူညီသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့အား မိတ်သဟာယ ဖွဲ့သင့်သည်။ ၎င်းတို့ကို တစ်ချက်တည်းဖြင့် အပြီးတိုင် မပယ်ချသင့်သကဲ့သို့ သမုတ်ခြင်းမှာ သာ၍ပင် မပြုသင့်ပေ။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များသည် ထိုသို့သောလူများ၏ အခက်အခဲများကို မည်သို့ ဖြေရှင်းကြသနည်း။ ၎င်းတို့က “ဘုရားသခင်၏အလုပ်သည် ထိုသို့သောအဆင့်သို့ ရောက်နေပြီဖြစ်သည့်တိုင် သင်သည် သင်၏ခင်ပွန်း၊ သင်၏ကလေးများကို ဖက်တွယ်နေဆဲဖြစ်သည်၊ သင်သည် သင်၏ကလေးများကို တက္ကသိုလ်တက်ပြီး ၎င်းတို့၏အလားအလာများကို လိုက်စားစေရန်ပင် ပြုလုပ်သည်။ ဘေးအန္တရာယ်များ တစ်နေ့တခြား ပြင်းထန်လာသည်နှင့်အမျှ ဤလောကတွင် အလားအလာများ ရှိသေးသလော။ သင်သည် ကိုယ့်အသက်ကိုယ်ပင် မစောင့်ရှောက်နိုင်၊ ထိုအရာများကို သင်မည်သို့ ဂရုစိုက်နိုင်မည်နည်း။ ဘုရားသခင်၏အလုပ်သည် ပြီးဆုံးလုနီးပြီ၊ အချိန်မှာ အရေးကြီးလိုက်လေခြင်း။ သင်သည် သင်၏ကိုယ်ကို လုံးလုံးလျားလျား မဆက်ကပ်လျှင် သင့်ကို ဖန်ဆင်းခံတစ်ဦးဟု ခေါ်ဆိုနိုင်သေးသလော။ သင်သည် လူတစ်ဦး ဟုတ်ပါသေးသလော” ဟု ပြောဆိုကြသည်။ ဤသည်မှာ ဤလူတို့၏ အခက်အခဲများအကြောင်း အမှန်တကယ် ဟုတ်ပါသလော။ (မဟုတ်ပါ။) ဤလူများ အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ အနည်းငယ် အားနည်းရသည့်အကြောင်းရင်းမှာ ၎င်းတို့၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုကြောင့်သာဖြစ်ပြီး ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့် သို့မဟုတ် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် မလိုလားသောကြောင့် မဟုတ်ပေ။ သို့ဖြစ်၍ အယောင်ဆောင် ခေါင်းဆောင်များ ပြောဆိုသည့်အရာမှာ ၎င်းတို့၏ အခြေအနေနှင့် မကိုက်ညီပေ၊ ယင်းမှာ ၎င်းတို့၏ အခြေအနေ၏ အဓိကအချက် သို့မဟုတ် အချက်အချာကို မသဘောပေါက်ဘဲ ၎င်းတို့ အမှန်တကယ် မည်သို့တွေးတောနေသည်၊ ၎င်းတို့သည် မည်သို့သော လူစားမျိုးဖြစ်သည်၊ ၎င်းတို့၏အခက်အခဲများကို ဖြေရှင်းရန် ၎င်းတို့ကို မည်သို့ လမ်းညွှန်ပြီး ကူညီသင့်သည်ကို သဘောမပေါက်ဘဲ မှားယွင်းစွာ သမုတ်ခြင်း ဖြစ်ရပ်တစ်ခုဖြစ်သည်မှာ သိသာထင်ရှားသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤပြဿနာများကို မည်သို့ဖြေရှင်းရမည်ကို မသိကြပေ။ သို့ဆိုလျှင် ထိုသို့သောကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါ မည်သို့ ဖြေရှင်းသင့်သနည်း။ သင်က ဤသို့ပြောနိုင်သည်၊ “သင်ရင်ဆိုင်နေရသည့် ကိစ္စရပ်မှာ လူများစွာ ကြုံတွေ့ရသည့် ပြဿနာတစ်ခုဖြစ်သည်။ မိမိတို့၏မိသားစုများကို အမှန်တကယ် စွန့်ခွာနိုင်ပြီး ဘုရားသခင်အတွက် စိတ်နှလုံးအကြွင်းမဲ့ မိမိတို့ကိုယ်ကို အသုံးခံနိုင်သူတို့သည် စိတ်လိုက်မာန်ပါ ပြုမူနေခြင်း မဟုတ်ဘဲ အချိန်ကြာမြင့်စွာ ပြင်ဆင်ခဲ့ကြသည်။ တစ်ဖက်တွင် ၎င်းတို့သည် လုံလောက်သော သမ္မာတရားကို နားလည်ပြီးဖြစ်ကာ မိမိတို့၏မိသားစုမှ လွတ်မြောက်ရန်၊ ဘုရားအိမ်တော်တွင် စိတ်နှလုံးအကြွင်းမဲ့ အသုံးခံရန် စစ်မှန်သော စိတ်ပိုင်းဖြတ်မှုရှိကြပြီး ၎င်းတို့သည် နောက်ပိုင်းတွင် နောင်တရမည်မဟုတ်ကြောင်း အာမခံနိုင်သည်။ ၎င်းတို့သည် အားလုံးကို စဉ်းစားပြီးဖြစ်သည်။ ထို့အပြင် ဤကာလအတွင်း ၎င်းတို့သည် ပြင်ဆင်မှုအတွက်နှင့် ရှေ့ဆက်ရန်လမ်းဖွင့်ပေးရန် ဘုရားသခင်ထံ ဆုလည်းတောင်းကြပြီး တစ်ချိန်တည်းမှာပင် မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ဆက်လက်ပြင်ဆင်ကာ မိမိတို့ကိုယ်ကို သမ္မာတရားများ ပိုမိုနားလည်စေပြီး အရာရာကို ဘေးဖယ်ထား၍ ဘုရားသခင်အတွက် စိတ်နှလုံးအကြွင်းမဲ့ မိမိတို့ကိုယ်ကို အသုံးခံရန် ပိုမိုသောယုံကြည်ခြင်းရှိစေသည်။ ဤသည်မှာ အချိန်၊ ဆုတောင်းခြင်းအပြင် ဘုရားသခင်၏ ဦးဆောင်မှုနှင့် အစီအစဉ်များကို လိုအပ်သည်မှာ ပြောစရာမလိုပေ။ သင်၌ ဤစိတ်ပိုင်းဖြတ်မှုရှိလျှင် မစိုးရိမ်နှင့်။ ဘုရားသခင်ထံ ဆုတောင်းပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းလော့၊ ဘုရားသခင်သည် သင့်အတွက် အစီအစဉ်များ ပြုလုပ်ပေးလိမ့်မည်။ သင်၏ဆုတောင်းချက်များနှင့် သင်၏စိတ်ပိုင်းဖြတ်မှုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပြီး ဘုရားသခင်၏ အသိအမှတ်ပြုမှုကို လက်ခံရရှိလျှင်၊ သင်သည် အသင့်ဖြစ်နေပြီး ဘုရားသခင် မည်သို့ပင်ပြုလုပ်စေကာမူ သင်သည် ကျိုးနွံနာခံပြီး နောင်တမရလျှင် ဘုရားသခင်သည် သင့်အတွက် လမ်းတစ်ခုကို သေချာပေါက် ဖွင့်ပေးလိမ့်မည်။ ဤကာလအတွင်း လူတို့လုပ်ဆောင်သင့်သည့်အရာမှာ ပြင်ဆင်ပြီး စောင့်ဆိုင်းရန်ဖြစ်သည်၊ ၎င်းတို့လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန်နှင့် မိမိတို့၏ ဝိညာဉ်ရင့်ကျက်မှုကို တဖြည်းဖြည်း ကြီးထွားစေရန်ဖြစ်သည်။ ဘုရားသခင်က ပတ်ဝန်းကျင်အမျိုးမျိုးကို စီစဉ်ဖွဲ့စည်းသည့်အခါ သင်သည် မည်သည့်ညည်းညူမှုမျှမရှိဘဲ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် ရွေးချယ်နိုင်လျှင် ဤသည်မှာ ဝိညာဉ်ရင့်ကျက်မှု ရှိခြင်းဖြစ်သည်။ ဘုရားသခင် မညသည့်အရာကို ပြုလုပ်စေကာမူ သို့မဟုတ် ကိုယ်တော် မည်သို့ပင်စီစဉ်စေကာမူ သင်သည် ကျိုးနွံနာခံနိုင်လိမ့်မည်” ဟူ၍ ဖြစ်လေသည်။ ဤသို့သော လမ်းညွှန်မှုမျိုးကို သင်မည်သို့ထင်သနည်း။ (ကောင်းပါသည်။) တစ်ဖက်တွင် သင်သည် သင်၏တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းနေသည်၊ လူတို့အား ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် ကူညီနေသည်၊ တစ်ချိန်တည်းမှာပင် သင်သည် ၎င်းတို့ကို ၎င်းတို့၏ စွမ်းနိုင်ရည်ထက်ကျော်လွန်၍ အတင်းအကျပ်မပြုဘဲ ၎င်းတို့၏ လက်တွေ့အခြေအနေအရ ၎င်းတို့ကို ဆက်ဆံနေသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြဿနာများကို ဖြေရှင်းနေခြင်း မဟုတ်လော။ ဤသည်မှာ လူတို့ လက်တွေ့ဘဝတွင် ရင်ဆိုင်ရသည့် အခက်အခဲများကို ၎င်းတို့၏ အခြေအနေအပေါ်အခြေခံ၍ ဖြေရှင်းနေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။)

၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အချို့လူများသည် အမြဲတမ်း ဝတ်ကျေတမ်းကျေလုပ်ပြီး တာဝန်ယူစိတ် စိုးစဉ်းမျှမရှိပေ၊ ၎င်းတို့သည် အရာရှိဟန် အမြဲဖမ်းပြီး မာနထောင်လွှားကာ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်၍ မည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိသည့်အပြင် အသင်းတော်အလုပ်ကို ထိခိုက်နစ်နာစေသော်လည်း အပြစ်ရှိသလို စိုးစဉ်းမျှ မခံစားရပေ။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် ထိုသို့သောအခြေအနေကို မြင်သောအခါ ပြဿနာကို ကိုင်တွယ်ပြီး ဖြေရှင်းရန် စတင်လုပ်ဆောင်ပြီး “ဤလူသည် ဤအလုပ်တွင် အလွန်အရေးကြီးသော ကဏ္ဍမှ ပါဝင်နေသည်။ သူ့နေရာတွင် အစားထိုးရန် အတော်အတန် သင့်တော်သည့်သူ တစ်ဦးမျှ မရှိဟု ထင်ရသည်၊ ထို့ကြောင့် သူ၏ အခက်အခဲများကို ဖြေရှင်းပေးရန် ကျွန်ုပ်တို့ သူ့နှင့် မိတ်သဟာယဖွဲ့ရန် လိုအပ်သည်” ဟု ဆိုလေသည်။ မိတ်သဟာယဖွဲ့နေစဉ်အတွင်း ဤလူသည် သူ၏တာဝန်ကို လုံးဝထမ်းဆောင်လိုခြင်း မရှိကြောင်း အယောင်ဆောင်ခေါင်းဆောင်က သိရှိသွားသည်။ သူသည် လောကီအမှုအရာများကို လိုက်စားလိုသည်၊ သူ၏အသက်မွေးဝမ်းကျောင်းအလုပ်မှ ငွေရှာပြီး ကောင်းမွန်သော ဘဝဖြင့် နေထိုင်လိုသည်၊ မိမိ၏ တာဝန်ထမ်းဆောင်ခိုင်းခြင်းကို သူ့အပေါ် အလွန်အကျွံ တောင်းဆိုခြင်းဖြစ်သည်ဟု သူယူဆသည်။ ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်ခြင်းသည် နေ့စဉ်အလုပ်များရမည်ကို ဆိုလိုသည်ဟုလည်းကောင်း၊ သူ၏ တစ်ကိုယ်ရေ မိသားစုဘဝကို ဖျက်ဆီးရုံသာမက မိသားစုဝင်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန် မဖြစ်နိုင်အောင်လည်း ပြုလုပ်သည်ဟုလည်းကောင်း၊ မိမိ၏တာဝန်ထမ်းဆောင်စဉ် စည်းမျဉ်းများကို ချိုးဖောက်ပါက ပြုပြင်ခြင်းကို ခံရမည်ဖြစ်သည်ဟုလည်းကောင်း သူခံစားရလေသည်။ ထိုသို့သောဘဝသည် အလွန်ခါးသီးသည်ဟု သူမြင်ပြီး ထိုသို့သောအသက်တာဖြင့် အသက်မရှင်လိုပေ။ ပြဿနာမှာ ရှင်းလင်းနေသည်။ သူ၏အပြုအမူက သူသည် မယုံကြည်သူတစ်ဦးဖြစ်ကြောင်း ညွှန်ပြနေသည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်က ယင်းကို မည်သို့ကိုင်တွယ်သနည်း။ အယောင်ဆောင်ခေါင်းဆောင်က “ဤလူသည် ဘာသာတရားမရှိသူများထဲတွင် အရည်အချင်း ရှိသူတစ်ဦးဖြစ်သည်၊ သူ့ကဲ့သို့ လူတစ်ဦးကို ရှာတွေ့ရန် မလွယ်ကူပေ။ သူ၏အခြေအနေမှာ ပြဿနာရှိလာပြီ၊ ဤအရာကို ဖြေရှင်းပေးရန် သူ့ကိုကူညီဖို့၊ သူနှင့်မိတ်သဟာယဖွဲ့ဖို့ ကျွန်ုပ်၏လက်ထဲရှိ အလုပ်အများဆုံးအလုပ်ကို အလျင်အမြန် ဘေးဖယ်ထားရန် လိုအပ်သည်။ မည်သို့ဖြေရှင်းမည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ တန်ခိုးအကြီးဆုံးဖြစ်သည်၊ ပထမဦးစွာ သူ၏တာဝန်ကို မထမ်းဆောင်လိုခြင်းကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော် စာပိုဒ်အနည်းငယ်ကို သူ့အား ကျွန်ုပ်ဖတ်ပြမည်” ဟု တွေးသည်။ အယောင်ဆောင်ခေါင်းဆောင်က သူ့အား “ယခုအခါ ဘေးအန္တရာယ်များ ဆိုက်ရောက်လာပြ ဖြစ်သောကြောင့် လူတို့သည် ကောင်းမွန်သောဘဝများဖြင့် နေထိုင်နိုင်တော့မည်မဟုတ်။ သင်သည် အသက်မွေးဝမ်းကျောင်း အလုပ်မှတစ်ဆင့် ငွေရှာလိုသေးပြီး ရိုးရှင်းသော မိသားစုဘဝဖြင့် နေထိုင်လိုသေးသည်၊ သို့သော် မကြာမီ လောကတစ်ခုလုံး ဖရိုဖရဲဖြစ်သွားမည်ဖြစ်ပြီး ရိုးရှင်းသောမိသားစုများ ရှိတော့မည်မဟုတ်ပေ။ သင်သည် ဤအရာများကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသလော။ သင်သည် ဘုရားသခင်ထံ ပို၍ဆုတောင်းရန် လိုအပ်သည်။ ဘုရားသခင်ထံ ဆုတောင်းခြင်းက သင့်ကို ယုံကြည်ခြင်းပေးလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍စားသောက်ရန်လည်း လိုအပ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကြိမ်အနည်းငယ် စားသောက်ပြီးနောက် သင်၏ပြဿနာမှာ ပြေလည်သွားလိမ့်မည်” ဟု ပြောသည်။ ထို့နောက် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ငါးပိုဒ် သို့မဟုတ် ဆယ်ပိုဒ်ကို ရှာဖွေပြီး သူ့အား ဖတ်ပြကာ မိတ်သဟာယဖွဲ့သည်။ ထိုလူက “မိတ်သဟာယဖွဲ့ခြင်း တော်ပါတော့။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်အားလုံးကို ကျွန်ုပ်နားလည်သည်၊ သင့်ထက် ကျွန်ုပ်က ပို၍ ပညာတတ်သည်။ ကြွားလုံးမထုတ်နှင့်” ဟု တုံ့ပြန်သည်။ တစ်နေ့လုံး မိတ်သဟာယဖွဲ့သော်လည်း မည်သည့်အရာမျှ မဖြေရှင်းခဲ့ပေ။ အယောင်ဆောင်ခေါင်းဆောင်က “ငါသည် အသင်းတော်အလုပ်ကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီးပြီ၊ သင်၏ပြဿနာကို ငါ မဖြေရှင်းနိုင်စရာ အကြောင်းမရှိဟု ယုံကြည်သည်” ဟု မိမိဘာသာ တွေးလေသည်။ ညနေပိုင်းတွင် သူသည် အလျင်အမြန် ဆက်လက်၍ မိတ်သဟာယဖွဲ့လေသည်၊ “သင်သည် ဘုရားသခင်ကို ချစ်ပြီး ဝတ်ပြုကိုးကွယ်ရန် လိုအပ်သည်။ သင်သည် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦးဖြစ်လာရန် မျှော်လင့်ချက်ရှိသည်။ ဤတာဝန်သည် အလွယ်တကူရနိုင်သည်မဟုတ်၊ သင်သည် ဤအခွင့်အရေးကို တန်ဖိုးထားရမည်၊ အကြောင်းမှာ သင်လွဲချော်သွားပါက မည်သည့်အခါမျှ နောက်ထပ်အခွင့်အရေး ရှိတော့မည်မဟုတ်သောကြောင့် ဖြစ်သည်။ သင်၏ အစွမ်းအစနှင့် အခြေအနေများက အလွန်ကောင်းမွန်နေသဖြင့် သင်၏တာဝန်ကို မထမ်းဆောင်ခြင်းက နှမြောစရာ မကောင်းပေဘူးလော။ သင်ကဲ့သို့ ပင်ကိုစွမ်းရည်ရှိသူတစ်ဦးသည် ဘုရားအိမ်တော်၌ ရာထူးတိုးမြှင့်ပြီး အသုံးပြုခြင်းကို ခံရသင့်သည်၊ သင်သည် ဤနေရာတွင် ကြီးမားသော အလားအလာများ ရှိပါတကား” ဟူ၍ ဖြစ်သည်။ ထိုလူက “စကားဆက်မပြောနှင့်တော့။ အကယ်၍ ကျွန်ုပ်ကို ကျွန်ုပ်၏ တာဝန်ထမ်းဆောင်ခိုင်းပါက ကျွန်ုပ်၏သဘောထားမှာ အတူတူပင်ဖြစ်နေမည်။ ကျွန်ုပ်ကို ထမ်းဆောင်ခွင့်မပြုပါက ကျွန်ုပ် ချက်ချင်းထွက်သွားမည်။ ကျွန်ုပ် ဤနေရာတွင် နေရန် အသနားခံနေခြင်း မဟုတ်” ဟု ဆိုသည်။ အယောင်ဆောင်ခေါင်းဆောင်သည် သူ၏စကား အကုန်အစင်ကို အသုံးပြုသော်လည်း ဤလူကို မဖျောင်းဖျနိုင်ချေ သို့မဟုတ် သူ၏ပြဿနာကို မဖြေရှင်းနိုင်ပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ ဤလူ၏ အနှစ်သာရပိုင်းဆိုင်ရာ ပြဿနာမှာ အဘယ်အရာဖြစ်သည်ကို သူ မရိပ်စားမိသောကြောင့် ဖြစ်သည်။ ဤလူသည် သူ၏တာဝန်ကို ထမ်းဆောင်သောအခါ စိတ်ရှိတိုင်း ဝတ်ကျေတမ်းကျေလုပ်သည်၊ စိတ်ရှိတိုင်း လိမ်လည်သည်၊ စိတ်ရှိတိုင်း ဖြစ်သလို လုပ်ဆောင်သည်၊ မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ သူသည် တာဝန်မယူပေ။ အချို့သောပြဿနာများကို ဖြေရှင်းရန် အနည်းငယ်ပို၍ အားထုတ်ဖို့ဖြစ်စေ၊ စကားအနည်းငယ်ပိုပြောဖို့ကိုဖြစ်စေ သူသည် စိတ်မပါဘဲ ယင်းကို ဒုက္ခပေးပြီး စိတ်အနှောင့်အယှက်ဖြစ်သည်ဟု ယူဆသည်။ သူ၏တာဝန်ကို စံနှုန်းပြည့်မီအောင် မည်သို့ထမ်းဆောင်ရမည်ကိုလည်းကောင်း၊ သင့်တော်အောင် မည်သို့ပြုမူရမည်ကိုလည်းကောင်း သူရှင်းလင်းစွာ သိသော်လည်း ဤနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်ရန် မလိုလားချေ။ သို့တိုင်အောင် သူသည် ဘုရားအိမ်တော်၌ သူ၏တာဝန်ကို ဆက်လက်ထမ်းဆောင်နေသည်။ ဤအခြေအနေ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ (၎င်းသည် ကောင်းချီးမင်္ဂလာများရရှိရန်နှင့် အပေးအယူလုပ်ရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်းဖြစ်သည်။) ၎င်းသည် ထိုသို့သော မျှော်လင့်ချက်ဖြင့် လာခဲ့ခြင်းဖြစ်သည်၊ ထိုသို့သော လူများကို အခွင့်အရေးသမားများဟု သိကြသည်။ ၎င်းတို့က “ကမ္ဘာကြီး မကြာမီ ပျက်တော့မည်၊ ကမ္ဘာပျက်ချိန် ရောက်လာပြီဟု ကျွန်ုပ်ကြားသည်၊ ထို့ကြောင့် ကျွန်ုပ် အလုပ်သွားလုပ်ရန် မလိုအပ်တော့ပါ၊ မည်သို့ပင်ဖြစ်စေ ကျွန်ုပ် ငွေအလုံအလောက် ရှာပြီးပြီဖြစ်သည်။ မထူးတော့သည့်နည်းတူ နောက်ပိုင်းတွင် ကောင်းချီးမင်္ဂလာများ ရရှိရန် မျှော်လင့်ချက်ရှိနိုင်ရန်အတွက် ကျွန်ုပ်သည် အခမဲ့စားသောက်ရန်နှင့် ကျွန်ုပ်အတွက် နေရာတစ်ခုရရန် ဘုရားအိမ်တော်သို့ လာခြင်းက ပိုကောင်းမည်” ဟု ဆိုကြသည်။ သူ၏တာဝန်ကို ထမ်းဆောင်ရာတွင် သူ၏သဘောထားနှင့် ရည်ရွယ်ချက်ကို အကဲဖြတ်ကြည့်လျှင် သူ၏ဘုရားသခင်ကို ယုံကြည်ခြင်းသည် အခွင့်အရေးသမားဆန်သည်၊ ၎င်းသည် စစ်မှန်သော ယုံကြည်ခြင်းကြောင့်မဟုတ်ဘဲ ဘုရားအိမ်တော်၌ ကပ်ရပ်စားသောက်ရန် လာခဲ့ခြင်း ဖြစ်သည်။ သူ၏တာဝန်ကို ထမ်းဆောင်သောအခါ သူ၏သဘောထားမှာ အထူးသဖြင့် မထီမဲ့မြင်ပြုခြင်း ဖြစ်သည်။ သူ့ကို အသုံးပြုရန် အသင်းတော်က သူ့ကို ဖျောင်းဖျပြီး ညှိနှိုင်းရသော်လည်း သူသည် ကောင်းစွာမထမ်းဆောင်ပေ။ အသိတရားပင်မရှိသော လူတစ်ဦးသည် သူ၏တာဝန်ကို အမှန်တကယ် ထမ်းဆောင်နိုင်သလော။ သူသည် အခွင့်အရေးသမားဖြစ်ခြင်းနှင့် ကပ်ရပ်စားသောက်ခြင်းကို လုပ်ဆောင်နေရုံသာဖြစ်သည်၊ သူသည် မယုံကြည်သူတစ်ဦးဖြစ်သည်။ ဤပြဿနာ၏ ရှုထောင့်နှစ်ခု၏ သဘောသဘာဝကို ကြည့်လျှင် ယင်းကို ဖြေရှင်းရန် ကြိုးစားရာတွင် အယောင်ဆောင်ခေါင်းဆောင်သည် ယင်း၏အနှစ်သာရကို သဘောပေါက်ခဲ့သလော။ (မပေါက်ခဲ့ပါ။) ပြဿနာ၏အနှစ်သာရကို ထိုးထွင်းသိမြင်ခြင်း မရှိဘဲ သူသည် ဤလူကို စစ်မှန်သောယုံကြည်သူတစ်ဦး၊ သမ္မာတရားကို နားလည်မှုမရှိသူ၊ ဝိညာဉ်ရင့်ကျက်မှု သေးငယ်သူ၊ ယာယီအားနည်းပြီး အကူအညီ လိုအပ်သူတစ်ဦးအဖြစ်သာ ဆက်လက်မှတ်ယူခဲ့သည်။ ဤရှုထောင့်များမှနေ၍ သူသည် မိတ်သဟာယဖွဲ့ပြီး ကူညီရန် ကြိုးစားခဲ့သော်လည်း “စကားဆက်မပြောနှင့်။ သင်ပြောသော ထိုအယူဝါဒများမှာ အသုံးမဝင်ပါ။ ကျွန်ုပ် အားလုံးသိသည်၊ သင်ထက် ကျွန်ုပ်က ပိုနားလည်သည်။ သင်သည် အယူဝါဒမည်မျှကို အမှန်တကယ် နားလည်သနည်း။ သင်သည် မည်မျှပညာတတ်သနည်း။ သင်အစာစားသည်ထက် ကျွန်ုပ်သည် စာအုပ်များစွာကို ပို၍ ဖတ်ရှုပြီးဖြစ်သည်” ဟုသာ အပြောခံခဲ့ရသည်။ သူ၏သဘာဝက ထုတ်ဖော်ခဲ့ပြီးဖြစ်သည် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်သည် ဤလူမှာ အမှန်စင်စစ် မယုံကြည်သူတစ်ဦးဖြစ်ကြောင်းကို မသိဘဲ သူသည် အလုပ်လုပ်နေသည်ဟု ဆက်လက်ယုံကြည်နေဆဲဖြစ်သည်။ မယုံကြည်သူများသည် ဘုရားအိမ်တော်၌ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သောအခါ ၎င်းတို့၏ အလုပ်လုပ်ပေးခြင်းပင်လျှင် စံနှုန်းမပြည့်မီပေ။ ထိုသို့သော လူများကို ဆက်ထားသင့်သလော။ (မထားသင့်ပါ။) သို့ဖြစ်၍ ဘုရားအိမ်တော်၌ ဤလူစားမျိုးကို ကိုင်တွယ်ရန် စည်းမျဉ်းမှာ ဤသို့ဖြစ်သည်။ ၎င်းတို့က အလုပ်လုပ်ပေးနိုင်ပြီး အလုပ်လုပ်ပေးလိုစိတ်ရှိပါက ၎င်းတို့ကို ခေါ်ထားလော့၊ ၎င်းတို့က လိုလားခြင်း မရှိပါက ၎င်းတို့ကို နေရန် တိုက်တွန်းခြင်း သို့မဟုတ် အားပေးတိုက်တွန်းခြင်း မပြုဘဲ အလျင်အမြန် ဖယ်ထုတ်ပစ်ရမည်။ အယောင်ဆောင်ခေါင်းဆောင်သည် ဤစည်းမျဉ်းကို သိသလော။ သူ မသိပေ။ သူသည် လူသေများကို အသက်ရှင်သကဲ့သို့ သဘောထားပြီး ၎င်းတို့ကို အစာကျွေးကာ ရေတိုက်နေသည်၊ ယင်းမှာ မိုက်မဲသည် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် ထိုသို့သော မိုက်မဲသည့်အရာများကို လုပ်ဆောင်ကြသည်။

အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့ အသက်ဝင်ရောက်မှုတွင် ကြုံတွေ့ရသော အခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းပေးနိုင်စွမ်း မရှိ

အမျိုးမျိုးသောအခြေအနေများတွင် မတူညီသောလူများက အမျိုးမျိုးသောအခြေအနေများနှင့် သရုပ်သကန်များကို ထုတ်ဖော်ပြသည့်အခါ အယောင်ဆောင် ခေါင်းဆောင်များသည် ဤထုတ်ဖော်ချက်များ၏ အနှစ်သာရကို သဘောပေါက်ရန် အစဉ်သဖြင့် ပျက်ကွက်ကြသည့်အပြင် ယင်းတို့မှ ဖြစ်ပေါ်လာသော ပြဿနာများကိုလည်း မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သောကြောင့် တလွဲသမုတ်ကြပြီး မတော်မတရား ပြုမူကြကာ ယာယီအားနည်းသူများ သို့မဟုတ် ရံဖန်ရံခါ အပျက်သဘောဆောင်သူများကို မယုံကြည်သူများနှင့် ဘုရားသခင်ကို ပုန်ကန်သူများအဖြစ် မှားယွင်းယူဆကြသည်။ သို့သော်လည်း အပေါ်ယံအားဖြင့် ဆုကျေးဇူးအချို့ ပိုင်ဆိုင်ပြီး ရိုးရှင်းသောအလုပ်ကို လုပ်နိုင်ကာ အားထုတ်မှုအချို့ ပြုလုပ်နိုင်သည့် ထိုမယုံကြည်သူများကိုမူ ထောက်ပံ့ရမည့် အဓိကပစ်မှတ်များအဖြစ် သတ်မှတ်ကြသည်။ ဤလူများသည် ၎င်းတို့၏တာဝန်ကို မထမ်းဆောင်လိုကြောင်း တိုက်ရိုက်ပြောရန် ရှက်ကြသည့်တိုင် အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာကို ထိုးထွင်းသိမြင်ရန် အရေးနိမ့်ကြပြီး ၎င်းတို့ကို နေရန် ဇွတ်အတင်း ဖျောင်းဖျကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိုက်မဲသော အမှုများကိုသာ ကျူးလွန်ကြသည်၊ ဆိုးယုတ်သောလူများက အသင်းတော်ကို အနှောင့်အယှက်ပေးသော်လည်း ၎င်းတို့သည် ဤအရာကို မမြင်ဘဲ ပြဿနာကို မကိုင်တွယ်ကြပေ။ ဤသည်မှာ မဆင်မခြင် မတော်မတရားပြုမူခြင်းတွင် ပါဝင်နေခြင်း မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များ၏ မဆင်မခြင် မတော်မတရားပြုမူခြင်းသည် မည်သို့ဖြစ်ပေါ်လာသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ပြီး သမ္မာတရားကို နားမလည်ကြပေ၊ သို့ဖြစ်၍ အမျိုးမျိုးသောအခြေအနေများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့နားလည်သည့် အပေါ်ယံအကျဆုံးသော အယူဝါဒအနည်းငယ်ကိုသာ အားကိုးကြပြီး နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသည့် နည်းလမ်းဖြင့်သာ ယင်းတို့ကို ထပ်ခါတလဲလဲ အသုံးချကြသည်။ မကြာခဏဆိုသလို ၎င်းတို့သည် လူတို့ အသက်ဝင်ရောက်မှုတွင် ကြုံတွေ့ရသော အခက်အခဲများကို မဖြေရှင်းနိုင်ရုံသာမက လူတို့ကို အားနည်းခြင်းမှ အားရှိလာစေရန် မထောက်ပံ့နိုင်ဘဲ ဘုရားအိမ်တော်၌ အရည်အချင်းရှိသူများ ကင်းမဲ့နေပြီး သင့်တော်သောလူများကို ရှာမတွေ့နိုင်သည့်အလား အသင်းတော်သည် ၎င်းတို့ကို အခွင့်ကောင်းယူ၍ အသုံးချရန် လူစုဆောင်းဖို့ ကြိုးစားနေသည်ဟု ထင်မြင်စေကာ ဘုရားသခင်အပေါ် အယူအဆများနှင့် နားလည်မှုလွဲမှားခြင်းများကိုလည်း ဖြစ်ပေါ်စေသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ်မှ ထွက်ပေါ်လာသော အပျက်သဘောဆောင်သည့် သက်ရောက်မှု ဖြစ်သည်။ ဤသည်မှာ မည်သို့ဖြစ်ပေါ်လာသနည်း။ (အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်ခြင်းမရှိ၊ သမ္မာတရားကို နားမလည်ဘဲ အခြေအနေများနှင့် ကြုံတွေ့ရသောအခါ စည်းမျဉ်းစည်းကမ်းများကိုသာ အသုံးချကြသည်။) ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်ခြင်းမရှိ၊ ၎င်းတို့သည် တရားသေ စကားလုံးများနှင့် ဆိုရိုးစကားအချို့ကိုသာ အလွတ်ကျက်မှတ်နိုင်ကြသည်။ ၎င်းတို့တွင် သမ္မာတရားနှင့်ပတ်သက်၍ စစ်မှန်သော အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုနှင့် တန်ဖိုးထားမှု ကင်းမဲ့ကြသည်။ သို့ဖြစ်၍ ပြဿနာများ နောက်ဆုံးတွင် ဖြစ်ပေါ်လာသောအခါ ၎င်းတို့သည် အနှစ်မဲ့သော စကားအနည်းငယ်ကိုသာ ပြောနိုင်ကြသည်။ “ဘုရားသခင်ကို ချစ်ပါ”၊ “ရိုးသားပါ”၊ “အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ နာခံပြီး ကျိုးနွံနာခံပါ”၊ “သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ပါ”၊ “သင်သည် သစ္စာစောင့်သိရန် လိုအပ်သည်”၊ “သင်သည် ဇာတိပကတိကို ပုန်ကန်ရမည်”၊ “သင်သည် ဘုရားသခင်အတွက် အသုံးခံရန် လိုအပ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဤအနှစ်မဲ့သော အယူဝါဒများ၊ ဆောင်ပုဒ်များနှင့် ဆိုရိုးစကားများကို မိမိတို့ကိုယ်ကို အမွှမ်းတင်ရန် အသုံးပြုကြပြီး အခြားသူများကိုလည်း သွန်သင်ကာ ၎င်းတို့ကို လွှမ်းမိုးပြီး အပြုသဘောဆောင်သော သက်ရောက်မှုရှိရန် မျှော်လင့်ကြသည်။ သို့သော် ယင်းသည် မည်သည့်အကျိုးသက်ရောက်မှုမျှ မရရှိဘဲ မည်သည့်အရာကိုမျှ မပြောင်းလဲစေပေ။ ထို့ကြောင့် အယောင်ဆောင် ခေါင်းဆောင်များသည် မည်သည့်အလုပ်ကိုမျှ ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်းမရှိကြပေ။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ အသက်ဝင်ရောက်မှုတွင် ကြုံတွေ့ရသော အခက်အခဲများကိုပင် မဖြေရှင်းနိုင်ကြသဖြင့် အသင်းတော်ကို ဦးဆောင်သည့်အလုပ်ကို မည်သို့ ကောင်းစွာလုပ်ဆောင်နိုင်မည်နည်း။

လူတို့သည် လက်တွေ့ဘဝတွင် အမျိုးမျိုးသော အခက်အခဲများနှင့် ကြုံတွေ့ရပြီး ၎င်းတို့ကို မည်သို့ရင်ဆိုင်ရမည်ကို မသိသည့်အပြင် သမ္မာတရားကို မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း မသိသည့်အခါ ဤပြဿနာများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို ရှာဖွေရန် လိုအပ်သည်။ ဝိညာဉ်ရင့်ကျက်မှုသေးငယ်သော တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို မည်သို့ရှာဖွေရမည်ကို မသိသည့်အပြင် သက်ဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ရှာဖွေရမည်ကိုလည်း မသိပါက ပြဿနာကိုဖြေရှင်းရန် သမ္မာတရားကို နားလည်သူများကို ရှာဖွေပြီး မိတ်သဟာယဖွဲ့သင့်သည်၊ တစ်ချိန်တည်းတွင် သက်ဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာဖွေရန် နည်းလမ်းနှင့် သမ္မာတရားကို နားလည်သဘောပေါက်ရန် နည်းလမ်းကိုလည်း လေ့ကျင့်ရမည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် စည်းမျဉ်းများနှင့် ဘုရားသခင်၏ တောင်းဆိုထားသော စံနှုန်းများမှာ အဘယ်အရာဖြစ်သည်၊ ဘုရားသခင်သည် ဤအကြောင်းအရာကို မည်သို့အနက်ဖွင့်ဆိုပြီး ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကို တောင်းဆိုသည်၊ တိကျသောအသေးစိတ်အချက်အလက်များ ရှင်းပြထားခြင်း ရှိမရှိတို့ကို ရှာဖွေခြင်းကို ဆိုလိုသည်။ အကယ်၍ ဤအကြောင်းအရာနှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အတော်အတန် ရိုးရှင်းပြီး အသေးစိတ်ဥပမာများ မပေးဘဲ စည်းမျဉ်းများကိုသာ ဖော်ပြထားပါက သင်သည် တွေးဆတတ်ရန် သင်ယူသင့်သည်။ သင်သည် တွေးဆ၍ အဖြေမရှာနိုင်ပါက လူအများနှင့် ပိုမိုမိတ်သဟာယဖွဲ့ရန် ရှာဖွေခြင်း၊ စုဝေးပွဲများတွင် မိတ်သဟာယဖွဲ့ခြင်းနှင့် သင်၏တာဝန်ကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် စူးစမ်းပြီး ရှာဖွေခြင်းတို့အားဖြင့် ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိလာမည်ဖြစ်ပြီး ထိုသို့ဖြင့် ကြုံတွေ့နေရသော ကိစ္စ၏ အနှစ်သာရကို တဖြည်းဖြည်းချင်း နားလည်လာပေမည်။ နောက်ဆုံးတွင် ဤအခက်အခဲများအတွက် ဖြေရှင်းချက်တစ်ခု ရရှိရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စည်းမျဉ်းများအတိုင်း ဝင်ရောက်ရမည်။ ဥပမာအနေဖြင့် အချို့လူများသည် ပျင်းရိပြီး ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရန် ခွန်အားကို မည်သည့်အခါမျှ မစုစည်းနိုင်ပေ၊ သို့သော် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့အကြောင်း ပြောလိုက်သည်နှင့် ၎င်းတို့သည် မျက်နှာဝင်းသွားပြီး ရုတ်တရက် သက်ဝင်လှုပ်ရှားလာသည့်အလား အားမာန်အပြည့် ဖြစ်လာကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ထိုသို့သော ပြဿနာများကို မည်သို့ဖြေရှင်းသနည်း။ ၎င်းတို့တွင်လည်း နည်းလမ်းတစ်ခုရှိသည်။ ယင်းမှာ ဤလူများကို အလုပ်တာဝန် များများ တာဝန်ခန့်အပ်ပြီး အားလပ်ချိန်မရှိစေခြင်း ဖြစ်သည်။ ဤချဉ်းကပ်နည်းက ပြဿနာကို ဖြေရှင်းနိုင်သလော။ အချို့လူများသည် ၎င်းတို့အား တာဝန်ခန့်အပ်ထားသည့် အလုပ်အနည်းငယ်ကိုပင် လုပ်ဆောင်ရန် စိတ်မပါကြပေ၊ ၎င်းတို့သည် အလုပ်လုံးဝမလုပ်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု တွေးထင်ကာ ကပ်ရပ်စားသောက်ရန်သာ လိုလားကြသည်။ အလွန်ပျင်းရိသောလူများနှင့် ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၏ သဘာဝအနှစ်သာရနှင့် သက်ဆိုင်သည်၊ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို နှစ်သက်ခြင်း ရှိမရှိနှင့် သက်ဆိုင်ပြီး ၎င်းတို့၏ နှစ်သက်မှုများနှင့် လိုက်စားမှုများနှင့်လည်း သက်ဆိုင်သည်။ အစွမ်းအစအနည်းငယ်ရှိသော လူအချို့ရှိသည်၊ ၎င်းတို့သည် မည်သည့်ဝန်ထုပ်ဝန်ပိုးမျှ မပေးအပ်ထားသည့် သာမန်နောက်လိုက်များသာ ဖြစ်ပါက ၎င်းတို့၏အလုပ်ကို လုပ်ဆောင်ရန် ခွန်အားမရှိဘဲ ယင်း၌ မည်သည့်စိတ်ဝင်စားမှုမျှ မတွေ့ရှိကြပေ။ သို့သော် ၎င်းတို့၏ အစွမ်းအစနှင့် ၎င်းတို့လုပ်ဆောင်နိုင်သော တာဝန်တို့အရ ၎င်းတို့အား ကြီးကြပ်ရေးမှူးတစ်ဦး၏ တာဝန်ကို ပေးအပ်ပြီး ရာထူးအချို့ကိုင်စွဲခွင့်နှင့် တာဝန်အချို့ကို ထမ်းဆောင်ခွင့်ပြုပါက အလုပ်အပေါ် ၎င်းတို့၏ စိတ်ဝင်စားမှုမှာ မြင့်တက်လာသည်။ တစ်ခါတစ်ရံ ၎င်းတို့၏အလုပ်တွင် တာဝန်မဲ့လာသောအခါ သို့မဟုတ် ပျင်းရိလာသောအခါ ၎င်းတို့ကို ပြုပြင်နိုင်သည်၊ အခြားအချိန်များတွင်မူ ၎င်းတို့အား အားပေးမှုနှင့် ချီးကျူးမှုအချို့ ပေးနိုင်သည်။ သို့ဖြစ်၍ ဂုဏ်သိက္ခာကို ဂရုစိုက်သော၊ အဆင့်အတန်းကို နှစ်သက်သော၊ မြှောက်ပင့်ပြောဆိုခြင်းကို နှစ်သက်သော ဤလူများသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရန် ခွန်အားရရှိလာကြသည်။ ၎င်းတို့ ပေါ့ဆရန် တွေးသောအခါ “အဆင့်အတန်းအတွက်၊ ငါ့တာဝန်အတွက်၊ ငါကောင်းစွာလုပ်ဆောင်ရမည်” ဟု တွေးဆကြသည်။ ဤနည်းအားဖြင့် ထိုသို့သောလူများ၏ ပျင်းရိခြင်းကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းနိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် တာဝန်ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် ဖြစ်ပေါ်လာသော လူ့သဘာဝနှင့်သက်ဆိုင်သည့် ဤကဲ့သို့သော ပြဿနာများ သို့မဟုတ် အသက်ဝင်ရောက်မှုနှင့်သက်ဆိုင်သည့် အခြေအနေများနှင့် ကြုံတွေ့ရသောအခါ ၎င်းတို့သည် ယင်းတို့ကို ဖြေရှင်းရန် အလွန်ခက်ခဲပြီး စိန်ခေါ်မှုဖြစ်သည်ဟု မြင်ကြသည်။ ဤအခြေအနေများနှင့် ပြဿနာများကို မည်သို့ဖြေရှင်းရမည်ကိုဖြစ်စေ၊ ပစ်မှတ်ထားဖြေရှင်းရန် ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များကို အသုံးပြုရမည်ကိုဖြစ်စေ ၎င်းတို့မသိကြပေ။ အချိန်အများစုတွင် ၎င်းတို့၏ ချဉ်းကပ်နည်းမှာ လူတို့ကို ကောင်းစွာလုပ်ဆောင်ရန် ဖျောင်းဖျသည် သို့မဟုတ် ချော့မော့သည်။ အကယ်၍ ဖျောင်းဖျခြင်းနှင့် ချော့မော့ခြင်းက အလုပ်မဖြစ်ပါက ၎င်းတို့သည် ဒေါသထွက်ပြီး ပြုပြင်ခြင်းကို အားကိုးကြသည်။ အကယ်၍ ပြုပြင်ခြင်းက အလုပ်မဖြစ်ပါက ၎င်းတို့သည် လူတို့အား သတိပေးချက်အဖြစ် ဘုရားသခင်၏ ပြင်းထန်သော နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်ပြပြီး ပြောင်းလဲဖို့ ကြိုးစားသင့်ကြောင်း လူတို့အား သတိပေးလေသည်။ ယင်းကပင် အကျိုးသက်ရောက်မှု မရှိသေးပါက ၎င်းတို့၏ နောက်ဆုံးနည်းလမ်းမှာ ထိုသူတို့ကို စောင့်ကြည့်ပြီး စီမံခန့်ခွဲရန် လူတစ်ဦးကို စီစဉ်ပေးခြင်းဖြစ်သည်။ ၎င်းတို့တွင် ဤနည်းလမ်းအနည်းငယ်သာ ရှိပြီး အကယ်၍ ဤအရာများက အလုပ်မဖြစ်ပါက ၎င်းတို့တွင် အခြားနည်းလမ်းများ မရှိတော့ပေ။

အချုပ်အားဖြင့်ဆိုသော်၊ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့၏အလုပ်တွင် မည်သည့်ပြဿနာကို ရင်ဆိုင်ရသည်ဖြစ်စေ ၎င်းတို့သည် ပြဿနာ၏အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြပေ၊ အမျိုးမျိုးသောလူများ၏ စစ်မှန်သောအခြေအနေများနှင့် နောက်ခံအကြောင်းအရင်းများကို သဘောပေါက်ရန် ခက်ခဲကြပြီး ပြဿနာ၏ ဇာစ်မြစ်သည် အဘယ်မှာဖြစ်သည်ကို သို့မဟုတ် ယင်းကို အသင့်တော်ဆုံး ဖြေရှင်းရန် မည်သည့်နေရာမှ စတင်ရမည်ကို ၎င်းတို့ သာ၍ပင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့တွင် ပြဿနာများကို ကိုင်တွယ်ရန် ဤစည်းမျဉ်းများနှင့် နည်းလမ်းများ ကင်းမဲ့ကြသည်၊ သို့ဖြစ်၍ အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်သည် အမျိုးမျိုးသော စစ်မှန်သည့်ပြဿနာများကို မဖြေရှင်းနိုင်ပေ။ ၎င်းတို့သည် အယူဝါဒအချို့ကို ဟောပြောခြင်း၊ ဆောင်ပုဒ်အချို့ကို ဟစ်ကြွေးခြင်း၊ စည်းမျဉ်းများကို ပုံသေစောင့်ထိန်းခြင်းနှင့် ဖြစ်သလို လုပ်ဆောင်ခြင်းတို့ကိုသာ လုပ်နိုင်စွမ်းရှိကြသည်။ ထိုသို့သောလူများသည် အသင်းတော်၏ ခေါင်းဆောင်ပိုင်းအလုပ်အတွက် မည်သို့ အရည်အချင်း ပြည့်မီနိုင်မည်နည်း။ ၎င်းတို့ မည်မျှပင် လေ့ကျင့်သည်ဖြစ်စေ သို့မဟုတ် နောက်ထပ်နှစ်ပေါင်းမည်မျှ ယုံကြည်သည်ဖြစ်စေ ၎င်းတို့သည် အသင်းတော်၏ ခေါင်းဆောင်ပိုင်းအလုပ်အတွက် အရည်အချင်းပြည့်မီမည် မဟုတ်ပေ။ သင်တို့သည် ဤအရာနှင့်ပတ်သက်၍ ဥပမာတစ်ခုခု ကြုံတွေ့ဖူးသလော။ (ကျွန်ုပ်တို့၏အသင်းတော်၌ ဧည့်ခံခြင်းတာဝန်ကို ထမ်းဆောင်နေသူတစ်ဦးရှိခဲ့ပြီး သူသည် အမြဲတမ်း ဝေဖန်သုံးသပ်ပြီး တိုက်ခိုက်သော စကားများကို ပြောဆိုကာ ကျွန်ုပ်တို့၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်စေပြီး နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။ ကျွန်ုပ်တို့ ခေါင်းဆောင်ထံ တိုင်ကြားပြီးနောက် သူသည် အသင်းတော်အလုပ်ကို ထိခိုက်စေသည့် စစ်မှန်သောပြဿနာကို မဖြေရှင်းဘဲ ကျွန်ုပ်တို့အား မိမိတို့ကိုယ်ကို သိကျွမ်းပြီး ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးသော ပတ်ဝန်းကျင်ကို ကျိုးနွံနာခံရန်မျှကိုသာ တွင်တွင်ပြောခဲ့သည်။ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ပြီးမှသာ ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။) ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ စံပြုသရုပ်သကန်တစ်ခု ဖြစ်သည်။ ဤသည်မှာ တွေ့ရများသော အယောင်ဆောင် ခေါင်းဆောင်တစ်မျိုးဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူတစ်ဦးနှင့် သို့မဟုတ် အန္တိခရစ်တစ်ဦးနှင့် ကြုံတွေ့ရသောအခါ မခွဲခြားနိုင်ဘဲ၊ အခြားသူများကို စိတ်ရှည်ရန်နှင့် သည်းခံရန်၊ အတွေ့အကြုံမှ သင်ယူရန်၊ ဆိုးယုတ်သောလူ သို့မဟုတ် အန္တိခရစ်ကို နာခံရန် ပြောဆိုသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အန္တိခရစ်များကို သို့မဟုတ် ဆိုးယုတ်သောလူများကို ပိုင်းခြားသိမြင်ခြင်း မရှိကြသကဲ့သို့ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အရာကိုမျှလည်း မလုပ်ဆောင်ကြပေ။ အန္တိခရစ်များ ပေါ်လွင်ထင်ရှားသည့် နည်းလမ်းများအကြောင်း များစွာ မိတ်သဟာယဖွဲ့ပြီးနောက် သမ္မာတရားကို နားလည်သူတိုင်းသည် ယခုအခါ ၎င်းတို့ထဲမှ အချို့ကို ခွဲခြားသိမြင်နိုင်ရမည်ဖြစ်သည်။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များကဲ့သို့သော လူများသည် ထိုမိတ်သဟာယက အန္တိခရစ်တစ်ဦး၏ အပြုအမူနှင့် မည်သို့ကိုက်ညီသည်ကို ရှာဖွေနိုင်စွမ်း ရှိကြသလော။ ၎င်းတို့သည် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်သလော။ (မမြင်နိုင်ပါ။) ၎င်းတို့၏ အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်မှု မရှိခြင်းမှ အဘယ်အရာ ဖြစ်ပေါ်လာသနည်း။ အန္တိခရစ်တစ်ဦးက ၎င်းတို့ထံမှ အာဏာကို လုယူသွားနိုင်ချေ ရှိသည်၊ ၎င်းတို့သည် အန္တိခရစ်ကို အသင်းတော်အား ထိန်းချုပ်ခွင့်ပြုမည်ဖြစ်ပြီး အဆုံးတွင် အန္တိခရစ်က အမှီအခိုကင်းသော နယ်မြေတစ်ခုကို တည်ထောင်သည့်အခါ မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေလိမ့်မည်။ ၎င်းတို့သည် အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပါက အန္တိခရစ်တစ်ဦးကို ၎င်းတို့၏ရန်သူအဖြစ် ဆက်ဆံပြီး ဖော်ထုတ်ရန်၊ ပိုင်းခြားသိမြင်ရန်နှင့် ငြင်းပယ်ရန် မဖြစ်နိုင်ချေ။ အကယ်၍ ၎င်းတို့သည် အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပါက အန္တိခရစ်တစ်ဦးကို ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးအဖြစ် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းဖြင့် ဆက်ဆံရန် အလွန်ဖြစ်နိုင်ခေရှိပြီး၊ ယင်းက အန္တိခရစ်ကို အသင်းတော်၌ အာဏာရရှိလာပြီး ထိန်းချုပ်စေသည့် အကျိုးဆက်ကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်မှု မရှိခြင်း၏ အကျိုးဆက်များသည် အလွန်ဆိုးရွားပြီး မတွေးဝံ့စရာပင် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို နားလည်ခြင်းမရှိ၊ ၎င်းတို့သည် မတူညီသော လူစားမျိုးများ၏ အနှစ်သာရများကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့လုပ်ဆောင်သမျှမှာ စကားလုံးများနှင့် အယူဝါဒများကို တရားဟောခြင်းနှင့် စည်းမျဉ်းများကို ပုံသေစောင့်ထိန်းခြင်း၊ အားလုံးကို ချစ်ခြင်းမေတ္တာပြခြင်း၊ လူတိုင်းကို နောင်တရခွင့်ပေးခြင်း၊ မည်သူပင်ဖြစ်စေ လူတိုင်းကို အခွင့်အရေးပေးခြင်းတို့သာ ဖြစ်သည်။ ဤသည်မှာ ဘာသာရေးဘုန်းတော်ကြီးများ၏ ပြုမူပုံမျိုး မဟုတ်လော။ ဤသည်မှာ ဖာရိရှဲများ၏ ပြုမူပုံမျိုး မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်များနှင့် ကြုံတွေ့ရသောအခါ အများအားဖြင့် အလျှော့ပေးရန်နှင့် လိုက်လျောရန် ရွေးချယ်ကြပြီး ဤသည်မှာ အခြားသူများကို မေတ္တာဖြင့် ဆက်ဆံခြင်းဖြစ်သည်ဟု အခိုင်အမာဆိုနိုင်ရန် ဆင်ခြေ သို့မဟုတ် အကြောင်းပြချက်တစ်ခုကိုပင် ရှာဖွေကြသည်။ တစ်စုံတစ်ဦးသည် ပြဿနာရှိပြီး အန္တိခရစ်တစ်ဦးဖြစ်ကြောင်း သိလျက်နှင့်ပင် ၎င်းတို့သည် ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိသကဲ့သို့ ပိုင်းခြားသိမြင်ရန်နှင့် ဖော်ထုတ်ရန်သတ္တိမရှိကြချေ။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ လုပ်ဆောင်သည့်အရာ အတိအကျ ဖြစ်သည်။ အချို့ညီအစ်ကိုမောင်နှမများက ထိုလူသည် ဆိုးယုတ်သူ သို့မဟုတ် အန္တိခရစ်တစ်ဦးဖြစ်ကြောင်း ပိုင်းခြားသိမြင်ပြီး ဖြစ်သည့်အချိန်တွင်ပင် အယောင်ဆောင်ခေါင်းဆောင်များက “ကျွန်ုပ်တို့သည် လူတို့ကို ပေါ့ပေါ့ဆဆ ဝေဖန်သုံးသပ်ခြင်း မပြုရ၊ သို့မဟုတ် မရှုတ်ချရ။ ထိုလူသည် အလွန်စိတ်အားထက်သန်စွာ အသုံးခံပြီး အဖိုးအခပေးရန် အလွန်ဆန္ဒရှိသည်။ သူသည် အန္တိခရစ်လည်းမဟုတ်၊ သို့မဟုတ် ဆိုးယုတ်သောလူလည်း မဟုတ်ပါ။ တစ်စုံတစ်ဦးက ပြင်းထန်သောစကား အနည်းငယ်ပြောရုံမျှဖြင့် ၎င်းတို့ကို ဆိုးယုတ်သူဖြစ်စေသည်မဟုတ်၊ ဟုတ်သည် မဟုတ်လော” ဟု ပြောဆိုနေဆဲဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့၏အနှစ်သာရကို မမြင်နိုင်သကဲ့သို့ အန္တိခရစ်များ၏ လုပ်ဆောင်ချက်များ၏ အကျိုးဆက်များကိုလည်း မမြင်နိုင်ဘဲ အန္တိခရစ်များကို ဆင်ခြင်သုံးသပ်ရန်၊ မိမိတို့ကိုယ်ကို သိကျွမ်းရန်နှင့် စစ်မှန်စွာ နောင်တရရန်ပင် အားပေးလျက် အန္တိခရစ်များအပေါ် ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ဆက်လက်ပြသနေဆဲဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် မိမိကိုယ်ကို မည်သို့ပင် သိကျွမ်းရန် ကြိုးစားသည်ဖြစ်စေ၊ သူ၏သဘာဝသည် ပြောင်းလဲနိုင်သလော။ သူသည် မိမိကိုယ်ကို အမှန်တကယ် သိကျွမ်းနိုင်သလော။ လုံးဝမသိကျွမ်းနိုင်ပေ။ အန္တိခရစ်များသည် အပေါ်ယံအားဖြင့် အချို့အရာများကို စွန့်လွှတ်ပြီး မိမိတို့ကိုယ်ကို အနည်းငယ် အသုံးခံပုံရသော်လည်း အတွင်း၌မူ ၎င်းတို့သည် ရည်မှန်းချက်များနှင့် ကြီးမားသော အကြံအစည်များကို သိုဝှက်ထားကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်များကဲ့သို့သော လူများကို မရိပ်စားမိနိုင်သည့် အကြောင်းရင်းမှာ အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်ပြီး မတူညီသော လူအမျိုးအစားများကိုလည်း ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အမျိုးမျိုးသောလူများ၏ သဘာဝအနှစ်သာရကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသကဲ့သို့ မတူညီသော လူအမျိုးအစားများကို မည်သို့ဆက်ဆံရမည်ကိုဖြစ်စေ၊ မည်သို့ကိုင်တွယ်ရမည်ကိုဖြစ်စေ မသိကြပေ။ ၎င်းတို့သည် အခြားသူများက အန္တိခရစ်များကို ဖော်ထုတ်သည်ကို မြင်သောအခါ ဝင်ရောက်ပါဝင်ရဲခြင်း မရှိသည့်အပြင် အန္တိခရစ်ကို စိတ်အနှောင့်အယှက်ပေးမိလျှင် လက်စားချေခြင်းကို ခံရမည်ကို ကြောက်ရွံ့၍ အန္တိခရစ်များအား အရေးယူရန် သာ၍ပင် ကြောက်ရွံ့ကြသည်။ ၎င်းတို့၏ အန္တိခရစ်များအပေါ် ချဉ်းကပ်နည်းမှာ အယူဝါဒများကို တရားဟောခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်းများတွင်သာ ကန့်သတ်ထားသည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်မှု မရှိခြင်းအပြင် အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများကြားတွင် တည်ရှိနေသော အမျိုးမျိုးသော ပြဿနာတို့ကိုလည်း မဖြေရှင်းနိုင်ကြပေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များသည် သမ္မာတရားကို လုံးဝနားလည်ခြင်း မရှိကြောင်း သက်သေပြသည်၊ ၎င်းတို့သည် တကယ့်ပြဿနာများကို ဖြေရှင်းနိုင်စွမ်းမရှိသည့်အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်နိုင်ချေမရှိပေ။ အယောင်ဆောင်ခေါင်းဆောင်များ မည်သည့်အရာကိုပြောဆိုသည်ဖြစ်စေ၊ မည်သည့်အရာကိုလုပ်ဆောင်သည်ဖြစ်စေ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှ ထွက်ပေါ်လာသော ဉာဏ်အလင်းပေးသည့် စကားများကို တစ်ခုမျှ ကြားရမည်မဟုတ်၊ ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု တစ်စုံတစ်ရာ ပိုင်ဆိုင်သည်ကို သာ၍ပင် မြင်တွေ့ရမည်မဟုတ်ပေ။ ထို့ကြောင့် အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့၏ အသက်ဝင်ရောက်မှုနှင့်ပတ်သက်၍ မည်သည့်အကျိုးကျေးဇူး သို့မဟုတ် အကူအညီကိုမျှ မပေးပေ၊ ၎င်းတို့လုပ်ဆောင်သော အလုပ်အနည်းငယ်မှာ အယူဝါဒများနှင့် စကားလုံးများကို တရားဟောခြင်း၊ ဆောင်ပုဒ်များကို ဟစ်ကြွေးခြင်းနှင့် ဖြစ်သလို လုပ်ဆောင်ခြင်းမျှသာ ဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးက ပါဝင်ထမ်းဆောင်သင့်သော ကဏ္ဍကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် လုံးဝပျက်ကွက်ကြသည်။

ယနေ့အတွက် ငါတို့၏ မိတ်သဟာယမှာ ဤမျှသာဖြစ်သည်။ နှုတ်ဆက်ပါသည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်

နောက်တစ်ခုသို့-  ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger