ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များစာအုပ်သည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ပဉ္စမမြောက် အတွဲဖြစ်သည်။ ဤစာအုပ်တွင် နောက်ဆုံးသော ကာလ၏ ခရစ်တော်တည်းဟူသော အနန္တတန်ခိုးရှင် ဘုရားသခင်က ဤအကြောင်းအရာနှင့်ပတ်သက်၍ အသင်းတော်များသို့ ဟောကြားခဲ့သည့် တရားဒေသနာများနှင့် မိတ်သဟာယဖွဲ့ခြင်းများ ပါဝင်သည်။ ဘုရားသခင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များအကြောင်းကိုလည်းကောင်း၊ အသင်းတော်အလုပ်၏ ကဏ္ဍအမျိုးမျိုးအတွက် တိကျသော စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းအကြောင်းများကိုလည်းကောင်း ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ခဲ့သည်။ ကိုယ်တော်သည် အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် လုပ်ရပ်များ၏ အနှစ်သာရကိုလည်း ဖော်ထုတ်ခဲ့သည်။ ဤသည်မှာ လူတို့အတွက် အယောင်ဆောင်ခေါင်းဆောင်များကို ပိုင်းခြားသိမြင်ဖို့ သင်ယူရန်၊ တကယ့် အလုပ်ကို လုပ်ဆောင်ရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိရန်နှင့် ကိုယ်တော် အသုံးပြုဖို့ သင့်တော်လာစေရန်အတွက် အလွန်အမင်း အထောက်အကူပြုပေသည်။ ယင်းသည် လူတို့အတွက် သမ္မာတရားကို နားလည်ရန်၊ မိမိတို့ကိုယ်ကို သိရှိရန်နှင့် စည်းမျဉ်းများနှင့်အညီ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန်တို့အတွက် အလွန်အကျိုးရှိစေပေသည်။
နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ