၇၉၆  ဘုရားသခင်တစ်ပါးတည်းသာ လူကို အချစ်ဆုံးဖြစ်သည်

ဘုရားသည် နောက်ဆုံးသော ကာလတွင် လူသားမျိုးနွယ်ကို လုံးဝ ကယ်တင်လိုပြီး သူ၏ စီမံခန့်ခွဲမှု အစီအစဉ်သည် ဤအဆင့်သို့ ရောက်ရှိပြီဖြစ်သောကြောင့် ယနေ့တွင် လူသားမျိုးနွယ်ကို ဤနည်းဖြင့် သူ ဖော်ထုတ်ကာ တရားစီရင်နိုင်လေသည်။ ဘုရားသည် လူသားမျိုးနွယ်ကို ချစ်သောကြောင့် ကယ်တင်၏။ ဘုရားသည် လူသားမျိုးနွယ်ကို ချစ်သောကြောင့်လည်းကောင်း၊ ချစ်ခြင်းမေတ္တာ၏ တွန်းအားပေးခြင်းနှင့် လှုံ့ဆော်ခြင်းတို့ကို ခံရသောကြောင့်လည်းကောင်း လူသားမျိုးနွယ်ကို ကိုယ်တိုင်ကိုယ်ကျ ကယ်တင်ရန် သူသည် လူ့ဇာတိခံပြီး မကောင်းဆိုးဝါးများ၏ တွင်းထဲသို့ စွန့်စားဝင်ရောက်လာခြင်း ဖြစ်ပေသည်။ ဘုရားသည် လူသားမျိုးနွယ်ကို ချစ်သောကြောင့် ဤအရာကို လုပ်ဆောင်နိုင်ပေသည်။ ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ကယ်တင်ရန် လူ့ဇာတိခံရာတွင် အလွန်ကြီးမားသည့် အရှက်ကွဲခြင်းကို ဘုရား ခံစားရသည်မှာ သူ၏ ချစ်ခြင်းမေတ္တာ အလွန်ကြီးမားကြောင်း ပြည့်စုံသော သက်သေဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ စာကြောင်းများကြားတွင် တိုက်တွန်းခြင်း၊ နှစ်သိမ့်ခြင်း၊ ခွန်အားပေးခြင်း၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်းရှိသည့်အပြင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ကျိန်ဆဲခြင်း၊ လူသိရှင်ကြား ဖော်ထုတ်ခြင်းနှင့် နှစ်သက်ဖွယ်ရာ ကတိတော်များ ပို၍ပင် ရှိလေ၏။ နည်းစနစ်က မည်သည့်အရာဖြစ်စေ ယင်းကို ချစ်ခြင်းမေတ္တာက စိုးမိုးထားပြီး ဤသည်မှာ သူ့အမှုတော်၏ အနှစ်သာရဖြစ်သည်။

ယနေ့တွင် လူအများစုသည် ဘုရားနောက်သို့ အဘယ်ကြောင့် အလွန် နီးကပ်စွာနှင့် အလွန်ထက်သန်စွာ လိုက်ကြသနည်း။ ယင်းမှာ ဘုရား၏ ချစ်ခြင်းမေတ္တာကို ၎င်းတို့ သိကြပြီး ဘုရား၏ အမှုတော်မှာ လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်ကြောင်းကို ၎င်းတို့ မြင်ကြသောကြောင့် ဖြစ်သည်။ ဘုရား၏ အမှုတော်သည် ယင်း၏အချိန်ကိုက်မှုအတွင်း အလွန့်အလွန် တိကျလေသည်မှာ အဆင့်တစ်ခုချင်းစီသည် နှောင့်နှေးခြင်းမရှိဘဲ တစ်ခုနောက်တစ်ခု နီးကပ်စွာ လိုက်လျက်ရှိလေသည်။ အဘယ်ကြောင့် သူသည် နှောင့်နှေးခြင်း မရှိသနည်း။ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဖြစ်သည်။ သူသည် လူများကို တတ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာဖြင့် ကယ်တင်ပြီး ဘုရားသည် ကယ်တင်၍ရနိုင်သည့် လူတစ်ဦးကို ဆုံးရှုံးရန် လိုလားနေခြင်း မရှိပေ၊ သို့သော် လူတို့က မိမိတို့၏ ကံကြမ္မာနှင့် ပတ်သက်၍ မိမိတို့ကိုယ်တိုင်ပင် အရေးမစိုက်ကြ။ သို့ဖြစ်၍ လူတို့သည် လောက၌ ၎င်းတို့ကို မည်သူက အချစ်ဆုံးဖြစ်သည်ကိုပင် မသိကြချေ။ သင်သည် သင့်ကိုယ်သင်ပင် မချစ်သကဲ့သို့ သင်၏ ကိုယ်ပိုင် အသက်ကို မြတ်နိုး၊ တန်ဖိုးထားရန်ပင် မသိချေ။ ဘုရားသခင်သာ လူတို့ကို အချစ်ဆုံး ဖြစ်သည်။

လူအနည်းငယ်ကသာ ဘုရား၏ ချစ်ခြင်းမေတ္တာကို တွေ့ကြုံပြီးဖြစ်သော်လည်း အများစုမှာမူ မတွေ့ကြုံကြရသေးဖို့ သေချာသလောက်ဖြစ်သည်။ မိမိတို့ကိုယ်ကို ၎င်းတို့၏ ချစ်ခြင်းက သာ၍ ယုံကြည်စိတ်ချရသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ သို့ရာတွင် အမှန်တကယ်၌ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထားရှိသည့် ချစ်ခြင်းမေတ္တာအမျိုးအစားအပေါ် သာ၍ ရှင်းလင်းသော သိနားလည်မှု ရှိသင့်ကြပေသည်။ လူတို့သည် မိမိတို့ကိုယ်ကို ချစ်ခြင်းအားဖြင့် မိမိတို့ကိုယ်ကို ကယ်တင်နိုင်ကြသလော။ ဘုရား၏ ချစ်ခြင်းမေတ္တာသည်သာ လူတို့ကို ကယ်တင်နိုင်၏။ ယင်းသည် တစ်ခုတည်းသော စစ်မှန်သည့် မေတ္တာဖြစ်သည့် စစ်မှန်သည့် ချစ်ခြင်းမေတ္တာက မည်သည့်အရာဖြစ်သည်ကို နောက်ပိုင်းတွင် သင် တဖြည်းဖြည်း တွေ့ကြုံလာလိမ့်မည်။ ဘုရားသည် လူတို့နှင့် နေ့ရောညပါ ဆက်သွယ်ပြောဆိုကာ ၎င်းတို့နှင့် အတူတကွ အသက်ရှင်လျက် အမှုပြုကာ လူတို့ကို တေ့တေ့ဆိုင်ဆိုင် ဦးဆောင်လမ်းပြရန် လူ့ဇာတိမခံခဲ့ပါက ဘုရား၏ ချစ်ခြင်းမေတ္တာကို အမှန်တကယ် သိရှိလာရန်မှာ ၎င်းတို့အတွက် လွယ်ကူသောအရာ ဖြစ်မည် မဟုတ်ပေ။ ဘုရားသည် လူ့ဇာတိမခံသကဲ့သို့ အလွန်များသော သမ္မာတရားကို မဖော်ပြခဲ့ပါက လူတို့သည် မည်သည့်အခါတွင်မျှ သူ့ကို သိရှိနိုင်ကြမည်မဟုတ်သကဲ့သို့ မည်သူကမျှ သူ၏ ချစ်ခြင်းမေတ္တာနှင့်ဆိုင်သော သိမြင်မှု ရှိမည် မဟုတ်ပေ။

နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သင်သိသလော မှ

အရှေ့သို့-  ၇၉၅  ဘုရားသခင်သည် လူသားများကို ကယ်တင်ဖို့ ကြီးမားသည့် အရှက်ရခြင်းကို သည်းခံသည်

နောက်တစ်ခုသို့-  ၇၉၈  ဘုရားသခင်ကို လူတို့နာခံရန် စံများ

သက်ဆိုင်သည့် အကြောင်းအရာ

၂၅၆  ဘုရား၏အနှစ်သာရသည် မပြောင်းလဲနိုင်ကျူး

အို ဘုရားရဲ့စိတ်သဘောထားနှင့် အနှစ်သာရ မပြောင်းလဲနိုင်နာမတော်နှင့်အမှုတော် ပြောင်းလဲမှုများသူ့အနှစ်သာရ ပြောင်းလဲပြီဟု မဆိုလို၁ဘုရားရဲ့အမှု...

၃၉၆  လူ့ဇာတိခံဘုရားသည် ကယ်တင်ခြင်းအမှုအတွက် ပိုသင့်တော်၏ကျူး

၁  နောက်ဆုံးသောကာလအတွင်းတွင်၊ ဘုရားသခင်သည် သူ၏လူ့ဇာတိခံ ပင်ကိုလက္ခဏာဖြင့် ပေါ်ထွန်းခြင်းအားဖြင့် သူ၏တရားစီရင်ခြင်းအမှုကို...

၁၈၃  စစ်ဆေးခြင်းမှ ယုံကြည်ခြင်းလာ၏ကျူး

၁သင့်ယုံကြည်ခြင်းအတွင်း၌သာ ဘုရားကို မြင်တွေ့နိုင်မည်ယုံကြည်ခြင်းရှိလျှင် သင့်ကို ဘုရား စုံလင်စေမည်သင်သည် ယုံကြည်ခြင်းမရှိလျှင် သင့်ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger