ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၇)

အချက် ၁၂- ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်း တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို တားဆီးပြီး ချုပ်ချယ်ကန့်သတ်ကာ အမှုအရာများကို ပြောင်းလဲစေလော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်ပြီး ယင်းတို့ထံမှ သင်ယူရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့ (အပိုင်း ၅)

အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ

၉။ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း

ယနေ့တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်ဖြစ်သည့် “ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်း တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို တားဆီးကာ ချုပ်ချယ်ကန့်သတ်ပြီး အမှုအရာများကို နဂိုအတိုင်းဖြစ်စေလော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်ပြီး ယင်းတို့ထံမှ သင်ယူရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့”ဟူသည်ကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ အသင်းတော်အသက်တာတွင် ဖြစ်ပေါ်သည့် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများဆိုင်ရာ အမျိုးမျိုးသော ပြဿနာများနှင့်ပတ်သက်၍ အဋ္ဌမမြောက်ပြဿနာဖြစ်သည့် အယူအဆများကို ဖြန့်ဝေခြင်းအား ပြီးခဲ့သည့်အကြိမ်က ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြပြီး ယနေ့တွင် နဝမမြောက်ပြဿနာဖြစ်သည့် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်းအား မိတ်သဟာယဖွဲ့မည်ဖြစ်သည်။ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းသည် နေ့စဉ်ဘဝတွင် မကြာခဏ ကြားရလေ့ရှိသည့် အရာတစ်ခုလည်း ဖြစ်သည်။ အလားတူပင်၊ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်သည့် အပြုအမူများ သို့မဟုတ် ပြောဆိုချက်များက အသင်းတော်အသက်တာတွင် ပေါ်ပေါက်လာသည့်အခါ ကန့်သတ်ခြင်းနှင့် တားဆီးခြင်း ခံရသင့်သည်၊ အဘယ်ကြောင့်ဆိုသော် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်းသည် မည်သည့်လူအတွက်မဆို တည်ဆောက်စရာမဖြစ်သောကြောင့်ဖြစ်သည်။ ထို့ထက် ယင်းသည် လူတို့ကို ထိခိုက်စေသည်၊ နှောင့်ယှက်ပြီး ဆုံးရှုံးနစ်နာမှုကို ဖြစ်စေသည်။ ထို့ကြောင့်၊ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်းသည် အသင်းတော်အသက်တာကို နှောင့်ယှက်သည့် အခြားသော အပြုအမူများ၊ လုပ်ဆောင်ချက်များ၊ ထွက်ဆိုချက်တို့နှင့် သဘောသဘာဝအားဖြင့် တူညီသည့် အပျက်သဘောဆောင်သည့်အရာတစ်ခု ဖြစ်သည်။ ယင်းသည် လူတို့ကို နှောင့်ယှက်နိုင်ပြီး ဆိုးကျိုးပေးသော သက်ရောက်မှုများလည်း ရှိနိုင်သည်။ မည်သူမျှ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်းအားဖြင့် အခြားသူများကို တည်ဆောက်ပေးနိုင်ခြင်း သို့မဟုတ် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ခြင်းမရှိပေ။ ဆိုးကျိုးပေးသော သက်ရောက်မှုများကိုသာ ဆောင်ကြဉ်းပေးသည့်အပြင် လူတို့၏ ပုံမှန် တာဝန်ထမ်းဆောင်ခြင်းကိုလည်း ထိခိုက်စေနိုင်သည်။ သို့ဖြစ်၍၊ အသင်းတော်တွင် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်း ဖြစ်ပွားလာသည့်အခါ၊ လိုက်လျောခြင်း သို့မဟုတ် အားပေးခြင်းမပြုဘဲ၊ အလားတူပင် တားဆီးကာ ကန့်သတ်သင့်သည်။

(က) အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းဟူသည် အဘယ်အရာဖြစ်သနည်း

ရှေးဦးစွာ အပျက်သဘောဆောင်ခြင်း ပွင့်အံချခြင်းကို မည်မျှ နားလည်ပြီး ပိုင်းခြားသိမြင်သင့်သည်ကို ကြည့်ကြစို့။ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းအား ငါတို့ မည်သို့ ပိုင်းခြားသိမြင်သင့်သနည်း။ လူတို့၏ မည်သည့်မှတ်ချက်များနှင့် သရုပ်သကန်များသည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း၏ မှတ်ချက်များနှင့် သရုပ်သကန်များ ဖြစ်သနည်း။ အရေးကြီးဆုံးအနေဖြင့် လူတို့ ပွင့်အံချသည့် အပျက်သဘောဆောင်မှုသည် အပြုသဘောမဆောင်ပေ။ ယင်းသည် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲသည့် အပျက်သဆောင်သည့် အရာတစ်ခုဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားမှ ဖြစ်ပေါ်သောအရာတစ်ခု ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံရာတွင် အခက်အခဲများဖြစ်ပေါ်စေသည်။ ဤအခက်အခဲများကြောင့် အပျက်သဘောဆောင်သောအတွေးများနှင့် အခြားအပျက်သဘောဆောင်သောအရာများက လူတို့တွင် ထုတ်ဖော်ပြသည်။ လူတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ကြိုးစားသည့် အခြေအနေတွင် ဤအရာများဖြစ်ပေါ်သည်။ ဤအရာတို့သည် လူတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ကြိုးစားသည့်အခါ လူတို့အပေါ် သက်ရောက်ပြီး နှောင့်ယှက်သော အတွေးများနှင့် အမြင်ရှုထောင့်များဖြစ်ပြီး အလုံးစုံ အပျက်သဘောဆောင်သောအရာများဖြစ်သည်။ ဤအပျက်သဘောဆောင်သောအတွေးများနှင့် အမြင်ရှုထောင့်များသည် လူသား၏ အယူအဆများနှင့် မည်မျှကိုက်ညီပါစေ၊ မည်မျှ ကျိုးကြောင်းသင့်သည့်ပုံစံရှိပါစေ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်နှင့်ပတ်သက်သော အတွေ့အကြုံဆိုင်ရာ သိကျွမ်းခြင်း ဖြစ်ရန် မဆိုထားနှင့်၊ ဘုရားနှုတ်ကပတ်တော်ကို နားလည်ခြင်းမှ လာခြင်းမဟုတ်ပေ။ ဤအစား ၎င်းတို့သည် လူသား၏ စိတ်မှ ဖြစ်ပေါ်ပြီး သမ္မာတရားနှင့် လုံးဝ သဘောတူညီခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် အပျက်သဘောဆောင်ခြင်း၊ အပျက်သဘောဆောင်သောအရာများ၊ ဘေးဖြစ်စေတတ်သောအရာများ၏ ရှုထောင့်ဖြစ်သည်။ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသည့် လူတို့၏ ရည်ရွယ်ချက်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့၏ ပျက်ကွက်မှုအတွက် မှန်ကန်သော အကြောင်းပြချက်များစွာ ရှာတွေ့ရန်ဖြစ်သည်။ အခြားလူတို့၏ သနားကြင်နာမှုနှင့် နားလည်မှုကို ရရှိရန်ဖြစ်သည်။ ဤအပျက်သဘောဆောင်သော စကားများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် လူတို့၏ စတင်လုပ်ဆောင်မှုကို မတူညီသော အတိုင်းအတာများဖြင့် လွှမ်းမိုးပြီး လျော့ပါးစေသည်၊ ပြီးလျှင် လူများစွာကိုပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ တားဆီးနိုင်သည်။ ဤအကျိုးဆက်များနှင့် အပျက်သဘောဆောင်ခြင်းများက ဤအရာများကို အပျက်သဘောဆောင်သည့်အရာ၊ ဘုရားသခင်ကို ဆန့်ကျင်သည့်အရာနှင့် သမ္မာတရားကို လုံးဝရန်လိုသည့်အရာအဖြစ် ပို၍ပင် စရိုက်လက္ခဏာ သရုပ်ဖော်ထိုက်လေသည်။ အချို့သောသူတို့သည် အပျက်သဘောဆောင်ခြင်း၏ အနှစ်သာရကို ထိုးထွင်းမမြင်နိုင်ကြဘဲ မကြာခဏ အပျက်သဘောဆောင်ခြင်းသည် ပုံမှန်ဖြစ်သည်ဟုလည်းကောင်း၊ ယင်းသည် လူတို့၏ သမ္မာတရား လိုက်စားမှုအပေါ် ကြီးမားသော သက်ရောက်မှုမရှိဟုလည်းကောင်း ထင်မှတ်ကြ၏။ ဤသို့သော တွေးခေါ်ပုံသည် မှားယွင်း၏။ အမှန်စင်စစ် ယင်း၌ အလွန်ကြီးမားသော သက်ရောက်မှု ရှိလေသည်၊ ပြီးလျှင် တစ်စုံတစ်ဦး၏ အပျက်သဘောဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင် မခံနိုင်လောက်အောင် ဖြစ်လာပါက သစ္စာဖောက်ခြင်းသို့ လွယ်ကူစွာ ဦးတည်သွားစေနိုင်၏။ဤဆိုးဝါးသော အကျိုးဆက်သည် အပျက်သဘောဆောင်မှုကြောင့်သာ ဖြစ်သည်။ ဤသို့ဆိုလျှင် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းကို မည်သို့ ပိုင်းခြားသိမြင်ပြီး နားလည်သင့်သနည်း။ ရိုးရှင်းစွာဆိုရလျှင် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းသည် လူတို့ကို အထင်အမြင်မှားစေပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကို ရပ်တန့်စေခြင်းဖြစ်သည်။ ယင်းသည် လူတို့ကို အထင်အမြင်မှားစေပြီး အမှားပြုလုပ်မိစေရန်အတွက် သိမ်မွေ့သော နည်းဗျူဟာများ၊ သာမန်ဖြစ်ပုံရသည့် နည်းလမ်းများကို အသုံးပြုခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့ကို ထိခိုက်နစ်နာစေသလော။ ဤသည်မှာ အမှန်တကယ်တွင် လူတို့ကို ကြီးမားစွာ ထိခိုက်နစ်နာစေသည်။ ထို့ကြောင့် အပျက်သဘောဆောင်မှုကို ပွင့်အံချခြင်းသည် အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်သည်။ ယင်းကို ဘုရားသခင်က ရှုတ်ချသည်။ ဤသည်မှာ အပျက်သဘောဆောင်မှုကို ပွင့်အံချခြင်းအား အရိုးရှင်းဆုံး အနက်ပြန်ဆိုခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် အပျက်သဘောဆောင်မှုကို ပွင့်အံချခြင်း၏ အပျက်သဘောဆောင်သော အစိတ်အပိုင်းများမှာ အဘယ်နည်း။ မည်သည့်အရာများက အပျက်သဘောဆောင်ပြီး လူတို့အပေါ် ဘေးဖြစ်စေတတ်သော သက်ရောက်မှုရှိရန်၊ အသင်းတော်အသက်တာကို အနှောင့်အယှက်နှင့် ထိခိုက်မှုဖြစ်စေရန် ဖြစ်နိုင်သနည်း။ အပျက်သဘောဆောင်မှုတွင် မည်သည့်အရာ ပါဝင်သနည်း။ လူတို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် ရှင်းလင်းစွာ သဘောပေါက်နားလည်မှုရှိလျှင် ၎င်းတို့ မိတ်သဟာယပြုသော စကားများက အပျက်သဘောဆောင်မှု တစ်ခုတလေ ပါဝင်မည်လော။ လူတို့တွင် ဘုရားသခင်က စီစဉ်ဖွဲ့စည်းပေးသော အခြေအနေများအပေါ်တွင် စစ်မှန်သော ကျိုးနွံနာခံခြင်း သဘောထားရှိလျှင် ဤအခြေအနေများအပေါ် ၎င်းတို့၏ သိမြင်မှုတွင် အပျက်သဘောဆောင်ခြင်းတစ်ခုတလေ ပါဝင်မည်လော။ ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သိကျွမ်းမှုကို လူတိုင်းနှင့် ဝေမျှသည့်အခါတွင် ယင်း၌ အပျက်သဘောဆောင်မှုတစ်ခုတလေ ပါဝင်မည်လော။ သေချာပေါက် ပါဝင်မည်မဟုတ်ပေ။...အပျက်သဘောဆောင်ခြင်းတွင် လူတို့၏ အာခံခြင်း၊ ကျေနပ်မှုမရှိခြင်း၊ နာကြည်းခြင်း၊ မကျေမချမ်းဖြစ်ခြင်းတို့ မပါဝင်သလော။ ဆန့်ကျင်ခြင်း၊ အာခံခြင်းနှင့်၊ ပြန်၍ပင် ငြင်းခုံခြင်းကဲ့သို့သော အလွန်ဆိုးရွားသည့်အရာများလည်း ရှိသည်။ ဤအရိပ်လက္ခဏာများပါဝင်သော မှတ်ချက်များကို အပျက်သဘောဆောင်မှုကို ပွင့်လင်းစွာ ဖော်ထုတ်ပြခြင်းအဖြစ် အဓိပ္ပာယ်သတ်မှတ်နိုင်သည်။ အသင်းတော်တွင် သို့မဟုတ် ၎င်းတို့အနီးအနားတွင် ဖြစ်ပျက်သည့် မည်သည့်အရာမဆိုနှင့်စပ်လျဉ်း၍၊ လူတို့သည် ယင်းကို ဘုရားသခင်ထံမှ လက်ခံနိုင်လျှင်၊ မှန်ကန်သောချဉ်းကပ်နည်းရှိပြီး ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထားရှိနိုင်လျှင်၊ ဖြစ်ပျက်သည့်အရာနှင့်ဆိုင်သည့် ၎င်းတို့၏ အသိ၊ နားလည်မှုနှင့် အတွေ့အကြုံတို့တွင် အပျက်သဘောဆောင်မှု တစ်ခုတလေ ပါရှိလိမ့်မည်လော။ (ပါရှိလိမ့်မည်မဟုတ်ပါ။) လုံးဝ ပါရှိလိမ့်မည်မဟုတ်ပေ။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍၊ အပျက်သဘောဆောင်ခြင်းဟူသည် အဘယ်အရာနည်း။ ယင်းကို မည်သို့ နားလည်နိုင်သနည်း။ အပျက်သဘောဆောင်ခြင်းတွင် ဤသဘောသဘာဝရှိသော အရာများဖြစ်သည့် လူတို့၏ မနာခံခြင်း၊ ကျေနပ်မှုမရှိခြင်း၊ နာကြည်းခြင်းများနှင့် မကျေမချမ်းဖြစ်ခြင်းတို့ မပါဝင်သလော။ အပျက်သဘောဆောင်ခြင်းနှင့်ဆိုင်သည့် သာ၍ ဆိုးရွားသော အခြေအနေများတွင်လည်း အတိုက်အခံလုပ်ခြင်း၊ အာခံခြင်းနှင့် ကန့်ကွက်ခြင်းတို့ပင် ပါဝင်သည်။ ဤအရိပ်လက္ခဏာများပါဝင်သော မှတ်ချက်များကို ထုတ်ဖော်ပြောဆိုခြင်းသည် အပျက်သဘောဆောင်မှုကို ဖော်ထုတ်ခြင်းအဖြစ် သတ်မှတ်နိုင်သည်။ သို့ဖြစ်၍ ဤသရုပ်သကန်များမှ အကဲဖြတ်ရလျှင်၊ လူတစ်ဦးသည် အပျက်သဘောဆောင်မှုကို ထုတ်ဖော်သည့်အခါ၊ ၎င်း၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း တစ်ခုတလေ ရှိသလော။ သေချာပေါက် မရှိပေ။ ဇာတိပကတိကို ပုန်ကန်ပြီး မိမိတို့၏ အပျက်သဘောဆောင်မှုကို ဖြေရှင်းရန် လိုလားမှု တစ်ခုတလေ ရှိသလော။ မရှိပေ။ အတိုက်အခံလုပ်ခြင်း၊ ပုန်ကန်မှုနှင့် ဆန့်ကျင်ခြင်းတို့မှလွဲ၍ ဘာမျှမရှိပေ။ လူတို့၏ စိတ်နှလုံးများသည် ဤအရာများဖြင့် ပြည့်နေလျှင်၊ ၎င်းတို့၏ စိတ်နှလုံးများကို ဤအပျက်သဘောဆောင်သော အရာများက သိမ်းပိုက်ထားလျှင်၊ ဤအရာက ဘုရားသခင်အပေါ် အတိုက်အခံလုပ်ခြင်း၊ ပုန်ကန်မှုနှင့် အာခံခြင်းတို့ကို ဖြစ်ပေါ်စေလိမ့်မည်။ ဤသို့ဖြစ်လျှင်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လိမ့်ဦးမည်လော။ ကျိုးနွံနာခံနိုင်ကြလိမ့်မည်မဟုတ်ပေ။ ဖြစ်လာလိမ့်မည့်အရာဟူသမျှမှာ ၎င်းတို့သည် ဘုရားသခင်နှင့် ကင်းကွာလာကြလိမ့်မည်ဖြစ်ပြီး ပို၍ အပျက်သဘောဆောင်လာကြလိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို သံသယဝင်ခြင်း၊ ငြင်းပယ်ခြင်းနှင့် သစ္စာဖောက်ခြင်းတို့ကိုပင် ပြုနိုင်ကြလိမ့်မည်။ ဤသည်မှာ အန္တရာယ်ရှိသည် မဟုတ်လော။ မကြာခဏ အပျက်သဘောဆောင်သောသူ မည်သူမဆိုသည် အပျက်သဘောဆောင်မှုကို ထုတ်ဖော်နိုင်စွမ်းရှိပြီး၊ အပျက်သဘောဆောင်မှုကို ထုတ်ဖော်ခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် ငြင်းပယ်ခြင်းပင် ဖြစ်သည်။ ထိုသို့ဖြင့်၊ မကြာခဏ အပျက်သဘောဆောင်မှုကို ထုတ်ဖော်သောလူတို့သည် အချိန် သို့မဟုတ် နေရာမရွေး ဘုရားသခင်ကို သစ္စာဖောက်ပြီး စွန့်ခွာတတ်ကြသည်။

“အပျက်သဘောဆောင်ခြင်း” ဟူသော စကားလုံး၏ အဓိပ္ပာယ်မှ အကဲဖြတ်ရလျှင်၊ လူတစ်ဦးသည် အပျက်သဘောဆောင်လာသည့်အခါ၊ ၎င်းတို့၏ စိတ်အခြေအနေသည် အလွန်နိမ့်ကျသော အခြေအနေသို့ ကျဆင်းသွားပြီး မကောင်းသော စိတ်အခြေအနေထဲသို့ ဝင်ရောက်သွားသည်။ ၎င်းတို့၏ စိတ်အခြေအနေသည် အပျက်သဘောဆောင်သော အရိပ်လက္ခဏာများဖြင့် ပြည့်နေသည်။ ၎င်းတို့တွင် တက်ကြွစွာ တိုးတက်အောင်လုပ်ဆောင်ခြင်းနှင့် ရှေ့ဆက်ကြိုးပမ်းခြင်း သဘောထား ကင်းမဲ့ကာ၊ အပြုသဘောဆောင်သည့်၊ တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုနှင့် ရှာဖွေခြင်းတို့ ကင်းမဲ့နေသည်။ ထို့ထက်ပင်ပို၍၊ ၎င်းတို့သည် လိုလားသော ကျိုးနွံနာခံခြင်းကို မပြဘဲ၊ ထိုအစား အလွန်စိတ်ပျက်အားငယ်သော စိတ်အခြေအနေကို ပြသသည်။ စိတ်ပျက်အားငယ်သော စိတ်အခြေအနေသည် မည်သည့်အရာကို ကိုယ်စားပြုသနည်း။ ယင်းသည် လူ့သဘာဝ၏ အပြုသဘောဆောင်သော သွင်ပြင်လက္ခဏာများကို ကိုယ်စားပြုသလော။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိခြင်းကို ကိုယ်စားပြုသလော။ ဂုဏ်သိက္ခာဖြင့် အသက်ရှင်ခြင်း၊ လူ့သဘာဝ၏ ဂုဏ်သိက္ခာအတွင်း၌ အသက်ရှင်ခြင်းကို ကိုယ်စားပြုသလော။ (မပြုပါ။) အကယ်၍ ယင်းသည် ဤအပြုသဘောဆောင်သော အရာများကို ကိုယ်စားမပြုလျှင်၊ မည်သည့်အရာကို ကိုယ်စားပြုသနည်း။ ယင်းသည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့ခြင်းအပြင်၊ သမ္မာတရားကို လိုက်စားပြီး တက်ကြွစွာ တိုးတက်မှု လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ခြင်းနှင့် သန္နိဋ္ဌာန် ကင်းမဲ့ခြင်းကို ကိုယ်စားပြုနိုင်သလော။ ယင်းသည် လူတစ်ဦး၏ လက်ရှိအခြေအနေနှင့် အခက်အခဲများကို ပြင်းထန်သော မကျေနပ်မှုနှင့် နားလည်ရန် အခက်အခဲရှိခြင်း၊ ပစ္စုပ္ပန်၏ အဖြစ်မှန်များကို လက်ခံရန် မလိုလားခြင်းတို့ကို ကိုယ်စားပြုနိုင်သလော။ ယင်းသည် လူတစ်ဦး၏ စိတ်နှလုံးထဲတွင် မနာခံခြင်း၊ အာခံလိုသည့် ဆန္ဒ၊ လက်ရှိအခြေအနေကို လွတ်မြောက်ပြီး ပြောင်းလဲလိုသည့် ဆန္ဒတို့ဖြင့် ပြည့်နေသည့် အခြေအနေတစ်ခုကို ကိုယ်စားပြုနိုင်သလော။ (ကိုယ်စားပြုပါသည်။) ဤသည်တို့မှာ လူတို့က လက်ရှိအခြေအနေကို အပျက်သဘောဆောင်မှုဖြင့် ရင်ဆိုင်သည့်အခါ ပြသသည့် အခြေအနေများ ဖြစ်သည်။ တိုတိုပြောရလျှင်၊ မည်သို့ပင်ဖြစ်စေ၊ လူတို့ အပျက်သဘောဆောင်သည့်အခါ၊ လက်ရှိအခြေအနေနှင့် ဘုရားသခင် စီစဉ်ထားသည့်အရာတို့ကို ၎င်းတို့၏ မကျေနပ်မှုသည် ၎င်းတို့က အထင်အမြင်လွဲမှားမှုများရှိခြင်း၊ နားမလည်ခြင်း၊ သဘောမပေါက်ခြင်း သို့မဟုတ် မတွေ့ကြုံမခံစားနိုင်ခြင်းမျှသာကဲ့သို့ ရိုးရှင်းသည့်အရာတစ်ခုနှင့် မတူညီပေ။ သဘောမပေါက်ခြင်းသည် လူ့သဘာဝ၏ ပုံမှန်သရုပ်သကန်တစ်ခုဖြစ်သည့် အစွမ်းအစ သို့မဟုတ် အချိန်ကာလနှင့်ဆိုင်သည့် ကိစ္စတစ်ခု ဖြစ်နိုင်သည်။ မတွေ့ကြုံမခံစားနိုင်ခြင်းသည်လည်း အချို့သော ဓမ္မဓိဋ္ဌာန်ကျသည့် အကြောင်းရင်းများကြောင့် ဖြစ်နိုင်သော်လည်း၊ ဤအရာများကို အပျက်သဘောဆောင်သော အရာများအဖြစ် မယူဆထားပေ။ အချို့လူများသည်လည်း တွေ့ကြုံခံစားနိုင်ခြင်း မရှိကြပေ။ သို့သော် ၎င်းတို့ နားမလည်သောအရာများ သို့မဟုတ် ထိုးထွင်းမမြင်နိုင်သောအရာများ သို့မဟုတ် ၎င်းတို့ သဘောမပေါက်နိုင်သောအရာများ သို့မဟုတ် တွေ့ကြုံမခံစားနိုင်သော အမှုအရာများနှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး သူ၏လိုအင်ဆန္ဒများကို ရှာဖွေကြလိမ့်မည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းကို စောင့်ဆိုင်းမည်ဖြစ်ပြီး အခြားသူများထံမှ တက်ကြွစွာ ရှာဖွေပြီး မိတ်သဟာယဖွဲ့ကြလိမ့်မည်။ သို့သော်လည်း၊ အချို့လူများက ကွဲပြားသည်။ ၎င်းတို့တွင် ဤလက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများမရှိသည့်အပြင်၊ ထိုသို့သော သဘောထားလည်း မရှိပေ။ စောင့်ဆိုင်းခြင်း၊ ရှာဖွေခြင်း သို့မဟုတ် မိတ်သဟာယဖွဲ့ရန် တစ်စုံတစ်ဦးကို ရှာဖွေခြင်းအစား၊ ၎င်းတို့သည် မိမိတို့ကြုံတွေ့ရသည့် ဖြစ်ရပ်များနှင့် အခြေအနေများက မိမိတို့၏ လိုအင်ဆန္ဒများ၊ နှစ်သက်မှုများ သို့မဟုတ် စိတ်ကူးများနှင့် မကိုက်ညီဟု ခံစားရလျက်၊ စိတ်နှလုံးထဲတွင် အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်လာပြီး၊ ထိုသို့ဖြင့် မနာခံခြင်း၊ ကျေနပ်မှုမရှိခြင်း၊ အတိုက်အခံလုပ်ခြင်း၊ စောဒကတက်ခြင်းများ၊ အာခံခြင်း၊ ကန့်ကွက်ခြင်းနှင့် အခြားထိုသို့သော အပျက်သဘောဆောင်သည့်အရာများကို ဖြစ်ပေါ်စေသည်။ ဤအပျက်သဘောဆောင်သော အရာများကို ဖြစ်ပေါ်စေပြီးနောက်၊ ၎င်းတို့သည် ထိုအရာများကို များစွာ မစဉ်းစားကြသည့်အပြင်၊ မိမိတို့၏ ကိုယ်ပိုင်အခြေအနေနှင့် ဖောက်ပြန်ပျက်စီးခြင်းကို သိရှိလာရန် ဆုတောင်းပြီး ဆင်ခြင်သုံးသပ်ဖို့ ဘုရားသခင်ရှေ့မှောက်သို့လည်း မလာကြပေ။ အခြားသူများထံမှ ရှာဖွေပြီး မိတ်သဟာယဖွဲ့ရန် မဆိုထားနှင့်၊ ဘုရားသခင်၏ လိုအင်ဆန္ဒများကို ရှာဖွေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ မဖတ်ရှုကြပေ သို့မဟုတ် ပြဿနာများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးမပြုကြပေ။ ထိုအစား၊ ၎င်းတို့သည် စိတ်နှလုံးထဲတွင် မနာခံခြင်းနှင့် မကျေနပ်မှုကို ထားရှိလျက် မိမိတို့ယုံကြည်သည့်အရာ မှန်ကန်တိကျသည်ဟု အခိုင်အမာဆိုကာ၊ အပျက်သဘောဆောင်သော စိတ်ခံစားချက်များထဲတွင် ပိတ်မိနေကြဆဲဖြစ်သည်။ ဤစိတ်ခံစားချက်များထဲတွင် ပိတ်မိနေသည့်အခါ၊ ၎င်းတို့သည် တစ်ရက် သို့မဟုတ် နှစ်ရက်ကြာ ထိုအရာများကို ဖုံးကွယ်ထားပြီး ကြံ့ကြံ့ခံနိုင်ကောင်း ခံနိုင်မည်ဖြစ်သော်လည်း၊ အချိန်ကာလကြာလာသည်နှင့်အမျှ၊ လူ့အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ၊ လူ့ကျင့်ဝတ်များနှင့် ကိုယ်ကျင့်တရားများ၊ လူ့ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် အသိပညာ စသည်တို့အပါအဝင် အမှုအရာများစွာသည် ၎င်းတို့၏ စိတ်ထဲတွင် ဖြစ်ပေါ်သည်။ ၎င်းတို့သည် မိမိတို့ရင်ဆိုင်နေရသည့် ပြဿနာများကို တိုင်းတာရန်၊ တွက်ချက်ရန်နှင့် နားလည်ရန် ဤအရာများကို အသုံးပြုကြပြီး၊ စာတန်၏ ကွန်ရက်တွင် လုံးဝ ကျော့မိကာ၊ ထိုသို့ဖြင့် မကျေနပ်မှုနှင့် မနာခံခြင်းတို့၏ အမျိုးမျိုးသော အခြေအနေများကို ဖြစ်ပေါ်စေကြသည်။ ဤဖောက်ပြန်ပျက်စီးသော အခြေအနေများမှနေ၍၊ အမျိုးမျိုးသော မှားယွင်းသည့် စိတ်ကူးများနှင့် သဘောထားအမြင်များ ထွက်ပေါ်လာပြီး၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအပျက်သဘောဆောင်သော အရာများကို ထိန်းချုပ်၍မရနိုင်တော့ချေ။ ထို့နောက် ၎င်းတို့သည် ဤအရာများကို ပွင့်အံထွက်စေရန်နှင့် ထုတ်ဖော်ရန် အခွင့်အရေးများကို ရှာဖွေကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် အပျက်သဘောဆောင်မှုဖြင့် ပြည့်နေသည့်အခါ၊ ၎င်းတို့က “ကျွန်ုပ်သည် စိတ်ထဲတွင် အပျက်သဘောဆောင်သော အရာများနှင့် ပြည့်နေသည်။ အခြားသူများအား ထိခိုက်နစ်နာစေခြင်းကို ရှောင်ရှားဖို့ ကျွန်ုပ် မဆင်မခြင် စကားမပြောသင့်ပါ။ ကျွန်ုပ်စကားပြောချင်စိတ်ပေါက်ပြီး မထိန်းနိုင်လျှင်၊ နံရံကို စကားပြောမည် သို့မဟုတ်လူစကားနားမလည်သည့် အရာတစ်ခုခုကို ပြောမည်” ဟု ပြောဆိုကြသလော။ ၎င်းတို့သည် ဤအရာကို ပြောဆိုရလောက်အောင် ကြင်နာတတ်ကြသလော။ (မကြင်နာတတ်ကြပါ။) သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲမှ မကျေနပ်မှု၊ မနာခံခြင်းနှင့် မကျေမချမ်းဖြစ်ခြင်းကဲ့သို့သော အမျိုးမျိုးသော အပျက်သဘောဆောင်သည့် ခံစားချက်များကို ပွင့်အံထွက်ရန် ဤအရာကို အသုံးပြုလျက်၊ မိမိတို့၏ အပျက်သဘောဆောင်သော အမြင်များ၊ မှတ်ချက်များနှင့် စိတ်ခံစားချက်များကို လက်ခံမည့် ပရိသတ်တစ်ဦးရရှိရန် အခွင့်အရေးများကို ရှာဖွေကြသည်။ အသင်းတော်အသက်တာအတောအတွင်းသည် ထုတ်ဖော်ရန် အကောင်းဆုံးအချိန်ဖြစ်ပြီး၊ ၎င်းတို့၏ အပျက်သဘောဆောင်မှု၊ မကျေနပ်မှုနှင့် မနာခံခြင်းတို့ကို ပွင့်အံထွက်ရန် ကောင်းသော အခါသမယဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် နားထောင်သူများစွာရှိပြီး ၎င်းတို့၏ စကားများသည် အခြားသူတို့ကို အပျက်သဘောဆောင်လာစေရန် လွှမ်းမိုးနိုင်ကာ အသင်းတော်၏အလုပ်အပေါ် ဆိုးကျိုးဖြစ်စေသော သက်ရောက်မှုများကို ဆောင်ကြဉ်းပေးနိုင်သောကြောင့် ဖြစ်သည်။ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်သောသူတို့သည် နောက်ကွယ်တွင်ပင် မချုပ်ထိန်းနိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ အပျက်သဘောဆောင်သော စကားများကို အမြဲ ပွင့်အံထွက်စေကြသည်။ ၎င်းတို့ ထုတ်ဖော်ပြောဆိုသည်ကို နားထောင်ရန် လူများစွာမရှိသည့်အခါ ပျင်းစရာဟု ၎င်းတို့ မြင်ကြသည်။ သို့သော် လူတိုင်း အတူတကွ စုဝေးသည့်အခါတွင်မူ ၎င်းတို့သည် ပို၍ တက်ကြွလာကြသည်။ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ပြောဆိုသော သူတို့၏ စိတ်ခံစားချက်များ၊ အခြေအနေများနှင့် အခြားသွင်ပြင်လက္ခဏာများမှ အကဲဖြတ်ရလျှင်၊ ၎င်းတို့၏ ရည်ရွယ်ချက်မှာ လူတို့အား သမ္မာတရားကို နားလည်စေရန်၊ မှန်သည့်အရာကို ထိုးထွင်းမြင်စေရန်၊ ဘုရားသခင်နှင့်ပတ်သက်သော အထင်အမြင်လွဲမှားမှုများ သို့မဟုတ် သံသယများကို ရှင်းလင်းစေရန်၊ မိမိတို့ကိုယ်ကိုနှင့် မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိမြင်စေရန်၊ သို့မဟုတ် ၎င်းတို့အနေဖြင့် ဘုရားသခင်ကို မပုန်ကန် သို့မဟုတ် မဆန့်ကျင်ဘဲ ထို့ထက် သူ့ကို ကျိုးနွံနာခံရန်အလို့ငှာ ၎င်းတို့၏ ပုန်ကန်ခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်း ပြဿနာများကို ဖြေရှင်းပေးရန် မဟုတ်ပေ။ ၎င်းတို့၏ ရည်ရွယ်ချက်များမှာ အခြေခံအားဖြင့် နှစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ခံစားချက်များကို ပွင့်အံထွက်စေရန် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ကြသည်။ နောက်တစ်နည်းအားဖြင့်၊ ၎င်းတို့သည် ပိုများသောလူတို့ကို အပျက်သဘောဆောင်မှုထဲသို့လည်းကောင်း၊ ၎င်းတို့နှင့်အတူ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ကန့်ကွက်ခြင်း ထောင်ချောက်ထဲသို့လည်းကောင်း ဆွဲသွင်းရန် ရည်ရွယ်ကြသည်။ ထို့ကြောင့်၊ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်းဟူသော အပြုအမူကို အသင်းတော်အသက်တာအတွင်း၌ လုံးဝ တားဆီးသင့်သည်။

(ခ) အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသောလူများ၏ အမျိုးမျိုးသော အခြေအနေများနှင့် သရုပ်သကန်များ
၁။ ဖြုတ်ချခံရခြင်းအပေါ် မကျေမနပ်ဖြစ်နေစဉ် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း

အပျက်သဘောဆောင်ခြင်း၏ စိတ်ခံစားချက်များနှင့် သရုပ်သကန်များသည် အခြေခံအားဖြင့် ဤအရာများ ဖြစ်သည်။ ဤအရာများအကြောင်းကို ငါမိတ်သဟာယဖွဲ့ပြီးနောက်၊ လူတို့သည် မိမိတို့ကိုယ်ကို ယင်းတို့နှင့် နှိုင်းယှဉ်သင့်ပြီး လက်တွေ့ဘဝတွင် ၎င်းတို့၏ မည်သည့်အပြုအမူများ၊ မှတ်ချက်များနှင့် နည်းလမ်းများက အပျက်သဘောဆောင်ခြင်းအား ထုတ်ဖော်ခြင်းဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်အခြေအနေများက ၎င်းတို့ကို အပျက်သဘောဆောင်မှုထဲသို့ ကျရောက်စေကာ၊ ထိုသို့ဖြင့် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်းသို့ ဆိုက်ရောက်စေသည်ကိုလည်းကောင်း ကြည့်သင့်သည်။ ငါ့ကို ပြောလော့၊ ပုံမှန်အခြေအနေများအောက်တွင်၊ မည်သည့်အခြေအနေများက လူတို့ကို အပျက်သဘောဆောင်စေသနည်း။ အပျက်သဘောဆောင်ခြင်း၏ အဖြစ်များသော ပုံစံများမှာ အဘယ်နည်း။ (တစ်စုံတစ်ဦး ဖြုတ်ချခံရသည့်အခါ သို့မဟုတ် ၎င်းတို့ ပြုပြင်ခြင်းခံရသည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် အပျက်သဘောဆောင်မှုအချို့ ဖြစ်ပေါ်နိုင်တယ်။) ဖြုတ်ချခံရခြင်းသည် ဖြစ်နိုင်ချေတစ်မျိုးဖြစ်ပြီး၊ ပြုပြင်ခြင်းခံရခြင်းသည် နောက်တစ်မျိုးဖြစ်သည်။ အဘယ်ကြောင့် ဖြုတ်ချခံရခြင်းက အပျက်သဘောဆောင်မှုအဖြစ်သို့ ဆိုက်ရောက်စေသနည်း။ (အချို့လူများသည် ဖြုတ်ချခံရပြီးနောက်၊ မိမိကိုယ်ကို သိသော အသိမရှိဘဲ ၎င်းတို့၏ ကျဆုံးခြင်းကို ဖြစ်ပေါ်စေသည်မှာ ၎င်းတို့၏ အဆင့်အတန်းဖြစ်သည်ဟု တွေးထင်ကြသည်။ ထို့နောက် ၎င်းတို့သည် အပျက်သဘောဆောင်သော သဘောထားအမြင်အချို့ကို ထုတ်ဖော်ပြောဆိုလျက်၊ “သင် မြင့်မားစွာ တက်လေ၊ ပြင်းထန်စွာ ပြုတ်ကျလေဖြစ်သည်”ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဖြုတ်ချခံရခြင်းအပေါ် စင်ကြယ်သော နားလည်သဘောပေါက်မှုမရှိကြပေ။ ၎င်းတို့သည် မိမိတို့ စိတ်နှလုံးထဲတွင် အာခံကြပါသည်။) ၎င်းတို့စိတ်ထဲတွင် မနာခံခြင်းနှင့် မကျေနပ်မှုရှိသည်၊ ယင်းတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်သည်။ ၎င်းတို့ စောဒကတက်ကြသလော။ (တက်ကြပါသည်။ ၎င်းတို့အနေဖြင့် အပြန်အလှန်အနေဖြင့် ကောင်းသည့်အရာတစ်ခုမျှ မရရှိဘဲ အမြဲတစေ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ရလျက် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံခဲ့ရပြီး အဖိုးအခပေးခဲ့သည့်တိုင်၊ ဖြုတ်ချခံခဲ့ရသည်ဟု ခံစားကြရသည်။ ထို့ကြောင့် ၎င်းတို့က “ခေါင်းဆောင်တစ်ဦးဖြစ်ရသည်မှာ ခက်ခဲလှသည်။ ခေါင်းဆောင်ဖြစ်လာသောသူ မည်သူမဆို ကံမကောင်းပါ။ နောက်ဆုံးတွင် လူတိုင်း ဖြုတ်ချခံရသည်” ဟု ပြောဆိုကြပါသည်။) ဤမှတ်ချက်များကို ဖြန့်ဝေခြင်းသည် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် မနာခံသည့်အပြင် မကျေမနပ်ဖြစ်ရုံမျှသာဖြစ်ပြီး ယင်းကို မဖြန့်ဝေပါက၊ ယင်းသည် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်း မဖြစ်သေးပေ။ အကယ်၍ မနာခံခြင်းနှင့် မကျေနပ်မှုမှနေ၍ စောဒကတက်သည့် စိတ်အခြေအနေတစ်ခု တဖြည်းဖြည်း ပေါ်ပေါက်လာပြီး၊ ၎င်းတို့က မိမိတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိကာ အလုပ်ကို လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း အဖြစ်မှန်ကို အသိအမှတ်မပြုဘဲ၊ ထို့နောက်တွင် ငြင်းခုံနေစဉ်တွင် အမျိုးမျိုးသော ပြောဆိုချက်များ၊ သဘောထားအမြင်များ၊ ဆင်ခြေများ၊ အကြောင်းပြချက်များ၊ ရှင်းလင်းချက်များ၊ ကျိုးကြောင်းပြချက်များ စသည်တို့ကို ဖြစ်ပေါ်စေလျက် ၎င်းတို့၏ မူမမှန်သော ဆင်ခြင်တွေးခေါ်မှုစနစ်ကို စတင်ဟောပြောလျှင် ဤမှတ်ချက်အမျိုးအစားများကို ပြုလုပ်ခြင်းသည် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်းနှင့် ညီမျှသည်။ အမှန်တကယ် အလုပ်မလုပ်သည့်အတွက် ဖြုတ်ချခံရသည့် အယောင်ဆောင် ခေါင်းဆောင်အချို့သည် မိမိတို့စိတ်နှလုံးထဲတွင် ကျိုးနွံနာခံခြင်းတစ်ခုမျှ လုံးဝ မရှိဘဲ မနာခံခြင်းနှင့် မကျေနပ်မှုကို ထားရှိကြသည်။ ၎င်းတို့က၊ “ငါ့နေရာကို မည်သူက ခေါင်းဆောင်အဖြစ် ယူနိုင်သည်ကို ကြည့်ကြစို့။ အခြားသူများသည် ငါ့ထက်မတော်ပါ။ အလုပ်ကို ငါ မလုပ်နိုင်လျှင်၊ သူတို့လည်း မလုပ်နိုင်ပါ”ဟု အမြဲ တွေးကြသည်။ မည်သည့်အရာက ၎င်းတို့ကို မနာခံစေသနည်း။ ၎င်းတို့က မိမိတို့၏ အစွမ်းအစ မညံ့ဖျင်းဟုလည်းကောင်း၊ ၎င်းတို့အနေဖြင့် အလုပ်များစွာ လုပ်ဆောင်ပြီးဖြစ်သည်ဟုလည်းကောင်း တွေးထင်ကြသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့ ဖြုတ်ချခံခဲ့ရသနည်း။ ဤသည်တို့မှာ အယောင်ဆောင် ခေါင်းဆောင်များ၏ အတွင်းစိတ်အတွေးများ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိမြင်ရန် ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ၊ မိမိတို့အနေဖြင့် တကယ့်အလုပ်တစ်ခုတလေကို လုပ်ဆောင်ခဲ့ခြင်း ရှိ၊ မရှိ၊ တကယ့်ပြဿနာ မည်မျှကို ဖြေရှင်းခဲ့သည်၊ သို့မဟုတ် အသင်းတော်၏အလုပ်ကို ၎င်းတို့က အမှန်တကယ် တုံ့ဆိုင်းစေခဲ့သည့်ဟူသည့် အဖြစ်မှန် ရှိ၊ မရှိဟူသည်တို့ကို မကြည့်ရှုကြပေ။ ဤအရာများကို ၎င်းတို့ ဆင်ခြင်စဉ်းစားခဲသည်။ ပြဿနာမှာ ၎င်းတို့က သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့ပြီး အမှုအရာများကို ထိုးထွင်းမမြင်နိုင်ခြင်းဖြစ်သည်ဟု ၎င်းတို့ မထင်ဘဲ၊ ထို့ထက် အလုပ်များစွာ လုပ်ဆောင်ပြီးဖြစ်သဖြင့်၊ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခြင်း မခံရသင့်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ ၎င်းတို့၏ မနာခံခြင်းနှင့် မကျေနပ်မှုအတွက် အဓိကအကြောင်းရင်း ဖြစ်သည်။ ၎င်းတို့က၊ “ငါသည် နေ့စဉ်နေ့တိုင်း စောစောထပြီး ညမိုးချုပ်မှအိပ်လျက် နှစ်ပေါင်းများစွာ ငါ၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်မှာ မည်သူ့အတွက်နည်း။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်၊ ငါ၏ မိသားစုကို ငါ စွန့်ခွာခဲ့သည်၊ ငါ၏ အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်ခဲ့သည်၊ ငါ၏ တာဝန်များကို ထမ်းဆောင်ရန် ဖမ်းဆီးခံရပြီး ထောင်ကျမည့်အန္တရာယ်ကိုပင် စွန့်စားခဲ့သည်။ ငါ ဒုက္ခဆင်းရဲမည်မျှ ခံခဲ့ရလေသနည်း။ ယခုတွင်တော့ သူတို့က တကယ့်အလုပ်ကို ငါ မလုပ်ခဲ့ဟုဆိုကာ ငါ့ကို ဖြုတ်ချလိုက်သည်—ဤသည်မှာ အလွန်မတရားပါတကား။ အောင်မြင်မှုတစ်ခုမျှ မရရှိသေးလျှင်ပင် ဆင်းရဲဒုက္ခကို ငါ ခါးစည်းခံပြီးဖြစ်သည်။ ဆင်းရဲဒုက္ခမဟုတ်လျှင် ပင်ပန်းနွမ်းနယ်မှုဖြစ်သည်။ ငါကဲ့သို့ အစွမ်းအစရှိပြီး မိမိ၏အလုပ်တွင် အဖိုးအခပေးနိုင်စွမ်းရှိသူပင် စံမမီဟု ယူဆခံရပြီး ဖြုတ်ချခံရလျှင်၊ စံမီသော ခေါင်းဆောင် အနည်းငယ်မျှသာ ရှိသည်ဟု ငါထင်သည်” ဟု အမြဲ တွေးကြသည်။ဤစကားများကို ပြောဆိုခြင်းဖြင့် ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်နေခြင်း မဟုတ်လော။ ယင်းတို့ထဲတွင် ကျိုးနွံနာခံခြင်းကို ဖော်ပြသည့် ဝါကျတစ်ကြောင်းမျှ ရှိသလော။ သမ္မာတရားကို ရှာဖွေလိုသည့် အရိပ်အမြွက်မျှပင် ရှိသလော။ “သူတို့က ငါ၏အလုပ်ကို စံမမီဟု ပြောသည်၊ သို့ဆိုလျှင် အတိအကျ မည်သည့်နေရာတွင် ငါ ချို့တဲ့နေသနည်း။ မည်သည့် တကယ့်အလုပ်ကို ငါမလုပ်ခဲ့သနည်း။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ မည်သည့်သရုပ်သကန်များကို ငါပြသနေသနည်း” ဟူသကဲ့သို့သော မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း တစ်ခုတလေ ရှိသလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဤနည်းအတိုင်း ဆင်ခြင်သုံးသပ်ခဲ့ပြီလော။ (မသုံးသပ်ခဲ့ပါ။) သို့ဆိုလျှင်၊ ၎င်းတို့ပြောဆိုသည့် ဤစကားများ၏ သဘောသဘာဝမှာ အဘယ်နည်း။ ၎င်းတို့ စောဒကတက်နေခြင်းဖြစ်သလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မှန်ကြောင်းပြနေခြင်းဖြစ်သလော။ မိမိတို့ကိုယ်ကို မှန်ကြောင်းပြခြင်း၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းသည် လူတို့၏ သနားကြင်နာမှုနှင့် နားလည်မှုကို ရရှိရန် မဟုတ်လော။ ၎င်းတို့သည် ပိုများသောလူတို့က ၎င်းတို့အတွက် ခုခံကာကွယ်ပေးရန်၊ ၎င်းတို့ခံစားခဲ့ရသည့် မတရားမှုကို မြည်တမ်းပေးရန် မလိုလားကြသလော။ (လိုလားကြပါသည်။) သို့ဆိုလျှင် ၎င်းတို့သည် မည်သူ့ကို ကန့်ကွက်နေကြသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို ငြင်းခုံပြီး ကန့်ကွက်နေကြခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ စကားသည် ဘုရားသခင်အပေါ် စောဒကတက်ခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများသည် နာကြည်းချက်များ၊ အတိုက်အခံဖြစ်ခြင်းနှင့် ပုန်ကန်မှုတို့ဖြင့် ပြည့်နေသည်။ ထိုမျှသာမက၊ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်းအားဖြင့်၊ ၎င်းတို့သည် ပိုများသောလူတို့က ၎င်းတို့ကို နားလည်စေရန်၊ သနားကြင်နာစေရန် ရည်ရွယ်ပြီး၊ ပိုများသောလူတို့က ၎င်းတို့ကဲ့သို့ အပျက်သဘောဆောင်မှု ဖြစ်ပေါ်လာစေရန်၊ ပိုများသောလူတို့က ဘုရားသခင်အပေါ် နာကြည်းချက်များ၊ အတိုက်အခံဖြစ်ခြင်းနှင့် အာခံခြင်းတို့ကို မွေးမြူစေရန်၊ သို့မဟုတ် သူ့ကို ကန့်ကွက်စေရန် ရည်ရွယ်သည်။ ၎င်းတို့သည် ဤရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိရန် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ကြသည် မဟုတ်လော။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ပိုများသောလူတို့အား ကိစ္စရပ်၏ အမှန်တရားဟုခေါ်သည့်အရာကို သိစေရန်နှင့် အခြားသူတို့အား ၎င်းတို့ မတရားခံနေရသည်ကိုလည်းကောင်း၊ ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာ မှန်ကန်သည်ကိုလည်းကောင်း၊ ၎င်းတို့ ဖြုတ်ချမခံရသင့်သည်ကိုလည်းကောင်း၊ ၎င်းတို့ကို ဖြုတ်ချခြင်းသည် အမှားတစ်ခုဖြစ်သည်ကိုလည်းကောင်း ယုံကြည်လာစေရန်သာ ဖြစ်သည်။ ၎င်းတို့သည် ပိုများသောလူတို့ကို ၎င်းတို့အတွက် ခုခံကာကွယ်ပေးရန် အလိုရှိကြသည်။ ဤမှတစ်ဆင့်၊ ၎င်းတို့သည် မိမိတို့၏ သိက္ခာ၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ပြန်လည်ရရှိရန် မျှော်လင့်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များအားလုံးသည် ဖြုတ်ချခံရပြီးနောက်၊ လူတို့၏ စာနာမှုကို ရရှိရန် ဤကဲ့သို့ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ကြသည်။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိမြင်လာနိုင်ခြင်း၊ မိမိတို့၏ အမှားများကို ဝန်ခံခြင်း၊ သို့မဟုတ် စစ်မှန်သော နောင်တနှင့် နောင်တတရားကို ပြသနိုင်ခြင်းမရှိပေ။ ဤအဖြစ်မှန်က အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များသည် သမ္မာတရားကို မချစ်မြတ်နိုးသည့်အပြင် လုံးဝလက်မခံသော လူများချည်းသာဖြစ်သည်ကို သက်သေပြသည်။ သို့ဖြစ်၍၊ ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းခံရပြီးနောက်၊ ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် မိမိတို့ကိုယ်ကို သိမြင်လာနိုင်ခြင်းမရှိကြပေ။ ၎င်းတို့အနေဖြင့် နောင်တရခြင်းကို ပြသကြောင်း သို့မဟုတ် မိမိတို့ကိုယ်ကို စစ်မှန်သော သိမြင်မှုရှိကြောင်းကို မည်သူကမျှ မမြင်ခဲ့ရသည့်အပြင်၊ စစ်မှန်သော နောင်တ ပြသသည်ကိုလည်း မည်သူမျှ မမြင်တွေ့ခဲ့ရပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိသည့်အသိအား မည်သည့်အခါမျှ ရရှိမည့်ပုံမရ သို့မဟုတ် မိမိတို့၏ အမှားများကို ဝန်ခံမည့်ပုံမရကြပေ။ ဤအဖြစ်မှန်မှ အကဲဖြတ်ရလျှင်၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ဖြုတ်ချခြင်းသည် လုံးဝ သင့်လျော်ပြီး လုံးဝ မတရားခြင်းမရှိပေ။ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် သိမြင်ခြင်း လုံးဝ မရှိသည့်အပြင် နောင်တဟူသမျှ ကင်းမဲ့သည်ကို အခြေခံ၍ ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားသည် ပြင်းထန်ကြောင်းနှင့် သမ္မာတရားကို ၎င်းတို့ လုံးဝ မချစ်မြတ်နိုးကြောင်း သိသာထင်ရှားပေသည်။

အချို့သော အယောင်ဆောင် ခေါင်းဆောင်များသည် ဖြုတ်ချခံရပြီးနောက်၊ မိမိတို့၏ အမှားများကို လုံးဝအသိအမှတ်မပြုသကဲ့သို့၊ သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိမြင်ခြင်းလည်း မရှိကြပေ။ ၎င်းတို့တွင် ကျိုးနွံနာခံခြင်း စိတ်နှလုံး သို့မဟုတ် သဘောထား အနည်းငယ်မျှပင် မရှိပေ။ ထိုအစား၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကျိုးကြောင်းပြပြီး ခုခံကာကွယ်ရန် အမျိုးမျိုးသော ဆင်ခြေများနှင့် အကြောင်းပြချက်များကို ရှာဖွေဖို့ ဦးနှောက်ခြောက်အောင် စဉ်းစားလျက်၊ ဘုရားသခင်ကို အထင်အမြင်လွဲမှားပြီး ဘုရားသခင်က ၎င်းတို့ကို မတရားဆက်ဆံသည်ဟု စောဒကတက်ကြသည်။ အချို့က၊ “ကျွန်ုပ်သည် ခက်ခဲသောအလုပ်ဖြစ်သည်ကို သိခဲ့သောကြောင့် ယခင်က ခေါင်းဆောင်တစ်ဦးဖြစ်ရန် လုံးဝ မလိုလားခဲ့ပါ။ သင် ကောင်းစွာလုပ်ဆောင်လျှင်၊ သင် ဆုချီးမြှင့်ခြင်းမခံရဘဲ၊ သင် ကောင်းစွာမလုပ်ဆောင်လျှင်၊ ဖြုတ်ချခံရပြီး နာမည်ဆိုးဖြင့် ကျော်ကြားလာသည်၊ ညီအစ်ကိုမောင်နှမများ၏ ငြင်းပယ်ခြင်းကို ခံရပြီး၊ သိက္ခာ လုံးဝမရှိတော့ပေ။ ထို့နောက်တွင် တစ်စုံတစ်ဦးသည် မည်သို့ မျက်နှာပြနိုင်မည်နည်း။ ယခု ကျွန်ုပ် ဖြုတ်ချခံရပြီးဖြစ်သဖြင့်၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရသည်မှာ မလွယ်ကူကြောင်းကို ကျွန်ုပ် သာ၍ပင် ယုံကြည်လာသည်၊ ယင်းသည် ခက်ခဲကြမ်းတမ်းပြီး မည်သူမျှ အသိအမှတ်မပြုသောအလုပ် ဖြစ်သည်”ဟုပင် ပြောဆိုကြသည်။ “ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ခြင်းမှာ ခက်ခဲကြမ်းတမ်းပြီး မည်သူမျှ အသိအမှတ်မပြုသောအလုပ် ဖြစ်သည်” ဟူသော ပြောဆိုချက်သည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤနေရာတွင် သမ္မာတရားကို ရှာဖွေရန် ရည်ရွယ်ချက်တစ်ခုတလေ ဖော်ပြထားသလော။ ဘုရားအိမ်တော်က ၎င်းတို့ကို ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် စီစဉ်ခဲ့သည်ဟူသောအချက်ကို ၎င်းတို့ စတင်မုန်းတီးလာပြီး၊ ယခုအခါ အခြားသူများကို အထင်အမြင်မှားစေရန် ဤကဲ့သို့သော ပြောဆိုချက်ကို အသုံးပြုနေကြခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤပြောဆိုချက်က မည်သည့်အကျိုးဆက်များကို ဖြစ်စေနိုင်သနည်း။ ဤကိစ္စအပေါ် လူအများစု၏ စိတ်၊ အတွေးအခေါ်နှင့် ၎င်းတို့၏ နားလည်သဘောပေါက်မှုတို့သည် ဤစကားများ၏ လွှမ်းမိုးခြင်းနှင့် နှောင့်ယှက်ခြင်းကို ခံရလိမ့်မည်။ ဤသည်မှာ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်းက လူတို့အပေါ် ဖြစ်စေသည့် အကျိုးဆက် ဖြစ်သည်။ ဥပမာအားဖြင့်၊ သင်သည် ခေါင်းဆောင်တစ်ဦးမဟုတ်သည့်အပြင်။ ဤအရာကို ကြားလျှင်၊ သင်က“ယင်းမှာ မှန်သည်မဟုတ်လော။ ငါသည် ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရမည်မဟုတ်ပါ။ ရွေးချယ်ခံရလျှင်၊ ငြင်းပယ်ဖို့ အကြောင်းပြချက်နှင့် ဆင်ခြေအမျိုးမျိုးကို အမြန်ရှာရမည်။ ငါ့တွင် အစွမ်းအစ ကင်းမဲ့ပြီးအလုပ်မလုပ်နိုင်ပါဟု ပြောရမည်”ဟု တွေးလျက် လန့်သွားလိမ့်မည်။ ခေါင်းဆောင်ဖြစ်သော အချို့သူများကလည်း၊ “ကြောက်စရာကောင်းလိုက်လေခြင်း။ အနာဂတ်တွင် ငါလည်း သူတို့ကဲ့သို့ တူညီသည့်ရလဒ်နှင့် ရင်ဆိုင်ရမည်လော။ ဤသည်မှာ အမှုအရာများ ဖြစ်လာမည့်ပုံဖြစ်လျှင်၊ ခေါင်းဆောင်တစ်ယောက်ဖြစ်ရန် ငါ လုံးဝ ငြင်းပယ်သည်” ဟု တွေးလျက်၊ ဤပြောဆိုချက်၏ ထိခိုက်ခြင်းခံရသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဤအပျက်သဘောဆောင်သော ပြောဆိုချက်သည် လူတို့ကို နှောင့်ယှက်သလော။ ၎င်းတို့သည် သိသာထင်ရှားစွာပင် အနှောင့်အယှက်များ ဖြစ်စေသည်။ မည်သည့်လူပင်ဖြစ်စေ၊ ၎င်းတို့တွင် ကောင်းသော အစွမ်းအစရှိသည်ဖြစ်စေ၊ ညံ့ဖျင်းသော အစွမ်းအစရှိသည်ဖြစ်စေ၊ ဤစကားများကို ကြားသည့်အခါ၊ ၎င်းတို့သည် ယင်းတို့ကို ပထမဆုံး အမှတ်တမဲ့ ခံယူမိလိမ့်မည်ဖြစ်ပြီး၊ ဤစကားများသည် ၎င်းတို့၏ စိတ်ထဲတွင် အဓိကနေရာကို နေရာယူကာ၊ မတူညီသော အတိုင်းအတာများဖြင့် ၎င်းတို့ကို သက်ရောက်မှုရှိစေလိမ့်မည်။ သက်ရောက်မှုခံရခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ လူအများစုသည် ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းနှင့် ခေါင်းဆောင်ရာထူးမှ ဖြုတ်ချခံရခြင်း ကိစ္စကို မှန်ကန်စွာ သဘောထားနိုင်မည် မဟုတ်သည့်အပြင် ကျိုးနွံနာခံခြင်း သဘောထားလည်း ရှိမည်မဟုတ်ပေ။ ထိုအစား၊ ၎င်းတို့တွင် ဘုရားသခင်ကို အမြဲ အထင်အမြင်လွဲမှားပြီး သတိထားနေသော စိတ်နှလုံးရှိလာလိမ့်မည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး၊ ဤပြဿနာကို ဖော်ပြသည့်အခါ အထူးသဖြင့် ထိလွယ်ရှလွယ်ဖြစ်ပြီး ကြောက်ရွံ့ကြလိမ့်မည်။ လူတို့သည် ဤအပြုအမူများကို ပြသသည့်အခါ၊ ၎င်းတို့သည် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းနှင့် အထင်အမြင်မှားစေခြင်းထဲသို့ ကျရောက်သွားပြီ မဟုတ်လော။ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်သောလူများ၏ အထင်အမြင်မှားစေခြင်းနှင့် နှောင့်ယှက်ခြင်းကို ခံခဲ့ရသည်မှာ သိသာထင်ရှားပေသည်။ အဘယ်ကြောင့်ဆိုသော် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်သောလူတို့ ထုတ်ဖော်သည့်အရာများသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် စာတန်ထံမှ အစပြုသောကြောင့်ဖြစ်ပြီး၊ ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်း သို့မဟုတ် ဘုရားသခင် ပြင်ဆင်ပေးသော ပတ်ဝန်းကျင်များကို ကျိုးနွံနာခံခြင်းဖြင့် ရရှိသည့် အတွေ့အကြုံဆိုင်ရာ ထိုးထွင်းသိမြင်မှုများ မဟုတ်သောကြောင့်၊ ယင်းတို့ကို ကြားရသောသူတို့သည် မတူညီသော အတိုင်းအတာများဖြင့် နှောင့်ယှက်ခြင်းကို ခံရလေသည်။ လူတို့ ထုတ်ဖော်သော အပျက်သဘောဆောင်မှုသည် လူတိုင်းအပေါ် အချို့သော ဆိုးကျိုးဖြစ်စေသည့် သက်ရောက်မှုများနှင့် စိတ်အနှောင့်အယှက်ဖြစ်စေသော အကျိုးသက်ရောက်မှုများကို ဖြစ်စေသည်။ သမ္မာတရားကို တက်ကြွစွာ ရှာဖွေသော အချို့သူများသည် ထိခိုက်နစ်နာမှုနည်းပါးလိမ့်မည်။ အခြားသူများမှာမူ၊ အတိုက်အခံဖြစ်ခြင်း လုံးဝမရှိဘဲ၊ ထိုစကားများက မှားယွင်းကြောင်း သိလျှင်ပင်၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်းနှင့် နက်ရှိုင်းစွာ ထိခိုက်နစ်နာခြင်းကို မလွှဲမရှောင်သာ ခံစားရသည်။ ဘုရားသခင်က မည်သည့်အရာကိုပြောဆိုသည်ဖြစ်စေ၊ ထိုကိစ္စအပေါ် သူက မည်သို့ မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ သို့မဟုတ် သူ့တွင် မည်သည့်သတ်မှတ်ချက်များ ရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ဤအရာအားလုံးကို လျစ်လျူရှုပြီး၊ ထိုအစား အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်သူတို့၏ စကားများကို စိတ်ထဲတွင် ထားရှိကာ၊ ဤအပျက်သဘောဆောင်သော ထွက်ဆိုချက်များက ၎င်းတို့၏ ကာကွယ်ပေးသောထီး၊ ၎င်းတို့၏ ဒိုင်းလွှားဖြစ်သည့်အလား၊ မိမိတို့၏ နိုးကြားမှုကို မဖြေလျှော့ရန် အမြဲ သတိပေးနေကြသည်။ ဘုရားသခင် မည်သို့ပင်ပြောစေကာမူ၊ ၎င်းတို့သည် မိမိတို့၏ သတိထားခြင်းနှင့် အထင်အမြင်လွဲမှားမှုများကို မစွန့်လွှတ်နိုင်ပေ။ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်မှုမရှိဘဲ၊ သမ္မာတရား လက်တွေ့ကျမှုကို နားမလည်သော ဤလူတို့သည် ဤအပျက်သဘောဆောင်သော ပြောဆိုချက်များကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသကဲ့သို့၊ ယင်းတို့ကို အတိုက်အခံလုပ်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် နောက်ဆုံးတွင် ဤအပျက်သဘောဆောင်သော ပြောဆိုချက်များ၏ ကန့်သတ်ချုပ်ချယ်ခြင်းနှင့် ချည်နှောင်ခြင်းကို ခံရပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မလက်ခံနိုင်ကြတော့ပေ။ ၎င်းတို့သည် ဤအရာကြောင့် ထိခိုက်နစ်နာခဲ့ရသည် မဟုတ်လော။ မည်သည့်အတိုင်းအတာအထိ ၎င်းတို့ ထိခိုက်နစ်နာခဲ့ရသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မခံယူနိုင် သို့မဟုတ် နားမလည်နိုင်ဘဲ၊ ထိုအစား လူတို့ ဖွင့်ဟပြောဆိုသည့် အပျက်သဘောဆောင်သော စကားများ၊ မကျေနပ်မှု၊ မနာခံခြင်း၊ စောဒကတက်ခြင်းတို့နှင့်ဆိုင်သော စကားများကို အပြုသဘောဆောင်သော အရာများအဖြစ် မှတ်ယူကာ၊ မိမိတို့၏ ကိုယ်ရေးကိုယ်တာ ဆောင်ပုဒ်များအဖြစ် စိတ်နှလုံးထဲတွင် နီးကပ်စွာထားရှိပြီး၊ မိမိတို့၏ ဘဝများကို လမ်းညွှန်ရန်၊ ဘုရားသခင်ကို ဆန့်ကျင်ရန်နှင့် သူ၏နှုတ်ကပတ်တော်များကို အာခံရန် အသုံးပြုကြသည်။ ၎င်းတို့သည် စာတန်၏ ကွန်ရက်ထဲသို့ ကျရောက်သွားပြီ မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူတို့သည် အမှုမဲ့အမှတ်မဲ့ စာတန်၏ ကွန်ရက်ထဲတွင် ကျော့မိသွားပြီး၊ စာတန်၏ ဖမ်းသွားခြင်းကို ခံကြရသည်။ ရာထူးမှ ဖြုတ်ချခံရခြင်းကဲ့သို့ ရိုးရှင်းသော ကိစ္စတစ်ခုနှင့်ပတ်သက်၍ ဤလူတို့ ဖွင့်ဟပြောဆိုသည့် အပျက်သဘောဆောင်သော ထွက်ဆိုချက်များသည် မည်သို့ပင်ဖြစ်စေ အခြားသူများအပေါ် ကြီးမားသော သက်ရောက်မှုများ ရှိလေသည်။ ဤအရာအတွက် အကြောင်းရင်းခံတစ်ခု ရှိသည်။ ဤအပျက်သဘောဆောင်သော ပြောဆိုချက်များကို လက်ခံသောသူတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းနှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ၊ အချို့သော အထင်လွဲမှားမှုများနှင့် သတိထားခြင်းများဖြင့်ပင် ပြည့်နေပြီးသား ဖြစ်သည်။ ဤအထင်လွဲမှားမှုများနှင့် သတိထားခြင်းများသည် ၎င်းတို့၏ စိတ်ထဲတွင် အပြည့်အဝ မဖြစ်ပေါ်သေးသော်လည်း၊ ဤအပျက်သဘောဆောင်သော ပြောဆိုချက်များကို ကြားပြီးနောက်၊ ၎င်းတို့သည် မိမိတို့၏ သတိထားခြင်းနှင့် အထင်လွဲမှားမှုများ မှန်ကန်သည်ဟု ပို၍ ယုံကြည်လာကြသည်၊ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းသည် ကံအကြောင်းမလှမှုများစွာ ဆောင်ကြဉ်းပြီး ကောင်းမြတ်သောအရာများစွာ မဆောင်ကြဉ်းပေးကြောင်း၊ အမှားများလုပ်မိသည့်အတွက် ဖြုတ်ချခံရခြင်းနှင့် ငြင်းပယ်ခံရခြင်းကို ရှောင်ရှားရန် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး လုံးဝမဖြစ်သင့်ကြောင်း ယုံကြည်ရန် ပို၍ပင် အကြောင်းပြချက်ရှိသည်ဟု ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်သော သူတို့၏ လုံးဝ အထင်အမြင်မှားစေခြင်းနှင့် လွှမ်းမိုးခြင်းကို ခံခဲ့ရသည် မဟုတ်လော။ ဖြုတ်ချခံရသော လူတစ်ဦး ပြောဆိုသည့် အပျက်သဘောဆောင်သော ပြောဆိုချက်များအပြင် ၎င်းတို့၏ မနာခံခြင်းနှင့် မကျေနပ်မှု ခံစားချက်များသည် လူတို့ကို ထိုမျှ သိသာထင်ရှားသော သက်ရောက်မှုများနှင့် ထိခိုက်နစ်နာမှုကို ဖြစ်စေနိုင်သည်။ သင်တို့ မည်သို့ထင်သနည်း၊ လူတို့ ထုတ်ဖော်သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များသည် သေခြင်း၏ လေထုဖြင့် ပြည့်နေသည်မှာ ပြင်းထန်သော ပြဿနာတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) မည်သည့်အရာက ယင်းကို အလွန် ပြင်းထန်စေသနည်း။ ယင်းမှာ ထိုအရာက လူတို့၏ ဘုရားသခင်အပေါ် နက်ရှိုင်းစွာ အမြစ်တွယ်နေသော သတိထားခြင်းများနှင့် အထင်အမြင်လွဲမှားမှုများကို လုံးဝ ဖြည့်ဆည်းပေးသည့်အပြင်၊ ဘုရားသခင်ကို အထင်လွဲမှားခြင်းနှင့် သံသယဝင်ခြင်းတို့နှင့်ဆိုင်သည့် လူတို့၏ အခြေအနေများအပြင် သူ့အပေါ် ၎င်းတို့၏ အတွင်းစိတ်သဘောထားကိုလည်း ထင်ဟပ်စေသောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်သောသူတို့ ဖြန့်ဝေသည့် ပြောဆိုချက်များသည် လူတို့၏ အလွန်အရေးပါသော နေရာကို တည့်တည့်ထိမှန်ပြီး၊ လူတို့သည် မိမိတို့ကိုယ်ကို မလွတ်မြောက်စေနိုင်သည့် စာတန်၏ ကွန်ရက်ထဲသို့ လုံးလုံး ကျရောက်သွားလျက် ယင်းတို့ကိုအပြည့်အဝ လက်ခံကြလေသည်။ ဤသည်မှာ ကောင်းသောအရာလော သို့မဟုတ် မကောင်းသောအရာလော။ (မကောင်းသောအရာ ဖြစ်ပါသည်။) ဤအရာ၏ အကျိုးဆက်များမှာ အဘယ်နည်း။ (ယင်းသည် လူတို့ကို ဘုရားသခင်အား သစ္စာဖောက်စေပါသည်။) (ယင်းသည် လူတို့ကို ဘုရားသခင်အပေါ် သတိထားစေပြီး အထင်လွဲမှားစေသည်၊ မိမိတို့စိတ်နှလုံးများထဲတွင် ဘုရားသခင်နှင့် ကင်းကွာသွားစေသည်၊ မိမိတို့၏ တာဝန်များကို အပျက်သဘောဆောင်စွာ ချဉ်းကပ်စေပြီး၊ အရေးကြီးသော တာဝန်ပေးစေခိုင်းချက်များကို လက်ခံရန် ကြောက်ရွံ့သွားစေသည်။ ၎င်းတို့သည် သာမန်တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် ကျေနပ်ရောင့်ရဲသွားကြပြီး ထိုသို့ဖြင့် စုံလင်အောင်ပြုခံရမည့် အခွင့်အရေးများစွာကို လွဲချော်သွားကြပါသည်။) ထိုသို့သောလူတို့သည် ကယ်တင်ခြင်းခံရနိုင်သလော။ (မခံရနိုင်ပါ။)

လွန်ခဲ့သော အနှစ်နှစ်ထောင်က ပေါလုသည် သဘောထားအမြင်များစွာကို ထုတ်ဖော်ခဲ့ပြီး ဩဝါဒစာများစွာကို ရေးသားခဲ့သည်။ ထိုဩဝါဒစာများထဲတွင် သူသည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများစွာကို ပြောဆိုခဲ့သည်။ လူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောကြောင့်၊ လွန်ခဲ့သော အနှစ်နှစ်ထောင်အတွင်း သမ္မာကျမ်းစာကို ဖတ်ရှုသောသူတို့သည် ဘုရားသခင်ထံမှ သမ္မာတရားများကို လက်မခံဘဲ၊ သခင်ယေရှု၏ နှုတ်ကပတ်တော်များကို ဘေးဖယ်ထားလျက်၊ ပေါလု၏ အတွေးအခေါ်များနှင့် သဘောထားအမြင်များကို အဓိကအားဖြင့် လက်ခံခဲ့ကြသည်။ ပေါလု၏ အတွေးအခေါ်များနှင့် သဘောထားအမြင်များကို လက်ခံသောသူတို့သည် ဘုရားသခင်ရှေ့မှောက်သို့ လာနိုင်ကြသလော။ ၎င်းတို့သည် သူ၏နှုတ်ကပတ်တော်များကို လက်ခံနိုင်ကြသလော။ (လက်မခံနိုင်ကြပါ။) အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မလက်ခံနိုင်လျှင်၊ ၎င်းတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောထားနိုင်သလော။ (သဘောမထားနိုင်ကြပါ။) ဘုရားသခင် ရောက်ရှိလာပြီး ၎င်းတို့ရှေ့တွင် ရပ်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုနိုင်သလော။ ၎င်းတို့သည် သူ့ကို ၎င်းတို့၏ ဘုရားသခင်နှင့် သခင်အဖြစ် လက်ခံနိုင်သလော။ (လက်မခံနိုင်ပါ။) အဘယ်ကြောင့် ၎င်းတို့ လက်မခံနိုင်ကြသနည်း။ ပေါလု၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် သဘောထားအမြင်များသည် အမျိုးမျိုးသော သီအိုရီများနှင့် ဆိုရိုးစကားများကို ဖြစ်ပေါ်စေလျက် လူတို့၏ စိတ်နှလုံးများတွင် ပြည့်သွားလေသည်။ လူတို့သည် ဘုရားသခင်၊ သူ၏အမှုတော်၊ သူ၏နှုတ်ကပတ်တော်များ၊ သူ၏စိတ်သဘောထားနှင့် လူတို့အပေါ် သူ၏သဘောထားတို့ကို တိုင်းတာရန် ဤအရာများကို အသုံးပြုသည့်အခါ၊ ၎င်းတို့သည် သာမန်၊ ရိုးရှင်းသောအမျိုးအစားဖြစ်သည့် ဖောက်ပြန်ပျက်စီးသော လူသားများ မဟုတ်တော့ဘဲ၊ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ ဆန်းစစ်ရင်းနှင့် သူ့အပေါ် ရန်လိုလာရင်း သူ့ကို ဆန့်ကျင်ကြလေသည်။ ဘုရားသခင်သည် ထိုသို့သောလူတို့ကို ကယ်တင်နိုင်သလော။ (မကယ်တင်နိုင်ပါ။) ဘုရားသခင်က ၎င်းတို့ကို မကယ်တင်လျှင်၊ ၎င်းတို့သည် ကယ်တင်ခြင်းကို လက်ခံရရှိရန် အခွင့်အရေး ရှိလိမ့်ဦးမည်လော။ ဘုရားသခင်၏ ကြိုတင်သတ်မှတ်ခြင်းနှင့် ရွေးချယ်ခြင်းသည် လူတို့အား အခွင့်အရေးတစ်ခု ပေးခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်၏ ကြိုတင်သတ်မှတ်ခြင်းနှင့် ရွေးချယ်ခြင်းပြီးသည့်နောက် လူတို့ရွေးချယ်သည့်လမ်းကြောင်းသည် ပေါလုနောက်လိုက်သည့်လမ်းကြောင်းဖြစ်ပါက၊ ကယ်တင်ခြင်းအတွက် ဤအခွင့်အရေးသည် တည်ရှိနေသေးသလော။ အချို့လူများက “ကျွန်ုပ်သည် ဘုရားသခင်၏ ကြိုတင်သတ်မှတ်ခြင်းနှင့် ရွေးချယ်ခြင်းကို ခံရသောကြောင့်၊ ကျွန်ုပ်သည် ဘေးကင်းလုံခြုံသော နယ်ပယ်တွင် ရှိနေပြီးဖြစ်သည်။ ကျွန်ုပ်သည် သေချာပေါက် ကယ်တင်ခြင်းခံရလိမ့်မည်”ဟု ပြောဆိုကြသည်။ ဤစကားများသည် ခိုင်လုံသလော။ ဘုရားသခင်၏ ကြိုတင်သတ်မှတ်ခြင်းနှင့် ရွေးချယ်ခြင်းခံရသည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင့်အနေဖြင့် ကယ်တင်ခြင်းအတွက် သင့်တော်သူတစ်ဦး ဖြစ်လာသော်လည်း၊ ကယ်တင်ခြင်းခံရမည်၊ မခံရမည်မှာမူ သင်သည် မည်မျှကောင်းစွာ လိုက်စားသည်ဟူသည်နှင့် မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်ပြီလောဟူသည်တို့အပေါ် မူတည်သည်ဟု ဆိုလိုပေသည်။ နောက်ဆုံးတွင် သင့်တော်သူအားလုံး ရွေးချယ်ခံရပြီး ကယ်တင်ခြင်းခံရလိမ့်မည်လော။ ကယ်တင်ခြင်းခံရလိမ့်မည် မဟုတ်ပေ။ ထိုနည်းတူစွာပင်၊ အကယ်၍ လူတို့သည် မနာခံခြင်း၊ မကျေနပ်မှုနှင့် နာကြည်းခြင်းကဲ့သို့သော ခံစားချက်များ၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်သောသူတို့ ဖော်ပြသည့် မှတ်ချက်များ၊ အတွေးများနှင့် သဘောထားအမြင်များကို လက်ခံပြီး၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဤအပျက်သဘောဆောင်သော အရာများဖြင့် ပြည့်ကာ ဖိစီးခြင်းခံရလျှင်၊ ဤအရာက ၎င်းတို့အနေဖြထင့် အနည်းငယ်မျှသာ လက်ခံသဘောတူသည်ကို မညွှန်ပြပေ။ထိုအရာများကို ၎င်းတို့က အပြည့်အဝ လက်ခံပြီး ယင်းတို့အားဖြင့် အသက်ရှင်လိုကြသည်ကို ဆိုလိုသည်။ လူတို့သည် ဤအပျက်သဘောဆောင်သော အရာများအတိုင်း အသက်ရှင်သည့်အခါ၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် မည်သည့်အရာဖြစ်လာသနည်း။ ယင်းသည် ဆန့်ကျင်လိုသော ဆက်ဆံရေးအဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းသည် ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံများကြားက ဆက်ဆံရေးမဟုတ်သကဲ့သို့ ဘုရားသခင်နှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားက ဆက်ဆံရေးလည်းမဟုတ်သည့်အပြင်၊ ကယ်တင်ခြင်းကို လက်ခံရရှိသောသူတို့နှင့် ဘုရားသခင်ကြားက ဆက်ဆံရေးလည်း သေချာပေါက် မဟုတ်ပေ။ ထိုအစား၊ ယင်းသည် ဘုရားသခင်နှင့် စာတန်ကြားက ဆက်ဆံရေး၊ ဘုရားသခင်နှင့် သူ၏ရန်သူများကြားက ဆက်ဆံရေးအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့ဖြစ်၍၊ လူတို့သည် ကယ်တင်ခြင်းကို လက်ခံရရှိနိုင်ခြင်း ရှိ၊ မရှိဟူသည်မှာ မေးခွန်းထုတ်စရာတစ်ခု၊ မသိရသောအရာတစ်ခု ဖြစ်လာသည်။ ဖြုတ်ချခံရသောသူတို့ ပြုလုပ်သည့် အပျက်သဘောဆောင်သော ပြောဆိုချက်များသည် စောဒကတက်မှုများ၊ အထင်လွဲမှားမှုများ၊ ကျိုးကြောင်းပြချက်များ၊ ခုခံပြောဆိုမှုများဖြင့် ပြည့်နေသည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေပြီး ၎င်းတို့ထံသို့ ဆွဲဆောင်သည့် အချို့အရာများကိုပင် ပြောဆိုကြသည်။ ဤပြောဆိုချက်များကို ကြားပြီးနောက်၊ လူတို့သည် ဘုရားသခင်အပေါ် အထင်လွဲမှားမှုများနှင့် သတိထားခြင်းများ ဖြစ်ပေါ်လာပြီး၊ မိမိတို့စိတ်နှလုံးထဲတွင် သူနှင့် ကင်းကွာသွားကာ သူ့ကို ငြင်းပယ်သည်အထိပင် ဖြစ်လာသည်။ သို့ဖြစ်၍၊ ထိုသို့သောလူတို့သည် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်သည့်အခါ၊ ၎င်းတို့ကို ချက်ချင်း ကန့်သတ်ပြီး တားဆီးသင့်သည်။ ၎င်းတို့သည် ဘုရားသခင်ထံမှ တွေ့ကြုံခံစားရသည့် အခြေအနေများကို လက်ခံနိုင်စွမ်းမရှိခြင်း၊ သမ္မာတရားကို ရှာဖွေနိုင်စွမ်းမရှိခြင်းနှင့် ဘုရားသခင်ကို မကျိုးနွံနာခံနိုင်ခြင်းသည်မှာ ၎င်းတို့ ကိုယ်ပိုင်ကိစ္စသာဖြစ်ပြီး၊ အခြားသူများကို သက်ရောက်မှုရှိစေရန် ၎င်းတို့အား ခွင့်မပြုသင့်ပေ။ အကယ်၍ ၎င်းတို့သည် ထိုအရာကို မလက်ခံနိုင်လျှင်၊ ၎င်းတို့ကို တဖြည်းဖြည်း စဉ်းစားကာ ဖြေရှင်းခွင့်ပေးလော့။ သို့သော် အကယ်၍ ၎င်းသည် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ပြီး အခြားလူတို့၏ ပုံမှန်ဝင်ရောက်မှုကို သက်ရောက်မှုရှိစေကာ နှောင့်ယှက်လျှင်၊ ၎င်းတို့ကို အချိန်မီ တားဆီးပြီး ကန့်သတ်ရမည်။ အကယ်၍ ၎င်းတို့ကို မကန့်သတ်နိုင်သည့်အပြင်၊ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် မိမိတို့ဘက်သို့ ဆွဲဆောင်ရန် အပျက်သဘောဆောင်ခြင်းကို ဆက်လက်ထုတ်ဖော်နေလျှင်၊ ၎င်းတို့ကို ချက်ချင်း ဖယ်ထုတ်ပစ်သင့်သည်။ အသင်းတော်အသက်တာကို ဆက်လက်နှောင့်ယှက်ရန် ၎င်းတို့အား ခွင့်မပြုသင့်ပေ။

၂။ ပြုပြင်ဆုံးမခြင်းကို လက်ခံရန် ငြင်းပယ်နေစဉ် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်း

လူတို့သည် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ဖွယ်ရှိသည့် အခြားအခြေအနေတစ်ခု ရှိသည်။ ၎င်းတို့သည် ပြုပြင်ခြင်းကို ရင်ဆိုင်ရပြီး ပြုပြင်သည့် စကားအချို့ကို လက်မခံနိုင်သည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် နာခံမှုမရှိခြင်း၊ မကျေနပ်ခြင်းနှင့် နာကြည်းချက်တို့ကို ထားရှိကြလိမ့်မည်ဖြစ်ပြီး တစ်ခါတစ်ရံ မတရားခံရသည်ဟုပင် ခံစားရလိမ့်မည်။ မတရားမှုတစ်ခုရှိခဲ့သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ “အဘယ်ကြောင့် ကျွန်ုပ်ကို ရှင်းပြခွင့် သို့မဟုတ် မိမိကိုယ်ကို ရှင်းလင်းခွင့် မပြုရသနည်း။ အဘယ်ကြောင့် ကျွန်ုပ်သည် အဆက်မပြတ် ပြုပြင်ဆုံးမခြင်းခံနေရသနည်း”ဟူ၍ ဖြစ်သည်။ ဤလူတို့သည် မည်သို့သော အပျက်သဘောဆောင်သည့်အရာများကို ပုံမှန်အားဖြင့် ထုတ်ဖော်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မှန်ကြောင်းပြကာ ခုခံကာကွယ်ရန် အကြောင်းပြချက်များကိုလည်း ရှာဖွေကြသည်။ မိမိတို့၏ အမှားများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ ထေမိစေရန်ပြုလုပ်ခြင်း သို့မဟုတ် ကုစားခြင်းတို့အစား၊ ၎င်းတို့က အဘယ်ကြောင့် တစ်စုံတစ်ခုကို ကောင်းစွာ မလုပ်ဆောင်ခဲ့ရကြောင်း၊ ထိုအရာ၏ နောက်ကွယ်တွင်ရှိသည့် အကြောင်းတရားများ၊ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းအချက်များနှင့် အခြေအနေများက အဘယ်အရာဖြစ်ခဲ့ကြောင်းနှင့် ၎င်းတို့အနေဖြင့် ထိုအရာကို မည်သို့ တမင်တကာ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်းဟူသည်တို့ကဲ့သို့သော အရာများကို ပြောဆိုလျက် မိမိတို့၏ အခြေအနေကို ကျိုးကြောင်းပြပြောဆိုကြသည်။ ၎င်းတို့သည် ပြုပြင်ခြင်းကို ငြင်းပယ်ခြင်းနှင့်ဆိုင်သည့် မိမိတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် မိမိတို့ကိုယ်ကို မှန်ကြောင်းပြကာ ခုခံကာကွယ်ဖို့ ဤဆင်ခြေများကို အသုံးပြုကြသည်။ ဤလူတို့သည် ပြုပြင်ခြင်းက မှန်ကန်ကြောင်းကို အသိအမှတ်မပြုကြသည့်အပြင်၊ လူတိုင်း၏ရှေ့တွင် ကိစ္စရပ်ကို ရှင်းလင်းစွာ ရှင်းပြရန် ကြိုးစားလျက်၊ အခြားလူများစွာနှင့်အတူ ပြုပြင်ဆုံးမခြင်း အဖြစ်အပျက်ကို စိစစ်ကြသည်။ ၎င်းတို့သည် “ဤပြုပြင်ဆုံးမခြင်းမျိုးက လူတို့အား မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းမှ အားလျော့စေလိမ့်မည်။ မည်သူမျှ မိမိတို့၏ တာဝန်များကို နောက်ထပ် ထမ်းဆောင်လိုတော့မည် မဟုတ်ပါ။ လူတို့သည် မည်သို့ ရှေ့ဆက်ရမည်ကို သိမည်မဟုတ်သည့်အပြင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ရှိမည်မဟုတ်ပါ”ဟူသည်ကဲ့သို့သော စိတ်ကူးများကိုပင် ဖြန့်ဝေကြသည်။ ၎င်းတို့အနေဖြင့် ပြုပြင်ခြင်းကို မည်သို့လက်ခံကြောင်း အပေါ်ယံအားဖြင့် မိတ်သဟာယဖွဲ့သော်လည်း၊ လက်တွေ့တွင်မူ မိမိတို့ကိုယ်ကို မှန်ကန်ကြောင်းပြကာ ခုခံကာကွယ်ရန် မိတ်သဟာယကို အသုံးပြုနေကြသည့် အချို့လူများပင် ရှိသည်။ ၎င်းတို့သည် ဘုရားအိမ်တော်က လူတို့ကို ဆက်ဆံရာတွင် လူတို့၏ ခံစားချက်များကို မထောက်ထားကြောင်းနှင့် အသေးအဖွဲအမှားလေးတစ်ခုကပင် ပြုပြင်ခြင်းကို ဖြစ်စေနိုင်ကြောင်း ပိုများသောလူတို့အား ယုံကြည်စေကြသည်။ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်တတ်သော သူတို့သည် မိမိတို့ကိုယ်ကို မည်သည့်အခါမျှ ဆင်ခြင်သုံးသပ်ခြင်း မရှိကြပေ။ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါတွင်ပင်၊ ၎င်းတို့သည် မိမိတို့အမှားများ၏ သဘောသဘာဝ သို့မဟုတ် မည်သည့်အရာက ထိုအမှားများအား ဖြစ်စေခဲ့သည်ကို ဆင်ခြင်သုံးသပ်ခြင်း မရှိကြပေ။ ၎င်းတို့သည် ဤပြဿနာများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းမရှိဘဲ ထိုအစား အစဉ်တစိုက် အငြင်းအခုံပြုကြသည်။ မိမိတို့ကိုယ်ကို မှန်ကန်ကြောင်း သက်သေပြပြီး ခုခံကာကွယ်ကြသည်။ အချို့လူများက “ကျွန်ုပ် ပြုပြင်ခြင်းမခံရမီတွင် လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခုရှိသည်ဟု ကျွန်ုပ် ခံစားခဲ့ရပါသည်။ သို့သော် ကျွန်ုပ် ပြုပြင်ခြင်းခံရသည့်အခါ၊ စိတ်ရှုပ်ထွေးလာခဲ့သည်။ မည်သို့ လက်တွေ့လုပ်ဆောင်ရမည် သို့မဟုတ် ဘုရားသခင်ကို မည်သို့ ယုံကြည်ရမည်ကို ကျွန်ုပ် မသိတော့သည့်အပြင် ရှေ့ဆက်ရမည့်လမ်းကိုလည်း မမြင်နိုင်တော့ပါ” ဟုပင် ပြောဆိုကြသည်။ ၎င်းတို့သည် အခြားသူများကိုလည်း “သင်တို့သည် ပြုပြင်ခြင်းမခံရစေရန် အလွန်သတိထားရမည်။ ယင်းမှာ အရေခွံတစ်လွှားနွှာခံရသလိုမျိုး အလွန်နာကျင်လှပါသည်။ ကျွန်ုပ်၏ လမ်းဟောင်းကို မလိုက်ကြနှင့်။ ပြုပြင်ခြင်းခံရပြီးနောက် ကျွန်ုပ် မည်သို့ဖြစ်လာသည်ကို ကြည့်ကြလော့။ ကျွန်ုပ် ပိတ်မိနေသည်၊ ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေသည်။ ကျွန်ုပ်လုပ်သမျှ မည်သည့်အရာမျှ မမှန်ကန်ပါ”ဟု ပြောဆိုကြသည်။ ဤစကားများသည် မှန်ကန်သလော။ ယင်းတို့နှင့်ပတ်သက်၍ ပြဿနာတစ်ခုတလေ ရှိသလော။ (ရှိပါသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မှန်ကြောင်းပြနေခြင်းဖြစ်ပြီး မည်သည့်အရာကိုမျှ အမှားမလုပ်ခဲ့ဟု အငြင်းအခုံပြုနေခြင်း၊ ပြောဆိုနေခြင်း ဖြစ်ပါသည်။) ဤကျိုးကြောင်းပြချက်နှင့် အကြောင်းပြချက်တို့မှတစ်ဆင့် မည်သည့်သတင်းစကားကို သိနေရသနည်း။ (ဘုရားအိမ်တော်က လူတို့ကို ပြုပြင်ခြင်းသည် မှားယွင်းကြောင်း ၎င်းတို့ ပြောဆိုနေခြင်း ဖြစ်ပါသည်။) အချို့သောသူများက ဤသို့ ဆိုကြသည်။ “ပြုပြင်ခြင်း မခံရမီက လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိသည်ဟု ကျွန်ုပ် ခံစားခဲ့ရပါသည်၊ သို့သော် ပြုပြင်ခြင်း ခံရပြီးသည့်နောက်၌မူ မည်သည့်အရာကို လုပ်ဆောင်ရမည်ကို မသိရှိတော့ပါ”ဟူ၍ ဖြစ်သည်။ သူတို့သည် ပြုပြင်ခြင်း ခံရပြီးနောက် မည်သည့်အရာလုပ်ဆောင်ရမည်ကို အဘယ်ကြောင့် မသိရှိကြသနည်း။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ (ပြုပြင်ခြင်းနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ သူတို့သည် သမ္မာတရားကို လက်မခံကြပါ သို့မဟုတ် မိမိတို့ကိုယ်ကို သိရှိရန်လည်း မကြိုးပမ်းကြပေ။ သူတို့သည် အယူအဆအချို့ကို သိုထားလျက် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေကြပေ။ ဤသည်က သူတို့ကို လမ်းမဲ့သွားစေသည်။ မိမိတို့အတွင်း၌ အကြောင်းတရားကို ရှာဖွေမည့်အစား သူတို့သည် ပြုပြင်ခြင်းကို ခံရသဖြင့် လမ်းပျောက်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆန့်ကျင်ဘက်ကို အခိုင်အမာပြောကြသည်။) ဤသည်မှာ တန်ပြန်စွပ်စွဲချက် မဟုတ်သလော။ ယင်းမှာ “ကျွန်ုပ် လုပ်ဆောင်ခဲ့သောအရာသည် စည်းမျဉ်းများနှင့်အညီ ဖြစ်ပါသည်၊ သို့သော် ကိုယ်တော်၏ ပြုပြင်ခြင်းက ကျွန်ုပ်အား စည်းမျဉ်းများနှင့်အညီ ကိစ္စရပ်များကို ကိုင်တွယ်ခွင့် မပြုကြောင်း ရှင်းလင်းစေသည်။ သို့ဖြစ်လျှင် အနာဂတ်၌ ကျွန်ုပ်သည် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်နည်း” ဟူ၍ ပြောသကဲ့သို့ဖြစ်သည်။ ဤသည်မှာ ထိုသို့သော စကားများကို ပြောဆိုသည့် လူများက ဆိုလိုသည့်အရာ ဖြစ်သည်။ သူတို့သည် ပြုပြင်ခြင်းခံရသည်ကို လက်ခံကြသလော။ သူတို့သည် အမှားများ ပြုလုပ်ခဲ့သည်ဟူသောအချက်ကို လက်ခံကြသလော။ (လက်မခံကြပါ။) ဤစကားက ၎င်းတို့သည် မကောင်းမှုများကို မည်သို့မဆင်မခြင် ကျူးလွန်ရမည်ဆိုသည်ကို သိသော်လည်း ၎င်းတို့အား ပြုပြင်ပေးပြီး စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ရန် ခိုင်းစေသောအခါတွင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ရမှန်း မသိဘဲ စိတ်ရှုပ်ထွေးလာကြသည်ဟု စင်စစ်အားဖြင့် ဆိုလိုသည်မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သူတို့သည် ယခင်က အမှုအရာများကို မည်သို့ လုပ်ဆောင်ခဲ့ကြသနည်း။ တစ်စုံတစ်ဦးသည် ပြုပြင်ခြင်းခံရခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ယင်းမှာ သူတို့သည် စည်းမျဉ်းများနှင့်အညီ မလုပ်ဆောင်ခဲ့သောကြောင့် ဖြစ်သည် မဟုတ်သလော။ (ဟုတ်ပါသည်။) သူတို့သည် မကောင်းမှုကို မဆင်မခြင် ကျူးလွန်ကြသည်၊ သမ္မာတရားကို မရှာဖွေကြဘဲ အမှုအရာများကို စည်းမျဉ်းများနှင့်အညီဖြစ်စေ၊ ဘုရားအိမ်တော်မှ စည်းကမ်းများနှင့်အညီဖြစ်စေ မလုပ်ဆောင်ကြသောကြောင့် ပြုပြင်ခြင်းကို ခံကြရသည်။ ပြုပြင်ခြင်း၏ ရည်ရွယ်ချက်မှာ လူတို့အား သမ္မာတရားကို ရှာဖွေစေရန်နှင့် စည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်စေရန် ထောက်ကူပေးဖို့၊ သူတို့ကို မကောင်းမှုကို မဆင်မခြင် ထပ်၍ ကျူးလွန်ခြင်းမှ ဟန့်တားဖို့အတွက် ဖြစ်သည်။ သို့ရာတွင် ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ထိုလူများက မည်သို့ပြုမူလုပ်ဆောင်ရမည်ကိုဖြစ်စေ၊ မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသိရှိတော့ဟု ဆိုကြသည်။ ဤစကားများတွင် မိမိကိုယ်ကို သိကျွမ်းခြင်းဆိုင်ရာ အရိပ်အယောင် တစ်ခုခု ပါဝင်သလော။ (မပါဝင်ပါ။) သူတို့၌ မိမိကိုယ်ကို သိရှိရန် သို့မဟုတ် သမ္မာတရားကို ရှာဖွေရန် ရည်ရွယ်ချက် လုံးဝ မရှိကြပေ။ ထိုအစား ၎င်းတို့သည် ဤသို့သွယ်ဝိုက်ညွှန်းဆိုကြသည်။ “ကျွန်ုပ်သည် ယခင်က ကျွန်ုပ်၏ တာဝန်များကို အလွန် ကောင်းမွန်စွာ ထမ်းဆောင်ခဲ့ဖူးပါသည်၊ သို့သော် ကိုယ်တော် ကျွန်ုပ်အား ပြုပြင်ခဲ့သည့်အချိန်မှစ၍ ကိုယ်တော်သည် ကျွန်ုပ်၏ အတွေးများကို ဖရိုဖရဲဖြစ်စေခဲ့ပြီး ကျွန်ုပ်၏ တာဝန်များအပေါ် ကျွန်ုပ်၏ လုပ်နည်းကိုင်နည်းကို ရှုပ်ထွေးစေခဲ့ပါသည်။ ယခုအခါ ကျွန်ုပ်၏ စဉ်းစားတွေးခေါ်ပုံမှာ ပုံမှန်မဟုတ်တော့ပါ၊ ထို့ပြင် ကျွန်ုပ်သည် ယခင်ကဲ့သို့ ပြတ်သားမှု သို့မဟုတ် ရဲစွမ်းသတ္တိလည်း မရှိတော့ပါ၊ ကျွန်ုပ်သည် ယခင်ကကဲ့သို့ ရဲရင့်ခြင်း မရှိတော့ဘဲ ဤအရာအားလုံးသည် ပြုပြင်ခြင်းခံရခြင်းကြောင့် ဖြစ်ရပါသည်။ ကျွန်ုပ် ပြုပြင်ခြင်းခံခဲ့ရသည့် အချိန်မှစ၍ ကျွန်ုပ်၏ နှလုံးသားသည် ပြင်းထန်စွာ ထိခိုက်နာကျင်ခဲ့ရပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် အခြားသူတို့အား သူတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ အလွန် သတိထားကြရန် ပြောဆိုရပါမည်။ သူတို့သည် မိမိတို့၏ ချို့ယွင်းချက်များကို မဖော်ပြသင့်ပါ သို့မဟုတ် ချွတ်ချော်မှု မဖြစ်စေသင့်ပါ၊ အကယ်၍ သူတို့ ချွတ်ချော်ခဲ့ပါက သူတို့သည် ပြုပြင်ခြင်းခံရမည်ဖြစ်ပြီး ထို့နောက် သူတို့သည် ကြောက်ရွံ့လာကာ သူတို့ တစ်ချိန်က ပိုင်ဆိုင်ခဲ့သော စိတ်အားထက်သန်မှုလည်း ပျောက်ဆုံးသွားလိမ့်မည်။ ၎င်းတို့၏ ရဲရင့်သော စိတ်ဓာတ်သည် သိသိသာသာ မှေးမှိန်သွားပြီး ၎င်းတို့၏ လူငယ်သတ္တိနှင့် အစွမ်းကုန်လုပ်ဆောင်ရန် လိုအင်ဆန္ဒတို့သည် ပျောက်ဆုံးသွားမည်ဖြစ်ကာ ၎င်းတို့အား ပျော့ညံ့သွားစေလျက် မိမိကိုယ်တိုင်၏ အရိပ်ကို ကြောက်သည့်အပြင် ၎င်းတို့ လုပ်ဆောင်သမျှက မမှန်ကန်ကြောင်း ခံစားရသွားစေသည်။ သူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ မျက်မှောက်တော်ကို ခံစားရတော့မည် မဟုတ်ဘဲ ကိုယ်တော်နှင့် ပို၍ပို၍ ဝေးကွာသွားသည်ဟု ခံစားလာကြလိမ့်မည်။ ဘုရားသခင်ထံ ဆုတောင်းလျက် ဟစ်ခေါ်ခြင်းသည်ပင် အဖြေမရသကဲ့သို့ ဖြစ်နေလိမ့်မည်။ သူတို့၌ ယခင်ကကဲ့သို့ တက်ကြွလန်းဆန်းမှု၊ လှုပ်ရှားတက်ကြွမှုနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းတို့ မရှိတော့ဟု ခံစားရလိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကိုပင် အထင်အမြင်သေးလာကြလိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ အတွေ့အကြုံရှိသော ပုဂ္ဂိုလ်တစ်ဦးက မိတ်သဟာယဖွဲ့သည့် စိတ်ရင်းမှန်ဖြင့် ပြောဆိုသော စကားများလော။ ယင်းတို့သည် စစ်မှန်သလော။ ယင်းတို့သည် လူတို့အား တည်ဆောက်မှု ပေးသလော သို့မဟုတ် အကျိုးပြုသလော။ ဤသည်မှာ အဖြစ်မှန်ကို မလိမ့်တစ်ပတ်လုပ်ခြင်း သက်သက်သာ မဟုတ်ပါလော။ (ဟုတ်ပါသည်၊ ဤစကားများသည် အတော်ပင် အဓိပ္ပာယ်မရှိပါ။) ၎င်းတို့က “ကျွန်ုပ်၏ ခြေလှမ်းများနောက် မလိုက်ကြနှင့် သို့မဟုတ် ကျွန်ုပ်၏ လမ်းဟောင်းကို ထပ်မကျော့ကြနှင့်။ သင်တို့သည် ယခုအခါတွင် ကျွန်ုပ်ကို အတော်အတန် အမူအကျင့်ကောင်းသူအဖြစ် မြင်ကြသော်လည်း၊ အမှန်တွင် ထိုပြုပြင်ခြင်းနောက်ပိုင်း ကျွန်ုပ် ကြောက်လန့်သွားခဲ့ခြင်းသာဖြစ်ပြီး ယခင်လောက် လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်း မရှိတော့ပါ” ဟု ပြောဆိုကြသည်။ ဤစကားများသည် နားထောင်သူများအပေါ် မည်သည့် သက်ရောက်မှု ရှိသနည်း။ (ယင်းတို့သည် လူတို့အား ပြုပြင်ခြင်းခံရမည်ကို ကြောက်ရွံ့သည့်အတွက် သတိဖြင့် ပြုမူစေလျက် ဘုရားသခင်အပေါ် ပို၍ သတိထားစေပါသည်။) ၎င်းတို့တွင် ဤ အပျက်သဘောဆောင်သည့် သက်ရောက်မှုမျိုး ရှိသည်။ ဤအရာကို ကြားပြီးနောက်၊ လူတို့သည် “ငါ့ကို ထိုအကြောင်း ပြောပြလော့။ သတိမမူမိခြင်း အသေးအဖွဲတစ်ခုနှင့် သင် ပြုပြင်ခြင်းခံလိုက်ရသည်သာတည်း။ ယင်းကို တားဆီးရန် သင်လုပ်နိုင်သည့်အရာ ဘာမျှမရှိပါတကား။ ဘုရားအိမ်တော်၌ တာဝန်များကို ထမ်းဆောင်ခြင်းသည် အဘယ်ကြောင့် ဤမျှ ခက်ခဲရသနည်း။ သမ္မာတရား စည်းမျဉ်းများအကြောင်း အမြဲပြောနေသည်။ ယင်းသည် အလွန် ခက်ခဲလှသည်တကား။ ရိုးရှင်းပြီး တည်ငြိမ်သော ဘဝကို အသက်ရှင်နေထိုင်ရုံမျှဖြင့် မလုံလောက်ပါသလော။ ယင်းမှာ မြင့်မားသော တောင်းဆိုမှုတစ်ခု သို့မဟုတ် လွန်ကဲသော မျှော်လင့်ချက်တစ်ခု မဟုတ်ပါ။ သို့သော် အဘယ်ကြောင့် စွမ်းဆောင်ရရှိရန် အလွန်ခက်ခဲရသနည်း။ ကျွန်ုပ် ပြုပြင်မခံရရန် သေချာပေါက် မျှော်လင့်ပါသည်။ ကျွန်ုပ်သည် အလွန် ကြောက်တတ်သူတစ်ဦး ဖြစ်သည်။ ပုံမှန်အားဖြင့်၊ လူတို့က ကျွန်ုပ်ကို စူးစိုက်ကြည့်ပြီး အသံကျယ်ကျယ်ဖြင့် စကားပြောသည့်အခါ၊ ကျွန်ုပ်၏ နှလုံးခုန်နှုန်း မြန်လာသည်။ ကျွန်ုပ်သည် ပြုပြင်ခြင်းကို အမှန်တကယ် ရင်ဆိုင်ရပြီး အဖြစ်မှန်များကို ထိုသို့ စိတ်ဖြာလေ့လာဆွေးနွေးလျက် စကားလုံးများက ထိုမျှ ပြင်းထန်လျှင်၊ ထိုအရာကို ကျွန်ုပ် မည်သို့ ကိုင်တွယ်နိုင်မည်နည်း။ ယင်းက ကျွန်ုပ်ကို အိပ်မက်ဆိုးများ ပေးမည် မဟုတ်လော။ လူတိုင်းက ပြုပြင်ခြင်းသည် ကောင်းသည်ဟု ပြောကြသော်လည်း၊ အဘယ်သို့ဖြစ်ပြီး ထိုသို့ဖြစ်သည်ကို ကျွန်ုပ် မမြင်ပါ။ ထိုလူသည် ယင်းကြောင့် ကြောက်လန့်သွားခဲ့သည် မဟုတ်လော။ ပြုပြင်ခြင်းခံရလျှင်၊ ကျွန်ုပ်လည်း ကြောက်လန့်သွားမည် ဖြစ်သည်”ဟု စဉ်းစားကြလိမ့်မည်။ ဤသည်မှာ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်သောသူတို့၏ စကားများကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှု မဟုတ်လော။ ဤသက်ရောက်မှုသည် အပြုသဘောဆောင်သလော သို့မဟုတ် အပျက်သဘောဆောင်သလော။ (အပျက်သဘောဆောင်ပါသည်။) ဤအပျက်သဘောဆောင်သော ပြောဆိုချက်များသည် သမ္မာတရားကို လိုက်စားလိုသောသူတို့အပေါ် ကြီးမားသော ထိခိုက်နစ်နာမှု ဖြစ်စေနိုင်သည်တကား။ သို့ဖြစ်၍ ငါ့ကို ပြောလော့၊ အပျက်သဘောဆောင်ခြင်းကို မကြာခဏ ထုတ်ဖော်ပြီး သေခြင်းတရားကို ဖြန့်ဝေသောသူတို့သည် စာတန်၏ အစေခံများ ဖြစ်ကြသလော။ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို နှောင့်ယှက်သောသူများ ဖြစ်ကြသလော။ (ဖြစ်ကြပါသည်။)

အချို့လူတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများအတိုင်း ပြုမူဆောင်ရွက်ပြီး စည်းမျဉ်းများကို ဆန့်ကျင်ကြသည်။ ပြုပြင်ခြင်းခံရပြီးနောက်၊ ၎င်းတို့သည် အလွန်ကြိုးစားလုပ်ဆောင်ပြီး အဖိုးအခတစ်ခု ပေးဆပ်ခဲ့ရလင့်ကစား၊ ပြုပြင်ခြင်းခံခဲ့ရဆဲဖြစ်သည်ဟု ခံစားရသောကြောင့် ၎င်းတို့၏ စိတ်နှလုံးများသည် မနာခံမှုဖြင့် ပြည့်လာပြီး ဖော်ထုတ်ခြင်း သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်းကို လက်မခံကြပေ။ ၎င်းတို့က ဘုရားသခင်သည် မဖြောင့်မတ်ကြောင်းနှင့် ဘုရားအိမ်တော်က ၎င်းတို့အပေါ် မမျှတကြောင်း ယုံကြည်ကြသည်။ အကြောင်းမှာ ၎င်းတို့ကဲ့သို့ အသုံးဝင်သော ပါရမီရှိသူတစ်ဦး၊ ဆင်းရဲဒုက္ခများစွာကို ကြံ့ကြံ့ခံပြီး ကြီးမားသော အဖိုးအခကို ပေးဆပ်သောသူတစ်ဦးသည် ဘုရားအိမ်တော်၏ ချီးမွမ်းခြင်းကို မခံရသည့်အပြင် ပြုပြင်ခြင်းပင် ခံရသောကြောင့်ဖြစ်သည်။ ၎င်းတို့၏ မနာခံမှုမှ နာကြည်းချက်များ ပေါ်ပေါက်လာပြီး ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ကြလိမ့်မည်။ “ကျွန်ုပ်မြင်သည့်အတိုင်းဆိုလျှင်၊ ဘုရားကို ယုံကြည်ခြင်းထက် ပိုခက်သည့်အရာ ဘာမျှမရှိပါ။ ကောင်းချီးမင်္ဂလာအချို့ကို လက်ခံရရှိရန်နှင့် ကျေးဇူးတော်အနည်းငယ်ကို မွေ့လျော်ခံစားရန်မှာ အမှန်တကယ် ခက်ခဲလှပါသည်။ ကျွန်ုပ်သည် အလွန်မြင့်မားသော အဖိုးအခကို ပေးဆပ်ပြီးဖြစ်သော်လည်း၊ အမှုအရာတစ်ခုကို ညံ့ဖျင်းစွာ လုပ်ဆောင်မိခြင်းအတွက် ပြုပြင်ခြင်းခံခဲ့ရသည်။ ကျွန်ုပ်ကဲ့သို့သောသူတစ်ဦးသည် အလုပ်တာဝန်အတွက် စံမမီလျှင်၊ တစ်ဦးတလေက မည်သို့ စံမီနိုင်မည်နည်း။ ဘုရားသည် ဖြောင့်မတ်သည် မဟုတ်လော။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို အသိအမှတ်ပြုရန် ကျွန်ုပ် အဘယ်ကြောင့် စံမမီရသနည်း။ ဘုရား၏ဖြောင့်မတ်ခြင်းသည် အဘယ်သို့ဖြစ်ပြီး လူတို့၏ အယူအဆများနှင့် အလွန် မကိုက်ညီရသနည်း”ဟူ၍ ဖြစ်သည်။ စည်းမျဉ်းများကို ဆန့်ကျင်သည့် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ခဲ့သည် သို့မဟုတ် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ထုတ်ဖော်ခဲ့သည်ဟူသည်တို့ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိကြပေ။ ၎င်းတို့တွင် နောင်တရခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်း အရိပ်အယောင်တစ်ခုပင် မရှိသည်သာမက၊ ပွင့်လင်းစွာ ဝေဖန်ပြီး အတိုက်အခံပင် လုပ်ကြသည်။ ၎င်းတို့က ထိုသို့သော ပြောဆိုချက်တစ်ခုကို ပြုလုပ်သည်ကို ကြားပြီးနောက်၊ လူအများစုသည် ၎င်းတို့နှင့်ပတ်သက်၍ အတော်အတန် စာနာလာကြပြီး ၎င်းတို့၏ လွှမ်းမိုးခြင်းကို ခံကြရသည်။ “မှန်သည် မဟုတ်လော။ သူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းနှစ်ဆယ်ကြာ ယုံကြည်ခဲ့ပြီးဖြစ်ကာ ထိုသို့သော ပြုပြင်ခြင်းကို ရင်ဆိုင်ရဆဲ ဖြစ်သည်။ နှစ်ပေါင်းနှစ်ဆယ်ကြာ ယုံကြည်ပြီးသောသူတစ်ဦးသည် မုချကယ်တင်မခံရနိုင်လျှင်၊ ကျွန်ုပ်တို့ကဲ့သို့သော လူများမှာ သာ၍ပင် မျှော်လင့်ချက်နည်းပေသည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အဆိပ်ခတ်ခံရလေပြီ မဟုတ်လော။ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်လိုက်သည်နှင့်တစ်ပြိုင်နက်၊ လူတို့၏ စိတ်နှလုံးထဲတွင် စိုက်ပျိုးလိုက်သော မျိုးစေ့တစ်စေ့ကဲ့သို့၊ ၎င်းတို့၏ စိတ်ထဲတွင် အမြစ်တွယ်၊ အညှောက်ပေါက်၊ ဖူးပွင့်ပြီး အသီးသီးလျက် အဆိပ်ကို စိုက်လိုက်ခြင်း ဖြစ်သည်။ လူတို့ မသိလိုက်မီတွင် ၎င်းတို့ အဆိပ်ခတ်ခံလိုက်ရပြီး၊ ဘုရားသခင်အပေါ် အတိုက်အခံပြုခြင်းနှင့် စောဒကတက်မှုများက ၎င်းတို့၌ ပေါ်ပေါက်လာကြသည်။ ထိုလူတို့ ပြုပြင်ခြင်းခံရသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်အပေါ် မနာမခံ ဖြစ်လာကြပြီး ၎င်းတို့ကို ဘုရားအိမ်တော်က ကိုင်တွယ်သည့်ပုံစံအပေါ် မကျေမနပ် ဖြစ်ကြသည်။ နောင်တရခြင်းနှင့် ဝန်ချခြင်း သဘောထားကို ခံယူမည့်အစား၊ ၎င်းတို့သည် အငြင်းအခုံပြုကြသည်၊ အကြောင်းပြချက်များပေးကာ မိမိတို့ကိုယ်ကို ခုခံကာကွယ်ကြသည်။ ၎င်းတို့ ယုံကြည်ခဲ့သည့် နှစ်ကာလများစွာတစ်လျှောက် အခက်အခဲမည်မျှကို ၎င်းတို့ ကြံ့ကြံ့ခံခဲ့ပုံနှင့် မည်သည့်အလုပ်ကို လုပ်ဆောင်ခဲ့ကြောင်း၊ မည်သည့်တာဝန်များကို ထမ်းဆောင်ခဲ့ကြောင်းနှင့် ယခုအခါ ဆုလာဘ်များ လက်ခံရရှိမည့်အစား ပြုပြင်ခြင်းကို ရင်ဆိုင်နေရကြောင်းတို့အား နေရာအနှံ့တွင် သိရှိစေကြသည်။ ၎င်းတို့သည် ပြုပြင်ခံရခြင်းမှ မိမိတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းနှင့် မိမိတို့ ပြုခဲ့သော အမှားများကို အသိအမှတ်ပြုရန် ပျက်ကွက်သည်သာမက၊ ဘုရားအိမ်တော်က ၎င်းတို့ကို ဆက်ဆံခဲ့သည့်နည်းလမ်းသည် မမျှတသည့်အပြင် ကျိုးကြောင်းဆီလျော်မှုမရှိလှကြောင်း၊ ၎င်းတို့ကို ထိုသို့ မဆက်ဆံသင့်ကြောင်း၊ အကယ်၍ ထိုသို့ဆက်ဆံပါက ဘုရားသခင်သည် ဖြောင့်မတ်ခြင်းမရှိဟူသည့် စိတ်ကူးကိုလည်း ဖြန့်ဝေကြသည်။ ဤအပျက်သဘောဆောင်ခြင်းကို ၎င်းတို့ ထုတ်ဖော်ရသည့်အကြောင်းရင်းမှာ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုနှင့် အသင်းတော်၏အလုပ်ကို ၎င်းတို့က ထိခိုက်နစ်နာစေခဲ့သည်ဟူသောအချက်ကို လက်ခံရန် မဆိုထားနှင့်၊ ၎င်းတို့အနေဖြင့် ပြုပြင်ခြင်း သို့မဟုတ် မိမိတို့ အမှားလုပ်ခဲ့သည်ဟူသောအချက်ကို လက်မခံနိုင်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ မှန်ကန်စွာ ပြုမူခဲ့ကြောင်းနှင့် ၎င်းတို့ကို ပြုပြင်သည့် ဘုရားအိမ်တော်ကသာ မှားယွင်းကြောင်း ယုံကြည်ကြသည်။ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်းအားဖြင့်၊ ၎င်းတို့သည် ဘုရားအိမ်တော်က လူတို့ကို ဆက်ဆံပုံတွင် မမျှတကြောင်း လူတို့ကို ပြောပြရန် ရည်ရွယ်သည်။ လူတစ်ဦး အမှားလုပ်သည်နှင့်တစ်ပြိုင်နက်၊ ထိုလူက အလျှော့ပေးလာကာ သူ့အနေဖြင့် မည်သည့် ပံ့ပိုးမှုများကိုမျှ မပြုခဲ့ကြောင်း တွေးထင်သည့်အဆင့်ထိ၊ သူ့ကို ပုဂ္ဂိုလ်ရေးကိုးကွယ်သူ မည်သူမျှမရှိသည့်အထိ၊ မိမိကိုယ်ကို တန်ဖိုးမထားတော့သည့်အပြင် ဘုရားသခင်ထံ ဆုလာဘ်များ မတောင်းဆိုဝံ့တော့သည်အထိ ဘုရားအိမ်တော်က ဤကိစ္စကို အမိအရအသုံးချကာ ၎င်းတို့ကို ရက်စက်စွာ ပြုပြင်ရင်း ထိုအမှားကို ၎င်းတို့အပေါ် လက်နက်သဖွယ် အသုံးချလိမ့်မည်။ ထိုအခါမှသာ ဘုရားအိမ်တော်သည် မိမိ၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိပြီးဖြစ်လိမ့်မည်။ ဤအပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ ပိုများသော လူတို့ကို ၎င်းတို့အတွက် ခုခံကာကွယ်ပေးစေရန်၊ ပိုများသောလူတို့ကို “ကိစ္စရပ်၏အမှန်တရား”အား နားလည်စေရန်နှင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ခဲ့သည့် နှစ်ပေါင်းများစွာတစ်လျှောက် ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခံစားခဲ့ရသည်၊ မိမိတို့၏ ပံ့ပိုးမှုများက မည်မျှ အရေးပါခဲ့သည်၊ မိမိတို့ မည်မျှ အရည်အချင်းပြည့်မီသည်ဟူသည်နှင့် မိမိတို့သည် မည်မျှ အတွေ့အကြုံရင့်ကျက်သော ယုံကြည်သူဖြစ်သည်ဟူသည်တို့ကို မြင်စေရန် ဖြစ်သည်။ ဤအရာဖြင့်၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ဘုရားအိမ်တော်က ၎င်းတို့အား ပေးခဲ့သော ပြုပြင်ခြင်းတို့ကို အတူတကွ ဆန့်ကျင်ရာတွင် အခြားသူတို့အား မိမိတို့ဘက်၌ ရပ်တည်စေလိုကြသည်။ ဤသည်မှာ သဘောသဘာဝအားဖြင့် လူတို့ကို မိမိတို့ဘက်သို့ ဆွဲဆောင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤနည်းလမ်းဖြင့် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ရာတွင် ၎င်းတို့၏ ပန်းတိုင်မှာ လူတို့ကို မိမိတို့ဘက်သို့ ဆွဲဆောင်ရန်နှင့် အထင်အမြင်မှားစေရန်ဖြစ်ပြီး၊ ၎င်းတို့သည် မိမိတို့၏ မကျေမချမ်းဖြစ်ခြင်းကို ထုတ်ဖော်ရန် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ကြသည်။ အပျက်သဘောဆောင်ခြင်းကို ၎င်းတို့ ထုတ်ဖော်ပြီးသည့်အခါ နောက်ဆုံးတွင် လူတို့အပေါ် မည်သည့် အကျိုးသက်ရောက်မှု ရှိသည်ဖြစ်စေ၊ ထိုအကျိုးသက်ရောက်မှုနှင့် အကျိုးဆက်မှာ လူတို့ အထင်အမြင်မှားစေခြင်းခံရခြင်းနှင့် နှောင့်ယှက်ခြင်းခံရခြင်း၊ ၎င်းတို့ ထိခိုက်နစ်နာခြင်းတို့ ဖြစ်သည်။ ယင်းသည် တည်ဆောက်စရာ မဟုတ်ပေ။အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှု ဖြစ်သည်။

လူတို့သည် ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ ဤသည်တို့မှာ အခြေခံအားဖြင့် ၎င်းတို့ ထုတ်ဖော်သည့် အပျက်သဘောဆောင်သည့်အရာများ ဖြစ်ကြသည်။ ၎င်းတို့သည် ပြုပြင်ခံရခြင်းကို လက်မခံနိုင်သည့်အပြင်၊ မိမိတို့၏ စိတ်နှလုံးထဲတွင် မကျေမနပ်ဖြစ်ကာ နာခံမှုမရှိကြ၊ ဘုရားသခင်ထံမှ ယင်းကို လက်မခံနိုင်ကြပေ။ ၎င်းတို့၏ ပထမဦးဆုံး တုံ့ပြန်ချက်မှာ ပြုပြင်ခြင်းနှင့်စပ်လျဉ်း၍ သမ္မာတရားကို ရှာဖွေခြင်း၊ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း၊ သိရှိခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ မိမိတို့ အတိအကျ မည်သည့်အရာကို အမှားလုပ်ခဲ့သည်၊မိမိတို့၏ လုပ်ဆောင်ချက်များက စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ၊ ဘုရားအိမ်တော်က ၎င်းတို့ကို အဘယ်ကြောင့် ပြုပြင်ခဲ့သည်ဟူသည်နှင့် ဤသို့ ၎င်းတို့ ဆက်ဆံခံရခြင်းမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေမချမ်းဖြစ်ခြင်းကြောင့် ဟုတ်မဟုတ်၊ မျှတပြီး ကျိုးကြောင်းဆီလျော်ခြင်း ရှိမရှိဟူသည်တို့ကို ကြည့်ခြင်း မဟုတ်ပေ။ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်ချက်က ဤအရာများကို ရှာဖွေရန် မဟုတ်။ ထိုအစား၊ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်ချက်မှာ ပြုပြင်ခြင်းကို ဆန့်ကျင်ရန် မိမိတို့၏ အရည်အချင်းများ၊ ခါးစည်းခံခဲ့ရသော ဆင်းရဲဒုက္ခများနှင့် အသုံးခံမှုများကို အားကိုးအားထားပြုခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင်၊ ၎င်းတို့၏ စိတ်နှလုံးများအတွင်း၌ ပေါ်ပေါက်လာသည့် အရာအားလုံးသည် အပြုသဘောဆောင်သည့်အရာ မည်သည့်အရာမျှမရှိဘဲ အပျက်သဘောဆောင်ရန် သေချာသည်။ သို့ဖြစ်၍ ၎င်းတို့သည် ပြုပြင်ခြင်းခံရပြီးနောက် မိမိတို့၏ ခံစားချက်များနှင့် သိနားလည်မှုအကြောင်း မိတ်သဟာယဖွဲ့သည့်အခါ၊ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ပြီး အယူအဆများကို သေချာပေါက် ဖြန့်ဝေကြလေသည်။ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်းနှင့် အယူအဆများကို ဖြန့်ဝေခြင်းတို့အား ချက်ချင်း တားဆီးကာ ကန့်သတ်သင့်သည်။ လိုက်လျောပြီး လျစ်လျူမရှုသင့်ပေ။ ဤအပျက်သဘောဆောင်သော အရာများသည် လူတစ်ဦးစီ၏ အသက်ဝင်ရောက်မှုကို ပိတ်ဆို့တားဆီးလိမ့်မည်၊ နှောင့်ယှက်ပြီး ထိခိုက်နစ်နာစေလိမ့်မည်ဖြစ်ကာ ယင်းတို့သည် ဘုရားသခင်ကို လူတို့၏ သစ္စာစောင့်သိမှု သို့မဟုတ် မိမိတို့တာဝန်များကို သစ္စာစောင့်သိသော ထမ်းဆောင်ခြင်းအား လှုံ့ဆော်ရန်မဆိုထားနှင့်၊ အပြုသဘောဆောင်သော အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိပေ။ ထို့ကြောင့်၊ ထိုသို့သောလူတို့သည် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်သည့်အခါ၊ ၎င်းတို့သည် အသင်းတော်အသက်တာကို နှောင့်ယှက်နေခြင်းဖြစ်ပြီး ကန့်သတ်ခြင်းခံရသင့်သည်။

၃။ မိမိ၏ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် အကျိုးစီးပွားများ ထိခိုက်နစ်နာသည့်အခါ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်း

ဖြုတ်ချခံရခြင်း သို့မဟုတ် ပြုပြင်ခြင်းခံရပြီးနောက် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်းအပြင်၊ အခြားမည်သည့်အခြေအနေများတွင် လူတို့သည် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ကြသနည်း။ (လူတို့၏ အကျိုးစီးပွားများ ထိခိုက်နစ်နာပြီး ဆုံးရှုံးမှုတစ်ခု ခံစားခဲ့ရသည်ဟု ၎င်းတို့ ခံစားရသည့်အခါ ဖြစ်ပါသည်။) (အချို့လူတို့သည် မိမိတို့၏ တာဝန်များကို နှစ်ပေါင်းများစွာ ထမ်းဆောင်ကြပြီးဖြစ်သော်လည်း၊ ၎င်းတို့ နာမကျန်းဖြစ်လာသည့်အခါ သို့မဟုတ် ၎င်းတို့၏ မိသားစုများအပေါ် ဘေးအန္တရာယ်များ ကျရောက်သည့်အခါ၊ ၎င်းတို့က “ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခြင်းမှ ကျွန်ုပ် ဘာရခဲ့သနည်း” ဟု ပြောဆိုကြပါသည်။) အပျက်သဘောဆောင်တတ်သူများ၏ အသုံးများသော “ဆောင်ပုဒ်” မှာ “ကျွန်ုပ် ဘာရခဲ့သနည်း” ဟူ၍ ဖြစ်သည်။ အခြားမည်သည့်အခြေအနေများ ရှိသနည်း။ (အချို့လူတို့သည် မိမိတို့၏ တာဝန်များတွင် ရလဒ်များ စွမ်းဆောင်ရရှိရန် ပျက်ကွက်သည်သာမက၊ မကြာခဏ အမှားများလုပ်မိသောကြောင့် ၎င်းတို့က “အဘယ်ကြောင့် ဘုရားသခင်သည် အခြားသူများကို ဉာဏ်အလင်းပေးပြီး ကျွန်ုပ်ကိုမူ ဉာဏ်အလင်းမပေးသနည်း။ အဘယ်ကြောင့် ဘုရားသခင်သည် ၎င်းတို့ကို ထိုသို့သော အစွမ်းအစကောင်းကို ပေးစဉ်တွင် ကျွန်ုပ်၏ အစွမ်းအစမှာမူ အလွန်ညံ့ဖျင်းရသနည်း”ဟု ပြောဆိုကြပါသည်။ မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို ဆင်ခြင်သုံးသပ်မည့်အစား၊ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့ကို ဉာဏ်အလင်းမပေးခဲ့ကြောင်း သို့မဟုတ် လမ်းညွှန်ခြင်းမပြုခဲ့ကြောင်း ပြောဆိုလျက် တာဝန်ကို ဘုရားသခင်အပေါ်သို့ လွှဲချပြီးနောက်၊ ဘုရားသခင်အကြောင်းကို ဆက်လက်၍ စောဒကတက်ကြပါသည်။) ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်က အခြားသူတို့ကို အလင်းပေးပြီး ကျေးဇူးတော် ပေးသနားကာ ၎င်းတို့ကိုမူ မပေးရသနည်း၊ အဘယ်ကြောင့် မိမိတို့၏ တာဝန်များတွင် ရလဒ်များ မစွမ်းဆောင်မရရှိရသနည်းဟု မေးခွန်းထုတ်ကာ မြည်တမ်းလျက် ဘုရားသခင်က မျှတမှုမရှိကြောင်း အခိုင်အမာဆိုကြသည်။ ၎င်းတို့ စောဒကတက်နေကြပေသည်။ သင်တို့ ပေးခဲ့သော ဥပမာများက ကောင်းပေသည်။ နောက်ထပ် ရှိသေးသလော။ (အချို့လူတို့သည် မိမိတို့၏ တာဝန်ခန့်အပ်မှုများကို ချိန်ညှိခံရသည့်အခါ အဘယ်ကြောင့် ဤသို့ဖြစ်ခဲ့ရသည်ကို မေးခွန်းထုတ်လျက်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့ကို ပစ်မှတ်ထားနေပြီး ၎င်းတို့အတွက် အမှုအရာများ အခက်အခဲဖြစ်အောင် လုပ်နေသည်ဟု သံသယဝင်ကြလျက် မကျေမချမ်းမှုများဖြင့် ပြည့်လာကြပါသည်။) ၎င်းတို့သည် ဘုရားအိမ်တော်က ၎င်းတို့ကို အထင်သေးသည်ဟု ခံစားရသလော။ (ခံစားရပါသည်။) လက်တွေ့အလုပ်မလုပ်သော အချို့လူတို့သည် ဖြုတ်ချပြီး ဖယ်ရှားခံရကာ၊ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ ထိခိုက်နစ်နာခဲ့ရသည်ဟု ခံစားရသည်။ မိမိတို့၏ မကျေနပ်မှုကို ဖွင့်ထုတ်ရန်၊ ၎င်းတို့သည် အမြဲ ကွယ်ရာတွင် မကောင်းပြောဆိုကြသည်။ “ကျွန်ုပ်သည် ဘုရားကို ယုံကြည်သည်မှာ မကြာသေးပါ။ ကျွန်ုပ်၏ နားလည်နိုင်စွမ်းသည် မကောင်းသည့်အပြင်၊ ကျွန်ုပ်သည် ညံ့ဖျင်းသော အစွမ်းအစရှိပါသည်။ ကျွန်ုပ်သည် အခြားသူများနှင့် မယှဉ်သာပါ။ အကယ်၍ ၎င်းတို့က ကျွန်ုပ် မစွမ်းဆောင်နိုင်ဟု ပြောပါက၊ ကျွန်ုပ် မစွမ်းဆောင်နိုင်သည်သာ ဖြစ်ရမည်”ဟူ၍ ပြောကြသည်။ အပေါ်ယံအားဖြင့်၊ ၎င်းတို့သည် မိမိတို့၏ အားနည်းချက်များကို အသိအမှတ်ပြုနေခြင်းဖြစ်သော်လည်း၊ အမှန်တွင်မူ၊ ၎င်းတို့သည် မိမိတို့ ဆုံးရှုံးခဲ့သော အကျိုးကျေးဇူးများကို ပြန်လည်ရရှိရန် ကြိုးစားနေခြင်း၊ အဆက်မပြတ် ကွယ်ရာတွင် မကောင်းပြောဆိုနေခြင်းနှင့် လူတို့၏ စာနာမှုကို ရရှိရန်နှင့် ဘုရားအိမ်တော်က မမျှတကြောင်း ၎င်းတို့အား ခံစားရစေရန် အမှုအရာများကို ပြောဆိုနေခြင်း ဖြစ်သည်။ ၎င်းတို့၏ အကျိုးစီးပွားများ ထိခိုက်နစ်နာသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် အင်တင်တင်ဖြစ်လာကြပြီး မိမိတို့၏ ဆုံးရှုံးမှုများကို ပြန်လည်ရရှိရန်နှင့် လျော်ကြေး လက်ခံရရှိရန် အမြဲ မျှော်လင့်နေကြသည်။ အကယ်၍ မရရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၌ မိမိတို့၏ ယုံကြည်ခြင်းကို ဆုံးရှုံးကြပြီး၊ “ ဘုရားကို ယုံကြည်ခြင်းက ကောင်းမြတ်သည်ဟု ကျွန်ုပ် တွေးထင်လေ့ရှိခဲ့ပြီး၊ အသင်းတော်တွင် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်အဖြစ် ဆောင်ရွက်ခြင်းက ကြီးမားသော ကောင်းချီးများကို သေချာပေါက် ဆောင်ကြဉ်းပေးလိမ့်မည်ဟု တွေးထင်ခဲ့သည်။ ဖြုတ်ချပြီး ဖယ်ရှားခံရမည်ကိုလည်းကောင်း၊ အခြားသူတို့၏ ငြင်းပယ်ခြင်း ခံရလိမ့်မည်ကိုလည်းကောင်း မည်သည့်အခါမျှ ကျွန်ုပ် မမျှော်လင့်ခဲ့ပါ။ ဘုရားအိမ်တော်၌ ဤသို့သောအရာတစ်ခု ဖြစ်ပျက်နိုင်သည်ကို စဉ်းစားကြည့်လော့။ ဘုရားကို ယုံကြည်သော လူတိုင်းသည် သေချာပေါက် လူကောင်းတစ်ဦး မဟုတ်သည့်အပြင်၊ ဘုရားအိမ်တော် လုပ်ဆောင်သည့် အရာတိုင်းသည် ဘုရား သို့မဟုတ် တရားမျှတမှုကို ကိုယ်စားပြုခြင်း မရှိပါ” ဟူသည်ကဲ့သို့သော အရာများကို ပြောဆိုလျက်၊ သူ့ကို မည်သို့ ယုံကြည်ရမည်ကို မသိကြတော့ပေ။ ဤ ပြောဆိုချက်များ၏ သဘောသဘာဝမှာ အဘယ်နည်း။ ၎င်းတို့၏ စကားများသည် သိသာထင်ရှားစွာဖြင့်ရော၊ သွယ်ဝိုက်သောအားဖြင့်ပါ တိုက်ခိုက်မှုတစ်ခုကို ဖော်ပြသည်။ ၎င်းတို့သည် ဝေဖန်မှုနှင့် အတိုက်အခံပြုခြင်းကို ဖော်ပြသည်။ အပေါ်ယံအားဖြင့်၊ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဦး သို့မဟုတ် အသင်းတော်တစ်ပါးပါးကို ပစ်မှတ်ထားပုံရသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤစကားများကို အမှန်တကယ် ရည်ရွယ်နေသည့်အရာမှာ ဘုရားသခင်၊ သူ၏နှုတ်ကပတ်တော်များအပြင် သူ့အိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် စည်းမျဉ်းများ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ မကျေမချမ်းဖြစ်ခြင်းကို သက်သက် ဖွင့်ချနေခြင်း ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့သည် မိမိတို့၏ မကျေမချမ်းဖြစ်ခြင်းကို ဖွင့်ချနေကြသနည်း။ ၎င်းတို့သည် ဆုံးရှုံးမှုတစ်ခု ခံစားရပြီးဖြစ်သည်ဟု ခံစားရလေသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင်၊ ၎င်းတို့သည် မမျှတမှုနှင့် မကျေနပ်မှုကို ခံစားရပြီး၊ အမှုအရာများကို တောင်းဆိုကာ လျော်ကြေး လက်ခံရရှိလိုကြသည်။ ထိုသို့သောလူတို့ ထုတ်ဖော်သည့် အပျက်သဘောဆောင်ခြင်းသည် လူအများစုအတွက် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခု မဖြစ်စေသော်လည်း၊ ဤစက်ဆုပ်ဖွယ် စကားများသည် လူတို့၏ စိတ်ထဲတွင် အသင့်အတင့် နှောင့်ယှက်မှုကို ဖြစ်စေသည့် နှောင့်ယှက်သော ယင်ကောင်များ သို့မဟုတ် ကြမ်းပိုးများနှင့် တူသည်။ လူအများစုသည် ဤစကားများကို ကြားပြီးသည့်အခါ ရွံရှာစက်ဆုပ်ပြီး အလွန်အမင်း မနှစ်မြို့ခြင်းကို ခံစားရသော်လည်း၊ ထိုလူတို့ကဲ့သို့သော တစ်မျိုးတစ်စားတည်းဖြစ်သော၊ တူညီသော စိတ်သဘောထားများ၊ အနှစ်သာရများနှင့် နှစ်သက်မှုများရှိသော ၎င်းတို့၏ အမျိုးအစားတူ အပေါင်းအဖော်များ၊ ၎င်းတို့၏ လွှမ်းမိုးခြင်းနှင့် နှောင့်ယှက်ခြင်းကို ခံရသောသူတို့ မလွဲမသွေ ရှိလိမ့်မည်။ ယင်းမှာ ရှောင်လွှဲမရနိုင်ပေ။ ထို့အပြင်၊ ပိုင်းခြားသိမြင်မှု ကင်းမဲ့သော သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုရှိသူ အချို့လူတို့သည် ဤအပျက်သဘောဆောင်သော မှတ်ချက်များ၏ နှောင့်ယှက်ခြင်းကို ခံရနိုင်ပြီး၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းက လွှမ်းမိုးခြင်းခံရနိုင်သည်။ ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းက မည်သည့်အရာအတွက် အတိအကျဖြစ်သည်ကို မသိကြသေးသည့်အပြင်၊ ရူပါရုံများ၏ သမ္မာတရားများအကြောင်းကို မရှင်းလင်းသည့်အပြင်၊ သမ္မာတရားကို နားလည်သဘောပေါက်နိုင်စွမ်းလည်း ညံ့ဖျင်းလှသည်။ ၎င်းတို့သည် ဤအပျက်သဘောဆောင်သော ဖော်ပြချက်များကို ကြားပြီးသည့်အခါ၊ ယင်းတို့ကို အလွန်အမင်း အမှတ်တမဲ့ လက်ခံဖွယ်ရှိပြီး၊ ထို့ကြောင့် ယင်းတို့၏ လွှမ်းမိုးမှုကို ခံစားရသည်။ ဤစကားများသည် အဆိပ် ဖြစ်သည်။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲတွင် အလွယ်တကူ စိုက်ပျိုးခြင်းခံရနိုင်သည်။ တစ်စုံတစ်ဦးသည် ဤအပျက်သဘောဆောင်သော မှတ်ချက်များကို လက်ခံပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားအိမ်တော်က ၎င်းတို့ကို တာဝန်တစ်ခု ထမ်းဆောင်ရန် တောင်းဆိုသည့်အခါ၊ ၎င်းတို့က လျစ်လျူရှုခြင်းဖြင့် တုံ့ပြန်ကြသည်။ ဘုရားအိမ်တော်က အချို့သောအလုပ်တာဝန်နှင့်ပတ်သက်၍ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုသည့်အခါ၊ ၎င်းတို့က မပြတ်မသားဖြစ်ကြသည်။ ၎င်းတို့သည် စိတ်ရှိလျှင်သာ ယင်းကို လက်ခံကြမည်ဖြစ်ပြီး၊ သို့မဟုတ်ပါက၊ အကြောင်းပြချက်များနှင့် ဆင်ခြေမျိုးစုံတို့ဖြင့် အမြဲတစေ မလုပ်ဆောင်ဘဲ နေလိမ့်မည်။ ထိုအပျက်သဘောဆောင်သော မှတ်ချက်များကို မကြားမီတွင်၊ ၎င်းတို့သည် ဘုရားသခင်၌ မိမိတို့၏ ယုံကြည်ခြင်းတွင် ရိုးသားမှုအနည်းငယ် ရှိခဲ့ပြီး၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေချိန်တွင် အပြုသဘောဆောင်သော၊ တက်ကြွသော သဘောထားနှင့်ဆိုင်သည့် တစ်စုံတစ်ရာ ရှိခဲ့သည်။ သို့သော် ထိုအပျက်သဘောဆောင်သော မှတ်ချက်များကို ကြားပြီးနောက်၊ ၎င်းတို့သည် လျစ်လျူရှုလာကြပြီး၊ မိမိတို့၏ ညီအစ်ကိုမောင်နှမများအပေါ်တွင်လည်း အေးစက်လာကြသည်။ ၎င်းတို့သည် ထိုညီအစ်ကို မောင်နှမများအပေါ် သတိထားကြသည်။ အသင်းတော်က ၎င်းတို့ကို တာဝန်တစ်ခု ထမ်းဆောင်ရန် စီစဉ်သည့်အခါ၊ ၎င်းတို့သည် အလွန်မထုံတက်တေးဖြစ်ခြင်းကို ပြသလျက်၊ ရှောင်လွှဲမြဲရှောင်နေပြီး ထပ်ခါတလဲလဲ တွန်းထုတ်နေကြသည်။ ယခင်က၊ ၎င်းတို့သည် စုဝေးပွဲများကို အချိန်မှန် တက်ရောက်ခဲ့ကြသော်လည်း၊ ထိုမှတ်ချက်များကို ကြားပြီးနောက်၊ ၎င်းတို့၏ တက်ရောက်မှုက မမှန်တော့ပေ။ ၎င်းတို့သည် စိတ်အခြေအနေကောင်းသည့်အခါ လာပြီး စိတ်အခြေအနေ မကောင်းသည့်အခါ မလာကြပေ။ အိမ်တွင် မနှစ်မြို့ဖွယ်ရာတစ်ခုခု ဖြစ်ပွားပါက၊ ဘေးအန္တရာယ်တစ်ခုခု ဖြစ်ပွားမည်ကို ၎င်းတို့ စိုးရိမ်သောကြောင့်၊ စုဝေးပွဲများကို ပိုမိုတက်ရောက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် စိတ်လှုပ်ရှားကာ၊ ပျော်ရွှင်ပြီး တို့ထိခြင်းခံရပါက၊ ငွေအချို့ကိုပင် ပေးကြလိမ့်မည်။ သို့သော် အိမ်တွင် အခြေအနေများ ငြိမ်သက်သွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ခြင်းအား တစ်ဖန် ရပ်တန့်လိုက်ကြသည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ထောက်ပံ့ရန် မျှော်လင့်ချက်ဖြင့် ၎င်းတို့နှင့်အတူ မိတ်သဟာယဖွဲ့ရန် ကြိုးစားသည့်အခါ၊ ၎င်းတို့သည် ငြင်းပယ်ရန် ဆင်ခြေများကို ရှာဖွေကြသည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ အိမ်သို့ သွားသည့်အခါ၊ ၎င်းတို့ အိမ်တွင် သိသိသာသာ ရှိနေသည့်အခါတွင်ပင် တံခါးဖွင့်ပေးမည် မဟုတ်ပေ။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ၎င်းတို့သည် ထိုအပျက်သဘောဆောင်သော မှတ်ချက်များ၏ လွှမ်းမိုးခြင်းကို ခံရပြီဖြစ်သည်။ ၎င်းတို့သည် အဆိပ်ခတ်ခြင်းခံရပြီး ဘုရားသခင်ကို ယုံကြည်သူများက စိတ်ချ၍မရဟု ယုံကြည်ကြသည်။ ပထမတွင်၊ ၎င်းတို့သည် ဤလူတို့ကို အတော် ယုံကြည်ခဲ့ကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ၎င်းတို့က “ဤသည်တို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်၊ ဤလူတို့သည် ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်၊ ဤသည်မှာ ဘုရားအိမ်တော် ဖြစ်သည်၊ အလွန် အံ့ဩဖွယ်ကောင်းပါသည်တကား” ဟု တွေးထင်ခဲ့ကြသည်။ သို့သော် အချို့သောလူတို့ ဖြန့်ဝေသည့် အပျက်သဘောဆောင်သော မှတ်ချက်များကို ကြားပြီးနောက်၊ ၎င်းတို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့ လွှမ်းမိုးခြင်းခံခဲ့ရသည် မဟုတ်လော။ ၎င်းတို့၏ အသက်ဝင်ရောက်မှု ထိခိုက်နစ်နာခဲ့ရသည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သူက ၎င်းတို့ကို လွှမ်းမိုးခဲ့သနည်း။ ယင်းမှာ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်သောလူများ၊ ထိုမှတ်ချက်များကို ပြောဆိုခဲ့သောသူတို့ ဖြစ်သည်။ တစ်စုံတစ်ဦးသည် မှန်သော လမ်းခရီး၌ ခိုင်မာသော အခြေခံအုတ်မြစ်ကို မချရသေးပါက သို့မဟုတ် သမ္မာတရားကို နားလည်သည့်အဆင့်ထိ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်ရသေးပါက၊ ၎င်းတို့သည် အပျက်သဘောဆောင်သော အရာများ၏ လွှမ်းမိုးခြင်းကို အလွယ်တကူ ခံရနိုင်သည်။ အထူးသဖြင့်၊ သမ္မာတရားကို နားလည်သဘောပေါက်နိုင်စွမ်းမရှိဘဲ၊ ရေပန်းစားမှုများကိုသာ လေ့လာကြည့်ရှုကာ၊ အခြေအနေကို လေ့လာပြီး၊ အပေါ်ယံဖြစ်စဉ်များကို ကြည့်ရှုသောသူတို့သည် အပျက်သဘောဆောင်သော စကားများ၏ လွှမ်းမိုးခြင်းကို သာ၍ပင် အလွယ်တကူ ခံရသည်။ အထူးသဖြင့် ၎င်းတို့က “ဘုရားအိမ်တော်သည် သေချာပေါက် မျှတခြင်း မရှိသည့်အပြင်၊ ဘုရားအိမ်တော် လုပ်ဆောင်သည့် အရာတိုင်းသည် အပြုသဘောဆောင်ခြင်း မရှိပါ” ဟူသည်ကဲ့သို့သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများအား ပြောဆိုသည်ကို ကြားပြီးသည့်အခါ၊ ၎င်းတို့၏ သတိထားမှုသည် သာ၍ပင် ကြီးထွားလာသည်။ သမ္မာတရားနှင့် ကိုက်ညီသော ဖော်ပြချက်တစ်ခုသည် အမြဲတစေ အလွယ်တကူ လက်ခံခြင်းမခံရသော်လည်း၊ အပျက်သဘောဆောင်သော ဖော်ပြချက်တစ်ခု၊ အဓိပ္ပာယ်မဲ့သော ဖော်ပြချက်တစ်ခု၊ သမ္မာတရားကို ဆန့်ကျင်သော ဖော်ပြချက်တစ်ခုတို့သည် လူတို့၏ စိတ်နှလုံးများထဲတွင် အလွန်အလွယ်တကူ အမြစ်တွယ်နိုင်ပြီး၊ ယင်းင်းတို့ကို ဖယ်ရှားခြင်းသည် မလွယ်ကူပေ။ လူတို့အတွက် သမ္မာတရားကို လက်ခံရန် အလွန်ခက်ခဲပြီး မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို လက်ခံရန်မှာ ၎င်းတို့အတွက် အလွန်လွယ်ကူလှသည်တကား။

မကောင်းသော လူ့သဘာဝရှိသည့် အချို့လူတို့သည် မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သိက္ခာ၊ ကျော်ကြားမှု၊ ဇာတိပကတိဆိုင်ရာ ပျော်ရွှင်မှုနှင့် ကိုယ်ပိုင်ဥစ္စာပစ္စည်းအပြင်၊ အကျိုးစီးပွားများကို အလွန်အရေးထားကြသည်။ ၎င်းတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် တိုက်ရိုက်အကျိုးစီးပွားများက ဆုံးရှုံးမှုများကို ခံစားရသည့်အခါ၊ ၎င်းတို့သည် ဤအရာကို ဘုရားသခင်ထံမှ လက်မခံကြပေ၊ သို့မဟုတ် ၎င်းတို့အတွက် ဘုရားသခင် ပြင်ဆင်ပေးသော ပတ်ဝန်းကျင်ကို လက်မခံကြသည့်အပြင်၊ ဤအရာများကို လက်လွှတ်ရန်လည်းကောင်း၊ မိမိတို့၏ ကိုယ်ပိုင်အကျိုးအမြတ်နှင့် ဆုံးရှုံးမှုကို လျစ်လျူရှုရန်လည်းကောင်း မတတ်နိုင်ကြပေ။ ထိုအစား၊ ၎င်းတို့သည် မိမိတို့၏ မကျေနပ်မှုနှင့် မနာခံမှုတို့ကို ထုတ်ဖော်ရန်နှင့် မိမိတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ဖွင့်ချရန် အခွင့်အရေးအမျိုးမျိုးကို အသုံးပြုကြသည်။ အကျိုးဆက်အနေဖြင့် အချို့လူတို့ကို ကြီးစွာ ဆင်းရဲဒုက္ခခံစားရစေသည်။ ထို့ကြောင့်၊ ထိုသို့သော လူတို့သည် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်သည့်အခါ၊ အသင်းတော်ခေါင်းဆောင်များသည် ပထမဦးဆုံး အခြေအနေကို ချက်ချင်း သဘောပေါက်ရမည်ဖြစ်ပြီး၊ ထိုလူတို့ကို အချိန်မီ တားဆီးကာ ကန့်သတ်ရမည်ဖြစ်သည်။ အသင်းတော်ခေါင်းဆောင်များသည် ထိုလူတို့ကို တက်ကြွစွာ ဖော်ထုတ်သင့်ပြီး ၎င်းတို့ကို မည်သို့ ပိုင်းခြားသိမြင်ရမည်ဟူသည်နှင့် အဘယ်ကြောင့် ၎င်းတို့က ဤအပျက်သဘောဆောင်ပြီး အဓိပ္ပာယ်မဲ့သော အရာများအား ပြောဆိုရသည်ဟူသည့်အရာအပြင်၊ အထင်အမြင်မှားစေခြင်းနှင့် ဆိုးရွားစွာ ထိခိုက်နစ်နာစေခြင်းမှ မိမိကိုယ်ကို ကာကွယ်ရန်အလို့ငှာ ဤစကားများအား မည်သို့ သဘောထားပြီး ပိုင်းခြားသိမြင်ရမည်ဟူသည်တို့ကို မိတ်သဟာယဖွဲ့သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့သောလူတို့ကို ပိုင်းခြားသိမြင်နိုင်ပြီး စိတ်ဖြာလေ့လာဆွေးနွေးနိုင်ရန် လိုအပ်ကာ ထိုသို့ဖြင့် ၎င်းတို့ကို ရှောင်ရှားကာ ငြင်းပယ်ပြီး၊ ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို နောက်ထပ် မခံရတော့ရန် လိုအပ်သည်။ ဤသည်မှာ အသင်းတော်ခေါင်းဆောင်များ လုပ်ဆောင်သင့်သော အလုပ်ဖြစ်သည်။ သာမန်ညီအစ်ကိုမောင်နှမများက ထိုသို့သောလူတို့ကို ရှာဖွေတွေ့ရှိပြီး ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရကို ပိုင်းခြားသိမြင်ပါက၊ ၎င်းတို့သည်လည်း ထိုသူတို့နှင့် ဝေးဝေးနေသင့်သည်မှာ အမှန်ပင်ဖြစ်သည်။ အကယ်၍ သင်သည် အတိုက်အခံလုပ်ရန် လုံလောက်သော အစွမ်းအစမရှိပါက၊ သို့မဟုတ် ၎င်းတို့ကို အားပေးရန်၊ ကူညီရန်နှင့် ပြောင်းလဲရန် ဝိညာဉ်ရင့်ကျက်မှု မရှိသည့်အပြင်၊ ၎င်းတို့၏ အပျက်သဘောဆောင်သော မှတ်ချက်များကိုလည်းကောင်း၊ ၎င်းတို့၏ မကျေနပ်မှုနှင့် နာခံမှုမရှိခြင်း စကားများကိုလည်းကောင်း သင် မခံနိုင်ဟု ခံစားရပါက၊ အကောင်းဆုံး လုပ်နည်းကိုင်နည်းမှာ ရှောင်ရှားခြင်း ဖြစ်သည်။ အကယ်၍ သင်သည် အလွန်အားကောင်းကြောင်း၊ ဝိညာဉ်ရင့်ကျက်မှုအချို့ ရှိပြီး မည်သူမဆိုက မည်သည့်အရာကို ပြောသည်ဖြစ်စေ ပိုင်းခြားသိမြင်မှုကို ကျင့်သုံးနိုင်ပြီး မထိမခိုက်ဘဲ နေနိုင်ကြောင်း၊ ၎င်းတို့ ထုတ်ဖော်သည့် အပျက်သဘောဆောင်ခြင်းသည် မည်မျှ ပြင်းထန်သည်ဖြစ်စေ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းကို ပြောင်းလဲစေမည်မဟုတ်ကြောင်း၊ သင်သည် ထိုသို့သောလူတို့ကို ပိုင်းခြားသိမြင်နိုင်ကြောင်း၊ ၎င်းတို့ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်သည့်အခါ ၎င်းတို့ကို ဖော်ထုတ်ပြီး တားဆီးနိုင်ကြောင်း သင် ခံစားရပါက၊ သင်သည် ထိုသို့သောလူတို့ကို ရှောင်ရှားရန် သို့မဟုတ် သတိထားရန် မလိုအပ်ပေ။ သို့သော် အကယ်၍ သင့်တွင် ထိုသို့သော ဝိညာဉ်ရင့်ကျက်မှု မရှိဟု ခံစားရပါက၊ ထိုသို့သောလူတို့ကို ကိုင်တွယ်ရန် နည်းလမ်းနှင့် စည်းမျဉ်းမှာ ၎င်းတို့နှင့် ဝေးဝေးနေခြင်း ဖြစ်သည်။ ဤအရာကို စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) အချို့လူများက “ကျွန်ုပ်သည် ၎င်းတို့ကို သည်းခံ၍ရသလော၊ ကြံ့ကြံ့ခံ၍ရသလော၊ ခွင့်လွှတ်၍ရသလော”ဟု ပြောဆိုကြသည်။ ယင်းမှာလည်း အဆင်ပြေပြီး၊ မှားယွင်းခြင်းမရှိသော်လည်း၊ အရေးအကြီးဆုံး သို့မဟုတ် အကောင်းဆုံး လက်တွေ့လုပ်ဆောင်မှု မဟုတ်ပေ။ သင်သည် ၎င်းတို့ကို ကြံ့ကြံ့ခံသည်၊ သည်းခံပြီး လိုက်လျောကာ အဆုံးတွင်၊ သင်သည် ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို ခံရပြီး ၎င်းတို့ဘက်သို့ ဆွဲဆောင်ခြင်းခံရသည်ဆိုပါစို့။ ဘုရားအိမ်တော်က သင့်ကို မည်သို့ပင် ထောက်ပံ့ပြီး ကူညီသည်ဖြစ်စေ၊ သင် မခံစားရဟု ဆိုပါစို့။ သို့မဟုတ် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ၊ သင်သည် ၎င်းတို့၏ အတွေးများနှင့် မှတ်ချက်များ၏ လွှမ်းမိုးခြင်းကို မကြာခဏ ခံရပြီး၊ ၎င်းတို့ ပြောခဲ့သည့် တစ်စုံတစ်ခုကို သင် တွေးမိသည်နှင့်တစ်ပြိုင်နက်၊ သင်၏စိတ်သည် ထိခိုက်ခြင်းခံရကာ၊ သင် ဆက်လက်ဖတ်ရှုနိုင်ခြင်း မရှိတော့ပေ။ ညီအစ်ကိုမောင်နှမများက သမ္မာတရားနှင့်ပတ်သက်၍ ၎င်းတို့၏ သိနားလည်မှုကို မိတ်သဟာယဖွဲ့သည့်အခါ၊ အထူးသဖြင့် ၎င်းတို့က ထိုသို့သောလူတို့၏ မှတ်ချက်များကို ပိုင်းခြားသိမြင်ခြင်းအကြောင်း မိတ်သဟာယဖွဲ့သည့်အခါ၊ သင်၏ စိတ်ကို ကစဉ့်ကစားဖြစ်စေလျက် သင်သည် ၎င်းတို့ စကားများ၏ လွှမ်းမိုးခြင်းနှင့် သက်ရောက်ခြင်းကို တစ်ဖန် ခံရလေသည်။ အကယ်၍ ဤသို့ဖြစ်ပါက၊ သင်သည် ထိုသို့သောလူတို့နှင့် ဝေးဝေးနေသင့်သည်။ သင်၏ သည်းခံခြင်းနှင့် ကြံ့ကြံ့ခံခြင်းသည် ထိရောက်မှု ရှိလိမ့်မည်မဟုတ်သည့်အပြင်၊ ထိုသို့သောလူတို့ကို ခုခံကာကွယ်ရန် အကောင်းဆုံးနည်းလမ်းများ မဟုတ်ပေ။ သင်၏ သည်းခံခြင်းနှင့် ခံနိုင်ရည်ရှိခြင်းသည် ဟန်ဆောင်ထားသော၊ အပြင်ပန်း အပြုအမူတစ်ခု မဟုတ်ဘဲ၊ ထို့ထက် သင်သည် ထိုသို့သောလူတို့ကို ရင်ဆိုင်ရန် လုံလောက်သော ဝိညာဉ်ရင့်ကျက်မှု အမှန်တကယ် ရှိသည်ဆိုပါစို့။ ၎င်းတို့ မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သင် ထုတ်မပြောလျှင်ပင်၊ သင်၏စိတ်နှလုံးထဲတွင် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ဆဲဖြစ်သည်။ သင်သည် ၎င်းတို့အပေါ် သည်းခံခြင်းကို ကျင့်သုံးနိုင်ပြီး ၎င်းတို့ကို လျစ်လျူရှုနိုင်သော်လည်း၊ ၎င်းတို့ ပြောဆိုသည့် အပျက်သဘောဆောင်သည့် စကားများ သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်သည့် အထင်အမြင်လွဲမှားခြင်းနှင့် စောဒကတက်ခြင်း စကားများ တစ်ခုတလေက ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းကို အနည်းငယ်မျှပင် ထိခိုက်လိမ့်မည်မဟုတ်သည့်အပြင်၊ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်၏သစ္စာစောင့်သိမှု သို့မဟုတ် ဘုရားသခင်အပေါ် သင်၏ကျိုးနွံနာခံမှုကိုလည်း ထိခိုက်လိမ့်မည်မဟုတ်ပေ။ ထိုအခြေအနေတွင်၊ သင်သည် ၎င်းတို့ကို သည်းခံပြီး ခံနိုင်ရည်ရှိနိုင်သည်။ သည်းခံခြင်းနှင့် ခံနိုင်ရည်ရှိခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းမှာ အဘယ်နည်း။ ထိခိုက်နစ်နာမှု မခံရခြင်း ဖြစ်သည်။ ၎င်းတို့ကို လျစ်လျူရှုလော့၊ ၎င်းတို့ ပြောလိုသည့် မည်သည့်အရာကိုမဆို ပြောခွင့်ပေးလော့။ အမှန်တွင်တော့၊ ထိုသို့သောလူတို့သည် အရှက်မရှိဘဲ ခေါင်းမာကာ မလျော်ကန်သည့် ပြဿနာဖန်တီးသူများ ဖြစ်ကြသည်။ သင်သည် ၎င်းတို့နှင့်အတူ သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့ လက်ခံလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်နှင့်ဆိုင်ပြီး၊ ၎င်းတို့နှင့်အတူ မိတ်သဟာယဖွဲ့ခြင်းသည် အချည်းနှီးဖြစ်သည်။ ထို့ကြောင့်၊ ဘုရားအိမ်တော်က ၎င်းတို့ကို ရှင်းလင်းပစ်ပြီး ကိုင်တွယ်ခြင်းမပြုမီ၊ သင်သည် ထိခိုက်နစ်နာမှုမခံရဘဲ ၎င်းတို့ကို သည်းခံပြီး ခံနိုင်ရည်ရှိရန်အတွက် ဝိညာဉ်ရင့်ကျက်မှု ရှိပါက၊ ယင်းမှာ အကောင်းဆုံး ဖြစ်သည်။ သင်တို့သည် အများအားဖြင့် သည်းခံခြင်းနှင့် ခံနိုင်ရည်ရှိခြင်းဟူသော ဤစည်းမျဉ်းကို ခံယူကျင့်သုံးကြသလော။ လူအမျိုးမျိုးကို သင်တို့ သည်းခံကြသော်လည်း၊ တစ်ခါတစ်ရံ သင်တို့သည် သတိမထားမိဘဲ အနည်းငယ် အထင်အမြင်မှားစေခြင်းကို ခံရသည်။ နောက်ပိုင်းတွင် ယင်းကို သင်တို့ သတိပြုမိလာပြီး၊ ဘုရားသခင်အပေါ် အကြွေးတင်သည်ဟု ခံစားရကာ၊ ရက်အနည်းငယ် ဆုတောင်းပြီး၊ သင်တို့၏ အခြေအနေကို ပြောင်းလဲသည့်အပြင် ဘုရားသခင်နှင့် ပိုမိုနီးစပ်လာကြသည်။ အချိန်အများစုတွင်၊ ထိုသို့သောလူတို့က မကောင်းကြောင်းနှင့် ၎င်းတို့သည် နတ်ဆိုးများနှင့်ဆိုင်ကြောင်းကို သင်တို့ ရှင်းလင်းစွာ မြင်နိုင်ကြသည်။ သင်သည် ၎င်းတို့နှင့်အတူ ပုံမှန် အပြန်အလှန်ဆက်ဆံနိုင်သော်လည်း၊ သင်သည် အတွင်းစိတ်အားဖြင့် ၎င်းတို့နှင့် အလှမ်းဝေးပြီး ၎င်းတို့ကို ရွံရှာစက်ဆုပ်သည်။ ၎င်းတို့ မည်သည့်အရာကို ပြောသည်ဖြစ်စေ သို့မဟုတ် မည်သည့် အပျက်သဘောဆောင်သော မှတ်ချက်များနှင့် အမြင်များကို ထုတ်ဖော်ပြောဆိုသည်ဖြစ်စေ၊ သင်သည် လျစ်လျူရှုလျက် အလေးမထားဘဲဘဲ “သင် ပြောလိုသည့်အရာ မည်သည့်အရာကိုမဆို ပြောလော့။ သင့်ကို ငါ ပိုင်းခြားသိမြင်နိုင်သည်။ ငါသည် သင်တို့ကဲ့သို့သော လူများနှင့် မပေါင်းသင်းပါ”ဟု တွေးလေသည်။ ဤသည်မှာ ထိုသို့သောကိစ္စရပ်များကို ကိုင်တွယ်သည့်အခါ အချိန်အများစုတွင် သင်တို့ လိုက်နာသည့် စည်းမျဉ်းလော။ ဤအရာကို စွမ်းဆောင်ရရှိခြင်းသည်လည်း မဆိုးပေ။ ယင်းမှာ မလွယ်ကူသည့်အပြင် သမ္မာတရားအချို့ကို သိနားလည်ခြင်းနှင့် ဝိညာဉ်ရင့်ကျက်မှုတစ်ခုခု ရှိခြင်း လိုအပ်သည်။ သင်သည် ဤဝိညာဉ်ရင့်ကျက်မှုအဆင့်ပင် မရှိပါက၊ သင်သည် ခိုင်မာစွာ ရပ်တည်နိုင်မည်မဟုတ်သည့်အပြင်၊ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်မည်မဟုတ်ပေ။

၄။ ကောင်းချီးမင်္ဂလာများ ရရှိလိုသောဆန္ဒ ပျက်စီးသွားသည့်အခါ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်း

အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်းတွင် အခြားသော သရုပ်သကန်တစ်ခု ရှိသည်။ အချို့လူများက “ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်ဖြစ်ကာ အဘယ်အရာ ရရှိပြီးပြီနည်း” ဟု ပြောဆိုကြသည်။ ထိုသို့သောလူတို့သည် အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်သည့်အခါ ၎င်းတို့ပြောဆိုသည့် အဓိကအရာမှာ “ကျွန်ုပ်သည် အဘယ်အရာ ရရှိပြီးပြီနည်း” ဟူ၍ဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် မည်သည့်အရာမျှ မရရှိသေးဟု ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်နေစဉ်တွင် ဘုရားအိမ်တော်ထံမှ သို့မဟုတ် ဘုရားသခင်ထံမှ အကျိုးကျေးဇူးအချို့ သို့မဟုတ် ကောင်းချီးမင်္ဂလာအချို့ကို ရရှိရန်မှာ အထူးသဖြင့် ခက်ခဲကြောင်းနှင့် လူတို့သည် ကြီးမားသော ချစ်ခြင်းမေတ္တာကို ပူဇော်ဆက်ကပ်ရမည်ဖြစ်ပြီး မယုံနိုင်လောက်သော သည်းခံခြင်း ရှိရမည်ဖြစ်ကာ လျင်မြန်သောရလဒ်များအတွက် စိတ်မထက်သန်သင့်ကြောင်း ယုံကြည်ကြသည်။ လူတို့ကို ဖော်ထုတ်သည့်၊ လူတို့ကို ပြုပြင်သည့်၊ လူတို့ကို စစ်ဆေးသည့်၊ လူတို့၏ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍မူ၊ ဤသည်မှာ အပြည့်အဝ ယုံကြည်၍မရနိုင်သော အပေါ်ယံဆန်သည့်၊ အဆင့်မြင့်ပုံရသော လေလုံးသာဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ပါက ကြီးမားသော ဆုံးရှုံးမှုကို အမှန်တကယ် ခံစားရလိမ့်မည်ဟု တွေးထင်ကြသည်။ အကျိုးကျေးဇူးများနှင့် အကျိုးအမြတ်များကို ရရှိခြင်းနှင့် မိမိတို့၏ ရည်မှန်းချက်များ၊ ဆန္ဒများကို အကောင်အထည်ဖော်ခြင်းသည် အချိန်တိုင်းတွင် အရေးကြီးဆုံးသောအရာဖြစ်သည်ဟုလည်းကောင်း၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဟူသည်မှာ လုံးဝ အရေးမကြီးဟုလည်းကောင်း ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့သည် မကောင်းမှုကို မပြုသရွေ့ ယင်းမှာ လုံလောက်ပြီး အသင်းတော်၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည်မဟုတ်ဟု ယုံကြည်ကြသည်။ ဤအပျက်သဘောဆောင်သော စကားများကို ကြားပြီးနောက် လူအများစုသည် မည်သို့ ခံစားရသနည်း။ ၎င်းတို့သည် ဤစကားများကို စိတ်ထဲတွင် သဘောတူပြီး လက်ခံကြသလော၊ သို့မဟုတ် ဤစကားများအပေါ် အထင်အမြင်သေးမှုတစ်ခုခုကို ခံစားရပြီး ဤလူတို့သည် တစ်ကိုယ်ကောင်းဆန်သည်၊ စက်ဆုပ်ဖွယ်ကောင်းသည်၊ ကောက်ကျစ်ဆိုးယုတ်သည်၊ ယုတ်ညံ့သည်ဟု တွေးထင်ကာ ၎င်းတို့အား အပျက်သဘောဆောင်ခြင်းနှင့် သေခြင်းတရားကို ဆက်လက်ဖြန့်ဝေခြင်းမှ တားဆီးလျက် ပိုင်းခြားသိမြင်နိုင်ပြီး ဖော်ထုတ်ကာ ကန့်သတ်နိုင်သလော။ လူအများစုသည် ထိုသို့သော အပျက်သဘောဆောင်သည့် စကားများကို ရွံရှာမုန်းတီးပြီး ပြစ်တင်ရှုတ်ချကြသလော၊ သို့မဟုတ် ယင်းတို့၏ အထင်အမြင်မှားစေခြင်းကို ခံရပြီး အပျက်သဘောဆောင်လာနိုင်ကြသလော။ လူအချို့သည် ဤစကားများကို ကြားပြီး မိမိတို့လက်ထဲတွင် မည်သည့်အရာမျှမရှိသည်ကို မြင်တွေ့ပြီးနောက်၊ “မှန်သည် မဟုတ်လော။ ကျွန်ုပ်လည်း မည်သည့်အရာမျှ မရရှိခဲ့ပါ။ ဘုရားအိမ်တော်တွင် ကျွန်ုပ်သည် တစ်နေ့သုံးနပ်သာ စားရပြီး အချိန်ပြည့် အလုပ်ရှုပ်နေကာ အခြားမည်သည့်အရာကိုမျှ အမှန်တကယ် မရရှိခဲ့ပါ” ဟု တွေးကြသည်။ သင်တို့တွင် ထိုသို့သော အတွေးများ ရှိသလော။ ထို့အတူပင် သင်တို့ ခံစားရသလော။ သမ္မာတရားကို နားလည်သောသူတို့က “သင် မည်သည့်အရာမျှ မရရှိခဲ့ဟု ဆိုရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ အလွန်များစွာ ရရှိပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် သမ္မာတရားများစွာကို နားလည်လာခဲ့ကြပြီးဖြစ်သည်”ဟု ပြောဆိုကြလိမ့်မည်။ သို့သော် အချို့လူများက “ကျွန်ုပ်တို့အနေဖြင့် ‘အလွန်များစွာ’ ရရှိခဲ့သည်ဟု ပြောဆိုခြင်းသည် သိပ်ပြီး လက်တွေ့မကျသည့်ပုံပေါက်ပါသည်။ ကျွန်ုပ်တို့သည် ကျေးဇူးတော်အနည်းငယ်ကိုသာ လက်ခံရရှိခဲ့သည်၊ ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ရန် အခွင့်အရေးအချို့ ရရှိခဲ့သည်၊ မိမိတို့ကိုယ်ကို မည်သို့ ကျင့်ကြံပြုမူရမည်နှင့်ပတ်သက်၍ အယူဝါဒအချို့ကို နားလည်ခဲ့သည်၊ နေရာအမျိုးမျိုးမှ ညီအစ်ကိုမောင်နှမများစွာနှင့် တွေ့ဆုံပြီး သိကျွမ်းခဲ့ရကာ ကျွန်ုပ်တို့ များစွာ အမြင်ကျယ်လာပြီးဖြစ်သည်။ ဤသည်မှာ အနည်းငယ်မျှသာ ရရှိခဲ့သည်ဟု ဆိုနိုင်သည်”ဟု ပြောဆိုလျက် ထိုသူတို့ကို သဘောတူကောင်းတူမည် မဟုတ်ပေ။ သင်တို့သည် ဤအမျိုးအစားများထဲတွင် မည်သည့်အမျိုးအစား၌ ပါဝင်သနည်း။ ဤအမျိုးအစားအားလုံးတွင်ရှိသည့် လူများ ရှိကြသည် မဟုတ်လော။ (ရှိပါသည်။) ငါတို့သည် ဤအရာကို ရှုထောင့်နှစ်မျိုးမှ ဆွေးနွေးကြမည်။ ပထမဦးစွာ၊ ကျေးဇူးတော်ကို ရရှိခြင်းအတွက် အစဉ်သဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့နှင့် ပတ်သက်၍ မည်သည့်အရာဖြစ်နေသည်ကို ပြောဆိုကြစို့။ ၎င်းတို့အနေဖြင့် ကယ်တင်ခြင်းကို ရရှိနိုင်ရန်အလို့ငှာ သမ္မာတရားကို ရရှိခြင်းအား လိုက်စားရန် ဘုရားသခင်ကို ယုံကြည်ကြသလော။ (မဟုတ်ပါ။ သူတို့သည် ကောင်းချီးမင်္ဂလာများ ရရှိခြင်းအလို့ငှာ ယုံကြည်ကြပါသည်။) သို့ဆိုလျှင် ဘုရားသခင်သည် ၎င်းတို့အား ကျေးဇူးတော်၊ ကွယ်ကာခြင်း၊ ကြင်နာမှု၊ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို အနည်းငယ်သာ ပေးလေပြီလော။ (ဘုရားသခင်သည် သူတို့အား ဤအရာများစွာကို ပေးပြီးဖြစ်ပါသည်။) ဘုရားသခင်ကို ယုံကြည်သော လူတိုင်းသည် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏ ကွယ်ကာခြင်းသည် ခိုင်လုံသလော။ ဤအရာနှင့်ပတ်သက်၍ လက်တွေ့ဘဝ ဥပမာအချို့ ရှိသလော။ လူတို့သည် မည်သည့် ကွယ်ကာခြင်းအမျိုးအစားများကို ရရှိကြပြီနည်း။ (အတော်အတန် သိသာထင်ရှားသော အမျိုးအစားတစ်ခုမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ကျွန်ုပ်တို့သည် လောက၏ ကောက်ကျစ်ဆိုးယုတ်သော ရေပန်းစားမှုများ၏ လွှမ်းမိုးခြင်းကို မခံရတော့ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ယိုယွင်းကျဆင်းခြင်းထဲသို့ မကျရောက်တော့ပါ သို့မဟုတ် နိုက်ကလပ်များသို့ သွားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း စသည်တို့ကဲ့သို့သော ကောက်ကျစ်ဆိုးယုတ်သည့်အရာများကို မလိုက်စားကြတော့ပါ။ အနည်းဆုံးအားဖြင့် ကျွန်ုပ်တို့သည် ဤအရာများနှင့် မပတ်သက်ကြတော့သည့်အပြင်၊ ဤကိစ္စနှင့်စပ်လျဉ်း၍ အတော်အတန် ကွယ်ကာခြင်းခံရသည်ဟု ကျွန်ုပ် ယုံကြည်ပါသည်။) ဤသည်မှာ လူတို့ မြင်နိုင်ပြီး ကိုယ်တိုင် တွေ့ကြုံခံစားနိုင်သည့် အလွန် လက်ဆုပ်လက်ကိုင်ပြနိုင်သော ကဏ္ဍတစ်ခု ဖြစ်သည်။ လောက၏ ကောက်ကျစ်ဆိုးယုတ်သော ရေပန်းစားမှုများ၏ လွှမ်းမိုးခြင်းနှင့် အထင်အမြင်မှားစေခြင်းကို မခံရဘဲ၊ လူတစ်ဦးကဲ့သို့ အသက်ရှင်လျက်၊ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ဖြင့် ပုံမှန်လူ့သဘာဝအတွင်း၌ အသက်ရှင်နေထိုင်ခြင်းသည် ဘုရားသခင်၏ ကွယ်ကာခြင်းနှင့်ဆိုင်သော လက်တွေ့ကျသည့် ဥပမာတစ်ခုနှင့် သက်သေအထောက်အထားတစ်ခု ဖြစ်သည်။ နောက်ထပ် ရှိသေးသလော။ (ဝိညာဉ်ဆိုးများ၏ နှောင့်ယှက်ခြင်းကို မခံရခြင်းနှင့် ဘုရားသခင်၏ ကွယ်ကာခြင်းအောက်တွင် အသက်ရှင်နေထိုင်နိုင်ခြင်း ဖြစ်ပါသည်။) ဤသည်မှာလည်း လက်တွေ့ကျသော ဥပမာတစ်ခု ဖြစ်သည်။ လူအများစုသည် ဤအတွေ့အကြုံ ရှိကြပြီလော။ သင်တို့သည် ဤအရာအတွင်းရှိ အဓိပ္ပာယ်ကို နားလည်သဘောပေါက်နိုင်သလော။ အချို့လူများက “ဘာသာတရားမရှိသူများသည်လည်း ဝိညာဉ်ဆိုးများ၏ နှောင့်ယှက်ခြင်းကို မခံရပါ။ ဘာသာတရားမရှိသူ မည်မျှသည် ဝိညာဉ်ဆိုးများ၏ နှောင့်ယှက်ခြင်းကို ခံရသနည်း”ဟု ပြောဆိုကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ ဤပြောဆိုချက်သည် အဖြစ်မှန်များနှင့် ကိုက်ညီသည်ဟု သင်တို့ ခံစားရသလော။ (ကျွန်ုပ်၏ အတန်းဖော် အတော်များများမှာ ဝိညာဉ်ဆိုးများ၏ နှောင့်ယှက်ခြင်းကို ခံခဲ့ကြရပါသည်။ အချို့မှာ အိပ်စက်စဉ် မလှုပ်ရှားနိုင်ခြင်းကို တွေ့ကြုံရပြီး အခြားသူများက အသံများကို ကြားရပါသည်။ သူတို့သည် ဘုရားသခင်ကို မယုံကြည်ကြသည့်အပြင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကိုလည်း မသိကြပါ။ သူတို့သည် နေရာတိုင်းတွင် ကုသမှုကို ရှာဖွေကြသော်လည်း ဤအရာကို မကုသနိုင်ကြပါ။ သူ်တို့သည် ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်မှုဖြင့် အသက်ရှင်နေကြရသည်။ ယင်းမှာ စိတ်ဒုက္ခရောက်ရပါသည်။ သို့သော်လည်း ကျွန်ုပ်သည် ငယ်စဉ်ကတည်းက ဘုရားသခင်ကို ယုံကြည်ခဲ့သောကြောင့် ဤပုံစံဖြင့် နှောင့်ယှက်ခြင်း သို့မဟုတ် ဒုက္ခခံစားရခြင်းကို မည်သည့်အခါမျှ မခံစားခဲ့ရပါ။ အချိန်အများစုတွင် ကျွန်ုပ်၏ စိတ်နှလုံးသည် အတော်အတန် တည်ငြိမ်ပြီး အေးချမ်းသည်ဟု ခံစားရပါသည်။) ဘုရားသခင်၌ စစ်မှန်သော ယုံကြည်သူတို့တွင် ဤပူပန်မှု မရှိပေ။ ငါတို့သည် စိတ်ဖောက်ပြန်မှုရောဂါဖြင့် ဖိစီးနှိပ်စက်ခံရမည်ကို သို့မဟုတ် ဝိညာဉ်ဆိုးများ၏ နှောင့်ယှက်ခြင်း သို့မဟုတ် ပူးကပ်ခြင်းကို ခံရမည်ကို မစိုးရိမ်ကြပေ။ ငါတို့တွင် ဘုရားသခင် ရှိသောကြောင့် ငါတို့ မကြောက်ရွံ့ကြပေ။ ထို့အပြင် လက်တွေ့ဘဝတွင် ဘာသာတရားမရှိသူများသည် မျက်နှာဖတ်ခြင်း၊ ဖုန်းရွှေနှင့် ဗေဒင်ဟောခြင်းတို့အကြောင်းကို အဆက်မပြတ် ပြောဆိုကြသည်။ အနောက်တိုင်းတွင် နက္ခတ်ဗေဒင်ပင် ရှိသေးသည်။ အချို့လူများသည် ကျော်ကြားသော ဗုဒ္ဓရုပ်ပွားတော်များ၊ ဝိညာဉ်ဆိုးများနှင့် ရုပ်တုများကို ကိုးကွယ်ကြပြီး အချို့မှာ မကိုးကွယ်ကြပေ။ သို့သော် ၎င်းတို့ ကိုးကွယ်သည်ဖြစ်စေ၊ မကိုးကွယ်သည်ဖြစ်စေ ၎င်းတို့အားလုံးသည် ဤအရာများ၏ လွှမ်းမိုးခြင်းနှင့် ကန့်သတ်ခြင်းကို အတိုင်းအတာတစ်ခုအထိ ခံကြရသည်။ ဥပမာအားဖြင့် အိမ်မှမထွက်ခွာမီ ၎င်းတို့သည် မည်သည့်အရပ်မျက်နှာက မင်္ဂလာရှိပြီး မည်သည့်အရပ်မျက်နှာက မင်္ဂလာမရှိသည်ကို သိရှိရန် ဂမ္ဘီရဉာဏ်ကို အနည်းငယ် မေးမြန်းရသည်။ ဆိုင်တစ်ဆိုင် ဖွင့်သည့်အခါ ၎င်းတို့သည် ကောင်တာအတွက် မည်သည့်နေရာက ငွေဝင်စေလိမ့်မည်ဖြစ်ပြီး မည်သည့်နေရာက ငွေဝင်စေလိမ့်မည် မဟုတ်သည်ကိုလည်းကောင်း၊ ဥစ္စာဓနကို ဆွဲဆောင်ရန် ဆိုင်ထဲတွင် မည်သည့်အရာများကို ထားရှိရမည်ဖြစ်ပြီး မည်သည့်ရုပ်တုများကို ကိုးကွယ်ရမည်ကိုလည်းကောင်း၊ ဖုန်းရွှေကို မထိခိုက်စေရန် အချို့သော အရာများကို မည်သည့်နေရာတွင် ထားရှိရမည်ကိုလည်းကောင်း ဆုံးဖြတ်ကြသည်။ အိမ်ပြောင်းသည့်အခါ ၎င်းတို့သည် မိသားစု၏ အနာဂတ် ကြီးပွားချမ်းသာခြင်းကို သေချာစေရန်နှင့် မတော်တဆမှုများကို ရှောင်ရှားရန်အတွက် ပြောင်းရွှေ့ရမည့် မင်္ဂလာရှိသော အချိန်ကို ဆုံးဖြတ်ရပြီး မည်သည့်အချိန်များက မင်္ဂလာမရှိသည်ကိုလည်း ဆုံးဖြတ်ရသည်။ ကျောင်းသားများပင်လျှင် ဝင်ခွင့်စာမေးပွဲများ ဖြေဆိုသည့်အခါ ဤယုံကြည်မှုများ၏ လွှမ်းမိုးခြင်းကို ခံကြရသည်။ စာမေးပွဲဖြေဆိုသည့်နေ့တွင် ၎င်းတို့သည် ကျရှုံးခြင်းကို သွယ်ဝိုက်ညွှန်းဆိုသည့် စကားလုံးများကို ရှောင်ကြဉ်ပြီး ထိုအစား “ထူးချွန်ခြင်း” နှင့် “အောင်မြင်ခြင်း” ကဲ့သို့သော စကားလုံးများကို ပြောဆိုရသည်။ ကလေးများ ကျောင်းတက်ခြင်းမှသည် မိဘများက နေ့စဉ်ဘဝများကို အသက်ရှင်နေထိုင်ခြင်း၊ ငွေရှာခြင်း၊ အိမ်ပြောင်းခြင်း၊ အလုပ်အကိုင်ရှာဖွေခြင်းအပြင် သားသမီးများ၏ အိမ်ထောင်ရေး စသည်တို့အထိ ဘဝ၏ ကဏ္ဍတစ်ခုစီတိုင်းသည် အခြားအယူအဆများထဲတွင်မှ ဖုန်းရွှေနှင့် ကံကြမ္မာကဲ့သို့သော အရာများ၏ လွှမ်းမိုးခြင်းကို ခံရသည်။ သို့ဖြစ်၍ လူတို့သည် ဤအရာများ၏ လွှမ်းမိုးခြင်းကို ခံရသည့်အခါ ၎င်းတို့သည် မည်သည့်အရာ၏ ကန့်သတ်ခြင်းကို ခံနေရသနည်း။ ၎င်းတို့သည် ဝိညာဉ်ဆိုးများ၏ ကန့်သတ်ခြင်းကို ခံနေရခြင်းဖြစ်သည်၊ ဤအရာအားလုံးကို ဝိညာဉ်ဆိုးများက ထိန်းချုပ်ထားသည်။ သို့ဆိုလျှင် အဘယ်ကြောင့် လူတို့သည် ထိုဝိညာဉ်ဆိုးများကို ကိုးကွယ်ကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ဤအရာများ၏ လွှမ်းမိုးခြင်းကို ခံကြရသနည်း။ အိမ်ပြောင်းခြင်းကဲ့သို့သော ရိုးရှင်းသည့်ကိစ္စရပ်တစ်ခုအတွက်၊ အဘယ်ကြောင့် လူတို့သည် မည်သည့်အချိန်က ပြောင်းရွှေ့ရန် မင်္ဂလာရှိပြီး မည်သည့်အချိန်က မင်္ဂလာမရှိသည်ကိုလည်းကောင်း၊ မည်သည့်အရာက ဦးစွာပြောင်းရွှေ့ရန် မင်္ဂလာရှိပြီး မည်သည့်အရာက မပြောင်းရွှေ့ရန် မင်္ဂလာရှိသည်ကိုလည်းကောင်း အစဉ်သဖြင့် တွေးဆနေရမည်နည်း။ အဘယ်ကြောင့် ၎င်းတို့သည် ဤအရာများကို အစဉ်သဖြင့် ထည့်သွင်းစဉ်းစားနေရမည်နည်း။ ၎င်းတို့အနေဖြင့် ထိုသို့မစဉ်းစားပါက ဝိညာဉ်ဆိုးများက ၎င်းတို့ကို ညှဉ်းပန်းကာ နှိပ်စက်လျက် လုပ်လိမ့်မည်ဖြစ်သောကြောင့် ထိုအရာများကို ထည့်သွင်းစဉ်းစားရခြင်း ဖြစ်သည်။ ဤကိစ္စရပ်များမှ အဘယ်အရာကို သင်တို့ မြင်တွေ့ကြသနည်း။ လူသားမျိုးနွယ်အားလုံးသည် ဆိုးယုတ်သောသူတို့၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်နေထိုင်ကြသည်။ ဆိုးယုတ်သောသူတို့ကား မည်သူတို့နည်း။ ပို၍ကြီးမားသော ဆိုးယုတ်သူတို့မှာ စာတန်နှင့် နတ်ဆိုးများဖြစ်ကြပြီး၊ ပို၍သေးငယ်သော ဆိုးယုတ်သူတို့မှာ လူမျိုးနွယ် အမျိုးမျိုးကို ထိန်းချုပ်သည့်သူများဖြစ်သော နေရာအမျိုးမျိုးတွင်ရှိသည့် ဝိညာဉ်ဆိုးများဖြစ်ကြသည်။ လူ့ဘဝ၏ ကဏ္ဍတိုင်းသည် ဤဝိညာဉ်ဆိုးများ၏ ကန့်သတ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသည်။ အိမ်တစ်လုံး ဆောက်လုပ်သည့်အခါတွင်ပင် အိမ်အမိုးတိုင်ကို တပ်ဆင်နေစဉ်အတွင်း လူတို့သည် ကံကောင်းခြင်းအနည်းငယ်အတွက် အဝတ်နီကို ချိတ်ဆွဲပြီး ဗြောက်အိုးများကို ဖောက်ကြကာ၊ ဆောက်လုပ်ရေး အလုပ်သမားများအားလုံးသည် ငွေကြေးဆိုင်ရာ ချမ်းသာကြွယ်ဝမှုကို ဆောင်ကြဉ်းရန်နှင့် မတော်တဆမှုများကို ရှောင်ရှားရန်အတွက် အနီရောင်အဝတ်အစားများကို ဝတ်ဆင်ကြသည်။ ဤအရာအားလုံးနှင့်ပတ်သက်၍ အချို့သော အထူး သတ်မှတ်ချက်များနှင့် ဆိုရိုးစကားများအပြင် ရှောင်ကြဉ်ရမည့်အရာများရှိပြီး၊ ၎င်းတို့သည် ရှောင်ကြဉ်ရမည့်အရာများကို ရှောင်ကြဉ်ကာ ဤဆိုရိုးစကားများကို လိုက်နာရမည်ဖြစ်သည်။ ဥပမာအားဖြင့် အချို့လူများသည် မကြာခဏ အခက်အခဲများနှင့် ရင်ဆိုင်ရပြီး အမှုအရာများက ၎င်းတို့အတွက် ချောမွေ့စွာ မဖြစ်ပေ။ ၎င်းတို့သည် မိမိတို့အလုပ်များ ဆုံးရှုံးသည်၊ ၎င်းတို့၏ ဇနီးများက ၎င်းတို့ကို စွန့်ခွာသွားကြပြီး အိမ်တွင် မည်သည့်အရာမျှ မကျန်တော့ပေ။ ၎င်းတို့သည် မိမိတို့၏ အိမ်အပေါင်ချေးငွေများကိုပင် ပြန်မဆပ်နိုင်တော့သည့်အပြင်၊ မည်သည့်အရာမျှ မှန်ကန်ပုံမရပေ။ ၎င်းတို့သည် မည်သည့်မကောင်းသည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ပေ။ သို့ဖြစ်၍ ဤအရာများသည် ၎င်းတို့ထံ အဘယ်ကြောင့် ဖြစ်ပျက်ရသနည်း။ အခြားရွေးချယ်စရာများ မရှိသဖြင့် ၎င်းတို့သည် အတုအယောင် ဘုရားများနှင့် ဝိညာဉ်ဆိုးများကို ကိုးကွယ်ခြင်းကို အားကိုးအားထားပြုကြသည်၊ သို့မဟုတ် မိမိတို့၏ ကံကို ပြောင်းလဲရန် ၎င်းတို့၏ ဖုန်းရွှေကို စစ်ဆေးပေးဖို့ တစ်စုံတစ်ဦးကို အရေးတကြီး ရှာဖွေကြပြီး ထိုသို့ပြုလုပ်ပြီးနောက်တွင် ၎င်းတို့အတွက် အမှုအရာများ တဖြည်းဖြည်း ကောင်းမွန်လာကြသည်။ ယခင်က ဤအရာများကို ၎င်းတို့ မယုံကြည်ခဲ့ကြသော်လည်း ယခုတွင် ပြဿနာများ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် အတုအယောင်ဘုရားများနှင့် ဝိညာဉ်ဆိုးများကို စိတ်ရင်းမှန်ဖြင့် ကိုးကွယ်ကြပြီး မည်သည့်အရာကိုမျှ မလုပ်ဆောင်မီ ဂမ္ဘီရမေးခြင်း သို့မဟုတ် ဗေဒင်ဟောခြင်းတို့ကို တိုင်ပင်ရမည်ဖြစ်သည်။ ဤသို့ အသက်ရှင်နေထိုင်ခြင်းသည် ပင်ပန်းသလော သို့မဟုတ် အဘယ်သို့နည်း။(ပင်ပန်းပါသည်။) တကယ့်ကို ပင်ပန်းနွမ်းနယ်စရာပင်တကား။ ၎င်းတို့ အလိုရှိသော်ငြားလည်း ၎င်းတို့သည် လွတ်လပ်စွာနှင့် အေးချမ်းစွာ အသက်မရှင်နိုင်ကြ၊ သို့မဟုတ် ဤဆိုရိုးစကားများနှင့် စည်းမျဉ်းများ၏ ချုပ်ချယ်မှုများမှ မလွတ်မြောက်နိုင်ကြပေ။ ၎င်းတို့သည် ဤစည်းမျဉ်းများကို ချိုးဖောက်ပါက ဝိညာဉ်ဆိုးများက အလုပ်လုပ်ပြီး ၎င်းတို့ကို နှောင့်ယှက်ကြကာ ၎င်းတို့သည် ထိုဝိညာဉ်ဆိုးများ၏ အတင်းအကျပ် ထိန်းချုပ်ခြင်းကို ခံကြရသည့်အပြင် မိမိတို့၏ ဘဝများ ချောမွေ့စွာ ဖြစ်ရန်အလို့ငှာ ၎င်းတို့ကို နေ့စဉ် ကိုးကွယ်ရမည်ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဤကံကျွေးချစနစ် အယူသီးမှုများ သို့မဟုတ် ဝိညာဉ်ဆိုးများ၏ လုပ်ဆောင်ချက်များဖြင့် ပိတ်လှောင်ခြင်းကို မခံရကြပေ။ ၎င်းတို့သည် မည်သည့် ရှောင်ကြဉ်ရမည့်အရာများကိုမျှ ရှောင်ရှားရန်မလိုဘဲ မိမိတို့အလိုရှိသည့်အတိုင်း အိမ်ပြောင်းနိုင်သည် သို့မဟုတ် သွားလာနိုင်သည်။ တရုတ်ပြည်မကြီးတွင် ကွန်မြူနစ်ပါတီသည် ဘာသာရေးယုံကြည်မှုများကို အစဉ်သဖြင့် ဖိနှိပ်ပြီး ညှဉ်းပန်းနှိပ်စက်သည်။ အကယ်၍ ယုံကြည်သူတစ်ဦးသည် နေရာတစ်ခုတွင် နောက်ထပ် မနေထိုင်နိုင်တော့ပါက လျင်မြန်စွာ ပြောင်းရွှေ့ရမည်ဖြစ်သည်။ ဤအတွက် မင်္ဂလာရှိသော နေ့ရက် သို့မဟုတ် အချိန်နာရီကို ရွေးချယ်ရန် သို့မဟုတ် တစ်စုံတစ်ခုကို ကိုးကွယ်ရန် ၎င်းတို့ လိုအပ်သလော။ မလိုအပ်ပေ။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်က ၎င်းတို့ကို ကွယ်ကာသည်။ အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်၊ ၎င်းတို့သည် ဤအရာများ၏ ချည်နှောင်ခြင်းကို မခံရကြပေ။ ၎င်းတို့သည် တစ်စုံတစ်ခုကို စားလိုသည့်အခါတိုင်း သို့မဟုတ် အိမ်မှထွက်ခွာလိုသည့်အခါတိုင်း နက္ခတ်ဗေဒကျမ်းကို တိုင်ပင်ရန် သို့မဟုတ် ရှောင်ကြဉ်ရမည့်အရာတစ်ခုကို ချိုးဖောက်ခြင်း ရှိမရှိ ကြည့်ရှုရန် လိုအပ်သလော။ မလိုအပ်ပေ၊ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်။ လူတို့သည် ဘုရားသခင်၏ အုပ်စိုးမှုနှင့် အချုပ်အခြာအာဏာအောက်တွင် ဘုရားသခင်၏ ကွယ်ကာခြင်းနှင့် လမ်းပြမှုတို့ဖြင့် အသက်ရှင်နေထိုင်သည့်အခါ၊ ဝိညာဉ်ဆိုးများနှင့် ညစ်ညမ်းသော နတ်ဆိုးများ အကြီး၊ အသေးနှစ်ခုလုံးက အနားမကပ်နိုင်အောင် တားဆီးခြင်းခံရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောသူတို့အပေါ် အလုပ်မလုပ်ဝံ့ကြပေ။ ဤလူတို့သည် ကွယ်ကာခြင်းခံရသည် မဟုတ်လော။ ၎င်းတို့သည် လွတ်လပ်စွာနှင့် လွယ်ကူစွာ အသက်ရှင်နေထိုင်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကျေးဇူးတော်သည် ကြီးမြတ်သလော။ (ကြီးမြတ်ပါသည်။) သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဖြစ်စေ၊ မရရှိသေးသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သောသူတစ်ဦး ဖြစ်နေသရွေ့၊ သင်သည် ဘုရားသခင်က ကြိုတင်သတ်မှတ်ပြီး ရွေးချယ်ထားသော သူတစ်ဦးဖြစ်ကာ၊ ဘုရားသခင်ရှေ့မှောက်သို့ သင်လာသည့်အခါ၊ သူသည် သင့်ကို ထိုသို့သော ကျေးဇူးတော်အား မွေ့လျော်ခံစားခွင့်ပေးလျက် ဤသို့ ကွယ်ကာပေးသည်။ ဤသည်မှာ အလွန်ကြီးမားသော ကျေးဇူးတော်ပင်တကား။ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုနှင့် သင်၏ လှုပ်ရှားမှုအားလုံးသည် ဘေးကင်းလုံခြုံလျက်ရှိသည်။ ဘုရားသခင်သည် ဤအရာများအတွက် တာဝန်ယူပြီး ယင်းတို့ကို ကွယ်ကာသည်။ သို့ဖြစ်၍ သင် စိုးရိမ်ပူပန်ရန် မလိုအပ်ပေ။ အချိန်အများစုတွင် လူတို့သည် ဆုပင်မတောင်းကြ၊ သို့မဟုတ် “ငါ ဘုရားသခင်ထံ ဆုတောင်းမည်၊ ဘုရားသခင်ကို ငါ့အား ကွယ်ကာပေးရန် တောင်းလျှောက်မည်။ အရာရာ အဆင်ပြေပြီး မကောင်းသည့်အရာ မည်သည့်အရာမျှ မဖြစ်ဖို့ ငါ မျှော်လင့်သည်”ဟု မိမိတို့ဘာသာ သတိရှိရှိဖြင့် မစဉ်းစားကြပေ။ သင် ဆုတောင်းရန်ပင် မလိုအပ်ပေ။ သင့်စိတ်နှလုံးထဲတွင် “ငါ ဘုရားသခင်ကို ယုံကြည်သည်၊ အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်” ဟူသော ရိုးရှင်းသည့် ယုံကြည်စိတ်ချမှု ရှိနေသရွေ့ ဘုရားသခင်က ပြုမူဆောင်ရွက်လိမ့်မည်။ လူတို့သည် ဘုရားသခင်ထံမှ ထိုသို့သော ကြီးမားသည့် ကျေးဇူးတော်ကို မွေ့လျော်ခံစားကြရသည်။ ဤသည်မှာ အနည်းငယ်မျှ ရရှိခြင်းလော။ (အတော်အတန် များစွာ ရရှိခြင်း ဖြစ်ပါသည်။) ဘုရားသခင်သည် လောကတွင် တစ်ဆူတည်းသော အချုပ်အခြာအာဏာရှင် ဖြစ်သည်။ သင်၏ အသက်နှင့် သင်ပိုင်ဆိုင်သမျှအရာအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်၊ ဤအချုပ်အခြာအာဏာရှင်၏ လက်ထဲတွင် ရှိသည်။ သင်၏ စိတ်နှလုံးက အေးချမ်းသည်၊ တည်ငြိမ်သည်၊ ငြိမ်သက်သည်ဟု ခံစားရပြီး သင်သည် မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်ရန် မလိုအပ်ပေ။ ဘုရားသခင်နှင့်ပတ်သက်၍ အသိပညာ မည်မျှ သင်ရှိသည်ဖြစ်စေ၊ သမ္မာတရားမည်မျှကို သင် နားလည်သည်ဖြစ်စေ၊ သင့်စိတ်နှလုံးထဲတွင် ဤအရာကို သင် လုံးဝ သေချာနိုင်ပေသည်။ အရာရာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်။ ဘုရားသခင်ကို ယုံကြည်သူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် သူ့အတွက် နေရာတစ်ခုရှိပြီး သမ္မာတရားကို နားလည်ပါက၊ ဝိညာဉ်ဆိုးများသည် နှောင့်ယှက်ရန်၊ ထိခိုက်နစ်နာစေရန် သို့မဟုတ် အနားမကပ်ဝံ့ကြပေ။ အကျိုးဆက်အနေဖြင့် ယုံကြည်သူတို့သည် ထိုမလိုအပ်သော လုပ်ငန်းစဉ်များတွင် ပါဝင်ရန် မလိုအပ်ပေ။ ဤသည်မှာ အလွန်ကြီးမားသော ကျေးဇူးတော်ပင်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှ မည်သည့်အရာမျှ မရရှိခဲ့ဟု အဘယ်သို့ ပြောဆိုနိုင်သေးသနည်း။ သင်သည် ဩတ္တပစိတ်ကင်းမဲ့နေသည် မဟုတ်လော။ အခြားမည်သည့်အရာကိုမျှ မကြည့်ဘဲ၊ မည်သည့်အရာမျှ မရရှိခဲ့ဟု ဆိုရုံမျှသည် လူတစ်ဦး၏ လုံးဝ ဩတ္တပစိတ်ကင်းမဲ့ခြင်းကို သက်သေပြပြီး၊ ထိုသူ၏ အသိစိတ်သည် လုံးလုံးလျားလျား ဆိုးရွားနေကြောင်းကို သက်သေပြသည်။ ကျန်သည့်အရာများနှင့်ပတ်သက်၍ နောက်ထပ် မည်သည့်အရာကိုမျှ ပြောဆိုရန် မလိုအပ်ပေ။

ဘုရားသခင်သည် အပြန်အလှန်အားဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ သူ၏နှုတ်ကပတ်တော်များကို လူတို့အား ထောက်ပံ့ပေးလျက် သမ္မာတရားနှင့် အသက်ကို ပေးသည်။ လူတို့သည် မိမိတို့၏ ဝိညာဉ်ရင့်ကျက်မှုမှာ မကြီးသေးကြောင်း၊ သမ္မာတရားများစွာကို နားမလည်သေးကြောင်းနှင့် မိမိတို့နားလည်သည့်အနည်းငယ်ကို ရှင်းလင်းစွာ မဖော်ပြနိုင်ကြောင်း ခံစားရနိုင်သော်လည်း၊ ဘုရားသခင်က ၎င်းတို့အား ပေးပြီးဖြစ်သော ဤအရာများ၊ ဘုရားသခင်၏ ဤချစ်ခင်မှုနှင့် မေတ္တာသည် အလွန်ကြီးမားသော ကျေးဇူးတော်ပင်တကား။ ဘုရားသခင်သည် လူတို့အား အဖိုးတန်ဆုံးသောအရာများကို ပေးပြီးဖြစ်သည်။ လူတို့သည် လောကတွင် တန်ဖိုးအရှိဆုံးသောအရာများကို ဘုရားသခင်ထံမှ လက်ခံရရှိခဲ့ပြီးဖြစ်သည်။ ထိုအရာကို သင် ခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ၊ ဘုရားသခင်သည် ဤအရာများကို လူသားအား ပေးထားပြီးသားဖြစ်သည်။ လူတို့သည် အဘယ်အရာကို စောဒကတက်ရန် ရှိသေးသနည်း။ ၎င်းတို့သည် ဤအရာများကို လက်ခံရရှိရန် ထိုက်တန်ကြသလော။ ဘုရားသခင်က ရွေးချယ်ထားသောသူတို့သည် လောကတွင် အပျော်ရွှင်ဆုံးသောလူများ ဖြစ်ကြသည်။ သင်သည် ဘုရားသခင်၏ ရွေးချယ်ခြင်းနှင့် ရွေးကောက်ခြင်းကို ခံရပြီးဖြစ်သည်။ သင်သည် လောကတွင် အပျော်ရွှင်ဆုံးနှင့် ကံအကောင်းဆုံးသောလူများထဲမှ တစ်ဦးဖြစ်သည်။ သင်သည် မည်သည့်အရာမျှ မရရှိခဲ့ဟု အဘယ်သို့ ပြောဆိုနိုင်သနည်း။ ဘုရားသခင်က သင့်ကို ရွေးချယ်ကာ ရွေးကောက်ပြီးဖြစ်သောကြောင့် သင်သည် အပျော်ရွှင်ဆုံးနှင့် ကံအကောင်းဆုံးသောလူများထဲမှ တစ်ဦး ဖြစ်လာခဲ့ပြီးဖြစ်ကာ၊ ထို့ကြောင့် ဝိညာဉ်ဆိုးများနှင့် ညစ်ညမ်းသော နတ်ဆိုးများသည် သင့်အနားသို့ မကပ်ဝံ့ကြပေ။ အချို့လူများက “ယင်းမှာ ကျွန်ုပ်၏ အဆင့်အတန်းနှင့် ပင်ကိုလက္ခဏာသည် ဂုဏ်ယူဖွယ်ဖြစ်လာသည်ဟု ဆိုလိုပါသလော”ဟု မေးကြသည်။ ဤသို့ ပြော၍ရသလော။ ပြော၍မရပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဘုရားသခင်၏ မေတ္တာနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကြောင့်သာ ဖြစ်သောကြောင့်ဖြစ်သည်။ လူတို့သည် အလွန်များစွာ ရရှိပြီးဖြစ်သည်။ ဤဘဝတစ်ခုတည်း၌ပင် လူတို့သည် အလွန်များစွာ ရရှိပြီးဖြစ်သည်။ လူတို့သည် ဤအရာအားလုံးကို လက်ခံရရှိရန် မည်သို့ဖြစ်ပြီး လုံးဝ အရည်အချင်းပြည့်မီကြသနည်း။ ဘုရားသခင်ကို ယုံကြည်သောသူအချို့သည် သမ္မာတရားကို လုံးဝမလိုက်စားသည့်အပြင်၊ “ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခြင်းမှ ကျွန်ုပ် အဘယ်အရာ ရရှိလေပြီနည်း”ဟု ဆက်လက်ပြောဆိုနေကြဆဲဖြစ်သည်။ ထိုအရာကို သင်ကိုယ်တိုင် တွက်ချက်၍မရနိုင်သလော။ သင့်အနေဖြင့် သမ္မာတရားကို နားလည်ခြင်း ရှိမရှိ၊မကောင်းမှုကို မည်မျှလျော့နည်းစွာ သင် ကျူးလွန်ပြီးဖြစ်သည်ဟူသည်တို့ကို သင်၏စိတ်နှလုံးထဲတွင် သင်သိသည်။ ထို့ထက်ပင်ပို၍ ကျေးဇူးတော်မည်မျှအား သင် မွေ့လျော်ခံစားရပြီးဖြစ်သည်ကို သင်၏စိတ်နှလုံးထဲတွင် သင်သိသည်။ သင်၏စိတ်နှလုံးထဲတွင် သင်သည် ဤအချက်များအပေါ် ရှင်းလင်းနေပါက၊ သင်သည် အလွန် အသိစိတ် ကင်းမဲ့သော ထိုသို့သောအရာများကို ပြောဆိုမည်မဟုတ်ပေ။ အချို့ကလည်း “ဘုရားအိမ်တော်သည် ကျွန်ုပ်၏ အစားအစာ၊ အဝတ်အစားနှင့် အမိုးအကာကိုလည်း ထောက်ပံ့ပေးသည်”ဟု ပြောဆိုကြသည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်၊ ကွယ်ကာခြင်းတို့နှင့် နှိုင်းယှဉ်လျှင် အလွန်သေးငယ်သည် မဟုတ်လော။ ဤသည်မှာ ပြောပင်မပြောထိုက်သည် မဟုတ်လော။ သို့သော်လည်း ဩတ္တပစိတ်ရှိသောသူတို့သည် ယင်းမှာ မပြောထိုက်သော်လည်း၊ ဘုရားသခင့် ကျေးဇူးတော်နှင့်သက်ဆိုင်နေဆဲဖြစ်သည်ကို ခံစားကြရသည်။ ဘုရားသခင်၏ ကျေးဇူးတော်သည် အတိုင်းမသိဖြစ်သည်။ ဘုရားသခင်သည် လူတို့အား အလွန်များစွာ ပေးပြီးဖြစ်သည်။ ထိုရုပ်ဝတ္ထုဆိုင်ရာ အရာများနှင့် ပတ်သက်၍မူ၊ ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင်၊ သူသည် ထိုအရာများကို ထည့်ပင်ထည့်မတွက်ပေ။

ဘုရားသခင်၏ လုပ်ဆောင်ချက်များထဲမှ ကဏ္ဍတစ်ခုမှာ လူတို့ကို ကွယ်ကာရန်ဖြစ်ပြီး၊ နောက်တစ်ခုမှာ ၎င်းတို့ ကယ်တင်ခြင်းခံနိုင်ရန်အလို့ငှာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ ၎င်းတို့ကို ဦးဆောင်လမ်းပြရန် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ဤချစ်ခင်မှုနှင့် ၎င်းတို့အပေါ်ထားသည့် သူ၏ မေတ္တာကို မွေ့လျော်ခံစားကြရပြီးဖြစ်ကာ၊ ဘုရားသခင်သည် ၎င်းတို့အပေါ် ကြွယ်ဝသော ကျေးဇူးတော်ကို ပေးသနားခဲ့သည်တကား။ ထို့အပြင်၊ အရေးကြီးဆုံးသောအရာတစ်ခု ရှိသည်။ယင်းမှာ ဘုရားသခင်က လူတို့အပေါ် ပေးသနားခဲ့သည့် သမ္မာတရား၊ တိတိကျကျဆိုရလျှင်၊လူ့သမိုင်းတစ်လျှောက်၊ မည်သည့်ခေတ်အခါတွင်မျှ မည်သူမျှ မကြားဖူး၊ မရရှိဖူးသော နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အကြိမ်မည်မျှ ဖန်ဆင်းပြီးဖြစ်သည်ဖြစ်စေ၊ သူသည် ဤအမှုကို မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့သည့်အပြင် ဤနှုတ်ကပတ်တော်များကို မမိန့်မြွက်ခဲ့ပေ။ လူသားမျိုးနွယ်နှင့် ဆက်စပ်သော နက်နဲမှုအားလုံး၊ လူတို့ ခံနိုင်သော၊ သဘောပေါက်နိုင်သော၊ နားလည်နိုင်သောအရာအားလုံးကို ဘုရားသခင်သည် သင်တို့အား ပြောပြပြီးဖြစ်ပေသည်။ ဤနက်နဲမှုများ၊ ဤသမ္မာတရားများကို ပမာဏတစ်ခုတလေဖြင့် တိုင်းတာ၍ရနိုင်သလော။ ယင်းတို့ကို တိုင်းတာ၍မရနိုင်ပေ။ လူတို့သည် ဘဝပေါင်းများစွာတိုင် ယင်းတို့ကို ကုန်ခမ်းသွားအောင် မွေ့လျော်မခံစားနိုင်ကြပေ။ ငါ အဘယ်ကြောင့် ဤသို့ပြောဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များသည် လူတို့၏ ဖြစ်တည်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး ထာဝရကာလတိုင် တည်ရှိနိုင်သောကြောင့် ဖြစ်သည်။ သင်သည် တကယ်ပင် ရှင်သန်ကျန်ရစ်ပြီး ထာဝရအသက်ရှင်နိုင်လောက်အောင် ကံအကြောင်းလှမည်ဆိုလျှင်၊ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများသည် သင့်ကို ထာဝရ ထောက်ပံ့ပေးနိုင်လိမ့်မည်။ ထာဝရ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းမှာ အချိန်၏ ကန့်သတ်ခြင်းမခံရဟု ဆိုလိုသည်၊ အကန့်အသတ်မဲ့ဟု ဆိုလိုသည်။ ယင်းကို ငါတို့ တိုက်ရိုက်အနက်ပြန်ဆိုလျှင် အဆုံးမရှိခြင်း၊ ဘုရားသခင်ကိုယ်တိုင်ကဲ့သို့ပင် ထာဝရ အသက်ရှင်ခြင်းကို ဆိုလိုသည်။ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများသည် ထိုအချိန်အထိ တည်ရှိနိုင်၏။ “ထိုအချိန်” ဟူသည်မှာ လူ့ဘာသာစကားဖြင့် ဖော်ပြထားသော အချိန်နှင့်ဆိုင်သည့် အယူအဆနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုဖြစ်သော်လည်း ယင်းမှာ အမှန်တကယ်တွင် အကန့်အသတ်မရှိဟု ဆိုလိုသည်။ ငါ့ကို ပြောလော့၊ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များ၏ တန်ဖိုးသည် ကြီးမြတ်သလော၊ မကြီးမြတ်သလော။ ယင်းမှာ အလွန့်အလွန်ကြီးမြတ်လှပေသည်။ သင်သည် ယင်းတို့ကို မလိုက်စားလျှင်၊ သင်၏ ဆုံးရှုံးမှုဖြစ်သည်။ သင် မိုက်မဲခြင်း ဖြစ်သည်။ သို့သော် သင်သည် ယင်းတို့ကို လိုက်စားလျှင်၊ ဤနှုတ်ကပတ်တော်များသည် သင့်အတွက် ဤဘဝသက်သက်ထက် များစွာကျော်လွန်သော တန်ဖိုးတစ်ခုကို ပိုင်ဆိုင်သည်။ ယင်းသည် ထာဝရကာလထဲထိ ကျယ်ပြန့်သည်။ ယင်းတို့သည် သင့်အတွက် အစဉ် ထိရောက်ပြီး အသုံးဝင်မည်ဖြစ်ကာ၊ သင့်ကို ထာဝရ ထောက်ပံ့ပေးလျက် ထာဝရ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိနေလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို နားလည်ပြီး၊ ရရှိကာ၊ ယင်းတို့အားဖြင့် အသက်ရှင်မည်ဆိုလျှင်၊ သင်သည် ထာဝရ အသက်ရှင်နိုင်ပေလိမ့်မည်။ ပို၍ရိုးရှင်းသော ဝေါဟာရများဖြင့် ပြောရလျှင်၊ သင်သည် သေခြင်းအရသာကို မမြည်းစမ်းရဘဲ ထာဝရ အသက်ရှင်လိမ့်မည်။ ဤသည်မှာ လူတို့ အိပ်မက်မက်သည့်အရာတစ်ခု မဟုတ်လော။ မရေမတွက်နိုင်သော ခေတ်ကာလများ ကုန်လွန်သွားလိမ့်မည်။ မရေမတွက်နိုင်သော လူတို့ သေဆုံးသွားပြီးဖြစ်လိမ့်မည်ဖြစ်သော်လည်း၊ သင်သည် အသက်ရှင်နေလိမ့်ဦးမည်။ မည်သည့်နည်းလမ်းအားဖြင့် သင် အသက်ရှင်နေလိမ့်ဦးမည်နည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့်၊ သမ္မာတရားအားဖြင့် ဤသို့ ဆက်လက်အသက်ရှင်ရန် အရည်အချင်းများ ရှိနေမည်ဖြစ်သည်။ ဤသို့ အဆက်မပြတ်သောအသက်ဖြင့် သင်သည် အဘယ်အရာကို လုပ်ဆောင်မည်နည်း။ သင့်တွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ ဘုရားသခင်၏ ဦးဆောင်မှု ရှိပြီး၊ သင့်တွင် အထူးတာဝန်တစ်ခုလည်း ရှိသည်။ သင်၏ အထူးတာဝန်မှာ အဘယ်နည်း။ သင်သည် သူ၏ နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်ခြင်းအားဖြင့်၊ ဘုရားသခင်သည် သင့်အား သူ့ကို ဘုန်းထင်ရှားစေချင်ပြီး သူ၏ သက်သေခံချက် ဖြစ်စေလိုသည်။ ဤသည်မှာ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တန်ဖိုး ဖြစ်သည်။ ဤခေတ်တွင် လူတို့ကြားရသော၊ ထိတွေ့ရသော၊ တွေ့ကြုံခံစားရသော သမ္မာတရားနှင့် နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် အရေးပါမှုသည် ထာဝရကာလတိုင် တည်ရှိလိမ့်မည်။ အဘယ်ကြောင့် ယင်းတို့သည် ထာဝရကာလတိုင် တည်ရှိလိမ့်မည်နည်း။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များသည် ဓမ္မပညာတစ်ခု၊ သီအိုရီတစ်ခု၊ ဆောင်ပုဒ်တစ်ခု သို့မဟုတ် အသိပညာတစ်မျိုးမျိုး မဟုတ်ဘဲ၊ အသက်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ သင်သည် ဤနှုတ်ကပတ်တော်များကို ရရှိသရွေ့၊ ယင်းတို့အားဖြင့် အသက်ရှင်ပြီး၊ ယင်းတို့အားဖြင့် ရှင်သန်နေသရွေ့၊ ဘုရားသခင်သည် သင့်ကို ဆက်လက်အသက်ရှင်ခွင့်ပြုလိမ့်မည်ဖြစ်ပြီး သေခွင့်ပြုလိမ့်မည်မဟုတ်ပေ။ ဆိုလိုသည်မှာ၊ သူသည် သင့်ကို ဖျက်ဆီးလိမ့်မည်မဟုတ် သို့မဟုတ် သင်၏အသက်ကို သိမ်းဆည်းလိမ့်မည်မဟုတ်ပေ။ သူသည် သင့်ကို ဆက်လက်အသက်ရှင်ခွင့်ပြုလိမ့်မည်။ ဤသည်မှာ ကြီးမားသော ကောင်းချီးမင်္ဂလာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်၊ ကြီးမြတ်ပါသည်။) ဤနှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်သည် သင့်အား ဤဘဝတွင် ဤကောင်းချီးမင်္ဂလာကို ကြိုတင်မြည်းစမ်းစေချင်ပြီး နောင်ဘဝတွင် ယင်းကို ရရှိစေလိုသည်။ ဤသည်မှာ ဘုရားသခင်၏ ကတိတော် ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်အား ပေးထားပြီးဖြစ်သည့် အလွန်ကြီးမားသော ကတိတော်ကို စဉ်းစားဆင်ခြင်ကြည့်သည့်အခါ၊ လူတို့သည် များစွာ ရရှိပြီးပြီလော။ (ရရှိပြီးဖြစ်ပါသည်။) ဘုရားသခင်သည် အားလုံးထံ အသိပေးလျက် လူသားမျိုးနွယ်အား ထိုသို့သော ကြီးမားသည့် ကတိတော်တစ်ခုကို ပြုပြီးဖြစ်သည်။ သူသည် သင့်အား ထိုအရာကို အခမဲ့ လာယူခွင့်ပေးလျက် ထိုအကြောင်းကို ပြောပြပြီးဖြစ်သည်။ သင်သည် သင်၏အသက်ကို စတေးရန် သို့မဟုတ် သင်၏ ပိုင်ဆိုင်မှုအားလုံးကို လွှဲအပ်ရန် မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ရန်သာ လိုအပ်ပြီး၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သူ၏ လိုအင်ဆန္ဒများအတိုင်း ပြုမူဆောင်ရွက်ရန်သာ လိုအပ်သည်။ ပြီးလျှင် သင်သည် ဘုရားသခင်ထံမှ ဤကတိတော်ကို ရရှိနိုင်ပေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အား များစွာ ပေးထားပြီးဖြစ်သည် မဟုတ်လော။ သင်သည် လက်ရှိတွင် ဤကတိတော်ကို ရရှိမည့် လမ်းကြောင်းပေါ်၌ ရှိနေသည်။ သင်သည် ယင်းကို အပြည့်အဝ မရရှိသေးသော်လည်း၊ အနည်းငယ်သာ ရရှိပြီးခြင်းဖြစ်သလော။ ဘုရားသခင်က လူသားမျိုးနွယ်အပေါ် ပေးသနားပြီးဖြစ်သည့် ကတိတော်ကို ကြည့်သည့်အခါ၊ လူတို့သည် အတော်အတန် များစွာ ရရှိပြီးဖြစ်သည်။ ၎င်းတို့သည် သိသာထင်ရှားသော အကျိုးကျေးဇူးတစ်ခုကို ရရှိပြီးဖြစ်သည်။ ၎င်းတို့သည် ဆုံးရှုံးခြင်းမရှိသေး သို့မဟုတ် မည်သည့်ဆုံးရှုံးမှုများကိုမျှလည်း လုံးဝ မခံစားခဲ့ရပေ။ ၎င်းတို့သည် အချိန်အနည်းငယ်ကိုသာ ရင်းနှီးမြှုပ်နှံခဲ့ပြီး၊ ၎င်းတို့၏ ခန္ဓာသည် ပင်ပန်းဆင်းရဲမှုအချို့ကို ကြံ့ကြံ့ခံရပြီးဖြစ်ကောင်းဖြစ်မည်။ ၎င်းတို့သည် အချို့သော ကိုယ်ရေးကိုယ်တာ အိမ်တွင်းသာယာမှုတစ်ခုခု၊ ကိုယ်ရေးကိုယ်တာ ဇာတိပကတိဆိုင်ရာ နှစ်သက်မှုများနှင့် လိုအင်ဆန္ဒများကို စတေးပြီးဖြစ်ကောင်းဖြစ်နိုင်သည်။ မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များ၊ အကျိုးစီးပွားများနှင့် ဆန္ဒများအချို့၊ စသည်တို့ကို စွန့်လွှတ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။သို့သော်လည်း၊ သမ္မာတရားကို နားလည်ခြင်း၊ ကယ်တင်ခြင်းကို ရရှိခြင်းနှင့် ဘုရားသခင်၏ ကတိတော်ကို လက်ခံရရှိခြင်းတို့နှင့် နှိုင်းယှဉ်လျှင်၊ ထိုကိုယ်ရေးကိုယ်တာ အလားအလာများ၊ ပန်းတိုင်များနှင့် ရည်မှန်းချက်များအားလုံးသည် မဖော်ပြထိုက်ပေ။ အကြောင်းမှာ ထိုအရာများသည် သင့်ကို ငရဲသို့သာ ပို့ဆောင်နိုင်ပြီး၊ ဘုရားသခင်သည် ထိုအရာများအတွက် သူ၏ ကတိတော်ကို သင့်အား ပေးအပ်မည်မဟုတ်သောကြောင့် ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့်၊ လူတို့သည် အကန့်အသတ်ရှိသော အချိန်ပမာဏတစ်ခု၊ ၎င်းတို့ ပေးဆပ်ရန် လိုလားပြီး ပေးဆပ်နိုင်စွမ်းရှိသော အဖိုးအခတစ်ခုကို ရင်းနှီးမြှုပ်နှံသည့်အခါ၊ နောက်ဆုံးတွင် ၎င်းတို့သည် သမ္မာတရားကို နားလည်လာကြပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခြင်းအချိန်ကတည်းက လူသားမျိုးနွယ်အနေဖြင့် နားမလည်ခဲ့သည့်အချို့သော နက်နဲမှုများ၊ မိမိကိုယ်ကို ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများ၊ အဖြစ်အပျက်များနှင့် အမှုအရာအားလုံး၏ အချို့သော အနှစ်သာရများနှင့် အရင်းခံအကြောင်းရင်းများ စသည်တို့ကို သဘောပေါက်လာကြသည်။ သာ၍ပင် အရေးကြီးသည်မှာ၊ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အသိပညာအချို့ကို ရရှိပြီး သူ့ကို ကြောက်ရွံ့နိုင်ကြခြင်း ဖြစ်သည်။ ဤအရာအားလုံးကို ရရှိပြီးဖြစ်ရာ၊ ထိုသို့သော အဖိုးအခကို ပေးဆပ်ရကျိုးနပ်သည် မဟုတ်လော။ လူတို့တွင် မည်သည့် နာကြည်းချက်များ ရှိသနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းမှ မည်သည့်အရာမျှ မရရှိဟု ၎င်းတို့ အဘယ်ကြောင့် ပြောဆိုကြသနည်း။ ၎င်းတို့၏ ဩတ္တပစိတ်သည် လုံးဝ ပုပ်ပျက်သွားပြီ မဟုတ်လော။ သင်သည် အလွန်များစွာ ရရှိပြီးဖြစ်ကာ၊ သင် ကျေနပ်ရောင့်ရဲခြင်း မရှိသေးပေ။ နောက်ထပ် မည်သည့်အရာကို သင် လိုချင်သနည်း။ သင့်ကို သမ္မတတစ်ဦး သို့မဟုတ် ဘီလျံနာတစ်ဦး ဖြစ်စေလျှင် သင် စိတ်ကျေနပ်မည်လော။ ဘုရားသခင်က သင့်အား ထိုအရာများကို ပေးမည်ဆိုလျှင်၊ သင်သည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံရပြီးဖြစ်မည်မဟုတ်ပေ။ ဘုရားသခင်သည် ဤသို့သောလူများကို ရယူရန် အလိုမရှိပေ။

လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှ မည်သည့်အရာမျှ မရရှိခဲ့ဟု အစဉ်အမြဲ ပြောဆိုကြသည်။ ယင်းက ၎င်းတို့အနေဖြင့် အသိစိတ်ကင်းမဲ့ကြောင်း၊ သမ္မာတရားကို နားလည်သဘောပေါက်နိုင်စွမ်း တစ်ခုတလေ ကင်းမဲ့ကြောင်း၊ သမ္မာတရားကို မလိုက်စားကြောင်းနှင့် ကိုယ်ကျင့်စရိုက်အထူးပင် နိမ့်ကျကြောင်းကို ပြသသည်။ ထိုသို့သောလူတို့သည် ဘုရားသခင် လုပ်ဆောင်သည့်အရာ၊ ဘုရားသခင်က လူတို့အပေါ် သတ်မှတ်သည့်အရာနှင့် ဘုရားသခင်က လူတို့အပေါ် ပေးသနားပြီးဖြစ်သည့်အရာ စသည်တို့နှင့်ပတ်သက်၍ ဖြူစင်သော နားလည်သဘောပေါက်မှု မရှိကြပေ။ နောက်ဆုံးတွင်၊ အမှုအရာများက ၎င်းတို့ကို အနည်းငယ် မကျေမနပ်ဖြစ်စေရန် ဖြစ်ပျက်လာသည့်အခါ၊ ၎င်းတို့ မျိုသိပ်ထားရသော အလွန်များသည့် ဒေါသက ချက်ချင်း ပေါက်ကွဲထွက်လေသည်။ “ဘုရားသခင်ကို ယုံကြည်ခြင်းမှ ကျွန်ုပ် ဘာရခဲ့သနည်း။ ကျွန်ုပ်၏ ခန္ဓာသည်အလွန်များစွာ ဆင်းရဲဒုက္ခခံရပြီးဖြစ်သည်။ အသင်းတော်က ကျွန်ုပ်ကို ပေးအပ်သည့် မည်သည့်တာဝန်ကိုမဆို ကျွန်ုပ် ထမ်းဆောင်ခဲ့သည်။ မည်မျှပင်ပန်းသည်ဖြစ်စေ၊ မည်မျှမောပန်းသည်ဖြစ်စေ၊ ကျွန်ုပ် မည်သည့်အခါမျှ မညည်းညူခဲ့ပါ။ အခက်အခဲများ မည်မျှကြီးမားသည်ဖြစ်စေ၊ မည်သည့်အရာမျှ ကျွန်ုပ် မပြောခဲ့ပါ။ ဘုရားအိမ်တော်အပေါ် မည်သည့်တောင်းဆိုမှုကိုမျှ ကျွန်ုပ် မည်သည့်အခါမျှ မပြုလုပ်ခဲ့ပါ။ ကျွန်ုပ်၏ ကြီးမားသော ချစ်ခြင်းနှင့် ကြီးမားသော သစ္စာစောင့်သိမှုတို့ဖြင့်၊ ကျွန်ုပ် မည်သည့်အရာကို ရရှိလေပြီနည်း။ ကျွန်ုပ်ပင်လျှင် မည်သည့်အရာမျှ မရရှိပါက၊ အခြားသူများမှာ တစ်ခုတလေကို ရရှိရန် မျှော်လင့်ချက် သာ၍ပင် နည်းပါးသည်တကား”ဟူ၍ ဖြစ်သည်။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ “သင်တို့သည် ကျွန်ုပ်လောက် ပူဇော်ဆက်ကပ်ခြင်း မရှိလေပြီ။ကျွန်ုပ် ပေးပြီးသော အဖိုးအခကို သင်တို့ မပေးရလေပြီ။ ကျွန်ုပ်ပင်လျှင် မည်သည့်အရာမျှ မရရှိခဲ့ပါက၊ သင်တို့ အဘယ်အရာကို ရနိုင်မည်နည်း။ သင်တို့အားလုံး သတိထားရန် လိုအပ်သည်၊ မမိုက်မဲကြနှင့်”ဟူ၍ ဖြစ်သည်။ ထိုသို့သောလူတို့သည် ဩတ္တပစိတ်ကင်းမဲ့ကြသည် မဟုတ်လော။ ဩတ္တပစိတ်ကင်းမဲ့သောသူတစ်ဦးသည် မိုက်မဲပြီး ခေါင်းမာသော စကားများကို အစဉ်အမြဲ ပြောဆိုသည်။ ၎င်းတို့သည် ဘုရားသခင် ပြောဆိုခဲ့သော များပြားလှသည့် သမ္မာတရားများထဲမှ တစ်ခုကိုမျှ၊ သို့မဟုတ် ဖြူစင်ပြီး အပြုသဘောဆောင်သည့် အရာများစွာနှင့် ဖော်ပြချက်များအားလုံးထဲမှ တစ်ခုကိုမျှ နားမလည်နိုင်ဘဲ၊ ထိုအစား ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်သဘောထားအမြင်များကို ခေါင်းမာစွာ ဖက်တွယ်ထားကြသည်- “ကျွန်ုပ်သည် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခများကို ခါးစည်းခံပြီး အဖိုးအခကို ပေးသည်။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်ကို ကောင်းချီးပေးရမည်ဖြစ်ပြီး၊ အခြားသူများထက် ပို၍ ရရှိခွင့်ပြုရမည်။ ထိုသို့မဟုတ်လျှင်၊ ကျွန်ုပ်သည် ပွင့်အံချမည်၊ ပေါက်ကွဲမည်၊ ကျွန်ုပ် ဆဲဆိုကြိမ်းမောင်းမည်။ ကျွန်ုပ် အလိုရှိသည့် မည်သည့်အရာကိုမဆို ဘုရားသခင်က ကျွန်ုပ်ကို ပေးအပ်ရမည်ဖြစ်ပြီး၊ ကျွန်ုပ် မရရှိပါက၊ ဘုရားသခင်သည် မဖြောင့်မတ်သည့်အပြင်၊ မည်သည့်အရာမျှ မရရှိခဲ့ဟု ကျွန်ုပ် ပြောဆိုမည်။ ဤသည်မှာ အမှန်တရားကို တဲ့တိုးပြောဆိုခြင်း ဖြစ်သည်။” ၎င်းတို့သည် လူ့သဘာဝကင်းမဲ့ကြသည် မဟုတ်လော။ လူ့သဘာဝကင်းမဲ့သောသူတစ်ဦး၏ စကားများသည် သမ္မာတရားနှင့် ကိုက်ညီရန် မဆိုထားနှင့်၊ သေချာပေါက် ခိုင်မာစွာ မရပ်တည်နိုင်ပေ။ နောက်ပိုင်းအချက်မှာ ၎င်းတို့ထံမှ တောင်းဆိုရန် အနည်းငယ် များလွန်းပေသည်။ လူတစ်ဦး ပြောဆိုသည့် စကားများသည် မူမမှန်သော အကြောင်းပြချက်များမဟုတ်ဘဲ၊ တရားနည်းလမ်းကျသော တောင်းဆိုချက်များ၊ တရားနည်းလမ်းကျသော ဖော်ပြချက်များ ဖြစ်ရမည်။ မည်သူက နားထောင်သည်ဖြစ်စေ၊ မည်သူက အကဲဖြတ်သည်ဖြစ်စေ၊ ၎င်းတို့ ခိုင်မာစွာ ရပ်တည်ရမည်။ သို့သော်လည်း၊ ညံ့ဖျင်းသော လူ့သဘာဝရှိသည့် လူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များသည် ခိုင်မာစွာ မရပ်တည်နိုင်ပေ။ ၎င်းတို့သည် ဝုန်းဒိုင်းကြဲသောင်းကျမ်းပြီး မိမိတို့၏ နာကြည်းချက်များကို ဖွင့်ချသည့်အခါ၊ အချို့လူများက “အဘယ်ကြောင့် ၎င်းတို့က မည်သည့်အရာမျှ မရရှိခဲ့ဟု ပြောဆိုကြသနည်း။ ဘုရားအိမ်တော်က ၎င်းတို့ကို တစ်နည်းနည်းဖြင့် မတရားဆက်ဆံခဲ့ခြင်း ဖြစ်နိုင်သလော။ ဘုရားအိမ်တော်၏ လုပ်ဆောင်ချက်အချို့သည် စည်းမျဉ်းများနှင့် မကိုက်ညီသည့်အပြင် ဖော်ထုတ်မရနိုင်ခြင်းကြောင့်လော။ ထိုသူသည် ပုံမှန်အားဖြင့် ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ပြီး အဖိုးအခကို ပုံမှန် ပေးဆပ်နိုင်စွမ်း အတော်ရှိပုံရသော်လည်း၊ ယနေ့တွင် သူသည် မည်သည့်အရာမျှ မရရှိခဲ့ဟု ဆိုလျက် အလွန်ပြင်းထန်စွာ ပေါက်ကွဲထွက်လေသည်။ သူသည် အမှန်တကယ်ပင် မည်သည့်အရာမျှ မရရှိခဲ့ပုံရသည်။ ဤသည်မှာ လိမ္မာသောသူတစ်ဦးကို ဒေါသထွက်အောင် လှုံ့ဆော်ခြင်း မဟုတ်လော။ ကျွန်ုပ် သတိထားခြင်းက ပိုကောင်းပေမည်။ ကျွန်ုပ်၏ တာဝန်များကို ထမ်းဆောင်သည့်အခါ ယခင်ကကဲ့သို့ ထိုသို့သော ဆင်းရဲဒုက္ခကို ကြံ့ကြံ့မခံသင့်ပါ သို့မဟုတ် ထိုသို့သော အဖိုးအခကို မပေးဆပ်သင့်ပါ”ဟု တွေးကြသည်။ ဤသည်မှာ ပိုင်းခြားသိမြင်မှုကင်းမဲ့သော နားဝေတိမ်တောင်ဖြစ်သည့် လူအချို့ လွှမ်းမိုးခြင်းခံရပုံ ဖြစ်သည်။

အပျက်သဘောဆောင်ခြင်းကို မကြာခဏ ပွင့်အံချတတ်သော လူတို့အတွက်၊ ၎င်းတို့တွင် အမှန်တကယ် ဖော်ပြရန် သဘောထားအမြင်များ သို့မဟုတ် စိတ်ကူးများ ရှိပါက၊ ၎င်းတို့ကို ဦးစွာ စကားပြောခွင့်ပေးပြီး ၎င်းတို့၏ အမြင်များကို ဖော်ထုတ်ခွင့်ပေးလော့။ ၎င်းတို့ ဖော်ထုတ်ပြီးသည့်နောက်တွင်၊ လူတိုင်းက ဤသို့ နားလည်သွားလိမ့်မည်- “၎င်းတို့ ပေးဆပ်ခဲ့သော အဖိုးအခသည် ၎င်းတို့ရရှိခဲ့သည့်အရာနှင့် မမျှဟု ၎င်းတို့ ခံစားရသည်။ ၎င်းတို့သည် မည်သည့်အကျိုးကျေးဇူးမျှ မရရှိခဲ့ဟူ၍လည်းကောင်း၊ ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်ဟူ၍လည်းကောင်း ခံစားရသောကြောင့် မလိုမလားဖြစ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် မျှော်လင့်လျက်၊ ကျေးဇူးတော်နှင့် အကျိုးကျေးဇူးများကို တောင်းဆိုလျက် ဘုရားသခင်အပေါ် စောဒကတက်နေကြခြင်း ဖြစ်သည်။” သာမန်လူတစ်ဦးသည် ထိုသို့သောသူတစ်ဦးအား ၎င်းတို့ စကားပြောသည်ကို ကြားပြီးသည်နှင့်တစ်ပြိုင်နက် ပိုင်းခြားသိမြင်နိုင်သလော။ လူတိုင်းက ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်သည်နှင့်တစ်ပြိုင်နက်၊ ထိုသူကို “သင် စကားပြောခြင်း ပြီးပြီလော။ သင့်တွင် နောက်ထပ်ပြောစရာမရှိတော့လျှင် နှုတ်ဆိတ်လိုက်ပါ။ သို့မဟုတ် သင့်ကိုယ်သင် မိုက်မဲစေလိမ့်မည်။ သင်၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝသည် လူတိုင်း၏ရှေ့မှောက်တွင် ဖော်ထုတ်ခြင်းခံရပြီး ချက်ချင်း မချုပ်တည်းပါက၊ ယင်းသည် လူအများ၏ ဒေါသကို ဆွပေးလိမ့်မည်။ လူတိုင်းက သင့်ကို ဖော်ထုတ်ပြီး ငြင်းပယ်သည့်အခါ၊ နောင်တရဖို့အတွက် အလွန်နောက်ကျသွားလိမ့်မည်”ဟု ပြောလော့။ ၎င်းတို့ကို ဤနည်းလမ်းဖြင့် သတိပေးလော့၊ ပြီးလျှင် ထိုသို့ပြုလုပ်ခြင်းအားဖြင့် သင်သည် ၎င်းတို့ကို ကန့်သတ်ပြီး ဖြစ်လိမ့်မည်။ သို့မဟုတ် သင်က၊ “သင် ဆုံးရှုံးသည်ဟု ခံစားရလျှင်၊ ဘုရားသခင်ကို သင် ယုံကြည်ရန် မလိုအပ်ပေ။ သင်သည် မည်သည့်အရာမျှ မရရှိခဲ့ဟု ခံစားရသည်၊ သို့ဆိုလျှင် သင် အတိအကျ မည်သည့်အရာကို ရရှိချင်သနည်း။ အကယ်၍ ယင်းမှာ ငွေအမြောက်အမြားရှာပြီး သူဌေးဖြစ်ရန်၊ သို့မဟုတ် ရာထူးမြင့်မြင့် ကိုင်စွဲဖြစ်ပါက၊ ကျွန်ုပ် စိတ်မကောင်းပါ။ သို့သော် ဤအရာများသည် လူတစ်ဦးက လိုချင်ရုံမျှဖြင့် ရရှိနိုင်သောအရာများ မဟုတ်ပါ။ ဤအရာများသည် ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသော ကိစ္စရပ်များ ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် သူ၏ လူသားကယ်တင်ခြင်းအမှုတော်သည် လူတို့အား ဤအရာများကို ပေးရန်အတွက် မဟုတ်ပါ။ သင် ထိုအရာများကို ရနိုင်သည့် မည်သည့်နေရာသို့မဆိုသို့ သွားလော့။ ဘုရားအိမ်တော်သည် လောကမဟုတ်၊ ယင်းသည် နတ်ဆိုးများနှင့် စာတန်များကို ဖြည့်ဆည်းမပေးနိုင်ပါ။ သင်သည် ထိုသို့သောအရာများကို ဘုရားအိမ်တော်ထံမှလည်းကောင်း၊ ညီအစ်ကိုမောင်နှမများထံမှလည်းကောင်း မတောင်းဆိုလျှင် ပိုကောင်းမည်။ အကယ်၍ သင်သည် ဘုရားသခင်ကို ဤအရာများ တောင်းဆိုဝံ့ပါက၊ သူ၏ စိတ်သဘောထားကို သင် ပုန်ကန်ပြစ်မှားလိမ့်မည်ဖြစ်ပြီး သူ၏ အမျက်ဒေါသကို ဆွမိလိမ့်မည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတို့အား ကျေးဇူးတော်များစွာကို ပေးသနားခဲ့ပြီးဖြစ်သည့်အပြင်၊ လူတို့အား ၎င်းတို့၏အသက်ဖြစ်စေရန် သာ၍ပင် များပြားသော သမ္မာတရားများကို ပေးသနားခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် သမ္မာတရားကို ရရှိခြင်းအား အဖိုးတန်သည်ဟု မရှုမြင်ခြင်းမှာ သင်၏ မိုက်မဲခြင်းနှင့် အသိဉာဏ်မဲ့ခြင်းကြောင့် ဖြစ်သည်”ဟုလည်း ပြောနိုင်သည်။ လူတိုင်းက ၎င်းတို့ကို ဤသို့ ပြစ်တင်ကြပြီး ပြုပြင်ကြသည်။ ဤလက်တွေ့လုပ်ဆောင်မှုကို သင်တို့ မည်သို့ထင်သနည်း။ သို့မဟုတ် သင်က၊ “ဘုရားအိမ်တော်သည် သင့်အပေါ် မည်သည့်အကြွေးမျှ မတင်ပါ။ သင်၏ ဘုရားသခင်အတွက် အသုံးခံခြင်းနှင့် သင်၏ တာဝန်များကို ထမ်းဆောင်ခြင်းတို့သည် အားလုံး မိမိသဘောဆန္ဒအလျောက် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်များကို ထမ်းဆောင်စပြုသည့်အချိန်မှစ၍ ဘုရားသခင်ထံမှ ကျေးဇူးတော်မည်မျှကို မွေ့လျော်ခံစားခဲ့ရသည်ကို သင် သိပါသလော။ သင့်တွင် ဩတ္တပစိတ် တစ်ခုတလေမျှ ရှိပါက၊ မည်သည့်အရာမျှ မရရှိခဲ့ဟု ဘုရားသခင်ကို မပြောသင့်ပါ။ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ပြီး သင်၏ ကိုယ်ပိုင်ပြဿနာများကို အသိအမှတ်ပြုသင့်သည်။ ဘုရားသခင်က သမ္မာတရားဖြစ်ကြောင်း၊ ဘုရားသခင် လုပ်ဆောင်သမျှသည် သမ္မာတရားဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းကို သင် အမှန်တကယ် ယုံကြည်ပါက၊ သင်သည် ထိုသို့ မပြောဆိုသင့်ပါ။ သင် မညည်းညူသင့်ပါ။ သင်၏ လက်ရှိသဘောထားသည် ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦး၌ ရှိသင့်သော သဘောထားမဟုတ်သည့်အပြင်၊ သမ္မာတရားကို ရှာဖွေသောသူတစ်ဦး၌ ရှိသင့်သော သဘောထားလည်း မဟုတ်ပေ။ သင်သည် ဖီဆန်ရန် ကြိုးစားနေခြင်း၊ ဘုရားသခင်နှင့် ပြဿနာဟောင်းများကို ပြန်နွေးရန် ကြိုးစားနေခြင်း ဖြစ်သည်တကား။ သင်သည် ဘုရားသခင်နှင့် လမ်းခွဲရန်၊ နောက်ဆုံးစာရင်းကို ရှင်းရန် ကြိုးစားနေခြင်း ဖြစ်သည်တကား။ သို့သော် ဘုရားသခင်သည် သင့်အပေါ် မည်သည့်အကြွေးမျှ မတင်သည့်အပြင်၊ ဘုရားအိမ်တော်သည်လည်း သင့်အပေါ် မည်သည့်အကြွေးမျှ မတင်ပေ။ အကယ်၍ သင်သည် ဘုရားအိမ်တော်နှင့် စာရင်းရှင်းမည်ဆိုလျှင်၊ သူ၏ အိမ်တော်မှ အမြန်လုပ်ကာ ထွက်သွားလော့။ ဘုရားအိမ်တော်ကို မနှောင့်ယှက်နှင့်၊ သို့မဟုတ်ပါက သင်သည် သူ၏ အမျက်ကို ဆွပေးပြီး သူက သင့်ကို ဒဏ်ခတ်လိမ့်မည်။ ယင်းမှာ ကောင်းသော အကျိုးဆက်တစ်ခု ဖြစ်မည်မဟုတ်ပေ။ သင့်တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား တစ်ခုတလေ ရှိပါက၊ သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် သင်၏ လိုက်စားမှုနောက်ကွယ်ရှိ အမြင်ရှုထောင့်နှင့် ပတ်သက်သည့်အရာ တစ်ခုတလေ မှားယွင်းခြင်း ရှိ၊ မရှိဟူသည်နှင့် သင် ရှိနေသော လမ်းကြောင်းသည် ဘုရားသခင်က သင့်အား လျှောက်လှမ်းရန် သတ်မှတ်သော လမ်းကြောင်း ဟုတ်၊ မဟုတ်ဟူသည်တို့ကို သိမြင်ရန် သင်သည် ဆုတောင်းပြီး ရှာဖွေရန် စိတ်ငြိမ်ငြိမ်ထားသင့်သည်။ သင်သည် ဘုရားသခင်အပေါ် အကျိုးအကြောင်းမညီညွတ်သော တောင်းဆိုမှုများစွာ၊ ကြီးမားသော နာကြည်းမှုများ ရှိနေသည်၊ ဤအရာက သင်၏ လိုက်စားမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းသွားပြီဖြစ်ကြောင်းကို ညွှန်ပြသည်။ သင်သည် ထိုသို့သော နက်ရှိုင်းသည့် နာကြည်းမှုကို တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ကြီးထွားလာခဲ့ခြင်း မဟုတ်ပေ။ ယင်းသည် အချိန်ကြာမြင့်စွာ တည်ဆောက်လာခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းစတင်ခဲ့သည့်အချိန်မှစ၍ မှားယွင်းသော သဘောထားအမြင်တစ်ခုကို စိတ်ထဲတွင်ထားလျက် ဘုရားသခင်ရှေ့မှောက်သို့ လာရောက်နေခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ သူ မည်သည့်အရာကို ပြောဆိုခဲ့သည်ဖြစ်စေ သင်သည် ထုံကျင်နေခဲ့ကာ၊ ရလဒ်အနေဖြင့် သင်သည် မည်သည့်နောင်တ သို့မဟုတ် မည်သည့် အကြွေးတင်ရှိခြင်းကိုမျှ လုံးဝ မခံစားရပေ။ ယနေ့ အမှုအရာများ ဤသို့ဖြစ်နေသည့်အခြေအနေသို့ ဆိုက်ရောက်စေခဲ့သည်မှာ ထိုအရာဖြစ်ကောင်းဖြစ်နိုင်သည်။ သင့်အနေဖြင့် အမြန်ဆုံး ဝန်ခံပြီး နောင်တရလျှင် ပိုကောင်းမည်။ နောင်တရရန် အချိန်ရှိသေးသည်။ သင်သည် နောင်တမရသည့်အပြင်၊ မကောင်းမှုကို ဆက်လက်လုပ်ဆောင်ပြီး အပျက်သဘောဆောင်ခြင်းကို ပွင့်အံချနေမည်ဆိုလျှင်၊ သင်သည် နတ်ဆိုးတစ်ဦး၊ အန္တိခရစ်တစ်ဦး ဖြစ်လာလိမ့်မည်။ ဘုရားအိမ်တော်က သင့်ကို ရှင်းလင်းပစ်သည့်အခါ၊ သင်သည် ကယ်တင်ခြင်းခံရရန် မည်သည့်အခွင့်အရေးမျှ ရှိတော့မည်မဟုတ်ပေ။ ဘုရားအိမ်တော်က ပြစ်တင်ရှုတ်ချသည့်အရာကို ဘုရားသခင်ကလည်း ပြစ်တင်ရှုတ်ချသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ခဲ့သော နှစ်ပေါင်းများစွာတစ်လျှောက် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခကို ပေးဆပ်နိုင်စွမ်းရှိသည်ကို ထောက်ထား၍ ငါတို့သည် သင့်အား ဤသတိပေးချက်ကို ပေးနေခြင်း ဖြစ်သည်။ ငါတို့သည် သင့်အား အခွင့်အရေးတစ်ခု ပေးနေခြင်း ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ ကိုယ်ပိုင်နည်းလမ်းကိုသာ မလျှော့တမ်းလုပ်ဆောင်ပြီး အကြံဉာဏ်ကို နားမထောင်ရန် ငြင်းဆန်ပါက၊ ဘုရားအိမ်တော်က သင့်ကို ရှင်းလင်းပစ်ရန် ဆုံးဖြတ်လိုက်သည့်အခါ၊ သင်သည် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး မဟုတ်တော့ပေ။ သင် ကယ်တင်ခြင်းခံရမည့် မျှော်လင့်ချက်မှာ သုညဖြစ်သွားလိမ့်မည်။ ထိုအချိန်ကျရောက်သည့်အခါ၊ သင်သည် အမှန်တကယ်ပင် မည်သည့်အရာမျှ ရရှိပြီးဖြစ်လိမ့်မည်မဟုတ်ပေ။ ထိုအခါ နောင်တမရနှင့်။ ယခု သင့်အတွက် အရေးအကြီးဆုံးမှာ သင်၏ အတွေးများ၊ သဘောထားအမြင်များနှင့် သင်၏ လိုက်စားမှု ဦးတည်ချက်တို့ကို ပြောင်းလဲပစ်ရန် ဖြစ်သည်။ အမှုအရာတစ်ခုခုကို ရရှိရန် အစဉ်အမြဲ မရှာဖွေနှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်လော့။ ဘုရားသခင်က လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြောင်း ဖော်ထုတ်သည့်အရာထဲမှ မည်မျှကို သင် ဆင်ခြင်သုံးသပ်ပြီး မိမိကိုယ်တိုင်၌ သိရှိနိုင်သည်ကို ကြည့်ရှုလော့။ သင်ကိုယ်တိုင်၌ သင် ဖော်ထုတ်နိုင်သော ပြဿနာများ၊ သင် ရှင်းလင်းစွာ မြင်နိုင်သော ပြဿနာများကို သင် ဖြေရှင်းပြီးပြီလော။ ဘုရားသခင်အပေါ် သင်၏ ပုန်ကန်မှုကို သင် အသိအမှတ်ပြုပြီးပြီလော။ သင် ယင်းကို ဖြေရှင်းပြီးပြီလော။ သင် ယခု ရင်ဆိုင်နေရသော အကြီးမားဆုံးပြဿနာမှာ ဘုရားသခင်နှင့် အစဉ်အမြဲ စာရင်းရှင်းလိုခြင်း ဖြစ်သည်။ ဤသည်မှာ အဘယ်ပြဿနာဖြစ်သနည်း။ ဤသည်မှာ ဖြေရှင်းရန်လိုအပ်သော ပြဿနာတစ်ခု မဟုတ်လော။ သင်သည် ဘုရားသခင်ကို အချို့သော ရည်ရွယ်ချက်ဖြင့်၊ စိတ်ထဲတွင် အပေးအယူတစ်ခုဖြင့် အစဉ်အမြဲ ယုံကြည်သည်။ သင်သည် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများအတွက် ကြိုးစားအားထုတ်မှု၊ အသုံးခံခြင်းနှင့် ဇာတိပကတိဆိုင်ရာ ဆင်းရဲဒုက္ခတို့ကို လဲလှယ်ရန် မျှော်လင့်လျက် ကောင်းချီးများရရှိရန် အစဉ်အမြဲ စိတ်အားထက်သန်နေသည်။ ဤသည်မှာ ဓားပြတစ်ဦး၏ ဆင်ခြင်တွေးခေါ်မှုစနစ် မဟုတ်လော။ ဘုရားသခင်သည် မည်သို့သောလူစားမျိုးအပေါ် ကောင်းချီးများ ပေးသနားသည်၊ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အဘယ်အရာဖြစ်သည်၊ ဘုရားသခင်သည် လူတို့အား မည်သည့်အရာကို ပြောဆိုခဲ့သည်၊ ဘုရားသခင်၏ ကတိတော်များကို လက်ခံရရှိရန် လူတို့ မည်သည့်အရာကို စွမ်းဆောင်ရရှိရန် လိုအပ်သည်ဟူသည်တို့ကို သင် အဘယ်ကြောင့် မကြည့်ရှုသနည်း။ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး အမှန်တကယ် ကယ်တင်ခြင်းခံရလိုလျှင်၊ ဘုရားသခင်ထံမှ တစ်စုံတစ်ခုကို ရရှိရန် အမြဲ မကြိုးစားနှင့်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ မည်မျှကို လက်တွေ့လုပ်ဆောင်ပြီးဖြစ်သည်၊ သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာသောသူတစ်ဦး ဟုတ်၊ မဟုတ်ဟူသည်တို့ကို ကြည့်ရှုရန် လိုအပ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာခြင်းသည် ရုပ်ပိုင်းအရ အနည်းငယ် ဆင်းရဲဒုက္ခခံကာ အဖိုးအခအနည်းငယ် ပေးဆပ်ရုံမျှသာမဟုတ်ဘဲ၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ပြီး အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မဖြေရှင်းရသေးသည့်အပြင်၊ သင် ပေးဆပ်သော အဖိုးအခအားလုံးနှင့် သင် ကြုံတွေ့ရသော ဆင်းရဲဒုက္ခအားလုံးတွင် ရည်ရွယ်ချက်များ ရှိနေသည်။ ဘုရားသခင်သည် ဤအရာကို အသိအမှတ်မပြုပေ။ သူသည် ထိုသို့သော အဖိုးအခကို အလိုမရှိပေ။ အကယ်၍ သင်သည် ဘုရားသခင်နှင့် စာရင်းရှင်းရန် မလျှော့တမ်းလုပ်ဆောင်ပါက၊ အကယ်၍ သင်သည် ဘုရားသခင်နှင့် ငြင်းခုံပြီး ယှဉ်ပြိုင်ရန် မလျှော့တမ်းလုပ်ဆောင်ပါက၊ သင်သည် သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနေခြင်းဖြစ်ပြီး၊ သူသည် သင့်ကို သင့်သဘောအတိုင်း နေခွင့်ပြုလိမ့်မည်၊ ငရဲသို့ အပြစ်ဒဏ်ခံရန် စေလွှတ်လိမ့်မည်။ ဤသည်မှာ မကောင်းမှုပြုခြင်းအတွက် အပြစ်ဒဏ်ဖြစ်သည်။ သင်သည် ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များစွာကို မွေ့လျော်ခံစားခဲ့ရပြီး၊ သူသည် သင့်အား အချို့သော အထူးရုပ်ဝတ္ထုဆိုင်ရာ ဆက်ဆံမှုကို ပေးသနားခဲ့ပြီးဖြစ်သည်။ သင် ရသင့်သည့်အရာကို သင် ရရှိပြီးဖြစ်သည်၊ သင်သည် ဘုရားသခင်ထံမှ နောက်ထပ် ဘာလိုချင်သေးသနည်း”ဟု ပြောနိုင်သည်။ သင်သည် ဤနှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ခဲ့လျှင်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိသောသူတစ်ဦး၏ ညည်းညူသော စိတ်အခြေအနေသည် ယင်းတို့ကို ကြားရသည့်အခါ အနည်းငယ် လျော့ပါးသွားမည် မဟုတ်လော။ ဖြူစင်သော နားလည်သဘောပေါက်ခြင်းနှင့်ဆိုင်သည့် ဤစကားများသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (ကိုက်ညီပါသည်။) အကယ်၍ လူတစ်ဦးတွင် လူ့သဘာဝနှင့် ဆင်ခြင်တုံတရား ရှိပါက၊ ယင်းတို့ကို နားလည်ပြီး လက်ခံနိုင်သည်။ လူ့သဘာဝမရှိသောသူများ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားကင်းမဲ့သောသူများသာလျှင် ဤစကားများသည် ၎င်းတို့ကို လှည့်စားရန် ကြိုးစားနေခြင်းဖြစ်သည်ဟုလည်းကောင်း၊ မယုံကြည်ထိုက်သည့် နားထောင်ကောင်းသော လေလုံးသာဖြစ်သည်ဟုလည်းကောင်း၊ မြင်နိုင်သော ကျေးဇူးတော် သို့မဟုတ် ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးမင်္ဂလာများကဲ့သို့ လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးကျေးဇူးမရှိဟုလည်းကောင်း တွေးထင်ကြလိမ့်မည်။ သို့ဖြစ်၍၊ ၎င်းတို့က ထိုလက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးကျေးဇူးများကို မမြင်မီတွင်၊ သင် ပြောဆိုသည့် မည်သည့်အရာမဆိုက အချည်းနှီးဖြစ်သည်။၎င်းတို့ လက်ခံလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် သင့်ကို တိုက်ရိုက် ဆန့်ကျင်မည်မဟုတ်သော်လည်း၊ သင့်ကွယ်ရာတွင် မိမိတို့၏ စိတ်နှလုံးထဲ၌ ဆက်လက်၍ အတိုက်အခံလုပ်နေမည်ဖြစ်ပြီး၊ အခါအားလျော်စွာ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချကာ၊ မိမိတို့၏ ကိုယ်ပိုင် ပံ့ပိုးမှုများကို ထုတ်ဖော်ပြသပြီး၊ မိမိတို့ ခံခဲ့ရသော ဆင်းရဲဒုက္ခများကို ရေတွက်လျက်၊ ဘုရားအိမ်တော်က ၎င်းတို့ကို မည်သို့ဆက်ဆံသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်ကို မည်သို့ ခါးစည်းခံခဲ့သည်ဟူသည်တို့ကို ရေတွက်နေမည်ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို မိမိတို့၏ စိတ်နှလုံးထဲတွင် အစဉ်အမြဲ ထားရှိကြသည်။ ၎င်းတို့အပေါ် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ၎င်းတို့ လိုချင်သည့်အရာကို မရရှိသရွေ့၊ မိမိတို့၏ ရှက်ဖွယ်ကောင်းသော အပြုအမူကို ဖော်ထုတ်လျက်၊ ၎င်းတို့၏ လူမဆန်မှုက ပေါက်ကွဲထွက်လာပြီး၊ ဒေါသတကြီး ပေါက်ကွဲကာ၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချကြသည်။ ထိုသို့သောလူတစ်ဦးကို သင် ဆက်လက်၍ ဖျောင်းဖျသင့်သေးသလော။ ရိုးရှင်းသော တိုက်တွန်းမှုတစ်ခုနောက်တွင်၊ ၎င်းတို့သည် မပြောင်းလဲသော အကျင့်စရိုက်ကိုသာ ဆက်လက်ပြသနေမည်ဆိုလျှင်၊ ၎င်းတို့၏ ပြဿနာဟောင်းများ ပြန်ပေါ်လာပြီး၊ ၎င်းတို့၏ နတ်ဆိုးသဘာဝက တစ်ဖန် ပြန်လည်ထကြွလာပါက၊ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုအခါ ကန့်သတ်ချက်များ ချမှတ်ရန် အချိန်ကျရောက်ပြီဖြစ်သည်။ ၎င်းတို့အား နောင်တရရန် အခွင့်အရေး မပေးနှင့်။ ၎င်းတို့သည် ကူညီ၍မရနိုင်တော့သည့်သူကဲ့သို့ ဖြစ်ကြသည်။ ၎င်းတို့သည် မိုက်မဲသည့်၊ ခေါင်းမာသော အကောင်ယုတ်များ ဖြစ်ကြသည်။ မည်သည့်သဘောဖြင့် ၎င်းတို့သည် “မိုက်မဲသည့်၊ ခေါင်းမာသော အကောင်ယုတ်များ” ဖြစ်ကြသနည်း။ ၎င်းတို့သည် ဖြူစင်သော လမ်းခရီးကို လက်မခံသည့်အပြင် အပြုသဘောဆောင်သည့်အရာများကို လက်မခံသည့်သဘောဖြင့် ဖြစ်သည်။ ထိုအစား၊ ၎င်းတို့သည် လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးကျေးဇူးများရရှိခြင်း၊ အခွင့်အရေးယူခြင်းနှင့် ဆုံးရှုံးမှုများ မခံစားရခြင်းတို့နှင့်ဆိုင်သည့် မိမိတို့၏ ကိုယ်ပိုင်သဘောထားအမြင်များကို ဖက်တွယ်လျက်၊ မူမမှန်သော အကြောင်းပြချက်များ၊ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို လက်ခံကြသည်။ ဘုရားအိမ်တော်က သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ ၎င်းတို့က “ထိုအရာများသည် နားထောင်ကောင်းသော စကားများချည်းသာ ဖြစ်သည်။ ကောင်းမွန်သော စကားအနည်းငယ်ကို မည်သူ မပြောနိုင်သနည်း။ သင်သာ ဆုံးရှုံးမှုခံရလျှင်၊ ထိုသို့ သင် ပြောဆိုမည်မဟုတ်”ဟု အစဉ်အမြဲ ပြောဆိုကြသည်။ ၎င်းတို့သည် ထိုသို့သော အမြင်များကို ခေါင်းမာစွာ ဖက်တွယ်ထားကြပြီး၊ မနှစ်သက်ဖွယ်ရာတစ်ခုခု ဖြစ်ပျက်သည့်အခါ သို့မဟုတ် ဆုံးရှုံးမှုတစ်ခုခု ကြုံတွေ့ရသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှ မည်သည့်အရာမျှ မရရှိခဲ့ဟု ခံစားရပြီး၊ အပျက်သဘောဆောင်ခြင်းကို တစ်ဖန် ပွင့်အံချကြလိမ့်မည်။ ၎င်းတို့ကို အခွင့်အရေး ဆက်ပေးသင့်သေးသလော။ နောက်ထပ် အခွင့်အရေး မရှိတော့ပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ကောင်းစွာမထမ်းဆောင်ဘဲ၊ ထိုအစား အခြားသူများကို နှောင့်ယှက်ပါက၊ ၎င်းတို့ကို ချက်ချင်း တားဆီးပြီး ကန့်သတ်လော့။ ၎င်းတို့ကို လွတ်လပ်စွာ စကားပြောခွင့် မပြုနှင့်။ အကယ်၍ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းကို ဆက်လက်ဖြန့်ဝေပြီး အခြားသူများကို နှောင့်ယှက်နေမည်ဆိုလျှင်၊ ၎င်းတို့ကို နောက်ထပ် မည်သည့်လောကဝတ်မျှ နောက်ထပ် မပြနှင့်။ ၎င်းတို့ကို အလျင်အမြန် ရှင်းလင်းပစ်လော့။ ဤသည်မှာ မချစ်ခင်ခြင်း မဟုတ်ပေ၊ ဟုတ်ပါသလော။ (မဟုတ်ပါ။) သမ္မာတရားကို ၎င်းတို့အား နို့သက်ခံစေ၍ သင်ကြားပေးပြီးဖြစ်သော်လည်း၊ မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့ မခံယူနိုင်ကြပေ။ ဤသည်မှာ အဘယ်အရာကို ညွှန်ပြသနည်း။ အပေါ်ယံအားဖြင့်၊ ဤသူသည် မယုံကြည်သူတစ်ဦးဟု ထင်ရသော်လည်း၊ အနှစ်သာရအားဖြင့် ၎င်းတို့သည် နတ်ဆိုးတစ်ကောင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ထံမှ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကို တောင်းဆိုရန်၊ အကျိုးကျေးဇူးများ ရရှိရန် ဘုရားအိမ်တော်သို့ ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ ယင်းတို့ကို မရမချင်း ၎င်းတို့ အနားယူမည်မဟုတ်ပေ။ အကယ်၍ ၎င်းတို့သည် အချိန်အတန်ကြာ ယုံကြည်ပြီးနောက် မည်သည့်အကျိုးကျေးဇူးမျှ မရရှိခဲ့ပါက၊ ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများ ပွင့်ထွက်လာလိမ့်မည်၊ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် မိမိတို့၏ မကျေနပ်မှုကို သွန်ချကြလိမ့်မည်ဖြစ်ပြီး၊ မကောင်းမှုကို ကျူးလွန်ကာ၊ နှောင့်ယှက်မှုများကို ဖြစ်စေလိမ့်မည်။ ဤသည်မှာ နတ်ဆိုးတစ်ကောင် ဖြစ်သည်။ ၎င်းတို့ ခံခဲ့ရသော ဆင်းရဲဒုက္ခနှင့် အသုံးခံခြင်းအနည်းငယ်သည် အခြေခံအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ပေ။ ယင်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် အကျိုးကျေးဇူးများနှင့် ကောင်းချီးမင်္ဂလာများ ရရှိခြင်းအကြောင်း၊ အပေးအယူလုပ်ခြင်းအကြောင်း သက်သက်သာ ဖြစ်သည်။ မိမိတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းမှ တစ်စုံတစ်ခုကို အစဉ်အမြဲ ရယူလိုသောသူတို့အပေါ် အမှုအရာများ ကျရောက်သည့်အခါ၊ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းကြကာ၊ “ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှ မည်သည့်အရာမျှ မရရှိခဲ့ပါ”ဟု အမြဲ ပြောဆိုကြသည်။ ထို့နောက်၊ ၎င်းတို့သည် လက်လျှော့ပြီး မဆင်မခြင် ပြုမူရန် စတင်ကြသည်။ လက်စားချေရန် ကြိုးစားပြီး၊ မိမိတို့၏ မကျေနပ်မှု စိတ်ခံစားချက်များကို ထုတ်ဖော်ရန် အပျက်သဘောဆောင်ခြင်းကို မကြာခဏ ပွင့်အံချကြသည်။ ထိုသို့သောလူတို့အား မည်သို့ဆက်ဆံရမည်ဟူသည်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ၎င်းတို့ကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်သင့်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး အနာဂတ်တွင် နောက်ထပ် နှောင့်ယှက်မှုများ ဖြစ်စေမည်မဟုတ်ကြောင်း အာမခံနိုင်ပါက၊ ၎င်းတို့အား အသင်းတော်တွင် ဆက်လက်ရှိနေရန် နောက်တစ်ကြိမ် အခွင့်အရေးပေး၍ရသည်။ အကယ်၍ ၎င်းတို့သည် အသင်းတော်၏ အလုပ်နှင့် အသက်တာကို အစဉ်အမြဲ နှောင့်ယှက်ပြီး ထိခိုက်နစ်နာစေရန် ကြိုးစားနေပါက၊ ၎င်းတို့ကို ရှင်းလင်းပစ်လော့။ ဤသည်မှာ အသင်းတော်၏ အလုပ်ကို ကာကွယ်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများက အသင်းတော်အသက်တာကို အနှောင့်အယှက်မရှိဘဲ အသက်ရှင်နေထိုင်နိုင်ရန် သေချာစေဖို့အတွက် ဖြစ်သည်။ ဤစည်းမျဉ်းကို အခြေခံ၍ ဤဆုံးဖြတ်ချက်ကို ချမှတ်ပြီး ဤနည်းလမ်းကို အသုံးပြုခြင်း ဖြစ်သည်။ ယင်းမှာ သင့်တင့်လျောက်ပတ်ပေသည်။

အသင်းတော်အသက်တာတွင် အခြားမည်သူက အပျက်သဘောဆောင်ခြင်းကို ပွင့်အံချတတ်သနည်း။ အချို့လူများသည် အမြဲ နမော်နမဲ့ဖြစ်လျက် မိမိတို့၏ တာဝန်ကို ရလဒ်များမရှိဘဲ ထမ်းဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းမပြုဘဲ ဘုရားသခင်သည် ဖြောင့်မတ်ခြင်း သို့မဟုတ် တရားမျှတခြင်း မရှိကြောင်း၊ ဘုရားသခင်သည် အခြားသူများကို အမြဲ ကျေးဇူးပြုသည့်သဘောဖြင့် ဆက်ဆံပြီး ၎င်းတို့ကိုမူ ထိုသို့မဆက်ဆံကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို အထင်သေးပြီး မည်သည့်အခါမျှ ဉာဏ်အလင်းမပေးကြောင်း အမြဲ ခံစားကြရသည်။ ထို့ကြောင့်ပင် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုမှ မည်သည့်ရလဒ်မျှ တစ်ကြိမ်တစ်ခါမျှထွက်မလာသည့်အပြင်၊ ၎င်းတို့အနေဖြင့် ထင်ပေါ်ပြီး အထင်ကြီးလေးစားခြင်းခံရမည့် ၎င်းတို့၏ ပန်းတိုင်ကို မည်သည့်အခါမျှ မရောက်နိုင်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အပေါ် မကျေနပ်ချက်များကို စတင်ထားရှိကြပြီး ထိုသို့ပြုသည်နှင့်အမျှ မိမိတို့၏ တာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်သောသူများအပေါ် မနာလိုခြင်း၊ စက်ဆုပ်ရွံရှာခြင်းနှင့် မုန်းတီးခြင်းတို့ ဖြစ်ပေါ်လာကြသည်။ ထိုသို့သောလူများ၌ မည်သည့် လူ့သဘာဝမျိုး ရှိသနည်း။ ၎င်းတို့သည် စိတ်ထားကျဉ်းမြောင်းကြသည် မဟုတ်လော။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားအား မည်သို့လိုက်စားရမည်ကို နားမလည်ကြသည် မဟုတ်လော။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့ နားမလည်ကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တာဝန်ထမ်းဆောင်ခြင်းသည် အမှတ်များနှင့် အဆင့်များကို အမြဲ နှိုင်းယှဉ်ရန် လိုအပ်သည့် ကျောင်းသားတစ်ဦးအဖြစ် တက္ကသိုလ်ဝင်တန်းဖြေဆိုခြင်းကဲ့သို့ ဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဤအရာများကို အလွန်အရေးထားကြသည်။ ယင်းမှာ ၎င်းတို့၏ အခြေအနေ မဟုတ်လော။ ပထမဦးစွာ သမ္မာတရားကို သဘောပေါက်နားလည်ခြင်း၏ ရှုထောင့်အမြင်မှကြည့်လျှင် ထိုသို့သောလူများ၌ ဝိညာဉ်ရေးရာ သိနားလည်မှု ရှိသလော။ ၎င်းတို့၌ မရှိသည့်အပြင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကိုလည်း ၎င်းတို့ နားမလည်ကြပေ။ တစ်ဖက်တွင် ၎င်းတို့သည် အခြားသူများကြားတွင်ရှိသော မိမိတို့၏ အဆင့်အတန်းကို အလွန်အရေးထားကြသည်။ အခြားတစ်ဖက်တွင်မူ ၎င်းတို့သည် လူတို့၏ ဘုရားသခင်ကို ယုံကြည်မှုနှင့် တာဝန်ထမ်းဆောင်ခြင်းကို ဤနည်းလမ်းဖြင့် တိုင်းတာလျက်၊ ကျောင်းတွင်ရှိသည့် ကျောင်းသားများကို အကဲဖြတ်နေသည့်အလား အခြားသူများက မိမိတို့၏ တာဝန်များကို မည်မျှကောင်းစွာ ထမ်းဆောင်သည်ကိုလည်းကောင်း၊ မိမိတို့ကိုယ်တိုင် မည်မျှကောင်းစွာ ထမ်းဆောင်သည်ကိုလည်းကောင်း အကဲဖြတ်ရန် အမှတ်ပေးသည့်နည်းလမ်းကို အမြဲအသုံးပြုကြသည်။ ဤအရာနှင့်ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းနေသည် မဟုတ်လော။ ထို့အပြင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် အားထုတ်ကြိုးပမ်းသော နည်းလမ်းသည် မှားယွင်းနေသည် မဟုတ်လော။ ၎င်းတို့သည် စာလေ့လာခြင်း၊ စာမေးပွဲဖြေဆိုခြင်းတို့နှင့်ဆိုင်သည့် အားထုတ်မှုဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့် ငါတို့သည် ထိုသို့ပြောရသနည်း။ ထိုသို့သောလူများသည် ဘုရားသခင်ကို ယုံကြည်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ စည်းမျဉ်းများအား မည်သို့ရှာဖွေရမည်ကို နားလည်ကြသလော။ ၎င်းတို့သည် စည်းမျဉ်းများကို ရှာဖွေနိုင်ကြသလော။ ရှုထောင့်တစ်မျိုးအားဖြင့် ၎င်းတို့သည် စည်းမျဉ်းများအား မည်သို့ရှာဖွေရမည်ကို မသိကြပေ။ လူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ဖတ်ရှုသင့်သည်၊ သမ္မာတရားကို မည်သို့မိတ်သဟာယဖွဲ့သင့်သည်၊ မိမိတို့၏ တာဝန်များကို ကောင်းစွာ မည်သို့ထမ်းဆောင်သင့်သည်ဟူသည့် ဤကိစ္စရပ်များကို ၎င်းတို့ နားမလည်သည့်အပြင် ဂရုလည်းမစိုက်ကြပေ။ စည်းမျဉ်းများကို ရှာဖွေပြီး ယင်းတို့နှင့်အညီ လုပ်ဆောင်ရမည်ကိုသာ ၎င်းတို့ သိကြသော်လည်း စည်းမျဉ်းများက မည်သည့်အရာကို ပြဋ္ဌာန်းထားသည်၊ ဘုရားသခင်က မည်သည့်အရာကို တောင်းဆိုသည် သို့မဟုတ် အခြားသူများက စည်းမျဉ်းများနှင့်အညီ မည်သို့လုပ်ဆောင်သည်ဟူသည်တို့နှင့်ပတ်သက်၍မူ ၎င်းတို့၌ သိနားလည်မှု ကင်းမဲ့ကြသည်။ ထိုအရာကို ၎င်းတို့ နားကိုမလည်ကြပေ။ အခြားရှုထောင့်တစ်မျိုးအားဖြင့်မူ လူတို့၏ တာဝန်ထမ်းဆောင်မှုက စံနှုန်းပြည့်မီခြင်း ရှိမရှိဟူကို တိုင်းတာရန် ဘုရားသခင်၏ စံနှုန်းများနှင့် တာဝန်ထမ်းဆောင်ရာတွင် လူတို့အပေါ် သူတောင်းဆိုသော စည်းမျဉ်းများကို အခြေခံ၍ တာဝန်ထမ်းဆောင်မှုကို ၎င်းတို့ အကဲဖြတ်နိုင်စွမ်း ရှိကြသလော။ ဤကိစ္စရပ်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညီအစ်ကိုမောင်နှမများ၏ မိတ်သဟာယဖွဲ့ခြင်းတို့မှ ၎င်းတို့ နားလည်နိုင်ကြသလော။ ပထမဦးစွာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ကြသည့်အပြင် တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း နားမလည်ကြပေ။ ၎င်းတို့ ဘုရားသခင်ကို စတင်ယုံကြည်ပြီး တာဝန်များ ထမ်းဆောင်လာပြီးနောက် ၎င်းတို့က၊ “ငါကျောင်းတက်နေခဲ့ချိန်တွင် စည်းမျဉ်းတစ်ခုကို ငါရှာဖွေတွေ့ရှိခဲ့သည်။ သင်သည် အလုပ်ကြိုးစားလုပ်ဆောင်ပြီး ပို၍စာကြိုးစားလိုစိတ်ရှိသရွေ့ မြင့်မားသော အမှတ်များကို ရရှိနိုင်သည်။ သို့ဖြစ်၍ ဘုရားသခင်ကို ယုံကြည်ရာ၌လည်း ထိုသို့ပင် ငါလုပ်ဆောင်မည်။ ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် ပို၍ဖတ်ရှုမည်၊ ပို၍ဆုတောင်းမည်။ အခြားသူများ စကားစမြည်ပြောနေစဉ် သို့မဟုတ် အစာစားနေစဉ်တွင် ငါသည် ဓမ္မတေးများကို သင်ယူပြီး ဘုရားနှုတ်ကပတ်တော်များကို အလွတ်ကျက်မှတ်မည်။ ထိုသို့သော အားထုတ်မှုဖြင့် ဘုရားသခင်သည် ငါ၏ အလုပ်ကြိုးစားမှု၊ လုံ့လဝီရိယရှိမှုနှင့် ဇွဲလုံ့လရှိမှုတို့အရ ငါ့ကို သေချာပေါက် ကောင်းချီးပေးလိမ့်မည်ဖြစ်ပြီး ငါ၏ တာဝန်ထမ်းဆောင်မှုသည်လည်း ဧကန်မုချ အကျိုးဖြစ်ထွန်းလိမ့်မည်။ ငါသည် အခြားသူများကြားတွင် မြင့်မားသော အမှတ်များရရှိရန် သေချာပြီး တန်ဖိုးထားခြင်းနှင့် ရာထူးတိုးမြှင့်ခြင်းတို့ကို ခံရလိမ့်မည်” ဟူ၍ တွေးဆသည်။ သို့သော်လည်း ထိုသို့ပြုလုပ်လင့်ကစား၊ ၎င်းတို့သည် မိမိတို့၏ ဆန္ဒများကို စွမ်းဆောင်ရရှိနိုင်ခြင်း မရှိသေးပေ။ “အဘယ်ကြောင့် ငါသည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် အခြားသူများထက် ထိရောက်မှု နည်းနေရဆဲ ဖြစ်သနည်း။ ငါသည် ရာထူးတိုးမြှင့်ခြင်း သို့မဟုတ် အရေးကြီးသော အလုပ်များအတွက် အသုံးပြုခြင်းကို အဘယ်သို့ဖြစ်ပြီး တစ်ကြိမ်တစ်ခါမျှခံရမည်နည်း။ ဤသည်မှာ မျှော်လင့်ချက်မရှိဟု ဆိုလိုသည် မဟုတ်လော။ ငါသည် မွေးရာပါ ယှဉ်ပြိုင်လိုစိတ်ရှိပြီး အခြားသူများနောက်တွင် ကျန်ရစ်ရန် မလိုလားသူ ဖြစ်သည်။ ငါ ကျောင်းတက်စဉ်က ထိုသို့ဖြစ်ခဲ့ပြီး ဘုရားကို ငါ၏ ယုံကြည်ခြင်း၌လည်း ထိုသို့ပင် ဖြစ်နေဆဲဖြစ်သည်။ ငါ့ထက်သာသောသူ မည်သူကိုမဆိုထက် သာလွန်ဖို့ ငါ စိတ်ပိုင်းဖြတ်ထားသည်။ ထိုသို့မသာမချင်း ငါနားမည်မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ မှန်ကန်သော နည်းလမ်းနှင့် ချဉ်းကပ်မှုဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ဖတ်ရှုခြင်းနှင့် ဓမ္မတေးများကို ပို၍သင်ယူခြင်းအပေါ် ခံနိုင်ရည်ရှိရန် စာကြိုးစားခြင်း၏ အားထုတ်မှုအား အသုံးချရုံမျှဖြင့်လည်းကောင်း၊ အကျိုးမရှိသော စကားစမြည်ပြောခြင်းတွင် မပါဝင်ခြင်း၊ ဝတ်စားဆင်ယင်မှုကို အာရုံမစိုက်ခြင်း၊ အိပ်ချိန်လျော့ခြင်းနှင့် မိမိတို့ကိုယ်ကို မွေ့လျော်မှုလျှော့ခြင်း၊၊ မိမိတို့၏ ကိုယ်ကိုထိုး၍နှိပ်စက်ခြင်းနှင့် ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာရှိမှုများတွင် မမွေ့လျော်ခြင်းတို့ဖြင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိနိုင်မည်ဖြစ်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ရလဒ်များ ရရှိရန် သေချာသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သို့သော်လည်း အမှုအရာများသည် ၎င်းတို့ မျှော်လင့်ထားသည်နှင့် အမြဲတစေ ကွဲပြားစွာ ဖြစ်ပေါ်လာသည်။ “အဘယ်ကြောင့် ငါသည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် အမြဲတစေ အမှားများ ပြုလုပ်နေရဆဲဖြစ်သနည်း။ ပြီးလျှင် အဘယ်ကြောင့် အခြားသူများလောက် ကောင်းစွာ မထမ်းဆောင်နိုင်ရသေးသနည်း။ အခြားသူများက အမှုအရာများကို လျင်မြန်စွာနှင့် ကောင်းမွန်စွာ လုပ်ဆောင်ကြပြီး ခေါင်းဆောင်က ၎င်းတို့ကို အမြဲ ချီးမွမ်းကာ အထင်ကြီးလေးစားသည်။ ငါသည် ဆင်းရဲဒုက္ခနှင့် အခက်အခဲများစွာကို ခါးစည်းခံခဲ့ရပြီးဖြစ်သည်။ အဘယ်ကြောင့် ငါသည် ရလဒ်များ မရရှိသေးသနည်း” ဟူ၍ ဖြစ်သည်။ ဤအရာကို ၎င်းတို့ တွေးဆသည်နှင့်အမျှ နောက်ဆုံးတွင် အရေးပါသည့် တွေ့ရှိချက်တစ်ခုကို ရရှိကြသည်။ “လက်စသတ်တော့၊ ဘုရားက မဖြောင့်မတ်ပါ။ငါသည် ဘုရားကို အချိန်ကြာမြင့်စွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း အခုမှသာ ထိုရာကို သိမြင်သည်။ ဘုရားက သူကျေးဇူးပြုချင်သည့်သူ မည်သူမဆိုကို ကျေးဇူးပြုသည်။ ထို့ကြောင့် သူက ငါ့ကို အဘယ်ကြောင့် ကျေးဇူးပြုချင်စိတ် မရှိရသနည်း။ ငါသည် မိုက်မဲသောကြောင့်လော၊ မြှောက်ပင့်ခြင်းနှင့်အပြောကောင်းခြင်းတို့ကို ငါ ဉာဏ်မမီနိုင်သောကြောင့်လော၊ ငါသည် ဉာဏ်မထက်မြက်သောကြောင့်လော။ သို့မဟုတ် ငါသည် အလွန် သာမန်ဖြစ်ပုံရပြီး ပညာသိပ်မတတ်သောကြောင့်လော။ ဤသည်မှာ ဘုရားက ငါ့ကို ဖော်ထုတ်နေခြင်း မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်များစွာကို ငါ ဖတ်ပြီးဖြစ်သည်၊ ဘုရားက ငါ့ကို အဘယ်ကြောင့် ကျေးဇူးမပြုဘဲ ထိုအစား ဖော်ထုတ်နေရသနည်း” ဟူ၍ ဖြစ်သည်။ ထိုအကြောင်းကို ၎င်းတို့ တွေးတောသည်နှင့်အမျှ အပျက်သဘောဆောင်လာကြသည်။ “ငါ့တာဝန်ကို ငါ မထမ်းဆောင်ချင်တော့ပါ။ ငါ တာဝန်ထမ်းဆောင်နေစဉ်တွင် ဘုရား၏ကောင်းချီးပေးခြင်းကို မခံခဲ့ရပါ။ ပြီးလျှင် ဘုရား၏နှုတ်ကပတ်တော်များကို ပိုဖတ်ရှုသော်လည်းသူက ငါ့ကို ဉာဏ်အလင်းမပေးခဲ့ပါ။ ဘုရားက သူကျေးဇူးပြုချင်သည့်သူကို ကျေးဇူးပြုပြီး သူကရုဏာပြချင်သည့်သူကို ကရုဏာပြသည်ဟု ဘုရားနှုတ်ကပတ်တော်များတွင် ပြောထားသည်။ ငါသည် ဘုရား ကရုဏာပြသည့်သူ သို့မဟုတ် ကျေးဇူးပြုသည့်သူ မဟုတ်ပါ။ ဤညှဉ်းဆဲခြင်းကို ငါ အဘယ်ကြောင့် ခံစားရမည်နည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့ ပို၍တွေးလေ၊ ပို၍ အပျက်သဘောဆောင်လာလေဖြစ်ပြီး ရှေ့ဆက်ရန် နည်းလမ်းမရှိဟု ပို၍ ခံစားလာရလေဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ နာကြည်းချက်များကြောင့် မွန်းကျပ်သည်ဟု ခံစားရပြီး မိမိတို့၏ တာဝန်ကို မထမ်းဆောင်ချင်တော့ပေ။ ပြီးလျှင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ဟန်ပြသာလုပ်ဆောင်ကြသည်။ အခြားသူများက စည်းမျဉ်းများကို မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့ နားမဝင်ပေ။ ၎င်းတို့စိတ်ထဲ၌ မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။ ၎င်းတို့သည် ဤ အခြေအနေမျိုးတွင် ရှိနေသည့်အခါ ၎င်းတို့၌ အသက် ဝင်ရောက်မှုတစ်ခုတလေ ရှိသလော။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိမှုတစ်ခုတလေ ရှိသလော။ မရှိတော့သည့်အပြင် တစ်ချိန်က ၎င်းတို့ရှိခဲ့သော အားထုတ်မှုနှင့် လုံ့လဝီရိယ အနည်းငယ်သည်လည်း မရှိတော့ပေ။ သို့ဆိုလျှင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မည်သည့်အရာ ကျန်ရှိသနည်း။ “ဖြစ်လာသည့်အတိုင်းသာ အစီအစဉ်များကို ငါလုပ်သွားမည်ဖြစ်ပြီး ဖြစ်လာသည့်အတိုင်းသာ လက်ခံလိုက်မည်။ ဘုရားက ငါ့ကို စွန့်လွှတ်လျက် ယခုအချိန်၌ မည်သည့်နေ့တွင်မဆို ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းနိုင်သည်။ ငါ့ကို တာဝန်မထမ်းဆောင်ခွင့် မပြုတော့သည့်နေ့ ရောက်လာသောအခါ ငါ တာဝန်ထမ်းဆောင်မည်မဟုတ်။ ငါ လုံလောက်အောင် မတော်မှန်း ငါသိသည်။ ဘုရားက ငါ့ကို အခုထိ မဖယ်ရှားသေးသော်လည်း၊ သူ ငါ့ကို မနှစ်သက်မှန်း ငါသိသည်။ ငါ ဖယ်ရှားခံရဖို့ကအချိန်နှင့်သာဆိုင်သည်”ဟူ၍ ဖြစ်သည်။ ဤအတွေးများနှင့် အမြင်များသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖြစ်ပေါ်လာပြီး အခြားသူများနှင့် ၎င်းတို့ဆက်ဆံသည့်အခါ ထိုသို့သော မှတ်ချက်စကားများကို ရံဖန်ရံခါ လွှတ်ခနဲ ပြောမိကြသည်။ “သင်တို့အားလုံးပဲ လေးလေးနက်နက် ဆက်ယုံကြည်ကြလော့။ သင်တို့၏ ယုံကြည်ခြင်းနှင့် တာဝန်ထမ်းဆောင်မှုများသည် ဘုရား၏ ကောင်းချီးပေးခြင်းကို ခံရဖို့ သေချာသည်။ ကျွန်ုပ်အတွက် ရှေ့ဆက်စရာလမ်းမရှိတော့ပြီ။ ကျွန်ုပ် မည်မျှပင် လုံ့လဝီရိယရှိသည်ဖြစ်စေ၊ အလုပ်ကြိုးစားသည်ဖြစ်စေ၊ အသုံးမဝင်ပါ။ ဘုရားက တစ်စုံတစ်ယောက်ကို မနှစ်သက်လျှင်၊ သူ ထားရှိသည့် မည်သည့် အားထုတ်မှုပမာဏကမျှ အသုံးမဝင်ပါ။ ကျွန်ုပ်သည် ကိုယ်တတ်နိုင်သည့်အတိုင်း အားထုတ်ပြီး တာဝန်ထမ်းဆောင်သည်။ ကျွန်ုပ်၏ အားထုတ်မှုများ အရာမထင်လျှင်၊ ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာမျှ လုပ်စရာမရှိပါ။ ဘုရားက လူတို့ကို မိမိတို့တတ်နိုင်သည်ထက် ပိုပြီး လုပ်ဆောင်ရန် အနိုင်အထက်ပြုစေခိုင်းနိုင်သလော။ ဘုရားက ငါးတစ်ကောင်ကို ကုန်းပေါ်တွင် အတင်းနေခိုင်း၍ မရပါ” ဟူ၍ ဖြစ်သည်။ ဤနေရာတွင် မည်သည့်အရာကို ပြောဆိုနေခြင်း ဖြစ်သနည်း။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ “ဤသည်မှာ ကျွန်ုပ်ဖြစ်သည့်ပုံစံဖြစ်သည်။ ဘုရားက ကျွန်ုပ်ကို မည်သို့ ဆက်ဆံပါစေ၊ ဤသည်မှာကျွန်ုပ်၏ သဘောထားပဲ ဖြစ်လိမ့်မည်” ဟူ၍ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ထိုသို့သော သဘောထားနှင့် ကြံရွယ်ချက်ရှိသော တစ်စုံတစ်ဦးသည် အဘယ်ကြောင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိလိုနေဆဲ ဖြစ်သနည်း။ ၎င်းတို့ ဖြစ်ပေါ်လာသော ဤအခြေအနေနှင့် ဤသဘောထားသည် အခြားသူများကို လွှမ်းမိုးနိုင်သလော။ ၎င်းတို့သည် အခြားသူများကို အပျက်သဘောနှင့် အားနည်းခြင်းထဲသို့ ပို့ဆောင်လျက် အပျက်သဘောဆောင်ပြီး ဆိုးရွားသော လွှမ်းမိုးမှု အလွယ်တကူ ရှိနိုင်သည်။ ဤသည်မှာ အခြားသူများကို အထင်အမြင်မှားစေပြီး ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ ထိုသို့သော အတိုင်းအတာအထိ အပျက်သဘောဆောင်သော လူများသည် နတ်ဆိုးများ ဖြစ်သည် မဟုတ်လော။ နတ်ဆိုးများသည် သမ္မာတရားကို မည်သည့်အခါမျှ မချစ်ကြပေ။

အချို့လူများသည် ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းကို ရှည်လျားသော ရှင်းလင်းချက်များဖြင့် ပွင့်အံချခြင်းမရှိကြပေ။ ၎င်းတို့က၊ “သင်တို့အားလုံးသည် ကျွန်ုပ်ထက် ပိုတော်ကြသည်။ သင်တို့အားလုံးသည် ကြီးစွာ ကောင်းချီးခံစားကြရသည်။ ကျွန်ုပ်က မျှော်လင့်ချက်မဲ့နေပြီ။ ကျွန်ုပ် မည်မျှကြိုးစားသည်ဖြစ်စေ အသုံးမဝင်ပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိဖို့ မျှော်လင့်ချက် မရှိပါ” ဟူ၍ စကားစုအနည်းငယ်ဖြင့် ရိုးရှင်းစွာပြောဆိုကြသည်။ စကားလုံးများသည် ရိုးရှင်းပြီး ပြဿနာမရှိဟု ထင်ရသော်လည်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆန်းစစ်နေသည့်အလား၊ မိမိတို့ကိုယ်ကို စိတ်ဖြာလေ့လာနေသည့်အလားဖြစ်ပြီး မိမိတို့၏ ညံ့ဖျင်းသော အစွမ်းအစနှင့် အားနည်းချက်များကဲ့သို့သော အဖြစ်မှန်များကို လက်ခံနေသည့်အလား ထင်ရသော်လည်း၊ လက်တွေ့တွင် ၎င်းတို့သည် မမြင်နိုင်သော အပျက်သဘောဆောင်ခြင်းတစ်မျိုးကို ပွင့်အံချနေခြင်း ဖြစ်သည်။ ဤစကားလုံးများသည် သရော်ခြင်းနှင့် လှောင်ပြောင်ခြင်းတို့အပြင် အတိုက်အခံပြုခြင်းလည်း သယ်ဆောင်ပြီး၊ ထို့ထက်ပင်ပို၍ အပျက်သဘောဆောင်ပြီး ညှိုးငယ်သော စိတ်အခြေအနေနှင့်အတူ ဘုရားသခင်နှင့်ပတ်သက်သည့် မကျေနပ်မှုကိုလည်း သယ်ဆောင်သည်မှာ အမှန်ပင် ဖြစ်သည်။ ဤအပျက်သဘောဆောင်သော စကားလုံးများသည် အနည်းငယ်သာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ဤစိတ်အခြေအနေသည် ကူးစက်ရောဂါတစ်ခုကဲ့သို့ အခြားသူများကို ထိခိုက်နိုင်သည်။ ၎င်းတို့က “ကျွန်ုပ်၏ တာဝန်များကို ကျွန်ုပ် ဆက်မထမ်းဆောင်ချင်တော့ပါ။ ကျွန်ုပ်တွင် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်မရှိပါ။ ပြီးလျှင် သင်တို့အားလုံးလည်း အန္တရာယ်ရှိကြသည်”ဟု ပွင့်ပွင့်လင်းလင်း မပြောဆိုသော်လည်း၊ ဤပုဂ္ဂိုလ်က ကြိုးစားအားထုတ်နေသော်လည်း ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်မရှိပါက ကြိုးစားအားထုတ်ခြင်းမရှိသူများသည် မျှော်လင့်ချက် ပို၍ပင် နည်းနိုင်ဖွယ်ရှိသည်ဟု လူတို့ကို ခံစားစေသည့် အချက်ပြမှုတစ်ခုကို ပေးပို့နေကြပေသည်။ ဤအချက်ပြမှုကို ထုတ်လွှင့်ခြင်းအားဖြင့် ၎င်းတို့သည် လူတိုင်းကို “မျှော်လင့်ချက်က အရေးကြီးသည်။ ဘုရားသခင်က သင့်ကို မျှော်လင့်ချက်မပေးလျှင်၊ ဘုရားသခင်က သင့်ကို ကောင်းချီးမပေးလျှင်၊ သင် မည်မျှ အားထုတ်ကြိုးပမ်းသည်ဖြစ်စေ အချည်းနှီးသာဖြစ်သည်” ဟု ပြောနေခြင်းဖြစ်သည်။ လူအများစုက ဤအချက်ပြမှုကို လက်ခံပြီးနောက်၊ ၎င်းတို့၏ အတွင်းစိတ်ထဲရှိ ဘုရားသခင်အပေါ် ယုံကြည်ခြင်းက မယုတ်လျော့ဘဲမနေနိုင်ဖြစ်သွားပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ ပြသသင့်သည့် သစ္စာစောင့်သိမှုနှင့် ရိုးသားစစ်မှန်ခြင်းတို့သည်လည်း အလွန် လျော့နည်းသွားသည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန် သို့မဟုတ် မိမိတို့ဘက်သို့ ဆွဲဆောင်ရန် ရှင်းလင်းသော ကြံရွယ်ချက်မရှိဘဲ ဤအပျက်သဘောဆောင်ခြင်းကို ပွင့်အံချသော်လည်း၊ ဤအပျက်သဘောဆောင်သော စိတ်အခြေအနေသည် အခြားသူများအား အကျပ်အတည်းတစ်ခုကို ခံစားရစေလျက်၊ ၎င်းတို့၏ အားထုတ်မှုများက အလွယ်တကူ အလဟဿဖြစ်သွားသည်ဟု ခံစားရစေလျက် လျင်မြန်စွာ ထိခိုက်လေသည်။ ယင်းက လူတို့ကို မိမိတို့၏ ခံစားချက်များအတွင်း၌ အသက်ရှင်စေပြီး၊ ဘုရားသခင်အကြောင်း ထင်ကြေးပေးရန် ခံစားချက်များကို အသုံးပြုစေကာ၊ အပေါ်ယံ အသွင်အပြင်များကို အခြေခံ၍ လူသားများအပေါ် ဘုရားသခင်၏ သဘောထားနှင့် ရိုးသားစစ်မှန်မှုကို စေ့စေ့ကြည့်ရှုစစ်ဆေးစေသည်။ ဤအပျက်သဘောဆောင်သော စိတ်အခြေအနေသည် အခြားသူများထံသို့ ကူးစက်သွားသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်နှင့် ခပ်ကင်းကင်းနေကာ ဘုရားသခင်၏ စကားများကို မယုံကြည်တော့ဘဲ ဘုရားသခင် ပြောဆိုပြီးသည့်အရာကို အထင်အမြင်လွဲမှားပြီး သံသယမဝင်ဘဲမနေနိုင်ကြပေ။ တစ်ချိန်တည်းတွင်၊ ၎င်းတို့သည် မိမိတို့၏ တာဝန်များအပေါ် ရိုးသားစစ်မှန်ခြင်း မရှိတော့ပေ။ ၎င်းတို့သည် အဖိုးအခပေးရန် မလိုလားတော့သည့်အပြင် မည်သည့်သစ္စာစောင့်သိမှုမျှ ရှိရန်လည်း မလိုလားတော့ပေ။ ဤသည်မှာ ဤအပျက်သဘောဆောင်သော မှတ်ချက်စကားများက လူတို့အပေါ် သက်ရောက်မှု ဖြစ်သည်။ ဤသက်ရောက်မှု၏ အကျိုးဆက်ကား အဘယ်နည်း။ ဤစကားများကို ကြားပြီးနောက်၊ လူတို့သည် မိမိကိုယ်ကို သိရှိခြင်းကို ရရှိရန်၊ မိမိတို့၏ အားနည်းချက်များကို ရှာဖွေတွေ့ရှိရန်၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာနိုင်ပြီး စည်းမျဉ်းများနှင့်အညီ တာဝန်များကို ထမ်းဆောင်နိုင်ရန် မဆိုထားနှင့်၊ တည်ဆောက်ခြင်းပင် မရရှိကြပေ။ ၎င်းတို့သည် ဤအပြုသဘောဆောင်သော အကျိုးရလဒ်များကို တစ်ခုမျှ မရရှိကြပေ။ ထိုအစား၊ ဤသက်ရောက်မှုသည် လူတို့ကို ပို၍ အပျက်သဘောဆောင်လာစေသည်။ သမ္မာတရားကို လိုက်စားခြင်းအား စွန့်လွှတ်ရန် စဉ်းစားစေကာ၊ မိမိတို့၏ တာဝန်များ၌ စိတ်ပိုင်းဖြတ်မှု မရှိကြတော့ပေ။ ၎င်းတို့သည် အဘယ်ကြောင့် ယုံကြည်ခြင်း ပျောက်ဆုံးသွားရသနည်း။ (သူတို့သည် မိမိတို့၌ ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်မရှိဟု ခံစားရသောကြောင့် ဖြစ်ပါသည်။) မှန်သည်၊ သင်သည် ဤသတင်းစကားကို လက်ခံခဲ့ပြီးဖြစ်ကာ သင်၌ ကယ်တင်ခြင်းနှင့်ဆိုင်သည့်မျှော်လင့်ချက်မရှိဟု ခံစားရသောကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်ရန် အားထုတ်မှုပြုဖို့ မလိုလားခြင်း ဖြစ်သည်။ ဤအပြုအမူက သင်သည် သမ္မာတရားကို စစ်မှန်စွာ လိုက်စားနေခြင်းမဟုတ်ဘဲ၊ ဘုရားသခင်သည် သင့်ကို နှစ်သက်ခြင်း ရှိမရှိ၊ သင်၌ ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက် ရှိမရှိ၊ သင်၏ တာဝန်ထမ်းဆောင်မှုကို ဘုရားသခင်က အသိအမှတ်ပြုခြင်း ရှိမရှိဟူသည်တို့ကို ခံစားချက်များ၊ စိတ်အခြေအနေများနှင့် ထင်ကြေးပေးခြင်းတို့ကို အခြေခံ၍ အမြဲတစေ အကဲဖြတ်နေကြောင်း ပြသသည်။ လူတို့သည် ဤအရာများကို ထင်ကြေးပေးခြင်းအပေါ် အခြေခံ၍ အကဲဖြတ်သည့်အခါ၊ ၎င်းတို့၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စေ့ဆော်မှု များများစားစား မရှိကြပေ။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ လူတို့သည် ထင်ကြေးပေးခြင်းအပေါ် အခြေခံ၍ ဘုရားသခင်ကို အကဲဖြတ်သည့်အခါ တိကျစွာ အကဲဖြတ်နိုင်ကြသလော။ လူတို့သည် ဘုရားသခင်၌ရှိသော အတွေးအခေါ်နှင့် စိတ်ကူးတိုင်းကို တိကျစွာ ထင်ကြေးများပေးနိုင်သလော။ (မပေးနိုင်ပါ။) လူတို့၏ စိတ်များသည် လှည့်ဖြားတတ်ခြင်း၊ အပေးအယူလုပ်ခြင်းများ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ၊ စာတန်၏ တွေးခေါ်မှုစနစ် စသည်တို့ဖြင့် ပြည့်နေသည်။ ဤအရာများကို အခြေခံ၍ ဘုရားသခင်အကြောင်း ထင်ကြေးပေးခြင်း၏ အကျိုးဆက်များကား အဘယ်နည်း။ ယင်းသည် ဘုရားသခင်ကို သံသယဝင်ခြင်း၊ ဘုရားသခင်နှင့် ခပ်ကင်းကင်းနေခြင်းအပြင်၊ ဘုရားသခင်၌ ယုံကြည်ခြင်း လုံးဝ ပျောက်ဆုံးသွားသည်အထိပင် ဖြစ်စေသည်။ လူတစ်ဦးသည် ဘုရားသခင်၌ ယုံကြည်ခြင်း လုံးဝ ပျောက်ဆုံးသွားသည့်အခါ၊ ဘုရားသခင် တည်ရှိခြင်း ရှိမရှိနှင့်ပတ်သက်၍ ၎င်း၏ စိတ်နှလုံးထဲတွင် ကြီးမားသော မေးခွန်းထုတ်စရာတစ်ခုကို မလွဲမသွေ ထားရှိခြင်းခံရလိမ့်မည်။ ထိုအချိန်တွင်၊ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအဖြစ် ၎င်း၏ အချိန်ကာလက ကုန်ဆုံးသွားလိမ့်မည်။ ၎င်းသည် လုံးလုံးလျားလျား ပျက်စီးသွားပေသည်။ ထို့အပြင်၊ လူတို့က ဘုရားသခင်အကြောင်း ထင်ကြေးပေးခြင်းသည် မှန်ကန်သလော။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦးက ဖန်ဆင်းရှင်အပေါ် ထားရှိသင့်သည့် သဘောထားမျိုး ဖြစ်သလော။ သိသာထင်ရှားစွာပင်၊ မဟုတ်ပေ။ လူတို့သည် ဘုရားသခင်အကြောင်း ထင်ကြေးများမပေးသင့်သည့်အပြင်၊ ဘုရားသခင်၏ တွေးခေါ်မှု သို့မဟုတ် လူသားများအပေါ် သူ၏ စိတ်သဘောထားကိုလည်း မမှန်းဆသင့်ပေ။ ဤအရာကိုယ်၌က မှားယွင်းပေသည်။ လူတို့သည် မမှန်သော ရှုထောင့်အမြင်နှင့် နေရာကို ခံယူထားကြပြီး ဖြစ်သည်။

လူတို့သည် ဘုရားသခင်ကို ထင်ကြေးပေးခြင်း၊ မှန်းဆခြင်း၊ သံသယဝင်ခြင်း သို့မဟုတ် မယုံသင်္ကာဖြစ်ခြင်းတို့ဖြင့် မဆက်ဆံသင့်သည့်အပြင်၊ လူ့အတွေးများနှင့် သဘောထားအမြင်များ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ သို့မဟုတ် ပညာရပ်ဆိုင်ရာ အသိပညာတို့ကို အခြေခံ၍လည်း သူ့ကို မဝေဖန်သင့်ပေ။ သို့ဆိုလျှင် လူတို့သည် ဘုရားသခင်ကို မည်သို့ဆက်ဆံသင့်သနည်း။ ပထမဦးစွာ ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်း လူတို့ ယုံကြည်သင့်သည်။ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များ၊ ၎င်းတို့အပေါ် သူ၏ ရည်ရွယ်ချက်များ၊ လူတို့အပေါ်သူ၏ ချစ်ခြင်းနှင့် မုန်းတီးခြင်း၊ အမျိုးမျိုးသော လူစားများအတွက် သူ၏ အစီအစဉ်များ၊ အတွေးများနှင့် စိတ်ကူးများ စသည်တို့သည် သင်၏ မှန်းဆခြင်းကို မလိုအပ်ပေ။ ဤကိစ္စရပ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှင်းလင်းသော ရှင်းပြချက်များနှင့် ရှင်းလင်းသော အဓိပ္ပာယ်များ ရှိသည်။ သင့်အနေဖြင့် ယုံကြည်ရန်၊ ရှာဖွေရန်၊ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။ထိုမျှ ရိုးရှင်းလှပေသည်။ ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အရာ သို့မဟုတ် သင့်ကို သူမည်သို့ရှုမြင်သည်ဟူသည်ကို ခံစားချက်များအပေါ် အခြေခံ၍ အကဲဖြတ်ရန် သင့်ကို မတောင်းဆိုပေ။ သို့ဖြစ်၍ သင်၌ ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်မရှိဟု သင်ထင်သည်။ဤသည်မှာ ခံစားချက်တစ်ခုလော သို့မဟုတ် အဖြစ်မှန်တစ်ခုလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထိုသို့ပြောဆိုခဲ့သလော။ (မပြောဆိုခဲ့ပါ။) သို့ဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာကို ပြောဆိုသနည်း။ ဘုရားသခင်သည် လူတို့အား မည်သည့်ပြဿနာကိုမဆို ရင်ဆိုင်ရသည့်အခါ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည့်အခါတိုင်းတွင် ဖြေရှင်းချက်များအတွက် သမ္မာတရားကို မည်သို့ရှာဖွေကာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကို ရှာဖွေရမည်ဟူသည်ကို ပြောပြသည်။ ဤအရာက အချက်တစ်ချက်ကို အတည်ပြုသည်- ဘုရားသခင်သည် လူတို့ကို ကယ်တင်လိုပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲပေးလိုသည်မှာ မှန်ကန်ပေသည်။ ဘုရားသခင်သည် သင့်ကို လှည့်ဖြားနေခြင်းမဟုတ်သည့်အပြင်၊ ဤသည်မှာ အနှစ်မဲ့စကား မဟုတ်ပေ။ သင်၌ ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်မရှိဟု သင်ထင်သော်လည်း၊ ယင်းမှာ ယာယီစိတ်အခြေအနေတစ်ခု၊ ပတ်ဝန်းကျင်တစ်ခုခုအောက်တွင် ဖြစ်ပေါ်လာသော ခံစားချက်တစ်ခုမျှသာ ဖြစ်သည်။ သင်၏ ခံစားချက်များသည် ဘုရားသခင်၏ အတွေးများကို ကိုယ်စားပြုရန် မဆိုထားနှင့်၊ သူ၏ လိုအင်ဆန္ဒများ သို့မဟုတ် ရည်ရွယ်ချက်များကို ကိုယ်စားမပြုသည့်အပြင် သမ္မာတရားကိုလည်း ကိုယ်စားမပြုပေ။ ထို့ကြောင့် သင်သည် ဤခံစားချက်ဖြင့် အသက်ရှင်နေထိုင်ပါက၊ ဘုရားသခင်၏ လိုအင်ဆန္ဒများကို အစားထိုးရန် သင်၏ ခံစားချက်ကို အသုံးပြုလျက် ဤခံစားချက်ကို အခြေခံ၍ ဘုရားသခင်အကြောင်း ထင်ကြေးများပေးပါက၊ သင်သည် ကြီးစွာ မှားယွင်းပြီး စာတန်၏ ထောင်ချောက်ထဲသို့ ကျရောက်သွားပြီ ဖြစ်သည်။ ဤအခြေအနေတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ခံစားချက်များကို အမှီမပြုနှင့်။ အချို့လူများက “ကျွန်ုပ်တို့အနေဖြင့် ခံစားချက်များကို အမှီမပြုသင့်လျှင်၊ မည်သည့်အရာကို အမှီပြုသင့်သနည်း” ဟု ပြောကြသည်။ သင်နှင့်ဆိုင်သည့် မည်သည့်အရာကိုမဆို အမှီပြုခြင်းသည် အသုံးမဝင်ပေ။ လူ့ခံစားချက်များသည် သမ္မာတရားကို ကိုယ်စားမပြုပေ။ သင်၏ ခံစားချက်က မည်သို့ဖြစ်ပေါ်လာသည်၊ အမှန်တကယ် မည်သည့်နေရာမှ လာသည်ကို မည်သူသိနိုင်သနည်း။ ယင်းသည် စာတန်၏ အထင်အမြင်မှားစေခြင်းခံရခြင်းကြောင့် ဖြစ်ပေါ်လာပါက ဒုက္ခဖြစ်စေတတ်ပေမည်။ မည်သို့ပင်ဖြစ်စေ၊ ထိုခံစားချက်က မည်သို့ဖြစ်ပေါ်လာသည်ဖြစ်စေ၊ သမ္မာတရားကို ကိုယ်စားမပြုပေ။ လူတစ်ဦး၏ ခံစားချက်များနှင့် အလိုလိုသိခြင်းက ပို၍ပြင်းထန်လေ၊ သမ္မာတရားကို ရှာဖွေရန်၊ ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ပြီး မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန် ပို၍လိုအပ်လေ ဖြစ်သည်။ လူ့ခံစားချက်များ၊ အဖြစ်မှန်များနှင့် သမ္မာတရားတို့သည် မတူညီသော အရာနှစ်ခု ဖြစ်သည်။ ခံစားချက်များက သင့်ကို သမ္မာတရားဖြင့် ထောက်ပံ့ပေးနိုင်သလော။ ယင်းတို့က သင့်ကို လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းတစ်ခု ဆောင်ကြဉ်းပေးနိုင်သလော။ မပေးနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားကသာလျှင် သင့်ကို လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းတစ်ခု ဆောင်ကြဉ်းပေးနိုင်သည်၊ သင့်ကို အလှည့်အပြောင်းတစ်ခုကို ဆောင်ကြဉ်းပေးနိုင်ပြီး ထွက်ပေါက်တစ်ခုကို ဖွင့်ပေးနိုင်သည်။ ထို့ကြောင့် သင်လက်တွေ့လုပ်ဆောင်သင့်သည့်အရာမှာ သင်၏ ကိုယ်ပိုင်ခံစားချက်များကို ရှာဖွေခြင်းမဟုတ်ပေ။ သင်၏ ခံစားချက်များက အရေးမကြီးပေ။ သင်လုပ်ဆောင်သင့်သည့်အရာမှာ သမ္မာတရားကို ရှာဖွေရန်၊ သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ခြင်း ဖြစ်သည်။ သင်သည် ခံစားချက်များကို ပို၍အမှီပြုလေ၊ ရှေ့ဆက်ရန် နည်းလမ်းမရှိသည်ကို ပို၍တွေ့ရှိလေ၊ အပျက်သဘောဆောင်ခြင်းထဲသို့ ပို၍နက်ရှိုင်းစွာ ကျရောက်လေဖြစ်ကာ၊ ဘုရားသခင်သည် မမျှတကြောင်း၊ ဘုရားသခင်သည် သင့်ကို ကောင်းချီးမပေးကြောင်း ပို၍ ယုံကြည်လေ ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့်၊ သင်သည် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရန်၊ သင်၏ တာဝန်ကို ထမ်းဆောင်သည့် ဖြစ်စဉ်တွင် မည်သည့်လုပ်ဆောင်ချက်များက သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ခဲ့သည်၊ မည်သည့်လုပ်ဆောင်ချက်များကို သင်၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သမ္မာတရား စည်းမျဉ်းများနှင့် လုံးဝမသက်ဆိုင်သည်ဟူသည်တို့ကို သိမြင်ရန်၊ ဤခံစားချက်များကို ဘေးဖယ်ထားပါက၊ ရှာဖွေသည့် ဖြစ်စဉ်တွင် သင်၌ ကိုယ်ပိုင်အလိုဆန္ဒ အလွန်များကြောင်း၊ စိတ်ကူးစိတ်သန်းများ အလွန်များကြောင်းကို သင်တွေ့ရှိရလိမ့်မည်။ ဤအလေးအနက်ထားမှု အနည်းငယ်ကို ကျင့်သုံးခြင်းဖြင့်ပင်၊ ပြဿနာများစွာကို သင်ဖော်ထုတ်လိမ့်မည်။ “ကျွန်ုပ်သည် အလွန်ပုန်ကန်တတ်သည်၊ အလွန် တစ်ဇွတ်ထိုးလုပ်သည်၊ အလွန်မာနထောင်လွှားပါတကား။ ကျွန်ုပ်၌ ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်မရှိခြင်း မဟုတ်ပါ။ကျွန်ုပ်၏ ခံစားချက်များက မတိကျခြင်းသာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် အလေးအနက်မထားခဲ့ခြင်းနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့မလုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်ကို ကောင်းချီးမပေးကြောင်း၊ လမ်းမပြခဲ့ကြောင်းနှင့် မျက်နှာလိုက်ကြောင်းတို့ကို ကျွန်ုပ် အမြဲတစေ ညည်းညူခဲ့သော်လည်း၊ အမှန်တကယ်တွင် ကျွန်ုပ်သည် မိမိ၏ တာဝန်ထမ်းဆောင်မှု၌ ဝတ်ကျေတမ်းကျေဖြစ်ကြောင်း၊ တဇွတ်ထိုးလုပ်တတ်ပြီး မဆင်မခြင် ဖြစ်ခဲ့ကြောင်းကို အသိအမှတ်မပြုခဲ့ပါ။ ဤသည်မှာ ကျွန်ုပ်၏ အပြစ် ဖြစ်သည်။ ယခု ကျွန်ုပ် နားလည်သဘောပေါက်သွားပြီဖြစ်သည်၊ ဘုရားသခင်သည် မျက်နှာလိုက်ခြင်း မရှိပေ။ လူတို့သည် သမ္မာတရားကို မရှာဖွေသည့်အခါ သို့မဟုတ် ဘုရားသခင်ရှေ့မှောက်သို့ မလာသည့်အခါ၊ ဘုရားသခင်သည် တာဝန်ထမ်းဆောင်ရန် ၎င်းတို့၏ အရည်အချင်းကို မရုပ်သိမ်းခြင်းဖြင့်ပင် ၎င်းတို့အပေါ် ကောင်းမြတ်နှင့်နေပြီး ဖြစ်သည်၊ ဘုရားသခင်သည် ဤကိစ္စ၌ အလွန်ပင် သက်ညှာနှင့်နေပြီး ဖြစ်သည်။ သို့သော်လည်း ကျွန်ုပ်သည် မကျေနပ်ချက်များဖြင့် ပြည့်နေသည်ဟု ခံစားရဆဲဖြစ်ခဲ့ပြီး ဘုရားသခင်နှင့်ပင် ယှဉ်ပြိုင်ကာ အငြင်းအခုံပြုခဲ့သည်။ ယခင်က ကျွန်ုပ်သည် မိမိကိုယ်ကို အတော်ကောင်းသည်ဟု ထင်ခဲ့သော်လည်း၊ ယခုအခါတွင် ထိုသို့ လုံးဝမဟုတ်ကြောင်း ကျွန်ုပ် မြင်တွေ့ရပြီ။ ကျွန်ုပ်လုပ်ဆောင်သည့်အရာ မည်သည့်အရာမဆိုသည် စည်းမျဉ်းများကို အခြေမခံခဲ့ပါ။ ဘုရားသခင်က ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ခြင်းမပြုခဲ့သည်မှာ သူ၏ ကျေးဇူးတော်သာ ဖြစ်သည်။သူသည် ကျွန်ုပ်၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုကို အသိအမှတ်ပြုခဲ့သည်တကား” ဟူ၍ ဖြစ်သည်။ ထိုသို့သော ရှာဖွေခြင်းမှတစ်ဆင့် သင်သည် အချို့သော သမ္မာတရားများကို နားလည်လာပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း တက်ကြွစွာ လက်တွေ့လုပ်ဆောင်ရန် အစပြုနိုင်လိမ့်မည်။ တဖြည်းဖြည်းနှင့် သင်သည် နေထိုင်ပြုမူရာ၌လည်းကောင်း၊ မိမိ၏ တာဝန်ကို ထမ်းဆောင်ရာ၌လည်းကောင်း အချို့သော စည်းမျဉ်းများရှိသည်ဟု ခံစားလာရလိမ့်မည်။ ဤအချိန်တွင် သင်၏ အသိစိတ်၌ ပို၍ စိတ်အေးလက်အေးဖြစ်မည် မဟုတ်လော။ “ယခင်က ကျွန်ုပ်၌ ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်မရှိဟု ခံစားခဲ့ရသော်လည်း၊ ယခုတွင် အဘယ်ကြောင့် ဤခံစားချက်၊ ဤအသိစိတ်သည် တိုး၍တိုး၍ မှေးမှိန်သွားရသနည်း။ ဤအခြေအနေသည် မည်သို့ ပြောင်းလဲသွားရသနည်း။ ယခင်က ကျွန်ုပ်၌ မျှော်လင့်ချက်မရှိဟု ထင်ခဲ့သည်။ ယင်းသည် အပျက်သဘောဆောင်ခြင်းနှင့် အတိုက်အခံပြုခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်ခြင်းမျှသာ မဟုတ်ခဲ့သလော။ ကျွန်ုပ်သည် အလွန်ပင် ပုန်ကန်တတ်လွန်းခဲ့ပါတကား” ဟူ၍ ဖြစ်သည်။ ကျိုးနွံနာခံပြီးနောက်၊ သင်၏ တာဝန်ကို ထမ်းဆောင်သည့် ဖြစ်စဉ်တွင် မသိလိုက်ဘဲ သင်သည် အချို့သော စည်းမျဉ်းများကို စတင်နားလည်လာလိမ့်မည်ဖြစ်ပြီး၊ အခြားသူများနှင့် မိမိကိုယ်ကို နှိုင်းယှဉ်တော့မည် မဟုတ်ပေ။ သင်သည် ဝတ်ကျေတမ်းကျေဖြစ်ခြင်းအား မည်သို့ရှောင်ရှားရမည်ဟူသည်နှင့် သင်၏ တာဝန်များကို စည်းမျဉ်းများနှင့်အညီ မည်သို့ထမ်းဆောင်ရမည်ဟူသည်တို့ကိုသာ အာရုံစိုက်လိမ့်မည်။ မသိလိုက်ဘဲနှင့်၊ သင်သည် ကယ်တင်ခြင်းမခံရနိုင်ဟု ခံစားရလိမ့်မည် မဟုတ်တော့သည့်အပြင်၊ ထိုအပျက်သဘောဆောင်သော အခြေအနေတွင် ပိတ်မိနေတော့မည် မဟုတ်ပေ။ သင်သည် သင်၏ တာဝန်များကို စည်းမျဉ်းများအတိုင်း ထမ်းဆောင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည်လည်း ပုံမှန်ဖြစ်လာသည်ဟု ခံစားရလိမ့်မည်။ သင့်တွင် ဤခံစားချက်ရှိသည့်အခါ၊ သင်က “ဘုရားသခင်က ကျွန်ုပ်ကို မစွန့်ပစ်သေးပါတကား။ ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်များကို ထမ်းဆောင်စဉ် ဘုရားသခင်ကို ရှာဖွေသည့်အခါ ဘုရားသခင်၏ မျက်မှောက်တော်ကို ခံစားရပြီး သူ၏ လမ်းညွှန်မှုနှင့် ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သည်။ ဘုရားသခင်သည် အခြားသူများကို ကောင်းချီးပေးပြီး ကျွန်ုပ်ကိုလည်း ကောင်းချီးပေးကြောင်း၊ ဘုရားသခင်သည် မျက်နှာလိုက်ခြင်းမရှိကြောင်းတို့ကို ကျွန်ုပ် နောက်ဆုံးတွင် ခံစားရလေပြီ။ ကျွန်ုပ်၌ ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက် ရှိနေသေးပုံရသည်။ လက်စသတ်တော့၊ ယခင်က ကျွန်ုပ် လျှောက်လှမ်းခဲ့သော လမ်းကြောင်းက မှားယွင်းခဲ့ပေသည်။ ကျွန်ုပ်သည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် အမြဲတစေ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ပြီး မဆင်မခြင်သော ဒုစရိုက်မှုများကို ကျူးလွန်ခဲ့သည့်အပြင်၊ မိမိ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲတွင် အသက်ရှင်ပြီး မိမိကိုယ်ကို အထင်ကြီးလေးစားနေခဲ့လျက် မိမိကိုယ်ကို အဆင်ပြေသည်ဟုပင် ထင်ခဲ့သည်။ ယခုအခါတွင် ထိုသို့လုပ်ဆောင်ခြင်းက ကြီးစွာသော အမှားဖြစ်ကြောင်း ကျွန်ုပ် မြင်တွေ့ရပြီ။ ဘုရားသခင်ကို ကန့်ကွက်ပြောဆိုပြီး အတိုက်အခံပြုသော အခြေအနေတစ်ခုတွင် လုံးလုံး အသက်ရှင်နေထိုင်ခဲ့သည့်အခါ၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ကျွန်ုပ် မရရှိခဲ့သည်မှာ အံ့ဩစရာမရှိပါ။ ကျွန်ုပ်သည် စည်းမျဉ်းများအတိုင်း မလုပ်ဆောင်ပါက ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို မည်သို့ ရရှိနိုင်မည်နည်း”ဟု စဉ်းစားမိလိမ့်မည်။ သင်တို့ မြင်သည် မဟုတ်လော၊ လုံးဝကွဲပြားခြားနားသော လက်တွေ့လုပ်ဆောင်ခြင်းနည်းလမ်းနှစ်မျိုး၊ မိမိ၏ ကိုယ်ပိုင်စိတ်ကူးများကို ကိုင်တွယ်ဖြေရှင်းသည့် လုံးဝကွဲပြားခြားနားသော နည်းလမ်းနှစ်မျိုးသည် နောက်ဆုံးတွင် မတူကွဲပြားသောရလဒ်များကို ဖြစ်ပေါ်စေသည်။

လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ မိမိတို့၏ ခံစားချက်များဖြင့် အသက်ရှင်၍မရပေ။ လူတို့၏ ခံစားချက်များသည် ယာယီစိတ်အခြေအနေများသာ ဖြစ်သည်။ ယင်းတို့သည် ၎င်းတို့၏ အဆုံးသတ်များနှင့် ပတ်သက်မှု တစ်ခုတလေရှိသလော။ အဖြစ်မှန်များနှင့်ကော ပတ်သက်မှုရှိသလော။ (မရှိပါ။) လူတို့သည် ဘုရားသခင်ထံမှ ဝေးရာသို့ လမ်းလွဲသောအခါ၊ ဘုရားသခင်ကို နားလည်မှုလွဲသည့် စိတ်အခြေအနေတစ်ခုတွင် ၎င်းတို့ ရှင်သန်သောအခါ၊ သို့မဟုတ် ဘုရားသခင်ကို အာခံပြီး အတိုက်အခံလုပ်သောအခါ၊ ဘုရားသခင်ကို ပွက်ပွက်ညံအောင် ကန့်ကွက်သောအခါတွင် ၎င်းတို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုကို လုံးဝ စွန့်ပစ်ပြီးဖြစ်သည်၊ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာတစ်ခု မရှိတော့ပေ။ လူတို့သည် ဤသို့သော အခြေအနေတွင် အသက်ရှင်သောအခါ ၎င်းတို့သည် ကိုယ်ပိုင်ခံစားချက်များဖြင့် အသက်မရှင်ဘဲ မနေနိုင်ပေ။ အတွေးလေးအချို့သည် ၎င်းတို့ကို မစားနိုင်၊ သို့မဟုတ် မအိပ်နိုင်သည်အထိ အလွန် စိတ်ဆင်းရဲစေနိုင်သည်၊ တစ်စုံတစ်ယောက်ထံမှ ပေါ့ပေါ့တန်တန် မှတ်ချက်တစ်ခုသည် ၎င်းတို့ကို မှန်းချက်နှင့် စိတ်ရှုပ်ထွေးမှုထဲသို့ ကျရောက်စေနိုင်ပြီး အိပ်မက်ဆိုးတစ်ခုမျှကပင် ၎င်းတို့ကို အပျက်သဘောဆောင်ပြီး ဘုရားသခင်ကို နားလည်မှုလွဲစေနိုင်သည်။ ဤရုန်းမထွက်နိုင်သည့် သံသရာဝဲဂယက်ဖြစ်ပေါ်လာသည်နှင့် လူတို့က ၎င်းတို့အတွက် ဇာတ်သိမ်းသွားပြီဟုလည်းကောင်း၊ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားပြီဟုလည်းကောင်း၊ ဘုရားသခင်၏ စွန့်ပစ်ခြင်းကို ခံရပြီဟုလည်းကောင်း၊ ပြီးလျှင် ဘုရားသခင်က ၎င်းတို့ကို ကယ်တင်မည်မဟုတ်ဟုလည်းကောင်း တွက်ချက်ကြသည်။ ဤသို့ ထင်လေလေ၊ ဤသို့သော ခံစားချက်ရှိလေလေ၊ အပျက်သဘောဆောင်မှုထဲသို့ ၎င်းတို့ကျရောက်လေလေဖြစ်သည်။ လူတို့တွင် ဤခံစားချက်များရှိရသည့် တကယ့်အကြောင်းပြချက်သည် သမ္မာတရားကို ၎င်းတို့ မရှာသောကြောင့်၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ လူတို့သည် တစ်စုံတစ်ရာ ကြုံတွေ့ရသည့်အခါ သမ္မာတရားကို မရှာဖွေ၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ မိမိတို့၏ သဘောအတိုင်း အစဉ်လုပ်ဆောင်ကာ မိမိတို့၏ သေးနုပ်သော ဉာဏ်နီဉာဏ်နက်များအလယ်တွင် အသက်ရှင်နေထိုင်ကြ၏။ သူတို့သည် နေ့ရက်တိုင်းကို မိမိတို့ကိုယ်ကို သူတစ်ပါးနှင့် နှိုင်းယှဉ်ခြင်း၊ ယှဉ်ပြိုင်ခြင်းတို့ဖြင့် ကုန်ဆုံးစေကြပြီး မိမိတို့ထက် သာသည်ဟု ယူဆသူတိုင်းကို မနာလို၍ မုန်းတီးကာ မိမိတို့ထက် နိမ့်ကျသည်ဟု ယူဆသူတိုင်းကိုမူ လှောင်ပြောင်ပြီး သရော်ကြ၏၊ စာတန်၏ စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်လျက် သမ္မာတရား စည်းမျဉ်းများနှင့်အညီ အမှုအရာတို့ကို မလုပ်ဆောင်ဘဲ လူတစ်ဦးတလေ၏ အကြံဉာဏ်ကိုမဆို လက်ခံရန် ငြင်းပယ်ကြ၏။ ဤအရာက အဆုံးတွင် သူတို့ကို အမျိုးမျိုးသော ထင်ယောင်ထင်မှားဖြစ်ခြင်းများ၊ ထင်ကြေးပေးမှုများနှင့် ဝေဖန်သုံးသပ်များ ဖြစ်ပေါ်လာစေပြီး မိမိတို့ကိုယ်ကို အစဉ်အမြဲ စိုးရိမ်ပူပန်စေ၏။ ထိုသို့သော ခါးသီးသည့် အကျိုးတရားကို မိမိတို့ကိုယ်တိုင်သာ ဖြစ်စေနိုင်ပြီး သူတို့သည် ထိုအရာနှင့် အမှန်တကယ် ထိုက်တန်ပေသည်။ဤအရာအားလုံးကို မည်သည့်အရာက ဖြစ်စေသနည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့သည် သမ္မာတရားကို မရှာဖွေကြသောကြောင့်လည်းကောင်း၊ အလွန်အမင်း မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သောကြောင့်လည်းကောင်း၊ ၎င်းတို့ကိုယ်တိုင်၏ စိတ်ကူးများနှင့်အညီ အစဉ်သဖြင့် ပြုမူလုပ်ဆောင်နေကြသောကြောင့်လည်းကောင်း၊ အစဉ်သဖြင့် ကြွားဝါပြီး မိမိတို့ကိုယ်ကို သူတစ်ပါးတို့နှင့် နှိုင်းယှဉ်ကြသောကြောင့်လည်းကောင်း၊ အစဉ်သဖြင့် မိမိတို့ကိုယ်ကို အသိအမှတ်ပြုခံရရန် ကြိုးစားနေသောကြောင့်လည်းကောင်း၊ အစဉ်သဖြင့် ဘုရားသခင်အား ကျိုးကြောင်းမသင့်သော တောင်းဆိုမှုများပြုနေကြသောကြောင့်လည်းကောင်း စသဖြင့်တို့ကြောင့် ဖြစ်သည်။ ဤအရာအားလုံးတို့သည် လူတို့ကို ဘုရားသခင်ထံမှ တဖြည်းဖြည်းချင်း သွေဖည်စေသည်။ ထပ်ခါထပ်ခါ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သမ္မာတရားကို ချိုးဖောက်စေသည်။ အဆုံးတွင် ၎င်းတို့သည် မှောင်မိုက်ခြင်းနှင့် အပျက်သဘောဆောင်ခြင်းထဲသို့ မိမိတို့ကိုယ်ကို ကျရောက်စေသည်။ ထိုသို့သောအချိန်များတွင် လူတို့သည် ဤအမှုအရာများကို မှန်ကန်သော သဘောထားဖြင့် ချဉ်းကပ်နိုင်ရန်မှာ မဆိုထားနှင့်၊ မိမိတို့၏ ပုန်ကန်မှုနှင့် ဆန့်ကျင်ခြင်းကို အမှန်တကယ် နားလည်ခြင်း မရှိကြပေ။ ယင်းအစား သူတို့သည် ဘုရားသခင်ကို စောဒကတက်ကြပြီး ဘုရားသခင်ကို အထင်အမြင်လွဲမှားကာ ကိုယ်တော်နှင့်ပတ်သက်၍ ထင်ကြေးပေးကြလေသည်။ဤသို့ဖြစ်ပျက်သောအခါ လူတို့သည် နောက်ဆုံးတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုက အလွန်နက်နဲသည်ကိုလည်းကောင်း၊ ၎င်းတို့သည် အလွန်ပင် ဒုက္ခပေးတတ်သည်ကိုလည်းကောင်း သဘောပေါက်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သော လူစားမျိုးဖြစ်သည်ဟု သတ်မှတ်ကြပြီး မထိန်းနိုင်ဘဲ အပျက်သဘောဆောင်ခြင်းထဲသို့သာ ကျရောက်သွားကာ မိမိတို့ကိုယ်ကို ပြန်၍ ဆွဲမထုတ်နိုင်ကြပေ။ ၎င်းတို့ယုံကြည်ကြသည်မှာ “ဘုရားသခင်က ငါ့ကို ပစ်ပစ်ခါခါ ငြင်းတယ်။ ဘုရားသခင်က ငါ့ကို အလိုမရှိဘူး။ ငါက အရမ်းပုန်ကန်လွန်းတယ်။ ဒါက ငါနဲ့တန်တယ်။ ဘုရားသခင်က သေချာပေါက် ငါ့ကို ကယ်တင်မှာမဟုတ်တော့ဘူး။” ဟူ၍ ဖြစ်သည်။ ဤအရာအားလုံးမှာ အမှန်တရားများဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့စိတ်နှလုံးအတွင်းရှိ ခန့်မှန်းချက်များကို အမှန်ဖြစ်သည်ဟု သတ်မှတ်ကြသည်။ ၎င်းတို့နှင့် မည်သူက သမ္မာတရားကို မိတ်သဟာယပြသည်ဖြစ်စေ အကျိုးမထူးပေ။ ဤအရာကို ၎င်းတို့ လက်မခံကြချေ။ ၎င်းတိုထင်မြင်သည်မှာ “ဘုရားက ငါ့ကို ကောင်းချီးပေးမှာမဟုတ်ဘူး။ ကယ်တင်မှာမဟုတ်ဘူး။ ဒီတော့ ဘုရားကို ယုံကြည်နေလို့ ဘာအကျိုးရှိမှာလဲ။” ဟူ၍ ဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းလမ်းကြောင်းသည် ဤအခြေအနေသို့ ရောက်သောအခါတွင် လူတို့သည် ယုံကြည်နိုင်စွမ်းရှိသေးသလော။ မရှိပေ။ ၎င်းတို့သည် အဘယ်ကြောင့် ရှေ့မဆက်နိုင်တော့သနည်း။ ဤတွင် အမှန်တရားတစ်ခုရှိသည်။ လူတို့၏ အပျက်သဘောဆောင်ခြင်းသည် အတိုင်းအတာတစ်ခုသို့ ရောက်ရှိပြီး သူတို့၏စိတ်နှလုံးများက အတိုက်အခံလုပ်ခြင်းနှင့် စောဒကတက်ခြင်းတို့ဖြင့် ပြည့်နှက်ကာ ဘုရားသခင်နှင့် သူတို့၏ဆက်ဆံရေးကို အပြီးတိုင် ဖြတ်တောက်လိုသည့်အခါ ၎င်းသည် သူတို့ ဘုရားသခင်ကို မကြောက်ရွံ့ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံမှုမရှိခြင်း၊ သမ္မာတရားကို မချစ်ခြင်းနှင့် သမ္မာတရားကို လက်မခံခြင်းကဲ့သို့ ရိုးရှင်းသော အရာတစ်ခုမျှသာ မဟုတ်တော့ချေ။ ယင်းအစား ၎င်းသည် အဘယ်အရာဖြစ်သနည်း။ သူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်းကို စွန့်လွှတ်ရန် တက်ကြွစွာ ရွေးချယ်ကြခြင်း ဖြစ်သည်။ ဖယ်ရှားရှင်းလင်းခြင်းခံရမည်ကို ဘာသိဘာသာ စောင့်ဆိုင်းနေခြင်းသည် ရှက်ဖွယ်ရာဖြစ်ပြီး အရှုံးပေးရန် ရွေးချယ်ခြင်းက ပို၍ ဂုဏ်သိက္ခာရှိသည်ဟု သူတို့ ထင်ကြသောကြောင့် သူတို့သည် မိမိတို့၏အခွင့်အရေးကို စွန့်လွှတ်ရန် အလျင်ဦးအောင် လုပ်ဆောင်ကာ အမှုအရာများကို မိမိတို့ဘာသာ အဆုံးသတ်လိုက်ကြသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းသည် မကောင်းဟု ပြစ်တင်ရှုတ်ချကြပြီး သမ္မာတရားသည် လူတို့ကို မပြောင်းလဲနိုင်ဟု ပြစ်တင်ရှုတ်ချကြကာ ဘုရားသခင်သည် ဖြောင့်မတ်ခြင်းမရှိဟု ပြစ်ရှုတ်ချလျက် ကိုယ်တော်က သူတို့ကို မကယ်တင်သည့်အတွက် စောဒကတက်ကြသည်။ “အကျွန်ုပ်သည် အလွန်လုံ့လဝီရိယရှိပါ၏၊ အခြားသူများထက် များစွာသော ဆင်းရဲဒုက္ခကို ပို၍ခံရပြီး လူအပေါင်းတို့ထက် များစွာသော အဖိုးအခကို ပို၍ပေးဆပ်ပါ၏၊ အကျွန်ုပ်၏တာဝန်ကို ရိုးသားစွာ ထမ်းဆောင်ပါ၏၊ သို့တိုင် ဘုရားသခင်သည် ကျွန်ုပ်ကို ကောင်းချီးမပေးပါ။ ယခုမူ ဘုရားသခင်သည် ကျွန်ုပ်ကို မနှစ်သက်ကြောင်းနှင့် လူတို့ကို ညီတူညီမျှ မဆက်ဆံကြောင်းကို ကျွန်ုပ် ရှင်းလင်းစွာ သိမြင်ရလေပြီ” ဟူ၍ ဖြစ်သည်။ သူတို့သည် ဘုရားသခင်နှင့်ပတ်သက်သော သူတို့၏သံသယများကို ဘုရားသခင်အား ပြစ်တင်ရှုတ်ချခြင်းနှင့် ကိုယ်တော်အား ပြစ်မှားစော်ကားခြင်းအဖြစ်သို့ ပြောင်းလဲပစ်ဝံ့ကြသည်။ ဤအဖြစ်မှန် ပုံပေါ်လာသည့်အခါ သူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ လမ်းခရီးပေါ်တွင် ဆက်လက်ရှိနေနိုင်ဦးမည်လော။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်သောကြောင့်၊ သမ္မာတရားကို လက်မခံသောကြောင့်၊ သို့မဟုတ် မိမိတို့ကိုယ်ကို လုံးဝ ပြန်လည်သုံးသပ်ခြင်းမရှိသောကြောင့် ၎င်းတို့သည် ပျက်စီးဆုံးရှုံးရပြီးဖြစ်သည်။ တစ်စုံတစ်ဦးသည် မိမိ၏ ကိုယ်ပိုင်အစပြုမှုဖြင့် ဘုရားသခင်ကို စွန့်လွှတ်ပြီးနောက် ဘုရားသခင်က ၎င်းတို့ကို ကောင်းချီးမပေးကြောင်း သို့မဟုတ် ကျေးဇူးတော်မပြကြောင်း ညည်းညူခြင်းသည် ယုတ္တိမတန်ဖြစ်သည် မဟုတ်လော။ လူတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်ပြီး မိမိတို့ဘာသာ လျှောက်လှမ်းကြသည်။ မည်သူမျှ ၎င်းတို့အတွက် ထိုသို့မလုပ်ဆောင်ပေးနိုင်ပေ။ တစ်ဖက်ပိတ်လမ်းကို ရွေးချယ်ပြီးသည့်သူမှာ သင်သာလျှင် ဖြစ်သည်။ ဘုရားသခင်ကို စွန့်လွှတ်ပြီး သူ့ကို ငြင်းပယ်ခဲ့သူမှာ သင်သာလျှင် ဖြစ်သည်။ အစမှအဆုံးတိုင်အောင် ဘုရားသခင်က သူ့အနေဖြင့်သင့်ကို အလိုမရှိကြောင်း၊ သို့မဟုတ် သင့်အပေါ် လက်လျှော့ပြီးဖြစ်ကြောင်း၊ သို့မဟုတ် သင့်ကို ကယ်တင်ရန် ငြင်းဆိုကြောင်း မည်သည့်အခါမျှ မပြောဆိုခဲ့ပေ။ သင်၏ မှန်းဆချက်များကို အခြေခံ၍ ဘုရားသခင်ကို ဘောင်ခတ်သတ်မှတ်ခဲ့သူမှာ သင် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး၊ သူကသင့်ကို အလိုမရှိလျှင်ပင် သို့မဟုတ် စက်ဆုပ်ရွံရှာလျှင်ပင်၊ သူ၏ နှုတ်ကပတ်တော်များကို ဆက်လက်ဖတ်ရှုကာ၊ သမ္မာတရားကို လက်ခံပြီး သင်၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နေမည်ဆိုလျှင်၊ သင့်ကို မည်သူက ကန့်သတ်နိုင်မည်နည်း သို့မဟုတ် တားဆီးနိုင်မည်နည်း။ သင်၏ ကိုယ်ပိုင်ရွေးချယ်မှုများနှင့် လိုက်စားမှုများနှင့် သက်ဆိုင်သည်ချည်းသာ မဟုတ်လော။ သင်ကိုယ်တိုင်သည် ယုံကြည်ခြင်း ကင်းမဲ့နေပါလျက် ဘုရားသခင်ကို စောဒတက်ရန် လှည့်လာသည်။ ဤသည်မှာ ယုတ္တိမတန်ခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို မထိန်းသိမ်းသည့်အပြင် ယင်းကို မရမက ဖျက်ဆီးနေသည်။ အက်ကြောင်းတစ်ခု ဖြစ်သည်နှင့်တစ်ပြိုင်နက် ယင်းကို နဂိုအခြေအနေသို့ ပြန်ရောက်စေနိုင်သလော။ ကွဲနေသောမှန်ကို ပြန်ဆက်ရန်ခက်ပြီး၊ ပြန်ဆက်လျှင်ပင် ထိုအက်ကြောင်းက ရှိနေလိမ့်ဦးမည်ဖြစ်သည်။ ယခု ဆက်ဆံရေး ပြိုကွဲသွားပြီဖြစ်သောကြောင့် ယင်းကို မူလအခြေအနေသို့ မည်သည့်အခါမျှ ပြန်လည်ရောက်ရှိစေ၍ မရနိုင်ပေ။ သို့ဖြစ်၍ ဘုရားသခင်ကို ယုံကြည်သည့်လမ်းကြောင်းတစ်လျှောက်တွင် မည်သည့်ပတ်ဝန်းကျင်မျိုးကို ကြုံတွေ့ရသည်ဖြစ်စေ၊ လူတို့သည် ကျိုးနွံနာခံတတ်ရန် သင်ယူသင့်ပြီး သမ္မာတရားကို ရှာဖွေသင့်သည်။ထိုသို့ပြုမှသာ ၎င်းတို့သည် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်သည်။ သင်သည် လမ်းဆုံးတိုင်အောင် ဘုရားသခင်နောက်သို့ လိုက်လိုပါက သမ္မာတရားကို လိုက်စားရန် အလွန်အရေးကြီးသည်။ သင်၏ တာဝန်များကို ထမ်းဆောင်ရာ၌ဖြစ်စေ၊ အခြားအရာတစ်ခုတလေကို လုပ်ဆောင်ရာ၌ဖြစ်စေ၊ သမ္မာတရား စည်းမျဉ်းများကို နားလည်ပြီး ယင်းတို့ကို လက်တွေ့လုပ်ဆောင်ကာ အကောင်အထည်ဖော်ခြင်းသည် မရှိမဖြစ်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို သင် သိလာရသည်မှာ၊ ဘုရားသခင်ကို သင်နားလည်လာပြီး သူ့ကို သဘောပေါက်လာရသည်မှာ၊ ဘုရားသခင်၏ အနှစ်သာရကို သဘောပေါက်နားလည်ခြင်းနှင့် လက်ခံခြင်းတို့အား ရရှိလျက် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် သဘောပေါက်ပြီး သူနှင့်သဟဇာတဖြစ်ခြင်းအား သင် စွမ်းဆောင်ရရှိသည်မှာ သမ္မာတရားကို သိနားလည်ခြင်းနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းတို့မှတစ်ဆင့် ဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် သမ္မာတရား စည်းမျဉ်းများကို လက်တွေ့မလုပ်ဆောင်သည့်အပြင်၊ သင်၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်းသာ ပြုမူပါက သို့မဟုတ် သင်၏ တာဝန်များကို ထမ်းဆောင်ပါက၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ထိတွေ့လာရလိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို မည်သည့်အခါမျှ ထိတွေ့လာရလိမ့်မည်မဟုတ်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်သည် အရာရာတိုင်းအပေါ် ဘုရားသခင်၏ သဘောထား၊ သူ၏ သတ်မှတ်ချက်များ သို့မဟုတ် သူ၏ အတွေးအခေါ်များနှင့် မည်သည့်အခါမျှ ထိတွေ့ရလိမ့်မည်မဟုတ်ဟု ဆိုလိုသည်။ ပြီးလျှင် သူ၏ အမှုတော်တွင် ထုတ်ဖော်ထားသည့်အတိုင်း ဘုရားသခင်၏ စိတ်သဘောထား၊ အနှစ်သာရတို့နှင့် သင်ထိတွေ့ရန်မှာ သာ၍ပင် ဖြစ်နိုင်ခြေနည်းပေသည်။ သင်သည် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော ဤအဖြစ်မှန်များနှင့် ထိတွေ့နိုင်ခြင်းမရှိပါက၊ ဘုရားသခင်အပေါ် သင်၏ နားလည်သဘောပေါက်မှုသည် လူ့စိတ်ကူးစိတ်သန်းများနှင့် အယူအဆများထိသာ အစဉ်အမြဲကန့်သတ်ခံရလိမ့်မည်။ ယင်းသည် စိတ်ကူးစိတ်သန်းများနှင့် အယူအဆများ နယ်ပယ်အတွင်း၌သာ ရှိနေလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အနှစ်သာရ၊ စစ်မှန်သော စိတ်သဘောထားတို့နှင့် မည်သည့်အခါမျှ ကိုက်ညီလိမ့်မည် မဟုတ်ပေ။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်အပေါ် စစ်မှန်သော နားလည်သဘောပေါက်မှုတစ်ခုကို စွမ်းဆောင်ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် လူတို့သည် အပျက်သဘောဆောင်ပြီး ပုန်ကန်သော အခြေအနေများကို မကြာခဏ တွေ့ကြုံရသည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး ဤပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် သမ္မာတရား စည်းမျဉ်းများကို အသုံးပြုနိုင်ပါက၊ ၎င်းတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားမှုများသည် မကျေနပ်ချက်များ၊ အတိုက်အခံလုပ်ခြင်း၊ အာခံခြင်း၊ ကန့်ကွက်ခြင်း သို့မဟုတ် ပြစ်မှားစော်ကားခြင်းအဖြစ်သို့ပင် ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း လူတို့သည် မိမိတို့၏ သေးနုတ်သော ပါးနပ်မှု၊ လူ့ကိုယ်ပိုင်ချုပ်တည်းမှု၊ လူ့အားထုတ်မှု၊ လုံ့လဝီရိယ၊ ကိုယ့်ကို ထိုး၍နှိပ်စက်ခြင်းနှင့် အခြားထိုသို့သော ချဉ်းကပ်နည်းများအပေါ်တွင်သာ မှီခို၍ ဤအရာများကို ကိုင်တွယ်ဖြေရှင်းပါက၊ အနှေးနှင့်အမြန် ဤလူ့စိတ်ကူးစိတ်သန်းများ၊ ဝေဖန်အကဲဖြတ်ချက်များနှင့် ထင်ကြေးပေးခြင်းတို့သည် ဘုရားသခင်အပေါ် အပြစ်တင်မြည်တမ်းခြင်း၊ အာခံခြင်း၊ အတိုက်အခံလုပ်ခြင်း၊ ကန့်ကွက်ပြောဆိုခြင်းနှင့် ပြစ်မှားစော်ကားခြင်းအဖြစ်သို့ပင် ပြောင်းလဲသွားလိမ့်မည်။ လူတို့သည် ထိုသို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များတွင် ပိတ်မိနေသည့်အခါ၊ ၎င်းတို့သည် အခြားထိုသို့သော ခံစားချက်များ သို့မဟုတ် အတွေးများထဲတွင် ဘုရားသခင်အပေါ် နာခံမှုမရှိခြင်း၊ စိတ်မကျေနပ်ခြင်းနှင့် မကျေနပ်ချက်များကို ဖြစ်ပေါ်စေနိုင်သည်။ ဤအတွေးများသည် လူတို့အတွင်း၌ အချိန်ကြာလာသည်နှင့်အမျှ စုပုံလာပြီး ၎င်းတို့သည် သမ္မာတရားကို မရှာဖွေသေးသည့်အခါ သို့မဟုတ် ၎င်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို အသုံးမပြုသေးသည့်အခါ၊ ၎င်းတို့၏ နာခံမှုမရှိခြင်း၊ စိတ်မကျေနပ်ခြင်းနှင့် မကျေနပ်ချက်များသည် အာခံခြင်းအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ မနာခံခြင်းနှင့် စိတ်မကျေနပ်မှုကို ဖော်ပြရန်နှင့် ထိုသို့ဖြင့် ဘုရားသခင်ကို အာခံခြင်းဟူသည့် မိမိတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန်၊ အခြားသော အပျက်သဘောဆောင်သည့် အပြုအမူများထဲတွင် မိမိတို့၏တာဝန်များကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်း သို့မဟုတ် အသင်းတော်၏အလုပ်ကို တမင်တကာ နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ခြင်းကဲ့သို့သော ပုန်ကန်သည့်အပြုအမူတွင် ပါဝင်ကြလိမ့်မည်။ အချို့လူများသည် အခြားလူတို့၏ တာဝန်ထမ်းဆောင်ခြင်းကို ဖျက်ဆီးပြီး နှောင့်ယှက်ကြသည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များနောက်ကွယ်မှ အဓိပ္ပာယ်မှာ- “ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် မထမ်းဆောင်နိုင်လျှင်၊ သို့မဟုတ် ကျွန်ုပ်၏ တာဝန်တွင် ဘုရားက ကျွန်ုပ်ကို ကောင်းချီးမပေးလျှင်၊ သင်တို့ထဲမှ မည်သူမျှ သင်တို့၏ တာဝန်များကို ကောင်းစွာ မထမ်းဆောင်နိုင်စေရန် ကျွန်ုပ် သေချာအောင်လုပ်မည်”ဟူ၍ဖြစ်ပြီး ထို့နောက်တွင် ၎င်းတို့သည် အနှောင့်အယှက်များကို စတင်ဖြစ်ပေါ်စေသည်။ အချို့လူများသည် ဤအရာကို စကားများမှတစ်ဆင့် လုပ်ဆောင်ကြစဉ်တွင် အခြားသူများမှာမူ အချို့သော လုပ်ဆောင်ချက်များကို အသုံးပြုကြသည်။ မိမိတို့၏ လုပ်ဆောင်ချက်များဖြင့် အခြားသူတို့ကို နှောင့်ယှက်သောသူတို့သည် မည်သည့်အရာများကို လုပ်ဆောင်ကောင်းလုပ်ဆောင်နိုင်သနည်း။ ဥပမာအားဖြင့်၊ ၎င်းတို့သည် တစ်စုံတစ်ဦး၏ တာဝန်နှင့်ဆိုင်သော ရလဒ်များကို ထိခိုက်စေရန် ထိုသူ၏ ကွန်ပျူတာမှ ဖိုင်များကို တမင်တကာ ဖျက်ပစ်ကောင်းဖျက်ပစ်နိုင်သည်၊ သို့မဟုတ် အွန်လိုင်းစုဝေးပွဲများကို တမင်တကာ နှောင့်ယှက်ကောင်းနှောင့်ယှက်နိုင်သည်။ ဤသည်မှာ နတ်ဆိုးများနှင့် စာတန်များက လူတို့ကို နှောင့်ယှက်ခြင်း ဖြစ်သည်။ လူတို့က “ထိုသို့သောအရွယ်ရှိသူတစ်ဦးက ထိုသို့သော ဆိုးရွားသည့်အရာများကို မည်သို့လုပ်ဆောင်နိုင်သနည်း။ ၎င်းတို့သည် အမှန်တွင် ဆယ်ကျော်သက်တစ်ဦး မဟုတ်ပါ။ ဤသို့သော ယုတ်မာသည့်လုပ်ရပ်များကို ၎င်းတို့ မည်သို့ ဆက်လက်လုပ်ဆောင်နိုင်သေးသနည်း” ဟု နားမလည်ကြပေ။ အမှန်တွင်၊ အသက်သုံးဆယ်၊ လေးဆယ်၊ ငါးဆယ် သို့မဟုတ် ခြောက်ဆယ်အရွယ်ရှိ လူတို့သည်လည်း ဤအရာများကို လုပ်ဆောင်နိုင်သည်။ ဤအမျိုးမျိုးသော အပြုအမူများသည် စိတ်ကူကြံစည်၍မရနိုင်သောအရာ ဖြစ်သည်။ ဤအရာများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦး၏ လုပ်ဆောင်ချက်များမဟုတ်ဘဲ၊ နတ်ဆိုးများနှင့် စာတန်များ၏ လုပ်ဆောင်ချက်များ ဖြစ်သည်။ အခြားသူများ မထိခိုက်သည်ကိုလည်းကောင်း၊ မိမိတို့၏ ပန်းတိုင်များ မအောင်မြင်သည်ကိုလည်းကောင်း မြင်သောအခါ၊ ထိုသို့သောလူတစ်ဦးသည် လူများစွာရှိနေသည့်အချိန်များတွင် သို့မဟုတ် စုဝေးပွဲများအတွင်းတွင် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချပြီး အနှောင့်အယှက်များကို ဖြစ်စေလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ စိတ်မကျေနပ်မှုကို လုပ်ဆောင်ချက်များမှတစ်ဆင့် ထုတ်ဖော်သည့်အခါ၊ အခြေအနေကို ထိန်းချုပ်ရန် ခက်ခဲလာနှင့်ပြီးဖြစ်သည်။ ၎င်းတို့ကို ချုပ်တည်းရန် အလွန်ခက်ခဲပြီး၊ အကယ်၍ အခြေအနေက ဆက်လက်၍ ဖြစ်ပေါ်နေပါက၊ သဘာဝအားဖြင့် ပို၍ပို၍ ပြင်းထန်လာကာ ပိုမိုဆိုးရွားလာနိုင်ရုံသာ ရှိသည်။ ၎င်းတို့သည် ၎င်းတို့၏ လုပ်ဆောင်ချက်များဖြင့် အနှောင့်အယှက်များ ဖြစ်စေရုံသာမက၊ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ် အခြားသူတို့ကို နှောင့်ယှက်ရန် ရန်လိုပြီး ဝေဖန်တတ်သော အသုံးအနှုန်းကို အသုံးပြုလျက် အမျိုးမျိုးသော နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုကြသည်။ မိမိတို့၏ ပန်းတိုင်များကို စွမ်းဆောင်ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အတိုက်အခံလုပ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ကြ သို့မဟုတ် ဓမ္မတေးများကို မသင်ယူကြသည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားနှင့် ဆက်စပ်သော မည်သည့်စာအုပ်ကိုမဆို ဖတ်ရှုရန် ငြင်းပယ်ကြသည်။ ၎င်းတို့သည် အိမ်တွင် မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ဝတ္ထုများဖတ်သည်၊ တီဗီဇာတ်လမ်းတွဲများ ကြည့်သည်၊ ချက်ပြုတ်နည်းများ သင်ယူသည်၊ မိတ်ကပ်နှင့် ဆံပင်ပုံစံသွင်းခြင်းကို လေ့လာသည်...။ စုဝေးပွဲများအတွင်းတွင်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် မိမိတို့၏ နားလည်မှုကို မိတ်သဟာယမဖွဲ့သည့်အပြင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများအား မည်သို့ဖြေရှင်းရမည်ကိုလည်း မိတ်သဟာယမဖွဲ့ကြပေ။ အခြားသူများ မိတ်သဟာယဖွဲ့သည့်အခါ၊ ၎င်းတို့သည် စကားစမြည်ပြောဆိုခြင်းကို တမင်တကာ လွှမ်းမိုးသည်၊ စကားပြောနေသူ မည်သူ့ကိုမဆို ဖြတ်ပြောသည်၊ အကြောင်းအရာကို တမင်တကာ ပြောင်းသည် စသည်ဖြင့် အမြဲတစေ ယုတ်လျော့စေပြီး နှောင့်ယှက်သည့်အရာများကို ပြောဆိုကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤနည်းအတိုင်း ပြုမူကြသနည်း။ အကြောင်းရင်းမှာ ၎င်းတို့အနေဖြင့် ကယ်တင်ခြင်း မျှော်လင့်ချက်မရှိဟု ယုံကြည်မှုတွင် တည်ရှိသည်။ ယင်းက ၎င်းတို့ကို အရှုံးပေးပြီး မဆင်မခြင် စတင်ပြုမူလာစေသည်။ ၎င်းတို့သည် အသင်းတော်မှ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းမခံရမီ အပေါင်းအဖော်အနည်းငယ်ကို ရှာဖွေကြသည်၊ အကယ်၍ ၎င်းတို့ ကောင်းချီးမခံစားရနိုင်လျှင်၊ အခြားသူများလည်း မခံစားရနိုင်စေရန် သေချာအောင်လုပ်ကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤနည်းအတိုင်း တွေးကြသနည်း။ ၎င်းတို့ ယုံကြည်သည့် ဘုရားသခင်သည် ၎င်းတို့ အစ၌ စိတ်ကူးခဲ့သည့် ဘုရားနှင့် မတူကြောင်း၊ သူသည် ၎င်းတို့ စိတ်ကူးခဲ့သလောက် လူတို့ကို မချစ်ကြောင်းနှင့် ဖြောင့်မတ်ခြင်းလည်း မရှိကြောင်း၊ ပြီးလျှင် သူသည် ၎င်းတို့ စိတ်ကူးခဲ့သလောက် လူတို့အပေါ် ရိုးသားစစ်မှန်စွာ ကြင်နာခြင်း မရှိသည်မှာ သေချာကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် အခြားသူတို့ကို ချစ်သော်လည်း ၎င်းတို့ကို မချစ်ပေ။ ဘုရားသခင်သည် အခြားသူတို့ကို ကယ်တင်သော်လည်း ၎င်းတို့ကို မကယ်တင်ပေ။ ယခုအခါ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် မျှော်လင့်ချက်မရှိသည်ကို မြင်တွေ့ပြီး ကယ်တင်ခြင်းမခံရနိုင်ဟု ခံစားရသောအခါ၊ လက်လျှော့ပြီးမဆင်မခြင် ပြုမူလာကြသည်။ သို့သော် ထိုမျှသာ မဟုတ်သေးပေ။ ၎င်းတို့အတွက် မျှော်လင့်ချက်မရှိသည့်အတွက် အခြားသူများအတွက်လည်း မျှော်လင့်ချက်မရှိသည်ကို အခြားသူများ မြင်စေလိုကြပြီး၊ လူတိုင်းကို ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းအား စွန့်လွှတ်စေပြီး ၎င်းတို့၏ ယုံကြည်မှုမှ နုတ်ထွက်စေသည့်အခါတွင်သာ ၎င်းတို့ ကျေနပ်ကြသည်။ ဤသို့လုပ်ဆောင်ခြင်း၌ ၎င်းတို့၏ ပန်းတိုင်မှာ- “ငါသည် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများကို မခံစားရနိုင်လျှင်၊ သင်တို့သည်လည်း ယင်းတို့ကို ရရှိရန် အိပ်မက်ပင် မမက်လေနှင့်” ဟူ၍ ဖြစ်သည်။ ထိုသို့သောလူသည် မည်သည့် အယုတ်တမာမျိုးဖြစ်သနည်း။ ၎င်းတို့သည် နတ်ဆိုးတစ်ဦး မဟုတ်လော။ ၎င်းတို့သည် ငရဲသို့ ဦးတည်နေသော နတ်ဆိုးတစ်ဦး၊အခြားသူများကို ဘုရားသခင်အား ယုံကြည်ခြင်းနှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းမှ တားမြစ်သည့် နတ်ဆိုးတစ်ဦး ဖြစ်သည်။ ၎င်းတို့သည် တစ်ဖက်ပိတ်လမ်းသို့ တည့်တည့်မတ်မတ် ချီတက်နေခြင်းဖြစ်ပေသည်တကား။ အသိစိတ် အနည်းငယ်နှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အနည်းငယ်ရှိသော မည်သူမဆို ဤနည်းအတိုင်း မပြုမူသင့်ပေ။ အကယ်၍ ၎င်းတို့သည် ကြီးမားသော မကောင်းမှုကို အမှန်တကယ် ကျူးလွန်ပြီး ၎င်းတို့အား မျှော်လင့်ချက်မရှိတော့ဟု ခံစားရစေလျက် ထုတ်ဖော်ခြင်းခံရပါက၊ ၎င်းတို့သည် အခြားသူများကို ဘုရားသခင်အား စိတ်ရင်းမှန်ဖြင့် ယုံကြည်စေလျက် မိမိတို့၏ စံနမူနာအတိုင်း မလိုက်စေဘဲ၊ အခြားသူများ စုံလင်အောင်ပြုလုပ်ပေးနေဦးမည်ဖြစ်သည်။ ၎င်းတို့က “ကျွန်ုပ် အလွန်အားနည်းပါသည်၊ ကျွန်ုပ်၏ ဇာတိပကတိဆိုင်ရာ အလိုဆန္ဒများက အားကောင်းပြီး၊ ကျွန်ုပ်သည် လောကကို အလွန်အမင်း စွဲလန်းမိပါသည်။ ဤသည်မှာ ကျွန်ုပ်၏ ကိုယ်ပိုင်အမှားဖြစ်သည်၊ ကျွန်ုပ် ထိုအရာနှင့် ထိုက်တန်သည်။ သင်တို့သည် လေးနက်သော ယုံကြည်သူများအဖြစ် ဆက်လက်ရှိနေကြလော့။ ကျွန်ုပ်၏ လွှမ်းမိုးမှုကို မခံပါနှင့်။ စုဝေးပွဲများအတွင်းတွင် ကျွန်ုပ် ကင်းစောင့်ပေးပါမည်၊ အကယ်၍ အဆင်းနီသော နဂါးကြီး၏ ရဲများက ရွာထဲသို့ ဝင်လာပါက၊ ကျွန်ုပ် သင်တို့ကို သတိပေးပါမည်”ဟု ပြောကောင်းပြောနိုင်သည်။ လူ့သဘာဝ အနည်းငယ်မျှရှိသောသူ မည်သူမဆို အနည်းဆုံး ဤမျှလောက် လုပ်ဆောင်သင့်ပြီး၊ အခြားသူများ၏ သမ္မာတရားကို လိုက်စားခြင်းအား မနှောင့်ယှက်သင့်ပေ။ သို့သော်လည်း လူ့သဘာဝမရှိသောသူတို့မူကား၊ အမှုအရာများက မိမိတို့အလိုအတိုင်း မဖြစ်သည့်အခါ သို့မဟုတ် ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို အထင်သေးပြီး ခပ်ကင်းကင်းနေသည်ကို မြင်သည့်အခါ၊ ဘုရားသခင်က ၎င်းတို့ကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းလိုက်ပြီဖြစ်ကြောင်း၊ ၎င်းတို့တွင် ကယ်တင်ခြင်း မျှော်လင့်ချက်မရှိတော့ကြောင်း ခံစားကြရသည်။ ၎င်းတို့သည် ထိုသို့သော စိတ်ကူးများနှင့် အတွေးများကို ထားရှိသည့်အခါ၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချပြီး အသင်းတော်အသက်တာကို အဆီးအတားမရှိ နှောင့်ယှက်လျက်၊ လက်လျှော့ပြီး မဆင်မခြင် ပြုမူလာကြကာ၊ ဤအရာကို မည်သည့်လူစားမျိုးများက လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် နတ်ဆိုးများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) နတ်ဆိုးစာတန်များဖြစ်သော လူတို့ကို လောကဝတ်ပြုသင့်သလော။ (မပြုသင့်ပါ။) သို့ဆိုလျှင် ဤအရာကို မည်သို့ ကိုင်တွယ်သင့်သနည်း။ သင်က “သင်သည် စုဝေးပွဲများသို့ လာသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်သည့်အပြင် သမ္မာတရားကိုလည်း လက်မခံပေ။ သို့ဆိုလျှင် သင်သည် ဤနေရာသို့ အဘယ်အတွက် လာသနည်း။ အနှောင့်အယှက်များ ဖြစ်စေရန်လော၊ မှန်သလော။ သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက်မရှိဟု ထင်သည်။ အမှန်တွင်၊ ကျွန်ုပ်တို့လည်း မျှော်လင့်ချက်များစွာရှိသည်ဟု မခံစားရသော်လည်း ကျွန်ုပ်တို့ ကြိုးပမ်းကြသည်။ ဘုရားသခင်သည် ဘက်လိုက်ခြင်းမရှိကြောင်း၊ သူသည် ယုံကြည်ကိုးစားထိုက်ကြောင်း၊ လူတို့ကို ကယ်တင်ရာတွင် သူ၏ စိတ်နှလုံးက ရိုးသားစစ်မှန်ကြောင်းနှင့် သူ၏ စိတ်နှလုံးသည် ပြောင်းလဲမည်မဟုတ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်သည်။ မျှော်လင့်ချက် အနည်းငယ်မျှ ရှိနေသရွေ့၊ ကျွန်ုပ်တို့ လက်လျှော့မည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် သင်ကဲ့သို့ ဘုရားသခင်ကို စဉ်ဆက်မပြတ် အပျက်သဘောဆောင်ပြီး အထင်အမြင်လွဲမှားမည် မဟုတ်ပါ။ သင်က ကျွန်ုပ်တို့ကို နှောင့်ယှက်နိုင်သည် သို့မဟုတ် ချုပ်ထိန်းနိုင်သည်ဟု ထင်လျှင် အိပ်မက်မက်နေခြင်းသာ ဖြစ်သည်။ အကယ်၍ သင်သည် ခေါင်းမာစွာ မလျှော့တမ်းလုပ်ပြီး၊ ဤနည်းဖြင့် ဆက်လက်ယုံကြည်ကာ၊ ကျွန်ုပ်တို့ကို မလိုမုန်းထားခြင်းဖြင့် ဆက်လက်နှောင့်ယှက်လိုပါက၊ သင့်ကို ကျွန်ုပ်တို့ ရိုင်းစိုင်းသည့်အတွက် အပြစ်မတင်ပါနှင့်။ ယနေ့မှစ၍၊ သင်သည် ရှင်းလင်းပစ်ခြင်းခံရပြီ၊ အသင်းတော်တွင် သင့်အတွက် နေရာမရှိတော့ပါ။ အခုချက်ချင်း ထွက်သွားလော့”ဟု ဆိုရမည်။ ဤနည်းအားဖြင့်၊ ပြဿနာသည် ကိုင်တွယ်ခြင်းခံရသည် မဟုတ်လော။ ယင်းမှာ ရိုးရှင်းသည်၊ စကားအနည်းငယ်မျှဖြင့် ၎င်းတို့ကို ရှင်းလင်းပစ်လိုက်ခြင်း ဖြစ်သည်။ ယင်းမှာ လုပ်ဆောင်ရန် ထိုမျှလွယ်ကူသည့်အရာတစ်ခုဖြစ်သည်။ အဘယ်ကြောင့် ဤနည်းအတိုင်း ကိုင်တွယ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသို့သောလူတို့၏ သဘာဝ အနှစ်သာရသည် ပြောင်းလဲနိုင်ခြင်းမရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့တွင် ကယ်တင်ခြင်း မျှော်လင့်ချက်မရှိဟု ၎င်းတို့ ထင်ကြသည်။ ဘုရားသခင်သည် ဤသို့ မပြောခဲ့သည့်အပြင်၊ ညီအစ်ကိုမောင်နှမများကလည်း မပြောခဲ့ပေ၊ သို့သော် ၎င်းတို့သည် ဤနည်းအတိုင်း မကောင်းမှုကို ကျူးလွန်ပြီး အနှောင့်အယှက်များ ဖြစ်စေသည်။ အကယ်၍ တစ်နေ့တွင် ၎င်းတို့သည် မကောင်းမှုကို ကျူးလွန်ပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်သည့်အတွက် အမှန်တကယ် နှင်ထုတ်ခြင်းခံရလျှင်၊ သို့မဟုတ် သမ္မာတရားကို ၎င်းတို့ မလိုက်စားသောကြောင့် ဘုရားသခင်က ၎င်းတို့ကို ဆုံးမပဲ့ပြင်လျှင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်လိမ့်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများ ဖြစ်လာနိုင်သလော၊ ၎င်းတို့ လက်စားချေနိုင်သလော။ အလွန် ဖြစ်နိုင်ပေသည်။ ထိုသို့သောလူတို့သည် ဒုစရိုက်တစ်ခုတလေကို မပြီးမြောက်မီ သို့မဟုတ် ကြီးမားသော မကောင်းမှုတစ်ခုတလေကို မကျူးလွန်မီတွင် ထုတ်ဖော်ခြင်းခံရသည်မှာ ကောင်းပေသည်။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ ယခု၊ ၎င်းတို့ကို ရှင်းလင်းပစ်ခြင်းသည် မှန်သည်သာဖြစ်သည်။ အခြားလူတို့သည် မည်သည့်ဆုံးရှုံးမှုကိုမျှ မခံစားရသေးပေ။ ဤနည်းအတိုင်း ကိုင်တွယ်ခြင်းသည် အချိန်မီပြီး သင့်လျော်သည်။ လူတိုင်းက ပိုင်းခြားသိမြင်မှု ရရှိကြပြီး၊ ဆိုးယုတ်သောလူများက ကိုင်တွယ်ဖြေရှင်းခြင်းခံရသည်။ အဖြည့်ခံအဖြစ် ၎င်းတို့၏အခန်းကဏ္ဍသည် လုံလောက်စွာ ပြီးပြည့်စုံပြီး ဖြစ်သည်။

အခြေခံအားဖြင့် ဤအရာများသည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသော လူတို့၏ အမျိုးမျိုးသော အခြေအနေများနှင့် သရုပ်သကန်များဖြစ်သည်။ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားခြင်းအတွက် ၎င်းတို့၏ လိုအင်ဆန္ဒသည် မပြည့်စုံသောအခါ၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးထင်မြင်ချက်များ၊ ၎င်းတို့၏ အကျိုးစီးပွားများ ပါဝင်သောအရာများနှင့် ဆန့်ကျင်သော အရာများကို ဘုရားသခင်က လုပ်ဆောင်သောအခါ ၎င်းတို့သည် မနာခံခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းကဲ့သို့သော ခံစားချက်များတွင် ထောင်ဖမ်းခံလာရသည်။ ပြီးလျှင် ၎င်းတို့တွင် ဤစိတ်ခံစားချက်များ ရှိသောအခါ ၎င်းတို့၏စိတ်သည် ဆင်ခြေများ၊ အတုအယောင် အကြောင်းပြချက်များ၊ ကျိုးကြောင်းပြချက်များ၊ ခုခံကာကွယ်မှုများနှင့် အခြား စောဒကတက်သော အတွေးများ စတင်ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် ၎င်းတို့သည် ဘုရားသခင်ကို မချီးမွမ်းကြသည့်အပြင် သို့မဟုတ် သူ့ကို ကျိုးနွံနာခံခြင်း မရှိကြသည့်အပြင် မိမိတို့ကိုယ်ကို သိမြင်ရန် သမ္မာတရားကို ရှာဖွေခြင်း သာ၍ပင် နည်းပါးလေသည်။ ထိုအစား ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးထင်မြင်မှုများ၊ အတွေးအခေါ်များနှင့် ထင်မြင်ချက်များ၊ သို့မဟုတ် တဇောက်ကန်းဖြစ်ခြင်းများကို အသုံးပြုလျက် ဘုရားသခင်ကို ယှဉ်ပြိုင်တိုက်ခိုက်ကြသည်။ ၎င်းတို့က မည်သို့ ယှဉ်ပြိုင်တိုက်ခိုက်ကြသနည်း။ ၎င်းတို့၏ မနာခံခြင်းနှင့် မကျေနပ်ဖြစ်ခြင်း ခံစားချက်များကို ဖြန့်ကြပြီး ၎င်းတို့၏ အတွေးများနှင့် အမြင်ရှုထောင့်များကို ဘုရားသခင်အတွက် ရှင်းလင်းစေရန် ဤအရာကို အသုံးပြုကြသည်။ ၎င်းတို့၏ ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် ၎င်းတို့၏ အလို၊ ၎င်းတို့၏ တောင်းဆိုမှုများနှင့်အညီ ဘုရားသခင်က လုပ်ဆောင်စေဖို့ ကြိုးစားကြသည်။ ထိုအခါမှသာ ၎င်းတို့၏ ခံစားချက်များက ပြေပျောက်လေသည်။ အထူးသဖြင့် ဘုရားသခင်သည် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမရန်၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်ရန်၊ လူတို့ကို စာတန်၏ လွှမ်းမိုးမှုမှ ကယ်တင်ရန် သမ္မာတရားများစွာကို ဖော်ပြလေသည်။ ပြီးလျှင် လူများ နေ့နေ့၊ ညညမျှော်လင့်သော ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခံရခြင်း စိတ်ကူးယဉ်မှု ကွဲကြေသွားလျက်၊ လူမည်မျှ၏ ကောင်းချီးခံစားရရန် အိပ်မက်များသည် ဤသမ္မာတရားများအားဖြင့် အဆုံးသတ်သွားခဲ့ရသည်ကို မည်သူသိနိုင်မည်နည်း။ အမှုကိစ္စများကို ပြောင်းလဲပစ်ရန် ၎င်းတို့တတ်နိုင်သမျှအရာရာတိုင်းကို လုပ်ဆောင်ချင်ကြသည်။ သို့သော် ၎င်းတို့သည် အစွမ်းမရှိပေ။ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်း၊ မကျေမနပ်ဖြစ်ခြင်းတို့နှင့်အတူ ကပ်ဘေးအတွင်းသို့သာ သက်ဆင်းသွားနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်စီစဉ်ခဲ့သော ဤအရာအားလုံးအပေါ် မနာခံကြပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် လုပ်ဆောင်သောအရာသည် ၎င်းတို့၏ အယူအဆများ၊ အကျိုးစီးပွားများ၊ စဉ်းစားပုံများနှင့် ကွဲလွဲနေသောကြောင့်ဖြစ်သည်။ အထူးသဖြင့် အသင်းတော်က လူများစွာကို ရှင်းလင်းပစ်ပြီး ဖယ်ရှားရှင်းလင်းသည့်အမှုကို လုပ်ဆောင်သောအခါ ဘုရားသခင်က သူတို့ကို မကယ်တင်၊ သူသည် ၎င်းတို့ကို ပစ်ပစ်ခါခါ ငြင်းသည်၊ ၎င်းတို့သည် တရားမမျှတစွာ ဆက်ဆံခံရသည်ဟု ဤလူတို့က ထင်ကြသောကြောင့် ၎င်းတို့သည် ဘုရားသခင်ကို အာခံရန် ပေါင်းစည်းကြလိမ့်မည်။ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို ၎င်းတို့ ငြင်းဆန်ဖို့ ကြိုးစားကြသည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ငြင်းဆန်ကြသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ငြင်းဆန်ကြသည်။ အရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်း အမှန်တရားကိုလည်း ၎င်းတို့ ငြင်းဆန်ရန် ကြိုးစားကြမည်မှာ မှန်ပေသည်။ ဤအရာအားလုံးကို မည်သည့်နည်းလမ်းများဖြင့် ၎င်းတို့ငြင်းဆန်ကြသနည်း။ မနာခံခြင်းနှင့် ဆန့်ကျင်ခြင်းမှတစ်ဆင့်ဖြစ်သည်။ ဆိုလိုသည်မှာ “ဘုရားသခင် လုပ်ဆောင်သောအရာသည် ငါ၏ အယူအဆများနှင့် ကွဲလွဲနေသည်။ ထို့ကြောင့် ငါ ကျိုးနွံနာခံခြင်း မရှိပေ။ ကိုယ်တော်က သမ္မာတရားဖြစ်သည်ဟု ငါမယုံကြည်။ ငါသည် ကိုယ်တော့်ကို ပွက်လောညံအောင် ကန့်ကွက်မည်။ ပြီးလျှင် အသင်းတော်ရှိအရာများသို့လည်းကောင်း၊ လူများအလယ်တွင်လည်းကောင်း ဤအယူအဆများကို ဖြန့်မည်။ ငါပြောချင်သည့်အရာကို ပြောမည်။ အကျိုးဆက်က မည်သည့်အရာဖြစ်သည်ကို ငါ ဂရုမစိုက်။ ငါသည် လွတ်လပ်စွာပြောဆိုခွင့်ရှိသည်။ ငါ့ကို ပါးစပ်ပိတ်ခိုင်း၍ မရ။ ငါပြောချင်သည့်အရာကို ပြောမည်။ ကိုယ်တော် ဘာလုပ်နိုင်သနည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ မှားယွင်းသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို ထုတ်ပြောရန် ဤလူတို့က မလျှော့တမ်းလုပ်ဆောင်သည့်အခါ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်နားလည်မှုအကြောင်းကို ပြောနေခြင်းဖြစ်သလော။ ၎င်းတို့က သမ္မာတရားကို မိတ်သဟာယဖွဲ့နေခြင်းလော။ လုံးဝ မဟုတ်ပေ။ ၎င်းတို့သည် အပျက်သဘောဆောင်မှုကို ဖြန့်ဝေနေခြင်းဖြစ်သည်။ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို ထုတ်ပြောနေခြင်းဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းကို သိရန် ကြိုးစားနေခြင်း မဟုတ်၊ သို့မဟုတ် ယင်းကို ဖော်ထုတ်နေခြင်း မဟုတ်ပေ၊ ၎င်းတို့လုပ်ဆောင်ခဲ့သည့် သမ္မာတရားနှင ကွဲလွဲသောအရာများကို ဖော်ထုတ်နေခြင်း မဟုတ်သကဲ့သို့ ၎င်းတို့လုပ်ဆောင်နေသည့် အမှားများကို ဖော်ထုတ်နေခြင်းမဟုတ်ပေ။ ထိုအစား ၎င်းတို့မှန်ကန်သည်ကို သက်သေပြရန် ၎င်းတို့၏ အမှားများကို ကျိုးကြောင်းသင့်ရှင်းပြပြီး ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်နေခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင်လည်း ၎င်းတို့သည် အဓိပ္ပာယ်မဲ့သော ကောက်ချက်များကို ချမှတ်ကာ အပျက်သဘောဆောင်ပြီး လွဲချော်နေသော အမြင်ရှုထောင့်များအပြင် မူမမှန်သော အကြောင်းပြချက်များနှင့် မိစ္ဆာဒိဋ္ဌိအယူများကိုပါ လူအများသိအောင်ပြုလုပ်သည်။ သက်ရောက်မှုအနေဖြင့် အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်လေသည်။ အချို့လူများကို အပျက်သဘောဆောင်ပြီး စိတ်ရှုပ်ထွေးသည့်အခြေအနေသို့ပင် သက်ဆင်းစေသည်။ ဤအရာအားလုံးသည် အပျက်သဘောဆောင်ခြင်းကို ပွင့်အံချသည့် လူတို့အားဖြင့် ဖြစ်ပေါ်သော ဘေးဖြစ်စေသည့် သက်ရောက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်သည်။ ထို့ကြောင့် အပျက်သဘောဆောင်မှုကို ပွင့်အံချသောသူတို့သည် ၎င်းတို့၏ စကားနှင့် အပြုအမူတို့နှင့်အတူ ကန့်သတ်ခြင်းခံရသင့်သည်။ ၎င်းတို့ကို မလိုက်လျောသင့်၊ သို့မဟုတ် ခွင့်မပြုသင့်ပေ။ အသင်းတော်သည် ဤလူတို့ကို ကိုင်တွယ်ဖြေရှင်းရန် သင့်လျော်သော နည်းလမ်းများနှင့် စည်းမျဉ်းများ ရှိသင့်သည်။ တစ်ချက်အနေဖြင့်၊ ညီအစ်ကိုမောင်နှမများသည် ဤလူတို့နှင့် ၎င်းတို့၏ အပျက်သဘောဆောင်သော မှတ်ချက်များကို ပိုင်းခြားသိမြင်သင့်သည်။ နောက်တစ်ချက်အနေဖြင့်၊ ဘုရားသခင် ရွေးချယ်ထားသောလူများက ပိုင်းခြားသိမြင်မှုရှိသည့်အခါ၊ ပိုများသောလူတို့အား လွှမ်းမိုးခြင်းနှင့် နှောင့်ယှက်ခြင်းခံရခြင်းမှ ကာကွယ်ရန်၊ အသင်းတော်သည် ဤပုဂ္ဂိုလ်များကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ချက်ချင်း ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုသင့်သည်။ အပျက်သဘောဆောင်မှုကို ပွင့်အံချခြင်း၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ မိတ်သဟာယသည် ဤနေရာတွင် အဆုံးသတ်သည်။

ဂ။ အပျက်သဘောဆောင်မှုကို ဖြေရှင်းခြင်းအတွက် စည်းမျဉ်းများနှင့် လမ်းကြောင်းများ

လူတို့သည် စာတန်ဆန်သော သဘာဝကို ပိုင်ဆိုင်ကြသည်၊ စာတန်ဆန်သော စိတ်သဘောထားဖြင့် အသက်ရှင်သည့်အခါ၊ အပျက်သဘောဆောင်သော အခြေအနေများကို ရှောင်ရှားရန် ခက်ခဲသည်။ အထူးသဖြင့် လူတစ်ဦးသည် သမ္မာတရားကို နားမလည်သည့်အခါ၊ အပျက်သဘောဆောင်ခြင်းက မြင်နေကျ ဖြစ်ရပ်တစ်ခု ဖြစ်လာသည်။ လူတိုင်းတွင် အပျက်သဘောဆောင်သည့် အခိုက်အတန့်များ ရှိသည်။ အချို့မှာ မကြာခဏ ပိုဖြစ်ပြီး၊ အချို့မှာ နည်းသည်၊ အချို့မှာ အချိန်ကြာမြင့်စွာ ဖြစ်ပြီး၊ အချို့မှာမူ ဖြစ်ချိန်ပိုတိုတောင်းသည်။ လူတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် ကွဲပြားသောကြောင့် ၎င်းတို့၏ အပျက်သဘောဆောင်သော အခြေအနေများလည်း ကွဲပြားသည်။ ပိုကြီးမားသော ဝိညာဉ်ရင့်ကျက်မှုရှိသူတို့သည် စမ်းသပ်မှုများနှင့် ရင်ဆိုင်ရသည့်အခါမှသာ အတော်အတန် အပျက်သဘောဆောင်လာကြပြီး၊ ပိုနည်းသော ဝိညာဉ်ရင့်ကျက်မှုရှိသူတို့မှာမူ သမ္မာတရားကို နားမလည်သေးပေ၊ အခြားသူများက အယူအဆအချို့ကို ဖြန့်ဝေသည့်အခါ သို့မဟုတ် အဓိပ္ပာယ်မဲ့သောစကားများ ပြောသည့်အခါ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် နှောင့်ယှက်ခြင်း၊ လွှမ်းမိုးခြင်းခံရနိုင်ပြီး အပျက်သဘောဆောင်လာနိုင်သည်။ ဖြစ်ပေါ်လာသော ပြဿနာတစ်ခုတလေ၊ ဖော်ပြရန်ပင် မထိုက်တန်သော မပြောပလောက်သည့်ကိစ္စများကပင်လျှင် ၎င်းတို့၏ အပျက်သဘောဆောင်မှုကို ဖြစ်ပေါ်စေနိုင်သည်။ မကြာခဏ အပျက်သဘောဆောင်ခြင်းဟူသည့် ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားအား မည်သို့ရှာဖွေရမည်ကို မသိပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့စားသောက်ရမည်ကို မသိပါက၊ သို့မဟုတ် ဘုရားသခင်ထံ ဆုမတောင်းရမည်ကို မသိပါက၊ ယင်းသည် အလွန်ပြဿနာရှိလာသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ ထောက်ပံ့မှုနှင့် အကူအညီကိုသာ အားကိုးနိုင်သည်။ အကယ်၍ မည်သူကမျှ ကူညီနိုင်ခြင်းမရှိပါက၊ သို့မဟုတ် ၎င်းတို့သည် အကူအညီကို လက်မခံပါက၊ ၎င်းတို့သည် ပြန်လည်မထူထောင်နိုင်အောင် အလွန်အပျက်သဘောဆောင်နေနိုင်ပြီး ယုံကြည်ခြင်းကိုပင် ရပ်တန့်သွားနိုင်သည်။ ကြည့်လော့၊ လူတစ်ဦးအတွက် အမြဲတစေ အယူအဆများရှိပြီး အလွယ်တကူ အပျက်သဘောဆောင်လာခြင်းက အလွန်အန္တရာယ်များသည်။ ထိုသို့သောလူတို့ထံ သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ ၎င်းတို့က လက်မခံကြပေ။ မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ မှန်ကန်သည်ဟု အမြဲတစေ အခိုင်အမာဆိုကြသည်။ ၎င်းတို့သည် အလွန့်အလွန် ဒုက္ခပေးသောသူများ ဖြစ်ကြသည်။ သင်သည် မည်မျှပင် အပျက်သဘောဆောင်နေပါစေ၊ အယူအဆများရှိခြင်းသည် ထိုအယူအဆများကသမ္မာတရားနှင့် ကိုက်ညီသည်ဟု မဆိုလိုကြောင်းသင်၏စိတ်နှလုံးထဲတွင် နားလည်သင့်သည်။ ယင်းမှာ သင်၏ နားလည်သဘောပေါက်မှုတွင် ပြဿနာရှိသည်ဟု ဆိုလိုပေသည်။ အကယ်၍ သင်သည် ဆင်ခြင်တုံတရားတစ်ခုခုရှိပါက၊ ဤအယူအဆများကို မဖြန့်ဝေသင့်ပေ။ ဤသည်မှာ လူတို့ အနည်းဆုံး စောင့်ထိန်းသင့်သည့်အရာ ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အနည်းငယ်ရှိပြီး သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦးဖြစ်ကြောင်း ဝန်ခံနိုင်ပါက၊ သင်၏ အယူအဆများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည်၊ သမ္မာတရားကို ကျိုးနွံနာခံသင့်ပြီး၊ အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေခြင်းအား ရှောင်ကြဉ်သင့်သည်။ အကယ်၍ သင်သည် ဤအရာကို မလုပ်ဆောင်နိုင်သည့်အပြင် အယူအဆများ ဖြန့်ဝေခြင်းအား မရမကလုပ်ဆာင်ပါက၊ သင်၏ ဆင်ခြင်တုံတရားကို သင် ဆုံးရှုံးသွားပြီဖြစ်သည်။ သင်သည် စိတ်ပိုင်းဆိုင်ရာ မူမမှန်ပေ၊ နတ်ဆိုးများ ပူးကပ်ခြင်းခံရပြီး၊ သင့်ကိုယ်သင် မထိန်းချုပ်နိုင်တော့ပေ။ နတ်ဆိုးများ၏ စိုးမိုးခြင်းကို ခံရလျက်၊ သင်သည် မည်သို့ပင်ဖြစ်စေ ဤအယူအဆများကို ထုတ်ပြောပြီး ဖြန့်ဝေသည်။ ယင်းကို ကူညီ၍မရနိုင်၊ ဤသည်မှာ ဝိညာဉ်ဆိုးများ၏ အလုပ်ဖြစ်သည်။ အကယ်၍ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားအချို့ရှိပါက၊ ဤအရာကို သင်လုပ်ဆောင်နိုင်သင့်သည်။ အယူအဆများကို မဖြန့်ဝေခြင်းနှင့် ညီအစ်ကိုမောင်နှမများကို မနှောင့်ယှက်ခြင်းတို့ ဖြစ်သည်။ သင်သည် အပျက်သဘောဆောင်လာလျှင်ပင်၊ ညီအစ်ကိုမောင်နှမများကို ထိခိုက်စေသည့်အရာများအား မလုပ်ဆောင်သင့်ပေ။ သင်သည် သင်၏တာဝန်ကိုသာ ကောင်းစွာ ထမ်းဆောင်သင့်သည်။ သင်လုပ်ဆောင်သင့်သည့်အရာကို ကောင်းစွာလုပ်ဆောင်သင့်ပြီး၊ သင်သည် မိမိကိုယ်ကို အပြစ်တင်စရာမရှိကြောင်း သေချာစေသင့်သည်။ ဤသည်မှာ ကျင့်ကြံပြုမူရာခြင်းအတွက် အနိမ့်ဆုံးသော စံနှုန်းဖြစ်သည်။ သင်သည် တစ်ခါတစ်ရံ အပျက်သဘောဆောင်သော်လည်း၊ ဘောင်ကျော်သည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ပါက၊ ဘုရားသခင်သည် သင်၏ အပျက်သဘောဆောင်မှုခြင်းနှင့်ပတ်သက်၍ ရေးကြီးခွင့်ကျယ်လုပ်လိမ့်မည် မဟုတ်။ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သရွေ့၊ ဘုရားသခင်ထံ ဆုတောင်းပြီး အားကိုးနိုင်သရွေ့၊ သမ္မာတရားကို ရှာဖွေသရွေ့၊ နောက်ဆုံးတွင် သမ္မာတရားကို သင် နားလည်လာပြီး သင့်ကိုယ်သင် ပြောင်းလဲနိုင်လိမ့်မည်။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးအနေဖြင့် တကယ့်အလုပ်ကို မလုပ်ဆောင်သည့်အတွက် ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းခြင်းခံရခြင်းကဲ့သို့သော သိသာထင်ရှားသည့် အဖြစ်အပျက်များနှင့် ရင်ဆိုင်ရကာ၊ ကယ်တင်ခြင်း မျှော်လင့်ချက်မရှိဟု ခံစားရပြီး အပျက်သဘောဆောင်လာလျှင်၊ သင်သည် ပြစ်တင်ရှုတ်ချခြင်းနှင့် ကျိန်ဆဲခြင်းခံရသည်ဟု ခံစားရလျက်၊ ပြန်လည်မထူထောင်နိုင်သည့်အထိ အလွန်အမင်း အပျက်သဘောဆောင်လာပြီး၊ ဘုရားသခင်အပေါ် အထင်အမြင်လွဲမှားမှုများနှင့် မကျေနပ်ချက်များ ဖြစ်ပေါ်လာလျှင်၊ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ဤအရာကို ကိုင်တွယ်ရန် အလွန်လွယ်ကူသည်။ သမ္မာတရားကို နားလည်သောလူအချို့ကို ရှာဖွေပြီး မိတ်သဟာယဖွဲ့ကာ ၎င်းတို့နှင့်အတူ ရှာဖွေလော့။ ပြီးလျှင် ဤလူတို့နှင့် ရင်ဖွင့်ပြောဆိုလော့။ ပို၍အရေးကြီးသည်မှာ၊ သင်၏ အပျက်သဘောဆောင်မှုနှင့် အားနည်းမှုအပြင်၊ သင်နားမလည်သောအရာ၊ မကျော်လွှားနိုင်သော အရာအချို့ကို တစ်ခုပြီးတစ်ခု ဘုရားသခင်ရှေ့မှောက်သို့ လာ၍ မှန်ကန်စွာ ဆုတောင်းလော့။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့လော့။ မည်သည့်အရာကိုမျှ မဖုံးကွယ်နှင့်။ အကယ်၍ အခြားသူများအား သင် မဖော်ပြနိုင်သော ပြောမထွက်နိုင်သည့်အရာများ ရှိပါက၊ ဘုရားသခင်ရှေ့မှောက်သို့ လာ၍ ဆုတောင်းရန် သာ၍ပင် မရှိမဖြစ်လိုအပ်သည်။ အချို့လူများက “ဘုရားသခင်ကို ထိုအကြောင်း ပြောဆိုခြင်းက ပြစ်တင်ရှုတ်ချခြင်းကို ဖြစ်စေသည် မဟုတ်လော” ဟု မေးကြသည်။ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး သူ၏ ပြစ်တင်ရှုတ်ချခြင်းကို ရရှိစေသည့်အရာများစွာကို လုပ်ဆောင်ပြီးဖြစ်သည် မဟုတ်လော။ ဤနောက်ထပ်တစ်ခုအတွက် အဘယ်ကြောင့် စိုးရိမ်ပူပန်နေသနည်း။ သင်သည် ထိုအကြောင်းကို မပြောပါက၊ ဘုရားသခင် မသိဟု သင်ထင်သလော။ သင်တွေးသမျှကို ဘုရားသခင် သိသည်။ သင်သည် သင်၏ စိတ်နှလုံးထဲတွင်ရှိသည့်အရာကို ထုတ်ပြောလျက်၊ သင်၏ ပြဿနာများနှင့် အခြေအနေများကို သူ့ထံသို့ မှန်ကန်စွာ တင်ပြလျက်၊ ဘုရားသခင်နှင့် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့သင့်သည်။ သင်၏ အားနည်းမှု၊ ပုန်ကန်မှုနှင့် သင်၏ မကျေနပ်ချက်များကိုပင် ဘုရားသခင်အား ပြောဆိုနိုင်သည်။ သင်သည် ပွင့်အံချလိုလျှင်ပင်၊ အဆင်ပြေသည်၊ ဘုရားသခင်က ဤအရာကို ပြစ်တင်ရှုတ်ချမည်မဟုတ်ပေ။ အဘယ်ကြောင့် ဘုရားသခင်က ဤအရာကို ပြစ်တင်ရှုတ်ချခြင်းမရှိသနည်း။ ဘုရားသခင်သည် လူ၏ ဝိညာဉ်ရင့်ကျက်မှုကို သိသည်။ သင်သည် သူနှင့်စကားမပြောလျှင်ပင်၊ သူသည် သင်၏ ဝိညာဉ်ရင့်ကျက်မှုကို သိနေဆဲဖြစ်သည်။ ဘုရားသခင်နှင့် စကားပြောဆိုခြင်းအားဖြင့်၊ တစ်ဖက်တွင်၊ ဤသည်မှာ သင့်ကိုယ်သင် ဖွင့်ချပြီး ဘုရားသခင်ထံ ပွင့်လင်းရန် သင်၏ အခွင့်အရေးဖြစ်သည်။ အခြားတစ်ဖက်တွင်၊ ယင်းသည် ဘုရားသခင်အပေါ် သင်၏ ကျိုးနွံနာခံခြင်း သဘောထားကိုလည်း ပြသပေသည်။ အနည်းဆုံးအနေဖြင့် သင်၏စိတ်နှလုံးသည် သူ့အပေါ် ပိတ်ထားခြင်းမရှိကြောင်း၊ သင်သည် အားနည်းခြင်းသာဖြစ်ကြောင်း၊ ဤကိစ္စကို ကျော်လွှားအောင်မြင်ရန် လုံလောက်သော ဝိညာဉ်ရင့်ကျက်မှု မရှိကြောင်း၊ ထိုမျှသာဖြစ်ကြောင်း ဘုရားသခင်ကို သင်မြင်ခွင့်ပေးခြင်း ဖြစ်သည်။ သင်သည် အာခံရန် ရည်ရွယ်ခြင်းမရှိ၊ သင်၏ သဘောထားသည် ကျိုးနွံနာခံရန်ဖြစ်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန်သေးငယ်ပြီး၊ ဤကိစ္စရပ်ကို သင်မခံနိုင်ခြင်းသာ ဖြစ်သည်။ သင်သည် ဘုရားသခင်ထံ သင်၏စိတ်နှလုံးကို အပြည့်အဝ ဖွင့်ဟပြီး သင်၏ အနက်ရှိုင်းဆုံးသော အတွေးများကို သူ့အား မျှဝေနိုင်သည့်အခါ၊ သင်ပြောဆိုသည့်အရာတွင် အားနည်းမှုနှင့် စောဒကတက်ခြင်းများ ပါဝင်နိုင်သော်လည်း၊ အထူးသဖြင့်၊ အပျက်သဘောဆောင်သည့်အရာများစွာ ပါဝင်သော်လည်း၊ ဤအရာတွင် မှန်ကန်သည့်အရာတစ်ခု ရှိသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ပိုင်ဆိုင်ကြောင်း သင်ဝန်ခံသည်၊ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်ကြောင်း သင်ဝန်ခံသည်၊ သင်သည် ဖန်ဆင်းရှင်အဖြစ် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို မငြင်းပယ်သည့်အပြင်၊ သင်နှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးသည် ဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်၏ ဆက်ဆံရေးဖြစ်သည်ကိုလည်း သင်မငြင်းပယ်ပေ။ အောင်မြင်ကျော်လွှားရန် သင် အခက်အတွေ့ဆုံးသောအရာများ၊ သင့်ကို အားအနည်းဆုံးဖြစ်စေသည့်အရာများကို ဘုရားသခင်ထံ အပ်နှံပြီး၊ သင်၏ အတွင်းကျကျ ခံစားချက်အားလုံးကို ဘုရားသခင်အား ပြောပြသည်။ ဤအရာက သင်၏ သဘောထားကို ပြသသည်။ အချို့လူများက “ကျွန်ုပ် ဘုရားသခင်ထံ တစ်ကြိမ် ဆုတောင်းခဲ့ပြီး ယင်းက ကျွန်ုပ်၏ အပျက်သဘောဆောင်မှုကို မဖြေရှင်းပေးပါ။ ကျွန်ုပ် ယင်းကို အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိသေးပါ”ဟု ဆိုကြသည်။ အရေးမကြီးပေ။ သင်သည် သမ္မာတရားကို လေးလေးနက်နက် ရှာဖွေရန်သာ လိုအပ်သည်။ သင်မည်မျှ နားလည်သည်ဖြစ်စေ၊ ဘုရားသခင်သည် သင့်ကို တဖြည်းဖြည်း ခွန်အားပေးမည်ဖြစ်ပြီး သင်သည် အစကလောက် အားနည်းတော့မည်မဟုတ်ပေ။ သင်၌ အားနည်းခြင်းနှင့် အပျက်သဘောဆောင်ခြင်း မည်မျှပင် ရှိသည်ဖြစ်စေ၊ သင်၌ စောဒကတက်ခြင်းများနှင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ မည်မျှပင် ရှိသည်ဖြစ်စေ ဘုရားသခင်နှင့် စကားပြောလော့။ ဘုရားသခင်ကို အပြင်လူတစ်ဦးကဲ့သို့ မဆက်ဆံနှင့်။ သင်သည် မည်သူ့ထံမှ အမှုအရာများကို ဖုံးကွယ်သည်ဖြစ်စေ၊ ဘုရားသခင်ထံမှ မည်သည့်အရာကိုမျှ မဖုံးကွယ်နှင့်၊ အကြောင်းမူကား ဘုရားသခင်သည် သင်၏ တစ်ခုတည်းသော အားကိုးရာဖြစ်ပြီး သင်၏ တစ်ခုတည်းသော ကယ်တင်ခြင်းလည်း ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းအားဖြင့်သာ ဤပြဿနာများကို ဖြေရှင်းနိုင်သည်၊ လူတို့ကို အားကိုးခြင်းသည် အသုံးမဝင်ပေ။ ထို့ကြောင့် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းကို ရင်ဆိုင်ရသောအခါ ဘုရားသခင်၏ ရှေ့မှောက်သို့ လာ၍ သူ့ကို အားကိုးသောသူတို့သည် အပါးနပ်ဆုံး ဖြစ်ကြသည်။ မိုက်မဲပြီး ခေါင်းမာသောလူများသာလျှင်၊ အရေးပါပြီး အရေးကြီးသော အဖြစ်အပျက်များနှင့် ရင်ဆိုင်ရကာ ဘုရားသခင်ထံ မိမိတို့၏ စိတ်နှလုံးကို ဖွင့်ထုတ်ပြောဆိုရန် လိုအပ်သည့်အခါ၊ မိမိတို့၏ စိတ်ထဲတွင် ကြံစည်လျက် ဘုရားသခင်ထံမှ သာ၍ပင် ဝေးကွာသွားပြီး ရှောင်ရှားကြသည်။ ဤကြံစည်မှုအားလုံး၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းနှင့် စောဒကတက်ခြင်းများသည် အာခံခြင်းအဖြစ်သို့ ပြောင်းလဲသွားပြီး၊ အာခံခြင်းသည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ကန့်ကွက်ခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤလူတို့သည် ဘုရားသခင်နှင့် လုံးဝ မသင့်မြတ်နိုင်အောင်ဖြစ်သွားပြီး၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးက လုံးဝ ပြိုကွဲပျက်စီးသွားသည်။ သို့သော်လည်း၊ သင်သည် ထိုသို့သော အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းကို ရင်ဆိုင်ရသည့်အခါ၊ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေရန်အတွက် ဘုရားသခင်ရှေ့မှောက်သို့ ဆက်လက်လာရောက်ရန် ရွေးချယ်နိုင်ပြီး၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် ရွေးချယ်နိုင်ကာ၊ စစ်မှန်သော ကျိုးနွံနာခံသည့် သဘောထားကို သင် ခံယူပါက၊ သင့်အနေဖြင့် အပျက်သဘောဆောင်ပြီး အားနည်းနေသည့်အခါတွင်ပင် သူ့ကို စိတ်ရင်းမှန်ဖြင့် ကျိုးနွံနာခံလိုသေးသည်ကို မြင်သည့်အတွက် ဘုရားသခင်သည် သင့်ကို သင်၏ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းမှ ထုတ်ဆောင်လျက်၊ သင့်အား မည်သို့လမ်းညွှန်ရမည်ကို သိလိမ့်မည်။ ဤအတွေ့အကြုံများ ရှိပြီးနောက်၊ သင်သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပေါ်လာလိမ့်မည်။ သင့်အနေဖြင့် မည်သည့်အခက်အခဲများကို ရင်ဆိုင်ရသည်ဖြစ်စေ၊ ဘုရားသခင်ကို ရှာဖွေပြီး သူ့ကို စောင့်ဆိုင်းနေသရွေ့၊ သူသည် သင်မသိလိုက်ဘဲ သင့်အတွက် ထွက်မြောက်ရာလမ်းတစ်ခုကို စီစဉ်ပေးလိမ့်မည်ဖြစ်ပြီး၊ သင်သတိပင်မထားမိလိုက်ဘဲ အခြေအနေများက ပြောင်းလဲသွားသည်ကို မြင်တွေ့ခွင့်ပြုကာ၊ သင့်ကို အားနည်းခြင်းမရှိတော့ဘဲ အားကောင်းလာစေပြီး၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို တိုးပွားစေမည်ဟု သင်ခံစားရလိမ့်မည်။ သင်သည် ဤအဖြစ်အပျက်များကို ပြန်လည်ဆင်ခြင်သုံးသပ်သည့်အခါ၊ ထိုအချိန်က သင်၏ အားနည်းမှုသည် မည်မျှ ကလေးဆန်ခဲ့သည်ကို သင်ခံစားရလိမ့်မည်။ အမှန်တွင်၊ လူတို့သည် ထိုသို့ကလေးဆန်ကြခြင်းသာ ဖြစ်ပြီး၊ ဘုရားသခင်၏ ထောက်ပံ့မှုမရှိဘဲ၊ ၎င်းတို့သည် မိမိတို့၏ ကလေးဆန်ခြင်းနှင့် မသိနားမလည်ခြင်းမှ မည်သည့်အခါမျှ ရင့်ကျက်လာမည်မဟုတ်ပေ။ ဤအရာများကို တွေ့ကြုံခံစားသည့် ဖြစ်စဉ်တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တဖြည်းဖြည်း လက်ခံပြီး ကျိုးနွံနာခံခြင်းအားဖြင့်၊ ဤအဖြစ်မှန်များကို အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ ရင်ဆိုင်ခြင်းအားဖြင့်၊ စည်းမျဉ်းများကို ရှာဖွေခြင်းအားဖြင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေခြင်းအားဖြင့်၊ ဘုရားသခင်ကို ရှောင်ရှားခြင်း သို့မဟုတ် ခပ်ကင်းကင်းနေခြင်း မရှိတော့ဘဲ၊ ဘုရားသခင်ကို ပုန်ကန်ခြင်းလည်း မရှိတော့ဘဲ၊ ပုန်ကန်မှု နည်းသည်ထက်နည်းလာလျက်၊ ပို၍ပို၍ ကျိုးနွံနာခံလာခြင်းအားဖြင့်၊ ဘုရားသခင်နှင့် ပို၍ပို၍ ရင်းနှီးလာခြင်းအားဖြင့်၊ ဘုရားသခင်ကို ပို၍ပို၍ ကျိုးနွံနာခံနိုင်လာခြင်းအားဖြင့်၊ ဤသို့ တွေ့ကြုံခံစားခြင်းအားဖြင့်သာ လူတစ်ဦး၏အသက်တာသည် လူလားမြောက်သည့် ဝိညာဉ်ရင့်ကျက်မှုအဖြစ်သို့ အပြည့်အဝ ကြီးထွားလာလျက် တဖြည်းဖြည်း ကြီးထွားပြီး ရင့်ကျက်လာပေသည်။

အပျက်သဘောဆောင်သော အခြေအနေများကို မည်သို့ သဘောထားပြီး ဖြေရှင်းသင့်သနည်း။ အပျက်သဘောဆောင်ခြင်းသည် ကြောက်ရွံ့ရမည့်အရာ မဟုတ်ပေ။ အဓိကအချက်မှာ ဆင်ခြင်တုံတရားရှိရန် ဖြစ်သည်။ လူတစ်ဦးသည် အဆက်မပြတ် အပျက်သဘောဆောင်နေချိန်တွင် မိုက်မဲစွာ ပြုမူရန် လွယ်ကူသည် မဟုတ်လော။ လူတစ်ဦးသည် အပျက်သဘောဆောင်သည့်အခါ၊ ၎င်းတို့သည် စောဒကတက်ခြင်း သို့မဟုတ် မိမိတို့ကိုယ်ကို လက်လျှော့ခြင်းသာ ပြုကြပြီး၊ မည်သည့်ဆင်ခြင်တုံတရားမျှမရှိဘဲ ပြောဆိုပြုမူကြသည်၊ ဤသည်မှာ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်သည် မဟုတ်လော။ အကယ်၍ လူတစ်ဦးသည် စိတ်ပျက်အားငယ်ခြင်းကို မလွန်ဆန်နိုင်သည့်အပြင် အပျက်သဘောဆောင်မှုဖြင့် ပျင်းရိပေါ့ဆနိုင်ပါက၊ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်ခြင်း မဟုတ်လော။ ပြင်းထန်သော အပျက်သဘောဆောင်ခြင်းသည် စိတ်ရောဂါရှိခြင်းနှင့် တူသည်။ ယင်းသည် နတ်ဆိုးများ ပူးကပ်နေခြင်းနှင့် အတော်အတန် ဆင်တူသည်၊ ယင်းမှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း ဖြစ်သည်။ ဖြေရှင်းချက်များအတွက် သမ္မာတရားကို မရှာဖွေခြင်းသည် အမှန်ပင် အန္တရာယ်များသည်။ လူတို့သည် အပျက်သဘောဆောင်သည့်အခါ၊ အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝကင်းမဲ့ပါက၊ ၎င်းတို့သည် ဆင်ခြင်တုံတရားကို အလွယ်တကူ ဆုံးရှုံးသွားလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ အပျက်သဘောဆောင်မှု၊ စိတ်မကျေနပ်မှုနှင့် အယူအဆများကို နေရာအနှံ့ ဖြန့်ဝေကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ခြင်းဖြစ်ပြီး အသင်းတော်၏အလုပ်ကို အလွန်လွယ်ကူစွာ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နိုင်သည်၊ အကျိုးဆက်မှာ စဉ်းစားဆင်ခြင်ရန်ပင် အလွန်ဆိုးဝါးပြီး ၎င်းတို့သည် ဘုရားသခင်၏ ပစ်ပစ်ခါခါငြင်းခြင်းကို ခံရနိုင်ခြေ အလွန်များသည်။ သို့သော်လည်း၊ မိမိ၏ အပျက်သဘောဆောင်မှုဖြင့် လူတစ်ဦးသည် သမ္မာတရားကို ရှာဖွေနိုင်ပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးအား ထိန်းသိမ်းကာ၊ အပျက်သဘောဆောင်သောစကားကို မပြောဘဲ၊ မိမိ၏ ကိုယ်ပိုင်အပျက်သဘောဆောင်မှုနှင့် အယူအဆများကိုလည်း မဖြန့်ဝေဘဲ၊ ဘုရားသခင်၌ မိမိ၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ကျိုးနွံနာခံသော သဘောထားကို ထိန်းသိမ်းပါက၊ ထိုသို့သောလူသည် အပျက်သဘောဆောင်ခြင်းမှ အလွယ်တကူ လွတ်လာနိုင်သည်။ လူတိုင်းတွင် အပျက်သဘောဆောင်သည့် အခိုက်အတန့်များ ရှိသည်။ ယင်းတို့သည် ပြင်းထန်မှု၊ ကြာချိန်နှင့် အကြောင်းရင်းများသာ ကွဲပြားကြသည်။ အချို့လူများသည် ယေဘုယျအားဖြင့် အပျက်သဘောမဆောင်သော်လည်း တစ်စုံတစ်ခုတွင် ကျရှုံးခြင်း သို့မဟုတ် ယိမ်းယိုင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ထိုသို့ဖြစ်လာကြသည်။အခြားသူများမှာမူ မပြောပလောက်သည့်ကိစ္စများကြောင့် အပျက်သဘောဆောင်လာနိုင်သည်၊ တစ်စုံတစ်ဦးက ၎င်းတို့၏မာနကို ထိခိုက်စေသည့်စကားတစ်ခွန်း ပြောဆိုခြင်းမျှပင်လျှင် ဖြစ်နိုင်သည်။ အချို့မှာမူ အနည်းငယ် မသင့်လျော်သော အခြေအနေများကြောင့် အပျက်သဘောဆောင်ကြသည်။ ထိုသို့သောလူတို့သည် ဘဝကို မည်သို့အသက်ရှင်ရမည်ကို နားလည်ကြသလော။ ၎င်းတို့တွင် ထိုးထွင်းသိမြင်မှု ရှိသလော။ ၎င်းတို့သည် ပုံမှန်လူတစ်ဦး၏ စိတ်သဘောထားကြီးမှုနှင့် သည်းခံနိုင်စွမ်းကို ပိုင်ဆိုင်ကြသလော။ မပိုင်ဆိုင်ပါ။ အခြေအနေများ မည်သို့ပင်ဖြစ်စေ၊ လူတစ်ဦးသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်း၌ အသက်ရှင်နေသရွေ့၊ ၎င်းတို့သည် အချို့သော အပျက်သဘောဆောင်သည့် အခြေအနေများထဲသို့ မကြာခဏ ကျဆင်းလိမ့်မည်။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို နားလည်ပြီး အမှုအရာများကို ထိုးထွင်းသိမြင်နိုင်ပါက၊ ၎င်းတို့၏ အပျက်သဘောဆောင်သော အခြေအနေများသည် တိုး၍ရှားပါးလာမည်ဖြစ်ပြီး ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာသည်နှင့်အမျှ ၎င်းတို့၏ အပျက်သဘောဆောင်မှုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ၊ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားလိမ့်မည်မှာ အမှန်ပင်ဖြစ်သည်။ သမ္မာတရားကို မချစ်သောသူများ၊ သမ္မာတရားကို လုံးဝလက်မခံသောသူများ၌ အပျက်သဘောဆောင်သော စိတ်ခံစားမှုများ၊ အပျက်သဘောဆောင်သော အခြေအနေများအပြင်၊ အပျက်သဘောဆောင်သော အတွေးများနှင့် သဘောထားများ ပို၍များပြားလာမည်ဖြစ်ပြီး၊ ယင်းတို့သည် စုပုံလာလေ ပို၍ပြင်းထန်လာလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ဤအရာများက ၎င်းတို့ကို လွှမ်းမိုးသွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ နာလန်ထူနိုင်ကြလိမ့်မည် မဟုတ်။ ယင်းမှာ အလွန်အန္တရာယ်များပေသည်။ ထို့ကြောင့်၊ အပျက်သဘောဆောင်မှုကို ချက်ချင်းဖြေရှင်းခြင်းသည် အရေးကြီးသည်။ အပျက်သဘောဆောင်မှုကို ဖြေရှင်းရန်၊ လူတစ်ဦးသည် တက်ကြွစွာ သမ္မာတရားကို ရှာဖွေရမည်။ သူ၏ မျက်မှောက်တွင် ငြိမ်သက်ခြင်း အခြေအနေကို ထိန်းသိမ်းရင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် တွေးဆခြင်းသည် ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်းကို ရရှိစေမည်ဖြစ်ပြီး၊ လူတစ်ဦးအား သမ္မာတရားကို နားလည်စေကာ အပျက်သဘောဆောင်ခြင်း၏ အနှစ်သာရကို ထိုးထွင်းသိမြင်စေလျက်၊ ထိုသို့ဖြင့် အပျက်သဘောဆောင်ခြင်း ပြဿနာကို ဖြေရှင်းစေမည်ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ ကိုယ်ပိုင်အယူအဆများနှင့် အကြောင်းပြချက်များကို ဆက်လက်ဖက်တွယ်ထားသေးပါက၊ သင်သည် အလွန်မိုက်မဲပြီး၊ သင်၏ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်းကြောင့် သင်ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ မည်သို့ပင်ဖြစ်စေ၊ အပျက်သဘောဆောင်မှုကို ဖြေရှင်းခြင်းသည် တက်ကြွစွာ ဖြစ်သင့်သည်၊ မထုံတက်သေး မဖြစ်သင့်ပေ။ အပျက်သဘောဆောင်မှု ဖြစ်ပေါ်လာသည့်အခါ၊ ယင်းကို လျစ်လျူရှုထားသင့်သည်၊ ၎င်းတို့ ပျော်ရွှင်လာသည့်အခါ၊ ၎င်းတို့၏ အပျက်သဘောဆောင်မှုက အလိုအလျောက် ဝမ်းမြောက်ခြင်းအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု လူအချို့က ထင်ကြသည်။ ဤသည်မှာ စိတ်ကူးယဉ်တစ်ခုသာ ဖြစ်သည်၊ သမ္မာတရားကို မရှာဖွေဘဲ သို့မဟုတ် လက်မခံဘဲ၊ အပျက်သဘောဆောင်မှုသည် အလိုအလျောက် သူ့ဘာသာ ပျောက်ကွယ်သွားမည်မဟုတ်ပေ။ သင်သည် ယင်းကို မေ့သွားပြီး သင်၏စိတ်နှလုံးထဲတွင် မည်သို့မျှ မခံစားရလျှင်ပင်၊ သင်၏ အပျက်သဘောဆောင်မှုနှင့်ဆိုင်သည့် အရင်းခံအကြောင်းရင်းကို ဖြေရှင်းပြီးဖြစ်သည်ဟု မဆိုလိုပေ။ သင့်လျော်သော အခြေအနေများ ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ ယင်းသည် တစ်ဖန် ပြန်ထလာလိမ့်မည်၊ ယင်းမှာ သာမန်ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ချက်ချာပါးနပ်ပြီး ဆင်ခြင်တုံတရားရှိပါက၊ အပျက်သဘောဆောင်မှု ဖြစ်ပေါ်လာသည့်အခါ ချက်ချင်း သမ္မာတရားကို ရှာဖွေသင့်ပြီး၊ ယင်းကို ဖြေရှင်းရန် သမ္မာတရားအား လက်ခံခြင်း၊ ထိုသို့ဖြင့် အပျက်သဘောဆောင်ခြင်း ပြဿနာကို ယင်း၏ အရင်းအမြစ်မှ ဖြေရှင်းခြင်းနည်းလမ်းကို အသုံးပြုသင့်ပေသည်။ မကြာခဏ အပျက်သဘောဆောင်သောသူအားလုံးသည် သမ္မာတရားကို လက်မခံနိုင်သောကြောင့် ထိုသို့ဖြစ်ကြသည်။ အကယ်၍ သင်သည် သမ္မာတရားကို လက်မခံပါက၊ အပျက်သဘောဆောင်ခြင်းသည် သင့်ကို အမြဲတစေ အပျက်သဘောဆောင်စေပြီး၊ ဘုရားသခင်အပေါ် နာခံမှုမရှိခြင်း၊ စိတ်မကျေနပ်ခြင်းနှင့် နာကြည်းချက်ဟူသော ခံစားချက်များကို ဖြစ်ပေါ်စေလျက် ဘုရားသခင်ကို သင် အတိုက်အခံလုပ်ခြင်း၊ တိုက်ခိုက်ခြင်းနှင့် ဆူပူအော်ဟစ်ခြင်းတို့ကို ပြုလုပ်မိသည့်အထိ နတ်ဆိုးတစ်ကောင်ကဲ့သို့ သင့်ကို တွယ်ကပ်နေလိမ့်မည်။ ထိုအခါ သင်သည် အဆုံးသို့ ရောက်သွားလိမ့်မည်ဖြစ်ပြီး၊ သင်၏ အကျည်းတန်သောမျက်နှာသည် ဖော်ထုတ်ခြင်းခံရလိမ့်မည်။ လူတို့သည် သင့်ကို စတင် ဖော်ထုတ်သည်၊ သင့်ကို စတင် စိတ်ဖြာလေ့လာဆွေးနွေးပြီး သင့်ကို စတင် သရုပ်ဖော်သတ်မှတ်ကာ ကြောက်မက်ဖွယ်ကောင်းသော လက်တွေ့အရှိတရားနှင့် ရင်ဆိုင်ရသည့် ယခုအခါတွင်မှ သင်၏ မျက်ရည်များ စတင်ကျလာသည်။ ဤသည်မှာ သင်သည် ပြိုလဲပြီး စိတ်ပျက်အားငယ်မှုဖြင့် စတင်ရင်ဘတ်စည်တီးသည့်အချိန်ဖြစ်သည်။ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို လက်ခံရန်သာ သင် စောင့်နေပေသည်။ အပျက်သဘောဆောင်ခြင်းသည် လူတို့ကို အားနည်းစေရုံသာမက၊ ယင်းသည် ၎င်းတို့အား ဘုရားသခင်နှင့်ပတ်သက်၍ စောဒကတက်စေသည်၊ ဘုရားသခင်ကို ဝေဖန်စေသည်၊ ဘုရားသခင်ကို ငြင်းပယ်စေပြီး ဘုရားသခင်ကို တိုက်ရိုက် တိုက်ခိုက်ကာ ကန့်ကွက်သည်အထိပင် ဖြစ်စေသည်။ ထို့ကြောင့်၊ အကယ်၍ တစ်စုံတစ်ဦး၏ အပျက်သဘောဆောင်မှုကို ဖြေရှင်းခြင်းသည် နှောင့်နှေးသွားပါက၊ ၎င်းတို့သည် ပြစ်မှားစော်ကားသော စကားများကို ထုတ်ဖော်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည်နှင့်တစ်ပြိုင်နက်၊ အကျိုးဆက်များက အလွန်ပြင်းထန်သည်။ အကယ်၍ သင်သည် အဖြစ်အပျက်တစ်ခု၊ စကားတစ်ခွန်း၊ သို့မဟုတ် အတွေး သို့မဟုတ် သဘောထားအမြင်တစ်ခုကြောင့် အပျက်သဘောဆောင်ခြင်းထဲသို့ ကျရောက်ပြီး မကျေနပ်ချက်များ ထားရှိပါက၊ ဤသည်မှာ ထိုကိစ္စရပ်အပေါ် သင်၏ နားလည်မှုသည် လွဲချော်နေပြီး၊ သင်သည် ယင်းနှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများ ရှိနေသည်ကို ပြသပေသည်။ ဤကိစ္စရပ်အပေါ် သင်၏ အမြင်များက သမ္မာတရားနှင့် သေချာပေါက် မကိုက်ညီပေ။ ဤအချိန်တွင်၊ သင်သည် ဤမှားယွင်းသော အယူအဆများနှင့် စိတ်ကူးများကို တတ်နိုင်သမျှ အစောဆုံး အလျင်အမြန် ပြုပြင်ရန် ကြိုးစားလျက်၊ သမ္မာတရားကို ရှာဖွေပြီး ယင်းကို မှန်ကန်စွာ ရင်ဆိုင်ရန် လိုအပ်သည်။ သင့်ကိုယ်သင် ဤအယူအဆများဖြင့် ချည်နှောင်ခြင်းနှင့် လမ်းလွဲစေခြင်းကို ခံရကာ ဘုရားသခင်အပေါ် မနာခံခြင်း၊ စိတ်မကျေနပ်ခြင်းနှင့် နာကြည်းချက် အခြေအနေသို့ ကျရောက်စေရန် ခွင့်မပြုသင့်ပေ။ အပျက်သဘောဆောင်မှုကို ချက်ချင်းဖြေရှင်းခြင်းသည် အရေးကြီးပြီး၊ ယင်းကို လုံးဝဖြေရှင်းခြင်းသည်လည်း အလွန်အရေးကြီးသည်။ အပျက်သဘောဆောင်မှုကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုခြင်းနှင့် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရှာဖွေရန် သူ့ရှေ့မှောက်သို့ လာရောက်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံ၊ သင်သည် သင်၏ အတွေးများနှင့် သဘောထားအမြင်များကို ယာယီအားဖြင့် ပြောင်းပြန်လှန်နိုင်ခြင်းမရှိ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အနည်းဆုံးအနေဖြင့် သင်သည် မှားယွင်းနေကြောင်းနှင့် သင်၏ ဤအတွေးများသည် လွဲချော်နေကြောင်းကို သင်သိသင့်သည်။ ဤနည်းအားဖြင့်၊ အနိမ့်ဆုံးရလဒ်မှာ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဤမှားယွင်းသော အတွေးများနှင့် အမြင်ရှုထောင့်များက သင်၏ သစ္စာစောင့်သိခြင်းကို ထိခိုက်လိမ့်မည်မဟုတ်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို ထိခိုက်လိမ့်မည်မဟုတ်သည့်အပြင်၊သင်၏စိတ်နှလုံးကို ဖွင့်ဟပြီး ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ သင်လာရောက်ခြင်းကို ထိခိုက်လိမ့်မည်မဟုတ်ပေ။ အနည်းဆုံးအနေဖြင့်၊ ဤသည်မှာ စွမ်းဆောင်ရရှိရမည့် ရလဒ်ဖြစ်သည်။ သင်သည် အပျက်သဘောဆောင်မှုဖြင့် လွမ်းမိုးခြင်းခံရပြီး နာခံမှုမရှိသည့်အပြင် စိတ်မကျေနပ်ဖြစ်နေသည့်အခါ၊ ဘုရားသခင်အပေါ် စောဒကတက်မှုများကို ထားရှိသော်လည်း ဖြေရှင်းခြင်းအတွက် သမ္မာတရားကို မရှာဖွေလိုဘဲ၊ အမှန်တွင် သင်၏စိတ်နှလုံးက ဘုရားသခင်ထံမှ အလှမ်းဝေးနေပြီး သူ၏နှုတ်ကပတ်တော်များကို မဖတ်လိုတော့ သို့မဟုတ် ဆုမတောင်းလိုတော့သည့်အချိန်တွင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက ပုံမှန်ဖြစ်သည်ဟု သင် တွေးထင်နေပါက၊ ပြဿနာသည် ပြင်းထန်လာပြီ မဟုတ်လော။ သင်က “ကျွန်ုပ် မည်မျှပင် အပျက်သဘောဆောင်နေပါစေ၊ ကျွန်ုပ်၏ တာဝန်ထမ်းဆောင်ခြင်းက အဟန့်အတားမဖြစ်ခဲ့သည့်အပြင် ကျွန်ုပ်၏အလုပ်ကိုလည်း ကျွန်ုပ် မစွန့်ပစ်ခဲ့ပါ။ ကျွန်ုပ်သည် သစ္စာစောင့်သိပါသည်”ဟု ဆိုသည်။ ဤစကားများသည် ခိုင်လုံသလော။ အကယ်၍ သင်သည် မကြာခဏ အပျက်သဘောဆောင်ပါက၊ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုမျှသာ မဟုတ်ပေ။ ပို၍ပြင်းထန်သော ပြဿနာများ ရှိသည်။ သင်သည် ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများရှိသည်၊ သူ့ကို သင် အထင်အမြင်လွဲမှားပြီး သင်ကိုယ်တိုင်နှင့် ဘုရားသခင်ကြားတွင် အတားအဆီးများ ဖန်တီးမိပြီးဖြစ်သည်။ အကယ်၍ သင်သည် ဤအရာကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေပါက၊ အလွန်အန္တရာယ်များသည်။ လူတစ်ဦးသည် မကြာခဏ အပျက်သဘောဆောင်ပါက၊ ၎င်းအနေဖြင့် မိမိ၏တာဝန်ကို အဆုံးတိုင် သစ္စာစောင့်သိစွာနှင့် ဝတ်ကျေတမ်းကျေမရှိဘဲ ထမ်းဆောင်ကြောင်း မည်သို့ သေချာစေနိုင်မည်နည်း။ အကယ်၍ ဖြေရှင်းခြင်းမရှိပါက အပျက်သဘောဆောင်ခြင်းသည် သူ့အလိုလို ထွက်သွားနိုင်သလော သို့မဟုတ် ပျောက်ကွယ်သွားနိုင်သလော။ လူတစ်ဦးသည် ဖြေရှင်းချက်အတွက် သမ္မာတရားကို အချိန်မီ မရှာဖွေပါက၊ အပျက်သဘောဆောင်ခြင်းသည် ဆက်လက်ဖြစ်ပေါ်နေလိမ့်မည်ဖြစ်ပြီး ပို၍ဆိုးရွားလာရုံသာ ရှိလိမ့်မည်။ ယင်းက ဖြစ်ပေါ်စေသော အကျိုးဆက်များက ပို၍ဆိုးရွားလာရုံသာ ရှိမည်။ ၎င်းတို့သည် အပြုသဘောဆောင်သောဘက်သို့ လုံးဝ တိုးတက်ဖြစ်ပေါ်လိမ့်မည်မဟုတ်ဘဲ၊ ပို၍ဆိုးဝါးသောဘက်သို့သာ ကြီးထွားလာကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ အပျက်သဘောဆောင်မှု ဖြစ်ပေါ်လာသည့်အခါ၊ ဖြေရှင်းရန် သမ္မာတရားကို အမြန်ရှာဖွေရမည်။ ဤအရာကသာ သင်၏တာဝန်များကို သင် ကောင်းစွာထမ်းဆောင်နိုင်ကြောင်း သေချာစေသည်။ အပျက်သဘောဆောင်မှုကို ဖြေရှင်းခြင်းက အရေးကြီးပြီး၊ ယင်းကို နှောင့်နှေး၍မရပေ။

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်

အရှေ့သို့-  ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၆)

နောက်တစ်ခုသို့-  ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၈)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger