ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၃)

အချက် ၁၄- အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ချက်ချင်းပင် ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့ (အပိုင်း ၂)

ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးချက်မြောက် တာဝန်ဖြစ်သည့် “အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ချက်ချင်းပင် ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့” ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ထိုမိတ်သဟာယဖွဲ့ခြင်းတွင် “အသင်းတော်ဆိုသည်မှာ အဘယ်အရာဖြစ်သည်” ဟူသည့် ကဏ္ဍတစ်ခု ပါဝင်ခဲ့သည်။ အသင်းတော်၏ အနက်အဓိပ္ပာယ်ကို မိတ်သဟာယ ဖွဲ့ပြီးနောက် ဤအရာနှင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးချက်မြောက် တာဝန်တို့ကြားရှိ ဆက်နွှယ်မှုကို သင်တို့ ရှင်းရှင်းလင်းလင်း နားလည်ကြသလော။ (ဘုရားသခင်က အသင်းတော်၏ အနက်အဓိပ္ပာယ်ကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် အသင်းတော်များ အဘယ်ကြောင့် တည်ရှိသည်ကိုလည်းကောင်း၊ အသင်းတော်တစ်ခုက ပါဝင်သည့် အခန်းကဏ္ဍကိုလည်းကောင်း၊ အသင်းတော်တစ်ခုက လုပ်ဆောင်သည့် အလုပ်ကိုလည်းကောင်း ကျွန်ုပ်တို့ နားလည်ခဲ့ပါသည်၊ ဤအရာကို အခြေခံ၍ အသင်းတော်ထဲ၌ မည်သည့်လူများက အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေနေပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍမှ မပါဝင်သည်ကို ကျွန်ုပ်တို့ ပိုင်းခြားသိမြင်နိုင်ပါသည်၊ ပြီးနောက် ဤလူတို့ကို ဖယ်ထုတ်ပစ်နိုင်သည် သို့မဟုတ် နှင်ထုတ်နိုင်သည်။) အသင်းတော်ဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို နားလည်ပြီးနောက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်က အသင်းတော်များကို အဘယ်ကြောင့် တည်ထောင်သည်၊ အသင်းတော်များ ဖွဲ့စည်းခြင်းက လူတို့အပေါ် သက်ရောက်မှု၊ အသင်းတော်များ လုပ်ဆောင်သင့်သည့်အလုပ်၊ အသင်းတော်တစ်ခုကို ဖွဲ့စည်းသည့် လူအမျိုးအစားများနှင့် မည်သည့်လူများက စစ်မှန်သော ညီအစ်ကိုမောင်နှမများ ဖြစ်သည်တို့ကို သိသင့်သည်။ ဤအရာများကို နားလည်ပြီး သိရှိပြီးနောက်တွင် သင်တို့သည် ဆယ့်လေးချက်မြောက် တာဝန်တွင် ဖော်ပြထားသည့် အလုပ်ဖြစ်သော “အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ချက်ချင်းပင် ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့” အတွက် အခြေခံ အယူအဆတစ်ခုနှင့် အနက်အဓိပ္ပာယ်တစ်ခုအပြင် စည်းမျဉ်းဆိုင်ရာ အခြေခံအုတ်မြစ်တစ်ခုလည်း ရှိလာပြီဖြစ်သည်။ ဤသည်မှာ သင်တို့သည် သီအိုရီနှင့် ရူပါရုံပိုင်းဆိုင်ရာတွင် ရှင်းရှင်းလင်းလင်း သိထားပြီး နားလည်ထားသင့်သည့် အရာတစ်ခု ဖြစ်သည်။ ဤအရာကို နားလည်ပြီးသည့်နောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက တာဝန်ယူဆောင်ရွက်သင့်သည့် ပထမဆုံးအလုပ်မှာ ဆိုးယုတ်သည့် လူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ရန် ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအတွက် စံနှုန်းများနှင့် စည်းမျဉ်းများမှာ အဘယ်နည်း။ ဆိုးယုတ်သော လူအမျိုးမျိုးတို့အား ပိုင်းခြားသိမြင်ခြင်းသည် အသင်းတော်၏ အနက်ဖွင့်ဆိုချက်၊ အသင်းတော်တည်ရှိခြင်း၏ အဓိပ္ပာယ်နှင့် တန်ဖိုးအပြင် အသင်းတော်များ လုပ်ဆောင်ရန် ဘုရားသခင် သတ်မှတ်ပေးသည့် အလုပ်တို့အပေါ် အခြေခံသင့်သည်။ ပြီးခဲ့သည့်တစ်ကြိမ်က ဆိုးယုတ်သောလူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် စံနှုန်းများနှင့် အခြေခံများကို အဓိကအမျိုးအစားသုံးခုအဖြစ် ခွဲခြားခဲ့သည်။ ဤအမျိုးအစားသုံးခုမှာ အဘယ်နည်း။ (လူတစ်ဦး၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်၊ လူတစ်ဦး၏ လူ့သဘာဝနှင့် ၎င်းတို့၏ တာဝန်အပေါ် သဘောထားတို့ ဖြစ်ပါသည်။) ဤအဓိက အမျိုးအစားသုံးခုသည် လုံလောက်အောင် တိကျပြီး ပြည့်စုံသလော။ အချို့လူများက “လူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ခြင်းသည် ၎င်းတို့ သမ္မာတရားကို ချစ်သည့်အတိုင်းအတာနှင့် ၎င်းတို့ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကြောက်ရွံ့သည့်အတိုင်းအတာတို့အပေါ် အခြေမခံဘဲ ထိုအစား ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်၊ ၎င်းတို့၏ လူ့သဘာဝနှင့် ၎င်းတို့၏ တာဝန်အပေါ် သဘောထားတို့အပေါ် အဘယ်ကြောင့် အခြေခံရသနည်း။ ဤစံနှုန်းများသည် အလွန်နိမ့်လွန်းသည် မဟုတ်လော။ တစ်နည်းအားဖြင့် ဤအမျိုးအစားသုံးခု၏ တိကျသော အကြောင်းအရာမှ အကဲဖြတ်ရလျှင် ဘုရားသခင်နှင့် သမ္မာတရားအပေါ် လူတို့၏ သဘောထားနှင့်ပတ်သက်၍ ပိုမိုနက်ရှိုင်းသော ဆွေးနွေးမှု အဘယ်ကြောင့် မရှိသနည်း။ လူတို့သည် ပြုပြင်ခြင်း၊ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံလိုစိတ်ရှိမရှိ၊ ၎င်းတို့၌ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကြောက်ရွံ့သော စိတ်နှလုံးရှိမရှိနှင့် သမ္မာတရားနှင့် သက်ဆိုင်သော အခြား ပိုမိုနက်ရှိုင်းသည့် အကြောင်းအရာများကို အဘယ်ကြောင့် ဖော်ပြထားခြင်း မရှိသနည်း” ဟု ပြောကြသည်။ သင်တို့သည် ဤမေးခွန်းအကြောင်းကို တစ်ခါမျှ စဉ်းစားဖူးသလော။ ဤကိစ္စကို ယခုလောလောဆယ် မဆွေးနွေးကြသေးစို့။ စံသတ်မှတ်ချက်သုံးခုဖြစ်သည့် လူတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်၊ ၎င်းတို့၏ လူ့သဘာဝနှင့် ၎င်းတို့၏ တာဝန်အပေါ် သဘောထားတို့ကို ဦးစွာ ကြည့်ကြစို့။ ယင်းတို့၏ ခေါင်းစဉ်များမှ အကဲဖြတ်ရလျှင် ဤစံသတ်မှတ်ချက်သုံးခုသည် တိမ်သလော။ အကယ်၍ လူတစ်ဦးသည် ဤအခြေခံအကျဆုံးသော စံသတ်မှတ်ချက်သုံးခုနှင့်စပ်လျဉ်း၍ စံနှုန်းမပြည့်မီလျှင် ၎င်းတို့ကို ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးဟု ခေါ်နိုင်သလော။ (မခေါ်နိုင်ပါ။) ၎င်းတို့ကို အသင်းတော်အသင်းသားတစ်ဦးအဖြစ် မှတ်ယူနိုင်သလော။ ၎င်းတို့ကို ဘုရားသခင်က အသင်းတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် အသိအမှတ်ပြုနိုင်သလော။ (မပြုနိုင်ပါ။) ဤအရာများထဲမှ တစ်ခုမျှ ၎င်းတို့အတွက် ဖြစ်နိုင်ချေမရှိပေ။ သို့ဖြစ်၍ လူတစ်ဦးသည် ဤစံသတ်မှတ်ချက်သုံးခုလုံးနှင့်စပ်လျဉ်း၍ မလုံလောက်လျှင် သို့မဟုတ် စံမမီလျှင် ထိုသို့သော လူပုဂ္ဂိုလ်များကို ပိုင်းခြားသိမြင်သင့်သည်၊ ၎င်းတို့သည် ဆိုးယုတ်သော လူအမျိုးမျိုးတို့၏ အဆင့်အတန်းများနှင့် သက်ဆိုင်ပြီး ၎င်းတို့ကို ဖယ်ထုတ်ပစ်သင့်သည်၊ သို့မဟုတ် နှင်ထုတ်သင့်သည်။ လူတစ်ဦးသည် ဘုရားသခင်က အသိအမှတ်ပြုထားသည့် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး ဟုတ်မဟုတ်ဖြစ်စေ၊ အသင်းတော်က လက်ခံသင့်သည့် အသင်းသားတစ်ဦး ဟုတ်မဟုတ်ဖြစ်စေ အနည်းဆုံးအားဖြင့် ဤစည်းမျဉ်းသုံးချက်ကို စံနှုန်းပြည့်မီပြီး ကိုက်ညီခြင်း ရှိမရှိအပေါ် မူတည်သည်။ ၎င်းတို့သည် ဤစည်းမျဉ်းသုံးချက်ကိုပင် မပြည့်မီပါက ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး လုံးဝမဟုတ်ပေ။ သဘာဝအားဖြင့် ဘုရားသခင်သည် ၎င်းတို့ကို အသိအမှတ်မပြုသကဲ့သို့ အသင်းတော်ကလည်း ၎င်းတို့ကို လက်မခံသင့်ပေ။ သို့ဆိုလျှင် အသင်းတော်သည် ၎င်းတို့ကို မည်သို့ သဘောထားပြီး ကိုင်တွယ်သင့်သနည်း။ (၎င်းတို့ကို ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုသင့်ပါသည်။) ၎င်းတို့ ပိုင်းခြားသိမြင်ခြင်းခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံရသင့်သည်။ ယင်းမှာ ပကတိအခြေအနေ အတိအကျပင်ဖြစ်၏။

ဆိုးယုတ်သောလူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် စံနှုန်းများနှင့် အခြေခံများ

၁။ လူတစ်ဦး၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်အပေါ် အခြေခံခြင်း

ဃ။ အခွင့်ကောင်းယူရန်

ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်သုံးခုကို မိတ်သဟာယဖွဲ့ပြီး စာရင်းပြုစုခဲ့သည်။ ငါတို့သည် ယင်းတို့ကို ခေါင်းစဉ်များအဖြစ် စာရင်းပြုစုမည်ဆိုလျှင် ပထမတစ်ခုမှာ အရာရှိတစ်ဦးဖြစ်လိုသည့် လူတစ်ဦး၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်ဖြစ်သည်၊ ဒုတိယမှာ ဆန့်ကျင်ဘက်လိင်ကို ရှာဖွေရန်ဖြစ်ပြီး တတိယမှာ ဘေးအန္တရာယ်များကို ရှောင်ရှားရန် ဖြစ်သည်။ ငါတို့သည် ဤရည်ရွယ်ချက်သုံးခုကို မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ဆက်လက်၍ ငါတို့သည် စတုတ္ထမြောက် ရည်ရွယ်ချက်ကို မိတ်သဟာယဖွဲ့ကြမည်။ အချို့လူများသည် အခွင့်ကောင်းယူသည့် အကြောင်းရင်းများအတွက် သက်သက် ဘုရားသခင်ကို ယုံကြည်ကြသည်၊ သို့ဖြစ်၍ ဤရည်ရွယ်ချက်၏ ခေါင်းစဉ်မှာ “အခွင့်ကောင်းယူရန်” ဖြစ်သည်။ အချို့လူများသည် ဘာသာရေးလောကရှိ ဘာသာတရားများနှင့် ဂိုဏ်းဂဏများအားလုံးသည် ပျက်စီးယိုယွင်းနေပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်မရှိသည်ကိုလည်းကောင်း၊ လူတို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းသည် အေးစက်လာခဲ့သည်ကိုလည်းကောင်း၊ လူတို့ကိုယ်တိုင်သည် တိုး၍ပင် အကျင့်ပျက်လာခဲ့ပြီး ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် မတွေ့ရသည်ကိုလည်းကောင်း၊ လူတို့သည် မည်သည့်အရာမျှ မရရှိဘဲ သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြသည်ကိုလည်းကောင်း မြင်ကြသည်။ ဘာသာရေးလောကသည် လွင်တီးခေါင်တစ်ခုအဖြစ်သို့ လုံးဝ ပြောင်းလဲသွားသည်ကို မြင်လျှင် ၎င်းတို့သည် မိမိတို့်အတွက် ရှေ့ဆက်ရန် နည်းလမ်းတစ်ခုကို ရှာဖွေကြသည်။ ၎င်းတို့က “ယခု မည်သည့်အသင်းတော်က လူပိုများသနည်း၊ စည်ကားသနည်း၊ ဖွံ့ဖြိုးတိုးတက်မှု အလားအလာများ ရှိသနည်း” ဟု တွေးဆကြသည်။ ဘာသာရေးလောက၏ အတိုက်အခံလုပ်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းကို ခံရသည့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် စည်ကားနေကြောင်း၊ ယင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိကြောင်းနှင့် ပြည်တွင်းပြည်ပ နှစ်ခုလုံးတွင် ကောင်းစွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း ၎င်းတို့ တွေ့ရှိကြသည်။ ၎င်းတို့က “ဤအသင်းတော်၏ အသင်းသားဦးရေသည် တိုးပွားနေကြောင်း၊ ကောင်းစွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ များပြားသော လူအင်အား၊ ရုပ်ဝတ္ထုဆိုင်ရာ အရင်းအမြစ်များနှင့် ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များကို ပိုင်ဆိုင်ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာများ ရှိကြောင်း ငါ ကြားမိသည်။ အကယ်၍ ငါသည် ၎င်းတို့၏ အသင်းတော်သို့ ဝင်ရောက်ရန် ဤအခွင့်အရေးကောင်းကို အမိအရအသုံးချလျှင် အကျိုးကျေးဇူးအချို့ကို ရနိုင်မည် မဟုတ်လော။ ငါ့အတွက် အလားအလာကောင်းများကို သေချာစေမည် မဟုတ်လော” ဟု တွေးထင်ကြသည်။ ထိုသို့သော ရည်ရွယ်ချက်နှင့် ရည်မှန်းချက်အပြင် သိချင်စိတ်အနည်းငယ်ဖြင့် ၎င်းတို့သည် အသင်းတော်ထဲသို့ ခိုးကြောင်ခိုးဝှက် ထိုးဖောက်ဝင်ရောက်ကြသည်။ ဤလူတို့သည် အသင်းတော်ထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ပြီးနောက်တွင် သမ္မာတရားကိုလည်းကောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းကိုလည်းကောင်း၊ ၎င်းတို့၏ အသက်စိတ်သဘောထား ပြောင်းလဲခြင်းကိုလည်းကောင်း စိတ်မဝင်စားကြပေ။ အသင်းတော်သို့ ဝင်ရောက်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အားကိုးရာတစ်ခု သို့မဟုတ် နေထိုင်ရန် နေရာတစ်ခုကို ရှာဖွေရန်နှင့် ၎င်းတို့ လိုအင်ဆန္ဒရှိသည့် အလားအလာများကို ရရှိရန်သာ ဖြစ်သည်။ အမှန်မှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌လည်းကောင်း၊ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများ၌လည်းကောင်း၊ ဘုရားသခင် လုပ်ဆောင်သည့် ကယ်တင်ခြင်းအမှု၌လည်းကောင်း စိတ်ဝင်စားမှုမရှိသည့်အပြင် ဤအရာများနှင့်ပတ်သက်၍ ကြားလိုခြင်း သို့မဟုတ် ရှာဖွေလိုခြင်းလည်း မရှိပေ။ အထူးသဖြင့် ၎င်းတို့သည် ဘုရားသခင်၏အလုပ်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်၌ စိတ်ဝင်စားမှု လုံးဝကင်းမဲ့ကြသည်။ ဤလူများသည် မည်သည့်လုပ်ငန်းကဏ္ဍသို့ ဝင်ရောက်သည်ဖြစ်စေ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရရှိရန် အခွင့်အရေးများ ရှာဖွေဖို့အတွက်သာ ထိုသို့ဝင်ရောက်ပြီး မိမိတို့၏ ကိုယ်ပိုင်အလားအလာများနှင့် ကံကြမ္မာအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကာ အဖိုးအခပေးရုံသာဖြစ်သည့် လူ့အဖွဲ့အစည်းရှိ အခွင့်အရေးသမားများကဲ့သို့ ဖြစ်ကြသည်။ ၎င်းတို့ စိတ်ရောကိုယ်ပါနှစ်၍ ဝင်ရောက်လုပ်ဆောင်သည့် နယ်ပယ် သို့မဟုတ် လုပ်ငန်းကဏ္ဍ၌ လက်ရှိတွင် ထင်ရှားသော အလားအလာများ မရှိသည်ကိုဖြစ်စေ၊ ဤလုပ်ငန်းကဏ္ဍက ၎င်းတို့ကို ဤကမ္ဘာလောကတွင် ၎င်းတို့၏ အားသာချက်များကို ပြသခွင့်မပြုဘဲ ကြီးပွားတိုးတက်ခွင့် မပြုသည်ကိုဖြစ်စေ ၎င်းတို့ ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အလုပ်ပြောင်းရန်ဖြစ်စေ၊ လုပ်ငန်းကဏ္ဍပြောင်းရန်ဖြစ်စေ မိမိတို့၏ စိတ်ထဲတွင် မကြာခဏ တွက်ချက်ကြသည်။ ၎င်းတို့ မည်သည့်အရာကိုပင် လုပ်ဆောင်သည်ဖြစ်စေ ထိုသို့သောလူများသည် အခွင့်အခါကောင်းကို အစဉ်သဖြင့်စောင့်၍ လှုပ်ရှားကြသည်၊ ၎င်းတို့တွင် အသင်းတော်သို့ ဝင်ရောက်ခြင်းအတွက် ရည်ရွယ်ချက်နှင့် ရည်မှန်းချက်တစ်ခု ရှိသည်။ အသင်းတော် စည်ပင်နေသည့်အခါ၊ လူ့အဖွဲ့အစည်း သို့မဟုတ် မည်သည့်နိုင်ငံတွင်မဆို အခိုင်အမာ ရပ်တည်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှု အလားအလာများ ရှိသည့်အခါ ၎င်းတို့သည် အသင်းတော်၏အလုပ်ထဲသို့ တက်ကြွစွာနှင့် စိတ်အားထက်သန်စွာ စိတ်ရောကိုယ်ပါနှစ်၍ ပါဝင်လုပ်ဆောင်ကြသည်။ သို့သော် အသင်းတော်သည် ဖိနှိပ်ခြင်းနှင့် ကန့်သတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုအင်ဆန္ဒများနှင့် တောင်းဆိုချက်များကို မဖြည့်ဆည်းပေးနိုင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အသင်းတော်မှ ထွက်ခွာပြီး မိမိတို့အတွက် ရှေ့ဆက်ဖို့ အခြားနည်းလမ်းတစ်ခုကို ရှာဖွေသင့်ခြင်း ရှိမရှိကို စဉ်းစားကြသည်။ ဤလူတို့ အသင်းတော်သို့ ဝင်ရောက်ခြင်း၏ စစ်မှန်သော ရည်ရွယ်ချက်မှာ ၎င်းတို့သည် သမ္မာတရားကို စိတ်ဝင်စားသောကြောင့် မဟုတ်သည်မှာ သိသာထင်ရှားသည်၊ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းနှင့် လူကို ကယ်တင်သည့် ဘုရားသခင်၏ အမှုသစ်ကို အသိအမှတ်ပြုခြင်းအပေါ် အခြေခံ၍ အသင်းတော်သို့ ဝင်ရောက်ခဲ့ခြင်း မဟုတ်ပေ။ ၎င်းတို့သည် အသင်းတော်တစ်ခုကို ရွေးချယ်သည့်အခါတွင်ပင် အထူးသဖြင့် ပြည်တွင်းပြည်ပ နှစ်ခုလုံးတွင် ထင်ပေါ်ကျော်ကြားမှု အဆင့်အတန်းတစ်ခုရှိသည့် လူသိများပြီး ကြီးမားသော အသင်းသားများစွာရှိသည့် အသင်းတော်တစ်ခုကို ရွေးချယ်ကြသည်။ ၎င်းတို့အတွက် ဤသို့သော အသင်းတော်မျိုးသာလျှင် ၎င်းတို့၏ စံနှုန်းများနှင့် ကိုက်ညီပြီး ၎င်းတို့ ရည်မှန်းသည့် သို့မဟုတ် လိုက်စားသည့် ပန်းတိုင်များနှင့် လုံးဝ သဟဇာတဖြစ်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ အမှန်တကယ် မယုံကြည်ခဲ့ကြသကဲ့သို့ ဘုရားသခင် တည်ရှိခြင်း သို့မဟုတ် ဘုရားသခင်၏အလုပ်ကိုလည်း အမှန်တကယ် အသိအမှတ်မပြုခဲ့ကြပေ။ ၎င်းတို့သည် တစ်ခါတစ်ရံ အသင်းတော်အတွက် တစ်စုံတစ်ခု လုပ်ဆောင်သည် သို့မဟုတ် အသင်းတော်အလုပ်၏ အစိတ်အပိုင်းအချို့တွင် စိတ်ရောကိုယ်ပါနှစ်၍ လုပ်ဆောင်သည်ဟု ထင်ရလျှင်ပင် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာ၌ သမ္မာတရားအပေါ်နှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားသည် မပြောင်းလဲပေ။ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့၏ တစ်သမတ်တည်းဖြစ်သော သဘောထားမှာ လောလောဆယ် ရေလိုက်ငါးလိုက် နေလိုက်ဦးမည်ဟူဿ ဖြစ်သည်၊ ဤအသင်းတော်မှ ၎င်းတို့ အတိအကျ မည်သည့်အရာကို ရနိုင်သည်ကို ကြည့်ရန်၊ ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်များ မည်မျှ အတိအကျ အမှန်တကယ် ဖြစ်လာနိုင်သည်ကိုလည်းကောင်း မည်သည့်အတိုင်းအတာအထိ ဖြစ်လာနိုင်သည်ကိုလည်းကောင်း ကြည့်ရန်၊ ဘုရားသခင်က လူကို ကတိပေးထားသည့် ကောင်းချီးများကို မည်သည့်အချိန်တွင် ရရှိနိုင်မည်ကိုလည်းကောင်း၊ ဤကောင်းချီးများကို ရေတိုအတွင်း တွေ့မြင်ပြီး ဖြည့်ဆည်းခြင်းခံရနိုင် ရှိမရှိဆိုသည်ကိုလည်းကောင်း ကြည့်ရန် ဖြစ်သည်။ ၎င်းတို့၏ သဘောထားသည် အမြဲတစေ ဤသို့ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ သိချင်စိတ်ဖြင့်လည်းကောင်း၊ စမ်းကြည့်လိုသည့် လိုအင်ဆန္ဒဖြင့်လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံပြီး အမှန်တကယ်ဖြစ်လာလျှင် ၎င်းတို့သည် ကောင်းချီးများ ရရှိမည်ဖြစ်ပြီး အရှုံးမရှိဟူသည့် သဘောထားဖြင့်လည်းကောင်း လာကြသည်။ ထိုသို့သောလူများသည် ဘုရားအိမ်တော်သို့ လာကြပြီး ၎င်းတို့သည် အခြားသူများအပေါ် ဖော်ရွေပုံရလျှင်ပင် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းပုံရလျှင်ပင်၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများကို မဖြစ်စေလျှင်ပင်၊ မကောင်းမှုများတွင် မပါဝင်လျှင်ပင် ဘုရားသခင်နှင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကို အခြေခံ၍ ၎င်းတို့ကို သိသာထင်ရှားသော မယုံကြည်သူများအဖြစ် ပိုင်းခြားသိမြင်နိုင်သည်။

အခွင့်ကောင်းယူ၍ ကောင်းချီးများရရှိရန်သက်သက် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို ရယူလိုစိတ်မရှိသည့် မယုံကြည်သူအမျိုးအစားကို ငါတို့ မည်သို့ ပိုင်းခြားသိမြင်နိုင်သနည်း။ ၎င်းတို့သည် တရားဒေသနာမည်မျှ ကြားရသည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့အား မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ လူများနှင့် အမှုအရာများအပေါ် ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်များ၊ ၎င်းတို့၏ ဘဝအပေါ် ရှုမြင်ပုံနှင့် တန်ဖိုးထားမှုများသည် မည်သည့်အခါမျှ မပြောင်းလဲပေ။ ဤသည်မှာ အဘယ်ကြောင့်နည်။ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ အလေးအနက် မဆင်ခြင်သုံးသပ်သည့်အပြင် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများကိုဖြစ်စေ၊ အမျိုးမျိုးသော ကိစ္စရပ်များနှင့်ပတ်သက်၍ ဘုရားသခင် ပြောဆိုသည့်အရာကိုဖြစ်စေ လုံးဝ လက်မခံသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အမြင်များနှင့် စာတန်၏ အတွေးအခေါ်များကိုသာ စွဲကိုင်ထားကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် စာတန်၏ အတွေးအခေါ်များနှင့် ကျိုးကြောင်းဆင်ခြင်မှုတို့သည် သင့်တော်ပြီး မှန်ကန်သည်ဟု ၎င်းတို့ ယုံကြည်နေဆဲ ဖြစ်သည်။ ဥပမာအားဖြင့် “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “လက်ဆောင်ယူလာသူများကို အရာရှိများ ဒုက္ခမပေး” သို့မဟုတ် “ကောင်းသောသူများ၌ ငြိမ်းချမ်းသည့် ဘဝရှိသည်” တို့ ဖြစ်သည်။ “လူတို့သည် ဘုရားကို ယုံကြည်သည့်အခါ ၎င်းတို့သည် လူကောင်းများ ဖြစ်ရမည်၊ ဆိုလိုသည်မှာ အသက်တစ်ချောင်းကို မည်သည့်အခါမျှ မသတ်ရ၊ အသက်တစ်ချောင်းကို သတ်ခြင်းသည် အပြစ်ဖြစ်ပြီး ဘုရာအတွက် ခွင့်မလွှတ်နိုင်စရာဖြစ်သည်” ဟု ပြောဆိုသောသူများပင် ရှိသေးသည်။ ဤသည်မှာ မည်သို့သော အမြင်မျိုးဖြစ်သနည်း။ ယင်းမှာ ဗုဒ္ဓဘာသာ အမြင်တစ်ခု ဖြစ်သည်။ ဗုဒ္ဓဘာသာ အမြင်သည် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီနိုင်သော်လည်း သမ္မာတရား တစ်စက်မျှ မရှိချေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာလျှင် သမ္မာတရား ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း၌ အချို့လူများသည် ဘာသာတရား မရှိသူများ၏ အဓိပ္ပာယ်မဲ့သော အမြင်များနှင့် ဘာသာရေးလောက၏ မှားယွင်းသော သဘောတရားများကိုပင် သမ္မာတရားအဖြစ် လက်ခံကြသည်၊ ၎င်းတို့သည် ထိုအရာများကို တန်ဖိုးထားပြီး ဖက်တွယ်ထားကြသည်။ ဤလူများသည် သမ္မာတရားကို လက်ခံသောသူများလော။ ၎င်းတို့သည် လူ၏စကားများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြား သို့မဟုတ် နတ်ဆိုးများ၊ စာတန်ကြားနှင့် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်၊ ဖန်ဆင်းရှင်ကြားတို့ကို မခွဲခြားနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုမတောင်းကြပေ၊ သို့မဟုတ် သမ္မာတရားကိုလည်း မရှာဖွေကြသကဲ့သို့ ဘုရားသခင် ဖော်ပြသည့် မည်သည့်သမ္မာတရားကိုမျှလည်း လက်မခံကြပေ။ လူများ၊ အပြင်လောကနှင့် အခြားအမှုအရာအားလုံးအပေါ် ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်များသည် မည်သည့်အခါမျှ မပြောင်းလဲပေ။ ၎င်းတို့သည် ရိုးရာယဉ်ကျေးမှုမှ လာသည့် မိမိတို့ အစဉ်အမြဲ စွဲကိုင်ခဲ့သော အမြင်ရှုထောင့်များကိုသာ ဖက်တွယ်ထားကြသည်။ ထိုအမြင်များသည် မည်မျှပင် ရယ်ဖွယ်ဖြစ်နေပါစေ ၎င်းတို့သည် ဤအရာကို မသိမြင်နိုင်ဘဲ ထိုမှားယွင်းသော အမြင်ရှုထောင့်များကို မြဲမြံစွာ ဆက်လက်စွဲကိုင်ထားပြီး လက်မလွှတ်ကြပေ။ ဤသည်မှာ မယုံကြည်သူတစ်ဦး၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ နောက်တစ်ခုမှာ အဘယ်နည်း။ ယင်းမှာ အသင်းတော်သည် အတိုင်းအတာအရ တိုးပွားလာသည်နှင့်အမျှနှင့် လူ့အဖွဲ့အစည်းအတွင်း ယင်း၏ အဆင့်အတန်းသည် အစဉ်မပြတ် ကြီးထွားလာသည်နှင့်အမျှ ၎င်းတို့၏ စိတ်အားထက်သန်မှု၊ စိတ်ခံစားမှုများနှင့် ယုံကြည်ခြင်းတို့သည် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အသင်းတော်၏အလုပ်သည် ပြည်ပသို့ ပျံ့နှံ့သွားပြီး အတိုင်းအတာအရ တိုးပွားလာသည့်အခါ၊ ဧဝံဂေလိအလုပ်သည် အပြည့်အဝ ပျံ့နှံ့သွားသည့်အခါ ၎င်းတို့သည် ဤအရာကို မြင်ပြီး ချက်ချင်းပင် အားအင်ပြည့်ဝလာသည်ဟု ခံစားခဲ့ကြသည်။ အသင်းတော်သည် ပို၍ပို၍ ဩဇာလွှမ်းမိုးမှုရှိလာပြီး အစိုးရ၏ ဖိနှိပ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုကို နောက်ထပ် ခံရတော့မည်မဟုတ်ဟု ၎င်းတို့ ခံစားခဲ့ကြရသည်၊ ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ ယုံကြည်ခြင်းအတွက် မျှော်လင့်ချက် ရှိသည်ဟု ယုံကြည်ခဲ့ကြပြီး ဂုဏ်ယူဝင့်ကြွားနိုင်ပြီဟု ယုံကြည်ခဲ့ကြသည်၊ သို့ဖြစ်၍ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မှန်ကန်သော လောင်းကြေး ထပ်ခြင်းဖြစ်သည်၊ ၎င်းတို့၏ လောင်းကြေးက နောက်ဆုံးတွင် အမြတ်ထွက်တော့မည်ဟု ၎င်းတို့ ခံစားခဲ့ကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန် ၎င်းတို့၏ အခွင့်အရေးသည် ပို၍ ပို၍ ကြီးထွားလာပြီး နောက်ဆုံးတွင် ၎င်းတို့ ရွှင်ပြစပြုလာကြသည်။ ယခင်နှစ်များအတွင်း ၎င်းတို့သည် ခရစ်ယာန်များအပေါ် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးမှုများနှင့် နှိမ်နင်းမှုများကို မကြာခဏ မြင်တွေ့ခဲ့ရသောကြောင့် ဖိနှိပ်ခံရသည်၊ နာကျင်ရသည်၊ မချိတင်ကဲဖြစ်ရသည်ဟု ခံစားခဲ့ကြရသည်။ ၎င်းတို့သည် အဘယ်ကြောင့် မချိတင်ကဲဖြစ်ခဲ့ရသနည်း။ အကြောင်းမှာ အသင်းတော်သည် အလွန်ဆိုးရွားသော အခြေအနေများတွင် ရှိနေခဲ့ပြီး ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရာ၌ မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ခဲ့ခြင်း ရှိမရှိနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခဲ့ကြသည့်အပြင် ထို့ထက်ပို၍ အသင်းတော်၌ နေသင့်ခြင်း ရှိမရှိကိုဖြစ်စေ၊ အသင်းတော်မှ ထွက်သွားသင့်ခြင်း ရှိမရှိကိုဖြစ်စေ သောကရောက်ပြီး စိုးရိမ်ပူပန်ကြသောကြောင့် ဖြစ်လေသည်။ ထိုနှစ်များအတွင်း အသင်းတော်သည် မည်သို့သော ဆိုးရွားသည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်ဖြစ်စေ ယင်းသည် ၎င်းတို့၏ စိတ်ခံစားမှုများအပေါ် သက်ရောက်မှုတစ်ခု ရှိလိမ့်မည်၊ အသင်းတော်သည် မည်သည့်အလုပ်ကိုပင် လုပ်ဆောင်နေသည်ဖြစ်စေ၊ လူ့အဖွဲ့အစည်းအတွင်း အသင်းတော်၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းသည် မည်သို့ပင် အတက်အကျရှိသည်ဖြစ်စေ ယင်းသည် ၎င်းတို့၏ စိတ်ခံစားမှုများနှင့် စိတ်အခြေအနေကို သက်ရောက်မှုရှိစေလိမ့်မည်။ ၎င်းတို့ နေသင့်သည် သို့မဟုတ် သွားသင့်သည်ဟူသည့် ကိစ္စသည် ၎င်းတို့၏ စိတ်ထဲတွင် အစဉ်သဖြင့် ရှိနေခဲ့သည်။ ထိုသို့သောလူများသည် မယုံကြည်သူများ ဖြစ်ကြသည် မဟုတ်လော။ အသင်းတော်သည် နိုင်ငံတော်အစိုးရ၏ ပြစ်တင်ရှုတ်ချခြင်းနှင့် နှိမ်နင်းခြင်းကို ခံရသည့်အခါ သို့မဟုတ် ယုံကြည်သူများသည် ဘာသာရေးလောက၏ ဖမ်းဆီးခြင်း သို့မဟုတ် တရားစီရင်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ အသရေဖျက်ခြင်းနှင့် ပယ်ချခြင်းတို့ကို ခံရသည့်အခါ ၎င်းတို့သည် အသင်းတော်သို့ ဝင်ရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ အလွန်အမင်း ဂုဏ်သိက္ခာကျဆင်းပြီး ကြီးစွာသော အရှက်ရခြင်းနှင့် အသရေပျက်ခြင်းကိုပင် ခံစားရသည်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ယိမ်းယိုင်ပြီး ဘုရားသခင်ကို ယုံကြည်ကာ အသင်းတော်သို့ ဝင်ရောက်ခဲ့ခြင်းအတွက် နောင်တရကြသည်။ ၎င်းတို့သည် အသင်းတော်၏ ဝမ်းမြောက်မှုများနှင့် ဆင်းရဲဒုက္ခများကို ဝေမျှခံစားခြင်းဖြစ်စေ၊ ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံရန်ဖြစ်စေ ရည်ရွယ်ချက်တစ်ခုမျှ မည်သည့်အခါမျှ မရှိကြပေ။ ထိုအစား အသင်းတော် ကြီးပွားနေသည့်အခါ ၎င်းတို့သည် ယုံကြည်ခြင်းဖြင့် ပြည့်လျှံနေပုံရသော်လည်း အသင်းတော်သည် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ပယ်ချခြင်း၊ နှိမ်နင်းခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကို ခံရသည့်အခါ ၎င်းတို့သည် ထွက်ပြေးလိုကြသည်၊ ထွက်ခွာလိုကြသည်။ ၎င်းတို့သည် ကောင်းချီးများရရှိရန် မည်သည့်မျှော်လင့်ချက်ကိုမျှဖြစ်စေ၊ နိုင်ငံတော်၏ ဧဝံဂေလိတရား ပျံ့နှံ့ရန် မည်သည့်မျှော်လင့်ချက်ကိုမျှ မမြင်နိုင်သည့်အခါ သာ၍ပင် ထွက်ခွာလိုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်းကို မမြင်ရသည့်အခါတွင်လည်းကောင်း၊ ကြီးမားသော ကပ်ဘေးများ မည်သည့်အချိန်တွင် ဆိုက်ရောက်မည်ကိုလည်းကောင်း၊ မည်သည့်အချိန်တွင် ပြီးဆုံးမည်ကိုလည်းကောင်း၊ ခရစ်တော်၏ နိုင်ငံတော် မည်သည့်အချိန်တွင် အကောင်အထည် ပေါ်မည်ကိုလည်းကောင်း မသိသည့်အခါ စိတ်ထဲတွင် မပြတ်သားဘဲ ယိမ်းယိုင်နေပြီး စိတ်ငြိမ်သက်မှုဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်စွမ်းမရှိကြပေ။ ဤသို့ဖြစ်သည့်အခါတိုင်း ၎င်းတို့သည် ဘုရားသခင်ကို စွန့်ခွာလိုကြသည်၊ အသင်းတော်ကို စွန့်ခွာလိုကြပြီး ထွက်ပေါက်တစ်ခုကို ရှာဖွေလိုကြသည်။ ထိုသို့သောလူများသည် မယုံကြည်သူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့၏ လှုပ်ရှားမှုတိုင်းသည် မိမိတို့၏ ကိုယ်ပိုင် ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများအတွက် ဖြစ်သည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်များသည် ဘုရားသခင်၏အလုပ်ကို ၎င်းတို့၏ တွေ့ကြုံခြင်းမှတစ်ဆင့်ဖြစ်စေ၊ သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းနှင့် အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ခြင်းတို့အားဖြင့်ဖြစ်စေ မည်သည့်အခါမျှ တဖြည်းဖြည်း ပြောင်းလဲသွားမည် မဟုတ်ပေ။ ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြ သို့မဟုတ် ယင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သို့ဆိုသည်ကိုဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ မည်သည့်အရာဖြစ်သည်ဖြစ်စေ၊ ဘုရားသခင်က လူတို့ကို မည်သို့ လမ်းပြသည်ကိုဖြစ်စေ၊ သူက လူတို့ထံမှ မည်သည့်အရာကို တောင်းဆိုသည်ကိုဖြစ်စေ မရှာဖွေကြပေ။ အသင်းတော်သို့ ဝင်ရောက်ရာတွင် ၎င်းတို့၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ အသင်းတော် “ဂုဏ်ယူဝင့်ကြွား” နိုင်သည့်နေ့ကို စောင့်ဆိုင်းရန်ဖြစ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် မိမိတို့ အစဉ်အမြဲ လိုအင်ဆန္ဒရှိခဲ့သော အကျိုးကျေးဇူးများကို အလျင်အမြန် ဆုပ်ကိုင်နိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို ၎င်းတို့ မြင်သောကြောင့်လည်း အသင်းတော်သို့ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်မှာ အမှန်ပင်၊ သို့သော် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြသည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံး ပြည့်စုံမည်ဟု မယုံကြည်ကြပေ။ သို့ဆိုလျှင် သင်တို့ မည်သို့ပြောမည်နည်း၊ ထိုသို့သောလူများသည် မယုံကြည်သူများလော။ (ဟုတ်ပါသည်။) အသင်းတော်၌ သို့မဟုတ် အပြင်လောက၌ မည်သည့်အရာပင် ဖြစ်ပျက်ပါစေ ၎င်းတို့သည် မိမိတို့၏ အကျိုးစီးပွားများ မည်မျှ သက်ရောက်မှု ရှိမည်ကိလည်းကောင်း၊ ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များအပေါ် မည်မျှ ကြီးမားသော သက်ရောက်မှုတစ်ခု ရှိမည်ကိုလည်းကောင်း အကဲဖြတ်ကြလိမ့်မည်။ ပြဿနာစိုးစဉ်းမျှ မြင်သည်နှင့်ပင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အလားအလာများ၊ အကျိုးစီးပွားများနှင့် အသင်းတော်၌ နေသင့်ခြင်း ရှိမရှိကိုဖြစ်စေ၊ ထွက်ခွာသင့်ခြင်း ရှိမရှိကိုဖြစ်စေ အလွန် ထက်မြက်စွာဖြင့် ချက်ချင်း တွေးတောကြလိမ့်မည်။ “ပြီးခဲ့သည့်နှစ်က ဘုရား၏အလုပ် ပြီးဆုံးတော့မည်ဟု ပြောခဲ့သည်၊ သို့ဖြစ်၍ ယင်းသည် အဘယ်ကြောင့် ဆက်နေသေးသနည်း။ ဘုရား၏ အမှုသည် အတိအကျ မည်သည့်နှစ်တွင် ပြီးဆုံးမည်နည်း။ ကျွန်ုပ် သိခွင့်မရှိသလော။ ကျွန်ုပ်သည် အချိန်ကြာမြင့်စွာ ကြံ့ကြံ့ခံပြီးဖြစ်သည်၊ ကျွန်ုပ်၏ အချိန်သည် တန်ဖိုးရှိသည်၊ ကျွန်ုပ်၏ နုပျိုမှုသည် တန်ဖိုးရှိသည်။ ကျွန်ုပ်ကို ဤကဲ့သို့ ဆက်၍ စောင့်ဆိုင်းခိုင်းနေ၍ မရပြီး မဟုတ်လော” ဟု အဆက်မပြတ် မေးနေသောလူများပင် ရှိသေးသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်း ရှိမရှိ၊ အသင်းတော်၏ အခြေအနေနှင့် ယင်း၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို အထူးသဖြင့် သတိထားကြသည်။ ၎င်းတို့သည် သမ္မာတရားကို ရယူနိုင်စွမ်းရှိမရှိကိုဖြစ်စေ၊ ကယ်တင်ခြင်း ခံရနိုင်ခြင်း ရှိမရှိကိုဖြစ်စေ ဂရုမစိုက်ကြသော်လည်း ၎င်းတို့ ရှင်သန်နိုင်ခြင်း ရှိမရှိကိုလည်းကောင်း၊ ဘုရားအိမ်တော်၌ နေထိုင်ခြင်းဖြင့် အကျိုးကျေးဇူးများနှင့် ကောင်းချီးများကို ရရှိနိုင်ခြင်း ရှိမရှိကိုလည်းကောင်း အလွန် သတိထားကြသည်။ ထိုသို့သောလူများသည် ကောင်းချီးခံစားရရန် ၎င်းတို့၏ လိုအင်ဆန္ဒဖြင့် အခွင့်ကောင်းယူသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အဆုံးတိုင် ယုံကြည်လျှင်ပင် သမ္မာတရားကို နားလည်ေဦးမည်မဟုတ်ဘဲ ပြောဆိုရန် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်လည်း ရှိမည်မဟုတ်ပေ။ သင်တို့သည် ဤသို့သောလူများနှင့် တွေ့ဖူးသလော။ အမှန်မှာ ထိုသို့သောလူများသည် အသင်းတော်တိုင်း၌ ရှိကြသည်။ သင်တို့သည် ၎င်းတို့ကို သတိပြု၍ ပိုင်းခြားသိမြင်ရမည်။ ထိုသို့သော လူပုဂ္ဂိုလ်များသည် မယုံကြည်သူများအားလုံး ဖြစ်ကြသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်ရှိ ကပ်ဘေးတစ်ခု ဖြစ်ကြသည်၊ ၎င်းတို့သည် အသင်းတော်အတွက် ကြီးစွာသော အန္တရာယ်ကို ဆောင်ကြဉ်းမည်ဖြစ်ပြီး အကျိုးကျေးဇူးများ မရှိသည့်အပြင် ၎င်းတို့သည် အသင်းတော်မှ ဖယ်ထုတ်ပစ်ခြင်းခံရရမည်။

အခွင့်အရေးသမားများ၏ လက္ခဏာများကို အောက်ပါအတိုင်း အကျဉ်းချုပ်ဖော်ပြထားသည်။ ၎င်းတို့၏ ပထမလက္ခဏာမှာ ဘုရားသခင် တည်ရှိမရှိဟူသည့် ကိစ္စကို ၎င်းတို့က အလွန်အလေးအနက်မထားခြင်း ဖြစ်သည်။ သင်သည် ၎င်းတို့ကို ဘုရားသခင် တည်ရှိမရှိ မေးလျှင် ၎င်းတို့က “ဖြစ်နိုင်သည်၊ သို့သော် သူတည်ရှိမနေလျှင်လည်း အရေးမကြီးပါ၊ ဘုရားပြောခဲ့သည့် ပရောဖက်ပြုချက်များ အမှန်တကယ်ဖြစ်လာမည် ဟုတ်မဟုတ်နှင့် ကြီးမားသော ကပ်ဘေးများ ကျရောက်လာမည် ဟုတ်မဟုတ်ကို အတိအကျ သိမြင်ရန် ကျွန်ုပ် ဤနေရာတွင် ရှိနေခြင်းသာ ဖြစ်သည်” ဟု ပြောဆိုလိမ့်မည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များအတွင်း၌ ၎င်းတို့၏ သဘောထားမှာ ဘုရားသခင် တည်ရှိသည်ဖြစ်စေ၊ မတည်ရှိသည်ဖြစ်စေ အရေးမကြီးဟူ၍ ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့ ဘုရားသခင်ကို ယုံကြည်ပြီး အသင်းတော်သို့ ဝင်ရောက်ခြင်းသည် ပြက်လုံးတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ရိုးရှင်းသော ယုံကြည်မှုတစ်ခုဖြစ်သည်၊ ယင်းသည် ကစားပွဲတစ်ခုနှင့်တူပြီး သမ္မာတရား သို့မဟုတ် ၎င်းတို့၏ ဘဝလမ်းကြောင်းနှင့် ဆက်စပ်မှုမရှိပေ။ ၎င်းတို့သည် ဘုရားသခင် တည်ရှိမရှိကို အမှန်တကယ် ဂရုမစိုက်ပေ၊ သူတည်ရှိလျှင်လည်း ဖြစ်သည်၊ မတည်ရှိလျှင်လည်း ဖြစ်သည်။ အချို့လူများက ဘုရားသခင် မတည်ရှိဟု ပြောဆိုလျက် ၎င်းတို့ကို ချေပကြသော်လည်း ၎င်းတို့သည် စိတ်မဆိုးသကဲ့သို့ ထိုသို့သောလူများကိုလည်း မမုန်းတီးကြပေ။ လူတို့က ဘုရားသခင် တည်ရှိသည်ဟု ပြောလျှင် ၎င်းတို့က “သူတည်ရှိလျှင် တည်ရှိသည်ပေါ့၊ မည်သို့ပင်ဖြစ်စေ သင်ယုံကြည်လျှင် သူတည်ရှိသည်၊ သင်မယုံကြည်လျှင် သူ မတည်ရှိ” ဟု ပြောကြသည်။ ဤသည်မှာ ၎င်းတို့၏ အမြင်ရှုထောင့် ဖြစ်သည်။ ထိုသို့သောလူများသည် စစ်မှန်သော ယုံကြည်သူများလော။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင် တည်ရှိသည်ဖြစ်စေ၊ မတည်ရှိသည်ဖြစ်စေ ၎င်းတို့အတွက် အရေးမပါပေ၊ သို့ဆိုလျှင် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ရိုးသားစစ်မှန်မှု ရှိပါသလား။ ၎င်းတို့သည် ရိုးသားစစ်မှန်ရန် လုံးဝမဖြစ်နိုင်ပေ။ အခွင့်ကောင်းယူတတ်သောလူများ၏ ပထမလက္ခဏာမှာ အဘယ်နည်း။ (၎င်းတို့သည် ဘုရားသခင် တည်ရှိမရှိဟူသည့် ကိစ္စကို အလွန်အလေးအနက်မထားကြပါ။) ဤသည်မှာ ပထမလက္ခဏာ ဖြစ်သည်။

အခွင့်ကောင်းယူတတ်သောလူများ၏ ဒုတိယလက္ခဏာမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကို ခွဲခြားရာတွင် အလွန်အလေးအနက်မရှိခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သည့်ဆိုရိုးစကားများ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများက အပြုသဘောဆောင်ပြီး မည်သည့်အရာများက အပျက်သဘောဆောင်သည်ကို မပိုင်းခြားတတ်ကြသည့်အပြင် ဤအရာကိုလည်း အလေးအနက်မထားကြပေ။ ၎င်းတို့အတွက် ကောင်းသောအရာများကို မကောင်းသောအရာများအဖြစ် ပြုလုပ်နိုင်ပြီး မကောင်းသောအရာများကို ကောင်းသောအရာများအဖြစ် ပြုလုပ်နိုင်သည်၊ ယင်းမှာ ဘာသာတရား မရှိသူများ၏ ဆိုရိုးစကားဖြစ်သည့် “မုသားတစ်ခွန်းကို အကြိမ်တစ်ထောင် ပြောလျှင် အမှန်တရားဖြစ်လာသည်” ကဲ့သို့ပင် ဖြစ်သည်၊ ဤဆိုရိုးစကားသည် ၎င်းတို့အတွက် ခိုင်လုံသည်။ အကယ်၍ သင်သည် ၎င်းတို့ကို သမ္မာတရားဆိုသည်မှာ အဘယ်အရာ ဖြစ်သည်ကို မေးလျှင် ၎င်းတို့သည် ဤအရာကို အသိအမှတ်မပြုသောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ဟု လုံးဝပြောဆိုမည် မဟုတ်ပေ။ ၎င်းတို့ မည်သည့်အရာကို ပြောဆိုမည်နည်း။ ၎င်းတို့၏ စစ်မှန်သော အမြင်ရှုထောင့်မှာ မုသားတစ်ခွန်းကို အကြိမ်တစ်ထောင် သို့မဟုတ် တစ်သောင်း ပြောလျှင် အမှန်တရားဖြစ်လာမည်ဟူ၍ ဖြစ်သည်၊ ဆိုလိုသည်မှာ အကယ်၍ လူများစွာက တစ်စုံတစ်ခုကို ပြောဆိုလျှင် ၎င်းတို့သည် ယင်းကို မှန်သည်ဟု ယုံကြည်ကြလိမ့်မည်။ ယင်းမှာ ဘာသာတရား မရှိသူများက “ကမ္ဘာပေါ်တွင် မူလက လမ်းမရှိခဲ့သော်လည်း လူများ ပို၍ လျှောက်လာသည်နှင့်အမျှ လမ်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်” ဟု ပြောဆိုပုံနှင့်တူသည်။ ၎င်းတို့သည် မှန်သည် သို့မဟုတ် မှားသည်၊ တရားမျှတသည် သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သည်ကို ဂရုမစိုက်ပေ၊ ကြီးမားသော စွမ်းရည်ရှိသည့် မည်သူမဆိုသည် မှန်ကန်ပြီး အသုံးမကျ၍ အရည်အချင်းမရှိသည့် မည်သူမဆိုသည် အပျက်သဘောဆောင်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ပြောဆိုပြီး လုပ်ဆောင်သမျှသည် အပြုသဘောဆောင်သော အရာများဖြစ်သည်ကို လုံးဝအသိအမှတ်ပြုမည်မဟုတ်သကဲ့သို့ ဘုရားသခင်က လူတို့ကို အသက်ရှင်နေထိုင်ရန် တောင်းဆိုသည့်အရာများသည် အပြုသဘောဆောင်သော အရာများ၏ လက်တွေ့ကျမှုများဖြစ်သည်ကိုလည်း ၎င်းတို့ အသိအမှတ်ပြုမည် မဟုတ်ပေ။ ဤလူများက “ဘုရားသည် သမ္မာတရားဖြစ်သည်၊ ဘုရား၏နှုတ်ကပတ်တော်များသည် အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှုဖြစ်သည်ဟု သင် ဆိုသည်။ ဤသည်မှာ လောကတွင် အပြုသဘောဆောင်သော အရာများ မရှိဟု ဆိုလိုသလော။ လောကတွင် အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားများလည်း ရှိသည် မဟုတ်လော” ဟူသကဲ့သို့သော မှားယွင်းသည့် အယူအဆများကိုပင် ပြောဆိုကြလိမ့်မည်။ ဤသည်မှာ အဓိပ္ပာယ်မရှိသောစကား မဟုတ်လော။ ဤသည်မှာ မှားယွင်းသော အယူအဆတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူများသည် ၎င်းတို့၏ စကားများ သို့မဟုတ် လုပ်ဆောင်ချက်များအတွက် စံနှုန်းအဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယူကြပေ။ ဥပမာအားဖြင့် ၎င်းတို့သည် မှားယွင်းသော အယူအဆတစ်ခုကို ဖော်ပြပြီး သင်က ၎င်းတို့ကို ချေပသည့်အခါ ၎င်းတို့က “သင်က သင်မှန်သည်ဟု ထင်သည်၊ ကျွန်ုပ်က ကျွန်ုပ်မှန်သည်ဟု ထင်သည်၊ သို့ဖြစ်၍ တစ်ယောက်ကိုတစ်ယောက် သဘောတူရန် သဘောမတူကြစို့၊ လူတစ်ဦးက ကောင်းသည်ဟု ထင်သည့် မည်သည့်အရာမဆိုသည် မှန်ကန်သည်” ဟု ပြောဆိုလိမ့်မည်။ ဤသည်မှာ မည်သို့သော အမြင်ရှုထောင့်မျိုးဖြစ်သနည်း။ ဤသည်မှာ အမှုအရာများကို ဖော့ပြောရန် ကြိုးစားနေခြင်းမျှသာ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ မိုက်မဲပြီး နားဝေတိမ်တောင်ဖြစ်သော အမြင်ရှုထောင့်တစ်ခု ဖြစ်သည်၊ ဤလူများသည် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကို ခွဲခြားရာတွင် အလေးအနက်မရှိကြပေ။ ဤအရာနှင့်ပတ်သက်၍ အလေးအနက် မရှိခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ ဘုရားသခင် ပြောဆိုသည့် အပြုသဘောဆောင်သော အရာအားလုံးသည် သမ္မာတရားနှင့် သက်ဆိုင်ကြောင်း၊ သမ္မာတရားနှင့်အညီဖြစ်ကြောင်းနှင့် ဘုရားသခင်ထံမှ လာကြောင်းကိုလည်းကောင်း၊ ဘုရားသခင် ပြောဆိုသည့် အပျက်သဘောဆောင်သော အရာများသည် သမ္မာတရားနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး စာတန်ထံမှ လာကြောင်းကိုလည်းကောင်း ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲမှ အသိအမှတ်မပြုနိုင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤအမှန်တရားကို လက်မခံဘဲ အယူအဆများကို အစဉ်သဖြင့် မှုန်ဝါးစေလိုကြသည်။ အခြားသူများ၏ ပိုင်းခြားသိမြင်ခြင်းကို ခံရခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းကို ခံရခြင်းတို့မှ ရှောင်ရှားရန် ၎င်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကို ခွဲခြားရာတွင် မည်သည့်အခါမျှ အလေးအနက်မရှိကြပေ၊ ၎င်းတို့သည် မိမိတို့၏ စစ်မှန်သော အမြင်များကို မည်သည့်အခါမျှ မဖော်ထုတ်ကြဘဲ အမြဲတစေ နှစ်ခွဖြစ်သောစကားကို ပြောဆိုကြကာ လူတို့ကို မိမိတို့ အမှန်တကယ် ထင်မြင်သည့်အရာကို မည်သည့်အခါမျှ မပြောကြပေ။ ၎င်းတို့သည် မိမိတို့ စကားပြောဆိုနေသည့်သူအပေါ် မူတည်၍ မတူညီသော အရာများကို ပြောဆိုကြပြီး အခြေအနေအရ လေယူရာတိမ်းကြသည်။ ဤလူများသည် အဘက်ဘက်မှ ကြည့်လျှင် သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင် တည်ရှိခြင်းကိုဖြစ်စေ စိတ်မဝင်စားကြပေ။ ဤသည်မှာ အခွင့်ကောင်းယူတတ်သောလူများ၏ ဒုတိယ သရုပ်သကန်ဖြစ်သည်။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကို ခွဲခြားရာတွင် ထိုမျှ အလေးအနက်မရှိကြပေ။

ဤအခွင့်အရေးသမားများတွင် အခြားမည်သည့် ကိုယ်ကျင့်စရိုက်များ ရှိသေးသနည်း။ ဤလူတို့သည် အခြေအနေကိုလိုက်၍ အလိုက်သင့်နေတတ်ခြင်း၌ အထူးကျွမ်းကျင်ပြီး အမှုအရာများ မည်သို့ ဖြစ်ပေါ်လာသည်ကို အခြေခံ၍ ၎င်းတို့ နေရကောင်းနိုး၊ သို့မဟုတ် ထွက်သွားရကောင်းနိုး အစဉ်သဖြင့် ရွေးချယ်ကြလိမ့်မည်။ ၎င်းတို့သည် အသင်းတော်သို့ ဝင်ရောက်သည့်အခါတွင် ခြေလှမ်းတိုင်းကို ကြိုတင်စီစဉ်ထားလျက် မိမိတို့အတွက် ထွက်ပေါက်နှင့် အလားအလာအတွက် လုံလောက်သော ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားပြီးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာပါက မည်သည့်အရာကို လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ နှစ်အတန်ကြာပြီးနောက် မပြည့်စုံပါက မည်သည့်အရာကို လုပ်ဆောင်ရမည်ကိုလည်းကောင်း ၎င်းတို့၏ စိတ်နှလုံးထဲ၌ တွက်ချက်ကာ အစီအစဉ်များ ရေးဆွဲကြသည်။ ဤလူစားမျိုးသည် အသင်းတော်သို့ ဝင်ရောက်ပြီးနောက် အသင်းတော်အလုပ်တွင် မည်သည့်အခါမျှ အပြည့်အဝ စိတ်နှစ်မြှုပ်ခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ နောက်ခြေလှမ်းများကို ဆုံးဖြတ်ရန် အသင်းတော်၏ တိုးတက်မှုကိုလည်းကောင်း၊ ၎င်းတို့အပေါ် အသင်းတော်၏ သဘောထားနှင့် ဆက်ဆံပုံကိုလည်းကောင်း၊ အခြားသောအချက်များကိုလည်းကောင်း အစဉ်မပြတ် စောင့်ကြည့်လေ့လာကြသည်။ ဤလူတို့၏ အတွေးအခေါ်များသည် အတော်အတန် ရှုပ်ထွေးသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အသင်းတော်သို့ ဝင်ရောက်ပြီးဖြစ်သော်လည်း ပုတ်ပြတ်ငှားထားသော အလုပ်သမားတစ်ဦးကဲ့သို့ ယာယီအမြင်ရှုထောင့်တစ်ခုကို အစဉ်သဖြင့် စွဲကိုင်ထားကြပြီး “လူက တစ်နေရာ စိတ်ကတစ်နေရာ” ဖြစ်သည့် အခြေအနေတွင် အစဉ်ရှိနေကြကာ ၎င်းတို့၏ စိတ်များသည် ကောက်ကျစ်သော အကြံအစည်များနှင့် ပရိယာယ်များဖြင့် ပြည့်နေသည်။ ဘုရားသခင်ကို ယုံကြည်ပြီး အသင်းတော်သို့ ဝင်ရောက်ရန် ၎င်းတို့၏ ရွေးချယ်မှုသည် မလိုလားသော်လည်း အခြေအနေအရ ညှိနှိုင်းလိုက်လျောခြင်းတစ်ခုသာဖြစ်ပြီး ဝိညာဉ်ရေးရာ လိုအပ်ချက်တစ်ခုမဟုတ်ပေ၊ သို့မဟုတ် ဘုရားသခင်၏ တည်ရှိမှုကို အသိအမှတ်ပြုခြင်းအပေါ် အခြေခံ၍ ဘုရားသခင်နောက်လိုက်ကာ လူ့ဘဝ၏ မှန်ကန်သောလမ်းခရီးကို လျှောက်လှမ်းလိုသည့် လိုအင်ဆန္ဒတစ်ခု မဟုတ်ပေ။ ၎င်းတို့တွင် ဤအတွက် ယုံကြည်ခြင်း ကင်းမဲ့နေသည်။ ဤလူတို့သည် ဘုရားသခင်ကို စောင့်ကြည့်နေသည့် သဘောထားဖြင့် ယုံကြည်ကြပြီး စိတ်ထဲ၌ ဤသို့ တွက်ချက်နေကြသည်မှာ “ဘုရားသခင်ကို ယုံကြည်ခြင်းက ကျွန်ုပ်ကို ဤဘဝ၌ အဆတစ်ရာ၊ နောင်ဘဝ၌ ထာဝရအသက်ကို ဆောင်ကြဉ်းပေးပြီး ကယ်တင်ခြင်းခံရကာ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခွင့်ရမည်ဆိုလျှင် ကျွန်ုပ်သည် လိုက်လျှောက်ပြီး ယုံကြည်မည်။ ဤအရာများကို ကျွန်ုပ် မရရှိနိုင်ပါက မည်သည့်အချိန်၊ မည်သည့်အခြေအနေတွင်မဆို အသင်းတော်မှ ထွက်ခွာပြီး ယုံကြည်ခြင်းကို ရပ်တန့်လိုက်မည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန်ဟူသည့် အခွင့်အရေးယူသော မျှော်လင့်ချက်ဖြင့် ဘုရားသခင်ကို ယုံကြည်ရန် လုံးလုံးလျားလျား ရောက်လာကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများကို မရရှိနိုင်ပါက မည်သည့်အချိန်၊ မည်သည့်အခြေအနေတွင်မဆို မိမိတို့၏ တာဝန်များကို စွန့်လွှတ်နိုင်ပြီး မိမိတို့ကိုယ်တိုင်အတွက် အခြားလမ်းကြောင်းတစ်ခုကို ကြံစည်ဖန်တီးနိုင်သည်။ အကြောင်းမှာ ၎င်းတို့၏ စိတ်နှလုံးများသည် အသင်းတော်၌ မည်သည့်အခါမျှ အမြစ်စွဲခြင်း မရှိခဲ့သကဲ့သို့ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်လိုက်သည့် လမ်းခရီးကိုလည်း ၎င်းတို့ အမှန်တကယ် ရွေးချယ်ခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။

ဤအခွင့်အရေးသမားများ၏ အဓိက ကိုယ်ကျင့်စရိုက်များမှာ ဤသုံးချက်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် တည်ရှိခြင်း ရှိမရှိကို အလေးအနက်မထားကြ၊ အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကို အလေးအနက် ပိုင်းခြားခြင်းမရှိကြ၊ ပြီးလျှင် အသင်းတော်မှ မည်သည့်အချိန်၊ မည်သည့်အခြေအနေတွင်မဆို ထွက်ခွာနိုင်သည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို မည်မျှပင် ကောင်းစွာဆက်ဆံပါစေ အမှုအရာများက ၎င်းတို့၏ အကျိုးစီးပွားနှင့် မကိုက်ညီသရွေ့ သို့မဟုတ် ၎င်းတို့၏ လက်ရှိလိုအပ်ချက်များကို မဖြည့်ဆည်းပေးသရွေ့ ၎င်းတို့သည် အသင်းတော်မှ ထွက်ခွာနိုင်သည်။ သို့သော် ၎င်းတို့ သွားစရာနေရာမရှိသည့်အခါတွင်မူ ပြန်လာရန် ရွေးချယ်ကြသည်။ ပြန်ရောက်လာပြီးနောက်တွင်လည်း ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြသေးဘဲ အချိန်မရွေး အသင်းတော်မှ နောက်တစ်ကြိမ် ထွက်သွားကောင်း ထွက်သွားနိုင်သည်။ ၎င်းတို့သည် တကယ့်အယုတ်ကောင်များ ဖြစ်ကြသည်မဟုတ်လော။ ၎င်းတို့၏ ဝင်လာခြင်းနှင့် ထွက်သွားခြင်းတို့သည် အလွန် ပေါ့ပေါ့တန်တန်နိုင်လှသည်၊ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစစ်မှန်ခြင်းဖြင့် မယုံကြည်ကြပေ။ ဤသည်တို့မှာ အခွင့်အရေးသမားများ၏ ကိုယ်ကျင့်စရိုက်များ ဖြစ်သည်၊ ၎င်းတို့၏ အနှစ်သာရအားဖြင့်ဆိုသော် ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ အချို့လူများသည် သုံးနှစ်မှ ငါးနှစ်အထိ ဇွဲရှိရှိ ယုံကြည်နိုင်ကြပြီး အချို့မှာ ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်အထိ ဇွဲရှိရှိ ယုံကြည်နိုင်ကြသော်လည်း ၎င်းတို့၏ ရည်ရွယ်ချက်မှာ အခွင့်အရေးယူ၍ ကောင်းချီးမင်္ဂလာများ ရှာဖွေရန်သာ ဖြစ်သည်။ ထိုသို့သောလူများသည် ရိုးရိုးရှင်းရှင်း မဟုတ်ကြပေ။ ၎င်းတို့သည် တရုတ်ပြည်မကြီး၏ ကြမ်းတမ်းပြီး ညှဉ်းပန်းနှိပ်စက်သော ပတ်ဝန်းကျင်တွင် ယခုအချိန်အထိပင် ခံနိုင်ရည်ရှိခဲ့ကြသည်။ ဤသည်မှာ “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဆိုသကဲ့သို့ အနည်းငယ် ဖြစ်မနေသလော။ အချို့လူများသည် ဆယ်နှစ်ကြာ ယုံကြည်ပြီးနောက်တွင် ဆက်လက်၍ ဇွဲမရှိနိုင်တော့ဘဲ ဤသို့ ညည်းညူကြသည်မှာ “ဆယ်နှစ်ကြာခဲ့ပြီ။ ကျွန်ုပ်၏ နုပျိုမှုကို အသင်းတော်တွင် ဖြုန်းတီးခဲ့ပြီ။ ဤဆယ်နှစ်တာတွင် လောကီ၌သာ အလုပ်ကြိုးစားခဲ့ပါက ကျွန်ုပ် ငွေမည်မျှများများ ရှာနိုင်ခဲ့ပြီးဖြစ်မည်နည်း။ ကျွန်ုပ်သည် မန်နေဂျာ တစ်ဦး ဖြစ်လာခဲ့ပြီးလောက်ပြီ၊ ပြီးလျှင် ကျွန်ုပ်၌ ပိုင်ဆိုင်မှုပေါင်းများစွာ ရှိခဲ့ပြီးဖြစ်လောက်သည်” ဟူ၍ ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် ဂနာမငြိမ် ဖြစ်လာကြသည်။ ၎င်းတို့သည် မိမိတို့၏ အနည်းငယ်သော စူးစမ်းလိုစိတ်နှင့် ကောင်းချီးမင်္ဂလာများအတွက် လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်အတွက်သာ ဘုရားသခင်ကို ဆယ်နှစ်ကြာ ယုံကြည်ခဲ့ကြသော်လည်း သမ္မာတရားကိုမူ မည်သည့်အခါမျှ မလိုက်စားခဲ့ကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် မည်သည့်အရာမျှ မရရှိခဲ့ကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့သည့်အတွက် နောင်တရကြပြီး မိမိတို့ကိုယ်ကိုပင် ပြန်၍ ဆူပူကြိမ်းမောင်းကြကာ “သင်သည် လူမိုက်ဖြစ်သည်၊ သင်သည် ငတုံးပါတကား။ သင်သည် ကျယ်ပြန့်ကာ လွယ်ကူသော လမ်းကို မယူခဲ့ဘဲ ဤခက်ခဲကြမ်းတမ်းသည့် လမ်းကို မရမက လျှောက်ခဲ့သည်။ သင့်အား မည်သူကမျှ အတင်းအကျပ် မခိုင်းခဲ့ပါ။ ယင်းမှာ သင်၏ ရွေးချယ်မှုသာဖြစ်သည်” ဟု ဆိုကြသည်။ အချို့လူများသည် ဆယ်နှစ်ကြာ ယုံကြည်ပြီးနောက်တွင်ပင် အကြောင်းမည်မည်ရရ မရှိဘဲ ထွက်သွားကာ အသင်းတော်မှ ထွက်ခွာသွားလို့ရသည်။ လူ့အဖွဲ့အစည်းတွင် နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာမျှသာ ရှင်သန်နေထိုင်ပြီးနောက်တွင် လူ့အဖွဲ့အစည်းသည် ၎င်းတို့ ထင်သလို ချောမွေ့ခြင်း သို့မဟုတ် လွယ်ကူခြင်း မရှိသည်ကိုလည်းကောင်း၊ ဘာသာတရားမရှိသူတို့၏ လောကသည် ထင်ရသလောက် အရောင်အသွေးစုံလင်ပြီး စံပြဖြစ်မနေသည်ကိုလည်းကောင်း ၎င်းတို့ တွေ့ရှိကြသည်၊ လောကကြီးထဲတွင် မည်သည့်နေရာ၌မျှ ၎င်းတို့အတွက် ရှင်သန်နေထိုင်ရန် မလွယ်ကူပေ။ အချိန်ယူ စဉ်းစားပြီးနောက်တွင် အသင်းတော်က ပိုကောင်းသေးသည်ဟု ၎င်းတို့ မြင်ကြသဖြင့် မျက်နှာပြောင်တိုက်ပြီး ပြန်လာကြသည်။ ပြန်ရောက်လာသည့်အခါ ၎င်းတို့က “ဘုရားကို ယုံကြည်ခြင်းက ကောင်းသည်။ ဘာသာတရားမရှိသူများသည် ဆိုးရွားကာ လူများကို အစဉ်သဖြင့် အနိုင်ကျင့်ကြသည်။ ကမ္ဘာလောကတွင် ဆင်းရဲဒုက္ခများလွန်းသည်။ ဘုရားနှုတ်ကပတ်တော်များကို မဖတ်ရှုသည့်၊ အသင်းတော်အသက်တာကို မရှင်သန်သည့် ဤနှစ်များတွင် ကျွန်ုပ် အမှောင်ထဲ ကျရောက်ကာ နေ့စဉ်နှင့်အမျှ ငိုကြွေးမြည်တမ်းပြီး အံသွားခဲကြိတ်ခဲ့သည်။ လူနှင့်မတူတော့လောက်အောင်ပင် နိမ့်ကျနေခဲ့ရသည်။ ဘုရားကို ယုံကြည်သည်က ပို၍ကောင်းသည်” ဟု ဆိုကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းက ပိုကောင်းသည်ဟု ၎င်းတို့ ကြွေးကြော်ကြသော်လည်း အမှန်တကယ်တွင်မူ ဤလောက၌ ဘေးအန္တရာယ်များ အလွန်များပြားပြီး လူသားမျိုးနွယ်သည် မကြာမီ ကြီးစွာသော ကပ်ဘေးတစ်ခုကို တွေ့ကြုံရတော့မည်ဟု ၎င်းတို့ ကြားသိခဲ့သောကြောင့် ဖြစ်သည်။ ငွေ၊ မြေ၊ ကားနှင့် အိမ်များရှိခြင်းသည် အသုံးမဝင်၊ ယုံကြည်ခြင်းရှိသူများသာ ကယ်တင်ခြင်းခံရမည် ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်ကို နောက်တစ်ကြိမ် ယုံကြည်ရန် ပြန်လာကြခြင်း ဖြစ်သည်။ ဤသည်မှာ အခွင့်အရေးသမားတစ်ဦး မဟုတ်လော။ (ဟုတ်ပါသည်။) အခွင့်အရေးသမားများသည် အသင်းတော်မှ အချိန်မရွေး ထွက်ခွာနိုင်သည်။ အသင်းတော်သို့ ပြန်လာခြင်းဖြင့် ကောင်းချီးမင်္ဂလာများ ရရှိရန် မျှော်လင့်ချက်ရှိသည်ကို တွေ့မြင်ပါက ၎င်းတို့သည် အချိန်မရွေးလည်း ပြန်လာနိုင်သည်။ ပြန်ရောက်လာပြီးနောက်တွင် နောင်တရစကား အနည်းငယ် ပြောနိုင်ပြီး ဘုရားသခင်ကို နောက်တစ်ကြိမ် မည်သည့်အခါမျှ စွန့်ခွာတော့မည်မဟုတ်ကြောင်း ဖော်ပြနိုင်သော်လည်း လောကကြီးတွင် အခြေအနေများ တည်ငြိမ်ပြီး ငြိမ်းချမ်းနေသည်ကို မြင်ပြီးနောက်တွင် ကောင်းသောနေ့ရက်အနည်းငယ်ကို ဆက်လက်ခံစားနိုင်သေးသဖြင့် ၎င်းတို့သည် အသင်းတော်မှ အချိန်မရွေး နောက်တစ်ကြိမ် ထွက်ခွာနိုင်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်နှင့် အသင်းတော်ကို မည်သို့ သဘောထားကြသနည်း။ ၎င်းတို့သည် ထိုအရာကို မိမိတို့ သဘောအတိုင်း အဝင်အထွက်လုပ်သည့် လွတ်လပ်သော ဈေးကွက်တစ်ခုအဖြစ် သဘောထားကြသည်။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများကို ရှင်းလင်းပစ်လိုက်လျှင် သို့မဟုတ် ၎င်းတို့ဘာသာ ထွက်ခွာသွားလျှင် ၎င်းတို့ ပြန်လာလိုပါက အသင်းတော်က ပြန်လည်လက်ခံသင့်သလော။ (လက်မခံသင့်ပါ။) ၎င်းတို့ကို ပြန်လည်လက်ခံခြင်း မပြုသင့်ပေ။ ၎င်းတို့ကို ပြန်လည်လက်ခံခြင်းသည် အမှားတစ်ခုဖြစ်ပြီး စည်းမျဉ်းများကို ချိုးဖောက်ရာရောက်သည်။ ဤလူတို့သည် အသင်းတော်အဖွဲ့ဝင်များ၏ စံနှုန်းများနှင့် မကိုက်ညီပေ။ ၎င်းတို့သည် အသင်းတော်မှ အချိန်မရွေး ထွက်ခွာနိုင်ပြီး ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် အချိန်မရွေး အသင်းတော်ထဲသို့ ပြန်လည်ခိုးဝင်နိုင်သော်လည်း ဤကာလတစ်လျှောက်လုံးတွင် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံကြပေ။ ဤအရာက ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများ မဟုတ်ကြောင်း သက်သေပြသည်။ ထိုသို့သောလူများသည် ထာဝရကာလပတ်လုံး ရှင်းလင်းခြင်းနှင့် နှင်ထုတ်ခြင်း၏ ပစ်မှတ်များ ဖြစ်ကြလိမ့်မည်။ အသင်းတော်သည် ၎င်းတို့ကို ရှင်းလင်းပစ်သင့်ပြီး ဤသို့ ပြောသင့်သည်မှာ “နောင်တမရနှင့်။ သင်ထွက်သွားသည်နှင့်တစ်ပြိုင်နက် သင် ပြန်လာ၍မရနိုင်တော့ပါ။ အသင်းတော်သည် သင့်အတွက် ဒုတိယအကြိမ် တံခါးဖွင့်ပေးမည် မဟုတ်။ ဤသည်မှာ စည်းမျဉ်းဖြစ်သည်” ဟူ၍ ဖြစ်သည်။ အချို့လူများက “၎င်းတို့သည် ထိုအချိန်က မိုက်မဲခဲ့ကြသော်လည်း ယခုအခါတွင် ကောင်းမွန်စွာ ပြုမူကြသည်။ ၎င်းတို့သည် သိုးငယ်လေးတစ်ကောင်တမျှ နာခံကြကာ အိမ်ခြေယာမဲ့ အလေအလွင့်တစ်ဦးတမျှ သနားဖွယ်ကောင်းလှသည်။ ညီအစ်ကိုမောင်နှမများကို ၎င်းတို့ မြင်တွေ့ရသည့်အခါတိုင်း ၎င်းတို့၏ နောင်တနှင့် အကြွေးတင်ရှိမှုတို့ကို ဖော်ပြကြကာ ၎င်းတို့၏ မျက်လုံးများသည် နောင်တဖြင့် ငိုကြွေးခြင်းကြောင့် နီရဲနေကြသည်။ ၎င်းတို့သည် အလွန်သနားဖွယ်ကောင်းပြီး ဝန်ချသည့် ၎င်းတို့၏ သဘောထားသည် အလွန်ကောင်းမွန်ပါသည်။ ၎င်းတို့အား ပြန်လာခွင့်ပြုကြစို့” ဟု ဆိုကြသည်။ ဤနေရာတွင် စည်းမျဉ်းနှင့် ကိုက်ညီသော ဝါကျတစ်ကြောင်းမျှ ရှိသလော။ (မရှိပါ။) သုံးနှစ် သို့မဟုတ် ဆယ်နှစ်ကြာ ယုံကြည်ပြီးသည့်တိုင် ၎င်းတို့သည် အသင်းတော်မှ ပြတ်ပြတ်သားသားနှင့် မဆိုင်းမတွ ထွက်ခွာနိုင်သေးသည်။ ၎င်းတို့သည် မည်သို့သော အယုတ်ကောင်များ ဖြစ်ကြသနည်း။ ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများလော။ (မဟုတ်ပါ။) ကနဦးက ဘုရားသခင်နောက်လိုက်ရန် ရွေးချယ်ခဲ့စဉ်တွင် ၎င်းတို့၌ ရိုးသားစစ်မှန်မှု တစ်စုံတစ်ရာ ရှိခဲ့သလော။ မရှိခဲ့ပေ။ အကယ်၍ ၎င်းတို့တွင် ရိုးသားစစ်မှန်မှု အနည်းငယ်မျှသာ ရှိခဲ့လျှင် အသင်းတော်မှ ထွက်ခွာရန် ထိုသို့ စိတ်ပိုင်းဖြတ်နိုင်မည် မဟုတ်ပေ။ ယေဘုယျအားဖြင့် လူတစ်ဦးသည် အားနည်းသောအခါ၊ စိတ်မချမ်းမသာဖြစ်သောအခါ၊ သို့မဟုတ် အဆင်မပြေသောအခါတွင် ထိုသို့သော အတွေးများ အများဆုံး ရှိနိုင်သော်လည်း ဘုရားသခင်ကို သုံးနှစ်၊ ငါးနှစ် သို့မဟုတ် ဆယ်နှစ်ကြာ ယုံကြည်ပြီးနောက်တွင် အခြားလမ်းတစ်ခုရှာရန် အသင်းတော်မှ ထွက်ခွာဖို့ မည်သည့်အခါမျှ ပြတ်ပြတ်သားသား ဆုံးဖြတ်မည် မဟုတ်ပေ။ ၎င်းတို့သည် အသင်းတော်မှ မိမိသဘောအတိုင်း ထွက်ခွာနိုင်လျှင် ကနဦးက မှန်သောလမ်းခရီးကို လက်ခံပြီး အသင်းတော်သို့ ဝင်ရောက်ခဲ့စဉ်က ရိုးသားစစ်မှန်ခြင်း မရှိခဲ့ကြောင်း ပြသသည်၊ ၎င်းတို့တွင် ကွယ်ဝှက်ထားသော ကြံရွယ်ချက်များနှင့် ရည်မှန်းချက်များ ရှိခဲ့သည်။ ဤသို့သာ ဆိုနိုင်ပေသည်။ ထိုသို့သောလူများကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ရမည်။ ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများ မဟုတ်ကြပေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင်နောက်လိုက်ခြင်းသည် ကောင်းချီးမင်္ဂလာများ ရရှိရန် အခွင့်အရေးယူသော မျှော်လင့်ချက်အတွက် ဖြစ်သည်။ ထိုသို့သောလူများကို အခွင့်အရေးသမားများအဖြစ် သတ်မှတ်ပြီး ပိုင်းခြားသိမြင်သည်နှင့်တစ်ပြိုင်နက် အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ ၎င်းတို့သည် အသင်းတော်မှ မထွက်ခွာဘဲ အသင်းတော်အတွင်း၌ အခြေအနေကို အခွင့်ကောင်းယူ၍ ကိုယ်ကျိုးရှာခြင်းကို ဆက်လက်လုပ်ဆောင်နေပါက ယင်းမှာ ၎င်းတို့ မည်သို့သောသူများဖြစ်သည်ကို မည်သူမျှ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။ သို့သော် ယနေ့ ဤအခွင့်အရေးသမားများ၏ အမျိုးမျိုးသော သရုပ်သကန်များအပေါ် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင် ဘုရားသခင် ရွေးချယ်ထားသောလူများသည် ထိုသို့သောလူများအပေါ် ရှင်းလင်းသော သိနားလည်မှုနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသင့်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မဖတ်ရှုကြောင်း သို့မဟုတ် ဘုရားသခင်ထံ ဆုမတောင်းကြောင်း၊ ဘုရားသခင်၏ အမှုတော် သို့မဟုတ် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများကို စိတ်မဝင်စားကြောင်း၊ အပြုသဘောဆောင်သော အရာများကို စိတ်မဝင်စားဘဲ ယင်းတို့ကို အလေးအနက် မထားကြောင်း တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို အနီးကပ် သတိထားစောင့်ကြည့်သင့်သည်။ ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ ကြံရွယ်ချက်များနှင့် ရည်ရွယ်ချက်ကို စောင့်ကြည့်လေ့လာရန်၊ အသင်းတော်အပေါ် ၎င်းတို့၏ သဘောထား၊ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားကို သေချာစွာ သိရှိရန် လိုအပ်သည်။ ၎င်းတို့တွင် မှန်ကန်သော သဘောထားမရှိကြောင်း၊ သမ္မာတရားကို လိုက်စားခြင်းနှင့် တာဝန်ထမ်းဆောင်ခြင်းအပေါ် အထူးသဖြင့် စိတ်မဝင်စားကြောင်း၊ မည်သို့သော စိတ်ဝင်စားမှုကိုမျှ မပြသကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အစဉ်သဖြင့် သံသယဖြစ်သော သဘောထားရှိကြောင်း ထင်ရှားပါက ဤလူများသည် အခွင့်အရေးသမားများနှင့် မယုံကြည်သူများဖြစ်ကြောင်း အတည်ပြုနိုင်သည်။ ထိုသို့သောအခြေအနေတွင် ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် မမှတ်ယူသင့်ပေ။ ၎င်းတို့သည် အသင်းတော်၏ အစိတ်အပိုင်းမဟုတ်ပေ။ ထိုအစား ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ ၎င်းတို့သည် နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး သမ္မာတရားကို ယခုတိုင် လက်မခံသေးပေ။ ၎င်းတို့နှင့် သမ္မာတရားကို ဆက်လက် မိတ်သဟာယဖွဲ့ခြင်းသည် အသုံးဝင်နိုင်မည်လော။ ၎င်းတို့ နောင်တရခြင်းကို ဆက်လက် စောင့်မျှော်နေခြင်းသည် လက်တွေ့ကျပါမည်လော။ ထိုသို့သောလူများအပေါ် နောက်ထပ် အလုပ်မလုပ်တော့နှင့်။ ပြီးလျှင် ၎င်းတို့ နောင်တရရန် မစောင့်တော့နှင့်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိဘဲ အသင်းတော်မှ မထွက်ခွာဘဲ ဆက်လက်နေထိုင်လိုသေးပါက အသင်းတော် ခေါင်းဆောင်များသည် ၎င်းတို့ကို အမြော်အမြင်ရှိစွာ သီးခြားခွဲထုတ်ထားရန် နည်းလမ်းရှာသင့်သည်။ ဤသို့ပြုလုပ်ခြင်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) ဤလူများကို အခွင့်အရေးသမားများအဖြစ် ပိုင်းခြားသိမြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို အမျိုးမျိုးသော ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများ၏ စာရင်းတွင် ခွဲခြားသတ်မှတ်ပြီးဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများ ဖြစ်သောကြောင့် အသင်းတော်မှ ရှင်းလင်းခြင်း သို့မဟုတ် နှင်ထုတ်ခြင်းအတွက် စည်းမျဉ်းများနှင့် အခြေအနေများနှင့် ကိုက်ညီသည်။ ၎င်းတို့ကို စောစီးစွာ ရှင်းလင်းခြင်းသည် နောက်ကျမှ ရှင်းလင်းခြင်းထက် သေချာပေါက် ပိုကောင်းသည်။ ၎င်းတို့ကို စောစီးစွာ ရှင်းလင်းခြင်းက ဒုက္ခများစွာကို ရှောင်ရှားနိုင်ပြီး ၎င်းတို့ကိုယ်တိုင်လည်း နစ်နာသည်ဟု နောက်ထပ် ခံစားရရန် မလိုအပ်တော့ပေ။ ထိုသို့သောလူများကို ရှင်းလင်းစွာ ပြောသင့်သည်မှာ “သင်သည် မည်သည့်အချိန် ထွက်ခွာရမည် သို့မဟုတ် မည်သို့ထွက်ခွာရမည်ကို သင်၏စိတ်နှလုံးထဲ၌ ဆက်လက်တွက်ချက်နေရန် မလိုအပ်သကဲ့သို့ သင်နေရနိုး သို့မဟုတ် ထွက်သွားရနိုး ဟူသော ပြဿနာကိုလည်း ဆက်လက်တွက်ချက်နေရန် မလိုအပ်ပေ။ ဘုရားအိမ်တော်နှင့် ဘုရားသခင်သည် လူတို့ကို အတင်းအကျပ်မပြု။ သင်ထွက်ခွာလိုပါက အသင်းတော်က သင့်ကိုနေရန် တိုက်တွန်းမည်မဟုတ်။ သို့သော် သင့်ကို ရှင်းလင်းစွာ ပြောရမည့် အချက်တစ်ချက်ရှိသည်။ သင်သည် ဘုရားအိမ်တော်၏ လူတစ်ဦးမဟုတ်ကြောင်း သေချာပြီး အသင်းတော်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ရန် ဆန္ဒမရှိပါက အမြန်ဆုံးထွက်ခွာလော့။ အချိန်မဆွဲနှင့်။ ဤသည်မှာ လူတိုင်း၏ ကောင်းကျိုးအတွက် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်ခံနိုင်ကာ အသင်းတော်သို့ စစ်မှန်စွာ ဝင်ရောက်လိုစိတ်ရှိပါက သင်သည် အမှန်အားဖြင့် အသင်းတော်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ သို့သော် ယခု သင်သည် မဟုတ်ပေ။ သင်သည် အခွင့်အရေးယူရန် လာခဲ့ခြင်းဖြစ်ပြီး သင်ကိုယ်တိုင်ပင် ဤအရာကို မသိနိုင်သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် လူအမျိုးမျိုးကို ကိုင်တွယ်ရာတွင် အသင်းတော်၏ စည်းမျဉ်းများအရ သင်သည် အခွင့်အရေးသမားတစ်ဦးဖြစ်ကြောင်း ကျွန်ုပ်တို့ ပိုင်းခြားသိမြင်ပြီးဖြစ်သည်။ သင်သည် အသင်းတော်မှ ထွက်ခွာရန် သင့်တော်သောအချိန်ကို ဆက်လက်တွက်ချက်နေသည်။ ဤသည်မှာ အလွန် စိတ်အနှောင့်အယှက်ဖြစ်စရာပင်။ သင်သည် သင့်တော်သောအချိန်ကို ရှာရန်မလိုအပ်။ သင်သည် ယခုပင် ထွက်ခွာနိုင်သည်။ သင်သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်အပေါ် အစဉ်သဖြင့် မသေမချာဖြစ်နေပါက ယခု သင့်ကို ကျွန်ုပ် ရှင်းလင်းစွာ ပြောမည်။ သင်သည် အမှုအရာများကို နောက်ထပ် စဉ်းစားဆင်ခြင်ရန် သို့မဟုတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် မလိုအပ်တော့။ သင်သည် သင့်အတွက် အမှုအရာများကို ခက်ခဲအောင် ဆက်လုပ်နေရန် မလိုအပ်။ သင်သည် အသင်းတော်မှ ယခုပင် ထွက်ခွာနိုင်သည်။ ဘုရားအိမ်တော်၏ တံခါးသည် ဖွင့်ထားပြီး ဘုရားအိမ်တော်က သင့်ကို ခေါ်ထားမည်မဟုတ်။ ယင်းသည် လူတို့ကို အတင်းအကျပ်မပြု” ဟူ၍ ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းသည် သင့်လျော်သလော။ (ဟုတ်ပါသည်။) ၎င်းတို့ကို “ထွက်ပေါက်တစ်ခု” ပေးလော့။ ၎င်းတို့ကို ဤနေရာတွင် ဒယ်အိုးပူပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ နေ့စဉ် ညှဉ်းပန်းခြင်းကို မခံစားစေနှင့်။ ၎င်းတို့၏ ခံစားချက်များ၊ ဇာတိပကတိ၊ အလားအလာနှင့် နေခြင်း သို့မဟုတ် ထွက်သွားခြင်း ပြဿနာတို့ဖြင့် အစဉ်မပြတ် ညှဉ်းပန်းခြင်းကို မခံစားစေနှင့်။ ဤအရာများဖြင့် ၎င်းတို့ မည်မျှပင် ညှဉ်းပန်း်ခြင်းခံရပါစေ ယင်းက မည်သည့်အရာကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ မည်သည့်အချိန် ထွက်ခွာရမည်၊ မည်သို့ထွက်ခွာရမည်၊ စောစီးစွာ ထွက်ခွာပါက ဆုံးရှုံးမှုများနှင့် ကံဆိုးမိုးမှောင်ကျမှုများကို ခံစားရမည်လော၊ ကြာရှည်စွာနေပါက ကောင်းချီးမင်္ဂလာများ ရရှိနိုင်မည်လောတို့ကို ဆက်လက်စဉ်းစားနေကြဆဲ ဖြစ်သည်။ ၎င်းတို့ ထွက်ခွာသွားပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာလျှင် မည်သို့လုပ်မည်နည်း။ ၎င်းတို့ မထွက်ခွာဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မပြည့်စုံဘဲ ရှိနေလျှင် မည်သို့လုပ်မည်နည်း။ ဤအရာများအတွက် ၎င်းတို့ အစဉ်မပြတ် စိုးရိမ်ပူပန်နေရန် မလိုအပ်ပေ။ ၎င်းတို့သည် စစ်မှန်သော လိုလားမှုဖြင့် ဘုရားသခင်ကို ယုံကြည်နေခြင်း မဟုတ်သောကြောင့် အမြန်ဆုံး ထွက်ခွာသင့်သည်။ ၎င်းတို့သည် ဤနေရာတွင် ကိုယ်ကျိုးအတွက်၊ အခြေအနေကို အခွင့်ကောင်းယူရန်၊ ၎င်းတို့၏ ပကတိအခြေအနေအတိုင်း မဟုတ်ဘဲ ဟန်ဆောင်နေရန် မနေသင့်ပေ။ ငါ့ကို ပြောလော့၊ ၎င်းတို့ကို ဤသို့ အကြံပေးပြီး ဤသို့ ကိုင်တွယ်ခြင်းသည် ကောင်းသလော။ (ကောင်းပါသည်။) ရှင်းလင်းခြင်းခံရမည့် သို့မဟုတ် နှင်ထုတ်ခြင်းခံရမည့် အမျိုးမျိုးသော ဆိုးယုတ်သောလူများထဲတွင် အခွင့်အရေးသမားများကို ခွဲခြားသတ်မှတ်ခြင်းသည် လွန်ကဲသလော။ (မလွန်ကဲပါ။) အချို့လူများက “ဤသို့သောလူများကို ဆိုးယုတ်သောလူများအဖြစ် မည်သို့ သတ်မှတ်နိုင်မည်နည်း” ဟု ဆိုကြသည်။ မယုံကြည်သူများထဲတွင် ကောင်းသည့်သူ မည်မျှရှိသနည်း။ ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်၏ တည်ရှိမှုကို အသိအမှတ်ပြုသောသူများ၏ စိတ်သဘောထား အနှစ်သာရသည် ဆိုးယုတ်သည်ဟု မှတ်ယူခံရသည်၊ ဘုရားသခင်ကို လုံးဝမယုံကြည်ဘဲ ဘုရားသခင်၏ တည်ရှိမှုကို အသိအမှတ်မပြုသောသူများမှာ ဆိုဖွယ်ရာမရှိပေ။ သို့ဖြစ်၍ ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် ခွဲခြားသတ်မှတ်ခြင်းသည် လွန်ကဲသလော။ (မလွန်ကဲပါ။) မည်သို့ပင်ဆိုစေကာမူ ၎င်းတို့ကို အနည်းဆုံးအနေဖြင့် လူများ၊ ဆိုးယုတ်သောလူများအဖြစ် ခေါ်ဝေါ်နေဆဲဖြစ်သည်။ ၎င်းတို့ကို ဆိုးယုတ်သော မကောင်းဆိုးဝါးများအဖြစ် ခွဲခြားသတ်မှတ်ခြင်း မခံရသည်မှာပင် ကောင်းလှပြီဖြစ်သည်။ ၎င်းတို့ကို ဆိုးယုတ်သောလူများထဲတွင် ခွဲခြားသတ်မှတ်ခြင်းသည် လုံးဝသင့်လျော်ပြီး ကိုက်ညီသည်၊ လုံးဝမလွန်ကဲပေ။ ထိုသို့သော ဆိုးယုတ်သောလူများသည်လည်း ဘုရားအိမ်တော်မှ ရှင်းလင်းခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရမည့် လူအမျိုးမျိုးထဲမှ တစ်မျိုးဖြစ်သည်။ ဤသည်မှာ စတုတ္ထအမျိုးအစားဖြစ်သော မယုံကြည်သူဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ အခွင့်အရေးယူရန် ဖြစ်သည်။

အခွင့်အရေးသမားများ၏ အဓိက စရိုက်လက္ခဏာများမှာ အဘယ်နည်း။ ဤလူများနှင့် သင်တို့၏ အပြန်အလှန်ဆက်ဆံမှုများမှတစ်ဆင့်နှင့် ၎င်းတို့ ထုတ်ဖော်သည့် စိတ်သဘောထားများ၊ အမြင်ရှုထောင့်များ၊ သဘောထားများ သို့မဟုတ် လူ့သဘာဝကို စောင့်ကြည့်လေ့လာခြင်းမှတစ်ဆင့် သင်တို့ မည်သည့် အဓိက ကိုယ်ကျင့်စရိုက်များကို တွေ့ရှိခဲ့သနည်း။ ယင်းတို့ကို အကျဉ်းချုပ်ဖော်ပြလော့။ (အခွင့်အရေးသမားများသည် ကနဦး၌ ဘုရားသခင်ကို ယုံကြည်ရန် သမ္မာတရားကို လိုက်စားဖို့ ရောက်လာကြခြင်း မဟုတ်ပါ။ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် ရှင်သန်ကြီးပွားနေသည်ဟု ကြားသိကြသဖြင့် အမြတ်အစွန်းရှာလျက် ဘုရားအိမ်တော်မှ အကျိုးကျေးဇူးအချို့နှင့် ကောင်းချီးမင်္ဂလာများ ရရှိရန် မျှော်လင့်ချက်ဖြင့်သာ ဘုရားသခင်ကို ယုံကြည်ရန် ရောက်လာကြခြင်း ဖြစ်သည်။ ပြီးလျှင် အချိန်အတန်ကြာပြီးနောက် ဤအရာများကို ၎င်းတို့ မရရှိပါက ထွက်ခွာလိုကြသည်။ ဤလူတို့သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ မယုံကြည်ကြသည့်အပြင် ဘုရားသခင်ကို ယုံကြည်ရာ၌ လုံးဝ စိတ်ဝင်စားခြင်းမရှိကြပါ။) အခွင့်အရေးသမားများနှင့်ပတ်သက်၍ အကြီးမားဆုံးသော ပြဿနာမှာ အဘယ်နည်း။ အဓိက ပြဿနာမှာ ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားဘဲ ကောင်းချီးမင်္ဂလာများ ရရှိရန်ကိုသာ အလွန်စိတ်ဝင်စားကြသဖြင့် ၎င်းတို့အတွက် သမ္မာတရားကို လက်ခံရန် အခက်ခဲဆုံးဖြစ်နေခြင်း ဖြစ်သည်။ အချို့လူများက “သင်သည် ၎င်းတို့ကို သမ္မာတရားကို စိတ်မဝင်စားရုံမျှဖြင့် ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း မပြုနိုင်ပါ၊ ဟုတ်သည် မဟုတ်လော” ဟု ဆိုကြသည်။ ဤလူတို့၏ သမ္မာတရားအပေါ် စိတ်ဝင်စားမှု ကင်းမဲ့ခြင်းသည် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မဖတ်ရှုခြင်း သို့မဟုတ် သမ္မာတရားကို မိတ်သဟာယမဖွဲ့ခြင်းတို့တွင် အဓိကအားဖြင့် ပြသနေသည်။ တစ်စုံတစ်ဦးက သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး မိမိကိုယ်ကို သိရှိခြင်းအကြောင်း ပြောဆိုသည်ကို သို့မဟုတ် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသည်ကို ကြားပါက ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ အလွန်အမင်း မနှစ်မြို့ခြင်းကို အထူးသဖြင့် ခံစားရပြီး လုံးဝ စိတ်မဝင်စားဘဲ ငိုက်မျဉ်းလာကြသည်။ ၎င်းတို့သည် ဤအရာများကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် အခြားသူများကို သမ္မာတရား မိတ်သဟာယဖွဲ့ခြင်းမှ နှောင့်ယှက်ရန် အကျိုးမရှိသော စကားများ ပြောဆိုခြင်း၊ ဘေအန္တရာယ်များအကြောင်း ပြောဆိုခြင်းနှင့် ဘုရားသခင် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများ ပြသခြင်းကို ဆွေးနွေးခြင်းတို့ကိုပင် အသုံးချကြသည်။ ရလဒ်အနေဖြင့် သမ္မာတရားကို မလိုက်စားသော အချို့သူများသည် ဤအကြောင်းအရာများကို ကြားသည့်အခါ စိတ်လှုပ်ရှားလာပြီး ဆွေးနွေးမှုတွင် ၎င်းတို့နှင့်အတူ ပူးပေါင်းကြသည်။ ဤသည်မှာ အသင်းတော်အသက်တာကို ပေါ်ပေါ်ထင်ထင် နှောင့်ယှက်ခြင်း မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ နေ့စဉ်အသက်တာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြသည်မှာ ရှားပါးပြီး ရံဖန်ရံခါ ဖတ်ရှုသည့်အခါတွင်လည်း စိတ်ထဲ၌ အခက်အခဲတစ်ခုခုနှင့် ကြုံတွေ့နေရသောကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်။ ၎င်းတို့သည် စုဝေးပွဲများတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းတွင် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ခြင်းတွင် စိတ်မဝင်စားကြပေ။ ၎င်းတို့သည် “ဘုရားသခင်၏ နေ့ရက်သည် မည်သည့်အချိန်တွင်ရောက်မည်နည်း။ ကြီးစွာသော ကပ်ဘေးများသည် မည်သည့်အချိန်တွင် ပြီးဆုံးမည်နည်း။ ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများကို ကျွန်ုပ်တို့ မည်သည့်အချိန်တွင် ခံစားနိုင်မည်နည်း” ဟူသည်တို့ကိုသာ စိတ်ဝင်စားကြသည်။ ၎င်းတို့သည် ဤအရာများအကြောင်းကို အစဉ်သဖြင့် တွေးတောနေကြသည်။ မည်သူမျှ ဤအကြောင်းအရာများကို မဆွေးနွေးပါက ၎င်းတို့သည် အွန်လိုင်းတွင် ရှာဖွေကြပြီး ရှာဖွေပြီးနောက်တွင် စုဝေးပွဲများအတွင်း ဤအရာများကို စတင်ဖြန့်ဝေကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ဤအရာများဖြင့် ပြည့်လျှံနေသည်။ ၎င်းတို့ စိတ်ဝင်စားသော အကြောင်းအရာများနှင့်ပတ်သက်၍ အခြားသူများ မိတ်သဟာယဖွဲ့သည်ကို ကြားသရွေ့ ၎င်းတို့သည် ဝင်ရောက်ပြောဆိုပြီး မိတ်သဟာယတွင် ပူးပေါင်းနိုင်သည်။ သို့သော် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် အကြောင်းအရာကို ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် နားမထောင်လိုတော့ပေ။ ၎င်းတို့သည် ငိုက်မျဉ်းလာကြပြီး အချို့မှာ ထွက်ပင်ထွက်သွားကြကာ အခြားသူများမှာမူ ဂနာမငြိမ်ဖြစ်လာကြသည်၊ ၎င်းတို့သည် အကျည်းတန်သော အမူအရာမျိုးစုံကို ပြသကြသည်။ သင်က “ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မိတ်သဟာယဖွဲ့ကြစို့” ဟု ဆိုသည်။ ၎င်းတို့က “ကျွန်ုပ် ရေဆာသည်။ ရေသောက်ဖို့ လိုသည်” ဟု ဆိုသည်။ သင်က “မိမိကိုယ်ကို သိရှိခြင်းအကြောင်း မိတ်သဟာယဖွဲ့ကြစို့” သို့မဟုတ် “တာဝန်များကို ထမ်းဆောင်ခြင်း၏ အသေးစိတ်အချက်များအကြောင်း မိတ်သဟာယဖွဲ့ကြစို့၊ ဤအကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာကို ပြောထားသည်၊ ပြီးလျှင် သမ္မာတရား စည်းမျဉ်းများက မည်သည့်အရာများဖြစ်သည်ကို ကြည့်ကြစို့” ဟု ဆိုသည်။ ၎င်းတို့က “ကျွန်ုပ်တွင် လုပ်စရာ တစ်စုံတစ်ခု ရှိသည်။ ကျွန်ုပ် သွားလိုက်ဦးမည်။ သင်တို့ အေးအေးဆေးဆေး စကားပြောကြပါ” ဟု ဆိုသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအား ငြင်းပယ်ရန်နှင့် ရှောင်ရှားရန် ဆင်ခြေအမျိုးမျိုးကို ရှာကြသည်။ ဤအရာက ၎င်းတို့သည် သမ္မာတရားကို မချစ်ရုံသာမက မိမိတို့၏ စိတ်နှလုံး နက်ရှိုင်းရာမှ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် အတိုက်အခံ လုပ်သည်ဟူသည့်အချက်ကို ရှင်းလင်းစွာ ဖော်ထုတ်နေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားကို စကားထဲ ထည့်ပြောသည့်အခါတိုင်းတွင် ၎င်းတို့သည် ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခြင်း သို့မဟုတ် ငြင်းခုံခြင်းမပြုဘဲ ယင်းတို့ကို ငြင်းပယ်ရန်နှင့် ရှောင်ရှားရန် ဆင်ခြေအမျိုးမျိုးကို ရှာကြသည်။ ဤအပြုအမူများက ၎င်းတို့သည် အခွင့်အရေးသမားများ ဖြစ်ကြောင်း ရှင်းလင်းစွာ မပြသနိုင်သလော။ ၎င်းတို့သည် မယုံကြည်သူများဖြစ်ပြီး အခွင့်အရေးယူရန်ဟူသည့် တိကျသော ရည်ရွယ်ချက်တစ်ခုအတွက် ဘုရားသခင်ကို ယုံကြည်နေကြောင်း ရှင်းလင်းစွာ မညွှန်ပြသလော။ (ညွှန်ပြပါသည်။) အချို့လူများက “သင်က သူတို့ကို မယုံကြည်သူများ၊ ဘုရားသခင်အပေါ် ရိုးသားစစ်မှန်စွာ လိုက်လျှောက်သောသူများ မဟုတ်ဟု ပြောလေသည်၊ သို့ဆိုလျှင် ၎င်းတို့သည် ယခုအချိန်အထိ ယုံကြည်နိုင်သေးသည့်အပြင် အသင်းတော်၏ အလုပ်အတွက် မိမိကိုယ်ကိုယ် အသုံးခံကာ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနေသေးသည်မှာ အဘယ်ကြောင့်နည်း” ဟု ဆိုကြသည်။ ငါတို့ ယခုလေးတင် ပြောသွားခဲ့သော အပြုအမူများသည် ဤမေးခွန်းကို ဖြေဆိုရန် မလုံလောက်ဘူးလော။ ဤအပြုအမူများသည် ၎င်းတို့အပေါ် ကျွန်ုပ်တို့၏ ပိုင်းခြားသိမြင်မှုနှင့် အမျိုးအစားသတ်မှတ်ခြင်းသည် တိကျမှန်ကန်ကြောင်း သက်သေပြရန် လုံလောက်သည်။ ထို့ကြောင့် လူတစ်ဦး၏ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ ရည်ရွယ်ချက်သည် အခွင့်အရေးယူဖို့ ဟုတ်မဟုတ်ကို တိုင်းတာရန်၊ သင်သည် ယင်းကို ဘုရားသခင်အပေါ်၊ ဘုရားသခင်၏ အမှုတော်အပေါ်၊ သမ္မာတရားအပေါ်နှင့် အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သော အရာများအပေါ် ၎င်းတို့၏ သဘောထားကို အခြေခံ၍ တိုင်းတာပြီး ပိုင်းခြားသိမြင်သင့်သည်။ ဤသည်မှာ အတိကျဆုံး ဖြစ်သည်။ ယင်းကို ၎င်းတို့၏ အပြင်ပန်း အပြုအမူနှင့် လုပ်ဆောင်ချက်များဖြင့် တိုင်းတာခြင်းသည် တိကျမှန်ကန်ခြင်းမရှိ၊ ဓမ္မဓိဋ္ဌာန်ကျခြင်းမရှိပေ။ ၎င်းတို့၏ စစ်မှန်သော အတွင်းစိတ် အတွေးအခေါ်များနှင့် ဘုရားသခင်အပေါ်၊ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကသာ ပြဿနာများကို ဖော်ပြသည်၊ ဤအရာများကသာ ၎င်းတို့သည် မည်သို့သောလူစားမျိုးဖြစ်သည်ကို ကိုယ်ကျင့်စရိုက် သရုပ်ဖော်ရန် အတိကျဆုံးသော စံနှုန်းများ ဖြစ်ကြသည်။ ယခု သင်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ အခွငအရေးယူရန် ဖြစ်သောသူတို့၏ အနှစ်သာရကို အခြေခံအားဖြင့် ရှင်းလင်းသွားပြီလော။ သင်တို့အားလုံး ဤသို့သောလူအချို့နှင့် ကြုံတွေ့ဖူးကြသလော။ (တွေ့ဖူးပါသည်။) ထိုသို့သောလူများအတွက် အမြန်ဆုံးထွက်ခွာသွားခြင်းက ပိုကောင်းသည်။ ၎င်းတို့သည် စစ်မှန်စွာ အစေခံမှု ပေးလိုစိတ်ရှိပါက ၎င်းတို့ကို အောင့်အည်းပြီး ခေါ်ထားနိုင်သည်။ သို့သော် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မထမ်းဆောင်ဘဲ မည်သည့်အစေခံမှုကိုမျှ မပေးနိုင်သည့်အပြင် အသင်းတော်၏ အလုပ်နှင့် အသင်းတော်အသက်တာကို နှောင့်ယှက်မှုများနှင့် မကောင်းသော သက်ရောက်မှုများကို ဖြစ်စေပါက ၎င်းတို့ကို အမြန်ဆုံး ထွက်ခွာစေသင့်သည်။ ဤသည်မှာ မယုံကြည်သူများကို ရှင်းလင်းပစ်ခြင်းအတွက် စည်းမျဉ်းဖြစ်သည်။ ဘုရားအိမ်တော်သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို ချစ်သောလူများကို လိုအပ်သည်၊ သစ္စာစောင့်သိသော အစေခံသူများကို လိုအပ်သည်။ မယုံကြည်သူများ သို့မဟုတ် အရေအတွက်ပြည့်မီအောင် ဖြည့်တင်းရန် ချီတုံချတုံဖြင့် စောင့်ကြည့်နေသူများကို လုံးဝမလိုအပ်ပေ။ အသင်းတော်သည် အရေအတွက်ပြည့်မီအောင် ဖြည့်တင်းရန် မည်သူ့ကိုမျှလည်း မလိုအပ်ပေ။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်မည်။

င။ အသင်းတော်ကို မှီခိုစားသောက်ခြင်း

ဆက်လက်၍ ငါတို့သည် ပဉ္စမမြောက် ရည်ရွယ်ချက်ဖြစ်သည့် အသင်းတော်ကို မှီခိုစားသောက်ရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်းကို မိတ်သဟာယဖွဲ့ကြမည်။ သင်တို့အားလုံးသည် အသင်းတော်ကို မှီခိုစားသောက်ခြင်းဟူသည့် ဤအကြောင်းအရာနှင့် အကျွမ်းတဝင်ရှိကြသည် မဟုတ်လော။ (ရှိပါသည်။) အသင်းတော်ကို မှီခိုစားသောက်သောလူများ၏ သရုပ်သကန်များမှာ အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်သည် မစင်ကြယ်ကြောင်းကိုလည်းကောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ လိုက်လျှောက်နေခြင်း မဟုတ်ကြောင်း သို့မဟုတ် ကယ်တင်ခြင်းကို ရရှိရန် ကြိုးစားနေခြင်း မဟုတ်ကြောင်းကိုလည်းကောင်း၊ ကယ်တင်ခြင်း ရရှိခြင်းဟူသည့် ပန်းတိုင်ကို ရရှိနိုင်ရန်အလို့ငှာ ဘုရားသခင် တည်ရှိမှုကို ယုံကြည်ခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံလိုစိတ် ရှိခြင်းဟူသည့် အခြေခံအုတ်မြစ်ပေါ်တွင် သမ္မာတရားကို လိုက်စားပြီး လက်ခံရန်နှင့် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် ရောက်လာခဲ့ကြခြင်း မဟုတ်ဘဲ ထိုအစား အသင်းတော်ကို မှီခိုစားသောက်ရန် ရောက်လာခဲ့ကြကြောင်းကို မည်သည့်သရုပ်သကန်များမှတစ်ဆင့် ငါတို့ အဆုံးအဖြတ်ပေးနိုင်မည်နည်း။ အသင်းတော်ကို မှီခိုစားသောက်ခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ အပေါ်ယံအဓိပ္ပာယ်မှာ အလွန်ရှင်းလင်းသည်။ ယင်းမှာ လူတစ်ဦး၏ နေ့စဉ်အသက်တာနှင့် သက်ဆိုင်သော ကိစ္စရပ်များနှင့် အစားအစာဖူလုံရေး ပြဿနာကို ဖြေရှင်းရန်အလို့ငှာ ဘာသာရေးယုံကြည်လက်ခံမှုမှတစ်ဆင့် ဂိုဏ်းဂဏတစ်ခုတွင် ပူးပေါင်းခြင်းကို ဆိုလိုသည်။ ဤသည်မှာ အသင်းတော်ကို မှီခိုစားသောက်ခြင်း၏ အတိကျဆုံးနှင့် လိုရင်းအကျဆုံးသော အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်ပြီး အရှင်းလင်းဆုံးသော အဓိပ္ပာယ်ဖွင့်ဆိုချက်လည်း ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများမဟုတ်ဘဲ ထိုအစား အသင်းတော်ကို မှီခိုစားသောက်ရန် ရောက်လာခဲ့ကြကြောင်း အတည်ပြုသည့် မည်သည့်သရုပ်သကန်များကို ဤလူတို့က ပြသကြသနည်း။ အချို့လူများသည် ကျွမ်းကျင်မှုတစ်ခုတွင် အရည်အချင်းရှိပြီး သာမန်လူတစ်ဦးကဲ့သို့ အလုပ်လုပ်နိုင်စွမ်း ရှိသော်လည်း ဤလူ့အဖွဲ့အစည်းသည် မတရားကြောင်းနှင့် ယင်း၌ အလုပ်လုပ်၍ အသက်မွေးဝမ်းကျောင်းပြုရန် မလွယ်ကူကြောင်း ၎င်းတို့ မြင်ကြသည်။ မိမိ၏ မိသားစုဝင်အားလုံးကို ထောက်ပံ့ရန် အလုပ်လုပ်၍ ငွေရှာခြင်းသည် မနက်စောစောထပြီး ညဉ့်နက်သည်အထိ နေရခြင်း၊ များစွာသော ဆင်းရဲဒုက္ခများကို ခံနိုင်ရည်ရှိခြင်းနှင့် များစွာသော မကျေနပ်မှုများကို သည်းခံခြင်းတို့ လိုအပ်သည်။ လူတစ်ဦးသည် လိမ္မာပါးနပ်ပြီး ပြောင်းလွယ်ပြင်လွယ် ရှိရမည့်အပြင် အတော်အသင့် ရက်စက်ပြီး ဆိုးရွားရမည်ဖြစ်ကာ ပရိယာယ်များနှင့် စွမ်းဆောင်နိုင်စွမ်းများကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ ထိုသို့မှသာလျှင် လူတစ်ဦးသည် စားဝတ်နေရေး တည်ငြိမ်မှုကို ရရှိစေပြီး လူ့အဖွဲ့အစည်းတွင် မိမိကိုယ်ကို တည်တံ့စေနိုင်မည်ဖြစ်သည်။ အလုပ်လုပ်သောသူတို့ကို ကြည့်လျှင် မည်သည့်လုပ်ငန်းကဏ္ဍမှ ဖြစ်စေ၊ ၎င်းတို့သည် အထက်တန်းလွှာ၊ အလယ်အလတ်တန်းစား သို့မဟုတ် အောက်ခြေလူတန်းစားများမှ ဖြစ်စေ စားဝတ်နေရေးအတွက် ငွေရှာရန် မလွယ်ကူပေ။ ထိုလခစားဝန်ထမ်းများသည် ၎င်းတို့၏ စွဲမက်ဖွယ်ရုပ်သွင်များ၊ အဆင့်မြင့်သော ရာထူးများ၊ မြင့်မားသော ပညာအရည်အချင်းများ၊ ကြီးမြတ်သော လစာများ၊ အကျိုးခံစားခွင့်များဖြင့် အပြင်ပန်းတွင် လူသားပုံသဏ္ဌာန် ဟန်ဆောင်ကြပြီး လူတိုင်းက ၎င်းတို့ကို အားကျကြသော်လည်း အလုပ်ခွင်၌ ၎င်းတို့ကြုံတွေ့ရသည့် အကျပ်အတည်းတိုင်းသည် ဒုက္ခတစ်ခု ဖြစ်သည်။ မည်သည့်နယ်ပယ်၌ အလုပ်လုပ်သည်ဖြစ်စေ မလွယ်ကူပေ။ လယ်သမားတစ်ဦးဖြစ်၍ မြေယာလုပ်ကိုင်ရခြင်းသည် ပို၍ပင် ခက်ခဲသည်။ လယ်သမားများသည် အလွန်ပင်ပန်းစွာ အားသွန်ခွန်စိုက် လုပ်ကိုင်ကြသည့်တိုင် ၎င်းတို့၏ မိသားစုများကို ကျွေးမွေးရန် လုံလောက်သော အစားအစာကိုသာ ရရှိကြသည်၊ ၎င်းတို့တွင် အဝတ်အစားများနှင့် အခြားလိုအပ်သောပစ္စည်းများ ဝယ်ရန် သို့မဟုတ် ၎င်းတို့၏ အိမ်များကို ပြုပြင်ရန် ငွေမရှိကြပေ၊ ပြီးလျှင် ၎င်းတို့ ငွေအချို့ သုံးစွဲလိုသည့်အခါ ဟင်းသီးဟင်းရွက်များ ရောင်းချခြင်း သို့မဟုတ် တိရစ္ဆာန်များ မွေးမြူခြင်းအပေါ် မှီခိုအားထားကြရသည်။ လယ်သမားတစ်ဦးဖြစ်ရခြင်းသည် ပို၍ပင် ဆိုးရွားလှသည်တကား။ မယုံကြည်သူများ ပြောဆိုသည့်အတိုင်း “ငွေရှာရခက်သည်၊ မွေးဖွားလာရခြင်းက လွယ်သော်လည်း အသက်ရှင်နေထိုင်ရခြင်းက ခက်သည်” ဟူ၍ ဖြစ်လေသည်။ စားဝတ်နေရေးအတွက် ငွေရှာရန် အလွန်ခက်ခဲသည်။ အချို့လူများသည် စားဝတ်နေရေးအတွက် ငွေရှာရန် နည်းလမ်းမရှိဘဲ ဘာသာတရားမရှိသူများသည် အလွန်ဆိုးယုတ်ကြောင်း မြင်ကြပြီး ဘာသာရေးယုံကြည်မှုရှိသူများသည် ဟန်ဆောင်မှုကင်းကာ အသင်းတော်၌ စားဝတ်နေရေးအတွက် ငွေရှာခြင်းသည် အနည်းငယ် ပိုလွယ်ကူနိုင်သည်ဟု ထင်သောကြောင့် ၎င်းတို့သည် အသင်းတော်ထဲသို့ ထိုးဖောက်စိမ့်ဝင်ရန် ဘုရားအိမ်တော်က ဧဝံဂေလိတရားဟောခြင်းဟူသည့် အခွင့်အရေးကို အသုံးပြုကြသည်။ ပြီးလျှင် တာဝန်ထမ်းဆောင်သောသူများကို အစားအစာ ထောက်ပံ့ပေးသည်ဟု ကြားပြီးနောက် ၎င်းတို့သည် တာဝန်ထမ်းဆောင်ရန် ရောက်လာကြသည်။ တာဝန်ထမ်းဆောင်လိုသော အချို့လူများက “ကျွန်ုပ်သည် ကျွန်ုပ်၏ မိသားစုတွင် အဓိကငွေရှာသူဖြစ်သည်။ အိမ်ရှိ လယ်ယာမြေကို စိုက်ပျိုးပေးမည့်သူများ ရှိနေသရွေ့၊ ကျွန်ုပ်၏ မိသားစု စားဝတ်နေရေးစရိတ်များကို ထောက်ပံ့ပေးနေသရွေ့ ကျွန်ုပ် တာဝန်ထမ်းဆောင်မည်” ဟု စဉ်းစားကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တာဝန်ထမ်းဆောင်ခြင်းအတွက် ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ ၎င်းတို့၏ ရှင်သန်ရေးကို သေချာစေရန် လုံလောက်သော အစားအစာနှင့် နွေးထွေးသော အဝတ်အထည်များကို ရရှိရန်ဖြစ်သည်။ တစ်နေ့လျှင် စားစရာသုံးနပ်ရှိပြီး မိမိတို့ကိုယ်ကို ထောက်ပံ့ရန် အလုပ်လုပ်၍ ငွေရှာခြင်းအပေါ် နောက်ထပ် မှီခိုအားထားရန် မလိုအပ်တော့ရန် ဖြစ်သည်၊ ၎င်းတို့အတွက် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများ၏ အကူအညီ ရှိနေသရွေ့ အရာအားလုံး အဆင်ပြေသည်။ ဤပန်းတိုင်ကို ရရှိရန် အသင်းတော်က ၎င်းတို့ လုပ်ဆောင်ရန် စီစဉ်ပေးသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသည်။ အသင်းတော်ထဲသို့ ဝင်ရောက်ပြီးနောက် ခေါင်းဆောင်များဖြစ်ရန်နှင့် ဒေသနာများ တရားဟောရန် စတင်သင်ယူသော အချို့လူများလည်း ရှိသေးသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို များစွာ ဖတ်ရှုကြသည်၊ ဘုရားနှုတ်ကပတ်တော်များကို များစွာ ကူးရေးပြီး အလွတ်ကျက်မှတ်ကြသည်၊ ပြီးလျှင် ယင်းတို့ကို အလွတ်ကျက်မှတ်ပြီးနောက် အခြားသူများကို တရားဟောရန်နှင့် လူတို့အား ပြဿနာများ ဖြေရှင်းရာတွင် ကူညီရန် သင်ယူကြသည်။ ၎င်းတို့သည် လူတိုင်းကို ကူညီရန် ဖြစ်နိုင်သည့် နည်းလမ်းတိုင်းကို ကြိုးစားကြပြီး ၎င်းတို့၏ အကူအညီကို လက်ခံရရှိပြီးနောက် လူတို့က ၎င်းတို့ကို ကူညီမည့်လက်တစ်စုံ ကမ်းလင့်လိမ့်မည်ဟု မျှော်လင့်ကြသည်၊ ပြီးလျှင် ၎င်းတို့၏ ဒေသနာများနှင့် ၎င်းတို့ တရားဟောသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ပြီးနောက် လူတို့က ၎င်းတို့ကို ကျေးဇူးတင်စိတ်ရှိလာပြီး ထိုသို့ဖြင့် ၎င်းတို့ကို ငွေကြေးအထောက်အပံ့နှင့် အကူအညီများ ပေးလိမ့်မည်ဟု မျှော်လင့်ကြသည်။ ဥပမာအားဖြင့် ၎င်းတို့တွင် အိမ်၌ ရေဖိုးနှင့် မီးဖိုးများ ပေးဆောင်ရန် ငွေမရှိပါက ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ပေးဆောင်ရာတွင် ကူညီနိုင်သည်၊ ပြီးလျှင် ၎င်းတို့တွင် မိမိတို့၏ ကလေးများ ကျောင်းလခများ ပေးဆောင်ရန် သို့မဟုတ် မိမိတို့၏ နာမကျန်းဖြစ်သော မိဘများအတွက် ဆေးဖိုးဝါးခများ ကာမိရန် ငွေမရှိပါက ၎င်းတို့သည် တာဝန်ထမ်းဆောင်နေသောကြောင့် အသင်းတော် သို့မဟုတ် ညီအစ်ကိုမောင်နှမများက ဤရန်ပုံငွေများကို ထောက်ပံ့ပေးနိုင်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရာတွင် စိတ်သက်သာရာရပြီး မိမိတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ယုံကြည်ရကျိုးနပ်ကြောင်း၊ ယင်းက ၎င်းတို့ကို မည်သည့်ဆုံးရှုံးမှုမျှ မခံစားရစေခဲ့ကြောင်းနှင့် ၎င်းတို့၏ ပန်းတိုင်ကို ရရှိခဲ့ပြီဖြစ်ကြောင်း ခံစားကြရသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် “ဤအရာအားလုံးသည် ဘုရား၏ ကျေးဇူးတော်၊ ဘုရား၏ မျက်နှာသာတော် ဖြစ်သည်။ ဘုရားကို ကျေးဇူးတင်ပါသည်” ဟု ဆိုလျက် ဘုရားသခင်ကို အစဉ်မပြတ် ကျေးဇူးတင်ကြသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို “ပြန်လည်ပေးဆပ်” ရန်အလို့ငှာ ၎င်းတို့သည် အသင်းတော်၏ စီစဉ်မှုများကို “လိုက်နာကြသည်”၊ ပြီးလျှင် ၎င်းတို့ကို အစားအစာနှင့် စားဝတ်နေရေးစရိတ်များ ထောက်ပံ့ပေးနေသရွေ့ မည်သည့်အလုပ်မျိုးကိုမဆို လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ တုံ့ပြန်မှုအနေဖြင့် တည်ငြိမ်သော စားဝတ်နေရေးကို ရရှိရန်သာ ဖြစ်သည်။ အသင်းတော်က ၎င်းတို့၏ နေထိုင်မှုလိုအပ်ချက်များကို လျစ်လျူရှုပြီး ၎င်းတို့၏ အခက်အခဲများကို အချိန်မီ မဖြေရှင်းပေးသည့်အခါ ၎င်းတို့သည် မပျော်မရွှင်ဖြစ်လာကြသည်။ အသင်းတော်၏ အလုပ်နှင့် ဘုရားအိမ်တော်က ၎င်းတို့ကို ပေးအပ်သည့် တာဝန်များအပေါ် ၎င်းတို့၏ သဘောထားသည် ချက်ချင်း ပြောင်းလဲသွားသည်။ ၎င်းတို့က “ဤသည်မှာ အဆင်မပြေပါ၊ ကျွန်ုပ် အပြင်ထွက်ပြီး ငွေရှာရမည်။ ယခင်က ကျွန်ုပ်သည် အသင်းတော်၏ အလုပ်ကို လုပ်ဆောင်နေသောကြောင့် ငွေရှာရန် အခွင့်အရေး မရှိခဲ့ပါ။ ကျွန်ုပ်သည် ထိုအလုပ်ကို လူကိုယ်တိုင် ထွက်၍ လုပ်ဆောင်ခြင်းဖြင့် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရမည့်အန္တရာယ်ကိုပင် မကြာခဏ ရင်ဆိုင်ခဲ့ရပြီး နေရာတိုင်းရှိ လူတို့က ကျွန်ုပ်ကို သိကြသည်။ ယခု ကျွန်ုပ်အတွက် ငွေရှာရန် အဆင်မပြေတော့ပါ။ ကျွန်ုပ် မည်သည့်အရာကို လုပ်သင့်သနည်း” ဟု ဆိုကြသည်။ ဤသို့သော အခြေအနေမျိုးတွင် ၎င်းတို့သည် မိမိတို့၏ အခက်အခဲများနှင့် တောင်းဆိုမှုများကို ညီအစ်ကိုမောင်နှမများထံ တက်ကြွစွာ တင်ပြကြမည်ဖြစ်ပြီး ဘုရားအိမ်တော်ကို ချဉ်းကပ်ကာ တောင်းဆိုမှုများပင် ပြုလေသည်။ အချို့လူများသည် မိမိတို့၏ စားဝတ်နေရေးစရိတ်များ သို့မဟုတ် မိမိတို့၏ အိုစာမင်းစာအတွက် ငွေမရှိသော်လည်း ဤပြဿနာများကို မိမိတို့ဘာသာ မဖြေရှင်းကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ စားဝတ်နေရေးစရိတ်များအတွက် ငွေရှာရန် ဘုရားအိမ်တော်၌ အားထုတ်ခြင်းအပေါ် မှီခိုအားထားလိုကြသည်။ အချို့လူများသည် ဤအရာကို ပို၍ပင် ဆိုးရွားအောင် လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်ထံမှ မိမိတို့၏ စားဝတ်နေရေးစရိတ်များ၊ မိမိတို့၏ ကလေးများကို ပြုစုပျိုးထောင်ခြင်းနှင့် မိဘများကို ထောက်ပံ့ခြင်းစရိတ်တို့အတွက် ထောက်ပံ့ပေးရန် တောင်းဆိုသည်သာမက မိမိတို့၏ ဆေးဖိုးဝါးခများအတွက်လည်း ငွေတောင်းဆိုကြသည်။ အချို့လူများသည် မိမိတို့၏ ချေးငွေများကို ပြန်ဆပ်ရန် ဘုရားအိမ်တော်ထံမှ ငွေပင် တောင်းဆိုကြသည်။ ၎င်းတို့၏ တောင်းဆိုမှုများသည် တိုး၍လွန်ကဲလာပြီး ထိုသို့သောအရာများကို တောင်းဆိုရဲသည်မှာ အမှန်ပင် အရှက်မရှိကြပေ။ အချို့လူများသည် ဘုရားသခင်ကို ယုံကြည်လာပြီး အသင်းတော်သို့ ဝင်ရောက်ပြီးနောက် ၎င်းတို့၏ အသုံးစရိတ်များကို ကာမိစေရန် ဘုရားအိမ်တော်က ပေးချေသည့်ငွေနှင့် ၎င်းတို့ တက်ကြွစွာ တောင်းဆိုသည့် ထပ်ဆောင်းရန်ပုံငွေများသည် ၎င်းတို့ အလုပ်လုပ်၍ ရရှိသည့်ငွေထက် ကျော်လွန်သည်။ ဤအခြေအနေများ ပြည့်မီသည်ဟူသည့် အခြေခံပေါ်တွင် ၎င်းတို့သည် ဘုရားအိမ်တော်က ၎င်းတို့ကို တာဝန်ခန့်အပ်သည့်အလုပ်ကို ဆက်ကပ်အပ်နှံမှု၊ များစွာသော သစ္စာစောင့်သိမှုတို့ဖြင့် အပြင်ပန်းတွင် လုပ်ဆောင်ပုံရသည်။ သို့သော် ဤအကျိုးခံစားခွင့်များ လျော့ကျသွားသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ သဘောထားသည် ပြောင်းလဲသွားသည်။ အသင်းတော်က ပေးအပ်သည့်အလုပ်အပေါ် ၎င်းတို့၏ သဘောထားသည် ၎င်းတို့အပေါ် ညီအစ်ကိုမောင်နှမများ၏ သဘောထားကို အခြေခံ၍လည်းကောင်း၊ ဘုရားအိမ်တော်က ၎င်းတို့ကို ထောက်ပံ့ပေးသည့် ငွေကြေးအကူအညီ ပမာဏကို အခြေခံ၍လည်းကောင်း ကွဲပြားသည်။ ၎င်းတို့ ခံစားသည့် ကျေးဇူးတော်သည် ရုပ်သိမ်းခံရသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသည်ကို နောက်ထပ် မမြင်ရတော့ပေ။ ဘုရားသခင်ကို စတင်ယုံကြည်သည့်အချိန်မှစ၍ ဤလူတို့သည် ဘုရားအိမ်တော်၌ နေရာတစ်ခုရရန် မည်သို့ လှည့်ဖြားဝင်ရောက်နိုင်မည်ကို တွက်ချက်ကြပြီး ဤနေရာတွင် ခြေကုပ်ရပြီးနောက် ညီအစ်ကိုမောင်နှမများ၏ စေတနာဖြင့်ပေးကမ်းခြင်းနှင့် အကူအညီကိုလည်းကောင်း၊ ဘုရားအိမ်တော်ထံမှ အကူအညီနှင့် ၎င်းတို့၏ နေ့စဉ်အသက်တာအတွက် ယင်း၏ ထောက်ပံ့မှုများကိုလည်းကောင်း “တရားနည်းလမ်းကျကျ” ခံစားကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ရိုးသားစစ်မှန်စွာ လုံးဝ အသုံးခံနေကြခြင်း မဟုတ်ပေ၊ ၎င်းတို့သည် ခြွင်းချက်မရှိ မိမိတို့ကိုယ်ကို အသုံးခံရန် လုံးဝ ရောက်လာကြခြင်းမဟုတ်ပေ။ ထိုအစား ၎င်းတို့သည် အသင်းတော်ကို မှီခိုစားသောက်ပြီး အသက်မွေးဝမ်းကျောင်းမှုတစ်ခု ဖူလုံစေရန်ဟူသည့် ရည်မှန်းချက်တစ်ခုတည်းဖြင့် အသင်းတော်သို့ ဝင်ရောက်ကြသည်။ ဤရည်ရွယ်ချက်ကို ၎င်းတို့အလိုရှိသည့်အတိုင်း မရရှိနိုင်သည့်အခါ ၎င်းတို့သည် လျင်မြန်စွာ ရန်လိုလာကြပြီး မယုံကြည်သူတစ်ဦး၏ စရိုက်မှန်ကို လျင်မြန်စွာ ထုတ်ဖော်ပြကြသည်။ ဘုရားသခင်ကို စတင်ယုံကြည်သည့်အချိန်မှစ၍ ၎င်းတို့သည် ရိုးသားမှုဖြင့် ရောက်လာကြခြင်းမဟုတ်ပေ၊ ၎င်းတို့သည် ဆုလာဘ်များ မတောင်းဆိုဘဲ၊ အပြန်အလှန်အားဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ မလိုက်လျှောက်ကြပေ၊ သို့မဟုတ် ဘုရားသခင်အတွက် အရာများကို စွန့်လွှတ်ပြီး မိမိတို့ကိုယ်ကို လိုလိုလားလား အသုံးခံခြင်း မရှိကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်တောင်းဆိုမှုများ၊ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်တို့ဖြင့် ဘုရားသခင်ကို ယုံကြည်သောကြောင့် သန္နိဋ္ဌာန်ဖြင့် အသင်းတော်ကို မှီခိုစားသောက်ရန်နှင့် အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများအပေါ် မှီခိုအားထားရန်ဟူသည့် ၎င်းတို့၏ ရည်ရွယ်ချက်ဖြင့် ဘုရားသခင်ကို ယုံကြည်ရန် ရောက်လာကြသည်။ ဤရည်ရွယ်ချက်ကို မရရှိနိုင်သည့်အခါ သို့မဟုတ် ၎င်းတို့အလိုရှိသည့်အတိုင်း မပြည့်စုံသည့်အခါ ၎င်းတို့သည် အလုပ်သွားလုပ်ခြင်း သို့မဟုတ် စီးပွားရေးလုပ်ခြင်းဖြစ်စေ အခြားရှေ့ဆက်ရန်နည်းလမ်းတစ်ခုကို ရှာဖွေကြသည်။ ဤကဲ့သို့သော လူများ ရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) အသင်းတော်၌ ဤအမျိုးအစားမှ လူအချို့ ရှိသည်။ အစပိုင်းတွင် ဘုရားအိမ်တော်ကဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကဖြစ်စေ ၎င်းတို့ကို အဝတ်အစားများ၊ နေ့စဉ်သုံးပစ္စည်းများ သို့မဟုတ် ငွေကဲ့သို့သော အရာအချို့ကို စေတနာဖြင့်ပေးကမ်းသည့်အခါ ၎င်းတို့သည် အပြင်ပန်းတွင် ရှက်ရွံ့ဟန်ဆောင်သော်လည်း အတွင်းထဲတွင်မူ အမှန်တကယ် ပျော်ရွှင်မှုဖြင့် အားပါးတရ ပြုံးရွှင်နေကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ညီအစ်ကိုမောင်နှမ တစ်ဦး သို့မဟုတ် နှစ်ဦးကို ဧည့်ခံသည် သို့မဟုတ် အချိန်ပြည့် မိမိ၏တာဝန်ထမ်းဆောင်သည်ဟု ဆိုကြပါစို့၊ သို့ဖြစ်၍ ဘုရားအိမ်တော် သို့မဟုတ် ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ မိသားစုများကို စေတနာဖြင့်ပေးကမ်းခြင်းနှင့် ငွေကြေးအကူအညီအချို့ ပေးကြသည်။ ၎င်းတို့သည် ဤအရာနှင့်ပတ်သက်၍ အတော်အတန် ပျော်ရွှင်ပြီး ကျေနပ်သည်ဟု ခံစားရကာ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ယုံကြည်ရကျိုးနပ်ပြီး အကျိုးအမြတ်ရှိကြောင်းနှင့် ၎င်းတို့ အရှုံးမရှိခဲ့ကြောင်း တွေးထင်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ စိတ်နှလုံးများသည် တိုး၍လောဘကြီးလာသည်၊ ပို၍ပို၍ လက်ဖြန့်တောင်းလာကြပြီး ၎င်းတို့သည် တိုး၍ အရှက်မဲ့လာကြသည်။ မည်မျှပင် ပေးသည်ဖြစ်စေ ၎င်းတို့သည် မည်သည့်အခါမျှ မကျေနပ်ကြပေ။ အစပိုင်းတွင် ၎င်းတို့သည် အရာများကို လက်ခံရန် ရှက်ရွံ့သည်ဟု ခံစားရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ယင်းသည် အနည်းငယ် မှန်ကန်သင့်လျော်သည်ဟု ၎င်းတို့ ခံစားရပြီး ထို့နောက် ယင်းသည် မလုံလောက်ဟု မကျေမချမ်း ဖြစ်လာကြသည်။ နောက်ပိုင်းတွင် ၎င်းတို့သည် ဘုရားအိမ်တော်က ပမာဏတစ်ခုခု ပေးရမည်ဟု တိုက်ရိုက် တောင်းဆိုကြသည်၊ သို့မဟုတ်ပါက ၎င်းတို့သည် ရှင်သန်နိုင်မည်မဟုတ်ဘဲ ထိုသို့ဖြင့် မိမိတို့၏ တာဝန်များကို မထမ်းဆောင်နိုင်တော့ပေ။ ၎င်းတို့၏ လောဘသည် တိုး၍ ကြီးမားသည်ထက် ကြီးမားလာသည် မဟုတ်လော။ (ဟုတ်ပါသည်။) များစွာသော ကျေးဇူးတော်ကို ခံစားရသော်လည်း ၎င်းတို့သည် ယင်းကို ပြန်လည်ပေးဆပ်ရန် မစဉ်းစားသည်သာမက ဘုရားအိမ်တော်ထံမှ တိုး၍ပင် တောင်းဆိုကြသည်။ ၎င်းတို့ကို အကြွေးတင်သည်မှာ ဘုရားအိမ်တော်ဖြစ်သည်၊ ၎င်းတို့ကို အကြွေးတင်သည်မှာ ညီအစ်ကိုမောင်နှမများ ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့ကို စေတနာဖြင့်ပေးကမ်းခြင်းနှင့် ငွေကြေးအကူအညီ ပေးအပ်ခြင်းသည်သာ မှန်ကန်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့ကို လျှော့၍ပေးလျှင် သို့မဟုတ် ၎င်းတို့ နောက်ကျမှ လက်ခံရရှိလျှင် ၎င်းတို့သည် မကျေနပ်ကြချေ။ ၎င်းတို့ကို ငွေမည်မျှနှင့် မည်သို့သောအရာများကို ပေးသည်ဖြစ်စေ လက်ခံကြပြီး ယင်းသည်သာ မှန်ကန်သည်ဟု ခံစားကြရသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို အချိန်ကာလ ပိုကြာရှည်စွာ ဆက်လက်ထမ်းဆောင်သည်နှင့်အမျှ ၎င်းတို့သည် ပို၍ပင် အခွင့်အရေးရှိသည်ဟု ခံစားရပြီး ဘုရားအိမ်တော်ထံမှ ၎င်းတို့ကို ဈေးအကြီးဆုံး လက်ကိုင်ဖုန်းများနှင့် ကွန်ပျူတာများ ထောက်ပံ့ပေးရန် စတင်တောင်းဆိုကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်ထံမှ မိမိတို့၏ အိမ်များတွင် လေအေးပေးစက်များ တပ်ဆင်ပေးရန်နှင့် မိုက်ခရိုဝေ့ဖ်များနှင့် ပန်းကန်ဆေးစက်များကဲ့သို့သော အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးရန်လည်း တောင်းဆိုကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်ထံမှ ၎င်းတို့ကို အိမ်တစ်လုံး ဝယ်ပေးရန်နှင့် ကားတစ်စီး ထောက်ပံ့ပေးရန်ပင် တောင်းဆိုကြပြီး အချို့က အိမ်ဖော်တစ်ဦး တောင်းဆိုကြသည်။ ၎င်းတို့၏ တောင်းဆိုမှုများသည် ပို၍ကြီးမားလာပြီး ၎င်းတို့၏ လောဘသည် တိုးပွားလာကာ နောက်ဆုံးတွင် ၎င်းတို့သည် မဖြစ်နိုင်လောက်အောင် လွန်ကဲသော တောင်းဆိုမှုများ ပြုလုပ်ကြပြီး မည်သည့်အရာကိုမဆို တောင်းဆိုဝံ့ကြသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဘုရားကို ယုံကြည်ခြင်း၌ ဘုရားအိမ်တော်အတွက် မိမိကိုယ်ကို အသုံးခံခဲ့ပြီး အားထုတ်ခဲ့သည်။ ကျွန်ုပ်သည် ဘုရားအိမ်တော်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သင်တို့လူတစ်စုသည် ဘုရားထံသို့ များစွာသော ပူဇော်သက္ကာများ ပေးကြသည်။ ကျွန်ုပ်ကို ဝေစုတစ်ခုပေးလျှင် မည်သည့်အရာများ ဆုံးရှုံးနစ်နာသွားမည်နည်း။ ထို့အပြင် သင်တို့ ကျွန်ုပ်ကို ဝေစုတစ်ခုပေးလျှင် ယင်းသည် အလကားဖြစ်မည်မဟုတ်ပေ၊ ကျွန်ုပ်သည်လည်း ဘုရားအိမ်တော်၌ အားထုတ်ပြီး စွန့်စားသည်၊ ကျွန်ုပ်သည်လည်း ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး အဖိုးအခတစ်ခု ပေးဆပ်သည်။ ကျွန်ုပ် ဤအရာများကို ခံစားခွင့်ရခြင်းသည် မှန်ကန်သည် မဟုတ်လော။ သို့ဖြစ်၍ ဘုရားအိမ်တော်သည် ကျွန်ုပ်၏ တောင်းဆိုမှုများကို ခြွင်းချက်မရှိ ဖြည့်ဆည်းပေးရမည်၊ ကျွန်ုပ်လိုအပ်သည့် မည်သည့်အရာကိုမဆို ကျွန်ုပ်ကို ပေးသင့်ပြီး ကပ်စေးမနဲသင့်ပါ” ဟု ယုံကြည်ကြသည်။ ငါ့ကို ပြောလော့၊ ဤသည်တို့သည် အသင်းတော်ကို မှီခိုစားသောက်ခြင်း၏ သရုပ်သကန်များ မဟုတ်လော။ ထိုသို့သောလူများသည် မယုံကြည်သူများ မဟုတ်လော။ (ဟုတ်ပါသည်။) ဤအပြုအမူများအတွက် တိကျသော စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းမှာ အသင်းတော်ကို မှီခိုစားသောက်ခြင်း ဖြစ်သည်။ အသင်းတော်ကို မှီခိုစားသောက်ခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည့် အယောင်ဆောင်မှုဖြင့် ဘုရားအိမ်တော်ထံမှ ငွေနှင့် ပစ္စည်းများကို ခြိမ်းခြောက်တောင်းယူခြင်းနှင့် ဘုရားအိမ်တော်အတွက် အားထုတ်ခြင်းနှင့် တာဝန်ထမ်းဆောင်ခြင်းဟူသည့် အယောင်ဆောင်မှုဖြင့် ဘုရားအိမ်တော်ထံမှ လျော်ကြေး တောင်းဆိုခြင်းကို ဆိုလိုသည်။ ဤသည်မှာ အသင်းတော်ကို မှီခိုစားသောက်ခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ ထိုသို့သောလူများသည် သမ္မာတရားကို လိုက်စားနိုင်သလော။ (မလိုက်စားနိုင်ပါ။) ၎င်းတို့သည် အဘယ်ကြောင့် အမှုအရာများကို စွန့်လွှတ်ပြီး အားထုတ်ကာ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံကြသနည်း။ တာဝန်တစ်ခု ထမ်းဆောင်ရန်လော။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြခြင်းလော။ (မဟုတ်ပါ။) ၎င်းတို့သည် တာဝန်ထမ်းဆောင်ခြင်းဟူသည့် ရည်ရွယ်ချက်အတွက် အားထုတ်ပြီး ဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံကြခြင်း လုံးဝ မဟုတ်ဘဲ အသက်မွေးဝမ်းကျောင်းမှုတစ်ခု ဖူလုံစေရန်အတွက်သာ လုံးလုံးဖြစ်ပြီး မည်သူ့ကိုမျှ ၎င်းတို့ကို ဝေဖန်သုံးသပ်ခွင့် လုံးဝ မပေးချေ။ ၎င်းတို့သည် အသင်းတော်ကို ထိုက်သည့်အားလျော်စွာ မှီခိုစားသောက်လိုကြရုံသာ ဖြစ်သည်။ ဤသည်တို့မှာ အသင်းတော်ကို မှီခိုစားသောက်သောလူများ ဖြစ်ကြသည်။

အသင်းတော်ကို မှီခိုကပ်ရပ်သောသူများသည် မိမိတို့ စားဝတ်နေရေး ဖူလုံရန်၊ အသက်မွေးမှု ရရှိရန်တို့မှလွဲ၍ အခြားမည်သည့်အကြောင်းကြောင့်မျှ ဘုရားသခင်ကို ယုံကြည်ကြခြင်း မဟုတ်ပေ။ သင်တို့ ပတ်ဝန်းကျင်တွင် အသင်းတော်ကို မှီခိုစားသောက်သောလူများ ရှိသလော။ ၎င်းတို့၏ သရုပ်သကန်များအကြောင်း ပြောဆိုလော့။ (ကျွန်ုပ်သည် ဤသို့သောလူတစ်ဦးနှင့် ကြုံတွေ့ဖူးပါသည်။ အစပိုင်းတွင် သူသည် အနည်းငယ် ဉာဏ်ကောင်းပြီး စိတ်အားထက်သန်ပုံရသောကြောင့် အသင်းတော်က သူ ဧဝံဂေလိတရားဟောရန် စီစဉ်ပေးခဲ့သည်။ ထိုအချိန်က သူ၏မိသားစုအတွက် ဘဝသည် ခက်ခဲသောကြောင့် အသင်းတော်က သူ့ကို အကူအညီအချို့ ပေးခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူသည် စည်းမျဉ်းများမရှိဘဲ ငွေသုံးစွဲကြောင်း၊ မသုံးသင့်သည့်အရာများတွင် သုံးစွဲပြီး ချွေတာနိုင်သည့်နေရာတွင် မချွေတာကြောင်း တွေ့ရှိခဲ့သည်။ ညီအစ်ကိုမောင်နှမများက သူ့ကို သမ္မာတရား စည်းမျဉ်းများ မိတ်သဟာယဖွဲ့သည့်အခါ သူသည် မပျော်မရွှင်ဖြစ်ပြီး စိတ်ထဲတွင် အလွန်အတိုက်အခံလုပ်ခဲ့သည်။ သူသည် ဘုရားအိမ်တော်၏ ငွေကို အလွဲသုံးစားလုပ်သောကြောင့် အသင်းတော်သည် ဘုရားအိမ်တော်၏ စီစဉ်မှုများနှင့် သတ်မှတ်ချက်များအတိုင်း ကျိုးကြောင်းညီညွတ်သော ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး သူ့ကို ပေးအပ်သည့် ငွေကြေးအကူအညီကို လျှော့ချခဲ့သည်။ အကျိုးဆက်အနေဖြင့် သူသည် မိမိ၏တာဝန်ကို ထမ်းဆောင်ရန် ယခင်က သူ၌ရှိခဲ့သော စွမ်းအင်ကို ဆုံးရှုံးခဲ့ပြီး တိုး၍ ဝတ်ကျေတမ်းကျေလုပ်လာသည်။ နောက်ပိုင်းတွင် အသင်းတော်က သူ့ကို ကူညီခြင်းကို ရပ်တန့်လိုက်ပြီး သူ၏စိတ်နှလုံးသည် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်း၌ မရှိတော့ပေ။ သူသည် အလုပ်လုပ်ပြီး ငွေရှာနည်းကို တွေးတောရင်း သူ၏ အချိန်အားလုံးကို ကုန်ဆုံးခဲ့သည်။ သူသည် ဧဝံဂေလိတရားဟောခြင်းကို ပို၍အဆင်ပြေစေပြီး လူများပိုမိုရရှိစေမည်ဟု ဆိုလျက် ကားတစ်စီးဝယ်ရန်နှင့် ကုမ္ပဏီတစ်ခုစတင်ရာတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း အခိုင်အမာပြောဆိုကာ ညီအစ်ကိုမောင်နှမများထံမှ ငွေပင် ချေးငှားခဲ့သည်။ သူသည် ဤစကားများဖြင့် လူတို့ကို သိသာထင်ရှားစွာ လိမ်လည်လှည့်ဖြားပြီး အထင်အမြင်မှားစေနေခဲ့သည်၊ သူသည် ညီအစ်ကိုမောင်နှမများထံမှ ငွေကို လိမ်လည်လှည့်ဖြားရန် ဧဝံဂေလိတရားဟောခြင်းဟူသည့် အကြောင်းပြချက်ကို အသုံးပြုနေခဲ့သည်။) ဤလူကို မည်သို့ ကိုင်တွယ်ခဲ့သနည်း။ (သူ့ကို ချက်ချင်း နှင်ထုတ်ခဲ့ပါသည်။) ယင်းမှာ လုပ်သင့်လုပ်ထိုက်သော အရာဖြစ်သည်။ ဤသည်မှာ အသင်းတော်ကို မှီခိုစားသောက်ခြင်း ဖြစ်သည်။ အသင်းတော်ကို မှီခိုစားသောက်သောလူများသည် ဘုရားသခင်ကို ပထမဆုံး ယုံကြည်လာသည့်အခါ ၎င်းတို့သည် အနည်းငယ် စိတ်အားထက်သန်ပုံရပြီး မိမိတို့ကိုယ်ကို အနည်းငယ် အသုံးခံကြကာ ဤအချိန်တွင် ၎င်းတို့၏ တောင်းဆိုမှုများသည် မမြင့်မားပေ။ ၎င်းတို့သည် အစားအစာများ ရရှိရုံမျှဖြင့် အဆင်ပြေကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် မိမိတို့ကို ပေးအပ်သည့်အရာနှင့်ပတ်သက်၍ နောက်ထပ် မကျေနပ်တော့ဘဲ ပို၍ပို၍ မြင့်မားသော တောင်းဆိုမှုများ ပြုလုပ်လာကြပြီး ၎င်းတို့၏ တောင်းဆိုမှုများ မပြည့်မီပါက ကလိမ်ကကျစ်ပုံစံဖြင့် ပြုမူလာကြပြီး အစေခံရန် မလိုလားတော့ပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို အနည်းငယ် ထမ်းဆောင်သည့်အခါ ၎င်းတို့ကို စောင့်ပင် စောင့်ကြည့်ရသည်၊ သို့မဟုတ်ပါက ၎င်းတို့သည် ယင်းကို ဝတ်ကျေတမ်းကျေလုပ်ကြသည်။ နောက်ဆုံးတွင် ၎င်းတို့ အစေခံသည့်အရာသည် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများကြောင်း တွေ့ရှိသည့်အခါ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းလိုက်သည်။ အချို့က “ဘုရားအိမ်တော်သည် ၎င်းတို့ကို အဘယ်ကြောင့် မေတ္တာမပြသနည်း” ဟု ဆိုကြသည်။ မေတ္တာပြခြင်းနှင့်ပတ်သက်လာလျှင်လည်း စည်းမျဉ်းများ ရှိသည်။ ထိုလူများသည် မယုံကြည်သူများဖြစ်ကြသည်၊ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို မဖတ်ရှုကြပေ၊ သို့မဟုတ် သမ္မာတရားကို လက်မခံကြပေ၊ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ်တွင် ကလိမ်ကကျစ်နှင့် ဝတ်ကျေတမ်းကျေပုံစံဖြင့် အစဉ်တစိုက် ပြုမူကြပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ နားမထောင်ကြပေ၊ သို့မဟုတ် မည်သည့်ပြုပြင်ခြင်းမျိုးကိုမျှ လက်မခံကြပေ၊ ပြီးလျှင် ၎င်းတို့သည် ပြုပြင်၍မရနိုင်သောသူများ ဖြစ်သည်ဟု ဆိုနိုင်သည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့ကို ရှင်းလင်းပစ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းဖြင့်သာ ကိုင်တွယ်နိုင်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤသို့သော လူစားမျိုးကို ရှာဖွေတွေ့ရှိလျှင် ၎င်းတို့ကို ချက်ချင်း ကိုင်တွယ်သင့်သည်၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများက ထိုသို့သောလူတစ်ဦးကို ရှာဖွေတွေ့ရှိလျှင် ၎င်းကို ခေါင်းဆောင်များနှင့် အမှုဆောင်များထံ ချက်ချင်း သတင်းပို့သင့်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူတစ်ဦးစီတိုင်း၏ တာဝန်ဖြစ်သည်။ ဤလူသည် အသင်းတော်ကို မှီခိုစားသောက်နေကြောင်း၊ ၎င်းတို့သည် အသက်မွေးဝမ်းကျောင်းမှုတစ်ခု ဖူလုံစေရန်သာ ရှာဖွေနေကြောင်းနှင့် ၎င်းတို့သည် မယုံကြည်သူတစ်ဦး ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် ၎င်းတို့ကို ငွေမပေးသည့်အခါ အလုပ်လုပ်ရန် ငြင်းဆန်ကြောင်း၊ လုံလောက်စွာ မပေးချေဟု ခံစားရသည့်အခါ မလိုလားဘဲ ရန်လိုလာကြောင်းနှင့် လုံလောက်စွာ ပေးချေမှသာ အလုပ်အနည်းငယ် လုပ်ဆောင်ကြောင်း အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အပေါ် မည်သည့်သက်ညှာမှုမျှ မပြသသင့်ပေ။ ၎င်းတို့ကို ရှင်းလင်းပစ်ရမည်သာ ဖြစ်သည်။ တိကျစွာ ပြောရလျှင် ဤကဲ့သို့သောလူများသည် ဘုရားအိမ်တော်၌ အစေခံရန်ပင် မထိုက်တန်ပေ။ သင်တို့ ၎င်းတို့ကို မပေးချေပါက ၎င်းတို့သည် အစေခံလိုမည်မဟုတ်ပေ၊ သို့သော် သင်တို့ ၎င်းတို့ကို ပေးချေသရွေ့ ၎င်းတို့သည် မိမိတို့ အစေခံနေရုံသာဖြစ်ကြောင်း သိရှိသော်ငြားလည်း ယင်းကို လုပ်ဆောင်လိုနေဆဲ ဖြစ်လိမ့်မည်။ သို့သော် ဤမယုံကြည်သူများသည် မည်သို့သော အစေခံခြင်းမျိုးကို ပြုနိုင်မည်နည်း။ ၎င်းတို့သည် ကောင်းစွာပင် အစေမခံနိုင်ကြပေ၊ ပြီးလျှင် ၎င်းတို့၏ အစေခံခြင်းသည် စံနှုန်းမပြည့်မီသောကြောင့် ၎င်းတို့ကို ဖယ်ရှားရှင်းလင်းသင့်သည်။ သို့ဖြစ်၍ ၎င်းတို့သည် အသင်းတော်ကို မှီခိုစားသောက်သောလူစားမျိုးဖြစ်ကြောင်း ပိုင်းခြားသိမြင်ပြီးသည်နှင့်တစ်ပြိုင်နက် လုပ်ဆောင်ရမည့် ပထမဆုံးအရာမှာ ၎င်းတို့ကို ကိုင်တွယ်ပြီး ဆိုးယုတ်သောလူများအဖြစ် အသင်းတော်မှ နှင်ထုတ်ရန် ဖြစ်သည်။ ဤသည်မှာ လုံးဝ လွန်ကဲခြင်းမဟုတ်ပေ၊ ယင်းသည် လူများကို ရှင်းလင်းပစ်ခြင်းနှင့် နှင်ထုတ်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် အပြည့်အဝ ကိုက်ညီသည်။ ဤသို့သောလူစားမျိုးကို နောင်တရဖို့ အခွင့်အရေးတစ်ခု ပေးအပ်ရန် လိုအပ်သလော။ ၎င်းတို့ကို စောင့်ကြည့်လေ့လာဖို့ ထားရှိရန် လိုအပ်သလော။ (မလိုအပ်ပါ။) ၎င်းတို့သည် နောင်တရနိုင်စွမ်း ရှိသလော။ (မရှိပါ။) ဤသည်မှာ အတိအကျ ၎င်းတို့၏ သဘာဝဖြစ်သည်၊ ၎င်းတို့သည် မည်သည့်အခါမျှ နောင်တရမည်မဟုတ်ပေ။ ၎င်းတို့သည် စာတန်၏ အမျိုးအနွယ် ဖြစ်သည်။ စာတန်၏ အမျိုးအနွယ်ထဲတွင် ၎င်းတို့ရှိသည့် မည်သည့်နေရာတွင်မဆို အခြားသူများကို မှီခိုစားသောက်လိုသော၊ ပြီးလျှင် ၎င်းတို့သွားသည့် မည်သည့်နေရာတွင်မဆို မည်သည့်လုပ်သင့်လုပ်ထိုက်သော အလုပ်တွင်မျှ မပါဝင်ဘဲ လူတို့ကို ကလိမ်ကျရန်သာ ရှာဖွေသော နတ်ဆိုးဆန်သော လူလိမ်လူညစ်၏ သဘာဝရှိသည့် လူတစ်မျိုး ရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူများ၌ လူ့သဘာဝရှိသည်ကို မြင်ပြီး ဤလူများသည် လွယ်ကူသောပစ်မှတ်များဖြစ်သည်ဟု ယူဆသောကြောင့် အသင်းတော်ကို မှီခိုစားသောက်ရန် ဘုရားအိမ်တော်သို့ ရောက်လာကြသည်။ ဘုရားအိမ်တော်က ၎င်းတို့ကို ပိုင်းခြားသိမြင်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ပြီး ၎င်းတို့အား သတိထားရှောင်ကြောင်းနှင့် ၎င်းတို့ကဲ့သို့သောလူများကို ကိုင်တွယ်ရန် စည်းမျဉ်းများ ရှိကြောင်း ၎င်းတို့ စိုးစဉ်းမျှ မသိကြပေ။ အသင်းတော်ကို မှီခိုစားသောက်ရန် ၎င်းတို့၏ ကြိုးပမ်းမှုများ မအောင်မြင်သည့်အခါ ၎င်းတို့သည် ရှက်ရမ်းရမ်းကာ မိမိတို့၏ စရိုက်မှန်များကို ဖော်ပြကြသည်။ ထိုအချိန်တွင် ဘုရားအိမ်တော်က ထိုသို့သောလူများကို နောင်တရရန် အခွင့်အရေးတစ်ခု အဘယ်ကြောင့် မပေးသည်ကို သင် သိရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၌ လူ့သဘာဝမရှိဘဲ ပြောင်းလဲနိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများ ပြောကြသည့် နတ်ဆိုးဆန်သော လူလိမ်လူညစ်များ ဖြစ်ကြသည်။ သို့ဖြစ်၍ ဘုရားအိမ်တော်သည် ထိုသို့သောလူများကို ချက်ချင်း ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းဖြင့် ကိုင်တွယ်ပြီး ၎င်းတို့ကို အသင်းတော်ထဲသို့ နောက်တစ်ကြိမ် မည်သည့်အခါမျှ ပြန်လည်လက်ခံခြင်းမပြုပေ။ ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် ကိုင်တွယ်ခြင်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် ဤတွင် ပြီးဆုံးသည်။

စ။ ခိုလှုံရာ ရှာဖွေရန်

ဆက်လက်၍ ငါတို့သည် ဆဋ္ဌမမြောက် ရည်ရွယ်ချက်ဖြစ်သည့် အသင်းတော်မှ ရှင်းလင်းပစ်သင့်သော သို့မဟုတ် နှင်ထုတ်သင့်သော ဆဋ္ဌမမြောက် မယုံကြည်သူအမျိုးအစား၊ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ခိုလှုံရာ ရှာဖွေရန် ဖြစ်သောသူများအကြောင်းကို မိတ်သဟာယဖွဲ့ကြမည်။ အချို့လူများက “ခိုလှုံရာ ရှာဖွေခြင်း၏ သရုပ်သကန်များမှာ အဘယ်နည်း။ ခိုလှုံရာ ရှာဖွေရန် ဘုရားသခင်ကို ယုံကြည်သောသူများ ရှိသလော။ ထိုသို့သောလူများ အမှန်တကယ် ရှိသလော” ဟု ဆိုကြသည်။ “အသင်းတော်သည် ခိုလှုံရာနေရာတစ်ခု ဖြစ်သည်၊ လူတို့သည် ခိုလှုံရာ ရှာဖွေနိုင်ရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ကြသည်” ဟု တစ်စုံတစ်ဦး ပြောဆိုသည်ကို သင်တို့ ကြားဖူးသလော။ ဘာသာတရားတွင် လူများစွာတို့က ဤသို့ ဆိုကြသည်။ ဤဆိုရိုးစကား၏ အနှစ်သာရအရ ဤဆိုရိုးစကားနှင့် ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးမည့် “ခိုလှုံရာ ရှာဖွေရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ခြင်း” ဟူသည့် ရည်ရွယ်ချက်တို့အကြား ခြားနားချက် ရှိသလော။ (ရှိပါသည်။) ခြားနားချက်မှာ အဘယ်နည်း။ ၎င်းတို့သည် မည်သည့်အရာမှ ခိုလှုံရာ ရှာဖွေကြသနည်း။ (ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သောသူများသည်လည်း သမ္မာတရားကို လိုက်စားစဉ်တွင် အချို့သော မစင်ကြယ်မှုများ ရှိကြသည်၊ ၎င်းတို့သည် ဘေးအန္တရာယ်များ သို့မဟုတ် အခက်အခဲများကို ရှောင်ရှားပြီး ငြိမ်သက်ခြင်းအချို့ ရရှိရန်လည်း မျှော်လင့်ကြသည်။ သို့သော် ဆဋ္ဌမမြောက် ရည်ရွယ်ချက်မှ လူအမျိုးအစားသည် ခိုလှုံရာ ရှာဖွေရန်သက်သက် ဘုရားသခင်ကို ယုံကြည်ကြပြီး ၎င်းတို့၌ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း အနည်းငယ်မျှပင် မရှိပေ။ ဤသည်မှာ ခြားနားချက် ဖြစ်သည်။) ဤနေရာရှိ ခြားနားချက်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူတစ်ဦး၏ ရည်ရွယ်ချက်တွင် မစင်ကြယ်မှုများ ရှိခြင်းနှင့် ခိုလှုံရာ ရှာဖွေခြင်းဟူသည့် တစ်ခုတည်းသော ရည်ရွယ်ချက်အတွက် ဘုရားသခင်ကို ယုံကြည်ခြင်းတို့ ဖြစ်သည်။ ဤခြားနားချက်အပြင် ၎င်းတို့ ခိုလှုံရာ ရှာဖွေနေသည့်အရာအရလည်း ခြားနားချက်တစ်ခု ရှိသေးသည်။ အချို့လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ရောနှောနေသော မစင်ကြယ်မှုများ ရှိကြသည်၊ ၎င်းတို့သည် ဘေးအန္တရာယ်များကို ရှောင်ရှားရန်၊ ဘေးအန္တရာယ်များမှ လွတ်မြောက်ရန် သို့မဟုတ် ဘုရားသခင်က ၎င်းတို့ကို ကာကွယ်ပြီး စောင်ကြပ်တော်မူရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ကြပြီး ထို့နောက် ၎င်းတို့သည် အချို့သော အန္တရာယ်များနှင့် ဘေးအန္တရာယ်များကို ဓမ္မဓိဋ္ဌာန်ကျကျ ရှောင်ရှားနိုင်ကြသည်။ ၎င်းတို့ ရှောင်ရှားရန် ရည်ရွယ်သည်မှာ ဤဘေးအန္တရာယ်များ ဖြစ်သည်။ ငါတို့ မိတ်သဟာယဖွဲ့နေသည့် ဤဆဋ္ဌမမြောက် ရည်ရွယ်ချက်မှ လူအမျိုးအစားဖြစ်သည့် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ခိုလှုံရာ ရှာဖွေရန် ဖြစ်သောသူများသည် ပို၍ကျယ်ပြန့်သော အရာများမှ ခိုလှုံရာ ရှာဖွေကြသည်။ ၎င်းတို့အတွက် အစစ်မှန်ဆုံးအရာသည် ဖြစ်ပေါ်ရန်ကျန်သေးသည့် ကြီးမားသော ကပ်ဘေးများကို ရှောင်ရှားခြင်းထက် များစွာ ကျော်လွန်သွားသည်။ သို့ဆိုလျှင် ၎င်းတို့အတွက် အစစ်မှန်ဆုံးသော ပြဿနာများမှာ အဘယ်နည်း။ လူ့အဖွဲ့အစည်းတွင် ကြောက်မက်ဖွယ် ရန်သူများနှင့် ကြုံတွေ့ရခြင်း၊ တရားစွဲဆိုမှုများကို ကိုင်တွယ်ဖြေရှင်းခြင်း၊ အစိုးရအရာရှိများ သို့မဟုတ် သြဇာရှိသောလူများကို စော်ကားခြင်း၊ ဥပဒေကို ချိုးဖောက်ခြင်း၊ ၎င်းတို့၏ နိုင်ငံတွင် စစ်ပွဲ သို့မဟုတ် အမျိုးမျိုးသော ဘေးအန္တရာယ်များ ဖြစ်ပေါ်ခြင်း သို့မဟုတ် ၎င်းတို့၏ အသက် သို့မဟုတ် ၎င်းတို့၏ မိသားစု၏ ဘေးကင်းလုံခြုံမှုကို အန္တရာယ်ဖြစ်စေသည့် အချို့သောလူများ သို့မဟုတ် ဖြစ်ရပ်များနှင့် ကြုံတွေ့ရခြင်း စသည်တို့ကဲ့သို့သော အရာများ ဖြစ်သည်။ ဤအခြေအနေများကို ကြုံတွေ့ပြီးနောက် သူသည် ခိုလှုံရာ ရှာဖွေရန် ယုံကြည်စိတ်ချရပြီး အားကိုးလောက်သည်ဟု မိမိ ယုံကြည်သော အသင်းတော်တစ်ခုကို ရှာဖွေသည်၊ ဤသည်မှာ ဆဋ္ဌမမြောက် ရည်ရွယ်ချက်တွင် ပြောဆိုသည့် ခိုလှုံရာ ရှာဖွေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့၏ နေ့စဉ်အသက်တာတွင် မိမိတို့၏ အသက်၊ မိသားစု၊ အလုပ်၊ အသက်မွေးဝမ်းကျောင်းမှု စသည်တို့ကို အန္တရာယ်ဖြစ်စေသည့် အချို့သော အခက်အခဲများကို ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် များပြားသောလူအရေအတွက်ဖြင့် ဖွဲ့စည်းထားသော အင်အားစုတစ်ခု၏ အကူအညီကို ရှာဖွေလျက် ခိုလှုံရာ ရှာဖွေရန် အသင်းတော်သို့ ရောက်လာကြသည်။ ဤသည်မှာ ဆဋ္ဌမမြောက် ရည်ရွယ်ချက်တွင် ဖော်ပြထားသည့်အတိုင်း ခိုလှုံရာ ရှာဖွေရန် ရည်ရွယ်ချက်အတွက် ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော ယုံကြည်သူများ၏ မစင်ကြယ်မှုများနှင့် ကွဲပြားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူအမျိုးအစား၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်မှာ ခိုလှုံရာ ရှာဖွေရန်၊ အသင်းတော်ထံမှ အကူအညီ ရှာဖွေရန် ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အသင်းတော်က ၎င်းတို့ကို ကူညီမည့်လက်တစ်စုံ ကမ်းလင့်လိမ့်မည်ဟု မျှော်လင့်ကြပြီး ငွေကြေးအကူအညီအပြင် အသင်းတော်က ၎င်းတို့အား ကာကွယ်မှု၊ အားပေးထောက်ခံမှုနှင့် အကူအညီများ ပေးရန်လည်း တောင်းဆိုကြသည်။ ဤကဲ့သို့သော လူအချို့သည် ဘုရားသခင်ကို ယုံကြည်သောသူတို့ကို ဖိနှိပ်ပြီး အန္တရာယ်ပြုသည့် ကောက်ကျစ်ဆိုးယုတ်သော အစိုးရစနစ်များ သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သော အင်အားစုများကို ရင်ဆိုင်ရန် လူ့အဖွဲ့အစည်းရှိ အသင်းတော်၏ သြဇာ၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းကိုလည်း အသုံးပြုလိုကြပြီး ထိုသို့ဖြင့် ၎င်းတို့၏ အသက် သို့မဟုတ် အသက်မွေးဝမ်းကျောင်းမှုများကို ကာကွယ်နိုင်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက် ဖြစ်သည်။ ဤကဲ့သို့သော လူများ ရှိသလော။ ၎င်းတို့သည် အသင်းတော်သည် နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းမှ ခွဲခြားနိုင်သော ကောင်းမွန်သော ခိုလှုံရာနေရာတစ်ခုဖြစ်သည်ဟု ယုံကြည်ကြပြီး ၎င်းတို့ အကူအညီ လိုအပ်သည့်အခါ အသင်းတော်က ၎င်းတို့ကို မည်သည့်ငွေကြေးအကူအညီမဆို ပေးအပ်ရန်၊ ၎င်းတို့အတွက် ရပ်တည်ပေးရန်၊ ၎င်းတို့ကို ခုခံကာကွယ်ပေးရန်၊ တရားစွဲဆိုမှုများတွင် ၎င်းတို့ကို ကိုယ်စားပြုပေးရန်နှင့် ၎င်းတို့၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများအတွက် တိုက်ပွဲဝင်ပေးရန် ရိုးသားစွာနှင့် ကြင်နာစွာ ကူညီမည့်လက်တစ်စုံ ကမ်းလင့်နိုင်သည်ဟု ထင်ကြသည်။ ဤသည်မှာ ဤလူတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက် ဖြစ်သည်။ ယနေ့အချိန်အထိ အသင်းတော်၌ ထိုသို့သောလူများ ရှိသလော။ ထိုသို့သောလူများ ရှိကြောင်း သင်တို့ ကြားဖူးသလော။ ပင်လယ်ရပ်ခြား အသင်းတော်များတွင် ဤကဲ့သို့သောလူများ သေချာပေါက် ရှိသည်။ ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး အသင်းတော်သို့ ခိုလှုံရာ ရှာဖွေရန် ရည်ရွယ်ချက်အတွက်သာ ဝင်ရောက်ကြသည်။ ၎င်းတို့သည် ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာ ဖြစ်သည်ကို နားမလည်ကြပေ၊ သမ္မာတရားကို စိတ်ဝင်စားခြင်း ပို၍ပင် မရှိကြပေ။ သို့သော် ၎င်းတို့သည် အခက်အခဲများနှင့် ကြုံတွေ့ရပြီး လူ့အဖွဲ့အစည်းတွင် မည်သည့်အကူအညီမျှ မရှာဖွေနိုင်သည့်အခါ အသင်းတော်ကို စဉ်းစားကြပြီး အသင်းတော်သည် ၎င်းတို့ ဘေးကင်းစွာ ခိုလှုံနိုင်သည့်နေရာ၊ အကောင်းဆုံးသော လွတ်မြောက်ရာလမ်းကြောင်းနှင့် အလုံခြုံဆုံးသော နေရာဖြစ်သည်ဟု ယုံကြည်ကြသောကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရန်နှင့် ဘေးအန္တရာယ်များကို ရှောင်ရှားခြင်းဟူသည့် မိမိတို့၏ ရည်ရွယ်ချက် ဖြစ်မြောက်အောင်မြင်ရန် အသင်းတော်ထဲသို့ ဝင်ရောက်ရန် ဆုံးဖြတ်ကြသည်။

ကပ်ဘေးများသည် ယခုအခါတွင် အစဉ်ပို၍ ကြီးမားလာနေပြီး လူသည် အသက်ရှင်ရန် နည်းလမ်းမရှိပေ။ ဘေးအန္တရာယ်များကို ရှောင်ရှားရန်အတွက် သက်သက်သာ ဘုရားသခင်ကို ယုံကြည်ရန် ရွေးချယ်သောသူအချို့ရှိ၏။ ၎င်းတို့သည် ဘုရားသခင်တည်ရှိသည်ဟု ယုံကြည်နိုင်သော်လည်း သမ္မာတရားကို ချစ်ခြင်း အနည်းငယ်မျှပင် မရှိပေ။ ထိုသို့သောသူတို့သည် ဘုရားသခင်ကို ယုံကြည်ရန် လာရောက်လျှင် အသင်းတော်က ၎င်းတို့ကို ဝင်ခွင့်ပြုသင့်သလော။ လူများစွာတို့သည် ဤပြဿနာကို ရှင်းလင်းစွာ မမြင်ကြဘဲ ဘုရားသခင်တည်ရှိသည်ဟု ယုံကြည်သောသူ မည်သူမဆိုကို အသင်းတော်က ဝင်ခွင့်ပြုသင့်သည်ဟု ၎င်းတို့ထင်မြင်ကြသည်။ ဤသည်မှာ ဆိုးရွားသော အမှားတစ်ခုဖြစ်၏။ လူတစ်ယောက်ကို ဝင်ခွင့်ပြုရန် အသင်းတော်၏ ဆုံးဖြတ်ချက်သည် ထိုသူက သမ္မာတရားကို လက်ခံနိုင်ခြင်းရှိ၊ မရှိနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူဟုတ်၊ မဟုတ်တို့အပေါ် အခြေခံသင့်သည်။ ဘုရားသခင်ကို ယုံကြည်ရန် ထိုသူလိုလားခြင်းရှိ၊ မရှိအပေါ်တွင် အခြေမခံသင့်ပေ။ ကောင်းချီးများရရှိလိုပြီး ဘုရားသခင်ကို ယုံကြည်ခြင်းမှတစ်ဆင့် ရှေ့ဆက်ရာ လမ်းကို ရှာတွေ့လိုသော နတ်ဆိုးများစွာရှိကြသည်။ အသင်းတော်သည် ထိုသို့သောသူများကိုပါ ဝင်ခွင့်ပြုသင့်သလော။ ဤသည်မှာ မည်သူ့ကိုမဆို ၎င်းတို့ ယုံကြည်သရွေ့ ဝင်ခွင့်ပြုသည့် ကျေးဇူးတော်ခေတ်တွင် ဧဝံဂေလိတရားဟောခြင်းကဲ့သို့ မဟုတ်ပေ။ နိုင်ငံတော်ခေတ်တွင် အသင်းတော်သည် မည်သူ့ကို ဝင်ခွင့်ပြုသည်နှင့် ပတ်သက်၍ စည်းမျဉ်းများရှိသည့်အပြင် ဘုရားသခင်၏ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များဖြင့် ကန့်သတ်ချက်များ ရှိ၏။လူတစ်ယောက်သည် မည်သူဖြစ်စေ သမ္မာတရားကို မချစ်လျှင်၊ သို့မဟုတ် လက်မခံလျှင် ထိုသူကို ဝင်ခွင့်ပြု၍ မရပေ။ ထိုသို့သောသူများကို အဘယ်ကြောင့် ဝင်ခွင့်မပြုသနည်း။ ထိုကဲ့သို့သောလူတို့ကို ဝင်ခွင့်ပြု၍မရခြင်းမှာ အဓိကအားဖြင့် ထိုသူတို့၏ နောက်ခံအခြေအနေ သို့မဟုတ် ထိုသူတို့သည် အမှန်တကယ်တွင် မည်သို့သော လူစားမျိုးဖြစ်သည်ကို ငါတို့အနေနှင့် ရှင်းလင်းစွာ မမြင်နိုင်သောကြောင့် ဖြစ်သည်။ အသင်းတော်သည် နတ်ဆိုးတစ်ကောင်၊ သို့မဟုတ် စက်ဆုပ်ဖွယ်ကောင်းသော ကောက်ကျစ်ဆိုးယုတ်မှုကို ပြုသူ ဆိုးယုတ်သောလူတစ်ဦးအား ဝင်ခွင့်ပြုလျှင် အသင်းတော်အပေါ်တွင် မည်သည့် အန္တရာယ်ရှိသော အကျိုးဆက်များဖြစ်မည်ကို လူတိုင်းသိကြ၏။ ထို့အပြင် ဘုရားသခင်ကို ယုံကြည်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ငါတို့နားလည်သင့်သည်၊ မည်သူ့အား သူကယ်တင်ပြီး မည်သူ့အား ဖယ်ရှားရှင်းလင်းသည်တို့ကို နားလည်သင့်သည်။ အသင်းတော်သည် မည်သည့်လူများနှင့် ဖွဲ့စည်းထားသနည်း။ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသောသူများ၊ သမ္မာတရားကို ချစ်သောသူများ၊ ဘုရားသခင်၏ လက်ခံခြင်းကို ခံရသောသူများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို အမှန်တကယ် မယုံကြည်သည့်အပြင် သမ္မာတရားကိုလည်း လက်မခံသောသူတို့ကို မကယ်တင်ပေ။ သမ္မာတရားကို လက်မခံခြင်းသည် အကြင်သူ၏ သဘာဝနှင့်ဆိုင်သော ပြဿနာတစ်ခုဖြစ်သောကြောင့် ဖြစ်၏။ ဤသို့သောလူမျိုးသည် စာတန်နှင့်သက်ဆိုင်ပြီး မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်။ သို့ဖြစ်၍ ထိုသို့သောလူများကို အသင်းတော်ထဲသို့ မည်သည့်အခါမျှ ဝင်ခွင့်မပြုရ။ လူတစ်ဦးသည် ဆိုးယုတ်သောလူတစ်ဦး၊ နတ်ဆိုးတစ်ဦးကို အသင်းတော်ထဲသို့ ဝင်ရောက်ခွင့်ပြုလျှင် ထိုသူသည် စာတန်၏ အစေခံတစ်ဦး ဖြစ်၏။ ထိုသူသည် အသင်းတော်၏ အလုပ်ကို ဖြိုလှဲပြီး ဖျက်ဆီးရန် တမင်ရည်ရွယ်၍ ရောက်လာခြင်း ဖြစ်သည်။ သူသည် ဘုရားသခင်၏ ရန်သူတစ်ဦးဖြစ်သည်။ ထိုသို့သော နတ်ဆိုးတစ်ကောင်၊ သို့မဟုတ် ဘုရားသခင်၏ ရန်သူတစ်ဦးကို အသင်းတော်ထဲသို့ ဝင်ခွင့်ပြုခြင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး သူ၏ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များကို ချိုးဖောက်ခြင်းဖြစ်ကာ ဘုရားသခင်၏ အိမ်တော်သည် ဤအရာကို လုံးဝ သည်းခံမည်မဟုတ်ပေ။ ဆိုးယုတ်သောလူများနှင့် နတ်ဆိုးများကို အသင်းတော်ထဲသို့ ဝင်ခွင့်မပြုရ။ ဤသည်မှာ ဧဝံဂေလိတရားဟောခြင်း အလုပ်နှင့် ပတ်သက်၍ အသင်းတော်၏ ရှင်းလင်းသော ရပ်တည်ချက်များနှင့် တောင်းဆိုချက်များထဲမှ တစ်ခုဖြစ်သည်။ ဘေးအန္တရာယ်မှ လွတ်မြောက်ဖို့အတွက် ဘုရားသခင်ကို ယုံကြည်ရန် ရွေးချယ်သောသူများကို ဝင်ခွင့်ပြုရန် အသင်းတော်တွင် တာဝန် မရှိသကဲ့သို့ သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံသောသူများကိုလည်း အသင်းတော်က လုံးဝ ဝင်ရောက်ခွင့်မပြုရ။ ထိုသို့သောလူများကို ဘုရားသခင်က မကယ်တင်သောကြောင့်ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် အသိအမှတ်မပြုသောသူ မည်သူမဆို၊ သမ္မာတရားကို အတိုက်အခံလုပ်ပြီး အလွန်အမင်း မနှစ်မြို့သော မည်သူမဆို ဆိုးယုတ်သောသူများဖြစ်ပြီး ဘုရားသခင်က ၎င်းတို့ကို မကယ်တင်ပေ။ မိမိတို့ စိတ်နှလုံးတွင် ဘုရားသခင်ကို အသိအမှတ်ပြုသည့်တိုင် သမ္မာတရားကို မချစ်သောသူတို့နှင့် မုန့်ကိုအဝစားသည့် မယုံကြည်သူများအဖြစ် အမျိုးအစားသတ်မှတ်ခံရသည့် သူများကိုမူ အသင်းတော်အနေဖြင့် ၎င်းတို့တစ်ယောက်တလေကိုမျှ လုံးဝ လက်မခံရ။ ခိုလှုံရာကို အသင်းတော်တွင် ရှာဖွေရန် လာရောက်လိုသော လူ့အဖွဲ့အစည်း၏ မသမာသောသူများနှင့် ပတ်သက်၍မူ ဆိုဖွယ်ရာ မရှိတော့ချေ။ ၎င်းတို့ကို ပို၍ပင် ဝင်ခွင့်မပြုသင့်။ အကြောင်းမူကား အသင်းတော်သည် ကုသိုလ်ဖြစ် အဖွဲ့အစည်းတစ်ခုမဟုတ်ဘဲ ထိုအစား လူကို ကယ်တင်သည့် အလုပ်လုပ်ဆောင်ရာနေရာ ဖြစ်သောကြောင့်ဖြစ်သည်။ အသင်းတော်၏ အလုပ်သည် နိုင်ငံ၏ အစိုးရနှင့် လုံးဝ မသက်ဆိုင်ပေ။ လူမှုရေးအဖွဲ့အစည်းများက လူတို့ကို ကောင်းမှုပြုရန်နှင့် လက်နက်ချရန် ဖျောင်းဖျကြသည်။ ဤသည်မှာ နိုင်ငံတော်အတွက်ဖြစ်ပြီး အသင်းတော်နှင့် လုံးဝမသက်ဆိုင်ပေ။ တစ်စုံတစ်ယောက်က ဘာသာတရားမရှိသော ဆိုးယုတ်သူတစ်ဦး၊ နတ်ဆိုးတစ်ကောင် သို့မဟုတ် မယုံကြည်သူတစ်ဦးကို အသင်းတော်ထဲသို့ ဆွဲသွင်းဝံ့လျှင် ထိုသူသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီးဖြစ်လိမ့်မည်၊ ပြီးလျှင် ကိုယ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်မိပြီးဖြစ်လိမ့်မည်။ ဆိုးယုတ်သူတစ်ဦးကို၊ နတ်ဆိုးတစ်ကောင်ကို အသင်းတော်ထဲသို့ ဆွဲသွင်းသူ မည်သူမဆိုသည် ဘုရားအိမ်တော်မှ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းကို ခံရမည်။ ဤသည်မှာ ဧဝံဂေလိတရားဟောခြင်းအလုပ်အပေါ် အသင်းတော်၏ ရှင်းလင်းပြတ်သားသော ရပ်တည်ချက် ဖြစ်သည်။ ဤဆိုးယုတ်သူများ၊ နတ်ဆိုးများက ဘုရားသခင်၏ အိမ်တော်၌ ခိုလှုံရာကို ရှာဖွေရန် လာလိုသောအခါ ၎င်းတို့သည် တံခါးမှားဝင်လာကြောင်းနှင့် နေရာမှားရွေးချယ်မိကြောင်း ၎င်းတို့အား ပြောကြားသင့်သည်။ အသင်းတော်က သူတို့ကို သေချာပေါက် လက်ခံမည်မဟုတ်ပေ။ ဤသည်မှာ ခိုလှုံရာ ရှာဖွေလိုသော ဘာသာတရားမရှိသူများအပေါ် အသင်းတော်၏ ရှင်းလင်းပြတ်သားသော ရပ်တည်ချက် ဖြစ်သည်။ ဤအကြောင်းကို ရှင်းလင်းစွာ ပြောပြီးပြီလော။ (ဟုတ်ကဲ့၊ ပြောပြီးပါပြီ။) သို့ဆိုလျှင် ထိုသို့သောလူများကို ငါတို့ မည်သို့ ကိုင်တွယ်သင့်သနည်း။ ၎င်းတို့ကို ပြောဆိုရန် သင့်လျော်သော နည်းလမ်းမှာ အဘယ်နည်း။ သင်က ဤသို့ ဆိုလော့။ “မည်သည့်နိုင်ငံ၌မဆို ကြက်ခြေနီအသင်းများ၊ လူမှုဖူလုံရေးအဖွဲ့အစည်းများ၊ ခိုလှုံရာစခန်းများနှင့် ဗုဒ္ဓဘုရားကျောင်းများအပြင် လူ့အဖွဲ့အစည်းတွင် အချို့သော စေတနာ့ဝန်ထမ်းအဖွဲ့များလည်း ရှိသည်။ သင်သည် ဒုက္ခများနှင့် ကြုံတွေ့ရပြီး ဖြေရှင်းရမည့် မကျေနပ်ချက်များ ရှိသည်ဟု ခံစားရပါက ဤအဖွဲ့အစည်းများထံမှ အကူအညီ ရှာဖွေနိုင်သည်။ ထို့အပြင် သင်သည် အစိုးရထံမှ နိုင်ငံရေးခိုလှုံခွင့် သို့မဟုတ် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ကို တောင်းဆိုနိုင်ပြီး သင်၏ ငွေရေးကြေးရေး အခြေအနေ ရှိပါက သင်၏အမှုကို ကူညီရန် ရှေ့နေတစ်ဦး ငှားရမ်းနိုင်သည်။ သို့သော် ဤသည်မှာ အသင်းတော်ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင် အလုပ်လုပ်သည့်နေရာ၊ ဘုရားသခင်က လူတို့ကို ကယ်တင်သည့်နေရာဖြစ်ပြီး သင် ခိုလှုံရာ ရှာဖွေရန်နေရာ မဟုတ်ပေ။ သို့ဖြစ်၍ သင် အသင်းတော်ထဲသို့ ဝင်ရောက်ခြင်းသည် မသင့်လျော်ဘဲ ဤနေရာတွင် သင်နေထိုင်ခြင်းသည် အချည်းနှီးဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သောလူများကို လက်မခံသည့်အပြင် အသင်းတော်ကလည်း ၎င်းတို့ကို လက်ခံခြင်းမရှိပေ။ ဘာသာတရား မရှိသူများ မည်သို့သော အခက်အခဲများ ရှိသည်ဖြစ်စေ ၎င်းတို့သည် လူ့အဖွဲ့အစည်းရှိ ပရဟိတအဖွဲ့အစည်းများ၊ ကယ်ဆယ်ရေးအဖွဲ့အစည်းများ သို့မဟုတ် ပြည်သူ့ရေးရာဌာနများထံမှ အကူအညီ တောင်းခံသင့်သည်။ ဤအဖွဲ့အစည်းများသည် ပြည်သူကို အကျိုးဆောင်ခြင်း၊ စေတနာဖြင့်ပေးကမ်းခြင်းနှင့် အခြားသူများကို ကူညီခြင်းတို့ကို လုပ်ဆောင်ကြသည်။ သင်၌ မည်သို့သော တိုင်ကြားချက်များ သို့မဟုတ် တောင်းဆိုမှုများ ရှိသည်ဖြစ်စေ ၎င်းတို့ကို သင်ပြောပြနိုင်သည် သို့မဟုတ် အစိုးရထံ အသနားခံနိုင်သည်။ ယင်းတို့သည် သင့်အတွက် အသင့်လျော်ဆုံးသော နေရာများ ဖြစ်သည်” ဟူ၍ ဖြစ်လေသည်။ အသင်းတော်သည် မည်သည့်မယုံကြည်သူများနှင့် ဘာသာတရား မရှိသူများကိုမျှ လက်မခံပေ။ တစ်စုံတစ်ဦးသည် အထူးသဖြင့် “မေတ္တာ” ရှိလျှင် ထိုသို့သောလူများကို ထိုသူ့အနေဖြင့် ပုဂ္ဂိုလ်ရေးအရ တာဝန်ယူလက်ခံခွင့်ပြုကာ ထိုမျှသာ ရှိစေတော့။ ၎င်းတို့သည် ထိုသို့သောလူများကို မိမိတို့ဘာသာ သိုးထိန်းနိုင်ပြီး ဘုရားအိမ်တော်သည် ဤအရာကို ဝင်ရောက်စွက်ဖက်မည်မဟုတ်။ အချို့လူများက “သို့ဆိုလျှင် အသင်းတော်သည် အဘယ်ကြောင့် ဧဝံဂေလိတရားဟောသနည်း။ ဧဝံဂေလိတရားဟောခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း” ဟု မေးကောင်းမေးနိုင်သည်။ ဧဝံဂေလိတရားဟောခြင်းသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ဖြစ်သည်။ ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများမှာ ဘုရားသခင်ကို ရှာဖွေပြီး မှန်သော လမ်းခရီးကို ရှာဖွေသောသူများ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တောင့်တသောသူများ၊ သမ္မာတရားကို ချစ်ပြီး သမ္မာတရားကို လက်ခံနိုင်သောသူများနှင့် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ ဖြစ်ကြသည်။ ဧဝံဂေလိအား ဤလူတို့ကိုသာ တရားဟောနိုင်သည်။ ဘုရားသခင်ကို မရှာဖွေသောသူများ၊ သမ္မာတရားကို လက်ခံရန်မဟုတ်ဘဲ ခိုလှုံရာ ရှာဖွေရန် ရောက်လာသောသူများကိုမူ ဧဝံဂေလိတရားဟောခြင်းမရှိပေ။ အချို့သော နားဝေတိမ်တောင်ဖြစ်သော လူများသည် ဤကိစ္စကို ထိုးထွင်းမမြင်နိုင်ဘဲ အမှုအရာများကြုံရသည့်အခါ မရှင်းမလင်း ဖြစ်သွားကြသည်။ ဤသူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သည့်အခါမျှ နားလည်မည်မဟုတ်သည့် နားဝေတိမ်တောင်ဖြစ်သော သူများသာ ဖြစ်ကြသည်။

ဆ။ အားကိုးရာ ရှာဖွေရန်

ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူတို့၌ရှိသော သတ္တမမြောက် ရည်ရွယ်ချက်မှာ အားကိုးရာ ရှာဖွေရန် ဖြစ်သည်။ သင်တို့သည် ထိုသို့သော လူစားမျိုးများကို မြင်ဖူးသလော။ ဤသည်မှာ အတော်အတန် ထူးခြားသော အခြေအနေတစ်ခု ဖြစ်သည်၊ ၎င်းတို့သည် အရေအတွက် မများသော်လည်း ဧကန်မုချ တည်ရှိကြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အသင်းတော်များသည် တရုတ်ပြည်၌သာမက အာရှ၊ ဥရောပ၊ အမေရိကတိုက်များနှင့် အာဖရိကရှိ နိုင်ငံအသီးသီးတို့၌လည်း ပေါ်ထွန်းခဲ့ပြီးဖြစ်သောကြောင့် ဤအခွင့်အရေးသမားများနှင့် မယုံကြည်သူများသည်လည်း ၎င်းတို့နှင့်အတူ ပေါ်ပေါက်လာမည် ဖြစ်သောကြောင့်တည်း။ ဤလူများ ပေါ်ပေါက်လာရန် မည်မျှ အလားအလာရှိသည်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် သင်တို့သည် ၎င်းတို့ကို ရင်ဆိုင်ရမည်ဖြစ်ပြီး ပိုင်းခြားသိမြင်ရမည်ဖြစ်ကာ ဤမယုံကြည်သူများကို အသင်းတော်၌ အဆင့်အတန်းတစ်ခုတလေ ရရှိခြင်းနှင့် အနှောင့်အယှက်များ ဖန်တီးခြင်းတို့ကို ခွင့်မပြုနှင့်။ ဤပြဿနာများသည် ပေါ်ပေါက်လာခြင်း မရှိသောကြောင့် သို့မဟုတ် သင်တို့ မကြုံတွေ့ဖူးသောကြောင့် မတည်ရှိဟု သင်တို့ ထင်မှတ်ပါက ဤသည်မှာ မိုက်မဲသော အတွေးအခေါ်တစ်ခု ဖြစ်သည်။ ဤပြဿနာများ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် သင်သည် ပိုင်းခြားသိမြင်နိုင်စွမ်းမရှိဘဲ ယင်းတို့ကို မည်သို့ဖြေရှင်းရမည်ကို မသိပါက ယင်းတို့သည် အသင်းတော်အတွက်၊ ဘုရားအိမ်တော်အတွက်၊ ညီအစ်ကိုမောင်နှမများအတွက်၊ အသင်းတော်၏အလုပ်အတွက် ကြီးမားသော ပုန်းကွယ်နေသည့် အန္တရာယ်များကို ဆောင်ကြဉ်းလာလိမ့်မည်။ သို့ဖြစ်၍ မည်သည့်အရာမျှ မဖြစ်ပေါ်မီတွင် သင်သည် မည်သည့်ပြဿနာများကို ရင်ဆိုင်သင့်သည်နှင့် ၎င်းတို့ကို မည်သို့ဖြေရှင်းရမည်ကို သိရှိရန် လိုအပ်သည်။ ဤသည်မှာ အကောင်းဆုံးသော နည်းလမ်းဖြစ်သည်၊ ယင်းသည် သင့်အတွက် မမြင်နိုင်သော ကာကွယ်စောင့်ရှောက်မှုတစ်ခုအဖြစ် ဆောင်ရွက်ပေးသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် သတ္တမမြောက် ရည်ရွယ်ချက်၌ ဖော်ပြထားသောလူများ၊ အားကိုးရာ ရှာဖွေရန် ဘုရားသခင်ကို ယုံကြည်သောသူများသည် အရေအတွက် မနည်းလှပေ။ ဤလူ့အဖွဲ့အစည်းသည် နေရာတိုင်း၌ မတရားမှု၊ ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှုတို့ဖြင့် ပြည့်နှက်နေသည်။ လူ့အဖွဲ့အစည်း၏ အလွှာပေါင်းစုံ၌ အသက်ရှင်နေထိုင်ကြသော လူတို့သည် လူ့အဖွဲ့အစည်းရှိ အမျိုးမျိုးသော မတရားမှုများအပေါ် စက်ဆုပ်ရွံရှာခြင်းနှင့် အမုန်းတရားတို့ဖြင့် ပြည့်နေကြပြီး ဒေါသဖြင့်လည်း ပြည့်နေကြသည်။ သို့သော် သင်သည် လူ့လောကမှ ပျောက်ကွယ်သွားခြင်းမရှိပါက လူ့လောက၏ မတရားမှုများမှ လွတ်မြောက်ရန် မလွယ်ကူပေ။ လူတစ်ဦးသည် ဤလောက၌ အသက်ရှင်နေသရွေ့၊ ဤလူများကြားထဲ၌ အသက်ရှင်နေသရွေ့ ၎င်းတို့သည် အနည်းနှင့်အများဆိုသလိ့် အတိုင်းအတာကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အနိုင်ကျင့်ခံရပြီး အရှက်ခွဲခံရလိမ့်မည်ဖြစ်ကာ အချို့သော အာဏာကြီးသည့် အင်အားစုများ၏ လိုက်လံဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကိုပင် ခံရနိုင်ပေသည်။ ဤအမျိုးမျိုးသော မတရားမှုများနှင့် မညီမျှမှုများသည် လူတို့၏ စိတ်အပေါ် ကြီးမားသော ဖိစီးမှုကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းတို့ထံသို့ သိသာထင်ရှားသော စိတ်ပိုင်းဆိုင်ရာ ဖိအားကို ဆောင်ကြဉ်းပေးခဲ့သည့်အပြင် လူတို့၏ ပုံမှန်အသက်တာများအတွက် အဆင်မပြေမှုများစွာကိုလည်း ဆောင်ကြဉ်းပေးခဲ့သည်မှာ ပြောစရာမလိုချေ။ ရလဒ်အနေဖြင့် အချို့လူများသည် အတွေးအခေါ်တစ်ခုကို မဖြစ်ပေါ်ဘဲ မနေနိုင်ကြပေ။ “လူတစ်ဦးသည် လူ့အဖွဲ့အစည်းတွင် မိမိကိုယ်ကို ရပ်တည်နိုင်ရန်အတွက် အားကိုးရန် ၎င်းတို့၏ နောက်ကွယ်တွင် အင်အားတစ်ခု ရှိရမည်။ ၎င်းတို့သည် အခက်အခဲများနှင့် ကြုံတွေ့ရပြီး အကူအညီ လိုအပ်သည့်အခါတွင်ဖြစ်စေ၊ ၎င်းတို့သည် တစ်ကိုယ်တည်းဖြစ်ပြီး အကူအညီ မဲ့နေသည့်အခါတွင်ဖြစ်စေ ၎င်းတို့ကို ကူညီကာကွယ်ပေးပြီး ဆုံးဖြတ်ပေးမည့်၊ ၎င်းတို့ ရင်ဆိုင်ရသော ဒုက္ခများနှင့် ပြဿနာများကို ဖြေရှင်းပေးမည့် သို့မဟုတ် ၎င်းတို့၏ အသက်ရှင်နေထိုင်မှုအတွက် အခြေခံလိုအပ်ချက်များကို သေချာစေမည့် လူတစ်စု ရှိလာလိမ့်မည်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထိုသို့သော ထောက်ပံ့မှုကို ရရှိရန် ကြိုးစားရှာဖွေကြသည်။ ဤလူများထဲမှ အချို့သည် နောက်ဆုံးတွင် အသင်းတော်ကို ရှာတွေ့ကြသည်မှာမူ ပြောစရာမလိုချေ။ ၎င်းတို့က အသင်းတော်ရှိလူများသည် တစ်စိတ်တည်းတစ်ဝမ်းတည်း ဖြစ်ကြပြီး တူညီသော ပန်းတိုင်တစ်ခုဆီသို့ လုပ်ဆောင်နေကြသည်၊ တစ်ဦးစီတိုင်း၌ ယုံကြည်ခြင်းရှိသည်၊ ရည်ရွယ်ချက်ကောင်းများ ပိုင်ဆိုင်ပြီး အခြားသူများအပေါ် ကြင်နာစွာ ပြုမူကြသည်၊ လူမှုရေးဆိုင်ရာ ပဋိပက္ခများမှ ကင်းဝေးစွာနေထိုင်ကြပြီး လူ့အဖွဲ့အစည်း၏ ဆိုးယုတ်သော ရေစီးကြောင်းများမှ မိမိတို့ကိုယ်ကို ခပ်ခွာခွာနေထိုင်ကြသည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်သောသူများအတွက် အသင်းတော်သည် ဤလူ့အဖွဲ့အစည်းနှင့် ဤလောက၌ ကြီးမြတ်သော တရားမျှတမှု၏ ပြယုဂ်တစ်ခုဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ၊ အသင်းတော်ရှိလူများသည်လည်း လူတို့၏ စိတ်ထဲ၌ အပြုသဘောဆောင်သော၊ ကောင်းမြတ်သောနှင့် ကြင်နာသော ပုံရိပ်တစ်ခု ရှိကြသည်။ အချို့သည် လူ့အဖွဲ့အစည်း၏ အောက်ခြေတွင် ရှိနေသောကြောင့်၊ လူ့အဖွဲ့အစည်း၌ မည်သည့်အာဏာမျှ လုံးဝမရှိဘဲ ကောင်းမွန်သော မိသားစုနောက်ခံ လုံးဝကင်းမဲ့နေသောကြောင့် ဘုရားသခင်ကို ယုံကြည်ရန် ရွေးချယ်ကြသည်။ ၎င်းတို့သည် ပညာရေးရရှိခြင်း၊ မိတ်ဆွေဖွဲ့ခြင်း၊ အလုပ်အကိုင်များ ရှာဖွေခြင်း သို့မဟုတ် အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ခြင်းတို့နှင့်ပတ်သက်၍ အခက်အခဲအမျိုးမျိုးကို ကြုံတွေ့ကြရသောကြောင့် ဤလူ့အဖွဲ့အစည်း၌ ရှင်သန်ပြီး မိမိတို့ကိုယ်ကို အတည်တကျဖြစ်စေရန် ၎င်းတို့ကို ကူညီမည့်လူအချို့ ရှိရမည်ဟု ယုံကြည်ကြသည်။ ဥပမာအားဖြင့် အလုပ်တစ်ခု ရှာဖွေသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို အားကိုးပြီး အလုပ်အကိုင် အခွင့်အလမ်းတစ်ခုပြီးတစ်ခုကို ဦးတည်ချက်မဲ့စွာ ရှာဖွေပါက သင့်တော်သောအလုပ်တစ်ခုကို သေချာပေါက် ရှာတွေ့ခြင်းမရှိဘဲ ၎င်းတို့၏ စုဆောင်းငွေများ အားလုံးနီးပါး ကုန်ဆုံးသွားနိုင်ပေသည်။ သို့သော် ၎င်းတို့ကို ရိုးသားစွာ ကူညီနိုင်သည့် အားကိုးလောက်သောလူအချို့က ၎င်းတို့၏ ရှာဖွေမှုတွင် ကူညီပေးပါက ၎င်းတို့ ဖြတ်သန်းရမည့် ဒုက္ခသည် များစွာ လျော့နည်းသွားပြီး အလုပ်ရှာဖွေခြင်းအပေါ် အသုံးပြုရသည့်အချိန်သည်လည်း အလွန် လျော့ကျသွားသည်။ ထို့ကြောင့် ၎င်းတို့သည် ထိုသို့သော အားကိုးရာကို ရှာတွေ့နိုင်ပါက လူ့အဖွဲ့အစည်း၌ ၎င်းတို့ ကိုင်တွယ်ဖြေရှင်းရမည့်အရာအားလုံးဖြစ်သည့် ပညာရေးရရှိခြင်း၊ အလုပ်ရှာဖွေခြင်း၊ ၎င်းတို့၏ နေ့စဉ်အသက်တာနှင့် ရှင်သန်မှုတို့အတွက်ပင် ၎င်းတို့အတွက် အကူအညီပေးပြီး ထောက်ပံ့ပေးမည့် လူအချို့၊ နောက်ကွယ်မှ ၎င်းတို့ကို ကူညီပေးမည့် စိတ်အားထက်သန်သော လူတစ်စု ရှိလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် အသင်းတော်ကို ရှာတွေ့သည့်အခါ နေရာမှန်ကို ရှာတွေ့ပြီဟု ခံစားကြရသည်။ အသင်းတော်သည် လူ့အဖွဲ့အစည်း၌ မိမိတို့ကိုယ်ကို အခြေကျစေရန်နှင့် ငြိမ်းချမ်းသော အသက်တာတစ်ခုကို ရရှိရန်အတွက် ၎င်းတို့အတွက် အလွန်ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်လာသည်။ ဥပမာအားဖြင့် ဆရာဝန်ပြခြင်းဖြစ်စေ၊ ဈေးဝယ်ခြင်းဖြစ်စေ၊ အာမခံဝယ်ခြင်းဖြစ်စေ၊ အိမ်ဝယ်ခြင်းဖြစ်စေ၊ ၎င်းတို့၏ ကလေးများကို ကျောင်းများ ရွေးချယ်ပေးခြင်းဖြစ်စေ၊ မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်ဖြေရှင်းခြင်းဖြစ်စေ ၎င်းတို့သည် ဤပြဿနာများကို ဖြေရှင်းပေးရန် ကူညီမည့်လက်တစ်စုံကို ကမ်းလင့်ပေးပြီး အထောက်အကူပေးမည့် မေတ္တာရှင်လူများကို အသင်းတော်၌ အစဉ်အမြဲ ရှာတွေ့နိုင်ကြသည်။ ဤနည်းအားဖြင့် ၎င်းတို့၏ အသက်တာများသည် များစွာ ပို၍ အဆင်ပြေလာသည်၊ ၎င်းတို့သည် လူ့အဖွဲ့အစည်း၌ ထိုမျှ အထီးမကျန်တော့သည့်အပြင် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် အခက်အခဲများသည်လည်း အလွန် လျော့ကျသွားသည်။ ထို့ကြောင့် ၎င်းတို့အတွက် အသင်းတော်သို့လာပြီး ဘုရားသခင်ကို ယုံကြည်ခြင်းသည် လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးကျေးဇူးများကို အမှန်တကယ် ပေးစွမ်းသည်။ ၎င်းတို့ ဆရာဝန်ထံ သွားလျှင်ပင် ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ကို ကူညီရန် ဆေးရုံ၌ အသိအကျွမ်းများကို ရှာဖွေပေးလိမ့်မည်၊ ၎င်းတို့သည် ပစ္စည်းဝယ်ယူမှုများနှင့်ပတ်သက်၍ အသက်သာဆုံးသော ဈေးနှုန်းများကို ရရှိရန် ၎င်းတို့ကို အသုံးချနိုင်သည့်အပြင် အတွင်းဈေးများဖြင့် အိမ်များကိုပင် ဝယ်ယူနိုင်သည်။ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများ၏ အကူအညီဖြင့် ဤပြဿနာများအားလုံးကို ဖြေရှင်းပြီးဖြစ်သည်။ ၎င်းတို့က “ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန်ကောင်းလှသည်။ အလုပ်ရှာဖွေခြင်း၊ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပစ္စည်းဝယ်ယူခြင်းများ အားလုံးသည် ယခု အဆင်ပြေနေပြီ။ ငါ တစ်စုံတစ်ခုကို လိုအပ်သည့်အချိန်တိုင်းတွင် ဖုန်းတစ်ချက်ခေါ်လိုက်ခြင်းဖြစ်စေ၊ အဖွဲ့ကို စာတိုပို့ခြင်းဖြစ်စေ ပြုလုပ်လိုက်ရုံသာဖြစ်ပြီး လူတိုင်းက ပူးပေါင်းကူညီကြမည် ဖြစ်သည်။ အသင်းတော်၌ အလွန်ကြင်နာတတ်သောလူများ အများအပြားရှိသည်၊ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရသည်မှာ အလွန်အဆင်ပြေလှသည်။ အားကိုးရာတစ်ခုကို ရှာတွေ့ရန် မလွယ်ကူခဲ့ပေ၊ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ အသင်းတော်မှ ငါ ထွက်သွားမည်မဟုတ်ပေ။ သို့သော် ဘုရားအိမ်တော်ရှိ စုဝေးပွဲများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းတို့ အစဉ်အမြဲ ပါဝင်သည်၊ ယင်းက ငါ့ကို အနေရခက်စေပြီး စိတ်ဒွိဟဖြစ်စေသည်။ ငါသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် မလိုလားပေ၊ ပြီးလျှင် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့သည်ကို ကြားရသည့်အခါတိုင်း ငါ အလွန်အမင်း မနှစ်မြို့ခြင်းကို ခံစားရသည်။ သို့သော် ငါ နားမထောင်လျှင်လည်း အလုပ်မဖြစ်ပါ။ ငါသည် ၎င်းတို့ကို စွန့်ခွာ၍မရပေ။ ၎င်းတို့က ငါ့အား များစွာ ကူညီပေးသည်။ ငါ နားထောင်ရန် ငြင်းဆန်လိုက်လျှင် အရှက်ရလိမ့်မည်၊ ပြီးလျှင် ငါ မယုံကြည်တော့ဘူးဟု ပြောဖို့ရာမှာလည်း အနေရခက်လိမ့်မည်၊ ထို့ကြောင့် ငါသည် ရေလိုက်ငါးလိုက်နေပြီး ကောင်းသောစကားများ ပြောလိုက်ရုံသာဖြစ်သည်” ဟု ခံစားကြရသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့သည် အမှန်တကယ် မယုံကြည်လိုကြသော်လည်း ဤခံစားချက်ကို မျိုသိပ်ထားရုံသာ တတ်နိုင်သည်။ အချို့လူများက “၎င်းတို့သည် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ညီအစ်ကိုမောင်နှမများကို အစဉ်အမြဲ တောင်းဆိုနေသည်ကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများက ကူညီသည့်အခါ ၎င်းတို့ အတော်အတန် ပျော်ရွှင်နေသည်ကိုလည်းကောင်း သင်မြင်ရုံသာရှိသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အားကိုးရာ ရှာဖွေရန် ဖြစ်သည်ဟု ထိုမျှဖြင့် သင် ပိုင်းခြားသိမြင်နိုင်သလော” ဟု ပြောဆိုကြသည်။ ဤသရုပ်သကန်များအပြင် ၎င်းတို့သည် ပုံမှန်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း ရှိမရှိ၊ ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ခြင်းနှင့် စစ်မှန်သော ပြောင်းလဲမှုတစ်ခုခု ရှိမရှိကို ကြည့်လော့။ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ခြင်း ရှိမရှိကို သင်သိနိုင်ပေမည်။ အားကိုးရာ ရှာဖွေသောသူများသည် ၎င်းတို့အတွက် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးရန်နှင့် ၎င်းတို့၏ အသက်တာများရှိ အခက်အခဲများကို ဖြေရှင်းပေးရန် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို အသုံးချရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြသည်။ သို့သော် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအကြောင်းကို မည်သည့်အခါမျှ မပြောကြသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း စားသောက်ခြင်း သို့မဟုတ် မိတ်သဟာယဖွဲ့ခြင်း မရှိကြပေ။ ကိစ္စများကို ပြီးမြောက်အောင် လုပ်ဆောင်ရန် လွယ်ကူအသုံးတည့်သော နည်းလမ်း တစ်ခုခုအကြောင်း ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အလွန် စိတ်လှုပ်ရှားလာကြသည်၊ ၎င်းတို့သည် မရပ်မနား စကားများစွာ ပြောကြပြီး ကြားဖြတ်ပြော၍ပင် မရနိုင်တော့ပေ။ သို့သော် တာဝန်ထမ်းဆောင်ခြင်း သို့မဟုတ် ရိုးသားခြင်း၊ မုသားမပြောခြင်း သို့မဟုတ် အခြားသူများကို မလှည့်ဖြားခြင်းတို့နှင့် ပတ်သက်လာသည့်အခါတွင်မူ ၎င်းတို့သည် ဆွံ့အသွားကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဤအရာများကို စိတ်မဝင်စားကြပေ၊ သင်သည် မည်မျှပင် စိတ်အားထက်သန်စွာ ပြောဆိုပါစေ ၎င်းတို့၌ တုံ့ပြန်မှုမရှိဘဲ ပါဝင်ပြောဆိုခြင်းလည်း မရှိပေ၊ ၎င်းတို့သည် သင့်အား အစဉ်မပြတ် ကြားဖြတ်ပြောဆိုရန်ပင် ကြိုးစားပြီး ၎င်းတို့ စိတ်ဝင်စားသည့်အရာတစ်ခုဆီသို့ အကြောင်းအရာကို လမ်းကြောင်းလွှဲရန် ကြိုးစားကြသည်။ ညီအစ်ကိုမောင်နှမများက မိမိတို့အတွက် အမှုအရာများ လုပ်ဆောင်ပေးအောင်၊ မိမိတို့အတွက် အားထုတ်ပေးအောင် နည်းလမ်းများကို ၎င်းတို့ ဦးနှောက်ခြောက်ခံ စဉ်းစားကြကာ ညီအစ်ကိုမောင်နှမများအား တာဝန်ထမ်းဆောင်ခြင်း သို့မဟုတ် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံခြင်းအကြောင်း ပြောဆိုရန် မည်သည့်အခွင့်အရေးကိုမျှ ပေးလိုခြင်းမရှိကြပေ။ တစ်စုံတစ်ဦးက ၎င်းတို့အား မိမိတို့၏ တာဝန်များကို ထမ်းဆောင်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် အကြံပြုပါက ၎င်းတို့သည် အပြန်အလှန်အနေဖြင့် ကမ်းလှမ်းရန် ၎င်းတို့ကိုယ်တိုင်၏ အရေးတကြီးကိစ္စတစ်ခုကို လျင်မြန်စွာ ရှာဖွေကြသည်၊ ညီအစ်ကိုမောင်နှမများက ဤကိစ္စကို ၎င်းတို့အတွက် ကိုင်တွယ်ဖြေရှင်းပေးနေစဉ်တွင် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ တောင်းဆိုမှုကို အင်တင်တင်ဖြင့် ဖြည့်ဆည်းပေးလျက် ဘုရားအိမ်တော်အတွက် အင်တင်တင်ဖြင့် အားထုတ်မှုအချို့ကို စိုက်ထုတ်ကြပြီး ၎င်းတို့၏ ပုဂ္ဂိုလ်ရေးကိစ္စ ပြီးမြောက်သည်နှင့်တစ်ပြိုင်နက် ညီအစ်ကိုမောင်နှမများအပေါ် အေးစက်သွားကြသည်။ အသင်းတော်နှင့် အဆက်အသွယ်မပြတ်စေရန်၊ အသင်းတော်တည်းဟူသော ဤအားကိုးရာနှင့် ညီအစ်ကိုမောင်နှမများတည်းဟူသော ဤကူညီသူများကို မဆုံးရှုံးစေရန် ၎င်းတို့သည် မိမိတို့အတွက် အသုံးဝင်သော လူတိုင်းနှင့် ရင်းနှီးသော အဆက်အသွယ်ကို ထားရှိကြပြီး ဆက်ဆံရေးများကို ထိန်းသိမ်းရန် ဆင်ခြင်ထောက်ထားပုံရှိသော်ငြား စိတ်ရင်းအတိုင်း မဟုတ်သော စကားများကို ပြောဆိုလျက် ၎င်းတို့အကြောင်းကို စိုးရိမ်တကြီး မကြာခဏ မေးမြန်းကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မည်မျှ ယုံကြည်ကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို မည်မျှ ကောင်းချီးပေးကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို ကျေးဇူးတော် မည်မျှ ပေးကြောင်းနှင့် ၎င်းတို့သည် မျက်ရည်များ မကြာခဏ ကျဆင်းကာ ဘုရားသခင်ကို အကြွေးတင်နေသည်ဟု ခံစားရပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်လိုစိတ်ရှိကြောင်း ပြောဆိုကြသည်၊ ဤသည်မှာ ညီအစ်ကိုမောင်နှမများကို လှည့်ဖြားပြီး ၎င်းတို့၏ အကူအညီကို ရယူရန် ဖြစ်သည်။ တစ်စုံတစ်ဦးသည် အသုံးချရန် မထိုက်တန်တော့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုလူတို့၏ ဆက်သွယ်ရန် အချက်အလက်များကို ချက်ချင်း ပိတ်ဆို့ပြီး ဖျက်ပစ်ကြသည်။ ၎င်းတို့သည် မိမိတို့အတွက် အကျိုးအရှိဆုံးဖြစ်သောသူများ၊ အသုံးချရန် အထိုက်တန်ဆုံးဖြစ်သောသူများကို အားသွန်ခွန်စိုက် မျက်နှာလို မျက်နှာရ လုပ်ကြသည်၊ အလိုလိုက်အကြိုက်ဆောင်ကြသည်၊ ရင်းနှီးအောင် ချဉ်းကပ်ကြသည်။ အသုံးချရန် မထိုက်တန်သောသူများ၊ ၎င်းတို့ကဲ့သို့ပင် လူ့အဖွဲ့အစည်း၌ ဩဇာအာဏာ သို့မဟုတ် အဆင့်အတန်းမရှိသည့်အပြင် အားကိုးစရာမရှိဘဲ လူ့အဖွဲ့အစည်း၏ အောက်ခြေအဆင့်တွင် ရှိနေသောသူများကိုမူ ၎င်းတို့သည် လှည့်၍ပင် မကြည့်ကြပေ။ ၎င်းတို့သည် အသုံးချရန် ထိုက်တန်ပြီး လူ့အဖွဲ့အစည်း၌ အဆက်အသွယ်များရှိသောသူများ၊ ၎င်းတို့က အရည်အချင်းရှိသည်ဟု မြင်သောသူများနှင့်သာ သီးသန့် ပေါင်းသင်းဆက်ဆံကြသည်။ ၎င်းတို့သည် အသင်းတော် သို့မဟုတ် ညီအစ်ကိုမောင်နှမများထံမှ တစ်စုံတစ်ခု လိုအပ်သည့်အခါတွင်သာ အသင်းတော်အတွက် အားထုတ်ပြီး ဆင်းရဲဒုက္ခကို ခံနိုင်ကြသည်။ အမှန်တကယ်တွင် ထိုသို့သောလူများ၏ မယုံကြည်သူ သရုပ်သကန်များသည် အလွန် သိသာထင်ရှားသည်။ အိမ်၌ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မဖတ်ကြပေ၊ အခက်အခဲများမရှိသည့်အခါ ဘုရားသခင်ထံ မည်သည့်အခါမျှ ဆုမတောင်းကြဘဲ အသင်းတော်အသက်တာ၌ အလွန် အင်တင်တင်ဖြင့် ပါဝင်ကြသည်။ ၎င်းတို့သည် တာဝန်များထမ်းဆောင်ရန် မတောင်းဆိုကြဘဲ အသင်းတော်အလုပ်၌ ၎င်းတို့ ပါဝင်ဖို့ အလျင်ဦးအောင် လုပ်ဆောင်ခြင်း မရှိကြပေ၊ အထူးသဖြင့် အန္တရာယ်ရှိသော အလုပ်တွင် မည်သည့်အခါမျှ တက်ကြွစွာ မပါဝင်ကြပေ။ ၎င်းတို့ သဘောတူလျှင်ပင် အလွန် စိတ်မရှည်မှုကို ပြသကြပြီး ခေါ်သည့်အခါ သို့မဟုတ် ဖိတ်ခေါ်သည့်အခါတွင်သာ အင်တင်တင်ဖြင့် အားထုတ်မှုအနည်းငယ်ကို စိုက်ထုတ်ကြသည်။ ဤသည်တို့မှာ မယုံကြည်သူများ၏ သရုပ်သကန်များ ဖြစ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုခြင်း၊ တာဝန်မထမ်းဆောင်ခြင်း၊ ၎င်းတို့သည် အသင်းတော်အသက်တာ၌ အင်တင်တင်ဖြင့် ပါဝင်သော်လည်း ယင်းမှာ ၎င်းတို့အတွက် ကြီးမားသော အားကိုးရာဖြစ်သည့် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများ အသိုင်းအဝိုင်းကို မဆုံးရှုံးစေရန် ရှောင်ရှားခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် ဤလူများနှင့် ဆက်ဆံရေးများကို နောင်အနာဂတ်တွင် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းဖို့ ၎င်းတို့အတွက် ပို၍ အဆင်ပြေစေရန်အတွက်သာ ထိန်းသိမ်းထားကြသည်။ ထိုသို့သောလူများသည် လူ့အဖွဲ့အစည်း၌ ခြေကုပ်တစ်ခု ရရှိပြီး ၎င်းတို့၏ အသက်တာများကို အခြေချပြီး စတင်ရန် နေရာတစ်ခု ရှိသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် ၎င်းတို့သည် လောက၌ အောင်မြင်ပြီး ဩဇာအာဏာနှင့် ထွန်းလင်းတောက်ပသော အနာဂတ်အတွက် အလားအလာများ ရရှိသည်နှင့်တစ်ပြိုင်နက် အသင်းတော်မှ လျင်မြန်စွာနှင့် မဆိုင်းမတွ ထွက်ခွာသွားကြမည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများနှင့် အဆက်အသွယ်ဖြတ်ကာ အဆက်အသွယ် ပြတ်တောက်သွားကြလိမ့်မည်။ ၎င်းတို့နှင့် ဆက်ဆံရေးကောင်းမွန်သော ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူတစ်ဦး ရှိပြီး သင်သည် ထိုလူအား ဧဝံဂေလိတရားဟောရန် ၎င်းတို့ကို ဆက်သွယ်လိုပါက သင်သည် ၎င်းတို့ကို ဆက်သွယ်၍ရနိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် အသင်းတော်နှင့် အဆက်အသွယ် ဖြတ်ရုံသာမက အချို့သော ပုဂ္ဂိုလ်များနှင့် မိတ်ဆွေဖြစ်ခြင်းကိုလည်း အဆုံးသတ်လိုက်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မယုံကြည်သူများအဖြစ် ဇာတိရုပ်ပြပြီး ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် အသင်းတော်သည် ထိုသို့သောလူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ (၎င်းတို့ကို ရှင်းလင်းပစ်ပါ။) ငါတို့သည် ၎င်းတို့အား အခွင့်အရေးတစ်ခု ပေးသင့်သလော၊ ၎င်းတို့၏ အားနည်းချက်နှင့် ၎င်းတို့၏ အသက်တာများရှိ အခက်အခဲများအတွက် နားလည်မှုပြသင့်သလော၊ ပြီးလျှင် ဘုရားသခင် တည်ရှိသည်ကို ၎င်းတို့ ယုံကြည်လာနိုင်ရန်၊ သမ္မာတရားကို စိတ်ဝင်စားလာရန်နှင့် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးခံလာရန် ၎င်းတို့ကို ပို၍ ထောက်ပံ့ပြီး ကူညီသင့်သလော။ ဤအလုပ်ကို လုပ်ဆောင်ရန် လိုအပ်သလော။ (မလိုအပ်ပါ။) အဘယ်ကြောင့် မလိုအပ်သနည်း။ (အဘယ်ကြောင့်ဆိုသော် ဤလူများသည် ဘုရားသခင်ကို ယုံကြည်ရန် ရောက်ရှိလာကြခြင်း လုံးဝ မဟုတ်သောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရန် ရောက်ရှိလာကြခြင်း မဟုတ်ပေ၊ ၎င်းတို့၏ ပန်းတိုင်မှာ အလွန် ရှင်းလင်းသည်၊ ၎င်းတို့သည် အားကိုးရာ ရှာဖွေရန် ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ သို့ဆိုလျှင် ထိုသို့သောလူများနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် ရလဒ်တစ်ခုတလေ ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) ၎င်းတို့သည် ယင်းကို လက်ခံကြမည်မဟုတ်ပေ၊ ၎င်းတို့သည် ယင်းကို တန်ဖိုးမထားကြပေ၊ မလိုအပ်ကြပေ၊ စိတ်မဝင်စားကြပေ။

အားကိုးရာ ရှာဖွေရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်သောသူများကို ငါတို့ မည်သို့ သရုပ်ဖော်သင့်သနည်း။ ၎င်းတို့ကို မိမိတို့၏ ကိုယ်ကျိုးစီးပွားကို အရာအားလုံးထက် ရှေ့တန်းတင်သောသူများအဖြစ် သရုပ်ဖော်ခြင်းသည် အတော်အတန် သင့်လျော်ပေသည်။ တစ်စုံတစ်ဦးသည် ၎င်းတို့အတွက် အသုံးဝင်ပြီး အကျိုးရှိသည်ကို ၎င်းတို့ မြင်နေသမျှကာလပတ်လုံး ထိုလူခိုင်းသည့် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်လိမ့်မည်၊ ထိုလူပေးသည့် အမိန့်အားလုံးကိုပင် တစ်ခုမကျန် ၎င်းတို့ လိုက်နာကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ကျိုးစီးပွားကို အရာအားလုံးထက် ရှေ့တန်းတင်သည်၊ တစ်စုံတစ်ခုက ၎င်းတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးနေသမျှကာလပတ်လုံး အဆင်ပြေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းက ကောင်းချီးများနှင့် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးလိမ့်မည်ဟု ၎င်းတို့အား ပြောပါက ၎င်းတို့သည် ကိုယ်တော်ကို ဧကန်မုချ ယုံကြည်ကြမည်ဖြစ်ပြီး သင်ခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြလိမ့်မည်။ လူ့အဖွဲ့အစည်း၌ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် သင်၏စွမ်းရည်သည် ၎င်းတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီပြီး ၎င်းတို့ကို အကျိုးခံစားခွင့် ပြုနေသမျှကာလပတ်လုံး ၎င်းတို့သည် သင်နှင့် သေချာပေါက် ပေါင်းသင်းဆက်ဆံကြလိမ့်မည်။ သို့သော် ၎င်းတို့ သင်နှင့် ပေါင်းသင်းဆက်ဆံခြင်းက ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်နိုင်သည်ဟု မဆိုလိုသကဲ့သို့ သင်တို့ကဲ့သို့ ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ မိမိတို့ကိုယ်ကို အသုံးခံကြလိမ့်မည်ဟုလည်း မဆိုလိုပေ။ ၎င်းတို့သည် သင်နှင့် ကောင်းစွာ အဆင်ပြေပြီး သင်တို့၌ အထူးကောင်းမွန်သော ဆက်ဆံရေးတစ်ခု ရှိလျှင်ပင် သင်တို့သည် စိတ်တူကိုယ်တူ ရှိကြသည်၊ တူညီသော လမ်းကြောင်းကို လိုက်လျှောက်ကြသည် သို့မဟုတ် တူညီသော လိုက်စားမှုများ ရှိကြသည်ဟု ဆိုလိုနေခြင်း မဟုတ်ပေ။ ထို့ကြောင့် သင်သည် ထိုသို့သောလူများ၏ အထင်အမြင်မှားစေခြင်းကို ခံရ၍မဖြစ်ချေ။ ဤလူများသည် ပါးနပ်ကြပြီး အခြားလူများနှင့် အပြန်အလှန်ဆက်ဆံရန် နည်းဗျူဟာများ ရှိကြသည်။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်မှာ သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကို ရရှိရန်မဟုတ်ဘဲ အားကိုးရာ ရှာဖွေရန် ဖြစ်သည်။ ဤအရာက ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် မည်မျှ နိမ့်ကျပြီး မှောင်မိုက်ကြောင်း ပြသနေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် အမျိုးမျိုးသော အကျိုးကျေးဇူးများကို ရရှိရန် ပူးပေါင်းကြံစည်လျက် မိမိတို့ အသုံးချနိုင်သောလူများကို ရှာဖွေရန် အသင်းတော်သို့ လာကြသည်။ ဤအရာက ထိုသို့သောလူများသည် သိက္ခာစောင့်စည်းမှု မရှိဘဲ ပြုမူနိုင်စွမ်းရှိပြီး အရှက်မရှိသော အမှုအရာအမျိုးမျိုးကို လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု မဆိုလိုပေလော။ (ဆိုလိုပါသည်။) ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်မှာ အားကိုးရာ ရှာဖွေပြီး အသက်မွေးဝမ်းကျောင်းတစ်ခုကို သေချာစေရန် ဖြစ်သည်ဟူသော အချက်မှပင် ဤလူများသည် တစ်စက်မျှ ကောင်းမွန်ခြင်းမရှိကြောင်းနှင့် ၎င်းတို့သည် ကိုယ်ကျင့်စရိုက်၌ နိမ့်ကျပြီး တစ်ကိုယ်ကောင်းဆန်သော၊ စက်ဆုပ်ဖွယ်ကောင်းပြီး ယုတ်ညံ့သောသူများဖြစ်ကာ ကြီးမားသော အမှောင်ထုထဲ၌ အသက်ရှင်နေထိုင်ကြကြောင်း ရှင်းလင်းပေသည်။ ထို့ကြောင့် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် အသင်းတော်၏ စည်းမျဉ်းမှာ အလားတူပင် ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီးနောက် ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများမဟုတ်ကြောင်း၊ ၎င်းတို့သည် ထွက်ပေါက်တစ်ခု ရှာဖွေရန်နှင့် အခွင့်ကောင်းယူရန် အသင်းတော်သို့ ရောက်ရှိလာကြကြောင်း၊ ၎င်းတို့အတွက် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးရန်နှင့် အစေခံရန် ညီအစ်ကိုမောင်နှမများကို အသုံးချလိုကြောင်း သင် ပိုင်းခြားသိမြင်သည်နှင့်တစ်ပြိုင်နက် ထိုသို့သော ကိစ္စများတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင် ညီအစ်ကိုမောင်နှမများသည်လည်း အခြေအနေကို ချက်ချင်း တိကျစွာ ကိုင်တွယ်သင့်သည်။ အသင်းတော် သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ ဘေးကင်းလုံခြုံမှုကို အန္တရာယ်မပြုဘဲ ၎င်းတို့ကို အမြန်ဆုံး ရှင်းလင်းပစ်လော့ သို့မဟုတ် နှင်ထုတ်လော့။ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများကြားထဲ၌ ဆက်လက် ခိုအောင်းနေခွင့် မပြုသင့်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့်သူများ မဟုတ်ကြပေ။ ထိုသို့သောလူများသည် သင်တို့အလယ်၌ ခိုအောင်းနေသည့်အခါ ၎င်းတို့သည် မည်သူက အသုံးချရန် ထိုက်တန်သည်ကို မြင်ရန် လူတိုင်းအပေါ် တပ်မက်သော၊ စောင့်ကြည့်နေသော မျက်လုံးဖြင့် အစဉ်မပြတ် ကြည့်ရှုနေကြသည်။ ၎င်းတို့သည် အသင်းတော်၌ ၎င်းတို့ အသုံးချနိုင်သောလူများ ရှိမရှိကို အစဉ်အမြဲ တွက်ချက်နေကြသည်၊ ဆေးရုံ၌ အလုပ်လုပ်သော ဆွေမျိုးများ မည်သူ၌ရှိသည်၊ မည်သူက ရောဂါများကို ကုသတတ်သည် သို့မဟုတ် လျှို့ဝှက်သော ကုထုံးများရှိသည်၊ မည်သူက စတိုးဆိုင်များတွင် လက်ကားဈေးများ ရနိုင်သည်၊ မည်သည့်ညီအစ်ကို၏ မိသားစုက ကားအရောင်းပြခန်း ဖွင့်ထားသည်၊ မည်သူက အိမ်များကို အတွင်းဈေးများဖြင့် ရနိုင်သည်၊ ၎င်းတို့သည် ဤကိစ္စရပ်များကို အထူးတလည် စုံစမ်းစစ်ဆေးကြသည်။ ဤလူများသည် ၎င်းတို့၏ တွက်ချက်မှုများတွင် အလွန်စေ့စပ်သေချာလှသည်။ ၎င်းတို့သည် သေးငယ်သော ကိစ္စရပ်များကိုပင် တွက်ချက်ကြပြီး ညီအစ်ကိုမောင်နှမများကို ဆန့်ကျင်၍ အကြံအစည်ထုတ်ရန်နှင့် ထိုသူတို့ကို အခွင့်ကောင်းယူရန် ကျိတ်ကြံစည်ဖို့လည်း ဆန္ဒရှိကြသည်။ ၎င်းတို့သည် လူတိုင်း၏ မိသားစုနောက်ခံကို စုံစမ်းစစ်ဆေးကြပြီး လူတိုင်းကို ၎င်းတို့၏ အကြံအစည်များနှင့် ပူးပေါင်းကြံစည်မှုများ၏ နယ်ပယ်အတွင်း၌ ထားရှိကြသည်။ ထိုသို့သောလူများနှင့် အပြန်အလှန်ဆက်ဆံသည့်အခါ သင်တို့၏ စိတ်နှလုံးများသည် ငြိမ်သက်ခြင်းကို ခံစားနိုင်သလော။ (မခံစားနိုင်ပါ။) ငြိမ်သက်ခြင်းမရှိပါက မည်သို့ လုပ်ဆောင်သင့်သနည်း။ သင်သည် ထိုသို့သောလူများကို သတိထားရှောင်သင့်သည်။ ဤလူများသည် မသမာသော ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို ယုံကြည်ကြသည်၊ ၎င်းတို့သည် သမ္မာတရား သို့မဟုတ် ကယ်တင်ခြင်းကို လိုက်စားရန် ဤနေရာသို့ ရောက်ရှိလာကြခြင်းမဟုတ်ဘဲ အားကိုးရာ၊ အသက်မွေးဝမ်းကျောင်းတစ်ခုနှင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခုကို ရှာဖွေရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။ ထိုသို့သောလူများသည် အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်သော၊ စက်ဆုပ်ဖွယ်ကောင်းသော၊ စဉ်းလဲသောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် မည်သည့်တာဝန်ကိုမျှ မထမ်းဆောင်ကြသကဲ့သို့ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုလည်း အသုံးမခံကြပေ။ အသင်းတော်က ၎င်းတို့ကို တစ်စုံတစ်ခုအတွက် လိုအပ်သည့်အခါ ၎င်းတို့ကို မည်သည့်နေရာတွင်မျှ ရှာမတွေ့နိုင်သော်လည်း ကိစ္စပြီးသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ပြန်ပေါ်လာကြသည်။ ဤလူများသည် အခွင့်ကောင်းယူရန်သာ သိကြပြီး ၎င်းတို့ကို အသင်းတော်၌ ဆက်လက်နေခွင့်ပြုခြင်းသည် အသုံးမဝင်ပေ၊ ၎င်းတို့ကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားရန် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုရမည်။ အချို့လူများက “လူတစ်ဦးကို ကိုင်တွယ်ဖြေရှင်းရန် အမှန်တကယ်ပင် အမျိုးမျိုးသော နည်းလမ်းများ လိုအပ်သလော” ဟု ပြောဆိုကြသည်။ အသင်းတော်၌ လူအမျိုးမျိုးရှိသည်၊ ၎င်းတို့ထဲမှ များစွာတို့သည် အားကိုးရာနှင့် ထွက်ပေါက်တစ်ခု ရှာဖွေရန်၊ ကောင်းချီးများ ရရှိရန် သို့မဟုတ် ဘေးအန္တရာယ်များကို ရှောင်ရှားရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြသည်။ ဤရည်ရွယ်ချက်များ၏ ပြင်းထန်မှုသာ ကွဲပြားသည်၊ အချို့လူများသည် အပြုအမူတစ်မျိုးကို ပြသပြီး အခြားသူများကမူ နောက်တစ်မျိုးကို ပြသကြသည်။ ထို့ကြောင့် မတူညီသောလူများကို မတူညီစွာ ဆက်ဆံရမည်၊ ဤသို့ပြုလုပ်ခြင်းကသာ စည်းမျဉ်းများနှင့် ကိုက်ညီသည်။ အားကိုးရာ ရှာဖွေနေကြသော ဤမယုံကြည်သူများအတွက်မူ ၎င်းတို့ကို ချက်ချင်း ဖယ်ရှားရမည်။ ၎င်းတို့ကို အသင်းတော်၌ အလကားစားသောက်နေခွင့် မပြုနှင့်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအား ၎င်းတို့အတွက် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုကြသည်၊ အမှန်တကယ်တွင် ၎င်းတို့အား ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာ၌ ကူညီရန် အားထုတ်မှုအနည်းငယ်သာ လိုအပ်သောကြောင့် ဤအကူအညီအနည်းငယ်မျှကိုပင် ၎င်းတို့အား အဘယ်ကြောင့် မပေးသင့်သနည်း။ ပထမအချက်က အရေးကြီးသည်မှာ ဤလူများသည် စစ်မှန်သော ယုံကြည်သူများမဟုတ်ကြ၊ ၎င်းတို့သည် လုံးဝဥဿုံ မယုံကြည်သူများ ဖြစ်ကြသည်။ ဒုတိယအချက်မှာ ဤလူများသည် မယုံကြည်ခြင်းမှ စစ်မှန်သော ယုံကြည်သူများအဖြစ်သို့ မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်က ကြိုတင်သတ်မှတ်ပြီး ရွေးချယ်ထားသောသူများ မဟုတ်ကြ၊ ၎င်းတို့သည် ကိုယ်တော်၏ ကယ်တင်ခြင်းခံရမည့်သူများ မဟုတ်ကြပေ၊ ထိုအစား ၎င်းတို့သည် အသင်းတော်ထဲသို့ ခိုးဝင်လာသော မကောင်းမှုပြုသူများ ဖြစ်ကြသည်။ တတိယအချက်မှာ ဤလူများသည် အသင်းတော်၌ နေရာအနှံ့ ပြေးလွှားလှုပ်ရှားကြပြီး ၎င်းတို့ရင်ဆိုင်ရသော ပြဿနာ မည်မျှပင် ကြီးမားပါစေ ညီအစ်ကိုမောင်နှမများထံမှ အကူအညီကို အစဉ်အမြဲ တောင်းဆိုကြသည်၊ ယင်းက ညီအစ်ကိုမောင်နှမများကို မသိမသာ နှောင့်ယှက်ပြီး တစ်ချိန်တည်းတွင်ပင် လူတိုင်းအတွက် အန္တရာယ်ရှိသည့် အလွန်အမင်း အပျက်သဘောဆောင်သော ဝန်းကျင်တစ်ခုကို အသင်းတော်၌ ဖန်တီးပေးသည်။ ထို့ကြောင့် အားကိုးရာ ရှာဖွေရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြသော ဤနတ်ဆိုးများကို တတ်နိုင်သမျှ အမြန်ဆုံး သန့်စင်ဖယ်ရှားခြင်းသည် အကောင်းဆုံးဖြစ်သည်။ သင်သည် ၎င်းတို့ကို မဖော်ထုတ်ရသေးပါက သို့မဟုတ် ၎င်းတို့သည် ဤလူစားမျိုးဖြစ်သည်ဟု မသိမြင်ရသေးပါက သင်သည် ၎င်းတို့ကို စောင့်ကြည့်လေ့လာရန် ခေါ်ထားနိုင်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်က ရှင်းလင်းပစ်ရန် လိုအပ်သော အမျိုးမျိုးသော ဆိုးယုတ်သည့်လူများထဲတွင် ပါဝင်ကြောင်း သင် ပိုင်းခြားသိမြင်ပြီး ထွင်းဖောက်မြင်သည်နှင့်တစ်ပြိုင်နက် မတွေဝေနှင့် သို့မဟုတ် ၎င်းတို့အား မည်သည့်မျက်နှာသာမျှ မပြနှင့်။ လူတိုင်းနှင့် ဆွေးနွေးပြီး အများသဘောတူညီချက်တစ်ခုသို့ ရရှိရှိပြီးနောက် သင်သည် ၎င်းတို့ကို ရှင်းလင်းပစ်နိုင်သည်။ အသင်းတော်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စကို လျစ်လျူရှုပါက ညီအစ်ကိုမောင်နှမအများစုက ၎င်းတို့သည် အားကိုးရာနှင့် ထွက်ပေါက်တစ်ခု ရှာဖွေရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်သော အမျိုးအစားဖြစ်ကြောင်း အတည်ပြုနေသမျှ ကာလပတ်လုံး သင်သည် အယောင်ဆောင် ခေါင်းဆောင်များထံမှတစ်ဆင့် မသွားဘဲ ၎င်းတို့ကို တိုက်ရိုက် ရှင်းလင်းပစ်ပိုင်ခွင့် ရှိသည်။ ထိုသို့ပြုလုပ်ခြင်းသည် မှန်ကန်ပြီး သမ္မာတရား စည်းမျဉ်းများနှင့် အပြည့်အဝ ကိုက်ညီသည်။ ယင်းသည် သင်တို့၏ အခွင့်အရေး၊ သင်တို့၏ တာဝန်၊ သင်တို့၏ ဝတ္တရား ဖြစ်သည်၊ ယင်းသည် သင်တို့၏ ကိုယ်ပိုင်ကာကွယ်မှုအတွက် ဖြစ်သည်။ စစ်မှန်သော ယုံကြည်သူများဖြစ်ကြသည့် ညီအစ်ကိုမောင်နှမများက အခက်အခဲများ ကြုံတွေ့ရသည့်အခါ ငါတို့သည် ၎င်းတို့ကို ငါတို့၏ စွမ်းနိုင်သမျှ အကောင်းဆုံး ကူညီရန် ငါတို့၏ အစွမ်းကုန် ကြိုးစားရမည့် တာဝန်နှင့် ဝတ္တရားရှိသည်မှာ ပြောစရာမလိုပေ၊ မေတ္တာပါသော အကူအညီနှင့် ထောက်ပံ့မှုဖြင့်ဖြစ်စေ သို့မဟုတ် ရုပ်ဝတ္ထုဆိုင်ရာ အကူအညီမှတစ်ဆင့်ဖြစ်စေ ကူညီနိုင်သည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများကြားရှိ ချစ်ခြင်းမေတ္တာ၊ ဘုရားသခင်ကို ယုံကြည်သောသူများ၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ သို့သော် ငါတို့သည် မယုံကြည်သူများကို ကူညီခြင်းကို လက်တွေ့လုပ်ဆောင်ရန် မည်သည့်တာဝန် သို့မဟုတ် ဝတ္တရားမျှ မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ မဟုတ်ကြဘဲ ဤကျေးဇူးတော် သို့မဟုတ် ထိုသို့သော အကူအညီကို မခံစားထိုက်သောကြောင့် ဖြစ်သည်။ ဤသည်မှာ လူတို့ကို စည်းမျဉ်းများအတိုင်း ဆက်ဆံခြင်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် သတ္တမမြောက် ရည်ရွယ်ချက်အပေါ် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် ဤနေရာတွင် နိဂုံးချုပ်သည်။ ဤလူစားမျိုးတို့အကြောင်း နောက်ထပ် တိကျသော ဥပမာများ ပေးရန် မလိုအပ်တော့ပေ။ အတိုချုပ်အားဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်မှာ အားကိုးရာ ရှာဖွေရန်ဖြစ်သော မည်သူမဆိုသည် အသင်းတော်မှ ရှင်းလင်းပစ်သင့်သော သို့မဟုတ် နှင်ထုတ်သင့်သောသူတစ်ဦး ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်၌ ထိုသို့သောလူများ ရှိကြောင်း ပိုင်းခြားသိမြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ချက်ချင်း ရှင်းလင်းပစ်သင့်သည်။ သင်တွေ့ရှိသော တစ်ဦးစီတိုင်းကို ရှင်းလင်းပစ်လော့၊ တစ်ဦးတစ်ယောက်မျှ မချန်ထားနှင့်။ ညီအစ်ကိုမောင်နှမအများစုသည် အကူအညီမဲ့သည်ဟု ခံစားရပြီး နောက်ထပ် မခံနိုင်တော့သည့်အခြေအနေအထိ နှောင့်ယှက်ခြင်းခံခဲ့ရပြီးဖြစ်သည့်အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များက “၎င်းတို့တွင် အခက်အခဲများ ရှိကြသည်။ ၎င်းတို့ကို ကျွန်ုပ်တို့ ကူညီသင့်သည်” ဟု ပြောဆိုခြင်းဖြင့် ၎င်းတို့ကို ခုခံကာကွယ်နေဆဲဖြစ်ပါက ထိုသို့သော ခေါင်းဆောင်များကို ဤသို့ ပြောသင့်သည်။ “၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်သူများ လုံးဝ မဟုတ်ကြပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သော မည်သူ့ကိုမဆို ၎င်းတို့ လျစ်လျူရှုပြီး ခိုင်းသည့်အခါ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ငြင်းဆန်ကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် မည်သည့်ရည်ရွယ်ချက်မျှ လုံးဝ မရှိခဲ့ကြဘဲ ၎င်းတို့၏ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးရန် ညီအစ်ကိုမောင်နှမများကို အသုံးချလိုကြခြင်းသာ ဖြစ်သည်။ ထိုသို့သော မယုံကြည်သူများကို ကူညီရန် ငါတို့၌ မည်သည့်တာဝန် သို့မဟုတ် ဝတ္တရားမျှ မရှိပါ” ဟူ၍ ဖြစ်သည်။ အသင်းတော်ခေါင်းဆောင်က သဘောမတူလျှင်ပင် သင်တို့သည် အများစုနှင့် ပူးပေါင်းပြီး ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်ပိုင်ခွင့် ရှိသည်။ အသင်းတော်ခေါင်းဆောင်က ဤအချိန်၌ပင် သဘောမတူသေးပါက ထိုကိစ္စကို အထက်သို့ အကြောင်းကြားလော့၊ ထိုခေါင်းဆောင်ကို သီးခြားခွဲထားပြီး ဆင်ခြင်သုံးသပ်စေလော့။ ၎င်းတို့ သဘောတူသည်နှင့်တစ်ပြိုင်နက် သင်တို့သည် ၎င်းတို့၏ ခေါင်းဆောင်မှုကို နောက်တစ်ကြိမ် လက်ခံနိုင်သည်။ ၎င်းတို့ သဘောမတူမြဲရှိပါက သင်တို့သည် ၎င်းတို့ကို ဖယ်ရှားပြီး ခေါင်းဆောင်အသစ်တစ်ဦးကို ထပ်၍ ရွေးကောက်တင်မြှောက်နိုင်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် သတ္တမမြောက် ရည်ရွယ်ချက်ဖြစ်သည့် အားကိုးရာ ရှာဖွေရန် ဖြစ်သည်။

ဇ။ နိုင်ငံရေး ရည်မှန်းချက်များ လိုက်စားခြင်း

နောက်တစ်ခုအနေဖြင့် အဋ္ဌမမြောက် ရည်ရွယ်ချက်ဖြစ်သည့် နိုင်ငံရေး ရည်ရွယ်ချက်များနှင့် နိုင်ငံရေး ရည်မှန်းချက်များဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ ထိုသို့သော လူပုဂ္ဂိုလ်များ ပေါ်ပေါက်လာနိုင်ချေမှာ သိပ်မများလှသော်လည်း မည်မျှ ဖြစ်နိုင်ချေရှိသည်ဖြစ်စေ ဤလူများ ပေါ်ပေါက်လာရန် အခွင့်အရေးရှိနေသရွေ့ ငါတို့သည် ၎င်းတို့၏ ဥပမာများကို စာရင်းပြုစုပြီး ၎င်းတို့ကို ဖော်ထုတ်ကာ၊ မိတ်သဟာယဖွဲ့၍ ၎င်းတို့၏ စရိုက်လက္ခဏာကို သရုပ်ဖော်သင့်သည်။ လူတိုင်းက ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်းရှိလာစေရန်နှင့် ထို့နောက်တွင် ၎င်းတို့ကို အမြန်ဆုံး ရှင်းလင်းပစ်နိုင်စေရန် ငါတို့သည် ဤသို့ပြုလုပ်ရမည်ဖြစ်ပြီး ထိုသို့ဖြင့် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများအပေါ်သို့ ဒုက္ခနှင့် အန္တရာယ်များ ကျရောက်လာခြင်းမှ ကာကွယ်တားဆီးနိုင်မည်ဖြစ်သည်။ ဤသည်မှာ အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန်အလို့ငှာ လုပ်ဆောင်ခြင်းဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံရေး ရည်မှန်းချက်များဖြင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ငါတို့ ပိုင်းခြားသိမြင်ပြီး သတိထားရှောင်ရမည့်လူများ ဖြစ်ကြသည့်အပြင် အသင်းတော်က အမြန်ဆုံး ရှင်းလင်းပစ်သင့်သည့် ဆိုးယုတ်သောလူများလည်း ဖြစ်ကြသည်။ နိုင်ငံရေး ရည်မှန်းချက်များ ရှိသောသူတို့၏ သရုပ်သကန်များမှာ အဘယ်နည်း။ ၎င်းတို့သည် သင်တို့ကို ၎င်းတို့၏ စစ်မှန်သော အတွေးများကို ပြောဆိုကြမည် မဟုတ်ပေ။ ၎င်းတို့က “ကျွန်ုပ်သည် နိုင်ငံရေးကို စိတ်ဝင်စားရုံသာဖြစ်သည်၊ နိုင်ငံရေးတွင် ပါဝင်ရသည်ကို ကြိုက်နှစ်သက်သည်၊ ထို့ကြောင့် ကျွန်ုပ်သည် အခြားမည်သည့်အကြောင်းကြောင့်မျှမဟုတ်ဘဲ နိုင်ငံရေး ရည်မှန်းချက်များနှင့် နိုင်ငံရေး ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်ပါသည်။ သင်တို့အနေဖြင့် ကျွန်ုပ်ကို မည်သို့ ကိုင်တွယ်သင့်သည်ဖြစ်စေ ကိုင်တွယ်နိုင်ပါသည်” ဟု ရှင်းလင်းစွာ ပြောဆိုမည် မဟုတ်ပေ။ ၎င်းတို့သည် ဤသို့ ပြောဆိုမည်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့တွင် နိုင်ငံရေး ရည်မှန်းချက်များ ရှိသည်ကို သင်တို့ ပိုင်းခြားသိမြင်နိုင်စေသည့် မည်သည့်သရုပ်သကန်များ ရှိသနည်း။ ဆိုလိုသည်မှာ ၎င်းတို့သည် မည်သည့်စကားများကို ပြောဆိုသနည်း၊ မည်သည့်အရာများကို လုပ်ဆောင်သနည်း၊ မည်သည့်အမူအရာများ၊ မျက်လုံးထဲရှိ အကြည့်များနှင့် စကားပြောဆိုသည့် လေသံတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်မှာ မစင်ကြယ်ကြောင်းကို သင်တို့ အတည်ပြုနိုင်ရန် လုံလောက်သနည်း။ ၎င်းတို့ မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမှုအရာများကို ဖုံးကွယ်ထားကြပြီး မည်သူမျှ ၎င်းတို့ကို နားလည်နိုင်ခြင်းမရှိပေ။ ၎င်းတို့တွင် အထူးပင်ကိုလက္ခဏာနှင့် နောက်ခံရှိသည်၊ ၎င်းတို့၏ ပြောဆိုပြုမူပုံမှတစ်ဆင့် ၎င်းတို့တွင် လျှို့ဝှက်အကြံအစည်များနှင့် ပရိယာယ်များ ရှိကြောင်းနှင့် ၎င်းတို့၏ စကားပြောဆိုခြင်းနှင့် အမှုအရာများကို လုပ်ဆောင်ခြင်းနည်းလမ်းသည် ဗျူဟာမြောက်ကြောင်းကို မြင်တွေ့နိုင်သည်။ ၎င်းတို့ စကားပြောဆိုသည့်အခါ သာမန်လူတစ်ဦးသည် ၎င်းတို့၏ စစ်မှန်သော ကြံရွယ်ချက်များ သို့မဟုတ် အတွေးများကို သဘောမပေါက်နိုင်ပေ။ ပြီးလျှင် ၎င်းတို့သည် အဘယ်ကြောင့် ထိုသို့သော အရာများကို ပြောဆိုသည်ကိုလည်း မသိရှိကြပေ။ အပြင်ပန်းအားဖြင့် ဤလူများသည် ဘုရားသခင်ကို ယုံကြည်ခြင်း သို့မဟုတ် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအပေါ် မည်သည့်ရန်လိုမုန်းတီးမှု သို့မဟုတ် မည်သည့်ဝေဖန်မှုကိုမျှ မပြသသည့်အပြင် ဤအရာများအပေါ် နှစ်သက်မှုအချို့ကိုပင် ပြသကောင်းပြသနိုင်သော်လည်း သင်တို့သည် ၎င်းတို့က ထူးဆန်းသည်ဟု ခံစားရုံသာရှိသည်၊ ၎င်းတို့သည် အခြားညီအစ်ကိုမောင်နှမများနှင့် ကွဲပြားပြီး အနည်းငယ် အကဲခတ်ရခက်ပေသည်။ အနည်းငယ် အကဲခတ်ရခက်သော လူများနှင့်ပတ်သက်၍ သင်တို့သည် အများအားဖြင့် မည်သို့ပြုလုပ်ကြသနည်း။ သင်တို့သည် ၎င်းတို့ကို ရိုးရှင်းသောပုံစံဖြင့် သတိထားရှောင်ရုံသာ ပြုလုပ်သလော။ သို့မဟုတ် ၎င်းတို့နှင့်ပတ်သက်၍ အမှန်တကယ် မည်သို့ဖြစ်ပျက်နေသည်ကို စုံစမ်းစစ်ဆေးပြီး ရှာဖွေဖော်ထုတ်ရန် သင်တို့က အလျင်ဦးအောင် ပြုလုပ်သလော။ (ကျွန်ုပ်တို့သည် ၎င်းတို့ကို စောင့်ကြည့်လေ့လာသင့်ပါသည်။) တစ်စုံတစ်ဦးသည် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များသည် ယေဘုယျအားဖြင့် အချိန်တိုအတွင်း အလွယ်တကူ ဖော်ထုတ်ခြင်းမခံရပေ။ သို့သော် အချိန်ပို၍ ကြာလာသည်နှင့်အမျှ ၎င်းတို့သည် လုံးဝမည်သည့်အရာမျှ မလုပ်ဆောင်လျှင် ၎င်းတို့ ပြုမူဆောင်ရွက်သည့်အခါတွင်မူ ၎င်းတို့၏ အကြံအစည်များ မုချ ပေါ်သွားလိမ့်မည်။ သေးငယ်သောအသေးစိတ်အချက်များမှ သဲလွန်စများကို စောင့်ကြည့်လေ့လာပြီး ရှာဖွေလော့။ သင်တို့သည် ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူတို့မှ ၎င်းတို့၏ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်နှင့် ဦးတည်ရာမှ၊ ၎င်းတို့ စကားပြောဆိုသည့်အခါ အသုံးပြုသော စကားလုံးများနှင့် လေသံတို့မှ အချို့သော သတင်းအချက်အလက်များနှင့် သဲလွန်စများကို ရှာဖွေတွေ့ရှိနိုင်သည်။ ဤသို့ပြုလုပ်နိုင်ခြင်းသည် သင်တို့ စေ့စပ်သေချာခြင်း ရှိမရှိနှင့် သင်တို့တွင် အသိဉာဏ်နှင့် အစွမ်းအစ အဆင့်အတန်းတစ်ခု ရှိမရှိအပေါ်တွင် မူတည်သည်။ အချို့သော လူမိုက်များသည် လူ့အဖွဲ့အစည်းတွင် တည်ရှိသော အန္တရာယ်နှင့် ရက်စက်ကြမ်းကြုတ်ခြင်းကို သတိပြုမိနိုင်ခြင်း မရှိကြပေ။ ၎င်းတို့ မည်သူ့ကိုပင် ကြုံတွေ့ရသည်ဖြစ်စေ ထိုသူတို့နှင့် ဆက်ဆံရန် တစ်ပုံစံတည်းသောနည်းလမ်းကို အမြဲ အသုံးပြုကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် နိုင်ငံရေး ရည်မှန်းချက်များရှိသော စဉ်းလဲကောက်ကျစ်ပြီး မရိုးသားသည့် နိုင်ငံရေးသမားများနှင့် ကြုံတွေ့ရသည့်အခါ အလွယ်တကူပင် ယုဒများ ဖြစ်သွားကြပြီး အသင်းတော်ကို သစ္စာဖောက်ရောင်းစားခြင်းအတွက် တန်ဆာပလာများ ဖြစ်သွားကြကာ အသင်းတော်ကို ထောင်ချောက်ဆင်သည့် မိုက်မဲသောအရာများကို အမှုမဲ့အမှတ်မဲ့ လုပ်ဆောင်မိကြသည်။

နိုင်ငံရေး ရည်မှန်းချက်များရှိသော ဤလူတို့တွင် အမှန်တကယ် မည်သည့်သရုပ်သကန်များ ရှိသနည်း။ ဤလူတို့တွင် လူမှုရေးနောက်ခံတစ်ခုခု ရှိသည်၊ ၎င်းတို့သည် နိုင်ငံရေး အသိုင်းအဝိုင်းများတွင် ကျင်လည်ကျက်စားသော လူပုဂ္ဂိုလ်များ ဖြစ်ကြသည်။ နိုင်ငံရေး အသိုင်းအဝိုင်းများတွင် ၎င်းတို့၏ အဆင့်အတန်း မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် အရာရှိများ ဖြစ်သည်ဖြစ်စေ၊ တောက်တိုမယ်ရအလုပ်များ လုပ်ဆောင်နေသည်ဖြစ်စေ၊ သို့မဟုတ် နိုင်ငံရေး အသိုင်းအဝိုင်းများတွင် နေရာတစ်ခု ရရှိရန် ပြင်ဆင်နေသည်ဖြစ်စေ၊ အတိုချုပ်အားဖြင့် ဤလူတို့သည် လူ့အဖွဲ့အစည်းတွင် နိုင်ငံရေးနောက်ခံ ရှိကြသည်၊ ဤသည်မှာ ရှုပ်ထွေးပြီး အထူးအခြေအနေတစ်ရပ် ဖြစ်သည်။ ဤလူတို့သည် ဘုရားသခင် တည်ရှိခြင်းကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ၎င်းတို့၏ လိုက်စားမှုများ၊ ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်းများနှင့် ၎င်းတို့၏ သဘာဝအနှစ်သာရတို့ကို အကဲဖြတ်ကြည့်လျှင် ဤလူတို့သည် ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သောသူများ ဖြစ်လာနိုင်သလော။ ၎င်းတို့သည် မယုံကြည်သူများအဖြစ်မှ၊ နိုင်ငံရေးကို စိတ်အားထက်သန်သော နိုင်ငံရေးသမားများအဖြစ်မှ ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သောသူများအဖြစ်သို့ ပြောင်းလဲနိုင်သလော။ (မပြောင်းလဲနိုင်ပါ။) သင်တို့ သေချာသလော။ သို့မဟုတ် ဖြစ်နိုင်ချေ ရှိသလော။ (လုံးဝ မဖြစ်နိုင်ပါ။) ယင်းမှာ လုံးဝ မဖြစ်နိုင်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် နိုင်ငံရေးသည် မတူညီသော လမ်းကြောင်းနှစ်ခု ဖြစ်သည်၊ ဤလမ်းကြောင်းနှစ်ခုသည် ဆန့်ကျင်ဘက် လားရာများသို့ ဖွံ့ဖြိုးသွားပြီး ဘုံတူညီချက်များ မရှိသည့်အပြင် လုံးဝ ဆုံတွေ့နိုင်ခြင်းမရှိပေ။ ၎င်းတို့သည် လုံးဝ ကွဲပြားခြားနားသော လမ်းကြောင်းများ ဖြစ်ကြသည်။ သို့ဖြစ်၍ နိုင်ငံရေး ရည်မှန်းချက်များ ရှိသော သို့မဟုတ် နိုင်ငံရေးကို ချစ်မြတ်နိုးပြီး စိတ်အားထက်သန်သောသူတို့သည် မည်သည့် တိကျသော နိုင်ငံရေး ရည်ရွယ်ချက်များမျှမရှိဘဲ ဘုရားသခင်ကို ယုံကြည်လျှင်ပင် အခြားသော ရည်ရွယ်ချက်များကို ဆက်လက်သိုထားကြဆဲဖြစ်သည်၊ ပြီးလျှင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ သမ္မာတရားကို ရရှိရန် သို့မဟုတ် ကယ်တင်ခြင်းခံရရန် မဟုတ်သည်မှာ သေချာပေသည်။ အနည်းဆုံးအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် မယုံကြည်ကြောင်းကို ဆုံးဖြတ်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်တစ်ပါး ရှိသည်ဟူသော ပြောစမှတ်စကားကိုသာ အသိအမှတ် ပြုကြသော်လည်း ဘုရားသခင် တည်ရှိခြင်းကို သို့မဟုတ် ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ပိုင်စိုးသည်ဟူသည့် အချက်ကိုမူ အသိအမှတ်မပြုကြပေ။ ထို့ကြောင့် ဤလူတို့သည် နိုင်ငံရေးကို စိတ်အားထက်သန်သော မယုံကြည်သူများအဖြစ်မှ ဘုရားသခင် တည်ရှိခြင်းကို ယုံကြည်ပြီး ဘုရားသခင်၏ အမှုတော်ကို လက်ခံနိုင်ကာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံနိုင်သည့် စစ်မှန်သော ယုံကြည်သူများအဖြစ်သို့ မည်သည့်အခါမျှ ပြောင်းလဲကြမည် မဟုတ်ပေ။

နိုင်ငံရေး ရည်မှန်းချက်များရှိသော ဤမယုံကြည်သူတို့တွင် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အမှန်တကယ် မည်သည့်ရည်ရွယ်ချက်များ ရှိသနည်း။ ဤသည်မှာ ၎င်းတို့၏ လိုက်စားမှုများနှင့် ၎င်းတို့ လုပ်ဆောင်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် သက်ဆိုင်သည်။ ဥပမာအားဖြင့် အချို့လူများသည် နိုင်ငံရေး အသိုင်းအဝိုင်းတစ်ခုအတွင်း၌ ကြီးကျယ်သော နိုင်ငံရေး ပန်းတိုင်များနှင့် ရည်သန်မျှော်မှန်းချက်များ စသည်တို့ဖြင့် အချို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာ တောင်းဆိုမှုများ အစဉ်ရှိကြသည်၊ ၎င်းတို့သည် မည်သည့်အရာပင်ဖြစ်စေ နိုင်ငံရေးနှင့် သက်ဆိုင်သည်သာ ဖြစ်သည်။ “နိုင်ငံရေး” ဟုဆိုရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ ရိုးရှင်းစွာဆိုရလျှင် ယင်းသည် အစိုးရစနစ်များ၊ အာဏာနှင့် အုပ်ချုပ်ရေးတို့နှင့် သက်ဆိုင်သည်။ သို့ဖြစ်၍ နိုင်ငံရေး ရည်မှန်းချက်များဖြင့် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့၏ နိုင်ငံရေး လိုက်စားမှုများနှင့် သက်ဆိုင်သည်မှာ ပြောစရာမလိုပေ။ သို့ဆိုလျှင် ၎င်းတို့၏ ရည်မှန်းချက်များမှာ အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်ရှိ လူများကို အဘယ်ကြောင့် မျက်စိကျကြသနည်း။ ၎င်းတို့သည် မိမိတို့၏ ပန်းတိုင်များ ဖြစ်မြောက်အောင်မြင်စေရန် အသင်းတော်တည်းဟူသော အဖွဲ့အစည်းကို၊ အသင်းတော်ရှိ များပြားလှသော လူဦးရေကို၊ အသင်းတော်ရှိ အမျိုးမျိုးသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် လူမှုအလွှာပေါင်းစုံမှ ဤလူတို့၏ ဩဇာလွှမ်းမိုးမှုကို အသုံးချလိုကြသည်။ အသင်းတော်၏ သွန်သင်ချက်များ၊ အသင်းတော်အလုပ်၏ ကဏ္ဍအမျိုးမျိုး လည်ပတ်ပုံ၊ ဘုရားသခင် ရွေးချယ်ထားသောလူများ အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ပုံ၊ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ လက်တွေ့လုပ်ဆောင်မှု စသည်တို့ကို လေ့လာပြီးနောက် ၎င်းတို့သည် မိမိတို့ကိုယ်ကို အသင်းတော်ထဲသို့ ပေါင်းစည်းရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် တစ်နေ့နေ့တွင် လူတိုင်းကို ၎င်းတို့အား နားထောင်စေရန်၊ ၎င်းတို့၏ အသုံးချခြင်းကို ခံရစေရန် စည်းရုံးဖို့ ဤအရာများကို အသုံးပြုနိုင်မည်ဟု မျှော်လင့်လျက် ဘုရားသခင် ရွေးချယ်ထားသောလူများ မိတ်သဟာယဖွဲ့ရာတွင် မကြာခဏ အသုံးပြုသော ဝိညာဉ်ရေးရာ ဝေါဟာရများနှင့် အမျိုးမျိုးသော အသုံးအနှုန်းများကဲ့သို့သော အရာများကို စိတ်ထဲတွင် စွဲစွဲမြဲမြဲ မှတ်ထားကြပြီး ထိုသို့ဖြင့် ၎င်းတို့၏ နိုင်ငံရေး ပန်းတိုင်များကို အောင်မြင်စေရန် ဖြစ်သည်။ ဘာသာတရား မရှိသူများ ပြောဆိုသကဲ့သို့ပင် အမှုအရာများသည် အချိန်အတိုင်းအတာတစ်ခုအထိ အခြေအနေပေးနေပြီးနောက် ၎င်းတို့က အလံကိုလွှင့်ထူပြီး လူတို့ကို ပုန်ကန်ထကြွစေနိုင်သည့်အခါ လူအများအပြားက ၎င်းတို့၏ ခေါ်ဖိတ်မှုကို တုံ့ပြန်ပြီး ၎င်းတို့နောက်သို့ လိုက်ကြမည်ဖြစ်ရာ ၎င်းတို့သည် မိမိတို့၏ ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရန် ၎င်းတို့၏ အင်အားစု ဖြစ်လာစေဖို့ အသင်းတော်ရှိ လူတစ်စုတစ်ပိုင်းကို ရရှိနိုင်မည်ဖြစ်သည်။ ထိုသို့သောအရာများသည် မျက်မှောက်ခေတ် တရုတ်သမိုင်းတွင် အကြိမ်များစွာ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ဥပမာအားဖြင့် ချင်မင်းဆက်လက်ထက်တွင် ပေါ်ပေါက်ခဲ့သော ကြာဖြူသူပုန်ထမှုနှင့် တိုင်ပင်သူပုန်ထမှုတို့သည် နိုင်ငံရေး ရည်မှန်းချက်များရှိသော လူတို့က အစိုးရကို တိုက်ခိုက်ရန် ဘာသာတရားကို အသုံးပြုခဲ့သည့် ဖြစ်ရပ်များ ဖြစ်ကြသည်။ ၎င်းတို့၏ ဘာသာတရားများ၏ သွန်သင်ချက်များသည် မှန်သော လမ်းခရီးမှ သွေဖည်ခဲ့ပြီး သမ္မာတရားနှင့် လုံးဝမကိုက်ညီသော အဓိပ္ပာယ်မဲ့ပြီး ရယ်ဖွယ်ကောင်းသည့် ကဏ္ဍများစွာ ရှိခဲ့သည်။ နိုင်ငံရေး ရည်မှန်းချက်များ ရှိသောသူတို့သည် လူတို့၏ စိတ်များကို တစ်စုတစ်စည်းတည်းဖြစ်စေရန်၊ ၎င်းတို့၏ စိတ်များကို ချည်နှောင်ရန်၊ ၎င်းတို့၏ စိတ်များကို ဩဇာလွှမ်းမိုးပြီး သွတ်သွင်းရန် ထိုသို့သော သွန်သင်ချက်များကို အသုံးချခဲ့ကြသည်။ အဆုံးတွင် ၎င်းတို့သည် မိမိတို့၏ နိုင်ငံရေး ပန်းတိုင်များကို အောင်မြင်စေရန် ဤသွတ်သွင်းခြင်းခံရသော လူတို့ကို အမြတ်ထုတ်ခဲ့ကြသည်။ အစကတည်းက ဤနိုင်ငံရေး ရည်မှန်းချက်များရှိသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ရန် လာကြသည့်အခါ ၎င်းတို့ သဘောကျကြသည်မှာ အသင်းတော်၏ အမည်နာမ ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အသင်းတော်တည်းဟူသော အဖွဲ့အစည်း၏ အမည်အောက်တွင် မိမိတို့၏ ပင်ကိုလက္ခဏာနှင့် ရည်မှန်းချက်များကို ဖုံးကွယ်နိုင်ကြသည်၊ ဤသည်မှာ ကဏ္ဍတစ်ခု ဖြစ်သည်။ နောက်တစ်ခုမှာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသော အလံတော်အောက်တွင် မိမိတို့၏ နိုင်ငံရေးအမြင်များကို ဖြန့်ဝေနေသရွေ့ အသင်းတော်ရှိ လူတို့ကို သွတ်သွင်းရန် အလွန်လွယ်ကူမည်ဖြစ်ပြီး ဤလူတို့သည် ကျော်ကြားသောလူများကို ကိုးကွယ်ပြီး နားထောင်ရန် အလားအလာရှိသည်ဟု ထင်မှတ်ကြခြင်း ဖြစ်သည်။ အကျိုးဆက်အနေဖြင့် နိုင်ငံရေး ရည်မှန်းချက်များရှိသော ဤလူပုဂ္ဂိုလ်များသည် အသင်းတော်ရှိ လူတို့ကို အသုံးချခံရမည့် အရာဝတ္ထုများအဖြစ် ရှုမြင်တတ်ကြသည်။ ၎င်းတို့သည် အသင်းတော်က မိမိတို့၏ ပင်ကိုလက္ခဏာကို ဖုံးကွယ်နိုင်သည့် နေရာတစ်ခု ဖြစ်လာရန် အလွန်လွယ်ကူသည်ဟုလည်းကောင်း၊ အသင်းတော်၏ အသင်းသားများသည် ၎င်းတို့ အလွယ်တကူ အသုံးချနိုင်သည့် အရာဝတ္ထုများ ဖြစ်သည်ဟုလည်းကောင်း ယုံကြည်ကြသည်၊ ရိုးရှင်းစွာဆိုရလျှင် ဤသည်မှာ ၎င်းတို့ အမှုအရာများကို ရှုမြင်ပုံ ဖြစ်သည်။ သို့ဖြစ်၍ အသင်းတော်သို့ ဝင်ရောက်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်မှာ တစ်နေ့နေ့တွင် ၎င်းတို့ ဩဇာအာဏာ ရှိလာသည်နှင့်တစ်ပြိုင်နက် မိမိတို့၏ နိုင်ငံရေး ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ပြီး အာဏာရရှိနိုင်မည်ဟု မျှော်လင့်ခြင်း ဖြစ်သည်၊ ဤသည်မှာ ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကို ချီးမွမ်းကိုးကွယ်ပြီး လိုက်လျှောက်သော လူတို့ကို မိမိတို့၏ နိုင်ငံရေး ဩဇာလွှမ်းမိုးမှု နယ်ပယ်ထဲ၌ ပါဝင်လာစေဖို့ တိုးချဲ့ရန် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသော အမည်ခံအကြောင်းပြချက်ကို အသုံးပြုလိုကြသည်။ အချို့လူများက “၎င်းတို့တွင် ဤရည်ရွယ်ချက် ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့သည် မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်ပါက ကျွန်ုပ်တို့သည် ၎င်းတို့ကို မယုံကြည်သူများ သို့မဟုတ် ယုံကြည်သူအယောင်ဆောင်များအဖြစ်သာ အများဆုံး မြင်နိုင်ပါသည်။ ၎င်းတို့တွင် ရှင်းလင်းသော နိုင်ငံရေး ရည်ရွယ်ချက်များ ရှိသည်ကို ကျွန်ုပ်တို့ မည်သို့ မြင်နိုင်မည်နည်း” ဟု ပြောဆိုကြသည်။ ဤသည်မှာ မခက်ခဲပေ။ အချိန်ယူ၍ စောင့်ကြည့်လေ့လာရုံသာ ဖြစ်သည်။ ၎င်းတို့တွင် နိုင်ငံရေး ရည်မှန်းချက်များ ရှိနေသရွေ့ ၎င်းတို့သည် သေချာပေါက် တစ်စုံတစ်ခုကို ဆောင်ရွက်ကြလိမ့်မည်။ ၎င်းတို့သည် ဆောင်ရွက်လိုခြင်းမရှိပါက အသင်းတော်ထဲသို့ အဘယ်ကြောင့် ခိုးဝင်လာခဲ့မည်နည်း။ ၎င်းတို့သည် ယခုထိ ဆောင်ရွက်ခြင်း မပြုသေးပါက အခွင့်အရေး မတွေ့သေးသောကြောင့် ဖြစ်သည်။ ၎င်းတို့ အခွင့်အရေး ရသည်နှင့်တစ်ပြိုင်နက် ထိုအတိုင်း လိုက်၍ ဆောင်ရွက်ကြလိမ့်မည်။ ဥပမာအားဖြင့် အစိုးရသည် မှားယွင်းသော မူဝါဒတစ်ရပ်ကို ပြဋ္ဌာန်းလျှင် သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူများကို နှိပ်ကွပ်ပြီး ဖမ်းဆီးလျှင် ညီအစ်ကိုမောင်နှမများသည် ဤကိစ္စကို အများဆုံး ဆွေးနွေးပြီး ပိုင်းခြားသိမြင်ကြမည်ဖြစ်ကာ ထိုမျှနှင့် ပြီးဆုံးသွားမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်ကို ယုံကြည်ခြင်း၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းတို့သည် အရေးကြီးသောအရာများ ဖြစ်ကြသည်။ ၎င်းတို့သည် အသေးအဖွဲကိစ္စများအတွက် အရေးကြီးသောအရာကို လက်လွှတ်ခံကြမည်မဟုတ်၊ ၎င်းတို့သည် မိမိတို့ ယခင်အတိုင်း ပြုမူသင့်သည့်ပုံစံဖြင့် ဘုရားသခင်ကို ဆက်လက်ယုံကြည်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကြလိမ့်မည်။ သို့သော် နိုင်ငံရေး ရည်မှန်းချက်များရှိသော လူတို့မှာမူ ကွဲပြားသည်။ ၎င်းတို့သည် ထိုကိစ္စကို အကျယ်ချဲ့ကြလိမ့်မည်၊ ပြင်းထန်စွာ ဖော်ထုတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် လူသိရှင်ကြား ကြေညာကြမည်ဖြစ်ကာ မိမိတို့၏ ကိုယ်ပိုင်နိုင်ငံရေး ရည်မှန်းချက်များကို အထောက်အကူပြုရန် လူတိုင်းကို အစိုးရအား ဆန့်ကျင်တော်လှန်စေဖို့ အသည်းအသန် လှုံ့ဆော်လိုကြပြီး ၎င်းတို့၏ ပန်းတိုင်များကို မရောက်မချင်း ရပ်တန့်ကြမည် မဟုတ်ပေ။ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခြင်းငှာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းကိစ္စများကို လုံးဝ ဘေးဖယ်ထားကြပြီး လူအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို လျစ်လျူရှုကြသည်။ ဤသည်မှာ ၎င်းတို့ ရူးသွပ်ပုံဖြစ်သည်၊ လူတို့သည် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသေးသလော။ ထိုသို့သော လူပုဂ္ဂိုလ်များသည် ဘုရားသခင်နောက်သို့ လိုက်နေကြသလော သို့မဟုတ် နိုင်ငံရေးနောက်သို့ လိုက်နေကြသလော။ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သော အချို့လူများသည် အလွယ်တကူ အထင်အမြင်မှားစေခြင်း ခံကြရသည်။ နိုင်ငံရေး လုပ်ဆောင်သော ဤလူတို့သည် သမ္မာတရားဟူသည်မှာ အဘယ်အရာဖြစ်သည်ကို မသိကြ၊ ဘုရားသခင်၏ အမှုတော်သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်ရန်နှင့် ၎င်းတို့ကို စာတန်၏ စွမ်းအားမှ ကယ်တင်ရန်ဖြစ်ကြောင်းကို သာ၍ပင် နားမလည်ကြပေ။ ၎င်းတို့သည် လူ့အခွင့်အရေးကိစ္စတွင်လည်းကောင်း၊ နိုင်ငံရေးတွင်လည်းကောင်း ပါဝင်ဆောင်ရွက်ခြင်းသည် တရားမျှတစိတ်ရှိခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းကို ဆိုလိုသည်ဟု ထင်မှတ်ကြသည်။ နိုင်ငံရေးနှင့် လူ့အခွင့်အရေးကိစ္စတို့တွင် ပါဝင်ဆောင်ရွက်ခြင်းသည် လူတစ်ဦးတွင် သမ္မာတရား လက်တွေ့ကျမှု ရှိသည်ကို ကိုယ်စားပြုသလော။ ယင်းသည် လူတစ်ဦးက ဘုရားသခင်ကို ကျိုးနွံနာခံသည်ကို ကိုယ်စားပြုသလော။ သင်သည် လူ့အခွင့်အရေးကိစ္စနှင့် နိုင်ငံရေးတို့ကို မည်မျှပင် ကောင်းစွာ ကိုင်တွယ်သည်ဖြစ်စေ ယင်းသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သန့်စင်ခြင်းခံရပြီးဖြစ်ကြောင်းကို ကိုယ်စားပြုသလော။ ယင်းသည် အာဏာကိုင်စွဲရန် သင်၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒ သန့်စင်ခြင်းခံရပြီးဖြစ်ကြောင်းကို ကိုယ်စားပြုသလော။ လူများစွာတို့သည် ဤကိစ္စရပ်များကို ထွင်းဖောက်မြင်နိုင်ခြင်း မရှိကြပေ။ ကြားသိရသည်မှာ ဆွန်ယက်ဆင်သည်လည်း ခရစ်ယာန်တစ်ဦး ဖြစ်ခဲ့သည်။ သူ အန္တရာယ်ကြုံတွေ့သည့်အခါ သူ့ကို ကယ်တင်ရန် ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ သူသည် သူ၏ တစ်သက်တာလုံးကို တော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်ရင်း ကုန်ဆုံးခဲ့သည်၊ သူသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့သလော။ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသောသူတစ်ဦး ဖြစ်ခဲ့သလော။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရှိခဲ့သလော။ သူ၌ ဤအရာများ တစ်ခုမျှ မရှိခဲ့ပေ။ ပေါလုသည် ခေါ်တော်မူခြင်းခံရပြီးနောက် အဆက်မပြတ် ဧဝံဂေလိတရားဟောခဲ့ပြီး ဆင်းရဲဒုက္ခများစွာကို ခံစားခဲ့ရသော်လည်း သူသည် အမှန်တကယ် နောင်တမရခဲ့သောကြောင့်၊ အသက်ဝင်ရောက်မှု မရှိခဲ့သောကြောင့် အပြစ်ဟောင်းများကို ထပ်ခါတလဲလဲ ကျူးလွန်ခဲ့ပြီး အခွင့်အရေးတိုင်းတွင် မိမိကိုယ်ကို ချီးမြှောက်ကာ သက်သေခံခဲ့သောကြောင့် သူသည် အန္တိခရစ်တစ်ဦး ဖြစ်လာခဲ့ပြီး အပြစ်ဒဏ်ပေးခြင်း ခံခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ သမ္မာတရားကို လက်မခံဘဲ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ကျော်ကြားမှုနှင့် အဆင့်အတန်းကို အစဉ်လိုက်စားခြင်း၊ စွမ်းအားရှင် သို့မဟုတ် ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦး အစဉ် ဖြစ်လိုခြင်းတို့သည် အလွန်အန္တရာယ်များသည်။ နိုင်ငံရေး ရည်မှန်းချက်များရှိသောသူအားလုံးသည် အန္တိခရစ်များ ဖြစ်ကြသည်။ ဤလူတို့သည် မိမိတို့၏ နိုင်ငံရေးဆိုင်ရာ ရည်သန်မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရန် အလွယ်တကူ လက်လျှော့ကြမည်မဟုတ်ဘဲ ယုံကြည်သူတို့ကို ၎င်းတို့၏ နိုင်ငံရေးအင်အားစုအဖြစ် လှုံ့ဆော်ပြီး သိမ်းသွင်းရန် အခွင့်အရေးများကို အစဉ်ရှာဖွေကြလိမ့်မည်။ တစ်နေ့နေ့တွင် ၎င်းတို့သည် ယုံကြည်သူတို့ကို အလွယ်တကူ အမြတ်ထုတ်၍မရကြောင်း၊ ယုံကြည်သူတို့သည် သမ္မာတရားကိုသာ ချစ်မြတ်နိုးပြီး လိုက်စားကြောင်း၊ ၎င်းတို့သည် လူတို့ကို မလိုက်ဘဲ ခရစ်တော်ကိုသာ လိုက်လျှောက်ကြောင်းကို မြင်တွေ့သည့်အခါမှသာလျှင် ဤယုံကြည်သူတို့ကို လုံးဝ လက်လျှော့ကြလိမ့်မည်။

အခြေခံအားဖြင့် နိုင်ငံရေး ရည်မှန်းချက်များရှိသော လူတို့၏စိတ်များသည် နိုင်ငံရေးနှင့်သက်ဆိုင်သော အတွေးအခေါ်များဖြစ်သည့် အာဏာနှင့် ဩဇာလွှမ်းမိုးမှု၊ အုပ်ချုပ်ရေး၊ လျှို့ဝှက်ပူးပေါင်းကြံစည်မှုများ၊ နိုင်ငံရေးနည်းလမ်းများ စသည်တို့ဖြင့် လုံးလုံးလျားလျား ပြည့်နှက်နေသည်။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကို နားမလည်ကြသကဲ့သို့ ယုံကြည်ခြင်းဟူသည် အဘယ်အရာဖြစ်သည်၊ သမ္မာတရားဟူသည် အဘယ်အရာဖြစ်သည်ကို နားမလည်ကြပေ၊ သို့မဟုတ် ဘုရားသခင်ကို မည်သို့ ကျိုးနွံနာခံရမည်ကို သာ၍ပင် နားမလည်ကြပေ။ ကောင်းကင်ဘုံ၏ အလိုတော်ဟူသည်မှာ အဘယ်အရာဖြစ်သည်ကိုလည်း ၎င်းတို့ နားမလည်ကြပေ။ ၎င်းတို့၏ ရှင်သန်မှုဆိုင်ရာ စည်းမျဉ်းများမှာ “လူသည် သဘာဝကို အောင်နိုင်လိမ့်မည်။” နှင့် “လူတစ်ဦး၏ ကံကြမ္မာသည် ထိုသူ၏လက်ထဲတွင် ရှိ၏။” တို့ ဖြစ်ကြသည်။ သို့ဖြစ်၍ ထိုသို့သောလူများကို ပြောင်းလဲရန် ကြိုးစားခြင်းသည် မဖြစ်နိုင်သည့်အပြင် မိုက်မဲသော အတွေးအခေါ်တစ်ခု ဖြစ်သည်။ ဤလူတို့သည် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများကြားတွင် နိုင်ငံရေးအမြင်များကို မကြာခဏ ဖြန့်ဝေကြပြီး ၎င်းတို့ကို နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ဆောင်ရန်နှင့် နိုင်ငံရေးတွင် ပါဝင်ရန် လှုံ့ဆော်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်သည် နိုင်ငံရေး ရည်မှန်းချက်များ၏ တွန်းအားပေးခြင်း ခံရသည်မှာ အလွန်ရှင်းလင်းပေသည်။ ဤအနှစ်သာရကို အခြားသူများက လျင်မြန်လွယ်ကူစွာ ပိုင်းခြားသိမြင်နိုင်သည်။ ဤလူတို့သည် ယုံကြည်ခြင်း၊ မှန်သောလမ်းခရီးကို လျှောက်လှမ်းခြင်းနှင့် ကောင်းကင်ဘုံ၏ အလိုတော်ကို ကျိုးနွံနာခံခြင်းတို့နှင့်ပတ်သက်၍ လုံးဝ မသိနားမလည်ကြပေ။ ၎င်းတို့သည် မည်သည့်လူ၏ အတွေးအခေါ်များနှင့် လမ်းကြောင်းများကိုမဆို နိုင်ငံရေးနည်းဗျူဟာများ အသုံးပြု၍ ပြောင်းလဲနိုင်သည်ဟု ယုံကြည်ကြပြီး အထူးသဖြင့် လူတစ်ဦး၏ ကံကြမ္မာကို လူ့နည်းလမ်းများနှင့် နည်းစနစ်များမှတစ်ဆင့် ပြောင်းလဲနိုင်သည်ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင် ဖန်ဆင်းထားသော သဘာဝတရား၏ နိယာမများနှင့် လူ၏ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာတို့ကဲ့သို့သော နက်နဲသည့်တိုင် သိသာထင်ရှားသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ လုံးဝ မသိနားမလည်ကြပေ၊ ၎င်းတို့သည် ဤကိစ္စရပ်များနှင့်ပတ်သက်လာလျှင် လူပြိန်းများသာ ဖြစ်ပြီး လုံးဝ နားလည်နိုင်စွမ်းမရှိကြပေ။ ဤသို့ပြောဆိုခြင်းဖြင့် ငါသည် မည်သည့်အရာကို ဆိုလိုသနည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ရည်ရွယ်ချက်မှာ နိုင်ငံရေး ရည်မှန်းချက်များကြောင့်ဖြစ်သော မည်သူ့ကိုမဆို တွေ့ရှိပါက သင်တို့သည် ၎င်းတို့ကို ပြောင်းလဲရန် သို့မဟုတ် ဖျောင်းဖျရန် လုံးဝ မကြိုးစားရသည့်အပြင် ၎င်းတို့နှင့်အတူ များစွာသော သမ္မာတရားများကို မိတ်သဟာယဖွဲ့ရန်လည်း မလိုအပ်ပေ။ ၎င်းတို့ကို သတိထားရှောင်ခြင်းအပြင် သင်သည် အဆင့်ဆင့်ရှိ အသင်းတော်ခေါင်းဆောင်များ သို့မဟုတ် စိတ်ချရသော ညီအစ်ကိုမောင်နှမများကို ၎င်းတို့အကြောင်း အမြန်ဆုံး အကြောင်းကြားသင့်ပြီး ထို့နောက် ၎င်းတို့ကို အသင်းတော်မှ နှင်ထုတ်ရန် နည်းလမ်းတစ်ခုကို ရှာဖွေသင့်သည်။ သင်သည် အခြားသူများကို ဘာမှမသိဘဲ ကျန်နေစေလျက် ၎င်းတို့ကို လျှို့ဝှက်စွာနှင့် တိတ်တဆိတ် သတိဖြင့် ကာကွယ်ခြင်း မပြုသင့်ပေ။ သို့ဆိုလျှင် နိုင်ငံရေးအကြောင်း ပြောဆိုရသည်ကို ကြိုက်နှစ်သက်ပြီး နိုင်ငံရေး ရည်မှန်းချက်များရှိသောသူတို့နှင့်ပတ်သက်၍ မည်သို့သောလူစားမျိုးက အနည်းငယ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိနိုင်သနည်း။ အသက်ကြီးသောလူများလော သို့မဟုတ် အသက်ငယ်သောလူများလော။ ညီအစ်ကိုများလော သို့မဟုတ် ညီအစ်မများလော။ (အသက်ကြီးသော ညီအစ်ကိုများ ဖြစ်ပါသည်။) မှန်ပေသည်၊ အသက်ကြီးသော ညီအစ်ကိုများ၊ ဆိုလိုသည်မှာ လူမှုရေး အတွေ့အကြုံရှိသောသူများ၊ နိုင်ငံရေးနှင့် ထိတွေ့မှုရှိခဲ့သောသူများ သို့မဟုတ် နိုင်ငံရေးအရ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသောသူများ၊ ဤကိစ္စရပ်များတွင် ထိုးထွင်းသိမြင်မှုရှိသော လူများသည် နိုင်ငံရေးကိစ္စရပ်များကို အတော်အတန် ရှင်းလင်းစွာ သိမြင်နိုင်သည်။ သဘာဝအားဖြင့် ၎င်းတို့သည် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်သောသူတို့အပေါ် အနည်းငယ် ပိုင်းခြားသိမြင်နိုင်စွမ်းကို ကျင့်သုံးနိုင်ပြီး အထူးသဖြင့် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများအပြင် ၎င်းတို့၏ အတွေးအခေါ်များ၊ အမြင်ရှုထောင့်များ၊ အိပ်မက်များနှင့် ရည်သန်မျှော်မှန်းချက်များကိုပါ အတော်အတန် ရှင်းလင်းစွာ သိမြင်နိုင်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ဤလူတို့ကို အခြားသူများထက် အတော်အတန် ပို၍ လျင်မြန်စွာ ပိုင်းခြားသိမြင်နိုင်သည်။ တစ်စုံတစ်ဦးသည် ဤလူတို့တွင် နိုင်ငံရေး ရည်မှန်းချက်များရှိပြီး မယုံကြည်သူများဖြစ်ကြောင်းကို ပိုင်းခြားသိမြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုသူတို့ကို သတိထားရှောင်ပြီး ဤမယုံကြည်သူတို့ကို ဖော်ထုတ်သင့်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် သမ္မာတရားကို နားမလည်သော မိုက်မဲပြီး အသိဉာဏ်မဲ့သူတို့ကိုလည်း ကာကွယ်ရမည်ဖြစ်ပြီး ၎င်းတို့အား အထင်အမြင်မှားစေခြင်းနှင့် အမြတ်ထုတ်ခြင်းတို့မှ ကာကွယ်ကာ အသင်းတော်၏ အတွင်းရေးဆိုင်ရာ အချက်အလက်အချို့ကို မရည်ရွယ်ဘဲ ပေါက်ကြားစေခြင်းမှလည်း ကာကွယ်ရမည်။ အသင်းတော်ခေါင်းဆောင်များကို အကြောင်းကြားပြီး ဤကိစ္စကို ၎င်းတို့နှင့် ဆွေးနွေးရန်၊ နိုင်ငံရေး ရည်မှန်းချက်များရှိသော ဤလူတို့ကို သတိထားရှောင်ဖို့အတွက် အသက်ပိုကြီးသောသူများ သို့မဟုတ် သမ္မာတရားအချို့ကို နားလည်ပြီး ဝိညာဉ်ရင့်ကျက်မှု အနည်းငယ် ရှိသောသူများကို အမြန်ဆုံး အသိပေးရန် လိုအပ်သည်။ ဤလူတို့၏ မယုံကြည်သူများအဖြစ်ရှိသော အနှစ်သာရကို အခြားသူများအား ရှင်းလင်းစွာ မြင်တွေ့စေရန် ကူညီခြင်းသည် အရေးကြီးပြီး ထိုသို့ဖြင့် မိုက်မဲပြီး အသိဉာဏ်မဲ့သော ညီအစ်ကိုမောင်နှမများကို ၎င်းတို့၏ အမြတ်ထုတ်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။ သင်တို့သည် ဤကိစ္စရပ်များကို ထွင်းဖောက်မြင်နိုင်ခြင်းမရှိဘဲ ပိုင်းခြားသိမြင်နိုင်စွမ်းလည်း မရှိပါက အချို့သော မကောင်းကြံသော၊ စဉ်းလဲသော လူတို့က သင်တို့နှင့် စကားပြောဆိုသည့်အခါ သင်တို့သည် မေးပင်မပေးရဘဲနှင့် မိမိတို့၏ စစ်မှန်သောအခြေအနေ၏ အသေးစိတ်အချက်အလက်များကိုလည်းကောင်း၊ သိသမျှအရာအားလုံးကိုလည်းကောင်း မဆင်မခြင် အကုန်အစင် ဖွင့်ဟပြောဆိုမိလိမ့်မည်ဖြစ်ပြီး အမှုမဲ့အမှတ်မဲ့ ယုဒတစ်ဦး ဖြစ်သွားပေမည်။ ထိုသို့သောလူများ ရှိသလော။ (ရှိပါသည်။) သင်တို့ စကားပြောဆိုသည့်အခါ အခြားလူက မည်သည့်ရည်ရွယ်ချက်ကို သိုထားသည်ကို သင်တို့မသိဘဲ ၎င်းတို့ကို ညီအစ်ကို သို့မဟုတ် ညီအစ်မအဖြစ် သဘောထားကာ သင်တို့၏ စိတ်နှလုံးထဲရှိ အရာအားလုံးကို သတိမထားမိဘဲ ပြောဆိုလိုက်သည်၊ သင်တို့ ပြောဆိုပြီးနောက်တွင် မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို သင်တို့မသိပေ။ အခြားသူများက ထိုသို့သောလူတို့အား သတိထားရှောင်ကြဉ်နေသည်ကို မြင်တွေ့လျက် သင်က “သင်က သတိသိပ်ကြီးလွန်းသည်။ ညီအစ်ကိုမောင်နှမများကြားတွင် ဖုံးကွယ်စရာ မည်သည့်အရာရှိသနည်း” ဟု ပြောဆိုသည်။ အခြားသူများ အဘယ်ကြောင့် ထုတ်မပြောသည်ကို သင် သတိမပြုမိပေ၊ ဤသည်ကို မိုက်မဲခြင်းဟု ခေါ်သည်။

နိုင်ငံရေး ရည်မှန်းချက်များရှိသော လူတို့သည် သမ္မာတရားကို မချစ်မြတ်နိုးဘဲ သမ္မာတရားကို လက်ခံကြမည်မဟုတ်သောကြောင့် မယုံကြည်သူများလည်း အမှန်ပင် ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လျှင်ပင် အန္တိခရစ်များဖြစ်သည့် ဆိုးယုတ်သောလူများ အမျိုးအစားထဲတွင် လုံးလုံးလျားလျား ပါဝင်သည်။ ထိုသို့သောလူတို့ကို သတိထားရှောင်ခြင်းသည် အမှန်တကယ်တွင် ဘာသိဘာသာအဖြစ်ဆုံးသော ချဉ်းကပ်နည်းသာ ဖြစ်သည်။ လက်ဦးမှုယူသော ချဉ်းကပ်နည်းမှာမူ ၎င်းတို့ကို စောစီးစွာ ရှာဖွေတွေ့ရှိပြီး အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများထံ မည်သည့်ဒုက္ခမျှ မကျရောက်စေရန် ရှောင်ရှားဖို့ ၎င်းတို့ကို အမြန်ဆုံး ကိုင်တွယ်ကာ နှင်ထုတ်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤလူတို့သည် အသင်းတော်အတွင်း အခြားသူများကို အချိန်မရွေး နေရာမရွေး ဩဇာလွှမ်းမိုးနိုင်ပြီး မည်သည့်အခြေအနေတွင်မဆို အချိန်မရွေး အသင်းတော်၏ ပုံမှန်အစီအစဉ်ကို ဖျက်ဆီးနိုင်သောကြောင့် ဖြစ်သဖြင့် ထိုသို့သော မယုံကြည်သူတို့အပေါ် သည်းခံမြဲသည်းခံခြင်း သို့မဟုတ် စိတ်ရှည်ခြင်းကို ကျင့်သုံးမြဲကျင့်သုံးခြင်း မပြုနှင့်။ ၎င်းတို့အား နောင်တရရန် နောက်ထပ်အခွင့်အရေးတစ်ခု မပေးနှင့်၊ မမိုက်မဲကြနှင့်။ ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက် နောင်အဖြစ်ဆိုးကို ကာကွယ်ရန် ၎င်းတို့ကို အမြန်ဆုံး နှင်ထုတ်သင့်သည်။ ဤသို့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ သမ္မာတရားကို မလိုက်စားသောသူတို့အား အထင်အမြင်မှားစေခြင်းနှင့် အသုံးချခြင်းတို့မှ ကာကွယ်ရန်၊ စာတန်နှင့် ဆိုးယုတ်သော နတ်ဆိုးများ၏ ရုပ်သေးများ ဖြစ်လာခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ သင်တို့ လောလောလတ်လတ်၌ အများဆုံး လုပ်ဆောင်သင့်သည့်အရာမှာ နိုင်ငံရေး ရည်မှန်းချက်များရှိသော ထိုသူတို့အား အသင်းတော်၏ အရေးကြီးသော သတင်းအချက်အလက် တစ်ခုကိုမျှ မသိရှိစေရန် တားဆီးခြင်း ဖြစ်သည်မှာ ပြောစရာမလိုချေ။ သင်တို့သည် ၎င်းတို့ကို ပို၍စောစီးစွာ ပိုင်းခြားသိမြင်ပြီး နှင်ထုတ်လေ၊ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့နှင့် ထိတွေ့မှု ပို၍နည်းပါးလေဖြစ်ပြီး ၎င်းတို့၏ အထင်အမြင်မှားစေခြင်းနှင့် ဩဇာလွှမ်းမိုးခြင်းကို ခံရမှု ပို၍နည်းပါးလေ ဖြစ်လိမ့်မည်။ သို့ဖြစ်၍ အချိန်ကာလအားဖြင့် ထိုသို့သောလူတို့ကို နောက်ကျမှကိုင်တွယ်ခြင်းထက် စောစီးစွာ ကိုင်တွယ်ပြီး နှင်ထုတ်ခြင်းက ပိုကောင်းသည်၊ စောလေ ကောင်းလေ ဖြစ်သည်။ ဘသာဘာသာနေခြင်းထက် အလျင်ဦးအောင် လုပ်ဆောင်ခြင်းက ပိုကောင်းသည်။ နိုင်ငံရေး ရည်မှန်းချက်များရှိသော လူတို့သည် မကောင်းကြံသောသူများ ဖြစ်ကြသည်၊ ၎င်းတို့သည် အသင်းတော်နှင့် ဘုရားသခင်၏ အိမ်တော်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် မည်သည့်စိတ်ရင်းမှန်မျှ အမှန်တကယ် ရှိနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေခြင်း သို့မဟုတ် အသုံးချခြင်း မပြုနိုင်ပါက ၎င်းတို့သည် လုံးဝ အရှက်ရလိမ့်မည်ဖြစ်ပြီး နှုတ်မဆက်ဘဲနှင့်ပင် အသင်းတော်မှ မိမိတို့သဘောအလျောက် ထွက်ခွာသွားကြလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အဋ္ဌမမြောက် ရည်ရွယ်ချက်ဖြစ်သည့် နိုင်ငံရေး ရည်မှန်းချက်များကို လိုက်စားခြင်းအကြောင်း ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် နိဂုံးချုပ်လိုက်သည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်

အရှေ့သို့-  ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၂)

နောက်တစ်ခုသို့-  ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၄)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Connect with us on Messenger