ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၂)
ပြီးခဲ့သည့် ငါတို့၏ စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှ အချက်တစ်ဆယ်ဖြစ်သည့် “ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးတို့ကို (စာအုပ်များ၊ စက်ပစ္စည်းအမျိုးမျိုး၊ ကောက်နှံ အစရှိသည်ဖြင့်) ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းပြီး သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးလော့၊ ပြီးလျှင် ပျက်စီးဆုံးရှုံးမှုနှင့် ပြုန်းတီးမှုကို အနည်းဆုံးဖြစ်စေရန် ပုံမှန် စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်သည့်အပြင် ဆိုးယုတ်သောလူများက သိမ်းယူခြင်းကိုလည်း ကာကွယ်တားဆီးလော့”ဟူသည်ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အချက်တစ်ဆယ်နှင့်သက်ဆိုင်သော မိတ်သဟာယမှာ ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးတို့နှင့် စပ်လျဉ်း၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့်အလုပ်နှင့် ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများအကြောင်း ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ယင်းက အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို နှိုင်းယှဉ်ဖော်ထုတ်ခဲ့သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားအိမ်တော်အလုပ်၏ ကဏ္ဍတစ်ခုချင်းစီတွင် ၎င်းတို့ ဖြည့်ဆည်းသင့်ပြီး ဖြည့်ဆည်းနိုင်သည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပါက ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် စံနှုန်းပြည့်မီပေသည်။ အကယ်၍ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို မဖြည့်ဆည်းသည့်အပြင်၊ မည်သည့် လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ဆောင်ပါက ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြောင်း အလွန်သိသာထင်ရှားပေသည်။ အချက်တစ်ဆယ်နှင့်စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးတို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးခြင်းအလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်ကြပေ။ ထိုပစ္စည်းများကို ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းခြင်း မရှိကြ သို့မဟုတ် လုံးဝပင် စောင့်ရှောက်ထိန်းသိမ်းခြင်း မရှိသည့်အပြင်၊ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ ခွဲဝေဖြန့်ဖြူးမှုကို ကမောက်ကမဖြစ်စေသည်။ ၎င်းတို့သည် ဤအလုပ်ကို လုံးဝပင် အလေးအနက်ထားကောင်း မထားနိုင်ပေ။ ယင်းမှာ အထွေထွေ အရေးကိစ္စများနှင့်ဆိုင်သည့် အလုပ်ဖြစ်သော်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားတစ်ခုနှင့် ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်တစ်ခု ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့ကိုယ်တိုင် အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် လုပ်ဆောင်ရန် သင့်တော်သောလူများကို စီစဉ်ပေးပြီး ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ နောက်ဆက်တွဲလုပ်ဆောင်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်သည်ဖြစ်စေ မည်သို့ပင်ဖြစ်စေ ဤအလုပ်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့် ခွဲခြား၍မရနိုင်ပေ။ ယင်းတို့သည် တိုက်ရိုက်ဆက်စပ်နေသည်။ ထို့ကြောင့် ဤအလုပ်နှင့် ပတ်သက်လာသည့်အခါ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားအိမ်တော်၏ ရုပ်ဝတ္ထု ပစ္စည်းအမျိုးမျိုးကို ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းခြင်း မရှိသည့်အပြင် သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးခြင်း မရှိပါက ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို မဖြည့်ဆည်းခြင်းဖြစ်ပြီး မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ပြီးခဲ့သည့် ငါတို့၏ စုဝေးပွဲတွင် ငါတို့သည် ဤအထွေထွေ အရေးကိစ္စများနှင့်ဆိုင်သည့် အလုပ်ကဏ္ဍကို ကိုင်တွယ်စဉ် အယောင်ဆောင်ခေါင်းဆောင်များ ပြသသည့် သရုပ်သကန်များကို ရိုးရှင်းစွာ ဖော်ထုတ်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ဥပမာအနည်းငယ်ကိုလည်း ပေးခဲ့သည်။ အကယ်၍ တစ်စုံတစ်ဦးသည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်ပါက ၎င်းသည် ဤအလုပ်တွင် မိမိ၏ တာဝန်ဝတ္တရားများကို လုံးဝ မဖြည့်ဆည်းသေးသည့်အပြင်၊ ၎င်းလုပ်ဆောင်သည့်အလုပ်မှာလည်း စံမမီပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်တွင် မည်သည့်အခါမျှ ကြိုးစားအားထုတ်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ထိုအလုပ်ကို စီစဉ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းနှင့်ပတ်သက်၍ ၎င်းတို့ ကိစ္စပြတ်သွားပြီး မည်သည့်အခါမျှ နောက်ဆက်တွဲလုပ်ဆောင်ခြင်း သို့မဟုတ် အလုပ်တွင် ပါဝင်ခြင်း မရှိပေ။ နောက်ထပ် အဓိက အကြောင်းရင်းတစ်ခုမှာ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့လုပ်ဆောင်သည့် အလုပ်တစ်ခုတလေ၏ စည်းမျဉ်းများကို နားမလည်ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အလုပ်တွင် အချောင်ခိုနေလျှင်ပင် ၎င်းတို့လုပ်ဆောင်သည့်အရာသည် ဘုရားအိမ်တော်က သတ်မှတ်သည့် စည်းမျဉ်းများ၊ နည်းဥပဒေသများနှင့် မကိုက်ညီပေ သို့မဟုတ် စည်းမျဉ်းများနှင့် လုံးဝပင် လွဲချော်နေသည်။ စည်းမျဉ်းများနှင့် လွဲချော်နေခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်း၏ သွယ်ဝှိုက်ညွှန်းဆိုချက်မှာ ၎င်းတို့သည် မိမိတို့၏ စိတ်ကူးများ၊ အလိုဆန္ဒများနှင့် ခံစားချက်များကို အခြေခံ၍ လက်လွတ်စပယ် ပြုမူလုပ်ဆောင်ခြင်း၊ မဆင်မခြင် ပြုမူလုပ်ဆောင်ခြင်း အစရှိသည်တို့ ဖြစ်သည်။ သို့ဖြစ်၍ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့်ဆိုင်သည့် ဤကဏ္ဍနှင့် ပတ်သက်လာသည့်အခါ၊ အယောင်ဆောင်ခေါင်းဆောင်များ၏ အဓိက သရုပ်သကန်နှစ်ခု ရှိသည်။ ပထမတစ်ခုမှာ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ ၎င်းတို့က စည်းမျဉ်းများကို သဘောမပေါက်နိုင်သဖြင့် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ဤသည်တို့မှာ အခြေခံ သရုပ်သကန်များ ဖြစ်ကြသည်။ ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ဤအထွေထွေ အရေးကိစ္စများဆိုင်ရာ အလုပ်ကို ကိုင်တွယ်ရာတွင် အယောင်ဆောင်ခေါင်းဆောင်များ၏ လူ့သဘာဝ မည်သို့ ပေါ်လွင်ထင်ရှားသည်ကို မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်ခဲ့ကြသည်။ ဤရိုးရှင်းသော၊ တစ်ခုတည်းသော အလုပ်နှင့်ပင် အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏ တာဝန်ဝတ္တရားများကို မဖြည့်ဆည်းနိုင်ကြပေ။ ၎င်းတို့သည် ဤအလုပ်ကို လုပ်ဆောင်နိုင်စွမ်း ရှိသော်လည်း မလုပ်ဆောင်ကြပေ။ ဤသည်မှာ ဤလူစားမျိုးများ၏ ကိုယ်ကျင့်စရိုက်၊ လူ့သဘာဝတို့နှင့် သက်ဆိုင်သည်။ ၎င်းတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့၏ စိတ်နှလုံးများက မှန်ကန်ခြင်းမရှိသည့်အပြင်၊ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်မှာလည်း နိမ့်ကျသည်။ အချက်တစ်ဆယ်အောက်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ၊ အထွေထွေ စည်းမျဉ်းများနှင့် အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်ပတ်သက်သည့် ငါတို့၏မိတ်သဟာယသည် အခြေခံအားဖြင့် ပြီးစီးပြီးဖြစ်သည်။ ယနေ့တွင်၊ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများထဲမှ အချက်ဆယ့်တစ်ကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။
အချက် ၁၁- ပူဇော်သက္ကာများကို စနစ်တကျ စာရင်းသွင်းခြင်း၊ စာရင်းပြုစုခြင်းနှင့် စောင့်ရှောက်ထိန်းသိမ်းခြင်း အလုပ်တာဝန်အတွက် အထူးသဖြင့် လူ့သဘာဝ စံနှုန်းပြည့်မီမှုရှိသည့် အားကိုးလောက်သော လူများကို ရွေးချယ်လော့။ ဖြုန်းတီးမှု သို့မဟုတ် အလဟဿဖြစ်မှုများအပြင် ကျိုးကြောင်းမညီညွတ်သော အသုံးစရိတ်များကို ချက်ချင်း ဖော်ထုတ်နိုင်ရန် ဝင်ငွေထွက်ငွေများကို ပုံမှန် ပြန်လည်သုံးသပ်၍ စစ်ဆေးလော့။ ထိုသို့သောအရာများကို ရပ်တန့်စေပြီး ကျိုးကြောင်းညီညွတ်သော လျော်ကြေးကို တောင်းဆိုလော့။ ထို့အပြင် ပူဇော်သက္ကာများ ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်ခြင်းနှင့် ၎င်းတို့၏ သိမ်းပိုက်ခြင်းကို မခံရအောင် မည်သည့်နည်းဖြင့်မဆို ကာကွယ်တားဆီးလော့
ပူဇော်သက္ကာများဟူသည်မှာ အဘယ်အရာဖြစ်သနည်း
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများထဲမှ အချက်ဆယ့်တစ်၏ အကြောင်းအရာမှာ “ပူဇော်သက္ကာများကို စနစ်တကျ စာရင်းသွင်းခြင်း၊ စာရင်းပြုစုခြင်းနှင့် စောင့်ရှောက်ထိန်းသိမ်းခြင်း တာဝန်အတွက် အထူးသဖြင့် လူ့သဘာဝ စံနှုန်းပြည့်မီမှုရှိသည့် အားကိုးလောက်သော လူများကို ရွေးချယ်လော့။ ဖြုန်းတီးမှု သို့မဟုတ် အလဟဿဖြစ်မှုများအပြင် ကျိုးကြောင်းမညီညွတ်သော အသုံးစရိတ်များကို ချက်ချင်း ဖော်ထုတ်နိုင်ရန် ဝင်ငွေထွက်ငွေများကို ပုံမှန် ပြန်လည်သုံးသပ်၍ စစ်ဆေးလော့။ ထိုသို့သောအရာများကို ရပ်တန့်စေပြီး ကျိုးကြောင်းညီညွတ်သော လျော်ကြေးကို တောင်းဆိုလော့။ ထို့အပြင် ပူဇော်သက္ကာများ ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်ခြင်းနှင့် ၎င်းတို့၏ သိမ်းယူခြင်းကို မခံရအောင် မည်သည့်နည်းဖြင့်မဆို ကာကွယ်တားဆီးလော့” ဟူ၍ ဖြစ်သည်။ ဤအလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှာ အဘယ်နည်း။ ၎င်းတို့ လုပ်ဆောင်ရမည့် အဓိကအလုပ်မှာ အဘယ်နည်း။ (ပူဇော်သက္ကာများကို ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းခြင်း ဖြစ်ပါသည်။) အချက်တစ်ဆယ်မှာ ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးတို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးခြင်းအကြောင်း ဖြစ်သည်၊ ဤအချက်မှာမူ ဇော်သက္ကာများကို ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းခြင်းအကြောင်း ဖြစ်သည်။ ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးနှင့် ၎င်း၏ ပူဇော်သက္ကာများသည် အနည်းငယ် ဆင်တူသည်၊ သို့သော် ၎င်းတို့ တူညီကြသလော။ (မတူညီပါ။) ခြားနားချက်မှာမှာ အဘယ်နည်း။ (ပူဇော်သက္ကာများဟူသည် အဓိကအားဖြင့် ငွေကို ရည်ညွှန်းပါသည်။) ငွေသည် ယင်း၏ ကဏ္ဍတစ်ခုဖြစ်သည်။ ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးနှင့် ပူဇော်သက္ကာများသည် သဘောသဘာဝအားဖြင့် မည်သို့ ကွာခြားသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များသည် ပူဇော်သက္ကာများဖြစ်သလော။ အလုပ်အတွက် အသုံးပြုသည့် စက်အမျိုးမျိုးသည် ပူဇော်သက္ကာများဖြစ်သလော။ ဘုရားအိမ်တော်က ဝယ်ယူသည့် နေ့စဉ်သုံးပစ္စည်းအမျိုးမျိုးသည် ပူဇော်သက္ကာများလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤအရာများမှာ အဘယ်အရာများ ဖြစ်သနည်း။ ဘုရားအိမ်တော်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်အားလုံးနှင့် ဘုရားသခင်ထံ ပူဇော်ဆက်ကပ်သည့် ငွေဖြင့် ဝယ်ယူထားသည့် ကင်မရာများ၊ အသံဖမ်းစက်များ၊ ကွန်ပျူတာများနှင့် လက်ကိုင်ဖုန်းများကဲ့သို့သော အမျိုးမျိုးသော ပစ္စည်းများအပါအဝင် ၎င်း၏အလုပ်အတွက် လိုအပ်သော ကိရိယာမျိုးစုံဖြစ်သည့် ဤအရာအားလုံးသည် ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများ ဖြစ်ကြသည်။ ဤအရာများအပြင် စားပွဲများ၊ ကုလားထိုင်များ၊ ခုံတန်းရှည်များ၊ အစားအစာနှင့် အခြား ထိုသို့သော နေ့စဉ်သုံးပစ္စည်းများသည်လည်း ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများ ဖြစ်ကြသည်။ ဤပစ္စည်းအချို့ကို ညီအစ်ကိုမောင်နှမများက ဝယ်ယူကြပြီး အခြားအရာများကိုမူ ဘုရားအိမ်တော်က ပူဇော်သက္ကာများဖြင့် ဝယ်ယူခြင်းဖြစ်သည်။ ထိုအရာအားလုံးကို ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများအဖြစ် အမျိုးအစားခွဲခြားထားသည်။ ဤအကြောင်းအရာကို ငါတို့၏ ပြီးခဲ့သည့် စုဝေးပွဲတွင် မိတ်သဟာယဖွဲ့ခဲ့ကြပြီးဖြစ်သည်။ ယခုအခါတွင် ငါတို့သည် အချက်ဆယ့်တစ်အောက်၌ မိတ်သဟာယဖွဲ့ကြမည့် အရေးကြီးသောအရာတစ်ခုဖြစ်သည့် ပူဇော်သက္ကာများကို ဆက်လက်၍ ကြည့်ရှုကြမည်။ ပူဇော်သက္ကာများဟူသည် အတိအကျအားဖြင့် အဘယ်အရာဖြစ်သနည်း။ ၎င်းတို့၏ နယ်ပယ်ကို မည်သို့ သတ်မှတ်ထားသနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို မိတ်သဟာယမဖွဲ့မီ ပူဇော်သက္ကာများဟူသည် အဘယ်အရာဖြစ်သည်ဟူသော မေးခွန်းကို ရှင်းလင်းရန် လိုအပ်သည်။ လူအများစုသည် ယခင်က ယေရှုကို ယုံကြည်ခဲ့ကြပြီး ဤအမှုအဆင့်ကို နှစ်အချို့ကြာ လက်ခံကြပြီးဖြစ်သော်လည်း ပူဇော်သက္ကာများနှင့်ပတ်သက်၍ ၎င်းတို့၏ အယူအဆမှာ ဝေဝါးနေဆဲဖြစ်သည်။ ပူဇော်သက္ကာများဟူသည် အမှန်တကယ်တွင် အဘယ်အရာဖြစ်သည်ကို ၎င်းတို့ မရှင်းမလင်းဖြစ်ကြသည်။ အချို့က ပူဇော်သက္ကာများဟူသည်မှာ ဘုရားသခင်ထံ ပူဇော်ဆက်ကပ်သည့် ငွေနှင့် ပစ္စည်းများဖြစ်သည်ဟု ပြောဆိုကြမည်ဖြစ်ပြီး အချို့ကမူ ပူဇော်သက္ကာများဟူသည်မှာ အဓိကအားဖြင့် ငွေကို ရည်ညွှန်းသည်ဟု ပြောဆိုကြမည်။ ဤဖော်ပြချက်များထဲမှ မည်သည့်အရာက တိကျမှန်ကန်သနည်း။ (တစ်စုံတစ်ခုကို ဘုရားသခင်ထံ ပူဇော်နေသရွေ့ ယင်းမှာ ငွေဖြစ်စေ၊ မည်သည့် ပစ္စည်းမဆိုဖြစ်စေ၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ပူဇော်သက္ကာတစ်ခု ဖြစ်ပါသည်။) ယင်းမှာ အတော်အတန် တိကျသော အကျဉ်းချုပ်ဖော်ပြချက် ဖြစ်သည်။ ယခုအခါ ပူဇော်သက္ကာများ၏ နယ်ပယ်နှင့် အကန့်အသတ်များ ရှင်းလင်းသွားပြီဖြစ်၍ အယူအဆနှင့်ပတ်သက်၍ လူတိုင်း ရှင်းသွားနိုင်စေရန်အလို့ငှာ ပူဇော်သက္ကာများက အတိအကျအားဖြင့် အဘယ်အရာဖြစ်သည်ကို မှန်ကန်တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုကြစို့။
ပူဇော်သက္ကာများနှင့်ဆိုင်သည့် အကြောင်းအရာနှင့် ပတ်သက်၍ မူလတွင် ဘုရားသခင်က လူကို ဆယ်ဘို့တစ်ဘို့ ပူဇော်ရန် တောင်းဆိုခဲ့ကြောင်း သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည်။ ဤသည်မှာ ပူဇော်သက္ကာတစ်ခု ဖြစ်သည်။ ပူဇော်သည့် ပမာဏ များသည်ဖြစ်စေ နည်းသည်ဖြစ်စေ၊ ပူဇော်သည့်အရာမှာ ငွေဖြစ်စေ၊ ပစ္စည်းဖြစ်စေ၊ မည်သည့်အရာကို ပူဇော်သည်ဖြစ်စေ၊ လူတစ်ဦး၏ ရရှိသောဥစ္စာမှ ပူဇော်သင့်သည့် ဆယ်ဘို့တစ်ဘို့ ဖြစ်နေသရွေ့ ယင်းမှာ ဧကန်မုချ ပူဇော်သက္ကာတစ်ခု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူထံမှ တောင်းဆိုခဲ့သည့်အရာ ဖြစ်သည်၊ ဘုရားသခင်ကို ယုံကြည်သောသူများက ဘုရားသခင်ထံ ပူဇော်သင့်သည့်အရာ ဖြစ်သည်။ ဤဆယ်ဘို့တစ်ဘို့သည် ပူဇော်သက္ကာများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အချို့လူများက “ထိုဆယ်ဘို့တစ်ဘို့သည် ငွေကိုသာ ရည်ညွှန်းသလော”ဟု မေးကြသည်။ သေချာပေါက် မဟုတ်ပေ။ ဥပမာအားဖြင့် အကယ်၍ လူတစ်ဦးသည် ကောက်နှံ ဆယ်ဧက ရိတ်သိမ်းပါက ကောက်နှံမည်မျှ ရှိသည်ဖြစ်စေ ဤကောက်နှံမှ တစ်ဧကစာကို နောက်ဆုံးတွင် ဘုရားသခင်ထံ ပူဇော်ဆက်ကပ်သင့်သည်၊ ဤဆယ်ဘို့တစ်ဘို့သည် လူတို့ ပူဇော်သင့်သည့်အရာ ဖြစ်သည်။ သို့ဖြစ်၍ “ဆယ်ဘို့တစ်ဘို့” ဟူသော အယူအဆသည် ငွေကိုသာ ရည်ညွှန်းခြင်းမဟုတ်ပေ။ လူတစ်ဦးက ယွမ်တစ်ထောင် ဝင်ငွေရှိသည့်အခါ တစ်ရာကို ဘုရားသခင်ထံ ပူဇော်ရမည်ဟု ဆိုလိုခြင်းမျှသာ မဟုတ်။ ထိုအစား၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် ငွေအပါအဝင် များစွာပို၍ ခြုံငုံသည့် လူတို့ ရရှိသမျှအရာအားလုံးကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဤသည်မှာ သမ္မာကျမ်းစာက ပြောဆိုသည့်အရာ ဖြစ်သည်။ ယနေ့ခေတ်တွင် ဘုရားအိမ်တော်သည် လူတို့ ရရှိသမျှအရာအားလုံး၏ ဆယ်ဘို့တစ်ဘို့ကို ပေးရန် တင်းတင်းကျပ်ကျပ် သတ်မှတ်ရာတွင် သမ္မာကျမ်းစာအတိုင်း လုပ်ဆောင်ခြင်းမရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ဤနေရာတွင် ငါသည် လူတို့အနေဖြင့် ဆယ်ဘို့တစ်ဘို့သည် ပူဇော်သက္ကာများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရှိနိုင်ရန် “ဆယ်ဘို့တစ်ဘို့”နှင့်ဆိုင်သည့် အယူအဆနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မိတ်သဟာယဖွဲ့ပြီး ဖြန့်ဝေနေခြင်းမျှသာ ဖြစ်သည်။ ငါသည် လူတို့ကို ဆယ်ဘို့တစ်ဘို့ ပူဇော်ရန် တိုက်တွန်းနှိုးဆော်နေခြင်း မဟုတ်။ လူတို့ မည်မျှ ပူဇော်သည်မှာ တစ်ဦးချင်းစီ၏ နားလည်သဘောပေါက်မှုနှင့် ဆန္ဒရှိခြင်းအပေါ်တွင် မူတည်ပြီး ဘုရားအိမ်တော်တွင် ဤကိစ္စနှင့်စပ်လျဉ်း၍ နောက်ထပ် မည်သည့် သတ်မှတ်ချက်မျှ မရှိပေ။
ပူဇော်သက္ကာများ၏ နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခုမှာ လူတို့က ဘုရားသခင်ထံ ပူဇော်သည့်အရာများ ဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရလျှင် ဤအရာတွင် ဆယ်ဘို့တစ်ဘို့လည်း ပါဝင်သည်မှာ အမှန်ပင်ဖြစ်သည်။ တိတိကျကျ ပြောရလျှင် ဆယ်ဘို့တစ်ဘို့အပြင် လူတို့က ဘုရားသခင်ထံ ပူဇော်သည့် မည်သည့်အရာမဆိုသည် ပူဇော်သက္ကာများ၏ အမျိုးအစားထဲတွင် အကျုံးဝင်သည်။ ဥပမာအားဖြင့် အစားအစာ၊ အသုံးအဆောင်ပစ္စည်းများ၊ နေ့စဉ်သုံးပစ္စည်းများ၊ ကျန်းမာရေးဖြည့်စွက်စာများအပြင် ဓမ္မဟောင်းခေတ်ကာလအတောအတွင်း ယဇ်ပလ္လင်ပေါ်တွင် ပူဇော်ခဲ့သည့် နွားများ၊ သိုးများ၊ အစရှိသည့် ဘုရားသခင်ထံ ပူဇော်သည့်အရာများက ကျယ်ပြန့်သော နယ်ပယ်တစ်ခုကို ခြုံငုံသည်။ ဤအရာအားလုံးသည် ပူဇော်သက္ကာများ ဖြစ်ကြသည်။ တစ်စုံတစ်ခုက ပူဇော်သက္ကာ ဟုတ်မဟုတ်ဆိုသည်မှာ ပူဇော်သူ၏ ရည်ရွယ်ချက်အပေါ် မူတည်သည်။ အကယ်၍ ပူဇော်သူက ဤအရာကို ဘုရားသခင်ထံ ပူဇော်သည်ဟု ဆိုပါက ယင်းကို ဘုရားသခင်ထံ တိုက်ရိုက်ပေးသည်ဖြစ်စေ၊ သို့မဟုတ် စောင့်ရှောက်ထိန်းသိမ်းရန် ဘုရားအိမ်တော်တွင် ထားရှိသည်ဖြစ်စေ၊ ယင်းသည် ပူဇော်သက္ကာများ၏ အမျိုးအစားထဲတွင် အကျုံးဝင်ပြီး လူတို့က ထင်ရာမြင်ရာ ထိကိုင်၍မရနိုင်ပေ။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက အရည်အသွေးမြင့် ကွန်ပျူတာတစ်လုံးကို ဝယ်ယူပြီး ဘုရားသခင်ထံ ပူဇော်သည့်အခါ ယင်းသည် ပူဇော်သက္ကာတစ်ခု ဖြစ်လာသည်။ တစ်စုံတစ်ဦးက ဘုရားသခင်အတွက် ကားတစ်စီး ဝယ်ပေးသည့်အခါ ယင်းသည် ပူဇော်သက္ကာတစ်ခု ဖြစ်လာသည်။ တစ်စုံတစ်ဦးက ကျန်းမာရေးဖြည့်စွက်စာ နှစ်ဘူးကို ဝယ်ယူပြီး ဘုရားသခင်ထံ ပူဇော်သည့်အခါ ထိုဘူးများသည် ပူဇော်သက္ကာများ ဖြစ်လာသည်။ ဘုရားသခင်ထံ ပူဇော်သည့် ပစ္စည်းများမှာ မည်သည့်အရာဖြစ်သည်ဟူသော တိကျသေချာသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပေ။ အချုပ်အားဖြင့်ဆိုသော် ယင်းမှာ အလွန်ကျယ်ပြန့်သော နယ်ပယ်တစ်ခုဖြစ်သည်။ ယင်းမှာဘုရားသခင်နောက်လိုက်သောသူများက ဘုရားသခင်ထံ ပူဇော်သည့်အရာများပင် ဖြစ်သည်။ အချို့က “ဘုရားသခင်သည် ယခုအခါ မြေကြီးပေါ်တွင် လူ့ဇာတိခံယူထားပြီး သူ့ထံ ပူဇော်သည့်အရာများသည် သူနှင့် သက်ဆိုင်သည်။ သို့သော် သူသည် မြေကြီးပေါ်တွင် မရှိပါက မည်သို့နည်း။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိသည့်အခါ သူ့ထံပူဇော်သည့်အရာများသည် ပူဇော်သက္ကာများ မဟုတ်တော့ဘူးလော” ဟု ပြောကောင်းပြောနိုင်သည်။ ဤသည်မှာ မှန်သလော။ (မမှန်ပါ။) ဤသည်မှာ ဘုရားသခင်က လူ့ဇာတိခံယူသည့် ကာလတွင် ရှိမရှိဟူသည့်အပေါ် အခြေမခံပေ။ မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ခုကို ဘုရားသခင်ထံ ပူဇော်သရွေ့ ယင်းမှာ ပူဇော်သက္ကာတစ်ခု ဖြစ်သည်။ အခြားသူများက “ဘုရားသခင်ထံ ပူဇော်သည့်အရာများ အလွန်များပြားလှသည်။ သူသည် ထိုအရာများကိုအသုံးပြုနိုင်ပါမည်လော။ ထိုအရာများအားလုံးကို သူအသုံးပြုနိုင်ပါမည်လော” ဟု ပြောကောင်းပြောနိုင်သည်။ (ယင်းမှာ လူနှင့် မည်သို့မျှ မသက်ဆိုင်ပါ။) ထိုသို့ပြောဆိုခြင်းသည် မှန်ကန်ပြီး ထိထိမိမိရှိသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဤအရာများကို လူသားများက ဘုရားသခင်ထံ ပူဇော်ခြင်းဖြစ်သည်။ သူမည်သို့ အသုံးပြုသည်၊ ထိုအရာအားလုံးကို သူအသုံးပြုနိုင်ခြင်း ရှိမရှိနှင့် ယင်းတို့ကို မည်သို့ ခွဲဝေပြီး ကိုင်တွယ်သည်မှာ လူနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ထိုအရာနှင့်ပတ်သက်၍ သင့်ကိုယ်သင် ဗျာများစေဖို့ သို့မဟုတ် စိုးရိမ်ပူပန်စေဖို့ မလိုအပ်ပေ။ အကျဉ်း ချုပ်အားဖြင့် တစ်စုံတစ်ဦးက ဘုရားသခင်ထံ တစ်စုံတစ်ခုကို ပူဇော်သည်နှင့်တစ်ပြိုင်နက် ထိုအရာသည် ပူဇော်သက္ကာများ၏ နယ်ပယ်အောက်တွင် အကျုံးဝင်သည်။ ယင်းမှာ ဘုရားသခင်ပိုင်သည့်အရာဖြစ်ပြီး မည်သည့်လူနှင့်မျှ မသက်ဆိုင်ပေ။ အချို့က “သင်ပြောပုံအရဆိုလျှင် ဘုရားသခင်က ထိုအရာကို အတင်းအဓမ္မ သိမ်းယူသည့်အလား ထင်ရသည်”ဟု ပြောကောင်းပြောနိုင်ပါသည်။ ထိုသို့ ဖြစ်နေသလော။ (မဟုတ်ပါ။) ထိုအရာသည် ဘုရားသခင်ပိုင်သည့်အရာဖြစ်သောကြောင့် ယင်းကို ပူဇော်သက္ကာဟု ခေါ်ခြင်းဖြစ်သည်။ လူတို့သည် ယင်းကို မိမိတို့အလိုရှိသလို ထိကိုင်ခြင်း သို့မဟုတ် ခွဲဝေခြင်း ပြု၍မရပေ။ အချို့က “ယင်းမှာ ဖြုန်းတီးရာမရောက်ဘူးလော”ဟု မေးကောင်းမေးနိုင်သည်။ ဖြုန်းတီးရာရောက်လျှင်ပင် ယင်းမှာ သင်နှင့်မဆိုင်ပေ။ အခြားသူများက “ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိပြီး လူ့ဇာတိမခံယူသည့်အခါ သူသည် လူတို့ သူ့ထံ ပူဇော်သည့်အရာများကို မခံစားနိုင် သို့မဟုတ် အသုံးမပြုနိုင်ပါ။ ထိုအခါ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း” ဟု ပြောကောင်းပြောနိုင်ပါသည်။ ယင်းကို အလွယ်တကူ တာဝန်ယူဖြေရှင်း၍ရသည်။ ဘုရားအိမ်တော်နှင့် အသင်းတော်သည် ဤအရာများကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ရန် ရှိနေသည်။ သင်သည် ထိုအကြောင်းကို စိုးရိမ်ပူပန်ရန် မလိုအပ်ပေ။ အချုပ်အားဖြင့်ဆိုသော် အရာတစ်ခုကို မည်သို့ပင် ကိုင်တွယ်သည်ဖြစ်စေ ယင်းသည် ပူဇော်သက္ကာများ၏ အမျိုးအစားထဲတွင် အကျုံးဝင်သည်နှင့်တစ်ပြိုင်နက်၊ ပူဇော်သက္ကာတစ်ခုအဖြစ် သတ်မှတ်ခံရသည်နှင့်တစ်ပြိုင်နက် လူနှင့် မည်သည့် ပတ်သက်မှုမျှမရှိပေ။ အကြောင်းမှာ ထိုအရာသည် ဘုရားသခင်နှင့် သက်ဆိုင်သောကြောင့် လူတို့သည် ယင်းကို မိမိတို့အလိုရှိသည့်အတိုင်း လုပ်ဆောင်၍မရပေ။ ထိုသို့လုပ်ဆောင်ခြင်းအတွက် အကျိုးဆက်များ ရှိသည်။ ဓမ္မဟောင်းခေတ်တွင် ဆောင်းဦးရာသီ ရိတ်သိမ်းချိန်၌ လူတို့သည် ယဇ်ပလ္လင်များတွင် ပစ္စည်းမျိုးစုံကို ပူဇော်ခဲ့ကြသည်။ အချို့က ကောက်နှံများ၊ သစ်သီးများနှင့် အခြားသော ကောက်ပဲသီးနှံအမျိုးမျိုးကို ပူဇော်ခဲ့ကြပြီး အချို့ကမူ နွားများနှင့် သိုးများကို ပူဇော်ခဲ့ကြသည်။ ဘုရားသခင်သည် ထိုအရာများကို မွေ့လျော်ခဲ့သလော။ သူသည် ထိုအရာများကို စားသုံးခဲ့သလော။ (မစားသုံးခဲ့ပါ။) သူ မစားသုံးကြောင်းကို သင်မည်သို့ သိသနည်း။ သင်မြင်ခဲ့သလော။ ယင်းမှာ သင်၏ အယူအဆသာ ဖြစ်သည်။ ဘုရားသခင်သည် ထိုအရာများကို မစားသုံးဟု သင်ဆိုသည်။ ကောင်းပြီ၊ အကယ်၍ သူက တစ်ကိုက် စားသုံးခဲ့လျှင် သင့်ကို မည်သို့ ခံစားရစေမည်နည်း။ ယင်းမှာ သင်၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီမှုမရှိဘဲ နေမည်လော။ ဘုရားသခင်သည် ထိုအရာများကို မစားသုံး သို့မဟုတ် မွေ့လျော်ခံစားခြင်းမရှိသည့်အတွက် ယင်းတို့ကို ပူဇော်ရန် မလိုအပ်ဟု အချို့လူများက ယုံကြည်ကြသည် မဟုတ်လော။ သင်တို့သည် အဘယ်သို့ဖြစ်ပြီး အလွန် သေချာနိုင်ရသနည်း။ သင်တို့က “ဘုရားသခင်သည် ယင်းတို့ကို မစားသုံးပါ”ဟု ဆိုသည်မှာ သူသည် ဝိညာဉ်ခန္ဓာဖြစ်ပြီး မစားသုံးနိုင်ဟု သင်တို့ ထင်သောကြောင့်လော၊ သို့မဟုတ် ဘုရားသခင်သည် ဘုရားသခင်အဖြစ် သူ၏ ပင်ကိုလက္ခဏာရှိပြီး ဇာတိပကတိနှင့် သေမျိုးမဟုတ်သည့်အတွက် ဤအရာများကို မခံစားသင့်ဟု သင်တို့ ထင်သောကြောင့်လော။ လူတို့က သူ့ထံ ပူဇော်သည့် ပူဇော်သက္ကာများကို ဘုရားသခင် ခံစားခြင်းသည် ရှက်ဖွယ်ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ယင်းမှာ လူတို့၏ အယူအဆများနှင့် လွဲချော်နေသလော၊ သို့မဟုတ် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် လွဲချော်နေသလော။ အတိအကျအားဖြင့် မည်သည့်အရာဖြစ်သနည်း။ (လူတို့သည် ဤအရာကို မဆွေးနွေးသင့်ပါ။) မှန်ပေသည်၊ ယင်းမှာ လူတို့ စိတ်ဝင်စားသင့်သည့်အရာတစ်ခု မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို မုချ ခံစားရမည်ဟူ၍ဖြစ်စေ၊ သို့မဟုတ် မခံစားသင့်ဟူ၍ဖြစ်စေ သင် ဆုံးဖြတ်ရန် မလိုအပ်ပေ။ သင်လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်လော့၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းလော့၊ ယင်းမှာ လုံလောက်လိမ့်မည်။ ထိုအခါ သင်သည် သင်၏ အလုပ်ကို ပြီးမြောက်ပြီးဖြစ်လိမ့်မည်။ ဘုရားသခင်က ထိုအရာများကို မည်သို့ ကိုင်တွယ်မည်ဟူသည်နှင့်ပတ်သက်၍မူ ယင်းမှာ သူ၏ ကိစ္စဖြစ်သည်။ ဘုရားသခင်က ထိုအရာများကို လူတို့နှင့် ဝေမျှသုံးစွဲသည်ဖြစ်စေ၊ သို့မဟုတ် ပုပ်သိုးသွားရန် ထားခဲ့သည်ဖြစ်စေ၊ သို့မဟုတ် ယင်းတို့ထဲမှ အနည်းငယ်ကို ခံစားသည်ဖြစ်စေ၊ သို့မဟုတ် ကြည့်ရှုသည်ဖြစ်စေ၊ ဤသည်မှာ ဝေဖန်စရာ မဟုတ်သည့်အပြင်၊ တရားနည်းလမ်းကျသည်။ ဘုရားသခင်သည် ဤကိစ္စရပ်များကို မည်သို့ ကိုင်တွယ်သည်ဟူသည်နှင့် ပတ်သက်လာသည့်အခါ သူ၌ သူ၏ လွတ်လပ်ခွင့် ရှိသည်။ ယင်းမှာ လူတို့ စိတ်ဝင်စားရမည့်အရာတစ်ခု မဟုတ်သည့်အပြင် ၎င်းတို့ ဝေဖန်ပိုင်းဖြတ်သင့်သည့် အရာလည်း မဟုတ်ပေ။ လူတို့သည် ဤကိစ္စရပ်များအကြောင်းကို ထင်ရာမြင်ရာ ဝေဖန်ပိုင်းဖြတ်ခြင်း သို့မဟုတ် အဆုံးအဖြတ်ပေးခြင်းတို့ကို ပြုဖို့မဆိုထားနှင့်၊ ထင်ရာမြင်ရာ စိတ်ကူးမယဉ်သင့်ပေ။ ယခု သင်နားလည်ပြီလော။ လူတို့က သူ့ထံ ပူဇော်သည့် ပူဇော်သက္ကာများကို ဘုရားသခင် မည်သို့ ကိုင်တွယ်သင့်သနည်း။ (ကိုယ်တော်သည် ထိုအရာများကို သူအလိုရှိသလို ကိုင်တွယ်လိမ့်မည်။) မှန်ပေသည်။ ဤအရာကို ထိုသို့ နားလည်သောလူများသည် ပုံမှန် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သည်။ ဘုရားသခင်သည် ဤအရာများကို သူအလိုရှိသလို ကိုင်တွယ်လိမ့်မည်။ သူသည် ယင်းတို့ကို လှမ်းကြည့်ကောင်း လှမ်းကြည့်မည်၊ သို့မဟုတ် လုံးဝ မကြည့်ဘဲ သို့မဟုတ် လုံးဝ သတိမပြုမိဘဲလည်း နေကောင်းနေနိုင်သည်။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်းလည်းကောင်း၊ လူ၏ တာဝန်ဖြည့်ဆည်းခြင်းဖြင့်လည်းကောင်း၊ ပူဇော်ရန် အချိန်ကျသည့်အခါ ပူဇော်ခြင်း၊ သင်အလိုရှိသည့်အခါ ပူဇော်ခြင်းတို့ကိုသာ စိတ်ဝင်စားလော့။ ဘုရားသခင်က ထိုသို့သော ကိစ္စရပ်များကို မည်သို့ ကိုင်တွယ်ပြီး သဘောထားသည်ကို သင် စိတ်မဝင်စားနှင့်။ အတိုချုပ်အားဖြင့် သင်လုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ သတ်မှတ်ချက်များ နယ်ပယ်အတွင်း၌ ရှိပြီး အသိတရား၏ စံနှုန်းနှင့် ကိုက်ညီကာ လူသားမျိုးနွယ်၏ အလုပ်၊ ဝတ္တရားအပြင် တာဝန်တို့နှင့် ကိုက်ညီလျှင် လုံလောက်ပြီဖြစ်သည်။ ဘုရားသခင်က ဤပစ္စည်းများကို မည်သို့ ကိုင်တွယ်ပြီး သဘောထားသည်နှင့်ပတ်သက်၍မူ ယင်းမှာ သူ၏ ကိုယ်ပိုင်ကိစ္စဖြစ်ပြီး လူတို့သည် ဤအရာအပေါ် လုံးဝ ဝေဖန်ပိုင်းဖြတ်ခြင်း သို့မဟုတ် အဆုံးအဖြတ်ပေးခြင်း မပြုရပေ။ သင်တို့သည် စက္ကန့်အနည်းငယ်အတွင်းမှာပင် ကြီးမားသော အမှားတစ်ခုကို ပြုလုပ်မိခဲ့သည်။ ဘုရားသခင်သည် ဤအရာများကို ခံစားခြင်း သို့မဟုတ် စားသုံးခြင်း ရှိမရှိ သင်တို့ကို ငါ မေးခဲ့ရာ သင်တို့က သူသည် မစားသုံး၊ မခံစားဟု ဆိုခဲ့သည်။ သင်တို့၏ အမှားမှာ အဘယ်နည်း။ (ဘုရားသခင်ကို ဝေဖန်ပိုင်းဖြတ်ခြင်း ဖြစ်ပါသည်။) ယင်းမှာ မဆင်မခြင် ဘောင်ခတ်ခြင်းနှင့် မဆင်မခြင် ဝေဖန်ပိုင်းဖြတ်ခြင်းများ ပြုလုပ်ခြင်းဖြစ်ပြီး ဤအရာက လူတို့၏ အတွင်းထဲတွင် ဘုရားသခင်အပေါ် တောင်းဆိုချက်များ ရှိနေဆဲဖြစ်ကြောင်း သက်သေပြသည်။ ဘုရားသခင်က ဤအရာများကို ခံစားလျှင်လည်း ၎င်းတို့အတွက် မှားသည်၊ မခံစားလျှင်လည်း မှားသည်။ အကယ်၍ သူက ခံစားလျှင် ၎င်းတို့က “သင်သည် ဇာတိပကတိနှင့် သေမျိုးမဟုတ်ဘဲ ဝိညာဉ်ခန္ဓာ ဖြစ်သည်။ သင်သည် ဤအရာများကို အဘယ်ကြောင့် ခံစားမည်နည်း။ ယင်းမှာ အလွန်ပင် မတွေးဝံ့စရာပင်တည်း” ဟု ပြောဆိုကြလိမ့်မည်။ အကယ်၍ ဘုရားသခင်က ဤအရာများကို အလေးဂရုမပြုလျှင် လူတို့က “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ စိတ်နှလုံးများကို သင့်ထံ ပူဇော်ဆက်ကပ်ရန် အပင်ပန်းခံ ကြိုးစားခဲ့ရသော်လည်း သင်က ကျွန်ုပ်တို့ ပူဇော်ခဲ့သည့် ပစ္စည်းများကို လှည့်၍ပင် မကြည့်ပါတကား။ သင်သည် ကျွန်ုပ်တို့ကို တစ်စုံတစ်ရာ အလေးထားမှု ရှိပါသလော” ဟု ပြောဆိုကြလိမ့်မည်။ ဤနေရာတွင်လည်း လူတို့က ပြောစရာတစ်ခုခု ရှိနေပြန်သည်။ ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း ဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် ဤကိစ္စကို လူတို့က မည်သည့် သဘောထားဖြင့် သဘောထားသင့်သနည်း။ (လူတို့သည် မိမိတို့ ပူဇော်သင့်သည့်အရာကို ဘုရားသခင်ထံ ပူဇော်ရမည်ဖြစ်ပြီး ဘုရားသခင်က ဤအရာများကို မည်သို့ ကိုင်တွယ်မည်နှင့်ပတ်သက်၍မူ လူတို့ လုံးဝ အယူအဆများ သို့မဟုတ် စိတ်ကူးများ မရှိသင့်သည့်အပြင်ယင်းကို ဝေဖန်ပိုင်းဖြတ်ခြင်းလည်း မပြုသင့်ပါ။) ဟုတ်ပေသည်၊ ယင်းမှာ လူတို့ ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရား ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ထံ ပူဇော်သည့် ပစ္စည်းများနှင့် ပတ်သက်ရမည်ဖြစ်ပြီး ယင်းတို့သည်လည်း ပူဇော်သက္ကာများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဘုရားသခင်ထံ ပူဇော်သည့် ပစ္စည်းများတွင် အမျိုးအစာများစွာ ပါဝင်သည်။ အကြောင်းမှာ လူတို့သည် ရုပ်ဝတ္ထုလောကတွင် နေထိုင်ကြပြီး ငွေ၊ ရွှေ၊ ငွေနှင့် ကျောက်မျက်ရတနာများအပြင် ၎င်းတို့ အလွန်ကောင်းပြီး တန်ဖိုးရှိသည်ဟု မှတ်ယူသော အခြားအရာများစွာ ရှိသောကြောင့်ဖြစ်သည်။ အချို့လူများက ဘုရားသခင်ကို တွေးတောသည့်အခါ သို့မဟုတ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေးတောသည့်အခါ အဖိုးတန်ပြီး တန်ဖိုးရှိသည်ဟု ၎င်းတို့ မှတ်ယူသည့်အရာကို ဘုရားသခင်ထံ ပူဇော်လိုကြသည်။ ဤအရာများကို ဘုရားသခင်ထံ ပူဇော်သည့်အခါ ယင်းတို့သည် ပူဇော်သက္ကာများ၏ နယ်ပယ်အတွင်းတွင် အကျုံးဝင်ပြီး ပူဇော်သက္ကာများ ဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် ထိုအရာများက ပူဇော်သက္ကာများ ဖြစ်လာသည့်အခါ ယင်းတို့ကို ကိုင်တွယ်ရန်မှာ ဘုရားသခင်၏ တာဝန်ဖြစ်လာသည်။ ထိုအခါ လူတို့သည် ၎င်းတို့ကို ထိ၍မရတော့ပေ။ ထိုအရာများသည် လူတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့သည့်အပြင် လူတို့နှင့် မသက်ဆိုင်တော့ပေ။ သင်သည် ဘုရားသခင်ထံ တစ်စုံတစ်ခုကို ပူဇော်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းမှာ ဘုရားသခင်နှင့် သက်ဆိုင်သွားသည်။ ယင်းကို ကိုင်တွယ်ရန်မှာ သင်၏ သဘောအတိုင်းမဟုတ်သည့်အပြင်၊ သင်သည် ဤကိစ္စတွင် နောက်ထပ် ဝင်ရောက်စွက်ဖက်၍ မရနိုင်တော့ပေ။ ထိုအရာကို ဘုရားသခင် မည်သို့ပင် ကိုင်တွယ်သည်ဖြစ်စေ သို့မဟုတ် သဘောထားသည်ဖြစ်စေ ယင်းမှာ လူနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ဘုရားသခင်ထံ ပူဇော်သည့် ပစ္စည်းများသည်လည်း ပူဇော်သက္ကာများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အချို့လူများက “ငွေနှင့် အဖိုးတန် ရွှေ၊ ငွေအပြင်၊ ကျောက်မျက်ရတနာများသာ ပူဇော်သက္ကာများ ဖြစ်နိုင်သလော။ တစ်စုံတစ်ဦးက ဘုရားသခင်ထံ ဖိနပ်တစ်ရံ၊ ခြေအိတ်တစ်ရံ သို့မဟုတ် ဖိနပ်အခံတစ်ခုကို ပူဇော်သည်ဆိုပါစို့။ ယင်းတို့သည် ပူဇော်သက္ကာများအဖြစ် မှတ်ယူ၍ရသလော”ဟု မေးကြသည်။ အကယ်၍ ငါတို့သည် ပူဇော်သက္ကာများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း လုပ်ဆောင်မည်ဆိုလျှင် တစ်စုံတစ်ခုသည် မည်မျှပင် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် အဖိုးတန်သည်ဖြစ်စေ တန်ဖိုးနည်းသည်ဖြစ်စေ၊ ယင်းမှာ ဘောပင်တစ်ချောင်း သို့မဟုတ် စက္ကူတစ်ရွက်ပင် ဖြစ်စေကာမူ ဘုရားသခင်ထံ ပူဇော်ထားသရွေ့ ယင်းမှာ ပူဇော်သက္ကာတစ်ခု ဖြစ်သည်။
ပူဇော်သက္ကာများ၏ နောက်ထပ်တစ်စိတ်တစ်ပိုင်းမှာ ဘုရားအိမ်တော်နှင့် အသင်းတော်ထံ ပူဇော်သည့် ရုပ်ဝတ္ထုပစ္စည်းများ ဖြစ်သည်။ ဤအရာများသည်လည်း ပူဇော်သက္ကာများ၏ အမျိုးအစားထဲတွင် အကျုံးဝင်သည်။ ထိုသို့သော ရုပ်ဝတ္ထုပစ္စည်းများတွင် အဘယ်အရာများ ပါဝင်သနည်း။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက ကားတစ်စီး ဝယ်ယူပြီးနောက် အချိန်အတန်ကြာ မောင်းနှင်ပြီးသည့်အခါ အနည်းငယ် ဟောင်းသွားပြီဟု ခံစားရ၍ အသစ်တစ်စီး ဝယ်ယူပြီး အစီးဟောင်းကို ဘုရားအိမ်တော်က ၎င်း၏အလုပ်တွင် အသုံးပြုနိုင်ရန်အတွက် ဘုရားအိမ်တော်ထံ ပူဇော်သည်ဆိုပါစို့။ ထိုအခါ ဤကားသည် ဘုရားအိမ်တော်နှင့် သက်ဆိုင်သွားသည်။ ဘုရားအိမ်တော်နှင့် သက်ဆိုင်သည့်အရာများကို ပူဇော်သက္ကာများအဖြစ် သတ်မှတ်သင့်သည်။ ဤသည်မှာ မှန်ကန်သည်။ ကိရိယာများနှင့် စက်ပစ္စည်းများသည် အသင်းတော်နှင့် ဘုရားအိမ်တော်ထံ ပူဇော်သည့် တစ်ခုတည်းသောအရာများ မဟုတ်၊ အခြားအရာအချို့လည်း ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ဤနယ်ပယ်သည် အတော်လေး ကျယ်ပြန့်သည်။ အချို့လူများက “လူတို့ ရရှိသမျှအရာအားလုံး၏ ဆယ်ဘို့တစ်ဘို့သည် ပူဇော်သက္ကာတစ်ခု ဖြစ်သည့်အပြင်၊ ဘုရားသခင်ထံ ပူဇော်သည့် ငွေနှင့် ရုပ်ဝတ္ထုပစ္စည်းများမှာလည်း ပူဇော်သက္ကာများ ဖြစ်သည်။ ဤအရာများကို ပူဇော်သက္ကာများအဖြစ် သတ်မှတ်ခြင်းကို ကျွန်ုပ်တို့ ကန့်ကွက်စရာမရှိပါ။ ဤအကြောင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာ မရှိပါ။ သို့သော် အသင်းတော်နှင့် ဘုရားအိမ်တော်ထံ ပူဇော်သည့် ရုပ်ဝတ္ထုပစ္စည်းများသည်လည်း အဘယ်ကြောင့် ပူဇော်သက္ကာများ၏ အမျိုးအစားထဲတွင် အကျုံးဝင်ရသနည်း။ ယင်းမှာ သိပ်အဓိပ္ပာယ်မရှိပါ” ဟု ဆိုကြသည်။ ငါ့ကို ပြောလော့၊ ယင်းတို့ကို ပူဇော်သက္ကာများအဖြစ် သတ်မှတ်ခြင်းသည် အဓိပ္ပာယ်ရှိသလော။ (ရှိပါသည်။) သင်တို့ အဘယ်ကြောင့် ထိုသို့ ဆိုသနည်း။ (ဘုရားသခင် ရှိသောကြောင့်သာ အသင်းတော် တည်ရှိခြင်းဖြစ်ပြီး ထို့ကြောင့် အသင်းတော်ထံ ပူဇော်သည့် မည်သည့်အရာမဆိုသည်လည်း ပူဇော်သက္ကာတစ်ခု ဖြစ်ပါသည်။) ပြောသည်မှာ ကောင်းပေ၏။ အသင်းတော်နှင့် ဘုရားအိမ်တော်သည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး ဘုရားသခင် ရှိသောကြောင့်သာ ၎င်းတို့ တည်ရှိခြင်းဖြစ်သည်။ အသင်းတော် တည်ရှိသောကြောင့်သာ ညီအစ်ကိုမောင်နှမများ စုဝေးရန်နှင့် နေထိုင်ရန် နေရာတစ်ခု ရှိခြင်းဖြစ်ပြီး ဘုရားအိမ်တော် ရှိသောကြောင့်သာ ညီအစ်ကိုမောင်နှမများ၏ ပြဿနာအားလုံးကို ဖြေရှင်းရန် နေရာတစ်ခု ရှိခြင်းဖြစ်ကာ ညီအစ်ကိုမောင်နှမများတွင် စစ်မှန်သော နေအိမ်တစ်ခု ရှိခြင်းဖြစ်သည်။ ဤအရာအားလုံးသည် ဘုရားသခင် တည်ရှိခြင်း၏ အခြေခံအုတ်မြစ်ပေါ်တွင်သာ တည်ရှိသည်။ လူတို့သည် အသင်းတော်နှင့် ဘုရားအိမ်တော်ထံ ပစ္စည်းများကို ပူဇော်ကြသည်မှာ အသင်းတော်ရှိ လူတို့က ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားအိမ်တော်သားများဖြစ်သောကြောင့် မဟုတ်။ ယင်းမှာ မှန်ကန်သော အကြောင်းရင်း မဟုတ်ပေ။ ဘုရားသခင်ကြောင့်သာ လူတို့သည် အသင်းတော်နှင့် ဘုရားအိမ်တော်ထံ ပစ္စည်းများကို ပူဇော်ကြခြင်း ဖြစ်သည်။ ဤအရာ၏ သွယ်ဝှိုက်ညွှန်းဆိုချက်မှာ အဘယ်နည်း။ ဘုရားသခင်ကြောင့် မဟုတ်လျှင် မည်သူက အသင်းတော်ထံ အရာများကို ပေါ့ပေါ့တန်တန် ပူဇော်ကြမည်နည်း။ ဘုရားသခင်မရှိလျှင် အသင်းတော် တည်ရှိမည်မဟုတ်ပေ။ လူတို့တွင် ၎င်းတို့ မလိုအပ်သော သို့မဟုတ် ပိုလျှံသော အရာများ ရှိသည့်အခါ ယင်းတို့ကို လွှင့်ပစ်၍ရသည် သို့မဟုတ် အသုံးမပြုဘဲ ထား၍ရသည်။ အချို့ပစ္စည်းများကို ရောင်းချ၍ရသည်။ ဤအရာများကို ကိုင်တွယ်ရန် ဤနည်းလမ်းအားလုံးကို အသုံးပြုနိုင်သည် မဟုတ်လော။ သို့ဆိုလျှင် လူတို့သည် ယင်းတို့ကို ဤနည်းလမ်းများဖြင့် အဘယ်ကြောင့် မကိုင်တွယ်သနည်း။ အဘယ်ကြောင့် အသင်းတော်ထံ ပူဇော်ကြသနည်း။ ဘုရားသခင်ကြောင့် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင် တည်ရှိသောကြောင့်သာ လူတို့သည် အသင်းတော်ထံ ပစ္စည်းများကို ပူဇော်ကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ အသင်းတော် သို့မဟုတ် ဘုရားအိမ်တော်ထံ ပူဇော်သည့် မည်သည့်အရာမဆိုအား ပူဇော်သက္ကာတစ်ခုအဖြစ် သတ်မှတ်သင့်သည်။ အချို့လူများက “ကျွန်ုပ်သည် ဤအရာကို အသင်းတော်ထံ ပူဇော်ပါသည်”ဟု ဆိုကြသည်။ ထိုအရာကို အသင်းတော်ထံ ပူဇော်ခြင်းသည် ဘုရားသခင်ထံ ပူဇော်ခြင်းနှင့် ညီမျှပြီး အသင်းတော်နှင့် ဘုရားအိမ်တော်သည် ထိုသို့သောအရာများကို ကိုင်တွယ်ခြင်းအပေါ် အပြည့်အဝ ဩဇာအာဏာရှိသည်။ သင်သည် အသင်းတော်ထံ တစ်စုံတစ်ခုကို ပူဇော်သည့်အခါ ယင်းမှာ သင်နှင့် ဆက်စပ်မှု မရှိတော့ပေ။ ဘုရားအိမ်တော်နှင့် အသင်းတော်သည် ဤပစ္စည်းများကို ဘုရားအိမ်တော်က ပြဋ္ဌာန်းထားသည့် စည်းမျဉ်းများအတိုင်း သင့်တင့်လျောက်ပတ်စွာ ခွဲဝေခြင်း၊ အသုံးပြုခြင်းနှင့် ကိုင်တွယ်ခြင်းတို့ကို ပြုလိမ့်မည်။ သို့ဆိုလျှင် ဤစည်းမျဉ်းများသည် အဘယ်မှ လာသနည်း။ ဘုရားသခင်ထံမှ လာသည်။ အခြေခံအားဖြင့် ဤအရာများကို အသုံးပြုခြင်းအတွက် စည်းမျဉ်းမှာ ယင်းတို့ကို ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက်လည်းကောင်း၊ ဘုရားသခင်၏ ဧဝံဂေလိအလုပ်ကို ဖြန့်ဝေရန်အတွက်လည်းကောင်း အသုံးပြုသင့်သည်ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သည့် လူတစ်စုတလေ၏ သီးသန့်အသုံးပြုရန်အတွက် မဆိုထားနှင့်၊ လူတစ်ဦးတလေ၏ အသုံးပြုရန်အတွက်ပင် မဟုတ်ဘဲ၊ ဧဝံဂေလိကို ဖြန့်ဝေခြင်းအလုပ်နှင့် ဘုရားအိမ်တော်၏ အလုပ်အမျိုးမျိုးအတွက် အသုံးပြုရန် ဖြစ်သည်။ ထို့ကြောင့်၊ မည်သူကမျှ ဤအရာများကို အသုံးပြုရန် အထူးအခွင့်အရေး မရှိပေ။ ယင်းတို့ကို အသုံးပြုခြင်းနှင့် ခွဲဝေခြင်းအတွက် တစ်ခုတည်းသော စည်းမျဉ်းနှင့် အခြေခံအကြောင်းရင်းမှာ ဘုရားအိမ်တော်က သတ်မှတ်သည့် စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရန် ဖြစ်သည်။ ဤသည်မှာ ကျိုးကြောင်းညီညွတ်ပြီး သင့်လျော်သည်။
ဤသည်တို့မှာ ပူဇော်သက္ကာများနှင့်ဆိုင်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက် ကဏ္ဍသုံးခုဖြစ်ပြီး တစ်ခုချင်းစီမှာ ပူဇော်သက္ကာများနှင့်ဆိုင်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်၏ တစ်စိတ်တစ်ပိုင်းနှင့် ၎င်းတို့ နယ်ပယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ယခုတွင် ပူဇော်သက္ကာများက အဘယ်အရာဖြစ်သည်ကို သင်တို့အားလုံး ရှင်းလင်းသွားပေပြီ၊ မှန်သလော။ (မှန်ပါသည်။) ယခင်က “ဤအရာသည် ငွေမဟုတ်ပါ၊ ပူဇော်သူကလည်း ဤသည်မှာ ဘုရားသခင်အတွက်ဟု မပြောခဲ့ပါ။ ၎င်းတို့က ပူဇော်သည်ဟုသာ ဆိုခဲ့သည်။ သို့ဖြစ်၍ ဤအရာသည် ဘုရားအိမ်တော်၏ အသုံးပြုဖို့အတွက် မဖြစ်နိုင်သည့်အပြင်၊ ဘုရားသခင်ထံ ပေးအပ်ရန်မှာ သာ၍ပင် မဖြစ်နိုင်”ဟု ဆိုသူအချို့ ရှိခဲ့သည်။ သို့ဖြစ်၍ ၎င်းတို့သည် ယင်းကို မှတ်သားထားခြင်းမရှိသည့်အပြင်၊ မိမိတို့အလိုရှိသလို တိတ်တဆိတ် အသုံးပြုခဲ့ကြသည်။ ယင်းမှာ ကျိုးကြောင်းဆီလျော်မှု ရှိသလော။ (မရှိပါ။) ၎င်းတို့ ပြောခဲ့သည့်အရာကိုယ်၌က ကျိုးကြောင်းဆီလျော်မှုမရှိပေ။ ၎င်းတို့က “အသင်းတော်နှင့် ဘုရားအိမ်တော်ထံ ပူဇော်သက္ကာများသည် အများပိုင်ပစ္စည်းဖြစ်သည်။ မည်သူမဆို အသုံးပြုနိုင်သည်” ဟုလည်း ဆိုခဲ့ကြရာ ယင်းမှာ သိသာထင်ရှားစွာပင် ကျိုးကြောင်းဆီလျော်မှုမရှိပေ။ လူအများစုက ပူဇော်သက္ကာများနှင့်ဆိုင်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အယူအဆကို မရေရာသည့်အပြင်၊ မရှင်းလင်းသောကြောင့်သာလျှင် အချို့သော ယုတ်ညံ့သည့် လူဆိုးများ၊ လောဘနှင့် မလျော်ကန်သော အလိုဆန္ဒရှိသူများက အခြေအနေကို အခွင့်ကောင်းယူပြီး ထိုအရာများကို သိမ်းယူရန် စဉ်းစားကြခြင်း ဖြစ်သည်။ ယခု သင်တို့သည် ပူဇော်သက္ကာများ၏ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အယူအဆကို ရှင်းလင်းသွားပြီဖြစ်၍ အနာဂတ်တွင် ထိုသို့သော ဖြစ်ရပ်များနှင့် လူများကို သင်တို့ ကြုံတွေ့သည့်အခါ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိကြလိမ့်မည်။
ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် စပ်လျဉ်း၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ
၁။ ပူဇော်သက္ကာများကို သင့်တော်လျောက်ပတ်စွာ ကာကွယ်စောင့်ရှောက်ခြင်း
ဆက်လက်၍ ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ပတ်သက်လာသည့်အခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် မည်သည့်တာဝန်ဝတ္တရားများကို အတိအကျ ဖြည့်ဆည်းသင့်သည်ကို ငါတို့ ကြည့်ရှုကြမည်။ ပူဇော်သက္ကာများနှင့်ပတ်သက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပထမဦးစွာ ပူဇော်သက္ကာများက မည်သည့်အရာဖြစ်သည်ကို နားလည်ရမည်။ လူတို့က ၎င်းတို့ရရှိသည့်အရာ၏ ဆယ်ဘို့တစ်ဘို့ကို ပူဇော်သောအခါ ယင်းမှာ ပူဇော်သက္ကာဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ထံ ငွေ သို့မဟုတ် ပစ္စည်းများကို ပူဇော်နေခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ ပြောဆိုသောအခါ ယင်းတို့သည် ပူဇော်သက္ကာများဖြစ်သည်။ ၎င်းတို့သည် အသင်းတော်နှင့် ဘုရားအိမ်တော်သို့ ပစ္စည်းတစ်ခုကို ပူဇော်နေခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ ပြောဆိုသောအခါ ယင်းမှာ ပူဇော်သက္ကာဖြစ်၏။ ပူဇော်သက္ကာများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အယူအဆကို နားလည်ပြီးသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူတို့ပြုလုပ်သော ပူဇော်သက္ကာများကို ခိုင်မာသော သဘောပေါက်နားလည်မှုရှိပြီး စီမံခန့်ခွဲရမည်ဖြစ်ကာ ဤအရာနှင့်စပ်လျဉ်း၍ သင့်လျော်သော စိစစ်မှုကို လုပ်ဆောင်ရမည်။ ပထမဦးစွာ ၎င်းတို့သည် ပူဇော်သက္ကာများကို စနစ်တကျ မှတ်တမ်းတင်ရန်နှင့် ကာကွယ်စောင့်ရှောက်ရန်အတွက် ထိန်းသိမ်းစောင့်ရှောက်သူများအဖြစ် ဆောင်ရွက်ရန် လူ့သဘာဝ စံမီသည့် အားကိုး၍ရသောလူများကို ရှာဖွေရမည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့်အလုပ်တွင် ပထမဆုံးသော အလုပ်တာဝန်ဖြစ်၏။ ဤပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်သူများသည် သာမန်အစွမ်းအစရှိပြီး ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ ဖြစ်နိုင်စွမ်းမရှိသော်လည်း ၎င်းတို့သည် စိတ်ချရလိမ့်မည်ဖြစ်ပြီး မည်သည့်အရာကိုမျှ အလွဲသုံးစားလုပ်မည်မဟုတ်ပေ။ ၎င်းတို့၏ လက်ဝယ်တွင်ရှိနေစဉ် ပူဇော်သက္ကာများသည် ပျောက်ဆုံးသွားမည် မဟုတ်သည့်အပြင် ရောနှောသွားမည်လည်းမဟုတ်ဘဲ ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ခြင်း ခံရလိမ့်မည်။ ဤအတွက် အလုပ်အစီအစဉ်များတွင် စည်းမျဉ်းများ ရှိသည်။ လူ့သဘာဝ စံမီသည့် အားကိုးထိုက်သောသူတစ်ဦးမှလွဲ၍ မည်သည့်အရာမျှ အလုပ်ဖြစ်မည်မဟုတ်။ လူ့သဘာဝညံ့ဖျင်းသောသူများသည် ကောင်းသောအရာတစ်ခုကို မြင်သောအခါ တပ်မက်ကြပြီး မိမိတို့ကိုယ်တိုင်အတွက် ရယူရန် အခွင့်အရေးများကို အမြဲ ရှာဖွေနေကြသည်။ မည်သည့်အရာဖြစ်ပျက်သည်ဖြစ်စေ ၎င်းတို့သည် အခွင့်ကောင်းယူရန် အမြဲကြိုးပမ်းနေကြသည်။ ထိုသို့သောလူများကို အသုံးပြု၍မရပေ။ လူ့သဘာဝ စံမီသောသူတစ်ဦးသည် အနည်းဆုံးအားဖြင့် လူတို့ ယုံကြည်စိတ်ချရသော ရိုးသားသောသူတစ်ဦး ဖြစ်ရမည်။ ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ရန် သို့မဟုတ် အသင်းတော်၏ အဖိုးတန်ပစ္စည်းများကို စီမံခန့်ခွဲရန် တာဝန်ပေးအပ်ခံရပါက ၎င်းတို့သည် ထိုအရာကို ကောင်းမွန်စွာ၊ စေ့စေ့စပ်စပ်၊ လုံ့လဝီရိယရှိစွာနှင့် အလွန်ဂရုတစိုက် လုပ်ဆောင်လိမ့်မည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိပြီး ဤအရာများကို တလွဲအသုံးပြုမည်မဟုတ်၊ ထုတ်ချေးခြင်း စသည်တို့ ပြုမည်မဟုတ်ပေ။ အတိုချုပ်အားဖြင့် သင်သည် ပူဇော်သက္ကာများကို ၎င်းတို့၏ လက်ထဲသို့ ထားရှိသည့်အခါ တစ်ပြားတစ်ချပ်မျှ ပျောက်ဆုံးမည်မဟုတ်သည့်အပြင် ပစ္စည်းတစ်ခုတလေမျှလည်း ဆုံးရှုံးမည်မဟုတ်ကြောင်း စိတ်ချနိုင်၏။ ဤကဲ့သို့သောလူတစ်ဦးကို ရှာဖွေရမည်။ ထို့အပြင် ဘုရားအိမ်တော်တွင် ထိုသို့သောလူတစ်ဦးတည်းကိုသာ ရှာဖွေရန်မဟုတ်၊ နှစ်ဦး သို့မဟုတ် သုံးဦး ရှာဖွေခြင်းက အကောင်းဆုံးဖြစ်သည်ဟူသော စည်းမျဉ်းတစ်ခု ရှိသည်။ ၎င်းတို့ထဲမှ အချို့က မှတ်တမ်းများ ထိန်းသိမ်းပြီး အချို့က ကာကွယ်စောင့်ရှောက်ခြင်းကို လုပ်ဆောင်ရမည်။ ဤလူများကို ရှာဖွေပြီးသည်နှင့်တစ်ပြိုင်နက် ပူဇော်သက္ကာများကို အမျိုးအစားခွဲခြားရမည်ဖြစ်ပြီး မည်သူက မည်သည့်အမျိုးအစားကို ကာကွယ်စောင့်ရှောက်နေသည်၊ မည်မျှ ကာကွယ်စောင့်ရှောက်နေသည်ဟူသည်တို့ကို စနစ်တကျ မှတ်တမ်းများ ပြုလုပ်ရမည်။ သင့်တော်သောလူများကို ရှာဖွေပြီး ပစ္စည်းများကို ကာကွယ်စောင့်ရှောက်ကာ အမျိုးအစားများအလိုက် စာရင်းသွင်းပြီးသည်နှင့်တစ်ပြိုင်နက် ဤမျှနှင့် ပြီးပြီလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဆက်လက်၍ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အဝင်အထွက်စာရင်းများက မှန်ကန်ခြင်း ရှိမရှိဟူသည်ကို သုံးလမှ ငါးလထိ တစ်ကြိမ်စစ်ဆေးရမည်၊ ဆိုလိုသည်မှာ မှတ်တမ်းထိန်းသိမ်းသူသည် ၎င်း၏ မှတ်တမ်းတင်ခြင်းများတွင် တိကျမှုရှိမရှိ၊ စာရင်းသွင်းသည့်အခါ တစ်စုံတစ်ရာ ချန်လှပ်ခဲ့ခြင်း ရှိမရှိ၊ စုစုပေါင်းပမာဏက အဝင်အထွက်စာရင်းများနှင့် ကိုက်ညီမှုရှိမရှိ အစရှိသည်တို့ကို စစ်ဆေးရမည်။ ထိုသို့သော စာရင်းကိုင်အလုပ်ကို စေ့စေ့စပ်စပ် လုပ်ဆောင်ရမည်။ ထိုသို့သောအလုပ်တွင် သိပ်မကျွမ်းကျင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းကို လုပ်ဆောင်ရန် အတော်အတန် ကျွမ်းကျင်သောသူတစ်ဦးအတွက် စီစဉ်ပေးသင့်ပြီး ထို့နောက် ပုံမှန် စစ်ဆေးခြင်းများ ပြုလုပ်ကာ ၎င်းတို့၏ အစီရင်ခံချက်များကို နားထောင်သင့်သည်။ အချုပ်အားဖြင့်ဆိုသော် ၎င်းတို့ကိုယ်တိုင်က စာရင်းကိုင်အလုပ်နှင့် အလုံးစုံစီစဉ်ခြင်းအလုပ်ကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ခြင်းအလုပ်အား ဂရုမစိုက်ဘဲ ထား၍မရနိုင်သည့်အပြင်၊ ယင်းကို လျစ်လျူရှုပြီး လုံးဝ မမေးမြန်းဘဲလည်း နေ၍မရပေ။ ထိုအစား ၎င်းတို့သည် စစ်ဆေးပြီးသော စာရင်းများ မည်သို့ရှိသည်၊ ကိုက်ညီမှုရှိမရှိဟူသည်တို့ကို မေးမြန်းလျက် ပုံမှန် စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ပြီး ထို့နောက် လတ်တလော သုံးစွဲမှုအခြေအနေ မည်သို့ရှိသည်၊ ဖြုန်းတီးမှု တစ်စုံတစ်ရာ ရှိမရှိ၊ စာရင်းကိုင်အလုပ်၏ အခြေအနေက မည်သို့ရှိသည်၊ ဝင်ငွေနှင့် ထွက်ငွေများ ကိုက်ညီမှုရှိမရှိဟူသည်တို့ကို သိရှိရန် အသုံးစရိတ်မှတ်တမ်းအချို့ကို ကျပန်းစစ်ဆေးရမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအခြေအနေအားလုံးကို ခိုင်ခိုင်မာမာ ကိုင်တွယ်သင့်သည်။ ဤသည်မှာ ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ရာတွင် ပါဝင်သော အလုပ်တာဝန်တစ်ခု ဖြစ်၏။ ဤအလုပ်တာဝန်သည် လွယ်ကူသည်ဟု သင်တို့ ဆိုမည်လော။ ယင်း၌ အခက်အခဲ အတိုင်းအတာတစ်ခု ရှိသလော။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက “ကျွန်ုပ်သည် ကိန်းဂဏန်းများကို မကြိုက်ပါ။ ယင်းတို့ကို မြင်လျှင် ခေါင်းကိုက်ပါသည်”ဟု ဆိုကြသည်။ သို့ဆိုလျှင် စစ်ဆေးခြင်းများနှင့် ကြီးကြပ်မှုများတွင် သင့်ကို ကူညီရန် သင့်တော်သောသူတစ်ဦးကို ရှာဖွေလော့။ ဤအရာများကို စိစစ်ရာတွင် သင့်ကို ကူညီစေလော့။ သင်သည် ဤအလုပ်ကို မကြိုက်နှစ်သက်ခြင်း သို့မဟုတ် မကျွမ်းကျင်ခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အကယ်၍ သင်သည် လူတို့အား မည်သို့ အသုံးပြုရမည်ကို သိပြီး ထိုသို့ မှန်ကန်စွာ အသုံးပြုပါက ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဆဲ ဖြစ်လိမ့်မည်။ ယင်းကို လုပ်ဆောင်ရန် သင့်တော်သောလူများကို အသုံးပြုလော့၊ သင်သည် ၎င်းတို့၏ အစီရင်ခံချက်များကိုသာ နားထောင်၍ရသည်။ ယင်းမှာလည်း အလုပ်ဖြစ်၏။ ဤစည်းမျဉ်းကို စွဲကိုင်ထားလော့။ ကာကွယ်စောင့်ရှောက်ထားသော အဖိုးတန် ပစ္စည်းအားလုံးအား ထိုအလုပ်ကို တာဝန်ယူသောသူနှင့်အတူ ပုံမှန် စစ်ဆေးပြီး စာရင်းပြုစုလော့၊ ထို့နောက် အရေးကြီးသော အသုံးစရိတ်များနှင့်ပတ်သက်၍ မေးခွန်းအနည်းငယ် မေးမြန်းလော့၊ ဤအရာကို စွမ်းဆောင်ရရှိနိုင်သလော။ (စွမ်းဆောင်ရရှိနိုင်ပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို အဘယ်ကြောင့် လုပ်ဆောင်ရမည်နည်း။ အကြောင်းမှာ ယင်းသည် ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်သောကြောင့်ဖြစ်သည်၊ ယင်းမှာ သင်၏ တာဝန်ဝတ္တရား ဖြစ်သည်။
ဘုရားသခင်ထံ လူတို့ဆက်ကပ်သော ပူဇော်သက္ကာများသည် ဘုရားသခင် မွေ့လျော်ခံစားရန်အတွက် ဖြစ်သည်၊ သို့သော် သူက ထိုအရာများကို အသုံးပြုသလော။ ဘုရားသခင်သည် ဤငွေနှင့် ဤပစ္စည်းများကို အသုံးပြုရန် လိုအပ်သလော။ ဘုရားသခင်ထံပြုသော ဤပူဇော်သက္ကာများသည် ဧဝံဂေလိအလုပ်ကို ဖြန့်ဝေရန်အတွက် အသုံးပြုဖို့ ရည်ရွယ်ထားသည် မဟုတ်လော။ ယင်းတို့သည် ဘုရားအိမ်တော်အလုပ်၏ အသုံးစရိတ်အားလုံးအတွက် ရည်ရွယ်ခြင်း မဟုတ်လော။ ယင်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့် ဆက်စပ်သောကြောင့် ပူဇော်သက္ကာများ၏ စီမံခန့်ခွဲမှုနှင့် အသုံးစရိတ် နှစ်မျိုးလုံးတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ ပါဝင်၏။ ဤငွေကို မည်သူက ပူဇော်သည်ဖြစ်စေ သို့မဟုတ် ဤပစ္စည်းများက မည်သည့်နေရာမှ လာသည်ဖြစ်စေ၊ ယင်းတို့က ဘုရားအိမ်တော်နှင့် သက်ဆိုင်နေသမျှကာလပတ်လုံး သင်သည် ယင်းတို့ကို ကောင်းမွန်စွာ စီမံခန့်ခွဲသင့်ပြီး ဤအလုပ်ကို နောက်ဆက်တွဲလုပ်ဆောင်ကာ စစ်ဆေးပြီး ဂရုစိုက်သင့်သည်။ အကယ်၍ ဘုရားသခင်ထံ ပြုလုပ်သော ပူဇော်သက္ကာများကို ဘုရားသခင်၏ ဧဝံဂေလိအလုပ်အား ဖြန့်ဝေရန်အတွက် သင့်တော်စွာ အသုံးမပြုနိုင်ဘဲ၊ ထိုအစား လက်လွတ်စပယ် ဖြုန်းတီးပစ်ခြင်း သို့မဟုတ် ဆိုးယုတ်သောလူများ၏ သိမ်းပိုက်ခြင်း သို့မဟုတ် လက်ဝယ်ရယူပိုင်ဆိုင်ခြင်းကိုပင် ခံရပါက ယင်းမှာ သင့်တော်သလော။ ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များဘက်မှ တာဝန်ဝတ္တရား ပျက်ကွက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ၎င်းတို့ဘက်မှ တာဝန်ဝတ္တရား ပျက်ကွက်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို လုပ်ဆောင်ရမည်။ ယင်းသည် ၎င်းတို့ တာဝန်ရှိသောအရာဖြစ်သည်။ ပူဇော်သက္ကာများကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်း၊ ၎င်းတို့ကို ဧဝံဂေလိအလုပ်အား ဖြန့်ဝေရာတွင်လည်းကောင်း၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် ဆက်စပ်သော မည်သည့်အလုပ်တွင်မဆိုလည်းကောင်း မှန်ကန်စွာ အသုံးပြုနိုင်စေခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားဖြစ်ပြီး ယင်းကို လျစ်လျူမရှုသင့်ပေ။ ညီအစ်ကိုမောင်နှမများသည် ဘုရားသခင်ထံ ပူဇော်ရန် ငွေအနည်းငယ်ကို ဒုက္ခခံ၍ စုဆောင်းကြရသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့၏ တာဝန်များတွင် ပေါ့ဆ၍ တာဝန်မကျေပွန်ခြင်းကြောင့် ဤငွေသည် ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်သွားသည် ဆိုပါစို့။ ယင်းအားလုံးကို ဆိုးယုတ်သောလူများက မဆင်မခြင် ဖြုန်းတီးပစ်ကာ အလဟဿဖြစ်စေသည် သို့မဟုတ် ၎င်းတို့၏ သိမ်းပိုက်ခြင်းကိုပင် ခံရသည် ဆိုပါစို့။ အကျိုးဆက်အနေဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ခရီးစရိတ်များ သို့မဟုတ် စားဝတ်နေရေးစရိတ်များအတွက် ငွေအလုံအလောက် မရှိတော့သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်များကို ပုံနှိပ်ရန် သို့မဟုတ် လိုအပ်သော စက်ပစ္စည်းများနှင့် ကိရိယာများကို ဝယ်ယူရန် အချိန်ကျရောက်လာသည့်အခါတွင်ပင် ငွေအလုံအလောက် မရှိတော့ပေ။ ဤသည်မှာ အလုပ်ကို နှောင့်နှေးစေခြင်း မဟုတ်လော။ ညီအစ်ကိုမောင်နှမများက ပူဇော်သောငွေသည် သင့်တော်သော အသုံးပြုခြင်းကို ခံရခြင်းထက် ဆိုးယုတ်သောလူများ၏ လက်ဝယ်သို့ ရောက်ရှိသွားပြီး ဘုရားအိမ်တော်အလုပ်အတွက် ငွေသုံးရန် လိုအပ်သော်လည်း အလုံအလောက်မရှိသည့်အခါ အလုပ်သည် အဟန့်အတားဖြစ်ရလေပြီ မဟုတ်လော။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းရန် ပျက်ကွက်လေပြီ မဟုတ်လော။ (ဟုတ်ပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ပြီး ပူဇော်သက္ကာများကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်း မရှိခဲ့သည့်အပြင်၊ ၎င်းတို့သည် ကောင်းသော ဘဏ္ဍာစိုးများ မဖြစ်ခဲ့ကြသောကြောင့် သို့မဟုတ် ဤအလုပ်နှင့်ပတ်သက်၍ ၎င်းတို့၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းရာတွင် စိတ်နှလုံးမပါခဲ့ကြသောကြောင့် ပူဇော်သက္ကာများက ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အချို့သော အသင်းတော်အလုပ်သည် အချိန်တစ်ခုအထိ တုံ့ဆိုင်းသွားသည် သို့မဟုတ် ရပ်တန့်သွားခဲ့ရသည်။ ဤအတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကြီးမားသော တာဝန်တစ်ခု ရှိသည် မဟုတ်လော။ ဤသည်မှာ အပြစ်ဒုစရိုက်ဖြစ်သည်။ သင်သည် ဤပူဇော်သက္ကာများကို သိမ်းပိုက်ခြင်း၊ ဖြုန်းတီးခြင်းတို့ ပြုကောင်းမပြုခဲ့နိုင်သည့်အပြင်၊ သင်၏ ကိုယ်ပိုင်အိတ်ကပ်ထဲသို့လည်း ထည့်ကောင်းမထည့်ခဲ့နိုင်သော်လည်း၊ ဤအခြေအနေသည် သင်၏ ပေါ့ဆခြင်းနှင့် တာဝန်ဝတ္တရား ပျက်ကွက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဤအတွက် သင်သည် တာဝန်ယူသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ယူရမည့် အလွန်ကြီးမားသော တာဝန်တစ်ခု ဖြစ်သည်။
၂။ စာရင်းများ စစ်ဆေးခြင်း
၎င်းတို့၏ အလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမျိုးမျိုးသော အလုပ်အစီအစဉ်များကို ကောင်းမွန်စွာ အကောင်အထည်ဖော်ခြင်းနှင့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ခြင်းတို့အပြင် ပူဇော်သက္ကာများကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ရမည်။ ၎င်းတို့သည် ပူဇော်သက္ကာများကို စနစ်တကျ စီမံခန့်ခွဲမှုပြုလုပ်ရန် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များအတိုင်း သင့်တော်သောလူများကို ရှာဖွေရမည်ဖြစ်ပြီး အခါအားလျော်စွာ စာရင်းများကို စစ်ဆေးရမည်။ အချို့က “အခြေအနေများက ခွင့်မပြုသည့်အခါ ကျွန်ုပ် မည်သို့ စစ်ဆေးနိုင်မည်နည်း” ဟု မေးကြသည်။ “အခြေအနေများက ခွင့်မပြုခြင်း” ဟူသည့်အရာမှာ စာရင်းများကို မစစ်ဆေးရန် အကြောင်းပြချက်တစ်ခုလော။ အခြေအနေများက ခွင့်မပြုသည့်အခါတွင်ပင် သင်သည် ၎င်းတို့ကို စစ်ဆေးနိုင်သည်၊ အကယ်၍ သင်ကိုယ်တိုင် မသွားနိုင်ပါက ကြီးကြပ်မှုပြုလုပ်ရန် အားကိုးထိုက်သော၊ သင့်တော်သောသူတစ်ဦးကို သင် စေလွှတ်ရမည်ဖြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်သူသည် ပူဇော်သက္ကာများကို သင့်တော်သောနည်းလမ်းဖြင့် ကာကွယ်စောင့်ရှောက်နေခြင်း ရှိမရှိ၊ စာရင်းများတွင် ကွဲလွဲချက်များ တစ်ခုတလေ ရှိမရှိ၊ ထိန်းသိမ်းစောင့်ရှောက်သူသည် အားကိုးထိုက်ခြင်း ရှိမရှိ၊ လတ်တလောတွင် သူ၏ အခြေအနေများ မည်သို့ရှိပြီး သူသည် အပျက်သဘောဆောင်နေခြင်း ရှိမရှိ၊ အချို့သော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သူ ကြောက်ရွံ့ခြင်း ရှိမရှိဟူသည်နှင့် သစ္စာဖောက်နိုင်ခြေ ရှိမရှိဟူသည်တို့ကို ကြည့်ရှုရမည်။ သူ၏ မိသားစုအတွက် ငွေကြေး ကျပ်တည်းနေသည်ဟု သင် ကြားသည် ဆိုပါစို့၊ သူသည် ပူဇော်သက္ကာများကို တလွဲအသုံးပြုနိုင်ခြေ ရှိသလော။ မိတ်သဟာယဖွဲ့ခြင်းနှင့် အခြေအနေကို စစ်ဆေးခြင်းတို့မှတစ်ဆင့် ထိန်းသိမ်းစောင့်ရှောက်သူသည် အတော်အတန် အားကိုးထိုက်ကြောင်း၊ ပူဇော်သက္ကာများကို ထိတွေ့ခြင်းမပြုရသည်ကို သူသိကြောင်း၊ သူ၏ မိသားစုအတွက် ငွေကြေး မည်မျှပင် ကျပ်တည်းနေပါစေ ပူဇော်သက္ကာများကို သူ လက်ဖျားနှင့်ပင် မထိခဲ့ကြောင်း သင် တွေ့မြင်နိုင်ပြီး ရှည်လျားသော အချိန်ကာလတစ်ခုကြာ လေ့လာကြည့်ရှုခြင်းမှတစ်ဆင့် ထိန်းသိမ်းစောင့်ရှောက်သူသည် လုံးဝ အားကိုးထိုက်ကြောင်း သက်သေပြနိုင်ပေမည်။ ထို့အပြင် ပူဇော်သက္ကာများ ထားရှိသည့်အိမ်၏ ပတ်ဝန်းကျင်သည် အန္တရာယ်ရှိမရှိ၊ ထိုနေရာတွင် ညီအစ်ကိုမောင်နှမ တစ်ဦးတလေသည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ရှိမရှိ၊ ပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်သူသည် အန္တရာယ်တစ်ခုတလေနှင့် ရင်ဆိုင်ခဲ့ရခြင်း ရှိမရှိ၊ ပူဇော်သက္ကာများကို သင့်တော်သောနေရာတွင် သိုလှောင်ထားခြင်း ရှိမရှိဟူသည်နှင့် ယင်းတို့ကို ပြောင်းရွှေ့သင့်ခြင်း ရှိမရှိဟူသည်တို့ကို စစ်ဆေးရမည်။ ထိန်းသိမ်းစောင့်ရှောက်သူများ၏ နေအိမ်များ ပတ်ဝန်းကျင်နှင့် အခြေအနေများကို မကြာခဏ စစ်ဆေးရမည်၊ သို့မှသာ သင့်တော်သော တုံ့ပြန်မှုများနှင့် အစီအစဉ်များကို အချိန်မရွေး ပြုလုပ်နိုင်မည်ဖြစ်သည်။ ဤသို့ သင်လုပ်ဆောင်သည့်အခါ လတ်တလောတွင် မည်သည့်အဖွဲ့များက စက်ပစ္စည်းအသစ်များ ရရှိခဲ့သည်၊ ထိုစက်ပစ္စည်းများကို မည်သို့ ရရှိခဲ့သည်ဟူသည်တို့ကိုလည်း အခါအားလျော်စွာ သင် စုံစမ်းမေးမြန်းရမည်။ အကယ်၍ ထိုပစ္စည်းများကို ဝယ်ယူခဲ့ပါက မဝယ်ယူမီတွင် တစ်ဦးတလေက လျှောက်လွှာများကို သုံးသပ်ပြီး လက်မှတ်ရေးထိုးခဲ့ခြင်း ရှိမရှိ၊ ယင်းတို့ကို ဈေးကြီးပေး၍ ဝယ်ယူခဲ့ခြင်း သို့မဟုတ် ကျိုးကြောင်းညီညွတ်သော ဈေးကွက်ပေါက်ဈေးဖြင့် ဝယ်ယူခဲ့ခြင်း ရှိမရှိ၊ မလိုအပ်သောငွေကို သုံးစွဲခဲ့ခြင်း ရှိမရှိ အစရှိသည်တို့ကို သင် မေးမြန်းရမည်။ စာရင်းများကို စစ်ဆေးခြင်းနှင့် သုံးသပ်ခြင်းတို့မှတစ်ဆင့် စာရင်းစာအုပ်များတွင် ပြဿနာတစ်စုံတစ်ရာ မတွေ့ရှိရသော်လည်း အချို့သော ဝယ်ယူသူများသည် အသုံးအဖြုန်းကြီးသောပုံစံဖြင့် ပူဇော်သက္ကာများကို မကြာခဏ ဖြုန်းတီးနေကြောင်း တွေ့ရှိရသည် ဆိုပါစို့။ တစ်စုံတစ်ခုသည် မည်မျှပင် ဈေးကြီးပါစေ ၎င်းတို့ ဝယ်မည်ဖြစ်သည်၊ ထို့အပြင် ထုတ်ကုန်တစ်ခုသည် ဈေးလျှော့မည်၊ ဈေးကျမည်ဟူသည်ကို ကောင်းစွာ သိရှိသည့်အခါတွင် ၎င်းတို့က မစောင့်ဘဲ ထိုအစား ချက်ချင်း ဝယ်ယူမည်ဖြစ်ပြီး ကောင်းသောပစ္စည်းများ၊ အရည်အသွေးမြင့်ပစ္စည်းများ၊ နောက်ဆုံးပေါ် မော်ဒယ်များကို ဝယ်ယူကြလိမ့်မည်။ ဤဝယ်ယူသူများသည် စည်းမျဉ်းမရှိသည့်အပြင် အသုံးအဖြုန်းကြီးသော ပုံစံဖြင့် ငွေသုံးစွဲကြပြီး ဘုရားအိမ်တော်အတွက် ပစ္စည်းများဝယ်ယူရန် ပူဇော်သက္ကာများကို သုံးစွဲကြသည်မှာ ၎င်းတို့၏ ရန်သူအတွက် အမှုအရာများကို လုပ်ဆောင်ပေးနေသည့်အလား ဖြစ်၏။ ၎င်းတို့သည် စည်းမျဉ်းများနှင့်အညီ လက်တွေ့ကျသော ပစ္စည်းများကို မည်သည့်အခါမျှ မဝယ်ယူဘဲ မည်သည့်ဆိုင်ကိုမဆို ရှာဖွေပြီး ဈေးနှုန်းကိုလည်းကောင်း၊ အရည်အသွေးကိုလည်းကောင်း ဂရုမစိုက်ဘဲ ပစ္စည်းများကို တန်းဝယ်ကြသည်။ ပစ္စည်းများကို ပြန်ယူလာပြီးသည်နှင့်တစ်ပြိုင်နက် အသုံးပြုပြီး ရက်အနည်းငယ်အတွင်းတွင် ၎င်းတို့က ဖျက်ဆီးပစ်လိုက်ပြီး ထိုပစ္စည်းများ ပျက်စီးသည့်အခါ ဤဝယ်ယူသူများသည် မပြုပြင်ကြ။ အသစ်များကို ဝယ်ယူကြသည်။ စာရင်းများကို စစ်ဆေးခြင်းနှင့် ဘဏ္ဍာရေးအသုံးစရိတ်များကို သုံးသပ်ခြင်းတို့ ပြုလုပ်သည့်အခါ အချို့လူများသည် ပူဇော်သက္ကာများကို အကြီးအကျယ် ဖြုန်းတီးကာ အလဟဿဖြစ်စေကြောင်း တွေ့ရှိပါက ဤအရာကို မည်သို့ ကိုင်တွယ်ရမည်နည်း။ ထိုလူများကို သတိပေးဆုံးမခြင်း ပြုလုပ်သင့်သလော သို့မဟုတ် ၎င်းတို့ကို လျော်ကြေးပေးစေသင့်သလော။ နှစ်မျိုးလုံး လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ အကယ်၍ ၎င်းတို့၏ စိတ်နှလုံးသည် မမှန်ကန်ကြောင်း၊ ၎င်းတို့သည် ဘာသာတရားမရှိသူများ၊ မယုံကြည်သူများသာဖြစ်ကြောင်း၊ ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြောင်း တွေ့ရှိပါက ၎င်းတို့အား သတိပေးဆုံးမခြင်း သို့မဟုတ် ပြုပြင်ခြင်းမျှဖြင့် ဤပြဿနာကို ဖြေရှင်း၍မရနိုင်ပေ။ သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့ လက်ခံမည်မဟုတ်၊ ၎င်းတို့ကို မည်သို့ပင် ပြုပြင်ပါစေ ၎င်းတို့ အလေးအနက်ထားမည်မဟုတ်။ ၎င်းတို့ကို လျော်ကြေးပေးရန် တောင်းဆိုပါက ၎င်းတို့ ပေးမည်ဖြစ်သော်လည်း အနာဂတ်တွင် အလားတူပုံစံဖြင့် ဆက်လက်ပြုမူနေမည်ဖြစ်ပြီး ၎င်းတို့ ပြောင်းလဲမည်မဟုတ်ပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ သတ်မှတ်ချက်ချက်များနှင့်အညီ သေချာပေါက် ပြုမူဆောင်ရွက်မည် မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် တစ်ဇွတ်ထိုး၊ မဆင်မခြင်နှင့် စည်းမျဉ်းမရှိဘဲ ပြုမူကြလိမ့်မည်။ ဤသို့သော လူစားမျိုးကို မည်သို့ ကိုင်တွယ်ရမည်နည်း။ ၎င်းတို့ကို ရှေ့ဆက်၍ အသုံးပြုနိုင်သေးသလော။ အသုံးမပြုသင့်ပေ၊ အသုံးပြုပါက ထိုခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဉာဏ်အလွန်တုံးသောသူများ ဖြစ်သည်၊ ၎င်းတို့သည် အလွန်မိုက်မဲလှသည်။ ထိုသို့သော မယုံကြည်သူများကို တွေ့ရှိသည့်အခါ ၎င်းတို့ကို ချက်ချင်း ဖြုတ်ချခြင်း၊ ဖယ်ရှားရှင်းလင်းခြင်းနှင့် အသင်းတော်မှ သန့်စင်ဖယ်ရှားခြင်းတို့ကို ပြုလုပ်သင့်သည်။ ၎င်းတို့သည် အစေခံရန်ပင် အရည်အချင်းမပြည့်မီပေ။ ထိုသို့ပြုရန် ၎င်းတို့ မသင့်တော်ပေ။
ခေါင်းဆောင်များနှင့် အမှုဆောင်များသည် စာရင်းများနှင့် အသုံးစရိတ်များကို စစ်ဆေးသည့်အခါ ဖြုန်းတီးမှုနှင့် အလဟဿဖြစ်စေမှု သို့မဟုတ် ကျိုးကြောင်းမညီညွတ်သော အသုံးစရိတ်အချို့ကို တွေ့ရှိရုံသာမက၊ ဤအလုပ်ကို လုပ်ဆောင်နေသော လူအချို့သည် ကိုယ်ကျင့်စရိုက် နိမ့်ကျကြောင်း၊ ၎င်းတို့သည် ယုတ်ညံ့ပြီး တစ်ကိုယ်ကောင်းဆန်ကြောင်းနှင့် အသင်းတော်အလုပ်ကို ဆုံးရှုံးမှုများ ဖြစ်စေခဲ့ကြောင်းကိုလည်း တွေ့ရှိနိုင်ပေသည်။ သင်သည် ဤအခြေအနေမျိုးကို တွေ့ရှိပါက မည်သို့ ကိုယ်တွယ်သင့်သနည်း။ ကိုင်တွယ်ရန် လွယ်ကူ၏။ သင်သည် ယင်းကို ထိုနေရာတွင်ပင် ကိုင်တွယ်ကာ ဖြေရှင်းရမည်။ ထိုလူများကို ဖြုတ်ချပြီးနောက် အလုပ်ကို လုပ်ဆောင်ရန် သင့်တော်သောလူများကို ရွေးချယ်လော့။ သင့်တော်သောလူများဆိုသည်မှာ လူ့သဘာဝ စံမီသော၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သော၊ ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း အမှုအရာများကို ကိုင်တွယ်နိုင်စွမ်းရှိသောသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်အတွက် ဈေးဝယ်သည့်အခါ ခြိုးခြံချွေတာသော၊ အတော်အတန် လက်တွေ့ကျပြီး တာရှည်ခံသော၊ ဝယ်ရန်မရှိမဖြစ်လိုအပ်သော ပစ္စည်းများကို ဝယ်ယူလိမ့်မည်။ ၎င်းတို့သည် ဈေးပေါသောပစ္စည်းများကို ဝယ်ရန် မလွဲမသွေ ဝါသနာမပါသော်လည်း၊ အလွန်ဈေးကြီးသောပစ္စည်းများကို ဝယ်ရန်လည်း လိုအပ်သည်ဟု မခံစားရပေ။ အလားတူ ထုတ်ကုန်အုပ်စုတစ်ခုအတွင်းတွင် ၎င်းတို့သည် အတော်အတန် ကောင်းမွန်သော သုံးသပ်ချက်များနှင့် နာမည်ဂုဏ်သတင်းရှိသည့်အပြင် သင့်တော်သော ဈေးနှုန်းများရှိသည့် ပစ္စည်းများကို ရွေးချယ်လိမ့်မည်ဖြစ်ပြီး အကယ်၍ ၎င်းတို့၏ အာမခံကာလက ပိုကြာရှည်ပါက သာ၍ပင် ကောင်းမွန်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ ဘုရားအိမ်တော်အတွက် ဈေးဝယ်ပေးရန် သင် ရှာဖွေရမည့် လူစားမျိုး ဖြစ်သည်။ ၎င်းတို့သည် စိတ်နှလုံးမှန်ကန်ရမည်ဖြစ်ပြီး မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဘုရားအိမ်တော်ကို စဉ်းစားပေးရမည်ဖြစ်ကာ အမှုအရာများကို သေချာစဉ်းစားရမည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များအတိုင်း အမှုအရာများကိုလည်း ကိုင်တွယ်ရမည်ဖြစ်ပြီး မရေမရာလုပ်ခြင်း မရှိဘဲ၊ ရှင်းလင်းတိကျမှုဖြင့် ကောင်းမွန်စွာ ပြုမူကျင့်ကြံရမည်။ ထိုသို့သောလူတစ်ဦးကို သင် ရှာတွေ့ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းကို ဘုရားအိမ်တော်အတွက် အမှုအရာအနည်းငယ်အား ကိုင်တွယ်စေပြီး လေ့လာကြည့်ရှုလော့။ အကယ်၍ သူသည် အတော်အတန် သင့်တော်ပုံရပါက သူ့ကို အသုံးပြုနိုင်ပေသည်။ သို့သော် ထိုသို့ စီစဉ်ပြီးသည်နှင့် ပြီးဆုံးသွားခြင်းမဟုတ်ပေ၊ ရှေ့ဆက်၍ သင်သည် သူနှင့် တွေ့ဆုံခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် သူ၏အလုပ်ကို စစ်ဆေးခြင်းတို့ကို ပြုလုပ်ရမည်။ အချို့က “ယင်းမှာ သူ့ကို ယုံကြည်ကိုးစား၍ မရသောကြောင့်လော”ဟု မေးကြသည်။ ယင်းမှာ ယုံကြည်ကိုးစားမှု ကင်းမဲ့ခြင်းကြောင့်ချည်းတော့ မဟုတ်ပေ။ တစ်ခါတစ်ရံတွင် သူ့ကို ယုံကြည်လျှင်ပင် စစ်ဆေးမှုများကို ပြုလုပ်ရဦးမည်ဖြစ်သည်။ မည်သည့်အရာကို စစ်ဆေးရမည်နည်း။ စည်းမျဉ်းများကို သူ နားမလည်သည့်အခြေအနေများတွင် သူ၏ လက်တွေ့လုပ်ဆောင်မှု၌ လွဲချော်မှုများ ရှိမရှိ သို့မဟုတ် လွဲမှားသော နားလည်သဘောပေါက်မှု ရှိမရှိဟူသည်ကို ကြည့်ရှုလော့။ စိစစ်ခြင်းကို ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့ကို ကူညီရန် လိုအပ်သည်။ ဥပမာအားဖြင့် ဈေးတွင် အလွန်လူကြိုက်များသော ပစ္စည်းတစ်ခုရှိသော်လည်း ဘုရားအိမ်တော်က ယင်းကို အသုံးပြုရန် လိုအပ်ခြင်း ရှိမရှိဟူသည်ကို သူ မသိကြောင်း၊ အကယ်၍ ယခု မဝယ်ပါက အနာဂတ်တွင် မရောင်းတော့ပဲနေမည်ကို သူ စိုးရိမ်ကြောင်း ပြောသည် ဆိုပါစို့။ ဤအရာကို မည်သို့ ကိုင်တွယ်ရမည်ကို သူက သင့်ကို မေးသည်။ အကယ်၍ သင် မသိပါက ထိုအတတ်ပညာဆိုင်ရာအလုပ်တွင် ပါဝင်သောသူတစ်ဦးထံ သူ့ကို သွားမေးစေသင့်သည်။ ထိုအခါ ထိုအတတ်ပညာရှင်က ထိုပစ္စည်းသည် ခေတ္တခဏသာ ခေတ်စားသောပစ္စည်းဖြစ်ပြီး အများအားဖြင့် အသုံးဝင်မည်မဟုတ်သောကြောင့် ယင်းအတွက် ငွေသုံးရန် မလိုအပ်ကြောင်း ပြောသည်။ အတတ်ပညာရှင်၏ အကြံပြုချက်ကို အကိုးအကားပြု၍ ထိုပစ္စည်းကို ဝယ်ရန်မလိုအပ်ကြောင်း၊ ဝယ်လျှင် ဖြုန်းတီးရာရောက်မည်ဖြစ်ပြီး ယခု မဝယ်လျှင်လည်း ဆုံးရှုံးမှုမရှိကြောင်း ဆုံးဖြတ်လိုက်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ အလုပ်ကို ဤအတိုင်းအတာအထိ လုပ်ဆောင်ရမည်။ တစ်စုံတစ်ခုသည် မည်မျှပင် အရေးကြီးသည်ဖြစ်စေ သို့မဟုတ် မပြောပလောက်သည်ဖြစ်စေ၊ ထိုအရာကို ၎င်းတို့ မြင်နိုင်ပါက၊ စဉ်းစားနိုင်ပါက သို့မဟုတ် သိရှိနိုင်ပါက တစ်ညီတစ်ညွတ်တည်း နောက်ဆက်တွဲလုပ်ဆောင်ပြီး စစ်ဆေးရမည်ဖြစ်ကာ ဤအရာကို ဘုရားအိမ်တော်၏ လိုအပ်ချက်များအတိုင်း သတ်မှတ်ထားသောပုံစံဖြင့် လုပ်ဆောင်ရမည်။ ဤသည်မှာ မိမိ၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းခြင်းဟု ခေါ်သည့်အရာ ဖြစ်သည်။
အချို့လူများသည် အချို့သောပစ္စည်းများကို ဝယ်ယူရန် မကြာခဏ လျှောက်ထားပြီး ဤထုတ်ကုန်များကို ဝယ်ယူရန် ဘုရားအိမ်တော်ကို တောင်းဆိုကြပြီး ဂရုတစိုက် သုံးသပ်မှုနှင့် စစ်ဆေးမှုများမှတစ်ဆင့် တောင်းဆိုထားသော ပစ္စည်းငါးမျိုးတွင် တစ်မျိုးသာ ဝယ်ရန်လိုအပ်ပြီး အခြားလေးမျိုးကို ဝယ်ရန်မလိုအပ်ကြောင်း အများအားဖြင့် တွေ့ရှိရသည်။ ထိုသို့သောအခြေအနေများတွင် မည်သို့လုပ်ဆောင်ရမည်နည်း။ ၎င်းတို့ လျှောက်ထားသည့် ပစ္စည်းများကို တင်းကျပ်သောပုံစံဖြင့် သုံးသပ်ပြီး စဉ်းစားရမည်။ ၎င်းတို့ကို အလျင်စလို ဝယ်ယူခြင်းမပြုရပေ။ ထိုလူများက အလုပ်အတွက် လိုအပ်သည်ဟု ပြောဆိုရုံမျှကြောင့် ၎င်းတို့ကို ဝယ်ယူခြင်းမပြုရပေ။ ၎င်းတို့၏ အလုပ်အတွက်ဟူသော အကြောင်းပြချက်ဖြင့် ထိုလူများကို မိမိတို့သဘောအတိုင်း မဆင်မခြင် လျှောက်ထားခွင့် မပြုရပေ။ ဤလူများက မည်သို့ပင် အကြောင်းပြချက်ပေးပါစေ၊ မည်မျှပင် အရေးကြီးပါစေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ သို့မဟုတ် ပူဇော်သက္ကာများကို စီမံခန့်ခွဲရန် တာဝန်ရှိသူများသည် စိတ်နှလုံး တည်ငြိမ်ရမည်။ ၎င်းတို့သည် ဤအရာများကို တာဝန်သိစွာ စစ်ကာ စစ်ဆေးရမည်၊ အမှားအယွင်း အနည်းငယ်မျှ ရှိ၍မဖြစ်ပေ။ မလွဲမသွေ ဝယ်ယူရမည့် ပစ္စည်းများကို ခေါင်းဆောင်များက သုတေသနပြုပြီး သဘောတူညီချက် ပေးရမည်ဖြစ်ပြီး အကယ်၍ ထိုပစ္စည်းများကို ဝယ်ခြင်းသည် စိတ်ကြိုက်ဖြစ်သည့်အရာဖြစ်ပါက ငြင်းပယ်ရမည်၊ အတည်ပြုခြင်းမပြုရ။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို စေ့စေ့စပ်စပ်၊ ခိုင်လုံစွာနှင့် ခြေခြေမြစ်မြစ်လုပ်ဆောင်ပါက ပူဇော်သက္ကာများ ဖြုန်းတီးခံရသည့် ဖြစ်ရပ်များကို လျော့နည်းစေမည်ဖြစ်ပြီး ကျိုးကြောင်းမညီညွတ်သော အသုံးစရိတ်များကိုလည်း သာ၍ပင် လျော့နည်းစေမည်မှာ အမှန်ပင်ဖြစ်သည်။ ဤအလုပ်ကို လုပ်ဆောင်ခြင်းသည် စာရင်းစာအုပ်များပေါ်ရှိ မှတ်တမ်းတင်ထားသော အဝင်အထွက်များသည် မည်သည့်အရာဖြစ်သည်၊ ကိန်းဂဏန်းများက မည်သည့်အရာဖြစ်သည်ဟူသည်ကို သေချာစွာ ကြည့်ရှုရုံမျှသာ မဟုတ်ပေ။ ယင်းမှာ အဓိကမဟုတ်သောအရာ ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ သင်၏ စိတ်နှလုံးသည် မှန်ကန်ရမည်ဖြစ်ပြီး အသုံးစရိတ်တိုင်းနှင့် အဝင်စာရင်းတိုင်းကို သင်၏ ကိုယ်ပိုင်ဘဏ်စာရင်းထဲ အဝင်ဖြစ်သည့်အလား သဘောထားရမည် ဖြစ်သည်။ ထိုအခါ သင်သည် ယင်းတို့ကို အသေးစိတ် ကြည့်ရှုမည်ဖြစ်ပြီး မှတ်မိနိုင်မည်ဖြစ်ကာ နားလည်နိုင်လိမ့်မည်ဖြစ်သည်။ အကယ်၍ ချွတ်ချော်မှု သို့မဟုတ် ပြဿနာတစ်ခု ရှိပါက သင် ပြောပြနိုင်လိမ့်မည်။ အကယ်၍ သင်သည် ယင်းတို့ကို အခြားသူတစ်ဦး၏ စာရင်းများ သို့မဟုတ် အများပိုင် စာရင်းများအဖြစ် ရှုမြင်ပါက သင်သည် မျက်စိနှင့် စိတ်တို့က မမြင်မကန်းဖြစ်ကြသည်မှာ သေချာသည်၊ မည်သည့်ပြဿနာကိုမျှ ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။ အချို့လူများသည် ဘဏ်တွင် ငွေအနည်းငယ် စုဆောင်းထားပြီး လစဉ် ၎င်းတို့၏ စာရင်းရှင်းတမ်းကို ဖတ်ကာ အတိုးကို ကြည့်ရှုပြီးနောက် စာရင်းများကို စစ်ဆေးကြသည်။ ၎င်းတို့ လစဉ် မည်မျှ သုံးစွဲသည်၊ ထုတ်ယူမှု မည်မျှ ပြုလုပ်သည်၊ မည်မျှ အပ်နှံသည်ဟူသည်တို့ကို စစ်ဆေးကြသည်။ ငွေအဝင်တစ်ခုစီကို ၎င်းတို့၏ စိတ်ထဲတွင် မှတ်တမ်းတင်ထားသည်၊ ၎င်းတို့သည် မိမိတို့၏ လိပ်စာကို သိသလောက် ကိန်းဂဏန်းတိုင်းကို ကောာင်းစွာ သိကြပြီး ၎င်းတို့၏ စိတ်ထဲတွင် ရှင်းလင်းစွာ ရှိနေသည်။ တစ်နေရာရာတွင် ပြဿနာတစ်ခု ပေါ်ပေါက်လာပါက ၎င်းတို့သည် တစ်ချက်ကြည့်ရုံဖြင့် သိရှိနိုင်ပြီး အသေးငယ်ဆုံးသော အမှားကိုပင် လျစ်လျူမရှုကြပေ။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်ငွေနှင့်ပတ်သက်၍ အလွန်ဂရုစိုက်နိုင်ကြသော်လည်း ဘုရားသခင်၏ ပူဇော်သက္ကာများအပေါ် အလားတူ စိုးရိမ်ပူပန်မှုကို ပြသကြသလော။ ငါ၏ အမြင်တွင်မူ ၉၉.၉% သောလူတို့သည် မပြသကြပေ။ သို့ဖြစ်၍ ဘုရားသခင်၏ ပူဇော်သက္ကာများကို လူတို့အား ကာကွယ်စောင့်ရှောက်ရန် လွှဲပြောင်းပေးသည့်အခါ ဖြုန်းတီးမှုများနှင့် အလဟဿဖြစ်မှုများအပြင် ကျိုးကြောင်းမညီညွတ်သော အသုံးစရိတ်အမျိုးမျိုးတို့ မကြာခဏ ဖြစ်ပေါ်လေ့ရှိသော်လည်း မည်သူမျှ ယင်းကို ပြဿနာဟု မခံစားရသည့်အပြင် ဤအလုပ်အတွက် တာဝန်ရှိသူများသည်လည်း မည်သည့်အခါမျှ လိပ်ပြာမလုံခြင်းကို မခံစားရကြပေ။ ယွမ်တစ်ရာ ဆုံးရှုံးခြင်းကို မဆိုထားနှင့်၊ တစ်ထောင်၊ တစ်သောင်း ဆုံးရှုံးလျှင်ပင် ၎င်းတို့သည် စိတ်နှလုံးထဲတွင် ပြစ်တင်ခြင်း၊ အကြွေးတင်ခြင်း သို့မဟုတ် စွပ်စွဲခံရခြင်းတို့ကို မခံစားရကြပေ။ ဤကိစ္စနှင့်ပတ်သက်လာသည့်အခါ လူတို့သည် အဘယ်ကြောင့် ဤမျှ နားဝေတိမ်တောင် ဖြစ်နေကြသနည်း။ ဤသည်မှာ လူအများစု၏ စိတ်နှလုံးများ မမှန်ကန်ကြောင်းကို ညွှန်ပြသည် မဟုတ်လော။ သင်သည် ဘဏ်တွင် ငွေမည်မျှ စုဆောင်းပြီးဖြစ်သည်ကို အဘယ်ကြောင့် ဤမျှ ရှင်းလင်းစွာ သိရှိနေရသနည်း။ ဘုရားအိမ်တော်၏ ငွေကို သင်၏ စာရင်းတွင် ယာယီအပ်နှံထားသည့်အခါ၊ သင် ကာကွယ်စောင့်ရှောက်ဖို့အတွက် ဖြစ်သည့်အခါ သင်သည် ယင်းကို အလေးအနက်မထား သို့မဟုတ် ဂရုမစိုက်ပေ။ ဤသည်မှာ မည်သည့် စိတ်နေသဘောထားဖြစ်သနည်း။ သင်သည် ဘုရားသခင်၏ ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ပတ်သက်လာသည့်အခါ သစ္စာပင် မစောင့်သိပေ၊ ထို့ကြောင့် သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဖြစ်နေသေးသလော။ ပူဇော်သက္ကာများအပေါ် ထားရှိသော လူတို့၏ သဘောထားသည် ဘုရားသခင်အပေါ် ထားရှိသော ၎င်းတို့၏ သဘောထားနှင့်ဆိုင်သည့် သက်သေပင်ဖြစ်သည်၊ ပူဇော်သက္ကာများအပေါ် ၎င်းတို့၏ သဘောထားသည် အလွန် သိသာထင်ရှားလှသည်။ လူတို့သည် ပူဇော်သက္ကာများကို ဂရုမစိုက်သည့်အပြင် စိတ်မဝင်စားကြပေ။ ပူဇော်သက္ကာများ ဆုံးရှုံးသွားပါက ၎င်းတို့ ဝမ်းနည်းခြင်းမရှိ၊ ၎င်းတို့ တာဝန်မယူသည့်အပြင် ဂရုမစိုက်ကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်အပေါ် အလားတူ သဘောထား ရှိကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) တစ်ဦးတလေက၊ “ဘုရားသခင်၏ ပူဇော်သက္ကာများသည် သူ၏ ပစ္စည်းများ ဖြစ်သည်။ ကျွန်ုပ်သည် ယင်းတို့ကို မတပ်မက်သရွေ့ သို့မဟုတ် မသိမ်းပိုက်သရွေ့ အရာရာ အဆင်ပြေပါသည်။ မည်သူမဆို ယင်းတို့ကို သိမ်းပိုက်ပါက အပြစ်ဒဏ်ပေးခြင်း ခံရလိမ့်မည်၊ ယင်းမှာ သူတို့၏ ကိစ္စဖြစ်ပြီး သူတို့နှင့် ထိုက်တန်ပါသည်။ ယင်းမှာ ကျွန်ုပ်နှင့် မည်သို့မျှ မသက်ဆိုင်ပါ။ ယင်းကို စိတ်ဝင်စားရမည့်တာဝန်တွင် ကျွန်ုပ်တွင် မရှိပါ”ဟု ပြောသလော။ ဤပြောဆိုချက်သည် မှန်ကန်သလော။ သိသာထင်ရှားစွာပင် မမှန်ကန်ပေ။ သို့ဆိုလျှင် မည်သည့်နေရာတွင် မှားယွင်းနေသနည်း။ (၎င်းတို့၏ စိတ်နှလုံး မမှန်ကန်ပါ၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို မကာကွယ်ကြသည့်အပြင်၊ ပူဇော်သက္ကာများကိုလည်း မကာကွယ်ကြပါ။) ဤသို့သောလူစားမျိုး၏ လူ့သဘာဝသည် မည်သည့်အရာဖြစ်သနည်း။ (ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ပါသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းများကို အလွန်ဂရုစိုက်ပြီး အလွန်ကောင်းမွန်စွာ ကာကွယ်ကြသော်လည်း ဘုရားသခင်၏ ပူဇော်သက္ကာများကိုမူ ဂရုမစိုက် သို့မဟုတ် မေးမြန်းခြင်းပင် မပြုကြပါ။ ထိုကဲ့သို့သောလူများ၏ လူ့သဘာဝသည် အလွန် အဆင့်အတန်း နိမ့်ကျလှပါသည်။) အဓိကအားဖြင့် ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ခြင်း ဖြစ်သည်။ ဤသို့သောလူစားမျိုးသည် သွေးအေးကြသည် မဟုတ်လော။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သည်၊ သွေးအေးပြီး လူ့ခံစားချက် ကင်းမဲ့ကြသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို ချစ်နိုင်သလော။ သူ့ကို ကျိုးနွံနာခံနိုင်သလော။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိနိုင်သလော။ (မရှိနိုင်ပါ။) သို့ဆိုလျှင် ထိုသို့သောလူများသည် ဘုရားသခင်နောက်ကို အဘယ်အတွက် လိုက်ကြသနည်း။ (ကောင်းချီးများ ရရှိရန် ဖြစ်ပါသည်။) ဤသည်မှာ အရှက်တရားကင်းမဲ့ခြင်း မဟုတ်လော။ ဘုရားသခင်၏ ပူဇော်သက္ကာများကို လူတစ်ဦး သဘောထားပုံသည် သူ၏ သဘာဝက မည်သည့်အရာဖြစ်သည်ကို အထင်ရှားဆုံး ထုတ်ဖော်ပြသသည်။ လူတို့သည် ဘုရားသခင်အတွက် မည်သည့်အရာကိုမျှ အမှန်တကယ် လုပ်ဆောင်နိုင်ခြင်းမရှိပေ။ ၎င်းတို့သည် တာဝန်အနည်းငယ်ကို ထမ်းဆောင်နိုင်လျှင်ပင် ယင်းမှာ အလွန် အကန့်အသတ်ရှိသည်။ သင်သည် ဘုရားသခင်ပိုင်ဆိုင်သော ပူဇော်သက္ကာများကိုပင် မှန်ကန်စွာ သဘောမထားနိုင်ပါက သို့မဟုတ် ကောင်းမွန်စွာ မကာကွယ်မစောင့်ရှောက်နိုင်ပါက၊ သင်သည် ထိုသို့သော အမြင်နှင့် သဘောထားမျိုးကို ထားရှိပါက လူ့သဘာဝ အကင်းမဲ့ဆုံးသောသူတစ်ဦး မဟုတ်လော။ သင်သည် ဘုရားသခင်ကို ချစ်သည်ဟု ဆိုခြင်းမှာ မှားယွင်းသည် မဟုတ်လော။ ယင်းမှာ လှည့်ဖြားခြင်း မဟုတ်လော။ အလွန် လှည့်ဖြားခြင်းပင်တည်း။ ဤလူစားမျိုးတွင် လူ့သဘာဝ လုံးဝမရှိပေ။ ဘုရားသခင်သည် ထိုသို့သော လူဖျင်းကို ကယ်တင်မည်လော။
၃။ အသုံးစရိတ်မျိုးစုံကို နောက်ဆက်တွဲလုပ်ဆောင်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ စစ်ဆေးခြင်းနှင့် တင်းကျပ်စွာ စိစစ်ခြင်း
ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ဘုရားအိမ်တော်၏ ဘဏ္ဍာစိုးကောင်းများ ဖြစ်ရန်အတွက် ၎င်းတို့ ကောင်းမွန်စွာ လုပ်ဆောင်ရမည့် ပထမဆုံးအလုပ်မှာ ပူဇော်သက္ကာများကို သင့်လျော်စွာ စီမံခန့်ခွဲရန် ဖြစ်သည်။ ပူဇော်သက္ကာများကို သင့်လျော်စွာ ကာကွယ်စောင့်ရှောက်ခြင်းအပြင် ၎င်းတို့သည် ပူဇော်သက္ကာများ၏ အသုံးစရိတ်များနှင့်စပ်လျဉ်း၍ တင်းကျပ်သော စိစစ်မှုကို ဆောင်ရွက်သင့်သည်။ တင်းကျပ်သော စိစစ်ခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ အဓိကအားဖြင့်၊ ယင်းမှာ ပူဇော်သက္ကာများ ပြုန်းတီးခြင်းနှင့် အလဟဿဖြစ်ခြင်းမျိုး မဖြစ်စေဘဲ၊ ကျိုးကြောင်းမဆီလျော်သော အသုံးစရိတ်များကို လုံးဝ ဖယ်ရှားပစ်ရန်နှင့် ပူဇော်သက္ကာများ၏ အသုံးစရိတ်တိုင်းကို ကျိုးကြောင်းဆီလျော်ပြီး ထိရောက်စေဖို့ ကြိုးပမ်းရန် ဖြစ်သည်။ ပြုန်းတီးခြင်း သို့မဟုတ် အလဟဿဖြစ်ခြင်း ကိစ္စရပ်များကို တွေ့ရှိပါက ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့ကို ချက်ချင်းရပ်တန့်စေရမည်သာမက တာဝန်ခံစေသင့်သည့်အပြင် ထိုအလုပ်ကို လုပ်ဆောင်ရန် သင့်တော်သောလူများကိုလည်း ခွဲခြားသိမြင်ရမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ စီမံခန့်ခွဲမှုနယ်ပယ်အတွင်းတွင် အသုံးစရိတ်တစ်ခုချင်းစီသည် မည်သည့်နေရာသို့ ရောက်ရှိသွားပြီး၊ မည်သည့်အရာအတွက်ဖြစ်သည်ကို တိတိကျကျ သိရှိသင့်သည်၊ ၎င်းတို့သည် ဤအရာများကို တင်းကျပ်သောပုံစံဖြင့် ပြန်လည်သုံးသပ်သင့်သည်။ ဥပမာအားဖြင့်၊ အခန်းတစ်ခန်းတွင် ပန်ကာတစ်လုံး လိုအပ်ပါက မည်သူက ဝယ်ရမည်၊ မည်မျှသုံးစွဲရမည်၊ မည်သို့သော လုပ်ဆောင်ချက်များ ပါရှိရန် အသင့်တော်ဆုံးဖြစ်မည်ဟူသည့် ကန့်သတ်ချက်ဘောင်များကို ၎င်းတို့ သတ်မှတ်ပေးသင့်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက “ကျွန်ုပ်တို့ အလုပ်များပါသည်၊ လိုက်ဝယ်ပေးဖို့ အချိန်မပေးနိုင်ပါ”ဟု ပြောကြသည်။ သင့်ကို ကိုယ်တိုင်သွားဝယ်ရန် တောင်းဆိုနေခြင်း မဟုတ်ပေ။ သင်သည် ဤတာဝန်ကို ကိုင်တွယ်ရန် လူတော်တစ်ဦး၊ အစွမ်းအစရှိသူတစ်ဦးကို ရွေးချယ်သင့်သည်။ ဉာဏ်မရှိသူတစ်ဦး သို့မဟုတ် စိတ်နှလုံးမမှန်ကန်သော လူဆိုးတစ်ဦးကို မဝယ်ခိုင်းနှင့်။ ပုံမှန်လူ့သဘာဝရှိသူများသည် သင့်လျော်သော လုပ်ဆောင်ချက်များနှင့် သင့်လျော်သော ဈေးနှုန်းရှိသည့်အရာများအား ဝယ်ရမည်ကို သိကြသည်၊ အလွန်အကျွံ လုပ်ဆောင်ချက်များသည် အသုံးမဝင်သည့်အပြင် ပို၍လည်း ဈေးကြီးသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ စိတ်နှလုံးမမှန်ကန်သော အပျော်အပါးမက်သူများကမူ လုပ်ဆောင်ချက်အမျိုးမျိုး ရောထွေးနေသည့် လက်တွေ့မကျသောအရာများကို ဝယ်ကြရာ ပို၍ ငွေကုန်ကြေးကျများစေသည်။ ဝယ်ယူသူများသည် ဆင်ခြင်တုံတရားပိုင်ဆိုင်ရမည်။ စည်းမျဉ်းများကို ၎င်းတို့ နားလည်ရမည်။ ဝယ်ယူသည့် ပစ္စည်းများသည် ကုန်ကျစရိတ် မများဘဲ လက်တွေ့ကျရမည်ဖြစ်ပြီး လူတိုင်းက သင့်တော်သည်ဟု မှတ်ယူရမည်။ အကယ်၍ သင်သည် ဤဝယ်ယူမှုကို ပြုလုပ်ရန် မဆင်မခြင်ငွေသုံးပြီး ဖြုန်းတီးခြင်းကို နှစ်သက်သော တာဝန်မဲ့သူတစ်ဦးအား ခိုင်းစေပါက ၎င်းတို့သည် ပန်ကာတစ်လုံးဝယ်သည့်တန်ဖိုးထက် ဆယ်ဆပိုကုန်ကျမည့် အဆင့်မြင့် လေအေးပေးစက်တစ်လုံးကို ဈေးကြီးပေးဝယ်လိမ့်မည်။ ငွေအနည်းငယ်ပိုကုန်သော်လည်း လူကို ဦးစားပေးရမည်ဟု ၎င်းတို့က ယုံကြည်သည်၊ ထိုလေအေးပေးစက်သည် လေကို စစ်ထုတ်ပေးရုံသာမက စိုထိုင်းဆနှင့် အပူချိန်ကိုလည်း ချိန်ညှိနိုင်ပြီး အချိန်တိုင်းကိရိယာအမျိုးမျိုးနှင့် ဆက်တင်အမျိုးမျိုးလည်း ပါရှိသည်ဟု ၎င်းတို့က ယုံကြည်သည်။ ယင်းမှာ ဖြုန်းတီးခြင်း မဟုတ်လော။ ဤသည်မှာ ဖြုန်းတီးခြင်းနှင့် အလဟဿဖြစ်စေခြင်း ဖြစ်သည်။ ထိုသူသည် သဘောရှိပျော်ဖို့ကြိုးပမ်းနေခြင်းဖြစ်ပြီး စိတ်လှုပ်ရှားမှုများအတွက်၊ ကြွားဝါရန်အတွက် ငွေသုံးနေခြင်းဖြစ်သည်၊ လက်တွေ့ကျသောအရာများကို ဝယ်ယူနေခြင်း မဟုတ်ပေ။ ထိုသို့သောလူများသည် စိတ်နှလုံးမမှန်ကန်ကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် ဈေးဝယ်ပါက ငွေချွေတာရန် နည်းလမ်းများကို ရှာဖွေကြသည်။ လျှော့ဈေးပေးထားသော ပစ္စည်းများကို ရှာဖွေကြပြီး ဈေးဆစ်ရန် ကြိုးစားကြသည်။ ၎င်းတို့သည် တတ်နိုင်လျှင် ငွေချွေတာကြသည်၊ ဈေးသက်သာလေ ကောင်းလေ ဖြစ်သည်။ သို့သော် ဘုရားအိမ်တော်အတွက် ဈေးဝယ်သည့်အခါတွင်မူ မည်မျှပင် ငွေသုံးပါစေ ၎င်းတို့ ဂရုမစိုက်ကြပေ။ ဈေးပေါသောပစ္စည်းများကို ဒုက္ခခံပြီး ကြည့်ပင်မကြည့်ကြဘဲ ဈေးကြီးသော၊ အဆင့်မြင့်သော၊ ခေတ်မီသောပစ္စည်းများကိုသာ ဝယ်လိုကြသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများ မမှန်ကန်ကြောင်းကို ဆိုလိုသည်။ စိတ်နှလုံးမမှန်ကန်သော လူတို့ကို အသုံးပြု၍ရသလော။ (အသုံးပြု၍မရပါ။) ဘုရားအိမ်တော်အတွက် အလုပ်တာဝန်များကို ကိုင်တွယ်သည့်အခါ စိတ်နှလုံးမမှန်ကန်သောလူများသည် အဓိပ္ပာယ်မဲ့ပြီး အသုံးမကျသောအရာများကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မှန်ကန်သောအရာများအတွက် ငွေမသုံးကြပေ။ ၎င်းတို့သည် ပူဇော်သက္ကာများကိုသာ ဖြုန်းတီးကာ အလဟဿဖြစ်စေကြပြီး ၎င်းတို့၏ အသုံးစရိတ်တိုင်းသည် ကျိုးကြောင်းမဆီလျော်ပေ။
အချို့သော အခြားလူများမှာမူ ဆင်းရဲသော စိတ်နေသဘောထားရှိကြပြီး ဘုရားအိမ်တော်အတွက် ဈေးဝယ်သည့်အခါ အသက်သာဆုံးအရာများကို ဝယ်ရမည်ဟု ယုံကြည်ကြသည်။ ဈေးသက်သာလေ ကောင်းလေ ဖြစ်သည်။ ဤသည်မှာ ဘုရားအိမ်တော်အတွက် ငွေချွေတာခြင်းဖြစ်သည်ဟု ၎င်းတို့က ထင်သောကြောင့် ခေတ်မမီတော့သော၊ ဈေးလျှော့ထားသော အရာများကိုသာ သီးသန့်ဝယ်ယူကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် စုတ်ချာသည့် အသက်သာဆုံးစက်များကို ဝယ်ယူမိကြသည်။ ဤစက်များသည် သုံးလျှင်သုံးချင်း ပျက်စီးသွားပြီး ပြင်၍မရနိုင်တော့သည့်အပြင် သုံးမရတော့ပေ။ ထို့နောက် အရည်အသွေးပြည့်မီပြီး ပုံမှန်အသုံးပြု၍ရနိုင်သည့် အခြားစက်များကို ဝယ်ရန် လိုအပ်လာကာ နောက်ထပ်ငွေပမာဏတစ်ခု ကုန်ရပြန်သည်။ ဤသည်မှာ မိုက်မဲခြင်း မဟုတ်လော။ ထိုသို့သောလူများကို ကပ်စေးနဲသူများ၊ ဆင်းရဲသော စိတ်နေသဘောထားရှိသူများဟု ခေါ်ဆိုရမည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ငွေကို အမြဲချွေတာလိုကြပြီး ၎င်းတို့၏ ခြိုးခြံချွေတာနှင့် စုဆောင်းခြင်းအားလုံးမှ အဘယ်အရာ ဖြစ်ပေါ်လာသနည်း။ ယင်းမှာ ဖြုန်းတီးခြင်း၊ ငွေကို အလဟဿဖြစ်စေခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် ဆင်ခြေများပင်ပေးကြသေးသည်။ “ကျွန်ုပ် တမင်လုပ်ခဲ့ခြင်း မဟုတ်ပါ။ ကျွန်ုပ်မှာ ရည်ရွယ်ချက်ကောင်းများ ရှိခဲ့ပါသည်၊ ဘုရားအိမ်တော်အတွက် ငွေချွေတာရန် ကြိုးစားနေခြင်းသာ ဖြစ်ပါသည်၊ ငွေကို လက်လွတ်စပယ် မသုံးချင်ခဲ့ပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့ ထိုသို့မလုပ်ဆောင်လိုခြင်းက အသုံးဝင်မှုတစ်ခုတလေရှိသလော။ အမှန်တွင် ၎င်းတို့သည် ငွေကို လက်လွတ်စပယ် သုံးစွဲနေကြခြင်း ဖြစ်သည်၊ ၎င်းတို့သည် ဖြုန်းတီးမှုကို အမှန်ပင် ဖြစ်စေကြပြီး ဤသည်မှာ ငွေနှင့် လူအင်အားကို ကုန်ဆုံးစေသည်။ ထိုသို့သောလူများကိုလည်း အသုံးပြု၍မရပေ၊ ၎င်းတို့သည် ဉာဏ်မရှိသူများဖြစ်သည်၊ ၎င်းတို့သည် လုံလောက်အောင် မပါးနပ်ကြပေ။ အတိုချုပ်ဆိုရလျှင် စိတ်နှလုံးမမှန်ကန်သောလူများကို ဘုရားအိမ်တော်အတွက် ဈေးဝယ်ရန် အသုံးမပြုသင့်သည့်အပြင် ဉာဏ်မရှိသူများကိုလည်း အသုံးမပြုသင့်ပေ။ အသုံးပြုသင့်သူများမှာ အတိုင်းအတာတစ်ခုအထိ ဈေးဝယ်အတွေ့အကြုံနှင့် အစွမ်းအစတစ်ခုခုရှိပြီး အရာရာကို မလွဲချော်သောအမြင်ရှိသည့် လိမ္မာပါးနပ်သူများ ဖြစ်ကြသည်။ မည်သည့်အရာကိုပင် ဝယ်သည်ဖြစ်စေ ယင်းမှာ လက်တွေ့ကျရမည်၊ ယင်း၏ဈေးနှုန်းမှာ ကျိုးကြောင်းဆီလျော်ရမည်၊ ပျက်စီးသွားလျှင်ပင် ပြင်ရလွယ်ကူရမည်၊ ၎င်းအတွက် အပိုပစ္စည်းများ ဝယ်ရလွယ်ကူရမည်။ ယင်းမှာ ကျိုးကြောင်းဆီလျော်သည်။ အချို့လူများသည် တစ်စုံတစ်ခုကို ဝယ်ပြီးနောက် တစ်လအတွင်း ပြန်သွင်းနိုင်သည့် သတ်မှတ်ချက်ကို မြင်သောအခါ အလျင်အမြန် စမ်းသုံးကြည့်ကြပြီး တစ်လအတွင်း အဖြေရရှိကြသည်။ အကယ်၍ အနည်းငယ် ချို့ယွင်းပြီး ကောင်းစွာအလုပ်မလုပ်ပါက ၎င်းတို့သည် ချက်ချင်းပြန်ပို့ပြီး ဆုံးရှုံးမှုများကို လျှော့ချလျက် အခြားတစ်စုံတစ်ခုကို ရွေးချယ်ကြသည်။ ဤလူများသည် အတော်အတန် ကောင်းမွန်သော လူ့သဘာဝရှိကြသည်။ လူ့သဘာဝမရှိသူများမှာမူ တစ်စုံတစ်ခုကို ဝယ်ပြီးနောက် ဘေးတွင် ပစ်ထားကြသည်။ ထိုပစ္စည်းနှင့်ပတ်သက်၍ တစ်ခုတလေ လွဲချောမှုရှိမရှိ သို့မဟုတ် ခိုင်ခံ့မှုရှိမရှိဟူသည်ကို ၎င်းတို့ မစမ်းသပ်ကြည့်ကြသည့်အပြင် ၎င်း၏ အာမခံသက်တမ်း မည်မျှကြာသည် သို့မဟုတ် ပြန်ပို့ရန် အချိန်မည်မျှရသည်ကိုလည်း မကြည့်ကြပေ။ ဤအရာအားလုံးကို ၎င်းတို့ ဂရုမစိုက်ကြပေ။ တစ်နေ့တွင် ထိုပစ္စည်းအပေါ် ရုတ်တရက် စိတ်ဝင်စားလာသောအခါ ၎င်းတို့က ယူ၍ စမ်းသုံးကြည့်ကြပြီး၊ ထိုအခါမှသာ ပျက်စီးနေသည်ကို တွေ့ရှိကြသည်။ ၎င်းတို့သည် ပြေစာကို စစ်ဆေးပြီး ပြန်ပို့ရမည့်ကာလ ကျော်လွန်သွားပြီဖြစ်၍ ပြန်ပို့၍မရတော့သည်ကို တွေ့ရှိကြသည်။ ထို့နောက် ၎င်းတို့က “သို့ဆိုလျှင်နောက်တစ်ခုဝယ်ကြစို့” ဟု ပြောကြသည်။ ယင်းမှာ ဖြုန်းတီးခြင်း မဟုတ်လော။ “နောက်တစ်ခုဝယ်ကြစို့” ဟူသော ထိုစကားစုကြောင့် ဘုရားအိမ်တော်သည် နောက်ထပ်ငွေပမာဏတစ်ခု ထပ်မံကုန်ကျရသည်။ နောက်တစ်ခုဝယ်ရန် လျှောက်ထားခြင်းသည် အပေါ်ယံအားဖြင့် အသင်းတော်အလုပ်အတွက်ဖြစ်ပြီး ကျိုးကြောင်းဆီလျော်သော အသုံးစရိတ်တစ်ခုဟု ထင်ရသော်လည်း၊ အမှန်တွင်မူ ယင်း၏နောက်ကွယ်၌ ပစ္စည်းဝယ်ပြီးနောက် ချက်ချင်းမစစ်ဆေးဘဲ မိမိတို့၏ တာဝန်ဝတ္တရားများတွင် ပေါ့ဆခြင်းကြောင့် ဖြစ်သည်။ ပူဇော်သက္ကာတစ်ကြိမ်စာ ဖြုန်းတီးပြီးနောက် နောက်တစ်ကြိမ် ထပ်မံပေးချေရပြီး ပစ္စည်းအသစ်ကို ကာကွယ်စောင့်ရှောက်ရန် လူကောင်းတစ်ဦးမျှ မရှိသေးသောကြောင့် ယင်းသည်လည်း မကြာမီ ပျက်စီးသွားပြန်သည်။ ဤအရာများကို ကြီးကြပ်ရန် တစ်ဦးတစ်ယောက်မျှ မရှိခြင်း၊ ပေါ်ပေါက်လာသော ပြဿနာများကို ကိုင်တွယ်ရန် တစ်ဦးတစ်ယောက်မျှ မရှိခြင်းမှာ အံ့အားသင့်စရာပင်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက မည်သည့်အရာကို လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် ဤအလုပ်နှင့်စပ်လျဉ်း၍ မိမိတို့၏ တာဝန်ဝတ္တရားများတွင် လုံးဝ ပျက်ကွက်နေခဲ့ကြသည်၊ ၎င်းတို့သည် ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် စိစစ်ခြင်းတို့အား လုပ်ဆောင်ရမည့် တာဝန်ကို မထမ်းဆောင်ခဲ့ကြသောကြောင့် ပူဇော်သက္ကာများသည် ဤသို့ ဖြုန်းတီးခြင်းနှင့် အလဟဿဖြစ်စေခြင်းတို့ကို ခံနေရသည်။ ဝယ်ယူသူများသည် တာဝန်ယူတတ်သူများဖြစ်ပါက ၎င်းတို့ဝယ်ယူခဲ့သော ပစ္စည်းသည် လက်တွေ့မကျကြောင်း တွေ့ရှိသည့်အခါ ချက်ချင်းပြန်ပို့ကြလိမ့်မည်။ ဤသည်မှာ ဆုံးရှုံးမှုနှင့် ဖြုန်းတီးမှုကို လျှော့ချပေးသည်။ ၎င်းတို့သည် စိတ်နှလုံးမမှန်ကန်သော တာဝန်မဲ့သူများဖြစ်ပါက အရည်အသွေးညံ့သောပစ္စည်းများကို ဝယ်ယူကြမည်ဖြစ်ပြီး ထိုသို့ဖြင့် ပူဇော်သက္ကာများကို ဖြုန်းတီးကြလိမ့်မည်။ သို့ဆိုလျှင် ဤငွေဆုံးရှုံးမှုကို မည်သူ့အပေါ် အတိအကျ စွပ်စွဲသင့်သနည်း။ ဝယ်ယူသူနှင့် ခေါင်းဆောင်များ၊ အမှုဆောင်များအားလုံးတွင် တာဝန်ရှိသည် မဟုတ်လော။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စကို တာဝန်သိစွာ၊ ခိုင်လုံစွာနှင့် စေ့စေ့စပ်စပ် ကိုင်တွယ်ခဲ့ပါက ဤပြဿနာများကို ရှာဖွေတွေ့ရှိမည် မဟုတ်လော။ ဤချို့ယွင်းချက်များကို ဖြည့်ဆည်းပြီး ဖြစ်မည်မဟုတ်လော။ (ဖြည့်ဆည်းပြီးဖြစ်ပါမည်။) အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပူဇော်သက္ကာများ၏ အသုံးစရိတ်အခြေအနေကို စစ်ဆေးရန် အမျိုးမျိုးသော နေရာများတွင်ရှိသည့်အသင်းတော်များသို့ မကြာခဏ သွားရောက်ပါက ၎င်းတို့သည် ပြဿနာများကို ရှာတွေ့နိုင်လိမ့်မည်ဖြစ်ပြီး ဤဖြုန်းတီးခြင်းနှင့် အလဟဿဖြစ်စေခြင်းမျိုးကို ဖယ်ရှားရှင်းလင်းနိုင်မည်ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပျင်းရိပြီး တာဝန်မဲ့ပါက ဤကျိုးကြောင်းမဆီလျော်သော အသုံးစရိတ်များနှင့် ဖြုန်းတီးခြင်း၊ အလဟဿဖြစ်စေခြင်း ကိစ္စရပ်များသည် ထပ်ခါတလဲလဲ ပေါ်ပေါက်လာလိမ့်မည်၊ ၎င်းတို့သည် ဆက်လက်၍ ပျံ့နှံ့နေလိမ့်မည်။ ဤပျံ့နှံ့မှုကို အဘယ်အရာက ဖြစ်စေသနည်း။ ယင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များက လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်ဘဲ အခြားသူများအထက်တွင် မိမိတို့ကိုယ်ကို ထားရှိပြီး အစွမ်းအစမရှိသော အရာရှိကြီးများကဲ့သို့ ပြုမူခြင်းနှင့် ပတ်သက်မှု တစ်စုံတစ်ရာ ရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမရှိသည့်အပြင် လူ့သဘာဝလည်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် အသင်းတော်သုံးစွဲသော ငွေအားလုံးသည် ဘုရားအိမ်တော်ပိုင်ဖြစ်ပြီး အားလုံးမှာ ဘုရားသခင်၏ ပူဇော်သက္ကာများဖြစ်သောကြောင့် ၎င်းတို့နှင့် မည်သည့်ပတ်သက်မှုမျှမရှိဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် ထိုအရာကို ဂရုမစိုက်သည့်အပြင် မေးမြန်းခြင်းလည်းမရှိဘဲ လျစ်လျူရှုကြသည်။ ဘုရားအိမ်တော်၏ငွေကို သုံးစွဲသင့်သည်၊ မည်သည့်နည်းလမ်းဖြင့်မဆို သုံးစွဲ၍ရသည်၊ မိမိတို့အိတ်ကပ်ထဲသို့ မထည့်သရွေ့ သို့မဟုတ် အလွဲသုံးစားမလုပ်သရွေ့ ဖြုန်းတီးမိလျှင် အရေးမကြီးသည့်အပြင်၊ ယင်းမှာ လူတို့ အတွေ့အကြုံဝယ်ယူခြင်းနှင့် မိမိတို့၏ အမြင်ကို ကျယ်ပြန့်စေခြင်းမျှသာဖြစ်သည်ဟု လူအများစုက ယုံကြည်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များကမူ “မည်သူမဆို ထိုငွေကို မိမိတို့ကြိုက်သလို သုံးနိုင်သည်၊ မိမိတို့ကြိုက်နှစ်သက်ရာကို ဝယ်နိုင်သည်။ မည်မျှ ဖြုန်းတီးခံရသည်မှာ အရေးမကြီးပါ၊ ငွေဖြုန်းသူတိုင်းတွင် တာဝန်ရှိပြီး ၎င်းတို့သည် အနာဂတ်တွင် ဒဏ်ခတ်ခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့ကို ရင်ဆိုင်ရလိမ့်မည်။ ဤသည်မှာ ကျွန်ုပ်နှင့် မသက်ဆိုင်ပါ၊ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သုံးစွဲနေခြင်းမဟုတ်သည့်အပြင်၊ ကျွန်ုပ်၏ငွေကို သုံးစွဲနေခြင်းလည်း မဟုတ်ပါ”ဟုဆိုကာ မသိကျိုးကျွန်ပြုကြသည်။ ဤသည်မှာ အများပိုင် ရန်ပုံငွေများကို သုံးစွဲခြင်းအပေါ် ဘာသာတရားမရှိသူများက ထားရှိသည့် အမြင်နှင့် သဘောထားအတိုင်းပင် မဟုတ်လော။ ယင်းမှာ ၎င်းတို့ ရန်သူများ၏ငွေကို သုံးစွဲနေသည့်အလားပင် ဖြစ်သည်။ ဘာသာတရားမရှိသူများသည် စက်ရုံတစ်ရုံတွင် အလုပ်လုပ်သည့်အခါ စီမံခန့်ခွဲမှုက လျော့ရဲလျှင်၊ အများပိုင်ပစ္စည်းများ အမြဲ ခိုးယူခြင်းခံရပြီး လူတို့၏အိမ်များသို့ ယူဆောင်သွားခြင်း သို့မဟုတ် သာမန်ကာလျှံကာ ပျက်စီးခြင်းတို့ ဖြစ်လိမ့်မည်ဖြစ်ကာ တစ်စုံတစ်ခု ပျက်စီးသွားပါက စက်ရုံကို အသစ်တစ်ခုဝယ်ခိုင်းကြလိမ့်မည်။ ၎င်းတို့သည် စက်ရုံအတွက် ဈေးဝယ်သည့်အခါ ကောင်းသော၊ ဈေးကြီးသောပစ္စည်းများကိုသာ သီးသန့်ဝယ်ယူကြလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ငွေကို ထင်ရာမြင်ရာ သုံးစွဲမည်ဖြစ်ပြီး အများဆုံးသုံး၍ရသည့် အကန့်အသတ်လည်း ရှိမည်မဟုတ်ပေ။ အကယ်၍ ဘုရားသခင်ကို ယုံကြည်သူများသည်လည်း ပူဇော်သက္ကာများအပေါ် ထိုသို့သော စိတ်သဘောထားရှိပါက ၎င်းတို့ကို ကယ်တင်၍ရနိုင်သလော။ ဘုရားသခင်သည် ထိုသို့သော လူအုပ်စုအပေါ် အလုပ်လုပ်လိမ့်မည်လော။ (အလုပ်လုပ်လိမ့်မည် မဟုတ်ပါ။) အကယ်၍ လူတို့သည် ဘုရားသခင်၏ ပူဇော်သက္ကာများအပေါ် ဤကဲ့သို့သော သဘောထားရှိပါက ဘုရားသခင်က ထိုလူများအပေါ် မည်သည့် သဘောထားရှိသည်ကို ငါမပြောဘဲ သင်သိသင့်သည်။
ဘုရားသခင်အပေါ်ထားသော လူတစ်ဦး၏ သဘောထားက ထင်ရှားသည့် တိုက်ရိုက်အဖြစ်ဆုံးသော နည်းလမ်းမှာ ပူဇော်သက္ကာများအပေါ်ထားသော ၎င်း၏သဘောထားဖြင့်ဖြစ်သည်။ သင်၏ ပူဇော်သက္ကာများအပေါ်ထားသော သင်၏ သဘောထားက မည်သည့်အရာပင်ပင်ဖြစ်စေ၊ ယင်းမှာ ဘုရားသခင်အပေါ်ထားသော သင်၏သဘောထားပင် ဖြစ်သည်။ အကယ်၍ သင်သည် ပူဇော်သက္ကာများကို သင်၏ ကိုယ်ပိုင်ဘဏ်စာရင်းမှတ်တမ်းများတွင်ရှိသည့် ဝင်ငွေများကဲ့သို့ စေ့စေ့စပ်စပ်၊ သေချာစွာ၊ သတိဖြင့်၊ တင်းတင်းကျပ်ကျပ်၊ တာဝန်သိစွာနှင့် အာရုံစိုက်စွာ သဘောထားပါက၊ ဘုရားသခင်အပေါ်ထားသော သင်၏သဘောထားသည်လည်း ဤကဲ့သို့ပင် အနည်းနှင့်အများ ဖြစ်ပေသည်။ အကယ်၍ ပူဇော်သက္ကာများအပေါ်ထားသော သင်၏ သဘောထားသည် အများပြည်သူ ပိုင်ဆိုင်မှုအပေါ်၊ ဈေးထဲရှိ ဟင်းသီးဟင်းရွက်များအပေါ်ထားသော သင်၏သဘောထားကဲ့သို့ ဖြစ်ပါက၊ သင်လိုအပ်သမျှကို ပေါ့ပေါ့ဆဆ ဝယ်ယူပြီး သင်မကြိုက်သည့် မည်သည့်ဟင်းသီးဟင်းရွက်ကိုမျှ ကြည့်ပင်မကြည့်ဘဲ၊ မည်သည့်နေရာတွင် ပုံထားသည်ဖြစ်စေ လျစ်လျူရှုကာ၊ မည်သူက ယူသုံးသည်ဖြစ်စေ ဂရုမစိုက်ဘဲ၊ မြေပေါ်ကျပြီး တစ်စုံတစ်ယောက်က နင်းမိသည့်အခါ မမြင်ချင်ယောင်ဆောင်သည့်အပြင်၊ ဤအရာအားလုံးသည် သင်နှင့်မသက်ဆိုင်ဟု ယုံကြည်ပါက ယင်းက သင့်အတွက် ဒုက္ခပြဿနာကို ဖိတ်ခေါ်နေပေသည်။ အကယ်၍ ယင်းသည် ပူဇော်သက္ကာများအပေါ် ထားရှိသည့် သင်၏သဘောထားဖြစ်ပါက၊ သင်သည် တာဝန်သိတတ်သူတစ်ဦးလော။ သင်ကဲ့သို့သောလူတစ်ဦးသည် တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ သင်တွင် မည်သည့် လူ့သဘာဝမျိုးရှိသည်မှာ သိသာထင်ရှားသည်။ အတိုချုပ်ဆိုရလျှင်၊ ပူဇော်သက္ကာများကို စီမံခန့်ခွဲခြင်းအလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဓိကတာဝန်ဝတ္တရားမှာ ယင်းတို့ကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ခြင်းအပြင် နောက်ဆက်တွဲအလုပ်ကိုလည်း လိုက်လံလုပ်ဆောင်ရမည်ဖြစ်သည်။ အရေးကြီးဆုံးမှာ ၎င်းတို့သည် စာရင်းများကို ပုံမှန်စစ်ဆေးရမည်ဖြစ်ပြီး၊ အသုံးစရိတ်မျိုးစုံကို နောက်ဆက်တွဲလုပ်ဆောင်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ စစ်ဆေးခြင်းနှင့် တင်းကျပ်စွာ စိစစ်ခြင်းတို့ကိုလည်း ပြုလုပ်ရမည်။ ၎င်းတို့သည် ဖြုန်းတီးခြင်းနှင့် အလဟဿဖြစ်ခြင်းတို့ကို မဖြစ်ပေါ်စေမီ ကျိုးကြောင်းမဆီလျော်သော အသုံးစရိတ်များကို လုံးဝ ဖယ်ရှားရှင်းလင်းပစ်ရမည်။ အကယ်၍ ကျိုးကြောင်းမဆီလျော်သော အသုံးစရိတ်များသည် ထိုအရာများကို ဖြစ်ပေါ်စေနှင့်ပြီးဖြစ်ပါက ၎င်းတို့အနေဖြင့် တာဝန်ရှိသူများကို တာဝန်ခံစေရမည်၊ သတိပေးချက်တစ်ခု ပေးရမည်ဖြစ်ပြီး လျော်ကြေးငွေပေးစေရမည်။ အကယ်၍ သင်သည် ဤအလုပ်ကိုပင် ကောင်းစွာ မလုပ်ဆောင်နိုင်ပါက အလျင်အမြန် နုတ်ထွက်လော့။ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး၏ အလုပ်ကို သင်မလုပ်ဆောင်နိုင်သောကြောင့် ထိုရာထူးကို မယူထားနှင့်။ အကယ်၍ သင်သည် ဤအလုပ်ကိုပင် တာဝန်မယူနိုင်သည့်အပြင်၊ ကောင်းစွာမလုပ်ဆောင်နိုင်ပါက မည်သည့်အလုပ်ကို လုပ်ဆောင်နိုင်သနည်း။ ငါ့ကို စနစ်တကျ ပြောလော့။ ပူဇော်သက္ကာများနှင့်စပ်လျဉ်း၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် တာဝန်စုစုပေါင်း မည်မျှရှိသနည်း။ (ပထမတစ်ခုမှာ ယင်းတို့ကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည်။ ဒုတိယတစ်ခုမှာ စာရင်းများကို စစ်ဆေးခြင်း ဖြစ်သည်။ တတိယတစ်ခုမှာ အသုံးစရိတ်မျိုးစုံကို နောက်ဆက်တွဲလုပ်ဆောင်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ စစ်ဆေးခြင်းနှင့် တင်းကျပ်စွာ စိစစ်ခြင်း ဖြစ်သည်၊ ကျိုးကြောင်းမဆီလျော်သော အသုံးစရိတ်များကို ဖယ်ရှားရှင်းလင်းပစ်ရမည်ဖြစ်ပြီး မည်သူက ဖြုန်းတီးခြင်း သို့မဟုတ် အလဟဿဖြစ်စေခြင်းအား ဖြစ်စေသည်ဖြစ်စေ ၎င်းတို့ကို တာဝန်ခံစေရမည်ဖြစ်ပြီး လျော်ကြေးပေးစေရမည်။) ဤအဆင့်များအတိုင်း အလုပ်လုပ်ရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) ဤသည်မှာ ရှင်းလင်းစွာ အသေးစိတ်ချပြထားသော အလုပ်လုပ်နည်းတစ်ခု ဖြစ်သည်။ အကယ်၍ သင်သည် ထိုသို့သော ရိုးရှင်းသည့်အလုပ်ကိုပင် မလုပ်ဆောင်နိုင်ပါက ဘုရားအိမ်တော်၏ ဘဏ္ဍာစိုးတစ်ဦးအနေဖြင့် သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် မည်သည့်အရာကို လုပ်နိုင်သနည်း။ အချိန်တိုင်း ပူဇော်သက္ကာများ ဖြုန်းတီးခြင်းနှင့် အလဟဿဖြစ်စေခြင်း သာဓကများ ရှိနေပြီး၊ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်သည် ယင်းကို သတိမထားမိသည့်အပြင်၊ လုံးဝ စိတ်မကောင်းမဖြစ်ပါက သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်ပင် ရှိပါ၏လော။ သူ့အတွက် နေရာတစ်ခုပင် ရှိပါ၏လော။ ဤသည်မှာ မေးခွန်းထုတ်စရာပင်။ သင်၏ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးသည် ကြီးမားကြောင်းနှင့် သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အမှန်တကယ်ရှိသည်ဟု သင်ပြောသော်လည်း၊ သူ၏ ပူဇော်သက္ကာများ ဤသို့ ဖြုန်းတီးခြင်းနှင့် အလဟဿဖြစ်စေခြင်းတို့ကို ခံရသည့်အခါ သင်သည် တစ်နည်းနည်းဖြင့် သတိမထားမိသည့်အပြင်၊ လုံးဝ စိတ်မကောင်းမဖြစ်ပေ။ ယင်းက သင်၏ ဘုရားသခင်အပေါ်ထားသော ချစ်ခြင်းနှင့် ကြောက်ရွံ့ခြင်းကို မေးခွန်းထုတ်စရာ ဖြစ်စေသည် မဟုတ်လော။ (ဖြစ်စေပါသည်။) ဘုရားသခင်အပေါ်ထားသော သင်၏ ချစ်ခြင်းနှင့် ကြောက်ရွံ့ခြင်းကို မဆိုထားနှင့်၊ သင်၏ယုံကြည်ခြင်းပင်လျှင် မေးခွန်းထုတ်စရာ ဖြစ်သည်။ ဘုရားသခင်အပေါ်ထားသော သင်၏ ချစ်ခြင်းနှင့် ကြောက်ရွံ့ခြင်းသည် ခိုင်လုံမှုမရှိပေ။ ယင်းမှာ အခြေအမြစ်မရှိပေ။ ပူဇော်သက္ကာများကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သော ဝတ္တရားတစ်ခုဖြစ်ပြီး ၎င်းတို့၏ ရှောင်လွှဲမရသော တာဝန်လည်း ဖြစ်သည်။ အကယ်၍ ပူဇော်သက္ကာများကို ကောင်းမွန်စွာ စောင့်ရှောက်ကာကွယ်ထားခြင်းမရှိပါက ယင်းမှာ ၎င်းတို့ဘက်မှ တာဝန် ပျက်ကွက်ခြင်း ဖြစ်သည်။ ပူဇော်သက္ကာများကို ညံ့ဖျင်းစွာ ကာကွယ်စောင့်ရှောက်သူအားလုံးသည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များပင် ဖြစ်ကြသည်ဟု ဆိုနိုင်ပေသည်။
၄။ ပူဇော်သက္ကာများ၏ ရှိရာနေရာများအပြင် ၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်သူများ၏ အခြေအနေအမျိုးမျိုးကို ချက်ချင်းစုံစမ်းသိရှိခြင်း
ပူဇော်သက္ကာများ၏ အသုံးစရိတ်အခြေအနေကို စစ်ဆေးခြင်းနှင့် ကျိုးကြောင်းမဆီလျော်သော အသုံးစရိတ်များကို ဖြေရှင်းခြင်းအပြင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် နောက်ထပ် အရေးကြီးဆုံး အလုပ်တာဝန်တစ်ခု ရှိသည်။ ၎င်းတို့သည် ပူဇော်သက္ကာများ၏ ရှိရာနေရာအပြင်၊ ၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်သူများ၏ အခြေအနေအမျိုးမျိုးကို ချက်ချင်းသိရှိအောင် လုပ်ဆောင်ရမည်။ ဤသို့ပြုလုပ်ရခြင်း၏ ရည်မှန်းချက်မှာ ဆိုးယုတ်သောလူများ၊ မသမာသော အကြံအစည်များ ထားရှိသောလူများနှင့် ငမ်းငမ်းတက်လိုချင်သော စိတ်နှလုံးများရှိသောလူများက ပူဇော်သက္ကာများကို သိမ်းပိုက်ရန် သတိမမူမိခြင်းများကို အသုံးမချနိုင်စေရန် ဖြစ်သည်။ အချို့လူများသည် ဘုရားအိမ်တော်တွင် ပစ္စည်းများစွာရှိသည်ကိုလည်းကောင်း၊ အချို့ပစ္စည်းများမှာ စောင့်ကြည့်သူ သို့မဟုတ် မှတ်တမ်းတင်သူမရှိသည်ကိုလည်းကောင်း မြင်သောအခါ၊ ထိုအရာများကို မည်သည့်အချိန်တွင် မိမိတို့၏ ကိုယ်ပိုင် သီးသန်း ပိုင်ဆိုင်မှုပစ္စည်း ဖြစ်စေပြီး မိမိတို့အတွက် အသုံးပြုရမည်ကို အမြဲတမ်း စဉ်းစားနေကြသည်။ ဤကဲ့သို့သောလူများသည် နေရာတိုင်းတွင် ရှိသည်။ အချို့လူများသည် အပေါ်ယံအားဖြင့် အခြားသူများကို အခွင့်ကောင်းမယူတတ်ပုံရပြီး ရုပ်ဝတ္ထုပစ္စည်းများ သို့မဟုတ် ငွေကြေးကို လိုချင်တပ်မက်မှု ကြီးမားပုံမရသော်လည်း၊ ယင်းမှာ အခြေအနေနှင့် အနေအထားများ မမှန်ကန်သောကြောင့် ဖြစ်သည်။ အကယ်၍ ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ရန် ၎င်းတို့၏လက်ထဲသို့ အမှန်တကယ် ထည့်လိုက်ပါက ၎င်းတို့ ကောင်းစွာ သိမ်းပိုက်ကောင်း သိမ်းပိုက်သွားနိုင်သည်။ အချို့က “သို့သော် ၎င်းတို့သည် ယခင်က အလွန်ကောင်းသောလူများ ဖြစ်ခဲ့ကြသည်။ ၎င်းတို့သည် ငမ်းငမ်းတက် မလိုချင်ခဲ့ကြသည့်အပြင် ကိုယ်ကျင့်တရားလည်း အတော်အသင့်ကောင်းခဲ့သည်။ သို့ဖြစ်လျှင် ပူဇော်သက္ကာ အနည်းငယ်ကို ၎င်းတို့၏လက်ထဲသို့ ထည့်လိုက်ရုံမျှက အဘယ်ကြောင့် ၎င်းတို့ကို ဖော်ထုတ်လိုက်သနည်း”ဟု မေးကြသည်။ ဤသည်မှာ သင်သည် ဤလူများနှင့် အချိန်များစွာ အတူမနေခဲ့ခြင်း၊ ၎င်းတို့ကို နက်နက်ရှိုင်းရှိုင်း နားမလည်ခဲ့ခြင်း၊ ၎င်းတို့၏ သဘာဝ အနှစ်သာရကို ထွင်းဖောက်မမြင်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤသို့သောလူစားမျိုးဖြစ်သည်ကို သင် စောစီးစွာ သဘောပေါက်ခဲ့မည်ဆိုလျှင် ပူဇော်သက္ကာများသည် ဆိုးယုတ်သောလူများ၏ သိမ်းပိုက်ခြင်းကို ခံရမည့် ကံအကြောင်းမလှသည့်ဖြစ်ရပ်နှင့်ကင်းလွတ်မည်ဖြစ်သည်။ သို့ဖြစ်၍၊ ပူဇော်သက္ကာများ ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်ခြင်းကို တားဆီးရန်အလို့ငှာ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် နောက်ထပ် ပို၍အရေးကြီးသော တာဝန်တစ်ခုရှိသည်။ ပူဇော်သက္ကာများ၏ ရှိရာနေရာနှင့် ၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်သူများ၏ အခြေအနေအမျိုးမျိုးကို ချက်ချင်းသိရှိပြီး အခြေအနေအရပ်ရပ်ကို အမြဲမပြတ်သိရှိနေရန် ဖြစ်သည်။ တစ်စုံတစ်ဦးသည် စီမံခန့်ခွဲရန် ယွမ်ငွေ ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းအနည်းငယ်ကို လက်ဝယ်ပိုင်ဆိုင်သည်ဆိုပါစို့။ အကယ်၍ ၎င်းတို့တွင် အသိစိတ်အနည်းငယ်ရှိပါက အလွဲသုံးစားလုပ်မည်မဟုတ်ပေ။ သို့သော် သောင်းချီ သို့မဟုတ် သိန်းချီရှိပါက လူအများစုကို အားကိုး၍မရနိုင်တော့ပေ။ ဤသည်မှာ အန္တရာယ်ရှိလာပြီး ၎င်းတို့၏ စိတ်နှလုံးများ ပြောင်းလဲသွားနိုင်သည်။ ၎င်းတို့၏ စိတ်နှလုံးများ မည်သို့ ပြောင်းလဲသွားနိုင်သနည်း။ ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းအနည်းငယ်သည် လူတစ်ဦး၏စိတ်နှလုံးကို မယိမ်းယိုင်စေနိုင်သော်လည်း သောင်းချီ သို့မဟုတ် သိန်းချီလာသောအခါ ၎င်းတို့၏စိတ်နှလုံးသည် အလွယ်တကူ ယိမ်းယိုင်သွားနိုင်သည်။ “ငါသည် ဘဝပေါင်းများစွာပင် ဤမျှလောက် ရှာဖွေနိုင်မည်မဟုတ်၊ ယခုမူ ဤငွေသည် ငါ့လက်ထဲတွင် ရှိနေသည်။ အကယ်၍ ဤငွေသည် ငါ့အပိုင်ဖြစ်ခဲ့မည်ဆိုလျှင် မည်မျှ ပိုကောင်းသွားမည်နည်း”ဟူ၍ ဖြစ်သည်။ ၎င်းတို့က အချိန်ယူစဉ်းစားသည်။ “ဤအတွေးများနှင့်ပတ်သက်၍ ငါ အပြစ်ရှိသည်ဟု မခံစားရပါ။ သို့ဆိုလျှင် ဘုရားတစ်ပါး အမှန်တကယ် ရှိသလော၊ မရှိသလော။ ဘုရား အဘယ်မှာနည်း။ ငါ ဤအတွေးများရှိသည်ကို မည်သူမျှမသိသည်မှာ အမှန်ပင် မဟုတ်လော။ မည်သူမျှမသိ၊ ငါ အပြစ်ရှိသည်ဟု ငါ မခံစားရ၊ စိတ်မကောင်းလည်းမဖြစ်ပါ။ ဤသည်မှာ ဘုရားမရှိဟု ဆိုလိုသလော။ သို့ဆိုလျှင် ဤငွေကို ငါ ကိုယ်တိုင်အတွက် ငါ ယူလိုက်ပါက အပြစ်ဒဏ် သို့မဟုတ် ဒဏ်ခတ်ခြင်း တစ်ခုတလေကို ရင်ဆိုင်ရလိမ့်မည်မဟုတ်လော။ မည်သည့်အကျိုးဆက်မျှ မရှိဘဲ နေလိမ့်မည်လော”ဟူ၍ ဖြစ်သည်။ ဤသူ၏စိတ်နှလုံးသည် ပြောင်းလဲသည့် ဖြစ်စဉ်တွင် ရှိသည် မဟုတ်လော။ ၎င်းတို့၏လက်ထဲရှိ ပူဇော်သက္ကာများသည် အန္တရာယ်ရှိသည် မဟုတ်လော။ (ရှိပါသည်။) ထို့အပြင်၊ ပူဇော်သက္ကာများကို စီမံခန့်ခွဲသော အချို့လူများသည် အလွန်တော်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ရှိပြီး မိမိတို့၏လုပ်ဆောင်ချက်များတွင် သစ္စာစောင့်သိကြသည်။ သင်သည် ၎င်းတို့ကို ယွမ်ငွေ သောင်းချီ သို့မဟုတ် သိန်းချီ အနည်းငယ်ကို စောင့်ရှောက်ခိုင်းလျှင်ပင် ၎င်းတို့သည် ကောင်းမွန်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး အလွဲသုံးစားမလုပ်ကြောင်း အာမခံနိုင်သည်။ သို့သော် ၎င်းတို့၏မိသားစုများတွင် ဘာသာတရားမရှိသူ အနည်းငယ်ရှိပြီး ထိုလူများသည် ငွေကိုမြင်သောအခါ ဝံပုလွေတစ်ကောင်က သူ့သားကောင်ကို မြင်လိုက်သည့်အလား မျက်လုံးနီလာသည်။ သောင်းချီသို့မဟုတ် သိန်းချီကို ထားလိုက်လော့။ ယွမ်ငွေတစ်ထောင်ကို မြင်လျှင်ပင် မိမိတို့အိတ်ကပ်ထဲသို့ ထည့်ကြလိမ့်မည်။ မည်သူ့ငွေဖြစ်သည်ကို ၎င်းတို့ ဂရုမစိုက်ကြပေ။ အိတ်ကပ်ထဲသို့ ထည့်နိုင်သူက မည်သူမဆို ပိုင်ဆိုင်သည်၊ အရင်လုယူနိုင်သူက ပိုင်ဆိုင်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ အကယ်၍ ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်နေသူတစ်ဦး၏ ပတ်ဝန်းကျင်တွင် ဤကဲ့သို့သော ဆိုးယုတ်သည့်ဝံပုလွေများ ရှိနေပါက ပူဇော်သက္ကာများသည် အချိန်မရွေး၊ နေရာမရွေး သိမ်းပိုက်ခြင်းခံရမည့် အန္တရာယ်တွင် ရှိနေသည် မဟုတ်လော။ ထိုသို့သောအခြေအနေ ဖြစ်ပျက်နိုင်သလော။ (ဖြစ်ပျက်နိုင်ပါသည်။) အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပေါ့ဆပြီး တာဝန်ယူစိတ်မရှိသည့်အပြင်၊ ထိုသို့သော အန္တရာယ်ရှိသည့်အခြေအနေတွင် ပူဇော်သက္ကာများ ရှိနေသည့်အခါ သတိပင်မထားမိပါက သို့မဟုတ် စုံစမ်းမေးမြန်းခြင်းနှင့် စစ်ဆေးခြင်းတို့ကို မလုပ်ဆောင်ပါက အန္တရာယ်ရှိသည် မဟုတ်လော။ အချိန်မရွေး၊ နေရာမရွေး တစ်စုံတစ်ခု မှားယွင်းသွားနိုင်သည်။ နောက်ထပ် အခြေအနေတစ်မျိုး ရှိသေးသည်။ အချို့ထိန်းသိမ်းစောင့်ရှောက်သူများသည် မိမိတို့အိမ်များတွင် ငွေနှင့် ပစ္စည်းအမျိုးမျိုးကို ကာကွယ်စောင့်ရှောက်ကြပြီး ညီအစ်ကိုမောင်နှမများနှင့် ခေါင်းဆောင်များ၊ အမှုဆောင်များကိုလည်း ဧည့်ခံကြသည်။ ဤသည်မှာ ယာယီအားဖြင့် အတော်အတန် ဘေးကင်းနိုင်သော်လည်း ရေရှည်တွင် ပူဇော်သက္ကာများကို ထိုနေရာတွင် ထားရှိရန် သင့်လျော်သလော။ (မသင့်လျော်ပါ။) ယင်းတို့ကို ကာကွယ်စောင့်ရှောက်သူသည် သင့်တော်လျှင်ပင် ပတ်ဝန်းကျင်နှင့် အခြေအနေများက လုံးဝမသင့်တော်ပေ။ ၎င်းတို့ ဧည့်ခံနေသောလူများကို ဖယ်ရှားခြင်းကိုဖြစ်စေ၊ ပူဇော်သက္ကာများကို ရွှေ့ပြောင်းခြင်းကိုဖြစ်စေ ပြုလုပ်ရမည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို စစ်ဆေးခြင်းမပြုသည့်အပြင်၊ ထိုအရာနှင့်စပ်လျဉ်း၍ မိမိတို့၏တာဝန်ကိုလည်း မဖြည့်ဆည်းပါက နေရာမရွေး၊ အချိန်မရွေး တစ်စုံတစ်ခု မှားယွင်းသွားနိုင်သည်။ ပူဇော်သက္ကာများသည် နေရာမရွေး၊ အချိန်မရွေး ဆုံးရှုံးမှုများကို ခံစားရပြီး ဆိုးယုတ်သော နတ်ဆိုးများ၏ လက်ထဲသို့ ကျရောက်သွားနိုင်သည်။ နောက်ထပ်အခြေအနေတစ်မျိုး ရှိသေးသည်။ အချို့အသင်းတော်များသည် လူများ မကြာခဏ အဖမ်းခံရသည့် ရန်လိုသော ပတ်ဝန်းကျင်များတွင် ရှိနေပြီး၊ ဤအကြောင်းကြောင့် ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ထားသည့် အိမ်များ၏ တည်နေရာများ သစ္စာဖောက်ခံရကာ အဆင်းနီသော နဂါးကြီး၏ ဝင်ရောက်စီးနင်းခြင်းနှင့် ရှာဖွေခြင်းတို့ကို ခံရမည့် အခွင့်အရေးများသည်။ ပူဇော်သက္ကာများသည် အချိန်မရွေး ဆိုးယုတ်သော နတ်ဆိုးများ၏ လုယက်ခြင်းကို ခံရနိုင်သည်။ ထိုသို့သောနေရာများသည် ပူဇော်သက္ကာများကို သိုလှောင်ရန် သင့်လျော်သလော။ (မသင့်လျော်ပါ။) သို့ဆိုလျှင် ယင်းတို့ကို ထိုနေရာတွင် ထားနှင့်ပြီးဖြစ်ပါက မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ချက်ချင်းရွှေ့ပြောင်းလော့။ အချို့ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏တာဝန်ကို မဖြည့်ဆည်းသည့်အပြင်၊ လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ဤအရာများကို ကြိုတင်မျှော်မှန်းနိုင်ခြင်းမရှိ သို့မဟုတ် စဉ်းစားနိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် ယင်းတို့နှင့်ပတ်သက်၍ သတိမထားမိကြသည့်အပြင်၊ တစ်စုံတစ်ခု မှားယွင်းသွားပြီး ပူဇော်သက္ကာများက မကောင်းဆိုးဝါး နတ်ဆိုးများ၏ လုယက်ခြင်းကို ခံရသည့်အခါမှသာ “ထိုစဉ်အချိန်က ငါတို့ ရွှေ့ခဲ့သင့်သည်”ဟု တွေးကာ ဤသို့သာ နောင်တအနည်းငယ် ခံစားကြသည်။ သို့သော် မည်သည့်အရာမျှ မှားယွင်းခြင်း မရှိပါက နောက်ထပ်ဆယ်နှစ်ကျော် ကြာသွားပြီး ၎င်းတို့သည် ပူဇော်သက္ကာများကို ရွှေ့မည်မဟုတ်သေးပေ။ ဤကိစ္စကြောင့် မည်သည့်ည့် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်နိုင်သည်ကို ၎င်းတို့ မမြင်နိုင်သည့်အပြင်၊ အရေးကြီးမှုနှင့် အရေးပေါ်လိုအပ်မှုအပေါ် အခြေခံ၍ အမှုအရာများကို ဦးစားပေးနိုင်ခြင်းလည်း မရှိကြပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုအခြေအနေကို ကြုံတွေ့ရသည့်အခါ ရှင်းလင်းသော နားလည်မှုတစ်ခု ရှိသင့်သည်။ “ပူဇော်သက္ကာများကို သိုလှောင်ထားသည့် နေရာများထဲမှ တစ်ခုသည် မသင့်လျော်ပါ။ ပတ်ဝန်းကျင်က အလွန်အန္တရာယ်များပြီး ညီအစ်ကိုမောင်နှမ အတော်များများ အနီးအနားတွင် အဖမ်းခံရခြင်း၊ နောက်ယောင်ခံလိုက်ခံရခြင်း သို့မဟုတ် စောင့်ကြည့်ခံရခြင်းတို့ ခံကြရပြီးဖြစ်သည်။ ပူဇော်သက္ကာများကို ထိုနေရာမှ ထုတ်ရန် နည်းလမ်းတစ်ခု စဉ်းစားဖို့ လိုအပ်သည်။ ယင်းတို့ကို ထိုနေရာတွင်ထားပြီး လုယက်ခံရမည်ကို စောင့်ဆိုင်းနေခြင်းထက် အတော်အတန် ဘေးကင်းသောနေရာသို့ ရွှေ့ပြောင်းခြင်းက ပိုကောင်းသော လုပ်ရပ်ဖြစ်လိမ့်မည်။” ပြဿနာတစ်ခု ဖြစ်ပွားပြီး ပူဇော်သက္ကာများ အန္တရာယ်ကျရောက်နေသည်ကို ၎င်းတို့ ကြိုမြင်သည့်အခါ၊ အဆင်းနီသော နဂါးကြီး၊ ဆိုးယုတ်သောနတ်ဆိုး၏ သိမ်းပိုက်ခြင်းနှင့် ဝါးမြိုခြင်းကို မခံရစေရန် ယင်းတို့ကို ချက်ချင်းရွှေ့ပြောင်းသင့်သည်။ ဤသည်မှာ ပူဇော်သက္ကာများ၏ ဘေးကင်းမှုကို သေချာစေရန်နှင့် မထင်မှတ်ဘဲ ကျရောက်နိုင်သော အန္တရာယ်တစ်ခုတလေ သို့မဟုတ် ချော်ချွတ်မှု တစ်ခုတလေ မဖြစ်ပေါ်စေရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သော အလုပ်ဖြစ်သည်။ အန္တရာယ်၏ အရိပ်အယောင် အနည်းငယ်မျှ ရှိသည်နှင့်တစ်ပြိုင်နက်၊ တစ်စုံတစ်ဦး အဖမ်းခံရသည်နှင့်တစ်ပြိုင်နက်၊ ပြဿနာတစ်ခု ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များ၊ အမှုဆောင်များ၏ ပထမဆုံးအတွေးမှာ ပူဇော်သက္ကာများ ဘေးကင်းလုံခြုံမှုရှိမရှိ၊ ယင်းတို့သည် ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်သွားနိုင်ခြင်းရှိမရှိ သို့မဟုတ် ၎င်းတို့၏ သိမ်းပိုက်ခြင်းကို ခံရနိုင်ခြင်း ရှိမရှိ သို့မဟုတ် ဆိုးယုတ်သော နတ်ဆိုးများ၏ လုယက်ခြင်းကို ခံရနိုင်ခြင်း ရှိမရှိ၊ ပူဇော်သက္ကာများ ဆုံးရှုံးမှု တစ်ခုတလေ ခံစားရခြင်းရှိမရှိ ဟူသည်တို့ ဖြစ်သင့်သည်။ ၎င်းတို့သည် ပူဇော်သက္ကာများကို ကာကွယ်ရန် အစီအမံများကို ချက်ချင်း ပြုလုပ်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။ အချို့ခေါင်းဆောင်များနှင့် အမှုဆောင်များက “ဤအရာများကို လုပ်ဆောင်ခြင်းသည် ကျွန်ုပ်တို့အား စွန့်စားမှုများ ပြုလုပ်ရန် လိုအပ်သည်။ ကျွန်ုပ်တို့ မလုပ်ဘဲနေ၍ရသလော။ လူတို့သည် ကျွန်ုပ်တို့၏ ဦးစားပေးဖြစ်ရမည်ဖြစ်ပြီး၊ ဆိုလိုသည်မှာ ပူဇော်သက္ကာများကို ဦးစားမပေးဘဲ လူကိုသာ ဦးစားပေးသင့်သည် မဟုတ်လော” ဟု ပြောကောင်းပြောနိုင်သည်။ ၎င်းတို့၏မေးခွန်းကို သင်မည်သို့ထင်သနည်း။ ဤလူများတွင် လူ့သဘာဝ ရှိသလော။ (မရှိပါ။) ပူဇော်သက္ကာများကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ခြင်း၊ ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းနှင့် ကောင်းမွန်စွာ စောင့်ကြည့်ခြင်း၊ ဤအရာများသည် ဘဏ္ဍာထိန်းကောင်းတစ်ဦး ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများ ဖြစ်သည်။ ပို၍လေးနက်စွာပြောရလျှင် သင်၏အသက်ကို စတေးရလျှင်ပင် ယင်းမှာ ထိုက်တန်ပြီး သင်လုပ်ဆောင်သင့်သောအရာ ဖြစ်သည်။ ယင်းမှာ သင်၏တာဝန်ဖြစ်သည်။ လူတို့သည် “ဘုရားသခင်အတွက် သေခြင်းသည် ထိုက်တန်သောသေခြင်းဖြစ်သည်”ဟု အမြဲတမ်း ဟစ်ကြွေးကြသည်။ လူတို့အနေဖြင့် ဘုရားသခင်အတွက် အမှန်တကယ် သေရန် လိုလားကြသလော။ ယခု သင့်ကို ဘုရားသခင်အတွက် သေရန် တောင်းဆိုနေခြင်းမဟုတ်၊ ပူဇော်သက္ကာများကို လုံခြုံစွာ ကာကွယ်စောင့်ရှောက်ရန် အနည်းငယ် စွန့်စားရန်သာ လိုအပ်ခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် သင်လိုလားသလော။ သင်က “ကျွန်ုပ်လိုလားပါသည်” ဟု ဝမ်းသာအားရ ပြောသင့်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လူနှင့်ဆိုင်သည့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် သတ်မှတ်ချက်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းမှာ သင်၏ ရှောင်လွှဲ၍မရသော တာဝန်ဖြစ်ပြီး ယင်းမှ ရုန်းထွက်ရန် သင် မကြိုးစားသင့်ပေ။ ဘုရားသခင်အတွက် သေမည်ဟု သင် အခိုင်အမာဆိုထားသည်ကို ထောက်သော်၊ ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ရန် အဘယ်ကြောင့် သင်သည် အဖိုးအခအနည်းငယ်ပေးပြီး အနည်းငယ် မစွန့်စားနိုင်ရသနည်း။ ယင်းမှာ သင်လုပ်ဆောင်သင့်သောအရာ မဟုတ်လော။ အကယ်၍ သင်သည် လက်တွေ့ကျသောအရာတစ်ခုမျှ မလုပ်ဆောင်ဘဲ ဘုရားသခင်အတွက် သေခြင်းအကြောင်း အမြဲတမ်း ဟစ်ကြွေးနေပါက ဤစကားများသည် အနှစ်မဲ့သည် မဟုတ်လော။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ခြင်းအလုပ်အပေါ် စင်ကြယ်သော သိနားလည်မှုတစ်ခု ရှိသင့်ပြီး ဤတာဝန်ကိုလည်း ထမ်းရွက်သင့်သည်။ ၎င်းတို့သည် ယင်းကို မရှောင်ရှားသင့်၊ မရှောင်ကြဉ်သင့်သည့်အပြင်၊ မိမိတို့၏တာဝန်မှလည်း မတွန့်ဆုတ်သင့်ပေ။ သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်သည့်အတွက် ဤအလုပ်သည် သင် ထမ်းရွက်ရန် တာဝန်ရှိသည့် ဝန်တစ်ရပ်ပင် ဖြစ်သည်။ ယင်းမှာ အရေးကြီးသောအလုပ်ဖြစ်သည်။ သင်သည် စွန့်စားမှုအချို့ကို လုပ်ဆောင်လျှင်ပင်၊သင်၏အသက်ကို စတေးရနိုင်လျှင်ပင် ယင်းကို သင်လုပ်ဆောင်လိုသလော။ သင် လုပ်ဆောင်သင့်သလော။ (လုပ်ဆောင်သင့်ပါသည်။) သင်သည် ယင်းကို လုပ်ဆောင်လိုသင့်သည်၊ ဤတာဝန်ကို သင်မစွန့်လွှတ်ရပေ။ ဤသည်မှာ လူနှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်နှင့် လူကို ဘုရားသခင်ပေးသော တာဝန်ပေးစေခိုင်းချက် ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အနိမ့်ဆုံး သတ်မှတ်ချက်နှင့် တာဝန်ပေးစေခိုင်းချက်ကို သင့်အား ပြောပြခဲ့ပြီးဖြစ်သည်။ အကယ်၍ သင်သည် ယင်းကိုပင် လုပ်ဆောင်ရန် မလိုလားပါက မည်သည့်အရာကို လုပ်နိုင်သနည်း။
ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် သုံးစွဲခြင်းအလုပ်အား တတ်နိုင်သမျှ စေ့စေ့စပ်စပ်နှင့် တိတိကျကျ လုပ်ဆောင်သင့်သည်။ ၎င်းတို့သည် ယင်းကို ပေါ့ပေါ့မလုပ်ဆောင်သင့်သည့်အပြင်၊ သာ၍ မသင့်တော်သည်မှာ ယင်းကို အခြားသူတစ်ဦး၏ကိစ္စကဲ့သို့ သဘောထားပြီး တာဝန်ကို စွန့်လွှတ်ခြင်းပင် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဆိုးယုတ်သောလူများနှင့် လူ့သဘာဝ ညံ့ဖျင်းသောလူများက သတိမမူမိခြင်းများကို အခွင့်ကောင်းယူပြီး ဖျက်ဆီးခြင်းမရှိအောင် ကာကွယ်ရန် ဤအရာများနှင့်ပတ်သက်၍ ကိုယ်တိုင်စိစစ်ခြင်း၊ ပါဝင်ပတ်သက်ခြင်း၊ စုံစမ်းမေးမြန်းခြင်းတို့ကို ပြုလုပ်သင့်ပြီး ကိုယ်တိုင်ပင် ကိုင်တွယ်သင့်သည်။ သင်သည် ဤအလုပ်ကို ပို၍စေ့စေ့စပ်စပ်လုပ်ဆောင်လေ၊ ဆိုးယုတ်သောလူများနှင့် လူဆိုးများက သတိမမူမိခြင်းများကို အခွင့်ကောင်းယူရန် အခွင့်အရေး ပိုနည်းလေဖြစ်မည်။ သင်၏ စုံစမ်းမေးမြန်းမှုများ ပို၍အသေးစိတ်ကျပြီး သင်၏စီမံခန့်ခွဲမှု ပို၍တင်းကျပ်လေ၊ ကျိုးကြောင်းမဆီလျော်သော အသုံးစရိတ်များ၊ ဖြုန်းတီးခြင်းနှင့် အလဟဿဖြစ်စေခြင်း သာဓကများ ပိုနည်းလေ ဖြစ်လိမ့်မည်။ အချို့က “ဤအရာကို လုပ်ဆောင်ခြင်းသည် ဘုရားအိမ်တော်အတွက် ငွေကိုချွေတာခြင်းအကြောင်း ဖြစ်သလော။ ဘုရားအိမ်တော်တွင် ရန်ပုံငွေ နည်းပါးနေသလော။ အကယ်၍ နည်းပါးနေပါက ကျွန်ုပ် နောက်ထပ် ပူဇော်ဆက်ကပ်ပါမည်”ဟု ပြောကြသည်။ ယင်းမှာ ဖြစ်ပျက်နေသည့်အရာလော။ (မဟုတ်ပါ။) ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားဖြစ်သည်၊ ယင်းမှာ လူနှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်ဖြစ်ပြီး၊ ဤအလုပ်ကို လုပ်ဆောင်ရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ လိုက်နာရမည့် စည်းမျဉ်းတစ်ခုဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့်၊ ဘုရားအိမ်တော်တွင် ဘဏ္ဍာစိုး၏အခန်းကဏ္ဍကို ယူထားသူတစ်ဦးအနေဖြင့်၊ ပူဇော်သက္ကာများအပေါ် သင်၏သဘောထားသည် တာဝန်သိတတ်ခြင်းနှင့် တင်းကျပ်စွာ စိစစ်ခြင်း ဖြစ်သင့်သည်၊ သို့မဟုတ်ပါက သင်သည် ဤအလုပ်အတွက် အရည်အချင်းမပြည့်မီပေ။ အကယ်၍ သင်သည် တာဝန်ယူစိတ်ကင်းမဲ့ပြီး သမ္မာတရားကို မလိုက်စားသော သာမန်ယုံကြည်သူတစ်ဦးဖြစ်ပါက၊ ဤအရာများကို လုပ်ဆောင်ရန် လိုအပ်မည်မဟုတ်။ သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်သည်၊ အကယ်၍ သင်၌ ဤတာဝန်ယူစိတ်မရှိပါက သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် မထိုက်တန်သည့်အပြင်၊ ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံလျှင်ပင် သင်သည် တာဝန်မဲ့သော အယောင်ဆောင်ခေါင်းဆောင် သို့မဟုတ် အယောင်ဆောင် အမှုဆောင်တစ်ဦးဖြစ်ပြီး၊ အနှေးနှင့်အမြန် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။ တာဝန်ယူစိတ် လုံးဝကင်းမဲ့သူအားလုံးသည် ဘုရားအိမ်တော်၏အလုပ်ကို လုံးဝမကာကွယ်သောလူများဖြစ်သည်။ ၎င်းတို့အားလုံးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား စိုးစဉ်းမျှပင် မရှိကြပေ။ ထိုသို့သောလူများသည် တာဝန်များကို မည်သို့ ထမ်းဆောင်ရန် ဖြစ်နိုင်မည်နည်း။ ၎င်းတို့အားလုံးသည် အသိတရားမဲ့သော အမှိုက်သရိုက်များဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်ကို ချက်ချင်း စွန့်ခွာပြီး မိမိတို့နှင့်သက်ဆိုင်ရာ လောကသို့ ပြန်သွားသင့်သည်။
အကယ်၍ ကျွန်ုပ်တို့သည် ပူဇော်သက္ကာများနှင့်ပတ်သက်၍ သာမန်အသိပညာအပြင်၊ ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ခြင်းတွင် ပါဝင်သော သမ္မာတရားများနှင့် လူတို့ လက်တွေ့လုပ်ဆောင်သင့်သော စည်းမျဉ်းများအကြောင်းတို့အား ဤကဲ့သို့ မိတ်သဟာယမဖွဲ့ခဲ့ပါက၊ သင်တို့သည် ဤအရာများကို မရှင်းမလင်း ဖြစ်ကြမည်မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် တိကျသော စည်းမျဉ်းများကို ရှင်းလင်းစွာမသိရှိသည့်အခါ၊ ၎င်းတို့သည် မိမိတို့၏တာဝန်အချို့ကို ဖြည့်ဆည်းနိုင်သလော။ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ဖြည့်ဆည်းနေကြပြီးဖြစ်သလော။ လူအများစုသည် “မည်သို့ပင်ဖြစ်စေ၊ ငါသည် ဘုရားသခင်၏ ပူဇော်သက္ကာများကို မတပ်မက်လျှင်၊ အလွဲသုံးစားမလုပ်လျှင် သို့မဟုတ် တလွဲမသုံးစွဲသည့်အပြင်၊ ကောင်းစွာစောင့်ကြည့်ပြီး လူတို့ကို မဆင်မခြင် သုံးစွဲခွင့်မပြုလျှင် လုံလောက်ပြီ”ဟူသော အပေါ့တန်ဆုံးသော သီအိုရီနှင့် စည်းမျဉ်းကို လိုက်လျှောက်နေကြပြီးဖြစ်သည် မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းလော။ ဤသည်မှာ မိမိ၏တာဝန်ကို ဖြည့်ဆည်းခြင်းလော။ (မဟုတ်ပါ။) အကယ်၍ လူအများစု၏ အသိပညာသည် ဤစံနှုန်းထက် မကျော်လွန်ပါက ဤအကြောင်းအရာကို အမှန်တကယ် မိတ်သဟာယဖွဲ့ထိုက်ပေသည်။ ဤမိတ်သဟာယမှတစ်ဆင့်၊ ပူဇော်သက္ကာများအား မည်သို့ ကာကွယ်စောင့်ရှောက်ရမည်ဟူသည်နှင့် ယင်းတို့အား ကာကွယ်စောင့်ရှောက်ရာတွင် သင်တို့ရှိသင့်သော သဘောထားနှင့် အသိပညာအကြောင်းကို ယခု သင်တို့ အနည်းငယ်ပို၍ သဘောပေါက်နားလည်လာပြီလော။ (နားလည်လာပါပြီ။) ပူဇော်သက္ကာများနှင့် သက်ဆိုင်သော သမ္မာတရားများနှင့် ပူဇော်သက္ကာများကို မည်သို့သဘောထားပြီး စီမံခန့်ခွဲရမည်ဟူသည်နှင့် သက်ဆိုင်သော စည်းမျဉ်းများအကြောင်း ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အပြီးသတ်ပါမည်။
ပူဇော်သက္ကာများနှင့် စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်များ၏ သဘောထားများနှင့် သရုပ်သကန်များ
၁။ ပူဇော်သက္ကာများကို ဘုံပိုင်ပစ္စည်းအဖြစ် သဘောထားခြင်း
ဆက်လက်၍၊ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှ အချက်ဆယ့်တစ်နှင့်စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်များကို ရိုးရှင်းစွာ ဖော်ထုတ်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းတစ်ခုကို ငါတို့ ဆောင်ရွက်ကြမည်။ ပူဇော်သက္ကာများအပေါ် ၎င်းတို့၏ သဘောထားတွင်လည်းကောင်း၊ ပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့တွင်လည်းကောင်း အယောင်ဆောင်ခေါင်းဆောင်များ၌ မည်သည့်သရုပ်သကန်များ ရှိသည်ကို ငါတို့ ကြည့်ရှုကြမည်။ ပထမဆုံး သရုပ်သကန်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် ပူဇော်သက္ကာများအကြောင်း တိကျသော သိနားလည်မှု ကင်းမဲ့ခြင်း ဖြစ်သည်။ ၎င်းတို့က “ပူဇော်သက္ကာများသည် အမည်ခံအားဖြင့် ဘုရားထံ ပူဇော်ခြင်းဖြစ်သော်လည်း အမှန်တကယ်တွင်မူ အသင်းတော်ထံ ပူဇော်ခြင်း ဖြစ်သည်။ ဘုရားက မည်သည့်နေရာတွင် ရှိသည်ကို ငါတို့ မသိသည့်အပြင် မည်သို့ပင်ဖြစ်စေ သူသည် ပစ္စည်းများစွာကို အသုံးမပြုနိုင်ပါ။ ဤပူဇော်သက္ကာများသည် အမည်ခံအနေဖြင့်သာ ဘုရားထံ ပူဇော်ခြင်း ဖြစ်သည်။ အမှန်တကယ်တွင်မူ ယင်းတို့ကို အသင်းတော်နှင့် ဘုရားအိမ်တော်ထံ ပူဇော်ခြင်းဖြစ်ပြီး သတ်မှတ်ထားသည့် မည်သည့်လူတစ်ဦးတစ်ယောက်ကိုမျှ အတိအလင်း ပူဇော်ခြင်း မဟုတ်ပေ။ အသင်းတော်နှင့် ဘုရားအိမ်တော်သည် လူအားလုံးအတွက် အစားထိုးသုံးသည့် စကားလုံးများဖြစ်ပြီး ဤအရာ၏ သွယ်ဝိုက်သောအဓိပ္ပာယ်မှာ ပူဇော်သက္ကာများသည် လူတိုင်း၏ပစ္စည်းများဖြစ်ကာ လူတိုင်း၏ပစ္စည်းများသည် ဘုံပိုင်ဆိုင်မှု ဖြစ်သည်ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ ပူဇော်သက္ကာများသည် ညီအစ်ကိုမောင်နှမအားလုံးနှင့် သက်ဆိုင်သော ဘုံပိုင်ဆိုင်မှု ဖြစ်သည်”ဟု ယုံကြည်ကြသည်။ ဤသိနားလည်မှုသည် တိကျမှန်ကန်သလော။ မမှန်ကန်သည်မှာ အတော်လေး သိသာထင်ရှားသည်။ ထိုသို့သော သိနားလည်မှုရှိသည့် လူတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိသည် မဟုတ်လော။ ၎င်းတို့သည် ပူဇော်သက္ကာများကို တပ်မက်သောလူများ မဟုတ်လော။ ပူဇော်သက္ကာများကို တပ်မက်သော စိတ်နှလုံးများနှင့် သိမ်းပိုက်လိုသော ဆန္ဒရှိသည့်လူများသည် ပူဇော်သက္ကာများနှင့် ပတ်သက်လာသည့်အခါ ဤနည်းလမ်းနှင့် ဤအမြင်ကို အသုံးပြုကြသည်။ သိသာထင်ရှားစွာပင်၊ ၎င်းတို့သည် ပူဇော်သက္ကာများကို မျက်စိကျနေပြီး မိမိတို့ကိုယ်ပိုင် ပျော်ရွှင်ခြင်းအတွက် ယင်းတို့ကို အပိုင်စီးလိုကြပေသည်။ ဤသည်တို့မှာ မည်သည့် သတ္တဝါမျိုးများဖြစ်ကြနည်း။ ၎င်းတို့သည် ယုဒနှင့် အမျိုးအစားတူသည် မဟုတ်လော။ သို့ဖြစ်၍ ဤခေါင်းဆောင် သို့မဟုတ် အမှုဆောင်မျိုးသည် ဘုရားသခင်၏ ပူဇော်သက္ကာများကို အသင်းတော်၏ ဘုံပိုင်ဆိုင်မှုအဖြစ် မှတ်ယူသည်။ ၎င်းတို့သည် စိတ်နှလုံးထဲတွင် ဤသဘောထားမျိုးကို ထားရှိကြသည်။ ၎င်းတို့သည် ပူဇော်သက္ကာများကို အလေးအနက် မစောင့်ရှောက်ကြပေ၊ သို့မဟုတ် ကျိုးကြောင်းဆီလျော်စွာနှင့် တာဝန်သိစွာ စီမံခန့်ခွဲခြင်း မရှိကြပေ၊ ထိုအစား ၎င်းတို့သည် ပူဇော်သက္ကာများကို စည်းမျဉ်းများကင်းမဲ့လျက် သဘောရှိ၊ အရှက်မရှိစွာနှင့် လုံးဝ အထိန်းအကွပ်မဲ့သော နည်းလမ်းဖြင့် အသုံးပြုကြသည်။ ၎င်းတို့သည် မည်သူ့ကိုမဆို အသုံးပြုခွင့်ပြုပြီး မည်သူ၏ “ရာထူး” က ပိုကြီးသည်ဖြစ်စေ၊ မည်သူ၏ အဆင့်အတန်းက ပိုမြင့်သည်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကြားတွင် မည်သူက ဂုဏ်သိက္ခာရှိသည်ဖြစ်စေ ဦးစားပေး ပိုင်ဆိုင်ခွင့်နှင့် အသုံးပြုခွင့် ရကြသည်။ ယင်းမှာ မန်နေဂျာများ၊ စက်ရုံဒါရိုက်တာများနှင့် ဥက္ကဋ္ဌများ အသုံးပြုရန်အတွက် ကုမ္ပဏီကားများနှင့် ကောင်းမွန်သော၊ အဆင့်မြင့်သော ပစ္စည်းများ ရှိသည့် လူ့အဖွဲ့အစည်း၏ ကုမ္ပဏီများနှင့် စက်ရုံများတွင်ကဲ့သို့ပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ပူဇော်သက္ကာများနှင့် ပတ်သက်၍လည်း ဖြစ်သင့်သည့်ပုံစံဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်၊ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဖြစ်သော မည်သူမဆိုသည် ဘုရားအိမ်တော်၏ တန်ဖိုးကြီး ပစ္စည်းများကို မွေ့လျော်ခံစားရာတွင်၊ ဘုရားသခင်ထံ ပူဇော်ထားသော ပူဇော်သက္ကာများကို မွေ့လျော်ခံစားရာတွင် ဦးစားပေးမှုရှိသည်ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ ခေါင်းဆောင်နှင့် အမှုဆောင်ဖြစ်ခြင်းကို အကြောင်းပြချက်အဖြစ် အသုံးပြု၍ တန်ဖိုးကြီးကွန်ပျူတာများနှင့် လက်ကိုင်ဖုန်းများကို ဝယ်ယူသောသူအားလုံးအပြင် ပူဇော်သက္ကာများကို မိမိတို့ကိုယ်တိုင်အတွက် ယူဆောင်သော ထိုခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးသည် ပူဇော်သက္ကာများက ဘုံပိုင်ဆိုင်မှုဖြစ်ပြီး မိမိတို့အလိုရှိသည့်အတိုင်း အသုံးပြုကာ ဖြုန်းတီးသင့်သည်ဟု ယုံကြည်ကြသည်။ အချို့ညီအစ်ကိုမောင်နှမများသည် ရွှေငွေ လက်ဝတ်ရတနာများ၊ အိတ်များ၊ အဝတ်အစားများနှင့် ဖိနပ်များကို ပူဇော်သည့်အခါ ဘုရားသခင်ထံ ပူဇော်နေခြင်းဖြစ်ကြောင်း သတ်သတ်မှတ်မှတ် မဖော်ပြကြပေ။ သို့ဖြစ်၍ အချို့သော အယောင်ဆောင်ခေါင်းဆောင်များက “ဤပစ္စည်းများကို ဘုရားထံ ပူဇော်နေခြင်းဖြစ်ကြောင်း ၎င်းတို့ သတ်သတ်မှတ်မှတ် မဖော်ပြထားသည့်အတွက် အသင်းတော်၏ အသုံးပြုခြင်းအတွက် ဖြစ်သင့်သည်။ အသင်းတော်ကို ပေးအပ်သည့် မည်သည့်အရာမဆိုသည် ဘုံပိုင်ဆိုင်မှုဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုံပိုင်ဆိုင်မှုကို မွေ့လျော်ခံစားရာတွင် ဦးစားပေးခံရသင့်သည်”ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဤပစ္စည်းများကို မိမိတို့ကိုယ်တိုင်အတွက် လုပ်ရိုးလုပ်စဉ်အတိုင်း ယူဆောင်ကြသည်။ ၎င်းတို့ ရွေးချယ်ပြီးနောက် ကျန်ရှိသော ပစ္စည်းများကိုမူ လိုချင်သော မည်သူမဆိုက အသုံးပြုနိုင်ပြီး ယူလိုသော မည်သူမဆိုက ယူနိုင်သည်။ လူတိုင်းက ခွဲဝေယူကြသည်။ ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအရာကို စည်းစိမ်ဥစ္စာအား မျှဝေခြင်းဟု ခေါ်သည်။ ၎င်းတို့နောက်သို့ လိုက်ရာတွင် လူတို့သည် ကောင်းစွာ စားသောက်နိုင်ပြီး အမှန်တကယ် မိမိတို့ကိုယ်ကို ပျော်ရွှင်စေနိုင်ကြသည်။ လူတိုင်းက ပျော်ရွှင်ကြပြီး ၎င်းတို့က “ဘုရားသခင်ကို ကျေးဇူးတင်ပါသည်၊ သူ့ကို ကျွန်ုပ်တို့ မယုံကြည်ခဲ့လျှင် ဤအရာများကို ကျွန်ုပ်တို့ မွေ့လျော်ခံစားနိုင်မည်လော။ ဤသည်တို့မှာ ပူဇော်သက္ကာများဖြစ်ပြီး ကျွန်ုပ်တို့ မွေ့လျော်ခံစားရန် မထိုက်တန်ပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် မိမိတို့ မထိုက်တန်ကြောင်း ပြောဆိုကြသော်လည်း ထိုအရာများကို ဆုပ်ကိုင်ထားပြီး လက်မလွှတ်ကြပေ။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပူဇော်သက္ကာများကို သိမ်းပိုက်ပြီး ခွဲဝေယူကြရုံသာမက မည်သူ၏ ခွင့်ပြုချက်ကိုမျှ မရယူဘဲ ကိုယ်တိုင်ကိုယ်ကျ မွေ့လျော်ခံစားကြသည်၊ ဤသို့ပြုလုပ်သည်နှင့်အမျှ ၎င်းတို့သည် ပူဇော်သက္ကာများ၏ စီမံခန့်ခွဲမှု၊ အသုံးစရိတ်နှင့် အသုံးပြုမှုတို့ကို တစ်ညီတစ်ညွတ်တည်း အလေးဂရုမပြုကြသည့်အပြင်၊ ယင်းတို့ကို စီမံခန့်ခွဲရန်နှင့် မှတ်တမ်းတင်ရန် သင့်တော်သောလူများကိုလည်း မရွေးချယ်ကြပေ။ ပြီးလျှင် စာရင်းများကို စစ်ဆေးခြင်း သို့မဟုတ် အသုံးစရိတ်အခြေအနေကို တင်းကျပ်စွာ ပြန်လည်သုံးသပ်ခြင်းတို့ကိုမူ သာ၍ပင် မပြုလုပ်ကြချေ။ ပူဇော်သက္ကာများ စီမံခန့်ခွဲမှုအပေါ် အယောင်ဆောင် ခေါင်းဆောင်များ၏ လျစ်လျူရှုခြင်းသည် ကမောက်ကမအခြေအနေကို ဖြစ်ပေါ်စေပြီး အချို့သော ပူဇော်သက္ကာများ ဆုံးရှုံးကာ ဖြုန်းတီးခြင်းခံရသည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်တွင် အထင်ရှားဆုံးအရာမှာ လူတိုင်းက မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ပြုမူကြခြင်း ဖြစ်သည်။ မည်သည့်အဖွဲ့မဆို၏ ကြီးကြပ်ရေးမှူး ပြောဆိုသည့်အရာသည် အတည်ဖြစ်ပြီး မည်သည့်အဖွဲ့မဆိုက တစ်စုံတစ်ခုကို ဝယ်ယူရန် လိုအပ်သည့်အခါ ခွင့်ပြုချက်အတွက် တောင်းဆိုချက် တင်သွင်းရန်မလိုဘဲ မိမိတို့ဘာသာ ဆုံးဖြတ်ကောင်းဆုံးဖြတ်နိုင်သည်။ အလုပ်အတွက် တစ်စုံတစ်ခု လိုအပ်နေသရွေ့ ထိုပစ္စည်းက မည်မျှ ကုန်ကျမည်၊ ယင်းကို အသုံးပြုနိုင်ခြင်း ရှိမရှိ သို့မဟုတ် လိုအပ်ခြင်း ရှိမရှိဟူသည်တို့ကို စိုးရိမ်ခြင်းမရှိဘဲ ၎င်းတို့က ဝယ်ယူနိုင်ကြသည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် မည်သည့်လူတစ်ဦးတလေ၏ ပိုက်ဆံကိုမျှ သုံးစွဲနေခြင်းမဟုတ်ဘဲ ပူဇော်သက္ကာများကို သုံးစွဲနေခြင်း ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို မကြီးကြပ်သည့်အပြင် စိစစ်ခြင်းလည်း မပြုလုပ်ကြပေ။ စည်းမျဉ်းများအကြောင်းကို မိတ်သဟာယဖွဲ့ခြင်းမူ သာ၍ပင် မရှိချေ။ တစ်စုံတစ်ခုကို ဝယ်ယူပြီးသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များသည် ယင်းကို စောင့်ရှောက်ရန် တစ်စုံတစ်ဦး ရှိမရှိ၊ တစ်စုံတစ်ခု မှားယွင်းသွားနိုင်ခြင်း ရှိမရှိ သို့မဟုတ် သုံးစွဲလိုက်သည့်ငွေနှင့် တန်ခြင်းရှိမရှိဟူသည်တို့ကို တစ်ညီတစ်ညွတ်တည်း အလေးဂရုမပြုကြပေ။ ၎င်းတို့သည် ဤအရာများကို အဘယ်ကြောင့် အလေးဂရုမပြုကြသနည်း။ အကြောင်းမှာ ထိုငွေသည် ၎င်းတို့၏ငွေ မဟုတ်သောကြောင့် ဖြစ်သည်၊ မည်သူမဆို ထိုငွေကို သုံးစွဲနိုင်သည်ဟု ၎င်းတို့ ထင်ကြသည်၊ မည်သို့ပင်ဖြစ်စေ သုံးစွဲနေသည့်ငွေမှာ ၎င်းတို့၏ငွေ မဟုတ်သောကြောင့် ဖြစ်သည်။ ပူဇော်သက္ကာများ စီမံခန့်ခွဲမှု၏ ကဏ္ဍတိုင်းတွင် ကမောက်ကမ အခြေအနေဖြစ်နေသည်။ မည်မျှ ကမောက်ကမဖြစ်နေသနည်း။ ယင်းမှာ လူတိုင်းက မည်မျှ အလုပ်လုပ်သည်ဖြစ်စေ တူညီသော ဝေစုကို ရရှိကြသည့် ဆိုရှယ်လစ်နိုင်ငံများ၏ ကြီးမားသော၊ နိုင်ငံပိုင်စက်ရုံများတွင်ဖြစ်သကဲ့သို့ပင် ဖြစ်သည်။ လူတိုင်းသည် အိမ်သို့ ပစ္စည်းများကို ယူဆောင်ကြသည်၊ စက်ရုံ၏ အစားအစာကို စားသုံးပြီး စက်ရုံငွေကို ရရှိကာ စက်ရုံ၏ ပစ္စည်းများကို အလွဲသုံးစားလုပ်ကြသည်။ ယင်းမှာ လုံးဝ ကမောက်ကမဖြစ်ခြင်း ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မည်သည့် စက်ပစ္စည်းကိုမဆို သို့မဟုတ် ကိရိယာကိုမဆို ဝယ်ယူရာတွင် အသုံးစရိတ်များအတွက် စည်းမျဉ်းများ မပြုလုပ်ကြပေ။ ဘုရားအိမ်တော်က စည်းမျဉ်းများ ပြုလုပ်သော်လည်း ၎င်းတို့သည် အသုံးစရိတ်များကို တင်းကျပ်စွာ ပြန်လည်သုံးသပ်ခြင်း၊ စစ်ဆေးခြင်း၊ နောက်ဆက်တွဲလုပ်ဆောင်ခြင်း သို့မဟုတ် စစ်ဆေးခြင်းတို့ကို မပြုလုပ်ကြပေ။ ဤအလုပ်များထဲမှ တစ်ခုကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်သည် လုံးဝ ကမောက်ကမဖြစ်သည်၊ မည်သည့်အရာတွင်မျှ အစီအစဉ်တကျမရှိသည့်အပြင် နေရာတိုင်းတွင် အပြစ်အနာအဆာများ ရှိနေသည်။ အချိန်တိုင်းတွင် ဆိုးယုတ်သောလူများနှင့် စိတ်နှလုံး မမှန်ကန်သောသူများအား သတိမမူမိခြင်းများကို အခွင့်ကောင်းယူပြီး အကျိုးအမြတ်ရယူခွင့်ပေးထားသည်။ ဘုရားသခင်၏ ပူဇော်သက္ကာများသည် ထိုလူများ၏ လက်ထဲတွင် အထိန်းအကွပ်မဲ့စွာ ဖြုန်းတီးခံရပြီး အလဟဿဖြစ်ရသော်လည်း၊ ၎င်းတို့သည် မည်သည့်နည်းနှင့်မျှ အပြစ်ပေးခြင်း သို့မဟုတ် ဒဏ်ခတ်ခြင်းတို့ကို မခံရပေ၊ သတိပေးခြင်းပင် မခံရပေ။ ဤသည်တို့မှာ မည်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်မျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် ကျွေးသည့်လက်ကို ပြန်ကိုက်ခြင်း မဟုတ်လော။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ဘဏ္ဍာထိန်းများ ဖြစ်ကြသလော။ ၎င်းတို့သည် ဘုရားအိမ်တော်ကို သစ္စာဖောက်သော သူခိုးများ ဖြစ်ကြသည်။
ပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သက်လာသည့်အခါ တာဝန်မယူသော ဤခေါင်းဆောင်များနှင့် အမှုဆောင်များကို မည်သို့ ရှုမြင်သင့်သနည်း။ ၎င်းတို့သည် နိမ့်ကျသော ကိုယ်ကျင့်စရိုက်ရှိပြီး အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသည် မဟုတ်လော။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် ညီအစ်ကိုမောင်နှမများက ဘုရားသခင်နှင့် အသင်းတော်ထံ ပူဇော်သက္ကာပြုသည့်အရာများကို ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုအဖြစ် မှတ်ယူကြပြီး ညီအစ်ကိုမောင်နှမများက အုပ်စုလိုက် စီမံခန့်ခွဲသင့်သည်ဟု ဆိုကြသည်။ သို့ဖြစ်၍ ပြဿနာများ ဖော်ထုတ်ခြင်းခံရပြီး အထက်က တာဝန်ခံစေသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို အစွမ်းကုန် ခုခံကာကွယ်ကြပြီး ခေါင်းဆောင်များဖြစ်လာကာ အဆင့်အတန်းရရှိပြီးနောက် ဘုရားသခင်၏ ပူဇော်သက္ကာများကို ခိုးယူပြီး သိမ်းပိုက်ခြင်းသည် အနှစ်သာရအားဖြင့် မည်မျှ ဆိုးရွားကြောင်းကို အသိအမှတ်မပြုကြပေ။ ဤသူတို့သည် ကိုယ်ကျင့်စရိုက် နိမ့်ကျသောလူများဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် တကယ်ကို အရှက်မဲ့ကြသည်တကား။ ညီအစ်ကိုမောင်နှမများက အဘယ်ကြောင့် ငွေနှင့် ပစ္စည်းများကို ပူဇော်သက္ကာပြုကြသည်ကိုဖြစ်စေ၊ မည်သူ့ထံ ပူဇော်ကြသည်ကိုဖြစ်စေ ၎င်းတို့ မသိကြပေ။ အကယ်၍ ဘုရားသခင်သာ မရှိခဲ့လျှင် မည်သူက မိမိတို့ကြိုက်နှစ်သက်သည့်အရာများကို ပေါ့ပေါ့တန်တန် ပူဇော်ကြမည်နည်း။ ဤသည်မှာ အလွန်ရိုးရှင်းသော ဆင်ခြင်တွေးခေါ်မှုစနစ်တစ်ခုဖြစ်သော်လည်း “ခေါင်းဆောင်များ” ဟုခေါ်သော ဤသူတို့သည် ယင်းကို မသိကြ၊ နားမလည်ကြပေ။ ဤအယောင်ဆောင်ခေါင်းဆောင်များတွင် “ဘုရားအိမ်တော်၏ ပူဇော်သက္ကာများ” ဟူသော သုံးနှုန်းနေကျ စကားရပ်တစ်ခု ရှိသည်။ ဤအသုံးအနှုန်းသည် အမှန်ပြင်ရန် လိုအပ်သည် မဟုတ်လော။ မှန်ကန်သော အသုံးအနှုန်းမှာ အဘယ်နည်း။ “ပူဇော်သက္ကာများ” သို့မဟုတ် “ဘုရားသခင်၏ ပူဇော်သက္ကာများ” ဖြစ်သည်။ အကယ်၍ သင်သည် အထူးပြုပုဒ်ကို ဖြည့်မည်ဆိုလျှင်၊ “ဘုရားသခင်”ကို ဖြည့်သင့်သည်၊ ပူဇော်သက္ကာများသည် ဘုရားသခင်တစ်ပါးတည်းနှင့်သာ သက်ဆိုင်သည်။ အကယ်၍ သင်သည် အထူးပြုပုဒ်တစ်ခုကို မထည့်ပါက ယင်းမှာ ရိုးရှင်းစွာ “ပူဇော်သက္ကာများ” သာဖြစ်သည်၊ ပူဇော်သက္ကာများ၏ ပိုင်ရှင်သည် လူမဟုတ်ဘဲ ဖန်ဆင်းရှင်၊ ဘုရားသခင်ဖြစ်ကြောင်းကို လူတို့ သိသင့်နေဆဲ ဖြစ်သည်။ လူသည် ပူဇော်သက္ကာများကို ပိုင်ဆိုင်ခြင်းနှင့် မထိုက်တန်ပေ၊ ယဇ်ပုရောဟိတ်များပင်လျှင် ပူဇော်သက္ကာများသည် ၎င်းတို့၏ပစ္စည်းများဖြစ်ကြောင်း မပြောဆိုနိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ခွင့်ပြုချက်ဖြင့် ပူဇော်သက္ကာများကို မွေ့လျော်ခံစားကောင်းခံစားနိုင်သော်လည်း ယင်းတို့သည် ၎င်းတို့ ပိုင်ဆိုင်သောအရာများ မဟုတ်ပေ။ “ပူဇော်သက္ကာများ” အတွက် အထူးပြုပုဒ်သည် မည်သည့်လူပုဂ္ဂိုလ်မျှ လုံးဝ ဖြစ်မည်မဟုတ်၊ ယင်းမှာ ဘုရားသခင်တစ်ပါးတည်းသာ ဖြစ်နိုင်ပြီး အခြားမည်သူမျှ မဖြစ်နိုင်ပေ။ သို့ဖြစ်၍ အယောင်ဆောင်ခေါင်းဆောင်များ မကြာခဏ ပြောဆိုလေ့ရှိသည့် “ဘုရားအိမ်တော်၏ ပူဇော်သက္ကာများ” ဟူသော အသုံးအနှုန်းသည် မှားယွင်းပြီး အမှန်ပြင်သင့်သည်မှာ အလွန်သိသာထင်ရှားပေသည်။ “ဘုရားအိမ်တော်၏ ပူဇော်သက္ကာများ” သို့မဟုတ် “အသင်းတော်၏ ပူဇော်သက္ကာများ” ကဲ့သို့သော ပြောဆိုချက်များ တစ်ခုတလေမျှ မရှိသင့်ပေ။ “ငါတို့၏ ပူဇော်သက္ကာများ” နှင့် “ငါတို့ ဘုရားအိမ်တော်၏ ပူဇော်သက္ကာများ” ဟုပင် ပြောဆိုသော လူအချို့လည်း ရှိသည်။ ဤအသုံးအနှုန်းအားလုံးသည် မှားယွင်းသည်။ ပူဇော်သက္ကာများကို ဖန်ဆင်းခံလူသားမျိုးနွယ်၊ ဘုရားသခင်နောက်သို့ လိုက်သောသူတို့က ဘုရားသခင်ထံ ပူဇော်ကြခြင်းဖြစ်သည်။ ဘုရားသခင်တစ်ပါးတည်းသာလျှင် ယင်းတို့၏ ပိုင်ရှင်၊ အသုံးပြုသူနှင့် မွေ့လျော်ခံစားသူဖြစ်ရန် သီးသန့်အခွင့်အရေး ရှိသည်။ ပူဇော်သက္ကာများသည် ဘုံပိုင်ဆိုင်မှု မဟုတ်ပေ၊ ယင်းတို့သည် အသင်းတော်၊ ဘုရားအိမ်တော်နှင့် သက်ဆိုင်ရန် မဆိုထားနှင့်၊ လူနှင့်ပင် မသက်ဆိုင်ပေ။ ထိုအစား ယင်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည်။ ဘုရားသခင်သည် အသင်းတော်နှင့် ဘုရားအိမ်တော်အား ယင်းတို့ကို အသုံးပြုရန် ခွင့်ပြုသည်၊ ဤသည်မှာ သူ၏ တာဝန်ပေးစေခိုင်းချက် ဖြစ်သည်။ ထို့ကြောင့် “ဘုရားအိမ်တော်၏ ပူဇော်သက္ကာများ”၊ “အသင်းတော်၏ ပူဇော်သက္ကာများ” နှင့် “ငါတို့၏ ပူဇော်သက္ကာများ” ကဲ့သို့သော အသုံးအနှုန်းအားလုံးသည် မတိကျသည့်အပြင် ထို့ထက်မက ယင်းတို့သည် မသမာသောရည်ရွယ်ချက်များရှိသည့် လူတို့၏ အသုံးအနှုန်းများဖြစ်သည်။ ယင်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် အသိတရား ကင်းမဲ့သွားစေရန် ရည်ရွယ်ပြီး ထို့ထက်ပင်ပို၍ လူတို့ကို လမ်းလွဲစေရန် ရည်ရွယ်သည်။ ဤလူတို့သည် ပူဇော်သက္ကာများကို အသင်းတော် သို့မဟုတ် ဘုရားအိမ်တော် သို့မဟုတ် ညီအစ်ကိုမောင်နှမအားလုံးနှင့် သက်ဆိုင်သော ဘုံပိုင်ဆိုင်မှုအဖြစ် အမျိုးအစားခွဲခြားကြသည်။ ဤအရာအားလုံးသည် ပြဿနာရှိပြီး မှားယွင်းကာ အမှန်ပြင်သင့်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်မျိုး၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ထိုသို့သောလူများသည် ပူဇော်သက္ကာများကို ဘုံပိုင်ဆိုင်မှုအဖြစ် မှတ်ယူပြီး မိမိတို့အလိုရှိသည့်အတိုင်း အသုံးပြုကြသည်၊ သို့မဟုတ် ၎င်းတို့သည် ခေါင်းဆောင်များအနေဖြင့် ဤအရာများကို ခွဲဝေပေးပိုင်ခွင့်ရှိသည်ဟု ယုံကြည်ကြပြီး ၎င်းတို့ကြိုက်နှစ်သက်သောလူများထံ သို့မဟုတ် လူတိုင်းထံ တန်းတူညီမျှ ခွဲဝေပေးကြသည်။ ၎င်းတို့သည် မည်သည့် အခြေအနေမျိုးကို ဖန်တီးရန် ကြိုးစားနေကြသနည်း။ လူတိုင်း တန်းတူညီမျှဖြစ်သော အခြေအနေတစ်ခု၊ လူတိုင်း ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားနိုင်သော အခြေအနေတစ်ခု၊ လူတိုင်း မျှဝေခံစားသော အခြေအနေတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အရင်းအမြစ်များနှင့် ရက်ရောခြင်းအားဖြင့် လူတို့၏စိတ်နှလုံးကို ဝယ်ယူလိုကြသည်။ ယင်းမှာ စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ ယင်းမှာ ယုတ်မာသည့်၊ အရှက်မဲ့သော အပြုအမူ ဖြစ်သည်။ ထိုသို့သောလူများကို မည်သို့ သတ်မှတ်ရမည်နည်း။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များသည် ပူဇော်သက္ကာများကို တပ်မက်ကြပြီး လူတို့က ၎င်းတို့ကို ကြီးကြပ်ခြင်း၊ ဖော်ထုတ်ခြင်းနှင့် ပိုင်းခြားသိမြင်ခြင်းတို့မရှိအောင် တားဆီးရန်အလို့ငှာ ၎င်းတို့ အသုံးမပြုသော ကျန်ရှိသည့်ပစ္စည်းများကို ညီအစ်ကိုမောင်နှမများထံ ခွဲဝေပေးပြီး ၎င်းတို့၏စိတ်နှလုံးကို ဝယ်ယူကာ လူတိုင်း တန်းတူညီမျှဖြစ်သည့် အခြေအနေတစ်ခုကို ရရှိအောင်လုပ်ဆောင်သည့်အပြင် လူတိုင်းက ၎င်းတို့နှင့် ပေါင်းသင်းခြင်းမှ အကျိုးအမြတ်ရရှိစေရန် လုပ်ဆောင်လေသည်။ သို့မှသာ မည်သူမျှ ၎င်းတို့ကို ဖော်ထုတ်လိမ့်မည် မဟုတ်ပေ။ အကျိုးအမြတ်အချို့ကို သင်တို့ ရယူနိုင်ပြီး “ဘုံပိုင်ဆိုင်မှု” အချို့ကို သင်တို့ မျှဝေခံစားနိုင်သည့် ဤသို့သော ခေါင်းဆောင်မျိုးနှင့် ကြုံတွေ့ခဲ့ပါက၊ သင်တို့တွင် ဤအခွင့်အရေးရှိပြီး ဤသို့သော အကျိုးအမြတ်ကို ရယူခဲ့ပါက ထိုအရာနှင့်ပတ်သက်၍ သင်တို့ ပျော်ရွှင်ကြမည်လော။ ယင်းကို သင်တို့ ငြင်းပယ်နိုင်ကြမည်လော။ (ငြင်းပယ်နိုင်ပါသည်။) အကယ်၍ သင်တို့သည် တပ်မက်လျှင်၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသည့်အပြင်၊ ဘုရားသခင်ကို မကြောက်ရွံ့လျှင် သင်သည် ငြင်းပယ်နိုင်မည် မဟုတ်ပေ။ တည်ကြည်မှုအနည်းငယ်၊ ဆင်ခြင်တုံတရားအနည်းငယ်နှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးအနည်းငယ်ရှိသောသူ မည်သူမဆိုသည် ယင်းကို ငြင်းပယ်မည်ဖြစ်ပြီး ထိုခေါင်းဆောင်ကို ပြစ်တင်ရန်၊ သူ့ကို ပြုပြင်ရန်၊ သူ့ကို တားဆီးရန် ထကြွကာ ဤသို့ ပြောဆိုကြလိမ့်မည်။ “ခေါင်းဆောင်တစ်ဦးအနေဖြင့် သင် ပထမဆုံး လုပ်ဆောင်သင့်သည့်အရာမှာ ပူဇော်သက္ကာများကို သင်၏ ကိုယ်ပိုင်အလိုဆန္ဒအပေါ် အခြေခံ၍ လူတိုင်းထံ ခွဲဝေပေးရန် ခွင့်ပြုချက်မရှိဘဲ ဆုံးဖြတ်ခြင်းဖြစ်ရန် မဆိုထားနှင့်၊ ပူဇော်သက္ကာများကို အလွဲသုံးစားလုပ်ခြင်းမဟုတ်ဘဲ ကောင်းမွန်စွာ စီမံခန့်ခွဲရန်ဖြစ်သည်။ သင့်တွင် ထိုလုပ်ပိုင်ခွင့် မရှိပေ။ ယင်းမှာ သင့်အပေါ် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် မဟုတ်ပေ။ ပူဇော်သက္ကာများသည် ဘုရားသခင် အသုံးပြုရန်ဖြစ်ပြီး ယင်းတို့ကို အသင်းတော်က အသုံးပြုခြင်းအတွက် စည်းမျဉ်းများ ရှိသည်။ မည်သူမျှ ယင်းတို့အပေါ် ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သင့်တွင် ထိုအခွင့်ထူး မရှိပေ။ ဘုရားသခင်သည် ယင်းကို သင့်အား မအပ်နှင်းခဲ့ပေ။ သင်သည် ဘုရားသခင်၏ ပစ္စည်းများကို အသုံးပြုပိုင်ခွင့် မရှိ။ ဘုရားသခင်သည် သင့်အား ထိုအလုပ်ဖြင့် တာဝန်ပေးစေခိုင်းခဲ့ခြင်း မရှိပေ။ သို့ဖြစ်၍ ညီအစ်ကိုမောင်နှမများ ဘုရားသခင်ထံ ပူဇော်ခဲ့သော ရွှေငွေ လက်ဝတ်ရတနာများကို အမြန်ဆုံး ချွတ်လော့။ ၎င်းတို့ ဘုရားသခင်ထံ ပူဇော်ခဲ့သော အဝတ်အစားများကိုလည်း ချွတ်လော့။ သင် မစားသင့်ဘဲ စားခဲ့သည့်အရာများအတွက် လျော်ကြေးကို အမြန်ဆုံး ပေးလော့။ အကယ်၍ သင်သည် လူတစ်ဦးဖြစ်နေသေးပြီး အရှက်အကြောက်အနည်းငယ် ရှိသေးပါက ဤအရာကို ချက်ချင်းလုပ်ဆောင်လော့။ ထို့အပြင် ၎င်းတို့၏ မျက်နှာသာရရှိဖို့ မျက်နှာချိုသွေးရန် ဤပူဇော်သက္ကာများကို သင် မည်သူ့ထံ ပေးပို့ခဲ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သူ့အား ယင်းတို့ကို သိမ်းပိုက်ပြီး ခံစားခွင့်ပြုခဲ့သည်ဖြစ်စေ ထိုပူဇော်သက္ကာများကို ချက်ချင်း ပြန်လည်ရယူလော့။ အကယ်၍ သင် မရယူပါက ငါတို့သည် ညီအစ်ကိုမောင်နှမအားလုံးကို အကြောင်းကြားပြီး သင့်ကို ယုဒတစ်ဦးအဖြစ် ကိုင်တွယ်မည်”ဟူ၍ ဖြစ်သည်။ သင်တို့ ဤသို့ပြုလုပ်ဝံ့သလော။ (ပြုလုပ်ဝံ့ပါသည်။) ပူဇော်သက္ကာများနှင့် ပတ်သက်လာသည့်အခါ လူတိုင်းတွင် ဤတာဝန်ရှိပြီး ၎င်းတို့သည် ယင်းတို့ကို ဤအသိစိတ်နှင့် ဤသဘောထားမျိုးဖြင့် ယင်းတို့ကို ဆက်ဆံသင့်သည်။ အခြားသူများက ပူဇော်သက္ကာများအား မည်သို့ ဆက်ဆံသည်၊ ၎င်းတို့က ယင်းတို့ကို ကောင်းမွန်စွာ စောင့်ရှောက်ကာကွယ်ခြင်း ရှိမရှိနှင့် စည်းမျဉ်းများအတိုင်း စီမံခန့်ခွဲခြင်း ရှိမရှိဟူသည်တို့ကို ကြီးကြပ်ရန် ဤတာဝန်ဝတ္တရားလည်း ၎င်းတို့တွင် ရှိသည်။ ဤအရာသည် သင်နှင့် မည်သို့မျှ မသက်ဆိုင်ဟု မထင်မှတ်နှင့်၊ ပြီးလျှင် “မည်သို့ပင်ဖြစ်စေ ငါသည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး မဟုတ်ပါ၊ ဤသည်မှာ ငါ၏ တာဝန်မဟုတ်ပါ။ ယင်းကို ကျွန်ုပ်တွေ့ရှိလျှင်ပင် ယင်းနှင့်ပတ်သက်၍ ကျွန်ုပ် စိတ်အနှောင့်အယှက်ခံရန် သို့မဟုတ် တစ်စုံတစ်ခု ပြောဆိုရန် မလိုအပ်ပါ၊ ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ကိစ္စရပ်တစ်ခု ဖြစ်သည်။ မည်သူမဆို ငွေကို ထင်ရာမြင်ရာ သုံးစွဲပြီး ပူဇော်သက္ကာများကို အလွဲသုံးစားလုပ်လျှင် ၎င်းတို့သည် ယုဒတစ်ဦးဖြစ်ပြီး အချိန်တန်သည့်အခါ ဘုရားသခင်သည် ၎င်းတို့ကို အပြစ်ပေးလိမ့်မည်။ အကျိုးဆက်တစ်ခုကို ဖြစ်စေသူမည်သူမဆို ယင်းအတွက် တာဝန်ရှိသည်။ ဤအရာနှင့်ပတ်သက်၍ ကျွန်ုပ် စိတ်အနှောင့်အယှက်ခံရန် မလိုအပ်ပါ။ ကျွန်ုပ် မဆိုင်ဘဲ ဝင်ပြောလျှင် ဘာကောင်းကျိုးရှိမည်နည်း”ဟု ဆိုလျက် တာဝန်မဲ့မနေနှင့်။ ဤသို့သောလူစားမျိုးကို သင်တို့ မည်သို့ မှတ်ယူသနည်း။ (၎င်းတို့တွင် အသိစိတ်မရှိပါ။) ခေါင်းဆောင်များနှင့် အမှုဆောင်များ စုံစမ်းမေးမြန်းခြင်းမရှိသော အချို့နေရာများတွင် ပူဇော်သက္ကာများကို ဖြုန်းတီးပြီး သိမ်းပိုက်နေသောလူများ ရှိသည်ကို သင် တွေ့ရှိပါက ပါဝင်ပတ်သက်နေသောလူများကို သင်ကိုယ်တိုင် သတိပေးသင့်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များထံ ချက်ချင်း အကြောင်းကြားသင့်သည်။ “ကျွန်ုပ်တို့၏ အဖွဲ့ခေါင်းဆောင်နှင့် ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် ပူဇော်သက္ကာများကို မိမိတို့ကိုယ်တိုင်အတွက် မကြာခဏ ယူဆောင်ကြသည်။ ၎င်းတို့သည် ပူဇော်သက္ကာများကို ထင်ရာမြင်ရာ သုံးစွဲကြပြီး အခြားသူများနှင့် ဆွေးနွေးမှုများ မပြုလုပ်ဘဲ ဤပစ္စည်း၊ ထိုပစ္စည်းကို ဝယ်ယူရန် မိမိတို့ဘာသာ ဆုံးဖြတ်ကြသည်။ ၎င်းတို့၏ အသုံးစရိတ်အများစုသည် စည်းမျဉ်းများနှင့် မကိုက်ညီပါ။ ဘုရားအိမ်တော်သည် ဤအရာကို ကိုင်တွယ်နိုင်သလော”ဟု သင် ပြောဆိုသင့်သည်။ ၎င်းတို့ တွေ့ရှိသော ပြဿနာများအကြောင်းကို သတင်းပို့ခြင်းနှင့် အကြောင်းကြားခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တာဝန် ဖြစ်သည်။ ငါတို့၏ အထက်ပါ မိတ်သဟာယဖွဲ့ခြင်းသည် အယောင်ဆောင်ခေါင်းဆောင်တစ်မျိုး၏ သရုပ်သကန်အကြောင်း ဖြစ်သည်။ ပူဇော်သက္ကာများအပေါ် ၎င်းတို့၏ သဘောထားမှာ ယင်းတို့ကို ဘုံပိုင်ဆိုင်မှုအဖြစ် သဘောထားခြင်း ဖြစ်သည်။
၂။ ပူဇော်သက္ကာများ၏ အသုံးစရိတ်များကို ဂရုမစိုက်ခြင်း သို့မဟုတ် မေးမြန်းမှု မရှိခြင်း
ပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်များ၏ နောက်ထပ် သရုပ်သကန်တစ်ခုမှာ ၎င်းတို့က ပူဇော်သက္ကာများအား မည်သို့စီမံခန့်ခွဲရမည်ကို မသိခြင်း ဖြစ်သည်။ ပူဇော်သက္ကာများကို မထိတွေ့ရကြောင်း၊ ထင်ရာမြင်ရာ တလွဲအသုံးမပြုရ သို့မဟုတ် အလွဲသုံးစားမလုပ်ရကြောင်း၊ ယင်းတို့သည် မြင့်မြတ်ပြီး သန့်ရှင်းသောအရာအဖြစ် သီးသန့်ခွဲထားကြောင်းနှင့် ယင်းတို့နှင့်ပတ်သက်၍ မလျော်ကန်သော အတွေးများ ထား၍မရကြောင်းကိုသာ ၎င်းတို့က သိကြသည်။ သို့သော် ပူဇော်သက္ကာများကို မည်သို့ ကောင်းမွန်စွာ စီမံခန့်ခွဲရမည်၊ ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကောင်းသော ဘဏ္ဍာထိန်းတစ်ဦး မည်သို့ဖြစ်ရမည်နှင့် ပတ်သက်လာသည့်အခါ ၎င်းတို့တွင် ဤအလုပ်အတွက် လမ်းကြောင်းမရှိ၊ စည်းမျဉ်းများမရှိ၊ တိကျသော အစီအစဉ်များ သို့မဟုတ် အဆင့်များ မရှိပေ။ သို့ဖြစ်၍ ပူဇော်သက္ကာများကို စာရင်းသွင်းခြင်း၊ ရေတွက်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းအပြင် ဝင်ငွေထွက်ငွေစာရင်းများကို စစ်ဆေးခြင်းနှင့် အသုံးစရိတ်များကို စစ်ဆေးခြင်းကဲ့သို့သော ကိစ္စရပ်များတွင် ဤအယောင်ဆောင်ခေါင်းဆောင်များသည် အတော်လေး တုံ့ပြန်မှုမရှိကြပေ။ တစ်စုံတစ်ဦးက ခွင့်ပြုချက်အတွက် တစ်စုံတစ်ခုကို တင်ပြသည့်အခါ ၎င်းတို့က လက်မှတ်ထိုးပေးလိုက်ကြသည်။ တစ်စုံတစ်ဦးက ရင်းစားရငွေအတွက် လျှောက်ထားသည့်အခါ ၎င်းတို့ ပေးလိုက်သည်။ တစ်စုံတစ်ဦးက ရည်ရွယ်ချက်တစ်ခုခုအတွက် ငွေကို လျှောက်ထားသည့်အခါ ၎င်းတို့က ထုတ်ပေးလိုက်သည်။ အမျိုးမျိုးသော စက်ပစ္စည်းများနှင့် ကိရိယာများအား မည်သည့်နေရာတွင် ထိန်းသိမ်းစောင့်ရှောက်နေသည်ကို ၎င်းတို့ မသိကြပေ။ ထိုပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်သူသည် သင့်တော်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ မည်သို့ ပိုင်းခြားသိမြင်ရမည်ဟူသည်ကိုလည်းကောင်း ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲသို့ ထိုးထွင်းမမြင်နိုင်သကဲ့သို့ လူတို့၏ အနှစ်သာရများထဲသို့လည်း ထိုးထွင်းမမြင်နိုင်ကြပေ။ သို့ဖြစ်၍ ဤလူတို့၏ စီမံခန့်ခွဲမှုနယ်ပယ်အောက်တွင် ထွက်သွားသော ပူဇော်သက္ကာအားလုံး၏ မှတ်တမ်းများ ရှိသော်လည်း ထိုစာရင်းများရှိ အသုံးစရိတ်များ၏ အသေးစိတ်အချက်အလက်များကို ကြည့်ရှုလျှင် အသုံးစရိတ်များစွာသည် ကျိုးကြောင်းဆီလျော်မှုမရှိသည့်အပြင် မလိုအပ်ပေ။ များစွာသော အသုံးစရိတ်များသည် အလွန်အကျွံဖြစ်ပြီး ဖြုန်းတီးရာရောက်သည်။ ပူဇော်သက္ကာများသည် ဤခေါင်းဆောင်များနှင့် အမှုဆောင်များ၏ လက်မှတ်များအောက်တွင် ဆုံးရှုံးသွားရသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် တိကျသော အလုပ်ကို လုပ်ဆောင်နေပုံရသော်လည်း အမှန်တကယ်တွင် ၎င်းတို့ လုပ်ဆောင်နေသည့်အရာအတွက် မည်သည့် စည်းမျဉ်းမျှ လုံးဝမရှိပေ။ ၎င်းတို့သည် စိစစ်ခြင်းကို လုပ်ဆောင်နေခြင်းမရှိ။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေခြင်းဖြစ်သည်၊ စည်းမျဉ်းများနှင့် စည်းကမ်းများကို လိုက်နာနေခြင်းမျှသာဖြစ်ပြီး ထို့ထက်ဘာမျှမပိုပေ။ ဤအရာက ပူဇော်သက္ကာများကို စီမံခန့်ခွဲခြင်းအတွက် စည်းမျဉ်းများကို မဆိုထားနှင့်၊ စံနှုန်းများကိုပင် လုံးဝ မပြည့်မီပေ။ သို့ဖြစ်၍ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်နေသည့် ကာလအတွင်းတွင် ကျိုးကြောင်းဆီလျော်မှုမရှိသော အသုံးစရိတ်များ အလွန်များပြားလှသည်။ အကယ်၍ ကစ္စများကို ကြီးကြပ်ရန်နှင့် စီမံခန့်ခွဲရန် တစ်စုံတစ်ဦး ရှိနေပါက ဤကျိုးကြောင်းဆီလျော်မှုမရှိသော အသုံးစရိတ်များသည် မည်သို့ ဖြစ်ပေါ်လာရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ အလုပ်တွင် တာဝန်မယူသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြရုံလုပ်ပြကြပြီး အမှုအရာများကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ကိုင်တွယ်ဖြေရှင်းကာ စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ခြင်း မရှိကြပေ။ ၎င်းတို့သည် အခြားသူများကို စိတ်အနှောင့်အယှက်မပေးကြ၊ လူ့အကြိုက်လိုက်သူများကဲ့သို့ ပြုမူကာ သင့်တော်သော စိစစ်ခြင်းကို မဆောင်ရွက်ကြပေ။ ပူဇော်သက္ကာများကို စီမံခန့်ခွဲသောသူများထဲတွင် အမှန်တကယ် တာဝန်သိသောသူတစ်ဦး၊ အမှန်တကယ် စိစစ်ခြင်းကို ဆောင်ရွက်နိုင်သောသူတစ်ဦးပင် ရှိကောင်းမရှိနိုင်ပေ။ အ ပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်နေသောလူများက သင့်တော်ခြင်း ရှိမရှိဟူသည်ကိုဖြစ်စေ၊ ထိုလူတို့၏ အသင်းတော်များတွင် အန္တရာယ်ရှိသော အခြေအနေတစ်ခုတလေ ရှိမရှိဟူသည်ကိုဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များက အလေးဂရုမပြုကြပေ။ ၎င်းတို့အတွက်မူ မိမိတို့ကိုယ်တိုင် လုံခြုံနေသရွေ့ အရာအားလုံး အဆင်ပြေသည်။ အန္တရာယ် ဖြစ်ပေါ်လာသည့်အခါ ၎င်းတို့ ပထမဆုံး စဉ်းစားသည့်အရာမှာ မည်သည့်နေရာသို့ ထွက်ပြေးနိုင်သည်ဟူသည်နှင့် မိမိတို့၏ ကိုယ်ပိုင်ငွေကို လုယက်ခံရခြင်း ရှိမရှိဟူသည်တို့သာဖြစ်ပြီး ပူဇော်သက္ကာများ၏ တည်နေရာကိုဖြစ်စေ၊ အန္တရာယ်ရှိခြင်း ရှိမရှိဟူသည်ကိုဖြစ်စေ ၎င်းတို့က စစ်ဆေးခြင်း သို့မဟုတ် မေးမြန်းခြင်း မရှိကြပေ။ ထိုအဖြစ်အပျက်ဖြစ်ပြီးနောက် လအနည်းငယ်အကြာ သို့မဟုတ် ခြောက်လအကြာတွင် ၎င်းတို့သည် အသိစိတ်ဖြင့် မေးမြန်းကောင်းမေးမြန်းနိုင်ပြီး အချို့သော ပူဇော်သက္ကာများကို အဆင်းနီသော နဂါးကြီးက သိမ်းပိုက်သွားကြောင်း၊ အချို့ကို ဆိုးယုတ်သောလူများက ဖြုန်းတီးခဲ့ကြောင်းနှင့် အချို့၏ တည်နေရာကို မသိရှိကြောင်းဟူသည်တို့ကို သိရှိလာသည့်အခါ ၎င်းတို့သည် ခဏတာ စိတ်မကောင်းဖြစ်ကြလိမ့်မည်၊ ၎င်းတို့ အနည်းငယ် ဆုတောင်းပြီး မိမိတို့၏ အမှားကို ဝန်ခံကာ ထိုမျှနှင့်ပင် ပြီးဆုံးသွားလိမ့်မည်။ ဤလူတို့မှာ မည်သည့် သတ္တဝါမျိုးများ ဖြစ်ကြသနည်း။ ဤသို့ အလုပ်လုပ်ခြင်းနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိနေသည် မဟုတ်လော။ ပူဇော်သက္ကာများအပေါ် ထိုသို့သော သဘောထားရှိသောသူ တစ်စုံတစ်ဦးကို ဘုရားသခင်က မည်သို့ ဆက်ဆံလိမ့်မည်နည်း။ သူသည် ၎င်းတို့ကို စစ်မှန်သော ယုံကြည်သူတစ်ဦးအဖြစ် မှတ်ယူလိမ့်မည်လော။ ( မှတ်ယူလိမ့်မည် မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့ကို မည်သည့်အရာအဖြစ် သူက မှတ်ယူလိမ့်မည်နည်း။ (ဘာသာတရား မရှိသူအဖြစ် ဖြစ်သည်။) ဘုရားသခင်သည် တစ်စုံတစ်ဦးကို ဘာသာတရား မရှိသူအဖြစ် မှတ်ယူသည့်အခါ ထိုသူသည် ခံစားချက်တစ်ခု ရရှိသလော။ ၎င်းတို့သည် မိမိတို့၏ စိတ်ဝိညာဉ်တွင် ထုံထိုင်း၍ ဉာဏ်မွဲကြပြီး ပြုမူဆောင်ရွက်သည့်အခါ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်း သို့မဟုတ် လမ်းပြမှု သို့မဟုတ် မည်သည့်အလင်းမျှ မရှိကြပေ။ ၎င်းတို့ထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ ဘုရားသခင်က ၎င်းတို့ကို ကာကွယ်ခြင်း မရှိသည့်အပြင်၊ ၎င်းတို့သည် အမှောင်ထဲတွင် အသက်ရှင်လျက် မကြာခဏ အပျက်သဘောဆောင်ပြီး အားနည်းလေသည်။ တရားဒေသနာများကို မကြာခဏ ၎င်းတို့ နားထောင်ပြီး မိမိတို့၏ အလုပ်တွင် ဒုက္ခခံစားနိုင်ကာ အဖိုးအခပေးနိုင်သော်လည်း မည်သည့်တိုးတက်မှုကိုမျှ မဖြစ်စေကြသည့်အပြင်၊ သနားစရာ ပုံပန်းတစ်ခု ဖြစ်နေကြသည်။ ယင်းတို့သည် ၎င်းတို့၏ “ရလဒ်များ” ဖြစ်သည်။ ဤသည်မှာ အပြစ်ဒဏ်ထက်ပင် ခံရခက်သည် မဟုတ်လော။ ငါ့ကို ပြောလော့၊ ဤသည်မှာ ဘုရားသခင်ကို တစ်စုံတစ်ဦး ယုံကြည်ခြင်း၏ ရလဒ်ဖြစ်ပါက ယင်းသည် ဝမ်းမြောက်ခြင်းနှင့် အောင်ပွဲခံခြင်းအတွက် အကြောင်းတရားတစ်ခုလော သို့မဟုတ် ဝမ်းနည်းပူဆွေးခြင်းနှင့် မြည်တမ်းခြင်းအတွက် အကြောင်းတရားတစ်ခုဖြစ်သလော။ ငါ၏အမြင်တွင်မူ ယင်းမှာ ကောင်းသော လက္ခဏာတစ်ခု မဟုတ်ပေ။
အယောင်ဆောင်ခေါင်းဆောင်များသည် ပူဇော်သက္ကာများအား စီမံခန့်ခွဲခြင်းအလုပ်ကို မည်သည့်အခါမျှ အလေးအနက်မထားကြပေ။ ၎င်းတို့က “လူတို့သည် ဘုရားသခင်၏ ပူဇော်သက္ကာများကို မထိတွေ့ရပါ၊ ဘုရားသခင်၏ ပူဇော်သက္ကာများကို မည်သူကမျှ အလွဲသုံးစားမလုပ်သင့်သည့်အပြင်၊ မကောင်းသောလူများ၏ လက်ထဲသို့ မကျရောက်သင့်ပါ”ဟု ပြောဆိုကြပြီး ဤဆောင်ပုဒ်များကို အတော် ကောင်းမွန်စွာ ဟစ်ကြွေးကြကာ ၎င်းတို့၏ စကားများက အလွန် ကိုယ်ကျင့်တရားရှိပြီး သင့်တော်ပုံရသော်လည်း ၎င်းတို့သည် လူသားများကဲ့သို့ မပြုမူကြပေ။ ၎င်းတို့သည် ပူဇော်သက္ကာများကို အလွဲသုံးစားမလုပ်ကြသည့်အပြင်၊ ယင်းတို့အပေါ် မလျော်ကန်သော အတွေးများ သို့မဟုတ် သိမ်းပိုက်လိုသော ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိကြသော်လည်း၊ ပြီးလျှင် ၎င်းတို့ထဲမှ အချို့သည် မိမိတို့တွင် ရှိနိုင်သည့် မည်သည့်အသုံးစရိတ်အတွက်မဆို ဘုရားအိမ်တော်၏ ငွေကို ဘယ်သောအခါမျှ အသုံးမပြုခြင်း သို့မဟုတ် ဘုရားသခင်၏ ပူဇော်သက္ကာများကို မထိတွေ့သည့်အပြင်၊ထိုအစား မိမိတို့၏ ကိုယ်ပိုင်ငွေကို သုံးစွဲကြသော်လည်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ပူဇော်သက္ကာများ စီမံခန့်ခွဲမှုနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့သည် မည်သည့်လက်တွေ့ကျသော အလုပ်ကိုမျှ လုံးဝမလုပ်ဆောင်ကြပေ။ ၎င်းတို့အနေဖြင့် ပူဇော်သက္ကာများနှင့်ဆိုင်သည့် အသုံးစရိတ်အခြေအနေအကြောင်း မေးမြန်းခြင်း သို့မဟုတ် ပူဇော်သက္ကာများနှင့်ဆိုင်သည့် အသုံးစရိတ်များကို စိစစ်ခြင်းကဲ့သို့သော ရိုးရှင်းသည့်အရာများကိုပင် မလုပ်ဆောင်ကြပေ။ ဤသူတို့သည် သိသာထင်ရှားစွာပင် အယောင်ဆောင်ခေါင်းဆောင်များဖြစ်ကြသည်။ ပူဇော်သက္ကာများအပေါ် ၎င်းတို့၏ သဘောထားမှာ ဤသို့ဖြစ်သည်။ “ငါသည် ယင်းတို့ကို မသုံးစွဲသည့်အပြင် အလွဲသုံးစားလည်း မလုပ်ပါ။ အခြားသူများက ယင်းတို့အား မည်သို့ သုံးစွဲသည် သို့မဟုတ် အခြားသူများက ယင်းတို့အား အလွဲသုံးစားလုပ်ခြင်း ရှိမရှိဟူသည်ကိုလည်း ငါ စိတ်မဝင်စားပါ”ဟူ၍ ဖြစ်သည်။ သင်၏ ဤနွေးရုံသာရှိသော သဘောထားသည် အလွန် ပြဿနာများလှသည်ဟု ဤအယောင်ဆောင် ခေါင်းဆောင်များကို ငါ ပြောသည်။ ယင်းတို့ကို မသုံးစွဲခြင်းနှင့် အလွဲသုံးစားမလုပ်ခြင်းသည် လူတို့ လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ သို့သော် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင် သာ၍ပင် လုပ်ဆောင်သင့်သည့်အရာမှာ ပူဇော်သက္ကာများကို ကောင်းမွန်စွာ စီမံခန့်ခွဲရန်ဖြစ်သော်လည်း သင်သည် ဤအရာကို လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်။ ယင်းကို တာဝန်ဝတ္တရား ပျက်ကွက်ခြင်းဟု ခေါ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ သင်သည် တစ်ပြားတစ်ချပ်မျှ သုံးစွဲခဲ့ခြင်း သို့မဟုတ် ပူဇော်သက္ကာတစ်ခုတည်းကိုမျှ အလွဲသုံးစားလုပ်ခဲ့ခြင်း ရှိကောင်းမရှိနိုင်သော်လည်း၊ လက်တွေ့ကျသော အလုပ်ကို သင် မလုပ်ဆောင်သောကြောင့်လည်းကောင်း၊ ပူဇော်သက္ကာများနှင့်စပ်လျဉ်း၍ မည်သည့်တိကျသော စီမံခန့်ခွဲမှုအလုပ်ကိုမျှ မလုပ်ဆောင်သောကြောင့်လည်းကောင်း သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရပြီး ထိုသို့ပြုလုပ်ခြင်းသည် တရားမျှတကာ ကျိုးကြောင်းဆီလျော်ပေသည်။ အချို့ခေါင်းဆောင်များသည် မည်သည့်ပူဇော်သက္ကာကိုမျှ လုံးဝ ယူဆောင်ခြင်း သို့မဟုတ် အသုံးပြုခြင်း မရှိကြပေ။ အခြားခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးက အသုံးပြုလျှင်ပင် ၎င်းတို့က အသုံးမပြုကြသည့်အပြင်၊ ဘုရားအိမ်တော်က ၎င်းတို့အား တစ်စုံတစ်ခုကို ပေးရန် စီစဉ်သည့်အခါ ၎င်းတို့ ငြင်းပယ်ကြသည်။ ၎င်းတို့သည် အတော်လေး သန့်ရှင်းပြီး တပ်မက်ခြင်းကင်းမဲ့ပုံရသော်လည်း ပူဇော်သက္ကာများကို စီမံခန့်ခွဲရန် စီစဉ်ခြင်းခံရသည့်အခါ ၎င်းတို့သည် မည်သည့်တိကျသော အလုပ်ကိုမျှ လုံးဝလုပ်ဆောင်မည် မဟုတ်ပေ။ ပူဇော်သက္ကာများကို မည်သူက သုံးစွဲနေသည်ဖြစ်စေ ၎င်းတို့က လက်မှတ်ထိုးပေးလိုက်မည်ဖြစ်သည်၊ ၎င်းတို့သည် မည်သည့်စုံစမ်းမေးမြန်းမှုကိုမျှပင် မပြုလုပ်ဘဲ ထိုအကြောင်းကို နောက်ထပ်တစ်ခွန်းမျှ မပြောဆိုကြပေ။ ဤလူတို့သည် ပူဇော်သက္ကာများထဲမှ တစ်ပြားတစ်ချပ်ကိုမျှ အလွဲသုံးစားမလုပ်ကြသော်လည်း ၎င်းတို့၏ စီမံခန့်ခွဲမှုနယ်ပယ်အောက်တွင် ပူဇော်သက္ကာများက ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ရောက်ရှိသွားပြီး ၎င်းတို့၏ တာဝန်မဲ့မှုနှင့် တာဝန်ဝတ္တရား ပျက်ကွက်ခြင်းတို့ကြောင့် ပူဇော်သက္ကာများကို မည်သူမဆိုက ဖြုန်းတီးကာ အလဟဿဖြစ်စေနိုင်လေသည်။ ဤဖြုန်းတီးခြင်းနှင့် အလဟဿဖြစ်ခြင်းတို့သည် ၎င်းတို့၏ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းနှင့် ဆက်စပ်သည် မဟုတ်လော။ ယင်းသည် ၎င်းတို့၏ တာဝန်ဝတ္တရား ပျက်ကွက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဤလူတို့၏ ဒုစရိုက်အမှုများတွင် ဝေစုတစ်ခု ရှိကြသည် မဟုတ်လော။ ၎င်းတို့သည် ယင်းတို့အတွက် တာဝန်မခံကြသလော။ ဤသည်မှာ ခံယူရမည့် ကြီးမားသော တာဝန်တစ်ခုဖြစ်ပြီး ၎င်းတို့ ရှောင်လွှဲ၍မရပေ။ ၎င်းတို့သည် မိမိတို့၏ လမ်းစဉ်ကိုသာ စွဲမြဲထားကြသည်။ “မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် ဘုရားသခင်၏ ပူဇော်သက္ကာများကို အလွဲသုံးစားလုပ်နေခြင်းမရှိသည့်အပြင်၊ ထိုသို့ပြုလုပ်ရန် ဆန္ဒ သို့မဟုတ် အစီအစဉ်လည်း မရှိပါ။ မည်သူက ဘုရားသခင်၏ ပူဇော်သက္ကာများကို သုံးစွဲသည်ဖြစ်စေ ကျွန်ုပ် မသုံးစွဲပါ။ မည်သူက ယင်းတို့ကို ယူဆောင်ပြီး အသုံးပြုသည်ဖြစ်စေ ကျွန်ုပ် အသုံးမပြုပါ။ မည်သူက ယင်းတို့ကို မွေ့လျော်ခံစားသည်ဖြစ်စေ ကျွန်ုပ် မွေ့လျော်ခံစားခြင်းမရှိပါ။ ဤသည်မှာ ပူဇော်သက္ကာများအပေါ် ကျွန်ုပ်၏ သဘောထားဖြစ်သည်။ သင်တို့ အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်” ဟူ၍ ဖြစ်သည်။ ထိုသို့သောလူများ ရှိသလော။ (ရှိပါသည်။) အန္တိခရစ်များသည် ပူဇော်သက္ကာများကို စျေးကြီးသော အဝတ်အစားများ၊ ဇိမ်ခံပစ္စည်းများနှင့် ကားများနှင့်ပတ်သက်၍ပင် သုံးစွဲကြသည်။ ငါ့ကို ပြောလော့၊ ဤသို့သော အယောင်ဆောင်ခေါင်းဆောင်မျိုးသည် ဤပြဿနာကို သိမြင်နိုင်သလော။ ၎င်းတို့သည် ပူဇော်သက္ကာများကို မိမိတို့ကိုယ်တိုင် အလွဲသုံးစားလုပ်ခြင်းမရှိ၊၎င်းတို့တွင် ဤသဘောထားရှိသည်၊ သို့ဖြစ်၍ ယင်းတို့ကို အလွဲသုံးစားလုပ်ခြင်းက မကောင်းကြောင်း ၎င်းတို့ ယုံကြည်ကြသည် မဟုတ်လော။ (ယုံကြည်ကြပါသည်။) သို့ဆိုလျှင် အန္တိခရစ်များက ထိုသို့သော ကြီးမားသည့်မကောင်းမှုကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် အဘယ်ကြောင့် ယင်းကို လျစ်လျူရှုပြီး မတားဆီးကြသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ယင်းကို အလေးအနက်မထားကြသနည်း။ (၎င်းတို့သည် စိတ်အနှောင့်အယှက်မပေးချင်ကြပါ။) ယင်းမှာ ဒုစရိုက်အမှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘဏ္ဍာထိန်းတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်ကို မဖြည့်ဆည်းခြင်း ဖြစ်သည်။ အကယ်၍ သင်၏ စီမံခန့်ခွဲမှုအတွင်းတွင် ပူဇော်သက္ကာများသည် ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ရောက်ရှိသွားပါက၊ ယင်းတို့သည် ဖြုန်းတီးခြင်း၊ အလဟဿဖြစ်ခြင်းနှင့် ကျိုးကြောင်းဆီလျော်မှုမရှိသော နည်းလမ်းဖြင့် သုံးစွဲခြင်းတို့ကို ခံရပါက၊ ယင်းတို့သည် ဤသို့ လွတ်ထွက်သွားသည့်တိုင် သင်က မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ဘဲ တစ်ခွန်းမျှပင် မပြောဆိုပါက ယင်းမှာ တာဝန်ဝတ္တရား ပျက်ကွက်ခြင်း မဟုတ်လော။ ယင်းမှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ သရုပ်သကန်တစ်ခု မဟုတ်လော။ အကယ်၍ သင်သည် ပြောသင့်သည့်အရာကို မပြောဆိုပါက၊ လုပ်ဆောင်သင့်သည့်အလုပ်ကို မလုပ်ဆောင်ပါက၊ ဖြည့်ဆည်းသင့်သည့်တာဝန်ကို မဖြည့်ဆည်းပါက၊ အယူဝါဒတိုင်းကို သင် နားလည်သော်လည်း လက်တွေ့ကျသော အလုပ်ကိုသာ မလုပ်ဆောင်ပါက သင်သည် မုချ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သင်က “မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် ပူဇော်သက္ကာများကို အလွဲသုံးစားမလုပ်ပါ၊ အခြားသူများ လုပ်ဆောင်ပါက ယင်းမှာ ၎င်းတို့၏ ကိစ္စဖြစ်သည်”ဟု ယုံကြည်သည်။ သို့ဆိုလျှင် သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး မဟုတ်တော့သလော။ ပူဇော်သက္ကာများကို အလွဲသုံးစားမလုပ်ခြင်းသည် သင်၏ ပုဂ္ဂိုလ်ရေးကိစ္စဖြစ်သော်လည်း သင်သည် ပူဇော်သက္ကာများကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်လေပြီလော။ ပူဇော်သက္ကာများနှင့်စပ်လျဉ်း၍ သင်၏ တာဝန်ကို ဖြည့်ဆည်းပြီးပြီလော။ မဖြည့်ဆည်းရသေးပါက သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ “မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် ပူဇော်သက္ကာများကို အလွဲသုံးစားမလုပ်ပါ။ သို့ဖြစ်၍ ကျွန်ုပ်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး မဟုတ်ပါ”ဟု ပြောလျက် သင့်ကိုယ်သင်အတွက် ဆင်ခြေများ မရှာဖွေနှင့်။ ပူဇော်သက္ကာများကို အလွဲသုံးစားမလုပ်ခြင်းက ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် စံမီခြင်း ရှိမရှိဟူသည်ကို တိုင်းတာရန် စံသတ်မှတ်ချက်တစ်ခုအဖြစ် အရည်အချင်းမပြည့်မီပေ။ ၎င်းတို့ စံမီခြင်း ရှိမရှိဟူသည်အတွက် စစ်မှန်သော စံသတ်မှတ်ချက်မှာ ဘုရားသခင်က ၎င်းတို့အား အပ်နှင်းထားသည့်အရာများတွင် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းရှိသလော၊ လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သလောဟူသည်နှင့် လူတစ်ဦး ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားကို ဖြည့်ဆည်းခြင်းရှိသလောဟူသည်တို့ ဖြစ်သည်။ ယင်းမှာ အရေးကြီးဆုံးအရာ ဖြစ်သည်။ သို့ဖြစ်၍ ပူဇော်သက္ကာများကို စီမံခန့်ခွဲမှုတွင် သင်၏ တာဝန်ဝတ္တရားမှာ အဘယ်နည်း။ သင်သည် ထိုတာဝန်များအားလုံးကို ဆောင်ရွက်ပြီးပြီလော။ မဆောင်ရွက်ရသေးသည်မှာ အလွန်သိသာထင်ရှားပေသည်။ သင်သည် ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေခြင်းသာ ဖြစ်သည်။ သင်သည် လူတို့အား စိတ်အနှောင့်အယှက်ပေးမိမည်ကို ကြောက်ရွံ့သော်လည်း ဘုရားသခင်အား စိတ်အနှောင့်အယှက်ပေးမိမည်ကို မကြောက်ရွံ့ပေ။ သင်သည် လူတို့ကို စိတ်အနှောင့်အယှက်ပေးမိမည်၊ ၎င်းတို့၏ အမြင်တွင် သင်၏ ကောင်းသော ပုံရိပ် ပျက်စီးမည်ကို ကြောက်ရွံ့သောကြောင့် ပူဇော်သက္ကာများကို အလေးထားခြင်းမရှိပေ။ အကယ်၍ သင့်တွင် ဤသရုပ်သကန်ရှိပါက သင်သည် မုချ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဤသည်မှာ သင့်အပေါ် တံဆိပ်ကပ်ခြင်း မဟုတ်ပေ။ အဖြစ်မှန်များကို အားလုံးမြင်နိုင်ရန် ချပြထားပြီး ဖြစ်သည်။ သင်သည် သင်၏ တာဝန်နှင့် ဝတ္တရားကိုပင် ဖြည့်ဆည်းနိုင်ခြင်းမရှိပေ။ သင်သည် အလွန် တစ်ကိုယ်ကောင်းဆန်ပါသည်တကား။ သင်သည် သင်၏ ကိုယ်ပိုင်ပစ္စည်းများ၊ သင်၏ ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုများကို အတော်လေး ကောင်းမွန်စွာ၊ တာဝန်သိစွာနှင့် ဂရုတစိုက် စီမံခန့်ခွဲသည်။ သင်သည် ထိုအရာများကို ရာသီဥတုဒဏ်ခံရခွင့် မပြု။ မည်သူ့ကိုမျှ ယူဆောင်သွားခွင့် မပြုသည့်အပြင်၊ မည်သူ့ကိုမျှ သင့်အပေါ် အခွင့်ကောင်းယူခွင့် မပြုပေ။ သို့သော် ပူဇော်သက္ကာများနှင့်ပတ်သက်၍မူ သင့်တွင် တာဝန်ယူစိတ် လုံးဝမရှိပေ။ သင်သည် သင်၏ ကိုယ်ပိုင်ပစ္စည်းများကို စီမံခန့်ခွဲခြင်းနှင့်ပတ်သက်လာသည့်အခါ လုပ်ဆောင်သည့် တာဝန်၏ ဆယ်ပုံတစ်ပုံကိုပင် သင် မလုပ်ဆောင်ပေ။ သင့်ကို ကောင်းသော ဘဏ္ဍာထိန်းတစ်ဦးအဖြစ် မည်သို့ မှတ်ယူနိုင်မည်နည်း။ သင့်ကို ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် မည်သို့ မှတ်ယူနိုင်မည်နည်း။ သင်သည် သိသာထင်ရှားစွာပင် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဖြစ်ပေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်မျိုး၏ သရုပ်သကန်တစ်ခု ဖြစ်သည်။
၃။ အကျိုးသင့်အကြောင်းသင့်ဖြစ်သော အသုံးစရိတ်များကို ကန့်သတ်ခြင်း
နောက်ထပ် အယောင်ဆောင်ခေါင်းဆောင်တစ်မျိုးလည်း ရှိသေးပြီး ၎င်းတို့သည်လည်း အတော်လေး ရွံရှာဖွယ်ကောင်းသည်။ ဤကဲ့သို့သောလူများသည် ခေါင်းဆောင်များ ဖြစ်လာပြီးနောက်တွင် ပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်နေသည့်သူသည် ငွေကို အလွန်အကျွံသုံးပြီး အလွန် ဖြုန်းတီးစွာ သုံးစွဲနေသည်ကို ၎င်းတို့ မြင်သောကြောင့် ထိုသူကို ဖြုတ်ချလိုက်ကြသည်။ ထို့နောက် ၎င်းတို့သည် စေ့စေ့စပ်စပ် စီစဉ်နိုင်ပြီး သေချာစွာ ဘတ်ဂျက်ချနိုင်သော၊ တစ်ပြားတစ်ချပ်ကိုပင် တန်ဖိုးထားသော၊ အိမ်တစ်အိမ်ကို ခြိုးခြံစွာ မည်သို့ စီမံခန့်ခွဲရမည်ကို သိသောသူတစ်ဦးကို ရှာဖွေလိုကြသည်။ ထိုသို့သောလူစားမျိုးသည် ကောင်းမွန်သော ဘဏ္ဍာထိန်းတစ်ဦး ဖြစ်မည်ဟု ၎င်းတို့ ထင်ကြသော်လည်း မည်သူမျှ သင့်တော်သည်ဟု ၎င်းတို့ မထင်သည့်အပြင် ပူဇော်သက္ကာများကို ၎င်းတို့ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် အဆုံးသတ်သွားသည်။ ညီအစ်ကိုမောင်နှမများက ဧဝံဂေလိတရားကို ဟောပြောရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်အချို့ကို ပုံနှိပ်ရန် လိုအပ်သည်ဟု ပြောဆိုသည့်အခါ ဤခေါင်းဆောင်များသည် စာအုပ်များပုံနှိပ်ရန် အတော်လေး ကုန်ကျသည်ဟု စဉ်းစားလျက်၊ ဤသို့ပြုလုပ်ရန် ခွင့်မပြုကြပေ။ အလုပ်အတွက် အရေးတကြီး လိုအပ်ခြင်း ရှိမရှိဟူသည်ကို ၎င်းတို့ ဂရုမစိုက်ကြပေ။ ၎င်းတို့အတွက်မူ ငွေကို ချွေတာသရွေ့ ကိစ္စမရှိပေ။ ၎င်းတို့သည် ဘုရားသခင်၏ ပူဇော်သက္ကာများကို မည်သည့်နေရာတွင် အသုံးပြုခြင်းက သူ၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံးဖြစ်မည်ကို လုံးဝမသိကြပေ။ ၎င်းတို့ သိသမျှမှာ ဘုရားသခင်၏ ပူဇော်သက္ကာများကို ကာကွယ်ရန်နှင့် ယင်းတို့ကို လုံးဝ အထိမခံရန်သာ ဖြစ်သည်။ သုံးစွဲသင့်သည့်အရာကို ၎င်းတို့ မသုံးစွဲကြပေ။ ၎င်းတို့သည် စိစစ်ခြင်းကို အမှန်တကယ်ပင် “ကောင်းမွန်စွာ” လုပ်ဆောင်နေသည်၊ ကောင်းပေ၏။ ဤသို့ဖြင့် အလုပ်က မည်သို့ ရှေ့ဆက်နိုင်မည်နည်း။ ဤခေါင်းဆောင်များသည် ၎င်းတို့၏ လုပ်ဆောင်ချက်များအတွက် စည်းမျဉ်းများ ရှိသလော။ (မရှိပါ။) ၎င်းတို့သည် လုပ်ဆောင်သင့်သည့်အလုပ်ကို လုပ်ဆောင်ခွင့်မပြု၊ ပုံနှိပ်သင့်သည့်စာအုပ်များကို ပုံနှိပ်ခွင့်မပြု၊ သုံးစွဲရမည့်ငွေကို သုံးစွဲခွင့်မပြုကြပေ။ အကျိုးသင့်အကြောင်းသင့်ဖြစ်သော မည်သည့် အသုံးစရိတ်ကိုမျှ ခွင့်မပြုကြပေ။ ဤသည်မှာ စီမံခန့်ခွဲမှုလော။ (မဟုတ်ပါ။) ဤသည်မှာ အဘယ်အရာဖြစ်သနည်း။ ဤသည်မှာ စည်းမျဉ်းများကို သိနားလည်မှု ကင်းမဲ့ခြင်း ဖြစ်သည်။ စည်းမျဉ်းများကို သိနားလည်မှု ကင်းမဲ့သောသူများသည် အလုပ်လုပ်သည့်အခါ ပူဇော်သက္ကာများကို မည်သို့ စီမံခန့်ခွဲရမည်ကို မသိကြပေ။ ၎င်းတို့အနေဖြင့် ငွေကို စောင့်ကြည့်ရမည်ဖြစ်ပြီး တစ်ပြားတစ်ချပ်မျှ လျော့မသွားစေရဟူ၍လည်းကောင်း၊ မည်သည့်အသုံးစရိတ်ဖြစ်စေ ငွေကို မထိမကိုင်သင့်ဟူ၍လည်းကောင်း ယုံကြည်ကြသည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) စည်းမျဉ်းမရှိဘဲ အမှုအရာများကို ထိန်းချုပ်ခြင်းနှင့် စိစစ်ခြင်းကို လုပ်ဆောင်ခြင်းသည် စီမံခန့်ခွဲမှု မဟုတ်ပေ။ လက်လွတ်စပယ် သုံးစွဲခြင်း၊ ဖြုန်းတီးခြင်းနှင့် သုံးဖြုန်းခြင်းတို့သည် စီမံခန့်ခွဲမှု မဟုတ်သော်လည်း စိစစ်ခြင်းကြောင့် တစ်ပြားတစ်ချပ်မျှ သုံးစွဲခွင့်မပြုခြင်းနှင့် အကျိုးသင့်အကြောင်းသင့်ဖြစ်သော အသုံးစရိတ်များကို ကန့်သတ်ခြင်းသည်လည်း စီမံခန့်ခွဲမှု မဟုတ်ပေ။ နှစ်ခုစလုံးသည် စည်းမျဉ်းများနှင့် မကိုက်ညီပေ။ အချို့လူများသည် ပူဇော်သက္ကာများကို အသုံးပြုခြင်း၊ ခွဲဝေခြင်းနှင့် စီမံခန့်ခွဲခြင်းအတွက် စည်းမျဉ်းများကို နားမလည်သောကြောင့် ရုပ်ပျက်ဆင်းပျက်အဖြစ်အမျိုးမျိုးနှင့် ကမောက်ကမအခြေအနေအမျိုးမျိုး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဤခေါင်းဆောင်များသည် အပြင်ပန်းအားဖြင့် အတော်အတန် တာဝန်ယူတတ်ပြီး စိတ်အားထက်သန်ပုံရသော်လည်း ၎င်းတို့ လုပ်ဆောင်နေသည့်အလုပ်မှာ မည်သို့ရှိသနည်း။ (စည်းမျဉ်းမရှိပါ။) ပြီးလျှင် စည်းမျဉ်းမရှိသောကြောင့် ၎င်းတို့၏ နယ်မြေရှိ ဧဝံဂေလိအလုပ်သည် အဟန့်အတားနှင့် ကန့်သတ်မှုတို့ကို ကြုံတွေ့ရပြီး ပူဇော်သက္ကာများ အသုံးပြုခြင်းအပေါ် ၎င်းတို့၏ အလွန်အမင်း တင်းကျပ်သော စိစစ်မှုကြောင့် အချို့သော အတတ်ပညာဆိုင်ရာ အလုပ်သည်လည်း ကန့်သတ်ခြင်းခံရလေသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အလွန် စေ့စပ်သေချာပြီး တာဝန်ယူတတ်ပုံရသည်။ သို့သော် အမှန်တွင်မူ၊ ၎င်းတို့တွင် ဝိညာဉ်ရေးရာ သိနားလည်မှုမရှိဘဲ မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍သာ ပြုမူသောကြောင့်လည်းကောင်း၊ အသင်းတော်အတွက် ခြိုးခြံချွေတာခြင်းဟူသော အယောင်ဆောင်မှုအောက်တွင် ဘုရားအိမ်တော်အတွက် စိစစ်ခြင်းကိုပင် လုပ်ဆောင်သောကြောင့်လည်းကောင်း ၎င်းတို့သည် အသင်းတော်အလုပ်၏ ကဏ္ဍအမျိုးမျိုး တိုးတက်မှုကို မိမိတို့ကိုယ်တိုင်ပင် မသိဘဲ ပြင်းထန်စွာ ထိခိုက်စေလေသည်။ ထိုသို့သောလူများကို အယောင်ဆောင်ခေါင်းဆောင်များအဖြစ် သတ်မှတ်နိုင်သလော။ (သတ်မှတ်နိုင်ပါသည်။) ဤသည်က ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်များအဖြစ် အရည်အချင်းပြည့်မီစေသည်။ အတိုင်းအတာတစ်ခုအထိ ၎င်းတို့သည် ဧဝံဂေလိအလုပ်နှင့် အသင်းတော်အလုပ်ကို အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေပြီးဖြစ်သည်။ ဤအနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများသည် စည်းမျဉ်းများကို ၎င်းတို့ သိနားလည်မှု ကင်းမဲ့ခြင်းအပြင်၊ မိမိတို့၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့် အယူအဆများကို အခြေခံ၍ မဆင်မခြင် အလုပ်လုပ်ခြင်းနှင့် သမ္မာတရား၏ စည်းမျဉ်းများကို မရှာဖွေခြင်း သို့မဟုတ် အခြားသူများနှင့် အမှုအရာများကို ဆွေးနွေးခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခြင်းတို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ ပူဇော်သက္ကာများသည် ၎င်းတို့နှင့်အတူ ရှိနေသည့်အခါ ဖြုန်းတီးခြင်း သို့မဟုတ် သုံးဖြုန်းခြင်း ခံရမည်မဟုတ်သော်လည်း ၎င်းတို့သည် ပူဇော်သက္ကာများကို စည်းမျဉ်းများအတိုင်း အကျိုးသင့်အကြောင်းသင့် အသုံးမပြုနိုင်သည့်အပြင် ယင်းတို့ကို ကာကွယ်ရန်အတွက်သာ အသုံးပြုခွင့်မပြုဘဲနေကြကာ အကျိုးဆက်အနေဖြင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်ကို နှောင့်နှေးကြန့်ကြာစေပြီး ဘုရားအိမ်တော်အလုပ်၏ ပုံမှန်လည်ပတ်မှုကို ထိခိုက်စေလေသည်။ သို့ဖြစ်၍ ဤသရုပ်သကန်ကို အခြေခံ၍ ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်များအဖြစ် သတ်မှတ်ခြင်းသည် လုံးဝ လွန်ကဲခြင်း မရှိပေ။ အဘယ်ကြောင့် ထိုသို့သောလူများကိုလည်း အယောင်ဆောင်ခေါင်းဆောင်များအဖြစ် သတ်မှတ်ရသနည်း။ ၎င်းတို့သည် မည်သို့ အလုပ်လုပ်ဆောင်ရမည်ကို မသိကြသည့်အပြင်၊ ပူဇော်သက္ကာများအား မည်သို့ သဘောထားရမည်ဟူသည်နှင့် သဘောထားပုံတို့အပေါ် ၎င်းတို့၏ နားလည်သဘောပေါက်မှုက အလွန် လွဲချော်နေသောကြောင့် အခြားအလုပ်များကို ၎င်းတို့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြသလော။ သေချာပေါက် မလုပ်ဆောင်နိုင်ကြပေ။ ဤလူတို့၏ နားလည်သဘောပေါက်မှုနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိနေသည် မဟုတ်လော။ (ရှိပါသည်။) ၎င်းတို့၏ နားလည်သဘောပေါက်မှုက လွဲချော်နေသည်။ စည်းမျဉ်းစည်းကမ်းများကို ၎င်းတို့ လိုက်နာကြသည်၊ ဟန်ဆောင်မှုတွင် ၎င်းတို့ ပါဝင်ပြီး အယောင်ဆောင် ဝိညာဉ်ရေးရာပြည့်ဝသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို မစဉ်းစားကြသည့်အပြင်၊ စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ခြင်း မရှိကြပေ။ ၎င်းတို့သည် ပြုမူဆောင်ရွက်ရန်အတွက် စည်းမျဉ်းများကို မရှာဖွေနိုင်ကြသည့်အပြင်၊ မိမိတို့၏ ကိုယ်ပိုင် အသေးအဖွဲ လိမ္မာပါးနပ်မှုနှင့် မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်းသာ လုပ်ဆောင်ပြီး စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြသည်။ ထို့ကြောင့် ၎င်းတို့၏ အလုပ်သည် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်ပေါ်စေသည်။ ၎င်းတို့ အလုပ်လုပ်သည့်ပုံစံသည် မိုက်မဲပြီး ညံ့ဖျင်းသည်။ ယင်းမှာ စက်ဆုပ်ဖွယ်ကောင်းပေသည်။ ထိုသို့သောလူများသည် သိသာထင်ရှားစွာပင် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြသည်။ “ကျွန်ုပ်သည် ပူဇော်သက္ကာများကို အလွန်ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်သည်၊ ဤအလုပ်ကို အလွန် ဂရုတစိုက် လုပ်ဆောင်ပြီး အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရသေးသည်။ သို့ဆိုလျှင် ယင်းတို့ကို ကျွန်ုပ် စီမံဆောင်ရွက်မည် မဟုတ်တော့ပါ။ ယင်းတို့ကို သုံးချင်သူ သုံးနိုင်သည်၊ ယူချင်သူ ယူနိုင်သည်” ဟု ပြောဆိုသူ တစ်ဦးတလေ ရှိသလော။ ထိုသို့သော အတွေးရှိသူ တစ်ဦးတလေ ရှိသလော။ သို့ဆိုလျှင် အယောင်ဆောင်ခေါင်းဆောင်အမျိုးမျိုး၏ မတူကွဲပြားသော အခြေအနေများနှင့် သရုပ်သကန်များကို ဖော်ထုတ်ရာတွင် ငါတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (လူတို့အား စည်းမျဉ်းများကို သဘောပေါက်စေရန်နှင့် အယောင်ဆောင်ခေါင်းဆောင်များ၏ လမ်းကြောင်းအား လျှောက်လှမ်းခြင်းကို ရှောင်ရှားစေရန် ဖြစ်ပါသည်။) မှန်ပေသည်။ ယင်းမှာ လူတို့အား စည်းမျဉ်းများကို သဘောပေါက်စေရန်၊ မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန်နှင့် မိမိတို့၏ တာဝန်ကို စည်းမျဉ်းများအတိုင်း ဖြည့်ဆည်းနိုင်ရန်၊ စိတ်ကူးများနှင့် အယူအဆများအတိုင်း မလုပ်ဆောင်ရန်၊ လူ့အလိုဆန္ဒ သို့မဟုတ် တဇောက်ကန်းစိတ်ကို မထားရှိရန်၊ မိမိတို့ စိတ်ကူးထားသည့် သီအိုရီတစ်ခုကို သမ္မာတရား၏ စည်းမျဉ်းများအစား အစားထိုးခွင့်မပြုရန်၊ ဝိညာဉ်ရေးရာပြည့်ဝသယောင် ဟန်မဆောင်ရန်နှင့် ဝိညာဉ်ရေးရာပြည့်ဝခြင်းအဖြစ် မိမိတို့ယုံကြည်သည့်အရာကို စည်းမျဉ်းများအတွက် အတုအယောင် သို့မဟုတ် အစားထိုးတစ်ခုအဖြစ် အသုံးမပြုရန် ဖြစ်သည်။ ထိုသို့သောလူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များကြားတွင် အမှန်ပင် ရှိနေပြီး၊ ၎င်းတို့ကို သတိပေးချက်တစ်ခုအဖြစ် ခံယူထိုက်သည်။
၄။ ပူဇော်သက္ကာများကို သိမ်းပိုက်ခြင်းနှင့် မွေ့လျော်ခံစားခြင်း
နောက်ထပ် အယောင်ဆောင်ခေါင်းဆောင်တစ်မျိုး ရှိပြီး ပူဇော်သက္ကာများကို စီမံခန့်ခွဲခြင်းနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ လုပ်ဆောင်သည့်အလုပ်သည် ပို၍ပင် ကမောက်ကမအခြေအနေတစ်ခု ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် ၎င်းတို့သည် ပူဇော်သက္ကာများကို အမြဲ မျက်စိကျနေ၍မရ သို့မဟုတ် ပူဇော်သက္ကာများနှင့် ပတ်သက်လာသည့်အခါ အလွန် အာရုံစိုက်၍မရဟူ၍ ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့က အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီး အသင်းတော်အသက်တာအလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအလုပ်ကို ကောင်းမွန်စွာ ထမ်းဆောင်ကာ ထို့အပြင် အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုးကို ကောင်းမွန်စွာ လုပ်ဆောင်ပြီးကြောင်း သေချာစေရန်သာ လိုအပ်သည်ဟု ၎င်းတို့က ထင်မှတ်ကြသည်။ ပူဇော်သက္ကာများသည် ဘုရားသခင်က အသင်းတော်ကို ထောက်ပံ့ပေးသည့် ငွေနှင့် ပစ္စည်းများဖြစ်ပြီး၊ ဤငွေနှင့် ပစ္စည်းများသည် ခေါင်းဆောင်များ၊ အမှုဆောင်များ၏ အသက်တာနှင့် အလုပ်တွင် လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤနေရာတွင် သွယ်ဝိုက်ညွှန်းဆိုချက်မှာ ပူဇော်သက္ကာများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ပြင်ဆင်ထားခြင်းဖြစ်ပြီး တစ်စုံတစ်ဦးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်က ၎င်းတို့အား ဤပူဇော်သက္ကာများကို ခံစားခွင့်ပြုသည်ဟူ၍လည်းကောင်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့ကို ခွဲဝေခန့်ခွဲခြင်း၊ မွေ့လျော်ခံစားခြင်းနှင့် သုံးစွဲခြင်းတို့တွင် ဦးစားပေးခံရပြီး၊သို့ဖြစ်၍ လူတစ်ဦးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ပူဇော်သက္ကာများ၏ သခင်၊ ပူဇော်သက္ကာများ၏ စီမံခန့်ခွဲသူနှင့် ပိုင်ရှင် ဖြစ်လာကြသည်ဟူ၍လည်းကောင်း ဖြစ်ပေသည်။ ဤလူစားမျိုးသည် မိမိတို့၏ အလုပ်တွင် ပူဇော်သက္ကာများနှင့် ထိတွေ့လာရသည့်အခါ ယင်းတို့ကို သုံးစွဲခြင်းနှင့် ခွဲဝေခြင်း အခြေအနေကို စစ်ဆေးရန် မဆိုထားနှင့်၊ ယင်းတို့ကို စာရင်းသွင်းခြင်း၊ စာရင်းပြုစုခြင်း သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို မပြုလုပ်သည့်အပြင်၊ ဝင်ငွေထွက်ငွေ စာရင်းများကိုလည်း မစစ်ဆေးပေ။ ထိုအစား ၎င်းတို့သည် မည်သည့် ပူဇော်သက္ကာများ ရှိသည်ကိုလည်းကောင်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ မွေ့လျော်ခံစားနိုင်သည့်အရာ တစ်ခုတလေ ရှိမရှိဟူသည်ကိုလည်းကောင်း စစ်ဆေးပြီး သဘောပေါက်အောင် လုပ်ဆောင်ကြသည်။ ဤသည်မှာ ဤခေါင်းဆောင်များနှင့် အမှုဆောင်များက ပူဇော်သက္ကာများအပေါ် ထားရှိသည့် သဘောထားမျိုး ဖြစ်သည်။ ၎င်းတို့၏ အမြင်တွင် ပူဇော်သက္ကာများကို စာရင်းသွင်းရန်၊ စာရင်းပြုစုရန်၊ ထိန်းသိမ်းစောင့်ရှောက်ရန် သို့မဟုတ် ယင်းတို့၏ ဝင်ငွေထွက်ငွေ သို့မဟုတ် သုံးစွဲခြင်း အခြေအနေကို စစ်ဆေးရန် မလိုအပ်ပေ။ ထိုသို့သောအရာများသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ၎င်းတို့အနေဖြင့် ပူဇော်သက္ကာများကို မွေ့လျော်ခံစားခြင်းနှင့် ပတ်သက်လာသည့်အခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဦးစားပေးလျက် ၎င်းတို့ထံ ခွဲဝေပေးရန်သာ လိုအပ်လေသည်။ ၎င်းတို့၏ အမြင်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ပြောဆိုသည့်အရာက စည်းမျဉ်းပင်ဖြစ်သည်။ ပူဇော်သက္ကာများကို မည်သို့ သုံးစွဲပြီး ခွဲဝေရမည်ဟူသည်မှာ ၎င်းတို့၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရခြင်းသည် တစ်စုံတစ်ဦးက စုံလင်အောင် ပြုခြင်းခံရပြီးသားဖြစ်သည်ကို ဆိုလိုကြောင်း၊ ယဇ်ပုရောဟိတ်တစ်ဦးကဲ့သို့ပင် ၎င်းတို့သည် ပူဇော်သက္ကာများကို မွေ့လျော်ခံစားရန် အထူးအခွင့်အရေးရှိသည့်အပြင် ပူဇော်သက္ကာများနှင့် ပတ်သက်လာသည့်အခါ ဆုံးဖြတ်ပိုင်ခွင့်၊ အသုံးပြုပိုင်ခွင့်နှင့် ခွဲဝေပိုင်ခွင့်တို့လည်း ရှိကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ အချို့အသင်းတော်များတွင် ညီအစ်ကိုမောင်နှမများက ပူဇော်သည့်အရာများကို သင့်တော်သော ဝန်ထမ်းများက စာရင်းသွင်းခြင်း၊ စာရင်းပြုစုခြင်းနှင့် သိုလှောင်သိမ်းဆည်းခြင်းတို့ မပြုလုပ်မီတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက ကြည့်ရှုခြင်း၊ စိစစ်ခြင်းနှင့် ရွေးထုတ်ခြင်းတို့ကို ပြုလုပ်နှင့်ပြီးဖြစ်သည်။ ၎င်းတို့ အသုံးပြုနိုင်သည့် မည်သည့်အရာကိုမဆို သိမ်းထားခြင်း၊ ၎င်းတို့ စားနိုင်သည့် မည်သည့်အရာကိုမဆို စားသုံးခြင်း၊ ၎င်းတို့ ဝတ်ဆင်နိုင်သည့် မည်သည့်အရာကိုမဆို ဝတ်ဆင်ခြင်းနှင့် ၎င်းတို့ မလိုအပ်သည့် မည်သည့်အရာကိုမဆို လိုအပ်သူ မည်သူ့ကိုမဆို တိုက်ရိုက် ခွဲဝေပေးခြင်းတို့ကို ပြုလုပ်လျက်၊ ထိုသို့ဖြင့် ဘုရားသခင်အစား ဆုံးဖြတ်လုပ်ဆောင်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ စည်းမျဉ်းပင် ဖြစ်သည်။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ယဇ်ပုရောဟိတ်များဟု အမှန်တကယ် ထင်မှတ်နေကြသလော။ ဤသည်မှာ အလွန်အမင်း ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) မိသားစုတစ်စုတွင် ထိုင်ခုံနှစ်လုံး လိုအပ်နေကြောင်း၊ နောက်တစ်စုတွင် မီးဖိုတစ်လုံး မရှိကြောင်းနှင့် တစ်စုံတစ်ဦးသည် ကျန်းမာရေးမကောင်းသည့်အပြင် အားဆေးများ သောက်သုံးရန် လိုအပ်ကြောင်းတို့ကို မြင်ပြီးနောက် ဤအရာအားလုံးကို ဝယ်ယူရန် ဘုရားအိမ်တော်၏ ငွေကို အသုံးပြုကြသည့် အခြားခေါင်းဆောင်များနှင့် အမှုဆောင်များရှိကြသည်။ ပူဇော်သက္ကာများအားလုံးကို ခွဲဝေခြင်း၊ စားသုံးခြင်း၊ သုံးစွဲခြင်းနှင့် အသုံးပြုပိုင်ခွင့်တို့သည် ဤခေါင်းဆောင်များနှင့် အမှုဆောင်များနှင့် သက်ဆိုင်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိသလော။ ဤလုပ်နည်းကိုင်နည်းသည် ၎င်းတို့၏ သိမြင်မှုနှင့်ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းသွားခြင်းကြောင့် ဖြစ်ပွားရခြင်း မဟုတ်လော။ မည်သည့်အခြေခံအကြောင်းရင်းဖြင့် ၎င်းတို့က အဆုံးအဖြတ်များ ပေးနေကြသနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပူဇော်သက္ကာများကို ထိန်းချုပ်ပိုင်ခွင့် ရှိကြသလော။ (မရှိကြပါ။) ပူဇော်သက္ကာများသည် ၎င်းတို့ စီမံခန့်ခွဲရန်အတွက်သာဖြစ်ပြီး ၎င်းတို့ ထိန်းချုပ်ရန်နှင့် အသုံးပြုရန်အတွက် မဟုတ်ပေ။ ၎င်းတို့တွင် ယင်းတို့ကို မွေ့လျော်ခံစားရန် အထူးအခွင့်အရေး မရှိပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယဇ်ပုရောဟိတ်များနှင့် ညီမျှသလော။ စုံလင်အောင် ပြုခြင်းခံရသောသူများနှင့် ညီမျှသလော။ ၎င်းတို့သည် ပူဇော်သက္ကာများ၏ ပိုင်ရှင်များ ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ခွင့်ပြုချက်မရှိဘဲ ဤမိသားစု၊ ထိုမိသားစုအတွက် ပစ္စည်းများ ဝယ်ယူရန် ပူဇော်သက္ကာများကို အသုံးပြုဖို့ ဆုံးဖြတ်ကြသနည်း။ အဘယ်ကြောင့် ၎င်းတို့တွင် ထိုလုပ်ပိုင်ခွင့် ရှိရသနည်း။ ထိုလုပ်ပိုင်ခွင့်ကို ၎င်းတို့အား မည်သူက ပေးခဲ့သနည်း။ အလုပ်အစီအစဉ်များတွင် “ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ ရာထူးကို လက်ခံပြီးနောက် ပထမဆုံး လုပ်ဆောင်သင့်သည့်အရာမှာ ဘုရားအိမ်တော်၏ ဘဏ္ဍာရေးကို အလုံးစုံ ထိန်းချုပ်ရန် ဖြစ်သည်” ဟု ပြဋ္ဌာန်းထားသလော။ (ပြဋ္ဌာန်းမထားပါ။) သို့ဆိုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များထဲမှ တစ်စိတ်တစ်ပိုင်းက အဘယ်ကြောင့် ဤသို့ ယုံကြည်ကြသနည်း။ ထိုနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးက တန်ဖိုးကြီးသော အဝတ်တစ်ထည်ကို ပူဇော်ပြီး နောက်တစ်နေ့တွင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက ယင်းကို ဝတ်ဆင်နေသည့်အခါ မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ညီအစ်ကိုမောင်နှမများ ပူဇော်သည့် ပူဇော်သက္ကာများသည် တစ်ဦးတစ်ယောက်၏ လက်ထဲသို့ အဘယ်ကြောင့် ရောက်ရှိသွားရသနည်း။ ဤနေရာတွင် “တစ်ဦးတစ်ယောက်” ဆိုသည်မှာ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ထက် အခြားမည်သူ့ကိုမျှ မဆိုလိုပေ။ ၎င်းတို့သည် ပူဇော်သက္ကာများကို ကောင်းမွန်စွာ စီမံခန့်ခွဲရန်သာ ပျက်ကွက်သည်မဟုတ်ပေ။ ထိုအစား ယင်းတို့ကို သိမ်းပိုက်ခြင်းနှင့် ကိုယ်တိုင် မွေ့လျော်ခံစားခြင်းတို့တွင် ၎င်းတို့က ဦးဆောင်ကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ပူဇော်သက္ကာများ စီမံခန့်ခွဲခြင်းနှင့် ပတ်သက်လာသည့် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်းအရ ဤခေါင်းဆောင် သို့မစုတ် အမှုဆောင်ကို ငါတို့ သုံးသပ်ပါက ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ကောင်းသတ်မှတ်နိုင်သည်။ သို့သော် ၎င်းတို့က ပူဇော်သက္ကာများကို သိမ်းပိုက်ခြင်းနှင့် ကိုယ်တိုင်ကိုယ်ကျ မွေ့လျော်ခံစားခြင်းအရ ၎င်းတို့ကို ငါတို့ ကြည့်လျှင်၊ ၎င်းတို့ကို အန္တိခရစ်တစ်ဦးအဖြစ် ရာနှုန်းပြည့် သတ်မှတ်နိုင်ပေသည်။ သို့ဆိုလျှင် သံသယရှိသည့်လူကို သတ်မှတ်ရန် မည်သည့်အရာက အတိအကျ သင့်တင့်လျောက်ပတ်သောနည်းလမ်း ဖြစ်သနည်း။ (အန္တိခရစ်အဖြစ် သတ်မှတ်ခြင်း ဖြစ်ပါသည်။) ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး အန္တိခရစ်တစ်ဦးလည်း ဖြစ်သည်။ ပူဇော်သက္ကာများကို စီမံခန့်ခွဲရာတွင် အယောင်ဆောင်ခေါင်းဆောင်များသည် ပူဇော်သက္ကာများအားလုံးကို ကြည့်ရှုပြီး ယင်းတို့ကို စီမံခန့်ခွဲရန် လူတို့အား တာဝန်ပေးသည်။ သို့သော် ထိုသို့မပြုလုပ်မီတွင် ၎င်းတို့သည် မိမိတို့အတွက် တစ်စိတ်တစ်ပိုင်းကို သိမ်းယူပြီး ခွင့်ပြုချက်မရှိဘဲ အခြားတစ်စိတ်တစ်ပိုင်းကို ခွဲဝေရန် ဆုံးဖြတ်ကြသည်။ ၎င်းတို့ မလိုချင်သောအရာများ သို့မဟုတ် ၎င်းတို့ အသိအမှတ်မပြုသော်လည်း ပေးကမ်းစွန့်ကြဲရန် မလိုလားသောအရာများဖြစ်သည့် ကျန်ရှိသည့်အရာများကိုမူ ၎င်းတို့က လောလောဆယ် ဘေးဖယ်ထားကြသည်။ ထိုပူဇော်သက္ကာများ၏ တည်နေရာများနှင့် ပတ်သက်လာသည့်အခါ၊ ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် သင့်တော်သောလူတစ်ဦး ရှိမရှိ၊ ယင်းတို့ကို ပုံမှန် စစ်ဆေးသင့်မသင့်၊ တစ်စုံတစ်ဦးက ယင်းတို့ကို ခိုးယူခြင်း ရှိမရှိ သို့မဟုတ် တစ်စုံတစ်ဦးက ယင်းတို့ကို သိမ်းယူခြင်း ရှိမရှိဟူသည့် ဤအရာများကို အယောင်ဆောင်ခေါင်းဆောင်များက တစ်ညီတစ်ညွတ်တည်း စိတ်မဝင်စားကြပေ။ ၎င်းတို့၏ စည်းမျဉ်းမှာ ဤသို့ဖြစ်သည်။ “ကျွန်ုပ် မွေ့လျော်ခံစားသင့်သည့်အရာများနှင့် ကျွန်ုပ်လိုအပ်သည့်အရာများကို ကျွန်ုပ် ယူထားနှင့်ပြီးဖြစ်သည်။ ငါမလိုအပ်သည့် ကျန်သောအရာများကို ယူချင်သောသူ မည်သူမဆို ယူနိုင်သည်၊ စီမံခန့်ခွဲချင်သူ မည်သူမဆို စီမံခန့်ခွဲနိုင်သည်။ ယင်းတို့ကို လက်ဦးသူက ရမည်ဖြစ်သည်၊ မည်သူ့လက်ထဲသို့ ကျရောက်သည်ဖြစ်စေ ထိုသူက အကျိုးအမြတ်ရသွားခြင်း ဖြစ်သည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် စည်းမျဉ်းနှင့် ဆင်ခြင်တွေးခေါ်မှုနစနစ်မျိုး ဖြစ်သနည်း။ ထိုသို့သောလူများသည် တကယ်ကို နတ်ဆိုးများနှင့် သားရဲတိရစ္ဆာန်များပင်တည်း။
တစ်ချိန်က၊ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးက သိုလှောင်ခန်းထဲတွင် ပစ္စည်းအတော်များများ ရှိသည်ဟု ပြောသဖြင့် ယင်းတို့ကို စာရင်းသွင်းထားခြင်း ရှိမရှိ ငါ မေးခဲ့သည်။ သူက “ထိုပစ္စည်းများထဲမှ အချို့က မည်သည့်အရာများဖြစ်သည်ကိုပင် ကျွန်ုပ်မသိပါ။ ထို့ကြောင့် ယင်းတို့ကို စာရင်းသွင်း၍မရပါ” ဟု ပြောသည်။ ငါက “ယင်းက အဓိပ္ပာယ်မရှိသော စကားဖြစ်သည်။ ယင်းတို့ကို အဘယ်သို့ဖြစ်ပြီး သင် စာရင်းမသွင်းနိုင်ခဲ့ရသနည်း။ ယင်းတို့ကို ဤနေရာတွင် ပထမဆုံး ယူလာကတည်းက ယင်းတို့၏ မှတ်တမ်းများ ရှိသင့်သည်”ဟု ပြောသည်။ “ယင်းမှာ အတော်ပင် ကြာပြီဖြစ်သည်။ သိရှိမည့် နည်းလမ်းမရှိပါ။” ဤသည်မှာ မည်သည့် စကားမျိုးဖြစ်သနည်း။ ၎င်းတို့သည် တာဝန်ယူနေခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ငါက “အဝတ်အစားအချို့ရှိသည်။ ညီအစ်ကိုမောင်နှမများထဲမှ မည်သူက ထိုအဝတ်အစားများ လိုအပ်သည်ကို ကြည့်ပြီး သူတို့ကို အဝတ်အစားများ ထုတ်ပေးလော့” ဟု ပြောသည်။ “အချို့က ခေတ်မမီတော့ပါ။ မည်သူမျှ စိတ်မဝင်စားပါ။” ငါက “ညီအစ်ကိုမောင်နှမများ လိုအပ်သည့်အရာကို ထုတ်ပေးပြီး သူတို့မလိုအပ်သည့်အရာကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်လော့”ဟု ပြောသည်။ သူသည် ဤအရာကို လိုက်မလုပ်ခဲ့ပေ။ သူသည် အသိစိတ်ရှိပြီး လုံ့လဝီရိယရှိနေခဲ့ခြင်း ဖြစ်သလော။ သူ့ကို အလုပ်တစ်ခုလုပ်ရန် ခိုင်းသည့်အခါ သူသည် အပျက်သဘောဆောင်သောစကားများ ပြောဆိုကာ အခက်အခဲများကို ထောက်ပြလျက် ညည်းညူမြဲညည်းညူနေသည်။ သူ မပြောဆိုသည့်အရာမှာ ဤအရာများကို စည်းမျဉ်းများအတိုင်း သူ ကောင်းမွန်စွာ ကိုင်တွယ်မည်ဟူ၍ ဖြစ်သည်။ သူသည် ကျိုးနွံနာခံရန် ရည်ရွယ်ချက် လုံးဝမရှိပေ။ တစ်စုံတစ်ဦးက သူ့အပေါ် မည်သည့် တောင်းဆိုချက် ပြုလုပ်ပါစေ၊ သူသည် ဤသို့ဆက်လုပ်ခြင်းဖြင့် ထိုသူကို စကားမပြောနိုင်အောင် လုပ်လိုက်ပါက သူအနိုင်ရပြီး အသာစီးရကာ သူ့အလုပ်ပြီးဆုံးသွားသည့်အလား အခက်အခဲများအကြောင်းကိုသာ ဆက်ပြောနေသည်။ ဤသူသည် မည်သည့်သတ္တဝါမျိုးဖြစ်သနည်း။ သင့်အနေဖြင့် ပြဿနာဖြစ်စေရန် သို့မဟုတ် အခက်အခဲများနှင့် ကိစ္စရပ်များကို ထောက်ပြရန်အတွက် သင့်ကို ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ခန့်အပ်ထားခြင်းမဟုတ်။ ပြဿနာများကို ဖြေရှင်းနိုင်ရန်နှင့် အခက်အခဲများကို ကိုင်တွယ်ရန်အတွက် ဖြစ်သည်။ အကယ်၍ သင်သည် သင့်အလုပ်တွင် အမှန်တကယ် တတ်စွမ်းနိုင်ပါက ပြဿနာများနှင့် အခက်အခဲများကို ဖြစ်ပေါ်ပြီးနောက်တွင် ယင်းတို့အား စည်းမျဉ်းများအတိုင်း သင် မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကို ဆက်ပြောမည်ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဆောင်ပုဒ်များ ဟစ်ကြွေးခြင်း၊ အယူဝါဒများ ဟောပြောခြင်း၊ စကားကြီးစကားကျယ် ပြောခြင်းနှင့် ဓမ္မဓိဋ္ဌာန်ကျသော ကျိုးကြောင်းပြချက်များနှင့် ဆင်ခြေများအကြောင်း ပြောဆိုခြင်းတို့ကိုသာ လုပ်နိုင်သည်။ ၎င်းတို့တွင် လက်တွေ့ကျသော အလုပ်လုပ်နိုင်စွမ်း လုံးဝမရှိသည့်အပြင်၊ ပူဇော်သက္ကာများ စီမံခန့်ခွဲခြင်းနှင့်ပတ်သက်၍လည်း စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ရန် သို့မဟုတ် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းရန် အလားတူပင် မတတ်နိုင်ကြပေ။ ဤသည်မှာ ၎င်းတို့ ကျပ်မပြည့်သည့်အပြင် မတတ်စွမ်းနိုင်ပုံဖြစ်သည်။ သို့သော် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာသောကြောင့် အထူးအခွင့်အရေးများနှင့် အဆင့်အတန်းများ ရှိသည်ဟုလည်းကောင်း၊ ဂုဏ်ရှိသော ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သည်ဟုလည်းကောင်း၊ ပူဇော်သက္ကာများ၏ ပိုင်ရှင်နှင့် အသုံးပြုသူဖြစ်သည်ဟုလည်းကောင်း ခံစားနေကြဆဲဖြစ်သည်။ ဤအယောင်ဆောင်ခေါင်းဆောင်မျိုးသည် ပူဇော်သက္ကာများအား သုံးစွဲခြင်းဟူသော အထူးအခွင့်အရေးအား မည်သို့ မွေ့လျော်ခံစားရမည်ကိုသာ သိလေသည်။ ၎င်းတို့သည် ပူဇော်သက္ကာများကို ကျိုးကြောင်းမဆီလျော်ဘဲ မဆင်မခြင် သုံးစွဲသည့် မည်သည့်ကိစ္စကိုမျှ မမြင်နိုင်၊ မတွေ့ရှိနိုင်ပေ။ ၎င်းတို့သည် ထိုအရာများကို မြင်တွေ့လျှင်ပင် ကိုင်တွယ်ရန် မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်နည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ခြင်းနှင့်အတူ ပါလာသော သာလွန်ခြင်း ခံစားချက်အား မည်သို့ မွေ့လျော်ခံစားရမည်ကိုသာ သိသောကြောင့်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်ကို လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများကို ၎င်းတို့ လုံးဝ သိနားလည်မှုမရှိပေ။ ၎င်းတို့သည် အသုံးမကျသူများသာဖြစ်သည်၊ အမှိုက်သရိုက်သာဖြစ်ပြီး ကျပ်မပြည့်သောသူများသာ ဖြစ်သည်။ ထိုသို့ နားဝေတိမ်တောင်ဖြစ်သောသူများက အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားလိုနေဆဲဖြစ်သည်မှာ ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ ဤအယောင်ဆောင်ခေါင်းဆောင်မျိုးကို ငါတို့ ဖော်ထုတ်ခြင်းမှ သင်တို့ မည်သည့်အရာကို နားလည်သဘောပေါက်ကြပြီနည်း။ ဤလူစားမျိုးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ပူဇော်သက္ကာများနှင့်စပ်လျဉ်း၍ အကြံအစည်များ ကြံစည်လိုပြီး ပူဇော်သက္ကာများကို ၎င်းတို့ မျက်စိကျနေကြသည်။ ၎င်းတို့သည် ငွေကို အလွန်အကျွံသုံးစွဲရန်နှင့် ပူဇော်သက္ကာများကို ဖြုန်းတီးရန် အချိန်ကြာမြင့်စွာ တပ်မက်နေခဲ့ပြီးဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ ယခု နောက်ဆုံးတွင် ၎င်းတို့၌ အခွင့်အရေးရပြီဖြစ်သည်။ ၎င်းတို့သည် ထိုပုံစံဖြင့် မိမိတို့ အလုပ်မလုပ်ဘဲ ရရှိသည့်အရာများကို မွေ့လျော်ခံစားလျက် ငွေကို ထင်ရာမြင်ရာ သုံးစွဲနိုင်ပြီး ဘုရားသခင်၏ ပူဇော်သက္ကာကို မိမိတို့ဆန္ဒရှိသည့်အတိုင်း အသုံးပြုနိုင်ကြလေသည်။ ဤသို့ဖြင့် ၎င်းတို့၏ လောဘကြီးသော စရိုက်မှန်သည် လုံးဝ ဖော်ထုတ်ခြင်းခံရသည်။ အတိတ်နှင့် ပစ္စုပ္ပန်မှ ခေါင်းဆောင်များနှင့် အမှုဆောင်များထဲတွင် ထိုသို့သောလူများကို သင်တို့ မြင်တွေ့ကြသလော။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အမြဲ မှားယွင်းစွာ အဓိပ္ပာယ်ကောက်ကြပြီး ၎င်းတို့အနေဖြင့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို ဘုရားအိမ်တော်၏ ဆရာသခင်အဖြစ် မှတ်ယူကြသည်။ မိမိတို့ကိုယ်ကို ယဇ်ပုရောဟိတ်များ၏ အဆင့်အတန်းများတွင် စာရင်းသွင်းကြပြီး မိမိတို့ကိုယ်ကို ထူးခြားသောပုဂ္ဂိုလ်တစ်ဦးဟု ထင်မှတ်ကြသည်။ ဤသည်မှာ အနည်းငယ် ကျပ်မပြည့်ခြင်း မဟုတ်လော။ တစ်စုံတစ်ဦးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး မဟုတ်တော့သည့်အဖြစ်မျိုးလော။ ၎င်းတို့သည် ချက်ချင်းပင် သန့်ရှင်းစင်ကြယ်သောသူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည့်အဖြစ်မျိုးလော။ ၎င်းတို့အနေဖြင့် ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် မိမိတို့ မည်သူဖြစ်သည်ကို မသိကြတော့သည့်အပြင်၊ ပူဇော်သက္ကာများကို မွေ့လျော်ခံစားသင့်သည်ဟု ထင်မှတ်ကြသည်။ ထိုသို့သောလူများသည် ကျပ်မပြည့်သောသူများ မဟုတ်လော။ ထိုသို့သောလူများသည် ဧကန်မုချ ကျပ်မပြည့်သောသူများဖြစ်သည်။ ၎င်းတို့တွင် ပုံမှန် လူ့သဘာဝ၏ ဆင်ခြင်တုံတရား မရှိပေ။ ငါတို့အနေဖြင့် ဤသို့ မိတ်သဟာယဖွဲ့ပြီးသည့်နောက်တွင်ပင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များနှင့် ဝတ္တရားများက အဘယ်အရာဖြစ်သည်ကို ၎င်းတို့ မသိကြသေးပေ။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ သေချာပေါက် ရှိနေပြီး ထိုသို့သောလူများ၏ သရုပ်သကန်များသည် အတော်ပင် သိသာထင်ရှားကာ ပေါ်လွင်သည်။
ဤသည်တို့မှာ အခြေခံအားဖြင့် ပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်အမျိုးမျိုး၏ သရုပ်သကန်များ ဖြစ်ကြသည်။ ပို၍ ပြင်းထန်သော ပြဿနာများရှိသူများသည် အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးအစားထဲတွင် အကျုံးမဝင်ပေ။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ သို့ဖြစ်၍ သင်တို့သည် ဤအတိုင်းအတာကို ကောင်းစွာ သဘောပေါက်နားလည်ရန် လိုအပ်သည်။ တစ်စုံတစ်ဦးသည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်ပါက ယင်းမှာ သူဖြစ်သည့်အရာ ဖြစ်သည်။ သူ့ကို အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်၍မရနိုင်ပေ။ အန္တိခရစ်များသည် လူ့သဘာဝ၊ လုပ်ဆောင်ချက်များ၊ သရုပ်သကန်များနှင့် အနှစ်သာရတို့အရ အယောင်ဆောင်ခေါင်းဆောင်များထက် များစွာ ပို၍ မနှစ်မြို့ဖွယ်ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်အများစုသည် ညံ့ဖျင်းသော အစွမ်းအစရှိသည်၊ ကျပ်မပြည့်ကြ၊ အလုပ်လုပ်နိုင်စွမ်း ကင်းမဲ့သည်၊ ၎င်းတို့၏ နားလည်သဘောပေါက်မှုသည် လွဲချော်နေပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြပေ၊ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်က နိမ့်ကျည်၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာကာ ၎င်းတို့၏ စိတ်နှလုံးများသည် မှန်ကန်သောနေရာတွင် မရှိကြပေ။ ဤအရာ ၎င်းတို့ကို ပူဇော်သက္ကာများ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ လက်တွေ့ကျသောအလုပ်အား မလုပ်ဆောင်နိုင်စေရန်နှင့် မလုပ်ဆောင်ရန် ဖြစ်စေပြီး ပူဇော်သက္ကာများအား အကျိုးသင့်အကြောင်းသင့်ဖြစ်သော စီမံခန့်ခွဲမှုနှင့် သင့်တော်သော ထိန်းသိမ်းစောင့်ရှောက်မှုကို ထိခိုက်စေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏ တာဝန်ဝတ္တရားများကို ပျက်ကွက်ခြင်း၊ လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်ခြင်းနှင့် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် သတ်မှတ်ချက်များအတိုင်း မပြုမူခြင်းတို့ကြောင့် ပူဇော်သက္ကာများထဲမှ တစ်စိတ်တစ်ပိုင်းက ဆိုးယုတ်သောလူများ၏ လက်ထဲသို့ပင် ကျရောက်သွားသည်။ ဤပြဿနာမျိုးသည်လည်း အတော်လေး အဖြစ်များသည်။ ပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို အခြေခံအားဖြင့် ဤသို့ ဖော်ထုတ်ထားသည်။ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်က နိမ့်ကျသည်၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်၊ ၎င်းတို့၏ နားလည်သဘောပေါက်မှုက လွဲချော်နေသည်၊ အလုပ်လုပ်နိုင်စွမ်း ကင်းမဲ့သည်၊ ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းသည်၊ သမ္မာတရား၏ စည်းမျဉ်းများကို လုံးဝမရှာဖွေကြသည့်အပြင်၊ မိုက်မဲပြီး ကျပ်မပြည့်သောသူများကဲ့သို့ ဖြစ်နေကြသည်။ အချို့က “ကိုယ်တော် ဖော်ထုတ်ခဲ့သည့် အခြားသရုပ်သကန်အားလုံးကို ကျွန်ုပ်တို့ ဝန်ခံပါသည်။ သို့သော်သူတို့က မိုက်မဲပြီး ကျပ်မပြည့်လျှင် မည်သို့ဖြစ်ပြီးခေါင်းဆောင်များ ဖြစ်လာနိုင်မည်နည်း”ဟု ပြောကောင်းပြောနိုင်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိုက်မဲပြီး ကျပ်မပြည့်ကြသည်ကို သင်တို့ ဝန်ခံကြသလော။ ထိုသို့သောလူများ ရှိသလော။ အချို့က “ကိုယ်တော်က ကျွန်ုပ်တို့ကို အထင်သေးလွန်းနေပြီ။ ကျွန်ုပ်တို့အားလုံးက ခေတ်မီသောလူများ၊ ကောလိပ် သို့မဟုတ် အထက်တန်းကျောင်းဆင်းများဖြစ်သည်။ ကျွန်ုပ်တို့တွင် ဤလူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်နှင့်စပ်လျဉ်း၍ ထူးကဲသော ပိုင်းခြားသိမြင်နိုင်သည့် အစွမ်းတန်ခိုးများ ရှိပါသည်။ ကျပ်မပြည့်သည့်လူတစ်ဦးကို ကျွန်ုပ်တို့၏ ခေါင်းဆောင်အဖြစ် မည်သို့ဖြစ်ပြီး ရွေးနိုင်မည်နည်း။ ဤသည်မှာ လုံးဝ ဖြစ်နိုင်မည် မဟုတ်ပါ” ဟု ပြောကောင်းပြောနိုင်သည်။ ထိုယင်းနှင့်ပတ်သက်၍ မည်သည့်အရာက မဖြစ်နိုင်သနည်း။ သင်တို့အများစုသည် ကျပ်မပြည့်ဖြစ်ကြပြီး ဉာဏ်ရည်လည်း မလုံလောက်ကြပေ။ သို့ဖြစ်၍ ကျပ်မပြည့်သောသူတစ်ဦးကို ခေါင်းဆောင်အဖြစ် သင်တို့ ရွေးချယ်ရန်မှာ အလွန် လွယ်ကူလှသည်။ အဘယ်ကြောင့် သင်တို့အများစုသည် ကျပ်မပြည့်ကြဟု ငါ ပြောရသနည်း။ အကြောင်းမှာ သင်တို့အများစုသည် မည်မျှပင် တွေ့ကြုံခဲ့သည်ဖြစ်စေ အမှုအရာများ၏ အနှစ်သာရကို ထိုးထွင်းမသိမြင်နိုင်သည့်အပြင်၊ စည်းမျဉ်းများကိုလည်း သဘောပေါက်နားလည်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သင်တို့သည် ပြောင်းလဲခြင်းမရှိဘဲ လုပ်နည်းကိုင်နည်း တစ်ခုတည်းကိုသာ ထပ်ခါတလဲလဲ ကျင့်သုံးလျက်၊ သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ စည်းမျဉ်းများကို သဘောပေါက်နားလည်နိုင်ခြင်း မရှိဖြစ်မြဲဖြစ်နေလျက်၊ စည်းမျဉ်းများကိုသာ နှစ်ချီ မရမက စောင့်ထိန်းနိုင်ကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ သင်တို့၏ အစွမ်းအစက အလွန် ညံ့ဖျင်းသည်။ သင်တို့သည် အမှုအရာများကို လုပ်ဆောင်ရာတွင် ပိုင်ဆိုင်သင့်သည့် စည်းမျဉ်းများကို လိုက်နာရန် မဆိုထားနှင့်၊ ပြဿနာများ၏ အနှစ်သာရ သို့မဟုတ် အရင်းအမြစ်ကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသည့်အပြင် အမှုအရာများ ဖြစ်ပေါ်တိုးတက်မှု၏ ပုံစံများကိုလည်း ရှာတွေ့နိုင်ခြင်း မရှိကြပေ။ ။ ဤသည်ကို ကျပ်မပြည့်ခြင်းဟု ခေါ်သည်။ သင်တို့၏ တာဝန်များနှင့် ဆက်စပ်သည့်အမှုအရာများအတွက် စည်းမျဉ်းများကို သဘောပေါက်နားလည်ရန် သင်တို့အားလုံး အချိန်မည်မျှ ကြာသနည်း။ စာအခြေပြုအလုပ်ကို နှစ်ပေါင်းများစွာ လုပ်ဆောင်နေပြီးဖြစ်သော အချို့လူများ ရှိသော်လည်း ယခုအချိန်အထိပင် ၎င်းတို့ ရေးသားသည့် ဆောင်းပါးများနှင့် ဇာတ်ညွှန်းများသည် အနှစ်သာရမရှိသော စကားများသာ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် စည်းမျဉ်းများကို သဘောမပေါက်နိုင်သေးသည့်ပြင် လက်တွေ့ကျမှုက အဘယ်အရာဖြစ်သည် သို့မဟုတ် လက်တွေ့ကျသောအရာ တစ်စုံတစ်ခုအား မည်သို့ ပြောရမည်ကို မသိကြသေးပေ။ ဤသည်မှာ အစွမ်းအစ အလွန် ညံ့ဖျင်းပြီး ဉာဏ်ရည် အလွန် နိမ့်ကျခြင်း ဖြစ်သည်။ သင်တို့ ပိုင်ဆိုင်သည့် ဉာဏ်ရည်ဖြင့် ကျပ်မပြည့်သောသူတစ်ဦးကို ခေါင်းဆောင်အဖြစ် ရွေးချယ်ရန်မှာ အလွန် လွယ်ကူသည်သာ ဖြစ်သည် မဟုတ်လော။ ပြီးလျှင် သင်တို့သည် ၎င်းတို့ကို ရွေးချယ်ရုံသာမက ယင်းတို့ကိုလည်း စိတ်စွဲလမ်းကြပေမည်။ ၎င်းတို့ကို ဖြုတ်ချမည့်အချိန်တွင် သင်က ထိုသို့ဖြစ်စေချင်မည် မဟုတ်ပေ။ နှစ်နှစ်ကြာပြီးနောက် သင်သည် ၎င်းတို့အား ထိုးထွင်းသိမြင်ပြီး သိနားလည်မှု ရရှိပြီးသည့်အခါ၊ ယင်းမှာ ၎င်းတို့က အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း သင် ပိုင်းခြားသိမြင်နိုင်မည့်အချိန်ဖြစ်သည်။ သို့သော်လည်း ထိုစဉ်အခါကမူ သင့်ကို မည်သို့ပင် ပြောစေကာမူ ၎င်းတို့ကို ဖြုတ်ချခွင့်ပြုမည် မဟုတ်ပေ။ သင်သည် ၎င်းတို့ထက်ပင် ပို၍ ကျပ်မပြည့်သည် မဟုတ်လော။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဉာဏ်ရည်မပြည့်ဝဟု ငါ အဘယ်ကြောင့် ပြောရသနည်း။ အကြောင်းမှာ ၎င်းတို့သည် အရိုးရှင်းဆုံးအလုပ်ကို မည်သို့လုပ်ရမည်ကိုသာ သိသောကြောင့် ဖြစ်သည်။ အနည်းငယ် ပို၍ ရှုပ်ထွေးသော အလုပ်နှင့် ပတ်သက်လာသည့်အခါ၊ မည်သို့လုပ်ရမည်ကို ၎င်းတို့ မသိကြ၊ အခက်အခဲအနည်းငယ် ကြုံတွေ့သည့်အခါ မည်သို့ ကိုင်တွယ်ရမည်ကို မသိကြသည့်အပြင်၊ ၎င်းတို့ကို နောက်ထပ် အလုပ်တစ်ခု ပေးသည့်အခါ မိမိတို့ကိုယ်တိုင် မည်သို့ လုပ်ဆောင်ရမည်ကိုမသိကြတော့ပေ။ ဤသည်မှာ ၎င်းတို့၏ ဉာဏ်ရည်နှင့်ဆိုင်သော ပြဿနာတစ်ခု မဟုတ်လော။ ဤကဲ့သို့သော ခေါင်းဆောင်များကို သင်တို့ ရွေးချယ်ခဲ့ခြင်း မဟုတ်လော။ ပြီးလျှင် သင်တို့သည် ၎င်းတို့ကို လွန်စွာ အထင်ကြီးလေးစားခြင်းဖြင့် ပျပ်ဝပ်ကြသည်။ “သူတို့က အိမ်ထောင်ဖက် မရှာဘဲ ဘုရားသခင်ကို ယုံကြည်သည်၊ ဘုရားသခင်အတွက် အနှစ်နှစ်ဆယ်ကျော် အသုံးခံခဲ့ပြီးပြီ။ သူတို့တွင် ဆင်းရဲဒုက္ခခံဖို့ စိတ်ပိုင်းဖြတ်ချက် ရှိပြီး၊သူတို့အလုပ်နှင့်ပတ်သက်၍ တကယ်ကို အလေးအနက်ထားကြသည်။” “သို့သော် သူတို့အလုပ်တွင် စည်းမျဉ်းများကို သူတို့နားလည်ကြသလော။” “သူတို့ နားမလည်လျှင်၊ မည်သူ နားလည်သနည်း။” ပြီးလျှင်၊ ၎င်းတို့၏အလုပ်ကို စစ်ဆေးသည့်အခါ လုံးဝ ကမောက်ကမဖြစ်နေသည်ကို တွေ့ရသည်။ ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ အကောင်အထည်ဖော်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့၏ အလုပ်အတွက် စည်းမျဉ်းများကို ၎င်းတို့အား ပြောပြသော်လည်း မည်သို့ လုပ်ဆောင်ရမည်ကို လုံးဝ မသိကြပေ။ မေးခွန်းများကိုသာ ၎င်းတို့ ဆက်မေးနေပြီး တိုက်ရိုက် မပြောလျှင် မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိကြပေ။ ၎င်းတို့အား စည်းမျဉ်းများကို ပြောပြခြင်းသည် မည်သည့်အရာမျှ မပြောပြခြင်းနှင့် အတူတူပင် ဖြစ်သည်။ စည်းမျဉ်းများကို တစ်ခုပြီးတစ်ခု စာရင်းပြုစုလျှင်ပင်၊ ၎င်းတို့က အလုပ်အား မည်သို့အကောင်အထည်ဖော်ရမည်ကို သိမည်မဟုတ်။ ဤကဲ့သို့သော ခေါင်းဆောင်များ ရှိသလော။ စည်းမျဉ်းများကို ၎င်းတို့အား မည်သို့ ပြောပြသည်ဖြစ်စေ၊ ၎င်းတို့ နားမလည်ကြသည့်အပြင်၊ အလုပ်ကို အကောင်အထည်ဖော်နိုင်ခြင်း မရှိကြပေ။ တူညီသည့် နှုတ်ကပတ်တော်များ သို့မဟုတ် အမှုအရာများအကြောင်းကို ၎င်းတို့နှင့် အကြိမ်ပေါင်းများစွာ မိတ်သဟာယဖွဲ့ သို့မဟုတ် ညွှန်ကြားသည့်တိုင် ၎င်းတို့ နားလည်မည် မဟုတ်သေးသည့်အပြင်၊ ထို့နောက်တွင်ပြဿနာက လုံးဝ မပြေမလည်ဖြစ်နေလိမ့်မည်ဖြစ်သည်။ မည်သည့်အရာ လုပ်ဆောင်ရမည်ကို ၎င်းတို့ မေးမြန်းကြလိမ့်မည်ဖြစ်ပြီး စာတစ်ကြောင်း ကျန်နေခဲ့လျှင် အဆင်ပြေမည် မဟုတ်ပေ။ ၎င်းတို့သည် ကျပ်မပြည့်ကြသည် မဟုတ်လော။ ဤကျပ်မပြည့်သော ခေါင်းဆောင်များကို သင်တို့ ရွေးချယ်ခဲ့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းကို သင်တို့ မငြင်းနိုင်ပေ၊ ငြင်းနိုင်သလော။ ထိုသို့သော ခေါင်းဆောင်များ လုံးဝ ရှိပေသည်။
ယနေ့ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များသည် အဓိကအားဖြင့် ပူဇော်သက္ကာများကို စီမံခန့်ခွဲခြင်းအလုပ်နှင့် ဆက်စပ်သည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ငါတို့ ဖော်ထုတ်ခြင်းမှတစ်ဆင့် ပူဇော်သက္ကာများကို စီမံခန့်ခွဲခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် အရေးကြီးသော အလုပ်တစ်ခုဖြစ်ပြီး ၎င်းတို့အနေဖြင့် ယင်းကို သတိမမူဘဲမနေသင့်ကြောင်းကို လူတို့ သိသင့်သည်။ ဤအထွေထွေ အရေးကိစ္စများဆိုင်ရာ အလုပ်သည် အခြားအလုပ်နှင့် ကွဲပြားသော်လည်း ယင်းမှာ ဘုရားအိမ်တော်၏ အခြားအလုပ်များ ပုံမှန်လည်ပတ်မှုနှင့် ဆက်စပ်သည်။ သို့ဖြစ်၍ ပူဇော်သက္ကာများကို စီမံခန့်ခွဲခြင်းသည် အလွန်အရေးပါပြီး အဓိကကျသော အလုပ်တစ်ခု ဖြစ်သည်။ ယင်းမှာ မည်သို့ အရေးကြီးသနည်း။ ပူဇော်သက္ကာများကို စီမံခန့်ခွဲခြင်းအလုပ်တွင် ထိန်းသိမ်းစောင့်ရှောက်ထားသည့်အရာများသည် ဘုရားသခင်နှင့် သက်ဆိုင်သည်။ အတော်အတန် မတော်လျော်သောစကားဖြင့် ပြောရလျှင် ထိုအရာများသည် ဘုရားသခင်၏ ကိုယ်ပိုင်ဥစ္စာပစ္စည်းဖြစ်သည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်နှင့်စပ်လျဉ်း၍ ပို၍ပင် စိတ်နှလုံးအကြွင်းမဲ့ဖြစ်သင့်သည်၊ တာဝန်သိစိတ်နှင့် လုံ့လဝီရိယတို့ရှိသင့်သည်။ ဖြင့် အကယ်၍ ငါတို့သည် ဤအလုပ်ကို ၎င်း၏ သဘောသဘာဝအရ ကြည့်မည်ဆိုလျှင် ယင်းကို စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အောက်တွင် စာရင်းသွင်းခြင်းသည် လွန်ကဲသည်ဟု ငါမထင်ပေ။ ယင်းကို စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အမျိုးအစားအောက်တွင် စာရင်းသွင်းရသည့် အကြောင်းရင်းမှာ ဤအလုပ်ကို လုပ်ဆောင်ခြင်းသည် ဘုရားသခင်နှင့် သူ၏ အဖိုးတန်ပစ္စည်းများအပေါ် လူတို့၏ သဘောထားများနှင့် ဆက်စပ်သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ လူတို့သည် ဤအလုပ်ကို လုပ်ဆောင်ရာတွင် မှန်ကန်သော သဘောထားရှိရန်နှင့် မှန်ကန်သော စည်းမျဉ်းများကို သဘောပေါက်နားလည်ရန် လိုအပ်သည်။ ယင်းကို စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အမျိုးအစားထဲတွင် ငါတို့ ထည့်သွင်းရသည့်အကြောင်းရင်းမှာ ဤအလုပ်တစ်ခုကို လုပ်ဆောင်ရန်မှာ အလွန်အရေးကြီးကြောင်းနှင့် ဤအလုပ်သည် အလွန်လေးနက်သော တာဝန်ပေးစေခိုင်းချက်တစ်ခုနှင့် အလွန်လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ကြောင်း ခေါင်းဆောင်နှင့် အမှုဆောင်များအား နားလည်စေရန် ဖြစ်သည်။ ယင်းမှာ ၎င်းတို့အနေဖြင့် ဤအလုပ်ကို ပုံမှန် အထွေထွေအရေးကိစ္စများဆိုင်ရာ အလုပ်တစ်ခုကဲ့သို့ မချဉ်းကပ်သင့်ကြောင်း၊ ဤအလုပ်၏ အရေးပါမှုနှင့်သက်ဆိုင်၍ တိကျပြီး နက်ရှိုင်းသော သိမြင်မှု ရှိလာရမည်ဖြစ်ပြီး ထို့နောက်တွင် ယင်းနှင့်စပ်လျဉ်း၍ စိတ်နှလုံးအကြွင်းမဲ့ဖြစ်လာသင့်ကြောင်း၊ တာဝန်သိစိတ်နှင့် လုံ့လဝီရိယတို့ ရှိလာသင့်ကြောင်း ၎င်းတို့ကို နားလည်စေရန် ဖြစ်သည်။ လူတို့သည် အခြားလူများအပေါ်တွင် အာရုံမစိုက်ဘဲ နေနိုင်သည်။ အမှားများ ဖြစ်ပွားလျှင်ပင် ယင်းမှာ ပြဿနာကြီးကြီးမားမား မဟုတ်ပေ။ သို့သော် ဘုရားသခင်ကို ၎င်းတို့ ဆက်ဆံပုံတွင် လူတို့အနေဖြင့် နားဝေတိမ်တောင်မဖြစ်ရန်၊ ဝတ်ကျေတမ်းကျေမလုပ်ရန်နှင့် ပြောသာပြောပြီး ဘာမျှမလုပ်ခြင်းမျိုး မဖြစ်ရန် ငါတိုက်တွန်းသည်။ ပူဇော်သက္ကာများကို စီမံခန့်ခွဲခြင်းအလုပ်အား ကောင်းမွန်စွာ လုပ်ဆောင်ခြင်းသည် ဘုရားသခင်ထံမှ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် အရေးကြီးသော တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်