ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၁)
အန္တိခရစ် စိတ်သဘောထားရှိသူများထံမှ အန္တိခရစ်များကို မည်သို့ ခွဲခြားပိုင်းခြားမည်နည်း
သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားများကို အခြေခံ၍ ၎င်းတို့ကို ခွဲခြားသိမြင်ခြင်း
ယနေ့တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များနှင့်ပတ်သက်၍ ဆက်လက်မိတ်သဟာယဖွဲ့ကြမည်။ မိတ်သဟာယကို တရားဝင်မစတင်မီ၊ ယခင်က မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည့် အန္တိခရစ်များနှင့်သက်ဆိုင်သော အကြောင်းအရာများထဲမှ တစ်ခုကို ပြန်လည်သုံးသပ်ကြပါစို့။ အန္တိခရစ် စိတ်သဘောထားရှိသူများကို အန္တိခရစ် အနှစ်သာရရှိသူများထံမှ မည်သို့ ခွဲခြားသိမြင်မည်နည်း၊ ပြီးလျှင် ဤလူနှစ်မျိုးကြား ကွာခြားချက်များမှာ အဘယ်နည်း။ ပထမဆုံးအနေဖြင့်၊ အန္တိခရစ်များအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ ဤသည်မှာ အလွန်ခက်ခဲသည်မဟုတ်။ ဦးစွာပထမ၊ သင်သည် အန္တိခရစ်များဖြစ်ကြသူတို့ ပြသသည့် သိသာထင်ရှားသော လက္ခဏာရပ်ဆိုင်ရာ သရုပ်သကန်များက အဘယ်အရာဖြစ်သည်ကို ရှင်းလင်းစွာ မြင်သင့်သည်။ သို့မှသာ သင်သည် စစ်မှန်သော အန္တိခရစ်တစ်ဦးကို အချိန်တိုအတွင်း ဖော်ထုတ်နိုင်ပြီး၊ ထိုသူသည် အန္တိခရစ် စိတ်သဘောထားသာရှိသူ သို့မဟုတ် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်လှမ်းနေသူတစ်ဦးမျှသာ မဟုတ်ကြောင်းကိုပါ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ ဤနည်းအားဖြင့်၊ သင်သည် အန္တိခရစ်များနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိလာမည်ဖြစ်ပြီး ၎င်းတို့၏ အထင်အမြင်မှားစေခြင်း၊ အမိဖမ်းခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို ခံရတော့မည်မဟုတ်ပေ။ ယခုအခါ အရေးအကြီးဆုံးအရာမှာ အန္တိခရစ်တို့၏ သဘာဝအနှစ်သာရရှိသူများနှင့် အန္တိခရစ် စိတ်သဘောထားရှိသူများအကြားရှိ သိသာထင်ရှားသော ကွာခြားချက်များကို ခွဲခြားသိမြင်နိုင်ရန် ဖြစ်သည်။ ဤလူစားနှစ်မျိုးကို ပိုင်းခြားသိမြင်ရန်၊ သင်သည် ၎င်းတို့၏ အဓိကလက္ခဏာရပ်များကို ဦးစွာ သဘောပေါက်ရမည်။ အချို့လူများသည် မိမိတို့၏ အဆင့်အတန်းကို အခိုင်အမာပြောဆိုတတ်ခြင်းနှင့် အခြားသူများကို ဆုံးမစကားပြောတတ်ခြင်းကဲ့သို့သော အန္တိခရစ်တို့၏ နေ့စဉ်အသက်တာရှိ ဖောက်ပြန်ပျက်စီးခြင်းဆိုင်ရာ ထုတ်ဖော်ပြသမှုများကိုသာ သဘောပေါက်ကြသော်လည်း၊ အန္တိခရစ်တို့၏ သဘာဝအနှစ်သာရကိုမူ မပိုင်းခြားနိုင်ကြပေ။ ဤသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) အန္တိခရစ်တို့၏ အထင်ရှားဆုံးသော သရုပ်သကန်များမှာ ၎င်းတို့၏ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့ဖြစ်သည်ဟု ပြောဆိုကြပြီး၊ မာနထောင်လွှားကာ စိတ်ကြီးဝင်သောလူအားလုံးကို အန္တိခရစ်များအဖြစ် သတ်မှတ်ကြသူများလည်း ရှိသည်။ ဤသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ အကြောင်းမှာ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် အန္တိခရစ်တို့၏ အထင်ရှားဆုံးသော သရုပ်သကန်များ မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားအားလုံးက မျှဝေခံစားကြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ လူတိုင်းတွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခု ရှိကြသည်။ ထို့ကြောင့် မာနထောင်လွှားကာ စိတ်ကြီးဝင်သောလူအားလုံးကို အန္တိခရစ်များအဖြစ် သတ်မှတ်ခြင်းသည် ဆိုးရွားသော အမှားတစ်ခု ဖြစ်သည်။ သို့ဆိုလျှင်၊ အန္တိခရစ်များနှင့် အန္တိခရစ် စိတ်သဘောထားရှိသူများအကြားရှိ အနှစ်သာရပိုင်းဆိုင်ရာ ကွာခြားချက်များကို တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းစွာ မြင်စေနိုင်သည့်အပြင်၊ ဤလူစားနှစ်မျိုး၏ အနှစ်သာရများမှာ မတူညီကြောင်းနှင့် ထိုသို့သောလူများကို ကွဲပြားစွာ ဆက်ဆံသင့်ကြောင်း လူတစ်ဦးအား ပိုင်းခြားသိမြင်စေနိုင်သည့် အန္တိခရစ်တို့၏ အနှစ်သာရပိုင်းဆိုင်ရာ သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ လုပ်ရပ်များ၊ အပြုအမူများနှင့် စိတ်သဘောထားများကဲ့သို့သော အချို့ ကဏ္ဍများတွင်၊ ဤလူနှစ်မျိုး၌ တူညီမှုများနှင့် ဆင်တူမှုများ ရှိကြသလော။ (ရှိပါသည်။) သင်သည် သေချာစွာ မလေ့လာလျှင်၊ အလေးအနက် မခွဲခြားလျှင် သို့မဟုတ် သင်၏စိတ်နှလုံးထဲ၌ ဤလူနှစ်မျိုး၏ စိတ်သဘောထား၊ အနှစ်သာရတို့နှင့်ပတ်သက်၍ တိကျသော နားလည်သဘောပေါက်မှုနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိလျှင်၊ ၎င်းတို့ကို တစ်မျိုးတစ်စားတည်းဖြစ်သည့်အလား သဘောထားရန် အလွန်လွယ်ကူသည်။ သင်သည် အန္တိခရစ်တစ်ဦးကို အန္တိခရစ် စိတ်သဘောထားရှိသူတစ်ဦးအဖြစ်လည်းကောင်း၊ အပြန်အလှန်အနေဖြင့်လည်းကောင်း မှားယွင်းစွာ မှတ်ယူကောင်းမှတ်ယူနိုင်သည်။ ဆိုလိုသည်မှာ ဤသို့သော မှားယွင်းသည့် အကဲဖြတ်ချက်များကို လွယ်ကူစွာ ချမှတ်မိခြင်း ဖြစ်သည်။ သို့ဆိုလျှင်၊ မည်သူက အန္တိခရစ်ဖြစ်ပြီး မည်သူက အန္တိခရစ် စိတ်သဘောထားရှိသူဖြစ်သည်ကို ခိုင်မာသော သက်သေအထောက်အထားဖြင့် လူတစ်ဦးအား ခွဲခြားပိုင်းခြားနိုင်စေမည့် ဤလူနှစ်မျိုးအကြားရှိ အဓိကလက္ခဏာရပ်များနှင့် ကွာခြားချက်များမှာ အဘယ်အရာများ ဖြစ်ကြသနည်း။ သင်တို့သည် ဤအကြောင်းအရာကို ရင်းနှီးပြီးသား ဖြစ်ရမည်။ ထို့ကြောင့် သင်တို့၏ အတွေးအမြင်များကို နားထောင်စို့။ (အန္တိခရစ်များနှင့် အန္တိခရစ် စိတ်သဘောထားရှိသူများကို ခွဲခြားသိမြင်ရာတွင် အသုံးပြုသည့် ကဏ္ဍတစ်ခုမှာ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားမှတစ်ဆင့် ဖြစ်ပါသည်။ နောက်တစ်ခုမှာ ၎င်းတို့၏ လူ့သဘာဝမှတစ်ဆင့် ဖြစ်ပါသည်။ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားတွင်၊ အန္တိခရစ်တို့သည် သမ္မာတရားကို မုန်းတီးပြီး လုံးဝလက်မခံကြပါ။ ၎င်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် ဒုစရိုက်အမှုမည်မျှကို ကျူးလွန်သည်ဖြစ်စေ၊ ပြီးလျှင် သင်က ၎င်းတို့နှင့် မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့ကို ပြုပြင်သည်ဖြစ်စေ၊ ၎င်းတို့သည် အသိအမှတ်မပြုသည့်အပြင် စွဲမြဲခိုင်မာစွာဖြင့် နောင်တမရဘဲ ရှိကြပါသည်။ အန္တိခရစ် စိတ်သဘောထားရှိသူများသည်လည်း သမ္မာတရားကို နားမလည်သည့်အခါ သို့မဟုတ် စည်းမျဉ်းများကို သဘောမပေါက်သည့်အခါတွင် မှားယွင်းသောအရာများကို လုပ်ဆောင်ကောင်းလုပ်ဆောင်နိုင်သော်လည်း၊ ၎င်းတို့ ပြုပြင်ခြင်းခံရသည့်အခါတွင်မူ၊ သမ္မာတရားကို လက်ခံနိုင်ကြသည်၊ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိနိုင်ကြသည်၊ နောင်တရကာ ပြုပြင်ပြောင်းလဲနိုင်ကြပါသည်။ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားနှင့်ဆိုင်သည့် ရှုထောင့်အမြင်မှကြည့်လျှင်၊ အန္တိခရစ်တို့၏ အနှစ်သာရမှာ ၎င်းတို့က သမ္မာတရားကို မုန်းတီးကြခြင်းဖြစ်စဉ်တွင်၊ အန္တိခရစ် စိတ်သဘောထားရှိသူများမှာမူ သမ္မာတရားကို လက်ခံနိုင်ကြပါသည်။ ၎င်းတို့၏ လူ့သဘာဝ ရှုထောင့်အမြင်မှကြည့်လျှင်၊ အန္တိခရစ်တို့သည် အသိစိတ် သို့မဟုတ် ရှက်စိတ်မရှိသော ဆိုးယုတ်သည့်လူများဖြစ်ကြပြီး၊ အန္တိခရစ် စိတ်သဘောထားရှိသူများမှာမူ အသိစိတ်နှင့် ရှက်စိတ်ရှိကြပါသည်။) ထူးခြားသော လက္ခဏာရပ်နှစ်ခုကို သင် ဖော်ပြခဲ့သည်။ ဤအကြောင်းအရာကို ယခင်က မိတ်သဟာယဖွဲ့ခဲ့သလော။ ဤသည်တို့ကို သိသာထင်ရှားသော ထူးခြားသည့် လက္ခဏာရပ်များအဖြစ် မှတ်ယူထားသလော။ (မှတ်ယူထားပါသည်။) သမ္မာတရားအပေါ် အန္တိခရစ်များနှင့် အန္တိခရစ် စိတ်သဘောထားရှိသူများ၏ သဘောထားများမှာ လုံးဝကွဲပြားသည်။ ဤသည်မှာ အလွန်အရေးကြီးသော အချက်ဖြစ်ပြီး၊ သိသာထင်ရှားသော ထူးခြားသည့်လက္ခဏာရပ်များပါသည့် သရုပ်သကန်တစ်ခု ဖြစ်သည်။ အန္တိခရစ်တို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် ယင်းကို လုံးဝလက်မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း ဝန်ခံဖို့ထက် သေလိုက်ချင်မည်ဖြစ်သည်။ သင်သည် သမ္မာတရားနှင့်ပတ်သက်၍ မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ၊ ၎င်းတို့သည် စိတ်ထဲတွင် အတိုက်အခံလုပ်ပြီး ယင်းကို အလွန်အမင်း မနှစ်မြို့ကြပေ။ ၎င်းတို့သည် သင့်ကို မထီမဲ့မြင်ပြုသော သဘောထားဖြင့် ဆက်ဆံလျက်၊ သင့်ကို စိတ်ထဲ၌ ကျိန်ဆဲပင်ကျိန်ဆဲနိုင်သည်၊ လှောင်ပြောင်ပြီး မထီမဲ့မြင်ပြုခြင်းတို့ကိုပင် ပြုလုပ်နိုင်သည်။အန္တိခရစ်တို့သည် သမ္မာတရားကို ရန်လိုကြသည်။ ဤသည်မှာ သိသာထင်ရှားသော လက္ခဏာရပ်တစ်ခု ဖြစ်သည်။ ပြီးလျှင် အန္တိခရစ် စိတ်သဘောထားရှိသူများ၏ လက္ခဏာရပ်များမှာ အဘယ်အရာများ ဖြစ်ကြသနည်း။ တိကျပြီး ဓမ္မဓိဋ္ဌာန်ကျကျဆိုရလျှင်၊ အန္တိခရစ် စိတ်သဘောထားရှိသော်လည်း အသိစိတ်နှင့် ဆင်ခြင်တုံတရားအချို့ရှိသော လူတို့သည် အခြားသူများက ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် မိမိတို့၏ အယူအဆများကို ပြောင်းလဲနိုင်ပြီး သမ္မာတရားကို လက်ခံနိုင်ကြသည်။ ၎င်းတို့ ပြုပြင်ခြင်းခံရလျှင်လည်း၊ ၎င်းတို့ ကျိုးနွံနာခံနိုင်ကြသည်။ ဆိုလိုသည်မှာ၊ အန္တိခရစ် စိတ်သဘောထားရှိသူများသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သရွေ့၊၎င်းတို့အများစုသည် သမ္မာတရားကို အတိုင်းအတာအမျိုးမျိုးဖြင့် လက်ခံနိုင်ကြသည်။ အချုပ်အားဖြင့်၊ အန္တိခရစ် စိတ်သဘောထားရှိသူများသည် မိမိတို့ကိုယ်တိုင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဉာဏ်အလင်းပေးခြင်းကို လက်ခံခြင်း သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ ပြုပြင်ခြင်း၊ ကူညီခြင်းနှင့် ထောက်ပံ့ခြင်းကဲ့သို့သော နည်းလမ်းများမှတစ်ဆင့် သမ္မာတရားကို လက်ခံနိုင်ပြီး ကျိုးနွံနာခံနိုင်ကြသည်။ ဤသည်မှာ သိသာထင်ရှားသော ထူးခြားသည့်လက္ခဏာရပ်တစ်ခု ဖြစ်သည်။ သို့သော်လည်း၊ အန္တိခရစ်တို့မှာမူ ကွဲပြားသည်။ မည်သူက သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် နားထောင်ခြင်းမရှိသည့်အပြင်၊ ကျိုးနွံနာခံခြင်းလည်း မရှိကြပေ။ ၎င်းတို့တွင် သဘောထားတစ်ခုတည်းသာ ရှိသည်- ၎င်းတို့သည် သမ္မာတရားကို လက်ခံဖို့ထက် သေလိုက်ချင်ကြမည်ဖြစ်သည်။ သင်က ၎င်းတို့ကို မည်သို့ပင် ပြုပြင်ပါစေ၊ အချည်းနှီးဖြစ်သည်။ သင်သည် သမ္မာတရားကို တတ်နိုင်သမျှ ရှင်းလင်းစွာ မိတ်သဟာယဖွဲ့လျှင်ပင်၊ ၎င်းတို့ လက်မခံကြပေ။ ၎င်းတို့သည် စိတ်ထဲ၌ပင် အတိုက်အခံလုပ်ပြီး ယင်းကို အလွန်အမင်း မနှစ်မြို့ကြပေ။ သမ္မာတရားကို မုန်းတီးသည့် ထိုသို့သော စိတ်သဘောထားရှိသူတစ်ဦးသည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သလော။ သေချာပေါက် မနာခံနိုင်ပေ။ ထို့ကြောင့်၊ အန္တိခရစ်တို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ကြပြီး၊ ပြုပြင်၍မရနိုင်သောသူများ ဖြစ်ကြသည်။
၎င်းတို့၏ လူ့သဘာဝကို အခြေခံ၍ ခွဲခြားသိမြင်ခြင်း
ယခုတင် အန္တိခရစ်များကို အန္တိခရစ် စိတ်သဘောထားရှိသူများနှင့် ခွဲခြားသိမြင်ရန်အတွက် လူ့သဘာဝရှုထောင့်မှဖြစ်သည့် နောက်ထပ်ထူးခြားသော လက္ခဏာရပ်တစ်ခုကိုလည်း သင်တို့ ဖော်ပြခဲ့ကြသည်။ ဤထူးခြားသော လက္ခဏာရပ်နှင့်ပတ်သက်၍ မည်သူက ထပ်မံ မိတ်သဟာယဖွဲ့လိုသနည်း။ (အန္တိခရစ်တို့တွင် အထူးသဖြင့် ကောက်ကျစ်ဆိုးယုတ်သော လူ့သဘာဝတစ်ခု ရှိပါသည်။ ၎င်းတို့သည် လူတို့ကို ဖိနှိပ်ပြီး ညှဉ်းဆဲနိုင်ကြသည့်အပြင်၊ မည်မျှပင် မကောင်းမှုပြုလုပ်ပါစေ၊ နောင်တရရန် မသိကြပါ။) မှန်သည်၊ အန္တိခရစ်တို့၏ အဓိက ထူးခြားသော လက္ခဏာရပ်မှာ ၎င်းတို့၏ မလိုမုန်းထားသော လူ့သဘာဝ၊ ၎င်းတို့၏ အရှက်တရားမဲ့ခြင်းနှင့် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းတို့ ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၌ ဒုစရိုက်အမှုမည်မျှ ကျူးလွန်သည်ဖြစ်စေ သို့မဟုတ် အသင်းတော်၏အလုပ်ကို မည်မျှပင် ထိခိုက်နစ်နာမှုဖြစ်စေသည်ဖြစ်စေ၊ ၎င်းတို့သည် ယင်းကို ရှက်ဖွယ်ဖြစ်သည်ဟု မထင်ကြသည့်အပြင်၊ မိမိတို့ကိုယ်ကို အပြစ်သားများအဖြစ်လည်း မမြင်ကြပေ။ ဘုရားအိမ်တော်က ၎င်းတို့ကို ဖော်ထုတ်သည်ဖြစ်စေ သို့မဟုတ် ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ပြုပြင်သည်ဖြစ်စေ၊ ၎င်းတို့သည် မတုန်မလှုပ်ရှိနေကြပြီး၊ အပြစ်တင်ခံရသည်ဟု မခံစားရ သို့မဟုတ် စိတ်မကောင်းမဖြစ်ကြပေ။ ဤသည်မှာ လူ့သဘာဝပိုင်းဆိုင်ရာ အန္တိခရစ်တို့၏ သရုပ်သကန် ဖြစ်သည်။ ၎င်းတို့၏ အဓိက ထူးခြားသော လက္ခဏာရပ်များမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း၊ အရှက်တရား ကင်းမဲ့ခြင်းနှင့် အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခုတို့ ဖြစ်သည်။ ၎င်းတို့၏ အကျိုးစီးပွားများကို ထိပါးသည့် မည်သူမဆိုသည် ၎င်းတို့၏ ဝေဖန်ခြင်းနှင့် ညှဉ်းဆဲခြင်းကို ခံရပြီး၊ ၎င်းတို့တွင် အထူးသဖြင့် ပြင်းထန်သော လက်စားချေလိုစိတ်ရှိကာ၊ မိမိတို့၏ ဆွေမျိုးရင်းချာများကိုပင် မချန်ဘဲ မည်သူ့ကိုမျှ အလွတ်မပေးကြပေ။ ဤသည်မှာ အန္တိခရစ်တို့ မည်မျှ ရက်စက်ကြမ်းကြုတ်ပုံ ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ၊ အန္တိခရစ် စိတ်သဘောထားရှိသူများသည် မည်မျှပင် ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပါစေ၊ သေချာပေါက် ဆိုးယုတ်သည့်လူများ မဟုတ်ကြပေ။ ၎င်းတို့၏ လူ့သဘာဝတွင် မည်သည့် အားနည်းချက်များ သို့မဟုတ် ချို့တဲ့မှုများ ရှိသည်ဖြစ်စေ၊ မည်သည့်အမှားများကို ၎င်းတို့ လုပ်နိုင်သည်ဖြစ်စေ သို့မဟုတ် မည်သည့်ကိစ္စရပ်များတွင် ၎င်းတို့ ကျရှုံးပြီး ခလုတ်တိုက်လဲနိုင်သည်ဖြစ်စေ၊ ၎င်းတို့သည် နောက်ပိုင်းတွင် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာများ ယူနိုင်ကြသည်။ ပြုပြင်ခြင်းကို ၎င်းတို့ ရင်ဆိုင်ရသည့်အခါ၊ မိမိတို့၏ အမှားများကို ဝန်ခံနိုင်ပြီး နောင်တရနိုင်ကြသည်။ ပြီးလျှင် ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ဝေဖန်သည့်အခါ သို့မဟုတ် ဖော်ထုတ်သည့်အခါတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို အနည်းငယ် ခုခံကာကွယ်ရန် ကြိုးစားပြီး ထိုအချိန်တွင် ဝန်ခံရန် မလိုမလားဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အမှန်တွင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် မိမိတို့၏အမှားကို ဝန်ခံပြီး ကျိုးနွံနာခံပြီးသား ဖြစ်သည်။ ဤသည်က ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်သေးကြောင်းနှင့် ပြုပြင်ပြောင်းလဲ၍ ရနိုင်သေးကြောင်း သက်သေပြသည်။ ၎င်းတို့ အမှားများလုပ်မိသည့်အခါ သို့မဟုတ် ပြဿနာတစ်ခုခု ကြုံတွေ့သည့်အခါ၊ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားက လုပ်ဆောင်နိုင်သေးသည်။ ၎င်းတို့သည် ထုံထိုင်းကာ ခံစားချက်ကင်းမဲ့နေခြင်း သို့မဟုတ် နှလုံးမာကျောပြီး အမှုအရာများကို ဝန်ခံရန် ငြင်းပယ်နေခြင်း မဟုတ်ဘဲ၊ အသိရှိကြသည်။ ထို့အပြင်၊ ဤလူစားမျိုးသည် အန္တိခရစ် စိတ်သဘောထားရှိသော်လည်း၊ အတော်အသင့် မျှဝေခံစားပေးတတ်ပြီး အတော်အတန် ပို၍ ကြင်နာတတ်ကြသည်။ ၎င်းတို့သည် အမျိုးမျိုးသော ကိစ္စရပ်များကို ကြုံတွေ့သည့်အခါ၊ လူ့သဘာဝအရ ၎င်းတို့ပြသသည့် ထူးခြားသော လက္ခဏာရပ်များကို၊အသင့်လျော်ဆုံးနှင့် အလွယ်ကူဆုံး နားလည်နိုင်သည့် နည်းလမ်းဖြင့်၊အတော်အသင့် ကျိုးကြောင်းဆီလျော်သောအရာအဖြစ် ဖော်ပြနိုင်သည်။ အကယ်၍ ပြင်းထန်စွာ ပြုပြင်ခြင်းခံရလျှင်၊ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် အနည်းငယ် မကျေမချမ်းဖြစ်သည်ဟု ခံစားရနိုင်သော်လည်း၊ ၎င်းတို့ လူ့သဘာဝ၏ သရုပ်သကန်မှ ကြည့်လျှင်၊ ၎င်းတို့က အရှက်တရားကို သိရှိနေသေးကြောင်း၊ ၎င်းတို့၏ အသိစိတ်က ၎င်းတို့ကို စွပ်စွဲနိုင်ကြောင်းနှင့် ၎င်းတို့၏ ဆင်ခြင်တုံတရားက အတိုင်းအတာတစ်ခုအထိ ချုပ်တည်းသည့် အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်ကြောင်း တွေ့မြင်နိုင်သည်။ အကယ်၍ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဆုံးရှုံးမှုများ ဖြစ်စေလျှင် သို့မဟုတ် ညီအစ်ကိုမောင်နှမတစ်ဦးတလေကို ထိခိုက်နစ်နာစေလျှင်၊ စိတ်ထဲတွင် အမြဲ မသက်မသာခံစားရပြီး ဘုရားသခင်ကို စိတ်ပျက်စေခဲ့သည်ဟု ခံစားရသည်။ ဤသရုပ်သကန်များသည် အန္တိခရစ် စိတ်သဘောထားရှိသူများထံတွင် အတိုင်းအတာအမျိုးမျိုးဖြင့် ပေါ်လွင်သည်။ အမှုအရာများ ဖြစ်ပျက်ပြီးနောက် ချက်ချင်း အမှားပြင်ဆင်ခြင်း မပြုလုပ်လျှင် သို့မဟုတ် မှန်ကန်သော ရွေးချယ်မှုများနှင့် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုများကို မပြုလုပ်လျှင်ပင်၊ ဤလူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် အသိစိတ်သဘောရှိနေဆဲ ဖြစ်သည်။ ၎င်းတို့၏ အသိစိတ်က ၎င်းတို့ကို စွပ်စွဲသည်။ ၎င်းတို့အနေဖြင့် မှားယွင်းစွာ လုပ်ဆောင်မိပြီးဖြစ်ကာ ထိုသို့ထပ်မံ၍ မပြုမူသင့်တော့ကြောင်း သိကြသည့်အပြင်၊ မိမိတို့သည် လူကောင်းများ မဟုတ်ကြောင်းကိုလည်း ခံစားရသည်။ ဤခံစားချက်များကို ၎င်းတို့အားလုံး မသိမသာ ခံစားမိတတ်ကြသည်။ ထို့အပြင်၊ အချိန်ကြာလာသည်နှင့်အမျှ၊ ၎င်းတို့၏ အခြေအနေသည် ပြောင်းလဲလာမည်ဖြစ်ပြီး၊ ၎င်းတို့တွင် စစ်မှန်သော နောင်တရခြင်း ရှိလာမည် ဖြစ်သည်။ ၎င်းတို့သည် ကနဦးက မှန်ကန်သော ရွေးချယ်မှုများ သို့မဟုတ် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုများကို မပြုလုပ်ခဲ့သည့်အတွက် နောင်တရလျက်၊ အလွန် ဝမ်းနည်းခံစားကြလိမ့်မည်။ ဤသရုပ်သကန်များသည် ဖောက်ပြန်ပျက်စီးသော လူသားများ၏ အတွေ့ရအများဆုံးနှင့် သာမန်အဖြစ်ဆုံးသော သရုပ်သကန်များ အတိအကျပင် ဖြစ်သည်။ သို့သော်လည်း၊ အန္တိခရစ်များဖြစ်ကြသူတို့မှာမူ ထူးခြားကြသည်။ ၎င်းတို့သည် လူများမဟုတ်ဘဲ နတ်ဆိုးများ ဖြစ်ကြသည်။ ၎င်းတို့ မကောင်းမှု သို့မဟုတ် အပြစ်ကျူးလွန်သည့်နောက်အချိန်မည်မျှပင် ကြာသွားပါစေ၊ ၎င်းတို့တွင် နောင်တရခြင်း လုံးဝမရှိပေ။ ၎င်းတို့သည် အဆုံးတိုင် ခေါင်းမာပြီး ဇွဲနဘဲနှင့် ရှိနေကြသည်။ အန္တိခရစ် စိတ်သဘောထားရှိသူများသည် သာမန်ပြုပြင်ခြင်းကို ကြုံတွေ့သည့်အခါ ကျိုးနွံနာခံနိုင်ကြသည်။ ပြင်းထန်သော ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် မိမိတို့၏အမှုကို ငြင်းခုံခြင်း၊ အမှုအရာများကို ငြင်းပယ်ပြီး ထိုအချိန်တွင် လက်ခံရန် ငြင်းဆန်ခြင်းတို့ကို ပြုလုပ်နိုင်သော်လည်း၊ နောက်ပိုင်းတွင် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိနိုင်ကာ၊ နောင်တရပြီး ပြုပြင်ပြောင်းလဲနိုင်ကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို လှောင်ပြောင်ပြီး လူ့သဘာဝမရှိဟု ဝေဖန်လျှင်ပင်၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် နာကျင်မှုကို ခံစားရနိုင်သော်လည်း ပြန်လည်တိုက်ခိုက်မည်မဟုတ် သို့မဟုတ် ထိုလူကို ရန်သူအဖြစ် သဘောထားမည်မဟုတ်ပေ။ ၎င်းတို့သည် “ကျွန်ုပ်က ထိုအမှားကို လုပ်မိသည့်အတွက် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရမည်။ အခြားသူများက ကျွန်ုပ်ကို မည်သို့ပင် ဆက်ဆံပါစေ ကျွန်ုပ်နှင့် ထိုက်တန်ပါသည်”ဟု တွေးလျက်၊ အခြားသူကိုလည်း နားလည်ပေးနိုင်သည်။ ဤသရုပ်သကန်များသည် မတူညီသောလူများတွင် အတိုင်းအတာအမျိုးမျိုးဖြင့် ၎င်းတို့ဘာသာ ပေါ်လွင်ကြသည်။ တိုတိုပြောရလျှင်၊ ဤထုတ်ဖော်ပြသမှုများသည် အန္တိခရစ် စိတ်သဘောထားရှိသူများ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသူများ၏ ပုံမှန်ဖြစ်ပြီး သဘာဝကျသော သရုပ်သကန်များဖြစ်ကြကာ၊ ဤသည်မှာ ၎င်းတို့က အန္တိခရစ်များနှင့် သိသာထင်ရှားစွာ ကွဲပြားသည့်နေရာ ဖြစ်သည်။ ဤအခြေအနေနှစ်ခု၏ ကွဲပြားသော သရုပ်သကန်များမှတစ်ဆင့်၊ မည်သည့်ပုဂ္ဂိုလ်များက ဆိုးယုတ်သည့်လူများနှင့် အန္တိခရစ်များဖြစ်ကြသည်၊ မည်သည့်ပုဂ္ဂိုလ်များက အန္တိခရစ် စိတ်သဘောထားသာရှိပြီး ဆိုးယုတ်သည့်လူများ မဟုတ်ကြသည်ဟူသည်တို့မှာချက်ချင်းပင် သိသာထင်ရှားလာပေသည်။
၎င်းတို့ အမှန်တကယ် နောင်တရခြင်း ရှိမရှိဟူသည်ကို အခြေခံ၍ ၎င်းတို့ကို ခွဲခြားသိမြင်ခြင်း
အန္တိခရစ်များနှင့် အန္တိခရစ် စိတ်သဘောထားရှိသူများအကြား ကွာခြားချက်များနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာနှစ်ခုကို ယခုတင် ဖော်ပြခဲ့သည်- ပထမသွင်ပြင်လက္ခဏာမှာ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထား ဖြစ်သည်။ သမ္မာတရားအပေါ် လူတို့၏ သဘောထားသည် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထား ဖြစ်သည်။ ဤသွင်ပြင်လက္ခဏာတွင်၊ ဤလူစားနှစ်မျိုးအကြား သိသာထင်ရှားသော ခြားနားချက်တစ်ခု ရှိသည်။ ဒုတိယအချက်အနေနှင့်၊ လူ့သဘာဝအရ၊ ဤလူစားနှစ်မျိုး၌ သိသာထင်ရှားသောပဓာနကျသည့် ကွာခြားချက်တစ်ခုလည်း ရှိသည်။ ဤထူးခြားသော လက္ခဏာရပ်နှစ်ခုမှာ အလွန်သိသာထင်ရှားသည်။ ၎င်းတို့သည် လုံးဝကွဲပြားသော လူစားနှစ်မျိုး ဖြစ်ကြသည်။ ဤကွာခြားချက်နှစ်ခုအပြင်၊ နောက်ထပ်သွင်ပြင်လက္ခဏာတစ်ခုမှာ မကောင်းမှုပြုလုပ်ပြီးနောက် နောင်တရခြင်း သရုပ်သကန်တစ်ခုတလေ ရှိမရှိ ဖြစ်သည်။ အန္တိခရစ်များဖြစ်ကြသူတို့၏ ကိစ္စတွင်၊ မည်သည့်ဒုစရိုက်အမှုများကို ၎င်းတို့ ကျူးလွန်သည်ဖြစ်စေ—လူတို့ကို ၎င်းတို့ ညှဉ်းဆဲသည်ဖြစ်စေ၊ သီးခြား နယ်ပယ်များ တည်ထောင်သည်ဖြစ်စေ၊ အဆင့်အတန်းအတွက် ဘုရားသခင်နှင့် ပြိုင်ဆိုင်သည်ဖြစ်စေ၊ အလှူငွေများကိုခိုးယူသည်ဖြစ်စေ သို့မဟုတ် အခြားမည်သည့်အရာကိုမဆို လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ တိုက်ရိုက်ဖော်ထုတ်ခြင်းခံရလျှင်ပင်၊ ဤလုပ်ဆောင်ချက်များကို ဝန်မခံကြပေ။ ၎င်းတို့ ဝန်မခံလျှင်၊ နောင်တရနိုင်ကြသလော။ ၎င်းတို့သည် နောင်တရဖို့ထက်၊ သေလိုက်မည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ဒုစရိုက်အမှုများနှင့်ဆိုင်သော အဖြစ်မှန်များကို လက်မခံကြပေ။ ဖော်ထုတ်မှုသည် လုံးဝတိကျမှန်ကန်ကြောင်း ၎င်းတို့ သိရှိလျှင်ပင်၊ ယင်းကို အတိုက်အခံလုပ်ပြီး ဆန့်ကျင်ကြသည်။ ၎င်းတို့အနေဖြင့် မှားယွင်းသော လမ်းကြောင်းပေါ်တွင် ရှိမရှိဟူသည်ကို လုံးဝဆင်ခြင်သုံးသပ်လိမ့်မည်မဟုတ် သို့မဟုတ် “ကျွန်ုပ်ကို အန္တိခရစ်အဖြစ် သတ်မှတ်သည်။ ဤသည်မှာ အလွန်အန္တရာယ်များပြီး၊ ကျွန်ုပ် နောင်တရရန် လိုအပ်သည်” ဟု ပြောလိမ့်မည်မဟုတ်ပေ။ ၎င်းတို့၏ စိတ်ထဲတွင် ဤအတွေးမျိုးများ လုံးဝမရှိကြပေ။ ၎င်းတို့၏ လူ့သဘာဝက ဤအရည်အသွေးများ မပိုင်ဆိုင်ပေ။ ထို့ကြောင့်၊ အန္တိခရစ်များတွင် သိသာထင်ရှားသော ထူးခြားသည့်လက္ခဏာရပ်တစ်ခု ရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာ ယုံကြည်သည်ဖြစ်စေ၊ သမ္မာတရားကို လုံးဝလက်မခံကြသည့်အပြင် စစ်မှန်သော ပြောင်းလဲမှုကို မပြသကြခြင်းပင် ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့ ပထမဆုံး စတင်ယုံကြည်သည့်အချိန်တွင်၊ ၎င်းတို့သည် လူအုပ်ထဲမှ ထင်ပေါ်ချင်ကြသည်၊ အာဏာနှင့် အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ချင်ကြသည်၊ လူတို့ကို ညှဉ်းဆဲချင်ကြပြီး အုပ်စုဖွဲ့ကာ အသင်းတော်ကို သွေးခွဲချင်ကြသည်။ အာဏာကို စွဲကိုင်ရန် ကြိုးစားရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အသင်းတော်ကို မှီခိုကပ်ရပ်နေရန်နှင့် သီးခြားနယ်ပယ်တစ်ခုကို တည်ထောင်ရန် ဖြစ်သည်။ သုံးနှစ်မှ ငါးနှစ်ကြာ ယုံကြည်ပြီးနောက်၊ ၎င်းတို့ကို သင် တစ်ဖန်ပြန်တွေ့သည့်အခါ၊ ၎င်းတို့သည် မည်သည့်ပြောင်းလဲမှုမျှမရှိဘဲ ဤတူညီသော သရုပ်သကန်များနှင့် လက္ခဏာရပ်များကိုပင် ပြသနေဆဲ ဖြစ်သည်။ ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်ကြာပြီးနောက်တွင်ပင်၊ ၎င်းတို့သည် ထိုအတိုင်းပင် ရှိနေကြသည်။ အချို့လူများက “အနှစ် ၂၀ ကြာ ယုံကြည်ပြီးနောက်သူတို့ ပြောင်းလဲကောင်းပြောင်းလဲနိုင်သည်”ဟု ပြောကြသည်။ ၎င်းတို့ ပြောင်းလဲနိုင်သလော။ (မပြောင်းလဲနိုင်ပါ။) ၎င်းတို့သည် ပြောင်းလဲမည်မဟုတ်ပေ။ ၎င်းတို့သည် လူအနည်းငယ်နှင့် ဆက်ဆံသည်ဖြစ်စေ သို့မဟုတ် လူအများစုနှင့် ဆက်ဆံသည်ဖြစ်စေ၊ သာမန်တာဝန်များကို ထမ်းဆောင်သည်ဖြစ်စေ၊ ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ ဖြစ်သည်ဖြစ်စေ ဤတူညီသော သရုပ်သကန်များကိုပင် ပြသကြသည်။ ၎င်းတို့သည် မှားယွင်းသောလမ်းကို အဆုံးစွန်ထိတိုင် တစ်စိုက်မတ်မတ် လျှောက်လှမ်းလျက်၊ မည်သည့်အခါမျှ နောင်တမရ သို့မဟုတ် နောက်ကြောင်းပြန်မလှည့်ကြပေ။ ၎င်းတို့သည် လုံးဝနောင်တရလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်တို့ ဖြစ်ကြသည့်ပုံစံ ဖြစ်သည်။ အန္တိခရစ် စိတ်သဘောထားရှိသူများအတွက်မူ၊ အချို့သည် ဆိုးယုတ်သည့်လူများ မဟုတ်လျှင်ပင်၊ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများလည်း ရှိကြသည်။ ၎င်းတို့သည် မာနထောင်လွှားခြင်း၊ လှည့်ဖြားတတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ယုတ်ညံ့ခြင်းနှင့် အခြားသော ဖောက်ပြန်ပျက်စီးမှုအမျိုးအစားများကို ထုတ်ဖော်ကြသည်။ ညံ့ဖျင်းသော လူ့သဘာဝကိုလည်း ၎င်းတို့ ပြသကြသည်။ ဘုရားသခင်ကို ၎င်းတို့ ပထမဆုံး စတင်ယုံကြည်သည့်အချိန်တွင်၊ ၎င်းတို့သည်လည်း ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြိုင်ဆိုင်လိုကြသည်၊ လူတို့၏ လေးစားမှုကို ရရှိရန် ထင်ပေါ်လိုကြပြီး၊ ခေါင်းဆောင်များဖြစ်ရန်နှင့် အာဏာကို စွဲကိုင်ရန် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ရှိကြသည်။ ဤသရုပ်သကန်များသည် ဖောက်ပြန်ပျက်စီးသော လူသားများတွင် အတိုင်းအတာအမျိုးမျိုးဖြင့် ရှိနေပြီး အန္တိခရစ်များ၏ သရုပ်သကန်များနှင့် များစွာ မကွာခြားပေ။ သို့သော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်စဉ်တွင်၊ ၎င်းတို့သည် ဘုရား နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းကို တွေ့ကြုံခြင်းမှတစ်ဆင့် အချို့သော သမ္မာတရားများကို နားလည်လာကြပြီး၊ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြခြင်း လျော့နည်းသည်ထက် လျော့နည်းလာကြသည်။ အဘယ်ကြောင့် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြခြင်းက နည်းသည်ထက် နည်းလာကြသနည်း။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားကို နားလည်ပြီးနောက်၊ ဤအပြုအမူများနှင့် သရုပ်သကန်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ပြသမှုများဖြစ်ကြောင်း ၎င်းတို့ သဘောပေါက်ကြသောကြောင့် ဖြစ်သည်။ ဤအချိန်တွင်မှ ၎င်းတို့၏ အသိစိတ်က သိရှိလာပြီး၊ ၎င်းတို့သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးနေကြောင်းနှင့် လူသားတစ်ဦးနှင့်ဆင်ခြင်း အမှန်တကယ် ကင်းမဲ့နေကြောင်း ၎င်းတို့ မြင်ကြသည်။ ထို့နောက် ၎င်းတို့သည် သမ္မာတရားကို လိုက်စားရန် လိုလားလာကြပြီး ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သို့ဖယ်ရှားရမည်ကိုလည်းကောင်း၊ မိမိတို့၏ ကျေးကျွန်ဘဝမှလွတ်မြောက်ပြီး သမ္မာတရားကို လိုက်စားကာ လက်တွေ့လုပ်ဆောင်သူတစ်ဦး မည်သို့ ဖြစ်လာနိုင်မည်ကိုလည်းကောင်း စဉ်းစားကြလေသည်။ ဤသည်မှာ မည်သည့်သရုပ်သကန် ဖြစ်သနည်း။ ဤသည်မှာ တဖြည်းဖြည်း နောင်တရနေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏အလုပ်ကို တွေ့ကြုံခြင်းဖြစ်စဉ်တွင်၊ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင်ပြဿနာများကို ရှာဖွေတွေ့ရှိကြသည်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသိအမှတ်ပြုကြပြီး မိမိတို့၏ အမျိုးမျိုးသော အခြေအနေများကို နားလည်ကြသည်။ ၎င်းတို့သည် မိမိတို့၏ လူ့သဘာဝအနှစ်သာရကိုလည်း သိရှိလာကြပြီး၊ ၎င်းတို့၏ အသိစိတ်က တိုး၍ သိရှိလာသည်။ ၎င်းတို့အနေဖြင့် အလွန်အမင်း ဖောက်ပြန်ပျက်စီးနေကြောင်း၊ ဘုရားသခင်အသုံးပြုရန် မသင့်တော်ကြောင်းနှင့် ဘုရားသခင်၏ ရွံရှာမှုကို ခံရကြောင်း တိုး၍ခံစားရပြီး၊ စိတ်ထဲတွင် မိမိတို့ကိုယ်ကို စက်ဆုပ်ရွံရှာကြသည်။ မရည်ရွယ်ဘဲ၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံး အတွင်းတွင် တဖြည်းဖြည်း နောင်တရကြပြီး၊ ဤနောင်တရခြင်းနှင့်အတူ၊ အနည်းငယ်သော ပြောင်းလဲမှုများ၊ ၎င်းတို့၏ အပြုအမူတွင် မြင်နိုင်သည့် အနည်းငယ်သော ပြောင်းလဲမှုများ ဖြစ်ပွားလေသည်။ ဥပမာအားဖြင့်၊ မူလက တစ်စုံတစ်ဦးသည် ၎င်းတို့၏ ပြဿနာများကို ဖော်ထုတ်သည့်အခါ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန် အမျိုးမျိုးသော ဆင်ခြေများနှင့် အကြောင်းပြချက်များကို အသည်းအသန်ရှာဖွေလျက် မကျေမချမ်းဖြစ်သည့်စိတ်ခံစားရသည်။ ရှက်ရမ်းရမ်းကာ၊ မိမိတို့ကိုယ်ကို ရှင်းပြပြီး မှန်ကြောင်းပြရန် ကြိုးစားကြသည်။ သို့သော်လည်း၊ စဉ်ဆက်မပြတ်သော တွေ့ကြုံမှုများမှတစ်ဆင့်၊ ဤအပြုအမူသည် မှားယွင်းကြောင်း ၎င်းတို့ သဘောပေါက်လာပြီး၊ မှန်ကန်သော အမြင်များကို လက်ခံရန် ကြိုးစားလုပ်ဆောင်လျက်၊ အခြားသူများနှင့် သဘောညီညွှတ်သော ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ကြိုးပမ်းရင်း၊ ဤအခြေအနေနှင့် အပြုအမူကို ပြုပြင်ရန် စတင်ကြသည်။ကိစ္စရပ်များ ၎င်းတို့အပေါ် ကျရောက်သည့်အခါ၊ ၎င်းတို့သည် အခြားသူများထံမှ ရှာဖွေပြီး မိတ်သဟာယဖွဲ့ရန် သင်ယူကြသည့်အပြင်၊ စိတ်နှလုံးထဲမှ ဆက်သွယ်ပြောဆိုရန်နှင့် အခြားသူများနှင့် ခင်ခင်မင်မင် အဆင်ပြေရန် သင်ယူကြသည်။ ဤသည်တို့မှာ နောင်တရခြင်း၏ သရုပ်သကန်များ မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်ကို ယုံကြည်ပြီးနောက်၊ ၎င်းတို့ ထုတ်ဖော်သည့် အန္တိခရစ်များ၏ စိတ်သဘောထားများ၊ အပြုအမူများနှင့် သရုပ်သကန်အချို့ကို ၎င်းတို့ တဖြည်းဖြည်း စစ်မှန်စွာ နားလည်လာကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို တဖြည်းဖြည်း ဖယ်ရှားကြပြီး၊ မိမိတို့၏ ယခင်မှားယွင်းသော နေထိုင်မှုပုံစံများကို စွန့်လွှတ်နိုင်ကာ၊ ကျော်ကြားမှုနှင့် အဆင့်အတန်းကို လိုက်စားခြင်းအား စွန့်လွှတ်နိုင်ပြီး၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူ၊ ကျင့်ကြံကာ၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ကြသည်။ ထိုသို့သော ပြောင်းလဲမှုတစ်ခုကို မည်သို့ စွမ်းဆောင်ရရှိသနည်း။ ယင်းကို သမ္မာတရားအား လက်ခံခြင်းနှင့် မိမိတို့ကိုယ်ကို စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲကာ နောင်တရခြင်းတို့မှတစ်ဆင့် စွမ်းဆောင်ရရှိခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာအားလုံးကို စဉ်ဆက်မပြတ် နောင်တရခြင်းဖြစ်စဉ်တွင် စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ ထို့နောက်တွင်၊ ၎င်းတို့၏ အခြေအနေသည် ဧကန်မုချ တိုးတက်လာသည်၊ ၎င်းတို့၏ အတွေ့အကြုံများ နက်သည်ထက်နက်ရှိုင်းလာသည်နှင့်အမျှ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည်လည်း ကြီးထွားလာပြီး၊ ကိစ္စရပ်များ ၎င်းတို့အပေါ် ကျရောက်သည့်အခါ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ကြသည်။ ၎င်းတို့အနေဖြင့် ဆုတ်ဆိုင်းမှုများ သို့မဟုတ် ကျရှုံးမှုများကို ကြုံတွေ့သည်ဖြစ်စေ၊ သို့မဟုတ် ပြုပြင်ခြင်းခံရသည်ဖြစ်စေ၊ ဤကိစ္စရပ်များကို ဘုရားသခင်ရှေ့မှောက်သို့ ယူဆောင်လာပြီး သူ့ကို ဆုတောင်းကြသည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေစဉ် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေကို ဆက်စပ်သိနိုင်ကြသည်၊ စိတ်ဖြာလေ့လာဆွေးနွေးပြီး နားလည်နိုင်ကြသည်။ ၎င်းတို့အနေဖြင့် ကိစ္စရပ်များ ၎င်းတို့အပေါ် ကျရောက်သည့်အခါ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်နေနိုင်သေးသည့်အပြင်၊ မှားယွင်းသော အတွေးအခေါ်များ ဖြစ်ပေါ်နေဆဲဖြစ်နိုင်သော်လည်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး ဆန့်ကျင်တွန်းလှန်နိုင်ကြသည်။ ဤပြဿနာများကို ၎င်းတို့ သိရှိလာသရွေ့၊ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ၎င်းတို့ စဉ်ဆက်မပြတ် ရှာဖွေနိုင်ပြီး နောင်တရခြင်းကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ဤတိုးတက်မှုသည် အလွန်နှေးကွေးပြီး ရလဒ်များက မပြောပလောက်သော်လည်း၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံး အတွင်းကျကျနေရာတွင် စဉ်ဆက်မပြတ် ပြောင်းလဲနေကြသည်။ ဤလူစားမျိုးသည် မိမိတို့ကိုယ်ကို ပြောင်းလဲခြင်းနှင့် နောင်တရခြင်းနှင့်ဆိုင်သော တက်ကြွသည့်၊ အပြုသဘောဆောင်သည့်၊ မိမိကိုယ်ကို လှုံ့ဆော်သည့်သဘောထားနှင့် အခြေအနေတစ်ခုကို အမြဲထိန်းသိမ်းထားကြသည်။ ၎င်းတို့သည် တစ်ခါတစ်ရံ ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် အခြားသူများနှင့် ပြိုင်ဆိုင်ပြီး အန္တိခရစ်များ၏ သရုပ်သကန်များနှင့် လုပ်ရပ်အချို့ကို အတိုင်းအတာအမျိုးမျိုးဖြင့် ထုတ်ဖော်ကြသော်လည်း၊ အချို့သော ပြုပြင်ခြင်းများ၊ တရားစီရင်ခြင်းများနှင့် ပြစ်တင်ဆုံးမခြင်းများ သို့မဟုတ် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို တွေ့ကြုံပြီးနောက်၊ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အတိုင်းအတာအမျိုးမျိုးဖြင့် ဖယ်ရှားခြင်းခံရပြီး ပြောင်းလဲသွားသည်။ ဤရလဒ်များကို စွမ်းဆောင်ရရှိခြင်းအတွက် အဓိကဇာစ်မြစ်မှာ ဤလူစားမျိုးသည် မိမိတို့၏ စိတ်နှလုံး အတွင်းနက်နက်တွင်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မိမိတို့လျှောက်လှမ်းခဲ့သော လမ်းကြောင်းအမှားများကို ဆင်ခြင်သုံးသပ်ပြီး နားလည်နိုင်ကာ၊ မိမိတို့ကိုယ်ကို ပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ပြောင်းလဲခြင်းမှ ရရှိသော ပြောင်းလဲမှုများ၊ ကြီးထွားမှုနှင့် အကျိုးအမြတ်များသည် ၎င်းတို့ကိုယ်တိုင်ပင် သတိမထားမိနိုင်သည့် အတိုင်းအတာအထိ အလွန်သေးငယ်ပြီး၊ တိုးတက်မှုက အလွန်နှေးကွေးသော်လည်း၊ သုံးနှစ်မှ ငါးနှစ်ကြာ ထိုသို့တွေ့ကြုံပြီးနောက်၊ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၌ အပြောင်းအလဲအချို့ကို ခံစားနိုင်ပြီး၊ ၎င်းတို့ ပတ်ဝန်းကျင်တွင် ရှိသည့်သူများကလည်း ယင်းကို တွေ့မြင်နိုင်သည်။ မည်သို့ပင်ဖြစ်စေ၊ အန္တိခရစ် စိတ်သဘောထားရှိသည့် ထိုသို့သောလူများနှင့် အန္တိခရစ်များဖြစ်ကြသူတို့အကြား ကွာခြားချက်တစ်ခု ရှိသည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ အဓိက ထူးခြားသော လက္ခဏာရပ်မှာ အဘယ်နည်း။ (အန္တိခရစ် စိတ်သဘောထားရှိသူများသည် နောင်တရနိုင်ကြပါသည်။) ၎င်းတို့က တစ်စုံတစ်ရာကို အမှားလုပ်မိသည့်အခါ၊ ပြစ်မှားခြင်းတစ်ခု ကျူးလွန်သည့်အခါ သို့မဟုတ် ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ရိုက်နှက်ဆုံးမခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းတို့ကို ကြုံတွေ့သည့်အခါ၊ နောင်တရနိုင်ကြသည်။ ၎င်းတို့သည် မှားယွင်းစွာ လုပ်ဆောင်ခဲ့ကြောင်း သို့မဟုတ် အမှားတစ်ခုလုပ်မိခဲ့ကြောင်း သဘောပေါက်သည့်အခါတွင်ပင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ပြီး မိမိတို့၏ စိတ်နှလုံးထဲတွင် မိမိတို့ကိုယ်ကို ပြောင်းလဲခြင်းနှင့် နောင်တရခြင်း သဘောထားတစ်ခု ရှိကြသည်။ ဤသည်မှာ အန္တိခရစ် စိတ်သဘောထားရှိသူများကို အန္တိခရစ်များနှင့် လုံးဝ ကွဲပြားစေသည့် ထူးခြားသော လက္ခဏာရပ်ဆိုင်ရာ ခြားနားချက်တစ်ခု ဖြစ်သည်။
အန္တိခရစ်များနှင့် အန္တိခရစ် စိတ်သဘောထားရှိသူများအကြား ခြားနားချက်များ၏ အကျဉ်းချုပ်
အန္တိခရစ်များဖြစ်ကြသောသူတို့သည် အသက်ရှင်နေသော စာတန်များ ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်များအဖြစ် အသက်ရှင်ကြသည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် လူတို့ မြင်နိုင်သော နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်။ သို့ဆိုလျှင် အန္တိခရစ်များနှင့် အန္တိခရစ် စိတ်သဘောထားရှိသူများကြား ပဓာနကျသော ခြားနားချက်များကို အကျဉ်းချုပ်ကြစို့။ သွင်ပြင်လက္ခဏာတစ်ခုမှာ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထား ဖြစ်သည်။ အန္တိခရစ်တို့သည် သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရား၊ အပြုသဘောဆောင်သော အရာများနှင့် လူတို့အတွက် အကျိုးရှိသော နှုတ်ကပတ်တော်များအပြင်၊ အပြုသဘောဆောင်သော အရာအားလုံးအတွက် စံသတ်မှတ်ချက်ဖြစ်ကြောင်း၊ ပြီးလျှင် လူတို့အနေဖြင့် ယင်းတို့ကို လက်ခံသင့်ကြောင်း၊ ကျိုးနွံနာခံပြီး လက်တွေ့လုပ်ဆောင်သင့်ကြောင်း နှုတ်ဖြင့် အသိအမှတ်ပြုနိုင်သော်လည်း၊ ဤအရာအားလုံးကို ၎င်းတို့ ပြောနိုင်ကြသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ လုံးဝ လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ အဘယ်ကြောင့် ၎င်းတို့ လက်တွေ့မလုပ်ဆောင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားကို လက်မခံသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ဟု မိမိတို့၏ နှုတ်များဖြင့် ပြောဆိုကြသော်လည်း လုံးဝကွဲပြားသော ရည်ရွယ်ချက်တစ်ခုအတွက် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံသည့်အချက်ကို ဖုံးကွယ်ရန်နှင့် လူတို့ကို အထင်အမြင်မှားစေရန် ဤအရာကို ပြောဆိုခြင်း ဖြစ်သည်။ အန္တိခရစ်တို့က စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုနိုင်သောကြောင့်သက်သက်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း အသိအမှတ်ပြုသည်ဟု မဆိုလိုပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကို အခြေခံအားဖြင့် လက်မခံသောကြောင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် သမ္မာတရားကို လက်ခံရန် မလိုလားသည့်အပြင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မလိုလားကြပေ။ အခြားတစ်ဖက်တွင်မူ၊ အန္တိခရစ် စိတ်သဘောထားရှိသူများသည် သေချာပေါက် အန္တိခရစ်များ မဟုတ်ကြပေ။ ၎င်းတို့ထဲမှ အချို့သည် သမ္မာတရားကိုလည်းကောင်း၊ အပြုသဘောဆောင်သော အရာများကိုလည်းကောင်း၊ မှန်ကန်သော နှုတ်ကပတ်တော်များကိုလည်းကောင်း အမျိုးမျိုးသော အတိုင်းအတာအထိ လက်ခံပြီး ကျိုးနွံနာခံနိုင်ကြသည်။ ဤသည်မှာ ခြားနားချက်တစ်ခု ဖြစ်သည်။ အန္တိခရစ်၏ အနှစ်သာရရှိသူများသည် သမ္မာတရားအပေါ် ရန်လိုကြပြီး ထိုသမ္မာတရားကိုကျောခိုင်းကြသော်လည်း၊ အန္တိခရစ် စိတ်သဘောထားရှိသူအချို့သည် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့်လည်းကောင်း၊ ဘုရားသခင်၏ အမှုတော်ကို နှစ်အချို့ကြာ တွေ့ကြုံခြင်းမှတစ်ဆင့်လည်းကောင်း၊ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားက အနည်းငယ် ပြောင်းလဲနိုင်သည်။ ၎င်းတို့အနေဖြင့် ထိုသမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သော်လည်း၊ သမ္မာတရားသည် ကောင်းမွန်ပြီး မှန်ကန်သည်ဟု မိမိတို့ စိတ်နှလုံးအတွင်းတွင် ခံစားကြရသည်။ ၎င်းတို့သည် သမ္မာတရားကို မချစ်ကြခြင်း သို့မဟုတ် ယင်းကို စိတ်မဝင်စားခြင်းသာဖြစ်သည်။ ထို့ကြောင့် ယင်းကို လက်တွေ့လုပ်ဆောင်ခြင်းက အားထုတ်မှုနှင့် ကြိုးပမ်းမှုအချို့ လိုအပ်သည်။ သို့ဖြစ်၍၊ အန္တိခရစ် စိတ်သဘောထားရှိသော်လည်း အသိစိတ်နှင့် ဆင်ခြင်တုံတရားအချို့ရှိသူများသည် သမ္မာတရားကို အမျိုးမျိုးသော အတိုင်းအတာအထိ လက်ခံနိုင်ကြသည်။ အနည်းဆုံးအနေဖြင့်၊ ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်တွင်၊ ၎င်းတို့သည် သမ္မာတရားကို အတိုက်အခံလုပ်ခြင်း သို့မဟုတ် ပစ်ပစ်ခါခါငြင်းခြင်း မရှိကြသည့်အပြင်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းလည်း မရှိကြပေ။ လူအများစုသည် ဤအခြေအနေမျိုးတွင် ရှိကြပြီး သမ္မာတရားအပေါ် ဤသရုပ်သကန်မျိုးကို ပြသကြသည်။ ထိုသို့သောလူများကို ဤသို့ ဖော်ပြခြင်းသည် ၎င်းတို့ အပေါ်ယံရွှေမှုန်ကြဲပြောခြင်းလည်း မဟုတ်၊ သွားပုပ်လေလွင့်ပြောခြင်းလည်း မဟုတ်ပေ။ ယင်းမှာ အတော်အတန် ဓမ္မဓိဋ္ဌာန်ကျသည် မဟုတ်လော။ (ဟုတ်ပါသည်။) နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခုမှာ ၎င်းတို့ကို လူ့သဘာဝ၏ ရှုထောင့်အမြင်မှ ခွဲခြားသိမြင်ရန်ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ၎င်းတို့ လူ့သဘာဝ၏ ကောင်းမြတ်ခြင်း သို့မဟုတ် ဆိုးယုတ်ခြင်းကို အခြေခံ၍ ခွဲခြားသိမြင်ရန် ဖြစ်သည်။ ဆိုးယုတ်သော လူ့သဘာဝရှိပြီး၊ သမ္မာတရားကို လက်မခံသည့်အပြင်၊ သမ္မာတရားကို အထူးသဖြင့် အလွန်အမင်း မနှစ်မြို့သောသူ မည်သူမဆိုသည် မုချ မယုံကြည်သူတစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦး ဖြစ်သည်။ အချို့လူများသည် သမ္မာတရားကို အထူးတလည် မချစ်ကြသည့်အပြင် စိတ်မဝင်စားကြပေ။ အခြားသူများက သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အချိန်တွင်၊ ၎င်းတို့သည် ငိုက်မျဉ်းလာပြီး နုံးချိလာကြသည်။ သို့သော်လည်း၊ ဤလူစားမျိုးများသည် ဆိုးယုတ်သော လူ့သဘာဝ မရှိသည့်အပြင် အခြားသူများကို ညှဉ်းဆဲခြင်း မရှိကြပေ။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သမ္မာတရား စည်းမျဉ်းများ သို့မဟုတ် ဘုရားအိမ်တော်၏ စည်းမျဉ်းများအကြောင်း မိတ်သဟာယဖွဲ့ပါက၊ ၎င်းတို့သည် နားထောင်နိုင်ပြီး သမ္မာတရားကို လက်ခံကာ ထိုသမ္မာတရားအတွက် ကြိုးပမ်းရန် လိုလားကြသော်လည်း၊ သမ္မာတရားကို သေချာပေါက် လက်တွေ့လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာပါက၊ သင့်အား သမ္မာတရားကို နားလည်စေရန် ဦးဆောင်နိုင်မည်မဟုတ်၊ သို့မဟုတ် သင့်အား ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်နိုင်မည်မဟုတ်သော်လည်း၊ သင့်ကို လုံးဝ ညှဉ်းဆဲလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ် စိတ်သဘောထားရှိသူများ၏ လူ့သဘာဝ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ အန္တိခရစ် စိတ်သဘောထားရှိသူများ၏ လူ့သဘာဝသည် ထိုမျှ ဆိုးယုတ်ခြင်းမရှိပေ။ ၎င်းတို့သည် သမ္မာတရားကို အမျိုးမျိုးသော အတိုင်းအတာများအထိ လက်ခံနိုင်ကြသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ အန္တိခရစ်တို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သည်သာမက အလွန့်အလွန် ရက်စက်ကြမ်းကြုတ်သော လူ့သဘာဝလည်း ရှိကြသည်။ အန္တိခရစ် စိတ်သဘောထားရှိသူများတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားအချို့ ရှိကြပြီး၊ အချို့သောကိစ္စရပ်များကို ဆင်ခြင်တုံတရားဖြင့် ကိုင်တွယ်နိုင်ကြသည်။ ဥပမာအားဖြင့်၊ ဘုရားအိမ်တော်၏ သတ်မှတ်ချက်များကို ကိုင်တွယ်ဖြေရှင်းရာတွင်၊ အသင်းတော်ရှိ အမျိုးမျိုးသောလူများကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်းကောင်း၊ အပြုသဘောဆောင်သော၊ အပျက်သဘောဆောင်သော အရာများကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်းကောင်း၊ မည်သည့်အရာရွေးချယ်ရမည်၊ မည်သည့်ဘက်တွင် ရပ်တည်ရမည်ဟူသည့်တို့အရ၊ ၎င်းတို့သည် ဤအရာများနှင့် အခြားထိုသို့သော ကိစ္စရပ်များကို ခွဲခြားသိမြင်နိုင်ကြပြီး၊ နောက်ဆုံးတွင်၊ မိမိတို့၏ အသိစိတ်ကို အခြေခံ၍ မှန်ကန်သော ရွေးချယ်မှုများကို ပြုလုပ်နိုင်ကြသည်။ ဤလူစားမျိုးများသည် ထိုသို့သော ဆိုးယုတ်သည့် လူ့သဘာဝ မရှိကြသည့်အပြင် အတော်အတန် ကြင်နာတတ်သော စိတ်နှလုံးရှိကြသည်။ ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့် နောက်ထပ် ခြားနားချက်တစ်ခု ရှိသေးသည်။ ယင်းမှာ သမ္မာတရားကို လက်ခံနိုင်သည့် အန္တိခရစ် စိတ်သဘောထားရှိသော လူအချို့ရှိခြင်းဖြစ်ပြီး ၎င်းတို့သည် မှားယွင်းစွာလုပ်ဆောင်မိသည့်အခါ၊ ယင်းကို ဆင်ခြင်သုံးသပ်နိုင်ကာ နောင်တရသော စိတ်နှလုံးရှိကြသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ အန္တိခရစ်တို့သည် ဤသရုပ်သကန်နှစ်ခုကို လုံးဝ မပြသကြပေ။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ။ သမ္မာတရားကို လက်မခံသည့်အပြင်၊ အလွန့်အလွန် ရက်စက်ကြမ်းကြုတ်သော လူ့သဘာဝရှိသောကြောင့် ခေါင်းမာပြီး မပြောင်းလဲနိုင်ကြပေ။ ဤလူစားမျိုးများအတွက် မိမိတို့ကိုယ်ကို ပြောင်းလဲပြီး နောင်တတရားကို စွမ်းဆောင်ရရှိရန်မှာ မဖြစ်နိုင်ပေ။ တစ်စုံတစ်ဦးသည် အမှန်တကယ် နောင်တရနိုင်ခြင်း ရှိမရှိဟူသည်မှာ အဓိကအားဖြင့် ၎င်းတို့က အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ခြင်း ရှိမရှိနှင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားအပေါ်တွင် မူတည်သည်။ အန္တိခရစ် စိတ်သဘောထားရှိသူများသည် ဆိုးယုတ်သော လူ့သဘာဝ မရှိသောကြောင့်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားအချို့ ရှိသောကြောင့်လည်းကောင်း၊ သမ္မာတရားအချို့ကို အမျိုးမျိုးသော အတိုင်းအတာအထိ လက်ခံနိုင်သောကြောင့်လည်းကောင်း၊ မိမိတို့ကိုယ်ကို ပြောင်းလဲရန် ဖြစ်နိုင်ခြေရှိကြသည်။ ၎င်းတို့သည် အမှားများ ပြုလုပ်မိသည့်အခါ သို့မဟုတ် ပြစ်မှားခြင်းများ ကျူးလွန်မိသည့်အခါ၊ ပြုပြင်ခြင်းခံရပြီးနောက် နောင်တရနိုင်ကြသည်။ ဤအရာက အန္တိခရစ် စိတ်သဘောထားရှိသူများသည် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိကြောင်း ဆုံးဖြတ်ပေးပြီး၊အန္တိခရစ်တို့မှာမူ ကယ်တင်၍မရနိုင်ကြပေ။ ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်၏ အမျိုးအစားဝင် ဖြစ်ကြသည်။ အန္တိခရစ်များနှင့် အန္တိခရစ် စိတ်သဘောထားရှိသူများအကြား ပဓာနကျသော ခြားနားချက်များမှာ ဤထူးခြားသော လက္ခဏာရပ်အချို့ ဖြစ်ကြသည်။ ဤအကျဉ်းချုပ်သည် အတော်အတန် ဓမ္မဓိဋ္ဌာန်ကျသည် မဟုတ်လော။ (ဟုတ်ပါသည်။။) အန္တိခရစ်တို့၏ ဤလက္ခဏာရပ်အချို့နှင့် စပ်လျဉ်း၍၊ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် အသေးစိတ် သရုပ်သကန်များသည် မည်သည့် သွားပုပ်လေလွင့်ပြောဆိုခြင်း အရိပ်လက္ခဏာ ဘာဆိုဘာမျှ မရှိဘဲ ဓမ္မဓိဋ္ဌာန်ကျပြီး အဖြစ်မှန်များနှင့် ကိုက်ညီပေသည်။ ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံးသည် ဤအရာကို ကြုံတွေ့ကာ မျက်မြင်တွေ့ပြီးဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ ဖြစ်သည့်အရာသာ ဖြစ်သည်။ အန္တိခရစ် စိတ်သဘောထားရှိသူများနှင့်ပတ်သက်၍မူ၊ ငါတို့သည် အမျိုးမျိုးသော သရုပ်သကန်များကိုလည်း ဖော်ထုတ်ပြီးဖြစ်သည်။ ယင်းတို့အားလုံးသည် လူတို့ မြင်နိုင်သောအရာများဖြစ်ပြီး မည်သည့် အပေါ်ယံရွှေမှုန်ကြဲပြောဆိုခြင်းမျှမပါဘဲ အဖြစ်မှန်များနှင့် ကိုက်ညီပေသည်။
အန္တိခရစ် စိတ်သဘောထားရှိသူများသည် ၎င်းတို့၏ လူ့သဘာဝ၌ ချို့ယွင်းချက်များနှင့် အားနည်းချက်များစွာ ရှိကြပြီး၊ ၎င်းတို့သည်လည်း အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို မတူညီသော အတိုင်းအတာများအထိ ထုတ်ဖော်ကြသည်။ ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် လူတိုင်း၌ သိသာထင်ရှားသော ထူးခြားသည့် လက္ခဏာရပ်ဆိုင်ရာ သရုပ်သကန်အချို့ ရှိကြသည်။ ဥပမာအားဖြင့်၊ အချို့လူများသည် အထူးပင် မာနထောင်လွှားကြသည်၊ အချို့သည် အထူးသဖြင့် စဉ်းလဲကြပြီး လှည့်ဖြားတတ်ကြသည်၊ အချို့မှာ အထူးပင် နှလုံးမာကျောကြသည်၊ အချို့သည် အထူးပင် ပျင်းရိကြသည် စသည်တို့ ဖြစ်သည်။ ဤဖော်ပြချက်များသည် အန္တိခရစ် စိတ်သဘောထားရှိသူများ၏ သရုပ်သကန်များဖြစ်ကြပြီး၊ ယင်းတို့သည် ထိုသို့သောလူများ၏ လူ့သဘာဝဆိုင်ရာ လက္ခဏာရပ်များ ဖြစ်ကြသည်။ ဤလူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ကြင်နာမှုအချို့ ရှိကြသော်လည်း၊ ရိုးရှင်းသော ဝေါဟာရဖြင့်ပြောရလျှင်၊ ၎င်းတို့သည်အတော်အတန် စိတ်ကောင်းနှလုံးကောင်းရှိကြသော်လည်း၊ ကိစ္စရပ်များကို ကြုံတွေ့သည့်အခါ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်နစ်နာနေသည်ကို ၎င်းတို့ ရှင်းလင်းစွာ မြင်ကြသော်လည်း၊ အခြားသူများအား စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်သောကြောင့်၊ စာတန်၏ အတွေးအခေါ်အတိုင်း အသက်ရှင်ကာ သမ္မာတရား စည်းမျဉ်းများကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ်မရှိဘဲ၊ လိပ်ကဲ့သို့ ခေါင်းကို လျှိုထားကြသည်။ ၎င်းတို့အနေဖြင့် ဤနည်းအတိုင်း မလုပ်ဆောင်သင့်ကြောင်းနှင့် ဤနည်းအတိုင်း ပြုမူဆောင်ရွက်ခြင်းအားဖြင့် ဘုရားသခင်ကို ပြစ်မှားနေကြကြောင်း စိတ်ထဲတွင် ခံစားရသော်ငြားလည်း၊ ၎င်းတို့သည် လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ရန် ရွေးချယ်မိကြသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် အသက်ရှင်ပြီး ရှင်သန်ရပ်တည်ရန်၊ ၎င်းတို့အနေဖြင့် စာတန်၏ အတွေးအခေါ်အပေါ် မှီခိုရမည်ဖြစ်ပြီး၊ ဤနည်းလမ်းဖြင့်သာ မိမိတို့ကိုယ်ကို ကာကွယ်နိုင်မည်ဟု ၎င်းတို့ ယုံကြည်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့သည် လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ရန် ရွေးချယ်ပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြပေ။ ဤနည်းအတိုင်း လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့က အသိစိတ်မဲ့ပြီး လူ့သဘာဝ ကင်းမဲ့သည်ဟု ခံစားရကြသည်။ ၎င်းတို့သည် လူသား မဟုတ်သည့်အပြင် အစောင့်ခွေးတစ်ကောင်ထက် ဆိုးရွားကြသည်။ သို့သော်လည်း၊ မိမိတို့ကိုယ်ကို ပြစ်တင်ဆုံးမပြီးနောက်၊ အခြားအခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် နောင်တမရကြသေးသည့်အပြင် ထိုနည်းအတိုင်းပင် ပြုမူကြသေးသည်။ ၎င်းတို့သည် အမြဲတစေ အားနည်းပြီး အပြစ်ရှိသည့်စိတ်ကို အစဉ်သဖြင့် ခံစားကြရသည်။ ဤသည်က အဘယ်အရာကို သက်သေပြသနည်း။ အန္တိခရစ် စိတ်သဘောထားရှိသူများသည် အန္တိခရစ်များ ကိုယ်တိုင်မဟုတ်ကြသော်လည်း၊ ၎င်းတို့၏ လူ့သဘာဝတွင် ပြဿနာများနှင့် ချို့တဲ့မှုများ အမှန်ပင်ရှိသောကြောင့်၊ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးမှုများစွာကို ဧကန်မုချထုတ်ဖော်ကြသည်ကို သက်သေပြသည်။ ထိုသို့သောလူတစ်ဦး၏ အလုံးစုံသော သရုပ်သကန်များကို ကြည့်ရှုသည့်အခါ၊ ၎င်းတို့သည် စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကိုခံရခြင်းဖြင့် မပြောင်းမလဲရှိနေသောသူတစ်ဦး လုံးလုံးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်က စာတန်၏ အမျိုးအနွယ်ဟု ရည်ညွှန်းသည့်အရာ အတိအကျ ဖြစ်ကြသည်။ အန္တိခရစ် စိတ်သဘောထားရှိသူများသည် အန္တိခရစ်များထက် မည်သို့ ပိုမိုကောင်းမွန်ကြသနည်း။ တိတိကျကျဆိုရလျှင်၊ အန္တိခရစ် စိတ်သဘောထားရှိသော်လည်း အန္တိခရစ်၏ အနှစ်သာရမရှိသူများသည် စာတန်၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ထုတ်ဖော်ကြသော်လည်း၊ ဧကန်မုချ ဆိုးယုတ်သောလူများ မဟုတ်ကြပေ။ ၎င်းတို့၏ အခြေအနေမှာ လူတစ်ဦးသည် ဖောက်ပြန်ပြီး ဆိုးယုတ်သူလည်းမဟုတ်သည့်အပြင် လူကောင်းတစ်ဦးလည်း မဟုတ်ဟု ပုံမှန်အားဖြင့် ပြောဆိုလေ့ရှိသည့်အတိုင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ကြပြီး၊ နောင်တရလိုစိတ်ရှိကာ၊ ပြုပြင်ခြင်းခံရပြီးနောက် သမ္မာတရားကို လက်ခံနိုင်ပြီး၊ ကျိုးနွံနာခံမှုအချို့ရှိကြရုံသာ ဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရရန် မျှော်လင့်ချက် ရှိနေသေးသော်လည်း၊ ဘုရားသခင် ပြောဆိုသည့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းဟူသော စံနှုန်းမှ အလှမ်းဝေးကြသည်။ အချို့လူများသည် ဘုရားသခင်ကို သုံးနှစ်မှ ငါးနှစ်အထိ ယုံကြည်ပြီး အပြောင်းအလဲနှင့် တိုးတက်မှုအချို့ ရှိကြသည်။ အချို့လူများသည် ဘုရားသခင်ကို ရှစ်နှစ်မှ ဆယ်နှစ်အထိ ယုံကြည်ပြီး မည်သည့်တိုးတက်မှုမျှ လုံးဝမရှိကြပေ။ အချို့လူများမှာမူ မည်သည့် သိသာထင်ရှားသော ပြောင်းလဲမှုမျှမရှိဘဲ ဘုရားသခင်ကို နှစ် ၂၀ ကြာပင် ယုံကြည်ပြီးဖြစ်သည်။ ၎င်းတို့သည် ယခင်အတိုင်းပင် ရှိနေကြဆဲဖြစ်သည်။ မိမိတို့၏ အယူအဆများကို ခေါင်းမာစွာ ဖက်တွယ်ထားကြသည်။ ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးဖြစ်သည့်အပြင် ဘုရားအိမ်တော်၏ အမျိုးမျိုးသော စည်းမျဉ်းစည်းကမ်းများ၏ ချုပ်ထိန်းခြင်းကို ခံရသောကြောင့်သာ ကြီးမားသော အမှားများကို မပြုလုပ်ခဲ့ကြခြင်းဖြစ်သည်၊ဘုရားအိမ်တော်အတွက် ဆိုးရွားသော ဆုံးရှုံးမှုများကို ဖြစ်စေသည့် ဒုစရိုက်အမှုများကို မလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး ကြီးမားသော ဘေးအန္တရာယ်များကို မဖြစ်ပေါ်စေခဲ့ကြခြင်း ဖြစ်သည်။ အန္တိခရစ် စိတ်သဘောထားရှိသူများအားလုံးသည် နောက်ဆုံးတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို သေချာပေါက် မခံရနိုင်ပေ။ ၎င်းတို့ထဲမှ အများစုသည် အလုပ်လုပ်ပေးသူများ ဖြစ်နိုင်ဖွယ်ရှိပြီး အချို့မှာ မလွဲဧကန် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဟုတ်ကြသော်လည်း၊ ညံ့ဖျင်းသော လူ့သဘာဝရှိသူများ ဖြစ်ကြသည်။ ၎င်းတို့၏ အဆုံးသတ်များနှင့် ပန်းတိုင်များသည် သေချာပေါက် တူညီကြမည် မဟုတ်ပေ။ အားလုံးမှာ ၎င်းတို့က သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိနှင့် မိမိတို့၏ လမ်းကြောင်းများကို မည်သို့ရွေးချယ်သည်ဟူသည့်အပေါ်တွင် မူတည်သည်။ “ကိုယ်တော်၏စကားက ဆန့်ကျင်ဘက်ဖြစ်နေပါသည်။ ဤလူတို့သည် စိတ်ပြောင်းပြီး နောင်တရနိုင်သည်ဟု ကိုယ်တော် ပြောခဲ့သည် မဟုတ်လော”ဟု အချို့လူများက ပြောဆိုကြသည်။ ငါဆိုလိုသည်မှာ ဤလူတို့သည် အချို့သော အခြေအနေများနှင့် မတူညီသော ပတ်ဝန်းကျင်များတွင်၊ သမ္မာတရားကို အမျိုးမျိုးသော အတိုင်းအတာအထိ လက်ခံနိုင်ကြသည်ဟူ၍ ဖြစ်သည်။ “အမျိုးမျိုးသော အတိုင်းအတာအထိ” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ အချို့လူများသည် ဘုရားသခင်ကို သုံးနှစ်မှ ငါးနှစ်အထိ ယုံကြည်ပြီးနောက် အပြောင်းအလဲအနည်းငယ်ရှိပြီး၊ ၁၀ နှစ်မှ နှစ် ၂၀ အကြာတွင် သိသာထင်ရှားသော အပြောင်းအလဲရှိသည်ကို ဆိုလိုသည်။ အချို့လူများသည် ဘုရားသခင်ကို ၁၀ နှစ်မှ နှစ် ၂၀ အထိ ယုံကြည်ကြပြီး၊ “ကျွန်ုပ်သည် နောင်တရရမည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် ပြန်လည်ပေးဆပ်ရမည်” ဟု အမြဲတစေ ဟစ်ကြွေးနေကြသော်လည်း၊ လက်တွေ့တွင်မူ မည်သည့်အပြောင်းအလဲမျှ မရှိဘဲ၊ ပထမဆုံး စတင်ယုံကြည်စဉ်ကအတိုင်းပင် ရှိနေကြသေးသည်။ ၎င်းတို့တွင် အသိစိတ်ရှိသောကြောင့်သာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤဆန္ဒရှိကြပြီး မိမိတို့ကိုယ်ကို ပြောင်းလဲကာ နောင်တရရန် လိုလားကြခြင်း ဖြစ်သည်။ သို့သော်လည်း၊ လိုလားခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းနှင့် မညီမျှသည့်အပြင်၊လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းနှင့်လည်း မညီမျှပေ။ လိုလားခြင်းသည် သမ္မာတရားကို အတိုက်အခံမလုပ်ခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့မှု မဖြစ်ခြင်း၊ သမ္မာတရားကို လူသိရှင်ကြား အသရေမဖျက်ခြင်း၊ ဘုရားသခင်ကို လူသိရှင်ကြား မဝေဖန်ခြင်း၊ မရှုတ်ချခြင်း သို့မဟုတ် ပြစ်မှားစော်ကားမှု မရှိခြင်းတို့ မျှသာဖြစ်သည်။ ဤသရုပ်သကန်များသာ ဖြစ်သည်။ သို့သော် ယင်းမှာ သမ္မာတရားကို အမှန်တကယ် ကျိုးနွံနာခံပြီး လက်ခံကာ လက်တွေ့လုပ်ဆောင်နိုင်ခြင်းကို မဆိုလိုသည့်အပြင်၊ ဇာတိပကတိနှင့် မိမိ၏ ကိုယ်ပိုင်လိုအင်ဆန္ဒများကို ပုန်ကန်နိုင်ခြင်းကိုလည်း မဆိုလိုပေ။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အဖြစ်မှန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။။) ဤသည်မှာ အတိအကျ ဖြစ်သည့်ပုံစံဖြစ်သည်။ လူတစ်ဦး၏ လူ့သဘာဝတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားအချို့ရှိပြီး နောင်တရသော စိတ်နှလုံးအနည်းငယ် ရှိခြင်းသည် ထိုသူတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိဟု မဆိုလိုပေ။ အန္တိခရစ် စိတ်သဘောထားရှိသူများသည် အန္တိခရစ်များနှင့် အခြေခံအားဖြင့် ကွဲပြားကြသော်လည်း၊ ဤသည်မှာ ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံပြီး ကျိုးနွံနာခံနိုင်သောသူများဖြစ်သည်ဟု မဆိုလိုပေ။ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုရှိသူများဖြစ်သည်ဟုလည်း မဆိုလိုပေ၊ သို့မဟုတ် ဘုရားသခင် ချစ်မြတ်နိုးသောသူများဖြစ်သည်ဟုလည်း မဆိုလိုပေ။ ဤသွင်ပြင်လက္ခဏာနှစ်ခုအကြားတွင် ပဓာနကျသော ခြားနားချက်များ ရှိသည်။ ၎င်းတို့သည် လုံးဝ ကွဲပြားကြသည်။ အန္တိခရစ် စိတ်သဘောထားရှိသူများသည် လူ့သဘာဝ၊ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားနှင့် ၎င်းတို့၏ နောင်တရခြင်း အတိုင်းအတာတို့အရ အန္တိခရစ်များနှင့် နှိုင်းယှဉ်လျှင် သေချာပေါက် များစွာ သာလွန်ကောင်းမွန်ကြသည်။ သို့သော်လည်း၊ ဘုရားသခင်က လူတို့ကို တိုင်းတာသည့် စံသတ်မှတ်ချက်သည် ၎င်းတို့က အန္တိခရစ်များနှင့် မည်သို့ကွာခြားသည်ဟူသည့်အပေါ်တွင် အခြေမခံပေ။ ဤသည်မှာ စံနှုန်း မဟုတ်ပေ။ ဘုရားသခင်သည် လူတစ်ဦး၏ လူ့သဘာဝကို တိုင်းတာသည်၊၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိ၊ ၎င်းတို့က သမ္မာတရားကို ချစ်မြတ်နိုးပြီး လက်ခံခြင်း ရှိမရှိ၊ ၎င်းတို့က မိမိတို့၏ တာဝန်များကို သစ္စာစောင့်သိမှုဖြင့် ထမ်းဆောင်ခြင်း ရှိမရှိ၊ ၎င်းတို့က ဘုရားသခင်ကို ကျိုးနွံနာခံသူများ ဟုတ်မဟုတ်ဟူသည်နှင့် သမ္မာတရားကို ၎င်းတို့ ရရှိပြီး ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိနိုင်ခြင်း ရှိမရှိဟူသည်တို့ကို တိုင်းတာသည်။ ဤသည်တို့မှာ ဘုရားသခင်က လူတို့ကို တိုင်းတာသည့် စံနှုန်းများ ဖြစ်ကြသည်။ ဘုရားသခင်သည် အန္တိခရစ် စိတ်သဘောထားရှိသူများအတွက် အမျိုးမျိုးသော သတ်မှတ်ချက်များကို ချမှတ်ထားပြီးဖြစ်သည်။ ဘုရားသခင်သည် ဤလူတို့ကို ကယ်တင်ရန် ရည်ရွယ်ချက်ဖြင့် အန္တိခရစ် စိတ်သဘောထားရှိသူများကို တိုင်းတာရန် ဤသတ်မှတ်ချက်များကို အသုံးပြုသည်။ ဤသို့ ပြောဆိုသည်ကို ကြားပြီးနောက်၊ သင်တို့ နားလည်ပြီဖြစ်သည်၊ မှန်သလော။ ပထမဆုံးအနေဖြင့်၊ သင်တို့တွင် အန္တိခရစ် စိတ်သဘောထား မည်မျှရှိသည်ဖြစ်စေ၊ သမ္မာတရားကို သင်တို့ လက်ခံနိုင်သရွေ့၊ သင်တို့သည် အန္တိခရစ်တစ်ဦး မဟုတ်ကြောင်း ရှင်းလင်းစွာ သိရှိရမည်။ သင်တို့သည် အန္တိခရစ်တစ်ဦး မဟုတ်သော်လည်း၊ ယင်းမှာ သင်တို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသောသူတစ်ဦးဖြစ်သည်ဟု မဆိုလိုပေ။ သမ္မာတရားကို မရွံရှာခြင်း သို့မဟုတ် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့မှု မရှိခြင်းသည် သင်တို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ကျိုးနွံနာခံသောသူတစ်ဦးဖြစ်သည်ဟု မဆိုလိုပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရားအချို့ရှိခြင်း၊ အတော်အတန် ကြင်နာတတ်သော စိတ်နှလုံးရှိခြင်းနှင့် အန္တိခရစ်များထက် ပိုမိုကောင်းမွန်သော လူ့သဘာဝရှိခြင်းသည် သင်တို့က လူကောင်းတစ်ဦးဖြစ်သည်ဟု သေချာပေါက် ဆိုလိုသည်မဟုတ်ပေ။ လူတစ်ဦးက ကောင်းသည် သို့မဟုတ် ဆိုးသည်ဟူသည်ကို တိုင်းတာသည့် စံနှုန်းသည် အန္တိခရစ်တို့၏ လူ့သဘာဝအပေါ်တွင် အခြေမခံပေ။ အန္တိခရစ်တို့သည် မကောင်းမှုများကို မည်မျှ ပြုလုပ်သည်ဖြစ်စေ၊ ၎င်းတို့က မည်သည့်အခါမျှ ဝန်မခံသည့်အပြင် နောင်တလည်းမရဘဲ၊ ထိုနည်းအတိုင်းပင် ဆက်လက်ပြုမူလုပ်ဆောင်ကြသည်။ ၎င်းတို့သည် မည်သည့်အခါမျှ နောက်ပြန်မလှည့်ကြသည့်အပြင်၊ ဘုရားသခင်ကို အဆုံးတိုင် ဆန့်ကျင်ကြသည်။ အန္တိခရစ် စိတ်သဘောထားရှိသူများထဲမှ အချို့သည် မိမိတို့ကိုယ်ကို ပြောင်းလဲပြီး နောင်တရရန် ရိုးသားစစ်မှန်စွာ အလိုရှိကြသော်လည်း၊ အနည်းငယ် ပြောင်းလဲခြင်းက ၎င်းတို့တွင် စစ်မှန်သော နောင်တရှိသည်ဟု မဆိုလိုပေ။ နောင်တရရန် စိတ်ပိုင်းဖြတ်မှုရှိခြင်းသည် သမ္မာတရားကို နားလည်နိုင်ခြင်း၊ သမ္မာတရားကို ရရှိခြင်းနှင့် အသက်ကို ရရှိခြင်းတို့အား ဆိုလိုသည်မဟုတ်ပေ။
အချို့လူများက “ကျွန်ုပ်သည် အန္တိခရစ်တစ်ဦး မဟုတ်ပါ၊ ထို့ကြောင့် ကျွန်ုပ်သည် အန္တိခရစ်များထက် သာ၍ကောင်းပြီး အန္တိခရစ်များထက် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးမှု လျော့နည်းသည်” ဟု ပြောဆိုကြသည်။ ဤစကားများသည် မှန်ကန်သလော။ ဤသည်မှာ လွဲချော်သော သိနားလည်မှုတစ်ခုလော။ (ဟုတ်ပါသည်။။) အန္တိခရစ် စိတ်သဘောထားရှိသူများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင် အန္တိခရစ်များနှင့် တူညီကြသော်လည်း၊ ၎င်းတို့၏ သဘာဝ အနှစ်သာရမှာမူ ကွဲပြားသည်။ စဉ်းစားကြည့်လော့—ဤဖော်ပြချက်သည် မှန်ကန်သလော။ (မှန်ကန်ပါသည်။။) သို့ဆိုလျှင် ရှင်းပြလော့။ (အန္တိခရစ် စိတ်သဘောထားရှိသူများသည် အန္တိခရစ်များကဲ့သို့ပင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်။ ၎င်းတို့နှစ်ဦးစလုံးက မာနထောင်လွှားပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည့်အပြင်၊ ၎င်းတို့နှစ်ဦးစလုံးက အဆင့်အတန်းကို လိုက်စားကြသည်။ သို့သော်လည်း၊ ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရမှာ ကွဲပြားသည်။ အန္တိခရစ် စိတ်သဘောထားရှိသူများက အသိစိတ်အချို့ ရှိကြပြီး၊ သမ္မာတရားကို အမျိုးမျိုးသော အတိုင်းအတာအထိ လက်ခံနိုင်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့မှု မဖြစ်ကြသည့်အပြင် သမ္မာတရားကို မမုန်းတီးကြပေ။ အခြားတစ်ဖက်တွင်မူ၊ အန္တိခရစ်၏ အနှစ်သာရရှိသူများတွင် မလိုမုန်းထားသော လူ့သဘာဝ အနှစ်သာရ ရှိကြသည်။ ၎င်းတို့တွင် အသိစိတ်မရှိသည့်အပြင်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြဘဲ သမ္မာတရားကို မုန်းတီးကြသည်။ ၎င်းတို့ နောင်တရကြလိမ့်မည် မဟုတ်ပါ။) ၎င်းတို့အားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ဘုရားသခင်သည် အန္တိခရစ်၏ အနှစ်သာရရှိသူများကို အန္တိခရစ်များနှင့် သူ၏ ရန်သူများအဖြစ် သတ်မှတ်သနည်း။ (ယင်းမှာ အဓိကအားဖြင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကို အခြေခံပါသည်။ အန္တိခရစ်တို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင်၊ သမ္မာတရားကို မုန်းတီးကြသည်၊ ပြီးလျှင် သမ္မာတရားကို မုန်းတီးခြင်းသည် အမှန်တကယ်တွင် ဘုရားသခင်ကို မုန်းတီးခြင်း ဖြစ်ပါသည်။) အခြားရှိသေးသလော။ (အန္တိခရစ်တို့၏ အနှစ်သာရမှာ နတ်ဆိုး၏ အနှစ်သာရပင် ဖြစ်သည်။။) မိမိအနှစ်သာရက နတ်ဆိုးများ၏ အနှစ်သာရဖြစ်သော လူတို့တွင် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် တစ်ခုတလေရှိသလော။ (မရှိပါ။) ဤလူတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြသည့်အပြင် ကယ်တင်ခြင်းမခံရနိုင်ပေ။ လူအမျိုးအစားနှစ်မျိုးစလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသောကြောင့်၊ ကယ်တင်ခြင်းခံရနိုင်သောသူများနှင့် ကယ်တင်ခြင်းမခံရနိုင်သောသူများအကြား ခြားနားချက်မှာ အဘယ်နည်း။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအရသာလျှင်၊ ဤလူအမျိုးအစားနှစ်မျိုးသည် တူညီကြသည်။ သို့ဆိုလျှင် အန္တိခရစ်များက ကယ်တင်ခြင်းမခံရနိုင်စဉ်တွင် အန္တိခရစ် စိတ်သဘောထားရှိသော်လည်း အန္တိခရစ်၏ အနှစ်သာရမရှိသူများမှာမူ အဘယ်ကြောင့် ကယ်တင်ခြင်းခံရရန် ပါးလျသော မျှော်လင့်ချက်ရှိကြသနည်း။ (အန္တိခရစ် စိတ်သဘောထားရှိသူများသည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအပေါ် အလွန် ရန်လိုကြသော အန္တိခရစ်များကဲ့သို့ မဟုတ်ကြပါ။ သူတို့သည် သမ္မာတရားကို အထူးတလည် မချစ်ကြသော်လည်း၊ သမ္မာတရားကို မရွံရှာကြသည့်အပြင်၊ အမျိုးမျိုးသော အတိုင်းအတာအထိ လက်ခံနိုင်ကြကာ၊ တဖြည်းဖြည်းချင်း ပြောင်းလဲနိုင်ကြသည်။ ထို့အပြင်၊ ၎င်းတို့၏ လူ့သဘာဝတွင် ရှက်စိတ်မရှိသောအန္တိခရစ်များနှင့်မတူဘဲ၊ အသိစိတ်အချို့ ရှိကြပါသည်။)ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်သည် ဤနေရာတွင် တည်ရှိသည်။ ဤသည်မှာ ပဓာနကျသော ခြားနားချက် ဖြစ်သည်။ အန္တိခရစ်တို့၏ အနှစ်သာရမှ အကဲဖြတ်ရလျှင်၊ ဤလူစားမျိုးသည် ကယ်တင်၍မရနိုင်သည့်အပြင် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်မရှိပေ။ ၎င်းတို့ကို သင်တို့ကယ်တင်လိုလျှင်ပင်၊ မကယ်တင်နိုင်ပေ။ ၎င်းတို့ မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် သာမန်လူအမျိုးအစားတစ်မျိုး မဟုတ်ဘဲ၊ နတ်ဆိုးများနှင့် စာတန်၏ အသက်အနှစ်သာရရှိသော လူအမျိုးအစားတစ်မျိုး ဖြစ်သည်။ ဤလူစားမျိုးသည် လုံးဝ ကယ်တင်ခြင်းမခံရနိုင်ပေ။ ဆန့်ကျင်ဘက်အားဖြင့်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် သာမန်လူတို့၏ အနှစ်သာရမှာ အဘယ်နည်း။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသာ ရှိကြသည်။ သို့သော်လည်း၊ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ကြပြီး၊ သမ္မာတရားအချို့ကို လက်ခံနိုင်ကြသည်။ ဤသည်မှာ သမ္မာတရားက ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ပေးလျက် ဤလူတို့အပေါ် အကျိုးသက်ရောက်မှု အတိုင်းအတာတစ်ခုအထိ ရှိနိုင်သည်ဟု ဆိုလိုသည်။ ဘုရားသခင် ကယ်တင်သည်မှာ ဤလူစားမျိုး ဖြစ်သည်။ အန္တိခရစ်တို့သည် လုံးဝ ကယ်တင်ခြင်းမခံရနိုင်သော်လည်း အန္တိခရစ် စိတ်သဘောထားရှိသူများမှာမူ ကယ်တင်ခြင်းခံရနိုင်သလော။ (ခံရနိုင်ပါသည်။။) ၎င်းတို့ ကယ်တင်ခြင်းခံရနိုင်သည်ဟု ငါတို့ ဆိုလျှင်၊ ဤသည်မှာ ဓမ္မဓိဋ္ဌာန်မကျပေ။ ၎င်းတို့တွင် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသည်ဟုသာ ငါတို့ ဆိုနိုင်သည်။ ဤသည်မှာ အတော်အတန် ဓမ္မဓိဋ္ဌာန်ကျသည်။ နောက်ဆုံးတွင်၊ လူတစ်ဦးက ကယ်တင်ခြင်းခံရနိုင်ခြင်း ရှိမရှိဟူသည်မှာ ထိုတစ်ဦးချင်းအပေါ်တွင် မူတည်သည်။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် လက်ခံနိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိဟူသည်နှင့် သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိဟူသည်တို့အပေါ်တွင် မူတည်သည်။ ထို့ကြောင့်၊ ဤလူစားမျိုးကသာ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသည်ဟု ဆိုနိုင်ပေသည်။ သို့ဆိုလျှင် အန္တိခရစ်တို့သည် အဘယ်ကြောင့် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်မရှိသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အန္တိခရစ်များဖြစ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ သဘာဝမှာ စာတန်၏ သဘာဝ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားအပေါ် ရန်လိုကြသည်။ ဘုရားသခင်ကို မုန်းတီးကြပြီး သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ဘုရားသခင်သည် ၎င်းတို့ကို ကယ်တင်နိုင်သေးသလော။ (မကယ်တင်နိုင်ပါ။) ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးသော လူသားများကို ကယ်တင်ခြင်းဖြစ်သည်၊ စာတန်နှင့် နတ်ဆိုးများကို ကယ်တင်ခြင်းမဟုတ်ပေ။ ဘုရားသခင်သည် သမ္မာတရား လက်ခံသောသူများကို ကယ်တင်ခြင်းဖြစ်သည်၊ သမ္မာတရားကို မုန်းတီးသော လူဖျင်းကို ကယ်တင်ခြင်းမဟုတ်ပေ။ ဤသည်မှာ ရှင်းလင်းသည် မဟုတ်လော။ (ရှင်းလင်းပါသည်။။) အချို့လူများက လွဲမှားသော နားလည်မှုတစ်ခုရှိခြင်းကို ရှောင်ရှားရန် ငါတို့ ဤသို့ မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်။ အန္တိခရစ်များနှင့် အန္တိခရစ် စိတ်သဘောထားရှိသူများကို ခွဲခြားသိမြင်ပြီးနောက်၊ အချို့လူများသည် မိမိတို့က အန္တိခရစ်များ မဟုတ်သည့်အပြင်၊ ဤသည်မှာ ၎င်းတို့က ဘေးကင်းလုံခြုံသော နယ်ပယ်တွင် ရှိနေခြင်းဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင်အတွက် ခိုလှုံရာကို အမှန်တကယ် ရရှိထားပြီဖြစ်ကြောင်းနှင့် အနာဂတ်တွင် သေချာပေါက် ရှင်းလင်းပစ်ခြင်း၊ နှင်ထုတ်ခြင်း သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်မဟုတ်ကြောင်းတို့ကို ဆိုလိုသည်ဟု တွေးထင်ကြသည်။ ဤသည်မှာ လွဲမှားသော နားလည်မှုတစ်ခု မဟုတ်လော။ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိခြင်းသည် ကယ်တင်ခြင်းခံရလိမ့်မည်ဟု မဆိုလိုပေ။ ဤမျှော်လင့်ချက်သည် လူတို့ သွား၍ ဆုပ်ကိုင်ရန် လိုအပ်နေသေးသည်။ သမ္မာတရားအပေါ် သင်၏ သဘောထားသည် အန္တိခရစ်တို့၏ သဘောထားနှင့် ကွဲပြားသည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပေ၊ သို့မဟုတ် သင်၏ လူ့သဘာဝသည် အန္တိခရစ်တို့၏ လူ့သဘာဝထက် အနည်းငယ် သာလွန်ကောင်းမွန်သည်။ သင်တို့သည် အသိစိတ်အချို့ကို ပိုင်ဆိုင်သည်၊ အတော်အတန် ကြင်နာတတ်သော စိတ်နှလုံးရှိသည်၊ အခြားသူများကို ထိခိုက်စေခြင်းမရှိ၊ တစ်စုံတစ်ခုကို မှားယွင်းစွာလုပ်ဆောင်သည့်အခါ နောင်တရရန် သိရှိပြီး၊ မိမိတို့ကိုယ်ကို ပြောင်းလဲနိုင်သည်။ ဤအရည်အသွေးအနည်းငယ်ကို ပိုင်ဆိုင်ရုံမျှပိုင်ဆိုင်ခြင်းက သင်တို့တွင် သမ္မာတရားကို လက်ခံရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် ကယ်တင်ခြင်းခံရခြင်းကို စွမ်းဆောင်ရရှိရန် အခြေခံသတ်မှတ်ချက်များရှိသည်ကို ဆိုလိုသည်။ သို့သော် အန္တိခရစ်တစ်ဦး မဟုတ်ခြင်းသည် သင်တို့ ကယ်တင်ခြင်းခံရလိမ့်မည်ဟု မဆိုလိုပေ။ သင်သည် အန္တိခရစ်တစ်ဦး မဟုတ်သော်လည်း၊ ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး ဖြစ်နေဆဲဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားအားလုံးသည် ကယ်တင်ခြင်းခံရနိုင်သလော။ သေချာပေါက် မခံရနိုင်ပေ။ လူတစ်ဦးသည် အန္တိခရစ်တစ်ဦး သို့မဟုတ် ဆိုးယုတ်သောလူတစ်ဦး မဟုတ်လျှင်ပင်၊ သမ္မာတရားကို ၎င်းတို့ မလိုက်စားသရွေ့၊ ၎င်းတို့သည် ကယ်တင်ခြင်းမခံရနိုင်သေးပေ။ လူတို့ကို ဘုရားသခင်၏ ကယ်တင်ခြင်းသည် သမ္မာတရားကို ၎င်းတို့ လက်ခံခြင်းနှင့် လိုက်စားခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ တစ်စုံတစ်ဦးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေသရွေ့၊ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်နိုင်သေးသည်၊ ဘုရားသခင်ကို အာခံနိုင်သေးသည်၊ ဘုရားသခင်ကို သစ္စာဖောက်နိုင်သေးသည် စသည်ဖြင့် ဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို လက်ခံရန် လိုအပ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုနှင့် လမ်းညွှန်မှု၊ ဘုရားသခင်၏ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း စသည်တို့ကို ၎င်းတို့ လိုအပ်သည်။ ဘုရားသခင် လုပ်ဆောင်သည့် ဤအမှုတစ်ခုတလေမျှ မရှိ၍မဖြစ်ပေ။ ထို့ကြောင့်၊ ကယ်တင်ခံရခြင်းကို စွမ်းဆောင်ရရှိရန်၊ တစ်ချက်အနေဖြင့်၊ ဘုရားသခင်၏ အမှုတော် လိုအပ်ပြီး၊ ထပ်လောင်း၍၊ လူတို့က ပူးပေါင်းဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ခြင်း လိုအပ်သည်။ ၎င်းတို့သည် အခက်အခဲကို ခါးစည်းခံကာ အဖိုးအခပေးဆပ်ရန်၊ သမ္မာတရားကို နားလည်ပြီးနောက် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် စသည်တို့ကို လုပ်ဆောင်နိုင်ရန် လိုအပ်သည်။ ဤသည်မှာ သမ္မာတရားကို နားလည်ခြင်းအပေါ် အခြေခံ၍၊ နောက်ဆုံးသောကာလ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရန်နှင့် လူ့ဇာတိခံ ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရခြင်းတည်းဟူသော မယုံနိုင်လောက်အောင် ရှားပါးသည့် ကောင်းချီးမင်္ဂလာကို လက်ခံရရှိရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ထိုမျှ ရိုးရှင်းပေသည်။ ကောင်းပြီ၊ ဤအကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် အဆုံးသတ်ကြစို့။
အချက် ၁၃- ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်ပေးပြီး ၎င်းတို့အား အန္တိခရစ်များကို ပိုင်းခြားသိမြင်ကာ စိတ်နှလုံးထဲမှ စွန့်လွှတ်နိုင်စေရန် ထောက်ကူပေးလော့
အန္တိခရစ်များက အသင်းတော်ကို နှောင့်ယှက်နေကြောင်း သိမြင်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဆောင်ရွက်ရမည့် အလုပ်များ
ဆက်လက်၍၊ ငါတို့သည် အဓိကအကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ကြမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်နှင့်ပတ်သက်သည့် ငါတို့၏ မိတ်သဟာယက ပြီးဆုံးသွားပြီဖြစ်သည်။ ဤမိတ်သဟာယအတွက်၊ “ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်ပေးပြီး ၎င်းတို့အား အန္တိခရစ်များကို ပိုင်းခြားသိမြင်ကာ စိတ်နှလုံးထဲမှ စွန့်လွှတ်နိုင်စေရန် ထောက်ကူပေးလော့” ဟူသည့် ဆယ့်သုံးခုမြောက် တာဝန်နှင့်ပတ်သက်၍ ငါတို့ ဆွေးနွေးကြမည်။ ဆယ့်သုံးခုမြောက် တာဝန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက အန္တိခရစ်များကို မည်သို့ဆက်ဆံသင့်သည်ဟူသည့် အကြောင်းအရာ ပါဝင်သည်။ အသင်းတော်တွင် အန္တိခရစ်များ ပေါ်ပေါက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သနည်း။ ပထမဆုံးအနေဖြင့်၊၊ ထိုသို့သော ပြဿနာများကို ဖြေရှင်းသည့်အခါတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက ညီအစ်ကိုမောင်နှမများကို အန္တိခရစ်များ၏ နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်ပေးရန် ရှေ့ထွက်၍ လုပ်ဆောင်ရန် လိုအပ်သည်ဟု ဤတာဝန်က ဖော်ပြထားသည်။ ဤသည်မှာ ၎င်းတို့ လုပ်ဆောင်သင့်သည့် ပထမဆုံးသော တာဝန်ဖြစ်သည်။ အန္တိခရစ်များက ဘုရားသခင် ရွေးချယ်ထားသောလူများကို မည်သို့ နှောင့်ယှက်သည်၊ အထင်အမြင်မှားစေသည်၊ ထိန်းချုပ်သည်၊ ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေသည်ဟူသည်တို့နှင့်ပတ်သက်၍မူ၊ ဤအကြောင်းကို ယခင်က များစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သောကြောင့် ဤအကြောင်းအရာသည် ယနေ့ မိတ်သဟာယ၏ အဓိကအကြောင်းအရာ ဖြစ်လိမ့်မည်မဟုတ်ပေ။ ယနေ့တွင်၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာခြင်းမရှိအောင် ကာကွယ်ရန်အလို့ငှာ အန္တိခရစ်တို့၏ ဤအပြုအမူများနှင့် လုပ်ရပ်များကို ရင်ဆိုင်ရသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များက မည်သည့်တာဝန်များကို ဖြည့်ဆည်းရမည်၊ မည်သည့်အလုပ်ကို လုပ်ဆောင်ရမည်ဟူသည်ကို ငါတို့ အာရုံစိုက်ကြမည်ဖြစ်သည်။ပထမဆုံးအနေဖြင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်ပေးရမည်၊ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များထဲမှ တစ်ခုဖြစ်သည်။ “တာဝန်များထဲမှ တစ်ခု” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သည့် များစွာသော တာဝန်များအနက်၊ ဘုရားသခင် ရွေးချယ်ထားသောလူများက အန္တိခရစ်များ၏ နှောင့်ယှက်ခြင်းနှင့် ဆိုးဆိုးရွားရွားထိခိုက်နစ်နာစေခြင်းတို့မရှိဘဲ ပုံမှန်အသင်းတော်အသက်တာကို ဦးဆောင်နိုင်ရန် ကာကွယ်ပေးခြင်းသည် အရေးကြီးသော တာဝန်တစ်ခု ဖြစ်သည်ဟု ဆိုလိုသည်။ ယင်းသည် ၎င်းတို့၏ တာဝန်ကို ခေါင်းရှောင်၍မရသည့် မရှောင်လွဲနိုင်သော တာဝန်တစ်ခုလည်း ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအရာကို အရေးထားသင့်ပြီး လျစ်လျူမရှုသင့်ပေ။ အသင်းတော်အသက်တာ၏ ပုံမှန်လည်ပတ်မှုကို ထိန်းသိမ်းခြင်းသည် အလွန်အရေးကြီးသော အလုပ်တာဝန်တစ်ခုဖြစ်ပြီး အသင်းတော်အလုပ်အားလုံးတွင် အဓိကအကျဆုံးသော အလုပ်တာဝန်ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်တစ်ခုလည်း ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အခြေခံအလုပ်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်ရန် ဖြစ်သည်။ စာတန်များဖြစ်သည့် အန္တိခရစ်များက လူတို့ကို နှောင့်ယှက်ရန်နှင့် အထင်အမြင်မှားစေရန်လည်းကောင်း၊ဘုရားသခင်၏ ရွေးချယ်ထားသောလူများအတွက် ဘုရားသခင်နှင့် ပြိုင်ဆိုင်ရန်လည်းကောင်း လာသောအခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အန္တိခရစ်များက ၎င်းတို့၏ ပုံစံအမှန်ကို ထုတ်ဖော်ပြစေလျက် ဘုရားသခင် ရွေးချယ်ထားသောလူများက ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်စေရန်အလို့ငှာ ထရပ်ကာ အန္တိခရစ်များကို ဖော်ထုတ်ပြီးနောက် အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ ဤသည်မှာ ဘုရားသခင်ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ ထိန်းချုပ်ခြင်းနှင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်တားဆီးရန် ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက အသင်းတော်အလုပ်ကို လုပ်ဆောင်သည့်အခါ ဖြည့်ဆည်းသင့်သည့် တာဝန်ဖြစ်သည်။ သို့ဆိုလျှင် ဤအရာများကို ကာကွယ်တားဆီးခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းတို့ကို မည်သို့ ကာကွယ်တားဆီးသင့်သနည်း။ “တားဆီးသည်” ဟူသော ဝေါဟာရမှာ စာသားအတိုင်းဆိုလျှင် တစ်စုံတစ်ခု ဖြစ်ပွားခြင်းကို အကြီးမားဆုံး အတိုင်းအတာအထိ တားဆီးခြင်းကို ဆိုလိုသည်။ ဤနေရာတွင် အဓိကအချက်မှာ အဘယ်နည်း။ ဖြစ်ရပ်များ ဖြစ်ပွားခြင်းကို တားဆီးခြင်းသည် ကာကွယ်တားဆီးခြင်းကို ဖြစ်မြောက်စေသည်။ အန္တိခရစ်များ၏ ဖြစ်ရပ်များကို ကိုင်တွယ်ရာတွင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဓိကအလုပ်မှာ အန္တိခရစ်များက ဘုရားသခင် ရွေးချယ်ထားသောလူများအား နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းတို့မရှိအောင် အကြီးမားဆုံး အတိုင်းအတာအထိ တားဆီးရန် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ ထိခိုက်နစ်နာစေခြင်းမရှိအောင် တတ်နိုင်သမျှ ကာကွယ်ပေးရမည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် အဓိကအလုပ်ဖြစ်ပြီး၊ ဆယ့်သုံးခုမြောက် တာဝန်နှင့်ပတ်သက်၍ ငါတို့ ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ရန် လိုအပ်သည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင် ရွေးချယ်ထားသောလူများကို မည်သို့ ကာကွယ်၍ရနိုင်သနည်း။ အန္တိခရစ်များက လုပ်ဆောင်သည့် ဤဒုစရိုက်အမှုများ ဖြစ်ပွားခြင်းကို တားဆီးခြင်းအားဖြင့် ဖြစ်သည်။ ဖော်ထုတ်ခြင်း၊ ပြုပြင်ခြင်း၊ စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် ချုပ်ချယ်ကန့်သတ်ခြင်းကဲ့သို့သော ၎င်းတို့ကို တားဆီးရန် နည်းလမ်းများနှင့် နည်းစနစ်များစွာ ရှိသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (နှင်ထုတ်ခြင်း ဖြစ်ပါသည်။) ယင်းမှာ နောက်ဆုံးအဆင့် ဖြစ်သည်။ ညီအစ်ကိုမောင်နှမများတွင် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ဆဲဖြစ်ကာ တစ်စုံတစ်ဦးက အန္တိခရစ်ဖြစ်ကြောင်း မသိသေးသော်လည်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့ကို အန္တိခရစ်အဖြစ် ဖော်ထုတ်သတ်မှတ်ပြီးဖြစ်ချိန်တွင်၊ ထိုသူတို့ကို တိုက်ရိုက် နှင်ထုတ်လိုက်လျှင်၊ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသူများသည် အယူအဆများနှင့် ဝေဖန်ချက်များ ဖြစ်ပေါ်လာနိုင်ပြီး အချို့မှာ ထိမိ၍လဲသွားနိုင်သည်။ ထိုသို့သောအခြေအနေများတွင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သနည်း။ ငါ အခုတင် မည်သည့်အရာကို ဖော်ပြခဲ့သနည်း။ (ဖော်ထုတ်ခြင်း၊ ပြုပြင်ခြင်း၊ စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် ချုပ်ချယ်ကန့်သတ်ခြင်းတို့ ဖြစ်ပါသည်။) အန္တိခရစ်များ မကောင်းမှုပြုခြင်းကို တားဆီးရန် သင်တို့တွင် နည်းလမ်းကောင်းများ တစ်ခုတလေ ရှိသလော။ ၎င်းတို့ကို စောင့်ကြည့်ခြင်းသည် နည်းလမ်းကောင်းတစ်ခုဖြစ်သလော။ ယင်းကို စည်းမျဉ်းများနှင့် ကိုက်ညီသည့် ထိရောက်သော နည်းလမ်းနှင့် နည်းစနစ်တစ်ခုအဖြစ် မှတ်ယူနိုင်သလော။ (မှတ်ယူနိုင်ပါသည်။) အန္တိခရစ်များကို ဆက်ဆံရန် သင့်လျော်သော နည်းလမ်းမှာ အဘယ်နည်း။ တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့သည် အန္တိခရစ်များအပေါ် အသုံးဝင်နိုင်သလော။ (အသုံးမဝင်ပါ။) အဘယ်ကြောင့် အသုံးမဝင်သနည်း။ (အန္တိခရစ်တို့သည် သမ္မာတရားကို လက်မခံကြပါ။ ၎င်းတို့သည် ထိုသမ္မာတရားကို အလွန်အမင်း နှစ်မြို့ခြင်းမရှိကြပေ။) အန္တိခရစ်တို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင်၊ လက်မခံကြသောကြောင့်၊ အန္တိခရစ်များကို ကိုင်တွယ်ရန် စမ်းသပ်မှုများ၊ စစ်ဆေးခြင်းများ၊ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို အသုံးပြုခြင်းသည် မသင့်လျော်ပေ။ ထို့အပြင်၊ ဘုရားသခင်သည် ၎င်းတို့အပေါ် ဤအလုပ်ကို မဆောင်ရွက်ပေ။ ဤစိတ်ကူးသည် မသင့်လျော်ပေ။ ထို့ကြောင့် ဤနည်းလမ်းသည် သေချာပေါက် အလုပ်ဖြစ်မည် မဟုတ်ပေ။ သို့ဆိုလျှင် မည်သည့်နည်းလမ်းကသာ သင့်လျော်သနည်း။ အန္တိခရစ်များ၏ ထိခိုက်နစ်နာစေခြင်းမှ များစွာ ဆင်းရဲဒုက္ခခံစားခဲ့ရသော လူများစွာတို့သည် ၎င်းတို့ကို အလွန်အမင်း မုန်းတီးကြပြီး အန္တိခရစ်များကို တရားစီရင်သင့်သည်၊ ပြစ်တင်ရှုတ်ချသင့်သည်၊ လူအများရှေ့တွင် ဖော်ထုတ်သင့်သည်ဟု ယုံကြည်ကြသည်။ အန္တိခရစ်များကို အသင်းတော်တွင် ၎င်းတို့၏ အမှားများအား ဝန်ခံစေသင့်ပြီး ၎င်းတို့၏ အပြစ်များကို လူအများရှေ့တွင် ဝန်ချတောင်းပန်စေကာ လုံးလုံးလျားလျား အရှက်ရစေသင့်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤနည်းလမ်းများကို ကျင့်သုံးခြင်းသည် သင့်လျော်မည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) အန္တိခရစ်တို့၏ အနှစ်သာရကို ငါတို့ ထည့်သွင်းစဉ်းစားလျှင်၊ ထိုသို့သော လုပ်ဆောင်ချက်များကို လုပ်ဆောင်ခြင်းသည် အမှန်တွင် လွန်ကဲမည်မဟုတ်ပေ။ နတ်ဆိုးများကို မည်သို့ ဆက်ဆံသည်ဖြစ်စေ အဆင်ပြေသည်။ ပိုးဟပ်တစ်ကောင်ကို နင်းခြေသကဲ့သို့ သာမန်ကာလျှံကာ လုပ်ဆောင်၍ရသည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအရာကို လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်သည် အလွန် တရားနည်းလမ်းကျပြီး မှန်ကန်ပုံရသော်လည်း၊ ဤနည်းလမ်းများနှင့်ပတ်သက်၍ ပြဿနာတစ်ခုတလေ ရှိသလော။ ဤအလုပ်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များနှင့်ဆိုင်သည့် နယ်ပယ်အတွင်းတွင် ရှိသလော။ ဤသို့လုပ်ဆောင်ခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသလော၊ မကိုက်ညီသလော။ (မကိုက်ညီပါ။) သိသာထင်ရှားစွာပင်၊ ယင်းသည် စည်းမျဉ်းများနှင့် မကိုက်ညီပေ။ စည်းမျဉ်းများသည် အဘယ်မှ လာသနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လာပါသည်။) မှန်ပေသည်။ ထိုသို့သော လုပ်ဆောင်ချက်များ၏ ပစ်မှတ်များက အန္တိခရစ်များ၊ နတ်ဆိုးများ ဖြစ်သော်လည်း၊ နည်းလမ်းများသည်လည်း စည်းမျဉ်းများနှင့်လည်းကောင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်လည်းကောင်း ကိုက်ညီသင့်သည်။ အဘယ်ကြောင့်ဆိုသော် ဤအလုပ်ကို လုပ်ဆောင်ခြင်းဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိသားစုရေးရာများ သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်နေခြင်း မဟုတ်ဘဲ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းနေခြင်း ဖြစ်သောကြောင့် ဖြစ်သည်။
၁။ ဖော်ထုတ်ခြင်း
အန္တိခရစ်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ၎င်းတို့အား မကောင်းမှုပြုခြင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေခြင်းနှင့် ထိခိုက်နစ်နာစေခြင်းတို့မှ တားဆီးခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။ ရည်ရွယ်ချက်မှာ မည်သူ့ကိုမျှ ညှဉ်းဆဲရန် သို့မဟုတ် မည်သူ့ကိုမဆို လက်တုံ့ပြန်ရ အခွင့်အရေးကို အမိအရ အသုံးချခြင်း မဟုတ်သည့်အပြင်၊ မည်သူ့ကိုမဆို ဆန့်ကျင်သည့် လှုံ့ဆော်စည်းရုံးမှုများ ဆောင်ရွက်ရန် သေချာပေါက် မဟုတ်ဘဲ၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာခြင်းမရှိအောင် ကာကွယ်ပေးရန် ဖြစ်သည်။ ထို့ကြောင့်၊ အန္တိခရစ်များကို မကောင်းမှုပြုခြင်းမှ အကြီးမားဆုံး အတိုင်းအတာထိ တားဆီးရန် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် အလုပ်တာဝန်များမှာ အဘယ်နည်း။ ပထမဦးဆုံးမှာ ၎င်းတို့ကို ဖော်ထုတ်ရန် ဖြစ်သည်။ ဖော်ထုတ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (လူတို့အား ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်စေရန် ကူညီဖို့ ဖြစ်ပါသည်။) မှန်ပေသည်။ ယင်းမှာ ဘုရားသခင် ရွေးချယ်ထားသောလူများက အန္တိခရစ်တို့၏ အနှစ်သာရကို ပိုင်းခြားသိမြင်နိုင်ဖို့၊ ၎င်းတို့အနေဖြင့် အန္တိခရစ်များနှင့် စိတ်ထဲတွင် ခပ်ကင်းကင်းနေနိုင်ပြီး ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို မခံရစေရန်၊ အန္တိခရစ်တို့က ၎င်းတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်ရန်ကြိုးစားချိန်တွင်၊ အန္တိခရစ်များအား ၎င်းတို့ကို ကြိုးကိုင်ခြယ်လှယ်ပြီး ကစားစရာအဖြစ် သဘောထားခွင့်ပေးခြင်းထက်၊ ၎င်းတို့က အန္တိခရစ်တို့ကို တက်ကြွစွာ ငြင်းပယ်နိုင်စေရန် ကူညီပေးဖို့ ဖြစ်သည်။ သို့ဆိုလျှင်၊ ၎င်းတို့ကို ဖော်ထုတ်ခြင်းသည် အရေးကြီးသလော။ (အရေးကြီးပါသည်။) ၎င်းတို့ကို ဖော်ထုတ်ခြင်းသည် အလွန်အရေးကြီးသည်။ သို့သော် သင်သည် ၎င်းတို့ကို တိကျစွာ ဖော်ထုတ်ရမည်။ သို့ဆိုလျှင်၊ သင်သည် ၎င်းတို့ကို မည်သို့ ဖော်ထုတ်သင့်သနည်း။ သင်၏ ဖော်ထုတ်ခြင်းအတွက် အခြေခံအကြောင်းရင်းက အဘယ်အရာ ဖြစ်သင့်သနည်း။ ၎င်းတို့ကို ထင်ရာမြင်ရာအမည်တပ်ခြင်းက အဆင်ပြေသလော။ အခြေခံအကြောင်းရင်းမရှိဘဲ ၎င်းတို့ကို မဆင်မခြင် ပြစ်တင်ရှုတ်ချခြင်းသည် အဆင်ပြေသလော။ (အဆင်မပြေပါ။) သို့ဆိုလျှင် သင်သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ပေးသည့် ပန်းတိုင်အား စွမ်းဆောင်ရရှိရန် ၎င်းတို့ကို မည်သို့ တိကျမှန်ကန်စွာ ဖော်ထုတ်သင့်သနည်း။ (တစ်ချက်အနေဖြင့်၊ ကျွန်ုပ်တို့သည် ၎င်းတို့၏ ဒုစရိုက်အမှုများနှင့်ဆိုင်သော အဖြစ်မှန်ကို အခြေခံ၍ ၎င်းတို့ကို ဓမ္မဓိဋ္ဌာန်ကျကျနှင့် အမှန်အတိုင်း ဖော်ထုတ်ရမည်။ ထို့အပြင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး စိတ်ဖြာလေ့လာဆွေးနွေးရမည်။) ဤဖော်ပြချက်နှစ်ခုက ကွက်တိဖြစ်သည်။ ကဏ္ဍနှစ်ခုစလုံးသည် မရှိမဖြစ်လိုအပ်သည်။ တစ်ချက်အနေဖြင့်၊ အဖြစ်မှန်နှင့်ဆိုင်သော သက်သေအထောက်အထား ရှိရမည်။ သင်သည် အန္တိခရစ်တို့က ထုတ်ဖော်ပြသည့် မှားယွင်းသော စကားများ၊ လုပ်ရပ်များအပြင်၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် သဘောထားအမြင်များကို အခြေခံ၍ ၎င်းတို့၏ အနှစ်သာရကို ဝေဖန်အကဲဖြတ်ပြီး သတ်မှတ်ရမည်။ သို့သော်လည်း၊ အရေးကြီးဆုံးအရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး စိတ်ဖြာလေ့လာဆွေးနွေးရန် ဖြစ်သည်။ ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များကို သင် ရည်ညွှန်းသင့်သနည်း။ မည်သည့်နှုတ်ကပတ်တော်များက အတိုက်ရိုက်အကျဆုံးနှင့် အပြတ်သားဆုံး ဖြစ်သနည်း။ (အန္တိခရစ်များကို ဖော်ထုတ်သည့် နှုတ်ကပတ်တော်များ ဖြစ်ပါသည်။) မှန်ပေသည်၊ သင်သည် ၎င်းတို့ကို ဖော်ထုတ်ရန်နှင့် သင့်တင့်လျောက်ပတ်စွာ၊ အမှားကင်းစွာနှင့် လုံးဝတိကျမှန်ကန်စွာ နှိုင်းယှဉ်မှုများ ပြုလုပ်ရန်အတွက် အန္တိခရစ်များကို ဖော်ထုတ်သည့် နှုတ်ကပတ်တော်အချို့ကို ရှာဖွေရမည်။ ညီအစ်ကိုမောင်နှမများသည် ဤအရာကို ကြားပြီးနောက် နားလည်သွားကြလိမ့်မည်။ ၎င်းတို့သည် ပါဝင်ပတ်သက်သူအပေါ် ချက်ချင်း ပိုင်းခြားသိမြင်နိုင်စွမ်း ရှိလာပြီး၊ ၎င်းတို့အပေါ် သတိထားကာကွယ်ကြလိမ့်မည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပိုင်းခြားသိမြင်နိုင်စွမ်းရှိလာပြီးနောက်၊ ဤလူကို ရွံရှာသွားကြလိမ့်မည်။ “သို့ဆိုလျှင်၊ သူတို့သည် အမှန်တွင် အန္တိခရစ်ပင်။ သူက ကျွန်ုပ်ကို ယခင်က ကူညီခဲ့ပြီး ထောက်ခံမှုများပင် လုပ်ခဲ့သည်။ ကျွန်ုပ်က သူ့ကို လူကောင်းတစ်ယောက်ဟု ထင်ခဲ့သည်။ ဤစိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်၊ သူ၏ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် သူ၏ အနှစ်သာရဖြစ်သည့် အန္တိခရစ် သရုပ်သကန်များက ဖော်ထုတ်ခြင်းခံခဲ့ရပြီး၊ ဤလူသည်အန္တရာယ်ရှိသော လူတစ်ယောက်ဖြစ်ကြောင်း လူတိုင်းကို သိမြင်စေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သူ့ကို အလွန်တိကျမှန်ကန်စွာ ဖော်ထုတ်ခဲ့သည်တကား။ သူသည် လူကောင်းတစ်ယောက် မဟုတ်ပါ။ သူသည် ကောင်းသည့်အရာများကို ပြောပြီး သူ၏ လုပ်ရပ်များတွင် ပြဿနာများမရှိဟုထင်ရသော်လည်း၊ သူ၏အနှစ်သာရကို ဖော်ထုတ်ခြင်းအားဖြင့်၊ သူသည် အမှန်ပင် အန္တိခရစ်တစ်ယောက်ဖြစ်ကြောင်း ယခု သိသာထင်ရှားပြီဖြစ်သည်”ဟူ၍ လူတို့၏ အတွေးအခေါ်များ ပြောင်းလဲခြင်းမှ အကဲဖြတ်ရလျှင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက အန္တိခရစ်များကို ဖော်ထုတ်သည့်အလုပ်ကို လုပ်ဆောင်နေချိန်တွင်၊ ၎င်းတို့သည် အန္တိခရစ်များအား ဘုရားသခင် ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေခြင်းနှင့် နှောင့်ယှက်ခြင်းတို့မှ အကြီးမားဆုံးသော အတိုင်းအတာအထိ တားဆီးနေခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်တို့၏ ထိန်းချုပ်ခြင်းနှင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်ပေးသည့် တာဝန်ကိုလည်း ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အလုပ်တာဝန်များထဲမှ တစ်ခုကို လက်တွေ့ကျသော နည်းလမ်းဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤအလုပ်တာဝန်မှာ အဘယ်နည်း။ အန္တိခရစ်များကို ဖော်ထုတ်ခြင်း ဖြစ်သည်။ အန္တိခရစ်များကို ဖော်ထုတ်သည့်အလုပ်သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ပေးရန် ခေါင်းဆောင်များနှင့် အမှုဆောင်များ တာဝန်ယူလုပ်ဆောင်ရမည့် အလုပ်တာဝန်များထဲမှ တစ်ခုဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် အမျိုးမျိုးသော အလုပ်တာဝန်များနှင့်ပတ်သက်၍မူ၊ ငါတို့သည် ယင်းတို့၏ အတိုင်းအတာ သို့မဟုတ် ယင်းတို့ ရရှိသည့် ရလဒ်များအားဖြင့် အစဉ်လိုက် စီစဉ်မည်မဟုတ်။ “ဖော်ထုတ်ခြင်း” အလုပ်နှင့်ပတ်သက်၍ ဦးစွာ မိတ်သဟာယဖွဲ့ကြစို့။ အန္တိခရစ်တို့၏ သဘာဝအနှစ်သာရကို ဖော်ထုတ်ခြင်းတွင် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည့် ၎င်းတို့၏ စဉ်ဆက်မပြတ်သော ဒုစရိုက်အမှုများ၏ ကြံရွယ်ချက်များ၊ ရည်ရွယ်ချက်နှင့် အကျိုးဆက်များကို ဖော်ထုတ်ခြင်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အမှုထမ်းဆောင်စဉ်တွင် အန္တိခရစ်တို့က မည်သည့် လက်တွေ့ကျသော အသင်းတော်အလုပ်ကိုမျှ လုံးဝမလုပ်ဆောင်ဘဲ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအား လျစ်လျူရှုပုံကို ဖော်ထုတ်ခြင်း၊ မိမိတို့ကိုယ်ကို ဘာဆိုဘာမျှ မသိရှိကြသူများ၊ သမ္မာတရားကို ဘယ်တော့မှ လက်တွေ့မလုပ်ဆောင်သည့်အပြင်၊ လူတို့ကို အထင်အမြင်မှားစေရန် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုကြသူများဖြစ်သည့် အန္တိခရစ်တို့၏ အကျည်းတန်သော မျက်နှာကို ဖော်ထုတ်ခြင်းအပြင်၊ လူရှေ့နှင့် လူကွယ်ရာတွင် ၎င်းတို့၏ မတူညီသော ပြောဆိုမှုများနှင့် လုပ်ရပ်များကို ဖော်ထုတ်ခြင်းတို့ ပါဝင်သည်။ ဤသွင်ပြင်လက္ခဏာများကို စေ့စေ့စပ်စပ် ဖော်ထုတ်ခြင်းသည် စာတန်များနှင့် ဆိုးယုတ်သော နတ်ဆိုးများအဖြစ် အန္တိခရစ်တို့၏ ပုံစံအမှန်ကို ပြသသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် အရေးကြီးသော အလုပ်တာဝန်တစ်ခု ဖြစ်သည်။ သို့ဆိုလျှင်၊ ဤတာဝန်ကို ဆောင်ရွက်ရန် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အရာကို ပိုင်ဆိုင်ရန် လိုအပ်သနည်း။ ပထမဦးစွာ၊ ၎င်းတို့သည် ဝန်တာစိတ်တစ်ခုခုရှိရန် လိုအပ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤတာဝန်ကို ထမ်းဆောင်သည့်အခါ၊ ၎င်းတို့က၊ “ထိုလူသည် အန္တိခရစ်တစ်ဦး ဖြစ်သည်။ ညီအစ်ကိုမောင်နှမအချို့သည် မေးခွန်းများဖြင့် သူ့ထံ မကြာခဏ သွားကြပြီး၊ အမြဲတမ်း သူ့ထံ ချဉ်းကပ်ကာ သူနှင့် ဆက်ဆံရေးကောင်းမွန်ကြသည်။ ဤလူ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီးနောက်၊ လူများစွာတို့သည် သူ့ကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ဤအရာနှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း”ဟု မကြာခဏ စဉ်းစားကြလေသည်။ ၎င်းတို့သည် ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ လာကြပြီး ဤကိစ္စနှင့်စပ်လျဉ်း၍ သမ္မာတရားဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်လျက်၊ အန္တိခရစ်များကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ သတိရှိရှိ ရှာဖွေကြလေသည်။ ထို့နောက် ၎င်းတို့သည် သင့်လျော်သောအချိန်ကို ပြင်ဆင်ပေးရန် ဘုရားသခင်ကို တောင်းလျှောက်သည် သို့မဟုတ် ဤကိစ္စနှင့်ပတ်သက်၍ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယဖွဲ့ရန် သင့်လျော်သောအချိန်နှင့် အခွင့်အရေးကို မိမိတို့ဘာသာ ရှာဖွေကြသည်။ ၎င်းတို့သည် ဤအရာကို ၎င်းတို့၏ ဝန်ထုပ်ဝန်ပိုးအဖြစ်လည်းကောင်း၊ နောက်ထပ်လုပ်ဆောင်ရန် လိုအပ်သည့် အရေးကြီးသော တာဝန်တစ်ခုအဖြစ်လည်းကောင်း သဘောထားကြသည်။ ၎င်းတို့သည် စဉ်ဆက်မပြတ် ပြင်ဆင်နေကြသည်၊ ရှာဖွေနေကြသည်၊ လမ်းညွှန်မှုအတွက် ဘုရားသခင်ထံ ဆုတောင်းနေကြသည်။ ၎င်းတို့သည် အမြဲတမ်း ဤစိတ်အခြေအနေနှင့် အနေအထားမျိုးတွင် ရှိနေကြသည်။ ဤသည်မှာ ဝန်တာစိတ်ရှိခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ထိုသို့သော ဝန်ထုပ်ဝန်ပိုးဖြင့် အချိန်အချို့ကြာ ပြင်ဆင်ပြီးနောက်၊ ၎င်းတို့သည် အခြေအနေများ အသင့်ဖြစ်သည်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။ အနည်းဆုံးအားဖြင့်၊ ၎င်းတို့သည် အန္တိခရစ်ကို စတင်မဖော်ထုတ်မီ လူနှစ်ဦး သို့မဟုတ် သုံးဦးက အန္တိခရစ်အပေါ် စစ်မှန်သော ပိုင်းခြားသိမြင်နိုင်စွမ်း ရှိလာသည်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့က တစ်စုံတစ်ဦးအနေဖြင့် ၎င်းတို့၏ ခံစားချက်များကိုသာ အခြေခံ၍ အန္တိခရစ်တစ်ဦးဖြစ်ပုံရသည်ဟု ဆုံးဖြတ်သော်လည်း၊ ထိုလူက အမှန်တကယ် အန္တိခရစ်ဟုတ်မဟုတ်ဟူသည်ကို ထိုးထွင်းမမြင်နိုင်လျှင်၊ ၎င်းတို့ မဆင်မခြင် မလုပ်ဆောင်ရပေ။ တိုတိုပြောရလျှင်၊ ဤအလုပ်ကို ဆောင်ရွက်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းညွှန်မှုကို သေချာပေါက် ရရှိကြလိမ့်မည်။ ဤသည်မှာ လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်ကာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ဖြည့်ဆည်းခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။
၂။ ပြုပြင်ခြင်း
အန္တိခရစ်များကို ဖော်ထုတ်ခြင်းအလုပ်အား ဆောင်ရွက်ပြီးသည့်နောက်၊ ညီအစ်ကိုမောင်နှမများက ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ် ရရှိကြသော်လည်း၊ အန္တိခရစ်များကို လုံးလုံးလျားလျား ဖော်ထုတ်ခြင်းမပြုမီ၊ ၎င်းတို့သည် လူအများကို ၎င်းတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်စေကာ၊ လေးစားကြည်ညိုစေပြီး ၎င်းတို့ နောက်သို့လိုက်စေလျက်၊ ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်ရန် မလွဲမသွေ ပို၍ လုပ်ဆောင်ကြလေသည်။ ဤသည်က ဘုရားသခင်ကို ယုံကြည်ခြင်း၏ လမ်းမှန်ပေါ်သို့ ဝင်ရောက်ခြင်းမှ ဘုရားသခင် ရွေးချယ်ထားသောလူများကို အလွန် နှောင့်နှေးစေပြီး၊ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေကာ သိသာထင်ရှားသော ထိခိုက်နစ်နာမှုကို ဖြစ်စေသည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် ဒုတိယတာဝန်မှာ၊ အန္တိခရစ်တို့က ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်သည့်အခါ သို့မဟုတ် ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များက သမ္မာတရား စည်းမျဉ်းများကို သိသာထင်ရှားစွာ ချိုးဖောက်သည့်အခါ၊ ညီအစ်ကိုမောင်နှမများက အန္တိခရစ်တို့၏ စရိုက်အမှန်ကို ပိုင်းခြားသိမြင်နိုင်ရန်အလို့ငှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက သက်သေအထောက်အထားကို အမိအရအသုံးချပြီး ၎င်းတို့ကို ချက်ချင်း ရှေ့ထွက်ပြုပြင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ၎င်းတို့၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ရမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ခြင်းနှင့် ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်စောင့်ရှောက်ခြင်းဟူသည့် ရှောင်လွှဲ၍မရသော တာဝန်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုင်ကြည့်မနေသင့် သို့မဟုတ် မသိကျိုးကျွန်ပြုမနေသင့်ပေ။ ၎င်းတို့သည် အခွင့်အရေးများကို ချက်ချင်း အမိအရအသုံးချသင့်သည်၊ အဖြစ်အပျက်များကို တိတိကျကျ ဖော်ထုတ်သင့်ပြီး၊ ၎င်းတို့၏ လုပ်ရပ်များ၊ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် အနှစ်သာရကို တိကျစွာ ဖော်ထုတ်လျက် အန္တိခရစ်များကို ပြုပြင်ရန် ရှေ့ထွက်သင့်သည်။ အန္တိခရစ်တို့သည် မည်သည့်လူစားမျိုးဖြစ်သည်ကို ပို၍ တိကျစွာ သတ်မှတ်ရန်လည်း လိုအပ်သည်။ သို့မှသာ ညီအစ်ကိုမောင်နှမများက ဤအရာကို ရှင်းလင်းစွာ မြင်နိုင်မည်ဖြစ်သည်။ အန္တိခရစ်များ ကိုယ်တိုင်က ယင်းကို သိရှိမည်ဖြစ်ပြီး လူတိုင်းက ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်းမရှိခြင်း မဟုတ်သည့်အပြင်၊ ၎င်းတို့၏ လှည့်စားခြင်းကို ခံရမည်မဟုတ်ကြောင်း၊ အနည်းဆုံးအနေဖြင့် လူအချို့က ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူကို ထိုးထွင်းသိမြင်ပြီး၊ ၎င်းတို့၏ ကွယ်ဝှက်ထားသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများအပြင် ၎င်းတို့၏ အနှစ်သာရကိုပါ ထိုးထွင်းသိမြင်နိုင်ကြောင်းကို အန္တိခရစ်များ သတိပြုမိမည်ဖြစ်သည်။ အန္တိခရစ်များကို ပြုပြင်ခြင်း၏ ရည်ရွယ်ချက်မှာ စကားများမှတစ်ဆင့် ၎င်းတို့၏ အနှစ်သာရကို ဖော်ထုတ်ရန်သက်သက်သာ မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ အဘယ်အရာဖြစ်သနည်း။ (တစ်ခုအနေဖြင့် ညီအစ်ကိုမောင်နှမများကို ပိုင်းခြားသိမြင်နိုင်စွမ်း ဖွံ့ဖြိုးလာစေရန် ကူညီဖို့ဖြစ်ပြီး၊ အန္တိခရစ်တို့၏ ဒုစရိုက်အမှုများကို ချုပ်ချယ်ကန့်သတ်ရန်လည်း ဖြစ်ပါသည်။) မှန်ပေသည်။ ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ရန် ဖြစ်သည်၊ သို့မှသာ ၎င်းတို့က လူတို့ကို အထင်အမြင်မှားစေပြီး နှောင့်ယှက်သည့်အရာများကို လုပ်ဆောင်သည့်အခါတွင်၊ ၎င်းတို့၌ သိက္ခာစောင့်စည်းမှုအချို့ ရှိလာပြီး ကြောက်ရွံ့ခြင်းအချို့ကို ခံစားရမည် ဖြစ်သည်။ ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်မှုများ ခံစေရန်၊ ချုပ်တည်းမှုအချို့ ရှိစေရန်နှင့် မဆင်မခြင် မပြုမူဝံ့စေရန် ဖြစ်သည်။ ဘုရားအိမ်တော်၌ သမ္မာတရားရှိပြီး သမ္မာတရားက အာဏာစိုးမိုးသည်သာမက၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များလည်း ရှိကြောင်း၊ ဘုရားအိမ်တော်၌ နိုင်လိုမင်းထက် ပြုမူပြီး မိမိတို့သဘောအတိုင်း မဆင်မခြင် လုပ်ဆောင်ရန်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေရန်မှာ မဖြစ်နိုင်ကြောင်း ၎င်းတို့ကို သိခွင့်ပေးရန် ဖြစ်သည်။ ထို့အပြင်၊ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကို ထိခိုက်နစ်နာစေသည့် မဆင်မခြင်ပြုသော ဒုစရိုက်အမှုများကို ကျူးလွန်ခြင်းအတွက် ၎င်းတို့ တာဝန်ခံရမည်ဖြစ်ကြောင်းကိုလည်း သိစေရန် ဖြစ်သည်။ အန္တိခရစ်များကို ချက်ချင်း ပြုပြင်သည့်တစ်ချိန်တည်းတွင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူတို့အား အန္တိခရစ်တို့၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ရည်ရွယ်ရင်းအကြံအစည်များကို ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်စေကာ ထိုးထွင်းမြင်ရန် ကူညီလျက်၊ ၎င်းတို့ကို ဖော်ထုတ်ရန်လည်း ထရပ်ရမည်ဖြစ်သည်။ ဤသည်မှာလည်း ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ရန်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်မှာ အမှန်ပင်ဖြစ်၏။ ဤအရာများအားလုံးသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ထည့်သွင်းစဉ်းစားရမည့်အရာများ ဖြစ်ကြပြီး၊ ဤအလုပ်ကို ဆောင်ရွက်ရန် ၎င်းတို့ တာဝန်များ၏ နယ်ပယ်အတွင်း၌ ရှိသည်။ ၎င်းတို့သည် ယင်းကို လျစ်လျူရှု၍မရ သို့မဟုတ် ယင်းနှင့်ပတ်သက်၍ ပေါ့ဆ၍လည်း မရပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များက အသင်းတော်ထဲတွင် အန္တိခရစ်များကို တွေ့ရှိပါက၊ ၎င်းတို့၏ စကားများ၊ လုပ်ရပ်များနှင့် နောက်ကွယ်တွင် ၎င်းတို့ ဖြန့်ဝေသည့် အဓိပ္ပာယ်မဲ့သော အယူအဆများနှင့်ပတ်သက်၍ အမြဲသတိဝီရိယရှိသင့်ပြီး၊ ၎င်းတို့ကို ပြုပြင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့အား လက်တွေ့လုပ်ဆောင်ရမည်။ ဤသည်မှာ အန္တိခရစ်များ၏ နှောင့်ယှက်ခြင်းနှင့် ထိခိုက်နစ်နာစေခြင်းတို့မှ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ရန် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် တာဝန်များထဲမှ တစ်ခုဖြစ်သည်။
၃။ စိတ်ဖြာလေ့လာဆွေးနွေးခြင်း
ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် နောက်ထပ်အလုပ်တာဝန်မှာ အဘယ်အရာဖြစ်သနည်း။ စိတ်ဖြာလေ့လာဆွေးနွေးရန် ဖြစ်သည်။ စိတ်ဖြာလေ့လာဆွေးနွေးခြင်းသည် ဖော်ထုတ်ခြင်းနှင့် ဆင်တူနီးပါးဖြစ်သော်လည်း၊ အတိုင်းအတာအားဖြင့် ကွဲပြားမှုများ ရှိသည်။ စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့်ပတ်သက်လာသည့်အခါ၊ ယင်းမှာ အဖြစ်မှန်တစ်ခု၊ အခြေအနေမှန်တစ်ခု သို့မဟုတ် နောက်ခံအကြောင်းအရာတစ်ခုကို ဖော်ထုတ်ရုံမျှသာ မဟုတ်ပေ။ ယင်းတွင် သတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ် ပါဝင်သည်၊ ဆိုလိုသည်မှာ ယင်းတွင် အန္တိခရစ်တို့၏ စိတ်သဘောထား၊ ဤပဓာနကျသော၊ ရင်းမြစ် ပြဿနာ ပါဝင်သည်။ ဘုရားသခင်၊ သမ္မာတရား၊ ၎င်းတို့၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အလုပ်တို့အပေါ် ၎င်းတို့၏ သဘောထားအပြင်၊ ၎င်းတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို ဖြန့်ဝေခြင်းနောက်ကွယ်ရှိ စေ့ဆော်မှုများ၊ ရည်ရွယ်ချက်များနှင့် အကြံအစည်များ၊ ဤအရာကို ၎င်းတို့ လုပ်ဆောင်ရသည့် အကြောင်းရင်းများကို စိတ်ဖြာလေ့လာဆွေးနွေးပြီး၊ ၎င်းတို့၏ အတွေးများ၊ သဘောထားအမြင်များ၊ စကား၊ လုပ်ရပ်များနှင့် ၎င်းတို့ ထုတ်ဖော်သည့် စိတ်သဘောထားများနှင့် သရုပ်သကန်များမှတစ်ဆင့် ၎င်းတို့၏ အနှစ်သာရက အတိအကျ မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားသိမြင်လော့။ ညီအစ်ကိုမောင်နှမများက အန္တိခရစ်များနှင့်ဆိုင်သည့် ပို၍ နက်ရှိုင်းသော သိနားလည်မှု ရရှိနိုင်ရန်နှင့် ၎င်းတို့ရှေ့က အန္တိခရစ်များသည် ဤအရာများကို အဘယ်ကြောင့် ပြောဆိုလုပ်ဆောင်ကြသည်၊ ထိုသို့သောလူများအပေါ် ဘုရားသခင်၏ ရှုထောင့်အမြင်မှာ အဘယ်အရာဖြစ်သည်ဟူသည်နှင့် သူက ၎င်းတို့အား မည်သို့ သတ်မှတ်သည်ဟူသည်တို့ကို လက်တွေ့ကျသော ရှုထောင့်အမြင်မှ ရှင်းလင်းစွာ မြင်နိုင်ရန်အလို့ငှာ၊ ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တိုက်ဆိုင်စစ်ဆေးပြီး ရှင်းပြသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများအား အန္တိခရစ်တို့နှင့် ခပ်ကင်းကင်းနေစေရန်နှင့် ၎င်းတို့ကို ငြင်းပယ်ရန်လည်း ပြောသင့်သည်။ ပြီးလျှင် အန္တိခရစ်တို့ကဲ့သို့ ဘုရားသခင်ကို နားလည်မှုလွဲခြင်း၊ ဘုရားသခင်ကို သတိထားစောင့်ကြည့်ခြင်း၊ ဘုရားသခင်နှင့် ခပ်ကင်းကင်းနေခြင်း၊ ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် စိတ်ထဲတွင် ဘုရားသခင်ကို ဝေဖန်ကာ ပြစ်တင်ရှုတ်ချခြင်းတို့ကိုပင် ရှောင်ရှားရန်အလို့ငှာ အန္တိခရစ်တို့၏ လုပ်ရပ်များ၊ အပြုအမူများ၊ စကားများနှင့် ရှုထောင့်အမြင်များဖြင့် အထင်အမြင်မှားစေခြင်းကို ခံရခြင်းမရှိအောင် သတိဝီရိယရှိရန်လည်း ပြောသင့်သည်။ ဖော်ထုတ်ခြင်းနှင့် ပြုပြင်ခြင်းကဲ့သို့သော အခြားတာဝန်များကဲ့သို့ပင်၊ စိတ်ဖြာလေ့လာဆွေးနွေးခြင်း၏ ရည်ရွယ်ချက်မှာ အန္တိခရစ်တို့၏ အထင်အမြင်မှားစေခြင်း၊ နှောင့်ယှက်ခြင်းနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေခြင်းတို့မှ တားဆီးရန် ဖြစ်သည်။ ယင်းမှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်တို့၏ ဆိုးရွားစွာ ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်ရန်နှင့် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် လမ်းမှန်မှ သွေဖည်သွားခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ အန္တိခရစ်တို့က အသင်းတော်ကို နှောင့်ယှက်ပုံနှင့်ပတ်သက်သည့် အဖြစ်မှန်များနှင့် အခြေအနေမှန်ကို ဘုရားသခင် ရွေးချယ်ထားသောလူတို့က ရှင်းလင်းစွာ မြင်ပြီး အန္တိခရစ်တို့၏ အနှစ်သာရကို ရှင်းလင်းစွာ မြင်သောအခါ၊ ၎င်းတို့သည် နောက်တစ်ဖန် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရတော့မည် မဟုတ်ပေ။ အချို့ နားဝေတိမ်တောင်ဖြစ်သူများနှင့် မိုက်မဲသောလူများက စိတ်ထဲတွင် ၎င်းတို့ကို လေးစားကြည်ညိုပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်နေဆဲဖြစ်ကာ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံပြီး ချဉ်းကပ်နေလျှင်ပင်၊ အန္တိခရစ်တို့သည် ကြီးမားသော ပြဿနာများကို မဖြစ်စေနိုင်တော့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သောသူတို့၏ အသက်ဝင်ရောက်မှုကို လုံးဝ မထိခိုက်စေဘဲ၊ မိုက်မဲသောလူများကိုသာ အချို့သောအရာများကို လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤအဆင့်သို့ ရောက်ရှိခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ စွမ်းဆောင်ရရှိနိုင်သင့်သည့်အရာ ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ပြီး မိမိတို့၏ တာဝန်များကို လိုလိုလားလား ထမ်းဆောင်သောသူများနှင့် သမ္မာတရားကို ချစ်သောသူတို့သည် ပုံမှန်အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်နိုင်ပြီး မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ကြောင်း ၎င်းတို့ သေချာစေရမည်ဖြစ်သည်။ တစ်ချိန်တည်းတွင်၊ ဤလူတို့အနေဖြင့် အန္တိခရစ်တို့၏ အထင်အမြင်မှားစေခြင်းများနှင့် နှောင့်ယှက်မှုများကို သတိထားကာကွယ်နိုင်ပြီး အန္တိခရစ်တို့ကို ငြင်းပယ်နိုင်ကြောင်းကိုလည်း ၎င်းတို့ သေချာစေနိုင်ရမည်။ ဤသည်မှာ အန္တိခရစ်တို့၏ မကောင်းမှုပြုခြင်းနှင့် နှောင့်ယှက်မှုများကို အကြီးမားဆုံး အတိုင်းအတာထိ တားဆီးခြင်းဖြစ်ပြီး၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ခြင်း၏ အကျိုးသက်ရောက်မှုအား အပြည့်အဝ စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ သင်၏ အလုပ်ကို သင် မည်မျှထိရောက်စွာ လုပ်ဆောင်သည်ဖြစ်စေ၊ ပြီးလျှင် သင်တို့ မည်မျှ စေ့စေ့စပ်စပ် ပြောဆိုသည်ဖြစ်စေ၊ အန္တိခရစ်တို့ကို မငြင်းပယ်နိုင်သည့်အပြင် မိမိတို့စိတ်နှလုံးထဲတွင် ၎င်းတို့ကို လေးစားကြည်ညိုပြီး အားကိုးနေဆဲဖြစ်လိမ့်မည့် အချို့သော မိုက်မဲသည့်လူများ၊ ညံ့ဖျင်းသော အစွမ်းအစရှိသူများနှင့် နားဝေတိမ်တောင်ဖြစ်သူများ မလွဲမသွေ ရှိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း၊ လူအများစုသည် အန္တိခရစ်တို့ကို ငြင်းပယ်နိုင်သည့်အဆင့်သို့ ရောက်ရှိပြီးဖြစ်လိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအရာကို စွမ်းဆောင်နိုင်လျှင်၊ ၎င်းတို့သည် အလိုရှိသည့်ရလဒ်ကို အပြည့်အဝ စွမ်းဆောင်ရရှိလျက်၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို အကြီးမားဆုံး အတိုင်းအတာအထိ ကာကွယ်ပြီးသား ဖြစ်လိမ့်မည့်ဖြစ်သည်။ သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ နားမလည်နိုင်သော ထိုစဉ်းစားဉာဏ်နည်းသူများအတွက်မူ၊ ၎င်းတို့ အနည်းငယ် အလုပ်လုပ်ပေးနိုင်သေးလျှင်၊ ၎င်းတို့ကို ဂရုစိုက်မှုနှင့် အကူအညီအချို့အပြင်၊ နောက်ထပ် ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်းအချို့ကို ပေးသင့်သည်။ ဤသည်မှာ ပြုသင့်ပြုထိုက်သမျှ အရာအားလုံးကို လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ဤနည်းလမ်းဖြင့် အလုပ်လုပ်ခြင်းသည် စည်းမျဉ်းရှိခြင်း ဖြစ်သည်။ ဤစံနှုန်းကို ပြည့်မီနိုင်သော ခေါင်းဆောင်နှင့် အမှုဆောင်များစွာရှိသလော။ (မရှိပါ။) ထို့ကြောင့်၊ အစွမ်းကုန် ကြိုးပမ်းအားထုတ်ရမည်။ သင်တို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို မမောမပန်း အကြီးမားဆုံး အတိုင်းအတာထိ ကာကွယ်ရမည်။ “အကြီးမားဆုံး အတိုင်းအတာထိ” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်တို့ နားလည်သည့် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ရန်၊ ရရှိနှင့်ပြီးဖြစ်သည့် သက်သေအထောက်အထားဖြစ်သည့် အန္တိခရစ်တို့၏ ဒုစရိုက်အမှုများနှင့်ဆိုင်သည့် အမျိုးမျိုးသော သရုပ်သကန်များကို တင်ပြရန်၊ ယင်းတို့ကို အန္တိခရစ်များအား ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆက်စပ်ပေးရန်အပြင်၊ ယင်းတို့ကို မိတ်သဟာယဖွဲ့ကာ စိတ်ဖြာလေ့လာဆွေးနွေးရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခြင်းအား ဆိုလိုသည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများက အဖြစ်မှန်ကို ရှင်းလင်းစွာ မြင်နိုင်ရန်၊ အန္တိခရစ်တို့၏ အနှစ်သာရကို ပိုင်းခြားသိမြင်ပြီး ထိုးထွင်းသိမြင်နိုင်ရန်နှင့် အန္တိခရစ်တို့အပေါ် ဘုရားသခင်၏ သဘောထားကို သိရှိနိုင်ရန်အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ တာဝန်ယူလုပ်ဆောင်ရမည့် အရေးကြီးသော တာဝန်တစ်ခု ဖြစ်သည်။
၄။ ချုပ်ချယ်ကန့်သတ်ခြင်း
ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် နောက်ထပ်အလုပ်တာဝန်မှာ အဘယ်အရာဖြစ်သနည်း။ ချုပ်ချယ်ကန့်သတ်ရန် ဖြစ်သည်။ ဤ “ချုပ်ချယ်ကန့်သတ်ခြင်း” အလုပ်သည် ဆောင်ရွက်ရန် လွယ်ကူသည်။ ယင်းတွင် ချုပ်ချယ်ကန့်သတ်ခြင်း၏ ရလဒ်ကို စွမ်းဆောင်ရရှိရန် အထူးစီမံချက်အချို့ကို ကျင့်သုံးခြင်း ပါဝင်သည်။ ဥပမာအားဖြင့်၊ အန္တိခရစ်တို့သည် အစဉ်သဖြင့် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသည်၊ အစဉ်သဖြင့် မိမိတို့ကိုယ်ကို ချီးမြှောက်သည်၊ တစ်ခါတစ်ရံ အခြားသူများကို နှိမ်သည်၊ စုဝေးပွဲများအတွင်းတွင် ဆင်းရဲဒုက္ခမည်မျှ ၎င်းတို့ ခါးစည်းခံရပြီးဖြစ်သည်ဟူသည်နှင့်၊ ဘုရားအိမ်တော်၌ မည်သည့် ပံ့ပိုးကူညီမှုများကို ၎င်းတို့ ပြုလုပ်ပြီးဖြစ်သည်ဟူသည်တို့ကို မကြာခဏ သက်သေခံကြပြီး၊ အခြားသူများက ၎င်းတို့အား မည်သို့ လေးစားကြည်ညိုသည်၊ ၎င်းတို့က အခြားသူများထက် မည်သို့ ပိုတော်သည်၊ ၎င်းတို့ မည်သို့ တစ်မူထူးခြားသည် စသည်တို့ကို ပြောဆိုလျက် မိမိတို့ကိုယ်ကို အရှက်မဲ့စွာ သက်သေခံကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အန္တိခရစ်တို့ကို အဆက်မပြတ် အလိုလိုက်မည့်အစား၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေပြီး ထိန်းချုပ်သည့် အန္တိခရစ်တို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများကို ချုပ်ချယ်ကန့်သတ်ရန် အကောင်းဆုံး ကြိုးစားသင့်သည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ စကားပြောချိန်နှင့် မိမိတို့ဆွေးနွေးသည့် အကြောင်းအရာများကို ချုပ်ချယ်ကန့်သတ်သင့်သည်။ ထို့အပြင်၊ လူတို့ကို မိမိတို့ဘက်သို့ ဆွဲဆောင်ရန်အတွက် သေးငယ်သော အကူအညီများကို အသုံးပြုခြင်း၊ သွေးခွဲစကားများ ပြောဆိုခြင်း၊ အယူအဆများနှင့် အပျက်သဘောဆောင်သော မှတ်ချက်များကို ဖြန့်ဝေခြင်း စသည်တို့ကဲ့သို့သော၊ လူရှေ့သူရှေ့၌ဖြစ်စေ နောက်ကွယ်၌ဖြစ်စေ အန္တိခရစ်တို့၏ လုပ်ရပ်များနှင့်ပတ်သက်၍၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် နားမကြားသကဲ့သို့၊ မျက်ကန်းသကဲ့သို့ မပြုမူသင့်ပေ။ ၎င်းတို့သည် အန္တိခရစ်တို့၏ လုပ်ရပ်များကို ချက်ချင်း သဘောပေါက်သင့်သည်။ အခြားသူများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်သည့် အပြုအမူများကို ၎င်းတို့ တွေ့ရှိသည်နှင့်တစ်ပြိုင်နက်၊ ဤအပြုအမူများကို ချက်ချင်း ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသင့်ကာ၊ အန္တိခရစ်တို့အပေါ် ချုပ်ချယ်ကန့်သတ်မှုများ ချမှတ်သင့်ပြီး၊ ၎င်းတို့အား လူတို့ကို အထင်အမြင်မှားစေပြီး အသင်းတော်၏ အလုပ်ကို နှောင့်ယှက်လျက် ဟိုသည်သွားလာခွင့် မပြုသင့်ပေ။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် အရေးကြီးသော အလုပ်တာဝန်များထဲမှ တစ်ခုဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် အန္တိခရစ်များအား ပြုပြင်ခြင်း၊ ဖော်ထုတ်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းမျှဖြင့် ၎င်းတို့၏ ဒုစရိုက်အမှုများကို ချုပ်ချယ်ကန့်သတ်နိုင်သလော။ (မချုပ်ချယ်မကန့်သတ်နိုင်ပါ။) ၎င်းတို့သည် စာတန်များနှင့် ဆိုးယုတ်သော နတ်ဆိုးများ ဖြစ်သောကြောင့် ဤနည်းလမ်းဖြင့် ၎င်းတို့ကို သင် ချုပ်ချယ်မကန့်သတ်နိုင်ပေ။ ၎င်းတို့၏ လက်များနှင့် ခြေထောက်များကို မချည်နှောင်ထားသည့်အပြင် ၎င်းတို့၏ နှုတ်များကို မပိတ်ထားသရွေ့၊ ၎င်းတို့သည် အဓိပ္ပာယ်မဲ့သော အယူအဆများကို ဖြန့်ဝေမည်ဖြစ်ပြီး လူတို့ကို နှောင့်ယှက်သည့် နတ်ဆိုးဆန်သော စကားများကို ပြောဆိုကြလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ရန် ချက်ချင်း အရေးယူဆောင်ရွက်ရမည်။ အထူးသဖြင့် လူတို့ကို အထင်အမြင်မှားစေပြီး နှောင့်ယှက်ရန် အဓိပ္ပာယ်မဲ့သော အယူအဆများကို ၎င်းတို့ ဖြန့်ဝေသည့်အခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အချိန်မီ ကြားဖြတ်ပြီး ၎င်းတို့ကို တားဆီးရမည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများအား ပိုင်းခြားသိမြင်နိုင်စွမ်းရှိစေပြီး အန္တိခရစ်တို့၏ စရိုက်အမှန်ကို ရှင်းလင်းစွာ မြင်စေနိုင်ရမည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် လက်တွေ့ကျသော အလုပ် ဖြစ်သည်။
၅။ စောင့်ကြည့်ခြင်း
အန္တိခရစ်များကို ချုပ်ချယ်ကန့်သတ်ပြီးနောက်၊ နောက်ထပ်လုပ်ရမည့်အရာမှာ ၎င်းတို့ကို စောင့်ကြည့်ခြင်း ဖြစ်သည်။ အန္တိခရစ်တို့က မည်သူ့ကို အထင်အမြင်မှားစေခဲ့သည်၊ နောက်ကွယ်တွင် မည်သည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများနှင့် နတ်ဆိုးဆန်သော စကားများကို ဖြန့်ဝေခဲ့သည်ဟူသည်ကို ကြည့်လော့။ ၎င်းတို့က အဆင်းနီသော နဂါးကြီးဘက်မှ ရပ်တည်ပြီး ၎င်းနှင့်အတူ ပူးပေါင်းလုပ်ဆောင်နေခြင်း ရှိမရှိ၊ ၎င်းတို့သည် ဘာသာရေးလောကနှင့် မဟာမိတ်ဖွဲ့ထားခြင်း ရှိမရှိ၊ ၎င်းတို့သည် မိမိတို့၏ ဂိုဏ်းဝင်များနှင့်အတူ မသမာသော လှည့်ကွက်များကို လျှို့ဝှက်စွာ ပြုလုပ်နေခြင်း ရှိမရှိ၊ ၎င်းတို့သည် ဘုရားအိမ်တော်နှင့်ပတ်သက်သော အရေးကြီးသည့် အချက်အလက်အချို့ကို သစ္စာဖောက်နိုင်မည်လော စသည်တို့ကို စစ်ဆေးလော့။ ဤသည်မှာလည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်တစ်ခု ဖြစ်သည်။ အန္တိခရစ်တို့၏ လုပ်ရပ်များ ထင်ရှားမလာမီ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် “ပညာရှိတို့၏ စာအုပ်များကို လေ့လာခြင်း၌ မိမိတို့ကိုယ်ကို လုံးလုံးမြှုပ်နှံထားပြီး ပြင်ပကိစ္စများကို ဂရုမစိုက်” သင့်ဘဲ၊ မြွေများကဲ့သို့ လိမ္မာပါးနပ်သင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက တစ်စုံတစ်ဦးသည် အန္တိခရစ်ဖြစ်ကြောင်း တွေ့ရှိသည်နှင့်တစ်ပြိုင်နက်၊ ထိုလူကို ရှင်းလင်းပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် အချိန်မတန်သေးပါက၊ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များကို ဘုရားသခင် ရွေးချယ်ထားသောလူများက ကြီးကြပ်စောင့်ကြည့်ကြောင်း သေချာစေလျက်၊ ၎င်းတို့ မကောင်းမှု ဆက်လက်လုပ်ဆောင်ခြင်းမရှိအောင် ကာကွယ်ရန် ၎င်းတို့ကို အနီးကပ် စောင့်ကြည့်ရမည်။ အန္တိခရစ်တို့သည် တန်ခိုးအာဏာကို ချစ်ပြီး တန်ခိုးအာဏာရှိသူများနှင့် အဆက်အသွယ်များ ဖန်တီးခြင်းကို နှစ်သက်သောကြောင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အန္တိခရစ်တို့က နောက်ကွယ်တွင် မည်သူနှင့် အစဉ်သဖြင့် ထိတွေ့ဆက်ဆံနေသည်ကိုလည်းကောင်း၊ ၎င်းတို့က ဘာသာရေးသမားများနှင့် အဆက်အသွယ်ရှိမရှိဟူသည်ကိုလည်းကောင်း အနီးကပ် စောင့်ကြည့်သင့်သည်။ အချို့ အန္တိခရစ်တို့သည် ဘာသာရေး သင်းအုပ်များ၊ အကြီးအကဲများနှင့် မကြာခဏ ပေါင်းသင်းဆက်ဆံကြပြီး၊ အချို့မှာ စည်းလုံးညီညွတ်ရေးတပ်ဦး လုပ်ငန်းဌာနမှ လူများနှင့်ပင် ထိတွေ့ဆက်ဆံကြသည်။ ထိုသို့သော အဖြစ်အပျက်များ ဖြစ်ပွားသည့်အခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအရာကို မသိကျိုးကျွန်မပြုသင့်ဘဲ၊ အန္တိခရစ်တို့အပေါ် သတိဝီရိယရှိပြီး သတိထားသင့်သည်။ အကယ်၍ အန္တိခရစ်တစ်ဦးက လူတို့ကို ၎င်းတို့ အထင်အမြင်မှားစေပြီး မိမိတို့ဘက်သို့ ဆွဲဆောင်သည့် နည်းလမ်းများက ဘုရားအိမ်တော်၌ အလုပ်မဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ဒုစရိုက်အမှုများ ဖော်ထုတ်ခံရပြီးဖြစ်သည်ကိုလည်းကောင်း မြင်ပါက၊ ပြီးလျှင် ၎င်းတို့အနေဖြင့် ကောင်းသော အဆုံးသတ်သို့ ရောက်မည်မဟုတ်ကြောင်း သိရှိပါက၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နိုင်သည် သို့မဟုတ် ၎င်းတို့၏ မကောင်းမှုက မည်သည့်အတိုင်းအတာအထိ ဖြစ်နိုင်သည်ကို သင် ခန့်မှန်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့်၊ တစ်စုံတစ်ဦးက အန္တိခရစ်ဖြစ်ကြောင်း သင့်စိတ်နှလုံးထဲတွင် သေချာသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ၎င်းတို့ကို မလွှတ်တမ်း အနီးကပ် စောင့်ကြည့်ပြီး ကြည့်ရှုရမည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ရခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ရန်နှင့် ညီအစ်ကိုမောင်နှမများကို ထိခိုက်နစ်နာစေရန် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို ဆန့်ကျင်၍ မတော်မတရားသော လုပ်ရပ်များကို ကျူးလွန်ခြင်းမရှိအောင် အန္တိခရစ်တို့ကို ဖြစ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာထိ တားဆီးရန် ဖြစ်သည်။ အချို့ အန္တိခရစ်တို့သည် အလှူငွေများအကြောင်း အစဉ်သဖြင့် စုံစမ်းမေးမြန်းကြသည်- “ဘုရားအိမ်တော်၏ ငွေကို မည်သူက စီမံခန့်ခွဲသနည်း။ မည်သူက စာရင်းများကို ထိန်းသိမ်းသနည်း။ စာရင်းများကို တိကျမှန်ကန်စွာ ထိန်းသိမ်းထားသလော။ အလွဲသုံးစားလုပ်ခြင်း ဆက်ဖြစ်နိုင်ခြေ ရှိသလော။ အသင်းတော်၏ ငွေကို မည်သည့်နေရာတွင် ထားရှိသနည်း။ ဤအရာများကို လူတိုင်းအား သိပိုင်ခွင့်ပေးလျက် လူသိရှင်ကြား ဖြစ်စေသင့်သည် မဟုတ်လော။ ဘုရားအိမ်တော်၌ ပိုင်ဆိုင်မှု မည်မျှရှိသနည်း။ မည်သူက အများဆုံး လှူဒါန်းပြီးဖြစ်သနည်း။ ဤအရာများကို ကျွန်ုပ် အဘယ်ကြောင့် မသိရသနည်း”ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ စကားများက ၎င်းတို့သည် ဘုရားအိမ်တော်၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို စိုးရိမ်ပူပန်နေသကဲ့သို့ ထင်ရစေသော်လည်း၊ အမှန်တွင် ၎င်းတို့၌ မတူကွဲပြားသော ရည်ရွယ်ချက်တစ်ခု ရှိသည်။ ငွေကို မတပ်မက်သော အန္တိခရစ် တစ်ဦးတစ်ယောက်မျှ မရှိပေ။ သို့ဆိုလျှင် ထိုသို့သောအခြေအနေများတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ပထမဆုံးအနေဖြင့်၊ သင်သည် ဘုရားအိမ်တော်၏ ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲသင့်သည်၊ ယင်းတို့ကို လုံခြုံစွာ ထိန်းသိမ်းခြင်းအတွက် ယုံကြည်စိတ်ချရသော လူများထံ အပ်နှံသင့်သည်။ ပြီးလျှင် သင်သည် အန္တိခရစ်များအား ၎င်းတို့၏ ရည်မှန်းချက်များကို အောင်မြင်စေခွင့် လုံးဝ မပေးသင့်ပေ။ ဤအချက်နှင့်ပတ်သက်၍ သင့်အနေဖြင့် စိတ်ရှုပ်ထွေးခြင်း မရှိသင့်ပေ။ ဤအခြေအနေမျိုး ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက်၊ သင်က၊ “တစ်ခုခု မှားနေပေပြီ။ အန္တိခရစ်က တစ်ခုခု လုပ်တော့မည်။ အသင်းတော်၏ ငွေကို ၎င်းတို့က ပစ်မှတ်ထားနေသည်။ ၎င်းတို့သည် အသင်းတော်၏ ငွေကို ကြံစည်လုယူရန် အဆင်းနီသော နဂါးကြီးနှင့် မဟာမိတ်ဖွဲ့ရန် စီစဉ်နေခြင်း ဖြစ်နိုင်သည်။ ငါတို့ ချက်ချင်း ရွှေ့ပြောင်းရမည်” ဟု သိရှိနားလည်သင့်သည်။ တစ်ချက်အနေဖြင့်၊ သင်သည် ဘုရားအိမ်တော်၏ ဘဏ္ဍာရေးအား မည်သူက စီမံခန့်ခွဲသည်ကို အန္တိခရစ်တို့အား သိခွင့်ပြု၍မရပေ။ ထို့အပြင်၊ ငွေကို စီမံခန့်ခွဲနေသောလူများက လုံခြုံရေးအန္တရာယ်ရှိသည်ဟု ခံစားရပါက၊ ငွေနှင့် ငွေကို စီမံခန့်ခွဲနေသောလူကိုပါ လျင်မြန်စွာ ရွှေ့ပြောင်းရမည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ အလေးထားသင့်သည့်အရာနှင့် ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဆန့်ကျင်ဘက်အားဖြင့်၊ မိုက်မဲသော ခေါင်းဆောင်များသည် အန္တိခရစ်တို့ ဤစကားများ ပြောသည်ကို ကြားသော်လည်း၊ “ဤလူသည် ဝန်တာထားပြီး ဘုရားအိမ်တော်၏ ငွေအတွက် စိုးရိမ်ပူပန်ဖို့ သိသည်၊ ထို့ကြောင့် ၎င်းတို့အား တာဝန်အချို့ပေးပြီး စာရင်းအင်းနှင့်ပတ်သက်၍ ကူညီခိုင်းကြစို့”ဟု စဉ်းစားကြသည်။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့သည် ယုဒများ ဖြစ်လာပြီ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အလှူငွေများကို ကာကွယ်ရန် ပျက်ကွက်သည်သာမက၊ လက်တွေ့ကျကျ ယုဒများဖြစ်လာလျက် ထိုအလှူငွေများကို အန္တိခရစ်များထံ ရောင်းစားကြပြီးဖြစ်သည်။ ဤခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် သင်တို့ မည်သို့ထင်သနည်း။ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဟုတ်လော။ ၎င်းတို့သည် နတ်ဆိုးများ မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းရန် ပျက်ကွက်သည်သာမက၊ ဘုရားသခင်၏ အလှူငွေများနှင့် ညီအစ်ကိုမောင်နှမများကိုလည်း အန္တိခရစ်များထံ လွှဲပြောင်းပေးခဲ့ကြသည်။ ထို့ကြောင့်၊ အန္တိခရစ်များရှိသော နေရာများတွင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအရာနှင့်ပတ်သက်သည့် သဲလွန်စတစ်ခုတလေကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် စုံစမ်းစစ်ဆေးမှုတစ်ခုကို စတင်ရမည်ဖြစ်ပြီး တိကျသော အလုပ်အချို့ကို လုပ်ဆောင်ရမည်ဖြစ်ကာ၊ ထိုအထဲတွင် “စောင့်ကြည့်ခြင်း” အလုပ်သည် မရှိမဖြစ် လိုအပ်သည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များက ဆောင်ရွက်သည့် စောင့်ကြည့်ခြင်းအလုပ်သည် သူလျှိုလုပ်ငန်း သို့မဟုတ် မည်သည့် သူလျှိုလုပ်ရပ်မျိုးကိုမဆို လုပ်ဆောင်ခြင်းအကြောင်း မဟုတ်ပေ။ ယင်းမှာ သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း၊ ပို၍ အလေးထားခြင်း၊ ပို၍ သေချာစွာ စောင့်ကြည့်လေ့လာခြင်းနှင့် အန္တိခရစ်တို့က မည်သည့်အရာ လုပ်ဆောင်နေသည်ဟူသည်နှင့် ၎င်းတို့ မည်သည့်အရာ လုပ်ဆောင်ရန် ရည်ရွယ်သည်ဟူသည်တို့ကို မှတ်သားခြင်းမျှသာ ဖြစ်သည်။ ၎င်းတို့ မကောင်းမှုကျူးလွန်ပြီး အသင်းတော်ကို နှောင့်ယှက်သည့် အရိပ်အလက္ခဏာတစ်ခုတလေကို သင်တို့ ရှာဖွေတွေ့ရှိပါက၊ တန်ပြန်ရေးအစီအမံများကို အမြန်ဆုံး လုပ်ဆောင်ရမည်။ သင်တို့သည် ၎င်းတို့အား အောင်မြင်ခွင့် လုံးဝ ပေး၍မရပေ။ ဤသည်မှာ အန္တိခရစ်တို့က အသင်းတော်၏ အလုပ်ကို နှောင့်ယှက်သည့် အဖြစ်အပျက်များ ဖြစ်ပွားခြင်းမရှိအောင် အကြီးမားဆုံး အတိုင်းအတာအထိ တားဆီးခြင်း ဖြစ်သည်။ အလိုအလျောက်ပင်၊ ဤအရာက အသင်းတော်၏ အလုပ်ကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်ပြီး ဘုရားသခင် ရွေးချယ်ထားသော လူများကိုလည်း ကာကွယ်ပေးလေသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု ဖြစ်သည်။ စောင့်ကြည့်ခြင်းသည် လူအနည်းငယ်ကို လျှို့ဝှက်အေးဂျင့်များအဖြစ် ဆောင်ရွက်ရန် စီစဉ်ခြင်းနှင့် ၎င်းတို့ကို သူလျှိုများကဲ့သို့ လူများကို နောက်ယောင်ခံလိုက်ရန်၊ ခြေရာခံရန်နှင့် စောင့်ကြည့်ရန် စေခိုင်းခြင်း၊ သို့မဟုတ် ၎င်းတို့၏ အိမ်များကို ရှာဖွေခြင်းနှင့် ပြင်းထန်သော စစ်ဆေးမေးမြန်းသည့် နည်းလမ်းများကို အသုံးပြုခြင်းအား မဆိုလိုပေ။ ဘုရားအိမ်တော်သည် ထိုသို့သော လုပ်ရပ်များတွင် မပါဝင်ပေ။ သို့သော်လည်း၊ သင်တို့သည် အန္တိခရစ်တို့၏ အခြေအနေကို ချက်ချင်း နားလည်ရမည်။ သင်တို့သည် ၎င်းတို့၏ မိသားစုဝင်များ သို့မဟုတ် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်သော သို့မဟုတ် ၎င်းတို့နှင့် ရင်းနှီးသော ညီအစ်ကိုမောင်နှမများနှင့် စကားပြောဆိုခြင်းဖြင့် ၎င်းတို့၏ လတ်တလော အခြေအနေအကြောင်းကို စုံစမ်းမေးမြန်းနိုင်သည်။ ဤသည်တို့မှာ ဤအလုပ်ကို လုပ်ဆောင်ခြင်းအတွက် နည်းလမ်းများနှင့် နည်းစနစ်များချည်းသာ ဖြစ်ကြသည် မဟုတ်လော။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ တာဝန်များ၏ နယ်ပယ်အတွင်း ကျရောက်ပြီး ဘုရားသခင် တောင်းဆိုသည့် စည်းမျဉ်းများနှင့် ကိုက်ညီသော တာဝန်များကို ဆောင်ရွက်ပါက၊ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ အန္တိခရစ်တို့အား အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်မှုများကို ဖြစ်စေခြင်းမှ အကြီးမားဆုံး အတိုင်းအတာအထိ တားဆီးရန် သင်တို့ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ရန်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေခြင်းနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ရောင်းစားခြင်းမရှိအောင် အန္တိခရစ်တို့ကို တားဆီးကာကွယ်ရန် ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။ ဤအရာက အန္တိခရစ် အဖြစ်အပျက်များ ဖြစ်ပွားခြင်းကို အကြီးမားဆုံး အတိုင်းအတာထိ တားဆီးသည် မဟုတ်လော။ ဤလုပ်ရပ်များကို တာဝန်ယူလုပ်ဆောင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တတ်စွမ်းသမျှ ဖြစ်နိုင်သည့် အရာအားလုံးကို လုပ်ဆောင်နေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့လုပ်ဆောင်ရန် ခက်ခဲသလော။ (မခက်ခဲပါ။) ယင်းမှာ မခက်ခဲပေ။ ဤသည်မှာ သမ္မာတရားကို နားလည်သောသူတို့ စွမ်းဆောင်နိုင်သည့်အရာတစ်ခု ဖြစ်သည်။ လူတို့ စွမ်းဆောင်နိုင်သည့်အရာကို ၎င်းတို့က ပြီးမြောက်အောင်မြင်ရန် အစွမ်းကုန် လုပ်ဆောင်သင့်သည်။ ကျန်သည့်အရာမှာ ဘုရားသခင် လုပ်ဆောင်ခြင်း၊ သူ၏ အချုပ်အခြာအာဏာကို ကျင့်သုံးပြီး စီစဉ်ညွှန်ကြားခြင်း၊ လမ်းပြခြင်းတို့နှင့်သာ ဆိုင်သည်။ ဤသည်မှာ ငါတို့ အနည်းဆုံး စိုးရိမ်ပူပန်ရသည့်အရာ ဖြစ်သည်။ ငါတို့၏နောက်တွင် ဘုရားသခင် ရှိသည်။ ငါတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် ရှိသည်သာမက၊ ငါတို့၌ စစ်မှန်သော ယုံကြည်ခြင်းလည်း ရှိသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ အထောက်အပံ့တစ်ခု မဟုတ်ပေ။ အမှန်တွင်၊ ဘုရားသခင်က မမြင်ကွယ်ရာတွင်ရှိပြီး လူတို့ဘက်တွင် ၎င်းတို့နှင့်အတူ အမြဲ ရှိသည်။ လူတို့က မည်သည့်အရာကိုမဆို လုပ်ဆောင်သည့်အခါတိုင်း သို့မဟုတ် မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်သည့်အခါတိုင်း၊ သူက စောင့်ကြည့်နေသည်။ သူသည် သင့်ကို ထိန်းသိမ်းကာ ကာကွယ်ပေးလျက် သင့်ကို အချိန်မရွေး နေရာမရွေး ကူညီရန်ရှိနေသည်။ လူတို့ လုပ်ဆောင်သင့်သည့်အရာမှာ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို ပြီးမြောက်အောင်မြင်ရန် အစွမ်းကုန် လုပ်ဆောင်ဖို့ ဖြစ်သည်။ ဤသည်မှာ သင်တို့ လုပ်ဆောင်သင့်သည့်အရာဖြစ်ကြောင်း၊ ဤသည်မှာ သင်တို့အား ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်ကြောင်း၊ သင်တို့ သတိပြုမိလာသရွေ့၊ သင်တို့၏ စိတ်နှလုံးထဲတွင် ခံစားရသရွေ့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် မြင်ရသရွေ့၊ သင်တို့၏ ပတ်ဝန်းကျင်ရှိ လူများက သတိပေးသရွေ့၊ သို့မဟုတ် ဘုရားသခင်က သင်တို့အား သတင်းအချက်အလက်တစ်ခုခုကို ပေးသည့် အချက်ပြမှု သို့မဟုတ် နိမိတ်တစ်ခုတလေကို ပေးသရွေ့ သင်တို့သည် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းသင့်ပြီး ဘာမျှမလုပ်ဘဲ ထိုင်နေခြင်း သို့မဟုတ် ဘေးစည်းတွင် ကြည့်နေခြင်း မပြုသင့်ပေ။ သင်သည် စက်ရုပ် မဟုတ်ပေ။ သင့်တွင် စိတ်နှင့် အတွေးများ ရှိသည်။ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ၊ မည်သည့်အရာကို လုပ်ဆောင်သင့်သည်ကို သင် လုံးဝ သိရှိပြီး၊ ခံစားချက်များနှင့် အသိတရား သေချာပေါက် ရှိသည်။ ထို့ကြောင့် ဤခံစားချက်များနှင့် အသိတရားကို လက်တွေ့အခြေအနေများတွင် အသုံးချလော့၊ ယင်းတို့ကို အသက်ရှင်နေထိုင်ပြီး သင်၏ လုပ်ရပ်များအဖြစ်သို့ ပြောင်းလဲလော့။ ဤနည်းလမ်းဖြင့် သင်သည် မိမိ၏ တာဝန်ကို ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်။ သင် သတိပြုမိနိုင်သည့် အရာများအတွက်၊ သင် နားလည်သည့် သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်သင့်သည်။ ဤနည်းလမ်းဖြင့်၊ သင်သည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရန် အစွမ်းကုန် လုပ်ဆောင်ခြင်းဖြစ်ပြီး အကောင်းဆုံး အားထုတ်နေခြင်း ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့်၊ အကောင်းဆုံး သင် အားထုတ်သည့်အခါ၊ ဆိုလိုသည်မှာ၊ အန္တိခရစ်တို့၏ ဒုစရိုက်အမှုများ ဖြစ်ပွားခြင်းမရှိအောင် အကြီးမားဆုံး အတိုင်းအတာထိ သင် တားဆီးသည့်အခါ၊ ဤနည်းလမ်းဖြင့် သင် လက်တွေ့လုပ်ဆောင်နိုင်သည်ကို ဘုရားသခင် ကျေနပ်လိမ့်မည်။ ဘုရားသခင်သည် အဘယ်ကြောင့် ကျေနပ်လိမ့်မည်နည်း။ ဘုရားသခင်သည် ထိုသို့သော ခေါင်းဆောင်များ၊ အမှုဆောင်များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်လိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနေခြင်းဖြစ်ပြီး မိမိတို့၏ အခန်းကဏ္ဍနှင့် သက်ဆိုင်သော အလုပ်ကို ဆောင်ရွက်ရန် အကောင်းဆုံး အားထုတ်နေကြခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)
၆။ နှင်ထုတ်ခြင်း
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်သုံးခုမြောက် တာဝန်တွင် ၎င်းတို့ လုပ်ဆောင်ရမည့် တိကျသော အလုပ်တာဝန်များ ပါဝင်ပြီး၊ ယင်းတို့ထဲမှ အချိူ့ကို ငါတို့ စာရင်းပြုစုခဲ့သည်။ ၎င်းတို့သည် အန္တိခရစ်များကို ဖော်ထုတ်ခြင်း၊ ပြုပြင်ခြင်း၊ စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ ချုပ်ချယ်ကန့်သတ်ခြင်းနှင့် စောင့်ကြည့်ခြင်းတို့ကို လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည်။ ဤအခြေခံစည်းမျဉ်းများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်း ပြီးဆုံးသွားပြီဖြစ်သည်။ အထူးအခြေအနေများတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက မည်သည့်တိကျသော လုပ်ဆောင်မှုများကို လုပ်ဆောင်သည်ဖြစ်စေ၊ အန္တိခရစ်များကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် စည်းမျဉ်းများက မပြောင်းလဲဘဲ ရှိနေသည်။ ထို့အပြင်၊ ဤအလုပ်တာဝန်များ၏ အဓိကရည်ရွယ်ချက်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ရန် ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများက တစ်စုံတစ်ဦးကို အန္တိခရစ်တစ်ဦးအဖြစ် တညီတညွှတ်တည်း အသိအမှတ်ပြုပြီးဖြစ်ကာ၊ အန္တိခရစ်က လူတို့ကို အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် အမြဲ ကြိုးပမ်းကြောင်း ၎င်းတို့ ပိုင်းခြားသိမြင်ပြီး လုံးဝသဘောပေါက်ပြီးဖြစ်သည်ဆိုပါစို့။ အန္တိခရစ် ရှိနေခြင်းနှင့်အတူ ကောင်းသောနေ့ရက်များ သို့မဟုတ် ကောင်းသော အသင်းတော်အသက်တာ မရှိနိုင်ကြောင်း ၎င်းတို့သိရှိကြပြီး လူတိုင်းက အန္တိခရစ်ကို အသင်းတော်မှ ရှင်းလင်းပစ်ရန် တညီတညွှတ်တည်း တောင်းဆိုကြသည် ဆိုကြပါစို့။ ဤအခြေအနေများအောက်တွင်၊ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက အန္တိခရစ်များကို ဖော်ထုတ်ခြင်း၊ ပြုပြင်ခြင်း၊ စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ ချုပ်ချယ်ကန့်သတ်ခြင်းနှင့် ကြီးကြပ်စောင့်ကြည့်ခြင်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် လေ့ကျင့်မှုတစ်ခုအဖြစ် အသုံးပြုခံရရန် အန္တိခရစ်ကို ဆက်ရှိနေခွင့်ပြုဖို့ ထောက်ခံနေကြဆဲ ဖြစ်သည်။ ဤလုပ်ငန်းစဉ်များကို ဖြတ်သန်းရန်လိုအပ်သေးသလော။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက “အကယ်၍ ဤလုပ်ငန်းစဉ်များကို ကျွန်ုပ်တို့ မဖြတ်သန်းလျှင်၊ ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်များကို လျစ်လျူရှုခြင်း ဖြစ်မည် မဟုတ်လော။ ဤလုပ်ငန်းစဉ်များကို ဖြတ်သန်းခြင်းကသာ ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်ုပ်၏ အခန်းကဏ္ဍကို မီးမောင်းထိုပြသည်။ ဤအလုပ်ကို ကျွန်ုပ် လုပ်ဆောင်ရမည်။ ညီအစ်ကိုမောင်နှမများက သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ကျွန်ုပ်သည် ရှေးဦးစွာ အန္တိခရစ်ကို ဆက်ရှိနေခွင့်ပြုရမည်။ ကျွန်ုပ်သည် ၎င်းတို့ကို ဦးစွာ ဖော်ထုတ်မည်၊ ထို့နောက် ၎င်းတို့ကို ပြုပြင်ပြီး စိတ်ဖြာလေ့လာဆွေးနွေးမည်၊ ပြီးလျှင် ၎င်းတို့က အန္တိခရစ်တစ်ဦးဖြစ်ကြောင်း ညီအစ်ကိုမောင်နှမများကို ထပ်မံအတည်ပြုစေမည်။ တညီတညွှတ်တည်း သဘောတူညီချက်ရပြီးနောက်၊ ကျွန်ုပ်တို့သည် ၎င်းတို့ကို ရှင်းလင်းပစ်မည် သို့မဟုတ် နှင်ထုတ်မည်။ ဤသည်မှာ ပို၍ ထိရောက်မှုရှိမည် မဟုတ်လော”ဟု ပြောကောင်းပြောပေမည်။ အကျိုးဆက်အနေဖြင့်၊ ဤအချိန်အတောအတွင်းတွင်၊ အန္တိခရစ်သည် လူတို့ကို အထင်အမြင်မှားစေရန် အယူအဆများကို ဖြန့်ဝေကာ အသင်းတော်၏အလုပ်ကို တစ်ဖန် နှောင့်ယှက်လေသည်။ ၊ လူတိုင်းအကြားတွင် ထိတ်လန့်မှုကို ဖြစ်စေပြီး၊ အချို့မှာ စုဝေးပွဲများသို့ လာရန်ပင် ငြင်းဆန်ကြသည်။ မိမိတို့၏ စိတ်ပိုင်းဖြတ်မှုကို ပြသရန်နှင့် မိမိတို့၏ တာဝန်များကို လျစ်လျူရှုခြင်းမရှိကြောင်း သက်သေပြရန်အလို့ငှာ၊ ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဟန်ဆောင်လုပ်ပြရုံလုပ်ပြပြီး အလုပ်ကို အချိန်ဆွဲကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် မလိုအပ်သော လမ်းလွှဲများစွာကို လျှောက်လှမ်းကြသည်၊ အသင်းတော်အသက်တာ၏ အစီအစဉ်ကို နှောင့်ယှက်ကြပြီး၊ သမ္မာတရားကို လိုက်စားရာတွင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တန်ဖိုးရှိသော အချိန်ကို ဖြုန်းတီးကြပြီး၊ ထို့နောက်မှသာ အန္တိခရစ်ကို ရှင်းလင်းပစ်ကြသည်။ ဤလုပ်နည်းကိုင်နည်းသည် လက်ခံနိုင်ဖွယ်ရှိသလော။ (လက်ခံနိုင်ဖွယ်မရှိပါ။) ယင်း၌ မည်သည့်အရာ မှားယွင်းနေသနည်း။ (ယင်းသည် စည်းမျဉ်းများကို လိုက်နာခြင်းပြီး ဟန်ဆောင်လုပ်ပြခြင်းသာဖြစ်ပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအလုပ်တာဝန်များကို လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ရန် ဖြစ်ပါသည်။) သို့ဖြစ်၍၊ အချို့လူများက အန္တိခရစ်ကို ပိုင်းခြားသိမြင်ခြင်းမရှိသေးသည့်အပြင် ၎င်းတို့အပေါ် အတော်အတန် တွယ်တာနေဆဲဖြစ်ပြီး၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက အန္တိခရစ်ကို အသင်းတော်မှ နှင်ထုတ်ရန် ဆုံးဖြတ်သည့်အခါ၊ အချို့လူများက မကျေမချမ်းဖြစ်လာပြီး၊ ဘုရားအိမ်တော်က လူတို့ကို ချစ်ခင်ခြင်းမရှိ သို့မဟုတ် တရားမျှတမှုမရှိဟုလည်းကောင်း၊ အမှုအရာများကို လုပ်ဆောင်ရာတွင် စည်းမျဉ်းများ ကင်းမဲ့သည်ဟုလည်းကောင်း စသည်ဖြင့် ပြောဆိုကြလျှင်၊ နားဝေတိမ်တောင်ဖြစ်သောသူအချို့ပင် အန္တိခရစ်၏ အထင်အမြင်မှားစေခြင်းနှင့် လွှမ်းမိုးခြင်းကို ခံရပြီး ၎င်းတို့နောက်သို့လိုက်၍ အသင်းတော်မှ ထွက်သွားလိုလျှင်၊ ဤအခြေအနေတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤအချိန်တွင်၊ ညီအစ်ကိုမောင်နှမများက လက်တွေ့ကျကျ သင်ခန်းစာများ သင်ယူနိုင်ပြီး နောက်ဆုံးတွင် အန္တိခရစ်ကို ပိုင်းခြားသိမြင်နိုင်ရန်အလို့ငှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အန္တိခရစ်ကို ပြုပြင်ခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ၎င်းတို့ကို ဖော်ထုတ်ကာ စိတ်ဖြာလေ့လာဆွေးနွေးရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် အလုပ်အချို့ကို လုပ်ဆောင်ရန် လိုအပ်သည်။ တစ်နေ့တွင်၊ ၎င်းတို့က “ဤလူသည် အလွန် စက်ဆုပ်ဖွယ်ကောင်းလှသည်။ ၎င်းတို့သည် အမှန်ပင် ဆိုးယုတ်သောသူတစ်ဦးနှင့် အန္တိခရစ်တစ်ဦး ဖြစ်သည်။ ၎င်းတို့ကို အမြန်ဆုံး သန့်စင်ဖယ်ရှားလိုက်ကြစို့”ဟု ပြောဆိုကြသည်။ ဤသည်မှာ လူတစ်ဦးတည်း၏ အသံမဟုတ်ဘဲ များစွာသော ညီအစ်ကိုမောင်နှမများ၏ အသံဖြစ်သည်။ ဤအခြေအနေတွင်၊ အန္တိခရစ်ကို ချုပ်ချယ်ကန့်သတ်ခြင်းနှင့် စောင့်ကြည့်ခြင်းအလုပ်ကို လုပ်ဆောင်ရန် လိုအပ်နေသေးသလော။ မလိုအပ်ပါ၊ ၎င်းတို့ကို တိုက်ရိုက်သာ နှင်ထုတ်လိုက်လော့။ မိမိတို့၏အလုပ်တွင် ဤအဆင့်သို့ ရောက်ရှိသော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများအား အန္တိခရစ်များ၏ ဘေးအန္တရာယ်မှ ကာကွယ်ခြင်းရလဒ်ကို စွမ်းဆောင်ရရှိပြီးဖြစ်သည်။ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ ကဏ္ဍတစ်ခုအနေဖြင့်၊ ဤအသင်းတော်မှ ညီအစ်ကိုမောင်နှမများတွင် ပိုင်းခြားသိမြင်နိုင်စွမ်း၊ အစွမ်းအစနှင့် တရားမျှတစိတ်တို့ ရှိကြောင်း သက်သေပြသည်။ နောက်တစ်ခုမှာ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်တွေ့အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိခြင်းကြောင့် ဖြစ်နိုင်သည်၊ သို့မဟုတ် ဤအန္တိခရစ်၏ လုပ်ဆောင်ချက်များက အလွန် ဗြောင်ကျလွန်းခြင်း၊ ၎င်းတို့၏ လူ့သဘာဝက အလွန်ဆိုးရွားပြီး အလွန်ကောက်ကျစ်ဆိုးယုတ်ခြင်းတို့ကြောင့် လူအများ၏ မကျေနပ်မှုကို နှိုးဆွပြီး၊ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ၎င်းတို့အား ကိုင်တွယ်ဖြေရှင်းရသည့် လုပ်ငန်းစဉ်များစွာမှ သက်သာစေလျက် ၎င်းတို့ကိုယ်တိုင်က မိမိတို့၏ လမ်းကို စောစီးစွာ ပိတ်ဆို့လိုက်သောကြောင့် ဖြစ်နိုင်သည်။ ဤသည်မှာ အားထုတ်မှုများစွာကို သက်သာစေသည် မဟုတ်လော။ ထိုသို့သောအခြေအနေတွင်၊ ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည် မဟုတ်လော။ ထို့အပြင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့်အလုပ်မှာ ကျယ်ပြန့်ပြီး ဤအလုပ်တာဝန်တစ်ခုတည်းကို ကန့်သတ်ထားခြင်းမရှိပေ။ အန္တိခရစ်ကို နှင်ထုတ်လိုက်လျှင် ပြီးဆုံးသွားပြီဟု သင် ထင်သလော။ အရာရာကို ပြီးပြည့်စုံသော အောင်မြင်မှုသို့ သင် ဆောင်ကြဉ်းပြီးပြီဟု ထင်သလော။ မဟုတ်သေးပေ။ သင့်တွင် လုပ်ဆောင်ရမည့် အခြားအလုပ်များ ရှိသေးသည်။ အန္တိခရစ်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ၎င်းတို့၏ ဘေးအန္တရာယ်မှ ကာကွယ်ခြင်းအပြင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် အခြား များစွာသော အရေးကြီးသည့် အလုပ်တာဝန်များထဲတွင် ဘုရားသခင် ရွေးချယ်ထားသောလူများအား ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဦးဆောင်ရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် ၎င်းတို့ကို ဦးဆောင်ရန်နှင့် ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားကို ဖြေရှင်းရန်အတွက် ၎င်းတို့ကို ဦးဆောင်ရန် တာဝန်လည်း ရှိပေသည်။ သို့သော်လည်း၊ ဤအလုပ်တာဝန်များကို လုပ်ဆောင်နေစဉ် အန္တိခရစ်တစ်ဦး ပေါ်ပေါက်လာပါက၊ အန္တိခရစ်ကို ကိုင်တွယ်ဖြေရှင်းခြင်းသည် ထိပ်တန်းဦးစားပေး ဖြစ်လာသည်။ ၎င်းတို့သည် ရှေးဦးစွာ အန္တိခရစ်ကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကာ၊ သမ္မာတရား၏ အခြားသော သွင်ပြင်လက္ခဏာများနှင့်ပတ်သက်၍လည်း မိတ်သဟာယဖွဲ့ရမည် ဖြစ်သည်။ အကယ်၍ အန္တိခရစ်တစ်ဦး၏ နှောင့်ယှက်မှု ပေါ်ပေါက်လာပြီး အခြားအလုပ်ကို ဆက်လက်လုပ်ဆောင်ရန် အလွန်ခက်ခဲလာလျှင်၊ ထိုအလုပ်က အဟန့်အတားနှင့် ကြားဖြတ်နှောင့်ယှက်မှုတို့ကို ရင်ဆိုင်နေရပြီး၊ အန္တိခရစ်က ညီအစ်ကိုမောင်နှမများ၏ အသက် ကြီးထွားမှု၊ အသင်းတော်အသက်တာ၏ အစီအစဉ်နှင့် တာဝန်များ ထမ်းဆောင်ခြင်းအတွက် ပတ်ဝန်းကျင်တို့ကို ပြင်းထန်စွာ သက်ရောက်မှုရှိနေလျှင်၊ ဤအကြီးမားဆုံးသော ဘေးဆိုးနှင့် ဘေးအန္တရာယ်၏ ဇာစ်မြစ်ကို ဦးစွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ အန္တိခရစ်ကို ရှင်းလင်းပစ်ပြီး ကိုင်တွယ်ဖြေရှင်းပြီးနောက်တွင်သာ အခြားအလုပ်များကို ပုံမှန်နှင့် စနစ်တကျ ဆက်လက်လုပ်ဆောင်နိုင်မည် ဖြစ်သည်။ သို့ဖြစ်၍၊ အကယ်၍ အန္တိခရစ်တစ်ဦးသည် အသင်းတော်တစ်ခုတွင် ပေါ်ပေါက်လာပြီး ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို အချိန်တိုအတွင်း လျင်မြန်စွာ ပိုင်းခြားသိမြင်ကာ “အန္တိခရစ်ကို နှင်ထုတ်ပစ်ကြလော့” ဟု တညီတညွှတ်တည်း ပြောဆိုကြလျှင်၊ ဤအရာက ခေါင်းဆောင်များနှင့် အမှုဆောင်များကို အားထုတ်မှုများစွာ သက်သာစေမည် မဟုတ်လော။ သင်တို့ တိတ်တဆိတ် ဝမ်းသာသင့်သည် မဟုတ်လော။ သင်တို့က “ဤအန္တိခရစ်၊ ဤနတ်ဆိုးကို ကျွန်ုပ် မကန့်သတ်မချုပ်ချယ်နိုင်မည်ကို စိုးရိမ်မိပါသည်။ အချို့သော ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို ခံရပြီး ဆိုးရွားစွာ ထိခိုက်နစ်နာမည်ကိုလည်း စိုးရိမ်မိသည်၊ ကျွန်ုပ်၏ ကိုယ်ပိုင်ဝိညာဉ်ရင့်ကျက်မှုက အန္တိခရစ်၏ အနှစ်သာရကို ဖော်ထုတ်ရန်၊ ဤကိစ္စရပ်များကို စေ့စေ့စပ်စပ် စိတ်ဖြာလေ့လာဆွေးနွေးရန်နှင့် ဤပြဿနာကို ဖြေရှင်းရန် အလွန်သေးငယ်သည်ကိုလည်း စိုးရိမ်မိပါသည်”ဟု ပြောကောင်းပြောပေမည်။ ယခုတွင်၊ စိုးရိမ်ရန် မလိုအပ်ပေ။ ညီအစ်ကိုမောင်နှမများထံမှ ဤဖော်ပြချက်တစ်ခုတည်းနှင့်ပင်၊ ပြဿနာက ပြေလည်သွားပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ “ဝန်ထုပ်” မှာလည်း ပေါ့ပါးသွားပြီ ဖြစ်သည်။ ဤသည်မှာ အလွန်ကောင်းလိုက်လေခြင်းပါတကား။ သင်တို့သည် ဘုရားသခင်ကို ကျေးဇူးတင်သင့်သည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်သည်။ ဤသို့သောအရာမျိုးသည် အသင်းတော်တွင် ဖြစ်ပွားနိုင်ခြေရှိသည်၊ အကြောင်းမှာ အန္တိခရစ်များကို ဖော်ထုတ်ခြင်းအကြောင်းအရာနှင့်စပ်လျဉ်း၍ များစွာ ဆွေးနွေးပြီးဖြစ်သောကြောင့်လည်းကောင်း၊ ညီအစ်ကိုမောင်နှမများသည် သင်တို့ ယူဆကောင်းယူဆနိုင်သကဲ့သို့ ခေါင်းဆောင်များနှင့် အမှုဆောင်များထက် များစွာ နိမ့်ကျခြင်းမရှိသောကြောင့်လည်းကောင်း ဖြစ်ပေသည်။ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုအောက်တွင်၊ ၎င်းတို့၌ သမ္မာတရားကို တသီးတခြား သဘောပေါက်နားလည်ပြီး ပြဿနာများကို ဖြေရှင်းနိုင်သည့် စွမ်းရည်တစ်ခုခုလည်း ရှိသည်။ ၎င်းတို့က မဲခွဲရန်နှင့် အန္တိခရစ်တစ်ဦးကို နှင်ထုတ်ရန် စည်းလုံးညီညွတ်ကြသည့်အခါ၊ ယင်းမှာ ကောင်းသောအရာတစ်ခု၊ ကောင်းသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအတွက် ဝမ်းနည်းရန်၊ စိတ်ပျက်ရန် သို့မဟုတ် အပျက်သဘောဆောင်ရန် မလိုအပ်ပေ။ ဤအတားအဆီးများဖြစ်သည့် အန္တိခရစ်များကို ရှင်းလင်းပစ်ပြီးနောက်၊ နောက်ဆက်တွဲအလုပ်၏ အဆင့်တိုင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ပြင်းထန်သော စမ်းသပ်မှုတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်ရန် လိုအပ်သည့် အလုပ်တာဝန်တိုင်းတွင် ၎င်းတို့၏ တာဝန်များအပြင်၊ ၎င်းတို့၏ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းတို့နှင့်စပ်လျဉ်းသော ပြဿနာများ ပါဝင်သည်။
အန္တိခရစ်များက နှောင့်ယှက်များ ဖြစ်စေနေချိန်တွင် အယောင်ဆောင် ခေါင်းဆောင်များ ပြသသည့် သရုပ်သကန်များ
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်သုံးခုမြောက် တာဝန်ဖြစ်သည့် “ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဆိုးဆိုးရွားရွားထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်ပေးပြီး ၎င်းတို့အား အန္တိခရစ်များကို ပိုင်းခြားသိမြင်၍ စိတ်နှလုံးထဲမှ စွန့်လွှတ်နိုင်စေရန် ထောက်ကူပေးလော့”ဟူသည် နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ဆက်လက်၍၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် အလုပ်နှင့် နှိုင်းယှဉ်ခြင်းအားဖြင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို မဖြည့်ဆည်းနိုင်သော လူစားတစ်မျိုးဖြစ်သည့် အယောင်ဆောင် ခေါင်းဆောင်များ၏ သရုပ်သကန်များကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးပြီး ဖော်ထုတ်ကြမည်။ ဤအလုပ်ကို လုပ်ဆောင်ရာတွင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် အလုပ်တာဝန်များစွာ ရှိပြီး၊ ၎င်းတို့အနေဖြင့်အစွမ်းအစတစ်ခုခုရှိရန်၊ အာရုံစိုက်တတ်ရန်၊ စေ့စပ်သေချာရန်၊ လေးနက်တည်ကြည်ရန်၊ တာဝန်ယူတတ်ရန်၊ ဘုရားသခင်၏ ဝန်တာကို အလေးထားရန်၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ပေးသည့် ချစ်ခြင်းမေတ္တာပါသော စိတ်နှလုံးရှိရန် စသည်တို့ကို လိုအပ်သည်။ ဤအရည်အသွေးများဖြင့်သာ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်ပေသည်။ သို့သော်လည်း၊ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်၊ ၎င်းတို့၏ လူ့သဘာဝတွင် ဤအရည်အသွေးများ ကင်းမဲ့နေသည်။ ၎င်းတို့တွင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်စွမ်းတို့ဖြင့် အစွမ်းအစတစ်ခုခု ရှိကောင်းရှိနိုင်သည်၊ သို့မဟုတ် ၎င်းတို့သည် အန္တိခရစ်များ၏ သဘာဝ အနှစ်သာရကို အပြည့်အဝ မပိုင်းခြားနိုင်လျှင်ပင် များစွာသော ဒုစရိုက်အမှုများကို ကျူးလွန်သည့် သိသာထင်ရှားသော အန္တိခရစ်အချို့ကို အနည်းဆုံး ပိုင်းခြားသိမြင်နိုင်လျက် အနည်းငယ်နိမ့်သော အစွမ်းအစ ရှိကောင်းရှိနိုင်သည်၊ သို့မဟုတ်၊ ၎င်းတို့၏ အစွမ်းအစမှာ အန္တိခရစ်များ၏ အနှစ်သာရရှိသူများနှင့် အန္တိခရစ်များ၏ စိတ်သဘောထားရှိသူများအကြား ကွာခြားချက်များကို မပိုင်းခြားနိုင် သို့မဟုတ် ထိုးထွင်းမမြင်နိုင်သည်အထိ အလွန်ညံ့ဖျင်းကောင်း ညံ့ဖျင်းပေမည်။ မည်သို့ပင်ဖြစ်စေ၊ အယောင်ဆောင် ခေါင်းဆောင်များသည် ဤသရုပ်သကန်နှစ်မျိုးကို ပြသသည်။ တစ်ခုမှာ ၎င်းတို့သည် လက်တွေ့အလုပ်ကို မလုပ်ဆောင်ခြင်းဖြစ်သည်။ နောက်တစ်ခုမှာ ၎င်းတို့သည် အပေါ်ယံဆန်သည့်၊ အထွေထွေ အရေးကိစ္စဖြစ်သော အလုပ်များတွင်သာ ပါဝင်စဉ်တွင် လက်တွေ့ပြဿနာများကို ဖြေရှင်းရန် သို့မဟုတ် လက်တွေ့အလုပ်ကို လုပ်ဆောင်ရန် လုံးဝ မတတ်နိုင်ခြင်း ဖြစ်သည်။ ဆယ့်သုံးခုမြောက် တာဝန်နှင့် ဆက်စပ်သော အလုပ်တွင်၊ အယောင်ဆောင် ခေါင်းဆောင်များ၏ ဤထူးခြားသော လက္ခဏာနှစ်ခုမှာ ထင်ရှားနေဆဲဖြစ်သည်။ ဆက်လက်၍၊ ၎င်းတို့တွင် မည်သည့် တိကျသော သရုပ်သကန်များသာ ရှိသည်ကို ငါတို့ မိတ်သဟာယဖွဲ့ကြမည်။
၁။ လူတို့အား စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်သောကြောင့် အန္တိခရစ်များကို မဖော်ထုတ်ခြင်းနှင့် မကိုင်တွယ်ခြင်း
အန္တိခရစ်များက ဘုရားသခင် ရွေးချယ်ထားသောလူများကို နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်း သို့မဟုတ် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းတို့ ပြုလုပ်သည့်အခါ၊ အယောင်ဆောင် ခေါင်းဆောင်များ၏ ပထမဆုံး သရုပ်သကန်မှာ ဘာကိုမျှမလုပ်ခြင်း ဖြစ်သည်။ ဘာကိုမျှမလုပ်ခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လက်တွေ့အလုပ်ကို မလုပ်ဆောင်ခြင်းအား ဆိုလိုသည်။ လက်တွေ့အလုပ်ကို မလုပ်ဆောင်ခြင်း၏ နောက်ကွယ်တွင် အကြောင်းရင်းများ ရှိသည်။ အဓိကအားဖြင့် လူတို့အား စိတ်အနှောင့်အယှက်ဖြစ်စေမိမည်ကို ကြောက်ရွံ့ခြင်းနှင့် စည်းမျဉ်းများကို ထိန်းသိမ်းရန် သတ္တိမရှိခြင်းတို့ ဖြစ်သည်။ ခေါင်းဆောင်များ ဖြစ်လာပြီးနောက်၊ ဤလူများသည် “ယခု ငါ့မှာ အဆင့်အတန်းရှိပြီ၊ ငါသည် အသင်းတော်၏ အရာရှိတစ်ဦး ဖြစ်သည်။ ငါသည် ညီအစ်ကိုမောင်နှမများ၏ အစားအသောက်၊ အဝတ်အစား၊ အိမ်ရာနှင့် သွားရေးလာရေးတို့ကို စီမံခန့်ခွဲရမည်၊ ညီအစ်ကိုမောင်နှမများ ပြောဆိုသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီမှုရှိမရှိနှင့် သူတော်စင်တို့၏ အမူအကျင့်နှင့် ညီညွတ်မှုရှိမရှိဟူသည်ကို ငါ ပိုင်းခြားသိမြင်ရမည်။ သူတို့အနေဖြင့် ဘုရားသခင်အပေါ် ရိုးသားစစ်မှန်မှုရှိမရှိ၊ ၎င်းတို့၏ ဝိညာဉ်ရေးရာအသက်တာများ ပုံမှန်ဟုတ်မဟုတ်၊ ၎င်းတို့အနေဖြင့် နံနက်ခင်းနှင့် ညနေခင်းဆုတောင်းခြင်းများ ပြုလုပ်ခြင်းရှိမရှိ၊ ၎င်းတို့၏ ပုံမှန်စုဝေးပွဲများ ပုံမှန်ရှိမရှိဟူသည်တို့ကို ငါ ကြည့်ရမည်။ ဤအရာအားလုံးကို ငါ စီမံခန့်ခွဲရမည်” ဟု တွေးလျက် မိမိတို့၏ အာဏာကို စတင် ကြွားဝါကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက ဤကိစ္စရပ်များကိုသာ ဂရုစိုက်ကြသည်။ လုပ်ရိုးလုပ်စဉ်အရ၊ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ဖြည့်ဆည်းသည့်ပုံ ပေါ်သော်လည်း၊ မရှိမဖြစ်လိုအပ်သော စည်းမျဉ်းဆိုင်ရာ ကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါ၊ သို့မဟုတ် အန္တိခရစ်များ ပေါ်ပေါက်လာသည့်အခါတွင်ပင်၊ ခေါင်းဆောင်အယောင်ဆောင်များသည် အရိပ်ထဲတွင် ပုန်းအောင်းနေကြပြီး နှုတ်ဆိတ်နေကာ မည်သည့်အရာကိုမျှ သတိမမူမိသည့်အပြင် သတိမပြုမိနိုင်သည့်ဟန် ဆောင်ကြသည်။ အန္တိခရစ်များက မည်သို့သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို ဖြန့်ဝေသည်ဖြစ်စေ၊ ၎င်းတို့က မကြားဟန်ဆောင်ကြသည်။ အန္တိခရစ်များက ဘုရားသခင် ရွေးချယ်ထားသောလူများကို နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းတို့ ပြုလုပ်သည့်အခါတွင်လည်း၊ ဤအချက်အလက်အားလုံးက ၎င်းတို့ထံ ရောက်သည့်အခါ ပျောက်ကွယ်သွားသည့်အလား၊ ၎င်းတို့သည် သတိမမူမိဟန်လည်း ဆောင်ကြသည်။ သာမန် ညီအစ်ကိုမောင်နှမများပင် ပိုင်းခြားသိမြင်နိုင်သည့် အန္တိခရစ်များကို ၎င်းတို့က “ကျွန်ုပ်သည် ၎င်းတို့ကို ထိုးထွင်းမမြင်နိုင်ပါ။ ကျွန်ုပ် လူမှားပြီး နှင်ထုတ်မိလျှင် မည်သို့လုပ်မည်နည်း။ ညီအစ်ကိုမောင်နှမများကို ကျွန်ုပ် မှားယွင်းစွာ သတ်မှတ်မိလျှင် မည်သို့လုပ်မည်နည်း။ ထို့အပြင်၊ ဘုရားအိမ်တော်သည် အစေခံမှု ပြုရန် လူများ လိုအပ်နေဆဲ ဖြစ်သည်” ဟု ပြောဆိုလျက် မပိုင်းခြားနိုင်သည့်ဟန် ဆောင်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ရှောင်လွှဲရန် ဆင်ခြေမျိုးစုံကို အသုံးပြုလျက်၊ ၎င်းတို့သည် အန္တိခရစ်များကို ကိုင်တွယ်ဖြေရှင်းခြင်းအား ရှောင်ရှားပြီး ညီအစ်ကိုမောင်နှမများကို အန္တိခရစ်များ၏ ဘေးအန္တရာယ်မှ မကာကွယ်ကြပေ။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များကပင် “အကယ်၍ ကျွန်ုပ်သည် အန္တိခရစ်များကို အမြဲ ဖော်ထုတ်နေလျှင်၊ ၎င်းတို့က ကျွန်ုပ်ကို တိုက်ခိုက်ဖို့ ညီအစ်ကိုမောင်နှမများကို လှုံ့ဆော်လျှင် မည်သို့လုပ်မည်နည်း။ ထိုအခါ နောက်ရွေးကောက်ပွဲတွင် မည်သူမျှ ကျွန်ုပ်ကို မဲပေးတော့မည် မဟုတ်သည့်အပြင် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးအဖြစ် ဆက်ရှိနိုင်တော့မည် မဟုတ်ပါ။ ကျွန်ုပ်၏ ဩဇာလွှမ်းမိုးမှုသည် ၎င်းတို့လောက် မကြီးပါ”ဟု ပြောဆိုကြသည်။ မိမိတို့၏ အဆင့်အတန်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရန်၊ အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ရန် မိမိတို့၏ တာဝန်ကို လုံးဝ မဖြည့်ဆည်းသည့်အပြင်၊ အန္တိခရစ်များက ညီအစ်ကိုမောင်နှမများကို အကြီးမားဆုံး အတိုင်းအတာထိ ထိခိုက်နစ်နာစေခြင်းမရှိအောင်လည်း မတားဆီးကြပေ။ ၎င်းတို့သည် လူ့အကြိုက်လိုက်သူတစ်ဦးအဖြစ်လည်းကောင်း၊ မိမိ၏အခွံထဲတွင် ပုန်းအောင်းနေသော လိပ်တစ်ကောင်အဖြစ်လည်းကောင်း ပြုမူကြစဉ်တွင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသောသူတစ်ဦးလည်း ဖြစ်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို မကာကွယ်ဘဲ မိမိတို့ကိုယ်ကို မည်သို့ကာကွယ်ရမည်ကို စဉ်းစားရာတွင်မူ အလွန် စေ့စပ်ကြသည်။ အန္တိခရစ်များကို ကိုင်တွယ်ဖြေရှင်းခြင်း သို့မဟုတ် ညီအစ်ကိုမောင်နှမများက ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိစေရန် ၎င်းတို့ကို ပြုပြင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့နှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် သေမလောက် ကြောက်ရွံ့ကြသည်။ မိမိတို့၏ အဆင့်အတန်းကို ဆုံးရှုံးမည်ကို စိုးရိမ်ကြပြီး ထိုသို့လုပ်ဆောင်ခြင်းက မိမိတို့အတွက် အန္တရာယ်ရှိသည်ဟု ခံစားရသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အကျိုးစီးပွားကို လုံးဝ အလေးမထားကြပေ။ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွား၊ ဂုဏ်သတင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုနှင့် မိမိတို့မိသားစု၏ လုံခြုံမှုကိုသာ ထည့်သွင်းစဉ်းစားကာ၊ မတော်တဆ အန္တိခရစ်များကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်းက ၎င်းတို့အား ရက်စက်ကြမ်းကြုတ်စွာ ရန်လိုလာစေပြီး လက်စားချေခြင်း ဖြစ်စေမည်ကို ကြောက်ရွံ့ကြသည်။ ဤသို့သော အယောင်ဆောင် ခေါင်းဆောင်မျိုးသည် အမှန်တကယ်တွင် အစွမ်းအစတစ်ခုခု ရှိသည်။ ၎င်းတို့၏ အစွမ်းအစနှင့် ထိုးထွင်းသိမြင်မှုဖြင့်၊ အန္တိခရစ်များက မည်သူဖြစ်သည်ကို ၎င်းတို့ အပြည့်အဝ သိရှိကြသော်လည်း၊ ပြဿနာမှာ အန္တိခရစ်များအား စိတ်အနှောင့်အယှက်ဖြစ်စေမိသည်ကို ၎င်းတို့၏ ကြောက်ရွံ့ခြင်း၌ တည်ရှိနေသည်။ အန္တိခရစ်များ၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို မြင်တွေ့ရသဖြင့်၊ ၎င်းတို့သည် ထိုအန္တိခရစ်များကို စိတ်အနှောင့်အယှက်ဖြစ်စေဝံ့ကြချေ။ သို့သော်လည်း၊ မိမိတို့ကိုယ်ကို ကာကွယ်ရန်၊ ၎င်းတို့သည် ဘုရားအိမ်တော်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အကျိုးစီးပွားကို စတေးရန် နောက်မတွန့်ကြပေ။ ညီအစ်ကိုမောင်နှမများကို အန္တိခရစ်များ၏ လက်ထဲသို့ လွှဲအပ်ခြင်းခံရသည်ကို ၎င်းတို့ ဂရုမစိုက်စွာ ကြည့်နေကြပြီး၊ အန္တိခရစ်များက ၎င်းတို့ကို အလိုရှိသလို အထင်အမြင်မှားစေရန်၊ ထိန်းချုပ်ရန်နှင့် ဆိုးဆိုးရွားရွားထိခိုက်နစ်နာစေရန် ခွင့်ပြုကြသည်။ ၎င်းတို့အား ခြိမ်းခြောက်မှုမပြုသော အတော်အတန် မာယာကင်းပြီး လူ့သဘာဝကောင်းရှိသည့် လူအချို့ကို နောက်ကွယ်တွင် အယောင်ဆောင် ခေါင်းဆောင်များက၊ “ထိုလူသည် အန္တိခရစ်တစ်ဦး ဖြစ်သည်။ ၎င်းတို့သည် အခြားသူများကို အထင်အမြင်မှားစေသည်။ ၎င်းတို့သည် လူကောင်းတစ်ဦး မဟုတ်ပါ” ဟု ရံဖန်ရံခါသာ ပြောကြသည်။ သို့သော်လည်း၊ ညီအစ်ကိုမောင်နှမများအားလုံး၏ ရှေ့မှောက်နှင့် အန္တိခရစ်များ၏ ရှေ့မှောက်တွင်၊ ၎င်းတို့သည် အန္တိခရစ်များကို “မဟုတ်ပါ” ဟူ၍ တစ်လုံးတစ်ပါဒမျှ ပြောဆိုရန် မည်သည့်အခါမျှ မဝံ့ရဲကြပေ။ ၎င်းတို့သည် အန္တိခရစ်များ၏ ဒုစရိုက်အမှုများတစ်ခုတလေ သို့မဟုတ် အနှစ်သာရကို ဖော်ထုတ်ရန် သတ္တိ လုံးဝမရှိကြပေ။ စုဝေးပွဲများအတွင်းတွင်ပင်၊ အန္တိခရစ်များက စင်ကို လက်ဝါးကြီးအုပ်ကာ တစ်နာရီ သို့မဟုတ် နှစ်နာရီကြာ ပြောဆိုသည့်အခါ၊ ၎င်းတို့သည် အသံတစ်ချက်မျှ မထွက်ဝံ့ကြပေ။ အကယ်၍ အန္တိခရစ်များက စားပွဲကို လက်ဖြင့်ရိုက်ပြီး လူတို့ကို စူးစိုက်ကြည့်လျှင်၊ ၎င်းတို့သည် အသက်ပင် သိပ်ကျယ်ကျယ် မရှူဝံ့ကြပေ။ ၎င်းတို့၏ အလုပ်နယ်ပယ်အတွင်းတွင်၊ ဝိညာဉ်ရင့်ကျက်မှု သေးငယ်သူများ၊ သူရဲဘောကြောင်သော လူ့သဘာဝရှိသူများနှင့် သမ္မာတရားကို လိုက်စားလိုသော်လည်း ပိုင်းခြားသိမြင်နိုင်စွမ်း မရရှိသေးသူများသည် အန္တိခရစ်များ၏ ဒုစရိုက်အမှုများကို ရှေ့ထွက်၍ ဖော်ထုတ်ပြီး ပိုင်းခြားသိမြင်ပေးနိုင်သည့် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ မရှိသောကြောင့် စိတ်ဆင်းရဲကြရသည်။ အန္တိခရစ်များက အသင်းတော်တွင် အာဏာရှင်ဆန်ဆန် ပြုမူသည်နှင့်အမျှ၊ မဆင်မခြင် လက်လွတ်စပယ် ပြုမူပြီး အသင်းတော်အသက်တာကို နှောင့်ယှက်ခြင်းကို တန်ပြန်ရန် မည်သည့်နည်းလမ်းမျှမရှိဘဲ ကူကယ်ရာမဲ့ ကြည့်နေကြရသည်။ ထိုစဉ်အတောအတွင်းတွင်၊ အယောင်ဆောင် ခေါင်းဆောင်များကမူ မည်သည့် လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်သည့်အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် လက်တွေ့ပြဿနာများကို မဖြေရှင်းကြပေ။ ညီအစ်ကိုမောင်နှမများက အခက်အခဲများထဲသို့ ကျရောက်သည့်အခါ၊ အယောင်ဆောင် ခေါင်းဆောင်များသည် အန္တိခရစ်များ၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ရန်နှင့် ချုပ်ချယ်ကန့်သတ်ရန် ပျက်ကွက်သည်သာမက၊ မျှတသော စကားတစ်ခွန်းကိုပင် မပြောဆိုဝံ့ကြချေ။ ၎င်းတို့၏ အသိစိတ်က တစ်စုံတစ်ရာ ခံစားရပြီး ၎င်းတို့ကို အနည်းငယ် စွပ်စွဲကာ၊ နောက်ကွယ်တွင် ဘုရားသခင်ထံ ဆုတောင်းခြင်းဖြင့် မျက်ရည်အနည်းငယ် ကျလျှင်ပင်၊ နောက်တစ်နေ့ စုဝေးပွဲအတောအတွင်း၊ အန္တိခရစ်များက ဘုရားအိမ်တော်၏ အလုပ်နှင့်ပတ်သက်၍ တာဝန်မဲ့သော မှတ်ချက်များ ပေးကာ မဆင်မခြင် ဝေဖန်သည်ကိုလည်းကောင်း၊ ဘုရားသခင်ကိုပင် သွယ်ဝိုက်၍ ဝေဖန်ပြီး ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများကို ဖြန့်ဝေသည်ကိုလည်းကောင်း ၎င်းတို့ မြင်သည့်အခါ၊ မှားမှန်းသိလျက်နှင့်ပင် မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြပေ။ အန္တိခရစ်များက ဘုရားအိမ်တော်၏ အလှူငွေများအား ဖြုန်းတီးနေသည်ကို တွေ့မြင်သည့်အခါတွင်ပင်၊ ၎င်းတို့သည် ယင်းကို ဘေးဖယ်သည့် သဘောထားကို ခံယူကြသည်။ ၎င်းတို့သည် အန္တိခရစ်များကို လုံးဝ ဖော်ထုတ်ခြင်းမရှိ၊ သို့မဟုတ် ကန့်သတ်ချုပ်ချယ်ခြင်း မရှိသည့်အပြင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အပြစ်တင်ကြိမ်းမောင်းခြင်း အနည်းငယ်မျှပင် မခံစားရပေ။ ဤသည်မှာ အလွန့်အလွန် တာဝန်မဲ့ခြင်း ဖြစ်သည်။ အသိစိတ်တစ်ခုခုရှိသောသူ မည်သူမဆို၊ မိမိ၏ အင်အားက အလွန်နည်းပါးသည်ဟု ခံစားရလျှင်ပင်၊ ဤကိစ္စနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရန်နှင့် အန္တိခရစ်များအား မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို ဆွေးနွေးရန် ဝိညာဉ်ရင့်ကျက်မှုနှင့် ပိုင်းခြားသိမြင်နိုင်စွမ်းအချို့ရှိသော ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းသင့်သည်။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များတွင် ထိုသို့သော စိတ်ပိုင်းဖြတ်မှုနှင့် သတ္တိကင်းမဲ့သည့်အပြင်၊ ထို့ထက်ပင်ပို၍ ထိုသို့သော တာဝန်သိစိတ်လည်း ကင်းမဲ့ကြသည်။ ၎င်းတို့က ညီအစ်ကိုမောင်နှမများကိုပင် “အန္တိခရစ်များသည် အလွန် ရက်စက်ကြမ်းကြုတ်သည်။ အကယ်၍ ၎င်းတို့ကို ကျွန်ုပ်တို့ စိတ်အနှောင့်အယှက်ပေးမိလျှင်၊ ၎င်းတို့က ကျွန်ုပ်တို့ကို အစိုးရထံ တိုင်ကြားလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့ထဲမှ မည်သူမျှ ဘုရားသခင်ကို ယုံကြည်နိုင်တော့မည် မဟုတ်ပါ။ အန္တိခရစ်များသည် အသင်းတော်၏ စုဝေးရာနေရာများကို သိသည်၊ ထို့ကြောင့် ကျွန်ုပ်တို့ ၎င်းတို့ကို ရန်စ၍မရပါ”ဟု ပြောဆိုကြသည်။ ဤသည်မှာ လုံးဝ အန္တိခရစ်များထံ လက်နက်ချကာ အညံ့ခံခြင်း၊ စာတန်နှင့် အပေးအယူလုပ်ခြင်းနှင့် အသနားခံခြင်း၏ အကျည်းတန်သော ပြုမူပြောဆိုပုံဖြစ်သည်။
မိမိတို့ကိုယ်ကို ကာကွယ်ခြင်းအပြင်၊ အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ခြင်းနှင့် အန္တိခရစ်များအပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိရန် ၎င်းတို့ကို ကူညီခြင်းကဲ့သို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်တစ်ခုကိုမျှ မလုပ်ဆောင်ကြသည့်အပြင်၊ မည်သည့် တာဝန်ဝတ္တရားများကိုမျှ လုံးဝ မဖြည့်ဆည်းကြဘဲ၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့အား ခေါင်းဆောင်များအဖြစ် ရွေးကောက်တင်မြှောက်ရန် အစဉ်အမြဲ လိုလားနေကြဆဲ ဖြစ်သည်။ ၎င်းတို့ သက်တမ်းတစ်ခု ပြီးဆုံးပြီးနောက်၊ နောက်သက်တမ်းအတွက် ရွေးကောက်တင်မြှောက်ခံရရန် အလိုရှိကြသည်။ ဤသည်မှာ အရှက်မဲ့ပြီး အဖတ်ဆယ်၍မရနိုင်ခြင်း မဟုတ်လော။ ထိုသို့သောလူများသည် ခေါင်းဆောင်များဖြစ်ရန် ထိုက်တန်သလော။ (မထိုက်တန်ပါ။) ဘုရားအိမ်တော်သည် သိုးအုပ်ကို သင့်ထံ အပ်နှံသည်၊ သို့သော် သားရဲတိရစ္ဆာန်များ လာသည့်အခါ၊ အရေးကြီးသည့် အခိုက်အတန့်တွင်၊ သင်သည် သင့်ကိုယ်သင်သာ ကာကွယ်ပြီး သိုးအုပ်ကို သားရဲတိရစ္ဆာန်များထံ လွှဲပြောင်းပေးလိုက်သည်။ သင်သည် မိမိကိုယ်ကို ပုန်းအောင်းရန် ခိုလှုံရာတစ်ခု၊ လုံခြုံသောနေရာတစ်ခုကို ရှာဖွေလျက် ကျုံ့ကျုံ့လေးဖြစ်နေသော လိပ်တစ်ကောင်ကဲ့သို့ ပြုမူကြသည်။ အကျိုးဆက်အနေဖြင့်၊ သိုးအုပ်မှာ ထိခိုက်နစ်နာရသည်၊ သိုးအချို့မှာ ကိုက်သတ်ခံရပြီး အချို့မှာ ပျောက်ဆုံးသွားသည်။ အသင်းတော်၏အလုပ်ကို အန္တိခရစ်များက မဆင်မခြင် နှောင့်ယှက်နေသည်ကိုလည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေပြီး ထိန်းချုပ်နေသည်ကိုလည်းကောင်း ခေါင်းဆောင်တစ်ဦးက မြင်ရသော်လည်း၊ မိမိ၏ သိက္ခာ၊ အဆင့်အတန်းနှင့် အသက်မွေးဝမ်းကျောင်းအား ကာကွယ်ရန်နှင့် မိမိ၏ ကိုယ်ပိုင်လုံခြုံမှုကို သေချာစေရန် ယင်းကို လျစ်လျူရှုသည့် သဘောထားကို ခံယူသည် ဆိုကြပါစို့။ အကျိုးဆက်အနေဖြင့် ဘုရားသခင် ရွေးချယ်ထားသောလူ အများစုမှာ အထင်အမြင်မှားစေခြင်းကို ခံရပြီး၊ ကူကယ်ရာမဲ့ ခံစားရကာ၊ အပျက်သဘောဆောင်လာသည့်အပြင် အားနည်းလာကြသည်၊ အချို့မှာ အန္တိခရစ်များ၏ ဖမ်းစားခြင်းကိုပင် ခံရပြီး၊ အချို့မှာ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် မလိုလားကြတော့ပေ။ သို့တိုင်၊ ဤခေါင်းဆောင်သည် အန္တိခရစ်များက ဖြစ်စေသော နှောင့်ယှက်မှုများကို မြင်သည့်အခါ မည်သည့်အရာကိုမျှ မခံစားရပေ။ ၎င်း၏ အသိစိတ်သည် အပြစ်တင်ခြင်းကို မခံစားရပေ။ ဤသို့သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်မျိုးတွင် လူ့သဘာဝ တစ်ခုတလေ ရှိသလော။ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ခြင်းဟူသော မိမိတို့၏ ကိုယ်ပိုင်ပန်းတိုင်ကို စွမ်းဆောင်ရရှိရန်အလို့ငှာ၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များထံ လွှဲပြောင်းပေးရန်နှင့် အန္တိခရစ်များက ၎င်းတို့ကို အထင်အမြင်မှားစေရန်၊ ရက်စက်စွာ အန္တရာယ်ပေးရန်နှင့် ဖျက်ဆီးရန် ခွင့်ပြုဖို့ နောက်မတွန့်ကြပေ။ ဤသည်မှာ မည်သည့် ခေါင်းဆောင်မျိုး ဖြစ်သနည်း။ (အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။) ဤသည်မှာ စာတန်၏ ကြံရာပါတစ်ဦး မဟုတ်လော။ ၎င်းတို့သည် အမှန်တကယ် မည်သည့်ဘက်တွင် ရှိနေကြသနည်း။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံရသော်လည်း၊ ဤပြဿနာ၏ အနှစ်သာရမှာ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းထက်ပင် ပို၍ ဆိုးရွားကောင်းဆိုးရွားပေမည်။ ယင်းတွင် ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်ခြင်း သဘာဝ ရှိသည်၊ ဖမ်းဆီးနှိပ်စက်ခံရပြီး ယုဒများ ဖြစ်လာကာ ညီအစ်ကိုမောင်နှမများကို ကြီးစွာ ထိခိုက်နစ်နာစေရန် အဆင်းနီသော နဂါးကြီးထံ လွှဲပြောင်းပေးလိုက်သည့် ထိုလူများကဲ့သို့ပင် ဖြစ်သည်။ သို့ဆိုလျှင်၊ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးက ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များထံ လွှဲပြောင်းပေးခြင်း၏ သဘာဝမှာ အဘယ်နည်း။ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များသည် အလွန် ယုတ်မာကြသည် မဟုတ်လော။ အန္တိခရစ်များနှင့် နှိုင်းယှဉ်လျှင်၊ ဤအယောင်ဆောင် ခေါင်းဆောင်များသည် အပြင်ပန်းတွင် သမ္မာတရားကို အတိုက်အခံလုပ်ရန် ရည်ရွယ်ချက်ရှိပုံမပေါ်ပေ။ ၎င်းတို့သည် သမ္မာတရားအချို့ကို မိတ်သဟာယဖွဲ့နိုင်ပုံရသည်၊ သဘောပေါက်နားလည်နိုင်စွမ်းအချို့ ရှိပုံရသည့်အပြင်၊ သမ္မာတရားအနည်းငယ်ကို လက်တွေ့လုပ်ဆောင်နိုင်ပုံ ရပြီး၊ ၎င်းတို့ထဲမှ အချို့မှာ ဆင်းရဲဒုက္ခကိုပင် ခံနိုင်ကာ အဖိုးအခပေးဆပ်နိုင်သည်။ သို့တိုင်၊ ဘုရားအိမ်တော်က ဘုရားသခင်၏ သိုးအုပ်ကို ၎င်းတို့ထံ အပ်နှံသည့်အခါနှင့် ဆိုးယုတ်သောလူများနှင့် နတ်ဆိုးများ ပေါ်ပေါက်လာသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ရန် မိမိတို့၏ အသက်များကို အသုံးပြု၍ တတ်နိုင်သမျှ အရာအားလုံးကို မလုပ်ဆောင်ကြပေ။ ထိုအစား၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လုံခြုံမှုနှင့် အကျိုးစီးပွားကို ရရှိရန်အလို့ငှာ ညီအစ်ကိုမောင်နှမများကို ကာကွယ်ပေးသည့် ဒိုင်းတစ်ခုအဖြစ် ပြုမူရန် တွန်းထုတ်လျက်၊ မိမိတို့ကိုယ်ကို ကာကွယ်ရန် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ကြသည်။ ဤလူများသည် စက်ဆုပ်ဖွယ်ကောင်းပြီး တစ်ကိုယ်ကောင်းဆန်လိုက်လေခြင်းပါတကား။ အပေါ်ယံအားဖြင့်၊ ၎င်းတို့၏ လူ့သဘာဝတွင် ကြီးမားသော ပြဿနာများ မရှိပုံပေါ်သည်။ ၎င်းတို့က လူတို့အပေါ် ချစ်ခြင်းမေတ္တာရှိသည်၊ အခြားသူများကို ကူညီနိုင်သည်၊ အဖိုးအခပေးဆပ်ရန် လိုလားပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခံနိုင်ရည်ရှိသည်။ သို့သော်လည်း၊ အန္တိခရစ်များ ပေါ်ပေါက်လာသည့်အခါ၊ ၎င်းတို့သည် မျှော်လင့်မထားသော၊ နားမလည်နိုင်သော အရာတစ်ခုကို လုပ်ဆောင်ကြသည်။ အန္တိခရစ်များက ဘုရားသခင် ရွေးချယ်ထားသောလူများကို မည်သို့ပင် အထင်အမြင်မှားစေသည်ဖြစ်စေ သို့မဟုတ် အသင်းတော်အသက်တာကို နှောင့်ယှက်သည်ဖြစ်စေ၊ မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြပေ။ လူမည်မျှက အန္တိခရစ်များ၏ တိုက်ခိုက်ခြင်း၊ ဖယ်ကြဉ်ခြင်း သို့မဟုတ် ထိခိုက်နစ်နာစေခြင်းတို့ကို ခံရသည်ဖြစ်စေ၊ ၎င်းတို့က လျစ်လျူရှုကြသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ ဤခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ ထိန်းချုပ်မှုအောက်သို့ လုံးဝ လွှဲပြောင်းပေးလိုက်ပြီး၊ အန္တိခရစ်များက ထိုသူတို့ကို အလိုရှိသလို အထင်အမြင်မှားစေရန်နှင့် ဆိုးဆိုးရွားရွားထိခိုက်နစ်နာစေရန် ခွင့်ပြုကာ၊ ဤခေါင်းဆောင်များ ကိုယ်တိုင်ကမူ မည်သည့်အလုပ်ကိုမျှ လုံးဝ မလုပ်ဆောင်ကြပေ။ အန္တိခရစ်များကို သန့်စင်ဖယ်ရှားပြီး ပြဿနာ ပြေလည်သွားသည့်အခါ၊ ဤခေါင်းဆောင်များသည် မိမိတို့ မည်သို့ အားနည်းခဲ့ကြောင်း၊ သူရဲဘောကြောင်ခဲ့ကြောင်း၊ ကြောက်ရွံ့ခဲ့ကြောင်း၊ တစ်ကိုယ်ကောင်းဆန်ခဲ့ကြောင်းနှင့် လှည့်ဖြားတတ်ခဲ့ကြောင်း၊ ၎င်းတို့ သစ္စာမစောင့်သိခဲ့ကြောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကောင်းစွာ မကာကွယ်ခဲ့ကြောင်းအပြင်၊ ဘုရားသခင်နှင့် ညီအစ်ကိုမောင်နှမများကို စိတ်ပျက်စေခဲ့ကြောင်းတို့နှင့်ပတ်သက်သည့် မိမိတို့ကိုယ်ကို သိသည့်အသိအကြောင်း မိတ်သဟာယဖွဲ့ရန် ထွက်ပေါ်လာကြသည်။ ၎င်းတို့သည် အလွန် နောင်တရပုံပေါ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြုပြင်ပြီး နောင်တရနိုင်စွမ်းရှိပုံ ပေါ်သည်။ သို့သော်လည်း၊ အန္တိခရစ်များ တစ်ဖန် ပေါ်ပေါက်လာသည့်အခါ၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ပြီးခဲ့သည့်အခေါက်ကကဲ့သို့ပင် အန္တိခရစ်များထံ တွန်းပို့ပြီး၊ မိမိတို့ကိုယ်တိုင်အတွက် ပုန်းအောင်းရန် လုံခြုံသောနေရာတစ်ခုကို ရှာဖွေကြသည်။ ၎င်းတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် ထိခိုက်နစ်နာစေခြင်းကို ကိုယ်တိုင် မခံရသော်လည်း၊ မိမိတို့၏ တာဝန်ဝတ္တရားများကို ပျက်ကွက်ခဲ့ပြီး ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သစ္စာဖောက်ခဲ့ကြသည်။ ၎င်းတို့၏ တာဝန်အပေါ်ထားသည့် သဘောထား၊ ဘုရားသခင် ရွေးချယ်ထားသောလူများအပေါ်ထားသည့် သဘောထားနှင့် ၎င်းတို့၏ သရုပ်အမှန်တို့က လုံးဝ ဖော်ထုတ်ခြင်းခံရသည်။ အန္တိခရစ်များ ထွက်ပေါ်သည့်အခါတိုင်းတွင်၊ ၎င်းတို့သည် ဘုရားသခင်ဘက်တွင် ရပ်တည်ပြီး အန္တိခရစ်များကို အဆုံးတိုင် တိုက်ခိုက်ရန် မရွေးချယ်ကြပေ။ ပြီးလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် ခေါင်းဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန် မဆိုထားနှင့်၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများအား ကာကွယ်ရန်နှင့် ထိုသို့ဖြင့် မိမိတို့၏ အသိစိတ်တွင် ငြိမ်သက်ခြင်းကို ခံစားရရန် ပြောသင့်သည့်အရာ အနည်းငယ်ကို မပြောဆိုကြ သို့မဟုတ် လုပ်သင့်သည့်အလုပ် အနည်းငယ်ကို မလုပ်ဆောင်ကြပေ။ ဤအယောင်ဆောင် ခေါင်းဆောင်များ၏ ရွေးချယ်မှုများနှင့် လုပ်ဆောင်ချက်များအားလုံးသည် မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းကို ထိခိုက်နစ်နာခြင်းမရှိအောင် ကာကွယ်စောင့်ရှောက်ရန်အတွက်သာ လုံးလုံး ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ရှင်ခြင်းကိုဖြစ်စေသေဆုံးခြင်းကိုဖြစ်စေ ဂရုမစိုက်ကြပေ။ ၎င်းတို့အတွက်မူ၊ မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သတင်း၊ အကျိုးစီးပွားနှင့် အဆင့်အတန်းတို့ မထိခိုက်သရွေ့ အရာအားလုံးက အဆင်ပြေသည်။ မည်သူက အန္တိခရစ်များကို ဖော်ထုတ်သည်၊ မည်သူက နှင်ထုတ်သည်၊ အန္တိခရစ်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သည်၊ ဤကိစ္စရပ်များသည် ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိသည့်အလား ဖြစ်နေသည်။ ၎င်းတို့သည် ဂရုလည်းမစိုက်သည့်အပြင်ဝင်ရောက်စွက်ဖက်ခြင်းလည်း မပြုကြပေ။ အန္တိခရစ်များက အသင်းတော်အသက်တာကို နှောင့်ယှက်သည့်အခါ၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေပြီး သမ္မာတရားကို လိုက်စားသူများကို အမှုဆင်ကာညှဉ်းပန်းနှိပ်စက်သည့်အခါ၊ ၎င်းတို့က လျစ်လျူရှုကြသည်။ ဤအရာများသည် ၎င်းတို့အတွက် အရေးမကြီးပေ။ မိမိတို့၏ အဆင့်အတန်းကို အန္တရာယ်ပြုခြင်းမခံရသရွေ့ ၎င်းတို့အတွက် အားလုံး အဆင်ပြေသည်။ ဤလူစားမျိုးကို သင်တို့ မည်သို့ထင်သနည်း။ ပုံမှန်အားဖြင့်၊ ၎င်းတို့၏ လူ့သဘာဝသည် မဆိုးဟုထင်ရပြီး၊ ၎င်းတို့သည် အလုပ်အချို့ကို လုပ်ဆောင်နိုင်ပုံပေါ်သည်။ ပြုပြင်ခြင်းကို ၎င်းတို့ ရင်ဆိုင်ရသည့်အခါ၊ မိမိတို့ကိုယ်ကို သိနိုင်ပုံပေါ်ပြီး နောင်တရသော စိတ်နှလုံးအနည်းငယ် ရှိပုံပေါ်သည်။ သို့သော်လည်း၊ အန္တိခရစ်များက အသင်းတော်ကို နှောင့်ယှက်ခြင်းအား ၎င်းတို့ ကြုံတွေ့ရသည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ ဆင်ခြင်တုံတရားကို လုံးဝ ဆုံးရှုံးသွားသည်၊ ၎င်းတို့တွင် တရားမျှတစိတ် မရှိသည့်အပြင်၊ အန္တိခရစ်များကို တိုက်ခိုက်ရန် သတ္တိပင် ကင်းမဲ့နေသည်။ နတ်ဆိုးများနှင့် စာတန်များကို မြင်သည့်အခါ ၎င်းတို့က အပေးအယူလုပ်ကြသည်။ ဆိုးယုတ်သောလူများက နှောင့်ယှက်မှုများ ပြုလုပ်သည်ကို မြင်သည့်အခါ ၎င်းတို့က ရှောင်ရှားသွားကြသည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအပေါ်ထားသည့် ၎င်းတို့၏ သဘောထားမှ အကဲဖြတ်ရလျှင်၊ ၎င်းတို့သည် မည်သည့်လမ်းကြောင်းကို အတိအကျ လိုက်လျှောက်နေကြသနည်း။ ဤသည်မှာ ၎င်းတို့၏ ပြဿနာကို အလွန် သရုပ်ဖော်ပြနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူစားမျိုးသည် အပေါ်ယံအားဖြင့် အန္တိခရစ်တစ်ဦးဟု မထင်ရနိုင်သော်လည်း၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများအပေါ် ၎င်းတို့ ပြသသည့် သဘောထားသည် အန္တိခရစ်များ၏ စိတ်သဘောထား အတိအကျပင် ဖြစ်ပြီး၊ ဤအရာ၏ သဘာဝမှာ ဆိုးရွားလှပေသည်။ ယင်းမှာ မိမိတို့၏ တာဝန်ဝတ္တရားများကို စွန့်လွှတ်ခြင်းနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို သစ္စာဖောက်ခြင်း၏ သဘာဝဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသဘာဝသည် အလွန် ဆိုးရွားသည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော်၏အလုပ်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ် သစ္စာစောင့်သိမှု တစ်ခုခု ပြသကြသလော။ ၎င်းတို့တွင် တာဝန်ယူလိုသည့် သဘောထား အရိပ်အယောင်ပင် ရှိသလော။ ၎င်းတို့ကို တာဝန်ပေးစေခိုင်းချက်တစ်ခု သို့မဟုတ် အလုပ်တာဝန်တစ်ခုကို မည်သည့်အချိန်တွင် အပ်နှံသည်ဖြစ်စေ၊ ၎င်းတို့၏ စည်းမျဉ်းမှာ လူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်းအား ရှောင်ရှားရန်နှင့် မိမိတို့ကိုယ်ကို ကာကွယ်ရန် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် အမြင့်ဆုံးသော စံနှုန်းဖြစ်ပြီး အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်းဖြစ်ကာ၊ ဤအရာသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ထိုသို့သောလူများ ကယ်တင်ခြင်းခံရနိုင်မည်လောဟူသော မေးခွန်းကို ယခုလောလောဆယ် ဘေးဖယ်ထားကြစို့။ အန္တိခရစ်များကို ကိုင်တွယ်ဖြေရှင်းခြင်းအလုပ်အရ အကဲဖြတ်ရုံမျှဖြင့်၊ ဤအယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန် ထိုက်တန်သလော။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် ထိုက်တန်သလော။ (မထိုက်တန်ပါ။) ဤလူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် မထိုက်တန်ပေ။ ဤသည်မှာ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောကြောင့်ဖြစ်ပြီး၊ အသင်းတော်ခေါင်းဆောင်ပိုင်း၏ အလုပ်ကို ၎င်းတို့ တာဝန်ယူရန် မထိုက်တန်ပေ။ ၎င်းတို့အနေဖြင့်အန္တိခရစ်များက ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေခြင်းမရှိအောင်အကြီးမားဆုံး အတိုင်းအတာထိမတားဆီးကြသည့်အပြင်၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ရန်အလို့ငှာ ဤတာဝန်ကို ဖြည့်ဆည်းဖို့ သို့မဟုတ် ဤအလုပ်ကို ကောင်းစွာလုပ်ဆောင်ဖို့ အစွမ်းကုန်လည်း မလုပ်ဆောင်ကြပေ။ ဤသည်မှာ ၎င်းတို့တွင် အစွမ်းအစ ညံ့ဖျင်းပြီး ဤအရာကို မလုပ်ဆောင်နိုင်ခြင်းကြောင့် မဟုတ်ဘဲ၊ ထို့ထက်၎င်းတို့သည် ရိုးရှင်းစွာ မလုပ်ဆောင်ခြင်းကြောင့်သာ ဖြစ်သည်။ ထို့ကြောင့်၊ ဤရှုထောင့်အမြင်မှ ကြည့်လျှင်၊ အခြားသူများအား စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်ရွံ့သောလူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် လုံးဝ မထိုက်တန်ပေ။ ဤခေါင်းဆောင်များနှင့် အမှုဆောင်များ အတော်များများ မရှိဘူးလော။ (ရှိပါသည်။) မည်သည့်အရာမျှ မဖြစ်ပွားသေးသည့်အခါ၊ ၎င်းတို့သည် အခြားမည်သူ့ထက်မဆို ပို၍ စိတ်အားထက်သန်စွာ ပြေးလွှားကြသည်၊ ၎င်းတို့သည် ဆံပင်ပင်မဖြီး၊ သို့မဟုတ် မျက်နှာပင်မသစ်နိုင်အောင် အလွန်အလုပ်များကြပြီး၊ အလွန် ဝိညာဉ်ရေးရာဆန်သော အဆင့်သို့ ရောက်ရှိနေပုံရသည်။ သို့သော် အန္တိခရစ်များ ထွက်ပေါ်လာသည့်အခါ၊ ၎င်းတို့သည် ပျောက်ကွယ်သွားကြသည်။ ၎င်းတို့သည် ရှောင်တိမ်းရန် ဆင်ခြေမျိုးစုံကို ရှာဖွေပြီး၊ အန္တိခရစ်များကို တကယ်ကို မကိုင်တွယ်ကြပေ။ ဤအပြုအမူ၏ သဘာဝမှာ အဘယ်နည်း။ ယင်းမှာ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိမှု ကင်းမဲ့ခြင်းနှင့် မယုံကြည်ထိုက်ခြင်း ဖြစ်သည်။ အရေးကြီးသည့် အချိန်များတွင်၊ ၎င်းတို့သည် ဘုရားသခင်ကိုပင် သစ္စာဖောက်ပြီး စာတန်ဘက်တွင် ရပ်တည်နိုင်ကာ၊ အသင်းတော်၏အလုပ်က ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ၏ နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းကို ခံရသည်ကို လျစ်လျူရှုကြသည်။ ၎င်းတို့သည် အစောင့်ခွေးတစ်ကောင်လောက်ပင် အသုံးမဝင်ပေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်တစ်မျိုး ဖြစ်သည်။
၂။ အန္တိခရစ်များကို မပိုင်းခြားမသိမြင်နိုင်ခြင်း
နောက်ထပ် အယောင်ဆောင် ခေါင်းဆောင်တစ်မျိုး ရှိသည်- အန္တိခရစ်များ ထွက်ပေါ်လာသည့်အခါ ၎င်းတို့တွင် မည်သည့်စိတ်သဘောထားနှင့် အနှစ်သာရ ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့ မည်သည့်အရာကို ပေါ်လွင်ထင်ရှားစေပြီး ထုတ်ဖော်သည်ကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများအတွက် ၎င်းတို့ ဖြစ်ပေါ်စေသည့် နှောင့်ယှက်မှုအမျိုးအစားများကိုလည်းကောင်း၊ မည်သည့်ဖော်ပြချက်များ၊ အတွေးများ၊ သဘောထားအမြင်များနှင့် အပြုအမူများက ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်နိုင်သည်ကိုလည်းကောင်း၊ လူတို့ကို ထိန်းချုပ်ရန် အန္တိခရစ်များ အသုံးပြုသည့် နည်းလမ်းများကိုလည်းကောင်း၊ မည်သည့်အခြေအနေများအောက်တွင် ညီအစ်ကိုမောင်နှမများက အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ပြင်းထန်စွာ ထိခိုက်နစ်နာစေခြင်းတို့အား ခံရနိုင်သည်ကိုလည်းကောင်း၊ စသည်တို့ကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ ဤသည်တို့မှာ အယောင်ဆောင် ခေါင်းဆောင်များ ပိုင်းခြားသိမြင်နိုင်ခြင်းမရှိသည့် ကိစ္စရပ်များချည်းသာ ဖြစ်သည်။ အန္တိခရစ်များက ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေကြသည်။ ၎င်းတို့နှင့် အထင်အမြင်မှားစေခြင်းခံရသော ညီအစ်ကိုမောင်နှမများသည် မိမိတို့၏ကိုယ်ပိုင်စုဝေးပွဲများ ကျင်းပရန်နှင့် သီးခြားနယ်ပယ်များ ဖွဲ့စည်းရန် အသင်းတော်မှ ခွဲထွက်သွားကြသည်။ ၎င်းတို့သည် လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက် တစ်ခုတလေကို ကျိုးနွံနာခံရန် မဆိုထားနှင့်၊ ဘုရားအိမ်တော်၏ ဦးဆောင်မှုကို လက်မခံကြ၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို လက်မခံကြသည့်အပြင်၊ ဘုရားအိမ်တော်ထံမှ မည်သည့်အစီအစဉ် သို့မဟုတ် လမ်းညွှန်ချက်များကိုမျှ ကျိုးနွံနာခံခြင်း မရှိကြပေ။ သို့သော် ဘုရားသခင်ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေရန် အန္တိခရစ်များ၏ ထိုသို့သောလုပ်ဆောင်ချက်အားလုံးကို အယောင်ဆောင် ခေါင်းဆောင်များက ပြဿနာများအဖြစ် သဘောမထားကြပေ။ အန္တိခရစ်များ၏ စကားများ၊ လုပ်ဆောင်ချက်များ၊ အတွေးအခေါ်များနှင့် သဘောထားအမြင်များက လူတို့အား မည်သို့ နှောင့်ယှက်သည်၊ အထင်အမြင်မှားစေသည်၊ ဒုက္ခပေးသည်ကို ၎င်းတို့ မြင်နိုင်ရန်မဆိုထားနှင့်၊ ဤအခြေအနေများတွင် မည်သည့်အရာ လွဲချော်နေသည်ကို ၎င်းတို့ မမြင်နိုင်ကြပေ။ ဤအပျက်သဘောဆောင်သော သက်ရောက်မှုများကို ၎င်းတို့ မမြင်နိုင်သည့်အပြင် ယင်းတို့အား မည်သို့ ပိုင်းခြားသိမြင်ရမည်ကိုလည်း မသိကြပေ။ အချို့သော သာမန်ညီအစ်ကိုမောင်နှမများသည် များစွာ မြင်တွေ့ကာ ကြားသိဖူးခြင်းကြောင့် ပိုင်းခြားသိမြင်နိုင်စွမ်း၊ သိမြင်နားလည်နိုင်စွမ်းနှင့် သတိပြုမိခြင်း အနည်းငယ် ရှိနိုင်သော်လည်း၊ အယောင်ဆောင် ခေါင်းဆောင်များမှာမူ ဤအရာများကို ထိုးထွင်းမြင်နိုင်ခြင်း မရှိကြပေ။ တစ်စုံတစ်ဦးက မည်သူမည်ဝါသည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် နောက်ကွယ်တွင် အုပ်စုဖွဲ့ရန် အချို့အရာများကို လုပ်ဆောင်နေကြောင်း ထောက်ပြသည့်အခါတွင်ပင်၊ အယောင်ဆောင် ခေါင်းဆောင်များက “ကျွန်ုပ်တို့သည် ဤဖော်ပြချက်များကို မဖြန့်ဝေနိုင်ပါ။ နှောင့်ယှက်မှုများ မဖြစ်စေနှင့်။ သူတို့တွင် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ သူတို့ အတူတကွ မိတ်သဟာယဖွဲ့ခြင်းသည် မည်သည့်အရာ မှားယွင်းသနည်း။ ကျွန်ုပ်တို့သည် လူတို့အား လွတ်လပ်ခွင့် ပေးရန်လိုအပ်သည်” ဟုဆိုလျက် ဆက်လက်၍ တားဆီးကြသည်။ ၎င်းတို့သည် ဤအရာကို ထိုးထွင်းမြင်နိုင်ခြင်း မရှိသေးပေ။ အကယ်၍ ၎င်းတို့သည် အမှုအရာများကို ထိုးထွင်းမမြင်နိုင်ပါက၊ ၎င်းတို့သည် စောင့်ကြည့်လေ့လာပြီး ရှာဖွေနိုင်သည့်အပြင်၊ သမ္မာတရားကို နားလည်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်းအချို့ရှိသော ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယဖွဲ့နိုင်သည်။ သို့သော်လည်း အယောင်ဆောင် ခေါင်းဆောင်များသည် အတော်ပင် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့အား သတိပေးသည့်အခါ ၎င်းတို့က၊ “သင်သည် ခေါင်းဆောင်လော သို့မဟုတ် ကျွန်ုပ်က ခေါင်းဆောင်လော။ ကျွန်ုပ်သည် ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည့်အတွက်၊ ကျွန်ုပ်သည် သာမန်လူတစ်ဦးထက် သမ္မာတရားကို ပို၍ နားလည်ရမည် ဖြစ်သည်။ သို့မဟုတ်ပါက၊ အခြားတစ်စုံတစ်ဦးအစား ကျွန်ုပ် အဘယ်ကြောင့် ရွေးချယ်ခံရမည်နည်း။ ဤသည်မှာ ကျွန်ုပ်သည် သင်တို့အားလုံးထက် ပို၍ တော်ကြောင်းကို သက်သေပြနေသည်။ ကျွန်ုပ်သည် သင်တို့ထက် အသက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ကျွန်ုပ်၏ အစွမ်းအစသည် သင်တို့၏ အစွမ်းအစထက် သေချာပေါက် ပို၍ ကောင်းမွန်သည်။ အန္တိခရစ်တစ်ဦး ပေါ်ပေါက်လာသည့်အခါ၊ သူတို့ကို ဦးစွာ ဖော်ထုတ်သူမှာ ကျွန်ုပ်ဖြစ်သင့်သည်။ အကယ်၍ သင်တို့က ၎င်းတို့ကို ဦးစွာ ဖော်ထုတ်ပါက၊ သင်တို့၏ အကဲဖြတ်ချက်ကို ကျွန်ုပ် သဘောတူမည် မဟုတ်ပါ။ တစ်စုံတစ်ခု မလုပ်ဆောင်မီ ကျွန်ုပ် သူတို့ကို ဖော်ထုတ်သည်အထိ ကျွန်ုပ်တို့ စောင့်ဆိုင်းကြမည်”ဟု တွေးလျက် လက်မခံကြပေ။ အကျိုးဆက်အနေဖြင့် အန္တိခရစ်သည် ညီအစ်ကိုမောင်နှမများအကြားတွင် အယူမှားများနှင့် မှားယွင်းသော အယူအဆများစွာကို ဖြန့်ဝေပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ပွင့်ပွင့်လင်းလင်း အတိုက်အခံလုပ်သည့်အပြင် အသင်းတော်၊ ဘုရားအိမ်တော်နှင့် အထက်မှ အလုပ်အစီအစဉ်များကိုပါ ပွင့်ပွင့်လင်းလင်း ပွက်လောညံအောင် ကန့်ကွက်ကြလေသည်။ ပါဝင်သူများက အန္တိခရစ်ကိုယ်တိုင် ဟောပြောသည်ကိုသာ နားထောင်ပြီး ၎င်း၏ဦးဆောင်မှုကိုသာ လက်ခံသည့် သီးသန့်စုဝေးပွဲများတွင် ပါဝင်ရန် အန္တိခရစ်က ညီအစ်ကိုမောင်နှမများကို မိမိဘက်သို့ ပွင့်ပွင့်လင်းလင်း ဆွဲဆောင်သည်အထိပင် ပြုလုပ်သည်။ အသင်းတော်တွင် အစွမ်းအစ အညံ့ဖျင်းဆုံးသောသူများပင်လျှင် ဤလူက အန္တိခရစ်တစ်ဦးဖြစ်ကြောင်း မြင်နိုင်ကြသည်။ ထိုသို့သောအခြေအနေတွင်သာ အယောင်ဆောင် ခေါင်းဆောင်များက “အလိုလေး၊ သူက အန္တိခရစ်တစ်ဦးပါတကား။ ကျွန်ုပ်သည် ဤအရာကို အဘယ်သို့ဖြစ်ပြီး ယခုမှသာ သိရှိရသနည်း။ မဟုတ်ပါ၊ ကျွန်ုပ်သည် ယခင်ကတည်းက သိရှိပြီးဖြစ်သော်လည်း၊ ညီအစ်ကိုမောင်နှမများက ဝိညာဉ်ရင့်ကျက်မှုနုနယ်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့မည်ကို စိုးရိမ်သောကြောင့် တစ်စုံတစ်ရာ မပြောခဲ့ခြင်း ဖြစ်ပါသည်”ဟု ဝန်ခံကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် သိပ်ကောင်းသော လိမ်ညာမှုတစ်ခုကိုပင် လုပ်ကြံဖန်တီးကြသည်။ ညီအစ်ကိုမောင်နှမများကို ၎င်းတို့ထံမှ ထိခိုက်နစ်နာမှုများစွာ ၎င်းတို့ ခံစားစေသည်မှာ ၎င်းတို့ကိုယ်တိုင်က ထုံထိုင်း၊ ဉာဏ်ထိုင်းကာ၊ ညံ့ဖျင်းသော အစွမ်းအစရှိပြီး အန္တိခရစ်ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ အပြစ်ရှိသည်ဟု ခံစားရမည့်အစား၊ ၎င်းတို့က ညီအစ်ကိုမောင်နှမများကို အဓိပ္ပာယ်မရှိသောစကားများ ပြောဆိုခြင်း၊ အခြေအမြစ်မရှိသော ကောလာဟလများ ဖြန့်ဝေခြင်း၊ လူတို့ကို နားလည်မှုလွဲမှားခြင်း စသည်တို့အတွက် အပြစ်တင်ကြသည်။ ဤသည်မှာ မည်သည့် ခေါင်းဆောင်မျိုး ဖြစ်သနည်း။ ၎င်းတို့သည် လုံးဝ နားဝေတိမ်တောင်ဖြစ်နေကြသည် မဟုတ်လော။ ထိုသို့သော ခေါင်းဆောင်မျိုးသည် အသင်းတော်၏ အလုပ်ကို အခြေခံအားဖြင့်ပင် ထမ်းရွက်နိုင်စွမ်း မရှိပေ။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ စားသောက်ခြင်း၊ ဆုတောင်းခြင်း၊ စုဝေးပွဲများ တက်ရောက်ခြင်း၊ တရားဒေသနာများ နားထောင်ခြင်း၊ ဝိညာဉ်ရေးရာ မှတ်စုများ ရေးသားခြင်းနှင့် သက်သေခံချက်ဆိုင်ရာ ဆောင်းပါးများ ရေးသားခြင်းတို့ကို ပြုလုပ်ကာ အလွန်ကြိုးစားအားထုတ်ကြသည့်ပုံရသော်လည်း ပြဿနာများ ပေါ်ပေါက်လာသည့်အခါတွင်မူ ယင်းတို့ကို မဖြေရှင်းနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း သမ္မာတရားကို မရှာဖွေနိုင်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ အန္တိခရစ်များကိုလည်း သေချာပေါက် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ပုံမှန်အားဖြင့် တစ်နာရီ သို့မဟုတ် နှစ်နာရီကြာ တရားဟောနိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မိမိတို့၏ကိုယ်ပိုင်အတွေ့အကြုံများကို မိတ်သဟာယဖွဲ့သည့်အခါ အဆုံးမရှိ တတွတ်တွတ်ပြောနိုင်သော်လည်း၊ အန္တိခရစ်များက အယူမှားများနှင့် မှားယွင်းသော အယူအဆများကို ဖြန့်ဝေကာ ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်သည့်အခါတွင်မူ၊ ၎င်းတို့တွင် ပြောစရာဘာမျှမရှိသည့်အပြင် မည်သည့်အလုပ်ကိုမျှ လုံးဝမလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ကြိုတင်ကာကွယ်မှု အစီအမံတစ်ခုတလေကို အကောင်အထည်ဖော်ရန် ပျက်ကွက်သည် သို့မဟုတ် ညီအစ်ကိုမောင်နှမများကို အန္တိခရစ်များ၏ အယူမှားတရားများနှင့် မှားယွင်းသော အယူအဆများကို ပိုင်းခြားသိမြင်စေဖို့ ဦးဆောင်ရန် ပျက်ကွက်သည်သာမက၊ အန္တိခရစ်များကြောင့် ဖြစ်ပေါ်လာသော အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်မှုများကို မြင်သည့်အခါတွင်ပင်၊ ၎င်းတို့ကို ဖော်ထုတ်ခြင်း သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်း မပြုသည့်အပြင် အန္တိခရစ်များကိုလည်း မပြုပြင်ကြပေ။ ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ လုံးဝ မလုပ်ဆောင်ကြပေ။ ထိုသို့သော လူများနှင့်ပတ်သက်၍ မည်သည့်ပြဿနာ ရှိသနည်း။ (၎င်းတို့၏ အစွမ်းအစက အလွန်ညံ့ဖျင်းပါသည်။) ၎င်းတို့၏ ညံ့ဖျင်းသော အစွမ်းအစရှိနေသော်လည်း၊ ၎င်းတို့က မိမိတို့သည် ဝိညာဉ်ရေးရာလူများ၊ ခေါင်းဆောင်ကောင်းများနှင့် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချစ်မြတ်နိုးသူများဖြစ်သည်ဟု ကြွားဝါနေကြဆဲဖြစ်ပြီး၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ဖြည့်ဆည်းရန် မိသားစုနှင့် ဇာတိပကတိဆိုင်ရာ သာယာမှုများကို စွန့်လွှတ်ခဲ့သည်ဟုလည်း အရှက်ကင်းမဲ့စွာ အခိုင်အမာဆိုကြသည်။ လက်တွေ့တွင်၊ ၎င်းတို့သည် တာဝန်မဲ့ပြီး၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကာ၊ မြင့်မားသော အတိုင်းအတာထိ ထုံထိုင်းပြီး ဉာဏ်ထိုင်းသည့် အယောင်ဆောင် ခေါင်းဆောင်စစ်စစ်များဖြစ်ကြသည်။ ၎င်းတို့သည် စစ်မှန်သည့်၊ သူတော်ကောင်းယောင်ဆောင်သည့် ဖာရိရှဲများ ဖြစ်ကြသည်။ ၎င်းတို့သည် အယူဝါဒများကို ဟောပြောရန်နှင့် ကြွေးကြော်သံများကို ဟစ်ကြွေးရန်သာ သိကြသည်။ လူတို့က ၎င်းတို့ကို မေးခွန်းများမေးသည့်အခါ၊ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန် သီအိုရီ တစ်ပြုံတစ်ခေါင်းကို ပြောနိုင်သော်လည်း၊ လက်တွေ့တွင်မူ၊ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို ရှင်းလင်းစွာ လုံးဝ ရှင်းပြနိုင်ခြင်း မရှိကြပေ။ သို့ဖြစ်ပါလျက်၊ ၎င်းတို့က မိမိတို့ကိုယ်ကို သဘောပေါက်နားလည်နိုင်စွမ်းရှိပြီး သမ္မာတရားကို သိနားလည်မှုရှိသည်ဟု မှတ်ယူကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင်၊ လူတို့က ပြဿနာအတွက် ဖြေရှင်းချက်များကို ၎င်းတို့ထံ ရှာဖွေသည့်အခါ၊ သမ္မာတရားနှင့် ကိုက်ညီသောအဖြေများကို မပေးနိုင်ကြောင်း ၎င်းတို့ ရှင်းလင်းစွာ သိကြသော်လည်း၊ ခေါင်းဆောင်ကောင်းများနှင့် ဝိညာဉ်ရေးပြည့်ဝသောလူများအဖြစ် ဟန်ဆောင်နေကြဆဲဖြစ်သည်။ ဤသည်မှာ အတော်အတန် အရှက်ကင်းမဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အယောင်ဆောင် ခေါင်းဆောင်အများစုသည် တူညီသော လက္ခဏာတစ်ခုနှင့် တူညီသော ပြဿနာတစ်ခုကို မျှဝေခံစားကြရသည်- ယင်းမှာ အရှက်ကင်းမဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏ အဆင့်အတန်းနှင့် ဂုဏ်ပုဒ်ရှိခြင်း၊ ဝိညာဉ်ရေးရာ သီအိုရီများအကြောင်း ပြောဆိုနိုင်ခြင်းတို့က ၎င်းတို့ကို ဝိညာဉ်ရေးရာပြည့်ဝသည့်လူတစ်ဦး ဖြစ်စေသည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် အခြားသူများထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ တရားဒေသနာများ နားထောင်ခြင်းနှင့် ဘုရားအိမ်တော်မှ ဗီဒီယိုများကို ကြည့်ရှုခြင်းတို့တွင် အချိန်ပိုကုန်ဆုံးကြပြီး၊ အခြားသူများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း ပို၍ မိတ်သဟာယဖွဲ့ကြသောကြောင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်ကို ၎င်းတို့ လုပ်ဆောင်နိုင်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ဖြည့်ဆည်းနိုင်သည်ဟု ယုံကြည်ကြသည်။ သို့သော် အမှန်တရားမှာ အန္တိခရစ်များက ဘုရားသခင်ရွေးချယ်ထားသောလူများကို မရိုးမဖြောင့် အထင်အမြင်မှားစေပြီး နှောင့်ယှက်သည့် ကြီးမားသောကိစ္စရပ် ပေါ်ပေါက်လာသည့်အခါ၊ ၎င်းတို့သည် ကြည့်နေရုံမှတစ်ပါး မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် အင်အားမရှိကြသည့်အပြင်၊ ညီအစ်ကိုမောင်နှမများက ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိစေရန်၊ အန္တိခရစ်များကို မိမိတို့၏ စိတ်နှလုံးထဲမှ ငြင်းပယ်စေရန်နှင့် ထိုအန္တိခရစ်တို့၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ရှောင်ရှားနိုင်စေရန်အလို့ငှာ အန္တိခရစ်များနှင့် ဆက်စပ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ မည်သည့်အပိုင်းများအား အသုံးပြုရမည်ကို မသိကြပေ။ တစ်ခါတစ်ရံ ၎င်းတို့သည် စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သော်လည်း၊ ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ပြီးဖြစ်ကာ တရားဒေသနာများစွာကို နားထောင်ပြီးဖြစ်ကြောင်း၊ သာမန်လူတစ်ဦးထက် သမ္မာတရားကို ပို၍ နားလည်ပြီး ကျွမ်းကျင်စွာ ပြောဆိုနိုင်ကြောင်း ၎င်းတို့ တွေးထင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် “ကျွန်ုပ်သည် ဝိညာဉ်ရေးရာပြည့်ဝသည်။ ကျွန်ုပ် တရားဟောနိုင်သည်။ အန္တိခရစ်များက ဘုရားသခင်ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်သည့် ပြဿနာကို ကျွန်ုပ် မဖြေရှင်းနိုင်သော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အန္တိခရစ်များနှင့် ဆက်စပ်ပြီး ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသော်လည်း၊ ကျွန်ုပ် လုပ်ဆောင်သင့်သည့်အလုပ်ကို လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ ပြောဆိုသင့်သည့်အရာကို ပြောဆိုခဲ့ပြီးဖြစ်သည်။ ညီအစ်ကိုမောင်နှမများ နားလည်နိုင်သရွေ့၊အဆင်ပြေပါသည်”ဟု မကြာခဏ ကြွားဝါကြသည်။ နောက်ဆုံးရလဒ်က အဘယ်အရာဖြစ်သည်၊ ဘုရားသခင် ရွေးချယ်ထားသောလူများက ကာကွယ်ခံခဲ့ရခြင်း ရှိမရှိကိုမူ၊ မိမိတို့၏ စိတ်နှလုံးထဲတွင် ဤအရာနှင့်ပတ်သက်၍ မရှင်းလင်းကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လိမ္မာပါးနပ်သည်ဟု ထင်မှတ်ကာ ပြဿနာများကို ဖြေရှင်းသယောင်ဟန်ဆောင်ကြသော်လည်း၊ အဆုံးတွင်မူ၊ ကိစ္စရပ်များကို အမှန်တကယ် မဖြေရှင်းဘဲ စကားလုံးများနှင့် အယူဝါဒများစွာကိုသာ ပြောဆိုကြသည်။ ၎င်းတို့သည် အန္တိခရစ်များကို ဖော်ထုတ်ရန်နှင့် စိတ်ဖြာလေ့လာဆွေးနွေးရန် သမ္မာတရားကို မိတ်သဟာယမဖွဲ့နိုင်ကြပေ။ ထိုအစား၊ မိမိတို့ကိုယ်ကို မှန်ကြောင်းပြရန်နှင့် ကာကွယ်ရန် စကားလုံးများနှင့် အယူဝါဒများကိုသာ ရေပက်မဝင်အောင်ပြောဆိုကြပြီး၊ တစ်နာရီ သို့မဟုတ် နှစ်နာရီကြာ ပြောဆိုကာ လူတို့ကို လုံးဝ စိတ်ရှုပ်ထွေးသွားစေပြီး၊ မူလက ၎င်းတို့ နားလည်ခဲ့သည့်အရာများကိုပင် မသဲမကွဲဖြစ်သွားစေသည်။ ညီအစ်ကိုမောင်နှမများကို အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းမှ ကယ်ဆယ်ရန် ပျက်ကွက်ကြသည့်အပြင်၊ ၎င်းတို့အား အန္တိခရစ်များအပေါ် ပိုင်းခြားသိမြင်နိုင်စေပြီး မိမိတို့၏ စိတ်နှလုံးထဲမှ ငြင်းပယ်နိုင်စေရန် ပျက်ကွက်သည်။ ညီအစ်ကိုမောင်နှမများကို ကာကွယ်ပေးခြင်းနှင့်ဆိုင်သည့် ရလဒ်ကို ၎င်းတို့ လုံးဝ မစွမ်းဆောင်နိုင်ခဲ့ကြပေ။ ဤအကျိုးဆက်ကို ၎င်းတို့ မြင်နိုင်လျှင်ပင်၊ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏ ပင်ကိုလက္ခဏာကို တောင်းဆိုကြဆဲဖြစ်ပြီး အခြားသူများနှင့်အတူ သမ္မာတရားကို ရှာဖွေရန် မိမိတို့ကိုယ်ကို နှိမ့်ချခြင်း မရှိသည့်အပြင်၊ဖြေရှင်းချက်များ ရှာဖွေရန် ပြဿနာကို အထက်သို့ တင်ပြခြင်းလည်း မရှိကြပေ။ ထိုသို့သောလူများသည် လူလိမ်လူညစ်များ မဟုတ်လော။ သင်သည် ဘာမျှမဟုတ်သည့်တိုင် ဟန်ဆောင်နေသေးသည်။ မည်သည့်အရာအတွက် သင် ဟန်ဆောင်နေသနည်း။ သင်သည် ခေါင်းဆောင်တစ်ဦး မဖြစ်နိုင်သည့်အတွက်၊ ရာထူးမှဆင်းပြီး အခြားတစ်နေရာတွင် သွား၍ ဟန်ဆောင်သင့်သည်။ ဘုရားသခင်ရွေးချယ်ထားသောလူများကို သင် မထိခိုက်ရပေ။ သင် ဟန်ဆောင်နေစဉ်တွင်၊ အန္တိခရစ်များသည် လူတို့ကို နှောင့်ယှက်ပြီး ထိန်းချုပ်ကာ၊ လူများစွာကို အထင်အမြင်မှားစေပြီး ဒုက္ခပေးသည့် ဆိုးယုတ်သောအမှုများစွာကို လုပ်ဆောင်ရန် အခွင့်အရေးကို ရယူကြသည်။ ဤအတွက် မည်သူက တာဝန်ယူမည်နည်း။ မည်သူက တာဝန်ရှိသည်ကို ဘုရားအိမ်တော်က ဖော်ထုတ်လိမ့်မည်။
အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အန္တိခရစ်အဖြစ်အပျက်များကို ကိုင်တွယ်ဖြေရှင်းသည့်အခါ မည်သည့်လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်ကြသည့်အပြင်၊ အန္တိခရစ်များကိုလည်း ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ အန္တိခရစ်များက ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေပြီး ထိန်းချုပ်သည့် ကာလအတောအတွင်းတွင်၊ ၎င်းတို့သည် အန္တိခရစ်များ၏ ဒုစရိုက်အမှုများနှင့် အနှစ်သာရကို မည်သည့်အခါမျှ အမှန်တကယ် မဖော်ထုတ်ကြသည့်အပြင်၊ ၎င်းတို့ကို ရှင်းလင်းစွာ ရှင်းပြနိုင်ခြင်းလည်း မရှိကြပေ။ နောက်ပိုင်းတွင်၊ ပိုင်းခြားသိမြင်နိုင်စွမ်းရှိသော ဘုရားသခင်ရွေးချယ်ထားသည့်လူအချို့က အန္တိခရစ်များကို ဖော်ထုတ်ပြီး နှင်ထုတ်ကာ၊ ဤခေါင်းဆောင်အယောင်ဆောင်များက ယင်းကို မိမိတို့၏ကိုယ်ပိုင်အောင်မြင်မှုဖြစ်သည်ဟု ခံစားကြသည်။ အန္တိခရစ်များ နှင်ထုတ်ခံရပြီးနောက်၊ ၎င်းတို့သည် အကျဉ်းချုပ်တစ်ခု ပြုလုပ်ပြီး အယူဝါဒအချို့ကို ပြောဆိုကြသည်- “ကြည့်ပါ၊ အန္တိခရစ်များ ပြောဆိုလုပ်ဆောင်သည့်အခါ၊ အသင်းတော်အသက်တာက မူမမှန်ဖြစ်လာသည်။ လူတို့ နှောင့်ယှက်ခြင်းခံရကာ၊ ၎င်းတို့၏အသက်တာတွင် ဆုံးရှုံးမှုများကို ခံစားကြရသည်။ အန္တိခရစ်များ၏ ဒုက္ခပေးခြင်းကို ရှောင်ရှားရန်၊ ကျွန်ုပ်တို့သည် အန္တိခရစ်များ၏ လုပ်ဆောင်ချက်များ၊ စကားများ၊ လူ့သဘာဝ၊ အနှစ်သာရ စသည်တို့ကို ပိုင်းခြားသိမြင်ရမည်၊ ဤအရာအားလုံးကို ကျွန်ုပ်တို့ နားလည်သင့်သည်။ ကျွန်ုပ်တို့အနေဖြင့် မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်နိုင်ရန်၊ ပိုင်းခြားသိမြင်နိုင်စွမ်းတွင် ကြီးထွားလာရန်နှင့် ကျွန်ုပ်တို့၏ ဝိညာဉ်ရင့်ကျက်မှုကို တတ်နိုင်သမျှ အမြန်ဆုံး တိုးပွားစေရန်အလို့ငှာ ဘုရားသခင်သည် အန္တိခရစ်များအား အမှုအရာများ လုပ်ဆောင်ခွင့်ပေးပြီး ၎င်းတို့၏ကိုယ်ပိုင်အကျည်းတန်မှုကို ဖော်ထုတ်ခွင့်ပေးလျက်၊ အန္တိခရစ်များကို ထုတ်ဖော်ရင်း၊ အသင်းတော်တွင် အန္တိခရစ်များကို ထွက်ပေါ်ခွင့်ပေးသည်။ ဤအရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များ ရှိသည်။ ယခု ငါတို့သည် အန္တိခရစ်များကို ပိုင်းခြားသိမြင်ပြီးဖြစ်၍ ၎င်းတို့၏ ဘောင်ခတ်ခြင်းကို မခံရတော့ပါ။ လူတိုင်းက ၎င်းတို့ကို ငြင်းပယ်နိုင်ကြသည်။ ဤသည်မှာ ဂုဏ်ပြုထိုက်သော ကိစ္စရပ်တစ်ခု ဖြစ်သည်” ဟူ၍ ဖြစ်သည်။ အဆုံးတွင်၊ အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့သည် လက်တွေ့အလုပ်များစွာကို လုပ်ဆောင်ခဲ့ပြီး၊ ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ကာ၊ အန္တိခရစ်များကို နှင်ထုတ်ရာတွင် သိသာထင်ရှားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့်အလား ပြောဆိုလျက်၊ အရာရှိတစ်ဦး၏ လေသံကို ယူပြီး မိမိတို့၏ အကျဉ်းချုပ်ကို ပြောဆိုကြသည်။ ဤသည်မှာ အတော်အတန် အရှက်မရှိခြင်း မဟုတ်လော။ သိသာထင်ရှားစွာပင်၊ အစမှအဆုံးတိုင်၊ အန္တိခရစ်တစ်ဦးက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိခဲ့ပေ။ အန္တိခရစ်များက လူတို့အား မည်သို့ အထင်အမြင်မှားစေသည်၊ ဘုရားသခင်ရွေးချယ်ထားသောလူများအပေါ် မည်သည့်အရာကို လုပ်ဆောင်သည် သို့မဟုတ် အန္တိခရစ်များ၏ စိတ်သဘောထား အနှစ်သာရက အဘယ်အရာဖြစ်သည်ဟူသည်တို့ကို ၎င်းတို့ နားမလည်ကြသော်လည်း၊ ၎င်းတို့က အလုပ်များစွာကို လုပ်ဆောင်ပြီးဖြစ်သည့်အလား ဟန်ဆောင်ကြသည်။ အန္တိခရစ်များကို ပိုင်းခြားသိမြင်ပြီး အသင်းတော်မှ နှင်ထုတ်ခဲ့သူက ညီအစ်ကို မောင်နှမများဖြစ်သည်မှာ သိသာထင်ရှားလှပေသည်။ အယောင်ဆောင် ခေါင်းဆောင်များက ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အခန်းကဏ္ဍကို လုပ်ဆောင်ခဲ့ခြင်း မရှိ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ဖြည့်ဆည်းခြင်း မရှိခဲ့သည်မှာ သိသာထင်ရှားလှသော်လည်း၊ ၎င်းတို့သည် အရာအားလုံးကို အဝေးကြီးကတည်းက ကြိုတင်စီစဉ်ခဲ့ပြီးဖြစ်သည့်အလား၊ ယခုအခါတွင် မိမိတို့၏လုပ်ဆောင်ချက်များက ရလဒ်များထွက်ပေါ်ခဲ့ပြီး ကြီးမားသောအောင်မြင်မှုတစ်ခုဖြစ်ခဲ့ကြောင်း ညီအစ်ကို မောင်နှမများကို ပြောပြနေသည့်အလား၊ အကျဉ်းချုပ်တစ်ခု ပြုလုပ်ကာ မိမိတို့ကိုယ်တိုင်အတွက် ဂုဏ်ယူကြဆဲဖြစ်သည်။ ဤသည်မှာ အရှက်မရှိခြင်း မဟုတ်လော။ သင်သည် အဘယ်ကြောင့် ထိုသို့သော အရာရှိဟန်ပန်ဖြင့် ပြောဆိုနေရသနည်း။ သင်သည် မည်သည့်လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်ဘဲ အရာရှိတစ်ဦးကဲ့သို့ ပြောဆိုနေသည်။ သင်သည် အဆင်းနီသော နဂါးကြီး၏ အရာရှိတစ်ဦးလော။ ထိုသို့သောလူများသည် ဖာရိရှဲများ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ကြွေးကြော်သံများကို ဟစ်ကြွေးရန်နှင့် အယူဝါဒများကို ဟောပြောရန်သာ သိကြသည်။ အမှုအရာများ ဖြစ်ပျက်သည့်အခါ၊ မှန်ကန်စွာ ကိုင်တွယ်ရန် ၎င်းတို့ ပျက်ကွက်သည်သာမက၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းလည်း မရှိကြပေ။ ၎င်းတို့သည် အဓိပ္ပာယ်မရှိသော စကားများကိုသာ ရေပက်မဝင်အောင်ပြောဆိုပြီး စည်းမျဉ်းများကို ကြောင်းကျိုးမမြင်ဘဲ ကျင့်သုံးကြသည်။ ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ အခြေခံအားဖြင့် မဖြေရှင်းနိုင်ကြပေ။ အမှုအရာများ ကုန်လွန်သွားပြီးနောက်၊ ၎င်းတို့သည် မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား ပြုမူကြပြီး၊ လူကောင်းများအဖြစ် ဟန်ဆောင်ကာ၊ ဗြောင်ကျကျ အရှက်ကင်းမဲ့စွာဖြင့် မိမိတို့ကိုယ်တိုင်အတွက် ဂုဏ်ယူကြသည်။ ဤလူများသည် စံပြ ဖာရိရှဲများ ဖြစ်ကြသည်။ ၎င်းတို့သည် အယူဝါဒများကိုသာ ဟောပြောနိုင်ကြသည်၊ ကြွေးကြော်သံများကိုသာ ဟစ်ကြွေးနိုင်ကြသည်၊ အားထုတ်မှုအချို့ကိုသာ ပြုလုပ်နိုင်ကြပြီး ဆင်းရဲဒုက္ခအချို့ကိုသာ ကြံ့ကြံ့ခံနိုင်ကြလေသည်။ ၎င်းတို့အနေဖြင့် မည်သည့်လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်နိုင်သော်လည်း ဝိညာဉ်ရေးရာပြည့်ဝသည့် လူများအဖြစ် ဟန်ဆောင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် ဖာရိရှဲများ ဖြစ်ကြသည်။ ယင်းမှာဤအယောင်ဆောင် ခေါင်းဆောင်မျိုး၏ အနှစ်သာရ ဖြစ်သည်။ ၎င်းတို့သည် လူတိုင်း၏ရှေ့တွင် အယူဝါဒများစွာကို ဟောပြောနိုင်သည်၊ သို့ဆိုလျှင် အဘယ်ကြောင့် အန္တိခရစ်များကို ဖော်ထုတ်ပြီး မကိုင်တွယ်နိုင်ကြသနည်း။ ၎င်းတို့သည် နာရီပေါင်းများစွာ တရားဟောနိုင်ပြီး အလွန်အပြောကောင်းကြသည်။ သို့ဆိုလျှင် လက်တွေ့ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ၊ အထူးသဖြင့် အန္တိခရစ်များ၏ ဒုစရိုက်အမှုများနှင့် ရင်ဆိုင်ရသည့်အခါ၊ အဘယ်ကြောင့် ၎င်းတို့ကို မကိုင်တွယ်နိုင်ဘဲ၊ ဆွံ့အသွားပုံ ပေါ်ရသနည်း။ ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းမှာ ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းသောကြောင့် ဖြစ်သည်။ မည်မျှအထိ ညံ့ဖျင်းသနည်း။ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြပေ။ ၎င်းတို့သည် ပညာတတ်ပြီး ဉာဏ်ကောင်းကြသည်၊ အပြင်ပန်း ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် အတော်ပင် လိမ္မာပါးနပ်ကြပြီး၊ ဥပဒေကို အနည်းငယ် နားလည်ကြသည်။ သို့သော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ဝိညာဉ်ရေးရာ ကိစ္စရပ်များနှင့် အမျိုးမျိုးသော ပဓာနကျသည့် ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသည့်အပြင် မည်သည့်အရာကိုမျှ ထိုးထွင်းမသိမြင်နိုင်ဘဲ မည်သည့်သမ္မာတရား စည်းမျဉ်းများကိုမျှလည်း ရှာမတွေ့နိုင်ကြပေ။ မည်သည့်ပြဿနာမျှ မရှိသည့်အခါ၊ ၎င်းတို့သည် မိမိ၏ဖမ်းမိမည့်ငါးကို စောင့်ဆိုင်းနေသော တံငါသည်တစ်ဦးလောက် အေးဆေးတည်ငြိမ်စွာ ထိုင်နေကြသော်လည်း၊ ပြဿနာများပေါ်ပေါက်လာသည့်အခါ၊ ၎င်းတို့သည် သနားစရာကောင်းသော အသွင်အပြင်ကို ထုတ်ဖော်လျက် ရယ်ဖွယ်ကောင်းသော လူပြက်များကဲ့သို့၊ ဒယ်အိုးပူပေါ်တွင်ရှိသည့် ပုရွက်ဆိတ်များကဲ့သို့ ပြုမူကြလေသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် အလွန်အလေးအနက်ထားပြီး တည်ကြည်စွာ ပြုမူကြသည်။ ၎င်းတို့ တည်ကြည်မှုမရှိသည့်အခါ၊ ပုံမှန်ဖြစ်ပုံရသော်လည်း၊ ၎င်းတို့ တည်ကြည်လာသည့်အခါ၊ ယင်းက လူတို့ကို အမှန်တကယ် ရယ်မောစေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ တည်ကြည်သည့်အခါ၊ ၎င်းတို့သည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများနှင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော စကားများကိုသာ ပြောဆိုကြပြီး ထိုအရာအားလုံးသည် အတွေ့အကြုံမရှိသူ၏ မှတ်ချက်များသာ ဖြစ်သောကြောင့် ဖြစ်သည်။ သို့တိုင်၊ ၎င်းတို့သည် မျက်နှာထားတည်တည်ဖြင့် တည်ကြည်မှုကို ထိန်းသိမ်းထားကြသည်၊ ဤသည်မှာ ရယ်စရာကောင်းသည် မဟုတ်လော။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့အား ဖြေဆိုရန် အရေးကြီးသော မေးခွန်းအချို့ကို မေးမြန်းပါက၊ ၎င်းတို့ အထူးပင် စိတ်အနှောင့်အယှက်ဖြစ်ပုံရလျက် စိတ်ရှုပ်ထွေးပြီး အာစေးမိသွားကြသည်။ ၊ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များစွာ ရှိသည်။ ၎င်းတို့၏ အဓိကသရုပ်သကန်များမှာ ညံ့ဖျင်းသော အစွမ်းအစနှင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်သောသူများ ဖြစ်ကြသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဝိညာဉ်ရေးရာ ကိစ္စရပ်များ၊ သမ္မာတရားပါဝင်သော ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ၊ ရှေးခေတ် ဂရိဘာသာစကားကို ဘာသာပြန်ဖို့ ကြိုးစားနေကြသကဲ့သို့ဖြစ်သည်။ ၎င်းတို့မည်သည့်အရာကိုမျှ နားမလည်ကြပေ။ သို့ဖြစ်ပါလျက်၊ ၎င်းတို့က “ကျွန်ုပ်သည် ဝိညာဉ်ရေးရာပြည့်ဝသည်။ ကျွန်ုပ်သည် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်သည် သမ္မာတရားများစွာကို နားလည်သည်။ သင်တို့သည် ယုံကြည်သူအသစ်များဖြစ်ကြသည်၊ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ကာစဖြစ်ပြီး သမ္မာတရားကို နားမလည်ကြသေးပါ။ သင်တို့သည် ယုံကြည်အားထား၍မရပါ” ဟုဆိုကာ ဟန်ဆောင်နေကြဆဲ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ခဲ့ပြီး သမ္မာတရားကို နားလည်သကဲ့သို့ မိမိကိုယ်ကို အထင်ကြီးနေကြသည်။ ထိုသို့သောလူများသည် မုန်းတီးဖွယ်ကောင်းသည့်အပြင် ရယ်စရာလည်းကောင်းလှသည်။ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များ၏ သရုပ်သကန်များနှင့်ပတ်သက်သည့် မိတ်သဟာယက ဤနေရာတွင် အဆုံးသတ်သည်။
၃။ အန္တိခရစ်များ၏ အကာအကွယ်ပေးသူအဖြစ် ဆောင်ရွက်ခြင်း
သာ၍ပင် မုန်းတီးဖွယ်ကောင်းသော နောက်ထပ် အယောင်ဆောင် ခေါင်းဆောင်တစ်မျိုး ရှိသည်။ ၎င်းတို့သည် အန္တိခရစ်များကို ဖော်ထုတ်ရန် ပျက်ကွက်သည်သာမက၊ အသင်းတော်၏အလုပ်ကို နှောင့်ယှက်သည့် အန္တိခရစ်များ၏ ဒုစရိုက်အမှုများကို လိုက်လျောရန် မေတ္တာဖြင့်ကူညီခြင်းကို ဆင်ခြေအဖြစ် အသုံးပြုလျက် အန္တိခရစ်များကို အကာအကွယ်ပေးသူများအဖြစ်လည်း ဆောင်ရွက်ကြသည်။ အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေရန် မှားယွင်းသော အယူအဆမည်မျှ ဖြန့်ဝေသည်ဖြစ်စေ၊ ဤအယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ကို ချေပခြင်း သို့မဟုတ် ဖော်ထုတ်ခြင်းမပြုသည်သာမက၊ အန္တိခရစ်များအား မိမိတို့၏သဘောထားအမြင်များကို လွတ်လပ်စွာဖော်ပြရန်နှင့် ထုတ်ဖော်ပြောဆိုရန် အခွင့်အရေးများကိုပင် ပေးကြသည်။ ဘုရားသခင်ရွေးချယ်ထားသောလူများက မည်သည့် နှောင့်ယှက်မှုများ၊ အထင်အမြင်မှားစေခြင်း သို့မဟုတ် ထိခိုက်နစ်နာမှုမျိုးများကို ခံစားရသည်ဖြစ်စေ၊ ၎င်းတို့က ဂရုမစိုက်မြဲဖြစ်နေသည်။ အချို့လူများက “ဤပုဂ္ဂိုလ်များသည် အန္တိခရစ်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ချုပ်ချယ်ကန့်သတ်ခြင်း ခံရသင့်သောသူများ ဖြစ်ကြသည်။ ၎င်းတို့ကို ရာထူးတိုးပေးခြင်း သို့မဟုတ် ပျိုးထောင်ပေးခြင်း မပြုသင့်သည့်အပြင်၊ ၎င်းတို့ကို သေချာပေါက် မကာကွယ်သင့်ပေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို လုံလောက်အောင် ထိခိုက်နစ်နာစေပြီး ဖြစ်သည်။ ၎င်းတို့နှင့် စာရင်းရှင်းရန်လည်းကောင်း၊ ၎င်းတို့ကို စေ့စေ့စပ်စပ် ဖော်ထုတ်ပြီး ကိုင်တွယ်ရန်လည်းကောင်း အချိန်ကျပြီဖြစ်သည်”ဟု ထောက်ပြသည့်အခါတွင်ပင်၊ အယောင်ဆောင် ခေါင်းဆောင်များက အန္တိခရစ်များအတွက် ရှေ့ထွက်၍ ပြောဆိုကြသည်။ အန္တိခရစ်များ၏ အသက်၊ ဘုရားသခင်ကို ယုံကြည်သည့်နှစ်ကာလများနှင့် ယခင်က ပံ့ပိုးကူညီမှုများကဲ့သို့သော အချက်များကို ထည့်သွင်းစဉ်းစားလျက်၊ ၎င်းတို့သည် အန္တိခရစ်များအတွက် ပြောဆိုပေးရန်နှင့် ခုခံကာကွယ်ပေးရန် အမျိုးမျိုးသော ဆင်ခြေများကို အသုံးပြုကြသည်။ အထက်အဆင့်ခေါင်းဆောင်များက အလုပ်ကို စစ်ဆေးရန် သို့မဟုတ် အန္တိခရစ်များကို ကိုင်တွယ်ရန် လာသည့်အခါ၊ အယောင်ဆောင် ခေါင်းဆောင်များက ညီအစ်ကိုမောင်နှမများအား အန္တိခရစ်များ၏ ဒုစရိုက်အမှုများနှင့်ဆိုင်သော အဖြစ်မှန်များကို အထက်သို့ တင်ပြခြင်းမှ တားဆီးကြသည်။ ၎င်းတို့သည် အထက်အဆင့်ခေါင်းဆောင်များက အသင်းတော်ကို အန္တိခရစ်များ နှောင့်ယှက်နေသည်ကို သတိမထားမိစေရန် အသင်းတော်ကို ပိတ်ဆို့သည်အထိပင် ပြုလုပ်ကြသည့်အပြင်၊ ပိုင်းခြားသိမြင်နိုင်စွမ်းရှိသော ညီအစ်ကိုမောင်နှမများအားလည်း အန္တိခရစ်များကို ဖော်ထုတ်ခြင်းမှ တားဆီးကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက မည်သည့်ဆင်ခြေများကို အသုံးပြုသည်ဖြစ်စေ သို့မဟုတ် အန္တိခရစ်များ၏ အကာအကွယ်ပေးသူအဖြစ် ဆောင်ရွက်ရန် မည်သည့် ရည်ရွယ်ချက်များ ရှိသည်ဖြစ်စေ၊ ထိုသို့လုပ်ဆောင်ရာတွင်၊ ၎င်းတို့သည် နောက်ဆုံး၌ အန္တိခရစ်များ၏ အကျိုးစီးပွားများကို ကာကွယ်နေခြင်းဖြစ်ပြီး၊ အသင်းတော်နှင့် ဘုရားသခင်ရွေးချယ်ထားသောလူများ၏ အကျိုးစီးပွားများကိုမူ သစ္စာဖောက်နေခြင်း ဖြစ်သည်။ ၎င်းတို့က “အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြပြီး ဘုရားအိမ်တော်တွင် ပြောဆိုပိုင်ခွင့်ရှိသည်”ဟူသည်နှင့် “သူတို့သည် ယခင်က အန္တရာယ်ရှိသော တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသည်၊ ဘုရားအိမ်တော်သည် သူတို့၏ ယခင်က ပံ့ပိုးကူညီမှုများကို ထည့်သွင်းစဉ်းစားသင့်သည်” ဟူသကဲ့သို့သော အမျိုးမျိုးသော ဆင်ခြေများကို အသုံးပြုကာ အန္တိခရစ်များကို ကာကွယ်ကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းမရှိအောင် တားဆီးကြပြီး အထက်အဆင့်ခေါင်းဆောင်များကို ထိုအန္တိခရစ်တို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများအကြောင်း သိရှိခွင့်မပေးကြပေ။ တစ်ချိန်တည်းတွင် ၎င်းတို့ကိုယ်တိုင်ကလည်း အန္တိခရစ်များကို မဖော်ထုတ်သည့်အပြင် သေချာပေါက် မပြုပြင်ကြပေ။ ဤအန္တိခရစ်များသည် ၎င်းတို့၏ မိသားစုဝင်များ၊ ရင်းနှီးသောမိတ်ဆွေများ ဖြစ်ကောင်းဖြစ်နိုင်သည် သို့မဟုတ် သာ၍ ဖြစ်နိုင်ခြေများမှာ၊ ၎င်းတို့ ပုဂ္ဂိုလ်ရေးကိုးကွယ်ပြီး စိတ်ခံစားမှုအရ စွန့်လွှတ်ရန် ခက်ခဲသောလူများ ဖြစ်ကောင်းဖြစ်နိုင်သည်။ အခြေအနေမည်သို့ပင်ဖြစ်စေ၊ ဤလူများသည် အန္တိခရစ်များဖြစ်ကြောင်း ၎င်းတို့ သိရှိပြီး ထိုလူတို့၏ ဒုစရိုက်အမှုများကို ဆက်လက်၍ ကာကွယ်ပေးနေသရွေ့၊ အခြားသူများအား ထိုသူတို့ကို မေတ္တာဖြင့်ဆက်ဆံရန် ပြောဆိုနေသရွေ့၊ ဘုရားသခင်ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်ရန် အမျိုးမျိုးသော မှားယွင်းသည့် အယူအဆများကို ဖြန့်ဝေဖို့အတွက် အန္တိခရစ်များကို အခွင့်အရေးများပေးရန် အမျိုးမျိုးသော နည်းလမ်းများကိုပင် အသုံးပြုနေသရွေ့၊ ဤသရုပ်သကန်များက ၎င်းတို့အနေဖြင့် အန္တိခရစ်များအတွက် အကာအကွယ်ပေးသူများအဖြစ် ဆောင်ရွက်နေကြောင်း ပြသနေသည်။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များသည် အခြားသော နယ်ပယ်များတွင် လက်တွေ့အလုပ်အနည်းငယ်ကို လုပ်ဆောင်ခဲ့ပြီးဖြစ်နိုင်သော်လည်း၊ အန္တိခရစ်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များအတိုင်း မကိုင်တွယ်ကြပေ။ ထို့ထက်ပင်ပို၍၊ ၎င်းတို့သည် ဘုရားအိမ်တော်မှ သတ်မှတ်ထားသည့်အတိုင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို မဖြည့်ဆည်းကြပေ။ အသင်းတော်တွင် လူတို့ကို အထင်အမြင်မှားစေရန် အယူအဆများ၊ အပျက်သဘောဆောင်သော စိတ်ခံစားမှုများ၊ အယူမှားများနှင့် မှားယွင်းသော အယူအဆများကို အန္တိခရစ်တို့ ဖြန့်ဝေခြင်းအား အကြီးမားဆုံး အတိုင်းအတာဖြင့် ၎င်းတို့ မတားဆီးကြပေ။ ထိုအစား၊ ၎င်းတို့သည် အန္တိခရစ်များ ပြောဆိုသည့် အမှန်ဟုထင်ရသော်လည်း စင်စစ်မှားနေသော အယူဝါဒများအပြင်၊ အသိပညာ သို့မဟုတ် စာတန်၏ အတွေးအခေါ်ကို အခြေခံသည့် ၎င်းတို့၏ ဖော်ပြချက်များနှင့် မှတ်ချက်များကိုပါ အပြုသဘောဆောင်သော အရာများအဖြစ် မကြာခဏ ထောက်ခံကြသည်။ ဤအရာအားလုံးသည် ၎င်းတို့က အန္တိခရစ်များအတွက် အကာအကွယ်ပေးသူများအဖြစ် ဆောင်ရွက်နေခြင်း၏ သရုပ်သကန်များ ဖြစ်ကြသည်။ လူ့အဖွဲ့အစည်းတွင် မိမိတို့၏ သြဇာအာဏာကို တန်ဖိုးထားသောကြောင့် အန္တိခရစ်များကို ကိုင်တွယ်ဖြေရှင်းခြင်းမရှိသည့် အယောင်ဆောင် ခေါင်းဆောင်အချို့လည်း ရှိသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့က “ညီအစ်ကိုမောင်နှမအများစုသည် လူ့အဖွဲ့အစည်း၏ အောက်ခြေလွှာမှဖြစ်ပြီး သြဇာအာဏာမရှိကြပါ။ ဤလူသည် ဆိုးယုတ်သော လူ့သဘာဝရှိသည့် အန္တိခရစ်တစ်ဦးဖြစ်သော်လည်း၊ လောကတွင် တန်ခိုးအာဏာနှင့် သြဇာလွှမ်းမိုးမှုရှိပြီး စွမ်းဆောင်နိုင်သူများ ဖြစ်ကြသည်။ ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်က အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ၊ ကျွန်ုပ်တို့ကို ကာကွယ်ရန် ရှေ့ထွက်မည့် စွမ်းဆောင်နိုင်သူတစ်ဦးကို ကျွန်ုပ်တို့ မလိုအပ်ဘူးလော။ ထို့ကြောင့်၊ သူတို့၏ မှားယွင်းသောလုပ်ဆောင်မှုများကို မသိကျိုးကျွန်ပြုပြီး ထိုအကြောင်းကို သိပ်အလေးအနက်မထားဘဲ နေကြစို့”ဟု ပြောဆိုကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့အတွက် အန္တိခရစ်များက ရှေ့ထွက်ရပ်တည်ပေးရန်နှင့် ကျောထောက်နောက်ခံပြုပေးရန်အလို့ငှာ ထိုအန္တိခရစ်များအတွက် အကာအကွယ်ပေးသူများအဖြစ် ဆောင်ရွက်ရန် လိုလားကြသည်။ ဤသို့သော အရာမျိုးသည်လည်း အယောင်ဆောင်ခေါင်းဆောင်များအတွက် ရှက်ဖွယ်ကိစ္စ မဟုတ်ပေ။ မှားယွင်းသော သဘောထားအမြင်တစ်ခု ကိုင်စွဲထားသည့် အယောင်ဆောင် ခေါင်းဆောင်အချို့လည်း ရှိသေးသည်။ ၎င်းတို့က “အချို့သော အန္တိခရစ်များသည် လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းနှင့် သြဇာလွှမ်းမိုးမှုရှိသည်။ သူတို့တွင် ဩဇာတိက္ကမ ရှိသည်။ ကျွန်ုပ်တို့၏ အသင်းတော်တွင် ထိုသို့သော ပုဂ္ဂိုလ်နှစ်ဦးရှိသည်။ သူတို့သည် အန္တိခရစ်များဖြစ်ကြသော်လည်း၊ အကယ်၍ ကျွန်ုပ်တို့က သူတို့ကို ရှင်းလင်းပစ်ပါက၊ လူတို့က ကျွန်ုပ်တို့၏ အသင်းတော်တွင် စွမ်းဆောင်နိုင်သူများမရှိဟု တွေးထင်ကြလိမ့်မည်ဖြစ်ပြီး၊ ဘာသာရေးအသိုင်းအဝိုင်းတွင်ရှိသူတို့က ကျွန်ုပ်တို့ကို အထင်သေးကြလိမ့်မည်။ မျက်နှာပန်းလှဖို့အတွက် သူတို့ကို အနီးအနားတွင် ထားရှိရန် လိုအပ်သည်။ ထို့ကြောင့်၊ ဤလူနှစ်ဦးသည် ကျွန်ုပ်တို့၏ အသင်းတော်၏ ရတနာများဖြစ်ကြသည်။ မည်သူကမျှ သူတို့ကို ပိုင်းခြားသိမြင်ခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်း ပြု၍မဖြစ်ပါ။ သူတို့ကို ကာကွယ်ရမည်”ဟု ပြောဆိုကြသည်။ ဤသည်မှာ မည်သည့် ဆင်ခြင်တွေးခေါ်မှုစနစ်မျိုး ဖြစ်သနည်း။ ၎င်းတို့သည် အန္တိခရစ်များကို ပါရမီရှိသူများအဖြစ် မှတ်ယူသောကြောင့် ၎င်းတို့ကို ကာကွယ်ကြသည်။ ဤအယောင်ဆောင် ခေါင်းဆောင်များသည် လူယုတ်မာများ မဟုတ်လော။ (ဟုတ်ပါသည်။) အခြေအနေများ မည်သို့ပင်ဖြစ်စေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက အန္တိခရစ်များကို အသင်းတော်တွင် မိမိတို့အလိုရှိသမျှကို လုပ်ဆောင်ရန်နှင့် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ရန် ခွင့်ပြုနေသရွေ့၊ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များ ဖြစ်ကြသည်။ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများက မှားယွင်းသော အယူအဆများကို မည်သို့ပင် ဖြန့်ဝေသည်ဖြစ်စေ လူမည်မျှ အထင်အမြင်မှားစေခြင်းကို ခံရသည်ဖြစ်စေ ၎င်းတို့က အပြုသဘောဆောင်သော ပုဂ္ဂိုလ်များကို မည်သို့ တိုက်ခိုက်ပြီး ဖယ်ကြဉ်သည်ဖြစ်စေ ဘုရားသခင်ရွေးချယ်ထားသောလူမည်မျှကို ၎င်းတို့ ဒုက္ခပေးသည်ဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များက ယင်းကို လျစ်လျူရှုပြီး မသိချင်ယောင်ဆောင်ကြသည်။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်သရွေ့၊ ၎င်းတို့အတွက် အဆင်ပြေသည်။ ဤသည်တို့မှာ အယောင်ဆောင် ခေါင်းဆောင်များ၏ အဓိကသရုပ်သကန်များ ဖြစ်ကြသည်။ အန္တိခရစ်များက မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ သို့မဟုတ် လုပ်ဆောင်သည်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ငြင်းပယ်နိုင်စေရန်အလို့ငှာ အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့ကို ဖော်ထုတ်ခြင်း၊ စိတ်ဖြာလေ့လာဆွေးနွေးခြင်း သို့မဟုတ် ချုပ်ချယ်ကန့်သတ်ခြင်း မပြုကြပေ။ ထိုအစား၊ အန္တိခရစ်များကို မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များကဲ့သို့ ပြုစုပျိုးထောင်ကြသည်။ ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးများကဲ့သို့ အစေခံပြီး ကာကွယ်ကြသည်။ ၎င်းတို့အား လမ်းဖွင့်ပေးကြပြီး၊ ၎င်းတို့ သရုပ်ဆောင်ရန်အတွက် အမျိုးမျိုးသော အခွင့်အရေးများကို ဖန်တီးပေးကြသည်။ ၎င်းတို့က အန္တိခရစ်များအား မိမိတို့၏လွတ်လပ်ခွင့်ကို အပြည့်အဝ ခံစားခွင့်ပေးနေစဉ်တွင် မည်သူ၏ အကျိုးစီးပွားများက စတေးခံနေရသနည်း။ (ဘုရားသခင်ရွေးချယ်ထားသောလူများ၏ အကျိုးစီးပွားများ ဖြစ်ပါသည်။) အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင်ရွေးချယ်ထားသောလူများကို ကာကွယ်ရန် ပျက်ကွက်သည်သာမက၊ အန္တိခရစ်များကို အသင်းတော်တွင် ကြီးကြပ်ခွင့်ပေးပြီး၊ ညီအစ်ကိုမောင်နှမများကို အန္တိခရစ်များအတွက် နွားများ၊ မြင်းများကဲ့သို့၊ ကျွန်များကဲ့သို့ အစေခံစေကာ၊ အန္တိခရစ်များ၏ အမိန့်များကို လိုက်နာစေကြသည်။ ၎င်းတို့၏ မှားယွင်းသော မှတ်ချက်များ၊ အတွေးအခေါ်များနှင့် သဘောထားအမြင်များကို လက်ခံစေသည်။ ၎င်းတို့၏ ထိန်းချုပ်မှုကို လက်ခံစေပြီး၎င်းတို့ပြုလုပ်သည့် ဆိုးရွားသော ထိခိုက်နစ်နာမှုကိုပင် လက်ခံစေသည်၊ စသည်ဖြင့်ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ လုပ်ဆောင်သည့်အလုပ် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ရွေးချယ်ထားသောလူများကို အန္တိခရစ်များက ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းမရှိအောင် အကြီးမားဆုံး အတိုင်းအတာအထိ တားဆီးနေကြသလော။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ဖြည့်ဆည်းခဲ့ပြီးပြီလော။ ၎င်းတို့သည် ဘုရားသခင်ရွေးချယ်ထားသော လူများအား ကာကွယ်ခြင်းအလုပ်ကို လုပ်ဆောင်ပြီးပြီလော။ (မလုပ်ဆောင်သေးပါ။) တိုတိုပြောရလျှင်၊ အကြောင်းရင်းက မည်သို့ပင်ဖြစ်စေ၊ အန္တိခရစ်များကို မည်သည့်အလုပ်မျှမလုပ်ဘဲ မိမိတို့အလိုရှိသလို ပြုလုပ်ရန် လမ်းဖွင့်ပေးသည့် မည်သည့်ခေါင်းဆောင်မဆိုသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့ကို အယောင်ဆောင် ခေါင်းဆောင်များဟု ငါပြောဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်များက ဘုရားသခင်ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေပြီး ထိန်းချုပ်သည့်အခါ၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို အန္တိခရစ်များထံမှ အမျိုးမျိုးသော ထိခိုက်နစ်နာမှု ခံစားစေပြီး၊ ဘုရားသခင်က ၎င်းတို့အား ပေးအပ်သည့် တာဝန်ပေးစေခိုင်းချက်ကို ပျက်ကွက်သောကြောင့် ဖြစ်သည်။ ဘုရားအိမ်တော်က ဘုရားသခင်၏ သိုးများ၊ ဘုရားသခင်ရွေးချယ်ထားသောလူများကို သင့်ထံ အပ်နှံခဲ့ပြီး၊ သင်သည် သင်၏တာဝန်ကို မဖြည့်ဆည်းခဲ့ပေ။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ထမ်းဆောင်ရန် မထိုက်တန်ပေ။ အကြောင်းရင်း မည်သို့ပင်ဖြစ်စေ သို့မဟုတ် သင့်တွင် မည်သည့် ကျိုးကြောင်းပြချက် ရှိသည်ဖြစ်စေ၊ ခေါင်းဆောင်တစ်ဦးအဖြစ် သင်၏ သက်တမ်းအတောအတွင်းတွင် သင်သည် အန္တိခရစ်များအတွက် အကာအကွယ်ပေးသူတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ညီအစ်ကိုမောင်နှမများကို အန္တိခရစ်များ၏ နှောင့်ယှက်မှုများ၊ အထင်အမြင်မှားစေခြင်းများ၊ ထိန်းချုပ်မှုများနှင့် ဆိုးရွားသော ထိခိုက်နစ်နာမှု များစွာ ခံစားရစေခဲ့ပါက၊ သင်သည် ခေတ်ကာလအားလုံးအတွက် အပြစ်သားတစ်ဦး ဖြစ်သည်။ ဤအတွက် အကြောင်းရင်းမှာ၊ သင်က အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိသောကြောင့် မဟုတ်၊ သို့မဟုတ် ၎င်းတို့၏ အနှစ်သာရကို ထိုးထွင်းမသိမြင်နိုင်သောကြောင့် မဟုတ်ပေ။ အန္တိခရစ်များက စာတန်များနှင့် နတ်ဆိုးများဖြစ်ကြောင်း သင်၏ စိတ်နှလုံးထဲတွင် သင် ရှင်းလင်းစွာ သိရှိသည့်တိုင်၊ ဘုရားသခင်ရွေးချယ်ထားသောလူများကို ၎င်းတို့အား ဖော်ထုတ်ပြီး ပိုင်းခြားသိမြင်ခွင့် မပေးသောကြောင့် ဖြစ်သည်။ ထိုအစား၊ သင်သည် ညီအစ်ကိုမောင်နှမများအား ၎င်းတို့စကားကို နားထောင်ရန်၊ လက်ခံရန်နှင့် နာခံရန် ခွင့်ပြုသည်။ ဤသည်မှာ သမ္မာတရားနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ ဤသည်က သင့်ကို ခေတ်ကာလအားလုံးအတွက် အပြစ်သားတစ်ဦး ဖြစ်စေသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် မိမိတို့၏တာဝန်များကို ရိုးသားစွာထမ်းဆောင်ပြီး သမ္မာတရားကို လိုက်စားသောသူတို့အား ကာကွယ်ရန် ပျက်ကွက်သည်သာမက၊ အန္တိခရစ်များကို ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ရာထူးများ တိုးမြှင့်ပေးပြီး၊ ၎င်းတို့ကို အိမ်မွေးတိရစ္ဆာန်များကဲ့သို့ ပြုစုပျိုးထောင်ကာ ညီအစ်ကိုမောင်နှမများအား ၎င်းတို့၏ အမိန့်များကို နာခံစေခဲ့သည်။ ဘုရားအိမ်တော်သည် ဘုရားသခင်ရွေးချယ်ထားသောလူများကို သင့်ထံ အပ်နှံခဲ့သည်မှာ ၎င်းတို့ကို အန္တိခရစ်များ၏ ကျွန်များအဖြစ် သို့မဟုတ် သင်၏ကျွန်များအဖြစ် အစေခံစေရန် မဟုတ်ဘဲ၊ သင်က ဘုရားသခင်ရွေးချယ်ထားသော လူများအား စာတန်နှင့် အန္တိခရစ်များကို တိုက်ခိုက်ရန်၊ အန္တိခရစ်များကို ပိုင်းခြားသိမြင်ပြီး ငြင်းပယ်ဖို့ ဦးဆောင်ရန်လည်းကောင်း၊ ဘုရားသခင်ရွေးချယ်ထားသော လူများအား ပုံမှန်အသင်းတော်အသက်တာကို နေထိုင်နိုင်စေရန်၊ မိမိတို့၏တာဝန်များကို ပုံမှန်ထမ်းဆောင်နိုင်စေရန်၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်စေရန်နှင့် ဘုရားသခင်၏ လမ်းညွှန်မှုအောက်တွင် ဘုရားသခင်ကို ကျိုးနွံနာခံပြီး သက်သေခံနိုင်စေရန်လည်းကောင်း ဖြစ်ပေသည်။ သင်သည် ဤတာဝန်ကိုပင် မဖြည့်ဆည်းနိုင်ပါက၊ လူဟုခေါ်ခံရရန် ထိုက်တန်သလော။ သို့တိုင် သင်သည် အန္တိခရစ်များကို ကာကွယ်ချင်နေသေးသည်။ အန္တိခရစ်များသည် သင်၏ဘိုးဘေးများလော သို့မဟုတ် သင်၏အသည်းကြော်များလော။ သင်သည် ၎င်းတို့နှင့် သွေးသားတော်စပ်သော ဆက်ဆံရေးရှိလျှင်ပင်၊ သမ္မာတရား စည်းမျဉ်းများကို လိုက်နာသင့်ပြီး မိသားစုထက် တရားမျှတမှုကို ဦးစားပေးသင့်သည်။ သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ဖြည့်ဆည်းရန် တာဝန်ရှိသည်ဟု ခံစားသင့်သည်၊ အန္တိခရစ်များကို ဖော်ထုတ်ခြင်း၊ ပိုင်းခြားသိမြင်ခြင်းနှင့် ငြင်းပယ်ခြင်း၊ ညီအစ်ကိုမောင်နှမများကို အကြီးမားဆုံးအတိုင်းအတာအထိ ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်ခြင်း၊ ၎င်းတို့ကို အန္တိခရစ်များ၏ ထိခိုက်နစ်နာစေခြင်းကိုခံရခွင့်မပြုခြင်းတို့ ဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်စေခြင်း ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့်သာ သင့်ကို စံနှုန်းပြည့်မီသော ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဟု ခေါ်ဆိုနိုင်ပေသည်။ အကယ်၍ သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ဖြည့်ဆည်းရန် ပျက်ကွက်ပြီး အန္တိခရစ်များအတွက် အကာအကွယ်ပေးသူတစ်ဦးအဖြစ် လိုလိုလားလား ဆောင်ရွက်ပါက၊ သင်သည် ခေတ်ကာလအားလုံးအတွက် အပြစ်သားတစ်ဦးမှလွဲ၍ အခြားမည်သည့်အရာ ဖြစ်နိုင်ဦးမည်နည်း။ အန္တိခရစ်များအတွက် အကာအကွယ်ပေးသူများအဖြစ် ဆောင်ရွက်သည့် အယောင်ဆောင် ခေါင်းဆောင်များနှင့်ပတ်သက်သော မိတ်သဟာယက ဤနေရာတွင် အဆုံးသတ်သည်။ ထိုသို့သောလူများကို အယောင်ဆောင် ခေါင်းဆောင်များ၏ အဆင့်အတန်းများတွင် ထားရှိခြင်းသည် မတရားသောအရာ လုံးဝ မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ ဤသည်မှာ စစ်မှန်သော အယောင်ဆောင် ခေါင်းဆောင်များ၏ သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်။
၄။ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်း ခံရသည့်လူများနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း သို့မဟုတ် မမေးမြန်းခြင်း
အယောင်ဆောင် ခေါင်းဆောင်များ၏ နောက်ထပ် သရုပ်သကန်တစ်ခုရှိပြီး ယင်းမှာ ပို၍ပင် ဒေါသထွက်စရာကောင်းသည်။ အယောင်ဆောင် ခေါင်းဆောင်အချို့သည် အန္တိခရစ်များကို ၎င်းတို့၏ အပြန်အလှန်ဆက်ဆံမှုများအတွင်းတွင် အတိုင်းအတာတစ်ခုအထိ ပိုင်းခြားသိမြင်နိုင်သော်လည်း ၎င်းတို့ကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအား အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်စေပြီး ငြင်းပယ်နိုင်စေရန်အလို့ငှာ အန္တိခရစ်တို့၏ အမျိုးမျိုးသော အပြုအမူများမှတစ်ဆင့် ၎င်းတို့၏ ဒုစရိုက်အမှုများနှင့် အနှစ်သာရကို ချက်ချင်း ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးရန်လည်း ပျက်ကွက်ကြသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ကောင်းမွန်စွာ မဖြည့်ဆည်းခြင်းဟု မှတ်ယူပြီးသားဖြစ်သည်။ အချို့သော ညီအစ်ကိုမောင်နှမများသည် အထင်အမြင်မှားစေခြင်းခံရပြီး အန္တိခရစ်များနောက်သို့ လိုက်သည့်အခါတွင် ဤအယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့နှင့် မည်သည့် ပတ်သက်မှုမျှမရှိသည့်အလား လျစ်လျူရှုမြဲ လျစ်လျူရှုနေကြသည်။ ထို့အပြင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် မိမိကိုယ်ကို အပြစ်တင်ခြင်း သို့မဟုတ် မိမိကိုယ်ကို စွပ်စွဲခြင်း တစ်ခုတလေမျှ မခံစားရကြပေ။ ၎င်းတို့က ဘုရားသခင်ကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကိုဖြစ်စေ တာဝန်ပျက်ကွက်ခဲ့သည်ဟု မခံစားရကြပေ။ ထိုအစား အောက်ပါ “ဂန္တဝင်” စာကြောင်းကို မကြာခဏ ပြောဆိုကြသည်။ “ဤလူတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံခဲ့ရသည်။ ၎င်းတို့ ခံရထိုက်သည်။ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ခြင်းမှာ ၎င်းတို့၏ အပြစ်ဖြစ်သည်။ ၎င်းတို့သည် အန္တိခရစ်များနောက်သို့ မလိုက်ခဲ့လျှင်ပင် ဘုရားအိမ်တော်၏ ရှင်းလင်းပစ်ခြင်းခံရမည့် ပစ်မှတ်များ ဖြစ်ကြဦးမည်ဖြစ်သည်”ဟူ၍ ဖြစ်သည်။ ဤအယောင်ဆောင် ခေါင်းဆောင်များသည် ညီအစ်ကိုမောင်နှမများက အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီးနောက်တွင် မိမိကိုယ်ကို အပြစ်တင်ခြင်း သို့မဟုတ် အပြစ်ရှိသည်ဟု ခံစားရခြင်း မရှိသည်သာမက ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် နောင်တရခြင်း ပို၍ပင် မရှိကြပေ။ ထိုအစား ၎င်းတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ဤညီအစ်ကိုမောင်နှမများက ခံရထိုက်သည်ဟု အခိုင်အမာဆိုလျက် ထိုသို့သော လူမဆန်သည့်အရာများကို ပြောဆိုကြသည်။ ဤစကားများမှ အဘယ်အရာကို မြင်နိုင်သနည်း။ ဤလူတို့တွင် လူ့သဘာဝ တစ်ခုခု ရှိသလော။ (မရှိပါ။) ၎င်းတို့၏ လူ့သဘာဝ ကင်းမဲ့ခြင်းမှာ သေချာပေသည်။ သို့ဆိုလျှင် ၎င်းတို့သည် ဤအရာများကို အဘယ်ကြောင့် ပြောဆိုကြသနည်း။ (တာဝန်ကို ခေါင်းရှောင်ရန် ဖြစ်ပါသည်။) ပထမဦးစွာ ယင်းမှာ တာဝန်ကို ခေါင်းရှောင်ရန်၊ လူတို့ကို အထင်အမြင်မှားစေပြီး ထုံထိုင်းစေရန် ဖြစ်သည်။ ၎င်းတို့က “ထိုလူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောကြောင့် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ယင်းမှာ ကျွန်ုပ်နှင့် မည်သည့် ပတ်သက်မှုမျှမရှိပါ။ သူတို့သည် သမ္မာတရားကို မလိုက်စားခဲ့ကြသဖြင့် အထင်အမြင်မှားစေခြင်းကို ခံရထိုက်သည်”ဟု ယုံကြည်ကြသည်။ “ခံရထိုက်သည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဤလူတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသင့်ပြီး အန္တိခရစ်များ၏ ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းကို ခံသင့်သည်ကို ဆိုလိုသည်။ အန္တိခရစ်များထံမှ ၎င်းတို့ မည်သည့် ဆက်ဆံမှုကိုပင် ခံရသည်ဖြစ်စေ ၎င်းတို့ ခံရထိုက်သည်။ ၎င်းတို့က အန္တိခရစ်များနောက်သို့ လိုက်ရန် ထိုက်တန်သည်။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ ဤလူတို့သည် ဘုရားသခင်နောက်သို့ မလိုက်သင့်ဘဲ အန္တိခရစ်များနောက်သို့ လိုက်သင့်ကြောင်း၊ ၎င်းတို့အတွက် ဘုရားသခင်နောက်သို့ လိုက်ခြင်းသည် အမှားတစ်ခုဖြစ်ခဲ့ကြောင်းနှင့် ဘုရားသခင်က ၎င်းတို့ကို ရွေးချယ်ခြင်းသည်လည်း အမှားတစ်ခုဖြစ်ခဲ့ကြောင်း၊ ပြီးလျှင် ၎င်းတို့က ဘုရားအိမ်တော်ထဲသို့ ဝင်ရောက်ခဲ့ပြီးဖြစ်သော်လည်း အန္တိခရစ်များ၏ ခေါ်ဆောင်သွားခြင်းကို ခံရခြင်းမှာ ရှောင်လွှဲ၍မရသည့်အရာ ဖြစ်ခဲ့ကြောင်း ဟူ၍ ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များက သွယ်ဝိုက်ညွှန်းဆိုသည့်အရာ မဟုတ်လော။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို အသရေဖျက်သည်သာမက ဘုရားသခင်ကိုလည်း ပြစ်မှားစော်ကားကြသည်။ ထိုသို့သောလူများသည် မုန်းတီးဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အလွန်အမင်း မုန်းတီးဖွယ်ဖြစ်သည်။ တာဝန်ကို ခေါင်းရှောင်ခြင်းနှင့် ညီအစ်ကိုမောင်နှမများကို ၎င်းတို့ မကာကွယ်ခဲ့ဟူသည့် အဖြစ်မှန်နှင့် အမှန်တရားကို ဖုံးကွယ်ခြင်းအပြင် ဤလူတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရထိုက်ပြီး ဘုရားသခင်ကို ယုံကြည်ရန်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိရန် မထိုက်တန်ဟု ဆိုလျက် ထိုလူများကို တိုက်ပင် တိုက်ခိုက်ကြသည်။ ဤပြောဆိုချက်တစ်ခုက ၎င်းတို့၏ အကျင့်စရိုက် မည်မျှ ယုတ်ညံ့သည်ကို ဖော်ပြနေသည်။ ၎င်းတို့သည် အန္တိခရစ်များကဲ့သို့ ညီအစ်ကိုမောင်နှမများကို တိုက်ရိုက် နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း သို့မဟုတ် ဖိနှိပ်ခြင်း မပြုခဲ့သော်လည်း ညီအစ်ကိုမောင်နှမများအပေါ်တွင်လည်းကောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ်တွင်လည်းကောင်း၊ ဘုရားအိမ်တော်က ၎င်းတို့အား အပ်နှင်းထားသည့် သိုးစုအပေါ်တွင်လည်းကောင်း ၎င်းတို့၏ သဘောထားက ၎င်းတို့သည် အမှန်တကယ်တွင် အလွန်ပင် အသည်းမာပြီး သွေးအေးလှသည်ကို ပြသနေပါတကား။ ဘုရားသခင်၏ အမှုကို လက်ခံသည့်သူ မည်သူမျှ လွယ်လွယ်ကူကူ လက်ခံခြင်းမဟုတ်ပေ။ ယင်းတွင် ဧဝံဂေလိတရားကို ဟောကြားသူတို့၏ အနစ်နာခံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်သည်။ ဤသည်မှာ လူအင်အားနှင့် အရင်းအမြစ်များစွာ ရင်းရသည့်အပြင် ထို့ထက်ပင်ပို၍ ယင်းအတွင်း၌ ဘုရားသခင်၏ ကြီးမားသည့်အဖိုးအခ ပါဝင်နေသည်။ လူတို့ကို သူ၏ရှေ့မှောက်သို့ ဆောင်ကြဉ်းရန် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် ပတ်ဝန်းကျင်များကို စီစဉ်ဖွဲ့စည့်သည့်သူမှာ ဘုရားသခင် ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာတစ်ခုကိုမျှ အာရုံမစိုက်ကြပေ။ မည်သူက အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရသည်ဖြစ်စေ ၎င်းတို့သည် “သူတို့ ခံရထိုက်သည်” ဟူသည့် စကားတစ်ခွန်းတည်းဖြင့် ပယ်ချလိုက်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့က လူတိုင်း၏ ကြိုးစားလုပ်ဆောင်မှုအားလုံးနှင့် ဘုရားသခင်၏ ကြီးမားသည့် အဖိုးအခကို အချည်းနှီး ဖြစ်စေခဲ့သည်။ “သူတို့ ခံရထိုက်သည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ “သူတို့ကို ဧဝံဂေလိတရားဟောရန် သင့်ကို မည်သူက ပြောခဲ့သနည်း။ သူတို့သည် ဘုရားသခင်ကို ယုံကြည်ရန် မထိုက်တန်ပါ။ သူတို့ကို ဧဝံဂေလိတရားဟောခြင်းသည် အမှားတစ်ခု ဖြစ်သည်။ အန္တိခရစ်များနောက်သို့ လိုက်ရန် သူတို့ကို မည်သူက ပြောခဲ့သနည်း။ ကျွန်ုပ်သည် မည်သည့် လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်ခဲ့သော်လည်း သူတို့ကို အန္တိခရစ်များနောက်သို့လည်း မလိုက်စေခဲ့ပါ။ သူတို့ကိုယ်တိုင် မရမက လိုက်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် အန္တိခရစ်များနောက်သို့ လိုက်ရန် ထိုက်တန်သည်”ဟု ဆိုလိုပေသည်။ ဤသို့သောသူတစ်ဦးတွင် မည်သည့် လူ့သဘာဝမျိုး ရှိသနည်း။ ၎င်းတို့တွင် စိတ်နှလုံး တစ်ခုတလေ ရှိသေးသလော။ ၎င်းသည် အိမ်စောင့်ခွေးတစ်ကောင်လောက်ပင် အဖြစ်မရှိသော သွေးအေးသည့် တိရစ္ဆာန်တစ်ကောင်ဖြစ်ပြီး ခေါင်းဆောင်တစ်ဦး ဟုတ်သေးသလော။ ၎င်းသည် မထိုက်တန်ပေ။ သင်တို့အနေဖြင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိရမည်။ ထိုသို့သောလူများက အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ပြီး အလွန် သွေးအေးသည်ကို မြင်ရသည့်အခါ၊ ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် သင်တို့ မရွေးချယ်ရပေ။ နားဝေတိမ်တောင် မဖြစ်ကြနှင့်။ ၎င်းတို့သည် ဆုံးရှုံးမှုများကို ပြန်ထေမိစေရန်နှင့် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းခံရသူများကို ပြန်လည်ကယ်တင်ရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ဖို့ ပျက်ကွက်သည်သာမက ထိုသို့သော ရက်စက်သည့်အရာများကိုလည်း ပြောဆိုကြသည်။ ၎င်းတို့သည် အလွန် မလိုမုန်းထားတတ်ကြသည်တကား။ ဤလူစားမျိုးနှင့်ဆိုင်သော ပြဿနာသည် သာမန် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ ပြဿနာထက် သဘာဝအားဖြင့် ပို၍ ပြင်းထန်သည်။ ၎င်းတို့ကို အန္တိခရစ်များအဖြစ် မှတ်ယူ၍မရနိုင်သော်လည်း ၎င်းတို့၏ သရုပ်သကန်များကို အခြေခံ၍ ၎င်းတို့တွင် လူ့သဘာဝမရှိသည့်အပြင် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် မထိုက်တန်ကြောင်းမှာ သိသာထင်ရှားပေသည်။ ၎င်းသည် အကျည်းတန်သည့်၊ ကျေးဇူးကန်းသော သစ္စာဖောက်တစ်ဦးသာ ဖြစ်သည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်မှာ အဘယ်အရာဖြစ်သည်ကို ၎င်းက မသိသကဲ့သို့ မည်သည့်အလုပ်ကို မိမိ လုပ်ဆောင်သင့်သည်ကိုလည်း မည်သည့် သိနားလည်မှုမျှ မရှိပေ။ ၎င်းသည် ယင်းကို အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့် သဘောထားပြုမူခြင်း မရှိပေ။ ၎င်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ခေါင်းဆောင်တစ်ဦးဖြစ်ရန် မထိုက်တန်သည့်အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန် မထိုက်တန်ပေ။ အထူးသဖြင့် အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများအပေါ် ချစ်ခြင်းမေတ္တာ မရှိကြပေ။ ညီအစ်ကိုမောင်နှမများက အထင်အမြင်မှားစေခြင်းကို ခံရသည့်အခါတွင် ၎င်းတို့သည် မည်သည့် ကရုဏာသက်မှုကိုမျှ မပြဘဲ “သူတို့ ခံရထိုက်သည်”ဟူသကဲ့သို့သော အရာများကို ပြောဆိုလျက် လဲနေသူကိုပင် နင်းချေကြသေးသည်။ ထိုသို့သောလူတစ်ဦးသည် ကံအကြောင်းမလှမှုနှင့်ဖြစ်စေ၊ အခက်အခဲများနှင့်ဖြစ်စေ ကြုံတွေ့နေရသူတစ်ဦးကို တွေ့မြင်ပါက ကူညီလိမ့်မည်မဟုတ်ဘဲ ထိုအစား လဲနေသူကို နင်းချေမည်ဖြစ်သည်။ ၎င်းတို့၏ အသိစိတ်က မိမိကိုယ်ကို အပြစ်တင်ခြင်း တစ်ခုတလေမျှ ခံစားရမည်မဟုတ်သည့်အပြင် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးအဖြစ် အစဉ်သဖြင့် ရှိခဲ့သည့်အတိုင်း ဆက်ရှိနေမည် ဖြစ်သည်။ ဤသည်မှာ အရှက်မဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ညီအစ်ကိုမောင်နှမများကို မဆိုထားနှင့်၊ ဘာသာတရားမရှိသော လူကောင်းတစ်ဦးပင်လျှင် နတ်ဆိုးများ၏ ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းကို ခံရပါက ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့်လည်းကောင်း၊ ဖန်ဆင်းခံတစ်ဦးအနေဖြင့်လည်းကောင်း ပုံမှန် လူ့သဘာဝရှိသည့် မည်သူမဆိုသည် ကရုဏာသက်မှုကို ခံစားရမည်ဖြစ်သည်။ ညီအစ်ကိုမောင်နှမများဖြစ်သည့် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သောသူများက အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိခိုက်နစ်နာစေခြင်းကို ခံရသည့်အခါတွင် ၎င်းတို့၏ စိတ်နှလုံးသည် မည်မျှ သာ၍ နာကျင်ခံစားရသင့်သနည်း။ ဤအယောင်ဆောင် ခေါင်းဆောင်များသည် အန္တိခရစ်များက ဒုစရိုက်မှုကျူးလွန်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေသည့် အချိန်အတောအတွင်းတွင် မည်သည့်လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအား အန္တိခရစ်များအပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိစေပြီး ၎င်းတို့၏ စိတ်နှလုံးထဲမှ ငြင်းပယ်စေရန် ကူညီပေးရမည့် ဝန်တာထားစိတ်ရှိရန်မဆိုထားနှင့်၊ အန္တိခရစ်တို့၏ ဒုစရိုက်အမှုများနှင့် အနှစ်သာရကို ဖော်ထုတ်ခြင်း သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိကြပေ။ ၎င်းတို့သည် ဤကိစ္စရပ်အတွက် မည်သည့် တာဝန်သိစိတ်ကိုမျှ မခံစားကြရပေ။ အချို့လူများသည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရသည့်အခါတွင်ပင် ၎င်းတို့သည် “သူတို့ ခံရထိုက်သည်” ဟူသည့် သွေးအေးပြီး အကြင်နာမဲ့သည့် မှတ်ချက်ကိုသာ ပစ်ပစ်ခါခါ ပြောဆိုကြသည်။ ယင်းမှာ အမှန်တကယ်ပင် ဒေါသထွက်စရာကောင်းလှသည်။ တာဝန်ကို ခေါင်းရှောင်ရန်၊ မိမိတို့ကိုယ်ကို ထိန်းသိမ်းရန်၊ ပိုများသောလူတို့ကို အထင်အမြင်မှားစေပြီး ထုံထိုင်းစေရန်နှင့် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရခြင်းမှ ရှောင်ရှားရန်၊ ၎င်းတို့သည် ထိုသို့သော လူမဆန်သည့်အရာများကို ပြောဆိုကြသည်။ ဤသည်မှာ မုန်းတီးဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင် မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ သင်၏ တာဝန်များကို သင် ကောင်းမွန်စွာ မဖြည့်ဆည်းခဲ့သည့်အပြင် သင်၏ အလုပ်ကို သင့်တင့်လျောက်ပတ်စွာ မလုပ်ဆောင်ခဲ့ပေ။ ဤသည်တို့မှာ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ သရုပ်သကန်များ ဖြစ်သည်။ သင် မည်မျှပင် ကြိုးစားသည်ဖြစ်စေ ဤအရာများကို သင် ငြင်း၍မရနိုင်ပေ။ သင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ညီအစ်ကို မောင်နှမအချို့ ခံရပြီးနောက်တွင် အယောင်ဆောင် ခေါင်းဆောင်အချို့က ဤလူတို့သည် အထင်အမြင်မှားစေခြင်း ခံရထိုက်သည်ဟု ဆိုလျက် အသည်းမာသည့်၊ သွေးအေးကာ တာဝန်မဲ့သည့် အပြုအမူ ပြုမူသည်သာမက ထိုသူတို့ထဲမှ လူ့သဘာဝ အတော်အတန်ကောင်းပြီး ပြန်လည်ကယ်တင်၍ရနိုင်မည့် မျှော်လင့်ချက်ရှိသူများကို အကြီးမားဆုံး အတိုင်းအတာထိ ပြန်လည်ခေါ်ဆောင်ရန် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းဖို့ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များက တောင်းဆိုသည့်အခါတွင်ပင် ဤအယောင်ဆောင် ခေါင်းဆောင်များသည် မည်သည့် လက်တွေ့အလုပ်ကိုမျှ လုပ်ဆောင်ခြင်း မရှိကြသေးပေ။ အချို့လူများက အသင်းတော်သို့ ပြန်လာရန် တောင်းဆိုသည့်အခါတွင်ပင် ၎င်းတို့သည် လူတို့၏ အသက်ကို မြတ်နိုးတန်ဖိုးအထားရမည့် တန်ဖိုးအရှိဆုံးအရာအဖြစ် သဘောမထားဘဲ လျစ်လျူရှုပြီး ပယ်ချနေကြသည်။ ၎င်းတို့သည် အထင်အမြင်မှားစေခြင်းခံရသော ထိုညီအစ်ကိုမောင်နှမများကို အကြီးမားဆုံး အတိုင်းအတာထိ ပြန်လည်ကယ်တင်ရန် ပျက်ကွက်ကြသည်။ ၎င်းတို့သည် ဤတာဝန်ကို မဖြည့်ဆည်းနိုင်သည့်အပြင် ထိုသို့လုပ်ဆောင်ရန် ကြိုးစားအားထုတ်မှုလည်း မရှိကြပေ။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များက ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် အကြိမ်ကြိမ် တောင်းဆိုသော်ငြားလည်း အယောင်ဆောင် ခေါင်းဆောင်များသည် မည်သည့်အရေးယူဆောင်ရွက်မှုမျှ မပြုသည့်အပြင် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ဘဲ မလှုပ်မယှက် ရှိနေဆဲဖြစ်သည်။ အကျိုးဆက်အနေဖြင့် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံခဲ့ရပြီး သီးခြားခွဲထားခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်း ခံခဲ့ရသော အချို့လူတို့သည် ယခုတိုင် ဘုရားအိမ်တော်သို့ မပြန်နိုင်ကြသေးသည့်အပြင် ပုံမှန်အသင်းတော်အသက်တာကို ပြန်လည်မစတင်နိုင်ကြသေးပေ။ အချို့လူတို့သည် အမျိုးမျိုးသော ကဏ္ဍများတွင် ဘုရားအိမ်တော်၏ ပြန်ကောင်းလာစေခြင်းအတွက် သတ်မှတ်ချက်များကို အမှန်တကယ် မပြည့်မီကြသော်လည်း ပြန်လည်ကောင်းလာနိုင်သည့် အခြားသူများလည်း ရှိနေသေးသည်မှာ အမှန်ပင်ဖြစ်၏။ ချစ်ခင်သော အကူအညီနှင့် စိတ်ရှည်သော ပံ့ပိုးမှုမှတစ်ဆင့် ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး အန္တိခရစ်များကို ပိုင်းခြားသိမြင်ကာ ငြင်းပယ်နိုင်လျှင် ၎င်းတို့ ပြန်လည်ကောင်းမွန်လာနိုင်သည်။ သို့သော်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်တွေ့အလုပ်ကို မလုပ်ဆောင်သောကြောင့်လည်းကောင်း၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည် မဖော်သောကြောင့်လည်းကောင်း၊ ဤလူတို့၏အသက်ကို အရေးကြီးသောအရာအဖြစ် သဘောမထားသောကြောင့်လည်းကောင်း အချို့လူတို့သည် အပြင်ဘက်တွင် ခြေဦးတည့်ရာ သွားလာနေကြရဆဲဖြစ်သည်။ ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမျိုးမျိုးသော ဆင်ခြေများကို အသုံးပြုလျက် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို လျစ်လျူရှုကြသည်။ ၎င်းတို့သည် အသင်းတော်သို့ ပြန်လာလိုပြီး အသင်းတော်၏ လက်ခံခြင်းအတွက် သတ်မှတ်ချက်များကို ပြည့်မီသော ထိုညီအစ်ကိုမောင်နှမများကိုပင် လျစ်လျူရှုကြသည်။ ၎င်းတို့သည် ဤလူတို့၌ ဆိုးသော လူ့သဘာဝရှိကြောင်း၊ လုံခြုံရေးဆိုင်ရာ အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း၊ အဝတ်အစား ဝတ်စားဆင်ယင်ခြင်းကို နှစ်သက်ကြောင်း၊ ဇာတိပကတိဆိုင်ရာ သာယာမှုများကို နှစ်သက်ကြောင်း၊ အဆင့်အတန်းကို နှစ်သက်ကြောင်း စသည်ဖြင့် ပြောဆိုကာ အမျိုးမျိုးသော ဆင်ခြေများကို အကြံထုတ်ကြသည်။ ဤလုပ်ကြံဖန်တီးထားသော ဆင်ခြေများနှင့် အကြောင်းပြချက်များကို အသုံးပြုလျက် ၎င်းတို့သည် ထိုသူတို့ကို အသင်းတော်သို့ ပြန်လာခွင့်ပေးရန် ငြင်းပယ်ကြသည်။ ဤလူတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရပြီးဖြစ်သော်လည်း ၎င်းတို့ လမ်းပျောက်ခြင်းက အယောင်ဆောင် ခေါင်းဆောင်များ၏ ပူပန်သည့်အရာ မဟုတ်ပေ။ ၎င်းတို့တွင် တာဝန်ယူစိတ် သို့မဟုတ် အသိစိတ် မရှိကြပေ။ ဤလူတို့ကို ပြန်ကောင်းမွန်လာစေခြင်းသည် ခက်ခဲသည် သို့မဟုတ် အန္တရာယ်ရှိသည်ဟု ၎င်းတို့ တွေးထင်ကြခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် ၎င်းတို့သည် စိတ်ထဲတွင် မလိုလားသည့်အပြင် သဘောမတူခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် ၎င်းတို့သည် အထက်တွင်ဖော်ပြခဲ့သော ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်ကို လုံးဝ အကောင်အထည်မဖော်ကြပေ။ ဤသည်တို့မှာ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များ၏ သရုပ်သကန်များ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် သို့မဟုတ် ဘုရားအိမ်တော်က ပေးအပ်သည့် တာဝန်တစ်ခုတလေနှင့် စပ်လျဉ်း၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပျက်ကွက်သည်သာမက တစ်စုံတစ်ဦးက ၎င်းတို့၏ တာဝန်ကို ပျက်ကွက်ခြင်းအား ဖော်ထုတ်သည့်အခါတွင် မိမိတို့၏ ပျက်ကွက်ခြင်းနှင့်ဆိုင်သော အမှန်တရားကို ဖုံးကွယ်ရန်အလို့ငှာ မိမိတို့၏ တာဝန်များကို ခေါင်းရှောင်ပြီး မိမိတို့ကိုယ်ကို မှန်ကြောင်းပြသည့် အရာများကို ပြောဆိုလျက် မိမိတို့ကိုယ်ကို ခုခံကာကွယ်ကြသည်။ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များသည် သာ၍ပင် မုန်းတီးဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အချုပ်အားဖြင့်ဆိုသော် အန္တိခရစ်များက ဘုရားသခင် ရွေးချယ်ထားသောလူများကို ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း ဤအယောင်ဆောင် ခေါင်းဆောင်များက ပေါ့ဆကြပြီး မည်သည့် လက်တွေ့အလုပ်ကိုမျှ လုံးဝ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်က တောင်းဆိုသည့် ဤအလုပ်၏ အသေးစိတ်တိုင်းကို လျစ်လျူရှုကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်အလိုအတိုင်း ပြုမူပြီး မိမိတို့နှစ်သက်သည့်အတိုင်း လုပ်ဆောင်ရန်ကိုသာ နှစ်သက်လျက် အခက်အခဲကို ကြံ့ကြံ့ခံရန် သို့မဟုတ် အဖိုးအခပေးရန် မလိုလားကြပေ။ ၎င်းတို့ လုပ်ချင်စိတ်ရှိလျှင် အနည်းငယ်လုပ်ပြီး လုပ်ချင်စိတ်မရှိလျှင် မည်သည့်အရာမျှ မလုပ်ပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို လုံးဝ လျစ်လျူရှုကြသည်၊ ဘုရားအိမ်တော်က ၎င်းတို့အား အပ်နှင်းထားသည့် တာဝန်ဝတ္တရားများနှင့် ၎င်းတို့၏ အလုပ်တာဝန်ကို လျစ်လျူရှုကြသည့်အပြင် အထူးသဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် တောင်းဆိုချက်များကို အလေးမထားကြပေ။ ဤလူတို့တွင် လူ့သဘာဝမရှိသည့်အပြင် အသိစိတ်မရှိပေ။ ၎င်းတို့သည် လမ်းလျှောက်နေသော အလောင်းကောင်များ ဖြစ်ကြသည်။ လူ့သဘာဝမရှိသော လူတို့အား ဘုရားသခင်ကို ယုံကြည်ခြင်း၌ ကယ်တင်ခြင်းကို လိုက်စားသည့် သင်တို့အသက်တာ၏ ဤအဓိကကျသော ကိစ္စရပ်ကို တာဝန်ယူရန် သင်တို့ ယုံကြည်အပ်နှံရဲကြမည်လော။ (အပ်နှံရဲမည်မဟုတ်ပါ။) ၎င်းတို့သည် သင့်ကို အန္တိခရစ်များထံ မလွှဲပြောင်းပေးလျှင်ပင်၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များက အထင်အမြင်မှားစေပြီး ပြင်းထန်စွာ ထိခိုက်နစ်နာစေသည့်အခါတွင် ၎င်းတို့က အန္တိခရစ်များကို အစွမ်းကုန် တိုက်ခိုက်ကြလိမ့်မည်လော။ တိုက်ခိုက်ကြလိမ့်မည် မဟုတ်ပေ၊ အကြောင်းမှာ ထိုသို့သောလူများသည် တာဝန်သိစိတ်မရှိသော သွေးအေးသည့် တိရစ္ဆာန်များ ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် အကျိုးအမြတ်များကို ရယူရန်အတွက်သာ ခေါင်းဆောင်များအဖြစ် အစေခံကြခြင်း ဖြစ်သည်။
အယောင်ဆောင် ခေါင်းဆောင်များသည် တစ်ခါတစ်ရံ ညီအစ်ကိုမောင်နှမများအတွက် ပူပန်မှုကို ပြကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအား တစ်စုံတစ်ခု လိုအပ်ခြင်း ရှိမရှိ၊ အစားအစာနှင့် နေရာထိုင်ခင်း စသည်တို့အရ ၎င်းတို့ မည်သို့ရှိသည်ဟူသည်ကို မေးမြန်းကြသည်။ ၎င်းတို့သည် နေ့စဉ်ဘဝနှင့် ဆက်စပ်သော ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ အတော်အတန် အရေးစိုက်ကြသော်လည်း ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ ညီအစ်ကိုမောင်နှမများ၏ သေရေးရှင်ရေးအပြင် သမ္မာတရား စည်းမျဉ်းများ ပါဝင်သော ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါတွင်မူ မည်သူက မေးသည်ဖြစ်စေ လျစ်လျူရှုကာ ဘာမျှမလုပ်ဘဲ နေကြသည်။ ၎င်းတို့သည် လူတို့၏ ဇာတိပကတိဆိုင်ရာ ပျော်ရွှင်မှု၊ အစားအစာ၊ အဝတ်အစား၊ အမိုးအကာ၊ သယ်ယူပို့ဆောင်ရေး သို့မဟုတ် ရုပ်ဝတ္ထုဆိုင်ရာ အကျိုးအမြတ်များကိုသာ ဂရုစိုက်ကြပြီး ထိုသို့သော ကိစ္စရပ်များကိုသာ ကိုင်တွယ်ကြသည်။ အချို့လူများက “သင်၏ စကားများက ကွဲလွဲနေသည်။ သူတို့ သွေးအေးသည်ဟု သင် ပြောခဲ့သည် မဟုတ်လော။ သွေးအေးသောသူတစ်ဦးသည် အခြားသူများအတွက် ဤအရာများကို လုပ်ဆောင်ရန် လိုလားမည်လော” ဟု ပြောဆိုကြသည်။ သွေးအေးသောသူတစ်ဦးသည် လူတိုင်းအတွက် ဤအရာများကို လုပ်ဆောင်ရန် ဤမျှ ကြင်နာစိတ်ရှိမည်လော။ (ရှိမည်မဟုတ်ပါ။) အမှန်တွင် အချို့သော သွေးအေးသည့်လူများသည် ဤအရာများကို အမှန်ပင် လုပ်ဆောင်ကြမည်ဖြစ်ပြီး ဤအတွက် အကြောင်းရင်း နှစ်ခုရှိသည်။ တစ်ခုမှာ ၎င်းတို့သည် လူတိုင်းအတွက် အမှုအရာများကို လုပ်ဆောင်နေစဉ်တွင် မိမိတို့ကိုယ်တိုင်အတွက်လည်း အမှုအရာများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး ဤအရာမှ အကျိုးအမြတ် ရရှိကြသည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းမှ မည်သည့် အကျိုးအမြတ်ကိုမျှ မရရှိနိုင်လျှင် ၎င်းတို့ ထိုအရာကို လုပ်ဆောင်နေသေးခြင်း ရှိမရှိဟူသည်ကို ကြည့်လော့။ ၎င်းတို့သည် ချက်ချင်း မိမိတို့၏ သဘောထားကို ပြောင်းလဲပြီး ရပ်တန့်ကြလိမ့်မည်။ ထို့အပြင် ဤအရာများကို လုပ်ဆောင်ရန်နှင့် လူတိုင်းအတွက် အကျိုးအမြတ်များကို ရှာဖွေရန် ၎င်းတို့သည် မည်သူ၏ငွေကို အသုံးပြုနေကြသနည်း။ ငွေကုန်ကြေးကျခံသည်မှာ ဘုရားအိမ်တော် ဖြစ်သည်။ ဘုရားအိမ်တော်၏ အရင်းအမြစ်များဖြင့် ရက်ရောခြင်းသည် ဤလူတို့၏ အထူးလုပ်ငန်း ဖြစ်သည်။ ၎င်းတို့သည် ပုဂ္ဂိုလ်ရေးအရ အကျိုးအမြတ်များ ရရှိသည့်အခါတွင် ဤအရာများကို အဘယ်ကြောင့် မလုပ်ဆောင်ဘဲ နေမည်နည်း။ ၎င်းတို့သည် လူတိုင်းအတွက် အကျိုးအမြတ်များကို ရှာဖွေနေစဉ်တွင်၊ အမှန်တကယ်တွင် မိမိတို့ကိုယ်တိုင်အတွက် အမှုအရာများကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြားလူတိုင်း၏ အကျိုးအတွက် အကျိုးအမြတ်များကို ရှာဖွေစဉ်တွင် အလွန်ကြင်နာစိတ်ရှိကြသည် မဟုတ်ပေ။ အကယ်၍ ၎င်းတို့သည် လူတိုင်းအတွက် အကျိုးအမြတ်များကို အမှန်တကယ် ရှာဖွေနေမည်ဆိုလျှင်၊ ၎င်းတို့တွင် မည်သည့် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များမျှ မရှိသင့်သည့်အပြင်၊ ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း ကိစ္စရပ်များကို ကိုင်တွယ်သင့်သည်။ သို့သော်လည်း ၎င်းတို့သည် ထိုအစား မိမိတို့ကိုယ်တိုင်အတွက် အကျိုးအမြတ်များကို အမြဲ ရှာဖွေနေကြပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအတွက် မည်သို့မျှ မစဉ်းစားကြပေ။ ထို့အပြင် ၎င်းတို့သည် လူတို့က မိမိတို့ကို လေးစားပြီး “ဤသူသည် ကျွန်ုပ်တို့အတွက် အကျိုးအမြတ်များကို ရှာဖွေပေးပြီး ကျွန်ုပ်တို့၏ အကျိုးစီးပွားများကို ကာကွယ်ရန် ကြိုးစားသည်။ ကျွန်ုပ်တို့ တစ်စုံတစ်ခု လိုအပ်လျှင် ဆောင်ရွက်ပေးရန် သူ့ကို တောင်းဆိုသင့်သည်။ သူရှိနေလျှင် ကျွန်ုပ်တို့ မည်သည့် မကောင်းသော ဆက်ဆံမှုကိုမျှ ခံရမည်မဟုတ်ပါ”ဟု ပြောဆိုကြစေရန် လူတိုင်းအတွက် အမှုအရာများကို လုပ်ဆောင်ကြသည်။ လူတိုင်းက မိမိတို့ကို ကျေးဇူးတင်စေရန် ဤအရာများကို ၎င်းတို့ လုပ်ဆောင်ကြသည်။ ဤသို့ ပြုမူခြင်းအားဖြင့် ၎င်းတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ် နှစ်မျိုးလုံးကို ရရှိကြရာ အဘယ်ကြောင့် ဤအရာများကို မလုပ်ဘဲ နေကြမည်နည်း။ ၎င်းတို့သည် လူတိုင်းအတွက် အကျိုးအမြတ်များကို ရှာဖွေခဲ့သော်လည်း ၎င်းတို့၏ လုပ်ဆောင်မှုဖြစ်ကြောင်း မည်သူမျှ မသိသည့်အပြင် လူတိုင်းက ဘုရားသခင်ကို ကျေးဇူးတင်ကြပြီး မည်သူတစ်ဦးတစ်ယောက်မျှ ၎င်းတို့အပေါ် ကျေးဇူးတင်စိတ် မရှိလျှင် ၎င်းတို့သည် ယင်းကို ဆက်လုပ်ဦးမည်လော။ ၎င်းတို့အနေဖြင့် ထိုသို့ လုပ်ဆောင်လိုစိတ် သေချာပေါက် ရှိတော့မည်မဟုတ်ပေ။ ၎င်းတို့၏ သရုပ်အမှန် ပေါ်သွားပေမည်။ ဤကဲ့သို့သောလူများက တစ်ခုတလေကို လုပ်ဆောင်သည့်အခါတွင် ၎င်းတို့၏ သဘာဝအနှစ်သာရက အပြည့်အဝ ဖော်ထုတ်ခြင်းခံရသည်။ ထို့ကြောင့် အန္တိခရစ်များက အသင်းတော်ကို နှောင့်ယှက်သည့်အခါတွင် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ရန် မည်သည့် လက်တွေ့အလုပ်ကိုမျှ လုံးဝ လုပ်ဆောင်ကြမည် မဟုတ်ပေ။
ဘုရားသခင် ရွေးချယ်ထားသောလူများက အန္တိခရစ်တို့၏ လမ်းလွဲစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ထိခိုက်နစ်နာစေခြင်းတို့ကို ခံရပြီးနောက်တွင် အယောင်ဆောင် ခေါင်းဆောင်များသည် ယင်းကို လျစ်လျူရှုနေဆဲဖြစ်သည်ဟု ယခုတင် ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ပြန်လည်ရယူရန် မည်သည့်နည်းလမ်းကိုမျှ မစဉ်းစားကြသည့်အပြင်၊ မိမိတို့၏ ဝတ္တရားများနှင့် တာဝန်များကိုလည်း မဖြည့်ဆည်းကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ခံစားချက်များ၊ စိတ်အခြေအနေများနှင့် အကျိုးစီးပွားများကိုသာ စဉ်းစားကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မဖြည့်ဆည်းကြသည့်အပြင် မိမိတို့ကိုယ်တိုင်လည်း တာဝန်မယူကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ခေါင်းရှောင်ပြီး ရှောင်လွှဲကြသည်။ ပြီးလျှင် ၎င်းတို့သည် အန္တိခရစ်တို့၏ လမ်းလွဲစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရပြီးနောက်တွင်ပင်၊ အပြစ်ရှိသည့်စိတ်တစ်ခုမျှ မခံစားရဘဲ၊ မိမိတို့၏ တာဝန်ကို ရှောင်လွှဲရန်အလို့ငှာ၊ ထိုသူတို့က ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ခြင်းမရှိဟု ပြောဆိုလျက် ဘုရားသခင် ရွေးချယ်ထားသောလူများကို ဝေဖန်အကဲဖြတ်ကြသည်။ ဤအယောင်ဆောင် ခေါင်းဆောင်တို့သည် မုန်းတီးစရာအကောင်းဆုံး ဖြစ်သည်။ ငါတို့ ဆွေးနွေးပြီးဖြစ်သည့် အယောင်ဆောင် ခေါင်းဆောင်တို့၏ အမျိုးမျိုးသော သရုပ်သကန်များသည် အတော်ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ချည်းသာ ဖြစ်သော်လည်း၊ ဤနောက်ဆုံးလူစားမျိုးမှာမူ တကယ်ကို လူ့သဘာဝ လုံးဝမရှိပေ။ ဤလူစားမျိုးသည် သွေးအေးသည့် တိရစ္ဆာန်တစ်ကောင်၊ လူ့အဝတ်အစားဝတ်ထားသည့် သားရဲတိရစ္ဆာန်တစ်ကောင် ဖြစ်သည်။ ၎င်းတို့ကို လူသားမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်ယူ၍မရဘဲ၊ တိရစ္ဆာန်များထဲတွင် အမျိုးအစားခွဲထားသင့်သည်။ အဘယ်ကြောင့် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မဖြည့်ဆည်းကြသနည်း။ အကြောင်းမှာ ၎င်းတို့တွင် လူ့သဘာဝမရှိ၊ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိသောကြောင့် ဖြစ်သည်။ တာဝန်များ၊ ဝတ္တရားများ၊ ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်း၊ သနားကရုဏာ၊ ညီအစ်ကိုမောင်နှမများကို ကာကွယ်ခြင်းဟူသည့် ဤအရာတစ်ခုမျှ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မရှိပေ။ ဤအရည်အသွေးများကို ၎င်းတို့ မပိုင်ဆိုင်ကြပေ။ မိမိတို့၏ လူ့သဘာဝတွင် ဤအရည်အသွေးများ မရှိခြင်းသည် လူ့သဘာဝမရှိခြင်းနှင့် ညီမျှသည်။ ဤသည်တို့မှာ စတုတ္ထအမျိုးအစား အယောင်ဆောင် ခေါင်းဆောင်၏ သရုပ်သကန်များ ဖြစ်ကြသည်။
ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်သုံးခုမြောက် တာဝန်အတွင်း၌ ဖော်ထုတ်ရန် လိုအပ်သော အယောင်ဆောင် ခေါင်းဆောင်တို့၏ သရုပ်သကန် အမျိုးအစားလေးမျိုးခန့် ဖြစ်သည်။ အခြားသော အလားတူ သရုပ်သကန်အချို့ ရှိသည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ ဤအမျိုးအစားလေးမျိုးသည် ဤအလုပ်ကို ထမ်းဆောင်ရာတွင် အယောင်ဆောင် ခေါင်းဆောင်တို့၏ အမျိုးမျိုးသော သရုပ်သကန်များအပြင် ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရကိုပါ အခြေခံအားဖြင့် ကိုယ်စားပြုနိုင်ပြီးသားဖြစ်သည်။ ၎င်းတို့၏ သရုပ်သကန်များကို အမျိုးအစား မည်မျှပင် ငါတို့ ခွဲခြားသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များ၏ အဓိကကျသော သရုပ်သကန်နှစ်မျိုးကိုမူ ဤအမျိုးအစားလေးမျိုးအတွင်း၌ တွေ့ရှိနိုင်ဆဲ ဖြစ်သည်။ ယင်းတို့ထဲမှ တစ်ခုမှာ လက်တွေ့အလုပ် မလုပ်ခြင်းဖြစ်ပြီး၊ အခြားတစ်ခုမှာ လက်တွေ့အလုပ် မလုပ်နိုင်ခြင်း ဖြစ်သည်။ ဤသည်တို့မှာ အယောင်ဆောင် ခေါင်းဆောင်တို့၏ အထင်ရှားဆုံးသော သရုပ်သကန်နှစ်မျိုး ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်တို့၏ လူ့သဘာဝနှင့် အစွမ်းအစတို့က မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့က သမ္မာတရားကို မည်သို့ပင် သဘောထားသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ဤသရုပ်သကန်နှစ်မျိုးသည် ဤအမျိုးအစားလေးမျိုးအတွင်း၌ ပါဝင်ထင်ဟပ်နေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်သုံးခုမြောက် တာဝန်နှင့်ပတ်သက်၍ ယနေ့ ငါတို့၏ မိတ်သဟာယတွင် အယောင်ဆောင် ခေါင်းဆောင်များကို ဖော်ထုတ်ခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာမှာ ဤမျှသာဖြစ်သည်။
ဖြည့်စွက်ချက်- မေးခွန်းများကို ဖြေကြားခြင်း
သင်တို့တွင် မေးခွန်းများ တစ်ခုတလေ ရှိသလော။ (ဘုရားသခင်၊ ကျွန်ုပ် မေးခွန်းတစ်ခု မေးချင်ပါသည်။ စုဝေးပွဲအစတွင်၊ ဘုရားသခင်က အန္တိခရစ်တို့၏ စိတ်သဘောထားရှိသော လူများနှင့် အန္တိခရစ်အစစ်အမှန်များကြား ခြားနားချက်မှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ အန္တိခရစ်တို့၏ အနှစ်သာရနှင့်ဆိုင်သော ပုံမှန်ထူးခြားသည့်လက္ခဏာများက အဘယ်အရာဖြစ်သည်ကိုလည်းကောင်း ကျွန်ုပ်တို့ကို မေးခဲ့ပါသည်။ ထိုအချိန်တွင်၊ ကျွန်ုပ်တို့၏ စိတ်များက ဘာမျှမသိဟု ခံစားခဲ့ရပြီး၊ ခဏကြာ စဉ်းစားပြီးနောက်၊ အလွန်ရိုးရှင်းသော စကားလုံးများနှင့် အယူဝါဒအချို့ကိုသာ ကျွန်ုပ်တို့ တွေးနိုင်ခဲ့ပါသည်။ ယခုတွင် ဘုရားသခင်သည် အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်းနှင့်ပတ်သက်သည့် သမ္မာတရားများကို တစ်နှစ်ကျော်ကြာ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သော်လည်း၊ ကျွန်ုပ်တို့သည် ယင်းတို့ထဲမှ အလွန်နည်းပါးသော ပမာဏကိုသာ နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်ကြပါသည်။ ဤအတွက် အကြောင်းရင်းတစ်ခုမှာ ကျွန်ုပ်တို့သည် ဤသမ္မာတရားများကို အားထုတ်လုပ်ဆောင်ခြင်းမရှိကြသည့်အပြင် နောက်တစ်ခုမှာ ကျွန်ုပ်တို့သည် အတော်အတန် နည်းပါးသည့် အန္တိခရစ်တို့ကို ကြုံတွေ့ခဲ့ရပြီး၊ ဤသမ္မာတရားများက လက်တွေ့အခြေအနေများနှင့် မည်သို့ဆက်စပ်သည်ကို မြင်ခြင်းအားဖြင့် နားလည်လာခြင်း မရှိသေးသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်၊ ယခုအချိန်တွင်ပင် ကျွန်ုပ်တို့သည် ဤသမ္မာတရားများထဲသို့ ဝင်ရောက်မှုတစ်ခုမျှ အမှန်တကယ် မရှိသေးပါ။ ကျွန်ုပ်တို့တွင် အန္တိခရစ်တို့ကို ပိုင်းခြားသိမြင်မှု များစွာ မရှိသည့်အပြင်၊ ကျွန်ုပ်တို့ မဖော်ထုတ်ရသေးသည့် အန္တိခရစ်တို့၏ စိတ်သဘောထားနှင့်ဆိုင်သည့် သရုပ်သကန်များစွာလည်း ကျွန်ုပ်တို့ကိုယ်တိုင်၌ ရှိနေသည်။ ဤပြဿနာအား မည်သို့ဖြေရှင်းရမည်ကို မေးလိုပါသည်။) သမ္မာတရား၏ မည်သည့်ကဏ္ဍအတွက်မဆို၊ သင်၏ စိတ်နှလုံးထဲ၌ သမ္မာတရားနှင့်ဆိုင်သော နှုတ်ကပတ်တော်များ စွဲထင်သွားစေရန်အလို့ငှာ၊ သင်သည် စစ်မှန်သော အတွေ့အကြုံများနှင့် အတွေ့အကြုံဆိုင်ရာ သိနားလည်မှုအချို့ ရှိရမည်ဖြစ်ပြီး၊ စစ်မှန်သော သိနားလည်မှုတစ်ခုကို စွမ်းဆောင်ရရှိရမည်။ သမ္မာတရားကို ရရှိခြင်းဖြစ်စဉ်သည် အစဉ်သဖြင့် ဤကဲ့သို့ပင် ဖြစ်သည်။ သင် မှတ်မိနိုင်သောအရာများမှာ သင်၏ အတွေ့အကြုံများမှတစ်ဆင့် သင်ရရှိပြီးဖြစ်သော အရာများဖြစ်သည်။ ယင်းတို့သည် အနက်နဲဆုံးသော ထင်မြင်ယူဆချက်များ ဖြစ်ကြသည်။ ထို့ကြောင့်၊ ယနေ့ အန္တိခရစ်တို့၏ အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့နေစဉ်၊ ငါသည် သင်တို့အား ဤအကြောင်းအရာကို ဦးစွာ ပြန်လည်သုံးသပ်စေခဲ့သည်။ သင်တို့သည် ယင်းထဲမှ အချို့ကို ပြန်လည်သတိရနိုင်ခဲ့သည်။ သင်တို့ ပြန်လည်သတိရနိုင်ခဲ့သော အရာများထဲမှ၊ အချို့မှာ သင်တို့အတွက် အယူအဆဆိုင်ရာ ဖြစ်သော်လည်း၊ လက်တွေ့ဘဝနှင့် အနည်းနှင့်အများ ထပ်တူကျနိုင်သော အန္တိခရစ်တို့၏ သရုပ်သကန်အချို့ ပင်ကိုအားဖြင့် ရှိပေသည်။ လူတိုင်းသည် ဤနည်းလမ်းဖြင့် ယင်းကို တွေ့ကြုံရမည်။ လူတို့အတွက် ပုံမှန်အခြေအနေမှာ တရားဒေသနာများကို နားထောင်နေစဉ် မည်မျှပင် ကောင်းစွာ နားလည်ပုံရစေကာမူ၊ ၎င်းတို့သည် သဘောတရားပိုင်းအရနှင့် အယူဝါဒအရသာ နားလည်နေခြင်းဖြစ်ပြီး၊ သမ္မာတရားနှင့်ဆိုင်သည့် အသိပညာ မရှိကြပေ။ လူတစ်ဦးသည် သမ္မာတရားကို မည်သည့်အချိန်တွင် နားလည်နိုင်သနည်း။ လူတစ်ဦးသည် ဤအရာများကို တွေ့ကြုံပြီးသည့်အခါမှသာ လက်တွေ့ကျသော အသိပညာအချို့ကိုရရှိနိုင်ပေသည်။ လက်တွေ့အခြေအနေများကို မတွေ့ကြုံဘဲ အသိပညာကို မည်သူမျှ မရရှိနိုင်ပေ။ သို့ဖြစ်၍၊ ယနေ့တွင် အန္တိခရစ်တို့နှင့်ဆိုင်သည့် အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့နေစဉ်၊ အမြန် ပြန်လည်သုံးသပ်မှုတစ်ခု ပြုလုပ်ပြီး သင်တို့ကို ရိုးရှင်းသော သတိပေးချက်တစ်ခု ပေးရန် လိုအပ်ခဲ့သည်။ ဤအရာပြီးသည့်နောက်တွင်၊ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များအကြောင်း မိတ်သဟာယဖွဲ့သည်ဖြစ်စေ သို့မဟုတ် အယောင်ဆောင် ခေါင်းဆောင်တို့၏ အမျိုးမျိုးသော သရုပ်သကန်များအကြောင်း မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ယင်းသည် သင်တို့အတွက် အနည်းဆုံးအနေဖြင့် အလွန်အနှစ်သာရမဲ့နေမည် မဟုတ်ပေ။ ထိုမျှသာ ဖြစ်သည်။ သို့သော်လည်း၊ သင်တို့သည် အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များကို ဖော်ထုတ်ခွင့်ရရှိရန် လိုအပ်နေဆဲ ဖြစ်သည်။ အချို့လူများက “အကယ်၍ ဘုရားသခင်က လက်တွေ့ကျသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအချို့ကို မပြင်ဆင်ပေးလျှင်၊ ကျွန်ုပ်တို့သည် အဘယ်မှာ ဖော်ထုတ်ခွင့်ရနိုင်မည်နည်း။ ကျွန်ုပ်တို့သည် အန္တိခရစ်တို့ကို မိမိတို့ဘာသာ ရှာဖွေ၍မရနိုင်ပါ၊ ရနိုင်သလော” ဟု ပြောဆိုကြသည်။ သင်တို့သည် ၎င်းတို့ကို ထွက်ရှာရန် မလိုအပ်ပေ။ အရိုးရှင်းဆုံးသော ဖြေရှင်းချက်မှာ အန္တိခရစ်တို့ကို သင်တို့ ကြုံတွေ့သည့်အခါ၊ ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ယှဉ်ကြည့်ရန် အကောင်းဆုံး ကြိုးစားလော့။ ၎င်းတို့၏ အပြင်ပန်း ထုတ်ဖော်မှုများ၊ ပြောဆိုချက်များ၊ လုပ်ဆောင်ချက်များနှင့် စိတ်သဘောထားများအပြင်၊ ၎င်းတို့၏ အတွေးအခေါ်များနှင့် သဘောထားအမြင်များ၊ ၎င်းတို့၏ ပြုမူကျင့်ကြံပုံအပြင်၊ လောကနှင့်ဆက်ဆံပုံ၊ ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံ စသည်တို့ကို ယှဉ်ကြည့်လော့။ ဆိုလိုသည်မှာ၊ ငါတို့ ဆွေးနွေးခဲ့ပြီးဖြစ်သည့် အန္တိခရစ်တို့၏ သရုပ်သကန် တစ်ဆယ့်ငါးမျိုးနှင့် ၎င်းတို့ကို နှိုင်းယှဉ်ကြည့်လော့။ သင် တတ်နိုင်သမျှ များများ ယှဉ်ကြည့်လော့။ ဤသည်မှာ လူတို့၏ သဘောပေါက်နားလည်နိုင်စွမ်း ဖြစ်သည့်ပုံစံ ဖြစ်သည်။ လူ၏ မှတ်ဉာဏ်သည် အကန့်အသတ်ရှိသောကြောင့် ၎င်းတို့သည် မှတ်ဉာဏ်မှ များစွာ ပြန်လည်မမှတ်မိနိုင်ကြပေ။ လူတို့သည် မိမိတို့ ကိုယ်တွေ့အတွေ့အကြုံများမှတစ်ဆင့် အမှန်တကယ် ရရှိခဲ့သော အမှုအရာများအကြောင်းကို ပြည့်ပြည့်စုံစုံ ပြောဆိုနိုင်ကြသည်။ ၎င်းတို့ မည်မျှပင် ပြောဆိုသည်ဖြစ်စေ၊ ယင်းမှာ မှတ်ဉာဏ်ကို အခြေမခံဘဲ အတွေ့အကြုံနှင့် ၎င်းတို့ ဖြတ်သန်းခဲ့ရသည့်အရာကို အခြေခံသည်။ ၎င်းတို့ ရရှိပြီးဖြစ်သည့် ဤအရာများသည် သမ္မာတရားနှင့်လည်းကောင်း၊ အဖြစ်မှန်အရ မှန်ကန်သောအရာနှင့်လည်းကောင်း အနီးစပ်ဆုံးဖြစ်သည်။ ဤသည်တို့မှာ အတွေ့အကြုံမှတစ်ဆင့် လူတို့ ရရှိခဲ့သော အရာများ ဖြစ်သည်။ ထိုအရာများအပြင်၊ လူ၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီသော အရာများနှင့် အသိပညာအခြေခံသော အရာများက သင်၏စိတ်ထဲတွင် ပထမဆုံး ဝင်ရောက်ပြီးနောက် အဓိကကျသော နေရာကိုယူထားသည်မှာ နှစ်ပေါင်းမည်မျှပင် ကြာမြင့်သည်ဖြစ်စေ၊ သမ္မာတရားနှင့် မကိုက်ညီပေ။ သင်သည် သမ္မာတရားကို စစ်မှန်စွာ နားလည်သောအခါ၊ ဤအရာများသည် ဖယ်ရှားရှင်းလင်းခံရကာ စွန့်ပစ်ခြင်းခံရလိမ့်မည်။ သို့သော်လည်း၊ အတွေ့အကြုံမှတစ်ဆင့် ရရှိခဲ့သည့် သမ္မာတရားနှင့် နီးစပ်ပြီး သမ္မာတရားနှင့် ကိုက်ညီသော ထိုအရာများမှာ တန်ဖိုးရှိသော အရာများ ဖြစ်ကြသည်။ ယနေ့ ငါမေးခဲ့သော မေးခွန်းများကို သင်တို့ အပြည့်အဝ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ သင်တို့အားလုံးသည် အန္တိခရစ်တို့ထံမှ လမ်းလွဲစေခြင်းနှင့် နှောင့်ယှက်ခြင်းအချို့ကို တွေ့ကြုံခဲ့ပြီးဖြစ်သောကြောင့်၊ အန္တိခရစ်တို့ကို ပိုင်းခြားခြင်းဟူသော အကြောင်းအရာနှင့်သက်ဆိုင်၍ သင်တို့ နားလည်နိုင်သည့် အစိတ်အပိုင်းတစ်ခု သေချာပေါက် ရှိပေသည်။ ဤအရာက သင်တို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ် ပေးပြီးဖြစ်ကာ၊ အန္တိခရစ်တို့က မကောင်းမှုပြုပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်သည်ကို သင်တို့ ကြုံတွေ့သည့်အခါ၊ ဤသမ္မာတရားများသည် သင်တို့အတွက် အကျိုးသက်ရောက်မှုရှိလာနိုင်ပေသည်။ လက်တွေ့ကျသော ပတ်ဝန်းကျင်များကို သင်တို့ ကြုံတွေ့သည့်အခါမှသာ ဤနှုတ်ကပတ်တော်များက အကျိုးသက်ရောက်မှုရှိလာသည်။ အကယ်၍ သင်သည် အန္တိခရစ်တို့၏ လမ်းလွဲစေခြင်းကို မတွေ့ကြုံခဲ့ရဘဲ ၎င်းတို့၏ လုပ်ဆောင်ချက်များကို သင်၏စိတ်ဖြင့်သာ စိတ်ကူးကြည့်လျှင်၊ ဤသည်မှာ အချည်းနှီးဖြစ်သည်။ သင်၏ စိတ်ကူးစိတ်သန်း မည်မျှပင် ကောင်းမွန်သည်စေ၊ ယင်းက သင့်အနေဖြင့် ၎င်းတို့ကို ပိုင်းခြားနိုင်လိမ့်မည်ဟု ဆိုလိုလိမ့်မည် မဟုတ်ပေ။ လက်တွေ့ကျသည့် ပတ်ဝန်းကျင်များကို ရင်ဆိုင်ရသည့်အခါမှသာ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်အတွေးများနှင့် သဘောထားအမြင်များ၊ ၎င်းတို့ ထိတွေ့ခဲ့ရသော သဘောတရားအချို့နှင့် ၎င်းတို့ သင်ယူခဲ့သော အယူဝါဒများ၊ နည်းလမ်းများနှင့် နည်းစနစ်အချို့ကို အသုံးပြုလျက်၊ ဤကိစ္စရပ်များကို ရင်ဆိုင်ပြီး ကိုင်တွယ်ရန်၊ နောက်ဆုံးတွင် အမျိုးမျိုးသော ရွေးချယ်မှုများကို ပြုလုပ်ရန် အလိုအလျောက် တုံ့ပြန်ကြပေသည်။ သို့သော် ဤအခြေအနေများကို လူတို့ မကြုံတွေ့မီတွင်၊ ၎င်းတို့၌ အမျိုးမျိုးသော သဘောတရားများအပေါ် စင်ကြယ်သော သဘောပေါက်နားလည်နိုင်စွမ်းနှင့် ထင်မြင်ယူဆချက်တစ်ခု ရှိနေလျှင် အတော်ပင် ကောင်းမွန်နေပြီ ဖြစ်သည်။ အချို့လူများက “ကျွန်ုပ်တို့ အန္တိခရစ်တို့ကို မကြုံတွေ့မီတွင် ကိုယ်တော်က ဤမျှများစွာ ပြောဆိုခြင်းသည် အဘယ်အသုံးဝင်သနည်း”ဟု ပြောဆိုကြသည်။ အသုံးဝင်ပေသည်။ အန္တိခရစ်တို့ကို ဖော်ထုတ်သည့် နှုတ်ကပတ်တော်များကို စာအုပ်တစ်အုပ်ထဲတွင် ပုံနှိပ်ထားသည် မဟုတ်လော။ ထိုနှုတ်ကပတ်တော်များသည် သင် တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း အပြည့်အဝ တွေ့ကြုံပြီး ထိုးထွင်းမြင်နိုင်သည့်အရာတစ်ခုလော။ မဟုတ်ပေ။ ယင်းတို့ကို ထိုစာအုပ်ထဲတွင် ပုံနှိပ်ထားခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့ကို ကယ်တင်ရန်နှင့် သင်တို့အား ဤနှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုခွင့်ပြုရန်၊ ဤသမ္မာတရားများကို နားလည်ခွင့်ပြုရန်အပြင်၊ အနာဂတ်တွင် အန္တိခရစ်နှင့်ဆိုင်သော အဖြစ်အပျက်တစ်ခုဖြစ်စေ၊ သင်၏ကိုယ်ပိုင် စိတ်သဘောထားကို ပြောင်းလဲရာတွင် အခက်အခဲများဖြစ်စေ၊ သို့မဟုတ် အခြားမည်သည့်အရာမဆိုဖြစ်စေ၊အမျိုးမျိုးသော အခြေအနေများကို သင်တို့ ကြုံတွေ့သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး အသက်၏ ထောက်ပံ့မှုကို လက်ခံရရှိရန် ဖြစ်သည်။ ဤစာအုပ်ထဲရှိ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဤကိစ္စရပ်များကို သင်တွေ့ကြုံပြီး ကိုင်တွယ်ရန်နှင့် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာများထဲသို့ ဝင်ရောက်ရန်အတွက် ရင်းမြစ် ဖြစ်သည်။ တရားဒေသနာများကို နားထောင်ချိန် သင် မည်မျှ နားလည်နိုင်သည်ဟူသည်မှာ သင်၌ လက်တွေ့ကျမှု မည်မျှရှိသည်ဟူသည်ကို ကိုယ်စားမပြုပေ။ အကယ်၍ သင်သည် တစ်ချိန်တွင် တစ်စုံတစ်ခုကို နားမလည်နိုင် သို့မဟုတ် မမှတ်မိနိုင်လျှင်၊ ယင်းက အနာဂတ်တွင် ယင်းကို သင် လုံးဝ တွေ့ကြုံမည်မဟုတ် သို့မဟုတ် လုံးဝ နားလည်လာမည်မဟုတ်ဟု ဆိုလိုခြင်းမဟုတ်ပေ။ တိုတိုပြောရလျှင်၊ အတွေ့အကြုံမှတစ်ဆင့် လူတို့ ရရှိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ သိလာသောအရာများသာ သမ္မာတရားနှင့် ဆက်စပ်သည်ကို သင်တို့ နားလည်ရမည်။ လူတို့ မှတ်မိသောအရာများနှင့် ၎င်းတို့၏စိတ်ထဲတွင် နားလည်သောအရာများသည် များသောအားဖြင့် သမ္မာတရားနှင့် ဆက်စပ်မှုမရှိပေ။ ယင်းတို့သည် အယူဝါဒဆိုင်ရာ အရာများသာ ဖြစ်ကြသည်။ သမ္မာတရားနှင့်ပတ်သက်လာသည့်အခါ အရေးအကြီးဆုံးသောအရာများမှာ အဘယ်နည်း။ အရေးအကြီးဆုံးသောအရာများမှာ အတွေ့အကြုံနှင့် ဝင်ရောက်မှု ဖြစ်သည်။ သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုတလေနှင့် ပတ်သက်၍၊ ယင်းကို လူတို့ အမှန်တကယ် တွေ့ကြုံသည့်အခါ၊ ၎င်းတို့၏ နောက်ဆုံး အကျိုးခံစားမှုမှာ သမ္မာတရား၏ အသီးအပွင့်နှင့် ၎င်းတို့၏ ရှင်သန်မှုအတွက် လမ်းကြောင်းဖြစ်သည်။ ထို့ကြောင့်၊ မမှတ်မိခြင်းသည် ပြဿနာမဟုတ်ပေ။
အကယ်၍ ငါသည် စုဝေးပွဲအစတွင် အဓိကအကြောင်းအရာကို တိုက်ရိုက် စတင်ဆွေးနွေးခဲ့လျှင်၊ အချိန်မီ သင်တို့ မတုံ့ပြန်နိုင်ဘဲ ရှိခဲ့မည် မဟုတ်လော။ ထို့ကြောင့်၊ ငါသည် နည်းလမ်းအချို့ကို အသုံးပြုရန် လိုအပ်ခဲ့ပြီး၊ သင်တို့ကို “အန္တိခရစ်တို့၏ အနှစ်သာရရှိသော လူများနှင့် အန္တိခရစ်တို့၏ စိတ်သဘောထားရှိသော လူများကြား ခြားနားချက်ကို သင်တို့ မှတ်မိကြသလော” ဟု ဦးစွာပထမ မေးခဲ့သည်။ ဤမေးခွန်းကို ဦးစွာ မေးရာတွင် ငါ၏ရည်ရွယ်ချက်မှာ သင်တို့ကို ဆွံ့အသွားစေရန် သို့မဟုတ် သင်တို့ကို ဖွင့်ချပြရန် မဟုတ်ဘဲ၊ သင်တို့ကို နှိုးဆော်ချက်တစ်ခု ပေးရန် ဖြစ်သည်။ ထို့နောက်၊ ငါတို့သည် ပြန်လည်သုံးသပ်မှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ “အန္တိခရစ်တို့က သမ္မာတရားကို မည်သို့သဘောထားသည်ကိုလည်းကောင်း၊ အန္တိခရစ်တို့၏ လူ့သဘာဝက မည်သို့ရှိသည်ကိုလည်းကောင်း ကျွန်ုပ်တို့ ယခင်က မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်”ဟု အချို့လူများက တဖြည်းဖြည်း သတိရလာခဲ့ကြသည်။ အန္တိခရစ်တို့နှင့်ပတ်သက်သော အကြောင်းအရာအချို့သည် သင်တို့အပေါ် နက်ရှိုင်းသော ထင်မြင်ယူဆချက်တစ်ခု ချန်ထားခဲ့ပြီးဖြစ်သည်။ ထိုသို့သောအရာများကို သင် တွေ့ကြုံသည့်အခါ၊ သင်၏ လက်တွေ့လုပ်ဆောင်မှုအတွက် လမ်းညွှန်နှင့် ဦးတည်ချက်အဖြစ် အသုံးတော်ခံရန် သင်အသုံးပြုဖို့အတွက် ဤအကြောင်းအရာက စောင့်ဆိုင်းနေသည်။ သို့သော် သင်သည် ပထမဦးဆုံး ကြားပြီးနောက် မည်သည့် ထင်မြင်ယူဆချက်မျှ လုံးဝ မရှိခဲ့သော အကြောင်းအရာများ သာ၍ပင်ရှိနေသည်။ ဤအကြောင်းအရာကိုလည်း တွေ့ကြုံရန် လိုအပ်သည်။ ဤအတွေ့အကြုံများကို သင် ဖြတ်သန်းပြီးနောက် ဤနှုတ်ကပတ်တော်များကို စားသောက်ကာ ဆုတောင်းရင်းဖြင့် ဖတ်ရှုသောအခါ၊ သင်သည် သာ၍ပင် များစွာ ရရှိလိမ့်မည်။ ယင်းမှာ သင် ထင်မြင်ယူဆချက်ရှိသော အကြောင်းအရာဖြစ်စေ၊ မရှိသော အကြောင်းအရာဖြစ်စေ၊ သင်သည် ဤအရာများကို ဖြတ်သန်းရပြီးနောက်၊ ယင်းတို့အားလုံး ရောနှောသွားလိမ့်မည်။ သင်မှတ်မိခဲ့သော အယူဝါဒများသည် ယင်းတို့ကို သင် တွေ့ကြုံပြီးနောက် သင်၏ လက်တွေ့ကျသော သိနားလည်မှုနှင့် သင်၏ အကျိုးတရားများ ဖြစ်လာလိမ့်မည်။ သင် ထင်မြင်ယူဆချက်မရှိခဲ့သော အကြောင်းအရာအတွက်မူ၊ ယင်းကို တစ်ကြိမ် တွေ့ကြုံပြီးနောက်၊ သင်၌ ထင်မြင်ယူဆချက်အချို့ ရှိကောင်းရှိနိုင်သော်လည်း၊ ယင်းမှာ အာရုံခံ သိမြင်မှုအနည်းငယ်သာ ဖြစ်လိမ့်မည်။ ဤအာရုံခံ သိမြင်မှုသည် အယူဝါဒအဆင့်တွင်သာ ရှိနိုင်သည်။သင့်အနေဖြင့် အလားတူအရာများကို တစ်ဖန် တွေ့ကြုံရန် သင့်အတွက် ထိုအရာက ရှိနေခြင်းဖြစ်သည်။ ထိုအချိန်တွင် ယင်းက သင့်ကို လမ်းညွှန်ပေးမည်ဖြစ်ပြီး၊ သင့်ကို ဦးတည်ချက်ပေးကာ၊ သင့်ကို လက်တွေ့လုပ်ဆောင်မှုအတွက် လမ်းကြောင်းတစ်ခု ပေးလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သမ္မာတရားကို တွေ့ကြုံခြင်းသည် ဤဖြစ်စဉ်မျိုး ဖြစ်သည်။ ငါမေးခဲ့သော မေးခွန်းကို သင်တို့ မည်သို့ဖြေရမည်ကို မသိခြင်းက ရှက်စရာကောင်းသလော။ ရှက်စရာမကောင်းပေ။ အကယ်၍ သင်တို့သည် ငါ့ကို ရုတ်တရက် မေးခွန်းတစ်ခု မေးလျှင်၊ ထိုမေးခွန်းက မည်သည့်အရာကို ဆိုလိုသည်ဟူသည်နှင့် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာများ ပါဝင်သည်ဟူသည်တို့ကို ထည့်သွင်းစဉ်းစားလျက်၊ ငါသည်လည်း ချက်ချင်း အချိန်ယူစဉ်းစားရန် လိုအပ်ပေမည်။ လူ၏ဦးနှောက်နှင့် စိတ်သည် ဤသို့ အလုပ်လုပ်သည်။ ၎င်းတို့သည် တုံ့ပြန်ရန် အချိန်တစ်ခု လိုအပ်သည်။ သင် အလွန်ရင်းနှီးသောအရာတစ်ခု ဖြစ်လျှင်ပင်၊ ယင်းကို နှစ်ပေါင်းများစွာ မကြုံတွေ့ခဲ့ရလျှင်၊ သင်သည် ယင်းကို ရုတ်တရက် ပြန်ကြုံတွေ့သည့်အခါ တုံ့ပြန်ရန် အချိန် လိုအပ်နေဦးမည် ဖြစ်သည်။ သင်သည် တစ်စုံတစ်ခုကို မည်မျှပင် နက်ရှိုင်းစွာ တွေ့ကြုံခဲ့ပါစေ၊ ရက်ပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာပြီးနောက် ယင်းကို ပြန်ကြုံတွေ့လျှင်၊ တုံ့ပြန်ရန် အချိန် လိုအပ်နေဦးမည် ဖြစ်သည်။ အန္တိခရစ်တို့နှင့်ဆိုင်သည့် အကြောင်းအရာအပေါ် သင်တို့၏ သိနားလည်မှုသည် စကားလုံးများနှင့် အယူဝါဒများအဆင့်တွင်သာ ရှိနေသည်ကို ပြောရန်မလိုပေ။ သင်တို့သည် ယင်းကို လက်တွေ့ဘဝတွင် သင်တို့ကြုံတွေ့ရသော အန္တိခရစ်များနှင့် ယခုထိတိုင် နှိုင်းယှဉ်မကြည့်နိုင်သေးသည့်အပြင်၊ သင်တို့သည် အခြေခံအားဖြင့် အန္တိခရစ်တို့ကို ယခုထိတိုင် မပိုင်းခြားနိုင်သေးဟု ဆို၍ရပေသည်။ သို့ဖြစ်၍၊ သင်တို့ လက်တွေ့ကျကျ တွေ့ကြုံရန် ဤသမ္မာတရားများက စောင့်ဆိုင်းနေသည်။ ထိုအခါမှသာ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုနှင့် တိကျမှုကို အတည်ပြုနိုင်ပေသည်။ ဥပမာအနေဖြင့်၊ အန္တိခရစ်တို့သည် စွဲမြဲခိုင်မာစွာ နောင်တမရကြဟု ယခင်က ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤအရာကို သင် အာဂုံဆောင်ထားသည် ဆိုပါစို့၊ သင်က “အန္တိခရစ်တို့သည် စွဲမြဲခိုင်မာစွာ နောင်တမရကြဟု ဘုရားသခင် ပြောခဲ့သည်။ သူတို့သည် ဘုရားသခင်ကို အဆုံးတိုင် ဆန့်ကျင်ပြီး သူ့ကို အတိုက်အခံလုပ်ကြလိမ့်မည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံသည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို မည်သို့ပင်ဖြစ်စေ လုံးဝ ဝန်ခံကြလိမ့်မည်မဟုတ်ပါ။ သူတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပါ”ဟု ဆိုသည်။ သင်သည် ဤပြောဆိုချက်ကို အယူဝါဒပိုင်းအရသာ နားလည်ခြင်း၊ လက်ခံခြင်း သို့မဟုတ် ထင်မြင်ယူဆချက်ရှိခြင်း ဖြစ်သည်၊ ယင်းမှာ အာရုံခံ သိမြင်မှုအနည်းငယ်သာ ဖြစ်သည်။ သင်၏ မသိစိတ်ထဲတွင်၊ ဤပြောဆိုချက်သည် မှန်ကန်သည်ဟု သင်ခံစားရသော်လည်း၊ အန္တိခရစ်တို့ ပြောဆိုသည့် မည်သည့် တိကျသောစကားများ၊ ၎င်းတို့ ထုတ်ဖော်သည့် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ၎င်းတို့ကို တွန်းအားပေးသည့် မည်သည့်သဘာဝ စသည်တို့က အန္တိခရစ်တို့ကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထပ်တူကျပြီး ဆက်စပ်နေသနည်း။ ယင်းတို့ထဲမှ မည်သည့်အရာက ဘုရားသခင်၏ ဖော်ထုတ်မှုသည် အဖြစ်မှန်ဖြစ်ကြောင်း ဖော်ပြနိုင်သနည်း။ ဤအရာက သင့်အနေဖြင့် အန္တိခရစ်တစ်ဦးကို လူကိုယ်တိုင် တွေ့ဆုံရန် သို့မဟုတ် အန္တိခရစ်တစ်ဦး၏ လုပ်ရပ်များနှင့် စကားများအကြောင်းကို လေ့လာစောင့်ကြည့်သူများထံမှ ကြားရန် လိုအပ်ပြီး၊ အဆုံးတွင် သင်က “ဘုရားသခင်၏ နှုတ်ကပတ်တော်များက အလွန် လက်တွေ့ကျသည်။ လုံးဝမှန်ကန်ပါသည်။ ဤလူသည် အန္တိခရစ်တစ်ဦးအဖြစ် အကြိမ်ပေါင်းများစွာ သတ်မှတ်ခြင်းခံရပြီး ဖြုတ်ချခြင်းခံရပြီးဖြစ်သည်။ ၎င်းတို့သည် ယခုထိတိုင် နှင်ထုတ်ခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်း မခံရသေးသော်လည်း၊ ၎င်းတို့၏ သရုပ်သကန်များနှင့် ထုတ်ဖော်မှုများက ၎င်းတို့သည် သမ္မာတရားကို လုံးဝလက်မခံကြောင်း၊ စွဲမြဲခိုင်မာစွာ နောင်တမရကြောင်းနှင့် အန္တိခရစ်တို့၏ စိတ်သဘောထားရှိသည်သာမက အန္တိခရစ်တို့၏ သဘာဝ အနှစ်သာရလည်း ရှိကြောင်း ပြသသည်၊ သူတို့သည် အမှန်ပင် အန္တိခရစ်စစ်စစ်တစ်ဦး ဖြစ်သည်”ဟု နားလည်သဘောပေါက်ရန် လိုအပ်သည်။ ပြီးလျှင် တစ်နေ့တွင်၊ ဤလူ နှင်ထုတ်ခြင်းခံရသောအခါ၊ သင်၏ စိတ်နှလုံးထဲတွင် “ဘုရားသခင်၏ နှုတ်ကပတ်တော်များက အလွန် တိကျပါသည်တကား။ အန္တိခရစ်တို့၏ စိတ်သဘောထားရှိသော လူများသည် ပြောင်းလဲနိုင်သော်လည်း၊ အန္တိခရစ်တို့၏ အနှစ်သာရရှိသောသူများမှာမူ ပြောင်းလဲမည် မဟုတ်ပါ”ဟု သင် အတည်ပြုပေသည်။ ဤနှုတ်ကပတ်တော်များသည် သင်၏ စိတ်နှလုံးထဲတွင် အမြစ်စွဲသွားသည်။ ယင်းမှာ မှတ်ဉာဏ်တစ်ခု သို့မဟုတ် ထင်မြင်ယူဆချက် အနည်းငယ်မျှသာ မဟုတ်သည့်အပြင်၊ အာရုံခံ သိမြင်မှုတစ်မျိုးမျှသာလည်း မဟုတ်ပေ။ ထိုအစား၊ သင်သည် “အန္တိခရစ်တစ်ဦးက ပြောင်းလဲလိမ့်မည် မဟုတ်၊ သူသည် ဘုရားသခင်ကို အဆုံးတိုင် ဆန့်ကျင်လိမ့်မည်။ ဘုရားသခင်က သူတို့ကို မကယ်တင်သည်မှာ အံ့ဩစရာမရှိပါ။ ဘုရားသခင်က ထိုသို့သောလူများအပေါ် အလုပ်မလုပ်သည်မှာ အံ့ဩစရာမရှိပါ။ သူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ဉာဏ်အလင်းရခြင်း သို့မဟုတ် သိမြင်မှု မည်သည့်အခါမျှ မရှိသည့်အပြင် မည်သည့်ကြီးထွားမှုမျှ မပြသသည်မှာ အံ့ဩစရာမရှိပါ။ သူတို့သည် မိမိတို့သဘောအတိုင်း လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။ ဤသည်မှာ အမှန်တကယ်ပင် အန္တိခရစ်တစ်ဦး ဖြစ်သည်တကား” ဟူ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နက်ရှိုင်းစွာ နားလည်ပြီး လက်ခံပေသည်။ သင်သည် ဘုရား နှုတ်ကပတ်တော်များ၏ မှန်ကန်တိကျမှုကို အတည်ပြုသောအခါ၊ မိမိဘာသာ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အမှန်တကယ်ပင် သမ္မာတရား ဖြစ်သည်။ ဤနှုတ်ကပတ်တော်များက မှန်ကန်သည်။ အာမင်”ဟု တွေးလိမ့်မည်။ သင်က အာမင်ဟု ဆိုခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ သင်၏ အတွေ့အကြုံများမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာခပ်သိမ်းကို တိုင်းတာရန်အတွက် စံသတ်မှတ်ချက်ဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းနှင့် ဤခေတ်ကာလနှင့် ဤလူသားမျိုးနွယ်တို့ ကွယ်ပျောက်သွားသည့်အခါတွင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကွယ်ပျောက်သွားလိမ့်မည် မဟုတ်ကြောင်းကို သင် နားလည်လာခဲ့သည်ဟု ဆိုလိုသည်။ အဘယ်ကြောင့် ထိုနှုတ်ကပတ်တော်များက ကွယ်ပျောက်သွားလိမ့်မည် မဟုတ်သနည်း။ အကြောင်းမှာ မည်သည့်အချိန်အခါ၌မဆို၊ အန္တိခရစ်တို့၏ အနှစ်သာရသည် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်သည့်အပြင်၊ အန္တိခရစ်တို့၏ အနှစ်သာရကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည်လည်း လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ဤခေတ်သည် ကွယ်ပျောက်သွားလိမ့်မည်ဖြစ်သော်လည်း၊ ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ကွယ်ပျောက်သွားလိမ့်မည်ဖြစ်သော်လည်း၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များသည် အစဉ်သဖြင့် အဖြစ်မှန်များနှင့်ဆိုင်သော သမ္မာတရား ဖြစ်လိမ့်မည်။ မည်သူကမျှ ဤအရာကို မငြင်းပယ်နိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်မြင်တွေ့ပြီး ကြုံတွေ့ရသော အဖြစ်မှန်များနှင့် ကိုက်ညီပြီး ထပ်တူကျကြောင်းကို သင် ခံစားရပြီး၊ သင်၏ စိတ်နှလုံးက အတည်ပြုချက် ရရှိကာ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မှန်ကန်ရမည်ဟူသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မှားယွင်းခြင်းမရှိဟူသည်ဖြစ်စေ ခံစားရသည့် ခံစားချက်တစ်ခုမျှသာ မဟုတ်ဘဲ၊ ထိုအစား သင်သည် ထိုနှုတ်ကပတ်တော်ကို မြင်တွေ့ခဲ့ပြီး ကိုယ်တိုင် တွေ့ကြုံပြီးဖြစ်လျှင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလိုအလျောက် အာမင်ဟု ဆိုလိမ့်မည်။ ထိုအချိန်တွင်၊ ငါက “အန္တိခရစ်တို့၏ အနှစ်သာရရှိသော လူများ၏ သရုပ်သကန်များမှာ အဘယ်နည်း”ဟု တစ်ဖန်မ် မေးလျှင်၊ သင်၏ အတွင်းပိုင်း သိနားလည်မှုက ချက်ချင်း ထွက်ပေါ်လာလိမ့်မည်။ သင်သည် ထင်မြင်ယူဆချက်တစ်ခု၊ မှတ်မိထားသော စကားရပ်တစ်ခု သို့မဟုတ် အသိတစ်မျိုး သို့မဟုတ် အာရုံခံ သိမြင်မှုတစ်မျိုးကိုသာ ရရှိခြင်းဖြစ်မည် မဟုတ်ပေ။ သင်က ချက်ချင်းပင် “အန္တိခရစ်တို့သည် သမ္မာတရားကို လုံးဝလက်မခံကြသည့်အပြင် စွဲမြဲခိုင်မာစွာ နောင်တမရကြပါ”ဟု ဆိုလိမ့်မည်။ ဤပြောဆိုချက်တွင် ကျိုးကြောင်းဆီလျော်သော ဖွဲ့စည်းပုံ များများစားစား ရှိကောင်းမရှိနိုင်သော်လည်း၊ ယင်းကို အတော်လေး ရုတ်တရက် ပြောလိုက်ခြင်းဖြစ်ပြီး၊ လူတို့က ပထမတွင် ယင်းကို သဘောပေါက်မည် မဟုတ်သော်လည်း၊ သင်သည် တွေ့ကြုံပြီးဖြစ်သည့်အပြင် သင်၏ ကိုယ်ပိုင်မျက်စိဖြင့် မြင်တွေ့ပြီးဖြစ်သောကြောင့် ယင်းက မည်သည့်အရာကို ဆိုလိုသည်ကို သင်သိပေသည်။ အန္တိခရစ်တို့သည် ထိုသို့သော ယုတ်ညံ့သည့်အရာများ အတိအကျ ဖြစ်ကြသည်။ ၎င်းတို့ မည်သည့်အခါမျှ နောင်တရလိမ့်မည် မဟုတ်။ ဤနှုတ်ကပတ်တော်များကို တွေ့ကြုံရန် လိုအပ်သည်။ ယင်းတို့ကို မတွေ့ကြုံသောသူ မည်သူမဆိုသည် မည်သည့်အရာကိုမျှ ရရှိလိမ့်မည် မဟုတ်ပေ။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်