ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၅)

အချက် ၁၄- အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ချက်ချင်းပင် ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့ (အပိုင်း ၄)

ဆိုးယုတ်သောလူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် စံနှုန်းများနှင့် အခြေခံများ

ယနေ့တွင် ကျွန်ုပ်တို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သော အချက် ၁၄ ဖြစ်သည့် “အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ချက်ချင်းပင် ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း” နှင့်ပတ်သက်၍ ဆက်လက်မိတ်သဟာယဖွဲ့ကြမည်။ ပြီးခဲ့သည့် အကြိမ်အနည်းငယ်တွင် ငါတို့သည် ဤအလုပ်ကို လုပ်ဆောင်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပိုင်းခြားသိမြင်သင့်သည့် ကဏ္ဍအချို့အကြောင်းကိုလည်းကောင်း၊ ၎င်းတို့ နားလည်သင့်သည့် အဓိကကျသော သမ္မာတရားများအကြောင်းကိုလည်းကောင်း မိတ်သဟာယဖွဲ့ခဲ့ကြသည်၊ ဆိုလိုသည်မှာ အမျိုးမျိုးသော ဆိုးယုတ်သည့်လူများကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြခြင်း ဖြစ်သည်။ အမျိုးမျိုးသော ဆိုးယုတ်သည့်လူများကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသော အကြောင်းပြချက်ဖြင့် ဘုရားအိမ်တော်ထဲသို့ ခိုးဝင်လာကြပြီး သမ္မာတရားကို လက်မခံဘဲ အသင်းတော်၏အလုပ်ကိုလည်း နှောင့်ယှက်ကြသောသူများ ဖြစ်ကြသည်၊ ထိုသို့သောလူအားလုံးသည် ဆိုးယုတ်သောလူများဟူသည့် အမျိုးအစားထဲတွင် အကျုံးဝင်သည်။ ၎င်းတို့သည် အသင်းတော်က ရှင်းလင်းပစ်သင့်သော သို့မဟုတ် နှင်ထုတ်သင့်သောသူများ ဖြစ်ကြသည်၊ ဆိုလိုသည်မှာ အသင်းတော်အတွင်း၌ တည်ရှိခွင့်မပြုသောသူများ ဖြစ်ကြသည်။ ငါတို့သည် အမျိုးမျိုးသော ဆိုးယုတ်သည့်လူများကို အဓိက စံသတ်မှတ်ချက်သုံးခုမှတစ်ဆင့် ခွဲခြားပြီး စိတ်ဖြာလေ့လာဆွေးနွေးကြသည်။ ဤစံသတ်မှတ်ချက်သုံးခုမှာ အဘယ်နည်း။ ပထမတစ်ခုမှာ ဘုရားသခင်ကို လူတစ်ဦး၏ ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက် ဖြစ်သည်။ ဒုတိယတစ်ခုမှာ လူတစ်ဦး၏ လူ့သဘာဝဖြစ်သည်၊ ၎င်းတို့သည် အသင်းတော်က ရှင်းလင်းပစ်သင့်သောသူများထဲတွင် ပါဝင်ခြင်း ရှိမရှိကို ပိုင်းခြားသိမြင်ပြီး ရှင်းလင်းစွာ မြင်တွေ့ရန် လူတစ်ဦး၏ လူ့သဘာဝကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း ဖြစ်သည်။ တတိယမြောက် စံသတ်မှတ်ချက်မှာ အဘယ်နည်း။ (တာဝန်အပေါ်ထားသော သဘောထား ဖြစ်ပါသည်။) လူတစ်ဦး၏ တာဝန်များအပေါ်ထားရှိသော သဘောထားသည် တတိယမြောက် စံသတ်မှတ်ချက် ဖြစ်သည်။ ပထမ စံသတ်မှတ်ချက်ကို ယခင်က မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ဒုတိယ စံသတ်မှတ်ချက်ဖြစ်သည့် လူတစ်ဦး၏ လူ့သဘာဝနှင့်ပတ်သက်၍မူ အချက်နှစ်ချက်ကို မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ပထမအချက်မှာ အဘယ်နည်း။ (အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုရခြင်းကို နှစ်သက်ခြင်း ဖြစ်ပါသည်။) ဒုတိယအချက်မှာရော အဘယ်နည်း။ (အခွင့်ကောင်းယူရခြင်းကို နှစ်သက်ခြင်း ဖြစ်ပါသည်။) ဤအချက်နှစ်ချက်၏ အကြောင်းအရာများအရ ကြည့်လျှင် ဤသည်တို့မှာ ဆိုးယုတ်သောလူများ၏ သရုပ်သကန်များအဖြစ် မှတ်ယူရန် မလုံလောက်ဟု ထင်ရနိုင်သော်လည်း ငါ ယခင်က မိတ်သဟာယဖွဲ့ခဲ့သော အသေးစိတ်ကျသည့် သရုပ်သကန်များကို အခြေခံကြည့်လျှင် ဤလူစားနှစ်မျိုးသည် စစ်မှန်သော နောင်တမရှိဘဲ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြသည်၊ ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များသည် အသင်းတော်အသက်တာကိုလည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများကြားရှိ ဆက်ဆံရေးများကိုလည်းကောင်း အနှောင့်အယှက်များနှင့် ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေခဲ့ပြီးဖြစ်သည်။ ၎င်းတို့၏ သရုပ်သကန်များအရလည်းကောင်း၊ ၎င်းတို့၏ သဘာဝအနှစ်သာရကို အခြေခံ၍လည်းကောင်း ဤလူစားနှစ်မျိုးသည် ဆိုးယုတ်သောလူများဟူသည့် အမျိုးအစားထဲတွင် အကျုံးဝင်သင့်သည်။ အသင်းတော်ခေါင်းဆောင်များနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများသည် ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး သတ်မှတ်သင့်သည့်အပြင် အချိန်မီ ရှင်းလင်းပစ်သင့်သည်။ ဤသို့ပြုလုပ်ခြင်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) လုံးဝ သင့်လျော်သည်။ အသင်းတော်၌ ဤလူစားနှစ်မျိုး၏ အပြုအမူသည် အလွန်ဆိုးရွားသော သက်ရောက်မှုရှိသည်၊ ၎င်းတို့သည် သမ္မာတရားကို လုံးဝ စိတ်မဝင်စားဘဲ ဘုရားသခင်၏ အမှုတော်ကိုလည်း လုံးဝ ကျိုးနွံနာခံခြင်းမရှိပေ။ ညီအစ်ကိုမောင်နှမများကြားတွင် ၎င်းတို့ အသက်ရှင်နေထိုင်ပုံသည် ဘာသာတရားမရှိသူများနှင့် ခြားနားခြင်းမရှိဟု ထင်ရသည်၊ ၎င်းတို့သည် မကြာခဏ လိမ်လည်ပြီး အခြားသူများကို လှည့်ဖြားကြသည်၊ မိမိတို့၏ တာဝန်များကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် တာဝန်ယူစိတ် စိုးစဉ်းမျှမရှိဘဲ ထမ်းဆောင်ကြပြီး ထပ်ခါတလဲလဲ သတိပေးဆုံးမခြင်းခံရသော်လည်း မပြောင်းလဲကြပေ။ ၎င်းတို့သည် အသင်းတော်အသက်တာကို ထိခိုက်စေရုံသာမက အသင်းတော်၏အလုပ်ကိုလည်း ဆိုးရွားစွာ နှောင့်ယှက်ကြသည်။ ၎င်းတို့သည် အသင်းတော်က ရှင်းလင်းပစ်သင့်သော သို့မဟုတ် နှင်ထုတ်သင့်သောသူများထဲတွင် ပါဝင်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ပြီးလျှင် ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် သတ်မှတ်ပြီး ထိုသို့သောလူများ၏ စာရင်းထဲတွင် ထည့်သွင်းခြင်းသည် လုံးဝ သင့်လျော်သည်၊ ထိုသို့ပြုလုပ်ခြင်းသည် လုံးဝ လွန်ကဲခြင်း မဟုတ်ပေ။ ပထမအမျိုးအစားဖြစ်သည့် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန်ပြောဆိုခြင်းကို နှစ်သက်သောသူတို့နှင့်ပတ်သက်၍ ၎င်းတို့၏ ပြဿနာမှာ ထိုမျှ မသင့်လျော်သောအရာများကို ပြောဆိုခြင်း သို့မဟုတ် အခြားသူများနှင့် ဆက်သွယ်ပြောဆိုရာတွင် အခက်အခဲရှိခြင်း စသည်တို့ကဲ့သို့ မရိုးရှင်းဘဲ ၎င်းတို့၏ စိတ်သဘောထားတွင် ပြဿနာရှိခြင်း ဖြစ်သည်။ ပို၍နက်ရှိုင်းသောအဆင့်တွင် ၎င်းတို့၏ စိတ်သဘောထား ပြဿနာသည် ၎င်းတို့၏ သဘာဝအနှစ်သာရ ပြဿနာ ဖြစ်သည်။ ပို၍မနက်ရှိုင်းသောအဆင့်တွင်မူ ယင်းမှာ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာဖြစ်သည်၊ ဆိုလိုသည်မှာ ၎င်းတို့၏ လူ့သဘာဝသည် အလွန်ပင် ဆိုးယုတ်ပြီး စက်ဆုပ်ဖွယ်ကောင်းသဖြင့် အခြားသူများနှင့် ပုံမှန် အပြန်အလှန်ဆက်ဆံရန် မဖြစ်နိုင်ပေ။ ၎င်းတို့သည် အခြားသူများကို ထောက်ပံ့ခြင်း၊ ကူညီခြင်း သို့မဟုတ် ချစ်ခြင်းကဲ့သို့သော အပြုသဘောဆောင်သည့် သရုပ်သကန်များ ကင်းမဲ့ရုံသာမက ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများသည်လည်း အနှောင့်အယှက်ပေးခြင်း၊ ဖျက်ဆီးခြင်းနှင့် ဖြိုဖျက်ခြင်းတို့ကိုသာ ဆောင်ရွက်ပေးသည်။ အချို့လူများသည် အမှားနှင့် အမှန်ကို ပြောင်းပြန်လှန်ပြောဆိုခြင်းကို အကျင့်ပါနေပြီး ပေါ်တင်ဖြစ်စေ၊ တိတ်တဆိတ်ဖြစ်စေ ဤအရာများကို အစဉ်ပြုလုပ်လျက် အသင်းတော်၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများအပေါ် အလွန်ဆိုးရွားသော သက်ရောက်မှုများကို ဖြစ်ပေါ်စေပါက ထိုသူတို့သည် အသင်းတော်က ရှင်းလင်းပစ်သင့်သောသူများထဲတွင် ပါဝင်သည်။ အခြားအမျိုးအစားမှာ အခွင့်ကောင်းယူရခြင်းကို နှစ်သက်သောသူများ ဖြစ်ကြသည်။ မည်သည့်အခြေအနေတွင်မဆို ၎င်းတို့သည် မိမိတို့၏ ကိုယ်ကျိုးစီးပွားများကိုသာ အစဉ်မျက်စိကျလျက် အခွင့်ကောင်းယူရန် အမြဲကြိုးစားကြသည်။ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် အာရုံမစိုက်သကဲ့သို့ မိမိတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်ဝတ္တရားများကို ကောင်းစွာ ဖြည့်ဆည်းရန်လည်း အာရုံမစိုက်ကြပေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် ပုံမှန် အပြန်အလှန်ဆက်ဆံရန်၊ မိမိတို့၏ ချို့တဲ့မှုများကို ပြုပြင်ရန် အခြားသူများ၏ အားသာချက်များကို မှီငြမ်းပြီး ပုံမှန်ဆက်ဆံရေးများကို တည်ဆောက်ဖို့ သို့မဟုတ် ပုံမှန်အသင်းတော်အသက်တာကို ဦးဆောင်ဖို့ သာ၍ပင် အာရုံမစိုက်ကြပေ။ ၎င်းတို့သည် ဤအရာများ တစ်ခုကိုမျှ အာရုံမစိုက်ကြပေ၊ ၎င်းတို့သည် အခွင့်ကောင်းယူရန်အတွက်သာ အသင်းတော်သို့၊ ညီအစ်ကိုမောင်နှမများကြားသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၌ ရှိနေသရွေ့၊ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံနေသရွေ့ ညီအစ်ကိုမောင်နှမများသည် စိတ်ထဲ၌ မသက်မသာ ခံစားကြရလိမ့်မည်။ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများအပေါ် ရွံရှာမှုကို ခံစားရရုံသာမက အဓိကအားဖြင့် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် သိသာထင်ရှားသော အတိုင်းအတာအထိ အနှောင့်အယှက်ပေးခံရပြီး ဘောင်ခတ်ခံရသည်ဟု မကြာခဏ ခံစားကြရသည်။ “သိသာထင်ရှားသော အတိုင်းအတာ” ဟူသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ ဆိုလိုသည်မှာ လက်တွေ့ဘဝ အခြေအနေများတွင် မယုံကြည်သူများ သို့မဟုတ် ဆိုးယုတ်သောလူများ၏ နှောင့်ယှက်မှုနှင့် ရင်ဆိုင်ရသည့်အခါ အချို့သော လူပုဂ္ဂိုလ်များသည် ၎င်းတို့၏ ခံစားချက်များကြောင့် ဘောင်ခတ်ခံရပြီး ရုန်းမထွက်နိုင်ကြသကဲ့သို့ အခြားသူများမှာမူ ယင်းကို မကြိုက်နှစ်သက်သော်လည်း ထုတ်မပြောဝံ့ဘဲ စိတ်ထဲ၌ အစဉ် ဘောင်ခတ်ခံရပြီး ငြိမ်သက်ခြင်း ကင်းမဲ့နေကြသည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများအတွက် ဆိုးရွားသော နှောင့်ယှက်မှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်၍ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ဤလူပုဂ္ဂိုလ်နှစ်မျိုးကို ပိုင်းခြားသိမြင်သင့်သည်၊ ဆိုးယုတ်သောလူများအဖြစ် အမျိုးအစားခွဲခြားခံရသူအားလုံးသည် အသင်းတော်က ရှင်းလင်းပစ်သင့်သောသူများထဲတွင် ပါဝင်သည်။ ထိုသို့သော လူပုဂ္ဂိုလ်များကို ကိုင်တွယ်ခြင်းအတွက် တိကျသော စည်းမျဉ်းများကို နောက်ဆုံးစုဝေးပွဲ၌ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သောကြောင့် ယခုအခါ အသေးစိတ် ထပ်မံ၍ မိတ်သဟာယဖွဲ့တော့မည်မဟုတ်ပေ။ အတိုချုပ်အားဖြင့် အထက်တွင် မိတ်သဟာယဖွဲ့ခဲ့သော လူစားနှစ်မျိုးသည် ညီအစ်ကိုမောင်နှမများ၏ အသင်းတော်အသက်တာကိုသာမက ၎င်းတို့၏ တာဝန်များကို စနစ်တကျ ထမ်းဆောင်ခြင်းကိုပါ နှောင့်ယှက်မှုများကို ဖြစ်ပေါ်စေခဲ့သည်၊ ၎င်းတို့ထဲမှ အချို့၏ အပြုအမူများသည် အခြေခံအုတ်မြစ်မရှိသော ယုံကြည်သူအသစ်အချို့ကိုပင် ခလုတ်တိုက်လဲစေနိုင်ဖွယ်ရှိသည်။ သို့ဖြစ်၍ ၎င်းတို့ ပြုမူဆောင်ရွက်သည့် နည်းလမ်းများနှင့် နည်းစနစ်များကို အခြေခံ၍လည်းကောင်း၊ ၎င်းတို့၏ လူ့သဘာဝ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ဤသရုပ်သကန်များက ဖြစ်ပေါ်စေသော ဆိုးကျိုးများကို အခြေခံ၍လည်းကောင်း ဤလူစားနှစ်မျိုးသည် ရှင်းလင်းပစ်သင့်သောသူများထဲတွင် ပါဝင်ပြီး ၎င်းတို့ကို ဆိုးယုတ်သောလူများ၏ စာရင်းထဲတွင် ထည့်သွင်းခြင်းသည် လုံးဝ လွန်ကဲခြင်း မဟုတ်ပေ။ အမှားနှင့် အမှန်ကို ပြောင်းပြန်လှန် ပြောဆိုခြင်းကို နှစ်သက်သောသူများနှင့် အခွင့်ကောင်းယူခြင်းကို နှစ်သက်သောသူတို့၏ အပြုအမူများသည် လူတို့၏ အယူအဆများတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသော ဆိုးယုတ်သည့်လူများကဲ့သို့ ယုတ္တိမတန်ဘဲ ကြမ်းတမ်းခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်း မထင်ရသော်လည်း၊ ၎င်းတို့တွင် ထိုသို့သော သိသာထင်ရှားသည့် သရုပ်သကန်များ ကင်းမဲ့နေသော်လည်း ၎င်းတို့၏ အပြုအမူများနှင့် လူ့သဘာဝကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများက ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်ရန် လိုအပ်စေသည်။ ဤသည်တို့မှာ ပြီးခဲ့သည့်အကြိမ်က မိတ်သဟာယဖွဲ့ခဲ့သော လူစားနှစ်မျိုး၏ သရုပ်သကန်များနှင့် ၎င်းတို့ကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများ ဖြစ်ကြသည်။

၂။ လူ့သဘာဝအရ

ဂ။ အကျင့်ပျက်ခြင်းနှင့် ချုပ်တည်းမှုမရှိခြင်း

ယနေ့ ကျွန်ုပ်တို့သည် လူ့သဘာဝနှင့် စပ်လျဉ်း၍ အခြားသော လူအမျိုးအစား အချို့၏ သရုပ်သကန်များအကြောင်းတွင် တတိယလူအမျိုးအစားတို့မှစ၍ ဆက်လက်၍ မိတ်သဟာယပြုကြမည်။ ဤလူတို့၏ လူ့သဘာဝ၏ အဓိကကျသော လက္ခဏာတစ်ရပ်မှာ အဘယ်နည်း။ ယင်းမှာ ကိုယ်ကျင့်တရားပျက်ခြင်းနှင့် ချုပ်တည်းမှုမဲ့ခြင်း ဖြစ်သည်။ ကိုယ်ကျင့်တရားပျက်ခြင်းနှင့် ချုပ်တည်းမှုမဲ့ခြင်းကို စာသားအတိုင်း အမြင်ရှုထောင့်မှ နားလည်ခြင်းသည် အတော်ပင် လွယ်ကူပါသည်။ ဆိုလိုသည်မှာ ဤပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အပြုအမူ၊ ကိုယ်နှုတ်အမူအရာနှင့် စကားတို့သည် မလျောက်ပတ်ဟု ထင်ရသည်။ ၎င်းတို့သည် ဂုဏ်သိက္ခာမရှိသကဲ့သို့ ရည်မွန်သောသူများ မဟုတ်ကြပေ။ ဤသည်မှာ ဤလူစားမျိုး၏ သရုပ်သကန်များနှင့်ပတ်သက်သည့် အခြေခံကျသော နားလည်မှုတစ်ခု ဖြစ်သည်။ အသင်းတော်၌ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် အချို့သောလူတို့၏ အမြင်များနှင့် ၎င်းတို့ လိုက်စားကြသည့် နည်းလမ်းများတွင် လမ်းလွဲမှုများ သို့မဟုတ် အမှားအယွင်းများ ပါဝင်မည်မှာ ရှောင်လွှဲ၍မရပေ။ ၎င်းတို့၏ စကားပြောဆိုမှုနှင့် ကိုယ်နှုတ်အမူအရာတို့တွင် မည်သည့် ဘုရားတရား ကိုင်းရှိုင်းခြင်းမျှ မရှိချေ၊ ၎င်းတို့၏ ဘဝမှ သရုပ်သကန်များနှင့် ၎င်းတို့၏ လူ့သဘာဝ အရည်အသွေးတို့သည် သူတော်စင်တို့၏ တင့်တယ်လျောက်ပတ်သော အမူအကျင့်နှင့် လုံးဝမကိုက်ညီဘဲ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ ကင်းမဲ့ကြသည်။ ယေဘုယျအားဖြင့် ၎င်းတို့၏ စကား၊ အပြုအမူနှင့် ကိုယ်နှုတ်အမူအရာတို့ကို ကိုယ်ကျင့်တရားပျက်ပြီး ချုပ်တည်းမှုမဲ့သည်ဟုသာ ဖော်ပြနိုင်ပေသည်။ တိကျသော သရုပ်သကန်များမှာ များပြားပြီး လူတိုင်းမြင်နိုင်ကာ ပိုင်းခြားသိမြင်ရန် လွယ်ကူသည်မှာ ပြောစရာမလိုပေ။ ဤပုဂ္ဂိုလ်တစ်ဦးချင်းစီသည် မယုံကြည်သူများ၊ ဘာသာတရား မရှိသူများနှင့် တူကြသည်။ အတိအကျအားဖြင့်ဆိုသော် ၎င်းတို့သည် အထူးပင် ကိုယ်ကျင့်တရားပျက်သော အပြုအမူကို ပြသကြသည်။ စုဝေးပွဲများနှင့်ပတ်သက်သည့်အခါ ၎င်းတို့၏ ဝတ်စားဆင်ယင်မှုနှင့် ပြင်ဆင်မှုတို့သည် အလွန် ပေါ့ပေါ့ပါးပါး ဖြစ်နေတတ်သည်။ အချို့သည် မိမိတို့၏ အိမ်များမှ မထွက်ခွာမီ မိမိတို့ကိုယ်ကို သပ်ရပ်အောင် ပြုပြင်ရန် အလုပ်ရှုပ်မခံဘဲ၊ ခေါင်းမဖီး၊ မျက်နှာမသစ်ဘဲ စုဝေးပွဲများသို့ ဖိုသီဖတ်သီဖြင့် လာကြသည်။ အချို့သည် ဖြစ်ကတတ်ဆန်း ဝတ်စားကြပြီး စုဝေးပွဲများသို့ စုတ်ပြတ်နေသော ဖိနပ်များ သို့မဟုတ် အိပ်ရာဝင်ဝတ်စုံများကိုပင် ဝတ်ဆင်လာကြသည်။ အခြားသူများမှာမူ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အာရုံမစိုက်ဘဲ ဖြစ်ကတတ်ဆန်း နေထိုင်ကြပြီး စုဝေးပွဲများသို့ ညစ်ပေသော အဝတ်အစားများ ဝတ်ဆင်လာရသည်ကို ဂရုမစိုက်ကြချေ။ ဤလူအားလုံးသည် စုဝေးပွဲများကို အိမ်နီးချင်းတစ်ဦး၏ အိမ်သို့ အလည်သက်သက် သွားသကဲ့သို့ အလွန်အမင်း သာမန်ကာလျှံကာသဘောထားကြပြီး အလေးအနက်မထားကြချေ။ စုဝေးပွဲများအတွင်း ၎င်းတို့၏ စကားနှင့် ကိုယ်နှုတ်အမူအရာတို့သည်လည်း အထိန်းအကွပ်မဲ့နေပြီး ၎င်းတို့သည် မည်သည့် သိက္ခာစောင့်စည်းမှုမျှ မရှိဘဲ အသံကျယ်လောင်စွာ ပြောဆိုကြကာ ပျော်ရွှင်သည့်အခါ စိတ်လှုပ်ရှားပြီး လက်ဟန်ခြေဟန်များဖြင့် ပြုမူကြလျက် အလွန်အမင်း စိတ်လွတ်လက်လွတ်နေခြင်းကို ပြသကြသည်။ လူမည်မျှပင် ရှိနေပါစေ ၎င်းတို့သည် ရယ်မောကြ၊ နောက်ပြောင်ကြပြီး လက်ဟန်ခြေဟန်များဖြင့် ပြုမူလျက် ခြေထောက်ချိတ်ထိုင်ကာ လူတိုင်းအထက်၌ မိမိတို့ရှိသည်အလား ပြုမူကြသည်။ ၎င်းတို့သည် အထူးသဖြင့် ဟိတ်ဟန်များပြီး မောက်ပင် မောက်မာကြကာ တစ်စုံတစ်ဦးနှင့် စကားပြောသည့်အခါ မည်သူ့ကိုမျှ မျက်လုံးတည့်တည့် ကြည့်ခြင်းမရှိဘဲ ၎င်းတို့သည် မျက်စိစကားတတ်လေသည်။ ဤသည်မှာ ကိုယ်ကျင့်တရားပျက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် အထူးသဖြင့် စိတ်လွတ်ကိုယ်လွတ်နေပြီး ချုပ်တည်းမှု တစ်စက်မျှ မရှိခြင်း ဖြစ်သည်။ ဘာသာတရား မရှိသူများသည် ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ စကားနှင့် ကိုယ်နှုတ်အမူအရာတို့ကို ကောင်းမွန်သော ပြုစုပျိုးထောင်မှု ကင်းမဲ့ခြင်းကြောင့်ဟု မှတ်ယူကောင်း မှတ်ယူနိုင်သော်လည်း ကျွန်ုပ်တို့ကမူ ယင်းကို ထိုသို့မဟုတ်ဘဲ ကွဲပြားစွာ နားလည်ကြသည်။ ယင်းမှာ ကောင်းမွန်သော ပြုစုပျိုးထောင်မှု ကင်းမဲ့ခြင်း ကိစ္စမျှသာ မဟုတ်ပေ။ အရွယ်ရောက်ပြီးသူများအနေဖြင့် အခြားသူများနှင့် စကားပြောဆိုရန်၊ ပြုမူရန်နှင့် ပေါင်းသင်းဆက်ဆံရန် မှန်ကန်ပြီး လျောက်ပတ်သော နည်းလမ်းများကို ရှင်းလင်းစွာ သိသင့်သည်။ အထူးသဖြင့် သူတော်စင်တို့၏ သင့်တင့်လျောက်ပတ်သော အပြုအမူနှင့် ကိုက်ညီသော၊ ညီအစ်ကိုမောင်နှမများကို တည်ဆောက်မှုဖြစ်စေသော၊ ပုံမှန် လူ့သဘာဝကို ဖော်ဆောင်သော နည်းလမ်းဖြင့် မည်သို့ပြုမူရမည်ကို တစ်စုံတစ်ဦးက ပြောပြရန်မလိုဘဲ သိသင့်ပေသည်။ အထူးသဖြင့် အသင်းတော်အသက်တာ၌ အသက်ရှင်နေထိုင်သည့်အခါ ညီအစ်ကိုမောင်နှမများ၏ ရှေ့မှောက်တွင် ဟန်ဆောင်ရန် မလိုအပ်သော်လည်း လူတစ်ဦးသည် ချုပ်တည်းရမည် ဖြစ်သည်။ သို့ဆိုလျှင် ဤချုပ်တည်းမှု၏ အတိုင်းအတာနှင့် လိုအပ်သော စံနှုန်းမှာ အဘယ်နည်း။ ယင်းမှာ သူတော်စင်တို့၏ သင့်တင့်လျောက်ပတ်သော အပြုအမူနှင့် ကိုက်ညီရန် ဖြစ်သည်။ လူတစ်ဦး၏ အဝတ်အစားနှင့် ဝတ်စားဆင်ယင်မှုသည် ဂုဏ်သိက္ခာရှိပြီး လျောက်ပတ်သင့်ကာ ပုံမမှန်သော ဝတ်စုံများကို ရှောင်ကြဉ်သင့်သည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် လူတစ်ဦးသည် ဘာသာတရားကို ရိုသေကိုင်းရှိုင်းရမည်ဖြစ်ပြီး လက်ဟန်ခြေဟန်များဖြင့် မပြုမူရ။ အခြားလူများ၏ ရှေ့မှောက်တွင်လည်း ၎င်းတို့သည် ဘာသာတရား ရိုသေကိုင်းရှိုင်းမှုနှင့် လူသားပုံသဏ္ဌာန်ကို ထိန်းသိမ်းသင့်သည်မှာ ပြောစရာမလိုပေ၊ ဤသို့ဖြင့် ၎င်းတို့သည် အခြားသူများအတွက် သင့်လျော်သော၊ အကျိုးရှိသော၊ တည်ဆောက်မှုဖြစ်စေသော နည်းလမ်းဖြင့် မိမိတို့ကိုယ်ကို မျက်နှာပန်းပြနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို စိတ်ကျေနပ်စေသည့်အရာ ဖြစ်သည်။ ကိုယ်ကျင့်တရားပျက်ပြီး ချုပ်တည်းမှုမဲ့သောသူတို့သည် လူ့သဘာဝ၏ အခြေခံအကျဆုံးသော လက္ခဏာအသွင်အပြင်များကို အသက်ရှင်နေထိုင်ရန် လုံးဝ အလေးမမူကြချေ။ ပြီးလျှင် ၎င်းတို့၏ ဤသို့ ဂရုမပြုခြင်းအတွက် တိကျသောအကြောင်းရင်းတစ်ခုမှာ ဘာသာတရားကိုင်းရှိုင်းသော ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လေးစားမှုကို ရရှိစေသော တည်ကြည်မှုနှင့် ဂုဏ်သိက္ခာရှိသူတစ်ဦး မည်သို့ဖြစ်ရမည်ကို ၎င်းတို့ လုံးလုံးလျားလျား မသိနားမလည်ခြင်းသက်သက် ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို အမှန်တကယ် နားမလည်ကြပေ။ ထို့ကြောင့် စုဝေးပွဲများတွင် ထူးခြားဆန်းကြယ်သော အဝတ်အစားများ မဝတ်ဆင်ဘဲ သပ်ရပ်သော၊ ဂုဏ်သိက္ခာရှိပြီး လျောက်ပတ်သော ဝတ်စုံကို ဝတ်ဆင်ရန် အသင်းတော်၏ ထပ်တလဲလဲ ပြဋ္ဌာန်းချက်များနှင့် တောင်းဆိုချက်များ ရှိနေသော်လည်း ၎င်းတို့သည် ဤစည်းမျဉ်းများကို အလေးအနက်မထားဘဲ ဖိနပ်များစီးလျက်၊ ဖိုသီဖတ်သီဖြစ်လျက် သို့မဟုတ် ညအိပ်ဝတ်စုံများဖြင့်ပင် မကြာခဏ ရောက်ရှိလာတတ်ကြသည်။ ဤသည်မှာ ကိုယ်ကျင့်တရားပျက်ပြီး ချုပ်တည်းမှုမဲ့သောသူတို့၏ သရုပ်သကန်တစ်ရပ် ဖြစ်သည်။

အပျော်အပါးမွေ့လျော်၍ ချုပ်တည်းမှုမရှိသောသူတို့သည် အခြားအပြုအမူတစ်ခုကိုလည်း ဖော်ပြကြသည်၊ ယင်းမှာ စုဝေးပွဲများတွင် ခေတ်မီစွာ ဝတ်စားဆင်ယင်ပြီး ထူထဲ၍ သွေးဆောင်ဖြားယောင်းသော မိတ်ကပ်လိမ်းခြယ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် စုဝေးပွဲတစ်ခုစီ မတိုင်မီ နှစ်ရက်အလိုကတည်းက မည်သည့်မိတ်ကပ်လိမ်းရမည်၊ မည်သည့်လက်ဝတ်ရတနာ ဝတ်ဆင်ရမည်၊ မည်သည့်ဆံပင်ပုံစံ ပြုလုပ်ရမည်၊ မည်သည့်အဝတ်အစားကို ဝတ်ရမည်၊ မည်သည့်အိတ်ကို လွယ်ရမည်၊ မည်သည့်ဖိနပ်ကို စီးရမည်တို့ကို စဉ်းစားတွေးတောလျက် အလှဆင်ခြယ်သ ပြင်ဆင်ကြတော့သည်။ အချို့အမျိုးသမီးများဆိုလျှင် သွေးဆောင်ဖြားယောင်းသော နှုတ်ခမ်းနီ၊ မျက်လုံးခြယ်ဆေးနှင့် နှာတံဖော်ဆေးတို့ကိုပင် လိမ်းခြယ်ကြပြီး ပို၍အစွန်းရောက်သော အခြေအနေများတွင်မူ အချို့က ပခုံးနှင့်ကျောကို ဖော်ကာ ထူးဆန်းသော အဝတ်အစားများ ဝတ်ဆင်လျက် အလွန်အမင်း သွေးဆောင်ဖြားယောင်းသောပုံစံဖြင့် မိမိတို့ကိုယ်ကို ဝတ်စားဆင်ယင် ပြင်ဆင်ကြသည်။ စုဝေးပွဲများတွင် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ မိတ်သဟာယဖွဲ့ခြင်းကို အလေးဂရုပြု၍ နားမထောင်ကြသကဲ့သို့ ဆုလည်းမတောင်းကြပေ။ မိတ်သဟာယဖွဲ့ခြင်းတွင် ပါဝင်ရန် သို့မဟုတ် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ နားလည်မှုနှင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မျှဝေရန်မှာမူ ပို၍ပင် မလုပ်ဆောင်ကြပေ။ ထိုအစား ၎င်းတို့သည် မည်သူ၏ ဝတ်စားဆင်ယင်မှုက ၎င်းတို့ထက် ပိုကောင်းသည် သို့မဟုတ် ပိုညံ့သည်၊ မည်သူက အထူးခေတ်စားသော နာမည်ကြီး အမှတ်တံဆိပ်ပါ အဝတ်အစားများကို ဝတ်ဆင်ထားသည်၊ မည်သူက ဈေးပေါသော လမ်းဘေးဈေးမှ အဝတ်အစားများကို ဝတ်ဆင်ထားသည်၊ တစ်စုံတစ်ဦး၏ လက်ကောက်က မည်မျှတန်သည် စသည်ဖြင့် လူတိုင်းနှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ကာ ဤကိစ္စများကိုသာ အာရုံစိုက်ကြပြီး ထိုသို့သော မှတ်ချက်များကို လူအများရှေ့တွင်ပင် မကြာခဏ ထုတ်ဖော်ပြောဆိုကြသေးသည်။ ဤပုဂ္ဂိုလ်များ၏ ဝတ်စားဆင်ယင်မှုအပြင် ၎င်းတို့၏ အပြောအဆို၊ အပြုအမူနှင့် အမူအရာတို့မှကြည့်လျှင် အသင်းတော်အသက်တာတွင် ၎င်းတို့၏ ပါဝင်ခြင်းနှင့် ညီအစ်ကိုမောင်နှမများနှင့် ၎င်းတို့၏ ပေါင်းသင်းဆက်ဆံခြင်းသည် သမ္မာတရားကို နားလည်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိရန် အသက်ဝင်ရောက်မှုကို လိုက်စားခြင်းအတွက် ဖြစ်ဖို့မှာ သာ၍ပင် မဖြစ်နိုင်ကြောင်း သိသာထင်ရှားပေသည်။ ထိုအစား ၎င်းတို့သည် စုဝေးပွဲများအတွင်းရှိ အချိန်ကို ငွေကြေးနှင့် ရုပ်ဝတ္ထုဆိုင်ရာ အသက်တာအပေါ် ၎င်းတို့၏ မွေ့လျော်ခံစားမှုကို ကြွားဝါရန် အသုံးပြုကြသည်။ အချို့လူများသည် ဂုဏ်ဖော်ကြွားဝါရန် နာမည်ကြီး အမှတ်တံဆိပ်ပါ အဝတ်အစားများ ဝတ်ဆင်လျက် စုဝေးပွဲနေရာများသို့ လာကြပြီး ညီအစ်ကိုမောင်နှမများကြားတွင် ဖက်ရှင်နှင့် လူမှုခေတ်ရေစီးကြောင်းများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒများကို အပြည့်အဝ လိုက်လျောကာ အခြားသူများကို ဤခေတ်ရေစီးကြောင်းများနောက် လိုက်ရန် သွေးဆောင်ပြီး အခြားသူများက ၎င်းတို့ကို အားကျ၍ အထင်ကြီးစေရန် ပြုလုပ်ကြသည်။ ညီအစ်ကိုမောင်နှမအချို့၏ ၎င်းတို့အပေါ် စက်ဆုပ်ရွံရှာသော အကြည့်များနှင့် သဘောထားများကို သတိပြုမိသော်လည်း ၎င်းတို့သည် အရေးမထားလောက်ဟု သဘောထားမြဲထားလျက် ဒေါက်မြင့်ဖိနပ်များစီးကာ ဒီဇိုင်နာအိတ်များကို လွယ်ကာ မိမိတို့သဘောအတိုင်းသာ ပြုမူကြသည်။ အချို့ဆိုလျှင် ငွေကြေးချမ်းသာကြွယ်ဝသော ပုဂ္ဂိုလ်များအဖြစ် ဟန်ဆောင်ရန်ပင် ကြိုးပမ်းလျက် စုဝေးပွဲများသို့ အရည်အသွေးနိမ့်သော ရေမွှေးများဆွတ်၍ လာကြရာ ထိုသို့ဖြင့် ၎င်းတို့ အခန်းထဲသို့ ဝင်ရောက်ပြီးနောက်တွင် ရေမွှေး၊ ပါးနီနှင့် ခေါင်းလိမ်းဆီတို့၏ ရောနှောနေသော ရနံ့များသည် စူးရှ၍ မနှစ်မြို့ဖွယ်ကောင်းသော အနံ့တစ်ခုကို ဖြစ်ပေါ်စေသည်။ စုဝေးပွဲတက်ရောက်သူ အခြားများစွာတို့သည် ဒေါသထွက်ကြသည့်တိုင် ထုတ်မပြောဝံ့ကြဘဲ ဤလူများကို မြင်ရသည်ကို စက်ဆုပ်ရွံရှာကြပြီး ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သောသူတို့သည် ၎င်းတို့နှင့် ခပ်ကင်းကင်းနေကြသည်။ ၎င်းတို့၏ ဝတ်စားဆင်ယင်မှုနှင့် ပြင်ဆင်မှုသည် အတော်အတန် အဆင့်မြင့်သည်ဖြစ်စေ၊ အတော်အတန် ပေါ့ပါးသည်ဖြစ်စေ ထိုသို့သော ပုဂ္ဂိုလ်များ၏ အမှတ်အသားမှာ စုဝေးပွဲများအတွင်း၌သာမက ညီအစ်ကိုမောင်နှမများနှင့် ၎င်းတို့၏ နေ့စဉ် ပေါင်းသင်းဆက်ဆံမှုများတွင်ဖြစ်စေ၊ ၎င်းတို့၏ နေ့စဉ်အသက်တာများတွင်ဖြစ်စေ ၎င်းတို့၏ အပြောအဆို၊ အပြုအမူ၊ အမူအရာနှင့် နေထိုင်မှုပုံစံသည် ထူးကဲစွာ လွတ်လပ်ပြီး စည်းကမ်းမဲ့ခြင်းလည်း ဖြစ်လေသည်။ တိတိကျကျဆိုရလျှင် ၎င်းတို့သည် အသေးငယ်ဆုံးသော ချုပ်တည်းမှုများဖြင့်ပင် ထိန်း၍မရဘဲ အထူးသဖြင့် စိတ်အလိုလိုက်ကြသည်။ ၎င်းတို့၏ နေ့စဉ်အသက်တာများတွင် ပုံမှန်အစီအစဉ်များ မရှိပေ။ ၎င်းတို့သည် မိမိတို့အလိုရှိရာကို ပြောဆိုကြသည်၊ မဆင်မခြင် တစ်ဇွတ်ထိုး ပြုမူကြသည်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံများကို မည်သည့်အခါမျှ မဆွေးနွေးကြ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ နားလည်မှုကို မျှဝေခြင်းမှာ ရှားပါးပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကြုံတွေ့ရသော အခက်အခဲများ အကြောင်းကိုလည်း ပြောဆိုလေ့မရှိသလောက်ပင် ဖြစ်သည်။ ၎င်းတို့ ဆွေးနွေးသည့် တစ်ခုတည်းသော အကြောင်းအရာများမှာ အဘယ်နည်း။ လူမှုခေတ်ရေစီးကြောင်းများ၊ ဖက်ရှင်၊ အစားကောင်းအသောက်ကောင်းများ၊ လူ့အဖွဲ့အစည်းရှိ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များနှင့် ကြယ်ပွင့်များ၏ ကိုယ်ရေးကိုယ်တာဘဝများနှင့် လူ့အဖွဲ့အစည်းမှ ထူးဆန်းသော ဇာတ်လမ်းများနှင့် ဖြစ်ရပ်မှန်ဇာတ်လမ်းတိုများ ဖြစ်ကြသည်။ ၎င်းတို့၏ ဤသဘာဝကျသော ထုတ်ဖော်မှုများမှကြည့်လျှင် ထိုသို့သောလူများ၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘဝတွင် ဖြစ်သလို နေထိုင်ဖြတ်သန်းရန်သက်သက်သာ ဖြစ်ကြောင်း တွေ့မြင်ရန် မခက်ခဲပေ။ ၎င်းတို့၏ အသက်တာများသည် အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ခြင်း၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း သို့မဟုတ် သမ္မာတရားကို လိုက်စားခြင်းကဲ့သို့သော ကိစ္စရပ်များအပေါ်တွင် မဟုတ်ဘဲ စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းတို့အပေါ်တွင် လုံးလုံး အာရုံစိုက်ထားသည်။ “အပျော်အပါးမွေ့လျော်၍ ချုပ်တည်းမှုမရှိခြင်း” ဟု ဆိုလိုသည့်အရာမှာ ဤပုဂ္ဂိုလ်များ၏ နေထိုင်မှုပုံစံများ၊ ၎င်းတို့ လူ့သဘာဝ၌ အသက်ရှင်နေထိုင်သည့်အရာအပြင် အမှုအရာများကို ကိုင်တွယ်ခြင်း၊ အခြားသူများကို ဆက်ဆံခြင်းနှင့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းဆိုင်ရာ ၎င်းတို့၏ နည်းလမ်းများအားလုံးသည် အပျော်အပါးမွေ့လျော်၍ ချုပ်တည်းမှုမရှိခြင်းပင် ဖြစ်လေသည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်းရှိ ခေတ်စားသော အသုံးအနှုန်းများကို မကြာခဏ အတုခိုးကြသည်၊ ညီအစ်ကိုမောင်နှမများက ထိုအရာများကို ကြားလိုသည်ဖြစ်စေ၊ နားလည်နိုင်သည်ဖြစ်စေ ဤပုဂ္ဂိုလ်များသည် ဆက်၍သာ ပြောဆိုနေကြသည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်းရှိ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်အချို့၊ ဂီတနှင့် ရုပ်ရှင်ကြယ်ပွင့်များ၏ ပြောစကားများကိုပင် မကြာခဏ အတုခိုးကြသည်။ ဘုရားအိမ်တော်နှင့် ညီအစ်ကိုမောင်နှမများကြားတွင် မကြာခဏ အသုံးပြုလေ့ရှိသော အပြုသဘောဆောင်သည့် ဝေါဟာရများနှင့်ပတ်သက်၍မူ ၎င်းတို့သည် မည်သည့်အခါမျှ စိတ်ဝင်စားမှုမပြကြပေ၊ ၎င်းတို့သည် မိမိတို့၏ နေ့စဉ်အသက်တာများတွင် သမ္မာတရားအကြောင်းကို မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြပေ။ ၎င်းတို့ ကိုးကွယ်သည့်အရာမှာ လောကီရေးရာ ခေတ်ရေစီးကြောင်းများ ဖြစ်သည်၊ အမျိုးမျိုးသော ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များနှင့် ကြယ်ပွင့်များသည် ၎င်းတို့၏ ကိုးကွယ်ခြင်းနှင့် အတုခိုးခြင်းတို့၏ ပစ်မှတ်များ ဖြစ်ကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် အွန်လိုင်းပေါ်ရှိ ခေတ်စားသော အသုံးအနှုန်းများနှင့် စကားစုများကို လျင်မြန်စွာ နားလည်သဘောပေါက်ပြီး ၎င်းတို့၏ အသက်တာများနှင့် ညီအစ်ကိုမောင်နှမများနှင့် စကားပြောဆိုရာတွင် အသုံးပြုကြသည်။ ဤအသုံးအနှုန်းများသည် အပြုသဘောဆောင်သောအရာ သို့မဟုတ် တည်ဆောက်မှုဖြစ်စေသောအရာ တစ်ခုမျှ မဟုတ်သည်မှာ ပြောစရာမလိုပေ။ ယင်းတို့အားလုံးသည် အပျက်သဘောဆောင်ပြီး ဘုရားသခင်ကို ယုံကြည်သောသူတို့အတွက် တန်ဖိုးမရှိသည့်အပြင် အဓိပ္ပာယ် သာ၍ပင် မရှိချေ။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သော လူသားမျိုးနွယ်မှ ပေါ်ပေါက်လာသော ခေတ်စားသည့် အသုံးအနှုန်းများဖြစ်ပြီး ဆိုးယုတ်သော အင်အားစုများ၏ အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များကို လုံးလုံးလျားလျား ကိုယ်စားပြုသည်။ ထိုသို့သော စကားလုံးများကို အသင်းတော်ရှိ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို နှစ်သက်သော မယုံကြည်သူတို့က မကြာခဏ သတိပြုမိကြသည်၊ လက်ခံကြသည်၊ အသုံးပြုကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ဝိညာဉ်ရေးရာဆိုင်ရာ အသုံးအနှုန်းများနှင့် ဝေါဟာရများကို လုံးဝ လက်မခံကြဘဲ စိတ်ရင်းမှန်ဖြင့် နားထောင်ခြင်း သို့မဟုတ် လေ့လာခြင်း မရှိကြပေ။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် ဘာသာတရားမရှိသူများလောက၏ အပျက်သဘောဆောင်သော အရာများနှင့် သိမ်ဖျင်းသောလူများ အာရုံစိုက်သည့်အရာများကို လျင်မြန်စွာ မှတ်သားပြီး အသုံးပြုကြသည်။ သို့ဖြစ်၍ ဤပုဂ္ဂိုလ်များသည် ၎င်းတို့၏ အပြင်ပန်း ဝတ်စားဆင်ယင်မှု၊ အပြောအဆိုနှင့် အမူအရာတို့ဖြင့်ဖြစ်စေ၊ ၎င်းတို့ ထုတ်ဖော်ပြသည့် အမျိုးမျိုးသော အတွေးအခေါ်များ၊ ရှုထောင့်အမြင်များနှင့် အမှုအရာများအပေါ်ထားရှိသော သဘောထားများဖြင့်ဖြစ်စေ အကဲဖြတ်ခံရသော် ညီအစ်ကိုမောင်နှမများကြားတွင် ထူးထူးခြားခြား ကွဲပြားနေကြသည်။ ကွဲပြားနေသည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ ၎င်းတို့၏ အပြောအဆို၊ အပြုအမူနှင့် အမူအရာတို့သည် မည်သည့်ပြောင်းလဲမှုမျှ မပြဘဲ ဘာသာတရား မရှိသူများကဲ့သို့ ဖြစ်နေသည်၊ ၎င်းတို့သည် မယုံကြည်သူများသာ ဖြစ်ကြသည်။ ဥပမာအားဖြင့် အချို့လူများသည် ဘုရားအိမ်တော်၏ စင်မြင့်ပေါ်တွင် ဓမ္မသီချင်းနှစ်ပုဒ် သီဆိုပြီး လူတိုင်း၏ သဘောကျမှုကို ရရှိသောကြောင့် မိမိတို့ကိုယ်ကို ကြယ်ပွင့်များ သို့မဟုတ် အကျော်အမော်များအဖြစ် စတင်တွေးထင်လာကြပြီး ဖျော်ဖြေပွဲများအတွက် အမြဲတမ်း မိတ်ကပ်ထူထူလိမ်းရန် တောင်းဆိုကာ နာမည်ကြီးတစ်ဦး၏ ဆံပင်ပုံစံအတိုင်း ပြုလုပ်ရန်နှင့် ထူးဆန်းသောအရောင်များ ဆိုးရန် တောင်းဆိုကြသည်။ အခြားသူများက “ယုံကြည်သူများသည် ဂုဏ်သိက္ခာရှိပြီး လျောက်ပတ်စွာ ဝတ်စားဆင်ယင်သင့်သည်၊ သင်၏ ပုံစံသည် ဘုရားအိမ်တော်၏ တောင်းဆိုချက်များနှင့် မကိုက်ညီပါ” ဟု ပြောဆိုသည့်အခါ ၎င်းတို့က “ဘုရားအိမ်တော်၏ စည်းမျဉ်းများသည် တင်းကျပ်လွန်းသည်၊ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပင်။ ကြယ်တစ်ပွင့်ဖြစ်ဖို့ အဘယ်ကြောင့် ဤမျှ ခက်ခဲရသနည်း” ဟု ညည်းညူကြသည်။ ဓမ္မသီချင်းနှစ်ပုဒ် သီဆိုပြီးနောက် ၎င်းတို့သည် မိမိတို့ကိုယ်ကို ကြယ်ပွင့်များအဖြစ် စိတ်ကူးယဉ်ကြပြီး မိမိတို့ကိုယ်ကို အလွန်တော်သည်ဟု ထင်မှတ်ကြကာ အားလပ်သည့်အခါတိုင်း အစဉ်မပြတ် စဉ်းစားတွေးတောကြသည်မှာ “ဘာသာတရားမရှိသူလောကမှ ကြယ်ပွင့်များသည် မိုက်ခရိုဖုန်းကို ကိုင်ရန် လက်ချောင်းမည်မျှ အသုံးပြုကြသနည်း။ စင်ပေါ်သို့ တက်ရန် ခြေလှမ်းမည်မျှ လှမ်းကြသနည်း။ ကျွန်ုပ် ဤမျှ ကောင်းစွာ သီဆိုသည့်အခါ အဘယ်ကြောင့် ပန်းများ မရရှိသနည်း။ လောကရှိ ကြယ်ပွင့်များတွင် ကိုယ်စားလှယ်များနှင့် လက်ထောက်များ ရှိကြသည်၊ ၎င်းတို့သည် ကိစ္စအများစုကို မိမိတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်ဘဲ ၎င်းတို့၏ လက်ထောက်များက အားလုံး လုပ်ဆောင်ပေးသည်။ သို့သော် ဘုရားအိမ်တော်၌ အဆိုတော်တစ်ဦးအနေဖြင့် အစားအသောက်ရယူခြင်း၊ အဝတ်အစားဝတ်ဆင်ခြင်းနှင့် ဈေးဝယ်ခြင်းကဲ့သို့သော သာမန်ကိစ္စများကို ကျွန်ုပ်ကိုယ်တိုင် ဂရုစိုက်လုပ်ဆောင်ရသည်။ ဘုရားအိမ်တော်သည် ရှေးရိုးစွဲလွန်းသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားအိမ်တော်၌ နေထိုင်ရသည်ကို အစဉ်မပျော်ရွှင်ဟု ခံစားကြရသည်၊ ၎င်းတို့သည် အထူးပင် စိတ်ထိခိုက်ပြီး အစဉ် မကျေမနပ်ဖြစ်ကာ စောဒကတက်ခြင်းများဖြင့် ပြည့်နှက်နေသည်။ ထိုသို့သောလူတစ်ဦးသည် သမ္မာတရားကို ချစ်နိုင်မည်လော။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်လော။ ၎င်းတို့သည် အဘယ်ကြောင့် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း မပြုကြသနည်း။ အမှုအရာများအပေါ် ၎င်းတို့၏ ရှုမြင်ပုံမှာ ဘာသာတရားမရှိသူများကဲ့သို့ပင် အလွန်လွဲချော်နေသည်၊ ၎င်းတို့သည် ဤအရာကို အဘယ်သို့လျှင် သတိမပြုမိဘဲ နေနိုင်မည်နည်း။ ဘုရားအိမ်တော်သည် ၎င်းတို့ကို ကြယ်တစ်ပွင့်ဖြစ်လာခြင်းမှ မတားဆီးပေ၊ သို့သော် မယုံကြည်သူများ၏ ရှုထောင့်အမြင်များနှင့် ချဉ်းကပ်နည်းများဖြစ်သည့် ၎င်းတို့၏ ဤရှုထောင့်အမြင်များနှင့် ချဉ်းကပ်နည်းများသည် ဘုရားအိမ်တော်၌ အလုပ်ဖြစ်နိုင်ချေ ရှိသလော။ ၎င်းတို့သည် အခြေခံအားဖြင့် လုံးဝအခြေအမြစ်မရှိပေ။ ၎င်းတို့၏ ပုံမှန် အပြောအဆိုနှင့် အမူအရာတို့သည် လူအများစုအတွက် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ ၎င်းတို့၏ “အမြင်ကျယ်ခြင်း” နှင့် အလွန်အမင်း စိတ်အလိုလိုက်ခြင်းတို့ကြောင့် ထိုသို့သောလူများ ပြောဆိုသည့် သို့မဟုတ် လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် အကျင့်ပျက်ခြင်းနှင့် ချုပ်တည်းမှုမဲ့ခြင်း ဖြစ်ပြီး စာတန်၏ စိတ်သဘောထားကိုသာ ထုတ်ဖော်ပြနေခြင်း ဖြစ်သည်။

ဘုရားအိမ်တော်သည် ညီအစ်ကိုမောင်နှမများက အမျိုးသားများနှင့် အမျိုးသမီးများအကြား စည်းများ စောင့်ထိန်းသိမ်းသင့်ကြောင်းနှင့် လိင်မတူသူများနှင့် မရောယှက်သင့်ကြောင်းကို ထပ်ခါတလဲလဲ အလေးပေးပြောဆိုသည်။ သို့သော် အချို့လူများသည် အကျင့်ပျက်ပြီး ချုပ်တည်းမှုမဲ့ကာ ဤအကြံဉာဏ်ကို လုံးဝဂရုမစိုက်ဘဲ အခြားသူများကို တိတ်တဆိတ် သွေးဆောင်ဖြားယောင်းရန် သို့မဟုတ် ချိန်းတွေ့ရန်ပင် ကြိုးပမ်းလျက် အသင်းတော်အသက်တာကို နှောင့်ယှက်ကြသည်။ ၎င်းတို့သည် လိင်မတူသူများနှင့် ပေါင်းသင်းဆက်ဆံရသည်ကို နှစ်သက်ကြပြီး ပေါင်းသင်းဆက်ဆံရန်နှင့် ပျော်စေပြက်စေ ပေါင်းသင်းရန် အကြောင်းပြချက်များနှင့် ဆင်ခြေများကိုပင် ရှာဖွေကြသည်။ ဆွဲဆောင်မှုရှိသော သို့မဟုတ် ၎င်းတို့နှင့် အဆင်ပြေသော လိင်မတူသူတစ်ဦးကို မြင်တွေ့သည့်အခါ ၎င်းတို့သည် ထိုသူတို့ကို ဆွဲခြင်း၊ ဆောင့်ဆွဲခြင်း၊ ပရောပရည်လုပ်ခြင်းနှင့် စနောက်ခြင်း၊ ၎င်းတို့၏ အဝတ်အစားများကို ရှုပ်ပွစေခြင်းနှင့် ဆံပင်ကို ဆွဲဖွခြင်းတို့ကို စတင်ပြုလုပ်ကြပြီး ဆောင်းရာသီတွင် ၎င်းတို့၏ အဝတ်အစားများထဲသို့ နှင်းဘောလုံးများကိုပင် ပစ်ထည့်ကြသည်၊ ၎င်းတို့သည် တိရစ္ဆာန်များကဲ့သို့ စည်းမရှိဘဲ သို့မဟုတ် ဂုဏ်သိက္ခာမရှိဘဲ၊ မည်သည့်အရှက်တရားမျှ မခံစားရဘဲ အချင်းချင်း ကျီစယ်ကလူကြသည်။ အချို့လူများက “ထိုအရာကို ကျီစယ်ကလူခြင်းဟု မည်သို့ သတ်မှတ်နိုင်မည်နည်း။ ၎င်းတို့သည် ချစ်ခင်တွယ်တာမှုကို ပြသနေခြင်းဖြစ်သည်၊ ယင်းကို ချစ်ခင်ကြင်နာနေခြင်း၊ ချစ်ကြည်နူးဖွယ်ဖြစ်ခြင်းဟု ခေါ်သည်” ဟု ပြောဆိုကြသည်။ သင်သည် ချစ်ကြည်နူးဖွယ်ဖြစ်ခြင်းကို ရှာဖွေနေပါက ရွေးခဲ့သည့် နေရာမှားလေပြီ။ အသင်းတော်သည် ညီအစ်ကိုမောင်နှမများ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်နေရာ ဖြစ်သည်၊ ယင်းသည် ပရောပရည်လုပ်ရန်နေရာမဟုတ်ဘဲ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သည့်နေရာ ဖြစ်သည်။ လူတိုင်း၏ရှေ့တွင် ထိုသို့သော အပြုအမူကို လူမြင်သူမြင် ပြုလုပ်ခြင်းသည် လူအများစုကို စက်ဆုပ်ရွံရှာပြီး ရွံမုန်းစေသည်။ အဓိကပြဿနာမှာ ယင်းသည် အခြားသူများကို တည်ဆောက်မှုမဖြစ်စေသည့်အပြင် သင်သည် သင်၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကိုလည်း ဆုံးရှုံးလေသည်။ သင် အသက်မည်မျှရှိပြီနည်း။ သင်၏ ညာလက်နှင့် ဘယ်လက်ကို မခွဲခြားနိုင်သလော။ အမျိုးသားများနှင့် အမျိုးသမီးများအကြားရှိ ခြားနားချက်ကို သင်နားမလည်သလော။ သို့ဖြစ်လျက်နှင့်ပင် သင်သည် ပရောပရည်လုပ်နေသေးသည်။ ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ကလေးများအတွက် ကျီစယ်ကလူခြင်းသည် ပုံမှန်ဖြစ်သည်၊ ထိုသို့သော အပြုအမူနှင့် စိတ်ဝင်စားမှုများသည် ၎င်းတို့၏ အသက်အရွယ်အတွက် ပုံမှန်ဖြစ်သည်။ သို့သော် အရွယ်ရောက်ပြီးသူများက ဤအပြုအမူများကို ပြသပါက ယင်းမှာ ကလေးဆန်ခြင်း မဟုတ်လော။ ရိုးရှင်းစွာဆိုရလျှင် ယင်းမှာ ထိုအတိုင်းပင် ဖြစ်သည်။ အနှစ်သာရအားဖြင့် ဤသည်မှာ အဘယ်အရာနည်း။ (စိတ်အလိုလိုက်ခြင်း၊ အကျင့်ပျက်ခြင်းတို့ ဖြစ်ပါသည်။) ယင်းမှာ အလွန်ပင် အကျင့်ပျက်လှသည်။ ဘုရားသခင်ကို ယုံကြည်လျှင် လူတစ်ဦးသည် ဂုဏ်သိက္ခာရှိရန် သိရမည်။ ဘာသာတရား မရှိသူများကြားတွင်ပင် ဤမျှ ကိုယ်ကျင့်တရားပျက်စွာ ပြုမူသူ အနည်းငယ်သာ ရှိသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သည့် ပုဂ္ဂိုလ်များသည် မည်မျှ ပေါ့ပျက်ပျက်နိုင်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းလိုက်ပါသနည်း။ စိတ်လှုပ်ရှားမှုအတွက် လိင်မတူသူတစ်ဦး၏ အဝတ်အစားများထဲသို့ နှင်းဘောလုံးများ ပစ်ထည့်ခြင်း၊ ၎င်းတို့ကို ပျော်စေပြက်စေ လိုက်ဖမ်းရုံသာမက ၎င်းတို့၏ တင်ပါးကိုပင် ကန်ခြင်း၊ ထိုသို့သော အပြုအမူသည် အလွန် အကျင့်ပျက်ပြီး အမျိုးသားများနှင့် အမျိုးသမီးများ ကြားရှိ စည်းကို ဝေဝါးစေသည်ဟူသောအချက်ကို တစ်စုံတစ်ဦးက ဖော်ထုတ်သည့်အခါ ၎င်းတို့က “ကျွန်ုပ်တို့သည် အလွန်ရင်းနှီးသောကြောင့်သာ ဤကဲ့သို့ ကျီစယ်ကလူခြင်းဖြစ်သည်၊ လူများ နားလည်သင့်သည်” ဟု ပြန်လည်ချေပကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို စိတ်အလိုလိုက်ခွင့်ပြုရုံသာမက အခြားသူများကိုပါ ၎င်းတို့၏ စိတ်အလိုလိုက်မှုတွင် ပါဝင်ရန် သွေးဆောင်သည်အထိ အတိုင်းအတာတစ်ခုအထိ စိတ်အလိုလိုက်ကြသည်။ ဤသည်မှာ အဘယ်သို့သော အယုတ်ကောင်နည်း။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများ အသင်းတော်၌ ဆက်လက်ရှိနေသင့်သလော။ (မရှိသင့်ပါ။) ဤလူစားမျိုးနှင့် အတူရှိနေရခြင်းသည် အစဉ်မသက်မသာဖြစ်ပြီး အနေရခက်သည်ဟု ခံစားရသည်။ ၎င်းတို့သည် တစ်စုံတစ်ဦးကို မြင်သည့်အခါ ပုံမှန်အတိုင်း နှုတ်မဆက်ကြပေ၊ ထိုအစား ၎င်းတို့သည် ထိုသူတို့ကို လက်သီးဖြင့်ထိုးလျက် “ဤနှစ်များတစ်လျှောက် သင်သည် မည်သည့်နေရာများ ရောက်နေခဲ့သနည်း။ ဤကမ္ဘာမြေပေါ်မှ သင် ကွယ်ပျောက်သွားခဲ့ပြီဟု ကျွန်ုပ် ထင်ခဲ့သည်။ သင် မည်သို့အခြေအနေရှိခဲ့သနည်း” ဟု ပြောဆိုကြသည်။ ၎င်းတို့၏ နှုတ်ဆက်ပုံသည်ပင် အလွန်ရိုင်းစိုင်းပြီး မောက်မာလှသည်၊ ၎င်းတို့သည် ရိုင်းစိုင်းစွာ ပြောဆိုရုံသာမက အခြားသူများကို ကိုယ်ထိလက်ရောက်ပင် ပြုမူကြသည်။ ဤသည်မှာ လူမိုက်များနှင့် ဓားပြများ၏ အပြုအမူနှင့် မတူပေလော။ သင်တို့သည် ထိုသို့သောလူများကို နှစ်သက်သလော။ (မနှစ်သက်ပါ။) လှောင်ပြောင်ခံရပြီး ကစားစရာကဲ့သို့ ကပြက်ကချော် အလုပ်ခံရသည့် ခံစားချက်သည် သက်သောင့်သက်သာရှိသလော။ (မရှိပါ။) ယင်းမှာ မသက်မသာဖြစ်ပြီး သင်သည် ယင်းကို ထုတ်ပင်မပြောနိုင်ပေ၊ သင်သည် သည်းခံရုံသာ တတ်နိုင်ပြီး နောက်တစ်ကြိမ် ၎င်းတို့ကို မြင်သည့်အခါ အဝေးမှ ရှောင်ရှားလိုက်သည်။ အတိုချုပ်အားဖြင့် ဤအရာက ထိုသို့သောလူများ၏ လူ့သဘာဝ အရည်အသွေးနှင့်ပတ်သက်၍ အဘယ်အရာကို ဖော်ပြသနည်း။ (ညံ့ဖျင်းသည်ဟု ဖော်ပြပါသည်။) ၎င်းတို့၏ အပြောအဆိုနှင့် အမူအရာ၊ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျင့်၊ လောကကို ကိုင်တွယ်ပုံနှင့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံပုံ၊ ဘာသာတရားမရှိသူလောက၏ ခေတ်ရေစီးကြောင်းများအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်၊ သို့မဟုတ် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ပုံနှင့် ဘုရားသခင်အပေါ်တွင်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များအပေါ်တွင် ၎င်းတို့၏ သဘောထား စသည့် မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ဤပုဂ္ဂိုလ်များသည် မည်သည့် ဘာသာတရားကိုင်းရှိုင်းမှု သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ ကင်းမဲ့ကြောင်း တွေ့မြင်ရန် မခက်ခဲပေ။ ၎င်းတို့၌ သမ္မာတရားကို ရှာဖွေရန် သို့မဟုတ် လက်ခံရန် မည်သည့်စိတ်ရင်းမှန်မျှ ရှိကြောင်းကိုလည်း မမြင်ရပေ။ မြင်တွေ့ရသည့်အရာမှာ ၎င်းတို့၏ အကျင့်ပျက်ခြင်းနှင့် ချုပ်တည်းမှုမဲ့ခြင်း၊ ၎င်းတို့၏ ကြယ်ပွင့်များနှင့် ရုပ်တုများကို အစဉ်အတုခိုးခြင်း၊ သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ လမ်းကြောင်းပြောင်းရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိခြင်းတို့ ဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝ၏ လက္ခဏာများကို မည်သို့ အကျဉ်းချုပ်နိုင်သနည်း။ အကျင့်ပျက်ခြင်းနှင့် ချုပ်တည်းမှုမဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားအိမ်တော်ထဲသို့ ခိုးဝင်လာသော ဘာသာတရား မရှိသူများ ဖြစ်ကြသည်၊ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်ဟု အတိအကျ ပြောဆိုနိုင်သည်။

အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသော လူတို့သည် ဘာသာတရားမရှိသူတို့၏ လောကမှ ဓားပြလူမိုက်များကဲ့သို့ စကားလုံးရွေးချယ်မှုမျိုးကို အသုံးပြုကြသည်၊ ၎င်းတို့သည် အထူးသဖြင့် လူ့အဖွဲ့အစည်းမှ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များနှင့် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များ၏ အပြောအဆိုနှင့် ပုံစံကို အတုခိုးခြင်း၌ နှစ်သက်ကြပြီး ၎င်းတို့၏ ဘာသာစကားအများစုမှာ လူမိုက်တစ်ဦး သို့မဟုတ် လူရမ်းကားတစ်ဦး ပြောဆိုသည့်အရာကဲ့သို့ ခံစားရသော သိမ်ဖျင်းသော လေသံ ပါဝင်လေသည်။ ဥပမာအားဖြင့် ဘာသာတရားမရှိသူတစ်ဦး ရောက်ရှိလာပြီး တံခါးခေါက်ပြီးနောက် ထူးဆန်းသော စကားအနည်းငယ်ကို ပြောဆိုသည့်အခါ ညီအစ်ကိုမောင်နှမများက “တစ်ခုခုတော့ လွဲနေပြီ၊ အဘယ်ကြောင့် ဤလူသည် ကင်းထောက် သို့မဟုတ် စပိုင်တစ်ဦးကဲ့သို့ ထင်ရသနည်း” ဟု ပြောဆိုကြသည်။ ထိုအချိန်တွင် ၎င်းတို့ မသေချာနိုင်သော်လည်း ယင်းက လူအများစုကို မသက်မသာ ခံစားရစေသည်။ သို့တိုင်အောင် အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသောသူသည် အထင်ကြီးလောက်အောင်ပင် ပြောဆိုပြီး သီးခြားဟန်ပန်တစ်ခုဖြင့်ပင် “သူလျှိုလော။ မကြောက်ပါ။ သူတို့ကို အဘယ်ကြောင့် ကြောက်ရမည်နည်း။ သင်တို့ ကြောက်လျှင် အပြင်ထွက်ရန် မလိုအပ်ပါ။ သူတို့ မည်သည့်လူစားမျိုးဖြစ်သည်ကို ငါ သွားကြည့်လိုက်မည်” ဟု ပြောဆိုလေသည်။ ၎င်းတို့သည် မည်မျှ သတ္တိရှိပြီး ရဲရင့်သည်ကို ကြည့်လော့။ သင်တို့သည် ဤသို့ ပြောဆိုကြမည်လော။ (မပြောပါ၊ ဤသည်မှာ ပုံမှန်လူများ ပြောဆိုပုံမဟုတ်ပါ၊ ဓားပြတစ်ဦး ပြောဆိုသည့်အရာကဲ့သို့ ဖြစ်ပါသည်။) ဓားပြများသည် ပုံမှန်လူများနှင့် မတူဘဲ ကွဲပြားစွာ ပြောဆိုကြသည်၊ ၎င်းတို့သည် အထူးသဖြင့် ဗိုလ်ကျခြယ်လှယ်တတ်ကြသည်။ လူတို့သည် မိမိတို့အမျိုးအစား၏ ဘာသာစကားကို သင်ယူကြသည်၊ လောကအကြောင်း နောကျေသောလူများသည် လူ့အဖွဲ့အစည်း၏ ရေပန်းစားသော ဘန်းစကားများကို အထူးသဖြင့် သုံးစွဲကြသည်၊ ဓားပြများနှင့် လူမိုက်များသည် ဗန်းစကားများ ပြောဆိုရသည်ကို ကြိုက်နှစ်သက်ကြပြီး မယုံကြည်သူတို့သည် ဘာသာတရား မရှိသူတို့ကဲ့သို့ပင် ဖြစ်ကြကာ ဘာသာတရား မရှိသူတို့ ပြောဆိုသမျှ အရာအားလုံးကို ပြောဆိုကြသည်။ ကောင်းမြတ်သော၊ ဂုဏ်သိက္ခာရှိသော၊ တည်ကြည်သော လူတို့သည် ဘာသာတရား မရှိသူတို့၏ အပြောအဆိုကို ကြားရသည့်အခါ စက်ဆုပ်ရွံရှာခြင်းနှင့် မုန်းတီးခြင်းကို ခံစားကြရသည်၊ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ထိုသို့သော အပြောအဆိုမျိုးကို အတုခိုးရန် မကြိုးစားကြပေ။ အချို့သော မယုံကြည်သူတို့သည် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ် ယုံကြည်ပြီးသည့်တိုင် ဘာသာတရား မရှိသူတို့၏ ဘာသာစကားကို အသုံးပြုနေကြဆဲဖြစ်ပြီး ထိုသို့သော အပြောအဆိုကို တမင်တကာ ရွေးချယ်ကြကာ စကားပြောဆိုနေစဉ်တွင် ၎င်းတို့သည် ဘာသာတရား မရှိသူတို့၏ အမူအရာ၊ မျက်နှာအမူအရာများနှင့် လက်ဟန်ခြေဟန်များအပြင် ၎င်းတို့၏ မျက်လုံးအကြည့်များကိုပင် အတုခိုးကြသည်။ ထိုသို့သော လူပုဂ္ဂိုလ်များသည် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများ၏ အမြင်တွင် နှစ်သက်ဖွယ် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ညီအစ်ကိုမောင်နှမအများစုသည် ၎င်းတို့ကို မနှစ်မြို့ဖွယ်ဖြစ်ပြီး ကြည့်ရသည်မှာ ကိသကအောက်ဖြစ်သည်ကို တွေ့ရှိကြသည်။ ဘုရားသခင်သည် ၎င်းတို့အပေါ် မည်သို့ ခံစားရမည်ဟု သင်တို့ ထင်သနည်း။ (စက်ဆုပ်ရွံရှာခြင်း ဖြစ်ပါသည်။) အဖြေမှာ ရှင်းလင်းပါသည်၊ စက်ဆုပ်ရွံရှာခြင်းပင် ဖြစ်သည်။ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာမှ၊ ၎င်းတို့၏ လိုက်စားမှုများမှ၊ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ရိုသေလေးမြတ်သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ ကြည့်လျှင် ၎င်းတို့၏ လူ့သဘာဝသည် ဂုဏ်သိက္ခာ သို့မဟုတ် တည်ကြည်ခြင်းကို မဖော်ဆောင်ကြောင်းနှင့် ဘာသာတရားကိုင်းရှိုင်းခြင်း၊ သန့်ရှင်းသူတို့၏ အမူအကျင့်နှင့် ကိုက်ညီခြင်းတို့ဖြင့် အလှမ်းဝေးလှသည်မှာ ထင်ရှားပေသည်။ ယုံကြည်သူများ သို့မဟုတ် သန့်ရှင်းသူတို့ ပြောဆိုသင့်သော စကားများကိုလည်းကောင်း၊ အခြားသူများကို တည်ဆောက်မှုဖြစ်စေပြီး တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို ဖော်ပြသော စကားများကိုလည်းကောင်း ၎င်းတို့၏ နှုတ်မှ ကြားရခဲသည်၊ ၎င်းတို့သည် ဤအရာများကို ပြောဆိုရန် အလားအလာမရှိပေ။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ရိုသေလေးမြတ်သော၊ ရည်သန်မျှော်မှန်းသော၊ လိုက်စားသော အရာသည် သန့်ရှင်းသူတို့ လိုက်စားသင့်ပြီး တောင့်တသင့်သည့်အရာနှင့် အခြေခံကျကျ သဟဇာတမဖြစ်သောကြောင့် ၎င်းတို့ အပြင်ပန်း အသက်ရှင်နေထိုင်သည့်အရာ၊ ၎င်းတို့၏ အပြောအဆိုနှင့် အမူအရာတို့သည် ချုပ်တည်းရန် ခက်ခဲစေသည်။ ၎င်းတို့ကို ချုပ်တည်းရန်၊ အကျင့်မပျက်ရန် သို့မဟုတ် စိတ်အလိုလိုက်မှုမရှိရန်၊ ဂုဏ်သိက္ခာနှင့် တည်ကြည်ခြင်းကို ထိန်းသိမ်းရန် တောင်းဆိုခြင်းသည် အလွန်ခက်ခဲသော တောင်းဆိုမှုတစ်ခု ဖြစ်သည်။ သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်သည့် လူ့သဘာဝနှင့် ဆင်ခြင်တုံတရား ရှိသောသူတစ်ဦးကဲ့သို့ အသက်ရှင်နေထိုင်ရန် မဆိုထားနှင့်၊ ၎င်းတို့သည် သန့်ရှင်းသူတို့၏ အမူအကျင့်နှင့် ကိုက်ညီသော၊ စည်းမျဉ်းများကို လိုက်နာသော၊ အပြင်ပန်းတွင် ဆင်ခြင်တုံတရား ရှိပုံပေါက်သော တည်ကြည်မှုနှင့် ဂုဏ်သိက္ခာရှိသည့် ပုံမှန်လူတစ်ဦး ဖြစ်လာရန်ပင် မစွမ်းဆောင်နိုင်ကြပေ။ ယခင်က လူတစ်ဦးသည် ကျေးလက်ဒေသသို့ ဧဝံဂေလိတရား ဟောပြောရန် သွားခဲ့ပြီး အချို့သော ညီအစ်ကိုမောင်နှမများသည် ဆင်းရဲသော မိသားစုများရှိကာ ယိုယွင်းပျက်စီးနေသော အိမ်များတွင် နေထိုင်ကြသည်ကို တွေ့ရှိခဲ့သည်။ သူက ခနဲ့တဲ့တဲ့နှင့် လှောင်ပြောင်သရော်၍ “ဤအိမ်သည် အလွန် ယိုယွင်းပျက်စီးနေသည်၊ လူနေရန် မသင့်တော်ပါ၊ ဝက်များအတွက်ပင်လျှင် သင့်တော်ဖို့ အနိုင်နိုင်သာဖြစ်သည်။ သင်တို့ အမြန်ဆုံး ပြောင်းရွှေ့သင့်သည်” ဟု ပြောဆိုခဲ့သည်။ ညီအစ်ကိုမောင်နှမများက “ပြောင်းရွှေ့ဖို့ဟူသည်မှာ လွယ်သည်၊ သို့ရာတွင် ကျွန်ုပ်တို့ နေထိုင်ရန် နောက်ထပ်အိမ်တစ်လုံးကို မည်သူက ပေးမည်နည်း” ဟု ပြန်ဖြေခဲ့ကြသည်။ သူသည် အခြားသူများအပေါ် မည်သို့သော သက်ရောက်မှုမျိုး ရှိနိုင်သည်ကို ထည့်မစဉ်းစားဘဲ စိတ်ထဲပေါ်လာသမျှကို ပြောဆိုလျက် မဆင်မခြင်နှင့် တစ်ဇွတ်ထိုး ပြောဆိုခဲ့သည်။ ဤသည်မှာ သိမ်ဖျင်းသောအကျင့်ရှိခြင်း ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက “ကျွန်ုပ်တို့ ပြောင်းရွှေ့လျှင် ကျွန်ုပ်တို့ကို နေဖို့ အိမ်တစ်လုံး မည်သူက ပေးမည်နည်း။ သင့်တွင် အိမ်ရှိသလော” ဟု မေးခဲ့ကြသည်။ သူ့မှာ ပြန်စရာစကားမရှိခဲ့ပေ။ လူတို့သည် အခက်အခဲ ရင်ဆိုင်နေရသည်ကို မြင်ရာတွင် သူသည် စကားမပြောမီ ၎င်းတို့၏ အခက်အခဲကို ဖြေရှင်းပေးနိုင်စွမ်း ရှိထားရမည်ဖြစ်သည်။ ၎င်းတို့၏ အခက်အခဲကို ဖြေရှင်းပေးနိုင်စွမ်းမရှိဘဲ မဆင်မခြင် ပြောဆိုခဲ့ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ဤသည်မှာ အလွန်ပွင့်လင်းပြီး ဟောဟောဒိုင်းဒိုင်း ပြောလွန်းခြင်း၏ ပြဿနာတစ်ရပ် ဖြစ်ခဲ့သလော။ လုံးဝ မဟုတ်ပေ။ ပြဿနာမှာ သူ၏ သိမ်ဖျင်းမှုသည် အလွန်ဆိုးရွားနေခြင်း ဖြစ်သည်၊ သူသည် အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသောသူတစ်ဦး ဖြစ်ခဲ့သည်။ ထိုသို့သောလူတို့သည် တည်ကြည်မှု၊ ဂုဏ်သိက္ခာ၊ ထောက်ထားစာနာမှု၊ သည်းခံမှု၊ ဂရုစိုက်မှု၊ လေးစားမှု၊ နားလည်မှု၊ စာနာမှု၊ သနားကြင်နာမှု၊ အလေးထားမှု၊ ကူညီမှု စသည်တို့နှင့်ပတ်သက်၍ မည်သည့်အယူအဆမျှ လုံးဝ ကင်းမဲ့ကြသည်။ ပုံမှန်လူ့သဘာဝအတွက် မရှိမဖြစ်လိုအပ်သော ဤအရည်အသွေးများသည် လူတို့ ပိုင်ဆိုင်သင့်သည့်အရာများ ဖြစ်ကြသည်။ ၎င်းတို့သည် ဤအရည်အသွေးများကို ကင်းမဲ့ရုံသာမက အခြားသူများနှင့် ဆက်ဆံရာတွင် တစ်စုံတစ်ဦးသည် အခက်အခဲများ ရင်ဆိုင်နေရသည်ကို မြင်တွေ့သည့်အခါ ၎င်းတို့သည် ထိုသူတို့ကို လှောင်ပြောင်ခြင်း၊ ကဲ့ရဲ့ခြင်း၊ သရော်ခြင်းနှင့် ရှုတ်ချခြင်းတို့ကိုပင် ပြုလုပ်နိုင်ကြသည်၊ ၎င်းတို့သည် ထိုသူတို့ကို နားလည်ပေးရန် သို့မဟုတ် ကူညီရန် မစွမ်းဆောင်နိုင်ရုံသာမက ထိုသူတို့ထံသို့ ဝမ်းနည်းမှု၊ အကူအညီမဲ့မှု၊ နာကျင်မှုနှင့် ဒုက္ခကိုပင် ဆောင်ကြဉ်းပေးကြသည်။ ထိုသို့သော ဆိုးရွားသည့် သိမ်ဖျင်းမှု ရှိသောသူတို့အတွက်မူ လူအများစုသည် ၎င်းတို့ကို ရှင်းလင်းစွာ မြင်တွေ့ပြီး အကြိမ်ကြိမ် သည်းခံကြရသည်။ ထိုသို့သောလူတို့သည် စစ်မှန်သော နောင်တ ရနိုင်မည်ဟု သင်တို့ ထင်သလော။ ဖြစ်နိုင်ချေမရှိဟု ငါထင်သည်။ ၎င်းတို့၏ သဘာဝအနှစ်သာရကို ကြည့်လျှင် ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးသောသူများ မဟုတ်ကြပေ၊ သို့ဖြစ်၍ ၎င်းတို့သည် ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို မည်သို့ လက်ခံနိုင်မည်နည်း။ ထိုသို့သောလူများကို သရုပ်ဖော်ရာတွင် ဘာသာတရား မရှိသူတို့၌ “မိမိထင်ရာစိုင်းခြင်း” သို့မဟုတ် “အခြားသူများ မည်သို့ပင်ပြောစေကာမူ မိမိ၏လမ်းကိုသာ လျှောက်လှမ်းခြင်း” ကဲ့သို့သော အသုံးအနှုန်းများ ရှိကြသည်၊ ဤသည်မှာ မည်သို့သော အဓိပ္ပာယ်မရှိသည့် ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သနည်း။ ဤနာမည်ကြီးသော အဆိုအမိန့်များနှင့် စကားပုံများဟု ခေါ်ဆိုကြသည့်အရာများကို ဤလူ့အဖွဲ့အစည်း၌ အပြုသဘောဆောင်သော အရာများအဖြစ် မကြာခဏ ရှုမြင်ကြသည်၊ ယင်းက အဖြစ်မှန်များကို လွဲမှားစေပြီး အမှားနှင့်အမှန်ကို ရှုပ်ထွေးစေသည်။ အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသောသူတို့၏ လူ့သဘာဝနှင့်ဆိုင်သော သရုပ်သကန်များအတွက်မူ ဤမျှဆိုလျှင် အခြေခံအားဖြင့် ပြည့်စုံပြီဖြစ်သည်။

အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသော လူပုဂ္ဂိုလ်များသည် အသင်းတော်အသက်တာကို၊ ညီအစ်ကိုမောင်နှမများကြားရှိ ပုံမှန်ဆက်ဆံရေးများကို၊ သို့မဟုတ် ဘုရားသခင်ရွေးချယ်ထားသောလူများ၏ ပုံမှန်တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်သည်ဖြစ်စေ၊ မထိခိုက်သည်ဖြစ်စေ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များသည် ညီအစ်ကိုမောင်နှမများကို နှောင့်ယှက်လျက် ဆိုးရွားသော သက်ရောက်မှုများနှင့် အကျိုးဆက်များကို ဖြစ်ပေါ်စေနေသမျှကာလပတ်လုံး ဤပြဿနာများကို ဖြေရှင်းသင့်ပြီး ထိုသို့သော လူပုဂ္ဂိုလ်များအား အတားအဆီးမဲ့ ပြုမူဆောင်ရွက်ခွင့်ပြုမည့်အစား သင့်လျော်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သင့်သည်။ အသေးအဖွဲ ကိစ္စရပ်များအတွက် အကူအညီနှင့် ထောက်ပံ့မှုကို ပေးနိုင်သည်၊ သို့မဟုတ် ၎င်းတို့ကို ပြုပြင်ပြီး သတိပေးနိုင်သည်။ ပြင်းထန်သော ကိစ္စရပ်များအတွက်မူ ၎င်းတို့၏ အပြုအမူနှင့် အမူအရာသည် ဘာသာတရားမရှိသူများ သို့မဟုတ် မယုံကြည်သူများကဲ့သို့ အထူးသဖြင့် အကျင့်ပျက်ပြီး သန့်ရှင်းသူတို့၏ အမူအကျင့် တစ်စက်တစ်လေမျှ ကင်းမဲ့နေသည့်အခါ အသင်းတော်ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤလူပုဂ္ဂိုလ်များကို ကိုင်တွယ်ရန် သင့်လျော်သော ဖြေရှင်းနည်းများကို ရှာဖွေသင့်သည်။ ညီအစ်ကိုမောင်နှမအများစုက သဘောတူပြီး အခြေအနေပေးပါက ဤလူပုဂ္ဂိုလ်များကို ရှင်းလင်းပစ်သင့်သည်၊ အနည်းဆုံးအနေဖြင့် ၎င်းတို့ကို အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်၌ ၎င်းတို့၏ တာဝန်များထမ်းဆောင်ခွင့် မပြုသင့်ပေ။ “အသေးအဖွဲ ကိစ္စရပ်များအတွက်” ဟူသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ အချို့လူများသည် မူလက ဘာသာတရားမရှိသူများဖြစ်ကြပြီး ခရစ်ယာန်ဘာသာကို မည်သည့်အခါကမျှ မယုံကြည်ခဲ့ဖူးသည့်အပြင် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် မည်သည့်အရာများ ပါဝင်သည်ကို နားမလည်ကြသော ယုံကြည်သူအသစ်များ ဖြစ်သည်ကို ဆိုလိုသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အမူအရာသည် ဘာသာတရားမရှိသူတို့၏ အလေ့အထများကို ထုတ်ဖော်ပြသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းနှင့် အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ခြင်းတို့မှတစ်ဆင့် ၎င်းတို့သည် တဖြည်းဖြည်း ပြန်လှည့်လာ၍ ပြောင်းလဲလာပြီး ယုံကြည်သူများကဲ့သို့ ဖြစ်လာကာ လူသားပုံသဏ္ဌာန်အချို့ကို ပြသကြသည်။ ဤလူပုဂ္ဂိုလ်များကို ဆိုးယုတ်သောလူများ၏ အဆင့်အတန်းတွင် အမျိုးအစားခွဲခြားခြင်း မပြုသင့်ဘဲ ကူညီနိုင်သောသူများအဖြစ် သတ်မှတ်သင့်သည်။ နောက်အမျိုးအစားတစ်ခုမှာ အသက်အနှစ်နှစ်ဆယ်ဝန်းကျင်ရှိ လူငယ်များဖြစ်ပြီး ဘုရားသခင်ကို သုံးနှစ်မှ ငါးနှစ်အထိ ယုံကြည်ခဲ့ကြသော်လည်း ၎င်းတို့၏ ငယ်ရွယ်သော အသက်အရွယ်ကြောင့် ပျော်စေပြက်စေ နေလိုစိတ်ကို အလိုလိုက်နေဆဲဖြစ်ပြီး အတော်အတန် မတည်ငြိမ်သေးဘဲ ၎င်းတို့၏ အပြင်ပန်း အပြောအဆိုနှင့် အမူအရာတွင် ကလေးဆန်မှုအချို့ကို ပြသကြသည်၊ ကလေးများကဲ့သို့ ပြောဆိုခြင်း၊ ပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း စသည်တို့ ဖြစ်သည်။ ဤလူတို့အတွက် မေတ္တာဖြင့် အကူအညီနှင့် ထောက်ပံ့မှုကို ပေးသင့်သည်၊ အလွန်အမင်း တင်းကျပ်သော တောင်းဆိုချက်များကို မပြုလုပ်ဘဲ တဖြည်းဖြည်း ပြောင်းလဲရန် လုံလောက်သောအချိန်ကို ၎င်းတို့အား ပေးသင့်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း ဘာသာတရားမရှိသူများကဲ့သို့ အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသော အပြောအဆို၊ အမူအရာ၊ အပြုအမူနှင့် လုပ်ရပ်များကို ပြသနေဆဲဖြစ်ပြီး ထပ်ခါတလဲလဲ သတိပေးဆုံးမခြင်းများရှိလင့်ကစား ပြောင်းလဲရန် ငြင်းဆန်သော အရွယ်ရောက်ပြီးသူများအတွက်မူ ကွဲပြားသော ချဉ်းကပ်နည်းတစ်ခုကို အသုံးပြုသင့်သည်မှာ ပြောစရာမလိုပေ၊ ၎င်းတို့ကို ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း ကိုင်တွယ်သင့်သည်။ ထိုသို့သော လူပုဂ္ဂိုလ်များ၏ အပြောအဆို၊ အမူအရာနှင့် ၎င်းတို့၏ လူ့သဘာဝဆိုင်ရာ ထုတ်ဖော်ချက်များသည် အများစုကို နှောင့်ယှက်ပြီး အသင်းတော်၌ ဆိုးရွားသော သက်ရောက်မှုတစ်ခုကို ဖန်တီးကာ လူများစွာတို့အား ၎င်းတို့ကို မြင်ရုံနှင့် အော့ကြောလန်စေပြီး ၎င်းတို့စကားပြောသည်ကို နားမထောင်လိုစေဘဲ ၎င်းတို့စကားပြောသည့်အခါ ၎င်းတို့၏ မျက်နှာအမူအရာကို မမြင်လိုစေသည့်အပြင် ၎င်းတို့၏ ဝတ်စားဆင်ယင်ပုံကိုလည်း မကြည့်လိုစေဘဲ ထိုသို့သော လူပုဂ္ဂိုလ်များ စုဝေးပွဲများသို့ မတက်ရောက်သည့်အခါ လူအများစုက ပို၍ ပျော်ရွှင်ပြီး ပို၍ ကောင်းမွန်သော အခြေအနေတွင် ရှိနေပါက၊ ၎င်းတို့၏ အသင်းတော်အသက်တာတွင် ပါဝင်ရုံမျှဖြင့်လည်းကောင်း၊ ညီအစ်ကိုမောင်နှမများကြားတွင် ရှိနေရုံမျှဖြင့်လည်းကောင်း အနှောင့်အယှက်ပေးနေသော ပိုးဟပ်တစ်ကောင် ရှိနေသကဲ့သို့ ကသိကအောက်ဖြစ်ကာ အော့ကြောလန်ခြင်းကို ခံစားရပါက ထိုသို့သော လူပုဂ္ဂိုလ်များသည် ဆိုးယုတ်သောလူများဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့်အတူ အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ပြီး မိမိတို့၏တာဝန် ထမ်းဆောင်သည့်အခါတိုင်း လူအများစုသည် နှောင့်ယှက်ခြင်းခံရပြီး အထူးသဖြင့် အော့ကြောလန်ခြင်းကို ခံစားကြရသည်။ ထိုသို့သော ကိစ္စများတွင် ဤလူပုဂ္ဂိုလ်များကို ၎င်းတို့၏ သဘောအတိုင်း ပြုမူစေရန် လွှတ်ထားခြင်း သို့မဟုတ် နောက်ထပ် စောင့်ကြည့်လေ့လာခြင်း မပြုဘဲ တတ်နိုင်သမျှ စောစီးစွာ ကိုင်တွယ်သင့်သည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့ကို အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်မှ ဖယ်ရှားပြီး နောင်တရရန် သာမန်အသင်းတော်တစ်ခုသို့ ပို့သင့်သည်။ အဘယ်ကြောင့် ဤနည်းဖြင့် ကိုင်တွယ်ရသနည်း။ (၎င်းတို့သည် လူအများစုထံသို့ နှောင့်ယှက်မှုများနှင့် ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့ပြီး အသင်းတော်အသက်တာကို နှောင့်ယှက်ခဲ့သောကြောင့် ဖြစ်ပါသည်။) အကြောင်းမှာ ၎င်းတို့၏ သရုပ်သကန်များ၏ အကျိုးဆက်များနှင့် သက်ရောက်မှုများသည် အလွန်ဆိုးရွားသောကြောင့် ဖြစ်သည်။ ဤအချက်အရ ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင် ဘုရားသခင်ရွေးချယ်ထားသောလူများသည်လည်း ၎င်းတို့ကို မျက်ကွယ်ပြုခြင်းနှင့် ၎င်းတို့၏ အပြုအမူကို မျက်စိစုံမှိတ် လိုက်လျောခြင်း မပြုသင့်ပေ။ ထိုသို့သော လူပုဂ္ဂိုလ်များသည် အများစုထံသို့ နှောင့်ယှက်မှုများကို ဖြစ်ပေါ်စေသည့်အခါတွင်ပင် ခေါင်းဆောင်များနှင့် အမှုဆောင်များက မည်သည့်အရာမျှ မလုပ်ဆောင်ခြင်းသည် မသင့်လျော်ပေ၊ ထိုသို့သော လူပုဂ္ဂိုလ်များကို ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း အသင်းတော်မှ ဖယ်ရှားသင့်သည်၊ ဤသည်မှာ အမြော်အမြင်အရှိဆုံးသော ရွေးချယ်မှု ဖြစ်သည်။

အသင်းတော်သည် ယခင်က အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသော လူတို့ကို ကိုင်တွယ်ဖြေရှင်းခဲ့ဖူးသလော။ (ဖြေရှင်းဖူးပါသည်။) ထိုသို့သောလူတို့ကို ကိုင်တွယ်ဖြေရှင်းသည့်အခါ အချို့က ငိုကြွေးလျက် “ကျွန်ုပ် တမင်တကာ လုပ်ခဲ့ခြင်းမဟုတ်ပါ။ ယင်းမှာ ကျွန်ုပ်၏ ရံဖန်ရံခါ အပြုအမူတစ်ခုသာ ဖြစ်ပါသည်၊ ကျွန်ုပ်သည် ထိုသို့သောလူစားမျိုး မဟုတ်ပါ။ ကျေးဇူးပြု၍ နောက်တစ်ကြိမ် အခွင့်အရေးပေးပါဦး။ ကျွန်ုပ်ကို တာဝန်ထမ်းဆောင်ခွင့် မပြုလျှင် အိမ်ပြန်ရောက်သည့်အခါ ဘုရားကို ယုံကြည်နိုင်တော့မည် မဟုတ်ပါ၊ အိမ်တွင် လူတိုင်းက ဘာသာတရားမရှိသူများ ဖြစ်ကြပါသည်” ဟု ပြောဆိုခဲ့ကြသည်။ ၎င်းတို့သည် ကရုဏာသက်စဖွယ် ပြောဆိုပြီး အမှန်တကယ် စိတ်သောကရောက်နေပုံရကာ ဘုရားသခင်ကို စွန့်ခွာရန် မလိုလားကြောင်း ဖော်ပြပြီး နောင်တရရန် နောက်တစ်ကြိမ် အခွင့်အရေးအတွက် ဘုရားအိမ်တော်ကို တောင်းဆိုကြသည်။ ၎င်းတို့အား နောက်တစ်ကြိမ် အခွင့်အရေးပေးခြင်းသည် ဖြစ်နိုင်သော်လည်း အခရာကျသည်မှာ ၎င်းတို့ ပြောင်းလဲနိုင်ခြင်း ရှိမရှိပင် ဖြစ်သည်။ ဤလူသည် လူ့သဘာဝ တစ်စက်တစ်လေမျှ မရှိကြောင်း၊ အသိတရား သို့မဟုတ် ဆင်ခြင်တုံတရား မရှိကြောင်း၊ အခြေခံအားဖြင့် နှလုံးသားမရှိ၊ ဝိညာဉ်မရှိသော အရာတစ်ခုဖြစ်ကြောင်းကို အသေအချာ သိမြင်ပါက ၎င်းတို့အား နောက်တစ်ကြိမ် အခွင့်အရေး မပေးသင့်တော့ပေ၊ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ သို့သော် ထိုလူ၏ ပင်ကိုအနှစ်သာရမှာ ကောင်းမွန်ပြီး ၎င်း၏ ငယ်ရွယ်သော အသက်အရွယ်ကြောင့် ၎င်း၏ လူ့သဘာဝသည် မရင့်ကျက်သေးခြင်းသာဖြစ်ကာ နှစ်အနည်းငယ်အတွင်း ပြောင်းလဲရန် သေချာပါက ၎င်းတို့အား နောင်တရရန် အခွင့်အရေး ပေးရမည်ဖြစ်သည်။ မည်သည့်လူကောင်းတစ်ဦးအား မည်သည့်အခါမျှ ပျက်စီးစေခွင့်မပြုရသဖြင့် ၎င်းတို့ကို အသင်းတော်မှ လုံးဝ ရှင်းလင်းပစ်ခြင်း မပြုသင့်ပေ။ အချို့လူများသည် ပင်ကိုသဘာဝအားဖြင့် မယုံကြည်သူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ပင်ကိုသဘာဝအားဖြင့် အကျင့်ပျက်သော၊ အသိဉာဏ်မဲ့သော၊ မိုက်မဲသော အရာများဖြစ်ကြပြီး ၎င်းတို့၏ လူ့သဘာဝတွင် ဂုဏ်သိက္ခာဟူသော အယူအဆမှာ ပင်ကိုအားဖြင့် ကင်းမဲ့နေကာ ဟီရိဩတ္တပ္ပဟူသည်မှာ အဘယ်အရာဖြစ်သည်ကို မသိကြပေ။ လူမြင်သူမြင်အောင် မယဉ်ကျေးသောပုံစံဖြင့် ပြုမူပြီးနောက် လူအများစုသည် နောင်တရပြီး အခြားသူများကို ရင်ဆိုင်ရန် ရှက်ရွံ့ကြလိမ့်မည်။ ထို့အပြင် ၎င်းတို့သည် ထိုသို့သော အရာများကို လုပ်ဆောင်လိုသည့်အခါ ညီအစ်ကိုမောင်နှမများ၏ ခံစားချက်များနှင့် အမြင်များကို ထောက်ထားစာနာနိုင်ပြီး မိမိတို့၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို သတိပြုနိုင်ကြကာ ထိုသို့သောပုံစံဖြင့် ပြုမူကြမည်မဟုတ်ပေ၊ ၎င်းတို့သည် အများဆုံးအနေဖြင့် အိမ်တွင် မိမိတို့၏ ကလေးများ သို့မဟုတ် မောင်နှမများနှင့်သာ ရန်ဖြစ်ကောင်းဖြစ်ကြလိမ့်မည်။ အပြင်ထွက်၍ သူစိမ်းများနှင့် ဆက်ဆံသည့်အခါ လူတို့သည် ဂုဏ်၊ တည်ကြည်ဖြောင့်မတ်ခြင်း၊ စည်းကမ်းများနှင့် သိက္ခာဟူသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကို နားလည်သင့်သည်။ ဤအယူအဆများကို နားလည်မှုကင်းမဲ့သောသူတစ်ဦးသည် သင်တို့၏ အကူအညီဖြင့်ပင် ပြောင်းလဲနိုင်မည်လော။ ယခု ၎င်းတို့ ချုပ်တည်းထားလျှင်ပင် မည်မျှကြာအောင် ခံနိုင်မည်နည်း။ မကြာမီပင် ၎င်းတို့သည် မိမိတို့၏ အကျင့်ဟောင်းများသို့ ပြန်ရောက်သွားကြလိမ့်မည်။ အကြောင်းမှာ ထိုသို့သောလူတို့သည် မိမိတို့၏ လူ့သဘာဝတွင် သိက္ခာနှင့် ဟီရိဩတ္တပ္ပ ကင်းမဲ့ကြပြီး စည်းကမ်းများ၊ တည်ကြည်ဖြောင့်မတ်ခြင်း သို့မဟုတ် သန့်ရှင်းသူတို့၏ အမူအကျင့်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကို မသိကြသည့်အပြင် ၎င်းတို့၏ လူ့သဘာဝတွင် ဤအရည်အသွေးများကို ပင်ကိုအားဖြင့် မပိုင်ဆိုင်သောကြောင့် သင်တို့သည် ၎င်းတို့ကို ကူညီနိုင်စွမ်းမရှိပေ။ ကူညီ၍မရနိုင်သော လူတို့သည် မပြောင်းလဲနိုင်သော လူများ၊ ညွှန်ကြား၍ သို့မဟုတ် ဩဇာလွှမ်းမိုး၍ မရနိုင်သော လူများ ဖြစ်ကြသည်။ ထိုသို့သော လူပုဂ္ဂိုလ်များကို ညီအစ်ကိုမောင်နှမများကြားတွင် နှောင့်ယှက်မှုများ ဖြစ်ပေါ်စေခြင်းမှ ကာကွယ်ရန်၊ ဤနေရာတွင် အရှက်ရစေခြင်းမှ ကာကွယ်ရန် အမြန်ဆုံးနှင့် အစောဆုံး သန့်စင်ဖယ်ရှားရမည်။ ဘုရားအိမ်တော်သည် အရေအတွက်ဖြည့်တင်းရန် မည်သူ့ကိုမျှ မလိုအပ်ပေ။ ဘုရားသခင်သည် တစ်စုံတစ်ဦးကို ကယ်တင်မည်မဟုတ်ပါက ထိုလူအတွက် အရေအတွက်ဖြည့်တင်းရုံမျှဖြင့် မည်သည့်အကျိုးမျှ ရှိမည်မဟုတ်ပေ။ ဘုရားသခင် အသိအမှတ် မပြုသောသူတို့ကို ရှင်းလင်းပစ်သင့်သည်၊ ဘုရားအိမ်တော်၌ မနေသင့်သောသူတို့ကို ဖယ်ရှားလော့၊ ဤလူတစ်ဦး၏ နေခြင်းက အခြားများစွာသောသူတို့ကို ဆိုးရွားစွာ သက်ရောက်မှုဖြစ်မည်စိုး၍ ဖြစ်သည်၊ ယင်းမှာ အများစုအတွက် တရားမျှတမှုမရှိပေ။ သင်တို့သည် အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသောသူတို့၏ အနှစ်သာရကို ထွင်းဖောက်မြင်ပါက ၎င်းတို့ကို အကန့်အသတ်မရှိ သည်းခံနေမည့်အစား အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပြီး ရှင်းလင်းပစ်သင့်သည်။ အချို့က “၎င်းတို့သည် တာဝန်ထမ်းဆောင်သည့်အခါ ရံဖန်ရံခါ ရလဒ်အချို့ကို ဖြစ်ထွန်းစေပါသည်။ ထိုအလုပ်ကဏ္ဍအတွက် ၎င်းတို့ကို လိုအပ်နေဆဲ ဖြစ်သည်။ ၎င်းတို့တွင် အတော်အတန် မေတ္တာပါသော စိတ်နှလုံးလည်းရှိပြီး အဖိုးအခအနည်းငယ်ကိုလည်း ပေးဆပ်နိုင်ပါသည်” ဟု ပြောဆိုကြသည်။ သို့သော် ဘုရားအိမ်တော်၌ ကျန်ရှိနေသောသူတို့တွင် မည်သူက အဖိုးအခအနည်းငယ်ကို မပေးဆပ်နိုင်သနည်း။ မည်သူက တာဝန်ထမ်းဆောင်သည့်အခါ ရလဒ်အချို့ကို မရရှိနိုင်သနည်း။ လူတိုင်းက ရလဒ်အချို့ကို ဖြစ်ထွန်းစေနိုင်ပါက တာဝန်များထမ်းဆောင်ရန် ဂုဏ်သိက္ခာရှိပြီး တည်ကြည်သော လူကောင်းများကို အဘယ်ကြောင့် မရွေးချယ်ရမည်နည်း။ အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်၌ နှောင့်ယှက်မှုများ ဖြစ်ပေါ်စေရန် လူမိုက်များ၊ လူရမ်းကားများနှင့် ခေါင်းမာသောလူများကဲ့သို့သော လူစားမျိုးတို့ကို အဘယ်ကြောင့် အခိုင်အမာ ထားရှိရမည်နည်း။ ဘုရားအိမ်တော်၌ အလုပ်လုပ်ပေးရန် ဘာသာတရားမရှိသူများကဲ့သို့ အသက်ရှင်နေထိုင်သော ထိုမယုံကြည်သူတို့ကို အဘယ်ကြောင့် အခိုင်အမာ ထားရှိရမည်နည်း။ ဘုရားအိမ်တော်သည် အလုပ်လုပ်ပေးသူများ မရှားပါးပေ၊ ဘုရားအိမ်တော်သည် သမ္မာတရားကို ချစ်မြတ်နိုးသော ရိုးသားသောလူများ၊ ဖြောင့်မတ်သောလူများနှင့် သမ္မာတရားကို လိုက်စားနိုင်သောသူတို့ကိုသာ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံစေလိုသည်။

ယခု တာဝန်ထမ်းဆောင်နေသူအများစုသည် ဘုရားသခင်ကို ငါးနှစ် သို့မဟုတ် ခြောက်နှစ်ထက်မနည်း ယုံကြည်ခဲ့ပြီးသူများဖြစ်ကြပြီး တာဝန်ထမ်းဆောင်ခြင်းဖြစ်စဉ်တွင် လူအမျိုးမျိုးတို့သည် အပြည့်အဝ ဖော်ထုတ်ခြင်းခံခဲ့ရပြီးဖြစ်သည်၊ မယုံကြည်သူများ၊ နားဝေတိမ်တောင်ဖြစ်သောသူများ၊ အယောင်ဆောင်ခေါင်းဆောင်များ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအားလုံးသည် ထုတ်ဖော်ခြင်းခံခဲ့ရပြီးဖြစ်သည်။ ဤလူအများစုသည် ထပ်ခါတလဲလဲ သတိပေးဆုံးမခြင်းများရှိလင့်ကစား ပြောင်းလဲရန် ငြင်းဆန်ကြပြီး ဘုရားအိမ်တော်၏ အလုပ်ကို ကြီးမားသော နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်ပေါ်စေခဲ့ပြီးဖြစ်ကြောင်း ဘုရားသခင် ရွေးချယ်ထားသောလူများစွာတို့က ရှင်းလင်းစွာ မြင်တွေ့ခဲ့ပြီးဖြစ်သည်။ ဤမယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ဖယ်ရှားပစ်ရမည့်အချိန် ကျရောက်လာပြီဖြစ်သည်။ ၎င်းတို့ကို ဖယ်ရှားမပစ်ခြင်းသည် အသင်းတော်အလုပ်၏ လည်ပတ်မှုကိုလည်းကောင်း၊ ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရား ပျံ့နှံ့ခြင်းကိုလည်းကောင်း ထိခိုက်လိမ့်မည်။ ၎င်းတို့ကို ဖယ်ရှားမပစ်ခြင်းသည် ဘုရားသခင်ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကို သက်ရောက်မှုရှိစေလိမ့်မည်၊ အသင်းတော်အသက်တာသည် ဆက်လက်၍ နှောင့်ယှက်ခြင်းခံရမည်ဖြစ်ပြီး ငြိမ်သက်ခြင်းကို မည်သည့်အခါမျှ ရှာတွေ့မည်မဟုတ်ပေ။ သို့ဖြစ်၍ အဆင့်ဆင့်ရှိ အသင်းတော်ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်းလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍လည်းကောင်း အသင်းတော်ကို စတင်သန့်စင်သင့်သည်။ လူအတော်များများသည် လူ့သဘာဝ ကင်းမဲ့ကြသည်ကို ငါမြင်သည်။ စုဝေးပွဲများအတွင်း အချို့သည် မသင့်လျော်သော အပြုအမူအမျိုးမျိုးကို ပြသကြပြီး ထိုင်သည်ဖြစ်စေ၊ ရပ်သည်ဖြစ်စေ သင့်လျော်သော အမူအရာကို မပြုလုပ်ကြဘဲ ၎င်းတို့ဘေးတွင် လက်ဖက်ရည်၊ လက်ကိုင်ဖုန်းများ၊ မျက်နှာလိမ်းခရင်မ်နှင့် ရေမွှေးတို့ကို အဆင်သင့် ပြင်ဆင်ထားကြသည်။ လှပချင်သော အချို့သူတို့သည် မှန်ထဲတွင် မိမိတို့၏အသွင်အပြင်ကို အဆက်မပြတ် စစ်ဆေးပြီး မိတ်ကပ်ပြန်ပြင်လူးကြသည်၊ အခြားသူများမှာမူ အစဉ်သဖြင့် ရေသောက်ခြင်း၊ သတင်းများဖတ်ရန် သို့မဟုတ် ဘာသာတရားမရှိသူတို့၏ လောကမှ ဗီဒီယိုများကြည့်ရန် မိမိတို့၏ဖုန်းကို ပွတ်နေခြင်း၊ ခြေထောက်ချိတ်ထိုင်လျက် စကားပြောဆိုခြင်း၊ မြွေပုံသဏ္ဌာန်နှင့်တူစွာ မိမိတို့၏ ခန္ဓာကိုယ်များကို ကွေးညွှတ်လျက် သင့်လျော်သောပုံစံဖြင့် ထိန်းထိန်းသိမ်းသိမ်း နေထိုင်ခြင်းပင် မရှိကြချေ။ အချို့လူများသည် ညအခါ မိမိတို့၏အိပ်ခန်းသို့ ပြန်သွားပြီး ဖိနပ်ပင်မချွတ်ဘဲ ကုတင်ပေါ်တွင် လှဲလျောင်းကာ အရုဏ်တက်သည်အထိ အိပ်စက်ကြသည်ကိုလည်း ငါကြားဖူးသည်။ နံနက်ခင်းတွင် ၎င်းတို့သည် ဆုတောင်းရန် သို့မဟုတ် ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းများတွင် ပါဝင်ရန် မျက်လုံးဖွင့်ခြင်းမဟုတ်ဘဲ မိမိတို့၏လက်ကိုင်ဖုန်းပေါ်ရှိ သတင်းများကို ဦးစွာ စစ်ဆေးကြသည်။ အစာစားချိန်များတွင် အရသာရှိသော အစားအစာကို မြင်သည့်အခါ သို့မဟုတ် အသားကို မြင်သည့်အခါ ၎င်းတို့သည် အခြားသူများ စားရမရကို ဂရုမစိုက်ဘဲ မိမိတို့ ဗိုက်ပြည့်သမျှကာလပတ်လုံး အငမ်းမရ စားသုံးကြပြီးနောက် ချက်ချင်းပြန်အိပ်ကြသည်။ ၎င်းတို့သည် မိမိတို့လုပ်ဆောင်သမျှတွင် လူသားပုံသဏ္ဌာန် ကင်းမဲ့ကြပြီး ဘာသာတရားမရှိသူများကဲ့သို့ အကျင့်ပျက်၍ ချုပ်တည်းမှုမရှိဘဲ ပြုမူကြကာ မည်သည့်စည်းကမ်းကိုမျှ လုံးဝမလိုက်နာသည့်အပြင် နာခံခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်း တစ်စက်တစ်လေမျှမရှိဘဲ တိရစ္ဆာန်များကဲ့သို့ပင် ဖြစ်ကြသည်။ ငါ့ကိုပြောလော့၊ ထိုသို့သော အလွန်ဆိုးရွားသည့် သိမ်ဖျင်းသော လူစားမျိုးတို့သည် ကယ်တင်ခြင်းခံရနိုင်သလော။ (မခံရနိုင်ပါ။) သို့ဆိုလျှင် ၎င်းတို့ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အဓိပ္ပာယ်တစ်စုံတစ်ရာ ရှိသေးသလော။ သမ္မာတရားနှင့် လုံးဝမမီသော အလွန်ညံ့ဖျင်းသည့် အစွမ်းအစဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ နားလည်နိုင်မည်လော။ မိမိတို့ကိုယ်ကို ကျင့်ကြံပြုမူခြင်းနှင့်ပတ်သက်၍ မည်သည့်စည်းကမ်းမျှ မပိုင်ဆိုင်ဘဲ ၎င်းတို့၏ အလုပ်လုပ်ပေးခြင်းသည် စံမီနိုင်မည်လော။ အသိတရား သို့မဟုတ် ဆင်ခြင်တုံတရားမရှိဘဲ ၎င်းတို့သည် တရားဒေသနာများကို နားထောင်သည့်အခါနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ကို နားထောင်သည့်အခါ လက်ခံနိုင်မည်လော။ (လက်မခံနိုင်ပါ။) ဤအပြုအမူများကို ပြသသောသူတို့သည် အခြေခံအားဖြင့် လူ့သဘာဝ တစ်စက်တလေမျှပင် ကင်းမဲ့ကြသည်၊ သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရားကို မည်သို့ ရရှိနိုင်မည်နည်း။ လူ့သဘာဝမရှိသောသူတို့သည် တိရစ္ဆာန်များ၊ နတ်ဆိုးများ၊ ဝိညာဉ်မရှိသော လူသေများဖြစ်ကြပြီး ၎င်းတို့သည် သမ္မာတရားကို ကြားသည့်အခါ နားမလည်နိုင်ဘဲ သမ္မာတရားကို ကြားရန် မထိုက်တန်ကြပေ။ ၎င်းတို့အား သမ္မာတရားကို နားလည်ပြီး ရရှိစေခြင်းသည် ငါးများကို ကုန်းပေါ်တွင် အသက်ရှင်နေထိုင်ခိုင်းခြင်း သို့မဟုတ် ဝက်များကို ပျံသန်းခိုင်းခြင်းကဲ့သို့ပင် ဖြစ်သည်၊ လုံးဝမဖြစ်နိုင်ပေ။ ယခင်က မည်သည့်လူစားမျိုးတို့သည် တိရစ္ဆာန်များ ဖြစ်သည်ကို ပြောဆိုသည့်အခါ “တိရစ္ဆာန်များ” ဟူသော စကားလုံးရှေ့တွင် “ခွေး” ဟူသော စကားလုံးကို မကြာခဏ ထည့်သွင်းလေ့ရှိရာ ၎င်းတို့ကို “ခွေးတိရစ္ဆာန်များ” ဟု ခေါ်ဆိုခဲ့ကြသည်။ သို့သော် ခွေးများကို မွေးမြူပြီး ၎င်းတို့နှင့် ရင်းရင်းနှီးနှီး ဆက်ဆံပြီးနောက် ခွေးများသည် လူတို့၌ ကင်းမဲ့သော အကောင်းဆုံးအရာများကို ပိုင်ဆိုင်ကြောင်း ငါတွေ့ရှိခဲ့သည်၊ ၎င်းတို့သည် စည်းကမ်းအတိုင်း ပြုမူကြသည်၊ နာခံတတ်ကြပြီး မိမိကိုယ်ကိုလေးစားစိတ် ရှိကြသည်။ သင်သည် ၎င်းတို့ လေ့ကျင့်ခန်းလုပ်ရန် နယ်နိမိတ်တစ်ခု သတ်မှတ်ပေးပြီး ၎င်းတို့သည် ထိုအတွင်း၌သာ လေ့ကျင့်ခန်းလုပ်ကြမည်ဖြစ်ကာ သင်တားမြစ်ထားသော နေရာများသို့ ခြွင်းချက်မရှိ လုံးဝ သွားကြမည်မဟုတ်ပေ။ ၎င်းတို့ မတော်တဆ မျဉ်းကို ကျော်သွားပါက လျင်မြန်စွာ နောက်ဆုတ်ကြပြီး မိမိတို့၏အမှားကို ဝန်ခံကာ ခွင့်လွှတ်မှုအတွက် တောင်းပန်လျက် အမြီးကို အဆက်မပြတ် နှံ့ကြသည်။ လူသားများသည် ဤသို့ စွမ်းဆောင်နိုင်သလော။ (မစွမ်းဆောင်နိုင်ပါ။) လူသားများသည် မမီကြပေ။ ခွေးများသည် လူသားများလောက် နားမလည်နိုင်သော်လည်း ၎င်းတို့သည် အချက်တစ်ချက်ကို သဘောပေါက်ကြသည်၊ “ဤသည်မှာ ပိုင်ရှင်၏ ပိုင်နက်၊ ပိုင်ရှင်၏ အိမ်ဖြစ်သည်။ ပိုင်ရှင်က ခွင့်ပြုသည့်နေရာတိုင်းသို့ ငါသွားပြီး ငါ့ကို တားမြစ်ထားသော နေရာများကို ရှောင်ကြဉ်သည်” ဟူ၍ ဖြစ်သည်။ ရိုက်နှက်ခြင်းမရှိဘဲနှင့်ပင် ယင်းတို့သည် ထိုနေရာသို့ သွားခြင်းမှ ရှောင်ကြဉ်ကြသည်၊ ယင်းတို့တွင် မိမိကိုယ်ကိုလေးစားစိတ် ရှိသည်။ ခွေးများပင်လျှင် ရှက်ကြောက်စိတ်ဟူသည်မှာ အဘယ်အရာဖြစ်သည်ကို သိကြသည်၊ သို့ဖြစ်၍ လူသားများသည် အဘယ်ကြောင့် မသိကြသနည်း။ ရှက်ကြောက်စိတ်ကို မသိသောသူတို့ကို တိရစ္ဆာန်များအဖြစ် အမျိုးအစားခွဲခြားခြင်းသည် လွန်ကဲသလော။ (မလွန်ကဲပါ။) လုံးဝ မလွန်ကဲပေ၊ လူအများစုသည် ခွေးတစ်ကောင်၏ ကောင်းမြတ်သော အရည်အသွေးများကိုပင် မပိုင်ဆိုင်ကြပေ။ နောင်တွင် အချို့လူများသည် တိရစ္ဆာန်များဖြစ်သည်ဟု ငါတို့ပြောဆိုသည့်အခါ ၎င်းတို့ကို “ခွေးတိရစ္ဆာန်များ” ဟု ငါတို့ မခေါ်ဆိုနိုင်တော့ပေ၊ ယင်းမှာ ခွေးများကို စော်ကားခြင်း ဖြစ်ပေလိမ့်မည်၊ အကြောင်းမှာ ဤလူများ၊ ဤတိရစ္ဆာန်များသည် ခွေးများထက်ပင် ပို၍ ဆိုးရွားသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ထိုသို့သောလူများသည် အသင်းတော်အသက်တာကို သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်ခြင်းကို နှောင့်ယှက်မှုများ ဖြစ်ပေါ်စေသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ချက်ချင်း ရှင်းလင်းပစ်ရမည်၊ ဤသည်မှာ ကျိုးကြောင်းဆီလျော်ပြီး မျှတသည့်အပြင် လုံးဝ မလွန်ကဲပေ။ ဤသည်မှာ မေတ္တာကင်းမဲ့ခြင်းမဟုတ်၊ ဤသည်မှာ စည်းမျဉ်းအတိုင်း ဆောင်ရွက်ခြင်း ဖြစ်သည်။ အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသောသူတို့သည် မိမိတို့၏ တာဝန်များတွင် ရလဒ်အချို့ကို ပြလျှင်ပင် ၎င်းတို့သည် ကယ်တင်ခြင်းခံရနိုင်မည်လော။ ၎င်းတို့သည် သမ္မာတရားကို လက်ခံသောလူများ ဖြစ်ကြသလော။ ၎င်းတို့သည် မိမိတို့၏ လုပ်ရပ်များကိုပင် မချုပ်တည်းနိုင်ကြပေ၊ သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရားကို မည်သို့ လက်ခံနိုင်မည်နည်း။ ၎င်းတို့သည် မိမိတို့၏ တည်ကြည်မှုနှင့် သိက္ခာကို မထိန်းသိမ်းနိုင်ကြပေ၊ သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်မည်လော။ ယင်းမှာ မဖြစ်နိုင်ပေ။ သို့ဖြစ်၍ ဤလူပုဂ္ဂိုလ်များကို ထိုသို့သောပုံစံဖြင့် ကိုင်တွယ်ခြင်းသည် လုံးဝ မလွန်ကဲပေ၊ ယင်းမှာ လုံးဝ စည်းမျဉ်းကို အခြေခံပြီး ဘုရားသခင်ရွေးချယ်ထားသောလူများကို စာတန်၏ နှောင့်ယှက်မှုများမှ ကာကွယ်ရန် ရည်ရွယ်ချက်အတွက်သာ ဖြစ်သည်။ အတိုချုပ်အားဖြင့် ထိုသို့သော လူပုဂ္ဂိုလ်များကို တွေ့ရှိသည့်အခါ ငါ ခုနက ဖော်ပြခဲ့သော စည်းမျဉ်းအများအပြားကို အခြေခံ၍ ၎င်းတို့ကို လျော်ညီစွာ ကိုင်တွယ်သင့်သည်။ အမှန်တကယ် အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသော၊ အမှန်တကယ် ဇာတိပကတိကို လိုက်လျောပြီး မည်သည့် သန့်ရှင်းသူတို့၏ အမူအကျင့်မျှမရှိသော လူစားမျိုးတို့ကို ဘာသာတရားမရှိသူများနှင့် မယုံကြည်သူများအဖြစ် အမျိုးအစားခွဲခြားခြင်းသည် လွန်ကဲသလော။ (မလွန်ကဲပါ။) ၎င်းတို့ကို ဘာသာတရားမရှိသူများနှင့် မယုံကြည်သူများအဖြစ် အမျိုးအစား ခွဲခြားပြီးဖြစ်သောကြောင့် ၎င်းတို့ကို အသင်းတော်က ရှင်းလင်းပစ်သင့်သော အမျိုးမျိုးသော ဆိုးယုတ်သည့်လူများ၏ အဆင့်အတန်းတွင် ထည့်သွင်းခြင်းသည်လည်း မလွန်ကဲပေ။ မိမိတို့၏ အပြုအမူနှင့် အမူအရာကိုပင် မချုပ်တည်းနိုင်သောလူတို့သည် သမ္မာတရားကို သေချာပေါက် လက်မခံနိုင်ကြပေ။ သမ္မာတရားကို လက်မခံနိုင်သောသူတို့သည် သမ္မာတရား၏ ရန်သူများ မဟုတ်လော။ (၎င်းတို့သည် ဖြစ်ကြပါသည်။) သမ္မာတရား၏ ရန်သူများဖြစ်သောသူတို့ကို ဆိုးယုတ်သောလူများအဖြစ် သတ်မှတ်ခြင်းသည် လွန်ကဲသလော။ (မလွန်ကဲပါ။) လုံးဝ မလွန်ကဲပေ။ သို့ဖြစ်၍ ၎င်းတို့ကို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများသည် လုံးဝ သင့်လျော်ပေသည်။

ဃ။ လက်စားချေလိုစိတ်ရှိခြင်း

တတိယအမျိုးအစားဖြစ်သည့် အကျင့်ပျက်ခြင်းနှင့် ချုပ်တည်းမှုမဲ့ခြင်းရှိသူတို့၏ သရုပ်သကန်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ မိတ်သဟာယဖွဲ့ခြင်းသည် အဆုံးသတ်ခဲ့ပြီးဖြစ်သည်။ ဤလူစားမျိုးအပြင် ဆိုးယုတ်သောလူများ အမျိုးအစားအောက်တွင် ကျရောက်သည့် အခြားများစွာသောသူတို့လည်း ရှိကြပြီး အသင်းတော်သည် ဤဆိုးယုတ်သော လူအမျိုးအစားအားလုံးကို ပိုင်းခြားသိမြင်ကာ ရှင်းလင်းပစ်သင့်သည်။ နောက်တစ်ခုအနေဖြင့် စတုတ္ထအမျိုးအစားကို ကျွန်ုပ်တို့ ဆွေးနွေးကြမည်။ အသင်းတော်က ပိုင်းခြားသိမြင်ပြီး ရှင်းလင်းပစ်သင့်သည့် အမျိုးမျိုးသော ဆိုးယုတ်သည့်လူများထဲတွင် စတုတ္ထအမျိုးအစားသည် သိသာထင်ရှားသော စိန်ခေါ်မှုတစ်ခုနှင့် ဒုက္ခတစ်ခုကို ဖြစ်စေသည်။ ဤသူတို့သည် မည်သူများ ဖြစ်နိုင်သနည်း။ ၎င်းတို့သည် လက်စားချေလိုစိတ်ရှိသောသူများ ဖြစ်ကြသည်။ “လက်စားချေလိုစိတ်ရှိခြင်း” ဟူသော စကားရပ်အားဖြင့် ဤလူတို့သည် မည်သို့မျှ ကောင်းသောသူများ မဟုတ်ကြသည်မှာ သိသာထင်ရှားသည်၊ နေ့စဉ်သုံးစကားဖြင့်ဆိုသော် ၎င်းတို့သည် လူကောင်းများ မဟုတ်ကြပေ။ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော တစ်သမတ်တည်းဖြစ်သည့် သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များအပြင် ၎င်းတို့၏ လုပ်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများကို အကဲဖြတ်ကြည့်သော် ၎င်းတို့၏ စိတ်နှလုံးများသည် ကြင်နာခြင်းမရှိပေ။ လူအများပြောလေ့ရှိသည့် စကားအတိုင်းဆိုလျှင် ၎င်းတို့သည် “အကျင့်ယုတ်သောသူများ” ဖြစ်ကြသည်။ ၎င်းတို့သည် ကြင်နာတတ်သောအမျိုးအစား မဟုတ်ဟု ငါတို့ ဆိုသည်၊ ပို၍ တိတိကျကျဆိုရလျှင် ဤလူပုဂ္ဂိုလ်များသည် ကြင်နာသောစိတ်နှလုံးမရှိဘဲ ရက်စက်ကြမ်းကြုတ်ခြင်း၊ မလိုမုန်းထားခြင်းနှင့် အကြင်နာတရားခေါင်းပါးခြင်းတို့ ပါဝင်သည်။ တစ်စုံတစ်ဦးသည် ဤလူပုဂ္ဂိုလ်တို့၏ အကျိုးစီးပွား၊ သိက္ခာ သို့မဟုတ် အဆင့်အတန်းတို့ကို ထိပါးသော သို့မဟုတ် ၎င်းတို့ကို စော်ကားသော တစ်စုံတစ်ခုကို ပြောဆိုသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် လုပ်ဆောင်သည်နှင့်တစ်ပြိုင်နက် တစ်ဖက်တွင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ရန်လိုမှုကို သိုထားကြသည်။ နောက်တစ်ဖက်တွင် ဤရန်လိုမှုကို အခြေခံ၍ ၎င်းတို့သည် ပြုမူကြသည်၊ ၎င်းတို့သည် မိမိတို့၏ အမုန်းတရားကို ပွင့်အံချရန်နှင့် ဒေါသကို ပြေပျောက်စေရန် ရည်ရွယ်ချက်နှင့် ဦးတည်ချက်တို့ဖြင့် ပြုမူကြပြီး ဤအပြုအမူကို လက်စားချေခြင်းဟု ကြားဖူးကြသည်။ လူတို့ကြားတွင် ဤကဲ့သို့သော လူပုဂ္ဂိုလ်တစ်စု အစဉ်အမြဲ ရှိတတ်သည်။ ယင်းသည် လူတို့က သေးသိမ်ခြင်း၊ ဗိုလ်ကျစိုးမိုးတတ်ခြင်း သို့မဟုတ် အလွန်အမင်း အကဲဆတ်ခြင်းဟု သရုပ်ဖော်သည့်အရာပင်ဖြစ်စေ၊ ၎င်းတို့၏ လူ့သဘာဝကို သရုပ်ဖော်ရန် သို့မဟုတ် အကျဉ်းချုပ်ရန် အသုံးပြုသည့် ဝေါဟာရများ မည်သို့ပင်ဖြစ်စေ အခြားသူများနှင့် ၎င်းတို့၏ အပြန်အလှန်ဆက်ဆံမှုများ၏ တူညီသော သရုပ်သကန်မှာ ၎င်းတို့ကို မတော်တဆဖြစ်စေ၊ တမင်ဖြစ်စေ နာကျင်စေသော သို့မဟုတ် စော်ကားသော မည်သူမဆိုသည် ဒုက္ခခံရမည်ဖြစ်ပြီး ထိုက်တန်သော အကျိုးဆက်များကို ရင်ဆိုင်ရမည် ဖြစ်သည်။ အချို့လူများ ပြောဆိုသကဲ့သို့ပင် ဖြစ်သည်။ “သူတို့ကို စော်ကားကြည့်ပါ၊ ပြီးလျှင် သင်သည် အလွန်အမင်း နာကျင်ခံစားရလိမ့်မည်။ ၎င်းတို့ကို ဒေါသထွက်အောင်လုပ်လျှင် သို့မဟုတ် နာကျင်အောင်လုပ်လျှင် သင် အလွယ်တကူ လွတ်မြောက်မည်ဟု မထင်နှင့်” ဟူ၍ ဖြစ်သည်။ လူတို့ကြားတွင် ထိုသို့သော လူပုဂ္ဂိုလ်များ ရှိသလော။ (ရှိပါသည်။) ၎င်းတို့သည် ဧကန်မုချ ရှိကြသည်။ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ယင်းသည် ဒေါသထွက်ထိုက်သည်ဖြစ်စေ၊ သေးသိမ်ထိုက်သည်ဖြစ်စေ လက်စားချေလိုစိတ်ရှိသောသူတို့သည် ယင်းကို မိမိတို့၏ နေ့စဉ်လုပ်ငန်းစဉ်များထဲသို့ ထည့်သွင်းကြပြီး အရေးအကြီးဆုံးသော ကိစ္စရပ်တစ်ခုအဖြစ် သဘောထားကြသည်။ မည်သူမဆို ၎င်းတို့ကို စော်ကားသည်ဖြစ်စေ လက်ခံနိုင်ဖွယ်မရှိဘဲ ၎င်းတို့သည် ထိုက်တန်သော အဖိုးအခကို ပေးဆပ်ရန် တောင်းဆိုကြသည်၊ ဤသည်မှာ လူတို့ကို ဆက်ဆံခြင်းအတွက်၊ ၎င်းတို့က ရန်သူဟု သတ်မှတ်သော မည်သူ့ကိုမဆို ဆက်ဆံခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်း ဖြစ်သည်။ ဥပမာအားဖြင့် အသင်းတော်အသက်တာ၌ အချို့လူများသည် မိမိတို့၏ အခြေအနေအကြောင်းကို မိတ်သဟာယဖွဲ့ကြသည် သို့မဟုတ် ပုံမှန်အားဖြင့် မိမိတို့၏ အတွေ့အကြုံများကို မိတ်သဟာယဖွဲ့ပြီး မျှဝေကြကာ မိမိတို့၏ အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးခြင်းအကြောင်းကို ဆွေးနွေးကြသည်။ ထိုသို့ပြုလုပ်ရာတွင် ၎င်းတို့သည် အခြားသူများ၏ အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို အမှတ်တမဲ့ ထည့်သွင်းပြောဆိုမိကြသည်။ ပြောဆိုသူသည် မရည်ရွယ်ဘဲ ပြောဆိုခြင်း ဖြစ်နိုင်သော်လည်း နားထောင်သူကမူ ယင်းကို အလေးအနက်ထား မှတ်ယူသည်။ နားထောင်ပြီးနောက် ဤလူပုဂ္ဂိုလ်သည် ယင်းကို မှန်ကန်စွာ နားလည်သဘောပေါက်နိုင်ခြင်း သို့မဟုတ် ကိုင်တွယ်နိုင်ခြင်းမရှိဘဲ လက်စားချေလိုသော စိတ်နေစိတ်ထားတစ်ခု ဖြစ်ပေါ်လာရန် လွယ်ကူသည်။ ၎င်းတို့သည် ဤကိစ္စကို လက်မလွှတ်ဘဲ မရမက တိုက်ခိုက်ပြီး လက်စားချေပါက ယင်းသည် အသင်းတော်၏အလုပ်အတွက် ဒုက္ခကို ဖြစ်စေလိမ့်မည်ဖြစ်ရာ ဤကိစ္စကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းရမည်။ အသင်းတော်၌ ဆိုးယုတ်သောလူများ ရှိနေသရွေ့ အနှောင့်အယှက်များသည် မလွဲမသွေ ပေါ်ပေါက်လာမည်ဖြစ်ရာ အသင်းတော်ကို နှောင့်ယှက်သည့် ဆိုးယုတ်သောလူများ၏ ဖြစ်စဉ်များကို ပေါ့ပေါ့တန်တန် သဘောမထားရပေ။ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည် ၎င်းတို့ကို ဒေါသထွက်အောင်လုပ်သရွေ့ သို့မဟုတ် နာကျင်စေသရွေ့ ၎င်းတို့သည် ယင်းကို လွယ်လွယ်ကူကူ လက်လွှတ်မည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ဘာသာ ဤသို့ တွေးထင်ကြသည်။ “သင်သည် သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းအကြောင်းကို ပြောဆိုသည်၊ အဘယ်ကြောင့် ငါ့အကြောင်းကို စကားထဲ ထည့်ပြောရသနည်း။ သင်သည် သင်၏ ကိုယ်ပိုင်အသိအကြောင်းကို ပြောဆိုသည်၊ အဘယ်ကြောင့် ငါ့ကို ဖော်ထုတ်ရသနည်း။ ငါ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ခြင်းသည် ငါ့ကို အရှက်ရစေပြီး သိက္ခာကျစေသည်၊ ညီအစ်ကိုမောင်နှမများကြားတွင် ငါ့ကို အနေရခက်စေသည်၊ ငါ့ကို ဂုဏ်သိက္ခာကျဆင်းစေပြီး ငါ၏ ဂုဏ်သတင်းကို ပျက်စီးစေသည်။ ကောင်းပြီ၊ ငါသည် သင့်အပေါ် လက်စားချေမည်၊ သင် ထင်ထားသည်ထက် များစွာ ဆိုးရွားသော အကျိုးဆက်ကို ခံစားရလိမ့်မည်။ ငါသည် အနိုင်ကျင့်ရန် လွယ်ကူသည်ဟု မထင်နှင့်၊ ငါ၏ မိသားစုအခြေအနေက ဆင်းရဲပြီး ငါ၏ လူမှုအဆင့်အတန်းက မမြင့်မားရုံဖြင့် သင်သည် ငါ့ကို အနိုင်ကျင့်၍ရနိုင်သည်ဟု မထင်နှင့်။ ငါ့ကို သဘောလွယ်သူတစ်ဦးအဖြစ် မမှတ်ယူနှင့်၊ ငါသည် အနိုင်ကျင့်၍လွယ်သည့်သူတစ်ဦး မဟုတ်” ဟူ၍ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ လက်စားချေခြင်းကို မည်သို့ လုပ်ဆောင်ကြသည်ကို ထားလော့၊ ဤလူတို့ကိုယ်တိုင်ကိုသာ သုံးသပ်ကြည့်ကြပါစို့။ ၎င်းတို့သည် ဤသေးငယ်သော ကိစ္စရပ်များ၊ အသင်းတော်အသက်တာ၌ အဖြစ်များသော ကိစ္စရပ်များကို ကြုံတွေ့ရသည့်အခါ ဤကိစ္စရပ်များကို မှန်ကန်စွာ သဘောထားပြုမူနိုင်ခြင်း သို့မဟုတ် သဘောပေါက်နားလည်နိုင်ခြင်း မရှိရုံသာမက အမုန်းတရားကိုလည်း ဖြစ်ပေါ်စေပြီး လက်စားချေရန် အခွင့်အရေးများကို စောင့်ဆိုင်းကြကာ မိမိတို့၏ လက်စားချေခြင်းကို လုပ်ဆောင်ရန် မသမာသော နည်းလမ်းများကိုပင် အားကိုးကြသည်။ ဤအရာက ၎င်းတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ မည်သည့်အရာကို ဖော်ပြသနည်း။ (ယင်းမှာ မလိုမုန်းထားခြင်း ဖြစ်ပါသည်။) ၎င်းတို့သည် ကြင်နာတတ်သောလူများ ဖြစ်ကြသလော။ (မဟုတ်ပါ။) အကောင်းဆုံးသော လူစားမျိုးမှာ သမ္မာတရားကို လက်ခံနိုင်သောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အခြားသူများက မိမိတို့၏ အတွေ့အကြုံများကို မိတ်သဟာယဖွဲ့ပြီး မျှဝေသည်ကို ကြားရသည့်အခါ ဤသို့ ်သုံးသပ်ကြသည်။ “ငါ့ထံတွင်လည်း ဤဖောက်ပြန်ပျက်စီးခြင်း ရှိသည်။ သူတို့ သရုပ်ဖော်သည့်အရာသည် ငါ၏အခြေအနေနှင့် တူပုံရသည်။ ၎င်းတို့သည် ငါ့ကို တမင်တကာ ဖော်ထုတ်နေခြင်းဖြစ်စေ၊ ငါ၏အခြေအနေနှင့် တိုက်ဆိုင်တူညီနေသော တစ်စုံတစ်ခုအကြောင်းကို မရည်ရွယ်ဘဲ ပြောဆိုနေခြင်းဖြစ်စေ ငါသည် ယင်းကို မှန်ကန်စွာ သဘောပေါက်နားလည်မည်၊ ၎င်းတို့သည် ယင်းကို မည်သို့ တွေ့ကြုံခဲ့ရသည်၊ ဤအခြေအနေကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့ ရှာဖွေသည်၊ မည်သို့ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်သည်တို့ကို ငါ နားထောင်မည်” ဟူ၍ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို အမှန်တကယ် လက်ခံသောသူတစ်ဦး ဖြစ်သည်။ အနည်းငယ် ရင့်ကျက်မှု နည်းပါးသောသူတစ်ဦးသည် ဤသည်ကို ကြားရသည့်အခါ ဤသို့ တွေးထင်ကောင်း တွေးထင်နိုင်သည်။ “သူတို့ အသိအမှတ်ပြုသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ငါ၏အခြေအနေနှင့် အဘယ်ကြောင့် တစ်ထပ်တည်း တူညီနေရသနည်း။ သူတို့သည် ငါ့အကြောင်းကို ပြောနေကြသလော။ ကောင်းပြီ၊ သူတို့ ပြောကြပါစေ။ မည်သို့ပင်ဖြစ်စေ ငါသည် မည်သည့်ဆုံးရှုံးမှုကိုမျှ မခံစားခဲ့ရသည့်အပြင် လူအများစုကလည်း မည်သို့ပင်ဖြစ်စေ သိနိုင်ဖွယ်မရှိပေ။ ဖြစ်နိုင်သည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အကြောင်းကိုသာ ပြောဆိုနေကြခြင်းဖြစ်ပြီး ယင်းက ငါ၏အခြေအနေနှင့် တိုက်ဆိုင်သွားခြင်းသာ ဖြစ်သည်၊ ငါတို့အားလုံးသည် တူညီသောအခြေအနေကို မျှဝေခံစားကြရသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ယင်းကို အလေးအနက်မထားကြဘဲ မိမိတို့၏ စိတ်နှလုံးထဲ၌ အမုန်းတရားကို သိုမထားကြသည့်အပြင် လက်စားချေလိုသော စိတ်ကိုလည်း မွေးမြူခြင်း မရှိကြပေ။ သို့သော် မကြင်နာတတ်သော၊ ဆိုးယုတ်သည့်လူများအတွက်မူ ကွဲပြားသည်။ အခြားသူတို့သည် ထိုကိစ္စရပ်မျိုးကို သာမန်အဖြစ် ရှုမြင်ကြမည်ဖြစ်ပြီး ထိုအတိုင်း ကိုင်တွယ်ကာ သဘောထားပြုမူကြမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံသော လူကောင်းတို့သည် ယင်းကို လက်ဦးမှုယူ၍ အပြုသဘောဖြင့် ဖြေရှင်းကြမည်မှာ ပြောစရာမလိုပေ။ သာမန်လူတို့သည် ယင်းကို အပြုသဘောဖြင့် မဖြေရှင်းသော်လည်း အမုန်းတရားကို သိုမထားကြသကဲ့သို့ လက်စားချေရန် သာ၍ပင် မကြိုးစားကြပေ။ သို့သော် မကြင်နာတတ်သော လူစားမျိုး ဖြစ်သည့် ထိုဆိုးယုတ်သောလူများအတွက်မူ ကွဲပြားသည်။ ထိုသို့သော သာမန်ဖြစ်ပြီး လုံးဝ သာမညဖြစ်သည့် ကိစ္စရပ်တစ်ခုသည် ၎င်းတို့၏ စိတ်ထဲတွင် ကမောက်ကမဖြစ်စေနိုင်ပြီး စိတ်တည်ငြိမ်အောင် မလုပ်နိုင်တော့ပေ။ ၎င်းတို့ ဖြစ်ပေါ်စေသည့်အရာများသည် အပြုသဘောဆောင်ခြင်း သို့မဟုတ် သာမန်ဖြစ်ခြင်းတို့မဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ဆိုးယုတ်ပေသည်၊ ၎င်းတို့သည် လက်စားချေရန် ကြိုးပမ်းကြသည်။ ၎င်းတို့၏ လက်စားချေခြင်းအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ လူတို့သည် ၎င်းတို့အကြောင်း စစ်မှန်သောအခြေအနေများအပြင် ၎င်းတို့၏ အကျည်းတန်သောဘက်နှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းတို့ကို ဖော်ထုတ်လျက် မလိုမုန်းထားသော မှတ်ချက်များဖြင့် ၎င်းတို့ကို တမင်တကာ အသရေဖျက်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် လူတို့ပြောဆိုသည့်အရာကို တမင်တကာ ပြောဆိုသည်ဟု မှတ်ယူကြပြီး ထိုသို့ဖြင့် ထိုသူတို့ကို မိမိတို့၏ ရန်သူများအဖြစ် သတ်မှတ်ကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့၏ လက်စားချေလိုသော ရည်မှန်းချက်များကို အောင်မြင်စေရန် နည်းလမ်းမျိုးစုံကို အသုံးပြုလျက် ထိုကိစ္စကို ဖြေရှင်းရန် လက်စားချေခြင်းကို အသုံးပြုခြင်းသည် တရားနည်းလမ်းကျသည်ဟု ခံစားကြရသည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အသင်းတော်အသက်တာ၌ ညီအစ်ကိုမောင်နှမတို့သည် မိမိတို့၏ အခြေအနေများအကြောင်းကို ပြောဆိုသည့်အခါ နားထောင်သူအများစုသည် ကိုယ်ချင်းစာနိုင်ကြပြီး ဘုရားသခင်ထံမှ ယင်းကို ခံယူနိုင်ကြသည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ရှိသောသူတို့သာလျှင် ယင်းကို ကြားရသည့်အခါ ရန်လိုမှုနှင့် လက်စားချေလိုသော စိတ်ကိုပင် ဖြစ်ပေါ်စေကြပြီး ၎င်းတို့၏ သဘာဝအနှစ်သာရကို လုံးလုံးလျားလျား ဖော်ထုတ်ကြသည်။ လက်စားချေလိုသော စိတ် ဖြစ်ပေါ်သည်နှင့်တစ်ပြိုင်နက် လက်စားချေလိုသော အပြုအမူများနှင့် လုပ်ဆောင်ချက်များ တသီတတန်းသည် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည်။ လက်စားချေခြင်း လုပ်ရပ်များ ပေါ်ပေါက်လာသည့်အခါ လူအချင်းချင်းကြားရှိ ဆက်ဆံရေးများသည် မည်သို့ ဖြစ်လာမည်နည်း။ ယင်းတို့သည် သင့်လျော်သော ဆက်ဆံရေးများ မဟုတ်ကြတော့ပေ။ ပြီးလျှင် ဤအထဲတွင် တကယ့် သားကောင်မှာ မည်သူနည်း။ (၎င်းတို့ လက်စားချေလိုသောသူ ဖြစ်ပါသည်။) မှန်ပေသည်။ တကယ့် သားကောင်များသည် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မိတ်သဟာယဖွဲ့သောသူများ ဖြစ်ကြသည်။ လက်စားချေလိုစိတ်ရှိသောသူတို့သည် ထို့နောက်တွင် ၎င်းတို့အနေဖြင့် မိမိတို့ကို ဖော်ထုတ်နေသည်ဟုဖြစ်စေ၊ မိမိတို့အပေါ် ရန်လိုမုန်းတီးမှုကို သိုထားသည်ဟုဖြစ်စေ ထင်မြင်သောသူတို့ကို အခြေအနေအမျိုးမျိုးတွင် စကားလုံးများ သို့မဟုတ် လုပ်ဆောင်ချက်များကို အသုံးပြုလျက် ဝေဖန်သုံးသပ်ခြင်း၊ တိုက်ခိုက်ခြင်း၊ အကွက်ဆင် စွပ်စွဲခြင်း သို့မဟုတ် အသရေဖျက်ခြင်းတို့ကိုပင် ပြုလုပ်ကြလိမ့်မည်။ လက်စားချေလိုစိတ်ရှိသော ထိုသူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ အမုန်းတရားကို ယာယီမျှ သိုထားရုံမျှသာမဟုတ်ဘဲ ၎င်းတို့ လက်စားချေခြင်းခံရမည့် ပစ်မှတ်များဖြစ်သောသူတို့၊ ၎င်းတို့ ရန်လိုသောသူတို့နှင့် ၎င်းတို့က မိမိတို့အတွက် အဆင်မပြေဟု ထင်မြင်သောသူတို့ကို လက်စားချေရန် အခွင့်အရေးအမျိုးမျိုးကို ရှာဖွေကြပြီး ဖန်တီးကြသည်ပင် ဖြစ်သည်။ ဥပမာအားဖြင့် ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက်နေစဉ်အတွင်း ၎င်းတို့ ရန်လိုမုန်းတီးသောသူသည် ဘုရားအိမ်တော်အတွင်း လူတို့ကို အသုံးပြုခြင်းအတွက် စည်းမျဉ်းများနှင့် ကိုက်ညီပြီး ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခံရရန် အရည်အချင်းပြည့်မီပါက ၎င်းတို့၏ ရန်လိုမှုသည် ထိုလူကို ဝေဖန်သုံးသပ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် တိုက်ခိုက်ခြင်းတို့ကို ဖြစ်စေလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ လက်စားချေခြင်းကို လုပ်ဆောင်ရန် နောက်ကွယ်မှ လှုပ်ရှားမှုများတွင် ပါဝင်ခြင်း သို့မဟုတ် ထိုလူအတွက် အန္တရာယ်ရှိသောအရာများကို လုပ်ဆောင်ခြင်းတို့ကိုပင် ပြုလုပ်ကောင်းပြုလုပ်နိုင်သည်။ အတိုချုပ်အားဖြင့် ၎င်းတို့၏ လက်စားချေခြင်းကို လုပ်ဆောင်သည့် နည်းလမ်းများသည် အမျိုးမျိုးရှိသည်။ ဥပမာအားဖြင့် ၎င်းတို့သည် တစ်စုံတစ်ဦးအပေါ် တိုက်ခိုက်ရန် နိုင်ကွက်အဖြစ် အသုံးပြုခြင်းနှင့် ထိုသူအကြောင်း မကောင်းပြောခြင်း၊ ချဲ့ကားပြောဆိုခြင်းနှင့် အခြေအမြစ်မရှိသော တစ်ဆင့်စကားများအားဖြင့် ထိုလူအကြောင်း ကောလာဟလများကို ဖန်တီးခြင်း သို့မဟုတ် ထိုလူနှင့် အခြားသူများကြားတွင် သဘောထားကွဲလွဲမှုကို ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ကောင်းပြုလုပ်နိုင်သည်။ ၎င်းတို့သည် ထိုလူသည် မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာမစောင့်သိဘဲ အပျက်သဘောဆောင်ခြင်းအားဖြင့် အတိုက်အခံ လုပ်သည်ဟု အခိုင်အမာဆိုလျက် ခေါင်းဆောင်များထံ ထိုလူကို မမှန်မကန် စွပ်စွဲခြင်းကိုပင် ပြုလုပ်ကောင်းပြုလုပ်နိုင်သည်။ ဤအရာအားလုံးသည် အမှန်တကယ်တွင် မရှိကို အရှိလုပ်ကာ တမင်တကာ ဖန်တီးထားခြင်းများသာ ဖြစ်သည်။ ထိုလူအပေါ် ၎င်းတို့၏ သံသယများနှင့် နားလည်မှု လွဲမှားခြင်းများမှစ၍ အကြောင်းမဲ့သက်သက် အပြုအမူများနှင့် လုပ်ဆောင်ချက်များ မည်မျှများပြားစွာ ပေါ်ပေါက်လာသည်ကို ကြည့်လော့၊ ဤချဉ်းကပ်နည်းအားလုံးသည် ၎င်းတို့၏ လက်စားချေလိုသော သဘာဝမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ အမှန်တကယ်တွင် ထိုလူသည် မိမိ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မျှဝေခဲ့သည့်အခါ ယင်းသည် ၎င်းတို့ကို လုံးဝ ပစ်မှတ်ထားခြင်း မဟုတ်ခဲ့ပေ၊ ၎င်းတို့အပေါ် မည်သည့်မကောင်းကြံစည်မှုမျှ လုံးဝ ရည်ရွယ်ခြင်း မရှိခဲ့ပေ။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် လက်စားချေလိုစိတ်ရှိသော ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားတစ်ခု ရှိသောကြောင့်သာလျှင် အခြားသူတို့က ၎င်းတို့ကို ဖော်ထုတ်သည်ကို ခွင့်မပြုခြင်းဖြစ်သကဲ့သို့ မိမိကိုယ်ကို သိခြင်းအကြောင်း ဆွေးနွေးခြင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြောင်း ဆွေးနွေးခြင်း သို့မဟုတ် လူတစ်ဦး၏ စာတန်ဆန်သော သဘာဝအကြောင်း ပြောဆိုခြင်းတို့ကိုလည်း ခွင့်မပြုခြင်း ဖြစ်သည်။ ထိုသို့သော အကြောင်းအရာများကို ဆွေးနွေးသည့်အခါ ၎င်းတို့သည် မိမိတို့ ပစ်မှတ်ထားခြင်းနှင့် ဖော်ထုတ်ခြင်းခံနေရသည်ဟု ယူဆကာ ဒေါသထွက်လာကြပြီး ထို့ကြောင့် လက်စားချေလိုသော စိတ်တစ်ခုကို ဖြစ်ပေါ်ကာ ဖန်တီးကြသည်။ ဤလူစားမျိုး၏ လက်စားချေခြင်းကို လုပ်ဆောင်သည့် သရုပ်သကန်များသည် အခြေအနေတစ်ရပ်တည်းတွင်သာ လုံးဝ ကန့်သတ်ထားခြင်းမရှိပေ။ ငါ အဘယ်ကြောင့် ဤသို့ပြောဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူပုဂ္ဂိုလ်တို့တွင် ရက်စက်ကြမ်းကြုတ်သော သဘာဝတစ်ခု ရှိသောကြောင့် ဖြစ်သည်၊ မည်သူမျှ ၎င်းတို့ကို ဒေါသထွက်အောင်လုပ်ခြင်း သို့မဟုတ် ရန်စခြင်း မပြုနိုင်ပေ။ ၎င်းတို့သည် ကင်းမြီးကောက် သို့မဟုတ် ကင်းခြေများကဲ့သို့ပင် မည်သူ့ကိုမဆို၊ မည်သည့်အရာကိုမဆို ရန်လိုတိုက်ခိုက်တတ်သည့် စိတ်ကို ပင်ကိုအားဖြင့် ပိုင်ဆိုင်ကြသည်။ သို့ဖြစ်၍ တစ်စုံတစ်ဦးသည် တမင်တကာဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ စကားပြောဆိုခြင်းဖြင့် ၎င်းတို့ကို ဒေါသထွက်အောင်လုပ်သည်ဖြစ်စေ၊ နာကျင်စေသည်ဖြစ်စေ ၎င်းတို့သည် မိမိတို့၏ မာန သို့မဟုတ် ဂုဏ်သိက္ခာ ကျဆင်းသွားသည်ဟု ခံစားရသရွေ့ မိမိတို့၏ မာနနှင့် ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူရန် နည်းလမ်းများကို ကြံစည်ကြမည်ဖြစ်ပြီး ယင်းက လက်စားချေလိုသော လုပ်ဆောင်ချက်များ ဆက်တိုက် ဖြစ်ပေါ်လာစေသည်။

ဆက်လက်၍ လက်စားချေလိုစိတ်ရှိသောသူတို့၏ အခြားသော သရုပ်သကန်များကို ငါမိတ်သဟာယဖွဲ့မည်။ အချို့သည် မိမိတို့၏ တာဝန်များကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်သောကြောင့် ခေါင်းဆောင်များ၏ ပြုပြင်ခြင်းကို ခံရပြီး ယင်းက ၎င်းတို့ကို မကျေနပ်မှုကို သိုထားစေသည်။ ငါ့ကို ပြောလော့၊ ၎င်းတို့ကို ပြုပြင်ခြင်းသည် တရားနည်းလမ်းကျသလော။ (ကျပါသည်။) ယင်းသည် လုံးဝ တရားနည်းလမ်းကျပြီး ပုံမှန်ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ပြီး အသင်းတော်၏အလုပ်ကို ထိခိုက်နစ်နာစေပါက၊ သင်သည် စည်းမျဉ်းများနှင့်အညီ မလုပ်ဆောင်ဘဲ တစ်စုံတစ်ဦးက သင့်ကို ဖော်ထုတ်ပြီး ပြုပြင်ရန် ထကြွလာပါက ယင်းသည် ကျိုးကြောင်းဆီလျော်ပြီး သင်သည် ယင်းကို လက်ခံသင့်သည်။ သို့သော် လက်စားချေလိုစိတ်ရှိသောသူတို့သည် ယင်းကို လက်ခံရန် ငြင်းဆန်ရုံသာမက မကျေနပ်မှုကိုလည်း သိုထားကြသည်။ ခေါင်းဆောင်များ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စတင်၍ ကြမ်းတမ်းစွာ ဆဲဆိုကြလေတော့သည်။ “သင် မည်သည့်အရာကိုများ ကြွားဝါနေသနည်း။ သင်က အရာရှိရာထူးတစ်ခု ရှိနေရုံသာ မဟုတ်လော။ ငါသာ ထိုသို့သော ရာထူးတစ်ခု ရှိခဲ့လျှင် သင့်ထက် ပိုကောင်းအောင် လုပ်ဆောင်မည်။ ငါ့ကို ပြုပြင်သည်၊ သင့်ကိုယ်သင် မည်သူများမှတ်နေသနည်း။ ငါ့ကို ပြုပြင်သည့်အတွက် သင့်ကို ငါမုန်းသည်။ သင် ကားတိုက်ခံရပါစေ၊ ရေသီးပါစေ၊ အစာနင်ပါစေဟု ငါကျိန်ဆဲသည်။ သင် ဆိုးဆိုးရွားရွား သေပါစေဟု ငါကျိန်ဆဲသည်။ သင် ငါ့ကို ပြုပြင်ဝံ့သလော။ ငါ့ကို ပြုပြင်ဝံ့သောသူ ဤကမ္ဘာပေါ်တွင် မရှိသေး” ဟူ၍ဖြစ်လေသည်။ ထိုခေါင်းဆောင်များသည် အချို့သောကိစ္စရပ်များကြောင့် အထက်အဆင့် ခေါင်းဆောင်များ၏ ပြုပြင်ခြင်းကို ခံရသည့်အခါ ၎င်းတို့သည် ထိုခေါင်းဆောင်များ၏ ကံဆိုးမိုးမှောင်ကျခြင်းကို ပျော်ရွှင်စွာ ကြည့်ရှုပြီး အလွန် ပျော်ရွှင်လာကြကာ တေးသွားတစ်ခုကို ညည်းတွားလျက် မိမိတို့ဘာသာ ဤသို့ စဉ်းစားကြသည်။ “ဘယ့်နှယ်ရှိစ။ သင် ကိုယ်ရည်သွေးခဲ့ပြီး ယခု သင် ဒဏ်ခတ်ခြင်းကို ခံနေရပြီ။ ငါ့ကို ပြုပြင်သော မည်သူမဆို၏ ဘဝကို ငါ ဆိုးရွားစေမည်” ဟူ၍ ဖြစ်သည်။ ထိုသို့သောလူများကို သင်တို့ မည်သို့ထင်သနည်း။ (၎င်းတို့သည် မလိုမုန်းထားတတ်ကြပါသည်။) ၎င်းတို့ ပြုပြင်ခံရခြင်းသည် မည်မျှပင် တရားနည်းလမ်းကျပါစေ ၎င်းတို့သည် ယင်းကို လက်မခံနိုင်ကြပေ။ ၎င်းတို့သည် ဇွဲနဘဲဖြင့် အငြင်းအခုံပြုပြီး မိမိတို့ကိုယ်ကို ခုခံကာကွယ်ကြကာ ထို့နောက်တွင်မူ ထပ်ခါတလဲလဲ သတိပေးဆုံးမခြင်းများရှိလင့်ကစား ပြောင်းလဲရန် ငြင်းဆန်လျက် မိမိတို့၏ တာဝန်များကို ဝတ်ကျေတမ်းကျေ ဆက်လက် ထမ်းဆောင်ကြဆဲဖြစ်သည်။ သင်သည် အစဉ်အမြဲ ဝတ်ကျေတမ်းကျေ ပြုမူပါက ဘုရားအိမ်တော်၌ သင်သည် ပြုပြင်ခြင်းခံရရုံသာ ရှိမည်၊ သင်သည် လောကီ၌ အလုပ်လုပ်နေပြီး ဝတ်ကျေတမ်းကျေ ပြုမူပါက သင်သည် အလုပ်ထုတ်ခံရပြီး သင်၏ အသက်မွေးဝမ်းကျောင်းကို ဆုံးရှုံးသွားနိုင်ပေသည်။ ဘုရားအိမ်တော်၌ အချိန်အများစုတွင် စည်းမျဉ်းမှာ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး မေတ္တာဖြင့် ထောက်ပံ့ခြင်းဖြစ်ပြီး လူအများစုကို သမ္မာတရားကို လိုက်စားပြီး မိမိတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်ခွင့်ပြုခြင်း ဖြစ်သည်။ အမှန်တကယ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များကြားတွင် လူနည်းစုသာလျှင် ပြင်းထန်သော ပြုပြင်ခြင်းကို ရင်ဆိုင်ရနိုင်သည်။ လူအများစုသည် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံလျက် ယုံကြည်ခြင်း၊ သတိတရား၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို အခြေခံ၍ ပြုမူကြပြီး ကြီးလေးသော အမှားများကို မပြုလုပ်ကြသောကြောင့် ၎င်းတို့သည် ပြင်းထန်သော ပြုပြင်ခြင်းကို ရင်မဆိုင်ကြရပေ။ သို့သော် ပြုပြင်ခြင်းခံရခြင်းသည် ကောင်းသောအရာဖြစ်သည်၊ အထူးသဖြင့် အထက်မှ ပြုပြင်ခြင်းကို လူမည်မျှ ရင်ဆိုင်ကြုံတွေ့ရသနည်း။ ဤသည်မှာ မိမိကိုယ်ကို သိခြင်းနှင့် အသက်တာ တိုးတက်မှုအတွက် ကြီးမားသော အခွင့်အရေးတစ်ခုကို ပေးသည်။ ယုံကြည်သူများသည် ပြုပြင်ခြင်းခံရခြင်း၏ အရေးပါမှုကို အနည်းဆုံး နားလည်ရမည်ဖြစ်ပြီး ယင်းကို ကောင်းသောအရာတစ်ခုအဖြစ် အသိအမှတ်ပြုရမည်။ အချို့သော လူပုဂ္ဂိုလ်များထံမှ ပြုပြင်ခြင်းသည် စည်းမျဉ်းများနှင့် လုံးဝကိုက်ညီခြင်းမရှိဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘက်လိုက်မှုများနှင့် တဇောက်ကန်းဖြစ်ခြင်းတို့ ရောနှောနေလျှင်ပင် သင်သည် သင်၏လုပ်ဆောင်ချက်များ၏ မည်သည့်ကဏ္ဍများက စည်းမျဉ်းများနှင့် မကိုက်ညီသည်ကို မြင်ရန် မိမိကိုယ်ကို ဆန်းစစ်သင့်ပြီး ယင်းကို အပြုသဘောဆောင်စွာ လက်ခံသင့်သည်၊ ဤသို့ပြုလုပ်ခြင်းသည် သင့်အတွက် အထောက်အကူ ဖြစ်သည်။ သို့သော် ဤဆိုးယုတ်သောလူတို့သည် တရားနည်းလမ်းကျသော ပြုပြင်ခြင်းကိုပင် လက်မခံနိုင်ကြပေ။ ၎င်းတို့သည် လက်စားချေရန် မည်သည့်လုပ်ဆောင်မှုကိုမျှ မပြုလုပ်လျှင်ပင် ၎င်းတို့၏ စိတ်နှလုံးများသည် အလွန်ကြီးမားသော မကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေပြီး ၎င်းတို့သည် ကျိန်ဆဲကာ ဆဲဆိုကြသည်။ ၎င်းတို့ကို ပြုပြင်ခဲ့သောသူတို့သည် ၎င်းတို့ကိုယ်တိုင် ပြုပြင်ခြင်းကို ရင်ဆိုင်ရသည့်အခါ သို့မဟုတ် ဒုက္ခဆင်းရဲနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲနေသော ကလေးတစ်ဦးထက်ပင် ပို၍ ပျော်ရွှင်ကြသည်။ ဤသည်မှာ ဆိုးယုတ်သောလူများ၏ သရုပ်သကန် ဖြစ်သည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ပြိုင်ဆိုင်လိုစိတ်ရှိသော အချို့လူများလည်း ရှိကြသည်၊ ၎င်းတို့သည် မကြာခဏဆိုသလို စည်းမျဉ်းများကို မလိုက်နာဘဲ ဝတ်ကျေတမ်းကျေ ပြုမူကြပြီး ယင်းက ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အသီးအပွင့် မရှိခြင်းသို့ ဦးတည်စေသည်။ ခေါင်းဆောင်များသည် ၎င်းတို့၏ ပြဿနာများအကြောင်းကို မိတ်သဟာယဖွဲ့ပြီး ၎င်းတို့ကို ပြုပြင်သည့်အခါ လက်စားချေလိုစိတ် ရှိသောသူတို့သည် ဤကိစ္စကို မှန်ကန်စွာ သဘောထားပြုမူနိုင်ခြင်း မရှိကြချ။ ၎င်းတို့သည် အတွင်းစိတ်အားဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေဖြစ်ခြင်းနှင့် စည်းမျဉ်းကင်းမဲ့ခြင်းတို့ကို ဝန်ခံကြသော်လည်း ပြုပြင်ခြင်းခံရခြင်းကို တုံ့ပြန်သည့်အနေဖြင့် လက်စားချေလိုသော အတွေးများနှင့် လုပ်ဆောင်ချက်များကို ဖြစ်ပေါ်စေဆဲဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် ခေါင်းဆောင်များကို မမှန်မကန် စွပ်စွဲသည့် စာများကို ရေးကြပြီး ထိုခေါင်းဆောင်များကို ဖြုတ်ချရန် ကြိုးပမ်းမှုတွင် ထိုလူတို့၏ လုပ်နည်းလုပ်ဟန်အချို့နှင့် ထိုလူတို့၏ ဖောက်ပြန်ပျက်စီးခြင်းဆိုင်ရာ ထုတ်ဖော်ချက်များကို အခွင့်ကောင်းယူပြီး ချဲ့ကားပြောဆိုကာ အထက်လူကြီးများထံ တိုင်ကြားကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက် မအောင်မြင်ပါက ၎င်းတို့သည် ခေါင်းဆောင်များ၏ အစီအစဉ်များကို ခေါင်းမာစွာ အတိုက်အခံလုပ်လျက် နောက်ကွယ်၌ အရိုအသေတန်ပြီး အနှောင့်အယှက်များ ပြုလုပ်ကြသည်။ ၎င်းတို့သည် အသင်းတော်၏အလုပ်၊ ဘုရားအိမ်တော်က တောင်းဆိုသော စည်းမျဉ်းများ သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ ထိရောက်မှုတို့ကို မစဉ်းစားကြပေ၊ ၎င်းတို့သည် မိမိတို့၏ ဒေါသကို ပွင့်အံချရန်သာ အရေးစိုက်ကြသည်။ ၎င်းတို့သည် မည်သူ့ကိုမျှ နားမထောင်ဘဲ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ သတိပေးဆုံးမခြင်းများကိုပင် ငြင်းပယ်ကြသည်။ ၎င်းတို့သည် မျက်နှာချင်းဆိုင်တွင် ပြန်မပြောခြင်း သို့မဟုတ် ခုခံခြင်း မပြုသော်လည်း နောက်ကွယ်တွင်မူ အပျက်သဘောဆောင်မှုကို ပွင့်အံချနိုင်သည်၊ ဆန့်ကျင်သည့်အနေဖြင့် မိမိတို့၏အလုပ်ကို စွန့်ပစ်နိုင်သည်၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များကို တိုက်ခိုက်ရန် မည်သည့်နိုင်ကွက်ကိုမဆို မလွတ်တမ်း ဖမ်းဆုပ်နိုင်သည်။ ၎င်းတို့သည် အယူအဆများကိုပင် ဖြန့်ဝေကြသည်၊ ၎င်းတို့ကိုယ်တိုင်သည် အပျက်သဘောဆောင်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် စိတ်မပါကြသော်လည်း လူအများကို အပျက်သဘောဆောင်ရန်၊ ခိုကပ်ရန်နှင့် မိမိတို့၏ တာဝန်များကို လျစ်လျူရှုရန် ဆွဲခေါ်ဖို့လည်း ကြိုးစားကြသည်။ ၎င်းတို့၏ စည်းမျဉ်းမှာ အဘယ်နည်း။ “ငါသည် သေရမည်ကို မကြောက်၊ ငါနှင့်အတူ ဆွဲချရန် တစ်စုံတစ်ဦးကို ရှာရန်လိုအပ်သည်။ ခေါင်းဆောင်များက ငါ့ကို ပြုပြင်သည်၊ ငါ၏ တာဝန်ထမ်းဆောင်မှုသည် စံမမီဟု ပြောသည်၊ သို့ဖြစ်လျှင် လူတိုင်း မိမိတို့၏ တာဝန်ကို ကောင်းစွာ မထမ်းဆောင်နိုင်ရန် ငါ သေချာအောင်လုပ်မည်။ ငါ အဆင်မပြေလျှင် သင်တို့တစ်ယောက်မျှ ကောင်းစားရမည်မဟုတ်။ ခေါင်းဆောင်များက ငါ့ကို ပြုပြင်သည်၊ သင်တို့အားလုံး ငါ့ကို လှောင်ရယ်ကြသည်၊ သင်တို့အားလုံး၏ ဘဝကို ငါ ခက်ခဲစေမည်” ဟူ၍ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ဝတ်ကျေတမ်းကျေ သို့မဟုတ် စည်းမျဉ်းများကို ဆန့်ကျင်၍ ထမ်းဆောင်သည့်အခါနှင့် တစ်စုံတစ်ဦးက ဤအကြောင်းကို ခေါင်းဆောင်များထံ တိုင်ကြားသည့်အခါ ၎င်းတို့သည် ဤကိစ္စကို စုံစမ်းစစ်ဆေးသည်။ “မည်သူက ငါ့အကြောင်းကို တိုင်ကြားသနည်း။ မည်သူက ခေါင်းဆောင်များကို ငါ့အကြောင်း ကုန်းချောစကားပြောသနည်း။ မည်သူက ခေါင်းဆောင်များနှင့် ရင်းနှီးသော ဆက်ဆံမှု ရှိသနည်း။ ငါ့အကြောင်းကို အထက်အဆင့်ခေါင်းဆောင်များထံ တိုင်ကြားသောသူကို ငါ ရှာတွေ့ပါက ထိုလူကို ငါ လုံးဝ မျက်နှာသာပေးမည်မဟုတ်။ ယင်းကို ငါမည်သည့်အခါမျှ အလွတ်ပေးမည်မဟုတ်” ဟူ၍ဖြစ်လေသည်။ ၎င်းတို့သည် ကြမ်းတမ်းသော ပြောဆိုမှုများကို ပြုလုပ်နိုင်စွမ်း ရှိရုံသာမက ထိုသို့သော ခြိမ်းခြောက်မှုများကိုလည်း လုပ်ဆောင်နိုင်သည်မှာ ပြောစရာမလိုပေ။ ဤလူပုဂ္ဂိုလ်တို့တွင် အခြားသူတို့ကို ဝေဖန်သုံးသပ်ရန်နှင့် ပြစ်တင်ရှုတ်ချရန် နိုင်ကွက်ကို အခွင့်ကောင်းယူရုံသာမက လက်စားချေရန်အတွက် ယုတ်ပြီး မသမာသော နည်းဗျူဟာများစွာ ရှိသည်၊ အချို့သည် မိမိတို့ လက်စားချေလိုသောသူ၏ ကွန်ပျူတာအားသွင်းကြိုးကို တမင်တကာ ခိုးယူကြပြီး ၎င်းတို့၏ ကွန်ပျူတာကို အားပြန်မသွင်းနိုင်အောင် ထားကာ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကို နှောင့်နှေးစေသည်။ အခြားသူတို့သည် တစ်စုံတစ်ဦး၏ အစာထဲသို့ ဆားများစွာကို တမင်တကာ ထည့်ကြပြီး စား၍မရအောင် ပြုလုပ်ကြသည်။ ဘာသာတရား မရှိသူများကြားတွင် အဖြစ်များသော ဤရိုင်းစိုင်းသည့် လက်စားချေခြင်းနည်းလမ်းများကို အသင်းတော်အတွင်းရှိ ဆိုးယုတ်သောလူများကလည်း အသုံးပြုကြသည်။ ၎င်းတို့၏ လက်စားချေခြင်းကို လုပ်ဆောင်သည့် နည်းလမ်းများသည် ဤမျှသာမက များစွာရှိသေးပြီး ကျွန်ုပ်တို့ မည်သည့်အခါမျှ မမြင်ဖူးသော မသမာသော နည်းလမ်းအချို့လည်း ပါဝင်သည်၊ ငါတို့သည် ရိုးရှင်းသော ဥပမာအနည်းငယ်ကိုသာ ကိုးကားခြင်း ဖြစ်သည်။ ၎င်းတို့ထဲတွင် အချို့သော လူပုဂ္ဂိုလ်တို့သည် အခြားသူတို့အတွက် ဒုက္ခ၊ အတားအဆီးများနှင့် အခက်အခဲများကို တမင်တကာ ဖန်တီးကြသည်၊ ဤသည်မှာ အဖြစ်များသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အုပ်စုတိုင်းတွင်၊ အခြေအနေနှင့် ပတ်ဝန်းကျင် အမျိုးမျိုးအောက်တွင် လက်စားချေလိုစိတ်ရှိသောသူတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားသည် အစဉ်မပြတ် ဖော်ထုတ်ခြင်းခံနေရသည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ၏ လက်စားချေလိုသော သရုပ်သကန်များသည် သာ၍ပင် သိသာထင်ရှားသည်။ အသင်းတော်အတွင်း၌ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ ရှိနေသရွေ့ ကိုယ်တော့်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသော ဘုရားသခင် ရွေးချယ်ထားသည့်လူတို့သည် နှောင့်ယှက်ခြင်း ခံရမည်ဖြစ်သည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ ရှိနေသည့် နေ့ရက်တိုင်းသည် အသင်းတော် ငြိမ်သက်ခြင်းမရှိသည့် နေ့ရက်ဖြစ်သည်၊ လူကောင်းတို့သည် တိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းခံရမည်၊ အထူးသဖြင့် သမ္မာတရားကို လိုက်စားသောသူတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ၏ ရန်လိုမှုနှင့် လက်စားချေခြင်းကို ရင်ဆိုင်ကြရမည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့သည် အခြားသူတို့ကို မည်သို့ ညှဉ်းပန်းနှိပ်စက်ပြီး လက်စားချေကြသနည်း။ ပထမဦးစွာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး စည်းမျဉ်းများကို လိုက်နာသောသူတို့ကို ပစ်မှတ်ထားကြသည်။ ဤဆိုးယုတ်သော လူပုဂ္ဂိုလ်တို့သည် သမ္မာတရားကို လိုက်စားသောသူတို့သာလျှင် ၎င်းတို့အတွက် အန္တရာယ်အရှိဆုံး ဖြစ်ကြောင်းကို ရှင်းလင်းစွာ ထင်မြင်ကြသည်။ ပထမဦးစွာ သမ္မာတရားကို နားလည်သောလူတို့သည် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်သည်၊ ၎င်းတို့သည် မကောင်းမှုတစ်ခုခုကို လုပ်ဆောင်နေသရွေ့ သမ္မာတရားကို နားလည်သောသူတို့၏ ထွင်းဖောက်မြင်ခြင်းကို ခံရမည်ဖြစ်သည်။ ဒုတိယအနေဖြင့် သမ္မာတရားကို နားလည်သောလူများ ရှိနေပါက ၎င်းတို့၏ ဒုစရိုက်အမှုများသည် အနည်းငယ် ကန့်သတ်ခြင်းခံရမည်ဖြစ်ပြီး ၎င်းတို့၏ ပန်းတိုင်များကို အောင်မြင်ရန် ခက်ခဲစေသည်။ ဤရှုထောင့်မှကြည့်လျှင် သမ္မာတရားကို လိုက်စားသောသူတို့သာလျှင် အသင်းတော်၏အလုပ်ကို ကာကွယ်စောင့်ရှောက်သူများ ဖြစ်ကြသည်။ သမ္မာတရားကို လိုက်စားသောသူများ ရှိနေပါက အန္တိခရစ်များနှင့် ဆိုးယုတ်သောလူတို့သည် ဗိုလ်ကျစိုးမိုးစွာ ပြုမူဝံ့ကြမည်မဟုတ်ဘဲ အနည်းငယ် ချုပ်တည်းရမည်ဖြစ်သည်။ သို့ဖြစ်၍ သမ္မာတရားကို လိုက်စားသောသူတို့သည် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူတို့၏ မျက်စိထဲမှ ဆူး၊ အသည်းထဲမှ ခလုတ်တံသင်း ဖြစ်လာကြပြီး ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ လက်စားချေခြင်းကို လုပ်ဆောင်ရန် နည်းလမ်းများကို ကြံစည်ကြခြင်း ဖြစ်သည်။

ဆိုးယုတ်သောလူတို့သည် မိမိတို့၏ လက်စားချေခြင်းကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် မည်သို့မျှရှင်းပြ၍ မရဘဲ ဆင်ခြင်တုံတရားကင်းမဲ့လျက် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခုကို ပြသကြသည်။ ၎င်းတို့နှင့် အချိန်အတိုင်းအတာ တစ်ခုအထိ အတူနေထိုင်ခဲ့ပြီး ၎င်းတို့ကို နားလည်သောသူတို့သည် ၎င်းတို့ကို အတိုင်းအတာတစ်ခုအထိ ကြောက်ရွံ့ကြသည်။ ၎င်းတို့နှင့် စကားပြောဆိုရာတွင် အလွန်အမင်း သတိထားပြီး ယဉ်ကျေးရန် လိုအပ်ကာ အလွန်အကျွံ ရိုသေလေးစားမှုအတိုင်းအတာတစ်ခုကို တောင်းဆိုသည်။ ၎င်းတို့ကို အစဉ်မပြတ် အလိုလိုက်အကြိုက်ဆောင်ပြီး နေရာပေးရမည်ဖြစ်ပြီး ၎င်းတို့၌ရှိသော မည်သည့်ပြဿနာ သို့မဟုတ် အမှားများကိုမဆို တိုက်ရိုက် ထောက်ပြ၍မရပေ။ ထိုအစား ဤပြဿနာများကို သွယ်ဝိုက်သောနည်းဖြင့် ချော့မော့ပြောဆိုရမည်ဖြစ်ပြီး စကားပြောပြီးနောက်တွင်လည်း ၎င်းတို့ကို ဤသို့ပြောဆိုလျက် ချီးမွမ်းရမည်ဖြစ်သည်။ “သင်၌ ဤအပြစ်အနာအဆာ သို့မဟုတ် ချို့တဲ့ချက် ရှိသော်လည်း သင်သည် ကျွန်ုပ်တို့ထက် ကျွမ်းကျင်မှုများကို ပို၍ လျင်မြန်စွာ သင်ယူနိုင်သည်၊ သင်၏ ပညာရှင်ဆိုင်ရာ စွမ်းဆောင်နိုင်ရည်များသည် အခြားသူများထက် ပို၍ အားကောင်းပြီး သင်၏ အလုပ်ထိရောက်မှုသည် ကျွန်ုပ်တို့ထက် ပို၍ မြင့်မားသည်။ သင်၏ အမှားများကို အားသာချက်များအဖြစ် ကျွန်ုပ်မြင်ပါသည်” ဟူ၍ပင် ၎င်းတို့ကို မြှောက်ပင့်ပြောဆိုရန်ပင် လိုအပ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ပြုလုပ်ကြသနည်း။ ယင်းမှာ ၎င်းတို့၏ လက်စားချေခြင်းကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။ ဤနည်းအားဖြင့် ဤဆိုးယုတ်သော လူပုဂ္ဂိုလ်တို့သည် နှစ်သက်သဘောကျလာကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဖြေသိမ့်မှုကို ခံစားကြရသည်။ ၎င်းတို့၏ လက်စားချေခြင်းကို ရှောင်ရှားရန် လူအများစုသည် ၎င်းတို့နှင့်ပတ်သက်၍ မိမိတို့ သိရှိရသော မည်သည့်ပြဿနာကိုမဆို မျက်နှာချင်းဆိုင်တွင် ထုတ်ဖော်ပြောဆိုရန် ကြောက်ရွံ့ကြသကဲ့သို့ ဤပြဿနာများကို တိုင်ကြားရန်လည်း မဝံ့ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေနေကြောင်းနှင့် အသင်းတော်၏ အလုပ်သည် ၎င်းတို့၏ ခေါင်းမာမှုနှင့် မဆင်မခြင် ထင်ရာစိုင်းပြုမူမှုတို့ကြောင့် နှောင့်နှေးနေကြောင်း ရှင်းလင်းနေသည့်အခါတွင်ပင် သို့မဟုတ် ၎င်းတို့၏ ဦးတည်ရာနှင့် စည်းမျဉ်းများတွင် အချို့သော လွဲချော်မှုများကို သတိပြုမိသည့်အခါတွင်ပင် မည်သူမျှ ကန့်ကွက်ရန် သို့မဟုတ် အထက်လူကြီးများထံ တိုင်ကြားရန် မဝံ့ကြပေ။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့် လက်စားချေလိုစိတ်ရှိသော ၎င်းတို့၏ လူ့သဘာဝကြောင့် အခြားသူတို့သည် ၎င်းတို့ကို အနည်းငယ် ကြောက်ရွံ့ကြပြီး ဒေါသထွက်သော်လည်း ဖွင့်ဟပြောဆိုရန် အလွန်ကြောက်ရွံ့နေကြသည်။ ၎င်းတို့နှင့် စကားပြောဆိုရာတွင် အလွန်အမင်း ကြင်နာသော၊ နူးညံ့သော၊ ယဉ်ကျေးသိမ်မွေ့သော သဘောထားကို ပြသလျက် အထူးသဖြင့် ယဉ်ကျေးပြီး လိမ္မာပါးနပ်ရမည်ဖြစ်သည်။ လူတို့သည် ၎င်းတို့ကို ရိုသေလေးစားစွာနှင့် ယဉ်ကျေးစွာ ပြောဆိုပြီး ၎င်းတို့အား အလျှော့ပေးသည့်အခါ ၎င်းတို့သည် အတွင်းစိတ်အားဖြင့် သက်သောင့်သက်သာ ခံစားကြရသည်။ သို့သော် တစ်စုံတစ်ဦးသည် ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး ၎င်းတို့၏ ပြဿနာများကို ဖော်ထုတ်ကာ အကြံပြုချက်များ ပေးပါက ၎င်းတို့သည် ရွံရှာစက်ဆုပ်လာကြပြီး ယင်းကို မရိုမသေပြုခြင်းအဖြစ်၊ အခြားသူတို့က မိမိတို့အပေါ် ကန့်ကွက်ချက်များ သို့မဟုတ် ရန်လိုမှု ရှိခြင်းအဖြစ် ထင်မြင်ကြသည်။ ဤအရာက ထိုလူအပေါ် လက်စားချေရန်နှင့် ၎င်းတို့ကို ညှဉ်းပန်းနှိပ်စက်ရန် ၎င်းတို့ကို လှုံ့ဆော်သည်၊ ၎င်းတို့သည် ထိုသူကို ချိုးနှိမ်ပြီး ထိုသူ၏ နာမည်ကို အသရေဖျက်ရန် လိုအပ်သည်။ ထိုလူသည် ၎င်းတို့၏ လက်ထဲသို့ ကျရောက်သွားပါက ကောင်းသော အဆုံးသတ်သို့ ရောက်မည်မဟုတ်ပေ။ ထိုသို့သောလူများသည် ကြောက်မက်ဖွယ် ကောင်းသလော။ (ကောင်းပါသည်။) သင်သည် ၎င်းတို့ကို နားမလည်ဘဲ ၎င်းတို့ကို စော်ကားမိပါက ၎င်းတို့သည် သင့်အပေါ် အငြိုးအတေးထားမည်ဖြစ်ပြီး အစာစားနေစဉ်နှင့် အိပ်နေစဉ်တွင်ပင် သင့်အပေါ် လက်စားချေရန် ကြံစည်နေမည်ဖြစ်သည်။ သင်သည် ၎င်းတို့၏ စောင့်ကြည့်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ဒုက္ခ မလွဲမသွေ ရောက်မည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လက်စားချေရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အပြင်ပန်းအားဖြင့် သင့်ကို ယခင်ကဲ့သို့ ပြောဆိုကောင်းပြောဆိုနိုင်သော်လည်း ၎င်းတို့ လက်စားချေရန် ကြံစည်သည့်အခိုက်အတန့်တွင် သင် ယခင်က ၎င်းတို့အပေါ် လုပ်ဆောင်ခဲ့သော သို့မဟုတ် ပြောဆိုခဲ့သော အရာအားလုံးသည် ၎င်းတို့အတွက် လက်နက် ဖြစ်လာသည်။ ၎င်းတို့သည် သင့်ကို ရန်သူကဲ့သို့ သဘောထားမည်ဖြစ်ပြီး ၎င်းတို့ လုံလောက်စွာ လက်စားချေပြီးဖြစ်ကာ လုံးဝ ကျေနပ်သည်ဟု ခံစားရသည်အထိ သင့်အပေါ် နည်းနည်းချင်း လက်စားချေသွားမည်ဖြစ်သည်။ ဤသည်မှာ ဆိုးယုတ်သောလူများနှင့် ပေါင်းသင်းခြင်း၏ အကျိုးဆက် ဖြစ်သည်။

လက်စားချေလိုစိတ်ရှိသော လူတို့သည် ၎င်းတို့၏ အပြုအမူအမျိုးမျိုးအပေါ်တွင်လည်းကောင်း၊ ၎င်းတို့ ဆောင်ရွက်ကာ ကျင့်ကြံပြုမူသည့် စည်းမျဉ်းများနှင့် နည်းလမ်းများအပေါ်တွင်လည်းကောင်း အခြေခံ၍ စိတ်ကောင်းရှိပြီး လူတိုင်းအပေါ် ဖော်ရွေကာ မည်သူ့ကိုမဆို ဆက်ဆံရာတွင် စည်းမျဉ်းများ ကင်းမဲ့သောသူများမှလွဲ၍ လူတိုင်းနီးပါးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေသည်၊ ထိုသို့သော လူပုဂ္ဂိုလ်များသည် ရက်စက်ကြမ်းကြုတ်သော လူများအနီးတွင် ဘေးကင်းကြသည်။ သို့သော် အသိစိတ် သို့မဟုတ် တရားမျှတစိတ် အနည်းငယ်မျှပင် ရှိသောသူတို့သည် လက်စားချေလိုစိတ်ရှိသော လူတို့၏ ရှေ့မှောက်တွင် ရှိသည့်အခါ အတိုင်းအတာ အမျိုးမျိုးဖြင့် အနည်းနှင့်အများဆိုသလို ခြိမ်းခြောက်ခံရသည်ဟု ခံစားရလိမ့်မည်။ ဆိုးရွားသော အခြေအနေများတွင် ၎င်းတို့သည် ကိုယ်ထိလက်ရောက် ဒုက္ခပေးမှု သို့မဟုတ် အသက်အန္တရာယ် ခြိမ်းခြောက်မှုများကိုပင် ရင်ဆိုင်ရနိုင်ပြီး သိပ်မဆိုးရွားသော အခြေအနေများတွင်မူ ၎င်းတို့သည် နှုတ်ဖြင့် ဆဲဆိုတိုက်ခိုက်မှုများ၊ အသရေဖျက်ခြင်း သို့မဟုတ် အမှုဆင်ခြင်းတို့ကို ခံရနိုင်ပေသည်။ ဤသည်တို့မှာ လက်စားချေလိုစိတ်ရှိသော လူတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား၏ အလုံးစုံ ထုတ်ဖော်ခြင်းများနှင့် သရုပ်သကန်များထဲတွင် ပါဝင်သည်။ ၎င်းတို့၏ အလုံးစုံသော သရုပ်သကန်များအပေါ် အခြေခံ၍ ထိုသို့သောလူများသည် ညီအစ်ကိုမောင်နှမများကြားနှင့် အသင်းတော်အတွင်း၌လည်း အနှောင့်အယှက်များ ဖြစ်စေသည်။ ဤလက်စားချေတတ်သော လူတို့နှင့် ဆက်ဆံသော လူတိုင်းနီးပါးသည် ၎င်းတို့၏ လက်စားချေမှုအတွက် ပစ်မှတ်တစ်ခု ဖြစ်လာပြီး အစဉ်သဖြင့်နီးပါးပင် သားကောင်တစ်ဦး ဖြစ်လာသည်။ လက်စားချေလိုစိတ်ရှိသောသူတို့တွင် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု ရှိသည်၊ ၎င်းတို့သည် မည်သည့်အချိန်မဆို ပေါက်ကွဲနိုင်သည့် အချိန်ကိုက်ဗုံးများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန်နှင့် ပုံမှန်အသင်းတော်အသက်တာကို ဖြတ်သန်းရန် လူအုပ်လုပ်ဆောင်သည့်အတိုင်း လိုက်လုပ်ဆောင်နိုင်သော်လည်း ၎င်းတို့၏ လူ့သဘာဝကို အကဲဖြတ်ကြည့်ရသော် ၎င်းတို့သည် အခြားသူများကို အချိန်မရွေး လက်စားချေကာ ခြိမ်းခြောက်နိုင်သည့်အပြင် လူတို့ကို ၎င်းတို့အား ကြောက်ရွံ့ပြီး သတိထားရှောင်စေနိုင်သည်။ ဤသည်မှာ လူအများစုအတွက် အနှောင့်အယှက်များကို ဖြစ်စေပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ကို စိတ်အနှောင့်အယှက် မဖြစ်စေရန်၊ ၎င်းတို့ကို စိတ်ကျေနပ်စေရန်နှင့် ၎င်းတို့၏ အာဃာတများနှင့် လက်စားချေမှုများကို ရှောင်ရှားရန် လူတို့သည် ၎င်းတို့၏ မျက်နှာအမူအရာများကို အစဉ်သတိထားပြီး ၎င်းတို့၏ စကားသံကို နားစွင့်ကာ ၎င်းတို့ စကားပြောဆိုသည့်အခါ ၎င်းတို့၏ ရည်ရွယ်ချက်များ၊ ပန်းတိုင်များနှင့် ဦးတည်ရာများကို သိရှိရန် ကြိုးစားရမည်။ ဤအမြင်ရှုထောင့်မှကြည့်လျှင် လူအများစုသည် ၎င်းတို့၏ အနှောင့်အယှက်ပေးခြင်းကို ခံရသည်သာမက ၎င်းတို့၏ ထိန်းချုပ်ခြင်းကိုပါ ခံနေရသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်၍ ဤကိစ္စ၏ သဘောသဘာဝကို အကဲဖြတ်ကြည့်လျှင် ထိုသို့သော လက်စားချေတတ်သည့် လူပုဂ္ဂိုလ်များသည် ဆိုးယုတ်သောလူများ မဟုတ်ကြလော။ (ဟုတ်ပါသည်။) ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် သတ်မှတ်ရမည်မှာ အလွန် သိသာထင်ရှားပေသည်။ တစ်စုံတစ်ဦးသည် ထိုသို့သော လူပုဂ္ဂိုလ်များ၏ အခြေအနေကို နားလည်ရန် ကြိုးစားပါက အများစုသည် ၎င်းတို့အကြောင်း အမှန်တရားကို ပြောဆိုရန် ကြောက်ရွံ့ကြပြီး ၎င်းတို့၏ ပြဿနာများကို တိုင်ကြားရန် သို့မဟုတ် ၎င်းတို့အကြောင်း ပြောဆိုရန် သို့မဟုတ် ၎င်းတို့ကို အကဲဖြတ်ရန် မဝံ့ရဲဘဲ ၎င်းတို့နှင့်ပတ်သက်သည့် မေးခွန်းတိုင်းကို “အဆင်ပြေပါသည်” ကဲ့သို့သော ကတိကဝတ်မပြုသော အဖြေများဖြင့် ဝတ်ကျေတမ်းကျေ ဖြေဆိုလိမ့်မည်။ ဤသည်မှာ ဒုက္ခပေးသော အခြေအနေတစ်ခု မဟုတ်လော။ အချို့က “ထိုသို့သော ဆိုးယုတ်သည့်လူများသည် အချိန်မရွေး နေရာမရွေး လက်စားချေနိုင်သည်၊ မည်သူက ၎င်းတို့ကို ရန်စဝံ့မည်နည်း။ ထို့အပြင် ၎င်းတို့သည် အမှောင်လောကနှင့် တရားဝင် အသိုင်းအဝိုင်း နှစ်ခုလုံးတွင် အဆက်အသွယ်များရှိသည်ဟု အစဉ်အမြဲ အခိုင်အမာဆိုကြပြီး မည်သူမဆို ၎င်းတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေပါက ထိုလူအတွက် အကောင်းဖြင့် အဆုံးသတ်မည်မဟုတ်ဘဲ ၎င်းတို့ကို သင်ခန်းစာပေးမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ မိသားစုကို ဆိုးရွားစွာ သေဆုံးစေမည်ဖြစ်ကြောင်း ခြိမ်းခြောက်ကြသည်။ ထို့ကြောင့် မည်သူမျှ ၎င်းတို့ကို ရန်စဝံ့ခြင်းမရှိပေ။ ၎င်းတို့ကို လွှတ်ထားလော့၊ ကျွန်ုပ်တို့မူ မိမိတို့ကိုယ်တိုင်အတွက် အကောင်းဆုံးကိုသာ မျှော်လင့်ကြမည်” ဟု ပြောဆိုကြသည်။ သင်မြင်သည့်အတိုင်းပင် ထိုသို့သော အခြေအနေတစ်ခုသည် အသင်းတော်၌ ဖြစ်ပေါ်လာပြီးဖြစ်ကာ ၎င်းတို့သည် ဤလူတို့ကို ထိရောက်စွာ ထိန်းချုပ်ပြီးဖြစ်သည်ဟု ဆိုလိုသည်။ လက်စားချေဖို့ ကြိုးပမ်းရာတွင် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို မျက်မြင်တွေ့ရှိခြင်းကြောင့် လူတို့သည် ၎င်းတို့ကို စွပ်စွဲရန် သို့မဟုတ် ပြုပြင်ရန် မဝံ့ရဲကြသကဲ့သို့ ၎င်းတို့အပေါ် မိမိတို့၏ စစ်မှန်သော အကဲဖြတ်ချက်များကို ပြောဆိုရန်လည်း မဝံ့ရဲကြပေ။ ၎င်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်ရွံ့သည့်အတွက် စကားစမြည်ပြောဆိုရာတွင် ၎င်းတို့နှင့်ပတ်သက်၍ ရှောင်ကွင်းပြောဆိုရပြီး ၎င်းတို့၏ နောက်ကွယ်တွင် ၎င်းတို့၏ စစ်မှန်သော သရုပ်သကန်များအကြောင်း အသေးစိတ်ပြောဆိုရန်ပင် ကြောက်ခမန်းလိလိ ထိတ်လန့်ကျသည်။ လူတို့သည် မည်သည့်အရာကို ကြောက်ရွံ့ကြသနည်း။ ၎င်းတို့သည် မိမိတို့၏ စကားများက လက်စားချေတတ်သောသူ၏ နားသို့ ရောက်ရှိသွားပြီး ထိုသူက ၎င်းတို့အပေါ် လက်စားချေရန် ကြိုးပမ်းမည်ကို ကြောက်ရွံ့ကြသည်။ စကားပြောဆိုပြီးနောက် ၎င်းတို့သည် မိမိတို့၏ နဖူးကိုရိုက်ကာ “သွားပြီ၊ ယနေ့ ကျွန်ုပ်သည် မပြောသင့်သည့် စကားကို ပြောလိုက်မိသည်။ စောင့်သာကြည့်ပါ၊ ယင်းအတွက် ကျွန်ုပ် ပြဿနာတက်တော့မည်။ ကျွန်ုပ်သည် အဘယ်ကြောင့်များ မိမပါးစပ်ကို မပိတ်ထားနိုင်ရသနည်း” ဟု ပြောဆိုကြသည်။ ထိုအချိန်မှစ၍ ၎င်းတို့သည် အစဉ်မပြတ် ကြောက်ရွံ့စိုးရိမ်စွာဖြင့် အသက်ရှင်နေထိုင်ကြပြီး ဘဝကို ခြေဖျားထောက်၍ သွားလာကြကာ ထိုလူ၏အနီးတွင် ရှိသည့်အခါတိုင်း “ငါပြောခဲ့သည့်အရာကို သူသိသွားသလား။ သူ့နားသို့ ရောက်သွားပြီလား။ ငါ့အပေါ် သူ၏ သဘောထားသည် ယခင်အတိုင်းပင် ဖြစ်သလား” ဟု တွေးတောလျက် အစဉ်မပြတ် စောင့်ကြည့်လေ့လာနေကြသည်။ ၎င်းတို့ ပို၍ စဉ်းစားလေ၊ ပို၍ စိတ်မတည်မငြိမ်ဖြစ်လာလေဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ ကြောက်ရွံ့မှုသည် ပို၍ ကြီးမားလာလေဖြစ်သောကြောင့် “ငါ သူ့ကို ရန်မစရဲသော်လည်း အနည်းဆုံးအနေဖြင့် သူ့ကို ရှောင်နိုင်သည်။ ငါပြောခဲ့သည့်အရာကို သူသိသည်ဖြစ်စေ မသိသည်ဖြစ်စေ ငါ သူ့ကို ရှောင်နေ၍ မရဘူးလား” ဟု တွေးတောလျက် သူ့ကို လုံးဝရှောင်လိုက်ခြင်းက ပိုကောင်းသည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ဤကြောက်ရွံ့မှုသည် အလွန်ကြီးမားလာသဖြင့် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရမည့်နေရာ ဖြစ်လျှင်ပင် ဤရက်စက်ကြမ်းကြုတ်သောသူ ရှိနိုင်သည့် မည်သည့်နေရာကိုမဆို ရှောင်ရှားလျက် စုဝေးပွဲများကိုပင် တက်ရောက်ရန် မဝံ့ရဲကြတော့ဘဲ သည်းခြေပျက်မတတ် ကြောက်လန့်နေကြသည်။

လက်စားချေလိုစိတ်ရှိသော ထိုဆိုးယုတ်သည့်လူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ (၎င်းတို့ကို ရှင်းလင်းပစ်ပါ။) အတော်အတန် ရိုးရှင်းသည်၊ “ရှင်းလင်းပစ်ခြင်း” ပင်ဖြစ်ပြီး ပြီးလေပြီ။ ၎င်းတို့ကို ရှင်းလင်းပစ်လိုက်ပြီး လူအများစုက အလွန်ကျေနပ်အားရစွာဖြင့် ပျော်ရွှင်စွာ ဂုဏ်ပြုကြပါက ၎င်းတို့ကို ရှင်းလင်းပစ်ခြင်းက မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်။ ယခင်က စည်းဝေးပွဲများအတွင်း ဆိုးယုတ်သောလူများ ရှိနေခြင်းသည် လူအများစု မိတ်သဟာယဖွဲ့နေစဉ်တွင် ဘောင်ခတ်ခြင်းခံနေရသည်ကို ဆိုလိုသည်၊ ထိုလူတို့သည် မှားယွင်းသော စကားတစ်ခွန်းက ဆိုးယုတ်သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်ရွံ့ကြသောကြောင့် စကားပြောဆိုနေစဉ်တွင် ၎င်းတို့ကို သတိထားရှောင်ကြဉ်ပြီး ရှောင်ကြသည်။ စုဝေးပွဲများအတွင်း၌ ရေးသားမထားသော စည်းမျဉ်းတစ်ခု ပေါ်ပေါက်လာခဲ့သည်၊ တစ်စုံတစ်ဦးက မျက်စိဖြင့် အချက်ပြလိုက်ပါက အကြောင်းအရာသည် လျင်မြန်စွာ ပြောင်းလဲသွားလေ့ရှိသည်။ ဤသည်မှာ ပေါ်ပေါက်လာခဲ့သော အခြေအနေ ဖြစ်ခဲ့သည်။ လက်စားချေလိုစိတ်ရှိသောသူတို့ကို ရှင်းလင်းပစ်လိုက်သည်နှင့်တစ်ပြိုင်နက် အသင်းတော်သည် ငြိမ်သက်သွားခဲ့ပြီး အသင်းတော်အသက်တာသည် ပုံမှန်ဖြစ်လာကာ လူအချင်းချင်းကြားရှိ ဆက်ဆံရေးများသည်လည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။ ညီအစ်ကိုမောင်နှမများသည် ယခုအခါ မည်သူ့၏ ထိန်းချုပ်မှုကိုမျှမခံရဘဲ မည်သူ့ကိုမျှ မကြောက်ရွံ့ဘဲ မည်သူ့၏ မျက်နှာအမူအရာကိုမျှ သတိထားရန်မလိုဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လွတ်လပ်စွာ မျှဝေပြီး ဆုတောင်းရင်းဖတ်ရှုနိုင်ကြကာ ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကိုလည်း လွတ်လပ်စွာ မျှဝေနိုင်ကြပြီဖြစ်သည်။ ဤရလဒ်အပေါ် အခြေခံ၍ ထိုသို့သော ဆိုးယုတ်သည့်လူများကို ရှင်းလင်းပစ်ခြင်းသည် မှန်ကန်ခဲ့သလော။ (ဟုတ်ပါသည်။) လုံးဝမှန်ကန်သည်။ ၎င်းတို့ကို ရှင်းလင်းပစ်ရမည်။ ၎င်းတို့ကို မရှင်းလင်းဘဲထားပါက လူတိုင်းအတွက် အသက်တာသည် သည်းမခံနိုင်စရာ ဖြစ်လာမည်ဖြစ်ပြီး လူများစွာတို့သည် စုဝေးပွဲများ တက်ရောက်ရန် အလွန်ကြောက်ရွံ့နေကြလိမ့်မည်။ အချို့သော ကြောက်တတ်သည့် လူပုဂ္ဂိုလ်များသည် အိပ်မက်ဆိုးများပင် မက်ကောင်းမက်နိုင်ပြီး ဆိုးယုတ်သော မကောင်းဆိုးဝါးများ၏ လည်ပင်းညှစ်ခံရခြင်းကို အစဉ်အမြဲ အိပ်မက်မက်နေကြလိမ့်မည်။ ၎င်းတို့သည် စုဝေးပွဲများအတွင်း အစဉ်အမြဲ အလွန်အမင်း သတိထားနေကြမည်ဖြစ်ပြီး စကားပြောဆိုရန် မည်သည့်အခါမျှ မဝံ့ရဲဘဲ လွတ်မြောက်ပြီး လွတ်လပ်သည်ဟု မခံစားနိုင်ကြပေ။ ဆိုးယုတ်သောလူများကို ရှင်းလင်းပစ်လိုက်သည့် အချိန်မှစ၍ ၎င်းတို့သည် လုံးဝ ပြောင်းလဲသွားခဲ့ကြသည်၊ ၎င်းတို့သည် ယခုအခါ စုဝေးပွဲများအတွင်း စကားပြောဆိုဝံ့ကြပြီဖြစ်ပြီး မိတ်သဟာယဖွဲ့ရာတွင် ပို၍ တက်ကြွလာကြကာ လွတ်မြောက်ပြီး လွတ်လပ်သည်ဟု ခံစားကြရသည်။ ဤသည်မှာ ကောင်းသောအရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားရှိသည့် ထိုသို့သော လက်စားချေတတ်သည့် လူပုဂ္ဂိုလ်များကို ပိုင်းခြားသိမြင်ရန် လွယ်ကူသည်။ ယေဘုယျအားဖြင့် တစ်စုံတစ်ဦးနှင့် ခြောက်လကျော်ကြာ ပေါင်းသင်းဆက်ဆံပြီးနောက် လူတိုင်းသည် ၎င်းတို့က ထိုသို့သော လူစားမျိုးဟုတ်မဟုတ်ကို ခံစားသိရှိပြီး ရှင်းလင်းစွာ မြင်နိုင်သင့်သည်၊ ၎င်းတို့နှင့် အချိန်အတိုင်းအတာတစ်ခုကြာ အတူနေထိုင်ပြီးနောက်တွင် သိသာထင်ရှားလာသည်။ အသင်းတော်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သော ဆိုးယုတ်သည့်လူများကို ကိုင်တွယ်ရာတွင် ဘာသိဘာသာ မနေသင့်ပေ။ ဘာသိဘာသာ နေခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ ၎င်းတို့ကို မကိုင်တွယ်မီ လူအချို့ကို အထင်အမြင်မှားစေပြီး မကောင်းမှုများကို ကျူးလွန်ခြင်းဖြင့် လူတိုင်းကို ဒေါသထွက်စေသည်အထိ မစောင့်ဆိုင်းခြင်း ဖြစ်သည်၊ ထိုသို့ပြုလုပ်ခြင်းသည် အလွန်ပင် ဘာသိဘာသာနေခြင်း ဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် ဆိုးယုတ်သောလူများကို ကိုင်တွယ်ရန် အကောင်းဆုံးအချိန်သည် မည်သည့်အချိန်ဖြစ်သနည်း။ လူအနည်းငယ် ထိခိုက်ခံရပြီးဖြစ်ကာ ၎င်းတို့အပေါ် ပြင်းထန်သော မနှစ်မြို့မှုနှင့် သတိထားရှောင်ကြဉ်မှုတို့ကို ခံစားနေရပြီး ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် လုံးလုံးလျားလျား စရိုက်လက္ခဏာ သရုပ်ဖော်ပြီးဖြစ်သည့်အချိန် ဖြစ်သည်။ ဤအချိန်တွင် လူအများအပြား ထိခိုက်ခံရခြင်းမှ ကာကွယ်ရန်နှင့် ကြောက်တတ်သူများ သည်းခြေပျက်မတတ် ကြောက်လန့်ခြင်း သို့မဟုတ် ၎င်းတို့ကြောင့် ခလုတ်တိုက်လဲခြင်းတို့မှ ရှောင်ရှားရန် ၎င်းတို့ကို ချက်ချင်း ကိုင်တွယ်ပြီး ရှင်းလင်းပစ်သင့်သည်။ ဤနေရာတွင် အရေးအကြီးဆုံးအချက်မှာ အဘယ်နည်း။ ဆိုးယုတ်သောလူများကို အသင်းတော်အတွင်း၌ အချိန်ကြာမြင့်စွာ အနှောင့်အယှက်များ ဖြစ်စေရန် ခွင့်ပြုထားပါက အဆုံးသတ်ရလဒ်မှာ ၎င်းတို့သည် အသင်းတော်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိန်းချုပ်ခြင်း ဖြစ်သည်။ ဤအခြေအနေသို့ ရောက်ရှိသွားပါက လူတိုင်း ဒုက္ခခံစားရသည်။ လူတိုင်း ထိခိုက်မှုမှ ရှောင်ရှားရန်အလို့ငှာ လူတစ်စုတစ်ပိုင်း ထိခိုက်ခံရပြီးသည့်အခါတွင်ဖြစ်စေ၊ အချို့က ထိုသို့သော လူပုဂ္ဂိုလ်များအပေါ် ပြင်းထန်သော မနှစ်မြို့မှုတစ်ခု ဖြစ်ပေါ်လာပြီး ၎င်းတို့ကို ထွင်းဖောက်မြင်ကာ လက်စားချေလိုစိတ်ရှိသော ဆိုးယုတ်သူများအဖြစ် သတ်မှတ်လိုက်သည့်အခါတွင်ဖြစ်စေ အသင်းတော်ခေါင်းဆောင်များသည် ၎င်းတို့ကို ချက်ချင်း ရှင်းလင်းပစ်သင့်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများက မကောင်းမှုမြောက်မြားစွာကို ကျူးလွန်ပြီး လူအများ၏ ဒေါသကို ဖြစ်စေသည်အထိ မစောင့်ဆိုင်းဘဲ လုပ်ဆောင်ရန် ဆုံးဖြတ်သင့်သည်၊ ထိုသို့ပြုလုပ်ခြင်းသည် အလွန်ပင် ဘာသိဘာသာနေခြင်း ဖြစ်ပေလိမ့်မည်၊ ပြီးလျှင် ထိုသို့သော အသင်းတော်ခေါင်းဆောင်များသည် ညံ့ဖျင်းသူများ မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော အလုပ်ကို လုပ်ဆောင်ရာတွင် အသင်းတော်ခေါင်းဆောင်များသည် ထိုသို့သော လူပုဂ္ဂိုလ်များ၏ အခြေအနေများ၊ သရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းများအပေါ် အထူးတလည် အကဲခတ်နိုင်စွမ်းရှိသင့်ပြီး ၎င်းတို့၏ စိတ်သဘောထားများကို လျင်မြန်စွာ ထွင်းဖောက်မြင်ကာ ၎င်းတို့သည် ရှင်းလင်းပစ်သင့်သည့် ဆိုးယုတ်သောလူများ ဖြစ်ကြောင်း ဆုံးဖြတ်ပြီး ၎င်းတို့ကို အမြန်ဆုံး ကိုင်တွယ်သင့်သည်။ အစပိုင်းတွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရန် မဖြစ်နိုင်ပါက ၎င်းတို့၏ အတွေးများနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များ၏ ဦးတည်ရာများကို နားလည်လျက် ၎င်းတို့၏ အပြောအဆို၊ အပြုအမူနှင့် အမူအရာတို့ကို အနီးကပ် အာရုံစိုက်လျက် စောင့်ကြည့်လေ့လာခြင်းအပေါ် အာရုံစိုက်ရန် လိုအပ်သည်။ ၎င်းတို့သည် မိမိတို့၏ လက်စားချေမှုကို လုပ်ဆောင်ရန် ရည်ရွယ်ကြောင်း တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ရှင်းလင်းပစ်ရန် ချက်ချင်း ဆောင်ရွက်သင့်ပြီး လူအများအပြား ထိခိုက်ခံရခြင်းနှင့် လက်စားချေမှုလုပ်ရပ်များကို ခံစားရခြင်းမှ ကာကွယ်သင့်သည်။

အချို့သော အသင်းတော်ခေါင်းဆောင်များက “ကျွန်ုပ်တို့သည် ဆိုးယုတ်သောလူများကို မကြောက်ပါ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမှလွဲ၍ မည်သူ့ကိုမျှ မကြောက်ပါ။ ဆိုးယုတ်သောလူများသည် ကျွန်ုပ်တို့အတွက် အဘယ်အရာဖြစ်သနည်း။ ကျွန်ုပ်တို့သည် စာတန်ကိုပင် မကြောက်၊ အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကိုပင် မကြောက်ပါ၊ သို့ဖြစ်လျှင် ဆိုးယုတ်သောလူများကို အဘယ်ကြောင့် ကြောက်ရမည်နည်း။ ဆိုးယုတ်သောသူတစ်ဦးသည် သာမည မကောင်းဆိုးဝါး တစ်ကောင်မျှသာ ဖြစ်သည်၊ အဘယ်ကြောင့် ၎င်းကို ကြောက်ရမည်နည်း။ ကျွန်ုပ်တို့သည် ၎င်းတို့ကို အသင်းတော်၌ ထားရှိပြီး ညီအစ်ကိုမောင်နှမအများစုကို ထိခိုက်နစ်နာစေမည်။ ဒုက္ခခံစားပြီးနောက် ၎င်းတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း၌ ကြီးထွားလာကြမည်ဖြစ်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်းဖြင့် ၎င်းတို့သည် ထိုသို့သော ဆိုးယုတ်သည့်လူများ၏ ချည်နှောင်ခြင်းနှင့် ဘောင်ခတ်ခြင်းတို့ကို နောက်တစ်ကြိမ် ခံရတော့မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် အလွန်ကောင်းပေမည်” ဟု ပြောဆိုကြသည်။ လူအများစုသည် ဤဝိညာဉ်ရင့်ကျက်မှုကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) ၎င်းတို့ မရရှိနိုင်ကြပေ။ ၎င်းတို့၏ ယုံကြည်ခြင်းသည် အလွန်အားနည်းသည်၊ ၎င်းတို့ နားလည်သော သမ္မာတရားများသည် အလွန်နည်းပါးပြီး ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများကို မြင်သည့်အခါတိုင်း ၎င်းတို့ကို ပြစ်မှားမိမည်ကို မဝံ့ရဲဘဲ ရှောင်ရှားကြသည်။ သေခြင်းကို ကြောက်ရွံ့ခြင်းနှင့် မိမိတို့၏ အသက်ကို တန်ဖိုးထားခြင်းအပြင် လူအများစုသည် မိမိတို့၏ အမျိုးမျိုးသော ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများကိုလည်း ကာကွယ်ကြသည်၊ ၎င်းတို့သည် ဆိုးယုတ်သောလူများ လုပ်ဆောင်သည့် အမျိုးမျိုးသော အမှုအရာများမှ ပိုင်းခြားသိမြင်နိုင်စွမ်းကို ရရှိရန် သို့မဟုတ် သင်ခန်းစာများ သင်ယူရန် မတတ်နိုင်ကြပေ။ သို့ဖြစ်၍ ဤအတွေးအခေါ်သည် အခြေခံအားဖြင့် လက်တွေ့မကျဘဲ မည်သည့်ရလဒ်ကိုမျှ မဖြစ်ပေါ်စေနိုင်ပေ။ အကယ်၍ ဆိုးယုတ်သောသူတစ်ဦးသည် အသင်းတော်၌ ပေါ်ပေါက်လာပြီး လူအများစုက ထိုလူပုဂ္ဂိုလ်ကို ဆိုးယုတ်သူအဖြစ် အသိအမှတ်ပြုပြီး ဆုံးဖြတ်လိုက်သည့်အခါ လူမည်မျှလောက်က ထရပ်ပြီး ဆိုးယုတ်သူနှင့် ပြတ်သားစွာလမ်းခွဲကာ ၎င်းတို့ကို တိုက်ခိုက်၍ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် တရားမျှတစိတ် ပိုင်ဆိုင်ကြသနည်း။ ထိုရာခိုင်နှုန်းမှာ အဘယ်မျှလောက် ဖြစ်သနည်း။ ၁၀ ရာခိုင်နှုန်း ရှိသလော။ ၁၀ ရာခိုင်နှုန်း မဟုတ်လျှင် ၅ ရာခိုင်နှုန်း ရှိသလော။ (ထိုမျှရှိသည်။) ဆိုလိုသည်မှာ လူနှစ်ဆယ်ရှိသော အုပ်စုတစ်စုတွင် ဆိုးယုတ်သောသူတစ်ဦးကို တိုက်ခိုက်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ၎င်းတို့ကို ဖော်ထုတ်ပြီး စိန်ခေါ်ရန်၊ အချေအတင်ဆွေးနွေးမှုတွင် ပါဝင်ရန်နှင့် ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်ရန် ထရပ်မည့်သူတစ်ဦး ရှိကောင်းရှိနိုင်သည်ဟု ဆိုလိုသည်။ ထိုသို့သော လူပုဂ္ဂိုလ်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများထဲမှ သူရဲကောင်းများ၊ အသင်းတော်၏ ဂုဏ်ပြုထိုက်သူများ ဖြစ်ကြသည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဆိုးယုတ်သောလူများကို ကိုင်တွယ်ရန် ကြောက်ရွံ့ကြသည်။ ထိုသို့သောလူများသည် ၎င်းတို့၏ အခန်းကဏ္ဍများအတွက် သင့်တော်ပါသလော။ ၎င်းတို့သည် ဘုရားသခင်အတွက် သက်သေခံရန် အရည်အချင်း ပြည့်မီသလော။ အသင်းတော်မှ ရှင်းလင်းပစ်ရန် လိုအပ်သော ဆိုးယုတ်သူတစ်ဦးအကြောင်း ကြားသည့်အခါ ၎င်းတို့က “သူတို့ကို ရှင်းလင်းဖယ်ရှားရန်မှာ အနည်းငယ် ဒုက္ခရှိ၏။ ကျွန်ုပ်သည် သူတို့နှင့် အတော်ပင် ရင်းနှီးကျွမ်းဝင်ခဲ့ဖူး၏။ သူတို့သည် ကျွန်ုပ်၏ နေရပ်လိပ်စာကိုလည်းကောင်း၊ ကျွန်ုပ်၏ မိသားစုဝင်များအနက် မည်သူတို့က ဘုရားသခင်ကို ယုံကြည်ကြောင်းကိုလည်းကောင်း သိရှိကြ၏။ ကျွန်ုပ်က သူတို့ကို နှင်ထုတ်လိုက်ပါက သူတို့သည် ကျွန်ုပ်အပေါ်၌ ဧကန်မုချ လက်စားချေကြပေလိမ့်မည်” ဟု ပြောဆိုကြသည်။ သင်တို့ မည်သို့ထင်သနည်း၊ ထိုသို့သောလူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ထိုက်သလော။ (မဖြစ်ထိုက်ပါ။) ရှင်းလင်းပစ်ရန် လိုအပ်သော ဆိုးယုတ်သူတစ်ဦးကို ရှာဖွေတွေ့ရှိပြီးနောက် ၎င်းတို့၏ ပထမဆုံးအတွေးမှာ ဆိုးယုတ်သူ၏ လက်စားချေမှုကို ကြောက်ရွံ့လျက် မိမိတို့၏ ကိုယ်ကျိုးစီးပွားသာ တွေးခြင်း ဖြစ်သည်။ ဆိုးယုတ်သူသည် စုဝေးပွဲ နေရာအချို့နှင့် ညီအစ်ကိုမောင်နှမများ၏ ဆက်သွယ်ရန် အချက်အလက်များကို သိရှိထားရာ ရှင်းလင်းပစ်ခြင်းခံရပြီးနောက် အသင်းတော်ကို သို့မဟုတ် ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်နိုင်ခြင်း ရှိမရှိအပြင် ဤအရာကို မည်သို့ ကာကွယ်သင့်သည်ကို ၎င်းတို့ ထည့်သွင်းစဉ်းစားရန် ပျက်ကွက်ကြသည်။ ၎င်းတို့၏ အဓိကစိုးရိမ်မှုမှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများမဟုတ်ဘဲ ဆိုးယုတ်သူသည် ၎င်းတို့၏ မိသားစုအခြေအနေကို သိရှိထားရာ ၎င်းတို့၏ မိသားစုကို သစ္စာဖောက်ပြီး အပျက်သဘောဆောင်သော သက်ရောက်မှုများ ဖြစ်စေမည်ကို ကြောက်ရွံ့ခြင်း ဖြစ်သည်။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သက်သေခံကြသလော။ (မခံကြပါ။) အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဆိုးယုတ်သောလူများက အာဏာရှင်ဆန်ဆန် ပြုမူပြီး အသင်းတော်ကို ထိန်းချုပ်ရန် ကြိုးစားနေသည်ကို မြင်တွေ့ကြသည့်တိုင် ထုတ်ဖော်ပြောဆိုရန် မဝံ့ရဲကြပေ။ ထိုအစား ၎င်းတို့သည် အလျှော့ပေးပြီး ရှောင်တိမ်းကြကာ ဆိုးယုတ်သောလူများကို ကိုင်တွယ်ရန် မဝံ့ရဲကြပေ။ ၎င်းတို့သည် ဆိုးယုတ်သောလူများကို မြင်သည့်အခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် ပျက်ကွက်လျက် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိသော ဆိုးယုတ်သော မကောင်းဆိုးဝါးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ သည်းခြေပျက်မတတ် ကြောက်လန့်ကြသည်။ ဤအတောအတွင်း အချို့သော သာမန်ညီအစ်ကိုမောင်နှမများသည် တရားမျှတစိတ်အချို့ကို ပိုင်ဆိုင်ကြပြီး ဆိုးယုတ်သူတို့ကို တွေ့ရှိပြီးနောက် ၎င်းတို့ကို ထရပ်ကာ ဖော်ထုတ်ဝံ့သည့် သတ္တိနှင့် ယုံကြည်ခြင်းကို ပိုင်ဆိုင်ကြကာ ဆိုးယုတ်သူတို့က ၎င်းတို့အပေါ် လက်စားချေမည်ကို မကြောက်ရွံ့ကြပေ။ သို့သော် ထိုသို့သော လူပုဂ္ဂိုလ်များသည် အသင်းတော်၌ အလွန်နည်းပါးလှသည်။ သင်တို့အားလုံး အစောပိုင်းက ဖော်ပြခဲ့သော ၅ ရာခိုင်နှုန်းသည် ချဲ့ကားပြောဆိုခြင်း ဖြစ်နိုင်ပြီး ချင့်ချိန်ပြောဆိုသော ခန့်မှန်းချက်တစ်ခု မဟုတ်ပေ။ ဤအမြင်ရှုထောင့်မှကြည့်လျှင် လက်စားချေလိုစိတ်ရှိသော ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားရှိသည့် လူပုဂ္ဂိုလ်များအပေါ် လူအများစု၏ သဘောထားမှာ အဘယ်နည်း။ (လူအများစုသည် မိမိကိုယ်ကို ကာကွယ်ကြပါသည်။) ၎င်းတို့၏ ပထမဆုံးအတွေးမှာ မိမိတို့ကိုယ်ကို ကာကွယ်ရန်ဖြစ်ပြီး ဘုရားအိမ်တော်နှင့် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို ကာကွယ်ရန် ဆိုးယုတ်သူတို့ကို မည်သို့ထရပ်ပြီး တိုက်ခိုက်ရမည်ကို မစဉ်းစားဘဲ မိမိကိုယ်ကို ကာကွယ်ခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ ဤမိမိကိုယ်ကို ကာကွယ်ခြင်းက မည်သည့်ပြဿနာကို ညွှန်ပြသနည်း။ (ထိုသို့သောလူများသည် အလွန်တစ်ကိုယ်ကောင်းဆန်ပါသည်။) တစ်ဖက်တွင် ယင်းသည် အလွန်တစ်ကိုယ်ကောင်းဆန်သော လူ့သဘာဝကို ထင်ဟပ်စေပြီး နောက်တစ်ဖက်တွင်မူ လူအများစု၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် အလွန်အားနည်းကြောင်း ပြသနေသည်။ ၎င်းတို့သည် နှုတ်ဖြင့် “ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲတော်မူ၏၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အထောက်အပံ့ ဖြစ်သည်” ဟု အခိုင်အမာဆိုကြသော်လည်း လက်တွေ့အရှိတရားနှင့် ရင်ဆိုင်ရသည့်အခါ ဘုရားသခင်ကို အားမကိုးနိုင်ဘဲ မိမိတို့ကိုယ်ကို အားကိုးရမည်ဟု ခံစားကြရပြီး အမြင့်မားဆုံးသော ဉာဏ်ပညာအဖြစ် ၎င်းတို့ ရှုမြင်သည့်အရာဖြစ်သော မိမိတို့၏ ကိုယ်ပိုင်ကာကွယ်မှုကို ဦးစားပေးကြသည်။ ဆိုလိုရင်းမှာ “မည်သူမျှ ကျွန်ုပ်ကို မကာကွယ်နိုင်ပါ၊ ဘုရားသခင်ပင်လျှင် အားကိုးထိုက်သူမဟုတ်ပါ။ ဘုရားသခင် အဘယ်မှာနည်း။ ကျွန်ုပ်တို့ ကိုယ်တော့်ကို မမြင်နိုင်ပါ။ ထို့အပြင် ဘုရားသခင်က ကျွန်ုပ်ကို ကာကွယ်မည်ဟုတ်မဟုတ်ကို ကျွန်ုပ်မသိပါ။ ကိုယ်တော်က ကျွန်ုပ်ကို မကာကွယ်လျှင် မည်သို့လုပ်မည်နည်း” ဟူ၍ ဖြစ်သည်။ လူတို့၏ ယုံကြည်ခြင်းသည် အလွန်သနားစရာကောင်းလှသည်။ ၎င်းတို့က “ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲတော်မူ၏၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အထောက်အပံ့ ဖြစ်သည်” ဟု အစဉ်မပြတ် ကြွေးကြော်ကြသော်လည်း အခြေအနေများ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် မိမိကိုယ်ကို ကာကွယ်ရန်သာ ရှာကြံကြပြီး စာတန်နှင့် တိုက်ခိုက်ရန်နှင့် မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် ထရပ်နိုင်ခြင်းမရှိဘဲ ဤမျှလောက်သော ယုံကြည်ခြင်းပင် ကင်းမဲ့နေကြသည်။ လူတို့၏ ယုံကြည်ခြင်းသည် အလွန်သနားစရာကောင်းလှသည်၊ ဤကိစ္စအားဖြင့်လည်း အလားတူပင် လုံးဝ ဖော်ထုတ်ခြင်းခံရသည်။ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် ဤမျှပင် သေးငယ်သည်။ လက်စားချေလိုစိတ်ရှိသော ထိုဆိုးယုတ်သည့်လူများနှင့် ပတ်သက်၍ ၎င်းတို့ကို ဖော်ထုတ်လိုသော်လည်း တစ်ယောက်တည်းဖြစ်၍ မစွမ်းသာဟု ခံစားရကာ ဆိုးယုတ်သူတို့၏ နှိပ်ကွပ်ခြင်းကို ခံရမည်ကို ကြောက်ရွံ့သော လူပုဂ္ဂိုလ်အနည်းငယ် ရှိပါက ၎င်းတို့သည် အနည်းငယ်သော ခေါင်းဆောင်များ၊ အမှုဆောင်နှင့်ဖြစ်စေ၊ ပိုင်းခြားသိမြင်နိုင်စွမ်းရှိသော ညီအစ်ကိုမောင်နှမများနှင့်ဖြစ်စေ ပူးပေါင်းသင့်သည်။ ၎င်းတို့ အင်အားစုစည်းပြီးနောက်တွင် အောင်ပွဲအတွက် အကြွင်းမဲ့ ယုံကြည်စိတ်ချမှု ရှိလာကြလိမ့်မည်။ ထို့နောက် ၎င်းတို့သည် ထိုသို့သော ဆိုးယုတ်သည့်လူများ၏ လုပ်ရပ်များနှင့် အပြုအမူများကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးနိုင်ကာ လူအများစုကို ဆိုးယုတ်သောလူများ၏ စရိုက်မှန်များကို ပိုင်းခြားသိမြင်ပြီး ရှင်းလင်းစွာ မြင်တွေ့စေနိုင်သဖြင့် လူတိုင်းသည် တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းနိုင်ကြပြီး ဆိုးယုတ်သောလူများကို ပေါင်း၍ ရှင်းလင်းပစ်နိုင်ကြမည်ဖြစ်သည်။ အစောပိုင်းက သင်တို့က ဆိုးယုတ်သောလူပုဂ္ဂိုလ်များ ပေါ်ပေါက်လာသည့်အခါ ဘုရားသခင် ရွေးချယ်ထားသောလူများထဲမှ အယောက်နှစ်ဆယ်တွင် တစ်ယောက်ခန့်သည် တရားမျှတစွာ ပြောဆိုရန်နှင့် ထိုသို့သော ဆိုးယုတ်သည့်လူများကို ထရပ်ကာ ရှင်းလင်းပစ်ဝံ့သည့် တရားမျှတစိတ် ရှိနိုင်သည်ဟု သင်တို့ ဖော်ပြခဲ့သည်။ အယောက်နှစ်ဆယ်တွင် တစ်ယောက်သည် အနည်းငယ် နည်းလွန်းသည်၊ အသင်းတော်တစ်ခုတွင် လူဆယ်ဦးသာ ပါဝင်ပါက ၎င်းတို့သည် ဆိုးယုတ်သောလူပုဂ္ဂိုလ်များကို မည်သို့ ရှင်းလင်းပစ်မည်နည်း။ ၎င်းတို့သည် မတတ်နိုင်ကြပေ၊ ထိုလူဆယ်ဦးသည် ဆိုးယုတ်သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေမည်ဖြစ်ပြီး ၎င်းတို့ထံမှ မတရားပြုမူဆက်ဆံခြင်းကို ကြံ့ကြံ့ခံရမည်ဖြစ်ကာ ယင်းမှာ လက်မခံနိုင်စရာ ဖြစ်သည်။ ဆယ်ယောက်တွင် တစ်ယောက် သို့မဟုတ် ငါးယောက်တွင် တစ်ယောက်ပင်လျှင် ဆိုးယုတ်သောလူများကို ထရပ်ပြီး တိုက်ခိုက်ဝံ့သည့် သတ္တိရှိရန် ရည်မှန်းခြင်းသည် အလွန်ကောင်းပေမည်။ မိမိကိုယ်ကို အစဉ်မပြတ် ကာကွယ်ရန် ကြိုးစားခြင်းသည် စာတန်၏ရှေ့မှောက်၌ သက်သေခံချက်ကို ဆုံးရှုံးသည့် အကျိုးဆက်ဖြစ်စေရုံသာမက သာ၍ဆိုးသည်မှာ ဘုရားသခင်၏ရှေ့မှောက်၌ သမ္မာတရားကို ရရှိရန် အခွင့်အရေးကို ဆုံးရှုံးစေသည်။ ဆိုးယုတ်သောလူပုဂ္ဂိုလ်တစ်ဦးရှိသော အသင်းတော်တစ်ခုတွင် အနည်းဆုံး လူအချို့ ထိခိုက်ခံလိမ့်မည်၊ ဆိုးယုတ်သောလူပုဂ္ဂိုလ်နှစ်ဦး ရှိပါက လူအများစု ထိခိုက်ခံလိမ့်မည်၊ အန္တိခရစ်တစ်ဦးက အာဏာကိုင်စွဲပြီး ၎င်း၏အောက်တွင် အပေါင်းအပါများနှင့် လက်ပါးစေများစွာ ရှိပါက အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသောလူများအားလုံး ထိခိုက်ခံရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အမှန်ပင်လော။ (ဟုတ်ပါသည်။) ဆိုးယုတ်သူတို့ကို ဆန့်ကျင်၍ ထရပ်သောလူတစ်ဦးသည် အင်အားတစ်ရပ်ကို ကိုယ်စားပြုပြီး ဆိုးယုတ်သူတို့ကို ဆန့်ကျင်၍ ထရပ်သောလူဆယ်ဦးသည် အင်အားဆယ်ရပ်ကို ကိုယ်စားပြုသည်။ သို့ဆိုလျှင် ဆိုးယုတ်သောလူများသည် လူတစ်ဦးကို ပိုကြောက်သလော သို့မဟုတ် လူဆယ်ဦးကို ပိုကြောက်သလော သင်တို့ထင်သနည်း။ (လူဆယ်ဦး ဖြစ်ပါသည်။) ထိုသို့ဆိုလျှင် လူအယောက်နှစ်ဆယ်၊ သုံးဆယ် သို့မဟုတ် ငါးဆယ်တို့အားလုံးက ဆိုးယုတ်သူတို့ကို ဆန့်ကျင်၍ ထရပ်ကြပါက အဆုံးတွင် မည်သူ အနိုင်ရမည်နည်း။ (ညီအစ်ကိုမောင်နှမများ ဖြစ်ပါသည်။) အဆုံးတွင် ညီအစ်ကိုမောင်နှမများ အနိုင်ရကြလိမ့်မည်။ ထိုသို့ဆိုလျှင် ဆိုးယုတ်သောလူများကို ရှင်းလင်းပစ်ခြင်းသည် များစွာ ပို၍ လွယ်ကူသွားသည် မဟုတ်လော။ လူများလျှင် အင်အားရှိသည်၊ ဤရိုးရှင်းသော သဘောတရားသည် သင်တို့အားလုံးအတွက် ရှင်းလင်းနေသင့်သည်။ သို့ဖြစ်၍ ဆိုးယုတ်သောလူများကို ပိုင်းခြားသိမြင်ပြီး ရှင်းလင်းပစ်ခြင်းသည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးတစ်ယောက်၏ တာဝန်သာမဟုတ်ဘဲ အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသောလူများအားလုံး၏ စုပေါင်းတာဝန် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ကြိုးပမ်းမှုများဖြင့် ဆိုးယုတ်သောလူများကို ရှင်းလင်းပစ်ရန် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ လူတိုင်းသည် ကောင်းသောနေ့ရက်များကို ပျော်မွေ့ခံစားနိုင်ကြသည်။ ဆိုးယုတ်သောလူများကို မရှင်းလင်းဘဲ ၎င်းတို့၏ နောင်တရခြင်းကို မျှော်လင့်လျက် အသင်းတော်၌ ချန်ထားခဲ့သော်လည်း ခြောက်လ သို့မဟုတ် တစ်နှစ်ကြာပြီးနောက်တွင် တိုးတက်မှုတစ်စုံတစ်ရာ မတွေ့ရဘဲ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို သည်းမခံနိုင်သော အနှောင့်အယှက်များကို ဆက်လက်ဖြစ်စေနေပါက ဤသည်မှာ ဆိုးယုတ်သူကို သနားကရုဏာပြခြင်း၏ ရလဒ်ဖြစ်သည်။ ဆိုးယုတ်သောလူများကို အာဏာရှင်ဆန်ဆန် ပြုမူပြီး အသင်းတော်ကို ထိန်းချုပ်ရန် ခွင့်ပြုခြင်းသည် မိမိကိုယ်ကို ဆိုးယုတ်သူတို့၏ လက်ထဲသို့ အပ်နှံခြင်းနှင့် ညီမျှသည့်အပြင် ညီအစ်ကိုမောင်နှမများကိုလည်း ၎င်းတို့၏ လက်ထဲသို့ ပို့ဆောင်ပေးခြင်းနှင့် ညီမျှကာ ၎င်းတို့ကို ဘုရားသခင် ရွေးချယ်ထားသောလူများကို လွတ်လပ်စွာ ထိန်းချုပ်ပြီး ဆိုးရွားစွာ ထိခိုက်စေရန် ခွင့်ပြုခြင်း ဖြစ်သည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့က အာဏာကိုင်စွဲထားသော ပတ်ဝန်းကျင်တစ်ခုတွင် သမ္မာတရားကို နားလည်ပြီး ရရှိရန် လွယ်ကူပါသလော။ (မလွယ်ကူပါ။) အချိန်သည် အဖိုးတန်သည်။ ဆိုးယုတ်သောလူများကို တတ်နိုင်သမျှ အမြန်ဆုံး ရှင်းလင်းပစ်ခြင်းဖြင့် သင်သည် ငြိမ်သက်ခြင်းကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ရရှိနိုင်ပြီး သင့်တော်သော အသင်းတော်အသက်တာကို ပျော်မွေ့ခံစားနိုင်ကာ သမ္မာတရားကို ပို၍ နားလည်နိုင်မည်ဖြစ်သည်။ သင်သည် ဆိုးယုတ်သောလူများကို မရှင်းလင်းဘဲထားပါက ၎င်းတို့သည် မိမိတို့အလိုရှိသမျှကို ပြောဆိုပြီး လုပ်ဆောင်လျက် ခွေးရူးများကဲ့သို့ လူတို့ကြားတွင် အနှောင့်အယှက်နှင့် ပျက်စီးခြင်းကို ဖြစ်စေလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို ရရှိရန် သင်၏အချိန်ကို လုယူခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ သင်၏အချိန်နှင့် သင်၏ တာဝန်ထမ်းဆောင်မှုသည် ဆိုးယုတ်သူတို့၏ ထိန်းချုပ်ခြင်းကို ခံရသည်ဟု ဆိုလိုသည်။ ဤသည်မှာ ကောင်းသောအရာလော သို့မဟုတ် ဆိုးသောအရာလော။ (ဆိုးသောအရာ ဖြစ်ပါသည်။) သဘောတရားအရ လူတိုင်းသည် ၎င်းမှာ ဆိုးသောအရာဖြစ်ကြောင်း သိကြသော်လည်း အသင်းတော်ကို နှောင့်ယှက်နေသော ဆိုးယုတ်သည့်လူများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဤသို့ မစဉ်းစားကြတော့ဘဲ ဆိုးယုတ်သူတို့၏ ကြံစည်ခြင်း သို့မဟုတ် ဆိုးရွားစွာ ထိခိုက်စေခြင်းကို မခံရရန်သာ အာရုံစိုက်ကြသည်။ အသင်းတော်တစ်ခုရှိ ဘုရားသခင် ရွေးချယ်ထားသောလူများအားလုံးသည် ဆိုးယုတ်သောလူများကို ဤသို့ ကြောက်ရွံ့နေကြပါက အသင်းတော်သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့၏ ထိန်းချုပ်မှုအောက်သို့ အလွယ်တကူ ကျရောက်သွားမည်ဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများသည်လည်း ၎င်းတို့၏ ထိန်းချုပ်ခြင်းကို ခံရမည်ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်မည်လော။ ပြောဖို့ ခက်သွားပြီ။ အကယ်၍ အသင်းတော်တစ်ခုတွင် သမ္မာတရားကို နားလည်ပြီး ဘုရားသခင်ကို သက်သေခံခြင်းနှင့် အစေခံခြင်း၌ တစ်စိတ်တစ်ဝမ်းတည်းရှိသော လူနှစ်ဦး သို့မဟုတ် သုံးဦး မရှိပါက ၎င်းသည် မျှော်လင့်ချက်မဲ့သော အသင်းတော်တစ်ခုဖြစ်ပြီး ထိုအရာသည် ဝမ်းနည်းဖွယ်အခြေအနေတစ်ခု ဖြစ်သည်။

လက်စားချေလိုစိတ်ရှိခြင်းသည် ဆိုးယုတ်သောအပြုအမူ၏ သရုပ်သကန်တစ်ခုဖြစ်ပြီး ယင်းသည် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားမှ ထွက်ပေါ်လာသော အပြုအမူများနှင့် သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်။ ထိုသို့သော လူပုဂ္ဂိုလ်များသည် ဤတိကျသော အပြုအမူကို ပြသသည့်အခါ ဆိုးယုတ်သောလူများအဖြစ် သတ်မှတ်ခြင်းခံရမည်။ အချို့လူများသည် စိတ်သဘောထား သေးသိမ်သောကြောင့်၊ ထိုးထွင်းသိမြင်မှု ကင်းမဲ့သောကြောင့် သို့မဟုတ် သမ္မာတရားကို နားမလည်သော ယုံကြည်သူအသစ်များ ဖြစ်သောကြောင့် အခြားသူများနှင့် အစဉ်အမြဲ အသေးအဖွဲကိစ္စများအတွက် ငြင်းခုံကြသည်၊ ၎င်းတို့အပေါ် အဆင်မပြေဖြစ်စေသော သို့မဟုတ် ၎င်းတို့ကို ထိခိုက်စေခဲ့သောသူများအပေါ် အမုန်းတရား သိုထားကြသည် သို့မဟုတ် တစ်ချိန်က အချို့သော လူပုဂ္ဂိုလ်များအပေါ် လက်စားချေရန် နည်းလမ်းအချို့ကို အသုံးပြုခဲ့ကြသည်မှာ ပြောစရာမလိုပေ၊ သို့သော် လက်စားချေလိုစိတ်ရှိသောသူများသည် ဆိုးယုတ်သောလူများဖြစ်ပြီး အသင်းတော်မှ ရှင်းလင်းပစ်ခြင်းခံရမည်ဟု ကြားသိရသည့်အခါ ၎င်းတို့သည် မိမိတို့၏ အတွေးများကို ပြောင်းလဲကြပြီး စိတ်ထဲတွင် တိတ်တဆိတ် ပြန်လည်လှည့်ပြန်လာကြကာ မိမိတို့၏ အပြုအမူတွင် ချင့်ချိန်မှုနှင့် ချုပ်တည်းမှုအချို့ကို ပြသကြသည်။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများသည် ဆိုးယုတ်သူတို့၏ အမျိုးအစားထဲတွင် ပါဝင်သည်ဟု မှတ်ယူခံရသလော။ (မခံရပါ။) ဤအရာကို မည်သည့်အရာက ညွှန်ပြသနည်း။ (မိမိတို့ကိုယ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်း ဖြစ်ပါသည်။) မိမိတို့ကိုယ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းက မည်သည့်အရာကို သက်သေပြသနည်း။ ယင်းမှာ ၎င်းတို့က သမ္မာတရားကို လက်ခံနိုင်ကြောင်း သက်သေပြသည်၊ ယင်းသည် ကောင်းသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို လက်ခံနိုင်သည်ဟု ငါတို့ အဘယ်ကြောင့် ပြောဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စနှင့်ပတ်သက်၍ သမ္မာတရားကို ကြားနာပြီးနောက် လက်စားချေခြင်းကို ရှာကြံခြင်းသည် ဆိုးယုတ်သောလူများ၏ သရုပ်သကန်တစ်ခုဖြစ်ကြောင်း သိရှိပြီးနောက် ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေကို ဆင်ခြင်သုံးသပ်ကြပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဝန်ခံကာ ထို့နောက် ဘုရားသခင်ထံ နောင်တရလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ပြုမူပြီး မိမိတို့၏ အပြုအမူကို ချုပ်တည်းကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လက်ခံခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့ ဤနေရာတွင် ပြောဆိုနေသော ဆိုးယုတ်သည့်လူများမှာမူ သမ္မာတရားကို လက်မခံကြပေ။ သင်သည် ၎င်းတို့အား သမ္မာတရားကို မည်မျှပင် ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့သည် လက်မခံကြပေ၊ ၎င်းတို့သည် မည်သူ့စကားကိုမျှ နားမထောင်ဘဲ ခေါင်းမာစွာ ဆက်လက်နေထိုင်ကြသည်။ သင်က ၎င်းတို့အား “သင်၏ လုပ်ရပ်များသည် ရှင်းလင်းပစ်ခြင်းခံရရန် ဦးတည်သွားလိမ့်မည်” ဟု သတိပေးလျှင်ပင် ၎င်းတို့သည် ဂရုမစိုက်ဘဲ မည်သူကမျှ မပြောင်းလဲနိုင်ဘဲ မိမိတို့၏ နည်းလမ်းများအတိုင်း ဆက်လက်လုပ်ဆောင်ကြသည်။ သင်က ၎င်းတို့ကို ဖော်ထုတ်သည့်အခါ ၎င်းတို့သည် မိမိတို့၏ အမှားများကို ဝန်မခံကြပေ။ သင်က ၎င်းတို့အား ၎င်းတို့သည် လက်စားချေလိုစိတ်ရှိသောသူတစ်ဦးဖြစ်ကြောင်း၊ ၎င်းတို့သည် ဆိုးယုတ်ကြောင်းနှင့် ၎င်းတို့ကို ရှင်းလင်းပစ်သင့်ကြောင်း ပြောဆိုသည့်အခါ ၎င်းတို့သည် မိမိတို့၏ မကောင်းမှုပြုခြင်းကို လုံးဝစွန့်လွှတ်မည် မဟုတ်ဘဲ သေချာပေါက် ပြန်လည်လှည့်ပြန်လာကြမည် မဟုတ်ပေ။ ဤသူတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြပေ၊ ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရကို မည်သို့ပင် သတ်မှတ်သည်ဖြစ်စေ၊ ၎င်းတို့၏ ဒုစရိုက်အမှုများကို မည်သို့ပင် ဖော်ထုတ်သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့ကို မည်သို့ပင် ကိုင်တွယ်သည်ဖြစ်စေ ၎င်းတို့သည် မတုန်မလှုပ် ဆက်လက်တည်ရှိနေကြပြီး မိမိတို့၏ အမှားများကို ဝန်ခံရန် လုံးဝ ခေါင်းငုံ့ကြမည် မဟုတ်သည့်အပြင် သေချာပေါက် လက်လွှတ်ကြမည် မဟုတ်ပေ။ ဤသည်မှာ မိမိတို့ကိုယ်ကို မပြုပြင်ပြောင်းလဲနိုင်ခြင်း ဖြစ်သည်။ မိမိကိုယ်ကို မပြုပြင်ပြောင်းလဲခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရားကို လက်ခံရန် ငြင်းပယ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် မှန်ကန်သော စကားတစ်ခွန်း သို့မဟုတ် သမ္မာတရား၏ ကဏ္ဍတစ်ခုကိုပင် လက်ခံနိုင်ခဲ့ပါက နောက်ကြောင်းပြန်မလှည့်ဘဲ မှားယွင်းသောလမ်းကြောင်းအတိုင်း ဆက်လက် လျှောက်လှမ်းကြမည် မဟုတ်ပေ။ ၎င်းတို့သည် လမ်းကြောင်းပြောင်းပြန်လှည့်ပြီး မိမိတို့၏ အမှားများကို ဝန်ခံကာ အတိုင်းအတာတစ်ခုအထိ ၎င်းတို့ ယခင်က စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားခဲ့သည့်အရာကို လက်လွှတ်ကြပေမည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများ ဖြစ်သောကြောင့်၊ ၎င်းတို့သည် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားရှိသည့် ဆိုးယုတ်သော လူပုဂ္ဂိုလ်များ ဖြစ်သောကြောင့် ထိုသို့သော စိတ်သဘောထားမှ လက်စားချေခြင်းကို ရှာကြံသည့် ၎င်းတို့၏ အပြုအမူ ပေါ်ပေါက်လာပြီးနောက် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖော်ထုတ်သည့်အရာကို လက်ခံရန်၊ ပြုပြင်ခြင်းကို လက်ခံရန် သို့မဟုတ် ဤသို့သော သတ်မှတ်ခြင်းမျိုးကို လက်ခံရန် ငြင်းပယ်သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် မိမိတို့၏ နည်းလမ်းများကို အဆုံးတိုင်အခိုင်အမာ ဆုပ်ကိုင်ထားကြသည်။ ၎င်းတို့သည် သတ်မှတ်ခြင်း သို့မဟုတ် ဖော်ထုတ်ခြင်းခံရရန် လက်ခံဖို့ အစီအစဉ်မရှိသကဲ့သို့ မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ဝန်ခံရန်လည်း ရည်ရွယ်ချက်မရှိပေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ဝန်မခံဘဲနှင့်မူ ၎င်းတို့သည် မိမိတို့၏ လက်စားချေခြင်းကို ရှာကြံသည့် အပြုအမူနှင့် လုပ်ရပ်များကို စွန့်လွှတ်ရန် သို့မဟုတ် မိမိတို့၏ ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းများကို စွန့်လွှတ်ရန်လည်း အစီအစဉ်မရှိသည်မှာ ပြောစရာမလိုပေ။ ၎င်းတို့သည် အစအဆုံး လုံးလုံးလျားလျား ဆိုးယုတ်ကြသည်။ ထိုသို့သော ဆိုးယုတ်သည့်လူများသည် နတ်ဆိုးများ မဟုတ်ကြလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် စာတန်၏ အနှစ်သာရကို လုံးဝ ပိုင်ဆိုင်သော နတ်ဆိုးများ ဖြစ်ကြသည်။ သင်သည် ၎င်းတို့ကို မပြောင်းလဲနိုင်ပေ။ ၎င်းတို့ကို အဘယ်ကြောင့် မပြောင်းလဲနိုင်သနည်း။ အရင်းခံအကြောင်းရင်းမှာ သမ္မာတရားကို လက်ခံရန် ၎င်းတို့၏ အကြွင်းမဲ့ ငြင်းပယ်ခြင်း၌ တည်ရှိသည်။ ၎င်းတို့သည် အသေးငယ်ဆုံးသော သမ္မာတရားကိုပင်၊ မည်သည့်မှန်ကန်သော စကားကိုမဆို၊ အပြုသဘောဆောင်သော စကား သို့မဟုတ် အပြုသဘောဆောင်သော အရာကိုမဆို ပယ်ချကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်နှင့် အပြုသဘောဆောင်သော အရာများအဖြစ် နှုတ်ဖြင့် အသိအမှတ်ပြုလျှင်ပင် ၎င်းတို့၏ စိတ်နှလုံးများသည် သမ္မာတရားကို လုံးဝ လက်မခံကြသကဲ့သို့ မိမိတို့၏ ကျင့်ကြံပြုမူခြင်းနှင့် အမှုအရာများကို လုပ်ဆောင်ခြင်းနည်းလမ်းများကို ပြောင်းလဲရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားရန်လည်း အစီအစဉ်မရှိကြပေ။ တစ်ခါတစ်ရံတွင် ၎င်းတို့က မိမိတို့၏ လုပ်ရပ်များသည် စာတန်၏ အတွေးအခေါ်အပေါ် လုံးလုံး အခြေခံကြောင်း နှုတ်ဖြင့် ဝန်ခံကောင်း ဝန်ခံနိုင်သော်လည်း သမ္မာတရားကိုမူ လုံးဝ လက်ခံကြမည် မဟုတ်သေးပေ။ ၎င်းတို့နှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့သော မည်သူမဆိုသည် ၎င်းတို့၏ အလွန်အမင်း ရွံရှာစက်ဆုပ်ခြင်းနှင့် ၎င်းတို့၏ အမုန်းတရားနှင့် ဝေဖန်မှုကိုပင် ကြုံတွေ့ရပြီး ၎င်းတို့ကို ဖော်ထုတ်ပြီး ပိုင်းခြားသိမြင်သော မည်သူမဆိုသည် မည်သူပင်ဖြစ်စေ ၎င်းတို့၏ အမုန်းတရားနှင့် လက်စားချေမှုအတွက် ပစ်မှတ်တစ်ခု ဖြစ်လာသည်၊ ၎င်းတို့၏ မိဘအရင်းများပင်လျှင် ချမ်းသာခွင့်မရကြပေ။ ၎င်းတို့သည် ပြုပြင်၍မရနိုင်သောသူများ မဟုတ်ကြလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ပြုပြင်၍မရနိုင်သောသူများ ဖြစ်ကြသည်။ ၎င်းတို့ကို ရှင်းလင်းပစ်ခြင်းသည် နှမြောစရာတစ်ခုလော။ (မဟုတ်ပါ။) ထိုသို့သော လူပုဂ္ဂိုလ်များကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုရမည်။ ဤသည်တို့မှာ အခြေခံအားဖြင့် လက်စားချေလိုစိတ်ရှိသောသူတို့၏ သရုပ်သကန်များ အားလုံးပင် ဖြစ်သည်၊ ဤသည်တို့မှာ ၎င်းတို့၏ စရိုက်လက္ခဏာများ၊ ၎င်းတို့၏ စိတ်သဘောထားများ၊ ၎င်းတို့၏ အမှုအရာများကို လုပ်ဆောင်ခြင်း နည်းလမ်းများ၊ နည်းစနစ်များနှင့် ၎င်းတို့၏ တွေးခေါ်မှုဖြစ်စဉ်များအပြင် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားတို့ ဖြစ်သည်၊ ဤသည်မှာ အခြေခံအားဖြင့် ဤမျှသာဖြစ်သည်။ ၎င်းတို့က အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများအပေါ် သက်ရောက်စေသော အကျိုးသက်ရောက်မှုကို အစောပိုင်းက ဆွေးနွေးပြီးဖြစ်သောကြောင့် နောက်တစ်ကြိမ် မိတ်သဟာယဖွဲ့ရန် မလိုအပ်တော့ပေ။ စတုတ္ထအမျိုးအစားဖြစ်သော လူများ၊ လက်စားချေလိုစိတ်ရှိသောသူတို့၏ သရုပ်သကန်များအပေါ် မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် နိဂုံးချုပ်လိုက်သည်။

င။ မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်ခြင်း

ဆက်လက်၍ ငါတို့သည် ပဉ္စမမြောက် လူစားမျိုးဖြစ်သည့် မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်သောသူတို့အကြောင်းကို မိတ်သဟာယဖွဲ့ကြမည်။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သလော။ စာသားအတိုင်း ကြည့်ရလျှင် မိမိ၏နှုတ်ကို မစောင့်စည်းနိုင်ခြင်းသည် သိသာထင်ရှားသော ပြဿနာတစ်ခုဟု မထင်ရပေ။ အချို့သူတို့သည် ဤလူပုဂ္ဂိုလ်တို့ကို ဆိုးယုတ်သောလူများအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းနှင့်ပတ်သက်၍ အချို့သော အတွေးများ ရှိကောင်းရှိနိုင်သည်၊ “လူတို့တွင် ပါးစပ်များ ရှိသောကြောင့် ၎င်းတို့သည် အချိန်မရွေး နေရာမရွေး စကားပြောရန် ရည်ရွယ်သည်၊ ၎င်းတို့သည် အချိန်မရွေး နေရာမရွေး ကိစ္စရပ်များကို ဆွေးနွေးနိုင်ပေသည်။ မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်သောသူတို့ကို ရှင်းလင်းပစ်ရမည့် ဆိုးယုတ်သောသူတို့ကြားတွင် အမျိုးအစားခွဲခြားခြင်းသည် အနည်းငယ် လွန်ကဲလွန်းသည် မဟုတ်လော” ဟူ၍ဖြစ်သည်။ ဤအကြောင်းနှင့်ပတ်သက်၍ သင်တို့ မည်သို့ထင်သနည်း။ (၎င်းတို့သည် အသင်းတော်အသက်တာ သို့မဟုတ် အသင်းတော်၏အလုပ်အပေါ် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေပြီး ဆိုးကျိုးများကို ဖြစ်ပေါ်စေပါက ၎င်းတို့ကိုလည်း ရှင်းလင်းပစ်ရမည် ဖြစ်ပါသည်။) ထိုသို့သောလူများနှင့်ဆိုင်သော ပြဿနာမှာ ၎င်းတို့၏ နှုတ်ကို မစောင့်စည်းခြင်းအကြောင်း မဟုတ်ပေ၊ ယင်းမှာ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအပေါ်တွင်လည်းကောင်း၊ အသင်းတော်အသက်တာအပေါ်တွင်လည်းကောင်း၊ အသင်းတော်အလုပ်အပေါ်တွင်လည်းကောင်း အနှောင့်အယှက်များကို ဖြစ်စေပါက သို့မဟုတ် ၎င်းတို့၏ စကားများသည် သစ္စာမဲ့ခြင်းနှင့် အသင်းတော်ကို သစ္စာဖောက်ခြင်းတို့နှင့် ညီမျှနေပြီး ဘုရားအိမ်တော်နှင့် ဘုရားသခင်၏ နာမတော်အပေါ် ရှက်ကြောက်ဖွယ်ရာကိုပင် သယ်ဆောင်လာပါက ထိုသို့သော လူပုဂ္ဂိုလ်တို့ကို ကိုင်တွယ်ရမည်ဖြစ်သည်။ မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်သောသူတို့၏ သရုပ်သကန်များကို ဦးစွာ ဆွေးနွေးကြစို့၊ ထို့နောက် ၎င်းတို့ကို မည်သို့ ကိုင်တွယ်ရမည်ကို ဆွေးနွေးကြမည်။ မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်သောလူတို့ကို “ပါးစပ်မလုံသူများ” ဟု ခေါ်နိုင်သလော။ (ခေါ်နိုင်ပါသည်။) ယင်းမှာ မှန်ကန်သလော။ ဤသည်မှာ ထိုသို့သောလူများ၏ လက္ခဏာတစ်ခုလော။ ပါးစပ်မလုံသူဖြစ်ခြင်းဆိုသည်မှာ မည်သည့်အရာကို ပြောသင့်သည် သို့မဟုတ် မပြောသင့်သည်ကို မသိရှိဘဲ မိုက်မဲခြင်း၊ အကျိုးဆက်များကို ထည့်မစဉ်းစားဘဲ စိတ်ထဲပေါ်လာသမျှကို ပြောဆိုခြင်းကို ဆိုလိုသလော။ ဤသည်မှာ မိမိ၏နှုတ်ကို မစောင့်စည်းခြင်းအား ဆိုလိုသည့်အရာလော။ (မဟုတ်ပါ။) အချို့လူတို့သည် စကားပြောဆိုခြင်းနှင့် ဆက်သွယ်ပြောဆိုခြင်းတို့တွင် တော်ကြသည်၊ ၎င်းတို့သည် ပွင့်လင်းပြီး အတော်အတန် ရိုးစင်းကာ ရိုးသားကြသည်။ ၎င်းတို့သည် မိမိတို့၏ အတွင်းစိတ် အတွေးအခေါ်များနှင့် စိတ်ကူးများ၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းဆိုင်ရာ ထုတ်ဖော်ပြမှုများ၊ မိမိတို့ တွေ့ကြုံခဲ့ရသည့်အရာများနှင့် မိမိတို့၏ အမှားများကိုပင် အခြားသူတို့နှင့် မကြာခဏ ဝေမျှကြသည်။ သို့သော် ဤလူပုဂ္ဂိုလ်တို့သည် မိုက်မဲကြခြင်းမျိုးဖြစ်စေ၊ မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်ကြခြင်းမျိုးဖြစ်စေ ဖြစ်ချင်မှဖြစ်ပေမည်။ ၎င်းတို့သည် အရာရာတိုင်းအကြောင်းကို ပြောဆိုကြပြီး အတော်အတန် ရိုးစင်းကာ ရိုးသားပုံရသည်၊ သို့သော် အရေးကြီးသော ကိစ္စရပ်များ၊ ဘုရားသခင် သို့မဟုတ် ဘုရားအိမ်တော်အပေါ် ရှက်ကြောက်ဖွယ်ရာကို သယ်ဆောင်လာနိုင်သည့် ကိစ္စရပ်များ သို့မဟုတ် ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်ကို ၎င်းတို့ သစ္စာဖောက်ခြင်းနှင့် သက်ဆိုင်နိုင်သည့် ကိစ္စရပ်များသို့ ပတ်သက်လာသည့်အခါတွင်မူ ၎င်းတို့ကို ယုဒများဖြစ်သွားစေလျက် စကားတစ်ခွန်းမျှ မပြောဆိုကြပေ။ ဤသည်ကို မိမိ၏နှုတ်ကို စောင့်စည်းခြင်းဟု ခေါ်သည်။ သို့ဖြစ်၍ ပွင့်လင်းသောလူများ၊ ပါးစပ်မလုံသောလူများ သို့မဟုတ် စကားပြောဆိုရာတွင် တော်သောသူတို့သည် မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်ကြခြင်းမျိုး မဟုတ်ပေ။ ဤနေရာတွင် မိမိ၏နှုတ်ကို မစောင့်စည်းနိုင်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ မိမိ၏နှုတ်ကို မစောင့်စည်းနိုင်ခြင်းဆိုသည်မှာ စည်းမျဉ်းများမရှိဘဲ စကားပြောဆိုခြင်းနှင့် ပရိသတ်၊ အချိန်အခါ သို့မဟုတ် အခြေအနေကို ထည့်မစဉ်းစားဘဲ မဆင်မခြင် ပြောဆိုခြင်းကို ဆိုလိုသည်။ ထို့အပြင် ယင်းတွင် အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် လုံးဝ မသိရှိခြင်း သို့မဟုတ် ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်အသက်တာကို အကျိုးပြုခြင်း ရှိမရှိကို လုံးဝ ဂရုမစိုက်ဘဲ မည်သည့်အရာကိုမဆို ပြောဆိုခြင်းတို့ ပါဝင်သည်။ “မည်သည့်အရာကိုမဆို ပြောဆိုခြင်း” ၏ အကျိုးဆက်မှာ အဘယ်နည်း။ ယင်းမှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို မရည်ရွယ်ဘဲ သစ္စာဖောက်ခြင်း ဖြစ်သည်။ မရည်ရွယ်ဘဲနှင့် ၎င်းတို့၏ မဆင်မခြင် ပြောဆိုခြင်းနှင့် မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်ခြင်းတို့ကြောင့် ၎င်းတို့သည် ဘာသာတရားမရှိသူတို့ကို ဘုရားအိမ်တော်အား ဆန့်ကျင်ဖို့ နိုင်ကွက် ပေးသည်၊ ဘာသာတရားမရှိသူတို့ကို အချို့သော ညီအစ်ကိုမောင်နှမများအား လှောင်ပြောင်စေသည်၊ ဘာသာတရားမရှိသူများနှင့် ဘုရားသခင်ကို မယုံကြည်သောလူတို့အား ၎င်းတို့ မသိသင့်သည့် အမှုအရာများစွာကို သိရှိစေသည်။ ရလဒ်အနေဖြင့် ဤလူတို့သည် ဘုရားအိမ်တော်၏ ကိစ္စရပ်များနှင့် အသင်းတော်၏ အတွင်းရေးကိစ္စများအပေါ် လွတ်လပ်စွာ မှတ်ချက်ပေးကြပြီး အရိုအသေတန်သော မှတ်ချက်များ ပြုကြကာ ဘုရားသခင်ကို အသရေဖျက်ပြီး ပြစ်မှားစော်ကားသည့်အရာများကို ပြောဆိုကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၊ အသင်းတော်နှင့် ဘုရားအိမ်တော်၏ အလုပ်တို့အကြောင်း ကောလာဟလများကိုပင် လုပ်ကြံဖန်တီးကာ ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပေသည်။ ဤသည်မှာ ဘုရားအိမ်တော်၏အလုပ်အပေါ် အနှောင့်အယှက်တစ်ခု ဖြစ်ပေါ်စေပြီး မကောင်းမှုပြုခြင်းနှင့် ညီမျှသည်။ အချို့သော လူပုဂ္ဂိုလ်တို့သည် အသင်းတော်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များ မည်သူဖြစ်သည်၊ ၎င်းတို့၏ မိသားစုလိပ်စာများ၊ ညီအစ်ကိုမောင်နှမများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ၊ အသင်းတော်၏ ဘဏ္ဍာရေးနှင့် စာရင်းအင်းအလုပ်၊ စာရင်းကိုင်အလုပ်လုပ်သူများနှင့် အသင်းတော်မှ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရသော လူများ၏ စာရင်းတို့ကို လေ့လာခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းအပေါ် အထူးဂရုပြုကြသည်။ ၎င်းတို့သည် အသင်းတော်၏ အလုပ်အစီအစဉ်များအကြောင်း လေ့လာခြင်းကိုလည်း အထူးအာရုံစိုက်ကြသည်။ ထိုသို့သော အပြုအမူသည် အလွန် သံသယဖြစ်ဖွယ်ကောင်းပြီး ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ လျှို့ဝှက်သတင်းပေးများ သို့မဟုတ် သူလျှိုများ ဖြစ်နိုင်ကြောင်းကို ညွှန်ပြနိုင်ပေသည်။ ဤအသေးစိတ် အချက်အလက်များသည် ဘာသာတရားမရှိသော နတ်ဆိုးများထံသို့ ပေါက်ကြားသွားပြီး အဆင်းနီသော နဂါးကြီးအား ၎င်းတို့အကြောင်း သိရှိစေပါက အကျိုးဆက်များမှာ မတွေးဝံ့စရာ ဖြစ်ပေမည်။ အချို့သည် မိုက်မဲခြင်းနှင့် အသိဉာဏ်ကင်းမဲ့ခြင်းတို့ကြောင့် ဤအချက်အလက် သို့မဟုတ် ယင်း၏ တစ်စိတ်တစ်ပိုင်းကို မိမိတို့၏ ဘာသာတရားမရှိသော မိသားစုဝင်များထံ ဝေမျှကောင်း ဝေမျှနိုင်ပြီး ထိုသူတို့က ယင်းကို ဖြန့်ဝေခြင်း သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ ကိုယ်စားလှယ်များထံ ပေးအပ်ခြင်းတို့ ပြုလုပ်ကြသည်။ ဤသည်မှာ အလားအလာရှိသော ဘေးအန္တရာယ်များကို ဖြစ်စေနိုင်ပြီး အသင်းတော်၏အလုပ်အတွက် များစွာသော ဒုက္ခများကို မတွေးဝံ့စရာ အကျိုးဆက်များနှင့်အတူ ဆောင်ကြဉ်းလာနိုင်ပေသည်။ အသင်းတော်၏ ဤအတွင်းရေးကိစ္စရပ်များကို အချို့သောလူတို့က မရည်ရွယ်ဘဲနှင့် မိမိတို့၏ ဘာသာတရားမရှိသော မိသားစုဝင်များထံ မကြာခဏ ဝေမျှကြပြီး ၎င်းတို့သည် အရာအားလုံးကို ချွင်းချက်မရှိ ထုတ်ဖော်ပြောဆိုကြသည်။ ပြီးလျှင် ၎င်းတို့ကို မိမိတို့၏ ဘာသာတရားမရှိသော ဆွေမျိုးများနှင့် မိတ်ဆွေများထံသို့ပင် ဝေမျှကြသည်။ ဤသည်မှာ အသင်းတော်၏ အတွင်းရေးကိစ္စရပ်များကို ၎င်းတို့၏ စကားများမှတစ်ဆင့် ပြင်ပလောကသို့ အဆက်မပြတ် ပေါက်ကြားစေသည်။ ဤပေါက်ကြားမှုများ၏ အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်းတို့၏ ဘာသာတရားမရှိသော မိသားစုဝင်များ၊ ဆွေမျိုးများနှင့် မိတ်ဆွေများစွာတို့သည် ညီအစ်ကိုမောင်နှမများပင် မသိနိုင်သည့် အသင်းတော်၏ အတွင်းရေးကိစ္စများစွာကို သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ နေအိမ်လိပ်စာများ၊ ၎င်းတို့၏ အမည်ရင်းများနှင့် ကိုယ်ရေးကိုယ်တာ အိမ်ထောင်ရေးကိစ္စများကို သိရှိလာကြသည်။ ဤအသင်းတော်ကိစ္စရပ်များသည် မည်သို့ ပေါက်ကြားသွားသနည်း။ ဘာသာတရားမရှိသူတို့သည် မည်သို့ သိရှိလာကြသနည်း။ အသင်းတော်အတွင်း၌ “သတင်းထောက်များ” ရှိနေပါတကား။ ထိုသို့သောလူတို့ကို မည်သို့ ခေါ်သနည်း။ (မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်သောသူများ ဟု ခေါ်ပါသည်။) အတိအကျပင်ဖြစ်၏။ ၎င်းတို့သည် နေ့စဉ်အသင်းတော်အသက်တာ၌ ဖြစ်ပျက်သမျှကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများနှင့် သက်ဆိုင်သောအရာများကိုဖြစ်စေ မိမိတို့၏ ဘာသာတရားမရှိသော မိသားစုဝင်များထံ ဝေမျှကြသည်၊ ဥပမာအားဖြင့် ညီအစ်မတစ်ဦး ကွာရှင်းပြတ်စဲသွားခြင်း၊ အခြားညီအစ်မတစ်ဦး၏ ခင်ပွန်းသည် စီးပွားရေး၌ ငွေကြေးဆုံးရှုံးခြင်း သို့မဟုတ် သူမ၌ နာခံမှုမရှိသော သားတစ်ဦးရှိခြင်း သို့မဟုတ် အချို့သော ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး အိမ်ဝယ်ခြင်း စသည်တို့ ဖြစ်သည်။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယုဒများ ဖြစ်သွားကြသော ညီအစ်ကိုမောင်နှမများအကြောင်း သို့မဟုတ် မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခဲ့သောသူတို့ အကြောင်းကိုလည်း ပြောဆိုကြသည့်အပြင် အသင်းတော်ခေါင်းဆောင်များက ၎င်းတို့ကို ပြုပြင်ခဲ့ကြောင်းကိုပင် ဖော်ပြကြသည်။ အိမ်၌ ၎င်းတို့၏ စကားစမြည်ပြောဆိုမှုများသည် ဤအကြောင်းအရာများအပေါ်တွင်သာ လုံးလုံးလျားလျား ဗဟိုပြုနေသည်။ ၎င်းတို့၏ မိသားစုဝင်များသည် ခေါင်းဆောင်များ၊ ညီအစ်ကိုမောင်နှမများ သို့မဟုတ် ၎င်းတို့နှင့် အဆင်မပြေသော၊ စိန်ခေါ်မှုများ ပေးသော သို့မဟုတ် ၎င်းတို့ကို ဖော်ထုတ်ခဲ့သော အသင်းတော်ရှိ မည်သူ့ကိုမဆို ဆန့်ကျင်ပြုမူရန် ၎င်းတို့ကို ကူညီဖို့ အကြံဉာဏ်များနှင့် ဗျူဟာများကိုပင် ကမ်းလှမ်းကြသည်။ ညီအစ်ကိုမောင်နှမများကြားရှိ စုဝေးပွဲများတွင် ထိုသို့သော လူပုဂ္ဂိုလ်တို့သည် အထူးသဖြင့် နာခံတတ်ပြီး ကောင်းကောင်းမွန်မွန် ပြုမူပုံရကာ စကားနည်းပြီး စကားပြောဆိုရာတွင် မတော်သည့်အပြင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြောင်းကို မည်သည့်အခါမျှ မပြောဆိုကြဘဲ မိမိတို့၏ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုကို မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြသည့်အပြင် ဆုတောင်းသည်မှာလည်း ရှားကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို သတိထားရှောင်ရှားစိတ်ဖြင့် ဆက်ဆံကြလင့်ကစား မိမိတို့၏ ဘာသာတရားမရှိသော မိသားစုဝင်များကိုမူ ဘုရားသခင်၏ အိမ်တော်သားများအဖြစ် ဆက်ဆံကြသည်။ ၎င်းတို့သည် အသင်းတော်အကြောင်း အသေးစိတ် အချက်အလက်အားလုံးကို မိမိတို့၏ မိသားစုဝင်များထံ တစ်လုံးမကျန် ပြန်လည်ပြောပြကြပြီး အရာအားလုံးကို ၎င်းတို့နှင့် ဝေမျှကြသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို အသင်းတော်က ပုံနှိပ်ခြင်း၊ အသင်းတော်၌ မည်သူက မည်သည့်ပင်ကိုစွမ်းရည်များရှိသည် စသည်တို့ပင် ပါဝင်သည်၊ ဤအရာအားလုံးကို မိမိတို့၏ မိသားစုဝင်များနှင့် ဘုရားသခင်ကို မယုံကြည်သောလူတို့နှင့် ဆွေးနွေးကြသည်။ ထိုသို့ပြုလုပ်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက် မည်သို့ပင်ဖြစ်စေ နောက်ဆုံးအကျိုးဆက်မှာ ၎င်းတို့သည် အသင်းတော်၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်ရှိ အဓိကအသင်းသားတိုင်း၏ အခြေအနေကို စေ့စေ့စပ်စပ် သိထားကြသည်။ ဤလူတို့သည် နောက်ကွယ်တွင် ၎င်းတို့၏ ဆွေးနွေးမှုများနှင့် ဝေဖန်မှုများ၏ အကြောင်းအရာများလည်း ဖြစ်ကြပြီး ၎င်းတို့ လျှို့ဝှက်စွာ သစ္စာဖောက်မည့်သူများပင် ဖြစ်လာနိုင်သည်မှာ ပြောစရာမလိုပေ။ တစ်စုံတစ်ဦးသည် ၎င်းတို့နှင့် ဆက်ဆံရေးကောင်းမွန်ပါက ၎င်းတို့သည် ထိုလူကို မိမိတို့၏ မိသားစုရှေ့တွင် မရပ်မနား ချီးကျူးကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် တစ်စုံတစ်ဦးသည် ၎င်းတို့နှင့် ဆက်ဆံရေးမကောင်းမွန်ပါက ၎င်းတို့သည် ထိုလူကို မိမိတို့၏ မိသားစုရှေ့တွင် မရပ်မနား နှုတ်ဖြင့် ကြမ်းတမ်းစွာ ဆဲဆိုကြပြီး ညီအစ်ကိုမောင်နှမများကို ငတုံးများ ခေါ်ဆိုခြင်းဖြင့်ဖြစ်စေ၊ အသုံးမကျသူများဟု ပြောဆိုခြင်းဖြင့်ဖြစ်စေ နှုတ်ဖြင့် ကြမ်းတမ်းစွာ ဆဲဆိုရာတွင် မိမိတို့၏ မိသားစုကိုပင် ပါဝင်စေသည်။ ဤလူပုဂ္ဂိုလ်တို့သည် ဘာသာတရားမရှိသူတို့ အသုံးပြုသည့် မည်သည့်စော်ကားသော စကားလုံးများနှင့်မဆို ညီအစ်ကိုမောင်နှမများကို စော်ကားကြသည်။ ၎င်းတို့သည် ဘာသာတရားမရှိသူတို့နှင့် တူကြသည်၊ ၎င်းတို့သည် လုံးလုံးလျားလျား မယုံကြည်သူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ကောင်းသည့်အရာ တစ်ခုတလေပင် မဟုတ်ကြဘဲ ထိုသို့သော လူပုဂ္ဂိုလ်တို့ကို ချက်ချင်း ရှင်းလင်းပစ်ရမည်။

အဆင်းနီသော နဂါးကြီးနိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်သောသူတိုင်း၏ အချက်အလက်ကို လျှို့ဝှက်ထားသင့်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ ပင်လယ်ရပ်ခြားသို့ ပြောင်းရွှေ့သည့်အခါတွင်ပင် ၎င်းတို့၏ အချက်အလက်များကို လျှို့ဝှက်ထားရမည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အဆင်းနီသော နဂါးကြီး၏ သူလျှိုများသည် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် ပျံ့နှံ့နေပြီး ဘုရားသခင်ကို ယုံကြည်သောသူတို့အကြောင်း အချက်အလက်များကို အထူးတလည် စုဆောင်းရန် နေရာတိုင်းသို့ စိမ့်ဝင်နေသောကြောင့် ဖြစ်သည်။ တရုတ်ပြည်မကြီးတွင် ဘုရားသခင်နောက်သို့ လိုက်လျှောက်သော ညီအစ်ကိုမောင်နှမများအတွက် အခြေအနေမှာ အလွန်ခက်ခဲပြီး အန္တရာယ်များသည်။ ၎င်းတို့သည် ပြည်ပသို့ သွားသည့်အခါတွင်ပင် အန္တရာယ် အတိုင်းအတာတစ်ခု ရှိနေသည်။ အဆင်းနီသော နဂါးကြီး၏ သူလျှိုများက ၎င်းတို့၏ အချက်အလက်များကို စုဆောင်းမိပါက တစ်ဖက်တွင် တရားခံလွှဲပြောင်းပေးအပ်ခြင်း ခံရမည့်အန္တရာယ်ရှိပြီး အခြားတစ်ဖက်တွင် အနည်းဆုံးအနေဖြင့် တရုတ်ပြည်မကြီးရှိ ၎င်းတို့၏ မိသားစုဝင်များနှင့် ဆွေမျိုးများ အမှုပတ်သက်သွားနိုင်ပေသည်။ လုံခြုံရေး အကြောင်းပြချက်များအတွက်နှင့် လူပုဂ္ဂိုလ်တို့ကို လေးစားသောအားဖြင့် လူတိုင်းသည် ညီအစ်ကိုမောင်နှမများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လျှို့ဝှက်ထားသင့်ပြီး ဘုရားသခင်ကို မယုံကြည်သောသူတို့နှင့် မဝေမျှသင့်ပေ။ ဘုရားသခင်ကို ယုံကြည်သောသူတို့ကြားတွင်ပင် လူတစ်ဦးချင်း၏ သဘောတူညီချက်မရှိဘဲ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အခြားသူများထံ ပေါ့ပေါ့ဆဆ မထုတ်ဖော်သင့်ပေ။ ညီအစ်ကိုမောင်နှမများ၊ အသင်းတော်အလုပ်၊ လူတစ်ဦး ထမ်းဆောင်သော တာဝန်များ၊ မိတ်သဟာယဖွဲ့ရာတွင် ဝေမျှသော အတွေ့အကြုံများ သို့မဟုတ် အခြားထိုသို့သော အသေးစိတ်အချက်အလက်များနှင့်ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမဆို အပျင်းပြေ စကားစမြည်ပြောဆိုစရာ အကြောင်းအရာများအဖြစ် ဘာသာတရားမရှိသူတို့နှင့် ဝေမျှရန် သဘောထားခြင်းသည် လုံးဝ ခွင့်မပြုနိုင်သောအရာ ဖြစ်သည်။ ဤကိစ္စရပ်များကို ၎င်းတို့နှင့် ဆွေးနွေးခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ အပြုသဘောဆောင်သော ရလဒ် တစ်ခုခု ရှိသလော။ (မရှိပါ။) ထိုသို့သော ဆွေးနွေးမှုများ၏ အကျိုးဆက်မှာ ဤဘာသာတရားမရှိသော နတ်ဆိုးတို့က နိုင်ကွက် ရယူခြင်း၊ လှောင်ပြောင်ခြင်းနှင့် ဝေဖန်သုံးသပ်ခြင်း၊ ကျိန်ဆဲခြင်းနှင့် အသရေဖျက်ခြင်းတို့ကိုပင် ပြုလုပ်ခြင်း ဖြစ်သည်။ ဤသည်မှာ ကောင်းသလော။ (မကောင်းပါ။) သင်တို့သည် အသင်းတော်အတွင်း၌ မသမာသော ရည်ရွယ်ချက်များရှိသော လူပုဂ္ဂိုလ်တို့ ရှိမရှိကို စစ်ဆေးသင့်သည်၊ ထိုသူတို့သည် အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာ၏ တကယ့်အခြေအနေများဖြစ်သည့် အသေးစိတ်အချက်အလက်များအပြင် မည်သူက ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်၊ မည်သူက သမ္မာတရားကို လိုက်စားသည်၊ မည်သူက မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည်၊ မည်သူက မိမိတို့၏ တာဝန်များကို မထမ်းဆောင်သည်၊ မည်သူက မကြာခဏ အပျက်သဘောဆောင်သည်၊ မည်သူက နားဝေတိမ်တောင်ဖြစ်သော ယုံကြည်ခြင်းရှိသည်၊ ညီအစ်ကိုမောင်နှမများအကြောင်း ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် အခြေအနေများကိုပင် ဘာသာတရားမရှိသူတို့နှင့် မယုံကြည်သော မိသားစုဝင်များထံ ချွင်းချက်မရှိ ပြောဆိုကြသည်။ ထိုသို့သော လူပုဂ္ဂိုလ်တို့ကို စစ်ဆေးလော့။ အသင်းတော်အတွင်းရှိ လူများပင် မသိရန်မလိုအပ်သော ကိစ္စရပ်များ ရှိသည့်တိုင် ထိုသို့သော လူပုဂ္ဂိုလ်တို့၏ မယုံကြည်သော မိသားစုဝင်များကမူ ဤကိစ္စရပ်များကို အသင်းတော်အတွင်းရှိသူတို့ထက် ပို၍သိရှိကြသည့်အပြင် ပို၍ ရှင်းလင်းစွာလည်း သိရှိကြသည်။ ဤသည်မှာ မည်သို့ ဖြစ်ပျက်သနည်း။ ဤသည်မှာ အတွင်းလူ သစ္စာဖောက်တစ်ဦး၏ “ကျေးဇူးပြုခြင်း” ဖြစ်သည်။ ဤအတွင်းလူ သစ္စာဖောက်သည် မိမိတို့၏ မိသားစုဝင်များကို အသင်းတော်ခေါင်းဆောင်များကဲ့သို့ သဘောထားသည်။ သူသည် မိသားစု၏ မျက်နှာသာရရန်နှင့် ၎င်းတို့နှင့် စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှု နက်ရှိုင်းစေရန်အတွက် အသင်းတော်၌ မြင်တွေ့သမျှကို မိမိ၏ “ခေါင်းဆောင်များ” ထံ အိမ်ပြန်၍ သတင်းပို့လေသည်။ အသင်းတော်၏ ဤကိစ္စရပ်အားလုံးသည် မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်သော ထိုအတွင်းလူ သစ္စာဖောက်တို့၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရသည်မှာ ထင်ရှားသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို မလေးစားကြသကဲ့သို့ ဘုရားအိမ်တော်၏အလုပ်နှင့် အကျိုးစီးပွားများကိုလည်း မကာကွယ်ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်နှင့် အသင်းတော်ကို လူ့အဖွဲ့အစည်း သို့မဟုတ် အများပြည်သူဆိုင်ရာ နေရာတစ်ခုကဲ့သို့ သဘောထားပြီး ညီအစ်ကိုမောင်နှမများကို ဘာသာတရားမရှိသူများ ဖြစ်သည့်အလား ပေါ့ပေါ့ဆဆ မှတ်ချက်ပေးကာ ဝေဖန်သုံးသပ်ကြသည့်အပြင် မယုံကြည်သူများနှင့် ဘာသာတရားမရှိသူတို့နှင့် ပူးပေါင်း၍ ညီအစ်ကိုမောင်နှမများအပေါ် လွတ်လပ်စွာ ဝေဖန်အကဲဖြတ်ခြင်းကိုပင် ပြုလုပ်ကြသည်။ ထို့အပြင် အချို့သော လူပုဂ္ဂိုလ်တို့သည် ခေါင်းဆောင်များ၏ ပြုပြင်ခြင်းကို ခံရပြီးနောက် သို့မဟုတ် ညီအစ်ကိုမောင်နှမများနှင့် ပဋိပက္ခများ၊ အငြင်းပွားမှုများနှင့် သဘောထားကွဲလွဲမှုများ ဖြစ်ပွားပြီးနောက် အိမ်ပြန်၍ အဖြစ်အပျက်တစ်ခုကို ဖန်တီးကာ မိမိတို့၏ မိသားစုအားလုံး ယင်းအကြောင်းကို အသေအချာ သိရှိစေသည်။ အကျိုးဆက်မှာ ၎င်းတို့၏ မိသားစုသည် အသင်းတော်ကို သစ္စာဖောက်ပြီး ဖျက်ဆီးရန် ရည်ရွယ်လျက် ခေါင်းဆောင်များ သို့မဟုတ် ညီအစ်ကိုမောင်နှမများကို လက်စားချေရန် ကြိုးပမ်းခြင်း ဖြစ်သည်။ ဤသည်မှာ ကောင်းသော ဖြစ်စဉ်တစ်ခုလော။ (မဟုတ်ပါ။) အသင်းတော်၏ အတွင်းရေးကိစ္စရပ်များနှင့် ညီအစ်ကိုမောင်နှမ မည်မျှ အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ကြသည်၊ လူတိုင်း မည်သည့်တာဝန်များကို ထမ်းဆောင်ကြသည် စသည့်အရာများကို မိသားစုဝင်များ၊ ဆွေမျိုးများနှင့် မိတ်ဆွေများထံ ချွင်းချက်မရှိ ဝေမျှခြင်း၊ ထိုသူတို့သည် မည်သို့သော ယုတ်ညံ့သည့်သူများ ဖြစ်ကြသနည်း။ ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများလော။ (မဟုတ်ပါ။) ၎င်းတို့သည် ဘုရားအိမ်တော်၏ အသင်းသားများလော။ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများဟု ခေါ်နိုင်သလော။ (မခေါ်နိုင်ပါ။) ထိုသို့သော အတွင်းလူ သစ္စာဖောက်များနှင့် လျှို့ဝှက်သစ္စာဖောက်များကို အသင်းတော်အတွင်း၌ ထားရှိခြင်းသည် အတိတ်တွင်ဖြစ်စေ၊ ပစ္စုပ္ပန်တွင်ဖြစ်စေ၊ အနာဂတ်တွင်ဖြစ်စေ ဘုရားအိမ်တော်နှင့် ညီအစ်ကိုမောင်နှမများထံသို့ သိသာထင်ရှားသော ဒုက္ခကို ဆောင်ကြဉ်းပေးလိမ့်မည်။ ၎င်းတို့သည် အသင်းတော်အသက်တာ၌ များစွာသော ဒုစရိုက်အမှုများကို မကျူးလွန်ပုံရလျှင်ပင် ဘုရားအိမ်တော်အကြောင်း အမျိုးမျိုးသော အသေးစိတ်အချက်အလက်များကို ဘာသာတရားမရှိသူတို့၊ စာတန်များနှင့် နတ်ဆိုးများထံသို့ လျှို့ဝှက်စွာ ပေးပို့ခြင်း၏ အကျိုးဆက်များနှင့် သက်ရောက်မှုမှာ အလွန်အမင်း ဆိုးရွားလှသည်။ ထိုသို့သော အမှိုက်သရိုက်များကို အသင်းတော်၌ ဆက်လက်တည်ရှိခွင့် ပြုသင့်သလော။ (မပြုသင့်ပါ။) ၎င်းတို့သည် ဘုရားအိမ်တော်၏ အသင်းသားများဟု ခေါ်ဆိုခြင်းကို ခံထိုက်သလော။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအဖြစ် သဘောထားခြင်းကို ခံထိုက်သလော။ (မခံထိုက်ပါ။) ထိုသို့သောလူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ (၎င်းတို့ကို အမြန်ဆုံး ရှင်းလင်းပစ်သင့်ပါသည်။) ၎င်းတို့ကို အမြန်ဆုံး ရှင်းလင်းပစ်ရမည်။ ၎င်းတို့ကို ကန်ထုတ်ပစ်လော့။ ဤသည်မှာ ၎င်းတို့ကို ရှင်းလင်းပစ်ရခြင်း၏ အကြောင်းရင်း ဖြစ်သည်၊ “သင်သည် သင်၏နှုတ်ကို မစောင့်စည်းနိုင်၊ သင်သည် သင့်အတွက် ကောင်းသောအရာကို မသိရှိဘဲ ကျေးဇူးရှင်ကို ကျေးစွပ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ်တော်၏ ကျေးဇူးတော်အပြင် ညီအစ်ကိုမောင်နှမများထံမှ အကူအညီ၊ ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်းနှင့် ဂရုစိုက်ခြင်းတို့ကို ခံစားရသည့်တိုင် သင်သည် ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်ကို ဤကဲ့သို့ သစ္စာဖောက်နေဆဲ ဖြစ်သည်။ သင်သည် အသုံးမကျသောသူဖြစ်သည်၊ ထွက်သွားလော့” ဟူ၍ဖြစ်သည်။ ညီအစ်ကိုမောင်နှမများ၏ ကိစ္စရပ်များ၊ အသင်းတော်၏ ကိစ္စရပ်များနှင့် ဘုရားအိမ်တော်၏ မည်သည့်အလုပ်ကိုမဆို ဘာသာတရားမရှိသူတို့အား မထုတ်ဖော်သင့်သကဲ့သို့ ၎င်းတို့၏ အားလပ်ချိန် စကားစမြည်ပြောဆိုသည့် အကြောင်းအရာများအဖြစ်လည်း အသုံးမပြုသင့်ပေ။ ၎င်းတို့သည် ထိုသို့ပြုလုပ်ရန် မထိုက်တန်ပေ။ မည်သူမဆို ထိုသို့သော အချက်အလက်များကို ဖြန့်ဝေပါက ကျိန်ခြင်းခံရသောသူ၊ အသင်းတော်က ရှင်းလင်းပစ်ရမည့်သူတစ်ဦး ဖြစ်လာပြီး ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ပယ်ရှားသင့်သည်။ ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်ကို သစ္စာဖောက်ခြင်း၊ အသင်းတော်၏ အတွင်းရေးကိစ္စများကို ဘာသာတရားမရှိသူတို့နှင့် ပေါ့ပေါ့ဆဆ ပြောဆိုရန် ဝေမျှခြင်းဟူသော ၎င်းတို့၏ လုပ်ရပ်များကို အခြေခံရုံမျှဖြင့် ၎င်းတို့သည် အသင်းတော်မှ ရှင်းလင်းပစ်သင့်သည့် သစ္စာမဲ့သူများ၊ အတွင်းလူ သစ္စာဖောက်များနှင့် ဆိုးယုတ်သောလူများ သေချာပေါက် ဖြစ်ကြသည်။ ညီအစ်ကိုမောင်နှမများသည် မည်သူ့ကို ရှင်းလင်းပစ်သင့်သည် သို့မဟုတ် အချို့သော ဖြစ်ရပ်များ ဖြစ်ပွားခြင်းတို့ကဲ့သို့သော အသင်းတော်အတွင်း၌ လုပ်ဆောင်သော မည်သည့်အလုပ်ကိုမဆို လိုအပ်သလို လွတ်လပ်စွာ မိတ်သဟာယဖွဲ့ပြီး ဆွေးနွေးငြင်းခုံနိုင်သည်၊ သို့သော် ယင်းကို ဘာသာတရားမရှိသူတို့နှင့် မဝေမျှရသည့်အပြင် ဘာသာတရားမရှိသော မိသားစုဝင်များနှင့်လည်း ပြောဆို၍မရပေ။ အထူးသဖြင့် ဝိညာဉ်ရင့်ကျက်မှုနုနယ်သော ညီအစ်ကိုမောင်နှမအသစ်များ၏ ကိုယ်ရေးကိုယ်တာနှင့် မိသားစုအခြေအနေများကို ပြင်ပလူများထံ မထုတ်ဖော်ရပေ။ သင်သည် ယင်းကို သင်၏စိတ်ထဲ၌ ထိန်းသိမ်းထားရန် ခက်ခဲသည်ကို တွေ့ရှိပါက သင်သည် ဘုရားသခင်ထံ ဆုတောင်းသင့်ပြီး မိမိကိုယ်ကို ချုပ်တည်းတတ်ရန် သင်ယူဖို့ ကိုယ်တော်အပေါ် အားကိုးသင့်ကာ အဓိပ္ပာယ်ရှိသော လှုပ်ရှားမှုအချို့တွင် သွား၍ ပါဝင်သင့်သည်။ သင်သည် အမှန်တကယ် မိမိကိုယ်ကို မထိန်းချုပ်နိုင်ပါက ဆိုးကျိုးများကို ကာကွယ်ရန် အဖြေတစ်ခုကို ရှာဖွေဖို့ အသင်းတော်ထံ ဦးစွာ သတင်းပို့သင့်သည်၊ အဘယ်ကြောင့်ဆိုသော် ထိုသို့သော အချက်အလက်များကို ဖြန့်ဝေခြင်းသည် ပြဿနာများ ဖြစ်စေရန် အလားအလာအရှိဆုံး ဖြစ်သောကြောင့်တည်း။ ဥပမာအားဖြင့် ကိုယ်ပိုင်ဖုန်းနံပါတ်များ၊ နေအိမ်လိပ်စာများ၊ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို မည်မျှကြာအောင် ယုံကြည်ခဲ့သည်၊ ကိုယ်ပိုင်မိသားစုနှင့် အိမ်ထောင်ရေးအခြေအနေ စသည်တို့သည် အကဲဆတ်သော အကြောင်းအရာများ ဖြစ်ကြသည်။ ဤအရာများသည် သမ္မာတရား သို့မဟုတ် အသက်ဝင်ရောက်မှုနှင့် မည်သို့မျှ မသက်ဆိုင်ပေ၊ ၎င်းတို့သည် ကိုယ်ရေးကိုယ်တာ လုံခြုံမှုနှင့် သက်ဆိုင်သည်။ ကိုယ်စားလှယ်များနှင့် အတွင်းလူ သစ္စာဖောက်များသာလျှင် ဤကိစ္စရပ်များကို အထူးတလည် စုံစမ်းစစ်ဆေးကြသည်။ သင်သည် ထိုသို့သော ကိစ္စရပ်များအကြောင်း လေ့လာခြင်းနှင့် ဖြန့်ဝေခြင်းကို နှစ်သက်ပါက ယင်းသည် မည်သို့သော စိတ်သဘောထားမျိုးကို ညွှန်ပြသနည်း။ ယင်းမှာ အတော်အတန် ယုတ်မာသည်။ သမ္မာတရားကို မလိုက်စားဘဲ အတင်းအဖျင်းပြောဆိုခြင်းကို အာရုံစိုက်ခြင်း၊ အတွင်းလူ သစ္စာဖောက် သို့မဟုတ် သူလျှိုအဖြစ် ဆောင်ရွက်ပြီး အဆင်းနီသော နဂါးကြီးအတွက် အစေခံခြင်း၊ ဤသည်မှာ ဆိုးညစ်ပြီး ယုတ်မာသော လုပ်ရပ် မဟုတ်လော။ အကဲဆတ်သော အကြောင်းအရာများနှင့် အခြားသူတို့၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို အထူးတလည် စုံစမ်းမေးမြန်းခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် မဆင်မခြင် ဖြန့်ဝေခြင်းတို့ကို ပြုလုပ်သော မည်သူမဆိုသည် မသမာသော ရည်ရွယ်ချက်များကို သိုထားပြီး မယုံကြည်သူတစ်ဦး ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ထိုသို့သော လူပုဂ္ဂိုလ်တို့ကို အထူးသဖြင့် သတိထားရှောင်ရမည်။ ထိုသို့သောလူတို့သည် နောင်တမရပါက ၎င်းတို့၏ အသင်းတော်အသက်တာကို ရပ်ဆိုင်းသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်ခြင်းသည် အကျင့်ပျက်ဆုံး၊ အောက်တန်းကျဆုံးနှင့် ရှက်ဖွယ်လိလိအဖြစ်ဆုံးသော လုပ်ရပ် ဖြစ်သောကြောင့်တည်း။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ဤလူပုဂ္ဂိုလ်တို့ထံမှ ဝေးဝေးနေသင့်သည်။ အသင်းတော်အသက်တာ၌ လူတို့သည် ဤကိစ္စရပ်များကို စုံစမ်းမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းတို့မှ ကန့်သတ်ခြင်းခံသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် သမ္မာတရား၏ မိတ်သဟာယဖွဲ့ခြင်းနှင့် မည်သို့မျှ မသက်ဆိုင်သည့်အပြင် ယင်းတို့အကြောင်း ပြောဆိုခြင်းသည် အခြားသူတို့ထံ မည်သည့်အကျိုးကျေးဇူးကိုမျှ မဆောင်ကြဉ်းပေးသောကြောင့် ဖြစ်သည်။

ဘုရားအိမ်တော်တွင် ဘုရားသခင် ရွေးချယ်ထားသောလူများ လိုက်နာရမည့် အမျိုးမျိုးသော စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ပြန်တမ်းများနှင့် စည်းမျဉ်းများ ရှိသည်။ အသင်းတော်၏ အတွင်းရေး ကိစ္စရပ်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်အပြောင်းအလဲများ၊ အသင်းတော်၏ သန့်စင်ခြင်းအလုပ်နှင့် အထက်မှ အစီအစဉ်များ စသည့်ကိစ္စရပ်များကို မယုံကြည်သူများနှင့် ဆိုးယုတ်သောလူတို့၏ စာတန်ထံသို့ သစ္စာဖောက်ခြင်းမှ ကာကွယ်ရန် အသင်းတော်အတွင်း၌ ပေါ့ပေါ့ဆဆ မဖြန့်ဝေရပေ။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ဘုရားအိမ်တော်သည် လူ့အဖွဲ့အစည်းနှင့် ကွဲပြားသောကြောင့် ဖြစ်သည်၊ ဘုရားသခင်သည် လူတို့အား သမ္မာတရားကို လိုက်စားရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပို၍ဖတ်ရှုရန် ပို၍တွေးတောဆင်ခြင်ပြီး မိတ်သဟာယဖွဲ့ရန် တောင်းဆိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ဝေခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းကသာ သင့်လျော်သော ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေနိုင်သည်၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ပို၍ဝေမျှခြင်းကသာ ထိုသို့သော ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။ ထို့အပြင် ဘုရားအိမ်တော်၌ ဘုရားသခင်ကို အချိန်တိုအတွင်းသာ ယုံကြည်ခဲ့ကြသော ယုံကြည်သူအသစ်များစွာ ရှိသည်။ အချို့သော မယုံကြည်သူတို့သည် ယခုထိ ထုတ်ဖော်ခြင်းမခံရသေးသည်မှာ ရှောင်လွှဲ၍မရပေ။ အထူးသဖြင့် ယုံကြည်ခြင်း၏ ပထမ ငါးနှစ် သို့မဟုတ် ဆယ်နှစ်သည် လူတို့၏ စစ်မှန်သော ပင်ကိုစရိုက်များကို ထုတ်ဖော်သည့်အချိန် ဖြစ်သည်၊ ဤအချိန်အတွင်း မည်သူက ခိုင်မာစွာ ရပ်တည်နိုင်ပြီး မည်သူက မရပ်တည်နိုင်သည်ကို မသေချာသကဲ့သို့ အသင်းတော်ကို နှောင့်ယှက်နိုင်စွမ်းရှိသော ဆိုးယုတ်သည့်လူများ မည်မျှ ဆက်လက်တည်ရှိနေသည်ကိုလည်း မသေချာပေ။ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ထိုသို့သော ပြင်ပရေးရာများအပြင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းနှင့် မသက်ဆိုင်သော ကိစ္စရပ်များကို အစဉ်မပြတ် မဆင်မခြင် ဖြန့်ဝေခြင်းသည် များစွာသော ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက “ခေါင်းဆောင် မည်သူမည်ဝါက မည်သည့်နေရာကနည်း။ သူတို့ မည်သည့်နေရာတွင် နေထိုသနည်း” ဟု မေးကောင်းမေးနိုင်သည်။ ဤအကဲဆတ်သော အချက်အလက်သည် ဘုရားသခင် ရွေးချယ်ထားသောလူများ သိရန်မလိုအပ်သောအရာ ဖြစ်သည်။ အခြားတစ်စုံတစ်ဦးက “ဘုရားအိမ်တော်က ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်တစ်အုပ်ကို ပုံနှိပ်ဖို့ မည်မျှကုန်ကျသနည်း” ဟု မေးကောင်းမေးနိုင်သည်။ ဤအရာကို သိခြင်းသည် အသုံးဝင်သလော။ (မဝင်ပါ။) ပုံနှိပ်စရိတ်သည် သင်နှင့် အဘယ်များ သက်ဆိုင်သနည်း။ သင့်ကို ယင်းအတွက် အခကြေးငွေ တောင်းခံခဲ့သလော။ ယင်းမှာ သင်နှင့် မသက်ဆိုင်ဟု ထင်ရသည် မဟုတ်လော။ အချို့က “ယခုအခါ ဘုရားအိမ်တော်တွင် အထက်အဆင့် ခေါင်းဆောင်များသည် မည်သူများနည်း” ဟု မေးကောင်းမေးနိုင်သည်။ ၎င်းတို့သည် သင့်ကို တိုက်ရိုက် ဦးဆောင်နေခြင်းမဟုတ်ပါက ဤအရာကို မသိရှိခြင်းသည် သင့်အပေါ် သက်ရောက်မှုရှိသလော။ (မရှိပါ။) တရုတ်ပြည်မကြီးတွင် ဤအရာများကို သိရှိခြင်းသည် ပြဿနာတစ်ခု ဖြစ်နိုင်သည်။ အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရပြီး ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရပါက၊ သင်သည် ဤအရာများကို မသိပါက ၎င်းတို့သည် သင့်ကို မည်သို့ပင် ရိုက်နှက်ပါစေ သင်သည် မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုနိုင်မည်မဟုတ်ပေ၊ ထို့ကြောင့် သင်သည် ယုဒတစ်ဦး ဖြစ်လာမည်မဟုတ်ပေ။ သို့သော် သင်သည် သိရှိပြီး ၎င်းတို့ပေးသော ပြင်းထန်သည့် ရိုက်နှက်မှုများကို မခံနိုင်ပါက ထုတ်ဖော်ပြောဆိုမိပြီး ယုဒတစ်ဦး ဖြစ်သွားနိုင်ပေသည်။ ထိုအခိုက်အတန့်တွင် သင်က “ထိုစဉ်က ထိုမေးခွန်းများကို ငါ အဘယ်ကြောင့် အဆင်အခြင်မဲ့စွာ မေးခဲ့မိပါလိမ့်။ မသိရှိခြင်းက များစွာ ပို၍ ကောင်းပေလိမ့်မည်။ သေသည်အထိ အရိုက်ခံရလျှင်ပင် ငါသည် ထိုအရာများကို မသိရှိဘဲ နေပေလိမ့်မည်။ အဖြေများကို လုပ်ကြံဖန်တီးရန် အလိုရှိခဲ့လျှင်ပင် မည်သည့်အဖြေကိုမျှ အကြံထုတ်နိုင်ခဲ့မဟုတ်ပေ။ ထိုသို့ဆိုလျှင် ငါသည် ယုဒတစ်ယောက် ဖြစ်လာခဲ့မည် မဟုတ်ပေ။ ယခုမူ ငါသင်ခန်းစာရလေပြီ။ သမ္မာတရားနှင့် မသက်ဆိုင်သော ဤအကြောင်းအရာများနှင့်ပတ်သက်၍ အလွန်အကျွံ မသိရှိခြင်းသည် အကောင်းဆုံးဖြစ်၏။ ထိုသို့သော အကြောင်းအရာများကို စူးစမ်းမေးမြန်းခြင်းသည် မည်သည့်အကျိုးမျှ မရှိပေ။ မသိရှိခြင်းက ပို၍ ကောင်း၏” ဟု တွေးထင်ကောင်း တွေးထင်နိုင်သည်။ ပြီးလျှင် အခြားအချို့သောသူတို့က “ဘုရားအိမ်တော်၌ အထူးပြုအလုပ်များ လုပ်ဆောင်နေသည့် အဖွဲ့မည်မျှရှိသနည်း” ဟု မေးကောင်းမေးနိုင်သည်။ ယင်းမှာ သင်နှင့် မည်သို့ သက်ဆိုင်သနည်း။ သင်၏ ကိုယ်ပိုင်အဖွဲ့ကို တာဝန်ပေးထားသည့် မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်ရုံသာ ဖြစ်သည်။ ဤအရာကို မသိရှိခြင်းသည် သင်၏တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်စွမ်း၊ သင်၏ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားနိုင်စွမ်း သို့မဟုတ် အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်နိုင်စွမ်းတို့အပေါ် သက်ရောက်မှုမရှိပေ၊ ယင်းသည် မည်သည့်အရာကိုမျှ သက်ရောက်မှုမရှိပေ။ ဤအရာကို မသိရှိခြင်းသည် ယုံကြည်သူတစ်ဦးအနေဖြင့် သမ္မာတရားကို လိုက်စားခြင်း သို့မဟုတ် ကယ်တင်ခြင်းကို ရရှိခြင်းတို့မှ သင့်ကို မတားဆီးပေ၊ သို့ဖြစ်လျှင် အဘယ်ကြောင့် စူးစမ်းမေးမြန်းရန် ဒုက္ခခံနေမည်နည်း။ “ညီအစ်ကိုမောင်နှမအများစုက မြို့ပြဒေသများကလား သို့မဟုတ် ကျေးလက်ဒေသများကလား။ သူတို့က ပညာတတ်များလား ဒါမှမဟုတ် ပညာမတတ်သူများလား” ဟူ၍ ဤအရာများကို သိခြင်းသည် အသုံးဝင်သလော။ (မဝင်ပါ။) ၎င်းတို့အားလုံး ကျေးလက်ဒေသများမှ ဖြစ်လျှင် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ ပြီးလျှင် ၎င်းတို့အားလုံး မြို့ကြီးများမှ ဖြစ်လျှင် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ ဤသည်မှာ သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ အချို့က “ယခု ဧဝံဂေလိအလုပ် ဘယ်လို ဖြန့်ဝေနေသနည်း” ဟု မေးကောင်းမေးနိုင်သည်။ ဤအကြောင်း အနည်းငယ် မေးမြန်းခြင်းသည် အဆင်ပြေသည်၊ သို့သော် အချို့လူတို့သည် သိလိုစိတ်ကြောင့် ဧဝံဂေလိအလုပ်သည် နိုင်ငံမည်မျှအထိ အတိအကျ ပျံ့နှံ့သွားပြီဖြစ်ကြောင်း အသေးစိတ် မေးမြန်းကြသည်၊ ယင်းမှာ မလိုအပ်ပေ။ ၎င်းတို့ ဤအရာကို သိခဲ့လျှင်ပင် ၎င်းတို့အပေါ် မည်သို့သော သက်ရောက်မှု ရှိမည်နည်း။ ထိုသို့သော အသေးစိတ် အချက်အလက်များကို သိရှိခြင်းက မည်သည့်အကျိုးကျေးဇူးကို သယ်ဆောင်လာမည်နည်း။ သင်သည် သမ္မာတရား လက်တွေ့ကျမှု မရှိပါက သင်သိခဲ့လျှင်ပင် ဆက်လက်၍ ရှိနေမည်မဟုတ်ပေ၊ ဤအသိပညာသည် သင်၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် လုံးဝ ထောက်ကူမည်မဟုတ်သကဲ့သို့ သင်၏ အသက်ဝင်ရောက်မှုအတွက် မည်သည့်အထောက်အကူကိုမျှလည်း ပေးမည်မဟုတ်ပေ။ အချို့သော အထွေထွေရေးရာကိစ္စများအကြောင်းကို စုံစမ်းမေးမြန်းခြင်းမပြုဘဲ နေခြင်းသည် အဆင်ပြေသည်၊ အမှန်တကယ်တွင် မသိရှိခြင်းက ပိုကောင်းသည်။ အလွန်အကျွံ သိရှိခြင်းသည် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်။ ထိုသို့သော အချက်အလက်များ ပေါက်ကြားသွားသည်နှင့်တစ်ပြိုင်နက် ယင်းသည် ပြဿနာတစ်ခုနှင့် ပြစ်မှားခြင်းတစ်ခု ဖြစ်လာသည်။ ဤအရာများကို သိရှိခြင်းသည် မကောင်းပေ၊ သင် ပို၍သိလေ၊ ယင်းက ဒုက္ခ ပို၍ဖြစ်စေနိုင်လေ ဖြစ်သည်။ သမ္မာတရားကို နားလည်သောသူတို့သည် မည်သည့်အရာကို ပြောသင့်ပြီး မည်သည့်အရာကို မပြောသင့်သည်ကို သိကြသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော မိုက်မဲသောသူတို့သည် စကားပြောဆိုသည့်အခါ ဘယ်သူက ကိုယ့်လူ၊ ဘယ်သူက သူစိမ်းမှန်း မသိဘဲ အဓိပ္ပာယ်မဲ့စကားများကိုသာ ပြောဆိုကြသည်။ သို့ဖြစ်၍ ဤကိစ္စရပ်များကို သမ္မာတရားကို နားမလည်သော အသင်းတော်ရှိ ထိုသူတို့ထံသို့ သတင်းမပို့သင့်ပေ။ ဤအရာများကို သိရှိခြင်းသည် မည်သည့်နည်းနှင့်မျှ အကျိုးကျေးဇူးများကို မသယ်ဆောင်လာပေ။ တစ်ချက်အနေဖြင့် ဤလူတို့သည် ပြဿနာများကို ဖြေရှင်းရာ၌ မကူညီနိုင်ပေ။ ဒုတိယအနေဖြင့် ၎င်းတို့သည် အသင်းတော်၏အလုပ်ကို မကာကွယ်နိုင်ပေ။ ပြီးလျှင် တတိယအနေဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်အကြောင်း ကောင်းစွာ ပြောဆိုရန် မလိုအပ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးသည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်အားလုံးသည် ဖြောင့်မတ်သည်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော ထိုမယုံကြည်သူများနှင့် ဘာသာတရားမရှိသူတို့ထံမှ မြှောက်ပင့်ဖားယားပြောခြင်း တစ်ခုခု လိုအပ်သေးသလော။ မလိုအပ်ပေ။ တစ်လောကလုံးရှိ သတ္တဝါတစ်ကောင်မျှ ဘုရားသခင်နောက်သို့ မလိုက်လျှောက်လျှင် သို့မဟုတ် ကိုယ်တော်ကို မကိုးကွယ်လျှင်ပင် ဘုရားသခင်၏ အဆင့်အတန်းနှင့် အနှစ်သာရသည် မပြောင်းလဲဘဲ ရှိနေမည်ဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်သာဖြစ်သည်၊ ထာဝရ မပြောင်းလဲနိုင်၊ အခြေအနေများ ပြောင်းလဲခြင်း တစ်ခုခုကြောင့် မပြောင်းလဲပေ။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းသည် ထာဝရ မပြောင်းလဲပေ။ ဤသည်တို့မှာ ဘုရားသခင်ကို ယုံကြည်သောသူတို့ နားလည်သင့်သည့် သမ္မာတရားများ ဖြစ်ကြသည်။ ထိုမယုံကြည်သူများနှင့် ဘာသာတရားမရှိသူတို့သည် အတွင်းလူနှင့် အပြင်လူကို မခွဲခြားဘဲ ပြောဆိုပြုမူကြသည်၊ ၎င်းတို့ အလွန်အကျွံ သိရှိခြင်းသည် ဘုရားအိမ်တော်၏အလုပ်အတွက် အကျိုးရှိသလော။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အကြောင်း သိရှိရန် လိုအပ်သလော။ ၎င်းတို့သည် ဤအသိပညာနှင့် မထိုက်တန်ပေ။ အချို့က “ဤကိစ္စရပ်များအားလုံးသည် လျှို့ဝှက်ချက်များဖြစ်ပြီး ထို့ကြောင့် ၎င်းတို့ကို သိရှိခွင့်မပြုနိုင်ခြင်းလော” ဟု မေးကောင်းမေးနိုင်သည်။ ဤအချိန်အထိ ဘုရားသခင်ကို ယုံကြည်ခဲ့ပြီးဖြစ်ရာ သင်တို့သည် ဤကိစ္စရပ်များတွင် လျှို့ဝှက်ချက်များ ပါဝင်သည်ဟု ထင်သလော။ (မထင်ပါ။) သို့သော် ဘုရားသခင် ရွေးချယ်ထားသောလူများသည် တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့သည် ဘာသာတရားမရှိသူတို့၏ ဆွေးနွေးခြင်း သို့မဟုတ် လှောင်ပြောင်ခြင်းကို မခံရရပေ။ ဘုရားအိမ်တော်၊ အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများသည် အုပ်စုတစ်ခုအနေဖြင့်ဖြစ်စေ၊ တစ်ဦးချင်းအနေဖြင့်ဖြစ်စေ အားလုံး ဂုဏ်သိက္ခာ ရှိကြသည်၊ ၎င်းတို့အားလုံးသည် အပြုသဘောဆောင်ပြီး မည်သူမျှ ညစ်ညူးစေရန် မကြိုးပမ်းသင့်ပေ။ စာတန်များနှင့် နတ်ဆိုးတို့အား လက်လွတ်စပယ် ညစ်ညူးစေရန်နှင့် ပေါ့ပေါ့ဆဆ အသရေဖျက်ရန် သို့မဟုတ် ဘုရားအိမ်တော်၏ ဂုဏ်သတင်းကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများ၏ ဂုဏ်သတင်းကိုဖြစ်စေ ထိခိုက်စေရန် နည်းလမ်းတစ်ခုဖြင့် ပြုမူသော မည်သူမဆိုသည် ကျိန်ခြင်းခံရသောသူ ဖြစ်သည်။ သို့ဖြစ်၍ အသင်းတော်သည် မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်သောသူတို့၏ တည်ရှိမှုကို လုံးဝ ခွင့်မပြုပေ။ ဖော်ထုတ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ရှင်းလင်းပစ်ရမည်။ ဤချဉ်းကပ်နည်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသလော။ (ကိုက်ညီပါသည်။)

လူအချို့သည် ညီအစ်ကိုမောင်နှမများနှင့် စကားပြောဆိုခြင်း၊ ဆက်သွယ်ခြင်း၊ ထိတွေ့ဆက်ဆံခြင်း သို့မဟုတ် ပေါင်းသင်းခြင်းတို့ ပြုလုပ်သည့်အခါ အထူးဂရုတစိုက်လုပ်ပြီး သတိထားကြသော်လည်း အိမ်ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုပင် ချန်မထားဘဲ အရာအားလုံးကို ဖွင့်ဟပြောဆိုသည့် ပါးစပ်မလုံသူများ ဖြစ်သွားကြရာ ၎င်းတို့၏ မိသားစုဝင်များ၊ ဘာသာတရား မရှိသူများနှင့် အမည်ခံယုံကြည်သူများသည် အသင်းတော်၏ ကိစ္စရပ်များအကြောင်း များစွာ သိရှိသွားကြသည်။ ထိုသို့သောလူသည် အတွင်းလူ၊ သစ္စာဖောက်၊ ယုဒတစ်ဦးဖြစ်ပြီး အသင်းတော်က ရှင်းလင်းပစ်သင့်သည့် လူစားမျိုး အတိအကျ ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၌ ကြာကြာနေလေ၊ ညီအစ်ကိုမောင်နှမများအကြောင်း သတင်းအချက်အလက်များကို ပို၍သိရှိလေ၊ သစ္စာဖောက်ခြင်းတွင် ပို၍ပါဝင်လေဖြစ်ပြီး ဘာသာတရားမရှိသူများ၏ နိုင်ကွက်အဖြစ် အသုံးချပြီး အသရေဖျက်ရန် အကြောင်းများ ပို၍ရှိလာလေ ဖြစ်လိမ့်မည်။ သင်သည် ၎င်းတို့က ဤသတင်းအချက်အလက်ကို ဘာသာတရားမရှိသူများ၏ လက်သို့အပ်မည်ကို မကြောက်ပါက ၎င်းတို့ကို ဆက်ထားလော့၊ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် အသင်းတော်၏ အတွင်းရေးကိစ္စများကို ၎င်းတို့၏ နှုတ်မှတစ်ဆင့် ပျံ့နှံ့သွားစေရန် ဆန္ဒမရှိပါက သင်သည် ဤအတွင်းလူ သစ္စာဖောက်များကို အမြန်ဆုံး ရှင်းလင်းပစ်သင့်သည်။ ဤသို့ပြုလုပ်ခြင်းသည် သင့်လျော်သလော။ (ဟုတ်ပါသည်) ထိုသို့သော လူပုဂ္ဂိုလ်များအပေါ် လုံးဝ ညှာတာထောက်ထားခြင်း မပြုသင့်ပေ၊ ၎င်းတို့သည် မည်သည့်စေတနာကောင်းကိုမျှ မသိုထားကြသကဲ့သို့ ၎င်းတို့ကိုယ်၌လည်း ကောင်းသောအရာ တစ်ခုမျှ မဟုတ်ကြပေ။ ထိုသို့သောလူများသည် ယခင်က ဖော်ပြခဲ့သော လူစားနှစ်မျိုးဖြစ်သည့် လက်စားချေလိုစိတ် ရှိသောသူများနှင့် အကျင့်ပျက်ပြီး ချုပ်တည်းမှုမရှိသောသူတို့နှင့် နှိုင်းယှဉ်လျှင် မည်သို့ရှိသနည်း။ ၎င်းတို့သည် ပိုကောင်းသလော သို့မဟုတ် ပိုဆိုးသလော။ (ပိုဆိုးပါသည်။) ဤလူပုဂ္ဂိုလ်များသည်လည်း မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကောင်း ထမ်းဆောင်နိုင်သည်၊ အားထုတ်မှုအချို့ကို စိုက်ထုတ်ပြီး ဆင်းရဲဒုက္ခအချို့ကို ခံနိုင်ရည်ရှိကောင်း ရှိနိုင်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်က ခိုင်းသမျှကို လုပ်ဆောင်နိုင်ပြီး ငြင်းဆန်မည်မဟုတ်ပေ၊ သို့သော် ပြဿနာတစ်ခုရှိသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်အကြောင်း အရာအားလုံးကို ဘာသာတရားမရှိသူများထံ ဖွင့်ဟပြောဆိုကြသည်။ ၎င်းတို့သည် နေ့စဉ်နေ့တိုင်း သစ္စာဖောက်တစ်ဦး၊ အတွင်းလူ သစ္စာဖောက်တစ်ဦးအဖြစ် သရုပ်ဆောင်ကြသည်။ ဤအကြောင်းကြောင့်ပင် အသင်းတော်သည် ၎င်းတို့ကို သည်းမခံနိုင်ဘဲ ရှင်းလင်းပစ်ရမည်ဖြစ်သည်။ သင်နားလည်သလော။ (နားလည်ပါသည်။) ၎င်းတို့သည် အသင်းတော်အတွင်း ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ၊ မည်သူက ၎င်းတို့ကို ရန်စသည်ဖြစ်စေ၊ မည်သူက ၎င်းတို့နှင့် အဆင်ပြေသည်ဖြစ်စေ၊ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်ဖြစ်စေ သို့မဟုတ် ဖြုတ်ချခံရသည်ဖြစ်စေ မည်သည့်အရာပင် ဖြစ်ပျက်ပါစေ အသေးစိတ်အချက်တိုင်းကို ၎င်းတို့၏ မယုံကြည်သော မိသားစုဝင်များနှင့် အစဉ်အမြဲ ဝေကို ဝေမျှရမည်သာ ဖြစ်သည်။ အသင်းတော်၏ အတွင်းရေးအခြေအနေကို မိမိတို့၏ ဘာသာတရားမရှိသော မိသားစုဝင်များနှင့် ဘာသာတရားမရှိသူများ ချက်ချင်း အသိပေးခံရပြီး အချိန်နှင့်တပြေးညီ သိရှိနားလည်စေရန် ၎င်းတို့က သေချာစေသည်။ ထိုသို့သော လူပုဂ္ဂိုလ်များအတွက် သင်သည် ၎င်းတို့အား မည်သည့်မျက်နှာသာပေးမှုကိုမျှ သို့မဟုတ် မည်သည့်သနားကြင်နာမှုကိုမျှ လုံးဝ မပြရပေ၊ တစ်ဦးကို တွေ့ရှိသည်နှင့် ရှင်းလင်းပစ်လော့။ ဤချဉ်းကပ်နည်းသည် မည်သို့ရှိသနည်း။ (သင့်လျော်ပါသည်။) ဤသို့ပြုလုပ်ခြင်းသည် ရက်စက်ရာကျပါသလော။ (မကျပါ။) ယင်းမှာ ရက်စက်ခြင်း မဟုတ်ပေ။ သင်သည် ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် ဆက်ဆံသော်လည်း ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို လုံးဝ မကာကွယ်ကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ညီအစ်ကိုမောင်နှမများကို အချိန်တိုင်း သစ္စာဖောက်ကြသည်။ သင်သည် ၎င်းတို့ကို မိသားစုဟု မှတ်ယူသော်လည်း ၎င်းတို့က သင့်ကို မိသားစုဟု မှတ်ယူသလော။ (မယူပါ။) သို့ဆိုလျှင် ၎င်းတို့ကို မျက်နှာသာမပေးနှင်၊ ၎င်းတို့ကို ရှင်းလင်းပစ်ရန် လိုအပ်ပါက ရှင်းလင်းပစ်လော့။ ယခုအချိန်အထိ သင်တို့သည် ထိုသို့သော လူပုဂ္ဂိုလ်များကို ကြုံတွေ့ဖူးသလော။ (ကြုံတွေ့ဖူးပါသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအကြောင်း အရာအားလုံးကို ၎င်းတို့၏ မိသားစုဝင်များနှင့် ဝေမျှခဲ့ပြီး တစ်ခါတစ်ရံတွင် အသင်းတော်အတွင်းရှိ အချို့သောကိစ္စရပ်များနှင့် တိကျသော စီစဉ်မှုများကိုလည်း ၎င်းတို့၏ မိသားစုဝင်များအား အခွင့်ရလျှင်ရချင်း အသိပေးခဲ့ပါသည်။ ထို့နောက် ၎င်းတို့၏ မိသားစုဝင်များသည် အသင်းတော်အကြောင်း နောက်ကွယ်တွင် အတင်းအဖျင်းပြောရန်အတွက် အပြစ်ရှာဖွေခဲ့ပါသည်။) ဤလူပုဂ္ဂိုလ်များသည် ရှင်းလင်းပစ်ခြင်း ခံခဲ့ရပြီးပြီလော။ (ခံခဲ့ရပြီးပါပြီ။) ရှင်းလင်းပစ်ခြင်းခံရပြီးနောက် ၎င်းတို့ မကျေမနပ် ပြောဆိုခဲ့ကြသလော။ ၎င်းတို့က “ငါသည် မည်သည့်အရာမျှ မလုပ်ခဲ့ပါ၊ ဤသည်မှာ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ခြင်း မဟုတ်သကဲ့သို့ ငါသည် အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများကိုလည်း မဖြစ်စေခဲ့ပါ၊ သို့ဖြစ်ပါလျက် အဘယ်ကြောင့် ငါ ရှင်းလင်းပစ်ခြင်း ခံခဲ့ရသနည်း” ဟု တွေးထင်လျက် တရားမမျှတဟု ခံစားရနိုင်ပေသည်။ ၎င်းတို့၏ လုပ်ရပ်များ၏ သဘောသဘာဝသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်စေခြင်းထက် ပို၍ ဆိုးရွားသည်ဟု သင်တို့ထင်သလော။ (ဆိုးရွားပါသည်။) ထိုသို့သောလူများကို ကယ်တင်နိုင်သေးသလော။ ၎င်းတို့ ပြောင်းလဲရန် လွယ်ကူသလော။ (မလွယ်ကူပါ။) အဘယ်ကြောင့် လွယ်ကူမည်မဟုတ်ဟု သင်တို့ ပြောဆိုကြသနည်း။ မည်သည့်ရှုထောင့်က ၎င်းတို့ ပြောင်းလဲရန် ခက်ခဲကြောင်း ပြသနေသနည်း။ (၎င်းတို့သည် ဘုရားအိမ်တော်၏ အစိတ်အပိုင်း မဟုတ်ကြပါ၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ မဟုတ်ကြပါ၊ ၎င်းတို့၏ အနှစ်သာရမှာ မယုံကြည်သူများနှင့် ဘာသာတရားမရှိသူများ၏ အနှစ်သာရ ဖြစ်ပါသည်။) ဤသည်မှာ ၎င်းတို့၏ အနှစ်သာရ ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် မယုံကြည်သူများ ဖြစ်ကြောင်းကို သင်တို့ မည်သို့ ပြောနိုင်သနည်း။ (အသင်းတော်၌ ၎င်းတို့ မည်သို့သော စိတ်ခံစားချက်များ ရှိသည်ဖြစ်စေ ၎င်းတို့၏ မိသားစုထံတွင် ဖွင့်ထုတ်ကြသည်၊ ယင်းက မည်သည့်အရာပင် ဖြစ်ပျက်ပါစေ ၎င်းတို့သည် သင်ခန်းစာတစ်ခုတလေ ယူရန် မဆိုထားနှင့် ထိုအရာကို ဘုရားသခင်ထံမှ လက်မခံကြောင်းကို ညွှန်ပြနေသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ အမှုတော်ကို မတွေ့ကြုံရသကဲ့သို့ သမ္မာတရားကိုလည်း လက်မခံကြပါ၊ ထို့ကြောင့် ၎င်းတို့၏ အနှစ်သာရမှာ မယုံကြည်သူများ၏ အနှစ်သာရ ဖြစ်ပါသည်။) ၎င်းတို့၏ ဤအနှစ်သာရကို ရှင်းလင်းစွာ ပြောပြီးဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ စိတ်ခံစားချက်များကို မိမိတို့၏ မိသားစုထံတွင် ဖွင့်ထုတ်ကြပြီး အရာအားလုံးကို မိမိတို့၏ စိတ်ခံစားချက်များအပေါ် အခြေခံ၍ သဘောထားပြုမူကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အစိတ်အပိုင်းမဟုတ်ဘဲ ဘုရားအိမ်တော်ထဲသို့ ခိုးဝင်လာသော ဘာသာတရားမရှိသူများဖြစ်ကြောင်းကို သင်တို့ မည်သို့ ပြောနိုင်သနည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သစ္စာဖောက်များနှင့် အတွင်းလူ သစ္စာဖောက်များအဖြစ် ပြုမူလျက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်နိုင်သောကြောင့် ဖြစ်ပြီး အခြေခံအားဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများကို ကာကွယ်သောလူများ မဟုတ်သောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်၍ ဤလူပုဂ္ဂိုလ်များသည် ဘုရားအိမ်တော်နှင့် တစ်စိတ်တစ်ဝမ်းတည်း မဟုတ်ကြပါ။) ဤရှင်းပြချက်သည် ကွက်တိ တိကျမှန်ကန်ခြင်း မရှိချေ။ ငါ ရှင်းပြမည်။ ဤလူပုဂ္ဂိုလ်များသည် အသင်းတော်အသက်တာတွင် ပါဝင်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကြသော်လည်း ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို မိမိတို့၏ မိသားစုအဖြစ် တစ်ခါမျှ မှတ်ယူခဲ့ဖူးသလော။ ရိုးရိုးစကားဖြင့်ဆိုသော် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို မိမိတို့၏ လူရင်းများအဖြစ် မှတ်ယူခဲ့ဖူးပါသလော။ (မယူဖူးပါ။) သို့ဆိုလျှင် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို မည်သို့ မှတ်ယူကြသနည်း။ (သူစိမ်းများအဖြစ် မှတ်ယူပါသည်။) မှန်ပေသည်၊ အပြင်လူများအဖြစ်၊ ရန်သူများအဖြစ် မှတ်ယူကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် ဘုရားအိမ်တော်နှင့် အသင်းတော်ကို မည်သို့ မှတ်ယူကြသနည်း။ ယင်းမှာ ၎င်းတို့အတွက် အလုပ်ခွင်တစ်ခုမျှသာ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဘုရားအိမ်တော်နှင့် အသင်းတော်ကို ဘာသာတရားမရှိသည့်လောက၏ ကုမ္ပဏီများ သို့မဟုတ် အဖွဲ့အစည်းများသဖွယ် မှတ်ယူကြပြီး ညီအစ်ကိုမောင်နှမများကို သူစိမ်းများအဖြစ်၊ သတိထားရှောင်ရမည့်သူများအဖြစ်၊ ရန်သူများအဖြစ် ရှုမြင်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအကြောင်း အမျိုးမျိုးသော သတင်းအချက်အလက်များနှင့် အမျိုးမျိုးသော တကယ့်အခြေအနေများကို အခြေခံအားဖြင့် ဘုရားသခင်ကို မယုံကြည်သောသူတို့ထံ အလွယ်တကူ ဖွင့်ဟပြောဆိုနိုင်သည်။ ဤဘာသာတရားမရှိသူများသည် မည်သည့်ကောင်းသောစကားကိုမျှ ပြောဆိုမည်မဟုတ်ကြောင်းနှင့် ညီအစ်ကိုမောင်နှမများကိုပင် ကဲ့ရဲ့ရှုတ်ချနိုင်ပြီး ဘုရားအိမ်တော်ကို သိက္ခာချနိုင်ကြောင်းကို ၎င်းတို့ သိရှိကြသည်၊ ဤအရာအားလုံးကို ၎င်းတို့ သိရှိကြသည့်တိုင် ညီအစ်ကိုမောင်နှမများ၏ အခြေအနေများနှင့် အသင်းတော်၏ အခြေအနေများကို ဤဘာသာတရားမရှိသူများထံ ချွင်းချက် စိုးစဉ်းမျှမရှိဘဲ မဆင်မခြင် ထုတ်ဖော်ပြောဆိုနေကြဆဲ ဖြစ်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို သူစိမ်းများအဖြစ်၊ ရန်သူများအဖြစ် ရှုမြင်ကြသည်မှာ သိသာထင်ရှားသည်၊ ပြီးလျှင် မည်သည့်မကျေနပ်စရာကိစ္စမဆို ပေါ်ပေါက်သည့်အခါတိုင်း ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် ချက်ချင်းပူးပေါင်းပြီး ညီအစ်ကိုမောင်နှမများကို နောက်ကွယ်တွင် လှောင်ပြောင်ရန်၊ သိက္ခာချရန်နှင့် ဆန့်ကျင်ပြုမူရန် လုပ်ဆောင်ကြကာ ထိုသို့ဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆန္ဒများကို ဖြည့်ဆည်းကြသည်။ ၎င်းတို့သည် အသင်းတော်၌ မည်သည့်ညီအစ်ကိုဖြစ်စေ၊ မည်သည့်ညီအစ်မကိုဖြစ်စေ ဝေဖန်ခြင်းသည် လက်တွေ့မကျဟု ခံစားရသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အသင်းတော်၏ ကိစ္စရပ်များ သို့မဟုတ် ညီအစ်ကိုမောင်နှမများအကြောင်းကို ညီအစ်ကိုမောင်နှမများ၏ ရှေ့မှောက်၌ ဆွေးနွေးပါက ၎င်းတို့အတွက် အဆင်မပြေဖြစ်စေမည့် အကျိုးဆက်များကို ခံရမည်ဟု ခံစားရသောကြောင့် ဖြစ်သည်။ သို့သော် ဤကိစ္စရပ်များကို ၎င်းတို့၏ မိသားစုနှင့် ဆွေးနွေးခြင်းသည် မည်သည့်အကျိုးဆက်ကိုမျှ ခံစရာမလိုဘဲ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်လိုက်မာန်ပါဖြစ်ခြင်း၊ လိုအင်ဆန္ဒများနှင့် စိတ်ခံစားချက်များကို လုံးဝကျေနပ်စေသည်၊ အမှန်တွင် မိသားစုသည် မိသားစုဖြစ်သည့်အတွက် ၎င်းတို့ကို သစ္စာဖောက်မည် မဟုတ်သောကြောင့် ဖြစ်သည်။ သို့သော် ညီအစ်ကိုမောင်နှမများနှင့်မူ ထိုသို့မဟုတ်ပေ၊ ထိုလူများသည် ၎င်းတို့ကို အချိန်မရွေး၊ နေရာမရွေး တိုင်ကြားနိုင်သည်၊ ဖော်ထုတ်နိုင်သည်၊ ပြုပြင်နိုင်သည့်အပြင် ၎င်းတို့၏ တာဝန်များနှင့် ရာထူးများကိုပင် ဆုံးရှုံးစေနိုင်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို မိမိတို့၏ ရန်သူများအဖြစ် ရှုမြင်သည်ဟု ဆိုခြင်းမှာ လုံးဝ မမှားပေ။ ရန်သူဆိုသည်မှာ သတိထားစောင့်ကြည့်ရမည့်သူတစ်ဦး ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် ၎င်းတို့ထံ မည်သည့်အရာကိုမျှ ဖော်ထုတ်ပြောဆိုခြင်း မရှိဘဲ စကားမပြောကြပေ။ ထိုအစား ၎င်းတို့သည် နေအိမ်၌ မိမိတို့၏ ဘာသာတရားမရှိသော မိသားစုဝင်များနှင့် “အသင်းတော်အသက်တာကို အသက်ရှင်ကြသည်”၊ ထိုနေရာတွင် ၎င်းတို့သည် အရာအားလုံးကို ဝေမျှပြီး ရင်ဖွင့်ကြသည်။ ၎င်းတို့သည် မိမိတို့၏ အတွေးအခေါ်များ၊ ထင်မြင်ချက်များ၊ ခံပြင်းမှုများ၊ မကျေနပ်မှုများနှင့် မိမိတို့၏ လွဲချော်သော အမြင်အားလုံးကို မည်သည့်စိုးရိမ်ကြောင့်ကြမှုမျှမရှိဘဲ ချွင်းချက်မရှိ ဖော်ပြပြောဆိုကြပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် စိတ်လွတ်လပ်မှုကို ရှာဖွေကာ ပျော်မွေ့ကြသည်။ ၎င်းတို့၏ မိသားစုဝင်များသည် ၎င်းတို့ကို မထီမဲ့မြင်ပြုမည့်အစား ကူညီပြီး ပူးပေါင်းဆောင်ရွက်ကြသည်။ ၎င်းတို့သာ အသင်းတော်၌ ဤသို့ပြောဆိုခဲ့ပါက မယုံကြည်သူများအဖြစ် ၎င်းတို့၏ စစ်မှန်သောသဘာဝသည် အပြည့်အဝ ဖော်ထုတ်ခြင်းခံရမည်ဖြစ်ပြီး အသင်းတော်သည် ၎င်းတို့ကို ရှင်းလင်းပစ်ရမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို မိသားစုအဖြစ်မဟုတ်ဘဲ ရန်သူများအဖြစ် ရှုမြင်ကြသည်။ ဤသည်မှာ ရှုထောင့်တစ်ရပ် ဖြစ်သည်။ အခြားရှုထောင့်တစ်ခုမှာမူ ၎င်းတို့သည် မိမိတို့ကိုယ်ကို အသင်းတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် မည်သည့်အခါမျှ မမှတ်ယူကြခြင်း ဖြစ်သည်၊ သို့ဖြစ်၍ အသင်းတော်၌ ဖြစ်ပျက်သည့် မည်သည့်အရာမဆို၊ ဘာသာရေးလောကမှ အသရေဖျက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းဖြစ်စေ၊ ဘာသာတရားမရှိသူများထံမှ အခြေအမြစ်မရှိသော ကောလာဟလများနှင့် လှောင်ပြောင်ခြင်းဖြစ်စေ၊ သို့မဟုတ် နိုင်ငံတော်အစိုးရ၏ အမှုဆင်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းဖြစ်စေ ၎င်းတို့အတွက် ပုဂ္ဂိုလ်ရေးအရ မသက်ဆိုင်သကဲ့သို့ အရေးမပါပေ။ ၎င်းတို့ အမှန်တကယ် ဤသို့ခံစားခဲ့ရသည်ဟု ယူဆကြည့်ပါစို့။ “အသင်းတော်၏ ပုံရိပ်သည် ထိခိုက်ပျက်စီးပြီး ဘုရားသခင်၏ နာမတော်သည် ဂုဏ်သရေညှိုးနွမ်းပါက ယုံကြည်သူများအဖြစ် ကျွန်ုပ်တို့၏ ဂုဏ်သိက္ခာသည် ပြင်းထန်စွာ စိန်ခေါ်ခံရသည်။ ဤအကြောင်းကြောင့် ကျွန်ုပ်သည် အသင်းတော်ကိစ္စများ သို့မဟုတ် ဘုရားအိမ်တော်၏ အရေးကိစ္စများကို ဘာသာတရားမရှိသူများအား အတင်းပြောဆိုစေရန်နှင့် ရယ်မောစေရန် မည်သည့်အခါမျှ ဆွေးနွေးမည်မဟုတ်ပါ။ မိမိကိုယ်ကို ကာကွယ်ရန်အတွက်ပင် ဘုရားအိမ်တော်၏ အရေးကိစ္စများကို ကျွန်ုပ်၏ ဘာသာတရားမရှိသော မိသားစုဝင်များနှင့် ပေါ့ပေါ့ဆဆ ပြောဆိုမည်မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့တွင် ထိုသို့သော အသိတရားရှိခဲ့ပါက ၎င်းတို့သည် မိမိတို့၏ နှုတ်ကို စောင့်စည်းနိုင်ကြမည် မဟုတ်လော။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ မလုပ်ဆောင်နိုင်ကြသနည်း။ ၎င်းတို့သည် အခြေခံအားဖြင့် မိမိတို့ကိုယ်ကို ဘုရားအိမ်တော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် မမှတ်ယူကြသကဲ့သို့ မိမိတို့ကိုယ်ကို ယုံကြည်သူများအဖြစ်လည်း မမှတ်ယူကြသည်မှာ ရှင်းလင်းပေသည်။ အချို့လူများက “သင်၏ စကားများသည် မမှန်ကန်ပါ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားအိမ်တော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် မမှတ်ယူပါက အဘယ်ကြောင့် စုဝေးပွဲများသို့ လာနေကြဦးမည်နည်း” ဟု ပြောဆိုကြသည်။ ဘုရားသခင်ကို ယုံကြည်သောသူတို့တွင် လူအမျိုးမျိုး ရှိကြသည်။ ဤအကြောင်းကို ငါတို့ ယခင်က မိတ်သဟာယ မဖွဲ့ခဲ့ဖူးသလော။ အမျိုးမျိုးသော မလျော်ကန်သည့် စေ့ဆော်မှုများနှင့် ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို ယုံကြည်ရန် လာကြသောသူများစွာ ရှိကြပြီး ဤသည်မှာ ထိုသို့သော အမျိုးအစားတစ်ခု ဖြစ်သည်။ အပျော်သက်သက်အတွက်ဖြစ်စေ၊ ပျင်းရိငြီးငွေ့မှုကို ဖြေဖျောက်ရန်ဖြစ်စေ၊ ဝိညာဉ်ရေးရာ ခွန်အားကို ရှာဖွေရန်ဖြစ်စေ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ထိုသို့သော မယုံကြည်သူများ၌ အဖြစ်များသည် မဟုတ်လော။ ထိုသို့သောလူများကို များစွာ တွေ့နိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်ကို ယုံကြည်သူများအဖြစ်ပင် အသိအမှတ်မပြုကြပေ။ အသင်းတော်၏ အလုပ်အားလုံးနှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြသော ဘုရားသခင် ရွေးချယ်ထားသည့်လူများသည် ၎င်းတို့အတွက် အရေးမပါသည်မှာ ပြောစရာမလိုပေ၊ ၎င်းတို့သည် ထိုအရာများကို ဂရုမစိုက်ကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် အသင်းတော်၏ အလုပ်အခြေအနေ၊ အသင်းတော်၏ အတွင်းရေးကိစ္စများနှင့် ညီအစ်ကိုမောင်နှမများကြားတွင် ဖြစ်ပေါ်သည့် မည်သည့်ပြဿနာကိုမဆို ဘာသာတရားမရှိသူများနှင့် ပေါ့ပေါ့ဆဆ ပေါ့ပေါ့တန်တန် ဆွေးနွေးနိုင်ကြသည်။ ၎င်းတို့ ပြောဆိုပြီးသည့်နောက်တွင် ဘာသာတရားမရှိသူများသည် အတင်းအဖျင်းပြောခြင်း၊ အသရေဖျက်ခြင်းနှင့် သရော်ခြင်းတို့ကို ဆက်လက်ပြုလုပ်ကြသော်လည်း ယင်းက ၎င်းတို့ကို စိုးစဉ်းမျှ စိတ်အနှောင့်အယှက် မဖြစ်စေပေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ဆဲဆိုကြိမ်းမောင်းရာတွင်၊ ဘုရားအိမ်တော်ကို ဝေဖန်ရာတွင်၊ ဘုရားအိမ်တော်၏ အလုပ်နှင့် အလုပ်အစီအစဉ်များအပေါ် မှတ်ချက်ပေးရာတွင် ဘာသာတရားမရှိသူများနှင့်ပင် ပူးပေါင်းကောင်း ပူးပေါင်းကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူများလော။ (မဟုတ်ပါ။) စစ်မှန်သော ယုံကြည်သူတစ်ဦးသည် ဤပုံစံဖြင့် မည်သည့်အခါမျှ ပြုမူမည်မဟုတ်ပေ။ မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားများကို ကာကွယ်ခြင်းငှာဖြစ်လျှင်ပင် ၎င်းတို့သည် ကျွေးသောလက်ကို ပြန်ကိုက်ပြီး အသင်းတော်ပြင်ပရှိသူများနှင့် ပူးပေါင်းမည်မဟုတ်ပေ။ ဤသို့မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ထိုသို့သော လူပုဂ္ဂိုလ်များသည် ရှင်းလင်းပစ်ရမည့် ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့ကို စောစီးစွာ ရှင်းလင်းပစ်လေ၊ အသင်းတော်သည် စောစီးစွာ ငြိမ်သက်ခြင်းကို ရရှိလေ ဖြစ်လိမ့်မည်။

သင်တို့အကြောင်း ပြောကြစို့။ ဥပမာအားဖြင့် သင်၏ မိဘများသည် ဘုရားသခင်ကို မယုံကြည်လျှင် သို့မဟုတ် သင်၏ မွေးချင်းများ သို့မဟုတ် အရင်းနှီးဆုံး မိတ်ဆွေများသည် ဘုရားသခင်ကို မယုံကြည်သော်လည်း သင်၏ ယုံကြည်ခြင်းကို မဆန့်ကျင်ဘဲ အမှန်တကယ်တွင် အတော်အတန် ထောက်ခံကြပါက သင်သည် အသင်းတော်၌ ဖြစ်ပျက်သမျှအရာအားလုံးအကြောင်းကို ၎င်းတို့အား ပြောဆိုမည်လော။ သင်၏ အမျိုးသမီးမိတ်ဆွေတစ်ဦးက “သင်တို့အသင်းတော်တွင် လက်တွဲဖော်ရှာနေသည့် အမျိုးသားများ ရှိသလား။ အထူးသဖြင့် ဟန်ဆောင်မှုကင်းပြီး အရပ်ရှည်၊ ချမ်းသာကာ ရုပ်ချောသည့်သူများ ရှိသလား” ဟု မေးသည်ဆိုပါစို့။ ဘာသာတရားမရှိသူများထဲမှ အကျင့်ကောင်းသောလူအချို့သည်လည်း ၎င်းတို့၏ နေ့ရက်များကို အတူကုန်ဆုံးရန် အကျင့်ကောင်းသော လက်တွဲဖော်တစ်ဦးကို ရှာဖွေလိုကြသည်။ သင်၏ အမျိုးသမီးမိတ်ဆွေသည် ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးကို ရှာဖွေလိုသည်၊ သို့ဆိုလျှင် သင်သည် သူမအား ပြောပြလိုစိတ် ရှိမည်လော။ (မရှိပါ။) သင်သည် သူမအား ဤသို့ပြောသင့်သည်၊ “သင်၏ ယုံကြည်သူများအပေါ် နှစ်သက်ခင်မင်မှုသည် အသုံးမဝင်ပါ။ သင်သည် ဘာသာမဲ့တစ်ဦးဖြစ်ပြီး အခြေခံအားဖြင့် ယုံကြည်သူများနှင့် သဟဇာတမဖြစ်ပေ။ သင်တို့တွင် စိတ်တူကိုယ်တူဖြစ်ခြင်း မရှိ၊ သင်တို့သည် မတူညီသောလမ်းကြောင်းများကို လျှောက်လှမ်းကြသည်။ အလွန်အကျူး ပြင်ဆင်ဝတ်စားထားသော သင့်ကိုယ်သင် ကြည့်ပါဦး။ ကျွန်ုပ်တို့အသင်းတော်ရှိ မည်သည့်ညီအစ်ကိုက သင့်ကို နှစ်သက်မည်နည်း” ဟူ၍ ဖြစ်သည်။ သင်သည် သူမကို အထင်မကြီးပေ၊ သို့ဆိုလျှင် သင်သည် သူမအား အသင်းတော်ကိစ္စများအကြောင်း ပြောဆိုနိုင်မည်လော။ (မပြောနိုင်ပါ။) စကားအနည်းငယ်ပြောပြီးသည်နှင့် လုံးဝကွဲပြားခြားနားသော အမြင်ရှုထောင့်များဖြင့် စကားဝိုင်းသည် ပျက်သွားလိမ့်မည်။ အချို့ဘာသာတရားမရှိသူများသည် ယုံကြည်သူများအပေါ် အကောင်းမြင်လျှင်ပင် သင်သည် ယုံကြည်သူတစ်ဦးဖြစ်လာပြီးနောက် ၎င်းတို့သည် သင်နှင့် မိတ်ဆွေအဖြစ် ဆက်လက်ထိန်းသိမ်းထားလျှင်ပင် သင်သည် အသင်းတော်၏ အတွင်းရေးကိစ္စများ သို့မဟုတ် သင်၏ တာဝန်များကို ထမ်းဆောင်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကို ၎င်းတို့နှင့် ဝေမျှလိုစိတ် ရှိမည်လော။ (မရှိပါ။) ၎င်းတို့သည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကို ထောက်ခံလျှင်ပင် အသင်းတော်ကိစ္စများကို ၎င်းတို့နှင့် ဆွေးနွေးခြင်းသည် အဘယ်အသုံးဝင်မည်နည်း။ ဥပမာအားဖြင့် အချို့ညီအစ်ကိုမောင်နှမများသည် ယုဒများမဖြစ်ဘဲ အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် စစ်ဆေးမေးမြန်းခြင်းကို ကြံ့ကြံ့ခံခဲ့ကြသည်။ ဤသည်မှာ ဘာသာတရားမရှိသူများပင် လေးစားအားကျရသော သက်သေခံချက်တစ်ခုဖြစ်သည်။ သင်သည် ဤအရာကို ၎င်းတို့နှင့် ဝေမျှလိုစိတ် ရှိမည်လော။ (မရှိပါ။) သင်သည် အဘယ်ကြောင့် ဤအကြောင်းကို ဆွေးနွေးလိုစိတ် မရှိမည်နည်း။ (ထိုသို့သောကိစ္စရပ်များသည် ၎င်းတို့နှင့် မသက်ဆိုင်ပါ၊ ပြီးလျှင် ၎င်းတို့သည် ဤအတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို နားလည်နိုင်မည်မဟုတ်ပါ။) ၎င်းတို့သည် နားလည်နိုင်မည်မဟုတ်ပေ။ ဤကိစ္စရပ်များကို ဆွေးနွေးခြင်းက မည်သည့်အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုများ ရှိနိုင်သနည်း။ (၎င်းတို့သည် ထိုအစား အသင်းတော်ကို ဝေဖန်ခြင်းဖြင့် အဆုံးသတ်သွားနိုင်ပါသည်။) ၎င်းတို့သည် “သင်တို့သည် အဘယ်ကြောင့် ဤသို့ ဒုက္ခခံနေကြသနည်း။ အဘယ်ကြောင့် နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေကြသနည်း” ဟု ဝေဖန်ကြလိမ့်မည်။ ကြည့်လော့၊ မှတ်ချက်တစ်ခုတည်းက ၎င်းတို့၏ သဘာဝကို ဖော်ထုတ်နိုင်သည်။ ဤသည်ကို နိုင်ငံတော်အစိုးရကို ဆန့်ကျင်ခြင်းဟု မည်သို့ မှတ်ယူနိုင်မည်နည်း။ တိုင်းပြည်ကို အုပ်စိုးနေသော နတ်ဆိုးအုပ်စိုးရှင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ဆိုးရွားစွာ ဒုက္ခပေးပြီး ၎င်းတို့အား အသက်ရှင်ရန် နည်းလမ်းမရှိအောင် ထားခဲ့သည်မှာ ရှင်းလင်းပေသည်။ ၎င်းတို့သည် ဤအရာကို မျက်မြင်တွေ့ရှိသည့်အခါပင် မသိချင်ယောင်ဆောင်ကြသည်။ ၎င်းတို့သည် အမှန်တရားကို ပြောင်းပြန်လှန်ပြီး အဖြစ်မှန်များကို လိုရာဆွဲ ပြောဆိုကြသည်မှာ သိသာထင်ရှားပေသည်။ သင်သည် ၎င်းတို့နှင့် အခြားမည်သည့်အရာကို ဆွေးနွေးနိုင်ဦးမည်နည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မည်သည့်အရာကိုမျှ ၎င်းတို့အား မပြောဆိုနိုင်ပေ၊ ဤအကြောင်းနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ ၎င်းတို့အား သိခွင့်မပြုနိုင်ပေ။ မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်သောသူတို့သည် အသင်းတော်အကြောင်း အရာအားလုံးကို ဘာသာတရားမရှိသူများထံ ပြောဆိုနိုင်သည်။ ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်မှာ သိသာထင်ရှားသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်သို့ ရည်ရွယ်ချက်မဲ့ နေထိုင်ရန် ရောက်ရှိလာသော နတ်ဆိုးများ၊ အသိတရား သို့မဟုတ် ဆင်ခြင်တုံတရား တစ်စွန်းတစ်စမျှမရှိဘဲ ကျွေးသောလက်ကို ပြန်ကိုက်သည့် တိရစ္ဆာန်များ ဖြစ်ကြသည်။ ၎င်းတို့အတွက် ဘုရားအိမ်တော်ကိုဖြစ်စေ၊ အသင်းတော်၏ အကျိုးစီးပွားများကိုဖြစ်စေ၊ ဂုဏ်သတင်းကိုဖြစ်စေ၊ အသင်းတော်ကိုဖြစ်စေ မည်သို့ပင် ထိခိုက်စေကာမူ ၎င်းတို့ကို လုံးဝ မထိခိုက်ပေ၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွား တစ်ခုတစ်လေကိုမျှ မထိခိုက်ပေ၊ ပြီးလျှင် ၎င်းတို့သည် ဝမ်းနည်းခြင်းကို စိုးစဉ်းမျှ မခံစားရပေ၊ သို့ဖြစ်၍ ၎င်းတို့သည် အသင်းတော်၏ အတွင်းရေးကိစ္စများကို ဘာသာတရားမရှိသူများနှင့် ဘုရားသခင်ကို မယုံကြည်သောလူတို့ထံ အနည်းငယ်မျှ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ မဆင်မခြင် ပြောဆိုနိုင်ကြသည်။ ထိုသို့သောလူများသည် မုန်းစရာကောင်းသလော။ (ကောင်းပါသည်။) ညီအစ်ကိုမောင်နှမများကို မိသားစုအဖြစ်မမြင်ဘဲ ဘာသာတရားမရှိသူများကို မိမိတို့၏ မိသားစုအဖြစ် မြင်သော မယုံကြည်သူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်သလော။ (မခံနိုင်ပါ။) ၎င်းတို့သည် ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်းကို အသိအမှတ်ပြုနိုင်သလော။ (မပြုနိုင်ပါ။) မိမိကိုယ်ကို အသင်းတော်အဖွဲ့ဝင်တစ်ဦးအဖြစ် မမှတ်ယူသော လူတစ်ဦးသည် လူတို့ကို ဘုရားသခင် ကယ်တင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ်တော်များကို ကြားရသည့်အခါ သမ္မာတရားကို လိုက်စားပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဘေးဖယ်ထားနိုင်သလော။ (မထားနိုင်ပါ။) ၎င်းတို့၏ နေ့စဉ်လုပ်ဆောင်မှုများတွင် အသင်းတော်၏ အကျိုးစီးပွားများကို သစ္စာဖောက်ခြင်း၊ အပြင်လူများနှင့် ပူးပေါင်းခြင်း၊ အတွင်းလူ သစ္စာဖောက်များ၊ ယုဒများနှင့် သစ္စာဖောက်များအဖြစ် အစေခံခြင်းတို့သာ ပါဝင်သည်၊ ဤသည်မှာ ၎င်းတို့၏ အထူးတာဝန်ဖြစ်သကဲ့သို့ပင်။ ၎င်းတို့သည် သင့်တော်သော လမ်းကြောင်းကို မလျှောက်လှမ်းဘဲ မကောင်းမှုပြုရန် အသက်ရှင်ကြသည်၊ ၎င်းတို့သည် သေထိုက်ပြီး ကျိန်ခြင်းခံထိုက်သည်။ ကျွေးသောလက်ကို ပြန်ကိုက်သည့် ဤယုဒများ၊ သစ္စာဖောက်များနှင့် စာတန်၏ အစေခံများသည် အပျက်သဘောဆောင်သော လူယုတ်မာများဖြစ်သည်၊ ၎င်းတို့သည် လူသားမျိုးနွယ်အတွက် အန္တရာယ်ရှိပြီး အားလုံးက စက်ဆုပ်ရွံရှာကြသည်။ သို့ဆိုလျှင် အသင်းတော်က ၎င်းတို့ကို ကိုင်တွယ်ပြီး ရှင်းလင်းပစ်ခြင်းသည် လုံးဝ သင့်လျော်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ လုံးဝ သင့်လျော်သည်။ သင်တို့သည် သစ္စာဖောက်ခြင်းကို မခံလိုကြမည် မဟုတ်လော။ အသင်းတော် သို့မဟုတ် ဘုရားအိမ်တော်သည် သစ္စာဖောက်ခြင်း ခံရပါက လူအများစုသည် နက်နက်ရှိုင်းရှိုင်း စာနာနိုင်မည်မဟုတ် သို့မဟုတ် အလွန်အမင်း စိတ်မကောင်း ဖြစ်မည်မဟုတ်ပေ၊ ၎င်းတို့က မိမိတို့သည် အဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် စိတ်ထဲ၌ အနည်းငယ် မသက်မသာဖြစ်ရုံသာ ရှိလိမ့်မည်။ သို့သော် သင်သည် အသင်းတော်ရှိ တစ်စုံတစ်ဦး၏ သစ္စာဖောက်ခြင်းကို ခံရပြီး ၎င်းတို့၏ သစ္စာဖောက်ခြင်းကြောင့် ဘာသာတရားမရှိသူများက အဖြစ်မှန်များကို လိမ်ညာကာ သင့်ကို အသရေဖျက်၊ လှောင်ပြောင်၊ ဝေဖန်ပြီး ပြစ်တင်ရှုတ်ချပါက သင် မည်သို့ ခံစားရမည်နည်း။ ထိုအခါ သင်သည် အသင်းတော်နှင့် ဘုရားအိမ်တော် ခံစားခဲ့ရသော အရှက်ရခြင်းနှင့် ဂုဏ်သိက္ခာကျဆင်းခြင်းကို တွေ့ကြုံခံစားရမည် မဟုတ်လော။ (ခံစားရပါမည်။) ဤအမြင်ရှုထောင့်မှကြည့်လျှင် ထိုသို့သော လူပုဂ္ဂိုလ်များကို ရှင်းလင်းပစ်ခြင်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) ၎င်းတို့ကို ရှင်းလင်းပစ်သင့်သည်၊ ၎င်းတို့အား မျက်နှာသာပေးရန် မလိုအပ်တော့ပေ။ မိမိတို့၏ နှုတ်ကို မစောင့်စည်းနိုင်သောသူတို့နှင့်ပတ်သက်၍ ၎င်းတို့ ကျင့်ကြံပြုမူပုံနှင့် အသက်ရှင်နေထိုင်ပုံ၏ အမျိုးမျိုးသော သရုပ်သကန်များကို အခြေခံ၍ ၎င်းတို့သည် အသင်းတော်အတွင်းရှိ မယုံကြည်သူများ၊ ရှင်းလင်းပစ်သင့်သည့် ဆိုးယုတ်သောလူတစ်မျိုး ဖြစ်ကြသည်။ ၎င်းတို့၏ လုပ်ရပ်များသည် လျှို့ဝှက်စွာဖြစ်စေ၊ ပွင့်လင်းစွာဖြစ်စေ မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ဦးသည် မိမိ၏ နှုတ်ကို မစောင့်စည်းနိုင်ကြောင်းနှင့် ၎င်း၏ လူ့သဘာဝ အနှစ်သာရသည် လုံးလုံးလျားလျား မယုံကြည်သူတစ်ဦး၏ အနှစ်သာရဖြစ်ကြောင်းကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များထံ ချက်ချင်း သတင်းပို့ပြီး ညီအစ်ကိုမောင်နှမများကို အသိပေးလော့။ ထိုသို့သော လူပုဂ္ဂိုလ်များနှင့်ပတ်သက်၍ အချိန်မီ တိကျသော ပိုင်းခြားသိမြင်မှုတစ်ခုကို ပြုလုပ်သင့်ပြီး ထို့နောက် ၎င်းတို့ကို အသင်းတော်မှ အမြန်ဆုံး ရှင်းလင်းပစ်သင့်သည်။ ၎င်းတို့အား အသင်းတော်၊ ၎င်း၏အလုပ် သို့မဟုတ် ညီအစ်ကိုမောင်နှမများနှင့် မည်သို့မျှ ပတ်သက်ဆက်နွှယ်ခွင့် မပြုနှင့်၊ ၎င်းတို့ကို လုံးဝ ရှင်းလင်းပစ်ခြင်းသည် မှန်ကန်သော လုပ်ရပ်ဖြစ်သည်။ ထိုသို့သောလူတစ်ဦးကို တွေ့ရှိသည့်အခါတိုင်း ရှင်းလင်းပစ်လော့။ နှစ်ယောက်တွေ့လျှင် နှစ်ယောက်လုံးကို ရှင်းလင်းပစ်လော့၊ တစ်အုပ်စုတွေ့လျှင် တစ်အုပ်စုလုံးကို ရှင်းလင်းပစ်လော့။ လုံးဝ ညှာတာထောက်ထားခြင်း မပြုနှင့်။ လူ့သဘာဝ၏ ဤသရုပ်သကန်ဖြစ်သည့် မိမိ၏ နှုတ်ကို မစောင့်စည်းနိုင်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် နိဂုံးချုပ်သည်။

ယနေ့ မိတ်သဟာယဖွဲ့ခဲ့သော လူအမျိုးအစားသုံးမျိုးသည် ယခင်က မိတ်သဟာယဖွဲ့ခဲ့သော အမျိုးအစားနှစ်မျိုးထက် ပို၍ ဆိုးရွားသော အခြေအနေများလော။ (ဟုတ်ပါသည်။) ၎င်းတို့၏ အခြေအနေများသည် ပိုဆိုးသည်၊ ၎င်းတို့၏ လူ့သဘာဝသည် ပို၍ ယုတ်မာပြီး ပို၍ စက်ဆုပ်ဖွယ်ကောင်းသည်၊ ပြီးလျှင် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမအားလုံး၏ အကျိုးစီးပွားများအပေါ် ၎င်းတို့၏ ထိခိုက်မှုနှင့် သက်ရောက်မှုသည် ပို၍ ကြီးမားသည်။ ထို့ကြောင့် ဤလူအမျိုးအစားသုံးမျိုးကို ပေါ့ပေါ့ဆဆ သဘောမထားကြနှင့်၊ ၎င်းတို့ကို သတိဖြင့် စောင့်ကြည့်ကာကွယ်သင့်ပြီး အလိုမလိုက်သင့်ပေ။ တစ်စုံတစ်ဦးသည် ဤအမျိုးအစားသုံးမျိုးထဲမှ တစ်မျိုးဖြစ်ကြောင်း ဖော်ထုတ်ခံရပါက ၎င်းတို့ကို ချက်ချင်း ဖော်ထုတ်ပြီး ပိုင်းခြားသိမြင်သင့်ကာ ထို့နောက် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းသင့်သည်။ ၎င်းတို့သည် အရေးကြီးသော တာဝန်တစ်ခုကို ထမ်းဆောင်နေပါက ၎င်းတို့၏ တာဝန်ကို လွှဲပြောင်းယူရန် တစ်စုံတစ်ဦးကို ချက်ချင်းရှာဖွေပြီးနောက် ၎င်းတို့ကို ထိုတာဝန်မှ ဖယ်ရှားကာ ရှင်းလင်းပစ်လော့။ နားလည်ပြီလော။ (နားလည်ပါပြီ။) အသင်းတော်၏ ညီအစ်ကိုမောင်နှမများ၏ အမျိုးမျိုးသော အခြေအနေများ၊ မတူညီသော ကာလများရှိ ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များ၊ အသင်းတော်၏ အလုပ်နှင့် ၎င်း၏ အတွင်းရေးကိစ္စအချို့ကိုပင် ညီအစ်ကိုမောင်နှမများကြားတွင်သာ ဆွေးနွေးပြီး မိတ်သဟာယဖွဲ့ရန် ခွင့်ပြုထားသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများအား ဘုရားအိမ်တော်က တောင်းဆိုသော စည်းမျဉ်းများကို ပို၍ ရှင်းလင်းစွာ နားလည်မှုများနှင့် ထိုးထွင်းသိမြင်မှုများ ရှိစေရန်ဖြစ်ပြီး ထိုသို့ဖြင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူနိုင်စွမ်းကို ရရှိစေရန် ဖြစ်သည်။ သို့သော် စည်းမျဉ်းတစ်ခုကို ရှင်းလင်းစွာ သိရှိရမည်၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုနှင့်သက်ဆိုင်သော သမ္မာတရားများ သို့မဟုတ် စည်းမျဉ်းများဖြစ်စေ၊ အထွေထွေကိစ္စရပ်များအတွက် စည်းမျဉ်းများဖြစ်စေ ၎င်းတို့ကို ဘာသာတရားမရှိသူများအား ပြောဆိုရန် လုံးဝ ခွင့်မပြုပေ၊ ယင်းက ဘာသာတရားမရှိသူများ မှတ်ချက်ပေးခြင်းနှင့် လက်ညှိုးထိုး ဝေဖန်ခြင်းတို့ကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ ဤသည်မှာ လုံးဝ တားမြစ်ထားသည်။ အချို့က “လုံးဝ တားမြစ်ထားလျှင် ယင်းက စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တစ်ခုဟု ဆိုလိုပါသလော” ဟု ပြောကောင်းပြောနိုင်သည်။ ဤသို့ ဆိုနိုင်သည်၊ သတင်းအချက်အလက်ကို ပေါက်ကြားစေသူ မည်သူမဆိုသည် သက်ဆိုင်ရာ အကျိုးဆက်များကို ခံရမည်။ အဘယ်ကြောင့် ၎င်းတို့သည် အကျိုးဆက်များကို ခံရမည်နည်း။ အဘယ်ကြောင့်ဆိုသော် အသင်းတော်၏ အတွင်းရေးကိစ္စများကို ပေါက်ကြားစေသောသူတို့သည် အသင်းတော် သို့မဟုတ် ညီအစ်ကိုမောင်နှမများကို မကာကွယ်သည့်အပြင် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို အလွယ်တကူ သစ္စာဖောက်နိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သစ္စာဖောက်များနှင့် ယုဒများအဖြစ် ပြုမူသောကြောင့် ၎င်းတို့အား မျက်နှာသာပေးခြင်း သို့မဟုတ် ညီအစ်ကိုမောင်နှမများ သို့မဟုတ် မိသားစုအဖြစ် မှတ်ယူခြင်း မပြုသင့်တော့ပေ။ ၎င်းတို့ကို သစ္စာဖောက်များနှင့် ယုဒများအဖြစ် ကိုင်တွယ်ဖြေရှင်းသင့်ပြီး အသင်းတော်မှ တိုက်ရိုက် ရှင်းလင်းပစ်သင့်သည်။ အချို့လူများက “ကျွန်ုပ်တွင် ယခင်က ပါးစပ်မလုံသည့် အကျင့်ဆိုးတစ်ခု ရှိခဲ့သည်၊ ကျွန်ုပ်သည် မဆင်မခြင် ပြောဆိုတတ်သည်။ ယခု ထိုသို့သော လုပ်ရပ်များ၏ အကျိုးဆက်များကို မြင်တွေ့ပြီးနောက် ကျွန်ုပ်သည် နောက်ထပ် မဆင်မခြင် ပြောဆိုဝံ့တော့မည်မဟုတ်ပါ” ဟု ပြောဆိုကြသည်။ ကောင်းပြီ။ သင် ဤသို့ပြောဆိုပြီးဖြစ်သောကြောင့် သင်၏ အပြုအမူကို စောင့်ကြည့်မည်ဖြစ်သည်။ သင်သည် အမှန်တကယ် နောင်တရပြီး ပြောင်းလဲပါက၊ သတင်းအချက်အလက်များကို မဆင်မခြင် ဖြန့်ဝေခြင်း သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို သစ္စာဖောက်ခြင်း မပြုတော့ဘဲ သင်၏ နှုတ်ကို စောင့်စည်းနိုင်ပါက ဘုရားအိမ်တော်သည် သင့်အား အခွင့်အရေးတစ်ကြိမ် ပေးမည်။ သင် ဤသို့ပြုလုပ်ခဲ့ကြောင်း၊ သင်သည် သတင်းအချက်အလက်အချို့ကို ဖြန့်ဝေခဲ့သူ ဖြစ်ကြောင်းကို နောက်တစ်ကြိမ် တွေ့ရှိပါက သင့်အား မည်သည့်မျက်နှာသာပေးမှုကိုမျှ ပေးမည်မဟုတ်ပေ။ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများသည် သင့်အား ရှင်းလင်းပစ်ရန် ပူးပေါင်းကြလိမ့်မည်။ ထိုသို့ဖြစ်ပျက်သည့်အခါ သင့်အား ကြိုတင်သတိမပေးခဲ့ဟု ငိုယိုခြင်း သို့မဟုတ် မကျေနပ်ပြောဆိုခြင်း မပြုနှင့်။ ယခု ကိစ္စရပ်များကို ရှင်းလင်းစွာ ရှင်းပြပြီးဖြစ်သောကြောင့် ဤအရာသည် နောက်တစ်ကြိမ် ဖြစ်ပွားပါက ဘုရားအိမ်တော်သည် လုံးဝ မျက်နှာသာပေးမည်မဟုတ်ပေ။ နားလည်ပြီလော။ (နားလည်ပါပြီ။) နားမလည်သေးသော မည်သူ့ကိုမဆို သင်တို့တွေ့ရှိပါက ၎င်းတို့အား ရှင်းပြလော့၊ ယနေ့ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာကို အသုံးပြု၍ ၎င်းတို့အား လမ်းညွှန်ချက်များ ပေးလော့။ ဤအပြုအမူ၏ လက္ခဏာများ ပြသနေသော တစ်စုံတစ်ဦးကို သို့မဟုတ် ယခင်က ဤပုံစံဖြင့် ပြုမူခဲ့သော တစ်စုံတစ်ဦးကို သင်တို့ သတိပြုမိပါက ၎င်းတို့နှင့် ဆက်သွယ်လော့၊ ၎င်းတို့ကို သတိပေးလော့၊ ပြီးလျှင် ထိုသို့သော လုပ်ရပ်များ၏ သဘောသဘာဝနှင့် အကျိုးဆက်များအပြင် ဤကိစ္စရပ်များနှင့် လူများအပေါ် ဘုရားအိမ်တော်၏ သဘောထားကိုပါ ၎င်းတို့အား အသိပေးလော့။ ကိစ္စရပ်များကို ရှင်းလင်းစွာ ပြောဆိုပြီးနောက် ၎င်းတို့ နောင်တရနိုင်ခြင်း ရှိမရှိနှင့် အနာဂတ်တွင် မည်သို့ပြုလုပ်မည်ကို မြင်ရန် ၎င်းတို့ကို စောင့်ကြည့်လော့။ ၎င်းတို့ ပြောင်းလဲပြီး ထိုသို့သောပုံစံဖြင့် မပြုမူတော့ပါက ၎င်းတို့ကို ပြန်လည်လက်ခံနိုင်ပြီး ညီအစ်ကိုမောင်နှမများအဖြစ် ဆက်ဆံနိုင်သည်။ သို့သော် ၎င်းတို့သည် ခေါင်းမာစွာဖြင့် နောင်တမရဘဲ ဤကဲ့သို့ လျှို့ဝှက်စွာ ဆက်လက်ပြုမူနေပါက ထိုသို့သောလူတစ်ဦးကို တွေ့ရှိသည့်အခါတိုင်း ရှင်းလင်းပစ်လော့။ နှစ်ယောက်တွေ့လျှင် နှစ်ယောက်လုံးကို ရှင်းလင်းပစ်လော့၊ တစ်အုပ်စုတွေ့လျှင် တစ်အုပ်စုလုံးကို ရှင်းလင်းပစ်လော့။ မည်သည့်မျက်နှာသာပေးမှုကိုမျှ မပေးနှင့်။ အချို့လူများက “ကျွန်ုပ်၏ မိသားစုထဲမှ တစ်ချိန်က ယုံကြည်ခဲ့သော်လည်း နောက်ပိုင်းတွင် ရှင်းလင်းပစ်ခြင်းခံရသောသူတို့အား ကျွန်ုပ် ပြောဆိုနိုင်ပါသလော” ဟု မေးကြသည်။ ပါးစပ်ဆော့ပြီး အတင်းအဖျင်း ပြောဆိုခြင်းကို နှစ်သက်သောသူတို့သည် မိမိတို့ကိုယ်ကို ထိန်းချုပ်ရန် မလွယ်ကူဘဲ ထိုသို့ပြုလုပ်ခြင်းသည် ခွင့်ပြုနိုင်ခြင်း ရှိမရှိကို အမြဲ ခေါင်းမာစွာ မေးမြန်းကြပုံရသည်။ သင်တို့ မည်သို့ထင်သနည်း၊ ယင်းမှာ ခွင့်ပြုနိုင်ခြင်း ရှိသလော။ (မရှိပါ။) မည်သူ့ကိုမျှ ပြောဆိုရန် ခွင့်မပြုပေ၊ အကြောင်းမှာ ယင်းက အလွယ်တကူ အကျိုးဆက်များကို ဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။ ထိုသို့သော လူများအားလုံးကို ယုဒများအဖြစ် ကိုင်တွယ်ဖြေရှင်းရမည်။ ဘာသာတရားမရှိသူများ၊ ရှင်းလင်းပစ်ခြင်းခံရသောသူများ၊ သင်နှင့် ရင်းနှီးသောသူများ၊ ယုံကြည်စိတ်ချရသောသူများ၊ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကို ထောက်ခံသောသူများ၊ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ကောင်းသောထင်မြင်ချက် ရှိသောသူများနှင့် အမည်ခံအားဖြင့် ဘုရားသခင်ကို ယုံကြည်ပြီး အသင်းတော်အသက်တာကို နေထိုင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနည်းငယ် ဖတ်ရှုရုံသာပြုပြီး မိမိတို့၏ တာဝန်ကို လုံးဝမထမ်းဆောင်သောသူတို့ကို မပြောဆိုရပေ။ တစ်စုံတစ်ဦးက ပြောဆိုပါက ၎င်းတို့ကို ယုဒတစ်ဦးအဖြစ် ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သည်။ နားလည်ပြီလော။ (နားလည်ပါပြီ။) မိမိတို့၏ တာဝန်များကို မထမ်းဆောင်သောသူတို့တွင် အခြားမည်သူများ ပါဝင်သေးသနည်း။ သာမန်အသင်းတော်အဖွဲ့ဝင်များ ပါဝင်ပါသလော။ (ပါဝင်ပါသည်။) ဤကိစ္စကို မမေ့ကြနှင့်၊ မမိုက်မဲကြနှင့်။ သင်တို့သည် စည်းမျဉ်းများကို ကောင်းစွာ သဘောပေါက်ရမည်။ ယုဒတစ်ဦးဖြစ်လာပြီး ဘုရားအိမ်တော်ကို သစ္စာဖောက်ကာ ညီအစ်ကိုမောင်နှမများကို သတိမပြုမိဘဲ သစ္စာဖောက်ပြီးနောက် ထိုအရာအတွက် ဂုဏ်ယူနေသည်အထိ မယုံကြည်လိုက်ကြနှင့်။ မိမိ၏ နှုတ်ကို မစောင့်စည်းနိုင်ခြင်းနှင့် အသင်းတော်၏ အလုပ်နှင့် ညီအစ်ကိုမောင်နှမများကိုပင် သစ္စာဖောက်ခြင်းသည် ကြီးလေးသော ပြစ်မှားခြင်းတစ်ခု ဖြစ်သည်။ ထိုသို့သော မကောင်းမှုကို ကျူးလွန်သော မည်သူ့ကိုမဆို ဘုရားသခင်ထံ၌ မှတ်တမ်းများ ရှိသည်။ ယခု သင့်အား ရှင်းလင်းစွာ ရှင်းပြပြီးဖြစ်၍ သင်လည်း နားလည်ပြီးဖြစ်သောကြောင့် သင်သည် ဤအရာကို ထပ်မံပြုလုပ်ပါက ယင်းသည် သာမန်ပြစ်မှားခြင်းတစ်ခု မဟုတ်တော့ပေ၊ ယင်းသည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ကို ချိုးဖောက်ခြင်းဖြစ်ပြီး သင့်အား ရှင်းလင်းပစ်ခြင်းခံရမည့် ပစ်မှတ်တစ်ခု ဖြစ်စေကာ သင်သည် ကယ်တင်ခြင်းရရှိပိုင်ခွင့်ကို ဆုံးရှုံးရလိမ့်မည်။ နားလည်ပြီလော။ (နားလည်ပါပြီ။)

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်

အရှေ့သို့-  ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၄)

နောက်တစ်ခုသို့-  ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၇)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger