နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ အတွဲ (၁)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်

သူ၏အမှုတော်ကိုလုပ်ဆောင်ရန် ပေါ်ထွန်းပြီဖြစ်သည့် နောက်ဆုံးသောကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင်သည် လူသားမျိုးနွယ်ကို သန့်စင်စေပြီး ကယ်တင်သည့် သမ္မာတရားအားလုံးကို ဖော်ပြပြီး၊ ထိုသမ္မာတရားအားလုံးသည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ထဲတွင် ပါရှိလေသည်။ ဤရာက “အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၁:၁) ဟူသည့် သမ္မာကျမ်းစာတွင် ရေးသားထားသောအရာကို ပြည့်စုံစေပြီဖြစ်သည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ အတွက်မူ၊ ဤသည်မှာ လောကကို ဖန်ဆင်းကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို ပထမဆုံးအကြိမ် မိန့်ကြားခဲ့ခြင်း ဖြစ်၏။ ဤမိန့်မြွက်ချက်များသည် လူသားမျိုးနွယ်ကြားတွင် ဘုရားသခင်ဖော်ပြသည့် ပထမဆုံးသော စာသားဖြစ်သည်၊ ထိုစာသားထဲတွင် သူသည် လူတို့ကို ဖော်ထုတ်သည်၊ လမ်းပြသည်၊ တရားစီရင်ပြီး၊ ရင်းနှီးပွင့်လင်းစွာ ပြောဆို၏၊ ထို့ကြောင့် ထိုမိန့်မြွက်ချက်များသည် ဘုရားသခင်က လူတို့ကို သူ၏ ခြေလှမ်းများ၊ သူလျောင်းသည့် နေရာ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏အတွေးများနှင့် လူသားမျိုးနွယ်အတွက် သူ၏ပူပန်မှုတို့ကို သိခွင့်ပေးသည့် ပထမဆုံး မိန့်မြွက်ချက်များလည်း ဖြစ်သည်။ ဤအရာများသည် ဖန်ဆင်းခြင်းကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်ကို တတိယကောင်းကင်မှ ပြောဆိုသည့် ပထမဆုံးသော မိန့်မြွက်ချက်များဖြစ်ပြီး၊ ဘုရားသခင်သည် နှုတ်ကပတ်တော်များအလယ်တွင် လူသားမျိုးနွယ်ထံသို့ ပေါ်လာစေရန်နှင့် သူ့နှလုံးသား၏အသံကို ဖော်ပြရန် သူ၏ ပင်ကိုယ်လက္ခဏာကို အသုံးပြုသော ပထမဆုံး အကြိမ် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြသည့် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” (နှုတ်ကပတ်တော်ဟု အတိုကောက်သုံးသည်) တွင် လက်ရှိ၌ အတွဲခုနစ်တွဲပါဝင်သည်- အတွဲ (၁) “ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်”၊ အတွဲ (၂) “ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍”၊ အတွဲ (၃) “နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ”၊ အတွဲ (၄) “အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း”၊ အတွဲ (၅) “ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ”၊ အတွဲ (၆) “သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍” တို့ဖြစ်သည်၊ အတွဲ (၇) “သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍” တို့ဖြစ်သည်။

နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ

Connect with us on Messenger